အပိုင်း(135)
ဝမ်လင်း၏ ဉာဏ်ပညာ
ခရမ်းရောင်မြူလွှာအတွင်း၌ လောဘကြီးက မျက်လုံး ဖွင့်လာခဲ့ကာ အေးစက်သောအလင်းတစ်ခုကို ထုတ်လွှတ် လာ၏။
"ဒီထူးဆန်းတဲ့ သားရဲတွေက တကယ်စွမ်းအားကောင်း လှတယ်။ငါ့ အံ့ဖွယ်အပ်ချောင်းခုနစ်ခုနဲ့ ထိန်းချုပ်ထားသ ရွှေ့တော့ ငါ့လက်ကနေ ဒီကောင် လွတ်နိုင်မှာ မဟုတ်ပါ ဘူး။ဒီသားရဲဘုရင်ကို ထိန်းချုပ်ထားနိုင်ခြင်းက အုပ်စုတစ် ခုလုံးကို ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုလိုနေတာပဲ။ငါက ဒီ သားရဲအုပ်စုကို ငါ့အတွက် အသုံးချနိုင်ရင် လင်းထျန်ဟူ ကိုယ်တိုင် ဒီကို ရောက်လာရင်တောင့် ငါ့မှာ သူနဲ့ ယှဉ်နိုင် တဲ့ နည်းလမ်းတစ်ခု ရှိနေပြီ..."
လောဘကြီး၏မျက်လုံးထဲ၌ မောကြွားမှုနှင့် ပြည့်လို့ နေသည်။
သူက ဒီလှိုင်းအသူတစ်ရာချောက်ထဲသို့ ဝင်လာခဲ့ပြီး နောက် သူ့ကိုယ်ပိုင်အစီအစဉ်များကို စတင် ခင်းကျင်းခဲ့ပေ
သည်။ထိုအစီအစဉ်များထဲမှ တစ်ခုက အစီအရင်တစ်ခုကို ပေါင်းစပ်ခင်းကျင်းရန် လိုအပ်နေခြင်း ဖြစ်သည်။သူက သည်ခြင်သားရဲများကို ရုတ်တရက် တွေ့ကြုံခဲ့ရ၏။သူက အစ၌ မှင်တက်သွားမိသော်လည်း သည့်နောက်တွင်တော့ အတော်လေး ကျေနပ်သွားခဲ့သည်။
လောဘကြီးက အတည်တကျနေထိုင်သူတစ်ယောက် မဟုတ်ပေ။သူက အမြဲလိုလို ကြယ်များကြား၌ ရတနာရှိသည့်နေရာတိုင်းသို့ ဦးတည်သွားလာနေတက်သူ ဖြစ်သည်။ထို့ကြောင့် ဆိုရိုးစကားတစ်ခုပင် ပေါ်လာခဲ့ သည်။ "လောဘကြီး သွားတဲ့နေရာမှာ ရတနာများ ရှိတယ်" ဆို၍ပင်။
သူက သူ့ဘဝတွင် နေရာများစွာသို့ ရောက်ခဲ့ဖူး၏။ ထို့ကြောင့် သူက သည်ခြင်သားရဲများကို အရင်ကတည်းက မြင်တွေ့ခဲ့ဖူးပေသည်။
သူက ၎င်းတို့ကို ပထမဆုံးမြင်တွေ့ဖူးသည်က အပျက်အစီးဂြိုဟ်တစ်ခုပေါ်တွင် ဖြစ်၏။လောဘကြီးက တစ်စုံတစ်ယောက်၏ နောက်ကလိုက်လံတိုက်ခိုက်မှုကို ထွက်ပြေးနေရင်း ရှေးဟောင်းတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုကနေ ထွက်လာခဲ့သည့်အခိုက သူက ဘယ်တော့မှ မမေ့နိုင်သောတစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရ၏။
ထိုနေရာက မီးခိုးရောင်အခိုးငွေ့များ ပြည့်နေသော ဂြိုဟ် တစ်ခုပင်။သည်ဂြိုဟ်က ခရမ်းရောင် ရှိ၏။
ထိုဂြိုဟ်ပတ်လည်၌ မရေမတွက်နိုင်သောခြင်သားရဲများ က အတူတကွလှည့်ပတ်နေလျက် ရှိကြသည်။၎င်းတို့ထံမှ ဖိအားကြောင့် လောဘကြီးက တုံ့ဆိုင်းခြင်းမရှိ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ ပြန်ထွက်ပြေးခဲ့ ရဖူးသည်။
သူက သည်ကြောက်မက်ဖွယ်သားရဲများကို ရင်ဆိုင်မည့် အစား သူ့နောက်မှ လိုက်ဖမ်းသည့် ရန်သူကိုသာ ပို၍ ရင်ဆိုင်ချင်သေးသည်။
အခု သည်ဒီလှိုင်းအသူတစ်ရာချောက်၏ အက်ကွဲ ကြောင်းများအတွင်း၌ သည်ခြင်သားရဲများကို တွေ့မြင်ပြီး သည့်နောက် သူ့စိတ်ထဲ၌ အကြံတစ်ခု ရလာခဲ့သည်။ သည့်နောက် သူက သူ့အသက်ကယ်ရတနာ အံ့ဖွယ်အပ် ခုနစ်ချောင်းကို သေချာစေလွှတ်ခဲ့သည်။သူက ၎င်းတို့ကို နတ်ဘုရားအာရုံဖြင့် ထိန်းချုပ်ကာ အက်ကွဲကြောင်းများထဲ သို့ ဂရုတစိုက် စေလွှတ်ခဲ့ပေသည်။
ထိုခြင်သားရဲများအားလုံးက သည်နေရာတွင် ခိုအောင်း နေကြခြင်းပင်။လောဘကြီးက သည်သားရဲများကို တွေ့ကြုံ ဖူးကတည်းက ကြောက်လန့်နေခဲ့ပေသည်။ထို့ကြောင့် သူက ၎င်းတို့ကို သတိပေးလိုက်သလို ဖြစ်သွားမည်ကို ကြောက်ရွှံ့သည့်အတွက်ကြောင့် သေချာဂရုတစိုက် ပြုလုပ် နေခြင်း ဖြစ်သည်။
နောက်ဆုံးတွင် သူက ခြင်သားရဲဘုရင်ကို ရှာတွေ့နိုင်ခဲ့
သည်။သည်အပ်များကို ထိုခြင်သားရဲဘုရင်ပေါ်သို့ ထိုးစိုက် ချပြီးနောက် သူက ထိုအက်ကွဲကြောင်းထဲကနေ ချက်ခြင်း ထွက်ပြေးလာခဲ့ပေသည်။
ထိုအခါ ချန်လုံတို့ အုပ်စုက သည်ခြင်သားရဲများ၏ ပိတ် လှောင်ထားခြင်းကို ခံလိုက်ရတော့သည်။ခရမ်းရောင်မြူ ကတော့ လောဘကြီး၏ နေရာအတွက် အရေးကြီးဆုံး အစိတ်အပိုင်းကနေ ပါဝင်နေ၏။
လောဘကြီးက သူ့ပတ်လည်ရှိ တာ့လော့ဓားကလန်မှ တပည့်များကို ကြည့်ကာ စိတ်ထဲကနေ နှာခေါင်းရှုံ့ လိုက်၏။
ဒီအဘိုးကြီး လင်းထျန်ဟူရဲ့တပည့်တွေထဲမှာ ချန်လုံက လွဲလို့ ကျန်တဲ့လူတွေအားလုံးက အမှိုက်တွေပဲ။ဒီအဘိုးအို က ဒီနတ်ဆိုးစိတ်ဝိညာဉ်ကို ရောက်လာတည်းက ဒီဒီလှိုင်း အသူတစ်ရာချောက်ကို လာခဲ့တာ သုံးကြိမ်တိတိ ရှိနေခဲ့ပြီ။ နောက်ဆုံးတော့ ဒီခရမ်းရောင်မြူအတွင်းမှာ လင်းထျန်ဟူ နဲ့ရှေ့ဖြစ်ဟောသူတို့၏ မျက်လုံးများကိုပင် နီရဲစေခဲ့သော တုန်ကင်ရှိနေသည်ဟု သူက ဆုံးဖြတ်နိုင်ခဲ့ပေသည်။
"ဒါပေမဲ့ ဒီတုန်ကင်က အတော်လေး ထူးဆန်းလှတယ်။ ငါ လေ့လာထားသလောက် ဒါက အချိန်တစ်ခုကြာမှ ပေါ်လာလိမ့်မယ်။ ကြည့်ရတာ တစ်ခုခုကို စတေးဖို့ လိုအပ် နေတဲ့ပုံပဲ..."
လောဘကြီး၏မျက်လုံးများက
တာ့လော့ဓားကလန်မှ
တပည့်များကို သိမ်းကြုံးကြည့်လိုက်သည်။
"ငါကသာ သူတို့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဓားစွမ်းအင်ကို စိုးရိမ်မနေဘူးဆိုရင် ဒီကောင်ငါးကောင်ကို ဖမ်းပြီးနေ လောက်ပြီ။ပြီးရင် ငါက ဒီကောင်တွေကို ဒီလို ပိတ်လှောင် ထားမယ့်အစား သူတို့ကို စတေးပစ်နေပြီး ဖြစ်တယ်..."
ဝမ်လင်းက ကောင်းကင်ဘုံဓားပေါ်တွင် မတ်တပ်ရပ်နေ ရင်း အခြားဘက်ခြမ်းရှိ ခရမ်းရောင်မြူလွှာအနားသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။သိပ်မကြာခင်တွင် ခရမ်းရောင်မြူကို သူက အကွာအဝေးတစ်ခုရှိထောက်လှမ်းမိသွားသည်။သည်ခရမ်းရောင်မြူက သိပ်သည်းလွန်းလှသဖြင့် အထည်ဒြပ်ဖြစ်လုနီးနီးပင်။၎င်း က အပြင်သို့ ထွက်သည့်လမ်းကြောင်းကို ပိတ်ဆို့ထား၏။ သူတို့က သည်မြူလွှာကို ဖြတ်သန်းမသွားလျှင် မီးနတ်ဆိုး နိုင်ငံ၏ ထွက်ပေါက်သို့ ရောက်ရှိနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"ဝမ်လင်း ငါ့ဓားနတ်ဘုရားအာရုံနဲ့တောင် ဒီမြူလွှာကို မထိုးဖောက်နိုင်ဘူး။ဒီခရမ်းရောင်မြူလွှာက
တော်တော်လေး ထူးဆန်းနေတယ်။ဒါပေမဲ့ ဒီထဲမှာ ပိတ်မိနေတဲ့လူတွေကလည်း သူတို့ရဲ့ နတ်ဘုရားအာရုံနဲ့ မင်းကို ထောက်လှမ်းနိုင်မှာ မဟုတ်ဘူး..."
