အပိုင်း(133)

ကျောက်ရီအား ကယ်တင်ခြင်း

ကျောက်ရီနှင်ဝမ်လင်းတို့ကြားတွင် နက်ရှိုင်းသော ပတ် သတ်မှု မရှိခဲ့ပေ။သို့သော် ကောင်းကင်ဘုံမြေ၌ သူတို့နှစ် ယောက်ကြားရှိ အပြန်အလှန်တုန့်ပြန်ဆက်နွှယ်မှုက သူတို့ စိတ်ဝိညာဉ်ထဲ၌ နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ပေသည်။

အမျိုးသမီးတစ်ယောက်ကို အရူးအမူးစွဲလမ်းသော ယေ က်ျာသားသည် ထိုအမျိုးသမီးကို အဆုံးရှုံးမခံနိုင်၍ သူ့မူလ စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းခဲ့ပေသည်။သူ့စွဲလမ်းမှုက လူတိုင်းကို စိတ်မလှုပ်ရှားစေခဲ့ပေ။သို့သော် သူ့မူလစိတ် ဝိညာဉ်ကို လောင်ကျွမ်းစေနေရင်း သူ့မျက်လုံးထဲရှိကြည်လင်နေမှုကတော့ မြင်တွေ့ရသော လူတိုင်းကို စိတ် လှုပ်ရှားစေခဲ့ပေသည်။

သည့်အပြင်ကျောက်ရီက အဖိုးထိုက်တန်သော အာဏာတက်ခြင်းသလင်းကျောက်ကို သူ့ ဝမ်လင်းကို လက်ဆောင်အဖြစ်ပေးကာ သူစွဲလမ်းသည့် အမျိုးသမီး အလောင်းကို စောင့်ရှောက်စေခဲ့ပေသည်။

သည့်နောက် ကျောက်ရီက မိုးကောင်းကင်ဘုံဓား၏ ဓား
စိတ်ဝိညာဉ်ဖြစ်လာခဲ့ပေသည်။သို့သော် သူက သူ့ရူးသွပ် စွဲလမ်းမှုမှတစ်ဆင့် ကျွင်းကျန်သော စိတ်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့ရသည်။သည်အခိုက်အတန့်မှာပင် ကျောက်ရီက သူ့ကမ္ဘာတစ်ခုလုံး ကွဲကြေပျက်စီးသွားစေသည့် အမျိုးသမီး၏ အသံကို ကြားခဲ့ရပေသည်။

ထိုအခါ သူ့နှလုံးသားက သေဆုံးသွားခဲ့သလို သူ့ဓား စွမ်းအင်ကလည်း ရှင်သန်ခြင်းဓာတ်ကင်းမဲ့သွားရသည်။ သူက သူ့ခန္ဓာကိုယ်ကို ဓားစိတ်ဝိညာဉ် ဖြစ်စေ၍ လင်းထျန် ဟူနောက်သို့ လေဟာနယ်ကို ဖြတ်သန်းကာ လိုက်ပါ၍ သတ်ဖြတ်ရန်သာ ဦးတည်ခဲ့ပေသည်။

ဝမ်လင်းက ကျင့်ကြံခြင်းလောက၏ ရက်စက်

ကြမ်းကြုတ်မှုကို သူ့ဘဝတစ်လျှောက်လုံး မျက်မြင်တွေ့ခဲ့ရ သူပင်။လူတိုင်းနီးပါးက သူတို့စိတ်နှလုံးသားထဲ၌ ဖုံးကွယ် ထားသော အချို့ရည်ရွယ်ချက်များ ရှိနေခဲ့သည်ပင်။ ထို့ကြောင့် သူ့ဘဝတွင် စစ်ထူနန်၊သွန်ထျန်၊ချီဟူ နှင့် ကျောက်ရီတို့ကဲ့သို့သော လူအနည်းငယ်ကသာလျှင် သူ့စိတ် ထဲ၌ ပြန်အောက်မေ့မိဖို့ ထိုက်တန်ပေ၏။

ဘာသာပြန်သူမှတ်ချက်....(သွမ့်ထျန်= ဟင်္သာပြဒါးဂြိုဟ် ပေါ်မှ ဝမ်လင်းကို စိတ်ဝိညာဉ်တစ်ကုဋေအလံ ပေးခဲ့သော စိတ်ဝိညာဉ်သန့်စင်ခြင်းကလန် ခေါင်းဆောင်

ချီဟူ=ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ ဘီလူးနတ်ဆိုးကလန်၏ လူငယ်ခေါင်းဆောင်)
အတိတ်တုန်းက ဝမ်လင်း စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်တွင်သာ ရှိသေးသည့်အချိန်က သူသည် ကျောက်ရီ အဖို့ အညတရဂျူနီယာတစ်ယောက်မျှသာ ဖြစ်ခဲ့သေည်။ သို့သော် ယနေ့တွင် ဝမ်လင်းသည် အာဏာတက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်ခဲ့ချေပြီ။

သူက အသက်ဝဝရှူသွင်းကာ အဟကြားထဲသို့ ခြေလှမ်း ဝင်လိုက်သည်။

သူက သည်အာထဲတွင် အန္တရာယ်ရှိနိုင်မှန်း သိသော်လည်း အသိစိတ်ဓာတ်ရှိသော ယောက်ျားသားတစ် ယောက်အနေနှင့် သူ လုပ်ကိုလုပ်ရမည့် အရာများ ရှိနေသည် မဟုတ်လား။

အတိတ်တုန်းက သူက ဆယ့်သုံးကို ကယ်တင်ခဲ့သည့် အချိန်၌ သူက ကိုယ်တိုင် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်နှင့် ပင် တိုက်ခိုက်ခဲ့ရသေးသည်။ယနေ့တွင် သူက ကျောက်ရီ ကို ကယ်တင်နိုင်ရန်အတွက် ဓားသူတော်စင်၏ နတ်ဘုရား အာရုံ စောင့်ကြပ်နေပေါစေဦးတော့ ရပ်တန့်လိမ့်မည် မဟုတ်ပေ။

သူက အဟကြားထဲသို့ ခြေလှမ်းလိုက်သည်နှင့် လင်းထျ န်ဟူ ချန်ထားခဲ့သော နတ်ဘုရားအာရုံက ကြီးစိုးနိုင်စွမ်း သဘာဝနှင့်အတူ သူ့ထံသို့ တန်းမတ်စွာ တိုးဝင်လာသည်။

သည်စိုးမိုးနိုင်စွမ်းရှိသည့် နတ်ဘုရားအာရုံက ထက်ရှ သောဓားတစ်လက်အား ကောင်းကင်ဘုံကိုပင် ထွင်းဖောက်
တော့မည်ဟု ထင်မှတ်ရသည်။၎င်းက ဝမ်လင်းထံသို့ တိုက်ရိုက် ထိုးစိုက်လာသည်။

ဝမ်လင်း၏ အပြင်ဘက်ခြမ်း အစွန်ဆုံးတွင် ဝန်းရံထား သော စိတ်ဝိညာဉ်အလံသည် စိတ်ဝိညာဉ်အပိုင်းအစသန်း တစ်ရာကို စုဝေးစေပြီး ထိုဓားကို တားဆီးရန် ဒိုင်းတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

သို့ရာတွင် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက စွမ်းအား ကောင်းလွန်းလှ၏။ထိုအကာဒိုင်းက ဓားဖြင့် ချက်ခြင်း ထွင်းဖောက်ခံလိုက်ရကာ ဝမ်လင်းထံသို့ ဆက်လက် တိုးဝင်လာသည်။

သည်အခိုက်အတန့်၌

ဝမ်လင်းမျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားဟန်တို့ ဖြစ်ပေါ်နေ၏။သူက သည် အခိုက်အတန့်၌ ရှေ့သို့ ဆက်မတိုးသင့်ကြောင်း သိပေ၏။ သို့သော် သူသာ နောက်ဆုတ်ခဲ့ပါက သူက ကျောက်ရီကို ကယ်တင်ရန် နောက်ထပ် အခွင့်အရေးလုံးဝ ရရှိတော့မည် မဟုတ်ပေ။

လူတစ်ယောက်၏ ဘဝတွင် လုပ်ကိုလုပ်ရမည့်အရာများ ရှိသည်မဟုတ်လား။သူတို့က လုပ်ဆောင်သင့်သောအရာ များကို ထိုသို့မလုပ်ဆောင်မိပါက နှစ်ပေါင်းသောင်းချီ၍ နေထိုင်အသက်ရှင်ရစေဦးတော့ အတိတ်ကိုပြန်အောက်မေ့ ပြီး လိပ်ပြာမလုံ ဖြစ်ရပေလိမ့်မည်။

ဝမ်လင်း၏ ဆုံးဖြတ်ထားမှုက ပြတ်သားမှုအဖြစ်သို့
ပြောင်းလဲသွားကာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်း လိုက်သည်။သည်အခိုက်အတန့်၌ လင်းထျန်ဟူ၏ နတ် ဘုရားအာရုံမှ ဖြစ်ပေါ်လာသည့် ဓားစိတ်ဆန္ဒက ပို၍ နီးကပ်လို့လာသည်။

စကားတစ်ခွန်းမှ မဆိုဘဲ ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းကာ ရွှေရောင်သင်္ကေတများက သူ့ပတ်လည်တွင် သိပ်သည်းလို့သွားသည်။ဓားစွမ်းအင်က ဝမ်လင်းကိုယ်ပေါ် သို့ ကျရောက်လာ၏။အဖြူရောင်အလင်းတန်းက ဝမ်လင်း ပတ်လည်ရှိ ရွှေရောင်သင်္ကေတများနှင့် ယင်းကို ထပ်ဆင့် ဝန်းရံထားသော အင်းဆင်များ၏ ခန္ဓာကိုယ်များကြား ရွှေ့ လျားလို့နေသည်။သူက တုံ့ဆိုင်းခြင်းမရှိ နောက်ထပ် ခြေ တစ်လှမ်းလှမ်းလိုက်ပြန်သည်။

သူ့ပတ်လည်ရှိ အင်းဆက်မျာား၏ တစ်ဝက်ကျောက် တောင့်တင်းမာခဲကာ ရွှေရောင်အလင်းထံကမနေ ပြုတ်ကျ သွားကြသည်။ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း ကာ ယင်းတို့ကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက် သည်။

သည်ခြေလှမ်းက နတ်ဘုရားအာရုံကို ပို၍ သိပ်သည်း သွားအောင် အစပြိုးပေးလိုက်သလိုပင်။အငူစွန်းထဲရှိ အဟ ကြားမှ တစ်ဆင့် ကျယ်လောင်သောအသံများက ပဲ့တင့်ထပ် လာချေသည်။

စိတ်ဝိညာဉ်အလံမှ စိတ်ဝိညာဉ်အပိုင်းအစများအားလုံး
သည်လည်း ယင်းဓားစိတ်ဆန္ဒကို တားဆီးနိုင်စွမ်း မရှိပေ။ သည့်နောက် လင်းထျန်ဟူ၏ နတ်ဘုရားအာရုံ ဓားစိတ် နတ်ဆိုးမိစ္ဆာချပ်ဝတ်ပေါ်သို့ တိုက်ရိုက် ကျ ဆန္ဒက ရောက်လာသည်။

