အပိုင်း(163)
သည်အခိုက်အတန့်၌ဝမ်လင်းသည် အားလုံး၏အာရုံစိုက်ခံနေရသည့်သူ ဖြစ်နေသည်။ရှန်ကုန်း ဟူ၊ကျန်ခုန်လီနှင့်ထျန်ယန်ဖန်၊ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူနှစ်ယောက်သည်လည်း သူ့ကို ကြည့်နေကြ၏။ ထိုမျှမကသေး ကျန်သည့်ကျင့်ကြံသူအားလုံး၏ အကြည့် သည်လည်း ဝမ်လင်းပေါ်တွင်သာ ရှိနေကြ၏။
ထိုသို့ဖြစ်ရခြင်းသည် ဝမ်လင်းက ကောင်းကင်ဘုံဂိတ် တံခါး၏ ပေငါးရာအတွင်းတွင် ပေါ်ထွက်လာခဲ့ခြင်းကြောင့် ဖြစ်လေ၏။ပို၍အရေးကြီးသည်က သူသည် လီယွမ်ကို အပြင်သို့ ပို့လွှတ်ပေးနိုင်လိုက်ခြင်းပင်။လီယွမ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်သည့် ဦးဆုံးကျင့်ကြံသူတစ်ယောက် ဖြစ်လာ ခဲ့၏။
ထိုအရာများကြောင့် ဝမ်လင်းသည် ကျင့်ကြံသူ
အားလုံး၏ အာရုံစိုက်ခံလာရသည်။
ဝမ်လင်းက သူ့နောက်ဆုတ်မည့် လမ်းကြောင်းများအားလုံး ပိတ်ဆို့ထားခြင်း ခံရသည်ကို သတိပြုမိသည့်အခါ သူ့အသွင်က သုန်မှုန်သွားသည်။
ထိုချိပ်ပိတ်ထားမှုက မျက်လုံးဖြင့် မမြင်နိုင်ပေ။သို့သော် သူ့နတ်ဘုရားအာရုံဖြင့် အရပ်မျက်နှာအနှံ့တွင် ထက်ရှ သောဓားသွားများ ရှိနေသကဲ့သို့ ခံစားမိနေ၏။ သူက မည် သည့်နေရာသို့သွားသွား ထိုဓားထက်ထက်များ ရှိနေသော နေရာသို့ တိုးဝင်သွားသည်နှင့် မခြားတော့ပေ။
တည်နေရာရွှေ့ပြောင်းခြင်းကိုပင် အသုံးမပြုနိုင် ဖြစ် ရ၏။သူက သည်နေရာတွင်ပင် လုံးဝ ပိတ်မိနေတော့သည်။
ဆံဖြူလူက သူ့ညာလက်ကို ဆန့်ထုတ်ကာ ကုတ်ဆွဲဟန် တစ်ခု ဖြစ်ပေါ်စေလိုက်၏။ ရုတ်တရက် သူက ဝမ်လင်း နောက်တွင် ပေါ်လာကာ ဝမ်လင်း၏နှလုံးသားထံသို့ လက် ဆန့်ထုတ်လိုက်၏။
လေဟာနယ်အက်ကြောင်း ငါးခုက ဝမ်လင်းထံသို့ တဝီဝီ တိုးဝင်လာတော့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိза အမွေးအမှင်များပါ ထောင်မတ်ကုန်၏။ သည်လို သေရေးရှင်ရေး ခံစားမှု၌ သူက တုံ့ဆိုင်းမနေဘဲ သူ့လက်ညှိုးကို မြှောက်ကာ အော် ပြောလိုက်၏။ "လေ..."
ချက်ချင်းပင် အနက်ရောင်လေက ဝမ်လင်း၏ ညာလက် ပေါ်တွင် ပေါ်လာခဲ့၏။ ၎င်းက ပေါ်လာပြီးသည့်နောက် လောကနှင့် တစ်သားတည်း ပေါင်းစပ်သွားလေ၏။
အနက်ရောင်လေ ပေါ်လာသည့်အခါ ၎င်းသည် ပတ်ဝန်းကျင်ဧရိယာသို့ ချက်ချင်း ပျံ့နှံ့သွား၏။ ဝမ်လင်း သည်လည်း အနက်ရောင်လေထဲ၌ ရှိနေကာ သူက ရုတ်တရက် လှည့်လာ၏။ သူ့မျက်လုံးကလည်း နက်မှောင် လာကာ ဆံပင်များက လေနှင့်အတူ လွင့်မျောနေ၏။ ခု ချိန်၌ သူက နတ်ဆိုးတစ်ပါးနှင့် ပို၍ တူနေသည်။
သူ့အကြည့်က ဓားသွားတစ်စင်းအလား တိုးဝင်လာနေ သော ဆံဖြူလူအပေါ်သို့ ကျရောက်သွားသည်။
ထိုအခိုက်အတန့်၌ ဝမ်လင်းရှေ့တွင် အနက်ရောင်လေက နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ထိုနဂါးက ပုံ ရိပ်ယောင်ဆန်ကာ မတည်အငြိမ် ဖြစ်နေသော်လည်း ၎င်း နဂါးက ပေါ်လာသည်နှင့် ဆံဖြူလူထံသို့ ချက်ချင်း တိုးဝင် သွားလေသည်။
သူက ဆံဖြူလူက မှင်တက်သွား၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "လေဆင့်ခေါ်ခြင်းပဲ။ မင်းနဲ့ ကောင်းကင်ဘုံ အင်ပါယာပေဖန်က ဘယ်လို ပတ်သက်မှု ရှိတာလဲ..."
ဝမ်လင်းက ပြန်မဖြေပေ။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိ မူလ စွမ်းအင်များသည် မြင့်တက်လာခဲ့သည်။ထို့နောက် အနက် ရောင်လေသည် ဆံဖြူလူထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။ လေဟာနယ်အက်ကြောင်းငါးခုသည် တုန်ယင်လာ ကာ လေနှင့်အတူ လွင့်ပါးသွားတော့၏။
တစ်ချိန်တည်းမှာပင် အနက်ရောင်နဂါး၏ပါးစပ်ထဲမှ အနက်ရောင်လေက ဆံဖြူလူထံသို့ တစ်ဟုန်ထိုး တိုးဝင် သွား၏။ ပထမဆုံးအကြိမ်အဖြစ် ဆံဖြူလူ၏မျက်လုံးထဲ၌ အလေးအနက်ဖြစ်ဟန် ထွက်ပေါ်လာကာ သူက အနက် ရောင်လေကနေ ဖြစ်ပေါ်လာသည့် အနက်ရောင်နဂါးကို စူး စိုက်ကြည့်လိုက်၏။ ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ "မြေပြိုလဲခြင်း..."
ဆံဖြူလူ၏ ရှေ့၌ ထက်ရှသော စုတ်ပြဲသံများက ပဲ့တင်ထပ်လာကာ အက်ကွဲကြောင်းကြီးတစ်ခုသည် သူ့ရှေ့ တွင် ပေါ်လာခဲ့ကာ ဝမ်လင်းထံသို့ တိုးဝင်သွားလေ၏။
ထိုအက်ကွဲကြောင်းက အလွန်နက်လှကာ လေဟာနယ် ထဲ၌ ပျံ့နှံ့လာ၏။ ၎င်းက ဝမ်လင်းထံသို့ ဦးတည်သွားနေ ရင်း အနက်ရောင်နဂါးနှင့် ထိပ်တိုက်တွေ့သွားသည်။
ကျယ်လောင်သောပေါက်ကွဲသံတစ်ခုက သည်လောက တွင် ပြည့်နှက်လာသည်။ဝမ်လင်းပတ်လည်တွင် အနက် ရောင်လေများ မြင့်တက်ထိုးထွက်လာကာ ကြောင်းကို အားကောင်းစွာ ဖိနှိပ်သည်။ အက်ကွဲ
ဝမ်လင်းခန္ဓာကိုယ်က နောက်သို့လည်း မြန်ဆန်စွာ ဆုတ် နေ၏။ သည်အခိုက်အတန့်၌ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။ဝမ်လင်းမျက်လုံး ထဲ၌ ဆုံးဖြတ်ချက် ပြတ်သားဟန်တို့ ဖြစ်ပေါ်လာက သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ညွှန်လိုက်သည်။ အနီ ရောင်အလင်းတန်းတစ်ခုက သူ့လက်ထဲကနေ ဟင်းလင်းပြင်လေဟာနယ်ထဲသို့ ထိုးထွက်သွားသည်။
အနက်ရောင်လေက လွင့်ပြယ်သွားကာ ကြီးမားသော အက်ကွဲကြောင်းကလည်း ရှေ့သို့ ဆက်ရွှေ့လာခြင်း မရှိတော့ပေ။ သိပ်မကြာခင်တွင် ဝမ်လင်းထံသို့ တိုးဝင်လာနေ သည့် ထိုအက်ကွဲကြောင်းက ပျက်စီး ပျောက်ကွယ်သွား သည်။
ဆံဖြူလူသည် ဆက်လက်၍ နောက်ကနေ ဆက်လိုက် လာနေသည်။သို့သော် သူ့မျက်လုံးများက ဝမ်လင်းပစ် လွှတ်လိုက်သော အနီရောင်အလင်းတန်းကို ကြည့်နေရင်း ကျဉ်းမြောင်းလို့သွားသည်။သူ့ခန္ဓာကိုယ်ကလည်း ဖျတ်ခနဲ ဖြစ်သွားကာ သူက ထိုအနီရောင်အလင်းတန်းကို ဖမ်း လိုက်၏။သူက ၎င်းကို ဖမ်းကိုင်၍ သူ့အနီရောင်မျက်လုံး ပေါ်သို့ ဖိနှိပ်လိုက်သည်။
သူက အလွန်မြန်လွန်းလှ၏။ သူက ထိုအနီရောင်အလင်း ကို စုဆောင်းပြီးသည့်နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လောကနှင့် ပေါင်းစပ်သွားပြန်သည်။သူက ပြန်ပေါ်လာ သည့်အခါတွင် လျင်မြန်စွာ နောက်ဆုတ်နေသော ဝမ်လင်း နောက်သို့ ရောက်နှင့်နေ၏။
ထိုသူ ပေါ်လာသည်နှင့် ဝမ်လင်းက သူ့ပါးစပ်ထဲကနေ သဲမှုန်ကို ထွေးထုတ်လိုက်သည်။ထိုသဲမှုန်က ချက်ချင်းပင် ကြီးမားသည့်အစိတ်အပိုင်းမြေတံဆိပ်တုံးအဖြစ်သို့
ပြောင်းလဲသွားသည်။ ဝမ်လင်း၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် ဆံဖြူလူကို ရိုက်ချလာသည်။
ဆံဖြူလူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကျ ဆင်းလာသော တံဆိပ်တုံးထံသို့ လက်ဆန့်တန်းလိုက်၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ထို့နောက် အစိတ်အပိုင်းမြေတံဆိပ်တုံးသည် အောက်သို့ ဆက်လက် ကျဆင်းလာနိုင်ခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင်
ဝမ်လင်း၏ညာလက်သည်
ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၍ ရှေ့သို့ ဖိနှိပ်လိုက်၏။ ထိုအခါ သားရဲအရိုးအမှတ်အသားသည် ချက်ချင်းပင် ဦးချို လေးခုနှင့် ဧရာမသားရဲအရိုးသို့ ပြောင်းလဲသွားသည်။၎င်း က တစ္ဆေအလင်းကို ပေးစွမ်းကာ မကောင်းဆိုးဝါးအော်ရာ သည် ဆံဖြူလူထံသို့ တိုးဝင်သွားသည်။
"အရှင်အပူအပင်မဲ့ရဲ့ ခြောက်သွေ့တာအိုတစ်စုံ..." ဆံဖြူ လူ၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
သားရဲအရိုး၏ မျက်လုံးကနေ တစ္ဆေအလင်းကို ထုတ် လွှတ်လာကာ မကောင်းဆိုးဝါးအော်ရာသည် အဖြူရောင် ဆံပင်နှင့်လူ၏ ခြေထောက်အောက်တွင် မီးခိုးရောင်မြူတစ် ခုကို ဖြစ်ပေါ်လာစေသည်။ ၎င်းက လျင်မြန်စွာ ပျံ့နှံ့လာ၏။
ဆံဖြူလူက ညစ်ကျယ်ကျယ်ပြုံးကာ ရှေ့သို့ ကြမ်းတမ်းစွာ ဆောင့်နင်းလိုက်၏။ထိုအခါ ချက်ချင်း ပျက်စီးသွားလေသည်။ မီးခိုးရောင်မြူများသည်
"မင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ ချီ ကျင့်ကြံသူပဲ..." ဆံဖြူလူ၏ မျက်လုံးများသည် နီရဲနေ၏။ ခြေတစ်လှမ်းဖြင့်ပင် သူက ဝမ်လင်းထံသို့ တိုးဝင်သွားခဲ့ သည်။
ဝမ်လင်းက သူ့ဦးတည်ရာကို ချက်ချင်းပြောင်းကာ နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သိုလှောင်အိတ် ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူကာ သူ့နောက်သို့ ခုတ်ပိုင်းချလိုက်သည်။
ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်းဓားချက်သည် မြန်ဆန်စွာ ပေါ်ပေါက်လာ၏။ ဟင်းလင်းပြင်သည် ပွင့်ထွက်သွားသည် ဟု ထင်မှတ်ရကာ ဆံဖြူလူ၏အသွင်သည်လည်း နောက်တစ်ဖန် ပြောင်းလဲသွားလေသည်။
"ဒါက...မိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံ ဓားနည်းစနစ်ပဲ..." ဆံဖြူလူက မျက်မှောင်ကြုတ်သွား၏။ သူက ညာလက်ကို ဆန့်ထုတ်ကာ ကောင်းကင်ဘုံ ခုတ်ပိုင်း ခြင်းဓားချက်ကို ချက်ချင်း ပျက်စီးစေလိုက်သည်။
ဝမ်လင်းအသွင်က သုန်မှုန်နေ၏။ သူက နောက်သို့ ဆက်၍ ဆုတ်နေသည်။ဆံဖြူလူက နှာခေါင်းရှုံ့ကာ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။ ထိုအခါ သူသည် ဝမ်လင်း၏နောက်သို့ ရောက်သွားပြန်ကာ ဝမ်လင်းထံသို့ သူ့လက်ဖြင့် ကုတ်ဆွဲလိုက်၏။
ဝမ်လင်း၏ မျက်လုံးက သတ်ဖြတ်ချင်စိတ်နှင့် ပြည့်လာ ကာ သူသည် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ထိုအခါ သွေးဘိုးဘေး၏သွေးခန္ဓာကိုယ်တစ်ဝက်သည် သူ့လက်ထဲ တွင် ချက်ချင်း ပေါ်လာခဲ့သည်။သူက သူ့ခန္ဓာကိုယ်ထဲသို့ မူလစွမ်းအင်များစွာကို ရှိုက်သွင်းလိုက်၏။ သူ့ဒွာရပေါက် များကနေ မူလစွမ်းအင်သည် ထိုးထွက်လာပြီး နောက်ထပ် ဝဲကတော့တစ်ခုကို ဖန်တီးပစ်သည်။
"ပေါက်ကွဲစမ်း..." သူက ထိုသို့ ပြောလိုက်ရင်း ဝမ်လင်း ရှေ့ရှိ ဝဲကတော့သည် ပေါက်ကွဲထွက်သွားကာ ပြင်းထန် သောဖိသိပ်အားကို ဖြစ်ပေါ်စေသည်။ဆံဖြူလူက အနည်းငယ် တုံ့သွား၏။
ထိုအခွင့်အရေးကို အသုံးပြုကာ ဝမ်လင်းသည် နောက်သို့ မြန်ဆန်စွာ ဆုတ်သည်။သူ၏ညာလက်ဖြင့် သွေး ခန္ဓာကိုယ်တစ်ဝက်ကို ဆုပ်ကိုင်ကာ သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှုတို့ ပြည့်လာသည်။ဆံဖြူလူက သန်မာလွန်းလှ၏။ ဝမ်လင်း၏ မန္တန်နှင့် လက်နက်ရတနာများသည် မည်သည့် သက်ရောက်မှုမှ မရှိနေတော့ပေ။ သူက ဘယ်လက်ညှိုးဖြင့် ကောင်းကင်ထက်သို့ ညွှန်ကာ အော်ပြောလိုက်သည်။
သူ့ညာလက်ဖြင့် စုပ်ယူထားသည့် မူလစွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားကာ သူ့ဘယ်လက်ရှိချိပ်တံဆိပ်ကို ဖြတ်သန်းသွား၏။ထိုအခါ အရင်ထက် ပို ပြင်းထန်သည့် အနက်ရောင်လေသည် နောက်တစ်ဖန် ပေါ်လာခဲ့တော့သည်။
"မလုံလောက်သေးဘူး.." ဝမ်လင်းက အနက်ရောင်လေ ထဲ၌ နောက်သို့ ဆုတ်နေရင်း သူ့ညာလက်ဖြင့် သွေး ခန္ဓာကိုယ်တစ်ဝက်ကနေ မူလစွမ်းအင်များကို ဆက်လက် စုပ်ယူနေ၏။ သွေးခန္ဓာကိုယ်သည် ကျုံ့လာခဲ့ကာ ၎င်း၏ မူလစွမ်းအင်များသည် ဝမ်လင်း၏ အရူးအမူး စုပ်ယူခြင်းကို ခံနေရ၏။
သူ့ပတ်လည်ရှိ အနက်ရောင်လေများသည် များစွာ ပိုကြီး ထွားလာ၏ သည်အခိုက်အတန့်၌ လောကသည် အနက် ရောင်နှင့်သာ ပြည့်နေသည်ဟု ထင်မှတ်ရ၏။ ဝမ်လင်း မျက်လုံးက နီရဲနေကာ သူက အော်ပြောလိုက်ပြန်သည်။ "လေဆင့်ခေါ်ခြင်း..."
