၁၂၉

 "သင် ငါ့ကို ရန်စတာ နှစ်ကြိမ်ရှိပြီ။ ခု ဒီနေ့မှာ ငါက ဒီ နေရာကို ရောက်လာခဲ့ပြီ။ သင်က ငါ့ကို ဘယ်သူလဲ မေးနေ :..."သေးတယ်


ဝမ်လင်းအသံက တည်ငြိမ်နေသည်။သူ ပျော်နေသလား ဒေါသထွက်နေသလားပင် မသိရချေ။


"မင်းနာမည်က ဝမ်။ ငါက ဝမ်လို့ခေါ်တဲ့လူကို ရန်စခဲ့ တာ မမှတ်မိပါဘူး..."


ရဲတိုက်ထဲ၌ ထိုင်နေသော အရပ်ပုပုအဘိုးအို၏ အသွင် သည် သုန်မှုန်လို့နေ၏။သူက ဝမ်လင်းသည် မရိုးရှင်းမှန်း လွယ်လင့်တကူ ပြောနိုင်ပေသည်။သည်ဝမ်လင်းက အာဏာတက်ခြင်းအဆင့်အစောပိုင်းသို့ ရောက်နေသည့် အပြင် ကိုယ်ပိုင်တာအိုကိုလည်း ပိုင်ဆိုင်ထား၏။


အဘိုးအိုရှေ့တွင် ထိုင်နေသော အမျိုးသမီးသုံးယောက်မှ ရှုယွမ်ရှန်၏ညီမငယ် ရှုယွမ်နန်က တိုးညှင်းစွာ ပြော လိုက်၏။ "သူ...သူက ဝမ်လင်း ဖြစ်လိမ့်မယ်..."


"ဝမ်လင်း..." အဘိုးအိုက မှင်သက်လို့သွား၏။သူ့အသွင်

က ချက်ခြင်းပင် ပိုသုန်မှုန်လာခဲ့သည်။သူက သူဖမ်းရန် ကြံ စဉ်ထားသော ကျင့်ကြံသူလေးက ခုလိုမျိုးကျင့်ကြံခြင်း အဆင့်သို့ ရောက်နေလိမ့်မည်ဟု လုံးဝ မတွေးထားမိပေ။ သူသာ အတိတ်တုန်းကတည်းက ခုလိုဖြစ်လာမည်ကို သိပါ က ဝမ်လင်းကို လုံးဝ နှောက်ယှက်မိလိမ့်မည် မဟုတ်ပေ။


အဘိုးအိုက အနည်းငယ် စဉ်းစားပြီးနောက် ပြော လိုက်၏။ "ရောင်းရင်းဝမ်...အရင်က ငါဟာ အဆင်အခြင်မဲ့ ခဲ့ပြီး သင့်ကို နှစ်ကြိမ် ရန်စခဲ့မိပါတယ်။သင်က ငါ့ ကောင်းကင်ဘုံသတက်တော်စောင့် နှစ်ယောက်ကိုလည်း သတ်ပစ်ခဲ့ပြီး ဖြစ်တဲ့အတွက် ငါ့တို့ ကြေနေပါပြီ။ဒီနေ့ ငါက သင့်ကို ခက်ခဲအောင် မလုပ်တော့ဘူး။ဒါ့ကြောင့် သင် ထွက်သွားနိုင်တယ်။ဒီ့နေ့ပြီးရင် ငါတို့က တစ်လမ်းစီ သွားကြမယ်..."


သူ့စကားလုံးများကို သူ့ရှေ့ရှိ အမျိုးသမီးသုံးယောက် ကြားလိုက်ရသည့်အခါ သူမတို့သည် အံ့အားသင့်သွားမိကြ၏။သူတို့သုံးယောက်လုံးက သည်ဘိုးဘေးနှင့်ပတ် သတ်၍ ကောင်းကောင်းနားလည်ထားကြပေသည်။သည် အဘိုးအို၏ ကျင့်ကြံမှုအဆင့်က မြင့်မားသလို စိတ်ထားက လည်း ကျဉ်းမြောင်းလှသည် မဟုတ်လား။ခုချိန်၌ တစ်စုံ တစ်ဘောက် သူ့အိမ်တံခါးကို လာခေါက်၍ ရန်စနေတာ တောင်မှ သူက တိုက်ခိုက်ခြင်းမပြုဘဲ ထိုလူ့ကို ထွက်သွား ရန်ပင် ခွင့်ပြုနေခဲ့လေ၏။


အထူးသဖြင့် ရှုယွမ်နန်ပင်။သူက ဝမ်လင်းအကြောင်း

များစွာ မသိသော်လည်း သူမက သူက ဘယ်လောက်ပဲ ကြမ်းကြုတ်နေပါစေ သည်ဘိုးဘေးကို မယှဉ်နိုင်လောက် ဟု တွေးနေ၏။ဘိုးဘေးသည် ကောင်းကင်ဘုံသားတစ် ယောက်ဟုပင် ပြော၍ရ၏။သူ့တွင် စိတ်ဝိညဉ်အသွင် ပြောင်းခြင်း အထွတ်အထိပ်လေးယောက်ကို ပိတ်လှောင် ထားနိုင်သည့် မန္တာန်တစ်ခုပင် ရှိလို့နေသည် မဟုတ်လော။ သည့်အပြင် သူ့တွင် ကောင်းကင်ဘုံသက်တော်စောင့် ရှစ် ယောက်လည်း ကျန်ရှိလို့နေသေးလေ၏။


အဘိုးအို၏ စကားများကို ကြားပြီးနောက်မှာလည်း ဝမ် လင်းက ရဲတိုက်ရှိရာသို့သာ ဆက်၍ လျှောက်လှမ်းလာ သည်။သူက ခေါင်းယမ်း၍ ပြောလိုက်၏။ "ကောင်းကင်ဘုံ သက်တော်စောင့် နှစ်ယောက်ဆိုတာ ကျောက်စိမ်းပြားအပဲ့ နှစ်ခု သာသာပါပဲ။ သင် ငါ့အပေါ်မှာ ကျူးလွန်ထားတာကို ငါက ဘယ်လိုလုပ် ချေဖျက်ပေးနိုင်ပါ့မလဲ..."


ရဲတိုက်ထဲရှိ အရပ်ပုပုအဘိုးအို၏ အသွင်သည် ပြောင်းလဲသွားချေသည်။သူ့မျက်လုံးက ရွှေရောင်အလင်း တစ်ခုကို ထုတ်လွှတ်လာကာ သူက သုန်မှုန်စွာ ပြော လိုက်၏။ "မောက်မာလိုက်တာ။မင်းက အာဏာတက်ခြင်း အစောပိုင်းအဆင့်သာသာပါပဲ။ မင်းက ငါ့ကို သတ်နိုင်လိမ့် မယ်လို့ တကယ် ထင်နေတာလား...။ကဲ ကောင်းကင်ဘုံ သက်တော်စောင့် ရှစ်ယောက် ဒီကောင်းကင်ဘုံအင်ပါယာ အတွက် ဒီလူ့ကို သွားသတ်ပစ်ချေ..."


သူက ထိုသို့ပြောလိုက်ပြီးနောက် ပုံရိပ်ရှစ်ခုသည် ရဲတိုက်

ထဲကနေ ရုတ်တရက် ပျံသန်းထွက်လာကြ၏။သူတို့က အလင်းတန်းအလား လှုပ်ရှားလာကာ အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူများ၏ ဖိအားနှင့်အော်ရာကို ပေးစွမ်းလို့ နေသည်။


ဝမ်လင်းက ထိုရှစ်ယောက်ကို အေးစက်စွာ ကြည့်လိုက် သည်။ သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူတို့ရှစ် ယောက်လုံးက ရုတ်တရက် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက် ကြ၏။ သူတို့က ကောင်းကင်ဘုံဥပဒေသ အရိပ်အမြွက် ပါဝင်သော အစီအရင်တစ်ခုကို ဖန်တီးလိုက်ခြင်းသာ။သူတို့ လက်များက မတူကွဲပြားသောချိပ်ဟန်များကို ဖြစ်ပေါ် စေလိုက်ကြ၏။


သည်နောက် သူတို့ခန္ဓာကိုယ်များထံမှ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲထွက်လာကြ တော့၏။ သည်အော်ရာများက ထိုသူတို့၏အထက်၌ ထူးဆန်းသောပုံစံဖြင့် စုစည်းသွားသည်။သည့်နောက် ၎င်း အော်ရာက ကောင်းကင်ထက်၌ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များ ပေးစွမ်းနေသော တစ္ဆေတစ်ကောင် အဖြစ်သို့ ပြောင်းလဲလို့သွား၏။


ထိုတစ္ဆေက တဖြည်းဖြည်းဖြင့် ပီပြင်လာကာ သက်လတ် ပိုင်းလူကြီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုလူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့လက် ထဲ၌လည်း အစိမ်းရောင်ဓားရှည်တစ်လက်ကို ကိုင်ဆောင် ထားလေသည်။

ထိုတစ္ဆေထံမှ ကောင်းကင်ဘုံခွန်အားနှင့် ဆင်တူသော အော်ရာတစ်ခု ပျံ့နှံ့လို့လာသည်။သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဒူးထောက်ချကာ လေးစားစွာ ဆိုလာ၏။ "နိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူ တွေက ကောင်းကင်ဘုံအင်ပါယာကို နှုတ်ဆက်ပါတယ်..."