သည်အခိုက်အတန့်၌ နတ်ဆိုးမိစ္ဆာချပ်ဝတ်ထဲရှိ နတ်ဆိုး မိစ္ဆာစွမ်းအင်များက ပြိုပျက်သွားကြကာ ဝမ်လင်းသည် အံ့မခန်းအားတစ်ခုက သူ့ခန္ဓာကိုယ်အား ဝင်ဆောင့်လာ သည်ဟု ခံစားမိလိုက်ရသည်။သူက နောက်ဆုတ်မပေးလျှင် ချက်ခြင်း ပျက်စီးသေဆုံးရတော့မည်ဟူသော ခံစားချက်ကို ပင် ရရှိနေပေသည်။

သို့ရာတွင် ခံစားချက်က ခံစားချက်သာ ဖြစ်၏။ဝမ် လင်း၏ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်စွမ်းကြောင့် သူက ထို ခံစားချက်ကို ဖိနှိပ်ထားနိုင်စွမ်း ရှိပေသည်။သူ့မျက်လုံးက ပို၍ ပြတ်သားလာကာ သူ ရာစုနှစ်တစ်ခုလောက် အမှတ်အသားခပ်နှိပ်ထားသည့် ပြန့်ကျဲနတ်ဆိုးမိစ္ဆာကို ပထမဆုံးအကြိမ်အဖြစ် သူက ထုတ်လွှတ်လိုက်တော့၏။

ဝမ်လင်းက ထိုနတ်ဆိုးမိစ္ဆာ၏ စိတ်ဝိညာဉ်ကို ပြည့်ဝစွာ အမှတ်အသားခပ်နှိပ်နိုင်ခြင်း မရှိသေးပေ။ထို့ကြောင့် သူက ၎င်းကို သူ့ဒုတိယမူလစိတ်ဝိညာဉ်အဖြစ် သန့်စင်မွန်းမံနိုင် ခြင်း မရှိသေးချေ။၎င်းကို ထုတ်လွှတ်လိုက်သည်နှင့် ဦးချို တစ်ချောင်းအနက်ရောင်နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်က ဝမ် လင်းနဖူးထက်ကနေ ထွက်ပေါ်လာ၏။၎င်း၏မျက်လုံးများ က လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ဝါးမြိုရန် ကြံစည်လိုက်
ရင်း ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည်။

နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ထွက်ပေါ်လာသည်နှင့် အဆုံးမဲ့ ဟန်ရသော နတ်ဆိုးမိစ္ဆာစွမ်းအင်များက နတ်ဆိုးမိစ္ဆာချပ် ဝတ်ထံကနေ ထွက်ပေါ်လာသည်။ယင်းစွမ်းအင်က နတ်ဆိုး မိစ္ဆာထံသို့ စီးဆင်းသွားကာ သူ့ခန္ဓာကိုယ်ကို အထည်ဒြပ် ဖြစ်လာစေသည်။

၎င်းက လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို ဝါးမြို လိုက်၏။သည့်နောက် ၎င်း၏ခန္ဓာကိုယ်ကနေ ပြင်းထန် သောအော်ရာတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ စိုးမိုးခြင်း နယ်ပယ်က ၎င်း၏ခန္ဓာကိုယ်ထဲ၌ စတင် သောင်းကျန်းလာ ခဲ့ချေပြီ။နတ်ဆိုးမိစ္ဆာက ဟိန်းသံ ပြုလိုက်ရာ ၎င်း၏ ရုန်းကန်နေသောအသွင်၌ ဖျပ်ခနဲ ကြည်လင်မှုတစ်ခု ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏ မူလစိတ်ဝိညာည်က တုန်ယင်သွားကာ သူက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်၏ မ တည်မငြိမ်ဖြစ်နေမှုကို သတိပြုမိလိုက်သည်။ချက်ခြင်းပင် သူက နတ်ဘုရားအာရုံအမျှင်တန်းတစ်ခုကို နတ်ဆိုးမိစ္ဆာ စိတ်ဝိညာဉ်ထဲသို့ ပို့လွှတ်ကာ ခပ်နှိပ်မှုအမှတ်အသားကို အသက်ဝင်စေလိုက်သည်။သည်အမှတ်အသားက တည်ငြိမ် ခိုင်မာခြင်း မရှိသေးသော်လည်း သူက လွန်ခဲ့သောနှစ်တစ် ရာလုံးလုံး ယင်းအမှတ်အသားကို ခပ်နှိပ်နေခဲ့ခြင်း မဟုတ် လော။
ခု ၎င်းကို အသက်သွင်းလိုက်သည်နှင့် နတ်ဆိုးမိစ္ဆာစိတ် ဝိညာဉ်က ချက်ခြင်းပင် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်စုပ်ယူ ခြင်းခံလိုက်ရ၏။တစ်စုံတစ်ယောက်က မန္တာန်တစ်ခုကို ရွတ်ဆိုနေသလို အသံတစ်ခုက ခပ်အုပ်အုပ်ထွက်ပေါ်လာ သည်။ဝမ်လင်းခန္ဓာကိုယ်ပတ်လည်ရှိ နတ်ဆိုးမိစ္ဆာချပ်ဝတ် ပင် သက်ရောက်ခြင်း ခံလိုက်ရသလိုဖြစ်ကာ ၎င်းချပ်ဝတ် က အနက်ရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းသွားပြီး အထည် ဒြပ် ဖြစ်မနေတော့ပေ။ဝမ်လင်းက ၎င်းအခိုးငွေ့ကို သူ့ သိုလှောင်အိတ်ထဲသို့ အမြန်ထည့်သိမ်းလိုက်ရသည်။ သည့်နောက် သူက နောက်ထပ် ခြေတစ်လှမ်းလှမ်း လိုက်ခြင်းပင်။ လိုက်၏။သည်တစ်ကြိမ်၌ သူက ရှေ့ပေတစ်ရာသို့ ရွှေလျား

သို့ရာတွင် အာအနက်ပိုင်းမှ ပေါက်ကွဲထွက်လာသော တတိယကြိမ်မြောက်နတ်ဘုရားအာရုံက ပို၍ပင် သိပ်သည်းနေခဲ့ပေသည်။၎င်းက မိုးခြိမ်းသံကဲ့သို့ မြည်ဟီး ကာ လင်းထျန်ဟူ၏အသံပင် ပါဝင်နေသလား မှတ်ထင်ရ ပေသည်။

စိတ်ဝိညာဉ်အလံက ၎င်းနတ်ဘုရားအာရုံကို ခုခံရန် မရှိပေ။နတ်ဆိုးချပ်ဝတ်သည် လည်း ပျောက်ကွယ်သွားခဲ့ချေပြီ။ ခုချိန်တွင် ဝမ်လင်း၌ လုံလောက်သောစွမ်းအား တစ်ခုတည်းသော ကျန်သည့်အရာဆို၍ အသက်ဓာတ် ချိပ်တံဆိပ်တစ်သန်းသာ ရှိတော့သည်။တတိယမြောက် နတ်ဘုရားအာရံဒ ရောက်ရှိလာသည့်အခိုက်တွင် အသက်
ဓာတ်ချိပ်တံဆိပ်တစ်သန်းသည် ရုတ်တရက် ဖောင်းပွ လာ၏။သည့်နောက် ရုတ်တရက် ပေါက်ကွဲထွက်သွားမှုက လင်းထျန်ဟူ၏ နတ်ဘုရားအာရုံကို တားဆီးနိုင်လိုက်ပေ သည်။သို့ရာတွင် ထိုအခိုက်အတန့်၌ အသက်ဓာတ် ချိပ်တံဆိပ်အားလုံးသည်လည်း မြန်ဆန်စွာ ပျက်စီးသွား ရ၏။

ဝမ်လင်းမျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွလာ ကာ သူက မာန်သွင်း၍ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ထိုအခါ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက ပျံသန်း ထွက်လာကာ မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွား သည်။

ထိုသားရဲက ဟိန်းသံပြုကာ ဝမ်လင်းရှေ့သို့ ရောက်လာ ပြီး နတ်ဘုရားအာရုံနှင့် ထိတိုက်သွားသည်။မိုးကြိုးများ ဝန်းရံနေသော မိုးကြိုးသားရဲထံမ တရှဲရှဲမြည်သံများ ထွက် ပေါ်လာသည်။

မိုးကြိုးသားရဲ၏ခန္ဓာကိုယ်မှ မြောက်များစွာသောမိုးကြိုး များကို ထုတ်လွှတ်ကာ ၎င်းက လင်းထျန်ဟူ၏ နတ်ဘုရား အာရုံကို တွန်းထုတ်လေသည်။

သည်အခိုက်အတန့်ကို အသုံးချ၍ ဝမ်လင်း၏ အသက် ဓာတ်ချိပ်တံဆိပ်များက တစ်သန်းတိတိရောက်အောင် မြန်ဆန်စွာ ပြန်ကောင်းလာခဲ့သည်။သူ့မျက်လုံးကလည်း အေးစက်လာခဲ့သည်။တစ်ခါတစ်ရံ ခုခံခြင်းသပ်သပ်က
အကောင်းဆုံးနည်းလမ်းတစ်ခု မဟုတ်ပေ။သူကသာ ရှေ့သို့ ဆက်တိုးလျှင် သူက တိုက်ခိုက်ရန် လိုအပ်ပေမည်။

ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း ထပ်တိုးသည်။သူ့လက် ကလည်း မရဏလက်ချောင်းကို အသက်သွင်းထား၏။သူ့ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များသည် ဟုန်းကနဲ ထွက်ပေါ်လာကာ မရဏလက်ချောင်း များစွာက မိုးကြိုးသားရဲ ပိတ်ဆို့ထားနေသော နတ်ဘုရား အာရုံထံသို့ တန်းမတ်စွာ ဝင်ရောက်လို့သွားသည်။

မရဏလက်ချောင်းမှ ဖန်တီးထားသော အနက်ရောင် အလင်းများက မြားများအလား ထိုးတက် တိုးဝင်ပြီး လင်း ထျန်ဟူ၏ နတ်ဘုရားအာရုံပေါ်သို့ ကျရောက်သွားသည်။

ဝမ်လင်းက နောက်ထပ်ခြေတစ်လှမ်း လှမ်းလိုက်ကာ ရှေ့သို့ လက်ညွှန်လိုက်၏။သည်တစ်ကြိမ်တွင် နတ်ဆိုး လက်ချောင်း ပေါ်ထွက်လာ၏။သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာ ပြန်သည်။ အရင်တုန်းက ကောင်းကင်ဘုံအရည်လေးစက် ကို သောက်သုံးထားသည့်အတွက်ကြောင့် သူက မည်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အသုံးမပြုလျှင်ပင် သူ့ကောင်းကင်ဘုံစိတ်ဝိညာည်စွမ်းအင်များသည် အဆုံးမရှိဟု ထင်မှတ်ရလေ၏။

သည်အခိုက်အတန့်တွင်

သူ့ခန္ဓာကိုယ်ထဲရှိ

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက နတ်ဆိုးမိစ္ဆာ
စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားချေသည်။ ပြန့်ကျဲ နတ်ဆိုးမိစ္ဆာကြောင့် သည်နတ်ဆိုးမိစ္ဆာစွမ်းအင်များက လွန်စွာ သန့်စင်နေပေသည်။သည်စွမ်းအင်က ဝမ်လင်း လက်ချောင်းမှတစ်ဆင့် ထိုးထွက်သွားချေသည်။

ဝမ်လင်းက လက်ချောင်းတိုက်ချက်တစ်ခုတည်းကို ထုတ်ဖော်လိုက်ခြင်းမဟုတ်ဘဲ ဆယ်ခုတိတိ ထုတ် လွှတ်လိုက်ခြင်း ဖြစ်၏။

