အပိုင်း(136)

လောဘကြီး၏ မန္တာန်

ခြင်သားရဲက သားရဲအုပ်စုကို ထွင်းဖောက်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ တည့်တည့်မတ်မတ် ဦးတည်လာ ခြင်းပင်။၎င်းက ဝမ်လင်းနားသို့ ရောက်လာသည့်အခါတွင် ၎င်း၏ ကြီမားသောပါးစပ်ကြီးကိုဖြင့် ဝမ်လင်းအား နူးညံ စွာ ပွတ်သပ်လိုက်သည်။၎င်း၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု တို့နှင့် ပြည့်လို့နေသည်။

ဝမ်လင်းထံသို့ တရကြမ်းတိုးဝင်လာသော ခြင်သားရဲ အုပ်စုက ရပ်တန့်သွားကြသည်။၎င်းတို့၏ မျက်လုံးများက ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသေးသော်လည်း သံသယ ဖြစ်နေသည့်အရိပ်အယောင်တို့ ဖျပ်ခနဲ ပေါ်ထွက် လာကြသည်။

သည်မြင်ကွင်းက လောဘကြီးအား လုံးဝ ကြောင်သွား စေသည်။သည်အရာ ချန်လုံ၏မျက်လုံးများကိုပင် အလွန် တောက်ပသွားစေ၏။

လောဘကြီး၏မျက်နှာက သုန်မှုန်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး အော်ပြောလိုက်သည်။
"အံ့ဖွယ်အပ်ခုနစ်ချောင်း...ခပ်နှိပ်စမ်း..."

သားရဲအုပ်၏ အတွင်းပိုင်းကနေ စူးရှသောအော်သံတစ်ခု ထွက်ပေါ်လာကာ ခြင်သားရဲများက လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။ခြင်သားရဲအုပ်၏ အလယ်ကနေ ခေါင်းပေါ်တွင် ငွေအပ်ခုနစ်ချောင်းထိုးစိုက်ထားခံရသော ဧရာမခြင်သားရဲကြီးက ဖြည်းဖြည်းချင်း ပျံသန်းလာခဲ့ သည်။

၎င်း၏ မျက်လုံးထဲတွင်တော့ ရုန်းကန်နေရမှုတို့ ရှိလို့ နေသည်။ထိုခြင်သားရဲက လောဘကြီးကို ကြည့်ကာ ဟိန်း သံပြုလိုက်၏။လောဘကြီးကလည်း မာန်သွင်းလိုက်ရာ ၎င်းခြင်သားရဲကြီး၏ ခေါင်းထက်ရှိ ငွေအပ်များက သုံး လက်မခန့် ပိုနစ်မြုပ်သွားစေသည်။ခြင်သားရဲကြီး၏ ခန္ဓာကိုယ်ကတုန်ယင်သွားကာ ၎င်း၏မျက်လုံးထဲရှိရုန်းကန်နေရမှုက ပိုအားကောင်းလာခဲ့သည်။

သို့ရာတွင် ၎င်း၏ မျက်လုံးထဲ၌ ဖြေရှင်းနိုင်မည့် နည်း လမ်းတစ်ခု ရှိလို့နေသလိုပင်။၎င်း၏ အကြည့်က ဝမ် လင်း၏ခြင်သားရဲပေါ်သို့ ကျရောက်လာခဲ့သည်။

ဝမ်လင်း၏ ခြင်သားရဲက မှင်သက်သွားပြီးနောက် ၎င်း၏ တောင်ပံကိုခတ်ကာ ဝမ်လင်းထံကနေ ပျံသန်းသွားသည်။ ၎င်းက ၎င်း၏ အုပ်စုများ ရှိရာသို့ ပျံသန်းသွားခြင်း ဖြစ်ကာ ခြင်သားရဲကြီး၏ ကျောပေါ်သို့ ခြေချလိုက်၏။

၎င်း၏ ခြင်နှုတ်သီးဖြင့် ရုတ်တရက် ခြင်သားရဲကြီး၏
ခန္ဓာကိုယ်အား ထိုးစိုက်လိုက်သည်။ ၎င်းက စဝင်ထိုးစိုက် လိုက်သည်နှင့် ခြင်သားရဲကြီး၏ မျက်လုံးထဲရှိရုန်းကန်နေရ မှုက ပျောက်ကွယ်သွားကာ ထိုအစား စိတ်သက်သာရာရ သွားဟန်က အစားထိုး ဝင်ရောက်လာခဲ့သည်။

ဝမ် စုပ်ယူခြင်းက ချက်ခြင်းလိုလို ပြီးဆုံးသွားခဲ့သည်။ခြင် သားရဲကြီးကလည်း ခြောက်သွေ့သွားနေရင်း လင်း၏ခြင်သားရဲကတော့ တစ်ဖြည်းဖြည်းချင်း ကြီးထွား လာခဲ့သည်။၎င်း၏ခန္ဓာကိုယ်က ကြီးထားလာသည့်အပြင် ၎င်းကိုယ်ပေါ်ရှိ ခရမ်းရောင်ကလည်း ပိုမို သိပ်သည်းလာ သည်။

သည်အရာများက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ဝမ် လင်း၏ ခြင်သားရဲက ရုတ်တရက် ခေါင်းမော့ကာ လောဘကြီးထံသို့ ကြည့်ကာ ဟိန်းသံ ပြုလိုက်သည်။ ထိုအခါ ခြင်သားရဲအားလုံး၏ အကြည့်များက လောဘကြီး ထံသို့ ကျရောက်သွားကာ သူ့ထံသို့ တဟုန်ထိုး တိုးဝင်သွား ကြတော့သည်။

လောဘကြီး၏ ဦးရေပြားက ထုံထိုင်းလို့သွားသည်။သူ့က ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် ငွေအပ်ခုနစ်ချောင်းက ခြောက်သွေ့နေသော ခြင်သားရဲ အလောင်းကောင်ထံကနေ ပြန်ထွက်လာပြီး သူ့ထံသို့ ပျံသန်းလာသည်။သည်ငွေအပ်များက သူ့အနား၌ ငွေရောင် အလင်းအကာအရံတစ်ခုကို ဖြစ်ပေါ်သွားစေသည်။ သည့်နောက် သူက ဘေးတစ်ဖက်သို့ ချက်ခြင်း ထိုးထွက်
သွား၏။

ဝမ်လင်းက အသက်ဝဝရှူသွင်းကာ နောက်သို့ ဆုတ်သည်။သူ့ညာလက်ညှိုးဖြင့် ရုတ်တရက် လောဘကြီး ထံသို့ ညွှန်လိုက်၏။မရဏလက်ချောင်းက လောဘကြီး ထံသို့ ထိုးထွက် တိုးဝင်သွားလေသည်။

အကွာအဝေးတစ်ခုတွင် ချန်လုံကို ဝန်းရံထားသော ခြင် သားရဲများအားလုံးကလည်း ထွက်ခွာသွားကြ၏။ ချန်လုံ၏ မျက်လုံးများက အေးစက်လာခဲ့သည်။သူက ချက်ခြင်းပင် ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ သူ့ နောက်ကျောမှ ဓားကြီးက ပျံသန်းထွက်လာ၏။ အနက် ရောင်နဂါးတစ်ကောင်ပါ ပေါ်လာခဲ့ကာ ဟိန်းဟောက် လာ၏။သူက လောဘကြီးထံသို့ ဓားစွမ်းအင်တန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။

သူတို့နှစ်ယောက်က အရင်က တစ်ခါမှ မပူးပေါင်းခဲ့ သော်လည်း တိုက်ပွဲအမြင်ကောင်းက နှစ်ယောက်လုံးတွင်ရှိသဖြင့် ဝမ်လင်းနှင့်ချန်လုံတို့၏ ချိန်သားကိုက် တိုက်ခိုက်မှု က လောဘကြီး၏ နောက်ဆုတ်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြပေသည်။

လောဘကြီး၏မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွားသည်။ သူက ခြင်သားရဲများ၏ ဝန်းရံခြင်းကို ခံလို့မရမှန်း သိထား ပေ၏။မဟုတ်လျှင်သူက သေဆုံးသွားရနိုင်သည်။သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်၏။ သူက နှစ်သောင်းနှင့်ချီ
ကာ ကျင့်ကြံခဲ့သူ ဖြစ်သဖြင့် သည်လိုအဖြစ်မျိုး အကြိမ်မျာ စွာ တွေ့ကြုံခဲ့ဖူးပေသည်။သူက နောက်သို့ ဆုတ်နေရင်း သူ့ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး နံရံသို့ ကုတ် ချလိုက်သည်။ သူက အော်ပြောလိုက်၏။ "မရဏဝါးမြိုသူ ပထမပုံစံ..."

သည်လက်သည်းချက်က နံရံထဲကနေ အစိမ်းရောင်အခိုး ငွေ့များစွာကို ထွက်ပေါ်သွားစေ၏။သည်အစိမ်းရောင်အခိုး ငွေ့များက အတူစုစည်းသွားကာ အစိမ်းရောင်ရေတံခွန်တစ် ခုကို ဖြစ်တည်သည်။

ထိုအစိမ်းရောင်ရေတံခွန်က လောဘကြီး၏ ဆွဲယူခြင်း ကို ခံလိုက်ရကာ သူ့လက်နှင့်အတူ ရွှေ့လျားလာ၏။သူ့ မျက်လုံးများကလည်း အစိမ်းရောင်တောက်ပနေကော ထို အစိမ်းရောင်ရေတံခွန်ကို သူ့နောက်သို့ ပို့လိုက်၏။

အစိမ်းရောင်အခိုးငွေ့များက ရုတ်တရက် ထိုးထွက်သွား ကြသည်။ဝမ်လင်း၏ မရဏလက်ချောင်းက ထိုအစိမ်း ရောင်နှင့် တွေ့မိသည့်အခါ ချက်ခြင်း ပျက်စီးလို့သွားသည်။

ချန်လုံ၏ နဂါးဓားစိတ်ဝိညာဉ်ကလည်း ထိုအစိမ်းရောင် အခိုးငွေ့နှင့် ထိမိသည်နှင့် အော်ဟစ်လိုက်ရသည်။ သည့်နောက် ၎င်းနဂါးစိတ်ဝိညာဉ်က ချက်ခြင်းပျက်စီးကာ ချန်လုံထံသို့ ပြန်လည် ပျံသန်းလာသည်။

"မင်းတို့ ဂျူနီယာလေးတွေကများ ဒီအဘိုးအိုကို ရန်စ တယ်ပေါ့..." လောဘကြီးက အော်ဟစ်က လျင်မြန်စွာ ရွှေ့
လျားလိုက်သည်။သူက ခြင်သားရဲများ၏ ဝန်းရံခြင်းကနေ လွတ်မြောက်လုနီး ဖြစ်သွား၏။

သူက ထိုဝန်းရံထားမှုကနေ လွတ်မြောက်သွားသည်နှင့် သူ့ကို မည်သူကမျှ ရပ်တန့်နိုင်တော့မည် မဟုတ်ပေ။သူက ထွက်သွားမလား၊ တိုက်ခိုက်မလား ကြိုက်တာ လုပ်နိုင် သွားမည် ဖြစ်သည်။

ချန်လုံက အော်ပြောလိုက်၏။ "ဝမ်လင်း ...ငါတို့ မ ကျေလည်မှုတွေကို လွှတ်ချထားကြမယ်။ငါတို့ ဒီသူခိုးအို ကြီးကို အတူ ပေါင်းပြီး သတ်ကြစို့။မဟုတ်ရင် ငါတို့နှစ် ယောက်လုံး သေရလိမ့်မယ်..."

