အပိုင်း(130)


အရပ်ပုပုအဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သို့သော် သူ့မျက်လုံးများက တောက်ပနေကာ သူကပြော လိုက်၏။ "ငါက ကောင်းကင်ဘုံသားပဲ။မင်းက ငါ့ကို မ လေးမစား လုပ်ဝံ့လား..."

အဘိုးအိုစကားမဆုံးသေးခင်မှာပင်

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အေးစက်စွာ ကြည့်လိုက်၏။သူက သူ့ ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်၏။သူ့လက်ကြားထဲ၌ တစ္ဆေအလင်းတစ်ခု ပေါ်ထွက်လာသည်။သူက သည်အဘိုး အိုနှင့်ပတ်သတ်၍ စိတ်မရှည်တော့ပေ။သူ့လက်ထဲရှိ စိတ် ဝိညာဉ်ရှာဖွေခြင်းမန္တာန်နှင့် သူက အဘိုးအို၏ ဦးခေါင်း ထက်သို့ ဖိချလိုက်၏။

အဘိုးအိုက နာကျင်စွာ အော်ဟစ်လိုက်ရသည်။သို့သော် သူက အကူအညီမဲ့နေလေပြီ။သူ့ခန္ဓာကိုယ်က ကောင်းကင် ချုပ်နှောင်ခြင်းပိုက်ကွန်နှင့် ချုပ်နှောင်ခံထားရသည့်မဟုတ် လော။သူ့မျက်လုံးက ကြောက်လန့်မှုနှင့် ပြည့်နေကာ လျင်မြန်စွာ အော်ပြောလိုက်၏။ "ငါ ပြောပါ့မယ်...ပြောပါ့မယ်...

ဝမ်လင်းက ရပ်တန့်ခြင်းမရှိပေ။သူက သူ့ညာလက်ကို ဆက်၍ ဖိချဟန်ပြင်ပြီးမှ သူ့အသွင်က အနည်းငယ် ပြောင်းလဲသွားကာ သူ့လက်ကို ရပ်တန့်လိုက်တော့၏။ မျှော်စင်အပြင်ဘက်တွင်တော့ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုး နွယ်စု အထက်ရှိ အနက်ရောင်တိမ်ထုသည် လမ်းကြောင်း တစ်ခု ဟပေးလာသည်။သည့်နောက် ဓားသွားတေးသံတစ် ခုက ကောင်းကင်ထက်သို့ ထွင်းဖောက်လို့လာ၏။

အနက်ရောင်ဓားသွားက လျှပ်စီးတန်းအလား မြန်ဆန် စွာ လှုပ်ရှားလာရင်း ဖျပ်ခနဲ မျှော်စင်နှင့် နီးကပ်လာခဲ့၏။ အနက်ရောင်ဓားသွားထဲရှိ ရှုလီကော၏ လက်ထဲတွင်တော့ စုတ်တံတစ်ချောင်းကို ကိုင်ထားသည်။သူက မျှော်စင်ထဲသို့ ချက်ခြင်းဝင်၍ သူ့အသွင်က ကျေနပ်မှုမှုအပြည့်ဟန်ပန်ဖြင့် ခပ်သုတ်သုတ် ပြောလိုက်၏။ "အရှင်……ကောင်လေးရှုက သင့်အတွက် ရတနာကို ဖမ်းယူလာနိုင်ခဲ့ပါပြီ။ဒါပေမဲ့ ကျွန်တော်က သေလောက်အောင် ပင်ပန်းခဲ့ရပါတယ်။ အရှင် ဒီရတနာက ဘယ်လောက်မြန်အောင် ထွက်ပြေးနိုင် လဲ အရှင်မသိပါဘူး..."

"ကောင်းတယ်…" ဝမ်လင်းက ခေါင်းညိမ့်ကာ သူ့ညာ လက်ကို ရှေ့သို့ ဆန့်တန်းလိုက်၏။ထိုအခါ သူ့လက်ထဲသို့ စုတ်တံက ပျံဝဲလာသည်။သူက ထိုစုတ်တံထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ လှည့်ပတ်နေသည် ကို ချက်ခြင်း ခံစားမိုလိုက်၏။သည့်နောက် ထိုစုတ်တံ
အတွင်း၌ သန်မာသောဖိအားတစ်ခုလည်း ရှိလို့နေလေ သည်။

3 ဝမ်လင်း၏ ချီးကျူးမှုကို ကြားလိုက်သည့်အခါ ရှုလီကော ရွှင်မြူးသွားသည်။သူ့သစ္စာဖောက်မှု ကျရှုံးသွား ကတည်းက သူက ဝမ်လင်းအတွက် အကျိုးဆောင်ပေးနိုင် ရန် အခွင့်ရေးကို ချောင်းနေခဲ့ခြင်း ဖြစ်သည်။ခုတော့ သူက ထိုအခွင့်အရေး ရရှိခဲ့လေပြီ။

ဝမ်လင်းက

ရှုလီကောနှင့်လခြမ်းကွေးဓားသွားတို့ကို လျစ်လျူရှုလိုက်၏။သူက စုတ်တံကို ကိုင်ကာ အနီးကပ် သေချာကြည့်သည်။သည့်နောက်သူက သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း လိုက်ကာ စုတ်တံထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက် စေသည်။

ထိုအခိုက်အတန့်၌ စုတ်တံထိပ်ဖျား၌ ရွှေရောင်အလင်း တစ်ခု ပေါ်ထွက်လာသည်။ ဝမ်လင်း ကောင်းကင်ဘုံ စွမ်းအင်များ ပိုဝင်ရောက်လာလေလေ ရွှေရောင်အလင်း က တောက်ပသထက် တောက်ပလာလေ ဖြစ်သည်။အဆုံး သပ်၌ ထိုအလင်းက မျှော်စင်တစ်ခုလုံးကို လင်းထင်းသွား စေသည်။အကွာအဝေးတစ်ခုမှ ကြည့်ပါက မျှော်စင်သည် ရွှေရောင်တောက်ပစီးဆင်းနေမှုကို ပေးစွမ်းလို့နေမည် ဖြစ်၏။

ထိုအခိုက်အတန့်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်
တိုင်းသည် ဒူးထောက်ချကာ မျှော်စင်ရှိရာသို့ ဦးညွတ်လိုက် ကြသည်။

ပိုက်ကွန်၏ ဖမ်းခြင်းကို ခံထားရသောအဘိုးအိုသည် ဝမ် လင်းလက်ထဲမှ စုတ်တံသည် ရွှေရောင်တညီညီလင်းထင်း နေသည်ကို တွေ့မြင်သည့်အခါ သူ့မျက်လုံးက မကျုံ့မိဘဲ မ နေနိုင် ဖြစ်ရသည်။သူက စိတ်ချဉ်ပေါက်နေမိလေပြီ။ အတိတ်တုန်းက သူက စုတ်တံကို ထုတ်ယူတုန်းက ရွှေရောင်အလင်းတစ်ခု ရှိခဲ့ဖူး၏။သို့ရာတွင် ခုတစ်ကြမ် သူ ရှေ့ရှိ ထွက်ပေါ်နေသော ရွှေရောင်အလင်းနှင့် ယှဉ်ပါက နေမင်းအလင်းရောင်နှင့် ပိုးစုန်းကြူးအလင်းရောင်တို့ကို နှိုင်းယှဉ်သလို ဖြစ်နေပေတော့မည်။

"ဟက်...ဒီတော့ သူက စုတ်တံကို အားကောင်းတဲ့ ရွှေရောင်အလင်းထုတ်လွှတ်အောင် လုပ်နိုင်တယ်ပေါ့။ သူက ငါ့လမ်းညွှန်မှု မရှိဘဲ ဒီကောင်းကင်ဘုံစုတ်တံကို ဘယ်လိုအသုံးပြုရမယ်လို့ နားလည်နေမယ်ဆိုတာကို ငါ မ ယုံဘူး။အတိတ်တုန်းက ငါလည်း ကျောက်စိမ်းပြားသာ မရှိရင် ဒီကောင်းကင်ဘုံစုတ်တံကို ဘယ်လို အသုံးပြုရမယ်ဆို တာ သိခဲ့မှာ မဟုတ်ဘူး..."

အဘိုးအိုက ထိုသို့ တွေးနေရင်း သူ့မျက်လုံးထဲ၌ ဂုဏ်မောက်မှုတစ်ချို့ ပေါ်ထွက်လို့နေတော့သည်။

သို့ရာတွင် သူ့မျက်လုံးထဲရှိ ဝင့်ကြွားနေမှုက ချက်ခြင်း မှုန်ဝါးသွားကာ တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွား
တော့၏။

သူက ဝမ်လင်း၏ မျက်လုံးက ရုတ်တရက် ပွင့်လာပြီး သူ့ လက်ကို တစ်ချက်ဝှေ့ကာ စုတ်ချက်တစ်ခု သင်္ကေတကို ရေးဆွဲလိုက်သည်အား တွေ့မြင်လိုက်ရပေသည်။

"ဒါ..ဒါက မဖြစ်နိုင်ဘူး။ဟုတ်ပြီ။ ဒီလူက ငါ့ထက် နည်း နည်းလေး ဉာဏ်ပိုကောင်းတာပဲ ရှိတာ၊ ဒါ့ကြောင့် သူက ငါ ဒါကို အသုံးပြုတာကို မြင်ခဲ့တဲ့နောက် သင်ယူနိုင်ခဲ့တာ ဖြစ်မယ်။ ဟုတ်တယ်...ဒီလိုပဲ ဖြစ်ရလိမ့်မယ်..."

အရပ်ပုပုအဘိုးအိုသည် ထိုအကြောင်းကို တွေးနေရင်း နောက်ထပ်မြင်ကွင်းတစ်ခုကြောင့် သူသည် ကျယ်လောင် စွာ အော်ဟစ်မိသွားလေ၏။

အခုအခိုက်အတန့်၌

ဝမ်လင်းမျက်လုံးထဲ၌လည်း ရွှေရောင်အလင်း အငွေ့အသက်တို့ ရှိနေသည့်ပုံပင်။သူက သူ့လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ နောက်ထပ် စုတ်ချက် နှစ်ခု သင်္ကေတကို ထည့်ပေါင်းလိုက်၏။

ဝမ်လင်းညာလက်က ရပ်တန့်သွားခြင်း မရှိပေ။သူက နောက်ထပ် စုတ်ချက်တစ်ခုကို ရေးဆွဲလိုက်ပြန်သည်။ သည်အခိုက်အတန့်၌ စုတ်ချက်သုံးခုသင်္ကေတက သူ့ရှေ့ တွင် နေမင်း၏အလင်းအား ထွက်ပေါ်လာတော့၏။

ထိုသင်္ကေတထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်လင်း ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များသည် သူ့ဟာသူ အသက်ဝင်လာကာ ထိုသင်္ကေတထဲသို့
ဝင်ရောက်သွား၏။

ရူလီကောနှင့် အရပ်ပုပုအဘိုးအိုတို့၏ အမြင်၌ စုတ်ချက် သုံးခုသင်္ကေတက ပြည့်စုံမှုကို ပေးစွမ်းနေသည်ဟူသော ခံစားမှုကို ရ၏။ထိုသင်္ကေတပေါ်၌ ကောင်းကင်ဘုံတာအို တစ်ခု ရေးထွင်းနေသကဲ့သို့ပင်။

ထိုသင်္ကေတထံမှ ရွှေရောင်အလင်းလှိုင်းများ ပျံ့နှံ့လာကာ မျှော်စင်ထဲကနေ စိမ့်ထွက်သည်။သည့်နောက် စုတ်တံထံမှ ရွှေရောင်အလင်းက ပြန်လည်ကာ အစားထိုးပေးလာသည်။ ရွှေရောင်အလင်းက ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံ လာ၏။စိတ်ဝိညာဉ်အလံမှ ထုတ်လွှတ်ထားသော အနက် ရောင်တိမ်ထုပင် ပျောက်ဝင်သွားကာ နောက်သို့ ဆုတ်ပေး ရ၏။ထိုအခါ ကြည်လင်သော အပြာရောင်ကောင်းကင်တစ် ခု ထွက်ပေါ်လာတော့သည်။

ဝမ်လင်းမျက်လုံးများကလည်း ရွှေရောင်တောက်ပမှုကို ပေးစွမ်းနေသည်။သူ့လက်က သုံးခုမြောက် စုတ်ချက်ကို ရေးဆွဲပြီးသည့်နောက် လေထဲ၌ ရပ်တန့်သွားသည်။

သူ့အဖြူရောင်ဝတ်စုံက လေမတိုက်ပဲ လွင့်မြောနေကာ ဆံပင်ရှည်များကလည်း နောက်ကျော၌ စီးမြောကျနေ သည်။ ဝမ်လင်းက ကောင်းကင်ဘုံစုတ်တံကို ကိုင်ဆောင် ထားချိန်၌ သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ဘုံသားတစ် ယောက်၏ အော်ရာက ရုတ်တရက် ပျံ့နှံ့လာချေသည်။ ရွှေရောင်အလင်းက ကောင်းကင်ဘုံတာအိုနှင့် ခံညား
လွှမ်းမိုးမှုတို့ ပါဝင်နေသည်ဟုပင် ထင်မှတ်ရလေ၏။

ရူလီကောက လုံးဝ မှင်သက်သွား၏။ဝမ်လင်းထံမှ ထွက် ပေါ်လာသော ရွှေရောင်အလင်းက သူ့မျက်လုံးများကို နာကျင်စေလေ၏။ရွှေရောင်အလင်းက သူ့ကို ခုခံနိုင်စွမ်းမ ရှိဟူသော ခံစားချက်ကို ပေးစွမ်းနေ၏။သဘောကတော့ ဝမ်လင်းက သူ့ကို အတွေးတစ်ချက်ဖြင့်ပင် ပျောက်ကွယ် သွားအောင် လုပ်နိုင်သည့်အလားပင်။

သူက သည်လိုခံစားချက်မျိုးကို အရင်က ကြုံခဲ့ဖူး သော်လည်း ခုလောက်တော့ ဘယ်တုန်းကမှ အားကောင်းခဲ့ ခြင်း မရှိပေ။သည်အခိုက်အတန့်၌ ထိုခံစားချက်က သူ့ စိတ်နှလုံးအတွင်းဘက်၌ ရေးထွင်းသွားခဲ့ချေပြီ။

အရပ်ပုပုအဘိုးအိုကတော့ ဝမ်လင်းကို မှင်သက် ကြောင် ရီစွာ ကြည့်နေမိ၏။သူ့မျက်လုံးထဲရှိ တုန်လှုပ်နေမှုက ဖော်ပြ၍ ပင် မစွမ်းသာ။သူက အာမေဋိတ်သံဖြင့် ပြော လိုက်မိ၏။ ယာ..." "ကောင်းကင်ဘုံ...ကောင်းကင်ဘုံအင်ပါ

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့ရှေ့ရှိ သင်္ကေတ ထံသို့ လက်ညွှန်လိုက်၏။ချက်ခြင်းလိုလို ထိုသင်္ကေတက ပျောက်ကွယ်သွားကာ အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲ၍ မျှော်စင်ထဲကနေ ပျံသန်းထွက်သွားကာ ကမ္ဘာ လောကနှင့် ပေါင်းစပ်သွားလေသည်။

