အပိုင်း(162)
ကောင်းကင်ဘုံအင်ပါယာ၏ မန္တာန်
မြူကနေ ဖြစ်ပေါ်လာသည့် ပုံရိပ်သည် ပျောက်ကွယ်သွား ကာ ဝမ်လင်းရှေ့၌ လှေကားထစ်များအဖြစ် ပြောင်းလဲသွား သည်။ထိုလှေကားတစ်များက အထက်သို့ ဆန်တက်လို့ နေ၏။
ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သည့်နောက် သူက တစ်ခုပြီးတစ်ခုပေါ်သို့ လှမ်းတက်လာရင်း သူ့နောက် ရှိ လှေကားထစ်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားကြသည်။
သည်အခိုက်အတန့်၌ ခန်းမအပြင်ဘက်ရှိ အဘိုးအိုသုံး ယောက်သည် တစ်ယောက်နှင့်တစ်ယောက် စကား ပြောဆို နေကြသည်။ရုတ်တရက် စုဆောင်းခြင်းအဆောက်အဦ ခန်းမကနေ တောက်ပသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့ သည်။
ချန်မိသားစုမှ အဘိုးအိုသည် ထိုအလင်းကို ကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ “ရောင်းရင်းရှုရဲ့အခွင့်အရေး ကတော့ စတင်ပြီ။ သူကလေးလွှာမြောက်မှာ ဘယ်လို မန္တာန်မျိုး ရရှိမလဲတော့ ငါ မသိဘူး..."
ခန္ဓာကိုယ်ဆုံးရှုံးထားသော လုကျင့်ကြံသူက ခေါင်းညိတ် ကာ ပြောလိုက်သည်။ "ကျင့်ကြံခြင်းက ကံတရားအချို့နဲ့ ဆက်စပ်နေတယ်။ ငါ့စိတ်ထင်တော့ သူက အတော်အတန် ကောင်းမွန်တဲ့ မန္တာန်တစ်ခု ရနိုင်လောက်တယ်..."
စုန်ကျင့်ကြံသူကတော့ စကားမပြောပေ။ သူက ခန်းမကို ကြည့်နေရင်း ပြောလာ၏။ "တစ်ခုခုတော့ မှားနေပြီ..."
အခြားနှစ်ယောက်သည်လည်း ခန်းမကို ကြည့်ကာ သူ တို့၏အသွင်ဟန်ပန်များသည် ပြောင်းလဲသွားကြသည်။
စုဆောင်းခြင်းခန်းမကနေ ပထမဆုံးအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် နောက်ထပ်အလင်းတန်းလေးခု သည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထို မြင်ကွင်းက အလွန်ခမ်းနားလှသည်။
ငါးလွှာမြောက်ကို "အလင်းတန်းငါးခု...ဒီလူက တကယ်ဝင်နိုင်ခဲ့တာပဲ..." လုကျင့်ကြံသူက အလင်းတန်း ငါးခုကို ကြည့်၍ မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
"ကြည့်ရတာ ငါတို့က ရောင်းရင်းရှုကို လျှော့တွက်မိတဲ့ ပုံပဲ။ သူက အမှန်တကယ်တော့ အထည်ဒြပ်ယန်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကို ခြေတစ်ဝက်နင်းထားပြီးပြီးကို၊ ဒါ့ကြောင့် သူက ငါးလွှာ မြောက်ကို ဝင်နိုင်သွားတော့ပေါ့.."
ချန်ကျင့်ကြံသူက ဖြည်းဖြည်းချင်း ပြောာလိုက်၏။ သူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ဆိုရင်မိုးကြိုး
“
ကောင်းကင်ဘုံနယ်မြေကို ဝင်လာလို့ ဘယ်ရမလဲ...။ဒါမှ မဟုတ်..."
သူ့စကားမဆုံးသေးခင်မှာပင် စုဆောင်းခြင်းခန်းမကနေ အလင်းတန်းများ ဆက်၍ ထွက်ပေါ်လာခဲ့သည်။ သည်တစ် ကြိမ်၌ အလင်းတန်းနှစ်ခု ထပ်ထွက်လာခဲ့ခြင်းပင်။
အလင်းတန်းခုနစ်ခုက ကောင်းကင်ထက်သို့ အံ့မခန်း ထိုးထွက်နေသည်။သည်မြင်ကွင်းက သူတို့သုံးယောက်ကို မှင်သက်သွားစေ၏။
စုန်အဖိုးအိုက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြော လိုက်၏။ မဖြစ်နိုင်ဘူး။ "အလင်းတန်းခုနစ်ခု ဆိုတာက ခုနစ်ခုမြောက်အလွှာကို ဆိုလိုနေတာပဲ..."
ချန်ကျင့်ကြံသူက စိတ်လှုပ်ရှားဟန်အပြည့်နှင့် သူ့ကိုယ် သူ ပြောလိုက်သည်။ "ခုနစ်ခုမြောက်အလွှာကို ဝင်ရောက်ဖို့ ဘယ်လို့ကျင့်ကြံမှုအဆင့် ရှိရမလဲ။ ဒီရှုမူက ဒီလောက်မြင့် တဲ့ ကျင့်ကြံမှုအဆင့်တော့ ရှိမှာ မဟုတ်ဘူး။ ဖြစ်နိုင်တာက သူက ကံကောင်းပြီး ရောက်သွားတာလား..."
သူတို့သုံးယောက်က မှင်သက်နေစဉ်မှာပင် နောက်ထပ် အလင်းတန်းနှစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်လာ ပြန်၏။ ခုချိန်၌ ကောင်းကင်ထက်တွင် အလင်းတန်းကိုးခု ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအခါ သူတို့သုံးယောက်သည် စကားတစ်ခွန်းပင် မဆို နိုင်တော့ဘဲ ကောင်းကင်ထက်သို့ အကြောင်သား ကြည့်နေမိတော့သည်။
ကိုးခုမြောက်အလင်းတန်းဖြစ်ပေါ်ခြင်းကို ကြီးမားသည့် ကံကောင်းမှုဖြင့်သာ စရာ နည်းမရှိတော့ပေ။ ရှင်းပြနိုင်တော့၏။အခြားတွေးကြည့်
သည်အလင်းတန်းကိုးခုက သူတို့အား အကြီးအကျယ် ဖိနှိပ်နေသကဲ့သို့ပင်။ သူတို့၏ ဆိုင်ရာဆိုရင် မိသားစု၏ ဘိုး ဘေးများကိုယ်တိုင် လာရောက်လျှင်ပင် ရှစ်ခုမြောက် အလွှာထိသာ စွမ်းဆောင်နိုင်ပေလိမ့်မည်။
မည်သူကမျှ ကိုးခုမြောက်အလွှာသို့ မဝင်ရောက်နိုင်ပေ။
ဝမ်လင်းက ခဏတာ တက်လှမ်းသွားပြီးသည့်နောက် သူက နောက်ဆုံးတွင် လှေကားထစ်များ၏ အဆုံးသို့ ရောက်လာခဲ့၏။သည့်နောက် ခန်းမဆောင်တစ်ခုသည် သူ့ ရှေ့တွင် ပေါ်လာခဲ့၏။
ဘေး ၎င်းခန်းမဆောင်က ကြီးမားခြင်း မရှိလှဘဲ တစ်ဖက်စီ၌ သစ်သားမီးတောက်ဆယ်ခုကျော် ရှိနေကြ သည်။မီးတောက်တိုင်းတွင်လည်း ညင်သာစွာတောက်ပနေ သည့် ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ခုစီ ရှိနေ ကြ၏။
သူ့ရှေ့ရှိ နံရံပေါ်တွင်တော့ ပန်းချီကားတစ်ချပ် ချိတ်ဆွဲ ထား၏။ ထိုပန်းချီကားထဲ၌ သစ်ပင်တစ်ပင် ရှိနေကာ သစ်ပင်၏တစ်ဝက်သည် အဝါရောင်သစ်ရွက်များဖြင့် ရှိနေသည်။ထိုသစ်ပင်၏ အောက်တွင် ကျင့်ကြံနေပုံရသောကောင်လေးတစ်ယောက် ရှိနေ၏။
ပန်းချီကား၏ အပေါ်ခြမ်းဘယ်ဘက်ထောင့်တွင် မှင်ဖြင့် ရေးဆွဲထားသည့် မျဉ်းကြောင်းတစ်ခုလည်း ရှိနေသည်။
"လေကိုဆင့်ခေါ်၊မိုးကိုဆင့်ခေါ်၊အံ့ဖွယ်လက်နက်တိုက်၊ မြေပြိုတောင်ကွဲ၊လနက်၊ ကြည်လင်သောကောင်းကင် p:..."
ဝမ်လင်းက ထိုပန်းချီကားကို စူးစိုက်ကြည့်နေရင်း စဉ်းစားနေသည်။သူက သည်ပန်းချီကားနှင့် ပတ်သတ်၍ စိတ်ဝင်စားစရာတစ်ခုခုကို ရှာမတွေ့နိုင် ဖြစ်နေ၏။ သို့သော် သူက ရေးဆွဲထားသည် မျဉ်းလိုင်းများက စိတ်ဝင်စားဖို့ကောင်းသည်ကို ရှာတွေ့လိုက်၏။
"လေကိုဆင့်ခေါ်၊မိုးကိုဆင့်ခေါ်က မန္တာန်နှစ်ခု ဖြစ်သင့် တယ်။အံ့ဖွယ်လက်နက်တိုက်ကတော့ မန္တာန်တစ်ခုပဲ ဖြစ် မယ်။ မြေပြိုတောင်ကွဲကတော့ တစ်ပိုင်းစီ ဖြစ်လိမ့်မယ်။ ဒါပေမဲ့လည်း လနက်နဲ့ ကြည်လင်သောကောင်းကင်များရဲ့ အဓိပ္ပာယ်က ဘာများလဲ..."
ဝမ်လင်းက ၎င်းစာသား၏ နောက်ရှိ အဓိပ္ပာယ်ကို မြင် နိုင်ခြင်း မရှိပေ။ထို့ကြောင့် သူက သူ့အကြည့်ကို ပြန်ရုတ် သိမ်းကာ အခန်းထဲ၌ ရှာဖွေလိုက်၏။ သည်အခန်းက အလွန်ရိုးရှင်းကာ စားပွဲခုံတစ်လုံးပင် ရှိမနေပေ။သို့ရာတွင် ကြမ်းပြင်ပေါ်၌ ကျောက်ဖျာတစ်ချပ် နစ်မြုပ်လို့နေ၏။ထို ကျောက်ဖျာပေါ်၌ တစ်စုံတစ်ယောက်သည် မကြာခဏကျင့်ကြံသည့်အတွက် အခုလို နစ်မြုပ်နေသည့် ပုံပင်။
ဝမ်လင်းက ရှေ့တိုးကာ ထိုဖျာကို သေချာကြည့်လိုက် သည်။ ၎င်းဖျာသည် ဘာထူးခြားမှုမှ ရှိမနေပဲ သာမန်သာ ဖြစ်နေသည်။ သို့သော် ဝမ်လင်းကို အံ့အားသင့်သွား စေသည်က သူသည် ၎င်းဖျာကို ထိလိုက်သည့်အခါ သူ့ လက်သည် ဖျာကိုမထိမိဘဲ ကျော်လွန်သွားခြင်းပင်။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့ ပတ်လည်ရှိ သစ်သားမီးတောက်များကို ကြည့်လိုက်ပြန်၏။ ထိုအခိုက်အတန့်၌ သူ့အသွင်က သုန်မှုန်သွားခဲ့သည်။ အစောပိုင်းတုန်းက ပျော်ရွှင်မှုသည်လည်း ပျောက်ကွယ် သွား၏။
သည်သစ်သားမီးတောက်များထဲ၌ ကျောက်စိမ်းပြားများ ရှိနေသော်လည်း စောနက ဖျာကဲ့သို့ပင် ၎င်းတို့သည်လည်း ပုံရိပ်ယောင်များ ဖြစ်နေကာ တည်ရှိနေကြခြင်း မရှိပေ။
သူက လေ့လာကြည့်နေရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။ သူက သည်နေရာရှိအရာများသည် မြင်ရုံသာမြင်ရ၍ ထိတွေ့နိုင်ခြင်း မရှိသည်ကို တွေ့လိုက်ရ၏။ အရာအားလုံးက ပုံရိပ်ယောင်သပ်သပ် ဖြစ်နေသည့်အလားပင်။
"ဒီလိုမှန်းသာ သိရင်ငါက လေးလွှာမြောက်ကိုပဲ သွား လိုက်ပါတယ်။အနည်းဆုံးတော့ ဒီလိုမျိုး မဖြစ်တော့ဘူး ပေါ့..." ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အခန်းထဲသို့ ဝှေ့ ကြည့်လိုက်၏။ထို့နောက် သူ့အကြည့်က သူ့အရှေ့ရှိ ပန်းချီကား ပေါ်သို့ ကျရောက်သွား၏။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက် သည်။ထို့နောက် သူသည် ပန်းချီကားကို စူးစိုက်ကြည့်နေ ရင်း တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
"ကောင်းကင်ဘုံသားအရှင်သခင်တွေပဲ လာနိုင်တဲ့ ကိုးခု မြှောက်အလွှာက မရိုးရှင်းနိုင်ဘူး။ ဖြစ်နိုင်တာက ဒီ မြင်ကွင်းတွေက ငါ့အမြင်မှာ ပုံရိပ်ယောင်လို ဖြစ်နေပေမဲ့ ကောင်းကင်ဘုံသားအရှင်သခင်တစ်ယောက်အတွက်တော့ အရာရာကို လွယ်လင့်တကူ ဖြတ်မြင်နိုင်မှာပဲ။ ဒီလိုသာဆို ရင် ဒီနေရာမှာ ရှိနေတဲ့ ပန်းချီကားက နည်းနည်း ထူးဆန်းနေတယ်
ဝမ်လင်းက ပန်းချီကားကို သေချာကြည့်ရှုနေ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်နေ၏။ ဝမ်လင်းသည် လည်း တဖြေးဖြေး တည်ငြိမ်လာခဲ့သည်။သူက ကိုးလွှာ မြောက်ကနေ မည်သည့်အရာကိုမှ မရရှိသည်ကို အလိုမရှိ6011 သည်အခြေအနေကို သေချာစမ်းစစ်ကြည့်နေပြီး နောက် သူက ဤပန်းချီကားက သော့ချက်တစ်ခု ဖြစ် လိမ့်မည်ဟု ယုံကြည်လာသည်။
ထို့နောက် သူ့အတွေးအားလုံးကို ပန်းချီကားပေါ်၌ နစ်မြုပ်ကာ သဲလွန်စအချို့ကို ရှာကြည့်နေ၏။
တဖြည်းဖြည်းဖြင့် သူ့စိတ်က ပန်းချီကားအတွင်း၌ နစ်မြောသွားသည်။အချိန်ကုန်နေရင်း ဝမ်လင်းက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။
သူက မျက်လုံးမှိတ်သွားသော်လည်း ပန်းချီကားသည် သူ့ စိတ်ထဲတွင် ပေါ်လာနေတုန်းပင်။ အချိန်အတန်ကြာပြီး နောက် သူက မျက်လုံးပြန်ဖွင့်လာပြီး ခပ်တိုးတိုး ရေရွတ် လိုက်သည်။ "တစ်ခုခုတော့ မှားနေပြီ....။ငါ ပန်းချီကားထဲ ကို အမှန်တကယ်ဝင်ရောက်နိုင်ဖို့ တစ်ခုခုက တားဆီးနေသလိုပဲ..
အနည်းငယ်စဉ်းစားပြီးနောက် သူ့အကြည့်က ပန်းချီ ကားထဲရှိ သစ်ပင်အောက်မှ ကောင်လေးထံသို့ ကျရောက် သွားသည်။ရုတ်တရက် သူ့မျက်လုံးက ကျဉ်းမြောင်းသွား သည်။
သူက ထိုကောင်လေးသည် မည်သည့်ချိပ်တံဆိပ်လက် ဟန်ကိုမှ မလုပ်ဆောင်ဘဲ ကျင့်ကြံရုံမျှ ကျင့်ကြံနေသည်ကို ရှင်းရှင်းလင်းလင်း မှတ်မိခဲ့ပေသည်။သို့ရာတွင် သည် အခိုက်အတန့်၌ ကောင်လေး၏လက်က ချိပ်တံဆိပ်တစ်ခု ကို ပြုလုပ်ထားလေသည်။
သည်တွေ့ရှိမှုက ဝမ်လင်း၏စိတ်ကို တုန်ယင်သွားစေကာ သူက ပန်းချီကားကို သေသေချာချာ လေ့လာကြည့်နေ တော့၏။
မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်ဆုံးသွားခဲ့ လေ၏။ဝမ်လင်း တွေ့ရှိခဲ့သည့် သော့ချက်တစ်ခုက ထိုကောင်လေး၏ လက်ဟန်သည် နှစ်နာရီကနေ သုံးနာရီသို့ ကူးပြောင်းတိုင်း ပြောင်းလဲနေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုပြောင်းလဲမှုက တည်ငြိမ်လှရာ သူက သေချာအာရုံစိုက်ထား မနေပါက သတိပြုမိရန် ခက်ခဲပေ လိမ့်မည်။
သည်ခုနစ်ရက်တာအတွင်း ဝမ်လင်းသည် ကောင်လေး ပြုလုပ်သည့် လက်ဟန်ချိပ်တံဆိပ်များကို မှတ်သား ထားခဲ့၏။ ရှစ်ရက်မြောက်နေ့တွင် သူက ထိုင်ချကာ ထို လက်ဟန်အတိုင်း စတင် ဖြစ်ပေါ်စေသည်။ ထိုချိပ်တံဆိပ် လက်ဟန်များ ပေါ်လာသည်နှင့် အခန်းတစ်ခုလုံးသည် စတင် တုန်ခါလာခဲ့သည်။ဝမ်လင်းသည် ချက်ခြင်း ရပ်တန့် လိုက်၏။ သူက သူ့ပတ်လည်သို့ သေချာကြည့်ရှုလိုက်ပြီးမှ ဆက်လက်၍ ချိပ်တံဆိပ်များကို ပြုလုပ်လိုက်သည်။
ထိုချိပ်တံဆိပ်များ ပေါ်လာသည့်အခါတိုင်း အခန်းတစ်ခု လုံးသည် ကျုံ့လာသကဲ့သို့ တုန်ခါလာခဲ့၏။
သည်တွေ့ရှိမှုက ဝမ်လင်းကို ကြီးစွာ တုန်လှုပ်စေသည်။ သူ့လက်က ပို၍ မြန်ဆန်လာခဲ့သည်။သို့သော် အနည်းငယ် လှုပ်ခါမှု ပြီးသည့်နောက် အခန်းသည် တုန်ခါနေရာကနေ ရပ်တန့်သွားသည်။ဝမ်လင်းက ပန်းချီကားကိုသာ ကြည့်နေ ရင်း သူ့လက်ကို မြန်ဆန်စွာ လှုပ်ရှားလို့နေ၏။ သူက သူ့ ခန္ဓာကိုယ်နှင့်စိတ်သည် လွင့်ပါးလာကာ ပန်းချီကားထဲသို့ ဆွဲငင်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။
သူက နောက်ဆုံးချိပ်တံဆိပ်ကို ဖြစ်ပေါ်စေလိုက်သည့် အခါတွင် သူ့ခေါင်းထဲ၌ ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက် ရကာ သူ့ခန္ဓာကိုယ်သည် ကြမ်းပြင်ထက်သို့ လဲကျသွား၏။ သူ့မူလစိတ်ဝိညာဉ်သည်လည်း တုန်ခါမှုကို ခံစားရကာ မူး ဝေလာခဲ့သည်။
သူ့ သူ့အမြင်က ပြန်ကြည်လင်လာသည့်အခါ၌ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ဝမ် လင်း၏စိတ်သည် တုန်ယင်လို့သွား၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် လေဟာနယ်ဟင်းလင်းပြင် နှင့် ပြည့်နေကာ သူ့နောက်တွင် သစ်ပင်ကြီးတစ်ပင် မားမားမတ်မတ် ရှိနေသည်။ထိုသစ်ပင်၏တစ်ဝက်က အဝါ ရောင်သမ်းနေကာ လေပြေဝှေ့တိုက်သွားနိုင်း သစ်ရွက်များ က ဝှေ့ခါ၍ လေတိုးသံများကို ဖန်တီးနေသည်။
ဝမ်လင်းက သူ့ကိုယ်သူ ခေါင်းငုံ့ကြည့်လိုက်ရာ သူသည် တာအိုဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်အား တွေ့လိုက် ရ၏။သူက ပန်းချီကားထဲသို့ ဝင်ရောက်သွားကာ ပန်းချီ ကားထဲရှိ ကောင်လေး ဖြစ်လာခဲ့ပေသည်။
အနှီမြင်ကွင်းက အလွန်ထူးဆန်းလှ၏။ဝမ်လင်းသည် မတ်တပ်ရပ်ကာ ကောင်းကင်ထက်သို့ ကြည့်နေ၏။ ကောင်းကင်ထက်ရှိ ညာဘက်ထောင့်တွင် မှင်အမှတ်သား အရာများ ရှိနေသည်။၎င်းမှင်ရာများသည် သူ အပြင်ဘက် ကနေ တွေ့မြင်ခဲ့သည့် စာလုံးများပင် ဖြစ်လေ၏။
"လေကိုဆင့်ခေါ်၊မိုးကိုဆင့်ခေါ်၊ အံ့ဖွယ်လက်နက်တိုက်၊ မြေပြိုတောင်ကွဲ၊ လနက်၊ ကြယ်လင်သောကောင်းကင် များ
ဝမ်လင်းက မှင်ဖြင့် ရေးဆွဲထားသည့် မျဉ်းကြောင်းကို ကြည့်နေသည့်အခါ ၎င်းသည် ချက်ခြင်းပင် အစက်များ အဖြစ်သို့ ပြောင်း၍ မြေပြင်ထက်သို့ မိုးရွာချလာသကဲ့သို့ ကျဆင်းလာခဲ့သည်။သူ့ပတ်လည်ရှိဟင်းလင်းပြင်က ရုတ်တရက် ပျောက်ကွယ်သွားကာ ဆူညံသံများ အစားထိုး လာခဲ့သည်။
ဟင်းလင်းပြင်ထဲ၌ အမျိုးမျိုးသော ပုံရိပ်ယောင်ပုံရိပ်များ ပေါ်လာခဲ့လေ။သူက သူတို့၏မျက်နှာမျးကို ကောင်းစွာ မ မြင်ရပေ။ သို့သော် ထိုပုံရိပ်ယောင်ပုံရိပ်များက ပေါ်လာပြီး ပြီးချင်း ထိုင်ချလိုက်ကြသည်။တဖြည်းဖြည်းဖြင့် ဝမ်လင်း သည် ထိုပုံရိပ်များ၏ ဝန်းရံထားခြင်းကို ခံလိုက်ရလေ သည်။
အရပ်မျက်နှာအနှံ့ကနေ အပြန်အလှန်စကားပြောဆိုမှု များ ထွက်ပေါ်လာခဲ့သည်။ သို့သော် ဝမ်လင်းက ထိုအသံ များကို ကြားလိုက်သည့်အခါ သူက ဘာပြောနေသည်ကို ရှင်းရှင်းလင်းလင်း လုံးဝ မကြားရပေ။
ခဏတာကြာမြင့်ပြီးနောက် ဆူညံသံများအားလုံး ပျောက်ကွယ်သွားပြီး ပုံရိပ်တစ်ခုသည် လှမ်းလျှောက်ထွက် လာ၏။ ထိုလူ၏ ပုံရိပ်သည် ခပ်ရေးရေးသာ ဖြစ်သော်လည်း သူ ပေါ်လာသည့်အချိန်၌ သည်ဧရိယာတွင် ဖိအားတစ်ခု ဝန်းရံလာခဲ့သည်။
သူက လေထဲ၌ပင် ထိုင်ချလိုက်၏။ သူက ပြုံးနေသည်ဟု ထင်ရကာ ကြည်ရှင်းသောအသံတစ်ခု ထွက်ပေါ်လာ လေ၏။
"ဒီကနေ့...အရှင်အပူအပင်မဲ့က စုဆောင်းခြင်းခန်းမကို ဖွင့်လှစ်တဲ့အနေနဲ့ ပန်းချီဆွဲလိမ့်မယ်။ကောင်းကင်ဘုံသား အရှင်သခင် ရွင်ပီက ငါ့ကို ကြည့်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါ ကြောင့် ငါက သင်နဲ့ ငါ့မိတ်ဆွေကောင်းကင်ဘုံသားတွေ ကိုပါ ဖိတ်ခေါ်ခဲ့ပြီး ပန်းချီကား ပြီးဆုံးတဲ့အချိန်မှာ ငါ့တာ အိုဟောပြောမှုကို နားထောင်ကြပါ။ ဒါက ငါသိနားလည်တဲ့ တာအို ဖြစ်တယ်..."
