အပိုင်း(138)
ကောင်းကင်ဘုံသက်တောင်စောင့်အဖြစ် မွန်းမံခြင်း
"မီးခိုးရောင်ဝတ်စုံနဲ့ ရှေ့ဖြစ်ဟောသူ...စိတ်ဝင်စားစရာ ပဲ..." ဝမ်လင်းက မဖြစ်ညစ်ကျယ် ပြုံးလိုက်သည်။သူက ဒူ ဂျန်ကို အစောပိုင်းတည်းက နတ်ဘုရားအာရုံဖြင့် စောင့် ကြည့်နေခြင်း ဖြစ်ကာ သူက လိမ်နေသည့်ပုံမပေါ်ပေ။
"ဆရာ..သင့်မှာ လျှို့ဝှက်ချက်တွေ အများကြီး ကျိန်းသေရှိနေမှာပဲ..." ဝမ်လင်းမျက်လုံးများက အေးစက် လာခဲ့သည်။
"လျှို့ဝှက်ချက်များတာက ဒီတပည့်ကို တည်ငြိမ်အောင် လုပ်ပေးတယ်။ကြည့်ရတာ ငါက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ဆက်မနေသင့်တော့ဘူး။ငါက အဲ့နေရာမှာ ဆက်နေရင် ငါက တစ်နေ့မှာ ဆရာရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့တာနဲ့ ငါ လည်း သူ့ရဲ့ ဝါးမြိုခြင်းကို ခံသွားရနိုင်တယ်..."
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သူက ထျန်ယွမ် ဂြိုဟ်ပေါ်ကနေ ခပ်မြန်မြန် ထွက်သွားဖို့ သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်သည်။
"ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ထွက်သွားပြီးရင်
ငါက ငါ့မူလခန္ဓာကိုယ်နဲ့ ပြန်ပေါင်းစပ်ပြီး ထွက်သွားရ မယ်။ ထျန်ယွမ်ဂြိုဟ်ပေါ်က ရေဟာ ငါ့အတွက် နက်နဲလွန်း နေတယ်..."
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။သူက သူ့ ပတ်လည်ကို ကြည့်ကာ သက်ပြင်းသာ ချမိတော့သည်။
"ငါက ခုထိတော့ ဒီနေရာက ထွက်သွားနိုင်မလား တောင် မသေချာသေးဘူး..."
ဒူဂျန်က ဝမ်လင်းကို သူ့အကြီးမားဆုံးလျှို့ဝှက်ချက်ကို ပြောပြခဲ့ပြီးနောက် ဝမ်လင်းကို သေချာ သတိထားကြည့် နေ၏။သူက ဝမ်လင်း၏ အသွင်က အနည်းငယ်လောက် သာ ပြောင်သွားသည်ကို တွေ့မြင်လိုက်ရပေသည်။
ဒူဂျန်က လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။သူက ဝမ် လင်း သူ့ကို မယုံကြည်မှာ တော်တော်လေး စိုးရိမ်လို့နေခဲ့ ပေသည်။သူက အက်ကွဲကြောင်းသို့ကြည့်ကာ စိတ်ရှုပ်ထွေး သွားပြန်သည်။
"ဒါက ဘယ်နေရာများလဲ…" ဒူဂျန်က အက်ကွဲကြောင်း အပေါက်ဝသို့ လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုက ရိပ်ခနဲ ဖြတ်ပြေးသွားသည်။
သူက လေထဲ၌ ဝဲလွင့်နေသော ဓားခုနစ်လက်ကို ကြည့် လိုက်ပြန်သည်။ဝမ်လင်း၏ မူလစွမ်းအင်က ထိုဓားခုနစ် လက်ကို ဝန်းရံထားကာ လျှပ်စီးကလည်း ယင်းဓားများနှင့် အတူ ချိတ်ဆက်လို့ထာား၏။
"ဒါက ဝမ်လင်းရဲ့ လျှို့ဝှက်လှိုဏ်ဂူတစ်ခု ဖြစ်ရမယ်။ ဒီ လူက ရက်စက်လှတဲ့အတွက် ငါက ဒီနေရာမှာ မနေနိုင် ဘူး။ ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်ဘူး ဖြစ်နေတာ။ မဟုတ်ရင် မဟုတ်ရင်...ငါ သာ အာဏာတက်ခြင်းအဆင့်ကို ရောက်နေခဲ့ရင်..."
ဒူဂျန်က နဂိုထဲက အာဏာတက်ခြင်းအဆင့်သို့ ခြေ တစ်ဝက် ရောက်နေခဲ့ပြီ ဖြစ်သည်။သို့ရာတွင် သူက နောက်ဆုံးခြေလှမ်းကို လှမ်းရန် ဆန္ဒမရှိဘဲ သေခြင်းရှင် ခြင်းစမ်းသပ်မှုကို ရင်မဆိုင်ရဲဘဲ ဖြစ်နေ၏။
သို့ရာတွင် သည်အန္တရာယ်အောက်၌ သူက အံတင်းတင်း ကြိတ်မိနေရုံသာ ရှိတော့သည်။သူ့မူလစိတ်ဝိညာဉ်ကလည်း ချိပ်ပိတ်ခြင်း ခံထားရသော်လည်း အာဏာတက်ခြင်း အဆင့်ကို ချိုးဖျက်သည့် စွမ်းအားကို ငှားယမ်းပြီး သည်ချိပ် ပိတ်မှုကို ချိုးဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေပေ၏။
"အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိခြင်းက အသက် ရှင်ဖို့ အခွင့်ရေးပဲ။ ကျရှုံးရင်တော့ သေရမှာ ဖြစ်တယ်။ငါက ဒီနေရာမှာ သေရမှာကို စောင့်နေမယ့်အစား ဒီလောက် တော့ ရင်းကြည့်ရမှာပဲ..."
ဒူဂျန်၏ မျက်လုံးထဲ၌ ပြတ်သားမှုနှင့် ပြည့်လို့နေ၏။ သည်လိုမျိုး စိတ်ပြတ်သားမှုက သူ့အတွက် ဖြစ်တောင့်ဖြစ် ခဲပင်။
သို့ရာတွင် သူက သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီး
သည့်နောက် ဝမ်လင်း၏ ရေခဲတမျှ အေးလှသည့် အကြည့် က သူ့ထံသို့ ကျရောက်လာခဲ့သည်။ထိုအကြည့်က သူ့ခေါင်း ပေါ်သို့ ရေအေးနှင့် လောင်းချလိုက်သကဲ့သို့ပင်။ချက်ခြင်း ပင် သူ့ စိတ်ဆုံးဖြတ်ထားမှုက ပျက်စီးသွားတော့၏။
ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓားခုနစ် လက်က ကောင်းကင်ထက်ကနေ သူ့လက်ထဲသို့ ပျံသန်း လာ၏။သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်း ထားလိုက်သည်။
"ဝမ်...ဝမ်လင်း..."
ဝမ်လင်းက တည်ငြိမ်စွာ ပြောလာ၏။ "ငါက မင်းကို အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ တစ်ကြိမ် အခွင့်အရေးပေးမယ်။ မင်းအောင်မြင်ရင် ငါမင်းကို ကံကောင်းမှုတစ်ခု ကမ်းလှမ်းပေးမယ်…"
ဒူဂျန်က စဉ်းစားလိုက်သည်။သူက မည်သည့်ကံကောင်း မှုမှန်း မမေးပေ။သည်အခိုက်အတန့် သူ့စိတ်ထဲ၌ ဝမ်လင်း 3 သူ့ကို သွားခွင့်ပြုလိမ့်မည် မဟုတ်ဟု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။အချိန်အတန်ကြာ ပြီးနောက် သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ "လူကြီးလူကောင်းက သူ့စကားကို တည်တယ်..."
