အပိုင်း(137)
ဘေးဒုက္ခ၏ အခြားတစ်ဖက်တွင် အဆုံးမသပ်သော အခွင့်ရေး ရှိ၏။
သို့ရာတွင် အစိမ်းရောင်နဂါးကတော့ တွင်းနက်၏ စုပ် အားအကြောင်း မသိပေ။၎င်းက တွင်းနက်ထဲသို့ ခုန်ချ လိုက်သည့်အခါမှ စုပ်အားကို သတိပြုမိသွားကာ စတင် ရုန်းကန်လေသည်။၎င်းခန္ဓာကိုယ်မှ လျှပ်စီးတန်းများက ထိုးထွက်လာလေ၏။တွင်းနက်ဘေးတစ်ဖက်စီရှိ ကျောက် စကျောက်နများပါ ပဲ့ကျကုန်လေသည်။
တွင်းနက်ထဲ၌ ပို၍ နက်လာလေလေ စုပ်အားကပို၍ အားကောင်းလာလေ ဖြစ်၏။အစိမ်းရောင်နဂါးက သူ့ကိုယ် သူ လျှပ်စီးများဖြင့် ခြုံလွှမ်းထားကာ စုပ်အားကို ခုခံသည်။ ၎င်းကအပေါ်သို့ ထိုးတက်ရန် ပြင်လိုက်စဉ် ခေါင်း မော့ကြည့်လိုက်ရာ တွင်းနက်နံရံတစ်လျှောက် အရှိန်ကို သေချာထိန်းချုပ်နေသော ဝမ်လင်းအား တွေ့မြင်သွား သည်။နဂါးက ရုတ်တရက် မာန်ဖိလိုက်သည်။၎င်းက လွတ်မြောက်အောင် ဆက်မလုပ်တော့ဘဲ ဝမ်လင်းထံသို့ သာ ဦးတည်သွားတော့သည်။
ဝမ်လင်းအသွင်က ပို၍ သုန်မှုန်လာကာ သူက ကြိတ်၍ ကျိန်ဆဲလိုက်သည်။သည်နဂါးက အန္တရာယ်ကို ရင်ဆိုင်နေ ရသည်ကိုပင် မသိပေ။၎င်းက မမြင်ရသော စုပ်အားကို ခံစားရသော်လည်း ထွက်ပြေးခြင်း မပြုတော့ချေ။ထိုအစား ဝမ်လင်းကို တွေ့မြင်လိုက်သည်နှင့် သူ ထွက်သွားနိုင်သည့် အခွင့်ရေးကို လက်လွှတ်လိုက်သည်။
"ဒါက တော်တော် မုန်းဖို့ ကောင်းတယ်..." ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ကို ရပ်တန့်လိုက်ရာ စုပ်အား၏ ချက်ခြင်း ဆွဲငင်ခြင်းကို ခံ လိုက်ရသည်။သူက လျင်မြန်စွာ အောက်သို့ ပြုတ်ကျသွား သဖြင့် နဂါးအား လွဲချောသွားစေသည်။သည့်နောက် ယင်း နဂါးက ဝမ်လင်းနောက်သို့ လိုက်လံလာပြန်သည်။
လူတစ်ယောက်၊နဂါးတစ်ကောင်သည် တွင်းနက်ထဲသို့ ဆင်းသက်နေကာ တစ်ဖြည်းဖြည်း ပို၍ အောက်သို့ ရောက် ရောက်လာသည်။ဝမ်လင်းက အောက်ခြေမှ စုပ်အားသည် ပို၍ ပြင်းထန်လာသည်ကို သတိထားနေ၏။
သူ့နောက်တွင်လည်း မာန်သွင်း၍ ပါးစပ်ဖြဲကာ လိုက် လာသော အစိမ်းရောင်နဂါးက ရှိလို့နေ၏။၎င်းကအစိမ်း ရောင် လျှပ်စီးအလင်းလုံးကို ထုတ်လွှတ်ကာ ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်သည်။
ယင်းလျှပ်စီးလုံးက ဝမ်လင်းထံသို့ နတ်ဘုရားပြစ်ဒဏ် အလား ကျရောက်လာသည်။ဝမ်လင်းမျက်လုံးများက အေး
စက်လာ၏။သူက ရှောင်ရန် ပြင်လိုက်သည်။သို့ရာတွင် သည်ကျဆင်းလာသော လျှပ်စီးလုံးက ရုတ်တရက် ရပ်တန့် သွားကာ ၎င်း၏ မူလလမ်းကြောင်းကနေ အနည်းငယ် သွေဖယ်သွားသည်။
ဝမ်လင်းအသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။သူက သူ့အောက်မှ အံ့မခန်းစုပ်အားကို ခံစားမိသည်။သည် အခိုက်အတန့်၌ သူက တုံ့ဆိုင်းနေခြင်းမရှိတော့ပေ။ သူက သိုလှောင်အိတ်ထဲကနေ ဓားသုံးလက်ကို ထုတ်ယူသည်။ ၎င်းဓားသုံးလက်က နံရံပေါ်သို အစီအရင်တစ်ခုအသွင်ဖြင့် ထိုးစိုက်သွားကာ တစ်ခုနှင့်တစ်ခု ကျားကန်ထောက်ပံ့ပေး သွားသည်။ဝမ်လင်းက ဓားတစ်လက်ပေါ်သို့ လက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
သူက ဓားအား စုပ်ကိုင်လိုက်သည့်အခိုက်အတန့်တွင် သူ့ အောက်မှ စုပ်အားက ရုတ်တရက် ပေါက်ကွဲထွက်လာ သည်။ ပထမဆုံးအနေဖြင့် ၎င်းက လျှပ်စီးလုံး၏ ဦးတည်ရာကို ပြောင်းလဲသွားစေကာ ၎င်းအား တွင်းနက် အနက်ပိုင်းထဲသို့ စုပ်ယူသွားချေသည်။
ထိုလျှပ်စီးလုံးက လင်းလက်သွားကာ သည်တွင်းနက်၏ အောက်ခြေပိုင်းကို လင်းထိန်သွားစေသည်။
ရှေးဟောင်းမိုးကြိုးနဂါးက မှင်သက်လို့သွား၏။ ပထမ ဆုံးအကြိမ်အဖြစ် ၎င်း၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှု ဖြစ် ပေါ်လာသည်။၎င်းက ဝမ်လင်းကို ဆက်လက် ဝါးမြိုရန် မ
ကြိုးစားတော့ဘဲ အပေါ်သို့ ဆန်တက်ရန် ရုန်းကန်လိုက်၏။ ၎င်းက ကြောက်လန့်နေချေပြီ။
၎င်း၏ ရှေးဟောင်းမှတ်ဉာဏ်အမွေအနှစ်ထဲ၌ ယခုစုပ် အားလို အလားတူအရာများကို တွေ့မြင်ခဲ့ဖူးပေ၏။၎င်းက ကြမ်းကြတ်စွာ မာန်သွင်း၍ ခန္ဓာကိုယ်အား လျှပ်စီးများဖြင့် လွှမ်းခြုံစေသည်။၎င်းက အချို့စုပ်အားများကို ခုခံက အပေါ် ဘက် ပေသုံးဆယ်သို့ ပျံတက်၏။
"ပြေးချင်တာလား..." ဝမ်လင်း မျက်လုံးများက အေး စက်နေ၏။၎င်း မိုးကြိုးနဂါးကြောင့်သာ မဟုတ်ပါက သူက သည်နေရာသို့ အတင်းအကြပ် မည်သို့ ရောက်လာရပါ့မည် နည်း။ ၎င်းမိုးကြိုးနဂါးကြောင့်သာ သူက သည်တွင်းနက် ထဲသို့ ခုန်ချခဲ့ရပေသည်။ခုချိန်၌ အကွာအဝေးတစ်ခုသို့ ရောက်နေပြီ ဖြစ်သဖြင့် ဝမ်လင်းအတွက် အပေါ်သို့ ပြန် တက်ရန် မဖြစ်နိုင်တော့ချေ။
"ရပ်လိုက်စမ်း..." ဝမ်လင်းက မာန်သွင်းကာ သူ့ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသက်သွင်း၍ အသုံးပြုလိုက်သည်။ ကောင်းကင်ဘုံရပ်တန့်ခြင်းမန္တာန်ကို
အရင်တုန်းက မိုးကြိုးနဂါးက သည်မန္တာန်ကြောင့် ခဏ တာသာ တုံ့သွားနိုင်မည် ဖြစ်သော်လည်း ၎င်းက သည် လောက်ကို ဂရုစိုက်လိမ့်မည် မဟုတ်ပေ။သို့ရာတွင် ခုချိန်၌ လုံးဝခြားနားသွားခဲ့လေပြီ။
မိုးကြိုးနဂါးက ခဏတာ တုံ့ဆိုင်းသွားသည်နှင့် အောက် ဘက်မှ စုပ်အား၏ ဆွဲယူခြင်းကို ခံလိုက်ရကာ အောက်သို့ ပေတစ်ရာကျော်လောက် ပြန်ရောက်ရှိသွားသည်။
"မင်း ထွက် မပြေးနိုင်ပါဘူး..." ဝမ်လင်းမျက်လုံးများက အေးစက်လာ၏။သူ့ခန္ဓာကိုယ်ကလည်း စုပ်အားဖြင့် ဆွဲငင် ခြင်း ခံနေရသည်သာ ဖြစ်သည်။သူက မြန်ဆန်စွာ နစ်မြုပ် နေရင်း နံရံပေါ်စိုက်ထားသော ဓားသုံးလက်ကလည်း တ ရွတ်တိုက်ပါလာကာ နံရံပေါ်၌ နက်ရှိုင်းသော ဓားဖြတ်ရာ ကြီးများကို ဖြစ်စေသည်။
"ရပ်တန့်ခြင်း..." ဝမ်လင်းက မန္တာန်ကို ထပ်မံ အသက် သွင်းလိုက်ပြန်သည်။