ဝမ်လင်းက ခေါင်းညိတ်ကာ စတင် စဉ်းစားနေသည်။ဒီ ချောက်နက်၏ အထက်သို့ တွန်းထုတ်နေသော ဖိအားက
သူ့ သည်နေရာတွင် အမြဲလိုလို ရှိနေ၏။သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း ထားရပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ထားရသည်။
သူက ခရမ်းရောင်မြူကို စူးစိုက်ကြည့်နေရင်း သူ့ မျက်မှောင်ကြုတ်လိုက်သည်။သည်အခိုက်အတန့်၌ သိုလှောင်အိတ်ထဲမှ တုန်ခါလှိုင်းများ ထွက်ပေါ်လို့လာ၏။ သူက နတ်ဘုရားအာရုံဖြင့် သိုလှောင်အိတ်ထဲသို့ စစ်ဆေး ကြည့်လိုက်ရာ ခြင်သားရဲကို ချက်ခြင်းတွေ့မြင်လိုက်သည်။ ထိုခြင်သားရဲက ဂနာမငြိမ်ဖြစ်နေ၏။သူ့မျက်လုံးများကပင် နီရဲသည့်အရိပ်အယောင်ကို ပြသလို့နေ၏။
၎င်းက ဝမ်လင်း၏ နတ်ဘုရားအာရုံကို သတိပြုမိသည့် အခါ ၎င်းက အသံပြုလိုက်၏။
ဝမ်လင်းက အံ့အားသင့်သွားမိသည်။သူ့နတ်ဘုရား အာရုံ ကို ပြန်ရုတ်သိမ်းလိုက်၏။ခြင်သားရဲက အမြဲလိုလို သူ့အား နာခံလေ့ရှိကာ ခုလို စိတ်လှုပ်ရှားစိတ်ပူပန်နေသည်က ရှားပါးလွန်းလှ၏။သူက အနည်းငယ် စဉ်းစားပြီးနောက် သိုလှောင်အိတ်ထဲကနေ ခြင်သားရဲကို ထုတ်ပေးလိုက် သည်။
၎င်းက ပေါ်ထွက်လာသည်နှင့် အသံပြုကာ ခရမ်းရောင် မြူလွှာထဲသို့ ပျံသန်းသွားတော့သည်။ဝမ်လင်းမျက်လုံးများ ကျဉ်းမြောင်းလို့သွားသည်။သူက ချက်ခြင်းပင် ကောင်းကင်ဘုံဓားပေါ်မှ ဆင်း၍ ခြင်သားရဲကို လိုက်ဖမ်း
သည်။
ကျောက်ရီက အံ့အားသင့်သွားကာ နောက်ကနေ အမြန် လိုက်ပါသွားသည်။
ခရမ်းရောင်မြူက ခြင်သားရဲအပေါ်၌ မည်သည့် သက်ရောက်မှုမှ ရှိလို့မနေပေ။၎င်းက မြူလွှာထဲသို့ ဝင် ရောက် ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက တုန်လှုပ်မိသွားသည်။သူက ခြင်သားရဲမည် သည့်နေရာသို့ သွားသည်ကို မသိပေ။ကံကောင်းစွာနှင့် သူ နှင့်ခြင်သားရဲတို့ကြား ချိတ်ဆက်မှုက ခုထိ ရှိလို့နေဆဲပင်။ ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ခုချိန်၌ သူ့တွင် ခြင် သားရဲနှင့် ပတ်သတ်၍ စိတ်ပူပန်နေရန် အချိန်မရှိပေ။သူက သက်ပြင်းချကာ အာရုံပြန်စုစည်းပြီး အထက်သို့ ဖြည်းဖြည်းချင်း ပျံတက်လိုက်သည်။ကောင်းကင်ဘုံဓားထဲ ရှိ ကျောက်ရီကတော့ ဝမ်လင်းနားတွင် လှည်ပတ်လို့ နေသည်။သူက သူ့ဓားနတ်ဘုရားအာရုံကို ပျံ့နှံ့စေကာ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းလို့နေသည်။
လောဘကြီးက သည်မြူလွှာထဲသို့ ကျင့်ကြံသူများ ဝင် လာသည်ကို သတိမပြုမိပေ။သူက ဝမ်လင်းနှင့်လင်းထျန် ဟူတို့၏ နတ်ဘုရားအာရုံ ထိပ်တိုက်တွေ့မှုကိုတော့ ထောက်လှမ်းနိုင်ခဲ့ခြင်းသည် တုန်ခါလှိုင်းက နံရံ တစ်လျှောက် တိုက်ရိုက် ဖြတ်သန်းလာသောကြောင့်သာ ဖြစ်၏။
ဝမ်လင်းက မြူထဲသို့ ဖြည်းဖြည်းချင်း ပျံသန်းဝင်လာခဲ့ သည်။သူက အလွန်အမင်း သတိထားနေလေ၏။သူ့နတ် ဘုရားအာရုံပင် သည်ခရမ်းရောင်မြူများထဲ၌ မည်သည့် လုပ်နိုင်စွမ်းမှ မရှိလုနီးပါး ဖြစ်ရ၏။သူက သူ့ရှေ့တွင် ထူထဲ သော မြူလွှာကိုသာ မြင်တွေ့နေရပေသည်။သူ့နှဖူးထက်ရှိအသက်ဓာတ်ချိပ်တံဆိပ်တစ်သန်းကလည်း သူ့တစ်ကိုယ် လုံးအား ဖုံးအုပ်ပေးထားသည်။သို့မှသာ သူက သေရေးရှင်ရေးဖြစ်လာလျှင် လှုပ်ရှားရန် အခွင့်ရေးရမည် မဟုတ်လား။
ကျောက်ရီက ဝမ်လင်းကို လှည့်ပတ်ပေးထား၏။သူက ပျံသန်းနေရင်း နတ်ဘုရားအာရုံအသံကို ပို့လွှတ်လိုက် သည်။
"ဝမ်လင်း …ဒီရှေ့မှာ ဗြောင်သလင်းဖြစ်နေတဲ့ ငါး ကီလိုမီတာလောက် ဧရိယာတစ်ခု ရှိနေတယ်။အဲ့နေရာမှာ လူခြောက်ယောက် ရှိနေတယ်။ သူတို့ထဲက တစ်ယောက်က အားကောင်းတဲ့ကျင့်ကြံခြင်းအဆင့် ရှိတယ်။ကျန်တဲ့ငါး ယောက်ကတော့ တူညီတဲ့ ဝတ်စုံတွေကို ကို ဝတ်ဆင်ထား တဲ့ပုံပဲ
"လူခြောက်ယောက်..." ဝမ်လင်းမျက်လုံးများက လက်ခ နဲ ဖြစ်သွားသည်။
"ငါ မင်းကို ပြပေးမယ်..." ကျောက်ရီ၏ နတ်ဘုရား အာရုံက ဝမ်လင်းခန္ဓာကိုယ်ထဲသို တိုးဝင်လာခဲ့ကာ သူ့နတ်
ဘုရားအာရုံကို မြူလွှာထဲသို့ ဆွဲယူလိုက်၏။သည်နတ် ဘုရားအာရုံနှစ်ခုက ခရမ်းရောင်မြူလွှာတော်တော်များကို ထွင်းဖောက်သွားကာ ရှေ့ရှိ ငါးကီလိုမီတာ ဧရိယာသို့ ဝင် ရောက်သွားသည်။ဝမ်လင်းရှေ့ရှိ မြူလွှာက ပြန့်ကျဲသွားကာ ကျင့်ကြံသူ ခြောက်ယောက်က သူ့မျက်လုံးရှေ့၌ ပေါ်လာခဲ့ တော့သည်။
"သူတို့ပဲ..." ဝမ်လင်းက ထိုခြောက်ယောက်ကို ချက် ခြင်း မည်သူမည်ဝါမှန်း သိသွားလေ၏။
သည်အခိုက်အတန့်၌ အလယ်တွင်ထိုင်နေသော အဘိုး အိုက မျက်လုံးဖွင့်လာခဲ့၏။ သူ့မျက်လုံးက ရွှေရောင် အလင်းကို ပေးစွမ်းနေကာ သူက လှမ်းအော်ပြောလိုက် သည်။ "ရောင်းရင်းကျင့်ကြံသူက ဘယ်သူများလဲ...။ဒီအ ဘိုးအိုရဲ့နာမည်ကတော့ လောဘကြီး ဖြစ်ပါတယ်..."
လောဘကြီး၏ အော်သံက တာ့လော့ဓားကလန်မှ တပည့်များ၏ သွင်ပြင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။ ရုတ်တရက် သူတို့က မတ်တပ်ထရပ်လိုက်ကြသည်။
ကျောက်ရီက ဝမ်လင်းနတ်ဘုရားအာရုံကို ခရမ်းရောင် မြူလွှာထဲသို့ ပြန်ဆွဲယူလိုက်ပြီး ပျောက်ကွယ်စေလိုက် သည်။လောဘကြီး၏အသွင်က ရုပ်စိုးလို့သွားသည်။သူက အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။သို့သော် ခဏတာ တုန့်ဆိုင်းသွားပြီးနောက် သူက သိုလှောင်အိတ်ထဲမှ မည်သည့်ရတနာကိုမှ မထုတ်ခဲ့
"ဒီအခြားတစ်ယောက်ရဲ့ နတ်ဘုရားအာရုံက တော်တော် လေး ထူးဆန်းလှတယ်။ ဒါက ငါ့ကိုတောင် မသေမချာ ဖြစ် သွားစေတယ်။ ဒီနတ်ဘုရားအာရုံက အာဏာတက်ခြင်း အစောပိုင်းအဆင့်တစ်ယောက်ရဲ့ နတ်ဘုရားအာရုံနဲ့ တူတူ ပဲ။ ဒါပေမဲ့လည်း အဲ့အထဲမှာ နောက်ထပ် တစ်ခြားနတ် ဘုရားအာရုံတစ်ခု ထပ်ပါဝင်နေတယ်။ ဒီဒုတိယနတ်ဘုရား အာရုံက တော်တော်လေး အားကောင်းလှပြီး ထက်ရှတဲ့ ဓားစိတ်ဆန္ဒတစ်ခု ပါဝင်လို့နေတယ်..."
သူက အခြားလူတစ်ယောက်၏ စွမ်းရည်ကို ကောင်းကောင်းနားမလည်သေးခင် သူက ရန်သူ့ကို အရင် ရန်စလိမ့်မည် မဟုတ်ပေ။အထူးသဖြင့် အခုလို သူဒဏ်ရာ ရထားချိန်၌ ဖြစ်၏။သူ့မူလကျင့်ကြံမှုအဆင့်က ပုံရိပ် ယောင်ယင်အဆင့်တွင် ရှိနေပေသည်။သို့သော် ခုချိန်၌ သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်တွင်သာ ရှိတော့၏။သည်မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ
အတွင်း သူက သူ့အထွတ်အထိပ်အဆင့်ထိ ပြန်ရောက် အောင် မကောင်းမွန်သေးပေ။
သည်အရာက စစ်ထူနန်က အလွန်အမင်း စွမ် အားကောင်းလွန်းနေသည်ဟု မဆိုလိုပေ။ပုံရိပ်ယောင်ယင် အဆင့်မှ လျော့ကျသွားသော ကျင့်ကြံသူများသည် မူလ အဆင့်သို့ ပြန်ရောက်ရန် များစွာ အားထုတ်ရပေသည်။ တကယ်တော့ ပုံရိပ်ယောင်ယင်အဆင့်နှင့် အထည်ဒြပ်ယန်
အဆင့်တို့က ပထမဆင့်ကျင့်ကြံခြင်းနယ်ပယ်နှင့်ဒုတိယ ဆင့်တို့ကြားရှိ သော့ချက်အဆင့်များ ဖြစ်ကြပေသည်။
စစ်ထူနန်အတွက်ကတော့ သူက ကောင်းကင်ဘုံသန့်စင် ခြင်းပုတီးစေ့ထဲရှိ ထူးဆန်းသောအား၏ အထောက်အပံ့နှင့် သူ့ပါရမီကလည်း မြင့်မားလွန်းခြင်းကြောင့်သာမဟုတ် လျှင် သူလည်း သူ့ကျင့်ကြံမှုအဆင့်ကို အပြည့်အဝပြန် ကောင်းမွန်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သည်လောဘကြီးက အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်တွင် တစ်နေသော်လည်း သူ့စွမ်းအား က အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူများ ပိုင်ဆိုင်ထား နိုင်သည့် အရာမဟုတ်ပေ။သည့်အပြင် သူနှစ်ပေါင်းများစွာ ရှာဖွေထားသည့် ရတနာများကိုပါ ထည့်ပေါင်းလိုက်ပါက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို သတ်ရန် တော်တော် အားစိုက်ရပေမည်။သူတို့က ခဏတာ ဂရုမစိုက်မိသည်နှင့် လောဘကြီးက လွတ်မြောက်သွားနိုင် ပေသည်။
ကျောက်ရီက ဝမ်လင်းနတ်ဘုရားအာရုံကို ပြန်ဆွဲယူကာ သူ့တို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်အသီးသီးထံသို့ ပြန်ရောက်ရှိသွားကြသည်။
"သူတို့ခြောက်ယောက်မှာ ငါးယောက် တာ့လော့ဓား ကလန်က တပည့်တွေပါ။ နောက်ဆုံးတစ်ယောက်ကတော့ လောဘကြီးလို့ ခေါ်တယ်.." ဝမ်လင်းက လောဘကြီးနှင့်
ပတ်သတ်၍ အများကြီး ရှင်းမပြခဲ့ပေ။
"တာ့လော့ဓားကလန်...ဟုတ်တယ်...ငါက တစ်ခုခု ရင်းနှီးနေတယ်လို့ ခံစားနေရတာ မထူးဆန်းတော့ဘူး... တာ့လော့ဓားကလန်...။ဝမ်လင်း...မင်း ဘယ်လို စီစဉ်ထားလဲ
ကျောက်ရီ၏ အသံက ကောင်းကင်ဘုံဓားထဲကနေ ထွက် ပေါ်လာ၏။
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ပြန်ပြော လိုက်သည်။ "စီနီယာ.သ်က ဒီထူးဆန်းမှုကို ရှာမတွေ့ခဲ့ ဘူးလား။ ဒီလောဘကြီးရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မား လွန်းနေပြီး လင်းထျန်ဟူရဲ့ တပည့်တွေမှာလည်း သူ့ရဲ့ဓား စွမ်းအင်တွေ ရှိနေကြတယ်။ဂျူနီယာသိသလောက်ဆိုရင် သူတို့က လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကတည်းက ပျောက် ကွယ်သွားခဲ့ကြတာ။ ဒါတွေကို ထည့်တွက်မယ်ဆိုရင် ဂျူနီ ယာက သူတို့ဟာ ဒီနေရာမှာ နှစ်တစ်ရာလောက် ပိတ် လှောင်ထားခံရခြင်းသာ မဟုတ်ခဲ့ရင် သူတို့က ဒီမှာနေနေဖို့ အကြောင်းတစ်ခု ရှိနေမှာ ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်
"ဒါ့အပြင်...စီနီယာ..သင် တာ့လော့ဓားကလန်ရဲ့ တပည့် တစ်ယောက်မျက်လုံးထဲက ပျော်ရွှင်သွားတဲ့ပုံကို သတိပြုမိလိုက်လား။ငါက ဒီလူရဲ့ကျင့်ကြံမှုအဆင့်ကို စစ်ဆေးကြည့် တော့ သူက အာဏာတက်ခြင်းအစောပိုင်းအဆင့်မှာ ရှိနေ
တယ်။ငါတို့ အာဏာတက်ခြင်းအဆင့်ကို ရောက်တဲ့လူတွေ ထဲမှာ ဉာဏ်မများတဲ့လူ ရှိနိုင်ပါ့မလား။သူက ဒီလိုပျော်ရွှင် မှုကို သိသိသာသာ ထုတ်ပြတာက ဒီဟာက အချက်ပြတယ် ဆိုတာ သိသာနေတာပဲ..."