ချန်လုံ၏

နဂါးစိတ်ဝိညာဉ်အပိုင်းအစများက နောက်တစ်ဖန် ပြန်လည် စုစည်းသွားကာ အရင်ထက် ပို သန်မာသောစွမ်းအားနှင့် ရှေ့သို့ ထိုးတက်သွားလေသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက သူ့ မျက်ခုံးနှစ်ခုကြားသို့ လက်ထောက်လိုက်သည်။ထိုအခါ သူ့ လက်ချောင်းထိပ်၌ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများ စွာက ထိုးထွက်လို့သွားသည်။ထိုစွမ်းအင်များက မြန်ဆန် စွာ သိပ်သည်းလာပြီးနောက် တစ်သန်းကနေ တစ်ထောင်၊ တစ်ထောင်ကနေ တစ်ရာ၊တစ်ရာကနေ တစ်ခုတည်း အဖြစ်သို့ ရောက်ရှိသွား၏။

သူ့မူလစိတ်ဝိညာဉ်၌ ထားထားသည့် သတ်ဖြတ်ခြင်း စွမ်းအင်အမျှင်တန်းတစ်ခုကလွဲ၍ ကျန်သည့်စွမ်းအင်အမျှင်
တန်းအားလုံးက ဝမ်လင်းလက်ချောင်းထိပ်၌ အမျှင်တန်း တစ်ခုတည်းအဖြစ် သိပ်သည်းသွားခဲ့ပေသည်။ဝမ်လင်းက သူ့လက်ကို တောက်ထုတ်လိုက်ရာ ထိုသိပ်သည်းသော စွမ်းအင်အမျှင်တန်းက ရှေ့သို့ ထိုးထွက်သွားချေ၏။

"လင်းထျန်ဟူရဲ့ အပျက်အစီးဓားစိတ်ဝိညာဉ်နဲ့ ရှေ့ဖြစ် ဟောသူရဲ့ သတ်ဖြတ်ခြင်းပညာရပ်..."

လောဘကြီး၏မျက်လုံးများက လွန်စွာ တောက်ပသွား သည်။သို့သော် သူ့မျက်လုံးထဲ၌ လှောင်ပြောင်သည့် အရိပ်အမြွက်တို့ ရှိလို့နေသည်။သူက နောက်သို့ ဆုတ်နေ ရင်း ပြောလိုက်၏။ "ဒီမန္တာန်နှစ်ခုက စွမ်းအားကောင်းလွန်း ပေမဲ့ မင်းတို့ရဲ့ ကျွမ်းကျင်မှုက မပြည့်စုံသေးဘူး။ ဒီအဘိုး အိုရဲ့ အရှေ့မှာတော့ ဒါက အားနည်းလွန်းနေတယ်..."

လောဘကြီးက သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တောင်ငယ်တစ်ခုက ချက်ခြင်း ပျံသန်းထွက်ပေါ်လာ၏။ထို တောင်ငယ်က ပျံသန်းထွက်ာလသည်နှင့် ၎င်းက ချက်ခြင်း ပေတစ်ရာလောက်ထိ ကြီးမားလာကာ လေထဲ၌ မြောလွင့် လာခဲ့သည်။

သည်တောင်က ထူးဆန်းသောစာလုံးများဖြင့် ရေးထွင်း ထားပေသည်။တောင်ငယ်က ရွှေ့လျားလာသည်နှင့် ထို စာလုံးများက တဖျပ်ဖျပ်တောက်ပကာ တောင်ငယ်အား ပို၍ ထူးဆန်းသွားစေသည်။

လောဘကြီးက ညာလက်ဖြင့် နောက်တစ်ကြိမ် ကုတ်ဆွဲ
လိုက်ပြန်သည်။သူက သူ့လက်ကိုတောင်ပေါ်သို့ တင်၍ အော်ပြောလိုက်၏။ "မရဏဝါးမြိုသူ ဒုတိယပုံစံ...တောင် စိတ်ဝိညာဉ် ထွက်ပေါ်လာစမ်း..."

တောင်တစ်ခုလုံးက တုန်ယင်သွားကာ ရှေးဟောင်းအော် ရာတစ်ခုက ရုတ်တရက် ထွက်ပေါ်လို့လာ၏။

သည်အရာက တောင်၏ စိတ်ဝိညာဉ်ပင်။

လောဘကြီးက အော်ပြောလိုက်ရင်း သူက သည်အော်ရာ ကို ဆွဲယူလိုက်သည်။သည့်နောက် ပုံရိပ်ယောင်တောင်တစ် ခု ပေါ်လာကာ လောဘကြီး၏ ဆွဲယူခြင်းကို ခံလိုက်ရ သည်။

နှိုင်းယှဉ်မရသည့် ပြင်းထန်သောအော်ရာတစ်ခုက ချက် ခြင်း ထွက်ပေါ်လာခဲ့သည်။တောင်စိတ်ဝိညာဉ်ကို ထုတ်ယူ ခံရပြီးနောက် ၎င်းက စတင်တုန်ယင်ကာ မရေမတွက်နိုင် သော အက်ကွဲကြောင်းများ ပေါ်လာ၏။တစ်ဖြည်းဖြည်းဖြင့် တောင်တစ်ခုလုံးက ပြိုကျပျက်စီးကာ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။

သို့ရာတွင် ပုံရိပ်ယောင်တောင်ကတော့ လောဘကြီး၏ လက်ထဲ၌ ရှိလို့နေဆဲပင်။

"ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုက အဘိုးကြီး လင်းထျန်ဟူနဲ့ သူခိုးအိုကြီး ရှေ့ဖြစ်ဟောသူတို့ကို မယှဉ်နိုင်ပေမဲ့ ဒီအဘိုး အိုလောဘကြီးရဲ့ မန္တာန်တွေက ချိုယွင်းချက်မရှိဘူး။ မင်း -တို့ ဂျူနီယာ နှစ်ယောက်က တစ်ခြားလူရဲ့ မန္တာန်တွေကို
သင်ထားပြီး ကိုယ်ဟာ့လို တကယ်ထင်နေ ကြတာလား..."

လောဘကြီး၏ မျက်လုံးထဲရှိ လှောင်ပြောင်မှုနှင့် ပြည့် နှက်နေကာ သူ့လက်ကို အောက်သို့ ဖိချလာသည်။

ပေါက်ကွဲသံတစ်ချက်ဖြင့်ပင် ထိုတောင်စိတ်ဝိညာဉ်က ဆင်းသက်လာ၏။

ချန်လုံ၏ အနက်ရောင်နဂါးက တောင်စိတ်ဝိညာဉ်၏ ဖိအားအောက်၌ တအီအီ ငြီးငြူလိုက်ရသည်။ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထိုအနက်ရောင်နဂါး အောက် တောင်စိတ်ဝိညာဉ်၏ ဖိအားအောက်၌ ပိတ် လှောင်ခြင်း ခံလိုက်ရချေသည်။

ချန်လုံ၏ အသွင်က ဖြူရောသွား၏။သူက သွေးတစ်လုပ် အန်ထုတ်လိုက်ရကာ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့ နှင့် ပြည့်လို့နေသည်။

"ဒါ.ဒါက ဘာမန္တာန်လဲ..."

ဝမ်လင်း၏

သတ်ဖြတ်ခြင်းစွမ်းအင်က လေထဲ၌ ဖြတ်သန်းလာကာ တောင်စိတ်ဝိညာဉ်ပေါ်သို့ ကျ ရောက်လာသည်။သတ်ဖြတ်ခြင်းစွမ်းအင်က တောင်စိတ် ဝိညာဉ်ကို ထွင်းဖောက်သွား၏။ဝမ်လင်းမျက်လုံးက အေး စက်လာပြီးနောက် သူက အော်ပြောလိုက်သည်။ " ပြန့်ကျဲ ໑໖:..."

တောင်စိတ်ဝိညာဉ်ကို ထွင်းဖောက်သွားသည့် သတ်ဖြတ် ခြင်းစွမ်းအင်က ပြန့်ကျဲလို့သွားသည်။၎င်းက စွမ်းအင်
အမျှင်တန်းတစ်ခုကနေ တစ်သန်းအဖြစ်သို့ ပြောင်းလဲ သွား၏။

သတ်ဖြတ်ခြင်းစွမ်းအင်တစ်သန်းက တောင်စိတ်ဝိညာဉ် ထဲ၌ ရွှေ့လျားလို့နေသည်။၎င်းက တောင်စိတ်ဝိညာဉ်ထဲက နေ ထိုးထွက်ကာ ၎င်းကို အစိတ်စိတ် လုပ်ပစ်ချင်နေသည့် ပုံပင်။

သို့ရာတွင် တောင်စိတ်ဝိညာဉ်ထံကနေ အားကောင်း သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တစ်ခု ထွက် ပေါ်လာကာ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခြင်း စွမ်းအင်များက တစ်ခုပြီးတစ်ခု ပျက်စီးလို့သွားလေသည်။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူက သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းကို သူ့စိတ်ဝိညာဉ် ထဲ၌ သိမ်းဆည်းထားကာ ထိုစွမ်းအင်များကို တစ်သန်း အထိ ပြန်လည်ကောင်းမွန်စေခြင်းကြောင့်သာ မဟုတ်လျှင် ထိုဆုံးရှုံးမှုက သူ့ကို များစွာ နာကျင်စေပေလိမ့်မည်။

"တောင်စိတ်ဝိညာဉ်ထဲမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်တောင် ရှိနေတယ်။ ဒီကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်က လောဘကြီးရှိကနဲ့ မတူဘူး။ကြည့်ရာတာ ဒါက ဒီတောင်ကိုယ်တိုင် ပိုင်ဆိုင်ထားတာ ဖြစ်လိမ့်မယ်..."

ဝမ်လင်းအသွင်က ရှုံ့တွနေမိတော့သည်။

တောင်စိတ်ဝိညာဉ်ကြောင့် လောဘကြီးက ခြင်သားရဲ များ၏ ဝန်းရံထားခြင်းကနေ လွတ်မြောက်သွားလေ၏။
သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "ဂျူနီယာလေး တွေ...မင်းတို့က ဒါက ဘာတောင်လဲ ဆိုတာ သိကြလား။ဒီ တောင်က ကောင်းကင်ဘုံနယ်မြေကပဲ။ဒီအဘိုးအိုက လွန် ခဲ့တဲ့နှစ်သောင်းချီက ဒါကို ထုတ်ယူခဲ့ပြီး ချိပ်ပိတ်ထားခဲ့ တာ ဖြစ်တယ်..."

သည်အခိုက်အတန့်၌ ဆက်တိုက်ကျုံ့နေသော ခရမ်းရောင်မြူက အပြီးသပ်ခါနီး ဖြစ်လာ၏။၎င်းက ပေ တစ်ထောင်ကနေ ဆယ်ပေသို့ ကျုံ့သွားပြီး သိပ်သည်းသော ခရမ်းရောင်မြူလုံးတစ်ခုကို ဖြစ်တည်သည်။

ထိုမြူလုံးထဲမှ မည်သည့်အသံမှ ထွက်ပေါ်လာခြင်း မရှိချေ။သို့သော် ဝမ်လင်းက ထိုမြူလုံးထဲ၌ အသက်ရှင်နေ သေးသော တာ့လော့ဓားကလန်မှ တပည့်တစ်ယောက်ရှိမှန်း သိနေပေသည်။

ပေါက်ကွဲသံတစ်ချက်နှင့်အတူ ထိုဆယ်ပေခန့်မြူလုံးက ထပ်မံ၍ ကျုံ့သွားကာ ခုချိန်၌ ခုနစ်ပေခန့်သာ ရှိတော့၏။

သည့်နောက် မြူထဲကနေ တုန်ကင်တစ်ခုက ဖြည်းဖြည်း ချင်း ပေါ်လာခဲ့သည်။သည်တုန်ကင်က မြူများနှင့် ပြုလုပ် ထားခြင်း ဖြစ်ကာ မြန်ဆန်စွာ သိပ်သည်းလာနေ၏။

လောဘကြီး၏ မျက်လုံးထဲ၌ လောဘတက်သည့် အရိပ်အယောင်များ ပေါ်ထွက်လို့လာသည်။သူက တုန်ကင် ရှိရာသို့ တဟုန်ထိုးသွားရန် ပြင်လိုက်စဉ်မှာပင် သူ့နောက်မှ ခြင်အုပ်စု၏ ကြမ်းကြုတ်သောအော်သံများက ရုတ်တရက်
ထွက်ပေါ်လာချေသည်။