ရဲတိုက်ထဲမှ အဘိုးအို၏အသံက ထွက်ပေါ်လာသည်။ သူ့ လေသံက မောက်မာမှုနှင့် ပြည့်နေ၏။ "ဝမ်လင်း...ဒီအဘိုး အိုက မင်းကို မလိမ်ဘူး။ငါက ကောင်းကင်ဘုံနယ်မြေက လာခဲ့တာ ဖြစ်တယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွား တဲ့နောက် ငါက ကံကောင်းပြီး ဒီနေရာကို ရောက်လာနိုင်ခဲ့ တယ်။ငါ့အသုံးပြုတဲ့ မန္တာန်တွေအားလုံးက ကောင်းကင်ဘုံ မန္တာန်တွေပဲ။ ဒါက မင်း ခုခံနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ခုချိန်မှာတော့ မင်း ထွက်သွားဖို့ နောက်ကျသွားပြီ။မင်းက ငါ့ကို တကယ်စော်ကားလာရင်တော့ မင်းက သံသယမရှိသေဆုံးစေရမယ်…"


ဝမ်လင်းက အစိမ်းရောင်ဓားကိုင်ဆောင်ထားသော သက်လတ်ပိုင်းလူကြီးအသွင်တစ္ဆေကို မြင်လိုက်ရသည့် အခါ သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက် ပေါ်လာတော့သည်။သူက ညာလက်ကို မြှောက်လိုက်ရာ ကောင်းကင်သည် နက်မှောင်သွားချေ၏။တစ္ဆေလောကမြစ် သည် သူ့ပတ်လည်၌ ဝန်းရံလှည့်ပတ်လာသည်။ သည့်နောက် ၎င်းက တစ္ဆေသက်လက်ပိုင်းလူကြီးထံသို့ တိုက်ရိုက် တိုးဝင်သွားချေသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့် ရှစ် ယောက်ရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် မုန်တိုင်းတစ်ခုအလား ပေါက်ကွဲထွက်လာ၏။ထို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက တစ္ဆေထဲသို့ ဝင် ရောက်လို့သွားတော့သည်။


ထို့နောက် သက်လတ်ပိုင်းလူကြီးထံမှ အံ့မခန်းခန့်ညား ထည်ဝါမှုတစ်ခု ပျံ့နှံ့လာသည်။တစ္ဆေ၏မျက်လုံးများက လည်း အသိဉာဏ်ရှိသည့်အလား ဝမ်လင်းထံသို့ စူးစိုက် ကြည့်လာ၏။သည့်နောက် သူက လက်ထဲရှိ အစိမ်းရောင် ဓားနှင့် ဝမ်လင်းထံသို့ ညွှန်လိုက်၏။


ထိုဓားညွှန်လိုက်ခြင်းက မည်သည့်တိုက်ခိုက်ခြင်း စွမ်းအားမှ မပါဝင်သော်လည်း ဝမ်လင်းသည် နောက်သို့ ပြန်ဆုတ်လိုစိတ် တဖွားဖွား ပေါ်လာ၏။။သူက သူသာ နောက်မဆုတ်လျှင် သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွား လိမ့်မည်ဟု ခံစားလိုက်ရသည်။


သူ့ကို ထိုသို့သော ခံစားချက်ကို ပေးစွမ်းနိုင်သည်က နတ် ဘုရားပြစ်ဒဏ်သာ ရှိခဲ့၏။


ဝမ်လင်းက ကောင်းကင်ဘုံကို ဆန့်ကျင်၍ ကျင့်ကြံခဲ့ကာ ကိုယ်ပိုင်တာအိုနှလုံးသား ခိုင်မြဲမှု ရှိနေခဲ့လေပြီ။ထို့ကြောင့် သူက နောက်သို့ မဆုတ်မိအောင် အတင်းထိန်း၍ ရှေ့သို့ပင် ခြေတစ်လှမ်း လှမ်းလိုက်သည်။


သို့ရာတွင် သူက ခြေလှမ်းဝက်သာ လှမ်းလိုက်ရကာ

ကောင်းကင်ဘုံသက်တော်စောင့် ရှစ်ယောက်သည် သွေး များအန်ထုတ်လိုက်ရပြီး သူတို့၏ မျက်လုံးများပင် မှိန်ဖျော့ သွားကြလေ၏။သူတို့ အန်ထုတ်လိုက်ရသော သွေးများထဲ၌ သူတို့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်များနှင့် အသက်စွမ်းအင်များပါ ပါဝင်သွားခဲ့ပေသည်။


ထိုရှစ်ယောက် အန်ထုတ်လိုက်သော သွေးများသည် သက်လတ်ပိုင်းလူကြီး၏ စုပ်ယူခြင်းခံလိုက်ရ၏။ ရုတ်တရက် ဝမ်လင်းထံသို့ ကြည့်နေသောသူ့အကြည့်က ပိုမို၍အသိဉာဏ်ပြည့်လာခဲ့သည်။


ဝမ်လင်းက ခြေချရန်ဟန်ပြင်လိုက်သည့်အခိုက်တွင် သူက ပါးစပ်ဟကာ အသံတိတ်စကားဆို၏။


သည်စကားက တိတ်ဆိတ်၏။သို့သော် ဝမ်လင်းနားထဲ၌ အံ့မခန်းတုန်ခါသွားရ၏။ဝမ်လင်းက အသက်ဝဝရှူသွင်း ကာ မျက်လုံးမှိတ်လိုက်သည်။


သူ့ခြေထောက်က ရှေ့သို့ ခြေချသွားတော့၏။


သူခြေချလိုက်သည့်အခိုက်တွင် ကောင်းကင်ဘုံ သက်တော်စောင့်ရှစ်ယောက်၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားကာ သူ့မျက်လုံးများသည်လည်း လုံးဝနက် မှောင်သွားချေသည်။


တစ်ချိန်တည်းမှာပင် တစ္ဆေလောကမြစ်သည် သိမ်းကြုံး လာ၏။တစ္ဆေအသွင်သက်လတ်ပိုင်းလူကြီးသည် တုန်ယင် သွားကာ တစီစီ ဖြစ်လို့သွား၏။

ထိုကြောက်မက်ဖွယ်ခံစားချက်သည်လည်း လုံးဝပျောက် ကွယ်သွားတော့သည်။


"အားကောင်းလိုက်တဲ့ ပုံရိပ်ယောင် တိုက်ခိုက်မှု..." ဝမ် လင်းမျက်လုံးများက အေးစက်လာသည်။သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။သူက ရှေ့သို့ ဆက်လက် ရွှေ့လျားသွားကာ တစ္ဆေလောကမြစ်နှင့် ပေါင်းစည်းလိုက် သည်။တစ္ဆေလောကမြစ်က အဝါရောင်နဂါးကြီးတစ် ကောင်အလား လှုပ်ရှားသွားကာ မြေပြင်ပေါ်တွင် ထိုင်နေ သော သက်တော်စောင့်ရှစ်ယောက်အား ဖြတ်ကျော်လို့သွား သည်။


ဝမ်လင်း ဖြတ်ကျော်သွားသည်နှင့် ကောင်းကင်ဘုံ သက်တော်စောင့်ရှစ်ယောက်၏ ခန္ဓာကိုယ်များသည် ပျက်စီးသွားချေသည်။သူတို့က တစ္ဆေလောကမြစ်အတွင်း၌ ချုပ်နှောင်ခြင်းခံလိုက်ရကာ ဘယ်သောအခါမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။


ကျောက်စိမ်းပြားအပဲ့ရှစ်ခုက


ထိုရှစ် ယောက်၏ခန္ဓာကိုယ်အတွင်းမှ ပျံသန်းထွက်လာကာ ဝမ် လင်းက ဖမ်းယူလိုက်၏။သည့်နောက် သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်သည်။ရဲတိုက်ထဲမှ ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် သန့်စင်သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင် တန်းတစ်ခုသည် ပေါက်ကွဲထွက်လာလေသည်။ထိုအမျှင် တန်းက သိပ်သည်းသွားပြီးနောက် ဝမ်လင်းထံသို တိုးဝင်

လာသည်။


ဝမ်လင်းပတ်လည်ရှိ တစ္ဆေလောကမြစ်သည် မြင့်တက် တိုင်လုံးကြီးတစ်ခုလို လာကာ ကောင်းကင်ဘုံကို ထောက်ကန်ပေးထားသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်း မြစ်ထဲသို့ ဖြစ်ပေါ်လာ၏။ဝမ်လင်းက ဝင်လာသည့်အခါတွင် တစ္ဆေလောကမြစ်ထဲ၌ ရှိနေ၏။


တစ္ဆေလောကမြစ်ထဲရှိ ဝမ်လင်းက တိုးညင်းစွာ ဆို လိုက်၏။ "အသက်ဝင်စမ်း..."


တစ္ဆေလောကမြစ်က ရုတ်တရက် ပြန့်ကျဲသွားကာ ဝဲကတော့တစ်ခုအဖြစ် ပြောင်းလဲသွားပြန်သည်။၎င်းက သည်ဧရိယာကို လွှမ်းခြုံလာရာ အဖြူရောင်ရဲတိုက်ပင် ရုတ်တရက် ပြိုကျလာ၏။မြေပြင်တုန်ခါသံများက အနှံ့ဖြစ် ပေါ်သွားသည်။


အရပ်ပုပုအဘိုးအိုက လေထဲသို့ ပျံတက်လာ၏။သူနှင့် အတူ ကျင့်ကြံနေသော အမျိုးသမီးသုံးယောက်သည်လည်း သူနှင့်အတူ ပျံတက်လာ၏။


ထိုအရပ်ပုပုက


အလွန်စဉ်းလဲသည့်ပုံစံပင်။သူက ကျင့်ကြံသူတစ်ယောက်နှင့်ပင် မတူဘဲ ထိုအစား သူခိုးတစ် ယောက်နှင့်ပင် တူလို့နေ၏။သူက ဒေါသတကြီး ဝမ်လင်း အား အော်ဟစ်လိုက်၏။ “ဝမ်လင်း...ငါက မင်းကို အကြိမ် များစွာ သည်းခံနေပြီးပြီး။ဘာလို့လဲဆိုတော့ ငါက မင်းနဲ့ ရန်သူ ဖြစ်မလာချင်လို့ပဲ။ဒါပေမဲ့ မင်းက ကျေးဇူးတင်ရ

ကောင်းမှန်း မသိဘူး။နိမ့်ကျတဲ့နယ်မြေမှာ မင်းလိုမျိုး ကျင့်ကြံမှုအဆင့်ကို ရောက်အောင် ကျင့်ကြံဖို့က အရမ်း ခက်ခဲတယ်လို့ ပြောလို့ရတယ်။ဒါ့ကြောင့် ငါက မင်းကို အသက်ရှင်ဖို့ လမ်းကြောင်းတစ်ခုပေးတဲ့အနေနဲ့ ထွက်သွား ခိုင်းခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို ဆက်ပြီး ရန်စစော်ကား နေရင် ငါ မင်းကို သတ်ပစ်မယ်။အဲ့ကျမှ ငါ့ကို အပြစ်လာမ တင်ပါနဲ့..."


ဝမ်လင်းမျက်လုံးများက အေးစက်လာသည်။သို့သော် သူက စကားမဆိုပေ။ထိုအစား သူက သူ့လက်ချောင်းကို ရှေ့သို့ ညွှန်လိုက်၏။ မရဏလက်ချောင်းကို အဘိုးအိုထံသို့ တိုးဝင်သွားတော့သည်။


အဘိုးအိုအသွင်က ပြောင်းလဲသွာ၏။သူက အသက်ဝဝရှူ သွင်းသည်။သည့်နောက် သူက ထူထဲသော ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို ထွေးထုတ်လိုက်၏။၎င်းက ကောင်းကင်ဘုံမြူအဖြစ်ပြောင်းလဲ၍ မရဏလက်ချောင်း ကို ဝန်းရံသွားသည်။အတွင်းဘက်၌ တစီစီအသံများ ထွက် ပေါ်လာကာ သိပ်မကြာခင်တွင် တစ်ခုနှင့်တစ်ခု ချေဖျက် သွားတော့၏။


"ဝမ်လင်း မင်းက ငါ့ကို ဖိအား ပေးနေတာပဲ..."