ဝမ်လင်းက ယောင်ယောင်လေး ပြုံးလိုက်၏။ သူ့မျက်လုံး ထဲ၌ ဉာဏ်ပညာအရိပ်အယောင်တို့ တဖျပ်ဖျပ် ဖြစ်ပေါ် နေသည်။သူက သေချာသုံးသပ်လို့နေ၏။ "ဒီတာ့လော့ဓား ကလန်ရဲ့ တပည့်က စိတ်ဝင်စားစရာပဲ။သူက ဒီလိုအကြည့် ကို ထုတ်ဖော်ပြီး သူတို့က လောဘကြီးနဲ့တူတူ တစ်ဖက် တည်းမဟုတ်ဘူးဆိုတာ ငါတို့ကို ပြောပြနေတယ်။ဒါက အကူအညီတောင်းနေတဲ့ သဘောတောင် ဖြစ်နိုင်တယ်..."
ကျောက်ရီ၏ပုံရိပ်က ကောင်းကင်ဘုံဓားထက်တွင် ပေါ်လာခဲ့သည်။သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်နေသည်။ပထမဆုံးအကြိမ်အဖြစ် သူက ဝမ် လင်း၏ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားမိလိုက်သည်။ ဝမ်လင်းကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအစောပိုင်း အဆင့်တွင်သာ ရှိ၏။ သူသာ ဝမ်လင်းကို အာဏာတက် ခြင်းသလင်းကျောက် မပေးခဲ့လျှင် သူက သေခြင်းရှင်ခြင်း အခိုက်အတန့်ကိုပင် ကျော်လွှားနိုင်မှ ကျော်လွှားနိုင်ခဲ့ပေ မည်။
ကျောက်ရီ၏ စိတ်ထဲ၌ ဝမ်လင်းက မှန်ကန်ဖြောင့်မတ် ပြီး သံယောဇဉ်တွယ်တာတက်သော ဂျူနီယာတစ်ယောက်
လိုသာ ရှိနေခဲ့၏။သူက ဝမ်လင်းကို ကျေးဇူးတင်ခဲ့ သော်လည်း ဝမ်လင်းနှင့်သူက အဆင့်မတူဟု ထင်မြင်ခဲ့ပေ သည်။
သို့ရာတွင် ကျောက်ရီ၏ အသွင်က ဝမ်လင်း၏စကားများ ကို ကြားပြီးသည့်နောက် ကြီးစွာ ပြောင်းလဲသွားခဲ့ပေပြီ။
"ဒီကောင်လေးရဲ့ အကြံအစဉ်တွေက နက်နဲလွန်းတယ်။ သူက တကယ့်ကို့ သေချာလေ့လာမှုလည်း ပြုလုပ်တက်နေ တယ်။ဒါက မြင်ရခဲလှတယ့်အရာပဲ။ ဒီလိုဉာဏ်ရည်မျိုးက တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းတယ်။ အထူးသဖြင့် ဒီကောင်လေးလို ဆုံးဖြတ်ချက်ခိုင်မာ ပြတ်သားတဲ့လူရဲ့ ဉာဏ်ရည်မြင့်မားမှုမျိုးပဲ။သူက နှစ်တစ် ထောင်လောက်အချိန်အတွင်းမှာ ဒီအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့တာက ကံကောင်းတာတစ်ခုတည်းကြောင့် လုံးဝ မဟုတ်နိုင်ဘူး။ငါက သူ့ကို အရင်တုန်းက လျော့ တွက်ခဲ့တာပဲ..."
ခရမ်းရောင်မြူထု ပေါင်းစည်းခြင်း...
ဝမ်လင်းက ပြုံးလိုက်၏။ သူက လက်နှစ်ဖက်ယှက်ကာ ကျောက်ရီကို ပြောလိုက်သည်။ "စီနီယာ ကျောက်ရီ...ဂျူနီ ယာတစ်ခု တောင်းဆိုချင်ပါတယ်..."
ကျောက်ရီက ဝမ်လင်းကို အာရုံစိုက်၍ ကြည့်ကာ မေး လိုက်သည် ။ "ပြောလေ.."
ဝမ်လင်းက ပြောလိုက်၏။ "စီနီယာက သင့်ရဲ့ဓားနတ် ဘုရားအာရုံကို ဒီမြူလွှာအတွင်းမှ ဖုံးကွယ်ပေးပြီး သင့်ရဲ့ တည်ရှိမှုကို တက်နိုင်သမျှ ဝေဝါးအောင် လုပ်ပေးဖို့ပါ။ပြီး ရင် ငါက လောဘကြီးနဲ့ တစ်ခြားလူတွေကို သွားတွေ့ မယ်..."
ကျောက်ရီက ခေါင်းညိမ့်လိုက်၏။ "မင်း သေချာတော့ ဂရုစိုက်.." ကျောက်ရီ၏ စိတ်ရင်းနှင့်ပြောလိုက်သည့် ထို စကားများက ဝမ်လင်းနှလုံးသားကို ကြီးစွာ ပြောင်းလဲသွား စေသည်။
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ "စီနီယာ စိတ် သက်သက်သာသာနေပါ။အစောပိုင်းတုန်းက ငါတို့ကိုလှမ်း
အော်လိုက်တဲ့အသံထဲမှာ သူက တစ်ခုခုကို စိုးရိမ်နေသလို ပဲ။ဒီလူက သတိထားတက်တဲ့လူတစ်ယောက် ဖြစ်တယ်..."
ကျောက်ရီက သက်ပြင်းချလိုက်၏။ဝမ်လင်းကို ကြည့်နေ သော သူ့မျက်လုံးထဲ၌ လေးစားမှုအရိပ်အမြွက်တို့ ဖြစ်ပေါ် လို့နေသည်။ ဝမ်လင်းက သဲလွန်စအနည်းငယ်ကပင် သည်လိုမျိုး ကောက်ချက်ဆွဲနိုင်ခဲ့သည် မဟုတ်လား။သည် အရာက သာမန်လူများ မလုပ်နိုင်သော အရာပင်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ပြော လိုက်၏။ "စီနီယာ..ဂျူနီယာက ဒီလောဘကြီးရဲ့ ရည်ရွယ်ချက်က တုန်ကင်နဲ့ ပတ်သတ်နေမယ်လို့ ခန့်မှန်းမိတယ်။ဒီတုန်ကင်က စီနီယာချင်ရှောင်ရဲ့အဖေကို တွေ့ရဖို့ အတွက် တစ်ခုတည်းသော လမ်းစလည်း ဖြစ်တယ်။ ဒါ့ ကြောင့် စီနီယာက အလျင်စလို မလုပ်ဖို့ လိုပါလိမ့်မယ်..."
ကျောက်ရီ၏ မျက်လုံးများက အေးစက်လာကာ သူက အလေးအနက်ပြောလိုက်၏။ "ဝမ်လင်း မင်း သေချာ လား..."
ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။သူက ကျောက် ရီထံသို့ လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်ဟန် ပြုပြီးနောက် မြူထဲသို့ ခြေလှမ်းဝင်ကာ လောဘကြီးနှင့်သူ့လူများရှိသို့ လှမ်းသွားတော့သည်။
အမှန်တော့ သူတို့အတွက် သည်ခရမ်းရောင်မြူလွှာထဲ၌ ပုန်းအောင်နေခြင်းက ကောင်းမွန်သောအကြံဉာဏ်တစ်ခု
တော့ မဟုတ်ပေ။ကျောက်ရီက သူတို့က သူ့ဓားနတ်ဘုရား အာရုံဖြင့် ရှာတွေ့ခဲ့ပေ၏။သို့ရာတွင် သူတို့ကိုလည်း လောဘကြီးက ရှာတွေ့သွားပြီးနောက် သူတို့က ပုန်းကွယ် နေတော့မည့်အစား သူက သွား၍ ထိုလူ့ကို လေ့လာကြည့်ရ ပေတော့မည်။
ဝမ်လင်းအတွက် နောက်ထပ် အရေးကြီးသည့် အကြောင်းရင်းတစ်ခုက လောဘကြီးက သူ့ကို သိလား၊မ သိလား သိချင်နေမိပေ၏။
ဝမ်လင်းက သူက လောဘကြီးနှင့် အရင်တုန်းက တစ် ကြိမ်မှ တွေ့ဆုံခဲ့ဖူးခြင်း မရှိသည်မှာ သေချာနေပေ၏။
သည်မြူအတွင်း၌ ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ရှေ့သို့ ဆက်ရွှေ့လျားလာ၏။သူ့အတွက် ငါး ကီလိုမီတာက ဝေးကွာလှခြင်း မရှိပေ။ သိပ်မကြာခင်တွင် သူက ငါးကီလိုမီတာအလွန်ရှိ ဧရိယာတစ်ခုထဲသို့ ဝင် ရောက်လာခဲ့၏။
ဝမ်လင်း ထွက်ပေါ်လာသည်နှင့် အကြည့်ခြောက်ခုက သူ့ အပေါ်သို့ ချက်ခြင်း လိုလို ကျရောက်လာ၏။
"မင်း...ဝမ်လင်း..." တာ့လော့ဓားကလန်မှ ငါးယောက် ထဲက တစ်ယောက်က ဝမ်လင်းကို ချက်ခြင်း သိရှိသွား သည်။
တာ့လော့ဓားကလန်မှ တပည့်များထံမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ ချက်ခြင်း ထွက်ပေါ်လာခဲ့၏။တာ့လော့ဓား
ကလန်နှင့် ကောင်းကင်ကံကြမ္မာကလန်တို့သည် အမြဲတမ်း တစ်ခုနှင့်တစ်ခု ရန်စောင်နေတက်ကြ၏။သို့သော် သူတို့က အကြောင်းပြချက်မရှိဘဲ တစ်ယောက်နှင့်တစ်ယောက် စတင်သတ်ဖြတ်ခြင်းတော့ မပြုကြပေ။
ဝမ်လင်းက သူ့ရှေ့က လူတိုင်းကို တည်ငြိမ်စွာ ကြည့် လိုက်၏။သူက တစ်ယောက်ချင်းစီကို ကြည့်လိုက်ခြင်းပင်။
လောဘကြီး၏အသွင်ကတော့ ပြောင်းလဲသွားခြင်း မရှိပေ။သူက ဝမ်လင်း ပေါ်ထွက်လာသည်ကို ခဏတာ ကြည့် လိုက်ပြီးနောက် သူ့မျက်လုံးကို ပြန်မှိတ်ထားလိုက်သည်။
ချန်လုံထံမှ စကားသံတစ်ခု ထွက်ပေါ်လာ၏။ "ငါက ချန် လုံပါ။ မင်းက ကောင်းကင်ကံကြမ္မာကလန် ခရမ်းရောင် အုပ်စုခွဲက ဝမ်လင်းလား..."