*ခု ငါ့ကို မင်းအကြောင်း ပြောတော့..." ဝမ်လင်း
မျက်လုံးထဲရှိ ရွှေရောင်အလင်းကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့၏။သို့ရာတွင် သူ့အကြည့်က အဘိုး အိုမျက်လုံးထဲသို့ လျှပ်စီးတန်းတစ်ခု ထွင်းဖောက်လာ သလား မှတ်ရ၏။

ဝမ်လင်းက ကောင်းကင်ဘုံနတ်ဆိုးမိစ္ဆာအသံကို အသုံးပြုခဲ့ခြင်း ဖြစ်၏။သူ့အသံထဲ၌ နတ်ဆိုးမိစ္ဆာစွမ်းအင် အချို့ပါဝင်နေကာ ထိုအသံက အဘိုးအိုနားထဲသို့ ဝင်ရောက် သွားသည်။

ဝမ်လင်းက ထိုအဘိုးအိုအပေါ်၌ စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန် အသုံးမပြုရခြင်း အကြောင်းသည် ထိုအဘိုးအိုမှာ အခွံသပ်သပ်အာဏာတက်ခြင်းအလယ်အဆင့် တစ် ယောက်ဖြစ်သော်လည်း သူ့မူလစိတ်ဝိညာဉ်ကတော့ အားကောင်းသောကြောင့် ဖြစ်၏။ထို့ကြောင့် ဝမ်လင်း၏ ဉာဏ်နီဉာဏ်နက်နှင့်ဆိုလျှင် သူက နောက်ဆုံးအခြေအနေ မဟုတ်မချင်း စိတ်ဝိညာဉ်ရှာဖွေခြင်း မန္တာန်ကို အသုံးပြု လိမ့်မည် မဟုတ်ပေ။

အရပ်ပုပုနှင့်အဘိုးအိုက လှိုဏ်သံပါသော အသံဖြင့် ဆို လာ၏။ "ငါက သန့်စင်ခြင်းငှက်မွှေးတောင်ကလန်ကပါ။ ငါ့နာမည်ကတော့ ဟောင်ယု။ ငါက ငါ့ ရန်သူတွေ ငါ့ နောက်လိုက်ဖမ်းတဲ့အတွက် ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ထဲ ဝင်ခဲ့တာပါ။အဲ့နောက်မှာတော့ ငါက ပြန်ထွက်မလာဝံ့ တော့ဘဲ ဒီမှာဘဲ နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီမှာနေတာက ငါ့အတွက်လည်း ပိုကောင်းတယ်လေ။ ဒီမှာ
က ငါ သေချာဂရုစိုက်နေသ၍ ဘာအန္တရာယ်မှလည်း မရှိ:..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ မေးလိုက်၏။ "သင်က ကောင်းကင်ဘုံအစာတွေနဲ့ ကောင်းကင်ဘုံရတနာ တွေကို ဘယ်နေရာက ရလာခဲ့တာလဲ။ ဒီနတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေကလား..."

အဘိုးအိုက ပြောလိုက်၏။ "ငါက ဒီနေရာကို စရောက်ခဲ့ တဲ့ အချိန်မှာ မမျှော်လင့်ဘဲ လှိုဏ်ဂူတစ်ခုတည်း ဝင်ရောက် ခဲ့မိပြီး အဲ့နေရာကနေ ရလာခဲ့တာပါ..."

"မင်းက ကောင်းကင်ဘုံအစာနဲ့ ကောင်းကင်ဘုံစုတ်တံ အပြင် ကျန်တာ ဘာတွေ ရခဲ့သေးလဲ…"

ဝမ်လင်းမျက်လုံးက အသည်းအသန်ဖြစ်မှုကို ဖော်ပြ နေ၏။

အဘိုးအိုက ခပ်တိုးတိုး ဆိုလာပြန်သည်။ "ငါက သိုလှောင်အိတ်နှစ်ခု ရရှိခဲ့တယ်။တစ်ခုကတော့ ဘာနတ် ဘုရားအာရုံမှ ခပ်နှိပ်ထားတာ မရှိဘူး။အဲ့ထဲမှာ ကောင် ကင်ဖမ်းချုပ်ပိုက်ကွန်နဲ့ ကျောက်စိမ်းပြားအပါအဝင် အခြားအရာတွေ ပါဝင်နေခဲ့တယ်။အခြားတစ်ခုကတော့ နတ်ဘုရားအာရုံ ခပ်နှိပ်ထားတော့ ငါက ဒါကို မဖွင့်နိုင်ခဲ့ ဘူး၊ဒါပေမဲ့ အဲ့တာကို တစ်ယောက်ယောက်က ယူသွားခဲ့

ဝမ်လင်းမျက်လုံးက အလေးအနက်ဖြစ်လာကာ သူက
ပြောလိုက်သည်။ "အဲ့သိုလှောင်အိတ်ကို ဘယ်သူယူသွား တာလဲ..."

"အင်း..ကျင့်ကြံခြင်းစုံတွဲပဲ။ကံကောင်းစွာနဲ့ ငါက သိုလှောင်အိတ်နှစ်ခု ခွဲပြီးတော့ ငါ့ကိုယ်ပိုင် နတ်ဘုရား အာရုံကို အခြားတစ်ခုပေါ်မှာ ခပ်နှိပ်ထားခဲ့လို့ပဲ။မဟုတ်ရင် နှစ်ခုလုံး လုယူခံရမှာ..."

အရပ်ပုပုအဘိုးအို၏ မျက်လုံးက မျက်တွင်းဟောက်ပတ် ပိုဖြစ်လာ၏။သို့သော် သူက သည်အကြောင်းကို ပြန်ပြောပြ ချိန်၌ သူ့မျက်လုံးထဲ၌ အမုန်းတရားတို့ ရှိလို့နေသည်။

ကျင့်ကြံခြင်းစုံတွဲ၏ ပုံပန်းသွင်ပြင်ကို သေချာမေးမြန်း ကြည့်ပြီးနောက် ဝမ်လင်းက ပြောလိုက်သည်။ "ဒီ ကျောက်စိမ်းပြားထဲမှာ ဘာတွေ မှတ်တမ်းတင်ထားတာ

အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒီထဲမှာ ကောင်းကင်ဘုံရတနာများစွာနဲ့ ကောင်းကင်ဘုံမန္တာန်တွေ အတွက် အသုံးပြုတဲ့ နည်းလမ်းတွေ မှတ်တမ်းတင်ထား တယ်။ဒါ့အပြင် ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးရုပ်တွေ ဖန်တီးတဲ့ နည်းလမ်းလည်း ပါဝင်သေး တယ်။ ဒါပေမဲ့လည်း ဒီကျောက်စိမ်းပြားပေါ်မှာ အတားအဆီးတစ်ခု ရှိနေတယ်။ဒါ့ကြောင့် ငါက ဒီထဲမှာ ပါဝင်တဲ့ အကြောင်းအရာအားလုံးကို ကြည့်နိုင်စွမ်း မရှိခဲ့ ဘူး.."
ထိုအဘိုးအိုသည် ဝမ်လင်း၏ အကြည့်နှင့် နတ်ဆိုးမိစ္ဆာ အသံ တို့ကြောင့် လိမ်မပြောသာတော့ပေ။ထို့ကြောင့် သူ ပြောသမျှသည် အမှန်ပင်။

"အဲ့ ကျောက်စိမ်းပြားရော..." ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။

အဘိုးအိုက ပြောလိုက်၏။ "ငါ့ သိုလှောင်အိတ်ထဲမှာ 어..."

"ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်က မင်းကို ဘယ်လောက် ကြာအောင် ချုပ်နှောင်ထားမှာလဲ..."

"သုံးရက်..."

ဝမ်လင်းက သူ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းက အဘိုးအို ထဲသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်အား ချိပ်ပိတ် ပစ်လိုက်လေသည်။သည့်နေက် ဝမ်လင်းက မျက်လုံးမှိတ်၍ ကြာပွင့်သဏ္ဌာန်ထိုင်ချကာ စတင်ကျင့်ကြံတော့သည်။ အ ဘိုးအိုကိုတော့ သည်အတိုင်းထားထားလိုက်၏။သို့သော် သုံးခုပြည့်မှီဓားအစီအရင်က ကျန်ရှိလို့နေဆဲသာ ဖြစ်သည်။

သုံးရက်က ဖျပ်ခနဲ ကုန်ဆုံးသွား၏။သုံးရက်မြောက်နေ့ တွင် အဘိုးအိုကို ချုပ်နှောင်ထားသော ပိုက်ကွန်က အစိမ်း ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာသည်။၎င်းက အဘိုး အိုထံမှ ခွာ၍ ဘေးတစ်ဖက်သို့ ပျံသန်းသွားသည်။ သည့်နောက် ၎င်းက လက်ဝါးအရွယ် အစိမ်းရောင်ပိုက်ကွန်
တစ်ခုအဖြစ် ပြန်ပြောင်းလဲသွား၏။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာကာ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။အဘိုးအို၏ သိုလှောင်အိတ်က သူ့ လက်ထဲသို့ ပါလာ၏။သူက ၎င်းကို သူ့နတ်ဘုရားအာရုံဖြင် စစ်ဆေးကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားမိသည်။ သူက သူ့ညာလက်ကို နောက်တစ်ဖန် ဆန့်ထုတ်လိုက်ပြီး အဘိုးအိုအား ဖမ်းဆုပ်လိုက်၏။ အဘိုးအိုကို လှုပ်ခါလိုက် သည့်အခါ အဘိုးအိုကိုယ်ပေါ်ရှိ နေရာအသီးသီးမှ သိုလှောင်အိတ်ပေါင်း ဆယ်ခုကျော်သည် ပြုတ်ကျလာချေ လေသည်။

ဝမ်လင်းက အဘိုးအိုကို ဘေးတစ်ဖက်သို့ တွန်းထုတ်ပစ် လိုက်၏။သည့်နောက် သုံးခုပြည့်မှီဓားအစီအရင်က အဘိုး အိုထံသို့ လျင်မြန်စွာ ပျံဝင်လာကာ သူ့အား အလိုလို ထိန်းချုပ်သွားလေသည်။

ဝမ်လင်းက သိုလှောင်အိတ်များကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်နေ၏။တဖြည်းဖြည်းဖြင့် သူ့အကြည့်က အလွန်သာမန်ဆန်သော သိုလှောင်အိတ်တစ်ခုပေါ်သို့ ကျ ရောက်သွားသည်။ထိုသိုလှောင်အိတ်ပေါ်မှ အဘိုးအို၏ နတ် ဘုရားအာရုံကို ပယ်ဖျက်လိုက်ပြီးနောက် သူ့နတ်ဘုရား အာရုံကို သိုလှောင်အိတ်ထဲသို့ ပို့လွှတ်လိုက်သည်။

ထိုသိုလှောင်အိတ်က ကျောက်စိမ်းပြားများကလွဲ၍ ဘာ မှ ရှိမနေပေ။
သိုလှောင်အိတ်ထဲရှိ ထိုကျောက်စိမ်းပြားများကို စစ်ဆေး ကြည့်ပြီးနောက် ဝမ်လင်းမျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားကာ သူ့နှလုံးခုန်သံက မြန်ဆန်သွား သည်။သူက ညာလက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ဝါးထဲ သို အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခု ကျရောက်လာချေ သည်။

ထိုကျောက်စိမ်းပြားက စိတ်ဝိညာဉ်ကျောက်တုံး သို့မဟုတ် ကောင်းကင်ဘုံကျောက်စိမ်းများနှင့် ပြုလုပ်ထား ခြင်း မဟုတ်ပေ။ဝမ်လင်း ထိုကျောက်စိမ်းပြား ပြုလုပ်ထား သည့် သတ္တုပစ္စည်းကို အရင်က လုံးဝ မမြင်ခဲ့ဖူးပေ။ထို အရာက သစ်သား၊လည်းမဟုတ် ကျောက်တုံးလည်း မဟုတ် ဖြစ်နေ၏။သူက ၎င်းကို လက်ထဲ၌ ကိုင်ထားချိန်၌ နွေးထွေးသောအော်ရာက သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလာ သည်။

ဝမ်လင်း နတ်ဘုရားအာရုံက ထိုကျောက်စိမ်းပြားထဲသို့ ဝင်ရောက်သွားသည်။သည်အခိုက်အတန့်၌ သူ့အသွင်က ပြောင်းလဲသွားချေ၏။သူ့မျက်လုံး တလက်လက် တောက်ပ လာပြီးနောက် တဖြည်းဖြည်းချင်း ပြန်မှိန်ကျသွား ပြန်သည်။သူ့စိတ်အာရုံအားလုံးက ထိုကျောက်စိမ်းပြားထဲရှိအကြောင်းအရာများ ပေါ်၌ ရှိနေကာ သူက လုံးဝ တုန်လှုပ် လို့နေ၏။

သည်ကျောက်စိမ်းပြားက ကောင်းကင်ဘုံရတနာသုံခုနှင့် အစစ်အမှန်ကောင်းကင်ဘုံမန္တာန်ကို အသုံးပြုပုံအကြောင်းမှတ်တမ်းတင်ထားခြင်း ဖြစ်ပေ၏။

"ချင်ရှောင် သမီးက မိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံသား ဗိုလ်ချုပ်တစ်ယောက် ဖြစ်လာတဲ့ နောက် အဖေတစ်ယောက်အနေနဲ့ ဒါက နင့်အတွက် လက်ဆောင်ပါ။ကောင်းကင်ဘုံရတနာသုံးခုကတော့ ငါ ကိုယ်တိုင် ပြုလုပ်ထားခဲ့တာ ဖြစ်တယ်။ ကောင်းကင်ဘုံ မန္တာန်ကတော့ ဒါက အဆင့်မြင့်ကြီး မဟုတ်ပေမဲ့လည်း တော်တော်လေးတော့ စိတ်ဝင်စားဖို့ ကောင်းတယ်။ သမီး က ဒီမန္တာန်ကို နှစ်သက်လိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်"



"အင်မောတယ်စုတ်တံက နေစွမ်းအင်များနဲ့ ပြည့်နေတဲ့ ရတနာတစ်ခု ဖြစ်တယ်။အဖေက နေဆယ်နှစ်စင်းကို စုစည်းခဲ့ပြီး ဒါတွေကို သင်္ကေတဆယ့်နှစ်ခုအဖြစ် စုတ်တံ မှာ ရေးဆွဲခဲ့တယ်။ဒီစုတ်တံရဲ့စွမ်းအားက အသိအမှတ်ပြု လို့ရနိုင်တယ်..."

"ကောင်းကင်ဖမ်းချုပ်ပိုက်ကွန်။ ဒီရတနာကလည်း အတော်အသင့်ကောင်းတယ်လို့ ပြောလို့ရတယ်။ဒီပိုက်ကွန် ထဲက စိတ်ဝိညာဉ်က အသိဉာဏ်အချို့ ရရှိခဲ့တဲ့ပုံပဲ။ဒါက တ ကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။ဒါ့ကြောင့် သားက ဒါ ကို ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်..."