သိပ်မကြာခင်တွင် ဝမ်လင်းက သူ့ညာလက်ကို မြှောက် လိုက်ရာ တစ္ဆေလောကမြစ်ပေါ်လာတော့သည်။သူက ခြေလှမ်းများကို ဆက်တိုက်လှမ်းလိုက်ရင်း သူ့မန္တန်များက လည်း ပေါ်ထွက်လာကာ လင်းထျန်ဟူ၏ နတ်ဘုရားအာရုံ ကို တရပ်စပ် တိုက်ခိုက်စေတော့သည်။

ဝမ်လင်းက ထိုစွမ်းအားသည် မလုံလောက်သေးဘူးဟု ခံစားမိနေ၏။သူ့မျက်လုံးများကလည်း အေးစက်လာခဲ့ သည်။အသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းက သတ်ဖြတ်ခြင်း စွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

လင်းထျန်ဟူ၏ ဓားစွမ်းအင်ကိုတော့ ဝမ်လင်းက လင်း ထျန်ဟူ၏ နတ်ဘုရားအာရုံကို တိုက်ခိုက်ရာ၌ အသုံးမပြုပေ

သည်အခိုက်အတန့်၌ ဒီလှိုင်းအသူတစ်ရာချောက်တစ်ခု လုံးသည် တုန်ယင်လာခဲ့၏။

ရုတ်တရက် မန္တာန်များအားလုံးသည် လင်းထျန်ဟူ၏
နတ်ဘုရားအာရုံကို ဝင်စောင့်သွားတော့၏။ တစ်ချိန်တည်း မှာပင် မိုးကြိုးသားရဲက မြေကြီးပင် ကွဲအက်သွားစေ လောက်အောင် ဟိန်းသံပြုကာ မိုးကြိုးတန်းအဖြစ်သို့ ဝမ် ပြောင်းလဲသွားသည်။၎င်းအလင်းတန်းက လင်း၏မန္တာန်များနှင့်အတူ လင်းထျန်ဟူ၏ နတ်ဘုရား အာရုံထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ရေနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်းအသူတစ်ရာချောက်သို့

ဝင်ပေါက်ထဲကနေ ခပ်အုပ်အုပ်အသံများ ဆက်တိုက်ထွက် ပေါ်လာခဲ့သည်။ပြင်းထန်သောတုန်ခါလှိုင်းများ ပျံ့နှံ့ဖြတ် ကျော်သွားသည့်အလား မြေပြင်သည်လည်း တုန်ခါလာခဲ့ သည်။

သည်အခိုက်အတန့် ဒီလှိုင်းအသူတစ်ရာချောက် အနက် ပိုင်းသို့ ဆင်းသွားသည့် မုယုံကျိုးပင် သူ့အပေါ်ဘက်မှ ကြောက်မက်ဖွယ်တုန်ခါလှိုင်းများကို ခံစားမိလိုက်၏။သူ့ ဘေးရှိ အမျိုးသမီးနှစ်ယောက်ကတော့ အပေါ်ကို ပြန် မော့ကြည့်လိုက်သည်။သူတို့မျက်လုံးထဲ၌ ကြောက်လန့်မှု တို့နှင့် ပြည့်နှက်နေခဲ့သည်။

"တော်တော်ကြောက်ဖို့ကောင်းလွန်းတယ်...ဒါက ဝမ် လင်းကြောင့်များ ဖြစ်လာတာလား..."

ရှုဖေးက အသက်ဝဝရှူသွင်းလိုက်သည်။ဝမ်လင်း သူ့နတ် ဘုရားအာရုံကို ဖျက်စီးသွားသည့်အတွက် ဖြစ်ပေါ်နေသော ဒေါသပင် ပျောက်ကွယ်သွားခဲ့သည်။သူမက သူ့စိတ်ကိုယ်
သူ ပြင်လိုက်၏။သူမက ဝမ်လင်းလိုလူမျိုးကို ရန်မစဝံ့တော့

60

ဒီလှိုင်းအသူတစ်ရာချောက်၏ နံရံများကို ဖြတ်သန်း၍ ပြင်းထန်သော တုန်ခါလှိုင်းများက အောက်ခြေထိတိုင် ရောက်ရှိသွားသည်။ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေသည် စင်္ကြံလမ်းများနှင် ပြည့်နှက်လို့နေ၏။ ထို့ကြောင့် သည်တုန်ခါလှိုင်းအသံများ သည်အောက်ခြေ နေရာသို့ ရောက်လာသည့်အခါ ယင်းအသံတို့က ထပ်ခါထပ်ခါ တုန်ရီပဲ့တင့်ထပ်သွားတော့သည်။

သည်ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေရှိ စင်္ကြံ လမ်းများသည် မည်သည့်နေရာသို့ ဦးတည်သွားမှန်း မသိရ သေ အနက်ရောင်တွင်းပေါက်တစ်ခုကို ဗဟိုပြုကာ လေးထောင့်ပုံစံ ဖြစ်ပေါ်နေခြင်းပင်။

ထိုစင်္ကြံတစ်ခု၏ နံရံပေါ်တွင် ဓားကြီးတစ်လက်သည် တစ်ဝက်တိတိ ထိုးစိုက်လို့နေ၏။အသံတုန်ခါမှုက ထိုဓား ပေါ်သို့ ကျရောက်လာသည့်အခိုက်တွင် လျော့ကျသွားသည်။ အနည်းငယ်

ထိုအသံက စင်္ကြံကို ဖြတ်၍ အလွန်ဝေးသော နေရာထိပျံ့နှံ့သွားခဲ့သည်။ယခုအခိုက်အတန့်၌ ဒီလှိုင်းအသူတစ်ရာ ချောက်၏ တစ်ခုတည်းသော ထွက်ပေါက်တည်ရှိရာ မီး နတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်၌ လောဘကြီးနှင့်တာ့လော့ ဓားကလန်မှ တပည့်များသည် ပိတ်မိနေကြသည်။
လောဘကြီးက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။သူ့ မျက်လုံးများက တောက်ပလို့နေသည်။

"လင်းထျန်ဟူရဲ့အော်ရာ...သူက စောစောရောက်လာ တာများ ဖြစ်နိုင်လား...မဟုတ်သေးဘူး။ ဒီအော်ရာက လ င်းထျန်ဟူပိုင်ဆိုင်ပေမဲ့ ဒါက အစိတ်အပိုင်းတစ်ခုသာ ဖြစ် တယ်။ ဒါ့အပြင် သူ့အော်ရာနဲ့အတူ နောက်ထပ်အော်ရာ တစ်ခုလည်း ရှိသေးတယ်။ ဒီတစ်ခြားအော်ရာကတော့ ငါနဲ့ ရင်းနှီးမနေဘူး။ဒါပေမဲ့ ဒီလိုချိန်မှာ ဒီအော်ရာ ပေါ်လာတာ က တုန်ကင်ကြောင့်များလား..."

လောဘကြီးက သူ့ရှေ့ရှိ တာ့လော့ဓားကလန်မှ တပည့် များကို ကြည့်လိုက်၏။သည့်နောက် သူက မျက်လုံးပြန် မှိတ်လိုက်သည်။

အသံလှိုင်းတွန့်များက သည်နေရာသို့ ရောက်လာချိန်၌ အလွန့်အလွန်ဖျော့တော့နေခဲ့ပြီ ဖြစ်သည်။ထို့အတွက် လောဘကြီးကလွဲ၍ ကျန်သည့်သူများက လုံးဝ သတိမပြုမိလိုက်ကြပေ။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက်တွင်တော့ တာ့လော့ဓားကလန်၌ တာအိုဝတ်စုံနှင့်လင်းထျန်ဟူသည် လာခဲ့၏။ ကျင့်ကြံနေလျက်ရှိသည်။ရုတ်တရက် သူက မျက်လုံးဖွင့်လာခဲ့၏.....

သေဆုံးနှလုံးသား...

"ချိပ်ပိတ်ထားတဲ့ ဓားစိတ်ဝိညာဉ်..." လင်းထျန်ဟူ၏ မျက်လုံးများက မော်ကြွားမောက်မာသောအကြည့်ကို ပိုင်ဆိုင်လို့ထားသည်။

"ငါ ဓားစိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားတဲ့နေရာက တော်တော်လေးကို လုံခြုံတယ်။ဒါကို ရှာတွေ့ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ။ဒါပေမဲ့လည်း ဓားစိတ်ဝိညာဉ် သေဖို့ဆန္ဒရှိလာရင်တောင် ဒီချိပ်ပိတ်ထားမှုက ပျက်စီးမှာ မဟုတ် :..."

လင်းထျန်ဟူက အနည်းငယ် စဉ်းစားပြီးနောက် မျက်လုံး ပြန်မှိတ်ထားလိုက်သည်။

ဒီလှိုင်းအသူတစ်ရာချောက်ထဲရှိ ကျောက်ရီချိပ်ပိတ်ခြင်း ခံထားရသော နေရာ၌ ဝမ်လင်း၏ အင်္ကျီအဝတ်စများက လေကြမ်းတစ်ခုကြောင့် တဖျပ်ဖျပ်လွင့်လို့နေသည်။သူ့ ဆံပင်များကလည်း လေထဲ၌ လွင့်မြောလို့နေသည်။သူက နောက်သို့ ခြေလှမ်းများစွာ အတင်းဆုတ်လိုက်ရ၏။ သည့်နောက် သူ့မျက်လုံးက အေးစက်လာခဲ့ချေသည်။
စောစောပိုင်းက ဆက်တိုက်တိုက်ခိုက်မှုများက လင်းထျ န်ဟူ ချန်ထားခဲ့သော တတိယမြောက် နတ်ဘုရားအာရုံကို ဖျက်စီးပစ်နိုင်ခဲ့ပေ၏။သို့ရာတွင် ထို့အတွက် တန်ဖိုးက လည်း ကြီးမားလှ၏။မိုးကြိုးသားရဲက တစစီဖြစ်သွားကာ ထိုအစိတ်အပိုင်းများကို နတ်ဘုရားသတ်ဖြတ်ခြင်းစစ် ရထားထဲသို့ ပြန်သိမ်းထားလိုက်ရ၏။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံဖြင့် ပြုလုပ်ထားခဲ့သော အဟက လျင်မြန်စွာ ပြန်ပိတ်လာကာ ပျောက်ကွယ် လုနီးပါး ဖြစ်လာခဲ့သည်။

ဝမ်လင်းကိုယ်ထဲရှိ သွေးများကလည်း မြင့်တက်လာခဲ့ ကာ သူ့သွေးကြောအများစုသည် ပိတ်ဆို့သွားခဲ့ပြီ ဖြစ်၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ခန္ဓာကိုယ်ထဲ၌ ချောချောမွတ်မွတ် မစီးဆင်းတော့ပေ။ သို့သော် သူက ထိုအခြေအနေကို ချက်ခြင်း ပြန်ညှိနိုင်စွမ်း မရှိတော့ပေ။ထိုအစား သူက ခြေတစ်လှမ်းလှမ်းကာ လင်း ထျန်ဟူ၏နတ်ဘုရားအာရုံ ထွက်ပေါ်လာသော အဟကြား သို့ တဟုန်ထိုး တိုးဝင်သွားလေသည်။

 သည်တစ်ကြိမ်၌ ဝမ်လင်းကသူ့အမြန်နှုန်းက်ု အစွမ်းကုန် အသုံးပြုလိုက်ခြင်း ဖြစ်၏။ 

ထိုအဟက ဝမ်လင်း စိတ်ကူးထားသလို ကျဉ်းမြောင်းနေ ခြင်း မရှိပေ။ထို့ကြေင့် သူက ထိုအဟ အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားမိ၏။သည်နေရာတွင် သူက
ကျောက်ရီ၏ အော်ရာကို ရေးတေးတေး ခံစားမိလိုက်၏။