ဝမ်လင်းက ချန်လုံကို သာမန်အတိုင်း ကြည့်နေ၏။သူက စကားမဆိုဘဲ တာ့လော့ဓားကလန်မှ သည်လူများက သည် နေရာတွင် ပိတ်လှောင်ထားခြင်း ခံထားရသည်လား သို့မဟုတ် တမင်နေနေသည်လည်းကို စောင့်ကြည့်လို့ နေ၏။သည်အရာက အလွန်အရေးကြီး၏။သူတို့က သည် နေရာတွင် တမင်နေလိုနေသည်ဖြစ်ပါက သူ့အစောပိုင်း ခန့်မှန်းချက်များက မှားယွင်းသွားမည် ဖြစ်၏။
"ရိုင်းလိုက်တာ။ ငါ့စီနီယာအစ်ကို မင်းကို မေးနေတယ် လေ။ မင်းက ပြန်မဖြေဘဲ နေဝံ့တယ်ပေါ့..."
တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်က စိတ်မ
ရှည်ဖြစ်လာပြီး ထပြောလိုက်၏။သူက သည်နေရာတွင် နှစ် ပေါင်းတစ်ရာလောက် ပိတ်လှောင်ခံထားရတာ ဖြစ် သည့်အတွက် စိတ်သိပ်မရှည်တော့ပေ။ခုချိန်၌ သူက အခွင့် ရေးရသည်နှင့် ချက်ခြင်းလှမ်းအော်ဟောက်ကာ ရှေ့သို့ ထွက်လာတော့၏။သူ့နောက်ကျောရှိ ရတနာဓားကလည်း ပျံသန်းထွက်လာကာ သူက ယင်းဓားကို ဆုပ်ကိုင်ပြီး လွှဲ ယမ်းလိုက်သည့်အခါ အနီအနက်အစင်းကျား မြင်းတစ် ကောင်က သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုမြင်း၏ နှာခေါင်းက အစိမ်းရောင်ရှိကာ မနှစ်မြိုဖွယ် အော်ရာကို ပေးစွမ်းလို့နေ၏။၎င်းက ဓားထဲသို့ ပျော်ဝင်ကာ ဓားစွမ်းအင်နှင့် ပေါင်းစပ်ပြီး ဝမ်လင်းထံသို့ တိုးဝင်လာချေ သည်။
သည်လူ၏ ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း နောက်ဆုံးအဆင့်တွင်သာ ရှိသေး၏။သို့သော် သူက ထိုအရာကို စိတ်ထဲထည့်မထားပေ။ သည်နေရာ၌ သူ တို့ကလန်က လူများစွာ ရှိနေသည့်အပြင် သူ့စီနီယာအကိုပါ ရှိနေသည့်အတွက်ကြောင့် သူတို့က သူ့ကို မည်သို့ ထိခိုက် ခွင့် ပြုစေပါ့မည်နည်း။
"ဒါက မင်းတို့ ဧည့်သည်ကို ဆက်ဆံတဲ့ ပုံစံလား..." ဝမ် လင်းက ဓားစွမ်းအင်ကို ကြည့်ပင်မကြည့်ပေ။သူက ချန်လုံ ကိုသာ တည်ငြိမ်စွာ ကြည့်လို့နေ၏။ သူက ခုချိန်၌ သည် တာ့လော့ဓားကလန်မှ တပည့်များက သည်နေရာတွင် ပိတ် လှောင်ခံထားရခြင်းအပေါ် ပို၍ သေချာသွား၏။သူတို့က
အချိန်အတန်ကြာ
ပိတ်လှောင်ခံထားရသည့်အတွက် ကြောင့် မည်သို့စိတ်မရှည် မဖြစ်ဘဲ နေနိုင်ပါ့မည်နည်း။
သူ့နှဖူးပေါ်ရှိ အသက်ဓာတ်ချိပ်တံဆိပ် ဖျပ်ခနဲ တောက်ပ သွားကာ သူ့ခန္ဓာကိုယ်ကနေ ပျံ့နှံ့သွား၏။ ထိုအခါ မြင်းရိုင်း ဓားစွမ်းအင်နှင့် ဝမ်လင်း၏ အသက်ဓာတ်ချိပ်တံဆိပ်အကာ တို့က တွေ့ဆုံသွားကြ၏။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွား သည်။ဝမ်လင်းမျက်လုံးက အေးစက်လာသည်။အချို့ အသက်ဓာတ်ချိပ်တံဆိပ်များက သတ်ဖြတ်ခြင်းစွမ်းအင်သို့ ပြောင်းလဲသွား၏။သည်နောက် သတ်ဖြတ်ခြင်းစွမ်းအင် များက ထိုမြင်းရိုင်းကို မြန်ဆန်စွာ ဝန်းရံလို့သွားသည်။
တာ့လော့ဓားကလန်မှ တပည့်များအားလုံးက မတ်တပ် ထရပ်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။ သို့ရာတွင် သည်အခိုက်၌ ချန်လုံ အေးစက်စွာ အော်ဟောက်လိုက် သည်။ "မင်းတို့အားလုံး ပြန်ထိုင်စမ်း..."
သူက ထိုသို့ပြောလိုက်ရင်း သူ့လက်ချောင်းကို ဓားတစ် လက်အသွင် ဖြစ်ပေါ်စေလိုက်သည်။သည်ဓားက သတ်ဖြတ် ခြင်းစွမ်းအင်ကို အလင်းတန်းအလား ထိုးစိုက်သွား၏။သူ့ လက်ချောင်းထဲ၌ ထူးဆန်းသောမန္တာန်တစ်ခု ပါဝင်နေခဲ့ သည်။ သတ်ဖြတ်ခြင်းစွမ်းအင် ဝင်ရောက်လာပြီးနောက် သူက ဝူမူကို သတ်ဖြတ်ခြင်းစွမ်းအင်ဝန်းရံထားမှုကနေ ကန်ထုတ်လိုက်၏။
သူက ပြန်လှည့်၍ သူ့အား ဝန်းရံထားသော သတ်ဖြတ် ခြင်းစွမ်းအင်များကို လစ်လျူရှုကာ ဝမ်လင်းထံသို့ ပြုံး၍ ပြောလာသည်။ "ရောင်းရင်းဝမ်...ငါ့ဂျူနီယာညီလေးက အဆင်အခြင်မဲ့သွားပါတယ်။ ဒီအတွက် တောင်းပန်ပါ
"ပြဿနာမရှိဘူး..." သည့်နောက် ချန်လုံကို သတ်ဖြတ် ခြင်းစွမ်းအင်များ ဝန်းရံထားရင်း ဝူမူ၏ ဓားကိုလည်း ထွေး ခြုံထားစေလိုက်ရင်းဖြင့်ပင် ဝမ်လင်းအသံက တည်ငြိမ်လို့ နေ၏။သည့်နောက် သတ်ဖြတ်ခြင်းစွမ်းအင်က ထိုဓား တစ်လျှောက် စီးဆင်းသွားပြီး ဝမ်လင်းထံသို့ ပြန် ရောက်လာခဲ့သည်။
ဝမ်လင်းက ချန်လုံရှေ့မှ ဓားကို လူတိုင်းရှေ့တွင်ပင် ဖမ်း ဆုပ်လိုက်သည်။သူက ထိုဓားထံမှ နတ်ဘုရားအာရုံကို ဖယ်ရှားပစ်လိုက်ပြီး သူ့သိုလှောင်အိတ်ထဲသို့ အေးအေးဆေးဆေး ထည့်သွင်းလိုက်သည်။
ချန်လုံ၏ ကန်ထုတ်ခြင်းကို ခံလိုက်ရပြီးနောက် ဝူမူက သူ့ဓားကိုပါ ယူဆောင်ပြီး ဓားပေါ်ရှိ နတ်ဘုရားအာရုံကိုပါ ပယ်ဖျက်ခြင်း ခံလိုက်ရပေသည်။ထို့ကြောင့် သူ့စိတ်ဝိညာဉ် က ဒဏ်ရာရသွားကာ သူက သွေးအန်ထုတ်လိုက်ရ၏။ သူက ဝမ်လင်းကို စူးရဲစွာကြည့်ကာ အော်ဟစ်လိုက်၏။ "မင်း....
ဝမ်လင်းအသွင်က သဘာဝကျလှပြီး သူက တည်ငြိမ်စွာ
ပြောလိုက်၏။ "မင်းက ရောင်းရင်းကျင့်ကြံသူချန်လုံရဲ့ ဂျူနီ ယာညီ ဖြစ်နေလို့ ငါက မင်းကို မသတ်လိုက်တာ။ငါက ဒီ ဓားကိုပဲ သတိပေးတဲ့အနေတဲ့ သိမ်းထားလိုက်တာ ဖြစ်မယ်..
ချန်လုံ၏အကြည့်က ပြောင်းလဲသွားခြင်း မရှိပေ။သူက ပြုံး၍ ဆိုလာ၏။ "ဒါက ဖြစ်သင့်ပါတယ်..."
သူက နောက်သို့လှည့်ကာ ဝူမူကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ "မင်း ပါးစပ်ပိတ်ထားလိုက်တော့။ ရောင်းရင်းဝမ်က မင်း စော်ကားလို့ ရတဲ့လူမျိုး မဟုတ်ဘူး။ မင်းက ဒီလိုဆက်လုပ်နေရင် ဆရာ့ရှေ့မှာ မင်းကျင့်ကြံမှုကို အချည်းနှီးဖြစ်သွားအောင် ငါ လုပ်ရလိမ့်မယ်..."
ဝူမူက ချန်လုံကို ကြောက်သည်မှာ သိသာပေ၏။ ထို့ကြောင့် သူက ခေါင်းညိတ်၍ ဆိတ်ဆိတ်နေလိုက် တော့သည်။
ဝမ်လင်း၏ မျက်လုံးသူငယ်အိမ်က အနည်းငယ် ကျုံ့သွား သည်။သူက သည်နေရာသို့ ဝင်လာပြီးကတည်းက တာ့ လော့ဓားကလန်မှလူများကို တမင် ဒေါသထွက်အောင် ပြုလုပ်ခဲ့ခြင်းပင်။သည့်နောက် သူ ဝူမူ၏ဓားကိုပင် ယူဆောင်ခဲ့သေး၏။သို့သော် သည်အရာများအားလုံးက ချန်လံဒ၏ အမူအရာကို အနည်းငယ်ပင် ပြောင်းလဲမသွား စေခဲ့ပေ။
ချန်လုံက လိမ်မာပါးနပ် ဉာဏ်များလှသူ ဖြစ်သည့်အပြင်
ပို၍ အရေးကြီးသည်က သူက သူတို့သည် ဝမ်လင်း၏ အကူအညီကို လိုအပ်ကြောင်းကို သက်သေပြနေခြင်းလည်း ဖြစ်နေသည်။
သည်အခိုက်အတန့်၌ လောဘကြီးက မျက်လုံးဖွင့်လာ ခဲ့၏။သူက ဝမ်လင်းကို အေးစက်စွာကြည့်၍ ဆိုလာသည်။ "ကောင်လေး...မင်းမိတ်ဆွေက ဘာလို့ ထွက်မလာ သေးတာလဲ.."
လောဘကြီးက ကြိတ်၍ ကျိန်ဆဲနေမိ၏။ခရမ်းရောင်မြူ များကြား၌ ပုန်းအောင်နေသည့် နတ်ဘုရားအာရုံကို လန့် နေခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဝမ်လင်းပေါ်လာ သည်နှင့် ချုပ်နှောင်ပစ်လိုက်ပြီ ဖြစ်သည်။
ဝမ်လင်း ထွက်ပေါ်လာသည့် သည်အချိန်တိုအတွင်း သူက သူ့မျက်လုံးကို မှိတ်ထားသော်လည်း သူ့မန္တာန်သုံးကို ပြင်ဆင်နေခဲ့ပေသည်။
သို့ရာတွင် ထိုသုံးချိန်လုံး သူက လှုပ်ရှားရန် ပြင်လိုက် သည်နှင့် မြူထဲရှိ နတ်ဘုရားအာရုံက သူ့ကို သတိပေးသည့် အလား ရုတ်တရက် ပေါ်ပေါ်လာခဲ့သည်။
လောဘကြီးက တုံ့ဆိုင်းသွားကာ လက်လျော့လိုက် တော့၏။
ဝမ်လင်းအသွင်က တည်ငြိမ်လှသော်လည်း သူက ပြော လာသည်။ "ငါ့မိတ်ဆွေရဲ့ စိတ်နေစိတ်ထားက အေးစက် တယ်။သူက လူတွေကို မနှစ်သက်တက်ဘူး။ ဒီစီနီယာက
ရော တာ့လော့ဓားကလန်က များလား..."