သူ့အသံက အနက်ရောင်လေထဲကနေ ထိုးထွက်လာခဲ့ သည်။အနက်ရောင်လေက ရုတ်တရက် အနက်ရောင်နဂါး နှစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုနဂါးနှစ်ကောင် က လွန်စွာကြမ်းကြုတ်လှသည်။၎င်းတိုသည် ဆံဖြူလူကို ဝန်းရံထားကာ ၎င်းတို့၏ ပါးစပ်ထဲကနေ အေးစက်စက် လေပြင်းများအား မှုတ်ထုတ်နေသည်။
ဆံဖြူလူ၏ခန္ဓာကိုယ်သည် လေအေးကြောင့် လွင့်စဉ် သွားကာ တုန်ယင်သွား၏။သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒတို့ ပြည့်လာခဲ့လေသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက စိတ်ထဲကနေ ကြုံးဝါး လိုက်၏။ "မလုံလောက်သေးဘူး။ ဆက်စုပ်ယူစမ်း..." ဝမ် လင်းလက်ထဲရှိ သွေးခန္ဓာကိုယ်တစ်ဝက်သည် ချက်ချင်းကျုံ့ သွား၏။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲသံများပါ ထွက်ပေါ်လာခဲ့သည်။သူက သည် လောက်များပြားသည် မူလစွမ်းအင်ပမာဏကို တောင့်မခံ နိုင်ပေ။
ဝမ်လင်း၏ဒွာရပေါက်များထဲကနေ အနက်ရောင်လေက ပေါက်ကွဲထွက်လာခဲ့၏။ ချက်ချင်းပင် အနက်ရောင်လေက နေ နောက်ထပ် အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုနဂါသုံးကောင်သည် ဆံဖြူလူကို ချက်ချင်း ပိတ်ဆို့ကာ အေးစက်စက်လေပြင်းများကို ထုတ် လွှတ်လို့နေ၏။
ဆံဖြူလူက မည်သို့ရှောင်ရှောင် ထိုအနက်ရောင်နဂါးသုံး ကောင်သည် သူ့အား ဝန်းရံလို့ထားသည်။
ဝမ်လင်း၏မျက်လုံးက အေးစက်လာနေ၏။ သည်အနက် ရောင်နဂါးများက ဆံဖြူလူကို ဝန်းရံထားသည်ကို အခွင့်ကောင်းယူကာ ဝမ်လင်းသည် သူ့လက်ထဲရှိ သွေး ခန္ဓာကိုယ်ကို ဆံဖြူလူထံသို့ ပစ်လွှတ်လိုက်၏။သည် အော်ပြောလိုက်၏။ "ပေါက်ကွဲလိုက်စမ်း..." ထိုသွေးခန္ဓာကိုယ် နီးကပ်သွားသည့်အခါတွင် ဝမ်လင်း
ထိုသွေးခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား၏။ထိုအခါ အံ့မခန်းအားတစ်ခု ဖြစ်ပေါ်လာလေ၏။ အနက်ရောင်နဂါး သုံးကောင်နှင် သွေးခန္ဓာကိုယ်တို့၏ ပေါက်ကွဲမှုအောက် တွင် ဟင်းလင်းပြင်တစ်ခုလုံးသည် စတင်တုန်ခါလာသည်။ လေဟာနယ်ပင် စတင်ပျက်စီးလာခဲ့တော့၏။
ဝမ်လင်းက နောက်သို့ အမြန်ဆုတ်ရင်း သူ့ရတနာများကို သိမ်းဆည်းလိုက်၏။ သူ့ခြေထောက်အောက်၌ လှိုင်းတွန့် များ ပေါ်လာကာ သူက လောကနှင့်တစ်သားတည်း ပေါင်းစပ်မည့်ဟန် ပြင်သည်။
သူနှင့်ဆံဖြူလူတို့၏ တိုက်ပွဲက သိပ်မကြာလိုက်ပေ။ သို့သော် သည်တိုက်ပွဲက အလွန်ကြမ်းတမ်းကာ စိတ်ကူး ကြည့်ရန်ပင် ခက်ခဲလှ၏။နောက်ဆုံးအနက်ရောင်နဂါးသုံး ကောင်နှင့် သွေးခန္ဓာကိုယ်တို့ကို ပေါက်ကွဲစေလိုက်ခြင်းက တိုက်ပွဲ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပေပြီ။
ပတ်ဝန်းကျင်ရှိ ဝမ်လင်းတို့ တိုက်ပွဲကို ကြည့်နေကြသော ကျင့်ကြံသူများသည် နောက်သို့ ဆက်တိုက် ဆုတ်နေ၏။ သူ တို့၏ နှလုံးသားသည် ကြီးစွာ တုန်ယင်နေသည်။ဝမ် လင်း၏ ပုံရိပ်သည် သူတို့၏စိတ်ထဲ၌ စွဲထင်သွားခဲ့လေပြီ။
ရှန်းကုန်ဟူ၏မျက်လုံးက စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက် နေ၏။သူက ဝမ်လင်းနောက်ဆုတ်နေသည်ကို ကြည့်နေရင်း ဝမ်လင်းအပေါ်လေးစားမှုကလည်း ပိုလာခဲ့၏။
ကျန်ခုန်လီကလည်း သည်တိုက်ပွဲကို သေချာ ကြည့်ရှု နေ၏။
ထျန်ယန်ဖန်၏ အသွင်က ကြီးစွာ ပြောင်းလဲသွားကာ သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။ဝမ်လင်းကို ကြည့်နေသော သူ့အကြည့်ထဲ၌ ကြောက်ရွံ့မှုတို့ ပါဝင်လာခဲ့ သည်။ထိုအနက်ရောင်လေက သူစိတ်ကူးနိုင်သည်ထက် ပို နေပေ၏။
"အတိတ်တုန်းက ငါက သူနဲ့ မတိုက်ခိုက်ခဲ့တာ ကံကောင်းတာပဲ။ မဟုတ်ရင် ဒီအနက်ရောင်လေနဲ့ဆို ရင်..." ထျန်ယန်ဖန်၏အသွင်က သုန်မှုန်နေ၏။ သူက ဆက်၍ မတွေးတော့ပေ။
"ဒီလူက သန်မာလွန်းတယ်။သူ့ကို အသေသတ်ဖို့ မဖြစ် နိုင်ဘူး။ ဒါ့ကြောင့် ငါက မြန်မြန် ထွက်သွားမှ ရမယ်..." ဝမ်လင်း၏ခြေထောက်အောက်တွင် လှိုင်းတွန့်များ ပို ပေါ်လာခဲ့သည်။တစ်ချိန်တည်းမှာပင် သူက လောကနှင့် တစ်သားတည်း ပေါင်းစပ်လာခဲ့သည်။ သူက နောက်သို့ ခြေ တစ်လှမ်းလှမ်းလိုက်ရင်း သူ့ခန္ဓာကိုယ်သည် ဖြည်းဖြည်း ချင်း ပျောက်ကွယ်လာသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် လောကနှင့် ပေါင်းစပ်ခြင်းကို နှောင့်ယှက်ခံလိုက်ရသည်။သူ့ခန္ဓာကိုယ် က ပျောက်ကွယ်နေရာကနေ ရပ်တန့်လို့သွား၏။
"ငါနဲ့ကံစပ်တဲ့ကောင်လေး...ထွက်သွားဖို့ အလျင်မလိုပါ နဲ့။ငါက ဒီနေရာကို ခုချိန်မှာ ရောက်မလာနိုင်သေးတော့ မင်းရဲ့ခန္ဓာကိုယ်ကို ငှားခွင့်ပြုချေ..." ရှေးဟောင်းအသံတစ် သံက ဝမ်လင်းစိတ်ထဲ၌ ချက်ခြင်း ပေါ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့နောက်ရှိ လေဟာနယ်ထဲကနေ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရ၏။ ချက်ချင်းပင် မက ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့် သူ့ ခန္ဓာကိုယ်၏ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်သည်။
ထိုစွမ်းအားအောက်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ချက်ချင်း ဖိနှိပ်ခြင်း ခံလိုက်ရကာ နောက်ထပ်အားကောင်း သော မူလစိတ်ဝိညာဉ်တစ်ခု စတင် ဖြစ်ပေါ်လာခဲ့၏။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်မူလစိတ်ဝိညာဉ်တစ်ခု သည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ဖြစ်ပေါ်လာခဲ့သည်။
ထိုမူလစိတ်ဝိညာဉ်၏ ပုံပန်းအသွင်က သူ့ရှိကနေ မိုးကြိုး သားရဲကို ငှားယမ်းသွားသော လျှို့ဝှက်ဆန်းကြယ်သည့် အ ဘိုးအို၏အသွင်နှင့် အတူတူပင် ဖြစ်နေသည်။ ထိုအဘိုး အို၏မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်သွားသည်။
ချက်ခြင်းပင် ဝမ်လင်းသည် လုံးဝ ပြောင်းလဲသွားကာ သူ့ ခန္ဓာကိုယ်ကနေ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာ ခဲ့သည်။ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို အဘိုးအိုက ထိန်းချုပ်ထားသည်ကို အပြင်မှ ကြည့်နေရသကဲ့သို့ ဖြစ်နေ၏။
သည်အခိုက်အတန့်၌ လေဟာနယ်က ပျက်စီးသွားသော နေရာ၌ လုံးဝနက်မှောင်နေသော ရုပ်တုတစ်ခု ထွက် ပေါ်လာခဲ့သည်။ထိုရုပ်တုထံကနေ အက်ကွဲသံလှိုင်းများ ထွက်ပေါ်လာကာ လက်တစ်ဖက်သည် ရုပ်တုထဲကနေ ထွက်လာ၏။ထို့နောက် အနက်ရောင်ဆံပင်နှင့် သက်လတ် ပိုင်းလူကြီးတစ်ယောက် လှမ်းလျှောက်ထွက်လာလေ၏။
ထိုသူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အမာရွတ်မှ ရှိမ နေတော့ပေ။သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် တို့ ပြည့်နေသည်။
"ပေဖန်ရဲ့ကောင်းကင်ဘုံမန္တန်၊ ချင်ရှောင်ရဲ့ ကောင်းကင်ဘုံဓား၊ ကောင်းကင်ဘုံသခင်အဆင့်ကို အရှင်အပူအပင်မဲ့ရဲ့ရတနာ၊ ယှဉ်နိုင်တဲ့ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ခု….။ ငါက ပြန်နိုးထ အား လာကတည်းက ငါတွေ့ခဲ့ရသမျှထဲမှာ မင်းက အကောင်းဆုံး ချီကျင့်ကြံသူပဲ။ မင်းက မင်းနာမည်ကို ပြော ဖို့ အရည်အချင်းပြည့်မီတယ်..."
ထိုလူ၏ ပုံပန်းသွင်ပြင်သည် စောနပိုင်းက ဆံဖြူလူနှင့် အတူတူပင်။ သို့သော် သူက ပို၍ ငယ်ရွယ်သွားသည့်ပုံပင်။ သက်လတ်ပိုင်းလူကြီးက စကားပြောနေရင်း သူ့ညာလက် ကို ရုပ်တုပေါ်သို့ ရိုက်ချလိုက်သည်။ထိုရုပ်တုသည် အရည် ပျော်သွားကာ အနက်ရောင် လှံတစ်ချောင်းအသွင် ဖြစ်ပေါ်ကာ သူက ဆွဲကိုင်ထားလိုက်၏။
"အဓိပ္ပာယ်မရှိလိုက်တာ၊ မင်းက ကောင်းကင်ဘုံ သားတစ်ယောက် မဟုတ်ဘူးလား...။မင်းက ကောင်းကင်ဘုံ ဗိုလ်ချုပ်တစ်ယောက်ပဲ မင်းရဲ့ ကျင့်ကြံမှု အဆင့်နဲ့ ကောင်းကင်ဘုံ အရှင်သခင်တွေကို နာမည်ခေါ် စရာ မလိုဘူး..."
ဝမ်လင်းက ရှေးဟောင်းအသံနှင့် ပြောလိုက်သော သူ့ ခန္ဓာကိုယ်ကို ကြည့်နေ၏။ သို့ရာတွင် သူက သည် စကားလုံးများထဲ၌ ယုံကြည်မှုကင်းမဲ့နေဟန် ရှိသည်ဟု ခပ် ရေးရေး ခံစားမိလေ၏။
သူ့ခန္ဓာကိုယ်က စကားပြောနေရင်းဖြင့် သူ့ခန္ဓာကိုယ် သည် ရှေ့သို့ တိုးကာ ညာလက်ဖြင့် အောက်သို့ ဖိချ လိုက်၏။ ဟင်းလင်းပြင်တစ်ခုလုံးသည် ရွေ့လျားလာကာ အဖြူရောင်အခိုးအငွေ့များက မြန်ဆန်စွာ စုဝေးလာကြ တော့သည်။သိပ်မကြာခင်တွင် ၎င်းက လက်သီးစုပ်အရွယ် အဖြူရောင်အလုံးတစ်ခုအဖြစ်သို့ သက်လတ်ပိုင်းလူထံသို့ တိုးဝင်သွားသည်။ ပြောင်းလဲသွားကာ
"ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို စုစည်းနိုင် တယ်....မင်းက ဘယ်သူလဲ..."
သက်လတ်ပိုင်းလူက အလေးအနက် ဖြစ်လာခဲ့ကာ သူ့လှံ ဖြင့် လှံစက်ဝန်းကို ရေးဆွဲလိုက်သည်။ မရေမတွက်နိုင် သောအနီရောင်အလင်းများက ထိုစက်ဝန်းထဲ၌ လာရောက်စုဝေး၏။ ထိုစက်ဝန်းက သိပ်သည်းသွားပြီးနောက် အဖြူ ရောင်အလင်းလုံးထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။
***: မီးတောက် (နောက်တစ်ပိုင်း)
အလင်းလုံးနှင့် လှံစက်ဝန်းတိုသည့် ထိပ်တိုက် တွေ့ဆုံ သွားသည်။၎င်းတို့သည် ချက်ချင်းပင် ပျောက်ကွယ်သွား ကာ မည်သည့်အသံမှ ထွက်ပေါ်လိုက်ခြင်း မရှိပေ။ သို့သော် မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် ထိတိုက်မှု ဗဟိုနေရာကနေ ပျံ့နှံ့လာလေ၏။ ၎င်းပျံ့နှံ့မှုက မြန်ဆန် လွန်းလှကာ တချို့ရှောင်ရန် နှေးကွေးသွားသည့် ကျင့်ကြံသူ အချို့သည် သက်ရောက်ခြင်း ခံလိုက်ရ၏။ အက်ကွဲကြောင်း များက သူတို့၏ခန္ဓာကိုယ်ကို ထိသွားသည့်အခါတွင် ခန္ဓာကိုယ်က တုန်ယင်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွား ရတော့သည်။
ဝမ်လင်း၏မျက်လုံးသည် မဆိုသလောက် ကျုံ့သွား၏။ သူက ရှေ့သို့ တိုးတက်ကာ လောကနှင့်တစ်သား တည်း ပေါင်းစပ်လိုက်၏။ သို့ရာတွင် သူက ပြန်ပေါ်လာခြင်း မပြု ဘဲ ထိုအစား ကောင်းကင်ထက်သို့ ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍လက်ညွှန်လိုက်သည်။ သူက ပြောလိုက်၏။ "ကောင်းကင်ဘုံလောင်ကျွမ်းခြင်း မီးတောက်..."
ချက်ချင်းပင်
အနီရောတိတ်တဆိတ် ပေါ်လာကာ ကောင်းကင်အနှံ့ ပျံ့နှံ့လာ၏။ ထိုမီးတောက်ထဲ၌ ကြောက်မက်ဖွယ်အော်ရာတစ်ခုကို သယ်ဆောင်ထား၏။ မီးတောက်က ပေါ်လာသည်နှင့် ကောင်းကင်၏အစိတ်အပိုင်းများစွာကို လွှမ်းမိုးသွားခဲ့ သည်။
ပြင်းထန်သောမူလစွမ်းအင်က ပျံ့နှံ့လာရာ ဝမ်လင်း၏ ပုံ ရိပ်သည် မီးတောက်ထဲ၌ တလက်လက် တဖျတ်ဖျတ် ဖြစ် နေတော့၏။သို့ရာတွင် မည်သူကမျှ ဝမ်လင်းကို မကြည့်ဝံ့ ကြချေ။
ဝမ်လင်း၏ခန္ဓာကိုယ်သည် ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ဖိချရင်း အော်ပြောလာ၏။ "မီးတောက်…" ပတ်ဝန်းကျင်တစ်ခုလုံးသည် ချက်ခြင်း ယိုယွင်းလာခဲ့ကာ ကောင်းကင်ထက်ရှိ မီးတောက်သည် ပို၍သိပ်သည်း လာ၏။
ပတ်ဝန်းကျင်ရှိ မီးတောက်များသည် အလယ်ဗဟိုရှိသက်လတ်ပိုင်းလူကြီးထံသို့ တရကြမ်း တိုးဝင်သွားကြ သည်။သည်ဖြစ်စဉ်အတွင်း မီးတောက်က မရေမတွက်နိုင် သော မီးနဂါးများအဖြစ်သို့ ပြောင်းလဲ၍ အံ့မခန်းအပူဓာတ် ကို သယ်ဆောင်ကာ သက်လတ်ပိုင်းလူကို ဝါးမျိုရန် တာဆူ လာခဲ့၏။
သတ်လတ်ပိုင်းလူ၏ မျက်လုံးက အလေးအနက်ဖြစ်လာ ကာ အေးစက်နေ၏။သူက သူ့လက်ထဲရှိ လှံကို လက်လွှတ်လိုက်ရာ ထိုလှံက ချက်ခြင်း တစ်စစီ ဖြစ်လို့သွားသည်။ထို ပျက်စီးသွားသည့် လှံစများက သူ့အား ဝန်းပတ်သွား၏။ တစ်ချိန်တည်းမှာပင် သူက သူ့ညာလက်ညှိုးကို ဖိချိလိုက် ရာ သူ့မျက်လုံးထဲရှိ အနီရောင်က စတင်သိပ်သည်းလာ တော့၏။
"ဂျူနီယာချီကျင့်ကြံသူတွေကြားမှာ ဒီလိုအဆင့်ထိရောက်နေတဲ့ လူ ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါက မရိုးရှင်းဘူး..." သူက ထိုသို့ ပြောနေရင်း သူ့ညာမျက်လုံး သည် အနီရောင်တဖျတ်ဖျတ် လင်းလက်လာကာ အနီ ရောင်လျှပ်စီးတန်းတစ်ခုသည် ချက်ချင်း ထိုးထွက်သွား သည်။ထိုလျှပ်စီးတန်း ပေါ်လာသည်နှင့် မွန်းစတားဆန် သော အေးစက်စက်အော်ရာက ပျံ့နှံ့လာပြီး ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
သည်အေးစက်စက်အော်ရာအောက်၌ အနီရောင်လျှပ်စီး တန်းက ရှေ့သို့ ရွေ့လျားလာနေရင်း မီးတောက်ကိုပါ ငြိမ်း သတ်ပစ်လိုက်သည့်အလား ထင်မှတ်ရသည်။၎င်းက ဝမ် လင်းထံသို တစ်ဟုန်တိုး တိုးဝင်လာလေ၏။
ဝမ်လင်းခန္ဓာကိုယ်၏ မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူက လက်ညွှန်၍ အော်ပြောလိုက် ပြန်သည်။ "မီးတောက်..."
