အပိုင်း(150)

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်း နယ်မြေတွင် အဓိကဂြိုဟ်ကြီး ငါးခု ရှိ၏။ ထိုဂြိုဟ်ငါးခု လက်အောက်တွင် ဂြိုဟ်ပေါင်းများစွာရှိသည်။ ယင်းဂြိုဟ် များပေါ်၌ များစွာသော ကျင့်ကြံခြင်းမိသားစုများ ရှိ၏။ ဝမ် လင်းက မိုးကြိုးသားရဲကျောပေါ်တွင် ထိုင်လျက် ချမ် မိသားစု ရှိရာသို့ တိုက်ရိုက် ဦးတည်သွားနေ၏။

ချမ်မိသားစု၏ ဒုတိယအဆင့်ကျင့်ကြံသူများက တံခါး ပိတ်ကျင့်ကြံနေကြသည်။ ထို့ကြောင့် ချမ်မိသားစုအရေးနှင့် ပတ်သတ်သမျှကို ချမ်ခိုင်ဇီက စီမံဆောင်ရွက်ထားသည်။ ဝမ်လင်း ပုံရိပ်တစ်ထောင်ဂြိုဟ်သို့ စဝင်လာကတည်းက ချ မ်ခိုင်ဇီက သတိပြုမိခဲ့ပြီး ဖြစ်သည်။

သူက ဝမ်လင်း မိုးကြိုးသားရဲနှင့်အတူ ရောက်လာသည် ကို မြင်လိုက်သည့်အခါ ဟွမ်မိသားစုဘိုးဘေးသည် သူ့ကို လိမ်ညာခဲ့သည်ဟု ပိုထင်မြင်သွား၏။ ထိုလူက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် ဖြစ်နေမည်မှာ သံသယဝင်စရာ မရှိပေ။

လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့်က ဟွမ်မိသားစုဘိုးဘေးနှင့် တိုက်ပွဲ၌ ထိုလူ ပြသခဲ့သည့် မန္တာန်များ၊ရတနာ များက ချမ်ခိုင်ဇီ၏ နှလုံးသားကို တုန်ယင်စေခဲ့ပေ၏။

"ငါ့ချမ်မိသားစု ရဲ့ သေခြင်းရှင်ခြင်းက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်အပေါ် မှီတည် နေပြီ။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးမှာ ရှေးဟောင်းမိသားစုထဲမှ တစ်ယောက်သာ မဟုတ်ရင် လူ တိုင်းက ရှင်သန်ရပ်တည်နိုင်ဖို့ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန်တော်အပေါ် မှီခိုဖို့လိုတယ်...""

ချမ်ခိုင်ဇီက အနည်းငယ် ချီတုံ့ချတုံ ဖြစ်နေသည်။ ခုချိန် သူ့ဆုံးဖြတ်ချက်က အနာဂတ်ချမ်မိသားစု၏ တိုးတက်မှုကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။

"ကံမကောင်းစွာနဲ့ မိသားစုရဲ့ ဒုတိယအဆင့်ကျင့်ကြံသူ တွေ အကုန်လုံးက တံခါးပိတ်ကျင့်ကြံနေကြတယ်။ ငါက သူတို့ကို သွားနှောက်ယှက်လို့လည်း မဖြစ်ဘူး..."

ချမ်ခိုင်ဇီက တုံ့ဆိုင်းဆိုင်း ဖြစ်နေစဉ်မှာပင် ဝမ်လင်းက ချမ်မိသားစုမြို့ရှိရသို့ မိုးကြိုးသားရဲနှင့်အတူ ဦးတည်လာ နေသည်။

ချမ်မိသားစုမြို့က အလွန်ကြီးမားလှ၏။ တကယ်တော့ ချ မ်မိသားစုက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် နံပါတ်တစ် မိသားစု မဟုတ်လား။

ချမ်ခိုင်ဇီနှင့် ချမ်မိသားစုမှ ကျင့်ကြံသူအချို့သည် ဝမ် လင်းကို ကြိုဆိုရန် ထွက်လာကြသည်။ချမ်ခိုင်ဇီ၏ ကျင့်ကြံမှုအဆင့်က ဝမ်လင်းထက် မြင့် သော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန် တော်၏ အဆင့်အတန်းက ကောင်းကင်လောက် မြင့်မား ပေသည်။ထို့ကြောင့် သူတို့က ဝမ်လင်းကို ထိုကျောင်းတော် မှ တမန်တော်ဟု ထင်မြင်မိနေကာ မလေးမစား မလုပ်ဝံ့ ကြပေ။

မိုးကြိုးသားရဲအပေါ်ကနေ ဝမ်လင်းက ချမ်မိသားစုမှ ကျင့်ကြံသူများကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က ချမ်ခိုင်ဇီပေါ်သို့ ကျရောက် သွားသည်။ သူက ပြောလိုက်၏။ "စီနီယာ ချမ်ခိုင်ဇီ...မတွေ့ ရတာ ကြာပြီ..."

ချမ်ခိုင်ဇီက ရယ်မောကာ ပြောဆိုလိုက်၏။ "ငါက စီနီ ယာလို့ အခေါ်မခံဝံ့ပါဘူး။ တမန်တော်အရှင်ရဲ့ အဆင့်အတန်းက မြင့်မြတ်ပါတယ်။ ငါ့ကျင့်ကြံမှုအဆင့်က နည်းနည်းပိုမြင့်ရုံသာ ရှိတာပါ။ ငါတို့က အဆင့်တူတွေလို ပဲ ပြောကြရအောင်..."

ချမ်ခိုင်ဇီက တည်ငြိမ်စွာ ပြောလိုက်သော်လည်း သူ့စိတ် ထဲတွင်တော့ တုန်လှုပ်နေမိသည်။ သူက ထိုလူ့ကို စမြင် တုန်းက အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။သို့သော် ခု ရာစုနှစ်တစ်ခု မပြည့်သော အချိန်မှာပင် သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ သူက ပထမအဆင့်၌သာ ဖြစ် သော်လည်း သည်အမြန်နှုန်းက တုန်လှုပ်စရာ ကောင်းလှပေ၏။

ထိုသို့ ပြုလုပ်နိုင်ရန် မိုးကြိုးကောင်းကင်ဘုံကျောင်း တော်၏ အမျိုးမျိုးသော ကျင့်ကြံမှုနည်းလမ်းများဖြင့်သာ ဖြစ်နိုင်ပေလိမ့်မည်။

ချမ်ခိုင်ဇီကို တုန်လှုပ်မိဆုံး ဖြစ်စေသည့်အရာကတော့ ဝမ်လင်းအောက်ရှိ မိုးကြိုးသားရဲပင်။ထိုသားရဲက ပို၍ ကြမ်းကြုတ်လာကာ ၎င်း၏ အကြည့်က ချမ်ခိုင်ဇီပေါ်သို့ ကျရောက်လာသည့်အခါတွင် သူက သူနှင့်အဆင့်တူ ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသကဲ့သို ခံစားလိုက် ရသည်။

ချမ်ခိုင်ဇီက တွေးလိုက်၏။ "အတိတ်တုန်းက ငါက ဒီလူ ရဲ့ အဆင့်အတန်းဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော် မှာ မြင့်မားလိမ့်မယ်လို့ တွေးထင်ခဲ့ဖူးတယ်။ ကြည့်ရာတာ ဒါက အမှန်ဖြစ်ဖို့ (၇၀) ရာခိုင်နှုန်းလောက် သေချာနေ C..."

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ "ဒါလည်း အဆင်ပြေပါတယ်...။ရောင်းရင်းကျင့်ကြံသူချမ်ခိုင်ဇီ...ငါ ဒီကို ရောက်လာတဲ့အကြောင်းက ကောင်းကင်ဘုံတက်ခြင်း သစ်သီးအချို့အတွက်ပါ.."

ချမ်ခိုင်ဇီက တိတ်ဆိတ်စွာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများက တွေးနေမိသည်။ မိုးကြိုး ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ရာ၌ အရေးကြီးလှသော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန် တော်ထံမှ ထောက်ခံမှုရခြင်းက ပို၍ပင် အရေးကြီးသည်ဟု ချမ်ခိုင်ဇီက တွေးလိုက်မိသည်။

သူ့ကို ချီတုံ့ချတုံ ဖြစ်စေသည့်အရာက ထိုလူ၏ အနာဂတ် တိုးတက်မှုပင် ဖြစ်သည်။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းတွင် တမန်တော်တစ်ယောက်၏ အထောက်အပံ့ရ သော မိသားစုတစ်ခုသည် ထိုတမန်တော် မသေဆုံးခင် အထိ အခြားတစ်ယောက်၏ အထောက်အပံကို ထပ်ရှာရန် မလိုဟု ပြော၍ရ၏။

"ငါ့ချမ်မိသားစုရဲ့ ရင်းမြစ်တွေနဲ့ဆိုရင် ငါတို့က ဒုတိယ အဆင့်ကို ရောက်နေတဲ့ တမန်တော်တွေကို ခေါ်ယူလို့ ရနိုင် လောက်တယ်။ ဒါပေမဲ့လည်း ဒီဒုတိယအဆင့်မှာ ရှိနေတဲ့ တမန်တော်တွေက မောက်မာလွန်းအားကြီးတယ်။ သူတို့ရဲ့ အထောက်အပံ့ကို ရဖို့ ငါတို့ရဲ့ ရင်းမြစ်တွေ အများကြီး လိုအပ်လိမ့်မယ်...။ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ခုချိန်မှာ လုံလောက်မှု မရှိသေးဘူးဆိုရင်တောင် အနာဂတ်မှာ သူ့ အဆင့်အတန်းက အကန့်အသတ် မရှိဘူး။ဒါက အလောင်းအစားတစ်ခု ဆိုပေမဲ့လည်း ငါကသာ မှန် မှန်ကန်ကန် လောင်းကြေး ထပ်နိုင်ခဲ့ရင်.."

ချမ်ခိုင်ဇီက အတွေးပေါင်းစုံနှင့် ချီတုံ့ချတုံ ဖြစ်နေ၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် မိုးကြိုး

ကောင်းကင်ဘုံကျောင်းတော်မှ

တမန်တော်တစ်ယောက်၏ အထောက်အပံကို မရရှိခဲ့လျှင် ထိုအရာ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ အကာအကွယ်ကို မရရှိဟု ဆိုလိုပေသည်။

အလုံးစုံ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ကောင်းကင်ကြယ်အဖွဲ့အစည်း၌ ဧရာမတည်ရှိမှု တစ်ခု ဖြစ်၏။ ၎င်းကျောင်းတော်၏ အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းအပေါ် ထိန်းချုပ်သည့်နည်းလမ်းက အလွန် ရှေးကျကာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း၏ မဟာမိတ်ကြယ်အဖွဲ့အစည်းအပေါ် ထိန်းချုပ်ခြင်းနှင့် ကွာခြားလှသည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲ၌ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်သည် တမန်တော်အရည် အတွက်သည် မပြောင်းမလဲ ရှိသည်။ ထိုတမန်တော်များက အရေအတွက်အားဖြင့် ကိုးဆယ့်ကိုးယောက် ရှိသည်။

ထိုတမန်တော်တစ်ယောက်စီပေါ်၌ မိသားစုများစွာ မှီခို နေကာ သူတို့၏ ကိုယ်ပိုင်အင်အားကို တိုးတက်စေသည်။ ထိုနည်းလမ်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း ကြီး၏ တစ်သီးတစ်သန့် နည်းလမ်း မည်၏။

မိုးကြိုးတာအိုပညာရှင်၏ အင်အားစုများက မြောက်ပိုင်း နယ်မြေတွင် မရှိပေ။ သူက သည်နေရာသို့ ရောက်လာခြင်း က စုံစမ်းရန် အမိန့်ပေးခံရသောကြောင့် ဖြစ်သည်။ သည့် အပြင် သူက သည်နေရာသို့ တစ်ကိုယ်တည်း ရခြင်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိနေသောကြောင့်သာ ဖြစ်သည်။

ဝမ်လင်းနှင့်မိုးကြိုးတာအိုပညာရှင်တို့ တိုက်ပွဲက မိုးကြိုး တာအိုပညာရှင်၏ လွှမ်းမိုးမှု အဝန်းအဝိုင်းတွင်သာ ဖြစ်ခဲ့ ပါက ဝမ်လင်းသည် သံသယမရှိ သေဆုံးသွားခဲ့ရပေ လိမ့်မည်။

ချမ်ခိုင်ဇီက အချိန်အတန်ကြာ စဉ်းစားနေ၏။ ဝမ်လင်း ကလည်း တွန်းတိုက်တိုက် မလုပ်ဘဲ တိတ်ဆိတ်စွာ စောင့်ဆိုင်းပေးနေသည်။ သူက ချမ်ခိုင်ဇီ မည်သည့်အရာကို တွေးနေသည်နှင့် ပတ်တတ်၍ မသိပေ။တကယ်တော့ ချမ် ခိုင်ဇီ၏ အတွေးများက ကောင်းကင်ဘုံတက်ခြင်းသစ်သီး များနှင့် လားလားမျှ မပတ်သတ်ချေ။

သိပ်မကြာခင်တွင် ချမ်ခိုင်ဇီက သက်ပြင်းချလိုက်၏။ ဟွ မိမိသားစု ဘိုးဘေးစကားများက သူ့နားထဲ၌ ပဲ့တင်ထပ်နေ ခဲ့သည်။သူက အနည်းငယ် တုံ့ဆိုင်းပြီးနောက် ပြောလာ၏။ "တမန်တော်အရှင်...ငါ့ချမ်မိသားစုမှာ ကောင်းကင်ဘုံ တက်ခြင်းသစ်သီး တော်တော်များများ ရှိပါတယ်။ ငါတို့က သင့်ကို တစ်ဝက်တိတိ လက်ဆောင် အဖြစ် ပေးနိုင်တယ်။ ဒါပေမဲ့ ငါ့မှာ တောင်းဆိုဆရာ တစ်ခုရှိတယ်။ တမန်တော် အရှင်က ဒီတောင်းဆိုမှုကို မျှော်လင့်မိပါတယ်..." သဘောတူလိမ့်မယ်လို့

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ "ပြောပါ..

ချမ်ခိုင်ဇီက ဝမ်လင်းကို ကြည့်၍ ပြောလိုက်၏။ "ငါက တမန်တော်အရှင်ရဲ့ မိုးကြိုးကောင်းကင်ဘုံကျောင်း အမှတ်အသား တုန်ကင်ကို ကြည့်ချင်ပါတယ်..."

သူ့အကြည့်က ကျဉ်းမြောင်းသွားသည်။ထိုလူကသာ တုန် ကင်ကို ထုတ်မပြနိုင်လှင် သူက တမန်တော်အတုအယောင် ဖြစ်ပေလိမ့်မည်။ သို့သော် သူက ထုတ်ပြနိုင်လျှင်တော့ ချမ် ခိုင်ဇီက သေချာသောဆုံးဖြတ်ချက်ကို ဖြစ်သည်။ ချမှတ်နိုင်ပြီ

ဝမ်လင်းက ချမ်ခိုင်ဇီကို အေးစက်စွာ ကြည့်လာ၏။ သူက အချိန်ဖြုန်းမနေဘဲ သိုလှောင်အိတ်ထဲမှ မိုးကြိုးတာ အိုပညာရှင်၏ ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားထံမှ မိုးကြိုးများ ပေါက်ကွဲထွက်လာ ကာ မိုးကြိုးခွန်အားက ပျံ့နှံ့လာချေ၏။

ချမ်ခိုင်ဇီသည် အရင်တုန်းက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ တမန်တော်ထံမှ တုန်ကင်ကို တွေ့မြင်ခဲ့ ဖူး၏။ သူက ယခုတုန်ကင်ကို တွေ့မြင်လိုက်ရသည့်အခါ တွင် မိုးကြိုးခွန်အားကို ခံစားမိကာ သူ့အသွင်က အလွန် လေးစွားသည့် ဟန်ပန်သို့ ပြောင်းလဲသွားပြီး သူ့စိတ်ထဲရှိသံသယကလည်း ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။

"တမန်တော်အရှင်...ငါ့ချမ်မိသားစုက သင်နဲ့...သဘောတူညီမှု တစ်ခု ပြုလုပ်ဖို့ ဆန္ဒရှိပါတယ်။ သင်က ယင်နဲ့ယန်အဆင့်ကို ရောက်သွားတဲ့အခါကျရင် ငါ့ချမ် မိသားစုက သင့်ရဲ့ လက်အောက်ခံ ဖြစ်လာ ချင်ပါတယ်။ အဲ့ မတိုင်ခင် ငါ့ချမ်မိသားစုက သင်လိုအပ်သမျှကို အကောင်း ဆုံး ဖြည့်ဆည်းပေးပါ့မယ်..."

ချမ်ခိုင်ဇီက မည်သည့်သံသယမှ မရှိတော့သော်လည်း တမန်တော်တစ်ယောက်၏ အထောက်အပံကို ရဖို့က အလွန်အရေးကြီးသည့် ကိစ္စ ဖြစ်နေသည်။ ထို့ကြောင့် သူက စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ဝမ်လင်းအသွင်က မပြောင်းမလဲပင်။ သို့သော် သူ့စိတ်ထဲ တွင်တော့ အတွေးများစွာ ရှုပ်ယှက်ခက်နေ၏။ "ဒီမိုးကြိုး ကောင်းကင်ဘုံကျောင်းတော်က နည်းနည်း ထူးဆန်းတယ် လို့ ထင်ရတယ်..."

ငါ့ လက်အောက်ခံမိသားစု ဖြစ်လာတာက..အင်း... မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တွေက သူတို့ရဲ့ ကိုယ်ပိုင်အင်အားကို တိုးတက်စေနိုင်တာများ လား..."

ဝမ်လင်းက သူ့စိတ်ထဲရှိ အရာကို မမေးလိုက်ပေ။သူက တိုးညင်းစွာ ပြောလိုက်၏။ "ဒီကိစ္စကို နောက်မှ ပြောကြ တာပေါ့။ အရင်ဆုံး ငါ့ကို ကောင်းကင်ဘုံတက်ခြင်းသစ်သီး တွေ ပေးပါ..."

ချမ်ခိုင်ဇီက ကြိတ်၍ သက်ပြင်းချမိသည်။ တစ်ခြားတစ် ဘက်မှ လူသည် သူ့တောင်းဆိုမှုကို စိတ်မဝင်စားသည့်ပုံပင်။သို့သော် ထိုအရာက ပုံမှန်ပင် ဖြစ်၏။ သူတို့၏ သွေး မျိုးဆက် အမွေအနှစ်ကို လွှဲပြောင်းပေးခြင်း မရှိဘဲ လက်အောက်ခံမိသားစု အစစ်အမှန် ဖြစ်လာသည်ဟု ယူဆ၍ မရချေ။

သူ့ ချီတုံချတုံ့ ဖြစ်မှုက သူ့ချမ်မိသားစု၏ အနာဂတ် တိုးတက်မှု အခွင့်ရေးကို လွဲချောသွားအောင် ပြုလုပ်နေမိသလားတော့ သူ မသိပေ။ခုချိန်၌ ထိုအကြောင်းကို တွေးနေ ဖို့လည်း အချိန်မရှိပေ။ သူက ဝမ်လင်း၏ စကားကို ကြားလိုက်သည့်အခါ ချမ်မိသားစုဝင်များကို အမိန့်ပေး စေလွှတ်လိုက်သည်။

သိပ်မကြာခင်တွင် ချမ်မိသားစုမှ ကျင့်ကြံသူတစ်ယောက် သည် သိုလှောင်အိတ်တစ်အိတ်ကို ယူကာ ပြန်ပေါ်လာပြီး ချမ်ခိုင်ဇီထံသို့ ကမ်းပေးလိုက်၏။

ချမ်ခိုင်ဇီက သိုလှောင်အိတ်ကို ဝမ်လင်းထံသို့ ပစ်ပေး ကာ ပြောလိုက်သည်။ "တမန်တော်အရှင်...ဒါက ငါတို့ချမ် မိသားစု ပိုင်ဆိုင်တဲ့ ကောင်းကင်ဘုံတက်ခြင်းသစ်သီး တစ်ဝက်ပါ..."

