အပိုင်း(131)
ရှေးဟောင်းနတ်ဆိုး၏ ချိပ်ပိတ်မှုကို ဖျက်စီးသည့် နည်း လမ်းက စုံမှတ်တစ်ခုထဲသို့ ပစ်မှတ်ထားခြင်း မဟုတ်ပေ။ ထိုအစား ချိပ်ပိတ်မှု၏ နေရာအနှံ့ကို တစ်ပြိုက်နက်တည်း တိုက်ခိုက်ရန် လိုအပ်သည်။
ထို တိုက်ခိုက်သည့် စွမ်းအားက မလုံလောက်လျှင်လည်း သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။သို့ရာတွင် ဝမ် လင်း၏ သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက နှစ်တစ်ရာ လောက် အားအင်များစုထားခဲ့ခြင်း ထို့ကြောင့် သည်မန္တာန်၏စွမ်းအားက ကောင်းနေသည်။ မဟုတ်လော။ တုန်လှုပ်စရာ
ဝမ်လင်းက ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၏ အဆင့်ငယ်တစ်ခုကို ပြီးပြည့်စုံပြီးနောက် ၎င်းကို မရဏ လက်ချောင်းနေရာ၌ အစားထိုးခဲ့ပေ၏။၎င်းက ဝမ်လင်း နတ်ဆိုးမိစ္ဆာချပ်ဝတ်ဝတ်ဆင်ထားပြီး တစ္ဆေလောကမြစ် နှင့် နတ်ဆိုးလက်ချောင်းကို တွဲစပ်အသုံးပြုသည့် ပွဲသိမ်း
တိုက်ကွက် သုံးခုထဲတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့ပေ သည်။
ရပ်တန့်ခြင်းမန္တာန်ကတော့ ဝမ်လင်းအတွက် အသက် ကယ်မန္တာန်တစ်ခုပင် ဖြစ်၏။သူက ထိုမန္တာန်ကို လျှိုထား ရန် ဆုံးဖြတ်ထားခဲ့ပေသည်။
မည်သူကမျှ သူ့တွင် ထိုမန္တာန်ရှိကြောင်း မသိသည့်အခါ သူက သေရေးရှင်ရေးအခိုက်အတန့်တွင် သည် ရပ်တန့် ခြင်းမန္တန်ကို အသုံးပြုနိုင်မည် မဟုတ်လား။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း မိုးစက်မိုးပေါက်များကဲ့သို့ နတ်ဆိုးစွမ်းအင် တစ်သန်းက အကာ မျက်နှာပြင်ပေါ်သို့ ကျရောက်နေသည်။မီးနတ်ဆိုးမြို့တော် အပြင်ဘက်ရှိ နတ်ဆိုးအကာထံမှ ထိတိုက် ပေါက်ကွဲသံ များ ဆက်တိုက်ထွက်ပေါ်လာနေသည်။
နတ်ဆိုးအကာမျက်နှာပင်က ပြင်းပြင်းထန်ထန် တုန်ခါ လာသည်။ဝမ်လင်းအသွင်က နတ်ဆိုးအကာအပြင်ဘက်၌ မမှိတ်မသုန်ရပ်နေပြီး သူ့ရှေ့ရှိ မြင်ကွင်းကို စောင့်ကြည့်လို့ နေသည်။
သည့်နောက် နတ်ဆိုးအကာမျက်နှာပြင်ပေါ်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ်လာပြီးနောက် နောက်ဆုံးတွင် ဘန်း ခနဲ ပေါက်ကွဲ ပျက်စီးသွားတော့၏။သည့်နောက် သတ်ဖြတ် ခြင်းစွမ်းအင်အမျှင်တန်းတစ်သန်းက တရကြမ်း တိုးဝင်သွားကြကာ မြို့တော် တစ်ခုလုံး မြို့တော်ထဲသို့
တရကြမ်း တိုးဝင်သွားကြကာ မြို့တော်တစ်ခုလုံး
မီးခိုးရောင်အခိုးငွေ့များနှင့် လွှမ်းခြုံသွားတော့သည်။
နတ်ဆိုးအကာ ပျက်စီးသွားသည်နှင့် ဝမ်လင်းက မြို့ထဲ သို့ လမ်းလျှောက်ဝင်လာသည်။မြို့တော် အလယ်ရှိ နတ်ဆိုး တောင်ကြားထံကနေ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်မုန်တိုင်း တစ်ခုက ပေါက်ကွဲထွက်လာသည်။၎င်းက ကောင်းကင် ထက်၌ ခရမ်းရောင်တိမ်ထု တစ်ခုအဖြစ်သို့ ပြောင်းလဲသွား သည်။ကောင်းကင်က တဝီဝီမြည်ဟီးလာကာ ဦးချိုတစ် ချောင်းနတ်ဆိုးပုံရိပ်တစ်ခု ပေါ်လာလေ၏။၎င်း၏မျက်လုံး များက ကြက်သီးထဖွယ်အလင်းကို ပေးစွမ်းနေကာ လေ ထဲ၌ မြောလွင့်နေရင်း ဝမ်လင်းကို ပုရွတ်ဆိတ်တစ်ကောင် ကဲ့သို့ ကြည့်နေသည်။
"နိမ့်ကျတဲ့ ကျင့်ကြံသူ...မင်းက ပေလောရဲ့ အကာအကွယ်ရထားရင်တောင် မင်းက ငါ့ နတ်ဆိုးအကာ ကို ဖျက်စီးဝံ့တဲ့နောက် မင်း သေကို သေရမယ်…"
ထိုနတ်ဆိုးအရိပ်ထံမှ ထွက်ပေါ်လာသော အသံက ငရဲ ကိုးထပ်မှ ထွက်ပေါ်လာသလား မှတ်ရကာ အလွန်ပင် ကြက်သီးဖြန်းချင်စရာ ကောင်းလှ၏။
နတ်ဆိုးအရိပ်က ၎င်း၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်သည် ရုတ်တရက် ပြောင်းလဲသွားချေ၏။ မြို့တော်တစ်ခုလုံးပင် ပျောက်ကွယ်သွားကာ ချက်ခြင်းပင် ပတ်ဝန်းကျင်တစ်ခုလုံးသည် အနီရောင်ကမ္ဘာတစ်ခုလို ဖြစ်လာ၏။သည်အနီရောင်က မီးတောက်များမှ ထွက်
ပေါ်လာသော အလင်းမည်၏။
မြေပြင်တစ်ခုလုံးက ချောရည်ပူများနှင့် ဖုံးလွှမ်းလာချေ ပြီ။သိပ်သည်းသော အနီရောင်အလင်းက ကောင်းကင်ကို ပို၍ နီရဲထိန်စေသည်။
ဧရိယာအနှံ့ ပေါက်ကွဲသံများ ထွက်ပေါ်လာကာ မြေကြီး အောက်မှ လေပူများ ထွက်ပေါ်လာ၏။လေပူများက ပုံရိပ် ယောင်များ အဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားကြ၏။ သိပ်မကြာခင်တွင် ပုံရိပ်ယောင် ရာချီသည် ရှေးဟောင်း နတ်ဆိုးအား ဝန်းရံသွားသည်။
ဝမ်လင်းက သူ့ညာလက်ကို မြှောက်လိုက်ရာ သတ်ဖြတ် ခြင်းစွမ်းအင်အမျှင်တန်းတစ်သန်းသည် သူ့ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။ထိုစွမ်းအင်အမျှင်တန်း များက သူ့မျက်ခုံးနှစ်ခုကြား၌ အသက်ဓာတ်ချိပ်တံဆိပ်များ အဖြစ်သို့ ပြောင်းလဲသွား၏။သိပ်မကြာခင်တွင် အသက် ဓာတ်ချိပ်တံဆိပ်တစ်သန်းက မြန်ဆန်စွာ လွှမ်းခြုံသွားချေသည်။ သူ့တစ်ကိုယ်လုံးအား
သည့်နောက် သူက သိုလှောင်အိတ်ထဲမှ နတ်ဆိုးမိစ္ဆာချပ် ဝတ်ကို ထုတ်လိုက်၏။၎င်း ချပ်ဝတ်က အနက်ရောင်ပိုး သားအဖြစ် ပြောင်း၍ ဝမ်လင်းအား ထွေးခြုံသွားသည်။ သည့်နောက် ဝမ်လင်းသည် ကြမ်းကြုတ်သော အနက် ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဖြစ်နေ၏။သူက ခြေ တစ်လှမ်းလှမ်းကာ လေထဲသို့ ခုန်တက်လိုက်သည်။ခဏ
တာ တုန့်ဆိုင်းသွားပြီးနောက် ရုတ်တရက် သူက တဟုန် ထိုး တိုးထွက်သွားသည်။
ရှေးဟောင်းနတ်ဆိုး၏အရိပ်က ချက်ခြင်း ကြမ်းတမ်း သောအသွင် ထုတ်ဖော်လာသည်။၎င်းက မာန်သွင်းကာ ဝမ် လင်းအားရပ်တန့်ရန် အမျိုးမျိုးသော မန္တာန်များကို အသုံးပြုလိုက်သည်။ဝမ်လင်းမျက်လုံးများက အေးစက်လာ ကာ သူက ပို၍ မြန်ဆန်လာခဲ့၏။တစ်ချိန်တည်းမှာပင် သူ့ ညာလက်ထဲ၌ မရဏလက်ချောင်းက ပေါ်ထွက်လာကာ လျှပ်စီးတန်းအလား ထိုးထွက်သွားလေပြီ။
အရိပ်ထံမှ တိုက်ခိုက်မှုများကိုတော့ ဝမ်လင်းက လုံးဝ လစ်လျူရှုထားသည်။အချို့မန္တာန်များက သူ့အပေါ်သို့ ကျ ရောက်လာသော်လည်း ချက်ခြင်းပင် အနက်ရောင်ချပ်ဝတ် မှ မိစ္ဆာစွမ်းအင်များက ပိတ်ဆို့ပေးသည်။သည့်အပြင် သူ့ တွင် အသက်ဓာတ်ချိပ်တံဆိပ် တစ်သန်းလည်း ရှိလို့နေ၏။ ထို့ကြောင့် ဝမ်လင်းက ထိုတိုက်ခိုက်မှုများကို လုံးဝလစ်လျူ ရှုထားနိုင်ခြင်း ဖြစ်သည်။
ဝမ်လင်းက လျှပ်စီးတန်းအလား
ရွှေ့လျားကာ
ကောင်းကင်ထက်၌ ခရမ်းတိမ်ထုကနေ ဖြစ်တည်နေသည့် ဧရာမရှေးဟောင်းနတ်ဆိုးထံသို့ တရမ်းကြမ်း တိုးဝင်လာ သည်။
ရှေးဟောင်းနတ်ဆိုးက အထင်သေးဟန် ထုတ်ဖော်၍ အေးစက်စွာ နှာခေါင်းရှုံ့သည်။ "ရှေးဟောင်းနတ်ဆိုးမိစ္ဆာ
အောက်မှာ ရှိတဲ့ ပြန့်ကျဲနေတဲ့ နတ်ဆိုးမိစ္ဆာတစ်ယောက်ရဲ့ ချပ်ဝပ်ပဲ။ ဒါပေမဲ့လည်း မင်းမှာက နတ်ဆိုးမိစ္ဆာနှလုံးသား မရှိဘူး။ ဒါ့ကြောင့် ဒီချပ်ဝတ်က မင်းရှိမှာဆို အချည်းနှီး "...מככב
သူက ပါးစပ်ဟကာ ဟိန်းသုံပြု၏။သည်အသံက သိပ်သည်းသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်ကာ ဝမ်လင်းထံသို့ တိုးဝင်သွားချေသည်။
သူက ရှေးဟောင်းနတ်ဆိုးထံသို့ အေးစက်စွာ ကြည့်၍ လက်ညွှန်ကာ ပြောလိုက်သည်။ "မိစ္ဆာ အသွင်ပြောင်း ခြင်း..."
ချပ်ဝတ်မှ နတ်ဆိုးမိစ္ဆာစွမ်းအင်များက ဝမ်လင်း၏ ပါးစပ်နှင့်နှာခေါင်းတို့မှ တစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြတော့သည်။ ထိုစွမ်းအင်က သူ့ခန္ဓာကိုယ်ထဲ၌ လှည့်ပတ်သွားပြီးနောက် သူ့လက်ချောင်းထံသို့ ထိုးထွက် လာသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းဆံပင်များက မြောလွင့် နေကာ သူက နတ်ဆိုးမိစ္ဆာတစ်ပါးအဖြစ်သို့ ပြောင်းလဲသွား ပလား မှတ်ထင်ရသည်။ သူက အနက်ရောင်ချပ်ဝတ်ကို အသုံးပြု၍ နတ်ဆိုးမိစ္ဆာတစ်ယောက်အဖြစ် အသွင်းပြောင်း လိုက်သည့် တိုက်ခိုက်မှုက အထွတ်အထိပ် တိုက်ခိုက်မှုတစ် ခု ဖြစ်နေသည်။
နတ်ဆိုးမိစ္ဆာလေးပြင်းက ထိုးတက်သွားကာ သက်တံ့
တစ်ခုအလား လင်းလက်နေသည်။ ဝမ်လင်းတိုက်ခိုက်မှုက ရှေးဟောင်းနတ်ဆိုး၏ အသံတိုက်ခိုက်မှုကို ထွင်းဖောက်လို့ သွားသည်။
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲရှိ လှောင်ပြောင် အထင်သေးမှုက ခုထိ ရှိလို့နေဆဲပင်။သူက နတ်ဆိုး လေပြင်းကို မျက်နှာချင်းဆိုင်ကာ ပါးစပ်ဟ၍ ဝါးမြိုလိုက် လေသည်။သည့်နောက် နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ "မဆိုးပါဘူး...ဒီနတ်ဆိုးမိစ္ဆာစွမ်းအင်က သန့်စင်တယ်လို့ ပြောလို့ရတယ်..."
ဝမ်လင်းမျက်လုံးများက အေးစက်နေဆဲပင်။သည် အခိုက်အတန့်၌ သူက ရှေးဟောင်းနတ်ဆိုးနှင့် ပေတစ် ထောင်အကွာသို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်၏။သူက နောက်ထပ် ခြေတစ်လှမ်းဖြင့် ပေတစ်ရာအကွာသို့ ရောက် ရှိသွားလေသည်။
နတ်ဆိုးစိတ်ဝိညာဉ် ရှေးဟောင်းနတ်ဆိုးက ဝမ်လင်းကို မျက်ခြေမပြတ် စိုက် ကြည့်နေသည်။သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ် ခု ထုတ်လွှတ်နေသည်။ရုတ်တရက် သူက လှုပ်ရှားလိုက်ရာ သူ့ကြီးမားသည်ခန္ဓာကိုယ်ကြီးထံမှ စွမ်းအင်များက ပေါက်ကွဲ ထုတ်လွှတ်လာသည်။သည် နတ်ဆိုးစွမ်းအင်များထဲ၌ ရှေးဟောင်းနတ်ဆိုး၏ နတ် ဘုရားအာရုံ ပါဝင်နေ၏။၎င်းက လျင်မြန်စွာပင် သူနှင့် ပေ တစ်ထောင်ပတ်လည်သို့ လွှမ်းခြုံသွားသည်။ပြင်းထန်သော ဖိအားက သည်ဧရိယာအတွင်းသို့ ရုတ်တရက် ကျ
ရောက်လာသည်။
ဝမ်လင်းခန္ဓာကိုယ်အတွင်းမှ ကျိုးပျက်သံများ ထွက် ပေါ်လာသည်။သည့်နောက် သူ့ပတ်လည်ရှိ နတ်ဆိုးမိစ္ဆာ စွမ်းအင်များက ပျောက်ကွယ်လို့သွား၏။သူက အသက်ဝဝ ရှူသွင်းကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "တာအို ပြောင်းလဲခြင်း..."
