အပိုင်း(160)
ယောင်မိသားစု(၂)
သူက နောက်သို့ ဆုတ်နေရင်း အနက်ရောင်တိမ်ထုကို ကန်ထုတ်ပစ်နေ၏။ထိုအခါ အနက်ရောင်တိမ်ထုများသည် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာ၏။ ဝမ်လင်း မျက်လုံးများက အေးစက်လာကာ သူက ပါးစပ်ဟ၍ မူလ စွမ်းအင်များ ထွေးထုတ်လိုက်သည်။
ထိုမူလစွမ်းအင်များသည် အနက်ရောင်တိမ်ထုထဲသို့ ဝင် ရောက်သွားကာ အဆုံးမရှိသည့် စွမ်းအင်များ ဖြည့်ပေးလာ ပြီး အနက်ရောင်တိမ်ထုသည် ဆက်၍ ကျုံ့လာခဲ့သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ သွေးဘိုးဘေး၏ ခုခံမှုက လည်း အတောမသပ်နိုင်အောင် ဖြစ်လာခဲ့သည်။
အနက်ရောင်တိမ်ထုအတွင်း၌ ပေါက်ကွဲသံများ ထွက် ပေါ်လာကာ အမှန်တကယ် ပျက်စီးတော့မည် အရိပ်အယောင် ပြသလာခဲ့သည်။သွေးဘိုးဘေးသည် မာန် သွင်းကာ ထိုးထွက်လိုက်၏။
သွေးဘိုးဘေး၏အသံက ထွက်ပေါ်လာခဲ့သည်။ "ခွေး ကောင်လေး..ဝမ်လင်း.. မင်းက ဒီအဘိုးအိုကို ချိပ်ပိတ် ထားဖို့ အရည်အမျက် မရှိသေးပါဘူး…. သိပ်သည်းသောအနက်ရောင် တိမ်ထုက လွင့်ပါးလာခဲ့ပြန်ကာ ပျောက် ကွယ်လုမတက် ဖြစ်လာခဲ့သည်။
အနက်ရောင်တိမ်ထုများ ပျောက်ကွယ်သွားခြင်းက စိတ် ဝိညာဉ်တစ်ကုဋေအလံ ဖျက်စီးခံလိုက်ရခြင်းဟု ဆိုလို ပေ၏။
ဝမ်လင်းက အော်ပြောလိုက်သည်။ "ပင်မစိတ်ဝိညာဉ်သုံး ခု ထွက်ပေါ်လာစမ်း...."
ထိုအခါ အနက်ရောင်တိမ်ထုအတွင်းကနေ ချီလင်နှင့် လေးခုမြောက်စိတ်ဝိညာဉ်အပါအတင် ပင်မစိတ်ဝိညာဉ်သုံး ခုသည် ချက်ခြင်း ထွက်ပေါ်လာကာ သွေးဘိုးဘေးအား တိုက်ခိုက်လာသည်။
အနက်ရောင်တိမ်ထုများအတွင်း၌ ဝမ်လင်းသည် ချီလင် သည် အနက်ရောင်အခိုးငွေ့များအဖြစ်သို့ ပြောင်းလဲ၍ သွေး ဘိုးဘေးအား ဝန်းရံသွားသည်ကို တွေ့မြင်နေရသည်။လေး ခုမြောက်စိတ်ဝိညာဉ်ကလည်း သွေးဘိုးဘေး၏မူလစိတ် ဝိညာဉ်ကို ထွင်းဖောက်၍ တိုက်ခိုက်နေသည်။ ၎င်း တိုက်ခိုက်လိုက်သည့်အချိန်တိုင်း သွေးဘိုးဘေး၏ မူလ စွမ်းအင်များစွာသည် စိမ့်ထွက်ကုန်၏။
နောက်ဆုံးပင်မစိတ်ဝိညာဉ်သည် လူသားအသွင်နှင့် ရှိနေဆဲ ဖြစ်ကာ ၎င်းက အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်း၍ သွေးဘိုးဘေးအား ဝန်းရံကာ သူ့လုပ်ရှားမှုများ ကို နှေးကွေးအောင် ပြုလုပ်သည်။
သွေးဘိုးဘေးသည် ကြမ်းကြုတ်သည့်အသွင် ဖြစ်ပေါ် နေ၏။ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အနီရောင်အလင်းက လည်း တောက်ပနေကာ အနက်ရောင်တိမ်ထုများအတွင်း၌ ဖြည်းဖြည်းချင်း ပြည့်လာခဲ့သည်။
သွေးဘိုးဘေးထံကနေ အသံတစ်ခု ထွက်ပေါ်လာသည်။ "သွေးစိတ်ဝိညာဉ်...ပျက်စီးစမ်း..." သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အနီရောင်အလင်းသည် နတ်ဆိုးဆန်လာကာ သူ့မူလစိတ်ဝိညာဉ်သည် ရုတ်တရက် အံ့မခန်းစွမ်းအားကို ထုတ်လွှတ်လာသည်။ ချီလင်သည့် အထိတ်တလန့် ညီးညူ လိုက်ရာက ထိုစွမ်းအား၏ ဖိအားကြောင့် ပျောက်ကွယ်လုမ တက် ဖြစ်သွားရဿည်။၎င်းက နောက်သို့ အမြန် ပြန်ဆုတ် လိုက်ရသည်။
သွေးဘိုးဘေး၏ခန္ဓာကိုယ်ကို လေးခုမြောက်မူလစိတ်ဝိညာဉ်အပ်ပင် ထွင်းဖောက်နေသော သွေးဘိုးဘေး၏ ဖမ်းမိခြင်းကို ခံလိုက်ရသည်။၎င်းအပ်ပေါ်၌ အက်ကွဲရာများ ပေါ်လာကာ ၎င်းက ပျောက်ကွယ်မသွားခင် အမြန်ဆုတ် လိုက်သည်။
သွေးဘိုးဘေး၏မျက်လုံးများက နီရဲနေကာ သူက သူ့ရှေ့ ရှိ အနက်ရောင်တိမ်ထုကို စုတ်ဖြဲ၍ ဖွင့်လိုက်သည်။
အစကနေ အဆုံးထိ ဝမ်လင်းမျက်လုံးများက တည်ငြိမ် လျက် ရှိနေ၏။ သွေးဘိုးဘေးက ခြေလှမ်း၍ ထွက်လာ ဟန်ပြင်စဉ် ဝမ်းလင်းသည် သူ့ပါးစပ်ထဲကနေ အဝါရောင်အလင်းတန်းတစ်ခုကို ထွေးထုတ်လိုက်၏။ထိုအဝါရောင် အလင်းထဲ၌ သဲမှုန်တစ်ခု ပါဝင်နေသည်။
ထိုသဲမှုန်ထွက်ပေါ်လာသည်နှင့် ပြင်းထန်သောဖိအားက သည်ဧရိယာတွင် ထွက်ပေါ်လာခဲ့တော့သည်။ချက်ခြင်း လိုလိုပင် ထိုသဲမှုန်က ပေတစ်ထောင်အကျယ်ထိ ကြီးထွား လာခဲ့သည်။၎င်းက တံဆိပ်တုံးတစ်ခုနှင့် ဆင်တူလို့နေ၏။
ထိုအရာသည် ကောင်းကင်ဘုံအစိတ်အပိုင်းမြေကို နတ် ဘုရားပြစ်ဒဏ်က မွန်းမံထားခဲ့သည့် အရာ ဖြစ်လေသည်။
၎င်းတံဆိပ်တုံးပေါ်လာသည်နှင့် ၎င်းက သွေးဘိုးဘေး ပေါ်သို့ မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များနှင့်အတူ ဖိချလာခဲ့သည်။
သွေးဘိုးဘေး၏ခန္ဓာကိုယ်ထဲကနေ အက်ကွဲသံများ ချက် ခြင်း ထွက်ပေါ်လာခဲ့သည်။သူ့ပတ်လည်ရှိ အနီရောင် အလင်းကလည်း အားပျော့သွားခဲ့၏။ သူလှမ်းရန် ကြံရွယ် လိုက်သော ခြေလှမ်းပင် နောက်သို့ အတင်းပြန်ဆုတ်သွားရ သည်။
ထိုပေတစ်ထောင်အစိတ်အပိုင်းမြေကနေ ဖြစ်ပေါ်သည့် တံဆိပ်တုံးသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့ သည်။ သွေးဘိုးဘေးသည် ထိုးထွက်လိုက်၏။ သို့သော် တုန် ဟီးသံများ ဆက်တိုက် ထွက်ပေါ်လာပြီးသည့်နောက် သူက ထိုတံဆိပ်တုံး၏ဖိသိပ်မှုအောက်သို့ ရောက်ရှိသွားလေသည်..
ထိုအခိုက်အတန့်မှာပင် ကံကြမ္မာကျာပွတ်သည် ရုတ်တရက်ပေါ်လာကာ သူ့အပေါ်သို့ လွှဲရိုက်ချလာသည်။
ဘန်းကနဲ ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးဘိုး ဘေး၏မူလစိတ်ဝိညာဉ်က ပို၍ မတည်မငြိမ် ဖြစ်လာခဲ့ သည်။သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်က ပျက်စီးလုနီးပါး ဖြစ်လို့နေ၏။
သူက ကြောက်မက်ဖွယ်ပြုံးလိုက်၏။သူ့မျက်လုံး ထဲ၌လည်း ရူးသွပ်မှုများနှင့် ပြည့်လာခဲ့သည်။ထို အခိုက်အတန့်၌ ဝမ်လင်းအသံ ထွက်ပေါ်လာခဲ့သည်။
"သွေးဘိုးဘေး...ငါက သင့်ကို မသတ်ချင်ဘူး။ သင့်ကို ယောင်ရှင်းရွှယ်နဲ့တွေ့ဖို့ အခွင့်အရေးတစ်ခု ပေးချင်တယ်။ သင်က သင့်ကိုယ်သင် ဖောက်ခွဲလိုက်ရင် သင်က ယောင်ရှ င်းရွှယ်နဲ့ ဘယ်တော့မှ ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး..."
ဝမ်လင်းအသံက အေးစက်နေခဲ့သည်။
သွေးဘိုးဘေးသည် တိတ်ဆိတ်စွာ စဉ်စားနေရင်း သူ့ မျက်လုံးထဲရှိ ရူးသွပ်မှုကလည်း ပျောက်ကွယ်သွားခဲ့သည်။ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အော်ပြောလိုက်သည်။ "စုစည်းခြင်း..."
ပတ်ဝန်းကျင်ရှိ အနက်ရောင်တိမ်ထုများသည် သွေးဘိုး ဘေးပတ်လည်သို့ ချက်ခြင်း ဝန်းရံသွားသည်။ကံကြမ္မာ ကျာမှုတ်ကလည်း သွေးတိုးဆေးအား ထွေးခြုံသွားသည်။
ထိခိုက်ထားသော ပင်မမူလစိတ်ဝိညာဉ်သုံးခုကလည်း ပေါ်လာခဲ့ကာ အရူးအမူးဝါးမြိုလိုဟန် ပြသလာခဲ့သည်။
တံဆိပ်တုံးက အထက်တွင် ရှိနေကာ ဆက်၍ ဖိသိပ်ခြင်း မပြုတော့သော်လည်း ဖိအားကတော့ ရှိလို့နေဆဲပင်။ထို ဖိအားကြောင့် အနက်ရောင်တိမ်ထုသည် မြန်ဆန်စွာ ပို၍ ကျုံ့လာခဲ့သည်။နောက်တုံးတွင် ၎င်းက အလုံးတစ်ခုထိကျုံ့ လာကာ ပေတစ်ရာခန့်အလံတစ်ခုသို့ ပြောင်း၍ ဝမ်လင်း လက်ထဲသို့ ကျရောက်လာသည်။
ပေတစ်ရာအလံကို ဖြန့်ကျက်လိုက်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွား၏။မူလတွင် ထိုအလံပေါ်၌ မည်သည့်အရာမှ ရှိမနေခဲ့ချေ။သို့သော် ခုချိန်၌ ပုံရိပ်တစ်ခု ရှိလို့နေ၏။
ထိုအလံပေါ်ရှိ ပုံရိပ်သည် သွေးဘိုးဘေး၏ အလိုမကျသ ည့်ဟန်ပန်ပုံရိပ်ပင် ဖြစ်လေ၏။ သည်လိုနည်းဖြင့် အလံပေါ် တွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပေသည်။
စိတ်ဝိညာဉ်တစ်ကုဋေအလံကို ကြည့်ကာ ဝမ်လင်းသည် တိတ်ဆိတ်နေသည်။သူက သွေးဘိုးဘေးကို ချိုးနှိမ်လိုက် နိုင်သော်လည်း ပျော်ရွှင်နေခြင်း မရှိဘဲ အတိတ်ကို ပြန် အောက်မေ့သလိုပင် ခံစားနေရသည်။
သူက သွေးဘိုးဘေးကို အနိုင်ရရန် အသည်းအသန် ကြိုးစားခဲ့ရသည်။ သူက အပြင်ပိုင်းတွင် တည်ငြိမ်ဟန် ရှိနေသော်လည်း သူနှင့်သွေးဘိုးဘေးကြားရှိ တိုက်ပွဲသည် အသေအရှင်တိုက်ပွဲတစ်ခု ဖြစ်နေခဲ့သည်။အနည်းငယ် ပေါ့ဆမိသည်နှင့် သေခြင်းနှင့် အဆုံးသပ်သွားနိုင်ပေသည်။ သည်တိုက်ပွဲက ဝမ်လင်း လမြွေနဂါးလက်ကနေ လွတ်မြောက်အောင်ထွက်ပြေးရသည့် အန္တရာယ်ထက် လျော့နည်းခြင်း မရှိပေ။အနည်းငယ် ပို၍ အန္တရာယ်များခဲ့ သည်ဟု ဆိုနိုင်သည်။
"ငါတို့နှစ်ယောက်ကြားမှ ကြီးမားတဲ့အမုန်းတရား မရှိဘူး။ သင်ကသာ သင့်သမီးယောင်ရှင်းရွယ်နဲ့အတူ ထွက် သွားခဲ့ရင် ဒီလိုမျိုး အဆုံးသပ်မှာ မဟုတ်ဘူး..."
ဝမ်လင်းက သက်ပြင်းချမိ၏။
နောက်ဆုံးဘေးကျပ်နံကျပ်ကြောင့်သာ မဟုတ်ပါက ဝမ် လင်းသည် သွေးဘိုးဘေးကို ခုလိုဖြစ်သည့်အထိလုပ်ဆောင်လိမ့်မည် မဟုတ်ပေ။သူက သည်ကိစ္စတွင် အကူအညီမဲ့ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူက အသက်ရှင်သန်လိုလျှင် သူ့အားဖျက်စီးပစ်မည်ဟု ကျိန်ဆိုခဲ့ သော သွေးဘိုးဘေးအား သတ်ပစ်ရပေလိမ့်မည် မဟုတ် လား။
ယောင်ရှင်းရွှယ်က သွေးဘိုးဘေး၏အားနည်းချက်ပင် ဖြစ်၏။သွေးဘိုးဘေးကို ချိပ်ပိတ်နိုင်ရန် သူက ထို အားနည်းချက်ကို အသုံးပြုခဲ့ရပေသည်။ အသေအရှင် တိုက်ပွဲ၌ မည်သည့်လုပ်ရပ်ဖြစ်စေ လက်သင့်မခံနိုင်စရာ မ ရှိပေ။
ဝမ်လင်းသည် စိတ်ဝိညာဉ်အလံကို ကြည့်ကာ ပြောလိုက်၏။ "သွေးဘိုးဘေး..ငါက သင့်ရဲ့ အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးစားပါတယ်။ငါ့မှာလည်း သားတစ် ယောက်ရှိခဲ့တယ်။ ဒါ့ကြောင့် ငါက သင့်ရဲ့ ဒေါသကိုလည်း နားလည်းပါတယ်။ ဒါပေမဲ့လည်း ငါက သင်က ငါ့ကို ရှင်း ပြဖို့တောင် အခွင့်အရေးတစ်ခု မပေးခဲ့ဘူး။ငါက သင့်သမီး ကို ဖမ်းထားတဲ့ အချိန်ကစပြီး သူမကို ထိတောင်မထိခဲ့ဘူး။ သင့်သမီးက ငါ့အပေါ်မှာ မကောင်းတဲ့အကြံအစည်ကြောင့် သာ မဟုတ်ရင် ငါက သွေးဘိုးဘေးကို ဘယ်ရန်စဝံ့ပါ့မလဲ...
ဝမ်လင်းသည် သူ့စကားများကို သွေးဘိုးဘေးကြား နိုင်သည်ကို သိ၏။
"သင်က သင့်သမီးကို ချစ်တဲ့အတွက် အမှားနဲ့အမှန်၊ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ အကြောင်းရင်းကို မစဉ်းစားတော့ဘူး။ ဒါက ချစ်ခြင်းမေတ္တာဆိုပေမဲ့လည်း သင့်သမီးအတွက် ဘေးဖြစ်တဲ့ဟာပဲ..."
"ငါက သင့်ကို အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ဒါပေမဲ့ လည်း စီနီယာသွေးဘိုးဘေးက ငါ့ကို သတ်ပစ်ဖို့ပဲ တာဆူ နေခဲ့တယ်။ငါ့အမြင်မှာ သင်နဲ့သင့်သမီးရဲ့လုပ်ရပ်က မထူး လှဘူး။ငါက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလည်းက အဖေ တစ်ယောက်ရဲ့ အလုပ်ကို နားလည်ခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ လည်း သင်က ဒီနေ့ထိ အဲ့တာကို နားမလည်သေးဘူး....
ဝမ်းလင်းက အကွာအဝေးတစ်ခုသို့ လှမ်းမျှော်ကြည့်ရင်းစိတ်ဝိညာဉ်အလံကို သိမ်းဆည်းလိုက်၏။သူက သွေးဘိုး ဘေး သူ့စကားများကို နားလည်ခြင်း၊မလည်ခြင်းအား စိတ် မဝင်စားပေ။ခုလိုပြောလိုက်ရုံကပင် သူ့အတွက်လုံလောက် နေခဲ့လေပြီ။
သူက ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံ အစိတ်အပိုင်းမြေ (ဝါ)တံဆိပ်တုံးကို ဖိလိုက်၏။ ထိုအခါ အဝါရောင်အလင်းတန်းအသွင်ပြောင်း၍ ၎င်းတံဆိပ်တုံး သည် သဲမှုန်အဖြစ်ထိ ပြန်ကျုံ့သွားခဲ့တော့သည်။ထို့နောက် ဝမ်လင်းက ၎င်းကို မြိုချလိုက်သည်။
ထို့နောက် ဝမ်လင်းသည်အလင်းတန်းတစ်ခုအဖြစ် ပြောင်း၍ အကွာအဝေးတစ်ခုထံသို့ ပျံသန်းထွက်ခွာသွား သည်။
"ငါက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့ကိုယ်ငါ တက်နိုင်သမျှ သန်မာအောင် လုပ်ရမယ်။ငါ့မှာ မန္တာန်တွေ ကင်းမဲ့နေသေးတယ်။ အစောပိုင်းတုန်းက ငါ့ကျင့်ကြံမှု အဆင့်က ကောင်းကင်ဘုံမန္တာန်တွေကို ရယူနိုင်ဖို့အတွက် မလုံလောက်သေးဘူး။ ဒါပေမဲ့လည်း ခုလက်ရှိ ငါ့ကျင့်ကြံမှု အဆင့်နဲ့ဆိုရင်တော့ ငါက ကောင်းကင်ဘုံသားတွေရဲ့ လှို ဏ်ဂူတွေအတွက် တိုက်ပွဲတွေမှာ ပါဝင်နိုင်ဖို့ လုံလောက် အောင် သန်မာနေခဲ့ပြီ..
*ငါ့ပန်းတိုင်က ကောင်းကင်ဘုံမန္တာန်ပဲ...။ဝမ်အာ... စိတ်မပူပါနဲ့.. ငါက တန်လင်းဂြိုဟ်ကို ကျိန်းသေးပေါက်သွားမှာပါ။ နင်ပြန်ရှင်သန်နိုင်ဖို့ အခွင့်အရေးတစ်မျှင် ရှိရင်တောင် ငါ ဝမ်လင်းက နင့်အတွက် အရာအားလုံးကို လုပ်မယ်..."