"ကျူးကျော်လာတဲ့လူ သေစမ်း..." လင်းထျန်ဟူ၏ နတ် ဘုရားအာရုံက နောက်တစ်ကြိမ် ပေါ်ထွက်လာပြန်သည်။ သည်တစ်ကြိမ်၌ သူ့နတ်ဘုရားအာရုံက စိုးမိုးခြင်းအသံတစ် ခုကို သယ်ဆောင်လာကာ ဝမ်လင်းနားထဲသို့ တိုက်ရိုက် ဝင် ရောက်လာ၏။သည်အသံက သူ့ကို များစွာ တုန်ခါသွားစေ ကာ အလိုလိုပင်နောက်သို့ ဆုတ်သွားမိသည်။

အငူစွန်းထဲရှိ အက်ကွဲကြောင်းအဟတစ်ခုလုံးထံမှ အက်ကွဲသံများသည် ထိုနတ်ဘုရားအာရုံကြောင့် ထွက် ပေါ်လာခဲ့သည်။ ချောက်နံရံပေါ်ရှိ အငူစွန်းပေါ်၌ မရေမ တွက်နိုင်သော အက်ကွဲရာများ ပေါ်ထွက်လို့လာသည်။

ထိုနတ်ဘုရားအာရုံ၏ ကိုင်လှုပ်ခြင်းကို ခံလိုက်ရပြီး နောက် ဝမ်လင်းမူလစိတ်ဝိညာည်သည် အားနည်းသွားခဲ့ ချေပြီ။သူက သွေးအန်ထုတ်လိုက်ရကာ မျက်နှာပင် ချက် ခြင်း ဖြူရောလို့သွားသည်။

"ဒီလင်းထျန်ဟူက တော်တော်လေး စွမ်းအားကောင်း လွန်းတာပဲ…" ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။ ကျောက်ရီကို ချိပ်ပိတ်ရန် ချန်ထားရစ်ခဲ့သော နတ်ဘုရား အာရုံပင် ခုလောက်စွမ်းအားကောင်းနေသည့်အတွက် လင်း ထျန်ဟူ ကိုယ်တိုင်သာ ရောက်ရှိလာလျှင် မည်မျှ အစွမ်းထက်နေမည်နည်း။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သူက
သိုလှောင်အိတ်ထဲမှ သလင်းလို ကြည်လင်နေသော စုတ်တံ ကို ထုတ်ယူလိုက်၏။သည်စုတ်တံကို ကိုင်ဆောင်ထားရင် သူ့လက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်၏။သည့်နောက် သူ့ ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ရွှေရောင်သင်္ကေတတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

ထိုသင်္ကေတ ပေါ်ထွက်လာသည်နှင့် ၎င်းက သည်ပိန်း ပိန်းမှောင်နေသောအဟကြားကို လင်းထိန်သွားစေသည်။

တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းက နောက်ထပ် စုတ်ချက်တစ် ချက်ကို ရေးဆွဲလိုက်သည်။ စုတ်ချက်တစ်ခု၊နှစ်ခု၊သုံးခု၊ လေးခု...တစ်စက်လေးတောင့် တန့်သွားခြင်းမရှိဘဲ ဝမ် လင်းက စုတ်ချက်ခုနစ်ချက်ကို ရေးဆွဲလိုက်လေ၏။

သည်အရာက ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း စုတ်ချက်တစ်ချက်ထက် ပိုဆွဲလိုက်ခြင်းပင်။သူက အစော ပိုင်း အင်းဆက်များနှင့် ရင်ဆိုင်ရချိန်၌ စုတ်ချက်ဆယ်ချက် ကျော် ရေးဆွဲခဲ့သော်လည်း ထိုစုတ်ချက်များက တူညီသော စုတ်ချက်တစ်ခုကို ထပ်ခါထပ်ခါ ရေးဆွဲခဲ့ခြင်းသာ ဖြစ်သည်။

စုတ်ချက်တစ်ခုစီနှင့်အတူ ဝမ်လင်းက သူ့မူလစိတ် ဝိညာဉ်အစိတ်အပိုင်းတစ်ခုသည် သင်္ကေတထဲသို့ ဝင် ရောက်သွားသည်ကို ခံစားရသည်။စုတ်ချက်ခုနစ်ချက် သင်္ ကေတွင် သူ့မူလစိတ်ဝိညာဉ် အစိတ်အပိုင်းခုနစ်ခု ပါဝင်နေ ခဲ့ပေ၏။
ထိုစုတ်ချက်ခုနှစ်ချက်က ဝမ်လင်း၏ အကန့်အသတ်ပင်။ သူက စိတ်ဝိညာဉ်သန့်စင်ခြင်းမျိုးနွယ်စု အတွင်း၌ သည် စုတ်တံကို သန့်စင်မွန်းမံခဲ့ချိန်က သူက ၎င်းကို ထုတ်၍ စမ်းသပ်ခဲ့ပေသည်။သူက ရှစ်ခုမြောက်စုတ်ချက်ကို ရေးဆွဲနိုင်သည်ကို သိရှိခဲ့ရ၏။ထိုသို့ဖြစ်ရခြင်းက သူ့မူလ စိတ်ဝိညာဉ်သည် အစိတ်အပိုင်းကိုးခု အဖြစ်သို့ မခွဲထွက် နိုင်ခြင်းကြောင့် ဖြစ်၏။ 6

ဝမ်လင်းက ခုနစ်ခုမြောက်စုတ်ချက်ကို ရေးဆွဲလိုက် သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များသည် တဟုန်ထိုးထိုးထွက်ကာ ခုနစ်ခု မြောက်စုတ်ချက် သင်္ကေတထဲသို့ တိုးဝင်သွားသည်။

စုတ်ချက်ခုနစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်း သွားပြီး စက်ဝန်းသင်္ကေတတစ်ခု ဖြစ်လာသည်။သည် သင်္ကေတက အလွန်အမင်း သန်မာလွန်းလှ၏။ယင်းက နေ တစ်စင်းကောင်းကင်မှ သက်ဆင်းကာ သည်အဟကြာထဲ သို့ ကျရောက်လာသကဲ့သို့ပင်။သည်ရွှေရောင်အလင်းများ က တလျှံငြီးငြီး တောက်ပသည့်အပြင် စိတ်ဝိညာဉ်ကိုပင် နာကျင်စေနိုင်သည်။

ကောင်းကင်ဘုံစွမ်းအင်များကို

အသုံးပြု၍

ကောင်းကင်ဘုံစုတ်တံမှ ဖန်တီးထားသော ကောင်းကင်ဘုံ သင်္ကေတတစ်ခုကို ပြီးပြည့်စုံသော ကောင်းကင်ဘုံမန္တာန် တစ်ခုဟုပင် ယူဆ၍ ရနိုင်၏။၎င်း၏အလင်းက ဒီလှိုင်း အသူတစ်ရာချောက်၏ အငူစွန်းကို ဓားတစ်လက်ကဲ့သို့
ထွင်းဖောက်သွား၏။

သည်အခိုက်အတန့်၌ လူတစ်ယောက် အပြင်ဘက်မှ ကြည့်လျှင် ရွှေရောင်အလင်းက အက်ကွဲကြောင်းအာ ထဲမှ ထွက်ပေါ်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်ပေလိမ့်မည်။ သည်ရွှေရောင်အလင်းက ဆက်တိုက်ပျံ့နှံ့လာက သိပ်မကြာ ခင်တွင် ရေနတ်ဆိုးနိုင်ငံ၏ ဒီလှိုင်းအသူတစ်ရာချောက် ဝင်ပေါက်ကိုပါ လင်းထိန်သွားစေသည်။

ထိုစုတ်ချက်ခုနစ်ခု သင်္ကေတသည် ဝမ်လင်း၏မူလစိတ် ဝိညာဉ် အစိတ်အပိုင်းခုနစ်ခု ပါဝင်နေပေ၏။ထို့ကြောင့် သည်သင်္ကေတကို ဝမ်လင်းက ကိုယ်ပိုင်တစ်ခုလို ထိန်းချုပ် နိုင်စွမ်း ရှိပေ၏။သူက ယင်းရွှေရေင်သင်္ကေတကို အက်ကွဲ ကြောင်းအဟ အနက်ပိုင်းထိ ဆွဲယူလိုက်သည်။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံက ထိုရွှေရောင်အလင်း ထွင်းဖောက်လာပြီးနောက် ပျောက်ကွယ်တော့မည် အရိပ် လက္ခဏာများ ပြသလို့လာသည်။သို့ရာတွင် ၎င်းက ပျောက် ကွယ်နေရာကနေ ချက်ခြင်း ရပ်တန့်လို့သွား၏။လင်းထျန် ဟူ၏ နတ်ဘုရားအာရုံက ဟိန်းသံပြုကာ ထိုးထွက်လာ ပြန်သည်။သည်တစ်ကြိမ်၌ နတ်ဘုရားအာရုံက လင်းထျန် ဟူ၏ အသွင်ဟန်ပန်ကိုပါ ဆောင်ယူထားတော့သည်။

တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လင်းထျန်ဟူသည် မျက်နှာပေါ်တွင် စိုးမိုးဖိနှိပ်နိုင်သောအကြည့်နှင့်အတူ တစ် လှမ်းချင်း တိုးလာလေသည်။သည့်နောက် သူက မှုန်ဝါး
သွားကာ ဓားစွမ်းအင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲ၍ သင်္ကေတထံသို့ တိုက်ရိုက် တိုးဝင်လာချေသည်။

သင်္ကေတနှင့် ဓားစွမ်းအင်တို့ ထိတိုက်သွားသည့် အခိုက်အတန့်၌ ပြင်းထန်သောတုန်ခါလှိုင်းများက အရူး အမူး ပျံ့နှံ့လာသည်။သည်သိပ်သည်းလှသော တုန်ခါမှုက မ ရေမတွက်နိုင်သောအက်ကွဲကြောင်းများကို ဖြစ်စေ၏။

သည်တုန်ခါမှုက ပြင်းထန်လွန်းလှသဖြင့် ရေနတ်ဆိုး နိုင်ငံ၏ စေသည်။ နေရာတော်တော်များများကို တုန်ယင်သွား

ဝမ်လင်းအသွင်က အလွန်အမင်း ဖြူရောသွားကာ သူက ခြောက်ခါဆက်တိုက် သွေးအန်ထုတ်လိုက်ရသည်။ထိုသွေး များထဲ၌ ကောင်းကင်ဘုံစွမ်းအင်များပင် ပါဝင်နေခဲ့သည်။ ၎င်း သွေးက အောက်သို့ ကျသည့်အခါ နက်ရှိုင်းသော အမှတ်အသားခြောက်ခုကို ဖြစ်ပေါ်သွားစေသည်။

သင်္ကေတက ပျက်စီးသွားခဲ့ကာ ဝမ်လင်း၏ နတ်ဘုရား အာရုံခုနစ်ခုတွင် ခြောက်ခုက ကွဲကြေသွားခဲ့သည်။ နောက်ဆုံးကျန်ခဲ့သော တစ်ခုက သင်္ကေတမပျက်စီးသွား ခင် အခိုက်အတန့်လေးတွင် ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန် ရောက်ရှိသွားသည်။

