အပိုင်း(159)

သွေးဂြိုဟ် 
သွေးဂြိုဟ်သည် သွေးရောင်အလင်းနှင့် ပြည့်နေ၏။ယင်း ဂြိုဟ်သည် ထျန်ယွမ်ဂြိုဟ်၏လွှမ်းမိုးမှုနယ် အတွင်း တည်ရှိခြင်း မဟုတ်ဘဲ ထျန်ယွမ်ဂြိုဟ်ပိုင်နက်နှင့် အနည်းငယ်ဝေးသော နေရာတွင် တည်ရှိပေသည်။

အမှန်တော့ စွမ်းအားကြီးမားလှသော မည်သည့်ကျင့်ကြံ သူမဆို သူတို့၏ ကျင်ကြံခြင်းလှိုဏ်ဂူများအား တစ်ဦးနှင့် တစ်ဦး နီးကပ်သောနေရာ၌ ရွေးချယ်လေ့မရှိပေ။

တကယ်တော့ သူတို့က အခြားသူများအပေါ် သတိထားမှု အား လျော့ချတက်ကြခြင်း မရှိပေ။ ထိုသို့သော နှစ်ပေါင်း များစွာကျင့်ကြံခဲ့သည့် မွန်းစတားအိုကြီးမျိုးဆိုလျှင် ပို၍ သတိထားကြပေသည်။

ထို့အတူ ဂြိုဟ်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသည့် သွေး ဘိုးဘေးလို ကျင့်ကြံသူသည် ပင်ကိုယ်အားဖြင့် ထျန်ယွမ် ဂြိုဟ်၏ ကာကွယ်မှုလည်း မလိုပေ။ထို့ကြောင့် သူက လူသူ ကင်းမဲ့သည့် သူ့ကိုယ်ပိုင်နေရာတစ်ခုကို ရွေးချယ်ထားခြင်း ဖြစ်လေ၏။

သွေးဘိုးဘေးသည်

လျှို့ဝှက်ချက်အများအပြားနှင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ထို့ကြောင့် သူက သူ့ကျင့်ကြံ ခြင်းနေရာ ရွေးချယ်မှုကို ပို၍ပင် သတိထားသေးသည်။

ရှေ့ဖြစ်ဟောသူ ဝမ်လင်းကို ပေးထားခဲ့သည့် ကြယ်မြေပုံ တွင် သွေးဂြိုဟ်သည် အလွန်ခေါင်ကာ လူသူကင်းမဲ့သည့် နေရာတွင် ရှိ၏။၎င်းဂြိုဟ်၏ အနီးအနားတွင်လည်း မည် သည့်အားကောင်းသောကျင့်ကြံခြင်းဂြိုဟ် တစ်ခုမျှ ရှိမနေ ပေ။

ထိုအရာသည် ဝမ်လင်း၏မူလဂြိုဟ်က သွေးဂြိုဟ်ကို လာရောက်တိုက်ခိုက်သည့် အကြောင်းရင်းထဲမှ တစ်ခု ဖြစ် ပေ၏။

ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် သွေးဂြိုဟ်ထံသို့ ဦးတည်သွားနေ၏။သူ့နောက်မှလည်း ကျောက်တုံးများက မြစ်တစ်စင်းကဲ့သို့ သွယ်တန်းလိုက်ပါလာသည်။

လများစွာ ကုန်လွန်သွား၏။သူက အခြားကျင့်ကြံသူများ နှင့် လမ်းတွင် တွေ့သည့်အခါ ထိုသူများအားလုံးသည် မှင် သက်ကုန်ကြ၏။

သူတို့က ရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သတ်၍ မ သိပေ။ကြယ်အဖွဲ့အစည်းကြီး လေးခုလုံးတွင်ပင် လူအနည်း ငယ်ကသာ ရှေးဟောင်းနတ်ဘုရားများ၏ တည်ရှိမှုကို သိကြပေသည်။ မည်သို့ပင်ဆိုစေ ထိုသို့သိနိုင်ရန်ပင် ရှေးဟောင်းမှတ်တမ်းများကို ဖတ်ကြည့်ဖူးမှ ဖြစ်ပေ လိမ့်မည်။
ထိုရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သတ်သော ရှေးဟောင်းမှတ်တမ်းများတွင် ကြယ်ခြောက်လုံး ရှေးဟောင်းနတ်ဘုရားများကို အရွယ်ရောက်ပြီး ရှေးဟောင်းနတ်ဘုရားဟု ဖော်ပြကြသည်။သူတို့၏ ခန္ဓာကိုယ်များကလည်း ကျင့်ကြံခြင်းဂြိုဟ်များထက်ပင် ကြီးမားနေသေး၏။

ကြယ်လေးလုံးရှေးဟောင်းနတ်ဘုရား၏ အော်ရာကတာ့ သိပ်အသိအသာကြီးမဟုတ်ပေ။ ကျင့်ကြံသူများကြား၌ ရှေးဟောင်းနတ်ဘုရားများကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူး ခြင်း မဟုတ်ပါက လွန်ခဲ့သောမရေမတွက်နိုင်သည့် နှစ် ပေါင်းများစွာ ကတည်းက ပျောက်ကွယ်သွားသည့် ရှေးဟောင်းနတ်ဘုရားများနှင့် သူ့ကို တွဲစပ်သိရန်မှာ မဖြစ် နိုင်သလောက်ပေ။

ထို့ကြောင့်လည်း

ဝမ်လင်းက

ခြင်း ဖြစ်၏။ သူ့မူလ ခန္ဓာကိုယ်၏အစစ်အမှန်ပုံစံကို ထုတ်ဖော်ရန် ဆုံးဖြတ်ခဲ့

သို့သော် သူ အခုလိုပုံစံသို့ ပြောင်းလဲထုတ်ဖော်လိုက် ခြင်း၏ အဓိကအကြောင်းရင်းသည့် ဝမ်လင်း၏စိတ်ဓာတ် ကြောင့်သာ ဖြစ်၏။သူ့ကိုယ်ပွားသည် အလွန်ပြင်းထန်စွာ ဒဏ်ရာရနေ၍ မေ့မြောနေခဲ့ရသည်။မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားကြားရှိ ချိတ်ဆက်မှုကလည်း ထိုအခိုက်အတန့်၌ အလွန်အားပျော့သွားခဲ့ကာ အချိန်မရွေး ပျောက်ကွယ်သွား တော့မလား မှတ်ထင်ရသည်။
ထိုချိတ်ဆက်မှု ပျောက်ကွယ်သွားသည်နှင့် သူ့ကိုယ်ပွား မှာ သေပြီဟု ဆိုလို၏။

ဝမ်လင်း ထိုအခါ သူ့မူလခန္ဓာကိုယ်၏ စိတ်ထဲ၌ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ပေါ်လာခဲ့သည်။အမှန်တော့ တွင် မူလခန္ဓာကိုယ်၊ ကိုယ်ပွားဟူ၍ ခန္ဓာကိုယ်နှစ်ခု ခွဲပြော စရာမလိုပေ။ သူ့မူလခန္ဓာကိုယ်သည်လည်း သူပင်ဖြစ်၍ သူ့ ကိုယ်ပွားသည်လည်း သူပင် ဖြစ်နေသည် မဟုတ်လော။

ကိုယ်ပွားအသတ်ခံရလိုက်ပါက သူသည်လည်း အသတ် ခံလိုက်ရသည်ဟု ဆိုလို၏။

အကယ်၍ သူ့မူလခန္ဓာကိုယ်က ပုံးကွယ်နေရန် ရွေးချယ် ထားပြီး သူ့ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားသည့်အချိန် ထိ စောင့်ပြီးမှ ထွက်ပေါ်လာခဲ့ပါက ထို့နောက်တွင် သူသည် ဝမ်လင်းအဖြစ် မဟုတ်တော့ပေ။ ရှေးဟောင်းနတ်ဘုရား တစ်ပါးဟု ခေါ်နိုင်သွားပြီ ဖြစ်၏။

"ရှေးဟောင်းနတ်ဘုရားတစ်ပါးလို့ ငါ့ကို သိနိုင်ဖို့ အခွင့်အရေးက တော်တော်လေး နည်းပါးလှတယ်...။ ဒါပေမဲ့လည်း ငါ့ကိုယ်သာ အဲ့လိုသာ သိသွားရင်...ဘာ ဆက်ဖြစ်မလဲ..."

သူ့မျက်လုံးများက အေးစက်လာခဲ့ကာ သူက ပို၍လည်း မြန်ဆန်စွာ ရွှေ့လျားလာ၏။

ဝမ်လင်းက သူရှေးဟောင်းနတ်ဘုရားထူစီထံမှ အမွေ ဆက်ခံထားသည့် မန္တာန်အများအပြားကို မသုံးနိုင်သေးသော်လည်း သူ့တွင် ခုချိန်၌ အသုံးပြုနိုင်သော အသက် ကယ်မန္တာန်များ ရှိနေပေ၏။ သူကလည်း ကြယ်လေးလုံး ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လုနီးပါး မဟုတ်လား။

သူအခုချိန်၌ အသုံးပြုနိုင်သော မန္တာန်များထဲ၌ အား အကောင်းဆုံးမန္တာန်သည် မန္တာန်ဖြစ်လေ၏။ စိတ်ဝိညာဉ်ကူးပြောင်းခြင်း

ထိုမန္တာန်ဖြင့် ဂြိုဟ်တစ်ခုထဲသို့ ဝင်ရောက်ကာ စိတ် ဝိညာဉ်စွမ်းအင်များကို မစုပ်ယူဘဲ ကိုယ့်ကိုကိုယ် ထိုစိတ် ဝိညာဉ်စွမ်းအင်များဖြင့် ဝန်းရံကာ ငြိမ်ဝပ်သော အခြေအနေသို့ ဝင်ရောက်နိုင်ပေသည်။ထိုရှေးဟောင်းနတ် ဘုရားက အခြားရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် တွေ့ကြုံခဲ့ပါက မည်သူကမျှ သူ့ကို ထောက်လှမ်းနိုင် လိမ့်မည် မဟုတ်ပေ။ဤအရာကပင် ရှေးဟောင်းနတ် ဘုရားတစ်ပါး၏ မန္တာန်ဖြစ်လေ၏။ယင်းမန္တာန်က ကျင့်ကြံ သူများအသုံးပြုနိုင်သော မန္တာန်များထက် များစွာ အဆင့်ပို မြင့်ပေသည်။

"ငါစိတ်ပူဖို့ လိုတဲ့ တစ်ခုတည်းသောအရာက တာ့ဆန် ပဲ။ဒါပေမဲ့လည်း သူ့ကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်နဲ့ဆိုရင် သူက ပေါ်ထွက်လာတာနဲ့ သိပ်မကြာခင် မှာပဲ အားကောင်းတဲ့ကျင့်ကြံသူတွေက သူ့ကို သိသွားကြ လိမ့်မယ်။သူက မဟာမိတ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ဗြောင်းဆန်သွားစေမယ်ဆိုရင် ဒါက ငါနဲ့ ဘယ်လိုများ ပတ် သတ်မလဲ...။ ငါ...ဝမ်လင်းဟာ သူတော်စင်တစ်ယောက်မဟုတ်ဘူး..."

သူ့မျက်လုံးများက ပို၍ အေးစက်လာခဲ့သည်။

သွေးဂြိုဟ်ပေါ်၌ များစွာသောသွေးကျွန်များစွာ ရှိပေ သည်။ထိုလူများသည် သွေးဘိုးဘေး၏ ထိန်းချုပ်ခြင်းကို ခံထားရကာ သွေးဘိုးက သူတို့၏ စိတ်ဝိညာဉ်ပေါ်၌ အမှတ်အသား ပြုလုပ်ထားပေသည်။သွေးဘိုးဘေးအသက် ရှင်လျှင် သူတို့က အသက်ရှင်ပေမည်။သွေးဘိုးဘေး သေ သည်နှင့် သူတို့လည်း သေရပေမည်။

ထိုလူထဲကအများစုသည် သွေးဘိုးဘေး အနီးအနားရှိဂြိုဟ်မှ လူများကို အတင်းဖမ်းစီးထားခဲ့ခြင်း ဖြစ်သည်။ သူက သူတို့၏ လွတ်လပ်မှုကို ယူဆောင်ကာ သူ့အတွက် အလုပ်လုပ်ခိုင်းခဲ့သည်။သူက အရည်အချင်းရှိသော လူငယ် များကိုလည်း စုဆောင်း၍ သွေးဆေးလုံး တိုက်ကြွေးကာ သွေးဂြိုဟ်ကို ကာကွယ်ပေးသော သွေးသက်တော်စောင့် များ ဖြစ်လာစေခဲ့သည်။

သွေးဘိုးဘေးသည် အလွန်အေးစက်သည့် လူတစ် ယောက် ဖြစ်၏။ သူ့သမီးကလွဲ၍ မည်သူ့ကိုမျှ ကြင်နာမှု မ ပြပေ။

ဇီရှင်းက သွေးခန်းမ၏ အပြင်ဘက်ရှိ ပလ္လင်စင်မြင်တစ် ခုပေါ်တွင် ထိုင်နေ၏။သူမ မျက်နှာပေါ်၌ စိုးရိမ်ပူပန်ဟန် ဖြစ်ပေါ်နေသည်။သူမက သွေးခန်းမ ရှိရာသို့ မကြာခဏ လှည့်လှည့်ကြည့်နေသည်။သည်နေရာက တားမြစ်နေရာဖြစ်ကာ သူမပင် အခွင့်မရှိဘဲ မဝင်နိုင်ပေ။

သွေး သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ အလင်းတန်းတစ်ချို့သည် ပျံသန်းရောက်ရှိ လာကြသည်။ သည့်နောက် ဇီရှင်းရှေ့၌ အကြီးအကဲလေးယောက် ပေါ်လာ၏။ သူတို့လေးယောက်ထံမှ မူလစွမ်းအင်ကို ပေး စွမ်းနေသည့်အတွက် သူတို့သည် ဒုတိယအဆင့်သို့ ရောက် နေကြသော ကျင့်ကြံသူများ ဖြစ်ကြောင်း သိသာပေသည်။

ထိုအဘိုးအိုလေးယောက်ထဲမှ တစ်ယောက်က ပြောလာ သည်။ "အရှင်မ..နောက်ထပ်သွေးကျွန်အုပ်စုတစ်စု သေ သွားခဲ့ပြန်ပြီ..."

ဇီရှင်းက အောက်နှုတ်ခမ်းကို ကိုက်ကာ တိတ်တဆိတ် စဉ်းစားနေ၏။

လွန်ခဲ့သော လအနည်းငယ်က သွေးကျွန်အမြောက် အများနှင့် သွေးသက်တော်စောင့်များသည် မထင်မှတ်ဘဲ ပေါက်ကွဲ၍ သေဆုံးခဲ့ကြ၏။ သည်နေ့နှင့်ဆိုလျှင် သေဆုံး သွားသူ (၇၀)ရာခိုင်နှုန်း ကျော်ဖြစ်နေလေပြီ။

ထိုကိစ္စက ဇီရှင်းကို ဖိအား ဖြစ်စေနေ၏။ ရှင်းပြလို့ရနိုင် သည့် တစ်ခုတည်းသောအရာက ထိုသို့ ဖြစ်ပျက်ခြင်းသည် သွေးဘိုးဘေးနှင့် သက်ဆိုင်သည် ဟူ၍ပင်။

ထိုအဘိုးအိုထဲမှ တစ်ယောက်က ခေါင်းမော့ကာ ဇီရှင်း ကို ကြည့်၍ ဖြည်းဖြည်းချင်း မေးလာသည်။ "အရှင်မ.. အရှင်သခင်သွေးဘိုးဘေးက ဘယ်နေရာကိုများ သွားတာသူမက ဇီရှင်း၏မျက်လုံးက အေးစက်လာကာ အေးစက်စက် ပြောလိုက်သည်။ "ရိုင်းပျလိုက်တာ...ဒါက နင်မေးရမဲ့အရာလား..." ထိုမေးခွန်းက ဇီရှင်းကို ပို၍ စိတ်ပူပန်သွားစေသည်။သူတို့အားလုံးသည် အရင်တုန်းက ခုလိုမျိုး မပြောဝံ့ကြပေ။ သို့သော် သည်အခိုက်အတန့်၌ ဇီ ရှင်းကိုယ်တိုင်ပင် သွေးဘိုးဘေး သေလားရှင်လား သိချင် နေမိသည်။

အဘိုးအိုက နှာခေါင်းရှုံ့ကာ လှည့်၍ ထွက်ခွာသွားသည်။ သူ့စိတ်အခြေအနေက ဆိုးရွားနေ၏။ သို့သော် သူ့ထံ၌ စိတ်သက်သာရာရဟန် အရိပ်အမြွက်တစ်ချို့ ရှိနေသည်။သူ့ ခန္ဓာကိုယ်ထဲ၌ သွေးဘိုးဘေး၏ အမှတ်အသား ရှိနေ သေး၏။ သို့သော် ခုချိန်၌ ထိုအမှတ်အသားက အရေးကြီး လှခြင်း မရှိတော့ပေ။

လွန်ခဲ့တဲ့နှစ်ခြောက်ထောင်က ငါဟာ သွေးဘိုးဘေးရဲ့ အတင်းအကြပ် အမှတ်အသားခပ်နှိပ်တာ ခံခဲ့ရတယ်။ ငါက သွေးဂြိုဟ်ကနေ သွေးဘိုးဘေးရဲ့ အမိန့်မပါဘဲ ခြေလှမ်း တစ်ဝက်တောင် မသွားနိုင်ဘူး။ခုချိန်မှာ သွေးဘိုးဘေးက ကံဆိုးမှုတစ်ခုခုနဲ့ ကြုံတွေနေရတာ သိသာနေတယ်...။ဒီအ ဘိုးအိုက သေရမယ်ဆိုရင်တောင် ဒီသွေးဂြိုဟ်မှာထက် ငါ့ ဇာတိမြေမှာပဲ ပိုသေချင်မိတယ်…"

ထိုအဘိုးအို၏ မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် ပြည့်နေသည်။ သူက အာကာသဟင်းလင်းပြင်ရှိရာသို့ တန်းမတ် စွာ ဦးတည်သွားသည်။

ကျန်အကြီးအကဲသုံးယောက်သည်လည်း ကောင်းကင် ထက်သို့ မော့ကာ သူတို့၏ အပေါင်းအပါက ကောင်းကင် ထဲသို့ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ က စကားတစ်ခွန်းမှ မဆိုတော့ဘဲ ကောင်းကင်ထက်သို့ ပျံသန်းသွားတော့သည်။

ဇီရှင်၏မျက်လုံးက အေးစက်လာကာ သူက မတ်တပ်ထ ရပ်၍ လှမ်းအော်ပြောလိုက်သည်။ "နင်တို့က သိပ်သတ္တိရှိနေတယ်ပေါ့။ နင်တို့က သွေးဘိုးဘေး ပြန်လာမှာကို မ ကြောက်ကြတော့ဘူးလား..."