သည်ခြင်သားရဲများက တစ်ကောင်ပြီးတစ်ကောင် ရူးသွပ်စွာ တိုးဝင်လာကြ၏။၎င်းတို့၏ အမြန်နှုန်းကလည်း အရင်ထက် များစွာ သာလွန်နေခဲ့သည်။၎င်းတို့၏ ရုတ်တရက် လှုပ်ရှားလာမှုကလောဘကြီး၏ အသွင်ကို ချက်ခြင်း ပြောင်းလဲသွားစေသည်။

ခြင်အုပ်စုထဲရှိ ဝမ်လင်း၏ခြင်သားရဲကလည်း အော်သံပြု လိုက်၏။ ရုတ်တရက် ခြင်သားရဲများ၏ ခန္ဓာကိုယ်က အနီ ရောင်လင်းလက်လာသည်။သည့်နောက် လောဘကြီးနှင့် အနီးဆုံးရှိ ခြင်သားရဲများက အသွေးအသားများအဖြစ် ပျက်စီးသွားကာ အနီရောင်တောက်ပမှုကို ပေးစွမ်းလာသ ည။သည့်နောက် ၎င်းပျက်စီးသွားသောခြင်သားရဲများက ထူးဆန်းစွာဖြင့် နောက်တစ်ဖန် ခြင်သားရဲအသွင် ပြန်ဖြစ် ပေါ်ကာ လောဘကြီးထံသို့ တိုက်ရိုက် ရောက်ရှိလာလေ သည်။

သည်ခြင်သားရဲများသာ သည်မန္တာန်ကို အသုံးပြု နိုင်သည်မဟုတ်ဘဲ ခြင်သားရဲတိုင်းက ထိုသို့ လုပ်နိုင်လာ ကြသည်။၎င်းတို့က ပျက်စီးလိုက် ချက်ခြင်း ပြန်ဖြစ်တည် လိုက် ဖြစ်လို့နေသည်။၎င်းတို့က ချက်ခြင်းပင် လောဘကြီး အား ဝန်းရံထားလိုက်တော့သည်။

ခရမ်းရောင်မြူကလည်း မြန်ဆန်စွာ ကျုံ့လာကာ အထဲရှိတုန်ကင်က ပို၍ ပေါ်လွင်လာ၏။ချက်ခြင်းလိုလိုပင်
နောက်ဆုံးအဆင့်က ပြီးပြည့်စုံသွားလေပြီ။ မြူများ ပျောက် ကွယ်သွားပြီးနောက် ခရမ်းရောင်အလင်းကို ပေးစွမ်းနေ သော ရှေးဟောင်းတုန်ကင်တစ်ခုက လေထဲ၌ လွင့်မြော လာခဲ့သည်။

ထိုတုန်ကင်၏ ခရမ်းရောင်ထဲ၌ ရွှေရောင်အလင်းတစ်ခု ကပါ ရောနှောလို့နေခဲ့သည်။

ဝမ်လင်းနှင့်ချန်လုံတို့၏ အကြည့်များက တုန်ကင်ပေါ်သို့ ပြိုင်တူ ကျရောက်သွားကြသည်။

ချန်လုံက ချက်ခြင်း တုန်ကင် ရှိရာသို့ ထိုးထွက်သွား သည်။သည်ဝင်ပေါက်နား၌ မည်သူကမျှ တည်နေရာ ရွှေ့ပြောင်းခြင်းကို အသုံးမပြုဝံ့ပေ။သည်နေရာရှိ ဖိအားက ကြီးမားလွန်းလှ၏။ထို့ကြောင့် တစ်ယောက်ယောက်က တည်နေရာရွှေ့ပြောင်းသည်နှင့် လေဟာနယ်ထဲ၌ ပိတ် လှောင်ခြင်း ခံသွားရနိုင်ပေသည်။

ဝမ်လင်းမျက်လုံးများကလည်း အေးစက်လာကာ တစ် ချိန်တည်းမှာပင် သူက ပျံသန်းသွား၏။သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖန်တီးလိုက်ရာ သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာခဲ့ သည်။သူက ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုရန် အဆင့်သင့် ပြင်ထားပေသည်။

"မင်းတို့ဂျူနီယာတွေ လုပ်ဝံ့လား..." သည် အခိုက်အတန့်၌ ခြင်အုပ်စုအတွင်းမှ ဒေါသတကြီးအသံ
တစ်သံ ထွက်ပေါ်လာချေသည်။

မီးပြင်းဖို

ချန်လုံက ရှေ့သို့ ထိုးတက်သွားရင်း လင်းထျန်ဟူ၏ ဓား စွမ်းအင်ကို သူ့လက်ထဲ၌ စုစည်းထား၏။ဓားစွမ်းအင်က သူ့ လက်ထဲတွင် လှည့်ပတ်နေပြီးနောက် ဖိအားတစ်ခုက ပျံ့နှံ့ လို့လာသည်။

ဝမ်လင်း မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွား၏။သူက ချန်လုံပိုင်ဆိုင်ထားသည့် လင်းထျန်ဟူ၏ ဓားစွမ်းအင်နှင့် ပတ်သတ်၍ တစ်ခုခုမှားနေသည်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်။သည် ဓားစွမ်းအင်ပေါ်လာသော အခိုက်အတန့်၌ ဝမ်လင်းက သူ့နှလုံးသားသည် ချက်ခြင်း တင်းကြပ်လာ သည်ဟု ခံစားလိုက်ရသည်။

"ဒါက လင်းထျန်ဟူရဲ့အသက်ဓာတ်ဓားစွမ်းအင်ပဲ။ အလွန် စွမ်းအားကောင်းတယ်..."

ကျောက်ရီအသံက ဝမ်လင်းစိတ်ထဲသို့ ဝင်ရောက်လို့လာ သည်။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်လာသည်။ သူက လှုပ်ရှားနေရာကနေ ရပ်တန့်လိုက်၏။သူက တုန်ကင်
နောက်သို့ ဆက်လိုက်ခြင်း မပြုတော့ဘဲ သူ့လက်ထဲရှိကောင်းကင်ဘုံမန္တာန်ရပ်တန့်ခြင်းကို ကိုင်ဆောင်ထားကာ ချန်လုံထံသို့ အေးစက်စွာ ကြည့်နေ၏။

ချန်လုံက တုန်ကင်နားသို့ မြန်ဆန်စွာ ရောက်ရှိသွား သည်။သူ့မျက်လုံးထဲ၌ အပျော်နှင့်ပြည့်နေ၏။သူက ၎င်းကို မည်သည့်အရာမှန်း မသိချေ။သို့သော် လောဘကြီးက ၎င်း တုန်ကင်နှင့်ပတ်သတ်၍ အရေးစိုက်လွန်းနေသဖြင့် ယင်း တုန်ကင်က ရှားပါးရတနာတစ်ခု ဖြစ်ရပေလိမ့်မည်။

သို့ရာတွင် သူက တုန်ကင်ထံသို့ လက်လှမ်းလိုက်သည့် အခိုက်မှာပင် ခြင်သားရဲအုပ်စုထဲမှ လောဘကြီး၏ ဒေါသ သံ ထွက်ပေါ်လာသည်။ "ဂျူနီယာချန်လုံ...ဒီအဘိုးအိုက မင်းကို သတ်ပစ်မယ်...မရဏဝါးမြိုသူ တတိယပုံစံ..."

လောဘကြီးအသံက လျှပ်စီးကဲ့သို့အလား။၎င်းအသံက အထည်ဒြပ်ရှိလာသည်ဟု ထင်ရကာ ခြင်သားရဲအုပ်ကို ထွင်းဖောက် ဝမ်လင်းကို ဖြတ်ကျော်ကာ ချန်လုံထံသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ဝမ်လင်းမျက်လုံးများက

အေးစက်လာခဲ့၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ခြင် သားရဲအုပ်ထဲက အော်သံက ထွက်ပေါ်လာပြီးနောက် ယင်း အသံက အထည်ဒြပ်ပုံစံအဖြစ်သို့ စတင်ပြောင်းလဲသွား သည်။ရုတ်တရက် သလင်းလိုကြည်ရှင်းနေသည့် လူသေး လေး တစ်ယောက်က လေထဲ၌ ပေါ်လာလေ၏။
သည်လူက လောဘကြီးနှင့် ဆင်တူခြင်း မရှိသော်လည်း ၎င်း၏ခန္ဓာကိုယ်က လောဘကြီး၏အော်ရာကို ပေးစွမ်းလို့ နေသည်။

"ဒုတိယမြောက်မူလစိတ်ဝိညာဉ်..." ဝမ်လင်းက လေ တစ်ချက် ရှိုက်သွင်းလိုက်မိရင်း ထိုလူသေးသေးလေးကို စူး စိုက်ကြည့်နေမိသည်။

လောဘကြီးက အလွန်ဒေါသထွက်နေခဲ့ချေပြီ။သူ့မူလ ခန္ဓာကိုယ်က ခြင်အုပ်စုခဲ၌ ပိတ်လှောင်ခဲ့ထားရကာ အကူအညီမဲ့နေပြီ ဖြစ်သဖြင့် သူ့ဒုတိယမြောက်မူလစိတ် ဝိညာဉ်ကို စေလွှတ်ခဲ့တော့သည်။သူ့ပတ်လည်ရှိ အပ်ခုနစ် ချောင်းကလည်း မြန်ဆန်စွာ လှည့်ပတ်လာလေ၏။၎င်းတို့ က သူ့ကို အနည်းငယ်သာ ကာကွယ်ပေးထားနိုင်ပေသည်။

သည်ခြင်သားရဲများ၏ ခန္ဓာကိုယ်က အလွန်အမင်း မာ ကြောလှ၏။အထူးသဖြင့် ၎င်းတို့၏ ပါးစပ်နှုတ်သီးများပင်။ သည်လောက်ဆိုလျှင်တောင် သူ့အတွက် အရမ်း အခြေအနေမဆိုးသေးပေ။သို့သော် ခြင်သားရဲတစ်ကောင် က အသက်ခံလိုက်ရတိုင်း ၎င်းတို့က ချက်ခြင်း အနီရောင် တိမ်အဖြစ် ပြောင်းလဲသွားသည်။သည်အနီရောင်တိမ်က နောက်သို့ ဆုတ်ကာ ခြင်သားရဲတစ်ကောင်အဖြစ် ပြန်လည်ဖွဲ့စည်းသွားနေခြင်းပင်။၎င်းက အားနည်းသွား သော်လည်း နောက်တစ်ဖန် သူ့ကို ကြမ်းကြုတ်စွာ ခြင် နှုတ်သီးဖြင့် ခုန်ပေါက် ထိုးနှက်လာနေ၏။
သည်လူသေးလေး ပေါ်လာသည်နှင့် သူက အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားသည်။သူ့လက်က ချိပ်တံဆိပ်တစ် ခုကို ဖြစ်ပေါ်စေ၍ အနက်ရောင်အလင်းများက သူ့ ခန္ဓာကိုယ်ပတ်လည်၌ ပေါ်လာခဲ့တော့သည်။သည့်နောက် အနက်ရောင်လျှပ်စီးများက ချန်လုံထံသို့ တဟုန်ထိုး တိုးဝင် သွားကြသည်။

ချန်လုံအသွင်က ပြောင်းလဲသွား၏။သူက တုန်ကင်ကို လှမ်းနေသည့် သူ့ညာလက်ကို ပြန်မရုတ်သိမ်းလျှင် သည် အနက်ရောင်လျှပ်စီးများ၏ ထိမှန်ခြင်းကို ခံရပေတော့ မည်။သို့ရာတွင် ထိုသို့ လက်ပြန်ရုတ်သိမ်းလိုက်ပါကလည်း သူလုပ်ခဲ့သမျှက အလကား ဖြစ်သွားပေလိမ့်မည်။

"စွန့်စား ကြည့်ရတော့မှာပဲ..." ချန်လုံက အံတင်းတင်း ကြိတ်ကာ လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ပစ်လွှတ်လိုက် တော့သည်။ ဓားစွမ်းအင်က လေထဲသို့ ဖြတ်သန်းကာ ကောင်းကင်နှင့်မြေကြီးကိုပင် တုန်ခါစေနိုင်သည်။