တစ္ဆေလောကမြစ်က သည်ဧရိယာထဲသို့ အတင်း ထွက် ပေါ်လာကာ ဝမ်လင်းအောက်ခြေ၌ လမ်းကြောင်းတစ်ခုကို ဖြစ်စေသည်။တစ္ဆေလောကမြစ်က သူ့ကို ထွေးပွေ့လွှမ်းခြုံ ကာ ပြန်လည်မွေးဖွားခြင်းစွမ်းအားက သည်ဧရိယာကို လွှမ်းခြုံလာသည်။
ဝမ်လင်းက တည်ငြိမ်စွာဖြင့် နောက်ထပ် ပေတစ်ရာသို့ ထပ်လှမ်းလိုက်သည်။
ရှေးဟောင်းနတ်ဆိုးက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့ လက်ကို လက်သည်းအသွင်ပြောင်း၍ ဝမ်လင်းထံသို့ ကုတ် ဆွဲလိုက်သည်။ သည်လက်သည်းကုတ်ချက်က သိပ်သည်း သောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။ ရုတ်တရက် ချပ်ဝတ်မှ နတ်ဆိုးမိစ္ဆာစွမ်းအင်အားလုံးသည် ပျောက်ကွယ်သွားပြီး ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားသည်။ သည့်နောက် တစ်သန်းသော အသက်ဓာတ် ချိပ်တံဆိပ်များက တောက်ပလာ၏။ဝမ်လင်းက မာန်သွင်း လိုက်၏။နောက်ဆုတ်ရမည့်အစား သူက ရှေ့သို့ ထိုးတက်
သွားကာ ရှေးဟောင်းနတ်ဆိုး၏ လက်သည်းကုတ်ချက်နှင့် ရင်ဆိုင်လိုက်သည်။
ဘန်း...။
ကောင်းကင်ပင် ကွဲကြေသွားလောက်သည့် အသံက သည်ဧရိယာတွင် ပဲ့တင်ထပ်သွားသည်။ရှေးဟောင်း နတ်ဆိုး၏ ညာလက်က ဝမ်ငလးကြောင့် လေထဲ၌ လွင့် ထွက်သွား၏။ဝမ်လင်းကတော့ သူ့အသက်ဓာတ်ချပ်တံဆိပ် တစ်သန်းသည် မြန်ဆန်စွာ ပျက်စီးပြိုလဲကုန်ကြ၏။ သို့သော် ထိုချိပ်တံဆိပ်များက လျင်မြန်စွာ ပြန်ဖြစ်တည် လာ၏။
ဝမ်လင်းက နောက်ထပ် ပေတစ်ရာသို့ ခြေတစ်လှမ်း လှမ်းလိုက်ပြန်သည်။
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲရှိ လှောင်ပြောင်မှုက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သတ်ဖြတ်ချင် စိတ်တို့ အစားဝင်လာ၏။သူက ဝမ်လင်းနှင့် စောစောပိုင်း ရင်ဆိုင်တုန်းက ဝမ်လင်းကို ကစားကြည့်ရန် ရည်ရွယ်ချက် သာ ရှိနေခဲ့သည်။သို့ရာတွင် အခုအခိုက်အတန့်၌ ဝမ်လင်း က နီးကပ်လာသည့်အခါ သူက တစ်ခုခုမှားနေသည်ကို ခံစားမိလိုက်ရ၏။
*ပေလောမှာ ဒီလူ့ကိုလွှတ်လိုက်တဲ့ ရည်ရွယ်ချက်စိတ် ဆန္ဒ ရှိနေလိမ့်မယ်..."
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်
ဆန္ဒက ဖျပ်ခနဲ လင်းလက်သွားသည်။သူက မည်သည့် ရှေးဟောင်းနတ်ဆိုးမန္တာန်ကိုမှ အသုံးမပြုလိုပေ။
"နတ်ဆိုးမန္တာန်...မိစ္ဆာသတ်ဖြတ်ခြင်း..." ရှေးဟောင်း နတ်ဆိုးက ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်၏။ နတ်ဆိုး စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ဝဲကတော့များ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲကနေ ပျံသန်း ထွက်သွားသည်။
ချောရည်ပူများနှင့် ပြည့်နှက်နေသော မြေကြီးက စတင် ဆူပွက်လာသည်။သည့်နောက် လေအပူတန်းများက ထိုး ထွက်လာကာ ရှေးဟောင်းနတ်ဆိုးရှေ့၌ စုစည်းလာကြ၏။ သိပ်မကြာခင်တွင် ကြီးမားသည့်လှံရှည်ကြီးတစ်ခုက သူ့ရှေ့ တွင် ပေါ်လာခဲ့ချေသည်။
သည်လှံရှည်က နီရဲနေ၏။လှံထိပ်ဖျားကနေ သိပ်သည်း သောနတ်ဆိုးစိတ်ပိညာဉ်စွမ်းအင်ကို ထုတ်လွှတ်နေကာ ပြင်းထန်သောအပူအော်ရာတစ်ခု ပါဝင်နေပေ၏။
ထိုလှံထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်လင်းနှလုံးသား ထဲ၌ သေခြင်းရှင်ခြင်း အငွေ့အသက်ကိုရရှိလာ၏။သူ့ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သို့သော် သူက ရပ်တန့်ခြင်းမရှိဘဲ ရှေ့သို့သာ တိုးဝင်လာသည်။နောက်ထပ် ပေတစ်ရာ လှမ်းလိုက်ပြီးနောက် သူကသူ့ညာလက်ဖြင့် မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်၏။ သညည့်နောက် သူက ရှေ့ သို့ လက်ညွှန်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်း...တစ်ခု တည်းအဖြစ်ပေါင်းစပ်လိုက်..."
ဝမ်လင်း အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းက လက်ချောင်းဖြင့် ဆွဲထုတ်ခြင်း ခံလိုက်ရသည်ဟု ထင်မှတ် ရ၏။သည့်နောက် သည်အသက်ဓာတ်စွမ်းအင်များသည် အမျှင်တန်းတစ်ခုတည်း ကျန်သည့်အထိ ပေါင်းစည်းသွား လေသည်။
ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်ပင် သည်မီးခိုးရောင်အမျှင် တန်းထဲ၌ ပါဝင်နေသော သတ်ဖြတ်ခြင်းစွမ်းအင်ပမာဏ ကို တုန်လှုပ်မိပေလိမ့်မည်။သည်အခိုက်အတန့်၌ သည် သတ်ဖြတ်ခြင်းစွမ်းအင်က ဝမ်လင်း လက်ချောင်းထိပ်၌ စုဝေးလာ၏။သည့်နောက် သူက ရှေ့သို့ ထပ်လှမ်းလိုက် သည်။ သည်တစ်ကြိမ်၌ သူက ရှေးဟောင်းနတ်ဆိုးနှင့် ပေ ငါးရာအတွင်းသို့ ရောက်ရှိသွားခဲ့လေပြီ။
သူက ရှေးဟောင်းနတ်ဆိုးနှင့် ပေငါးရာအတွင်းသို့ ဝင် သွားသည့်အခိုက်၌ သူ့မျက်လုံးက ရုတ်တရက် လင်းလက် သွေးကာ အလွန်တရာ ရှုပ်ထွေးလှသောဂါထာကို စတင် ရွတ်ဆိုတော့သည်။တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်၏။ထိုချိပ်တံဆိပ်က ရှေးဟောင်းနတ်ဆိုးပေလော သူ့ကို ပေးထားခဲ့ခြင်းပင်။
ပေလောနှင့်သူ သဘောတူညီချက်က သူသည် နတ်ဆိုး အကာကို ဖျက်စီးကာ အခြားရှေးဟောင်းနတ်ဆိုး
တစ်ပါး၏ ပေငါးရာအတွင်းသို့ ရောက်အောင်သွား၍ သည် မန္တာန်ကို အသုံးပြုပေးရန် ဖြစ်ပေ၏။သူက သည်အဆင့်နှစ် ခုကို ပြီးမြောက်အောင် လုပ်ပြီးသည်နှင့် သူတို့၏ အဓိက သဘောတူညီချက်က ပြည့်စုံသွားပေလိမ့်မည်။
တကယ်တော့ ဝမ်လင်း၏စွမ်းအားဖြင့် ရှေးဟောင်း နတ်ဆိုးတစ်ပါးကို အနိုင်ယူနိုင်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်
သည်စစ်ပွဲ ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းသည် မီးနတ်ဆိုးနိုင်ငံ၏ မြို့တော်အတွင်း၌ မည်သူမျှ မရှိအောင် လုပ်လိုခြင်း ဖြစ်ပေ၏။မြို့တော်ကို ကာကွယ်ပေးသည့်လူ များ မရှိတော့ပါက ဝမ်လင်းသည် ရှေးဟောင်းနတ်ဆိုး၏ ပေငါးရာအတွင်းသို့ ရောက်အောင် သွားနိုင်ပေလိမ့်မည်။
ဝမ်လင်းဘယ်လက်မှ ချိပ်တံဆိပ်ပေါ်လာသည့်အခိုက် တွင် သူ့ခန္ဓာကိုယ်ထဲရှိ သွေးများ ဆူပွက်မြင့်တက်လာ၏။ သည့်နောက် သူက သွေးများစွာ အန်ထုတ်လိုက်ရသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ့ခန္ဓာကိုယ်အနှံ့မှ ကျိုးပျက်သံ များထွက်ပေါ်လာကာ သွေးမြူတစ်ခုက ဖြစ်ပေါ်လာ၏။
သည်အခိုက်အတန့်၌ ရှေးဟောင်းနတ်ဆိုး၏ အသွင်က ပထမဆုံးအကြိမ်အဖြစ် ကြီးစွာ ပြောင်းလဲသွားတော့သည်။ သူက ဝမ်လင်းရှေ့ရှိ သွေးမြူကို လေးနက်စွာ စူးစိုက်ကြည့် နေ၏။သူက လေးလေးနက်နက် ပြောလိုက်သည်။ "ဒီသွေး က ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ အော်ရာ ပါဝင်နေ
တယ်...ဒါ့ကြောင့် ဒါက... ဒီလိုပေါ့..."
သွေးမြူထွက်ပေါ်လာပြီးသည့်နောက် ၎င်းက သိပ်သည်း ကာ သွေးလူတစ်ယောက်အဖြစ် ဖြစ်တည်လာသည်။ တစ် ချိန်တည်းမှာပင် ထိုသွေးလူက မျက်လုံးဖွင့်လာကာ သူ့ထံမှ အလွန်တရာ လွှမ်းမိုး ကြောက်မက်ဖွယ်ကောင်းသော နတ် ဘုရားအာရုံတစ်ခု သက်ဆင်းလာချေသည်။
သည်အခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံတစ်ခုလုံးရှိ
သက်ရှိအားလုံးသည် ရုတ်တရက် သူတို့၏ စိတ်နှလုံးထဲ၌ စိတ်ပူပန်မှုကို ခံစားလိုက်ရသည်။အလွန်နည်းပါးသော လူအချို့ကသာ တကယ့်အဖြစ်မှန်ကို သိကြ၏။သို့ရာတွင် လူအများစုကတော့ အကူအညီမဲ့သွားကာ သူတို့စိတ်ထဲ၌ စိုးရိမ်ကြောက်လန့်မှုတို့သာ ဝင်ရောက်နေတော့၏။
သည်အခိုက်အတန့်၌ အခြားနိုင်ငံခုနစ်ခုမှ ရှေးဟောင်း နတ်ဆိုးများ၏ အသွင်အပြင်သည်လည်း ပြောင်းလဲသွား ကြ၏။သူတို့မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ မီး နတ်ဆိုးနိုင်ငံမြို့တော် ရှိရာသို့ ကြည့်လိုက်ကြတော့သည်။
မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုး၏ လေသံက တိုး ညှင်းစွာ ထွက်ပေါ်လာ၏။ "မင်းက ရှေးဟောင်းနတ်ဘုရား အော်ရာနဲ့ ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့တဲ့အတွက် မင်းရဲ့ကံက ကောင်းလွန်းနေတယ်။သူ့သွေးနဲ့ မင်းတို့နှစ် ယောက်ကြားက နတ်ဘုရားအာရုံချင်း ချိတ်ဆက်ထားမှုက မင်းကို ပုံစံဖြစ်တည်စေနိုင်လိမ့်မယ်။ ဒါဆိုရင် မင်းက
ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ အတားအဆီးကနေ ထွက်သွား နိုင်ပြီ..."
ပေလော၏ အသံက သွေးလူထံကနေ တည်ငြိမ်စွာ ထွက် ပေါ်လာ၏။ "ငါတို့က အချိန်အတန်ကြာကတည်းက ကွဲ ထွက်နေခဲ့ကြတာ။ ဒီလိုသာ ဆက်ဖြစ်နေရင် ငါတို့ တစ် ယောက်ပြီး တစ်ယောက် ဖျက်စီးခံရလိမ့်မ်...။ငါတို့သာ ပေါင်းစည်းလိုက်မယ်ဆိုရင် ငါတို့က ရှေးဟောင်းနတ်ဆိုး အသစ်တစ်ပါး အဖြစ် ပြန်လည် မွေးဖွားနိုင်လိမ့်မယ်...။ ကျန်တဲ့ ခုနစ်ယောက်ကိုလည်း ငါက တစ်ယောက်ပြီး တစ် ယောက် ဝါးမြို ပစ်မယ်..."