သူမ၏ စကားမဆုံးသေးခင်မှာပင် အဘိုးအိုထဲမှ တစ် ယောက်က ခေါင်းငုံ၍ ဇီရှင်ကို ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ ဆူလိုက်တာ...။နင်က သွေးဘိုးဘေးရဲ့ ကစားကွက်ထဲက တစ်ခုသပ်သပ်ပဲ။ နင့်ကိုနင် အရှင်မလို့ တကယ် ထင်နေတာလား။ ငါနဲ့အခြားလူတွေက နင့်ကို လေးစားမှု ပြသတာဟာ သွေးဘိုးဘေးကြောင့်ပဲ။ သူသာ မ ရှိရင် နင်က ဘာတန်ဖိုး ရှိလို့လဲ။ငါက သွေးဂြိုဟ်မှာ ရှိနေခဲ့ တာ နှစ်တစ်သောင်းလောက် ရှိနေပြီ...။ငါက နင့်လို မိန်းကလေးမျိုး ဆယ့်နှစ်ယောက်လောက် မြင်ဖူးတယ်..."
ထိုသို့ပြောဆိုပြီးသည့်နောက် ထိုလူသည် ကောင်းကင် ထက်သို့ ပျောက်ကွယ်သွားတော့သည်။

ဇီရှင်း၏ခန္ဓာကိုယ်က တုန်ယင်နေ၏။သူမက စတင်၍ စဉ်းစားနေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုလေးယောက်တို့သည် ကောင်းကင်ထက်သို့ ပျံသန်းသွားသည်။မသေဘဲ ကျန်နေ သေးသော သွေးကျွန်များသည်လည်း ကောင်းကင်ထက်သို့ မော့ကြည့်ကာ တော့၏။ ရုန်းကန်နေရပုံပေါ်နေသည်။ထို့နောက် သွေးကျွန်တော်တော်များများသည် ပျံသန်းထွက်သွားကြ

ဇီရှင်းက ထိုအရာများကို ကြည့်နေရင်း ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်သည်။သူမသည် သွေးခန်းမရှေ့၌ ပေါ်လာ ကာ သွေးဘိုးဘေး သည်ခန်းမကို ဖွင့်ရာ၌ အသုံးပြုခဲ့သော ချိပ်လက်ဟန်များကို ပြန်စဉ်းစားလိုက်၏။ ထို့နောက် သူမ က အနည်းငယ် ချီတုံ့ချတုံဖြစ်ကာ အံတင်းတင်းကြိတ် လိုက်သည်။

ထိုအခိုက်အတိုက်၌

ကောင်းကင်တစ်ခုလုံးသည် ရုတ်တရက် နက်မှောင်သွားကာ ပြင်းထန်သောအော်ရာ တစ်ခုက ချက်ခြင်းလိုလို သွေးဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်း သွားသည်။ ဇီရှင်းသည် မှင်သက်သွားရာကနေ ပေါ်သို့ မော့ကြည့်လိုက်၏။ သူမ မြင်လိုက်ရသည့်အရာကြောင့် ဇီ ရှင်း၏မျက်နှာသည် ဖြူရောသွားလေသည်။
"ဒါ..ဒါက ဘာလဲ..."

ဟင်းလင်းပြင်ထဲ၌ အနီရောင်ဝတ်စုံနှင်အကြီးအကဲလေး ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက် ကြ၏။ သူတို့က စကားဖြင့် ထုတ်ပြောစရာမလိုဘဲ အခြား တစ်ယောက်၏ ဆုံးဖြတ်ချက်ကို သိနှင့်ပေသည်။သူတို့က တစ်ယောက်နှင့်တစ်ယောက် လက်သီးဆုပ်ဟန်ပြု နှုတ်ဆက်ပြီးသည့်နောက် လမ်းခွဲကြဟန် ပြင်လိုက်သည်။ ထိုအခါ သူတို့က ရုတ်တရက် အကွာအဝေးတစ်ခုသို့ ကြည့် မိလိုက်ကြသည်။

သွေးဂြိုဟ်ထံသို့

ကျောက်တုံးမြစ်တစ်စင်းက ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး တဝီဝီ တိုးဝင်လာနေသည်။ ထိုကျောက်တုံးမြစ်ကြီး၏ ရှေ့၌ ပေတစ်ထောင်ခန့်ရှိသော ဧရာမလူကြီးတစ်ယောက် မတ်တပ်ရပ်လျက် ရှိနေသည်။ သူ့မျက်လုံးများက အေးစက်နေကာ သတ်ဖြတ်ခြင်းစိတ် ဆန္ဒတို့နှင့် ပြည့်လျှမ်းနေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုလေးယောက်၏ မျက်လုံး များသည် ကျဉ်းမြောင်းသွားသည်။ သူတို့က တစ်ယောက် နှင့်တစ်ယောက် ကြည့်မိလိုက်ကြ၏။ သူတို့က သူတို့ရှိရာ သို့ လှမ်းလာနေသော လူ့ဘီလူးကြီးကို လစ်လျူရှုကာ ချက် ခြင်းပင် မတူညီသော ဦးတည်ရာများသို့ ပျံသန်းသွားကြ၏။

"သွေးဘိုးဘေး...သင်တောင်မှ ခုလိုနေ့ရက်မျိုး ကြုံလာ နိုင်ရတာပဲ.... အဘိုးအိုလေးယောက်ထံမှ တူညီသောစကားလေးခွန်း တစ်ပြိုင်နက်တည်းလိုလို ထွက်လာခဲ့ သည်။

အဘိုးအိုလေးယောက်၏ နောက်တွင် သွေးကျွန်မြောက် များစွာ ရှိနေ၏။ သူတို့ကလည်း ဟင်းလင်းပြင်ထဲသို့ ဝင် လာသည့်အခါ၌ ထိုလူ့ဘီလူးကြီးကြောင့် မင်သက်သွားခဲ့ ပေသည်။သို့သော် သူတို့က ချက်ခြင်းပင် အလျင်အမြန် ထွက်ခွာကြကုန်သည်။ မည်သူကမျှ သွေးဂြိုဟ်ကို ကာ ကွယ်ရန် နေနေခြင်း မရှိပေ။

အချို့က အဝေးကြီးသို့ပင် ထွက်မသွားကြဘဲ သွေးဂြိုဟ် အနီးအနားတွင်သာ နေနေခဲ့သည်။ သူတို့က ကိုယ်တိုင်ကိုယ်ကျ သွေးဂြိုဟ် ပျက်စီးမှုကို ကြည့်လိုနေကြ ခြင်း ဖြစ်တော့၏။

ဝမ်လင်း၏ ဉာဏ်ပညာဖြင့် သူက ချက်ခြင်းပင် ထိုသွေး ကျွန်များ၏ အဖြစ်သအင်ကို သဘောပေါက်လိုက်၏။ သူက သူတို့ကို ရပ်တန့်ခြင်း မပြုဘဲ သွေးဂြိုဟ်ရှိရာသို့ ကျောက် တုံးအမြောက်အများနှင့်အတူ တိုးဝင်သွားသည်။

သူက သွေးဂြိုဟ်နှင့်အလွန် နီးကပ်လာသည့်အခါ ထို ကျောက်တုံးမြစ်ကို ပင့်မြှောက်လိုက်၏။ သူ့လက်နှစ်ဖက် ဖြင့် ပေတစ်ရာခန့်ကျောက်တုံးတစ်တုံးစီကို ဆွဲကိုင်ကာ သွေးဂြိုဟ်ရှိရာသို့ ပစ်ထည့်လိုက်သည်။

ထိုကျောက်တုံးနှစ်တုံးက သွေးဂြိုဟ်ရှိရာသို့ ကျရောက် သွားသည့်အခါ ကျယ်လောင်သော တုန်ဟီးသံတစ်ခု ဖြစ်ပေါ်လာသည်။ ထိုကျောက်တုံးများက ဂြိုဟ်နှင့်နီးကပ်လာ သည့်အခါတွင် သွေးအလင်းကာတစ်ခုက ပေါ်လာပြီး ထို ကျောက်တုံးနှစ်ခုကို တစစီ ဖြစ်သွားစေသည်။

ဝမ်လင်း၏မျက်လုံးက ပို၍ အေးစက်လာ၏။ သူက သူ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး ကျောက်တုံးတစ်တုံးပြီးတစ်တုံး ကို သွေးဂြိုဟ်ရှိရာသို့ ပစ်လွှတ်လိုက်၏။

အဆုံးသပ်၌ ဝမ်လင်းက သူ့လက်နှစ်ကို ဖြန့်ကားကာ သူ့ စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ကျောက်တုံးမြစ် တစ်ခုလုံးအား ဆွဲယူပြီး သွေးဂြိုဟ်ရှိရာသို့ ပစ်ချလိုက်လေ သည်။

မရေမတွက်နိုင်သော ကျောက်တုံးများသည် ကျမှန် သွား၏။ သွေးအလင်းကာက သန်မာလှသော်လည်း သွေး ဘိုးဘေး၏ ထိန်းချုပ်မှုမရှိသည့်အတွက်ကြောင့် ၎င်း အကာအရံသည် အကန့်အသတ် ရှိပေသည်။ ဝမ်လင်း၏ ငယ်ရွယ်သောရှေးဟောင်းနတ်ဘုရားကို ရင်ဆိုင်ရချိန်၌ သွေးအလင်းအကာအရံသည် အမွေးတိုင်တစ်ဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ပျက်စီးသွားလေတော့သည်။

မြောက်များစွာသော ကျောက်တုံးများသည် သွေးဂြိုဟ် ပေါ်သို့ ကျရောက်လာခဲ့တော့၏။ ကျောက်တုံးတစ်တုံး ကျ ဆင်းသွားသည့်အခါတိုင်း ဂြိုဟ်တစ်ခုလုံးသည် တုန်ယင် သွားကာ မျက်စိဖြင့်ပင် မြင်နိုင်သည့် တုန်ခါလှိုင်းများ ပေါ်လာခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လေသည်။
ဇီရှင်း၏ မျက်နှာက ဖြူရောသွား၏။ မြေကြီးထု၏ တုန် ခါမှုနှင့် အဖျက်အစီးစွမ်းအားက သူမစိတ်ကို တုန်ယင် စေသည်။ သူမက ကောင်းကင်ထက်မှ ကျောက်တုံးမြောက် များစွာ ကျဆင်းလာသည်ကို တွေ့မြင်လိုက်၏။ ကျောက်တုံး တစ်တုံးစီသည် မြေပြင်ကို ပြင်းပြင်းထန်ထန် တုန်ခါစေ လေသည်။

သူမက မည်သည့်စွမ်းအားမှန်း စိတ်ကူးမကြည့်နိုင် ဖြစ် နေ၏။ မည့်သည့်မန္တာန်က ခုလိုမျိုး ဖြစ်စေနိုင်သနည်း။

"တော်တော် ကြောက်ဖို့ကောင်းတာပဲ..." ဇီရှင်းက အံ တင်းတင်းကြိတ်ထားလိုက်သည်။ သူမခန္ဓာကိုယ်ထဲကနေ ကြောက်ရွှံ့မှုတို့ ဒီရေအလား မြင့်တက်နေသည်။ သူမက သူမရှေ့ရှိ သွေးခန်းမကို ကြည့်ကာ သွေးဘိုးဘေးကို အတုခိုး၍ ချိပ်ဟန်များ ပြုလုပ်လိုက်၏။

သူမက သွေးဂြိုဟ်သို့ ရောက်ရှိနေသည့် နှစ်ပေါင်းများစွာ အတွင်း သွေးဘိုး ခန်းမကို ဖွင့်သည့်အချိန်တိုင်း အသုံးပြု သည့် လက်ဟန်ကို တိတ်တဆိတ် အာရုံစိုက်ထားခဲ့ပေ သည်။ ထို့ကြောင့် အနှီလက်ဟန်များက သူမစိတ်ထဲ၌ စွဲ ထင်နေ၏။ သူမသည် ထိုလက်ဟန်များကို မကြာခဏ လည်း ကြိတ်၍ လေ့ကျင့်တက်သည်။သို့သော် သူမက သွေး ခန်းမကိုတော့ ဝင်ရောက်ဝံ့ခြင်း မရှိခဲ့ပေ။

ခုချိန်တွင်တော့ သွေးဘိုးဘေးက သေလား၊ရှင်လား မသိရသည့်အတွက် သွေးဂြိုဟ်သည် ရှုပ်ထွေးနေခဲ့သည်။
သည့်အပြင် ပြင်ပမှ အားတစ်ခုကလည်း ကျူးကျော်လာခဲ့ပြီ ဖြစ် သည့်အတွက် သူမက ထပ်မံ၍ စိတ်ပူမနေတော့ပေ။ သူမ လက်များက မြန်သထက်မြန်အောင် လှုပ်ရှားနေရင်း နောက်ဆုံးတွင် သွေးခန်းမှထံကနေ အနီရောင်အလင်းတစ် ခု တောက်ပလာခဲ့သည်။ဇီရှင်း၏ မျက်လုံးထဲ၌လည်း စိတ် လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။

ဤအခိုက်အတန့်၌ ကောင်းကင်သည် ရုတ်တရက် နက် မှောင်လာခဲ့ကာ ဧရာမအရိပ်ကြီးတစ်ခုက သူမပေါ်သို့ အုပ် မိုးလာ၏။ ဇီရှင်းက မှင်သက်သွားခဲ့ကာ အပေါ်သို့ အလိုလို မော့ကြည့်မိလိုက်သည်။ထိုအခါ သူမသည် လုံးဝ မှင်ငေးမိသွားတော့၏။

လေထုကို ဖြတ်၍ ပေတစ်ထောင်လောက်ရှိသည့် လူ့ဘီး လူးကြီးသည် သူမရှိရာသို့ တိုးဝင်လာနေ၏။သူ၏ အေးစက်စက်အကြည့်ကလည်း ဇီရှင်းပေါ်သို့ ကျရောက် နေသည်။

ဇီရှင်း၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူမက ထိုလူ့ ဘီးလူးကြီး၏ နောက်ရှိ မြောက်များစွာသော ကျောက်တုံး များသည် မြေပြင်ကို ချေမွရိုက်ခတ်နေသည်ကိုလည်း တွေ့ မြင်လိုက်ရ၏။သူမစိတ်နှလုံးထဲမှ မြင့်တက်လာတော့သည်။ ကြောက်ရွှံ့မှုတစ်ခုက

သူမက ချက်ခြင်းပင် ခေါင်းပြန်ငုံ့ကာ သွေးခန်းမကို ကြည့်လိုက်ပြီးနောက် အထဲသို့ ဝင်ရောက်လိုက်လေသည်။
သို့ရာတွင် သူမက အထဲသို့ ခြေချလိုက်သည်နှင့် စူးစူးရှရှ အထိတ်တလန့်အော်ဟစ်လိုက်ရသည်။

သွေးခန်းမသို့ ဝင်ရောက်သည့် အဝင်လမ်းကြောင်းကနေ အနီရောင်အလင်းတစ်ခုသည် သူမခန္ဓာကိုယ်ပေါ်သို့ ကျ ရောက်လာကာ သူမ၏ခန္ဓာကိုယ်အား ယိုယွင်းတိုက်စား လာစေသည်။သူမခန္ဓာကိုယ်ကနေ အစိမ်းရောင်အခိုးငွေ့တို့ ထွက်ပေါ်လာပြီးနောက် သူမ၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားရသည်။

ဝမ်လင်းက အမျိုးသမီး၏ ခန္ဓာကိုယ်သည် အစိမ်းရောင် အခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွား၍ သွေးရောင် လမ်းကြောင်းထဲသို့ စုပ်ယူခြင်းခံလိုက်ရသည်ကို တွေ့မြင် လိုက်သည်။

ဝမ်လင်းက သွေးခန်းမကို အေးစက်စွာ ကြည့်နေ၏။ သူက လက်ဆန့်ထုတ်ကာ ထိုသွေးခန်းမကို ၎င်း၏ ပတ်လည်ရှိ ပေတစ်ရာလောက် မြေကြီးထုနှင့်အတူ ဆွဲယူ လိုက်၏။

ဤအခိုက်အတန့်၌ ကောင်းကင်ထက်ရှိ ကျောက်တုံး များသည်လည်း ဆက်လက် ကျဆင်းနေကာ သွေးဂြိုဟ် တစ်ခုလုံးသည် အပျက်အစီးပုံ ဖြစ်လာ၏။ ဝမ်လင်းသည် သူ့လက်တစ်ဖက်ဖြင့် သွေးခန်းမကို ကိုင်ဆောင်ထားရင်း အခြားလက်တစ်ဖက်ဖြင့် လက်သီးဆုပ်ကာ မြေကြီးထု အား ထုချလိုက်လေသည်။
ကျယ်လောင်သော တုန်ဟီးသံများနှင့်အတူ သွေးဂြိုဟ် သည် ပို၍ မတည်မငြိမ် ဖြစ်လာခဲ့သည်။မြေကြီးများက အလွှာလိုက် ဖြစ်ကုန်ကာ ဖုန်မှုန့်စများက နေရာတိုင်းတွင် ပျံ့နှံ့ကုန်၏။ ခဏတာ ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း သည် သွေးဂြိုဟ်ကနေ ပျံသန်းထွက်လာခဲ့ပြီးနောက် အကွာ အဝေးတစ်ခုတွင် ပျောက်ကွယ်သွားလေသည်။

မည်သည့် သွေးကျွန်နှင့်သွေးသက်တော်စောင့်များကမှ သူ့ကို တားဆီးကြခြင်း မပြုပေ။ အမှန်တော့ သူတို့ထဲက အများစုသည် ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ လက်သီးဆုပ်ဟန်ပြု၍ အသိအမှတ် ပြုလိုက်ကြသေး၏။

ဝမ်လင်း ထွက်ခွာသွားပြီး သိပ်မကြာခင်တွင် သူတို့၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်လို့နေတော့သည်။ ထို့နောက် သူတို့အားလုံးက ဆိုင်ရာဆိုင်ရာ မွေးရပ်မြေသို့ ပြန်ရန် လူစုခွဲသွားကြတော့၏။

ကောင်းကင်ဘုံကနေ သန့်စင်မွန်းမံပေးသည့်ရတနာ (နောက်တစ်ပိုင်း)

သွေးဂြိုဟ်ဖျက်စီးခံခြင်းအကြောင်းသည် မဟာမိတ် ကြယ်အဖွဲ့အစည်းကြီး၌ ဟိုးလေးတကျော် ဖြစ်မသွားပေ။ သွေးဂြိုဟ်က လွန်စွာ လူသူကင်းမဲ့သောနေရာတွင် တည်ရှိသည့်အတွက်ကြောင့် သည်ကိစ္စကို မည်သူကမျှ အချိန်ကြာ သည့်အထိ သတိပြုမိခဲ့ကြခြင်း မရှိပေ။

ဝမ်လင်း၏ မူလခန္ဓာကိုယ်က သွေးခန်းမနှင့်အတူ ထွက် လာခဲ့၏။သူက အာကာသဟင်းလင်းပြင်ထဲ၌ ပျံသန်းနေ ရင်း သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းဖြင့် ပုံမှန်ကျင့်ကြံသူ တစ်ယောက်အဖြစ်သို့ ပြန်ကျုံ့သွားသည်။သွေးခန်းမ အတွက်ကတော့ သူက ၎င်းကို ချိပ်ပိတ်ကာ ဝါးမြို ထားခဲ့၏။၎င်းခန်းမက သူ့ကိုယ်တွင်း၌ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် လွှမ်းခြုံထားခြင်း ခံလိုက်ရ၏။

ထိုသွေးခန်းမက အလွန်ထူးဆန်းလှ၏။ ထို့ကြောင့် ဝမ် လင်းသည် ၎င်းကို သေချာလေ့လာကြည့်ရန် ဆုံးဖြတ်လိုက် သည်။

အဆင့်ခြောက်နိုင်ငံဂြိုဟ်တစ်ခုကိုရှာတွေ့ပြီသည့်နောက် ဝမ်လင်းသည် ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့၏။ သူက ဂြိုဟ်၏အတွင်းနက်ပိုင်းရှိ တစ်နေရာတွင် သူ့ကိုယ် သူ ပုန်းကွယ်၍ နေထိုင်လိုက်သည်။

သူ့စိတ်ဝိညာဉ်နှင့်အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်း၏ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ရှိနေသော သူ့ကိုယ်ပွားကြားရှိ ဆက်နွှယ်မှုကလည်း ပို၍ တည်ငြိမ်လာ ခဲ့လေ၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၌ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ ဟင်းလင်းပြင်ထဲ၌ ဖြည်းဖြည်း ချင်း လွင့်မြောနေသော အစိတ်အပိုင်းမြေတစ်ခု ရှိနေ၏။ သည်အခိုက်အတန့်၌ တိမ်စိုင်ထုများသည် ထိုအစိတ်အပိုင်း ရှိရာသို့ မြန်ဆန်စွာ စုဝေးလာခဲ့သည်။ ထိုတိမ်စိုင်ထုများ အတွင်း၌ ပုန်းကွယ်နေသော တုန်ဟီးသံတို့လည်း ပါဝင် နေ၏။

သိပ်မကြာခင်တွင် မိုးကြိုးတန်းတစ်ခုသည် အနှီ တိမ်တိုက်များထံကနေ ကျဆင်းလာပြီး အစိတ်အပိုင်း မြေပေါ်သို့ ကျရောက်လာခဲ့သည်။မိုးကြိုးက အစိတ်အပိုင်း မြေကို ဖြတ်သန်း၍ မေ့မြောနေသော ဝမ်လင်းကို ရှာတွေ့ သွားကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချေသည်။

ဝမ်လင်း၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။

သိပ်မကြာခင်မှာပင် မရေမတွက်နိုင်သောမိုးကြိုးတန်း များ စုစည်းလာကာ မြေပြင်ထက်သို့ သက်ဆင်းလာ၏။ ထို့

