အပိုင်း(160)
ယောင်မိသားစု(၂) သူက နောက်သို့ ဆုတ်နေရင်း အနက်ရောင်တိမ်ထုကို ကန်ထုတ်ပစ်နေ၏။ထိုအခါ အနက်ရောင်တိမ်ထုများသည် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာ၏။ ဝမ်လင်း မျက်လုံးများက အေးစက်လာကာ သူက ပါးစပ်ဟ၍ မူလ စွမ်းအင်များ ထွေးထုတ်လိုက်သည်။ ထိုမူလစွမ်းအင်များသည် အနက်ရောင်တိမ်ထုထဲသို့ ဝင် ရောက်သွားကာ အဆုံးမရှိသည့် စွမ်းအင်များ ဖြည့်ပေးလာ ပြီး အနက်ရောင်တိမ်ထုသည် ဆက်၍ ကျုံ့လာခဲ့သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ သွေးဘိုးဘေး၏ ခုခံမှုက လည်း အတောမသပ်နိုင်အောင် ဖြစ်လာခဲ့သည်။ အနက်ရောင်တိမ်ထုအတွင်း၌ ပေါက်ကွဲသံများ ထွက် ပေါ်လာကာ အမှန်တကယ် ပျက်စီးတော့မည် အရိပ်အယောင် ပြသလာခဲ့သည်။သွေးဘိုးဘေးသည် မာန် သွင်းကာ ထိုးထွက်လိုက်၏။ သွေးဘိုးဘေး၏အသံက ထွက်ပေါ်လာခဲ့သည်။ "ခွေး ကောင်လေး..ဝမ်လင်း.. မင်းက ဒီအဘိုးအိုကို ချိပ်ပိတ် ထားဖို့ အရည်အမျက် မရှိသေးပါဘူး…. သိပ်သည်းသောအနက်ရောင် တိမ်ထုက လွင့်ပါးလာခဲ့ပြန်ကာ ပျောက် ကွယ်လုမတက် ဖြစ်လာခဲ့သည်။ အနက်ရောင်တိမ်ထုများ ပျောက်ကွယ်သွားခြင်းက စိတ် ဝိညာဉ်တစ်ကုဋေအလံ ဖျက်စီးခံလိုက်ရခြင်းဟု ဆိုလို ပေ၏။ ဝမ်လင်းက အော်ပြောလိုက်သည်။ "ပင်မစိတ်ဝိညာဉ်သုံး ခု ထွက်ပေါ်လာစမ်း...." ထိုအခါ အနက်ရောင်...