ဝမ်လင်းက သူ့ညာလက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ တင် လိုက်သည်။ခုလက်ရှိ တိုးတက်လာသော ကျင့်ကြံမှုအဆင့် ကြောင့် ဝမ်လင်းသည် လီမူဝမ်၏ ပြန်လည်ရှင်သန်မှု၌ ပို၍ ယုံကြည်ချက် ရှိလာပေ၏။သူက အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းထံသို့ ရောက်လာခဲ့ခြင်းသည် မဟာမိတ် ကြယ်အဖွဲ့အစည်းမှ မွန်းစတားအိုကြားများ၏ လက်ထဲမှ ထွက်ပြေးရန်အပြင် နောက်ထပ်အကြောင်းတစ်ခုမှာ လီမူ ဝမ်ကြောင့် ဖြစ်လေ၏။
ဝမ်လင်းက ဟင်းလင်းပြင်ထဲသို့ ဖြတ်သန်းနေရင်း လီမူ ဝမ်အကြောင်း တွေးလို့နေသည်။သူ့ပန်းတိုင်က သူ့ရှေ့ရှိအစိတ်အပိုင်းမြေထံသို့ ဖြစ်လေ၏။
ခုချိန်ကစ၍ မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ ရတနာ များအတွက် တိုက်ခိုက်မည့် စွမ်းအားကောင်းသော လူတစ် ယောက် တိုးလာခဲ့လေပြီ။ထိုလူကတော့ ဖြစ်၏။ ဝမ်လင်းပင်
ဝမ်လင်းရှေ့ရှိ အစိတ်အပိုင်းမြေပေါ်တွင် ခုလက်ရှိတွင် လီယွမ်သည် ဆက်၍ ထွက်မပြေးနိုင်တော့ပေ။ သူ့ ခန္ဓာကိုယ်က ဆီကုန်နေသည့် မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေ၏..
သူ့နောက်သို့ လိုက်ဖမ်းလာသည့် လူသုံးယောက်က သူ့ ကို ကစားနေခြင်းကြောင့်သာ မဟုတ်ပါက သူက ခု လောက်ဆို သေဆုံးနေလောက်ပေပြီ။သူ့ကို အရှက်ရဆုံးက သူ့နောက်မှ လူငယ်သည် မန္တာန်များလေ့ကျင့်ဖို့အတွက် သူ့ အား ပစ်မှတ်တစ်ခုလို အသုံးပြုနေခြင်းပင်။
ထိုလူငယ်၏ ဘေးနားရှိ အကြီးအကဲကလည်း ရက်စက် သည့်အော်ရာကို ပေးစွမ်းနေသည်။သူက တစ်ခါတစ်ရံလူင ယ့်အား ညွှန်ပြပေးနေသေး၏။
ဓားရှစ်လက်တွင်လည်း သုံးလက်သာ ကျန်ရစ်တော့၏။ ကျန်သည့်ဓားများမှာ မန္တာန်များနှင့် တွဲစပ်အသုံးပြုရင်း ဆုံးရှုံးသွားခဲ့ရခြင်းပင်။ အဘိုးအိုသည် ထိုဓားများကို ဖမ်း၍ ၎င်းတို့ပေါ်ရှိ နတ်ဘုရားအာရုံကို ပတ်သယ်ကာ လူငယ့် ထံသို့ ပစ်ပေးလိုက်၏။
သည့်နောက် လူငယ်က ထိုဓားများကို သူ့ဘေးရှိအမျိုးသမီးကို လက်ဆောင်ပေးလိုက်သည်။
လီယွမ်၏ စိတ်ထဲ၌ မကျေမနပ်၊ဒေါသ ထွက်နေခဲ့ တော့၏။အမျိုးသမီး၏ ညူတူတူရယ်သံက သူ့ကို ပိုဆိုးဝါး စွာ ခံစားရအောင် လုပ်နေတော့သည်။
လမ်းတစ်လျှောက်တွင်လည်း သူက ဒဏ်ရာများစွာ ရထားခဲ့ပြီး ဖြစ်သည်။သူက သူ့ကိုယ်သူ ကုသရန် အချိန်မရှိॐ သူ့ညာလက်သည် ပုတ်သိုးရှိလာခဲ့သည်။သူ အသွေးအသားထံ၌လည်း အဖြူရောင်အင်းဆက်များကလှုပ်ရှားနေကြသည်။၎င်းတို့သည် လောက်များ မဟုတ်ကြ ဘဲ သူ့နောက်မှ လူငယ် ထုတ်လွှတ်လိုက်သည့် အဆိပ်ရှိအင်းဆက်များပင် ဖြစ်တော့သည်။
လီယွမ်က ထိုအင်းဆက်များသည် သူ့မူလစိတ်ဝိညာဉ် ထဲ၌ပင် ရှိနေသည်ဟု ခံစားမိနေ၏။
လီယွမ်၏အမြန်နှုန်းက နှေးသထက် နှေးလာခဲ့သည်။သူ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပင်ပန်းနွမ်းနယ်နေကာ သေဆုံးခြင်းအငွေ့အသက် သူ့ပတ်လည်တွင် ပြည့်နေ တော့သည်။
လီယွမ်၏နောက်ရှိ အဘိုးအိုက သူ့အကြည့်ကို ရုတ်သိမ်း ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ယောင်သခင်လေး...ဒီ လူက စွမ်းအား ကုန်နေပါပြီ..."
ယောင်မိသားစု(၃) (နောက်တစ်ပိုင်း)
လူငယ်က ပြုံး၍ ပြောလိုက်၏။ "သူက မကြာခင် သေ တော့မဲ့လူပဲ။ဒါပေမဲ့လည်း ဒီလူက ခုလို ဆယ့်သုံးရက် လောက်ထိ အသက်ရှင်နေနိုင်တာကပဲ တော်တော်ဟုတ်နေ ပြီ။အရင်က ကျင့်ကြံသူတွေဆိုရင် ရှစ်ရက်ပဲအများဆုံးကြာ တယ်။ရုပ်စိုးဦးလေး...ငါ့ကို နောက်တစ်ကြိမ်ကျရင် ပုံရိပ် ယောင်ယင်အဆင့် ကျင့်ကြံသူကို ဖမ်းပေးပါ။ ဒါမှ ငါက ပို ပြီး အချိန်ကြာကြာ ကစားလို့ရမှာ...။ဒီလိုနည်းနဲ့ ငါ့ရှစ်ခု ဝိညာဉ်ပိုးကောင်က ပိုပြီးတော့ မြန်မြန်ဆန်ဆန် အားပြည့် လာလိမ့်မယ်..."
အဘိုးအိုအသွင်က ပုံမှန်အတိုင်း ရှိနေ၏။သူက ပြော လိုက်သည်။ "ကောင်းပါပြီ..." ထိုစကားက အလွန်ရိုးရှင်း လှသည်။သို့သော် ယုံကြည်မှုနှင့် ပြည့်နှက်နေ၏။
လူငယ်ဘေးရှိ လှပသောအမျိုးသမီးက ပြုံး၍ မေးလိုက် သည်။ "အစ်ကို..ဒီလူမှာ ဓားဘယ်နှစ်လက်များ ရှိနေတာလဲ..
လူငယ်က ရယ်မောကာ သူ့လက်ဖြင့် အမျိုးသမီး၏ခါးကို ဖတ်ကာ ပြောလိုက်ရသည်။ "အေးဆေးပါ။ ဒီဓားကိုးလက်လုံးက ညီမဟာပဲ။ ဒီဓားကိုးလက်မပြောနဲ့...မိုးကြိုး ကောင်းကင်ဘုံနယ်မြေမှာ ငါလိုချင်တာ ရှိရင် မရနိုင်တာ မ ရှိဘူး။ ငါတို့က ဒီလူရဲ့ မူလစိတ်ဝိညာဉ်ကနေ ဒီဓားတွေရဲ့ အရင်းအမြစ်ကို ရှာတွေ့တာနဲ့ အဲ့နေရာကို သွားကြတာပေါ့
အမျိုးသမီးက ပြုံး၍ အလွန်ဆွဲဆောင်မှုရှိသော အကြည့် ကိုထုတ်ဖော်လိုက်သည်။သူမ၏ အသံက ညှို့ငင်မှုနှင့်ပြည့် နေကာ သူမက ပြောလာ၏။ "အစ်ကိုက ယောင်မိသားစုက တစ်ယောက်ပဲ။ ဒါ့ကြောင့် အစ်ကိုက ဒါကို ကျိန်းသေ ပေါက် လုပ်နိုင်တာပေါ့..."
လူငယ်က ဂုဏ်ယူဟန် ဖြစ်ပေါ်နေသည်။ယောင်မိသားစု ဆိုသည့် အမည်နာမက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်ကပင် လေးစားမှု ထားရပေသည်။ယောင်မိသားစု၏ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူက ခုလိုမျိုး ပြောနေခြင်း လည်း ဖြစ်၏။ သူက သူမြင်သမျှကို မရနိုင်တာမရှိဟု ဆိုလို နေခြင်းပင်။
ထိုအခိုက်အတန့်မှာပင် ဟင်းလင်းပြင်ထဲ၌ ဝမ်လင်း သည် သူ့ရှေ့ရှိ အစိတ်အပိုင်းမြေကို တွေ့မြင်လိုက်၏။သူ့ ခန္ဓာကိုယ်က ဖျပ်ခနဲပင် အစိတ်အပိုင်းမြေပေါ်သို့ ရောက်ရှိသွားသည်။
*အစ်ကိုလီက ဘယ်နေရာမှာများ ရှိနေမလဲ ငါ သိချင်မိတ... ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို အလိုလို ဖြန့်ကျက်ကြည့်လိုက်၏။ ထိုအခါ သူ့အသွင်သည် ချက်ခြင်း သုန်မှုန်သွားတော့သည်။ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ဝမ်လင်းထံကနေ တစ်ဖန် ပေါ်လာခဲ့တော့၏။
"ငါက သေတော့မှာပဲ။ ငါက သေရုံပဲဆိုရင် တော်သေး တဘ်။ ငါက အစ်ကိုရှုကိုလည်း အတားအဆီးနှလုံးသား မ ပေးလိုက်နိုင်တော့ဘူး..." လီယွမ်က ခါးသီးစွာ ပြုံး လိုက်၏။
သူက သူ့ပတ်လည်ရှိ အရာရာကို တွေ့မြင်နိုင်ခြင်း မရှိတော့ပေ။သူ့မျက်လုံးသူငယ်အိမ်ထြ၌ အဖြူရောင် အင်းဆက်များ ရှိလို့နေ၏။ ထူးဆန်းသည်က လီယွမ်သည် မည်သည့်နာကျင်မှုကိုမှ မခံစားရခြင်းပင်။
"ငါက သေသွားရမယ်ဆိုရင်တောင် လီမိသားစုက တစ် ယောက်အနေနဲ့ ဂုဏ်သိက္ခာနဲ့အတူ သေဆုံးမယ်.." လီ ယွမ်၏ မျက်လုံးထဲ၌ ခိုင်မာသောပြတ်သားမှုတစ်ခု ပေါ်လာ၏။ သူကနောက်သို့ လှည့်ကာ သူ့နောက်သို့ လိုက် နေသော လူသုံးယောက်အား ကြည့်လိုက်၏။
လီယွမ်၏ အကြည့်ထဲ၌ အားကောင်းလှသည့် အမုန်း တရားတို့ ရှိနေသည်။
"သင်တို့က ငါ့ရှိက ရတနာတွေ ယူသွားချင်တယ်ဆိုရင် လည်း ဒီအတိုင်း ယူသွားနိုင်တယ်။ဒါပေမဲ့ သင်တို့က ငါ့ကို ခုလိုမျိုး အရုပ်တစ်ရုပ်လို ကစားနေခဲ့တယ်။ ငါ သေရ ရှင်တောင် ငါက တစ္ဆေအဖြစ်ပြောင်းလဲပြီး ဒီအတွက် ပြန်ပေးဆပ်စေရမယ်..."
လီယွမ်က သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ကျန်နေသေးသော ဓားသုံးလက်သည် ပျံသန်းထွက်လာခဲ့ ကာ ကြမ်းတမ်းသောဓားစွမ်းအင်ကို ပေးစွမ်းနေသည်။သူ့ လက်ညွှန်မှုနှင့်အတူ တိုးဝင်သွားလေ၏။ ထိုဓားသုံးလက်သည် လူငယ်ထံသို့
"မိုက်ရိုင်းလိုက်တာ..." လူငယ်က နှာခေါင်းရှုံ့ကာ သူ့ ညာလက်ကို ဆန့်ထုတ်လိုက်၏။ သွေးလက်တစ်ခုသည် သူ့ ရှေ့တွင် ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။ဖမ်းဆုပ်ဟန်တစ် ခုနှင့်အတူ သူက ဓားသုံးလက်အား ဖမ်းယူလိုက်လေသည်။
လီယွမ်၏ အသွင်က ကြမ်းကြုတ်သွားသည်။လူငယ်က ဓားသုံးလက်ကို ဖမ်းလိုက်သည့်အခိုက်အတန့်တွင် သူ့ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့မျက်ခုံး နှစ်ခုကြားသို့ ဖိလိုက်၏။ လက်မောင်းလုံးခန့်ထူသော အနက်ရောင်အလင်းတန်းသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်လာခဲ့သည်။အနက်ရောင်အလင်းက မရေမတွက် နိုင်သောလိုင်းများအဖြစ် ကွဲထွက်သွားကာ ၎င်းတို့သည် အတားအဆီးများကို ဖြစ်ပေါ်စေသည်။
ထိုအတားအဆီးများ ပေါ်လာသည်နှင့် ၎င်းတို့က
အစိတ်အပိုင်းရှစ်ခုအထိ ကွဲထွက်သွားသည်။ချက်ခြင်းပင် ယင်းအတားအဆီးများက လီယွမ်၏ပတ်လည်တွင် ဝန်းရံ လာ၏။သူက သွေးတစ်လုပ်ကို ထိုအတားအဆီးများပေါ်သို့အန်ထုတ်ပစ်လိုက်သည်။
သို့ရာတွင် သူ့သွေးထဲ၌ အဖြူရောင်အင်းဆက်များစွာ ရှိလို့နေ၏။ထိုအရာက အလွန်ကြောက်မက်ဖွယ် ကောင်းလှ ချေသည်။
သူ့သွေးကို စုပ်ယူပြီးသည့်နောက် ထိုအတားအဆီး များသည် လူငယ်ထံသို့ ပျံသန်းသွားကြသည်။၎င်း အတားအဆီးများသည် အလွန်မြန်ဆန်လှကာ လူငယ်ထံသို့ ချဉ်းကပ်သွားသည်။ဤအခိုက်အတန့်၌ လူငယ်သည် ဓား သုံးလက်ကို သူ့လက်ဖြင့် ထိန်းချုပ်ထားနိုင်ရုံသာ ရှိတော့သည်။
သူက ကောင်းကင်ထက်မှ အတားအဆီးများ ပြုတ်ကျ လာသည်ကို မြင်တွေ့လိုက်သည့်အခါတွင်လည်း လူငယ် သည် ကြောက်လန့်သွားခြင်းမရှိပေ။ ထိုအစား သူ့မျက်လုံး ထဲ၌ အထင်သေးဟန်တို့ ဖြစ်ပေါ်နေသေးသည်။သူ့ဘေးရှိအဘိုးအိုက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ကို ပင့် မြှောက်လိုက်သည်။သိပ်သည်းသောမူလစွမ်းအင်က သည် ဧရိယာပတ်လည်တွင် ချက်ခြင်း စုဝေးသွားသည်။
ဆို၏။ "ပျက်စီးစမ်း..." အဘိုးအိုသည် စကားတစ်ခွန်းသာ
ချက်ခြင်းပင် အတားအဆီးများအားလုံးသည်မူလ စွမ်းအင်၏ လွှမ်းခြုံခြင်း ခံရကာ ပျက်စီးသွားလေ၏။ သို့ရာတွင် ၎င်းတို့က ပေါက်ကွဲသွားသည့်နောက်တွင်လည်းပျောက်ကွယ်သွားခြင်းတော့ မရှိသေးပေ။၎င်းတို့က အနက် ရောင်လိုင်းများအဖြစ်သို့ ပြန်ပြောင်းလဲသွားကြ၏။ထို အနက်ရောင်လိုင်းများက အတူတကွစုစည်းကာ အဘိုးအို ရှေ့သို့ အဖျက်အစီးစွမ်းအားတစ်ခုကို သယ်ဆောင်ကာ ရောက်ရှိလာသည်။
အဘိုးအိုက သိုလှောင်အိတ်ထဲမှ ရှေးဟောင်းကြေးမုံကို ထွက်ပေါ်လာစေကာ ထိုအနက်ရောင်လိုင်းထံသို့ ညွှန် လိုက်၏။ ထိုအခါ အလင်းအားလုံးသည် ထိုကြေးမုံ၏ ပတ်လည်တွင် လာရောက်သိပ်သည်းသွားကာ ကမ္ဘာ လောကတစ်ခုလုံး နက်မှောင်လာသည်ဟု ထင်လိုက်ရ၏။ ထို့နောက် အနက်ရောင်လိုင်းများသည် ချက်ခြင်း ပျက်စီး သွားတော့သည်။
လီယွမ်၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူက သွေးများစွာ အန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ်က သေဆုံး ခြင်းအငွေ့အသက်တို့နှင့် ပြည့်လို့နေသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ့လီမိသားစုရဲ့အတားအဆီးက ငါ့ အတားအဆီးနှလုံးသားနဲ့ အစ်ကိုရှုကို ကူညီပေးလိုက်တာ ကြောင့် ကင်းမဲ့နေခဲ့ရတယ်...။ဒါ့အပြင် ငါက ဒါကို ပြန် ကောင်းမွန်အောင်လုပ်ဖို့လည်း အချိန်မရခဲ့ဘူး။ မဟုတ်ရင် ဒီလို ကြေးမုံအစုတ်က ငါ့ရဲ့ ဒီအတားအဆီးတွေကို ဘယ်လို လုပ် တားဆီးနိုင်မှာလဲ။ဒါပေမဲ့လည်း အစ်ကိုရှုက ငါ့ မိသားစုအပေါ်မှာ များစွာ ကူညီထားတယ်။ဒါ့ကြောင့် ငါက ဒါကို လုံးဝ နောင်တမရဘူး။ငါက သေရမယ်တော့လည်းသေလိုက်ရုံပေါ့…"
လီယွမ်က ကြောက်မက်ဖွယ်ပြုံး၏။သည်အခိုက်အတန့်၌ အဘိုးအိုသည် ရှေ့သို့ ခြေလှမ်းလာကာ လီယွမ်ကို ကြည့် ပင်မကြည့်ဘဲ ကန်ထုတ်လိုက်သည်။လီယွမ်ထံကနေ အက်ကွဲသံတစ်ခု ထွက်ပေါ်လာခြင်းနှင့်အတူ သူက သွေး များစွာ အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်ကလည်း မြေပေါ်သို့ လွင့်စင်သွားသည်။ သူ့မျက်လုံးက မှိန်ဖျော့နေ ခဲ့၏။ သည်ကန်ချက်က သူ့ခန္ဓာကိုယ်ထဲရှိ ကြွင်းကျန်နေ သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို တစစီဖြစ် သွားစေသည်။ထို့ကြောင့် သူက နောက်သို့ပင် ဆက်၍ မ ဆုတ်နိုင်တော့ချေ။
"ဂျူနီယာလူငယ်သခင်.…ဒီလူက အန္တရာယ်မရှိတော့ပါ ဘူး။သင်က အခု တိုက်ခိုက်နိုင်ပါပြီ.." အဘိုးအိုက နောက်သို့ ပြန်ဆုတ်သွားသည်။သူက ပုံရိပ်ယောင်ယင် ကျင့်ကြံသူတစ်ယောက်အဖြစ် ဂျူနီယာတစ်ယောက်ဖြစ် သည့် အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူကို ခုလို တိုက်ခိုက်နေခြင်းအပေါ်လည်း ရှက်ရွှံ့စရာဟု မခံစားရပေ။
လူငယ်က နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုး၍ ပြောလာသည်။ *မင်းက ဒီကောင်းကင်ဘုံဓားတွေက ဘယ်နေရာက ရလာ ခဲ့လဲ ငါ ကြည့်ရအောင်..…" လူငယ်က သူ့ညာလက်ကို ပင့် မြှောက်ကာ လီယွမ်ပေါ်သို့ ဖိချလိုက်သည်။
"အစ်ကို မြန်မြန်လုပ်ပါ…" အမျိုသမီးက သည်အရာများအားလုံးကို ကြည့်နေရင်း ပြုံးနေလေ၏။သူမမျက်လုံး ထဲ၌ ညှို့ငင်စွဲဆောင်မှုတို့ပြည့်နေကာ သူမက လက်ထဲရှိ လီ ယွမ်ထံမှ လုယူထားသည့်ကောင်းကင်ဘုံဓားကို ဆော့ ကစားနေလေသည်။
သည်အခိုက်အတန့်မှာပင် ယောင်လို့ခေါ်သည့် လူငယ်၏ လက်သည် လီယွမ်ပေါ်သို့ ဖိချလာသည့်အခိုက် သူ့ဘေးတွင် လှိုင်းတွန့်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ပုံမှန်အားဖြင့် တည်ငြိမ်နေသော အဘိုးအို၏ အသွင်သည် ရုတ်တရက် ပြောင်းလဲသွားသည်။သူက ရှေ့သို့ တက်လှမ်းကာ ချက်ခြင်း အော်ပြောလိုက်သည်။ "လူငယ်သခင်လေး...နောက်ဆုတ် 01...."
