အပိုင်း(134)

ကြီးကျယ်သောလက်ဆောင်

ရှုလီကောက မှင်သက်သွား၏။သူ့မျက်လုံးက အရောင် ပြောင်းလာကာ သူက ဂရုတစိုက် မေးလိုက်သည်။ "ဒါက..စိနီယာ...ဒီရှေးဟောင်းဓားစိတ်ဆန္ဒက ဘာကြီးလဲ??...

ကျောက်ရီက ဖျော့တော့စွာပြုံး၍ ဆိုလာ၏။ "ဒါကို ခံစား ကြည့်လိုက် မင်း သိလာလိမ့်မယ်…" ထိုသို့ပြောပြီးနောက် သူက ညာလက်ကို ဆန့်ထုတ်ကာ ရှုလီကောကို လှမ်းဆွဲယူ လိုက်သည်။အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲကနေ ထိုး ထွက်ကာ ရှုလီကော၏မျက်လုံးထဲသို့ ဝင်ရောက်သွား၏။

ရှုလီကော၏ ခန္ဓာကိုယ်က တုန်ယင်ကာ သူ့မျက်လုံးများ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွား၏။သည် အခိုက်အတန့်၌ သူက သူ့ခန္ဓာကိုယ်ထဲသို့ အတောမသပ်နိုင် သည့် အချက်အလက်များ ဝင်ရောက်လာသည်ကို ခံစားမိလိုက်သည်။ 

သူက တစ်ဖြည်းဖြည်းချင်း သည်အချက်အလက်များထဲ၌
နစ်မြုပ်လို့သွား၏။

ကျောက်ရီက သူ့လက်ကို ပြန်ဖြေလျော့ပေးလိုက်၏။သူ့ မျက်လုံးထဲရှိ ရွှေရောင်အလင်းသည်လည်း ပျောက်ကွယ်လို့ သွားသည်။သူက ပင်ပန်းသွားဟန်ရ၏။သူ့ကိုယ်ပိုင် အမွေအနှစ်ကို အခြားလူတစ်ယောက်ကို လက်ဆင့်ကမ်း ပေးခြင်းက သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ထိခိုက်စေပေ သည်။သို့ရာတွင် သူက ဂရုမစိုက်ပေ။ဝမ်လင်းက သူ့ကို အန္တရာယ်များ ဖြတ်ကျော်ကာ ကယ်တင်ဖို့ လုပ်နိုင်ပါက သူ ကလည်း ဝမ်လင်း၏ဓားစိတ်ဝိညာဉ်ကို အမွေအနှစ်ပေး ခြင်းဖြင့် ကူညီဖို့ တွန့်ဆုတ်နေလိမ့်မည် မဟုတ်ပေ။

"ဝမ်လင်း မင်းရဲ့ ဓားစိတ်ဝိညာဉ်က ပုန်ကန်တက်တဲ့ သဘာဝနဲ့ မွေးဖွားလာခဲ့တာ။ဒါ့ကြောင့် မင်းက ဒါကို အသုံးပြုတဲ့အခါကျရင် သေချာဂရုစိုက်ဖို့လိုတယ်။ဒါပေမဲ့ လည်း မင်းက ဒါနဲ့ပတ်သတ်လို့ စိုးရိမ်စရာ မလိုပါဘူး။ ငါက သူ့ကို ပေးလိုက်တဲ့ အမွေအနှစ်ထဲမှ ခပ်နှိပ်မှုတစ်ခု ချန်ထားခဲ့တယ်။သူက မင်းကို သစ္စာဖောက်ဖို့ ကြိုးစားတာ နဲ့ အမွေအနှစ်ရဲ့ တန်ပြန်ဒဏ်သက်ရောက်မှုကို ခံရလိမ့် မယ်

ဝမ်လင်းက ကျောက်ရီကို ကြည့်လိုက်၏။ကျောက်ရီ၏ အားနည်းနေသောမျက်နှာက သူ့ကို သက်ပြင်းလေးပင်စွာ ချမိစေ၏။သူက လက်နှစ်ဖက်ယှက်ကာ တိုးညှင်းစွာဆို လိုက်၏။ “စီနီယာ...ကျေးဇူးတင်ပါတယ်..."

ကျောက်ရီ၏ လုပ်ဆောင်မှုက ပြတ်သားလှပေ၏။

ကျောက်ရီက ခေါင်းယမ်းကာ ပြောလိုက်သည်။ "ထင် အာ နိုးထလာနိုင်သ၍ ဒီအမွေအနှစ်က ငါ့အတွက် အသုံးမ ဝင်ပါဘူး။ ဝမ်လင်း..ငါမင်းကို အကူအညီ တောင်းစရာ တစ်ခု ရှိတယ်။ဒါက ငါ့ကို ထင်အာရဲ့အဖေကို ကူရှာပေးဖို့ပါ

ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

ကျောက်ရီက ဖျော့တော့စွာ ပြုံး၍ သူ့ညာလက်ကို ဆန့် ထုတ်သည်။သူက ရှုလီကောရှိနေသော ကောင်းကင်ဘုံဓား ကို ဆွဲယူလိုက်၏။သူက ထိုဓားကို ကိုင်ကာ အသက်ဝဝရှူ သွင်းပြီး ရုတ်တရက် ဓားပေါ်သို့ ဖျပ်ခနဲ ရိုက်ပုတ်လိုက် သည်။

သည်ရိုက်ချက်က ကောင်းကင်ဘုံဓားကို ကြမ်းကြုတ် သောဓားတေးသံတစ်ခုအား ထုတ်လွှတ်သွားစေ၏။ ထူးဆန်းသောအခိုးငွေ့တစ်ခုက ဓားထံမှ ထွက်ပေါ်လာပြီး နောက် ပြန်လည် ပျောက်ကွယ်သွားသည်။ကျောက် ရီ၏အသားအရည်က အလွန်အမင်း ဖြူရောလာခဲ့သည်။သူ့ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ထွင်းဖောက်လုမတက် ကြည်တောက်လာကာ ပြန်ကောင်းရန် အချိန်အတန်ကြာ လိုပေတော့မည်။

ဝမ်လင်းက အံ့အားသင့်ဟန်ဖြင့် ပြောလိုက်၏။ "စီနီယာ
ကျောက်ရီ...သင်.."

သူက ကျောက်ရီ ယခုလို လုပ်လိုက်မည်ဟု မမျှော်လင့် ထားမိပေ။

"ခုချိန်ကစပြီး မိုးကောင်းကင်ဘုံဓားသုံးလက်ပဲ ရှိတော့ တယ်။ခုကစပြီး ဒီဓားကို မင်းပိုင်သွားပြီ။ ငါ့ရှေ့က ဓားစိတ် ဝိညာဉ်ပဲ ဖြစ်ဖြစ်...ငါ့နောက် ဓားစိတ်ဝိညာဉ်ပဲဖြစ်ဖြစ် ငါ တို့က ဒီဓားကို ထိန်းချုပ်လို့ မရနိုင်တော့ဘူး..."

ကျောက်ရီက ထိုသို့ပြောလိုက်ပြီးနောက် ကောင်းကင်ဘုံ ဓားကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်တော့သည်။

ဝမ်လင်းက ဓားကို ဖမ်းယူလိုက်၏။သူ့မျက်လုံးထဲ၌ ကျေးဇူးတင်မှုတို့နှင့် ပြည့်နေသည်။သည်အရာက ကျောက် ရီထံမှ ကြီးမားသည့်လက်ဆောင်တစ်ခုဟု ပြော၍ရပေ၏။ မိုးကောင်းကင်ဘုံဓားက စုစုပေါင်းလေးလက် ရှိသည်။ တစ်စုံတစ်ယောက်က ထိုဓားတစ်လက်ကို လုယူသွားမည် ဆိုရင်ပင် ကျောက်ရီ တည်ရှိနေသ၍ သူတို့က ယင်းဓားကို ယာယီသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။သူတို့က ကျောက်ရီ နှင့်တွေ့သည်နှင့် သူတို့လုယူထားသောဓားသည် ကျောက် ရီ၏ ထိန်းချုပ်ခြင်းကိုသာ ခံလိုက်ရမည် ဖြစ်၏။

ကျောက်ရီ မတည်ရှိတော့လျှင်ပင် တစ်နေ့မှာ အဖြူ ရောင်ဝတ်စုံနှင့်အမျိုးသမီး နိုးထလာနိုင်ခဲ့ပါက သူမက မိုးကောင်းကင်ဘုံဓားများအတွက် နောက်ထပ် ဓားစိတ် ဝိညာဉ်တစ်ခု ဖန်တီး နိုင်သေး၏။သည်ဓားစိတ်ဝိညာဉ်က
ရှေးဟောင်းဓားစိတ်ဆန္ဒအမွေအနှစ်ကို ဆက်ခံရမည်ဖြစ် ပြီး မိုးကောင်းကင်ဓားလေးလက်ကို ထိန်းချုပ်နိုင်မည် ဖြစ်၏။

သည်မိုးကောင်းကင်ဓားလေးလက်က အချိန်မည်မျှကြာ ကြာ ဓားစိတ်ဝိညာဉ်များနှင့် အဖြူရောင်ဝတ်စုံအမျိုးသမီး တို့သာ ပိုင်ဆိုင်သည်ဟု ပြောနိုင်ပေ၏။

သို့ရာတွင် အခုအခိုက်အတန့်၌ အရာအားလုံးက ပြောင်းလဲသွားသည်။ယခုရိုက်ချက်သည် ရှေးဟောင်းဓား စိတ်ဆန္ဒအမွေအနှစ်ကို ဆက်ခံထားသည့် ဓားစိတ်ဝိညာဉ် ဖြစ်သူ ကျောက်ရီထံမှ ဖြစ်၏။ထိုရိုက်ချက်က ဓားပေါ်ရှိ မ ရေမတွက်နိုင်သောနှစ်များစွာကတည်းက တည်ရှိခဲ့သည့် ခပ်နှိပ်မှုကို ပျက်စီးသွားစေခဲ့ပေ၏။

သည်မျိုးစက်၏ ဓားစိတ်ဝိညာဉ်တစ်ယောက်အနေဖြင့် ကျောက်ရီက သေမျိုးအင်ပါယာတစ်ပါးလိုမျိုးနှင့် ဆင် တူ၏။သူက သူ့ကိုယ်ပိုင်နယ်မြေအုပ်ချုပ်မှုအပိုင်းကို ဝမ် လင်းအား အပြီးအပိုင် ပေးလိုက်သည့်သဘောမျိုးပင်။

ခုချိန်မှစ၍ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီး ပြန်နိုးထ လာခြင်း သို့မဟုတ် အခြားဓားစိတ်ဝိညာဉ်အသစ်တစ်ခု ပြန်ဖြစ်တည်လာလျှင်ပင် သူတို့က ခုဝမ်လင်းလက်ထဲရှိဓားကို ဆက်လက် ထိန်းချုပ်နိုင်စွမ်း ရှိတော့မည် မဟုတ် ပေ။ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ ခုလက်ရှိဓားစိတ် ဝိညာဉ်ကျောက်ရီက ဝမ်လင်းကို လွှဲပေးလိုက်ခြင်းကြောင့်
ဖြစ်ပေ၏။