လောဘကြီး၏ ဒုတိယမူလစိတ်ဝိညာဉ်က ဖန်တီးထား သော လျှပ်စီးတန်းများက ဓားစွမ်းအင်နှင့် ထိမိသည့်အခါ တစ်ခုပြီးတစ်ခု ပျက်စီးကုန်သည်။ပြင်းထန်သောအားတစ် ခုက အရပ်မျက်နှာအနှံ့ကနေ ပြန့်ကျဲလို့လာသည်။

အသက်ဓာတ်ချိပ်တံဆိပ်များကို သူ့အား ဝန်းရံထားစေ ကာ ဝမ်လင်းက နောက်သို့ ဆုတ်၏။သို့သော် သူ့မျက်လုံး များကတော့ တောက်ပလျက် ရှိနေသည်။
သူ့ဆရာ၏ဓားစွမ်းအင်ကို ထုတ်လွှတ်ပြီးသည့်နောက် ချန်လုံက တုန်ကင်နောက်သို့ တုံ့ဆိုင်းခြင်းမရှိ လိုက်ပါ သွား၏။သူ့မျက်လုံးထဲ၌ ကျေနပ်မှုတို့နှင့် ပြည့်နေသည်။ သူက အထက်သို့ ချက်ခြင်းဆန်တက်ကာ ထွက်ပြေး လေ၏။

လောဘကြီး၏ဒုတိယမူလစိတ်ဝိညာဉ်က မာန်သွင်းကာ နောက်ကနေ လိုက်ပါ၏။သို့ရာတွင် လင်းထျန်ဟူ၏ ဓား စွမ်းအင်က သန်မာလွန်းလှသည်။၎င်းက ချန်လုံ၏ နတ် ဘုရားအာရုံပါ ပါဝင်နေသဖြင့် သူက ၎င်းစွမ်းအင်ကို လွယ်ကူစွာ ထိန်းချုပ်နိုင်နေသည်။ ဓားစွမ်းအင်က ဒုတိယ မူလစိတ်ဝိညာဉ်၏ လမ်းကြောင်းကို ပိတ်ဆို့လေ၏။ လောဘကြီး၏ ဒုတိယမူလစိတ်ဝိညာဉ်က ထိုဓားစွမ်းအင် ကို မထိဝံ့ပေ။သူက သူ့ဒုတိယမူလစိတ်ဝိညာဉ်က သည်ဓား စွမ်းအင်နှင့် ထိသည်နှင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွား နိုင်ကြောင်းကို သိနေပေ၏။ထို့ကြောင့် သူက ဓားစွမ်းအင် ပျောက်ကွယ်သွားမည့် အချိန်ကိုသာ စောင့်နေရန် ရှိတော့သည်။

ခြင်သားရဲများ၏ ပိတ်လှောင်ခြင်းကို ခံထားရသော လောဘကြီး၏မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားဟန် များ ဖြစ်ပေါ်လာသည်။သူ့နှလုံးသားကတော့ တစစ်စစ် နာကျင်နေရသည်။သို့သော် သူက ချက်ခြင်းပင် သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ လက်ချောင်းအရွယ် စန္ဒကူးသစ်သားပိုင်းတစ်ခု ထွက်ပေါ်လာလေ၏။
၎င်း ထွက်ပေါ်လာသည်နှင့် ၎င်းက မွှေးရနံ့တစ်ခုကို ထုတ်လွှတ်လသည်။သည်စန္ဒကူးသစ်သားက သာမန်ဟု သာ ထင်ရသော်လည်း လောဘကြီး၏မျက်လုံးထဲတွင် တော့ ဝမ်းနည်းမှုတို့နှင့် ပြည့်လို့နေသည်။

"ကောင်လေး မင်းက ဒီအဘိုးအို ကောင်းကင်ဘုံကမ္ဘာရဲ့ ရတနာတစ်ခုကို အသုံးပြုဖို့ အတင်း လုပ်စေခဲ့ပြီ။ ကောင်းကင်ဘုံစိတ်ရှုပ်ထွေးခြင်းအမွှေးတိုင်။ ဒီအဘိုးအိုက မင်းကို အပိုင်းပိုင်း လုပ်ပစ်မယ်..."

လောဘကြီးက အံတင်းတင်းကြိတ်ကာ သူ့ဘယ်လက်ကို မြှောက်လိုက်သည်။သူက ချက်ခြင်းပင် ထိုအမွှေးတိုင်းကို ထွန်းလိုက်ရာ အပြာရောင်မီးခိုးငွေ့တစ်ခုက ၎င်းထံကနေ မြင့်တက် လာခဲ့တော့သည်။

သည်အခိုးငွေ့ တော်တော်လေး ထူးဆန်းလှ၏။၎င်းက ပျံ့နှံ့လာသည်နှင့် ချက်ခြင်းပင် တိမ်ထုတစ်ခုလို ဖြစ်တည် လာသည်။ ခြင်သားရဲများက ထိုတိမ်ထုထဲ၌ ပိတ်လှောင် ထားခြင်း ခံလိုက်ရတော့သည်။တစ်ချိန်တည်းမှာပင် လောဘကြီးက ခြင်သား ရဲအုပ်ထဲကနေ ထိုးထွက်လာခဲ့၏။ သူက ထိုအခိုးငွေ့ပေါ်သို့ ခြေချကာ ချန်လုံနောက်သို့ အတင်း လိုက်ပါသွားတော့သည်။

"စီနီယာလောဘကြီး...ရောင်းရင်းဝမ်...ငါက ဒီတုန် ကင်ကို

ယူသွားပြီ...ကျေးဇူးအများကြီး တင်ပါတယ်" ချန်လုံက
ရယ်မောလိုက်သည်။ သူက ထွက်ပေါက်သို့ မြင်နေရပြီ ဖြစ်၏။

ဝမ်လင်းက အကွာအဝေးတစ်ခုရှိ ချန်လုံကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။သူ့မျက်လုံးများက တစ္ဆေဆန်သော အလင်းကို ပေးစွမ်းလာကာ ခပ်တိုးတိုး ရေရွတ်လိုက် သည်။ "ရပ်တန့်ခြင်း..."

အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန်အစစ်တစ်ခု၏ စွမ်း ကောင်းကင်ဘုံနှင့်မြေကြီးကိုပင် အာက အေးခဲ တောင့်တင်းသွားစေနိုင်ပေသည်။ထူးဆန်းသောအားတစ်ခု က သည်ချောက်နက်ထဲပ ချက်ခြင်း ပြည့်နှက်လာခဲ့သည်။ အားကောင်းသော ကျင့်ကြံသူတစ်ယောက်သာ သည်နေရာ မှာ ရှိနေလျှင် သူက သည်ဧရိယာသည် မမြင်ရသော အမျှင် တန်းများနှင့် ပြည့်နေသည်ကို တွေ့မြင်ရပေလိမ့်မည်။ သည်မမြင်ရသော အမျှင်တန်းများက ချက်ခြင်းပင် ချန်လုံ အား ထွေးခြုံသွား၏။

ချန်လုံက သူ့ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်ဟု ခံစား လိုက်ရ၏။သူ့မူလစိတ်ဝိညာဉ်ပင် ထိုနည်းလည်းကောင်း ခံစားလိုက်ရပေသည်။သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များပင် လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

ချက်ခြင်းပင် သူက မလှုပ်မယှက်ဖြစ်လို့သွား၏။ သည့်နောက် တုန်ကင်က သူ့လက်ထဲကနေ လွတ်ကျသွား သည်။
လောဘကြီးက အလွန်ပျော်ရွှင်သွားကာ သူက အခိုးငွေ့ ကို ထုတ်လွှတ်၍ ချန်လုံကို ဝန်းရံစေလိုက်သည်။ သည့်နောက် သူက တုန်ကင်ထံသို့ တိုက်ရိုက် ဦးတည်သွား သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းက လှုပ်ရှားလာ၏။သူ့ ခြေထောက်အောက်ရှိ ကျောက်ရီ၏ကောင်းကင်ဘုံဓားက တစ်ဟုန်ထိုး ထိုးတက်သွားသည်။ကောင်းကင်ဘုံဓား၏ အ မြန်နှုန်းက အံ့မခနးပင်။ထို့ကြောင့် လောဘကြီး၏ အသွင် က ကြီးစွာ ပြောင်းလဲသွားသည်။

"ဝမ်လင်း...မင်းက ဒီအဘိုးအိုလက်ထဲက ရတနာကို လုယူဖို့ အရည်အချင်း မမှီသေးဘူး..."

လောဘကြီးက တုန်ကင်နှင့် အလွန်နီးကပ်နေခဲ့၏။သူ နှင့် တုန်ကင်က လက်တစ်ကမ်းလောက်သာ လိုတော့သည် ဟု ထင်မှတ်ရသည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက တိုး ညင်းစွာ ပြောလိုက်ပြန်သည်။ "ရပ်တန့်ခြင်း..."

လောဘကြီးက ခဏတာ တုံ့ဆိုင်းသွား၏။သူက ချက် ခြင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသော်လည်း

ကောင်းကင်ဘုံဓား၏ အကူအညီကြောင့် ဝမ်လင်းက နီးကပ်လာခဲ့လေသည်။ဝမ်လင်းက လောဘကြီးကို ဖြတ် ကျော်ကာ တုန်ကင်ကို ယူဆောင်လိုက်ရာ လောဘကြီး၏မျက်လုံးက ပြူးကျယ်သွားတော့၏။

...
"ဝမ်လင်း...မင်း ဒီအဘိုးအိုရဲ့ ရတနာတွေကို ခိုးယူရဲ တယ်လား..." လောဘကြီးမျက်လုံးများက နီရဲတွတ် နေကာ သူက မာန်သွင်း၍ ရှေ့သို့ ထိုးထွက်လိုက်သည်။

ချန်လုံက ပြန်လည်ကောင်းမွန်လာကာ သူ့အသွင်က သုန်မှုန်လို့နေသည်။သူက ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော် လိုက်၏။သူက သူ့အား ဝန်းရံထားသည့် အခိုးငွေ့များကို ချိုးဖျက်လိုက်သော်လည်း သူ့လမ်းကြောင်းကို ယင်းအခိုး ငွေ့များက တားဆီးထားသဖြင့် သူက လွတ်မြောက်နိုင်စွမ်း မရှိ ဖြစ်လို့နေသည်။

သူတို့သုံးယောက်က မီးနတ်ဆိုးနိုင်ငံ၏ ထွက်ပေါက်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။ဝမ်လင်းက ကျောက်ရီ၏အ မြန်နှုန်းကြောင့် ထွက်ပေါက်နှင့် ပိုနီးလို့နေသည်။သည် အခိုက်အတန့်၌ အပြင်ဘက်မှ နေရောင်ကိုပင် မြင်နေရပြီ ဖြစ်သည်။

လောဘကြီးက ရူးသွပ်လုနီးပါး ဖြစ်နေသည်။သူက မာန် သွင်းကာ သိုလှောင်အိတ်ထဲမှ ဧရာမမီးပြင်းဖိုကြီး တစ်ခုကို ထုတ်ယူလိုက်သည်။

သည်မီးပြင်းဖိုက လူတစ်ယောက်အရွယ်အစားလောက် ပင် ရှိကာ နက်မှောင်နေ၏။၎င်းအပေါ်၌လည်း မရေမတွက် နိုင်သော သားရဲပုံစံ စာလုံးများ ရှိလို့နေရာက ကပ်ဘေး အော်ရာကို ပေးစွမ်းကာ နေသည်။

လောဘကြီးက အော်ပြောလိုက်၏။ "စကြဝဠာ ပြန်
ပြောင်းစီးဆင်းခြင်း။ ကောင်းကင်နှင့်မြေကြီး ပြန်ပြောင်း စီးဆင်းခြင်း..."