ဝမ်လင်းက သိုလှောင်အိတ်ကို ယူကာ သူ့နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်သည်။ ထိုသိုလှောင်အိတ်ထဲရှိသစ်သီးပမာဏက ဟွမ်မိသားစု သူ့ကို ပေးလိုက်သော သစ်သီးပမာဏနှင့် တူတူပင် ဖြစ်သည်။သို့သော် ထိုသစ်သီး များက သူ့အတွက် မလုံလောက်သေးပေ။
"ကျေးဇူးပဲ..." ချမ်ခိုင်ဇီကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ပြီးနောက် ဝမ်လင်းက မိုးကြိုးသားရဲ ခေါင်းကို ပုတ်လိုက်သည်။ ထိုအခါ မိုးကြိုးသားရဲက ဟိန်းသံပြုကာ မိုးကြိုးတန်းအဖြစ်သို့ ပြောင်း၍ ပျောက်ကွယ်သွားချေ သည်။

ချမ်ခိုင်ဇီက ထွက်ခွာသွားသော မိုးကြိုးတန်းကို ကြည့် ကာ နောင်တရသလို ခံစားနေမိ၏။ သူကသာ ပို၍ ပြတ်သားခဲ့လျှင် တမန်တော်၏ အထောက်အပံ့ကို ရ နိုင်သည်ဟု တွေးမိနေခြင်း ဖြစ်လေသည်။

ဝမ်လင်းက သူလိုအပ်သော ကောင်းကင်ဘုံသစ်သီး များ၏ ငါးပုံတစ်ပုံကိုသာ ရရှိခဲ့သေးသည်။ထို့ကြောင့် သူက ထပ်မံ၍ ခရီးဆက်ရန် လိုအပ်နေသည်။ လွန်ခဲ့သော နှစ် တစ်ရာအတွင်း ပုံရိပ်တစ်ထောင်ဂြိုဟ်တွင် အပြောင်းအလဲ များစွာ ဖြစ်ပျက်သွားခဲ့သည်။ ရှုမိသားစုကလည်း ထူးဆန်း စွာပင် သည်ဂြိုဟ်တွင် မနေတော့ဘဲ တစ်နေရာသို့ ပြောင်း သွားကြ၏။

ပုံရိပ်တစ်ထောင်ဂြိုဟ်မှ ထွက်လာပြီးနောက် နောက်ထပ် လများစွာ ကြာသည့်အထိ ဝမ်လင်းက မြောက် ပိုင်းနယ်မြေတွင် လှည့်လည်သွားလာနေကာ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် အယောင်ဆောင်ခဲ့ပေသည်။ကျင့်ကြံခြင်းဂြိုဟ်များက သေး ငယ်သည် ဖြစ်စေ ကြီးမားသည် ဖြစ်စေ သူက ပေါ်ပေါ်လာ တက်ပေသည်။ထိုအခါ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန် တော်က ပေါ်ပေါ်လာတက်ကာ ကောင်းကင်ဘုံတက်ခြင်း သစ်သီးများကို တောင်းခံနေသည်ဟူသော သတင်းစကား က ပျံ့နှံ့လာခဲ့သည်။သို့ရာတွင် ဝမ်လင်းက ထိုသတင်းကို သူ့ တမန်တော်တည်းဟူသော အဆင့်အတန်းကို သုံး၍ ဖိနှိပ် ထားခိုင်းခဲ့၏။ ထို့ကြောင့် ထို သတင်းစကားက ကျင့်ကြံ ခြင်းမိသားစုများကြား၌သာ ကျန်ရှိတော့သည်။

မိုးကြိုး ကျင့်ကြံခြင်းမိသားစုတော်တော်များများက ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်နှင့် တစ်ခါမှ မ တွေ့ဆုံဖူးကြာတာ များ၏။ထို့ကြောင့် သူတို့အများစုက ဝမ် လင်း ရောက်လာသည်နှင့် ကြိုဆိုတက်ကြပေသည်။

တမန်တော် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဟူသော ဂုဏ်ဒြပ်က မိသားစုတိုင်းနီးပါးကို တုန်လှုပ်သွား စေခဲ့သည်။ သူတို့က သူတို့၏ ကောင်းကင်ဘုံတက်ခြင်း သစ်သီးများကို ကမ်းလှမ်းခဲ့ကြပေသည်။ အချို့ သေး ငယ်သော ကျင့်ကြံမှုမိသားစုများဆိုလျှင် သူ့လက်အောက်ခံ မိသားစု ဖြစ်လာရန်ပင် တောင်းဆိုခဲ့ကြသည်။

ဝမ်လင်းက သေချာ ချိန်ဆပြီးနောက် ထိုတောင်းဆိုမှု များကို လက်မခံခဲ့ပေ။ ထိုကိစ္စက ပြဿနာ ကြီးသွားနိုင် ပေ၏။ သူတို့ကသာ သူ့လက်အောက်ခံများ ဖြစ်လာပါက သူ့ပုံရိပ်အမှန်သာ နောက်အနာဂတ်တွင် ပေါ်လာလျှင် ထို သူများကိုပါ ငြိစွန်းလာနိုင်ပေ၏။ သူက ထိုမိသားစုများနှင့် လည်း မည်သည့် ရန်ငြိုးမှ မရှိနေခဲ့ပေ။ထိုအဖြစ်များကို တွေ့ကြုံပြီးသည့်နောက် ဝမ်လင်းက ထို မိသားစုများသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော် တမန်တော်များ၏ လက်အောက်ခံ ဘာကြောင့် ဖြစ်ချင်ကြ ကြောင်း သဲလွန်စအချို့ကို ရိပ်ဖမ်းသံဖမ်း သိရှိလာခဲ့သည်။

ကောင်းကင်ဘုံသစ်သီးများက သူ လိုအပ်သည်ထက်ပင် ပိုများပြားလာခဲ့ပေသည်။ သို့သော် သူက ထိုသစ်သီးများက ဆက်လက်၍ စုဆောင်းနေတုန်းပင်။ တကယ်တော့ ထို သစ်သီးများက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင် ရောက်ရာ၌ အသုံးချနိုင်စွမ်း ရှိနေသည် မဟုတ်လား။

နှစ်ဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းသည် မိုးကြိုး သားရဲနှင့်အတူ ယွမ်ရှဂြိုဟ်သို့ ဦးတည်လာခဲ့တော့သည်။

"ငါသာ ဒီခရီးစဉ်မှာ အောင်မြင်ခဲ့ရင် ကောင်းကင်ဘုံ

ဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ သတ္တုဒြပ်စင်က ပြည့်စုံသွားလိမ့် မယ်။ ဒီလိုဆိုရင် ဒီပုတီးစေ့က ငါ့ကို ပိုင်ရှင်တစ်ယောက် အဖြစ် အသိအမှတ် ပြုလိမ့်မယ်။ အဲ့အခါကျရင် ဘယ်လို စွမ်းအားမျိုးတွေများ ရလာမလည်း ငါ မသိဘူး..." ဝမ် လင်း၏ မျှော်လင့်ချက်များက မြင့်တက်လာကာ သူက ယွမ် ရှဂြိုဟ်ထံသို့ ဆက်လက်၍ ဦးတည်ပျံသန်းလာနေတော့၏။

လမ်းတစ်လျှောက်တွင် ဝမ်လင်းက စိတ်ဝိညာဉ်တစ် ကုဋေအလံကို ထုတ်ယူကာ ထွက်ပြေးရာ၌ တော်သော် အ ဘိုးအို၏ မှတ်ဉာဏ်များကို ရှာဖွေခဲ့ပေသည်။သူက ထိုအ ဘိုးအို၏ လွတ်မြောက်ခြင်းမန္တာန်များ အားလုံးကိုမှတ်သားထားလိုက်သည်။

ယွမ်ရှဂြိုဟ်က တဖြည်းဖြည်း ပိုနီးကပ်လာသည်။ လ ဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းမြင်ကွင်းထဲ၌ ထူထဲ သောမြူများ ဝန်းရံနေသည့် ယွမ်ရှဂြိုဟ် ပေါ်လာခဲ့၏။

မိုးကြိုးတန်းက နီးကပ်လာသည့်အခါ ကျယ်လောင်သော တုန်ခါမှုများကိုပါ ဖြစ်ပေါ်သွားစေ၏။ ဝမ်လင်းမျက်လုံး မျက်လုံးက ကျဉ်းမြောင်းသွား၏။ ထို့နောက် သူက ထူထဲ သောမြူလွှာထဲသို့ တိုးဝင်သွားတော့သည်။

မြူထဲမှ ဟိန်းသံများက ထွက်ပေါ်လာနေ၏။ ထိုဟိန်းသံ များက ဝမ်လင်းနားထဲသို့ ကျရောက်လာသည့်အခါ သူ့ မျက်လုံးက လက်ခနဲ ဖြစ်သွားချေသည်။

အညစ်အကြေးစွန့်ထုတ်သည့်နေရာ... (နောက်တစ်ပိုင်း)

သည် သိပ်သည်းထူထဲသော မြူများက သူ့နတ်ဘုရား အာရုံကို ခပ်ဝေးဝေးသို့ ဖြန့်ထွက်ခြင်း မပြုနိုင်အောင် ကာဆီးထားသည်။ မိုးကြိုးသားရဲက ဟိန်းသံပြုကာ ထိုမြူ ထဲသို့ တိုးဝင်လိုက်သည်။ လျှပ်စီးများက ၎င်း၏ ခန္ဓာကိုယ် တွင် ဖုံးအုပ်ကာနေသည်။

ဝမ်လင်းနှင့်မိုးကြိုးသားရဲတို့ ဆင်းသက်လာသည့် တစ်လျှောက်တွင် မိုးကြိုးလျှပ်စီးများကြောင့် မြူများက အရည်ပျော်ကုန်ကြသည်။ မိုးကြိုးသားရဲပေါ်တွင် ထိုင်နေ ရင်း ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ကာ မြန်ဆန်စွာ လှည့်လည်စေပြီး လမ်းကြောင်း ရှင်းလိုက်သည်။

ပထမတစ်ကြိမ် အတွေ့အကြုံကြောင့် ဝမ်လင်းက သည် ယွမ်ရှဂြိုဟ်နှင့် ပတ်သတ်၍ ကောင်းကောင်းနားလည် နေသည်။သူက မနှေးလွန်း မမြန်လွန်းနှုန်းဖြင့် ဆက်လက် သွားနေ၏။ မိုးကြိုးသားရဲက ဟိန်းသံပြုကာ ၎င်းကာ အ မြန်သွားလိုနေသည်။ ဝမ်လင်းက ၎င်းကို တားထားရ၏။
ကြယ်ခုနစ်ခု ဓားအစီအရင်ကြောင့် သူတို့က လမ်းကို လွယ်ကူစွာ ရှင်းလင်းသွားနိုင်ကာ ဂြိုဟ်မျက်နှာပြင်နှင့် ပို နီးကပ်လာသည်။

သူတို့က ဂြိုဟ်မျက်နှာပြင်နှင့် ပေတစ်ထောင်တောင် မ ဝေးတော့သော နေရာသို့ ရောက်လာသည့်အခါ ဝမ်လင်း သည် စိတ်ထဲကနေ အန္တရာယ်အာရုံကို ရလိုက်၏။

မိုးကြိုးသားရဲက သူ့ထက်ပင် ပိုစောနေသေး၏။ သူက ဝမ်လင်း အမိန့်ပေးနေသည်ကို မစောင့်ဘဲ ချက်ခြင်း ဦးတည်ရာပြောင်းကာ ထိုးတက်လိုက်၏။

ထိုအခါတွင် ဝမ်လင်းတို့ ရှိနေခဲ့သော နေရာသို့ လက်တံ တစ်ခုက သိမ်းကြုံး ရောက်ရှိသွား၏။၎င်းက လွန်စွာ မြန်ဆန်လှကာ မြူလွှာကို သေးငယ်သောအပေါက်တစ်ခု ဖြစ်သွားစေသည်။

ကံကောင်းစွာဖြင့် မိုးကြိုးသားရဲက မြန်ဆန်စွာ ရှောင် လိုက်နိုင်သည်။ ထိုလက်တံက ဆန့်ထွက် ဝှေ့ယမ်းပြီး နောက် ချက်ခြင်း ပြန်ရုတ်သိမ်းသွားသည်။ သို့ရာတွင် ၎င်း က ရုပ်သိမ်းသွားသည့် အခိုက်၌ ဝမ်လင်း၏ ကြယ်ခုနစ်ခု ဓားအစီအရင်ကို ထွေးပတ်ကာ သယ်ဆောင်သွားချေ၏။

ဝမ်လင်းအသွင်က သုန်မှုန်နေ၏။

ထိုလက်တံထဲ၌ ပြင်းထန်သောစွမ်းရည်တစ်ခု ပါဝင် နေသည်။ ၎င်းက ကြယ်ခုနစ်ခု ဓားအစီအရင်ကို ထိမိလိုက် သည်နှင့် သူက ယင်းဓားများကို ထိန်းချုပ်နိုင်စွမ်း မရှိဖြစ်သွားရသည်။

"ဒီလက်တံတွေကို သိနေသလိုပဲ.." ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးလိုက်၏။ ထို့နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ယင်းလက်တံ၏ မူလဇစ်မြစ် ကို သိရှိသွားသည်။

ထိုအခါဝမ်လင်းက ပင့်သက်ရှိုက်မိသွား၏။ "ဒါက လ မြွေနဂါးရဲ့ တတိယပုံစံနဲ့ ဆင်နေတယ်.

လမြွေနဂါးများတွင် ပုံစံသုံးခု ရှိ၏။ ပထမတစ်ခုက မည် သည့်တိုက်ခိုက်မှုစွမ်းအားမှ ရှိမနေသည့် အခြေအနေ ဖြစ်သည်။ ဝမ်လင်း သည်နေရာသို့ ပထမတစ်ကြိမ် ရောက်လာခဲ့ချိန်က လမြွေနဂါးက ထိုအခြေအနေတွင် ရှိနေခဲ့သည်။

ဒုတိယပုံစံက လက်တံများအားလုံးကို ပြန်ရုတ်သိမ်းကာ လမြွေနဂါးက အသွင်သဏ္ဌာန်အမျိုးမိုး ပြောင်းလဲသည့် ပုံစံ ဖြစ်၏။ ခုလက်ရှိ လမြွေနဂါးက ထိုပုံစံပင်။

တတိယပုံစံက တိုက်ခိုက် ရန်လိုသည့်အသွင် ဖြစ်သည်။ လက်တံများအားလုံးက ချဲ့ထွက်ကာ လမြွေနဂါးကိုယ်တိုင် လည်း ထိုမျှ ရှည်လျား ချဲ့ထွက်လာနိုင်စွမ်းရှိသည့် ပုံစံ ဖြစ်သည်။ လူတစ်ယောက်က လမြွေနဂါးကို ထိုပုံစံနှင့် တွေ့ပါက ထွက်ပြေးရပေမည်။ မဟုတ်လျှင် တိုက်ခိုက်ခြင်း ခံရမည် ဖြစ်၏။

ထိုသို့ တွေးမိလိုက်ရင်း ဝမ်လင်းအသွင်က ပိုသုန်မှုန်သွားခဲ့သည်။ သူက ကျန်နေသေးသော ပေတစ်ထောင်ခန့် မြူ လွှာကို ကြည့်ကာ တုံ့ဆိုင်းနေခဲ့၏။

"ငါ ဒီနေရာကို အရင် ရောက်လာခဲ့တုန်းက ဒီမှာ လမြွေ နဂါးနှစ်ကောင် ရှိနေတယ်။ တစ်ကောင်က ပထမပုံစံမှာ ရှိနေပြီး ဒုတိယတစ်ကောင်က အိပ်ပျော်နေခဲ့တယ်။ ခု ဘာ ကြောင့် ဒီကောင်တွေက ပြောင်းလဲသွားခဲ့ရတာလဲ။ ဒီ လက်တံက ဘယ်လမြွေနဂါး ပိုင်ဆိုင်တာလည်း ငါ မသိဘူး..." ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက အခု ထွက်သွားလျှင် ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ စုဆောင်းရခြင်းက အချည်းနှီး ဖြစ်သွားမည်သာမက သူ့ ကြယ်ခုနစ်ခုဓားအစီအရင်ပါ ဆုံးရှုံးသွားပေလိမ့်မည်။

"ငါက ဒါနဲ့ နီးကပ်မလာခင်မှာတောင် ရတနာတစ်ခု ဆုံးရှုံးခဲ့ရပြီ..." ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ် နေသည်။သူက ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို ထုတ်ဖော်၏။ သူက ခုလိုပုံစံမျိုးဖြင့် ပြန်ထွက်သွားလိုခြင်း မရှိပေ။ သူက မိုးကြိုးသားရဲ၏ ခေါင်းကို ပုတ်ကာ မြူများ ကြားထဲသို့ တိုးဝင်လာလိုက်၏။ သို့သော် မိုးကြိုးသားရဲက မည်သည့်ဟိန်းသံမှ မပြုတော့ပေ။

မြူထဲမှ ထွက်ခွာလာပြီးနောက် သူ့နတ်ဘုရားအာရုံက ဆက်လက် တားဆီးခံထားရခြင်း မဖြစ်တော့ပေ။ သူ့ရှေ့ရှိမြင်ကွင်းက ဝမ်လင်းကို လေအေးတစ်ချက် ရှိုက်သွင်းသွား မိစေသည်။မြေပြင်တစ်ခုလုံးက အရင်နှင့် လုံးဝ ခြားနားသွားခဲ့ချေ ပြီ။ မြေပြင်ပေါ်၌ ရှည်လျားသော လက်တံများက အစားထိုး ဝင်ရောက်နေသည်။ ထိုလက်တံများက အနီရင့် ရောင် ရှိကာ ထူးဆန်းသောစွမ်းအားတစ်ခုကို ပေးစွမ်း နေသည်။ ထိုအရာက ဝမ်လင်း၏ ဦးရေပြားကိုပါ တင်းကျပ်သွားစေသည်။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဧရိယာကို သေချာစစ်ဆေးကြည့်ပြီးမှ ဝမ်လင်းက သက်ပြင်းချနိုင် တော့၏။

"ပေတစ်သောင်း အရှည်။ ဒါက ဒီလမြွေနဂါးက တတိယပုံစံ ဖြစ်ပေါ်ဖို့ ဦးတည်နေတယ်လို့ ဆိုလိုတယ်။ အပြည့်အဝတော့ မနိုးထသေးဘူး။ ဒါပေမဲ့လည်း လှုံ့ဆော် မှု မရှိဘဲ လမြွေနဂါးက ဒီလိုပုံစံ ဖြစ်နေစရာ အကြောင်းမရှိဘူး။ လွန်ခဲ့တဲ့ နှစ်တစ်ရာက တစ်စုံတစ်ယောက် ဒီနေရာ ကို လာခဲ့တာ ဖြစ်ရမယ်..."

ဝမ်လင်းက မျက်မှောင်ကြုတ်သည်။

"ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က ဒီကို ရောက်လာခဲ့ ရင်တောင် ဒါက သူတို့ကို တတိယပုံစံထိ ရောက်အောင် လှုံ့ဆော်ပေးနေတာနဲ့လည်း ထူးဆန်းနေတယ်..." မတူပြန်ဘူး။ ဒီကိစ္စက

ဝမ်လင်းက မိုးကြိုးသားရဲပေါ်ကနေ ခုန်ဆင်းလိုက်ကာ စဉ်းစားနေသည်။သူက မိုးကြိုးသားရဲကို ကြည့်ကာ လူတစ်ယောက်ကို ပြောသလိုပုံစံဖြင့် ပြောလိုက်၏။ "မင်း စွမ်း ရည်နဲ့ ဆိုရင် ဒီနေရာက အန္တရာယ်များတာကို ထောက်လှမ်းမိပါလိမ့်မယ်။ မင်းက စစ်ရထားကို ပြန်မဝင် ချင်ဘူးဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် အန္တရာယ်ပိုများလိပ့်မယ်

မိုးကြိုးသားရဲက သူ့ဦးခေါင်းကြီးကို ယမ်းခါလိုက်ကာ စတင် စဉ်းစားနေသည်။ သူက မြေပြင်ထက်မှ ထွက်ပေါ် နေသော လက်တံများကို အထင်သေးဟန်ဖြင့် ကြည့် လိုက်၏။

ဝမ်လင်းက မျက်မှောင် ခပ်တင်းတင်း ကြုတ်ထားမိ၏။ သူက ၎င်းသားရဲ၏ ဆုံးဖြတ်ချက်ကို လစ်လျူရှုထားလိုက် သည်။သူက ရှေ့သို့ ဆက်လက် ရွှေ့လျားလာ၏။သူက ဖြည်းဖြည်းချင်း ဂရုတစိုက် ရွှေ့လျားလာကာ လက်တံများ ကြားထဲသို့ တိုးဝင်လာသည်။

သူ့အမြင်တွင် ထိုလက်တံတစ်ခုချင်းစီက ကြောက်မက် ဖွယ်တိုက်ခိုက်မှုစွမ်းအားများ ပါဝင်နေသည်ဟူ၍ပင်။

ဝမ်လင်းက ပျံသန်းလာနေရင်း သူ့ရှေ့မှ လက်တံတစ်ခု က ရုတ်တရက် သူ့ထံသို့ တိုးဝင်လာသည်။ ပြင်းထန်သော အားတစ်ခုက သူရှိရာသို့ တဟုန်ထိုး တိုးဝင်လာသည်။

ဝမ်လင်း သတိထားနေသည့်အတွက် ထိုလက်တံက တိုက်ခိုက်လာသည့်အခါ သူသည် လက်တံ၏ အရင်းမြစ်က အနည်းငယ် ပြောင်းလဲသွားသည်ကို တွေ့မြင်လိုက်သည်
ချက်ခြင်းလိုလိုပင် ဝမ်လင်းက တည်နေရာရွှေ့ပြောင်း လိုက်၏။သူက ပုံရိပ်ယောင်များကိုပါ အထပ်ထပ် ဖြစ်စေ သည့်အထိ မြန်ဆန်စွာ လှုပ်ရှားလိုက်ခြင်းပင်။ ထိုလက်တံ က ပုံရိပ်ယောင်တစ်ခုကို တိုက်ခိုက်သွားပြီးနောက် ပြန် နောက်ဆုတ်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ဝမ်လင်းပုံရိပ်က လေထဲ၌ ပေါ်လာ၏။ သူက မြေပြင်ပေါ် ရှိ လက်တံများကို စူးစိုက်ကြည့်နေရင်း မျက်မှောင်တင်း ကြပ်စွာ ကြုတ်နေမိသည်။

"လမြွေနဂါးကို ကောင်းကင်ဘုံတက်ခြင်းသစ်သီးရဲ့ အာနိသင်သက်ရောက်မှုအောက် ရောက်အောင် လုပ်ဖို့က ဒီ သစ်သီးတွေကို ၎င်းရဲ့ အာရုံခံနေရာပေါ်မှာ အသုံးပြုမှ ရ လိမ့်မယ်။ ဒါပေမဲ့လည်း ဒီလိုလုပ်တာက လက်တံတွေနဲ့ ပတ်သတ်ပြီး ပြဿနာပိုများသွားနိုင်တယ်..."

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သိုလှောင် အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံတက်ခြင်းသစ်သီး များစွာက သူ့ပတ်လည်၌ ပျံသန်းထွက်လာသည်။ ဝမ်လင်း က သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်ကာ ပြောလိုက်၏။ "သန့်စင်ခြင်း..."