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။
ဒူဂျန်က ရုတ်တရက် မျက်လုံးမှိတ်လိုက်သည်။ဝမ်လင်း ကျင့်ကြံမှုက သူ့ထက်များစွာ မြင့်ကာ သူ့ကို လွယ်လွယ် လေး သတ်ပစ်နိုင်စွမ်း ရှိ၏။ထို့ကြောင့် သူက ထိုသို့ မျက်လုံးမှိတ်ထားလိုက်ရသည်နှင့် ပတ်သတ်၍ စိုးရိမ်နေ ရန် မလိုပေ။သူက စိတ်ရှုပ်ထွေးနေဆဲ ဖြစ်သော်လည်း သူက သေခြင်းရှင်ခြင်း အခြေအနေသို့ ရောက်နေသည် ဖြစ်၍ များများစဉ်းစားနေရန် အချိန်မရှိတော့ပေ။
ဒူဂျန်က အသက်ဝဝရှူသွင်းလိုက်၏။သူက သူ့နယ်ပယ် သည် ပြည့်စုံနေပြီ ဖြစ်ကြောင်း ခံစားမိကာ နောက်ဆုံး အဆင့်ကို လုပ်ဆောင်လိုက်၏။ဒူဂျန်၏ခန္ဓာကိုယ်ထံကနေ ကောင်းကင်ဘုံမူလစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း ထွက် ပေါ်လာခဲ့သည်။သည်စွမ်းအင်က သန်မာသထက် သန်မာ လာကာ ဝမ်လင်း၏ ဒူဂျန်မူလစိတ်ဝိညာဉ်အပေါ် ချိပ်ပိတ် ထားမှုအား လွယ်လင့်တကူ ပယ်ဖျက်လို့သွား၏။
ဝမ်လင်းက ဒူဂျန်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံး များက တောက်ပလျက်ရှိကာ သူက စဉ်းစားလို့နေ၏။သူက ဒူဂျန်ကို အာဏာတက်ခြင်းအဆင့်သို့ ခွင့်ပြုပေးလိုက်ရ သည့် အကြောင်းရင်းက သူ့ကို ကောင်းကင်ဘုံ သက်တော်စောင့်အဖြစ် အောင်မြင်အောင် လုပ်နိုင်သည့် နှုန်းကို တိုးမြင့်သွားစေရန် ဖြစ်လေ၏။
ဝမ်လင်းက
ကျောက်စိမ်းပြားထဲမှ ကောင်းကင်ဘုံအင်ပါယာချင်လင်၏ ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက် ဖန်တီးသည့် ညွှန်ပြချက်များကို မေ့မထား ပေ။တကယ်တော့ သူက ဒူဂျန်ကို ဖမ်းမိသည့် အခိုက် ကတည်းက သည်လူ့ကို အဆင့်နိမ့်ကောင်းကင်ဘုံ သက် တောင်စောင့်တစ်ယောက်အဖြစ် ဆုံးဖြတ်ထားခဲ့ပေသည်။
သန့်စင်မွန်းမံပစ်ရန်
အောင်မြင်မှုနှုန်းက နည်းပါးလှသော်လည်း သူသာ အောင်မြင်ခဲ့ပါက သူက ယင်ယန်အဆင့်သို့ ခြေတစ်လှမ်း ချနိုင်သည့် အာဏာတက်ခြင်းအဆင့် အထွတ်အထိပ်တစ် ယောက်ကို ထုတ်လုပ်နိုင်မည် ဖြစ်လေသည်။သည်အရာက ဝမ်လင်းကို တော်တော်လေး လောဘတက်စေ၏။
သည်ကျောက်စိမ်းပြားထဲ၌ ဖော်ပြထားသော အချို့မန္တာန် များသည် ကောင်းကင်ဘုံသက်တောင်စောင့်များသာ အသုံးပြုနိုင်စွမ်း ရှိနေပေ၏။ကောင်းကင်ဘုံ သက်တော်စောင့် တစ်ယောက်သာ ထိုမန္တာန်များကို အသုံးပြုပါက မန္တာန်၏စွမ်းအားက ကြောက်မက်ဖွယ် ကောင်းသွားမည် ဖြစ်၏။
သည်ဒူဂျန်ကသာ သူ့ကို ရန်လာမစခဲ့ရင် အဆင်ပြေဦး ပေမည်။ဝမ်လင်းကလည်း သူ့ကို ကောင်းကင်ဘုံ သက်တော်စောင့်တစ်ယောက် အဖြစ် မွန်းမံစိတ်ရှိတော့ မည် မဟုတ်ပေ။သို့သော် သည်လူက သူ့ကို သတ်ချင်နေခဲ့ သည့်အတွက် ဝမ်လင်းက သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်တော့ချေ။
"သင်က ကျရှုံးရင် တာအိုလမ်းကြောင်းပေါ်မှာ သေဆုံး ရလိမ့်မယ်။ ဒါ့ကြောင့် ဒီသေဆုံးမှုက ကျင့်ကြံသူတစ် ယောက်အတွက် သင့်တော်တယ်လို့ ယူဆနိုင်တယ်။ သင် က အောင်မြင်ရင်တော့ ငါက သင့်ကို ကံကောင်းမှုကြီး တစ်ခု ပေးမယ်။ အောင်မြင်မလား ၊မအောင်မြင်မလား ကတော့ သင့်ကံအပေါ်မှာပဲ မူတည်နေတယ်..."
ဒူဂျန်၏ ကျင့်ကြံမှုက ဝမ်လင်းကဲ့သို့ မဟုတ်ဘဲ ကောင်းကင်ဘုံ၏ စိတ်ဆန္ဒနောက်ကို လိုက်ပါခြင်းဖြစ် လေ၏။အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ဒူဂျန် ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံမူလစွမ်းအင်များကလည်း ပို၍ပို၍ အားကောင်းလာခဲ့သည်။သိပ်မကြာခင်တွင် သူ့မူလ စိတ်ဝိညာဉ်က ပျံသန်းထွက်လာကာ ထိုမူလစွမ်းအင်နှင့် ပေါင်းစပ်သွား၏။
အချိန်က ကုန်ဆုံးလာခဲ့သည်။ တစ်နာရီကုန်ဆုံးသွားပြီး သည့်အထိ ဒူဂျန်၏မူလစိတ်ဝိညာဉ်ထဲ၌ မည်သည့် ပုံမှန် မဟုတ်မှုမှ ရှိမလာခဲ့ပေ။သည်အရာက ဝမ်လင်မျက်လုံး များက လင်းလက်သွားစေ၏။
ဒူဂျန်၏ မူလစိတ်ဝိညာဉ် ပေါင်းစပ်မှုက သုံးရက်တိတိကြာမြင့်ခဲ့ပေသည်။နောက်ဆုံးတွင် ကောင်းကင်ဘုံမူလ စွမ်းအင်များက ဒူဂျန်၏မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ် လုနီးပါး ဖြစ်လာသည့်အခိုက်၌ တစ်စုံတစ်ခု ဖြစ်ပွားလာခဲ့ သည်။သည်အရာက မူလမီးတောက်များကို ထိန်ငြှိပေး သော့ သိမ့်သိမ့်လှုပ်ရှားလာမှု ဖြစ်၏။ရုတ်တရက် ပေါ်လာသော သည်မီးတောက်က သူ့မူလစိတ်ဝိညာဉ်တစ်ခု လုံးကို လောင်ကျွမ်းပစ်ချင်သည့်အလား ဖြစ်နေ၏။
ဒူဂျန်က နာကျင်စွာ ရုန်းကန်နေရကာ ဝမ်လင်းကလည်း မျက်မှောင်ကြုတ်သွား၏။ဒူဂျန်၏ မူလစိတ်ဝိညာဉ်က ပြာ မှုန်အဖြစ်သို့ လောင်ကျွမ်းခံရလုနီး၌ ဝမ်လင်းက ရှေ့သို့ တိုးလာ၏။သူက သူ့လက်ဖြင် ဒူဂျန်၏ မူလစိတ်ဝိညာဉ် ထံသို့ တိုက်ရိုက် ရိုက်ချလိုက်သည်။
သူ့လက်က ရောက်ရှိလာသည်နှင့် မူလမီးတောက်က လမ်းကြောင်းတစ်ခုကို တွေ့သားသည့်အလား ထင်မှတ် ရ၏။၎င်းက ဝမ်လင်းညာလက်မှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲ သို့ တိုးဝင်ကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင် ရောက်လာသည်။
ချက်ခြင်းပင် ဝမ်လင်းမူလစိတ်ဝိညာဉ်က သည်မူလ မီးတောက်များနှင့် ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။ သို့ရာတွင် သူမူလစိတ်ဝိညာဉ်က လောင်ကျွမ်းသွားခြင်း မ ရှိသည့်အပြင် သက်တောင့်သက်သာ ခံစားချက်ကို ပေး စွမ်းလာလေ၏။
ဝမ်လင်းမူလစိတ်ဝိညာဉ်က လှုပ်ရှားလာရင်း ယင်း အတွင်းမှ လျှပ်စီးများစွာ ထွက်ပေါ်လာခဲ့သည်။သည် လျှပ်စီးများက မီးတောက်အတွင်း၌ ရွှေ့လျားသါားကာ မီးတောက်နှင့်လျှပ်စီးမြင်ကွင်းကို ဖြစ်တည်စေ၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းမူလစိတ်ဝိညာဉ်က မီးတောက်နှင့်လျှပ်စီးများကို စုပ်ယူပစ်ပြီး ပျောက်ကွယ် သွားစေသည်။ထိုစုပ်ယူအားက ဝမ်လင်းညာလက်ပေါ်၌ပင် ပေါ်ထွက်လာကာ ဒူဂျန်ခန္ဓာကိုယ်မှ မူလမီးတောက်မျးက ဝမ်လင်းထံသို့ စုပ်ယူခြင်းကို ခံလိုက်ရချေသည်။
ဒူဂျန်၏မူလစိတ်ဝိညာဉ်က သည်မီးတောက်ဖြင့် လောင်ကျွမ်းခြင်း အန္တရာယ်ကနေ လွတ်ကင်းသွား၏။ဝမ် လင်းက သူ့လက်ကို ချက်ခြင်း ပြန်ရုတ်သိမ်းသည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူ့မူလစိတ် ဝိညာဉ်က သည်မူလမီးတောက်ကို စုပ်ယူခြင်းအား စတင် ထိန်းချုပ်ပေးလိုက်၏။
ဒူဂျန်၏ မူလစိတ်ဝိညာဉ်က
အားနည်းသွားကာ အနည်းငယ်ကျန်သော မူလစွမ်းအင်နှင့် ပေါင်းစပ်မှုတို့က ပြီးပြည့်စုံသွားတော့၏။သူက မူလစွမ်းအင် အများကြီး ဆုံးရှုံးခဲ့ရကာ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ခဲ့ လျှင်ပင် ထိုအဆင့်၌ ထာဝရ တစ်ဆို့သွားတော့မည် ဖြစ်၏။ သူ့အတွက် ရှေ့သို့ တိုးတက်နိုင်ရန် တစ်ခုတည်းသော နည်း လမ်းက သူက မူလစွမ်းအင် ပြန်ကောင်းသည့် ကံကောင်းမှု တစ်ခု တွေ့မှ ဖြစ်နိုင်ပေတော့မည်။
အချိန်က ကုန်ဆုံးလာ၏။ဆယ်ရက်ကျောက် ကုန်ဆုံး သွားခဲ့လေပြီ။ဒူဂျန်၏မူလစိတ်ဝိညာဉ်နှင့် မူလစွမ်းအင်တို့ ကလည်း တစ်ခုတည်း အဖြစ်သို့ ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။သူ့မူလစိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာကာ အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာက ရုတ်တရက် ပေါ်ထွက်လာလေ၏။သူက မျက်လုံးဖွင့်လာ၏။သူ့မျက်လုံး ထဲ၌ ရှုပ်ထွေးသောအကြည့်တို့ ဖြစ်ပေါ်လို့နေသည်။
သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခါနီး အခိုက်၌ ကျရှုံးတော့မည်ကို သိခဲ့ပေ၏။သည့်နောက် ဝမ် လင်းက သူ့ကို ကယ်တင်ခဲ့ခြင်းပင်။ သည်အခိုက်အတန့်၌ သူ့စိတ်ထဲတွင် အတွေးများ ဗြောင်းဆန်သွားသည်။အချိန် အတန်ကြာပြီးနောက် ဒူဂျန်က သက်ပြင်းမှုတ်ထုတ် လိုက်၏။ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ သော်လည်း သူသည် အားနည်းသည့် အာဏာတက်ခြင်း ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေခဲ့ပြီး ဝမ်လင်းကို ယှဉ် နိုင်သည့် စွမ်းအား မရှိပေ။
"ဘယ်လိုကံကောင်းမှုကိုမျိုးကို မင်းက ငါ့ကို ပေးမှာ လဲ..." သည်အခိုက်အတန့်၌ ဒူဂျန်၏ ဝမ်လင်းအပေါ် ခံစား ချက်က ပိုရှုပ်ထွေးလာခဲ့တော့သည်။ သူ့စိတ်ထဲ၌ ဝမ်လင်း အပေါ် မုန်းတီးမှုနှင့် ကျေးဇူးတင်မှု တို့ဖြစ်ပေါ်နေ၏။သည့် အပြင် သူက နောင်တတရားနှင့် ကြောက်ရွှံ့မှုကိုလည်း ခံစားနေရသည်။
ဝမ်လင်းအသံက တည်ငြိမ်စွာ ထွက်ပေါ်လာ၏။ "ခန္ဓာကိုယ်ကို သန့်စင်ပြီး မူလစိတ်ဝိညာဉ်ကို လျှို့ဝှက် ကျင့်စဉ်နဲ့ အသွင်ပြောင်းတာ။ ဒါက မင်းကို ယင်နဲ့ယန် အဆင့်ကို ခြေတစ်ဝက်ချနိုင်တဲ့ အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ အခွင့်ရေး ရှိသွားစေ လိမ့်မယ်..."
