အပိုင်း(132)
ထိုလေးယောက်ထဲမှ အမျိုးသမီးတစ်ယောက်သည် သူမ ဆံပင်ကို ချီနှောင်ထားကာ နားနှစ်ဖက်နား၌ ဆံမြိတ် ချထား၏။သူမက လခြမ်းကွေးသဏ္ဌာန် မျက်ခုံးကို ပိုင်ဆိုင် ထားပြီး သူမ၏ ပုလဲကဲ့သို့ မျက်လုံးလေးများကို ပနံ့တင့် စေသည်။သူမ၏ အလှက နေကြာပန်းလေးတစ်ပွင့်ကဲ့သို့ ပင်။ သူမက ပြိုင်ဘက်ကင်းအောင် မလှပသော်လည်း တော်တော်လေးလှပသည်ဟု ဆိုနိုင်ပေ၏။သူမက အသက် နှစ်ဆယ်လောက်သာ ရှိသည့်ပုံပေါ်သော်လည်း သူမ မျက်လုံးထဲရှိ ဉာဏ်ပညာအရိပ်အမြွက်ကြောင့် ရှိရင်းစွဲ အသက်ထက် ရင့်ကျက်နေသည့်ပုံ ပေါ်နေပေ၏။
ထို အမျိုးသမီးက ခပ်ပွပွအဖြူရောင်ဝတ်စုံကို ဝတ်ဆင် ထားသော်လည်း သူမ၏ ကောက်ကြောင်းနှင့် စွဲဆောင်မှုတို့ ကတော့ ပေါ်လွင်နေဆဲသာ။
ထိုအမျိုးသမီးနှင့် နှိုင်းယှဉ်ပါက အခြားအမျိုးသမီးတစ် ယောက်သည် အနည်းငယ် သာမန်ဆန်နေပေ၏။ သူမက သူ့ဆံနွယ်ရှည်များကို ပုခုံးထက်၌ ချထားကာ သွယ်လျ
သော ခန္ဓာကိုယ်ရှိ၏။သူမက လေတိုက်လျှင့် လွင့်ပါသွား မည့်ပုံပင်။သူမက အပြာရောင်ဝတ်စုံကို ဝင်ဆင်ထားခြင်း ကြောင့် သူမမျက်နှာကို ပို၍ ဖြူရောနေစေ၏။ တောက်ပသော အမျိုးသမီးနှင့် နှိုင်းယှဉ်ပါက သူမက ပို၍ နုနယ်သည့်ပုံပေါ်နေပေသည်။
ထိုအမျိုးသမီးနှစ်ယောက်၏ ဘေး၌ အနီရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ရှိနေ၏။သူက နူးညံစွာ ပြောလာ သည်။ "ငါ့ ဂျူနီယာညီမနှစ်ယောက်..ဒီနေရာက ရေ နတ်ဆိုးနိုင်ငံရဲ့ တိမ်ပင်လယ်တောင်တန်းတွေ ဖြစ်တယ်။ အတိတ်တုန်းက ငါက ဒီနေရာက မတော်တဆ တွေ့ရှိခဲ့ တာ။ မင်းတို့ရဲ့ စီနီယာအကိုက ကောင်းကင်ဘုံနယ်မြေကို မသွားရောက်ခဲ့ရပေမဲ့ ငါ ယုံကြည်ပါတယ်...ဒီတိမ် ကောင်းကင်ပင်လယ်က ကောင်းကင်ဘုံနယ်မြေထက် တောင် သာလိမ့်ဦးမယ်..။အကို မုယုံ… အကိုကော ဘယ်လို ထင်လဲ..."
ထိုလူငယ်က တော်တော်လေး ချောမောသူ တစ်ယောက် ပင်။သူ့တွင် ဂုဏ်မောက်သည့်အငွေ့အသက်အချို့လည်း ရှိလို့နေ၏။
နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် ယောက်ျားသားတစ် ယောက်ကတော့ အေးစက်စွာ ပြောလိုက်၏။ "ကျေနပ် ဖွယ်ရာပါပဲ..." သူက ထိုသို့ ပြန်ဖြေပြီးနောက် စကားဆက် မဆိုတော့ပေ။
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြုံးလိုက်၏။
"စီနီယာအကို ဒူက ဒီတိမ်ပင်လယ်မှာ လာနေထိုင်မှာ မဟုတ်တာတော့ ငါ ယုံကြည်ပါတယ်..."
ရင်သပ်ဖွယ်ရှူမောဖွယ်ကောင်းသော အမျိုးသမီးက သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြုံး၍ ဆိုလာ၏။
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြုံးလိုက်၏။ "ငါ မင်းကို မလိမ်ပါဘူး ဂျူနီယာညီမလေး ကျောက်။ငါက ဒီတိမ် ပင်လယ်ရဲ့ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတစ်ခုကို ရှာ တွေ့ခဲ့တယ်။ ဒါက ကောလဟာလဆိုနေကြတဲ့ ဒီလှိုင်း အသူတစ်ရာချောက်ရဲ့ ဝင်ပေါက် ဖြစ်နေမှာကို စိုးမိပါတယ်
ကျောက်လို့ခေါ်သော အမျိုးသမီး၏ မျက်လုံးထဲ၌ တမ်းတမှု လိုအင်ဆန္ဒတို့နှင့် ပြည့်နေ၏။သူမက စကားဆက်၍ ဆိုဟန် ပြင်လိုက်စဉ်မှာပင် အနက်ရောင် ဝတ်စုံနှင့်လူငယ်က မျက်လုံးဖွင့်လာကာ အကွာအဝေးတစ် ခုသို့ ကြည့်လိုက်၏။
ထိုလူငယ်၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပြောလာသည်။ "တော်တော်စွမ်းအားကောင်းလွန်းတယ်
မိုးကုပ်စက်ဝိုင်းစွန်းမှ အလင်းတန်းတစ်ခု ပေါ်ထွက်လာ ကာ အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် အသွင်သို့ ပြောင်းလဲသွား၏။သည်လူ၏ အသွင်ဟန်ပန်က သာမန်
သာ ဖြစ်ကာ ဘာမှ ထူးထူးခြားခြား ရှိမနေချေ။သူက လေ ထဲ၌ မြောလွင့်နေရင်း သူ့အောက်ရှိ လူလေးယောက်ကို ကြည့်ပင် မကြည့်ချေ။သူက တိမ်ထုများထံသို့သာ အေးစက် စွာ ကြည့်နေရင်း ခြေတစ်လှမ်း လှမ်းလိုက်၏။
"ဒါက သူပဲ..." အနီရောင်ဝတ်စုံနှင့်လူက ထိုလူ့ကို မြင် လိုက်သည့်အခါ တုန်လှုပ်လို့သွား၏။သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်သွားသည်။သူက ထိုလူ၏ ကျင့်ကြံ မှုအဆင့်က အာဏာတက်ခြင်းအစောပိုင်းအဆင့်သို့ ရောက် ရှိနေသည်ကို သတိပြုမိခဲ့ပေသည်။သည့်နောက် သူက ပြုံး၍ လှမ်းပြောလိုက်သည်။ "ဂျူနီယာညီလေးဝမ်... ကျေးဇူးပြု၍ စောင့်ပါဦး..."
ရောက်ရှိလာသည့် ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်သည် ဝမ်လင်းပင်။သူက ရပ်တန့်ကာ ထိုလေးယောက်ထံသို့ လှည့်ကြည့်လိုက်၏။ သူက အမျိုးသမီးနှစ်ယောက်နှင့် အနီ ရောင်ဝတ်စုံလူငယ်တို့ကို ကြည့်လိုက်ခြင်း မဟုတ်ဘဲ အနက်ရောင်ဝတ်စုံနှင့်လူထံသို့သာ ကြည့်လိုက်ခြင်းပင်။
“သူက ငါ့ကို ကီလိုမီတာငါးရာအတွင်းမှာ ထောက်လှမ်း နိုင်စွမ်း ရှိတဲ့အတွက် သူ့ကျင့်ကြံမှုအဆင့်က အားနည်းမှာ မဟုတ်ဘူးလို့ ဆိုလိုနေတယ်။ကြည့်ရတာ သူက အာဏာ တက်ခြင်းအစောပိုင်းအဆင့်ကို ရောက်နေလောက်ပြီ..."
ဝမ်လင်းက သူတို့တစ်ယောက်ချင်းစီကို တည်ငြိမ်စွာ ကြည့်၍ အနီရောင်ဝတ်စုံနှင့်လူငယ် ဘေးသို့ ဆင်းသက်
လိုက်သည်။သူက ထိုလူငယ်နှင့် ရင်းနှီးပြီးသားဖြစ်သည်။ သူက ကောင်းကင်ကံကြမ္မာကလန် အနီရောင်အုပ်စုခွဲ၏ တပည့်တစ်ယောက်ပင် ဖြစ်သည်။
သူတို့လေးယောက်၌ အနက်ရောင်ဝတ်စုံနှင့်လူကလွဲ၍ ကျန်သည့်သုံးယောက်သည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြ၏။သို့ရာတွင် အနီ ရောင်ဝတ်စုံနှင့်လူငယ်ကတော့ အာဏာတက်ခြင်းအဆင့် သို့ ခြေတစ်ဝက် ဝင်ရောက်နေပြီမှာ သိသာပေ၏။သူက အချိန်မရွေး အာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်နေ ပြီ ဖြစ်သည်။သူက အာဏာတက်ခြင်းအဆင့်၏ သေခြင်း ရှင်ခြင်းကံကြမ္မာ စမ်းသပ်ချက်ကို ကြောက်ရွှံ့နေ၍သာ အဆင့်မတက်သေးခြင်း ဖြစ်ပုံရ၏။
အနီရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်၏။ "ဂျူနီယာ ညီ...ငါ့နာမည်က ဒူဂျန်ပါ..."
အနည်းငယ်စဉ်းစားပြီးသည့်နောက် သူက ဝမ်လင်း သည် သူ့နာမည်ကို မသိကြောင်း သဘောပေါက်သွား၏။
ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်၏။ "နှုတ်ဆက်ပါတယ် စီနီယာအကို ဒူ…"
ဒူဂျန်က ပြုံး၍ အနက်ရောင်ဝတ်စုံနှင့်လူထံသို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ "အကိုဝမ်…ဒါက မင် ကလန်က မုယုံကျောက်ပါ။သူတို့နှစ်ယောက်ကတော့ လွင့် မြောတိမ်ကလန်က ကျင့်ကြံသူရောင်းရင်းတွေ ဖြစ်ပါ
မုယုံကျောက်က ဝမ်လင်းကို သေချာကြည့်ရှူလိုက်ပြီး နောက် လက်သီးနှစ်ဖက်စုပ်ဟန်ပြုကာ ပြောလိုက်၏။ "ရောင်းရင်းဝမ်...ငါက မင်ကလန်ရဲ့ လေးဆက်မြောက် မျိုးဆက် တပည့် မုယုံကျောက်ပါ..."