မီးခိုးရောင်ပုံရိပ်
သွေးအရိပ်က လှုပ်ရှားလာကာ နတ်ဆိုးအရိပ်ထံသို့ တိုးဝင်သွားသည်။ထူထဲသော နတ်ဆိုးစွမ်းအင်က ထိုသွေး အရိပ်ထံကနေ ထွက်ပေါ်လာ၏။နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များက နတ်ဆိုးမီးတောက်များ အဖြစ်သို့ ပြောင်းလဲ၍ ထိုဧရိယာအား လွှမ်းခြုံလာကာ အတွင်းဘက် ရှိ ဖြစ်ပျက်သမျှကို မမြင်ရအောင် ပြုလုပ်သည်။
မီးတောက်အပြင်ဘက်၌ ဝမ်လင်းက သူ့သွေးတော်တော် များ ဆုံးရှုံးသွားပြီဖြစ်ရာ ခုချိန်၌ သူက အလွန်အားနည်းနေ ခဲ့ပြီ ဖြစ်သည်။သို့ရာတွင် နတ်ဆိုးအရိပ်၏ လှံရှည်ကတော့ ရပ်တန့်သွားခြင်း မရှိဘဲ ဝမ်လင်းထံသို့ ဆက်လက် တိုးဝင် လာခဲ့လေ၏။
ဝမ်လင်းလက်ချောင်းပေါ်၌ သတ်ဖြတ်ခြင်းစွမ်းအင်များ က သိပ်သည်းလာ၏။သူက ထိုလှံထိပ်ဖျားကို တုံ့ဆိုင်းခြင်း မရှိ လက်ချောင်းဖြင့် ဖိနှိပ်ချသည်။
လှံရှည်မှ ပေါက်ကွဲထွက်လာသော အားအဟုန်က ဝမ်
လင်းလက်ထဲသို့ ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်မှ သတ်ဖြတ် ခြင်းစွမ်းအင်များကို စားသုံးပစ်သည်။တစ်ချိန်တည်းမှာပင် သတ်ဖြတ်ခြင်းစွမ်းအင်များက လှံထဲသို့ တိုးဝင်ကာ ယင်း လှံကို စတင်ဖျက်စီးပစ်သည်။
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ ဝမ်လင်း နှင့်ရှေးဟောင်းနတ်ဆိုးတို့ကြား မိုးကြိုးတစ်ခုအလား ဖြစ် ပေါ်သွားသည်။သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်း တစ်သန်းလုံး ပျက်စီသွားခါနီး၌ ဝမ်လင်းမျက်လုံးက လက်ခနဲ တောက်ပသွား၏။သည့်နောက် သူက သူ့ လက်ချောင်းကို ပြန်ရုတ်သိမ်းကာ နောက်သို့ ဆုတ်သည်။
ဝမ်လင်း လက်ချောင်းက နောက်တစ်ဖန် ဆန့်ထွက်သွား ကာ လှံရှည်ပေါ်သို့ ထပ်မံကျရောက်သွားပြန်၏။
သည်လိုအဖြစ်က ဝမ်လင်းနောက်သို့ ပေတစ်ထောင်ခန့် ဆုတ်သွားသည့်အထိဆက်တိုက်ဖြစ်ပျက်သွား၏။ နောက်ဆုံးတွင် လှံရှည်၏စွမ်းအားက လျော့နည်းသွားကာ ဝမ်လင်းထံမှ နတ်ဆိုးမိစ္ဆာအမျှင်တန်း၏ ဖြည်းဖြင်းချင်း ဖျက်စီးပစ်ခြင်းကို ခံလိုက်ရချေသည်။
ဝမ်လင်းမျက်နှာက အလွန်အမင်း ဖြူရောနေ၏။ သူက သွေးများစွာ ဆုံးရှုံးထားရခြင်းကြောင့် အသက်ပင် မနည်း ရှူနေရသည်။သို့ရာတွင် သူက အနားယူရမည့်အစား နောက်သို့သာ လျင်မြန်စွာ ဆုတ်ခွာ၏။
သူက မြို့တော်အလယ်ရှိ နတ်ဆိုးတောင်ကြားထံသို့
တရကြမ်းသွားနေသည်။
ပထမဆုံးအဆင့်က နတ်ဆိုးမြို့ပတ်လည်ရှိ နတ်ဆိုး အကာအရံကို ဖျက်စီးရန်ဖြစ်သည်။ဒုတိယအဆင့်က ရှေးဟောင်းနတ်ဆိုး၏ ပေငါးရာအတွင်းသို့ ရောက်အောင် သွားကာ ပေလော၏ သွေးအရိပ်ကို ဆင့်ခေါ်ကာ သူ့အော် ရာကို ငှားရမ်းရန် ဖြစ်သည်။တတိယအဆင့်ကတော့ ရှေးဟောင်းနတ်ဆိုး၏ နေရာ သို့ သွားကာ ပိတ်လှောင် ခံထားရသော ရှေးဟောင်းနတ်ဆိုး၏ စိတ်ဝိညာဉ် ပစ္စည်း ကို ရယူရန် ဖြစ်ပေ၏။
ဝမ်လင်းက မီးတောက်မြူများကြား၌ တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဆိုး နှစ်ပါး၏ တိုက်ပွဲကို စောင့်ကြည်လို ခြင်း မရှိပေ။သူက အလင်းတန်းအလား ရွှေ့လားကာ မီး နတ်ဆိုးနိုင်ငံ၏ တော်ဝင်နေရာ နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်သွားလေသည်။
နတ်ဆိုးတောင်ကြားက လုံးဝ တိတ်ဆိတ်ငြိမ်သက် နေသည်။တောင်ကြားအတွင်းနက်ပိုင်း၌ နတ်ဆိုးစွမ်းအင် များ ပြည့်နှက်နေသော ကြီးမားသည့် ရုပ်တုကြီးတစ်ခု ရှိလို့ နေသည်။ထိုရုပ်တုထံမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များစွာ က ကောင်းကင်ထက်သို့ မြင့်တက်နေကာ ပေလောနှင့် တိုက်ခိုက်နေသော ရှေးဟောင်းနတ်ဆိုးထံသို့ တိုးဝင်လို့ နေ၏။
ဝမ်လင်းက ခြေတစ်လှမ်းလှမ်းလိုက်၏။သို့သော် သူက
မြန်ဆန်စွာ အရှိန်သပ်ကာ ရပ်တန့်လိုက်သည်။ ရုပ်တုထံမှ လှိုင်းတစ်ခု ပျံ့နှံ့နေကာ ထိုလှိုင်းပျံ့နှံ့လာသည်နှင့် ရုပ်တု ဝိညာဉ်စွမ်းအင်များက ရပ်တန့်သွား၏။နတ်ဆိုးစိတ် ထံမှ ကောင်းကင်ထက်သို့ မြင့်တက်နေသော နတ်ဆိုစိတ် ဝိညာဉ်စွမ်းအင်များက အတူပေါင်းစပ်၍ ဝမ်လင်းနှင့် အရွယ်တူ ရှေးဟောင်းနတ်ဆိုးကိုယ်ပွား အဖြစ်သို့ ဖြစ် တည်သည်။
သည်ရှေးဟောင်းနတ်ဆိုးက ဦးချိုနှစ်ချောင်းရှိကာ လေ ထဲ၌ ရပ်တန့်နေ၏။ထိုကိုယ်ပွား၏ နောက်ဘက်၌ နတ်ဆိုး စိတ်ဝိညာဉ်စွမ်းအင်များက မြောလွင့်နေကာ ရုပ်တုနှင့် ချိတ်ဆက်ထားသည်။
သူက ဝမ်လင်းထံသို့ နတ်ဆိုးအလင်းတောက်ပသော မျက်လုံးဖြင့် အေးစက်စွာ ကြည့်လေ၏။
ဝမ်လင်းကလည်း ထိုရှေးဟောင်းနတ်ဆိုးကို ကြည့်ကာ အနည်းငယ်စဉ်းစားသည်။ သည့်နောက် သူကနောက်သို့ ပြန်ဆုတ်၏။သည်ရှေးဟောင်းနတ်ဆိုးက ကိုယ်ပွားတစ်ခု သာ ဖြစ်သော်လည်း ယင်းက အလွန်အမင်း စွမ်းအား ကောင်းနေ ပေလိမ့်မည်။ဝမ်လင်းက လင်းထျန်ဟူ၏ဓား စွမ်းအင်ကို အသုံးပြုကြည့်လို့ အသုံးမဝင်ပါက သူ့တင် ၎င်း ကိုယ်ပွားအား ဆန့်ကျင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ဟု တွက်ချက်နေ၏။
"ဝမ်လင်း...ရုပ်တုကို ဖျက်စီးပြီး ငါ့ကို ဒါနဲ့ ပျော်ဝင်
ပေါင်းစပ်စေဖို့ ကူညီပါ...။မင်းသာ ဒီလိုလုပ်မယ်ဆိုရင် ငါက အခြားရှေးဟောင်းနတ်ဆိုးတွေကို ပေါင်းစပ်တဲ့ ကိစ္စ မှာ မင်းကို အကူအညီမတောင်းတော့ဘူး။ငါ မင်းကို ကတိပေးထားတာတွေ အကုန်လုံးကိုလည်း ငါပေါင်းစပ်ပြီးတာနဲ့ ချက်ခြင်း လုပ်ပေးမယ်..."
"မင်းက ရှေးဟောင်းနတ်ဆိုးတစ်ပါးရဲ့ အမွေအနှစ်ကို နားမလည် ချင်ဘူးလား။ရုပ်တုကို ချိုးဖျက်ပြီးလို့ ငါက အဲ့ တာနဲ့ ပေါင်းစပ်နိုင်တဲ့ အခါကျရင် ငါက မင်းရဲ့ နတ်ဘုရား အာရံကိုပါ ငါနဲ့အတူ ထည့်သွင်းပေးမယ်။ ဒါဆိုရင် မင်းက အမွေအနှစ် နှစ်ခုတောင် ရနိုင်ပြီး မင်းအတွက် အများကြီး အကျိုးရှိစေလိမ့်မယ်…။ဒါ့အပြင် ငါက မင်းကို အကြိမ်များ စွာ ကူညီပေးထားခဲ့ပြီးပြီး…ခုက မင်းအလှည့်ပဲ။ဝမ်လင်း... ငါ့ကို ကူညီပါ..."
ပေလော၏ အသံက ဝမ်လင်းစိတ်နှလုံးထဲ၌ ပဲ့တင်ထပ် လာ၏။ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် သက်ပြင်းချသည်။ပေလော သူ့ကို ကတိပေးထားသော အရာများကို ထည့်မတွက်လျှင်ပင် ပေလောက ဝမ်လင်း အတွက် သူ့သေရှေးရှင်ရေးတွင် နှစ်ကြိမ်တိုင်တိုင် ကူညီ ပေးထားခဲ့သည် မဟုတ်လော။
ဝမ်လင်း မျက်လုံးက အေးစက်လာ၏။ သူက လင်းထျန် ဟူ၏ ဓားစွမ်းအင်များထဲမှ တစ်ခုကို သူ့လက်ချောင်းထိပ် သို့ ပို့လွှတ်လိုက်၏။ ဓားစွမ်းအင်ထံမှ ရွှေရောင်အလင်း ထုတ်လွှတ်လာကာ နတ်ဆိုးတောင်ကြားတစ်ခုလုံး လင်း
ထိန်သွားသည်။
နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြုလုပ်ထားသော ရှေးဟောင်းနတ်ဆိုးကိုယ်ပွားက အလေးအနက် ဖြစ်လာ၏။သည့်နောက် ၎င်းက သူ့လက်နှစ်ဖက်ကို လှုပ်ရှားကာ လေထဲ၌ ရေးဆွဲလိုက်၏။ထိုအခါ ၎င်းကိုယ် ပွား၏ ရှေ့၌ နတ်ဆိုးစွမ်းအင်များပေးစွမ်းနေသော အမျိုး မျိုးသော နတ်ဆိုးသင်္ကေတများ ထွက်ပေါ်လာချေသည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူက လင်းထျန် ဟူ၏ ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်တော့သည်။သည် အခိုက်အတန့်၌ နတ်ဆိုးတောင်ကြားတစ်ခုလုံသည် ဓား စွမ်းအင်များနှင့် ပြည့်နှက်သွား၏။ နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များက သည်ဓားစွမ်းအင်အောက်၌ ပြိုကျလာခဲ့ သည်။
လင်းထျန်ဟူ၏ လွှမ်းမိုးနိုင်သည့် စိတ်ဆန္ဒက ပေါက်ကွဲ ထွက်လာကာ မုန်တိုင်းတစ်ခုအသွင် ပြောင်း၍ နတ်ဆိုး တောင်ကြားတစ်ခုလုံးကို သိမ်းကြုံးရိုက်ခတ်လာသည်။ထို မုန်တိုင်းက သည်ဧရိယာကို ရိုက်ခတ်လာရင်း ဓားစွမ်းအင် ပေါ်၌ မရေမတွက်နိုင်သောအက်ကွဲကြောင်းများ ပေါ်လာခဲ့ တော့သည်။
ကောင်းကင်တစ်ခုလုံးက ဓားစွမ်းအင်များနှင့် ပြည့် နေသည်။နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက စွမ်းအင်၏ ထိုဓားနုပ်နုပ်စဉ်းခြင်းကို ခံနေရပေသည်။
ရှေးဟောင်းနတ်ဆိုး၏ ကိုယ်ပွား ရေးဆွဲလိုက်သော သင်္ကေတများက တောက်ပလာခဲ့သည်။ သည့်နောက် အနက်ရောင်လျှပ်စီးအလင်းများက တစ်ခုနှင်တစ်ခု ချိတ်ဆက်ကာ ပိုက်ကွန်တစ်ခုအသွင် ဖြစ်တည်၍ နီးကပ် လာနေသော လင်းထျန်ဟူ၏ဓားစွမ်းအင်ကို တားဆီးလာ သည်။
သို့ရာတွင် မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးက သူ့ နတ်ဘုရားအာရုံအများစုကို ပေလောနှင့် တိုက်ခိုက်ရာတွင် သုံးစွဲနေရသည့်အတွက် သည်နေရာရှိ ကိုယ်ပွားက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တစ်ယောက်နှင့်သာ ညီမျှသောစွမ်းအင် ရှိတော့၏။ဝမ်လင်းတွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်မပိုင်ဆိုင်ထားပါက သည်တိုက်ပွဲ၌ သူ့မှာ မျှော်လင့်ချက် မရှိပေ။သို့ရာတွင် ခုလင်းထျန်ဟူ၏ဓားစွမ်း ကြောင့် ဝမ်လင်းက ရပ်တန့်သွားရခြင်း မရှိဘဲ တိုက်စစ် ဆင်လာနိုင်ပေသည်။
ဓားစွမ်းအင်က ရှေ့တည့်တည့်သို့ တရကြမ်း ထိုး တက်နေကာ တောက်ပသေ ရွှေရောင်အလင်းကို ထုတ် လွှတ်နေသည်။ဓားစွမ်းအင်က ထိုသင်္ကေတများနှင့် ထိတိုက်မိသည့်အခိုက်တွင် သင်္ကေတအားလုံး တစ်ခုပြီးတစ်ခု ပျက်စီးကုန်ကြသည်။
ဓားစွမ်းအင်က ထိုသင်္ကေတများကို ထွင်းဖောက်ကာ ရှေးဟောင်းနတ်ဆိုးကိုယ်ပွားထံသို့ တိုက်ရိုက် တိုးဝင်လာ သည်။ရှေးဟောင်းနတ်ဆိုးကိုယ်ပွား၏ သွင်ပြင်က ကြီးစွာ
ပြောင်းလဲသွားသည်။သည့်နောက် ၎င်းက နတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်ထု အဖြစ်သို့ ပြောင်းလဲသွား၏။၎င်းက ရူးသွပ်စွာဖြင့် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ဝန်းရံလို့လာ သည်။
ထူထဲသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များအတွင်းမှ ဓားတေးသံများ ထွက်ပေါ်လာ၏။ဝမ်လင်းက ခြေတစ် လှမ်းလှမ်းလိုက်ရာ ရုပ်တုရှေ့သို့ ခြေချလိုက်သည်။
တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းသည် သူ့ညာလက်ကို ရုပ်တု ပေါ်သို့ ဖိနှိပ်ချလိုက်လေသည်။
"ရပ်လိုက်.." မိုးခြိမ်သံထက်ပင် ကျယ်လောင်သော အသံနှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာ၏။အသံ တစ်ခုက ကောင်းကင်ထက်မှ ဖြစ်ကာ နောက်တစ်ခုက ဓားစွမ်းအင်များကို ပိတ်လှောင်နေသော နတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်များထံမှ ဖြစ်၏။အသံနှစ်ခုလုံးက တစ်ပြိုင်နက်တည်းလိုလို ရောက်ရှိလာခဲ့၏။
ကောင်းကင်ထက်မှ
ဧရာမလက်ကြီးတစ်ဖက် ဆင်းသက်လာကာ ဝမ်လင်းထံသို့ အံ့မခန်းနှုန်းဖြင့် ကျ ရောက်လာ၏။ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကလည်း ရှေးဟောင်းနတ်ဆိုး၏ ဦးခေါင်းအသွင် ဖြစ်ပေါ်၍ ဝမ်လင်း အား ဝါးမြိုရန် တရကြမ်း တိုးဝင်လာချေသည်။