ဒူဂျန်၏ နှလုံးက ခုန်ပေါက်လို့နေ၏။သူက ခါး သက်သက်မေးလိုက်သည်။ "ဒီကျင့်စဉ်က ကောင်းကင်ဘုံနဲ့ ဖိဆန်နေတယ်။ဒါက ကျရှုံးနိုင်တဲ့နှုန်း အရမ်းမြင့်တယ်လို့ ဆိုလိုတာပဲ။ထားလိုက်ပါတော့လေ။ ငါတစ်ခုတော့ မေး ကြည့်ချင်တယ်...ငါက ငါ့အသိစိတ်ကိုရော ထိန်းသိမ်းထားနိုင်မှာလား..." ဆက်
ပြောလာသည်။ "မင်းက နှစ်သောင်းနဲ့ချီပြီး အသက်ရှင်ပြီး ဝမ်လင်းက အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်ကာ တဲ့နောက် ငါက မင်းကို လွတ်လပ်မှု ပြန်ပေးဖို့ အာမခံ
သည်အရာက ကောင်းကင်ဘုံသက်တော်စောင့်တစ် ယောက်အဖြစ် သန့်စင်မွန်းမံရန် အတွက် အရေးကြီးလှ သည့် အခြေအနေပင်။ ထိုလူက အနည်းငယ်မျှ ခုခံလိုက်ပါ ကာ သည်ဖြစ်စဉ်က ကျရှုံးသွားလိမ့်မည် ဖြစ်၏။
ကောင်းကင်ဘုံအင်ပါယာချင်လင်တွင် ကောင်းကင်ဘုံ သက်တောင်စောင့်များစွာ ပိုင်ဆိုင်ထား၏။သို့ရာတွင် ထိုလူ များအားလုံးက သူ့ကို အဆုံးစွန်သစ္စာရှိသည့် လူများကို ရွေးချယ်ထားခြင်းသာ ဖြစ်သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းက ကောင်းကင်ဘုံအင်ပါ ယာအသုံးပြုသော နည်းလမ်းကို တူညီစွာ အသုံးပြုနေပေ၏...
ဒူဂျန်က အံတင်းတင်းကြိတ်ကာ ဝမ်လင်းကို ကြည့်၍
ခေါင်းညိတ်ပြလိုက်သည်။သူက သူ့ကံကြမ္မာက သတ်မှတ် ပြီးသွားပြီကို သိနေခဲ့၏။သူကသာ ခုခံရင် သို့မဟုတ် သဘောမတူလျှင် သူက ခုချက်ခြင်း သေရမည် မဟုတ် လား။သူက နောက်တစ်ကြိမ်ထပ်၍ လောင်းကြေးထပ် လိုက်ခြင်းပင်။သူကသာ သည်ကျင့်စဉ်ကို အောင်မြင်သွား ပါက နှစ်တစ်သောင်းလောက် အသက်ရှင်နိုင်ပေလိမ့်မည်။
သူ့တွင် ရွေးချယ်စရာ ရှိမနေချေ။သူက မသေလိုသေး လျှင် သည်နည်းလမ်းတစ်ခုသာ ရှိတော့ပေ၏။
ဝမ်လင်းက အချိန်ဆက် မဖြုန်းတော့ပေ။သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ပြီး သူက ထိုကျင့်စဉ်ကို စတင် လည်ပတ်လိုက်၏။ချက်ခြင်းပင် ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များ ပြည့်နေသော လက်ဝါးရာတစ်ခု ပေါ်ထွက်လာ၏။ ဝမ်လင်းက သည်လက်ဝါးရာကို ဒူဂျ န်၏မျက်ခုံးနှစ်ခုကြားထဲသို့ ဖိချလိုက်သည်။
ဒူဂျန်၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက မျက်လုံး မှိတ်ထားလိုက်၏။သူက ဖြည်းဖြည်းချင်း မလှုပ်မယှက် ဖြစ် လို့လာသည်။
ဝမ်လင်းမျက်လုံးများက အလေးအနက် ဖြစ်လို့နေ၏။ သည်ကောင်းကင်ဘုံသက်တောင်စောင့်တစ်ယောက်
ပြုလုပ်သည့် ဖြစ်စဉ်က အလွန်အမင်း ရှုပ်ထွေးလွန်းလှ၏။ သူက အမှားတစ်ခုတောင် လုပ်မိ၍ မဖြစ်ပေ။မဟုတ်ပါက သည်ဖြစ်စဉ်သည် ကျရှုံးသွားမည် ဖြစ်၏။
သူက အမှားတစ်ခုမှ မလုပ်မိဘူးဆိုရင်ပင် အောင်မြင်မှု နှုန်းက မြင့်မားခြင်း မရှိသေးပေ။သို့ရာတွင် ဝမ်လင်းတွင် အခြားရွေးချယ်စရာမရှိချေ။ ထို့ကြောင့် သူက စွန့်စားကြည့် ရန်သာ ရှိတော့၏။
သူက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် သန့်စင်မွန်းမံသည့် အကြောင်းရင်းက ကောင်းကင်ဘုံ သက်တော်စောင့်သည် သူ့ကို သည်နေရာကနေ ထွက်ခွာ သွားနိုင်မည့် အခွင့်ရေးကို ပေးနိုင်သော မန္တာန်အချို့ကို သိနေသောကြောင့် ဖြစ်ပေ၏။
"ဒါက ကျရှုံးသွားရင်လည်း ငါက ယောင်ရှင်းရွှယ်ကို အသုံးပြုပြီး ထပ်ကြိုးစားကြည့်နိုင်သေးတာပဲ..." ဝမ်လင်း က သူ့မူလစွမ်းအင်ကို ပါးစပ်အပြည့်ထွေးထုတ်လိုက်ပြီး မ ရေမတွက်နိုင်သော သင်္ကေတများအဖြစ် ပြောင်းလဲကာ ဒူ ဂျန်အပေါ်သို့ ကျရောက်စေလိုက်၏။
ကောင်းကင်ဘုံသက်တော်စောင့် တစ်ယောက် ဖန်တီး ရန် ပထမဆုံးအဆင့်က ခန္ဓာကိုယ်သန့်စင်ခြင်း ဖြစ်၏။ ခန္ဓာကိုယ်ကို သာမန်လက်နက်ရတနာများနှင့် ထုထောင်း သည့်အထိ ခံနိုင်သည့် အဆင့်ရောက်အောင် မွန်းမံရမည် ဖြစ်သည်။ဝမ်လင်းက သည်အဆင့်ကို မြင်သည်နှင့် သူက ရှေးဟောင်းနတ်ဘုရားများနှင့် ပတ်သတ်၍ တွေးမိသွား၏။
ဒုတိယအဆင့်က မူလစိတ်ဝိညာည်ကို ပြောင်းလဲခြင်း ဖြစ်၏။ မူလစိတ်ဝိညာဉ်ကို ဖွင့်လှစ်ကာ အပိုင်းပိုင်းအစစ ဖြစ်သည့်အထိ ကြိတ်ချေပစ်ရမည်။သည့်နောက် သူက မူလ စိတ်ဝိညာဉ်ကို မည်သည့်နည်းနှင့်ဖြစ်ဖြစ် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်သွင်းရပေမည်။ထိုခန္ဓာကိုယ်က မူလစိတ်ဝိညာဉ် ကင်းမဲ့နေပေလိမ့်မည်။သို့သော် စိတ်ဝိညာဉ်တစ်ခုတော့ ထို ခန္ဓာကိုယ်ထဲရှိ ရှိနေပေလိမ့်မည်။
တတိယအဆင့်က ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများ ကို သန့်စင်ခြင်း ဖြစ်၏။ကိုယ်တွင်းရှိ အတွင်းအင်္ဂါများ အားလုံးကို ခြောက်သွေ့သွားကာ မည်သည့်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်မှ ထောက်ပံအာဟာရပြုခြင်း မပြုလုပ် နိုင်တော့အောင် လုပ်ရမည်။သည်အရာက အာရုံငါးပါးကို ခွဲထုတ်ပစ်ခြင်းပင်။သည့်နောက် ၎င်းက မည်သည့်နာကျင် မှုကိုမှ ခံစားရတော့မည် မဟုတ်ပေ။
နောက်ဆုံးအဆင့်က နတ်ဘုရားအာရုံကို ပယ်ဖျက်ခြင်း ဖြစ်၏။သို့သော် အသိဉာဏ်ရအောင်တော့ ထိန်းသိမ်းပြုပြင် ပေးရမည် ဖြစ်သည်။သည်အရာက ကောင်းကင်ဘုံသက် တောင်စောင့်တစ်ယောက်ကို မည်သည့် စိတ်ခံစားချက်မှ မ ရှိအောင် ဖြစ်စေမည်။သို့သော် သူတို့က တွေးတော့တွေးနေ နိုင်ဦးပေမည်။သူတို့က အားကောင်းသောခန္ဓာကိုယ်၊ စိတ် ခံစားချက်ကင်းမဲ့ခြင်းနှင့် နာကျင်မှု မခံစားရတော့ခြင်းတို့ ကို ပိုင်ဆိုင်သွားမည် ဖြစ်၏။
သည်အရာကိုပင် ကောင်းကင်ဘုံသက်တော်စောင့်ဟု
ခေါ်တွင်ပေ၏။
ကောင်းကင်ဘုံအင်ပါယာ ချင်လင် ပြုလုပ်ခဲ့သည့် လူသားလက်နက်ရတနာများက ရှေးဟောင်းနတ်ဘုရား များကို တုပထားခြင်းသာ ဖြစ်ပေ၏။
အားကောင်းသော ရုပ်သေးရုပ်
မွန်းမံသန့်စင်ခြင်းက ဆက်လက် ဖြစ်နေသည်။လများစွာ ကြာပြီးသည့်နောက် အက်ကွဲကြောင်းအတွင်း၌ ဝမ်လင်းက အသက်ဝဝရှူသွင်းကာ မူလစွမ်းအင်များအားလုံးကို သူ့ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည်။
မူလစွမ်းအင် ကွယ်ပျောက်သွားပြီးနောက် ဝမ်လင်းရှေ့၌ ကျစ်လစ်သောခန္ဓာကိုယ် တစ်ခု ပေါ်လာ၏။သည်ပုံရိပ်က အေးစက်စက်အော်ရာကို ပေးစွမ်းလို့နေ၏။
သည်ပုံရိပ်က ဖြူဖပ်ဖြူရော ဖြစ်နေကာ သွေးမရှိသည့် အလားပင်။အမှန်တော့ သွေးများက ထိုပုံရိပ်၏အရိုးများ နှင့် ပေါင်းစပ်သွားခြင်းကြောင့်သာ ဖြစ်သည်။
ဝမ်လင်းအသွင်က သုန်မှုန်နေကာ သူက သက်ပြင်းမှုတ် ထုတ်မိသည်။
"ထပ် ကျရှုံးပြန်ပြီ..."