သည့်အပြင် ကျောက်ရီက ရှုလီကောအား ရှေးဟောင်း ဓားစိတ်ဆန္ဒကိုလည်း နားလည်စေခဲ့သေးသည်။သူက ရှုလီ ကောအတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက်ခြင်းသာ ။သည် တံခါးက သူ့ကို အံမခန်းဓားစိတ်ဝိညာဉ်တစ်ခု ဖြစ်လာစေ ပေလိမ့်မည်။

သည်အံ့ချီးဖွယ် လက်ဆောင်နှစ်ခုက ဝမ်လင်းကို သူ ပေးလိုက်သော အခွင့်ရေးကြီးတစ်ခု ဖြစ်လို့နေပေ၏။

မရေမတွက်နိုင်သော ပြန်လည်မွေးဖွားမှုများ ဖြစ်ပျက် သွားပြီးလျှင်ပင် ကောင်းကင်ဘုံဓားကို ရရှိနိုင်သည့် အခွင့်အရေးက ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။ဥပမာ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးလိုမျိုး ဖြစ်၏။

ခုချိန်ကစ၍ သည်ကောင်းကင်ဘုံဓားကို ဝမ်လင်းက ထာဝရ ပိုင်ဆိုင်သွားပြီ ဖြစ်၏။ရှုလီကောက သည်ဓား၏ ပထမဆုံးမျိုးဆက် ဖြစ်သည်။ ဓားစိတ်ဝိညာဉ်တစ်ကောင်မျှသာ

မိုးကောင်းကင်ဘုံနယ်မြေ၌ပင် သည်လိုမျိုးအခွင့်ရေးကို ကောင်းကင်ဘုံအရှင်အဆင့်သာလျှင် ရရှနိုင်ပေ၏။

ကျောက်ရီက သက်ပြင်းချလိုက်၏။သည့်နောက် သူ့ ခန္ဓာကိုယ်က မှုန်ဝါးလာကာ ကောင်းကင်ဘုံဓားထဲသို့ဝင် ရောက်သွားသည်။

"ငါက ဒီ ဒီလှိုင်းအသူတစ်ရာချောက် အော်ခြေမှာ
မိုးကောင်းကင်ဘုံဓားရဲ့ ပြီးခဲ့တဲ့မျိုးဆက် ဓားစိတ်ဝိညာဉ် တစ်ခုရဲ့ အော်ရာကို ခံစားနေရတယ်။ဒါက မင်းအတွက် ငါ့ ရဲ့တတိယမြောက် လက်ဆောင်ပဲ။သွားကြစို့..."

ကောင်းကင်ဘုံဓားကျောက်ရီသည် ဖျပ်ခနဲ ချောက် အနက်ပိုင်းထဲသို့ တိုးဝင်သွားတော့သည်။

ဝမ်လင်းကလည်း ခုထိ အမွေအနှစ်ကို နားလည်အောင် ပြုလုပ်နေပြီး ရီဝေဝေ ဖြစ်နေသော ရှုလီကောကို ကောင်းကင်ဘုံဓားထဲသို တွန်းထည့်ကာ ကျောက်ရီ နောက်သို့ လိုက်ပါသွားလေ၏။

"ပြီးခဲ့တဲ့မျိုးဆက်ရဲ့ မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ရဲ့ အော်ရာ...ဒါက ချမ်းသာခြင်းဓားများ ဖြစ်နေမလား..."

ထိုသို့ တွေးမိလိုက်ရင်း ဝမ်လင်းနှလုံးသားက တုန်ယင် သွားရ၏။

ကျောက်ရီက ရှေ့တွင် ရှိနေ၏။သူ့ဓားစွမ်းအင်များက ရှေ့ သို့ ကြိုရောက်နေခြင်းဖြင့် သူက ရှေ့မှအဟန့်အတားများကို နောက်ဆုတ်သွားစေသည်။သူတို့က ဒီလှိုင်းအသူတစ်ရာ ချောက် အောက်ခြေသို့ တိုက်ရိုက် ရောက်ရှိလာကြ၏။ သည်နေရဦက ကြီးမားလှကာ အောက်ခြေ၌ မဆုံးမဲ့သော တွင်းနက်ကြီးတစ်ခုနှင့်အတူ စင်္ကြံလမ်းများ ရှိလို့နေ၏။ထို အောက်ခြေထဲထိရောက်ရန် နတ်ဘုရားအာရုံဖြင့်ပင် စွမ်းဆောင်နိုင်ပေ။

ထိုဧရာမတွင်းနက်ကြီးထဲကနေ

ခပ်ဖျော့ဖျော့စုပ်အား
များ ထွက်ပေါ်လို့နေ၏။၎င်းက အလွန်ဖျော့သော်လည်း

သည်နေရာတွင် ရှိလို့နေသည်။

ထိုတွင်းနက်ကြီး အစွန်းအပိုင်းနားရှိ မြေကြိး အနည်းငယ်က လိမ့်စင်းကာ တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံ နေရသည်။

ဝမ်လင်းက အသက်ဝဝရှူသါင်း၍ ထိုတွင်းနက်ထဲသို့ ကြည့်လိုက်သည်။သူ့ဉာဏ်ရည်ကြောင့် ဝမ်လင်းက အပြင် ဘက်တွင် တွေ့ခဲ့ရသော ဒီရေလှိုင်းက သည်တွင်းနက်ကြီး ကြောင့် ဖြစ်လာသည်ဟု ချက်ခြင်း ခန့်မှန်းမိလိုက်၏။

ဝမ်လင်းစိတ်ထဲ၌ သူက နှစ်ငါးထောင်ကြာတိုင်း တစ် ကြိမ်ပေါက်ကွဲထွက်လာသည် သည်တွင်းနက်ကြီးက ဖန်တီးလိုက်သည့် အံ့မခန်းစုပ်အားကို မြင်ယောင်ကြည့် နေ၏။သည့်နောက် သူက ထူးဆန်းသော လမ်းကြောင်းများ မှ တစ်ဆင့် သည်စုပ်အားက ပြင်ပကမ္ဘာသို့ သက်ရောက် ကာ ကုန်းမြေပေါ်ရှိ အရာဝတ္ထုများကို စုပ်ယူသည့်အဖြစ် အား မြင်ယောင်ကြည့်မိ၏။

သည်ထူးဆန်းအံ့ဖွယ်ဖန်တီးမှုက ဝမ်လင်းအား သူ့ကိုယ် သူ ပမွှားတစ်ကောင်လို့ပင် ခံစားမိသွားစေ၏။ဘယ်လို မန္တာန်မျိုးကများ နှစ်ငါးထောင်မှာ တစ်ကြိမ်ပေါက်ကွဲထွက် လာသည့် စုပ်အားကို ခံနိုင်မည်နည်း။ ဘယ်လိုမန္တာန်မျိုးက များ သည်လိုမျိုး စွမ်းအားအဆင့်ကို ရောက်နေနိုင်သနည်း။

*ရှေ့ဖြစ်ဟောသူတောင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူး။
ငါက ရှေ့ဖြစ်ဟောသူတစ်ခါ ပြောခဲ့ဖူးတဲ့ ကျင့်ကြံခြင်း တတိယနယ်ပယ်အဆင့်ကို ခြေချနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်များက များ ဒီလို လုပ်နိုင်မလား သိချင်မိတယ်..."

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ စတင်စဉ်းစားကြည့် နေ၏။

ဒီတွင်းနက်ကြီးက ဘယ်နေရာကို ဦးတည်သွားတာလဲ။ ဝမ်လင်းက ဒီအရာကို သိလည်းမသိသလို ခန့်မှန်းနိုင်ခြင်း လည်း မရှိပေ။သို့ရာတွင် သူက သူသာ သည်တွင်းနက်ထဲ သို့ ပြုတ်ကျသွားလျှင် ပြန်ထွက်လာဖို့ မဖြစ်နိုင်သည်ကို တော့ သိနေပေ၏။

"ဒီတွင်းနက်က တော်တော်လေး ထူးဆန်းတယ်။ ဒါကို ခပ်ကြာကြာမကြည့်နဲ့..."

ကောင်းကင်ဘုံဓားထဲမှ ကျောက်ရီ၏ အသံက ထွက်ပေါ် လို့လာ၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သို့သော် ထိုအခိုက်၌ သူက အလွန်ဖျော့တော့သော အသံကို ကြားလိုက်ရသည်။

"ဆင်းသွားလိုက်…" ထိုအသံက တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ဝမ်လင်း၏ သိုလှောင်အိတ် ထဲမှ ထွက်ပေါ်လာခြင်းသာ ဖြစ်၏။သို့သော် ထိုအသံပိုင်ရှင် က ယောင်ရှင်းရွှယ်လည်း မဟုတ်နေချေ။

ကောင်းကင်ဘုံကျင့်ကြံခြင်းစုံတွဲ…ဝေ့ဝမ်နှင့်ဟူကျွမ့်

ဝမ်လင်းမျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ သူက သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်၏။သူက သိုလှောင်အိတ် ထဲသို့ နတ်ဘုရားအာရုံတစ်စ ထည့်သွင်းလိက်ရာ သူ ဟင်္သာပြဒါးဂြိုဟ်တွင် တွေ့ရှိခဲ့သော မှော်စာလိပ်က အလိုလိုပွင့်နေသည်ကို တွေ့လိုက်ရ၏။ထိုစာလိပ်ထံမှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်နေကာ အမျိုးသမီး အရိပ်တစ်ခုကို ဖန်တီးထား၏။သည်ပုံရိပ်က အလွန်လှ သည်။သူမက ဝမ်လင်းကို ကျောပေးထားရင်း တိုးညှင်းစွာ ရေရွတ်နေ၏။

"ဆင်းသွားပါ..."

ဝမ်လင်းက ထိုမှော်စာလိပ်ထဲရှိ လှပသောအမျိုးသမီးပုံ ရိပ်နှင့် ရင်းနှီးခြင်းမရှိပေ။အတိတ်တုန်းက ဟင်္သာပြဒါး ဂြိုဟ်ပေါ်မှာ သူက စွန့်ပစ်ခံမသေမျိုးကလန်၏ တတိယ မြောက်ဘိုးဘေး၏ သားရဲများနှင့် ရင်ဆိုင်ရချိန်က သည်ပုံ ရိပ်သည် မှော်စာလိပ်ထဲမှ ထွက်လာက ထိုသားရဲများကို ထိန်းချုပ်ခဲ့ဖူးသည်။
ဝမ်လင်းက ထိုစာလိပ်နှင့်ပတ်သတ်၍ အမြဲပဟေဠိ ဖြစ် ခဲ့ရသည်။သူက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိပြီး နောက် သည်စာလိပ်ကို ထုတ်ကြည့်ခဲ့သော်လည်း မည် သည့်ဖြစ်စဉ်မှ မဖြစ်ပျက်ခဲ့ပေ။

သူက ထိုစာလိပ်ပေါ်တွင် အမှတ်အသားခပ်နှိပ်နိုင် သော်လည်း ၎င်းကို ထိန်းချုပ်နိုင်ခြင်း မရှိပေ။

အခုအခိုက်အတန့်၌ ထိုစာလိပ်ထဲမှ အမျိုးသမီးက နောက်တစ်ကြိမ်ပေါ်လာခဲ့ပြန်သည်။ဝမ်လင်းက သူ့နတ် ဘုရားအာရုံအသံကို ပို့လွှတ်လိုက်၏။

"ဒီတွင်းနက်ထဲကို ဆင်းရမှာလား..."