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့ခန္ဓာကိုယ် ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်
သွင်းလိုက်လေသည်။သည် လက်နှင့် ဦးခေါင်းတို့ သူ့ထံသို့ တရကြမ်း တိုးဝင်လာသော အခိုက်အတန့်၌ ဝမ်လင်း ခန္ဓာကိုယ်မှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ရုပ်တုထဲသို့ တိုးဝင်သွားခဲ့လေပြီ။
ရုပ်တုပေါ်၌ အက်ကွဲကြောင်းများ ဆက်တိုက် ဖြစ် ပေါ်လာကာ အက်သံများပါ ထွက်ပေါ်လာသည်။ သည့်နောက် ထိုအက်ကွဲကြောင်းများထဲမှ များပြားသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် ပမာဏက လွတ်ထွက်လာ၏။ သည်အခိုက်အတန့်၌ လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် နတ်ဆိုးမြူလွှာထဲမှ ထိုးထွက်ကာ ဝမ်လင်းထံသို့ ဦးတည် လာနေသော ဦးခေါင်းအား ထွင်းဖောက်ကာ သွားသည်။ သည့်နောက် ဝမ်လင်း၏ အတွေးတစ်ချက်ဖြင့်ပင့် ထိုဓား စွမ်းအင်က ရုပ်တုပေါ်သို့ ကျရောက်သွားလေသည်။
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာ သည်။သည့်နောက် ရုပ်တုက လုံးဝ ပြိုကျပျက်စီးသွားလေ သည်။
၎င်းက ပြိုကျပျက်စီးသွားသည်နှင့် ဝမ်လင်းထံသို့ တိုးဝင် လာနေသော လက်ကြီးသည်လည်း ပျောက်ကွယ်သွား၏။ သည့်နောက် ကောင်းကင်ထက်မှ အလိုမကျသော အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။သိပ်မကြာခင် တွင် ထိုအသံမန္တာန်များသည် တိုက်ခိုက်ခြင်း ခံလိုက်ရ၏။ ပေလောက ထိုအသံတိုက်ခိုက်မှုက ဝမ်လင်းထံသို့မ သက်ရောက်အောင် ကြားဖြတ်တိုက်ခိုက်လိုက်သည်မှာရှင်းလင်းပေ၏။
ရုပ်တုက ပြိုကျသွားကာ များပြားသောနတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင် ပမာဏက ထိုးတက်လာခဲ့သည်။ဝမ်လင်း က သည်ထူထဲသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကြား ထဲ၌ လက်အရိုးစု အစိတ်အပိုင်းတစ်ခုအား တွေ့မြင်လိုက် သည်။
သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နာက် သူက ညာလက်ကို ဆန့်ထုတ်ကာ သည်အရိုးစုကို ဖမ်းယူ လိုက်၏။
သူက ထိုအရိုးကို ထိမိလိုက်သည့်အခိုက်တွင် နှိုင်းဆမရ သောအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ သူ့ မူလစိတ်ဝိညာဉ်အား ထိမှန်သွားသည်။ဝမ်လင်း မူလစိတ် ဝိညာဉ်က ရုတ်တရက် တုန်ယင်သွား၏။သည့်နောက် သူက ထူးဆန်းအံ့ဖွယ်ဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွား ချေ၏။
ထိုနေရာ၌ ကောင်းကင်နှင့်မြေကြီးမရှိ၊ အဆုံးမဲ့သော ဟင်းလင်းပြင်ကြီးတစ်ခုသာ ရှိနေသည်။ထူးဆန်းသော အားများကလည်း သည်ဧရိယာတွင် ဝန်းရံလွှမ်းခြုံလို့ နေ၏။ ဝမ်လင်းစိတ်က သည်နေရာသို့ ရောက်လာသည့် အခါတွင် သူက ဆက်လက်မြင့်တက်နေသော သန့်စင်မွန်း မံခြင်းအာရုံကို ခံစားမိ၏။
သူ့ရှေ့ရှိ လေဟာနယ်ဟင်းလင်ပြင်၌ မြင်ကွင်းများ
ဆက်တိုက် ဖြစ်ပေါ်လာ၏။သည်မြင်ကွင်းများက သူ့ဘဝ တွင် သင်ယူခဲ့သော မန္တာန်အချို့၏ မြင်ကွင်းပုံရိပ်များ ဖြစ် နေသည်။
ထိုမြင်ကွင်းများထဲမှ တစ်ခုက လူငယ်လေးတစ်ယောက် သည် သူ့လက်ကို ဝှေ့ယမ်းကာ ကျောက်တုံးကြီးတစ်ခုကို ပင့်မနေခြင်း ဖြစ်၏။ထိုလူငယ်လေး၏ မျက်လုံးထဲ၌ စိတ် လှုပ်ရှားမှုများ ပြည့်နေကာ သူက ထိုကျောက်တုံးကြီးကို ထိန်းချုပ်နိုင်ရန် ဆက်လက်လုပ်ဆောင်နေသည်။
ထိုမြင်ကွင်းက တုန်ယင်လာကာ ပျက်စီးသွား၏။ သည့်နောက် လူငယ်လေးတစ်ယောက်သည် ထိုမြင်ကွင်းမှ ထွက်လာ၍ ဝမ်လင်းကို ကြည့်၏။သူက ပြုံး၍ ဝမ်လင်း ဘေး၌ ထိုင်ချလိုက်သည်။သို့ရာတွင် သူ့လက်ကတော့ ဆက်လက်လှုပ်ရှားနေကာ ဆွဲငင်ခြင်းမန္တာန်ကို ပတ်လည်၌ ဝန်းရံ ဖြစ်တည်စေ၏။
အခြားမြင်ကွင်းတစ်ခုက အေးစက်စက်လူငယ်တစ်
ယောက် ဖြစ်၏။ထိုလူငယ်၏ ဆံပင်များက လေထဲ၌ လွင့် လို့နေသည်။သူ့မျက်လုံများကတော့ မှိတ်ထားလျက် ရှိ၏။ သို့သော် သူက မျက်လုံးဖွင့်လိုက်သည်နှင့် အေးစက်စက် အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။သူ့မျက်လုံးထဲ၌ အံမ ခန်းသတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေ၏။သူ့ရှေ့တွင် မရေမ တွက်နိုင်သော အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူများ ရှိနေကာ သူတို့က တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေနေကြ၏
ထိုလူငယ်ကလည်း မြင်ကွင်းထဲကနေ လှမ်းလျှောက်၍ ထွက်လာသည်။သူက ဝမ်လင်းကို ကြည့်လိုက်ပြီးနောက် ဘေးနားတွင် ထိုင်လိုက်ပြန်သည်။သူ့ဆံပင်များက လေနှင့် အတူ လွင့်မြောနေကာ သူ့ခန္ဓာကိုယ်ပေါ်မှ ဂျိနယ်ပယ် သတ်ဖြတ်ခြင်းဆန္ဒ တောက်ပနေ၏။
သည့်အပြင် ဝမ်လင်း မရဏလက်ချောင်း၊နတ်ဆိုး လက်ချောင်း၊တစ္ဆေလောကမြစ်နှင့် အခြားမန္တာန်မျိုးစုံ တို့ ကို အသုံးပြုနေသော မြင်ကွင်းတစ်ခုလည်း ပေါ်လာ၏။ သည့်နောက် သူက မြင်ကွင်းမှ ထွက်လာပြီး ထိုင်ချလိုက် ပြန်သည်။
သည်အရာများအပြင် နောက်ထပ် ဝမ်လင်းစိတ်ကို တုန်လှုပ်သွားစေသော မြင်ကွင်းတစ်ခုလည်း ပေါ်လာ၏။ ထိုမြင်ကွင်းထဲ၌ ဝမ်လင်းက မီးခိုရောင်ဝတ်စုံကို ဝတ်ဆင် ထားသည်။သူ့ပတ်လည်တွင် သတ်ဖြတ်ခြင်းစွမ်းအင် တစ်သန်း ရှိနေကာ သူ သွားသည့်နေရာတိုင်းက အပျက်အစီးများနှင့် ပြည့်နှက်ကုန်ကြ၏။
ထိုအမျိုးမျိုးသော မြင်ကွင်းများမှ ဝမ်လင်းများသည် လှမ်းလျှောက်၍ ထွက်လာကာ သူတို့အားလုံးက ပြန့်ကျဲ သွား၏။အချို့က မျက်လုံးမှိတ်ထားကာ ကျင့်ကြံနေကြ၏။ အချို့က သူတို့၏မန္တာန်များကို ထုတ်ဖော်နေသည်။တစ် ယောက်ကတော့ ရပ်တန့်ခြင်း ကောင်းကင်ဘုံမန္တာန်ကို အသုံးပြုနေပေသည်။
ဝမ်လင်းက သူ့ရှေ့ရှိ အထိုထိုသော မြင်ကွင်းများကြောင်း နက်နက်နဲနဲ တုန်လှုပ်နေတော့သည်။သူက သည်မြင်ကွင်း များနှင့် မစိမ်းလှပေ။အတိတ်တုန်းက သူက ရှေ့ဖြစ်ဟော သူထံမှ မန္တာန်တစ်ခုကို ရွေးချယ်ရာ၌လည်း အခုလို တူညီ သောမြင်ကွင်းမျိုးကို တွေ့မြင်ခဲ့ရသည် မဟုတ်လော။ထို အချိန်က ရှေ့ဖြစ်ဟောသူ တစ်ယောက်စီတိုင်းသည် မတူ ကွဲပြားသောမန္တာန်တစ်ခုစီကို အသုံးပြုနေခဲ့ကြသည်။
သို့ရာတွင် ဝမ်လင်းက ထိုတုန်လှုပ်မှုကနေ ချက်ခြင်း နိုး ထလာ၏။သူက မတူညီမှုတစ်ခုကို သတိပြုမိသွားသည်။
ရှေ့ဖြစ်ဟောသူ၏ စိတ်ထဲရှိ ပုံရိပ်များက အစစ်အမှန်လူ များကဲ့သို့ အထည်ဒြပ်ရှိ၏။ထို့ကြောင့် မတူညီမှုကို ပြောပြ ဖို့ မဖြစ်နိုင်ပေ။သို့ရာတွင် သူ့ကိုယ်ပိုင်ပုံရိပ်များကတော့ အထည်ဒြပ်နှင့် ပုံရိပ်ယောင်ကြားတွင် ရှိလို့နေ၏။
"ပုံရိပ်ယောင်နဲ့ အထည်ဒြပ်...ဖြစ်နိုင်တာက...ဒါက ကျင့်ကြံခြင်းနယ်ပယ်ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီး ပုံရိပ်ယောင်ယင်နဲ့ အထည်ဒြပ်ယန် အဆင့် ထဲကို ဝင်ရောက်ဖို့ ပြင်နေတဲ့ လူတစ်ယောက် ဖန်တီးထားတဲ့ မန္တာန်များ ဖြစ်နေနိုင်လား...။ငါက ရှေးဟောင်းနတ်ဆိုးအမွေအနှစ် နားလည်မှုကြောင့် ဒီလို ပြောင်းလဲမှုအတွေ့အကြုံကို စောလျင်စွာ တွေ့ကြုံနိုင်စွမ်း ရှိနေတာ ဖြစ်မယ်..."
ဝမ်လင်းက အသက်ဝဝရှူသွင်းမိလိုက်သည်။
သူက သည်အရာများအားလုံးကို ခန့်မှန်းကြည့်ရုံသာ တက်နိုင်၏။သူ့တွင် အမှန်ကို သိနိုင်သည့် နည်းလမ်း မရှိပေ။ရုတ်တရက် သည်ပုံရိပ်များက ဖျော့တော့လာပြီး နောက် သဲလွန်စမရှိ ပျောက်ကွယ်သွားလေသည်။ကေား ကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်နေသော မီးခိုးရောင်ဝတ်စုံနှင့် ဝမ်လင်းက အမြန်ဆုံးပျောက်ကွယ် သွားသည့် လူတစ်ယောက် ဖြစ်နေသည်။
သည်အခိုက်အတန့်တွင် ဝမ်လင်းက အခွင့်အရေးတစ်ခု ကိ ရုတ်တရက် တွေ့မြင်လိုက်၏။သူ့ခန္ဓာကိုယ်က ရှေ့သို့ လွင့်မြောသွားသည်။သူက ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်ကို အသုံးပြုနေသော မီးခိုးရောင်ဝတ်စုံပုံရိပ်နှင့် ပေါင်းစပ်လိုက်လေ၏။
မျက်စိတစ်မှိတ်အတွင်း လများစွာ ကုန်လွန်သွားခဲ့လေ ပြီ။မီးနတ်ဆိုးနိုင်ငံထဲရှိ စစ်ပွဲက များစွာ ပြောင်းလဲသွားခဲ့ ပြီး ဖြစ်သည်။ကောင်းကင်နတ်ဆိုးနိုင်ငံ သူတို့၏ တပ်သား များကို ပြန်ဆုတ်ခွာစေခဲ့သည်။ရာစုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့သော စစ်ပွဲက ရှေးဟောင်းနတ်ဆိုးများ တစ် ယောက်နှင့်တစ်ယောက် ဝါးမြိုခြင်းနှင့်အတူ အဆုံးသပ် သွားခဲ့ခြင်းပင်။
ရှေးဟောင်းနတ်ဆိုးပေလောက ပထမဆုံးဝါးမြိုသူ ဖြစ် ခဲ့၏။သူက မီးနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးနှင့် ပေါင်းစပ်သွားနိုင်ခဲ့သည်။သူက အလွန်စွမ်းအား ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် သူက ပုံသဏ္ဌာန်ဖြစ်ပေါ်ရန် ဝမ်လင်း၏ သွေး အကူအညီကို ရယူရန်မလိုတော့ဘဲ သူကိုယ်တိုင် ထွက်ခွာ နိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းက ကောင်းကင်နတ်ဆိုးနိုင်ငံ၏မြို့တော် အနီးအနားရှိ နဂါးရေကန်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်ကာ မျက်လုံးမှိတ်ထားလျက် ရှိသည်။သူက မလှုပ်မယှက်အသွင်
နှင့် ရှိလို့နေ၏။
သူက အရိုးအပိုင်းကို ထိမိခဲ့သည့် အချိန်တုန်းက ထူးဆန်းအံ့ဖွယ်အခြေအနေတစ်ရပ်သို့ ဝင်ရောက်ခဲ့သည်။ ပေလောက အခြားရှေးဟောင်းနတ်ဆိုးတစ်ပါး၏ စိတ် ဝိညာဉ်ကို ဝါးမြိုပြီးသည့်နောက် သူက မန္တာန်တစ်ခု အသုံးပြုကာ ဝမ်လင်းကို သည်နေရာသို့ ပို့ဆောင် ပေးလိုက်၏။
အချိန်က ကုန်ဆုံးနေသည်သာ။ နောက်ထပ် လများစွာ ကုန်လွန်သွားပြန်သည်။ သည်နေ့တွင် ဝမ်လင်းက မျက်လုံး ဖွင့်လာခဲ့၏။
သူ မျက်လုံးဖွင့်လာသည်နှင့် ရွှေရောင်အလင်းတစ်ခုက သူ့မျက်လုံးထဲ၌ တောက်ပနေသည်။သူ့ခုလက်ရှိ အော်ရာ က မီးနတ်ဆိုးနိုင်ငံသို့ သွားရောက်ခဲ့သောအချိန်၌ အလွန် ကွာခြားနေခဲ့ပြီ ဖြစ်၏။ခုလက်ရှိတွင် သူက သေမျိုး ကျောင်းတော်သားတစ်ယောက်အသွင်နှင့် ပို၍ တူနေ၏။ခု ချိန်၌ သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်မှ ရှိမနေသကဲ့သို့ ထင်မှတ်ရ၏။ထိုအရာက သူ့ကို သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေစေသည်။
သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် လူများကို သန့်စင်သော ခံစားချက် ပေးစွမ်းနေသည့် ရနံ့တစ်ခု ရှိလို့နေ၏။
မျက်လုံးဖွင့်လိုက်ပြီးနောက် ဝမ်လင်းက ပါးစပ်အပြည့် လေမှုတ်ထုတ်လိုက်၏။
"ငါရဲ့ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်စမှာ အချိန်ရယ်လို့ စ ဖြစ်လာတဲ့ အခါထဲက မန္တာန်တစ်ခု ရှိတယ်။ဒီမန္တာန်က ငါ့ တို့ကို ကောင်းကင်နဲ့မြေကြီးကို နားလည်စေခဲ့ပြီး ကိုယ်ပိုင် မန္တာန်တွေကို ပြုလုပ်နိုင်စေခဲ့တယ်။ဒီမန္တာန်က တစ်ခြား သက်ရှိပုံစံတွေပေါ်မှာလည်း အသုံးပြုနိုင်တယ်..."