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို စပြီး လအနည်းငယ် အတွင်း ဝမ်လင်းက အကြိမ်များစွာ ကျရှုံးခဲ့ပေသည်။ ကံကောင်းစွာနှင့် ကျောက်စိမ်းပြားအတွင်း မှတ်တမ်းတင်
ထားသည်က ပထမတစ်ကြိမ်အတွင်း မည်မျှကျရှုံးသည် ဖြစ်စေ သန့်စင်ခြင်းခံရသောလူသည် ပျောက်ကွယ်မသွား ဟူ၍ပင်။
သူ့ရှေ့ရှိ ရုပ်သေးကို ကြည့်ကာ ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ကျောက်စိမ်းပြားထဲက
အတိုင်းဆိုပါက သည်သန့်စင်ခြင်းဖြစ်စဉ်အတွင်း အမျိုးမျိုး သောသတ္တုပစ္စည်းများ ထည့်ပေါင်းရန် လိုအပ်ပေသည်။ထို သတ္တုပစ္စည်းများကို ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား သည့်နောက်မှသာ သည်ပထမအဆင့်က ပြည့်စုံသွားပေ လိမ့်မည်။
"ရွှေ၊ငွေ၊ကြေး၊သံ ကောင်းကင်ဘုံသက်တော်စောင့်လို့ အဆင့်လေးဆင့်ရှိတဲ့ထဲမှာ ဒါက သံအဆင့်ကောင်းကင်ဘုံ သက်တောင်စောင့်အဆင့်ကိုတောင် မရောက်ဘူး..."
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သိုလှောင် အိတ်ကို ပုတ်လိုက်ရာ အဆင့်နိမ့်ရတနာများ ထွက် ပေါ်လာ၏။
သည်ရတနာများက ဝမ်လင်းအချိန်အတန်ကြာ ကတည်းက အသုံးမပြုတော့သည့် အရာများသာ ဖြစ်သည်.
"ငါ့မှာ ဘာသတ္တုမှ မရှိဘူး။ဒါပေမဲ့ ငါ့မှာ ရတနာတွေ အများကြီး ရှိတယ်။ဒါ့ကြောင့် ဒီရတနာတွေကို အရည်ဖျော် ပြီး ဒီရုပ်သေးခန္ဓာကိုယ်နဲ့ ပေါင်းစပ်လိုက်ရင် သက်ရောက် မှု အချို့ ရှိလိမ့်မယ်လို့ ငါယုံကြည်တယ်..." ဝမ်လင်း မျက်
လုံက လက်ခနဲ ဖြစ်သွားသည်။သူက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၏။မီးတောက် တစ်ခု ပေါ်လာကာ သည်ရတနာများ အား ဝန်းရံလို့သွားသည်။
မီးတောက်က စတင် လောင်ကျွမ်းကာ သည်ရတနာ တော်တော်များများက စတင် အရည်ပျော်လာကြသည်။ နောက်ဆုံးတွင် ရတနာများအားလုံးက အရည်ပျောက်သွား ကာ အနက်ရောင်အလုံးတစ်ခု ဖြစ်လာခဲ့သည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက နတ်ဘုရား အာရုံကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းကာ လှည့်ပတ် ရှာဖွေလိုက်သည်။ အချို့ရတနာများက ထပ်မံ ပေါ်ထွက်လာ ပြန်သည်။သည့်နောက် သည်ရတနများက အနက်ရောင် အလုံးထဲသို့ တိုးဝင်သွားကြသည်။သည်အရာက ဝမ် လင်း၏ သိုလှောင်အိတ်ကို ကြီးကြီးမားမား ရှင်းလင်းပစ် ခြင်းဟုပင် ပြော၍ ရ၏။
သည်သိုလှောင်အိတ်ထဲရှိ ရတနာများက ဝမ်လင်း နှစ် ပေါင်းရှစ်ရာကျော်အတွင်း စုဆောင်းထားခဲ့ခြင်းပင်။ အများစုက သူ အကြိမ်အနည်းငယ်သာ အသုံးပြုရသေးပြီး ဘယ်တော့မှ ထပ်အသုံးမပြုတော့ချေ။ တကဘ်တော့ သူ့ ကျင့်ကြံမှုအဆင့် တိုးလာသည်နှင့်အမျှ ရတနာများစွာက သူ့အတွက် အသုံးမဝင်တော့ပေ။
သည်ရတနာများအားလုံးက ပျံသန်းလာကာ ဝမ်လင်း၏ အနက်ရောင်အလုံးထဲသို့ ပစ်သွင်းခြင်း ခံလိုက်ရသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းလက်ထဲ၌ အပြာရောင် နှင်းဆီပန်းတစ်ပွင့် ပေါ်ထွက်လာသည်။
သည်နှင်းဆီပန်းကို ကြည့်နေရင်း အနီရောင်ဝတ်စုံနှင့် ပုံ ရိပ်တစ်ခုက ဝမ်လင်းရှေ့တွင် ပေါ်လာသည်ဟု ထင်မှတ် ရ၏။သူက ၎င်းနှင်းဆီကို ပစ်မလွှတ်ခင် အနည်းငယ် တုံ့ ဆိုင်းသွားသေး၏။သည့်နောက် သူက နောက်ထပ် ရတနာ များကို အနက်ရောင်အလုံးထဲသို့ ပစ်ထည့်လိုက်ပြန်သည်။
သည်ဖြစ်စဉ်က ရက်အတန်ကြာမြင့်၏။ သူက သိုလှောင် အိတ်ထဲမှ အဆင်နိမ့်၊အလယ်နှင့် ထိပ်တန်း ရတနာများကို ပင် အရည်အဖြစ် သန့်စင်ပစ်ခဲ့လေသည်။
သည့်အတွက်ကြောင့် သူ့ရှေ့ရှိ အရည်အလုံးက ပို၍ အရောင်တောက်ပလာခဲ့သည်။
ဝမ်လင်းက ညာလက်ဖြင့် သည်အလုံးကို ဖမ်းယူကာ ရုပ်သေးထံသို့ ပစ်ထည့်လိုက်သည်။ နောက်ထပ်သန့်စင်ခြင်းကို စတင်သည်။ သည့်နောက်
အချိန်က မျက်စိတစ်မှိတ်အတွင်း နှစ်လတာ ကုန်ဆုံး သွားခဲ့ပြန်ပြီ။သည်နေ့တွင် ရုပ်သေးက အဝါရောင်အလင်း ကို ပေးစွမ်းကာ အက်ကွဲကြောင်းအတွင်း၌ လင်းထိန်နေ စေပေသည်။
တမ်လင်းက
မျက်လုံးဖွင့်လိုက်၏။သူ့မျက်လုံးထဲ၌ ပင်ပန်းနွမ်းနယ်မှုတို့ ရှိလို့နေ၏။ သူက ရုပ်သေးထံမှ အဝါ ရောင်အလင်းကို ကြည့်ကာ စိတ်ပျက်ဟန် ဖြစ်ပေါ်သွား
သည်။
"ကြေးအဆင့်ခွန်အား...ရှိစေတော့ ဒါက နည်းနည်း လေးတော့ အသုံးကျလာတာပဲ..."