ခပ်ရှရှ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများက တစစီ ဖြစ်သွား ပြီး အနီရောင်အရည်အဖြစ်သို့ ပြောင်းလဲ သိပ်သည်းသွား သည်။
ဝမ်လင်းက လက်ဖြင့် ချိပ်ဟန်တစ်ခုကို ပြုလုပ်ပြီး သူ့ မူလစွမ်းအင်ကို ထိုအရည်ပတ်လည်သို့ ထွေးထုတ်လိုက် သည်။ သူ့မူလစွမ်းအင်က မီးတောက်အဖြစ်သို့ ပြောင်းလဲ သွားသည်။ထို့နောက် အနီရောင်မြူလွှာတစ်ခုက ယင်း အရည်ကို စတင် သန့်စင်သည်။

ထို့နောက် သူက ထိုမြူကို ဆွဲယူကာ မြေပြင်ပေါ်သို့ တိုးဝင်သွား၏။ သူက သူ့လက်ကို အောက်သို့ တွန်းထုတ် လိုက်ရာ အနီရောင်မြူက လက်တံများထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အနီရောင်မြူက ပေတစ် ထောင်လောက်ထိ ပျံ့နှံ့သွား၏။ သိပ်သည်းသော အနီရောင် မြူလွှာက လက်တံများကို ဝန်းရံလို့သွား၏။ထိုအခါ လက်တံများအဖို့ မြူပုံစံ အသွင်ဆောင်ထားသည့် သစ်သီး များကို စုပ်ယူဖို့ ပိုမို လွယ်ကူသွားသည်။

လက်တံပေါင်းများစွာက သည်ဧရိယာအတွင်းရှိတဖြည်းဖြည်းဖြင့် ဝှေ့ယမ်းနေသည့် အရှိန် လျော့ကျသွား သည်။

ဝမ်လင်းက အောက်သို့ ဆင်းသက်လာရင်း လက်တံများ ကြား၌ ဂရုတစိုက် ရွှေ့လျားနေ၏။ ထိုလက်တံများအားလုံး က သူ့အား လုံးဝလစ်လျူရှုထားသည်။ ထိုအခါကျမှ ဝမ် လင်းက သက်ပြင်းချနိုင်တော့၏။ သိပ်မကြာခင်တွင် သူက မြေပြင်ပေါ်သို့ ရောက်ရှိလာသည်။
ရှေးဟောင်းနတ်ဘုရားများ၏ မှတ်ဉာဏ်ထဲ၌ လမြွေ နဂါးနှင့် ပတ်သတ်သော အာရုံခံနေရာများအကြောင်း မြင်ကွင်းတစ်ခု ပါရှိ၏။ ၎င်းအာရုံခံနေရာက လက်တံ များ၏ ရင်းမြစ်ပင် ဖြစ်သည်။ထိုနေရာကို အနည်းငယ် လှုံ့ဆော်ပေးလိုက်သည်နှင့် ၎င်း၏ တစ်ကိုယ်လုံးကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။

ဝမ်လင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို သေချာ ထုတ်ယူ၍ နောက်တစ်ဖန် အနီရောင်အရည်အဖြစ် သို့ သန့်စင်ပစ်လိုက်ပြန်သည်။ ယင်းအရည်ပေါ်၌ အတားအဆီးများကို နေရာချမှတ်ပြီးနောက် သူက ယင်း အနီရောင်အရည်ကို လက်တံများ၏ ရင်းမြစ်ထဲသို့ ပျော်ဝင် သွားစေလိုက်၏။

သူက ထိုအရာကို အလွန်သတိထား၍ ပြုလုပ်နေခြင်း ပင်။ သူက အလွန် ဂရုစိုက်နေကာ နတ်ဘုရားအာရုံကိုပါ ဖြန့်ကျက်ထားသည်။

လက်တံများပေါ်ရှိ အနီရောင်က မြန်ဆန်စွာ ပျောက် ကွယ်နေ၏။ ဝမ်လင်းက သူ့တွင် အချိန်အများကြီး မရ သည်ကို သိပေသည်။သူက နောက်ဆုံးလက်တံပေါ်သို့ အနီ ရောင်အရည် နေရာချလိုက်ပြီးနောက် မြန်ဆန်စွာ ပျံသန်း ထွက်လာသည်။

သူ ပျံသန်းထွက်လာပြီးပြီးချင်းမှာပင် အနီရောင်မြူက ပျောက်ကွယ်သွား၏။ လက်တံများ၏ အရောင်ကလည်းကြက်သွေးရောင်ကနေ အနီရင့်ရောင်အဖြစ်သို့ ပြန် ပြောင်းလဲသွားသည်။သို့ရာတွင် လက်တံများပေါ်ရှိ အဖုအ ဖောင်းများကတော့ မြေအောက်ထဲသို့ တိုးဝင် ရွှေ့လျားသွား ကြကုန်၏။

ဝမ်လင်းက ထိုမြင်ကွင်းကို တွေ့မြင်လိုက်သည့်အခါ သူက ဤအရာသည် လမြွေနဂါးများ၏ အညစ်အကြေးစွန့် ထုတ်ခြင်းဖြစ်ကြောင်း သိရှိလိုက်၏။

မိုးကြိုးနဂါးက ဝမ်လင်းကို ကောင်းကင်ထက်နေ ကြည့် နေ၏။ သူက အနည်းငယ် စိတ်ရှုပ်လာခဲ့သည်။၎င်းက မြေပြင်ပေါ်ရှိ လက်တံများကို ကြည့်နေသည့်အချိန်၌ ၎င်း မျက်လုံးထဲရှိ အထင်သေးမှုက ပိုအားကောင်းလာခဲ့သည်။ ၎င်းက ရှေ့သို့ ရွှေ့လျားလာကာ မြေပြင်ထက်သို့ တိုက်ရိုက် ပျံသန်းလာ၏။ ၎င်းခန္ဓာကိုယ်ကနေလည်း မိုးကြိုးတန်းများ ထိုးထွက်လာကာ ဂြိုဟ်တစ်ခုလုံးကို တုန်ခါစေသောအသံ များ ပျံ့နှံ့စေသည်။

ဝမ်လင်းက ရုတ်တရက် နောက်လှည့်ကာ အော်ပြော လိုက်၏။ "သားရဲအစုတ်ပလုတ်....မြန်မြန် ပြန်သွား ໑໖:..."

ထိုအခိုက်အတန့်မှာပင် မြေပြင်က တုန်ခါလာကာ ဂြိုဟ် တစ်ခုလုံးက အသက်ဝင်လာသလား ထင်မှတ်မှားရသည်။ လက်တံများအားလုံးက ဝှေ့ယမ်းနေရာကနေ ရပ်တန့်ကာ ချက်ခြင်း မိုးကြိုးသားရဲထံသို့ ချဲ့ထွက် ဆန့်တန်းလာချေသည်။

ပထမ၌ မိုးကြိုးသားရဲက မြေပြင်ကနေ ထိုးထွက်လာ သောလက်တံများကို အထင်သေးစွာ ကြည့်၍ မိုးကြိုးတန်း များကို ပစ်လွှတ်လိုက်သည်။

သို့ရာတွင် ချက်ခြင်းပင် ထိုလက်တံများထံကနေ ထူးဆန်းသောအားတစ်ခု ထွက်ပေါ်လာကာ အနီရောင် အလင်းကို ပေးစွမ်းလာ၏။ ထိုအနီရောင်အလင်းက စူးရှ တောက်ပလွန်းသည်။ ချက်ခြင်းပင် ဂြိုဟ်တစ်ခုလုံးက နီမြန်းလာသည်ဟု ထင်ရ၏။

ထိုလက်တံများက မျက်စိတစ်မှိတ်အတွင်း မိုးကြိုးသားရဲ ကို ထွေးပတ်လာသည်။ မိုးကြိုးသားရဲက မည်မျှ ရုန်းကန် သည် ဖြစ်စေ ထိုလက်တံများအပေါ်၌ မည်သည့် သက်ရောက်မှုမှ ရှိမနေချေ။၎င်းက လက်တံတစ်ခုကိုပင် မ ချိုးဖျက်နိုင်ပေ။

ဝမ်လင်းက အတန်လှမ်းသော နေရာသို့ ရောက်နေ၏။ သူ့အသွင်က အလွန်အမင်း သုန်မှုန်နေသည်။လမြွေနဂါး၏ တတိယပုံစံသည် အသံနှင့်ပတ်သတ်၍ အာရုံခံနိုင်စွမ်း အလွန်ကောင်း၏။ထို့ကြောင့် မိုးကြိုးသားရဲက ပို၍ ဟိန်းဟောက်လေလေ လက်တံများက ၎င်းအား ပို၍ ခပ် တင်းတင်း ထွေးပတ်လာလေ ဖြစ်နေသည်။မိုးကြိုး သားရဲ၏ မျက်လုံးထဲရှိ အထင်သေးမှုကလည်း ပျောက် ကွယ်သွားကာ ထိုအစား ကြောက်လန့်မှုက အစားဝင်လာ၏။

ဝမ်လင်းက အသံပို့လွှတ်လိုက်သည်။ "ဟိန်းနေတာ ရပ် လိုက်…" သူ့မျက်နှာက အေးစက်နေကာ သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများကို ထုတ်ယူလိုက်၏။

ထိုအခိုက်အတန့်၌ ယွမ်ရှဂြိုဟ်၏ ဗဟိုချက်တွင် ခပ်ပိန် ပိန်ပုံရိပ်တစ်ခုက လှိုဏ်ဂူကြီးတစ်ခုအတွင်း၌ ထိုင်လျက်ရှိနေသည်။ သူ့ခန္ဓာကိုယ်၏ ပြင်ပ၌ ဧရာမမီးပြင်းဖို တစ်ခု ရှိနေသည်။

လက်မောင်းလုံးခန့် ထူထဲသော လက်တံများက ထိုမီး ပြင်းဖိုကို ထွေးခြုံပတ်ထားသည်။ ထိုလက်တံများက တစ်စုံတစ်ခု၏ စုပ်ယူနေခြင်း ခံရသကဲ့သို့ တွန့်လိမ် နေသည်။

33 ထိုပိန်ပါးသော အဘိုးအို၏ အသွင်က အလွန်အမင်း သုန်မှုန်စွာ ရှိနေ၏။ လှိုဏ်ဂူနံရံများက စတင်၍ ရွှေ့လျား အနီရောင်မြူပမာဏများစွာက တိုးဝင်လာ နေသည်။ ထိုညှီစို့စို့ အနံ့ရှိသည့် အရည်ထဲ၌ လျှပ်စီးဓာတ် လည်း ပါဝင်နေသည်။ ထိုလျှပ်စီးက အနံ့အသက်ကို ပို၍ ဆိုးရွားသွားစေ၏။

အနှီအဘိုးအိုကတော့ လောဘကြီးပင်။ ဝမ်လင်းသာ သည်နေရာတွင် ရှိနေပါက သူက ထိုနေရာသည် လမြွေ နဂါး အာဟာရများ စုပ်ယူကာ အညစ်အကြေးများ ပြန်စွန့် ထုတ်သည့်နေရာမှန်း ချက်ခြင်း သိရှိပေလိမ့်မည်။
လောဘကြီးရဲ့ ရတနာ...

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံ တက်ခြင်းသစ်သီးများစွာကို ထုတ်ယူလိုက်သည်။သူက လက်တံများကြား ရုန်းကန်နေသော မိုးကြိုးသားရဲထံသို့ တည်ငြိမ်စွာ ကြည့်လိုက်၏။ယင်းသားရဲက ဆက်လက်၍ ဟိန်းသံမပြုဝံ့တော့ပေ။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သီး များအားလုံးသည် အရည်အဖြစ်သို့ ကြေမွသွားသည်။သူ့ မူလစွမ်းအင်နှင့် သန့်စင်ပြီးသည့်နောက် ထိုအရည်က အနီ ရောင်မြူ ဖြစ်လာခဲ့သည်။ဝမ်လင်းက ထိုအနီရောင်မြူနှင့် အတူ ရှေ့သို့ တိုးလိုက်ရာ ပိတ်လှောင်ခံထားရသော မိုးကြိုး သားရဲ အနား၌ ပေါ်လာ၏။သူက ထိုအနီရောင်မြူကို ကြမ်းတမ်းစွာ အောက်သို့ ဖိသိပ်ချလိုက်သည်။

ထိုအခါ အနီရောင်မြူက လက်တံများ၏ ချုပ်နှောင်ထား မှုကို အနည်းငယ် ပြေလျော့သွားစေကာ ကြက်သွေးရောင် သို့ စတင်ပြောင်းလဲသွားစေသည်။

ထိုအခိုက်ကို အသုံးပြု၍ မိုးကြိုးသားရဲက ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကို ကျုံ့လိုက်ကာ စစ်ရထားထဲ သို့ ပြန်ဝင်လိုက်ပြီး နောက်ဆုံးတွင် ထိုးထွက်လာနိုင်ခဲ့ သည်။

ဝမ်လင်းက သူ့ဘယ်လက်ကို ဆန့်ထုတ်ကာ နတ်ဘုရား သတ်ဖြတ်ခြင်းစစ်ရထားကို ဖမ်းယူ၍ သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်၏။

မိုးကြိုးသားရဲ၏ ကြောက်လန့်မှုက ထင်ရှားနေ၏။ ပုံမှန် ဆို ၎င်းက သိုလှောင်အိတ်ထဲသို့ ဝင်လိုခြင်း မရှိပေ။

မိုးကြိုးသားရဲကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ဝမ် လင်းက ရှေ့သို့ ဆက်ရွှေ့လာ၏။သူက အနီရောင်မြူကို သုံး ကာ လက်တံများကို ယာယီအားပျော့သွားစေပြီးနောက် ထို လက်တံများ၏ ရင်းမြစ်များ၌ သစ်သီးအရည်စက်များကို ချိပ်ပိတ်ထားခဲ့ပေသည်။

သူက ထိုအရာကို ထပ်ခါ ထပ်ခါ ဆက်လုပ်နေ၏။ ကံကောင်းသည်မှာ ဝမ်လင်းတွင် သူလိုသည့် ကောင်းကင်ဘုံတက်ခြင်းသစ်သီးပမာဏများစွာထက် ပိုရှိနေသောကြောင့် ဖြစ်သည်။ မဟုတ်လျှင် သူသည် အစော ပိုင်းကတည်းက ထွက်ပြေးနေရလောက်ပြီ ဖြစ်သည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက်

သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည်များကို ဂြိုဟ်၏ လက်တံအများစုအထဲသို့ ပေါင်းစပ် ပျော်ဝင်စေနိုင်ခဲ့ပြီဖြစ်သည်။

"ဒီလမြွေနဂါးရဲ့ လက်တံတွေ (၇၀)၊(၈၀) ရာခိုင်နှုန်း လောက်ထဲမှာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည် အစက်တွေ ချိပ်ပိတ်ပြီးသွားပြီ။ ငါက ဒီချိပ်ပိတ်ထားတဲ့ အတားအဆီး အားလုံးကို အသက်သွင်းလိုက်တာနဲ့ ဒီ ချိပ်တံဆိပ်တွေက ပျက်စီးသွားလိမ့်မယ်။ အဲ့အခါကျရင် လ မြွေနဂါးရဲ့ ခန္ဓာကိုယ်ကြီးထဲကို ဒီသစ်သီးအရည်တွေက ပျော်ဝင်သွားလိမ့်မယ်။ ကံမကောင်းစွာနဲ့ ခု ကောင်းကင်ဘုံ သစ်သီးက အားလုံးကုန်သွားခဲ့ပြီ..."

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကောင်းကင်ဘုံတက်ခြင်းသစ်သီးထပ်ရှာဖွေမည့် အကြံကို လက်လျော့လိုက်သည်။ သည်နေရာက လွန်စွာ ထူးဆန်း လှ၏။ သူက နောက်တစ်ကြိမ်သူ ထပ်လာလျှင် ပြောင်းလဲမှု အသစ်တွေ ဖြစ်ပေါ်နေမည်ကို စိုးရွံ့နေမိပေသည်။

သည်လမြွေနဂါးက အမှန်တကယ် နိုးထလာပြီးပါက ကောင်းကင်ဘုံသစ်သီးများသည် ၎င်းပေါ်၌ သက်ရောက်မှု ရှိမှာ၊အသုံးဝင်တော့မှာ မဟုတ်ပေ။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက မြေကြီးထဲသို့ နစ်ဝင်လိုက်သည်။ မြေအောက်ထဲ၌ ပျစ်ချွဲချွဲ နံစော်စော် အရည်များနှင့် ပြည့်နေသည်။ထို့ကြောင့် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ယင်း အရည်များကို အဝေးသို့ တွန်းထုတ်ထားရသည်။
ဝမ်လင်းက မြေကြီးအောက်ထဲရှိ သတ္တုကြော ရှိရာသို့ သတိထား၍ တိုးဝင်လာနေသည်။ အနည်းငယ် ဆင်းသက် လာပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား သည်။သူက ပတ်ပတ်လည်သို့ သေချာ ကြည့်ရှုလိုက်၏။

ဝမ်လင်းက သည်နေရာပတ်လည်ရှိ အမှုန်အမွှားများ အတွင်း၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်း များကို တွေ့လိုက်ရ၏။ ထိုစွမ်းအင်က ပျစ်ချွဲချွဲအရည်ထဲ၌ ပိတ်လှောင်ထားခြင်း ခံနေရသည်။

"ကြည့်ရတာ ဒီနေရာကို လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်း တစ်ယောက်ယောက်လာခဲ့တာပဲ။ ဒီလူတွေက လမြွေနဂါး ရဲ့ အနက်ပိုင်းထိ ရောက်လာခဲ့ပြီး ပြင်းထန်တဲ့မန္တာန်တစ်ခု ကို အသုံးပြုခဲ့တာ ဖြစ်ရမယ်။ ဒါ့ကြောင့်လည်း ဒီအမှုန် အမွှားတွေ၊ အရည်တွေထဲမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်လှိုင်းတွေ ကျန်ရစ် ပိတ်နေမိတာ။ ဒါ့ကြောင့်ပဲ လ မြွေနဂါးကလည်း ၎င်းရဲ့ဒုတိယပုံစံကနေ တတိယပုံစံကို ဖြည်းဖြည်းချင်း ပြောင်းလဲနေခဲ့တာ ဖြစ်ရမယ်..."

ဝမ်လင်းက စဉ်းစားကြည့်နေရင်း အောက်သို့ ဆက်ဆင်း နေ၏။ အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် သူက လ မြွေနဂါး၏ အရိုးနှင့် ပြုလုပ်ထားသော သတ္တုကြောရှိရာသို့ ရောက်လာခဲ့ပေသည်။

မီးတောက်တစ်ခု ပေါ်လာကာ ထိုအရိုးပတ်လည်ရှိ အ မှောင်ထုကို ထိန်ညှိလင်းလက် သွားစေသည်။ ဝမ်လင်းမျက်လုံးများကလည်း တောက်ပလျက် ရှိနေ၏။ သူ သည် နေရာသို့ လာခဲ့ရသည့် ရည်ရွယ်ချက်က ယခု အရိုး သတ္တုကြောကြောင့်ပင် ဖြစ်သည်။

သူက ညာလက်ကို အရိုးပေါ်သို့ တင်လိုက်က စတင်စုပ် ယူရန် ပြင်လိုက်၏။သို့ရာတွင် သူက ချက်ခြင်း တုံ့ခနဲ ပြန် ရပ်ကာ စတင် စဉ်းစားကြည့်သည်။

"လမြွေနဂါးကို ဒီလိုပြောင်းလဲမှု ဖြစ်အောင် လုပ်နိုင်တဲ့ အတွက် ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က တုန်လှုပ်စရာ ကောင်း လိမ့်မဘ်။ ဒီလူက သေသွားခဲ့ရင်တော့ ပြဿနာ မရှိတော့ ဘူး။ ဒါပေမဲ့လည်း သူက ပုန်းနေရာ ဒါမှမဟုတ် ဒီနေရာမှာ ပိတ်မိနေတာဆိုရင်တော့ ငါ အရိုးကို ယူတဲ့အချိန်၊ ကောင်းကင်ဘုံသစ်သီးအရည်တွေကို ထုတ်လွှတ်တဲ့အခါ ကျရင် ဒီလူက ပေါ်လာနိုင်တယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် ပြောင်းလဲမှုတွေအများကြီး ဖြစ်သွားနိုင်တယ်..."

ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက အရိုးတစ်လျှောက် ပျံသန်းလာခဲ့သည်။ သူက သည်နေရာပတ်လည်တွင် အခြားကျင့်ကြံသူတစ်ယောက်ယောက်ရှိနေမလားဟု ရှာဖွေကြည့်ရန် ဆုံးဖြတ်လိုက်ပေသည်။

ဝမ်လင်းက အမြဲလိုလို သတိထားတက်သည့်သူ မဟုတ် လား။အထူးသဖြင့် သည်လို သူ အလွယ်တကူ သေသွားနိုင် သည့် နေရာမျိုးတွင် သူက ပို၍ သတိထား ဂရုစိုက်ပေသည်။

သူက အရိုးအတိုင်း ဆက်၍ ရှေ့သို့ ရွှေ့လျားနေသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့မျက်လုံးများက တောက်ပသွာကာ သူ့ရှေ့ရှိ အရိုးကို စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာရှိ အရိုးပေါ်တွင် ကြီးမားသည့် အက်ကွဲရာတစ် ခု ရှိလိုနေသည်။ ၎င်းက အရိုးကို ထက်ပိုင်း ဖြစ်သွား စေလိုက်သည့်အထိ မလုံလောက်သော်လည်း ထိုအက်ကွဲ ရာက အရိုးပေါ်၌ ခပ်နက်နက် ရှိနေသည်။

ဝမ်လင်းက ထိုအက်ကွဲကြောင်းသည် သူ ဒီနေရာကို အ ရင်လာခဲ့တုန်းက မတည်ရှိသေးမှန်း ရှင်းလင်းစွာ မှတ်မိနေသည်။

ရှေ့သို့ သတိထား၍ ဆက်တိုးသွားကာ ထိုအက်ကွဲရာကို သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးများက အလေး အနက် ဖြစ်လာခဲ့သည်။

"လမြွေနဂါးက တတိယပုံစံကို ပြောင်းလာတာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။၎င်းရဲ့ အရိုးပေါ်မှာ ရှိတဲ့ ဒီ လို ဒဏ်ရာမျိုးက ဖြစ်စေတဲ့ နာကျင်မှုက ၎င်းကို ဒေါသ ထွက်သွားစေဖို့ လုံလောက်နေပြီ။ ဒီ ဒဏ်ရာကို ရစေခဲ့တဲ့ လူက လမြွေနဂါးနဲ့ ပတ်သတ်လို့ ဘာမှ မသိတာ ဖြစ်ရ မယ်။ မဟုတ်ရင် အဲ့လူက ဒီလိုမျိုး လုပ်ဝံ့မှာ မဟုတ်ဘူး..."

ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက ထို အရိုးပေါ်ရှိ အက်ကွဲရာကိုပတ်၍ ရှေ့သို့ ဆက်ရွှေ့လျား သည်။ သို့ရာတွင် သူက ရုတ်တရက် ရပ်တန့်ကာ ထို အက်ကွဲရာအား ခေါင်းလှည့်၍ နောက်တစ်ကြိမ် ကြည့် လိုက်ပြန်သည်။သူက တစ်ခုခုမှားနေသည်ဟု ခံစားမိနေသည်။

အနည်းငယ် စဉ်းစားပြီးနောက် သူက အက်ကွဲရာ ရှိရာ သို့ ပြန်လှည့်လာခဲ့ကာ သူ့မျက်လုံးက ထိုအက်ကွဲရာပေါ်ရှိခြောက်သွေ့နေသော ပျစ်ချွဲချွဲအရည်များကို တောက်လျှောက် ကြည့်လာသည်။ အချိန်အတန်ကြာမြင့် ပြီးနောက် သူ့မျက်လုံးက လက်ခနဲ တောက်ပသွားကာ သူက ညာလက်ဖြင့် ထိုခြောက်ကပ်နေသော ပျစ်ချွဲချွဲအရည် များထံသို့ ဝှေ့ယမ်းလိုက်၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ချက်ခြင်း ထွက် ပေါ်လာကာ လေပြင်းတစ်ခု တိုက်ခတ်သွားစေသည်။ ထိုအခါ ခြောက်ကပ်ကပ် ပျစ်ချွဲချွဲအရည်များက ပျော်ဝင် သွာကာ ၎င်းအောက်ရှိ နက်ရှိုင်းသော အက်ရာတစ်ခု ပေါ်ထွက်လာချေသည်။

ထိုအက်ရာ၏ အနက်ပိုင်းတွင် ကြီးမားသည့်တောင်ကြီး တစ်ခု ရှိနေသည်။

လမြွေနဂါး အရိုးနှင့် တစ်သားတည်းလို ဖြစ်နေသော တောင်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာခဲ့သည်။
"လောဘကြီး..." ဝမ်လင်းအသွင်က ရှုံ့မဲ့သွားသည်။

ဝမ်လင်းက ထိုတောင်ကို အရင်ကတည်းက မြင်တွေ့ခဲ့ဖူး ပေသည်။ ထိုတောင်က လောဘကြီး၏ ရတနာ ဖြစ်ကာ ယင်းတောင်ထံကနေ တောင်စိတ်ဝိညာဉ်ကိုပါ သူက ထုတ်ယူခဲ့ပေသည်။

"သူတို့က ငါ့နောက်ကို တကယ်လိုက်လာတာပဲ..." ဝမ် လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ ခုချိန်တွင် သူက လမြွေနဂါးအရိုးနှင့် ပတ်သတ်၍ ဆက်လက်စိုးရိမ်နေခြင်း မရှိတော့ပေ။

"သူတို့အားလုံး ရောက်လာတာလည်း ဒါမှမဟုတ်... အနည်းငယ်ပဲ ရောက်လာတာလား၊ ဒါမှမဟုတ် လောဘကြီးတစ်ယောက်တည်းပဲ ရောက်လာတာလား...ငါ သေချာမသိဘူး..."

ဝမ်လင်းက ထိုတောင်ကို ကြည့်၍ သူ့မေးစေ့ကို ပွတ်ကာ စဉ်းစားနေသည်။ ထို့နောက် သူက အက်ကွဲရာထံသို့ တိုက်ရိုက် လာခဲ့သည်။

"ကြယ်ခုနစ်ခုဓားအစီအရင်က ဒီလက်တံတွေရဲ့ ယူဆောင်သွားခြင်းကို ခံလိုက်ရပြီး ငါက ဒီအစီအရင် ဘယ် နေရာမှာ ရှိနေမလဲ မသိနိုင်ဘူး။ ဒါပေမဲ့လည်း ငါက ဒီ တောင်ကိုလည်း ဒီအတိုင်း ထားမခဲ့နိုင်ဘူး။ လောဘကြီးရဲ့ အဆင့်အတန်းနဲ့ အကျင့်အတိုင်းဆိုရင် သူ့ရတနာတွေက ရိုးရှင်းမှာ မဟုတ်ဘူး..."ကြည့်ရှုကာ ထိုတောင်အနားသို့ ရောက်လာခဲ့သည်။ ဝမ်လင်း မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။သူက ပတ်ဝန်းကျင်သို့ သေချာ

တောင်အနားစွန်းက အရိုးနှင့် တစ်သားတည်း ဖြစ် နေကာ အစိတ်အပိုင်းနှစ်ခုဟူ၍ပင် ပြော၍ မဖြစ်နိုင်ပေ။ လူတစ်ယောက်က ထိုတောင်အတွင်းကနေ သတ္တု မီးတောက်တစ်ခု ပေါ်ထွက်နေသည်ကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပေသည်။

"ဒီလို အရိုးနဲ့ တစ်သားတည်း ဖြစ်နေတာက ဒီတောင် ကို ထုတ်ယူဖို့ အခက်အခဲ ဖြစ်နေတယ်။ ငါက ခုချိန်မှာ ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေကိုလည်း အသုံးမပြု နိုင်သေးဘူး.."

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သူ့ လက်ချောင်းများကို ဓားအသွင် ဖြစ်ပေါ်စေ၍ တောင်၏ မာကျောမှုကို စမ်းသပ်လိုက်သည်။ ထိုတောင်က အလွန်တရာ မာကျောလှ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်နှင့် ပြည့်နေသော သူ့လက်ချောင်းဖြင့်ပင် အရာ တစ်ခုကိုမျှ ထင်ကျန်အောင် မလုပ်နိုင်ခဲ့ပေ။သူ့မျက်လုံးက လက်ခနဲ တောက်ပသွားသည်။သူက လင်းထျန်ဟူ၏ ဓား စွမ်းအင်ထဲမှ အချို့ကို သူ့လက်ချောင်းထိပ်ထံသို့ ကူးပြောင်း လိုက်၏။ သူက တောင်တစ်ခုလုံး ရယူခြင်းကို လက်လျော့ လိုက်၏။ ထိုအစား သူက အရိုးနှင့် သဟဇာတ ဖြစ်နေသော အပိုင်းပတ်လည်သို့သာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်သည်။
တောင်ပေါ်၌ အက်ကွဲရာတစ်ခု ပေါ်လာကာ ဖြည်းဖြည်း ချင်း ပျံ့နှံ့လာခဲ့သည်။

ထိုအနေအထားက

ဝမ်လင်းအတွက်

ကတ်သီးကတ်သတ် နိုင်လွန်းလှ၏။ သူက သဟဇတ ဖြစ် နေသောအပိုင်းကို ရှောင်၍ တောင်သီးသန့်ပေါ်သို့သာ ခုတ် ပိုင်းလိုက်ရခြင်း ဖြစ်သည်။ထို့ကြောင့် သူက လမြွေနဂါး အား လှုံ့ဆော်မိသွားစေခြင်း မဖြစ်တော့ပေ။

တောင် ထို့နောက် ဝမ်လင်းလက်ချောင်းများက ပတ်လည်၌ သေချာ ဂရုတစိုက် လှုပ်ရှားနေကာ ဖြည်းဖြည်းချင်းဖြင့် အရိုးနှင့် သဟဇာတ ဖြစ်နေသော အပိုင်းကို ရှောင်စေခဲ့သည်။ သူက တောင်ကို လုံးဝ ဖယ်ရှားခါနီး အချိန်မှာပင် သူ့အနောက်မှ အေးစက်မှုကို ရုတ်တရက် ခံစားလိုက်ရကာ သူ့ဦးရေပြားပင် တင်းကြပ် သွားသည်။

သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ခြင်း မရှိပေ။ ထို အေးစက်စက် အော်ရာအောက်၌ သူက သူ့မျက်ခုံးနှစ်ခု ကြားသို့ ဓားဖြင့်ထောက်ထားသကဲ့သို့ ခံစားနေရ၏။

ထိုအေးစက်စက် ခံစားချက်က ပိုရှင်းလင်းလာသည်။ ဝမ်လင်းမျက်လုံးများကလည်း အေးစက်လာကာ သူက ညာလက်ဖြင့် ထုတ်ယူပြီးသော တောင်ကို ဆုပ်ကိုင်ထား လိုက်၏။ သည့်နောက် ချက်ခြင်းပင် သူက ရှေ့သို့ ထိုးတက် လိုက်ကာ ဘယ်လက်ဖြင့် သူ့နောက်သို့ လက်ပြန် ညွှန်လိုက်သည်။

"ရပ်တန့်ခြင်းမန္တာန်..."

ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခဲ့ ခြင်းပင်။ ဝမ်လင်း လှုပ်ရှားလိုက်သည်နှင့် သူ့နောက်မှ ဟိန်းသံတစ်ခုက ဆက်တိုက်လိုလို ထွက်ပေါ်လာခဲ့ပေ သည်။

ဝမ်လင်းက တောင်ကို ဆွဲယူပြီးနောက် မြန်ဆန်စွာ ပျံသန်းထွက်လာသည်။ သူက ချက်ခြင်းပင် ထိုတောင်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ကာ မြေကြီးထဲ၌ တိုးဝင်သွားသည်။တုံ့ဆိုင်းခြင်းမရှိဘဲ ဝမ်လင်းက အဘိုးအို ထံမှ သူ သင်ယူထားသည့် လွတ်မြောက်ခြင်းမန္တာန်တစ်ခု ကို အသုံးပြုလိုက်သည်။ သူ့နောက်ဘက်တွင်တော့ ဟိန်းသံ များ ပဲ့တင် ထပ်နေ၏။ သူက ပျံသန်းနေရင်းဖြင့် သူ့နတ် ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သည်။ ထိုအခါ သူက ၎င်းခန္ဓာကိုယ်၏ ပေတစ်ရာလောက်ရှိသော လမြွေနဂါး အသေးတစ်ကောင်ကို တွေ့မြင်လိုက်ရသည့်အတွက် ကြောက်လန့်မိသွားပေသည်။

ဒီလမြွေနဂါးငယ်သည် ရပ်တန့်ခြင်းမန္တာန်၏ ဝန်းရံထား ခြင်းကို ခံထားရသည်။ ထို့ကြောင့်သာ ဝမ်လင်းအတွက် ထွက်ပြေးရန် အကောင်းဆုံးအခွင့်ရေးကို ရသွားခဲ့ခြင်း ဖြစ်၏။ ဝမ်လင်း ပျောက်ကွယ်သွားသည့်နောက် ထိုလမြွေ နဂါးငယ်က ထိန်းချုပ်မှု ပြန်ရသွား၏။သို့သော် ၎င်း၏ မျက်လုံးများကတော့ ရဲရဲနီနေသည်။၎င်းက မာန်သွင်းလိုက် ပြီးနောက် မြေကြီးထဲသို့ ပြန်တိုးဝင် ပျောက်ကွယ်သွား သည်။

ဝမ်လင်းက မြေကြီးတစ်လျှောက် အလွန်မြန်ဆန်စွာ ရွှေ့ လျားနေရင်းဖြင့် တော်တော်ဝေးဝေးသို့ ရောက်သွားခဲ့ သည်။ထိုအဖြစ်က သူ့ကို သည်နေရာနှင့် ပတ်သတ်၍ မည် မျှ အန္တရာယ်များကြောင်း သတိပိုပေးလိုက်သလို ဖြစ် စေ၏။

"ဒီနေရာမှာ လမြွေနဂါး ဘယ်နှစ်ကောင်များ ရှိနေတာ လဲ..." ဝမ်လင်းအသွင်က သုန်မှုန်နေ၏။

သူ့ကို ထိတ်လန့်မိစေဆုံးက လမြွေနဂါး၏ ပုံပန်း သဏ္ဌာန်ပင်။ ၎င်း၏ အသွင်က အလွန်ထူးဆန်းနေသည်။

"ဒီလမြွေနဂါးက ၎င်းရဲ့ တိုက်ခိုက်ရေးပုံစံ (တတိယ ပုံစံ)မှာ ရှိနေတာပဲ...။ ဒီ သောက်လောဘကြီးက ဘာတွေ များ သွားလုပ်ခဲ့ရတာလဲ။ သူက လမြွေနဂါးကြီးရဲ့ အရိုးကို ထိုးစိုက်ခဲ့မယ် ဆိုရင်တောင် ခုလောက် ဆိုးဆိုးရွားရွား ဖြစ် နေမှာ မဟုတ်ဘူး..."

ဝမ်လင်းက ထွက်ပြေးနေရာကနေ ရုတ်တရက် ရပ်တန့် လိုက်သည်။သူက တစ်ခုခုကို တွေးမိသွားသည့်ပုံပင်။ သူ့ပုံစံ ကလည်း ပိုမို၍ပင် သုန်မှုန်လာခဲ့တော့၏။

"ဖြစ်နိုင်တာက..."

...လမြွေနဂါး၏ အရိုးကို ထုတ်ယူခြင်း...(နောက်တစ်ပိုင်း)

ထူစီ၏ မှတ်ဉာဏ်ထဲ၌ လမြွေနဂါးတွင် လပန်းဟူသည့် အရာတစ်ခုရှိကြောင်း ဖော်ပြထားသည်။၎င်း လပန်းက အလွန်အမင်း အဆိပ်ရှကာ ရှေးဟောင်းနတ်ဘုရား၏ သွေးကလွဲ၍ အခြားမည်သည့်အရာကမျှ ၎င်းအဆိပ်ကို ကု သနိုင်စွမ်း မရှိပေ။

ထိုလပန်း သက်ရောက်လာချိန်၌ လမြွေနဂါးက သေဆုံး သွားနိုင်သည်။ ၎င်းက လမြေနဂါးတစ်ခုလုံးကို ပူပေါင်း တစ်ခုအလား ချဲ့ထွက်ကာ အဆုံးသပ်တွင် ပေါက်ကွဲသွား စေပေလိမ့်မည်။ ထိုအရာက ရှေးဟောင်းနတ်ဘုရားများက လွဲ၍ ကြယ်အဖွဲ့အစည်းထဲရှိ မည်သည့်အရာကိုမဆို သတ် ပစ်နိုင်ပေသည်။

လမြွေနဂါးက ပို၍ ကြီးမားလေလေ ပေါက်ကွဲမှုကလည်း ပိုမို ပြင်းထန်လေလေ ဖြစ်သည်။

ထို့အတွက်ကြောင့် သေဆုံးသွားခဲ့သော လမြွေနဂါများ က အကြွင်းအကျန်များ မရှိတော့ခြင်း ဖြစ်သည်။

လမြွေနဂါးများ ဂရုအစိုက်ဆုံးသည်လည်း ထိုလပန်းပင်ဖြစ်သည်။လပန်းကို အန္တရာယ် ရှိစေသော အရာတစ်ခုခု ဖြစ်လာခဲ့ပါက လမြွေနဂါးသည် ထိုအန္တရာယ်များအားလုံး ကို ဖယ်ရှားသုတ်သင် ပစ်ပေလိမ့်မည်။

"ဒီလောဘကြီးက ရတနာ မရှိတဲ့နေရာကို မသွားဘူးလို့ ငါ တစ်ခါက ကြားခဲ့ဖူးတယ်။ သူက ဒီလပန်းကို ရတနာ တစ်ခုလို့ မှားယွင်းခဲ့တာများလား..."

ဝမ်လင်းအသွင်က သုန်မှုန်နေချေသည်။

ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များထဲ၌ လ ပန်းကို အပြင်သို့ ထုတ်ယူ၍ မရဟု ဆိုသည်။ ၎င်းကို ထုတ်ယူလိုက်ပါက ချက်ခြင်း ပေါက်ကွဲသွားမည် ဖြစ်သည်။

"ဒါသာ အမှန်ဆိုရင်…ခုအရွယ်လောက် ရှိတဲ့ လမြွေ နဂါးတစ်ကောင်သာ ပေါက်ကွဲသွားရင် မြောက်ပိုင်း နယ်မြေတစ်ခုကျော်လုံးကို မျိုးပြုတ်သွားစေနိုင်လောက်တယ်

ဝမ်လင်းက ဦးရေပြားပင် တင်းကြပ်သွား၏။

မည်သူကမျှ လမြွေနဂါးကို မနှောက်ယှက် ရန်မစလျှင် မ ရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့် အထိ ၎င်းက မသေဆုံးတက်ပေ။ ၎င်းက ဒုတိယပုံစံနှင့်သာ ရှိနေပြီး နောက်ဆုံးတွင် သဘာဝအတိုင်းသာ သေဆုံး သွားတက်၏။

လမြွေနဂါးလောက် သန်မာသည့် တစ်စုံတစ်ယောက်ပင်လပန်းကို ထုတ်ယူရန် မဖြစ်နိုင်ပေ။ထိုသို့ လုပ်ဆောင်ပါက ထိုလူသည်ပင် သူ့အသက်ကို ပေးဆပ်ရလိမ့်မည် ဖြစ်၏။

"ဒီလောဘကြီးက သေချင်နေတာပဲ။ ဒါက ငါနဲ့ ဘာမှ မ သက်ဆိုင်ဘူး..."

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ဆက်လက်၍ ရှာဖွေ စမ်းစစ်နေသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးသွားနေ၏။ ဝမ် လင်းကလည်း အချို့နေရာများကလွဲ၍ လမြွေနဂါး၏ နေရာတိုင်းနီးပါးကို ရှာဖွေခဲ့ပြီး ဖြစ်သည်။ ထိုအချိန် အတွင်း သူက မည်သည့် လမြွေနဂါးကိုမှ ထပ်မံတွေ့ရခြင်း မရှိတော့ပေ။

"သူကသာ လမြွေနဂါးရဲ့ သတ်ဖြတ်ခြင်းကို မခံရရင် သူက မြိုချတာ ခံလိုက်ရမှာပဲ။ လမြေနဂါးက မြိုချသမျှ အားလုံးကို အညစ်အကြေးစွန့်ထုတ်တဲ့နေရာမှာ စုစည်း ထားတက်တယ်။ ငါက အဲ့နေရာကို စစ်ဆေးကြည့်ဖို့ လို C..."

ဝမ်လင်းက နေရာတစ်ခုထံသို့ မြန်ဆန်စွာ ရွှေ့လျားသွား သည်။

လမြွေနဂါးသည် ၎င်း၏ ကိုယ်ပိုင် အစာချေဖျက်မှု စနစ် ကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အညစ်အကြေးများကို အပြင်ဘက်သို့ စွန့်ထုတ်ခြင်း မပြုဘဲ ခန္ဓာကိုယ်က အာဟာရ အဖြစ် တစ်ဖန် စုပ်ယူတက်ပေသည်။
ရက်အတော်အတန် ကြာမြင့်ပြီးနောက် ဝမ်လင်းက လ မြွေနဂါး၏ ရောက်လာခဲ့သည်။ အညစ်အကြေးစွန့်ထုတ်သည့်နေရာသို့

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက ဆက်၍ မ သွားတော့ဘဲ ထိုနေရာပတ်လည်၌သာ လှည်ပတ်နေသည်။ သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ သူက ထိုနေရာ အထဲမှ နတ်ဘုရားအာရုံသတင်းစကား ခပ်ဖျော့ဖျော့ကို ကြားလိုက်ရသည်။

"အပြင်ဘက်မှာ ရောင်ရင်းကျင့်ကြံသူတစ်ယောက် ရှိနေ တာလား...။ငါ့ကို ကယ်ပါ။ကယ်ပါ။ ဒါဆို ငါက အကျိုးအမြတ်များစွာ ပြန်ပေးပါ့မယ်..."

ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက ထို အသံနှင့်ပတ်သတ်၍ မစိမ်းလှပေ။ ထိုအသံပိုင်ရှင်က လောဘကြီးပင် ဖြစ်နေ၏။

"ရောင်းရင်းကျင့်ကြံသူ...ငါ့ကို ကယ်ပါ။ ငါ့မှာ ရတနာ တွေအများကြီး ရှိပါတယ်။ ရောင်းရင်းကျင့်ကြံသူကသာ ငါ့ ကို ကယ်ရင် အားလုံးပေးပါ့မယ်..."