...အတွက်ကြောင့် သည်အစိတ်အပိုင်းမြေသည် တုန်ယင်သွား ကာ ကျောက်စကျောက်နမြောက်များစွာသည် တောင်အငူ စွန်းများကနေ ပြုတ်ကျလွင့်စင်ကုန်၏။

သွေးဘိုးဘေးသည် အကွာအဝေးတစ်ခုရှိ အစိတ်အပိုင်း မြေကို စူးစိုက်ကြည့်လို့နေ၏။သူက သူ့ခန္ဓာကိုယ်တစ်ဝက် သည် ထိုအစိတ်အပိုင်းမြေပေါ်၌ ရှိနေသည်ကို ရှင်းလင်းစွာ ခံစားမိနေ၏။ ထို့အတူ သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ်ဝိညာဉ် စွမ်းအင်များသည်လည်း စုပ်ယူခံနေရပေသည်။

ထိုခံစားချက်က သူ့ကို ရူးသွပ်သွားမလို ဖြစ်စေ၏။ ပထမဆုံးအကြိမ်အဖြစ် သူ သတ်ချင်နေသော လူတစ် ယောက်ကို သူက ထိုလူကြီးထွားလာအောင်ပင် လိုလား ခြင်းမရှိဘဲ ကူညီပေးမိနေသလို ဖြစ်နေတော့သည်။

သို့ရာတွင် သူက ရှေ့သို့ ဆက်တိုးလာရမှာကိုလည်း စိုးရွှံ့ နေ၏။ သူက ထိုအစိတ်အပိုင်းပေါ်ရှိ တိမ်စိုင်ထုများကို သေချာကြည့်နေသည်။သူက ထိုတိမ်တိုက်ထုအတွင်းရှိစွမ်းအားသည် ဖြည်းဖြည်းချင်း အားကောင်းသန်မာလာ သည်ကို ရှင်းလင်းစွာ ခံစားနေမိသည်။

3 "ဒါက နတ်ဘုရားပြစ်ဒဏ်ပဲ...။ ဒီကောင်ရဲ့ ကျင့်ကြံခြင်း နတ်ဘုရားပြစ်ဒဏ်ကို စွဲဆောင်နိုင်ခဲ့လိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။အတိတ်တုန်းက နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေမှာ ကောင်းကင်ဘုံခွန်အားကလည်း သူ့ ကြောင့် ဖြစ်ပွားလာခဲ့တာ ဖြစ်ရမယ်လို့ ယူဆနိုင်တယ်..."
သွေးဘိုးဘေး၏ မျက်လုံးများက အေးစက်လာခဲ့၏။

"ဒီနတ်ဘုရားပြစ်ဒဏ်က ပိုသန်မာလေလေ ပိုကောင်း လေပဲ။ ငါက ဒီနေရာမှာပဲ စောင့်နေပြီး သူ့ကို နတ်ဘုရား ပြစ်ဒဏ်က သတ်ပစ်လိုက်တာကို ထိုင်ကြည့်နေတာ ပို ကောင်းလိမ့်မယ်။ ဒါဆိုရင် ကျေနပ်စရာပဲ..." သွေးဘိုး ဘေးက နှာခေါင်းရှုံ့ကာ ဝမ်လင်းရှိနေသော အစိတ်အပိုင်း မြေပေါ်သို့ မုန်တီးသည့်အကြည့်ဖြင့် ကြည့်နေတော့သည်။

ထိုအစိတ်အပိုင်းမြေက တိမ်တိုက်ထုများ စုစည်းလာရာ ကနေ ဖြစ်ပေါ်လာသည့် အတားအဆီးကြောင့် မြောလွင့် နေရာကနေ ရပ်တန့်သွား၏။ တိမ်တိုက်များစွာကလည်း ထိုနေရာပေါ်တွင် စုဝေးလာခဲ့ကာ နောက်ထပ်မိုးကြိုးတန်း တစ်ခုသည် ၎င်းမြေပေါ်သို့ ကျဆင်းလာလေ၏။

ထိုအခါ အစိတ်အပိုင်းမြေသည် နောက်တစ်ဖန် တုန်ယင် သွားပြန်သည်။

သည်ဖြစ်စဉ်က တစ်လခန့်ပင် ကြာလာခဲ့ပြီး ပိုပိုများပြား သော မိုးကြိုးများကလည်း ဆင်းသက်လာနေသည်။သွေး ဘိုးဘေး ကြည့်လိုက်သည့်အခါ သူက တိမ်တိုက်ထုများ၏ အနားစွန်းကိုပင် မြင်ရခြင်း မရှိတော့ပေ။

သူက နောက်သို့ ပြန်ဆုတ်လိုက်၏။ သူက နတ်ဘုရား ပြစ်ဒဏ်၏ ခွန်အးကို နှောင်ယှက်မိလိုခြင်း မရှိသောကြောင့်ပင်။ သူက စိတ်ထဲတွင် ကျေနပ်မှုနှင့် ခပ် တိုးတိုး ရေရွတ်လိုက်သည်။ "တိမ်တိုက်ထုတွေ ပိုများလေလေ ပိုကောင်းလေပဲ။ ပိုများပြားတဲ့ တိမ်တိုက်ထုတွေ ပို စုစည်းလာပြီး ဒီကောင် ဝမ်လင်းကို သတ်ပစ်လိုက်။ဒီလိုမှ သာ ဒီအဘိုးအိုရဲ့ အမုန်းတရားက လွင့်ပြယ်လိမ့်မယ်..."

တိမ်တိုက်ထုများ ပို၍ စုဝေးလာနေ၏။ ရက် အတော်အတန်ကြာမြင့်ပြီးသည့်နောက် အစိတ်အပိုင်းမြေ တစ်ခုလုံး၏ အပေါ်တွင် တိမ်တိုက်ထုများနှင့်သာ ပြည့်နှက် ကုန်တော့သည်။

ဤအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်အတွက် ကြိုတင် ပြင်ဆင်မှုက အပြီးသပ်သွားသည့်အလား နတ်ဘုရား ပြစ်ဒဏ်မိုးကြိုးတန်းက ရောက်ရှိလာတော့၏။

မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် တိမ်တိုက် ထုများထံကနေ ထွက်ပေါ်နေပြီး အစိတ်အပိုင်းမြေပေါ်သို့ ဝန်းရံထားသော တိမ်တိုက်ထုများထံကနေ ဆင်းသက်လာ ကျဆင်းနေ၏။ သည်မိုးကြိုးသည် အစိတ်အပိုင်းမြေကို နေခြင်း ဖြစ်တော့သည်။

ကျယ်လောင်သော မိုးကြိုးတုန်ဟီးသံများက ဟင်းလင်းပြင်အနှံ့တွင် ပဲ့တင်ထပ်နေလေ၏။ ထိုမိုးကြိုး များအောက်၌ အစိတ်အပိုင်းမြေသည် ဆက်လက်ပျက်စီး လာနေသည်။ မိုးကြိုးများက အစိတ်အပိုင်းမြေ တစ်လျှောက် ရွှေ့လျား၍ မေ့မြောနေသော ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာနေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က မိုးကြိုးတန်းတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ တစ်ကြိမ်ဝင်ရောက်တိုင်း တစ်ခါ တုန်ယင် နေခဲ့သည်။မရေမတွက်နိုင်သော မိုးကြိုများသည် သူ့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေလေ၏။ ရှုလီကောပင် အလွန် ထိတ်လန့်နေမိပြီ ဖြစ်သည်။သူက ကောင်းကင်ဘုံဓား ထဲ၌သာ ပုန်းနေရန် တက်နိုင်တော့၏။

ဤအခိုက်အတန့်၌

ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ထူးဆန်းသောအဘိုးအို၏ စွမ်းအားနှင့် သွေးဘိုးဘေးတို့၏ မူလစွမ်းအင်စွမ်းအားတို့က တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေ ကြတော့သည်။ပုံမှန်အားဖြင့် သည်ဖြစ်စဉ်က အချိန် အတန်ကြာ ကြာမြင့်မည် ဖြစ်၏။သို့သော်လည်း မိုးကြိုး တန်းများက သူ့ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက် နေခြင်းက အနှီဖြစ်စဉ်ကို ပို၍ မြန်ဆန်စေတော့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်သည် တဟုန်ထိုး တိုးတက်လာနေ၏။ နတ်ဘုရားပြစ်ဒဏ်၏ မိုးကြိုးက သူ့ ခန္ဓာကိုယ်ကို မထိခိုက်စေရုံသာမက အံ့မခန်း အကျိုးကျေးဇူးများကိုပါ ပေးစွမ်းသလို ဖြစ်နေတော့သည်။

သို့ရာတွင် ဝမ်လင်းက မေ့မြောနေကာ အသိစိတ်ကင်းမဲ့ နေသေးသည်။သူကသာ နိုးထသည့်အခြေအနေတွင် ရှိနေ လျှင် အကျိုးကျေးဇူးက ပို၍ ကြီးမားပေလိမ့်မည်။

သည် မြောက်များစွာသော မိုးကြိုးများသည် အစိတ်အပိုင်းမြေပေါ်သို့ အတောမသပ်နိုင်အောင် ကျဆင်း နေသည်။ အနှီအစိတ်အပိုင်းမြေက ကောင်းကင်ဘုံကနေပြုလုပ်ထားသော မီးပြင်းဖိုတစ်ခုအတွင်း၌ ရှိနေသည့် အလား ကောင်းကင်ဘုံမိုးကြိုး၏ သန့်စင်မွန်းမံခြင်း ခံနေရ တော့သည်။

သည်လိုသန့်စင်မွန်းမံမှုမျိုးသည် ကျင့်ကြံခြင်းလောက၌ အလွန့်အလွန် ရှားပါးလှ၏။ထိုသို့ဖြစ်ရသည့် အကြောင်းရင်းသည့် သတ္တုပစ္စည်းများစွာသည် ကောင်းကင်ဘုံမိုးကြိုးထံမှ ထွက်ပေါ်လာသည့် အခုလို စွမ်းအားအောက်တွင် မရှင်သန်နိုင်သောကြောင့် ဖြစ် လေ၏။

ထိုသို့သန့်စင်မွန်းမံမှုမျိုး ဖြစ်လာခဲ့ပါကလည်း မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေများပေါ်တွင် သာ ဖြစ်နိုင်သည်။ သည်မြေက မူလတုန်းက မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမဟုတ်လား။ ၎င်း မြေသည် ကောင်းကင်ဘုံသားမိုးကြိုးဖြင့် နှစ်ပေါင်းမရေမ တွက်နိုင်အောင် ဝန်းရံခံထားခဲ့ရခြင်းလည်း ဖြစ်သည်။ ၎င်း က ခုချိန်၌ ပျက်စီးပြိုကျနေပြီ ဖြစ်သော်လည်း ရှေးမိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းတစ်ခုတော့ ဖြစ် လို့နေနေဆဲသာ။

အစိတ်အပိုင်းမြေ၏ အစွန်းအဖျားများသည် ကောင်းကင်ဘုံမိုးကြိုး၏ အဆက်မပြတ် ရုတ်ခတ်မှုများ ကြောင့် ကျိုးပဲ့ကုန်ကြပြီ ဖြစ်သော်လည်း အလယ်နေရာ ကတော့ ပို၍ပင် ခိုင်မြဲလာခဲ့သည်။ထိုသို့ဖြစ်ရသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံမိုးကြိုးက သန့်စင်ပေးနေသည့် သဘော သက်ရောက်နေသောကြောင့် ဖြစ် တော့၏။ တဖြည်းဖြည်းဖြင့် ဝမ်လင်းရှိနေသော အစိတ်အပိုင်းမြေသည် အံ့ဖွယ်ရတနာတစ်ခုနှင့် တူလာခဲ့ သည်။

သွေးဘိုးဘေးက တဖြည်းဖြည်းဖြင့် ထိုအဖြစ်သအင်ကို သဘောပေါက်လာခဲ့သည်။ သူက လေအေးတစ်ချက် ရှိုက် သွင်းမိလိုက်၏။ သူ့မျက်လုံးထဲ၌လည်း လောဘနှင့် ပြည် နှက်လာသည်။သူ့ကျင့်ကြံမှုအဆင့်ရှိ တစ်စုံတစ်ယောက်ကို ဆွဲဆောင်နိုင်သော ရတနာက များများစားစား မရှိလှပေ။ သို့ရာတွင် သူက သည်အစိတ်အပိုင်းမြေသည် အံ့ဖွယ် ရတနာတစ်ခုအဖြစ်သို့ ပြောင်းလဲနေသည်ကို သဘောပေါက်သွားသည့်အခါ သူ့နှလုံးသားကလည်း ရုတ်တရက် မြန်ဆန်စွာ ခုန်ပေါက်လာခဲ့သည်။

"အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုက ကံကြမ္မာကြောင့်ပဲ။ ဒီအ ဘိုးအိုက ဒီတစ်ခေါက်မှာ အများကြီး ဆုံးရှုံးခဲ့ရပြီ။ ဒီ အစိတ်အပိုင်းမြေကသာ ကောင်းကင်ဘုံက သန့်စင်မွန်းမံ ခံရတာနဲ့ ဒါရဲ့စွမ်းအားက တော်တော်လေး ခြားနားသွားပြီ။ ဒါက ကောင်းကင်ဘုံနယ်မြေရဲ့ အစစ်အမှန်စွမ်းအားကို တောင် ပြသလာနိုင်လိမ့်မယ်။ ဒီရတနာက ငါ့အတွက် ပြင်ဆင်ပေးနေတာပဲ..."

မိုးကြိုးများက ဆက်လက် ကျဆင်းလျက် ရှိနေသည်။ သို့သော် ထိုအခိုက်အတန့်၌ မိုးကြိုးအားလုံးသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ထို့အတူ တိမ်တိုက်များအတွင်း၌လည်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွား၏။ သည့်နောက် တိမ်တိုက်များအတွင်း၌ အနက်ရောင်မိုးကြိုး တန်းတစ်ခုသည် စတင်ကြီးထွားလာသည်။ ထိုအနက် ရောင်မိုးကြိုးတန်းကမှ အစစ်အမှန်နတ်ဘုရားပြစ်ဒဏ် ဖြစ်ချေတော့၏။

၎င်းက မြန်ဆန်စွာ သိပ်သည်းလာပြီးနောက် အစိတ်အပိုင်းပေါ်သို့ တိုးဝင်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိတ်အပိုင်း၏ အတွင်းနက်ပိုင်း တွင် ရှိနေသော ဝမ်လင်ကလည်း မျက်လုံးဖွင့်လာခဲ့လေ၏။

ပုံရိပ်ယောင်ယင် 
အနက်ရောင်မိုးကြိုးက ကောင်းကင်ဘုံခွန်အားကို
ကျ သယ်ဆောင်လာခဲ့ကာ အစိတ်အပိုင်းမြေပေါ်သို့ ရောက်လာသည်။ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ် ခုက အစိတ်အပိုင်းမြေအနှံ့ ပျံ့နှံ့ကုန်ကြ၏။ ကြီးမားသည့် အက်ကွဲကြောင်းတစ်ခုကလည်း ပေါ်လာခဲ့သည်။

ထိုအက်ကွဲကြောင်းနက်ထဲ၌ ဝမ်လင်းရှိနေ၏။ သူက မျက်လုံးစဖွင့်လာခါစပင်။

ထိုမိုးကြိုးက တိုက်ရိုက် ဆင်းသက်လာကာ ဝမ်လင်းပေါ် သို့ ထိမှန်သွား၏။

ဘန်း...။

ဝမ်လင်း၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်ယင် နေသည်။မိုးကြိုးက သူ့ခန္ဓာကိုယ်ထဲသို့ တရကြမ်း တိုးဝင် လာလေ၏။သို့ရာတွင် ၎င်းမိုးကြိုးသည် ထူးဆန်းသောအ ဘိုးအိုထံမှစွမ်းအားနှင့် သွေးဘိုးဘေး၏ သွေးတစ်ဝက် တို့၏ သက်ရောက်ခြင်း ခံလိုက်ရချေသည်။

ထိုစွမ်းအားသုံးခုက ဝမ်လင်းခန္ဓာကိုယ်ကို အခြေပြုကာ တိုက်ပွဲတစ်ခုလို ဖြစ်နေသည်။ ထိုတိုက်ပွဲက အဆုံးသပ်၌မြောက်များလှစွာသောမူလစွမ်းအင်အဖြစ်သို့ ပြောင်းလဲ ကာ သူ့အား ဝန်းရံသွားသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း မူလစွမ်းအင်ကို မြန်ဆန်စွာ ဝါးမြို၍ အလျင်အမြန် ကြီး ထွားလာခဲ့သည်။

ဝမ်လင်းမျက်လုံးထဲ၌ ထွက်ပေါ်နေသည်။သူက ထူးဆန်းသောအလင်းတစ်ခု သတိပြန်ရလာခဲ့လေပြီ။ အထူးသဖြင့် အနက်ရောင်မိုးကြိုးထိမှန်သွားသည့်အခိုက် တွင် သူက လုံးဝ သတိပြန်ရလာခဲ့ပြီ ဖြစ်၏။

"နတ်ဘုရားပြစ်ဒဏ်..." ဝမ်လင်းက လေအေးတစ် ချက် ရှိုက်သွင်းမိသည်။သူက အရင်တုန်းက နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေပေါ်ရှိ နတ်ဘုရားပြစ်ဒဏ်အကြောင်းကို ပြန်မှတ်မိနေဆဲပင်။ ခုချိန်၌ သူက ၎င်းကို ထပ်မံ၍ ရင်ဆိုင် ရပြန်ကာ သူ့မျက်လုံးများက တောက်ပလျက် ရှိတော့သည်။

သူက နိုးထလာသည်နှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကဗြောင်းက ဗျန်ဖြစ်နေမှုကို ချက်ခြင်း သတိပြုမိလိုက်သည်။ နတ် ဘုရားပြစ်ဒဏ် မရှိလျှင် သူ့ခန္ဓာကိုယ်က အရင်ဆုံး ပေါက်ကွဲသွားနိုင်၏။

"ဒီတစ်ခါတော့ ဒီနတ်ဘုရားပြစ်ဒဏ်က အချိန်မှန် ဖြစ် သွားတာပဲ..." ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ တော့၏။ ပထမဆုံးအကြိမ်အဖြစ် သူက နတ်ဘုရား ပြစ်ဒဏ်ရောက်ရှိလာမှုကို ဝမ်းမြောက်စွာ ကြိုဆိုမိနေ တော့သည်။သူ့ညာလက်ဖြင့် မြေကြီးကိုထောက်ကာအက်ကွဲကြောင်းထဲကနေ လေထဲသို့ ကန်ထွက်လိုက်၏။

သူ့ဘေးရှိ ကောင်းကင်ဘုံဓားထဲကနေ အော်သံတစ်ခု ချက်ခြင်း ထွက်လာခဲ့သည်။ "သခင်…သခင်….ငါ့ကို ခေါ် သွားပါဦး..။ငါက သိုလှောင်အိတ်ထဲကို ပြန်ဝင်ချင်ပါ တယ်။ ဒီနေရာက တော်တော်လေး ကြောက်ဖို့ကောင်းလှတယ်

ဝမ်လင်းက ပျံသန်းနေရင်းဖြင့် သူ့ညာလက်ကို ဝှေ့ယမ်း လိုက်၏။ ကောင်းကင်ဘုံဓားက သူ့ထံသို့ ပျံသန်းလာကာ သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားသည်။ သူက ကောင်းကင်ဘုံတောင်ကိုလည်း ထို့အတူ သိမ်းဆည်းထား လိုက်သည်။

သူက အစိတ်အပိုင်းထဲကနေ ထွက်လာသည့်အခိုက်တွင် အစိတ်အပိုင်းပတ်လည်၌ စုဝေးနေသော တိမ်တိုက်များ အားလုံးသည် စတင်ဆူပွက်လာခဲ့သည်။ သည်ပြင်းထန် ရွှေ့လျားမှုအောက်၌ နတ်ဘုရားပြစ်ဒဏ်သည် သော နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတုန်းကထက် ပိုမို၍ ပြင်းထန် လာခဲ့တော့သည်။

အနှီကောင်းကင်ဘုံခွန်အား၏ အောက်တွင် ဝမ်လင်း သည် ကောင်းကင်ထက်မှ ဧရာမလက်ကြီးတစ်စုံသည် သူ့ ထံသို့ ဖိချလာသကဲ့သို့ ခံစားလိုက်ရ၏။သူ့ခန္ဓာကိုယ် အတွင်းဘက်ကနေ တစီစီအသံများပါ ထွက်လာ၏။