"တတိယမြောက်ရတနာ။ ဒီရတနာကတော့မင်းရဲ့ မိုးကောင်းကင်ဘုံဓားနဲ့ဆိုရင် အကောင်းဆုံး တွဲစပ် အသုံးပြုနိုင်လိမ့်မယ်။ဒီရတနာကို စိတ်ဝိညာဉ်ဓားအိမ်လို့ ခေါ်တယ်။ကောင်းကင်ဘုံဓားကို အဲ့ထဲမှာ ထည့်ထားရင် အတွင်းထဲမှာ ရှိတဲ့ ဓားစိတ်ဝိညာဉ်ကို သန်မာစေလိမ့်မယ်။ အဖေက ဒီဓားအိမ်ကို ပြုလုပ်ဖို့အတွက် ကောင်းကင်ဘုံ
သန့်စင်ခြင်းရေကန်ထဲက

အသုံးပြုခဲ့တယ်..."

မူလကောင်းကင်သတ္တုကို

"ကောင်းကင်ဘုံမန္တာန်။ ဒီမန္တာန်ကတော့ အဆင့်နိမ့် ကောင်းကင်ဘုံမန္တန်နဲ့ ဒီမန္တာန်ရဲ့ စွမ်းအားက သာမန်ဖြစ် ပေမဲ့လည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီမန္တာန်ကို ရပ်တန့်ခြင်းမန္တာန်လို့ ခေါ်တယ်။အဖေက ဒါကို ထူးဆန်းတဲ့ဂြိုဟ်တစ်ခုပေါ်မှာ မတော်တဆ ရှာတွေ့ခဲ့တာ။ ကံမကောင်းစွာနဲ့ ဒါက မပြည့်စုံခဲ့ဘူး။ဒါပေမဲ့လည်း အဖေ က ဒီမန္တာန်ကို သေချာလေ့လာပြီးတဲ့နောက်မှာ လိုအပ်တဲ့ ဟာတွေ ပြန်ထည့်သွင်းနိုင်ခဲ့တယ်..."

"အဖေကတော့ ဒီမန္တာန်ဟာ စုပေါင်းအသုံးပြုရတဲ့ မန္တာန်ကြီးတစ်ခုရဲ့ အစိတ်အပိုင်းလို့ ခန့်မှန်းထားတယ်။ကံ မကောင်းစွာနဲ့ အဖေ ရှာတွေ့ခဲ့တာက မပြည့်မစုံ ဖြစ်နေ တယ်။ဒါ့ကြောင့်ပဲ ဒီစုပေါင်းမန္တာန်ကြီးတစ်ခုလုံးကိုတော့ လိုအပ်တဲ့ဟာတွေ ပြည့်ထည့်ပေါင်နိုင်စွမ်း မရှိခဲ့ဘူး..."

ထိုအကြောင်းအရာများက ကျောက်စိမ်းပြားထဲ၌ မှတ်တမ်းတင်ထားသည့် အကြောင်းများပင်။

ဝမ်လင်း မျက်လုံးထဲရှိ စိတ်လှုပ်ရှားနေမှုကို တစ်ဖြည်းဖြည်းချင်း ပြန်တည်ငြိမ်လာခဲ့သည်။ကျောက်စိမ်း ပြားကို သုံးပိုင်းခွဲခြား ထားသည်။ပထမတစ်ပိုင်းက အသေးစိတ်ဖော်ပြချက်များနှင့် ကောင်းကင်ဘုံရတနာများ အတွက် ညွှန်ကြားချက်များ ဖြစ်ကြသည်။
ကျောက်စိမ်းပြားပေါ်ရှိ ထိုအပိုင်းပေါ်တွင် မည်သည့် အတားအဆီးမျှ မရှိပေ။ထို့ကြောင့် ထိုအပိုင်းရှိအကြောင်းအရာများကို လွယ်လင့်တကူ ပိုင်ဆိုင် သိရှိနိုင်သည်။အခြား နှစ်ပိုင်းကတော့ အတားအဆီးများ ရှိနေ၏။လူတစ်ယောက် ၎င်းအတားအဆီးများကို နတ် ဘုရားအာရုံဖြင့် စစ်ကြည့်သည်နှင့် ကဗြောင်းကဗျန်ဖြစ်နေ သော ပုံရိပ်များ၊စာလုံးများ ထွက်ပေါ်လာသည်။ထို့ ရှုပ်ထွေး နေသော ပုံများ၊စာများက အတွင်းရှိ အကြောင်းအရာများ ကို မမြင်ရအောင် ပြုလုပ်ထား၏။

ဒုတိယအပိုင်းက ကောင်းကင်ဘုံသက်တော်စောင့်များကို ဖန်တီးသည့် နည်းလမ်း ဖြစ်သည်။အရပ်ပုပုအဘိုးအိုက ထို ဒုတိယအပိုင်းပေါ်ရှိ အစိတ်အပိုင်းများကို ကြည့်က ကောင်းကင်ဘုံသက်တော်စောင့်များ သင်ယူနိုင်ခဲ့တာ ဖြစ်သည်။ ဖန်တီးခြင်းကို

ထိုကျောက်စိမ်းပြားပေါ်၌ ချန်ထားခဲ့သော အမှာစကား တစ်ခုလည်း ရှိလို့နေသေးသည်။ထိုစကားမှာ "အဖေက ဒီ ကျောက်စိမ်းပြားပေါ်မှာ သွေးမျိုးဆက် အတားအဆီးတစ်ခု ချမှတ်ထားခဲ့တယ်။ ဒီတော့ သွေးမျိုးဆက်မရှိဘဲ ဒီ ကျောက်စိမ်းပြားပေါ်က အတားအဆီးကို ချိုးဖျက်နိုင်ဖို့ မ ဖြစ်နိုင်ဘူး..." ဟူ၍ပင်။

သို့ရာတွင် သည်ကျောက်စိမ်းပြားက နှစ်ပေါင်း အလွန့်အလွန် ကြာမြင့်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ထိုလူ၏ အားကောင်းလွန်းလှသော ကျင့်ကြံမှု
ဖြင့်ပင် သူ့ကျောက်စိမ်းပြားက အချိန်တိုက်စားမှုကို မ လွန်ဆန်နိုင်ခဲ့ချေ။ပထမဆုံးအပိုင်းပေါ်ရှိ အတားအဆီးဆို လျှင် ပျက်စီးသွားခဲ့ချေပြီ။ဒုတိယအပိုင်းပေါ်ရှိအတားအဆီးသည်လည်း တော်တော်း လျော့နည်းသွားခဲ့ ပြီ။ကျောက်စိမ်းပြားပေါ်ရှိနောက်ဆုံးအပိုင်း၏ အတားအဆီးတစ်ခုသာ ခုထိ အကောင်းတိုင်း ကျန်နေခဲ့ ခြင်း ဖြစ်၏။

"ကောင်းကင်ဘုံရတနာသုံးခုမှာ ငါက နှစ်ခုကို မြင်တွေ့ ခဲ့ဖူးပြီ။စိတ်ဝိညာဉ်ဓားအိမ်က ဒီမှာ ရှိမနေဘူး။ဒီပစ္စည်း တွေက ချင်ရှောင်ဆိုတဲ့ အမျိုးသမီးကို ပေးခဲ့တာပဲ။သူမန ည်မည်ကချင်…ဒါဆိုရင် သူမအဖေနာမည်ကရော..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ခပ် တိုးတိုး ရေရွတ်လိုက်သည်။ "ကောင်းကင်ဘုံအင်ပါယာ ချင်လင်း....

သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို သေချာကြည့်ရှုပြီး သည့်နောက် ဝမ်လင်းသည် စတင် စဉ်းစားတော့သည်။

ဝမ်လင်းက သူ့မျက်လုံးများကို မှိတ်လိုက်၏။ 3 ကျောက်စိမ်းပြားထဲက အတိုင်းဆိုရင် ဒီချင်ရှောင်က ကောင်းကင်ဘုံအင်ပါယာရဲ့ သမီးတော်ပဲ။သူမမှာ မိုးကောင်းကင်ဘုံဓားလို့ ခေါ်တဲ့ လက်နက်တစ်ခုလည်း ပိုင်ဆိုင်ထားသေးတယ်...

သူက ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌
ရွှေရောင်တောက်လို့နေသည်။

"မိုးကောင်းကင်ဘုံဓား... မိုးကောင်းကင်ဘုံဓား..ဒီ ကမ္ဘာကြီးထဲမှာ ဒီလောက် လာတိုက်ဆိုင်နိုင်တာ ရှိနေနိုင် လို့လား။ ဖြစ်နိုင်တာက..စီနီယာကျောက်ရီ အရူးအမူး စွဲလမ်းခဲ့တဲ့ အမျိုးသမီးက ကောင်းကင်ဘုံအင်ပါယာချင် လင်းရဲ့ သမီးများ ဖြစ်နေတာလား..."

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင် အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ ကျောက်ရီသူ့ကို ပေးခဲ့ သော စေတီက ပျံသန်းထွက်လာ၏။၎င်းစေတီက ကြီးမားမ လာခင် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စောကာ စေတီထံသို့ ညွှန်လိုက်၏။ ထိုအခါ လူ တိုင်းကို နှလုံးခုန်စေနိုင်အောင် လှပလွန်းလှသော အဖြူ ရောင်ဝတ်စုံနှင့် အမျိုးသမီးအလောင်းသည် ဖြည်းဖြည်း ချင်း ပျံသန်းထွက်လာချေသည်။

ဝမ်လင်းက ထိုအမျိုးသမီးအလောင်းကို ကြည့်ကာ ဆက်၍ စဉ်းစားနေမိသည်။သူ့မျက်လုံးက လက်ခနဲ ဖြစ် သွား၏။သည့်နောက် သူ့လက်ချောင်းနှစ်ခုကို ဓားအသွင် ဖြစ်ပေါ်စောကာ လှုပ်ယမ်းလိုက်သည်။လေဓားသွားတစ်ခု က ပျံသန်းထွက်လာကာ အမျိုးသမီး၏ လက်ကောက်ဝတ် ပေါ်၌ အနီရောင်အမှတ်အသားတစ်ခု ပေါ်လာတော့၏။

သို့ရာတွင် သွေးများ စီးကျမလာခင်မှာပင် ထို အမှတ်အသားက ချက်ခြင်း ပျောက်ကွယ်ကာ ပုံမှန်အတိုင်း
ပြန်ဖြစ်လို့သွားသည်။

ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိလို့နေဆဲပင်။သို့သော် သူ့မျက်လုံးများကတော့ ပိုမိုတောက်ပလာ၏။အတွေးတစ် ချက်ဖြင့်ပင် လင်းထျန်ဟူ၏ဓားစွမ်းအင်က သူ့လက်ချောင်း များထဲသို့ တိုးဝင်လာ၏။သူက သူ့လက်ကို နောက်ထပ် ဝှေ့ယမ်းလိုက်ပြန်သည်။ အမျိုးသမီး၏ လက်ကောက်ဝတ် ပေါ်၌ နောက်ထပ် အနီရောင်အမှတ်အသားတစ်ခု ပေါ်လာ ပြန်သည်။ ၎င်းဒဏ်ရာအမှတ်အသားက လျှင်မြန်စွာ ပြန် ကုစားနေသော်လည်း သည်တစ်ကြိမ်တွင်တော့ သိသိသာသာ နှေးကွေးနေသည်။

အမျိုးသမီး၏ အဖြူရောင် လက်ကောက်ဝတ်ရှိ ဒဏ်ရာ ကနေ အနီရောင်သွေးတစ်စက် ကျဆင်းလာလေ၏။

ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ပြန်ရုတ် သိမ်းကာ ထိုသွေးကို ဖမ်းယူလိုက်သည်။ သူက သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းကာ အမျိုးသမီးကို စေတီထဲသို့ ပျံသန်းသွားစေလိုက်သည်။သည့်နောက် သူက စေတီကို သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းဆည်းလိုက်၏။

"သင်က အစစ်အမှန် ချင်ရှောင် ဖြစ်နေသလား သိဖို့ စမ်းသပ် ကြည့်ရမယ်..."

ဝမ်လင်းက ထိုသွေးစက်ကို ချက်ခြင်းလိုလိုပင် ကျောက်စိမ်းပြားပေါ်သို့ တင်လိုက်၏။

ထိုသွေးစက်က ကျောက်စိမ်းပြားပေါ်သို့ ကျရောက်သွား
သည်နှင့် ၎င်းက ချက်ခြင်းလိုလို အနီရောင်မြူထု အဖြစ်သို့ ပြောင်းလဲသွားသည်။အနီရောင်မြူက ဖြည်းဖြည်းချင်း ကျောက်စိမ်းပြားထဲသို့ ဝင်ရောက်နေသည်။သည့်နောက် အစိမ်းရောင်ကျောက်စိမ်းပြားထံမှ အက်ကွဲသံများ ထွက် ပေါ်လို့လာကာ အလွှာတစ်ခု ဆုံးရှုံးသွားလေ၏။

ကြည်လင်သော အစိမ်းရောင် ကျောက်စိမ်းပြားပေါ်၌ ပါးလွှာသော အနီရောင်သွေးမျဉ်းကြောင်း တစ်ခု ပေါ်လာ၏။

ဝမ်လင်းက ထိုကျောက်စိမ်းပြား၏ လှပမှုကို စိတ်မ ဝင်စားနိုင်သေးပေ။ထိုအစား သူက ၎င်းကို သူ့နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်သည်။သည့်နောက် သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ကာ စတင် စဉ်းစား နေ၏။

ကျောက်စိမ်းပြားပေါ်ရှိ နောက်ဆုံးနှစ်ပိုင်းပေါ်မှ ချိပ်ပိတ် မှုကလည်း ပွင့်လို့သွားချေပြီ။

"သူမ သူမက တကယ့်ကို အစစ်အမှန် ချင်ရှောင်ပဲ...“ ဝမ်လင်းက သက်ပြင်းပါ ချမိ၏။ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် အခြားအစိတ်အပိုင်းနှစ်ခုထဲရှိ အကြောင်းအရာ များကို စစ်ဆေးကြည့်တော့သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။ဝမ်လင်းက ထိုကျောက်စိမ်းပြားထဲ၌ အာရုံနစ်မြုပ်နေသည်မှာ အချိန် မည်မျှကုန်လို့ ကုန်သွားမှန်းပင် မသိတော့ပေ။
ဝမ်လင်းက ကျောက်စိမ်းပြားထဲ၌ အာရုံနစ်မြုပ်နေပြီး နှစ်ရက်မြောက်၌ အဘိုးအိုက သတိပြန်ရလာ၏။သို့ရာတွင် သုံးခုပြည့်မှီဓားအစီအရင်က သူ့အား ဝန်းရံထားဆဲပင်။ဓာ ထိပ်ဖျားများထံမှ တစ်ဆင့် အေးစက်မှုစွမ်းအင်က သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့နေ၏။ထိုအဖြစ်က သူ့ကို တစ်လက်မပင် မလှုပ်ဝံ့အောင် ဖြစ်စေ၏။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ထိုအစီအရင်၏ ထူးဆန်း အံ့ဖွယ်ဖြစ်မှုကို ရေးတေးတေး မြင်နိုင်ပေသည်။

သည့်အပြင် ရှုလီကောကလည်း သူ့ကို စောင့်ကြည့် နေ၏။ရှုလီကောက အဘိုးအို ပတ်လည်၌ ဝန်းရံကာ အေး စက်စွာ ပြုံး၍ စောင့်ကြည့်နေသည်။သူက အနက်ရောင် ဓားသွားကို ကိုင်ဆောင်ထားကာ အဘိုးအိုရှေ့၌ လှုပ်ယမ်း ပြနေသည်။

3 ရက်များစွာ ကြာမြင့်ပြီးနောက် ဝမ်လင်းနတ်ဘုရားအာရုံ ကျောက်စိမ်းပြားထဲကနေ ပြန်ထွက်လာ၏။သူက မျက်လုံးပွင့်လာကာ သက်ပြင်းအရှည်ကြီး ချမိတော့၏။

"ဒီကောင်းကင်ဘုံသားတွေက ကျင်ကြံသူတွေထက် တောင် ရက်စက်နေသေးတယ်။ ဒီကျောက်စိမ်းပြားရဲ့ ဒုတိယပိုင်းက ကောင်းကင်ဘုံသက်တော်စောင့်လို့ ခေါ်တဲ့ ရုပ်သေးရုပ်တစ်ခုကို ပြုလုပ်နိုင်ဖို့ အသေးစိတ်မှတ်တမ်း တင်ထားတာပဲ။ ဒီနည်းလမ်းက ကောင်းကင်ဘုံသားတွေ အတွက်တော့ မဟုတ်ဘူး။ ဒါက ကျင့်ကြံသူတွေ အပေါ်မှာ
အသုံးပြုဖို့ ဖြစ်ရမယ်။ ကျင့်ကြံသူတွေက အဖမ်းခံရပြီး သန့်စင်မွန်းမံခြင်း ခံရမယ်။ဒါသာ အောင်မြင်မယ် ဆိုရင် ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်ရဲ့စွမ်းအား က အံ့မခန်း အားကောင်းလွန်းလှပြီ..."