လင်းထျန်ဟူ၏ နတ်ဘုရားအာရုံဖြင့် ဖန်တီးထားသော ဓားစွမ်းအင်ကလည်း မှိန်ဖျော့လို့သွား၏။သို့သော် ၎င်း၏ ထက်ရှမှုကတော့ လျော့နည်းသွားခြင်း မရှိပေ။တကယ်
တော့ ပြိုကျသွားသော သင်္ကေတက အစစ်အမှန် ကောင်းကင်ဘုံမန္တာန်တစ်ခု ဖြစ်လေ၏။သည်သင်္ကေတက ပျက်စီးသွားသော်လည်း မရေမတွက်နိုင်သော ရွှေရောင် အလင်း အစက်အပြောက်များကို ဖြစ်စေ၍ ဓားစွမ်းအင်ကို ဝန်းရံကာ ရွှေရောင်လှောင်ချိုင့်တစ်ခုလို ပိတ်လှောင် လိုက်၏။

၎င်းက ဓားစွမ်းအင်ကို အချိန်အတန်ကြာ ပိတ်လှောင် ထားနိုင်ခြင်း မရှိသော်လည်း ခဏတာတော့ ချုပ်နှောင် ထားနိုင်စွမ်း ရှိပေ၏။

မူလစိတ်ဝိညာဉ်ကို ထိခိုက်ခြင်းက ကျင့်ကြံသူတစ် ယောက်အတွက် ဒဏ်ရာအကြီးအကျယ်ရခြင်းဟု ပြော၍ ရ နိုင်ပေသည်။

ဝမ်လင်းမျက်လုံးများက လုံးဝနီရဲနေ၏။သတ်ဖြတ်သူ နှလုံးသားက ထွက်ပေါ်လို့လာ၏။သူက သည်အဆင့်ထိရောက်လာပြီးမှ နောက်ဆုတ်တော့မည် မဟုတ်ပေ။သူက ပိတ်လှောင်ခြင်းခံထားရသော ဓားစွမ်းအင်ကို ခုန်ကျော် ကာ အက်ကွဲကြောင်းအာ၏ အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားသည်။

သူ့ရှေ့တွင် ခရမ်းရောင်စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု တွဲ လောင်းပုံစံဖြင့် ရှိလို့နေသည်။သည်စိတ်ဝိညာဉ်ခန္ဓာကိုယ် က ကျောက်ရီပင် ဖြစ်၏။

ကျောက်ရီ၏မျက်လုံးများက မှိတ်ထားလျက် ရှိသည်။သူ့
မျက်နှာပေါ်၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်နေသည်။သူ့မျက်ခုံး နှစ်ခုကြားကလွဲ၍ ကျန်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းများ အားလုံးက ခရမ်းရောင်ဖြင့် ဖုံးအုပ်ထားသည်။သည် ခရမ်းရောင်က အသက်ဝင်နေသည်ဟု ထင်ရကာ အ ဆတ်မပြတ် လူးလွန့်လို့နေသည်။

ကျောက်ရီ၏ အောက်ဘက် မြေပြင်ပေါ်တွင်တော့ ပေ သုံးဆယ်လောက်ရှိသော အစီအရင်တစ်ခု ရှိလို့နေသည်။ ခရမ်းရောင်အခိုးငွေ့အမျှင်တန်းများက ထိုအစီအရင်ထဲမှ ထွက်ပေါ်နေခြင်းဖြစ်ပြီး ကျောက်ရီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်နေကြခြင်းပင်။

ထိုအစီအရင်၏ ထောင့်လေးထောင့်၌ ရတနာဓားလေး လက်ကို ထိုးစိုက်လို့ထားသည်။ထိုရတနာဓားလေးလက် ထံမှ အလင်းရောင်တစ်ခုသည် ဖြည်းဖြည်းချင်း ထုတ်လွှတ် နေကာ မြေပြင်နှင့် ပေါင်းစပ်နေ၏။

တစ်ချိန်တည်းမှာပင် ထိုဓားလေးလက်ပေါ်၌ လက်သီး စုပ်ခန့် အလင်းလုံးများ ရှိလို့နေ၏။ထိုအလင်းလုံးများက အားကောင်းသောနတ်ဘုရားအာရုံအော်ရာကို ပေးစွမ်းကာ နေ၏။

"စီနီယာ ကျောက်ရီ..." ဝမ်လင်း ကျောက်ရီကို တွေ့ခဲ့ သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။ သို့ရာတွင် သည်အခိုက်အတန့်၌ ကျောက်ရီက ခရမ်းရောင် အခိုးငွေ့များဖြင့် ဝန်းရံထားခြင်း ခံထားရသည်။ကျောက်ရီ
မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင်အလင်းက ခရမ်းရောင်အခိုး ငွေ့၏ ဝါးမြိုခြင်းကို ခံနေရ၏။သည့်နောက် ကျောက်ရီက နိုးထလာရန် အခွင့်မရတော့ဘဲ လင်းထျန်ဟူ ပိုင်စိုးခြင်းကို သာ ထာဝရခံရတော့မည်အလားပင်။

ကျောက်ရီကို ချိပ်ပိတ်ပြီး သန့်စင်မွန်းမံထားသော အစီ အရင်က လင်းထျန်ဟူ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ထား သော အရာ ဖြစ်၏။သူက ထိုအစီအရင်ကို ကောင်းကင်ဘုံ နတ်ဆိုးသန့်စင်ခြင်းအသွင်ပြောင်းအစီအရင်ဟု ခေါ်၏။ သည်အစီအရင်က အလွန်စွမ်းအားကောင်းလွန်းလှသည်။ သို့သော် အဓိကအချက်အချာမှာ မြေပြင်ပေါ်ရှိ ဓားလေး လက် ဖြစ်၏။

တစ်ခါတုန်းက လင်းထျန်ဟူသည် ကမ္ဘာငယ်လေးခုကို မူလစိတ်ဝိညာဉ်ဓားလေးလက်အဖြစ် သန့်စင်ပစ်ခဲ့ဖူး၏။ ယခုသည်ဓားလေးလက်က ထိုမူလစိတ်ဝိညာဉ်ဓားလေး လက်ပင် ဖြစ်သည်။ထိုဓားလေးလက်၏ စွမ်းအားကို တိုး မြှင့်ပေးနိုင်ရန်အတွက် လင်းထျန်ဟူက ထိုဓားများအပေါ် တွင် နတ်ဘုရားအာရုံလေးခုကို ချန်ထားခဲ့ကာ အစီအရင် ကို ပို၍ သန်မာအားကောင်းအောင် ပြုလုပ်ခဲ့ပေ၏။

ခရမ်းရောင်အခိုးငွေ့များကတော့ နတ်ဆိုးအော်ရာ ဖြစ်၏။၎င်းက ရေနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုးစိတ် ဝိညာဉ်ထံမှ ထွက်ပေါ်လာသည့်အရာပင်။

လင်းကျန်ဟူ က လွန်ခဲ့သော နှစ်ပေါင်းများစွာက သည်
နေရာသို့ လျှို့ဝှက်၍ လာခဲ့ရခြင်းသည် ကျောက်ရီကို သည် နေရာတွင် ချိပ်ပိတ်ပစ်ရန်အတွက် ဖြစ်၏။ထိုသို့ သူလုပ်နိုင် သည့် အကြောင်းရင်းသည် သူက ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးနှင့် အချို့ပတ်သတ်မှုများ ရှိနေ၏။သူ တို့နှစ်ယောက်က ကောင်းမွန်သောဆက်ဆံရေး ရှိနေကြ သည်။

ယခုအက်ကွဲကြောင်းအဟ၏ တည်နေရာသည် လျှို့ဝှက် အကြောတစ်ခု ဖြစ်၏။ထိုအကြောက မြေအောက်တွင် ဖုံးကွယ်နေကာ ရေနတ်ဆိုးနိုင်ငံ၏ မြို့တော်နှင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။သည်အရာက ရှေးဟောင်းနတ်ဆိုးကို သူလျှို့ဝှက်အကြောမှ တစ်ဆင့် သူ့နတ်ဆိုးစွမ်းအင်များကို အချိန်မရွေး ပို့လွှတ်စေနိုင်ခြင်း ဖြစ်သည်။သည့်နောက် လ င်းထျန်ဟူ၏ အစီအရင်က သည်နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူ၏။သည့်နောက်တွင်တော့ အစီအရင် က ၎င်းစွမ်းအင်များကို ကောင်းကင်ဘုံသန့်စင်ခြင်းချိပ်ပိတ် ခြင်းထဲသို့ ကူးပြောင်းပေးကာ ကျောက်ရီ၏စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ကျူးကျော်စေသည်။

လင်းထျန်ဟူနှင့် ရေနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုး တို့က သဘောတူညီမှုတစ်ခု ပြုလုပ်ခဲ့ကြ၏။သည် သဘောတူညီမှုက လင်းထျန်ဟူ ကျောက်ရီအား သည် နေရာတွင် ချိပ်ပိတ်ပြီးနောက် ပြီးပြည့်စုံမည် ဖြစ်သည်။

တကယ်တော့ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေပေါ်ရှိ နိုင်ငံ ကိုးခုလုံး၏ ရှေးဟောင်းနတ်ဆိုးများသည် သူတို့၏
ကိုယ်ပိုင်အစီအစဉ်များ ရှိထားကြပေသည်။ရေနတ်ဆိုး နိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးက သူ့နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအားကို တောင့်ခံနိုင်သော စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု ကို ရှာဖွေနေခြင်း ဖြစ်သည်။သည်ဖြစ်စဉ်က အလွန်တရာ နှေးကွေးလှသော်လည်း အလွန်လည်း ခိုင်ခံနေပေသည်။

ကျောက်ရီ၏ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အလင်း ဝါး မြိုခြင်းခံလိုက်ရသည်နှင့် သူက ရေနတ်ဆိုးနိုင်ငံမှ ရှေးဟောင်းနတ်ဆိုး၏ ခန္ဓာကိုယ် ဖြစ်လာပေလိမ့်မည်။

အစဦးတုန်းကတော့ လင်းထျန်ဟူက သည်လိုအစီအစဉ် မရှိခဲ့ပေ။သို့သော် သူက ကောင်းကင်ဘုံနယ်မြေမှ ထွက်ခွာ လာပြီးနောက် ကျောက်ရီ၏ အဆက်မပြတ်လိုက် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ကျောက်ရီက အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီး အတင်းအကြပ် ပြုလုပ်ခဲ့သော ကောင်းကင်ဘုံဓား၏ ဓားစိတ်ဝိညာဉ် ဖြစ်ကာ သူက စွမ်းအားကောင်းသောမန္တာန်များကို ရရှိခဲ့ပေသည်။သည့် အပြင် လင်းထျန်ဟူက ထိုအမျိုးသမီးနှင့် အကြိမ်များစွာ တိုက်ခိုက်ပြီးနောက် ဒဏ်ရာရထားခဲ့ပြီး ဖြစ်နေသေးသည်။ ထို့ကြောင့်လင်းထျန်ဟူက အလွန်အရှက်ရစရာ အခြေအနေတစ်ခုသို့ ဆိုက်ရောက်ခဲ့ရပေသည်။