လမြွေနဂါး၏ အညစ်အကြေးစွန့်ထုတ်၊အာဟာရစုပ်ယူ သည့်နေရာတွင် လောဘကြီး၏ ခန္ဓာကိုယ်က အလွန်ပါး လွှာစွာသာ ရှိတော့သည်။သူ့ အသွေးအသားနှင့် သွေး အဆီအနှစ် တော်တော်များများက ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။သည်နေရာရှိ စုပ်အားကို တောင့်ခံနိုင်ရန်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုလည်း နှစ်တစ် ရာနီးပါး သုံးစွဲထားရ၏။

မီးပြင်းဖိုကြောင့်သာ မဟုတ်ပါက သူက လုံးဝဥသုံ ပျောက်ကွယ်သွားနေပြီ ဖြစ်သည်။

အတိတ်တုန်းက လောဘကြီးသည် ခုသူရှိနေသော နေရာ၌ စွမ်းအားကောင်းသော ရတနာတစ်ခုကို အာရုံရ ခဲ့၏။ သူက ထိုသို့သော အားကောင်သော ရတနာ၏ ခံစား ချက်အာရုံမျိုးကို သည် ထူးဆန်းသော မီးပြင်းဖိုကို ရရှိခဲ့ချိန် တုန်းကသာ ရရှိခဲ့ဖူးသည်။ ထို့ကြောင့် သူက လောဘတက် ကာ သည်နေရာသို့ ဝင်လာခဲ့ခြင်းပင်။

ယွမ်ရှဂြိုဟ်သည် သူဝင်လာစဉ်က တည်တည်ငြိမ်ငြိမ်ပင် ရှိခဲ့၏။ထို့ကြောင့် သူက သူအာရုံရခဲ့သော ရတနာရှိရာ အတွင်းနက်ပိုင်းထိ ဝင်လာနိုင်ခဲ့ပေသည်။ သူ မျက်စိကျမိသည့် ရတနာကတော့ လမြွေနဂါး၏ လပန်းပင် ဖြစ်လေ သည်။

သူက လမ်းတစ်လျှောက်တွင် အရိုးသတ္တုကြောကို တွေ့ မြင်ခဲ့သော်လည်း အနည်းငယ်တုံ့ဆိုင်းပြီးနောက် ကောင်းကင်ဘုံတောင်ကို ၎င်းအရိုးပေါ်သို့ ထိုးစိုက်ချခဲ့ သည်။ သူက အလွန်လောဘကြီးသူ ဖြစ်သည့်အတွက် ရတနာမှန်သမျှ အလွတ်မပေးလိုခဲ့ခြင်း ဖြစ်၏။

ကံမကောင်းစွာနှင့် သူ့ကြောင့် လမြွေနဂါးက အလွန် နာကျင်သွားကာ နိုးထလာခဲ့ပေ၏။ သူက မီးပြင်းဖိုကိုသာအမြန်ထုတ်ယူလိုက်နိုင်ခြင်း မရှိခဲ့လျှင် ချက်ခြင်း အသတ်ခံ ခဲ့ရပြီ ဖြစ်သည်။

သည်အရာက လောဘကြီးကို ကြီးစွာ တုန်လှုပ်စေခဲ့၏။ လောဘကြီးက လမြွေနဂါး တည်ငြိမ်သွားသည့်အထိ ရက် အတန်ကြာအောင် ပုန်းကွယ်နေခဲ့သည်။သူက သတ္တုကြော အကြောင်းကို ဆက်လက်၍ မတွေးဝံ့တော့ဘဲ သူအာရုံရခဲ့ သည့် ရတနာရှိရာသို့ ဝရောသုန်းကား ဦးတည်လာခဲ့သည်။

သူက သည်နေရာနှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည် ဟု သတိပြုမိခဲ့၏။ သို့သော် သူက လောဘဇောတိုက်နေ သဖြင့် ချက်ခြင်း ပြန်မထွက်ခွာခဲ့ပေ။

သူ့ အသက်ကယ်ရတနာများနှင့် သူက လပန်း ရှိသော နေရာသို့ အောင်မြင်စွာ ရောက်ရှိလာနိုင်ခဲ့သည်။ လောဘကြီးက ထိုလပန်းကို တစ်ချက်ကြည့်ရုံဖြင့် ပင့်သက်ရှိုက်မိသွားကာ သူ့မျက်လုံးကလည်း လောဘဖြင့် တောက်ပလာခဲ့သည်။

သူက လပန်းကို မည်သည့်အရာ ဖြစ်ကြောင်း မသိခဲ့ပေ။ သို့သော် သူက ထိုလပန်းအတွင်း၌ ပြင်းထန်သော အဖျက် အစီးအားတစ်ခု ရှိနေသည်ကို ကောင်းစွာခံစားမိခဲ့သည်။ သူက လင်းထျန်ဟူပင် ထိုအဖျက်အစီးအားကြောင့် ဖျက်စီး ပစ်ခံရနိုင်သည်ဟုပင် ခံစားမိသည်။

ထို့ကြောင့် သူက လောဘတက်ကာ ထိုရတနာကို ယူဆောင်ရန် ပြင်ခဲ့၏။ သို့ရာတွင် သူက ၎င်းရတနာကို ထိလိုက်သည့် အချိန်မှာပင် ဂြိုဟ်တစ်ခုလုံးက အမှန်တကယ် နိုးထာလာသကဲ့သို့ ထင်မှတ်လိုက်ရ၏။

ဤအခိုက်အတန့်၌ လမြွေနဂါးက ချက်ခြင်းပင် ၎င်း၏ တတိယပုံစံ(တိုက်ခိုက်ရေးပုံစံ) သို့ပြောင်းလဲသွားခဲ့သည်။ လောဘကြီးက ကြီးမားလှသည့် ပါးစပ်ကြီးဖြင့် သူ့အား ဝါး မြိုခံလိုက်ခြင်း မတိုင်မီ သူ့နတ်ဘုရားအာရုံ အစိတ်အပိုင်း အနည်းငယ်ကို လပန်းထဲသို့ ထည့်သွင်းနိုင်ခဲ့၏။

ထို့နောက် သူက ယခုသည်နေရာတွင် ပေါ်လာခဲ့ခြင်း ဖြစ်လေ၏။

သူက သည်ထူးဆန်းသောနေရာနှင့် ပတ်သတ်၍ ဆင်ခြင်မိသွားခဲ့၏။ သည်ဂြိုဟ်က အမှန်တော့ အလွန် ကြီးမားသည့် သားရဲကောင်ကြီး ဖြစ်နေသည်ကို သူက သိရှိလိုက်သည့်အတွက် ထိုရတနာကို ထွက်ပြေးရန် ပြင်ခဲ့၏။ လက်လျော့ကာ

သူက မီးပြင်းဖို၏ စွမ်းအားကို မှီခိုကာ သည်နေရာကနေ ထွက်ပြေးနိုင်ရန် အကြိမ်များစွာ ကြိုးစားခဲ့သည်။သို့သော် သူ ကြိုးစားခဲ့သည့် အခါတိုင်း သူက ပြန်အဖမ်းခံရကာ မြို ချခြင်း ခံရပြီး သည်နေရာသို့သာ ပြန်ပြန် ရောက်လာခဲ့၏။ ထို့အပြင် နောက်ဆုံးတစ်ခေါက် ကြိုးစားပြီးသည့်နောက် မီးပြင်းဖိုက လက်တံများနှင့် ထွေးခြုံပတ်ခြင်းကို ခံလိုက် ရကာ ယင်းလက်တံများက မီးပြင်းဖို၏ စွမ်းအားကို စုပ်ယူ နေခဲ့ပြီး ၎င်းမီးပြင်ဖို၏ စွမ်းအားကို လျော့နည်းသွားအောင်ပြုလုပ်နေခဲ့သည်။

လောဘကြီး၏ ဉာဏ်ရည်ဖြင့် သူ ရောက်ရှိနေသော နေရာက ထိုသားရဲကြီး၏ စုပ်ယူ၊စွန့်ထုတ်သည့် နေရာမှန်း ကောက်ချက်ချလိုက်နိုင်၏။ သူက ထိုသားရဲကြီးက သူ့ကို မ သတ်ဘဲ သည်နေရာသို့သာ ဘာကြောင့် ခေါ်ဆောင်လာ နေသည်ကိုတော့ နားမလည်ခဲ့ပေ။

အခုတစ်ကြိမ်က နှစ်ပေါင်းတစ်ရာအတွင်း အပြင်ဘက်၌ တစ်စုံတစ်ယောက် ရောက်လာသည်ဟု ပထမဆုံးခံစားမိလိုက်ခြင်း ဖြစ်သည်။သူ့စိတ်လှုပ်ရှားမှုက ဖော်မပြနိုင် လောက်အောင်ပေ။

"ရောင်းရင်းကျင့်ကြံသူ...ငါ့ကိုကယ်ပါ...။ ဒီအဘိုးအိုက ရတနာတွေအားလုံးပေးမယ်လို့ ကျိန်ဆိုပါတယ်..."

လောဘကြီးက သူ့နတ်ဘုရားအာရုံဖြင့် ဆက်တိုက် သတင်းပို့ ပြောကြားနေ၏။

ဝမ်လင်းက စကားတစ်ခွန်းမှ မဆိုပေ။ ထိုအစား သူက လှည့်ထွက်ရန် ပြင်၏။

ဝမ်လင်းက ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်သည့် အထဲသို့ ဝင်ရောက်ရန် ခက်ခဲကြောင်း သိပေ၏။ သူက အထဲသို့ ဝင် လိုက်လျှင် ပြန်ထွက်ရန် မဖြစ်နိုင်တော့ပေ။ လောဘကြီးက ထိုနေရာတွင် တစ်ယောက်တည်း ပိတ်လှောင်မိနေပြီး မည်သူကမျှ သူ့ကို လာမကယ်ခဲ့ပေ။ ထို့အတွက်ကြောင့် ဝမ် လင်းက လောဘကြီးသည် မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ သူ တစ်ယောက်တည်း လာခဲ့သည်ဟု ကောက်ချက် ချ လိုက်တော့၏။

ထိုသို့ နားလည်သွားပြီးနောက် ဝမ်လင်းသည် ထို မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးမှ မွန်းစတားအိုကြီးများ နှင့် ပတ်သတ်၍ စိတ်ပူပန်မိခြင်း မရှိတော့ပေ။သူကသာ လောဘကြီးနှင့် စကားပြော၍ အချိန်ဖြုန်းနေလျှင် သူက ဝမ်လင်း မဟုတ်တော့ပေ။

သူက ချက်ခြင်း လှည့်ထွက်လာသည်။ သူက လောဘကြီး ပြောသော ရတနာများနှင့် ပတ်တသ်၍လည်း စိတ်ထက်သန်မိခြင်း မရှိပေ။

ဝမ်လင်းက ဆက်လက်၍ ရွှေ့လျားလာသည်။ အချိန်မည် မျှကြာသွားမှန်း မသိပြီးနောက် သူက အရိုးပေါ်ရှိ အက်ကွဲ ရာ ရှိသော နေရာသို့ ပြန်ရောက်လာခဲ့သည်။ သူက အချိန် အတန်ကြာ လေ့လာစမ်းစစ်ကြည့်နေပြီးမှ ထိုနေရာ ပတ်လည်၌ မည်သည့်လမြွေနဂါးငယ်မှ ရှိမနေဟု ဆုံးဖြတ် လိုက်၏။ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ အပြည့် ရှိုက်သွင်းသည်။ လေ

သူက ထိုင်ချပြီးနောက် လှုပ်ရှားခြင်း မပြုတော့ပေ။ ကောင်းကင်ဘုံသက်တော်စောင့်က ထွက်ပေါ်လာကာ ၎င်း၏ ပတ်ဝန်းကျင်ကို သေချာကြည့်ရှုနေ၏။ သူက ပြီးခဲ့ သော အချိန်က သည်နေရာတွင် အန္တရာယ် ကြုံပြီး ကတည်းက ထပ်မံ မစွန့်စားကြည့်ဝံ့တော့ပေ။
သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုအခါ မရေမတွက်နိုင်သော လက်တံများပေါ်၌ သူချိပ် ပိတ်ထားခဲ့သော ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အရည်များက စိမ့်ထွက်လာကြတော့၏။

ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည် အစိတ်အပိုင်း တစ်ခုကိုသာ လမြွေနဂါးက စုပ်ယူပါက ပင်လယ်ထဲ ရေ တစ်စက် လောင်းထည့်သလို ဖြစ်နေပေလိမ့်မည်။

သို့သော် ခု တစ်ကြိမ်ကတော့ မတူပေ။ ကောင်းကင်ဘုံ တက်ခြင်းသစ်သီး အရည်စက်မြောက်များစွာက တစ်ချိန် တည်းမှာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ သူ့လက်တံများမှ တစ်ဆင့် စိမ့်ဝင်သွားခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် လက်တံအများစုက လှုပ်ယမ်းဝှေ့ခါ နေရာကနေ ရပ်တန့်သွားကြကာ စတင် တုန်ယင်လာ ကြ၏။ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်က စတင် ပျံ့နှံ့လာချေသည်။

ကောင်းကင်ဘုံတက်ခြင်းသစ်သီးအရည်စက် မြောက် များစွာသော ပမာဏ၏ ထူးဆန်းသောအားက လမြွေ နဂါး၏ ခန္ဓာကိုယ်ထဲသို့ သူ့လက်တံရင်းမြစ်များထဲကနေ တိုးဝင်သွားကြပေသည်။

ထိုအခါ မြေပြင်က တုန်ခါလာကာ မြေကြီးထဲကနေ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အော်ရာတစ်ခု ထွက် ပေါ်လာသည်။လက်တံများအားလုံးကလည်း ၎င်း၏ ရန်လိုမှုကို ဆုံးရှုံးသွားကာ ရီဝေဝေ ဖြစ်သွားကြ၏။

ဝမ်လင်းကျင့်ကြံမှုအဆင့်က

မလုံလောက်လျှင်၊ သို့မဟုတ် ပျံ့ကျဲနတ်ဆိုးမိစ္ဆာ၏ ဂြိုဟ်စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းအား တွေ့ကြုံဖူးခြင်း မရှိခဲ့လျှင် သူက မြေပြင် တုန်ခါမှုနှင့် လမြွေနဂါး၏ စိတ်ဝိညာဉ်ထဲမှ စိတ်လှုပ်ရှားမှု အာရုံတို့ကို ခံစားမိနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ ချက်ခြင်း ပင် သူ့လက်မောင်းကို ဖြန့်ကားကာ သူက ဟနေသော အရိုးစုနှစ်ခုပေါ်သို့ ထိလိုက်၏။ သူက ထိုအဟနှစ်ခုကို သူ့ ကိုယ်ပိုင်ခန္ဓာကိုယ်ဖြင့် ပြန်ချိတ်ဆက်သည်နှင့် အလား သဏ္ဌာန်တူသည်။

"တစ္ဆေလောကမြစ်ရဲ့ တတိယစွမ်းရည် တစ္ဆေလောက စွမ်းအား..." ဝမ်လင်း၏ တစ္ဆေလောကမြစ်သည် ထွက် ပေါ်လာ၏။

၎င်းက သူ့လက်မောင်းနှစ်ဖက် တစ်လျှောက် နှစ်ပိုင်းကွဲ သွားကာ ကြမ်းကြုတ်သော နဂါးများအလား ထိုးထွက်သွား သည်။ ၎င်းက အရိုးသတ္တုကြောက်တစ်လျှောက် မြန်ဆန် စွာ ရွှေ့လျား၍ ဖုံးအုပ်သွား၏။

ဝမ်လင်းက အော်ပြောလိုက်၏။ "အရိုး ထုတ်ယူခြင်း..."

တစ္ဆေလောကမြစ်ထံမှ ပြင်းထန်သောစုပ်အားတစ်ခု ပေါ်လာသည်။သည်တတိယစွမ်းရည်က နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေ၏ ဒီလှိုင်းအသူတရာချောက်နက်ထဲ၌ ဝမ်လင်း ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအားက ဝမ်လင်းဉာဏ် အလင်းကနေ ရလာခဲ့သော စွမ်းရည်ဖြစ်သည်။

၎င်း၏ စွမ်းအားက သူ့တာအိုနှင့်အတူ တိုးတက်လာခဲ့ပေ သည်။ ဤအခိုက်အတန့်၌ သူ့အာဏာတက်ခြင်းနောက်ဆုံး အဆင့် ကျင့်ကြံမှုဖြင့် ယင်းစွမ်းရည်ကို အသုံးပြုနေခြင်း ဖြစ်ကာ ဂြိုဟ်တစ်ခုလုံးအား တုန်ယင်သွားစေဖို့ လုံလောက်နေပေ၏။ဂြိုဟ်ပတ်လညရှိသက်ရောက်ခြင်း ခံရသည်။ မြူများပင်

ရှေးဟောင်း ခံစားချက်ကို ပေးစွမ်းနေသော ခပ်အုပ်အုပ် ငြီးတွားသံလှိုင်းက မြေကြီးထဲကနေ ထွက်ပေါ်လာကာ အလွန်ဝေးကွာသော နေရာထိ ပျံ့နှံ့သွား၏။

လမြွေနဂါး နိုးထလာမှု

ယွမ်ရှဂြိုဟ်ပေါ်တွင် ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင် နေသည်။သူ့မျက်လုံးများက တောက်ပလျက် ရှိ၏။ တစ္ဆေ လောကမြစ်၏ စွမ်းအားက အရိုး၏ တစ်ဖက်တစ်ချပ်စီကို ဖုံးအုပ်ထားလျက် ရှိသည်။ထိုအခိုက်အတန့်၌ အရိုးပေါ်ရှိခပ်နက်နက်အက်ကွဲကြောင်း၏ ဟိုဘက်သည်ဘက် နှစ် ခြမ်းလုံးသည် ပြင်းထန်စွာ တုန်ယင်လာသည်။

လမြွေနဂါးကလည်း ခုချိန်၌ ထိုသို့သော အခြေအနေသို့ ဆိုက်ရောက်နေသည်။

ဂြိုဟ်တစ်ခုလုံးသည် ပြင်းပြင်ထန်ထန် စတင်တုန်ခါလာ သည်။ဝမ်လင်း ပတ်လည်ရှိ ဧရိယာသည်လည်း ပြင်းထန် စွာ တုန်ခါနေသည်။သို့သော် သူ့ခန္ဓာကိုယ်က ထိုနေရာ၌ အမြစ်တွယ်နေသကဲ့သို့ မလှုပ်မယှက် ရှိနေ၏။

အံ့မခန်းနာကျင်မှုက သည်ဧရာမလမြွေနဂါးကြီး

ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာခဲ့သည်။ သို့သော် ကောင်းကင်ဘုံတက်ခြင်းသစ်သီး ပမာဏများစွာ၏ သက်ရောက်မှုကြောင့် နာကျင်မှုသည် ထုံထိုင်း လျော့နည်းသွားစေသည်။တစ်နည်းအားဖြင့် ထိုနာကျင်မှုက စိတ် လှုပ်ရှားမှုအာရုံသို့ ပြောင်းသွားခြင်းလည်း ဖြစ်၏။

ဂြိုဟ်ကို ဖုံးအုပ်နေသော လက်တံများထံမှလည်း အနီ ရောင်မြူများ ပေါက်ကွဲထွက်လာသည်။ ထိုလက်တံများက လည်း ပြင်းပြင်းထန်ထန် တုန်ယင်ကာ ဂြိုဟ်ထံကနေ ခပ် အုပ်အုပ် အသံများပင် ထွက်ပေါ်လာခဲ့သည်။

ယွမ်ရှဂြိုဟ်၏ အတွင်း အနက်ပိုင်းထဲ၌ ဝမ်လင်းမျက်လုံး က ပို၍ တောက်ပလာခဲ့သည်။ သူ့လက်နှစ်ဖက်ထံကနေ အတောမသပ်နိုင်သော စုပ်အား တစ်ခု ထွက်ပေါ်လာကာ အရိုးနှစ်ပိုင်းအပေါ် သက်ရောက် ပျံ့နှံ့နေသည်။ ထိုစုပ်အား က အရိုးကို လမြွေနဂါး၏ ခန္ဓာကိုယ်ကနေ ဓားဖြင့် ပိုင်းယူ နေခြင်းနှင့် ဆင်တူသည်။

သည်ဖြစ်စဉ်အတွင်း သည်လမြွေနဂါးကြီးသည် ပို၍ ပြင်းထန်စွာ လှုပ်ယမ်းခါလာခဲ့သည်။ ဂြိုဟ်မျက်နှာပြင် ပေါ်၌လည်း မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ပေါ်လာခဲ့၏။ လက်တံများကလည်း ပို၍ ဆန့်ထွက်လာခဲ့ သည်။ တစ်ချိန်တည်းမှပင် လမြွေနဂါး၏ ကိုယ်ပေါ်မှ မြောက်များစွာသော မြေစိုင်မြေခဲအမှုန်အမွှားများက ကျ ဆင်းလာခဲ့၏။

ထိုမြေစိုင်အမှုန်များ ကျဆင်းလာနေရင်း ဂြိုဟ်အတွင်း ဘက်ကနေ ရှေးဟောင်းအော်ရာတစ်ခုသည် ဖြည်းဖြည်း ချင်း ပျံ့နှံ့လာခဲ့သည်။ယင်းအရာက နှစ်ပေါင်းမရေမတွက်နိုင်အောင် အိပ်ပျော်နေခဲ့သော ကြမ်းကြုတ်သည့်သားရဲကြီး က တဖြည်းဖြည်းချင်း နိုးလာလာနေခြင်းသာ ဖြစ်တော့၏။

တုန်ခါမှုက ပိုပို၍ ပြင်းထန်လာနေသည်။ လက်တံများ ထံမှ အနီရောင်မြူကလည်း ပို၍ ထွက်ပေါ်နေသည်။အနီ ရောင်မြူနှင့် အပြင်ဘက်ရှိ မြူလွှာတို့က ရောနှောသွားကာ သိပ်သည်းသော ပိုးအိမ်တစ်ခုလို ဖြစ်လာသည်ဟု ထင်မှတ် ရ၏။

ဝမ်လင်းမျက်လုံးများကလည်း ပို၍ပို၍ပင် တောက်ပလာ ခဲ့သည်။ မြေပြင်က အရင်ထက် တုန်ခါလာကာ ဘေးကပ် ဆိုးအာရုံက နေရာအနှံ့ကနေ သူ့ထံသို့ တိုးဝင်လာနေခဲ့ သည်။

ဝမ်လင်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်ကာ အလင်းတန်းအလား လှုပ်ရှားလိုက်၏။ ခုချိန်၌ သူ့မျက်လုံး ထဲတွင် မိုးကြိုးခွန်အားတို့ ပါဝင်နေခဲ့သည်။ သူက ချက် ခြင်းပင် အရိုးဘယ်ဘက်ပိုင်းသို့ ရောက်သွား၏။ထို့နောက် သူက လက်နှစ်ဖက်လုံးဖြင့် ထိုအရိုးကို ဆွဲမကာ အော်ပြော လိုက်သည်။ "မြောက်တက်လာစမ်း.."