"ကောင်းကင်ဘုံသားတွေရဲ့ အဆိုအရ ကောင်းကင်ဘုံ သက်တော်စောင့်တစ်ယောက်က လူတစ်ယောက် မဟုတ် ဘဲ ရတနာတစ်ခုသာ ဖြစ်တယ်တဲ့။ဒါက အဆင့်နိမ့်၊ အလယ်၊အဆင့်မြင့် လို့ ခွဲခြားထားတယ်။ဒီကျောက်စိမ်း ပြားထဲမှာက အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက်က အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ စွမ်းအားနဲ့ ညီမျှတယ် လို့ ဖော်ပြထားတယ်။ ဒါက ကျင့်ကြံခြင်းနယ်ပယ်ပထမ အဆင့်ရဲ့ အကန့်အသတ်ပဲ မဟုတ်လား..."

"အလယ်အဆင့်နဲ့ အဆင့်မြင့် ကောင်းကင်ဘုံ သက်တော်စောင့် ရတနာတွေကတော့...ငါဟာ ဒီလိုအဆင့် ကောင်းကင်ဘုံသက်တော်စောင့် ရတနာတွေကို ကျင့်ကြံ ခြင်းနယ်ပယ်ဒုတိယအဆင့်ရဲ့ ဘယ်အဆင့်လောက်မှာများ ရှိနေနိုင်မလဲတောင် မဆုံးဖြတ်နိုင်တော့ဘူး..."

“ဒီကျောက်စိမ်းပြားရဲ့ တတိယပိုင်းကတော့ မြေပုံတစ်ခု ပဲ...။ကြည့်ရတာ ဒါက လှိုဏ်ဂူတစ်ခုရဲ့ တည်နေရာပြ မြေပုံပဲ..." ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက အရပ်ပုပုအဘိုးအိုထံသို့ ကြည့်လိုက်သည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ဒါကို ပေးပါ..."

အရပ်ပုပုအဘိုးအို၏ မျက်နှာပေါ်၌ ခါးသက်မှုတို့ ပြည့် နှက်သွားသည်။သူက ပြောလိုက်၏။ "သင်က ငါ့သိုလှောင် အိတ်တွေ အားလုံးကိုလည်း ယူသွားပြီးပြီးလေ...သင်က ဘာများ ထပ်လိုချင်နေသေးတာလဲ…"

သူ့စိတ်ထဲတွင်မူ ကြိတ်၍ ကျိန်ဆဲနေလေ၏။ "ဒီဝမ် ဆို တဲ့ ကောင်က ကျင်ကြံခြင်းစုံတွဲထက်တောင် ပိုဆိုးနေသေး တယ်။ ဟိုစုံတွဲက ငါ့ သိုလှောင်အိတ်တွေထဲက တစ်ခုပဲ ယူသွားခဲ့တာ။ ဒါပေမဲ့ ဒီဝမ်ဆိုတဲ့ကောင်ကတော့ ငါ့ကို ဘာတစ်မှမချန်ဘဲ ထွက်မသွားစေချင်တဲ့ ပုံပဲ..."

ဝမ်လင်းက အဘိုးအိုထံသို အေးစက်စွာ ကြည့်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ ကျောက်စိမ်းပြား အပဲ့ ဆယ်ခု ထွက်ပေါ်လာတော့သည်။သည်ကျောက်စိမ်း ပြားအပဲ့များက အဘိုးအို ပိုင်ဆိုင်ထားသော ကောင်းကင်ဘုံသက်တော်စောင့် ဆယ်ယောက်၏ ကိုယ်ထဲ ရှိ အရာများပင်။

အဘိုးအိုက ထိုကျောက်စိမ်းပြားပဲ့များကို မြင်လိုက်သည့် အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားတော့သည်။

ဝမ်လင်းက သူ့ညာလက်ကို ပူးကပ်ကာ ကျောက်စိမ်း ပြားအပဲ့ ဆယ်ခုကို တစ်ခုတည်း အဖြစ် ပေါင်းစည်းလိုက် သည်။

သည့်နောက် သူက လက်ဆန့်တန်းကာ အဘိုးအိုအား
ဖမ်းဆွဲလိုက်၏။ထို့နောက်တွင်တော့ သူက အဘိုးအို၏ နှဖူး အား လက်ဝါးဖြင့် ရိုက်လိုက်ရာ အဘိုးအို၏ မူလစိတ် ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ထွက်လာချေသည်။

အဘိုးအို၏မူလစိတ်ဝိညာဉ် ထွက်ပေါ်လာသည်နှင့် ဝမ် လင်းက သူ့မူလစွမ်းအင်ကို ထွေးထုတ်၍ အဘိုးအို၏ မူလ စိတ်ဝိညာဉ်အား ဝန်းရံလွှမ်းခြုံသွားစေသည်။အဘိုးအိုက သန့်စင်မွန်းမခြင်း ခံနေရရင်း သူ့မူလစိတ်ဝိညာဉ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း

လက်ညှိုးအရွယ်လောက်ရှိသော ကျောက်စိမ်းပြားအပဲ့ထဲ သို့ သိပ်သည်းလာခဲ့သည်။

ကျောက်စိမ်းပြားအပဲ့ကို ပြန်ထုတ်ယူလိုက်ပြီးနောက် အ ဘိုးအို၏မူလစိတ်ဝိညာဉ်သည် မျှော်စင်ထဲကနေ လွင့်ပစ် ခြင်း ခံလိုက်ရသည်။သည့်နောက် အပြင်ဘက်ရှိ အနက် ရောင်တိမ်ထုက ၎င်းစိတ်ဝိညာဉ်ကို ဝါးမြိုသွားကာ စိတ် ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်သွားတော့သည်။

အဘိုးအို၏ ခန္ဓာကိုယ်ကိုတော့ ဝမ်လင်းက လှည့်ပင် မ ကြည့်တော့ချေ။သူက သူ့အင်္ကျီလက်အိုးကို လှုပ်ယမ်းလိုက် ရာ ထိုခန္ဓာကိုယ်က ဖုန်မှုန့်ဖြစ်သွားလေသည်။

စိတ်ဝိညာဉ်အလံထဲသို့ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို ပစ်ထည့်လိုက်ရခြင်း၏ အကြောင်းရင်းများထဲက တစ်ခု သည် အလကားဟသာ မဖြစ်စေရန် ဖြစ်သည်။တကယ် သည်အရာက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း တော့
နောက်ဆုံးအဆင့်၏ မူလစိတ်ဝိညာဉ်ပင် မဟုတ်လော။ အခြားအကြောင်းပြချက်တစ်ခုကတော့ ဝမ်လင်းသည် အ ဘိုးအို ရှာတွေ့ခဲ့သော လှိုဏ်ဂူနှင့် ပတ်သတ်၍ စိတ်ဝင်စား သောကြောင့် ဖြစ်၏။

သို့ရာတွင် ဝမ်လင်းက သူသည် ခုချိန်၌ အပြင်ထွက်ခွာ ရန် အချိန်မကျသေးမှန်း သိထားပေ၏။ခုချိန်တွင် အရေးကြီးဆုံးသည် သူက သူ့ကျင့်ကြံမှုနှင့် လက်နက် ရတနာများကို အထွတ်အထိပ် ရောက်အောင် ဆယ်စုနှစ် နှစ်ခုလောက် အသုံးပြုရန် ဖြစ်သည်။သူက ရှေးဟောင်း နတ်ဆိုးနှင့် သဘောတူထားသည့် လာမည့်နှစ်ပေါင်းတစ် ရာ အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပေသည်။

သူရရှိခဲ့သော ရတနာအသစ်နှစ်ခုနှင့် အဆင့်နိမ့် ကောင်းကင်ဘုံမန္တာန်တို့သည် အမှန်ပင် ထူးလှ၏။

ကောင်းကင်ဘုံမန္တာန်အကြောင်းတွေးမိရုံနှင့် သူက စိတ် လှုပ်ရှားရပေသည်။သည်အရာက အစစ်အမှန် မန္တာန်ပင်။ ဝမ်လင်း သူ့ဘဝတွင် သင်ယူခဲ့သော မန္တာန်များအာလုံး၌ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က လွဲ၍ ကျန်တာ အားလုံးသည် အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်ကို တုပ ထားခြင်းသာ ဖြစ်သည်။

တကယ်တော့ ကောင်းကင်ဘုံမန္တာန်များက ရှားပါးလွန်း လှ၏။ ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်ကြီးများပင် ကောင်းကင်ဘုံမန္တာန်များကို အသည်းအသန် လိုချင်ကြ၏။
ကောင်းကင်ဘုံမန္တာန်များက အစစ်အမှန်မန္တာန်များပင်။ ၎င်းတို့၏ စွမ်းအားကလည်း သာမန်မန္တာန်များထက် အဆ များစွာ အားကောင်းလှ၏။

နတ်ဆိုးစိတ်ဝိညာဉ်က ကျင့်ကြံသူများစွာကို ဆွဲဆောင် ကာ သတ်ဖြတ်မှုများ ဖြစ်လာဖို့ပင် စိတ်ဆန္ဒ ရှိစေပြီး ဒေသခံများကိုပါ ဦးညွတ်မှု ပြုအောင် လုပ်နိုင်ခဲ့သည်။သည် အရာများအားလုံးက ကောင်းကင်ဘုံမန္တာန်တစ်ခုကို သင်ယူနိုင်ရန် ရှေးဟောင်းနတ်ဆိုးတစ်ပါးနှင့် ပေါင်းစပ်ဖို့ အခွင့်အရေးတစ်ခု ရရန်အတွက်သာ ဖြစ်သည်။

ကောင်းကင်ကံကြမ္မာကလန်၌ပင် ကောင်းကင်ဘုံမန္တာန် တစ်ခုကို ရရှိနိုင်ရန် လူတစ်ယောက်က အသိအမှတ်ပြုခြင်း မခံရခင် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ အစစ်အမှန် တပည့် နေရာကို စုပ်ကိုင်ထားနိုင်ရမည် ဖြစ်၏။သို့ရာတွင် ရှေ့ဖြစ်ဟောသူက ထိုလူကို အကောင်းဆုံးမန္တာန်ကို ပေး မည်မဟုတ်ဘဲ သာမန်ကိုသာ ရွေးချယ်ပေးပေလိမ့်မည်။

"ရပ်တန့်ခြင်းမန္တာန်..." ဝမ်လင်းက အသက်ဝဝရှူသွင်း လိုက်၏။သည့်နောက် သူ့စိတ်ထဲ၌ ထိုကောင်းကင်ဘုံမန္တာန် အတွက် ဂါထာ ပေါ်လာခဲ့သည်။သူက မျက်လုံး ဖြည်းဖြည်း ချင်း မှိတ်ကာ သူ့ကိုယ်သူ သည်ကောင်းကင်ဘုံမန္တာန်ထဲသို့ နစ်မြုပ်ထားလိုက်တော့သည်။

အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားလေ၏။ မျက်စိတစ် မှိတ်အတွင်း နှစ်ပေါင်း နှစ်ဆယ် ကုန်လွန်သွားခဲ့ချေပြီ။
ကောင်းကင်နတ်ဆိုးနိုင်ငံနှင့် မီးနတ်ဆိုးနိုင်ငံတို့ကြား တိုက်ပွဲကလည်း အချိန်အတန်ကြာခဲ့လေပြီ။နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် ပိုမုန်းတီးလာကာ စစ်ပွဲထဲ၌ ဆွဲနှစ် ခြင်း ခံထားရသည်။အခြားနိုင်ငံများသည်လည်း ဆက်လက်၍ အခြေအနေ ကြည့်မနေနိုင်တေ့ဘဲ နောက်ဆုံးတွင် တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကောင်းကင်နတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးက သူ သာ မီးနတ်ဆိုးနိုင်ငံနှင့် စစ်စတိုက်ရန် ဆုံးဖြတ်လိုက် သည်နှင့် ထိုပြဿနာ ဖြစ်လာမည်ကို တွေးထားခဲ့ပြီးသား ဖြစ်သည်။အခြားနိုင်ငံများက လှုပ်ရှားရန် အသင့် ဖြစ်လာ ချိန်၌ သူက သူ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုကာ ကောင်းကင်နတ်ဆိုးမြို့ကို ချိပ်ပိတ်ပစ်လိုက်၏။

ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အခြားမြို့များကတော့

ရှေးဟောင်းနတ်ဆိုးက လက်လွှတ်လိုက်တော့၏။သူက ဝမ် လင်းနှင့် သဘောတူထားသည့် အချိန်ကို စောင့်ဆိုင်းနေ ရင်း မြို့တော်နှင့်နဂါးရေကန်ကိုသာ စောင့်ကြပ်ထားသည်။ သူက ဝမ်လင်း သဘောတူညီမှုကို ဖျက်စီးမည်ကို စိတ်မပူ ပေ။ဝမ်လင်းကသာ တကယ် ဖျက်စီးသွားခဲ့ရင်လည်း သူက သူ့စွမ်းရည်ကို အသုံးပြုကာ ဝမ်လင်းကို သတ်ပစ်ပေမည်။ သို့သော် သူက ဝမ်လင်းသည် ရေတိုကိုသာ ကြည့်သည့် လူမျိုး မဟုတ်ကြောင်း ယုံကြည်ထား၏။