ပေါက်ကွဲသံများသည် သတ်လတ်ပိုင်းလူကို ဝန်းရံထားသည့် မီးတောက်များထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ မီးလုံးတစ်ခုအဖြစ် ဖြစ်ပေါ်သည်။မီးလုံး၏ အလယ်တွင် တော့ သက်လတ်ပိုင်းလူကြီး ရှိလေ၏။
ထိုမီးလုံး ဖြစ်ပေါ်လာသည့်အခိုက်တွင်လည်း ၎င်းက အရာအားလုံးကို လောင်ကျွမ်းပစ်ချင်သည့်အလား ကျုံ့လာ ခဲ့၏။ လေဟာနယ်ပင် ပြိုကျယိုယင်းလာခဲ့ကာ ထို မီးတောက်ထံမှ မည်သည့်အရာမဆို မလွတ်မြောက်နိုင်ဟု ထင်မှတ်ရသည်။
ဂျိနယ်ပယ်တစ်ခုကသာ ထိုမီးတောက်ကို ဖျတ်ခနဲ ကျော်သွား၍ ဝမ်လင်းထံသို့ တန်းမတ်စွာ တိုးဝင်သွားခဲ့ သည်။မီးတောက်က ကျုံ့သွားသည့်အခါ ဂျိနယ်ပယ်က လည်း ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက်လာတော့၏။
အဖျက်အစီးအော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ထဲ၌ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။ဝမ်လင်းသည် သူ့ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် အဘိုးအို၏မူလစိတ် ဝိညာဉ်သည် ဂျိနယ်ပယ်အောက်၌ ချက်ချင်း ပျက်စီးလာ သည်ကို တွေ့မြင်နေရ၏။ သို့ရာတွင် ၎င်းမူလစိတ်ဝိညာဉ် က ချက်ခြင်း ပြန်ဖြစ်ပေါ်ပြန်သည်။အဘိုးအို၏မူလစိတ် ဝိညာဉ်က ပျက်စီးသွားလိုက်၊ပြန်ဖြစ်ပေါ်လိုက် ဖြစ်နေ၏။
ထိုသို့ ဖြစ်ပွားသည့်အခါတိုင်းတွင်လည်း သူ့မူလစိတ် ဝိညာဉ်သည် အားနည်းသထက်အားနည်းလာခဲ့သည်။
ထိုအဖြစ်က ဝမ်လင်းအတွက် အဆုံးမရှိကြာမြင့်နေသကဲ့သို့ ခံစားမိနေသည်။သူက သူ့မူလစိတ်ဝိညာဉ်ကို အာရုံစိုက်၍ အဘိုးအို၏မူလစိတ်ဝိညာဉ် ပျက်စီးသွားသည့် အခိုက်တွင် ချက်ချင်း လုပ်ဆောင်လိုက်သည်။
ဝမ်လင်းက ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်ကို ကူညီရပေ မည်။မဟုတ်ပါက အဘိုးအို၏မူလစိတ်ဝိညာဉ်က ဆက်လက် မခုခံနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ထဲကနေ ထွက် သွားရန် ဆုံးဖြတ်လိုက်ပါက ဝ၎င်း်လင်းသည် သူ ကိုယ်တိုင် ယခုဂျိနယ်ပယ်ကို ခုခံနိုင်လိမ့်မည်လို့ ယုံကြည် ချက် မရှိနေပေ။
တကယ်တော့ အရင်တုန်းက သူ့ကို တိုက်ခိုက်ခဲ့သည့် ဂျိနယ်ပယ်က ချိပ်ပိတ်မှုအတွင်းကသာ ဖြစ်၏။ ၎င်းက သန်မာလှသော်လည်း အလွန်အမင်း အားနည်ခဲ့သည်ဟု လည်း ဆိုနိုင်သည်။သို့ရာတွင် အခုအခြေအနေတွင်တော့ သည်ဂျိနယ်ပယ်က အလွန်အားကောင်းသန်မာနေခဲ့လေပြီ။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်က
လှုပ်ရှားလိုက်သည့် အခိုက်တွင် သူက ချက်ချင်းပင် ဂျိနယ်ပယ်၏ ကြောက်မက် ဖွယ်စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။သူ့မူလစိတ် ဝိညာဉ်ကလည်း တုန်ယင်သွားကာ မူလစွမ်းအင်များ ပျံ့နှံ့ လာ၏။မူလစွမ်းအင်က ထိုဂျိနယ်ပယ်ကို လွှမ်းခြုံထွေး စေလိုက်သော်လည်း ဖျက်ဆီးခံနေရသည်။ တစ်လွှာပြီးတစ်လွှာချက်ချင်း
သို့သော် ကံကောင်းစွာဖြင့် အဘိုးအို၏မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏အကူအညီပေးမှုကြောင့် အချိန်ခဏရ သွားကာ ပြန်ကောင်းမွန်လာခဲ့သည်။ဂျိနယ်ပယ်က ဝမ် လင်း၏မူလစိတ်ဝိညာဉ်ကို ထွင်းဖောက်ရန် ဟန်ပြင်လိုက် သည့်အခိုက် အဘိုးအို၏မူလစိတ်ဝိညာဉ်က ၎င်းဂျိနယ်ပယ် ကို ဝါးမျိုလိုက်ပြီး သူ့မူလစွမ်းအင်များဖြင့် ၎င်းကို ဆက်တိုက် ချိပ်ပိတ်ပစ်တော့၏။
သည်အဖြစ်သနစ်များအားလုံးသည် ဝမ်လင်းအတွက် အလွန်နှေးလှသည်ဟု ခံစားမိနေ၏။ သို့သော် အမှန် တကယ်တွင်တော့ ၎င်းအဖြစ်အပျက်က အချိန်တိုအတွင်း ဖြစ်ပွားသွားခဲ့ခြင်းပင်။ပတ်ဝန်းကျင်ရှိ မည်သည့်ကျင့်ကြံသူ ကမှ သည်အရာကို မြင်တွေ့နိုင်လိုက်ကြခြင်း မရှိပေ။
"အန္တရာယ်များလိုက်တာ...။ဒါက ကောင်းကင်ဘုံအရှင် ချင်းရွှေဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ ဒီဂျိနယ်ပယ်က တကယ်တုန်လှုပ်ဖို့ ကောင်းလွန်းတယ်။ ကံမကောင်းစွာနဲ့ ငါ့ခန္ဓာကိုယ်က ဒီကို မရောက်လာခဲ့တော့ ငါ့အစီအစဉ်တွေ ကျဆုံးဖို့နီးနီးကို ဖြစ်သွားခဲ့တာပဲ။ငါက ဒီ ကောင်းကင်ဘုံအရှင်ချင်းရွှေက နှစ်ပေါင်းများစွာ ချိပ်ပိတ် ခံထားရတာတောင် ခုလောက်စွမ်းအား ရှိနေဦးမယ်လို့ မ ထင်ထားမိခဲ့ဘူး..."
အဘိုးအို၏မူလစိတ်ဝိညာဉ်ထံမှ ပင်ပန်းနွမ်းနယ်သွား သည့်အသံကို ဝမ်လင်းက စိတ်ထဲကနေ ကြားလိုက်ရ သည်။
သည်အခိုက်အတန့်၌ မီးလုံးကလည်း ဆယ်ပေလောက် ထိ ကျုံ့သွားခဲ့ပြီးနောက် ပျက်စီးသွားလေ၏။ ထိုအရာက စွ မ်အားအားလုံးကို သိပ်သည်း၍ ပေါက်ကွဲစေလိုက်ခြင်းပင်။
ချက်ချင်းပင် လောကထဲရှိ အရာအားလုံးသည် ထို မီးတောက်အလင်းထဲ၌ ခြံရံသွားခြင်း ခံလိုက်ရသည်ဟု ထင်မှတ်လိုက်ရ၏။လူတစ်ယောက်သည် ကောင်းကင် ထက်မှ ထိုမီးတောက်၏ အလင်းကို ဝေးကွာသောအရပ်က နေပင် မြင်နိုင်ပေလိမ့်မည်။
မီးတောက်အလင်းက နေရာတိုင်းတွင် ပျံ့နှံ့နေကာ ထို အလင်းထဲရှိ ဝမ်လင်း၏ပုံရိပ်သည် ခန့်ညားထည်ဝါမှုနှင့် ပြည့်နေတော့သည်။
ရှန်ကုန်းဟူမျက်လုံးထဲရှိ
စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်လာခဲ့၏။ သူက ဝမ်လင်း၏ပုံရိပ် ကို ကြည့်ကာ လှမ်းအော်သည်။ "ဒါကမှ ငါ့အရှင်ရဲ့ အစစ်အမှန် ခွန်အားပဲ။အရင်တုန်းက ငါ့ထင်မြင်ခဲ့တာက မ မှားခဲ့ဘူးပဲ..."
ကျန်ခုန်လီက လေဟာနယ်ထဲ၌ မတ်တတ်ရပ်လျက် ရှိနေသည်။သည်မီးတောက်က ဝေးကွာသောနေရာတွင် ရှိနေ သော်လည်း သူက အပူဓာတ်ကို ခံစားမိနိုင်နေနိုင်၏။ သူက လည်း ထိုမီးတောက်ကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေ မိသည်။
"စီနီယာရဲ့ကျင့်ကြံမှုအဆင့်က ထည်ဝါလွန်းလှတယ်။အရင်တုန်းက သူဟာ အထည်ဒြပ်ယန်အဆင့်ထိ ဖိနှိပ်ထား တာ ဖြစ်ရမယ်။ခုမှ သူ့ကျင့်ကြံမှုအဆင်ဟာ ထိုးတက်လာခဲ့ တာပဲ။ ဒါ့အပြင် ခုလက်ရှိ သူ့ခွန်အားက အကန့်အသတ် မဟုတ်လောက်သေးဘူး..."
ထျန်ယန်ဖန်၏အသွင်ကတော့ သုန်မှုန်နေခြင်း မရှိတော့ ပေ။ သို့သော် သူ့မျက်နှာက သေလောက်အောင်ဖြူရော် နေ၏။ သူက ဝမ်လင်းနှင့်ဆံဖြူလူတို့၏ တိုက်ပွဲကို တွေ့မြင် ခဲ့ကတည်းက အလွန်တုန်လှုပ်နေခဲ့မိပြီး ဖြစ်သည်။သူက ဝမ်လင်းသည် ခုလိုမျိုး မန္တန်များစွာကို ထိန်းချုပ်နိုင် လိမ့်မည်ဟု မထင်ထားမိပေ။
သူက ယခုမီးတောက်ကို တွေ့မြင်လိုက်ရချိန်တွင်မူ လေအေးတစ်ချက်ပါ ရှိုက်သွင်းမိလိုက်၏။ သူ့စိတ်ထဲရှိတုန်လှုပ်မှုက ပျက်စီးသွားခဲ့ကာ ကြောက်ရွံ့မှုနှင့်ပင့်သက် ရှိုက်မှုတို့က အစားဝင်လာခဲ့သည်။
ထျန်ယန်ဖန်က သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ "သူ...သူက ဘယ်လိုလူများလဲ.."
ရှန်ကုန်းဟူက နှာခေါင်းရှုံ့၍ ထျန်ယန်ဖန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ ရောင်းရင်းထျန်...သင်က ငါ့ကို မိုးကြိုးကောင်းကင်ဘုံဂိတ်ပေါက်ရဲ့ အပြင်ဘက်မှာ အထင်သေးလှောင်ပြောင်ခဲ့တာ မှတ်မိလား။ ခု သင်တွေ့နေ ရတဲ့ သင့်ရှေ့ကလူဟာ ငါဘာကြောင့် ငါ့မိသားစုရဲ့ အပြစ်ပေးခြင်းနဲ့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလူတွေရဲ့ ခွဲခြားခံရခြင်းတွေရဲ့ အကြောင်းရင်းပဲ ဖြစ်
ထျန်ယန်ဖန်သည် မှင်တက်သွားကာ မီးတောက်ထဲမှ ပုံ ရိပ်ကို စူးစိုက်ကြည့်နေတော့၏။သူက အချိန်အတန်ကြာ သည့်အထိ စကားမပြောနိုင် ဖြစ်သွားသည်။
သည်အခိုက်အတန့်၌ ခပ်နိမ့်နိမ့် အသံတစ်ခုသည် ပဲ့တင်ထပ်လာခဲ့သည်။
"ဂျိနယ်ပယ်ကတောင် မင်းကို သေအောင်မသတ်နိုင်ဘူး ဆိုတော့ မင်းက တော်တော်လေး သန်မာသားပဲ..." ထို အသံနှင့်အတူ မီးတောက်များထဲကနေ ရုပ်တုတစ်ခု ပေါ်လာခဲ့၏။၎င်းရုပ်တုက ကွဲကြေသွားသည်နှင့် လူငယ် တစ်လျှောက်သည် လှမ်းလျှောက်ထွက်လာခဲ့သည်။ထို လူငယ်သည် အလွန်ချောမောလှ၏။သို့သော် သူ့အသွင်က မကောင်းဆိုးဝါးဆန်သော အရိပ်အယောင်တစ်ခု ပါဝင်နေ ပေသည်။
သေရေးရှင်ရေး အခိုက်အတန့်တစ်ခု ဖြစ်ပျက်သွားပြီး တိုင်း ဆံဖြူလူက ရုပ်တုတစ်ခုအသွင်သို့ ဖြစ်ပေါ်လာပေ သည်။သူက ရုပ်တုကနေ ပြန်ချိုးဖျက် ထွက်လာနိုင် သူ့ အသွင်က ပြောင်းလဲသွားကာ ပို၍လည်း ငယ်ရွယ်ပုံ ပေါက်သွားသည်။
သူသည် ဆံဖြူအဘိုးအိုကနေ သက်လတ်ပိုင်းလူ အဖြစ် သို့ တစ်ခါ ပြောင်းလဲခဲ့သည်။အခု သူက လူငယ်တစ် ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။ထိုအံ့ဖွယ် မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို ရူးသွပ် သွားမတက် ခံစားရစေသည်။
ဝမ်လင်း၏ခန္ဓာကိုယက် အလေးအနက် ဖြစ်လာကာ သူက လူငယ့်ကို စူးစိုက်ကြည့်နေသည်။ထိုလူငယ် ပေါ်လာ သည်နှင့် သူက ညာလက်ဖြင့် ပျက်စီးနေသော ရုပ်တုကို ထိလိုက်သည်။ ထိုအခါ ၎င်းရုပ်တုပျက်က အရည်ပျော်ပြီး လှံ အဖြစ်သို့ ပြောင်း ၍ လူငယ်၏လက်ထဲသို့ ရောက်ရှိသွား လေသည်။
ထိုလူငယ်က ဝမ်လင်းကို သုန်မှုန်သောအပြုံးဖြင် ကြည့်နေ၏။ သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် လောကနှင့် တစ်သားတည်း ဖြစ်သွားကာ သဲလွန်စမရှိ ပျောက်ကွယ် သွားသည်။
သည့်နောက် ထိုလူငယ်သည် အဝေးရှိပုံရိပ်ယောင်ယင် အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဘေးနားတွင် ပေါ်လာခဲ့ သည်။ထိုကျင့်ကြံသူ၏ အသွင်က ကြီးစွာ ပြောင်းလဲ၍ သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်သည်။
သူသာမက နောက်ဆုတ်သွားကြ၏။ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများကပါ
လူငယ်၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍မနှစ်မြို့စရာ ကောင်းလာပြီး သူက သူ့လက်ထဲရှိ လှံကို ပစ်သွင်းလိုက် လေသည်။ ဟင်းလင်းပြင်ထဲ၌ လှိုင်းတွန့်တစ်ခု ပေါ်လာ ခဲ့၏။ သိပ်မဝေးသောနေရာရှိ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လွင့်စဉ်ထွက်သွားသည်။သူ့ မျက်နှာက ဖြူရော်သွားကာ သူက ဆက်လက်၍ ပျံသန်း ဟန်ပြင်သည်။သို့သော် သူ့ခန္ဓာကိုယ်သည် သွားရန် ချက်ချင်း တုန်ယင်သွားကာ ပေါက်ကွဲထွက်သွား၏။ သည့်နောက် သူ့အသွေးအသားနှင့်မူလစိတ်ဝိညာဉ်တို့သည် လူငယ်၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
ထိုအရာက မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ပင်။လူငယ်၏ခန္ဓာကိုယ်က နောက်တစ်ကြိမ် ဖျတ်ခနဲ ပျောက်ကွယ်သွားကာ ကျင့်ကြံသူများကြား၏ ရွေ့လျားနေသူပေါ်လာသည့်အခါတိုင်း ကျင့်ကြံသူတစ် တော့၏။ ယောက်က သေဆုံးသွားရပေသည်။
ဝမ်လင်းကို ထိန်းချုပ်ထားသည့် လျှို့ဝှက်ဆန်းကြယ် သော အဘိုးအိုသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူ့ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ထက်သို့ ညွှန်ကာ အော်ပြောလိုက်သည်။ "စုစည်းစမ်း..."