ထိုမီးပြင်းဖိုက တုန်ခါလာကာ အနက်ရောင် အလင်းတန်းတစ်ခု ထိုးထွက်လာ၏။အနက်ရောင်အလင်း က ကောင်းကင်နှင့်မြေကြီးအား လျင်မြန်စွာ ဖုံးအုပ်သွား သည်။သည်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီး၏ အနေအထားက ပြောင်းပြန် ဖြစ်လို့သွား၏။ကောင်းကင်က မြေကြီး၊မြေကြီးက ကောင်းကင် ဖြစ်လာချေသည်။

ဝမ်လင်း၊ချန်လုံနှင့် လောဘကြီးတို့၏ အနေအထားက ရုတ်တရက် ပြောင်းပြန် ဖြစ်လို့သွား၏။မူလတုန်းက ဝမ် လင်းက ရှေ့ဆုံးတွင် ရှိလို့နေသည်။သို့သော် ခုချိန်၌ အခိုး ငွေ့များ ဝန်းရံထားခံရသည့် ချန်လုံက ဝမ်လင်းနေရာသို့ ရောက်သွားပြီး ဝမ်လင်းက ချန်လုံ၏ မူလနေရာသို့ ရောက် ရှိသွားလေသည်။

ချန်လုံက မှင်သက်သွားကာ သူ့က တော်တော်လေး ကြောက်လန့်မိသွားပြီး စကားတစ်ခွန်းမှ မဆိုတော့ဘဲ ထွက်ပေါ်ထံသို့ တဟုန်ထိုး ပြေးထွက်သွားချေ၏။

သူက ကြောက်လန့်နေမိလေပြီ။သူက သည်လောဘကြီး တွင် ခုလိုမျိုး အံ့မခန်း ရတနာများစွာ ရှိနေလိမ့်မည်ဟု မျှော်လင့်ထားမိခြင်း မရှိခဲ့ပေ။သည်ရတနာက လွန်စွာ သန်မာလွန်းလှ၏။၎င်းက စကြဝဠာကိုပင် ပြန်ပေါင်းစီး ဆင်းစေခဲ့ပေသည်။
"ဒီလောဘကြီးက ဆရာ့ရဲ့မျိုးဆက်တူ ဖြစ်ဖို့ တော်တော် လေး ထိုက်တန်တာပဲ။သူ့ကျင့်ကြံမှုအဆင့်က ဆရာနဲ့ တော်တော်လေးကွာပေမဲ့ သူက ဆရာ့အာရုံကိုတောင် ဖမ်းစားနိုင်တော့ သူနဲ့ ပတ်သတ်လို့ ထူးထူးခြားခြား ဖြစ် နေတာ တစ်ခုခု ရှိကို ရှိနေလိမ့်မယ်.."

ချန်လုံက လောဘကြီးသည် ရတနာများမရှိသည့် မည် သည့်နေရာကိုမျှ မသွားသည်ကို သိမထားခဲ့ပေ။မရေမ တွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက လောဘကြီး က ကောင်းကင်ဘုံနန်းတော်နှင့် ယှဉ်နိုင်လောက်သည့် ရတနာများစွာကို လုံလောက်အောင် ရရှိထားခဲ့ပြီး သူ ဖြစ်သည်။သို့ရာတွင် သူရရှိခဲ့သောရတနာများက ကိုယ်တိုင်ပင် အသုံးမပြုနိုင်သည့်အရာများစွာ ရှိနေခဲ့၏။ သူက သူ့ထံမှ ရတနာများကို လုယူခံရမှာ အလွန်စိုးရိမ် သဖြင့် အတော်လေး သတိထားတက်သူလည်း ဖြစ်နေခဲ့ သည်။သူက တစ်ခုခုမှားသည်ဟု ခံစားမိသည်နှင့် ချက်ခြင်း ထွက်ပြေးတက်ပေ၏။

လောဘကြီးက အသက်ကို လေးပင့်စွာ ရှုလိုက်၏။ ရုတ်တရက် သူ့ခေါင်းကို နောက်လှည့်ကြည့်သည်။သူက အခိုးငွေ့များကြား၌ ပိတ်လှောင်ထားခံရသော ဝမ်လင်းကို စူးစိုက်ကြည့်ကာ ညစ်ကျယ်ကျယ်ပြုံးလိုက်၏။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူက မီးပြင်းဖိုအား စူးစိုက်ကြည့်နေမိ၏။သူ့မျက်လုံး ထဲ၌လည်း ထူးဆန်းသောအလင်းတစ်ခု ရှိလို့နေသည်။
သူက သည်မီးပြင်းဖိုကို သိရှိနေပေ၏။ချက်ခြင်းပင် ဝမ် လင်းက တုန်ကင်ကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်း လိုက်၏။သူ့အောက်ရှိ ကောင်းကင်ဘုံဓားက ဓားတေးသံ ထုတ်လွှတ်လာကာ ကျောက်ရီ၏ နတ်ဘုရားအာရုံက သူ့ စိတ်ထဲသို့ ဝင်လာခဲ့သည်။

"အားကောင်းလိုက်တဲ့ ရတနာ။ ဝမ်လင်း...မင်းကိုယ် မင်း လုံခြုံအောင် နေပါ..."

ကျောက်ရီ၏ကောင်းကင်ဘုံဓားက ဖျပ်ခနဲ ဓားစွမ်းအင် တန်းအဖြစ်ပြောင်းကာ ပျံသန်းထွက်သွားသည်။ဓား စွမ်းအင်များက ဓားကို ဝန်းရံထားပြီး ကောင်းကင်ဘုံဓား က စတင် တဝီဝီလှည့်ပတ်လာသည်။သူတို့ ပတ်လည်ရှိအခိုးငွေ့များက စတင်ဖောင်းကြွလာ၏။သည့်နောက် ကျောက်ရီက အော်ပြောလိုက်သည်။ "ပွင့်သွားစမ်း..."

ပေါက်ကွဲသံတစ်ခုနှင့်အတူ အခိုးငွေ့ပေါ်၌ အပေါက်တစ် ခု ပေါ်လာ၏။ ကောင်းကင်ဘုံဓားက ထိုးထွက်လို့သွား သည်။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူလည်း တဟုန်ထိုး ထိုးထွက်လိုက်၏။

ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က သာမန်ပဲ၊ဒါပေမဲ့ သူ့ရတနာ တွေကတော့ ထူးဆန်းလွန်းလှတယ်။

"လူတစ်ယောက်က ဘယ်လိုများ ဒီလောက်များတဲ့ ရတနာတွေကို ရနိုင်ခဲ့ရတာလဲ..."

ကျောက်ရီထိုးထွက်သွားပြီးနောက် သူ့ကောင်းကင်ဘုံ
ဓားက လောဘကြီးထံသို့ ထိုးစိုက်လာသည်။

လောဘကြီး၏မျက်လုံးများက တောက်ပလို့နေ၏။သူက နောက်သို့ ထပ်ဆုတ်ကာ သိုလှောင်အိတ်ကို ထပ်ပုတ်လိုက် သည်။သည်လုပ်ရပ်က ကျောက်ရီကို ရပ်တန့်သွားစေသည် သာမက ဝမ်လင်းနှလုံးကိုပါ ခုန်ပေါက်သွားစေ၏။

"ဝမ်လင်း...ဒီအဘိုးအိုက စစ်ထူနန်ကို ကျေးဇူးတင် တယ် ပြောလိုက်ပါ။သူ့ကြောင့်သာ မဟုတ်ရင် ငါက အစုတ်အပဲ့ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ နေထိုင်ခဲ့ရမှာ နှစ်သောင်းနဲ့ချီပြီး မဟုတ်ဘူး။ဒီနှစ်သောင်းနဲ့ချီကြာခဲ့တာ ကြောင့်သာ မဟုတ်ရင် ငါအရင်တုန်းက အသုံးမပြုနိုင်ခဲ့တဲ့ ရတနာတွေကို နားလည်နိုင်ခဲ့မှာ မဟုတ်ဘူး..."

လောဘကြီးက သူ့ညာလက်ကိုမြှောက်လိုက်ရာ သူ့လက် ပေါ်၌ အကာအရံ တစ်ခုပေါ်လာခဲ့၏။

ယင်းအကာအရံကို ပစ်လွှတ်လိုက်ရာ ၎င်းက ပေတစ်ရာ လောက်ထိ ကြီးမား ကျယ်ပြန့်လာသည်။ ထိုအကာအရံ မျက်နှာပြင်ပေါ်၌ မှင်ဖြင့်ရေးဆွဲထားသည့် ကုန်းမြေပုံတစ် ခု ရှိလို့နေသည်။တောင်တန်းများက မြူများနှင့် ပြည့်နှက် နေကာ ကောင်းကင်ဘုံကမ္ဘာ၏အော်ရာကို ပေးစွမ်းလို့နေ လေ၏။

"ဒီအဘိုးအိုက ကောင်းကင်ဘုံနယ်မြေရဲ့တောင်နဲ့မြစ် ပန်းချီကားကို ရှာတွေ့နိုင်စွမ်း မရှိခဲ့ပေမဲ့လည်း ဒီ မျက်နှာပြင်ပေါ်မှာ ၎င်းကို ခပ်နှိပ်ထားတဲ့ဟာကိုတော့ ရှာ
တွေ့နိုင်ခဲ့တယ်။ ငါ့အတွက် စုစည်းလိုက်စမ်း..."

လောဘကြီးက ထိုသို့အော်ဟစ်လိုက်ရာ အကာအရံ မျက်နှာပြင်ထံမှ အားကောင်းသော စုပ်အား တစ်ခု ထွက် ပေါ်လာသည်။

ကောင်းကင်ဘုံဓားပေါ်၌ ကျောက်ရီ၏ ပုံရိပ်က ပေါ်ထွက်လာသည်။သူက အလေးအနက် ဖြစ်လို့နေ၏။သူ့ ညာလက်ကို ရှေ့သို့ ညွှန်လိုက်သည်။ချက်ခြင်းပင် သူက သူ့ တွင် ကျန်နေသေးသော အသက်ဓာတ်ဓားစွမ်းအင်နှစ်ခုမှ တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။

ဝမ်လင်းအသွင်က သုန်မှုန်သွား၏။သူက ချက်ခြင်းပင် သူ့ကိုယ်ထဲရှိ လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို အသက်သွင်း လိုက်သည်။ဓားစွမ်းအင်က ထိုဖိအားကို ဖြတ်ကျော်ကာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေ၍ အောက်သို့ ဆင်း ပြေးသည်။သူ့နောက်တွင်တော့ လောဘကြီး၏ လျှပ်စီး တန်းများ ဖုံးလွှမ်းနေသည့် ဒုတိယမြောက်မူလစိတ်ဝိညာဉ် ရှိလို့နေကာ ၎င်းက ဝမ်းလင်းနောက်သို့ လိုက်ပါလာ၏။

ရှေးဟောင်းမိုးကြိုးနဂါး...

ဓားစွမ်းအင်ဖြင့် လမ်းကြောင်းတစ်ခု ဖြစ်စေပြီးနောက် အသုံးပြုကာ ဝမ်လင်းက သူ့အမြန်နှုန်းအားလုံးကို အောက်ခြေသို့ တဟုန်ထိုး ဆင်းလာသည်။သူက ခုချိန်တွင် ကျောက်ရီကို စိတ်ပူပန်နေခြင်း မရှိပေ။အကြောင်းကတော့ လောဘကြီးက ရတနာများစွာ ရှိနေသော်လည် ကျောက်ရီ ကို လွယ်လင့်တကူ ဖိနှိပ်နိုင်မည် မဟုတ်သောကြောင့်ပင်။

သူက ခုချိန်၌ ထွက်ပေါက်တစ်ခုလိုကာ ကျောက်ရှိရောက်လာမည့်အချိန်ထိ တက်နိုင်သမျှ အချိန်ဆွဲပေးနေရန် ဖြစ်သည်။

"ဒီလောဘကြီးက ရတနာတွေများလွန်းတယ်။ငါက သူ့ သိုလှောင်အိတ်ထဲမှာ ဘယ်လောက်များတဲ့ ရတနာတွေ ရှိနေနိုင်မလဲတောင် မသိတော့ဘူး။စီနီယာ ကျောက်ရီက အနိုင်ရမယ်ဆိုရင်တောင် အချိန်တစ်ခုတော့ လိုဦးမှာပဲ..." ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ဓားစွမ်းအင်ဖြင့်သူ က အောက်ဘက်မှ ခုခံမှုအားကို ချိုးဖျက်ကာ ဆက်၍ ဆင်းသက်လို့နေ၏။
သူ့နောက်တွင်တော့ လောဘကြီး၏မူလစိတ်ဝိညာဉ်က နီးကပ်စွာ လိုက်ပါလာခဲ့သည်။သည်ဒုတိယမြောက်မူလ စိတ်ဝိညာဉ်က သလင်းနှင့်ပြုလုပ်ထားသည့် လူသေးလေး တစ်ယောက် ဖြစ်နေသည်။ထိုလူသေးလေးကို လျှပ်စီး အလင်းတန်းများက လွှမ်းခြုံလို့ထားလေသည်။