ဝမ်လင်း လက်မောင်းပေါ်ရှိ သွေးကြောများပင် ဖောင်းကြွလာခဲ့သည်။ သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင် လှည့်ပတ်နေမှုကနေလည်း မရေမတွက်နိုင်သော စာလုံးများက တဖျပ်ဖျပ်ပေါ်လာခဲ့ချေ၏။

သူ့လက်နှစ်ဖက်ဖြင့် အရိုးဘယ်ဘက်ပိုင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။သူ့မျက်လုံးများကလည်း ရူးသွပ် သည့်အရိပ်အမြွက်တို့ ပြသလာခဲ့သည်။ ထိုရူးသွပ်မှုထဲ၌ သာမန်ထက်ပိုသော တည်ငြိမ်မှုတစ်ခု ပါရှိနေ၏။

"ငါ့အတွက် ကြွတက်လာစမ်း..." ဝမ်လင်းက နောက်တစ်ဖန် ထပ်အော်သည်။ သူက သူ့လက်နှစ်ဖက်ဖြင့် အရိုးကို ဆွဲယူသည်။ မြေပြင်က ပိုပို တုန်ခါလာကာ နာကျင်စွာအော်သံ၊ဟိန်းသံများက မြေကြီးတစ်လျှောက် ပျံ့နှံ့လာခဲ့သည်။သို့ရာတွင် ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ စွမ်းအားကြောင့် ဧရာမလမြွေနဂါးကြီးသည် ထို ခံစားချက်က မည်သည့်အရာဖြစ်မှန်း သေချာပိုင်းဖြတ်နိုင် စွမ်းမရှိ ဖြစ်နေ၏။

ဝမ်လင်းက

လမြွေနဂါး၏အရိုးတစ်ဝက်ကို

၎င်း၏ခန္ဓာကိုယ်ကနေ သုံးလမခန့် မြောက်ကြွလာအောင် ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

တစ်လက်မ ကြွတက်လာမှုကပင် အလွန်အရေးကြီး လှ၏။ ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များအားလုံးကို ချက်ခြင်းအသက်သွင်းကာ အရိုးကို ဆွဲယူလိုက်ပြန်သည်။ မြေကြီးထဲမှ အတောမသပ် နိုင်သော တုန်ယင်သံများ ထွက်ပေါ်လာကာ အရိုးသည် လည်း ဆက်တိုက် ဆွဲထုတ်ယူခံနေရသည်။

ခုနစ်လက်မ၊

ဆယ်လက်မ၊ပေသုံးဆယ်၊ခြောက်ပေ၊

ဆယ်ပေ၊ ပေတစ်ရာ..။
ထိုပွတ်တိုက်မှုမှ ထွက်ပေါ်လာသည့်အသံက လူတစ် ယောက်၏ စိတ်ဝိညာဉ်ကို တုန်ခါသွားစေဖို့ လုံလောက် နေသည်။ဝမ်လင်းက ထိုအရိုးတစ်ဝက်ကို ပိုပိုမြန်သထက် မြန်အောင် ဆွဲထုတ်နေသည်။

ဝမ်လင်းမျက်နှာကလည်း ကြမ်းတမ်းနေ၏။ သူ့ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များသည်လည်း အရူးအမူး မြင့်တက်လာနေသည်။ သူက သာ အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ မရောက်ခဲ့ပါ က သူ့ခန္ဓာကိုယ်သည် ထိုမျှကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင် သုံးစွဲမှုကို ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှည့်ပတ်သွားတိုင်း ဝမ်လင်းခွန်အားက ကြီးစွာ တိုးတိုးလာခဲ့သည်။သူ့မျက်လုံး များက နီရဲနေကာ သူက မာန်သွင်းလိုက်၏။

ဝမ်လင်း၏ခွန်အားက အထွတ်အထိပ်သို့ ရောက်လာခဲ့ ချေပြီ။

ဝမ်လင်းက ထိုအရိုးပိုင်းနှင့်အတူ မျက်နှာပြင်ပေါ်သို့ တ ဟုန်ထိုး ထိုးတက်နေစဉ်တွင် ကျယ်လောင်သော တော်လဲ သံ တစ်ခု မြည်ဟိန်းလာသည်။

နှိုင်းယှဉ်လျှင် ပုံရိပ်ယောင်ယင်အဆင့်ရှိ ကောင်းကင်ဘုံ သက်တော်စောင့်က ဝမ်လင်းထက် များစွာ သန်မာနေ၏။ ၎င်းက ညာဘက်ပိုင်းရှိ အရိုးဘေးသို့ ရောက်သွားခဲ့ သည်နှင့် လက်နှစ်ဖက်ဖြင့် ဖမ်းဆုပ်ကိုင်လိုက်သည်။
ကောင်းကင်ဘုံသက်တော်စောင့်က နောက်ထပ် အရိုး တစ်ပိုင်းကို ဆွဲမလိုက်ချိန်၌ မြေကြီးများက ပိုမို တုန်ဟီး တုန်ယင်လာခဲ့သည်။

ကောင်းကင်ဘုံသက်တော်စောင့်က အရိုးကို ကိုင်ထား ရင်း ၎င်း၏ခန္ဓာကိုယ်က အနီရောင်ရောစပ်နေသော ရွှေရောင် တောက်ပလာခဲ့သည်။၎င်းက အရိုးကို တရွတ် တိုက်ဆွဲလာကာ ဝမ်လင်းနောက်သို့ နီးကပ်စွာ လိုက်လာခဲ့ သည်။

ဝမ်လင်းနှင့် ကောင်းကင်ဘုံ သက်တော်စောင့်တို့သည် အရိုးတစ်ပိုင်းချင်းစီကို ဆွဲယူကာ သူတို့ရှေ့ရှိ မြေကြီးကို ဖြတ်သန်းချိုးဖျက်လာကြကာ ဦးတည် တက်လာကြသည်။ မြေမျက်နှာပြင်ထက်သို့

သူတို့က မြန်ဆန်လှ၏။ ဝမ်လင်းက သူ့အမြန်နှုန်း အားလုံးကို အသုံးပြုနေခဲ့သည်။ ပထမ၌ သူက အလွန်မ မြန်သေးသော်လည်း နောက်ပိုင်းတွင် အရှိန်ရလာကာ မြန် သထက် မြန်လာခဲ့ပေသည်။

မြေပြင်က တုန်ခါ၏။ လမြွေနဂါး၏ ဟိန်းဟောက်သံက ပို၍ပင် ကျယ်လောင်လာခဲ့သည်။ လက်တံများကလည်း အနီရောင်မြူကို ပိုထုတ်လွှတ်လာခဲ့သည်။ နာကျင်မှု၏ လှုံ့ဆော်မှုအောက်တွင် လမြွေနဂါးသည် ၎င်း၏ တတိယ ပုံစံသို့ မြန်ဆန်စွာ ပြောင်းလဲသွားခဲ့သည်။

သို့ရာတွင်

ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏အာနိသင်ကြောင့် ထိုပြောင်းလဲမှုဖြစ်စဉ်က အတော်လေး နှေးကွေးသွားခဲ့သည်။ လမြွေနဂါးသည် ၎င်း၏ နာကျင်မှု က ၎င်းခန္ဓာကိုယ်ပေါ်ရှိ မည်သည့်နေရာကနေ ထွက် ပေါ်လာမှန်း ပြောပြနိုင်စွမ်းမရှိ ဖြစ်နေ၏။

တကယ်တော့ ၎င်း၏ ခန္ဓာကိုယ်က ကြီးမားလွန်းလှ သည် မဟုတ်လား။၎င်းက တဖြည်းဖြည်းဖြင့် နိုးထာလာ နေသော်လည်း ငိုက်မျဉ်းသော အခြေအနေတွင်သာ ရှိလို့ နေဆဲပင်။

မြေပြင်က တုန်ခါနေရင်း ဝမ်လင်းကလည်း ထိုးထွက် လာသည်။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုကလည်း ပို၍ ပြင်းထန်လာခဲ့သည်။သူက မြေအောက်ထဲကနေ အရိုးကို ကြမ်းတမ်းရက်စက်စွာ ဆွဲထုတ်လာခဲ့ခြင်းပင်။

ထိုအရိုးတစ်ပိုင်းကပင်

အလွန်ကြီးမားလှရာ တောင်တန်းများကို အတော်မသတ်နိုင်အောင် ဆန့် ထုတ်ပစ်သကဲ့သို့ ဖြစ်နေ၏။ အကွာအဝေးတစ်ခုမှကြည့်ပါ က ထိုအရိုးကြီးသည် ဧရာမ၊ ရွှေရောင်မီးနဂါးကြီး တစ် ကောင်လို ထင်ရပေမည်။

ထိုအရိုးက သိုလှောင်အိတ်ထဲသို့ ထည့်သွင်းရန်လည်း ကြီးမားလွန်းလှ၏။ထို့ကြောင့် ဝမ်လင်းက အရိုးကို တရွတ် တိုက်ဆွဲကာ ကောင်းကင်ထက်သို့ ပျံသန်းတက်နေခြင်း ဖြစ်သည်။

သူ့ပုံရိပ်က အရိုးနှင့် ယှဉ်လျှင် မထင်မရှား ဖြစ်သွားသည်။လူတစ်ယောက်က သေချာမကြည့်ပါက သူ့ကို မြင် ပင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအခိုက်အတန့်၌ မြေပြင်က နောက်တစ်ဖန် တုန်ယင် လာကာ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း ထိုး ထွက်လာခဲ့သည်။၎င်းကလည်း ကျန်အရိုးတစ်ဝက်ကို သယ်ဆောင်ကာ ဝမ်လင်းနောက်သို့ နီးကပ်စွာ လိုက်လာ သည်။

ဝမ်လင်းမျက်လုံးများက နီရဲတွတ်နေသည်။သူ့ခန္ဓာကိုယ် ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်အင် လှည့်ပတ်မှုက လည်း သူ့အကန့်အသတ်ကို လွန်လာခဲ့လေပြီ။ အချို့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များဆိုပါက သူ့ ခန္ဓာကိုယ်ထဲကပင် စိမ့်ထွက်ကုန်ကာ သူ့ကို ပြင်းပြင်းထန်ထန် နာကျင်စေသည်။ သို့ရာတွင် လမြွေ နဂါး၏အရိုးကို ရတာနှင့် နှိုင်းယှဉ်ပါက ထိုနာကျင်မှုသည် ထိုက်တန်ပေ၏။

ဝမ်လင်းက သူသည် မြန်နိုင်သမျှမြန်မြန် ထွက်သွားရ မည်ကို သိသည်။သူက အနည်းငယ် နှေးကွေးသွားခဲ့လျှင် အရာအားလုံး ပျက်စီးသွားမည် ဖြစ်ကာ သူ့အသက်ပင် သည်နေရာ၌ ဆုံးရှုံးသွားနိုင်ပေသည်။

သူက လေမြွေနဂါးသည် ၎င်း၏ အရိုးကို ဆွဲထုတ် ယူသွားသည့်လူကို လက်လွှတ်ပေးလိမ်မည် မဟုတ်ပေ။ လ မြွေနဂါးက သူ့ကို ဝါးမြိုသွားသည်နှင့် သူက သံသယမရှိ သေဆုံးသွားရပေလိမ့်မည်။

လက်တံများက သူ့တို့ပတ်လည်၌ ထွေးပတ်ချင်ကြ

သော်လည်း ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်မှုကြောင့် ထိုလက်တံများ၏ လှုပ်ရှားမှုက နှေး ကွေးနေခဲ့သည်။ သို့ရာတွင် အရိုးက အလွန်ကြီးမားသည် ဖြစ်သဖြင့် လက်တံများက နှေးကွေးသည် ဖြစ်လင့်ကစား ထိုလက်တံများက အရိုးပတ်လည်၌ ထွေးခြုံပတ်လာကြဆဲ ပင်။

ဝမ်လင်းက သိုလှောင်အိတ်ထဲကနေ အတားအဆီးအလံ ကို ထုတ်ယူလိုက်၏။ သူ့မျက်လုံးထဲ၌ နှမြောတသ နာကျင် ဟန် ဖြစ်ပေါ်လာခဲ့သည်။သို့သော် သူက ထိုအလံနှင့် ပတ် သတ်၍ စိတ်ပူပန်နေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူ့ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အတားအဆီး အလံထံသို့ ညွှန်လိုက်၏။

ထိုအလံက ရုတ်တရက် တုန်ယင်သွားကာ ဝမ်းနည်းဖွယ် အသံ ထုတ်လွှတ်လာသည်။တကယ်တော့ ၎င်းက ဝမ်လင်း နှင့် နှစ်ပေါင်းများစွာ အတူရှိနေခဲ့ကာ ၎င်းကို နှစ်ပေါင်းကိုး ရာကျော် သန့်စင်မွန်းမံပြီးသည့်နောက် ဉာဏ်ရည်ပုံစံအချို့ ဖြစ်ပေါ်ခဲ့ပေသည်။

ထိုအလံ၏ ဝမ်းနည်းဖွယ်အသံထဲ၌ ပြတ်သားမှု အရိပ်အမြွက်လည်း ပါဝင်နေသည်။ အတားအဆီးအလံက ပြိုပျက်သွားကာ မရေမတွက်နိုင်သော အတားအဆီးများစွာ က အနက်ရောင်ကြယ်ပျံတစ်စင်းအဖြစ်သို့ စုစည်းသွား သည်။ထို့နောက် ၎င်းက အရိုးပတ်လည်ရှိ ထွေးခြုံထား သော လက်တံများပေါ်သို့ ကျဆင်းသွားသည်။

အတားအဆီးအလံ၏ ကိုယ့်ဟာကိုယ် ဖျက်စီးပစ်လိုက် ခြင်းသည် ပြင်းထန်သောအားတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားသည်။ထိုအခိုက်အတန့်၌ ကြီးမားသောအတားအဆီး ကြီး တစ်ခု ပေါ်ထွက်လာကာ ထိုအတားအဆီးထဲ၌ စိတ် ဝိညာဉ်တစ်ခု ပါဝင်နေသည်။

ထိုစိတ်ဝိညာဉ်က ဝမ်လင်းကြောင့် ဖြစ်ပေါ်လာသလို ယခုလည်း ဝမ်လင်းအတွက် ပြန်ပျောက်ကွယ်တော့မည် ဖြစ်သည်။

အတားအဆီးကြီးက

စိတ်ဝိညာဉ်တစ်ခုကိုပါ သယ်ဆောင်ထားသည့်အတွက်ကြောင့် ၎င်းက အတောမ သပ်သောစွမ်းအားကို ထုတ်လွှတ်လာသည်။၎င်းက လက်တံများပေါ်သို့ ကျရောက်သွားသည့်အချိန်၌ ချက်ခြင်း ပင် အရှိန်လျော့ကျသွားသည်။

လမြွေနဂါးက အလွန်တရာ စွမ်းအားကြီးလှ၏။

အတားအဆီးအလံ ကိုယ့်ကိုကိုယ် ဖျက်စီးလိုက်တာတောင် မှ လက်တံများကို ဖျက်တောက်လိုက်နိုင်ခြင်းမရှိဘဲ အချိန် ခဏသာ နှောင့်နှေးသွားစေ၏။

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။သို့သော် သူက ချက်ခြင်းပင် အရိုးကို ကြမ်းတမ်းစွာ ဆွဲယူလိုက်၏။
ထို့နောက် သူက အရိုးကို သယ်ဆောင်ထားရင်း ကောင်းကင်ထက်ရှိ မြူထုထဲသို့ တဟုန်ထိုး တိုးဝင်သွား သည်။

ကောင်းကင်ဘုံတမန်တော်ကလည်း ထို့အတူ အရိုးကို ဆွဲယူလာခဲ့သည်။ အတားအဆီးအလံ၏ ပေါက်ကွဲမှုက လက်တံများကို နှောင့်နှေးသွားစေသည့်အတွက် ၎င်းက အရိုးကို လွတ်လွတ်လပ်လပ် ဆွဲယူလာနိုင်ခဲ့ကာ ဝမ်လင်း နောက်သို့ တရကြမ်းလိုက်ပါသွားသည်။သူတို့က မြူလွှာကို ထွင်းဖောက် ဖြတ်ကျော်ပြီးလျှင် အဆုံးအစမဲ့သည့် အာကာသဟင်းလင်းပြင်ထဲသို့ ရောက်သွားပေလိမ့်မည်.

သို့ရာတွင် ထိုအခိုက်အတန့်၌ မြေပြင်တုန်ခါမှုက အထွတ်အထိပ်သို့ ရောက်လာခဲ့ကာ ကြီးမားသည် အက်ကွဲ ရာအဟ တစ်ခုက ပေါ်ထွက်လာခဲ့သည်။၎င်းက ပါးစပ်ကြီး နှင့် ဆင်တူကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါသွား စေနိုင်သော ဟိန်းသံကြီးက ထိုပါးစပ်ကြီးထဲကနေ ထွက် ပေါ်လာခဲ့သည်။

ဝမ်လင်း ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့ခန္ဓာကိုယ် ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက ပြိုပျက်လာခဲ့သည်။သူ့မျက်နှာက နာကျင်မှုနှင့် ပြည့်နေကာ သူက ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။

ထွက်ပြေး...ထွက်ပြေး...လွတ်အောင်ပြေး...(နောက်တစ်ပိုင်း)

ကောင်းကင်ဘုံသက်တော်စောင့်၏

ခန္ဓာကိုယ်ပင်

တုန်ယင်သွားခဲ့သည်။

ဝမ်လင်းက အံတင်းတင်းကြိတ်ထားမိ၏။ သူက ဧရာမ ပါးစပ်ကြီး၏ အော်ရာကို လစ်လျူရှုကာ ရှေ့သို့ ထိုးထွက် လိုက်သည်။

သို့ရာတွင် မြေပြင်ပေါ်ရှိ အက်ကွဲကြောင်များက ရူးသွပ် ဖွယ် မြင့်တက်လာခဲ့သည်။ ထိုအခိုက်အတန့်၌ မြေကြီးထု ကပါ ကြွတက်လာကာ ဂြိုဟ်တစ်ခုလုံး စတင် တုန်ယင်လာ သည်။

ထိုအရာက ဝမ်လင်း၏ မူလခန္ဓာကိုယ်က ဂြိုဟ်တစ်ခု လုံးကို ပျက်စီးစေသည့် မြင်ကွင်းနှင့် ဆင်တူသည်။

သို့ရာတွင် ဂြိုဟ်၏ အတွင်းဘက်မှ ပျက်စီးခြင်းသည် ပေါက်ကွဲမှုအလွန်ပြင်းထန်၏။ထိုပေါက်ကွဲမှု အနီးအနား တွင် အဆင့်နိမ့်ကျင့်ကြံသူများရှိပါက အသက်ရှင်ဖို့ အခွင့် ရေး လုံးဝ ရှိလိမ့်မည် မဟုတ်။

သို့ရာတွင် ယွမ်ရှဂြိုဟ်ကတော့ နည်းနည်း ကွာခြား၏။
၎င်းက ပျက်စီးနေသော်လည်း မည်သည့်အဖျက်အစီး စွမ်းအားမှ ရှိမနေချေ။လမြွေနဂါးက ပို၍ နိုးထရုန်းကြွလာ လေလေ နှစ်ပေါင်းများစွာ ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ စုဝေး နေကျသော အပိုင်းအစများက လှုပ်ခါလာခဲ့၏။

အမှန်တော့ မြေကမ္ဘာထု ရုန်းကြွမြင့်တက်လာသည်ဟု ဆိုခြင်းက နာမည်သပ်သပ်သာ ဖြစ်၏။ တကယ့်တကယ် သည် လမြွေနဂါး၏ခန္ဓာကိုယ်ကြီးက ရုန်းကြွလာခြင်းသာ ဖြစ်သည်။

ဧရာမအက်ကွဲကြောင်းကြီးက ချက်ခြင်း ပြန်စေ့လာ ခဲ့၏။ ၎င်း၏ အမြန်နှုန်းက အံ့မခန်းပင်။ဝမ်လင်း မျက်လုံး က အေးစက်လာခဲ့သည်။ ကောင်းကင်ဘုံတက်ခြင်း သစ်သီးများ၏ သက်ရောက်မှုက လမြွေနဂါးပေါ်၌ သက်ရောက်မှု ရှိနေဆဲသောကြောင်သာ မဟုတ်ပါက သူ့ အတွက် လွတ်မြောက်ရန် အခွင့်ရေး ရှိလိမ့်မည် မဟုတ် 60

သူက လမြွေနဂါးကို တုံ့ဆိုင်းသွားအောင် လုပ်နိုင်ပါက မြူလွှာကို ဖြတ်၍ အာကာသဟင်းလင်းပြင်ထဲသို့ ဝင် ရောက်နိုင်ပေလိမ့်မည် ဖြစ်၏။

ဝမ်လင်းက အံတင်းတင်း ကြိတ်ကာ သူ့သိုလှောင်အိတ် ကို ပုတ်ရန် ပြင်လိုက်၏။ ထိုအချိန်မှာပင် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ဤအခိုက်အတန့်၌ သူ့ ထံသို့ ချဉ်းကပ်လာသည့် လမြွေနဂါး၏ပါးစပ်ကြီးထဲကနေ
သူနှင့် ရင်းနှီးသောလှိုင်းတစ်ခုကို ခံစားမိလိုက်၏။ ယင်း တုန်ခါမှုလှိုင်းက ကြယ်ခုနစ်ခုဓားအစီအရင်ပင် ဖြစ် လေ၏။

ဝမ်လင်းက သိုလှောင်အိတ်ကို လှမ်းနေသောလက်ကို ပြန်ရုတ်သိမ်းကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက် သည်။ထို့နောက် သူက ရှေ့သို့ လက်ညွှန်ကာ အော်ပြော လိုက်၏။ "ကြယ်ခုနစ်ခုဓားအစီအရင်...လှည့်ပတ်စမ်း..."

သူ့အသံက မိုးခြိမ်းသံအလား ပါးစပ်ကြီးအတွင်းရှိ ဓားအ စီအရင် ရှာရာသို့ တိုးဝင်သွား၏။

ထိုအခါ ကြယ်ခုနစ်ခုဓားအစီအရင်သည် မြန်ဆန်စွာ လှည့်လည်ကာ ဓားစွမ်းအင်များကို ထုတ်ဖော်၍ ပါးစပ် အတွင်းဘက်ကနေ တိုက်ခိုက်လာ၏။

သို့ရာတွင် ထိုတိုက်ခိုက်မှုများက လမြွေနဂါးကြီးအတွက် ဖြုံလောက်စရာပင် မရှိ။ ၎င်းကို စက္ကန့်ဝက်မျှပင် တန့်သွား အောင် လုပ်နိုင်ခြင်း မရှိပေ။

ပါးစပ်ကြီးက ပိုနီးကပ်သထက် နီးကပ်လာသည်ကို ကြည့်နေရင်း ဝမ်လင်းက အော်ပြောလိုက်ပြန်၏။ "ကြွက် စိတ်ဝိညာဉ်ဓား...ပေါက်ကွဲစမ်း..."