ထိုလူက ပြောနေရင်းဖြင့် သူ့ညာလက်ကို ပင့်မြှောက် လိုက်ရာ လေပြင်းတစ်ခု ပေါ်လာခဲ့သည်။သည်လေက အနက်ရောင်ရှိကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။၎င်း က ကောင်းကင်ထက်၌ ဝှေ့၍ တိုက်ခတ်နေပြီးနောက် အနက်ရောင်နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။ နဂါးဟိန်းသံများနှင့်၎င်းတို့၏အော်ရာသည် ကောင်းကင် ကို အရောင်ပြောင်းသွားစေသည်။ အနက်ရောင်လေပြင်း 3 သည်ဧရိယာကို တိုက်ခတ်နေစဉ်တွင် နဂါးကိုး ကောက်သည် အေးစက်စက်လေများကို မှုတ်ထုတ်ကြ သည်။ထိုအံ့မခန်းစွမ်းအားသည် လူများကို သူတို့၏ဘဝ သည် ဖယောင်းတိုင်တစ်တိုင်ကဲ့သို့သာ ဖြစ်သည်ဟု ခံစားမိအောင် ပြုလုပ်သည်။သူတို့က ထိုလေ၏ ရိုက်ခတ်ခြင်း ခံရ ပါက ချက်ခြင်းသေသွားနိုင်ပေသည်။
လောကရှိ သက်ရှိအားလုံးသည် ထိုလေနှင့် ထိခတ်ပါက သေဆုံးသွားနိုင်သကဲ့သို့ ဖြစ်နေ၏။ ထိုလေအတွင်းရှိစွမ်းအားသည် ဝမ်လင်း၏ စိတ်ကူးနိုင်မှုထက် လွန်နေ၏။
"ဒါက လေဆင့်ခေါ်ခြင်းပဲ။ ဒါက သက်ရှိအားလုံးရဲ့ မီးတောက်ကို ငြိမ်းသတ်ပစ်နိုင်တယ်..."
ဝမ်လင်း၏စိတ်သည် အကြီးအကျယ်တုန်လှုပ်သွားကာ သူ့အား အပိုင်းပိုင်းဆုတ်ဖြဲပစ်သကဲ့သို့ နာကျင်မှုကို ခံစား နေရသည်။သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားကာ အစိတ်အပိုင်းများအဖြစ်သို့ ပြန့်ကျဲသွားခဲ့သည်။
သည်အခိုက်အတန့်၌ လေဟာနယ်ထဲကနေ ညင်သာ သောအားတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်း၏မူလစိတ် ဝိညာဉ်ကို ထွေးခြုံပေးသွားသည်။သည့်နောက် ကြည်လင် သောရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "ကောင်းကင်ဘုံ သားအင်ပါယာရဲ့မန္တာန်က သာမန်ထက်ထူးကဲလွန်းတယ်။ ဒီလေဆင့်ခေါ်ခြင်းလို့ ခေါ်တွင်တဲ့ မန္တာန်ကို ဒီအရှင်က အရှင်သခင်အပူအပင်မဲ့ရဲ့ ပန်းချီကားထဲမှာ ရေးဆွဲခဲ့မယ်။ ဒီပန်းချီကားကိုလည်း စုဆောင်းခြင်းခန်းမရဲ့ ကိုးလွှာ မြောက်မှာ သိမ်းဆည်းထားမယ်။ တစ်ယောက်ယောက်က ဒီမန္တာန်ကို နားလည်နိုင်၊မနိုင်ကတော့ ထိုသူရဲ့ကံပေါ် မူတည်လိမ့်မယ်..."
ထိုအသံထွက်ပေါ်လာသည့်အခါတွင် ဝမ်လင်း၏မူလ စိတ်ဝိညာဉ်သည် မင်အဖြစ်သို့ ပြောင်းလဲသွားသည်ဟု ထင်ရကာ သည်စာလုံးသုံးလုံးကို ရေးဆွဲရာ၌ အသုံးပြုခြင်း ခံလိုက်ရသည်။
"လေကိုဆင့်ခေါ်ခြင်း"
တစ်ချိန်တည်းမှာပင် ထိုစာလုံးသုံးလုံးထံမှ ပြင်းထန် သောအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ဝမ်လင်း၏မူလစိတ် ဝိညာဉ်သည် ပြန်လည်ဖြစ်ပေါ်ကာ ပျံသန်းထွက်လာသည်။ သူ့အမြင်က မှုန်ဝါးလာကာ သူက ပန်းချီကားထဲကနေ ပျံသန်းထွက်လာခဲ့ပြီး ပန်းချီကားအပြင်ဘက်ရှိ ကြမ်းပြင် ပေါ်တွင် လဲနေသော သူ့ခန္ဓာကိုယ်ပေါ်သို့ ပြန်ဝင်ရောက် သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်လာခဲ့ကာ သူက မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှင် သက်မှတို့နှင့် ပြည့်နေကာ ထိုပန်းချီကားထဲမှ စကားလုံး များကို ခုထိ သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်နေသည်။
"ဒါက ကံတရားပဲ..." ဝမ်လင်းက အသက်ဝဝရှုသွင်း ကာ ပန်းချီကားကို စူးစိုက်ကြည့်နေသည်။ စောနပိုင်းက ပန်းချီကားထဲတွင် ဖြစ်ပျက်ခဲ့သမျှသည် အလွန်အစစ်အမှန် ဖြစ်သည်ဟု ခံစားခဲ့ရပေသည်။
“ကောင်းကင်ဘုံအင်ပါယာ၊ကောင်းကင်ဘုံအရှင်သခင်၊ ပန်းချီကားကို ရေးဆွဲတဲ့အရှင်သခင်အပူအပင်မဲ့…" ဝမ်လင်းက ပန်းချီကားကို ကြည့်နေရင်း ပန်းချီကားကို ရေးဆွဲ သည့်သူနှင့် သူတွေ့ခဲ့သည့် သိုလှောင်နေရာလွတ်၏ ပိုင်ရှင် မှာ အတူတူပင် ဖြစ်ကြောင်း သဘောပေါက်လာခဲ့သည်။
ဘေး အချိန်အတန်ကြာ ငြိမ်သက်စွာ စဉ်းစားပြီးနောက် ဝမ် လင်းသည် မတ်တပ်ထရပ်လိုက်သည်။ သူက တစ်ဖက်စီရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ကြည့် ပင် မကြည့်တော့ဘဲ ထွက်ခွာလာလိုက်သည်။ သူပိုင်ဆိုင် ထားသည့် အရာအားလုံးသည် ကိုးလွှာမြောက်ရှိအရာရာ နှင့် နှိုင်းယှဉ်ကြည့်ပါက သူ့အတွက် စိတ်ဓာတ်ပင် ကျဆင်း သွားနိုင်ပေသည်။
ဝမ်လင်းက ကိုးလွှာမြောက်ကနေ လှမ်းလျှောက်ထွက် လာသည့်အခါ သူ့အောက်တွင် လှေကားထစ်များ ပြန် ပေါ်လာခဲ့သည်။သူ့မျက်လုံးက အခုထိ မိန်းမောနေဆဲ ဖြစ် ကာ ပန်းချီကားထဲက မြင်ကွင်းကနေ ပြန်လည်ကောင်းမွန် လာခြင်း မရှိသေးသကဲ့သို့ ဖြစ်နေသည်။
ဝမ်လင်းက လှေကားထစ်အတိုင်းဆင်းသွားရင်း ခပ် တိုးတိုး ရေရွတ်လိုက်သည်။ "ကောင်းကင်ဘုံမန္တာန်..လေ ဆင့်ခေါ်ခြင်း..." သူက အောက်ခြေသို့ ရောက်သွားသည့် အခါ ခြေတစ်လှမ်းလှမ်းလိုက်ပြီး သဲလွန်စမရှိ ပျောက် ကွယ်သွားလေသည်။
အချိန်များ ကုန်လွန်သွားသည့်နောက် ခန်းမအပြင်ဘက် ရှိ သုံးယောက်သည် တုန်လှုပ်နေရာကနေ ပြန်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ခုထိ သူတို့က စိတ်ထဲ၌ မယုံကြည်နိုင် ဟန် ဖြစ်နေသေးသည်။
မနာလိုမှုက သူတို့စိတ်ထဲသို့ တဖြည်းဖြည်းချင်း ဝင် ရောက်လာခဲ့သည်။နောက်ဆုံးတွင် ထိုမနာလိုသည့်စိတ်က သူတို့၏ အကျိုးအကြောင်းဆင်ခြင်ဉာဏ်နေရာကိုပါ အစားထိုးသွားခဲ့လေ၏။
တကယ်တော့ သူတို့သည် ကိုးလွှာမြောက်၌ မည်သို့သော မန္တာန်ရှိသည်ကို မခန့်မှန်းနိုင်ကြပေ။ သို့သော် သူတို့က ထိုသို့မခန့်မှန်းနိုင်လေလေ ထိုမန္တာန်ကို လိုချင်သည့်ဆန္ဒက ပိုပြင်းထန်လာလေ ဖြစ်နေသည်။
သည်အခိုက်အတန့်၌ စုဆောင်းခြင်းခန်း၏တံခါးက လင်းလက်သွားကာ ဝမ်လင်းသည် လှမ်းထွက်လာခဲ့သည်။ သူက ခုထိ မိန်းမောနေဆဲ ဖြစ်ကာ ထိုလူသုံးယောက်ကို ဖြတ်ကျော်၍ အကွာအဝေးတစ်ခုထံသို့ လျှောက်လှမ်းသွား သည်။
သူတို့သုံးယောက်သည် ဝမ်လင်း၏ခုလက်ရှိ အခြေအနေ က တစ်ခုခုမှားနေသည်ကို ချက်ခြင်း သတိပြုမိလိုက် ကြ၏။ သူတို့က တစ်ယောက်မျက်လုံးတစ်ယောက် ကြည့် လိုက်ကြရာ သူတို့တစ်ယောက်ချင်းစီ၏ မျက်လုံးထဲ၌ ရက်စက်ပြတ်သားမှုတို့ ဖြစ်ပေါ်နေသည်။
"စိတ်မကောင်းပါဘူး...ရောင်းရင်းရှု…ဒါပေမဲ့လည်း သင့်ကို ငါ့မိသားစုရှိ ကမ်းလှမ်းတာနဲ့ဆိုရင် ငါက ကိုးလွှာမြောက်က မန္တာန်ကို ပိုလိုချင်တယ်။ အထူးသဖြင့် သင် ခုလို ဖြစ်နေတဲ့ အချိန်ပေါ့။ သင်က မူးဝေနေတဲ့အခြေအနေဆို ရင်တောင် ငါက ချီတုံချတုံ ဖြစ်လိမ့်ဦးမယ်။ ဒါပေမဲ့ သင်က ခုလိုမျိုး မိန်းမောနေတဲ့အခြေအနေဖြစ်နေတော့ ငါ့ကို ကောင်းကင်ဘုံက မျက်နှာသာ ပေးလိုက်တာပဲ..."
ချန်အဘိုးအို၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ဖြစ် ပေါ်နေသည်။
သူတို့သုံးယောက်က တုံ့ဆိုင်းမနေတော့ဘဲ တဟုန်ထိုး ထိုးထွက်လာကြ၏။ သူတို့က သူတို့၏ အားအကောင်းဆုံး ရတနာများနှင့် စွမ်းအားအကောင်းဆုံးမန္တာန်များကို ထုတ် ကာ ဝမ်လင်းထံသို့ တိုးဝင်လာကြတော့သည်။
စုဆောင်းခြင်းခန်းမ ( နောက်တစ်ပိုင်း)
ချန်ကျင့်ကြံသူ၏ ရှေ့တွင် ငွေရောင်အပ်များ ပေါ်လာခဲ့ သည်။၎င်းအပ်တစ်ချောင်းစီက အပြာရောင်တောက်ပမှုကို ပေးစွမ်းနေ၏။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်ရာ ချန်ကျင့်ကြံသူ၏ ပတ်လည်တွင် ပုံရိပ်ယောင်ပုံ ရိပ်တစ်ခု ပေါ်လာခဲ့သည်။၎င်းပုံရိပ်သည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေ၏။၎င်းက ဝမ် လင်းထံသို့ လက်ညွှန်လိုက်ရာ ငွေရောင်အပ်များသည် ဝမ် လင်း၏နောက်ကျောသို့ တိုးဝင်လို့သွားသည်။
စုန်ကျင့်ကြံသူက ယင်နှင့်ယန်အင်းကွက်ကို သူ့လက်ထဲ တွင် ဆုပ်ကိုင်ထားရင်း သူက ၎င်းကို ပစ်လွှတ်လိုက်သည်။ မူလစွမ်းအင်များ ပြည့်နှက်နေသော ၎င်းအင်းကွက်သည် ဝမ်လင်းထံသို့ ထိုးထွက်သွား၏။
သူက ထိုအင်းကွက်နောက်ကနေ ကပ်၍ လိုက်ပါသွား ကာ ထူးဆန်းသောချိပ်တံဆိပ်ကို ဖြစ်ပေါ်စေ၏။ထိုအခါ ရှည်လျားနက်မှောင်သောပိုးမျှင်တန်းတစ်ခု ပေါ်လာခဲ့၏။ ထိုပိုးမျှင်တန်းက ထွက်ပေါ်လာသည်နှင့် ပြင်းထန်သော ဖိအားနှင့်အစိမ်းရောင်မြူကိုပါ ပေးစွမ်းလို့နေသည်။
နောက်ဆုံးတွင် ခန္ဓာကိုယ်ဆုံးရှုံးထားသော ကျင့်ကြံသူ က သူမ၏ ပါးစပ်ကို ဟကာ သလင်းယပ်တောင်ငယ်တစ်ခု ကို ထွေးထုတ်လိုက်၏။သူမသည် ၎င်းကို ဖမ်းဆွဲ၍ ပစ် လွှတ်လိုက်ပြီး မူလစွမ်းအင်များကိုပါ ထွေးထုတ်လိုက် သည်။မူလစွမ်းအင်က နဂါးခြောက်ကောင်အသွင်သို့ ပြောင်းလဲ၍ ဝမ်လင်း မလွတ်မြောက်သွားနိုင်အောင် ဝန်းရံ ထားတော့၏။
သူတို့၏ မျက်လုံးများသည် ချင်းချင်းနီရဲနေ၏။ သူတို့က ကိုးလွှာမြောက်မှ ကောင်းကင်ဘုံမန္တာန်ကို ရရှိရန် ဝမ်လင်း ကို သတ်ပစ်ရမည်ဟူသော အကြံကို ကိုင်ဆွဲထားခြင်း ဖြစ်သည်။သူတို့သည် အလွန်မြန်ဆန်လှကာ သူတို့၏မန္တာန် များနှင့် လက်နက်ရတနာများကလည်း ဝမ်လင်းထံသို့ မြန် နှုန်းမြင့်စွာ ချဉ်းကပ်လာလေ၏။ချက်ခြင်းလိုလို သူတို့သုံး ယောက်လုံးက ဝမ်လင်းနှင့် နီးကပ်လာကြလေသည်။
ဝမ်လင်းက မိန်းမောနေလျက်သာ ရှိနေ၏။သူ့စိတ်က သူ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် လေဆင့်ခေါ်ခြင်း အံ့ဖွယ် မြင်ကွင်းနှင့် ပတ်သတ်၍ တွေးနေဆဲပင်။သူတို့သုံးယောက် က နီးကပ်လာသည့်အခါ ဝမ်လင်းသည် သူ့လက်ညှိုးကို ထို သုံးယောက်ထံသို့ အလိုလို ညွှန်ကာ ခပ်တိုးတိုး ရွတ်ဆို လိုက်၏။ "လေဆင့်ခေါ်ခြင်း..."