မုယုံကျောက်က စကားဆိုလိုက်ပြီးသည့်နောက် ဒူဂျန်နှင့် အမျိုးသမီးနှစ်ယောက်တို့သည် တုန်လှုပ်မိသွားကြသည်။ သူတို့သုံးယောက်လုံးက မုယုံကျောက် စကားငါးခွန်းထက် ပိုပြောသည်ကို မြင်တွေ့ခဲ့ဖူးကြခြင်း မရှိပေ။ထို့ကြောင့် ယခု သူက ထိုသို့ စကားများ ဆိုလာသည့်အခါ သူတို့က တုန်လှုပ်မိသွားကြခြင်း ဖြစ်၏။
သူတို့က အာဏာတက်ခြင်းအလယ်အဆင့် ကျင့်ကြံသူ နှင့် တွေ့သည့်အချိန်တုန်းကပင် သည်မုယုံကျောက်က ခု လောက်စကားအများကြီး မဆိုခဲ့ပေ။
ခု သူက သူ့ကိုယ်သူပင် စကားများ ပြော၍ မိတ်ဆက်လာ ခဲ့၏။သူတို့သုံးယောက်လုံးက နှစ်ပေါင်းများစွာ ကျင့်ကြံလာ သူများ ဖြစ်သဖြင့် ငဒူများ မဟုတ်ကြပါ။ထို့ကြောင့် သည် ရိုးစင်းသော မိတ်ဆက်စကားကပင် မုယုံကျောက်၏ လေးစားမှုကို ဖော်ပြနေခြင်း ဖြစ်ကြောင်း သိရှိလိုက်ကြ ပေ၏။
လှပသေအမျိုးသမီးကျောက်က ဝမ်လင်းကို ကြည့်ကာ ပြုံး၍ ဆိုလာ၏။ "စီနီယာအကိုဝမ်...ဒီညီမကတော့
ကျောက် ရွှမ်ပါ။ ဒါကတော့ ငါ့ဂျူနီယာညီမလေး ရှုဖေးပါ
"ရှုဖေး..." သည်နာမည်က ဝမ်လင်းကို အတိတ်က မှတ်ဉာဏ်အချို့ကို ပြန်တွေးမိသွားစေသည်။သူက ထို အားနည်းဟန် ရသော အမျိုးသမီးထံသို့ ကြည့်လိုက်၏။ ရှု ဖေးက ဝမ်လင်းကို ဦးညွတ်ကာ နူးညံစွာ ပြောလာ၏။ "ရှု ဖေးက စီနီယာအကိုဝမ်ကို နှုတ်ဆက်ပါတယ်..."
ဒူဂျန်က ဝမ်လင်းကို ကြည့်၍ ပြုံး၍ ဆိုလာသည်။
လား" "ဂျူနီယာညီကိုဝမ်က ဂျူနီယာညီမလေး ရှုကို သိလို့
ဝမ်လင်းက ခေါင်းယမ်း၍ ပြောလိုက်၏။ "ငါ သူ့ကို မသိပါဘူး။သူမက ငါ့ ငယ်ဘဝတုန်းက ကလန်တစ်ခုတည်းရဲ့ ဂျူနီယာညီမနာမည်နဲ့ တူနေရုံပါ..."
ဒူဂျန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။သည့်နောက် သူက ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။
“ဂျူနီယာညီကို ဝမ်...မင်းက ဒီလှိုင်းအသူတစ်ရာ ချောက်အတွက် ဒီနေရာကို ရောက်လာခဲ့တာလား..."
သူက ကွေ့ပတ်မနေဘဲ တည့်မေးလိုက်လေ၏။
ဝမ်လင်းအသွင်ကလည်း ပုံမှန်ပင်။သူက ခေါင်းညိတ် ကာ ပြောလိုက်၏။ "အဟုတ်ဘဲ..."
ဒူဂျန်မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။သူက ပြော လိုက်သည်။ ဂျူနီယာညီကို ဝမ်...ဒီ ဒီလှိုင်းအသူတစ်ရာ
ချောက်က အရမ်းအန္တရာယ်များတယ်။ မင်းက အာဏာ တက်ခြင်းအစောပိုင်းအဆင့် ဖြစ်နေရင်တောင် ဒါက တော်တော်လေး ခက်ခဲစေလိမ့်မယ်။ငါတို့လေးယောက်က လည်း အဲ့ချောက်ထဲကို သွားကြမလို့။ငါတိုနဲ့ အတူသွားရင် ရော။ အနည်းဆုံးတော့ ငါတို့တစ်ယောက်နဲ့တစ်ယောက် အကူအညီပေးလို့ ရတာပေါ့လေ……"
ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။သူက သည် ဒီလှိုင်းအသူတစ်ရာချောက်၏ အန္တရာယ်များကို သိထားခဲ့ ပေသည်။သူက သည်နေရာသို့ မလာခင် ရှေးဟောင်း နတ်ဆိုးပေလော သူ့ကို ပေးခဲ့သော သလင်းကျောက်ကို အသုံးပြု၍ သည်ချောက်အတွင်းဘက်ကို စစ်ဆေးကြည့်ခဲ့ ပေသည်။သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သည်ချောက် ထဲ၌ အန္တရာယ်များသည့် အချို့နေရာများ ရှိနေပေ၏။
ခုတော့ သည်လေးယောက်ထဲ၌ မုယုံကျိုးသာ မပါဝင်ပါက သူက ချက်ခြင်း ငြင်းဆိုလိုက်ပေမည်။သို့သော် အခြေအနေက မတူတော့ပေ။မုယုံကျိုးက အာဏာတက် ခြင်းအစောပိုင်းအဆင့်သာ ဖြစ်သော်လည်း သူ့တည်ရှိမှုကို ကီလိုမီတာငါးရာအကွာကနေ ထောက်လှမ်းနိုင်ခဲ့သည် မဟုတ်လား။ထို့ကြောင့် သူ့တွင် စွမ်းရည်အချို့ ရှိနေပေ လိမ့်မည်။
ဝမ်လင်းက ပြုံး၍ ဆိုလိုက်၏။ "ဒါဆို အကောင်းဆုံး ပေါ့...
ဒူဂျန်၏မျက်နှာက အပြုံးများနှင့် ပြည့်သွား၏။သို့သော် သူ့စိတ်ထဲတွင်တော့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူက သည်လောက်အချိန်အတိုင်းအတာအတွင်း ဝမ်လင်း အာဏာတက်ခြင်းအဆင့်သို့ ရောက်သွားသည်ကို မနာလို ဖြစ်နေခြင်းပင်။
အရင်တုန်းက သည်ဝမ်လင်းသည် စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အလယ်အဆင့်တွင်သာ ရှိသေးကြောင်း သူ ကောင်းကောင်းမှတ်မိနေပါသေး၏။သို့ရာတွင် သည် ရာစုနှစ်တစ်ခုစာလောက် အတွင်း ဝမ်လင်းက အာဏာ တက်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။
မြန်ဆန်နေတဲ့ "ကျင့်ကြံခြင်းဂြိုဟ်အစုတ်အပဲ့က လာတဲ့ တောသားက ဒီလိုမျိုး ကျင့်ကြံမှုအဆင့်တက်တာ အကြောင်းရင်း တစ်ခုတော့ ရှိရမယ်။ သူက ဒီအာဏာ တက်ခြင်းအဆင့်ကို ရောက်ဖို့ သေခြင်းရှင်ခြင်း စမ်းသပ် ချက်ကို ဖြတ်ကျော်ရမှာပဲ၊ ဒီကိစ္စက အဲ့လောက် ရိုးရှင်းမ နေမှာ ငါစိုးရိမ်မိတယ်။ ဒါ့အပြင် သူက နောက်နှစ်လေးရာ ကြာလို့ ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ထွက်ခွာသွားတဲ့ အခါကျရင် သူ့အဆင့်အတန်းကလည်း မြင့်မားလာမှာပဲ။ ဒီ လိုဖြစ်လာရင် ခရမ်းရောင်အုပ်စုခွဲရဲ့ အဆင့်အတန်းက လည်း ချက်ခြင်း မြင့်တက်လာလိမ့်မယ်..."
ဒူဂျန်၏ စိတ်ထဲ၌ မလိုတမာစိတ်တို့ ဖြစ်ပေါ်နေ၏။ သို့သော် သူက မျက်နှာပေါ်တွင်တော့ ထိုစိတ်ဆန္ဒကို တစ်စွန်းတစ်စပင် မထုတ်ဖော်ပေ။သူက ဝမ်လင်းကို
ကြင်နာတက်သော စီနီယာအကိုတစ်ယောက်ကဲ့သိုသာ
ပြုမူနေပေ၏။
သို့ရာတွင် သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် အန္တရာယ် အထပ်ထပ်ကို တွေ့ကြုံ ကျော်ဖြတ်ခဲ့ဖူးသော ဝမ်လင်းနှင့် ရင်ဆိုင်နေရခြင်းသာ။ထို့အတွက်ကြောင့်မလို့ ဝမ်လင်းက အလွန်အမင်း အကင်းပါးကာ ဉာဏ်ကြွယ်နေခဲ့လေပြီ။
ထို့ကြောင့် ဝမ်လင်းသည် ဒူဂျန်စိတ်ထဲတွင် တွေးထင်နေ သလို တောသားဆိုသည့် ပုံရိပ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေ ပေ၏။
ဒူဂျန်၏ဘဝအတွေ့အကြုံများက ဝမ်လင်းနှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
သူတို့ ငါးယောက်အုပ်စုက စကားဆက်၍ မဆိုကြတော့ ဘဲ တိမ်ပင်လယ်တောင်တန်းများထံသို့ ဦးတည်ပျံသန်း သွားကြတော့၏။
သည်ဧရိယာက တိမ်ထုများနှင့် ပြည့်နှက်နေကာ ပုံရိပ် ယောင်တောင်တန်း၊ပင်လယ်များကို ပေးစွမ်းလို့နေ၏။ သည်မြင်ကွင်းက ထူးဆန်းအံ့ချီးဖွယ်အလှကို ဖြစ်ပေါ်စေ ပေသည်။
ကျောက်ရီရွှမ်က သူမ၏ လှပသောမျက်လုံးများဖြင့် သူမ ရှေ့ရှိ ဝမ်လင်းကို မလွတ်တမ်း ကြည့်လို့နေ၏။သူမက သူ့ ရှေ့ရှိ ယောက်ျားသားကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။နတ်ဆိုး စိတ်ဝိညာဉ်ကုန်းမြေ၌ သူမက များစွာသော နတ်ဆိုး
ဗိုလ်ချုပ်များ၏ နှလုံးသားကိုပင် ဖြတ်မြင်နိုင်စွမ်း ရှိခဲ့သူ ဖြစ်၏။လွန်ခဲ့သောနှစ်တစ်ရာအတွင်း သူမဖြတ်မြင်နိုင်စွမ်း မရှိခဲ့သော လူက နှစ်ယောက်နှင့်တစ်ပိုင်းသာ ရှိခဲ့ပေသည်။
သူမရှေ့ရှိ ဝမ်လင်းက တိမ်လွှာများကြားကို ထွင်းဖောက် သွားနေရင်း ပို၍ မှုန်ဝါးသွားခဲ့လေ၏။ကျောက်ရီရွ မ်၏မျက်လုံးများက ထိုတိမ်လွှာများ၏ ပိတ်ဆို့ခြင်းကို ခံ လိုက်ရကာ သူမက ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်စွမ်းမရှိဖြစ်ရ၏။
သူမ ဖြတ်မြင်နိုင်စွမ်း မရှိသည့် ပထမဆုံးလူက တာ့ လော့ဓားကလန်မှ ချန်လုံပင် ဖြစ်၏။သူမက သူ့နားသို့ တိုး ကပ်ကြည့်ရန် ကြံလိုက်တိုင်း ချန်လုံကို ဝန်းရံထားသော မြူ လွှာတစ်ခုက ဓားအသွင်ပြောင်း၍ သူမ၏ ကျူးကျော်လာမှု ကို တားဆီးပစ်တက်၏။
နောက် တစ်ချို့တစ်လေ သူမ ဖြတ်မြင်နိုင်စွမ်း ရှိသည့်သူ က မုယုံကျိုးပင်။ကျောက်ရီရွှမ်၏ အကြည့်က မုယုံကျိုး အပေါ်၌ ဖြတ်သန်းသွား၏။
သည်မုယုံကျိုးက တစ်ခါတစ်ရံ ထွင်းဖောက်မြင်ရ လောက်အောင် ကြည်လင်နေတက်၏။သို့သော် အခြား အချိန်များဆိုလျှင် သူက ပိန်းပိတ်အောင်နက်မှောင်သည် ရေပြင်အလား။သည့်အတွက်ကြောင့် သူမက မုယုံကျိုး၏ အတွေးများကို ဖြတ်မြင်နိုင်စွမ်း ရှိဖို့ ခက်ခဲရပေ၏။
နောက်ဆုံး သူမ ဖြတ်မြင်နိုင်စွမ်း မရှိသည့်သူက ခုမှ
ရုတ်တရက် ပေါ်လာသော ဝမ်လင်းပင် ဖြစ်ချေ၏။ကျောက် ရီရွှမ်၏ အမြင်၌ ဝမ်လင်းသည် ပိုမို၍ပင် ထူးဆန်းနေ သေး၏။သူ့တွင် ချန်လုံကဲ့သို့ မြူလွှာ သို့မဟုတ် မုယုံကျိုးကဲ့ သို အဆက်မပြတ်ပြောင်းလဲနေမှုတို့လည်း ရှိမနေခဲ့ပေ။ထို အစား သူက သူ့ကိုယ်ပိုင်ခွန်အားဖြင့် သူ့စိတ်ကို ပိတ်ဆို့ ထားနိုင်ခြင်း ဖြစ်နေသည်။
သူ့အတွက် မြူ သို့မဟုတ် ပုံရိပ်ယောင်များပင် မလိုအပ် ချေ။သူက သူ့နှလုံးသားကို ပိတ်ဆို့ထားရန်သာ လိုအပ် သည်။
ကျောက်ရီရွှမ်၏ မျက်လုံးများက ထူးဆန်းသောအလင်း တစ်ခု ထွက်ပေါ်လာသည်။သည်အခိုက်အတန့်၌ ဝမ်လင်း က နောက်သို့ ရုတ်တရက် လှည့်ကြည့်လာ၏။
သူ့အကြည့်က ထက်ရှသောဓားတစ်လက်အလား ကျောက်ရီရွှမ်၏စိတ်ထဲကို ထွင်းဖောက်ဝင်လာသည်။
"ဒီအကြည့်က သတိပေးတာလား။ ဒီဝမ်လင်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်။တာ့လော့ဓား ကလန်က ချန်လုံတောင် ငါ့ မန္တာန်ကို သေချာထုတ်ဖော်မှ သတိပြုမိနိုင်ရုံပဲ ရှိတယ်။ မုယုံကျိုးဆိုရင် ငါ့မန္တာန်ရဲ့ အရိပ်အမြွက်လောက်ကိုပဲ ရှာတွေ့နိုင်တယ်။ ဒါပေမဲ့ ဒီဝမ် လင်းကတော့ ငါ လှုပ်ရှားမှုတစ်ခု ပြုလိုက်တာနဲ့ ပုံမှန် မဟုတ်တဲ့ အရာတစ်ခုခုကို ချက်ခြင်း သတိထားမိသွား တယ်..."