ပါးစပ်ထဲကနေ ခပ်အုပ်အုပ်အသံတစ်ခု ထွက် ပေါ်လာ၏။ ပါးစပ်ကြီးက ပို၍ပင် မြန်ဆန်ကာ ဝမ်လင်းနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်ရှိလာခဲ့တော့သည်။ဝမ် လင်းကလည်း မြန်ဆန်လှ၏။ သူနှင့်ကောင်းကင်ဘုံ သက်တော်စောင့်တို့သည် ယခုအခါ၌ သိပ်သည်းသောမြူ လွှာကြားသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုသိပ်သည်းသော မြူလွှာက ပါးစပ်ကြီး နီးကပ်လာသည်နှင့် ပျောက်ကွယ်သွားချေ၏။

မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ယင်းမြူလွှာက ပျောက်ကွယ်သွားခြင်း ဖြစ် လေ၏။

"ဝက်၊သိုး၊မျောက်၊နွားထီး၊ကျား၊နဲ့တောယုန်...အားလုံး ပေါက်ကွဲစမ်း..." ဝမ်လင်းမျက်လုံးထဲ၌ ရူးသွပ်မှုနှင့် ပြည့် နေတော့၏။

ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...။ မရေမတွက်နိုင်သော ပေါက်ကွဲမှုများက လမြွေနဂါး၏ ပါးစပ်ကြီးအတွင်း၌ ထွက်ပေါ်လာ၏။ ကြယ်ခုနစ်ခုဓားအစီအရင်၏ ဓားများ သာမက ယင်းဓား၏များ၏ စိတ်ဝိညာဉ်များကပါ ပေါက်ကွဲ ထွက်လာခဲ့ခြင်းဖြစ်ကာ ၎င်း၏ အားအကောင်းဆုံး တိုက်ခိုက်မှုကို ဖော်ဆောင်လိုက်ခြင်းပင်။

သို့ရာတွင် လမြွေနဂါးက သန်မာလွန်းလှရာ ထို ပေါက်ကွဲမှုပင် ၎င်းအပေါ်၌ သက်ရောက်မှုမရှိ ဖြစ်ရ၏။ ပေါက်ကွဲမှုအားကြောင့် ၎င်းက ခဏတာသာ တုံ့ခနဲ ဖြစ် သွားရုံသာ ရှိသည်။

ဝမ်လင်းကလည်း ထိုသို့ အရှိန်လျော့ကျသွားသည်ကို လိုချင်နေခြင်း ဖြစ်၏။
သူနှင့်ကောင်းကင်ဘုံသက်တော်စောင့်တို့က မြန်ဆန်စွာ အာကာသ ထိုးထွက်လာကြ၏။ သူတို့မြင်ကွင်းရှေ့၌ ဟင်းလင်းပြင် ကြယ်များစွာ ပေါ်ထွက်လာကြသည်။

ပါးစပ်ကြီးက မြန်ဆန်စွာပင် ပြန်ကောင်းမွန်သွား၏။ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ သက်ရောက်မှုက ၎င်းကို သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုနှင့်စိတ်လှုပ်ရှားမှုအာရုံ ကို ဝေခွဲမရအောင် ပြုလုပ်နေပေ၏။

သို့ရာတွင် ၎င်းက နိုးထလာပြီးနောက် ထိုရှုပ်ထွေးသော အခြေအနေ၌ သူနှင့် ရင်းနှီးဟန်ရသော ပုံရိပ်အသွင် သဏ္ဌာန်နှစ်ခုက ထွက်ပြေးနေသည်ကို ခံစားမိခဲ့သည်။

၎င်းလမြွေနဂါးကြီးက ထိုပုံရိပ်နှစ်ခုက မြန်သထက်မြန် အောင် ထွက်သွားနေသည်ကို မြင်သည့်အခါ ၎င်းက ဟိန်း သံပြုလိုက်ပေ၏။ ထိုအသံက အလွန်အမင်းထူးဆန်းလှ၏။

ထိုအသံ ပေါ်လာသည်နှင့် ဝမ်လင်းဦးရေပြားက ထုံထိုင်း သွားခဲ့သည်။ယင်းအသံက ဘာသာစကားပင်။ ရှေးဟောင်းနတ်ဘုရား၏

ဝမ်လင်းက ပင့်သက်ရှိုက်မိသွားသည်။ "ထူစီရဲ့ မှတ်ဉာဏ်တွေထဲမှာ ဆိုရင် လမြွေနဂါးတွေက ရှေးဟောင်း နတ်ဘုရားတွေရဲ့ ဘာသာစကားကို ပြောနိုင်တယ်လို့ မ ဖော်ပြထားခဲ့ဘူး။ ဒီလမြွေနဂါးက ဘယ်လိုအမျိုးအစား များလဲ..."

ထိုရှေးဟောင်းနတ်ဘုရား၏ စကားများ ပဲ့တင်ထပ်လာသည့် အခိုက်အတန့်၌ ကောင်းကင်က အရောင်ပြောင်း သွားသည်။ဝမ်လင်းက သူ့နောက်သို့ အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါး လိုက်လံလိုက်သည်ဟုပါ ခံစားမိလိုက်ရ၏။

ယင်းအသံက အလွန်ရှေးကျလှ၏။ ထိုအသံထဲ၌ သေရေးရှင်ရေးကိစ္စတစ်ခု ဖြစ်ပျက်တော့မည်ဟူသော အာရုံကို သယ်ဆောင်လာခဲ့ပေသည်။

သည်ဧရိယာပတ်လည်ရှိ ဟင်းလင်းပြင်ထဲ၌ အက်ကွဲ ကြောင်းများ ပေါ်လာခဲ့ချေသည်။ ထိုအဖြစ်က ဝမ်လင်းကို သူ့ လျှပ်တစ်ပြက်ဉာဏ်ကိုပါ ဆုံးရှုံးလုနီးပါး ဖြစ်သွား စေ၏။

သူက ထိုမန္တာန်ကို သိ၏။ ယင်းမန္တာန်က ပျက်စီးခြင်း မန္တာန်ဖြစ်ကာ ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရားသာ အသုံးပြုနိုင်ပေသည်။၎င်းက မြင်ကွင်းထဲရှိ အရာအားလုံး ကို ပျံ့ကျဲဖျက်စီးနိုင်သည်။

ခုလောက်ထိ သေရေးရှင်ရေးဖြစ်မှုကို ဝမ်လင်းက ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။ဝမ်လင်းက နောက်သို့ လှည့်၍ ထူးဆန်းစွာ အော်ဟစ်လိုက်၏။

သူ ဟစ်အော်လိုက်သည့်စကားက ထူစီထံမှ အမွေ ဆက်ခံထားသည့် ရှေးဟောင်းနတ်ဘုရား ဘာသာစကား ပင် ဖြစ်သည်။

လမြွေနဂါးတစ်ဖြစ်လည်း မြေကြီးထုကြီးက ရုတ်တရက် တုံ့သွားက ပါးစပ်ကြီးကလည်း အနည်းငယ် ပိတ်သွား၏။ တစ်ချိန်တည်းမှာပင် အက်ကွဲကြောင်းနှစ်ခုက ထိုပါးစပ် ကြီးထက်၌ ပေါ်လာခဲ့သည်။အမှန်က ယင်းအက်ကွဲ ကြောင်းနှစ်ခုသည် အေးစက်စက်မျက်လုံးတစ်စုံ ဖြစ်နေ၏။

ထိုအကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာ၏။ ၎င်း အကြည့်ထဲ၌ အေးစက်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ ပါဝင်နေခဲ့ သည်။

လမြွေနဂါးက ထိုသို့ တုံ့ဆိုင်းသွားသည့်အတွက်ကြောင့် ပြိုကျနေသောဟင်းလင်းပြင်ကပါ ရပ်တန့်သွားသည်။ဝမ် လင်းက တုံ့ဆိုင်းခြင်းမရှိ ဆက်လက်ပျံသန်းလာခဲ့သည်။ ကောင်းကင်ဘုံသက်တော်စောင့်ကတော့ လုံးဝ မရပ်တန့် ချေ။

ဤအခိုက်အတန့်၌ ခပ်ပါးပါးပုံရိပ်တစ်ခုက အက်ကွဲ ကြောင်းအနက်ပိုင်းထဲကနေ ထိုးထွက်လာသည်။ ထိုပုံရိပ် ကတော့ လောဘကြီးပင် ဖြစ်လေ၏။

လမြွေနဂါးကြီး၏ ဧရာမအပြောင်းအလဲက ၎င်း၏ စုပ် ယူသည့်၊စွန့်ထုတ်သည့်နေရာကိုပါ ပြင်းထန်စွာ တုန်ယင် စေခဲ့ကာ ပြောင်းလဲသွားခဲ့စေသည်။ထို့အတွက်ကြောင့် အဟပေါက် တစ်ခုက ဖြစ်ပေါ်လာခဲ့သည်။ လောဘကြီးက ထိုအက်ကွဲကြောင်းအဟထဲကနေ ထွက်ပြေးလာခဲ့ခြင်းပင်။ ထို့အပြင် သူက မီးပြင်းဖိုကိုလည်း ထားခဲ့ခြင်း မရှိပေ။

ထိုနေရာကနေ ထွက်လာပြီးသည့်နောက် လောဘကြီး သည် လမြွေနဂါးကြီးက မည်မျှ ကြောက်မက်ဖွယ်ကောာ င်းကြောင်း သတိပြုမိသွား၏။ သူက ချက်ခြင်းပင် မီးပြင်းဖို ကို အသုံးပြုကာ ပျံသန်းလိုက်၏။ သူက ပျံသန်းနေရင်း ကြည့်လိုက်သည့်အခါ ဧရာမအက်ကွဲကြောင်းတစ်ခုနှင့် ၎င်းအပြင်ဘက်တွင် ကြယ်များပင် ရှိနေသည်ကို တွေ့မြင် လိုက်ရသည်။

သူက အလွန်စိတ်လှုပ်ရှားမိလာသည်။သူက နှစ်ပေါင်း တစ်ရာနီးပါး ခုလိုမျိုး အပြင်လောကကို မတွေ့ခဲ့ရတာ မဟုတ်လား။ ထိုနေ့ရက်များ၌ သူ့အသက်ရှင်သန်ခဲ့ရမှုက လူနှင့်ပင် မတူခဲ့ပေ။

သူက လွန်ခဲ့သော နှစ်တစ်ရာကို ပြန်စဉ်းစားမိ၏။သူက ထိုသားရဲကြီး၏ အညစ်အကြေးစွန့်ထုတ်သည့် နေရာတွင် အချိန်ကကုန်ဆုံးခဲ့ရပေသည်။သူ့အတွက် ထိုအရာက ရှက် စရာပင်။

သူက ထိုနေရာရှိ ညှီစို့စို့နံဟောင်ဟောင် အနံ့ကို ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။သူက ယင်းအနံ့ ဆိုးကို ခုထိ ခံစားမိနေဆဲ ဖြစ်၏။

လောဘကြီးက ခုတစ်ကြိမ် လွတ်မြောက်နိုင်ခဲ့ရင် သူက ဘယ်တော့မှ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေသို့ ခြေတစ်ဝက်တောင် ချတော့မည် မဟုတ်ပေ။အနာဂတ်၌ သူက ရတနာများနောက်သို့ လိုက်လံရှာဖွေလျှင်လည်း ပို၍ပို၍ ပို၍ ဂရုစိုက်ပေတော့ မည်။

အက်ကွဲကြောင်းအဟရှိရာနှင့်

ပိုနီးလာလေလေ လောဘကြီး၏ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်တိုက် ရောက်လာခဲ့တော့သည်။

"ဒီအဘိုးအိုက နောက်ဆုံးတော့ ဒီနေရာက လွတ်မြောက်နိုင်တော့မယ်..."

ထိုအခိုက်အတန့်၌ လမြွေနဂါး၏ မျက်လုံးထဲရှိ စိတ်ရှုပ် ထွေးမှုက ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားကလည်း နောက်တစ်ဖန် ပဲ့တင်ထပ်လာခဲ့သည်။ ဝမ်လင်းခန္ဓာကိုယ် တစ်ခုလုံးက အေးစက်နေခဲ့၏။ သေခြင်းရှင်ခြင်း သည် အခိုက်အတန့်၌ သူက နည်းနည်းလေးပင် တုံ့ဆိုင်းနေခြင်း မရှိပေ။ သူက ကောင်းကင်ဘုံသက်တော်စောင့်ကို အရိုး တစ်ဝက်အား လမြွေနဂါးထံသို့ ပြန်ပစ်ပေးရန် အမိန့် ပေးလိုက်သည်။

"ငါ...တစ်ဝက် ပြန်ပေးမယ်..."

အရိုးတစ်ဝက်က ဧရာမတောင်ကြီးတစ်ခုနှင့် တူနေ၏။ ထို့ကြောင့် ၎င်းက တဝီဝီအသံများကို ဖြစ်စေကာ လေထု ထဲသို့ ဖြတ်သန်းကျဆင်းလာသည်။ ထိုအရာက လမြွေ နဂါး၏ ပါးစပ်ကြီးကို နောက်တစ်ကြိမ် တုံ့နှေးသွား စေသည်။

ပျက်စီးပြိုကျနေသော

ဟင်းလင်းပြင်ကလည်းနောက်တစ်ဖန် ရပ်တန့်သွားသည်။လမြွေနဂါးက မြန်ဆန် စွာ ကျဆင်းလာသည့် တောင်ကြီး(ဝါ)၎င်းအရိုးကို စူးစိုက် ကြည့်နေရင်း သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုက နောက် တစ်ကြိမ် ပေါ်လာပြန်သည်။ ထိုအရာက အတော်လေး ရင်းနှီးနေသော်လည်း လမြွေနဂါးက မည်သည့်အရာ ဖြစ်ကြောင်းကို သေချာ မမှတ်မိ ဖြစ်နေ၏။

သို့သော် ၎င်းက မသိစိတ်အလိုဖြင့်သာ ၎င်း၏ ပါးစပ် ထိုတောင်ကြီး(ဝ)၎င်း၏အရိုးကို ကြီးကိုဟ၍ ပစ်လိုက်လေသည်။ ဝါးမြို

လောဘကြီး၏ စိတ်လှုပ်ရှားမှုကလည်း ပိုအားကောင်း လာခဲ့သည်။သူက ပို၍ မြန်ဆန်စွာ ရွှေ့လျားနေရင်း အက်ကွဲ ကြောင်းနှင့် နီးသထပ်နီးလာခဲ့သည်။သူက ကျယ်လောင်စွာ ပင် မာန်သွင်းလိုက်ချေသေး၏။

နှစ်တစ်ရာနီးပါးလောက် မျှော်လင့်ချက်မဲ့ရာကနေ သူက နောက်ဆုံးတွင် လွတ်မြောက်နိုင်တာ့မည် မဟုတ်လား။

သို့ရာတွင် လောဘကြီးက အက်ကွဲကြောင်းအပနှင့် နီးကပ်လာသည့် အချိန်တွင် ဧရာမအရိပ်ကြီးတစ်ခုက အက်ကွဲကြောင်းထဲသို့ ရုတ်တရက် လိမ့်ဆင်းကျလာ၏။

လောဘကြီးက မှင်သက်သွားရာ သူ့မျက်လုံးကိုပင် ပွတ် သပ်၍ ကြည့်လိုက်သည်။ "ဒီဧရာမအရိပ်ကြီးက ဘာများလဲ...

"ဒါ..ဒါက တောင်တစ်လုံးပဲ..."

လောဘကြီး၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုကနေ မျှော်လင့်ချက်မဲ့မှုက အစားပြန်ဝင်လာခဲ့သည်။

သို့ရာတွင် လောဘကြီးက အားကောင်းသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။သူက ရှေ့တည့်တည်သို့ မာန်သွင်း ထိုးတက်ကာ သူ့ မီးပြင်းဖိုထဲသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် မီးပြင်းဖိုက ဘေးတစ်ဖက်သို့ တိုးဝင်သည်။

တဝီဝီနှင့် ကျဆင်းလာသည့် တောင်ကြီးက မီးပြင်းဖို၏ အနားစွန်း၌ ပွတ်တိုက်သွားရာ မီးပွင့်မီးပွားများကို ဖြစ် သွားစေသည်။ ထိုပွတ်တိုက်မှု၏ တုန်ခါလှိုင်းကြောင့် မီး ပြင်းဖိုထဲရှိ လောဘကြီးက သွေးတစ်လုပ်အန်ထုတ်လိုက်ရ ချေသည်။

"သေစမ်း.." ထိုတောင်ကြီး(ဝါ)လမြွေနဂါး၏ အရိုးကြီး ကို လက်မတင်ကလေး ရှောင်လိုက်ပြီးနောက် လောဘကြီး က မီးပြင်းဖိုထဲက ပြန်ပေါ်လာခဲ့သည်။သူ့မျက်နှာက ဖြူ ရောလို့နေ၏။ သူက လမြွေနဂါးကို ပြည့်ပြည့်ဝဝ ထိန်းချုပ် နိုင်စွမ်း မရှိပေ။

အရိုးတစ်ဝက်ကို ပြန်မြိုချလိုက်ပြီးနောက် လမြွေနဂါး၏ စိတ်ရှုပ်ထွေးမှုက ပိုမိုအားကောင်းလာခဲ့သည်။ ထိုခံစား ချက်သည် အလွန်ရင်နှီး၊အလွန်ရင်းနှီးကာ ၎င်းက ပြန် မှတ်မိတော့မလိုပင် ဖြစ်လာခဲ့သည်။

လမြွေနဂါး၏ တုံ့ဆိုင်းနေမှုကို အခွင့်ကောင်းယူကာ ဝမ် လင်းသည် ကောင်းကင်ဘုံသက်တော်စောင့်အား သူ့ရှိကအရိုးကို သယ်ဆောင်ရန် အမိန့်ပေးလိုက်သည်။ သည့်နောက် သူတို့နှစ်ယောက်လုံးက ကြယ်များဆီသို့ ပျံသန်းလာကြချေသည်။

လမြွေနဂါး၏ စိတ်ရှုပ်ထွေးမှုသည် တဖြည်းဖြည်းဖြင့် ပြန်ပျောက်ကွယ်လာခဲ့သည်။ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ စွမ်းအားကလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့သည်။ခုချိန်၌ ထိုတောင်ကြီးသည် သာမန်အရာ တစ်ခု မဟုတ်ဘဲ ၎င်း၏ ကိုယ်ကနေ ဖြစ်တည်လာသည့် သူ့အရိုးကိုယ်တိုင် ဖြစ်နေကြောင်း မှတ်မိသွားပေပြီ။

သူ့ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ သက်ရောက်မှုက ပျောက်ကွယ်သွားသည်နှင့် လမြွေနဂါးသည် ခန္ဓာကိုယ်၏ နာကျင်မှုထွက်ပေါ်လာသော နေရာကို ထောက်လှမ်းမိသွား၏။ ထိုနာကျင်မှုက သူ့အရိုးရှိသင့်သော နေရာကနေ ထွက်ပေါ်လာခြင်းပင်။

သက်ရောက်မှု မုန်တိုင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ချေပြီ။ ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ၏ ပျောက်ကွယ်သွားပြီးနောက် သစ်သီးများကြောင့် ပုံးကွယ် နေသော အလွန်တရာနာကျင်မှုက လမြွေနဂါးပေါ်သို့ သက်ရောက် လာချေတော့သည်။ထိုအရာက လမြွေနဂါးကို လုံးဝ ဒေါသပုန်ထသွားစေ၏။

ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲ၌ လမြွေ နဂါးများနှင့် ပတ်သတ်သည့် စကားတစ်ခွန်းရှိသည်။ထို စကားမှာ...

"ကောင်းကင်ဘုံမှာ စိတ်ဝိညာဉ် ရှိသလို ရှေးဟောင်း နတ်ဘုရားများမှာလည်း လမြွေနဂါးရှိတယ်" ဟူ၍ပင်။

ကောင်းကင်ဘုံ၏ စိတ်ဝိညာဉ်က ရှင်သန်နေ သော်လည်း၏ ၎င်း၏ တည်ရှိမှုကို သာမန်တည်ရှိမှုများက နေ ထောက်လှမ်းနိုင်ခြင်း မရှိပေ။

ထို့အတူ ရှေးဟောင်းနတ်ဘုရားထူစီပင် လမြွေနဂါးများ မည်သည့်မည်ပုံ ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ ကပ်ပါးအဖြစ် ရောက်ရှိလာသည်ကို မသိပေ။

ကောင်းကင်ဘုံ၏ စိတ်ဝိညာဉ်နှင့် ရှေးဟောင်းနတ် ဘုရား၏ လမြွေနဂါးတို့သည် တည်ရှိသော်လည်း မည်သူ ကမျှ ထိုအကြောင်းကို ရှင်းပြနိုင်ခြင်း မရှိပေ။



လမြွေနဂါး၏ အမျက်ဒေါသ…ရှေးဟောင်းနတ်ဘုရား၏ လက်ညှိုးတိုက်ချက်..." ထိုစကားက ရှေးဟောင်း နတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲ၌ လမြွေနဂါးနှင့် ပတ် သတ်၍ ဖော်ပြထားသော ဒုတိယတစ်ချက်ဖြစ်သည်။ ဝမ် လင်းက ထူစီ၏ မှတ်ဉာဏ်ကို အမွေဆက်ခံထား သည့်အတွက် ထိုသို့ သိရှိနေခြင်းပင်။

လမြွေနဂါးတစ်ကောင်က ဒေါသပုန်ထာသည်နှင့် ၎င်း၏ တတိယပုံစံ(တိုက်ခိုက်ရေးပုံစံ)သို့ ရောက်ရှိလာကာ ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်ညှိုးတိုက်ချက် စွမ်းအားကို ပိုင်ဆိုင်လာသည်။ ထိုစွမ်းအားက အမျိုးမျိုး တော့ ပြောင်းလဲနိုင်၏။ သို့သော် ကြယ်ကိုးလုံးရှေးဟောင်း နတ်ဘုရား၏ လက်ညှိုးချက်က ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ပျက်စီးသွားဖို့ လုံလောက်ပေ၏။

ကြယ်တစ်လုံး ရှေးဟောင်းနတ်ဘုရားဆိုလျှင်တော့ ထို လက်ညှိုးချက်က အဟား ခံရနိုင်သည်။

သို့ရာတွင် ဝမ်လင်းရှေ့ရှိ ဧရာမလမြွေနဂါးကြီးကတော့ ဟာသတစ်ခု ဟုတ်မနေပေ။

ဝမ်လင်းနှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့၏ အ မြန်နှုန်းက အကန့်အသတ်သို့ ရောက်နေခဲ့ပြီ ဖြစ်ကာ သူတို့ က အရိုးကို သယ်ရင်း ထွက်ပြေးနေကြ၏။ သူက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ဖြင့် ထိုအရိုးကို စုပ် ယူရန် ကြိုးစားကြည့်နေသော်လည်း အချို့အကြောင်းပြ ချက်များကြောင့် စုပ်ယူအားက အလွန်နှေးနေသည်။ထို့ကြောင့် အချိန်တိုအတွင်း ထိုအရိုးကို စုပ်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ဤအခိုက်အတန့်၌ ကျယ်လောင်သော ပေါက်ကွဲတုန်ခါ သံက ယွမ်ရှဂြိုဟ်ကနေ ပျံ့နှံ့ပဲ့တင် ထပ်လာခဲ့သည်။ ထို အသံက ကျယ်လောင်လွန်းလှ၏။ထိုဒေါသတကြီး ဟိန်းသံ က ကြယ်များကြားသို့ ဖြတ်သန်းသွားကာ အလွန်ဝေးသော နေရာကပင် ကြားနိုင်၏။