မိုးကြိုးနဂါးက ရုန်းကန်နေရာ လျှပ်စီးတန်းများက အရူး အမူး တဖျပ်ဖျပ် တောက်ပလို့နေလေသည်။၎င်းက အပေါ် သို့ ပြန်ဆန်တက်ရန် ကြိုးပမ်းနေ၏။ ဝမ်လင်းကြောင့်သာ မဟုတ်ပါက သူသည် အပေါ်သို့ အတင်းပြန်တက်နိုင်ပေ လိမ့်မည်။ သို့ရာတွင် ၎င်းက အထက်သို့ နည်းနည်း ရုန်း တက်လိုက်တိုင်း ဝမ်လင်းက သူ့အား ရပ်တန့်စေနေလေ သည်။ စုပ်အားများက မိုးကြိုးနဂါးအား ဝန်းရံထားသည်။ ထို့ကြောင့် ၎င်းက မည်မျှရုန်းကန်နေပါစေ အသုံးမဝင် ဖြစ် လို့နေ၏။
ထိုစုပ်အားကြောင့် ၎င်း ဝမ်လင်းထံသို့ လှမ်း၍ ပစ်လွှတ် တိုက်ခိုက်မှုများကလည်း ဝမ်လင်းနားမရောက်ခင် စုပ်ယူ
ခြင်း ခံနေရပေသည်။၎င်းက ဝမ်လင်းထံသို့သာ မျှော်လင့်ချက်မဲ့ဟန်ဖြင့် စူးစိုက်ကြည့်နေကာ တွင်းနက်ထဲ သို့ စုပ်ယူခြင်းကို ခံနေရသည်။
သည်အခိုက်အတန့်၌ စုပ်အားက ရုတ်တရက် တိုးလို့ လာ၏။သည်စုပ်အားက အရင်ထက် အဆများစွာ ပိုတိုးလာ ခြင်းပင်။ဝမ်လင်းက ဓားကို အတင်းစုပ်ကိုင်ထားသည့် သူ့ လက်များ ပြဲထွက်ကုန်ပလားဟု ခံစားလိုက်ရသည်။ သို့သော် သူက ဓားကိုတော့ မြဲမြံစွာ ဆုပ်ကိုင်ထားပေသည်။ ဓားသုံးလက်က နံရံထဲကို စူးဝင်ကာ တရွတ်တိုက်အောက် သို့ပါလာပြီး နက်ရှိုင်းသော ဓားရာများ နံရံပေါ်တွင် ဖြစ်ပေါ် စေနေသည်။
သို့ရာတွင် သည်စုပ်အားက အားကောင်းလွန်းလှ၏။ သည်လို သေရှင်းရှင်ရေးအခြေအနေတွင် ဝမ်လင်းက အံ တင်းတင်းကြိတ်ကာ သူ့နတ်ဘုရားအာရုံကို သိုလှောင် အိတ်ထဲသို့ ပို့လွှတ်လိုက်၏။သည်အခါ သူ့ကိုယ်ပိုင် ကောင်းကင်ဘုံဓားနှင့်လခြမ်းကွေးဓားသွားတို့က ထွက် ပေါ်လို့လာ၏။၎င်းတို့က ဝမ်လင်းအောက်ရှိ နံရံကို ထိုးစိုက် လိုက်သည်။ဝမ်လင်းက ထိုဓားနှစ်လက်ပေါ်တွင် မတ်တပ် ရပ်လျက် တွင်းနက်အောက်ခြေသို့ မြန်ဆန်စွာ နစ်မြုပ်လို့ နေသည်။
ခုချိန်တွင် မိုးကြိုးနဂါးက ရုန်းကန်နေသော်လည်း အောက်သို့ တစ်ဟုန်ထိုး နစ်မြုပ်နေနေသည်သာ ဖြစ်သည်။ ၎င်းက ၎င်း၏ အသွင်ပုံစံကိုပင် ဆက်၍ မထိန်းထားနိုင်
တော့ဘဲ အစိမ်းရောင်အခိုးငွေ့အမျှင်တန်းရှည်တစ်ခုက ၎င်းထံကနေ ဆန့်ထုတ်ကာ နေသည်။
ထိုအစိမ်းရောင်အခိုးငွေ့ထံမှ အစိမ်းရောင်အလင်းဖျော့ ဖျော့က ထွက်ပေါ်လို့နေသည်။ထိုအစိမ်းရောင်အခိုးငွေ့က လည်း တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံနေရကာ ပတ်ဝန်းကျင် ကို အနည်းငယ် လင်းလက်စေသည်။
"အောက် ဆင်းသွားလိုက်..." သည်ထူးဆန်းသော အမျိုးသမီးအသံက ဝမ်လင်း၏ သိုလှောင်အိတ်ထဲကနေ တစ်ဆင့် သူ့စိတ်ထဲတွင် ပေါ်လာပြန်သည်။ဝမ်လင်းအသွင် က အလွန်သုန်မှုန်နေကာ သူက အောက်သို့ ငုံ့ကြည့် လိုက်၏။သည့်နောက် သူ့အသွင်က ပြောင်းလဲသွားချေ သည်။
အစိမ်းရောင်အခိုးငွေ့မှ အလင်းဖျော့ဖျော့ကြောင့် သူက အရိပ်တစ်ခုက ရေပြင်ညီထိုးထွက်နေသည်ကို ခပ်ဝါးဝါး တွေ့မြင်လိုက်ရသည်။သည်အခိုက်အတန့်၌ အစိမ်းရောင် အလင်းက ထိုအရိပ်ကို ထွန်းငြှိပေးသွားသည်။
ဝမ်လင်းက နံရံထက်မှ ကျောက်တုံးကြီးတစ်ခု ကပ်လို့ နေသည်ကို တွေ့မြင်လိုက်ရ၏။သည်ကျောက်တုံးက ပေ တစ်ရာလောက် ကျယ်ပြန့်ကာ ၎င်းအပေါ်၌ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိလို့နေသည်။
ဝမ်လင်းက သေချာထပ် မကြည့်လိုက်ခင်မှာပင် အစိမ်း ရောင်အလင်းက အားနည်းလို့သွား၏။သည်အလင်းတန်း
မရှိသည်နှင့် အမှောင်ထုကသာ ပြန်ကြီးစိုးသွားချေသည်။
"တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်..." ဝမ်လင်း မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ ကံမကောင်းစွာ နှင့် သူက သူ့နတ်ဘုရားအာရုံကို မဖြန့်ကျက်နိုင်ခြင်းပင်။ မဟုတ်လျှင် သူက အရာရာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပေ လိမ့်မည်။
ဝမ်လင်းက သူ့ခြေထောက်အောက်ရှိ ကောင်းကင်ဘုံဓား က ရုတ်တရက် ပျောက်ကွယ်သွားကာ သိပ်မကြာခင်တွင် လခြမ်းကွေးဓားသွားလည်း ထို့အတူ ဖြစ်သွားသည်ဟု ခံစားလိုက်ရ၏။
" နံရံမှာ အက်ကွဲကြောင်း တစ်ခု ရှိနေတယ်…" ဝမ် လင်းက အလွန်ဝမ်းသာသွားမိ၏။တုံ့ဆိုင်းခြင်းမရှိ သူက နံရံဘက်သို့ သူ့ကိုယ်သူ ပစ်သွင်းလိုက်ချေသည်။
နံရံပေါ်၌ သူ့ခန္ဓာကိုယ်က နံရံပေါ်ရှိ အပေါက်ထဲသို့ ချက်ခြင်း ဝင် ရောက်လို့သွားသည်။မျှော်လင့်ထားသလိုပင် ဆယ်ပေလောက်ရှိသည့် အက်ကွဲကြောင်း တစ်ခု ရှိလို့နေ ခြင်းပင်။အထဲသို့ ဝင်ရောက်ပြီးနောက် သူက ဓားသုံးလက်၊ ကောင်းကင်ဘုံဓားနှင့် လခြမ်းကွေးဓားသွားတို့က မြန်နိုင် သမျှ မြန်မြန် ပြန်သိမ်းယူလိုက်၏။
အစိမ်းရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲနေသော မိုးကြိုးနဂါးက ဝမ်လင်း အက်ကွဲကြောင်းထဲသို့ ဝင်သွား သည်ကို မြင်လိုက်သည့်အခါ ၎င်းက ချက်ခြင်း စတင်
ရုန်းကန်လာလေသည်။၎င်းက မာန်သွင်းကာ ဝမ်လင်းရှိကာ အက်ကွဲကြောင်းထံသို့ တစ်ဟုန်ထိုး ဆန်တက်လိုက် သည်။
သည်တစ်ကြိမ်၌ ၎င်းက ဝမ်လင်းကို ဝါးမြိုရန် မဟုတ် ပေ။၎င်းက စုပ်အားကို ရှောင်ရန်အတွက် အက်ကွဲကြောင်း ထဲသို့ ဝင်ရောက်လိုခြင်းသာ ဖြစ်သည်။၎င်းက ၎င်း ခန္ဓာကိုယ်ထဲမှ မိုးကြိုးစွမ်းအင်များအားလုံးကို အသက် သွင်းကာ အက်ကွဲကြောင်းရှိရာသို့ အရူးအမူး တိုးဝင်လာခဲ့ သည်။
သို့ရာတွင် ထိုစုပ်အားက ပြင်းထန်လွန်းလှ၏။ထို့ကြောင့် ၎င်းက အက်ကွဲကြောင်း ရှိရာသို့ ရောက်ရှိရန် မဖြစ်နိုင် လုနီးပါးပင်။မိုးကြိုးသားရဲက ဆုံးဖြတ်ချက်ပြတ်သားသော အကြည့်ကို ထုတ်ဖော်၏။သည့်နောက် ၎င်း၏ ခန္ဓာကိုယ် အား နှစ်ခြမ်းခွဲလိုက်သည်။တစ်ခြမ်းက တွင်းနက်၏ အောက်ခြေသို့ စုပ်ယူခြင်း ခံလိုက်ရပြီး နောက်ထပ် အပေါ် ခြမ်းက ထိုခဏ၌ တွင်းနက်ထဲသို့ တဟုန်ထိုး တိုးဝင်လာခဲ့ သည်။