အောက်ဘက်မှ ခုခံအားများက လျှပ်စီးအလုံးများ ကြောင့် ချိုးဖျက်ခြင်း ခံနေရ၏။သူ့မျက်လုံးများကလည်း ဝမ်လင်းထံသို့ စူးရဲစွာကြည့်လို့နေသည်။သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အောက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

သူ့ပတ်လည်ရှိ လျှပ်စီးလုံးကိုးလုံးက ချက်ခြင်းပင် ပုတီး ကုံးကဲ့သို့ ချိတ်ဆက်သွား၏။သည့်နောက် ခုခံအားကို မြှား တစ်စင်းအလား ထိုးခွင်းကာ ဝမ်လင်းထံသို့ တိုက်ရိုက် ပျံသန်း တိုးဝင်လာချေသည်။

"မိုးကြိုး..." ဝမ်လင်းက ခေါင်းလှည့်၍ ပြန်ကြည့် လိုက်၏။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နတ်ဘုရား သတ်ဖြတ်ခြင်း စစ်ရထားက ချက်ခြင်း ပျံထွက်လာသည်။ ၎င်းက လေထဲ၌ လျှပ်စီးအလုံးအဖြစ်သို့ ပြောင်းလဲသွားပြီး နောက် မြန်ဆန်စွာပင် မိုးကြိုးသားရဲအဖြစ်သို့ ပြောင်းလဲ သွားပြန်သည်။

သည်မိုးကြိုးသားရဲက ကောင်းကင်ဘုံမိုးကြိုးသားရဲ မည်၏။၎င်းက ပေါ်ထွက်လာသည်နှင့် အစိမ်းရောင်အခိုး
ငွေ့တန်းနှစ်ခုကို နှာမှုတ်ထုတ်လိုက်သည်။၎င်းက မျက်လုံး များကလည်း လျှပ်စီးများနှင့် ပြည့်လို့နေသည်။၎င်း၏ အကြည့်အောက်၌ လျှပ်စီးလုံးကိုးလုံးက အရှိန်လျော့ကျ သွားခြင်း မရှိသည့်အပြင် ပို၌ပင် မြန်ဆန်လာသေးသည်။

မိုးကြိုးသားရဲက သူ့ပါးစပ်ကိုဟကာ မာန်သွင်းလိုက်၏။ လျှပ်စီးလုံးကိုးခုက ရုတ်တရက် တုန်ခါသွားကာ သည့်နောက် ဝမ်လင်းထံသို့ ဦးတည်သွားရမည့်အစား ၎င်း တို့က မိုးကြိုးသားရဲထံသို့သာ တိုးဝင်သွားပြီး ၎င်း၏ မြိုချ ခြင်းကို ခံလိုက်ရချေသည်။

လောဘကြီး၏ဒုတိယမူလစိတ်ဝိညာဉ်၏ လက်ခနဲ ဖြစ်သွား၏။သူက သူ့ခန္ဓာကိုယ်အား လှုပ်ရှား မျက်လုံးက လိုက်ရာ သူ့ပတ်လည်ရှိ လျှပ်စီးမိုးကြိုးနက်များအားလုံးက ဝမ်လင်းနှင့် မိုးကြိုသားရဲထံသို့ မိုးရွာသလို ကျဆင်းလာချေ သည်။

တစ်ပြိုက်နက်တည်းမှာပင် ဒုတိယမြောက်မူလစိတ် ဝိညာဉ်က ၎င်း၏ နှဖူးအား ပုတ်လိုက်ရာ လျှပ်စီးတန်းများ ဖုံးအုပ်ထားသည့် တူတစ်လက် ရုတ်တရက် ပေါ်ထွက်လာ ချေ၏။သူက ထိုတူကို ဖမ်းဆုပ်ကာ အောက်သို့ ဖိချလိုက် လေသည်။

ဝုန်း...ဝုန်း...ဝုန်း...။

မိုးကြိုးခြိမ်းသံများက ပေါက်ကွဲထွက်လာကာ ထိုတူထံမှ လျှပ်စီးတစ်ခု ထိုးထွက်လာသည်။ထိုလျှပ်စီးက နဂါးတစ်
ကောင်ကဲ့သို့ ရွှေ့လျာလာကာ ဝမ်လင်းထံသို့ ဦးတည်၍ ကုတ်ဆွဲချလာ၏။

ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူ လိုက်သည်။ သည့်နနောက် အသက်ဝဝရှူသွင်းကာ သူ့ရှေ့ တွင် စုတ်ချက်များကို ရေးဆွဲလိုက်၏။ စုတ်ချက်ငါးခု သင်္ကေတက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ၎င်း အထဲ၌ သူ့မူလစိတ်ဝိညာဉ် အစိအပိုင်းငါးခု ပါဝင်နေခဲ့ သည်။

သည်ရွှေရောင်သင်္ကေတက မျက်စိကျိန်းလောက်သည့် အလင်းကို ထုတ်လွှတ်လာသည်။၎င်းက ပေါ်ထွက်လာ သည်နှင့် နေတစ်စင်းအလား တောက်ပလာခဲ့သည်။လျှပ်စီး နဂါးရောက်ရှိလာသည့် အခါတွင် သင်္ကေတနှင့် လေထဲ၌ ထိတိုက်သွားကြ၏။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ချေက်ထဲ၌ ပဲ့ တင့်ထပ်သွားကာ အငူစွန်းများမှ ကျောက်တုံးကျောက်စ များစွာပါ ပြုတ်ကျလာခဲ့သည်။သည်ကျောက်များကို အောက်ဘက်မှ ခုခံမှုအားက ပင့်တင်ပေးထားလေသည်။

သည်အခိုက်အတန့်၌ အောက်ဘက်မှ ထွက်ပေါ်လာနေ သော ခုခံအားပင် အနည်းငယ် အရှိန်လျော့သွားရ၏။

ထိုသင်္ကေတက နတ်ဘုရားအာရုံအပိုင်းအစငါးခု အဖြစ် ကွဲထွက်ကာ ဝမ်လင်းကိုယ်ထဲသို့ ပြန်ရောက်ရှိသွားသည်။
ဝမ်လင်း၏ ခန္ဓာကိုယ်က ဒယိုင်းဒယိုင် ဖြစ်သွားကာ သူ့ မျက်နှာက ဖြူရောလို့သွား၏။ ချက်ခြင်းပင် ဝမ်လင်းက အောက်ဘက်သို့ ဆက်၍ ပျံသန်းသွားလိုက်၏။

လျှပ်စီးနဂါးက ရှေ့သို့ ဆက်တိုးဝင်လာခြင်း မရှိဘဲ လေ ထဲ၌ မလှုပ်မယှက် ရပ်တန့်နေသည်။ခုခံအားက ၎င်းကို ပင့် တွန်းသည့်အခါ ၎င်းလျှပ်စီးနဂါးပေါ်၌ မရေမတွက်နိုင် သော အက်ကွဲကြောင်းများ ပေါ်လာပြီး ပျက်စီးသွားချေ သည်။

မိုးကြိုးသားရဲကတော့ ကျရောက်လာသော လျှပ်စီးလုံး များကို ပျော်ရွှင်စွာ ပါးစဟ၍ စားသောက်လို့နေသည်။ ပျက်စီးသွားသော လျှပ်စီးနဂါးကိုပင် ၎င်းက ဝါးမြို ပစ်လိုက်လေ၏။သည့်နောက် လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို ၎င်းက ရန်စ သည့်အကြည့်ဖြင့် ကြည့်ကာ ဝမ်လင်းနောက်သို့ လိုက်ပါ သွားသည်။

လောဘကြီး၏

ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ မျက်လုံးများက အေးစက်နေကာ သူက မြင်းဟီသံလိုအသံ မျိုးဖြင့် ပြောလိုက်သည်။ "သေလိုက်စမ်း သားရဲစုတ်..."

သူက လက်ထဲရှိ မိုးကြိုးတူကို ဝှေ့ယမ်းလိုက်ရာ ယင်းတု က စတင်နီရဲလို့လာ၏။သူက ဝမ်လင်းနောက်သို့ မြန်ဆန် စွာ ဆက်လိုက်လာရင်း တူပေါ်ရှိ အနီရောင်အလင်းက လည်း ပို၍ပို၍ အားကောင်းလာခဲ့သည်။နောက်ဆုံးတွင်
တူက သွေးနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာချေ သည်။

သူ့နောက်မှ ဝမ်လင်းက ထွက်ပြေးနေရင်းဖြင့် အားကောင်းသော မိုးကြိုးတစ်ခုကို ရုတ်တရက် ခံစားလိုက် မိသဖြင့် သူ့ဆံပင်များကိုပင် တင်းကြပ်သွားစေ၏။မိုးကြိုး သားရဲသည်လည်း အလေးအနက် ဖြစ်လာခဲ့၏။၎င်းက နောက်သို့ ပြန်ကြည့်ကာ မာန်ဖီသည်။

"လောဘကြီးရဲ့ ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ဘယ်လို စိတ်ဝိညာဉ်မျိုးများလဲ..."

ဝမ်လင်းအသွင်က သုန်မှုန်လို့နေသည်။ ခုခံအားက လည်း ပို၍ အားကောင်းလာခဲ့၏။သို့သော်လင်းထျန်ဟူ၏ ဓားစွမ်းအင်ကလည်း သန်မာလှသည်သာ ဖြစ်သည်။သူက လျှပ်စီးတန်းအလား လှုပ်ရှားကာ အောက်သို့ ဆင်းသက် လာနေသည်။

လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကလည်း ဝမ်လင်းနောက်သို့ နီးကပ်စွာ လိုက်ပါလာသည်။

သူတို့နှစ်ယောက်က အောက်ခြေသို့ အဆက်မပြတ် သက်ဆင်းလာနေကြ၏။သို့ရာတွင် သူတို့က အောက်ခြေ နှင့် ပို၍ နီးကပ်လာလေလေ ခုခံမှုအားကလည်း ပိုသန်မာ လေလေ ဖြစ်နေသည်။အဆုံးသပ်၌ သူတို့၏ အမြန်နှုန်းက နှေးကွေးသွားကြတော့၏။

လောဘကြီး၏ဒုတိယမြောက်

မူလစိတ်ဝိညာဉ်က
ဖြည်းဖြည်းချင်း ပြောလာသည်။ "ကောင်းကင်ဘုံဖျက်စီး ခြင်း မိုးကြိုး..."