အမျိုးသမီးပုံရိပ်က တိုးညှင်းစွာ ထပ်ပြောလာ၏။ "ဆင်း သွားပါ..."

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။သူက သူ့ နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။သည့်နောက် တွင်းနက်ထဲသို့ ငုံ့ကြည့်လိုက်၏။တွင်းနက်က လုံးဝ မှောင်မိုက်နေကာ သူက အမှောင်ထုကိုသာ မြင်နေရသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့အကြည့် ကို ပြန်ရုတ်သိမ်းပြီး ကျောက်ရီနောက်သို့ လိုက်ပါသွား သည်။

"ဒီတွင်းနက်ထဲက တစ်ခုခုက ဒီမှော်စာလိပ်နဲ့ ဆက်နွှယ် နေတာလား..."

ဝမ်လင်းက ကျောက်ရီနောက်သို့ လိုက်ပါရင်း စဉ်းစား
ကြည့်နေမိသည်။

ရှေ့မှ ကျောက်ရီအသံက ထွက်ပေါ်လို့လာ၏။ "ဒီ တွင်းနက်ထဲမှာ စိတ်ကိုသက်ရောက်မှု ရှိနိုင်တဲ့ ထူးဆန်းတဲ့ အားတစ်ခု ရှိနေတယ်။ လူတစ်ယောက်ရဲ့ စိတ်က လုံလောက်အောင် မသန်မာရင် ပြုတ်ကျသွားနိုင်တယ်..."

ကျောက်ရီက ထပ်မံ၍ သတိပေးလိုက်၏။ "ထပ်မကြည့် တော့နဲ့ ဆက်ပျံသန်းသွားကြမယ်.."

ဝမ်လင်းက ခေါင်းငြိမ့်ကာ သူ့စိတ်ကိုစုစည်းထား လိုက်၏။သူက ကျောက်ရီနှင့်အတူ စင်္ကြံလမ်းများကို ဖြတ်သန်းပျံသန်းနေရင်း တွင်းနက်ထဲမှ စုပ်အားက ရုတ်တရက် သန်လာလိုသလို၊အားပျော့လာသလို ဖြစ်လာခဲ့ သည်။

အချိန်မည်မျှကြာမှန်း မသိပြီးနောက် ကောင်းကင်ဘုံဓား ကျောက်ရီက ရုတ်တရပ် ရပ်တန့်လိုက်သည်။ဝမ်လင်းက ကလည်း လိုက်ရပ်လိုက်၏။သူတို့က စင်္ကြံလမ်း၏အရှေ့ ဘက်ပိုင်းသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။သူတို့ရှေ့ရှိလမ်းကြောင်းက လုံးဝနက်မှောင်လို့နေသည်။

"ဂရုစိုက်ပါ။ ဒီတွင်းနက်က ထူးဆန်းတာတစ်ခုခု ရှိနေ တယ်..." ကျောက်ရီအသံက ထပ်မံ ထွက်ပေါ်လာသည့် ချက်ခြင်းပင် တွင်းနက်ထဲမှ ခရမ်းရောင်မြူလွှာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး သည်ဧရိယာအား လွှမ်းခြုံ သွားသည်။
ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့၏။သည်မြူ၏ပုံ ပန်းသွင်ပြင်က တော်တော်လေး ထူးဆန်းနေသည်။သည် မြူက မြင်ကွင်းကို ပိတ်ဆို့ရုံသာမက နတ်ဘုရားအာရုံကို ပင် ပေသုံးဆယ်ထက် ပို့လွှတ်၍ မရအောင် ကာဆီး ထားသည်။ပေသုံးဆယ်ထက်ပိုပါက နတ်ဘုရားအာရုံသည် သည်မြူ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ပေသုံးဆယ်အတွင်း၌ပင် သူက သူ့နတ်ဘုရားအာရုံဖြင့် ဝိုးဝဝါးသာ တွေ့မြင်နိုင်တော့သည်။

တစ်ချိန်တည်းမှာပင် တွင်းနက်ထဲမှ စုပ်အားက မြူထွက် ပေါ်လာသည်နှင့် တိုးလာသည့်ပုံရနေ၏။သို့ရာတွင် ထိုစုပ် အားက မြူအပေါ်တွင်တော့ မည်သည့်သက်ရောက်မှုမှ ရှိမ နေခဲ့ပေ။

ဝမ်လင်းရှေ့ရှိမြူလွှာထဲသို့ ဓားအလင်းတစ်ခု ဖျပ်ခနဲ လင်းလက်သွားသည်။သည့်နောက် ကျောက်ရီ၏ ကောင်းကင်ဘုံဓားက ပျံသန်းထွက်လာခဲ့သည်။၎င်းက ဝမ် လင်းကို လှည်ပတ်ကာ ကျောက်ရီက နတ်ဘုရားအာရုံအသံ တစ်ခုကို ပို့လွှတ်လိုက်သည်။

"ထားလိုက်တော့...အပေါ်တက်ကြမယ်...ဝမ်လင်း ငါ မင်းကို ခေါ်သွားပေးမယ်။ဒီမြူက အနည်းငယ် ထူးဆန်းနေ တယ်။ ငါစိုးရိမ်တာက မင်းခွန်အားနဲ့ ဒါက အန္တရာယ်ဖြစ် နိုင်နေမှာကိုပဲ..."

ဝမ်လင်းက အချိန်မဖြုန်းတော့ပေ။သူက ကောင်းကင်ဘုံ
ဓားပေါ်သို့ ခုန်တက်လိုက်၏။ဓားထံမှ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များကို ဝမ်လင်းခြေထောက်ထဲသို့ စီးတင် ကာ သူ့တစ်ကိုယ်လုံးကို ဖြတ်သန်း စီးဆင်းလို့သွားသည်။

"မင်း စွမ်းအင်ကို သေချာတည်ငြိမ်အောင် လုပ်ပါ။မင်း စိတ်ကို စုစည်းထား။ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို လွတ်မထွက်သွားစေနဲ့..."

ကျောက်ရီ၏စကားများက ဝမ်လင်းစိတ်ထဲ၌ ပဲ့တင့်ထပ် နေသည်။ဝမ်လင်းက ကျောက်ရီ ပြောလိုက်သည့်အတိုင်း ချက်ခြင်းလုပ်ဆောင်လိုက်သည်။သူ့ခန္ဓာကိုယ်ထဲရှိ

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ရုတ်တရက် တုန်ယင်လာခဲ့၏။၎င်းက သူ့သွေးကြောများကနေ ထွက်ခွာ ကာ ဖိတ်ဖိတ်တောက်နေသော ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်အကာအရံကို ဖြစ်တည်စေ၏။

ထိုအလင်းအကာအရံက ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များ ပါဝင်နေသည်သာမက ဓားစွမ်းအင်ပါ ပါဝင် လို့နေ၏။ထိုအကာအရံက ပျံ့နှံ့လို့သွားသည့်အခါ မြူက ရုတ်တရက် နောက်သို့ တွန်းထုတ်ခြင်း ခံလိုက်ရ၏။မြူ အတွင်း၌ လမ်းကြောင်းတစ်ခု ဖြစ်တည်လို့သွား၏။

ကျောက်ရီက ဝမ်လင်းကို သယ်ဆောင်ရင်း အလင်းတန်း အဖြစ်သို့ ပြောင်းကာ ခရမ်းရောင်မြူအား ဖြတ်ကျော်လာ သည်။ကောင်းကင်ဘုံဓား ဖြတ်ကျော်လာနေသည့်အခါ ခရမ်းရောင်မြူများက ဘေးသို့ တွန်းထုတ်ခြင်း ခံရ၏။
ကောင်းကင်ဘုံဓားက မြန်လွန်းလှ၏။ထို့ကြောင့် ဝမ် လင်းက သူ့မျက်နှာသော လေပြင်းတစ်ခု တိုးဝင် ရိုက်ခတ် လာသည်ကို ခံစားမိနေသည်။ခရမ်းရောင်မြူက ခရမ်းရောင်နဂါးကြီးများအဖြစ်သို့ ပြောင်း၍ သူ့မျက်လုံး ထောင့်၌ ရိပ်ခနဲ ဖြစ်ဖြစ်သွားလေသည်။

အချိန်အတန်ကြာပြီးနောက် ကောင်းကင်ဘုံဓားက ရုတ်တရက် လှည့်ကာ အပေါ်သို့ ထိုးတက်လိုက်ပြီး ရစ်လိမ် ကာ စတင် ပျံသန်းသည်။ဝမ်လင်းက သူ့ခန္ဓဦကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို တည်ငြိမ် အောင် ပြုလုပ်ထားသည့်အတွက် သူက ကောင်းကင်ဘုံဓား ပေါ်မှ လွင့်စင်ကြသွားခြင်း မဖြစ်တော့ပေ။

"ပြီးခဲ့တဲ့မျိုးဆက်ရဲ့မိုးကောင်းကင်ဘုံဓားစိတ်ဝိညာဉ်ရဲ့ အော်ရာက ရှေ့မှာပဲ။ဝမ်လင်း သေချာမြဲမြံအောင်လုပ်ထား ချေ။ ငါက အရှိန်ပြည့် ပျံသန်းတော့မယ်..."

ကျောက်ရီက ထိုသို့ ပြောပြီးသည့်နောက် သူက ဝမ်လင်း ကို ပြင်ဆင်ရန် စက္ကန့်အနည်းငယ် အချိန်ပေးလိုက်သည်။ သည့်နောက် ကောင်းကင်ဘုံဓားက ရုတ်တရက် အရှိန်မြင့် တက်လို့သွားချေ၏။

မြန်ဆန်လွန်းလှသဖြင့် ပုံရိပ်ယောင်များပင် အထပ်ထပ် ဖြစ်ကုန်သည်။ဝမ်လင်းက ကောင်းကင်ဘုံဓားပေါ်၌ မတ် တပ်ရပ်နေရင်း သူ့အပေါ်သို့ ရာချီသောတောင်တန်းများ ဖြတ်သွားသည့်အလား ခံစားနေရ၏။ကောင်းကင်ဘုံဓားက
မြန်ဆန်လွန်းလှသဖြင့် သူက အသက်ပင်မရှူနိုင်တော့ အောင် ဖြစ်ရ၏။

ကောင်းကင်စိတ်ဝိညာဉ်စွမ်းအင် အကာအရံက တွန်လိန် လာခဲ့၏။ကောင်းကင်ဘုံဓား၏ အမြန်နှုန်းသည် အံ့မခန်း အဆင်သို့ ရောက်ရှိသွား၏။

"ဒါက အစစ်အမှန်ကောင်းကင်ဘုံဓားနဲ့ ကောင်းကင်ဘုံ ဓားစိတ်ဝိညာဉ်ပဲ။ငါ့ကောင်းကင်ဘုံဓားက ဒီလိုခွန်အား ရှိပေမဲ့လည်း ဓားစိတ်ဝိညာဉ်ကတော့ ဒီဓားရဲ့စွမ်းအား အပြည့် ထုတ်ဖော်နိုင်ဖို့ လုံလောက်အောင် မသန်မာနိုင် ဘူး။ ရှုလီကောက ပုန်ကန်တဲ့သဘာဝ ရှိနေပေမဲ့လည်း ဒီ ကောင်က အားနည်းတဲ့လူကို အနိုင်ကျင့်ပြီး သန်မာတဲ့လူ ကိုတော့ ကြောက်တက်တယ်။ ဒီမကောင်းဆိုးဝါးက ငါ့ လက်ထဲကနေ ထွက်မပြေးနိုင်ပါဘူး..."