ဝမ်လင်းမျက်လုံးများက အေးစက်သွားသည်။ သူက ထို အက်ကွဲကြောင်းထဲ၌ စိတ်သက်သာရာ ရဟန် ခံစားလိုက်ရ စဉ်မှာပင် သူက မိုးကြိုးနဂါးသည် သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာနေသည်ကို တွေ့မြင်လိုက်ရတော့သည်။သည် အခိုက်အတန့်၌ သူက ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြုလိုက် ရန်သာ လို၏။ထို မန္တာန်ကိုသာ အသုံးပြုလိုက်သည်နှင့်
မိုးကြိုးသားရဲ၏ မျှော်လင့်ချက်က စုန်းစုန်းမြုပ်ကာ စုပ် အား၏ ဆွဲငင်ခြင်းကို ခံလိုက်ရပေမည်။
မိုးကြိုးသားရဲက ထိုအရာကို သိသာစွာ သတိထားနေ၏။ ထို့ကြောင့် ၎င်းက ပါးစပ်ဟကာ လျှပ်စီးလုံးကို ထွေးထုတ် လိုက်ရန် ပြင်ထားသည်။၎င်းလျှပ်စီးလုံးကို အောင်မြင်စွာ ထိမှန်ရန် ထွေးထုတ်လိုက်နိုင်သည်နှင့် ဝမ်လင်းအတွက် ရှောင်ဖို့နေရာ မရှိပေ။
အရာအားလုံးက လူသားနှင့်နဂါးကြား မည်သူက မန္တာန် ကို မြန်မြန်အသုံးပြုလိုက်နိုင်မည့်အပေါ် မှီတည်နေ တော့၏။သို့ရာတွင် ဝမ်လင်း၌ အခြားအစီအစဉ်များ ရှိလို့ နေသည်။သူက ထိုနဂါးသူ့ခန္ဓာကိုယ်တစ်ဝက်ကို အဆုံးရှုံးခံ လိုက်သည်ကို ကိုယ်တိုင်တွေ့ရှိလိုက်သည့်အပြင် ၎င်းက ခု လက်ရှိတွင်လည်း သူ့စွမ်းအား တစ်ဝက်ကျော်ကို စုပ်ယူ အားကို ခုခံရန် အသုံးပြုထားရသည်ကိုပါ တွေ့မြင်နေရ သည်။
ဝမ်လင်းက အံတင်းတင်း ကြိတ်လိုက်၏။ တုံ့ဆိုင်းခြင်းမ ရှိ သူက မျက်လုံးမှိတ်လိုက်ရာ သူ့မူလစိတ်ဝိညာဉ်က ထွက် ပေါ်လာသည်။သည်မိုးကြိုးသားရဲက အက်ကွဲကြောင်းထဲသို့ ဝင်လာသည်နှင့် လျှပ်စီးလုံးကို ထွေးထုတ်ရန် ဟန်ပြင် လိုက်စဉ်မှာပင် ဝမ်လင်းမူလစိတ်ဝိညာဉ်က မိုးကြိုးနဂါး အား ဝါးမြိုပစ်လိုက်လေ၏။
ဝမ်လင်းက တစ်ချိန်တုန်းက သည်ကမ္ဘာရှိ စိတ်ဝိညာဉ်
တိုင်းကို ဝါးမြိုနိုင်သည့် ဝိညာဉ်ဝါးမြိုသူ ဖြစ်ခဲ့သူ မဟုတ် လား။သို့ရာတွင် သူက သူ့ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့် သည်နည်းစနစ်အသုံးပြုခြင်းကို ဖြည်းဖြည်းချင်း ရပ်တန့်ခဲ့ သည်။သည်အခိုက်အတန့်၌ သူ့မူလစိတ်ဝိညာဉ်က ကြီးစွာ ချဲ့ကားလာ၏။မိုးကြိုးသားရဲက ဝမ်လင်း ၎င်းကို ဝါးမြို လိုက်ချိန်၌ လုံးဝ ကြောင်ရီမှင်သက်သွားမိသည်။
ရှေးဟောင်းမိုးကြိုးသားရဲစိတ်ဝိညာဉ်ကို ဝါးမြိုပြီး သည့်နောက် ဝမ်လင်းမူလစိတ်ဝိညာဉ်က ချက်ခြင်းပင် သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ သည် အခိုက်အတန့်၌ သူ့စိတ်ဝိညာဉ်ထဲ၌ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်လို့နေသည်။
၎င်း၏စိတ်ဝိညာဉ်ကို တစ်ဝက်ခွဲထုတ်လိုက်တာတောင်မှ ရှေးဟောင်းမိုးကြိုးနဂါး၏ စွမ်းအားက အံ့မခန်း ဖြစ်လို့နေ ဆဲပင်။ဝမ်လင်းက ၎င်းကို ဝါးမြိုလိုက်ပြီးနောက် သူက စိတ်ဝိညာဉ်ဝါးမြိုခြင်း မန္တာန်ကို မြန်ဆန်စွာ အသက် သွင်း၍ ၎င်းကို စတင် စုပ်ယူလေသည်။
ဝမ်လင်းမူလစိတ်ဝိညာဉ်၏
အတွင်းအပြင်ဘက်၌ လျှပ်စီးတန်းများက ရစ်ပတ်ရွှေ့လျားလို့နေကာ မိုးကြိုးနှင့် လျှပ်စီးတို့၏ ခွန်အားကို ပြသလို့နေ၏။၎င်းက သူ့ အသွေးအသားနှင့် အရိုးတို့ကိုပင် ထွင်းဖောက်သွားမတက် ဖြစ်လို့နေသည်။
စုပ်အားက အက်ကွဲကြောင်းထဲတွင်တော့ သက်ရောက်
ခြင်း မရှိပေ။ထို့ကြောင့် ဝမ်လင်းက သူ့စိတ်အာရုံအားလုံး ကို မိုးကြိုးနဂါးအား စုပ်ယူခြင်း၌ အပြည့်အဝ စူးနစ် ထားသည်။
က သူ့မူလစိတ်ဝိညာဉ်က ဖွံဖြိုးကြီးထားလာ၏။သည်ဖွံဖြိုးမှု အရည်အတွက်မဟုတ်ဘဲ အရည်အသွေးတင်သာ ဖြစ်၏။ဝမ်လင်းမူလစိတ်ဝိညာဉ်က လျှပ်စီးများဖြင့် လွှမ်းခြုံကာ နေသည်။ရှေးဟောင်းမိုးကြိုးနဂါးက သူ့မူလ စိတ်ဝိညာဉ်ထဲ၌ သွေးကြောများကဲ့သို့ လိမ်ယှက် ချဲ့ထွင် နေသည်။သည်မိုးကြိုးနဂါး၏ အသွင်က လွန်မင်းစွာ နာကျင်နေသည့်ပုံ ပေါက်နေ၏။
မိုးကြိုးနဂါးကိုယ်မှ အမျှင်တန်း အစိတ်အပိုင်းများက ဝမ်လင်းမူလစိတ်ဝိညာဉ်၏ ထောင့်တိုင်းသို့ ဦးတည် ချဲ့ထွင် လို့နေသည်။မိုးကြိုးနဂါး၏ စွမ်းအားက ဝမ်လင်းမူလစိတ် ဝိညာဉ်ထဲသို့ ထူးဆန်းအံ့ဖွယ်နည်းဖြင့် ပြောင်းလဲကာ နေ၏။
ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်မျိုးပင် သည်လို ရှေးဟောင်း မိုးကြိုးနဂါးကို ဝါးမြိုပစ်ရဲမည် မဟုတ်ပေ။အကြောင်းရင်း က သည်မိုးကြိုးနဂါးက တစ်ခြားရှေးဟောင်းသားရဲများနှင့် မတူပေ။ပြောကြသည်က ၎င်းက ရှေးဟောင်းမိုးကြိုးနဂါး များက မိုးကြိုးကနေ မွေးဖွားလာခြင်းဖြစ်ကာ ကောင်းကင်ဘုံ၏ ချစ်ခင်ခြင်းကို ခံရသည် ဟူ၍ပင်။ ၎င်း တို့က ကောင်းကင်ဘုံမှ မိုးကြိုး၏ စွမ်းအားကိုပင် အချိန် တစ်ခုကြာ ထိန်းချုပ်နိုင်စွမ်း ရှိကြပေသည်။
ထို့ကြောင့် ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ် က သည်လိုမျိုးမိုးကြိုးကို မည်သို့ တောင့်ခံနိုင်ပါ့မည်နည်း။
သို့ရာတွင် ဘေးဒုက္ခ၏ အခြားတစ်ဖက်၌ အဆုံးမသပ် နိုင်သည့် အခွင့်အရေးတို့ ရှိလို့နေစမြဲ မဟုတ်လော။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က မိုးကြိုးသားရဲထံမှ လျှပ်စီးများနှင့် ဝန်းရံလို့နေသည်။ဝမ်လင်းခန္ဓာကိုယ်ထဲ၌ မြောက်များစွာသော မိုးကြိုးများက စုစည်းနေကြသည်။ တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်နေပြီးနောက် မိုးကြိုး လက္ခဏအမှတ်အသားက ဝမ်လင်းခန္ဓာကိုယ်၌ ပေါ်ထွက် လာ၏။
သူ့မူလစိတ်ဝိညာဉ်က အံ့မခန်းအဆင့်သို့ ရောက်ရှိသွားခဲ့ ချေပြီ။၎င်းက မြေကြီးကိုပင် တုန်ခါစေနိုင်သည့် ပြောင်းလဲ မှုတစ်ခုပင်။ ဖြစ်နိုင်သည်က သည်လိုပြောင်းလဲမှုက သူ့ ကျင့်ကြံမှုကို တိုးတက်နိုင်စေခြင်း မရှိပေ။သို့သော် အနာဂတ်တွင်တော့ ဝမ်လင်းအတွက် အဆုံးမဲ့သော လမ်းကြောင်းများကို ပွင့်လှစ်သွားစေခဲ့ပြီ ဖြစ်သည်။