တစ်ချိန်တည်းမှာပင်

အနက်ရောင်မိုးကြိုးတန်းလေးခုသည် အထက်၊အောက်၊ဘယ်၊ညာကနေ လျင်မြန်စွာ ဆင်းသက်လာ၏။ ဝမ်လင်းမျက်လုံးက အလွန်တောက်ပ နေ၏။ သူက လက်နှစ်ဖက်ကို ဖွင့်ထုတ်ကာ ရင်ကော့၍ ထို မိုးကြိုးများကို ရှောင်ရှားခြင်းမပြုဘဲ ကြိုဆိုလိုက်၏။ သည့်နောက် အရပ်လေးမျက်နှာမှ မိုးကြိုးများသည် သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့၏။

အနက်ရောင်မိုးကြိုးလေးခုသည် ဝမ်လင်း၏ခန္ဓာကိုယ် အနှံ့တွင် အရူးအမူး တိုးဝင်နေ၏။ ၎င်းတို့က ဝမ်လင်းကိုယ် ထဲရှိ သွေးဘိုးဘေး၏ သွေးခန္ဓာ၊ထူးဆန်းသောအဘိုးအို၏ စွမ်းအားတို့နှင့် နောက်တစ်ဖန် ထိတိုက်ကုန်သည်။

ထိုထိပ်တိုက်တွေ့ဆုံမှုက အလွန်အမင်းသိပ်သည်း ပြင်းထန်ကာ ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အစစ်အမှန်မုန်တိုင်း တစ်ခု အမှန်ပင် ဖြစ်နေသလားပင်။ထိုစွမ်းအားသုံးခုကနေ မူလစွမ်းအင်အမြောက်အများကို ထုတ်လွှတ်ပေးနေ၏။

ထိုမူလစွမ်းအင်က အလွန်ပြင်းထန်လှ၏။သည်မူလ စွမ်းအင်၏ ဖိသိပ်မှုအောက်တွင် ဝမ်လင်းသည် ဟစ်ကြွေး အော်ဟစ်လိုက်ရ၏။သူ့အော်ရာကလည်း အရူးအမူး တိုးတက်လာတော့သည်။ သူ့မူလစိတ်ဝိညာဉ်က မူလ စွမ်းအင်များကို ဝါးမြိုပြီးသည့်နောက် ၎င်းက အာဏာ တက်ခြင်းအထွတ်အထိပ်အဆင့်ကနေ ပုံရိပ်ယောင်ယင် အဆင့်သို့ ကူးပြောင်းခြင်း၏ အရေးတကြီးဖြစ်စဉ်သည် ပြီးပြည့်စုံသွားလေသည်။
မူလစိတ်ဝိညာဉ်ဆိုသည်က အဘယ်နည်း။ လူတစ် ယောက်၏ ကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်ယင်အဆင့်သို့ မရောက်ရှိဘဲ ထိုအရေးကြီးသည့်ဖြစ်စဉ်ကို ကျော်လွန်နိုင် ခြင်းမရှိပါက မူလစိတ်ဝိညာဉ်ဟုခေါ်ရုံသာ ခေါ်နိုင်ပေမည် ဖြစ်သည်။တကယ့်တော့ တုပထားသည့်မူလစိတ်ဝိညာဉ် သာ ဖြစ်နိုင်ပေဦးမည်။

အစစ်အမှန်မူလစိတ်ဝိညာဉ်ဟူသည် မူလစွမ်းအင်ကို ဝါး မြိုနိုင်ကာ မူလစွမ်းအင်ကနေ ဘဝအသစ်တစ်ခုကို ရရှိနိုင် ခြင်း ဖြစ်လေတော့၏။

ရှေးဟောင်းကျင့်ကြံသူများသည် ချီ ကိုကျင့်ကြံကြ၏။ထို ချီကပင် မူလစွမ်းအင် ဖြစ်တော့၏။ သည်မူလစွမ်းအင်ကို လုံလောက်ကြာမြင့်စွာ ကျင့်ကြံနိုင်ပြီးသည့်နောက် ၎င်း သည် မူလစိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်လာပေလိမ့်မည်။

တကယ်တော့ ယခုခေတ်တွင် ဒုတိယအဆင့်သို့ ရောက် နိုင်သည့် ကျင့်ကြံသူများကသာ ရှေးဟောင်းကျင့်ကြံသူများ ကို လိုက်မှီနိုင်စွမ်းရှိပေ၏။

ဤအခိုက်အတန့်တွင် အားကောင်းလှသောမူလစွမ်းအင် များသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထြ၌ နစ်မြုပ်နေကာ သူ့မူလစိတ်ဝိညာဉ်အား အရူးအမူး ပြောင်းလဲစေနေ၏။ သူ့ မူလစိတ်ဝိညာဉ်သည် နောက်တစ်ဆင့်သို့ တက်လှမ်းနေ ခြင်းပင်။

အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို ချိုးဖျက်သွားလေပြီ။

ထိုချိုးဖျက်လိုက်သည့်အခိုက်၌ ဝမ်လင်းသည် သူ့ ကိုယ်ပိုင်တာအိုကို ခံစားမိလိုက်သည်ဟု ထင်မြင်ရသည်။ ထိုခံစားမှုက ကမ္ဘာလောကထဲရှိ အရာအားလုံးသည် ရှင်းလင်းလာသကဲသို့သော ခံစားမှုမျိုး ဖြစ်တော့သည်။

ဝမ်လင်းက ရယ်မောလိုက်လေသည်။ထိုရယ်သံက တိမ်တိုက်ထုများကို ထွင်းဖောက်ကာ ပြင်ပသို့တိုင် ပျံ့နှံ့ သွားချေ၏။

သွေဘိုးဘေးသည် နတ်ဘုရားပြစ်ဒဏ်က ဝမ်လင်းကို သတ်ပစ်နိုင်ရန် မျှော်လင့်ချက်ဖြင့် တိမ်တိုက်ထုများကို စောင့်ကြည့်လျက် ရှိနေသည်။သို့ရာတွင် ဝမ်လင်း၏ရယ်သံ ကို ကြားလိုက်ရသည့်နောက် သူ့အသွင်က ပြောင်းလဲသွား လေ၏။

"ပုံရိပ်ယောင်ယင်..." သွေးဘိုးဘေး၏အသွင်က သုန်မှုန်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ကြည့်ရတာ ငါ့သွေးခန္ဓာကိုယ်တစ်ဝက်က ဒီကောင့်ကို နတ် ဘုရားပြစ်ဒဏ်ကို တောင့်ခံနိုင်ဖို့ အကူအညီပေးလိုက်ပြီး ပုံ ရိပ်ယောင်ယင်အဆင့်ကို ဒါပေမဲ့..ဒါက..." ရောက်သွားစေနိုင်တဲ့ပုံပဲ။

သူက ထိုသို့ ရေရွတ်နေရင်းနှင့် သူ့အသွင်က နောက်တစ်ဖန် ပြောင်းလဲသွားကာ သူ့ရှေ့ရှိ တဝီဝီ လှည့်လည်နေသော တိမ်တိုက်ထုများကို စူးစိုက်ကြည့်လိုက်သည်။

"ဒီတိမ်တိုက်တွေက ဆက်ပြီး မြင့်တက်နေတုန်းပဲ..."

ဝမ်လင်းက အခုလောက် သက်တောင့်သက်သာ ဖြစ်မှုကို ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။ သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြန်ဆန်စွာ ပျောက်ကွယ်နေကာ မူလစွမ်းအင်များနှင့် အစားထိုးနေသ တော့၏။သူ့မူလစိတ်ဝိညာဉ်ထဲကနေ မူလစွမ်းအင်များ မြင့် တက်နေလေသည်။

သူ့ပတ်လည်ရှိ တိမ်တိုက်ထုများကလည်း ဒေါသတကြီး ဖြစ်လာဟန်ရကာ ကောင်းကင်ဘုံခွန်အားက မိုးကြိုးအဖြစ် သို့ အသွင်ပြောင်းသွား၏။ တိမ်တိုက်များအတွင်း၌ အနက် ရောင်မိုးကြိုးတန်းရှစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်း ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြန်သည်။

ဝမ်လင်းက အားပါးတရ ရယ်မောကာ သူ့မူလစိတ် ဝိညာဉ်ကို ခန္ဓာကိုယ်ထဲကနေ ထိုးထွက်စေလိုက်၏။ သူ့ မူလစိတ်ဝိညာဉ်သည် လူသားအသွင် မဟုတ်တော့ဘဲ ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ဆောင်နေပေသည်။ အနက်ရောင်မိုးကြိုးတန်းရှစ်ခုက ကျဆင်းလာသည်နှင့် သူ့ ရှေးဟောင်းမိုးကြိုးနဂါးအသွင် မူလစိတ်ဝိညာဉ်သည် ၎င်း တို့ကို ဝါးမြိုပစ်လိုက်တော့၏။

သူက အနက်ရောင်မိုးကြိုးတန်းရှစ်ခုကို ဝါးမြိုပြီး သည့်နောက် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သွေးခန္ဓာကိုယ်နှင့်အဘိုးအို၏ စွမ်းအားတို့က နောက်တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။ ထိုအဖြစ်သအင်၌ ဝမ်လင်း သည် ပိုမိုများပြားသောမူလစွမ်းအင်များကို ရရှိလိုက်လေ သည်။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က သည်မူလစွမ်းအင်များ၏ ဖိသိပ်မှုအောက်၌ နောက်တစ်ဖန် တိုးတက်လာပြန်သည်။ သူ့ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံခြင်းက ခိုင်မာလာခဲ့ကာ ပုံရိပ်ယောင်ယင်အဆင့်၏ အထွတ်အထိပ်တိုင် စတင်၍ တိုးတက်လာနေသည်။

ပုံရိပ်ယောင်ယင်နှင့်အထည်ဒြပ်ယန်အဆင့်တို့သည် ကျင့်ကြံခြင်းပထမအဆင့်နှင့် ဒုတိယအဆင့်တို့ကြား ကူးပြောင်းပေးသည့် ကြားခံအဆင့် ဖြစ်ကြ၏။ ဆိုလိုသည် သည်ကြားခံအဆင့်တွင် ယင်နှင့်ယန်၏မျှခြေက က ပြီးပြည့်စုံသည်ဟူ၍ပင်။ပုံရိပ်ယောင်ယင်အဆင့်သည် မူလ စိတ်ဝိညာဉ် ပြောင်းလဲမှုဖြစ်ကာ အထည်ဒြပ်ယန်အဆင့် သည် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များအားလုံးကို ပျောက်ကွယ်စေ၍ မူလစွမ်းအင်နှင့် အစားထိုးပေးနေသည့် အဆင့် ဖြစ်တော့သည်။

ထိုဖြစ်စဉ်ကို မူလအသွင်ပြောင်းခြင်းဟု ခေါ်တွင်၏။၎င်း ဖြစ်စဉ်သည် ကျင့်ကြံသူတစ်ယောက်ကို ရှေးဟောင်း ကျင့်ကြံသူများ၏ တည်ရှိမှုကဲ့သို့ ပြောင်းလဲပေးခြင်းလည်း ဖြစ်သည်
ရှေးဟောင်းကျင့်ကြံသူများ ပျောက်ကွယ်သွားခြင်းနှင့် ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားပြီးနောက် ယင်နှင့်ယန် အဆင့်ကို ဝင်ရောက်သည့်အချိန်၌ လူအနည်းငယ်ကသာ နယ်ပယ်အဆင့်နှစ်ခုကြားကို ချိုးဖျက်နိုင်စွမ်း ရှိကြပေ သည်။

ရှေ့ဖြစ်ဟောသူပင် ကျင့်ကြံခြင်းပထမအဆင့်ကနေ ဒုတိယအဆင့်နယ်ပယ်သို့ ဖြတ်ကျော်နိုင်ရန် နှစ်ပေါင်းသုံး ရာ ကုန်ဆုံးခဲ့ရ၏။ဓားသူတော်စင် လင်းထျန်ဟူက နှစ် ပေါင်းရှစ်ရာ၊ သွေးဘိုးဘေးက နှစ်ပေါင်းတစ်ထောင် ကုန်ဆုံးခဲ့ရလေသည်။

ထိုအရာက ပါရမီအရည်အချင်းနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ ထိုသို့ကူးပြောင်းနိုင်ရန် အကြီးမားဆုံး အကြောင်းရင်းက မူလစွမ်းအင်သာ ဖြစ်တော့၏။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် အဘက်ဘက်ကနေ တိုးတက်နေသည်။ နတ်ဘုရားပြစ်ဒဏ်က သူ့အတွက် အထောက်အပံ့ပေးကာ သွေးခန္ဓာကိုယ်နှင့်အဘိုးအိုထံမှ စွမ်းအားတို့သည်လည်း သည်ဖြစ်စဉ်ကို မူလစွမ်းအင် လောင်စာ ပေးနေသကဲ့သို့ ဖြစ်ပွားသွားခဲ့ခြင်းပင်။

သွေးဘိုးဘေးက သူ့ရှေ့ရှိတိမ်တိုက်ထုကို စူးစိုက်ကြည့် နေ၏။ သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုမှုစိတ်ဆန္ဒကလည်း ပိုမို၍ အားကောင်းလာခဲ့သည်။

"ငါက သူ့ကို သတ်ဖို့ ရောက်လာခဲ့တာ...ဒါပေမဲ့လည်းငါက သူ့ကို သတ်မဲ့အစား ကြီးမားတဲ့ကံကောင်းခြင်းတစ်ခု ကို ပေးစွမ်းခဲ့သလို ဖြစ်ခဲ့တယ်။ ငါက ဒါကို လက်မခံနိုင် :..."ဘူး

တိမ်တိုက်ခုများအတွင်းရှိ အစိတ်အပိုင်းမြေ၏ အထက် တွင် ဝမ်လင်းသည် ခေါင်းမော့လာ၏။ သူ့မျက်လုံးက ကြည်လင်နေကာ မျှော်လင့်ချက်တို့ပါဝင်နေသည်။ သည့်နောက် တိမ်တိုက်ထုထဲမှ မိုးကြိုးတုန်ဟီးသံများ ထပ်မံထွက်ပေါ်လာခြင်းနှင့်အတူ ခုနစ်ရောင်စုံမိုးကြိုးတန်း တစ်ခုသည် မြန်ဆန်စွာ သိပ်သည်းလာတော့၏။

***ပုံရိပ်ယောင်ယန်...။တန်ပြန်တိုက်ခိုက်ခြင်း (နောက်တစ်ပိုင်း)

ဝမ်လင်းသည် ယနေ့လိုမျိုး နတ်ဘုရားပြစ်ဒဏ်ကို တွေ့ မြင်ရလိမ့်မည်ဟု လုံးဝ မျှော်လင့်ထားမိခြင်း မရှိပေ။သူက တိမ်တိုက်ထုထဲ၌ သိပ်သည်းနေသော ခုနစ်ရောင်စုံမိုးကြိုး ကို ကြည့်နေသည်။

သူတွေ့ကြုံဖူးသည့် နတ်ဘုရားပြစ်ဒဏ်များအားလုံးထဲ၌ သည်တစ်ခုသည် ပထမဆုံးအကြိမ်အဖြစ် ခုနစ်ရောင်စုံ မိုးကြိုးအသွင် ဖြစ်ပေါ်နေခြင်းပင်။

ထိုခုနစ်ရောင်စုံမိုးကြိုး တိမ်တိုက်၏ဖိအားအောက်တွင် ဝမ်လင်းအောက်ရှိ အစိတ်အပိုင်းမြေထံမှ အက်ကွဲသံများပါ ထွက်ပေါ်လာခဲ့သည်။

အစိတ်အပိုင်းမြေ၏အစွန်းများသည် နောက်ထပ် ပျက်စီး ကုန်ကြပြန်သည်။၎င်း၏အရွယ်အစားကလည်း မြန်ဆန်စွာ ပြောင်းလဲလာခဲ့သည်။သည်အစိတ်အပိုင်းမြေက ပိုမိုကျုံ့ လာလေလေ ၎င်း၏ကြံ့ခိုင်မှုကလည်း ပိုမို ကြောက်မက် ဖွယ်ကောင်းလာလေ ဖြစ်သည်။

ဝမ်လင်းမျက်လုံးများက တောက်ပလျက် ရှိနေ၏။သူ့ ခန္ဓာကိုယ်ကနေလည်း မူလစွမ်းအင်များက မြင့်တက်လျက်ရှိသည်။

သူ့နှလုံးသားက ခုန်ပေါက်နေသည်သာမက သူ့မူလစိတ် ဝိညာဉ်ထဲရှိ တုန်ခါမှုကပါ သူ့ကိုယ်ထဲရှိ မူလစွမ်းအင်များ ကို ပိုမိုမြန်ဆန်စွာ လှည့်ပတ်စေတော့သည်။

ဝမ်လင်းစိတ်နှလုံးထဲ၌ ပြင်းထန်သောခံစားချက်တစ်ခု ပေါ်လာခဲ့သည်။သူသည် အရင်တုန်းက ခုလိုမျိုး လုံးဝ မ ခံစားခဲ့ဖူးပေ။ ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက် ကာ လက်သီးဆုပ်ဟန် ပြုသည်။

သူက သူ့ကျင့်ကြံမှုအဆင့်သည် ပထမအဆင့်ကျင့်ကြံ မှု၏ အကန့်အသတ်ကို အဆင့်သို့ ရောက်နေခဲ့လေပြီ။ ချိုးဖျက်ပြီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။သူက ပုံရိပ်ယောင်ယင်

"နတ်ဘုရားပြစ်ဒဏ်...ဒါကနည်းနည်းတော့ ရန်လိုနေ တာပဲ..." ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့်ကာ သူ့အသွင်က ကြမ်းကြုတ်လာသည်။

ဤအခိုက်အတန့်မှာပင် ခုနစ်ရောင်စုံမိုးကြိုးတန်းသည် မြန်ဆန်စွာ သိပ်သည်းလာ၍ သက်တံရောင်အလင်းတစ်ခု ကို ထုတ်လွှတ်လာသည်။၎င်းက ထူးဆန်းသောအသံတစ်ခု ကိုပါ ထုတ်လွှတ်ပြီးသည့်နောက် ရုတ်တရက် ကျဆင်းလာ လေသည်။

ထိုအသံက နတ်ဆိုးဆန်လှကာ လူတစ်ယောက်၏ နှလုံးသားကိုပါ သက်ရောက်နိုင်သည်။မရေမတွက်နိုင်သော ရင်းနှီးသည့် ပုံရိပ်များက ဝမ်လင်းပတ်လည်၌ ပေါ်လာခဲ့သည်။သို့သော် သူ့မျက်လုံးက တည်ငြိမ်လျက်သာ ရှိနေ၏။

ခုနစ်ရောင်စုံမိုးကြိုးတန်းက မိုးကြိုးတုန်ဟီးသံနှင့်အတူ သက်ဆင်းလာချေပြီ။၎င်းက ၎င်း၏ လမ်းကြောင်းရှိ အရာ အားလုံးကို ဖျက်စီးပစ်မည့်ဟန်ဖြင့် တိုက်ရိုက် ကျဆင်းလာ၏။ ဝမ်လင်းထံသို့

ချက်ခြင်းပင် ထိုမိုးကြိုးက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျ ရောက်သွားသည်။

မိုးကြိုး၏စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာသည့် အခါ၌ ဝမ်လင်းသည် မြေပြင်ထက်သို့ ချက်ခြင်း လွင့်ကျ သွား၏။ သူ့ခန္ဓာကိုဘ်ကလည်း မြေကြီးအနက်ထဲသို့ ဖိသိပ် ခြင်း ခံလိုက်ရချေသည်။သွေးဘိုးဘေး၏ သွေးခန္ဓာကိုယ် နှင့် အဘိုးအိုထံမှစွမ်းအားတို့သည်လည်း နတ်ဘုရား ပြစ်ဒဏ်၏စွမ်းအားနှင့် တိုက်ခိုက်နေကြရင်း မြန်ဆန်စွာ လွင့်ပြယ်လာခဲ့သည်။

"လာခဲ့စမ်း..." ဝမ်လင်း၏ခန္ဓာကိုယ်က လေထဲသို့ ထိုး တက်သွား၏။မိုးကြိုးက သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဖြတ်သန်းစီးဆင်းနေသည်။ခုလက်ရှိတွင် ကောင်းကင်ဘုံနတ်ဆိုးတစ်ပါးအလား မှတ်ထင်ရချေ၏။ သူက