သည်အခြေအနေအောက်၌ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုး နွယ်စုကတော့ မြန်ဆန်စွာ ချဲ့ထွင်လာခဲ့ကာ အင်အားလည်း
တောင့်လာခဲ့၏။

သည်ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း မီးနတ်ဆိုးနိုင်ငံ တိုက်ပွဲနယ်မြေများ၌ အနက်ရောင်ဝတ်စုံနှင့် ထူးဆန်းသောလူများ ပေါ်ထွက်လာကာ နိုင်ငံနှစ်ဖက်လုံး၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပေ။ထိုဝတ်ရုံနက်နှင့်လူများက တိုက်ပွဲကွင်းပြင်၌ မကြာခဏပေါ်လာကာ စိတ်ဝိညာဉ် အပိုင်းအစများစွာကို စုပ်ယူတက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့တစ်ယောက်ချင်းစီက တိုက်ပွဲ မြေပေါ်ရှိ မရေမတွက်နိုင်သော ရန်သူများကို သတ်ဖြတ်ခဲ့ ပြီးလေပြီ။သူတို့အားလုံးက ထူးချွန်သောလုပ်ဆောင်မှုများ ရှိကြပေ၏။စစ်တပ်နှစ်ဖက်လုံးရှိ နတ်ဆိုးတပ်သား များသည်လည်း မြန်ဆန်စွာ သန်မာလာကြကာ သူတို့က သေဆုံးသွားသော ဗိုလ်ချုပ်များနေရာ၌ အစားထိုး နေရာ ပေးခြင်း ခံလာရသည်။


ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံထဲရှိ စစ်ပွဲနှင့် ပတ်သတ်၍ စိတ်ပူနေခြင်း မရှိပေ။သူက လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် လုံးလုံး ကောင်းကင်ဘုံမန္တာန်ထဲ၌သာ နစ်မြုပ်နေခဲ့ပေ သည်။ ကောင်းကင်ဘုံမန္တာန်က သာမန်မန္တာန်များနှင့် မ နှိုင်းသာပေ။ယင်းမန္တာန်က သင်ယူရန် ခက်ခဲလွန်းလှ၏။

နှစ်ပေါင်းနှစ်ဆယ်က ဝမ်လင်းအတွက် အစပြုရုံသာ ရှိသေးသည်။ကောင်းကင်ဘုံမန္တာန်နှင့် ကောင်းကင်ဘုံ ရတနာများထဲ၌ စိတ်နစ်မြုပ်နေစဉ်တွင် အချိန်က စီးဆင်း သွားခဲ့၏။ မသိလိုက်မသိဘာသာနှင့်ပင် နှစ်ငါးဆယ် ကျောက် ကုန်ဆုံးသွားခဲ့လေပြီ။

ရှေးဟောင်းနတ်ဆိုးနှင့် သူ့သဘောတူညီမှုက ဆယ်နှစ် ပင် မလိုတော့ချေ။

သည်နှစ်တစ်ရာ ပြည့်လုနီးပါး အချိန်အတွင်း ကောင်းကင်ဘုံမန္တာန်နှင့်ကောင်းကင်ဘုံရတနာကို

လေ့လာနေသည့်အပြင် နတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ကို အမှတ်အသားခပ်နှိပ်ခြင်းကိုလည်း လုံးဝ ရပ်တန့်ခဲ့ခြင်း မ
ရှိချေ။သည်အချိန်အတိုင်းအတာအတွင်း ခပ်နှိပ်မှုက ပို၍ အားကောင်းလာခဲ့ပေ၏။

ဆယ်စုနှစ်အချို့ ကုန်လွန်သွားပြီးနောက် ဝမ်လင်းက ရပ်တန့်ခြင်း ကောင်းကင်ဘုံမန္တာန်၏ အစွန်းအဖျားကိုသာ ထိတွေ့နိုင်ခဲ့၏။ထိုမန္တာန်အတွက် လိုအပ်ချက်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များများစားစား မလိုလှ ချေ။သို့သော် လူတစ်ယောက်၏ ကောင်းကင်နှင့်မြေကြီး အပေါ် နားလည်မှုတော့ လိုအပ်ပေ၏။

တိတိကျကျဆိုပါက သည်ကောင်းကင်ဘုံမန္တာန် ဖုံးကွယ် ထားသည့် အခြင်းအရာက ကျင့်ကြံသူများ ဖမ်းဆုပ် နိုင်သည်ထက် ပိုနေခဲ့သည်။သူက ထိုမန္တာန်ကို ကျွမ်းကျင် စွာ အသုံးမပြုနိုင်ခင် နက်နဲသောအသိအမြင်တို့ရရှိရန် လေ့လာနားလည်ဖို့ လိုအပ်သည်။

ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို နှစ်များစွာကြာမှ တစ်ဖြည်းဖြည်းချင်း နားလည်လာပြီး သေးငယ်သောအောင်မြင်မှုကို ရ၏။ယခု ရပ်တန့်ခြင်း မန္တာန်သည်လည်း ထိုနည်းတူသာ ဖြစ်၏။

ကောင်းကင်ဘုံမန္တာန်ထဲ၌ နစ်မြုပ်ထားရင်း ဝမ်လင်းက အချိန်ကိုပင် မေ့ထားလေ၏။သည်ဆယ်စုနှစ်များအတွင်း သူက တံခါးပိတ်ကျင့်ကြံနေခဲ့စဉ် စိတ်ဝိညာဉ်သန့်စင်ခြင်း မျိုးနွယ်စုသည် မီးနတ်ဆိုးနိုင်ငံရှိ စစ်ပွဲရှေ့မျက်နှာပြင်တွင် စိတ်ဝိညာဉ်များ စုဆောင်းရန်နှင့် သူတို့ကိုယ်တိုင်သန်မာ
လာစေရန်လူပေါင်းမြောက်များစွာကိုစေလွတ်ခဲ့ပေသည်
ထိုအရာများအားလုံးက ကောင်းကင်နတ်ဆိုးနိုင်ငံသို့ အခြားနိုင်ငံများမှ တပ်သားများ ဝင်လာချိန်၌ ပြောင်းလဲ သွားရ၏။အပြင်သို့ စေလွှတ်မည့်အစား မျိုးနွယ်စုဝင်များ က ကောင်းကင်နတ်ဆိုးနိုင်ငံကိုသာ ကာကွယ်နေရ၏။

မျိုးနွယ်စုဝင်များစွာက မီးနတ်ဆိုးနိုင်ငံမှ ပြန်ရောက်လာ ကာ အခြားနတ်ဆိုးနိုင်ငံများမှ နတ်ဆိုးတပ်သားများနှင့် တိုက်ပွဲစတင်ကြ၏။

သို့ရာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု၏ စွမ်းအား က သေးငယ်လှ၏။သူတို့က အနက်ရောင်တိမ်ထုအောက်ရှိဧရိယာ၌သာ ခုခံကာကွယ်နိုင်ကာ မထွက်ခွာနိုင် ဖြစ်ရ၏။ တစ်ဖြည်းဖြည်းပင် အခြားနိုင်ငံမှ တပ်သားများသည် သူတို့ က ရှေးဟောင်းနတ်ဆိုး ချိပ်ပိတ်ထားသော ကောင်းကင် နတ်ဆိုးမြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိသည်ကို သိရှိလာ ကြ၏။ထို့ကြောင့် သူတို့၏ ပစ်မှတ်က စိတ်ဝိညာည်သန့်စင် ခြင်းမျိုးနွယ်စုထံသို့သာ ကျရောက်လာတော့သည်။

တကဘ်တော့ သည်မျိုးနွယ်စုငယ်နှင့် ပတ်သတ်၍ ထူးဆန်းသောအရာတစ်ခု ဖြစ်နေ၏။သည်မျိုးနွယ်စု၏ အထက်ရှိ အနက်ရောင်တိမ်တိုက်သည် သဘာဝ အကာအကွယ်တစ်ခုလို တည်ရှိနေကာ အတော်လေး ထူးဆန်းနေသည်။ထိုအနက်ရောင် တိမ်တိုက်ထုက နတ်ဆိုးတပ်သားများ အကြိမ်များစွာ လာတိုက်ခိုက်တိုင်း
ပိတ်ဆို့ကာကွယ်ပေးလေသည်။

တကယ်တော့ နတ်ဆိုးနိုင်ငံများအားလုံးက စိတ်ဝိညာဉ် သန့်စင်ခြင်းမျိုးနွယ်စုကို မျက်စိကျကြခြင်း မဟုတ်ပေ။ နတ်ဆိုးနိုင်ငံ နှစ်နိုင်ငံကသာ မျက်စိကျကြခြင်း ဖြစ်ကာ အခြားငါးနိုင်ငံ၏ အာရုံကတော့ မီးနတ်ဆိုးနိုင်ငံသို့ လှည့် သွားပေသည်။

အခြားနိုင်ငံခုနစ်ခုသည် များစွာသော နတ်ဆိုးတပ်သား များကို မစေလွှတ်ကြပေ။တကယ်တော့ ထိုနိုင်ငံများက ကောင်းကင်နတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးကဲ့သို့ ရှိသမျှကို စေလွတ်ဖို့ ဆုံးဖြတ်ချက် မရှိကြချေ။

သည်အခိုက်အတန့်၌ ရေနတ်ဆိုးနိုင်ငံနှင့် မိုးကြိုး နတ်ဆိုးနိုင်ငံ တို့သည် နတ်ဆိုးတပ်သား တစ်သိန်းနှင့်အတူ သူတို့၏ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး တစ်ယောက်စီကို စေလွတ် ခဲ့ကြ၏။အခြားတစ်နိုင်ငံက မြောက်အရပ်မှ ရောက်လာကြ ပြီး နောက်တစ်နိုင်ငံကတော့ တောင်အရပ်မှ ရောက်ရှိလာ ကြသည်။နိုင်ငံနှစ်ခု၏စစ်တပ်များက စိတ်ဝိညာဉ်သန့်စင် ခြင်းမျိုးနွယ်စုအား ဝန်းရံထားလေသည်။

ရေနတ်ဆိုးနိုင်ငံမှ ဒုဗိုလ်ချုပ်မှူးမှာ အမျိုးသမီး

ဖြစ်သည်။သူမ၏ ပုံပန်းသွင်ပြင်က သာမန်သာ ဖြစ်၏။ သို့သော် သူမမျက်လုံးများက အေးစက်စက်အလင်းကို ပေး စွမ်းနေခဲ့သည်။သူမအပြင် ရေနတ်ဆိုးနိုင်ငံမှ နောက်ထပ် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်လည်း ပါသေး၏။
မိုးကြိုးနတ်ဆိုးနိုင်ငံ၏ ဒုဗိုလ်ချုပ်မှူးသည် ဗလတောင့် တောင့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ဖြစ်သည်။ သူက စစ်တပ်ချပ်ဝတ်ကို ဝတ်ဆင်မထားသော တစ်ဦး တည်းသောသူ ဖြစ်၏။လျှပ်စီးအလင်းတန်းများက သူ့ ခန္ဓာကိုယ်အနှံ့ ရွှေ့လျားလို့နေကာ သူ့ခြေထောက်အောက်ရှိမြေကြီးပင် လောင်ကျွမ်းတူးချစ်နေသည်။

"ဒီ လူရိုင်းရွာငယ်လေးက ဒီလိုမျိုး အံ့မခန်း ရတနာ ရှိနေတယ်။ ဒါက စိတ်ဝင်စားစရာပဲ..."

ဗလတောင့်တောင့်လူကြီးက သူ့ကိုယ်သူကြားအောင် ရေရွတ်လိုက်ခြင်းသာ ဖြစ်သော်လည်း သူ့အသံက မိုးကြိုးသံအလားပင်။

"ဒီတစ်ကြိမ် ကောင်းကင်နတ်ဆိုးနိုင်ငံကို လာတဲ့ ခရီး မှာ ဘာမှ အကျိုးအမြတ်လည်း မရဘူး။ဒါပေမဲ့လည်း ဒီ ရတနာကို နတ်ဆိုးအင်ပါယာရှိ ယူသွားတာကလည်း ဆိုး တော့မဆိုးပါဘူး..."

ဗလတောင့်တောင့်လူကြီး၏ မျက်လုံးက လက်ခနဲ ဖြစ် သွာကာ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။သူ့အောက် ရှိ မြေကြီးက အက်ကွဲ၍ လောင်ကျွမ်းသွား၏။

ဗလတောင့်တောင့်လူကြီးက အနက်ရောင်တိမ်ထု ရှိရာ သို့ လျင်မြန်စွာ ပျံသန်းနေသည်။သူ့အမြန်နှုန်းက အံ့မခန်း ပင်။သူက အာဏာတက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားနှင့် ညီမျှနေသည်မှာ ရှင်းလင်းနေ
ပေ၏။ခြေတစ်လှမ်းဖြင့်ပင် သူက အကွာအဝေးများစွာကို ဖြတ်ကျော်သွားပြီး ဖြစ်ကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုး နွယ်စုကို ဝန်းရံပေးထားသော အနက်ရောင်တိမ်ထု နားသို့ ရောက်ရှိလာခဲ့သည်။

သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက မမြင်ရသောဒိုင်းကာတစ်ခုကို ဖြစ်စေကာ အနက်ရောင် တိမ်ထုအား တွန်းထုတ်လေသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အတွင်း၌ ချူယောင် ဟွာ၏ သွင်ပြင်က ကောင်းကင်ထက်သို့ တည်ငြိမ်စွာ စူး စိုက်ကြည့်နေသည်။မြေပြင်ထက်၌ မျိုးနွယ်စုဝင်များသည် ကြာပွင့်သဏ္ဌာန်ထိုင်ကာ အာရုံစိုက်ထားကြ၏။

ချူယောင်ဟွာက အော်ပြောလိုက်သည်။ "စိတ်ဝိညာဉ် များ ပြန့်ကျဲစမ်း..." ရုတ်တရက် မျိုးနွယ်စုဝင်များအားလုံး က သူတို့စုဆောင်းထားသော စိတ်ဝိညာဉ်အပိုင်းအစများ အားလုံးကို ထုတ်လွှတ်လိုက်ကြသည်။ ချက်ခြင်းလိုလို ကမ္ဘာတစ်ခုလုံးက စိတ်ဝိညာည်အပိုင်းအစများဖြင့် ပြုလုပ် ထားသော အနက်ရောင်အခိုးငွေ့များနှင့် ပြည့်နှက်လို့သွား တော့၏။ထိုအနက်ရောင်အခိုးငွေ့ ဒြပ်ထုက အနက်ရောင် မြစ်တစ်စင်း အဖြစ်သိပ်သည်းကာ ဗလတောင့်တောင့် လူကြီးထံသို့ တိုးဝင်သွားချေသည်။

ဗလတောင့်တောင့်လူကြီးက

ရယ်မောလိုက်၏။ နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့ပင် တရကြမ်း တိုး
လာကာ လက်သီးတစ်လုံး ပစ်သွင်းလာသည်။ထိုလက်သီး ချက်၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များစွာ ပါဝင်နေခဲ့ သည်။ယင်းလက်သီးချက်က မိုးခြိမ်းသံကို ဖြစ်စေကာ ဒေါ မာန်ထနေသော မိုးကြိုးနဂါးကြီးတစ်ကောင်ကဲ့သို့ တိုးဝင် လာနေသော အနက်ရောင်မြစ်ထံသို့ ဦးတည်သွားလေ၏။

သိပ်မဝေးသော နေရာ၌ ရေနတ်ဆိုးနိုင်ငံမှ ဒုဗိုလ်ချုပ် မှူးသည် ထိုတိုက်ပွဲကို အေးစက်စွာ ကြည့်၍ ပြောလိုက် သည်။ "ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုးက ဒီအနက်ရောင် တိမ်ထုကို လျှော့တွက်နေတာပဲ..."