မိုးကြိုးပါဝင်သော မူလစိတ်ဝိညာဉ်။ရှေ့ဖြစ်ဟောသူပင် သည်လိုမျိုး အောင်မြင်မှု ရရှိခဲ့သည့် ကျင့်ကြံသူတစ် ယောက်ကို မြင်တွေ့ဖူးလိမ့်မည် မဟုတ်ချေ။
ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးနဂါးက ပြင်းထန် စွာ ရုန်းကန်နေရာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်အပေါ် သက်ရောက်မှု ရှိနေစေ၏။၎င်းက ခုထိ အလျှော့မပေးသေး
ဘဲ တန်ပြန် တိုက်ခိုက်နေပေသည်။
ပြောင်းလဲသွားသော မူလစိတ်ဝိညာဉ်
ဝမ်လင်း၏ ခန္ဓာကိုယ်နှင့် ဆံပင်များက လေထဲ၌ မြော လွင့်လို့နေသည်။ သူ့ခန္ဓာကိုယ်မှ လျှပ်စီးများကလည်း ပေါက်ကွဲထွက်နေကာ မြန်ဆန်စွာဖြင့် အငူစွန်းနံရံထဲသို့ ပြန့်ကျဲသွားကြသည်။သူ့မူလစိတ်ဝိညာဉ်က လျှပ်စီးများနှင့် ပြည့်လို့နေ၏။
ရှေးဟောင်းမိုးကြိုးနဂါးက ငြင်းဆိုလိုနေကာ ဝါးမြိုခြင်း ဖြစ်စဉ်အတွင်း ၎င်းက ဒေါသများနှင့် ပြည့်လျှံလို့နေသည်။ မိုးကြိုးနဂါးက ဆက်လက်၍ ရုန်းကန်နေ၏။၎င်းက ပို၍ ရုန်းကန်လေလေ ပိုသန်မာသော လျှပ်စီးက ပိုပေးစွမ်းလာ လေ ဖြစ်နေသည်။
ပြင်းထန်သော လျှပ်စီးက ဝမ်လင်းမူလစိတ်ဝိညာဉ်ကို ပြိုကျပျက်စီးလုနီးနီး အခြေအနေသို့ ရောက်ရှိနေစေသည်။ ဝမ်လင်းတွင်သာ ခေါင်းမာစူးနစ်သည့် စိတ်မပိုင်ဆိုင်ထား ဘဲ သာမန်လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်သာ ရှိပါက ပျက်စီးနေလောက်ပြီ ဖြစ်သည်။
ဝမ်လင်းမူလစိတ်ဝိညာဉ်က ရုတ်တရက် မျက်လုံးပွင့်လာ
ခဲ့သည်။သူ့မျက်လုံးများက သူကိုယ်တိုင် မိုးကြိုးနဂါး ဖြစ် နေသည့်အလား လျှပ်စီးပေါက်ကွဲမှုများကို ပေးစွမ်းလို့ နေသည်။သူက သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲ၌ ရှိနေသေးသလို ခံစားရကာ သူ့ခန္ဓာကိုယ်ကပါ သေခြင်း တရားသို့ ဦးတည်နေမှု၊သက်ရောက်နေမှုကို လိုက်ပါခံစား နေရ၏။
သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ချက်ခြင်း ပျံသန်းထွက်ခွာသွားသည်။သူက ဆုံးဖြတ်ချက် ပြတ်သား သော အကြည့်ကို ထုတ်ဖော်ကာ သူ့လက်က မူလစိတ် ဝိညာဉ်ထံသို့ လှမ်းလိုက်၏။သူက မိုးကြိုးနဂါးကို ဖမ်းဆုပ် လိုက်ကာ ၎င်း၏ အစိတ်အပိုင်းငယ်တစ်ခုကို ဆွဲယူ လိုက်၏။
မိုးကြိုးနဂါးက ရုတ်တရက် ဟိန်းဟောက်လိုက်ရာ ဝမ် လင်း၏ မူလစိတ်ဝိညာဉ်ကို လျှပ်စီးပမာဏများစွာ ထုတ် လွှတ်သွားလေ၏။ထိုလျှပ်စီးများက နံရံပေါ်သို့ ကျရောက် သွားကာ အက်ကွဲသောအသံများကို ဖြစ်သွားစေသည်။
မိုးကြိုးသားရဲ၏ အစိတ်အပိုင်းကို ကိုင်ဆောင်ထားရင်း ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။သူ့ဘယ် လက်က လှုပ်ရှားလိုက်ရာ မိုးကြိုးနဂါး၏ ကိုယ်ပေါ်၌ များ စွာသော အတားအဆီးများကို ကျရောက်စေလိုက်သည်။ ထိုသို့ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက သူ့မူလစိတ် ဝိညာဉ်ထံသို့ လက်ဆန့်ထုတ်ကာ နောက်ထပ် ဖမ်းဆုပ် လိုက်ပြန်သည်။ သည့်နောက် သူက ၎င်းပေါ်တွင်လည်း
အတားအဆီးများကို ဆက်လက် နေရာချလိုက်သည်။
သူ့မူလစိတ်ဝိညာဉ်က ပြင်ပအားများ အကူအညီဖြင့် ချိပ် ပိတ်ခြင်းနှင့်ဝါးမြိုခြင်း စက်ဝန်းကို ဆက်လက် ဖြစ်လို့နေ တော့သည်။အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ် လင်းက မိုးကြိုးနဂါးနှင့် ပေါင်းစည်းခြင်းတွင် လုံးလုံးလျာ လျာ နစ်မြုပ်လို့သွားသွားတော့၏။
သူ့ခန္ဓာကိုယ်က တစ်ဖြည်းဖြည်းဖြင့် ကြည်လင် တောက်ပမှု ဆုံးရှုံးလာပြီး ဖြည်းဖြည်းချင်း ခြောက်ကပ် လာ၏။သို့ရာတွင် သည်အဖြစ်က သေဆုံးခြင်း မဟုတ်ပေ။ သူ့ တက်ကြွမှုရှင်သန်ခြင်းဓာတ်ကို ဆုံးရှုံးမသွားစေရန် ဆိုင်းငံထားသည့် သဘောသာ ဖြစ်သည်။
တစ်နေ့ပြီးတစ်နေ့၊တစ်နှစ်ပြီးတစ်နှစ် သွား၏။သည်နေ့တွင် ကုန်ဆုံးလို့ ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိမိုးကြိုးနဂါးက ပြင်းပြင်းထန်ထန် ရုန်းကန်ခြင်း မပြုတော့ ချေ။သို့သော် ၎င်းက ရုန်းကန်မှုကိုတော့ ဆက်လက် ပြုလုပ် နေဆဲသာ။သို့ရာတွင် ၎င်းခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင် သောအတားအဆီးများ ရှိလို့နေ၏။၎င်းတို့က အတူ ပေါင်းစပ်ကာ နဂါးအား ချိပ်ပိတ်မှုကို ဖြစ်နေစေ၏။
ဝမ်လင်းမူလစိတ်ဝိညာဉ်ကလည်း သည်နှစ်များကို ဖြတ် ကျော်လာပြီးနောက် ဖြည်းဖြည်းချင်း ကျုံ့လာခဲ့လေ၏။ခု ချိန်၌ ၎င်းက သုံးပေလောက်သာ ရှိ၍ ကျင့်ကြံသူတစ်
ယောက်၏ စဦးစိတ်ဝိညာဉ်အရွယ်အစားလောက်သာ
ကျန်ရစ်တော့သည်။
သူ့မူလစိတ်ဝိညာဉ်က ကျုံ့နေသော်လည်း ၎င်းက မိုးကြိုး စွမ်းအင်ကို ပေးစွမ်းကာ နေ၏။၎င်းမူလစိတ်ဝိညာဉ်က ကြည်လင်မှု မရှိတောချေ။သို့သော် လျှပ်စီးမိုးကြိုးတန်းများ ကိုတော့ ထုတ်လွှတ်နေသည်။သူ့မူလစိတ်ဝိညာဉ်ထဲ၌ ငွေ ရောင်မြွေများ သန်းနှင့်ချီ၍ လှုပ်ရှားနေသကဲ့သို့ လျှပ်စီး တန်းများက တည်ရှိနေခြင်းပင်။
ဝမ်လင်းက သူ့မျက်လုံးကို ဖွင့်လိုက်သည်။သူ့ပတ်လည်၌ မိုးခြမ်းသံတုန်ခါသံများက ပဲ့တင့်ထပ်လို့နေသည်။ သည့်နောက် လျှပ်စီးတန်းနှစ်ခုက သူ့မျက်လုံးထဲကနေ နဂါးနှစ်ကောင်ကဲ့သို့ ထိုးထွက်သွားကာ အမှောင်ထုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
သူ့မူလစိတ်ဝိညာဉ်ကလည်း ရွှေ့လျားလာပြီး ခန္ဓာကိုယ်နားသို့ ရောက်ရှိလာ၏။ဝမ်လင်း၏ မူလစိတ် ဝိညာဉ်က သူ့ခန္ဓာကိုယ်အား တစ်ချက်ကြည့်လိုက်ရာ သူ့ မျက်လုံးထဲ၌ လျှပ်စီးတို့ ဖျပ်ခနဲ ဖြတ်သန်းသွားသည်။သူ့ မျက်လုံးများက အေးစက်မှုနှင့် မတူကွဲပြားမှုတို့ကို ပေးစွမ်း လို့နေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများက ခြောက်သွေ့သွားခဲ့ ပြီးဖြစ်၏။ထို့ကြောင့် သူက ခုချိန်၌ အရိုးပြိုင်းပြိုင်းထလို့ နေသည်။သူ့မျက်ခုံးနှစ်ခုကြားထဲမှ ရှင်သန်ခြင်းဓာတ်အမျှင် တန်းတစ်ခုကို ထုတ်လွှတ်ထားခဲ့ခြင်းကြောင့်သာ မဟုတ်