လူငယ်က မှင်သက်သွားသည်။
ချက်ခြင်းပင် အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ထိုလှိုင်းတွန့်ထဲကနေ ထွက်ပေါ်လာခဲ့သည်။အနှီသတ်ဖြတ် ခြင်းစိတ်ဆန္ဒသည် အလွန်အားကောင်းလှရာ ကမ္ဘာ လောကပင် အေးစက်သွားသလား မှတ်ထင်ရသည်။
လူငယ်၏အသွင်က သေလောက်အောင် ဖြူရောသွား သည်။သူက လီယွမ်၏စိတ်ဝိညာဉ်ကို ရှာဖွေခြင်း မပြုနိုင် ခင်မှာပင် ချက်ခြင်းနောက်သို့ ပြန်ဆုတ်လိုက်၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ ပုံရိပ်တစ်ခုသည် လှိုင်းတွန့်ထဲကနေ လှမ်းထွက်လို့လာသည်။ထိုပုံရိပ်ထွက် ပေါ်လာသည်နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကအထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။
မိုးခြိမ်းသံများက ကောင်းကင်ထက်၌ ရုတ်တရက် ပဲ့တင်ထပ်နေတော့၏။ လူငယ်က နောက်သို့ ဆုတ်နေရင်း လှိုင်းတွန့်ထဲမှ ပုံရိပ်သည် ရှေ့သို့ လှမ်းတိုးကာ လူငယ်၏ ရင်ဘက်ထံသို့ လက်ညွှန်လိုက်သည်။
အက်ကွဲသံလှိုင်းတစ်ခုက ပဲ့တင်ထပ်လာခဲ့ကာ လူငယ် သည် သွေးအန်ထုတ်လိုက်ရ၏။ သူ့ခန္ဓာကိုယ်၏ အရိုးများ အားလုံးသည် ကျိုးကြေသွားကာ လွင့်စင်ထွက်သွားသည်။
ပုံရိပ်က နောက်တစ်ဖန်
နီးကပ်လာကာ
လူငယ်၏မျက်ခုံးနှစ်ခုကြားပေါ်သို့ လက်ညှိုးချက် ကျ ရောက်လာခဲ့ပြန်သည်။ များစွာသောမူလစွမ်းအင်များက လူငယ့်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ် ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များအားလုံးသည် ချက်ခြင်းလိုလို ပျက်စီးသွားလေ၏။
အက်ကွဲသံများ
ဆက်တိုက်ထွက်ပေါ်နေကာ ယ့်၏အသွင်က ဖြူရောသထက် ဖြူရော်လာသည်။ လူင
သူ့ခန္ဓာကိုယ်က လေထဲသို့ လွင့်စင်ထွက်သွားနေ၏။ သူ့ ခန္ဓာကိုယ်က လေထဲမှာပင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့ သည် သူက သွေးများဆက်တိုက်အန်နေရက သွေးမြူ အဖြစ်သို့တိုင် ပြောင်းလဲသွားသည်။
ဦးဆုံး သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ပျက်စီးခံလိုက်ရ၏။ထို့နောက် သူ့ကျင့်ကြံမှုအဆင့်အခြေခံကပါ ဖျက်စီးခံရသည်။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်ထဲက နေ သွေးများသည် လူငယ်၏ဒွာရပေါက်ထဲကနေ ထွက် ပေါ်လာကြတော့၏။
ခုလက်ရှိတွင် ထိုလူငယ်သည် သွေးလူတစ်ယောက်ကဲ့သို့ လေထဲတွင် ရှိနေတော့သည်။
သူ့ခန္ဓာကိုယ်ထဲရှိ ပုံရိပ်၏ မူလစွမ်းအင်များသည် ရပ်တန့်သွားခြင်း မရှိပဲ သူ့ခန္ဓာကိုယ်အတွင်း ကြမ်းတမ်းစွာ ဆက်လက် ရိုတ်ခတ်နေသည်။သူ့ခန္ဓာကိုယ်ရှိ ကြွက်သား များကလည်း တစ်လက်မချင်း ဖျက်စီးခံနေရ၏။သူ့ကိုယ် တွင်းအင်္ဂါများအားလုံးသည်လည်း ချက်ခြင်း ကြွေမွသွားခဲ့ လေပြီ။
ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။မူလစွမ်းအင်က အလွန်သန်မာလွန်းလှ၏။ ကိုယ်တွင်းအင်္ဂါများအားလုံးကို ဖျက်စီးပြီးသည့်နောက် မူလစွမ်းအင်သည် သူ့ခေါင်းထဲသို့ တရကြမ်းတိုးဝင်လာပြန်သည်။ထို့အခါ သူ့ဦးခေါင်းခွံသည် ကွဲအက်ပျက်စီးကုန်၏။ ချက်ခြင်းပင် ယောင်လို့ခေါ်သည့် လူငယ်၏ အသွေးအသာများအားလုံးသည် လုံးဝ ပျက်စီး သွားလေသည်။
သူ့မူလစိတ်ဝိညာဉ်ကလည်း စိတ်ရှုပ်ထွေးမှုနှင့် ပြည့် နေကာ အလွန်အမင်း ကြောက်လန့်နေခဲ့သည်။ သုခန္ဓ ကိုယ်က ပျက်စီးသွားသည်နှင့် မူလစိတ်ဝိညာဉ် ပေါ်လာခဲ့ ကာ မူလစွမ်းအင်များ ပေါက်ကွဲထွက်သွားသည်။ထိုမူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ် ကာ ၎င်းကို လုံးဝ ဖျက်စီးပစ်သည်။
သို့ရာတွင် သူ့မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သွားခြင်း မရှိပေ။မူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ်ကို လက်သီးစုပ် ခန့်အရွယ်အစားရှိသည့် အလင်းလုံးတစ်ခုအဖြစ် သိပ်သည်းပစ်လိုက်သည်။ ထိုအလင်းလုံးသည် ဝမ်လင်း လက်ထဲသို့ ရောက်ရှိလာကာ သူက လီယွမ်၏ မျက်ခုံးနှစ်ခု ကြားသို့ ၎င်းအလင်းလုံးကို ဖိချ၍ လွင့်ပါးနေသောလီ ယွမ်၏ မူလစိတ်ဝိညာဉ်ကို အထောက်အပံ့ပေးလိုက်သည်။
"ငါ့မိတ်ဆွေကို နာကျင်အောင်လုပ်ဖို့ မင်းက ဘယ်သူ့ရှိက အရည်အချင်း ရလာတာလဲ.."
အေးစက်လွန်းသော စကားများက ဝမ်လင်းထံကနေ ထွက်ပေါ်လာခဲ့တော့သည်။
သည်အရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွား ခဲ့ခြင်းပင်။စိတ်ကူးနိုင်သည်ထက်ပင် မြန်ဆန်နေသေး သည်။အဘိုးအိုက ရှေ့သို့ လှမ်းရန် ပြင်လိုက်ရုံ ရှိသေး အရာ အားလုံးက ဖြစ်ပျက်သွားခဲ့လေပြီ။
အဘိုးအို၏ နှဖူးထက်၌ ချွေးစေးများ ပြန်နေခဲ့သည်။သူ့ တည်ငြိမ်မှုကလည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။သူ့ မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များ ပင် ထွက်ပေါ်နေသေး၏။ ပေါကြွယ်ဝလှသော သူ့ရှေ့ရှိ လ စွမ်းအင်များက သူ့အား လေအေးတစ်ချက် ရှိုက်သွင်းမိစေသည်။
သူ့ကို အကြောက်လန့်စေဆုံးက လှိုင်းတွန့်ထဲမှ ထွက် ပေါ်လာသည့်အော်ရာပင်။ထိုလှမ်းထွက်လာသော လူငယ်၏ အော်ရာသည် လောကနှင့်တစ်သားတည်း ဖြစ် နေခဲ့ပေ၏။
"ကြောက်ဖို့ကောင်းလွန်းတယ်...ငါက အထည်ဒြပ်ယန် အဆင့်က ကျင့်ကြံသူအားလုံးကို သိပါတယ်..ဒါပေမဲ့ ဒီလူ က ဘယ်သူများလဲ…" သူ့မျက်နှာက ဖြူရောနေကာ နှဖူး ထက်မှ ချွေးသီးများ ကျနေ၏။အခြားလူ၏ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ပြင်းထန်လွန်းလှရာ သူ့စိတ်အား တုန်ယင်စေ နေသည်။သူက အလိုလို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။သူက ချက်ခြင်း ထွက်ပြေးရန်ပင် မလုပ် မိနိုင်အောင် ဖြစ်သွားရ၏။
အနီးအနားရှိ အမျိုးသမီးကတော့ လုံးဝ ကြောင်ရီနေ၏။ သူမရှေ့ရှိ မြင်ကွင်းသည် သူမ၏ ဗလာကျင်းသွားစေလေ၏။ ဦးနှောက်ကိုပါ
"ရှု...အစ်ကိုရှု.." မြေပြင်ထက်မှ လီယွမ်၏မျက်လုံး များသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ သူက ကြိုးစား၍ ပြောလိုက်၏။ “ငါ့ကို ကူညီပြီး သူတို့ကို သတ်ပေးပါ..."
ဆယ့်သုံးရက် Ep (160) ဒုတိယပိုင်း
လီယွမ်၏အသံက အမုန်းတရားနှင့် ပြည့်နေသည်။သူက လွန်ခဲ့သော ရက်ပိုင်းက ခံစားခဲ့ရမှုများအတွက် ဒေါသ ပေါက်ကွဲထွက်လာခဲ့ပေသည်။
ဝမ်လင်းက ခေါင်းညိတ်ကာ သူ့အကြည့်က ပုံရိပ် ယောင်ယင်အဆင့်အဘိုးအိုကို ကျော်၍ မှင်သက်ကြောင်ရီ နေသော အမျိုးသမီးပေါ်သို့ ကျရောက်သွားသည်။သူမက လီယွမ်၏ ကောင်းကင်ဘုံဓားများကို ဆုပ်ကိုင်ထားသည် မဟုတ်လား။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ထို ခြေလှမ်းက ပေရာချီကို ကျော်လွန်ကာ ထိုအမျိုးသမီး၏ ရှေ့သို့တိုင် သူ့ကို ရောက်ရှိသွားစေသည်။
အမျိုးသမီးက တုန်လှုပ်မှုများနှင့် ပြည့်လို့နေသည်။သူမ က ယောင်လူငယ်၏ခန္ဓာကိုယ်သည် ထိုလူ၏ လက်ညှိုး တစ်ချက်ကြောင့် ပျက်စီးသွားခဲ့ရသည်ကို ကိုင်တိုယ်တွေ့ မြင်ခဲ့ရသူ မဟုတ်လား။ထို့ကြောင့် ယောင်လူငယ်၏ ခန္ဓာကိုယ်ထဲက အက်ကွဲသံများသည် အခုထိ သူမနားထဲ တွင် ပဲ့တင်ထပ်နေသေးသည်။
သူမက ဝမ်လင်း သူမထံသို့ တိုးဝင်လာသည်ကို မြင် လိုက်သည့်အခါ အလွန်အမင်းကြောက်ရွှံ့သွားခဲ့သည်။သူမ က အကြောက်အကန်ပင် အော်ဟစ်လိုက်လေ၏။
သူမအမြင်၌ ဝမ်လင်းသည် လူတစ်ယောက်မဟုတ်ဘဲ ဝိညာဉ်များကို ဝါးမြိုပစ်နေသည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ပါး ဖြစ်နေခဲ့သည်။
သူမက နောက်သို့ အလိုလို ဆုတ်မိကာ အနည်းငယ်မျှ ပင် မခုခံမိပေ။သူမဦးနှောက်ထဲတွင် ရှိနေသည့်အရာက ထွက်ပြေးရန်၊ထွက်ပြေးရန် သာ ဖြစ်လေ၏။
သူမက ကလေးကတည်းက ခုလောက်ထိ မကြောက်ရွှံ့ခဲ့ ဖူးပေ။အခုချိန်၌ သူမသည် သူမ၏ တာအိုနှလုံးသားထဲက နေကို နက်နက်နဲနဲ ကြောက်လန့်နေခဲ့ပေသည်။အကယ်၍ ကံကောင်းထောက်မကာ လွတ်မြောက်သွားခဲ့မည် ဆိုလျှင် ပင် သူမ၏ ကျင့်ကြံမှုအဆင့်သည် များစွာ လျော့ကျသွားနိုင် ကာ တိုးတက်ရန် လမ်းစမရှိသလောက် ဖြစ်သွားနိုင်သည်။
ဝမ်လင်း၏အသွင်က အေးစက်နေကာ သူ့အကြည့်က ရေခဲတစ်မျှ ဖြစ်နေသည်။သူက နီးကပ်လာခဲ့၏။ သူ့အမြင်၌ အမျိုးသမီး၏ အမြန်နှုန်းက အလွန်နှေးကွေးနေခဲ့သည်။
ထိုအခိုက်အတန့်၌ ပုံရိပ်ယောင်ယင်အဆင့်အဘိုးအို၏ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူသည် ထိုအမျိုးသမီး ကို ကယ်တင်ရန် မကြိုးစားဘဲ အလျင်အမြန် နောက်ဆုတ် သွားတော့၏။
လက်ညှိုးတစ်ချက်က သူမ၏ မျက်ခုံးနှစ်ခုကြားသို့ ကျ ဆင်းလာခဲ့ကာ သူမ၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွား၏။ သူမ၏ ကြောက်ရွှံ့မှုသည် အထွတ်အထိပ်သို့ ရောက် နေသည်။မူလစွမ်းအင်က သူမခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင်လာခဲ့၏။သူမက နောက်သို့ လွင့်စင်သွားခြင်းမရှိဘဲ ထိုနေရာ၌ပင် အေးခဲတောင့်တင်းသွားသည်။
သူမ၏ခန္ဓာကိုယ်ထဲကနေ တစီစီအသံများ ထွက်ပေါ်လာ ခဲ့ကာ ထိုအသံက သူမနှင့်ရင်းနှီးနေခဲ့ပေသည်။၎င်းအသံက အစောပိုင်းကပင် သူမရှေ့၌ ယောင်လူငယ်၏ခန္ဓာကိုယ်က နေ ထွက်ပေါ်ခဲ့သေးသည် မဟုတ်လား။
သူမ၏မူလစိတ်ဝိညာဉ်သည် အလင်းလုံးတစ်လုံးအသွင် ဖြစ်ပေါ်ကာ သူမ၏ မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက် လာခဲ့သည်။ဝမ်လင်းသည် ၎င်းအလင်းလုံးကို ဖမ်းဆုပ်ကာ လီယွမ်ထံသို့ ပစ်လိုက်၏။ မူလစွမ်းအင်သည် လီ ယွမ်၏မူလစိတ်ဝိညာဉ်ကို အားဖြစ်စေကာ သူ့ဒဏ်ရာများ ကို အနည်းငယ် ပြန်ကောင်းမွန်လာစေပေလိမ့်မည်။
အမျိုးသမီး၏ ခန္ဓာကိုယ်က ပျက်စီးသွားကာ လုံးဝ ပျောက်ကွယ်သွားသည်။
သူမ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားသည့်နောက် ဓား များနှင့်အတူ သူမ၏သိုလှောင်အိတ်သည် မြေပေါ်သို့ ကျ ကျန်ခဲ့သည်။
ဝမ်လင်းက ခေါင်းမော့ကာ မြန်ဆန်စွာ ထွက်ပြေးသွားသော အဘိုးအိုအား လှမ်းကြည့်လိုက်၏။ထို့နောက် သူက နှာခေါင်းရှုံ့လိုက်သည်။သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက် ရာ ကမ္ဘာလောကနှင့် တစ်သားတည်း ပေါင်းစပ် ပျောက် ကွယ်သွားသည်။
ပုံရိပ်ယောင်ယင်အဆင့်အဘိုးအို၏ စိတ်သည် ဝမ်လင်း ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လုံးဝ တုန်လှုပ်နေခဲ့ သည်။သူက တိုက်ပွဲဝင်ရဲသည့်စိတ် လုံးဝ မရှိဘဲ မြန်ဆန် စွာသာ ဆက်၍ ထွက်ပြေးသည်။သို့ရာတွင် သည် အခိုက်အတန့်၌ သူ့ရှေ့တွင် လှိုင်းတစ်ခုပေါ်လာခဲ့သည်။ ထို့နောက် ၎င်းအထဲကနေ အားကောင်းသောမူလစွမ်းအင် ထွက်ပေါ်လာကာ သူ့အား ရပ်တန့်သွားစေသည်။
ဝမ်လင်း၏ပုံရိပ်က ထိုလှိုင်းထဲကနေ လှမ်းထွက်လာခဲ့ သည်။
"မင်း အလှည့်ပဲ..." ဝမ်လင်း၏မျက်လုံးက အေးစက် နေ၏။သူက ပေါ်ထွက်လာသည်နှင့် သူ့ညာလက်ကို မြှောက်လိုက်ရာ မိုးကြိုးတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ မိုးကြိုးတန်း ထွက်ပေါ်လာပြီးသည့်နောက် သည်ဧရိယာ တွင် ခရမ်းရောင်မြူတစ်ခု ဝန်းရံလာသည်။လျှပ်စီးများက ထိုမြူအတွင်း၌ ဖြတ်သန်းစီးဆင်းနေကာ ခရမ်းရောင် မိုးကြိုးပေါ်သို့ လာရောက်စုစည်း၏။ထိုမိုးကြိုးတန်းသည် လက်မောင်းလုံးခန့်ထူကာ အဘိုးအိုထံသို့ တန်းမတ်စွာ ဝင် ရောက်သွားသည်။
အဘိုးအိုက နောက်သို့ ဆုတ်နေရင်း သူ့အသွင်က ကြီးစွာ ချိပ်တံဆိပ်များစွာကို ပြောင်းလဲသွားသည်။သူ့လက်ဖြင့် ဖြစ်ပေါ်စေကာ အနီရောင်မီးတောက်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ထိုမီးတောက် အလွန်ပူပြင်းကာ သူ့အား အလျင်အမြန် လွှမ်းခြုံပျံ့နှံ့သွားပြီး မီးတောက်ဒိုင်းတစ်ခု ကဲ့သို့ ဖြစ်သွားစေသည်။
မိုးကြိုးတန်းက ၎င်းမီးတောက်ဒိုင်းပေါ်သို့ ကျရောက် သွားသည်။အက်ကွဲသံများ ထွက်ပေါ်လာခြင်းနှင့်အတူ ၎င်း မီးတောက်ဒိုင်းသည် ချက်ခြင်း ပျက်စီးသွားသည်။မိုးကြိုး တန်းကလည်း ထိုအဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက် သွားလေ၏။
သူက သွေးများစွာ အန်ထုတ်လိုက်ရကာ သူ့မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။သူက နောက်သို့ အမြန်ဆုတ် နေရင်းဖြင့် သူ့အသိဉာဏ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွား သည်။သူက စိတ်ထဲ၌ ပင့်သက်ရှိုက်နေမိချေ၏။
အဘိုးအိုက နောက်သို့ ဆုတ်နေရင်း ခပ်သွက်သွက် ပြော လိုက်သည်။ "စီနီယာ...ငါ့ကို စကားပြောခွင့်ပြုပါ..."
ဝမ်လင်း၏အသွင်က အေးစက်နေကာ သူက ရှေ့သို့ ဆက်လှမ်းလာရင်း အေးစက်စက် ပြောလိုက်သည်။ "မင်း တို့က ငါ့မိတ်ဆွေနောက်ကို လိုက်ဖမ်းတာ ဘယ်လောက်ကြာပြီလဲ
အဘိုးအိုက နောက်သို့ဆုတ်နေရင်း မြန်ဆန်စွာ ပြောလိုက်၏။ "ဆယ့်သုံးရက်ပါ...စီနီယာ...ဒီကိစ္စက ယောင် မိသားစုရဲ့ ယောင်လူငယ်သခင်ကြောင့် ဖြစ်ရတာပါ။ငါက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ပါသေးတယ်။ဒါပေမဲ့လည်း ငါ တို့ရဲ့အဆင့်အတန်းက ကွာခြားလှတဲ့အတွက် ငါက သူ့ကို မ ရပ်တန့်နိုင်ခဲ့တာပါ..."