ဝမ်လင်းက စဉ်းစားနေခဲ့သည်။သည့်နောက် သူက မျက်လုံးပြန်မှိတ်လိုက်၏။သူ့ခေါင်းထဲ၌ သူ မီးခိုးရောင်ပုံ ရိပ်နှင့် ပေါင်းစပ်လိုက်သည့် မြင်ကွင်းဖြင့် ပြည့်နေခဲ့သည်။ ခုပြန်တွေးကြည့်တော့ ထိုအဖြစ်အပျက်က အိပ်မက်တစ်ခု လိုပင်။
"မင်းအပြင် ငါက အခြားကျင့်ကြံသူနှစ်ယောက်ကိုပဲ အမွေအနှစ် ပေးခဲ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက နောက်အဆင့်နယ်ပယ်ထဲမှာ တွေ့ကြုံခွင့်ရခဲ့ပြီး သူတို့ရဲ့ ကိုယ်ပိုင်မန္တာန်တွေအပေါ်မှာ နားလည်သဘောပေါက်မှု အသစ်တွေ ရရှိခဲ့ကြတယ်။အထူးသဖြင့် ဒုတိယကျင့်ကြံသူ ပဲ။ သူက ငါမြင်ဖူးသမျှထဲမှာ ပါရမီအမြင့်မားဆုံးပဲ။သူက သူ့ကိုယ်ပိုင်မန္တာန်ကိုတောင် ပြုပြင်နိုင်ခဲ့တာ..."
"ဒီကောင်လေးရဲ့ ပါရမီအရည်အချင်းက ငါ့ရှေးဟောင်း နတ်ဆိုးကလန်ထက် ဘယ်နည်းနဲ့မှ အားနည်းစရာ မရှိဘူး..."
ဝမ်လင်းက မျက်လုံးမှိတ်၍ တည်ငြိမ်စွာ မေးလိုက်၏။ “ဘယ်သူလဲ.."
"သူ့နာမည်ကတော့ စွန်ယွမ်...ငါထင်တာတော့ မင်း လည်း သူ့နာမည်ကို ကြားဖူးချင် ကြားဖူးမှာပေါ့..."
"စွန်ယွမ်…" ဝမ်လင်းက မျက်လုံးပြန်ဖွင့်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ "စီ နီယာ ရှေးဟောင်းနတ်ဆိုး...ငါတို့ သဘောတူညီမှုရဲ့ နောက်ဆုံးတစ်ခု ကျန်သေးတယ်နော်..."
နဂါးရေကန်ထဲ၌ နတ်ဆိုးလေညင်းတစ်ခု ပေါ်လာကာ ဝဲကတော့တစ်ခု ဖြစ်တည်လာသည်။သည့်နောက် အလွန် နတ်ဆိုးဆန်သော လူငယ်တစ်ယောက်၏ အသွင် ပေါ်လာခဲ့ လေ၏။
ထိုလူငယ်၏ သတိပြုမိနိုင်ဆုံးအရာမှာ သူ၏ နတ်ဆိုး ဆန်သော အစိမ်းရောင်မျက်လုံးတစ်စုံပင်။သူ ထွက်ပေါ်လာ သည်နှင့် သူက ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆိုလာသည်။ "ငါက မင်းကို ပေးထားတဲ့ ကတိကို မမေ့ပါဘူး။မင်း ဆင်ခြင်မှု ပြုနေစဉ်အတွင်းမှာ ငါက စေတီထဲက နတ် ဘုရားအာရုံရဲ့ ခန္ဓာကိုယ်ကို မန္တာန်တစ်ခု အသုံးပြုပြီး ရှာခဲ့တယ်..
လူငယ်က စကားပြောနေရင်း သူ့လက်ကို ဝှေ့ယမ်း လိုက်၏။သူ့လက်ဝှေ့ယမ်း လိုက်သောနေရာ၌ အလင်းစက် များ ပေါ်လာကာ ထိုအလင်းစက်များ ပေါင်းစပ်၍ ပုံရိပ် တစ်ခု ဖြစ်ပေါ်သွားသည်။
ထိုပုံရိပ်သည် ကြီးမားလှသည့် ချောက်နက်ကြီးတစ်ခု
ဖြစ်နေ၏။ထိုချောက်နက်ထဲမှ အနက်ရောင်အခိုးငွေ့အမျှင် တန်းများက တရစပ် ထွက်ပေါ်နေ၏။ထိုအနက်ရောင်အခိုး ငွေ့ အမျှင်တန်းများက ပုံရိပ်ကိုပင် တုန်ခါလာစေသည်။
"ဒီနေရာကို ဒီလှိုင်းအသူတရာချောက်လို့ မင်းတို့ ကျင့်ကြံသူတွေ ခေါ်ကြတယ်။မင်း မိတ်ဆွေရဲ့အော်ရာက အဲ့ နေရာမှာ ရှိနေတယ်။ဒီ ဒီလှိုင်းအသူတရာချောက်မှာ ဝင်ပေါက်ခြောက်ခုသာ ရှိတယ်။ ရေနတ်ဆိုးနိုင်ငံက ဝင်ပေါက်ကို သွားလိုက်ပါ...အဲ့နေရာက မင်းမိတ်ဆွေနဲ့ အနီးဆုံးနေရာပဲ"
ဝမ်လင်းက ထိုပုံရိပ်ကို ကြည့်နေသည်။အနည်းငယ် စဉ်းစားပြီးနောက် သူက မေးလိုက်၏။ "ဒီ ဒီလှိုင်းအသူတ ရာချောက်က ဘာများလဲ စီနီယာ..."
လူငယ်က အနည်းငယ် တုန့်ဆိုင်းသွားပြီးနောက် ပြော လိုက်၏။ "အာကာသဟင်းလင်းပြင်ထဲမှာ ဒီလိုမျိုးနေရာ တွေ ရှိတယ်။အဲ့နေရာတွေက ဟင်းလင်းပြင် သူ့ဟာသူ အကြိမ်ကြမ် ပြိုကျပျက်စီးခဲ့တဲ့ နေရာတွေပဲ။ဟင်းလင်းပြင် က အမြဲလိုလို ပြိုကျနေတာကြောင့် ဥမင်လမ်းကြောင်းတစ် ခုက ဒီလိုနေရာတွေကို ဖြစ်တည်စေခဲ့တာပဲ။ ဒီဥမင် လမ်းကြောင်းထဲမှာဆိုရင် အံ့မခန်းစုပ်အားတစ်ခု ရှိလို့နေတယ်
...
"ဒီ ဒီလှိုင်းအသူတရာချောက်ကလည်း ဒီလိုမျိုး နေရာ တစ်ခုပဲ..."
ရှေးဟောင်းနတ်ဆိုး ပေလောက ဆက်၍ မပြောတော့ ပေ။ဝမ်လင်းသည်လည်း ဆက်၍ မမေးတော့ချေ။ဝမ်လင်း က ပေလောသည် သူ့ကို အများကြီး ဖုန်းကွယ်ထားမှန်း ခံစားမိနေသည်။သို့ရာတွင် ပေလောက သူ့ကို မပြောလို သည့်အတွက် သူမေးလည်း အပိုပင် ဖြစ်ပေလိမ့်မည်။
ဝမ်လင်းက နောက်ထပ် ထပ်မေးလိုက်၏။ "ဝင်ပေါက် ခြောက်ခု ရှိတယ်ဆိုတော့ ထွက်ပေါ်တွေကလည်း တူတူပဲ လား..."
လူငယ်က ပြုံးယောင်သန်းသွား၏။သည်အပြုံးက အနည်းငယ်တော့ နတ်ဆိုးဆန်နေသေးသည်။သူက ပြော လိုက်၏။ "ထွက်ပေါက်ကတော့ တစ်ခုတည်း ရှိတာ။ဒါက မီးနတ်ဆိုးနိုင်ငံမှာ ရှိတယ်..."
သူက ပြောနေရင်းဖြင့် ပုံရိပ်ထံသို့ ညာလက်ဆန့်ထုတ် လိုက်သည်။ ပုံရိပ်က ပျက်စီးလို့သွား၏။သို့ရာတွင် သူက အလင်းစက်များကို ဖမ်းယူကာ ၎င်းတို့ကို လက်ညှိုးအရွယ် ကျောက်စိမ်းပြားတစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်၏။ သည့်နောက် သူက လက်ဝှေ့ယမ်းကာ ထိုကျောက်စိမ်းပြား ကို ဝမ်လင်းထံသို ပစ်ပေးလိုက်၏။
"ဒါကို ယူလိုက်...မင်းနတ်ဘုရားအာရုံနဲ့ ဒီထဲကို ဝင် ကြည့်နိုင်တယ်။ ဒီ ဒီလှိုင်းအသုတရာချောက်ထဲက အရာ အားလုံးကို မြင်တွေ့နိုင်ဖို့ ငါ့မြင်နိုင်စွမ်းကို မင်းရှိ ငှား ပေးလိုက်မယ်။ ဒါက ငါတို့သဘောတူညီမှု ပြည့်စုံစေတဲ့
အတွက် မင်းကို လက်ဆောင်ပေးတာ..."
သည့်နောက် သူက လက်နှစ်ဖက်ယှက်ကာ ပြောလိုက် ဝမ်လင်းက ထိုကျောက်စိမ်းပြားကို ဖမ်းယူလိုက်သည်။ သည်။ "ကျေးဇူးအများကြီး တင်ပါတယ်...စီနီယာ ရှေးဟောင်းနတ်ဆိုး..."
လူငယ်က ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူက ပြော လိုက်၏။ "ငါကလည်း မင်းကို ကျေးဇူးတင်ရမှာပါ။ မင်း သွားသင့်ပြီ...ငါ တံခါးပိတ်ကျင့်ကြံတော့မယ်..."
ဝမ်လင်းက မတ်တပ်ရပ်လိုက်သည်။သည့်နောက် သူက ရှေ့သို့ ခြေလှမ်းကာ ပျောက်ကွယ်သွားပြီး နဂါးရေကန်က နေ ထွက်ခွာသွားတော့သည်။
လူငယ်က ဝမ်လင်းထွက်ခွာသွားသော အရပ်သို့ ကြည့် လိုက်၏။သူ့မျက်လုံးများက နတ်ဆိုးအလင်းကို ပေးစွမ်း နေသည်။
"ငါက အခြားရှေးဟောင်းနတ်ဆိုး ခုနစ်ယောက်ကို စုပ် ယူနိုင်ဖို့ နှစ်တစ်ရာလောက် အချိန်ယူရဦးမယ်။ ဒီလို ဖြစ်လာပြီးရင် ငါရှေးဟောင်းနတ်ဆိုးပေလောက ပြန်လည်မွေးဖွားလာပြီ။ ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ထာ ကျား...အတိတ်တုန်းက တိုက်ပွဲပြီးတဲ့နောက် မင်းက ဆု လဒ်ကို လုယူသွားခဲ့တယ်။ ငါက ဒီနှစ်တစ်ရာအတွင်းမှာ မင်း ဘယ်လောက်များ ပြန်ကောင်းမွန်လာလဲ မြင်တွေ့ချင် ."
နေမိပြီ
"ဒါ့အပြင် ဒီကောင်လေးလည်း ရှိသေးတယ်။ သူ့စိတ် ဝိညာဉ်ထဲမှာက ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာတစ်ခု ရှိနေတယ်။ဒီအော်ရာက အလွန်ဖျော့တော့နေပေမဲ့လည်း သန့်စင်လွန်းလှတယ်။ဒါက ငါရဲ့ ရှေးဟောင်းနတ်ဆိုး ကလန်နဲ့ ရှေးဟောင်းနတ်ဆိုးမိစ္ဆာကလန်တို့ အတွက်တော့ ကြီးကျယ်တဲ့ ဆေးတစ်ခွက်ပဲ..."
"ဒါပေမဲ့လည်း ဒီအော်ရာက ပိုသန့်စင်နေလေလေ ငါက ဒါကို ဝါးမြိုပစ်ဖို့ ပို မဝံ့မရဲ ဖြစ်လေလေပဲ..."
လူငယ်က ထိုအော်ရာ အကြောင်းကို တွေးမိသည်နှင့် သူ့ နှလုံးသားက တုန်ယင်ရလေသည်။
"ရှေးဟောင်းနတ်ဘုရား..အာ..ရှေးဟောင်းအမိန့် နှစ် ပိုင်းကွဲသွားချိန်တုန်းက ဒီရှေးဟောင်းနတ်ဘုရားကလန်က စွမ်းအားအများစုကို ရရှိခဲ့ကြတယ်….ဒီကောင်လေးထဲမှာ ရှိနေတဲ့ အော်ရာကလည်း အလွန်အမင်း စွမ်းအားကောင်း လှတယ်။ သူ့ခန္ဓာကိုယ်ထဲမှာ ဒီအော်ရာကို ချန်ထားခဲ့တဲ့လူ က အနည်းဆုံးကြယ်ရှစ်လုံးရှေးဟောင်းနတ်ဘုရား တစ်ပါး ဖြစ်လိမ့်မယ်။ ကြယ်ကိုးလုံးတောင် ဖြစ်နေနိုင် သေးတယ်။ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရား...။ငါက ရှေးဟောင်းနတ်မိစ္ဆာနဲ့ အတူပူးပေါင်းမယ် ဆိုရင်တောင် ဒီ ရှေးဟောင်းနတ်ဘုရားက ငါတို့ နှစ်ယောက်ကို အလွယ် လေး သတ်ပစ်နိုင်လိမ့်မယ်..."