ဟင်းလင်းပြင်ထဲကနေ ခရမ်းရောင် အလင်းတန်း များသည် ပေါ်ထွက်လာပြီး ဝမ်လင်း၏ညာဘက်လက်ပေါ် တွင် စုစည်းသွားသည်။မျက်စိတစ်မှိတ်အတွင်း ခရမ်းရောင် အလင်းလုံး ဖြစ်ပေါ်လာ၏။များပြားလှသော ခရမ်းရောင် အလင်းများသည် ထိုအလုံးထဲကနေ ထွက်ပေါ်လာခဲ့ကာ ၎င်းအလုံးအတွင်း၌ ပါးလွှာသောမြူလွှာတစ်ခု ရှိလေ၏။
"ပြန့်ကျဲလိုက်စမ်း..." ဝမ်လင်းထံကနေ စူးရှသောအသံ တစ်ခု ထွက်ပေါ်လာပြီးပြီးချင်း ခရမ်းရောင်အလုံး၏ အလင်းများသည် ပြိုပျက်သွား၏။ထိုအခါ တုန်ခါမှုလှိုင်း တစ်ခုသည် အရပ်မျက်နှာအနှံ့တွင် မြင့်တက်လာခဲ့သည်။
ထိုတုန်ခါမှုလှိုင်းထဲ၌ မူလစွမ်းအင် ပါဝင်နေ၏။၎င်းက ပျံ့နှံ့သွားသည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး သည် ပြင်းထန်သောဖိသိပ်မှုက သူတို့၏ခန္ဓာကိုယ်အား ရိုက်ခတ်လာသည်ဟု ခံစားလိုက်ရ၏။ထိုအားက ကျင့်ကြံ သူများလုံးကို အလျင်အမြန် နောက်ဆုတ်သွားစေသည်။
ရှန်ကုန်းဟူ၊ကျန်ခုန်လီနှင့်
သူ့လူများသည်လည်း
အတူတူသာဖြစ်၏။
ချက်ချင်းလိုလိုပင် ငါးကီလိုမီတာအတွင်း၌ ဝမ်လင်းနှင့် လူငယ်တို့သာ ကျန်ရစ်လေတော့၏။
ရောင်အလင်းတစ်ခု လူငယ်က နှုတ်ခမ်းသပ်လိုက်သည်။သူ့မျက်နှာပေါ်၌ အနီ ပေါ်လာ၏။အချိန်တိုအတွင်းမှာပင် သူက ကျင့်ကြံသူနှစ်ဆယ်ကျော်ကို ဝါးမျိုခဲ့ပြီး ဖြစ်သည်။သူ့ မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဝမ်လင်းနှင့် ဆက်လက်တိုက်ခိုက်မည့်အစား အခြားကျင့်ကြံသူများ ထံသို့သာ ဦးတည်ဝင်သွားလေသည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ အဘိုးအို၏ ဆဲဆိုသံကို ကြားလိုက်ရသည်။သူ့ခန္ဓာကိုယ်သည် ထိုးထွက်သွားကာ အော်ပြောလိုက်သည်။ "မြင့်မြတ်တဲ့ကောင်းကင်ဘုံအရှင် ချင်းရွှေက သူ့ရဲ့ကျင့်ကြံမှုအဆင့် ပြန်ကောင်းမွန်ဖို့အတွက် ဂျူနီယာလေးတွေကို ဝါးမျိုပစ်ချင်နေတာလား။ သင်က အမှန်တကယ် အစွမ်းအစ ရှိရင် ဒီအဘိုးအိုနဲ့လာတိုက်ခိုက် လိုက်။ သင့်သိက္ခာကို သင်ကိုယ်တိုင် ဆက်ပြီး ချမနေတော့နဲ့..
လူငယ်က မှင်တက်သွားကာ ပြန်လှည့်လာ၏။ သူ့ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်လာကာ သူက တစ်လုံးချင်း ပြောလိုက်သည်။ "ငါက ချင်းရွှေမဟုတ် :..."ဘူး..
"သောက်ရေးမပါတာ..သင်က ချင်းရွှေပဲ။ချင်းရွှေ.. ချင်းရွှေ..." အဘိုးအို၏ အသံက ဝမ်လင်းထံကနေ ဆက်လက် ထွက်ပေါ်လာသည်။
လူငယ်၏ သတ်ဖြတ်ချင်စိတ်က ပို၍ အားကောင်းလာခဲ့ သည်။သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူက လှည့်၍ ထွက်ပြေးသွားကြသော ကျင့်ကြံသူများနောက်သို့ ဆက်လိုက်လေသည်။
ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အဘိုးအိုက သက်ပြင်းချကာ ဆို လိုက်သည်။ "ကြည်လင်သောရေနိုင်ငံရဲ့ အမွေဆက်ခံသူက သူ့နာမည်တောင်သူ မမှတ်မိနိုင်တော့ပါလား...။ဒါက တကယ် စိတ်မကောင်းစရာပဲ..."
လူငယ်သည် ကျင့်ကြံသူများကို ဆက်လက်၍ ဝါးမျိုပစ် နေသည်။
ဝမ်လင်းက အဘိုးအို၏မူလစိတ်ဝိညာဉ်ထံမှ ဖုံးကွယ် မျိုသိပ်ထားမှုကို ရှင်းလင်းစွာတွေ့မြင်နေရသည်။ ထို့နောက် သူသည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွား သည်။ သူက ပြန်ပေါ်လာသည့်အခါတွင် အဝေးရှိ အာဏာ တက်ခြင်း ကျင့်ကြံသူတစ်ယောက်နားသို့ ရောက်နေ လေ၏။
"သင်က ဝါးမျိုချင်မှတော့ ငါကလည်း သူတို့ကို အဝေး မောင်းထုတ်ရတော့မှာပေါ့.." ဝမ်လင်း၏ခန္ဓာကိုယ်သည် လှုပ်ရှားနေသည်။အာဏာတက်ခြင်းကျင့်ကြံသူ၏ကြောက်ရွံ့နေသော အကြည့်အောက်၌ပင် ဝမ်လင်းက ထို လူ့ကို ကန်ထုတ်လိုက်၏။
ပြင်းထန်သောအားတစ်ခုက ထိုကျင့်ကြံသူ၏ခန္ဓာကိုယ် ပတ်လည်တွင် ပေါ်လာခဲ့သည်။ထိုကျင့်ကြံသူကလည်း လောကနှင့်တစ်သားတည်းဖြစ်သွားကာ ချက်ချင်းလိုလို ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။ သူက ထိုကျင့်ကြံသူ ကို ကန်ထုတ်လိုက်ပြီးနောက် နောက်တစ်ယောက်ကို လည်း ကန်ထုတ်လိုက်ပြန်သည်။
သည်လိုနည်းဖြင့်
ဝမ်လင်းနှင့်လူငယ်တို့သည် ဆက်လက်မတိုက်ခိုက်တော့ဘဲ သူတို့၏အမြန်ဆုံးနှုန်းဖြင့် လှုပ်ရှားနေကြတော့သည်။တစ်ယောက်က ဝါးမျိုလိုက်နေ စဉ် တစ်ယောက်က ထိုလူများကို အဝေးသို့ ပို့ပစ်နေ လေ၏။ သူတို့နှစ်ယောက်က အမြန်နှုန်းခြင်း ပြိုင်နေ သကဲ့သို့ ဖြစ်လာခဲ့သည်။
ရှန်ကုန်းဟူသည် ထွက်ပြေးနေရင်း တည်နေရာ ရွှေ့ပြောင်းလိုက်၏။သို့ရာတွင် သူ့တည်နေရာရွှေ့ပြောင်း မှုသည် ချက်ချင်း နှောင့်ယှက်ခြင်း ခံလိုက်ရသည်။တစ်ချိန် တည်းမှာပင် မကောင်းဆိုးဝါးလူငယ်က သူ့ဘေး၌ ပေါ်လာ ခဲ့လေ၏။ လူငယ်၏ လက်က သူ့ခေါင်းထံသို့ ဆန့်တန်း လိုက်သည်။
ရှန်ကုန်းဟူ၏မျက်နှာသည် ကြမ်းကြုတ်မှုနှင့် ပြည့်နေ၏။သူက မောက်မာသည့်လူတစ်ယောက်သာ။ သူက သူ့ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက် ရာ မိုးကြိုးတန်းတစ်ခုသည် သူ့လက်ပေါ်တွင် ပေါ်လာခဲ့ သည်။
ထိုမိုးကြိုးက အနီရောင့်ရောင်ရှိသည်။၎င်းပေါ်လာသည့် အခိုက်၌ ဟင်းလင်းပြင်ထဲတွင်ပင် လှိုင်းတွန့်များ ဖြစ်ပေါ် သွားစေကာ မရေမတွက်နိုင်သောမိုးကြိုးအမျှင်တန်း များသည် လာရောက်စုဝေးသလား ထင်မှတ်ရသည်။
ရှန်ကုန်းဟူတွင် သည်လိုမိုးကြိုးမျှင်မျိုး တစ်ခုသာ ရှိကာ ၎င်းက သူ့ကျင့်ကြံမှုအဆင့်၏ အထွတ်အထိပ်ပင်။သူက ၎င်းကို ဝမ်လင်းထံမှ ဉာဏ်အလင်းအချို့ ရရှိခဲ့ပြီးနောက် ပိုင်ဆိုင်နိုင်ခဲ့ခြင်းပင်။သူက ၎င်းမူလမိုးကြိုးကို နှစ်များစွာ လေ့လာကြည့်ပြီး သူ့ခန္ဓာကိုယ်ထဲပ အချိန်တိုင်း ဆက်လက် သန့်စင် မွမ်းမံနေခဲ့သည်။
နှစ်များစွာကြာလာသည့်နောက် သူက ယခုလိုမိုးကြိုး တန်းတစ်ခုကို ဖြစ်ပေါ်လာနိုင်စွမ်း ရှိလာခဲ့သည်။သည် မိုးကြိုးသည် မပြည့်စုံသေးသော်လည်း သူသည် အရင်က မည်သည့်တိုက်ပွဲတွင်မှ ၎င်းမိုးကြိုးကို အသုံးမပြုခဲ့ရသေးပေ.
ထိုမိုးကြိုးက သူ့အတွက် အကြီးမားဆုံး လျှို့ဝှက်ချက်ပင်။ ထိုမိုးကြိုးကြောင့်လည်း သူကူ ဝမ်လင်းကို ယုံကြည်နေခဲ့ ခြင်း ဖြစ်၏။သူ့စိတ်ထဲတွင် ဝမ်လင်း၏လမ်းညွှန်မှုသည် တိကျမှန်ကန်နေ၏။ သူက ထိုမိုးကြိုးကို အချိန်အတန်ကြာ ဆက်လက်၍ သန့်စင် မွမ်းမံနေလျှင် တစ်နေ့၌ သူသည် မူလမိုးကြိုးကို ရှာတွေ့နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်မှု ရှိနေသည်။
သို့ရာတွင် ယခုလို သေခြင်းရှင်ခြင်းအခိုက်အတန့်၌ သူက များစွာတွေးနေရန် အချိန်မရှိတော့ဘဲ သည်မိုးကြိုး ကို အသုံးပြုရန် ဆုံးဖြတ်လိုက်လေ၏။
မကောင်းဆိုးဝါးလူငယ်ပင် ထိုမိုးကြိုးကို တွေ့မြင်လိုက် သည့်အခါ အံ့အားသင့်သွား၏။သို့သော်လည်း သူ့ အေးစက်စက်လက်သည်းကုတ်ချက်က အားနည်းသွားခြင်း မရှိသည့်အပြင် ရှေ့သို့ တိုက်ရိုက် ဆန့်ထွက်လာသည်။
ရှန်ကုန်းဟူက မာန်သွင်း၍ သူ့လက်ထဲရှိမိုးကြိုးကို ပစ် လွှတ်လိုက်သည်။ထိုမိုးကြိုး ထိုးထွက်သွားသည်နှင့် ၎င်းက အနီရောင်တောက်ပမှုကို ပေးလာ၏။လူငယ်က အေးစက် စွာ နှာခေါင်းရှုံ့၍ ထိုမိုးကြိုးတန်းကို ဖမ်းကာ သူ့လက်ထဲ၌ ခြေမွပစ်လိုက်၏။
ရှန်ကုန်းဟူသည် ထိုအခွင့်အရေးကို အသုံးပြု၍ ချက်ချင်း နောက်ဆုတ်သွားသည်။သည်အခိုက်အတန့်၌ ဝမ် လင်းသည် ရှန်ကုန်းဟူကို အကွာအဝေးတစ်ခုကနေ လှမ်း မြင်လိုက်ရ၏။ သူက သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင် သော်လည်း သည်ဆန်းကြယ်သောအဘိုးအိုနှင့် ဆက်သွယ် နိုင်ပေ၏။
"သူ့ကို ကယ်ပေးပါ..." ဝမ်လင်း၏မူလစိတ်ဝိညာဉ် သည် သတင်းပို့လွှတ်လိုက်သည်။
အဘိုးအို၏မူလစိတ်ဝိညာဉ်က အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။သို့သော် သူက ငြင်းဆိုခြင်းတော့ မပြုပေ။သူ့ဘေး နားရှိ ကျင့်ကြံသူတစ်ယောက်ကို ကန်ထုတ်လိုက်ပြီးနောက် သူက ရှန်ကုန်းဟူဘေးနားသို့ ရောက်ရှိသွား၏။သူ့ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး တိုးဝင် လာနေသော လူငယ်နှင့် တွေ့ဆုံစေလိုက်သည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားပြီး နောက် လူငယ်ကော ဝမ်လင်းကော နှစ်ယောက်လုံးသည် နောက်အနည်းငယ် ဆုတ်လိုက်ရသည်။ သို့ရာတွင် ဝမ် လင်းက နောက်ဆုတ်လိုက်ရရင်း စိတ်လှုပ်ရှားနေသော ရှ န်းကုန်ဟူကို လှမ်းကန်လိုက်သည်။ ရှန်းကုန်ဟူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားကာ ကမ္ဘာ လောကနှင့် တစ်သားတည်းဖြစ်ပြီး ပျောက်ကွယ်သွား လေ၏။
မကောင်းဆိုးဝါးဆန်သည့် လူငယ်က ဝမ်လင်းကို အေး စက်စွာ ကြည့်လိုက်၏။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှား ကာ ကိုယ်ပွားများအဖြစ် ခွဲထွက်သွားသည်။သူက မျက်စိတစ်မှိတ်အတွင်း ကိုယ်ပွား(၃၂)ခုထိ ကွဲထွက်လို့သွားသည်။
ထိုကိုယ်ပွားများ ပေါ်လာသည်နှင့် သူတို့က ချက်ချင်း ဖြန့်ကြက်ကာ အလွန်မြန်သောအရှိန်နှုန်းဖြင့် ထွက်ပြေးနေသော ကျင့်ကြံသူများထံသို့ ရွေ့လျားသွားကြသည်။
ဝမ်လင်းသည် အဘိုးအို၏မူလစိတ်ဝိညာဉ်မှာ တုန်ယင် သွားသည်ကို ခံစားမိလိုက်၏။သူက မာန်သွင်းလိုက်သည်။ ဝမ်လင်းခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော အဘိုးအိုသည် ကောင်းကင်ထက်သို့ ပျံသန်းတက်ကာ သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ မူလစွမ်းအင်က အရူးအမူး ပျံ့နှံ့လာကာ လောကထဲသို့ ဝင်ရောက်၏။
သည်အခိုက်အတန့်၌ ဝမ်လင်းသည်ပင် ကမ္ဘာလောက ဖြစ်လာသည့်အလား။ သူ့မျက်လုံးက ထူးဆန်းသော အလင်းတစ်ခုကို ထုတ်လွှတ်နေကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ကောင်းကင်ဘုံမန္တန်…ပျောက်ကွယ် ခြင်း..."
ချက်ခြင်းပင် မူလစွမ်းအင်များက ထွက်ပြေးနေသော ကျင့်ကြံသူတိုင်း၏ ပတ်လည်တွင် ဖြစ်ပေါ်လာကြ၏။
သည့်နောက် ဝမ်လင်းခန္ဓာကိုယ်ထံကနေ အသံတစ်ခု ထွက်ပေါ်လာ၏။ "ကောင်းကင်ဘုံမန္တန်... ပြန့်ကျဲခြင်း..."
ချက်ချင်းလိုလိုပင် ကျင့်ကြံသူအားလုံးသည် မူလစွမ်းအင် နှင့် ဝန်းရံထားခြင်း ခံလိုက်ရကာ လောကနှင့် တစ်သားတည်း နစ်မြုပ်သွားကြ၏။သည့်နောက် ပျောက် ကွယ်သွားကြတော့သည်။
အခုဆိုလျှင် လူငယ်နှင့် ကိုယ်ပွား(၃၂)ယောက်တို့သာ ကျန်ရစ်ခဲ့တော့၏။
ဝမ်လင်းက အဘိုးအို၏မူလစိတ်ဝိညာဉ်သည် သိသာစွာ အားနည်းသွားသည်ကို ခံစားမိလိုက်၏။
"သေစမ်း...ဒီတစ်ကြိမ် ဒီအဘိုးအိုက ရှုံးနိမ့်မှုတစ်ခုကို လုပ်လိုက်မိပြီ..."
လူငယ်၏ မျက်လုံးက အနီရောင်တောက်လာကာ သူက ဝမ်လင်းရှိရာသို့ လှမ်းလာ၏။
"မင်းက သေချင်နေတယ် ဆိုတော့လည်း ငါက မင်းဆန္ဒ ကို ဖြည့်ဆည်းပေးရမှာပေါ့..."