အဘိုးအိုသည် သည်လူ့ကို အလွန်ကြောက်ရွှံ့နေမိသည်။ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူသည် သူခုခံနိုင်သည့် တစ်စုံတစ်ယောက် မဟုတ်ပေ။
"ဆယ့်သုံးရက်..." ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်လို သည့်စိတ်ဆန္ဒတို့နှင့် ပြည့်လာသည်။သူ့လက်ချောင်းများ ဖြင့် ဓားတစ်လက်အသွင် ဖြစ်စေကာ သူက အဘိုးအို၏ ဘယ်ဘက်လက်ထံသို့ ညွှန်လိုက်သည်။
အဘိုးအို၏အသွင်က ပြောင်းလဲသွားသည်။သူက ရှောင် ရန်ကြိုးစားလိုက်သော်လည်း ဝမ်လင်းက စကားတစ်ခွန်း ပြောလိုက်လေ၏။
"ရပ်တန့်စမ်း..."
ထိုစကားက မိစ္ဆာတစ်ပါး၏ အသံအလား အဘိုးအိုနား ထဲသို့ တိုးဝင်သွားခဲ့သည်။ချက်ခြင်းပင် သူက သူ့ ပတ်လည်၌ မူလစွမ်းအင်အမြောက်အများ ဝန်းရံလာသည် ဟု ခံစားလိုက်ရ၏။သည်အခိုက်အတန့်၌ သူက တစ် လက်မပင် ရွှေ့လျားနိုင်ခြင်း မရှိတော့ပေ။သူ့မူလစိတ် ဝိညာဉ်ပင် ထိုသို့ ခံစားလိုက်ရ၏။
"ဒါက ပထမနေ့အတွက်.." ဝမ်လင်း၏လက်ချောင်းက အဘိုးအို၏ ဘယ်လက်ပေါ်သို့ ကျရောက်သွားသည်။အဘိုး အို၏လက်က ပေါက်ကွဲထွက်သွားသည်။သည့်နောက် ပြင်းထန်သောမူလစွမ်းအင် ပေါက်ကွဲမှုနှင့်အတူ အဘိုး အို၏လက်တစ်ဖက်လုံးသည် တစစီဖြစ်သွားလေ၏။
အဘိုးအိုက ရုန်းကန်နေရပုံပေါ်သည်။သူက အတင်း ရုန်းကန်လိုသော်လည်း သူ့ခန္ဓာကိုယ်သည် တစ်လက်မပင် မရွှေ့ရှားနိုင် ဖြစ်နေသည်။
"ဒုတိယနေ့……" ဝမ်လင်း၏လက်ချောင်းက ထပ်မံထွက် ပေါ်လာသည်။သည်တစ်ကြိမ်၌ အဘိုးအို၏ ခြေထောက် ပေါ်သို့ ဖြစ်သည်။မူလစွမ်းအင်က တရကြမ်း တိုးဝင်သွား ကာ အဘိုးအို၏ ဘယ်ခြေထောက်သည် ပြုတ်ထွက်သွား လေသည်။
အဘိုးအို၏သွေးကြောများက ဖောင်းကြွလာခဲ့ကာ သူ့ အကြည့်က ကြမ်းတမ်းလာသည်။သို့သော်လည်း ကြမ်းတမ်းသောအကြည့်နောက်၌ ကြောက်ရွှံ့မှု ကပ်ပါ နေ၏။ ထို
"ဒါက တတိယနေ့အတွက်..." ဝမ်လင်းက သူ့ ခြေထောက်ကို ပင့်မြှောက်ကာ အဘိုးအို၏ ညာခြေထောက် ပေါ်သို့ ကန်လိုက်သည်။ပေါက်ကွဲသံတစ်ခုနှင့်အတူ အဘိုး အို၏ခြေထောက်က ပျက်စီးသွားသည်။
အဘိုးအိုက အထိတ်လတန့်နာကျင်စွာ ညီးတွားလိုက်ရ
သည်။ထိုနာကျင်မှုသော လှုံ့ဆော်မှုက သူ့မူလစိတ်ဝိညာဉ် ကို အနည်းငယ် လှုပ်ရှားလို့ ရသွားစေသည်။မူလစွမ်းအင် က သူ့ခန္ဓာကိုယ်ထဲ၌ လှည်ပတ်သွားပြီးသည့်နောက် သူက ပြန်လည်ကောင်းမွန်မည့် အရိပ်အယောင် ပြသလာခဲ့သည်။
ဝမ်လင်းက သူ့ခြေထောက်ကို ပြန်ရုတ်သိမ်းလိုက်ရင်း အဘိုးအို၏ ညာလက်ထံသို့ လက်ညွှန်လိုက်သည်။ထိုအခါ သူ့ညာလက်သည်လည်း ပျက်စီးသွားရပြန်သည်။
"ဒါက လေးရက်မြောက်နေ့အတွက်..."
အဆုံးမသပ်သေးပေ။ရပ်တန့်ခြင်းမန္တာန်က လွင့်ပြယ် လာခဲ့သည့်အတွက် အဘိုးအိုက လှုပ်ရှားလို့ရလာဟန် ပြသည်။သူက နောက်သို့ ဆုတ်ရန် ဟန်ပြင်လိုက်စဉ် ဝမ် လင်း၏အေးစက်စက်အသံက ထပ်မံ ထွက်ပေါ်လာသည်။
"ရပ်တန့်စမ်း..."
ဝမ်လင်း၏အသံ သူနားထဲသို့ ရောက်လာသည့်အခါတွင် အဘိုးအိုသည် သူ့စိတ်မှာ ချောက်နက်ထဲရောက်သွားသည် ဟု ထင်ရသည်။သူက ထိုလူ ပေါ်လာတုန်းက စကားများကို ပြန်၍ အမှတ်ရသွားခဲ့၏။
“ငါ့မိတ်ဆွေကို နာကျင်အောင်လုပ်ဖို့ ဘယ်သူက မင်းကို အရည်အချင်း ပေးလိုက်တာလဲ..."
သည်စကားသံက သူ့စိတ်ထဲတွင်
မိုးခြိမ်းသံကဲ့သို့
ပဲ့တင်ထပ်နေတော့သည်။
အဘိုးအို၏ခန္ဓာကိုယ်သည်
ဒုတိယအကြိမ်မြောက်ရပ်တန့်သွားသည့်နောက် ဝမ်လင်းသည် အဘိုးအိုရှေ့၌ မတ်တပ်ရပ်နေသည်။ဝမ်လင်း၏ လက်ချောင်းက မြန်ဆန် စွာ လှုပ်ရှားသွားကာ သူက အဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့ ညွှန်လိုက်၏။ ထိုအခါ အဘိုးအို၏ ပါးစပ်ထောင့်ကနေ သွေးများယိုစီးကျလာလေသည်။
"ငါးရက်မြောက်နေ့အတွက်..."
"ခြောက်ရက်မြောက်နေ့အတွက်..."
"ခုနစ်ရက်မြောက်နေ့အတွက်..." အဆုံးသပ်တွင် အဘိုး အို၏ရင်ဘက်သည် သွေးများနှင့်ရှုပ်ပွနေတော့သည်။သူ့ အရိုးအားလုံးသည်လည်း ကျိုးသွားကာ သူ့ရင်ဘက်ကနေ သွေးမြူတစ်ခု ထွက်ပေါ်လာခဲ့၏။သူ့ခန္ဓာကိုယ်၏ အသက် ဓာတ်အားလုံးသည် ဆုံးရှုံးသွားခဲ့ပြီး ဖြစ်သည်။
"ဒါက နောက်ဆုံးနေ့အတွက်..." ဝမ်လင်းလက်သည် လက်ဝါးအသွင်သို့ ပြောင်းကာ အဘိုးအို၏နှဖူးပေါ်သို့ ရက်စက်စွာ ရိုက်ချလိုက်သည်။
ထိုအခါ အဘိုးအို၏ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွား ကာ သွေးမြူအဖြစ်သို့ ပြောင်းလဲသွားတော့၏။သူ့မူလစိတ် ဝိညာဉ်ကလည်း ထွက်ပေါ်လာခဲ့သည်။သူ့မူလစိတ်ဝိညာဉ် က လေထဲတွင် တုန်ယင်နေရင်း သူက အော်ပြောလိုက် သည်။ "ယောင်မိသားစုက မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူးယ.
ဝမ်လင်း၏ မျက်လုံးများက အေးစက်လာခဲ့သည်။သူကအတွေးတစ်ခု ရလိုက်၏။သူ့သိုလှောင်အိတ်ထဲကနေ စိတ် ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်သည်။တစ်ချက် လှုပ်ခါလိုက်ရာ ထိုအလံသည် ဖွင့်လှစ်သွားပြီးနောက် သွေး ဘိုးဘေး၏ အလိုမတူသည့်ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ "မင်း သူ့ကို သိလား..."
အဘိုးအို၏မူလစိတ်ဝိညာဉ်က တုန်ယင်နေ၏။သူက သေချာကြည့်လိုက်သည့်အခါ သူ့မျက်လုံးသည် ချက်ခြင်း ပြူးကျယ်ကာ ထိတ်လန့်ဟန် ဖြစ်ပေါ်လာသည်။သူက ထိုပုံ ရိပ်ကို မည်သည်မှန်း သေချာမသိသော်လည်း ထိုလူက ယောင်မိသားစုဘိုးဘေးနှင့် (၇၀)ရာခိုင်နှုန်းခန့် ဆင်တူနေ လေ၏။
အဘိုးအိုစကားပြောနေသည်ကို စောင့်စရာမလိုဘဲ ဝမ် လင်းက အဘိုးအို၏အသွင်ကနေ အဖြစ်ကို သိလိုက်၏။ သူက သူ့မူလစွမ်းအင်ကို သည်ဧရိယာအား လွှမ်းခြုံရင်း ရှေ့သို့ တိုးလာ၏။ထို့နောက် အဘိုးအို၏ မူလစိတ်ဝိညာဉ် ကို ချုပ်နှောင်လိုက်လေသည်။
သူ့လက်က ဆန့်ထွက်သွားသည်။အဘိုးအို၏ မူလစိတ် ဝိညာဉ်သည် လွတ်မြောက်ခြင်းမရှိဘဲ ဝမ်လင်း၏ဆွဲယူ ခြင်းကို ခံလိုက်ရ၏။ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက အဘိုးအို၏မူလစိတ်ဝိညာဉ်ပေါ်၌ စိတ်ဝိညာဉ်ရှာဖွေ ခြင်းကို
ပြုလုပ်လိုက်သည်။ခဏတာကြာမြင့်ပြီးသည့်နောက် ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာကာ သူက အဘိုးအို၏မူလ စိတ်ဝိညာဉ်ထဲက အသိဉာဏ်အားလုံးကို ပယ်ဖျက်ပစ်ကာ မူလစွမ်းအင်အလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲစေလိုက် သည်။
ဝမ်လင်းက လီယွမ်ဘေးနားသို့ ရောက်သွား၏။သူက မူလစွမ်းအင်အလုံးကို ကိုင်ထားရင်း လီယွမ်၏မျက်ခုံးနှစ်ခု ကြားသို့ ဖိချလိုက်သည်။
"အစ်ကိုလီ...ငါက သင့်ကို အခွင့်အရေးတစ်ခုပေးမယ်။ ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်နိုင်၊မရောက်နိုင်တာ ကတော့ သင့်အပေါ်မှာပဲ မူတည်တော့တယ်..." ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေကာ သူက လီယွမ်၏ရင် ဘက်ပေါ်သို့ သူ့လက်ကို တင်လိုက်သည်။
"စုစည်းစမ်း..." မာန်သွင်းသံတစ်ချက်နှင့်အတူ သွေးငယ်သောအဖြူရောင်အင်းဆက်များသည် လီ ယွမ်၏ခန္ဓာကိုယ်ထဲကနေ ချက်ခြင်း ဆွဲထုတ်ခြင်းခံလိုက် ရ၏။ထိုအင်းဆက်များသည် အလွန်အဆိပ်ရှိကာ ငါးညှီနံ့ ကို ပေးနေ၏။
ဝမ်လင်းအသွင်က တည်ငြိမ်လျက်သာ ရှိနေသည်။လက် တစ်ဖျစ်နှင့်အတူ ထိုအင်းဆက်များအားလုံးသည် တစ် ကောင်ပြီးတစ်ကောင် ပျက်စီးသွားကြတော့သည်
ခြောက်သွေ့တာအိုတစ်စုံ (နောက်တစ်ပိုင်း )
လီယွမ်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ပုံရိပ်ယောင်ယင်အဆင့်သို့ သူ မရောက်ရသည့် အကြောင်းရင်းမှာ သူ့ခန္ဓာကိုယ်ထဲ၌ မူလ စွမ်းအင် ကင်းမဲ့နေသောကြောင့် ဖြစ်သည်။
ဝမ်လင်းက မူလစိတ်ဝိညာဉ်သုံးခုဖြင့် သူ့ကို အထောက် အပံ့ပြုပေးခဲ့ပေသည်။အထူးသဖြင့် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ၏ မူလစွမ်းအင်နှင့်ပြည့်နေသော မူလစိတ် ဝိညာဉ်ပင်။ထို့အတွက်ကြောင့် လီယွမ်၏ အဆင့်ချိုးဖျက် နိုင်ဖို့ အခွင့်အရေးက အများကြီး တိုးလာခဲ့ရသည်။
လီယွမ်ဘေးနားပတ်လည်တွင် အတားအဆီးအချို့ ချမှတ်ပေးထားပြီးသည့်နောက် ဝမ်လင်းသည် သူ့ဘေးတွင် ထိုင်ကာ စတင်၍ စဉ်စားနေတော့၏။
"သွေးဘိုးဘေးက တကယ့်ကို ယောင်မိသားစုက လူပဲ။ ယောင်မိသားစုက အလွန်ပဲ စွမ်းအားကောင်းလှတယ်။ အထူးသဖြင့် ယောင်မိသားစုရဲ့သွေးနတ်ဘုရားပဲ...
ဝမ်လင်း၏မျက်လုံးများက အေးစက်လာခဲ့သည်။
"ငါက စကျင့်ကြံခဲ့ကတည်းက အားကောင်းတဲ့ရန်သူတွေ မရှိခဲ့တာမှာ မဟုတ်တာ။ ဒါ့ကြောင့် သွေးနတ်ဘုရား ကို ထည့်ပေါင်းရင်လည်း ဘာမှ ပိုများသွားစရာ မရှိတော့ ဘူး..." ဝမ်လင်းက အခုဖြစ်ပွားခဲ့သော ကိစ္စများနောက်၌ သွေးနတ်ဘုရားရှိနေသည်ကို သိနေလျှင်ပင် သူက လီယွမ် ကို သည်အတိုင်း သေခွင့်မပြုနိုင်ပေ။
ထို့အပြင် သူက သွေးဘိုးဘေးကို ဆန့်ကျင်ခဲ့ကတည်းက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့ပြီး ဖြစ်သည်။
"ငါက ကမ္ဘာလောကနဲ့တစ်သားတည်း ဖြစ်စေတဲ့ မန္တာန် ကို ကျွမ်းကျင်သွားရင် တာ့ဆန် ရောက်လာရင်တောင် ငါက လွတ်မြောက်အောင် လုပ်နိုင်စွမ်း ရှိလိမ့်မယ်။ ဒါပေမဲ့ လည်း ဒီအဘိုးအိုရဲ့ မှတ်ဉာဏ်ထဲက တစ်ချို့အရာတွေက တော်တော်စိတ်ဝင်စားဖို့ ကောင်းသားပဲ။ ဒါတွေက ငါ့ အတွက်တောင် အကျိုးရှိစေနိုင်တယ်..."
ဝမ်လင်းမျက်လုံးထဲ၌ ပြတ်သားသောအကြည့်တစ်ခု ဖြစ် ပေါ်နေ၏။သူက ထိုင်ချကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင် များကို စတင်သန့်စင်လိုက်၏။
"ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မူလစွမ်းအင်အားလုံးကို စုပ်ယူ ပြီးတာနဲ့ ငါက အစစ်အမှန်ဒုတိယအဆင့်ဖြစ်တဲ့ နိဗ္ဗာနကြို မြင်ခြင်းအစောပိုင်းအဆင့်နဲ့ အတော်လေး နီးကပ်သွားလိမ့် မယ်…" ဝမ်လင်းက ခဏတာစဉ်းစားလိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်သည်။ထိုအခါ သိုလှောင်အိတ်သုံးခုနှင့် ဓားတိုများသည် သူ့ထံသို့ ပျံသန်းလာကြ၏။.