သူမ ဘေးရှိ နတ်ဆိုးဗိုလ်ချုပ်များထဲမှ တစ်ယောက်က မှင်သက်သွားကာ မေးလိုက်၏။ "အရှင်..ဒီအနက်ရောင် တိမ်တိုက်ထဲမှာ ဖုံးကွယ်နေတဲ့ လျှို့ဝှက်ချက်အချို့ ရှိနေနိုင် တာလား။ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုးက ဒါကို ချိုးဖျက် နိုင်လောက်လား..."

"ဒီအနက်ရောင် တိမ်တိုက်က အရမ်းထူးဆန်းနေတယ်။ ဒါက စိတ်ဝိညာဉ်အပိုင်းအစ မြောက်များစွာနဲ့ ဖွဲ့စည်းထား တာ။ ဒါက တစ်ယောက်မှ မထိန်းချုပ်ထားဘူးဆိုရင်တော့ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုးက လွယ်လွယ်လေးနဲ့ ချိုးဖျက်နိုင်လိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကသာ ထိန်းချုပ်နေမယ်ဆိုရင်တော့ ဒါကို ချိုးဖျက်နိုင်ဖို့ သူက အစွမ်းကုန်လုပ်ရမှာကို ငါတော့ စိုးရိမ်နေမိတယ်..."
ထိုအမျိုးသမီးဘေးရှိ နတ်ဆိုးဗိုလ်ချုပ်က ပြုံး၍ ဆို လာ၏။ "ဒါက အကောင်းဆုံးပေါ့။ ငါတို့က သူဟာ အနက် ရောင်တိမ်ထုကို ယူဆောင်ရင် ငါတို့က ဒီမျိုးနွယ်စုဝင်တွေ ကို သိမ်းပိုက်ယူမယ်လို့ သဘောတူထား ကြတာပဲ။ဒါဆိုရင် ငါတို့က ဘာမှ ခွန်အားသုံးစရာတောင် မလိုတော့ဘဲ ဒီမျိုး နွယ်စုဝင် အားလုံးကို သိမ်းပိုက်ရရှိနိုင်သွားပြီ။ ငါတို့က ပြန်သွားပြီး သူတို့ကို လေ့လာကြည့်မယ်ဆိုရင် တစ်ခုခုကို တော့ ကျိန်းသေ သင်ယူရရှိနိုင်လိမ့်မယ်…"

လက်သီးကနေ ဖန်တီးထားသော မိုးကြိုးနဂါးသည် မိုးခြိမ်းသံပေးကာ မျိုးနွယ်စုဝင်များ၏ စိတ်ဝိညာဉ် အပိုင်းအစကနေ ဖြစ်တည်လာသည့် အနက်ရောင်တိမ်ထု ထံသို့ တိုးဝင်လာချေသည်။သည်နှစ်ခု ထိပ်တိုက်တွေ့ဆုံ သွားသည့်အခိုက်၌ ပေါ်ထွက်လာသည်။ ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု

ထို တုန်ခါလှိုင်းကြောင့် အနက်ရောင်တိမ်ထုပေါ်၌ အပေါက်ကြီး တစ်ခု ဖြစ်ပေါ်လာသည်။သည့်နောက် အနက်ရောင်မြစ်သည် လွင့်ပြယ်သွားသည်။ဗလတောင့် တောင့်လူကြီးက ရယ်မောကာ ပြောလိုက်သည်။ "လူရိုင်း မျိုးနွယ်စုလေးသာသာကများ...ငါ့ကို တိုက်ခိုက်ဝံ့တယ် ပေါ့...။နိမ့်ကျတဲ့ ပုရွတ်ဆိတ်လေးတွေ ကများ..."

ဗလတောင့်တောင့်လူကြီးက ထိုသို့ ပြောနေရင်း သူက အနက်ရောင်တိမ်ထုကြား ဟသွားသော နေရာအတိုင်း လှမ်းလျှောက်သွားသည်။မိုးကြိုးနတ်ဆိုးနိုင်ငံမှ တပ်သား
များ၏ ဩဘာပေးသံများက ဆူညံပွက်လော ထွက် ပေါ်လာ၏။သူတို့၏ အော်သံများက မိုးခြိမ်းသံထက် အားနည်းလိမ့်မည် မဟုတ်။

ထို ချီးကျူးဩဘာသံများက ဗလတောင့်တောင့်လူကြီး ကို မြှောက်ပေးသလို ဖြစ်နေ၏။

ရေနတ်ဆိုးနိုင်ငံမှ အမျိုးသမီးကတော့ သိပ်မဝေးသော နေရာတွင် ရှိလို့နေသည်။သူမက ခေါင်းယမ်းကာ ပြော လိုက်သည်။ "ဒီတိုက်ပွဲမှာ ဘာမှ သည်းထိတ်ရင်ဖို ဖြစ်စရာ မရှိတော့ဘူး။ ဒီနေ့က စပြီး ဒီစိတ်ဝိညာဉ်သန့်စင်ခြင်း မျိုး နွယ်စုက မတည်ရှိတော့ဘူး။ ဒုနတ်ဆိုးဗိုလ်ချုပ်မှူး မိုးကြိုး အနက်ရောင်တိမ်ထုကို ယူပြီးတဲ့ထိ စောင့်ကြမယ်။ ပြီးမှ မျိုးနွယ်စုဝင်တွေကို သွားဖမ်းကြတာပေါ့။ ခုခံတဲ့လူရှိတာနဲ့ သတ်ပစ်လိုက်ကြ..."

သူမ ပတ်လည်ရှိ နတ်ဆိုးဗိုလ်ချုပ်များက သူမအမိန့်ကို အသိအမှတ်ပြုလိုက်ကြ၏။

ဗလတောင့်တောင့်လူကြီးက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုး နွယ်စု ထဲသို့ ခြေတစ်လှမ်းဖြင့်ပင် တိုက်ရိုက် လှမ်းဝင်သွား သည်။သူက ထိုမျိုးနွယ်စုလေးထဲရှိ လူများ၏ အလွန်အမင်း ကြောက်လန့်နေမှုကို တွေ့မြင်ရမည်ဟု တွေးထင်ကာ ရွှင်လန်းလို့နေသည်။

သို့ရာတွင် သူက အထဲသို့ ဝင်သွားသည့်အခိုက်၌ ချက် ခြင်း မှင်သက်ကြောင်ငေးသွားလေသည်။သည်ကီလိုမီတာ
ငါးဆယ် ဧရိယာတွင် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင် အားလုံးက ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေကြလေသည်။ သူတို့အားလုံးက သူ့ကို ကြည့်နေကြလေ၏။

ဗလတောင့်တောင့်လူကြီး မျှော်လင့်ထားသလို သူတို့ အားလုံး၏ မျက်လုံးထဲ၌ မည်သည့်ကြောက်လန့်မှုမှ ရှိမနေ ခဲ့ပေ။ထိုအစား သူတို့မျက်လုံးများက အလွန်တည်ငြိမ် လှ၏။ထိုသို့သော တည်ငြိမ်မှုက အတုအယောင် မဖြစ်နိုင် 60

သည်တည်ငြိမ်လှသော မျက်လုံးများထဲ၌ သိပ်သည်း သောအေးစက်မှုတို့ နက်နက်ရှိုင်းရှိုင်း ရှိလို့နေသည်။

သည် မရေမတွက်နိုင်သော ထူးဆန်းလှသည့် အကြည့် များက ဒုနတ်ဆိုးဗိုလ်ချုပ်မှူး၏ နှလုံးခုန်သံကိုပင် မြန်ဆန် သွားစေ၏။

သူ့ခြေလှမ်းက အလိုလို အရှိန်ကျသွား၏။သူက ယခု အနေအထားဖြင့် မျိုးနွယ်စု၏ အလယ်တွင် ငါးကီလိုမီတာ နေရာလွတ်တစ်ခု ရှိနေသည်ကို တွေ့မြင်နိုင်ပေသည်။ထို နေရာလွတ်၏ အလယ်ဗဟို၌ မျှော်စင်တစ်ခု ရှိနေသည်။

သူက မျှော်စင်ကို မြင်လိုက်သည်နှင့် မျက်လုံး ကျဉ်းမြောင်းသွားသည်။သူ့ဗဟုသတ အသိအမြင်နှင့် မျိုး နွယ်စုကြီးများတွင် သူတို့၏ ကိုယ်ပိုင် ယုံကြည်မှုများရှိကြောင်း သိထားပေသည်။ခုချိန်၌ သည်မျှော်စင်က သူတို့၏ ယုံကြည်မှုရင်းမြစ် ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ဗလတောင့်တောင့်လူကြီးက နှာခေါင်းရှုံ့၏။ "ငါက ဒီ မျှော်စင်ကို ဖျက်စီးပြီးရင် မင်းတို့မှာ ဒီလို အကြည့်မျိုး ရှိနေ ဦးမလား ကြည့်ရတာပေါ့..."

သူက မျှော်စင်ထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။ ထိုင်နေကြသော မျိုးနွယ်စုဝင်များက မည်သည့်စကားမှ မ ဆိုဘဲ ထိုဗလတောင့်တောင့်လူကြီးကိုသာ အေးစက်စွာ ကြည့်လို့နေကြသည်။

ထိုသို့သော တိတ်ဆိတ်မှုမျိုးက သူ့ကိုပင် မမြင်ရသော ဖိအားတစ်ခု ဖြစ်စေလေသည်။ဗလတောင့်တောင့်လူကြီး က တစ်ခုခုမှားနေသည်ကို ရေးတေးတေး ခံစားလာ၏။ သူက အေးစက်စွာ နှာခေါင်းရှုံကာ မျှော်စင်နားသို့ ရောက်လာပြီး လက်သီးဖြင့် ထိုးချရန် ဟန်ပြင်လိုက်သည်။

"ရပ်လိုက်.." မျှော်စင်အတွင်းမှ မထူးခြားနား ကြားလှ ရုံ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုအသံက အားပျော့လှ၏။သို့သော် ထိုအသံက အချိန် ပင် ရပ်တန့်သွားစေသလား ထင်မှတ်ရသည်။သည် အခိုက်အတန့်၌ အနက်ရောင်တိမ်ထုပင် မလှုပ်မယှက် ဖြစ် သွား၏။မငြင်းပယ်နိုင်သော စွမ်းအားတစ်ခု ရုတ်တရက် ပေါ်လာကာ ဗလတောင့်တောင့်လူကြီးကို ဝန်းရံသွားသည်။

ထိုလူကြီး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူ့ ခန္ဓာကိုယ်ပေါ်ရှိ လှုပ်ရှားနေသော လျှပ်စီးတန်းများပင် ရပ်တန့်သွားသည်။သည်အခိုက်အတန့်၌ သူ့အော်ရာ လုံး
ဝဥသုံ ပျောက်ကွယ်သွားရ၏။

သူ့ခန္ဓာကိုယ်က လေထဲ၌ တန့်နေကာ လုံးဝ မလှုပ်မ ယှက် ဖြစ်သွားရသည်။

သူ့လက်သီးချက်သည်လည်း တစ်ဝက်တစ်ပျက် ဖြစ်သွား ရ၏။

လှုပ်ရှားနိုင်သည့် အစိတ်အပိုင်းဆို၍ သူ့မျက်လုံးတစ်စုံ ကျန်ရှိတော့၏။သည်အခိုက်အတန့်၌ သူ့ဘဝ တစ်လျှောက်လုံး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးသော ကြောက် ရွှံမှုက မျက်လုံးထဲ၌ ထွက်ပေါ်လို့နေသည်။

ဝမ်လင်း၏ပုံရိပ်က မျှော်စင်ထဲကနေ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။သူ့ဆံပင်များက နောက်ကျောဘက်၌ လွင့်ဝဲနေကာ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား လေသည်။

သူက ထွက်ပေါ်လာပြီးနောက် ဗလတောင့်တောင့်လူကြီး ကို ကြည့်ပင်မကြည့်ဘဲ သူ့အင်္ကျီလက်အိုးကို လှုပ်ယမ်း လိုက်၏။ဗလတောင့်တောင့်လူကြီးက အားပြင်းလှသော လေပြင်းကြောင့် လွင့်စင်ထွက်သွား၏။သူက သွေးအန် လိုက်ရာကာ စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အပြင် ဘက်သို့ လွင့်ထွက်သွားချေသည်။

ဗလတောင့်တောင့်လူကြီးက တဟုန်ထိုး လွင့်စင်ထွက် လာသည့် တစ်လျှောက် သူ့ခန္ဓာကိုယ်မှ သွေးမြူများ ပန်း ထွက်ကုန်သည်။နောက်ဆုံးတွင် သူက မြေပြင်ပေါ်သို့ ပစ်
ကျသွား၏။အစကအဆုံးထိ သူ့ခန္ဓာကိုယ်မှာ တစ်လက်မ ပင် လှုပ်ရှားနိုင်စွမ်း မရှိ ဖြစ်ရသည်။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်နေ၏။

ရေနတ်ဆိုးနိုင်ငံမှ အမျိုးသမီး၏ မျက်လုံးသူငယ်အိမ် သည် ကျုံ့သွားလေသည်။သူမ ကထိုမြင်ကွင်းကို မြင်လိုက် သည့်အခါ သူမစိတ်သည် ဗလာကျင်းသွား၏။ သို့"ရာတွင် သူမက မြန်ဆန်စွာ အသိပြန်ဝင်လာကာ အော်ဟစ် လိုက်၏။ "ဆုတ်...မြန်မြန်ဆုတ်ကြ.."

ကံမကောင်းစွာနှင့် သူမက နောက်ကျသွားခဲ့၏။ဝမ်လင်း က လက်နောက်ပစ်လျက် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ် စု ပေါ်၌ လွင့်မြောနေသည်။စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုး နွယ်စုများ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ပေါက်ကွဲ ထွက်လာကာ ဝမ်လင်းနှင့် ကပ်လျက်ပါလာချေသည်။

ရေနတ်ဆိုးနိုင်ငံမှ အမျိုးသမီး၏ အသွင်က ချက်ခြင်း ပြောင်းလဲသွားကာ သူမက အော်ဟစ် အမိန့်ပေးလိုက် သည်။ "အစီအရင်..."

