Posts

Showing posts from April, 2026

အပိုင်း(163)

သည်အခိုက်အတန့်၌ဝမ်လင်းသည် အားလုံး၏အာရုံစိုက်ခံနေရသည့်သူ ဖြစ်နေသည်။ရှန်ကုန်း ဟူ၊ကျန်ခုန်လီနှင့်ထျန်ယန်ဖန်၊ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူနှစ်ယောက်သည်လည်း သူ့ကို ကြည့်နေကြ၏။ ထိုမျှမကသေး ကျန်သည့်ကျင့်ကြံသူအားလုံး၏ အကြည့် သည်လည်း ဝမ်လင်းပေါ်တွင်သာ ရှိနေကြ၏။ ထိုသို့ဖြစ်ရခြင်းသည် ဝမ်လင်းက ကောင်းကင်ဘုံဂိတ် တံခါး၏ ပေငါးရာအတွင်းတွင် ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်လေ၏။ပို၍အရေးကြီးသည်က သူသည် လီယွမ်ကို အပြင်သို့ ပို့လွှတ်ပေးနိုင်လိုက်ခြင်းပင်။လီယွမ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်သည့် ဦးဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်လာ ခဲ့၏။ ထိုအရာများကြောင့် ဝမ်လင်းသည် ကျင့်ကြံသူ အားလုံး၏ အာရုံစိုက်ခံလာရသည်။ ဝမ်လင်းက သူ့နောက်ဆုတ်မည့် လမ်းကြောင်းများအားလုံး ပိတ်ဆို့ထားခြင်း ခံရသည်ကို သတိပြုမိသည့်အခါ သူ့အသွင်က သုန်မှုန်သွားသည်။ ထိုချိပ်ပိတ်ထားမှုက မျက်လုံးဖြင့် မမြင်နိုင်ပေ။သို့သော် သူ့နတ်ဘုရားအာရုံဖြင့် အရပ်မျက်နှာအနှံ့တွင် ထက်ရှ သောဓားသွားများ ရှိနေသကဲ့သို့ ခံစားမိနေ၏။ သူက မည် သည့်နေရာသို့သွားသွား ထိုဓားထက်ထက်များ ရှိနေသော နေရာသို့ တိုးဝင်သွားသည်နှင့် မခြားတော့ပေ။ တည်နေရာရွှေ့ပြောင်းခြ...

အပိုင်း(162)

ကောင်းကင်ဘုံအင်ပါယာ၏ မန္တာန်  မြူကနေ ဖြစ်ပေါ်လာသည့် ပုံရိပ်သည် ပျောက်ကွယ်သွား ကာ ဝမ်လင်းရှေ့၌ လှေကားထစ်များအဖြစ် ပြောင်းလဲသွား သည်။ထိုလှေကားတစ်များက အထက်သို့ ဆန်တက်လို့ နေ၏။ ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သည့်နောက် သူက တစ်ခုပြီးတစ်ခုပေါ်သို့ လှမ်းတက်လာရင်း သူ့နောက် ရှိ လှေကားထစ်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားကြသည်။ သည်အခိုက်အတန့်၌ ခန်းမအပြင်ဘက်ရှိ အဘိုးအိုသုံး ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကား ပြောဆို နေကြသည်။ရုတ်တရက် စုဆောင်းခြင်းအဆောက်အဦ ခန်းမကနေ တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့ သည်။ ချန်မိသားစုမှ အဘိုးအိုသည် ထိုအလင်းကို ကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ရောင်းရင်းရှုရဲ့အခွင့်အရေး ကတော့ စတင်ပြီ။ သူကလေးလွှာမြောက်မှာ ဘယ်လို မန္တာန်မျိုး ရရှိမလဲတော့ ငါ မသိဘူး..." ခန္ဓာကိုယ်ဆုံးရှုံးထားသော လုကျင့်ကြံသူက ခေါင်းညိတ် ကာ ပြောလိုက်သည်။ "ကျင့်ကြံခြင်းက ကံတရားအချို့နဲ့ ဆက်စပ်နေတယ်။ ငါ့စိတ်ထင်တော့ သူက အတော်အတန် ကောင်းမွန်တဲ့ မန္တာန်တစ်ခု ရနိုင်လောက်တယ်..." စုန်ကျင့်ကြံသူကတော့ စကားမပြောပေ။ သူက ခန်းမကို ကြည့်နေရင်း ပြောလာ၏။ "တစ်ခုခုတော့ မှားနေပြီ..." အခြားန...