သည်အခိုက်အတန့်တါင် ခရမ်းရောင်မြူက စတင် လှည့်ပတ်လာပြီး ပြန့်ကားလာ၏။သည့်နောက် တွင်းနက် ကြီးထဲမှ အားကောင်းသောစုပ်အားတစ်ခုက ထွက်ပေါ်လာ လေ၏။

သည်စုပ်အားက ရုတ်တရက်ကြီး ဖြစ်ပေါ်လာခြင်းပင်။ မြူက မူလတုန်းက ထိုစုပ်အား၏ သက်ရောက်ခြင်း မခံရ သော်လည်း ယခုအခါတွင်တော့ တွင်းနက်ထဲသို့ မြန်ဆန် စွာ စုပ်ယူခြင်း ခံလိုက်ရသည်။

ဤအခိုက်အတန့်မှာပင် အကွာအဝေးတစ်ခုရှိ စင်္ကြံလမ်း
နံရံပေါ်၌ ထိုးစိုက်နေသော ဓားကြီးတစ်လက် ရှိလို့ နေသည်။၎င်းဓားက စတင်တုန်ခါလာကာ နံရံထဲမှ နည်းနည်းချင်း စတင် လှုပ်ရှားလာ၏။နောက်ဆုံးတွင် ပေါက်ကွဲသံတစ်ခုနှင့်အတူ ယင်းဓားက နံရံထဲစိုက်နေရာ ကနေ ကျွတ်ထွက်လာကာ တွင်းနက်ထဲမှ စုပ်အား၏ တိုက်ရိုက်စုပ်ယူခြင်းကို ခံလိုက်ရသည်။

သည်အခိုက်အတန့်က ကောင်းကင်ဘုံဓားကျောက်ရီက ပျံသန်းလာသည့်အခိုက်ပင်။ဝမ်လင်းက တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံနေရသည့် ရွှေရောင်ဓားကြီးကို ရင်းနှီးပြီး သား ဖြစ်နေ၏။

ကျောက်ရီက တုန့်ဆိုင်းခြင်းမရှိ ပြန်လည့်ကာ တွင်းနက် ထဲသို့ ဦးတည်သွားနေသည့် ဓားကြီးနောက်သို့ လိုက်ပါလေ သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်လင်းတို့က ထို ရွှေရောင်ဓားကြီးကို မှီလာ၏။ဝမ်လင်းက ကောင်းကင်ဘုံ ဓားပေါ်တွင် ရှိနေရင်း ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ထို ဓားကြီးကို ချက်ခြင်း ဖမ်းယူလိုက်၏။

သို့ရာတွင် ထိုတွင်းနက်ထဲမှ စုပ်အားက ဓားကြီးအား လွှမ်းခြုံထားပြီးသား ဖြစ်နေခဲ့သည်။ဝမ်လင်းက ထိုဓားကြီး ကို ဖမ်းဆုပ်မိသည့်အချိန်တွင် စုပ်အားနှင့် ရင်ဆိုင်လိုက်ရ တော့၏။သူက ၎င်းဓားကို ဖမ်းဆုပ်လိုက်မိသည်နှင့် ပြင်းထန်သောစုပ်အားတစ်ခုက ရုတ်တရက် ပေါ်လာ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်က မတည်မငြိမ် ဖြစ်သွားရကာ ကောင်းကင်ဘုံဓားပေါ်မှ ပြုတ်ကျလုမတက်ပင် ဖြစ်လို့ သွား၏။

သည်လို သေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်းက အသက်ဝဝရှူသွင်းကာ တစ္ဆေလောကမြစ်က သူ့အား ရုတ်တရက် ဝန်းရံ ဖြစ်ပေါ်လာ၏။ဝမ်လင်း၏ ထိန်းချုပ်မှု အောက်၌ တစ္ဆေလောကမြစ်က သူ့အား ပြင်းထန်စွာ ရစ်ခွေကာ သူကို ဗဟိုပြု၍ ဝဲကတော့တစ်ခု ဖြစ်တည် စေလိုက်သည်။ထိုအခါ ဝမ်လင်းပေါ်ရှိ စုပ်အားက အား ပျော့သွားကာ သူက ချက်ခြင်းပင် ဓားကြီးအား ပြန်ဆွဲယူ လိုက်သည်။တွင်းနက်ထဲသို့ ကျရောက်နေသော ဓားကြီးက ရပ်တန့်သွားပြီးနောက် ဖြည်းဖြည်းချင်း ပြန်ဆွဲခြင်း ခံလိုက် ရလေ၏။

ကျောက်ရီထံမှ မာန်သွင်းသံတစ်ချက် ထွက်ပေါ်လာ၏။ သည်မာန်သွင်းသံထဲ၌ ဓားစိတ်ဝိညာဉ်မန္တာန်တစ်ခု ပါဝင် နေခဲ့၏။ဓားက တဖျပ်ဖျပ်အလင်းကို ထုတ်လွှတ်လာကာ ကျောက်ရီက တွင်းနက်အဝသို့ ရောက်နေသော ဝမ်လင်း ကို ပြန်ဆွဲယူလိုက်၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်မှာ စုတ်ပြဲသွားတော့မတက် ခံစားလိုက်ရ၏။သူ့လက်ထဲရှိ ဓားကြီးက အနှိုင်းမဲ့လေးလံ လာသည်ဟုပင် ထင်မှတ်နေရသည်။သူက ကောင်းကင်ဘုံ ဓားပေါ်တွင် မတ်တပ်ရပ်နေလိုက်ကာ သူ့မျက်နှာပေါ်ရှိသွေးကြောများက ဖောင်းကြွနေချေတော့၏။
ကျောက်ရီက အထက်သို့ ဆန်တက်သွားရာ ဓားကြီးက လည်း ဖြည်းဖြည်းချင်း ဆွဲယူခြင်း ခံလာရ၏။ဝမ်လင်း မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှုများနှင့် ပြည့်နှက် ကာ နေသည်.သည်အခိုက်အတန့်၌ သူသာ သည်ဓားကြီးကို လက်လွှတ်လိုက်ပါက နောက်တွင် သည်ဓားကို လုံးဝ မြင် တွေ့ရခြင်း မရှိတော့မှာကို စိုးရိမ်လို့နေသည်။

ကျောက်ရီက အထက်သို့ တဟုန်ထိုး ဆန်တက်သွားစဉ် တွင် ဝမ်လင်းက ဓားကြီးကို ကိုင်ဆောင်းထားရင်း ဖြည်းဖြည်းချင်း လိုက်ပါသွား၏။ဓားပေါ်ရှိရွှေရောင်အကာ က ကွာကျသွားက လုံးဝနက်မှောင်မှုတစ်ခုက ဓားပေါ်၌ ပေါ်လာခဲ့လေ၏။

ကျောက်ရီက မာန်သွင်းကာ ကောင်းကင်ဘုံ

သူ့ ဓား၏စွမ်းအားကို တိုးမြင့်ရင်း ဓားကြီးကို ဆယ့်နှစ်ပေ ကျော်ထိရောက်အောင် ဆွဲပင့်လိုက်၏။ဝမ်လင်းက ပိုမို များပြားသောကောင်းကင်ဘုံဓားကို အသုံးပြုပြီး ပတ်လည်ရှိ တစ္ဆေလောကမြစ်ကို မြန်ဆန်စွာ လှည့်ပတ် စေလိုက်၏။သည့်အတွက်ကြောင့် စုပ်အားက အားပျော့လို့ သွားသည်။နောက်ဆုံးတွင်တော့ ကျောက်ရီက ဝမ်လင်းနှင့် အတူ တွင်းနက်ထဲမှ တဟုန်ထိုး ထွက်သွားနိုင်လိုက်ပေ၏။

သူတို့က တဟုန်ထိုး ထွက်သွားသည့်အခိုက်တွင် ဝမ် လင်းက မာန်သွင်းသံ ပြုသည်။ထိုအခါ ဝမ်လင်းလက်ထဲသို့ ဓားကြီးက လုံးဝ ကျရောက်လို့သွားချေ၏။
ထိုဓားကြီးပေါ်၌ ချမ်းသာခြင်း ဟူသောစာလုံးကို ရေး ထွင်းလို့ထားသည်။

ချမ်းသာခြင်းဓားကို ကိုင်ဆောင်ထားရင်း ဝမ်လင်းစိတ် ထဲ၌ အတိတ်ကပုံရိပ်များ တဖျပ်ဖျပ် ဖြစ်ပေါ်လို့သွားသည်။ သူက အသက်ဝဝရှူသွင်းလိုက်၏။သူက ထိုဓားကို သေချာ ကြည့်ရှုနိုင်ခြင်း မရှိခင်မှာပင် ကျောက်ရီက သူ့ကို အနီးဆုံး တွင် ရှိနေသည့် စင်္ကြံလမ်းပေါ်သို့ ဆွဲခေါ်သွားတော့သည်။

ကျောက်ရီက စင်္ကြံလမ်းကို အလွန်မြန်ဆန်စွာ ဖြတ်သန်း လာ၏။ဝမ်လင်းက ကျောက်ရီထံသို့ နတ်ဘုရားအာရုံဖြင့် အသံပို့လွှတ်ကာ သည်ဒီလှိုင်းအသူတစ်ရာချောက်၏ တစ်ခု တည်းသောထွက်ပေါက်ရှိရာသို့ ညွှန်ပြပေးလိုက်၏။

ဝမ်လင်းက လက်ထဲတွင် ချမ်းသာခြင်းဓားကို ကိုင် ဆောင်ထားကာ ၎င်းကို သေချာကြည့်ရှူပြီးနောက် သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်၏။ထိုတစ်ချက် ကြည့်ရှုလိုက်ခြင်းက သည်ဓားနှင့်ပတ်သတ်၍ အချို့သော သဲလွန်စများကို သူ့အားတွေ့မြင်သွားစေ၏။

သို့ရာတွင် ခုချိန်၌ သူက ၎င်းဓား၏ သဲလွန်စများကို လေ့လာနေရန် အချိန်မရှိပေ။ထို့ကြောင့် သူက ၎င်းကို သိုလှောင်အိတ်ထဲသို့သာ ထည့်ထားလိုက်ရခြင်း ဖြစ်၏။ဝမ် လင်းက ဒီချောက်ထဲကနေ ထွက်လာပြီးသည့်နောက် ယင်း ဓားကို သေချာလေ့လာကြည့်ရန် ပြင်ဆင်ထား၏။

"ဒီ ဒီလှိုင်းအသူတစ်ရာချောက်ကို လာတဲ့ခရီးစဉ်က
ပြီးပြည့်စုံသွားခဲ့ပြီ။ကံမကောင်းစွာနဲ့ ငါက တုန်ကင်ဘယ် နေရာမှာ ရှိနေမလဲဆိုတဲ့ သဲလွန်စတစ်ခုတော့ မရရှိခဲ့လိုက် :..."