လင်းထျန်ဟူ အမြင်၌ သည်ဓားစိတ်ဝိညာဉ်က သေချင် နေကာ ကောင်းကင်ဘုံဓားမှ သူ့အသက်ဓာတ် ဓားစွမ်းအင် အကန့်အသတ်ကိုပင် အရူးအမူး အသုံးပြုနေခဲ့သည်။ မိုးကောင်းကင်ဘုံဓားက မိုးကောင်းကင်ဘုံနယ်မြေတွင်
နံပါတ်တစ်ရတနာဟု ပြော၍ရ၏။လင်းထျန်ဟူက ဓားတစ် လက်ကို ရရှိခဲ့သော်လည်း သူက ကျောက်ရီရှေ့၌ ယင်းဓား ကို ထုတ်ရဲခြင်း မရှိပေ။သူက သူ သည်ဓားကို ထုတ်လိုက် သည်နှင့် ၎င်းဓားက ကျောက်ရီ၏ ထိန်းချုပ်ခြင်းကို ခံသွား ရမည်ကို သိနေပေသည်။

လင်းထျန်ဟူက အလွန်စွမ်းအားကောင်းလှသော်လည်း သူက ကောင်းကင်ဘုံလက်ဝါးရာ ကြောင့် ဒဏ်ရာရရှိခဲ့ရ သည်။ထိုလက်ဝါးရာက သိသာစွာ စွမ်းအားကောင်းလှ သည်။၎င်း၏ ဩဇာတိက္ကမက ပို၍ပင် ကြီးမားနေခဲ့သည်။ လင်းထျန်ဟူက သည်ကောင်းကင်ဘုံမန္တန်သည် သာမန် ကောင်းကင်ဘုံဗိုလ်ချုပ်တစ်ယောက် အသုံးပြုနိုင်သည့် အရာ မဟုတ်မှန်း ကောက်ချက်ချမိသည်။သည် ကောင်းကင်ဘုံမန္တာန်က ထိပ်တန်းကောင်းကင်ဘုံမန္တာန် တစ်ခု ဖြစ်ကာ ကောင်းကင်ဘုံအင်ပါယာသာ အသုံးပြုနိုင် လိမ့်မည်။

တိုက်ချက်တစ်ခုတည်းဖြင့်ပင် သူ့ကို ဒဏ်ရာ ရစေခဲ့ သည်မဟုတ်လား။သည့်အပြင် ကျောက်ရီ၏ သူ့အသက်ကို ဂရုမစိုက်ဘဲ တိုက်ခိုက်မှုများကိုပါ ထည့်ပေါင်းလိုက်သည့် အခါ လင်းထျန်ဟူက ရှက်စရာအခြေအနေသို့ပင် ရောက်ခဲ့ ရသည်။

သို့ရာတွင် လင်းထျန်ဟူ၏ စွမ်းအားသည် သံသယ ဖြစ် စရာ တစ်စက်မှ မလိုပေ။တကယ်တော့ သူက ထိုအရှက်ရ စရာအခြေအနေကို ယာယီသာ ကြုံတွေ့ခဲ့ရခြင်းသာ။
သည့်နောက် သူက ကျောက်ရီကို ဖြားယောင်း၍ သည် နတ်ဆိုးစိတ်ဝိညာဉ်ရှိရာသို့ ဖြားယောင်း၍ သည်နေရာတွင် ပိတ်လှောင်ထားခဲ့ခြင်းဖြင့် သူနှင့် ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုးတို့ကြား သဘောတူညီမှုကို ပြီးမြောက် သွားစေခဲ့သည်။

သည်နည်းလမ်းက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။သို့ရာတွင် လင်းထျန်ဟူက နှစ်ရာချီ ကြာမြင့်ပြီးနောက် ဝမ်လင်းက အရာအားလုံးကို ပြောင်းလဲ ရန် ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထား လိမ့်မည် မဟုတ်ပေ။

သည်အက်ကွဲကြောင်းထဲ၌ ဝမ်လင်းက အစီအရင် အတွင်းရှိ ချိပ်ပိတ်ခြင်းခံထားရသော ကျောက်ရီကို ကြည့် နေ၏။ကျောက်ရီ၏ ခန္ဓာကိုယ်က ထူထဲသော သေဆုံးခြင်း အော်ရာတစ်ခုကို ပေးစွမ်းလို့နေသည်။အတိတ်တုန်းက ကျောက်ရီ အလွန်စွဲလမ်းခဲ့ရသော အမျိုးသမီးဖြစ်သူ ထင် အာ ပျောက်ကွယ်သွားကတည်းက သူ့နှလုံးသားက သေဆုံး သွားခဲ့ပြီး ဖြစ်ခဲ့သည် မဟုတ်လော။

ကျောက်ရီ၏ အသက်ဓာတ်ဓားစွမ်းအင်

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "စီနီယာ ကျောက်ရီ..."

သူက ပြင်ပသက်ရောက်မှုများကလွဲ၍ ကျောက် ရီ၏သေဆုံးခြင်းအော်ရာ၏ အဓိကအကြောင်းအရာသည် သူကိုယ်တိုင်ပင် ဖြစ်သည်။ကျောက်ရီက သေဆုံးချင်နေပေ သည်။

ဝမ်လင်းက သူ့ရှေ့ရှိ အစီအရင်ကို တွေ့မြင်လိုက်သည့် အခါ သူက ထိုအစီအရင်ကို ချိုးဖျက်နိုင်စွမ်း မရှိကြောင်း သိလိုက်၏။လူတစ်ယောက် ထိုအစီအရင်ကို ချိုးဖျက်နိုင်ဖို့ က ကျောက်ရီကိုယ်တိုင် လုပ်ဆောင်ရပေမည်။

ဝမ်လင်းအသံက တိုးညှင်းသော်လည်း သက်အက်ကွဲ ကြောင်းထဲ၌ ပဲ့တင်ထပ်သွား၏။ကျောက်ရီ၏မျက်လုံးများ က တုန်ယင်လာကာ မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လာ၏။ သူ့မျက်လုံးများက ဗလာကင်းမဲ့နေကာ ထို ဟာလာဟင်းလင်းဖြစ်မှုအထဲ၌ ဖော်ပြ၍မရနိုင်သည့် ဝမ်းနည်းမှုတို့ ရှိနေ၏။သူ့မျက်နှာက ထုံထိုင်းမှုန်ရီဝေ
နေ၏။

သည်အခိုက်အတန့်တွင် လင်းထျန်ဟူ၏ နတ်ဘုရား အာရုံက ရွှေရောင်လှောင့်ချိုင့်ကို ချိုးဖျက်သွား၏။၎င်းက လှည့်၍ ဝမ်လင်းထံသို့ နောက်တစ်ကြိမ် တိုက်ရိုက် တိုးဝင် လာလေသည်။

တိုးညှင်းသောသက်ပြင်းချသံတစ်ခု အက်ကွဲကြောင်း ထဲ၌ ပဲ့တင်ထပ်လာ၏။ထိုသက်ပြင်းချသံက ကျောက်ရီထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာသော နတ်ဘုရားအာရုံကို ချက်ခြင်း ပြိုလဲသွားစေ၏။

သို့သော် ထိုပျောက်ကွယ်သွားသော ဓားစွမ်းအင်က အလင်းလုံးအဖြစ် ပြန်လည် ဖြစ်တည်ကာ ဓားလေးလက် အပေါ်၌ မလှုပ်မယှက် ရှိလို့နေလေသည်။

"မင်း ထွက်သွားသင့်ပြီ.." ကျောက်ရီက ဝမ်လင်းကို ဆက်၍ မကြည့်တော့ပေ။သူက မျက်လုံး ပြန်မှိတ်လိုက်၏။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သည်နေရာသို့

ရောက်လာနိုင်ရန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ရပေ၏။ခု ချိန်၌ သူ့တွင် ထွက်သွားရန် စွမ်းအားပင် မရှိတော့ချေ။သူ့ မူလစိတ်ဝိညာဉ်က ကလေးငယ်အရွယ်လောက်သာ ကျန်ရှိတော့၏။၎င်း၏ သလင်းလိုကြည်လင်သော ခန္ဓာကိုယ် သည်လည်း ခုချိန်၌ နို့နှစ်ရောင် ပေါက်နေပြီ ဖြစ်သည်။

သူက သူ့မန္တာန်များအားလုံးကို အသုံးပြုခဲ့ရပေ၏။သည် နေရာသို့ ရောက်လာရန်အတွက် အစွမ်းကုန် ပြုလုပ်ခဲ့ရပေ
သည်။ထိုသို့ပြုလုပ်ရခြင်းက ကျောက်ရီသည် သူ့ကျေးဇူးရှင် ဖြစ်နေသောကြောင့်ပင်။သို့ရာတွင် သည်အရာများအားလုံး ကို ပြုလုပ်ပြီးသည့်နောက် သူက ကျောက်ရီထံမှ "မင်း ထွက်သွားသင့်ပြီ.." ဟူသော ရိုးရှင်းသည့်စကားသုံးခွန်းကို သာ ပြန်ရရှိခဲ့ပေသည်။

ဝမ်လင်းက လှောင်ပြောင်စွာ ပြုံးလိုက်မိ၏။သည် လှောင်ပြုံးက သူ့ကိုယ်သူလှောင်လိုက်ခြင်းသာ ဖြစ်သည်။

"သင့် နှလုံးသားက သေဆုံးသွားခဲ့ပြီ။ ငါက ဒီနေရာကို တကယ်တော့ မလာခဲ့သင့်ဘူး..." ဝမ်လင်းက ခေါင်းယမ်း ကာ လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။သူက သည်နေရာသို့ ရောက်ရန် သူ့မူလစိတ်ဝိညာဉ်၏ အစိတ်အပိုင်းခြောက်ခု ကို ဆုံးရှုံးခဲ့ရ၏။သူက ကျောက်ရီအပေါ် အကြွေးကို ပြန် ဆပ်ခဲ့ပြီးပေပြီ။

"နှလုံးသားက သေဆုံးသွားခဲ့တယ်...ထင်အာထွက်ခွာ သွားကတည်းက ငါ့နှလုံးသားက တကယ်ကို သေဆုံးသွား ခဲ့တာပါ..."