ထိုအဘိုးအို၏ အသွင်က သုန်မှုန်နေ၏။သူက သိုလှောင် အိတ်ကို ပုတ်လိုက်ရာ လက်သီးစုပ်ခန့်အပြာရောင် ကျောက်စိမ်းပြားတစ်ခု ထွက်ပေါ်လာသည်။အဘိုးအိုက

ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်၏။ "ကောင်းကင်ဘုံမျိုးစေ့..."


အပြာရောင်ကျောက်စိမ်းပြားက ချက်ခြင်း တုန်ယင်လာ ကာ ထူးဆန်းသောဟန်ပန်ဖြင့် စတင်လှုပ်ရှားလာသည်။ ၎င်းက မရေမတွက်နိုင်သောအပြာရောင် အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားကာ စူးရှရှအသံတစ်ခုကို ထုတ် လွှတ်ပြီး ခုန်ပေါက်နေသောမြွေများကဲ့သို့ ပျံ့နှံ့လို့လာသည်။


အပြာရောင်အမျှင်တန်းများ ပေါ်လာသည့်အခိုက်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အသွင်က ရုပ်စိုးသွားကြ သည်။သူတို့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်လာ ကြသည်။


မရေမတွက်နိုင်သော အပြာရောင်အမျှင်တန်းများကို ကြည့်နေရင်း ဝမ်လင်းမျက်လုံးများက လင်းလက်လာ သည်။သူက ဖြည်းညင်းစွာပြောလိုက်၏။ "ကောင်းကင်ဘုံ သားရဲအစာ…"


ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ဝမ်လင်းပြောသည့် အရာကို မသိကြချေ။အဘိုးအို၏အသွင်ကတော့ နောက် တစ်ကြိမ် ပြောင်းလဲသွားတော့၏။သူက အာမေဋိတ်အသ့ ဖြင့် ပြောလိုက်၏။ "မင်း သိတယ်ပေါ့.."


ဝမ်လင်းသည် ရှုယွမ်ရှန်၏ခန္ဓာကိုယ်ထဲ၌ အပြာရောင် အမျှင်တန်းများကို စမြင်ကတည်းက ၎င်းတို့ကို တွေ့ဖူး သလို ခံစားမိခဲ့သည်။သူက သေချာတွေးကြည့်သည့်အခါ

သူ တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်နှင့် မိတ် ဖွဲ၍ ဝင်ရောက်ခဲ့သော ကောင်းကင်ဘုံနယ်မြေ၌ ကြုံတွေ့ခဲ့ ရသော ကောင်းကင်ဘုံသားရဲအစာ ဖြစ်ကြောင်း သေချာသိလိုက်သည်။သူက ထိုအရာကို ရှုယွမ်ရှန်အား ရှင်းမပြခဲ့ပေ။


အဘိုးအိုက ဝမ်လင်း သည်အရာကို သိနေသည်ကို စဉ်းစားမနေချေ။သူက ကောင်းကင်ဘုံသားရဲအစာကို ရရှိပြီးသည့်နောက် ၎င်းကို ခုထိ ပြည့်ပြည့်ဝဝထိန်းချုပ်နိုင် ခြင်း မရှိသေးပေ။ခုချိန်၌ သူက ၎င်းတို့ကို ထုတ်ယူလိုက်ရ ခြင်းမှာ ကြံရာမရခြင်းကြောင်း ဖြစ်သည်။ပုံမှန်အားဖြင့် သူက သူ့ အာဏာတက်ခြင်းအလယ်အဆင့်ကျင့်ကြံမှုဖြင့် ထိုသို့ ပြုလုပ်ရန် မလိုပေ။သို့ရာတွင် သူ့တွင် ထုတ်မပြော သာသည့် ကိုယ်ပိုင်အခက်အခဲများ ရှိလို့နေ၏။ထို့ကြောင့် သူက ခုလို လုပ်ဆောင်လိုက်ရခြင်းသာ ဖြစ်သည်။


"သူ့ကို ဝါးမြိုစမ်း..." အရပ်ပုပုအဘိုးအိုက ဤသို့ အော် ပြောလိုက်ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ ကာ အပြာရောင်အမျှင်တန်းများထံသို့ ညွှန်လိုက်လေသည်။


အပြာရောင်အမျှင်တန်း ရာချီ၊ထောင်ချီသည် ဝမ်လင်း ထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။


ဝမ်လင်းက သည်မြင်ကွင်းနှင့် ရင်းနှီးခဲ့ဖူးပေသည်။ အတိတ်တုန်းက သူက ခုထက် အဆများစွာ ပိုသည့် ကောင်းကင်ဘုံသားရဲအစာများနှင့် ရင်ဆိုင်ခဲ့ဖူး၏။ခုချိန် တွင် တစ်ထောင်မျှသော သားရဲအစာလောက်သာ ရှိနေ

သဖြင့် စိတ်ပူပန်နေခြင်း မရှိတော့ပေ။


သူက သိုလှောင်အိတ်ထဲမှ သာမန်အလံတစ်ခုကို ထုတ်ယူလိုက်သည်။သူက သည်နေရာသို့ မလာခင် ကတည်းက သူ့တွင်သံသယများ ရှိနှင့်နေခဲ့ပြီးသား ဖြစ်၏။ ထို့ကြောင့် သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပေသည်။ သူက အလံကို လှုပ်ခါလိုက်ရာ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ စိတ် ဝိညာဉ်သန့်စင်ခြင်းကလန်တွင် ရရှိခဲ့သော ချီလင်သားရဲက ထွက်ပေါ်လာတော့၏။


ထိုသားရဲက ချီလင်သားရဲ၏ စိတ်ဝိညာဉ်သာ ဖြစ် သော်လည်း ၎င်းတွင် အမွေအနှစ်အချို့ ရှိလို့နေဆဲသာ။၎င်း က ပေါ်ထွက်လာသည်နှင့် ဟိန်းသံ ပြုလိုက်၏။ ၎င်း၏ခန္ဓာကိုယ်က တုန်ယင်သွားကာ ဦးခေါင်းကြီးကို မော့၍ တိုးဝင်လာနေသောကောင်းကင်ဘုံသားရဲအစာများ ကို မျက်ခြေမပြတ် ကြည့်လို့နေသည်။


ချီလင်၏ မျက်လုံးများက ရွှေရောင်အလင်းတစ်ခု ကိုတွေ့လိုက်သလို အကြည့်မျိုး ဖြစ်နေ၏။ ရုတ်တရက် ထုတ်လွှတ်လာသည်။၎င်း၏အကြည့်က အစာ


ကိုတွေ့လိုက်သလို အကြည့်မျိုး ဖြစ်နေ၏။



"ကောင်းကင်ဘုံချီလင်..." ဝမ်လင်းက ချီလင်သားရဲကို ထုတ်လွှတ်လိုက်သည်ကို တွေ့သည့်အခါ သူသည် တစ်ခုခု မှားယွင်းနေသည်ကို သဘောပေါက်သွားသည်။ သည့်နောက် သူက ချီလင်သားရဲအကြည့်ကို တွေ့မြင်လိုက် သည့်အခါ သူ့နှလုံးသားက တုန်ယင်သွား၏။


ကောင်းကင်ဘုံသားရဲအစာများသည်


ချီလင်သားရဲ ပေါ်ထွက်လာသည့်အခိုက်၌ သူတို့၏ သဘာဝရန်သူကို တွေ့မြင်လိုက်ရသလို တုန်ယင်သွားကြ၏။သူတို့က စူးရှစွာ အော်မြည်၍ တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးကြတော့သည်။


ကောင်းကင်နှင့်မြေပြင်ထက်ရှိကျင့်ကြံသူများသည် အလွန်နာကျင်စွာ ခံစားရဟန်ဖြင့် တုန်ယင်လာကြသည်။ ထိုကျင့်ကြံသူများ၏ နှဖူးထက်၌ အစိမ်းရောင်လိုင်းများ ဖြစ်ပေါ်လာကာ အစက်အပြောက်များအဖြစ်သို့ သိပ်သည်း သွားကြသည်။


ကောင်းကင်ဘုံသားရဲအစာများ ထွက်ပြေးသည်ကို ကြည့်နေရင်း ချီလင်သားရဲ၏ နှာခေါင်းထဲမှ မမြင်ရသော

အခိုးငွေ့များ ထွက်ပေါ်လာသည်။သည်အခိုးငွေ့များထဲ၌ ထူးဆန်းသောအားတစ်ခု ပါဝင်နေ၏။ပတ်ဝန်းကျင်ရှိသားရဲအစာများသည် တုန်ယင်သွားကြကာ ဆက်၍ ထွက်ပြေးဝံ့ခြင်း မရှိကြတော့ပေ။


ချီလင်သားရဲက ကောင်းကင်ဘုံသားရဲအစာများအနီးနား သို့ ရောက်လာပြီး အားလုံးကို ရှိုက်သွင်းလိုက်၏။ ကောင်းကင်ဘုံသားရဲအစာများသည် ကောင်းကင်ဘုံသားရဲ များအတွက် ထောက်ပံ့ပေးသော အစာအာဟာရများသာ ဖြစ်ကြပေ၏။


သည်မြင်ကွင်းက အဘိုးအိုကို မှင်သက်သွားစေသည်။


ချီလင်က နှုတ်ခမ်းသပ်ကာ ကျင့်ကြံသူများနှဖူးထက်ရှိအစိမ်းရောင်အစက်အပြောက်များအား ကြည့်၏။


အဘိုးအို၏အသွင်က ရုပ်စိုးသွားသည်။သည့်နောက် သူက သိုလှောင်အိတ်ထဲမ နောက်ထပ် အရာတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။သူက စုတ်တံတစ်ချောင်းကို ထုတ်ယူလိုက်ခြင်းပင်။ထိုစုတ်တံ၏ ကိုယ်ထည်သည် သလင်းလို ကြည်လင်နေ၏။သို့သော် စုတ်တံထိပ်ဖျားကမူ မှင်တစ်စက်မှ မတို့ရသေးသကဲ့သို့ ဖြူစွတ်နေသည်။


သူက ၎င်းစုတ်တံကို ထုတ်ယူလိုက်သည့်အခိုက်မှာပင် ယင်းစုတ်တံသည် ခန့်ညားမှုကို ပေးစွမ်းလာသည်။ချီ လင်သားရဲပင် ထိုလွှမ်းမိုးခံ့ညားမှုအောက်၌ မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်ရသည်။

ထိုအဘိုးအိုက ယင်းစုတ်တံကို ထုတ်ယူလိုက်ပြီးနောက် သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်၍ အော်ပြောလိုက် သည်။ "ကောင်လေးဝမ်လင်း..မင်းက ဒီကောင်းကင်ဘုံ အစာတွေကိုတောင် သိမှတော့ ဒါကိုလည်း ဘာလဲဆိုတာ သိမှာပါ..."


ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက စကားတစ်ခွန်းမှမဆိုဘဲသိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ထွက်ပေါ်လာ ချေသည်။၎င်း၏ စစ်မှန်သောအမွေအနှစ်ကို အသက်သွင်း ပြီးနောက် စစ်ရထား၏ အသက်သွင်းရာ၌ နှေးကွေးသော အားနည်းချက်သည်လည်း ခုခါတွင် မရှိတော့ပေ။


အရပ်ပုပုအဘိုးအိုက အော်ပြောလိုက်သည်။ "မင်းက ဒါ ကို မသိဘူးဆိုရင်လည်း ငါ ပြောပြမယ်။ဒါက အတိတ် တုန်းက ငါ ကောင်းကင်ဘုံနယ်မြေက ယူလာတဲ့ အရာပဲ။ ငါက ဒါကို အသုံးပြုပြီး နိမ့်ကျတဲ့နယ်မြေက ကျင့်ကြံသူ တွေကို ဉာဏ်အလင်း ပြခဲ့တယ်။ဒီအဘိုးအိုက မင်းခု လောက်အဆင့်ထိ ရောက်ဖို့ ခက်ခက်ခဲခဲကျင့်ကြံခဲ့ရမှာကို သိနေတယ်။ဒါ့ကြောင့် မင်း ခုထွက်ပြေးနိုင်တယ်။ တကယ်လို့ မင်း ထွက်မသွားဘူးဆိုရင်တော့ ငါ တကယ် တိုက်ခိုက်ရလိမ့်မယ်..."


ဝမ်လင်းက အဘိုးအိုကို ကြည့်၍ ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "သင်က ငါ့ကို ထွက်သွားဖို့ ဆက်ပြောနေဖို့ မ လိုဘူး။ငါက သင့်ရဲ့ အာဏာတက်ခြင်းအလယ်အဆင့်ကို

ဖုံးကွယ်ထားတာကိုလည်း သတိပြုမိထားတယ်။သင်က ဒီ ကောင်းကင်ဘုံသက်တော်စောင့်တွေလိုပါပဲ။ သင်တို့ အားလုံးရဲ့ ခန္ဓာကိုယ်ထဲမှာ မူလစွမ်းအင် လုံးဝ ရှိမနေ :..."


အဘိုးအို၏ အကြီးမားဆုံးလျှို့ဝှက်ချက်ကို ဝမ်လင်းက ထုတ်ဖော်လိုက်တော့သည်။ ထိုအခါ အဘိုးအိုသည် ရှက်ရွှံ့ စွာ ခံစားလိုက်ရပြီးနောက် သူ့လက်ထဲရှိ စုတ်တံကို ဝှေ့ယမ်းလိုက်တော့သည်။သည့်နောက် သူက သွေးတစ် လုပ်အန်ထုတ်ကာ စုတ်တံနှင့်အတူ သင်္ကေတစ်ခု ရေးဆွဲ လိုက်တော့သည်။


ထိုသင်္ကေတပေါ်လာသည့်အခိုက်တွင် ပြင်းထန်သော အားတစ်ခုက သင်္ကေတထံမှ စတင်ပျံ့နှံ့လာသည်။


ဝမ်လင်းက ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သည့် အရိပ်အယောင် ပေါ်ထွက်လာသည်။သို့သော် သိပ်မကြာခင် တွင်ပင် ထိုတုန်လှုပ်မှုက စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။


သူက ထိုသင်္ကေတကို စူးစိုက်ကြည့်၏။သည့်နောက် သူ့ အကြည့်က စုတ်တံရှိရာသို့ ကျရောက်သွားသည်။သူ့ မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက အလွန်အမင်းပျော်ရွှင်မှု အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။


ဝမ်လင်းက ထိုသင်္ကေတနှင့် မစိမ်းချေ။၎င်းသင်္ကေတက သူ လှိုဏ်ဂူပြင်ပလမ်းကြောင်း၌ တွေ့ကြုံခဲ့ရသော တစ်ခု

နှင် တူတူပင် ဖြစ်နေသည်။


သူက ထိုသင်္ကေတကို အကြိမ်များစွာ လေ့လာခဲ့ကာ အခါခါ ရေးဆွဲကြည့်ခဲ့ပြီး ဖြစ်သည်။သို့သော် ထိုသင်္ကေတ များက မည်သည့်စွမ်းအားကိုမျှ မပြသခဲ့ပေ။သူက လေးခု မြောက်စုတ်ချက်သင်္ကေတလို အံ့အားသင့်ဖွယ်စွမ်းအားကို လုံးဝ ထုတ်လွှတ်နိုင်ခဲ့ခြင်း မပြုပေ။ထိုအရာက သူ့စိတ် ထဲ၌ မကျေနပ်မှုကို ဖြစ်စေသည်။


သို့ရာတွင် ယခုအခိုက်အတန့်၌ ဝမ်လင်းက သည်အရပ် ပုပုအဘိုးအိုထံကနေ ထိုသင်္ကေတကို ထပ်မံ မြင်တွေ့ခဲ့ရ လေ၏။အခုသင်္ကေတက စုတ်ချက်တစ်ခုသာ ဖြစ် သော်လည်း အစစ်အမှန်သင်္ကေတ ဖြစ်ကာ စွမ်းအား ပြင်းထန်လှသည်။


ဝမ်လင်းအကြည့်က အရပ်ပုပုအဘိုးအိုကို တုန်ယင်သွား စေသည်။သူက ထိုအကြည့်နှင့် မစိမ်းလှပေ။ဝမ်လင်း အကြည့်သည ချီလင်သားရဲက ကောင်းကင်ဘုံသားရဲအစာ များကို မြင်တွေ့သည့်အခါ ကြည့်သည့်အကြည်မျိုးပင် ဖြစ်သည်။


ထိုအခိုက်အတန့်၌ ဝမ်လင်းက တိုက်ပွဲစိတ်ဆန္ဒ အလွန် ပြင်းထန်လာခဲ့သည်။သူက စစ်ရထားထံသို့ လက်ညွှန်ကာ အော်ပြောလိုက်။ "မိုးကြိုးသားရဲ.."


လျှပ်စီးနှင့်မိုးကြိုးသားရဲတို့သည် ကောင်းကင်ထက်၌ ရုတ်တရက် ပေါ်လာကာ ၎င်းက စစ်ရထားပေါ်သို့

တိုက်ရိုက်ကျဆင်း၏။တစ်ချိန်တည်းမှာပင် ငွေရောင်ဦးချို နှင့် မိုးကြိုးသားရဲက ထိုလျှပ်စီးလျှပ်ပန်းများအောက်၌ ပေါ်ထွက်လာလေ၏။


၎င်းက ပေါ်ထွက်လာသည်နှင့် ဟိန်းသံပြု၏။၎င်း၏ ဟိန်းသံက တိမ်တိုက်များကို အရောင်ပြောင်းကာ ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ကောင်းကင်တစ်ခု လုံးက လျှပ်စီးများနှင့် ချက်ခြင်းဖုံးလွှမ်းသွားတော့၏။


သည်အခိုက်အတန့်၌ ချီလင်သားရဲသည်လည်း စတင် ဟိန်းသံပြုလာသည်။၎င်း၏ ဟိန်းသံက မိုးကြိုးသားရဲ လောက် ပြင်းထန်ခြင်း မရှိသော်လည်း အားနည်သည်ဟု မ ဆိုသာပေ။သည်ဟိန်းသံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံ သူများ၏ ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်အစက်အပြောက် များကို လှုပ်ခါလာစေပြီး ချီလင်သားရဲ၏ ဝါးမြိုခြင်းကို ခံ လိုက်ရတော့သည်။


ထိုအရာများ ဖြစ်ပျက်ပြီးသည့်နောက် စုတ်တံဖြင့် ရေးဆွဲ လိုက်သော သင်္ကေတက ဝမ်လင်းထံသို့ ချက်ခြင်း ပျံသန်း တိုးဝင်လာ၏။


သို့သော် ထိုအခိုက်အတန့်၌ မိုးကြိုးသားရဲက ဟိန်းသံ ပြု၍ ရှေ့သို့ ထိုးထွက်သွားသည်။ကောင်းကင်ထက်မှ လျှပ်စီးတန်းများ ကျဆင်းလာကာ လျှပ်စီးမိုးကြိုးမိုး ရွာချ လာသလား မှတ်ရ၏။ထိုလျှပ်စီးတန်းများက သင်္ကေတပေါ် သို့ ကျရောက်လို့သွားသည်။က်လို့သားက သင်္ကေတပေါ်သို့

ကျရေလျးကင်ထကျားအောက်


ထိုသင်္ကေတက စွမ်းအားကောင်းလွန်းလှသော်လည်း အရပ်ပုပုနှင့်အဘိုးအိုက စုတ်ချက်တစ်ခုတည်းသာ ဖြစ်ကြောင်းသိနေ၏။ထို့ကြောင့် သူက ၎င်းသင်္ကေတ၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။သူက လျှပ်စီးတန်းများကြောင့် သင်္ကေတ အားပျော့၍ ပျက်စီး သွားသည့်အထိ စောင့်ကြည့်နေရုံသာ တက်နိုင်တော့၏။


ခဏတာမှင်သက်သွားပြီးနောက် အရပ်ပုပုအဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်လာ၏။သူက ကြောက်လန့်နေပြီဖြစ် ကာ တုံ့ဆိုင်းခြင်းမရှိ လှည့်၍ ထွက်ပြေးလေ၏။


သူက ကံကောင်းမှုအချို့ကို ကြုံတွေ့ပြီး နှစ်ရာချီကြာပြီး သည့်နောက် ကျင့်ကြံသူအများစုကို ထိန်းချုပ်လာနိုင်ခဲ့၏။ သို့ရာတွင် သူက သတိထား၊သေသပ်တိကျသူ ဖြစ် သည့်အတွက် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ သို့မဟုတ် နတ်ဆိုးဗိုလ်ချုပ်အဆင့်ရှိသည့်သူများကို ဘယ် သောအခါမှ ရန်စမိခဲ့ခြင်း မရှိပေ။


သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ်ဝိညာဉ်အသွင်ပြောင်း ခြင်းအဆင့်သို့ လွန်ခဲ့သောအချိန်များစွာတည်းက ရောက် နှင့်နေခဲ့ပြီး ဖြစ်၏။သို့သော် သူက အာဏာတက်ခြင်း အဆင့်သို့ တက်လှမ်းဖို့ နည်းနည်းလေးတောင် မကြိုးစား ကြည့်ဝံ့ခဲ့ပေ။


သို့ရာတွင် သူက ကောင်းကင်ဘုံသက်တော်စောင့် ဆယ်

ယောက်ကို စုစည်းပြီးသည့်နောက် သတိထားဖို့ မေ့သွား ခဲ့၏။ထို့ကြောင့် သူက ကျောက်စိမ်းပြားပဲ့များနှင့် ပေါင်းစပ် ရန် ပိုများသော ကျင့်ကြံသူများကို ကိုယ်တိုင်ကိုယ်ကျ စတင်ဖမ်းစီးလာခဲ့သည်။သူက ကောင်းကင်ဘုံ သက်တော်စောင့်အဆင့်တွင် ရှိသည့် ပိုများသောကျင့်ကြံ သူများနှင့် ကျင့်ကြံနိုင်ရန် မျှော်လင့်ထားခဲ့ပေ၏။


"ဒီဝမ်လင်းရဲ့ နောက်ခံက ဘာလဲ။သူက ဘာလို့ ဒီလိုမျိုး စွမ်းအား ကောင်းနေရတာလဲ။သေလိုက်တော့၊ ငါက ဒီတစ် ကြိမ် လွတ်မြောက်နိုင်မယ်ဆိုရင်တော့ ငါ့ကို ဝမ်လင်းရဲ့ သတင်းပေးခဲ့တဲ့ ရှေးဟောင်းနတ်ဆိုးမြို့ရဲ့ ကျင့်ကြံသူ ခေါင်းဆောင်ကို ကျိန်းသေပေါက် ရိုက်ခွဲပစ်ရလိမ့်မယ်.."