လောဘကြီးက ဝမ်လင်းကို ကြည့်၍ နှာခေါင်းရှုံ့ လိုက်၏။
ချန်လုံက ဖျော့တော့စွာ ပြုံး၍ သူ့ကိုယ်သူ မိတ်ဆက်လာ သည်။ "ရောင်းရင်းဝမ်...ဒီစီနီယာက လောဘကြီးလို့ ခေါ် တယ်။သူက ငါ့ဆရာရဲ့မျိုးဆက်မှာ ကျွမ်းကျင်တဲ့လူတစ် ယောက်ပဲ။ဒီစီနီယာကသာ ဒဏ်ရာရထားတာပြီး အာဏာ တက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့် သာ အသုံးပြုနိုင်တော့တာ မဟုတ်ရင် သူက ဒီလိုနေရာမှာ စွမ်းအားကို ဘယ်လိုလုပ် ရာစုနှစ်တစ်ခုနီးပါး ပိတ်လှောင်ထားခံရပါ့မ
ဝမ်လင်းက စိတ်ထဲ၌ တွေးမိလိုက်သည်။ "ဒီချန်လုံက တကယ်မရိုးရှင်းဘူးပဲ..."
သည်လူက စကားအနည်းငယ်ဖြင့် အရေးကြီးသည့် အချက်အလက်များကို ထောက်၍ ပြောပြသွားနိုင်ခဲ့ပေ သည်။
ချန်လုံက ဆက်ပြောလိုက်၏။ "စီနီယာလောဘကြီး... ရောင်းရင်းဝမ်နဲ့ သူ့မိတ်ဆွေတို့က ဒီရောက်ကို ရောက်လာ ပြီဆိုတော့ ငါတို့က အတူပူးပေါင်းပြီး ဖြတ်ကျော်ကြရင် မ ကောင်းဘူးလား။ငါတို့ ဒီသားရဲအုပ်ကြီး ဝန်းရံနေတဲ့ လှောင်ချိုင့်ထဲကနေ ချိုးဖျက် ထွက်သွားနိုင်လောက်မှာပါ...
"သားရဲအုပ်..." ဝမ်လင်းအသွင်က မပြောင်းမလဲ ရှိလို့ နေဆဲပင်။သို့သော် သည်စကားက သူ့အား စိတ်ဝင်သွား စေ၏။
လောဘကြီး၏အသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ငြင်းဆိုရန် ဟန်ပြင်လိုက်၏။ သို့သော် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။သူက သည် အခိုက်အတန့်၌ ပန်းရောင်မြူကအနည်းငယ် ကျုံ့သွားသည် ကို တွေ့မြင်လိုက်သလို ခံစားမိလိုက်သည်။
ချန်လုံကို ကြည့်လိုက်ပြီးနောက် လောဘကြီးက ခေါင်း ညိမ့်၍ ပြောလာသည်။ "မင်းက ဒီအဘိုးအိုက ထပ် ငြင်းဆန်နေမှာကို စိတ်ပူနေတဲ့ပုံပဲ။ မင်းက ငါ့ကို မ ကောင်းတဲ့လူလို့ ထင်နေတာမလား။ ထားလိုက်ပါတော့ လေ...ငါတို့ ထပ်ပြီး ချိုးဖျက်ဖို့ ကြိုးစားကြည့်ကြတာပေါ့...
ချန်လုံက ခပ်သွက်သွက် ခေါင်းယမ်းပြလိုက်ပြီးနောက် ပြောလာသည်။ "ဂျူနီယာ မလုပ်ဝံ့ပါဘူး။ဒါပေမဲ့ ငါတို့က ဒီ နေရာမှာ ပိတ်မိနေတာ တော်တော်လေး ကြာနေပြီလေ။ ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှိတဲ့ ငါ့ဂျူနီယာညီ လေးတွေအတွက် စိတ်ပူနေလို့ပါ..."
လောဘကြီးက နှာခေါင်းရှုံ့ကာ မြေပြင်ထက်မှ ခုန်ထ လာ၏။သူက ဦးဆောင်၍ မြူလွှာထဲသို့ တိုက်ရိုက် တိုးဝင် လို့သွားသည်။
ချန်လုံက အသက်ဝဝရှူသွင်းလိုက်သည်။သူက ဝမ်လင်း ကို လက်နှစ်ဖက်ယှက်၍ ခပ်တိုးတိုး ပြောလာသည်။ "အကို ဝမ်..ငါတို့ကလန်မတူညီမှုကို ခဏဘေးဖယ်ထားကြ ရအောင်။ လူတစ်ယောက်က ဒီမြူထဲကို ဝင်သွားတာနဲ့ သူ တို့က ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး။ဒီမြူကနေ ထွက်ပေါက်တစ်ခုပဲ ရှိတယ်။ဒါပေမဲ့ ကံမကောင်းစွာနဲ့ ဒီ ထွက်ပေါက်ကို သွားတဲ့လမ်းနားမှာ သားရဲအုပ်တစ်ခု ရှိနေ တာပဲ။ငါတို့ ထွက်သွားတာနဲ့ ငါတို့က ဒီသားရဲအုပ်ကို ချိုးဖျက်သွားမှ ရမှာ..."
ဝမ်လင်းက ခေါင်းညိမ့်ပြကာ ချန်လုံနှင့်အတူ လိုက်ပါ ပျံသန်းသွား၏။အခြားတာ့လော့ဓားကလန်မှ တပည့် များသည်လည်း လောဘကြီးနောက်သို့ လိုက်ပါသွားကြ၏။ ဝမ်လင်းက ပျံသန်းနေရင်း သူ့ခန္ဓာကိုယ်အား အသက် ဓာတ်ချိပ်တံဆိပ်များဖြင့် ခုခံထားလိုက်သည်။
အမှန်တော့ ထိုသို့ ပြုလုပ်သည်က သူတစ်ယောက်တည်း မဟုတ်ပေ။ချန်လုံသည်လည်း ဝမ်လင်း အလစ်အငိုက် တိုက်ခိုက်လာမည်ကို စိုးသဖြင့် သူ့ကိုယ်သူ ကာကွယ်ရန် မန္တာန်တစ်ခုကို လျှို့ဝှက်အသုံးပြုထားပေသည်။ကျန်သည့် တာ့လော့ဓားကလန်က လူများကတော့ သူ့ကို ကြမ်းကြုတ် စွာ ကြည့်နေကြ၏။အထူးသဖြင့် ဝူမူပင် ဖြစ်သည်။
လူတိုင်းက ကိုယ်စီအကြံအစည်များနှင့် ခရမ်းရောင်မြူ ထဲသို့ ထွင်းဖောက်သွာနေရင် ထွက်ပေါက်ရှိရာသို့ ပျံသန်း နေကြသည်။
ရှေ့ဆုံးရှိ လောဘကြီးက သတိမပြတ်ထားနေ၏။သူက နတ်ဘုရားအာရုံတစ်ခု ပေါ်ထွက်လာသည်ကို ခပ်ရေးရေး ခံစားမိနေသည်။သူက သူ့သတိ နည်းနည်းလွတ်သွား သည်နှင့် ထိုနတ်ဘုရားအာရုံက သူ့အား တိုက်ခိုက်လာ လိမ့်မည်ဟု ခံစားမိနေသည်။
"သေစမ်း..ဒီဝမ်လင်းက ဘယ်အချိန်ကများ ဒီလောက် အားကောင်းတဲ့ ကူညီပေးသူ ရလာခဲ့တာလဲ.."
လူတိုင်းက မြန်ဆန်စွာ ရွှေ့လျားလို့နေသည်။ထို့ကြောင့် သိပ်မကြာခင်တွင် သူတို့က မြူလွှာ၏ ထွက်ပေါက်အစွန်း နားသို့ ရောက်ရှိလာကြ၏။ သည်နေရာရှိ မြူများက သိပ်သည်းလှခြင်း မရှိတော့သဖြင့် လူတစ်ယောက်က အပြင်ဘက်သို့ ခပ်မှိန်မှိန် တွေ့မြင်နိုင်ပေသည်။
သူတို့၏နတ်ဘုရားအာရုံကိုလည်း ဖြန့်ထုတ်နိုင်စွမ်း ရှိလာကာ အပြင်ဘက်ရှိ အရာအားလုံးကို မြင်နိုင်စွမ်း ရှိလာ သည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ထုတ်လိုက်သည်။ သူက အပြင်ဘက်ရှိအရာကို တွေ့မြင်လိုက်သည့်အခါ မှင် သက်သွားကာ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ ဖြစ် ပေါ်သွားသည်။
"ဒါ…ဒါက…"သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက် သည်။
သူ့ရှေ့ရှိ မြင်ကွင်းက ဝမ်လင်းကို မယုံကြည်နိုင်ဖွယ် ဖြစ်
စေ၏။သူက အတိတ်တုန်းက ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်ထဲရှိ မြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက် ရသည်။ထိုမှတ်ဉာဏ်ထဲရှိ မြင်ကွင်းက ခြင်သားရဲများ ပြည့် နှက်နေသည့် ထူးဆန်းသောဂြိုဟ်တစ်ခုပင်။
ဝမ်လင်း၏ တုန်လှုပ်မှုကို ချန်လုံနှင့်အခြားလူများက မျှော်လင့်ထားပြီး ဖြစ်သည်။သို့ရာတွင် သူတို့က ဝမ်လင်း သည် သည်သားရဲများကို သိရှိနေသည်ကိုတော့ သူတို့က သိနိုင်လိမ့်မည် မဟုတ်ပေ။
လောဘကြီးပင် ထိုသို့ မျှော်လင့်ထားမိလိမ့်မည် မဟုတ်
6011
ခြင်သားရဲအုပ်စုကြီးက သိပ်သည်းစွာ အုပ်စုဖွဲ့လို့နေ၏။ သူတို့က ကျယ်လောင်စွာ မြည်ဟီးလျက် ရှိကြသည်။သူတို့ က လူများ ထွက်ပေါ်လာသည်ကို မြင်လိုက်သည့်အခါ သူ တို့၏ ပါးစပ်များကို မော့၍ ကြမ်းကြမ်းမှု သဘောသဘာဝ ကို ထုတ်ဖော်လာကြသည်။
သည်အခိုက်၌ ထိုခရမ်းရောင်မြူများ၏ အခြားဘက်၌ ဝမ်လင်း၏ခြင်သားရဲက ၎င်းခန္ဓာကိုယ်တစ်ဝှက်ကို ထုတ်ဖော်ထား၏။၎င်းက သူ့ရှေ့ရှိ သိပ်သည်းသောခြင် သားရဲအုပ်ကြီးကို စူးစိုက်ကြည့်နေရင်း ရီဝေလို့နေ၏။
ထိုခြင်သားရဲက ဝမ်လင်းသိုလှောင်အိတ်ထဲတွင် ရှိစဉ် ကတည်းက ၎င်းက သူ့ဘဝတွင် တစ်ကြိမ်တစ်ခါမျှ မခံစား ဖူးသည့် စိတ်လှုပ်ရှားပူပန်မှု အော်ရာကို ခံစားခဲ့ရ၏။
သို့ရာတွင် ထိုအော်ရာက သူနှင့်ရင်းနှီးနေကာ သူ့စိတ် ဝိညာဉ်ထဲမှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေ၏။
သိုလှောင်အိတ်ထဲမှ ပျံသန်းထွက်လာပြီးနောက် ၎င်းက ခရမ်းရောင်မြူထဲ၌ အချိန်ဆွဲကာ တဝဲလည်လည် လုပ်လို့ နေခဲ့၏။၎င်းက အနီးသို့ တိုးကပ်သွားလိုသော်လည်း ကြောက်လန့်နေမိပေ၏။
နှစ်ပေါင်းများစွာ အိမ်က ထွက်ကာ လျှောက်သွားသည့် လူတစ်ယောက်က သူ့မိသားစုကို ထပ်မံတွေ့လိုက်ရသည့် အခါ တွေ့န်ဆုတ်သွားသကဲ့သို့ ဖြစ်၏။
ခြင်သားရဲအုပ်ကလည်း မြူအစွန်းနား၌ သူတို့နှင့် အမျိုး တူတစ်ကောင်ကို တွေ့လိုက်ရသည့်အခါ မှင်သက်သွားကြ သည်သာ။သူတို့၏ အကြည့်များက ကြမ်းကြုတ်သွားကြ လေ၏။သို့သော် ထိုကြမ်းကြုတ်မှုက ချက်ခြင်းပျောက် ကွယ်သွားပြီး သံသယဝင်သည့် အကြည့်က အစားထိုးဝင် လာခဲ့သည်။
သည်ခြင်သားရဲများက ညံစီစွာ အော်ဟစ်၍ ရှေ့သို ပျံသန်းလာကြသည်။သူတို့က ဝမ်လင်း၏ခြင်သားရဲကို ဝန်း ပတ်၍ နှုတ်သီးကြီးများဖြင့် ထိတို့ကြည့်ကြသည်။ သည့်နောက် သူတို့က ခြင်သားရဲအုပ်စု ရှိရာသို့ ပြန်လည် ပျံသန်းသွားကြ၏။