"အရေးကြီးဆုံးက ဒီအော်ရာထဲမှာ ကောင်းစွာဖုံးကွယ်
ထားတဲ့ စိတ်ဆန္ဒတစ်ခု ရှိနေတာပဲ။ဒီစိတ်ဆန္ဒက ငါ့ ခံစား မိတဲ့ အခိုက်မှာတောင် ငါ့ကို တုန်ယင်စေခဲ့တယ်။ ဒီလို ခံစားမှုမျိုးက ပေးစွမ်းနိုင်တာက တော်ဝင်သွေးမျိုးဆက် သာ ရှိတယ်..."
"ဒီအော်ရာကြောင့်သာ ငါက သူ့သွေးကို ငှားယမ်းပြီးတဲ့ နောက် ပုံစံဖြစ်ပေါ်နိုင်စွမ်း ရှိခဲ့တာ ။သူ့ စိတ်ပြိုလဲပျက်စီး သွားမှာကိုလည်း ဒီအော်ရာကြောင့်သာ မပူပန်ခဲ့ရတာ။ အတိတ်တုန်းက ငါက ဒါနဲ့ပတ်သတ်လို့ သူ့ကို အမှန်တိုင်း မပြောပြခဲ့ဘူး။ တစ်စုံတစ်ယောက်က ရှေးဟောင်းနတ် ဘုရားရဲ့ အော်ရာ ရှိနေမယ်ဆိုရင်တောင်မှ တော်ဝင်သွေး မျိုးဆက် မပါဝင်ရင် ဒါက ငါ့အတွက် ပုံစံ ဖြစ်ပေါ်ဖို့ လုံလောက်မှာ မဟုတ်ဘူး..."
"ငါနဲ့ ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ထာကျားက ခုထိအသက်ရှင်နေသေးတယ် ဆိုတော့ ရှေးဟောင်းနတ်ဘုရား တစ်ပါးကလည်း အသက်ရှင်နိုင်နေသေးတာပဲ။ငါက ဒီ အော်ရာကို ထုတ်ယူပြီး စုပ်ယူလိုက်မယ်ဆိုရင် အနာဂတ် မှာ ပြဿနာမျိုးစေ့တစ်ခုကို စိုက်ပျိုးမိသလို ဖြစ်သွားနိုင်တယ်
"ဒါပေမဲ့လည်း ငါကသာ ဒီလို စိတ်ပူပန်မှု ရှိနေပေမဲ့ ရှေးဟောင်းနတ်ဆိုးမိစ္ဆာ ထာကျားကတော့ ဒီလို ငြင်းဆန် နေပါ့မလား ငါ သေချာမသိဘူး..."
ဒီလှိုင်းအသူတရာချောက်က
နတ်ဆိုးစိတ်ဝိညာဉ်
ကုန်းမြေ၏ အလွန်ထူးဆန်းအံ့ဖွယ် နေရာတစ်ခု ဖြစ်သည်။ ထိုချောက်က အပြင်ဘက်မှ ဒီရေလှိုင်း၏ ရင်းမြစ်လည်း ဖြစ်နေသည်။မရေမတွက်နိုင်သော နှစ်များစွာ ကြာလာပြီး နောက် ရတနာများစွာ၊စိတ်ဝိညာဉ်ကျောက်တုံးများစွာနှင့် စိတ်ဝိညာဉ်သားရဲများစွာ တို့သည် နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေထဲသို့ စုပ်ယူခြင်း ခံခဲ့ရကာ ထိုချောက်ထဲသို့ ရောက်ရှိသွားခဲ့ကြပေသည်။
သည်အခိုက်အတန့်၌ ဒီလှိုင်းအသူတရာချောက် အနက် ပိုင်း၌ ထူထဲသော အနက်ရောင်မြူထုတစ်ခု ရှိလို့နေသည်။ ထို အနက်ရောင်မြူလွှာအတွင်းပိုင်း၌ ပေတစ်ထောင်ခန့် ကျယ်ဝန်းသော ကုန်းမြေပေါ်တွင် လူအချို့ ထိုင်နေကြ၏။
ထိုလူများထဲမှ တစ်ယောက်က သက်လတ်ပိုင်းလူကြီး တစ်ယောက် ဖြစ်သည်။သည်လူက အလွန်ကြည့်ကောင်း လှ၏။သို့သော် သူ့ထံမှ ရည်မှန်းချက်ပြင်းပြသောအော်ရာ ကို ပေးစွမ်းနေ၏။
သူက အလယ်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ သူ့ အသွင်ကလည်း အေးစက်လို့နေသည်။သူ့ခန္ဓာကိုယ် ပြင်ပ တွင် သေဆုံးခြင်းစွမ်းအင်အမျှင်တန်းများက လှည့်ပတ် နေ၏။ သူက ထူးဆန်းသောပုံပန်းသဏ္ဌာန်ရှိသည့် ဦးခေါင်းခွံတစ်ခုကို ကိုင်ဆောင်ထားကာ ၎င်းဦးခေါင်အား အဆက်မပြတ် ပွတ်သပ်နေသည်။
သူ့မျက်လုံးများကတော့ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေ၏။
သူ့မျက်လုံး ဖွင့်လိုက်ချိန်တွင် အလွန်နက်မှောင်သော အကြည့်ကို ထုတ်လွှတ်နေ၏။ထိုအကြည့်ကို မျက်နှာချင်းဆိုင် ကြည့်မိသူသည် သူ့နှလုံးသားပင် ယိုင်နဲ့ သွားရနိုင်၏။
သူ့ဘေးတွင်တော့ ကြာပွင့်သဏ္ဌာန်ထိုင်နေကြသော လူလေးယောက် ရှိနေ၏။သည်လေးယောက်လုံးက အပြာ ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ဓား ကြီးများ လွဲထားကြသည်။သူတို့တစ်ယောက်ချင်းစီ၏ သွင် ပြင်များကလည်း သုန်မှုန်ကာနေ၏။
ထိုအခိုက်အတန့်၌ သူတို့ရှေ့ရှိ အနက်ရောင်မြူလွှာက ရုတ်တရက် အလိပ်လိပ် လှုပ်ရှားလာ၏။ပုံရိပ်တစ်ခုက ထို မြူထဲမှ ထွက်လာကာ အပြာရောင်ဝတ်စုံနှင့်လူတစ် ယောက်အသွင် ပေါ်ထွက်လာ၏။သူ့မျက်နှာပေါ်၌ ခါးသီး နေဟန်ပေါ်နေကာ သူက ပြောလာ၏။ "စီနီယာ လောဘကြီး...ဒီမြူထဲမှာ ရှိတဲ့ သားရဲတွေက ထွက်မသွား သေးဘူး။ ဒီကောင်တွေက အရင်ထက်တောင် ပိုများလာ နေသေးတယ်.."
ထိုသက်လတ်ပိုင်းလူကြီးမှာ လောဘကြီး ဖြစ်ပေ၏။
သူက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "ငါက ဒီနေရာ ကို လျော့တွက်ခဲ့တယ်။ ဒီနေရာမှာ ရှိတဲ့ သားရဲတွေ အကုန်လုံးက အာကာသဟင်းလင်းပြင်ကြီးထဲကနေ ဒီ အထိ စုပ်ယူခံလိုက်ရတာ။ ဒီနေရာရဲ့ ထူးဆန်းတဲ့အား
ကြောင့် သူတို့ရဲ့ ခွန်အားက ပိုကောင်းလာခဲ့တယ်။ဒီနေရာ က အားကောင်းတဲ့သားရဲတွေအတွက် သဘာဝနေရာတစ် ຈຸດບໍ..."
သည်အခိုက်အတန့်၌ တာ့လော့ဓားကလန်မှ တပည့်တစ် ယောက်က ပြောလိုက်သည်။ "စီနီယာ လောဘကြီး...ဒီမှာ သားရဲတွေ အများကြီး ရှိနေတယ်။ တစ်ကောင်စီကလည်း အလွန်အမင်း ကြမ်းကြုတ်လှတယ်။သာမန်အားဖြင့် ဒီလို သားရဲမျိုးတွေက ကျော်ကြားသင့်တယ်လေ။ ဒါပေမဲ့လည်း ဂျူနီယာက အချိန်အတန်ကြာ တွေးကြည့်တာတောင်မှ ဒီ သားရဲတွေကို ဘာအမျိုးအစားမှန်း မသိ ဖြစ်နေတယ်..."
သည်လူက စိတ်ဝင်စားစရာကောင်းသော အနေထားဖြင့် ထိုင်နေခြင်း ဖြစ်သည်။အခြားတပည့်များက သူ့ကို ဗဟိုပြု ထားကာ ထိုင်နေကြခြင်း ဖြစ်သည်။
လောဘကြီးက ထိုလူ့ကို ကြည့်သည်။သူက ခုစကားပြော လိုက်သောသူသည် သည်တပည့်များ၏ နှလုံးသားထဲ၌ မြင့်မားသောအဆင့်အတန်းတွင် ရှိနေသည်ကို ထားသည်။အကြောင်းကတော့ သူက သည်တပည့်များ၏ စီ နီယာခေါင်းဆောင် ချန်လုံ ဖြစ်နေသောကြောင့်ပင်။
သည်လူက တာ့လော့ဓားကလန်မှ ဓားသူတော်စင်လင်း ထျန်ဟူ၏ ချစ်တပည့်တစ်ယောက် ဖြစ်သည်။သူက အလွန် လည်း ဉာဏ်များလှသူ ဖြစ်သည်။သူ့ ကျင့်ကြံမှုအဆင့်ကို ကောင်းစွာ ဖုံးကွယ်ထားသည်ဟုပင် လောဘကြီးက အချို့
သဲလွန်စများကြောင့် ပြောနိုင်ပေသည်။အပြင်ပိုင်း၌ သည် လူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း အမှန်တော့ အာဏာတက်ခြင်းအစောပိုင်း အဆင့်လောက်တွင် ရှိနေ၏။သူက လင်းထျန်ဟူတပည့် ဓားဆယ့်နှစ်လက်ကြားတွင် ကျင့်ကြံခြင်းအဆင့် အမြင့် ဆုံးမဟုတ်သော်လည်း အာဏာတက်ခြင်းအလယ်အဆင့် ဖြစ်သူ ချုံနူးပင် သူ့အား အလွန်လေးစားနေ၏။
ချန်လုံစကားများကို ကြားလိုက်ရပြီးနောက် လောဘကြီး က အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်။ "ဒီသားရဲ တွေက တကယ့်ကို ထူးဆန်းလှတယ်။ ငါက ဒီသားရဲမျိုး အ ရင်က လုံးဝ မမြင်ခဲ့ဖူးဘူး။အာကာသဟင်းလင်းပြင်က အဆုံးမရှိတဲ့အတွက် ကျင့်ကြံသူတွေအဖို့ သက်ရှိပုံစံ အားလုံးကို သိနေနိုင်ဖို့ မဖြစ်နိုင်ဘူး..."
"ဒီ သားရဲတွေက နှစ်ပေါင်းငါးထောင်ကြာတိုင်း တစ် ကြိမ် ဖြစ်ပွားတဲ့ ဒီရေလှိုင်းရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတာ ဖြစ်တယ်။ဒါ့ကြောင့် သူတို့က ဒီနေရာကို ရောက်နေတာ အချိန်ကြာမြင့်လွန်းနေလောက်ပြီ။ ဒါ့ကြောင့်လည်း ဒီ သားရဲကို ခွဲခြားမသိတာ အံဩစရာတော့ မဟုတ်ပါဘူး..."
ချန်လုံက ဆက်လက်၍ စကားမဆိုတော့ပေ။လူတိုင်းက တိတ်ဆိတ်စွာ စဉ်းစားနေကြ၏။
အနက်ရောင်မြူများအတွင်းမှ စူးရှရှအသံလှိုင်းများက ဖြည်းဖြည်းချင်း ထွက်ပေါ်နေသည်။အနက်ရောင်မြူ
အစွန်း၌ ဆယ်ပေကျော်လောက် ရှိသော သားရဲတစ်ကောင် ရှိနေ၏။ထိုသားရဲတွင် အမွှေးအမျှင်အနက်များနှင့် ချွန်မြ သောပါးစပ် တစ်ခု ပိုင်ဆိုင်ထားသည်။၎င်းသားရဲက အတောင်ပံ့များကို ဖြန့်ကာ သည်ဧရိယာတွင် လှည့်ပတ် နေ၏။
၎င်း၏ အနီရောင်မျက်လုံးများက အေးစက်စက်အလင်း ကို ထုတ်လွှတ်နေကာ လူတိုင်း၏နှလုံးကို တုန်ယင်စေ နိုင်သည်။
ဝမ်လင်းသာ သည်သားရဲများကို တွေ့ပါက သူက ၎င်းတို့ ကို ခြင်သားရဲများအဖြစ် ချက်ခြင်း သိပေလိမ့်မည်။ သို့ရာတွင် သည်သားရဲများက ခရမ်းရွှေရောင် ရှိလို့မနေ ချေ။
ချန်လုံဘေးနားရှိ ဝူမူက ဝမ်းနည်းသည့်ဟန်ပန်ဖြင့် ခပ် တိုးတိုး ရေရွတ်လိုက်သည်။ "ရှန်ဟိုကိုတော့ ဒီသားရဲတွေ 3 ဝါးမြိုသွားခဲ့ပြီ။သူ့မူလစိတ်ဝိညာဉ်တောင် လွတ်မြောက်လာနိုင်ခဲ့ဘူး..."