ထိုသိုလှောင်အိတ်သုံးခုသည် စောနပိုင်းက သူသတ်ခဲ့ သည့် ယောင်လူငယ်၊အမျိုးသမီးနှင့်အဘိုးအို တို့ပိုင်ဆိုင် သည့်အရာများ ဖြစ်ကြသည်။ဝမ်လင်း၏အကြည့်က လီ ယွမ်သိုလှောင်နေရာလွတ်ထဲကနေ ရရှိလာသည့် ဓားများ အပေါ်သို့ ကျရောက်သွားသည်။
ထိုဓားများကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့် လိုက်သည့်အခါ သူက အတွေးများသွား၏။
ကာ သည်ဓားကိုးလက်က ချက်ခြင်းလေထဲသို့ ပျံတက်သွား မြေပြင်ပေါ်သို့ ထိုးစိုက်သွား၏။ဓားရှစ်ခုသည် စက်ဝိုင်းအသွင်ဖြစ်ပေါ်ကာ အလယ်တွင် ဓားတစ်လက် ရှိနေ၏။
ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သားရဲ အရိုးကိုးခုသည် ချက်ခြင်း ပျံသန်းထွက်လာခဲ့သည်။အကြီး ဆုံးသားရဲအရိုးသည် စက်ဝန်းအလယ်သို့ ကျရောက်သွား ကာ ကျန်သည့်အရိုးရှစ်ခုက ဓားရှစ်လက်အား ထပ်မံ ဝန်း ပတ်သွားသည်။
ထိုပုံစံက ဝမ်လင်း ၎င်းတို့ကို သိုလှောင်နေရာလွတ်ထဲ၌ ရှာတွေ့ခဲ့တုန်းကကဲ့သို့ အစီအရီပုံစံ ဖြစ်သည်။
သူက အရိုးကိုးခုကို သေချာကြည့်နေ၏။ ဝမ်လင်းက ၎င်းတို့ကို အရင်တုန်းက စစ်ဆေးကြည့်ခဲ့သေးသည်။၎င်း အရိုးတို့အား ထိန်းချုပ်ခြင်းနှင့် သူ့နတ်ဘုရားအာရုံကို ၎င်း တို့ပေါ်သို့ ခပ်နှိပ်နိုင်ခြင်းတို့ မရှိအောင် တားဆီးထားသောအမှတ်အသားအချို့ ရှိလို့နေခဲ့သည်။
အတိတ်တုန်းက သူက သည်သားရဲအရိုးရတနာသည် အသက်သွင်းနိုင်ရန် အထူးနည်းလမ်းအချို့ လိုအပ်လိမ့်မည် ဟု တွေးထင်ခဲ့ဖူးသည်။သူက ၎င်းသားရဲအရိုးတို့ကို ဓား များနှင့်အတူ အရင်တုန်းကပုံစံအတိုင်း ပြန်နေရာချကြည့် လိုက်သည့်အခါ ခြားနားမှုတစ်ခုကို ချက်ခြင်း သတိပြုမိလိုက်သည်။
အနည်းငယ်စဉ်းစားပြီးသည့်နောက် ဝမ်လင်း၏နတ် ဘုရားအာရုံသည် ပျံ့နှံ့သွားကာ သေးငယ်သောသားရဲအရိုး ရှစ်ခုထဲသို့ ဝင်ရောက်သွားသည်။သူ့နတ်ဘုရားအာရုံက ၎င်းတို့ကို ထိမိလိုက်သည့်အခိုက်တွင် အရိုးရှစ်ခုသည် ချက် ခြင်း တုန်ခါ်လာကာ ၎င်းတို့ထံကနေ စုပ်အားတစ်ခု ထွက် ပေါ်လာခဲ့သည်။ဝမ်လင်း၏ နတ်ဘုရားအာရုံက ထိုစုပ်အား ကို ချက်ခြင်း ခံစားမိလိုက်၏။
သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက သူ့မူလ စွမ်းအင်ကို သူ့နတ်ဘုရားအာရုံထဲသို့ ထည့်သွင်းလိုက်၏။ စုပ်အားအတိုင်း လိုက်ပါသွားရင်း သူ့နတ်ဘုရားအာရုံသည် အစိတ်အပိုင်းရှစ်ခုအဖြစ်သို့ ကွဲထွက်သွားကာ အရိုးစုရှစ်ခု ထဲသို့ ဝင်ရောက်သွားသည်။
ထိုစုပ်အားက အဆုံးမရှိသည့်ပုံ ရကာ သူ့နတ်ဘုရား အာရုံကို ဆက်လက်စုပ်ယူနေရင်း သူ့မူလစိတ်ဝိညာဉ်တစ် ခုလုံးကိုပါ စုပ်ယူလိုလာဟန် ရသည်။အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို အရိုး များထံကနေ ပြန်ထုတ်ယူလိုက်၏။
ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေ သူက မရေမတွက်နိုင်သော ချိပ်ပိတ်မှုများကို ကာ ပတ်ဝန်းကျင်တွင် နေရာချလိုက်၏။သည့်နောက် သူ့မူလ စွမ်းအင်သည် ဖြန့်ကျက်လာကာ သူနှင့်ပေတစ်သောင်း ပတ်လည်အတွင်း အရာအားလုံးသည် ဝန်းရံထားခြင်း ခံ လိုက်ရ၏။မူလစွမ်းအင်နှင့်ပြည့်နေသော အဖြူရောင်မြူ လွှာတစ်ခုသည် ပေါ်လာခဲ့၏။
အပြင်လူတစ်ယောက်ယောက်က သည်မြူလွှာကို မြင် တွေ့ခဲ့လျှင် သူတို့သည် မဆင်မခြင်လုပ်ဝံ့ကြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုမြူလွှာက မူလ စွမ်းအင်ဖိအားနှင့် ပြည့်နေသောကြောင့်ပင်။ပုံရိပ် ယောင်ယင်အဆင့်နှင့်အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူ တို့ပင် အလွန်သတိထားသွားပေလိမ့်မည်။
လူတစ်ယောက်က မြူလွှာထဲသို့ ဝင်လာခဲ့ပါကာ မြူလွှာ အတွင်းရှိ မူလစွမ်းအင်၏ တိုက်ခိုက်ခြင်းကို ခံရပေ လိမ့်မည်။
မူလစွမ်းအင်မြူလွှာကို ဖြစ်ပေါ်စေပြီးသည့်နောက် ဝမ် လင်းသည် အနည်းငယ်စဉ်းစားလိုက်၏။ထို့နောက် သူက ပါးစပ်ဟကာ အစိတ်အပိုင်းမြေတံဆိပ်တုံးကို မြူလွှာထဲသို့ ပေါင်းထည့်လိုက်၏။ထို့နောက်တွင်တော့ သူကစိတ်အေးဆေးဖြစ်သွားကာ ထိုင်ချလိုက်သည်။သူ့ရှေးဟောင်း မိုးကြိုးနဂါးမူလစိတ်ဝိညာဉ်ကလည်း ထိုးထွက်လာခဲ့ပြီး နောက် သားရဲအရိုးရှစ်ခုထံသို့ တရကြမ်း ဝင်သွား တော့သည်။
သူ့မူလစိတ်ဝိညာဉ် နီးကပ်လာသည့်အခိုက်တွင် အရိုးရှစ် ခုထံမှ စုပ်အားက ထွက်ပေါ်လာ၏။ဝမ်လင်း၏မူလစိတ် ဝိညာဉ်သည် ရှစ်ပိုင်းကွဲထွက်သွားပြန်ကာ အရိုးတစ်ခုချင်း စီထံသို့ ဝင်ရောက်လို့သွားသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို စုပ်ယူပြီးသည့်နောက် အရိုးရှစ်ခုသည် နတ်ဆိုးဆန်သောအလင်းတစ်ခုကို ထုတ် လွှတ်လာသည်။နတ်ဆိုးအလင်းက ပို၍ပို၍ တောက်ပလာ ကာ အဆုံးတွင် အရိုးများထံမှ အပြာရောင်အလင်း ထိုး ထွက်လာပြီး အလယ်ရှိဓားထံသို့ တိုးဝင်သွားသည်။
ထိုအပြာရောင်အလင်းထဲ၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ် လည်း ပါဝင်နေသည်။သူ့မူလစိတ်ဝိညာဉ်သည် အတွင်း ဘက်၌ပြောင်းလဲမှုတစ်ခု ဖြစ်နေ၏။ထိုပြောင်းလဲမှုကို ဝမ် လင်းက နားမလည်ပေ။
အလယ်ရှိဓားက တုန်ယင်နေကာ ဓားတေးသံကို ထုတ် တစ်ခု လွှတ်လာသည်။ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် တည်း အဖြစ်သို့ ပြန်ပေါင်းစပ်သွားကာ ချက်ခြင်းပင် ပြင်းထန်သောဓားစွမ်းအင်တစ်ခု ထိုးထွက်လာပြီး သူ့မူလ စိတ်ဝိညာဉ်ထံသို့ တိုးဝင်လာခဲ့သည်။
ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူ့ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့ လာကာ ဓားစွမ်းအင်အားလုံးကို လွင့်ပြယ်သွားစေသည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ပိုများသောဓားစွမ်းအင်များ က အဆုံးမရှိနိုင်သကဲ့သို့ ပေါ်လာပြန်လေသည်။
δ..." "တစ်ခုခုတော့ မှားနေပြီ...။ဒါက အတားအဆီးတစ်ခု ဝမ်လင်းက ထိုအတားအဆီးကို ကြည့်ကာ စတင်၍ ဆင်ခြင်နေသည်။သူက ထိုင်ချလိုက်၏။ သူက ဓားစွမ်းအင်ကို ပိတ်ဆို့ရန် မူလစွမ်းအင်ဒိုင်းတစ်ခုကို ဖန်တီးလိုက်ပြီး ၎င်းဓားစွမ်းအင်များကို လစ်လျူရှုထား လိုက်သည်။
အချိန်မည်မျှကြာသွားမှန်း မသိပြီးသည့်နောက် ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက သည်အတားအဆီး ကို ဖြတ်မြင်နိုင်စွမ်း ရှိသွားခဲ့သည်။အတွေးတစ်ချက်ဖြင့်ပင် မရေမတွက်နိုင်သောအတားအဆီးများသည် သူ့ပတ်လည် တွင် ပေါ်လာခဲ့ကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့ကြကုန်၏။
သည်အခိုက်အတန့်၌ သားရဲအရိုးရှစ်ခုနှင့် ဝန်းရံထား သော ဓားသည် ပျံသန်းထွက်လာသည်။၎င်းက ဓားရှစ် လက်ဝန်းရံထားသော အရိုးများပေါ်ကနေ ပျံသန်းလာခဲ့၏။ ထိုဓားက အောက်သို့ စိုက်ကျသွားရာ ဓားစွမ်းအင်တစ်ခု ချက်ခြင်း ထိုးထွက်လာ၏။
ထိုအလယ်ရှိဓား၏ ဓားစွမ်းအင်က ဓားစွမ်းအင်တန်းရှစ်ခုအဖြစ်သို့ ခွဲထွက်ကာ ကျန်သည့်ဝန်းရံထားသော ဓားရှစ် လက်ထံသို့ တိုးဝင်သွားခဲ့သည်။ဝမ်လင်း၏ မူလစိတ် ဝိညာဉ်ကလည်း နောက်တစ်ဖန် ရှစ်ခုကွဲထွက်သွားကာ ၎င်းကောင်းကင်ဘုံဓားများထဲသို့ ဝင်ရောက်သွားပြန်သည်။
သုံးရက်ကြာမြင့်ပြီးသည့်နောက် ဓားရှစ်လက်လုံးထံက နေ ဓားစွမ်းအင်တို့ ထိုးထွက်လာကာ အလယ်ဗဟိုရှိ အကြီး ဆုံးသားရဲအရိုးထံသို့ ဦးတည်သွားကြ၏။ဝမ်လင်း၏ မူလ စိတ်ဝိညာဉ်သည်လည်း ဓားစွမ်းအင်နှင့်အတူ ထွက်လာခဲ့ ကာ ထိုအကြီးဆုံးသားရဲအရိုးထဲသို့ ဝင်ရောက်သွားသည်။
သူ့မူလစိတ်ဝိညာဉ်က ထိုသားရဲအရိုးထဲ၌ တစ်ခုတည်း အဖြစ် ပြန်ပေါင်းစပ်သွားခဲ့ကာ တစ်ချိန်တည်းမှာပင် သူ့ အရိုးထဲ၌ သူက အမှတ်အသားခပ်နှိပ်နိုင်သွားသည်။ဝမ် လင်း၏ စိတ်ဝိညာဉ်ထဲ၌ ဉာဏ်အလင်းအမျိုးအစားတစ်ခု ပေါ်လာခဲ့၏။သူက သည်သားရဲအရိုးကို တစ်သားတည်း နားလည်သွားကာ ၎င်းက သူ့ခန္ဓာကိုယ်၏အစိတ်အပိုင်း တစ်ခု ဖြစ်လာသကဲ့သို့ပင်။
အချိန်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏မူလ စိတ်ဝိညာဉ်သည် သားရဲအရိုးထဲကနေ ပျံသန်းထွက်လာ ကာ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။
ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးအကြည့်ထဲ၌ စိတ်လှုပ်ရှားမှုနှင့် တုန်လှုပ်ဟန်တို့ ဖြစ်ပေါ်နေခဲ့သည်။
"ဒါက တကယ့်ကို ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ရတနာ ဖြစ်ထိုက်တာပဲ။ဒီလို အထူးနည်းလမ်းတစ်ခု မရှိရင် ငါ့ရဲ့ အမှတ်အသားကို ဒီအရိုးရတနာပေါ်မှာ ခပ်နှိပ်နိုင် ဖို့ နည်းလမ်း ရှိမှာ မဟုတ်ဘူး။ငါက ငါ့ရဲ့အမှတ်အသားခပ် နှိပ်မှုကို အောင်အောင်မြင်မြင် ဖြစ်သွားတာနဲ့ ငါက ဒါကို အသုံးပြုရမယ့် နည်းလမ်းတွေပ တစ်ခါတည်း ရရှိခဲ့တယ်
ဝမ်လင်းက မတ်တပ်ထရပ်လိုက်ကာ လက်ဝှေ့ယမ်း လိုက်သည်။
ကြီးမားသည်သားရဲအရိုးက သူ့ထံသို့ ချက်ခြင်း ပျံသန်း လာခဲ့လေ၏။
"ဒါကို ခြောက်သွေ့တာအိုတစ်စုံ လိုခေါ်တာပဲ။ ဒါက အစစ်အမှန်ရတနာတစ်ခုအဖြစ် ယူဆလို့ရတယ်။ကံမ ကောင်းစွာနဲ့ ရှေးဟောင်းနတ်ဘုရားတွေနဲ့ တိုက်ပွဲဖြစ် တုန်းက အရင်ပိုင်ရှင်ရဲ့လက်ထဲမှာ ဒီရတနာက ထိခိုက် ပျက်စီးသွားခဲ့တာပဲ။ဒါပေမဲ့လည်း ဒီအရိုးရတနာရဲ့ စွမ်းအားက အံ့အားသင့်ဖို့ ကောင်းနေတုန်းပဲ။ ဒါက ငါ့ရဲ့ အားအကောင်းဆုံးရတနာတွေထဲက တစ်ခု ဖြစ်လာလိမ့် မယ်..." ဝမ်လင်းက သူ့ညာလက်ကို ဆန့်တန်းလိုက်ရာ သားရဲအရိုးသည် အသက်ဝင်လာသလား မှတ်ထင်ရသည်။ ၎င်းက ဝမ်လင်းထံသို့ တဟုန်ထိုး ဝင်လာကာ သူ့လက်ထဲ တွင် ပျောက်ကွယ်သွားတော့သည်။
ခဏတာကြာမြင့်ပြီးသည့်နောက်
သားရဲအရိုးအမှတ်အသားတစ်ခုသည် ဝမ်လင်း၏ ညာလက်ပေါ်တွင် ပေါ်လာခဲ့လေ၏။
သူက မူလစွမ်းအင်မြူလွှာကို ပြန်ရုတ်သိမ်းခြင်း မပြုဘဲ လီယွမ်ထံသို့ ကြည့်လိုက်သည်။လီယွမ်၏ဒဏ်ရာအများစု သည် ပျောက်ကင်းသွားခဲ့ပြီး ဖြစ်ကာ သူ့မူလစိတ်ဝိညာည် က မူလစွမ်းအင်များကို စုပ်ယူနေရင်း အဆင့်ချိုးဖျက်ရန် တာဆူနေသည်။ဝမ်လင်းက လီယွမ်သည် ထိုအဆင့် ချိုးဖျက်မှုကို လုပ်နိုင်မလား၊မလုပ်နိုင်ဘူးလား သေချာမသိ1109
လီယွမ်နိုးထလာမည့်ကို စောင့်နေရင်း ဝမ်လင်းက သူ သတ်ခဲ့သော သုံးယောက်၏ သိုလှောင်အိတ်သုံးခုကို ထုတ်ယူကြည့်လိုက်သည်။အမျိုးသမီး၏ အိတ်ထဲရှိ ပစ္စည်း များက ဝမ်လင်းအာရုံကို ဖမ်းစားနိုင်ခြင်း မရှိပေ။ ၎င်း အိတ်ထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထုတ်ယူ ပြီးသည့်နောက် ဝမ်လင်းက ထိုအိတ်ကို ဘေးသို့ ချထား လိုက်၏။
ယောင်လူငယ်၏အိတ်ထဲတွင်လည်း ပစ္စည်းအချို့ ရှိနေ၏။သူက ၎င်းတို့ကို ကြည့်လိုက်သည့်အခါ သူ့အကြည့် က ပစ္စည်းတစ်ခုပေါ်သို့ ကျရောက်သွားသည့်အခါ သူ့ မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။
၎င်းအရာက စက္ကူအဆောင်တစ်ခုပင်။
အခြားပစ္စည်းများကတော့ ဘာမှ မဟုတ်ပေ။ သည်အဆောင်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကို သူ ရောက်ရှိလာပြီးနောက် တွေ့ရသည့် ဒုတိယမြောက်တစ်ခု ဖြစ်လေသည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက သူ့သိုလှောင် အိတ်ထဲက နောက်ထပ်အဆောင်တစ်ခုကို ထုတ်ယူ လိုက်၏။ ထိုအဆောင်နှစ်ခုက အရွယ်အစားတူလှ သော်လည်း ၎င်းတို့ပေါ်၌ ရေးဆွဲထားသည် သင်္ကေတများ ကတော့ ခြားနားလှပေ၏။
"ဒါက ဘာများလဲ…." ဝမ်လင်းက သူ့နတ်ဘုရားအာရုံ ဖြင့် ၎င်းအဆောင်နှစ်ခုကို စစ်ဆေးကြည့်လိုက်သည်။၎င်း အဆောင်နှစ်ခုထံကနေ မူလစွမ်းအင်ခပ်ဖျော့ဖျော့ ထွက် ပေါ်နေသည်ကို သတိပြုမိလိုက်သည့်အခါ သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
အရင်တုန်းက သူသည် သူ့ကျင့်ကြံမှုအဆင့်ကြောင့် ထို အရာကို သတိပြုမိခဲ့ခြင်း မရှိပေ။
"စိတ်ဝင်စားစရာပဲ။ဒီပစ္စည်းက ရတနာတစ်ခုများ ဖြစ် နေနိုင်လား..." ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ထိုအဆောင်နှစ်ခုကို ပြန်သိမ်းလိုက်၏။ သူက သာမန် မဟုတ်သော ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။
သူက နောက်ဆုံးသိုလှောင်အိတ်ကို ကောက်ယူကြည့် လိုက်သည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီအဘိုးအိုက တော်တော်ရှုပ်ပွတာပဲ။ ဒါပေမဲ့လည်း ဒီမိုးကြိုးကောင်းကင်ဘုံနယ်မြေ ကို လာခဲ့တဲ့ သူ့ရည်ရွယ်ချက်က တော်တော်ရှင်းလင်းနေ တယ်။သူက ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရဖို့အတွက် ယောင်မိသားစုရဲ့လူငယ်သခင်လေးကို စုဆောင်းခြင်းခန်းမ ကို အရောက်ပို့ပေးဖို့ပဲ ဖြစ်တယ်..."
ဝမ်လင်းက အဘိုးအို၏ မှတ်ဉာဏ်များထဲကနေ ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်နှင့်အတူ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ မိသားစုလေးခု ပူးပေါင်း၍ ချိတ်ပိတ်ထားသော အစိတ်အပိုင်းမြေတစ်ခု ရှိကြောင်းကို သိရှိခဲ့ပေသည်။
ထိုချိတ်ပိတ်ထားသော
စုဆောင်းခြင်းခန်းမ အစိတ်အပိုင်းမြေပေါ်တွင် ရှိလေ၏။ထိုခန်းမသည် ကောင်းကင်ဘုံမန္တာန်များကို သိုလှောင်ထားကာ မပျက်မ ယွင်းဘဲ ကောင်းစွာ ရှိနေဆဲ ဖြစ်၏။
သို့သော် ထိုစုဆောင်းခြင်းခန်းမသည် အရင်မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အင်ပါယာနှင့် သူ့အမှုထမ်းများ က ဖန်တီးထားခဲ့ခြင်း ဖြစ်၏။ထို့ကြောင့် သည်ခန်းမတွင် ကိုယ်ပိုင်စည်းမျဉ်း ရှိပေသည်။လူတစ်ယောက်က ကံပေါ် တွင် တည်မှီ၍သာ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရရှိနိုင် ပေသည်။
ကောင်းကင်ဘုံနယ်မြေ၏ အမွေအနှစ်များနှင့် မိသားစု ကြီးလေးခုပင် သည်စည်းမျဉ်းများကို ချိုးဖျက်နိုင်ကြခြင်း မရှိပေ။သူတို့က ထိုအစိတ်အပိုင်းမြေကို ချိတ်ပိတ်ထားရုံသာ တက်နိုင်၍ သူတို့၏မိသားစုဝင်များက ထိုချိပ်ပိတ်မှုကို ဖွင့် လှစ်သည့်အခါ ကံစမ်းကြည့်ရုံသာ တက်နိုင်သည်။
အချိန်များစွာ ကြာမြင့်ပြီးသည့်နောက် ထိုစုဆောင်းခြင်း ခန်းမသည် မိသားစုလေးခု၏ နေရာတစ်ခုလို ဖြစ်လာခဲ့ ကာ အပြင်လူများကို ဝင်ခွင့်မပြုတော့ပေ။
ယောင်မိသားစုက မိုးကြိုးကောင်းကင်ဘုံနယ်မြေထံသို့ အဖွဲ့တစ်ဖွဲ့တည်းသာ စေလွှတ်ခဲ့ခြင်း မဟုတ်ဘဲ စုစုပေါင်း ဆယ်ဖွဲ့စေလွှတ်ခဲ့ခြင်း ဖြစ်လေ၏။
"စုဆောင်းခြင်းခန်းမ…" ဝမ်လင်း၏မျက်လုံးက တ လက်လက် ဖြစ်နေသည်။
သည်အခိုက်အတန့်၌ လီယွမ်၏အသက်ရှုသံသည် ကြမ်းတမ်းလာကာ သူ့မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာ ခဲ့၏။သူက ခေါင်းမော့ကာ သက်ပြင်းချသည်။ "ကျေးဇူးတင်ပါတယ်...အစ်ကိုရှု..။ဒါပေမဲ့လည်း ငါက ပုံ ရိပ်ယောင်ယင်အဆင့်နဲ့ ကံမပါသေးတဲ့ ပုံပဲ။ငါ့မူလစိတ် ဝိညာဉ်က ဒီလောက်များတဲ့ မူလစွမ်းအင်ကို တောင့်မခံနိုင် သေးဘူး..."
လီယွမ်က ခေါင်းငုံ့ကာ သူ့ကျိုးနေသောလက်တစ်ဖက်ကို ကြည့်လိုက်၏။ထို့နောက် သူက တိတ်ဆိတ်သွားသည်။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ မူလမြူလွှာ အားလုံးကို ပြန်ရုတ်သိမ်းလိုက်သည်။သူက လီယွမ်ကိုသေချာကြည့်ကာ ပြုံး၍ ဆိုလိုက်၏။ "အစ်ကိုလီ..။သင်က သင့်ကိုယ်သင် လျော့မတွက်ပါနဲ့။သင့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မူလစွမ်းအင်တွေက သင့်ရဲ့မူလစိတ်ဝိညာဉ်ကို ထောက်ပံ့ ပေးနေတုန်းပဲ။သင်က ဒီမူလစွမ်းအင်အားလုံးကို စုပ်ယူနိုင် လိုက်တာနဲ့ သင်က ပုံရိပ်ယောင်ယင်အဆင့်ကို ရောက်လိမ့် မဘ်။ အဲ့နေ့က အနှေးနဲ့အမြန် ဆိုသလို ရောက်လာမှာပါ။ ဒါက ကျိန်းသေ ဖြစ်လာလိမ့်မယ်…"
လီယွမ်၏ မျက်လုံးက တောက်ပသွားက သူက ခေါင်းညိတ်လိုက်သည်။သူက မတ်တပ်ထရပ်ကာ ဝမ်လင်း ကို ဦးညွတ်ဟန်ပြု၍ ပြောလာသည်။ "အစ်ကိုရှု..ငါက သင့်ကို အများကြီး အကြွေးတင်နေပြီ။ငါက ဒါကို ငါ့ စိတ်နှလုံးထဲကနေ မှတ်သားထားပါ့မယ်….။ဘယ်တော့မှ မေ့မပစ်ပါဘူး..."