ကောင်းကင်ဘုံ၏ခွန်အားသည် ခုခံခြင်းငှာမစွမ်းသာပေ။ သည်အခိုက်အတန့်၌ အစိတ်အပိုင်းမြေပတ်လည်ရှိ တိမ်စိုင်ထုများသည် လှိုင်းထန်လာခဲ့တော့၏။တိမ်များက တဝီဝီ လှည့်လည်ကာ ခုနစ်ရောင်စုံမိုးကြိုးတန်းများသည် ဝမ် လင်းပေါ်သို့ မိုးရွာချသလိုမျိုး ကျဆင်းလာတော့၏။ အစိတ်အပိုင်းမြေပင် ထိုမိုးကြိုး၏ လွှမ်းခြုံခြင်းကို ခံထားရ သည်။

ခုချိန်၌ မိုးကြိုးသံတစ်ခုသာ ရှိတော့သည်။သည် အခိုက်အတန့်၌ ဝမ်လင်းသည် မိုးကြိုးငရဲတွင်း၌ ကျ ရောက်နေသကဲ့သို့ ဖြစ်ကာ ခုနစ်ရောင်စုံမိုးကြိုးက နေရာ တိုင်းတွင် ရှိနေ၏။

အစိတ်အပိုင်းမြေသည် ပို၍ကွဲကြေလာကာ ပေတစ် သောင်းလောက်သာ ကျန်ရှိတော့၏။

ဝမ်လင်းကိုယ်ပေါ်လည်း အက်ကွဲကြောင်းများစွာ ဖြစ် ပေါ်ကုန်ကြသည်။တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ထဲရှိသွေးခန္ဓာကိုယ်သည်လည်း လုံးဝ ပျက်စီးသွားကာ ဝမ် လင်း၏မူလစိတ်ဝိညာဉ်ထဲသို့ မူလစွမ်းအင်အမြောက် အများကို ထုတ်လွှတ်ပေးတော့၏။

ဝမ်လင်းခန္ဓာကိုယ်ထဲ၌ အားကောင်းသောခံစားချက်က နောက်တစ်ဖန်ပေါ်လာခဲ့ပြန်သည်။သူက သူ့ကျင့်ကြံမှု အဆင့်သည် နောက်ထပ် ထက်၍ စတင်မြင့်တက်နေသည် ကို ခံစားမိနေ၏။

ပုံရိပ်ယောင်ယင်အဆင့်ကို ခိုင်မာခြင်းကနေ ပုံရိပ်ယော် ယင်အထွတ်အထိပ်အဆင့်သို့

ရောက်လာကာဆက်၍လည်း မြင့်တက်နေ၏။

သူ့ကျင့်ကြံမှုအဆင့်က တဖြည်းဖြည်းချင်း အထည်ဒြပ် ယန်အဆင့်နှင့် နီးကပ်လာသည်။

"နည်းနည်းလိုနေသေးတယ်..." ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သွေးဘိုးဘေး၏ သွေးခန္ဓာကိုယ်က လုံးဝပျက်စီးသွားပြီး ဖြစ်ကာ ဆက်လက်၍ မတည်ရှိတော့ ပေ။ သို့ရာတွင်လည်း ထူးဆန်းသောအဘိုးအို၏ စွမ်းအင် တော်တော်များများကတော့ သူ့ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေ သေးသည်။

သူ့မျက်လုံးထဲ၌ ပြတ်သားမှုနှင့် ပြည့်နေ၏။ သူ့ကျင့်ကြံမှု လမ်းကြောင်းသည် အန္တရာယ်နှင့် ပြည့်နှက်နေသည် မဟုတ်လား။ ချမ်းသာခြင်းဟူသည် လူတစ်ယောက်က စွန့်စားကြည့်နိုင်မှသာ ရနိုင်သည့်အရာသာ။ ခုချိန်တွင် သူ့ အတွက် လမ်းကြောင်းတစ်ခုသာ ရှိတော့၏။

ဝမ်လင်းသည် လေထဲသို့ ထိုးတက်သွားကာ ကောင်းကင် ထက်ရှိ တိမ်စိုင်ထုထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

သည်အရာက ဝမ်လင်းသည် ပထမဆုံးအကြိမ်အဖြစ် နတ်ဘုရားပြစ်ဒဏ်ကို တန်ပြန်တိုက်ခိုက်ခြင်းပင်။

သူက တိမ်စိုင်ထုထံသို့ တရကြမ်းတိုးဝင်သွားရင်း သူ့ လက်နှစ်ဖက်ကို ဖွင့်ထုတ်ကာ အရူးအမူးလေရှိုက်သွင်း လိုက်၏။ သည်အခိုက်အတန့်၌ တိမ်တိုက်ထုများထံကနေ ဟိန်းမည်သံများ ထွက်ပေါ်လာခဲ့တော့၏။ချက်ခြင်းပင်တိမ်တိုက်များအားလုံးက စုဝေးသွားပြီးနောက် မိုးကြိုးများ အားလုံးသည် ဝမ်လင်းပေါ်သို့ အရူးအမူး သက်ဆင်းလာ သည်။

ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို ဖြန့်ကျက်ကာ အရူး အမူး ရယ်မောပြီး သူ့ခန္ဓာကိုယ်အား ဖုံးအုပ်နေသော မိုးကြိုးများကို စုပ်ယူ၏။အဘိုးအို ချန်ထားခဲ့သော စွမ်းအား က သူ့မူလစိတ်ဝိညာဉ်တစ်လျှောက် မြန်ဆန်စွာ ရွှေ့လျား နေကာ မိုးကြိုး၏ အတောမသပ်နိုင်သော ရိုက်ခတ်မှုများ အောက်၌ ၎င်းသည် မူလစွမ်းအင်အမြောက်အများကို ထုတ်လွှတ်ပေးနေသည်။

ဤအရာက အခွင့်အရေးပင်။ သူ့အတွက် အကြီးမားဆုံး အခွင့်အလမ်းလည်း ဖြစ်နေ၏။

သူက တိမ်တိုက်များကို ဝါးမြိုနေရင်း သူ့ကျင့်ကြံမှု အဆင့်ကလည်း မြင့်တက်နေသည်။သည်အခိုက်အတန့်၌ ဝမ်လင်းသည် တိမ်တိုက်ထုနှင့်အဘိုးအို၏ စွမ်းအားတို့ကို ပါ မေ့နေခဲ့သည်။သူက ပါးစပ်အပြည့် တိမ်တိုက်များကို ဝါး မြိုသည်။

သူက ၎င်းတိမ်တိုက်များကို စုပ်ယူနေရင်း တိမ်တိုက် များသည် တဖြည်းဖြည်း ကျုံ့လာခဲ့ကာ မည်သည့် သိပ်သည်းမှုမှ ရှိမနေတော့ပေ။ ၎င်းတိမ်တိုက်များက ပါး လွှာလာသည့်အတွက် သွေးဘိုးဘေးပင် အပြင်ကနေ ဝမ် လင်းကို ရှင်းရှင်းလင်းလင်း မြင်လာရ၏။
သွေးဘိုးဘေးက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း လေအေးတစ်ချက် ရှိုက်သွင်းမိသည်။ဝမ်လင်းက တိမ်တိုက် များကို ဝါးမြိုစုပ်ယူနေသည်ကို ကြည့်နေရင်း သူက သူ့ မျက်လုံးကိုပင် မယုံနိုင်ဟန် ဖြစ်ရသည်။သွေးဘိုးဘေးက ခပ်တိုးတိုး ပြောလိုက်၏။ "အရူးကောင်ပဲ...ဒီဝမ်လင်းက ရူးနေပြီ...။ဘယ်သူကမှ ခုလိုမျိုး နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်တွေကို စုပ်ယူဝံ့မှာ မဟုတ်ဘူး...။ငါက သူ့ကို ဆက်ပြီး ခွင့်ပြုလို့ မရတော့ဘူး..."

သွေးဘိုးဘေး၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ချက်ခြင်းပင် ရှေ့သို့ ထိုးတက်လာ၏။

သွေးဘိုးဘေး၏ ကျင့်ကြံမှုအဆင့်သည် ခုချိန်၌ နိဗ္ဗာန ကြိုမြင်ခြင်းအဆင့်ကနေ အထည်ဒြပ်ယန် အထွတ်အထိပ် အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။သို့ရာတွင် သူက ဝမ် လင်းကို သတ်ဖို့အတွက် လုံလောက်သောစွမ်းအား ရှိသေး သည်ဟု သူ့ကိုယ်သူ ယုံကြည်နေသေး၏။

သူက သွေးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲကာ တိမ်တိုက်ထုများအတွင်းရှိ ဝမ်လင်းထံသို့ ဖြောင့် ဖြောင့်တန်းတန်း တိုးဝင်သွားသည်။ တိမ်တိုက်များ အတွင်း၌ ဝမ်လင်းသည် သူ့ထံသို့ အန္တရာယ်တစ်ခု တိုးဝင် လာနေသည်ကို ခံစားမိလိုက်၏။ သူ့မျက်လုံးက အေးစက် လာကာ သွေးအရိပ်တစ်ခုသည် သူ့ထံသို့ တိုးဝင်လာ နေသည်ကို တွေ့မြင်လိုက်ရတော့သည်။
"သွေးဘိုးဘေး..." ဝမ်လင်းက တိမ်တိုက်ထုများထံက နေ နောက်ပြန်ဆုတ်လာကာ အေးစက်စွာ နှာခေါင်းရှုံ့ လိုက်၏။

သွေးဘိုးဘေးသည် တိမ်တိုက်များအပြင်၌ သုန်မှုန်နေ သောအသွင်နှင့် ရှိနေကာ အံတင်းတင်းကြိတ်ထား၏။ ထို့နောက် သူက အထဲသို့ ဝင်လာခဲ့ကာ ကောင်းကင်ဘုံ ခွန်အား၏စွမ်းအားကို ခံစားလိုက်ရသည်။သူက ဝမ်လင်း ကဲ့သို့ ရှေးဟောင်းမိုးကြိုးနဂါး၏ စိတ်ဝိညာဉ် မရှိသည့် အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း ခုချိန်၌ အလွန် အားနည်းနေခဲ့ပေသည်။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ရင်ဆိုင်ရသည့်အခါ သူက ကြောက်လန့်မှုကို ခံစားလိုက် ရ၏။

သို့ရာတွင် ခုချိန်၌ သူ့ထံတွင် ဝမ်လင်းကို သတ်ချင်သော စိတ်ကသာ ပို၍ ကြီးစိုးနေပေသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုးလာ၏။ သည့်နောက် သူက တိမ်တိုက်များအတွင်းရှိ မရေမတွက်နိုင်သောမိုးကြိုးများ နှင့် ရိုက်ခတ်ခြင်းခံနေရသည့် ဝမ်လင်းကို တွေ့မြင် လိုက်၏။

သူက ဝမ်လင်းကို မြင်တွေ့လိုက်သည့်အခိုက်၌ သူက လူ တစ်ယောက်ကို မြင်သည်ဟု မခံစားရဘဲ မိုးကြိုးနဂါးတစ် ကောင်ကဲ့သို့ ခံစားမိလိုက်၏။

ဝမ်လင်းက တိုးဝင်လာနေသော သွေးဘိုးဘေးကို စူးစိုက်ကြည့်နေရင်း သူ့လက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချ လိုက်၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း တိုက်ကွက်သည် ချက်ခြင်း ထိုးထွက်သွား၏။ သွေးဘိုးဘေးကလည်း သူ့ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သွေးအရိပ်ကို ဖန်တီသည်။သွေးအရိပ်သည် ထိုးထွက်သွားကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း တိုက်ချက်နှင့် ထိဆုံပြီးနောက် ပျက်စီးသွားလေသည်။

သွေးဘိုးဘေးက မျက်မှောင်ကြုတ်သွားကာ သက်ပြင်းချ မိ၏။ သူ့ကျင့်ကြံမှုအဆင့်ကသာ များစွာလျော့ကျသွားခြင်း မရှိပါက ထိုသွေးအရိပ်သည် ခုလိုမျိုး ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။

သူက ဝမ်လင်းသည် တိမ်တိုက်များထံသို့ ပြန်ဆုတ်သည် ကို တွေ့လိုက်သည့်အခါ နောက်ထပ်မန္တာန်တစ်ခုကို သုံးရန် ပြင်လိုက်သည်။ ဝမ်လင်းကလည်း မူလစွမ်းအင်ကုန်ဆုံး မည်ကို လုံးဝ ဂရုမစိုက်ဘဲ နောက်ထပ် ကောင်းကင်ဘုံခုတ် ပိုင်းခြင်း တိုက်ကွက်ကို အသုံးပြုလိုက်သည်။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ မြောက် များစွာသောမူလစွမ်းအင်များ ပိုင်ဆိုင်ထား၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းက ဥပဒေသဓားသွားများကဲ့သို့ တိမ်တိုက်များကို ဖြတ်သန်းကာ သွေးဘိုးဘေးထံသို့ တိုးဝင်သွားသည်။

သွေးဘိုးဘေးကလည်း အေးစက်စွာ နှာခေါင်းရှုံ့ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သွေး အလင်းတစ်ခုက တလက်လက် ဖြစ်သွားပြီးနောက် စာလုံး များကို ဖန်တီးယူသည်။သည့်နောက် ၎င်းစာလုံးများသည် ဖျပ်ခနဲပင် ပျက်စီးသွားပြန်သည်။

ဝမ်လင်းက တိမ်တိုက်များထဲသို့ ပြန်ဝင်ကာ နောက်သို့ မြန်ဆန်စွာ ပြန်ဆုတ်သည်။သူ့မျက်လုံးက တည်ငြိမ်လျက်ရှိနေ၏။ တစ်ချိန်တည်းမှာပင် သူက မြောက်များစွာသော တိမ်များကို ဝါးမြိုကာ မရေမတွက်နိုင်သောမိုးကြိုးတန်း များကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက်၏။ထိုအခါ သူ့ခန္ဓာကိုယ်ထဲရှိ အဘိုးအိုထံမှ စွမ်းအားသည်လည်း မြန်ဆန်စွာ လွင့်ပါးကုန်ကြ၏။

သွေးဘိုးဘေးက ရှေ့သို့ တိုးလာရင်း ဝမ်လင်းကိုသာ ကြည့်နေသည်။သူ့လက်ထဲ၌ သွေးလုံးနှစ်လုံး ဖြစ်ပေါ်စေ ကာ သူက ဝမ်လင်းထံသို့ တည့်တည့် တိုးဝင်လာသည်။ သူက တက်နိုင်သမျှ ဝမ်လင်းကို အမြန် အဆုံးသပ်ချင် နေသည်။သူက သည်တိမ်တိုက်များအတွင်း၌ အန္တရာယ် အာရုံတစ်ခုကို ခံစားမိနေခဲ့ကာ သူက ကြာကြာနေလေ သူ့ ကို ပိုထိတ်လန့်စေ ဖြစ်နေလေသည်။

နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များအတွင်း၌သာ မဟုတ် ပါက သွေးဘိုးဘေးသည် ခုလိုမျိုး အခက်အခဲတွေ့နေ လိမ့်မည် မဟုတ်ပေ။ သူ့ကျင့်ကြံမှုအဆင့်က တော်တော် လျော့ကျသွားသည် ဆိုသော်လည်း ခုထိ မြင့်မားနေဆဲ မဟုတ်လား။သို့ရာတွင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များအတွင်း၌ ဝမ်လင်းကိုသတ်ရန်က အလွန်ခက်ခဲလှပေ၏။

ဝမ်လင်း၏ မိုးကြိုးစိတ်ဝိညာဉ်သည် ရေထဲကငါးကဲ့သို့ ဖြစ်နေတော့၏။ထူးဆန်းသောအဘိုးအိုထံမှ စွမ်းအားသည် လည်း သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော နတ်ဘုရား ပြစ်ဒဏ်မိုးကြိုးနှင့် ဆန့်ကျင်တိုက်ခိုက်နေကြသည်။ထိုသို့ ဖြစ်လေလေ သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်က များစွာ မြင့် တက်လာလေ ဖြစ်သည်။

သည်တိမ်တိုက်များအတွင်း၌ သူက ဆန္ဒရှိသလို ပြုမူနေ နိုင်သကဲ့သို့ ဖြစ်နေ၏။

သွေးဘိုးဘေးကို ရင်ဆိုင်ရန် ဝမ်လင်းသည် တိမ်တိုက် များအတွင်း၌ ရွေ့လျားသွားနေကာ သူက မိုးကြိုးကို အ ဆတ်မပြတ် စုပ်ယူ၊တိမ်များကို ဝါးမြိုနေသည်။တိမ်များက တဖြည်းဖြည်း သေးငယ်လာနေ၏။

ထိုအခိုက်အတန့်၌

ဝမ်လင်း၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားသည်။အဘိုးအိုထံမှစွမ်းအား သည် လုံးဝ ပျက်ကွယ်သွားလေပြီ။ ထို့ကြောင့် သူ့ ခန္ဓာကိုယ်ထဲ၌ မည်သည့်ဆန့်ကျင်တိုက်ခိုက်မှုမှ ရှိမနေ တော့ဘဲ မူလစွမ်းအင်သပ်သပ်သာ ကျန်ရှိတော့၏။

ထိုမူလစွမ်းအင်၏ ပြင်းထန်သော ဖိသိပ်မှုအောက်၌ ဝမ် လင်း၏ကျင့်ကြံမှုအဆင့်သည် အရူးအမူး တိုးတက်လာခဲ့ သည်။ချက်ခြင်းပင် သူက ပုံရိပ်ယောင်ယင်အထွတ်အထိပ် အဆင့်ကို ချိုးဖျက်ကာ အထည်ဒြပ်ယန်အဆင့်သို့ ဝင်ရောက်လာခဲ့တော့သည်။

ထိုအရာက အဆုံးသပ်မဟုတ်သေးပေ။ သူ့မူလစိတ် ဝိညာဉ်က မူလစွမ်းအင်ကို စုပ်ယူနေရင်း သူ့ကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် လည်း ပျောက်ကွယ်သွားခဲ့သည်။သူ့ကျင့်ကြံမှုအဆင့်က နောက်တစ်ဖန် တိုးတက်လာခဲ့တော့၏။ သူက အထည်ဒြပ် ယန်အဆင့်သို့ ဝင်ရောက်သွားခဲ့ပြီးနောက် အခြေခိုင်သွားခဲ့ တော့သည်။

ဝမ်လင်းခန္ဓာကိုယ်ထဲရှိ ထိုပြောင်းလဲမှုသည် သွေးဘိုး ဘေး၏အသွင်အား ကြီးစွာ ပြောင်းလဲသွားစေခဲ့သည်။သူက သူ့ဦးရေပြားပင် ထုံထိုင်းသွားသည်ဟု ခံစားလိုက်ရ၏။

"ငါက သူ့ကို ဆက်ပြီး ကြီးထွားခွင့် ပေးလို့မရဘူး။ငါက သာ သူ့ကို ခုလိုမျိုး ဆက်ခွင့်ပြုလိုက်ရင် သူ့ကျင့်ကြံမှု အဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကိုတောင် ရောက်သွားနိုင်တယ်..."

ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ အရင်ထက်ပိုစွမ်းအား ကောင်းသော ခံစားချက်တစ်ခု ပြည့်လာခဲ့သည်။သူ့မျက်လုံး က လင်းလက်နေတော့၏။ သူက ကမ္ဘာလောကကို သူ့ လက်ဖြင့် ထိန်းချုပ်နိုင်သကဲ့သို့ပါ ခံစားလာရသည်။သူက အသက်ဝဝရှုသွင်းလိုက်၏။သွေးဘိုးဘေးကလည်း နီးကပ် လာခဲ့သည်။သူက သူ့လက်ချောင်းကို မျက်ခုံးနှစ်ခုကြားသို့ ထောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို ထွက်ပေါ်လာစေလိုက်သည်။

သူ့ခန္ဓာကိုယ်က တိမ်တိုက်များထံကနေ ပြုတ်ကျလာ၏။ သို့သော် မန္တာန်တစ်ခုက သူ့ကို စောင့်ကြပ်ပေးထား၏။ သူ့ ခန္ဓာကိုယ်က မြေပေါ်သို့ ကျရောက်သွားပြီးနောက် သူသည် စတင်၍ ကျင့်ကြံတော့၏။

သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပြီးနောက် ဝမ် လင်း၏မူလစိတ်ဝိညာဉ်သည် ပေတစ်ထောင်ကျော်ရှိသော သူက နတ်ဘုရားပြစ်ဒဏ်မိုးကြိုးများအတွင်း၌ ရှေးဟောင်းမိုးကြိုးနဂါးအသွင်သို့ ပြောင်းလဲသွားသည်။ အလွန်အမင်း တုန်လှုပ်ဖွယ်ကောင်းနေတော့သည်။

"သွေးဘိုးဘေး...သင်က သင်ကိုယ်တိုင် ငါ့ရှိ တိုးဝင်လာ မှတော့ သင်က ငါ့ဆန္ဒအတိုင်း ဖြစ်သင့်တာပေါ့..."
ယုံကြည်မှု 
ရှေးဟောင်းမိုးကြိုးနဂါးသည် မိုးကြိုးကနေ မွေးဖွားလာ ခြင်း ဖြစ်သည်။ခုလက်ရှိတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ် တဖြစ်လဲ မိုးကြိုးနဂါးသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် များကြား၌ လူးလားခေါက်တုံ ဖြစ်နေသည်။

သွေးဘိုးဘေး၏မျက်လုံးက ရုတ်တရက် ပြူးကျယ် သွား၏။ဝမ်လင်း၏ မူလစိတ်ဝိညာဉ် လှုပ်ရှားလာသည့် အခိုက်တွင် တိမ်တိုက်များအားလုံးသည် တဝီဝီဖြစ်လာကာ နတ်ဘုရားပြစ်ဒဏ်၏ကောင်းကင်ဘုံခွန်အားသည် ပျံ့နှံ့လာ ခဲ့၏။

သိပ်မကြာခင်တွင် ဝမ်လင်း၏ ရှေးဟောင်းမိုးကြိုးနဂါး မူလစိတ်ဝိညာဉ်သည် တိမ်တိုက်များထဲကနေ ပေါ်ထွက် လာ၏။၎င်း၏နောက်တွင်လည်း မရေမတွက်နိုင်သော မိုးကြိုးတန်းများက ကပ်လျက် လိုက်ပါလာသည်။

"မင်းက သေချင်နေတာပဲ..." သွေးဘိုးဘေးက နောက်သို့ အမြန်ဆုတ်နေရင်း သုန်မှုန်နေသည်။သူက သူ့ လက်ထဲရှိ သွေးလုံးနှစ်လုံးကို ပစ်လွှတ်ကာ အော်ပြော လိုက်၏။ “သွေးပေါက်ကွဲခြင်း..."
ပေါက်ကွဲသံတစ်ခုနှင့်အတူ သွေးလုံးများသည် ပေါက်ကွဲ ထွက်သွားကာ ပြင်းထန်သောအားတစ်ခု ပျံ့နှံ့လာ၏။ ဝမ် လင်း၏ ရှေးဟောင်းနဂါးမူလစိတ်ဝိညာဉ်သည်လည်း ချက် ခြင်း ပျောက်ပျက်သွားသည်။

သို့ရာတွင် သွေးဘိုးဘေးသည် စိတ်သက်သာရာရသွား ခြင်း မရှိဘဲ ပို၍ပင် သတိထားလာ၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ပျောက်ကွယ်သွားသော နေရာ၌ မရေမတွက်နိုင်သော မိုးကြိုးများ ဖြစ်ပေါ်လာ သည်။၎င်းတို့သည် သွေးဘိုးဘေးပေါ်သို့ အရပ်မျက်နှာအနှံ့ ကနေ မိုးရွာချသကဲ့သို့ ကျဆင်းသွားတော့၏။

"မင်းက ငါ့သွေးခန္ဓာကိုယ်ကို ထပ်လိုချင်နေတာ လား...။မင်းက မင်းကိုယ်မင်း အထင်ကြီးလွန်းနေပြီ..." သွေးဘိုးဘေး၏မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထိုအခါ သူ့တစ်ကိုယ်လုံးသည် သွေးအလင်းတစ်ခုနှင့် ဖုံးလွှမ်းသွားတော့၏။မိုးကြိုးများက သွေးအလင်းပေါ်သို့ တရကြမ်းတိုးဝင်လာခြင်း မရှိဘဲ လှည့်ပတ်ကာ နေသည်။

သွေးဘိုးဘေးသည် မှင်သက်သွား၏။သူက တစ်ခုခုမှား နေသည်ကို သဘောပေါက်သွားကာ သူ့အသွင်က ပြောင်းလဲသွား၏။ သို့သော် ထိုအရာက နောက်ကျသွာခဲ့ လေပြီ။ ဝမ်လင်းနောက်သို့ လိုက်ပါလာသော နတ်ဘုရား ပြစ်ဒဏ်မိုးကြိုးက အခုအခါ၌ သွေးဘိုးဘေးထံသို့ အရူးအမူး ကျဆင်းလာတော့သည်။

"ဝမ်လင်း..." သွေးဘိုးဘေးက အံတင်းတင်းကြိတ်ကာ သွေးအလင်းတန်းများကလည်း တဖျပ်ဖျပ် လင်း လက်တောက်ပနေ၏။ ချက်ခြင်းပင် ဝမ်လင်း၏ မူလစိတ် ဝိညာဉ်က နောက်သို့ ပြန်ကန်ထွက်သွား၏။သို့ရာတွင် သည်ဖြစ်စဉ်အတွင်း နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းများ က ဆက်လက်၍ ကျဆင်းနေခဲ့သည်သာ။၎င်းတို့က ဝမ် လင်း၏ မူလစိတ်ဝိညာဉ်ကို ဖြတ်ကျော်၍ သွေးဘိုးဘေး ထံသို့ တိုက်ရိုက်ကျရောက်သည်။သူက နောက်သို့ မြန်ဆန် စွာ ဆုတ်နေရင်း သည်နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံ ကနေ ထွက်ခွာသွားလိုနေ၏။

"စီနီယာ....သွေးဘိုးဘေး...သင့်ရဲ့သွေးဂြိုဟ်က ဖျက်စီးခံ လိုက်ရပြီး ဖြစ်တယ်။ သင့်ရဲ့ကိုယ်လုပ်တော် ဇီရှင်းလက် ညး သင့်ကို သစ္စာဖောက်ပြီးတဲ့နောက် သေဆုံးသွားခဲ့ပြီ..." ဝမ်လင်း၏နတ်ဘုရားအာရုံအသံက ပဲ့တင်ထပ်လာကာ သွေးဘိုးဘေး၏ အသွင်ကို ပို၍ပင် သုန်မှုန်သွားစေ တော့သည်။

"ဒါ့အပြင် သင့်ရဲ့ သွေးခန်းမကလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်..."

ဝမ်လင်း၏အသံက ဟင်းလင်းပြင်ထဲကနေ ထွက် ပေါ်လာခဲ့၏။

"သင်က ငါ့ကို ဒီမှာ သတ်ဖို့ ကြိုးစားနေတယ်။ ဒါပေမဲ့ငါ သိချင်တာက သင့်သမီးယောင်ရှင်းရွှယ် သွေးဂြိုဟ်ကို ပြန်သွားတဲ့အခါ သူမဟာ ကျားလက်သည်းတွေကြား လှမ်း တိုးဝင်သွားတဲ့ သိုးငယ်လေးတစ်ကောင် ဖြစ်နေမလား ဆို တာပဲ..."

ဝမ်လင်းက သွေးဘိုးဘေး နိုးထလာသည်ကို စတွေ့ ကတည်းက ယောင်ရှင်းရွှယ်၏အရိပ်အယောင်ကို တွေ့မြင် ခဲ့ရခြင်း မရှိပေ။သူမက သူမကိုယ်သူမ သိုလှောင် နေရာလွတ်ပြိုကျခြင်းကနေ ကာကွယ်နိုင်ရန် လုံးဝ မဖြစ် နိုင်ချေ။ဖြစ်နိုင်ချေ အရှိဆုံးက ယောင်ရှင်းရွှယ်သည် သွေး ဘိုးဘေး၏ အကူအညီဖြင့် ပြန်လည်ရှင်သန်ခြင်းဖြစ်စဉ်ကို လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။

ဝမ်လင်း၏စကားများက မျက်စိဖြင့်မမြင်ရသော နတ် ဘုရားပြစ်ဒဏ်ကဲ့သို့ သွေးဘိုးဘေး၏နှလုံးသားပေါ်သို့ ကျ ရောက်လာနေ၏။အစောပိုင်းကတည်းက သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် ထိခိုက်နေခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် သည်လို မတည်မငြိမ်အခြေအနေအောက်၌ သူက တုန်လှုပ် မိနေလေ၏။

ယောင်ရှင်းရွှယ်က သူ့အားနည်းချက် ဖြစ်သည် မဟုတ် လား။

"ဝမ်လင်း..." သွေးဘိုးဘေးက စိတ်ထဲ၌ တုန်လှုပ်နေ ရင်း သူ့ပတ်လည်ရှိသွေးအလင်းသည်လည်း တဖျပ်ဖျပ် ဖြစ်လာကာ မတည်ငြိမ်သည့် အရိပ်အယောင် ပြသလာခဲ့တော့၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ရှိနေသောနေရာက ထွက် ပေါ်လာသည့် ရယ်သံသည် ချက်ခြင်းလိုလို မရေမတွက်နိုင် သောမိုးကြိုးတန်းများအဖြစ်သို့ ပြောင်းလဲသွား၏။ထို မိုးကြိုးများသည် သွေးဘိုးဘေးထံသို့ ဘက်ပေါင်းစုံကနေ တိုးဝင်လာခဲ့သည်။၎င်းမိုးကြိုးများသည် သွေးအလင်းကို ဖောက်ထွင်းလာကာ သွေးဘိုးဘေး၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွား၏။

ဤအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်က အရူးအမူး သက်ဆင်းလာကာ ခုနစ်ရောင်စုံမိုးကြိုးကပါ မိုးကြိုးများ အတွင်း၌ ရောယှက်ပါနေ၏။ သွေးဘိုးဘေး၏မူလစိတ် ဝိညာဉ်သည် အရူးအမူးမာန်သွင်းကာ တဟုန်ထိုး ထွက် သွားချင်နေ၏။ သို့ရာတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ခု ချိန်တွင် သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေကာ သေရေးရှင်ရေး တိုက်ပွဲကို စတင်ကြတော့၏။

သွေးဘိုးဘေး၏ သွေးခန္ဓာကိုယ်ထဲကို တိုက်ပွဲကွင်းပြင် ကဲ့သို့ ဖြစ်စေကာ သူတို့နှစ်ယောက်၏ တိုက်ပွဲသည် စတင် ကြတော့၏။မူလတုန်းက သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ် သည် သူ့အားနည်းချက် မဟုတ်ပေ။ သို့ရာတွင် သူ့မူလစိတ် ဝိညာဉ်တစ်ဝက်ကို ထူးဆန်းသောအဘိုးအိုက ယူဆောင် သွားခဲ့ပြီး ဖြစ်၏။ထို့နောက် သူက ဝမ်လင်းနှင့် တွေ့ကြုံခဲ့ ရကာ အပြင်းအထန်ဒဏ်ရာ ထပ်ရခဲ့ရပြန်သည်။
သို့သော် ထိုသို့ဖြစ်နေစေဦးတော့ သူ့မူလစိတ်ဝိညာဉ်က ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထက် သန်မာနေဆဲ ဖြစ်ချေ၏။

သို့ရာတွင် ခုချိန်၌ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မူလ စွမ်းအင်များနှင့် ပြည့်နှက်နေကာ သူက အထည်ဒြပ်ယန် အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။ သို့သော် အရေးကြီးဆုံးက ဝမ်လင်းသည် သွေးဘိုးဘေး၏ခန္ဓာကိုယ် ယူဆောင်နိုင်ရန် မကြိုးစားဘဲ သွေးဘိုးဘေးကို နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်များထဲကနေ ထွက်မသွားနိုင်အောင်သာ လုပ်ဆောင်နေခြင်း ဖြစ်တော့၏။

3 သွေးဘိုးဘေးက သေရပေမည်။သည်လူ မသေပါက သေ ရမည့်သူသည် သူသာလျှင် ဖြစ်သွားပေလိမ့်မည်။ဝမ်လင်း ထိုအရာကို ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့်လည်း သူက မည်သို့ပေးစပ်ရပါစေ သွေးဘိုး ဘေးကို တိမ်တိုက်များအတွင်း၌ ဆက်၍ ရှိနေအောင် လုပ်ဆောင်နေခြင်း ဖြစ်တော့၏။ သွေးဘိုးဘေးကို သတ်ဖို့ က နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားကို အသုံးပြုမှ ဖြစ်မည် မဟုတ်လား။

သို့သော် နတ်ဘုရားပြစ်ဒဏ်က လွင့်ပြယ်ပျောက်ကွယ် တော့မည့် အလား ဖြစ်နေကာ အရင်လောက် သန်မာလှ ခြင်း မရှိတော့ပေ။သို့သော်လည်း သွေးဘိုးဘေးပေါ်သို့ မိုးကြိုးများ ဆက်တိုက်ကျဆင်းနေခြင်းက သူ့အား တုန်ယင်စေနေ၏။ နတ်ဘုရားပြစ်ဒဏ်၏ ကြောက်မက် ဖွယ်အား၏ တစ်ဝက်သည် သွေးဘိုးဘေးကို ထိခိုက်စေကာကျန်တစ်ဝက်ကိုတော့ ဝမ်လင်းက စုပ်ယူလေ၏။

ပြင်းထန်သောမိုးကြိုးတုန်ဟီးသံများက ဆက်လက် ကျ ဆင်းနေသလို တိမ်တိုက်များကလည်း မြန်ဆန်စွာ လွင့်ပါး လို့နေ၏။နောက်ဆုံးမိုးကြိုးတန်းတစ်ခုကို ဖြစ်ပေါ်စေနေ ရင်း ၎င်းမိုးကြိုးက ကြွင်းကျန်နေသောတိမ်တိုက်များ အားလုံးကို စုပ်ယူကာ ပေါက်ကွဲသံတစ်ခုနှင့်အတူ သက် ဆင်းလာချေသည်။

သည်တိုက်ချက်က ကောင်းကင်ဘုံ၏ နောက်ဆုံးပွဲသိမ်း တိုက်ကွက်ဖြစ်နေ၏။ သည်တိုက်ခိုက်မှုက သတ်ဖြတ်ရန် တာဆူထား၏။

သေရေးရှင်ရေးအာရုံက သွေးဘိုးဘေးထံ၌ ပြည့်နှက် လာ၏။ သူက ဝမ်လင်း၏မူလစိတ်ဝိညာဉ်ဖြင့် ရောထွေး ယှက်တက်ခြင်း ခံထားရသည့်အတွက်ကြောင့် ထွက်မပြေး နိုင် ဖြစ်နေသည်။သူက ကြမ်းတမ်းသောဆုံးဖြတ်ချက်တစ် ခုကို ချမှတ်ကာ သူ့လျှာကို ကိုက်၍ သွေးအပြည့်ထွေးထုတ် လိုက်၏။

"သွေးချိတ်ပိတ်ခြင်း..." သွေးများက ကြီးမားသည့် ချိပ်တံဆိပ်တစ်ခုအဖြစ် မြန်ဆန်စွာ ဖြစပေါ်လာကာ သူ့ ခန္ဓာကိုယ်ပေါ်သို့ ပိုက်ကွန်တစ်ခုကဲ့သို့ ကျရောက်သွား သည်။ထိုပိုက်ကွန် ကျရောက်လာသည့်အခိုက်အတန့်၌ သွေးဘိုးဘေး၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင်အလင်း တစ်ခု ဖျက်ခနဲ တောက်ပလာခဲ့သည်။သမူလစိတ်ဝိညာဉ်ကလည်း ထိုးထွက်သွားကာ တိမ်တိုက်များအပြင်သို့ မြန်ဆန်စွာ ရောက်ရှိသွားလေသည်။

"ဝမ်လင်း...ဒီသွေးခန္ဓာကိုယ်ကို မင်းကို ပေးလိုက်မယ်။ မင်းက ဒီချိပ်ပိတ်မှုထဲမှာ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် နတ်ဘုရားပြစ်ဒဏ်ကို မင်းဟာမင်း ခုခံချေတော့

သွေးဘိုးဘေး၏ မျက်လုံးထဲ၌ မဖော်နိုင်သည့်အမုန်းတို့ နှင့် ပြည့်နှက်နေ၏။ သူက ထိုးထွက်လာရင်း နောက်သို့ လှည့်မကြည့်တော့ဘဲ မြန်ဆန်စွာ ပျံသန်းသွားတော့၏။

သည်အချိန်၌ သူက အလွန်ထိတ်လန့်ဖွယ် အခြေအနေ သို့ ကျရောက်နေခဲ့ခြင်းပင်။သူက သူ့မူလစိတ်ဝိညာဉ် တစ်ဝက်ကျော်နှင့်သူ့ခန္ဓာကိုယ်တို့ကိုပါ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။သူက ခုချိန်၌ သူ့ပျက်စီးနေသည့်မူလစိတ်ဝိညာဉ် နှင့် ထွက်မပြေးပါက အကယ်၍ ဝမ်လင်းသာ မသေခဲ့လျှင် အကျိုးဆက်က ခန့်မှန်းနိုင်လိမ့်မည် မဟုတ်တော့ပေ။သူက နောင်တရသလိုပင် ခံစားနေရ၏။သူက ဝမ်လင်းတောင်း ဆိုသော ကတိကိုသာ သဘောတူခဲ့ပါက သူက ယောင်ရှင်း ရွှယ်ကို ကယ်တင်နိုင်လိမ့်မည့်အပြင် ခုလိုမျိုး သနားစရာ ကောင်းသောအခြေအနေဆိုက်ရောက်နေမည်မဟုက်ပေ

သို့သော် ခုချိန်၌ ဖြစ်ပျက်သမျှက နောက်ကျသွားခဲ့လေပြီဝမ်လင်း၏

မူလစိတ်ဝိညာဥ်က သွေးဘိုး ဘေး၏ခန္ဓာကိုယ်ထဲ၌ သွေးချိပ်တံဆိပ်ကြောင့် ပိတ်မိနေခဲ့ သည်။သို့သော် သူက ထွက်သွားလိုခြင်းလည်း မရှိပေ။ သူ့ မူလစိတ်ဝိညာဉ်က နတ်ဘုရားပြစ်ဒဏ်ကျရောက်လာ သည်နှင့် ပို၍ပင် တက်ကြွလာသေး၏။

မိုးကြိုးတုန်ဟီးသံတို့က သည်ဧရိယာအနှံ့တွင် မြန်ဆန် စွာ ပျံ့နှံ့သွားသည်။သွေးချိပ်တံဆိပ်က ပျက်စီးသွားကာ သွေးဘိုးဘေး၏ခန္ဓာကိုယ်သည်လည်း အပိုင်းအစများ ဖြစ် သွား၏။ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က အတင်းထွက်လာ ကာ ရှေးဟောင်းမိုးကြိုးနဂါးအသွင်ပြောင်း၍ ကောင်းကင် ထက်သို့ ဟိန်းဟောက်လိုက်ချေသည်။

တိမ်များက လုံးဝ လွင့်ပါးသွားသလို နတ်ဘုရားပြစ်ဒဏ် သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သွေးဘိုး

ဘေး၏ခန္ဓာကိုယ်ကို ယူဆောင်ကာ အစိတ်အပိုင်းမြေပေါ် သို့ ပြန်ရောက်လာ၏။ သည်အစိတ်အပိုင်းမြေက ခုချိန်တွင် ပေတစ်ထောင်လောက်သာ အကျယ်ရှိတော့၏။၎င်းက အစိတ်အပိုင်းမြေတစ်ခုနှင့်ပင် မတူတော့ဘဲ ကြီးမားသည့် တံဆိပ်တုံးကြီးနှင့်ပင် တူနေတော့၏။

သူ့မူလစွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွား သည့်အခါ ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။သူက အသက်ဝဝရှုသွင်းကာ သွေးခန္ဓာကိုယ်ကို သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက သူ့အောက်ရှိ တံဆိပ်တုံး ကဲ့သို့ အစိတ်အပိုင်းမြေကို ငုံ့ကြည့်လိုက်သည်။သူ့မျက်လုံး က လက်ခနဲဖြစ်သွားသည်။သူက မြေပြင်ပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်၏။