လူငယ်က နီးကပ်လာနေရင်း သူ့လက်ထဲရှိ လှံရှည်ကို ပစ်လွှတ်လိုက်၏။ထိုလှံက ချက်ခြင်းပင် ဝမ်လင်းထံသို့ အနက်ရောင် အလင်းတန်းတစ်ခုကဲ့သို့ တိုးဝင်လာ တော့သည်။
ဝမ်လင်း၏ ဦးရေပြားက ထုံထိုင်းသွားမိ၏။ အဘိုး အို၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ကို လွတ်မြောက် နိုင်ရန်မျှသာ သူ့အား ထိန်းချုပ်ထားနိုင်တော့၏။
လူငယ်သည် နောက်ကနေ လိုက်ပါလာ၏။ ဆန်းကြယ် သောအဘိုးအိုသည် ဝမ်လင်း၏ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လောကနှင့် တစ်သားတည်း ပျောက်ကွယ်သွားသည်။ ပေါင်းစပ်ကာ ဖျတ်ခနဲ
သူ့နောက်မှ လူငယ်ကလည်း ထိုသို့ လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ အဘိုးအိုနောက်သို့ လိုက်လံ လာလေ၏။
သူတို့နှစ်ယောက်သည် အလွန်မြန်ဆန်လှ၏။ ချက်ချင်း လိုလိုပင် သူတို့က မရေမတွက်နိုင်သောအစိတ်အပိုင်းများ စွာကို ဖြတ်သန်းလာကြသည်။လူငယ်က တဖြည်းဖြည်း ချင်း ပြောလိုက်၏။ "မင်း ပေါ်လာတဲ့အချိန်ကတည်းက ငါက မင်းရဲ့ ရည်ရွယ်ချက်ဟာ ငါ့ကို မင်းအစစ်အမှန် ခန္ဓာကိုယ် ရှိတဲ့နေရာဆီ ခေါ်သွားဖို့ ဆိုတာ သိပြီးသား။ဘာ ပဲဖြစ်ဖြစ် ငါက မင်းနဲ့အတူ လိုက်လာပြီး မင်းကို ဝါးမျို မယ်။ ဒါဆိုရင် ငါက ဒီနေရာမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံးကို ဝါးမျိုတာထက် မင်းကို ဝါးမျိုလိုက်တာက ငါ့ ကျင့်ကြံမှုအဆင့်ကို ပိုကောင်းသွားစေလိမ့်မယ်။
ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနှင့် အနီး ဆုံးနေရာ(နောက်တစ်ပိုင်း)
ဝမ်လင်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သည်ဆန်းကြယ်သောအဘိုးအို၏ မူလစိတ်ဝိညာဉ်သည် သူ့ ခန္ဓာကိုယ်ကို ထိန်းချုပ်၍ မန္တန်များကို အသုံးပြုသည့်အခါ၌ ထိုအဘိုးအိုသည် သူ့ကိုယ်ပိုင် မူလစွမ်းအင်ကို အနည်းငယ် မျှသာ အသုံးပြုခဲ့ခြင်းပင်။ကျန်သည့်မူလစွမ်းအင် အမြောက်အမြားကို ကမ္ဘာလောကကနေ ရရှိနေခြင်း ဖြစ်၏။
သည်လိုမန္တန်မျိုးက အရာရာတိုင်းကနေ စိတ်ဝိညာဉ်များ ထုတ်ယူနိုင်သည့်မန္တန်မျိုးနှင့် အလားသဏ္ဌာန်တူသည်။ သို့သော် ယခုမန္တန်က ပို၍ သိမ်မွေ့နက်နဲပေ၏။
သို့သော်လည်း သည်မန္တန်က ဝမ်လင်း၏ ခုလက်ရှိကျင့်ကြံမှုနှင့် အလှမ်းဝေးလှသေးသည်။သူက နားလည်မှု အချို့ ရရှိခဲ့သော်လည်း သူ့ရှေ့၌ ပိတ်ကာထားသည့် အလွှာ ပါးတစ်ခု ရှိနေဆဲသာ။
အဘိုးအိုသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လျင်မြန်စွာ ရွှေ့လျားနေရင်း ဝမ်လင်းသည် ထိုမန္တန်များအကြောင်းတွေးနေရန်ပင် အချိန်မရခဲ့ပေ။သူက ထိုအဘိုးအို၏မူလ စိတ်ဝိညာဉ်သည် မြန်ဆန်စွာ ပျောက်ကွယ်နေသည်ကို ရှင်းရှင်းလင်းလင်း သိနေ၏။
အမွှေးတိုင်တစ်တိုင်ဝက်ခန့် ကြာမြင့်ပြီးနောက် အဘိုး အို၏မူလစိတ်ဝိညာဉ် တစ်ဝက်ကျော်သည် လွင့်ပါးသွားခဲ့ပြီ ဖြစ်၏။သူက သူ့မူလစိတ်ဝိညာဉ်ကို သုံးစွဲ၍ ပို၍ မြန်ဆန် အောင် လုပ်နေသည်မှာ ရှင်းလင်းပေသည်။
ဝမ်လင်းက မည်မျှမြန်ဆန်မှန်းပင် ရှင်းရှင်းလင်းလင်း မ ခံစားနိုင် ဖြစ်နေ၏။ သူက ကမ္ဘာလောကနှင့် တစ်သားတည်းပေါင်းစပ်ချိန်၌ အချိန်သည် သူ့ပတ်လည်၌ အဆုံးမရှိ ဆွဲဆန့်လိုက်သလို ဖြစ်နေ၏။သူက ဟင်းလင်းပြင်ထဲ၌ ရပ်တန့်သည်ဟူ၍ မရှိဘဲ အချိန်နှင့် အတူ ရွေ့လျားကာနေ၏။
ထိုမျှသိနေခြင်းကပင် ဝမ်လင်းက အကွာအဝေး ကွေးညွတ်ခြင်း၏ အသိသညာကို ဖမ်းဆုပ်မိထားပြီး ဖြစ် သောကြောင့် ဖြစ်၏။ သူက အဘိုးအိုကဲ့သို့ စိတ်ရှိလက်ရှိအသုံးမပြုနိုင်ဘဲ ထိုသို့လုပ်ဆောင်နိုင်ရန် လုံလောက်သော အချိန်တစ်ခုကို ကြိုပြင်ဆင်ရ၏။မည်သို့ပင် ဖြစ်စေ ဝမ် လင်းကိုယ်တိုင်လည်း လောကနှင့်တစ်သားတည်း ပေါင်းစပ်ခြင်းကို ပြုလုပ်နိုင်သည်သာ ဖြစ်သည်။
သူက အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသော်လည်း အကွာအဝေးကွေးညွတ်ခြင်းကို ဖမ်းဆုပ်နိုင်ခဲ့ခြင်း မရှိပါက အဘိုးအို၏ အခုလိုအရှိန်မျိုး သွား နေပုံဖြင့် ဆိုလျှင် သူ့မူလစိတ်ဝိညာဉ်သည် ၎င်းအရှိန်ကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက အကွာအဝေးကွေးညွတ်ခြင်းကို ဖမ်းဆုပ် ထားနိုင်ခဲ့တာတောင်မှ သူက သူ့မူလစိတ်ဝိညာဉ်သည် သည်လိုအခြေအနေမျိုးဖြင့် အချိန်အတန်ကြာကြာ သွားလာနိုင်လိမ့်မည် မဟုတ်ဟု ခံစားမိနေ၏။
သည်အဘိုးအို၏ထိန်းချုပ်မှုအောက်၌ သူ့ခန္ဓာကိုယ်သည် လုံးဝ မရပ်တန့်တော့သည့်အလား တစ်သားတည်း ဖြစ်နေတော့၏။ ကမ္ဘာလောကနှင့်
လူတစ် ကမ္ဘာလောကနှင့် တစ်သားဖြစ်နေခြင်းက ယောက်သည် ချက်ချင်းလိုလို နေရာအားလုံးသို့ ရောက်ရှိနိုင်သည်ဟု ဆိုလို၏။ သို့သော် သည်မန္တာန်တွင်လည်း အကန့်အသတ်များ ရှိနေသည်သာ။ မဟုတ်လျှင် ထိုအဘိုး အိုသည် ခုလိုပြေးနေမည့်အစား သူ့ခန္ဓာကိုယ် ရှိနေသော နေရာတွင် ချက်ချင်း ပေါ်လာလိမ့်မည် မဟုတ်လား။
ဝမ်လင်းအဖို့ကတော့ အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန် က ရာစုနှစ်တစ်ခုကဲ့သို့ ခံစားနေရ၏။သည်အချိန်အတွင်း သူက ပြင်းထန်သောမုန်တိုင်းတစ်ခုက သူ့ကို တစ်စစီလုပ် ပစ်ချင်နေသလား ခံစားနေရသည်။
သည်အခြေအနေက အလွန်အမင်းနာကျင်မှုကို ခံစား ရ၏။သို့သော် ဝမ်လင်းအတွက် အံ့မခန်း အကျိုးကျေးဇူးလည်း ရှိနေ၏။သူ့မူလစိတ်ဝိညာဉ်က သည်မုန်တိုင်းထဲ၌ ရုန်းကန်နေရင်း သူ့လောကနှင့်ပေါင်းစပ်သည့် ခံစားချက် လည်း ပို၍နက်နဲ သိမ်မွေ့လာတော့၏။ အဆုံးသတ်၌ သူက စိတ်နှလုံးထဲကနေကို ၎င်းခံစားချက်အား ရေးထွင်းမိနေ တော့သည်။
အခြားကျင့်ကြံသူများကသာ
ဝမ်လင်း ခုလက်ရှိအခြေအနေကို သိလျှင် ထိုလူများသည် အလွန်စိတ်လှုပ်ရှား မိကြပေလိမ့်မည်။ ဒုတိယအဆင့်ရှိ ကျင့်ကြံသူများအဖို့ မူလစွမ်းအင်အပြင် နောက်ထပ်အရေးကြီးသည့်အချက်က ဥပဒေသများကိုနားလည်ခြင်း၊ဥပေဒေသများကို ထိန်းချုပ် ခြင်းနှင့် ဥပဒေသများကိုကျွမ်းကျင်ခြင်းတို့ ဖြစ်လေ၏။ သို့သော် သည်အရာများက ရှင်းပြရန်ပင် ဝိုးတဝါးဆန်လွန်း လှသည်။ထို့အတွက်ကြောင့် လောကနှင့်တစ်သားတည်း ဖြစ်ခြင်းက ဥပဒေသများကို ရှာဖွေဖော်ထုတ်သည် လမ်းကြောင်းတစ်ခု ဖြစ်လာခြင်း ဖြစ်တော့သည်။
လောကနှင့်ပို၍ နီးကပ်လာလေလေ လူတစ်ယောက် သည် လောက၏ဥပဒေသများကို ပို၍ ကောင်းမွန်စွာ ရှာဖွေတူးဖော်နိုင်လေ ဖြစ်၏။
သည်အခိုက်အတန့်၌ ဆန်းကြယ်သောအဘိုးအိုသည် ဝမ်လင်းကို တမင်မရည်ရွယ်ဘဲ ကူညီပေးနေသလို ဖြစ် နေ၏။
ဝမ်လင်းက အလွန်နာကျင်မှုကို ခံစားရ၏။သို့သော်တစ်ဖက်မှာလည်း အကျိုးကျေးဇူးများကို အမှန်ရရှိနေသည်။
သူ့မူလစိတ်ဝိညာဉ်က လောကနှင့်ပို၍ တစ်သားတည်း မူလ နီးကပ်လာနေခဲ့သည်။သူက ကမ္ဘာလောက၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသကဲ့သို့ပင်။ တစ်ချိန်တည်းမှာ လည်း ဝမ်လင်း၏ နယ်ပယ်ကလည်း လောကနှင့်နစ်မြုပ် လာခဲ့၏။ သူ့ကံကြမ္မာနယ်ပယ်သည် ၎င်းကိုယ်တိုင် လောက၏ကံကြမ္မာတာအိုနှင့် စမ်းသပ်ကြည့်နေသည်ဟု ဆိုနိုင်သည်။
သူ့ခန္ဓာကိုယ်သည်လည်း အကျိုးကျေးဇူး ရရှိသည်သာ ဖြစ်၏။ သူ့မူလစွမ်းအင်များက သူ့ခန္ဓာကိုယ်နှင့် အပြည့်အ ဝ တစ်ပေါင်းတစ်စည်းတည်း ဖြစ်လာခဲ့၏။
ထိုအရာများက အဓိကအချက်များ မဟုတ်သေးချေ။ အဓိကအချက်က ကမ္ဘာလောကထဲသို့ နစ်မြုပ်နေသည့် အချိန်အတွင်း သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်လာခဲ့ခြင်း ဖြစ်၏။ ထိုအရက သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ် ပျောက် ကွယ်သွားခြင်းမျိုးနှင့် ဆင်တူ၏။သို့သော် သူက သေဆုံး သွားခြင်းတော့ မဟုတ်ပေ။
သည်ဖြစ်စဉ်က အချိန်ပိုကြာလေလေ သူ့ခန္ဓာကိုယ်က ကမ္ဘာလောက၏မူလစွမ်းအင်၏ စွမ်းအားကို ပို၍ ရရှိလာ လေ ဖြစ်နေ၏။သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်း၊သွေး စက်တိုင်းက ကမ္ဘာလောက၏ မူလစွမ်းအင် ပေါင်းစပ်သွားနေ၏။
တကယ်တော့ ထိုအရာများအားလုံးကို သည်ဆန်းကြယ် မဟုတ်ပေ။ဝမ်လင်းတွင် သည်လိုအခြေအနေများကို သောအဘိုးအိုက တမင်ရည်ရွယ်၍ လုပ်ဆောင်ပေးနေခြင်း တွေ့ဆုံမိခြင်း မရှိခဲ့ပါက ထိုအဘိုးအို သူ့ခန္ဓာကိုယ်ကို စွန့်ခွာသွားသည်နှင့် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ပျက်စီး ကာ သေဆုံးသွားနိုင်ပေ၏။
ဝမ်လင်းနှင့်မကောင်းဆိုးဝါး လူငယ်တို့သည် ကမ္ဘာ လောကကို ဖြတ်သန်း၍ တစ်ဟုန်ထိုး သွားနေကြ၏။ အချိန်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏ပုံ ရိပ်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ မြောက်ဘက် ပိုင်းအစွန်းဆုံးရှိ အစိတ်အပိုင်းမြေတစ်ခုပေါ်တွင် ပေါ်လာခဲ့ တော့သည်။
သူ့ခန္ဓာကိုယ်ပေါ်လာသည်နှင့် သူ့ကိုယ်ထဲရှိ အဘိုး အို၏မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ လုံးဝ ပျောက်ကွယ်သွားတော့၏။ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို သူကိုယ်တိုင် ချက်ချင်း ပြန်ထိန်းချုပ်နိုင်သွားသည်။
သူ့ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်နိုင်ပြီးသည့်နောက် ဝမ်လင်းသည် သူ့ကိုယ်ထဲရှိ မူလစွမ်းအင်များကို သူ့ဒွါရ ပေါက်များထဲကနေ ချက်ချင်း စွန့်ထုတ်လိုက်၏။မူလ စွမ်းအင်သည် ဝဲကတော့တစ်ခုအဖြစ်သို့ ဖြစ်ပေါ်ကာ ရုတ်တရက် ပေါက်ကွဲထွက်သွားလေသည်။
သူက ထိုပေါက်ကွဲအားကို ငှားယမ်းကာ နောက်သို့ မြန်ဆန်စွာ ဆုတ်သွား၏။သူက ထိုးထွက်သွားသည့်အခိုက် မှာပင် မကောင်းဆိုးဝါးလူငယ်သည် ပေါ်လာခဲ့တော့သည်။ သူ့လက်က ဝမ်လင်းရှိနှင့်ခဲ့သော နေရာသို့ ချက်ချင်း ဖမ်း ဆုပ်လာခဲ့လေ၏။
ဝမ်လင်းက ထိုးထွက်လိုက်ပြီးနောက် အကွာအဝေးတစ် ခုသို တုံ့ဆိုင်းခြင်းမရှိ ပျံသန်းသွား၏။တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ဘုံဓားကို ထုတ်ယူကာ သူ့ခန္ဓာကိုယ် ပတ်လည်၌ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ရှစ်ချက် ကို ပစ်သွင်းထားလိုက်သည်။
များစွာသောအက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီးနောက် ဝမ်လင်းပတ်လည်၌ အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့ လေ၏။သူ့ကို ချုပ်နှောင်ရန် တိုးဝင်လာသည် မမြင်ရသော အားက ဝမ်လင်း၏ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက် နှင့် ဆုတ်ဖြဲခြင်း ခံလိုက်ရသည်။
ဝမ်လင်းအသွင်က သုန်မှုန်နေသည်။သူက မြန်နိုင်သမျှ မြန်မြန် တစ်ဟုန်ထိုး ထွက်သွားနေ၏။ သူက သူ့ ပတ်လည်၌ ပိတ်ဆို့ထားမှုများကို အရင်တစ်ကြိမ်လည်း ခံစားခဲ့ဖူးပြီး ဖြစ်ကာ ခုချိန်၌ သူက ထိုသို့ ထပ်မံ၍ မခံစား လိုတော့ပေ။
မကောင်းဆိုးဝါးဆန်သော လူငယ်၏ မျက်လုံးများသည် အစိတ်အပိုင်းမြေများ၏ ပတ်ဝန်းကျင်ကို ကြည့်နေရင်းအေးစက်လာ၏။ သူက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီနေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အင်ပါယာ မြို့တော် ဖြစ်ခဲ့တဲ့နေရာပဲ။ ဒါက မိုးကြိုးကောင်းကင်ဘုံ နယ်မြေရဲ့ ပင်မနေရာ ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေ မပြို ကျမပျက်စီးခင်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေနဲ့ အနီးဆုံးနေရာလည်း ဖြစ်တယ်။ ပြောကြတာကတော့ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ တည်ရှိခဲ့ချိန်က ဒီ နေရာဟာ ရှေးဟောင်းကောင်းကင်ဘုံသားတွေ ဆင်းသက် လာခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဆိုတယ်။ ကောင်းကင်ဘုံ အရှင်သခင်တစ်ယောက်ရဲ့ စွမ်းအားမျိုး ရှိနေတဲ့ ဒီလူရဲ့ ရည်ရွယ်ချက်က ဘာများ ဖြစ်နေမလဲ..."