အရပ်ပုပုအဘိုးအိုက ထွက်ပြေးနေရင်း စိတ်ထဲ၌ ထိုသို့ ကျိန်ဆဲနေခဲ့၏။


ဝမ်လင်းမျက်လုံးထဲ၌ စိတ်အားထက်သန်မှုများနှင့် ပြည့် လို့နေသည်။သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များအားလုံးကို အသုံးပြုရမည်ဆိုရင်ပင် ထိုအဘိုးအိုကို လွတ်မြောက်ခွင့် မပေးနိုင်ချေ။သူ့မျက်လုံး များက ခုချိန်၌ ရဲရဲနီနေ၏။ထိုသို့နီနေရသည့် အကြောင်းရင်းက အဘိုးအိုလက်ထဲရှိ ရတနာကြောင့်သာ ဖြစ်သည်။


ဝမ်လင်းအမြင်၌ အဘိုးအိုကို ရတနာတစ်ခု ရွှေ့လျား နေသည်ဟုသာ ထင်မြင်နေ၏။ဝမ်လင်းက ပဟေဋိဖြစ်

မိ၏။ ထိုအဘိုးအိုက ရတနာများစွာ ရှိနေလျှင် သည် လောက်နှစ်ပေါင်းများစွာအတွင်း မည်သူကမျှ သူ့ထံက ထို ရတနာများကို မခိုးယူကြသနည်း။


ဝမ်လင်းက ထိုအဘိုးအိုသည် အမြဲလိုလို လိမ်မာပါးနပ် ကာ သတိထားတက်သည့်သူမှန်း သိမထားပေ။လွန်ခဲ့သော ဆယ်စုနှစ်လောက်ကမှသာ သည်အဘိုးအိုက ပိုမို ရဲတင်း လာခြင်း ဖြစ်၏။အရင်တုန်းက ထိုအဘိုးအိုသည် ကျင့်ကြံ သူများကို ဖမ်းသည့်အခါ၌ ကလန်ငယ်များမှ ကျင့်ကြံ သူများကိုသာ ဖမ်းစီးခဲ့ခြင်း ဖြစ်၏။သို့ရာတွင် သူက ပို၍ ရဲတင်းလာသည့်အခါ ကလန်ကြီးများ၏ တပည့်များကိုပါ စတင်ဖမ်းစီးလာခဲ့၏။ပမာပြရလျှင် သူ့လက်ထဲကျရောက် နေသည့် ကောင်းကင်ကံကြမ္မာကလန်၏ ခရမ်းရောင်အုပ်စု ခွဲ၏ တပည့်ကို ပြနိုင်ပေသည်။


သည်အရပ်ပုပုအဘိုးအိုက အာဏာတက်ခြင်းအလယ် အဆင့် ဖြစ်သော်လည်း သူက ထိုအဆင့်ကို အထူးနည်း လမ်းများ အသုံးပြု၍ ရရှိထားခြင်း ဖြစ်၏။ထို့ကြောင့် သူက အားနည်းသောအာဏာတက်ခြင်းအစောပိုင်းအဆင့်တစ် ယောက်နှင့် တွေ့ကြုံရလျှင် သူကိုယ်တိုင် ကိုင်တွယ်နိုင်ပေ လိမ့်မည်။သို့သော် သူက ဝမ်လင်းလို လူမျိုးနှင့် တွေ့သည့် အခါတွင်တော့ သူ့စွမ်းအားက မလုံလောက်တော့ပေ။


သည့်အပြင် သူ့တွင် အားကောင်းသောရတနာများ ရှိသော်လည်း သူက အများစုကို အသုံးပြုနိုင်ရုံမျှသာ ရှိ၏။

အရပ်ပုပုအဘိုးအိုက လျင်မြန်စွ ထွက်ပြေးနေရင်း ဝမ် လင်းကို စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။သို့ရာတွင် အနက် ရောင်အလင်းတန်းတစ်ခုက သူ့နောက်ကနေ ကပ်၍ လိုက်ပါလာ၏။အဘိုးအိုက စုတ်တံဖြင့် သင်္ကေတတစ်ခုကို မြန်ဆန်စွာ ရွေးဆွဲ၍ တားဆီးလိုက်သည်။


ထို့နောက် သူက ညာခြေလှမ်းလိုက်ရာ သူ့ခန္ဓာကိုယ်မှ မီးတောက်များ ထွက်ပေါ်လာသည်။ထိုမီးတောက်များ ပျောက်ကွယ်သွားပြီးနောက် သူသည်လည်း လိုက်ပါ ပျောက်ကွယ်သွားတော့သည်။


ဝမ်လင်းမျက်လုံးက ပိုမိုနီရဲလာသည်။အဘိုးအို၏ အရည်အချင်းက အတော်လေးသနားစရာကောင်း သော်လည်း သူက ထွက်ပြေးခြင်းတွင်တော့ ဆရာတစ်ဆူ ပင်။နာရီဝက်အတွင်း သည်လူက မန္တာန်ဆယ်ခုကို အသုံးပြုကာ ဝမ်လင်းကို တုန်လှုပ်စေခဲ့လေပြီ။


အခုထပ်မံအသုံးပြုလိုက်သည့် မန္တာန်က ဆယ့်တစ်ခု မြောက်မန္တာန်ဖြစ်ကာ အရင်ဆယ်ခုနှင့် လုံးဝခြားနား နေ၏။


ဝမ်လင်းက နှာခေါင်းရှုံ့ကာ တည်နေရာရွေ့ပြောင်းလိုက် သည်။သူက နတ်ဘုရားအာရုံကိုဖြန့်ကျက်လိုက်ရာ အရပ်ပု ပုအဘိုးအိုသည် ကီလိုမီတာ တစ်သောင်းခွဲအကွာသို့ ရောက်နေကြောင်း ရှာတွေ့သွား၏။


အဘိုးအိုက ဆက်လက် ပျံသန်းထွက်ပြေးနေ၏။

ရုတ်တရက် သူ့အသွင်က ခါးသက်သွားတော့၏။သူ့ရှေ့ လေဟာနယ်ထဲကနေ ဝမ်လင်းပုံရိပ်က ထွက်ပေါ်လာကာ သူ့ထံသို့ တိုးဝင်လာသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။


အဘိုးအိုက တုံ့ဆိုင်းဆိုင်း ဖြစ်သွား၏။သူက အံ တင်းတင်းကြိတ်၏။သည့်နောက် သူ့လက်ထဲရှိ စုတ်တံကို လွှတ်ပစ်သည်။စုတ်တံက လေထဲသို့ လွင့်ထွက်သွားကာ ယင်းပတ်လည်၌ လှိုင်းတွန့်များ ဖြစ်ပေါ်လာ၏။ကြည့်ရ သည်မှာ ၎င်းက လေဟာနယ်ကို ထွင်းဖောက်ပြီး ပျောက် ကွယ်တော့မလို ဖြစ်သွားသည်။


အဘိုးအိုက စုတ်တံကို ပစ်လွှတ်လိုက်ရင်း သူက ချိပ်တံဆိပ်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်၏။သတ္တု အော်ရာတစ်ခု ပေါ်ထွက်လာကာ သူ့တစ်ကိုယ်လုံးကို ဝန်းရံ သွား၏။သည့်နောက် သူက ချက်ခြင်းပင် ဝမ်လင်းထံမှ တရကြမ်း ထွက်ပြေးတော့၏။သူ့အမြန်နှုန်းက အရင်ထက် အဆတစ်ရာလောက်ပင် ထိုးတက်သွားခဲ့လေသည်။


"ကောင်စုတ်ဝမ်လင်း..ဒီကောင်းကင်ဘုံစုတ်တံက ကောင်းကင်ဘုံသားတစ်ယောက်အမှန်တကယ် ပိုင်ဆိုင်ခဲ့ တဲ့ဟာ ဖြစ်တယ်။ဒါက လေဟာနယ်ထဲမှာ ပျောက်ကွယ် သွားရင် မင်း ဒါကို ထပ်ရှာဖို့ ခက်ခဲသွားလိမ့်မယ်..."


အဘိုးအိုအသံက အကွာအဝေးတစ်ခုကနေ ဖြည်းဖြည်း ချင်း ပျံ့လွင့်လာ၏။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ ကောင်းကင်ဘုံ ဓားနှင်လခြမ်းကွေးဓားသွားတို့ ပျံသန်းထွက်လာ တော့သည်။ရှုလီကောက ထွက်ပေါ်လာသည်နှင့် ဝမ်လင်း အမိန့်ပေးရခြင်းမရှိဘဲနှင့် ဝမ်လင်း သဘောကို သိရှိနေနှင့် ပြီး ဖြစ်နေ၏။သူက မာန်သွင်းကာ အနက်ရောင်ဓားသွား ကို ကြည့်၍ အော်ပြောလိုက်၏။ "အနက်ရောင်လေး...မြန် မြန်...မြန်မြန်...ငါက ဒီစုတ်တံကို လိုချင်တယ်..."