ကျောက်ရီရွမ်၏ မျက်လုံးများထဲ၌ စိတ်ဝင်စားမှုဟန်ပန် များ ပေါ်ထွက်လာ၏။
ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ် သွားကာ အေးစက်စွာ ပြုံးလိုက်၏။
"ဒီလေးယောက်က စိတ်ဝင်စားစရာပဲ။သူတို့က ကိုယ့် အကြံအစည်နဲ့ကိုယ် ရှိနေကြာတာကို...ပြီးတော့ သူတို့ရဲ့ မန္တာန်တွေကလည်း အားနည်း မနေဘူး။ဒါပေမဲ့လည်း သူ တို့လေးယောက်ထဲမှာ ရှုလို့ခေါ်တဲ့ အမျိုးသမီးကိုတော့ ငါ လျှော့တွက်လို့ မဖြစ်ဘူး။သူမက ငါ့ကို ထူးဆန်းတဲ့ ခံစား ချက်ကို ပေးစွမ်းနေတယ်..."
သူတို့ငါးယောက်လုံးက တိမ်များကို မြန်ဆန်စွာ ဖြတ်သန်းသွားနေကြသည်။သိပ်မကြာခင်တွင် သူ့တို့ရှေ့၌ နက်ရှိုင်းသောလျှိုကြီးတစ်ခု ပေါ်လာခဲ့၏။
သည်လျှိုက အလွန်ကျယ်ပြောလှကာ ပေတစ်ရာကျော် ပင် ရှိပေလိမ့်မည်။၎င်း၏ အလျားကတော့ ပေတစ်သောင်း ကျော်လောက် ရှိနေကာ တိမ်ထုထဲထိ ချဲ့ထွင်လို့နေသည်။ သည်လျှိုမြောင်က မြေကြီးပေါ်တွင် ပုန်းအောင်းနေသည့် ပါးစပ်ကြီးတစ်ခုနှင့်ပင် ဆင်တူနေသေး၏။သို့သော် သည် လျှိုမြောင်က မန္တာန်တစ်ခုနှင့် ဖန်တီးထားသကဲ့သို့ ထင်မှတ်ရလေသည်။
သည်အင်းဆက်များက သူတို့၏ အရောင်ကိုလည်း ပြောင်းလဲနိုင်ကြသည်။သူတို့က တိမ်ထုအသွင် ဖြစ်ပေါ် သည့်အခါ အစစ်အမှန်တိမ်ထုနှင့် ခွဲ၍ မလွဲတော့ပေ။လူ တစ်ယောက်က သည်တိမ်ထုနှင့် အငူစွန်းကြား ကွာခြားမှု ကို မျက်စိအမြင်သပ်သပ်ဖြင့် ပြောနိုင်လိမ့်မည် မဟုတ်ပေ။
လူအများစုက ပြာဝေသွားကာ ထိုအင်းဆက်တိမ်ထုက ထို သူများကို ခုန်အုပ်ပြီးသား ဖြစ်သွားပေလိမ့်မည်။
သည်အင်းဆက်များ ပေါ်လာသည်နှင့် ၎င်းတို့က အုပ်စု ငါးခု ခွဲကာ လူတိုင်းထံသို့ တိုးဝင်လာကြသည်။
ဒူဂျန်၏အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူ့မျက်နှာ က အလွန်ဖြူရောသွားသည်။သူက သည်အင်းဆက်များ၏ စွမ်းအားကို မျက်မြင်တွေ့ဖူးပြီးသား ဖြစ်သည်။
သည်အခိုက်အတန့်၌ သူက သိုလှောင်အိတ်ထဲမှ ရှေ့ဖြစ် ဟောသူ သူ့အား ပေးထားသော အသက်ကယ်ကျောက်စိမ်း ပြားကို ထုတ်ယူလိုက်၏။ယင်းကျောက်စိမ်းပြားက သုံး ကြိမ်သာ အသုံးပြုနိုင်ပေသည်။သူက တစ်ကြိမ်အသုံးပြုမိခဲ့
ပြီးဖြစ်ကာ ခုချိန်တွင် နှစ်ကြိမ်သာ အသုံးပြုနိုင်တော့သည်။ သည်ကျောက်စိမ်းပြားက သက်တံရောင်ကို ပေးစွမ်းလာ ကာ ဒူဂျန်ကို ချက်ခြင်း လွှမ်းခြုံပေးသွား၏။သည်သက်တံ ပေါ်လာသည်နှင့် အင်းဆင်များအားလုံးက ပြန့်ကျဲသွားရ မည့်အစား အတူစုဖွဲ့သွားကြ၏။သူတို့က ဒူဂျန် ပတ်လည်ရှိသက်တံအလင်းကို ဝန်းရံလိုက်သည်။သည့်နောက် သက်တံ ထံမှ တကျွတ်ကျွတ်အသံများ ထွက်ပေါ်လာတော့သည်။
ထိုအသံက ဒူဂျန်၏ ဦးရေပြားကိုပင် ထုံထိုင်းသွားစေ ခဲ့၏။သူက ချက်ခြင်း လှမ်းအော်လိုက်သည်။ "ငါ့ကို ကယ်ပါ...အစ်ကိုမုယုံ ငါ့ကို ကယ်တင်ပေးပါ..."
မုယုံကျိုးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် သူ့ညာ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ရှေ့သို့ ဖိချ လိုက်သည်။သူ့ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များသည် လှည့်ပတ်လာ၏။သည့်နောက် အနက်ရောင်အခိုးငွေ့နှင့်ပြုလုပ်ထားသော လက်ဝါးရာတစ် ခု ပေါ်ထွက်လာသည်။သူ့လက်က ရှေ့သို့ ဖိချလိုက်သည်နှင့် ထိုအနက်ရောင်လက်ဝါးရာက အင်းဆက်များ ဝန်းရံထား သော ဒူဂျန်ထံသို့ ဦးတည်သွားတော့သည်။
ထိုအနက်ရောင်လက်ဝါးရာက အင်းဆက်များနှင့် ဒူဂျန် ကိုပါ ဖြတ်သန်းသွားရာ ကျယ်လောင်သောအသံတစ်ခု ဖြစ် ပေါ်သွားသည်။သည်လက်ဝါးရာက အရာအားလုံးကို ဖြတ် ကျော်၍ ဒူဂျန်နောက်ရှိ နံရံပေါ်မှ အာသို့ ကျရောက်သွား
လေသည်။
သည်ထူးဆန်းသော မြင်ကွင်းကြောင့် မုယုံကျိုး၏အသွင် က ရုတ်တရက် နက်မှောင်လို့သွား၏။သူက ရုပ်စိုးသော ဟန်ပန်ဖြင့် သည်အင်းဆင်များကို စူးစိုက် ကြည့်လိုက် သည်။
ကျောက်ရီရွမ်ကတော့ ထိုအင်းဆက်များကို လေးနက်စွာ ကြည့်လိုက်၏။ရှုဖေး၏ မျက်လုံးထဲ၌ တွက်ချက်ကြည့်နေ သည့် အရိပ်အယောင်တို ထွက်ပေါ်လာသည်။သို့သော် သည်အရိပ်အယောင်က ချက်ခြင်းလိုလို ပြန်ပျောက်ကွယ် သွားလေ၏။အကြောင်းကတော့ ထိုအခိုက်အတန့်၌ ဝမ် လင်းအကြည့်က သူမထံသို့ ကျရောက်လာသောကြောင့် ပင်။
သည်အရာများအားလုံးက အချိန်တိုအတွင်း ဖြစ်ပျက် သွားခြင်းပင်။ဝမ်လင်းက ထိုအင်းဆက်များ မုယုံ ကျိုး၏မန္တာန်ကို လစ်လျူရှုထားသည်ကို တွေ့မြင်လိုက်ရ သည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေသည်။
မုယုံကျိုးက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ သည့်နောက် သူက ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက် သည်။သူက မန္တာန်များ တစ်ခုပြီးတစ်ခု အသုံးပြုကာ ထို အင်းဆက်များအား အမျိုးမျိုး တိုက်ခိုက်လိုက်ခြင်းပင်။ သို့ရာတွင် သည်တိုက်ခိုက်မှုအားလုံးက အင်းဆက်များကို ဖြတ်ကျော်သွားပေသည်။
ဆက်တိုက်ထွက်ပေါ်လာပြီး တကျွတ်ကျွတ်အသံများက ဒူဂျန်ပတ်လည်ရှိ သက်တံအလင်းသည် မြန်ဆန်စွာ မှိန် ဖျော့လာသည်။
ဒူဂျန်က မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကို တွေ့ရှိသွားကာ သူ့စိတ်က ရုတ်တရက် ရှင်းလင်းလာသည်။သူက ဝမ်လင်းထံသို့ လှမ်းကြည့်ကာ စိုးရိမ်တကြီး လှမ်းအော် လိုက်သည်။ "ဝမ်လင်း..ငါက ဆရာရဲ့ လျှို့ဝှက်ချက်အချို့ကို သိထားတယ်။ မင်း ငါ့ကို ကယ်မယ်ဆိုရင် ငါ မင်းကို အကုန်ပြောပြပါ့မယ်..."