လီယွမ်က စကားအများကြီး မပြောပေ။သို့သော် သူပြော လိုက်သည့်စကားကလည်း သူ့စိတ်နှလုံးထဲကနေ လာခြင်း ဖြစ်၏။
ဝမ်လင်းက ပြုံး၍ သူ့ညာလက်ဖြင့် သူမရှာဖွေခဲ့သော သိုလှောင်အိတ်တစ်အိတ်ကို ဆွဲယူလိုက်သည်။သူက ၎င်း အိတ်ကို လီယွမ်ထံသို့ ပစ်ပေးလိုက်လေ၏။
တစ်ချိန်တည်းမှာပင် ဓားကိုးလက်သည် လေထဲသို့ ပျံ တက်လာခဲ့ကာ လီယွမ်၏ဘေးနားသို့ ကျရောက်သွား သည်။
"နေရာမှန်ကို ပြန်သွားကြတော့။ ဒါ့အပြင် ငါက ဒီ သိုလှောင်အိတ်ကိုလည်း သိမ်းထားပေးခဲ့တာ။ ဒီသိုလှောင် အိတ်ထဲက အရာတွေက သင့်အတွက် အသုံးဝင်လိမ့်မယ် လို့ ငါ ယုံကြည်ပါတယ်..."
လီယွမ်က ခေါင်းညိတ်ကာ ဓားများကို သိမ်းဆည်းလိုက် သည်။သူက သိုလှောင်အိတ်ကို ကောက်ယူကာ နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ထုတ်ယူလိုက်သည်။ထိုအရာကတော့ ရှေးဟောင်းကြေးမုံ တစ်ချပ်ပင်။
"ဒါက အတားအဆီးချိုးဖျက်ခြင်းကြေးမုံပဲ။ဒါက အတားအဆီးအများစုကို ချိုးဖျက်ပစ်နိုင်စွမ်း ရှိတယ်.." သူက ထိုသို့ပြောလိုက်ရင်း ၎င်းကြေးမုံကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်လေ၏။
ဝမ်လင်းက ပြုံး၍ ကြေးမုံကို လက်ခံလိုက်ပြီး သူ့ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်သည်။
လီယွမ်က အနည်းငယ် ချီတုံ့ချတုံ ဖြစ်ပြီးနောက် မေး လိုက်သည်။ "ငါက အစ်ကိုရှုရဲ့ ကျင့်ကြံမှုအဆင့်ကို မြင်နိုင် စွမ်း မရှိတော့ဘူး။ အစ်ကိုရှုက အရင်ထက်အများကြီး တိုးတက်လာတာ သိသာနေတာပဲ။ သွေးဘိုးဘေးကရော သိုလှောင်နေရာလွတ်ထဲမှ အဖျက်စီးခံလိုက်ရတာလား..."
“သွေးဘိုးဘေးရဲ့အန္တရာယ်ကို ဖြေရှင်းပြီးသွားပါပြီ။ သူက မသေသေးပေမဲ့လည်း သေတာနဲ့မထူးပါဘူး..." ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်၏။ သို့သော် လီယွမ်က ဝမ်လင်းစကားကို ကြားလိုက်သည့်အခါ မှင်သက်၍ ဝမ် လင်းအား အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက် သည်။သူ့ဉာဏ်ရည်ဖြင့် လီယွမ်သည် ဝမ်လင်းစကားထဲက နေကို ဝမ်လင်း၏ကျင့်ကြံမှုအဆင့်တိုးတက်လာခြင်းသည် သွေးဘိုးဘေးနှင့် တစ်စုံတစ်ခု ပတ်သတ်နေလိမ့်မည်ဟု ပြောနိုင်ပေသည်။ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ပြုံး၍ ပြောသည်။ "အစ်ကိုလီ..ငါက မိုးကြိုးကောင်းကင်ဘုံ နယ်မြေမှာ ကောင်းကင်ဘုံမန္တာန်တွေ ရှာဖွေတော့မလို့၊ သင်က အတားအဆီးတွေကို ချိုးဖျက်ပြီး ငါ့ကို ကူညီပေးဖို့ ဆန္ဒရှိပါသလား..."
သူ့ သူ့လက်ရှိစွမ်းအားဖြင့် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ အနည်းငယ်သောလူများကလွဲ၍ အများစုသည် ပြိုင်ဘက် မဖြစ်နိုင်ကြတော့ပေ။လီယွမ်သာ သူနှင့်အတူ ရှိပါက ဝမ်လင်းသည် လီယွမ်ကိုပါ အလွယ်တကူ ကာကယ် ပေးနိုင်ပေလိမ့်မည်။
ဝမ်လင်းက လီယွမ်ကို ဖိတ်ခေါ်ရာ၌ သူ့ကိုယ်ပိုင် အစီအစဉ် ရှိပေသည်။လီယွမ်သည် မိုးကြိုးကောင်းကင်ဘုံ နယ်မြေအကြောင်းကို သူ့ထက်အများကြီး ပိုသိပေသည်။ထို့ အပြင် ဝမ်လင်းသည် အတားအဆီးပညာရပ်၌ လီယွမ်နှင့် မယှဉ်နိုင်ပေ။ထို့ကြောင့် ရှာဖွေရာ၌ လီယွမ်နှင့်ဆိုပါက သူ့အတွက် အတော်လေး ပို ကောင်းကင်ဘုံမန္တာန်များကို လွယ်ကူသွားနိုင်၏။
လီယွမ်၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုနှင့် ပြည့်သွားကာ သူက ချက်ခြင်း ပြန်ပြောလာ၏။ "ဒါကအစ်ကိုရှုရဲ့ ဆန္ဒဆိုမှ တော့ ငါက အကောင်းဆုံး ကူညီပေးရမှာပေါ့။ငါ့မှာ အချိန် သာ ရှိရင် ငါက ဒီနေရာမှာ ရှိတဲ့အတားအဆီးအားလုံးကို ချိုးဖျက်ပေးနိုင်တယ်။ ဥပမာအနေနဲ့ အစ်ကိုရှုရေ..တစ် ချိန်တုန်းက ဒီနေရာမှာ ကောင်းကင်ဘုံအပျက်အစီးပုံ တစ် ခု ရှိခဲ့တယ်"
လီယွမ်က ထိုသို့ ပြောလိုက်ရင်း သူ့ရှေ့ရှိ လွင်ပြင်တစ်ခု ထံသို့ လက်ညှိုးထိုးပြလိုက်သည်။ထိုလွင်ပြင်သည် ပေါင်း ပင်များ၊ မြက်ခြောက်များနှင့် ပြည့်နေကာ လေများ တိုက်ခတ်လျက်ရှိနေ၏။လူတစ်ယောက်က ထိုလွင်ပြင်ကို မည်သို့ပင်ကြည့်ကြည့် သာမန်ဟုသာ ထင်ပေလိမ့်မည်။
လီယွမ်က သူ့တစ်ဖက်တည်းသောလက်ဖြင့် ချိပ်တံဆိပ် များကို ဖြစ်ပေါ်စေလိုက်သည်။ခုချိန်၌ သူ့ခန္ဓာကိုယ်ထဲတွင် မူလစွမ်းအင်များနှင့် ပြည့်နေသည်။ထို့ကြောင့် သူသည် အ ရင်တုန်းက ကျွန်အမှတ်အသား၏ ဖိနှိပ်ထားခြင်းကြောင့် အသုံးမပြုနိုင်ခဲ့သည့် အချို့အတားအဆီးများကိုလည်း အသုံးပြုလာနိုင်ခဲ့ပေသည်။
လီယွမ်၏ အတားအဆီးများ ကျရောက်သွားသည့်အခါ လွင်ပြင်သည် တစစီဖြစ်သွား၍ မြို့ပျက်တစ်ခု ပေါ်လာခဲ့ လေသည်။
ထိုမြို့ပျက်၏ ရှေ့တွင် ပျက်စီးနေသော ကျောက်ပြားတစ်ခု စိုက်ထူလျက် ရှိနေကာ ၎င်းအပေါ်တွင် ရှေးဟောင်း စာလုံးသုံးလုံး ရေးထွင်းထားသည်။ "ကောင်းကင်ဘုံကြိုဆို ခြင်းနန်းတော်..."
"ကောင်းကင်ဘုံမန္တာန်တွေက နည်းသိရုံနဲ့ အသုံးမပြုနိုင် ကြဘူး။ငါ့လီမိသားစုရဲ့ ပျက်သုဉ်းခြင်းအတားအဆီး နှလုံးသားကို အသုံးပြုလိုက်ရင်တော့ ငါက ကောင်းကင်ဘုံ မန္တန်တွေရဲ့ အရိပ်အမြွက်ကို ပြန်စီးဆင်းနိုင်စွမ်း ရှိတယ်။ ဒီ နည်းလမ်းက အသုံးပြုတဲ့သူရဲ့ခန္ဓာကိုယ်ကို ဒဏ်ရာရစေတဲ့ အတွက်ကြောင့် ငါ့လီမိသားစုက ဒါကို ပုံမှန်ဆို အသုံးမပြု ကြဘူး။ဒါပေမဲ့လည်း အစ်ကိုရှုက အကူအညီလိုတယ်ဆို တော့လည်း ငါက ကျိန်းသေပေါက် ကူညီပေးမှာပါ..."
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းရှိကာ သူကကျောက်ပြားအပျက်ကို ကြည့်လိုက်သည်။သူက ရှေ့သို့ လှမ်းခုန်လိုက်ရာ ထိုကျောက်ပြားနားသို့ ရောက်သွားသည်။
လီယွမ်ကလည်းသူ့နောက်ကနေလိုက်ပါလာကာအပျက်အစီးပုံကို မကြည့်ခင် ကျောက်ပြားကိုသေချာကြည့် လိုက်၏။ ထို့နောက် သူက ပြုံး၍ ဆိုလာသည်။ "အစ်ကိုရှု... ငါသာ မမှားရင်...ဒီကောင်းကင်ဘုံကြိုဆိုခြင်းနန်းတော်က ကောင်းကင်ဘုံသားတွေရဲ့ ကုန်သွယ်ရေးနေရာတစ်ခု ဖြစ်ခဲ့လိပ့်မယ်
ဝမ်လင်းကခေါင်းညိတ်ကာ တည်ငြိမ်စွာဖြင့် အပျက်အစီးပုံရှိရာသို့ လှမ်းသွားသည်။လမ်းတစ်လျှောက် တွင် သူက အမျိုးမျိုးသော အဆောက်အဦပျက်များကို တွေ့ မြင်နေရ၏။သည်နေရာက အတော်လေးကြီးမားကာ မြို့ တစ်မြို့အရွယ်အစားလောက် ရှိပေသည်။
အပျက်အစီးပုံကအလွန်တိတ်ဆိတ်ငြိမ်သက်နေရာ လေပြေလေပွေများ တိုက်ခတ်လျက် ရှိနေသည်။ထိုလေပွေ နှင့်အတူ ဖုန်မှုန့်များက မြောလွင့်ကာ နေသည်။
အပျက်အစီးများကို ကြည့်၍ သည်နေရာရှိ လမ်း တစ်လျှောက်တွင် အတိတ်တစ်ချိန်က ဆိုင်ခန်းမများ ရှိခဲ့ လိမ့်မည်ဟု ပြောနိုင်ပေသည်။သို့သော် ခုချိန်တွင်တွေ့ ၎င်း တို့သည့် အတော်လေး ပျက်စီးနေခဲ့လေပြီ။
အပျက်အစီးအဆောက်အဦ၊ဆိုင်ခန်းမများကို သေချာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် မည်သည့်စိတ်ဝင်စား လောက်စရာကိုမှ မတွေ့ရှိခဲ့ရပေ။မိုးကြိုးကောင်းကင်ဘုံ နယ်မြေ ဖွင့်လှစ်ပြီး မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ အတွင်း သည်နေရာသို့ လူများ ရောက်လာခဲ့ဖူးသည်မှာ ထင်ရှားလေ၏။
"ဒီကုန်သွယ်ရေးအဆောက်အဦတွေရဲ့ အကြီးဆုံးဆိုင်က အရှေ့ပိုင်းမှာ ရှိလိမ့်မယ်..."
အရှေ့ဘက်သို့ လှမ်းကြည့်ရင်း လီယွမ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။
အရှေ့ဘက်ခြမ်းတွင်က ပို၍ပင် အပျက်အစီးများနေသေး သည်။ဆိုင်တစ်ဆိုင်၏ သွင်ပြင်လက္ခဏာပင် မရှိတော့ဘဲ နံရံတစ်ခုသာ ကျန်နေတော့သည်။
အဆောက်အဦပျက်နားသို့ လီယွမ်က အမြန်လျှောက်လှမ်းလာကာ ထိုအရှေ့ဘက်ရှိရောက်ရှိလာခဲ့သည်။သူက ဆောင့်ကြောင့်ထိုင်ချကာ အပျက်အစီးများကို သေချာ ကြည့်၍ တွက်ချက်ကြည့်နေသည်။
ဝမ်လင်းက ရောက်ရှိလာကာ သူ့နတ်ဘုရားအာရုံကို ဖြန်ကျက်ကြည့်လိုက်သော်လည်း သူက မည်သည့်အရာကိုမှ မ တွေ့ခဲ့ပေ။
သိပ်မကြာခင်တွင် လီယွမ်၏မျက်လုံးသည် ကျဉ်းမြောင်း သွား၏။ထို့နောက် သူက နေရာတစ်ခုထံသို့ လက်ညွှန်ပြ ကာ ပြောလာသည်။ "အစ်ကိုရှု...အဲ့နေရာကို မန္တာန်နဲ့ တိုက်ခိုက်ကြည့်လိုက်..."
ဝမ်လင်းက လက်မြှောက်လိုက်ရာ ခရမ်းရောင်မိုးကြိုး တန်းတစ်ခုသည် လီယွမ်ညွှန်ပြသော နေရာသို့ တိုးဝင်သွား သည်။ ခရမ်းရောင်မိုးကြိုး ကျရောက်သွားသည့်အခါ မြေပြင်က တုန်ခါသွားလေ၏။
ထိုအခါ မြေပြင်ထက်၌ တုန်ခါမှုလှိုင်းကင်းမဲ့နေသော ပုံစံအကွက်တစ်ခု ပေါ်လာခဲ့သည်။၎င်းက မြေပြင်ထဲသို့ ထွင်းထားသည့် အစီအရင်တစ်ခု ဖြစ်နေသည့်ပုံပင်။
ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ် ပေါ်နေသည်။
လီယွမ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရာ အ စီအရင်နားသို့ ရောက်ရှိသွား၏။၎င်းအစီအရင်ကို သေချာ ကြည့်လိုက်ပြီးသည့်နောက် သူက ပြုံး၍ ဆိုလာသည်။ "အစ်ကိုရှု..ငါ သိသလောက်ဆိုရင် ကောင်းကင်ဘုံသား တွေရဲ့ ဆိုင်ခန်းတွေမှာ လျှို့ဝှက်ခန်းတွေ ရှိတက်တယ်။ ကြည့်ရတာ ဒီဆိုင်ကလည်း အဲ့လိုပဲ ထင်တယ်..."
မေလင်းက ခေါင်းညိတ်၍ ပြောလိုက်၏။ "ဒီအစီအရင်က အဲ့လျှို့ဝှက်ခန်းကို ဖုံးကွယ်ပေးထားနိုင်ဖို့ နှစ်ပေါင်းများ စွာ အသက်သွင်းထားရတဲ့အတွက် ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်သွားတာ ဖြစ်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်။ဒါ့ကြောင့်ပဲ ဒီနေရာကနေ ဘာတုန်ခါ မှုလှိုင်းမှ ထွက်ပေါ်မနေခဲ့တာ ဖြစ်မယ်..."
လီယွမ်က ဆောင့်ကြောင့်ထိုင်ချကာ ဖုန်မှုန့်များကို ပတ် သယ်ရှင်းလင်းလိုက်၏။ အနည်းငယ် တွက်ချက်ပြီး သည့်နောက် သူက ခေါင်းညိတ်လိုက်သည်။ "ဒါမှန် တယ်...။ဒီဖုန်မှုန်တွေအရ ဒီနေရာကို ဘယ်သူမှ ရောက်မ လာခဲ့တာ အချိန်အတော်ကြာမြင့်နေခဲ့ပြီ။အစ်ကိုရှု ပြော သလိုပဲ ဒီအစီအရင်က ၎င်းရဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်တွေကို ဆုံးရှုံးပြီး အစီအရင်အသေတစ်ခု ဖြစ်လာခဲ့ တာပဲ..."
ထို့နောက် လီယွမ်က ဆက်၍ ရှင်းပြာလိုက်သည်။ "ဒီလို အစီအရင်အသေတစ်ခုက ၎င်းရဲ့ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင် ဆုံးရှုံးသွားတာနဲ့ ထပ်ပြီး ဖွင့်လို့ မရနိုင် တော့ဘူး။ဒါပေမဲ့လည်း ငါက ဒါကို ပြန်ပြီး ပြုပြင်နိုင် တယ်။ ငါက အချိန်တစ်ချို့ပဲလိုတာပါ။ ဒါ့ကြောင့် ငါ့ကို ကျေးဇူးပြုပြီး ခဏစောင့်ပေးပါ..." ထိုသို့ပြောပြီး သည့်နောက် လီယွမ်သည် ဒူးထောက်ချကာ သူ့ဘယ် လက်ထိပ်ကို အနည်းငယ် ကိုက်၍ အသက်ဝဝရူသွင်း သည်။ထို့နောက် သူ့လက်ညှိုးကို အစီအရင်ပေါ်သို့ တင် လိုက်၏။
မူလစွမ်းအင်က သူ့လက်ကနေ ထွက်လာခဲ့သည်။ ထို့အတူ သူ့ဘယ်လက်ညှိုးထိပ်ကနေ သွေးများစီးဆင်းလာ ကာ အစီအရင်ထဲသို့ ဝင်ရောက်ကာ ဖြည်းဖြည်းချင်း ပျံ့နှံ့ လို့သွားသည်။
ဝမ်လင်းက ဘေးတစ်ဖက်တွင် တည်ငြိမ်စွာ ရပ်နေ၏။ သူ့စိတ်ထဲ၌လည်း အပျက်အစီးပုံကို ကြည့်နေရင်း အတိတ် အကြောင်း ပြန်တွေးမိအောက်မေ့မိနေသည်။သည်မိုးကြိုး ကောင်းကင်ဘုံနယ်မြေသည် အတိတ်တုန်းက အလွန် ကြွယ်ဝခဲ့ရပေလိမ့်မည်။မဟုတ်ပါက ခုလိုမျိုးအရွယ်အစား ရှိသည့် ကုန်သွယ်ရေးနေရာတစ်ခု ရှိခဲ့လိမ့်မည် မဟုတ်ပေ။
သည်ကောင်းကင်ဘုံသားကြိုဆိုင်ခြင်းနန်းတော်
ကုန်သွယ်ရေးနေရာ၌ ဆိုင်ပေါင်းများစွာ ရှိခဲ့ကာ ဝမ်လင်း က လွန်ခဲ့သည် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာကို ပြန်၍ စိတ်ကူးမြင်ယောင်ကြည့်နေသည်။ အတိတ်တချိန် က ကောင်းကင်ဘုံသားများသည် သူတို့၏ ကောင်းကင်ဘုံ ရတနာများ၊ ကောင်းကင်ဘုံသားရဲများကို သေမျိုးများကဲ့သို့ လိုအပ်ချက်အသီးသီးဖြင့် လှဲလှယ်ကြခဲ့ပေလိမ့်မည်။
အတိတ်တုန်းက ထိုကောင်းကင်ဘုံသားများသည် သူ တို့၏ ကောင်းကင်ဘုံနယ်မြေက ပြိုပျပျက်စီးခဲ့လိမ့်မည်ဟု လုံးဝ စိတ်ကူးမိခဲ့ကြလိမ့်မည် မဟုတ်ချေ။
တိတ်ဆိတ်စွာ စဉ်းစားကြည့်နေရင်း ဝမ်လင်းက သက်ပြင်းချမိ၏။သူက မိုးကောင်းကင်ဘုံနယ်မြေတွင် သူတွေ့မြင်ခဲ့သော လက်ဝါးရာအကြောင်းကိုပါ ပြန်တွေးမိသွားသည်။ထိုလက်ဝါးရာမန္တာန်သည် ကမ္ဘာမြေကိုပင် ကွဲအက်ကာ တစစီ ဖြစ်သွားအောင် လုပ်နိုင်ခဲ့လောက် ပေ၏။
"ကံမကောင်းစွာနဲ့ လီယွမ်က မိုးကောင်းကင်ဘုံနယ်မြေ ကို ရောက်နိုင်စွမ်း မရှိခဲ့တာပဲ။ သူကသာ ရောက်နိုင်ခဲ့ရင် ဒီလက်ဝါးရာကောင်းကင်ဘုံမန္တာန်ကို ပြန်ပြုပြင်နိုင်မလား သိချင်မိတယ်..."