အစိတ်အပိုင်းမြေကချက်ခြင်းတုန်ခါသွားခဲ့ကာ သည့်နောက် ၎င်းက ကျုံ့သွားပြီး သဲပွင့်အရွယ်လောက်ထိဖြစ်သွားခဲ့ကာ ဝမ်လင်းက ဝါးမြိုလိုက်လေသည်။ထို့နောက် သူက ဟင်းလင်းပြင်ထဲသို့ ရယ်မောကာ ပျံသန်းထွက်ခွာ သွားတော့သည်။

ခုချိန်၌ ဝမ်လင်းသည် အထည်ဒြပ်ယန်အဆင့်သို့ ရောက် နေခဲ့ပြီ။သူက အထိတ်အထိပ်အဆင့်သို့ မရောက်သေး သော်လည်း သိပ်မလိုလှတော့ပေ။သူ့ခန္ဓာကိုယ်ထဲ၌ မူလ စွမ်းအင်များနှင့် ပြည့်နှက်နေသည်။သို့သော် အများစုကို သူက စုပ်ယူရခြင်း မရှိသေးပေ။ သူက ၎င်းမူလစွမ်းအင်ကို စုပ်ယူလိုက်သည့်အချိန်၌ သူသည် အထည်ဒြပ်ယန် အဆင့်၏ အထိတ်အထိပ်သို့ ရောက်ရှိသွားပေလိမ့်မည်ဖြစ် ကာ အစစ်အမှန်ဒုတိယအဆင့်ကျင့်ကြံခြင်းနှင့် ပို၍ နီးကပ် လာပေတော့မည်။

ခုချိန်၌ အလွန်နည်းပါးသော လူအချို့ကလွဲ၍ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၌ မည်သူကမျှ ဝမ်လင်း၏ပြိုင်ဘက် မဟုတ်တော့ပေ။

ခုလက်ရှိတွင် သူ့၌ မန္တာန်နှင့် ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်း၊သားရဲအရိုးများ ကဲ့သို့ ရတနာများ ပိုင်ဆိုင် ထားကာ သူက ဒုတိယအဆင့်သို့ ရောက်နေသော တစ်စုံတစ်ယောက်နှင့် တွေ့ရသည့်အချိန်၌ အနိုင်ယူနိုင်စွမ်း မရှိရင်တောင် တိုက်ခိုက်ဖို့အတွက် အရည်အချင်း ပြည့်မှီ နေလေပြီ။

မဟာမိတ်ကြယ်အဖွဲ့အစည်းကနေ အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းထံသို့ ထွက်ပြေးလာရသည့် ဖိအားသည် လည်း လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။ဝမ်လင်းက သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။သူက သွေးဘိုးဘေး ထွက်ပြေးသွားသောနေရာသို့ ဦးတည်၍ အလျင်အမြန် ပျံသန်းသွားတော့သည်။

"အမြစ်ပါ မချန်ထားမှ နောက်ကျရင် ဒုက္ခမရောက် မှာ..." ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူ့ အထည်ဒြပ်ယန်အဆင့်ကို အသက်သွင်းလိုက်သည့်အခါ သူ့ အမြန်နှုန်းက အရင်ထက် အဆများစွာ သာသွား တော့သည်။

သူက ကြယ်ပျံတစ်စင်းအလား ဟင်းလင်းပြင်ထဲ၌ ဖြတ်၍ ပျံသန်းနေသည်။

အားကောင်းသောယုံကြည်မှုက ဝမ်လင်းစိတ်နှလုံးထဲ တွင် ဖြစ်ပေါ်နေသည်။သည်လို ယုံကြည်မှုမျိုးသည် သူ့ ကျင့်ကြံမှုအဆင့်နှင့် များစွာ သက်ဆိုင်ခြင်း မရှိပေ။သည် ယုံကြည်မှုက ကောင်းကင်ဘုံကိုဖိဆန်သည့် ကျင့်ကြံသူတို့၏ ယုံကြည်မှုမျိုး ဖြစ်လေ၏။

"ဒီလိုယုံကြည်မှုမျိုးက သွေးဘိုးဘေး၊ရှေ့ဖြစ်ဟောသူ၊လ င်းထျန်ဟူနဲ့ အခြားအားကောင်းတဲ့ ကျင့်ကြံသူများကိုပင် ကျော်လွှားပစ်နိုင်တယ်..." ဝမ်လင်းအကြည်က မြဲမြံ နေ၏။

ရှေ့ဖြစ်ဟောသူပင် အစုတ်အပဲ့ဂြိုဟ်တစ်ခုမှ လာသည့် သူ့တပည့်က အခွင့်အရေးဆက်တိုက်ဖြစ်ပေါ်မှုကို အသုံးပြု၍ သွေးဘိုးဘေးလိုလူမျိုးကို ခုလိုအခြေအနေထိဖိအားပေးနိုင်လိမ့်မည်ဟု လုံးဝ စိတ်ကူးမိလိမ့်မည် မဟုတ် ပေ။
"ဒါပေမဲ့လည်း တစ်စုံတစ်ယောက်က ငါ့ကို ကူညီလိုက် တဲ့ပုံပဲ။ မဟုတ်ရင် သွေးဘိုးဘေးက ငါတွေ့ခဲ့တဲ့ အချိန်မှာ ခုလောက်ထိ အားနည်းသွားလိမ့်မှာ မဟုတ်ဘူး..."

ထိုသံသယက သူ့စိတ်ထဲတွင် ရှိလို့နေဆဲ ဖြစ်၏။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ရှေ့ရှိ အစိတ်အပိုင်းမြေ တစ်ခုပေါ်တွင် လီယွမ်သည် ဖျော့တော့သောအသွင်နှင့် ထွက်ပြေးလို့နေ၏။သူ့လက်မောင်းတစ်ဖက်ကလည်း ပြက် သွားခဲ့ပြီ ဖြစ်ကာ သွေးများစိမ့်ထွက်နေသည်။

သူ့ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားဒဏ်ရာများစွာ ရှိနေ၏။ အဆိုးဆုံးက ဗိုက်ကဓားဒဏ်ရာပင်။သူ့မူလစိတ်ဝိညာဉ်ပင် ဒဏ်ရာရသွားကာ ပျက်စီးတော့မည် လက္ခဏာ ပြသ လာ၏။ သူ့မိသားစု၏မန္တာန်များကြောင့်သာ မဟုတ်လျှင်သူက သေဆုံးနေခဲ့လေပြီ။

လီယွမ်၏ခန္ဓာကိုယ်၌ သေဆုံးခြင်းအော်ရာက ပြည် နေသည်။သူက ခါးသီးစွာပြုံး၍ အလိုမကျသည့်အသွင်ဖြစ် နေ၏။ သူက ပြန်၍ တိုက်ခိုက်လို၏။သို့သော် အခြားဘက် က အုပ်စုသည် အတားအဆီးများကို ချိုးဖျက်နိုင်သည့် ရှေးဟောင်းကြေးမုံ ရှိလို့နေသည်။သူက ဝမ်လင်းကို ကူညီ ခဲ့ကာ သူ့အတားအဆီးနှလုံးသားကိုလည်း အသုံးပြုခဲ့ရာ ခု ထိ ပြန်ကောင်းမွန်ခြင်း မရှိသေးပေ။သူက အကွာအဝေး တစ်ချို့ကို မဖန်တီးနိုင်ပါက သူက သူ့ကိုယ်သူ အချိန်တို အတွင်း ပုန်းအောင်းနိုင်လိမ့်မည် မဟုတ်ပေ။

"ကောင်းကင်ဘုံနယ်မြေကနေ အမွေဆက်ခံထားတဲ့ မိသားစုတစ်ခုကသာ ဒီလိုမျိုးအတားအဆီးတွေကို ချိုးဖျက် နိုင်တဲ့ ရှေးဟောင်းကြေးမုံတစ်ချပ် ရှိလိမ့်မယ်။ ငါ့ လီ မိသားစုကသာ စွမ်းအားကောင်းနေတုန်းဆိုရင် ဒီလူတွေ က ငါ့အတွက် လူပြက်သာသာပဲ ဖြစ်လိမ့်မယ်…ဒါပေမဲ့ လည်း ခုတော့...အာ...အစ်ကို...ငါက သင့်ကို အတားအဆီးနှလုံးသားပေးမယ်ဆိုတဲ့ ကတိကို မတည်နိုင် တော့ပါဘူး...။ဒါက ငါ့ဆန္ဒမရှိလို့ မဟုတ်ပါဘူး..."

"အစ်ကို...ဒီလူ့မှာ ရတနာတွေအများကြီး ရှိလောက် တယ်။ ဒီရတနာတွေကလည်း တော်တော်အားကောင်းကြ တယ်။ငါက ဒီလို ကောင်းကင်ဘုံဓားတစ်လက်ကို တော်တော်လေး နှစ်သက်တယ်..."
လီယွမ်၏နောက်တွင် သူ့နောက်သို့ လိုက်လာသော လူ သုံးယောက် ရှိနေသည်။

ထိုသုံးယောက်မှာ အမျိုးသမီးတစ်ယောက် ယောက်ျားသားနှစ်ယောက်နှင့် ဖြစ်ကြသည်။အမျိုးသမီးက အလွန်လှ၍ စွဲဆောင်မှု ရှိလှ၏။ သူမက ခုလက်ရှိတွင် လီ ယွမ်ကောင်းကင်ဘုံသား၏ သိုလှောင်နေရာလွတ်ကနေ ရရှိထားသော ကောင်းကင်ဘုံဓားများထဲမှ တစ်လက်ကို ကိုင်ဆောင်ထားသည်။

အမျိုးသားနှစ်ယောက်ကတော့ လူငယ်တစ်ယောက်နှင့် အဘိုးအိုတစ်ယောက်တို့ ဖြစ်ကြသည်။လူငယ်က အမျိုးသမီးကို ပြုံး၍ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက် သည်။ "ဒီလူ့မှာ ရှစ်ခုကျော် ရှိလောက်တယ်။ဂျူနီယာညီမ လေး ရှက ဒီဓားတိုတွေကို ကြိုက်တယ်ဆိုမှတော့ ငါက သူ့ ရှိကနေ ဒီဓားတွေကို ယူပြီး သူဘယ်ကနေ ရခဲ့တာလဲ မေး ပေးမယ်။ ပြီးရင် နင့်ကို လက်ဆောင်ပေးမယ်..."

ထိုလူငယ်၏ ကျင့်ကြံမှုအဆင့်သည် အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်တွင် ဖြစ်၏။ သို့သော် အဘိုးအို ကတော့ ရိုးရှင်းခြင်း မရှိပေ။

ဝမ်လင်းသာ သည်နေရာတွင် ရှိပါက သူက ထိုအဘိုးအို သည် ပုံရိပ်ယောင်ယင်အထွတ်အထိပ်အဆင့် ဖြစ်ကြောင်း ချက်ခြင်း ပြောနိုင်ပေလိမ့်မည်။

ယောင်မိသားစု(၁) နောက်တစ်ပိုင်း

ဟင်းလင်းပြင်ထဲ၌ ဝမ်လင်း၏အမြန်နှုန်းသည် ပို၍ပို၍ မြန်ဆန်လာသည်။သူက သူ့အထည်ဒြပ်ယန်အဆင့်ကျင့်ကြံ မှုနှင့် ပို၍ အသားကျကျလာခဲ့သည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလ စွမ်းအင်သည် သိပ်သည်းလာခဲ့သည်။ထိုစွမ်းအင်က သူ့ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်နေကာ သူ့ကို အနည်းငယ် လောက်တော့ မသက်မသာ ဖြစ်စေ၏။ သူက မူလစွမ်းအင် ပါဝင်သော ခြေလှမ်းကို လှမ်းလိုက်တိုင်း သူ့ကို ဟင်းလင်းပြင်အား ချိုးဖျက်နေသလို ခံစားရစေ၏။

ထိုအရာက အရင်နှင့် အလွန်ခြားနားသွားခဲ့လေပြီ။သည် အခိုက်အတန့်၌ ဝမ်လင်းသည် အနည်းငယ် ပုံပန်းမကျ ဖြစ် သွားကာ သူ့ခန္ဓာကိုယ်က နည်းနည်း တုန်ယင်သွားသည်။

သူက ကမ္ဘာလောကနှင့်တစ်သားတည်း ဖြစ်လာသည်ဟု ယောင်ယောင်လေး ခံစားမိလိုက်သည်။

ထိုခံစားချက်က သန်မာလာကာ သူ့စိတ်ထဲ၌ ပြင်းပြ သောစိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာသည်။အဆုံးသပ်၌ ထို စိတ်ဆန္ဒက ပို၍ အားကောင်းလာခဲ့သည်။သူက ဟင်းလင်းပြင်ထဲ၌ ကြည့်နေရင်း ကမ္ဘာလောကထဲ အမှန်တကယ် နစ်မြောသွားသလား ခံစားနေရသည်။

လောက၏ဟင်းလင်းပြင်က သူ့ခန္ဓာကိုယ် ဖြစ်လာ သကဲ့သို့ သူက ခံစားနေရသည်။ထိုခံစားချက်က ဖြစ်နိုင်ချေ မရှိသည့်အရာမျိုးပင်။ဝမ်လင်း၏ တည်ငြိမ်သောစိတ်နှင့် ဉာဏ်ရည်တို့က သည်ခံစားချက်မှာ မဖြစ်နိုင်ကြောင်း ပြော နေ၏။သို့သော် သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့မှ ထွက် ပေါ်နေသည့် သည်ခံစားချက်သည် အလွန်အစစ်အမှန် ဖြစ် နေသည်ဟု ခံစားနေရသည်။

သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။ခဏတာစဉ်းစား ပြီးနောက် ဝမ်လင်းက သူ့ကျိုးကြောင်းဆင်ခြင်မှုကို လက်လွှတ်လိုက်၏။သူက မျက်လုံးမှိတ်လိုက်ရာ သူ့မူလ စိတ်ဝိညာဉ်ကလာသည့် ခံစားချက်အတိုင်း ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ထိုခြေလှမ်းကို လှမ်းလိုက်သည့်အခါတွင် ဟင်း လင်ပြင်မှာ ရုတ်တရက် တုန်ခါသွားသည်။ဟင်းလင်းပြင် က ရေကန်တစ်ခုကဲ့သို့ ဝမ်လင်းခြေလှမ်းကြောင့် လှိုင်းတွန့် လေးများ ပျံ့နှံ့သွားခဲ့သည်ဟုပင် ထင်ရသည်။

တစ်ချိန်တည်းမှာလည်း ဝမ်လင်း၏မူလစွမ်းအင်က စတင်လှည့်ပတ်လာ၏။၎င်းစွမ်းအင်က သူ့ခန္ဓာကိုယ်ကနေ ခွဲထွက်ကာ ကမ္ဘာလောကနှင့် စတင်ပေါင်းစပ်သွားကာ ထူးဆန်းအံ့ဖွယ် ဆက် နွှယ်ချက်တစ်ခု ဖြစ်ပေါ်သည်။

ဤအခိုက်အတန့်၌ ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားလေသည်။

ဤအရာက အာဏာတက်ခြင်းအဆင့်၌ တည်နေရာ ရွှေ့ပြောင်းခြင်း၏ အမြန်နှုန်းထက် သာလွန်သောအဆင့် ဖြစ်ကာ သူက မဟာတည်နေရာရွှေ့ပြောင်းခြင်းနည်းစနစ် ကို အကြိမ်ပေါင်းစွာ တစ်ခါတည်းအသုံးပြုလိုက်သကဲ့သို့ ဖြစ်သည်။သို့ရာတွင် ယခုမန္တာန်က ပို၍ပင် မြန်ဆန်နေ သေး၏။

သည်မန္တာန်ကို အကွာအဝေးကွေးညွတ်ခြင်း မန္တာန်ဟု ခေါ်တွင်၏။

သည်မန္တာန်ကို ရှေးဟောင်းကျင့်ကြံသူများ သူတို့၏ မူလ စိတ်ဝိညာဉ် ဖြစ်ပေါ်ခဲ့သည့်အခါတွင်သာ အသုံးပြုနိုင်သည့် မန္တာန်မျိုး ဖြစ်သည်။ခုလက်ရှိ ကျင့်ကြံခြင်းကမ္ဘာတွင် နိဗ္ဗာ နကြိုမြင်ခြင်းအဆင့်သို့ ရောက်နေသည့်သူများသည် ဤ မူလမန္တာန်ကို အသုံးပြုနိုင်ပေ၏။

ဒုတိယအဆင့်ရှိ ကျင့်ကြံသူတိုင်းပင် အနှီမန္တာန် အကွာ အဝေးကွေးညွတ်ခြင်းကို နားမလည်နိုင်ကြပေ။ထိုအရာက ပါရမီနှင့် မဆိုဘဲ လူတစ်ယောက်၏ မူလစွမ်းအင်အပေါ် နားလည်မှုနှင့်သာ သက်ဆိုင်ပေသည်။

သွေးဘိုးဘေးသည် ဝမ်လင်းပျောက်ကွယ်သွားသော နေရာနှင့် မရေမတွက်နိုင်သောကီလိုမီတာများစွာ အကွာ တွင် မြန်ဆန်စွာ ပျံသန်းနေ၏။ခုလက်ရှိ သူ့ကျင့်ကြံမှု အဆင့်သည် အထည်ဒြပ်ယန်အဆင့်ထိ လျော့ကျနေခဲ့သည့်အတွက် သူက မန္တာန်များစွာကို အသုံးပြုနိုင်ခြင်း မရှိပေ။အခုအချိန်၌ သူ့မူလစိတ်ဝိညာဉ်ကလည်း ထိခိုက်နေပြီ ဖြစ်ကာ သူ့ကို ပို၍အားနည်းနေစေသည်။

"ဝမ်လင်း...ငါပြန်ကောင်းလာတာနဲ့...ငါမင်းကို သတ် ပစ်မယ်လို့ ကျိန်ဆိုတယ်..."

သွေးဘိုးဘေးက အလွန်မြန်နေသောနှုန်းဖြင့် ရွှေ့လျား နေ၏။အချိန်အတန်ကြာမြင့်ပြီးမှ သူက နောက်ဆုံးတွင် စိတ်သက်သာရာရကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒီ ကောင်စုတ်ဝမ်လင်းက ခုချိန်မှာ ငါ့ကို မမှီလာသင့်တော့ ဘူး။ငါက လျှို့ဝှက်နေရာတစ်ခုရှာပြီး ငါ့ကျင့်ကြံမှုအဆင့်ကို နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ပြန်ရောက်ဖို့ တက်နိုင်သမျှ မြန်အောင် လုပ်ရမယ်..."