ဝမ်လင်းက ဒူဂျန်ကို လုံးဝလစ်လျူရှုထားကာ အင်းဆက် များကိုသာ ကြည့်နေ၏။သည်အင်းဆက်များက အလွန်တရာ ထူးဆန်းနေသည်။ပထမ၌ သူတို့က လူတိုင်း ကို တိုက်ခိုက်ရန် ဖြန့်ကျက်ခဲ့သည်။သို့သော် သူတို့က ဒူဂျန် ထံမှ သက်တံအလင်းကို တွေ့မြင်လိုက်သည့်အခါ ချက်ခြင်း ပင် ပြန်စုစည်းသွားကြလေ၏။
ကျောက် ရွှမ်က သူမ ဆံပင်ကို သပ်ကာ ပြောလာ၏။ "ဒီအင်းဆက်တွေက စီနီယာအစ်ကို ဒူကို ဝါးမြိုပြီးသွားရင် ငါတို့အလှည့် ရောက်လာလိမ့်မယ်။ငါတို့က ခုထွက်မသွား ဘူးဆိုရင် နောက်ထပ် အခွင့်အရေး မရတော့မှ စိုးရိမ်မိတယ်
သည်အခိုက်အတန့်၌ ဒူဂျန်ပတ်လည်ရှိ သက်တံအလင်း က ရုတ်တရက် ပျက်စီးသွားသည်။သူ့စိတ်က တုန်ယင်သွားကာ
ချက်ခြင်းပင် သူ့အသက်ကယ်ရတနာကို နောက်ဆုံး အကြိမ် အသုံးပြုလိုက်ရာ ကျောက်စိမ်းပြားက ကွဲကြေသွား တော့သည်။
သို့ရာတွင် တကျွတ်ကျွတ်မည်သံများက ဒူဂျန်၏ နှလုံးကို မြန်ဆန်စွာ ခုန်ပေါက်စေလေသည်။
ဒူဂျန်က အံတင်းတင်းကြိတ်ကာ သူ့စိတ်နှလုံးသားထဲရှိအကြီးမားဆုံးလျှို့ဝှက်ချက်တစ်ခုကို ပြောပြလိုက်သည်။ "ဝမ်လင်း...ငါက မင်းတို့ခရမ်းရောင်အုပ်စုခွဲရဲ့ လျှို့ဝှက် ချက်အကြောင်း သိထားတယ်။ငါက စွန်ယွမ် ဆရာ့ကို ဘာ ကြောင့် သစ္စာဖောက်ခဲ့တာကိုလည်း သိထားတယ်။ မင်း သာ ငါ့ကို ကယ်တင်ပေးရင် ငါ မင်းကို အကုန်ပြောပြ မယ်..
ဝမ်လင်းအသွင်က မပြောင်းလဲသွားချေ။သူက ဒူဂျန် ထံသို့ ကြည့်လိုက်၏။ သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက် ရာ အလွန်အမင်းတောက်ပသော ရွှေရောင်အလင်းက သူ့ လက်ထဲ၌ ချက်ခြင်း ပေါ်ထွက်လာ၏။သည်ရွှေရောင် အလင်းက လှိုဏ်ဂူထဲမှ သင်္ကေတဆယ့်တစ်ခုမှ တစ်ခု ဖြစ် လေသည်။
သည်ရွှေရောင်က နေတစ်စင်းအလား ထွန်းလင်း တောက်ပနေသည်။သည်မှောင်မဲနေသော ဧရိယာပင် လင်း ထိန်လို့သွား၏။ဒူဂျန်ပတ်လည်ရှိ အင်းဆက်များက တဝီဝီ အော်၍ ဝမ်လင်းလက်ထဲရှိ ရွှေရောင်သင်္ကေတထံသို
တိုးဝင်လာကြသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူ့ တွေးထင် ထားမှုက မှန်ကန်နေပေသည်။သည်အင်းဆက်များက အလင်းနှင့်ပတ်သတ်၍ လွန်စွာ တောင့်တလွန်းနေ၏။ တိတိကျကျဆိုပါက ယင်းတို့က အလင်းကို စားသောက်ကြ ခြင်းပင် ဖြစ်လေ၏။
ဝမ်လင်းက နောက်သို့ ခြေလှမ်းများစွာ ဆုတ်ကာ သူ့ သိုလှောင်အိတ်ထဲမှ စုတ်တံကို ထုတ်ယူလိုက်သည်။ သည့်နောက် သူ့လက်ကို တစ်ချက် ဝှေ့ခါလိုက်ရာ များစွာ သော ရွှေရောင်သင်္ကေတများ ပေါ်ထွက်လာ၏။သည် အင်းမဆက်များက အုပ်စုများး ကွဲထွက်သွားပြီး သင်္ကေတတစ်ခုချင်းစီကို ဝန်းရံသွားပြီး စတင် ဝါးမြိုကျ တော့သည်။
ဝမ်လင်းညာလက်က ဆက်လက် လှုပ်ရှားနေရာ သင်္ကေတများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
တကယ်တော့ သည်အင်းဆက်များက အရမ်းများပြား ခြင်း မရှိဘဲ ရာဂဏန်းလောက်သာ ရှိပေ၏။သို့ရာတွင် သူ တို့က လက်သည်းအရွယ်နှင့် ပုံရိပ်ယောင်အသွင်အပြင်တို့ ပိုင်ဆိုင်ထားသဖြင့် ထောင်ချီရှိနေသည်ဟု ထင်ရခြင်းသာ။ သည်အင်းဆင်များက သင်္ကေတဆယ်ခုကျော်ကို ဝန်းရံကာ စတင်ဝါးမြိုကြတော့သည်။
သည်မြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေ၏။
အထူးသဖြင့် အမျိုးသမီးနှစ်ယောက်ကိုပင်။ ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီးနှစ်ယောက်က တူညီသောအသွင် ဖြစ်ပေါ်သွားကြသည်။ထိုအသွင်ကတော့ တုန်လှုပ်မှုပင် ဖြစ်၏။
သူတို့နှစ်ယောက်က ဝမ်လင်းကို တုန်လှုပ်မှင်သက်စွာ ကြည့်လိုက်မိကြ၏။နောက်ဆုံးတွင် ဝမ်လင်းက သည် အမျိုးသမီးနှစ်ယောက်ထံမှ ထူးဆန်းသောခံစားချက် ဘာ ကြောင့်ရနေသည်ကို နားလည်သွားခဲ့လေပြီ။သို့ရာတွင် သူက သည်ကိစ္စနှင့်ပတ်သတ်၍ ကိုင်တွယ်ရန် အချိန်မရှိသေးပေ။သူက ချက်ခြင်းပင် ရှေ့သို့ တိုးလိုက်ကာ ဒူဂျန် ဘေးနားသို့ ရောက်သွားပြီး လက်ဆန့်ထုတ်လိုက်၏။
တကယ်တော့ ဒူဂျန်က ရှေ့ဖြစ်ဟောသူ၏ တပည့်ဖြစ်ပြီး သူက အနီရောင်အုပ်စုခွဲ၏ ခုနစ်ယောက်မြောက် တပည့် ဖြစ်သူပင်။သူက အာဏာတက်ခြင်းအဆင့်ကို မရောက် သေးသော်လည်း သူ့မန္တာန်များကတော့ အံ့အားသင့်ဖွယ် ကောင်းနေဆဲသာ။သည်သေရေးရှင်ရေး အချိန်၌ သူက သူ့ လျှာကို ကိုက်ကာ သူ့မူလစိတ်ဝိညာဉ်သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်လေ၏။
သည်သွေးက လေထဲ၌ မြောလွင့်သွားကာ စက်ဝန်းငယ် လေးများကို ဖြစ်စေ၏။ဝမ်လင်း၏ ကျင့်ကြံမှုဖြင့်ပင် သူက ယင်းစက်ဝန်းများကို ထိမိသည်နှင့် သူ့ခန္ဓာကိုယ်ပေါ်တွင် အပေါက်များ ဖြစ်သွားနိုင်ပေသည်။
ဝမ်လင်းမျက်လုံးများက ပိုမိုအေးစက်လာသည်။ဒူဂျန် ထွေးထုတ်လိုက်သော သွေးများကို သူက အင်္ကျီလက်အိုး ဖြင့် ဘေးတစ်ဖက်သို့ ယမ်းခါလိုက်သည်။သည်မန္တာန်များ က မူလသွေးအဆီအနှစ်ကို အသုံးပြုခြင်းဖြစ်ကာ ရှုပ်ထွေး လှခြင်း မရှိပေ။ကျင့်ကြံသူတိုင်း ထိုသို့ အသုံးပြုနိုင်စွမ်း ရှိပေ၏။သို့ရာတွင် သည်လိုမန္တာန်များက အသုံးပြုသူကို လည်း ဒဏ်ရာရစေနိုင်၏။
ဒူဂျန်က သည်အခွင့်အရေးကို အသုံးပြုပြီး ချက်ခြင်း နောက်ဆုတ်သွား၏။သူက သိုလှောင်အိတ်ထဲမှာ ပိုးမွှား အပိုင်းအစများကို ထုတ်ယူလိုက်သည်။
ဆယ်စုနှစ်များစွာသုံး၍ သည်အနက်ရောင်ပိုးမွှားက ရုပ်စိုးလှသော်လည်း သူက အညစ်အကြေးသွေးသားဖြစ် အောင် သန့်စင်မွန်းမံထားရခြင်းဖြစ်သည်။၎င်း၏ သေး ငယ်သောအစိတ်အပိုင်းတစ်ခု စွန်းထင်းထိမှန်သွားရင်ပင် ကျင့်ကြံသူတစ်ယောက်သည် ထိုအညစ်အကြေးများဖြင့် ချက်ခြင်း ဖုံးလွှမ်းခံလိုက်ရမည် ဖြစ်သည။သည်အရာက အလွန်အမင်း ကြမ်းကြုတ်ရက်စက်သော ရတနာတစ်ခု ဖြစ်၏။
သည်အခိုက်အတန့်၌ ဒူဂျန်က အံတင်းတင်းကြိတ်ကာ ၎င်းတို့အားလုံးကို လေထဲသို့ ပစ်လွှတ်လိုက်၏။သည် အညစ်အကြေးပိုးမွှားများက လေထဲ၌ အားလုံးပေါက်ကွဲ ထွက်ကုန်ကာ အညစ်အကြေးထုကြီးတစ်ခု အဖြစ် ပြောင်းလဲပြီး ဝမ်လင်းထံသို့ တိုးဝင်လို့သွားသည်။
ဝမ်လင်းမျက်လုံးများက ပို၍ အေးစက်လာသည်။သူက ရှေ့သို့ ဆက်တိုးသွားရင် သူ့လက်ကို ထိုအညစ်အကြေးထု ထံသို့ ညွှန်လိုက်ရာ တစ္ဆေလောကမြစ် ထွက်ပေါ်လာ လေ၏။တစ္ဆေလောကမြစ်က သည်အညစ်အကြေး သွေးသားများအားလုံးကို သိမ်းကြုံး လွှမ်းခြုံသွားသည်။
တစ္ဆေလောကမြစ်က သည်ကမ္ဘာတွင် အညစ်အကြေး အဖြစ်ဆုံးဟု ဆို၍ရ၏။အညစ်အကြေးပိုးမွှားများက တစ္ဆေ လောကမြစ်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ၎င်းတို့ က ထိုမြစ်ကို အားနည်းသွားအောင် မလုပ်နိုင်သည့်အပြင် ပို၍ပင် သန်မာသွားစေ၏။
ဒူဂျန်က
သန်မာလှသူဟု ရတနာက သူ့ကို တစ်ခါမှ ရှုံးနိမ့်ခြင်းမရှိအောင် ပြုလုပ်ပေး ခဲ့သည်သာ။သို့ရာတွင် သူက ခုကိုယ်ပိုင်တာအိုပိုင်ဆိုင်ထား သည့် ဝမ်လင်းလိုလူမျိုးနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူသာ နှလုံးသားအဟန့်အတားကို ချိုးဖျက်ပြီး အာဏာတက်ခြင်း အဆင့်သို့ မဝင်ရောက်ပါကာ ဝမ်လင်းကို ရင်ဆိုင်ရန် အရည်အချင်း ပြည့်မှီနိုင်မည် မဟုတ်ပေ။ သူနှင့်ကျင့်ကြံခြင်းအဆင့်တူများကြားတွင် ပြော၍ရ၏။သည်အညစ်အကြေးပိုးမွှား
ဝမ်လင်းလက်က လျှပ်စီးတန်းအလား လှုပ်ရှားသွားပြီး ဒူဂျန်ကို ဖမ်းဆုပ်လိုက်၏။သူက မည့်သည့်မေးခွန်းမှ မေးမ နေတော့ဘဲ ဒူဂျန်၏မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်နှင့် ချက်ခြင်း ဖြတ်တောက်ပစ်လိုက်သည်။သည့်နောက် သိုလှောင်အိတ်ကြရှိ အတားအဆီးအလံကို ထုတ်ယူသည်။
လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော အတားအဆီးများ ပျံသန်းထွက်လာပြီးနောက် ယောင်ရှင်းရွှ ယ်ကို ပိတ်လှောင်ထားသလိုမျိုး အတားအဆီးစက်ဝန်းတစ် ခု ဖြစ်ပေါ်သွား၏။သည့်နောက် ဝမ်လင်းကို ၎င်း အတားအဆီးစက်ဝန်းကို သူ့သိုလှောင်အိတ်ထဲသို့ ပစ်ထည့် လိုက်လေသည်။
ဝမ်လင်းက သည်အရာများအားလုံးကို မြန်ဆန် သေသပ် စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။မုယုံကျိုးက တစ်ခုခုပြောလို လျှင်ပင် နောက်ကျသွားခဲ့ချေပြီ။
ဝမ်လင်းက ပြန်လှည့်၍ သူ့လက်ထဲရှိ စုတ်တံကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတများက သူ့ထံသို့ ပျံသန်းလာကြ သည်။ထိုအင်းဆက်များက အရာအားလုံးကို လစ်လျူရှုကာ ရွှေရောင်အလင်းကို ဝါးမြိုရန်သာ အဓိက ဖြစ်နေသည်။
သို့ရာတွင် သည်ရွှေရောင်အလင်းများက အကန့်အသတ် မရှိသည့်ပုံပင်။သူတို့ ဘယ်လောက်ပင် ဝါးမြိုပါစေ ၎င်း အလင်းက မှေးမှိန်သွားခြင်း မရှိ။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူ့ဘယ် လက်လက်ညှိုးကို ရှေ့သို့ ညွှန်၏။မရဏလက်ချောင်းက ထိုးတက်သွားပြီး ရွှေရောင်အလင်းသင်္ကေတကို တိုက်ရိုက် ဖြတ်သန်းသွားသည်။
သည်မန္တာန်မြင်ကွင်းက သင်္ကေတကို သိသာစွာဖြတ် ကျော်သွားပြီး မုယုံကျိုး၏မန္တာန်များလို အချည်းနှီးဖြစ်
သွား၏။သည်အဖြစ်က အမျိုးသမီးနှစ်ယောက်၏ အာရုံကို ဖမ်းစားသွားသည်။မုယုံကျိုး၏မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ဖြစ်ပေါ်နေကာ သူက အလေးအနက်လေသံဖြင့် ပြော လိုက်၏။ "မန္တာန်ခုခံနိုင်ခြင်း..."