ဝမ်လင်း၏ ခြင်သားရဲက ခဏတာတုံ့ဆိုင်းသွားပြီး နောက် ထိုအုပ်စုနောက်သို့ လိုက်ပါသွားသည်။သည့်နောက်
သူက ခြင်သားရဲအုပ်စုထဲ၌ ရောနှောသွားလေသည်။သည် မြင်ကွင်းကို မည်သူ့မျှ သတိပြုမိလိုက်ကြခြင်း မရှိပေ။
လောဘကြီးက မြူထုကို ထွင်းဖောက်လာရင်း အစွန်နား သို့ ရောက်သည့်အခါ ခဏရပ်တန့်သွား၏။သည် အခိုက်အတန့်၌ သူက ရုတ်တရက် ခေါင်းပြန်လှည့်ပြီး မြူ ထုထံသို့ စူးစိုက်ကြည့်လိုက်သည်။သည်မြူထုက ရုတ်တရက်စတင်လှည့်လည် လာချေ၏။
သည်လှည့်လည်မှုက မြူထု၏ အစိတ်အပိုင်းတစ်ခု တည်းတွင် ဖြစ်ပွားသွားခြင်း မဟုတ်ဘဲ တစ်ခုလုံး စတင် လှည့်လည်လာခြင်း ဖြစ်သည်။ထိုမြူထုထဲမှ ကျယ်လောင်သောအသံများလည်း ထွက်ပေါ်လာခဲ့သည်။
သည်ဖြစ်စဉ်က တာ့လော့ဓားကလန်မှလူများနှင့် ဝမ် လင်း၏ အာရုံကို ချက်ခြင် ဖမ်းစားသွားသည်။
လောဘကြီး၏မျက်လုံးထဲ၌ ကျေနပ်မှုတို့ ဖြစ်ပေါ် သွား၏။သူက သည်မြူနှင့်ပတ်သတ်၍ တစ်ခုခုမူမမှန်သည် ကို သတိပြုမိခဲ့ပြီး ဖြစ်သဖြင့် ချန်လုံတို့၏ တောင်းဆိုမှုကို သဘောတူညီခဲ့ခြင်းပင်။သည်အခိုက်အတန့်၌ သူက အသက်ဝဝရှူသွင်းကာ သေးငယ်သော ဆေးပြင်းမီးဖိုတစ် ခုကို ထုတ်ယူလိုက်၏။
သည်ဆေးပြင်းမီးဖိုက ခရမ်းရောင်မြူငွေ့တစ်ချို့ကို ထုတ်လွှတ်ပေးနေပြီး လောဘကြီးအား လွှမ်းခြုံလို့သွား သည်။သည့်နောက် သူက ခြေတစ်လှမ်းလှမ်း၍
ခရမ်းရောင်မြူထုထဲမှ လှမ်းထွက်လိုက်သည်။
သည်အခိုက်မှာပင် သူ့စိတ်ထဲက အမိန့်တစ်ခုပေးလိုက် ရာ မြူထုအပြင်ဘက်ရှိ ခြင်သားရဲများက ချက်ခြင်း ညံစီစွာ အော်ဟစ်လာကြသည်။သည်အသံက စိတ်ဝိညာဉ်ကိုပင် သက်ရောက်မှု ရှိနေသည်။၎င်းအသံက ခရမ်းရောင်မြူထု ကို ဖြတ်ကျော်ကာ တာ့လော့ဓားကလန်မှ တပည့်များကို ပို၍ စိတ်မရှည်အောင် ပြုလုပ်နေပေသည်။
ခရမ်းရောင်မြူလွှာက ပို၍ လှည့်ပတ်လာလေ၏။လူတစ် ယောက်က တစ်ခြားရှု့ထောင်တစ်ခုမှ ကြည့်ပါက သည်မြူ ထုက လျှင်မြန်စွာ ကျုံ့နေသည်ကို တွေ့မြင်ရပေလိမ့်မည်။
ချန်လုံနှင့်သူ့လူများ၏ အသွင်က ကြီးစွာ ပြောင်းလဲသွား သည်။သူတို့က မြူထုထဲကနေ အလျင်အမြန် တဟုန်ထိုး ထွက်သွားလိုကြ၏။သို့ရာတွင် သူတို့ လှုပ်ရှားလိုက် သည်နှင့် သူတို့က လောဘကြီး၏ ရယ်သံကိုသာ ကြားလိုက်ရချေသည်။သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်း လိုက်ရာ လေပြင်းလှိုင်းတစ်ခုက ချက်ခြင်း ပေါ်ထွက်လာခဲ့ ပြီး တာ့လော့ဓားကလန်မှ လူများအား ရပ်တန့်သွား စေသည်။
"ဒီအဘိုးအိုက နှစ်တစ်ရာလောက် စောင့်နေခဲ့ရတာ။ နောက်ဆုံးတော့ ဒီခရမ်းရောင်မြူက ထပ် ဖြစ်လာခဲ့ပြီ။မင်း တို့အားလုံးက ဒီအဘိုးအိုရဲ့ ဆန္ဒဖြည့်ဆည်းပေးဖို့အတွက် စတေးခံတွေ ဖြစ်လာလိမ့်မယ်..."
လောဘကြီး၏အသံက မြူအတွင်း၌ ပဲ့တင့်ထပ်သွားလေ သည်။
ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။သည် အခိုက်အတန့်၌ ကျောက်ရီ၏အသံက သူ့စိတ်ထဲ၌ ပေါ်လာ ချေသည်။
"ဝမ်လင်း...ဒီခရမ်းရောင်မြူရဲ့အနားစွန်းမှာ ကျင့်ကြံသူ အားလုံးကို ပိတ်ဆို့နိုင်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်တစ်ခု ရှိနေတယ်။လူတစ်ယောက်က ကောင်းကင်ဘုံအရင်းမြစ် မရှိရင် ထွက်သွားနိုင်မှာ မဟုတ် ဘူး။ဒါပေမဲ့လည်း ဒါကငါ့အပေါ်မှာတော့ သက်ရောက်မှု မ ရှိဘူး။ ဒါ့ကြောင့် ငါမင်းကို သယ်ဆောင်သွားပေးနိုင်တယ်..
ဝမ်လင်းက တာ့လော့ဓားကလန်မှတပည့်များကို ကြည့် လိုက်သည်။သူက ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချ လိုက်၏။သူက ကျောက်ရီသူ့ကို ချက်ခြင်း သယ်ဆောင်မ သွားစေခဲ့ပဲ ဖြည်းဖြည်းချင်းသာ နောက်သို့ ဆုတ်လေ၏။
ခရမ်းရောင်မြူက ရူးသွပ်ဖွယ် ကျုံ့လာခဲ့၏။၎င်းမြူ၏ အစွန်းနားတွင်တော့ ခရမ်းရောင်အခိုးငွေ့အလွှာထု တစ်ခု ရှိလို့နေသည်။တာ့လော့ဓားကလန်မှ တပည့်များက မည်မျှ ကြိုးစားပါစေ သူတို့က ထိုခရမ်းရောင်အခိုးငွေ့အား ဖြတ် ကျော်နိုင်စွမ်း မရှိ ဖြစ်နေ၏။
တာ့လော့ဓားကလန်မှ တပည့်များထဲမှ တစ်ယောက် သည် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကိုပင် အသုံးပြုခဲ့၏။ သို့သော် မည်သို့မျှ သက်ရောက်မှု မရှိခဲ့ပေ။၎င်းက ခရမ်းရောင်အခိုးငွေ့၏ စုပ်ယူခြင်းကိုသာ ခံလိုက်ရသည် သာ ဖြစ်သည်။
ချန်လုံ အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူက နောက်သို့ဆုတ်နေသော ဝမ်လင်းထံသို့ လှည့်ကြည့်ရင်း လှမ်းအော်လိုက်သည်။ "အကိုဝမ်...ခုချိန်မှာ ငါတို့က သေရေးရှင်ရေးဖြစ်နေတာ သင်က မိတ်ဆွေတစ်ယောက် အနေနဲ့ ကူညီမပေးနိုင်ဘူးလား..."
"ဝမ်လင်း...ဒီအဘိုးအိုက မင်းကို စောစောစီးစီး မသတ်
ချင်ခဲ့ဘူး။ဒါပေမဲ့ ခုမင်းက ဒီကိစ္စထဲကို ဦးတည်ပြေးဝင်လာ တဲ့အတွက် ဘယ်သူ့မှမင်းကို မကယ်တင်နိုင်တော့ဘူး..."
လောဘကြီး၏ အသံက ခရမ်းရောင်မြူထဲသို့ ဖြည်းဖြည်းချင်း တိုးဝင်လာသည်။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက စကားပြန်မဆိုဘဲ နောက်သို့သာ အမြန်ဆုတ်လိုက်၏။ ထို အခိုက်၌ ခရမ်းရောင်မြူကလည်း မြန်ဆန်လှသောနှုန်းဖြင့် ကျုံ့လာခဲ့သည်။သူက နောက်သို့ ခပ်ဖြေးဖြေးဆုတ်နေလျှင် သည်ခရမ်းရောင်အခိုးငွေ့များ၏ ကျူးကျော်မှုကို ခံရကာ အခြားအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပေသည်။
တာ့လော့ဓားကလန်မှ တပည့်များကလည်း နောက်သို့ အမြန်ဆုတ်လာ၏။ ချန်လုံက ထပ်မံ အော်ပြောလိုက် ပြန်သည်။ "ရောင်းရင်းဝမ်..."
"ရောင်းရင်းချန်လုံ...ငါ့မှာ ငါ့ကိုယ်ငါတောင် ကယ်ဖို့ စွမ်းရည်မရှိဘူး။ဒါ့ကြောင့် ငါ့ကို ဒီလိုထပ်ထပ် ခေါ်မနေပါ နဲ့..." ဝမ်လင်းက ခေါင်းယမ်းကာ ချက်ခြင်းပင် မြူများ ကြားမှ သွားသည်။ ပျောက်ကွယ်လို့သွား၏။ကျောက် ရီ၏ကောင်းကင်ဘုံဓားက သူ့ခန္ဓာကိုယ်အား ဝန်းရံပေး
"မင်း..." ချန်လုံ၏ အသွင်က သုန်မှုန်လို့သွားသည်။ သူက သက်ပြင်းချလိုက်၏။ ကောင်းကင်ကံကြမ္မာကလန် နှင့် တာ့လော့ဓားကလန်တို့က မီးနှင့်ရေလိုပင်။သူက ဝမ်
လင်းသူ့ကို ကူညီပေးဖို့ ဘာကြောင့် ငြင်းဆန်သည်ကို နားလည်ထားပေ၏။
"ငါ အရမ်းတုံ့ဆိုင်းခဲ့တာကိုပဲ အပြစ်တင်ရတော့မယ်။ငါ ကသာ လောဘကြီးကို ပုန်ကန်ဖို့ စောစောဆုံးဖြတ်ခဲ့ရင် ငါ တို့က ဆရာရဲ့ဓားစွမ်းအင်နဲ့ဆိုရင် ဒီလိုမျိုး အဆုံးသပ်မှာ မဟုတ်ဘူး..."
ချန်လုံမျက်လုံးထဲ၌ နောင်တတို့နှင့် ပြည့်လို့နေသည်။
သို့ရာတွင် လောကကြီးက သူ့ ဆရာ၏မျိုးဆက်မှ စီနီ ယာတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူက သူတို့၏ဓား စွမ်းအင်များအကြောင်း သိထားပေသည်။ချန်လုံက သူတို့ ဆရာ၏ ဓားစွမ်းအင်ကို အသုံးပြုလျှင်ပင် လောဘကြီးက သည့်အတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေမည်ကို စိုး လည်း စိုးရိမ်ခဲ့ပေသည်။ထိုသို့သာ ဖြစ်လာပါက သူ့ဂျူနီယာ ညီလေးအားလုံးက သေဆုံးသွားရမည် ဖြစ်၏။
ထို့ကြောင့် သူက ထိုသို့သော တန်ဖိုးကို ပေးဆပ်လိုခြင်း မရှိသဖြင့် စောစောစီးစီး ဆုံးဖြတ်ချက်မချ ပေးဆပ်လိုခြင်း မဘဲ နှစ်တစ်ရာလောက် စောင့်ဆိုင်းခဲ့ခြင်း ဖြစ်လေ၏။
သည်အခိုက်အတန့်၌ ခရမ်းရောင်မြူက လျင်မြန်စွာ ကျုံ့ လာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း ၎င်းက အရင်ထက် ဆယ်ဆခန့်ပိုသေးငယ်လာခဲ့သည်။ခရမ်းရောင်မြူက ကျုံ့ နေရင်း အစွန်းနားရှိ ခရမ်းရောင်အခိုးငွေ့ကလည်း ပို သန်မာလာခဲ့သည်။တာ့လော့ဓားကလန်မှ လူများက
နောက်သို့သာ ဆက်တိုက် ဆုတ်နေရ၏။
"ဝမ်လင်း...ငါတို့ ခု မထွက်သွားရင် ငါ့စွမ်းရည်နဲ့ တောင် ထွက်ဖို့ ခက်ခဲသွားလိမ့်မယ်..."