ဝမ်လင်းက စတင်၍ စဉ်းစားနေ၏။

ဝမ်လင်း သိုလှောင်အိတ်ထဲရှိ ခြင်သားရဲက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးထဲ၌ သံသယရှိနေဟန်တို့ ဖြစ်ပေါ်လို့နေသည်။ပုံမှန်အားဖြင့် အံ့ချီးဖွယ်မန္တာန်တစ်ခု အသုံးမပြုလျှင် ခြင်သားရဲက အပြင်ဘက်မှအရာကို ခံစား နိုင်စွမ်း မရှိပေ။သို့ရာတွင် သည်အခိုက်အတန့်၌ ၎င်းက သူ နှင့်ရင်းနှီးသောအော်ရာများစွာကို ခံစားမိနေပေ၏။

ခဏတာတုံ့ဆိုင်းသွားပြီးနောက် ခြင်သားရဲက ယင်း အော်ရာများကို သေချာဘာမှန်းမသိသေးချေ။၎င်းက ခုထိအိပ်ပျော်နေသော မိုးကြိုးဖားပြုတ်သားရဲကို ကြည့်ကာ ၎င်းမိုးခြိုးဖားပြုတ်သားရဲ၏ ကျောဘက်သို့ လှဲလျောင်းပြီး မျက်လုံးမှိတ်ထားလိုက်တော့သည်။

ကျောက်ရီ၏ အမြန်နှုန်းကြောင့် သူတို့က မီးနတ်ဆိုး နိုင်ငံ၏ ထွက်ပေါ်နှင့် နီးကပ်သထက် နီးကပ်လို့လာခဲ့ သည်။တစ်ချိန်တည်းမှာပင် သူတို့က လောဘကြီးတို့အုပ်စု ကို ဝန်းရံထားသည့် ခြင်သားရဲများနှင့်မြူများဖြင့်လည်း နီးကပ်လို့လာခဲ့ပေသည်။

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ တိမ်တိုက်တစ်ခုသည် တောင်ဘက်ခြမ်းမှ ပျံသန်းလို့လာ၏။သည်တိမ်တိုက်က
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက် နေ၏။၎င်းက အလင်းများကို ထုတ်လွှတ်နေကာ ကောင်းကင်ထက်၌ ဖြတ်သန်းသည့်အခါ ကောင်းကင် သည် အရောင်များနှင့် ပြည့်လို့နေချေသည်။

ထိုတိမ်တိုက်ပေါ်၌ ယောက်ျားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ရှိလို့နေ၏။အမျိုးသားက ကိုယ် နေဟန်ထား ဖြောင့်မတ်ကာ အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသည်။သူ့ရှည်လျားသော ဆံပင်များက နောက်ကျောသို့ ကျဆင်းနေကာ အလွန်ခန့်ငြားလှ၏။

သူက လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကို ကိုင် ဆောင်ထား၏။လေနှင့်အတူ သူ့အင်္ကျီစများက တဖျပ်ဖျပ် လွင့်လို့နေသည်။သူက ကောင်းကင်ဘုံသားတစ်ယောက် အလားပင်။

သူ့နောက်ရှိ အမျိုးသမီးကတော့ ပန်းရောင်ပန်းပွင့်ငယ် လေးများ ထိုးထားသည့် ခရမ်းပြာနုဝတ်စုံကို ဝတ်ဆင်လို့ ထားသည်။သူမဆံပင်များကို ခရမ်းနုဆံညှပ်တစ်ခုဖြင့် ချီ နှောင်ကာ ထား၏။ယင်းသို့သော် ဝတ်စားဆင်ယင်မှုက အတွေ့ရများသော်လည်း သူမ၏ ကျက်သရေရှိမှုကို လျော့ကျမသွားစေခဲ့ပေ။သူမ၌ ဆေးမဆိုဘဲ နီရဲရဲနှုတ်ခမ်း တစ်စုံကို ပိုင်ဆိုင်ထားသေး၏။သူမ၏ခန္ဓာကိုယ်က နူးညံ့ က မွှေးပျံ့သောအော်ရာကိုလည်း ပေးစွမ်းကာနေသည်။

အမျိုးသမီး၏မျက်လုံးများက သူ့ဘေးရှိ အမျိုးသားကို
ငေးမောနေလျက် ရှိကာ သူမမျက်လုံးထဲ၌ ချစ်ခင်ကြင်နာမှု တို့ ပါဝင်လို့နေသည်။သူတို့နှစ်ယောက်က ကျင့်ကြံခြင်း စုံတွဲ ဖြစ်သည်မှာ သိသာပေ၏။

သာမန်ကျင့်ကြံသူများက သည်တိမ်တိုက်များ၊မြူခိုးများ ကို စီးနင်းနိုင်သော်လည်း ထိုတိမ်တိုက်များ၊မြူများက ရေငွေ့ပြန်ကာ ဖြစ်တည်လာခြင်းသာ။

ထိုသို့သောမန္တာန်များကို အဆင့်နိမ့်သည်ဟု သတ်မှတ်၍ရ၏။ကျင့်ကြံသူများးက သေမျိုးများကို အရူး လုပ်ရာ၌သာ အသုံးဝင်ပေ၏။

သို့ရာတွင် သည်ကျင့်ကြံခြင်းစုံတွဲကတော့ ခြားနား နေသည်။သူတို့အော်ရှိ တိမ်တိုက်က ဘုံကိုးလွှာတိမ်တိုက် ထံမှ သန့်စင်မွန်းမံထားခြင်း ဖြစ်၏။ အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားခြင်းမရှိခင်ကပင် သည်ဘုံကိုးလွှာတိမ်တိုက်က ရှားပါးလွန်းခဲ့ပေ၏။

သည်တိမ်တိုက်ထဲ၌ သဘာဝအားဖြင့်ကို ကောင်းကင်ဘုံ လျှပ်စီးဓာတ်များ ပါဝင်နေခဲ့သည်။ထို့ကြောင့် ၎င်း၏စွမ်းအားက လျော့တွက်၍ မရနိုင်ပေ။

ရှေးမျိုးဆက်ကျင့်ကြံသူများကတော့ သည်တိမ်တိုက်နှင့် သည်နှစ်ယောက်ကို တွေ့မြင်သည်နှင့် မည်သူမည်ဝါမှန်း ချက်ခြင်းသိပေလိမ့်မည်။အကြောင်းရင်းကတော့ သည်လို တိမ်တိုက်မျိုးကို စီးနင်းနိုင်သည့်လူများက ရှေ့ဖြစ်ဟောသူ၊ လင်းထျန်ဟူနှင့် သွေးဘိုးဘေးတို့လို့ ကျင့်ကြံခြင်းအဆင့်ရှိ
သူများသာ ဖြစ်နိုင်သောကြောင့်ပင်။

ကောင်းကင်ဘုံတိမ်ကျင့်ကြံခြင်းစုံတွဲ။

သည်ကျင့်ကြံခြင်းစုံတွဲက အတိတ်တုန်းက နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေသို့ လင်းထျန်ဟူ၊ရှေ့ဖြစ်ဟောသူတို့နှင့် ခုကို သိမ်းပိုက်နိုင်ကာ သည်နေရာကနေ နှစ်ပေါင်းသောင်း အတူ ရောက်လာခဲ့ဖူးသည်။သူတို့က လှိုဏ်ဂူများထဲမှ တစ် ချီကြာသည့်အထိ ပြန်ထွက်ခွာလာခြင်း မရှိတော့ပေ။

ဝမ့်ဝေနှင့်ဟူကျွမ့်။

သည်ကျင့်ကြံခြင်းစုံတွဲက ရှေ့ဖြစ်ဟောသူနှင့် အပေါင်းအသင်းများကိုပင် ယှဉ်နိုင်ကြပေ၏။သူတို့နှစ် ယောက်အတူပူးပေါင်းမှုကိုပါ ထည့်တွက်ပါကာ ရှေ့ဖြစ် ဟောသူပင် သူတို့နှစ်ယောက်ကို အတော်လေးသတိထားရ မည် ဖြစ်၏။

ရှေ့ဖြစ်ဟောသူက ထိုနှစ်ယောက်၏ မူလဇစ်မြစ်ကို ပို၍ ကြောက်လန့်နေမိသည်။သည်နှစ်ယောက်၏ နောက်ခံပုံရိပ် က အလွန်ထူးဆန်းလှသည်။ရှေ့ဖြစ်ဟောသူပင် သူတို့နှင့် ပတ်သတ်၍ ဘာမှ ရှာမတွေ့နိုင်ခဲ့ချေ။သူက သည်နှစ် ယောက်သည် သူ့ထက်ပို၍ သက်တမ်းရှည်ကာ ကျင့်ကြံခဲ့ ကြသည်ဟူ၍ ရေးတေးတေးလောက်သာ သိနိုင်ခဲ့ပေ၏။

ကံကောင်းစွာဖြင့် ထိုနှစ်ယောက်က အေးငြိမ်းသော သဘာဝ ရှိကြ၏။သူတို့က စွမ်းအားအတွက် တိုက်ခိုက်ကြ ခြင်း မရှိပေ။လူတစ်ယောက် သူတို့ကို လာရောက်မ
စော်ကားသေးသ၍ သူတို့က ပြဿနာအရင် ရှာလိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်က တိမ်ကို စီးနင်းနေရင် မီးနတ်ဆိုး နိုင်ငံ ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။

သည်အခိုက်အတန့်၌ မီးနတ်ဆိုးနိုင်ငံထဲသို့ တိမ်တိုက် ဝင်လာသည့်အခိုက်အတန့်မှာပင် နိုင်ငံ၏မြို့တော်အောက်တွင် ကောင်းကင်နတ်ဆိုး ရှိနေသော ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ ပေလောက

သူ့မျက်လုံးများက အလွန်တောက်ပသော ရွှေရောင် အလင်းကို ပေးစွမ်းနေ၏။သို့သော် ထိုအလင်းက သိပ်မ ကြာခင်တွင် ပြန်ပျောက်ကွယ်သွားသည်။

"သူတို့က လှိုဏ်ဂူထဲကနေ တကယ်ထွက်လာခဲ့ပြီပဲ... ကြည့်ရတာ ငါ့ ကအခြားရှေးဟောင်းနတ်ဆိုး စိတ်ဝိညာဉ် တွေကို မြန်မြန်ဝါးမြိုပစ်ဖို့ လိုအပ်နေပြီ..."