ချန်လုံက ခါးသီးသည့်အသွင် ဖြစ်ပေါ်နေ၏။ဓားဆယ့်နှစ် လက်တွင် သေဆုံးသွားခဲ့သော မိုယန်နှင့် အပြင်ဘက်တွင် နေခဲ့သော ဇီရှူနှင့်ဟိုင်ကျူးတို့ကလွဲ၍ ကျန်သည့်ကိုး ယောက်လုံးက လောဘကြီးနှင့်အတူ သည်ဒီလှိုင်း သူတစ်ရာချောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
လောဘကြီးက သည်နေရာကို လေ့လာကြည့်ပြီးနောက် သူက အများဆုံးရှိသော နေရာသည် သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ဒီလှိုင်းအသူတစ်ရာ ချောက်ဖြစ်သည်ဟု ကောက်ချက်ချခဲ့ပေသည်။ချန်လုံးက လွဲ၍ ကျန်သည့်လူတိုင်းက လောဘကြီး၏စကားများဖြင့်
ဖြာယောင်းခြင်းခြင်း ခံခဲ့ရပေသည်။
သူတို့က ကိုယ်တိုင်ကိုယ်ကျလည်း အရှေ့ဘက်နတ်ဆိုး စိတ်ဝိညာဉ်ပင်လယ်၌ မရေမတွက်နိုင်သော ရတနာ များသည် သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေထဲသို့ စုပ်ယူ ခြင်းခံခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည် မဟုတ်လား။
သူတို့ သည်နေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက် က ရှေးဟောင်းနတ်ဆိုး အမွေအနှစ်ကို ရရှိဖို့အပြင် သည် ရတနာပစ္စည်းများကိုလည်း ပြော၍ရ၏။ ရရှိနိုင်ရန်အတွက်ဟု
ချန်လုံက အမြဲလိုလိုပင် တည်ငြိမ်နေတက်၏။သူက တစ်ခုခုမှားနေသည်ဟု ခံစားမိလျှင်ပင် ငြင်းဆိုရန် အကြောင်းတစ်ခုကို မရှာတက်သူ ဖြစ်သည်။သို့ရာတွင် သူက အစီအစဉ်တစ်ခုကိုတော့ ကြိုပြုလုပ်ထားတက်၏။ အခု သည်နေရာသို့ လာရောက်သည့် ကိစ္စမှာပင် သူက တစ်ပေါင်းတစ်စည်းတည်း ဝင်ရောက်လာခဲ့ခြင်းမဟုတ်ဘဲ လူခွဲ၍ မတူညီသော ဝင်ပေါက်များကနေ လာရောက်ခဲ့ခြင်း ဖြစ်၏။သည့်အပြင် သူက ဇီရှူနှင့်ဟိုင်ကျူးတို့ကိုပင် အပြင် ဘက်၌ ချန်ထားခဲ့သေးသည်။
သူတို့ သည်ဒီလှိုင်းအသူတစ်ရာချောက်သို့ ဝင်လာသည့် အချိန်၌ အရာအားလုံးက အဆင်ပြေချောမွတ်နေခဲ့၏။ သို့ရာတွင် လောဘကြီးက လှိုဏ်ဂူတစ်ခုတည်းမှ အမည် အသိ ပစ္စည်းတစ်ခုကို ယူဆောင်လိုက်တည်းက သည်အရာ
များက ချက်ခြင်း ပြောင်းလဲသွားတော့၏။
သူတို့က ရုတ်တရက် ထူးဆန်းသောသားရဲများ၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သည်နေရာတွင် ပိတ်မိနေ တော့၏။သူတို့က လွတ်မြောက်ရန်လည်း မစွမ်းနိုင်ဘဲ သည်နေရာတွင် ပိတ်မိနေသည်မှာ နှစ်ပေါင်းတစ်ရာ နီးနီး ရှိလာခဲ့ပြီ ဖြစ်၏။
သူတို့ကို အနက်ရောင်မြူလွှာတစ်ခုက ဝန်းရံထားကာ ယင်းအပြင်သို့ ထွက်သည်နှင့် မရေမတွက်နိုင်သော သားရဲ များ၏ တိုက်ခိုက်ခြင်းကို ခံရတော့သည်။
ရှန်ဟိုက ထိုသို့ဖောက်ထွက်နေစဉ်အတွင်း၌ သေဆုံး သွားခဲ့ရခြင်း ဖြစ်၏။သူက သူ့ဆရာလင်းထျန်ဟူ၏ ဓား စွမ်းအင်ကို မသေခင်အသုံးပြုခဲ့တာတောင်မှ သားရဲအချို့ကို သာ သတ်ပစ်နိုင်ခဲ့၏။သည်သားရဲများက အလွန်များပြား လွန်းနေခဲ့ပေ၏။
ချန်လုံက သူတို့အားလုံး ဓားစွမ်းအင်များကို စုပေါင်း တိုက်ခိုက်မည်ဆိုလျှင်ပင် သည်နေရာကနေ ထွက်သွားနိုင် စွမ်း မရှိသေးသည်ကို သိနေခဲ့၏။
“ဒါက သိပ်မကြာနိုင်တော့ပါဘူး..." ချန်လုံက အသက်ဝ ဝရှူသွင်းလိုက်၏။သည့်နောက် လောဘကြီးအား ကြည့်လိုက်၏။ မတ်တပ်ထရပ်ကာ
သူက ထိုသို့မတ်တပ်ထရပ်လိုက်သည့်အတွက် ကျန် သည့်တပည့်များကပါ သူနှင့်အတူ လိုက်ရပ်လာကြ၏။သူ
တို့က လောဘကြီးကို ဝန်းရံထားသလို အနေအထား ဖြစ် သွားသည်။
လောဘကြီးအသွင်က သုန်မှုန်သွားကာ သူက မြည်းရယ် သလို ရယ်မောလိုက်၏။
"တူလေးတွေ..ဒါက ဘာအဓိပ္ပာယ်လဲ..."
ချန်လုံက အလေးအနက်အသွင်ဖြင့် ပြောလိုက်၏။ "စီနီ ယာလောဘကြီး...ဂျူနီယာက သင် အဲ့လှိုဏ်ဂူထဲမှာ ရရှိခဲ့ တဲ့ အရာကို အတိအကျ သိချင်ပါတယ်..."
လောဘကြီး၏ မျက်လုံးများက လှောင်ပြောင်ဟန်တို့ ထွက်ပေါ်လာ၏။သူက ပြောလိုက်သည်။ "မင်းက သိချင် တယ်ပေါ့..."
ထိုသို့ပြောပြီးသည့်နောက် သူက သိုလှောင်အိတ်ကို ပုတ် လိုက်ရာ ဘဲဥပုံဥတစ်လုံးက သူ့လက်ထဲ၌ ပေါ်ထွက်လာ၏။
ထိုဥပေါ်၌ မည်သည့်အသက်ဓာတ်လက္ခာမှ ရှိလို့မနေ ပေ။၎င်းက သေဆုံးခြင်းအော်ရာတစ်ခုနှင့်သာ ထုံမွှမ်း နေ၏။
ချန်လုံ အကြည့်ကာ ထိုဥပေါ်သို့ ခဏတာ ကျရောက် နေ၏။ခုလောက်အချိန်ကို ဖြတ်ကျော်ပြီးသည့်နောက် သူက လောဘကြီးနှင့်ပတ်သတ်၍ တစ်ခုခုကို နားလည်လာခဲ့ သည်။ သည်လောဘကြီး၏ ကျင့်ကြံမှုက သေဆုံးခြင်းနှင့် ဆက်နွှယ်နေ၏။ထို့ကြောင့် ထိုဥက သူ့ကျင့်ကြံမှုအဆင့်ကို အကူအညီပေးနိုင်ပေလိမ့်မည်။
သို့ရာတွင် ထိုဥက လောဘကြီး အမှန်တကယ် ရှာတွေ့ခဲ့ သည့်အရာ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။
"ကောင်လေးတွေ...ဒီအဘိုးအိုက မင်းတို့ရဲ့ မလေးမစား လေသံတွေကို မင်းတို့ ဆရာမျက်နှာထောက်ထားပြီး ဒီ တစ်ခါတော့ ခွင့်လွှတ်ပေးလိုက်မယ်။ ဒါမျိုး နောက်တစ်ခါ သာ ဖြစ်လာရင် ငါ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့... ဟက် ငါ စကျင့်ကြံတုန်းက မင်းတို့ကောင်လေးတွေ မွေး တောင်မမွေးသေးဘူး..."
လောဘကြီး၏မျက်လုံးများက အေးစက်လာခဲ့သည်။သူ့ အသံက တိုးညင်းသော်လည်း တာ့လော့ဓားကလန်၏ တပည့်များ နားထဲတွင်တော့ မိုးခြိမ်းသံအလားပင်။ချန်လုံမှ လွဲ၍ ကျန်သည့်သူများက နောက်သို့ အလိုလို ဆုတ်သွားမိကြသည်။
ချန်လုံက ခေါင်းငုံ့လိုက်၏။သူ့မျက်လုံထဲ၌ သတ်ဖြတ်လို သောစိတ်ဆန္ဒတစ်ခု ရိပ်ခနဲ ဖြစ်ပေါ်သွားသည်။အပြင် ဘက်တွင်တော့ သူက လေးစားစွာ ပြောလိုက်၏။ "ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့ စီနီယာ...ဂျူနီ ယာက စိတ်မရှည် ဖြစ်လာလို့ပါ။တကယ်တော့ ငါတို့က ဒီမှာ ပိတ်မိနေတာ နှစ်တစ်ရာလောက် ရှိနေပြီ မဟုတ် လား..."
လောဘကြီးက မျက်လုံးမှိတ်၍ ဖြည်းဖြည်းချင်း ပြော လိုက်သည်။ “ဘာတွေ လောနေတာလဲ။ နောက်ထပ် နှစ်
တစ်ရာအတွင်းမှာ မင်းဆရာက ဒီကုန်းမြေကို ရောက်လာ တော့မှာကို ...အဲကျရင် သူက မင်းတို့အားလုံးကို လာကယ် ပေးလိမ့်မယ်..."
ချန်လုံက ကြာပွင့်သဏ္ဌာန် ပြန်ထိုင်ချလိုက်သည်။ သည့်နောက် သူက စဉ်းစားလို့နေ၏။သူက သည် လောဘကြီးနှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို ရှာ တွေ့ခဲ့မိ၏။လောဘကြီးက သည်နေရာကနေ ထွက်သွားလို ခြင်း မရှိသလို ဖြစ်နေ၏။ထိုအတွက် အကြောင်းတစ်ခုခု တော့ ရှိရပေမည်။
တာ့လော့ဓားကလန်မှ တပည့်များက လောဘကြီးနှင့် မ ကျေမလည် ဖြစ်နေစဉ်တွင် ဝမ်လင်းကတော့ မီးနတ်ဆိုး နိုင်ငံ၏ ဒီလှိုင်းအသုတရာချောက်၏ ထွက်ပေါက်ရှိရာသို့ တဟုန်ထိုး ပျံသန်းလာနေသည်။ဝမ်လင်းက သည်ဒီလှိုင်း အသူတစ်ရာချောက်နှင့် ပတ်သတ်ပြီး ယောင်ရှင်းရွှယ်ထံ ကနေလည်း ကြားခဲ့ဖူးပြီး ဖြစ်သည်။
ယောင်ရှင်းရွှယ်၏ အပြောအရ ရှေ့ဖြစ်ဟောသူတို့လို ပုဂ္ဂိုလ်ကြီးများကိုပင် မျက်လုံးများ နီရဲလာစေသည့်အထိဖြစ်စေခဲ့သော တုန်ကင်က သည်ဒီလှိုင်းအသူတစ်ရာ ချောက် အနက်ပိုင်း၌ ရှိနေသည် ဟူ၍ပင်။
ဝမ်လင်းက လောဘကြီးနှင့် တာ့လော့ဓားကလန်မှ တပည့်များနှင့် ပတ်သတ်၍လည်း သတိထားနေ၏။ထို သူများက လွန်ခဲ့သော နှစ်တစ်ရာလောက်က အကြောင်းမ
ရှိ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ကြခြင်းပင်။ သူက လောဘကြီးတို့အုပ်စုသည် ဒီလှိုင်းအသူတစ်ရာချောက်သို့ သွားခဲ့ကြခြင်း ဖြစ်မည်ဟု အကြမ်းဖျဉ်း ခန့်မှန်းထားပေ သည်။
လောဘကြီးတို့ အုပ်စု ထွက်ခွာသွင်းရင်တော့ သည်ကိစ္စ က ပြဿနာ မဟုတ်တော့ပေ။သို့ရာတွင် သူတို့က ချောက် ထဲ၌သာ ဆက်၍ ရှိနေသေးပါက ဝမ်လင်းသည် မီးနတ်ဆိုး နိုင်ငံ၏ ထွက်ပေါက်အတွက် ကြို၍ ပြင်ဆင်ထားရပေမည်။
သူက မဟာတည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုနေ ခြင်း ဖြစ်၏။ထို့ကြောင့် သူက မီးနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်း အသူတစ်ရာချောက် ရှိရာသို့ မြန်ဆန်စွာ ရွှေ့လျားလာနိုင် နေသည်။
သူက ပျံသန်းနေရင်း ရှေးဟောင်းနတ်ဆိုး၏ အမွေအနှစ် ကို တွေ့ကြုံနေစဉ်အတွင်း မီးခိုးရောင်ပုံရိပ်နှင့် ပေါင်းစပ်ခဲ့ သည့် မြင်ကွင်းကို ပြန်မစဉ်းစားကြည့်ဘဲ မနေနိုင် ဖြစ်ရ သည်။ထိုမြင်ကွင်းထဲ၌ မီးခိုးရောင်ဝတ်စုံနှင့်ပုံရိပ်က ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို လေ့ကျင့်နေသော သူ ဖြစ်၏။သူက ထိုပုံရိပ်နှင့် ပေါင်းစည်းလိုက်သည့် အခိုက်၌ သူက ဉာဏ်အလင်းအချို့ကို ရလိုက်သကဲ့သို့ ခံစားမိ၏။ထိုအခါ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း၏ ပ မဏသည်လည်း တစ်သန်းမှသည် ဆယ်သန်းသို့ တိုးလာ နိုင်ခဲ့သည်။
သို့ရာတွင် ထိုစွမ်းအင်က ဆယ်သန်းသို့ ရောက်ရှိသွား သည်နှင့် သူ့အသက်ဓာတ်ချိပ်တံဆိပ်အားလုံးသည် အတူ ပေါင်းဖွဲ့ကာ ထူးဆန်းသောသင်္ကေတတစ်ခုကို ဖြစ်ပေါ်လာ ခဲ့သည်။
သည်သင်္ကေတက သတ်ဖြတ်ခြင်းစွမ်းအင်ဆယ်သန်း၏ စွမ်းအား ပါဝင်နေခဲ့သည်။၎င်း ပေါ်ထွက်လာသည်နှင့် ၎င်း က ဝမ်လင်း ထိန်းချုပ်မှုကနေ လွတ်ထွက်ကာ သူ့မျက်ခုံး နှစ်ခုကြားသို့ ခပ်နှပ်လာခဲ့သည်။
ထိုသင်္ကေတက သူ့ခန္ဓာကိုယ်ထဲထိ ထွင်းဖောက်လာပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် ကျရောက်ခဲ့သည်။၎င်း က သူ့စိတ်ဝိညာဉ်ထဲရှိ မူလစွမ်းအင်ကို သမူဟ ဖြစ် စေသည်။သည်သင်္ကေတနှင့် မူလစွမ်းအင်နှစ်ခုတို့ ပေါင်းစပ်သွားနေရင်း ဝမ်လင်း၏မူလစိတ်ဝိညာဉ်နှင့်သူ့ ခန္ဓာကိုယ်ကြား ဆယ်နွှယ်မှုကို ချက်ခြင်း ဖြတ်တောက် ပစ်လိုက်သည့် ထူးဆန်းသောပြောင်းလဲခြင်း တစ်ခု ဖြစ်လာ၏။