အနက်ရောင်ဓားသွားက ဖျပ်ခနဲ ပျောက်ကွယ်သွား တော့၏။၎င်းက ရှုလီကောက သယ်ဆောင်၍ လေဟာနယ် ထဲသို့ တိုက်ရိုက် ရောက်ရှိသွားချေသည်။


ဝမ်လင်းက ခြေတစ်လှမ်းလှမ်း၍ မဟာတည်နေရာ ရွှေ့ပြောင်းခြင်းမန္တာန်ကို အသုံးပြုကာ အဘိုးအိုနောက်သို့ ဆက်လိုက်၏။


အဘိုးအိုက ထွက်ပြေးနေရင်း ဝမ်လင်း သူ့နောက်သို့ လိုက်ပါလာသည်ကို သတိပြုမိသွား၍ ချက်ခြင်း ငိုကြွေး တော့သည်။သူက တွေးနေမိ၏။ "သူ…သူက ဘာလိုချင်နေ တာလဲ...။ငါက ငါ့ကောင်းကင်ဘုံစုတ်တံကိုလည်း ပစ် ပေးလိုက်ပြီ။ သူက ငါ့ကို ဘာကြောင့် ထွက်သွားခွင့်မပေး သေးတာလဲ.."


သူက ဝမ်လင်း နီးကပ်လာနေသည်ကို ထောက်လှမ်းမိနေ၏။သူက အံတင်းတင်းကြိတ်ကာ အစိမ်းရောင်ပိုက်ကွန်

တစ်ခုကို ထုတ်ယူလိုက်တော့သည်။


သည့်နောက် အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "နတ်ဘုရားစိတ်ဝိညာဉ်စုတ်တံနဲ့ယှဉ်ရင် ဒီကောင်းကင် ဖမ်းချုပ်ပိုက်ကွန်က ငါ့အတွက် ပိုထိန်းချုပ်ဖို့ ခက်တယ်။ဒါ့ ကြောင့် ငါက ဒါကို ရန်သူအတွက် ဘယ်တုန်းကမှ အသုံးမ ပြုခဲ့ဖူးဘူး။ဒီတစ်ကြိမ်တော့ မင်းငါ့ကို လုံးဝ လိုက်ဖမ်းနိုင် ဖမ်းနိုင်မှာ မဟုတ်တော့ဘူး..."


သူက ထိုပိုကွန်အား အသုံးမပြုလိုခဲ့ပေ။သူ့အတွက် ထို ပိုက်ကွန်က ထူးဆန်းလွန်းနေပေ၏။


သူက သည်ပိုက်ကွန်ကို ရရှိပြီးနောက် ၎င်း၏ တိပသော စွမ်းအားကို မသိသေးချေ။သူက သည်ပိုက်ကွန်သည် ဝမ် လင်းကို သုံးရက်လောက်ကြာအောင် ပိတ်ဆို့ထားနိုင်မည် ဟု မျှော်လင့်နေမိ၏။


သည့်နောက် သူက အချိန်အတန်

ကြာ တုံ့ဆိုင်းနေခဲ့၏။ သို့သော် သည်ပိုက်ကွန်ကို အသုံးပြုလျှင် သူကိုယ်တိုင်သည် လည်း နောက်ထပ်သုံးရက်လောက် ပိတ်မိနေနိုင်ပေသည်။


အဘိုးအိုက ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကို ကိုင်ထား ရင်း ဝမ်းနည်းသည့်ဟန်ပန် ဖြစ်နေ၏။သူက ဆက်မပြေး ရန် ဆုံးဖြတ်ချက်ချကာ မတ်တပ်ရပ်နေ၏။သူက သူ့ကိုယ် သူ အဆံမရှိသည့် အာဏာတက်ခြင်းအလယ်အဆင့်တစ် ယောက်မျှသာ ဖြစ်ကြောင်း သိထား၏။ထို့အတွက် သူက ဝမ်လင်းလက်ထဲကနေ လွတ်မြောက်ရန်က အလွန်ခက်ခဲ ပေလိမ့်မည်။


ထို့ကြောင့် သူက သည်တစ်ကြိမ်တွင် စွန့်စားကြည့်ရန် ဆုံးဖြတ်လိုက်တော့၏။ သည်ပိုက်ကွန်ကသာ ကောင်းမွန်ခဲ့ မည်ဆိုပါက ၎င်းက ဝမ်လင်းကို သုံးရက်တိတိ ပိတ်လှောင် ထားနိုင်ပေလိမ့်မည်။ထိုသုံးရက်စသည်နှင့် သူက ထွက်ပြေးလျှင် ဝမ်လင်းက သူ့ကို ဖမ်းနိုင်တော့မည် မဟုတ်ပေ။ထိုသို့ ထွက်မပြေးဘဲ သူက ဝမ်လင်းကို ဖမ်းထားပြီးနောက် ကျောက်စိမ်းပြားတွင် မှတ်တမ်းတင် ထားသည့်အတိုင်း ဝမ်လင်းကို အဆင့်နိမ့်ကောင်းကင်ဘုံ စောင့်ရှောက်သူတစ်ယောက်အဖြစ် ဆေးဝါးအချို့အသုံးပြု

ကာ သန့်စင်မွန်းမံနိုင်ပေမည်။


ကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသော အဆင့် နိမ့်ကောင်းကင်ဘုံသက်တော်စောင့် များ၏ စွမ်းအား အကြောင်းကိုတွေးမိသည်နှင့် စိတ်နှလုံးက လှုပ်ရှားမိလေသည်။ အရပ်ပုပုအဘိုးအို၏


သူ သန့်စင်မွန်းမံထားခဲ့သော ကောင်းကင်ဘုံ သက်တော်စောင့်များသည် ထိုကျောက်စိမ်းပြားပေါ်၌ မှတ်တမ်းတင်ထားသောလိုအပ်ချက်များနှင့် မပြည့်မှီချေ။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူများကို ကောင်းကင်ဘုံစောင့်ရှောက်သူများအဖြစ် မွန်းမံသန့်စင် ခြင်းက အရည်အသွေး ပြည့်မှီခြင်း မရှိပေ။


အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုသာ သန့်စင်မွန်းမံပါက အောင်မြင်နိုင်သည့်နှုန်းသည့် အနည်းငယ် တိုးလာနိုင်၏။သို့သော် ထိုဖြစ်စဉ်က အလွန် နှေးကွေးမည် ဖြစ်သည်။ အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်တစ်ယောက်ပင် နှစ်တစ်သောင်း ကြာမြင့်မှ တစ်ယောက်ကိုသာ သန့်စင်နိုင်ပေလိမ့်မည်။


တကယ်တော့ ထိုအရာများက အထူးကိစ္စရပ် နည်း လမ်းများသာ ဖြစ်၏။


ဝမ်လင်းက ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကို ကိုင် ဆောင်ထားရင်း စိတ်ထဲ၌ ထိုသို့ တွေးနေ၏။အသက်ရှူစာ အနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းသည် ထိုအဘိုး

အို၏ အရှေ့ရှိ လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။


ဝမ်လင်း ထွက်ပေါ်လာသည်နှင့် အဘိုးအိုက လက်ထဲရှိကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကို ပစ်လွှတ်လိုက်၏။ ပိုက်ကွန်က ရုတ်တရက် ချဲ့ထွက်သွားကာ ကောင်းကင်နှင့် မြေကြီးကို အုပ်မိုးလာ၏။


ဝမ်လင်းက အဘိုးအို၏ ပိုက်ပွန်ကို သူ့နတ်ဘုရားအာရုံ ဖြင့် သတိပြုမိပြီး ဖြစ်၏။သူက ထိုရတနာသည် ရိုးရှင်းမည် မဟုတ်ကြောင်း သိထားပြီး ဖြစ်သည်။အဘိုးအိုက ရတနာ ကိုထုတ်လိုက်သည်နှင့် သူက ပြေးနေသည်ကိုပင် ရပ်တန့် ပစ်လိုက်၏။ထိုအခြင်းအရာက ထိုအဘိုးအိုမှာ သူ့ရတနာ၏ စွမ်းအားကို မည်မျှ ယုံကြည်နေကြောင်းကို ပြသနေခြင်း ပင်။


ဝမ်လင်းက အဘိုးအိုသည် ထိုရတနာကို အစောပိုင်း တည်းက ဘာကြောင့် မထုတ်ခဲ့သည်ကို မသိသော်လည်း သူ့သတိတရားကတော့ ပို၍ တိုးလာ၏။သူက ထွက် ပေါ်လာခြင်းခြင်း သူ့ခြေထောက်အောက်ခြေ၌ မရေမတွက် နိုင်သောအတားအဆီးမန္တာန်များကို ကြိုတင်ပြင်ဆင် ထားခဲ့၏။အတွေးတစ်ချက်ဖြင့်ပင် သူက သည်နေရာကနေ အတင်း ထွက်သွားနိုင်ပေ၏။


ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်က ကမ္ဘာလောကနှင့် ပေါင်းစပ်သွား၏။ကောင်းကင်ထက်၌ အစိမ်းရောင်အလင်း တစ်ခု ဖြစ်တည်လာကာ တစ်ချိန်တည်းမှာပင် ထို

အလင်းတန်းက မြေပြင်ကနေလည်း ထွက်ပေါ်လာခဲ့၏။ အစိမ်းရောင်အလင်းတန်းနှစ်ခုက ရုတ်တရက် ထိုးထွက် လာကာ တစ်ခုနှင့်တစ်ခု နီးကပ်လာချေသည်။


"သူ့ကို ဖမ်း..သူ့ကို ပိတ်လှောင်ချေ၊ ချုပ်နှောင်လိုက် ໑໖:..."


အဘိုးအိုက ထိုအစိမ်းရောင်အလင်းကို ကြည့်၍ ရူးသွပ် သွားခဲ့ချေပြီ။


"သူ့ကို ဖမ်း...ဒါက သူ့ကို ချုပ်နှောင်နိုင်ရမယ်..." အဘိုး အိုမျက်နှာထက်၌ ပြင်းထန်သောစိတ်ခံစားမှုတို့ ဖြစ်ပေါ် နေ၏။သူက လက်သီးတင်းတင်းစုပ်ထားကာ သူ့မျက်နှာ ပေါ်ရှိ သွေးကြောများပင် ထောင်ထနေ၏။


ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့သည်။သည်အစိမ်း ရောင်အလင်းတန်းက အလွန်ထူးဆန်းလှ၏။သူက ၎င်းကို နတ်ဘုရားအာရုံဖြင့်ပင် ထွင်းဖောက်လို့ မရ ဖြစ်နေ၏။ဝမ် လင်းက သတိအလွန်ရှိသူ ဖြစ်ရာ သူက ချက်ခြင်းပင် ထို အစိမ်းရောင်အလင်းမှ လွတ်မြောက်ရန် မဟာတည်နေရာ ရွှေ့ပြောင်းခြင်းမန္တာန်ကို ချက်ခြင်း အသက်သွင်းလိုက်၏။


သို့ရာတွင် ထိုအခိုက်အတန့်၌ အစိမ်းရောင်အလင်းက ရုတ်တရက် မြန်ဆန်လာကာ အံ့မခန်းနှုန်းနှင့် စတင် ကျုံ့ လာ၏။၎င်း၏ ပစ်မှတ်ကတော့ ဝမ်လင်းမဟုတ်ဘဲ ရူးသွပ် နေသော အရပ်ပုပုနှင့်အဘိုးအိုသာ ဖြစ်ချေတော့၏။


အဘိုးအို၏ မျက်နှာက အလွန်အမင်း ဖြူရောသွား၏။

သူက နောက်သို့ အမြန်ဆုတ်၍ ထပ်ကာထပ်ကာ ရေရွတ် လိုက်၏။ "ငါ့ကို လာမချုပ်နှောင်နဲ့။ မချုပ်နှောင်နဲ့ ငါ့ကို မ ချုပ်နှောင်နဲ့။ ငါက မင်းကို ဒီနေရာမှာ ထုတ်ယူတဲ့လူ။ ငါ့ကို မချုပ်နှောင်နဲ့…။အာ....ငါ တောင်းပန်ပါတယ် ကောင်းကင် ဖမ်းချုပ်ပိုက်ကွန်...ငါ့ကို ရှင်သန်ခွင့်လမ်းကြောင်းတစ်ခု ပေးပေးပါ..."