ပေလော၏မျက်လုံးထဲ၌ ကြောက်လန့်မှုအရိပ်အမြွက်အ ချို့ကို နက်ရှိုင်းစွာ ဖုံးကွယ်နေလေ၏။

ထိုကောင်းကင်ဘုံတိမ်တိုက်က မီးနတ်ဆိုးနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသွားကာ ကောင်းကင်ထက်ရှိတိမ်ထုများ က လမ်းရှင်းပေးလိုက်ရ၏။မြို့များပေါ်ရှိ နတ်ဆိုးဗိုလ်ချုပ် များနှင့် နတ်ဆိုးတပ်သားများပင် တုန်လှုပ်သွားကြရကာ သူတို့က ထိုတိမ်ထုကို သွားရောက်စစ်ဆေးဝံ့ကြခြင်း မရှိပေ...
သိပ်မကြာသောအချိန်တွင် ကောင်းကင်ဘုံတိမ်ထုက ဒီလှိုင်းအသူတစ်ရာချောက်ထွက်ပေါက်၌ ရပ်တန့်သွား၏။ တိမ်တိုက်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ သူတို့ နှစ်ယောက်က မြေပေါ်သို့ သက်ဆင်းလိုက်ကြ၏။

အမျိုးသား၏မျက်လုံများက စိတ်ဝင်စားဟန်ဖြင့် ပြည့် နှက်သွားပြီးနောက် သူက သူ့ဘေးရှိ အမျိုးသမီးကို ပြုံးပြ၍ ဆိုလာ၏။ "စိတ်ဝင်စားစရာပဲ။ ကျွမ့်အာ....ဒီနေရာမှာ အတားအဆီးအချို့ ရှိနေတယ်။ ဟမ်..ဒီအတားအဆီးတွေ က တော်တော်လေး ကောင်းမွန်တာပဲ..."

အမျိုးသမီးဖြစ်သူ၏ မျက်လုံးများက အပျော်နှင့်ပြည့် နေကာ သူက ကျက်သရေရှိလှသော အသံဖြင့် ပြောလာ၏။ "အကို့ကို စိတ်ဝင်စားစေတဲ့ အတားအဆီးတွေက အများ ကြီး မရှိလှပါဘူး..."

ခရမ်းရောင်မြူခြင်သားရဲ

ညင်သာသော လေပြေညင်းတစ်ခုက မြေပြင်ပေါ်ရှိ မြက် များကို အနည်းငယ် လှုပ်ခတ်သွားစေသည်။အမျိုးသားနှင့် အမျိုးသမီးတို့၏ ဝတ်စုံများကိုလည်း လေပြေက လှုပ်ခတ် သွားစေသည်။

အမျိုးသားက မြေပြင်ပေါ်သို့ ကြည့်နေရင်း သူ့မျက်လုံး ထဲ၌ အသိအမှတ်ပြုဟန်တို့ ဖြစ်ပေါ်နေ၏။သူက ပြုံး၍ ဆို လာသည်။ "ဒီအတားအဆီးတွေထဲမှာ ရှေးဟောင်း အတားအဆီး နည်းစနစ်တွေ ပါဝင်နေတယ်။အယ်... ကောင်းကင်ဘုံအတားအဆီးအရိပ်အမြွက်တောင် ပါနေ သေးပါလား...ဒါက မရိုးရှင်းဘူးပဲ..."

သူ့ဘေးရှိ အမျိုးသမီးကတော့ သူ့စီးနှောင်ထားသော ဆံနွယ်စ ို သူမနားဘေးနားသို့ ပို့လိုက်၏။သူမက မြေပြင်ကို ကြည့်ကာ ခေါင်းညိမ့်ပြလိုက်၏။ "ရှေးဟောင်း အတားအဆီးနည်းစနစ်တွေမှာတော့ တော်တော်လေး ကျွမ်းကျင်တယ်။ ဒါပေမဲ့ ကောင်းကင်ဘုံအတားအဆီးမှာ
တော့ တော်တော်လေး အကြမ်းထည်ဆန်နေသေးတယ်။ ကြည့်ရတာ ဒီလူက ကောင်းကင်ဘုံအတားအဆီးကို တက် မြောက်တာ သိပ်မကြာသေးတဲ့ပုံပဲ..."

အမျိုသားက ခေါင်းညိမ့်ကာ သဘောတူလိုက်သည်။ သူက ပြောလိုက်၏။ "ဒါက ရှေးဟောင်းကျင့်ကြံသူတွေဆီ က အမွေအနှစ်ရထားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရ မယ်။ဒိလူက ရှေးဟောင်းအတားအဆီးတွေပေါ်မှာ ကျွမ်းကျင်နေပြီး သူက အနည်းဆုံးတောင့် နှစ်ပေါင်းတစ် သောင်းလောက် ကျင့်ကြံထားတဲ့သူ ဖြစ်ရမယ်..."

အမျိုးသမီးက ခေါင်းယမ်း၍ နူးညံစွာ ဆိုလာ၏။ "ဒါ မ မှန်လောက်ဘူးအကို။ အကိုက ဒီလူ ဒီအတားအဆီးတွေကို နေရာချတာ ကိုယ်တိုင် မကြုံခဲ့ရဘူးလေ…"

အမျိုးသားက ရယ်မောကာ ပြောလိုက်၏။ "ကျွမ့်အာ... ညီမက ညီမယောက်ျားကို စမ်းသပ်ဖို့ ကြိုးစားနေတုန်း လား။ ညီမနဲ့ အကို အလောင်းအစားတစ်ခု လုပ်ကြမယ်ဆို ရင်ရော။ ဒီအတားအဆီးတွေကို ချမှတ်ခဲ့တဲ့လူက နှစ် ပေါင်းတစ်သောင်းလောက် အကို ရှုံးပြီ။ ကဲ ဘယ်လိုလဲ..." ကျင့်ကြံခဲ့တဲ့လူမဟုတ်ရင်

အမျိုးသမီးက သူ့ယောက်ျားကို ကြင်နာစွာကြည့်ကာ ပြုံး ပြလိုက်၏။သူမက ဆက်ပြောလိုက်သည်။ "ဒီလိုသေးငယ် တဲ့ အတားအဆီးတစ်ခုက တိမ်ကောင်းကင်ဘုံသားဝေ့ဝမ် ရဲ့ အာရုံကို ဘယ်လိုလုပ် ဖမ်းစားနိုင်ပါ့မလဲ..."
အမျိုးသားက ပြုံး၍ ခေါင်းယမ်းလိုက်သည်။ "ညီမက ရှောင်လွှဲနေတာပဲ။အစ်ကိုက ညီမ ဒိအတားအဆီးတွေကို ဖြတ်မမြင်ဘူးဆိုတာ မယုံပါဘူး။ဒီအတားအဆီးတွေက အကြမ်းထည် ဆန်ပေမဲ့လည်း ဒီနောက်မှာ အတွေးတွေ အများကြီးပါဝင်နေတယ်။ဒီအတားအဆီးတွေကို ကြည့် လိုက်...အစ်ကိုတို့နှစ်ယောက် အပြင် အခြားလူ တစ်ယောက်ယောက်ရှိနေရင် သူတို့က နည်းနည်းလေး ဂရု မစိုက်မိတာနဲ့ ဒီအတားအဆီးတွေကို သတိပြုမိနိုင်မှာ မဟုတ်ဘူး..."

"ဒီအတားအဆီးတွေက သတ်ဖြတ်ဖို့ ပြုလုပ်ထားတာ မဟုတ်ဘူး။ဒါ့ကြောင့် ဒါတွေက သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကိုလည်း ပေးစွမ်းမနေဘူး။ဒါပေမဲ့လည်း ဒီအတားအဆီး တွက နတ်ဘုရားအာရုံနဲ့ ချိတ်ဆက်ထားတယ်။ဒါ့ကြောင့် ဒီ ဧရိယာကို ဝင်လာမိတဲ့လူတိုင်းက ဒီအတားအဆီးကို ချမှတ်ထားတဲ့လူရဲ့ ထောက်လှမ်းမှုကို ချက်ခြင်း ခံသွားရလိပ့်မယ်

"ဒါက အရေးကြီးဆုံး မဟုတ်သေးဘူး။ဒါက ဒီလောက် ပဲ ရှိသေးရင်တောင် အစ်ကိုရဲ့အာရုံကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး။ ဟိုမှာ ကြည့်လိုက်..."

အမျိုသား၏မျက်လုံးများက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာကာ သူက ပြောလိုက်သည်။ "အစ်ကိုသာ မ မှားဘူးဆိုရင် ဒီနေရာမှာ အတားအဆီးကဒီတစ်ခုတည်း ရှိနေတာ မဟုတ်ဘူး။အတားအဆီးတွေက အဆင်လိုက်
ချိတ်ဆက်နေတာ ဖြစ်ရမယ်။ ဒီချိတ်ဆက်ထားတဲ့ အတားအဆီးအားလုံးကို တစ်ချက်တည်းနဲ့ မဖျက်စီးနိုင်ရင် ဒီအတားအဆီးတွေက ချမှတ်ခဲ့တဲ့လူက သူ့အတားအဆီး တစ်ခုကို ခလုတ်တိုက်သွားတဲ့လူကို သိနေဦးမှာပဲ..."

သူက ထိုသို့ပြောနေရင်း လက်ဆန့်တန်းလိုက်သည်။ မြက်ပင်တစ်ပင်ကလွဲ၍ ကျန်သည့်မြက်ပင်များအားလုံးကို သူက ဖိနှိပ်လိုက်သည်။

"လေထဲမှာ အတားအဆီးချမှတ်တာက အဆင့်နိမ့်နည်း လမ်းတစ်ခုလို့ ယူဆလို့ရတယ်။အရာဝတ္ထုတွေထဲမှာ ချမှတ် တာကျ အလယ်အဆင့်နည်းလမ်းတစ်ခုပဲ။ဒါပေမဲ့ ဒီမြက် တွေကို ကြည့်လိုက်ပါ။ ကျွမ့်အာ..သေချာကြည့်ချေ။ ညီမက ဒီမြက်နဲ့ပတ်သတ်လို့ တစ်ခုခု မူမမှန်တာကို တွေ့ရ လား..."

အမျိုးသမီးက အံ့အားသင့်သွား၏။သူမက ဝမ့်ဝေ အကြောင်း ကောင်းကောင်းသိထားပေသည်။သူက အပူအပင်ကင်းကင်း ခပ်ပေါ့ပေါ့ နေတက်သော်လည်း အတားအဆီးများကို ကြုံရချိန်တွင်တော့ မတူညီသည့်လူ တစ်ယောက် ဖြစ်လာတက်ပေသည်။သို့ရာတွင် သည့်အတွက်ကြောင့် သာမန်အတားအဆီးတစ်ခုကတော့ သူ့မျက်လုံးကို ဖမ်းစားနိုင်လိမ့်မည် မဟုတ်ပေ။သူ့မျက်လုံး ထဲရှိ ယခုလိုအလင်းရောင်က ရှားပါးလှပေ၏။

အမျိုးသမီးက သေချာကြည့်ကာ အံ့အားသင့်ဟန်အသွင်
ဖြစ်ပေါ်လာသည်။ သူမက နူးညံ့စွာ ပြောလိုက်၏။ "ဒီမြက် တွေထဲမှာ အစစ်နဲ့အတု ရောနေတယ်..."