သည့်နောက် သူက လက်ထဲရှိ တူကို ဝှေ့ယမ်းလိုက်ရာ တူပေါ်ရှိ အနီရောင်အလင်းက မြန်ဆန်စွာ ပျံသန်းထွက် လာသည်။ယင်းအလင်းက ဝမ်လင်းနှင့် သူ့မိုးကြိုးသားရဲတို့ ထံသို့ ကျဆင်းလာခြင်း မဟုတ်ပေ။သို့သော် ထိုအစား ၎င်း က ချောက်၏ အငူစွန်းအကို တူးဆွလို့သွားသည်။

ဝမ်လင်းမျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ သူက သေ ရှင်းရှင်ရေးအာရုံသိကို ခံစားလိုက်မိသည်။သည် အခိုက်အတန့်၌ သူက မိုးကြိုးသားရဲကို ချက်ခြင်း ဆွဲယူ ကာ သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းသည်။ သည့်နောက် သူ့ကိုယ်ပေါ်ရှိ အသက်ဓာတ်ချိပ်တံဆိပ်များ ကို စုစည်းလိုက်ပြီး တစ်ချိန်တည်းမှာပင် သူက သွေး ကျောက်စိမ်းများစွာကို ထုတ်ယူကာ အားလုံးကို ခွဲချေလိုက် သည်။

သည်သွေးကျောက်စိမ်းပြားများက ယောင်ရှင်းရွှယ်ထံမှ ရရှိထားခြင်း ဖြစ်သည်။ ခုချိန်တွင် သူက ၎င်းတို့ကို ခွဲချေ လိုက်သည့်အတွက် သွေးရောင်အလင်းက သူ့အား ဝန်းရံ ပေးကာ အကာအကွယ်အလွှာ တစ်ခုပြီးတစ်ခု ဖြစ်သွား စေသည်။

ဝမ်လင်းက ထိုအရာများအားလုံးကို ပြုလုပ်ပြီး သည့်နောက် အငူစွန်းတစ်ဖက်ကနေ အနီရောင်အလင်း
တစ်ခု ဖျပ်ခနဲ ထွက်ပေါ်လာ၏။အနီရောင်အစက်များက လည်း အငူစွန်းမျက်နှာပြင်ပေါ်၌ ရုတ်တရက် ပေါ်ထွက် လာခဲ့သည်။

ထိုအနီရောင်လျှပ်စီးအလင်းက ဝမ်လင်းကို ဝန်းရံသွား ကာ သူ့သွေးအလင်းအကာအကွယ်များကို ထွင်းဖောက် သွားကာ ပေါက်ကွဲသံများ ဖြစ်စေ၏။တစ်ချို့လျှပ်စီးများက ဝမ်လင်းထံသို့ပင် ရောက်ရှိလာကာ ချိပ်တံဆိပ်များက တားဆီးပေးသည်။ အသက်ဓာတ်

ဝမ်လင်းအသွင်က ပို၍ သုန်မှုန်လာခဲ့သည်။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားသုံးလက် ထွက် ပေါ်လာသည်။လင်းထျန်ဟူ၏ ဓားစိတ်ဝိညာဉ်များကို ယင်း ဓားသုံးလက်ထဲသို့ ထည့်သွင်းကာ ဝမ်လင်းက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာည်ထံသို့ လက်ညွှန်လိုက်သည်။ ဓားစွမ်းအင်များက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လို့သွား၏။

"မင်းက တိုက်ခိုက်ချင်နေတော့လည်း တိုက်ခိုက်ကြတာ ပေါ့ကွာ..." ဝမ်လင်းက ဆက်လက် ထွက်ပြေးရန် မ ကြိုးစားတော့ပေ။ဝမ်လင်းက ဒေါသထွက်လာခဲ့ပြီ ဖြစ်၏။

ဓားသုံးလက်က အစီအရင်တစ်ခုအသွင် ဖြစ်ပေါ်ကာ ထိုး ထွက်သွား၏။ကြွက်၊ဝက်နှင့်သိုး တည်းဟူသော မကောင်းဆိုးဝါးစိတ်ဝိညာဉ်သုံးခုက လင်းထျန်ဟူ၏ ဓား
စွမ်းအင်များနှင့် ပေါင်းစပ်သွားချေသည်။၎င်းတို့က လျှပ်စီး ပိုက်ကွန်ကို ထွင်းဖောက်ကာ လောဘကြီး၏ ဒုတိယ မြောက်မူလစိတ်ဝိညာဉ်ထံသို့ ထိုးစိုက်လာကြသည်။

လောဘကြီး၏ ဒုတိယမြောက် မူလစိတ်ဝိညာဉ်က လွန်စွာ တောက်ပသွားကာ သူ့မျက်လုံးများက အလေး အနက် ဖြစ်လာ၏။သူက တူကို လေထဲသို့ ခုတ်ပိုင်း၏။ သည့်နောက် လျှပ်စီးနဂါးများစွာ ပေါ်ထွက်လာပြီး သူ့အား ဝန်းပတ်သွားသည်။ဓားသုံးလက် မကောင်းဆိုးဝါးစိတ်ဝိညာဉ်သုံးခက ရောက်ရှိလာချိန်၌ ပျံသန်းထွက်လာပြီး ထိုလျှပ်စီးနဂါးများနှင့် စတင်တိုက်ခိုက်ကြလေသည်။

ဓားသုံးလက်က လှည်ပတ်နေကာ ရုတ်တရက် ရှေ့သို့ ထိုးစိုက်လာသည်။သို့ရာတွင် ၎င်းတို့က လျှပ်စီးနဂါးများ၏ ပိတ်ဆို့ခြင်းကို ခံလိုက်ရသဖြင့် လောဘကြီး၏ မူလစိတ် ဝိညာဉ်ကို ထိုးစိုက်လိုက်နိုင်ခြင်း မရှိတော့ချေ။

လင်းထျန်ဟူကိုယ်တိုင်၏ မူလဓားစွမ်းအင် သည်နေရာ မှာ မရှိသ၍ လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ် က အများကြီး ဂရုစိုက်နေလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သည်ဓားသုံးလက်ထဲရှိ ဓားစွမ်းအင်များကလည်း သူ့ကို အလွန်သတိထားရစေသည်သာ ဖြစ်သည်။သူက ထိုဓား စွမ်းအင်များကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့် ပြုနိုင် မည် မဟုတ်ပေ။သူက ချက်ခြင်းပင် လျှပ်စီးနဂါးများကို အသုံးပြုကာ ဓားစွမ်းအင်များကို အားနည်းသွားအောက် ပြုလုပ်နေ၏။
လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ် မျက်ခုံး နှစ်ခုကြားမှ အမှတ်အသားတစ်ခုက ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။သည်အမှတ်အသားက နက်ရှိုင်းက ဖြည်းဖြည်းချင်း လင်းလက်နေ၏။ အလွန်

ဝမ်လင်းက သွေးအလင်းများဖြင့် ဖုံးလွှမ်းထား၏။လင်း ထျန်ဟူ၏ ဓားစွမ်းအင်မရှိလျှင် သူ့အောက်ရှိ ပင့်တင့်နေ သော ခုခံမှုအားက အလွန်အားကောင်းနေမည်ဟု သူက ခံစားမိ၏။သူက ထိုချောက်ထဲမှ ခုခံအားကို ငှားယမ်းကာ အပေါ်သို့ ဆန်တက်လိုက်သည်။သူက အရင်ထက် အဆ များစွာ ပိုမြန်ဆန်သွားကာ လျှပ်စီးပိုက်ကွန်ကို ထွင်း ဖောက်ပြီး ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် တိုးဝင်လာသည်။

သူ့ပတ်လည်ရှိ သွေးအလင်းများစွာက ပျောက်ကွယ်သွား ခဲ့ပြီ ဖြစ်၏။သူက သွေးကျောက်စိမ်းပြားများကို ဆက်တိုက် ခွဲချေကာ သူ့ကိုယ်သူအား ဆက်တိုက် ကာကွယ်နေ စေသည်။

သူက သည်သွေးအလင်းသာ အကာအကွယ်သာ မရှိပါ က သည်လျှပ်စီးပိုက်ကွန်အတွင်း၌ သူ့တွင် အသက်ဓာတ် ချိပ်တံဆိပ်များ ရှိနေလျှင်တောင် သေရေးရှင်ရေး အခြေအနေ ဖြစ်တော့ပေမည်။

"အတိတ်တုန်းက မီးခိုးရောင်ဝတ်ရှေ့ဖြစ်ဟောသူက ဒီ အသက်ဓာတ်ချိတ်တံဆိပ်တွေရဲ့ ခုခံအားက အလွန်အမင်း
အားကောင်း တယ်လို့ ပြောခဲ့တယ်။ဒါက သာမန်မန္တာန် တွေနဲ့ ယှဉ်ရင်တော့ ဟုတ်လိမ့်မယ်။ဒါပေမဲ့ ငါ့ထက် သန်မာတဲ့လူနဲ့ ရင်ဆိုင်ရတဲ့ အခါကျတော့ ဒါက လုံလောက်တော့ဘူး။ ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်က မပြည့်စုံတာလား...ဒါမှမဟုတ် မီးခိုးရောင်ဝတ် ရှေ့ဖြစ်ဟောသူက ငါ့ကို လှည့်ဖျားခဲ့တာလား..."

ဝမ်လင်းက ချက်ခြင်းပင် လောဘကြီး၏ဒုတိယမြောက် မူလစိတ်ဝိညာဉ် မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားကို တွေ့ မြင်လိုက်သည်။

"ဒါက လောဘကြီးရဲ့ သူ့ဒုတိယမြောက် မူလစိတ် ဝိညာဉ်ကို ထိန်းချုပ်ဖို့ ချိပ်တံဆိပ် ဖြစ်လိမ့်မယ်။ငါက ဒါကို ဖျက်စီးပစ်ဖို့ လိုတယ်..." ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။လျှပ်စီးပိုက်ကွန်က အလွန်သိပ်သည်းလှ၏။သူ လှုပ်ရှားသည့်အခါ ယင်းလျှပ်စီးပိုက်ကွန်က ပို၍ပင် အားကောင်းလာနေခဲ့သည်။

သို့ရာတွင် သည်အခိုက်အတန့်၌ လောဘကြီး၏ ဒုတိယ မြောက်မူလစိတ်ဝိညာဉ်၏ မျက်လုံးများက အေးစက်လာ ကာ ဝမ်လင်းပတ်လည်ရှိ လျှပ်စီးပိုက်ကွန်သည်လည်း ချက် ခြင်း ကျုံ့လာခဲ့၏။

မရေမတွက်နိုင်သော လျှပ်စီးတန်းများက ဝမ်လင်းထံသို့ စတင် စုစည်းလာသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းက သူ့ခုခံမှုကို လက်လျော့
လိုက်လေပြီ။ သူ့မျက်လုံးများကလည်း နီရဲလာကာ သူက အော်ပြောလိုက်သည်။ "ကောင်းပြီ..ဒီနေ့ မင်းသေမလား၊ ငါသေမလား...ကြည့်ရတာပေါ့..."

ဝမ်လင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိလိုက် သည့်အခါ ဓားသုံးလက်က ပို၍ မြန်ဆန်လာ၏။လင်းထျန် ဟူ၏ ဓားစွမ်းအင်များကလည်း ထိုဓားသုံးလက်ထံကနေ ပျံ့နှံ့လာသည်။

"ရပ်တန့်ခြင်း..." ဝမ်လင်းထံမှ ကျယ်လောင်သောအသံ တစ်ခု ထွက်ပေါ်လာ၏။သည်အခိုက်အတန့်၌ ကောင်းကင်ဘုံမန္တာန်ရပ်တန့်ခြင်းကို အစွမ်းကုန် သုံးလိုက်ခြင်း ဖြစ်သည်။ ဝမ်လင်းက

လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ လက် က ရုတ်တရက် တံ့ဆိုင်းသွားသည်။

ဝမ်လင်းမျက်လုံးများက လွန်စွာ တောက်ပလာကာ သူက အော်ပြောလိုက်သည်။ "သတ်..."