ကောင်းကင်ဘုံသက်တော်စောင့်၏ ပထမအဆင့်က ပြည့်စုံသွားသော်လည်း ဒုတိယအဆင့်ဖြစ်သည့် မူလစိတ် ဝိညာဉ်ကို ကြိတ်ခြေခြင်း၌ ကျရှုံးသွားပါက အရာအားလုံး သည် သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။သည်ဒုတိယ အဆင့်ကို ကျရှုံးသွားပါက သည်ခန္ဓာကိုယ်သည် ပိုင်ဆိုင် ခြင်း ပြုနိုင်တော့မည် မဟုတ်ဘဲ သူက နောက်ထပ် မူလ စိတ်ဝိညာဉ် သန့်စင်ခြင်းကို လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သည့်နောက် ဖြစ်တောင့်ဖြစ်ခဲ ချီတုံ့ချတုံ ဖြစ်လို့နေသည်။သက အက်ကွဲ ကြောင်းအပြင်သို့ ကြည့်လိုက်သည်။ သည်ခြောက်လ အတွင်း အပြင်ဘက်ရှိ စုပ်အားက တစ်စက်ကလေးပင် ရပ်တန့်မသွားခဲ့ချေ။ပို၍ပင် အားကောင်းလာသည့်ပုံ ပေါက်နေ၏။
ဝမ်လင်းက အံတင်းတင်း ကြိတ်မိသည်။သူက သိုလှောင် အိတ်ထဲကနေ စိတ်ဝိညာဉ်အလံ တစ်ခုကို ထုတ်ယူလိုက် သည်။ထိုအလံပေါ်၌ ဧရာမဦးခေါင်းခွံ တစ်ခု ချက်ခြင်း ပေါ်ထွက်လာ၏။
သည်ဦးခေါင်းခွံက ပုံရိပ်ယောင်ဖြစ်ကာ အလံထဲ၌ မြော
လွင့်နေသည်။၎င်းက စိမ်းနက်ရောင်ရှိကာ မည်သည့်ဆံပင် မှလည်း မရှိဘဲ တစ္ဆေတစ်ကောင်အလားပင်။၎င်း၏ မျက်လုံးများကလည်း အေးစက်စက်အကြည့်ကို ပေးစွမ်း နေသည်။
၎င်းက စိတ်ဝိညာဉ်အလံထဲကနေ ဝမ်လင်းကို စူးစိုက် ကြည့်နေကာ မာန်ဖီလိုက်၏။
စိတ်ဝိညာဉ်အလံထဲရှိ စိတ်ဝိညာဉ်အပိုင်းအစများစွာက သည်ဦးခေါင်းခွံ၏ အဝေးတွင်သာ နေနေကြသည်။ သည့်အတွက်ကြောင့် ဦးခေါင်းခွံက သူ့ကိုယ်ပိုင် နေရာတစ် ခုကို အလံထဲ၌ ပိုင်ဆိုးထား၏။
ချီလင်သားရဲ စိတ်ဝိညာဉ်ကတော့ မတူပေ။၎င်းက ကောင်းကင်ဘုံအစာများကို ဝါးမြိုပြီးသည့်နောက် ဆင့်ကဲ ပြောင်းလဲလာခဲ့သည်။ ၎င်းက ထိုဦးခေါင်းခွံ ဟိန်းသံကို ကြားသည့်အခါ ၎င်းက ရုတ်တရက် ဟိန်းသံ ပြုလိုက်၏။
ထိုဦးခေါင်းခွံက ချီလင်ကို ရုတ်တရက် ကြည့်လာသည်။ ၎င်းတို့နှစ်ဦးက တစ်ယောက်နှင့် တစ်ယောက် မလိုလား သောအကြည့်ဖြင့် ကြည့်နေကြသည်။
သည်ဦးခေါင်းခွံကတော့ ကောင်းကင်ဘုံတစ္ဆေပင်။
ဝမ်လင်းက ထိုကောင်းကင်ဘုံတစ္ဆေကို ကြည့်ကာ သူ့ မျက်လုံးများက တောက်ပလို့နေ၏။ သူက လက်မြှောငက် ကာ ထိုတစ္ဆေကို ဆွဲယူလိုက်၏။ တစ္ဆေက ကြမ်းကြုတ် သောအသွင်ရှိကာ ၎င်းကို ဝမ်လင်းက ၎င်းအားအနည်းဆုံ
အချိန်တွင် ဖမ်းနိုင်ခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူ့ အတွက် လွယ်လင့်တကူ ဖမ်းနိုင်လိမ့်မည် မဟုတ်ပေ။
ကောင်းကင်တစ္ဆေက ဝမ်လင်းလက်ထဲ၌ ဟိန်းဟောက် လာ၏။၎င်းက ပါးစပ်ဟကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည်။ ဝမ်လင်းမျက်လုံးက အေးစက်သွားကာ သူက အေးစက်စက်နှာခေါင်းရှုံ့ပြီး ကောင်းကင်ဘုံတစ္ဆေ ကိုယ်ထဲရှိ အမှတ်အသားကို အသက်သွင်းလိုက်သည်။ သည်အရာက ထိုတစ္ဆေကို ပျောက်ကွယ်လုမတက် ဖြစ်သွား စေသည်။
ကောင်းကင်တစ္ဆေက ဝမ်လင်းကို စူးရဲစွာ ကြည့်ကာ နောက်သို့ ဆုတ်သည်။သို့သော် သူက ခပ်နှိပ်နှိပ် မာန်ဖီနေ ဆဲသာ။
"ရုပ်သေးရဲ့ ခန္ဓာကိုယ်က လုံလောက်အောင် မသန်မာ ဘူး။ဒါ့ကြောင့် ဒုတိယအဆင့်မှာ သူ့မူလစိတ်ဝိညာဉ်က ရှင်သန်နိုင်ဖို့ ခက်ခဲလွန်းလိမ့်မယ်။ဒါပေမဲ့လည်း ငါက ကောင်းကင်တစ္ဆေထံကနေ ကြမ်းကြုတ်မှုနဲ့ စိတ်ဝိညာဉ် ခန္ဓာကို ယူဆောင်ပေးလိုက်မယ်ဆိုရင်…ဒါပေမဲ့လည်း ကျ ရှုံးသွားတာနဲ့ ငါက ကောင်းကင်ဘုံသက်တော်စောင့်တစ် ယောက်ကို ဆက်ပြီး သန့်စင်နိုင်တော့မှာ မဟုတ်ဘူး...""
ဝမ်လင်းက ဆုံးဖြတ်ချက်ချလိုက်ကာ ကောင်းကင်ဘုံ တစ္ဆေကို ရုပ်သေး၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။
"ငါက
ထိပ်တန်းရတနာ(ကောင်းကင်ဘုံ
သက်တော်စောင့်)တစ်ခုကို လိုချင်လို့ သန့်စင်မွန်းမံနေတာ ဖြစ်တယ်။ ဒါက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သာ ဖြစ်မယ်ဆိုရင် ငါ့ရတနာတွေအားလုံးနဲ့ ဒီကောင်းကင်ဘုံ တစ္ဆေတို့က ဒီရတနာနဲ့ ထိုက်တန်တော့မှာ မဟုတ်ဘူး..."
ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူ့ဘယ်လက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ သူက သူ့ မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ပြီး လျှပ်စီးအမျှင်တန်း တစ်ခု ကို ဆွဲထုတ်လိုက်သည်။သည်လျှပ်စီးက မီးဓာတ်ပါဝင် နေကာ သူက ရုပ်သေး၏ခန္ဓာကိုယ်ထဲသို့ ပစ်သွင်းလိုက်၏။
"သန့်စင်ခြင်း..."