ဝမ်လင်းက သုန်မှုန်နေ၏။သူက နောက်သို့ လှည့်ကြည် ခြင်း မပြုဘဲ လျင်မြန်စွာ ထွက်ပြေးနေသည်။ လမြွေနဂါး က ၎င်း၏ အရိုးဆုံးရှုံးသွားသည့်အတွက် မသေဆုံးနိုင် သော်လည်း နောက်တစ်ခု ထပ်မံ ဖြစ်တည်ရန် အချိန်များ စွာ လိုအပ်ပေသည်။

သို့သော် ထိုအရိုးက မရေမတွက်နိုင်သော နှစ်ပေါင်းများ စွာ ကြာမြင့်ပြီးမှ ကြီးထွားလာခဲ့ခြင်း ဖြစ်၏။ ထို့အတွက် ကြောင့် ၎င်းက အလွန်ဒေါသထွက်နေသည်မှာ အံ့အားသင့် စရာတော့ မရှိပေ။

လမြွေနဂါး၏

မူလ ဧရာမခန္ဓာကိုယ်ကြီးက အဝန်းအဝိုင်းပုံစံကနေ ဆန့်ထွက်လာခဲ့၏။ ထိုအရာက မြေကြီးထုကို ပိုမို တုန်ခါသွားစေကာ မြေစိုင်မြေခဲများ ကုန်းမြေများပင် ပျက်စီးကုန်ကြသည်။

မရေမတွက်နိုင်သော လမြွေနဂါး၏ လက်တံများက လည်း ဆန့်ထွက်လာကာ ပတ်ပတ်လည်တွင် ဝှေ့ယမ်း ကုန်သည်။၎င်း၏ ခန္ဓာကိုယ်မှ အံ့မခန်းအော်ရာက

ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။

လောဘကြီးက မီးပြင်းဖိုထဲကနေ လှမ်းထွက်လာ၏။ သို့သော် သူ ထိုသို့ထွက်လာမှုက အချိန်ကောင်း မဟုတ်ပေ။ သူထွက်လာသည့်အချိန်က လမြွေနဂါးက ၎င်း၏ ဒေါသကို ထုတ်ဖော်ပြသနေသည့် အချိန် ဖြစ်လို့နေသောကြောင့်ပင်။ လောဘကြီးက အက်ကွဲကြောင်းအဝနှင့် မဝေးသော နေရာ တွင် ရှိနေ၏။သူ့မျက်လုံးများက နီရဲနေသည်။ သူက မာန် သွင်း၍ အရူးအမူး အရှိန်တင်၏။ သူက တဟုန်ထိုး ထွက် ခွာချင်နေသည် မဟုတ်လော။

သို့ရာတွင် ထိုအခိုက်အတန့်လေး၌ အက်ကွဲကြောင်းအဝ က ဖြည်းဖြည်းချင်း ပြန်ပိတ်လာသည်။

လောဘကြီး၏ မျက်လုံးထဲကနေ သွေးမျက်ရည်များပင် ကျဆင်းလာကာ သူက အကြောက်အကန် အော်လိုက်၏။ "໑໗:..."

လမြွေနဂါးက ၎င်း၏ ပါးစပ်(အက်ကွဲကြောင်းအဟ)ကို ပြန်ပိတ်လိုက်၏။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက စွမ်းအား နှင့် ပြည့်နှက်နေသည်။သို့ရာတွင် ၎င်း၏ လုပ်ဆောင်ချက် များက နှေးကွေးနေတုန်းဖြစ်ကာ ၎င်းက ခုထိ သူ့ကိုယ်သူ အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။သို့ရာတွင် တဖြည်းဖြည်းဖြင့် ၎င်းက သူ့ထိန်းချုပ်နိုင်စွမ်းကို ပြန်ရလာ နေသည်သာ ဖြစ်၏။
ဝမ်လင်းက သူ့နောက်တွင် ကောင်းကင်ဘုံ သက်တော်စောင့်ကို ထား၍ လမြွေနဂါး၏ အရိုးကို သယ်ဆောင်လာသည်။ သူတို့က အာကာသထဲသို့ ဝင်လိုက် သည်နှင့် ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို ချက် ခြင်းထုတ်သည်။ ထို့နောက် ကြယ်သံလိုက်အိမ်မြှောင်က ငွေရောင်အလင်းတန်းအဖြစ်ပြောင်း၍ သယ်ဆောင်ကာ တစ်ကျိုးတည်း ပျံသန်းတော့၏။ သူတို့ကို

လမြွေနဂါး၏ အေးစက်စက်အကြည့်က အဝေးရှိ ဝမ် လင်းပေါ်သို့ လက်တံများသည် ကျရောက်နေသည်။၎င်းခန္ဓာကိုယ်ပေါ်ရှိအနည်းငယ် ရွှေ့လျားလာသည်။ ပြင်းထန်သော မုန်တိုင်းတစ်ခုက ရုတ်ချည်း ပေါ်ထွက်လာ သည်။ထိုမုန်တိုင်းက အသံပေါက်ကွဲမှုများကိုပါ ဖြစ်စေ၏။

ပြင်းထန်သောတုန်ခါလှိုင်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့၏။ထို့နောက် လမြွေနဂါးသည် ရှေ့သို့ ဆက်ရွှေ့လာ၏။ ၎င်းက တစ်ချက်သာ ရွှေ့လိုက်သည် ဖြစ်သော်လည်း ချက် ခြင်းပင် ဝမ်လင်း၏ အကွာအဝေးနှင့် နီးကပ်သွားပေသည်။

တစ်ချိန်တည်းမှာပင် လမြွေနဂါးက ၎င်း၏ ပါးစပ်ကို ပြန်ဟကာ ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားကို ပြောလိုက်သည်။ထိုအခါ ၎င်း၏ ပါးစပ်ကြီးထဲမှ သေး ငယ်သော လမြွေနဂါးရာချီက ထွက်ပေါ်လာသည်ကို တွေ့ မြင်လိုက်ရသည့်အခါ ဝမ်လင်း ဦးရေပြားက ထုံထိုင်းသွား ရ၏။
လောဘကြီးက ၎င်း၏ ပါးစပ်ထဲ၌ ရှိနေခြင်းပင်။ သူက ကြယ်များကို ထပ်မံ မြင်တွေ့လိုက်ရချိန်၌ သူ့စိတ်လှုပ်ရှားမှု သည် နောက်တစ်ဖန် တောက်လောင်လာပြန်သည်။ထို ခံစားချက်က အလွန်ကောင်းလှ၏။ သူက ကြယ်များကို မ မြင်ရသည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီ မဟုတ်လော။

သို့သော် သူက အမှန်တကယ် လွတ်မြောက်နိုင်စွမ်း မရှိသေးသည်ကို သိပေ၏။သူက အဝေးရှိကြယ်သံလိုက် အိမ်မြှောင်ကို မြင်လိုက်သည်နှင့် ဝမ်လင်းမှန်း သိလိုက်၏။ လောဘကြီးက ရုတ်တရက် သဘောပေါက်သွားကာ သူ့ မျက်လုံးထဲ၌ အမုန်းတရားတို့ ဖြစ်ပေါ်လာချေသည်။

သို့ရာတွင် သူက မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူ့ ပတ်လည်၌ ပေထောင်ကျော်ရှိသည့် ကြမ်းကြုတ်သော သားရဲများ ဝန်းရံနေ၏။ သူက လှုပ်ရှားလိုက်သည်နှင့် ၎င်း တို့ကို ဆွဲဆောင်လိုက်သလို ဖြစ်သွားမည်ကို လန့်နေ၏။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ချက် ခြင်းပင် သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံသေရည် ကို ထုတ်ယူလိုက်၏။ထို့နောက် အံတင်းတင်းကြိတ်ကာ ကျန်နေသေးသော သေရည်နှစ်စက်လုံးကို သောက်ချ လိုက်၏။ ချက်ခြင်းပင် သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက ပေါက်ကွဲထွက်လာသည်။ ထို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သိပ်သည်း ပေါ ကြွယ်ဝလှသည်။တကယ်တော့ ထိုသေရည်စက်က အစစ်အမှန်ကောင်းကင်ဘုံသား တစ်ယောက် ပိုင်ဆိုင်ခဲ့သည့်အရာ မဟုတ်လား။

ပြင်းထန်သောနာကျင်မှုကို ကြံ့ကြံ့ခံရင်း ဝမ်လင်းက သူ့ ညာလက်ကို မြှောက်ကာ လမြွေနဂါးငယ်များစွာ ထံသို့ လက်ညွှန်ကာ အော်ပြောလိုက်သည်။ "ရပ်တန့်ခြင်း..."

သူ့ခန္ဓာကိုယ်ထဲမှ

ပေါက်ကွဲထွက်လာသည့်

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် သူ့ လက်ချောင်းထိပ်သို့ စီးဆင်းသွား၏။၎င်းက အံ့မခန်းအား တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီး ကို ဝန်းရံလာသည်။ စကားတစ်ခွန်းဖြင့်ပင် ကောင်းကင် နှင့်မြေကြီးသည် ရပ်တန့်သွားသလား ထင်မှတ်ရသည်။

ပုံမှန်အားဖြင့် ဝမ်လင်းက ထိုသို့ ပြုလုပ်နိုင်စွမ်း မရှိပေ။ သူက ကောင်းကင်ဘုံသေရည်ပေါ်တွင် မှီတည်၍ လုပ်လိုက် နိုင်ခြင်း ဖြစ်၏။ ထိုသေရည် မရှိဘဲ ရပ်တန့်ခြင်းမန္တာန်ကို သည်အဆင့်ထိ သူက အသုံးပြုနိုင်စွမ်း မရှိပေ။

ဤအခိုက်အတန့်ကို အသုံးချ၍ ဝမ်လင်းက ချက်ခြင်း ရှေ့သို့ ဆက်ပြေးသည်။သူက မြန်ဆန်စွာ ရွှေ့လျားနေကာ သူသိသမျှ လွတ်မြောက်ခြင်းမန္တာန်အားလုံးကို သုံးစွဲ နေသည်။

ဝမ်လင်းက

သေးငယ်သောလမြွေနဂါးငယ်များကို ရပ်တန့်နိုင်ခဲ့၏။ သို့သော် ရပ်တန့်ခြင်းမန္တာန်က ယွမ်ရှ ဂြိုဟ်အသွင် ဖြစ်ပေါ်နေသည့် လမြွေနဂါးကြီး အပေါ်တွင် တော့ သက်ရောက်မှု ရှိမနေပေ။ ၎င်းက ရှေ့သို့ တဟုန်ထိုးတိုးလာကာ ကြမ်းတမ်းသော ဖိသိပ်အားကြောင့် လမြွေ နဂါးငယ်များသည် ပြန်လွတ်လပ်သွားကြ၏။

သို့ရာတွင် လောဘကြီးကတော့ အမှန်ပင် ကံဆိုးလှ သည်။သူက ရပ်တန့်သွားသော်လည်း အနည်းငယ် လှုပ်ရှား မိသွား၏။ လမြွေနဂါးက ရှေ့သို့ ထိုးတက်လာစဉ်မှာပင် သူက ၎င်း၏ ပါးစပ်ကြီးထဲသို့ ထပ်မံ ကျရောက်သွား ပြန်သည်။

လောဘကြီးက သူ့အမြင်သည် မှောင်မဲသွားသည်ဟု ခံစားလိုက်ရ၏။ သူက အက်ကွဲကြောင်းအဟထဲသို့ နောက် တစ်ကြိမ် ပြန်ရောက်သွားပြန်သည်ကို တွေ့လိုက်ရ ပြန်သည်။

လောဘကြီး၏ မျက်လုံးထဲ၌ ရူးသွပ်မှုများ ဖြစ်ပေါ် နေသည်။သူက သူ့လျှာထိပ်ဖျားကို ကိုက်ကာ မီးပြင်းဖိုပေါ် သို့ သွေးများစွာ ထွေးထုတ်လိုက်၏။ မီးပြင်းဖိုက ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းကာ လှိုင်းတစ်ခု ပျံ့နှံ့ လာခဲ့သည်။လောဘကြီး၏ မျက်လုံးများက တဖျပ်ဖျပ် တေ က်ပနေကာ သူက လမြွေနဂါးငယ်များနှင့်အတူ အသွင် တည်နေရာ ပြောင်း၍ အမြန်ဆုံးနှုန်းဖြင့် ထိုးထွက်လာခဲ့ သည်။

သူ့အသွင်က အလွန်အမင်း ဖြူရောနေ၏။ထို့နောက် သူက ဝမ်လင်းထံသို့ လက်ညှိုးထိုးကာ အော်ပြောလိုက် သည်။ "ဝမ်လင်း...မင်းက ထွက်သွား ဝံ့တယ်လား..."ဝမ်လင်းက လောဘကြီးကို သတိပြုမိတာ ကြာပြီ ဖြစ်၏။သူက နောက်သို့ လှည့်မကြည့်ဘဲ သူ့နောက်သို့ လက်ပြန် ညွှန်လိုက်၏။ သူ့ခန္ဓာကိုယ်မှ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များက ထိုးထွက်လာခဲ့သည်။

"ရပ်တန့်ခြင်း..."

လောဘကြီးက သူ့မီးပြင်းဖို၏ စွမ်းရည်ကို အသုံးပြု၍ ဟန်ပြင်လိုက်စဉ်မှာပင် ရပ်တန့်ခြင်းမန္တာန်က သူ့ထံသို့ ကျ ရောက်လာကာ တောင့်တင်းသွားစေပြန်သည်။

လမြွေနဂါးကြီး၏ အကြည့်က ရုတ်တရက် လောဘကြီး ထံသို့ ကျရောက်လာ၏။၎င်း၏မျက်လုံးများက တောက်ပ လာခဲ့သည်။၎င်းက မီးပြင်းဖိုကြီးထံမှ ထွက်ပေါ်လာသော အော်ရာက သူ့ကို သက်တောင့်သက်သာ ဖြစ်စေသည်ဟု ခံစားမိနေသည်။

ဤအခိုက်အတန့်၌ လောဘကြီး၏ ခန္ဓာကိုယ်က အေးခဲ သွားခဲ့သည်။လမြွေနဂါးကြီးက မြန်ဆန်စွာ ရှေ့သို့ ထိုး ထွက်လာသည်။

ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက ထိုအခွင့်ရေးကို အသုံးပြု၍ အကွာ အဝေးကို ပိုလှမ်းစေလိုက်သည်။

လောဘကြီးသည် သူ့အမြင်က မှောင်မဲသွားသည်ဟု ပြန် ခံစားလိုက်ရပြန်၏။ သူက နောက်တစ်ဖန် ဝါးမြိုခံလိုက် ရကာ အက်ကွဲကြောင်းအဝ(ပါးစပ်ပေါက်နား)တွင် ရှိနေ၏။ လောဘကြီး၏မျက်နှာက အလွန်အမင်း ခါးသီးမှု နှင့် ပြည့်နေ၏။ဝမ်လင်းအပေါ်သူ့ အမုန်းက ပိုအားကောင်း လာခဲ့သည်။

"ဒါတွေအားလုံးက မင်းကြောင့်ပဲ..."

လောဘကြီးက အံတင်းတင်း ကြိတ်ထားမိ၏။ သည့်နောက် သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ မီးပြင်း ဖိုပေါ်သို့ ဖိချလိုက်သည်။ နို့နှစ်ရောင်အဖြူအလင်းတန်း တစ်ခုက သူ့ဦးခေါင်းထက်ကနေ ထွက်ပေါ်လာကာ မီးပြင်း ဖိုပေါ်သို့ ခပ်နှိပ်သွားသည်။

လောဘကြီးက မာန်သွင်းလိုက်သည်။ "ငါ့ သက်တမ်းကို စတေးရပါစေ ငါက ဒီနေရာက ထွက်သွားနိုင်စေရမယ်..."

မီးပြင်းဖိုက လောဘကြီး အသက်ဓာတ်ကို စုပ်ယူသွား ကာ ချက်ခြင်းပင် ကြီးမားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းက စတင်ကြီးထွားလာ သည်။ရှေးဟောင်းအော်ရာတစ်ခုက ချက်ခြင်းပင် ပျံ့နှံ့လာ ကာ မီးပြင်းဖိုကလည်း ကြီးမားလာခဲ့သည်။

လမြွေနဂါးက ဟိန်းသံပြုလိုက်၏။ ဟိန်းသံက ပဲ့တင် ထပ်သွားစဉ် ဝမ်လင်းက နောက်ထပ် သွေးတစ်လုပ်ထပ် အန်လိုက်ရပြန်သည်။ သူက ဒဏ်ရာပြင်းထန်စွာ ရနေခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ဘုံသက်တော်စောင့်သည်လည်း

ပြင်းပြင်းထန်ထန် တုန်ယင်နေ၏။

၎င်းပတ်လည်ရှိရွှေရောင်အလင်းပင် ပျက်စီးသွားခဲ့ချေပြီ။ဝမ်လင်းနှင့် နှိုင်းယှဉ်လျှင်တော့ ၎င်းက တော်သေးပေ၏။

မီးပြင်းဖိုက ချဲ့ထွက်လာစဉ် ဝမ်လင်းက ပြတ်သားစွာ ရှေ့ သို့ တဟုန်ထိုး ပြေး၏။ ချဲ့ကားထွက်လာသည့် မီးပြင်းဖိုက လမြွေနဂါး၏ ပါးစပ်ကို ပိုဟသွားစေခဲ့သည်။

"ဒီအဘိုးအိုက ဒီမီးပြင်းဖိုကို မလိုချင်တော့ဘူး..." လောဘကြီးက၏ နှလုံးသား တစစ်စစ်နာကျင်နေကာ သူက မီးပြင်းဖိုကို ထားခဲ့၍ လှည့်ထွက်ပြေးတော့သည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ လမြွေနဂါးကြီးက မီးပြင်း ဖိုထံသို့ ထွေးထုတ်လိုက်သည်။၎င်း၏ မျက်လုံးများက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ မရေမ တွက်နိုင်သော လက်တံများက ၎င်းထံကနေ ဆန့်ထွက်လာ ကာ ကြီးမားလှသည့် မီးပြင်းဖိုကြီးကို ထွေးပတ်သွားသည်။ နောက်ထပ် လက်တံများက အနီးဆုံးပစ်မှတ်ရှိလောဘကြီးထံသို့ ဦးတည်သွား၏။

လောဘကြီးအသွင်က သုန်မှုန်နေသည်။သူက သိုလှောင် အိတ်ကို ပုတ်လိုက်ရာ အကာအရံတစ်ခုက ရုတ်တရက် ပေါ်လာ၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်၏။ထိုအခါ ကြယ်များကြား၌ တောင်တန်းနှင့် မြစ်၏ အားတစ်ခုက ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။

ဝမ်လင်းက ထွက်ပြေးနေရင်း သူ့နတ်ဘုရားအာရုံဖြင့် ထို အဖြစ်ကို ထောက်လှမ်းမိသွားသည်။"တောင်တန်းနဲ့မြစ်ပန်းချီကား..." ဝမ်လင်း၏ ကြယ် သံလိုက်အိမ်မြှောင်က အရှိန်လျော့သွားသည်။ သူ့မျက်လုံး ထဲတွင်လည်း လောဘရိပ်တို့ သန်းလာခဲ့သည်။သူက ထို အကာအရံကို ကြည့်နေမိ၏။ ဝမ်လင်းက လောဘကြီး သည် သူက တောင်တန်းနဲ့မြစ် ပန်းချီကားကို ရှာမတွေ့ခဲ့ သော်လည်း ၎င်း၏မြင်ကွင်းပြ အကာအရံတစ်ခုကိုတော့ ရှာတွေ့နိုင်ခဲ့သည်ဟု ပြောခဲ့ဖူးပေသည်ကို ပြန်အမှတ်ရ လိုက်သည်။

လမြွေနဂါး၏ မျက်လုံးများက အေးစက်လာခဲ့သည်။ ၎င်း၏ မျက်လုံးထဲ၌ ထူးဆန်းသောစာလုံးတစ်ခု ပေါ်ထွက် လာခဲ့သည်။ဝမ်လင်းက ထိုစာလုံးကို သိရှိလိုက်၏။ ၎င်းက ရှေးဟောင်းနတ်ဘုရားများ၏ ဘာသာစကားပင်။

ထိုစာလုံးက တဖျပ်ဖျပ်လင်းလက်လာရင်း ပေတစ် ထောင်ခန့် ရှိသည့် လက်ညှိုးတစ်ချောင်းက လမြွေနဂါး၏ ရှေ့တွင် ပေါ်လာခဲ့သည်။ထိုအရာက လက်ချောင်းတစ်ခု တည်းသာ။ ၎င်းလက်ချောင်း၏ အရေပြားက ကြမ်းတမ်း လှ၏။

ထိုလက်ချောင်းက ပုံရိပ်ယောင်တစ်ခုသာ ဖြစ် သော်လည်း ဝမ်လင်းအမြင်၌ အစစ်အမှန်ဟု ထင်မြင်နေ မိသည်။

“လမြွေနဂါးရဲ့အမျက်ဒေါသ...ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်း..." ဝမ်လင်းက အသက် မနည်း ရှုလိုက်ရသည်။သူ့နှဖူးထက်၌ ချွေးများဖြင့် ရွှဲနစ်လာခဲ့သည်။သူ့ နှလုံးသားက ကျယ်လောင်စွာ ခုန်ပေါက်လာ၏။နောက်ဆုံး တွင် သူက ထူစီ၏ မှတ်ဉာဏ်ထဲရှိ စကားလုံးများ၏ အဓိပ္ပာယ်ကို သိရှိသွားပေသည်။

Comments

Popular posts from this blog

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)