အချိန်က ဖြည်းဖြည်းချင်း
ကုန်ဆုံးနေ၏။လီ ယွမ်၏မျက်နှာက တဖြည်းဖြည်း ဖြူရောလာခဲ့သည်။သူ့ ဘယ်လက်မှ သွေးများကလည်း အစီအရင်အနှံ့တွင် ဖြည်းဖြည်းချင်း ပျံ့နှံ့လို့နေ၏။ထိုအစီအရင်သည် စွမ်းအင် တစ်ခုနှင့် ထိုးသွင်းခြင်း ခံနေရသည်။ထို့နောက် လှိုင်းတွန့် တစ်ခု ပေါ်လာခဲ့သည်။
လီယွမ်၏မျက်လုံးသည် တလက်လက် ဖြစ်လာခဲ့၏။ ထို့နောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ အနက်ရောင်လိုင်းတစ်ခုသည် ထိုးထွက်လာခဲ့ကာ အစီအ ရင်ပေါ်သို့ ကျရောက်လာသည်။သူ့လက်နှစ်ဖက်က မြန်ဆန်စွာ ရွှေ့လျားသွားပြီးနောက် အတားအဆီးများကို ဆက်တိုက် ထုတ်လွှတ်လာနေသည်။
သို့ရာတွင် အနက်ရောင်လိုင်းက အစီအရင်ကို ထိမိသွား သည့်အခိုက်တွင် အလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့လေ၏။ထိုအလင်းတန်းသည် အဝေးက ပင် မြင်ရနိုင်ပေ၏။
လီယွမ်က မှင်သက်လို့သွားသည်။သူက သူ့လက်ထက်ရှိအတားအဆီးများကို မပို့လွှတ်ခင်မှာပင် ၎င်းတို့သည် ပျောက်ကွယ်သွားလေ၏။
"ဖြစ်နိုင်တာက…ဒါက ဒီကောင်းကင်ဘုံအစီအရင် ပထမဆုံးအကြိမ်အဖြစ် ပွင့်တာလား။ ဒါက ပထမဆုံး အကြိမ် ပွင့်တာပဲ..." လီယွမ်က အလင်းတန်းကို စူးစိုက် ကြည့်နေရင်း သူ့မျက်လုံးက တောက်ပသထက် တောက်ပ လာခဲ့သည်။
ဝမ်လင်းက အနည်းငယ် လှဲ့၍ အလင်းတန်းကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အစ်ကိုလီ..."
လီယွမ်က အသက်ဝဝရှုသွင်းလိုက်သည်။အလင်းတန်း က မှိန်ဖျော့သွားကာ သိပ်မကြာခင်တွင် ပျောက်ကွယ်သွား တော့မလို ဖြစ်လာ၏။ ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံ ကို ဖြန့်ကျက်လိုက်ရာ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။
ဖိနှိပ်ထားခြင်းခံထားရသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်သည် ထိုအလင်းတန်းထဲကနေ အုံကြွလာသည်ဟု ထင်လိုက်ရ၏။
လီယွမ်ကလည်း ဖျော့တော့သွားသော အလင်းတန်းကိုကြည့်ကာ ပြောလိုက်သည်။ "ဒီကောင်းကင်ဘုံအစီအရင်ကို ခဏခဏ ဖွင့်လှစ်ခဲ့ပြီးရင် ဒီအလင်းတန်းက ပေါ်လာမှာ မဟုတ်ဘူး။ဒါပေမဲ့လည်း ဒါက ပထမဆုံးအကြိမ်ဖွင့်လှစ် တာ ဖြစ်တဲ့အတွက် အစီအရင်ရဲ့စိတ်ဝိညာဉ်ဟာ ဒါကို မ ဖွင့်လှစ်ခင် ထုတ်လွှတ်ဖို့ လိုအပ်တယ်..."
"ပထမဆုံးအကြိမ်..." ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်း သွားသည်။
"ဒါမှန်တယ်...။မှန်တယ်။ ဒီအစီအရင်က ပထမဆုံး အကြိမ်အဖြစ်ပွင့်လာတာ ဖြစ်တဲ့အတွက် ဒီအလင်းတန်း ပျောက်ကွယ်သွားတာနဲ့ ငါတို့က အထဲကို ဝင်ပြီး ဘာရှိလဲ တွေ့မြင်နိုင်ပြီ..." လီယွမ်က အစီအရင်ကို စူးစိုက်ကြည့်ကာ နှုတ်ခမ်းသပ်လိုက်မိသည်။
ဓား ဝမ်လင်းက ခေါင်းညိတ်လိုက်၏။သူ့အသွင်က အကွာ အဝေးတစ်ခုသို့ လှမ်းကြည့်လိုက်ရင်း ရုတ်တရက် ပြောင်းလဲသွားသည်။သူက အကွာအဝေးတစ်ခုမှ အလင်းတန်းနှစ်ခု လာနေသည်ကို တွေ့မြင်ခဲ့ကာ ၎င်း တို့သည် အားကောင်းသောကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင် တုန်ခါမှုလှိုင်းကို ပေးစွမ်းနေသည်။သူတို့က အလင်းတန်းကို တွေ့မြင်လိုက်ချိန်၌ မည်သို့ဖြစ်ပျက် နေသည်ကို သိလိုဟန်နှင့် လာကြသည့်ပုံပင်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့ ညာလက်ကို မြေပြင်သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါကျောက်စကျောက်နများသည် ပျံဝဲတက်လာကာ ဖုန်မှုန် များအဖြစ်သို့ ပြောင်းလဲသွားသည်။ထို့နောက် ဝမ်လင်း သည် ၎င်းဖုန်မှုန်များကို နေရာအနှံ့သို့ ပြန့်ကျဲစေလိုက်၏။
ချက်ခြင်းပင် ဖုန်မှုန်များက အချင်းပေတစ်ရာရှိသော အဝန်းအဝိုင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။၎င်းက သည်နေရာကို အပြင်ကနေ သီးသန့်ဖြစ်စေလိုက်၏။
ဝမ်လင်းမျက်လုံးက ဖျော့တော့သော အလင်းတန်းပေါ် သို့ ကျရောက်သွားပြီးနောက် သူက တည်ငြိမ်စွာ ပြောလိုက် လေ၏။ "သေချင်တဲ့လူ ဝင်လာခဲ့ကြ…"
သူ့အသံက တိုးညင်းသော်လည်း ထိုဓားအလင်းတန်းနှစ် ခုအဖြစ် ဝင်လာသည့် လူနှစ်ယောက်၏ နားထဲသို့ မိုးခြိမ်း သံအလား ဝင်ရောက်သွားသည်။သည်လူနှစ်ယောက်က သူ အာဏာတက်ခြင်းအလယ်အဆင့်တွင်သာ ရှိကာ တို့၏စိတ်များသည် အသံကြောင့် တုန်ခါထွက်သွားကြ သည်။သူတို့အောက်ရှိ ဓားအလင်းများပင် မတည်မငြိမ် ဖြစ်လာခဲ့ကြသည်။ထိုလူနှစ်ယောက်က ဖုန်မှုန် အဝန်းအဝိုင်း၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ကြကာ အထဲသို့ ခြေတစ်ဝက်ပင် လှမ်းလာဝံ့ကြခြင်း မရှိတော့ပေ။
သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့် လိုက်ပြီးနောက် ဓားများကို ပြန်သိမ်းဆည်းလိုက်ကြ၏။ တစ်ယောက်က လေးစားစွာနှင့် ဆိုလာသည်။ "ဂျူနီယာတို့ နှစ်ယောက်က အနောက်ပိုင်းနယ်မြေရဲ့ ကျောက်မိသားစုကပါ။ကျွန်တော်တို့က စီနီယာရဲ့ အမိန့်ကို နာခံပါ့မယ်။ အထဲကို ခြေတစ်လှမ်းမှ မချဝံ့ပါဘူး..."
အလင်းတန်းက မြန်ဆန်စွာ ပျောက်ကွယ်လာနေ၏။ လီ ယွမ်က အစီအရင်အနားသို့ ပိုတိုးကပ်လိုက်ရင်း သူ့မျက်လုံး က တလက်လက် ဖြစ်နေတော့သည်။သူက အလင်းတန်း လုံးဝ ပျောက်ကွယ်မည့်အချိန်ကို စောင့်နေ၏။ အပြင်ဘက် ရှိ ကျင့်ကြံသူနှစ်ယောက်သည် မျက်လုံးပြူးကာ သေချာ ကြည့်ရှုနေကြ၏။သူတို့က သည်လိုမြင်ကွင်းမျိုးကို တစ်ခါ မျ မတွေ့မြင်ခဲ့ဘူးပေ။ သို့သော် အနည်းငယ် စဉ်းစားကြည့် ရုံဖြင့် သူတို့သည် သည်နေရာတွင် ရတနာတစ်ခု ရှိနေမှန်း ခန့်မှန်းမိသွား၏။
သူတို့က ၎င်းရတနာကို မလုယူဝံ့သော်လည်း ထွက်သွား ခြင်းလည်း မရှိပေ။
သည် အစီအရင်၏ စိတ်ဝိညာဉ်အလင်းတန်းက ထိုးထွက်သွား မှုသည် ကြီးမားလှသည့်အတွက်ကြောင့် အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူများသည် ၎င်းကို တွေ့ မြင်ခဲ့ကြပေသည်။ကျင့်ကြံသူတိုင်းက ၎င်းအလင်းတန်းကို တွေ့မြင်လိုက်သည်နှင့် သူတို့စိတ်ထဲ၌ ပထမဆုံးတွေး မိသည်မှာ ရတနာတစ်ခု ပေါ်ထွက်လာပြီ ဟူ၍ပင်။
ကျင့်ကြံသူအားလုံးနီးပါးက သည်အလင်းတန်းနေရာသို့ လာရောက်ကြရန် ဆန္ဒရှိနေကြ၏။ ကျောက်မိသားစုမှ နှစ် ယောက်သည် အနီးဆုံးဖြစ်နေသည့်အတွက် သူတို့က အရင်ဆုံး ရောက်ရှိလာခဲ့ကြခြင်းပင်။
သိပ်မကြာခင်တွင် အလင်းတန်းများက အရပ်မျက်နှာ အနှံ့ကနေ ရောက်ရှိလာကြ၏။ သူတို့အားလုံးက အမျိုးမျိုး သော ကျင့်ကြံခြင်းအဆင့်များ ရှိကြသည်။ သို့သော် ထို သူများထဲတွင် မည်သူကမျှ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံ မှုတွင် ရှိမနေကြဘဲ အမြင့်ဆုံးက အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်သာ ဖြစ်၏။
သည်လူများက ရောက်ရှိလာသည့်အခါ ဖုန်မှုန့် အဝန်းအဝိုင်းကို တွေ့မြင်လိုက်သည်နှင့် သူတို့က ရပ်တန့် လိုက်ကြသည်။ရှေ့သို့ တိုးကပ်သွားဝံ့ကြခြင်း မရှိတော့ပေ။ သို့သော်လည်း သူတို့၏ အကြည့်က ပျောက်ကွယ်နေသော အလင်းတန်းပေါ်သို့ ကျရောက်နေကာ သူတို့၏မျက်လုံး ထဲ၌ လောဘအရိပ်အယောင်များ ဖြစ်ပေါ်နေကြသည်။
သို့သော်လည်း သူတို့က ဝမ်လင်းကို မြင်သည်နှင့် သူ တို့၏အသွင်က ချက်ခြင်း ပြောင်းလဲသွားကြသည်။သူ တို့သည် ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်နေသော မူလ စွမ်းအင်ကို ခံစားမိကာ သူတို့အကြည့်ကိုပါ ပြန်ရုတ်သိမ်း သွားစေ၏။မည်သူကမျှ အစီအရင်၏ ပတ်လည်အတွင်းသို့ ဝင်လာရဲကြခြင်း မရှိပေ။ ပေတစ်သောင်း
ဝမ်လင်းက ထိုလူများကို အာရုံစိုက်မနေပေ။ ခဏတာ ကြာမြင့်ပြီးသည့်နောက် အလင်းတန်းက ပျောက်ကွယ်သွားလေ၏..
အလင်းတန်း ပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် အစီအရင်၏မျက်နှာပြင်ပေါ်၌ တွင်းနက်တစ်ခု ပေါ်လာ ခဲ့၏။၎င်းအထဲကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှိုင်းများ ထွက်ပေါ်နေခဲ့သည်။ ပေတစ်သောင်းအကွာရှိ လူ များပင် ထိုလှိုင်းကို ခံစားမိနေနိုင်၏။
လောဘကြီးသော အကြည့်များက ၎င်းတွင်းနက်ပေါ်သို့ လာစုဝေးကြကုန်သည်။
ဝမ်လင်းသည် သည်နေရာတွင် ရှိမနေပါက သူတို့သည် တဟုန်ထိုး တိုးဝင်လာနေလောက်ပြီ ဖြစ်သည်။ထို တွင်းနက်က သူတို့အား အလွန်လောဘတက်စေနေ၏။
ထိုသို့ ဘာကြောင့်ဖြစ်မှန်း မသိရပေ။ မည်သူကမျှ သည် တွင်းနက်ထဲတွင် ဘာရှိမှန်းလဲ မသိကြပေ။ သို့သော် ထို့အ ကြောင့်ပ် သူတို့၏ လောဘက ပို၍ အားကောင်းလာနေခဲ့ တော့၏။
ဤအခိုက်အတန့်၌ မူလစွမ်းအင်ကို သယ်ဆောင်ထား သော ဓားအလင်းတန်းတစ်ခုသည် မိုးကုပ်စက်ဝန်းထက် ကနေ လှမ်းလာနေ၏။၎င်းက ဖုန်မှုန်အဝန်းအဝိုင်းကို တည်ရှိသည်ဟုပင် သဘောမထားဘဲ အလင်းတန်းရှိရာသို့ တန်းဝင်လာနေသည်။
ပေတစ်သောင်းပတ်လည်ရှိ ကျင့်ကြံသူများ၏ မျက်လုံး များသည် ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ ကြ၏။ ဒုတိယအဆင့်သို့ ရောက်နေသော နောက်ထပ်ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့ပေပြီ။
မူလစွမ်းအင်ကို ဖြန့်ကျက်ထားရင်း အဝါရောင်အရိပ် တစ်ခုသည် ဓားအလင်းတန်းပေါ်တွင် လိုက်ပါကာ မြန်ဆန် စွာ နီးကပ်လာနေ၏။
**ပေတစ်သောင်းတားမြစ်ဧရိယာ...ကျူးကျော် လာတဲ့လူ သေရမယ်
(နောက်တစ်ပိုင်း
ထိုဓားအလင်းပေါ်၌ လူတစ်ယောက်သည် မတ်တပ်ရပ် ကာ လိုက်ပါလာသည်။သူက အဝါရောင်ဝတ်ရုံခပ်ပွပွကို ဝတ်ဆင်ထားသည်။သူက အသက်သုံးဆယ်အရွယ်ခန့်ဟု သာ ထင်ရကာ သာမန်မျက်နှာပေါက်ရှိ၏။သို့ရာတွင် သူ့ မျက်လုံးထဲကနေ အေးစက်စက်အလင်းတစ်ခု ထွက်ပေါ် ကာနေသည်။
သူ့ခန္ဓာကိုယ်ကနေ မူလစွမ်းအင်များစွာ ထွက်ပေါ်လို့ နေ၏။သူက ပုံရိပ်ယောင်ယင်အဆင့်အထွတ်အထိပ်သို့ ရောက်နှင့်နေသည်မှာ သိသာလှပေ၏။သူက နီးကပ်လာ သည်နှင့် သူ့ရှေ့ကာ လူများသည် လမ်းဖယ်ပေးလိုက်ကြ ကာ သူ့အား မနှောက်ယှက်ဝံ့ကြပေ။
သူက ပေတစ်သောင်းဧရိယာနှင့် နီးကပ်သထက် နီးလာ ခဲ့သည်။သူက ဖုန်မှုန်အဝန်းအဝိုင်းကို တွေ့မြင်သော်လည်း ဂရုမစိုက်သည့်အလား အရှိန်လျော့ကျသွားခြင်း မရှိဘဲ တိုက်ရိုက် တိုးဝင်လာနေ၏။
သူ့ထံက မူလစွမ်းအင်များကြောင့် ဖုန်မှုန်များသည်နောက်သို့ လွင့်ပါးကုန်ကြ၏။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အာရုံ ကို စွဲဆောင်သွားသည်။သူတို့က ထိုအဝါရောင်ဝတ်စုံနှင့်လူ သည် အားကောင်းသောကျင့်ကြံသူတစ်ယောက် ဖြစ် သကဲ့သို့ ဝမ်လင်းသည်လည်း ထို့အတူသာ ဖြစ်ကောင်း သိနေသည်။သည်နှစ်ယောက်က ကောင်းကင်ဘုံအစီအရင် ပေါ်ရှိ တွင်းနက်ကြောင့် တိုက်ခိုက်ကြနိုင်သည်။
သည်လိုတိုက်ပွဲမျိုးက တွေ့ရမများလှပေ။သူတို့နှစ် ယောက်တိုက်ခိုက်၍ ဒဏ်ရာအသီးသီးရသွားကြလျှင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ကြားထဲကနေ အကျိုး ရှိသွားနိုင်ပေ၏။
လီယွမ်၏အသွင်က အနည်းငယ်ပြောင်းလဲသွား၏။သူက စိုးရိမ်နေစဉ်မှာပင် ဝမ်လင်း၏တည်ငြိမ်သောအသံက သူ့ နားထဲသို့ တိုးဝင်လာခဲ့လေသည်။ "အစ်ကိုလီ...အရင်ဆုံး သွားလိုက်..."
လီယွမ်က စကားမဆိုတော့ဘဲ တွင်းနက်ထဲသို့ တိုက်ရိုက် တိုးဝင်သွားလေ၏။သူက အထဲသို့ ဝင်လိုက် သည်နှင့် အဝါရောင်ဝတ်စုံနှင့်လူသည် နီးကပ်လာချေ တော့၏။
ဝမ်လင်းက တည်ငြိမ်စွာပင် သူ့ညာလက်ကို မြှောက်၍ လေဟာနယ်ထဲသို့ ဝှေ့ယမ်းလိုက်၏။ခရမ်းရောင်မိုးကြိုး တန်းတစ်ခုသည် ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။
ခရမ်းရောင်မိုးကြိုး ပေါ်လာသည့်အခိုက်၌ ခရမ်းရောင်မြူ က ၎င်းအား ဝန်းပတ်ကာ ထားသည်။ခရမ်းရောင်မိုးကြိုး တန်းက တိုးဝင်လာနေသော အဝါရောင်ဝတ်စုံနှင့်လူငယ် ထံသို့ တန်းမတ်စွာ တိုးဝင်သွားလေ၏။
လူငယ်၏မျက်လုံးသူငယ်အိမ်က ချက်ခြင်း ကျုံ့လို့ သွား၏။ သူက ဝမ်လင်းကို မမြင်ခြင်း မဟုတ်ပေ။ သို့သော် သူ့မိသားစုတွင် သူ့အဆင့်အတန်းက ထူးခြားကာ သူ့ မိသားစုဝင်များကလည်း သူ့နောက်တွင် ရှိနေသောကြောင့် သူက ဝမ်လင်းကို ဂရုမစိုက်ခင်းသာ ဖြစ်၏။
သူက ရယ်မောကာ သူ့လက်ဖြင့် ကုတ်ချက်တစ်ခုကို ဖြစ် ပေါ်စေလိုက်ရာ အနက်ရောင်အခိုးငွေ့ငါးခုသည် မိုးကြိုး တန်းထံသို့ တိုးဝင်သွားလေ၏။ ထိုအနက်ရောင်အခိုးငွေ့ ငါးခုက မိုးကြိုးအား ချက်ခြင်း ဝန်းရံသွားသည်။
"ဝါးမြိုလိုက်စမ်း..." အဝါရောင်ဝတ်စုံနှင့်လူသည် အော် ပြောလိုက်ရာ အနက်ရောင်အခိုးငွေ့အမျှင်တန်းငါးခုသည် ချက်ခြင်းပင် နဂါးနက်ငါးကောင်အဖြစ်သို့ ပြောင်းလဲ၍ မိုးကြိုးအား ဝါးမြိုလာသည်။မျက်စိတစ်မှိတ်အတွင်း မိုးကြိုးသည် ဝါးမြိုခြင်း ခံလိုက်ရချေ၏။ထို့နောက် အနက် ရောင်နဂါးငါးကာင်သည် လူငယ့်အနားသို့ ပြန်ရောက်ရှိလာသည်။
အနက်ရောင်နဂါးများက လူငယ့်အား ဝန်းပတ်နေရင်း ချက်ခြင်း ကြီးထွားလာကြ၏။မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ပေငါးရာရှည်သော နဂါးများအဖြစ်သို့ ပြောင်းလဲ သွားကြ၏။ထိုအခါ လူငယ်၏အော်ရာသည်လည်း ရုတ်တရက် မြင့်တက်လာခဲ့လေသည်။
"အဝါရောင်ဝတ်စုံနှင့်လူငယ်က ဖြည်းဖြည်းချင်း ပြော လာ၏။ ရောင်းရင်းကျင့်ကြံသူရဲ့ တိုက်ခိုက်မှုက တော်တော် လေး ကောင်းမွန်ပါတယ်။ငါ့ကို ခဏစောင့်ပါဦး...။ငါ ထျန် ယန်ယွမ်က ဒီတွင်းနက်ကို လေ့လာကြည့်ချင်ပါတယ်...။ဒါ ဆို ဘယ်လိုလဲ..."