ချက်ခြင်းပင် ဓားသုံးလက်၏အော်ရာက အထွတ်အထိပ် သို့ ရောက်သွားပြီး လျှပ်စီးနဂါးများအား လျင်မြန်စွာ ဖြတ် ကျော်သွားသည်။သည်ဓားသုံးလက်လုံးက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို ထိုးစိုက်သွားပြီးနောက် သူ့ခန္ဓာကိုယ်အား ထွင်းဖောက်သွား၏။

လင်းထျန်ဟူ၏ဓားစွမ်းအင်က လောဘကြီး၏ဒုတိယ မြောက်မူလစိတ်ဝိညာဉ်ကို ထိုးထွက်သွားသည့်အခါ၌ သူ့
စိတ်ဝိညာဉ်ခန္ဓာကိုယ်ထဲ၌ ဝရုန်းသုန်းကား ဖြစ်သွား၏။ လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်

ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်ခုံးနှစ်ခုကြားရှိချိပ်တံဆိပ်အမှတ်အသားကလည်း ရူးသွပ်ဖွယ် တဖျပ်ဖျပ် ဖြစ်လာသည်။သည်ချိပ်တံဆိပ်က သူ့ခန္ဓာကိုယ်အနှံ့အား ပျံ့နှံ့စေကာ အဖျက်အစီးအားကို ခုခံရန် ကြိုးစားလာသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းထံသို့ ကျုံ့လာသော လျှပ်စီးပိုက်ကွန်က ရုတ်တရက် ပျက်စီးလို့သွားသည်။ဝမ် လင်းက တစ်ဟုန်ထိုး တိုးထွက်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ နတ်ဆိုးမိစ္ဆာချပ်ဝတ်က သူ့ခန္ဓာကိုယ် ထက်၌ ပေါ်လာခဲ့၏။နတ်ဆိုးမိစ္ဆာစွမ်းအင်များက ပျံ့နှံ့လာ ကာ သူ့လက်ချောင်းအား ရုတ်တရက် ပင့်မြှောက်လိုက်၏။ သူက နတ်ဆိုးလက်ချောင်းကို အသုံးပြုလိုက်ခြင်းပင်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက နောက်ထပ် လက်ညှိုး ထပ်ညွှန်ကာ တစ္ဆေလောကမြစ်ကို အသုံးပြုလိုက်လေ၏။ တစ္ဆေလောက လက်ချောင်းပေါ်ထွက်လာသည်နှင့် တစ္ဆေ လောကမြစ်ကပါ ယင်းလက်ချောင်းနှင့်အတူ ထိုးတက် သွားလေသည်။

ဝမ်လင်းက မန္တာန်နှစ်ခု၏ အကူအညီဖြင့် နီးကပ်လို့ လာ၏။သူ့အမြန်နှုန်းကလည်း အောက်ဘက်မှ ခုခံအား အကူအညီဖြင့် တိုးတက်လာခဲ့၏။ဝမ်လင်းက လောဘကြီး၏ ဒုတိယမြောက်မူလစိတ်ဝိညာဉ်နားသို့
ရောက်ရှိသွားကာ ထိုမန္တာန်နှစ်ခုကို သူ့အပေါ်သို့ ဖိနှိပ်ချ လိုက်သည်။

ဝမ်လင်းမျက်လုံးများက နီရဲနေကာ သူက အော်ပြော လိုက်၏။ "ငါ့အတွက် ပေါက်ကွဲလိုက်စမ်း..."

လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်၏ မျက်ခုံး နှစ်ခုကြားမှ ချိပ်တံဆိပ်အမှတ်အသားသည် ပြင်းထန်စွာ တုန်ယင်လာခဲ့ကာ ပုံမှန်အတိုင်း ပြန်ဖြစ်ရန် ကြိုးပမ်းလို့ နေသည်။သို့ရာတွင် ဝမ်လင်းနှင့် မန္တာန်နှစ်ခုက နောက်ထပ် ချက်ကောင်းတိုက်ချက်ဖြင့် ကျရောက်လာ သည့်အခါ ထိုချိပ်တံဆိပ်သည် ပျက်စီးသွားလေတော့သည်။

ထိုချိပ်တံဆိပ်နှင့်အတူ လောဘကြီး၏ ဒုတိယမြောက် မူလစိတ်ဝိညာဉ်သည်လည်း စတင် ပျက်စီးလာ၏။ ၎င်း၏ သလင်းခန္ဓာကိုယ်ပေါ်တွင် မရေမတွက်နိုင်သောအက်ကွဲ ကြောင်းများ ပေါ်ထွက်လို့လာခဲ့သည်။

သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။သူက ဓားသုံးလက်ကို ပြန်ဆင့်ခေါ်ကာ နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လေ၏။

ဒုတိယမြောက်မူလစိတ်ဝိညာဉ်ထံကနေ ကပ်ဘေးအော် ရာတစ်ခုက အရူးအမူး ပျံ့နှံ့လို့လာကာ နှိုးဆမရသည့်အော် ရတစ်ခုက အက်ကွဲကြောင်းများထဲကနေ စိမ့်ထွက်လာခဲ့ သည်။သည်အော်ရာက သားရဲတစ်ကောင်၏အော်ရာပင်။

ဓားသုံးလက်ပေါ်ရှိ စိတ်ဝိညာဉ်သုံးခုက ချက်ခြင်း

...
တုန်ယင်သွားကြသည်။

ချောက်နက်၏ ထွက်ပေါက်ရှိ ကျောက်ရီနှင့်တိုက်ခိုက် နေသော လောဘကြီးသည် ပြင်းထန်စွာ တုန်ယင်သွားကာ သွေးအန်ထုတ်လိုက်ရ၏။သူက သူ့အောက်ဘက်သို့ ကြက်သေသေသည့်ဟန်ပန်ဖြင့် ငုံ့ကြည်နေမိ၏။

"3]..."

လောဘကြီး၏ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ဘန်း ကနဲ ပေါက်ကွဲထွက်သွားခဲ့၏။သို့သော် ထိုပေါက်ကွဲသွား သော အခိုက်မှာပင် အစိမ်းရောင်အလင်းတန်းတစ်ခုက ၎င်း၏မျက်ခုံးနှစ်ခုကြားကနေ ထွက်ပေါ်လာသည်။ယင်း အစိမ်းရောင်အလင်းထံကနေ ထူထဲသော ကပ်ဘေးအော် ရာတစ်ခု ပျံ့နှံ့လို့လာ၏။

ပေါ်ထွက်လာသည်နှင့် အစိမ်းရောင်အလင်းတန်းက အစိမ်းရောင်နဂါးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားချေ သည်။

သည်နဂါး ပတ်လည်၌ လျှပ်စီးများက စီးပတ်နေကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။သည်အကောင် က ရှေးဟောင်းမိုးကြိုးနဂါးပင် ဖြစ်ကာ အလွန်ကျော်ကြား လှ၏။အတိတ်တုန်းက လောဘကြီး အခြေခံတည်ဆောက် ခြင်းအဆင့်တွင် ရှိစဉ် သူက အငူစွန်းတစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ကာ သည်မိုးကြိုးနဂါးပေါက်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သူက ၎င်းကို သေချာ သိမ်းဆည်းထားပြီး
အန္တရာယ်နှင့် ရင်ဆိုင်ရသည်နှင့် ထိုမိုးကြိုးနဂါး၏အော်ရာ က သူ့ကို ကာကွယ်ပေးခဲ့ပေသည်။

သည့်နောက်တွင် လောဘကြီးက သာမန်မြို့လေးတစ်မြို့ မှ အပျက်အစီးရတနာတစ်ခုကို ဝယ်ယူခဲ့ဖူး၏။သို့ရာတွင် ၎င်းရတနာကို သေချာ လေ့လာကြည့်သည့်အခါ ယင်းက အပျက်အစီးမဟုတ်ဘဲ ရှေဟောင်းနတ်ဆိုးမိစ္ဆာတစ်ကောင် ဖြစ်နေ၏။ လောဘကြီးက ယင်းကို အသုံးပြု၍ မိုးကြိုးနဂါး ကို ဘယ်တော့မှ နိုးထမလာဘဲ သူ့ထိန်းချုပ်မှုအောက်တွင် သာ ရှိနေစေရန် ချိပ်ပိတ်ထားနိုင်ခဲ့သည်။

သည့်နောက် သူက အာဏာတက်ခြင်းအဆင့်သို့ ရောက် ရှိလာသည့်အခါ ၎င်းကို သူ့ဒုတိယမြောက်မူလစိတ်ဝိညာဉ် အဖြစ် သန့်စင်ပစ်ခဲ့၏။သို့ရာတွင် သူက ၎င်းကို များစွာ လှုံ့ဆော်ဝံ့ခြင်း မရှိပေ။သူက ၎င်းမိုးကြိုးနဂါး သူ့ထိန်းချုပ် မှုကနေ လွတ်၍ နိုးထလာမည်ကို စိုးရိမ်နေခဲ့ခြင်းကြောင့် ဖြစ်၏။

သည်အစိမ်းရောင်နဂါးက

မျက်လုံးဖွင့်လာကာ အစစ်အမှန်နဂါးတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။

သည်အခိုက်အတန့်၌ ကောင်းကင်က အရောင်ပြောင်း၍ တိမ်များပင် စုဝေးသွားခဲ့ရသည်။ဒီလှိုင်းအသူတစ်ရာ ချောက်၏ အောက်ခြေမှ ခုခံမှုအားပင် တွန်းထုတ်ခံလိုက်ရ လေသည်။

ဝမ်လင်းက ခါးသီးစွာပြုံးမိတော့၏။ သူက တုံ့ဆိုင်းခြင်း
မရှိ သူ့ကိုသူ နောက်သို့ အတင်းဆုတ်၍ သည်အစိမ်းရောင် နဂါးနှင့် အဝေးတွင် နေလိုက်သည်။

"လောဘကြီး...လောဘကြီး...ဒီလူက ရတနာတွေနဲ့ ပြည့်နေတဲ့လူပဲ. သူ့ဒုတိယမြောက် မူလစိတ်ဝိညာဉ် ကတောင် ဒီလို နဂါးတစ်ကောင် ဖြစ်နေတယ်။ အတိတ် တုန်းက ရှေးဟောင်းနတ်ဘုရား ထူစီ သန့်စင်မွန်းမံထားတဲ့ မီးပြင်းဖိုတောင် သူ့လက်ထဲ ရောက်နေခဲ့တယ်။သူ့ကျင့်ကြံ မှုအဆင့်ကလည်း မြင့်မားနေသေးတယ်။ ဒါ့ကြောင့်သူက ကောင်းကင်ဘုံက ကံကောင်းမှု ချီးမြင့်ခံထားရတဲ့လူအဖြစ် တောင် သတ်မှတ်လို့ ရနေပြီ..."

အစိမ်းရောင်နဂါးကတော့ ဟိန်းသံ ပြုလိုက်၏။ ၎င်း၏ အေးစက်စက်မျက်လုံးများက သည်ဧရိယာကို သိမ်းကြုံး ကြည့်သွားသည်။သည့်နောက် ၎င်း၏အကြည့်က ဝမ်လင်း ထံသို့ ကျရောက်လာသည်။၎င်းက နိုးထလာကာစ ဖြစ် သော်လည်း မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မှတ်မိလို့နေ၏။ ၎င်း၏ခန္ဓာကိုယ်က အစိမ်းရောင်အလင်းတန်းအဖြစ် ပြောင်းကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာ တော့သည်။

ဒီလှိုင်းအသူတစ်ရာချောက်၏ အောက်ခြေသို့ ပြေးသွား နေရင်း ဝမ်လင်းက အောက်ခြေဗဟိုရှိ တွင်းနက်ကြီးကို တွေ့မြင်လိုက်ရတော့သည်။ တွင်းနက်ကြီးထံမှ စုပ်အား တစ်ခု ထွက်ပေါ်နေကာ ၎င်းက မြူများကို လွှမ်းခြုံ ထားသည်။
သူ့နောက်တွင်တော့ နဂါးကြီးက ဟိန်းဟောက်ကာ လိုက်ပါလာသည်။ဝမ်လင်းက ခါးသီးစွာပြုံး၍ အဆုံးမဲ့ သည့်တွင်းနက်ကြီးကို စူးစိုက်ကြည့်နေမိသည်။သူက အံ တင်းတင်း ကြိတ်ကာ ထိုတွင်းနက်ထဲသို့ ခုန်ချလိုက်လေ သည်။

သည်အခိုက်အတန့်၌

အစိမ်းရောင်နဂါးကလည်း တရကြမ်း တိုးဝင်လာနေ၏။သည်နဂါးက နိုးထာလာကာစ ဖြစ်သည့်အတွက် သူ့စိတ်က တည်တည်ငြိမ်ငြိမ် မရှိသေး ပေ။၎င်းက အလိုလိုသိစိတ်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်၏။၎င်းက ဝမ်လင်း တွင်းနက်ထဲသို့ ခုန်ချသွားသည်ကို တွေ့သည့်အခါ သူလည်း ချက်ခြင်းပင် လိုက်ခုန်ချလိုက်၏။

သည်နေရာရှိ စုပ်အားက အပြင်ဘက်နှင့် ခြားနားနေခဲ့ ကာ များစွာ အားကောင်းလှ၏။သည်နေရာသို့ ရောက်လာ သည်မှာ ဝမ်လင်းအတွက် ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူက သည်စုပ်အားအကြောင်းကို သိထားပေ၏။သူက တွင်းနက်ထဲသို့ ခုန်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း ကာ အငူစွန်းဘေးနားသို့ ကပ်လိုက်၏။


Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)