ကျောက်ရီ၏စိုးရိမ်ပူပန်သောအသံက ဝမ်လင်းစိတ်ထဲ၌ ပဲ့တင့်ထပ်လို့နေလေသည်။
"ခဏလေး စောင့်ပါဦး..." ဝမ်လင်းမျက်လုံးများက လက်ခနဲဖြစ်သွား၏။သူက မြူလွှာထဲ၌သာ ရှိလို့နေသေး သည်။သူက အကွာအဝေးတစ်ခုရှိ တာ့လော့ဓားကလန်မှ တပည့်များကို ကြည့်နေရင်း မျက်လုံးများ အေးစက်လာခဲ့ သည်။
"လူငါးယောက်...လင်းထျန်ဟူရဲ့ ဓားစွမ်းအင်တန်းလေး ခု။ရတနာဓားငါးလက်..."
ဝမ်လင်းမျက်လုံးများက ပိုပို အေးစက်လာခဲ့ချေ၏။
ချန်လုံက သူ့ဘေးရှိ သူ့ဂျူနီယာညီများကို ဝမ်းနည်းသည့် ဟန်ပန်ဖြင့် ကြည့်လိုက်သည်။သူကမျက်လုံးမှိတ်ထားလိုက် သည်။သည့်နောက် ရုတ်တရက် သူကမျက်လုံး ပြန်ဖွင့်လာ ခဲ့၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ချပြီးသည့်ဟန်ပန်တို့ ဖြစ်ပေါ်လို့နေလေသည်။
"ရောင်းရင်း ဂျူနီယာညီလေးတို့...ငါ စိတ်မကောင်းပါ ဘူး။ ငါတကယ်ကို အသုံးမကျတဲ့ကောင်ပါ..."
ချန်လုံက အံတင်းတင်းကြိတ်လိုက်၏။သူက သူ့မျက်ခုံး နှစ်ခုကြားသို့ ခပ်မြန်မြန် လက်ညွှန်လိုက်သည်။ အနီရောင်
အလင်းတန်းတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားကနေ ချက်ခြင်း ထွက်ပေါ်လာသည်။သည်အနီရောင်အလင်းက ဓားစွမ်းအင် အဖြစ်သို့ ပြောင်းလဲသွားသည်။
သည်အရာက လင်းထျန်ဟူ၏ဓားစွမ်းအင်ပင်။သို့သော် ၎င်းက ဝမ်လင်းမြင်တွေ့ခဲ့ဖူးသော ဓားစွမ်းအင်များထက် အဆများစွာ ပို၍ အားကောင်းနေသည်။၎င်းက အခြား အရာများနှင့် မတူညီသော အဆင့်တစ်ခုတွင် ရှိလို့နေ၏။
သည်ဓားစွမ်းအင်က လင်းထျန်ဟူ ကမ္ဘာငယ်လေးခုကို ဓားလေးလက်အဖြစ် မွန်းမံသည့်အချိန်၌ ဖြစ်ပေါ်ခဲ့ခြင်း ပင်။သူ့စိတ်ဝိညာဉ်ထဲ၌ သန့်စင်မွန်းမံထားသည့် အသက် ဓာတ်ဓားစွမ်းအင်များထဲမှ တစ်ခုလည်း ဖြစ်နေ၏။သူက အခြားတပည့်ဆယ့်တစ်ယောက်ကို ပေးခဲ့သော ဓား စွမ်းအင်အမျှင်တန်းများက သူ့လက်တစ်ချက် ဝှေ့ယမ်း၍ ဖန်တီးခဲ့ရုံသာ ရှိသည်။သို့သော် သည်ချန်လုံကို ပေးခဲ့သော ဓားစွမ်းအင်ကတော့ ကြီးမားစွာ ကွာခြားသွားခဲ့ပြီ ဖြစ်၏။
ဓားစွမ်းအင်ထွက်ပေါ်လာသည်နှင့် ကျုံ့နေသော ခရမ်းရောင်မြူပင် အနည်းငယ် နှေးကွေးသွား၏။အပြင် ဘက်ရှိ လောဘကြီး၏ မျက်လုံးများက အေးစက်လာခဲ့ သည်။ချန်လုံအပေါ် သူ့ထင်မြင်ချက်က မှန်ကန်နေခဲ့၏။
ချန်လုံက သက်ပြင်းချလိုက်သည်။ သူက သည်ဓား စွမ်းအင်ကို သူ့ခန္ဓာကိုယ်၌ ဝန်းရံကာ ခရမ်းရောင်အခိုးငွေ့ များထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။ခရမ်းရောင်အခိုး
ငွေ့နှင့်
ဓားစွမ်းအင် ထိတိုက်သွးသည့်ခိုက်၌ ကျယ်လောင်သောအသံကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။
သည့်နောက် ခရမ်းရောင်အခိုးငွေ့၌ အပေါက်တစ်ခု ပေါ်လာကာ ချန်လုံက ဓားစွမ်းအင်နှင့်အတူ ထိုးဖောက် ထွက်သွား၏။သူက သူ့ဂျူနီယာညီများကို သူနှင့်အတူ မခေါ် ဆောင်သွားလိုခြင်း မဟုတ်ပေ။သို့သော် သူက နောက်တစ် ယောက်ကို သူနှင့်အတူ ခေါ်သည်နှင့် သည်ခရမ်းရောင် အခိုးငွေ့ကို ထွင်းဖောက်နိုင်စွမ်း မရှိတော့မည်ကို သိနေခဲ့ ပေသည်။
ချန်လုံ ထိုးထွက်သွားသည့်အခိုက်၌ ခရမ်းရောင်မြူက ချက်ခြင်း ပို၍ သိပ်သည်းလာခဲ့၏။ခရမ်းရောင်မြူက သိပ်သည်းလွန်းသဖြင့် တစ်ယောက်နှင့်တစ်ယောက်ပင် မ မြင်ရတော့ပေ။
တာ့လော့ဓားကလန့်မှ တပည့်လေးယောက်၏ မျက်လုံး ထဲ၌ မျှော်လင့်ချက်မဲ့မှုများ ဖြစ်ပေါ်လို့နေသည်။ဝူမူက ဒေါသတကြီး ကျယ်လောင်စွာ ပြောလာ၏။ "ဂျူနီယာညီ လေးတို့...ငါတို့က ဒီလိုတောင် ဖြစ်နေမှာတော့ ဘာလို့ စိတ်ပျက်နေတော့မလဲ။ ဝမ်လင်း ဒီထဲမှာပဲ ရှိနေသေးတာ ငါသိတယ်။ဒီလူ့ကို သတ်ဖို့ ငါ့ကို ကူညီပါ..."
သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် အခြားတာ့လော့ ဓားကလန်မှ တပည့်သုံးယောက်သည် သတ်ဖြတ်ခြင်းစိတ် ဆန္ဒများကို ချက်ခြင်း ထုတ်လွှတ်လိုက်ကြ၏။သူတို့က
သေဆုံးရမည် ဆိုရင်ပင် ကောင်ကင်ကံကြမ္မာကလန်မှ တစ်ယောက်ကိုပါ သတ်ပစ်ခဲ့မည် ဖြစ်၏။သည်လူသာ မ ပေါ်ထွက်လာပါက သူတို့အတွက် အသက်ရှင်ရန် အခွင့်ရေး တစ်ခု ရှိကောင်းရှိနိုင်ခဲ့သည် မဟုတ်လား။
"ဝမ်လင်း...မင်းထွက်မသွားသေးဘူးလား...မင်းဘာကို စောင့်နေတာလဲ..." ကျောက်ရီအသံက ဝမ်လင်းစိတ်ထဲ၌ ထွက်ပေါ်လာပြန်၏။
"စီနီယာ...ဒီလူလေးယောက် အပေါ်မှာ သင့်ရဲ့ဓားနတ် ဘုရားအာရုံနဲ့ ပိတ်ဆို့ထားပေးဖို့ ငါ့ကို ကူညီပေးပါ..." ဝမ် လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက လျှပ်စီးတန်း အလား ရွှေ့လျားလိုက်၏။ခရမ်းရောင်မြူထဲ၌ နတ်ဘုရား အာရုံက တားဆီးခံထားရာ သူက တစ္ဆေတစ်ကောင်လို့ လှုပ်ရှားလာခဲ့သည်။
"ဝမ်လင်း..အသက်ရှူစာဆယ်ကြိမ်အချိန်ရမယ်။ ပြီးရင် ငါက မင်းကို အတင်း အပြင်ဘက်ကို ခေါ်သွားရလိမ့် ໑໖..."
ကျောက်ရီက ထိုသို့ပြောလိုက်ပြီးနောက် သူ့ဓားနတ် ဘုရားအာရုံဖြင့် တာ့လော့ဓားကလန်မှ လူလေးယောက်ကို ပိတ်ဆို့ထားလိုက်သည်။
ဝမ်လင်းက ထိုလေးယောက်ထဲမှ ကျင့်ကြံမှုအနိမ့်ဆုံး စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့်သာ ရှိသည့် လူထံသို့ အလင်းတန်းအလား ရွှေ့လျားသွားသည်။သည်
ခရမ်းရောင်မြူထဲ၌ ထိုလူ၏ နတ်ဘုရားအာရုံက အသုံးမ ဝင်ပေ။
ဝမ်လင်း နီးကပ်လာသည့်အခါ သည်လူက လေပြေတစ် ခု ရိုက်ခတ်လာသည်ဟု ခံစားလိုက်ရ၏။သို့ရာတွင် ထိုလေ ပြက ချက်ခြင်းအေးစက်လာက သူ့ခေါင်းအား ဖြတ် တောက်လို့သွားလေ၏။
ဝမ်လင်းက ဓားစွမ်းအင်အတွင်း၌ ပိတ်လှောင်ထားသော ထိုခေါင်းကို ကိုင်ထားလိုက်၏။သည့်နောက် ရတနာဓားကို ပါ သိမ်းယူပြီးနောက် သူက နောက်ပစ်မှတ်တစ်ခုထံသို့ ဦးတည်သွားသည်။
စီရှီက သူ့ရတနာဓားကို ထိန်းချုပ်ထား၏။သို့သော် သူက ကြောင့်ကြနေကာ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့နေခဲ့ချေ ပြီ။သူက မျက်လုံးကို အစွမ်းကုန်ဖွင့်လှစ်ထား၏။သို့သော် သူက သူ့ရှေ့ရှိ ခုနစ်ပေကိုသာ မြင်နိုင်စွမ်း ရှိနေသည်။
သူ့မျက်လုံးများက ရုတ်တရက် မှုန်ဝါးသွားကာ ပုံရိပ် တစ်ခုက သူ့ရှေ့သို့ ဖျပ်ခနဲ ရောက်ရှိလို့လာ၏။
"ဘယ်သူလဲ..." စီရှိနှလုံးသားက တုန်ယင်သွားသည်။ သူက ချက်ခြင်းပင် လက်ထဲရှိ ဓားကို မြူထဲသို့ ပစ် လွှတ်လိုက်သည်။သို့ရာတွင် သူက ဓားကို ပစ်လွှတ်လိုက် သည်နှင့် အေးစက်စက်လက်တစ်ဖက်က သူ့ဇာတ်ပိုးအား ဖိချလာသည်ကို ခံစားလိုက်ရသည်။သူက သူ့မူလစိတ် ဝိညာဉ်ပင် တုန်ယင်သွားသည်ဟု ခံစားလိုက်ရ၏။သူ့ကိုယ်
ထဲရှိ အသက်ဓာတ်များက သူ့ခန္ဓာကိုယ်ကနေ မြန်ဆန်စွာ ထွက်လို့သွားသည်။ ကြောက်လန့်စွာ အော်ဟစ်လိုက်ပြီး နောက် သူ့ခန္ဓာကိုယ်က မံမီအဖြစ်သို့ ရောက်ရှိသွားချေ သည်။
သို့ရာတွင် သူက သေဆုံးခါနီးအချိန်၌ သူ့ကိုယ်ထဲရှိ လ င်းထျန်ဟူ၏ ဓားစွမ်းအင်က ရုတ်တရက် ပေါက်ကွဲထွက် လာကာ သူ့ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားစေသည်။
ဝူမူ၏ မျက်လုံးများက လုံးဝ နီရဲလို့နေသည်။သူ့ရတနာ ဓားကို ဆုံးရှုံးလိုက်ရသည့်အတွက် သူက ဝမ်လင်းကို အရိုး ထဲကနေ မုန်းတီးနေပေသည်။ခုချိန်တွင် သူက လင်းထျန် ဟူ၏ ဓားစွမ်းအင်ကို အသက်သွားသွားပြီး ဖြစ်ကာ လေပြေတစ်ခု ရိုက်ခတ်လာသည်ဟု ခံစားမိလျှင်ပင် သူက ချက်ခြင်း ထိုစွမ်းအင်ကို ထုတ်လွှတ်လိုက်မည် ဖြစ်၏။
သည့်အခိုက်အတန့်၌ သူ့ရှေ့ရှိ ခရမ်းရောင်မြူက တစ်ယောက်ယောက် တိုးဝင်လာသကဲသို့ လှည့်လည် လာ၏။ဝူမူ၏ မျက်လုံးများက ကြမ်းတမ်းရက်စက်လာကာ သူက အော်ပြောလိုက်သည်။ "ဝမ်လင်း…သေစမ်း..."