ဝမ့်ဝေ့၏မျက်လုံးများက ပျော်ရွှင်ဟန်ပေါက်သွာ၏။ သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။မြက်ပင်များက အမြစ်ကနေ ဆွဲနှုတ်ခံလိုက်ရပြီး သူ့လက်ထဲသို့ ကျ ရောက်လာ၏။ သူက ခေါင်းညိမ့်ကာ ဆိုသည်။ "မှန် တယ်...ဒီမြက်က အစစ်အမှန်ပဲ ၊ဒါပေမဲ့ မြက်ထဲမှာ ရှိနေ တဲ့ ငွေ့ရည်ကတော့ အတု ဖြစ်တယ်..."

သူက ထိုသို့ပြောလိုက်ရင်း မြက်ပင်ကို လက်နှစ်ချောင်း ဖြင့် ပွတ်သပ်လိုက်၏။အဖြူရောင်အခိုးငွေ့အမျှင်တန်းတစ် ခုက မြက်ပင်ပတ်လည်၌ပေါ်လာခဲ့သည်။ထိုအဖြူရောင် အခိုးငွေ့က မြက်ပင်ကိုလှည့်ပတ်နေရင်း အထဲမှ ငွေ့ရည်က မြန်ဆန်စွာ ထွက်ပေါ်လာခဲ့သည်။

ထိုငွေ့ရည် ထွက်ပေါ်လာသည်နှင့် မြက်ပင်က အစိမ်း ရောင်မဟုတ်တော့ဘဲ ဖြည်းဖြည်းချင်း အဝါရောင်သို့ ပြောင်းလဲသွား၏။သိပ်မကြာခင်တွင် ကြယ်လင်သော အပြာရောင်အရည်စက်တစ်ခုက ဝမ့်ဝေ၏လက်ပေါ်၌ ပေါ်လာ၏။

သည်အပြာရောင်ငွေ့ရည်စက် သလင်းလို ကြည်လင် နေ၏။ထိုအရည်စက်ထဲ၌ အတားအဆီးများစွာက တဖျပ်ဖျပ် တောက်ပလို့နေ၏။သည်လိုဖြစ်ရခြင်းသည် မရေမ တွက်နိုင်သောအတားအဆီးများကို အရည်စက်အဖြစ်
သိပ်သည်းထားခြင်းကြောင့်သာ ဖြစ်သည်။

ဝေ့ဝမ်က အသိအမှတ်ပြုသည့်ဟန် ထပ်မံ ဖြစ်ပေါ် သွား၏။သူက သူ့လက်ဝါးထဲရှိ အရည်စက်ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "ဒီထဲမှာ အတားအဆီးတစ် ထောင်ကျော် ရှိနေတယ်။ ဒါတွေအားလုံးကို ပြီးပြည့်စုံစွာ ချိတ်ဆက်ထားတာပဲ။ဒါ့ကြောင့်လည်း ဒီလိုအရည်စက်ပုံစံ ဖြစ်တည်နေရတာ။ဒါ့ကြောင့် နှစ်တစ်သောင်းကျော် လောက် ကျင့်ကြံထားတဲ့သူကသာ ဒီလိုမျိုး အတားအဆီး တစ်ခုကို ဖန်တီးနိုင်လိမ့်မယ်။ သူ့ဘဝမှာ မရေမတွက်နိုင် တဲ့သေခြင်းရှင်ခြင်း အခြေအနေတွေကို ကြုံတွေ့ဖူး၊ ကိုယ်ပိုင်တာအိုကိုလည်း တွေ့ရှိထားတဲ့ ကျင့်ကြံသူတစ် ယောက်ကသာ ဒီလိုမျိုး အတားအဆီးကို လိမ်စင်လှည့်ဖျား ပြီး ပြုလုပ်နိုင်စွမ်း ရှိလိမ့်မယ်..."

"နှစ်သောင်းနဲ့ချီကြာအောင် မရှိဘူးဆိုရင် လူတစ် ယောက်က သူ့ဘဝမှာ ပြောင်းလဲစေနိုင်ခြံအတွေ့အကြုံ များစွာကို ဘယ်လိုလုပ်တွေ့ကြုံနိုင်ပါ့မလဲ။ လူတစ်ယောက် ဘယ်လိုလုပ်သေခြင်းရှင်ခြင်းတွေကို ဖြတ်ကျော်သိမြင်နိုင် ပါ့မလဲ။ လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုမျိုး သိမ့်မွေ့ လှတဲ့ အကြံအစည်ကို လုပ်ဆောင်တက်ပါ့မလဲ..."

"ဒီအတားအဆီးတွေကို ပြုလုပ်နိုင်ခြင်းက ပါရမီနဲ့ အများကြီး မသက်ဆိုင်ဘူး။ဒါက သူ့စိတ်ဓာတ်ခွန်အားနဲ့ လူတစ်ယောက်ရဲ့ အစီအစဉ်၊အကြံအစည် ချမှတ်နိုင်စွမ်း တွေနဲ့ပဲ ပို ပတ်သတ်နေတယ်..."
ဝမ့်ဝေ၏ မျက်လုံးထဲ၌ အတိတ်ကို သတိရသည့်ဟန်ပန် များ ဖြစ်ပေါ်သွားသည်။

အမျိုးသမီးမျက်လုံးထဲ၌ ကြင်နာမှုတို့နှင့်သာ ပြည့်လို့ နေသည်။သူမက သူ့ယောက်ျားဘေးနားတွင် ရပ်နေရင်း ပြောလာ၏။ "အများကြီးတွေးမနေတော့နဲ့။ အစ်ကိုက ညီမ နဲ့ အလောင်းအစားတစ်ခု မလုပ်ချင်ဘူးလား...။ညီမက ဒီ သိမ့်မွေ့လှတဲ့အတားအဆီးတွေကို ချမှတ်ထားနိုင်တဲ့လူက နှစ်ပေါင်းတစ်သောင်း မကျင့်ကြံရသေးဘူးလို့ လောင်း ໑໖...."

အမျိုးသားက ပြုံးလိုက်၏။သူ့မျက်လုံးထဲရှိ အောက်မေ့မှု အငွေ့အသက်ကလည်း ပျောက်ကွယ်လို့သွားသည်။သူက အမျိုးသမီးကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ရင်း ပြုံးလာ၏။ "ကောင်းပြီ…အစ်ကိုတို့က လောဘကြီးထွက်ပေါ်လာကို စောင့်နေရင်း ဒီနေရာ အဖြေမှန်ရလဒ်ကို စောင့်ကြည့်ကြ တာပေါ့..."

အမျိုးသမီးက ပြုံး၍ဆို၏။ ဒီလေဘာကြီးက ညီမတို့ကို တွေ့ရင် ဘယ်လိုများနေမလဲ သိချင်မိတယ်။ "သူက ခုခံမှာ လား...ဒါမှမဟုတ် တုန်ကင်ကို လက်လွှဲပေးမလား ဆိုတာပေါ့..

"သူက ခုခံဝံ့မှာ မဟုတ်ပါဘူး..." အမျိုးသားက ပြုံး၍ဆို၏။သူ့လေသံက တည်ငြိမ်နေကာ ဒေါသထွက်နေ ဟန် မရှိပေ။
လောဘကြီး သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ စဝင် လာကတည်းက တိမ်ကောင်းကင်ဘုံကျင့်ကြံခြင်းစုံတွဲက သူ့ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။တကယ်တော့ သူတို့နှစ် ယောက်က သည်နေရာတွင် နှစ်သောင်းနှင့်ချီ၍ ကုန်ဆုံးခဲ့ သူများ ဖြစ်ကြသည် မဟုတ်လား။သူတို့က သည်နေရာရှိလှိုဏ်ဂူအတုများထဲမှ တစ်ခုကို သေချာလေ့လာခဲ့ပြီး ရတနာများစွာကိုလည်း ရရှိခဲ့ပေသည်။

အတားအဆီးပညာရပ်၌ တော်သည့်အပြင် ဝမ့်ဝေက ရှေ့ ကြိုတင်ခန့်မှန်းမှုတွင်လည်း ကောင်းမွန်ပေ၏။သူက ရှေ့ဖြစ်ဟောသူလောက် ထိုနေရာ၌ မတော်သော်လည်း လောဘကြီး၏တည်နေရာနှင့် အခြားအပြောင်းအလဲများ ကိုတော့ တွက်ချက်ကြည့်နိုင်ပေ၏။

တုန်ကင်ကတော့

သူတို့နှစ်ယောက်က ၎င်း၏တည်နေရာကိုလည်း တွက်ချက်ထားခဲ့ပြီး ဖြစ်၏။ သို့ရာတွင် သည်တုန်ကင်က အလွန်အမင်းထူးဆန်းလှ သည်။၎င်းကို ရရှိရန် သူတို့နှစ်ယောက်က သေချာသော အချိန်ကြမှ လုပ်ဆောင်မည် ဖြစ်၏။သည့်အတွက်ကြောင့် သူတို့က အစောပိုင်းတွင် မည်သည့်အရာကိုမျှ လုပ်ဆောင် ခဲ့ခြင်း မရှိဘဲ ခုမှ မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်တွင် လာ ရောက်စောင့်နေကြခြင်း ဖြစ်ပေ၏။

သည်အချိန်၌ ဒီလှိုင်းအသူတစ်ရာချောက်ထဲတွင်တော့ ဝမ်လင်းက ကျောက်ရီကောင်းကင်ဘုံဓားကို စီးနင်း၍ ထွက်ပေါ်သို့ အလင်းတန်းတစ်ခုအလား ပျံသန်းလာ

...
နေလျက် ရှိ၏။

ကျောက်ရီက အလွန်မြန်ဆန်လှ၏။ရက်အနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူတို့က စင်္ကြံလမ်းများကိုဖြတ်၍ မီးနတ်ဆိုးနိုင်ငံအောက်ရှိ အက်ကွဲကြောင်းရှိရာသို့ ရောက် ရှိလာခဲ့သည်။သူတို့က ခုချိန်၌ ဒီလှိုင်းအသူတစ်ရာချောက် ထဲကနေ ပျံသန်းထွက်ခွာရန်သာ လိုအပ်တော့၏။

မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်သည် အပေါ်သို့ ဆန် တက်ရန် မည်သည့်ခုခံမှုမှ မရှိသော တစ်ခုတည်းသော နေရာဖြစ်၏။

သည်နေရာတွင် လူတစ်ယောက်၏ အမြန်နှုန်းကိုပင် ပင့် တင်စေခြင်းအားသာ ရှိကာ ပို၍ပင် မြန်ဆန်စေဦးမည် ဖြစ်သည်။

မီးနတ်ဆိုးနိုင်ငံရှိ အက်ကွဲကြောင်းထဲ၌ ပျံသန်းနေရင်း ဝမ်လင်းမျက်လုံးများက အလွန်တည်ငြိမ်လျက်ရှိ၏။ သူက ပျံသန်းနေသောကောင်းကင်ဘုံဓားတွင် ရင်း လိုက်ပါနေ၏။ မတ်တပ်ရပ်နေ