အနည်းငယ် စဉ်းစားပြီးသည့်နောက် လူငယ်သည် အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏ပုံရိပကို တစ်ချက်လှမ်း ကြည့်ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။သူက ဝမ် လင်းထံသို့ လက်ညွှန်လိုက်ရာ အနီရောင်အလင်းလုံး တစ်လုံးသည် ချက်ချင်း ပေါ်လာခဲ့သည်။ မရေမတွက်နိုင် သောခပ်ပါးပါးလိုင်းများကလည်း ပေါ်လာခဲ့ကာ အလင်း လုံးထဲ၌ မြန်ဆန်စွာ သိပ်သည်းသွားသည်။ထို့နောက် အလင်းလုံးသည် အနီရောင်ခပ်တောက်တောက်ကို ထုတ် လွှတ်ပေးကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွေးများအားလုံးသည် ထောင်မတ်သွားကာ သူက ကြမ်းကြုတ်စွာ ဆဲဆိုလိုက် သည်။ဆန်းကြယ်သောအဘိုးအိုကြောင့်သာ မဟုတ်ပါက သူသည် အစောကတည်းက လွတ်မြောက်နေခဲ့လောက်ပြီ ဖြစ်သည်။ခုချိန်တွင် သူ့၌ သွေးခန္ဓာကိုယ်လည်း မရှိတော့ သည့်အတွက် သူက ထပ်မံ၍ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
သေရေးရှင်ရေးဟု ခံစားမိကာ ဝမ်လင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ သူက သည်တစ်ကြိမ်၌ လွတ်မြောက်ရန် မဖြစ်နိုင်သည်ကို သိနေ၏။ ထို့ကြောင့် သူ သူ့ရှေ့တွင် အစိတ်အပိုင်းမြေတံဆိပ်တုံးကို ထွေးထုတ်ကာ ပိတ်ဆို့ထားစေလိုက်သည်။ ထိုအနီရောင်အလုံးက တံဆိပ်တုံးနှင့် ထိသွားသည့်အချိန်တွင် တံဆိပ်တုံးတစ်ခု လုံးသည် အပြင်းအထန် စတင် တုန်ခါလာ၏။သို့သော် ၎င်း က ပျက်စီးသွားခြင်းတော့ မရှိပေ။
သို့သော်လည်း ပြင်းထန်သောအားတစ်ခုက ဝမ်လင်း ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပေသည်။သူ့မျက်နှာက ချက်ချင်း ဖြူရော်သွားကာ သွေးအန်ထုတ်ရင်း ထိုအားနှင့် ဝေးရာ အနောက်သို့ ဆုတ်လိုက်ရသည်။
ထိုမျှနှင့်မပြီးသေးပေ။
ပြင်းထန်သောအားက အစိတ်အပိုင်းမြေတံဆိပ်တုံးကို ဖြတ်ကျော်၍ လှိုင်းလုံးများ ကဲ့သို့ ဆင့်ကဲဆင့်ကဲ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျ ရောက်လာခဲ့သည်။သူက သွေးများဆက်တိုက် အန်ထုတ် လိုက်ရ၏။သို့သော် သူ့မျက်နှာက ကြမ်းကြုတ်သောအသွင် ဖြစ်ပေါ်နေသည်။
"ငါ့ကို သတ်ဖို့ အဲ့လောက် မလွယ်ဘူး..." ဝမ်လင်းက လက်တစ်ဖက်ဖြင့် အစိတ်အပိုင်းမြေတံဆိပ်တုံးကို ကိုင် ထားရင် ကျန်လက်တစ်ဖက်ဖြင့် သိုလှောင်အိတ်ကို ပုတ် လိုက်ရာ အကာအရံတစ်ခု ထွက်ပေါ်လာလေ၏။
ထိုအကာအရံသည်
တောင်နှင့်မြစ်ပန်းချီကားအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ထိုအခါ ကမ္ဘာတစ်ခုလုံးသည် တောင်နှင့်မြစ်ပန်းချီကား ဖြစ်လာသည့်အလား ထင်မှတ်ရ သည်။
တောင်နှင့်မြစ်ပန်းချီကားထံကနေ ပြင်းထန်သောအား တစ်ခု ထွက်ပေါ်နေ၏။ ဝမ်လင်းသည် တောင်နှင့်မြစ်ပန်းချီ ကား၏ ထိပ်တွင် မတ်တတ်ရပ်နေကာ သူ့ထံသို့ တိုးဝင်လာ နေသည့်အားက လွင့်ပါးလာသည်ဟု ခံစားလိုက်ရ၏။ ထို့နောက် တောင်နှင့်မြစ်ပန်းချီကား၏ ပြင်းထန်သောအား က အစိတ်အပိုင်းမြေတံဆိပ်တုံးထဲသို့ ဝင်ရောက်သွားကာ ၎င်းတံဆိပ်တုံးထဲရှိအားများကို ချေဖျက်ပစ်လိုက်သည်။
"တောင်နဲ့မြစ်ပန်းချီကား…" မကောင်းဆိုးဝါးဆန်သော လူငယ်၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။သို့သော် ခဏကြာပြီးနောက် သူက နှာခေါင်းရှုံ့လိုက်၏။ ဒါက "တုပ ထားတဲ့ အမှိုက်သာသာပဲ..." သူက ညာလက်ကို ပင့် မြှောက်ကာ ၎င်းပန်းချီကားပေါ်သို့ ကြမ်းတမ်းစွာ ဝှေ့ယမ်း လိုက်သည်။စူးရှသောဆုတ်ဖြဲသံ တစ်ခုထွက်ပေါ်လာကာ ကောင်းကင်နှင့်မြေကြီးသည် တွန့်လိမ်သွားသည်။ဝမ် လင်း၏ခန္ဓာကိုယ်သည်လည်း တောင်နှင့်မြစ်ပန်းချီကားထဲ ကနေ လွင့်စဉ်ထွက်လာခဲ့သည်။သူ့မျက်နှာက ချက်ချင်းပင် အလွန်အမင်း ဖြူရော်နေ၏။ သူက နောက်ဆုတ်လေ၏။
“အတိတ်တုန်းက ငါက တောင်နဲ့မြစ်ပန်းချီကားကို လေ့လာဖို့ နှစ်တစ်ထောင် ငှားခဲ့ဖူးတယ်။မင်းမှာ တောင်နဲ့အကွာအဝေးတစ်ခုကနေ မရေမတွက်နိုင်သောမိုးကြိုး သားရဲများ၏ ဟိန်းဟောက်သံများ ရုတ်တရက် ထွက် ပေါ်လာသည်။အစိတ်အပိုင်းမြေကလည်း လေထဲသို့ ကြွ တက်လာရင်း အစိတ်အပိုင်းမြေ၏အစွန်းနားရှိအစိတ်အပိုင်းမြေတစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော မိုးကြိုးကွင်းဆက်များသည်လည်း ပြင်းထန်စွာ တုန်ယင် လာသည်။ထိုကွင်းဆက်တစ်ခုချင်းစီ၏ အထက်၌ မိုးကြိုး သားရဲတစ်ကောင်စီ ရှိကာ ၎င်းတို့သည် ဟိန်းဟောက်ရင်း လေထဲသို့ မြင့်တက်လာကြ၏။
မရေမတွက်နိုင်သော မိုးကြိုးသားရဲများ၏ စိုက်ထုတ်မှု ကြောင့် သည်အစိတ်အပိုင်းမြေသည် ကြွတက်လာခဲ့ခြင်း ဖြစ်သည်။
သည်အခိုက်အတန့်၌
ဝမ်လင်းနှင့်မကောင်းဆိုးဝါး လူငယ်တို့ ရှိနေကြသော အစိတ်အပိုင်းမြေတစ်ခုတည်းသာ တုန်ခါနေသည် မဟုတ်တော့ပေ။စုစုပေါင်း အစိတ်အပိုင်း မြေ(၄၉)ခု၊မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏
(၄၀)ရာခိုင်နှုန်းလောက်က စတင်တုန်ခါကာ လေထဲသို့ ကြွ တက်လာကြခြင်း ဖြစ်တော့၏။
အစိတ်အပိုင်းမြေများသည် ကြီးမားသည့်အစီအရင်တစ် ခုကို ဖြစ်ပေါ်စေကာ ဝမ်လင်းနှင့်မကောင်းဆိုးဝါးဆန်သည့် လူငယ်တို့ ရှိနေသည့် အစိတ်အပိုင်းမြေကမူ အလယ်ဗဟို ချက်တွင် ရှိနေ၏။
မြစ်ပန်းချီကားအစစ် ရှိနေရင်တောင် မင်းလို လူမျိုးရဲ့ ကျင့်ကြံမှုအဆင့်လေးနဲ့ဆိုရင် ငါက ဒါကို လွယ်လွယ် ချိုးဖျက်ပစ်နိုင်တယ်..."
လူငယ်က နှာခေါင်းရှုံ့လိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်းတိုး ရန် ပြင်လိုက်သည်။သို့ရာတွင် သူက ချက်ချင်း ရပ်တန့် သွားပြီး သူ့အောက်ဘက်ရှိ မြေပြင်ကို အေးစက်စွာ ကြည့် လိုက်၏။
သူက သူတို့ရှိနေသော အစိတ်အပိုင်းမြေသည် ပြင်းပြင်းထန်ထန် စတင် တုန်ခါလာသည်ကို တွေ့မြင် လိုက်၏။ ထိုတုန်ခါမှုက အစိတ်အပိုင်းမြေ၏ အပိုင်းတစ်ခု တစ်လေက တုန်ခါခြင်း မဟုတ်ဘဲ အစိတ်အပိုင်းမြေတစ်ခု လုံး တုန်ခါခြင်း ဖြစ်နေတော့၏။
ချက်ခြင်းလိုလိုပင် သည်အစိတ်အပိုင်းမြေက လေထဲသို့ မြောက်ကြွလာ၏။၎င်းက လေထဲတွင် ရှိနေသော မကောင်းဆိုးဝါးလူငယ်နှင့် မြန်ဆန်စွာ နီးကပ်လာသည်။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ ထိုလူငယ်သည် ချက်ချင်း အပေါ်သို့ ပျံတက်လိုက်၏။
ဝမ်လင်းကမူ သူ့ရတနာများကို သိမ်းဆည်းရင်း နောက်သို့သာ အမြန်ဆုတ်နေ၏။သူ့မျက်လုံးက တည်ငြိမ် လျက်ရှိပြီး သူက ကြွတက်လာသည့်အစိတ်အပိုင်းမြေကို မ ကြည့်ပေ။ ထိုအစား သူက နောက်သို့ ဆုတ်နေရင်း လောကနှင့်တစ်သားတည်းဖြစ်ရန်သာ တာဆူနေ၏။
ထို(၄၉)ခုသော အစိတ်အပိုင်းမြေအားလုံးသည် မိုးကြိုးကွင်းဆက်များနှင့် ချိတ်ဆက်ထားကာ ကွင်းဆက် တစ်ခုစီကို မိုးကြိုးသားရဲတစ်ကောင်စီက ဆွဲယူ၍ လေထဲ သို့ မြောက်တက်လာနေစေ၏။
ထို့အတွက်ကြောင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲ၌ အစိတ်အပိုင်းမြေများ ဆွဲယူခံရသည့်အသံနှင့် ပြည့်နေ တော့လေ၏။
ဝမ်လင်းတို့ ရှိနေသောအစိတ်အပိုင်းမြေကို ဗဟိုပြုကာ ကျန်သည့် အစိတ်အပိုင်းမြေ(၄၈)ခုသည် ဖြည်းဖြည်းချင်း လှည့်လည်လာ၏။ ပထမ၌ ၎င်းတို့သည် ခပ်ဖြည်းဖြည်း သာ လှည့်ပတ်သော်လည်း တဖြည်းဖြည်း ပို၍ပို၍ မြန်လာ ခဲ့တော့သည်။
ထိုအခါ အစိတ်အပိုင်းမြေတစ်ခုနှင့်တစ်ခု ချိတ်ဆက် ထားသည့် မိုးကြိုးကွင်းဆက်မျာသည် ပျက်စီးကုန်ကြကာ လှည့်ပတ်ခြင်းကလည်း ရပ်တန့်ခြင်း မရှိတော့ပေ။
၎င်း၏အမြန်နှုန်းက တဖြည်းဖြည်း ကျင့်ကြံသူတစ် ယောက် ပျံသန်းသည့်နှုန်းနှင့် ယှဉ်၍ ရလာ၏။၎င်းက လှည့်ပတ်နေရင်း ဝဲကတော့တစ်ခု ဖြစ်ပေါ်လာလေ၏။ သိသာစွာပင် ထိုဝဲကတော့က အလွန်ကြီးမားလှ၏။
ထို့နောက် အစိတ်အပိုင်းမြေ(၄၉)ခုပေါ်ရှိ တောင်များ အားလုံးသည်လည်း ပြိုလဲပျက်စီးကုန်ကြသည်။ ပြင်းထန် သောတုန်ခါမှုများက မိုးကြိုးကောင်းကင်ဘုံမြေတစ်ခုလုံးကို စတင်ပြောင်းလဲစေတော့၏။
အထူးသဖြင့် အစိတ်အပိုင်းမြေ(၄၉)ခု၏ လှည့်ပတ်နေမှု ကြောင့် ဖြစ်ပေါ်လာသည့် ဝဲကတော့သည် အံ့မခန်းစုပ်အား တစ်ခုပါဝင်သည့် တွင်းကြီးတစ်ခုကို ဖြစ်ပေါ်စေ၏။
ထိုစုပ်အားနှင့်တုန်ခါမှုများအောက်၌ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် အမှန်တကယ် စတင်ပျက်စီးလာတော့၏။
မိုးကြိုး တုန်ခါနေကာ
သည်ပြိုလဲပျက်စီးမှုသည် ပထမဆုံးအကြိမ် မိုးကြိုး ကောင်းကင်ဘုံနယ်မြေသည် မရေမတွက်နိုင်သော အစိတ်အပိုင်းမြေများအဖြစ်သို့ ပျက်စီးသွားခဲ့ပြီးနောက် ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် အတော်များများ စတင်ပျက်စီးပြိုလဲလာခဲ့ခြင်း ဖြစ်တော့သည်။
ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်အက်ကွဲကြောင်း များ ပေါ်လာခဲ့ကာ ထိုအက်ကွဲကြောင်းများထဲကနေ အေးစက်စက်လေများ ထွက်ပေါ်နေ၏။ မရေမတွက်နိုင် သောအက်ကွဲကြောင်းများသည် ဆက်လက်ပျံ့နှံ့လို့ နေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရှိကျင့်ကြံသူ အားလုံးသည် မဖော်ပြနိုင်သောကြောက်ရွံ့မှုမျိုးနှင့် ပြည့် နှက်လို့နေ၏။
မကောင်းဆိုးဝါးဆန်သောလူငယ်ပင် လုံးဝ မှင်သက်နေ ခဲ့၏။သူက သူ့ကို သည်နေရာသို့ ခေါ်လာသည့်လူသည် ယခုလိုမျိုး ကြီးမားသည့်ရွေ့လျားမှုကို စီစဉ်ထားလိမ့်မည်ဟု မ မျှော်လင့်ခဲ့မိချေ။
"မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး အစီအရင်တစ်ခု ပြုလုပ်တာ..။ဒါကို ကြည့် ရသလောက်တော့ ဒါဟာ အစီအရင်တစ်ခုလို ရိုးရိုးရှင်းရှင်း မဟုတ်နေမှာ . ငါ စိုးရိမ်မိတယ်။ဒီလူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို လက်နက်ရတနာတစ် ခုအဖြစ်များ သန့်စင်မွမ်းမံချင်နေတာလား..." ထိုလူငယ် ပင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိ၏။ သူက စိတ်ထဲ ကပင် ထိုလူ့ကို အရူး ဟုတွေးနေမိသည်။
ဝမ်လင်းက အံ့အားသင့် မှင်တက်နေ၏။သူကြားနေရ သည့် အရာအားလုံးသည် လေဟာနယ်ပြိုလဲရာမှ ထွက် ပေါ်လာသည့် အက်ကွဲကြောင်းများကြောင့် ဖြစ်ကာ မိုးကြိုး ကောင်းကင်ဘုံမြေတစ်ခုလုံးသည် တုန်ဟည်းသံများ အနှံ့ ဖြစ်ပေါ်နေတော့၏။သူ့ပတ်ဝန်းကျင်တွင်လည်း အဆီးအားများကို ဝါးမျိုထားသည့် အက်ကွဲကြောင်းများနှင့် ပြည့်နေသည်။ထိုအရာက သူ့စိတ်ကို တုန်ယင်သွားစေကာ သူ့ဦးရေပြားကိုပါ တင်းကျပ်သွားစေသည်။ အဖျက်
သည့်နောက် မောက်မာလှသောရယ်သံတစ်ခုက မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၌ ပဲ့တင်ထပ် ပျံ့နှံ့လာ၏။ တစ်ချိန် တည်းမှာလည်း ထူးဆန်းသောအဘိုးအိုက ပေါ်လာခဲ့ကာ သူက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ "ငါက မိုးကြိုး ကောင်းကင်ဘုံနယ်မြေကို ဝင်ရောက်ခဲ့တာ အကြိမ်ပေါင်းရာချီနေပြီ။ငါက ဒီအစီအစဉ်ကို နှစ်ပေါင်းသောင်းနဲ့ချီပြီး စီစဉ်ခဲ့တာ။ဒီကမ္ဘာမှာ ဒီအဘိုးလိုများ ဘယ်သူ သတ္တိရှိနိုင် ပါ့မလဲ။ကောင်းကင်ဘုံနယ်မြေကို သန့်စင်ခြင်းနဲ့ ကျော်ကြားလှတဲ့ကောင်းကင်ဘုံအရှင် ချင်းရွှေကို ဆန့်ကျင် လှည့်ဖြားခြင်း....ဟားဟား...ဘယ်သူကများ ဒီလိုလုပ်ဝံ့ပါ့ မလဲ..."
"ဒီအဘိုးအိုက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ တစ်ဝက်တိတိကို ရတနာတစ်ခုအဖြစ် အသုံးပြုမယ်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲမှာ ဘယ်သူ ကများ ငါ့ ပြိုင်ဘက် ဖြစ်နိုင်ဦးမလဲ။ ဒါကို အသုံးပြုပြီး ငါက လေဟာနယ်အတားအဆီးကို ဖွင့်လှစ်နိုင်ပြီးတဲ့ နောက် ငါ့ရဲ့အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက မဟာမိတ်ကြယ်အဖွဲ့အစည်းကို ဝင်ရောက်ဖို့အတွက် အလုံးစုံကျောက်တုံးလည်း မလိုအပ်တော့ဘူး။ အရှင် ကျောင်းရှန် ငါက အတင်းနှင်ထုတ်ခံရတုန်းက တစ်နေ့မှာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူသန်းချီ ကို ခေါ်လာခဲ့ပြီး မဟာမိတ်ကျင့်ကြံခြင်းအဖွဲ့အစည်းကို ခြေမွှပစ်မယ်လို့ ပြောခဲ့ဖူးတယ်မလား..."