ခဏတာစဉ်းစားပြီးသည့်နောက် သွေးဘိုးဘေးသည် သူ့ စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။သို့ရာတွင် သည် အခိုက်အတန့်၌ သူ့အသွင်က ကြီးစွာပြောင်းလဲသွားကာ သူက တုံ့ဆိုင်းခြင်းမရှိ နောက်တစ်ဖန် ထွက်ပြေးလိုက် သည်။သူ့နောက်တွင် လှိုင်းတွန့်တစ်ခုပေါ်လာကာ ဝမ် လင်း၏ပုံရိပ်က လှမ်းထွက်လာတော့၏။

ဝမ်လင်းက ညာခြေလှမ်းချလိုက်သည်နှင့် သူ့မျက်လုံးက ပြူးကျယ်သွားသည်။အကွာအဝေးတစ်ခု၌ သွေးဘိုးဘေး သည် သူ့အသိဉာဏ်ပင်ဆုံးရှုံးလုနီး ဖြစ်သွားကာ လုံးဝ တုန်လှုပ်နေတော့၏။
"အကွာအဝေးကွေးညွတ်ခြင်း...။ဒီလူက ခုထိနိဗ္ဗာနကြို မြင်ခြင်းအဆင့်ကိုတောင် မရောက်သေးဘူးလေ။ သူက ဘယ်လိုလုပ် အစစ်အမှန်ဒုတိယအဆင့်ကျင့်ကြံသူတွေပဲ သုံးနိုင်တဲ့ မန္တာန်ကို အသုံးပြုနိုင်နေရတာလဲ...။မဟုတ် ::..."သေးဘူး

သွေးဘိုးဘေးသည် မြန်ဆန်စွာ ထွက်ပြေး၍ သူ့ စိတ်နှလုံးထဲ၌ ခါးသီးမှုတို့ ပြည့်နေခဲ့သည်။

သူသည် သည်အခိုက်အတန့်၌ ပင့်သက်ရှိုက်မိနေ၏။သူ့ ကျင့်ကြံမှုအဆင့် မလျော့ကျခင်တုန်းကပင် သူက အကွာ အဝေးကွေးညွတ်ခြင်းမန္တာန်ကို ထိတွေ့နိုင်ရုံသာ ရှိခဲ့ကာ နားလည်ရုံနားလည်ခဲ့ပြီး သေချာတက်မြောက်ခဲ့ခြင်း မရှိပေ

ထို့အပြင် သူက လင်းထျန်ဟူပင် ဤမန္တာန်ကို ပြည့်ပြည့် ဝဝနားမလည်ကြောင်းကို သိခဲ့ပေသည်။သူတို့လိုလူများ အဖို့ သည်မန္တာန်က တတိယအဆင့်၏မန္တာန်တစ်ခုနှင့် နီးကပ်မှုရှိသော အရာတစ်ခုဖြစ်နေခဲ့၏။

ပထမဆုံးအကြိမ်အဖြစ် သွေးဘိုးဘေးသည် ဝမ်လင်း အပေါ် ကြောက်ရွှံ့မှုအရိပ်အမြွက် ခံစားလိုက်ရ၏။ထို ကြောက်ရွံ့မှုက သူကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အဖြစ်ကနေ ဖြစ်ပေါ်လာခဲ့ခြင်းပင်။သူက ဝမ်လင်းသည် အာဏာတက် ခြင်းအထွတ်အထိပ်အဆင့်ကနေ အခုအဆင့်ထိရောက်လာချိန်၌ ဖြစ်ပျက်ခဲ့သမျှကို ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခဲ့သူ မဟုတ်လား။

"ဒီကောင်စုတ်က တော်တော်ကံကောင်းခဲ့ရမယ်။ ဟုတ် တယ် သူက အကွာအဝေးကွေးညွတ်ခြင်းမန္တာန်ကို အသုံးပြုနိုင်ဖို့ တော်တော်လေး ကံကောင်းမှ ဖြစ်မယ်..." သွေးဘိုးဘေးသည် အလွန်ခါးသီးစွာ ခံစားမိနေ၏။သူက သူ့ခေါင်းကို နောက်သို့ပင် ပြန်မလှည့်ကြည့်တော့ဘဲ မြန်ဆန်စွာ ပျံသန်းထွက်ပြေးတော့၏။

ဝမ်လင်းက သူမျက်လုံးဖွင့်လာသည့်အခိုက်တွင် သူ့ မျက်လုံးထဲ၌ ကြည်လင်မှုတို့ ဖြစ်ပေါ်နေ၏။သူက ဖြစ်ပျက် ခဲ့သမျှကို အနည်းငယ်ရှုပ်ထွေးမိနေဆဲတော့ ရှိနေသေး၏။ သူ့အတွက် သူက ညာခြေတစ်ဖက် မြှောက်လိုက်ရုံဖြင့် ခုလို နေရာထိ ခြေကျပြီး ဖြစ်သွားသည်ဟုသာ ခံစားနေရသည်။

သို့ရာတွင် သည်ဖြစ်စဉ်အတွင်း သူက အချိန်စီးဆင်းမှု ရပ်တန့်သွားသကဲ့သို့ အရာရာကသူ့အား ကျော်ဖြတ်သွား သကဲ့သို့ ဖြစ်ပျက်သွားခဲ့သည်။သူက ခြေချလိုက်သည်နှင့် သည်နေရာသို့ ရောက်နေကာ သူ့ရှေ့တွင် သူလိုက်လံနေ သွေးဘိုးဘေး ရှိနေသည်ကို တွေ့မြင်လိုက်ရ သော တော့သည်။

"ငါက ဒီနေရာကို ရောက်လာဖို့ တိုင်းတာလို့မရတဲ့ အကွာအဝေးကို ထူးဆန်းအံ့ဖွယ် ဖြတ်ကျော်လာခဲ့တာပဲ..."

ဝမ်လင်းက အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွား သော သွေးဘိုးဘေးနောက်သို့ လိုက်ပါသွားခြင်း မပြုပေ။
သူက စောနပိုင်းက ရရှိခဲ့သည့် ခံစားချက်အကြောင်းကို တိတ်ဆိတ်စွာ စဉ်းစားကြည့်နေသည်။သွေးဘိုးဘေး နောက်သို့ လိုက်ပါခြင်းနှင့် ယှဉ်လျှင် ဝမ်လင်းသည် သည် အဖြစ်ကို နားလည်ဖို့က ပို၍ တန်ဖိုးရှိလိမ့်မည်ဟု သိနေခဲ့ သည်။

အချိန်က အလွန်နှေးကွေးစွာ ကုန်ဆုံးသွားသည့်ပုံပင်။ သို့သော် အလွန်မြန်ဆန်စွာ ရွေ့လျားသွားသည်ဟုလည်း ခံစားရပြန်သည်။အမွှေးတိုင်တစ်တိုင်ဝက်စာ ကြာချိန်ပြီး နောက် ဝမ်လင်း၏မျက်လုံးထဲ၌ ဉာဏ်အလင်းရသည့် အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။သူက ဟင်းလင်းပြင် အောက်သို့ ငုံ့ကြည်ကာ သူ့ညာခြေကို မြှောက်၍ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်၏။

ထိုခြေတစ်လှမ်းနှင့်အတူ လှိုင်းတွန့်က နောက်တစ်ဖန် ပေါ်လာခဲ့သည်။သို့သော် သူ့ခန္ဓာကိုယ်ကတော့ ယခုနေရာ တွင်သာ ရှိလို့နေစမြဲပင်။သူ့ခန္ဓာကိုယ်ထဲရှိ ကမ္ဘာလောက နှင့် တစ်သားတည်း ဖြစ်လာခဲ့သည်ဆိုသော ခံစားချက်က အခုထပ်မံ ပေါ်မလာခဲ့တော့ချေ။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။သူက သွေးဘိုး ဘေးထွက်ပြေးသွားသော နေရာသို့ ကြည့်ကာ နောက်က နေ စတင်လိုက်လံသည်။သွေးဘိုးဘေးနောက်သို့ လိုက်လံ ခြင်းက အကြောင်းပြချက်တစ်ခုမျှသာ ဖြစ်သည်။အမှန် တော့ သည်အခုက်အတန့်၌ ဝမ်လင်းအတွက် သူစောနပိုင်း 3 အမှတ်မထင်ရရှိခဲ့သည့်

ကမ္ဘာလောကနှင့်တစ်သားတည်း ပေါင်းစပ်သည့် ခံစားချက်က ပို၍ အရေးကြီးနေပေသည်။ဝမ်လင်းက စောနပိုင်းက အဖြစ်အပျက်ကို ပြန်တွေးမိလိုက်သည်နှင့် သူ့နှလုံးက ရုတ်တရက် ခုန်ပေါက်သွားမိချေ၏။

"ငါသာ ဒီလိုမန္တာန်မျိုးကို ကျွမ်းကျင်နိုင်ရင် ငါက မမြင်ရ တဲ့၊ပုံသဏ္ဌာန်မဲ့တဲ့ အဖြစ်ကို လုပ်ဆောင်နိုင်မယ်လို့ ဆိုလို တာမလား..." ဝမ်လင်းက ရှေ့သို့ ဆက်ရွှေ့လျားလာနေရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက် ပေါ်လာခဲ့သည်။

အချိန်ကုန်လာသည်နှင့်အမျှ သူက ပို၍မြန်သထက်မြန် လာခဲ့ကာ နောက်ဆုံးတွင် အလင်းတန်းတစ်ခုအဖြစ် ဖျပ် ခနဲ ပြောင်းလဲသွားသည့်အထိ မြန်ဆန်လာခဲ့သည်။

ကမ္ဘာလောကနှင့်တစ်သားတည်းဖြစ်ခြင်း ခံစားချက်က ဝမ်လင်း၏ စိတ်နှလုံးထဲ၌ ထပ်မံ ပေါ်လာခဲ့တော့သည်။ သူက သူ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ ၎င်းခံစားချက်ကို စတင်နားလည်အောင် လုပ်နေ၏။သို့ရာတွင် သည်လိုခံစား ချက်မျိုးက အလွန်ပင် သိမ်မွေ့ကာ အပြည့်အဝ သိရှိကျွမ်းကျင်သွားဖို့ မဖြစ်နိုင်လှပေ။

ထိုခံစားချက် စတင် ပျောက်ကွယ်သွားသည့်အခါ ဝမ် လင်းသည် သက်ပြင်းချလိုက်၏။ သွေးဘိုးဘေးသည် သူ့ စိတ်ထဲ၌ ပေါ်လာခဲ့ကာ သူက ခြေတစ်လှမ်းအတူ ပျောက် ကွယ်သွားလေ၏။
ထွက်ပြေးပျံသန်းနေသော သွေးဘိုးဘေးသည် သူ့စိတ် ထဲ၌ မသက်မသာခံစားနေရသည်။

သည်အခိုက်အတန့်၌ သူ့အသွင်က ကြီးစွာ ပြောင်းလဲ သွားသည်။သူက နောက်သို့ စဉ်းစားခြင်းပင် မပြုဘဲ ချက် ခြင်း ဆုတ်လိုက်သည်။သို့ရာတွင် ချက်ခြင်းပင် ကျာပွတ် အရိပ်တစ်ခုက ဟင်းလင်းပြင်ထဲကနေ ထွက်ပေါ်လာကာ သူ့ထံသို့ ကြမ်းတမ်းစွာ ဝင်ရောက်လာလေ၏။

သွေးဘိုးဘေးက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ် ပေါ်စေလိုက်ရာ သွေးအလင်းတန်းတစ်ခုအသွင် ပြောင်း၍ ကျာပွတ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ထို့နောက် သူက နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်၏။

ကျာပွတ်ရိုက်ချက်နောက်၌ လှိုင်းတွန့်များ ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာခဲ့လေ၏။

သွေးဘိုးဘေး၏စိတ်နှလုံးက အကြီးအကျယ် တုန်ယင် နေသည်။သူ့ရှေ့ရှိမြင်ကွင်းက သူ့အမြင်ကိုပါ လှုပ်ခါသွား စေခဲ့သည်။ ဝမ်လင်းက ဆက်တိုက်ဆိုသလို အကွာအဝေး ကွေးညွတ်ခြင်းမန္တာန်ကို နှစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီး နောက် သူသည် ဝမ်လင်း ထိုသို့လုပ်နိုင်ခြင်းမှာ ကြက် ကန်းဆန်အိုးတိုး ဖြစ်သည်ဟု မလိမ်နိုင်တော့ချေ။

ဝမ်လင်းပေါ်လာသည့်နောက် သူက ရှေ့သို့ ထိုးတက် လာ၏။ သူ့လက်ချောင်းဖြင့် ကောင်းကင်ထက်သို့ ညွှန် လိုက်သည်။ထိုအခါ တစ္ဆေလောကမြစ်သည် ရုတ်တရက်ပေါ်လာပြီး စူးရှရှနှင့် မကျေမချမ်းညီးတွားသံများသည် ဟင်းလင်းပြင်ထဲ၌ မြည်ဟီးလာသည်။

သည်တစ္ဆေလောကမြစ်သည် အရင်နှင့် ခြားနားသွားခဲ့ပြီ ဖြစ်၏။ခုလက်ရှိတွင် တစ္ဆေလောကမြစ်သည် မူလစွမ်းအင် နှင့် ပြည့်လို့နေသည်။ဝမ်လင်းက ပို၍ သန်မာလာလေလေ သူ့မန္တာန်များပါ အခြေခံအားဖြင့် ပြောင်းလဲလာခဲ့သည်မှာ သိသာနေတော့၏။

ဝမ်လင်းက သွေးဘိုးဘေးကို အေးစက်စွာကြည့်၍ ပြော လိုက်၏။ "မူလစွမ်းအင်….တစ္ဆေလောကမြစ်…"

ချက်ခြင်းပင် တစ္ဆေလောကမြစ်သည် တုန်ခါလာကာ စတင်၍ ချဲ့ထွင်လာ၏။ ၎င်းက ဝမ်လင်းနှင်သွေးဘိုးဘေး အပါအဝင် အရာအားလုံးကို ခြုံငုံလွှမ်းလာခဲ့သည်။

ထိုတစ္ဆေလောကမြစ်၏ ကမ္ဘာအတွင်း၌ အတောမသပ် နိုင်သည့် မူလစွမ်းအင်များ ပြည့်နေကာ မရေမတွက်နိုင် သော မကျေမချမ်းစိတ်ဝိညာဉ်များသည်လည်း အတူတကွ စတင်စုစည်းလာပြီး သွေးဘိုးဘေးထံသို့ အရပ်မျက်နှာအနှံ့ ကနေ တိုးဝင်လာကြတော့သည်။

သွေးဘိုးဘေး၏အသွင်က အလွန်အမင်း သုန်မှုန်နေ၏။ ခုချိန်၌ သူ့တွင် မူလစိတ်ဝိညာဉ်သာလျှင် ရှိ၍ အလွန်လည်း အားနည်းနေခဲ့လေပြီ မဟုတ်လား။သည်တစ္ဆေလောကမြစ် သည် သူ့ကို ပို၍ပင် အားနည်းသွားအောင် လုပ်နေခဲ့သည်။ သို့သော် သွေးဘိုးဘေးသည် သွေးဘိုးဘေးသာ ဖြစ်ချေ၏။
မည်သို့ပင်ဖြစ်စေ ဝမ်လင်းအတွက် သွေးဘိုးဘေးကို သတ် နိုင်ဖို့က ခက်ခဲလွန်းနေမြဲသာ ဖြစ်တော့သည်။

တစ္ဆေလောကမြစ်၏ ဝန်းရံထားခြင်းခံရစဉ်တွင် သူ့ မျက်နှာထဲ၌ စွမ်းအားတစ်ခုက ဖျပ်ခနဲ ပေါ်ထွက်လာခဲ့ သည်။သူ့လက်နှစ်ဖက်ဖြင့်လည်း ချိပ်တံဆိပ်များစွာကို ဖြစ် ပေါ်စေပြီးနောက် သူ့ခန္ဓာကိုယ်ကနေ တောက်ပကျိန်းစပ် သော အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့ သည်။ပြင်းထန်သောဖိအားက သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့လာ ခဲ့သည်။

"သွေးအသွင်ပြောင်းခြင်း..." သွေးဘိုးဘေး၏မူလစိတ် ဝိညာဉ်က ချက်ခြင်းလိုလို ဧရာမသွေးလက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။

တစ်ချက်လွှဲရိုက်ချက်မှုနှင့်အတူ အက်ကွဲကြောင်းငါးခု သည် ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။ ထို အက်ကွဲကြောင်းများ နီးကပ်လာသည့်အခါတွင် ဝမ်လင်း သည် သူ့ညာလက်ကို ပင့်မြှောင်ကာ ၎င်းတို့အား ရိုက်ချ လိုက်၏။ထိုအခါ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ဝမ် လင်းက တစ္ဆေလောကမြစ်အတွင်းကနေ နောက်ဆုတ်၍ အော်ပြောလိုက်၏။ "တစ္ဆေလောကမြစ်...စိတ်ဝိညာဉ် သိပ်သည်းခြင်း..."

မရေမတွက်နိုင်သော မကျေမချမ်းစိတ်ဝိညာဉ်များသည်သိပ်သည်းလာကာ ၎င်းတို့အထဲ၌လည်း မူလစွမ်းအင်များ ပြည့်နှက်လာခဲ့သည်။မရေမတွက်နိုင်သော မကျေမချမ်း စိတ်ဝိညာဉ်များသည် ယောင်ရှင်းရွှယ်၏ပုံပန်းအသွင်ကဲ့သို့ ဖြစ်ပေါ်ကာ သွေးဘိုးဘေးထံသို့ တိုးတင်သွားကြ တော့သည်။

သွေးဘိုးဘေးသည် မာန်သွင်းက သူ့နောက်သို့ လက်သည်းများဖြင့် ရိုက်ချပစ်လိုက်သည်။သူက သည် တစ္ဆေလောကမြစ်ကို စုတ်ဖြဲပစ်ချင်နေသည်ဟု ထင်ရ၏။ သည်စိတ်ဝိညာဉ်များက ယောင်ရှင်းရွှယ်၏ ပုံပန်းအသွင် ဖြစ်နေသော်လည်း သူက ၎င်းတို့သည် အတုအယောင်များ ဖြစ်နေမှန်း သိနေရလျှင်ပင် တိုက်ခိုက်ပစ်ဖို့ ဆန္ဒမရှိ ဖြစ် နေ၏။

လက်သည်းတိုက်ချက်၏ စွမ်းအားကြောင့် သူက တစ္ဆေ လောကမြစ်ထဲ၌ အာတစ်ခုကို ဖွင့်လှစ်နိုင်လိုက်ကာ ထိုး ထွက်လိုက်၏။ သို့သော် ယောင်ရှင်းရွှယ်အသွင်ဖြစ်ပေါ်နေ သော မရေမတွက်နိုင်သောစိတ်ဝိညာဉ်များသည် သူ့အား ပိတ်ဆို့ထားလေ၏။

သွေးဘိုးဘေးသည် ဝမ်းနည်းစွာ အော်ဟစ်မိလိုက်၏။ သည့်နောက် သူက သွေးလက်သည်းများဖြင့် ကုတ်ဆွဲချ လိုက်၏။ မရေမတွက်နိုင်သော ယောင်ရှင်းရွှယ်အသွင်စိတ် ဝိညာဉ်များသည် အလွန်ဝမ်းနည်းစွာ မြည်တမ်း၍ ပျက်စီး သွားကြ၏။ထိုအသံများက အစစ်အမှန် ငိုငြီးသံများကဲ့သို့ သွေးဘိုးဘေး၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။
ထို့ကြောင့် သူ့ဒဏ်ရာရပြီးဖြစ်သော စိတ်သည် တုန်ယင်လို့ သွားခဲ့ရပြန်သည်။

သွေးဘိုးဘေး၏တိုက်ခိုက်မှုအောက်၌ တစ္ဆေလောကမြစ် သည် စတင်ပျက်စီးလာခဲ့ကာ အာအက်ကြောင်းကလည်း ပိုပိုကြီးမားလာသည်။နောက်ဆုံးတွင် သွေးဘိုးဘေးက ပြောမပြနိုင်သည့်အမုန်းတရားမျိုးဖြင့် ထိုးထွက်လာနိုင်ခဲ့ သည်။

"ဝမ်လင်း...မင်းနဲ့ငါက ဘယ်လိုမှ အတူတွဲမရှိနိုင်တဲ့လူ တွေပဲ..." သူက အတင်းထိုးထွက်လာပြီးသည့်နောက် သူ့ မျက်နှာက ကြမ်းတမ်းနေသော်လည်း သူ့နှလုံးသားကတော့ မောပန်းနေတော့သည်။ယောင်ရှင်းရွှယ်၏ ဝမ်းနည်းဖွယ် အော်ငြီးသံများက သူ့စိတ်ထဲတွင် ခုထိပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

သူထွက်လာသည့်အခိုက်အတန့်မှာပင် ဝမ်လင်းသည် လက်ထဲတွင် စိတ်ဝိညာဉ်အလံကို ကိုင်ဆောင်၍ သူ့ရှေ့သို့ ရောက်နှင့်နေခဲ့သည်။ ထိုစိတ်ဝိညာဉ်အလံကနေ အနက် ရောင်တိမ်ထုထွက်ပေါ်နေကာ ချက်ခြင်းလိုလို သွေးဘိုး ဘေးအား လွှမ်းခြုံလာခဲ့တော့သည်။

ထိုအနက်ရောင်အခိုးငွေ့များကြားထဲသို့ ကံကြမ္မာ ကျာပွတ်ကလည်း တိုးဝင်လာကာ တရွှီရွှီကျာပွတ်သံများ ပဲ့တင်ထပ်နေတော့သည်။

ဝမ်လင်းက အော်ပြောလိုက်၏။ "စုစည်းစမ်း..." အနက်ရောင်တိမ်ထုများ အားလုံးသည် အရူးအမူး ချိတ်ဆက်လာ ခဲ့သည်။သို့သော် သွေးဘိုးဘေးသည်လည်း ၎င်တိမ်ထု အတွင်းထဲ၌ ခုခံလို့နေဆဲ ဖြစ်သည်။မည်သို့ပင်ဖြစ်စေ သူက သွေးဘိုးဘေး ဖြစ်လို့နေသေးသည် မဟုတ်လော။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)