သည်အခိုက်အတန့်၌ သူ့အောက်ရှိ ကောင်းကင်ဘုံဓား က ရုတ်တရက် အရှိန်လျော့သွားသည်။ဓားက အကြိမ် အနည်းငယ် လှည့်လည်ပြီးနောက် ရပ်တန့်သွားသည်။ သည့်နောက် ကျောက်ရီက နတ်ဘုရားအာရုံအသံကို ပို့ လွှတ်လိုက်သည်။

"ဝမ်လင်း..တစ်ခုခုတော့မှားနေပြီ။ ငါက ဓားနတ်ဘုရား
အာရုံကို အသုံးပြုပြီး ငါတို့ရှေ့ကို စစ်ဆေးကြည့်တော့ ရှေ့ မှာ ခရမ်းရောင်မြူလွှာတစ်ခု ရှိနေတာကို တွေ့လိုက်တယ်။ အဲ့ထဲမှာ ကျင့်ကြံသူအချို့ကိုလည်း ပိတ်လှောင်ထားတယ်။ ဒါပေမဲ့ ထူးဆန်းတာက ငါ့ဓားနတ်ဘုရားအာရုံက ဒီ ခရမ်းရောင်မြူကို ဖောက်ထွက်မသွားနိုင်ဘူး ဖြစ်နေတယ်

"ပိတ်မိနေတဲ့ ကျင့်ကြံသူတွေ..." လမ်းတစ်လျှောက် တွင် ဝမ်လင်းက မုယုံကျိုးနှင့် အမျိုးသမီးနှစ်ယောက်ကို လည်း တွေ့မြင်ခဲ့ရခြင်း မရှိပေ။ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းလို့သွား၏။သူက သည်သုံးယောက်အကြောင်း ကို စဉ်းစားကြည့်နေသည်။

ဝမ်လင်းနှင့်ကျောက်ရီ ရပ်တန့်လိုက်သည့်အခိုက်မှာပင် ခရမ်းရောင်မြူလွှာ၏ အခြားဘက်ခြမ်းကနေ ခြင်များ၏ တဝီဝီအော်မြည်သံများ ပျံ့နှံ့လာခဲ့သည်။သူတို့၏ နီရဲရဲ မျက်လုံးများက ခရမ်းရောင်မြူလွှာကို ကြမ်းကြုတ်စူးရဲစွာ ကြည့်နေကြသည်။

ထိုခြင်သားရဲများက နဂိုထဲက ကြမ်းကြုတ်သည့်ပုံစံ ပေါက်နေပြီး ဖြစ်ကာ ခုသူတို့၏ ရက်စက်ကြမ်းကြုတ်သော ထည့်ပေါင်းလိုက်သည့်အတွက် ပို၍ပင် အကြည့်ကို ကြောက်မက်ဖွယ်ကောင်းသွားတော့သည်။

၎င်းတို့က တောင်ပံများကို တဖျပ်ဖျပ်ခတ်နေရင်း တဝီဝီ အသံများကို သည်ဧရိယာကိုဖြတ်၍ ပဲ့တင်ထပ်နေ
စေသည်။သို့ရာတွင် ထွက်ပေါ်သို့ ဦးတည်ထားသည့် ထူးဆန်းသောဖိအားကြောင့် ထိုအသံက အဝေးကြီးသို့ မ ရောက်ရှိပေ။

သည်ခြင်သားရဲများက ကြီးမားလှ၏။သို့သော် သူတို့၏ ဝမ်းဗိုက်ကတော့ ပြားချပ်နေသည်။သိသာသည်မှာ သူတို့က အချိန်အတန်ကြာကတည်းက ဗိုက်ဆာနေခြင်းပင် ဖြစ်၏။ သည့်အပြင် သူတို့၏ ခြင်နှုတ်သီးရှည်များက အေးစက်စက် အလင်းရောင်ကို ပေးစွမ်းနေကာ ထက်ရှသောဓားမျာ အလား ဖြစ်နေ၏။

၎င်းတို့အားလုံးက အနက်ရောင်ရှိနေသည်မဟုတ်ဘဲ အချို့က မီးခိုးရောင် ရှိကြ၏။၎င်းတို့ကိုယ်ပေါ်ရှိ အမွှေးများ က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် လုပ်နေ သကဲ့သို့ ထင်မှတ်ရ၏။

သူတို့က ခရမ်းရောင်မြူလွှာကို ဝန်းရံထားကြ၏။ သို့သော် အထဲသို့ ဝင်ရောက်ခြင်း မရှိပေ။သူတို့က ခရမ်းရောင်ကို ဝန်းရံလှည့်ပတ်လို့သာနေ၏။

နံရံပေါ်၌ အဝတ်စုတ်အချို့နှင့် သွေးများစွန်းထင်းလို့ နေ၏။သည့်အပြင် လုံးဝမှန်ဖျော့နေပြီ ဖြစ်သော ဓားကြီး တစ်လက်လည်း ရှိနေသည်။

ခြင်သားရဲများက သိပ်သည်းသော တဝီဝီအော်သံများ အထဲ၌ အချင်းချင်း နှုတ်သီးခြင်းတိုက်မိကာ မီးများပင်ပွင့် လို့သွားသည်။ထိုအဖြစ်က သည်ခြင်များကို ပို၍ စူညံစေ
ကာ တစ်ကောင်နှင့်တစ်ကောင် သတ်ဖြတ်ပစ်တော့မတက် ဖြစ်စေသည်။

သည်လိုဖြစ်သည့်အခြေအနေရောက်တိုင်း ခြင်အုပ်စု များ၏ အတွင်းပိုင်းမှ ကျယ်လောင်သောခြင်အော်သံတစ်ခု ကပေါ်ထွက်လာလေ့ရှိ၏။သည်အသံထွက်ပေါ်လာ သည်နှင့် တစ်ကောင်နှင့်တစ်ကောင်သတ်ဖြတ်လိုသော ခြင် များက ၎င်းတို့၏ သတ်ဖြတ်ချင်စိတ်ကို ချက်ခြင်း ချိုးနှိမ့် လိုက်ကြလေသည်။

သို့ရာတွင် သည်လိုအခြေအနေက ကြာမြင့်လာသည့် အခါ ခြင်သားရဲများ အရိုင်းသဘာဝက ချုပ်ထိန်းရန်ပိုပို ခက်ခဲလာခဲ့သည်။ သည်အခိုက်အတန့်မှာပင် ခြင်သားရဲနှစ် ကောင်က နှုတ်သီးခြင်း ထိမိသွားသည်။ထိုအခါ ၎င်းတို့က ချက်ခြင်းပင် ဒေါမာန်တကြီးဖြစ်သွားကာ တစ်ကောင်နှင့် တစ်ကောင် စတင်သတ်ဖြတ်ကြတော့သည်။

ခြင်သားရဲအုပ်ထဲမှ စူးရှသောအသံတစ်ခု ထွက် ပေါ်လာ၏။တိုက်ခိုက်နေကြသော ခြင်သားရဲနှစ်ကောင်က ခဏတာ တုန့်ဆိုင်းသွားသည်။သို့သော် ၎င်းတို့၏ အရိုင်း သဘာဝက ပြန်လွှမ်းမိုးသွား၏။၎င်းတို့က တစ်ဖန်ပြန်၍ တိုက်ခိုက်ကြပြန်၏။

စူးရှရှအသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ သည်တစ်ကြိမ်တွင်တော့ ခြင်သားရဲအုပ်က လမ်းကြောင်း တစ်ခု ရှင်းပေးလိုက်ကြသည်။ထိုအခါ ပေတစ်ရာလောက်
ရှည်လျားကာ ခရမ်းရောင်အငွေ့အသက်အချို့ ရှိနေသည့် ခြင်သားရဲကြီး တစ်ကောင်က ဖြည်းဖြည်းချင်း ပျံသန်း လာ၏။

ထိုခြင်သားရဲ ကိုယ်ပေါ်၌ ခရမ်းရောင်ရှိနေသော်လည်း အလွန်ဖျော့တော့ပေ၏။

ထိုခြင်သားရဲ၏ ဦးခေါင်းထက်၌ အပ်ခုနစ်ချောင်းကို ထိုး စိုက်ထားလျက် ရှိနေသည်။ထိုအပ်များက အလင်းများကို ထုတ်လွှတ်နေကာ ခြင်သားရဲ၏မျက်လုံးထဲ၌ နာကျင်နေ ဟန်တို့ ဖြစ်ပေါ်နေသည်။၎င်း၏ ထွက်ပေါ်လာမှုကြောင့် တိုက်ခိုက်နေသော ခြင်သားရဲနှစ်ကောင်က ရပ်တန့် သွား၏။၎င်းတို့မျက်လုံးများထဲ၌ ကြမ်းကြုတ်ရက်စက်ခြင်း တို့ကတော့ ရှိလို့နေဆဲသာ။

ခရမ်းရောင်အချို့အဝက် ကိုယ်ပေါ်တွင် ရှိနေသော ခြင် သားရဲက စူးရှရှအသံပြုလိုက်၏။သည်အော်သံထဲ၌ မန္တာန် အမျိုးအစားအချို့ ပါဝင်လို့နေသည်။၎င်းအသံက ခြင်သားရဲ များအားလုံးကို တုန်ယင်သွားစေသည်။သည်အခွင့်အရေး ကိုသုံး၍ ခရမ်းရောင်ခြင်သားရဲက ၎င်း၏တောင်ပံကို ရိုက်ခတ်ကာ အလင်းတန်းအလား ပျံသန်းလာ၏။ သည့်နောက် စောနက တိုက်ခိုက်နေကြသော ခြင်သားရဲနှစ် ကောင်နားသို့ ရောက်ရှိသွားကာ ၎င်း၏ကြီးမာသော နှုတ်သီးဖြင့် ထိုနှစ်ကောင်လုံးကို ထိုးစိုက်ချလိုက်သည်။ ချက်ခြင်းပင် ထိုခြင်သားရဲနှစ်ကောင်၏ ခန္ဓာကိုယ်များက ခြောက်သွေ့သွားကာ လေထဲကနေ ပြုတ်ကျသွား
တော့သည်။

ခရမ်းရောင်ခြင်သားရဲက လှည့်၍ သူ့ပတ်လည်ရှိ ခြင် သားရဲများကို အေးစက်စွာ ကြည့်လိုက်သည်။ကျန်သည့်ခြင် သားရဲအားလုံးက ခပ်တိုတိုး နာခံသံ ထုတ်ဖော်ကာ တစ် ကောင်နှင့်တစ်ကောင် ဆက်၍ တိုက်ခိုက်ဝံ့ကြခြင်း မရှိတော့ပေ။သည့်နောက် ခြင်သားရဲက ခြင်အုပ်စု၏ အလယ် သို့ ဖြည်းဖြည်းချင်း ပြန်လည် ပျံသန်းသွားသည်။ထိုခြင် သားရဲ၏ ခန္ဓာကိုယ်ထံမှ အိုမင်းခြင်းအငွေ့အသက်ကို ပေး စွမ်းလို့နေသည်။


Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)