ကောင်းကင်ဘုံတစ္ဆေက အလွန်အမင်း ကြမ်းကြုတ် လှ၏။၎င်းက ဝမ်လင်း၏ သန့်စင်ခြင်းကို အကူအညီဖြစ် ရန် ရုပ်သေးကိုယ်ထဲ၌ ချိပ်ပိတ်ထားခံရခြင်းကို ငြင်းဆန် ကာ နေသည်။၎င်းက ဟိန်းသံများ ထုတ်ဖော်ကာ လွတ် ထွက်တော့မတက် ဖြစ်လာ၏။ ထိုအခိုက်မှာပင် ဝမ်လင်း၏ ညာလက်ထဲရှိ ကျာပွတ်က ၎င်းထံသို့ ကျရောက်လာသည်။
ရိုက်ချက်တစ်ချက်ဖြင့်ပင် ကောင်းကင်တစ္ဆေက နာကျင် စွာ အော်ဟစ်လိုက်ရသည်။၎င်းက ခါးသီးစွာ ခံစားလိုက် ရ၏။ ထိုကျာပွတ်က ၎င်း၏ သဘာဝရန်သူပင် ဖြစ်နေသည် မဟုတ်လော။
လများစွာ
ကုန်လွန်သွားပြန်ချေပြီ။ ဝမ်လင်း၏ အဆက်မပြတ် သန့်စင်နေမှုအောက်၌ ကောင်းကင်တစ္ဆေနှင့် ဒူဂျန်၏မူလစိတ်ဝိညာဉ်က ပေါင်းစပ်သွားကာ တစ်ခု နှင့်တစ်ခု ဝါးမြိုရင်း အပိုင်းအစများအဖြစ်သို့ ကြိတ်ချေ ခြင်း ခံလိုက်ရသည်။သို့ရာတွင် ကောင်းကင်တစ္ဆေက သန်မာလှ၏။၎င်းက အပိုင်းအစများ ဖြစ်သွားသော်လည်း ထိုအပိုင်းအစများနှင့် ချိတ်ဆက်မှု ရှိလို့နေစမြဲပင်။
အဖြစ်မနေ သည်အရာက ဒုတိယအဆင့်အတွက် လိုအပ်ချက် ဖြစ်၏။ကျရှုံးမှုအားလုံးနီးပါးက သည်အဆင့် တွင် တွေ့ရှိတက်ခြင်းပင်။မူလစိတ်ဝိညာဉ်က လုံလောက် အောင် သန်မာနေရန် လိုအပ်ပေသည်။လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို ပြဲစုတ်စေခြင်းက သာမန်လူများ တောင့်ခံနိုင်သည့်အရာ မဟုတ်ပေ။သည့်အဆင့်၌ မူလစိတ် ဝိညာဉ်က စိတ်လျော့လိုက်သည်နှင့် သေဆုံးသွားရပေမည်။
စိတ်ဓာတ်ပြင်းထန်သည့် သူများသည် သည်ဖြစ်စဉ်ကို ခံ နိုင်ရည် ရှိပေ၏။သည်အရာက ကောင်းကင်ဘုံကို ဖိဆန် သည့်လူများနှင့်ပင် နှိုင်းယှဉ်နိုင်ပေ၏။ထို့ကြောင့်လည်း ကောင်းကင်ဘုံသက်တော်စောင့်များကို ကိုယ်ပိုင်တာအို သန့်စင်ရာ၌ ရှာဖွေနိုင်သည့် ကျင့်ကြံသူများအား သန့်စင်ခြင်းက ပို၍ အောင်မြင်နိုင်နှုန်းမြင့်နေခြင်း ဖြစ်လေ သည်။
နှစ်ဝက်ကျော် ကုန်ဆုံးပြီးနောက် ဝမ်လင်းက ပထမဆုံး ကောင်းကင်ဘုံ ရုပ်သေးကို သန့်စင်နိုင်ခဲ့၏။ အောင်မြင်မှု နှုန်းက နိမ့်သော်လည်း ကောင်းကင်ဘုံတစ္ဆေကိုပါ ထည့် ပေါင်းထားခြင်းကြောင့် မူလစိတ်ဝိညာဉ်သန့်စင်ခြင်း
ဖြစ်စဉ် အောင်မြင်ခြင်းက ကံကောင်းမှုတစ်ခုတည်း အပေါ်၌သာ မှီတည်နေခြင်း မဟုတ်တော့ပေ။
ဝမ်လင်းအတွက်ကတော့ သူသာ ပြန့်ကျဲနတ်ဆိုးမိစ္ဆာကို သာ အသုံးမပြုပါက သူက ဒုတိယမြောက်ကောင်းကင်ဘုံ သက်တော်စောင့်ကို သန့်စင်နိုင်တော့မည် မဟုတ်ပေ။
ဝမ်လင်းက စိတ်လှုပ်ရှားလို့နေ၏။သူက အသက်ဝဝရှူ သွင်းကာ သူ့စိတ်ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်၏။ သူက သူ့ရှေ့ရှိ အဝါရောင်အလင်းကို ပေးစွမ်းနေသော ပိန် ပါးသည့်ရုပ်သေးအား ကြည့်လိုက်သည်။သူက ၎င်းကို သူ စိတ်ရှိသလို ထိန်းချုပ်နိုင်လိမ့်မည်ဟု ခံစားရ၏။
ကောင်းကင်ဘုံအင်ပါယာချင်လင်က မည်သည့် ကောင်းကင်ဘုံသက်တော်စောင့်၏ ပုန်ကန်မှုကို ခွင့်ပြု လိမ့်မည် မဟုတ်ပေ။သည်သန့်စင်ခြင်း ဖြစ်စဉ်အတွင်း ထို ကောင်းကင်ဘုံသက်တော်စောင့် ဝါ ရုပ်သေးများကို ထိန်းချုပ်နိုင်မည့် မရေမတွက်နိုင်သော နည်းလမ်းများကို ချမှတ်ထားခဲ့ပေသည်။ဝမ်လင်းက သူ့မူလစွမ်းအင်နှင့် ၎င်း ကို အချိန်အတန်ကြာကတည်းက သန့်စင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုရုပ်သေးပေါ်၌ သူ့ထိန်းချုပ်နိုင်မှုက အထွတ်အထိပ်သို့ ရောက်နှင့်နေချေပြီ။
ကောင်းကင်ဘုံတစ္ဆေက မနာခံလိုသော်လည်း ၎င်းက သန့်စင်ခြင်းဖြစ်စဉ်အတွင်း၌ ချိပ်ပိတ်ခြင်းခံရပြီး ရုပ်သေး နှင့် ပေါင်းစပ်လိုက်ရသည်သာ ဖြစ်သည်။
ဝမ်လင်းက သွေးစက်တစ်စက်ကို ညှစ်ထုတ်ကာ ရုပ်သေးထံသို့ တောက်ထုတ်လိုက်သည်။ထိုသွေးက ရုပ်သေး၏မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားကာ ရုပ်သေးနှင့် ပေါင်းစပ်သွားသည်။သည့်နောက် ရုပ်သေး၏မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။
၎င်းမျက်လုံးက ဗလာကင်းမဲ့နေ၏။အမှန်တော့ ယင်း ဗလာကင်းမဲ့မှုထဲ၌ ဉာဏ်ရည်အရိပ်အယောင်တစ်ခု ရှိလို့ နေပေသည်။
"ယင်နဲ့ယန်အဆင့်..." ဝမ်လင်းနတ်ဘုရားအာရုံက ရုပ်သေးပေါ်သို့ လွှမ်းခြုံသွားသည်။၎င်းက စစ်ထူနန်နှင့် ဆင်တူသော အော်ရာကို ပေးစွမ်းနေသည်။၎င်းက စစ်ထူ နန်လောက် သန်မာခြင်း မရှိသော်လည်း အများကြီးလည်း အားမနည်းနေချေ။
ဝမ်လင်းက ရယ်မောကာ ကောင်းကင်ဘုံအင်ပါယာ ချင် လင်ကို ကြီးစွာ လေးစားသွား၏။သည်လူက ရုပ်သေးများ ကို ဖန်တီးခြင်း၌ သည်နည်းလမ်းကို ဖန်တီးထားခြင်းက အလွန်ဉာဏ်ကြီးကြောင်းကို ပြသနေပေသည်။
ကောင်းကင်ဘုံသက်တော်စောင့်၏ မူလစိတ်ဝိညာဉ်က ၎င်း၏ ခန္ဓာကိုယ်နှင့်ပေါင်းစပ်ထားခြင်း ရှိသော်လည်း ၎င်းက မန္တာန်တော်တော်များများကို အသုံးမပြုနိုင်ပေ။ အစစ်အမှန် ယင်နှင့်ယန်အဆင့်ရှိ ကျင့်ကြံသူတစ်ယောက် ကိုလည်း ယှဉ်နိုင်ခြင်း မရှိပေ။
"ငါ့မှာ ဒီကောင်းကင်ဘုံ သက်တော်စောင့်အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပြီးပြီး..."
ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိလိုက်ရာ များစွာ သော မီးခိုရောင်အခိုးငွေ့များ ထွက်ပေါ်လာ၏။သတ်ဖြတ် ခြင်းစွမ်းအင်တစ်သန်းက ၎င်းရုပ်သေးထဲသို့ ဝင်ရောက်လို့ သွားသည်။
ရုပ်သေး၏ မျက်လုံးများက ရုတ်တရက် သတ်ဖြတ်သူ လမ်းကြောင်းကို ပေးစွမ်းလာခဲ့သည်။ ၎င်း၏ မျက်လုံးများ က ပို၍လည်း ကြမ်းကြုတ်လာခဲ့၏။
သည်အရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် ဝမ် လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြား တစ်ခု ထွက်ပေါ်လာသည်။သူက သည်ကျောက်စိမ်းပြားကို ရုပ်သေး၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။ထိုအခါ မ ရေမတွက်နိုင်သော သင်္ကေတများက ကောင်းကင်ဘုံ သက်တော်စောင့်၏မျက်လုံးထဲ၌ တဖျပ်ဖျပ် လင်းလက်လာ ခဲ့သည်။
အချိန်အတန်ကြာပြီးနောက် ကျောက်စိမ်းက ၎င်းထံက နေ ပြန်ထွက်လာ၍ ဝမ်လင်းထံသို့ ပြန်ရောက်သွားသည်။ ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ဖုံးကွယ်ထားလိုက်
ကောင်းကင်ဘုံသက်တောင်စောင့်၏ ခန္ဓာကိုယ်က တ လက်လက် ဖြစ်သွား၏။သည့်နောက် ၎င်းက ဘာတစ်ခုမှ မ
ဖြစ်ခဲ့သလို ပြန်ဖြစ်သွားကာ ဝမ်လင်းနောက်သို့ ရွှေ့လျား သွားသည်။၎င်းထံမှ မည်သည့်အလင်း၊မည်သည့် အရိပ်တို့ မျှ ထင်ကျန်မနေပေ။သို့ရာတွင် ဝမ်လင်းက သည် ကောင်းကင်ဘုံသက်တောင်စောင့်က သူ့အရိပ်ကို ဖုံးကွယ် ထားသည်အား သိထားပေ၏။
"ကောင်းကင်ဘုံသက်တော်စောင့်ရဲ့ စွမ်းရည်တွေနဲ့ဆို ရင် ဒီနေရာကနေ ထွက်ခွာနိုင်ဖို့ ခြောက်ဆယ်ရာခိုင်နှုန်း လောက် အခွင့်ရေး ရှိသွားပြီ။ဒီနေရာက အန္တရာယ်အမှတ် နေရာ ဖြစ်ပေမဲ့လည်း ဒါက အန္တရာယ်နေရာဖြစ်နေတာ့ ကြောင့် လုံခြုံတဲ့နေရာတစ်ခု ဖြစ်တယ်လို့လည်း ဆိုနိုင်ပြန်
ဝမ်လင်းက စတင် စဉ်းစားလိုက်သည်။သိပ်မကြာခင် တွင် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားကြီးတစ် လက် ပျံသန်းထွက်လာသည်။သည်ဓားက တံခါးရွက် လောက်ကို ကြီးမားပေသည်။
"ချမ်းသာခြင်း...ငါ့ရဲ့ ပထမဆုံးဓား...မင်းမှာ ဘာ လျှို့ဝှက်ချက်တွေများ ရှိနေလဲ..."