နတ်ဆိုးတပ်သားများက စတင်လှုပ်ရှားလာကြ၏။သူ တို့၏ နတ်ဆိုးစွမ်းအင်များကလည်း စတင် လှုပ်ရှားလာကြ သည်။

"ရပ်တန့်ခြင်း..." ဝမ်လင်းက သူ့လက်နှစ်ဖက်ကိုဟကာ ခေါင်းမော့၍ မျက်လုံးမှိတ်ထားလိုက်သည်။ ဆယ်စုနှစ်များ စွာကြာပြီးနောက် သူက ကောင်းကင်ဘုံမန္တာန်၏
အစွန်းအဖျားကို ထိတွေ့နိုင်ခဲ့ပြီ

ဖြစ်၏။သည် အခိုက်အတန့်၌ သူက ကောင်းကင်ဘုံမန္တာန်ကို စွမ်းအား အပြည့် ထုတ်ဖော်လိုက်သည်။

စကားတစ်ခွန်းဖြင့်ပင် ကမ္ဘာလောကက ရပ်တန့်သွား ချေ၏။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု ပြင်ဘက်ရှိ အရာ အားလုံးက လှုပ်ရှားနေရာကနေ သည်အခိုက်အတန့်၌ ရပ်တန့်သွားကြသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များက အမိန့်တစ်ခု လက်ခံရရှိလိုက်သကဲ့သို သတ်ဖြတ်ရန် တဟုန်ထိုး ထွက် လာကြ၏။တစ်ချိန်တည်းမှာပင် အနက်ရောင်တိမ်ထုက ပျံ့ကားလာကာ ။ ပတ်ဝန်းကျင်ဧရိယာ၏ ကောင်းကင်ကိုဖုံးအုပ်သွား၏

ရေနတ်ဆိုးနိုင်ငံ၏ အမျိုးသမီးက အေးခဲသွား၏။ သို့ရာတွင် အသက်သုံးကြိမ်ရှူစာကြာပြီးနောက် သူမ ပတ်လည်၌ အပြာရောင်အလင်းတစ်ခု ပေါ်ထွက်လာ၏။ သူမ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်နေကာ သူက တုံ့ဆိုင်းခြင်းမရှိ ထွက်ပြေးရန် ပြင်သည်။

ထိုအခိုက်အတန့်မှာပင် ဓားအလင်းတန်းသုံးခုက ပျံသန်း ထွက်လာကာ အမျိုးသမီးအား ချက်ခြင်း ဖမ်းမိသွားကာ သူမအား ဝန်းရံလာသည်။ ဇီရှု၊ဟိုင်ကျူးနှင့်မိုယောင်တို့၏ ဓားစိတ်ဝိညာဉ်သုံးခုက ဟိန်းဟောက်သံများကို ထုတ်
လွှတ်လာ၏။ အမျိုးသမီးနှလုံးသားက တုန်ယင်လာကာ သူမက ထိုဓားသုံးလက်၏ ထွင်းဖောက်ခြင်းကို ခံလိုက်ရ တော့၏။သွေးများပန်းထွက်လာပြီးနောက် သူမက သေဆုံး သွားလေ၏။

ဝမ်လင်းက လေထဲ၌ မြောလွင့်နေရင်း ကောင်းကင်ဘုံ မန္တာန်၏ စွမ်းအားကို တိတ်တဆိတ် ခံစားကြည့်နေ၏။ မြေပြင်ပေါ်တွင်တော့ သတ်ဖြတ်ပွဲကြီးတစ်ခု ဖြစ်လို့နေ ချေ၏။သူက ထိုအရာများအားလုံးကို အာရုံမစိုက်ပေ။

ငါ"က ဒီကောင်းကင်ဘုံမန္တာန်ကို ပြည့်ပြည့်ဝဝ မဖမ်း ဆုပ်နိုင်သေးဘူး။ ဒါပေမဲ့ ငါနဲ့ ရှေးဟောင်းနတ်ဆိုးတို့ သဘောတူထားတာ ပြည့်တော့မှာ ဖြစ်လို့ ငါက ထွက်သွား ဖို့ လိုပြီ။ ဒါ့ကြောင့် ဒီမန္တာန်ကို ဆက်ပြီး နားလည်အောင် လုပ်နေဖို့ အချိန်မရတော့ဘူး...ထွက်သွားချိန်တန်ပြီ..."

ဇီရှု၏ ဓားစိတ်ဝိညာဉ်က အမျိုးသမီး၏ မူလစိတ်ဝိညာဉ် အား ခဲထားလေ၏။

တစ်လခန့်ကြာမြင့်ပြီးနောက် ဝမ်လင်းက မျိုးနွယ်စုက နေ ထွက်လာခဲ့၏။သူက ထွက်လာသည်နှင့် စိတ်ဝိညာဉ် တစ်ကုဋေအလံကိုပါ သူနှင့် တစ်ပါးတည်းယူဆောင်လာ ခဲ့၏။ သည့်နောက် စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုကို စောင့်ကြပ်ပေးရန် နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို ချန်ထားခဲ့သည်။

ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံသို့ သွားရောက်ရန် အလျင်မ
လိုပေ။သူက အရင်ဆုံး လှိုဏ်ဂူသို့ သွားခဲ့၏။သည့်နောက် ပြန်ပြောင်းနဂါးလျှောက်လမ်းပေါ်တွင် သင်္ကေတဆယ့်တစ် ခုကို သေချာမှတ်သားခဲ့၏။သည့်နောက် သူက လှိုဏ်ဂူမှ ပြန်ထွက်ခွာသည်။

"ကျောက်စိမ်းပြားထဲမှာ ပြောထားတာက သင်္ကေတ ဆယ့်နှစ်ခု။ ဒါပေမဲ့ ခု ဆယ့်တစ်ခုပဲ ရှိနေတယ်။ နောက်ဆုံး သင်္ကေတတစ်ခုက ဘယ်နေရာ ရောက်နေလဲ တော့ ငါ မသိဘူး..."

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။သည့်နောက် မဟာတည်နေရာရွေ့ ပြောင်းခြင်းမန္တာန်ကို အသက်သွင်းကာ မီးနတ်ဆိုးနိုင်ငံရှိရာသို့ ဦးတည်၍ သွားတော့၏။

မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးက စစ်မီးဟုန်းဟုန်းတောက် နေခဲ့၏။ အခြားနိုင်ငံခုနစ်ခုသည်လည်း မီးနတ်ဆိုးနိုင်ငံ အတွင်း သူတို့၏ စစ်မျှော်စင်များကို တိုးချဲ့လာခဲ့ကြ၏။ သည်နိုင်ငံက လုံးဝ စစ်တလင်းပြင် ဖြစ်နေတော့၏။ နှစ် ပေါင်း တစ်ရာနီးပါး စစ်ဖြစ်လာပြီးနောက် မီးနတ်ဆိုး နိုင်ငံ၏ မြေပြင်က သွေးများစွန်းထင်းနေတော့သည်။မီး နတ်ဆိုးနိုင်ငံသို့ စဝင်သည်နှင့် သွေးညှီနံ့များက သင့်ထံသို့ တိုးဝင်လာပေလိမ့်မည်။

သွေးများအပြင် မရေမတွက်နိုင်သော ပျက်စီးယိုယင်းနေ သည့် အလောင်းများသည်လည်း မြေပြင်ထက်၌ ရှိလို့
နေ၏။ အလောင်းများထံမှ သေဆုံးခြင်းအော်ရာများက ပေါက်ကွဲထွက်နေကာ မီးခိုးရောင်မြူ အဖြစ် ဖြစ်တည်ပြီး မီးနတ်ဆိုးနိုင်ငံတစ်ခုလုံး၌ ပျံ့နှံ့နေတော့သည်။

သည်အရာက ကောင်းကင်နတ်ဆိုးနိုင်ငံနှင့် မီးနတ်ဆိုး နိုင်ငံတို့ကြားက သေသည့်အထိ တိုက်ပွဲတစ်ခု ဖြစ်နေ၏။ သည်စစ်ပွဲ၌ အနိုင်အရှုံးကို ပြောရခက်၏။ထိုအစား အသက်များကိုသာ ပေးစပ်နေရရင်း မီးနတ်ဆိုးနိုင်ငံ၏ စွမ်းအားက ဖြည်းဖြည်းချင်း တိုက်စားခံနေရသည်။

မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်သည် လုံးဝဗလာကင်းမဲ့ နေ၏။နတ်ဆိုးအင်ပါယာကိုယ်တိုင်ပင် တိုက်ပွဲသို့ ဝင် ရောက်နေရပြီ ဖြစ်သည်။တော်ဝင်မြေ နတ်ဆိုးတောင်ကြား မှလွဲ၍ ကျန်သည့်နေရာအားလုံးက ခြောက်ကပ်လို့နေ၏။

မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးက ကောင်းကင် နတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးကို အတုယူထား၏။ သူက မြို့တော်ကို ချိပ်ပိတ်ထားကာ မည်သူ့ကိုမျှ ဝင်ရောက် ခွင့် မပြုပေ။

မီးနတ်ဆိုးနိုင်ငံ၏ နတ်ဆိုးတောင်ကြားက မြို့ပြင်တွင် ရှိနေခြင်း မဟုတ်ဘဲ မြို့အတွင်းဘက်၌ တည်ရှိသည်။ ထိုတောင်ကြားထဲမှ သိပ်သည်းသောနတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များ ထိုးထွက်နေကာ မီးနတ်ဆိုးနိုင်ငံ၏ မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားသည်။

အကွာအဝေးတစ်ခုမှ ကြည့်ပါက မြို့တော်က နတ်ဆိုး
စိတ်ဝိညာဉ်စွမ်းအင်များနှင့် လွှမ်းခြုံနေသည်ကို တွေ့ရပေ မည်။သို့သော် သေဆုံးခြင်းအော်ရာပမာဏ များစွာလည်း ရှိလို့နေ၏။မြူအတွင်းဘက်၌ မြို့တစ်မြို့ ရှိနေသည်နှင့်ပင် ဆင်တူနေသေး၏။၎င်းမြို့ကို ကြည့်မိသည့်လူများအား ဝမ်းနည်းမှုကို ပေးစွမ်းနေ၏။

ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံ မြို့တော်၏ အပြင်ဘက်တွင် ခြေချလိုက်သည်။သူ့ခြေသံက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ ထွက်ပေါ်လာသည်။

အနီရောင်ရင့်ရင့် မြေကြီးက လူတစ်ယောက် ၎င်းပေါ်သို့ ခြေလှမ်းသည်နှင့် ရူးသွပ်ဖွယ် ခံစားမှုကို ပေးစွမ်းနေပေ လိမ့်မည်။သည် ရူးသွပ်မှုက လွန်ခဲ့သော နှစ်တစ်ရာ လောက်က သန်းနှင့်ချီသောလူများ၏ သွေးများ နစ်မြုပ်ခဲ့ သော မြေကြီးထဲကနေ ထွက်ပေါ်လာနေခြင်း ဖြစ်လေ၏။


သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်း

ချပ်...ချပ်...ဝမ်လင်းက ပျံသန်းသွာခြင်း မပြုပေ။သူက မီးနတ်ဆိုးနိုင်ငံ မြို့တော်ရှိရာသို့ တစ်လှမ်းချင်း လျှောက် လှမ်းသွားနေ၏။သူ့ပုံရိပ်က ဝတ်စုံဖြူနှင့် လေလွင်စိတ် ဝိညာဉ်တစ်ကောင်အလား ထင်မှတ်နေရာ၏။သည်အဖြစ် က သည်မီးခိုးရောင်မြူကြား၌ အဆုံးစွန် ထူးဆန်းမှုကို ဖြစ် နေစေသည်။

သူ့ဆံပင်များက မြူထဲ၌ ဖြတ်လျှောက်လာရင်း လေထဲသို့ လွင့်မြောနေသည်။ချပ်ချပ် အသံများက သူ့ခြေလှမ်းလိုက် တိုင်း ဆက်တိုက် ထွက်ပေါ်နေသည်။

မြူအတွင်းရှိ မြို့က ဘာဆိုဘာမှ ရှိမနေတော့ပေ။ လွန်ခဲ့သောနှစ်တစ်ရာ လူဦးရေထူထပ်စည်ကားခဲ့သော မြို့ တစ်မြို့အဖြစ် စိတ်ကူးကြည့်ရန်ပင် ခက်နေပေ၏။

သို့ရာတွင် ခုချိန်၌ သည်မြို့က လုံးဝ သေဆုံးနေသကဲ့သို့။ ရှေးဟောင်းနတ်ဆိုးကိုးပါး၏ အမြင်၌ သူတို့နိုင်ငံများရှိလူများသည် သူတို့ဉာဏ်အလင်းပေးထားခြင်းသာ ဖြစ်သည်။ထိုသူများက သူတို့ ပြန်ကောင်းမွန်လာရန်
အတွက် အကူအညီပေးရသည့် ကိရိယာများသာ ဖြစ်၏။ ထို့ကြောင့် ထိုသူအားလုံး သေဆုံးသွားမည်ဆိုရင်ပင် သူတို့ နှလုံးသားများအပေါ်၌ မည်သို့မျှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။

မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်ထဲရှိ လူတိုင်း နတ်ဆိုးအင်ပါ ယာမှသည် မြို့သူမြို့သားများသည် တိုက်ပွဲသို့ စေလွှတ်ခြင်း ခံထားရပြီ ဖြစ်သည်။သူတို့အားလုံးက မြေကမ္ဘာပေါ်၌ အလောင်းများအဖြစ် ပြန့်ကျဲနေခဲ့ချေပြီ။သူတို့သွေးများက မြေကြီးကို အနီရောင် စွန်းထင်းစေခဲ့ပြီ။

ဝမ်လင်းက ရှေ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာရင်း သူ့နှလုံးသားကလည်း တည်ငြိမ်လို့နေသည်။

မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးချိပ်တံဆိပ်က မြို့တော်နှင့် ငါးကီလိုမီတာ အကွာတွင် စတင်မည် ဖြစ်သည်။သည်ချိပ်ပိတ်မှုက အလွန် အားကောင်းလှ၏။ ယင်းချိပ်ပိတ်မှု နည်းလမ်းက ရှေးဟောင်းနတ်ဆိုးတစ်ပါး သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းများထဲမှ တစ်ခု ဖြစ် နေသည် မဟုတ်လော။အခြားနတ်ဆိုးနိုင်ငံများ ဗိုလ်ချုပ် မှူးများပင် ၎င်းချိပ်ပိတ်မှုကို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်

အခြားရှေးဟောင်းနတ်ဆိုးများမှ လွဲ၍ သည်ချိတ်ပိတ်မှု ကို ချိုးဖျက်နိုင်သည့်သူများမှာ အလွန်တရာ စွမ်းအား ကောင်းလှသော ကျင့်ကြံသူများသာ ရှိသည်။
"ရှေးဟောင်းနတ်ဆိုး ပေလော တစ်ကြိမ် ပြောခဲ့ဖူးတာ က မြို့တောက် ဗလာကင်းမဲ့သွားရင် ရှေးဟောင်းနတ်ဆိုး တစ်ပါးက အဲ့မြို့ကို ဘယ်သူမှ ဝင်လာလို့မရအောင် ကျိန်းသေချိပ်ပိတ်ပစ်မယ် ဆိုတဲ့ အကြောင်းပဲ။ ဒါ့ကြောင့် လည်း ငါတို့ သဘောတူထားတဲ့ထဲမှာ ပထမဆုံးလုပ်ရမဲ့ အရာက ဒီလိုချိပ်ပိတ်မှုကို ဖျက်စီးနိုင်ဖို့ ဖြစ်နေတာ..."