သူက ထိုသို့ ပြောလိုက်သည့်အခိုက်တွင် အနက်ရောင် လေက ဝမ်လင်းလက်ထဲကနေ ထွက်ပေါ်သွားသည်။ထို လေက ချက်ခြင်း ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ ထိုအေးစက်စက်လေ တိုက်ခတ်သွားစဉ် ကောင်းကင်သည်ပင် မှောင်နက်သွားရသည်။
အစိတ်အပိုင်းမြေတစ်ခုလုံးသည် စတင်တုန်ယင်လာကာ ပြင်းထန်သောအော်ရာတစ်ခုက လောကတွင် ပြည့်နှက် လာ၏။သည်အရာအားလုံးသည် အနက်ရောင်လေကြောင့် ဖြစ်ပျက်လာခဲ့ခြင်းသာ။
အနက်ရောင်လေပေါ်လာသည့်အခိုက်တွင် နှစ်ပေါင်းမ ရေမတွက်နိုင်အောင် ပျောက်ကွယ်နေသော ကောင်းကင်ဘုံ အင်ပါယာ၏မန္တာန်သည် ပြန်ပေါ်လာခဲ့လေ၏။
ထိုလေ ပေါ်လာသည်နှင့် ၎င်းက ဝမ်လင်းနောက်ရှိ လူ သုံးယောက်ထံသို့ ချက်ခြင်း တိုးဝင်သွားခဲ့ပေသည်။
ချန်ကျင့်ကြံသူ၏ ငွေရောင်အပ်များသည် အနက်ရောင် လေနှင့် ထိသွားသည့်အခါ ၎င်းတို့သည် ခုခံနိုင်ခြင်းကင်းမဲ့ ကာ ချက်ခြင်း ပေါက်ကွဲထွက်သွား၏။ဝမ်လင်းထံသို့ လက် ညွှန်နေသော ပုံရိပ်သည်လည်း လွင့်ပြယ်သွားခဲ့တော့၏။
"ဒါက ကိုးလွှာမြောက်က ကောင်းကင်ဘုံမန္တာန်ပဲ..."
ချန်ကျင့်ကြံသူ၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်လာ ကာ သူ့ဦးရေပြားပင် ထုံထိုင်းလာ၏။သူ့စိတ်ထဲတွင်လည်း အနက်ရောင်လေက သူ့အသက်ကိုပါ အမြစ်ဖျက်တော့မည် သကဲ့သို့ ခံစားလိုက်ရ၏။ သူက ၎င်းကို ခုခံချင်သည့် စိတ် ဆန္ဒပင် မရှိအောင် ဖြစ်သွားရ၏။
သူက ချက်ခြင်း ထွက်ပြေးရန် ဟန်ပြင်ကာ တည်နေရာရွှေ့ပြောင်း၏။သို့ရာတွင် သူက တည်နေရာရွှေ့ပြောင်းလျှင် ပင် လုံလောက်ခြင်း မရှိသေးပေ။ လေပြင်းတိုက်ခတ်သွား သည့်အခါ၌ သူ့ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ကာ တည်နေရာရွှေ့ပြောင်းခြင်းကနေ ပြန်ပေါ်လာခဲ့၏။သူ့ မျက်လုံးက မှိန်ဖျော့သွားပြီး ခန္ဓာကိုယ်သည်လည်း ပျက်စီး သွား၏။
သူ့မူလစိတ်ဝိညာဉ်သည်လည်း မီးကို လေနှင့် ငြိမ်းသက် လိုက်သကဲ့သို့ ဖြစ်သွားရ၏။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်သွားခဲ့ခြင်း ပင်။ ချန်ကျင့်ကြံသူအပြင် စုန်ကျင့်ကြံသူ၏ ကံကြမ္မာသည် လည်း ထို့အတူသာ ဖြစ်လေ၏။ ယင်နှင့်ယန်အင်းကွက်ပါ သူ့ခန္ဓာကိုယ်နှင့်အတူ ချက်ခြင်း ပျက်စီးသွားခဲ့ရ၏။ ကြောက်လန့်စွာဖြင့် သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကို စွန့်ပစ်ပြီး အလျင်အမြန် ထွက်ပြေးလိုက်သည်။
လုကျင့်ကြံသူအမျိုးသမီး၏ လက်ထဲရှိ ယပ်တောင်သည် လည်း အနက်ရောင်လေနှင့် ထိမိသည့်အခါ ချက်ခြင်း ပျက်စီးသွား၏။သူမသည် ဝမ်လင်းလက်ချက်ကြောင့် နဂို တည်းက မူလစိတ်ဝိညာဉ်ပုံစံအသွင်နှင့် ရှိနေခဲ့ခြင်းပင်။ သူမက အလွန်ကြောက်လန့်စွာ ဆုတ်သည်။ နောက်သို့ အမြန်
သည်အခိုက်အတန့်၌ အနက်ရောင်လေက တစ်ခါမှ မ ပေါ်လာခဲ့သည့်အလား ရုတ်တရက် ပျောက်ကွယ်သွာသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌လည်း မိန်းမောမှုတို့ ဆက်မရှိတော့ဘဲ ပြန်လည်ကြည်လင်လာခဲ့သည်။
"ဒီတော့...ဒါက လေဆင့်ခေါ်ခြင်း ကောင်းကင်ဘုံမန္တာန် ပေါ့..." သူက အသက်ဝဝရှုသွင်းလိုက်၏။ သူက ရှေ့သို့ လှမ်းလိုက်ရင်း သူ့မျက်နှာကလည်း ဖြူရောနေခဲ့၏။ သူ့ သိုလှောင်အိတ်ထဲကနေ စိတ်ဝိညာဉ်အလံထွက်ပေါ်လာ ကာ အနက်ရောင်မြူက ပျံ့နှံ့၍ လုကျင့်ကြံသူနောက်သို့ လိုက်ပါသွားသည်။
ဝမ်လင်းမျက်လုံးက အေးစက်နေ၏။သူက သဲမှုန်တစ်ခု ကို ထွေးထုတ်လိုက်သည်။၎င်းသဲမှုန်က တံဆိပ်တုံးအဖြစ် သို့ ပြောင်းလဲ၍ စုန်ကျင့်ကြံသူနောက်သို့ လိုက်ပါသွား၏။ ၎င်းက ချက်ခြင်းပင် အပေါ်ကနေ ခပ်ပြင်းပြင်း ဆင့်ကျလာ ခဲ့၏။
စုန်ကျင့်ကြံသူက နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရ ပြီး သူ့မူလစိတ်ဝိညာဉ်ထဲကနေလည်း မူလစွမ်းအင်များစွာ စိမ့်ထွက်ကုန်၏။ သူက ဆက်၍ ထွက်ပြေးလိုသော်လည်း ကံကြမ္မာကျာပွတ်က ပေါ်လာခဲ့ကာ သူ့ကို ဝမ်လင်းထံသို့ ထွေးခြုံစောင့်ဆွဲလိုက်၏။
"ရောင်းရင်းကျင့်ကြံသူရှု...ကျေးဇူးပြုပြီး ငဲ့ညှာပေးပါ။ ငါ မှားခဲ့မှန်း သိပါပြီ။ ငါ မှားခဲ့ပါတယ်..." စုန်ကျင့်ကြံသူ၏ စကားကို အလေးမထားဘဲ ဝမ်လင်းက သူ့လက်ညှိုးနှင့် လက်မဖြင့် စုန်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်ကို ဖိညှစ်လိုက်သည်။ စုန်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ်က ချက်ခြင်း ပျက်စီး၍ မူလစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်း၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
အားကောင်းသောမူလစွမ်းအင်က ဝမ်လင်းခန္ဓာကိုယ် တွင် လှည့်လည်နေရင်း သူ့မျက်နှာက ဖြူရောနေခြင်း မရှိတော့ပေ။ သူက အသက်ဝဝရှုသွင်း၍ စိတ်ဝိညာဉ်အလံ၏ လွှမ်းခြုံထားခြင်း ခံထားရသော လုကျင့်ကြံသူကို ချက်ခြင်း မှီလာခဲ့သည်။
သူ့လက်ကို ဆန့်ထုတ်လိုက်ရာ ကံကြမ္မာကျာပွတ်က အနက်ရောင်မြူထဲသို့ အကြိမ်များစွာ တရွှမ်းရွှမ်း ရိုက်ချ သွား၏။ နောက်ဆုံးတွင် သူက စိတ်ဝိညာဉ်အလံဖြင့် မူလ စိတ်ဝိညာဉ်ကို ဖမ်းဆီးလိုက်သည်။ ဝမ်လင်း မျက်လုံးက အေးစက်နေကာ သူက စိတ်ဝိညာဉ်အလံထဲမှ လုကျင့်ကြံ သူ၏မူလစိတ်ဝိညာဉ်ကို ဆွဲထုတ်လိုက်သည်။
"နင် ငါ့ကို သတ်ရင် လုမိသားစုက နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး..." ကျင့်ကြံသူလုက အကြောက်အကန်အော်၏။ သို့သော် ဝမ်လင်းက လုကျင့်ကြံသူ၏မူလစိတ်ဝိညာဉ်ကို လက်ဖြင့် ဖိညှစ်ကာ ဝါးမြိုလိုက်သည့်အခါ၌ ထိုအော်သံက ရပ်တန့်သွားတော့၏။
ဝမ်လင်းမျက်နှာက အနည်းငယ် အနီရောင်သမ်းလာ သော်လည်း အနည်းငယ် ဖြူရောနေသေး၏။ ချက်ခြင်းပင် သူက စိတ်ဝိညာဉ်အလံထဲသို့ လက်ဆန့်တန်းလိုက်ပြီးသည်နေရာတွင် သူအရင်ဆုံးသတ်ခဲ့သည့်သူ၏ မူလစိတ် ဝိညာဉ်ကိုလည်း ထုတ်ယူလိုက်သည်။
ဝမ်လင်းက ၎င်းမူလစိတ်ဝိညာဉ်ကို မူလစွမ်းအင်များ အဖြစ်သို့ ခွဲချေမွလိုက်ပြီးနောက် ဝါးမြိုလိုက်ပြန်သည်။
မူလစိတ်ဝိညာဉ်သုံးခုကို ဝါးမြိုပြီးသည့်နောက် ဝမ်လင်း သည် ချက်ခြင်း ထိုင်ချကာ ကျင့်ကြံတော့၏။
အချိန်အတန်ကြာမြင့်ပြီးသည့်နောက်
သူ့မျက်နှာ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။ သို့သော ခပ် ရော့ရောဖြူနေသည့် အရိပ်အယောင်လေးတော့ ရှိလို့နေ သေး၏။ဝမ်လင်းက မျက်လုံးဖွင့်လာကာ လေများကို မှုတ် ထုတ်လိုက်၏။
သူမှုတ်ထုတ်လိုက်သည့် လေသည် အနက်ရောင်ဖြစ် နေကာ အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလှ၏။
"အားကောင်းလိုက်တဲ့ ကောင်းကင်ဘုံမန္တာန်။ ငါက ဒါ ကို နည်းနည်းပဲ နားလည်သေးတယ်။ငါက ဒါကို အသုံးပြု တဲ့အခါမှာ အမှန်တကယ် မထိန်းချုပ်နိုင်သေးဘူး။ဒီမန္တာန် ရဲ့ မူလစွမ်းအင်စုပ်ယူမှုကလည်း များပြားလွန်းလှတယ်။ငါ ကသာ လုံလုံလောက်လောက် မြန်မြန်ဆန်ဆန် ပြန်မ ကောင်းနိုင်ရင် အကျိုးဆက်က အံ့မခန်းဖြစ်သွားနိုင် တယ်..."
"ဒါပေမဲ့လည်း ငါက ဒါကို ဘယ်လိုပဲကြည့်ကြည့် ဒီ မန္တာန်ဟာ ကောင်းကင်ဘုံမန္တာန်တစ်ခုနဲ့မတူဘူး။ ဒါကိုနတ်ဆိုးမန္တာန်တစ်ခုလိုတောင် ပိုခေါ်သင့်သေးတယ်။ဒါ့ အပြင် ဒီမန္တာန်က မူလစွမ်းအင်အများအပြားလည်း အသုံးပြုရသေးတယ်။ငါက ဒါကို အသုံးပြုဖို့ဆိုရင် ငါ့မှာ ယင်နဲ့ယန်အဆင့်က ကျင့်ကြံသူတွေရဲ့ မူလစိတ်ဝိညာဉ်တွေ ကို ကြိုတင် ပြင်ဆင်ထားမှ တော်ကာကြမယ်..."
ဝမ်လင်းက မတ်တပ်ရပ်ကာ သူသတ်ခဲ့သောလူများ၏ သိုလှောင်အိတ်တို့ကို ယူဆောင်လိုက်သည်။သူက စုဆောင်းခြင်းခန်းမကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက် သည်။ "ကံမကောင်းစွာနဲ့ ငါက ဒီခန်းမကို ယူဆောင်သွား လို့ မရတာပဲ။ မဟုတ်ရင် မိသားစုကြီးလေးခုက ဒီခန်းမကို မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ အတင်း ယူသွားခဲ့ပြီး လောက်ပြီ။ဒါပေမဲ့လည်း ငါက ဒီနေရာကနေ ဒီအတိုင်း မ ထွက်သွားချင်ဘူး။ ငါကသာ ဒါကို ယူသွားနိုင်မယ်ဆို ໑..."
သူက စဉ်းစားကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ သူက ပန်းချီကားထဲမှ ကြားခဲ့သည့်စကားများကို တွေးမိလိုက်သည်။
"အရှင်အပူအပင်မဲ့က စုဆောင်းခြင်းခန်းမ ပထမဆုံး အကြိမ်ဖွင့်ပွဲအတွက် ပန်းချီကားတစ်ချပ် ရေးဆွဲလိမ့် မယ်..." ဝမ်လင်းက ပန်းချီကားထဲရှိ သစ်ပင်အောက်မှ ကောင်လေး၏ လက်ဟန်များကို ပြန်သတိရနေရင်း သူ့ မျက်လုံးက တောက်ပသထက် တောက်ပလာခဲ့သည်။
"အစောပိုင်းတုန်းက ကိုးလွှာမြှောက်မှာ ငါက ဒီမန္တာန် လက်ဟန်တွေကို အသုံးပြုတုန်းက ဒီခန်းမက တုန်ခါသွား တာကို ငါ ခံစားမိခဲ့တယ်..." ဝမ်လင်းနှလုံးသားက တစ် ချက် ခုန်သွား၏။ သူက ချက်ခြင်းပင် ရွှေ့လျားလိုက်ရာ စုဆောင်းခြင်းခန်းမအနားသို့ ရောက်ရှိသွားသည်။
သူက အသက်ဝဝရှုသွင်းကာ သူ့လက်ဖြင့် ပန်းချီကားထဲ က ကောင်လေး ပြုလုပ်သော ချိပ်တံဆိပ်လက်ဟန်များကို ဖြစ်ပေါ်စေလိုက်တော့၏။ ချက်ခြင်းပင် စုဆောင်းခြင်း ခန်းမက တောက်ပလာသည်။ဝမ်လင်း၏ရှေ့တွင်ပင် စုဆောင်းခြင်းခန်းမ သေးငယ်သထက် သေးငယ်လာကာ နောက်ဆုံးတွင် လူတစ်ယောက်၏ လက်တစ်ဝါးစာလေက် သာ ရှိတော့၏။၎င်းက ဝမ်လင်းလက်ထဲသို့ ပျံသန်းရောက် ရှိလာချေသည်။
သူ့လက်ထဲ၌ စုဆောင်းခြင်းခန်းမကို ကိုင်ဆောင်ထား ရင်း ဝမ်လင်းသည် သူ့စိတ်အင်အားဖြင့်ပင် အားပါးတရ ရယ်မောမိလိုက်လေ၏။ ထိုရယ်သံထဲ၌ ပျော်ရွှင်မှုနှင့် ပြည့် လို့နေသည်။
"ငါက မိသားစုကြီးလေးခုကိုရဲ့ ရန်သူ ဖြစ်လာပြီ ဖြစ်တဲ့ အတွက် ပိုပြီးတော့ ရက်စက်မှ ရတော့မယ်..."
ဝမ်လင်းက သည်အစိတ်အပိုင်းမြေအနှံ့ပေါ်တွင် ရွှေ့လျား နေရင်း အတားအဆီးများစုံကို နေရာချနေ၏။သူက သူ့ အတားအဆီးနှင့်ပတ်သတ်သည့်စွမ်းရည်ကို အပြည့်အဝ အသုံးချကာ သည်အစိတ်အပိုင်းမြေကို အတားအဆီးများ ချမှတ်နေ၏။
သည်ဖြစ်စဉ်က ဆယ်နှစ်နီပါး ကြာမြင့်ခဲ့ကာ ဝမ်လင်း သည် တဖြည်းဖြည်းဖြင့် သူ ဝင်ရောက်လာခဲ့သည့် အစိတ်အပိုင်းမြေ၏အစွန်းနားသို့ ရောက်လာခဲ့သည်။
ထိုနေရာရှိ အတားအဆီးက အပြင်ကဝင်လာခြင်းကိုသာ တားဆီးထားခြင်း ဖြစ်ပြီး အထဲကနေမူ အဟန့်အတားမရှိပြန်ထွက်နိုင်ပေသည်။
လဝက်ခန့်ကြာပြီးသည့်နောက် ဝမ်လင်းသည် လီယွမ် နှင့်အတူ ဟင်းလင်းပြင်ထဲ၌ မြန်ဆန်စွာ ရွှေ့လျားနေ၏။
လီယွမ်က ဝမ်လင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက် သည်။ "အစ်ကိုရှု...ငါက ဟိုအစိတ်အပိုင်းမြေရဲ့အစွန်းပိုင်းမှာ အတားအဆီးသောင်းနဲ့ချီပြီး ချမှတ်ခဲ့ပြီးပြီး၊ ဒီ အတားအဆီးတွေက ပေါင်းစည်းသွားတဲ့အခါကျရင် အလွန်အားကောင်းလိမ့်မယ်။မိသားစုကြီးလေးခုကတောင် သူတို့ရဲ့စွမ်းအားထောက်တိုင်တွေကို မစေလွှတ်ရင် ဒါကို ချိုးဖျက်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်..."
လွန်ခဲ့သောလဝက်က ဝမ်လင်း ထွက်လာသည့်အချိန် တွင် လီယွမ်သည်လည်း ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။ ဝမ်လင်း၏တောင်းဆိုမှုကြောင့် လီယွမ်သည် ထို အစိတ်အပိုင်းမြေကို လုံးဝ ချိပ်ပိတ်ပစ်ခဲ့သည်။ သို့သော်လည်း သူက သူ့မိသားစု၏အတားအဆီးပညာရပ် ကို အသုံးမပြုဘဲ အမျိုးမျိုးသောအတားအဆီးများကိုသာ အသုံးပြုခဲ့သည်။
"အစ်ကိုလီ...မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့ကိစ္စ တွေ အပြီးသပ်သွားပြီ။ငါတို့က မြန်မြန်ဆန်ဆန် ထွက်သွား တာ အကောင်းဆုံးပဲ..." ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုးကြိုးမီးပြင်းဖိုတစ်ခု ပေါ်လာခဲ့သည်။သူက လူအတော်များများကို သတ်ပစ်ခဲ့သည့်အတွက် ၎င်းမီးပြင်း ဖိုတစ်ခုကို ရဖို့က သိပ်မခက်လှတော့ပေ။
ခုချက်ခြင်း ထွက်သွားမည်ဟု မမျှော်လင့်ထားသည့် လီ ယွမ်က မေးလိုက်၏။ "အစ်ကိုရှုက ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်လှိုင်းတွေ ထွက်နေတဲ့ အစိတ်အပိုင်းမြေ လေးခုရှိ မသွားတော့ဘူးလား..."
ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။သူက ဟင်းလင်းပြင် ထဲသို့ ကြည့်ကာ ပြောလိုက်၏။ "ငါ မသွားတော့ဘူး.." ဝမ် လင်းသည် ဥမင်လမ်းကြောင်းအဆုံးရှိ ငါးရောင်စုံ ဝဲကတော့ကို ပြန်သတိရလိုက်ကာ သူ့စိတ်ထဲ၌ ဆိုးရွားသောခံစားချက်ကလည်း မြင့်တက်လာခဲ့လေသည်။
ထို့အပြင် သူက စုဆောင်းခြင်းခန်းမကိုလည်း ရရှိခဲ့သေး ရာ ထိုအတွက် စိတ်လှုပ်ရှားမှုက အခုထိ အရှင်းမပျောက် သေးပေ။ ဤသို့သော ရတနာတစ်ခုကို ယူဆောင်ပြီး သည့်နောက် သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသော အရာက တက်နိုင်သမျှ မြန်မြန် ပြန်ထွက်နိုင်ရန်သာ ဖြစ် တော့၏။
တကယ်တော့ ၎င်းခန်းမသည် မိသားစုကြီးလေးခု အတွက် အလွန်အရေးကြီးလှ၏။ ထိုမိသားစုတို့၏ ဂုဏ် သတင်းကြောင့်ဖြစ်စေ၊ခန်းမ၏တန်ဖိုးကြောင့်ဖြစ်စေ သူ တို့အတွက် အလွန်အမင်း အရေးပါလှသည်။သူတို့က ၎င်း ခန်းမ ပျောက်ရှသွားသည်ကို ရှာတွေ့သည်နှင့် ဝမ်လင်း နောက်သို့ အမဲဖျက်သလို လိုက်လာကြပေလိမ့်မည်။
"ဒီအစိတ်အပိုင်းက ချိတ်ပိတ်ထားပြီး ဖြစ်တဲ့အတွက် ဒီ လူတွေ ဘာဖြစ်ခဲ့လဲ ရှာတွေ့နိုင်ဖို့ အခွင့်အရေးက နိမ့်တော့ နိမ့်တယ်..."
သူက လီယွမ်ကို စုဆောင်းခြင်းခန်းမရရှိခဲ့ကြောင်းကို မ ပြောပြခဲ့ပေ။တကယ်တော့ သည်ကိစ္စက အလွန်အရေးကြီးလှ၏။ ဝမ်လင်း၏ သတိတရားဖြင့် သူက သည်ကိစ္စအား မည်သူ့ကိုမှ မပြောနိုင်ပေ။
လီယွမ်က အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ် လိုက်၏။ "ကောင်းပါတယ်။လူတစ်ယောက်က မိုးကြိုး ကောင်းကင်ဘုံနယ်မြေကနေ ထွက်သွားဖို့အတွက် တိကျ တဲ့နေရာတစ်ခု ရှိရမယ်။ ငါတို့ အပြင်ပြန်ထွက်နိုင်ဖို့ ကောင်းကင်ဘုံဂိတ်ပေါက်မှာပဲ အသုံးပြုနိုင်လိမ့်မယ်..." မိုးကြိုးမီးပြင်းဖိုကို
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ သူက သည် အကြောင်းကို ရှန်ကုန်းဟူထံကလည်း အရင်က ကြားခဲ့ ဖူးသည်။
သူတို့နှစ်ယောက်သည် ဟင်းလင်းပြင်ထဲ၌ ဖြတ်သန်း နေ၏။ ကောင်းကင်ဘုံဂိတ်ပေါက်သည် အနောက်ဘက် စွန်းစွန်းတွင် တည်ရှိသည့်အတွက် အခုလက်ရှိ ဝမ် လင်း၏နေရာ၌ အလွန်ဝေးနေသေးသည်။
သူတို့နှစ်ယောက်က ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုသည် ကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပွားနေခဲ့သည်။ မိုးကြိုး
ကျင့်ကြံသူများစွာသည် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် အစိတ်အပိုင်းမြေ လေးခုပေါ်တွင် လာရောက်စုဝေးနေကြပေသည်။
ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှိုင်းများ ဖြစ်ပေါ်လာခြင်းကြောင့် ထိုအစိတ်အပိုင်းမြေလေးခုပေါ်တွင် ရှေးဟောင်းအတားအဆီးလေးခုပါ ပေါ်လာခဲ့သည်။အချို့ က တောင်များကြားတွင် ရှိ၍ အချို့က အပျက်အစီးပုံများ ကြားတွင် ရှိနေပေ၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ၎င်း အတားအဆီးများကနေ ထွက်ပေါ်နေခြင်းပင်။ လူအများ ပို၍ စုဝေးလာလေလေ ထိုသူများကြားတွင် အတားအဆီး ပညာရှင်များပါ ပါဝင်လာခဲ့တော့သည်။ အားကောင်းသော ကျင့်ကြံသူများက သဘောတူညီမှုတစ်ခု ပြုလုပ်ပြီး သည့်နောက် အမျိုးမျိုးသောအတားအဆီးပညာရှင် များသည် ထိုအတားအဆီးများကို စတင် ချိုးဖျက်နေကြ တော့၏။
ထိုအစိတ်အပိုင်းမြေလေးခုသည် အရှေ့၊အနောက်၊ တောင်၊မြောက်တို့တွင် တစ်ခုစီ ရှိနေ၏။ သည် အခိုက်အတန့်၌ အနောက်ဘက်အစိတ်အပိုင်းမြေပေါ်တွင် ရှန်ကုန်းဟူသည် သူ့ရှေ့ရှိ လွင်ပြင်ကို တည်ငြိမ်စွာ ကြည့် နေ၏။ ၎င်းလွင်ပြင်ပေါ်၌ ပေတစ်သောင်းခန့် ကျယ်ပြော သော ရှေးဟောင်းအတားအဆီးတစ်ခု ရှိနေ၏။
ကျင့်ကြံသူများစွာက ၎င်းအတားအဆီးများ၏ အပြင် ဘက်တွင် စုစည်းနေကြ၏။ကျင့်ကြံသူများသည် များသောအားဖြင့် သုံးယောက်၊ငါးယောက် အုပ်စုဖွဲ့ကာ ရှိနေသည်။
ရှန်ကုန်းဟူသည် မျက်မှောင်ကြုတ်နေ၏။သူက လွန်ခဲ့သောလအနည်းငယ် သည်နေရာသို့ ရောက်လာခဲ့ဖူး သော်လည်း မည်သည့်အတားအဆီးမှ ရှိမနေသည်ကို မှတ်မိနေ၏။ သို့သော် ထိုမျှအချိန်တိုအတွင်း အခုလို အတားအဆီးကြီး တစ်ခုက ဘာကြောင့် ပေါ်ထွက်လာခဲ့ ရသနည်း။
သူက စဉ်းစားနေရင်း စိတ်ထဲတွင် မသက်မသာခံစားနေ မိ၏။ သို့သော် သူက ဘာကြောင့် ထိုသို့ ဖြစ်မှန်း မသိပေ။
သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ ဓားစွမ်းအင် တန်းဆယ်ခုကျော်သည် သည်နေရာသို့ တိုးဝင်လာနေ ကြ၏။ ထိုဓားစွမ်းအင်တန်းများက အောက်သို့ ခြေချလာ သည့်အခါ ထိုကျင့်ကြံသူများ၏ ရှေ့ဆုံးက သူသည် ကျန်ခုန် လီ ဖြစ်နေ၏။
သူက ရှန်ကုန်းဟူကိုလည်း ချက်ခြင်း တွေ့မြင်လိုက် သည်။ သူက ရှန်ကုန်းဟူနားသို့ ရောက်လာကာ လက်သီးဆုပ်ဟန်ပြုကာ ပြုံး၍ နှုတ်ဆက်သည်။ "အစ်ကိုရှ န်ကုန်းက စောစော ရောက်နေတာပဲ..."
ရှန်ကုန်းဟူသည် အနည်းငယ် မျက်မှောင်ကြုတ်၍ တည်ငြိမ်စွာ ပြောလိုက်၏။ ရောက်လာတာပါ..." "မင်းက နောက်ကျမှာ
ကျန်ခုန်လီ၏ ရှန်ကုန်းဟူဘေးနားတွင် ရပ်နေရင်း ပြုံး နေ၏။ သူ့အကြည့်က အကွာအဝေးတစ်ခုရှိ အတားအဆီးပေါ်သို့ ကျရောက်သွားရင်း သူက မေးလာသည်။ "အစ်ကိုရှ န်ကုန်း... လမ်းမှာ ငါ ဘယ်သူနဲ့ တွေ့ခဲ့လဲ သိလား..."
"ငါ မသိဘူး..." ရှန်ကုန်းဟူအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ကျန်ခုန်လီ၏စကားများကို စိတ်မဝင်စားပေ။ သူက လွင်ပြင်ကို ကြည့်၍သာ စဉ်းစားနေ၏။
ကျန်ခုန်လီက ရှန်ကုန်းဟူ၏ စိတ်ကို သိနေခဲ့ပြီး ဖြစ်သည်။ သူက ပြောလာ၏။ "ငါ တွေ့ခဲ့တဲ့လူက ဟိုစီနီ ယာပုဂ္ဂိုလ်ပဲ.."
ရှန်ကုန်းဟူမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကျန်ခုန်လီကို လှည့်၍ ကြည့်ကာ မေးလိုက်၏။ "တကယ် လား..."
ကျန်ခုန်လီက ပြုံး၍ ပြောလိုက်၏။ "သေချာတာပေါ့။ စီနီ ယာက ငါ့ကိုတောင် သူအချိန်ရရင် ဒီနေရာကို လာခဲ့မယ် လို့ ပြောလိုက်သေးတယ်..."
ရှန်ကုန်းဟူ၏မျက်လုံးထဲ၌ ပျော်ရွှင်ဟန် သန်းသွား သည်။သူက ပြုံး၍ ပြောလိုက်၏။ "ငါ့အရှင်ရဲ့ ထူးဆန်းတဲ့ စိတ်နေစိတ်ထားနဲ့ ဆိုရင် သူက ဒီလိုနေရာကို နည်းနည်း တော့ စိတ်ဝင်စားမှာပဲ..."
ကျန်ခုန်လီက သူ့ရှေ့ရှိ လွင်ပြင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ အစ်ကိုရှန်ကုန်းလည်း သတိပြုမိပြီး ဖြစ်တယ်လို့ ငါ ထင်တယ်။ "ဒီအတားအဆီးအစီအရင် ပေါ်လာတာက တော်တော်လေး ထူးဆန်းလွန်းနေတယ်.."
သူ့စကားမဆုံးသေးခင်မှာပင် သူ့ရှေ့ရှိအစီအရင်သည် ပြင်းပြင်းထန်ထန် လင်းလက်သွားသည်။အစီအရင်၏ တုန် ခါလှိုင်းများက ပျံ့နှံ့လာရာ ကျင့်ကြံသူများသည် အံ့အားသင့် သွားကြသည်။ သည့်နောက် အတားအဆီးပညာရပ်၌ ကျွမ်းကျင်ကြသော ကျင့်ကြံသူများသည် ပျံသန်းထွက်လာခဲ့ ကြကာ အတားအဆီးများကို ၎င်းအစီအရင်ချိုးဖျက်နိုင်ရန် အတွက် စေလွှတ်ကုန်ကြသည်။
ထိုအစီအရင်များ၏ ပတ်လည်တွင် အားကောင်းသော ကျင့်ကြံသူများစွာ ရှိနေ၏။
အစိတ်အပိုင်းမြေလေးခုရှိ လူများသည် အစီအရင်များကို ချိုးဖျက်နိုင်ရန် ဆက်တိုက်ကြိုးစားနေကြသည်။ သည့်နောက် မြောက်ဘက်အစိတ်အပိုင်းမြေရှိ အစီအရင် သည် အရင်ဦးဆုံး ကျိုးပျက်သွားသည်။
မြောက်ပိုင်းနေရာရှိ အစိတ်အပိုင်းမြေပေါ်တွင် ရှိနေ သော ကျင့်ကြံသူများ၏ မျက်လုံးရှေ့တွင် လမ်းကြောင်းတစ် ခု ပေါ်လာခဲ့ကြ၏။ထိုဥမင်လမ်းကြောင်း အလွန်ရှည်လျား ကာ ကျင့်ကြံသူများသည် ဆက်တိုက် ဝင်ရောက်သွားကြ သည်။နာရီများစွာ ကြာမြင့်ပြီးသည့်နောက် အရင်ဆုံးဝင် သွားသည့် ကျင့်ကြံသူ၏ အထိတ်တလန့်အော်ဟစ်သံသည် ဥမင်လမ်းကြောင်းထဲတွင် ပဲ့တင်ထပ်သွားသည်။
တစ်ချိန်တည်းမှာပင် အနီရောင်အလင်းတန်းတစ်ခုက ထိုဥမင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ ဖျပ်ခနဲပင် ဥမင်လမ်းကြောင်းတစ်ခုလုံးက ပျက်စီး ပြိုပျက်သွားလေသည်။
သည်ထူးဆန်းသောမြင်ကွင်းသည် အထဲရှိ ကျင့်ကြံ သူများစွာကို ချက်ခြင်း တုန်လှုပ်သွားစေသည်။သူတို့ စတင်၍ ပြန်ပြေးလာကြ၏။ သို့ရာတွင် ထိုအနီရောင် အလင်းအောက်၌ သူတို့အားလုံးသည် ကြောက်မက်ဖွယ် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေသည်။
တစ်ချိန်တည်းမှာပင် အရှေ့ဘက်အစိတ်အပိုင်းမြေပေါ်ရှိအစီအရင်သည်လည်း ပွင့်သွားကာ ကျင့်ကြံသူများစွာက တရကြမ်း ဝင်ရောက်သွားကြသည်။ထိုနေရာတွင်လည်း တူညီသောအဖြစ်အပျက် ဖြစ်ပွားခဲ့ပေသည်။ပထမဆုံးဝင် သွားသည့် ကျင့်ကြံသူက ငါးရောင်စုံဝဲကတော့ကို တွေ့မြင် ခဲ့ပြီးနောက် သူသည် ဖျက်စီးခံလိုက်ရကာ လမ်းကြောင်းတစ်ခုလုံးသည် အနီရောင်အလင်းနှင့် ပြည့် နှက်သွားလေသည်။ ဥမင်
ထိုမျှနှင့် မပြီးသေးပေ။ထိုဘေးကပ်စိုးက တောင်ဘက် အစိတ်အပိုင်းမြေပေါ်တွင်လည်း ထပ်မံ ဖြစ်ပွားသွားခဲ့ သည်။
ချက်ခြင်းပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံး သည် သွေးမြေကျသည့်နေရာတစ်ခု ဖြစ်လာခဲ့တော့၏။ သည်အခိုက်အတန့်၌ ရှန်ကုန်းဟူနှင့်ကျန်ခုန်လီတို့ ရှိနေ သော အနောက်ပိုင်းအစိတ်အပိုင်းမြေပေါ်ရှိ အစီအရင်က လည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ အစီအရင်သည် ကျိုးပျက်လို့သွားသည်။
ထိုအခါ တစ်ချို့ စိတ်မထိန်းနိုင်သော ကျင့်ကြံသူများ သည် အစီအရင်ထဲသို့ အတင်းဝင်ရောက်သွားကြသည်။
ရှန်ကုန်းဟူနှင့်ကျန်ခုန်လီတို့ကတော့ ရွှေ့လျားခြင်း မရှိပေ။သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ ရာ သူတို့၏ မျက်လုံးထဲ၌ သံသယတို့ ရှိနေသည်။
"ဒီအစီအရင်က ကျိုးပျက်သွားတာ လွယ်လွန်းနေတယ်..