ကျောက်ရီ၏ မှုန်ရီနေသောမျက်နှာပေါ်ရှိ ဝမ်းနည်းမှုက ပို၍ အားကောင်းလာခဲ့ချေသည်။

နှစ်ရာချီကြာမြင့်အောက် လင်းထျန်ဟူက သူ့ကို သည် နေရာတွင် ချိပ်ပိတ်ထားခဲ့ပေသည်။သူက သည်လိုမျိုးစိတ် ရှုပ်ထွေးသော အခြေအနေ၌သာ ရှိလို့နေခဲ့၏။သူက ရှေးဟောင်းနတ်ဆိုး၏ သူ့ခန္ဓာကိုယ်အပေါ် ကျူးကျော်နေမှု
ကို သိပေ၏။သို့သော် သူက ၎င်းကို ရပ်တန့်လိုစိတ် မရှိခဲ့ ပေ။သို့ရာတွင် သူ့မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင်အလင်း ကတော့ ထင်အာ အတွက် သူ့ချစ်ခြင်းတရား ဖြစ်လေ သည်။သူက ၎င်းကို အဝေးသို့ လွင့်ထွက်မသွားစေလိုခဲ့ပေ။

သက်ပြင်းချလိုက်ပြီးနောက် ကျောက်ရီက သူ့ ခရမ်းရောင်ညာလက်ကို မြှောက်၍ သူ့လက်ချောင်းကို ဆက်ခနဲ တောက်လိုက်၏။ ရွှေရောင်အလင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။၎င်းအလင်းထဲ၌ အလွန် အားကောင်းသောဓားစွမ်းအင်တစ်ခု ပါဝင်နေ၏။သည် စွမ်းအင်က လင်းထျန်ဟူက သနားစရာအခြေအနေသို့ တွန်းပို့ခဲ့သော ဓားစွမ်းအင်နှင့် တူညီနေပေ၏။သည်အရာ က မိုးကောင်းကင်ဘုံဓား၏ အသက်ဓာတ်ဓားစွမ်းအင် ဖြစ် နေပေသည်။ကျောက်ရီတွင် ထိုသို့သော ဓားစွမ်းအင်တန်း ကိုးဆယ့်ကိုးခု ပိုင်ဆိုင်ထားပေ၏။

သူက လင်းထျန်ဟူနောက်သို့ လိုက်လံ တိုက်ခိုက်စဉ်က သူ့အသက်ဓာတ်ဓားစွမ်းအင် အများစုကို အသုံးပြုခဲ့သည်။ ခုချိန်၌ သူ့တွင် ဓားစွမ်းအင်တန်းလေးခုသာ ကျန်ရစ် တော့၏။

ထိုဓားစွမ်းအင်က ဓားလေးလက်ပေါ်ရှိ အလင်းလုံးထံသို့ ဦးတည်သွားကာ ၎င်းကို တိုက်ရိုက် ထွင်းဖောက်သွား သည်။

လင်းကျန်ဟူ၏ နတ်ဘုရားအာရုံက စွမ်းအားကောင်းလှ
သော်လည်း ၎င်းက ကျောက်ရီ၏ မိုးကောင်းကင်ဘုံဓား အသက်ဓာတ် ဓားစွမ်းအင်ကို မယှဉ်နိုင်ပေ။

အလင်းလုံးက ပျက်စီးသွားသလို လင်းထျန်ဟူ၏ နတ် ဘုရားအာရုံသည်လည်း ဖျက်စီးခြင်း ခံလိုက်ရသည်။နတ် ဘုရားအာရုံက အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွား ချေသည်။ဓားစွမ်းအင်၏ အကူအညီဖြင့် ထိုအလင်းစက် များက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ စီးဝင်သွား၏။

သည်အခိုက်အတန့်၌ သည်အလင်းအစက်အပြောက်များ က ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လို့သွား သည်။သူ့ ထိခိုက်ဒဏ်ရာရထားသော မူလစိတ်ဝိညာဉ်က အံ့မခန်အမြန်နှုန်းဖြင့် စတင် ပြန်ကောင်းမွန်လာခဲ့သည်။

ချက်ခြင်းလိုလိုပင် သူ့မူလစိတ်ဝိညာဉ်တစ်ခုလုံးက ပြန် ကောင်းမွန်လာသည့်အပြင် တိုးတက်လာသည်ဟုပါ ခံစား မိရသည်။ထိုခံစားချက်က ဖြည်းဖြည်းချင်း ပြန်ရပ်တန့် သွား၏။သို့သော် အလင်းစက်များကတော့ ပျောက်ပျက် သွားခြင်း မရှိသေးပေ။ယင်းတို့က ဝမ်လင်းမူလစိတ်ဝိညာဉ် ထဲရှိ လင်းထျန်ဟူ၏ဓားစွမ်းအင်ကို အလိုလို ရှာတွေ့သွား ကာ ပေါင်းစပ်လို့သွားတော့သည်။

ထိုအခါ ဓားစွမ်းအင်သည် အရင်ထက် သုံးဆယ် ရာခိုင်နှုန်းပို၍ အစွမ်းထက်လာခဲ့ချေသည်။

ကျောက်ရီက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ငါ့အသက် ဓာတ်ဓားစွမ်းအင်ကို မင်းခန္ဓာကိုယ်ထဲမှာ သိုလှောင်ပေး
ထားလို့မရဘူး။ ဒါ့ကြောင့် ငါက မင်းကို မပေးတာပါ...မင်း က ငါ့ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့တယ်။ဒါ့ကြောင့် ငါက မင်းပြန်ကောင်းမွန်အောင် ကူညီပေးလိုက်တာ...မင်း ထွက်သွားတော့...ပြန်မလာပါနဲ့..."

ဝမ်လင်းက သက်ပြင်းချကာ ထွက်ပေါ်ထံသို့ စတင် လျှောက်လှမ်းသွားသည်။သည့်နောက် သူက သိုလှောင် အိတ်ကို ပုတ်လိုက်ရာ ကျောက်ရီ၏နတ်ဘုရားအာရုံနှင့် စေတီက ထွက်ပေါ်လို့လာသည်။ဝမ်လင်းက ၎င်းကို သူ့ရှေ့ သို့ ပစ်ပေးလိုက်၏။

"အတိတ်တုန်းက ငါ ပေးထားတဲ့ကတိကို တည်ခဲ့တယ်။ ခု ငါက ဒီစေတီကို ဆက်ပြီး စောင့်ရှောက်စရာ မလိုတော့ :..."ဘူး

ကျောက်ရီက မျက်လုံးရုတ်တရက် ပွင့်လာကာ စေတီသို့ ကြည့်လိုက်၏။သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ကောင်းကင် ကိုပင် ဖုံးအုပ်သွားမလား မှတ်ရပေသည်။

"ထင်အာ..."

ဝမ်လင်း ခြေလှမ်းက ရပ်တန့်သွားသည်။သို့သော် သူက နောက်သို့ ပြန်မလှည့်ပေ။သူက ပြောလိုက်၏။ "သူ့နာမည် က ထင်အာ မဟုတ်ဘူး။ငါ့ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူမနာမည်က ချင်ရှောင် ဖြစ်တယ်..."

ကျောက်ရီ၏စိတ်ဝိညာဉ်ခန္ဓာကိုယ်က တုန်ယင်သွား သည်။သူက ခေါင်းမော့၍ ကြည့်လာ၏။သူ့မျက်လုံးထဲရှိ
ဗလာကင်းမဲ့နေမှုက ပျောက်ကွယ်သွားကာ ထိုအစား စွမ်းအင်တစ်ခု အစားထိုးဝင်လာခဲ့သည်။

"ချင်ရှောင်.."

ဝမ်လင်းက လှည့်၍ ကျောက်ရီကို ကြည့်လိုက်၏။သူက မည့်သည့်စကားမှ မဆိုဘဲ ကောင်းကင်ဘုံအင်ပါယာချင် လင်၏ ကျောက်စိမ်းပြားကို ပစ်ပေးလိုက်သည်။

ကျောက်ရီ၏မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ သူက ထိုကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။သူက ချက် ခြင်းပင် ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ သူ့အသွင်က ပြောင်းလဲသွားချေ၏။အချိန်အတန်ကြာပြီး နောက် သူက သူ့ကိုယ်သူ ခါးသီးစွာ ပြောလိုက်ပေသည်။ "ချင်ရှောင်…"

ဝမ်လင်းအသံက တည်ငြိမ်လှကာ သူက ဖြည်းဖြည်းချင်း ပြောပြလိုက်၏။ "ကောင်းကင်ဘုံအင်ပါယာချင်လင်ရဲ့ သမီး။ဒီချင်လင်က ကောင်းကင်ဘုံနယ်မြေမှာ စွမ်းအား အကောင်းဆုံးပုဂ္ဂိုလ်တစ်ယောက်ပဲ။ ပြောကြာတာက သူက ကောင်းကင်ဘုံနယ်မြေ ပြိုကျချိန်တုန်းကတောင် လွတ်မြောက်ခဲ့တယ်တဲ့။သူက ကုန်းမြေမှာ ပုန်းအောင်းနေပြီး ဒဏ်ရာကုစားနေတယ်..." ဒီနတ်ဆိုးစိတ်ဝိညာဉ်

ကျောက်ရီမျက်လုံးထဲရှိ စွမ်းအင်က ပိုပို သိပ်သည်းလာ ကာ တစ်ဖြည်းဖြည်း အသက်ဓာတ်တက်ကြမှုတစ်ခုက သူ့ ခန္ဓာကိုယ်၌ ပေါ်လာသည်။သူ့ကို ဝန်းရံထားသော
ခရမ်းရောင်အခိုးငွေ့များက စတင်အရှိန်မြင့် လှည့်ပတ် လာ၏။သို့သော် သူ့အသက်ဓာတ်တက်ကြွမှု ဖြစ်ပေါ်နေ ခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။

"မင်းက ထင်..ထင်အာရဲ့ အဖေက ဒီနေရာရဲ့ လှိုဏ်ဂူ တစ်ခုမှာ ဒဏ်ရာကုသနေတယ်လို့ ပြောလိုက်တာလား... ဝမ်လင်း...မင်း ဒါနဲ့ ပတ်သတ်လို့ သေချာရဲ့လား..."

ဝမ်လင်းက ကျောက်ရီကို ကြည့်ကာ ခေါင်းယမ်းပြ လိုက်၏။ "ငါက ဒါကို မျက်လုံးနဲ့တော့ မမြင်ခဲ့ရဘူး...ဒါ့ ကြောင့် ငါက သေတော့မသေချာဘူး…"

ကျောက်ရီမျက်နှာပေါ်ရှိ စိတ်ရှုပ်ထွေးမှုက ဖြည်းဖြည်း ချင်း ပျောက်ကွယ်သွားကာ သူက ခပ်တိုးတိုး ရေရွတ် လိုက်၏။ "ဒါ့ပေါ့ ဒီလိုအရာများကို ဘယ်သူကများ သေချာ သိနိုင်ပါ့မလဲ...ထင်အာရဲ့ အဖေသာ ဒီနေရာမှာ ရှိရင် သူ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ထင်အာက ပြန်နိုးထလာနိုင်လိမ့် ໑໖..."

ခုလက်ရှိ ကျောက်ရီသည် ထင်အာက နှစ်ထောင်ပေါင်း များစွာ ကြာအောင် စွဲလမ်းမှုကြောင့် အမျိုးသမီးအလောင်း မှ ဖြစ်ပေါ်လာသော စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ဖြစ်သည့် ကို မေ့သွားသည့်ပုံပင်။ခုချိန်၌ ထိုစိတ်ဝိညာဉ်က ပျောက် ကွယ်သွားကာ တည်ရှိခြင်း မရှိတော့ပေ။

“ငါက ထင်အာကို သူ့အဖေရှိ ခေါ်သွားပေးချင်ပြီး ထင် အာကို နိုးထလာစေချင်တယ်..."
ကျောက်ရီ၏ ခန္ဓာကိုယ်ထဲရှိ တက်ကြွမှုက ပို၍ပို၍ ဝန်းရံထားသော အားကောင်းသန်မာလာခဲ့သည်။သူ့ကို ခရမ်းရောင်အခိုးငွေ့များက ရူးသွပ်သွားသည့်အလားပင်။ ၎င်းအလင်းရောင်က သူ့မျက်ခုံးနှစ်ခုကြားရှိ ရွှေရောင် အလင်းကိုစက်ထံသို့ အရူးအမူး တိုးဝင်လာလေ၏။

"ငါ့အတွက် တစစီဖြစ်သွားစမ်း..." သူ့မျက်လုံးများက လက်ခနဲ ဖြစ်လို့သွား၏။သူ့ကို ဝန်းရံထားသော ခရမ်းရောင်အခိုးငွေ့က တုံ့ပြန်ရန် စတင် ရုန်းကြွလာ၏။ သို့ရာတွင် ၎င်းက မည်သည့်သက်ရောက်မှုမှ မဖြစ်စေခဲ့ဘဲ ကျောက်ရီ၏ခန္ဓာကိုယ်ပေါ်ကနေ နှင်ထုတ်ခြင်းကို ခံရ သည်သာ ဖြစ်၏။သိပ်မကြာခင်တွင် ကျောက်ရီခန္ဓာကိုယ် ပေါ်ကနေ ခရမ်းရောင်အခိုးငွေ့များက လွင့်စင်ထွက် သွား၏။သည့်နောက် ခရမ်းရောင်အခိုးငွေ့တိမ်ထုက မြေပြင်ပေါ်ရှိ အစီအရင်ကို ဖြတ်သန်းကာ ပျောက်ကွယ် သွားတော့သည်။