:ကောင်းကင်ဘုံအရှင်သခင်ချင်းရွှေ…(နောက်တစ်ပိုင်း)
အစိတ်အပိုင်းမြေ(၄၉)ခု၏ လှည့်လည်မှုကြောင့် ဖြစ် ပေါ်လာသည့် ဝဲကတော့ကြီးသည် မိုးကြိုးကောင်းကင်ဘုံ နယ်မြေကို ပြိုလဲစေနေသည်။ထိုဝဲကတော့ကြီးထံမှ စုပ် အားသည် နေရာအနှံ့တွင် ပျံ့နှံ့နေသည်။
ထိုမြောက်မြားစွာသော ပျက်စီးမှုက ဆက်တိုက် ဖြစ်လာ ပို၍လည်း ပြင်းထန်လာသည်။ကောင်းကင် ကာ ထက်၌လည်း အက်ကွဲကြောင်းများ မကြာမကြာ ပို၍ ပေါ်လာနေသည်။ထိုအဖြစ်က ဓားတစ်လက်ဖြင့် ကောင်းကင်ကို ခုတ်ပိုင်း၍ အက်ကွဲရာများ ဖြစ်နေစေသလို မျိုးပင်။လူတစ်ယောက်က အလွန်နီးကပ်သွားပါက သူ တို့သည် ထိုအက်ကွဲကြောင်းများထဲသို့ စုပ်ယူဝါးမျိုခြင်း ခံရ ပေလိမ့်မည်။
သည်အခိုက်အတန့်၌ အရှင်မီးတောက်၏ မျက်လုံးထဲက နေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်နေသည်။သူက လေထဲတွင် လွင့်မျောနေရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကား လိုက်သည်။ထိုအခါ သူ့အောက်ရှိ အစိတ်အပိုင်းမြေသည် တဖြည်းဖြည်းချင်း လှည့်လည်လာ၏။
"ဒီအဘိုးအိုရဲ့ မိုးကြိုးကောင်းကင်ဘုံအစီအရင်က ဒီနေ့ မှာ ပြည့်စုံသွားလိမ့်မယ်.." အရှင်မီးတောက်က ရယ်မော နေရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက် ရာ မူလစွမ်းအင်များသည် သူ့အောက်ရှိ အစိတ်အပိုင်းမြေ ထံကနေ မြင့်တက်လာခဲ့သည်။
ဝမ်လင်း၏စိတ်က ပြင်းထန်စွာ တုန်ယင်နေ၏။သူ့ အသွင်က အကွာအဝေးတစ်ခုရှိ အရှန်မီးတောက်ခေါ် ထူးဆန်းသောအဘိုးအိုကို စူးစိုက်ကြည့်နေရင်း သုန်မှုန်နေ တော့သည်။
မကောင်းဆိုးဝါးဆန်သောလူငယ်၏ မျက်လုံးက လက်လက် ဖြစ်သွားကာ သူက ပြောလာ၏။ "ကောင်းကင်ဘုံနယ်မြေတစ်ခုကို လက်နက်ရတနာတစ်ခု အဖြစ် သန့်စင်တာက တော်တော်စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့လည်း မင်းက ဒါတွေအားလုံးကို လုပ်ခဲ့တယ် ဆို ရင်တောင် ရတနာရဲ့စိတ်ဝိညာဉ်မရှိရင် ဒီနေရာမှာ ဘာ အသုံးဝင်တော့မှာလဲ..."
ကောင်းကင်ထက်၌ အရှင်မီးတောက်သည် ရယ်မောကာ ပြောလာ၏။ "ရတနာစိတ်ဝိညာဉ် မရှိဘူးလို့ ဘယ်သူပြော လဲ...ရတနာစိတ်ဝိညာဉ်... ထွက်ပေါ်လာစမ်း..." သူက ထိုသို့ပြောလိုက်ရင်း မီးခိုးရောင်အလင်းတန်းတစ်ခုကို တွေးထုတ်လိုက်သည်။
ထိုမီးခိုးရောင်အလင်းတန်းထဲ၌
လက်ဝါးအရွယ်ရှေးဟောင်းကြေးမုံတစ်ချပ် ရှိနေသည်။၎င်းက ချက်ချင်း ပင် အဆများစွာ ကြီးလာပြီး လူတစ်ယောက်အရွယ်ရှိဘဲဥပုံကြေးမုံတစ်ချပ် ဖြစ်လာခဲ့သည်။
ထိုကြေးမုံ၏ မျက်နှာပြင်သည် တွန့်လိမ်သွားကာ မူလ စိတ်ဝိညာဉ်တစ်ခုသည် ပျံသန်းထွက်လာခဲ့သည်။ထိုမူလ စိတ်ဝိညာဉ် ပေါ်လာသည်နှင့် သိပ်သည်းသောမူလစွမ်းအင် က လွင့်ပျံ့လာသည်။
"ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူရဲ့ မူလစိတ် ဝိညာဉ်..." ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။
မကောင်းဆိုးဝါးဆန်သော လူငယ်သည် ထိုမူလစိတ် ဝိညာဉ်ကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အဆင့်လေး အထက်ကောင်းကင်ဘုံသား..." လှုပ်ရှားရန် အလျင်မလိုဘဲ အရှင်မီးတောက်လို့ခေါ်သော လူ၏ မိုးကြိုးကောင်းကင်ဘုံနယ်မြေကို သန့်စင်နေခြင်း အား ကြည့်မြင်ချင်နေပေသည်။ သူက
ထို့အပြင် သူ့ကျင့်ကြံမှုအဆင့်ဖြင့် ကောင်းကင်ထက်ရှိထိုအရှင်မီးတောက်သည် သူ၏မူလခန္ဓာကိုယ် မဟုတ်ဘဲ ကိုယ်ပွားတစ်ခုသာ ဖြစ်လေသည်။
ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်၏ မျက်လုံးသည် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။၎င်းက ပေါ်ထွက်လာပြီးပြီးချင်း အရှင်မီးတောက်က အော်ပြော လိုက်၏။ *(၄၉)ခုမြောက်စိတ်ဝိညာဉ်...သွား..."
သူက ထိုသို့ ပြောလိုက်သည့်နောက် မူလစိတ်ဝိညာဉ် သည် အရှင်မီးတောက်ကို လက်နှစ်ဖက်ယှက် လေးစား ဟန်ပြသကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွား သည်။ဝမ်လင်း မသိသော နည်းလမ်းအချို့ကို အသုံးပြုက ထိုမူလစိတ်ဝိညာဉ်သည် (၄၉)ခုမြောက် အစိတ်အပိုင်းမြေ ထံသို့ ရောက်ရှိသွားပြီး ၎င်းမြေနှင့် ပေါင်းစပ်သွားလေ သည်။
(၄၉)ခုမြောက် အစိတ်အပိုင်းမြေသည် ရုတ်တရက် အသက်ဝင်လာသလား ထင်မှတ်ရကာ စိတ်ဝိညာဉ်တစ်ခု ရှိလာခဲ့တော့၏။
ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။ ဝမ် လင်း၏မျက်လုံးရှေ့၌ ထိုရှေးဟောင်းကြေးမုံထဲကနေ လှိုင်းတွန့်များ ပေါ်လာကာ စိတ်ဝိညာဉ်တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြ၏။ အရှင်မီးတောက်က အော်ပြောလိုက် တိုင်း ၎င်းမူလစိတ်ဝိညာဉ်များသည် အမျိုးမျိုးသော အစိတ်အပိုင်းမြေများအတွင်း၌ ပျောက်ကွယ်သွားကြ လေ၏။
သိပ်မကြာခင်တွင် လှည့်လည်နေသော အစိတ်အပိုင်း မြေ(၄၉)ခုမှ (၂၈)ခုသည် ရတနာစိတ်ဝိညာဉ်တစ်ခုစီ ရှိသွားကြလေသည်။
*ရတနာစိတ်ဝိညာဉ် ထပ်ထွက်လာစမ်း..." အရှင် မီးတောက်၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာကြေးမုံမျက်နှာပြင်က တုန်ခါ၍ နောက်ထပ် မူလစိတ် ဝိညာဉ်တစ်ခု ထွက်ပေါ်လာပြန်သည်။ထိုမူလစိတ်ဝိညာဉ် ထံမှ ထွက်ပေါ်နေသည့် မူလစွမ်းအင်များသည် ရင်(၂၈)ယောက်ထက် သိသာစွာ အားကောင်းလွန်းနေ၏။ ဝမ်လင်းသည် ၎င်းမူလစိတ်ဝိညာဉ်မှာ အထည်ဒြပ်ယန် အဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်မှန်း သိရှိလိုက်၏။
မကောင်းဆိုးဝါးလူငယ်၏အသွင်က တည်ငြိမ်နေဆဲဖြစ် ကာ သူက ပြောလိုက်သည်။ "အဆင့်ကိုးအထက် ကောင်းကင်ဘုံသား...။မဆိုးပါဘူး..."
ထိုယန်ကျင့်ကြံသူ၏ နောက်တွင် နောက်ထပ်မူလစိတ် ဝိညာဉ် (၁၃)ခုက ပျံသန်းထွက်လာပြီးနောက် အစိတ်အပိုင်းမြေများကြားတွင် ပျောက်ကွယ်သွား တော့သည်။သည့်နောက် စုစုပေါင်းအစိတ်အပိုင်းမြေ(၄၉)ခု တွင် (၄၂)ခုက ရုတ်တရက် ပြောင်းလဲသွားကြ၏။ယင်း ပြောင်းလဲသွားသော အစိတ်အပိုင်းမြေများသည် စိတ် ဝိညာဉ်တစ်ခုစီ ရှိလာကြတော့၏။ ထိုအခါ အစီအ ရင်၏စွမ်းအားက အဆုံးမရှိ မြင့်တက်လာနေတော့သည်။
"နောက်တစ်ခု…" အရှင်မီးတောက်က အားပါးတရ ရယ်မောနေ၏။သူက သည်လိုနေ့အတွက် နှစ်သောင်းနှင့် ချီ၍ ပြင်ဆင်ထားခဲ့ခြင်း မဟုတ်လား။
ရှေးကြေးမုံက နောက်ထပ် တုန်ခါသွားကာ မူလစိတ် ဝိညာဉ်တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။ သည်မူလစိတ်ဝိညာဉ်သည် အလွန်အိုမင်းကာ လွင့်ပြယ်ပျောက်ကွယ် တော့မလား ထင်မှတ်ရသည်။သို့သော် သူ ပေါ်လာသည်နှင့် အရင်မူလစိတ်ဝိညာဉ်လေးဆယ့်နှစ်ခုထက် များစွာပို သိပ်သည်းသော မူလစွမ်းအင်များ ပျံ့နှံ့လို့လာသည်။
"ဒါက…" ဝမ်လင်း၏မျက်လုံးက ရုတ်တရက် ကျုံ့သွား သည်။မူလစွမ်းအင်သည် အလွန်အားကောင်း ကြောက်မက် ဖွယ်ကောင်းနေ၏။
"ဒါက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ရဲ့ မူလစိတ်ဝိညာဉ်ပဲ ဖြစ်ရမယ်..."
လူငယ်၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက နှုတ်ခမ်းသပ်၍ ဖြည်းဖြည်းချင်း ပြောလာသည်။ "ကောင်းကင်အဆင့်(၃) ကောင်းကင်ဘုံသား..."
ထိုမူလစိတ်ဝိညာဉ် လာသည့်နောက် သူက ကောင်းကင် ထက်သို့ မော့ကြည့်လိုက်၏။ သူ့မျက်လုံးများက မှုန်ဝါး နေကာ အတိတ်ကို စဉ်းစားနေသည့်ပုံပေါ်သည်။ သို့ရာတွင် အရှင်မီးတောက်၏ အော်သံကြောင့် ထိုမူလစိတ်ဝိညာ ည်၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ အစိတ်အပိုင်းမြေ တစ်ခုနှင့် ပေါင်းစပ် ပျောက်ကွယ်သွားတော့သည်။
ထိုအရာက အဆုံးသတ် မဟုတ်သေးချေ။ သည့်နောက် ကြေးမုံကို လက်ဖြင့် ဆွဲဖြဲဆုတ်လိုက်သည့်အလား ထင်မှတ်လိုက်ရပြီးနောက် မူလစိတ်ဝိညာဉ်တစ်ခုသည် ကြေးမုံထဲကနေ လှမ်းလျှောက်ထွက်လာပြန်သည်။
ထိုအရာက သက်လတ်ပိုင်း လူကြီးတစ်ယောက်၏ မူလ စိတ်ဝိညာဉ်ပင်။သူက ပေါ်လာသည်နှင့် မွန်းစတားဆန် သော မကောင်းဆိုးဝါးအော်ရာကို ထုတ်လွှတ်ကာ အနီ ရောင်မုန်တိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝမ်လင်းက အလိုလို နောက်ဆုတ်လိုက်မိ၏။သူ့မျက်လုံး ထဲ၌လည်း တုန်လှုပ်မှုနှင့် ပြည့်နေသည်။ သူက သည်မူလ စိတ်ဝိညာဉ်သည် သွေးဘိုးဘေးထက် အနည်းငယ် အားနည်းမည်ဟုတော့ ခံစားမိလေ၏။
"ကောင်းကင်အဆင့်ကိုး ကောင်းကင်ဘုံသား..." မကောင်းဆိုးဝါးလူငယ်၏ မျက်လုံးထဲ လောဘနှင့် ပြည့် လာသည်။ သို့သော် သူက အလျင်စလို လုယူခြင်း မပြုပေ။
အရှင်မီးတောက်က ထိုလူ့ကို ကြည့်၍ ပြောလိုက်၏။ "ဒါက ဒီအဘိုးအိုနဲ့ ကံစပ်ခဲ့တဲ့ လေးယောက်မြောက်လူပဲ။ ကံမကောင်းစွာနဲ့…ခြောက်ခုမြောက်စိတ်ဝိညာဉ် သွားတော့..
သက်လတ်ပိုင်းလူကြီးက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် ဆတ်ခနဲ ခေါင်းလှည့်ကာ အရှင်မီးတောက်ကို ကြည့် လိုက်၏။ အနည်းငယ်စဉ်းစားပြီးနောက် သူက အစိတ်အပိုင်းမြေတစ်ခုနှင့် ပေါင်းစပ်လိုက်တော့သည်။
ထိုအခါ ခြောက်ခုမြောက်အစိတ်အပိုင်းမြေထံကနေ ပြင်းထန်သောမကောင်းဆိုးဝါးအော်ရာတစ်ခုက ပေါက်ကွဲ ထွက်လာကာ အစီအရင်တစ်ခုလုံးအနှံ့သို့ ပျံ့လွင့်သွားသည်။ ထိုအခါ အစီအရင်၏စွမ်းအားသည် ပို၍ တိုးတက် လာပြန်၏။
သည့်နောက် ကြေးမုံထဲကနေ အက်ကွဲသံတစ်ခု ထွက် ပေါ်လာပြန်ကာ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်သွားပြီးနောက် နောက်ထပ်မူလစိတ်ဝိညာဉ်တစ်ခု ထပ်မံ ထွက်ပေါ်လာ သည်။
သည်မူလစိတ်ဝိညာဉ်က အဘိုးအိုတစ်ယောက်ပင်။ သူ ပေါ်လာသည်နှင့် ကောင်းကင်သည် ရုတ်တရက် အရောင် ပြောင်းလဲသွားသည်။
သူ့ထံမှ မည်သည့်မူလစွမ်းအင်မှ ထွက်ပေါ်နေခြင်း မရှိပေ။သို့သော် ထိုအဘိုးအို၏ပုံပန်းအသွင်ကပင် ဝမ်လင်းကို နောက်ဆုတ်သွားစေ၏။ သည်အဘိုးအိုထံမှ ဖိအားသည် အလွန်တုန်လှုပ်ဖွယ် ကောင်းလှသည်။
"အဆင့်နှစ် ကောင်းကင်ဘုံဘုရင်…" မကောင်းဆိုးဝါး ဆန်သောလူငယ်၏ မျက်လုံးက တလက်လက် ဖြစ်လာ သည်။
ထိုအဘိုးအို၏ မူလစိတ်ဝိညာဉ်သည် စိတ်ရှုပ်ထွေးနေ သည့်ပုံ မရှိပေ။ သူက လုံးဝ မိန်းမောနေသည့်အသွင် ရှိ၏။ နောက်ဆုံးတွင် သူ့အကြည့်က အရှင်မီးတောက်ပေါ်သို့ ကျ ရောက်လာကာ သူက ခေါင်းဆတ်ခနဲ ညိတ်လိုက်၏။ သည့်နောက် ရှေးဟောင်းအသံတစ်ခုသည် ပဲ့တင်ထပ်သွား သည်။ "သင့်ကတိကို အမှတ်ရပါ..."
ထိုသို့ ပြောပြီးသည့်နောက် အဘိုးအို၏မူလစိတ်ဝိညာဉ် သည် အစိတ်အပိုင်းမြေတစ်ခုအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။ထို့နောက် ငါးခုမြောက် အစိတ်အပိုင်းမြေကနေ အားကောင်သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
သည့်နောက် ကြေးမုံသည် ပို၍ အက်ကွဲလာခဲ့ကာ နောက်ထပ်မူလစိတ်ဝိညာဉ်တစ်ခု ထွက်ပေါ်လာ၏။ထိုမူလ စိတ်ဝိညာဉ်သည် လုံးဝနီရဲနေကာ သူ့ထံကနေ နက်ရှိုင်းသောအမုန်းတရားတစ်ခု ပေါက်ကွဲထွက်နေသည်။
"သွေးဘိုးဘေး..." ဝမ်လင်းအသွင်က အကြီးအကျယ် ပြောင်းလဲသွားသည်။သူက ချက်ခြင်းပင် နောက်သို့ အတင်းဆုတ်လိုက်သည်။ သို့ရာတွင် ခဏကြာပြီးနောက် သူက ပြန်လည်သတိပြုမိသွား၏။ သည်မူလစိတ်ဝိညာဉ်က သွေးဘိုးဘေး ပိုင်ဆိုင်ခဲ့သော်လည်း သူ့မျက်လုံးများက ဗလာကင်းမဲ့နေသည်ဟု ထင်ရ၏။
သိပ်မကြာခင်တွင် သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ် သည် အစိတ်အပိုင်းမြေတစ်ခုအတွင်းသို့ ဝင်ရောက်ပျောက် ကွယ်သွားတော့၏။ သို့သော် သူက မပျောက်ကွယ်ခင် အချိန်လေးတွင် ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်သွား သေးသည်။
လေးခုမြောက်စိတ်ဝိညာဉ်က သူ့နေရာသူ ဝင်ရောက် သွားခဲ့သည်။
"အဆင့်ခြောက် ကောင်းကင်ဘုံဘုရင်..." မကောင်းဆိုးဝါးလူငယ်၏ မျက်လုံးက တလက်လက် ဖြစ် လို့နေတော့သည်။ သူက မနှစ်မြိုဖွယ်အပြုံးကို ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "စိတ်ဝင်စားစရာပဲ...။ ငါက ဒီနေရာမှာ ကောင်းကင်ဘုံအရှင်သခင်တွေတောင် ရှိနေနိုင်လား မသိတော့ဘူး..."
လေထဲရှိ အရှင်မီးတောက်က ဂုဏ်ယူဝင့်ကြွားဟန်နှင့် ပြောလိုက်၏။ "ရှိတာပေါ့..."