အနက်ရောင် ဝမ်လင်းက နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အကာအပြင် ဘက်၌ ရပ်တန့်လိုက်၏။သည့်နောက် သူ့ညာလက်ကို မြှောက်လိုက်သည်။သူ့လက်ချောင်းထိပ်၌ အလင်းတစ်ခု ဖျပ်ခနဲ တောက်ပလာကာ သူက အကာ မျက်နှာပြင်ပေါ်သို့ ညွှန်လိုက်သည်။

သူ့လက်ချောင်းထိပ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် အကာ နှင့် ထိသွားသည့် အခိုက်တွင် ပြင်းထန်သော တန်ပြန်အား တစ်ခု ရုတ်တရက် ပေါ်လာသည်။ဝမ်လင်း လက်ချောင်းက နောက်သို့ ကန်ထွက်သွားရကာ သူ့လက်ချောင်းက ထုံထိုင်း လို့သွား၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များကို အမြန်လှည်ပတ်လိုက်ရာ ပုံမှန် အတိုင်း ပြန်ဖြစ်လို့သွားသည်။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒါက တက ယ့်ကို စွမ်းအားကောင်းလွန်းတယ်..."

ထိုအခိုက်အတန့်ပ

အားကောင်းသောနတ်ဘုရားအာရုံ
တစ်ခုက မြို့တော်ထဲကနေ ထိုးထွက်လာခဲ့သည်။ ထိုနတ် ဘုရားအာရုံထံမှ မူလစိတ်ဝိညာဉ်ကိုပင် တုန်ခါသွားစေနိုင် သော အော်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

"ထွက်သွားစမ်း..."

သည်အသံက ကုန်းမြေထက်၌ ပဲ့တင်ထပ်လို့သွား၏။ ထိုသို့သော မိုးခြိမ်းသံတစ်မျှ ကျယ်လောင်သောအသံကြီးက ဝမ်လင်းနားထဲသို့ တိုးဝင်လာသည်။

ဝမ်လင်းက ညာလက်ဖြင့် အလွန်ထူးဆန်းသော ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ လူတစ်ယောက် ထိုချိပ်တံဆိပ်ကို အနီးကပ်ကြည့်ပါက နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များ ပေးစွမ်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။ထို ဟိန်းအော်သံကြီး ဝမ်လင်းပေါ်သို့ ကျရောက်လာသည်နှင့် ၎င်းက ချက်ခြင်း ပျက်ပျယ်သွားသည်။

"ပေလော...မင်းက ပေလော စေလွှတ်လွှတ်လိုက်တဲ့လူ လား... မြို့တော်ထဲရှိ ကြမ်းကြတ်လှသော နတ်ဘုရား အာရုံထံမှ နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာသည်။ ထို အသံက ဒေါသများနှင့် ပြည့်နေ၏။

ဝမ်လင်းက ထိုအသံကို လစ်လျူရှုကာ အသက်ဝဝရှူ သွင်းလိုက်သည်။သည့်နောက် သူက ခပ်တိုးတိုးဆိုလာ၏။ "ရှေးဟောင်းနတ်ဆိုး ပေလော…ဒါက ငါ့တို့နှစ်ယောက် သဘောတူထားတဲ့ ပထမဆုံးအပိုင်းပဲ။ ကျေးဇူးပြုပြီး စောင့်ကြည့်နေပါ..."
ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ ကောင်းကင် ထက်သို့ ညွှန်လိုက်၏။သည့်နောက် သူ့မျက်လုံးက အေး စက်လာပြီး တိုးညင်းစွာ ဆို၏။ "သတ်ဖြတ်ခြင်းစွမ်းအင် တွေ စုစည်းကြစမ်း..."

ထိုရိုးစင်းသော စကားများက မိုးခြိမ်းသံထက် ကျယ် လောင်ခြင်း မရှိပေ။ကမ္ဘာလောကကိုလည်း မည်သို့မျှ ပြောင်းလဲမသွားစေပေ။သို့ရာတွင် သည်စကားငါးခွန်းက မီးနတ်ဆိုးနိုင်ငံအတွင်း၌ ဖော်ပြနိုင်စွမ်းမရှိသော မုန်တိုင်း တစ်ခုကို ဖြစ်တည်လာစေ၏။

မီးနတ်ဆိုးနိုင်ငံ၏ မြောက်ဘက် တိုက်ပွဲကွင်းပြင်ရှိ နှစ် ဖက်လုံးရှိ နတ်ဆိုးတပ်သားများ၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တုန်ယင်လာကြ၏။သူတို့၏ ခန္ဓာကိုယ်များထဲ မှ ကောင်းကင်ကိုပင် ထွင်းဖောက်မတက် ထူထဲသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအမျှင်တန်းတစ်ခု ထွက်ပေါ်လာ ချေ၏။

ထိုသတ်ဖြတ်ခြင်းစွမ်းအင်က မြန်ဆန်စွာ ထိုးတက်သွား ကာ အကာအဝေးတစ်ခုတွင် ပျောက်ကွယ်သွား၏။

"ဘိုးဘေး ရောက်ရှိလာပြီ..." ထိုနတ်ဆိုးတပ်သား များ၏ မျက်နှာများထက်၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက် နေ၏။သူတို့က ဆက်လက်သတ်ဖြတ်ခြင်း မပြုတော့ဘဲ တိုက်ပွဲနေရာကနေ အမြန်ထွက်ခွာကြသည်။

မီးနတ်ဆိုးနိုင်ငံ၏

တောင်ဘက်တိုက်ပွဲနယ်မြေတွင်
လည်း မရေမတွက်နိုင်သော ဝတ်ရုံနက်များသည် ထို တိုက်ပွဲနေရာ၌ တိုက်ခိုက်နေကြ၏။သူတို့က အားကောင်း သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို သယ်ဆောင်ထားကြ သည်။သူတို့က သူတို့လမ်းကြောင်းရှိ နတ်ဆိုးတပ်သားများ အားလုံးကို မကြာခဏ သတ်ဖြတ်လေ့ရှိကာ သည်နတ်ဆိုး တပ်သားများအား မီးခိုးရောင်အခိုးငွေ့များ အဖြစ်သို့ ပြောင်းလဲစေပြီး စုပ်ယူကြ၏။

နှစ်ဖက်လုံးမှ နတ်ဆိုးဗိုလ်ချုပ်များသည် ထိုမြင်ကွင်းနှင့် မစိမ်းလှတော့ချေ။ထိုလူများက ရောက်လာလိုက် သဲလွန်စ မရှိ ပြန်ထွက်သွားလိုက် လုပ်နေခဲ့ကြ၏။သူတို့က မည် သည့်ဘက်ခြမ်းနှင့် ပတ်သတ်နေသည်ကိုလည်း မသိကြရ

သို့ရာတွင် အခုအခိုက်အတန့်၌ ထိုဝတ်ရုံနက်များ၏ ခန္ဓာကိုယ်များက ရုတ်တရက် တုန်ယင်လာကာ သူတို့ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လို့နေ၏။သူတို့က လျင်မြန်စွာ တိုက်ပွဲနယ်မြေမှ ထွက်ခွာကြသည်။သူတို့ ထွက်ခွာနေရင်းဖြင့် သူတို့ခန္ဓာကိုယ်များမှ ထွက်ပေါ်နေ သော အားကောင်းသော သတ်ဖြတ်ခြင်းစွမ်းအင်ကို ချန်ရစ် ထားခဲ့ကြ၏။မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင် များက မိုးကုပ်စက်ဝိုင်းစွန်း၌ ပျောက်ကွယ်သွားကြလေ၏။

သည်လိုမြင်ကွင်းမျိုးက မီးနတ်ဆိုးနိုင်ငံ၏ နေရာအနှံ့၌ ဖြစ်ပွားသွား၏။ကောင်းကင်က မီးခိုးရောင်အခိုးငွေ့များနှင့် ဖုံးလွှမ်းနေ၏။သည်အမျှင်တန်းများထဲ၌ မခန့်မှန်းနိုင်
လောက်သော သတ်ဖြတ်ခြင်းစွမ်းအင်များ ပါဝင်နေကာ ကောင်းကင်ထက်၌ ဖြတ်သန်းနေ၏။

ချက်ခြင်းလိုလိုပင် ကမ္ဘာလောကတစ်ခုလုံးက ထို သတ်ဖြတ်ခြင်းစွမ်းအင် နှင့် ခြုံလွှမ်းသွားကာ အရိုးထိအေး စက်မှုတစ်ခု ဖြစ်တည်လာသည်။

ထိုအခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံတွင် တိုက်ခိုက်နေကြ သော အုပ်စုများသည် ရပ်တန့်သွားကြရသည်။သူတို့က ကောင်းကင်ထက်သို့ မသေချာမရေယာဟန်ပန်များဖြင့် ကြည့်နေ၏။သူတို့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့် နေသည်။

စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စုဝင်များသည် လွန်ခဲ့သော နှစ်တစ်ရာခန့်က နတ်ဆိုးတပ်သားများ အတွင်း၌ ပုန်းအောင်နေခဲ့ကြသည်သာမက အချို့ဆိုလှင် နှစ်ဖက်လုံး၏ ဗိုလ်ချုပ်များပင် ဖြစ်လာခဲ့ကြပေသည်။

ထိုအခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံရှိ ဗိုလ်ချုပ်များ စွာသည် အနည်းငယ် တုန်ယင်လာကြက သူတို့ဦးခေါင်များ ထက်မှ သတ်ဖြတ်ခြင်းစွမ်းအင်များ လွတ်ထွက်လာကာ မြန်ဆန်စွာ ပျောက်ကွယ်သွားကြ၏။သတ်ဖြတ်ခြင်း စွမ်းအင်များ ဆုံးရှုံးသွားပြီးနောက် ထိုလူများသည် ကိုယ်ပိုင်နည်းလမ်းများသုံး၍ မြန်ဆန်စွာ ထွက်ခွာကြ တော့သည်။

မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးက နှစ်တစ်ရာလောက် စစ်ပွဲ
ဖြစ်နေခဲ့ခြင်းပင်။ယနေ့မြင်ကွင်းများက ကံကောင်းလို့ အသက်ရှင်ကျန်ရစ်သူများအားလုံးကို တုန်လှုပ်စေခဲ့၏။ ကောင်းကင်က အပြာရောင်မဟုတ်တော့ဘဲ ခုချိန်၌ မီးခိုးရောင် ဖြစ်နေချေပြီ။သတ်ဖြတ်ခြင်းစွမ်းအင်အမျှင် မြို့တော်ရှိရာသို့ စုစည်းလာ၏။ တန်းများက လေထဲသို့ ထိုးတက်နေကာ မီးနတ်ဆိုးနိုင်ငံ

သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း တစ်သိန်းက အရပ် မျက်နှာအနှံ့မှသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာကြ၏။မီး နတ်ဆိုးနိုင်ငံ၏ မြို့တော်အထက်ရှိ ကောင်းကင်ထက်၌ အော်ဟိန်းသံများက မရပ်တန့်သည့်အလားပင်။ဝမ်လင်းက ထိုကြီးမားသော ဝဲကတော့ကြီး၏ ဗဟို၌ ရှိနေ၏။သူ့ထံသို့ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း မြောက်မြားစွာက တ ရပ်ကြမ်း စီးဝင်လာနေကြသည်။

သည်သတ်ဖြတ်ခြင်းစွမ်းအင်များက လွန်ခဲ့သောနှစ်တစ် ရာက စွမ်းအင်များထက် များစွာ သာလွန်လှ၏။

"ခွဲထွက်လိုက်.." ဝမ်လင်းမျက်လုံးထဲ၌ အနီရောင် အလင်းတစ်ခု တောက်ပသွားသည်။ဝမ်လင်း၏ သတ်ဖြတ် သူနှလုံးသားနှင့် သတ်ဖြတ်ခြင်းစွမ်းအင်တို့ ပေါင်းစပ်သွား ပြီးနောက် သတ်ဖြတ်သူလမ်းစဉ်တစ်ခု၏ ပင်မထောက် တိုင် တစ်ခုလို ဖြစ်လာခဲ့တော့သည်။

သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းတစ်သိန်းက ကောင်းကင်ထက်၌ ဖုံးလွှမ်းနေခဲ့ပြီး ဖြစ်သည်။သို့သော် ဝမ်
လင်း စကားတစ်ခွန်းကြောင့် သည်စွမ်းအင်များက နှစ်ပိုင်း ကွဲထွက်သွားသည်။သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း တစ်သိန်းက နောက်ထပ် နှစ်သိန်းသို့ ပြောင်းလဲသွား၏။

ထိုအရာက အဆုံးသပ်မဟုတ်သေးပေ။

စွမ်းအင်အမျှင်တန်း နှစ်သန်းက ဆက်လက် ကွဲထွက်လို့ နေ၏။

ကမ္ဘာလောကတစ်ခုလုံးသည် ထူထဲသော မီးခိုးရောင် အခိုးငွေ့များနှင့် ချက်ခြင်းလိုလို လွှမ်းခြုံလို့သွားသည်။ သည်မီးခိုးရောင်အခိုးငွေ့များက မြိုခိုးများ မဟုတ်ဘဲ သတ်ဖြတ်ခြင်းစွမ်းအင်များသာ ဖြစ်လေ၏။သည်အရာက သတ်ဖြတ်သူနှလုံးသားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပေါင်းစည်းထားမှု ဖြစ်၏။

ထိုသတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းက ဆက်လက်ကွဲထွက်နိုင်စွမ်း ရှိသေးသည်။သို့သော် ဝမ်လင်း သည် ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၌ အဆင့်သေး တစ်ခုကိုသာ အကန့်အသတ်က ပြည့်စုံကျွမ်းကျင်သေးသဖြင် တစ်သန်းသာ ဖြစ်နေ၏။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း

"ငါ့အတွက် ကျိုးပျက်လိုက်စမ်း..." ဝမ်လင်း ဆံပင်များ ကလေထဲ၌ ဝဲလွင့်ကာနေသည်။သူက ရုတ်တရက် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အကာမျက်နှာပြင် ပေါ်သို့ လက်ညွှန်လိုက်လေ၏။
သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းတစ်သန်းက ချိပ် ပိတ်မှုပေါ်သို့ မိုးရွာသလို ရွာချလာတော့သည်။







Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)