သူက ထိုသို့ပြောလိုက်သည့်အခါ ကျောက်ရီရွ မ်၏မျက်လုံးထဲ၌ လောဘတက်သည့်အရိပ်အယောင်တို့ ဖြစ်ပေါ်သွား၏။ရှုဖေး၏အသွင်က ပုံမှန်အတိုင်း ရှိနေ၏။ သို့သော် သူ့မျက်လုံးသူငယ်အိမ်ကတော့ အနည်းငယ် ကျုံ့ သွားပေသည်။မုယုံကျိုးတစ်ယောက်၏ မျက်လုံးထဲတွင် တော့ မည်သည့်လောဘမှ မဖြစ်ဘဲ တုန်လှုပ်မှုသာ ရှိလို့ နေသည်။
"ရောင်းရင်းကျင့်ကြံသူတို့...ငါတို့ ဆက်သွားကြမယ်..." ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ရွှေရောင်သင်္ကေတ ဆယ်ခုကျော် ဝန်းရံထားသော ဝမ်လင်းကို အင်းဆက်များ က လှည့်လည်လို့နေပေ၏။
ဝမ်လင်းက အောက်သို့ ဆက်ဆင်းသွားသည်။မုရုံယွမ်က မည်သည့်စကားမှမဆိုဘဲ သူလည်း လိုက်ပါ ဆင်းသက်သည်။အမျိုးသမီးနှစ်ယောက်ဖြစ်သည့် ကျောက် ရီရွှမ်နှင့်ရှုဖေးတို့ကတော့ အနည်းငယ်တုံ့ဆိုင်းသွားပြီးမှ နောက်ကလိုက်သွားကြ၏။သို့ရာတွင် သူတို့က ဝမ်လင်းနှင့် အကွာအဝေးတစ်ခုမှ ထိန်း၍ လိုက်ပါသွားကြခြင်းသာ ဖြစ်၏။သူတို့က ဝမ်လင်းကို ကြောက်လန့်နေသည်မှာ သိသာပေ၏။
"မန္တာန်ခုခံနိုင်ခြင်း..." ဝမ်လင်းက ပျံသန်းနေရင်း တိတ်တဆိတ်ခေါင်းယမ်းလိုက်၏။သူက သည်သားရဲ များသည် မန္တာန်ပြီးနေသည်ကို မယုံကြည်ပေ။ မန္တာန်က သက်ရောက်မှု မရှိလျှင် တစ်ခုတည်းသောအမှန်တရားက ထိုမန္တာန်သည် လုံလောက်အောင် မသန်မာသောကြောင့် သာ ဖြစ်သည် မဟုတ်လော။
ဝမ်လင်းက လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို သူ့ လက်ချောင်းထိပ်များတွင် စုစည်း၍ အင်းဆက်များထဲမှ တစ်ကောင်ကို ထိလိုက်၏။ထိုအင်းဆက်က ချက်ခြင်း တုန်ယင်သွား၏။သို့သော် သေဆုံးသွားခြင်း မရှိပေ။
ဝမ်လင်းမျက်လုံးထဲ၌ တုန်လှုပ်မှုအချို့ ဖြစ်ပေါ်သွား၏။
သူတို့လေးယောက်က လျိုအောက်သို့ ဆက်၍ ဆင်းသက် လာကြ၏။ပေလော သူ့ကိုပေးခဲ့သော သလင်းကျောက်မှ တစ်ဆင့် တွေ့ရှိခဲ့ထားသော အန္တရာယ်များသော နေရာများ ကိုတောာ့ သူတို့က မုရုံကျိုး၏ အကူအညီဖြင့် ဖြတ် ကျော်သွားနိုင်ခဲ့ကြသည်။
သည်အချိန်များ၌ ကျောက်ရီရွမ်နှင့် ရှုဖေးတို့သည်လည်း များစွာ အကူအညီ ဖြစ်စေ၏။အထူးသဖြင့် ကျောက်ရီရွှမ် ပင်။သည်အမျိုးသမီး၏ မန္တာန်များက အလွန်ထူးဆန်း လှ၏။သူ့မန္တာန်များက ဘာမှ မဟုတ်သလိုထင်ရ၏။ သို့သော် အမှန်တကယ်တွင်တော့ ထိုမန္တာန်က သူ့ အစစ်အမှန်စွမ်းအားကို တိတ်တဆိတ် ပြသထုတ်ဖော်သွား
နေခြင်းသာ ဖြစ်သည်။
နှိုင်းယှဉ်လျှင် ရှုဖေးက နည်းနည်းအားနည်းနေသည့်ပုံ ရ၏။သို့ရာတွင် ဝမ်လင်းက သူသံသယများ မြင့်မားလာပြီး နောက် သူက သေချာပို၍ လေ့လာစမ်းစစ်လို့နေသည်။သူ ကပို၍ တွေ့မြင်ရလေလေ သူ့ထင်မြင်ချက် ပိုမှန်လာလေ ဖြစ်နေ၏။
"ငါက ဒီနေရာမှာ အဲ့ကလန်က တစ်စုံတစ်ယောက်ကို လာတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး..."
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ထိုအမျိုးသမီးနှစ်ယောက်နှင့် ပတ်သတ်၍ အာရုံမထား တော့ချေ။
သူတို့က သူ့ကို လာရန်မစသေးသ၍ သူက ထိုအမျိုးသမီး နှစ်ယောက်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်လိမ့်မည် မဟုတ် 60
မုယုံကျိုး၏ မန္တာန်များကတော့ ဝမ်လင်းကို မျက်ခုံးပင့်မိစေ၏။သူ့မန္တာန်များကလည်း အပြောင်းအလဲမြန်ကာ များပြားလှ၏။ဝမ်လင်းက သူ အလွန်အမင်း မန္တာန်တစ်ခုကို နှစ်ကြိမ်အသုံးပြုသည်အား မတွေ့ရပေ။
ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက မုယုံကျိုးကို အနိုင်ရနိုင်သည်ဟု ယုံကြည်ချက် ရှိပေ၏။သို့သော် သူ လည်း ဒဏ်ရာရနိုင်ပေသည်။ ထိုရလဒ်က သူ ရတနာများ အသုံးပြုလျှင်တော့ တစ်မျိုးဖြစ်သွားနိုင်ပေ၏။သို့သော် မု
ယုံကျိုးသည်လည်း ရတနာများ မရှိဘဲ မည်သို့ ဖြစ်နိုင်ပါ့ မည်နည်း။
မုယုံကျိုး၏ လွတ်မြောက်ခြင်းမန္တာန်များက အံ့မခန်းပင်။ မုယုံကျိုးက ထွက်ပြေးလိုလျှင်တာ့ ဝမ်လင်းက သူ့ကို မိအောင် ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
"အရပ်ပုပုအဘိုးအိုရဲ့ မူလစိတ်ဝိညာဉ်က ချိပ်ပိတ်ပြီး စိတ်ဝိညာဉ်အလံထဲမှ ပိတ်နှောင်ထားတယ်။ စီနီယာ ကျောက်ရီကို ကယ်တင်ပြီး ဒီ ဒီလှိုင်းအသူတစ်ရာချောက် ကိစ္စတွေ ပြီးသွားရင်တော့ ငါက ဒီမန္တာန်တွေကို ကျင့်ကြံဖို့ အချိန်အချို့ အသုံးပြုဖို့ လိုနေပြီ..."
သည့်နေ့တွင် မုယုံကျိုး၏ အကူအညီနှင့် သူတို့နှစ် ယောက် ပူးပေါင်းလုပ်ဆောင်မှုကြောင့် ဒီလှိုင်းအသူတစ်ရာ ချောက်၏ အလယ်လောက်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ဝမ်လင်းနှလုံးသားက တုန်ယင်နေ၏။သို့သော် သူက သည်ခံစားချက်ကို ချက်ခြင်း ဖိနှိပ်ထားလိုက်သည်။ ပေလောသူ့ကို ပေးထားခဲ့သော သလင်းကျောက်နှင့်ပင် သည်အောက်ဘက်ခြမ်းကို သူက တွေ့မြင်နိုင်စွမ်း မရှိတော့ပေ
သို့ရာတွင် ဝမ်လင်း၏ ဦးတည်ချက်က အလွန်နီးကပ်နေ ခဲ့ပြီ ဖြစ်၏။ရှေးဟောင်းနတ်ဆိုးပေလော၏ အဆိုအရ သူက သည်နားပတ်လည်တွင် ကျောက်ရီကို အာရုံခံနိုင်ခဲ့ သည်ဟု ပြောခဲ့ပေသည်။သို့ရာတွင် ပေလော၏စွမ်းအား
နှင့်ပင် သူက ကျောက်ရီ၏ တည်နေရာအတိအကျကို မ ထောက်လှမ်းနိုင်ခဲ့ချေ။
ဝမ်လင်းက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန်ပြုကာ ပြောလိုက်သည်။"အကို မုယုံ...ငါ့မှာ တစ်ခြားလုပ်စရာ လေးတွေ ရှိလို့ မင်းတို့နဲ့ အောက်ကို ဆက်မလိုက်နိုင်တော့ :..."
သူက အနည်းငယ်စဉ်းစားပြီးနောက် မုယုံကျိုး၏ တည်ငြိမ်သောမျက်နှာကို ကြည့်ကာ ဆက်ပြောလိုက်၏။ "ငါက အကိုမုယုံနဲ့ ဒီချောက်ထဲကို အတူလာခဲ့ရတဲ့အတွက် ကျေနပ်ရပါတယ်။အကိုက အနာဂတ်မှာ ငါ့ကို လိုအပ်ရင် ပွင့်ပွင့်လင်းလင်းမေးမြန်းနိုင်တယ်..."