ရှေးဟောင်းကြေးမုံပေါ်ရှိ အက်ကွဲရာများသည် ပိုကြီးမား လာ၏။ ကြည့်ရသည်မှာ ရှေးဟောင်းကြေးမုံက အချိန်မ ရွေး ပျက်စီးတော့မည်ဟု ထင်လာရသည်။
အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းလက်သွားကာ မူလ စိတ်ဝိညာဉ်နှစ်ခုသည် တစ်ချိန်တည်းလိုလို ထွက်ပေါ်လာ ကြ၏။ ထိုအခါ အံ့မခန်းမူလစွမ်းအင်ပမာဏသည် ကမ္ဘာ လောကထဲ၌ ပြည့်နှက်လာတော့၏။
ထိုမူလစိတ်ဝိညာဉ်နှစ်ခုက ပြည့်ပြည့်စုံစုံ ရှိမနေပေ။ သူ တို့က အနည်းငယ် မှိန်ဖျော့ကာ သူတို့မျက်ခုံးနှစ်ခုကြား ချိပ်စည်းတစ်ခုစီ ရှိနေကြသည်။
ထိုမူလစိတ်ဝိညာဉ်နှစ်ခု
မကောင်းဆိုးဝါးဆန်သောလူငယ်၏
ပေါ်လာသည်နှင့် အသွင်သည် ပြောင်းလဲသွားလေသည်။ သူက ထိုမူလစိတ်ဝိညာဉ်နှစ်ခု ကို စူးစိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း ပြောလိုက်၏။
"အဆင့်တစ် ကောင်းကင်ဘုံအရှင်သခင်…"
ဝမ်လင်းအသွင်က ဖြူရော်သွားကာ သူ့မျက်လုံးများက အလေးအနက် ဖြစ်လာခဲ့သည်။သူက ထိုမူလစိတ်ဝိညာဉ် နှစ်ခု၏ စွမ်းအားသည် ရှေ့ဖြစ်ဟောသူလောက် သန်မာ အားကောင်းနေသည်ကို ခံစားမိနေ၏။
အရှင်မီးတောက်၏ မျက်လုံးထဲ၌ သတိထားဟန်တို့ ထွက်ပေါ်လာကာ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ် ခုကို ပြုလုပ်ကာ အော်ပြောလိုက်လေ၏။ "တတိယနဲ့ ဒုတိယစိတ်ဝိညာဉ်တွေ...ကိုယ့်နေရာကိုယ်သွားကြ..."
မူလစိတ်ဝိညာဉ်နှစ်ခုသည် အရှင်မီးတောက်ကို အေး စက်စွာ ကြည့်လိုက်ပြီးနောက် သူတို့၏ အသီးသီး အစိတ်အပိုင်းမြေများနှင့်ပေါင်းစပ်ကာ ပျောက်ကွယ်သွား လေတော့သည်။
သူတို့ ပျောက်ကွယ်သွားသည့်အခိုက်တွင် ရှေးဟောင်း ကြေးမုံသည် တုန်ယင်လာကာ အက်ကွဲသံများပင် ကြား လာရသည်။၎င်းက ရုတ်တရက် မရေမတွက်နိုင်သော အစိတ်အမြွှာများအဖြစ် ပျက်စီးသွားလေသည်။ထိုကြေးမုံ ပျက်စီးသွားသည့်အခါတွင် သက်လတ်ပိုင်းလူကြီးတစ် ယောက်၏ မူလစိတ်ဝိညာဉ်သည် လှမ်းထွက်လာခဲ့သည်။
ထိုသက်လတ်ပိုင်းလူကြီးက အလွန်သာမန်ဖြစ်သည်ဟု ထင်ရ၏။ သူ့ခန္ဓာကိုယ်ကနေ မည်သည့်မူလစွမ်းအင်တုန် ခါမှုမှ ထွက်ပေါ်မနေပေ။ သို့သော် သူထွက်ပေါ်လာသည်နှင့် ကမ္ဘာလောကကိုပါ ဆုတ်ဖြဲပစ်နိုင်လောက်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုသည် သူ့ထံကနေ ပေါက်ကွဲ ထွက်လာခဲ့လေသည်။
ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒက လောကနှင့် ပေါင်းစည်း သွားကာ ကမ္ဘာလောက၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်လာ သည်ဟု ထင်မှတ်ရ၏။ ဝမ်လင်းက သွေးတစ်လုတ် အန် ထုတ်လိုက်ရကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို အသက်သွင်းလိုက်ရ၏။ သူက နောက်သို့ မြန်ဆန်စွာ ဆုတ် နေသည်။သို့သော် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကတော့ ရှိလို့နေ ဆဲသာ။ သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့ ပြည့်နေပြီး သူ့ မျက်နှာက ဖြူရော်နေတော့သည်။
"မိုးကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်ခြောက် ကောင်းကင်ဘုံအရှင်သခင်.သတ်ဖြတ်သူကောင်းကင်ဘုံ အရှင်ပဲ…" မကောင်းဆိုးဝါးဆန်သောလူငယ်၏ အသွင်က ပြောင်းလဲသွား၏။ သူက ထိုသက်လတ်ပိုင်းလူကြီးကို စူး စိုက်ကြည့်နေရင်း သူ့မျက်လုံးက အေးစက်လာခဲ့ တော့သည်။
သက်လတ်ပိုင်းလူကြီးက အလွန်တည်ငြိမ်စွာ ရှိနေ၏။ သူက ပေါ်လာသည်နှင့် အရှင်မီးတောက်ကို ကြည့်လိုက်၏။
အရှင်မီးတောက်က သူ့အောက်ဘက်ရှိ အစိတ်အပိုင်းမြေ ကို လက်ညွှန်ပြပြီး ပြောလိုက်၏။ "ပထမစိတ်ဝိညာဉ် နေရာကိုသွားပါ..."
သက်လတ်ပိုင်းလူကြီးသည် တိတ်ဆိတ်စွာ စဉ်းစားပြီး သည့်နောက် သူက ထိုအစိတ်အပိုင်းမြေသို့ ရွေ့လျားသွား ကာ ပျောက်ကွယ်သွားတော့သည်။ထိုအခါ ဗဟိုချက်ရှိအစိတ်အပိုင်းမြေထံကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါက်ကွဲထွက်လာ၏။ ထိုသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အ စီအရင်ထဲရှိ အစိတ်အပိုင်းမြေအားလုံးကို လွှမ်းခြုံသွား သည်။
အရှင်မီးတောက်က စိတ်လှုပ်ရှားဟန်အပြည့်ဖြင့် ပြော လာ၏။ "ကောင်းကင်ဘုံအစီအရင်...စုစည်းစမ်း..." သူ မူလက ပြင်ဆင်ထားသည့် မူလစိတ်ဝိညာဉ်(၄၉)ခုတွင် သွေးဘိုးဘေးက မပါဝင်ခဲ့ပေ။ သို့သော်လည်း သူက သွေး ဘိုးဘေး၏ မူလစိတ်ဝိညာဉ်တစ်ဝက်ကို ရရှိခဲ့ပြီးနောက် သူ့စိတ်ကို ပြောင်းလဲကာ အစားထိုးမှုတစ်ခု ပြုလုပ်ခဲ့ခြင်း ဖြစ်၏။
အကြီးအကျယ် အရှင်မီးတောက်က ထိုသို့ ပြောလိုက်သည်နှင့် မိုးကြိုး ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် ပြောင်းလဲသွားလေသည်။ အခုအခါ ရတနာစိတ်ဝိညာဉ် တစ်ခုစီ ပိုင်ဆိုင်ပြီးဖြစ်သော အစိတ်အပိုင်း မြေ(၄၉)တို့သည် ချက်ခြင်း ကျုံ့လာပြီးနောက် တစ်ခုစီ သည် လက်ဝါးအရွယ်ခန့်သာ ရှိတော့ကာ အရှင် မီးတောက်၏ ပတ်လည်တွင် လှည့်ပတ်နေကြတော့သည်။
ထိုအစိတ်အပိုင်းမြေတစ်ခုချင်းထံမှ နတ်ဘုရားအာရုံ တစ်ခုစီ ထွက်ပေါ်လာကာ ၎င်းတို့သည် အရှင်မီးတောက်၏ခန္ဓာကိုယ်နားတွင် လွင့်မျောနေလေသည်။နတ်ဘုရား အာရုံ(၄၉)ခုသည် အရှင်မီးတောက်၏ ခန္ဓာကိုယ်ထဲသို့ ဝင် ရောက်လာသည့်အခါ၌ အထည်ဒြပ်ပုံစံပင် ဖြစ်လာခဲ့သည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေကို သန့်စင်မွမ်းမံရန် အ လို့ငှာ အရှင်မီးတောက်သည် သူ့မူလစိတ်ဝိညာဉ်ကို အစိတ်အပိုင်း(၄၉)ခုအထိ ခွဲ၍ အစိတ်အပိုင်းမြေ တစ်ခု ချင်းစီတွင် ပေါင်းစပ်ထားခဲ့ပေသည်။ထိုသို့ပြုလုပ်ခြင်းဖြင့် သူက ထိုအစိတ်အပိုင်းမြေများကို အပြည့်အဝ ကျွမ်းကျင် စွာ ကိုင်တွယ်လာနိုင်ပေမည်။ခုချိန်၌ သူ့မူလစိတ်ဝိညာဉ် အခွဲများက အတူပြန်ပေါင်းစပ်လာသည့်အတွက်ကြောင့် သူ့မူလခန္ဓာကိုယ်သည် ထွက်ပေါ်လာခဲ့တော့၏။
ခုလက်ရှိတွင်
လက်ဝါးအရွယ်ခန့်ကျုံ့နေသော အစိတ်အပိုင်းမြေ(၄၉)သည် သူ့အား လှည့်ပတ်နေလေ သည်။ထိုအရာက အရှင်မီးတောက်ကို ခန့်ညားထည်ဝါမှု များနှင့် ပြည့်နှက်နေအောင် ပြုလုပ်ပေးတော့၏။
"အတော်လေးကို စိတ်ဝင်စားစရာပဲ..."
မကောင်းဆိုးဝါးဆန်သောလူငယ်က အရှင်မီးတောက်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ "ဒီကောင်းကင်ဘုံ အစီအရင်ရတနာက သန်မာလွန်းလှတယ်။ဒါပေမဲ့ ကြမ်း ကြမ်းမှုအနည်းငယ် လစ်လပ်နေတုန်းပဲ။ ဒါအတွက် ကြောင့်ပဲ သင်က ငါ့ကို ဒီနေရာထိ ရောက်လာအောင် သွေးဆောင်ခဲ့တာလား..."
အရှင်မီးတောက်က လူငယ့်ကို စူးစိုက်ကြည့်ရင်း ပြော လာ၏။ "ကောင်းကင်ဘုံအရှင်ချင်းရွှေ..ငါက သင့်ရဲ့ဂျိနယ်ပယ်ကို လိုချင်ပါတယ်..."
လူငယ်က မျက်မှောင်ကြုတ်သွားကာ ပွင့်လင်းစွာ ပြော လိုက်၏။ "ငါက ချင်းရွှေမဟုတ်ဘူး..."
"ဒီအဘိုးအိုက အကြိမ်ရာချီရောက်လာခဲ့ပြီး ဒီနေရာရဲ့ လျှို့ဝှက်ချက် အားလုံးကို ရှာဖွေနေခဲ့တာ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ မှာ ချင်းရွှေလို့ ကျော်ကြားတဲ့ လူတစ်ယောက် ရှိခဲ့တယ်။ ဒီ လူရဲ့ ကျင့်ကြံမှုအဆင့်က အလွန်အားကောင်းလှတဲ့အပြင် သူ့မှာ ဒဏ္ဍာရီလာ ဂျိနယ်ပယ်လည်း ပိုင်ဆိုင်ထားသေး တယ်။သူက ကြည်လင်သောရေနိုင်ငံရဲ့ ဆက်ခံသူလည်း ဖြစ်သေးတယ်..." မိုးကြိုးကောင်းကင်ဘုံနယ်မြေကို
"ကောင်းကင်ဘုံနယ်မြေက မြင့်တက်လာခဲ့တဲ့နောက် သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်လာခဲ့ပြီး ကောင်းကင်ဘုံအရှင်သခင်တစ်ယောက် ဖြစ်လာခဲ့တာပဲ။ ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပြိုကျခဲ့တဲ့ အစောပိုင်းနှစ်တွေမှာ သူဟာ ဘာကြောင့်မှန်းမသိရုတ်တရက် ပြောင်းလဲသွားခဲ့တယ်။ သူက မတူကွဲပြားတဲ့ လူတစ်ယောက် ဖြစ်လာခဲ့ပြီး သတ်ဖြတ်ဖို့ပဲ သိတဲ့ နတ်ဆိုး တစ်ပါး၊မကောင်းဆိုးဝါးတစ်ယောက်လို ဖြစ်လာခဲ့တော့ တယ်..."
"ကောင်းကင်ဘုံသားအုပ်စုကြီးက သူ့ကို တိုက်ခိုက်ကြ တာပေါ့။ ဒါပေမဲ့လည်း သူ့ဂျိနယ်ပယ်ကြောင့် ကောင်းကင်ဘုံသား မြောက်မြားစွာဟာ သေဆုံးသွားခဲ့ရ တယ်။ နောက်ဆုံးတော့ ကောင်းကင်ဘုံအင်ပါယာပေဖန် ကိုယ်တိုင် လုပ်ဆောင်တော့မှ အနိုင်ရခဲ့တယ်။ဒါပေမဲ့ လည်း အင်ပါယာပေဖန်ဟာ သူ့ကို မသတ်ရက်ခဲ့ဘူး..."
သူက "ဒီလိုအကျပ်ရိုက်နေတဲ့အတောအတွင်း အသိတရား ရုတ်တရက် ပြန်ရလာခဲ့ပြီး သူစိတ်မိုက်ဝင်ခဲ့ တဲ့ အချိန်က ဖြစ်ပျက်သမျှဟာ အိပ်မက်တစ်ခုလို ခံစား လိုက်ရတယ်။ သူက အသိပြန်ဝင်လာတဲ့အချိန်မှာ သူဟာ မ ရေမတွက်နိုင်တဲ့ ကောင်းကင်ဘုံသားတွေကို သတ်ပစ်ခဲ့ပြီး ဖြစ်တယ်ဆိုတာကိုလည်း သဘောပေါက်သွားခဲ့တယ်။ သူ သတ်ပစ်ခဲ့တဲ့ လူတွေကြားမှာ သူ့မိတ်ဆွေတွေ၊ သူ့တပည့် တွေ၊သူ့မျိုးဆက်တွေလည်း ပါဝင်ခဲ့တယ်။ ပိုဆိုးတာက အဲ့ လူတွေကြားမှာ သူနဲ့နှစ်သောင်းနဲ့ချီအတူ ရှိခဲ့တဲ့ သူ့တာအို လက်တွဲဖော်ကိုယ်တိုင် ပါဝင်နေခဲ့တာပဲ..."
"ဒီအတွက်ကြောင့် သူဟာ ဝမ်းနည်းယူကျုံးမရဖြစ်ပြီး သူ့ကိုယ်သူ တအားနာကြည်းသွားတယ်။ သူကိုယ်တိုင် သူ့နဲ့ ပတ်သက်တဲ့လူတွေ၊သူ့တာအိုလက်တွဲဖော်ကိုပါ သတ်ပစ်ခဲ့ တာကို ပြန်တွေးမိပြီး သူ့ရဲ့ စိတ်မမှန်မှုက ပြန်ဖြစ်ပေါ်လာခဲ့ ပြန်တယ်။ ဒါ့ကြောင့် သူက သူ့စိတ်ထိန်းချုပ်မှု ပြန် လွတ်ကင်းခါနီးအချိန်မှာ သူ့ဓားကို သူကိုယ်တိုင် ထုတ်ပြီး သူ့မူလစိတ်ဝိညာဉ်နဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်မလို့ကြိုးစားတယ်။ သူ့ကို ပြန်ရှင်သန်လာစေနိုင်တဲ့ ဂျိနယ်ပယ် ကို ကာကွယ်ဖို့အတွက် သူက သူ့အံ့ဖွယ်ရတနာ ချိပ်ပိတ် ခြင်းဝဲကတော့ကို အသုံးပြုခဲ့ပြီး သူ့မူလစိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အစိတ်အပိုင်းကိုးခုအဖြစ် ခွဲပြီး ချိပ်ပိတ်ပစ်ခဲ့တယ်
"ကောင်းကင်ဘုံအင်ပါယာပေဖန်က ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး သူက ဒီချိပ်ပိတ်မှုတွေကို ကုစားတဲ့ အစီအ ရင်ကို ချမှတ်ပေးခဲ့တော့တာပဲ။ သူက တစ်နေ့မှာ ပုံမှန် အသိ ပြန်ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်ပေးခဲ့တာပေါ့
"ကောင်းကင်ဘုံအင်ပါယာပေဖန်က ဒီလိုဘာလို့လုပ်ခဲ့ တာလည်း ဆိုတော့ ဒီချင်းရွှေက သူ့ရဲ့တပည့်ဖြစ်တဲ့အပြင် သူက နောက်တက်လာမယ့် မိုးကြိုးကောင်းကင်ဘုံနယ်မြေ ရဲ့ အင်ပါယာတစ်ယောက် အဖြစ်နိုင်ဆုံးမလို့ပဲ..." အရှင် မီးတောက်က ထိုသို့ ပြောလိုက်ပြီးသည့်နောက် သူ့ သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် အလွန် ရှေးကျလှကာ အချိန်များစွာကတည်းက တည်ရှိခဲ့သည့်ပုံ ပေါ်နေသည်။
“ဒါက ကောင်းကင်ဘုံအင်ပါယာ သူ့တပည့်၊ ကောင်းကင်ဘုံအရှင်သခင်ချင်းရွှေရဲ့ အကြောင်းနဲ့ ပတ်သက်လို့ ချန်ထားခဲ့တဲ့ ကောင်းကင်ဘုံကျောက်စိမ်း ပြားပဲ။သင်က ဒါကို ကြည့်လိုက်ရင် နားလည်လာပါလိမ့်မယ်..." သည့်နောက် အရှင်မီးတောက်သည် ကျောက်စိမ်း ပြားကို မကောင်းဆိုးဝါးဆန်သော လူငယ့်ထံသို့ ပစ် ပေးလိုက်လေ၏။
လူငယ်က ကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုများ ပြည့်လာခဲ့တော့သည်။
Comments
Post a Comment