လျှင် သည်ခန္ဓာကိုယ်က ခုချိန်၌ အလောင်း ဖြစ်နေလောက် ပေပြီ။
သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်အထက်၌ ပျံဝဲနေ ရင်း ဖြည်းဖြည်းချင်း အထဲသို့ ဝင်ရောက်နေ၏။မူလစိတ် ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နေချိန်တွင် သူက အတားအဆီးတစ်ခုက သူ့အား ကာဆီးထားသလို့ ခံစား လိုက်ရသည်။ကံကောင်းစွာနှင့် သည်အတားအဆီးက ခဏ အကြာတွင် ပြန်ပျောက်ကွယ်သွား၏။ထို့ကြောင့် သူ့မူလ စိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်လို့သွားနိုင်တော့သည်။
ချက်ခြင်းပင် သူ့ခန္ဓာကိုယ်မှ လျှပ်စီးတန်းများ ထွက် ပေါ်လာကာ သူ့ခန္ဓာကိုယ်အနှံ့တွင် ရွှေ့လျားလို့နေသည်။သူ့ ကြွက်သားများကပင် ထိုလျှပ်စီးများ၏ ဖုံးအုပ်သွားခြင်းကို ခံလိုက်ရ၏။ချက်ခြင်းပင် သူက ပုံမှန်ခန္ဓာကိုယ်အတိုင်းပြန် ဖြစ်သွားကာ အရင်ထက်စာလလျှင် အနည်းငယ်ပိန်သွားရုံ သာ ရှိ၏။
သူက လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။သည်လေက မီးခိုးရောင်ဖြစ်ကာ လျှပ်စီးများ ပါနေချေသည်။သူ့မျက်လုံး ကလည်း လျှပ်စီးတန်းအလား တောက်ပနေ၏။ဝမ်လင်းက နက်နက်နည်းနည်း စတင် စဉ်းစားတော့သည်။
*ဒီခရီးက အတော်လေး အန္တရာယ်များလှတယ်။ ဒါပေမဲ့ လည်း ငါ ရလိုက်တဲ့ အကျိုးအမြတ်ကလည်း စိတ်ကူးထား
တာထက်တောင် ပိုနေသေးတယ်။ငါက ဒါက ကောင်းလား ဆိုးလားတော့ မသိဘူး။ငါ့မူလစိတ်ဝိညာဉ်က ခုဆို လုံးဝ အသွင်ပြောင်းလဲသွားပြီ။ ခုချိန်မှာ ငါ့မူလစိတ်ဝိညာဉ်က နတ်ဘုရားပြစ်ဒဏ်မိုးကြိုးလျှပ်စီးနဲ့တောင် ပိုပြီး တူလာခဲ့ C..."
ဝမ်လင်းက လေးလေးနက်နက် တွေးနေ၏။သည့်နောက် သူက ခေါင်းမော့ကာ အက်ကွဲကြောင်းအပြင်ဘက်သို့ ကြည့်လိုက်သည်။
"မူလစိတ်ဝိညာဉ်က လျှပ်စီးအဖြစ် ပြောင်းလဲသွား တာ...ဒါက စိတ်ဝင်စားစရာပဲ။ခုချိန်မှာ တစ်စုံတစ်ယောက် က ငါ့မူလစိတ်ဝိညာဉ်ကို ဖျက်စီးချင်ရင်တော့ နတ်ဘုရား ပြစ်ဒဏ်မိုးကြိုးကို ဖျက်စီးရသလို ဖြစ်နေလိမ့်မယ်။ဒီ အခွင့်အရေးကို ရပြီးတဲ့နောက် ငါ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်မှာ ရှိနေသေးပေမဲ့လည်း ဒါက ငါ့ ကို မိုးကြိုးစွမ်းအား ပေးစွမ်းခဲ့ပြီ..."
ဝမ်လင်းက သူ့လက်ကို ပိတ်မြှောက်လိုက်သည်။သူ့လက် က လျှပ်စီးများဖြင့် ပြည့်နေကာ လျှပ်စီးအလင်းလုံးတစ်ခု ဖြစ်တည်သွား၏။ထိုအလင်းထဲမှ ပေါက်ကွဲသံများ ထွက် ပေါ်နေကာ မတည်မငြိမ်ဖြစ်နေသည်မှာ ရှင်းလင်းနေပေ သည်။ခဏအကြာတွင် လျှပ်စီးလုံးက ပျက်စီးလို့သွား၏။ သည့်နောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ ၎င်းကို မြိုချလိုက်သည်။သူ့မျက်နှာက အနည်းငယ် နီမြန်း သွား၏။သို့သော် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်လို့
သွားသည်။
"ဒါဆိုရင် ငါ့ခုလက်ရှိ မူလစိတ်ဝိညာဉ်က ဘာများ လဲ..." ဝမ်လင်းမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့် နေ၏။သူက မိုးကြိုးနဂါး၏ ကိုယ်ခန္ဓာ တစ်ဝက်ကို ဝါးမြို လိုက်ခြင်းက သူ့မူလစိတ်ဝိညာဉ်ကို ခုလို ထူးဆန်းသော နည်းလမ်းနှင့် ပြောင်းလဲသွားစေလိမ့်မည်ဟု လုံးဝ တွေး ထင်ထားမိခြင်း မရှိပေ။
သူက သည်မိုးကြိုးနဂါးကို အကုန်အစင် စုပ်ယူနိုင်ခဲ့ခြင်း မရှိပေ။သူက ငါးပုံတစ်ပုံကိုသာ စုပ်ယူနိုင်ခဲ့ကာ ကျန်သည့် အရာကို သူ့မူလစိတ်ဝိညာဉ်ထဲ၌ ချိပ်ပိတ်လို့ထား၏။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့မန္တာန် များကို ထုတ်ဖော်ရန် ကြိုးစားကြည့်လိုက်၏။သူက ခုထိတစ္ဆေလောကမြစ်အပါအဝင် သူ့မန္တာန်များကို အသုံးပြုနိုင် နေသေးပေသည်။ထိုသို့ ပြုလုပ်လို့ရပြီးမှသာ ဝမ်လင်းက စိတ်သက်ရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့၏။
သို့ရာတွင် သူက မတူညီမှုကို ချက်ခြင်းခံစားလိုက်ရ၏။ သည်မန္တာန်များက အရင်နှင့် အပြင်ပိုင်းတွင် တူညီနေ သော်လည်း လူတစ်ယောက်က သေချာကြည့်ပါက ၎င်းတို့ အားလုံး၌ မိုးကြိုးစွမ်းအား ပါဝင်နေသည်ကို တွေ့ရှိပေ လိမ့်မည်။
အလွန်အားကောင်းသောမိုးကြိုးစွမ်းအား အမျှင်တန်း။ ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူ့မန္တာန်များ၏
အင်အားက တိုးတက်လာခြင်းသည် ကောင်းမွန်သည့်အရာ တစ်ခု ဖြစ်၏။သို့သော်လည်း သည်စွမ်းအားတိုးတက်လာမှု က နည်းနည်းပါးပါး ဟုတ်မနေချေ။သူ့ခုလက်ရှိ မန္တာန်များ နှင့် သူက အာဏာတက်ခြင်း အလယ်အဆင့် ကျင့်ကြံ သူများကြား၌ ထိပ်ဆုံးက ရပ်တည်နေနိုင်ပြီ ဖြစ်သည်။သူ့ ရတနာများနှင့်ဆိုလျှင် ဝမ်လင်းက အာဏာတက်ခြင်း နောက်ဆုံးအဆင့်ကိုပါ ယှဉ်တိုက်နိုင်ပေ၏။
သို့ရာတွင် ဝမ်လင်းက တစ်ခုခုကို မေ့နေသလိုမျိုး တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားနေရပေသည်။
သူက အချိန်အတန်ကြာ စဉ်းစားကြည့်၏။ထိုခံစားချက် က ရှိလို့နေစမြဲသာ။သူက မတ်တပ်ထရပ်ကာ အက်ကွဲ ကြောင်းထွက်ပေါက်သို့ လျှောက်လှမ်းသွား၏။အက်ကွဲ ကြောင်းအပြင်ဘက်တွင်တော့ ပိန်းပိန်းမှောင်နေ၏။စုပ် အား၏ အသံများကလည်း ထွက်ပေါ်လို့နေသည်။သူက ထွက်ပေါ်နှင့် ပိုနီးလာလေလေ ထိုအသံက ပို၍ အားကောင်းလာလေပင်။
အက်ကွဲကြောင်းအပြင်သို့ ကြည့်လိုက်သည့်အခါ ဝမ် လင်းစိတ်ထဲ၌ လျှပ်စီးတန်းတစ်ခု ဖျပ်ခနဲ လင်းလက်သွား သည်ဟု ခံစားလိုက်ရ၏။သူက ရုတ်တရက် ဘာကြောင့် သူ တစ်ခုခုမှားနေသည်ဟု ခံစားရသည်ကို သိရှိလိုက်၏။
'ငါ့မူလစိတ်ဝိညာဉ်က ငါ့ခန္ဓာကိုယ်ရှိ ပြန်ဝင်ဖို့ ကြိုးစား တဲ့အခါမှာ ဒီအတားအဆီးက ဘာကြောင့် ရှိနေခဲ့တာ
များ ဒီခရမ်းရောင်မြူတွေကို သိပ်သည်းစေခဲ့တာများလဲ..."