လူငယ့်အတွက် ထိုကဲ့သို့ ပြောရန်ပင် ခက်ခဲလှ၏။ဝမ် လင်း၏ ကျင့်ကြံမှုအဆင့်ကသာ သူ့ထက်မြင့်မားကာ အထည်ဒြပ်ယန်အဆင့်သူ့အစ်ကိုနှင့် နှိုင်းယှဉ်နိုင်ခြင်း ကြောင့် မဟုတ်ပါက သူက အခုလိုမျိုး ပြောလိမ့်မည် မဟုတ်ပေ။
သူက ထိုသို့ ပြောလိုက်သည့်အခိုက်တွင် အနီးအနားရှိကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားကြ၏။ သူ တို့ထဲကတစ်ယောက် အလန့်တကြား ပြောလာ၏။ "ထျန် မိသားစု...။ဒါက တောင်ပိုင်းနယ်မြေရဲ့ ထျန်မိသားစု လား..."
သည်အခိုက်အတန့်၌ ကျင့်ကြံသူအားလုံးသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားကြသည်။
ဝမ်လင်းက ထိုလူ့ကို အေးစက်စွာ ကြည့်၍ တည်ငြိမ်စွာ ပြောလာသည်။ "မင်းက အရည်အချင်း မပြည့်မှီဘူး...ထျန်ယွန်ယွမ်က မှင်သက်သွား၏။သူက အခြားတစ် ဘက်ကလူသည့် ငြင်းဆိုလိမ့်မည် ဖြစ်သော်လည်း ထျန် မိသားစု၏အမည်နာမကို ကြားလိုက်ရသည့်နောက် ထို လူ၏အသွင်သည် ပြောင်းလဲသွားလိမ့်မည်ဟု တွေးထင် ထားခဲ့သည်။သို့သော်လည်း သူက ထိုလူသည် အခုလောက် မောက်မာလိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။
သူ့အသွင်က သုန်မှုန်သွားကာ ရယ်မောလိုက်၏။ "ဒီလို ဆိုတော့လည်း ငါက သင့်ကို မနှောက်ယှက်တော့ပါဘူး..." ထိုသို့ပြောပြီးသည့်နောက် သူက နောက်သို့ စတင်ဆုတ် ကာ စိတ်ထဲကနေ တွေးလိုက်သည်။ "ဒီလူရဲ့ကျင့်ကြံမှု အဆင့်က ငါ့ထက်မြင့်နေတော့ အခု ငါ နောက်ပြန်ဆုတ်ပြီး ငါ့အစ်ကိုကို စောင့်နေတာ ကောင်းလိမ့်မယ်။ငါက နောက်မှ လှုပ်ရှားရင်လည်း နောက်မကျသေးပါဘူး..."
ထျန်မိသားစုသည်
အမွေအနှစ်မိသားစုထဲတွင် မပါဝင်သော်လည်း ထိုမိသားစု ကောင်းကင်ဘုံနယ်မြေ၏ မိုးကြိုးကောင်းကင်ဘုံ က သေးငယ်သည်ဟု မဆိုသာပေ။ထိုမိသားစုက လူအ များသည် သည်တစ်ကြိမ်တွင် နယ်မြေသို့ ရောက်ရှိလာခဲ့ကြပေသည်။ ထျန်ယွန်ယွမ်က သည်နေရာသို့ အခြေအနေသိရင် ကင်းထောက်ကြည့်ခြင်းပင်။ အရင်လာကာ
ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ထိုခြေလှမ်းဖြင့်ပင် ပေတစ် သောင်းဧရိယာတွင် မူလစွမ်းအင်များနှင့် ပြည့်နှက်သွားသည်။သူက ထျန်ယန်ယွမ်ရှိရာသို့ တစ်လှမ်းချင်း လျှောက် လှမ်းလာ၏။
ထျန်ယန်ယွမ်၏အသွင်သည် တွန့်ရှုံ့လာကာ သူက နောက်သို့ ချက်ခြင်း ဆုတ်၏။သည်အခိုက်အတန့်၌ ဝမ် လင်းအသံက တည်ငြိမ်စွာ ထွက်လာခဲ့သည်။ "ငါ့မိုးကြိုးကို ဝါးမြိုနိုင်ဖို့ မင်းက အရည်အချင်း မရှိသေးဘူး..."
သူက ထိုသို့ပြောလိုက်သည့်အခိုက်အတန့်၌ ထျန်ယန် ယွမ်ဘေးနားရှိ အနက်ရောင်နဂါးများသည် ချက်ခြင်း နာကျင်စွာ ဟိန်းလိုက်ကြသည်။၎င်းတို့၏ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများ ပြည့်နေကာ ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ သည်။
ချက်ခြင်းပင် မိုးကြိုးနဂါးများထဲမှ တစ်ကောင်သည် ပေါက်ကွဲထွက်သွား၏။ထို့နောက် ကျန်သည့်အကောင်များ ကပါ ဆက်တိုက်ဆိုသလို လိုက်ပါ ပေါက်ကွဲသွားကြသည်။
ထိုပြင်းထန်သောအား၏ ဖိသိပ်မှုအောက်တွင် ထျန်ယန် ယွမ်၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူ့လက်နှစ် ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ နဂါးနက် အမှတ်အသားသည် သူ့မျက်ခုံးနှစ်ခုကြားတွင် ပေါ်လာခဲ့ သည်။သူ့ခန္ဓာကိုယ်ကနေ အနက်ရောင်အခိုးငွေ့အမျှင်တန်း တစ်ခုက ထိုးထွက်လာခဲ့ကာ သူ့အား ဝန်းရံသွားလေ၏။ ထိုသို့လုပ်ခြင်းဖြင့်သာ သူက ထိုဖိသိပ်မှုအားအောက်၌ သူ့ ကိုယ်သူ ကာကွယ်နိုင်ပေလိမ့်မည်။
သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရင်း သူ့နှဖူး ထက်၌လည်း ချွေးပြန်လာခဲ့သည်။ထို့အတူ သူက စိတ် ထဲ၌လည်း ဒေါသထွက်လာခဲ့၏။
သူက ဝမ်လင်းကို စကားပြန်ပြောခြင်း မပြုနိုင်ခင်မှာပင် ဝမ်လင်း၏မျက်လုံးက အေးစက်လာခဲ့သည်။ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သူ့လက်ခုံပေါ်ရှိ သားရဲ အရိုးတက်တူးသည် စတင်လှုပ်ရှားလာခဲ့သည်။၎င်းက ဝမ် လင်းလက်ချောင်းများတစ်လျှောက် ရွှေ့လျားသွားရင်း ထိုး ထွက်သွားခဲ့သည်။
ချက်ခြင်းပင် ဧရာမသားရဲအရိုးတက်တူးသည် ဝမ်လင်း ရှေ့တွင် ပေါ်လာခဲ့ကာ ၎င်း၏ဦးချိုလေးခုသည် အေးစက်စက်အော်ရာကို ပေးစွမ်းနေ၏။ ၎င်းကပေါ်ထွက် လာသည်နှင့် ထျန်ယန်ယွမ်ထံသို့ တိုးဝင်သွားချေသည်။
ထျန်ယန်ယွမ်သည် သုန်မှုန်စွာ နောက်သို့ ဆုတ်နေရင်း သူ့မျက်ခုံးနှစ်ခုကြားရှိ နဂါးနက်အမှတ်အသားကလည်း ဖျပ်ခနဲ ဖြစ်သွားကာ အနက်ရောင်မြူတစ်ခု ပေါ်လာခဲ့ ချေ၏။သည်တစ်ကြိမ်၌ မူလစွမ်းအင် ပိုထွက်လာခဲ့သလို သူ့မျက်ခုံးနှစ်ခုကြားရှိ အနက်ရောင်အမှတ်အသားက လည်း ထိုးထွက်လာခဲ့သည်။၎င်းက အနက်ရောင်နဂါးတစ် ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် သားရဲအရိုးကို ဝါးမြိုပစ်ရန် တာဆူသည်။
ထိုအနက်ရောင်နဂါး ပေတစ်ထောင်ခန့် ကြီးမားကာ၎င်းပေါ်လာသည်နှင့် ဖိအားတစ်ခုကို ပေးစွမ်းလာခဲ့သည်။ ၎င်း၏ ကိုယ်ထည်ပေါ်၌ နဂါးကြေးခွံများစွာ ဖုံးအုပ်ထား လေသည်။
"မူလနဂါး….။ဝါးမြိုခြင်း..." ထျန်ယန်ယွမ်က ထိုသို့ အော်ပြောလိုက်ရင်းနောက် နောက်သို့ ဆက်၍ ဆုတ်သွား သည်။
သို့ရာတွင် ထိုအနက်ရောင်နဂါးက ဝါးမြိုရန် တာဆူ လိုက်ချိန်မှာပင် သားရဲအရိုး၏ မျက်လုံးအိမ်နှစ်ခုကနေ တစ္ဆေမီးတောက်နှစ်ခု ပေါ်လာခဲ့လေ၏။၎င်းမီးတောက် ပေါ်လာသည့်အခါ သားရဲအရိုးသည် အသက်ဝင်လာ သကဲ့သို့ ထင်မှတ်ရပြီး မကောင်းဆိုးဝါးဆန်သော အော်ရာ တစ်ခုသည် ချက်ခြင်း ပျံ့နှံ့လာခဲ့သည်။ထိုအော်ရာက သန်မာလွန်းလှ၏။သို့သော် ၎င်းက ပေါ်လာပြီးသည်နှင့် ချက်ခြင်း ပျောက်ကွယ်သွားသည်။
ထိုအရာများအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပွားခဲ့ ခြင်းပင်။မကောင်းဆိုးဝါးအော်ရာ ပျောက်ကွယ်သွားသည့် အခိုက်တွင် အနက်ရောင်နဂါး၏မျက်လုံးက ရုတ်တရက် ပြူးကျလာကာ ကြောက်လန့်မှုတို့ ပြည့်လာသည်။ ၎င်း၏ကြီးမားသည့် ခန္ဓာကိုယ်ကြီးက ခဲသွားကာ မီးခိုးရောင်တစ်ခုသည် အမြီးကနေ စတင်ပျံ့နှံ့လာခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက မီးခိုးရောင်သန်းသွားလေ၏။
မန္တာန်ကနေ ဖြစ်ပေါ်လာသည့် အနက်ရောင်နဂါးသည် ချက်ခြင်း ကျောက်ရုပ်တုတစ်ခု ဖြစ်လာခဲ့သည်။၎င်း ပတ်လည်ရှိ မူလစွမ်းအင်များပါ ကျောက်အဖြစ်သို့ ပြောင်းလဲသွားချေသည်။
ထိုအနက်ရောင်နဂါးက ကောင်းကင်ကနေ ထိုးဆင်းကျ သွားကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ကျရောက်သွား၏။
ထိုမြင်ကွင်းကြောင့် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ အားလုံးသည် မှင်သက်ကာ လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်ကြတော့၏။
"ဒါ..ဒါက ဘယ်လိုရတနာမျိုးလဲ..." ထျန်ယန်ယွမ်က နဂါးကျောက်ရုပ်တုကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ တုန်လှုပ်ကြောက်လန့်မှုတို့နှင့် ပြည့်နှက်သွားတော့သည်။
ပေတစ်သောင်းအကွာရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် လည်း သူတို့မျက်စိရှေ့ရှိ အဖြစ်သနစ်ကို မယုံကြည်နိုင်ဟန် ဖြစ်နေသည်။
ပထမအဆင့်ရှိ ကျင့်ကြံသူအားလုံးသည် နောက်သို့ ခြေ တစ်လှမ်း မဆုတ်မိဘဲ မနေနိုင် ဖြစ်သွားရသည်။သူတို့က ပေတစ်သောင်းအကွာကနေပင် ကြောက်ရွှံ့မှုကို ခံစားလိုက် ကြရ၏။
သည်အခိုက်အတန့်၌ ကျင့်ကြံသူများသည် ဝမ်လင်း၏ပုံ ပန်းသွင်ပြင်ကို ကောင်းစွာ မှတ်သားမိသွားကြ၏။ဝမ်လင်း သည် သူတို့၏ စိတ်ထဲတွင် အမြစ်တွယ်သွားလေပြီ။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်၏။သူက သားရဲအရိုးကို ချက်ခြင်း ပြန် ရုတ်သိမ်းလိုက်ပြီးနောက် သူ့ညာလက်ပေါ်တွင် အမှတ်အသားအဖြစ် ပြန်ရှိစေလိုက်သည်။သည့်နောက် သူက ထျန်ယန်ယွမ်၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။သူက မူလ စွမ်းအင်နှင့်ပြည့်နေသော သူ့လက်ချောင်းနှစ်ချောင်းကို ဖိချ ရန် ဟန်ပြင်လာသည်။
ထျန်ယန်ယွမ်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူ့ မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့ ပေါ်ထွက်လာခဲ့သည်။သူက ချက်ခြင်း ထွက်ပြေးလိုနေ၏။ သို့သော် ဝမ်လင်းက အေး စက်စွာ နှာခေါင်းရှုံ့လိုက်သည်။သိပ်သည်းသောမူလ စွမ်းအင်က ချက်ခြင်း ညှစ်ချေလာရာ လှုပ်ရှားမှုအားလုံးကို သည်အခိုက်အတန့်၌ လုပ်ရန် မဖြစ်နိုင်တော့ပေ။
ထိုမန္တာန်သည် ဝမ်လင်း တီထွက်ထားခဲ့သည့်အရာ ဖြစ်၏။ မူလစွမ်းအင်၏ ဖိအားကို အသုံးပြုကာ သူက လှုပ်ရှားမှုပြုသည့် မန္တာန်များကို ခဏတာ အသုံမဝင်အောင် လုပ်နိုင်စွမ်း ရှိပေ၏။
သူ့လက်ချောင်းနှစ်ချောင်းက ထျန်ယန်ယွမ်၏ မျက်ခုံး နှစ်ခုကြားသို့ တိုက်ရိုက် ကျဆင်းလာသည်။ထို အခိုက်အတန့်၌ အကွာအဝေးတစ်ခုက အလင်းတန်းများ လှမ်းဝင်လာခဲ့ကာ ထိုအလင်းတန်းထဲမှ တစ်ခုထံကနေ အော်သံတစ်ခု ထွက်ပေါ်လာခဲ့၏။
"သူ့ကို သတ်ရင် မင်းလည်း သူနဲ့အတူ မြေမြှုပ်ခံရ ໑໖..."
ဝမ်လင်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူ့ လက်ချောင်းက ကျရောက်လာနေရင်း မူလစွမ်းအင်သည် ထျန်ယန်ယွမ်၏ခန္ဓာကိုယ်ပေါ်သို့ တရကြမ်းတိုးဝင်လာကာ သူ့ကို ချက်ခြင်း ပျက်စီးသွားစေ၏။ထျန်ယန် ယွမ်၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပြောင်းလဲသွား ကာ သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားရသည်။
"ပေတစ်သောင်းအတွင်း ဝင်လာတဲ့လူမှန်သမျှ သေရ မယ်…" ဝမ်လင်းက နောက်လှည့်၍ တွင်းနက်ရှိရာသို့ လှမ်းလျှောက်လို့သွားသည်။
တွင်းနက်ပတ်လည်ရှိ ပေတစ်သောင်းဧရိယာသည် သူ့ တားမြစ်နေရာ ဖြစ်လာ၏။သူက သည်နေရာတွင် ရှိနေ သ၍ မည်သူကမျှ ဝင်လာနိုင်လိမ့်မည် မဟုတ်ပေ။ခုချိန်၌ ဝမ်လင်းသည် ယခုလိုစကားများ အရည်အချင်း ရှိနေခဲ့ပြီ မဟုတ်လော။ ပြောဆိုဖို့အတွက်
သည်အခိုက်အတန့်၌ လီယွမ်သည် တွင်းနက်ထဲကနေ ပြန်ထွက်လာကာ သူ့အာမေဋိတ်အသံက အထဲကနေ ထွက်ပေါ်လာခဲ့သည်။သူက ပြန်ပေါ်လာသည့်အခါတွင် ဝမ် လင်းရှေ့တွင် ရှိနေသော တစစီကွဲကြေနေသည့် အနက် ရောင်နဂါးကျောက်ရုပ်တုကို ကြည့်ကာ နတ်ဘုရားအာရုံ ဖြင့် စကားလှမ်းပြောလိုက်သည်။ “အစ်ကိုရူ...ငါက အထဲမှာ ရှိတဲ့ ရတနာတွေအကုန်လုံး ယူလာခဲ့ပြီ။ငါက အထဲမှာ လျှို့ဝှက်လမ်းကြောင်းတစ်ခုကိုလည်း တွေ့ခဲ့သေးတယ်။ ဒါပေမဲ့လည်း အဲ့လမ်းကြောင်းက ဘယ်နေရာကို သွားလဲ ဆိုတာတော့ ငါ မသိခဲ့ဘူး..."
ကောင်းကင်ထက်ကနေ အလင်းတန်းများ သက်ဆင်းကျ လာကာ လူလေးယောက်အသွင် ပေါ်ထွက်လာသည်။ထို လေးယောက်ထဲ၌ ယောက်ျားကော၊မိန်းမကော ပါဝင် ပေ၏။ သူတို့ထဲကတစ်ယောက်သည် အလွန်ချောမောကာ သူ့နှုတ်ခမ်းများက ပါးလွှာနေသည်။သို့သော် သူ့မျက်လုံးက သုန်မှုန်ကာ နေ၏။
ရှန်ခုန်ဟူသည် သည်နေရာတွင် ရှိပါက သသည် ထိုလူ့ ကို ထျန်ယန်ဖန်အဖြစ် သိရှိပေလိမ့်မည်။ ထိုလူက ရှန်ခုန် ဟူကို မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဝင်ပေါက်တွင် လှောင်ပြောခဲ့သော ထျန်ယန်ဖန်ပင် ဖြစ်လေတော့၏။
"ဒီပေတစ်သောင်းက တားမြစ်ဧရိယာလား။ မင်းက မင်းကိုယ်မင်း ဘာထင်နေတာလဲ..."
ထျန်ယန်ဖန်၏ ဘေးနားရှိ သက်လတ်ပိုင်းလူကြီးသည် နှာခေါင်းရှုံ့ကာ ပေတစ်သောင်းဧရိယာအတွင်းသို့ ခြေချ လိုက်၏။သူ့နောက်ရှိ လူငယ်များထဲမှ မောက်မာဟန်ရှိသည့် လူငယ်တစ်ယောက်သည်လည်း ပေတစ်သောင်း ဧရိယာအတွင်းသို့ ခြေလှမ်းဝင်လိုက်သည်။
ဝမ်လင်းက နောက်ပြန်လှည့်လာကာ သက်လတ်ပိုင်းလူကြီးထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။
Comments
Post a Comment