သူက လင်းထျန်ဟူ၏ဓားကို ထုတ်လွှတ်တော့မည် အခိုက်မှာပင် သူ့ဂျူနီယာ ရှုကုံ၏အသံက ရုတ်တရက် ပေါ်လာခဲ့၏။
"စီနီယာအကို...ငါပါ..."
ဒူမူက မှင်သက်သွားကာ သူ့ညာလက်ကို ပြန်ရုတ်သိမ်း
လိုက်၏။သို့ရာတွင် သူက စကားပြောဟန် ပြင်လိုက်စဉ်၌ သူ့ညာဘက်ခြမ်းမှမြူထဲမှ လက်တစ်ဖက်ကို တိတ်တဆိတ် ပေါ်ထွက်လာခဲ့သည်။သည့်နောက် လက်ညှိုးတစ်ချောင်းက ဝူမူ၏ မျက်ခုံးနှစ်ခုကြားသို့ ထိလို့သွားသည်။
ဝူမူ၏မျက်လုံးများက ပြူးကျယ်သွားကာ ပါးစပ်မှ သွေး များအပြည့် အန်ထုတ်လိုက်ရ၏။သူ့မျက်လုံးများက ငြင်းဆန်နေလိုမှုများ ပြည့်နေကာ သူက သူ့ပြန်ရုတ်သိမ်း လိုက်သည့် ဓားစွမ်းအင်ကို အသက်သွင်းချင်နေသည်။ သို့သော် သူ့တွင် အခွင့်အရေး မရှိတော့ချေ။
အသက်ရှူစာဆယ်ကြိမ် ကြာပြီးသည့်နောက် ကျောက်ရီ က ဝမ်လင်းကို အတင်းခေါ်၍ ခရမ်းရောင်မြူလွှာထဲကနေ ထိုးထွက်လိုက်လေသည်။
"ကံမကောင်းစွာနဲ့...ဒါတစ်လက်ကျန်ခဲ့သေးတယ်..." ဝမ်လင်းက သက်ပြင်းချလိုက်မိ၏။
တာ့လော့ဓားကလန်မှ တပည့်လေးယောက်ထံမှ ဓား စွမ်းအင်တန်းနှစ်ခုကို သူက အရယူနိုင်လိုက်၏။သူ့တွင် အ ရင်ရှိသည့်တစ်ခုနှင့်ပေါင်းလိုက်ပါက ခုဆို ဓားစွမ်းအင် တန်းသုံးခု ဖြစ်သွားခဲ့လေပြီ။
တာ့လော့ဓားကလန်မှလူများက စိတ်မရှည်ဖြစ်နေခြင်း၊ မျှော်လင့်ချက် ပျက်သုန်းနေခြင်းတို့ကြောင့် မဟုတ်လျှင် ဝမ်လင်းက အသက်ရှူစာဆယ်ချိန်အတွင်း ဓားစွမ်းအင် များကို ယူဆောင်နိုင်မည် မဟုတ်ပေ။သည့်အပြင် သူတို့ထဲ
တစ်ယောက်က ဓားစွမ်းအင်ကိုပင် အသက်သွင်း ထားခဲ့၏။ကံကောင်းစွာနှင့် ဝမ်လင်းက ကြိုတင် ပြင်ဆင် ထားခဲ့ပေ၏။ထို့ကြောင့် သူက ဒဏ်ရာမရရှိခဲ့ပေ။
နောက်ထပ် တည်နေရာနှင့် အခြေအနေတို့ ကွာခြားသွား ပါက ဝမ်လင်းသည် လင်းထျန်ဟူ၏ဓားစိမ်းအင် ရှိနေသော တပည့်လေးယောက်နှင့် ရင်ဆိုင်ရပါက သူက နောက်ဆုတ် ပေမည်။သူက ထိုလေးယောက်ကို ကြောက်ရွှံ့ခြင်းတော့ မဟုတ်ပေ။သို့သော် သူက သည်ဓားစွမ်းအင်များကို သေချာ သတိထားနေပေ၏။
ကျောက်ရီက သည်အဖြစ်အပျက်များကို မျက်မြင်တွေ့ လိုက်ရသဖြင့် ဝမ်လင်းအပေါ် သူ့လေးစားမှုက ပိုတိုးလာ ခဲ့၏။ဝမ်လင်းက သွေးအေးစွာ၊ပြတ်သားစွာ လုပ်ဆောင်နိုင် ခဲ့ပေသည်။အခြားတစ်ယောက်ယောက်သာ ဖြစ်နေပါက သည်လိုအခြေအနေတွင် မြူကြားထဲမှ ထွက်နိုင်ဖို့သာ တွေး နေပေလိမ့်မည်။အခု ဝမ်လင်းလို့ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။
သည်မြူက ရူးသွပ်ဖွယ် ကျုံ့လာခဲ့၏။ခုချိန်၌ ၎င်းက ပေ တစ်ထောင်အကျယ်ပင် မရှိတော့ချေ။
ခရမ်းရောင်မြူအပြင်ဘက်၌ ချန်လုံအသွင်က အလွန် သုန်မှုန်လျက် ရှိနေ၏။လင်းထျန်ဟူ၏ ဓားစွမ်းအင်က သူ့ လက်ထဲတွင် ကိုင်ထားလျက်ရှိနေကာ စူးရှသောအလင်းကို ထုတ်လွှတ်လို့နေသည်။မရေမတွက်နိုင်သော ခြင်သားရဲ
များက သူ့ကို ဝန်းရံထားကာ တိုက်ခိုက်လျက် ရှိနေကြ၏။
"လောဘကြီး...ဒီကိစ္စကို နောက်အနာဂတ်မှာ သင် ငါ့ ဆရာ့ကို ဘယ်လို ရှင်းပြမလဲ ငါ မြင်ချင်မိတယ်..."
လောဘကြီးက အကွာအဝေးတစ်ခုတွင ရပ်လို့နေကာ သူ့ကိုလည်း ခြင်သားရဲများက ဝန်းရံထား၏။သည်ခြင် သားရဲများက အလွန်ပင် ကြမ်းကြုတ်လှသည့်အသွင် ရှိနေ၏။အုပ်စုထဲမှ အဆက်မပြတ်ထွက်ပေါ်လာနေသော ဟိန်းသံကြောင့် မဟုတ်လျှင် သူတို့က လောဘကြီးကို ထိုး စိုက်ချနေပြီး ဖြစ်သည်။
ခြင်သားရဲဘုရင်ကို ထိန်းချုပ်ပြီးသည့်နောက် သူ့ကို သည်ခြင်အုပ်စုအား သွယ်ဝိုက်သောနည်းဖြင့် ကြိုးကိုင်ခွင့် ရသွားစေခဲ့သည်။ သို့သော် လောဘကြီးက ထိုအုပ်စုနားသို့ တိုးကပ် မသွားရဲပေ။သည်ခြင်သားရဲများ၏ သဘာဝက ပေါက်ကွဲလွဲကာ သွေးဆာတက်ပြီး ယဉ်ပါးတက်ခြင်း မရှိပေ။သူက အနည်းငယ် သတိလွတ်သွားသည်နှင့် သူ့ကို ရုတ်တရက် တိုက်ခိုက်လာနိုင်ပေသည်။
သူက ခြင်သားရဲဆယ့်နှစ်ကောင်လောက်ဆိုရင် ဂရုစိုက် လိမ့်မည် မဟုတ်ပေ။ရာချီလျှင်ပင်လည်း ကိစ္စကြီးတော့ မဟုတ်သေးပေ။ထောင်ချီလျှင်ပင် သူ့အမူအရာအား ပြောင်းလဲသွားစေရုံလောက်သာ ရှိပေလိမ့်မည်။သို့ရာတွင် သည်နေရာ၌ သောင်းချီနေသောအုပ်စုကြီး ရှိနေခဲ့သည် မဟုတ်လား။
သည့်အတွက်ကြောင့် သူ့ဦးရေပြားက မထုံထိုင်းမိဘဲ နေ ပါ့မလား။သူက ထိုအုပ်စုကို ထိန်းချုပ်နိုင်နေသော်လည်း အလွန်သတိထားနေဆဲသာ ဖြစ်၏။
"မင်း ဆရာက ဒီကိစ္စကို သိသွားလည်း ငါ့မှာ ဖြေရှင်းချက်တစ်ခု ရှိပြီးသားပါ။ဒါ့အပြင် သူက ဒီကိစ္စကို ရှာတွေ့ သိရှိ နိုင်တော့မှာ မဟုတ်ပါဘူ..."
သည်အခိုက်မှာပင် ဝမ်လင်းပုံရိပ်က ခရမ်းရောင်မြူများ ကြားကနေ ပေါ်ထွက်လာခဲ့သည်။သူက ကောင်းကင်ဘုံဓား ပေါ်၌ မတ်တပ်ရပ်နေကာ ပြင်းထန်သောဓားစွမ်းအင်ကို ထုတ်လွှတ်လျက် ရှိ၏။
ဝမ်လင်း၏ ထွက်ပေါ်လာသော ပုံပန်းသွင်ပြင်က လောဘကြီး၏ မျက်လုံးများကို အေးစက်သွားစေသည်။ သူက နှာခေါင်းရှုံ့ကာ စိတ်ထဲ၌ အမိန့်ပေးလိုက်၏။ ခြင် သားရဲအုပ်စုကြီးက ချက်ခြင်း ဟိန်းသံများ ပြုကာ ဝမ်လင်း ထံသို တိုးဝင်လာကြသည်။
လောဘကြီးက အေးစက်စက်နှာခေါင်းရှုံ့၏။သူက ဝမ် လင်းကိုချက်ခြင်း သတ်မပစ်လိုပဲ သူ့မူလစိတ်ဝိညာဉ်ကို ထုတ်ယူ၍ စစ်ထူနန်အကြောင်းကို ရှာဖွေချင်နေမိသည်။ သူက ဝမ်လင်းကို အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ် ပင်လယ်၌ ခဏတာ မြင်လိုက်ရချိန်တွင် သူက ဝမ်လင်း ကိုယ်ပေါ်၌ စစ်ထူနန်၏ အော်ရာကို ခံစားမိခဲ့ပေ၏။
ဝမ်လင်းက သူ့ထံသို့ တိုးဝင်လာသော ခြင်သားရဲများကို
ကြည့်ကာ ထူးဆန်းသောအသွင် ဖြစ်လို့သွား၏။
သည်အခိုက်မှာပင် ထိုခြင်သားရဲအုပ်စုထဲမှ စူးရှသော အော်သံ တစ်ခုက ရုတ်တရက် ထွက်ပေါ်လာကာ အရင် အသံများအားလုံးကို ဖုံးလွှမ်းသွား၏။တစ်ချိန်တည်းမှာပင် ခရမ်းရောင်ပုံရိပ်တစ်ခုက ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။သည်ပုံရိပ်က ဝမ်လင်း၏ ခြင်သားရဲပင် ဖြစ်ချေသည်။
Comments
Post a Comment