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ခရမ်းရောင် တုန်ကင်က သူ့လက်ထဲ၌ ပေါ်လာခဲ့တော့၏။
မီးခိုးရောင်ဝတ်စုံ
သည်တုန်ကင်က ခရမ်းရောင်နှင် ရွှေရောင်လျှပ်စီး အရိပ်အမြွက်တို့ ရှိလို့နေသည်။၎င်းက ခရမ်းရွှေရောင် အပိုင်းအစတစ်ခုနှင့် ဆင်တူ၏။၎င်းကို ထိကြည့်သည့်အခါ လူတစ်ယောက်က သစ်သား သို့မဟုတ် ရွှေ ဖြင့် ပြုလုပ် ထားသည်ဟု ခံစားမိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သည်တုန်ကင် မည်သည့်အရာနှင့် ပြုလုပ် ထားသည်ကို အလေးမထားပေ။သူက ၎င်း၏ ပုံပန်းသွင် ပြင်ကိုသာ သေချာ ကြည့်ရှုနေ၏။
တုန်ကင်၏ မျက်နှာပြင်ပေါ်တွင် အပျက်အစီးစာလုံးအချို့ ရှိလို့နေ၏။ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ၎င်းကို စမ်းစစ်ကြည့်သည့်အခါ ထူးဆန်းသောအသွင် ဖြစ်ပေါ်သွားသည်။
"သိုလှောင်ခြင်း..."
သည်တုန်ကွင်းအတွင်း၌ သီးသန့်ဆန်သော ဟင်းလင်းပြင်နေရာလွတ်တစ်ခု ရှိလို့နေသည်။ သည် နေရာလွတ်က ခရမ်းရောင်မြူများနှင့် ပြည့်နေကာ
သိုလှောင်ပစ္စည်းတစ်ခု အမှန်ဖြစ်နေ၏။
၎င်းအတွင်း၌ ဓားတစ်လက်သာ ရှိလို့နေ၏။၎င်းက ကောင်းကင်ဘုံဓားမဟုတ်ဘဲ ဓားဆယ့်နှစ်လက်မှ တစ် လက် ဖြစ်လို့နေ၏။
ယင်းအကြောင်းကို တွေးကြည့်ပြီးသည့်နောက် ဝမ်လင်း က သည်ဓားသည် မြူထဲမှ ပိတ်လှောင်မိခဲ့သည့် တာ့လော့ ဓားကလန်မှတပည့်၏ ဓားဖြစ်မည်ဟု ကောက်ချက်ချ လိုက်သည်။ အချို့အကြောင်းရင်းများကြောင့် ထိုတပည့်က တုန်ကင်အတွက် စတေးခံရချိန်၌ သည်ဓားကို တုန်ကင်က စုပ်ယူထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အတွေးတစ်ချက်ဖြင့်ပင် သည်ဓားက ပျံသန်းထွက်လာ ကာ ဝမ်လင်းဘေးရှိ မြေပြင်ပေါ်သို့ စိုက်သွားသည်။
သည်တုန်ကင်ထဲရှိ နေရာလွတ်ကို သေချာလေ့လာကြည့် ပြီးနောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်း လိုက်၏။သူက တုန်ကင်ကို ကြည့်ကာ စတင် စဉ်းစား နေ၏။
"ဒီတုန်ကင်ကို ပြုလုပ်ထားတဲ့ သတ္တုပစ္စည်းကလွဲလို့ ဒါနဲ့ ပတ်သတ်ပြီး ကျန်တာ ထူးခြားတာလည်း ရှိမနေဘူး။ ငါကသာ ဒါကို မြူတွေကနေ တိုက်ရိုက် သိပ်သည်းပြီး ဖြစ်လာတာကို မမြင်တွေ့ခဲ့ရရင် ဒီအရာက ရှေ့ဖြစ်ဟောသူ၊ လင်းထျန်ဟူ၊သွေးဘိုးဘေး စတဲ့ ပုဂ္ဂိုလ်တွေ အသည်းအသန်လိုချင်နေတဲ့ အရာဖြစ်မှန်း တွေးကြည့်ဖို့
တောင် ခက်ခဲနေလိမ့်မယ်..."
"ဒီတုန်ကင်က လှိုဏ်ဂူကိုဖွင့်တဲ့ သော့ ဖြစ်တယ်။ လှိုဏ် ဂူအတု လေးခုကနေ နောက်ဆုံးလှိုင်ဂူအစစ်ကို ဒါနဲ့ ဖွင့်နိုင် တယ်။ ယောင်ရှင်းရွှယ် အပြောအရဆိုရင် ရှေ့ဖြစ်ဟောသူ နဲ့ သူ့အပေါင်းအပါတွေက လေးခုမြောက်လှိုဏ်ဂူအတု တည်ရှိမှုကို မသိကြဘူး လို့ ဆိုတယ်….။ ဒါပေမဲ့ သွေးဘိုး ဘေးတစ်ယောက်ကတော့ ဒါကို သိနေတယ်..."
သွားတာ "ချန်လုံနဲ့ လောဘကြီးတို့ကလည်း ငါ ဒီတုန်ကင်ကို ရ သိမှာပဲ။ဒါပေမဲ့ ချန်လုံကတော့ ရှင်းရှင်းလင်းလင်း မြင်လိုက်မှာ မဟုတ်ဘူး။ငါသာ သူ့ နေရာမှာ ဆိုရင် လောဘကြီးကပဲ အဆုံးသပ်မှာ တုန်ကင် ကို ရသွားလိမ့်မယ်လို့ ထင်မိမှာပဲ..."
အသက်ဝဝရှူသွင်းပြီးသည့်နောက် ဝမ်လင်းက သူ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ အက်ကွဲကြောင်းထဲ မှ အပြင်သို့ လှမ်းကြည့်လိုက်ပါက အမှောင်ထုကိုသာ တွေ့ မြင်ရသဖြင့် ဝမ်လင်းအသွင်က ခါးသက်သက် ဖြစ်လို့သွား သည်။
"ငါက ဒီတုန်ကင်ကို ရခဲ့ပေမဲ့လည်း ငါက ဒီနေရာမှာ ပိတ်မိနေပြီး အပြင်ကို ထွက်လို့ မရနိုင်ဘူး ဖြစ်နေတယ်။ လောဘကြီးလို ဉာဏ်များတဲ့လူတောင် ဒီနေရာမှာ တည်နေရာရွှေ့ပြောင်းကို မသုံးခဲ့တော့ ငါလည်း ဒီနည်းကို သုံးကြည့်စရာကို မလိုတော့တာ။ ငါက ဒီနေရာကနေ လှို
ဏ်ဂူထဲ ဝင်လို့ရမလားတော့ မသိဘူး..."
ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။ သူက သိုလှောင်အိတ်ကို နှိုက်လိုက်ရာ သူ့လက်ထဲ၌ သလင်းကျောက်တစ်ခု ပေါ်လာ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သက်ပြင်းချ ကာ ခါးသီးစွာ ပြုံးလိုက်၏။ "ငါက ဒါကို အသက်သွင်းနိုင် စွမ်း မရှိဘူး..."
သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့ပတ်လည်သို့ ကြည့်လိုက်၏။ သည်အက်ကွဲကြောင်းက ကြီးမားခြင်း မရှိပေ။ ဆယ့်နှစ်ပေလောက်သာ ကျယ်ပြန့်၏။တစ်ချက်ကြည့် ရုံဖြင့်ပင် ဝမ်လင်းက ရှင်းရှင်းလင်လင်း အကုန်မြင်လိုက်ရ သည်။သိပ်မကြာခင်တွင် သူက မတ်တပ်ထရပ်ကာ အက်ကွဲကြောင်း ဝင်ပေါက်သို့ ရောက်ရှိသွား၏။သူက အနည်းငယ် ရှေ့သို့ တိုးလိုက်သည်နှင့်ပင် သူ့ခန္ဓာကိုယ်ပေါ် သို့ စုပ်အားက သက်ရောက်လာသည်ကို ချက်ခြင်းခံစား လိုက်ရသည်။
ဝမ်လင်းက နောက်သို့ ပြန်ဆုတ်လိုက်၏။သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေသည်။
"ခြင်သားရဲက ခုချိန်မှာ ဘာတွေများ လုပ်နေမလဲ ငါ သိချင်မိတယ်။ ဒါ့အပြင် စီနီယာ ကျောက်ရီနဲ့ လောဘကြီးတို့ ရဲ့ တိုက်ပွဲကရော ဘယ်လိုများ ဖြစ်သွားပြီလဲ။ ဒါပေမဲ့ လည်း စီနီယာကျောက်ရီ နိုင်ရင်တောင်မှာ သူက ငါ ဘယ်
မှာ ရှိနေလဲကို သိမှာ မဟုတ်ဘူး..."