သူတို့နှစ်ယောက်အပြင် အချို့ကျင့်ကြံသူများကလည်း လှုပ်ရှားလာကြခြင်း မရှိသေးပေ။ထိုမလှုပ်ရှားသေးသည့် ကျင့်ကြံသူအများစုသည် အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်နှင့် ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေကြပေသည်။
အချိန်အတန်ကြာပြီးနောက် ပိုပိုများသော ကျင့်ကြံ သူများသည် ဥမင်ထဲသို့ ဝင်ရောက်သွားနေရင်း ခပ်အုပ်အုပ် ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ထို့နောက် အထိတ်တလန့်ကြောက်မက်ဖွယ်အော်ဟစ်သံများက ဥမင် လမ်းကြောင်းထဲကနေ ထွက်ပေါ်လာပြီးနောက် ဥမင်တစ်ခု လုံးသည် ပျက်စီးသွားသည်။ဥမင်ထဲရှိ ကျင့်ကြံသူအားလုံး သည်လည်း ထိုဥမင်နှင့်အတူ ပျောက်ကွယ်သွားကြ၏။
ရှန်ကုန်းဟူနှင့်သူ့အပေါင်းအပါများ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားကြသည်။သူတို့က လေထဲသို့ ချက်ခြင်း ပျံတက်လိုက်ကြသည်။သူတို့၏မျက်လုံးထဲ၌လည်း တုန်လှုပ် မှုတို့နှင့် ပြည့်နေ၏။
အစိတ်အပိုင်းမြေလေးခုလုံးပေါ်ရှိ အစီအရင်လေးခုလုံး သည် ကျိုးပျက်သွားခဲ့ကာ ၎င်းတို့၏ဥမင်လမ်းကြောင်း များသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သည် အခိုက်အတန့်၌ အံ့မခန်းကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်က မိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်း၌ ပေါက်ကွဲထွက်လာခဲ့ကာ စတင် ပျံ့နှံ့လာသည်။
တစ်ချိန်တည်းမှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေကိုးခုသည် အပြင်းအထန် တုန်ယင်သွား ကာ မတူညီသောအစီအရင်ကိုးခုသည် ၎င်းတို့အထက်၌ ပေါ်လာခဲ့၏။
သည်အစီအရင်များသည် မြေကြီးအနက်ပိုင်းထဲ၌ ထိုးထွင်းရှိနေကာ အားကောင်သော အနီရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေ၏။ ထိုရုတ်တရက် အကြီးအကျယ်ပြောင်းလဲမှုက မိုးကြိုးကောင်းကင်ဘုံ နယ်မြေရှိ ကျင့်ကြံသူများကို စိတ်ရှုပ်ထွေးမှု၊ကြောက်ရွှံ့မှု များနှင့် ပြည့်နှက်သွားစေသည်။
အစိတ်အပိုင်းမြေကိုးခုထဲမှ တစ်ခုက ပျက်စီးသွား၏။ ၎င်းပျက်စီးမှုအတွင်းကနေ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တစ် ယောက်၏ စွမ်းအားထက် ကျော်လွန်သောပေါက်ကွဲမှုတစ် ခု ဖြစ်သွားခဲ့ပေသည်။
၎င်းအစိတ်အပိုင်းမြေသည် တစ်လွှာပြီးတစ်လွှာ ပျောက် ကွယ်နေရင်း ကြောက်မက်ဖွယ်အော်ရာတစ်ခုက ထို အစိတ်အပိုင်းမြေ၏ အလယ်ကနေ ထွက်ပေါ်လာခဲ့သည်။ ထွက်ပြေးနေကြသော ကျင့်ကြံသူအချို့သည် ထို ကြောက်မက်ဖွယ်အော်ရာက လက်ပြတ်တစ်ခုကနေ ထွက် ပေါ်လာနေကြောင်း တွေ့ရှိလိုက်ကြသည်။
သည်လက်ပြတ်က ထိုနေရာ၌ မရေမတွက်နိုင်သော နှစ် ပေါင်းများစွာ ချိပ်ပိတ်ခြင်း ခံထားရသည်မှာ သိသာပေ သည်။ခုချိန်၌ ချိပ်ပိတ်မှုကိုးခုလုံးက ပွင့်ဟသွားပြီ ဖြစ် သည့်အတွက် ထိုလက်သည် ၎င်း၏ လွတ်လပ်မှုကို ပြန်ရရှိလာခဲ့ပေပြီ။၎င်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဗဟိုချက်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။
သည်လက်ပြတ်ပေါ်လာသည့်အခိုက်တွင် ကျန်သည့် အစိတ်အပိုင်းရှစ်ခုတွင် ခုနစ်ခုသည်လည်း ပျက်စီးသွားကြ ပြန်သည်။သည့်နောက် လက်ပြတ်နှစ်ဖက်၊ခြေပြတ်နှစ်ဖက် နှင့် ဘယ်ဘက်မျက်လုံးတစ်လုံးတည်းရှိသည့် ဦးခေါင်းတစ် ခု နှင့် ရင်ဘက်ပိုင်းတို့သည် မိုးကြိုးကောင်းကင်ဘုံ နယ်မြေ၏ ဗဟိုသို့ ပျံသန်းသွားကြသည်။
ထိုဦးခေါင်းသည် ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း အပြုံးတစ်ခုကို ဆောင်ကျဉ်းလာသည်။၎င်းက ကျင့်ကြံသူ တစ်ယောက်ကို တွေ့လိုက်တိုင်း ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် ကို ဖျက်စီးကာ မူလစိတ်ဝိညာဉ်ကို ဝါးမြိုလိုက်သည်။ ထိုသို့ ဝါးမြိုလိုက်သည့်အခါတိုင်းတွင် ၎င်းဘယ်ဘက်မျက်လုံးသည် ပို၍ တောက်ပလာနေခဲ့သည်။
အမြန်နှုန်းသည် သည်ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အလွန်မြန်ဆန်လှကာ ကျင့်ကြံသူများထက်ပင် ပို၍ မြန် နေသည်။
ဝမ်လင်းနှင့်လီယွမ်တို့က ဟင်းလင်းပြင်ကို ဖြတ်၍ အနောက်ဘက်သို့ ပျံသန်းနေကြသည်။ထိုစဉ် အလွန် သုန်မှုန်သောအော်ရာတစ်ခုက ချက်ခြင်း ပျံ့နှံ့လာသည်။ထို အော်ရာက အလွန်သန်မာလှကာ မမြင်ရသောမြူများကဲ့သို့ ပျံ့နှံ့နေ၏။
လီယွမ်၏အသွင်က အနည်းငယ် ပြောင်းလဲသွားသည်။ သူက သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရန် ပြင်လိုက် စဉ် အနီရောင်အလင်းတန်းတစ်ခုသည် အကွာအဝေးတစ် ခု၌ ရုတ်တရက် ပေါ်လာခဲ့သည်။ထိုအနီရောင်အလင်းက အလွန်သန်မာ ပြင်းထန်လှလေသည်။
လီယွမ်က အသက်ဝဝရှုသွင်းလိုက်မိသည်။သူက ထိုအနီ ရောင်အလင်းထဲပ လက်ပြတ်တစ်ခု ရှိနေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး (နောက်တစ်ပိုင်း)
ဝမ်လင်းက လီယွမ်ကို လှမ်းဆွဲကာ နောက်သို့ ချက်ခြင်း ဆုတ်လိုက်သည်။သူက ဟင်းလင်းပြင်ထဲရှိ အနီရောင် အလင်းကို စူးစိုက်ကြည့်နေသည်။
ထိုအနီရောင်အလင်းထဲရှိ လက်ပြတ်က သွေးများနှင့် ပေကျံနေကာ အရိုးစုလက်ငါးချောင်း ရှိနေ၏။ လူအများက ၎င်းအခြင်းအရာကို တွေ့မြင်သည့်အခါ သူတို့သည် စိတ်ထဲ ကနေ အေးစိမ့်မှုကို ခံစားလိုက်ရပေမည်။
ဝမ်လင်းက လက်ပြတ်ကို ကြည့်လိုက်သည့်အခိုက်တွင် ထိုလက်က ဝမ်လင်းကို သတိပြုမိသွားဟန် ရကာ သူရှိရာ သို့ လှည့်လာ၏။သည့်နောက် ကျယ်လောင်သောပေါက်ကွဲ သံတစ်ခုနှင့်အတူ လေဟာနယ်အက်ကွဲကြောင်းငါးခုသည် ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။
၎င်းတို့ကသာ ဝမ်လင်းကို ထိသွားခဲ့ပါက သူ့ခန္ဓာကိုယ် နှင့်မူလစိတ်ဝိညာဉ်တို့သည် စုတ်ပြတ်သတ်သွားနိုင်၏။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ သူက နောက်သို့ ချက်ခြင်း ဆုတ်၏။ သူ့ညာလက်ဖြင့်လည်း ချိပ်တံဆိပ်တစ် ခုကို ဖြစ်ပေါ်စေလိုက်ပြီး ခရမ်းရောင်မိုးကြိုးတန်းတစ်ခုသည် သူ့မူလစိတ်ဝိညာဉ်ထဲကနေ ထိုးထွက်၍ ထို လက်ပြတ်ထံသို့ တိုးဝင်သွားသည်။
ထိုလက်ပြတ်က ရှောင်ရှားခြင်း မပြုဘဲ ထိုခရမ်းရောင် မိုးကြိုးကို တိုက်ရိုက် ဖမ်းဆုပ်လိုက်ပြီး ညှစ်ချေလိုက်ရာ ခရမ်းရောင်မိုးကြိုးသည် မူလစွမ်းအင်များအဖြစ်သို့ ပြောင်း၍ ၎င်းလက်၏ စုပ်ယူခြင်း ခံလိုက်ရလေသည်။
သည်မြင်ကွင်းက ဝမ်လင်းကို ပို၍ မျက်မှောင်ကြုတ် သွားစေ၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ သဲမှုန်တစ် ခုကို ထွေးထုတ်လိုက်သည်။ထိုသဲမှုန်က အစိတ်အပိုင်းမြေ တံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွား၏။ထိုတံဆိပ်တုံးက လက်ပြတ်ပေါ်သို့ ဖိသိပ်ကျလာခဲ့သည်။
တံဆိပ်တုံး ကျဆင်းလာသည့်အခါတွင် လက်ပြတ်ထဲက နေ အနီရောင်အလင်းတစ်ချက် ဖျပ်ခနဲ လင်းလက်သွား သည်။လက်ပြတ်က တံဆိပ်တုံး၏ဖိနှိပ်မှုကို ရှောင်နိုင်စွမ်း ရှိနေ၏။
ဝမ်လင်းက နောက်သို့ ဆက်လက် ဆုတ်နေရင်း သူ့ အသွင်က သုန်မှုန်နေ၏။ သည်အခိုက်အတန့်၌ လက်ပြတ် က နီးကပ်လာကာ ဆန့်ထွက်လာသည်။အက်ကွဲကြောင်း ငါးခုက ဝမ်လင်းရှေ့တွင် ချက်ခြင်းပေါ်လာကာ သူ့ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်ချင်လိုဟန် ရ၏။
ထိုလက်ပြတ်ထံကနေ သွေးနီရောင်တစ်ခု ပျံ့နှံ့လာကာ၎င်းက ပြင်းထန်သောအဆိပ်ပါဝင်နေသည့်ပုံ ရ၏။ ဝမ် လင်းသည် သူ့အသွေးအသားသည် ထိုအော်ရာ၏ ကျူးကျော်ခြင်း ခံလိုက်ရကာ လောင်ကျွမ်းသွားသလို ခံစား လိုက်ရ၏။
သူက နောက်သို့ ပိုဆုတ်နေရင်း အလွန်တုန်လှုပ်မိနေသည်။သည်လက်ပြတ် ရုတ်တရက် ပေါ်လာမှုက အလွန် ထူးဆန်းနေ၏။ သည်တစ်ကြိမ်သည် ဝမ်လင်းအထည်ဒြပ် ယန်အဆင့်သို့ ရောက်ရှိသွားခဲ့ချိန်ကစ၍ တိုက်ခိုက်သမျှ တိုက်ပွဲထဲတွင် အန္တရာယ်အများဆုံး ဖြစ်ပေသည်။
သည်လေဟာနယ်အက်ကြောင်းငါးခုက အေးစက်စက် လေပြင်းကို ထုတ်လွှတ်လာကာ ဝမ်လင်း၏မူလစိတ် ဝိညာဉ်ကို အေးခဲသွားအောင် လုပ်နေ၏။ လေဟာနယ် အက်ကွဲကြောင်းငါးခု မြန်ဆန်စွာ ချဉ်းကပ်လာသည်ကို ကြည့်ရင်း ဝမ်လင်းသည် သူ့တတိယမျက်လုံးကို ချက်ခြင်း ဖွင့်လှစ်လိုက်၏။
အနီရောင်အလင်းက ယပ်တောင်တစ်ခုကဲ့သို့ ဖျပ်ခနဲ ဖွင့် လှစ်သွားခဲ့ကာ လေဟာနယ်အက်ကြောင်းငါးခုကို ချက် ခြင်း ခြံရံပစ်သည်။ဝမ်လင်းအမြင်၌ ထိုလေဟာနယ် အက်ကြောင်းငါးခုသည် ၎င်းတို့၏ မူလအသွင်သို့ ပြန် ပြောင်းကာ မြန်ဆန်စွာ လွင့်ပါးလာခဲ့သည်။သည့်နောက် အနီရင့်ရောင်သွေးစက်ငါးစက်သာ ကျန်ရစ်ခဲ့တော့သည်။
ချက်ခြင်းလိုလိုပင် ဝမ်လင်းက ရှေ့သို့ လက်ညွှန်ကာအော်ပြောလိုက်သည်။ "ရပ်တန့်ခြင်း..."
တစ်ချိန်တည်းမှာပင် သူ့ညာလက်ပေါ်ရှိ သားရဲအရိုး အမှတ်အသားကလည်း ပေါ်လာခဲ့သည်။၎င်းက တစ္ဆေ အလင်းကို ပေးစွမ်းနေရင်း မကောင်းဆိုးဝါးအော်ရာသည် ထိုးထွက်လာခဲ့သည်။
သည့်နောက် မီးခိုးရောင်တစ်ခုသည် အနီရင့်ရောင်သွေး ငါးစက်ထဲ၌ ပေါ်လာခဲ့ကာ ၎င်းတို့သည် မီးခိုးရောင်မြူနှင့် ရောထွေးသွားသည်။
ထိုအခါ သွေးစက်သုံးစက်သည် ချက်ခြင်း ကျောက်ဖြစ် သွားကာ အခြားသွေးစက်နှစ်စက်က လက်ပြတ်ထံသို့ အလျင်အမြန် ပြန်ဆုတ်သွား၏။လက်ပြတ်က ချက်ခြင်း လှည့်၍ ဝမ်လင်းနောက်သို့ ဆက်မလိုက်တော့ဘဲ မြန်ဆန် စွာ ပြန်ထွက်ခွာသွားလေသည်။
ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက ကျောက်ဖြစ် သွားသော သွေးစက်သုံးစက်ကို ကြည့်လိုက်၏။သူက ၎င်း တို့ကို လှမ်းယူကာ သူ့ သိုလှောင်အိတ်ထဲသို့ ချက်ခြင်း ထည့်သိမ်းလိုက်သည်။ထို့နောက် သူက ကောင်းကင်ဘုံဓား ကို ထုတ်ယူ၍ လက်ပြတ်နောက်သို့ လျင်မြန်စွာ လိုက်ပါ သွားသည်။
ထိုလက်ပြတ်က အလွန်ထူးဆန်းလှ၏။သူက ၎င်းကို မြင် လိုက်သည့်အခိုက်၌ ငါးရောင်စုံဝဲကတော့ထဲမှ မျက်လုံး အကြောင်းကို မတွေးမိဘဲ မနေနိုင်ဖြစ်သွားခဲ့သည်။ဝမ်လင်းအမြင်၌ ၎င်းတို့သည် တူညီသော ရင်းမြစ်တစ်ခုတည်း မှ ဖြစ်နေ၏။
"ဒီလက်ပြတ်က အတော်သန်မာတယ်။ဒါရဲ့စွမ်းအားက အထည်ဒြပ်ယန်အဆင့်ရဲ့အထွတ်အထိပ်၊နိဗ္ဗာနကြိုမြင်ခြင်း အဆင့်နဲ့တောင် နီးကပ်နေပြီ..."
ဝမ်လင်းက လက်ပြတ်နောက်သို့ လိုက်ပါနေရင်း သူ့ မျက်လုံးက အေးစက်လာကာ ကောင်းကင်ဘုံဓားနှင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်က ဓားစွမ်းအင် တန်းတစ်ခုအဖြစ် ထိုးထွက်သွားသည်။၎င်းဓားချက်က လောကဥပဒေသကို ခုတ်ပိုင်းပစ်သည့်အလား ထင်မှတ် ရကာ ဟင်းလင်းပြင်ပင် ပြင်းထန်စွာ တုန်ခါသွားသည်။ ရှည်လျားသော လေဟာနယ်အက်ကြောင်းတစ်ခု ရုတ်တရက်ပေါ်လာကာ လက်ပြတ်ရှိရာသို့ တန်းမတ်စွာ ဝင်ရောက်သွားသည်။
လက်ပြတ်သည် ပျံသန်းနေရင်းနှင့် ရုတ်တရက် တန့် သွားကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်၏။ ထို့နောက် လေဟာနယ်အက်ကြောင်းပေါ်သို့ ဖိနှိပ်လိုက် သည်။ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက် ပေါ်သွားကာ လက်ပြတ်နှင့်ပေတစ်ထောင်အတွင်းရှိ အရာ အားလုံးသည် စတင်ပျက်စီးလာသလား ထင်မှတ်ရသည်။
ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။သူ့လက်ညွှန်မှုနှင့်အတူ အစိတ်အပိုင်းတံဆိပ်တုံး သည် နောက်တစ်ဖန် ပေါ်လာခဲ့ပြန်၏။သည်တစ်ကြမ်၌ ၎င်းက မြန်ဆန်စွာပင် လတ်ပြတ်ပေါ်သို့ ရိုက်ချလာခဲ့သည်။
လက်ပြတ်က ချက်ခြင်း တုန်ယင်သွား၏။၎င်းက ဒဏ်ရာ ရသွားသည့်အလား အနီရောင်တောက်ပသွားကာ ပို၍ မြန်ဆန်စွာ လွတ်မြောက်အောင် လုပ်လာသည်။
သည်အခိုက်အတန့်မှာပင် ခုနစ်ယောက်၊ရှစ်ယောက်ခန့် ကျင့်ကြံခြင်းမိသားစုတစ်ခုမှ အုပ်စုသည် ဖြတ်ကျော်သွား ကြသည်။သူတို့၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတို့နှင့် ပြည့်နှက် လာခဲ့သည်။ သူတို့၏ ကျင့်ကြံမှုအဆင့်များက မြင့်မားလှ ခြင်း မရှိဘဲ အာဏာတက်ခြင်းအလယ်အဆင့်တွင်သာ ရှိနေ၏။သူတို့က အားကောင်းသောရန်သူတစ်ယောက် နောက်ကလိုက်လာသကဲ့သို့ ထွက်ပြေးနေသည့်ပုံ ဖြစ်ပေါ် နေသည်။
ထိုလက်ပြတ်က ချက်ခြင်းပင် ထိုအုပ်စုထံသို့ လှည့်သွား သည်။၎င်းက မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံခြင်းမိသားစု အုပ်စုနားသို့ ရောက်ရှိသွားကာ သူတို့အား စုပ်ဖြဲပစ်လို်၏။ လက်ပြတ်သည် ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဉ်ကို ချေ မွကာ သူတို့၏ မူလစွမ်းအင်ကို စုပ်ယူလိုက်သည်။
အသက်ရှုချိန်အတော်အတန်ကြာမြင့်ပြီးသည့်နောက် ထို မိသားစု၏ ကျင့်ကြံသူအားလုံးသည် အသတ်ခံလိုက်ရာ သူ တို့၏ မူလစိတ်ဝိညာဉ်သည်လည်း လက်ပြတ်၏စုပ်ယူခြင်းခံလိုက်ရလေသည်။ ထိုလက်ပြတ်ထံမှ ထွက်ပေါ်လာသော အနီရောင်အလင်းသည် ပို၍ သန်မာလာခဲ့သည်။၎င်းက သူ့ လက်ပြတ်ပေါ်ရှိ ဒဏ်ရာကို ကုသပြီး ဖြစ်ရုံသာမက အရင် ထက်ပင် ပို၍ စွမ်းအားကောင်းလာဟန်ပေါ်သည်။
ဝမ်လင်းက ထိုအဖြစ်ကို အနီးကပ် တွေ့မြင်လိုက်ရချိန်၌ သူ့အသွင်က ပို၍ သုန်မှုန်သွား၏။သူက အကွာအဝေးတစ်ခု ကနေ နောက်ထပ် အနီရောင်အလင်းတန်းတစ်ခု နီးကပ် လာနေသည်ကိုပါ တွေ့မြင်လိုက်သည်။သည်တစ်ကြိမ်၌ ထို အနီရောင်အလင်းထဲ၌ ခြေပြတ်တစ်ခု ရှိနေ၏။
ဝမ်လင်းက ချက်ခြင်းပင် ပြန်လှည့်၍ တုံ့ဆိုင်းခြင်း မရှိထွက်ခွာသွားတော့သည်။လက်ပြတ်သည် ချီတုံချတုံ ဖြစ်နေ ပြီးမှ ဝမ်လင်းနောက်သို့ မလိုက်တော့ရန် ဆုံးဖြတ်လိုက်၏။ ၎င်းက ခြေပြတ်နှင့်အတူ ပျံသန်းသွားရင်း ဟင်းလင်းပြင် ထဲ၌ ပျောက်ကွယ်လို့သွားသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် အလွန်ဗ ရမ်းဗတာ ဖြစ်နေ၏။ အနီရောင်အလင်းတန်းထဲရှိ ခြေ လက်အင်္ဂါရှစ်ခုတို့သည် တစ်ခုစီက အထည်ဒြပ်ယန် အထွတ်အထိပ်အဆင့်တွင် ရှိနေကြပေ၏။မန္တာန်များသည် လည်း ၎င်းတို့ပေါ်သို့ သက်ရောက်မှု မရှိ ဖြစ်နေကာ ၎င်းတို့ နှင့် တွေ့သည့်လူတိုင်းသည် အသတ်ခံရကာ သူတို့၏မူလ စိတ်ဝိညာဉ်သည်လည်း မူလစွမ်းအင်အဖြစ်သို့ ချေမွခြင်း ခံ ရကာ စုပ်ယူခြင်း ခံနေရသည်။
လက်နက်ရတနာများကသာ သက်ရောက်မှုအချို့ ရှိသေး၏။သို့သော် ထိုရတနာများပင် ၎င်းတို့အပေါ်၌ အများ အပြား သက်ရောက်နိုင်မှု မရှိပေ။သည့်အပြင် ထိုအနီရောင် အလင်း၏ ပြင်းထန်သောအဆိပ်ကိုပါ ထည့်ပေါင်းလိုက်ပါ 3 ၎င်းခြေလက်အင်္ဂါတို့သည် မိုးကြိုးကောင်းကင်ဘုံ နယ်မြေအနှံ့၌ လုပ်ချင်တိုင်းလုပ်ခွင့် ရနေတော့၏။
၎င်းခြေလက်အင်္ဂါတို့က ရပ်တန့်ခြင်း မရှိဘဲ ဟင်းလင်းပြင်ထဲ၌ သွားလာနေ၏။သည့်နောက် သိပ်မကြာ သောအချိန်မှာပင် အနီရောင်အလင်းတန်း ရှစ်ခုတို့သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အလယ်သို့ ရောက်ရှိလာ ကြတော့၏။ ၎င်းအနီရောင်အလင်းတန်းထဲရှိ ခြေလက် အင်္ဂါရှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကြပြီး နောက် ကမ္ဘာဦးဟိန်းသံတစ်သံဿည် မိုးကြိုး ကောင်းကင်ဘုံနယ်မြေအနှံ့တွင် ပဲ့တင့် ထပ်သွားလေ သည်။
ထိုခြေလက်အင်္ဂါအစိတ်အပိုင်းတို့သည် ပေါင်းစပ်သွား ပြီးနောက် ပြီးပြည့်စုံသည့် ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။သည်လူက တစ်ခေါင်းလုံး ဖြူဖြူဖွေး နေကာ သူ့မျက်နှာပေါ်၌လည်း အမာရွတ်များ ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ် အနှံ့တွင်လည်း ထိခိုက်ထားမှုများ ရှိနေ သေး၏။သူ့ညာမျက်လုံးကလည်း ကွယ်ပျောက်နေကာ အေးစက်စက်အကြည့်နှင့် ဘယ်ဘက်မျက်လုံးတစ်လုံးသာ ရှိလေ၏။
"ကောင်းကင်ဘုံအရှင်ချင်းရွှေ..သင့်ရဲ့ချိပ်ပိတ်မှုက ဘယ်လောက်ပဲ သန်မာအားကောင်းပါစေ အချိန်ရဲ့ တိုက်စားမှုကိုတော့ မခံနိုင်ပါဘူး။သင်က ငါ့ကို မသတ်ဝံ့ခဲ့ ဘူး။ သင်ကသာ ငါ့ကို သတ်ချင်ခဲ့ရင် ခုလိုမျိုး ငါ့ကို ချိပ် ပိတ်ခြင်းအစီအရင်ရဲ့အပြင်ဘက်မှာ ရှိတဲ့ ကုစားခြင်းအစီ အရင်တစ်ခုထဲမှာ ဘာကြောင့် ချိပ်ပိတ်ထားမှာလဲ။ဒါပေမဲ့ လည်း ငါက သင့်ကို ကျေးဇူးတင်ရမယ်။ ဘာလို့လဲဆိုတော့ သင်ကသာ အစီအရင်ကို မချိတ်ပိတ်ခဲ့ဘူးဆိုရင် ငါက ကောင်းကင်ဘုံနယ်မြေ ပြိုကျချိန်မှာ အသက်ရှင်နိုင်ခဲ့ပါ့မ လားကို ကြောက်မိတယ်..."