ကျောက်ရီက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်သာ ဖြစ်သည်။ ရေနတ်ဆိုးနိုင်ငံ၏ ရှေးဟောင်းနတ်ဆိုး ကိုယ်တိုင် ရောက်လာလျှင်တော့ ကျောက်ရီအတွက် အခွင့် ရေးတစ်ခုပင် ရှိတော့မည် မဟုတ်ပေ။အကြောင်းကတော့ သူ့တွင် အသက်ဓာတ်ဓားစွမ်းအင်တန်းသုံးခုသာ ကျန်ရစ် တော့သောကြောင့် ဖြစ်လေ၏။

သို့ရာတွင် ရှေးဟောင်းနတ်ဆိုး၏ နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအားများကို မောင်းထုတ်ပစ်ရန်အတွက်မူ ကျောက်ရီ
အတွက် ခက်ခဲလှခြင်း မရှိပေ။

ခရမ်းရောင်အခိုးငွေ့များ ပျောက်ကွယ်သွားသည့်အခါ ကျောက်ရီ၏ခန္ဓာကိုယ်သည် ရေကဲ့သို့ ကြည်လင်လာ၏။ သူက စေတီထံသို့ ကြည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။ဓား စွမ်းအင်တန်းတစ်ခုက ထိုစေတီထံမှ ချက်ခြင်းထွက် ပေါ်လာ၏။

သည်ဓားက သေးငယ်ကာ ၎င်း၏ပုံပန်းသွင်ပြင်က အမျိုးသမီးတစ်ယောက် ပြုလုပ်ထားမှန်း သိသာနေပေ သည်။သည်ဓားက မိုးကောင်းကင်ဘုံဓားများထဲမှ တစ် လက် ဖြစ်ပေ၏။

ကျောက်ရီက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ် ဖြစ်၏။ သူ့ခန္ဓာကိုယ်က အလင်းတန်းအသွင်သို့ ပြောင်းလဲကာ ထို ဓားငယ်ထဲသို့ ဝင်ရောက်သွားသည်။သည်အခိုက်အတန့်၌ အက်ကွဲကြောင်းထဲ၌ ဓားစွမ်းအင်များနှင့်သာ ပြည့်လာ ခဲ့၏။

သည်အခိုက်အတန့်၌ ကျန်နေသေးသောအလင်းလုံးသုံး ခုက ချက်ခြင်းပင် လေထဲသို့ ပျံတက်လာခဲ့သည်။ သည့်နောက် ၎င်းတို့က နတ်ဘုရားအာရုံအဖြစ် ပြောင်း၍ ကျောက်ရီထံသို့ ပျံသန်းသွားသည်။

ဓားထံမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက် ပေါ်လာ၏။ကျောက်ရီ၏ အသက်ဓာတ်ဓားစွမ်းအင်တန်း တစ်ခုက ချက်ခြင်း ပျံသန်းထွက်လာခဲ့သည်။
အလင်းလုံးသုံးခုက ချက်ခြင်း ပျက်စီးသွားကာ ကျောက် ရီ၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။မြေပြင်ပေါ်တွင် ထိုး စိုက်ထားသော ဓားလေးလက်သည်လည်း ဖျက်စီးခြင်း ခံ လိုက်ရ၏။မြေပြင်ပေါ်ရှိ အစီအရင်သည်လည်း ပျက်စီး သွားတော့သည်။

ကျောက်ရီကို ချိပ်ပိတ်ထားသော အက်ကွဲကြောင်းက ချက်ခြင်း ပြိုကျသွား၏။ "လင်းထျန်ဟူ...မင်းက ငါ့ကို နှစ် ရာချီပြီး ချိပ်ပိတ်ထားပေမဲ့လည်း ငါ့နှလုံးသားက သေဆုံး သွားတာတောင့်ကြောင့်သာ မဟုတ်ရင် မင်းချိပ်ပိတ်မှုက ငါ့ကို ဘယ်လိုလုပ် ပိတ်လှောင်ထားနိုင်ပါ့မလဲ။ငါက မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ပဲ။ငါ့အသက်က

ကောင်းကင်နဲ့မြေကြီးလောက်ကို ရှည်ကြာတယ်။ငါက ရှေးဟောင်းအချိန်တွေထဲကရှိတဲ့ လေးခုမဟာဓားစိတ်ဆန္ဒ ကို အမွေဆက်ခံခဲ့တဲ့သူ...ငါက မင်းကို မသတ်နိုင်ပေမဲ့ လည်း ငါသာ ခွင့်မပြုဘူးဆိုရင် မင်းက ငါ့ကိုလည်း ပိတ် လှောင်ထားနိုင်မှာ မဟုတ်ဘူး..."

"ဒီနှစ်ရာချီအချိန်တွေမှာ ငါ့နှလုံးသားက သေဆုံးသွား ပေမဲ့လည်း ငါက ရှေးဟောင်းဓားစိတ်ဆန္ဒရဲ့ အမွေအနှစ် ကို ခံစားမိနိုင်သေးတယ်။ငါတို့ ထပ်တွေ့ကြရင် မင်း ကျင့်ကြံမှုအဆင့်က အရင်တုန်းကနဲ့ တူသေးလား၊ကွဲပြား လာလား ကြည့်ရတာပေါ့…"

အက်ကွဲကြောင်းမပြိုကျခင် အခိုက်အတန့်၌ ကျောက်ရီ က ပျံသန်းထွက်သွား၏။
ဝမ်လင်းကလည်း ကျောက်ရီနောက်သို့ ချက်ခြင်းလိုက်ပါ သွား၏။ဓားတစ်လက်၊လူတစ်ယောက်တို့သည် အက်ကွဲ ကြောင်းအပြင်ဘက်၌ ပေါ်လာခဲ့လေ၏။

ကျောက်ရီက ကောင်းကင်ဘုံဓားကနေ ထွက်ပေါ်လာ၏။ သူက အချိန်အများကြီး ဖြတ်သန်းပြီးသွားသော်လည်း အ ရင်အတိုင်းသာ။သူက သူ့လက်ထဲတွင် စေတီကို ကိုင် ဆောင်ထား၏။စေတီကို ကြည့်နေရင်း သူက ၎င်းကို ဝမ် လင်းထံသို့ ပစ်ပေးလိုက်၏။

"ဝမ်လင်း...ဒါက ငါ့အတွက် လုံခြုံအောင် သိမ်းထား ๑๐:๐..."

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။သူက စေတီကို ဖမ်းယူ ကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။

ကျောက်ရီအကြည့်က ဝမ်လင်းအပေါ်သို့ ကျရောက်ာ လ၏။သူ့မျက်လုံးထဲ၌ ကျေးဇူးတင်မှု၊အသိအမှတ်ပြုမှု အရိပ်အယောင်တို့ ပါရှိနေ၏။သူက ပြောလာသည်။ "မင်း က ဒီလောက်နှစ်ရာချီ အချိန်လေးအတွင်းမှာ ဒီအဆင့်ထိရောက်လာတာက ချီးကျူးဖို့ ထိုက်တန်နေပြီ..."

ဝမ်လင်းက သက်ပြင်းချကာ ပြောလိုက်သည်။ "စီနီယာ ကျောက်ရီရဲ့ အာဏာတက်ခြင်းသလင်းကျောက်ကြောင့်ပါ။ မဟုတ်ရင်..."

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက ဆက်မပြော တော့ပေ။
"အာဏာတက်ခြင်းသလင်းကျောက်က မင်း ထင်အာကို စောင့်ရှောက်ပေးတဲ့အတွက် လက်ဆောင်အဖြစ် ပြန်ပေး တားထာ။ ဒါ့ကြောင့် မင်းက ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါ ဘူး။ကျေးဇူးတင်ရကြေးဆိုရင် ငါကဘဲ မင်းကို ကျေးဇူးတင်ရမှာပါ။ ငါတို့နှစ်ယောက် ဒီလောက်နှစ်ရာချီ ကြာပြီးတဲ့အခါမှာ ပြန်ဆုံရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ဒါကို တွေးကြည့်တော့ မင်းသာ ဒီနေ့မှာ ငါ့ကို ရှာဖို့ ဆုံးဖြတ်ချက် မပြတ်သားခဲ့ရင် ငါတို့က တွေ့ကြတော့မှာ မဟုတ်ဘူး..."

ကျောက်ရီက ဝမ်လင်းစကားဆိုလာချင်သည်ကို တွေ့ လိုက်၏။သို့သော် သူက သူ့လက်ကို ဝှေ့ယမ်း၍ ဝမ်လင်းကို ဟန်တားလိုက်သည်။သူက အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်၏။ "ဝမ်လင်း...ငါ မှတ်မိတာက ဒီစေတီထဲမှာ ကောင်းကင်ဘုံဓားနှစ်လက် ရှိတာပါ။မင်းမှာ နောက်ထပ် တစ်ခု ရှိနေသေးလား..."

ဝမ်လင်းက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓားနှင့်အတူ ရှုလီကောတို့ ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံဓားထဲရှိ ရှုလီကောက ကျောက်ရီ၏ တည်ရှိမှုကို ချက်ခြင်း ခံစားမိလိုက်သည်။သူသည်လည်း စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခု မဟုတ်လား။သူက ထိုလူသည် သည်ဓား၏ အစစ်အမှန်ဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်ကြောင်း ခံစားမိလိုက်၏။
"အယ်.." ကျောက်ရီက ကောင်းကင်ဘုံဓားကို တွေ့မြင် လိုက်သည့်အခါ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက ညာလက်ကို ညွှန်လိုက်ရာ ရှုလီကောက ကောင်းကင်ဘုံဓား ထဲကနေ ပျံသန်းထွက်လာသည်။သူ့မျက်နှာက ပို၍ အပိုးကျိုးနေဟန် ပေါက်နေ၏။

"စီနီယာ...ဂျူနီယာနာမည်က ရှုလီကောပါ။ငါ့သခင်က ငါ့ကို ဒီကောင်းကင်ဘုံဓားထဲမှာ နေထိုင်ခိုင်းထားတာပါ။ ငါနေချင်လို့ မဟုတ်ပါဘူး..."

ဝမ်လင်းအသွင်က ရုပ်စိုးလို့သွား၏။သူက ရှုလီကော ထံသို့ အေးစက်စွာ ကြည့်လိုက်သည်။

ကျောက်ရီက ရယ်မောကာ ဝမ်လင်းကို ပြောလာ၏။ "ဝမ်လင်း...ငါ့မန္တာန်တွေက မင်းကို လွှဲပြောင်းပေးလို့မရ နိုင်ဘူး။ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ခန္ဓာကိုယ်က တော်တော်လေး ကောင်းတယ်။ငါက သူ့ကို ရှေးဟောင်းဓားစိတ်ဆန္ဒကို နားလည်အောင် လုပ်ပေးနိုင်ပြီး သူက ဒီကောင်းကင်ဘုံဓား ကို လုံးဝထိန်းချုပ်နိုင်တဲ့အထိ ကြီးထွားလာအောင် မြင့် တင်ပေးနိုင်တယ်..."...


Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)