ဝမ်လင်းက မှင်သက်သွားစဉ်တွင် အစိမ်းရောင်အလင်း က ဖျပ်ခနဲ တောက်ပကာ အဘိုးအိုအား ဝန်းရံသွားချေ၏။ အဘိုးအိုက ထွက်ပြေးစဉ် သူ့ခန္ဓာကိုယ်က မီးတောက်များ နှင့် လွှမ်းခြုံသွား၏။သို့သော် ထိုမီးတောက်များက ထွက် ပေါ်လာချင်းချင်း ချက်ခြင်းလိုလို ပြန်ပျောက်ကွယ်လို့သွား သည်။


အဘိုးအိုက ဝမ်းနည်းနေသည်ဟန်ပန်ဖြင့် အော်ပြော လိုက်၏။ "ကျေးဇူးတရားမသိတက်တဲ့ ကောင်းကင် ဖမ်းချုပ်ပိုက်ကွန်....မင်းက ငါ့ကိုပဲ ချုပ်နှောင်ပြီး ရန်သူကို တော့ အဲ့လို မလုပ်ဘူး..."


အဘိုးအို ရှေ့တည့်တည့်မှ ရွှေရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာ၏။သို့သော် ထိုအလင်းက ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။


"မင်းရဲ့ မူလပိုင်ရှင်က မင်းကြောင့် သွေသွားခဲ့ရတာ ဖြစ် မယ်..."


အဘိုးအိုစိတ်ထဲရှိ ခါးသီးမှုက စကားဖြင့်ပင် ဖော်ပြနိုင်

စွမ်းမဲ့ရ၏။သူက မန္တာန်များကို ဆက်လက် ထုတ်ဖော်ကာ နေ၏။သို့သော သူက မတူညီသော လွတ်မြောက်ခြင်း မန္တာန်ဆယ်ခုကို ကျော်ကို ထုတ်ဖော်ပြီးသွားသော်လည်း အားလုံး အချည်းနှီးသာ ဖြစ်ရ၏။သူက အစိမ်းရောင် အလင်းတန်း သူ့ကို ဝန်းရံလွှမ်းခြုံလာသည်ကိုသာ စောင့် ကြည့်နေရုံ ရှိတော့၏။


အစိမ်းရောင်အလင်းပျောက်ကွယ်သွားပြီးနောက် ၎င်းက ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်အသွင်သို့ ပြောင်း၍ အနည်းငယ် တောက်ပနေ၏။အရပ်ပုပုအဘိုးအိုက လုံးဝ ချုပ်နှောင်ခြင်း ခံထားရကာ သူ့လက်ညှိုးတစ်ချောင်းကိုပင် လှုပ်နိုင်စွမ်း မရှိတော့ပေ။သည့်နောက် ဝမ်လင်းထံသို့ ပို့ဆောင်ခြင်း ခံလိုက်ရ၏။


ဝမ်လင်းက သူ့ဘဝတွင် မရေမတွက်နိုင်သော တိုက်ပွဲ များ ကြုံတွေ့ခဲ့ဖူးသူ ဖြစ်၏။သို့သော် ထိုနှစ်ပေါင်းခုနစ်ရာ ကျော်အတွင်း သူ့ကိုယ်ပိုင်ရတနာက ပိုင်ရှင်ဖြစ်သူကို ပြန် ချုပ်နှောင်ပစ်ကာ သူ့ထံသို့ ပို့ဆောင်ပေးသည့် အရာမျိုးကို ခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။


ဝမ်လင်းက သူသာ နှစ်ပေါင်း ခုနစ်ရာမပြောနှင့် ခုနစ် ထောင် ကြာမြင့်ပြီးသည့်နောက်မှာတောင် ယခုလိုမြင်ကွင်း မျိုး ကြုံတွေ့ရဖို့ အလွန်ခက်ခဲမည်ကို ယုံကြည်နေ၏။


ဝမ်လင်း၏ စိတ်ဓာတ်ခွန်အားဖြင့်ပင် သူက သည် မြင်ကွင်းကို ကြည့်၍ မှင်မသက်ဘဲ မနေနိုင် ဖြစ်ရသည်။ထို

မြင်ကွင်းက သူ့အား အလွန်အံ့အားသင့်စေခဲ့ပေ၏။


"ဒါက…" ဝမ်လင်းက ရယ်ရမလား၊ငိုရမလားပင် မသိတော့ပေ။သို့သော် တစ်ချိန်တည်းမှာပင် သူက မခံ့မှန်းနိုင် သည့်အဆင့်သို့ ရောက်နေသော သည်ကောင်းကင်ဖမ်းချုပ် ပိုက်ကွန်အား ကြောက်နေမိ၏။သူက အဘိုးအို လွတ်မြောက်ခြင်းမန္တာန်များစွာ အသုံးပြုသည်ကို ကိုယ်တိုင် တွေ့ခြင်ခဲ့သူဖြစ်သည်။ထိုမန္တာန်များအားလုံးက လည်း သည်ပိုက်ကွန်အောက်၌ ကျရှုံးသွားရပေ၏။


အဘိုးအိုက ပိုက်ကွန်၏ ချုပ်နှောင်ခြင်းကို ခံထားရကာ ဝမ်လင်းထံသို့ ပို့ဆောင်ခြင်းခံရ၏။အဖမ်းခံထားရသော အ ဘိုးအိုက ဒေါသတကြီး အော်ဟစ်လေတော့သည်။ "ရန်သူ အတွက် သူတို့ကိုယ်သူတို့ အဖမ်းခံပြီး ပို့ဆောင်ပေးတယ် လို့ ဘယ်သူရှိလို့လဲ...ဒီအဘိုးအိုရဲ့ ရတနာကတော့ သောက် သုံးမကျတော့ဘူး...ဘာလို့လဲ…ဘာလို့လဲ..."


ထိုစကားကြောင့် ဝမ်လင်းပင် မပြုံးဘဲ မနေနိုင် ဖြစ် ရ၏။သူက ထိုသို့သော အပြုံးမျိုးကို ပြုံးခဲလှသူပင်။


အရပ်ပုပုအဘိုးအိုက နှာခေါင်းရှုံ့၏။သည်အခိုက်တွင် သူက ကျိန်ဆဲနေခြင်းကို ရပ်တန့်လိုက်၏။သူက သူ့ကိုယ်သူ သည်ကျင့်ကြံခြင်းလောက၌ ကံအဆိုးဆုံးသူဟု တွေးနေ မိ၏။သူက လူတိုင်းလောဘတက်နိုင်သည့် ကံကောင်းမှု တစ်ခုကိုကြုံတွေ့ခဲ့ဖူးသည်။သို့သော် အဆုံးသပ်တွင်တော့ သူက သူရရှိခဲ့သော ရတနာများကြောင့်သာ ပျက်စီးခဲ့ရပေ

သည်။


"ဟက်...ဒီအဘိုးအိုက ဒီတစ်ခါတော့ ကံမကောင်းနိုင် တော့ဘူးပဲ...မင်း ငါ့ကို သတ်ချင်ရင် သတ်လိုက်တော့..."


တော့ စိတ်မပူပန်ဘဲ မနေနိုင် ဖြစ်နေ၏။ အဘိုးအိုက ထိုသို့ ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်


သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်၏။ ဝမ်လင်းက သည့်နောက် သူက အဘိုးအိုကို ဖမ်းကိုင်၍ ပျောက်ကွယ် သွားတော့သည်။


ရဲတိုက်ထဲတွင်တော့ ကျင့်ကြံသူအများစုက အဘိုးအို နောက်သို့ ဝမ်လင်းလိုက်ပါသွားချိန်၌ ထွက်ပြေးရန် အခွင့်အရေး ရသွားလေသည်။ကောင်းကင်ဘုံမျိုးစေ့မျိုးစေ့ မရှိသည်နှင့် သူတို့က လွတ်လပ်ခွင့်ကို ချက်ခြင်း ပြန်ရသွား ကြသည်။


သို့ရာတွင် ထွက်မသွားသောအချို့လူများလည်း ရှိနေ၏။ ရှုယွမ်နန်လည်း သူတို့ထဲမှ တစ်ယောက်ပင်။


သူမက ကောင်းကင်ထက်သို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ငေး ကြည့်နေသည်။မည်သူကမျှ သူမ ဘာတွေးနေသည်ကို မသိနိုင်ပေ။


ဝမ်လင်းက လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ သူက ကျန်နေသေးသောလူများကို အေးစက်စွာ ကြည့်၏။ သူတို့က ဝမ်လင်းကို မြင်လိုက်သည့်အခါ သူတို့လက်များ ကို ရိုသေလေးစားဟန် ပြုကာ ဝမ်လင်းအား ကျေးဇူးတင်

ကြ၏။


ရှုယွမ်နန်ကလွဲ၍ ကျန်သည့်လူများအားလုံးက ထိုသို့ လုပ်ဆောင်လိုက်ခြင်းပင်။ သူမကတော့ ဝမ်လင်းကို မတွေ့ မြင်သည့်အလား ကောင်းကင်ထက်သို့သာ မှုန်ရီစွာ ကြည့် နေ၏။


ဝမ်လင်းက သူ့လက်ကို ဆုပ်၍ ကျင့်ကြံသူများကို ပြန် အသိအမှတ် ပြု၏။သည့်နောက် သူက ဘယ်လက်ကို ဆန့် ထုတ်ကာ ရှုယွမ်နန်ကို ဆွဲခေါ်၍ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။ ကျန်နေသေးသော ကျင့်ကြံသူများ က ဝမ်လင်းကို ကျေးဇူးတင်ရန် စောင့်နေကြသူများ ဖြစ်ကြ သည်။ဝမ်လင်းထွက်ခွာသွားပြီးနောက် သူတို့က တစ် ယောက်နှင့်တစ်ယောက်နှုတ်ဆက်ကာ လူစုခွဲ ထွက်သွား ကြတော့၏။


"ငါ့ကို လွှတ်ပေးပါ။ သင်က ငါ့ကို ဘာလို့ ဖမ်းရတာ လဲ..."