သူက အက်ကွဲကြောင်း နံရံသို့ ကြည့်လိုက်၏။သူ့ ခန္ဓာကိုယ်က လှုပ်ရှားသွားရင်း မြေကမ္ဘာလွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုရန် ပြင်လိုက်၏။သို့ရာတွင် သူ့ ခန္ဓာကိုယ်က နံရံနှင့် ထိမိလိုက်ချင်းချင်းမှာပင် သူက ရပ်တန့်လိုက်၏။အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း က မြေပြင်ပေါ်သို့ ပြန်ခြေချကာ သူ့သိုလှောင်အိတ်ကို ပုတ် လိုက်၏။ သူက စိတ်ဝိညာဉ်အလံကို ထုတ်ယူကာ စိတ် ဝိညာဉ်အပိုင်းအစတစ်ခုကို ထုတ်ယူပြီး နံရံထံသို့ လှမ်း ပစ်လိုက်၏။သည့်နောက် သေချာလေ့လာကြည့်နေသည်။
ထိုစိတ်ဝိညာဉ်က နံရံရှိရာသို့ မီးခိုးငွေ့ကဲသို့ မြောလွင့် သွား၏။သို့သော် ဝမ်လင်းက ထိုစိတ်ဝိညာဉ်ထံမှ ကြောက်လန့်တကြားအော်လိုက်သံကို ချက်ခြင်း ခံစား လိုက်ရသည်။နံရံထဲသို့ ဝင်သွားသည့် စိတ်ဝိညာဉ်က အပိုင်းပိုင်းအစစဖြစ်ကုန်ကာ ချက်ခြင်းပင် အောက်ခြေမှ စုပ်အား၏ စုပ်ယူခြင်းကို ခံလိုက်ရချေသည်။
ဝမ်လင်းမျက်လုံးထဲရှိ ခါးသီးမှုက ပိုအားကောင်းလာခဲ့ လေ၏။
သူက သူက သက်ပြင်းချကာ သုန်မှုန်စွာဖြင့် မြေပေါ်တွင် ကြာ ပွင့်သဏ္ဍာန်ထိုင်ချလိုက်၏။သိပ်အကြာခွင်တွင် သိုလှောင်အိတ်ထဲမှ ဓားသုံးလက်၊ လက်မောင်းတစ်ဖက်၊ နှင့် အရိုးခေါင်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။
သည်ဓားသုံးလက်က ဓားဆယ့်နှစ်လက်ထံမှ ဖြစ်ကြ၏။ တုန်ကင်ထဲရှိ တစ်ခုကိုပါ ထည့်တွက်ပါက မြွေ၊မြင်း၊ကြက်၊ ခွေး ဟူသော စိတ်ဝိညာဉ်လေးခု အသီးသီးပါဝင်သော ဓား လေးလက် ဖြစ်သွားပေလိမ့်မည်။
ခုလက်ရှိတွင် ဝမ်လင်း၌ ဓားဆယ့်နှစ်လက်မှ ခုနစ်လက် ကို ပိုင်ဆိုင်ထားပေ၏။
ဝမ်လင်းထံကနေ ဓားသုံးလက် အစီအရင်တစ်ခုလည်း ပျံသန်းထွက်လာပြီး သူ့ဘေးနားသို့ ကျရောက်လာ၏။ဝမ် လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားခုနစ်လက် က ချက်ခြင်းပင် သူ့အား ဝန်းရံပတ်သွားသည်။သူက ပါးစ ဟကာမူလစွမ်းအင်အချို့ကို ထွေးထုတ်လိုက်၏။မူလ စွမ်းအင်က ထိုဓားခုနစ်လက်အား ထွေးခြုံသွားသည်။
သူ့မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးအမျှင်တန်းတစ်ခုပါ အပို ပါဝင်နေ၏။၎င်းက ဓားများကို ထိလိုက်သည့်အခါ လျှပ်စီး က ထိုဓားများအား ဖြတ်သန်း ရွှေ့လျားသွား၏။ဓားခုနစ် လက်က လျှပ်စီးနှင့် ချိတ်ဆက်သွားကာ ထူးဆန်းသောဓား အစီအရင်တစ်ခုကို ဖြစ်တည်လာခဲ့စေသည်။
“ဓားခုနစ်လက်ကို ကြယ်ခုနစ်ခုဓားအစီအရင် အဖြစ် ဖြစ်ပေါ်နိုင်စေတာပဲ...။ဒါ့အပြင် ငါ့မိုးကြိုးစွမ်းအင်နဲ့ ဒီဓား တွေကို ချိတ်ဆက်ထားတော့ ဒီဓားအစီအစဉ်ရဲ့ စွမ်းအားက သုံးဆယ်ရာခိုင်နှုန်းလောက်ကို တိုးလာခဲ့ပြီ.."
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူ့မူလ
စွမ်းအင်က ဓားများကို မွန်းမံနေရင်း သူက ၎င်းတို့ကို အာရုံ မစိုက်ထားတော့ချေ။သည့်နောက် သူက ပြန်လှည့်၍ လက်မောင်းတစ်ဖက်နှင့် ဦးခေါင်းတို့အား ကြည့်လိုက်၏။
ဝမ်လင်းက စိတ်ဝိညာဉ်များသန့်စင်မွန်းမံခြင်းနှင့် ဓား စွမ်းအင်များ ထုတ်ယူခြင်းတို့တွင် အတွေ့အကြုံကြယ်ဝ ခဲ့ ပြီ ဖြစ်သည်။သူ့မူလစွမ်းအင် ပါးစပ်နှစ်လုပ်စာလောက်က လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ဝမ်လင်းက သက်တောင့် သက်သာ ထုတ်ယူ ဝါးမြိုနိုင်ဖို့ ခွင့်ပြုပေးလေသည်။ပုံမှန် အားဖြင့် လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို ဝါးမြိုပြီးသည့် အခါ သူ့မူလစိတ်ဝိညာဉ်က နာကျင်မှုလှိုင်းများကို ခံစား ရကာ ပြန်ကောင်းမွန်ရန် အချိန်ခဏ ယူရတက်သည်။
သို့ရာတွင် ခုချိန်၌ သူက ဓားစွမ်းအင်နှစ်ခုကို တစ်ပြိုင်နက် ဝါးမြိုလိုက်ပြီးသည့်နောက် သူ့မူလစိတ် ဝိညာဉ်က မည်သို့မျှ မနာကျင်တော့ဘဲ သက်တောင့် သက်သာပင် ဖြစ်လို့နေလေ၏။
ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်ကို စစ်ဆေးကြည့်လိုက် သောလည်း ဘာအမှားအယွင်းကိုမှ မတွေ့ရချေ။ဝမ်လင်း က ညစ်ကျယ်ကျယ်ပြုံး၍ သူ့ကိုယ်သူ ပြောလိုက်၏။ "ဒါက မူလစိတ်ဝိညာဉ်တစ်ခုလို သတ်မှတ်နိုင်သေးရဲ့လား..."
သည့်နောက် ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ အတာ အဆီးအဝန်းတစ်ခုကိုပါ ထပ်မံ ထုတ်ယူလိုက်သည်။
သည်အဝန်းက ထွက်ပေါ်လာသည်နှင့် ကြီးထွားလာပြီး
မြေပေါ်သို့ ကျရောက်သွား၏။၎င်းအဝန်းပေါ်တွင် မရေမ တွက်နိုင်သော အတားအဆီးများစွာ ရှိလို့နေ၏။ဝမ်လင်းက ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အဝန်းထံသို့ လက်ညွှန်သည်။
ထိုအတားအဆီးအဝန်းက စတင်အက်ကွဲလာကာ လူ တစ်ယောက်၏ အသွင် ထွက်ပေါ်လာ၏။
သည်လူက အနီရောင်အုပ်စုခွဲမှ ဒူဂျန်ပင် ဖြစ်လေ၏။သူ့ မျက်လုံးများက မှိတ်ထားလျက် ရှိကာ မျက်နှာကလည်း ဖြူ ရောလို့နေ၏။အတားအဆီးများကို ဖယ်ပေးလိုက်သည့် အခါ သူ့မျက်လုံးက ပွင့်လာပြီး ဝမ်လင်းအား စူးစိုက်ကြည့် လာ၏။
ဒူဂျန်က သူ့ကိုယ်သူ ပြန်စစ်ကြည့်လိုက်သည့်အခါတွင် တော့ သူ့မူလစိတ်ဝိညာဉ်က ချိပ်ပိတ်ခံထားရသည်ကို တွေ့ လိုက်ရ၏။ခုချိန်၌ သူက သေမျိုးတစ်ယောက်ကဲ့သို့အဆင့် သာ ရှိတော့၏။
ဝမ်လင်းအသံက တည်ငြိမ်ကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ "စီနီယာအကိုဒူ...မင်းက ငါ့ကို ဆရာရဲ့ လျှို့ဝှက်ချက် ခု ပြောနိုင်ပြီ..."