ဝမ်လင်းက ထိုဓားကို ပွတ်သပ်လိုက်သည်။သူက သူ့ နှလုံးသားကို တည်ငြိမ်အောင်လုပ်ကာ သူ့စိတ်ကို ယင်းဓား ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်စေလိုက်သည်။
အက်ကွဲကြောင်း အပြင်ဘက်တွင်တော့ ပိန်းပိန်းမှောင် နေ၏။အက်ကွဲကြောင်းထဲကပင် လေပြင်းတိုက်သံများကို ကြားနေရပေသည်။
တွင်းနက်ထဲမှ ထွက်ပေါ်လာသည့် အဆုံးမရှိ စုပ်အားက အရာအားလုံးကို ဝါးမြိုပစ်ချင်နေသည့်အလားပင်။
ဝမ်လင်းက အက်ကွဲကြောင်းထဲ၌ ကြာပွင့်သဏ္ဍာန်ထိုင် နေကာ အမှောင်ထုကို ကြည့်လို့နေ၏။သူက အမှောင်ထု နှင့် ပေါင်းစပ်သွားသည့်အလားပင်။
သည်နေရာတွင် ပိတ်မိနေခြင်းက သူ့ခေါင်းထဲ၌ အထီးကျန်မှုကို ဖြည်းဖြည်းချင်း ပေါ်ထွက်လာစေခဲ့သည်။
သူနှင့်အတူ ရှိနေသည့်အရာဆို၍ သူ့နှစ်ပေါင်းရှစ်ရာ ကျင့်ကြံမှုမှတ်ဉာဏ်များသာ ရှိသည်။
အထီးကျန်တက်သော လူများက အမြဲလိုလို သူတို့ဘဝထဲ ရှိ လူတစ်ယောက်ကို အောက်မေ့တက်လေ့ရှိသည်။ဝမ် လင်းက အတိတ်ကို ပြန်အောက်မေ့၍ အထီးကျန်မှုကို
ခံစားနေရသည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "အဖေနဲ့အ မေရဲ့ အုတ်ဂူကို ဘယ်သူကများ သန့်ရှင်းရေး လုပ်ပေးနေမ လဲ ငါ သိချင်မိတယ်..."
ဝမ်လင်းရှေ့၌ သေးငယ်သော အဖြူရောင်အလုံးတစ်ခုက လွင့်မြောလို့နေသည်။ထိုအလုံးထံမှ အလင်းရောင်က အားနည်းလွန်းလှ၏။သည့်အတွက် ထိုအလင်းက သည်အ မှောင်ထုကို ထွန်းလင်းသွားစေနိုင်ခြင်း မရှိပေ။
သို့ရာတွင် ထိုအဖြူရောင်အလုံးထံမှ နွေးထွေးမှုတစ်ခု စီး ဆင်းလို့နေ၏။ထိုနွေးထွေးမှုက ဝမ်လင်းမျက်လုံးကို ဖြတ်သန်းကာ သူ့နှလုံးသားထဲသို့ စီးဝင်လာခဲ့သည်။
ထိုအလုံးငယ်ထဲ၌ ဝမ်လင်းနှင့်အတူ အမြဲ တိတ်တဆိတ် အဖော်ပြုပေးနေတက်သော ပုံရိပ်တစ်ခု ရှိလေ၏။
ကောင်းကင်နှင့်မြေကြီး ပျက်စီးသွားပါစေ၊ပင်လယ်ရေ များ ခမ်းခြောက်သွားပါစေ သည်အလုံးငယ်ထဲရှိ ပုံရိပ်က ဝမ်လင်းနှင့်အတူ သက်ထပ်ဆုံး ရှိနေခဲ့သည်သာ ဖြစ်သည်။
အက်ကွဲကြောင်းအတွင်း၌ အေးစက်မှုက ရှိလို့နေဆဲပင်။ သို့သော် အဖြူရောင်အလုံးငယ်၏ တည်ရှိမှုက ဝမ်လင်း နှလုံးသားကို နွေးထွေးစေ၏။
အမှောင်ထုနှင့် ပေါင်းစပ်နေသလား ထင်မှတ်ရသည့် ဝမ် လင်းက သူ့ညာလက်ကို မြှောက်ယူလိုက်ရာ အဖြူရောင် အလုံးက သူ့လက်ဝါးပေါ်သို့ ဖြည်းဖြည်းချင်း ကျရောက်ာ
လ၏။ သည်အဖြူရောင်အလုံး ဖျပ်ခနဲ လင်းလက်သွားကာ နူးညံသော အလင်းတစ်ခုကို ပေးစွမ်းလာသည်။သည်အရာ က ဝမ်လင်း ကြာရှည်စွာ ပျောက်ဆုံးနေသော ပျောက်ရွှင်မှု ကို ပြန်ခံစားမိစေသည်။
"လူတိုင်းရဲ့ ပျောက်ရွှင်မှုက မတူကြဘူး...ငါ့ပျော်ရွှင်မှု က ငါ့မိဘတွေနဲ့အတူရှိဖို့...ဝမ်အာနဲ့အတူ ပေါင်းဖက်ဖို့ပဲ ဖြစ်တယ်..."
ဝမ်လင်းမျက်လုံးထဲ၌ ခါးသက်မှုတို့ ရှိနေ၏။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အတွင်းဘက်ရှိ အဆုံးမ ရှိ တွင်းနက်ကြီးထဲ၌ ကံကြမ္မာ ဆန့်ကျင်သော ၊နှလုံးသား ထဲ၌ အထီးကျန်မှုတို့ ပြည့်နေသော ယောက်ျားတစ်ယောက် ရှိနေသည်ကို မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သည် အက်ကွဲကြောင်းထဲ၌ ထိုင်နေသည်မှာ သုံးနှစ်ရှိခဲ့ပြီ ဖြစ်သည်။
သူက သည်နေရာကနေ ထွက်မသွားလိုခြင်း မဟုတ်ပေ။ သို့သော် သည်သုံးနှစ်အတွင်း အပြင်ဘက်ရှိ စုပ်အားက အံ့မခန်းအဆင့်သို့ ရောက်ရှိလာခဲ့သောကြောင့်ပင်။
လွန်ခဲ့သောနှစ်နှစ်ကျော်က ဝမ်လင်းက ချမ်းသာခြင်းဓား ကို သေချာလေ့လာနေခဲ့စဉ် တွင်းနက်ထဲမှ စုပ်အားက ရုတ်တရက် ပြင်းပြင်းထန်ထန် တိုးလာခဲ့ခြင်းပင်။အက်ကွဲ ကြောင်း တစ်ဝက်ကျော်ပင် ထိုစုပ်အား၏ သက်ရောက် ခြင်းကို ခံခဲ့ရပေသည်။
ကောင်းကင်ဘုံသက်တော်စောင့်၏ မန္တာန်က သူ့ကို သည်နေရာကနေ ထွက်ခွာရန် အခွင့်ရေး ခြောက်ဆယ်ရာ ခိုင်းနှုန်း ပေးခဲ့သည်။သို့သော် ယခုလို စုပ်အားက ရုတ်တရက် မြင့်တက်လာသည့်အတွက် ရာခိုင်နှုန်း ပြန်ထိုးကျသွားခဲ့သည်။ နှစ်ဆယ်
ဝမ်လင်းက သူ့မျှော်လင့်ချက်ကိုတော့ မလျော့လိုက်ပေ။ သူက နောက်ထပ် နှစ်နှစ်လောက်ကို တည်ငြိမ်စွာ ဆက် စောင့်နေခဲ့သည်။
သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိလာပြီးနောက် သူ့တိုးတက်မှုကလည်း ဖြည်းဖြည်း ချင်း ကျဆင်းလာသည်။တကယ်တော့ အာဏာတက်ခြင်း အဆင့်က ပထမအဆင့်ကျင့်ကြံခြင်းနယ်ပယ်၏ အထွတ်အထိပ်ပင်။သည်ကျယ်ပြောလှသော စကြဝဠာကြီး ထဲ၌ ထိုပထမဆင့်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသူ ဘယ်လောက်များများ ရှိနေလို့လဲ။
ကောင်းကင်ဘုံက မျက်နှာသာပေးသည့် လူများကလွဲ၍ မည်သူကများ သည်အထွတ်အထိပ်အဆင့်ကို ရောက်ဖို့ နှစ် ပေါင်းမရေမတွက်နိုင်အောင် မသုံးစွဲဘဲ ရှိနေလို့လဲ။ဝမ် လင်း၏ ပါရမီက အလွန်သာမန်ဆန်၏။သူက ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် အချို့အထူးအတွေ့အကြုံများ ကြောင့်သာ မဟုတ်ပါက အခုအဆင့်ကို ရောက်လာရန်ပင် သူ့အတွက်တော်တော်လေး ခက်ခဲပေလိမ့်မည်။
အာဏာတက်ခြင်းအလယ်အဆင့်၊နောက်ဆုံးအဆင့်၊ အထွတ်အထိပ်အဆင်က မရေမတွက်နိုင်သော ကျင့်ကြံ သူများကို ပိတ်ဆို့စေသည့်အဆင့်များပင်။ဝမ်လင်း လမ်းကြောင်းရှေ့တွင်လည်း ထိုတောင်ကြီးသုံးခုက ကာဆီး ပိတ်ဆို့ထားပေ၏။
သည်နှစ်နှစ်အတွင်း ဝမ်လင်းက တည်ငြိမ်စွာဖြင့်ပင် ချမ်းသာခြင်းဓားနှင့် ပတ်သတ်၍ ဖြည်းဖြည်းချင်း နားလည်လာခဲ့သည်။သည်ချမ်းသာခြင်းထဲ၌ ဓားပညာတစ် ခုသာ ရှိလို့နေ၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဆိုသည့် ဓားပညာပင်။
နှစ်နှစ်ကြာမြင့်ပြီးနောက် သည်နေ့တွင် ဝမ်လင်းက ချမ်းသာခြင်းဓားထံမှ သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်း လိုက်သည်။ချမ်းသာခြင်းဓားကလည်း ၎င်း၏အမွေအနှစ် ကို လွှဲပြောင်းပေးမည့် ရည်ရွယ်ရင်း ပြည့်ဝသွားပြီ ဖြစ် သည့်အတွက် ပျောက်ကွယ်သွားခဲ့သည်။