သည်လိုမျိုး ပြောဆိုခြင်းက ဝမ်လင်းအတွက် ရှားပါး လှ၏။သည်မုယုံကျိုးက စကားပြောခဲလှသော်လည်း သူက လုပ်ဆောင်ရန် လိုအပ်သည်နှင့် ဘယ်တော့မှ နောက်မ ဆုတ်မည့်လူစားမျိုး ဖြစ်နေပေသည်။သည့်အပြင် သူက လောဘကြီးလှခြင်းလည်း မရှိပေ။
ဝမ်လင်းက အများကြီး ဆက်မပြောတော့ပေ။မုယုံကျိုး က ပြုံးတောင့်ပြုံးခဲ ပြုံးပြ၍ ဝမ်လင်းကို ခေါင်းညိမ့်ပြလိုက် သည်။သည့်နောက် သူက အောက်သို့ ဆက်၍ ဆင်းသွား တော့၏။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် မုယုံကျိုး ထံသို့ အသံပို့လွှတ်လိုက်သည်။ “အကိုမုယုံ ဒီအမျိုးသမီးနှစ်
ယောက်ကို သေချာဂရုစိုက်ပါ။ ငါထင်တာ မမှားရင် သူတို့ က အလောင်းကောင်ကလန်က ဖြစ်လိမ့်မယ်။သူတို့ထဲက တစ်ယောက်က မူလစိတ်ဝိညာဉ်နိုးထပြီးဖြစ်တဲ့ အလောင်းကောင်တစ်ကောင် ဖြစ်လိမ့်မယ်..."
မုယုံကျိုးက အမျိုးသမီးနှစ်ယောက်ကို မကြည့်သလို ဝမ် လင်းစကားကိုလည်း ဘာမှ မှတ်ချက်မပေးပေ။သူက အောက်သို့သာ ဆက်၍ ဆင်းးသွား၏။သို့သော် ထို အခိုက်အတန့်၌ ဘယ်သူမှ သတိမပြုနိုင်လောက်အောင် သူ့ မျက်လုံးက ဖျပ်ခနဲ လင်းလက်သွား၏။သူက ပို၍ သတိထားလာပေသည်။
သူက အလောင်းကောင်ကလန်နှင့် ပတ်သတ်၍ ကြားဖူး ပြီးသား ဖြစ်သည်။ထိုကလန်က ကျင့်ကြံခြင်းနိုင်ငံအများစု ထက်ကို ပို၍ စွမ်းအားကောင်းကြပေ၏။ကျင့်ကြံခြင်းနိုင်ငံ တိုင်းလိုလိုတွင် ထိုအလောင်းကောင်ကလန်၏ အကိုင်း အခတ်တစ်ခု ရှိနေပေသည်။သူတို့က သိသာစွာပင် စွမ်းအားကောင်းလှပေ၏။
ဝမ်လင်းကို သည်အမျိုးသမီးနှစ်ယောက်ကလည်း နှုတ်ဆက်၍ အောက်သို့ ဆက်ဆင်းသွားကြသည်။ သို့ရာတွင် ရှုဖေး၏ သူမဆံပင်ကို ကြုံသလို လှုပ်ခါလိုက် သည်။ဆံပင်မွှေးတစ်ချောင်းက ပျံသန်းထွက်သွားကာ အငူ စွန်းပေါ်၌ တင်သွားသည်။
သူတို့သုံးယောက်လုံး အကာအဝေးတစ်ခုသို့ ပျောက်
ကွယ်သွားပြီးနောက် ဝမ်လင်းမျက်လုံးက အေးစက်လာ ကာ သူ့အကြည့်က အကွာအဝေးတစ်ခုရှိ အငူစွန်းပေါ်သို့ ကျရောက်သွား၏။သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ ထိုဆံပင်အမျှင်တန်းက သူ့ထံသို့ ပျံသန်းလာကာ လက်ချောင်းနှင့်ညှပ်၍ ဖမ်းကိုင်လိုက်သည်။
"ကြည့်ရတာ ငါ သတိပေးထားတာ မလုံလောက်သေး ဘူးနဲ့ တူတယ်..." ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ သူ့လက်ချောင်းကို ပွတ်သပ်လိုက်သည်။ထိုအခါ ဆံပင် အမျှင်က မီးစွဲသွားလေသည်။သို့သော် သည်မီးက အစိမ်း ရောင် ဖြစ်နေ၏။ထိုဆံပင်ထဲမှ နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာခဲ့သည်။သို့သော် ၎င်းက သိပ်သည်းနိုင်ခြင်း မ ရှိခင်မှာပင် ဝမ်လင်းက သူ့မူလစွမ်းအင်ဖြင့် ဆံပင်ပေါ်သို့ ထွေးထုတ်လိုက်သည်။ နတ်ဘုရားအာရုံက ချက်ခြင်း ပျက်စီးသွားလို့သွားတော့၏။
ဒီလှိုင်းအသူတစ်ရာချောက်ထဲသို့ ဆင်းသက်နေရင်း ရှု ဖေး၏ခန္ဓာကိုယ်က တုန်ယင်လို့သွားသည်။သူမပါးစပ် ထောင့်မှ သွေးများစီးကျလာခဲ့၏။သူမမျက်လုံးထဲ၌ ကြောက်လန့်မှုအရိပ်အယောင်တို့ ဖြစ်ပေါ်သွားသည်။
ဝမ်လင်းမျက်လုံးများက ရှုဖေး၏ ထောက်လှမ်းမိနိုင်ဖို့ မ ဖြစ်နိုင်လုနီးပါး ဖြစ်သော နတ်ဘုရားအာရုံကို ဖျက်စီးလိုက် ပြီးနောက် အလွန်အမင်း အေးစက်လာခဲ့သည်။
"အလောင်းကောင်ကလန်ရဲ့ မန္တာန်တွေက တော်တော် လေး အံ့အားသင့် ကြောက်မက်ဖွယ် ကောင်းတာပဲ။ဒီမန္တာန် တွေထဲမှ နတ်ဘုရားအာရုံကို ဖုံးကွယ်ထားဖို့က တော်တော် လေး ခက်ခဲလှတယ်။ကြည့်ရတာ ငါက အနာဂတ်မှာ ပို ဂရုစိုက်ရတော့မယ်။ဒီအမျိုးသမီး ရှုဖေးက သူ့နတ်ဘုရား အာရုံကို စေလွှတ်နိုင်စွမ်း ရှိတယ်ဆိုတော့ ဒါက သူ့ ခန္ဓာကိုယ်ဟာ အစစ်အမှန်ဖြစ်တယ်လို့ ဆိုလိုနေတာပဲ။ဒီ တော့ ကျောက်ရီရွှမ်က အလောင်းကောင်ရုပ်သေးရုပ်ပေါ့
ဝမ်လင်းက စတင်စဉ်းစားကာ နေသည်။သူက ရှုဖေး၏ နောက်ခံကို သိနိုင်စွမ်း ရှိခဲ့ခြင်းသည် အတိတ်တုန်းက ကျောက်ရီ သူ့အတွက် ကျွန်အဖြစ် အတင်းစေခိုင်းပေးခဲ့
သည့် စွန်ထိုင်ကြောင့် ဖြစ်ပေသည်။
ဉာဏ်ရည်မြင့်ကာ နေ၏။သူတို့နှစ်ယောက်ကကြားက စွန်ထိုင်တွင် ကလေးအရွယ် အလောင်းကောင်ရုပ်သေး တစ်ခု ပိုင်ဆိုင်ထားခဲ့သည်။သို့သော် ထိုရုပ်သေးက အလွန် မြင့်မားသောကျင့်ကြံခြင်းအဆင့် ရှိဆက်နွယ်နေမှုက လည်း တစ်မျိုးထူးလှ၏။အလောင်းကောင် ရုပ်သေးထက် သူတို့နှစ်ယောက်က တစ်ယောက်ချင်းစီ ဖြစ်တည်နေသည့် ပုံစံနှင့် ပိုတူနေခဲ့ပေသည်။
စွန်ထိုင်အလောင်းကောင် ရုပ်သေးအကြောင်းတွေးမိသည့်အခါ ဝမ်လင်းသည် စစ်ထူနန်အကြောင်းကိုပါ မတွေး မိဘဲ မနေနိုင် ဖြစ်ရ၏။စစ်ထူနန်က ထို ကလေး၏အသွေးအသားကို ယူဆောင်သိမ်းပိုက်ခဲ့သည့် မဟုတ်လား။
"ခုဆိုရင် စစ်ထူက ဘယ်နေရာ ရောက်နေလဲ ငါ မသိတော့ဘူး။ဒါပေမဲ့ သူက ကျင့်ကြံခြင်းတစ်ခုခုရဲ့ သေမျိုးတွေ ကြားမှ ဘုရာတစ်ပါးလို ပြုမူနေထိုင်နေမှာတော့ အသေအချာပဲ…" ဝမ်လင်းကမျက်လုံးထဲ၌ လွမ်းဆွတ် အောက်မေ့မှု အရိပ်အယောင်တို့ ဖြစ်ပေါ်သွားသည်။သည် အခိုက်အတန့်၌ သူက သေမျိုးတစ်ယောက်ကဲ့သို့ သူ့ မိတ်ဆွေအကြောင်းကို ပြန်တွေးမိနေတော့သည်။
"စွန်ထိုင်လည်း ရှိသေးတယ်။သူက ဟင်္သာပြဒါးဂြိုဟ်
ပေါ်က
အလောင်းကောင်ကလန်ရဲ့
ခေါင်းအောင်
အကြီးအကဲ တစ်ယောက်ပဲ။သူက ဘီလူးနတ်ဆိုးကလန်ရဲ့ သွေးစွမ်းအားကြောင့် အာကာသဟင်းလင်းပြင်ထဲကို လွင့် ထွက်သွားခဲ့ရတယ်။ ခုလက်ရှိမှာ သူလည်း ဘယ်ရောက် နေလဲ မသိရဘူး..."
ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့အတွေးများကို ပြန်စုစည်းလိုက်၏။သူ့မျက်လုံးများက သူ့ပတ်လည်ရှိအကိုင်းအခတ်အက်ကွဲကြောင်းများကို ကြည့်လိုက်သည့် အခါ လက်ခနဲ ဖြစ်လို့သွားသည်။သူက ကျောက်ရီ၏ အော် ရာကို မည်သည့်နေရာကနေမှ မခံစားမိပေ။ထို့ကြောင့် သူက အက်ကွဲကြောင်းဂူတစ်ခုပြီးတစ်ခုကို ကိုယ်တိုင်လိုက် ရှာကြည့်ရတော့သည်။
"စီနီဘာကျောက်ရီကို လင်းထျန်ဟူက ဒီနေရာမှာ ချိပ် ပိတ်ထားခဲ့တယ်။ဒါ့ကြောင့် ဒီချိပ်ပိတ်ထားတဲ့ အက်ကွဲ ကြောင်းမှာ လင်းထျန်ဟူရဲ့ အော်ရာတော့ ရှိနေမှာပဲ..."
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သူ့ ပတ်လည်ရှိ အက်ကွဲကြောင်းများကို စစ်ဆေးကြည့်နေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။
ခဏကြာပြီးနောက် ဝမ်လင်းက မျက်မှောင်ကြုတ်လို့ သွားသည်။
သူက ပတ်ဝန်းကျင်ရှိ အက်ကွဲကြောင်းများအားလုံးကို စစ်ဆေးကြည့်ပြီးသွားပြီး ဖြစ်၏။သို့သော် ကျောက်ရီ၏ အရိပ်အယောင်ကို ရှာမတွေ့သေးချေ။
ဝမ်လင်းအသွင်က သုန်မှုန်သွားကာ သူက သိုလှောင် အိတ်ထဲမှ ပေလောသူ့ကို ပေးခဲ့သော သလင်းကျောက်ကို ထုတ်ယူလိုက်သည်။ဝမ်လင်းနတ်ဘုရားအာရုံက ထို သလင်းကျောက်ထဲသို့ ဝင်ရောက်သွားသည်။သည့်နောက် သူက မျက်မှောင်တင်းတင်းကြုတ်သွားပြီးနောက် သူ့နတ် ဘုရားအာရုံကို သလင်းကျောက်ထဲမှ ပြန်ထုတ်ယူလိုက် လေသည်။
"ပေလောသာ မလိမ်ခဲ့ဘူးဆိုရင် ဒီနေရာက သူက ကျောက်ရီကို ရှာတွေ့ခဲ့တဲ့ နေရာပဲ..."