ဒူဂျန်အသွင်က ခါးသီးစွာ ဖြစ်ပေါ်နေ၏။သူက ဝမ်လင်း ကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် သူက ပြောလသည်။ "ငါက ပြောမယ်ဆိုရင်တောင် အသက်ရှိဖို့ ခက်ခဲနေလောက်
ဝမ်လင်း အကြည့်က ဒူဂျန်ထံသို့ စူးရဲစွာ ကျ ရောက်လာ၏။ဝမ်လင်းမျက်လုံးထဲရှိ လျှပ်စီးအငွေ့အသက် က ဒူဂျန်မျက်လုံးထဲသို့ ထွင်းဖောက်သွားသကဲ့သို့ပင်။သည် အရာက ဒူဂျန်၏စိတ်ကို ပြောင်းလဲသွားကာ တုန်လှုပ်သွား စေ၏။သူက ဝမ်လင်းထံသို့ လက်ညှိုးထိုးကာ အံအောတ ကြီး ပြောလာ၏။ "မင်း...မင်းရဲ့မျက်လုံး..."
ဒူဂျန်က ဝမ်လင်းစကားကို မကြားတော့ဘဲ သူ့မျက်လုံး ထဲ၌ ကြက်သေသေမှုသာ ရှိလို့နေ၏။ဒူဂျန်က များစွာသော ကျင့်ကြံသူများနှင့် စွမ်းအားကောင်းလှသော ကျင့်ကြံ သူများကိုပင် မြင်တွေ့ခဲ့ဖူးပေသည်။
ထိုသူများထဲ၌ လျှပ်စီးမျက်လုံးကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများလည်း ပါဝင်နေ၏။သို့ရာတွင် သူတို့၏ လျှပ်စီးများက မန္တာန်ဖြင့် ဖန်တီးထားကြခြင်းသာ ဖြစ်သည်။၎င်းက လျှပ်စီးဓာတ်ရှိသော်လည်း ကောင်းကင်ဘုံ၏လျှပ်စီးကိုတော့ မည်သို့ ယှဉ်နိုင်ပါ့မည် နည်း။
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သူက သည် အလကားကောင်နှင့် ဆက်၍ ညှိုနှိုင်းလိုခြင်း မရှိတော့ပေ။ ထို့ကြောင့် သူက ဒူဂျန်ကို ဖမ်းကိုင်ကာ အက်ကွဲကြောင်း အပေါက်ဝထံသို့ ဆွဲယူလိုက်၏။အပေါက်ဝ၌ ဒူဂျန်က ပြင်းထန်သည့်စုပ်အားတစ်ခုကို သတိထားမိလိုက်၏။သူ့
ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ဆွဲခေါ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ လေသည်။
သူက ကြောက်လန့်မှုကြောင့် ကတုန်ကယင်ပင် ဖြစ်လို့ သွားသည်။
"ပြောပါ…" ဝမ်လင်းက စကားတစ်ခွန်းသာ ထပ်ဆို လိုက်၏။
ဒူဂျန်၏အသွင်က ပို၍ပင် ဖြူရောသွားသည်။သေခြင်း အရိပ်က သူ့ထံသို့ ထိုးကျလာတော့၏။ဝမ်လင်းအသွင်က တည်ငြိမ်စွာပင် ဒူဂျန်ကို အပေါက်ဝသို့ နောက်တစ်ကြိမ် ဆွဲခေါ်လိုက်ပြန်၏။
ဒူဂျန်၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သူက အမြန် အော်ပြောလိုက်တော့သည်။ "ငါ ပြောပါ့မယ်...ပြောပါ့ ໑໖..."
ဝမ်လင်းက သူ့ညာလက်ကို ပြန်ဆွဲယူလိုက်ပြီး ဒူဂျန်ကို ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်ပြီး အေးစက်စွာ ကြည့်လိုက် သည်။
ဒူဂျန်က အနည်းငယ် တုန်ယင်နေရင်း သူ့မူလစိတ် ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း ပြန်ရောက်ရှိလာ၏။သူ့မျက်လုံးများထဲပ ကြောက်ရွှံမှုများ ပြည့်နေကာ သူကပြောလိုက်သည်။ "ငါ သိသမျှ အကုန်ပြောပြပါ့မယ်။ ဒါပေမဲ့ မင်း ငါ့ကို မသတ်ဖူးလို့ ကတိပေးရမယ်...
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ ငါက မင်းကို မ သက်ဖြစ်လောက်ဘူး။ ငါ့မှာ မင်းအတွက် တစ်ခြား အစီအစဉ်တွေ ရှိသေးတယ်။
ဝမ်လင်းက ဒူဂျန်ကို အေးစက်စွာ ကြည့်၍ မျက်မှောင်ကြုတ်သွားပြန်သည်။သူက သူ့ညာလက်ကို ဖြည်းဖြည်းချင်းမြှောက်ကာ ဒူဂျန်ကို အက်ကွဲကြောင်းအဝ သို့ လွှတ်ပစ်ရန် ပြင်လိုက်သည်။
ဒူဂျန်၏ခန္ဓာကိုယ်က တုန်ယင်နေကာ သူက ခပ်သွက်သွက် ပြောလိုက်၏။ " ဆရာက စွန်ယန်ကို ဝါးမြို တာ ငါ မြင်ခဲ့ဖူးတယ်..."
ဝမ်လင်း မျက်လုံများက တောက်ပသွားကာ သူက ဒူဂျန် အား စူးရဲစွာ ကြည်နေ၏။
"ငါက ဒါကို ကိုယ်တိုင် မြင်ခဲ့တာ မဟုတ်ပါဘူး။ဒါပေမဲ့ တောင်မှင်စာဆီကနေ ဒါနဲ့ ပတ်သတ်လို့ တွေ့မြင်ခဲ့ရတာ။ ငါက ကောင်းကင်ကံကြမ္မာကလန့်ကို စတင်တဲ့အချိန်မှာ သားရဲတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနိုင်တဲ့ နည်းစနစ်ကို ကျင့်ကြံခဲ့တယ်။ငါကအတိတ်တုန်းက သက်တမ်း အနောက်ဘက်ခြမ်းတောင်တန်းတွေမှာ ကုန်ဆုံးခါနီး တောင်မှင်စာ တစ်ကောင်ကို ရှာတွေ့ခဲ့တယ်။ ငါက ၎င်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကု စုပ်ယူနေစဉ်မှာပဲ ၎င်း ရဲ့ အချို့မှတ်ဉာဏ်တွေကို ထုတ်ယူကြည့်ခဲ့တာ..."
"ဒီမှတ်ဉာဏ်တွေထဲကတစ်ခုကတော့ ဆရာက စွန်ယန်
ကို ဝါးမြိုနေတဲ့ မြင်ကွင်း ဖြစ်တယ်..."
ဝမ်လင်းက မှင်သက်လို့သွား၏။
ဒူဂျန်က ခပ်မြန်မြန် ပြောလိုက်သည်။ "အဲ့မှတ်ဉာဏ်ထဲ မှာ စွန်ယန်နဲ့ဆရာက အကြီးအကျယ် တိုက်ခိုက်နေကြ တာ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဆရာက စွန်ယန်ကို ဝါး မြိုပစ်ဖို့ မန္တာန်တစ်ခု အသုံးပြုပြီး ထွက်ခွာသွားခဲ့တယ်..."
သည်အရာက သူ့အတွက် အကြီးမားဆုံးလျှို့ဝှက်ချက် ကြီးပင်။ ဒူဂျန်က သည်မှတ်ဉာဏ်ကို စမြင်သည့်နေ့တုန်း က လုံးဝတုန်လှုပ်သွားခဲ့ကာ တစ်ချိန်တည်းမှာလည်း သူ့ နှလုံးသားထဲ၌ ကြောက်ရွှံ့မှုပါ ဖြစ်ပေါ်သွားခဲ့ပေသည်။
ထို့ကြောင့်လည်း သူက ရှေ့ဖြစ်ဟောသူကို တစ်ချိန်လုံး လေးစား၊ကြောက်လန့်နေခြင်းပင်။သည်လျှို့ဝှက်ချက်ကို လည်း သူ့နှလုံးသားထဲ၌ မြေမြှုပ်ထားခဲ့ကာ ခုမှ ပထမဆုံး အကြိမ် အခြားတစ်ယောက်ကို ပြောပြခဲ့ခြင်း ဖြစ်လေ၏။
ဝမ်လင်းက မေးလိုက်၏။ "အဲ့တုန်းက ဆရာ့ရဲ့ အသွင်အပြင်က ဘယ်လိုရှိလဲ…"
"ဒါက..ကြည့်ရတာတော့ စိတ်ထိခိုက် နောင်တရနေတဲ့ ပုံပဲ...အင်း အဲ့လိုမျိုးပဲ ဖြစ်လိမ့်မယ်..."
ဒူဂျန်က သူ့မှတ်ညာဉ်များကို ပြန်စဉ်းစားနေရင်း ချီတုံ့ချ တုံနှင့် ပြောလာခဲ့သည်။ “ဒါပေမဲ့...ဒီတောင်မှင်စာရဲ့ မှတ်ဉာဏ်ထဲမှာ ဆရာနဲ့ ပတ်သတ်လို့ ထူးဆန်းတာ တစ်ခု ရှိနေတယ်။ငါက ဆရာ အရင်တုန်းက အဲ့မှတ်ဉာဏ်ထဲက
လို မီးခိုးရောင်ဝတ်တာ မမြင်တွေ့ခဲ့ဖူးဘူး..."
ဝမ်လင်းမျက်လုံးများက ဒူဂျန်ကို ကြည့်နေရင်း တောက်ပသထက် တောက်ပလာခဲ့သည်။သည့်နောက် သူက တစ်လုံးချင်း ပြောလာ၏။ "သူက မီးခိုးရောင် ဝတ်စုံ ဝတ်ဆင်ထားတာ မင်း သေချာလား.."
ဒူဂျန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ "သေချာ တယ်...ဒါက မီးခိုးရောင်ဝတ်စုံပဲ..."
Comments
Post a Comment