ရှုယွမ်နန်က ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံထားရသည်။ သူမက ချက်ခြင်းပင် ချွေးများဖြင့် ရွှဲနစ်လာက ရုန်းကန် လာ၏။


"ပါးစပ်ပိတ်ထားစမ်း..." ဝမ်လင်းအသံက သူမ ခန္ဓာကိုယ်ပေါ်သို့ လေအေးတစ်ခုလို ရိုက်ခတ်လာ၏။သူမ က ချက်ခြင်ပင် အသံတိတ်သွားသည်။သို့ရာတွင် သိပ်မ ကြာခင်၌ သူမက ထပ်ဆိုလာပြန်၏။ "နင် ငါ့ကို ဖမ်းတာ

ဘာလို့လဲ ဆိုတာ ငါ သိတယ်။နင်က ငါ့ကို နင့်ရဲ့ ကျင့်ကြံ ခြင်းဆေးမီးဖိုအဖြစ် အသုံးပြုချင်တာမလား။ကောင်းပြီ နင် ငါ့ကို လုပ်ချင်တာလုပ်တော့...ဒါပေမဲ့ နင် ငါ့ကို လုပ်ပြီး သွားရင်တော့ ငါ့ကို လွှတ်ပေးပါ..."


ဝမ်လင်းက ပျံသန်းနေရင်း ထိုအမျိုးသမီးထံသို့ လှည့် ကြည့်၏။သူ့မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့် နေ၏။ဝမ်လင်းက သူမကို လူသေကောင်ကဲ့သို့ ကြည့်လိုက် ခြင်းပင်။ "နင့်မှာ ငါ့ကျင့်ကြံခြင်းဆေးမီးဖို ဖြစ်လာဖို့ အရည်အချင်း မရှိဘူး..."


ဝမ်လင်းက အလွန်မြန်ဆန်လှ၏။ခြေတစ်လှမ်းဖြင့်ပင် သူက ကီလိုမီတာ သောင်းချီကို ရောက်ရောက်သွား၏။


ရှုယွမ်ရှန်ကတော့ သူ့အနားတွင် ပျက်စီးပြိုလဲသွားသည့် ကျင့်ကြံသူဆယ်ယောက်ကျော်ကို ကြည့်ကာ စိတ်ပူပန်စွာ ရပ်နေမိသည်။သူက အလွန်စိတ်မသက်အသာ ခံစားနေရ သည်။ ရုတ်တရက် အကွာအဝေးတစ်ခုမှ အလင်းတန်းကို ကြည့်၍ သူ့မျက်လုံးကကျဉ်းမြောင်းသွားသည်။ထို အလင်းတန်းက ဝမ်လင်းပင်။


ဝမ်လင်းက ယောက်ျားတစ်ယောက်နှင့် မိန်းမတစ် ယောက်ကို သူ့လက်ထဲ၌ ကိုင်ဆွဲလာ၏။ရှုယွမ်ရှန်၏ အကြည့်က သူနှင့်ရင်းနှီးသော အမျိုးသမီးပုံရိပ်တစ်ခုပေါ် သို့ အရင်ဆုံး ကျရောက်လို့သွားသည်။


"ယွမ်နန်..." ရှုယွမ်ရှန်က ပျော်ရွှင်သွားသည်။သို့သော်

ချက်ခြင်းပင် သူက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်လာ၏။သူ့ အကြည့်က ဝမ်လင်းညာဘက်လက်ထဲရှိ လူထံသို့ ကျ ရောက်သွားသည်။


"ဘိုးဘေး..." ရှုယွမ်ရှန်က သူ့စိတ်ကိုယ်သူ ကြိုပြင်ဆင် ထားခဲ့သော်လည်း ဘိုးဘေးအဖြစ်ကို တွေ့သည့်အခါ မမှင် သက်ဘဲ မနေနိုင် ဖြစ်ရသည်။


ဝမ်လင်းက ခြေချလိုက်ပြီးနောက် သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်၏။ရှုယွမ်နန်က ရှုယွမ်ရှန်ထံသို့ လွင်စင် သွား၏။သည့်နောက် သူ့ ဘယ်လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ချီလင်သားရဲ ထွက်ပေါ်လာသည်။ချီ လင်သားရဲ ထွက်ပေါ်လာသည်နှင့် မြေပြင်ပေါ်ရှိ ကျင့်ကြံ သူများအပေါ်ရှိ အစိမ်းရောင်လိုင်းများသည် ထွက်ပေါ်လာ သည်။ရှုယွမ်ရှန်ကလည်း တုန်ယင်လာ၏။သည့်နောက် ထို အစိမ်းရောင်လိုင်းများက အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲ၍ ချီလင်သားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရ တော့သည်။


ထိုသားရဲက ပျော်ရွှင်နေသည့်ပုံပင်။သည့်နောက် ၎င်းကို ဝမ်လင်းက ပြန်သိမ်းဆည်းလိုက်တော့၏။


"အကိုရှု...သင့်ရဲ့ အတားအဆီးကိုလည်း ဖယ်ရှားပြီး သွားပြီ။ သင့်ညီမလေးကိုလည်း ကယ်တင်ပေးပြီးပြီး။ သင့် ဦးလေးတွေအတွက်တော့ သင်ကိုယ်တိုင် သွားရှာတော့။ငါ့ စိတ်ဝီညာည်သန့်စင်ခြင်းမျိုးနွယ်စုထဲက တစ်ယောက်ကို

တော့ ငါ ပြန်လွှတ်ပေးလိုက်မယ်။ နှုတ်ဆက်ခဲ့ပါတယ်..."


ဝမ်လင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုအတွင်းရှိမျှော်စင်ထဲ၌ ပြန်ပေါ်လာခဲ့သည်။သူက ထိုအဘိုးအိုကို ကြမ်းပြင်ပေါ်သို့ ပစ်ချကာ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက် သည်။ သူ့မျက်လုံးများက တောက်ပလာကာ သိုလှောင် အိတ်ကို ပုတ်လိုက်၏။ထိုအခါ ဓားစွမ်းအင်သုံးခုသည် ထွက်ပေါ်လို့လာသည်။ဓားများ၏ ထိပ်ဖျားများက ပြင်းထန် အေးစက်သော အော်ရာကို ထုတ်လွှတ်နေကာ ဝမ်လင်းက ထိုအော်ရာများကို အဘိုးအို၏ အရေပြားပေါ်သို့ ဖိချ လိုက်၏။


ထိုဓားသုံးလက်က ဇီရှု၊မိုယန်နှင့် ဟိုင်းကျူးတို့၏ ဓား များ ဖြစ်ကြသည်။ဝမ်လင်းက ထိုဓားများကို သန့်စင်ပြီးနာ က် ထိုဓားသုံးလက်၏ ဓားစွမ်းအင်က အတူ ပျော်ဝင်သွားခဲ့ ပြီ ဖြစ်သည်။


"ဒါက ဓားသူတော်စင်လင်းထျန်ဟူရဲ့ သုံးခုပြည့်မှီဓားအ စီအရင်ပဲ....သင်က ဒါကို ကြားဖူးလားမကြားဖူးလားတော့ ငါမသိဘူး..." ဝမ်လင်းအသံက တည်ငြိမ်နေ၏။သို့သော် သူ့ အသံက အဘိုးအိုနားထဲသို့ ကျရောက်သွားသည့်အခါ သူ့ကို တုန်ယင်သွားစေ၏။သူက ကြည့်လိုက်၏။ ထိုရတနာဓားသုံးလက်ထံသို့


ဝမ်လင်းက ဖြည်းဖြည်းချင်း ဆက်ပြောလိုက်သည်။ "ငါက မင်းကို ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်ကနေ

လွှတ်ပေးပြီးတာနဲ့ မင်း တစ်ခုခုလှုပ်ရှားလာမယ်ဆိုရင် မင်းကို ဒီသုံးခုပြည့်မှီဓားအစီအရင်ရဲ့ ထူးဆန်းအံ့ဖွယ်ဖြစ်မှု ကို သိသွားအောင် လုပ်ပေးမယ်..."


ဝမ်လင်းက သုံးခုပြည့်မှီဓားအစီအရင်ကို ဟိုင်ကျူး၏ စိတ်ဝိညာဉ်ကို ရှာဖွေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။လင်း ထျန်ဟူ၏ တပည့် ဓားဆယ့်နှစ်လက်က သုံးယောက်တစ် အုပ်စုစီ ဖွဲ့၍ နေခဲ့ကြခြင်း ဖြစ်သည်။ဓားဆယ့်နှစ်လက်လုံး က အသက်ဝင်သည်နှင့် ၎င်းက ကောင်းကင်ဘုံသတ်ဖြတ် ခြင်း ဓားဆယ့်နှစ်လက် အစီအရင် ဖြစ်လာပေမည်။လင်း ထျန်ဟူက ထိုအစီအရင်အတွက် ဂုဏ်ယူဝင့်ကြွားခဲ့ပေ၏။


"ခု မင်းရဲ့အကြောင်း ငါ့ကို ပြောပြတော့..."ဝမ်လင်း ဘဝအတွေ့အကြုံဖြင့် သူက သည်အဘိုးအိုသည် ပါးနပ်သူ ဖြစ်ကောင်း ချက်ခြင်း ပြောနိုင်စွမ်း ရှိပေ၏။သူ့အသံထဲ၌ နတ်ဆိုးမိစ္ဆာဆန်သော စွမ်းအင်အချို့ကို ထည့်သွင်းကာ ဝမ် လင်းက ပြောလိုက်၏။ မင်း မပြောဘူးဆိုရင်...ငါက စိတ် ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို အသုံးပြုရလိမ့်မယ်။အဲ့ကျရင် မင်းရဲ့ စိတ်ဝိညာဉ်က စိတ်ဝိညာဉ်အပိုင်းအစတစ်ခုအဖြစ် ပြောင်းသွားလိမ့်မယ်။ ဒါ့ကြောင့် မင်းက ပြန်လည်မွေးဖွား ခြင်းစက်ဝိုင်းထဲကို ဘယ်တော့မှ ဝင်နိုင်တော့မှာ မဟုတ် ဘူး....



Comments

Popular posts from this blog

အပိုင်း(150)

အိမ်မှထွက်ခွာခြင်း(၁)