ဝမ်လင်းက စတင် စဉ်းစားကြည့်နေပြန်သည်။
"ပေလောက ဒီကိစ္စနဲ့ ပတ်သတ်လို့ လိမ်ပြောစရာ အကြောင်းတော့ မရှိဘူး။ သူကသာ ငါ့ကို ဆန့်ကျင်ချင်ရင် ဒီလိုလိမ်ပြောတဲ့ နည်းလမ်း အသုံးပြုစရာကို မလိုတာ။ သူက ငါ့ကို တိုက်ရိုက် တိုက်ခိုက်လိုက်ရုံပဲ။ ခုချိန်မှာ ပေ လောအတွက် အရေးကြီးဆုံးက တစ်ခြားရှေးဟောင်း နတ်ဆိုးတွေကို ဝါးမြိုပစ်ဖို့ပဲ..."
ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။သူ့နတ်ဘုရား အာရုံကို သည်ဧရိယာသို့ ဖြန့်ကျက်လွှမ်းခြုံလိုက်ပြန်သည်။ သည့်နောက် သူက ခေါင်းယမ်းလိုက်၏။
"ပေလောကသာ ငါ့ကို ကျောက်ရီက ဒီဒီလှိုင်း အသူတစ်ရာချောက်ရဲ့ အောက်ခြေမှာ ရှိတယ်လို့ ပြောခဲ့ တယ်ဆိုရင်တော့ ဒါက သူငါ့ကို အငှားဓားနဲ့ သတ်ချင်တာ
ဖြစ်ကောင်း ဖြစ်နိုင်သေးတယ်။ဒါပေမဲ့လည်း ခုဒီနေရာ ကတော့ တော်တော်လေး ပုံမှန်အတိုင်းပဲ ရှိနေတာပဲ..."
ဝမ်လင်းက စဉ်းစားကြည့်နေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လား၏။သည်တစ်ကြိမ်၌ သူက အက်ကွဲကြောင်း တစ်ခုချင်းစီကို သေချာ ထပ်ရှာကြည့်လိုက်ပြန်သည်။ သို့သော် ရလဒ်ကတော့ တူတူပင်။
ဝမ်လင်းက တွေးနေမိပြန်သည်။အသက်ရှူစာအချိန်များ တစ်ချက် စွာ ကြာမြင့်ပြီးနောက် သူက သိုလှောင်အိတ်ထဲမှ စိတ် ဝိညာဉ်အလံကို ထုတ်ယူလိုက်တော့သည်။ လှုပ်ယမ်းလိုက်ရာ စိတ်ဝိညာဉ်အပိုင်းအစ တစ်ထောင်က ထွက်ပေါ်လာ၏။ဝမ်လင်းက ယင်းစိတ်ဝိညာဉ်အပိုင်းအစ များကို ထိန်းချုပ်ကာ အက်ကွဲကြောင်းတစ်ခုချင်းစီထဲသို့ ဝင်ရောက်စေလိုက်သည်။
ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်ပြီးနောက် သူ့နတ် ဘုရားအာရုံကို ထိုစိတ်ဝိညာဉ်အပိုင်းအစတစ်ချင်းစီအထဲ သို့ ထည့်သွင်းလိုက်သည်။ထို့ကြောင့် သူက အက်ကွဲ ကြောင်းများထဲသို့ ကိုယ်တိုင် ရောက်ရှိသွားသလို ဖြစ်စေ ပြီး သေချာထပ်မံရှာကြည့်ပြန်သည်။
မိနစ်သုံးဆယ်ခန့် ကြာမြင့်ပြီးနောက် စိတ်ဝိညာဉ် အပိုင်းအစအားလုံးသည် ပြန်ရောက်လာကြသည်။ ဝမ် လင်းက မျက်လုံးဖွင့်လိုက်၏။သူ့အသွင်က အလွန်ရုပ်စိုးလို့ သွားသည်။
"ငါက ဒီနားပတ်လည်မှာ ရှိတဲ့ အက်ကွဲကြောင်း အားလုံးကို စစ်ဆေးကြည်ပြီးသွားပြီ။ဒါပေမဲ့လည်း ငါက စီ နီယာကျောက်ရီရဲ့ တည်ရှိမှုကို ရှာမတွေ့သေးဘူး။ ရှေးဟောင်းနတ်ဆိုးပေလောကများ ငါ့ကို လှည့်စားခဲ့တာ ဖြစ်နေမလား..."
ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်သည်။သူ့ မျက်လုံးက အေးစက်လာ၏။သို့ရာတွင် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွားပြန်သည်။
"မှားနေပြီ...ငါသာ လင်းထျန်ဟူ ဆိုရင် ငါက တစ်စုံတစ်ယောက်ကို ဒီလိုသိသာတဲ့နေရာမှ ချိပ်ပိတ်ထား မှာ မဟုတ်ဘူး။ငါသာ လင်းထျန်ဟူဆိုရင်..."
ဝမ်လင်းက စဉ်းစားကြည့်လိုက်ပြန်သည်။သူ့တွင် ကျန်ရှိနေသေးသော လင်းထျန်ဟူ၏ ဓားစွမ်းအင်အလင်းတန်းက သူ့ခန္ဓာကိုယ် တစ်လျှောက် ရွှေ့လျားလာသည်။သည်အဖြစ် က သူ့ကို လင်းထျန်ဟူ၏ နယ်ပယ်အမျှင်တန်းကို ငှားရမ်း ပေးသလို ဖြစ်စေ၏။
ဝမ်လင်းမျက်လုံးထဲရှိ စဉ်းစားနေသည့်အသွင်က
တစ်ဖြည်းဖြည်းချင်း ပျောက်လာပြီး ကြီးစိုးလွှမ်းမိုးနိုင် သော အကြည့်က အစားထိုး ဝင်လာခဲ့၏။
လင်းထျန်ဟူ၏ နယ်ပယ်သည် စိုးမိုးခြင်းနယ်ပယ် ဖြစ်သည်။သူက သူ့ကိုယ်ပိုင်စိုးမိုးနိုင်မှု သဘာဝဖြင့် ကောင်းကင်ဘုံကိုဆန့်ကျင်ကာ သူ့ကိုယ်ပိုင်လမ်းကြောင်း
ဝမ်လင်း တစ်ခုကို ပြုလုပ်ခဲ့သူပင်။ဓားစွမ်းအင်က ခန္ဓာကိုယ်ထဲသထို်းခန်ခုကို ပြုလုပ်ခဲ့သူပင်။ဝ်ခိုဆန့်ကျင် ကာ သူ့ကိုု ဖြတ်သန်းလှုပ်ရှားနေရင်း သူ့ကြီးစိုးခြယ်လှယ် နိုင်သော အကြည့်က ပိုအားကောင်းလာခဲ့တော့သည်။
"ငါက ငါ့နောက်ကို လိုက်လံနေတဲ့ ဓားစိတ်ဝိညာဉ်တစ် ခုကို ချိပ်ပိတ်ချင်ရင်...ငါက သူ့ကို ရိုးရိုးရှင်းရှင်းတော့ ချိပ် ပိတ်ပစ်မှာ မဟုတ်ဘူး။ ငါ သူ့ကို ငါ့ရဲ့ ကြီးစိုးမှုအောက်မှာ အလျော့ပေးအောင် လုပ်ပစ်မှာပဲ။သူကသာ အလျော့မပေး သေးရင် ငါက နှစ်ပေါင်းတစ်ထောင် ချိပ်ပိတ်မယ်။ ဒါမှ အ လျော့မပေးသေးဘူးဆိုရင်လည်း ငါက နှစ်ပေါင်းတစ် သောင်း ချိပ်ပိတ်ပစ်မယ်။သူက ထပ်ပြီ အရှုံးမပေး၊အလျော့ မပေးဘူးဆိုရင် ငါက သူ့စိတ်ဝိညာဉ်ကို ဖျက်စီးပြီး ရတနာ တစ်ခုအဖြစ် မွန်းမံတဲ့နည်းနဲ့ သူ့ကို အလျော့ပေးစေ ໑໖..."
"ငါဆိုရင်လည်း ဒီလို သိသာတဲ့ အက်ကွဲကြေင်းနေရာ တွေကို ချိပ်ပိတ်ပစ်ဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ငါက သာ ဒီ နေရာကို ရွေးချယ်မယ်ဆိုရင်လည်း အကြောင်းတစ်ခုခု ရှိရ မယ်..."
သည်ကြီးစိုးဖိနှိပ်နိုင်စွမ်း
ရှိသောအကြည့်က အားကောင်းလွန်းလှ၏။သူက သည်ကမ္ဘာကို အထက်စီးမှ ကြည့်နေသည့်အလားပင်။သူ့အကြည့်က အက်ကွဲကြောင်း တစ်ခုချင်းစီကို သိမ်းကြုံး၍ ကြည့်ရှူသွား၏။
ဝမ်လင်းမျက်လုံးထဲရှိ ထိုကြီးစိုးဖိနှိပ်နိုင်စွမ်း ရှိသော အကြည့်က တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ သူ့နှဖူးထက်တွင်လည်း ချွေးများပြန်နေခဲ့ပေပြီ။ကြီးစိုးနိုင်မှု အကြည့်က ဝမ်လင်းမျက်လုံးထဲမှ လုံးဝပျောက်ကွယ်သွား သည့် အခိုက်အတန့်တွင် သူ့မျက်နှာက ဖြူရောနေခဲ့ပြီ ဖြစ်သည်။
"လင်းထျန်ဟူရဲ့ ဓားစွမ်းအင်ထဲမှာ ရှိတဲ့ နယ်ပယ်က တော်တော်လေး စိုးမိုးနိုင်စွမ်း ရှိတယ်။ ငါက သူ့နယ်ပယ် အမျှင်တန်းလေးတစ်ခုကို ငှားယမ်းလိုက်ရုံနဲ့ ငါ့ကို ဒဏ်ရာ ရလုနီးပါး ဖြစ်သွားစေတယ်..."
ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲတွင် လှည့်ပတ် လိုက်သည်။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေးဓားသွားတို့သည် ပျံသန်းထွက်လာလေသည်။
ဝမ်လင်းက ညာလက်ဖြင့် ကောင်းကင်ဘုံဓားကို ဖမ်း ဆုပ်လိုက်၏။သည့်နောက် သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်း လိုက်သည်။ ရုတ်တရက် ကောင်းကင်ဘုံဓားထံမှ ဓား စွမ်းအင်များကို ထုတ်လွှတ်လာ၏။ဓားစွမ်းအင်ဝဲကတော့ တစ်ခုက ဝမ်လင်းကို ဗဟိုပြုကာ ဖြစ်ပေါ်လာသည်။
"ပျက်စီးစမ်း..." ထိုသို့အော်ဟစ်လိုက်ပြီး ဝမ်လင်းက ရုတ်တရက် ရပ်တန့်လိုက်၏။ ချက်ခြင်းပင် ဓားစွမ်းအင်
ဝဲကတော့ ကွဲကြေသွားကာ ဓားစွမ်းအင်များက အရပ် မျက်နှာအနှံ့သို့ ထိုးထွက်သွားလေ၏။အငူစွန်းဘေးနာ အာများအနား၌ မရေမတွက်နိုင်သော အက်ကွဲရာများ ပေါ်လာသည်။
"ခရက်…" ပိုမိုများပြားသော အက်ကွဲကြောင်းများက အငူစွန်းပေါ်၌ ပေါ်လာခဲ့တော့၏။ အငူစွန်း၏ ဘေးဖက် များကနေ မြေကြီးစများ ပဲ့ကျလာ၏။
ဒီလှိုင်းအသူတစ်ရာချောက်၏ ဘေးတစ်ဖက် နံရံသည် ဝမ်လင်းဓားစွမ်းအင်ကြောင့် တစ်လက်မခန့် ဆုံးရှုံးသွားရ သည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ဓား စွမ်းအင်ကို ထပ်မံအသုံးပြုလိုက်ပြန်သည်။ ဓားစွမ်းအင်က ဆက်တိုက်ထွက်ပေါ်လာကာ ဝမ်လင်းသည် အငူစွန်းကို ဆက်တိုက် ပိုင်းဖြတ်နေ၏။ဆယ့်ငါးမိနစ်ခန့် ကြာမြင့်ပြီး နောက် အပေါက်ငယ်တစ်ခု ဖြစ်ပေါ်လာကာ ယင်း အပေါက်ငယ်မှ တစ်ဆင့် အလွန်ဖျော့တော့သောအော်ရာ တစ်ခု ထွက်ပေါ်လာခဲ့သည်။သည်အော်ရာ ကျောက်ရီ၏ အော်ရာမဟုတ်ပေ။သို့သော် ယင်းအော်ရာက အဆုံးစွန် ကြီးစိုးနိုင်စွမ်း ပါဝင်နေ၏။
ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ် ပေါ်စေကာ အဟကြားထဲသို့ ညွှန်လိုက်သည်။ ကောင်းကင်ဘုံဓားက ထိုအာထံသို့ လခြမ်းကွေးဓားသွား
နှင့်အတူ ပျံသန်းသွားသည်။ထိုအငူထံမှ ကျောက်စကျောက် နများစွာ ပဲ့ကျလာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း အငူစွန်း ထဲ ပေသုံးဆယ်ခန့်တွင် ကွယ်ဝှက်နေသော အက်ကွဲ ကြောင်းတစ်ခုက ဝမ်လင်းရှေ့တွင် ရုတ်တရက် ပေါ်လာ တော့သည်။
သည်အဟက ကြီးမားလှခြင်းမရှိဘဲ ငါးပေခန့်သာ ရှည်လျားပြီး ပိန်းပိန်းမှောင်လို့နေ၏။ ဝမ်လင်း၏နတ် ဘုရားအာရုံက ယင်းအထဲသို့ ဝင်ရန်တာဆူလိုက်သည့် အခိုက်တွင် ကြီးစိုးခြင်းနတ်ဘုရားအာရုံတစ်ခု၏ ကန် ထုတ်ခြင်းကို ခံလိုက်ရလေသည်။
ထို့အတွက် ဝမ်လင်းက နောက်သို့ လွင့်ထွက်သွားရကာ အခြားတစ်ဖက်ရှိ လျှိုနံရံဖြင့် ရိုက်ခတ်သွားသည်။ ကျယ်လောင်သော မြည်သံကြီးတစ်ခုထွက်ပေါ်လာ၏။အငူ စွန်းထံမှလည်း ကျောက်စများစွာ ပဲ့ကျလာကာ ဝမ်လင်း ခန္ဓာကိုယ်သည် ထိုလျှိုနံရံ၌ ခပ်နှိပ်ပြီး ဖြစ်သွားသည်။
သူ့ခန္ဓာကိုယ်မှ သွေးများ ဆူပွက်လာကာ ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျလာတော့သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူ့မျက်လုံးများ က အေးစက်လာခဲ့သည်။သည့်နောက် သူက လှုပ်ရှားလိုက် ပြီး လျှိုနံရံထဲကနေ ပျံသန်းထွက်လိုက်သည်။သည် လှုပ်ရှားမှုက သူ့မျက်နှာကို ပို၍ ဖြူရောသွားစေသည်။နတ် ဘုရားအာရုံခြင်း ထိတိုက်မိလုံရုံဖြင့် သူ့မူလစိတ်ဝိညာဉ်ပင်
ပြိုကျလုမတက် ဖြစ်သွားရသည်။
သူသာ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခြင်း မရှိသေးပါက သည်ရိုးရှင်းသော ထိပ်တိုက်တွေ့ဆုံမှုတစ်ခု တည်းနှင့်ပင် သူ့မူလစိတ်ဝိညာဉ်က ကွဲကြေပျက်စီးသွားနေ လောက်ပေပြီ။
"ဘယ်လောက်တောင် စွမ်းအားကောင်းလိုက်လဲ..." ဝမ် လင်းက အငူစွန်းနောက်မှ အဟ ကို စူးစိုက်ကြည့်နေ မိသည်။သူက အထဲသို့ မည်သို့ဝင်ရမည်ကို မသိသော်လည်း ကျောက်ရီသည် ထိုအဟကြားထဲ၌ ရှိနေမည်ကို ယုံကြည် နေပေ၏။
ထိုသို့ ယုံကြည်ရခြင်းသည် သူ့နတ်ဘုရားအာရုံနှင် ထိတိုက်မိခဲ့သော နတ်ဘုရားအာရုံသည် လင်းထျန်ဟူ၏ နတ် ဘုရားအာရုံဖြစ်နေသောကြောင့် ဖြစ်၏။
"သူထားခဲ့တဲ့ နတ်ဘုရားအာရုံအမျှင်တန်းလေးတစ်ခု ကတောင် အာဏာတက်ခြင်းအဆင့်အောက် ကျင့်ကြံသူ တွေကို သတ်ပစ်ဖို့ လုံလောက်နေပြီ...။လင်းထျန်ဟူရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်မှာများ ရှိနေတာလဲ..."
"အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်က ကျင့်ခြင်း ခြင်းပထမနယ်ပယ်ရဲ့ အဆုံးသပ် ဖြစ်တယ်။ယင်နဲ့ယန် အဆင့်ရဲ့ ကံကြမ္မာစမ်းသပ်ချက်ကို ကျော်ဖြစ်ပြီးမှသာ ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းဒုတိယနယ်ပယ် ဖြစ်တဲ့ နိဗ္ဗာနနယ်ပယ်သုံးခုကို ဝင်ရောက်နိုင်လိမ့်မယ်..."
နိဗ္ဗာန နယ်ပယ်သုံးဆင့်မှာ နိဗ္ဗာနကြိုမြင်ခြင်း၊နိဗ္ဗာန သန့်စင်ခြင်းနှင့်နိဗ္ဗာန ဖြိုခွဲခြင်းတို့ပဲ။ဒီနယ်ပယ်အဆင့် တစ်ခုစီကို အစောပိုင်း၊အလယ်၊နောက်ဆုံး၊အထွတ်အထိပ် လို့လေးပိုင်း ခွဲထားသေးတယ်။တစ်ခါတုန်းက ရှေ့ဖြစ်ဟော သူဟာ သူက ဒုတိယအဆင့်နယ်ပယ်ရဲ့ အဆုံးသပ် ရောက် နေပြီလို့ ပြောခဲ့ဖူးတယ်။ဒါ့ကြောင့် ရှေ့ဖြစ်ဟောသူဟာ နိဗ္ဗာနဖြိုခွဲခြင်းရဲ့အစောပိုင်းအဆင့်မှာ ရှိနေမယ်လို့ ငါ ထင် တယ်။ ဒါဆိုရင် လင်းထျန်ဟူနဲ့ရှေ့ဖြစ်ဟောသူတို့က နှစ် သောင်းနဲ့ချီတည်းက ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြတာ။ဒါ့ ကြောင့် သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း သိပ်ကွာလှမှာ မဟုတ်ဘူး။အနည်းဆုံးတော့ လင်းထျန် ဟူက နိဗ္ဗာနသန့်စင်ခြင်းအထိတ်အထိပ်အဆင့်မှာ ရှိနေ လောက်တယ်...
ဝမ်လင်းမျက်လုံးထဲ၌ စူးစိုက်နေမှုတို့ ဖြစ်ပေါ်နေ၏။ ရှေ့ဖြစ်ဟောသူနှင့်လင်းထျန်ဟူတို့နှင့် ယှဉ်လျှင် သူ့ကျင့်ကြံ မှုအဆင့်က ပါမွှားသာသာ ဖြစ်၏။သူက ခုထိ ကျင့်ကြံခြင်း နယ်ပယ်ပထမအဆင့်၏ အထွတ်အထိပ်အဆင့်သို့ပင် မ ရောက်သေးပေ။သို့သော် ဝမ်လင်းသည် စူးစူးနစ်နစ်ဇွဲနဘဲ ကြီးသည့်သူ တစ်ယောက်သာ ဖြစ်ပေ၏။သူက ကျင့်ကြံ ခြင်းလောကသို့ စခြေချတုန်းက သာမန်ကောင်လေးတစ် ယောက် အဖြစ်သာ စတင်ခဲ့သူ မဟုတ်လော။သူက သူ့ ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်လုံး သူ့ကိုယ်သူသာ အားကိုးခဲ့ရပေသည်။သည်လိုမျိုး မဆုပ်မနစ်ကြိုးစားရင်း
ခုချိန်တွင် သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်လို့နေ ခဲ့လေပြီ။
အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်က ကျင့်ကြံ ခြင်းဒုတိယအဆင့်နယ်ပယ်ရှိ လူများ၏ မျက်လုံးထဲတွင် တော့ ပုရွတ်ဆိတ်သာသာပင် ဖြစ်သော်လည်း ပထမဆင့် နယ်ပယ်ရှိ ကျင့်ကြံသူများကြားတွင်တော့ စွမ်းအားကောင်း သူ တစ်ယောက်အဖြစ် လက်ခံရမည်သာ ဖြစ်သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်ပြီး သူ့နှဖူးထံသို့ လက်ညွှန်သည်။သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက ထွက် ပေါ်လာပြီး သူ့ခန္ဓာကိုယ်ပတ်လည်၌ အသက်ဓာတ် ချိပ်တံဆိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။တိတိကျကျ ဆိုရလျှင် သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းတစ်ခုက ပျောက်ရှနေပေသည်။ဝမ်လင်းက ထိုစွမ်းအင်အမျှင်တန်း ကို သူ့စိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။
ထို့အတွက်ကြောင့် သူက သူ့မူလစိတ်ဝိညာဉ်သာ မ ပျက်စီးသွားသ၍ သည်အသက်ဓာတ်ချိပ်တံဆိပ်များ လုံးဝ ဖျက်စီးခြင်း ခံရတော့မည် မဟုတ်ပေ။
သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နတ်ဆိုးမိစ္ဆာချပ် ဝတ်က ပေါ်လာပြီး သူ့ခန္ဓာကိုယ်အား အနက်ရောင်အခိုးငွေ့ အမျှင်တန်းများဖြင့် ဝန်းရံလှည့်ပတ်ပေးလာသည်။၎င်းက ဖြည်းဖြည်းချင်းဖြင့် ချပ်ဝတ်တစ်ခုအသွင်ပြောင်းကာ သူ့ ခန္ဓာကိုယ်အား နတ်ဆိုးမိစ္ဆာအော်ရာတစ်ခုက လွှမ်းခြုံပေး
လာပေသည်။
အင်းဆက်များဝန်းရံထားသော ရွှေရောင်သင်္ကေတဆယ် ခုကျော်သည်လည်း ဝမ်လင်းကို နောက်ထပ် အကာအကွယ်အလွှာတစ်ခုအဖြစ် ဝန်းရံထောက်ပံပေး ထားပေသည်။
ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက အနည်းငယ်စဉ်းစားသည်။ထို့နောက် စိတ်ဝိညာဉ်တစ် ကုဋေအလံကို ထုတ်ယူသည်။သူက ထိုအလံကို ဝှေ့ယမ်း ကာ သူ့အားလွှမ်းခြုံသွားစေလိုက်ပြန်သည်။ ထိုအလံထဲရှိစိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာကျော်က အော်မြည်လို့ နေချေသည်။
ဝမ်လင်းက ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်ကာ ရှေ့သို့ ခြေလှမ်းပြီး အဟ ကြားသို့ ဦးတည် တိုးဝင်သွားလေသည်။
Comments
Post a Comment