"ချင်းရွှေ…ငါက မသေမှတော့ သင်လည်း မသေသင့် သေးဘူး။ သင်က ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ နောက်ထပ်ချိပ်ပိတ်ခြင်းဝဲကတော့ကို ထပ်မရှာတွေ့နိုင်ရင် သင်က ငါ့ကိုနောက်တစ်ကြိမ် ထပ်ပြီး ချိပ်ပိတ်နိုင်တော့မှာ မဟုတ်ဘူး..."
အဖြူရောင်ဆံပင်နှင့်လူသည် ကြမ်းကြုတ်သည့်အသွင် ဖြင့် ရှိနေကာ သူက ကျယ်လောင်စွာ ရယ်မော၍ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားလေသည်။
သူက အလွန်မြန်ဆန်လွန်းလှ၏။ သူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေနှင့် ပတ်သတ်၍ ကောင်းစွာ သိထားသည့်အတွက်ကြောင့် အစိတ်အပိုင်းမြေတစ်ခုပေါ်တွင် ချက်ခြင်း ပေါ်လာခဲ့သည်။သည်အစိတ်အပိုင်းမြေသည် ဝမ် လင်းနှင့်လီယွမ်တို့ ချိပ်ပိတ်မှုကို ဖွင့်လှစ်၍ တွင်းနက်ထဲသို့ဝင်သွားခဲ့သည့်နေရာ ဖြစ်နေ၏။
ထိုအစိတ်အပိုင်းမြေပေါ်တွင် ပျံသန်းနေရင် ထိုလူက သူ့ လက်ကို အောက်သို့ ဖိနှိပ်လိုက်ရာ ၎င်းအစိတ်အပိုင်းမြေ တစ်ခုလုံးသည် ချက်ခြင်း ပျက်စီးသွားလေ၏။သည်နေရာ သည် သူ့အားချိပ်ပိတ်ထားသော ကိုးခုမြောက်ချိပ်တံဆိပ် တည်ရှိခဲ့သည့် နေရာ ဖြစ်ပေသည်။
၎င်းအစိတ်အပိုင်းမြေ ပျက်စီးသွားသည်နှင့် မွန်းစတား ဆန်သော မီးတောက်တစ်ခုသည် အတွင်းဘက်ကနေ ထိုး ထွက်လာခဲ့သည်။ ထိုမီးတောက်က အနီရောင်တဖျပ်ဖျပ် တောက်သွားပြီးနောက် မျက်လုံးတစ်လုံး ပျံသန်းထွက်လာ ခဲ့သည်။ထိုလူက မျက်လုံးကို လှမ်းဖမ်းကိုင်ကာ သူ့ ညာဘက်မျက်လုံးအိမ်ထဲသို့ ထည့်သွင်းလိုက်၏။
"ဂျိနယ်ပယ်က ညာဘက်မျက်လုံးထဲမှာ ချိပ်ပိတ်ခြင်း ခံထားရပေမဲ့လည်း အတိတ်တုန်းက ကောင်းကင်ဘုံ နယ်မြေရဲ့စစ်ပွဲမှာ များစွာ ရုတ်လျော့သွားခဲ့ရတယ်။ဒါကို ပြန်မွန်းမံဖို့ အရမ်းခက်ခဲလှတယ်။ဒါပေမဲ့ ဒါက မဖြစ်နိုင် တာတော့ မဟုတ်ဘူး။ ဒါပေမဲ့လည်း ငါက ခုမှ ပြန် လွတ်မြောက်လာတာ ဖြစ်တဲ့အတွက် ငါ့ကျင့်ကြံမှုအဆင့်ရဲ့ (၁၀) ရာခိုင်နှုန်းပဲ ပြန်ရသေးတယ်။ ငါက ကောင်းကင်ဘုံ မူလစွမ်းအင်ကို တက်နိုင်သမျှ စုဆောင်းမှ ရမယ်..."
ထိုလူ၏ မျက်လုံးထဲကနေ အနီရောင်ဖျပ်ခနဲ ဖြစ်သွား ကာ သူက ညစ်ကျယ်ကျယ်နှာခေါင်းရှုံ့လိုက်၏။
"ကြည့်ရတာ ဒီနှစ်တွေမှာ တိုးတက်လာခဲ့တဲ့ပုံပဲ။ သိပ်ကောင်းတယ်။ ငါက သူတို့ကို ဝါးမြိုပြီးရင် ငါ့ကျင့်ကြံမှုအဆင့်က အားလုံး ပြန်မကောင်းမွန်လာနိုင်သေးမဲ့လည်း တော်တော်တန်တန် တော့ ကောင်းမွန်မှာပဲ။ ဒါပေမဲ့လည်း ငါက သူတို့ကို စတင် မဝါးမြိုခင် ငါက သူတို့ မလွတ်မြောက်သွားနိုင်အောင် အ ရင်ဆုံး ကောင်းကင်ဘုံဂိတ်ဝကို ပိတ်ပစ်ရမယ်..." ဂျူနီယာကျင့်ကြံသူတော်တော်များများက
ထို့နောက် သူ့ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲ၌ ပျောက် ကွယ်သွားလေ၏။
ဝမ်လင်းက လီယွမ်ကို ဆွဲခေါ်ကာ ကောင်းကင်ဘုံ နယ်မြေ၏ အနောက်ဘက်ရှိဂိတ်ပေါက်သို့ တန်းတန်းမတ်မတ် သွားနေသည်။သူတို့က တစ်လမ်းလုံး တိတ်ဆိတ်နေ၏။ဝမ်လင်းသည် သုန်မှုန်စွာ ရှိနေ၏။ သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် အလွန်ဗြောင်းဆန် လာခဲ့လေပြီ။
"ငါတို့က တက်နိုင်သမျှ ဒီနေရာကနေ မြန်မြန် ထွက် သွားရမယ်..." ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူတို့သည် ပို၍ မြန်ဆန်စွာ ပျံသန်းလာနေ၏။
လမ်းတစ်လျှောက်တွင်လည်း
သူတို့နှစ်ယောက်က ကျင့်ကြံသူများစွာကို တွေ့မြင်ခဲ့ကာ ထိုလူများ၏ ပန်းတိုင် သည်လည်း ဝမ်လင်းတို့နှင့် အတူတူသာ ဖြစ်လေ၏။
လူအများသည် ဝမ်လင်းကဲ့သို့ ထွက်သွားရန် အကြံရှိနေသည်မှာ သိသာနေပေ၏။
ကျင့်ကြံသူအများအပြားသည် ကောင်းကင်ဘုံဂိတ်ပေါက် နှင့် ပို၍ နီးကပ်လာကြ၏။ သိပ်မကြာခင်တွင် သူတို့က ကောင်းကင်ထက်မှ ဆင်းသက်လာသည့် အနီရောင်မိုးကြိုး တန်းကြီးတစ်ခုကို လှမ်းမြင်နေရတော့သည်။
သည်အခိုက်အတန့်၌ များစွာသောကျင့်ကြံသူများသည် တည်နေရာရွှေ့ပြောင်းရန် ပြင်ဆင်လိုက်ကြ၏။ သူတို့က မြန်ဆန်စွာ သည်မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာသွားလိုနေကြသည်။
သို့သော် ထိုအခိုက်အတန့်၌ အနီရောင်မြူလွှာတစ်ခုက ပြင်းထန်သောလှိုင်းတစ်ခုကဲ့သို့ ထိုးထွက်လာခဲ့ကာ ကောင်းကင်နှင့်မြေကြီးကြားတွင် စူးရှရှအသံတစ်သံ ထွက် ပေါ်လာခဲ့တော့သည်။
"ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး..."
ထိုအနီရောင်မြူလွှာထဲကနေ လူတစ်ယောက်သည် လှမ်း လျှောက်ထွက်လာ၏။ သူက အဖြူရောင်ဆံပင် ရှိ၏။သူ့ မျက်လုံးက နီရဲနေပြီး သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ သူ့ လက်ကို ဆန့်ထုတ်လိုက်သည်။ထိုအခါ သည်ဧရိယာတစ်ခု လုံးတွင် အံ့မခန်းပြင်းထန်သောအားတစ်ခုက ရုတ်တရက် ကြီး ပြည့်နှက်လာခဲ့တော့သည်။
အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများစွာသည်
ကြောက်လန့်မှုနှင့်
ပြည့်နှက်သွားကြကာ..သူတို့၏ခန္ဓာကိုယ်များသည် သွေးမြူများအဖြစ်သို့ ချက်ခြင်း ပျက်စီးသွားကြသည်။သည့်နောက် ၎င်းသွေးစသေးနသွေး မြူများအားလုံးသည် ထိုဆံပင်ဖြူနှင်လူ၏ စုပ်ယူခြင်းကိုခံ လိုက်ရသည်။ သူတို့၏မူလစိတ်ဝိညာဉ်များသည်လည်း မ လွတ်မြောက်နိုင်ဘဲ ဝါးမြိုခြင်း ခံလိုက်ရပေသည်။
"ခုခေတ်မှာ ချီကျင့်ကြံသူတွေက ဘာကြောင့် မူလ စွမ်းအင်နည်းနည်းပဲ ရှိကြတော့တာလဲ…။ဒီမူလစွမ်းအင် တွေကို ကောင်းကင်ဘုံမူလစွမ်းအင်အဖြစ် ပြောင်းလဲပြီးတဲ့ အခါကျရင် ဘာမှ သိပ်မကျန်တော့ဘူး..."
အဖြူရောင်ဆံပင်နှင့်လူက မျက်မှောင်ကြုတ်သွားပြီး မိုးကြိုးကောင်းကင်ဘုံဂိတ်ပေါက်ထံသို့ တိုးဝင်သွားလေ သည်။
သည်မြင်ကွင်းသည် ကျင့်ကြံသူအားလုံး၏ အမူအရာကို အကြီးအကျယ်ပြောင်းလဲသွားစေသည်။အဖြူရောင်ဆံပင် နှင့်လူ ပေါ်လာသည်နှင့် သူက ကျင့်ကြံသူဆယ်ယောက် ကျော်ကို သေဆုံးစေခဲ့သည်။ထို့အပြင် သူသည် သူ တို့၏အသွေးအသားများနှင့်မူလစိတ်ဝိညာဉ်ကိုပါ ဝါးမြိုပစ် ခဲ့သေးသည်။
သည်တုန်လှုပ်ဖွယ်မြင်ကွင်းက လူတိုင်းကို လေအေးတစ် ချက် ရှိုက်သွင်းမိသွားစေသည်။
ထိုထူးဆန်းသောလူတစ်ယောက်သည် ကောင်းကင်ဘုံ ဂိတ်ပေါက်ထံသို့ ဦးတည်သွားနေသည်ကို မြင်သူကမျှ မ တားဆီးဝံ့ကြပေ။သည်အခိုက်အတန့်၌ ကောင်းကင်ဘုံဂိတ် ပေါက် အနီးအနားရှိ ကျင့်ကြံသူများကြားမှ သတ်လတ်ပိုင်း လူကြီးတစ်ယောက်သည် ပျံသန်းထွက်လာသည်။သူ့ မျက်လုံးများက လျှပ်စီးအလားတောက်ပနေကာ ပုံ ယောင်ယောင်ယင်အဆင့်တွင် ရှိသူ ဖြစ်၏။သူက သိုလှောင်အိတ်ထဲကနေ ဓားဆယ့်သုံးလက်ကို ပျံသန်း ထွက်လာစေလိုက်သည်.
လက်ညှိုးတစ်ချက်ဖြင့်ပင် ထိုဓားများအားလုံးသည် ထူးဆန်းသောဆံဖြူလူထံသို တဟုန်ထိုး တိုးဝင်သွားကြ၏။
ရောင်းရင်းကျင့်ကြံသူတို့...ကျေးဇူးပြုပြီး ဒီလူ့ကို ဂိတ် ပေါက်မရောက်ခင် ရပ်တန့်အောင် လုပ်ကြပါ။ မဟုတ်ရင် ငါတို့အားလုံး ဘယ်သူ့မှ ထွက်သွားနိုင်တော့မှာ မဟုတ် :..."ဘူး..
ထိုသက်လတ်ပိုင်းလူကြီး၏နောက်တွင် ကျင့်ကြံသူတော် တော်များများက အံတင်းတင်းကြိတ်မိလိုက်ကြ၏။ သူတို့ အားလုံးသည် သူတို့၏ရတနာများကို ထုတ်ယူကာ ရှေ့သို့ ထိုးထွက်လာကြသည်။
ထူးဆန်းသောဆံဖြူလူသည် လှောင်ရယ်မောကာ သူ့ ခန္ဓာကိုယ်သည် ဖျပ်ခနဲ ကမ္ဘာလောကနှင့် တစ်သားတည်း ပေါင်းစပ်၍ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။သူက ပြန်ပေါ်လာသည့်အခါတွင် အနီရောင်မိုးကြိုးတန်းကြီး ကောင်းကင်ထက်ကနေ ဆင်းသက်နေသည့် ကောင်းကင်ဘုံဂိတ်ပေါက်နားသို့ ရောက်နေခဲ့လေပြီ။
သူပေါ်လာသည်နှင့် သူက ညာလက်ဖြင့် ချိပ်တံဆိပ်တစ် ခုကို ဖြစ်ပေါ်စေကာ ထိုအနီရောင်မိုးကြိုးကို ရိုက်ချလိုက် သည်။ ပြင်းထန်သောတုန်ဟီးသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ်သွားသည်။
"မိုးကြိုးကောင်းကင်ဘုံနယ်မြေ...ပိတ်စမ်း..." ခပ်ရှရှ အသံက အေးစိမ့်သည့်လေပြင်းကဲ့သို့ သူ့ပတ်လည်ရှိကျင့်ကြံသူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားလေသည်။
ထိုအနီရောင်မိုးကြိုးတန်းကြီးသည် မြန်ဆန်စွာ စတင် ကျုံ့လာခဲ့သည်။
ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် စတင်တုန့်ပြန်လာကြသည်။သူတို့အားလုံးသည် အမျိုးမျိုး သောရတနာလက်နက်များကို ထုတ်ယူကာ ထို ထူးဆန်းသောလူထံသို့ တိုးဝင်သွားကြသည်။ သူတို့ကြား တွင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ ခုနစ်ယောက်၊ရှစ် ယောက် ပါဝင်ပေ၏။ သူတို့အားလုံးသည် ထူးဆန်းသောလူ ထံသို့ တန်းမတ်စွာ တိုးဝင်သွားသည်။
"မိုးကြိုးကောင်းကင်ဘုံနယ်မြေက ပိတ်ဆို့တော့မယ်။ မင်းတို့အားလုံးက ငါ့အစာပဲ..."
ထူးဆန်းသောဆံဖြူလူ၏ မျက်လုံးထဲ၌ အေးစက်စက် အကြည့်တစ်ခု ထွက်ပေါ်နေသည်။သူက သူ့ထံသို့ တိုးဝင် လာနေသည့် တိုက်ခိုက်မှုများကို ကြည့်ပင်မကြည့်ဘဲ ပျောက်ကွယ်သွားသည်။သည့်နောက် သူက အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အနောက်တွင် ပြန် ပေါ်လာခဲ့သည်။သူ့အမြန်နှုန်းက စိတ်ကူးနိုင်သည်ထက် ပို လေသည်။
အာဏာတက်ခြင်းအဆင့်အဘိုးအို၏ အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားကာ ကြောက်လန့်သွား၏။ သို့ရာတွင် သူက နောက်လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ဘဲ ထူးဆန်းသောဆံဖြူလူ၏ လက်သည် သူ့ရင်ဘက်ထိဖောက်ထွက်လာခဲ့သည်။အဘိုးအို၏ မူလစိတ်ဝိညာဉ်သည် လည်း တိုက်ရိုက် ချေမွခြင်း ခံလိုက်ရသည်။
အဘိုးအိုသည် သူ့ရင်ဘက်ကမှ တစစီဖြစ်သံကိုပင် ကြား နေရသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း ပျက်စီးသွား၏။ သည့်နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် မူလစိတ်ဝိညာဉ် နှင့်အတူ ထိုလူ၏ ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။
နောက်တစ်ကြိမ် သူ ပြန်ပေါ်လာသည့်အခါတွင် သူက အ ရင်ဆုံးဓားဆယ့်သုံးလက်ဖြင့် တိုက်ခိုက်ခဲ့သည့် သက်လတ် ပိုင်းလူ ရှေ့သို့ ရောက်သွားခဲ့ပြန်သည်။
ထိုသက်လတ်ပိုင်းလူ၏ မျက်နှာသည် ဖြူရောသွားကာ သူက နောက်သို့ ချက်ခြင်း ဆုတ်သည်။ သို့သော် နောက်ကျ သွားခဲ့လေပြီ။ ဆံဖြူလူက အထင်သေးစွာ ရယ်မောလိုက် သည်။ ထို့နောက် သူ့ခန္ဓာကိုယ်သည် သွေးအရိပ်တစ်ခု အဖြစ်သို့ ပြောင်းလဲ၍ ထိုသက်လတ်ပိုင်းလူ၏ခန္ဓာကိုယ်ထဲ သို့ ထွင်းဖောက် ဝင်ရောက်သွားခဲ့သည်။ ထိုလူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး သည့်နောက် သူသည် သွေးမြူအဖြစ်သို့ ပြောင်းသွားရ တော့သည်။
သွေးမြူထဲ၌ ဆံဖြူလူ၏အသွင် ပြန်ဖြစ်ပေါ်လာကာ သူက သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်ကို ဝါးမြို ပစ်လိုက်လေသည်။
သူ့မျက်လုံးက လက်ခနဲဖြစ်သွားကာ သူက ပြုံး၍ ဆို လိုက်သည်။ "မဆိုးဘူး။ ဒါမှ ချီကျင့်ကြံသူ ဖြစ်တယ်...." သူ့ နှုတ်ခမ်းကို သပ်လိုက်ပြီးသည့်နောက် သူက နောက်တစ် ကြိမ် ပြန်ပျောက်ကွယ်သွားပြန်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် သည်နေရာကနေ ထွက်ခွာသွားလိုနေသည်မှ ထင်ရှားနေ၏။ ကျင့်ကြံ သူများ၏ အရေအတွက်က တိုးလာနေသည်နှင့်အမျှ ဆံဖြူ လူသည် ရေထဲက ငါးတစ်ကောင်ကဲ့သို့အလား ဖြစ်နေ တော့သည်။သူက မြန်ဆန်၊ရက်စက်လှကာ ချက်ခြင်းလိုလို ပင် လူတစ်ယောက်ကို သတ်ပစ်နိုင်နေသည်။
ထို့အတွက်ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အတူစုပေါင်း၍ တိုက်ခိုက်ရန် မဖြစ်နိုင်တော့ချေ။ ကြောက် ရွှံ့မှုက တဖြည်းဖြည်း ကြီးထွားလာကာ ကောင်းကင်ဘုံ ဂိတ်ပေါက်သည်လည်း မြန်ဆန်စွာ ကျုံ့လာနေရင်း လုံးဝ ပျောက်ကွယ်တော့မတက် ဖြစ်လာနေသည်။
မည်သူက စလိုက်သည်မသိဘဲ ပတ်ဝန်းကျင်ရှိ ကျင့်ကြံ သူများသည် ဆံဖြူလူကို တိုက်ခိုက်ရန် လက်လျှော့လိုက်ကြ ကာ ထိုအစား သူတို့သည် ပြန့်ကျဲ၍ ပျောက်ကွယ်နေသော ကောင်းကင်ဘုံဂိတ်ပေါက်ထံသို့ နေရာအနှံ့ကနေ တိုးဝင် သွားကြလေသည်။
ဆံဖြူလူက ညစ်ကျယ်ကျယ် ပြုံး၍ ကျင့်ကြံသူ အနည်းငယ်ကို ဆက်လက်၍ ဝါးမြိုလိုက်သည်။ ထို့နောက်သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက် သည်။ "ကောင်းကင်ဘုံမန္တာန်...ကိုယ်ပွား..." ချက်ခြင်းပင် ဆံဖြူလူသည် နှစ်ယောက်၊နှစ်ယောက်ကနေ လေးယောက် အထိ ကွဲထွက်သွားသည်။သည့်နောက် ဆံဖြူလူ (၃၂) ယောက် ဖြစ်သွားသည်။
ကိုယ်ပွားသုံးဆယ့်နှစ်ယောက်သည် တိုးထွက်သွားကာ လောကနှင့်တစ်သားတည်း ဖြစ်သွားသည်။ သူတို့က ပြန် ပေါ်လာသည့်အခါ၌ ကောင်းကင်ဘုံဂိတ်ပေါ်၌ ပေတစ် သောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။ တစ်ချိန်တည်း မှာပင် လေထဲ၌ အထိတ်တလန့်အော်ဟစ်သံများ ပြည့်နေ တော့သည်။
ပေတစ်သောင်းအတွင်းရှိကျင့်ကြံသူအားလုံး၏ ခန္ဓာကိုယ်သည် ကိုယ်ပွားများ၏ ဖျက်စီးခြင်း ခံရကာ သူ တို့၏မူလစိတ်ဝိညာဉ်များသည်လည်း ဝါးမြိုခြင်း ခံလိုက်ရ သည်။
ထိုကိုယ်ပွားများအပေါ်၌ သူတို့၏ ခုခံမှုသည်လည်း သက်ရောက်မှု မရှိပေ။ သူတို့က ဘာမှ မလုပ်နိုင်ခင်မှာပင် သေဆုံးသွားခဲ့ကြရပေသည်။
သို့သော်လည်း ပိုမိုများပြားသည့် ကျင့်ကြံသူများက ကောင်းကင်ဘုံဂိတ်ပေါက်သို့ တဟုန်ထိုး သွားနေကြစမြဲ ပင်။ တကယ်တော့ ကောင်းကင်ဘုံဂိတ်ပေါက်ကသာ သူ တို့၏ ရှင်သန်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမဟုတ်လား။
"စိတ်ဝင်စားစရာပဲ။ ငါက မင်းတို့ ဂျူနီယာချီကျင့်ကြံသူ တွေ ဘယ်လောက်များများ လွတ်မြောက်နိုင်မလဲ တွေ့ချင်မိသေးတယ်…" ဆံဖြူလူက ရယ်မောကာ သူ့ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ နောက်တွင် ပြန်ပေါ်လာခဲ့သည်။
ထိုကျင့်ကြံသူ၏ မျက်လုံးက အေးစက်လာကာ သူက သူ့ မူလ မူလစိတ်ဝိညာဉ်ကို ချက်ခြင်း ကိုယ်တိုင် ဖောက်ခွဲပစ်လိုက် သည်။သူ့မူလစိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်တို့သည် စွမ်းအင်အဖြစ်သို့ ပြောင်းသွားကာ ပျက်စီးသွားသည်။ သူက သေခြင်းတရားကနေ မလွတ်မြောက်နိုင်လျှင်ပင် သူ့ တွင် ရွေးချယ်မှုတစ်ခု ရှိနေဆဲပင်။သူက သိက္ခာရှိရှိ သေဆုံး ရန် ရွေးချယ်ခဲ့ပေသည်။
ထိုအရာက ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်လိုက်ခြင်းပင်။
ထိုကျယ်လောင်သော တုန်ဟီးမှုအောက်တွင် ဆံဖြူလူ သည် မျက်မှောင်ကြုတ်သွားသည်။သူက နောက်သို့ ဆုတ်မ သွားဘဲ ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကို သူ့ပါးစပ်ထဲသို့ ရှိုက်သွင်းလိုက်လေ၏။
"ဒါက ရဲရင့်တဲ့ ချီကျင့်ကြံသူ ဖြစ်တယ်..."
ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံနေရချိန်တွင် ကောင်းကင်ဘုံဂိတ်ပေါက်သည် ပျောက်ကွယ်တော့ မတက် ဖြစ်လာခဲ့သည်။ထိုသတ်ပွဲသည်လည်း အထွတ်အထိပ်သို့ရောက်လာခဲ့တော့၏။ ကျင့်ကြံသူအများစုသည် လွတ်မြောက်နိုင်ရန် အလို့ငှာ အရူးအမူး တိုးဝင်နေကြဆဲ ပင်။ တကယ်တော့ ကောင်းကင်ဘုံဂိတ်ပေါက်ကသာ တစ် ခုတည်းသောမျှော်လင့်ချက် မဟုတ်လား။
သို့ရာတွင် ဆံဖြူလူ၏ ကိုယ်ပွား(၃၂)ယောက်သည် သည် ပေတစ်သောင်းဧရိယာတွင် လွှမ်းခြုံထားသည်။ ပုံရိပ် ယောင်ယင်အဆင့်ကျင့်ကြံသူများသာ ဂိတ်ပေါက်နှင့်ပေ တစ်ထောင်အကွာသို့ ရောက်ရှိနိုင်ကြသည်။လူတိုင်းသည် ထိုပေတစ်ထောင်အတွင်းသို့ မရောက်ခင်မှာပင် သေဆုံး သွားခဲ့ကြရသည်။
ဂိတ်ပေါက်နှင့်ပေတစ်ထောင်ဧရိယာအတွင်းသို့ တိုးဝင် သွားကြသည့် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများသည် လည်း တူညီသောကံကြမ္မာကို ကြုံလိုက်ကြရသည်သာ။ သူ တို့အားလုံးက သည်နှင့် ချက်ခြင်းဆိုသလို သေဆုံးသွားခဲ့ရပေသည်။ ဆံဖြူလူ၏ မူလစိတ်ဝိညာဉ်ပေါ်လာ
အထင်သေးသော ရယ်သံက ထိုဆံဖြူလူထံကနေ ထွက် ပေါ်နေသည်။သူက ဆက်လက်၍ သတ်ဖြတ် ဝါးမြိုနေရင်း သူ့မူလတုန်းက အရိုးပေါ်အရေတင်ခန္ဓာကိုသည် တဖြည်းဖြည်း အနည်းငယ် ပြည့်လာခဲ့သည်။သည့်နောက် သူက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့တော့၏။
သူက ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုလိုက်သည့် အခါတိုင်း သူ့အော်ရာက အနည်းငယ် ထူးဆန်းလာခဲ့သည်။
သူ့မျက်လုံးထဲရှိ အနီရောင်အလင်းကလည်း ပို၍ သန်မာ လာခဲ့သည်။
သွေးညှီနံ့များက ကြိုင်လှိုင်နေကာ ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများနှင့် ပြည့်နေတော့သည်။ ကောင်းကင်ဘုံဂိတ်ပေါက်သည် လုံးဝ ပိတ်လုနီးပါး ဖြစ်နေ၏။ ကြည့်ရသည်မှာ ၎င်းဂိတ် ပေါက်သည် လုံးဝ ပျောက်ကွယ်သွားရန် သိပ်မလိုတော့ သည့် ပုံပင်။
အနီရောင်မိုးကြိုးတန်း ပျောက်ကွယ်သွားသည်နှင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် လုံးဝ ချိပ်ပိတ်ပြီး ဖြစ် သွားပေလိမ့်မည်။
ထိုအခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ ဓားစွမ်း တန်းဆယ်ခုကျော်သည် တိုးတင်လာနေ၏။ ထိုဓားစွမ်းအင် တန်းများသည် မူလစွမ်းအင်နှင့် ပြည့်နှက်နေသည်။ ၎င်းတို့ က တိုးဝင်လာနေရင်း စူးရှရှမြည်သံတစ်ခုကိုပါ ဖန်တီး နေ၏။ ထိုအုပ်စု၏ ရှေ့ဆုံးရှိ ကျန်ခုန်လီ၏ မျက်လုံးသည် အေးစက်နေသည်။သူ့နောက်တွင် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် ပါလာ၏။ သူတို့အားလုံးက ဆံဖြူလူထံသို့ တဟုန်ထိုး တိုးဝင်လာကြသည်။
တစ်ချိန်တည်းမှာပင် တခြားအရပ်ကနေလည်း အလင်းတန်းများစွာက တိုးဝင်လာနေကြသည်။ထိုအုပ်စု၏ ရှေ့ဆုံးတွင် ထျန်ယန်ဖန် ရှိနေ၏။သူ့အသွင်က သုန်မှုန်လျက်ရှိနေသည်။ သူ့နောက်တွင် သူ့မိသားစုမှ လူများ အပါအဝင် သူနှင့်ရင်းနှီးသော အခြားမိသားစုများ၏ လူ များပါ ပါလာခဲ့ကြသည်။ထိုသူတို့က ပုံရိပ်ယောင်ယင် အဆင့်တွင် ရှိနေကြပေ၏။
သည်အုပ်စုနှစ်စုသည် အလွန်မြန်ဆန်စွာဖြင့် ဆံဖြူလူ ထံသို့ တိုးဝင်လာနေကြသည်။ သူတို့ကိုယ်တိုင် ရောက်လာခင်မှာပင် သူတို့၏ မူလစွမ်းအင်နှင့်လက်နက် ရတနာများကို အရင်ဆုံး စေလွှတ်လိုက်ကြ၏။
ထျန်ယန်ဖန်နှင့်ကျန်ခုန်လီတို့ ဦးဆောင်သည့် အဖွဲ့ရှိလူ များသည် သူတို့၏ တိုက်ခိုက်မှုများကို ရှေ့သို့ တုံ့ဆိုင်းခြင်း မရှိ ပို့လွှတ်လိုက်ကြ၏။
ဆံဖြူလူ၏ မျက်လုံးက အနီရောင်တောက်ပသွားကာ သူက ညစ်ကျယ်ကျယ် ရယ်မောသည်။သူက သူ့ထံသို့ တိုးဝင်လာနေသော ထိုမန္တာန်များနှင့်လက်နက်ရတနာများ အားလုံးကို လစ်လျူရှုကာ ရှေ့သို့ ထိုးထွက်လိုက်သည်။ သူက ထျန်ယန်ဖန်၏ အုပ်စုထဲတွင် ပေါ်လာခဲ့ကာ ချက် ခြင်း လူတစ်ယောက်ကို ဖမ်းဆီးလိုက်သည်။
ထိုကျင့်ကြံသူက ပြတ်သားစွာဖြင့် သူ့ခန္ဓာကိုယ်ကို ချက် ခြင်း ပေါက်ကွဲစေလိုက်သည်။ အဖြူရောင်ဆံပင်နှင့်လူက အေးစက်စက်နှာခေါင်းရှုံ့ကာ သူက ဝါးမြိုလိုက်ရန် ဟန်ပြင်လိုက်စဉ် ကြမ်းကြုတ်သည့်ဓားစွမ်းသည် မိုးကြိုး နှင့်အတူ ရောက်ရှိလာသည်။ထိုမိုးကြိုးဓားစွမ်းအင်သည် ရှန်ကုန်းဟူထံမှ ထွက်ပေါ်လာခြင်းပင်။
"ချက်ကောင်းငြိခြင်း…" ထျန်ယန်ဖန်က အော်လိုက် သည့်နောက် သူ့အုပ်စုရှိ ကျင့်ကြံသူအားလုံးသည် ချက်ခြင်း ပင် သူတို့၏ ခွန်အားအားလုံးကို သုံးကာ ဆံဖြူလူကို ပိတ် လှောင်ရန် ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင် ကျန်ခုန်လီကလည်း ကြေးမီးပြင်းဖို တစ်ခုနှင့်အတူ ထိုးထွက်လာခဲ့သည်။သူက သတ်ဖြတ်ချင် စိတ်အပြည့်ဖြင့် ဆံဖြူလူထံသို့ ဦးတည်သွားသည်။
ထျန်ယန်ဖန်သည် သူနှင့်ရှန်ကုန်းဟူတို့ကြားရှိ
ကိုယ်ရေးကိုယ်တာ ရန်ငြိုးကို မေ့ထားလိုက်သည်။ သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်မြူတစ်ခု သည် ချက်ခြင်းပေါ်လာခဲ့သည်။သူ့မျက်လုံးကတ လက်လက် ဖြစ်သွားပြီးနောက် သူက ထိုးထွက်လာခဲ့သည်။
ရှန်ကုန်းဟူနှင့်ကျန်ခုန်လီတို့သည်လည်း တုံ့ဆိုင်းခြင်းမ ရှိ တိုးထွက်လာကြသည်။အားကောင်းသော အထည်ဒြပ် ယန်အဆင့်ကျင့်ကြံသူ သုံးယောက်သည် ပူးပေါင်း၍ ဆံဖြူ လူကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြသည်။
အနီးအနားရှိ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ ဆယ် ယောက်ကျော်သည်လည်း နောက်ဆုတ်မသွားပေ။ သူတို့ အားလုံးကလည်း သူတို့၏ လက်နက်ရတာများကို အသုံးပြု ရင်း အကြမ်းပတမ်း တိုက်ခိုက်လိုက်ကြသည်။
ထို့နောက် သူတို့အုပ်စုထဲက မဟုတ်သည့် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ နှစ်ယောက်ကျော်ကလည်း တုံ့ဆိုင်း ခြင်းမရှိ အဖြူရောင်မြူထဲသို့ တိုးဝင်ကာ သူတို့၏ မူလ စွမ်းအင်မန္တာန်များကို အသုံးပြုလိုက်ကြပေသည်။
တစ်စုံတစ်ယောက်က ဦးဆောင်မှုနှင့်အတူ ပတ်ဝန်းကျင် ရှိ ကျင့်ကြံသူများ၏ စိတ်ဓာတ်သည်လည်း မြင့်တက်လာခဲ့ ကာ သူတို့သည်လည်း ဝန်းတိုက်ခိုက်ရန် တာဆူလာကြ သည်။ သို့သော် ထိုအခိုက်မှာပင် ဆံဖြူလူ၏ ကိုယ် ပွား(၃၂)ယောက်သည် ထိုပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို စတင် သတ်ဖြတ်လာတော့၏။
ထိုကျင့်ကြံသူများကြားတွင် သူတို့၏ ကိုယ်ပိုင်အသက် ရှင်သန်လိုမှုအတွက် သည်ရှုပ်ထွေးနေသော အခွင့်အရေး ကို အသုံးပြုကာ ပျောက်ကွယ်နေသော ကောင်းကင်ဘုံဂိတ် ပေါက်နားသို့ တရကြမ်း တိုးဝင်သွားကြသည်။ ထိုသို့ အကြံ ရှိသည့်သူများသည် အများအပြား ရှိနေကြ၏။ သို့သော် သူ တို့အားလုံးသည် ဂိတ်ပေါက်နှင့် ပေတစ်သောင်းအကွာ အတွင်းသို့ ရောက်သွားသည်နှင့် ဆံဖြူလူ၏ ကိုယ်ပွားများ သတ်ပစ်ခြင်းကို ခံလိုက်ရပေသည်။
ထိုသို့ ဖြစ်နေလျှင်ပင် အချို့ကျင့်ကြံသူများသည် ကောင်းကင်ဘုံဂိတ်ပေါက်သို့ တဟုန်ထိုး သွားနိုင်ရန် ကြိုးစားနေကြဆဲပင်။ ကျင့်ကြံသူများပို၍ ရောက်ရှိလာလေ လေ သည်နေရာရှိ အခြေအနေသည် အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။
စုဆောင်းခြင်းခန်းမ၃ (နောက်တစ်ပိုင်း)
ဝမ်လင်းသည် လီယွမ်ကို ဆွဲကာ အဖြူရောင်ဆံပင်နှင့် လူ ပေါ်လာသည်နှင့် နောက်သို့ ဆုတ်သွားခဲ့ပေသည်။သူတို့ က မီတာငါးရာအကျော်သို့ ဆုတ်သွားသည်။ သူတို့က သေ လုသေခင်ကျင့်ကြံသူများ၏ အထိတ်တလန့်အော်ဟစ်သံ များကို ဆက်တိုက် ကြားနေရကာ ဝမ်လင်း၏အသွင်သည် အလွန်အင်း သုန်မှုန်နေတော့၏။
ဝမ်လင်းက ရှန်ကုန်းဟူနှင့်သူ့အပေါင်းအပါများ၏ သွင် ပြင်များကိုလည်း တွေ့မြင်နေရသည်။ထိုအရာက သူ့ကို တုံ့ ဆိုင်းသွားစေ၏။ သို့ရာတွင် သူက လီယွမ်ကို ကြည့် လိုက်ကာ လှုပ်ရှားခြင်း မပြုတော့ပေ။
သူ့ဘေးရှိ လီယွမ်၏မျက်နှာသည် အလွန်အမင်း ဖြူရော နေ၏။
"အစ်ကိုရှု...ငါတို့ထွက်မသွားနိုင်မှာ ကြောက်မိတယ်.."
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ဆံဖြူလူသည် အလွန်သန်မာလွန်းလှ၏။သူက သွေးဘိုးဘေးနှင့် ထိုလူ့ကို နှိုင်းယှဉ်ကြည်နေရာ ထိုလူသည် သွေးဘိုးဘေးထက်ပင် ပို၍ သန်မာနိုင်ပေသည်။
ထိုအရာက အရေးအဓိကအချက် မဟုတ်သေးပေ။ ထိုဆံ ဖြူလူက ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုလိုက်တိုင်း သူ့ ကျင့်ကြံမှုအဆင့်က တိုးတက်နေခြင်း ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းသည် ထိုလူ၏ ကျင့်ကြံမှုအဆင့်သည် မည်မျှမြင့် မားကြောင်းပင် မသိနိုင် ဖြစ်နေသည်။
ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ရုတ်တရက် မေး လိုက်၏။ "အစ်ကိုလီ...သင် ငါ့ကို ယုံကြည်လား..."
လီယွမ်က မှင်သက်သွားပြီး ခေါင်းညိတ်လိုက်၏။ "အစ်ကိုရှုမှာ ထွက်သွားနိုင်ဖို့ နည်းလမ်းတစ်ခု ရှိလို့လား။ ငါက အစ်ကိုရှုကို တကယ် ယုံပါတယ်..."
ဝမ်လင်းက တုံ့ဆိုင်းစွာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ငါ့မှာ မန္တာန်တစ်ခု အမှန် ရှိပါတယ်။ဒါပေမဲ့ ငါက ဒါကို ခု ထိ မကျွမ်းကျင်သေးဘူး။ ငါက ငါနဲ့အတူ လူတစ်ယောက် ကိုပါ ခေါ်သွားမယ်ဆိုရင် ငါက ဘာမှမထိခိုက်နိုင်ပေမဲ့ ငါ တွဲခေါ်ပေးတဲ့လူကတော့ တစ်ခုခု ထိခိုက်နိုင်တယ်။ သင် သဘောတူမယ်ဆိုရင်တော့ ငါက ဒါကို ကြိုးစားကြည့်ပေးမယ်
လီယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက ဆံဖြူလူ သည် မည်မျှ စွမ်းအားကောင်းမှန်း သိနေသည်။ရှုမှု ရှိနေ လျှင်ပင် ဆံဖြူလူနှင့် ရင်ဆိုင်ရသည့်အခါ ရှုမူသည်ပင် သူ့ ကိုယ်သူ ကာကွယ်နိုင်စွမ်း ရှိနိုင်လိမ့်မည် မဟုတ်ပေ။
လီယွမ်က သူသည် သည်မှာ ဆက်နေလျှင် သံသယမရှိသေဆုံးရလိမ့်မည်ဟု ခံစားနေရ၏။ ထိုခံစားချက်က အားကောင်းလှသည်။
လီယွမ်က ဆုံးဖြတ်ချက်ချကာ ပြောလာ၏။ "အစ်ကိုရှု... ကျေးဇူးပြုပြီး အဲ့မန္တာန်ကို အသုံးပြုလိုက်ပါ...ငါက လောင်းကြေးထပ်ချင်ပါတယ်..."
ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၌ လီယွမ်နှင့် သိကျွမ်းခဲ့ကာ သူတို့ နှစ်ယောက်သည် အတူရှိခဲ့ကြ၏။ သူတို့က အကောင်းဆုံး မိတ်ဆွေများဟု ယူဆ၍ မရနိုင်သော်လည်း ကံကြမ္မာ စမ်းသပ်ချက်များနှင့် ဘေးဒုက္ခများကို ဖြတ်ကျော်ခဲ့ရသည်။
လီယွမ်ကြောင့်သာ မဟုတ်ခဲ့ပါက ဝမ်လင်းသည် သူ သည် သွေးဘိုးဘေး၏လိုက်ဖမ်းမှုအောက်တွင် သေဆုံးခဲ့ လိမ့်မည်ဟု ယုံကြည်ခဲ့၏။ တစ်နည်းအားဖြင် လီယွမ်က သူ့အသက်ကို ကယ်တင်ခဲ့သည်ဟုလည်း ဆိုနိုင်သည်။
အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းသည် နောက်သို့ အနည်းငယ် ဆုတ်ကာ သူ့စိတ်နှလုံးကို ရှင်းလင်းလိုက်၏။ သူက လောကနှင့်တစ်သားတည်းကျသည့် ခံစားချက်ကို ပြန်ဆင့်ခေါ်လိုက်ကာ သူ့ခြေလှမ်းလိုက်တိုင်း လှိုင်းတွန့် များ ဖြစ်ပေါ်လာခဲ့သည်။
ခြေဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ပြီးသည့်အထိလောကနှင့်တစ်သားတည်းပေါင်းစပ်သည့် ခံစားချက်က ပေါ်မလာခဲ့သေးပေ။ ထိုအခိုက်အတန့်၌ ပျောက်ကွယ်လုဖြစ်နေသော ဂိတ်ပေါက်ကို တွေ့နေရခြင်းနှင့် ကျင့်ကြံ သူများ၏ အထိတ်တလန့်အော်ဟစ်သံများကို ကြားနေရ ခြင်းတို့ကြောင့် ဝမ်လင်းသည် သူ့စိတ်ပူပန်မှုကို ဖိနှိပ်ကာ သူ့စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်နေရ၏။
သူက မည်သည့်အရာကိုမှ မတွေးတော့ဘဲ သူ့ကိုယ်သူ အကောင်းဆုံး တည်ငြိမ်အောင် လုပ်လိုက်၏။
သည့်နောက် ဝမ်လင်းသည် နောက်သို့ ဆုတ်နေရင်း သူ့ မျက်လုံးထဲ၌ တည်ငြိမ်သောအကြည့်တစ်ခု ပေါ်လာခဲ့ သည်။သည်အခိုက်တန့်၌ သူက ကမ္ဘာလောကနှင့် တစ်သားတည်း ဖြစ်လာခဲ့တော့သည်။
ထိုအခိုက်အတန့်၌ သူသည် လောကနှင့်တစ်သားတည်း ပုံရိပ်ယောင်တစ်ခုကဲ့သို့ ဖြစ်လာခဲ့လေ၏။
သူ့မျက်လုံးကလည်း ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။ဝမ် လင်းက နောက်သို့ ဆက်မဆုတ်တော့ဘဲ ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။သူက အလွန်အမင်း တည်ငြိမ်နေသည်။
သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ တစ်ဖန် ပေါ်လာ ခဲ့ကာ ဖြည်းဖြည်းချင်း ပျံ့နှံ့လာသည်။ဝမ်လင်းက မှင် သက်နေသော လီယွမ်ကို ဆွဲကိုင်ကာ သူ့ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား လေ၏။
လီယွမ်က ဝမ်လင်းထံကနေ ပြင်းထန်သောအားတစ်ခု တွက်ပေါ်နေသည်ဟု ခံစားမိ၏။သူ့အမြင်သည်လည်း ဝေဝါးသွားကာ သူက မည်သည့်အရာကိုမှ ရှင်းလင်းစွာ မမြင် ရတော့ပေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးက အချိန်ထဲသို့ နစ်မြုပ် သွားသကဲ့သို့ပင်။
လီယွမ်၏လက်မောင်းကို ကိုင်ဆွဲလိုက်ပြီးနောက် ဝမ် လင်းသည် ရှေ့သို့ လှမ်းလိုက်သည်။ ထိုအခါ သူနှင့်လီယွမ် တို့သည် ပျောက်ကွယ်သွားတော့၏။
ထိုအချိန်၌ ဆံဖြူလူသည် အားကောင်းသောအထည်ဒြပ် ယန်အဆင့် ကျင့်ကြံသူ ငါးယောက်၊ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်နှင့် အာဏာတက်ခြင်း အဆင့် ကျင့်ကြံသူများစွာတို့၏ တိုက်ခိုက်ခြင်းကို ခံနေရ သော်လည်း သူက ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။ သူက အရူးတစ်ယောက်လို ရယ်မောနေရင်းဖြင့် သူ့ လက်သည် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက်ပြီး စကားလုံးအချို့ကို ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အနီ ရောင်အလင်းလွှာတစ်ခုက မြူထဲ၌ ပေါ်ထွက်လာခဲ့ တော့၏။
မူလမန္တာန်များနှင့်လက်နက်ရတနာများအားလုံးသည် ထိုအလင်းမျက်နှာပြင်ပေါ်သို့ မည်သို့မျှ သက်ရောက်မှု မရှိတော့ဘဲ ၎င်းအလင်းအကာကို ချိုးဖျက်နိုင်စွမ်း မဲ့သွားရ သည်။
ရှန်ကုန်းဟူ၏ ဓားပျံသည် ထိုအလင်းကာနှင့် တိုက်မိသွားသည့်အခါ သူ့ဓားသည် တစ်လက်မချင်း တစစီဖြစ်သွားသည်။ထိုတန်ပြန်ဒဏ်က ရှန်ကုန်းဟူကို သွေးအန်စေ ပြီး နောက်ဆုတ်သွားစေသည်။
သူသာမက ကျန်ခုန်လီ၊ထျန်ယန်ဖန်နှင့် အခြားအထည် ဒြပ်ယန်အဆင့်ကျင့်ကြံသူနှစ်ယောက်သည်လည်း သွေးအန် ကာ နောက်သို့ ပြန်လွင့်စင်သွားကြသည်။
သူ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများအဖို့တော့ တို့၏ မူလစိတ်ဝိညာည်သည် တုန်ယင်သွားကာ ခန္ဓာကိုယ် နှင့် ကင်းကွာသွားရ၏။
အလင်းကာထဲရှိ ဆံဖြူ လူသည် ညစ်ကျယ်ကျယ်ပြုံး၍ ပြောလာသည်။ "ကောင်းတယ်။ ခုတော့နည်းနည်း အရည်အချင်း ရှိတဲ့လူတွေ ရှိနေသေးတာပဲ။ဒါပေမဲ့လည်း ကောင်းကင်ဘုံစစ်တပ်နဲ့ယှဉ်ရင် မင်းတို့ဂျူနီယာတွေက အားနည်းလွန်းသေးတယ်။တော်တော်လေးကို အားနည်း လွန်းတယ်။ မင်းတို့က ငါ့ဂျိနယ်ပယ်အသုံးပြုရလောက် အောင်ထိ အရည်အချင်း မပြည့်မှီကြဘူး..."
သူက ထိုသို့ပြောနေရင်း သူ့လက်နှစ်ဖက်ကို ဖြန့်ကား လိုက်ရာ သူ့ပတ်လည်ရှိ အလင်းအကာအရံသည် ချဲ့ကား ထွက်လာခဲ့သည်။၎င်းက အလွန်မြန်ဆန်စွာဖြင့် သူ့ပတ်လည်ရှိ အဖြူရောင်မြူကို အဝေးသို့ တွန်းထုတ်ပစ် လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် နောက်မဆုတ်ဘဲ မ နေနိုင် ဖြစ်ရ၏။အချို့နှေးလွန်းကာ အလင်းအကာနှင့် ထိမိသွားသည့် လူအချို့သည် ချက်ခြင်း အကြောက်အကန် အော်ဟစ်လိုက်ရကာ သူတို့၏ခန္ဓာကိုယ်ပါ သွေ့ခြောက် သွား၍ မံမီဖြစ်သွားတော့၏။သူတို့၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီး၍ မူလစွမ်းအင်သည် အလင်းအကာ၏ စုပ်ယူခြင်း ကို ခံလိုက်ရသည်။
အဖြူရောင်ဆံပင်နှင့်လူက ရယ်မောလိုက်၏။ သူ့ပုံရိပ်က ရိပ်ခနဲပင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက် နားသို့ ရောက်ရှိသွား၏။သူက ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် ကို ဖျက်စီး၍ မူလစိတ်ဝိညာဉ်ကို ဝါးမြိုရန် ဟန်ပြင်လိုက် စဉ် ရုတ်တရက် နောက်လှည့်ကြည့်လိုက်၏။ ပထမဆုံး အကြိမ်အဖြစ် သူ့မျက်လုံးက တုန်လှုပ်ဟန်နှင့်အလေး အနက်ဖြစ်ဟန်တို့ ထွက်ပေါ်လာခဲ့လေသည်။
နစ်မြုပ်သွား၏။ *လောကနဲ့တစ်သားတည်း နစ်မြုပ်ခြင်း တာအို..." သူက နောက်လှည့်လိုက်သည့်အခိုက်တွင် ခန္ဓာကိုယ်ဆုံးရှုံး သွားသော ကျင့်ကြံသူက သူ့မူလစိတ်ဝိညာဉ်ကို ဖောက်ခွဲ ပစ်လိုက်၏။ သို့ရာတွင် ဆံဖြူလူက စိတ်ထဲပင် ထည့်မ ထားပဲ လောကနှင့်တစ်သားတည်း လှိုင်းတွန့်များက သူ့ခြေထောက်အောက်တွင် ပေါ်လာကာ သူ့ခန္ဓာကိုယ်သည် ချက်ခြင်း ပျောက်ကွယ်သွားသည်။
*အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေမှာတောင် တာအိုတစ်သားတည်းနစ်မြုပ်ခြင်းကို အောင်မြင်အောင် လုပ်နိုင်တဲ့လူ အများကြီးမရှိခဲ့ဘူး...။ဒါပေမဲ့လည်း ဒီလူက ဒါကို အပြည့်အဝ မကျွမ်းကျင်သေးဘူး…” ဆံဖြူလူသည်ကောင်းကင်ဘုံဂိတ်ပေါက်ဝနှင့် ပေတစ်ထောင်အကွာတွင် ပေါ်လာခဲ့ကာ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်း တစ်ခု ထွက်ပေါ်နေ၏။သူ့ညာလက်ဖြင့် ဟင်းလင်းပြင်ကို ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်လေ၏။
"ငါ့အတွက် ထွက်လာခဲ့စမ်း..."
လေဟာနယ်အက်ကွဲကြောင်းငါးခုသည် လောက၌ ရုတ်တရက် ပေါ်လာ၏။ သည်အက်ကွဲကြောင်းငါးခုက ချွန် မြကြီးမားကာ တဝီဝီအသံပေးနေသည်။
သည့်နောက် ဆံဖြူလူထံမှ ထွက်ပေါ်လာသော ပြင်းထန် သည့် မတူကွဲပြားသောစွမ်းအင်က ထိုအက်ကွဲကြောင်းများ ထဲသို့ ဝင်ရောက်သွားသည်။ထိုအခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ပုံရိပ်ယောင်ကမ္ဘာ ထဲသို့ ရောက်သွားသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါနေ တော့သည်။
ရှန်ကုန်းဟူမျက်နှာက ဖြူရောနေ၏။သူ့ဘေးရှိ ကျန်ခုန် လီသည်လည်း ထို့အတူပင်။ထျန်ယန်ဖန်က လက်သီးခပ် တင်းတင်း ဆုပ်ထားသည်။သူတို့သုံးယောက်သည်တစ် ယောက်နှင့် တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူ တို့၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုအရိပ်အယောင်တို့ ဖြစ်ပေါ် လို့နေသည်။
တိုးညင်းသောအသံတစ်ခုက
အဘိုးအိုရှေ့ရှိဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာ၏။သည့်နောက် ဝမ်လင်း၏ပုံရိပ်သည်လည်း ကောင်းကင်ဘုံဂိတ်ပေါက်နှင့် ပေ ငါးရာအကွာတွင် ပေါ်လာခဲ့သည်။ဝမ်လင်းသည် လီယွမ်ကို ကိုင်ထားလျက်ရှိနေ၏။လီယွမ်၏ ခန္ဓာကိုယ်ရှိ ဒွာရပေါက် များသည် သွေးများယိုစီးကျနေကာ သူ့မျက်လုံးသည် စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေ၏။
လီယွမ်က ပေါ်လာသည်နှင့် သွေးများစွာ အန်ထုတ်လိုက် ရ၏။သူက ဝမ်လင်း၏မန္တာန်ကို တောင့်ခံနိုင်ခြင်းမရှိသည်မှာ သိသာနေပေ၏။
ဝမ်လင်းက ပေါ်လာသည်နှင့် ချီတုံချတုံ ဖြစ်နေခြင်း မရှိပေ။ သူက ပေါ်လာပြီးပြီးချင်း လီယွမ့်ကို ရှေ့သို့ အားနှင့် ပစ်လွှတ်လိုက်သည်။ လီယွမ်ပတ်လည်တွင် အားကောင်း သောမူလစွမ်းအင်က ဝန်းရံသွားကာ သူ့ကို ပျောက်ကွယ် လုနီးပါး လက်သီးဆုပ်အရွယ်ခန့်သာ ရှိတော့သော ကောင်းကင်ဘုံဂိတ်ပေါက်သို့ တဟုန်ထိုး တိုးဝင်သွားစေ တော့သည်။
ဆံဖြူလူက နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေတစ်လှမ်းတိုး လိုက်၏။ သူက ချက်ခြင်း ပျောက်ကွယ်သွားသည်။ ဝမ် လင်း၏ မျက်လုံးက အေးစက်လာကာ သူ့မူလစွမ်းအင် သည်လည်း ဝဲကတော့အသွင် ဖြစ်ပေါ်သွားသည်။သူ့မူလ စိတ်ဝိညာဉ်ထံမှ မိုးကြိုးခွန်အားသည်လည်း ထွက်ပေါ်လာ ကာ မရေမတွက်နိုင်သောမိုးကြိုးတန်းများသည် ဝဲကတော့ ထဲသို့ တိုးဝင်သွားကြ၏။
"ပေါက်ကွဲစမ်း..." အဘိုးအိုပျောက်ကွယ်သွားသည်နှင့် ဝမ်လင်းက ချက်ခြင်း ထိုသို့ အော်ဟစ်လိုက်ခြင်းပင်။
ကျယ်လောင်သောတုန်ဟီးသံတစ်သံသည် လေဟာနယ် ထဲ၌ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ထိုအသံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်လှုပ်သွား စေသည်။
ရှန်ကုန်းဟူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံးက ကျဉ်းမြောင်းသွား၏။သူ့မျက်လုံးထဲ၌ ပျော်ရွှင်မှု တစ်ခု ဖြစ်ပေါ်လာသည်။ ကျန်ခုန်လီကလည်း ထို့အတူသာ ဖြစ်သည်။
"သူပဲ..." ထျန်ယန်ဖန်သည် မျက်မှောင်ကြုတ်သွား၏။ သူက ဝမ်လင်းကို သူအနိုင်ရရန် မသေချာခဲ့သော ရှုမူအဖြစ် သိရှိလိုက်၏။
ဝမ်လင်းရှေ့ရှိ ထိုမူလဝဲကတော့သည် ပျက်စီးသွားသည့် တစ်ချိန်တည်းမှာပင် အဘိုးအိုသည် ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့သည်။ထိုဝဲကတော့က ချက်ခြင်း ပျက်စီးသွား သည့်အခါ အဘိုးအိုသည် ရယ်မောလိုက်လေ၏။ သူက ဝဲကတော့ပျက်စီးမှုမှ ထွက်ပေါ်လာသည့် မူလစွမ်းအင် အားလုံးကို ရှိုက်သွင်းလိုက်လေသည်။
ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း လီယွမ်ကို မှီလာ၏။ သူက လီယွမ်ကို တွန်းထုတ်ကာ အော်ပြောလိုက်သည်။ *လီယမ်...မိုးကြိုးမီးပြင်းဖိုကို မြန်မြန်အသက်သွင်းလိုက်..."
သူ့အသံက လီယွမ်နားထဲသို့ တိုးဝင်သွားသည်။ရှုပ်ထွေး နေဆဲ ဖြစ်သော လီယွမ်သည် မိုးကြိုးမီးပြင်ဖိုကို အလိုလို ထုတ်ယူလိုက်၏။ ထသူက ၎င်းကို ထုတ်ယူလိုက်ချိန်၌ သူ့ ခန္ဓာကိုယ်သည် ပျောက်ကွယ်နေသော ကောင်းကင်ဘုံဂိတ် ပေါက်နှင့် ထိမိသွားလေ၏။
ထိုအခါ မီးပြင်းဖိုထံမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာ ပြီး လီယွမ်ကို လွှမ်းခြုံ၍ ပျောက်ကွယ်သွားလေတော့၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းသည်လည်း မိုးကြိုးမီး ပြင်းဖိုကို ထုတ်ယူကာ ထွက်ခွာရန် ပြင်လိုက်၏။ သည် အခိုက်အတန့်၌ ဆံဖြူလူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွား ကာ သူက ပြောလိုက်သည်။ "ဂိတ်ပေါက်...ပိတ်ဆို့စမ်း..."
သူ ပြောလိုက်သည်နှင့် လက်သီးဆုပ်ခန့် ရှိတော့သော ကောင်းကင်ဘုံဂိတ်ပေါက်သည် ချက်ခြင်း ပျက်စီးကာ ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက မိုးကြိုးမီးပြင်းဖိုကို ဆုပ်ကိုင်ထားရင်း သူ့ မျက်လုံးက အေးစက်လာခဲ့သည်။သူက နောက်သို့ပြန်မ လှည့်တော့ဘဲ ဟင်းလင်းပြင်ရှိရာသို့ ချက်ခြင်း တည်နေရာ ရွှေ့ပြောင်းလိုက်သည်။ အဘိုးအိုက ရယ်မောကာ ဝမ်လင်း နောက်သို့ လိုက်ပါသွားသည်။
*ငါမှတ်မိပြီ..မင်းက ငါနဲ့ တွေ့ခဲ့တဲ့ ဉာဏ်များပြီး သတိရှိတဲ့ ချီကျင့်ကြံသူပဲ....
ဆံဖြူလူက အလွန်မြန်ဆန်လှ၏။ ထို့ကြောင့် သူက ဝမ် လင်းကို ခြေတစ်လှမ်းဖြင့်ပင် ဖမ်းမိလာသည်။ သူ့လက်ဖြ ဝမ်လင်းကို နောက်သို့ ပြန်ဖမ်းဆွဲချလိုက်သည်။
"ငါက သတိရှိတဲ့လူတွေကို မကြိုက်ဘူး။ ဂျိနယ်ပယ် ကတောင် မင်းကို မသတ်နိုင်ခဲ့ဘူးပေါ့။ ဒီတစ်ကြိမ်မင်းက ဘယ်လိုများ ထွက်ပြေးနိုင်မလဲ ငါ ကြည့်ချင်သေးတယ်..." ဆံဖြူလူ၏ မျက်လုံးများသည် နီရဲတောက်ပလာခဲ့သည်။သူ့ ဖမ်းဆုပ်မှုကြောင့် ကြမ်းတမ်းသော တဝီဝီလေတိုးသံများ ပင် ဖြစ်ကုန်ကြသည်။ချက်ခြင်းပင် ဝမ်လင်း၏နောက်ဆုတ် နိုင်သည့် လမ်းကြောင်းအားလုံးသည် ချိပ်ပိတ်ခြင်း ခံလိုက် ရလေသည်။
ရှန်ကုန်းဟူက မျက်လုံးအပြူးသားနှင့် ကြည့်နေ၏။ သူ့ မျက်လုံးထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နေ၏။
“ငါ့အရှင်သခင်…ကျေးဇူးပြုပြီး လုပ်စမ်းပါ..."
ကျန်ခုန်လီက အလွန်အမင်း သတိထားနေက သူက စိတ် ထဲကနေ တွေးနေသည်။ "ဒီထူးဆန်းတဲ့လူက သန်မာလွန်း လှတယ်။ စီနီယာက ပိုသန်မာ မလားတော့ ငါလည်း မသိဘူး..
ထျန်ယန်ဖန်ကမူ ဝမ်လင်းကို ကြည့်ကာ နှာခေါင်းရှုံ့ လိုက်၏။ သူက စိတ်ထဲကနေ တွေးနေသည်။ "ဒီလူက သန်မာပေမဲ့လည်း ငါတို့ငါးယောက်နဲ့ ပုံရိပ်ယောင်ယင် အဆင့်ကျင့်ကြံသူတွေ ပေါင်းတာတောင် ဒီထူးဆန်းတဲ့လူရဲ့ပြိုင်ဘက် မဟုတ်ဘူး။သူက ငါနဲ့ တူညီတဲ့ကျင့်ကြံမှုအဆင့် မှာပဲ ရှိတဲ့အတွက် သံသယမရှိ သေဆုံးရမှာပဲ။ငါက သူ ဘယ်လိုအသတ်ခံရမလဲ သိချင်မိတယ်။ ဒါက အနာဂတ်မှာ ငါ့အတွက် ပြဿနာအချို့ လျော့နည်းသွားစေလိမ့်မယ်..."
Comments
Post a Comment