သည့်နောက် သူ့မူလစိတ်ဝိညာဉ်က အသက်သုံးခါရှူချိန် အတွင်း အရည်ပျော်ကျသွားကာ ထိုသင်္ကေတ၏ စုပ်ယူ ခြင်းကို ခံလိုက်ရသည်။သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိအသက်ဓာတ်အားလုံးသည်လည်း မီးခိုးရောင်အခိုးငွေ့ အမျှင်တန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ထိုသင်္ကေတ၏ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။
ဝမ်လင်းက ထိုအရာများအားလုံးကို တတိယလူတစ် ယောက်၏ ရှု့ထောင့်အမြင်ကနေ စောင့်ကြည့်နေခဲ့သည်။ ထိုအဖြစ်ကို မြင်တွေ့လိုက်သည့်အခါ အရင်ဆုံး သူ့မျက်လုံး ထဲ၌ မွန်းစတားဆန်လှသော သတ်ဖြတ်လိုစိတ်နှင့် အေး စက်မှုတို့ ဖြစ်ပေါ်လာခဲ့ရ၏။
သူက သူ့ခန္ဓာကိုယ်၊သူ့မူလစိတ်ဝိညာဉ်နှင့် သူ့ရှိသမျှ အားလုံးကို သည်သတ်ဖြတ်ခြင်းစွမ်းအင် ဆယ်သန်းက ပြုလုပ်ထားသော သင်္ကေတ၏ စုပ်ယူခြင်းခံနေရသည်ကို စောင့်ကြည့်နေခဲ့သည်။သည့်နောက် ထိုသင်္ကေတက သူ့ ခန္ဓာကိုယ်ကနေ အရာအားလုံးကို စုပ်ယူပြီးသည့်နောက် ပြန်ထွက်ခွာ၏။
ထို့နောက်တွင်တော့ ထိုသင်္ကေတသည် သတ်ဖြတ်ခြင်း စွမ်းအင်အမျှင်တန်းတစ်ခု အဖြစ် ပြန်ပြောင်းလဲသွားသည်။ သည်အရာက အစစ်အမှန်သတ်ဖြတ်ခြင်းစွမ်းအင် မည်၏။
ဝမ်လင်းနှလုံးသားက တုန်ယင်ရသည်။ထိုအရာများက သူ ရှေးဟောင်းနတ်ဆိုး၏အမွေအနှစ်ကို ဆက်ခံရချိန်၌ ကြုံတွေ့ခဲ့ရသည့် အရာများသာ ဖြစ်သည်။သို့သော်လည်း သူက ထိုမြင်ကွင်းကို ပြန်တွေးမိသည်နှင့် မကြောက်လန့်မိဘဲ မနေနိုင် ဖြစ်ရသည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူ့မျက်လုံးထဲရှိအေးစက်မှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ပေါက်ကွဲလုမ တက် ဖြစ်နေသည်။သို့သော သူက ၎င်းစိတ်ဆန္ဒတို့ကို ချက်
ခြင်း ပြန်သိမ်းဆည်းဖုံးကွယ်လိုက်လေသည်။
ဝမ်လင်းက သူ ထူးဆန်းအံ့ဖွယ်ဟင်းလင်းပြင်၌ ကြုံတွေ့ ခဲ့ရသော မြင်ကွင်းသည် အစစ်လား၊ အတုလား ခွဲခြားနိုင် စွမ်း မရှိချေ။သို့ရာတွင် ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ် အပေါ် ဝမ်လင်း၏ နားလည်မှုကြောင့် သူက ထို မြင်ကွင်းသည် အတုဖြစ်လိမ့်မည် မဟုတ်ဟု ခံစားမိနေသည်။
ဝမ်လင်းက သူထူးဆန်းအံ့ဖွယ် အခြေအနေတွင် ရှိခဲ့ သည့် အဖြစ်ကို ပြန်စဉ်းစားကြည့်နေ၏။ထိုနေရာ၌ သူက သူ့အသုံးပြုသောမန္တာန်၏ ပြီးပြည့်စုံမှုကို ချက်ခြင်း နားလည်ခွင့် ရခဲ့၏။သည်အရာက သူ့ကို မန္တာန်နှင့်ပတ် သတ်၍ နက်နက်ရှိုင်းရှိုင်း နားလည်စေခဲ့ပေသည်။
ထိုထူးဆန်းအံ့ဖွယ်
အခြေအနေအောက်၌ ကောင်းကင်ဘုံမှ ပေးအပ်ထားသော ပါရမီရှိသူများသည် မန္တာန်တစ်ခုကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။စွန်ယွမ်သည် ထိုသို့ ကိုယ်ပိုင် မန္တာန်တစ်ခုကို ဖန်တီးနိုင်ခဲ့သည့် လူမျိုး ဖြစ်လေ၏။
ဝမ်လင်း၏ ပါရမီအရည်အချင်းက သည်နှစ်ပေါင်းရှစ်ရာ အတွင်း အတော်လေး ပြောင်းလဲခဲ့ပေ၏။ရှေးဟောင်း နတ်ဆိုးပေလောပင် အံ့အားသင့်ခဲ့ရသော စွန်ယွမ်၏ ပါရမီ အရည်အချင်းနှင့် နှိုင်းယှဉ်လျှင်တော့ သူ့ပါရမီက တော်တော်လေး နိမ့်ပါးနေပေသည်။
သူက ကိုယ်ပိုင်မန္တာန်တစ်ခုကို ဖန်တီးနိုင်ခြင်း မရှိပေ။ သို့သော် သူ့ကိုယ်ပိုင်ဉာဏ်ရည်ဉာဏ်သွေးနှင့် လေ့လာ ဆန်းစစ်နိုင်မှုတို့ကြောင့် အခြေအနေတွင် အချိန်တိုအတွင်း ရှင်းလင်းမှုဉာဏ် အလင်း ရရှိခဲ့၏။သူက စွန်ယွမ်ထက်လည်း ဆုံးဖြတ်ချက် ပြတ်သားသည့်သူ ဖြစ်ကာ အလျင်မြန်ဆုံး ပျောက်ကွယ်နေ သည့် မီးခိုးရောင်ပုံရိပ်နှင်လည်း တိုက်ရိုက် ပေါင်းစပ်ခဲ့ပေ သည်။ သူက ထိုထူးဆန်းအံ့ဖွယ်
စွန်ယွမ်က သူ့ဉာဏ်အလင်းကို ပုံရိပ်ယောင်အများစု ပျောက်ကွယ်သွားပြီးမှ ရရှိခဲ့သည်ဟု ပြော၍ ရနိုင်၏။
ဝမ်လင်း၏ ဆုံးဖြတ်ချက်ပြတ်သားမှုက တော်ရုံတန်ရုံလူ များ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ရှေ့ဖြစ်ဟောသူပင် ဝမ်လင်းက ရှေးဟောင်းနတ်ဆိုး၏အမွေအနှစ်မှတစ်ဆင့် ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်၏ သည်လျှို့ဝှက်ချက် ကို ရရှိနိုင်ခဲ့လိမ့်မည်ဟု ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပေ။
"ရှေ့ဖြစ်ဟောသူ...အရင်တုန်းက ငါဟာ သူသာ ငါ့ကို မ ကောင်းမကြံရင် ငါလည်း သူ့အပေါ်မှာ သစ္စာရှိမယ်လို့ ပြောခဲ့ဖူးတယ်..." ဝမ်လင်းအသံက အေးစက်နေခဲ့၏။
"ဒီကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်က တကယ့်ကို အံ့အားသင့်ဖွယ် ကောင်းတယ်။ ဒါပေမဲ့လည်း ရှေ့ဖြစ်ဟော သူ သင်က ရက်စက်လွန်းလှတယ်။ ကံကောင်းစွာနဲ့ ငါ့ရဲ့ နားလည်နိုင်စွမ်းက နိမ့်ပါးပြီး သတ်ဖြတ်ခြင်းစွမ်းအင်
တစ်သန်းမှာပဲ အကန့်အသတ် ရှိနေခဲ့လို့ပေါ့။ ငါ့နားလည် နိုင်စွမ်းကသာ မြင့်မားပြီး သတ်ဖြတ်ခြင်းစွမ်းအင် အမျှင် တန်းဆယ်သန်းကိုသာ အောင်မြင်နိုင်ခဲ့ရင်တော့ ငါက သင်္ကေတတစ်ခု ဖြစ်လာမှာ စိုးရိမ်နေမိတယ်။ငါက စစ်မှန် တဲ့ သတ်ဖြတ်ခြင်းစွမ်းအင် တစ်ခု ဖြစ်လာပြီး သင့်ရဲ့ စုပ်ယူ ခြင်းကို ခံရနိုင်တယ်..."
ဝမ်လင်းက ပျံသန်းနေရင်း သက်ပြင်းချမိလေသည်။
"အတိတ်တုန်းက မီးခိုးရောင်ရှေ့ဖြစ်ဟောသူက ငါ့ကို ဒီ ကောင်းကင်ဘုံသတ်ဖြတ်သူပညာရပ်ကို သင်ပေးခဲ့တုန်းက ငါ့နယ်ပယ်ကြောင့်လို့ ပြောခဲ့တယ်။အရင်တုန်းကတော့ ငါက ဒါနဲ့ပတ်သတ်လို့ အများကြီး မတွေးမိခဲ့ဘူး။ခု ငါ အတိတ်ကို ပြန်တွေးကြည့်တော့ ဒါက ရှေ့ဖြစ်ဟောသူဟာ ငါ သေခြင်းရှင်ခြင်းနယ်ပယ်ကို ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ကျင့်ကြံခဲ့တာကို တွေ့မြင်ခဲ့လိုသာ သူက ငါ့ကို သူ့တပည့် အဖြစ် လက်ခံဖို့ ဆုံးဖြတ်ခဲ့တာ များလား..."
ဝမ်လင်းက မျက်လုံးမှိတ်ထား၏။သူက မျက်လုံးဖွင့် လိုက်သည့်အခါ သူ့မျက်လုံးများက ပြန်ကြည်လင်နေ၏။ သည့်နောက် သူက တည်နေရာရွှေ့ပြောင်း၍ ပျောက်ကွယ် သွားတော့သည်။
"ငါက ဒီကိစ္စနဲ့ ပတ်သတ်လို့ နည်းနည်း သံသယ လွန်ကဲနေတာများလား။ ဒါ့ကြောင့် ငါက အလျင်စလို ထင်မြင်ချက် မထုတ်နိုင်သေးဘူး။ရှေ့ဖြစ်ဟောသူက ငါ့
အပေါ်မှာ ကြင်နာစွာ ဆက်ဆံခဲ့တာပဲ။အတိတ်တုန်းက ဒီ ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်ကို ငါ့ သဘောနဲ့ငါ သင်ယူခဲ့တာ ဖြစ်တယ်....အင်း...ငါက ဒီကိစ္စနဲ့ ပတ်သတ် လို့ နောက်ကျရင် ဂရုတစိုက် သေချာစမ်းစစ်ကြည့်မှ ရ တော့မယ်။ဒါပေမဲ့လည်း ရှေ့ဖြစ်ဟောသူက တော်တော် လေး စွမ်းအားကောင်းလွန်းလှတယ်။ငါ့မှာ လုံလောက်တဲ့ စွမ်းအား မရှိသေးခင်တော့ ဒီမန္တာန်ကိစ္စနဲ့ ပတ်တတ်ပြီး ငါ သိနေတာတွေကို သူ သိသွားလို့ မဖြစ်ဘူး။ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းပညာရပ်...ငါက ဒီမန္တာန်အတွက် ထွက်ပေါက်တစ်ခု ရအောင် သေချာလေ့လာကြည်ဖို့ လိုအပ်နေပြီ..."
ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံရှိ ဒီလှိုင်းအသူတစ်ရာ ချောက်၏ ထွက်ပေါက်ကို ရက်များစွာ စောင့်ကြည့်နေခဲ့ သည်။သူက ထိုနေရာတွင် အားကောင်းသော အတားအဆီး၊ချိပ်ပိတ်မှုများ ကို နေရာမချထားပေ။ထို အစား သူက ဆန့်ကျင်ဘက်အနေနှင့် လွန်စွာဖုံးကွယ်နိုင် စွမ်းရှိသည့် ရိုးရိုးရှင်းရှင်း အတားအဆီးများကိုသာ ချမှတ် ထားခဲ့သည်။
သည်အတားအဆီးများက မည်သည့် ခုခံတိုက်ခိုက်နိုင် စွမ်းမှ မရှိပေ။သို့သော် ယင်းတို့က လူများကို လှည့်စား သည့် နည်းလမ်းတစ်ခုတော့ ဖြစ်နေ၏။လူတစ်ယောက်က အထဲသို့ဝင်လာသည်နှင့် အတားအဆီးက ထိုလူများပေါ်၌ စွဲထင်သွားမည်ဖြစ်၏။ထိုသို့ဖြစ်ခဲ့လျှင် ဝမ်လင်းက ထိုလူ
သူ များကို ရှာဖွေတွေ့ရှိနိုင်လိမ့်မည် ဖြစ်သည်။ တို့၏ကျင့်ကြံမှုအဆင့်က မိုးပျံအောင် မမြင့်မားပါက ထို အတားအဆီးခပ်နှိပ်ခံလိုက်ရသည်ကို ရှာတွေ့နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သူ့ စိတ်အာရုံအနှောက်အယှက်များကို ပစ်ချထားလိုက်သည်။ သည့်နောက် သူက ရေနတ်ဆိုးနိုင်ငံသို့ ဦးတည်ပျံသန်းသွား လေသည်။သူက ထိုနိုင်ငံရှိ ဝင်ပေါက်မှ တစ်ဆင့် ဒီလှိုင်း အသူတစ်ရာချောက်ထဲသို့ ဝင်ရောက်ပြီး စီနီယာကျောက်ရီ ကို ရှာဖွေဖို့ အားစိုက်မည် ဖြစ်သည်။
ကျောက်ရီက
သူ့ကျေးဇူးရှင်တစ်ယောက်ဖြစ်၏။
ထို့ကြောင့် ဝမ်လင်းက သူ့ကို ကယ်တင်ပေးရမည်သာ။
စီနီယာကျောက်ရီကို ကယ်တင်ခြင်း အပြင်...ချမ်းသာ ခြင်းဓားလည်း ရှိနေသေးတယ်။ ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းနေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ အတိတ်တုန်းက ဒီလှိုင်းလုံး ဖြစ်တည်ကာ အာကာသ ဟင်းလင်းပြင်ထဲမှ အရာများကို စုပ်ယူသည့် အချိန်အတွင်း သူက ချမ်းသာခြင်းဓား သူ့အား ဖြတ်ကျော်သွားသည်ကို မြင်တွေ့ခဲ့ရပေသည်။ ရေနတ်ဆိုးနိုင်ငံ၏ အနောက်ဘက် ပိုင်းတွင် တိမ်ပင်လယ်လို့ ခေါ်တွင်သည့် နေရာတစ်ခု ရှိလေသည်။ထိုနေရာက တစ်နှစ်ပတ်လည်း တိမ်များနှင့် ဖုံးအုပ်နေသည်။တိမ်ပင်လယ်အတွင်နက်ပိုင်းရှိ မြေကြီး ပေါ်၌ အက်ကွဲကြောင်းကြီး တစ်ခု ရှိလေ၏။ထိုနေရာ
ကတော့ ဒီလှိုင်းအသူတစ်ရာချောက်၏ ဝင်ပေါက်များထဲမှ တစ်ခု ဖြစ်ပေသည်။
အမျိုးသားကျင့်ကြံသူနှစ်ယောက်နှင့် အမျိုးသမီးကျင့်ကြံ သူနှစ်ယောက်တို့သည် တိမ်ပင်လယ်၏ အပြင်ဘက်တွင် မတ်တပ်ရပ်လျက် ရှိနေကြပြီး အတွင်းဘက်သို့ ကြည့်လို့ နေကြ၏။
Comments
Post a Comment