ဝမ်လင်း စိတ်ထဲ၌ ကျန်ရစ်ခဲ့သည့် တစ်ခုတည်းသော အရာက သည်နှစ်နှစ်အတွင်း သူနားလည်သဘောပေါက်ခဲ့ သည့် တုန်လှုပ်ဖွယ်စိတ်ဇောတစ်ခုသာ ဖြစ်လေ၏။
သည့်နောက် စောင့်ဆိုင်းနေရင်း ဝမ်လင်းက အထီးကျန် တိတ်ဆိတ်လို့နေတော့သည်။
သူက ကြာပွင့်သဏ္ဌာန်ထိုင်နေရင်း တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးစောကာ အပြင်ဘက်ရှိ အမှောင်ထုကိုသာ
တိတ်တဆိတ် ကြည့်လို့နေသည်။ သည်စုပ်အားထံမှ အသံ များက သူ့နားထဲသို့ တိုးဝင်လျက် ရှိနေသည်။
ဝမ်လင်း သိုလှောင်အိတ်ထဲမှ တိုးညှင်းသော သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့သည်။သူ့သိုလှောင် အိတ်က သူ့ဟာသူ ပွင့်လာကာ မှော်စာလိပ်တစ်ခုက မြော လွင့်လာသည်။
ထိုစာလိပ်က လေထဲ၌ ဖွင့်လှစ်သွား၏။ အမျိုးသမီးပုံရိပ် တစ်ခုက ထိုစာလိပ်ထဲကနေ ဖြည်းဖြည်းချင်း ထွက် ပေါ်လာခဲ့သည်။
ဝမ်လင်းက ထိုစာလိပ်ကို မကြည့်ပေ။သူ့မျက်နှာ ပေါ်၌လည်း မည်သည့်အံ့အားသင့်မှုမှ ရှိလို့မနေချေ။သူ့ မျက်နှာက တည်ငြိမ်လျက်သာ ရှိ၏။သူ့ရှေ့တွင် စာလိပ် ပေါ်လာသည့်အခိုက်တွင် သူက လက်သီးပြန်စုပ်ကာ အဖြူ ရောင်အလုံးကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်သွင်းလိုက်၏။
"ဆင်းသွားပါ..." သူက အမျိုးသမီးပုံရိပ်၏ ရှေ့ခြမ်းကို မမြင်ရချေ။သို့သော် သူမအသံက ဖြည်းဖြည်းချင်း ပျံ့နှံ့လာ ခဲ့သည်။သူမအသံက သည်အက်ကွဲကြောင်းထဲ၌ ပဲ့တင့်ထပ် လို့နေသည်။
ဝမ်လင်းက စကားမဆိုပေ။သူ့လက်ချောင်းဖြင့် ဓားတစ် လက်အသွင်ပြောင်းကာ ခုတ်ပိုင်းချလိုက်သည်။သည် လုပ်ဆောင်ချက်က ရိုးရှင်းလွန်းလှ၏။သို့သော် ဝမ်လင်း၏ ခန္ဓာကိုယ်က ထူးဆန်းအံ့ဖွယ် စိတ်အခြေအနေသို့ ရောက် နေခဲ့ပေသည်။သည်ရိုးရှင်းသော ခုတ်ပိုင်းချက် ထွက် ပေါ်လာပြီးနောက် စာလိပ်က ချက်ခြင်းပင် ပြန်ပိတ်သွား ကာ အထဲမှ မည်သည့်အသံမှ ထွက်မလာတော့ချေ။
ဝမ်လင်းက သူ့လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်သည်။ စာလိပ်ကို ကြည့်လိုက်ပြီးနောက် သူက၎င်းကို ပြန်ဆွဲယူ ကာ သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
သည်သုံးနှစ်အတွင်း စာလိပ်ထဲရှိ အမျိုးသမီးက လေး ကြိမ်တိတိပေါ်လာခဲ့ပေသည်။သူမက ပေါ်လာချိန် တိုင်း၌လည်း စောနကလို ဝါးတဝါး ခေါ်သံကို ပေးစွမ်း ခဲ့၏။
ဝမ်လင်းက သည်တွင်းနက်အောက်ခြေတွင် ဘာရှိသည် ကို သိချင်စိတ် မရှိပေ။သူ့တည်ငြိမ်မှုက ပျောက်ကွယ်လို့မ သွားပေ။သူက သူ့အောက်ရှိ တည်နေရာရွှေ့ပြောင်းခြင်းအ စီအရင်ကိုတောင့် ထပ်မံ၍ စစ်ဆေးကြည့်ချင်း မလုပ်ခဲ့ပေ။
သူက လုံလောက်အောင် မသန်မာပါက စပ်စုချင်စိတ်၊သိချင်စိတ်က သူ့ကို သေဆုံးသွားစေနိုင်သည် မဟုတ်လား။
ဝမ်လင်က အပြင်ဘက်ရှိ စုပ်အား အားပျော့သွားမည့် အချိန်ကို စောင့်ဆိုင်းလျက်သာ ရှိနေသည်။
သည်တွင်းနက်ထဲရှိ စုပ်အားနှင့် ပတ်သတ်၍ မည်သည့် စည်းမျဉ်းမှ ရှိမနေပေ။စုပ်အားက လွန်ခဲ့သော နှစ်နှစ်က ရုတ်တရက် တိုးလာကာ သည့်နောက် နောက်နှစ် အနည်းငယ်တွင် ရုတ်တရက် လျော့သွားနိုင်ပေသည်။သူက စောင့်ဆိုင်းနေရန်သာ လိုပေ၏။
ဝမ်လင်းဘေးနား၌ ဖားမြည်သံများ ထွက်ပေါ်လာသည်။ ဝမ်လင်က ခေါင်းငုံကြည့်လိုက်ရာ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူ့ဘေးတွင် လက်ဝါးအရွယ်ခန့် အပြာရောင် ဖားပြုတ်တစ်ကောင် ရှိလို့နေသည်။
၎င်းက မိုးကြိုးဖားပြုတ်ပင်။
လွန်ခဲ့သော တစ်နှစ်က မိုးကြိုးဖားပြုတ်က နိုးထလာ ခဲ့၏။ ၎င်း၏ ခန္ဓာကိုယ်က ခုသည်လို အရွယ်စားလောက် ဖြစ်သွားခဲ့ပေသည်။မိုးကြိုးဖားပြုတ်က ဝမ်လင်း၏ ပြောင်းလဲမှုကို အများဆုံး ခံစားမိသည့်သူ ဖြစ်သည်။၎င်းက နိုးထလာသည်နှင့် သိုလှောင်အိတ်ထဲသို့ ပြန်မဝင်ဘဲ ဝမ် လင်းနားတွင်သာ နေနေခဲ့တော့၏။
ဝမ်လင်းက သူ့လက်ချောင်းထိပ်မှ လျှပ်စီးတန်းတစ်ခုကို ရုတ်တရက် မိုးကြိုးဖားပြုတ်ထံသို့ ထိုးထွက်စေလိုက် သည်။မိုးကြိုးဖားပြုတ်က မျက်လုံးဖွင့်လာကာ ရုတ်တရက် သူ့လျှာကို ရှေ့သို့ ဆန့်ထုတ်၍ လျှပ်စီးကို ပါးစပ်ထဲသို့ ဆွဲယူ လိုက်တော့သည်။ မိုးကြိုးဖားပြုတ်၏ ကြွက်သားများထံမှ တုန်ခါသံများ ထွက်ပေါ်နေကာ ၎င်းက သက်တောင့် သက်သာ ဖြစ်နေသည့်ပုံ ပေါ်နေ၏။
ဝမ်လင်းက မျက်လုံးပြန်မှိတ်ကာ သူ့ကိုယ်သူ သူ့တာအို ထဲ၌ နစ်မြုပ်လိုက်သည်။
သူ့တာအိုတွင် အပိုင်းနှစ်ခု ရှိနေ၏။ပထမတစ်ခုက တစ္ဆေလောက
တစ္ဆေလောကမြစ်ပင်။ဒုတိယတစ်ခုက မြစ်၏ စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်း ဖြစ်သည်။
သို့ရာတွင် တစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်က စိတ် ဝိညာဉ်အလံမှ စိတ်ဝိညာဉ်အပိုင်းအစများ အတူသိပ်သည်း ထားစေရုံမျှသာ ရှိ၏။၎င်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ခုထိ လိုအပ်နေတုန်းပင်။
ကောင်းကင်ဘုံတစ္ဆေက ကြမ်းကြုတ်လှသော်လည်း ဝမ် လင်းတစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်ဖြစ်လာရန်အတွက် တော့ လုံလောက်ခြင်း မရှိပေ။ အကြောင်းရင်းကတော့ ၎င်းသည် ကြမ်းကြုတ်မှုသာ ရှိကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကင်းမဲ့နေသောကြောင့် ဖြစ်သည်။
"တစ္ဆေလောကမြစ်အတွက် စစ်မှန်တဲ့စိတ်ဝိညာဉ်က အားကောင်းဖို့မလိုဘူး။ ရက်စက်မှုနဲ့ သတ်ဖြတ်ခြင်းစိတ် ဆန္ဒများစွာ ပါဝင်တဲ့ သာမန်အားနည်းတဲ့ စိတ်ဝိညာဉ်တွေ ဖြစ်ရုံနဲ့ ရတယ်..."
ဝမ်လင်းက စဉ်းစားလိုက်၏။
"ငါက ဒီနေရာ ထွက်ခွာသွားနိုင်ရင် ငါ့တစ္ဆေလောက မြစ်အတွက် ကိုယ်ပိုင် စိတ်ဝိညာည် သန့်စင်နိုင်ဖို့ ရက်စက် မှုနဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်ယူဖို့အတွက် သေမျိုး ကမ္ဘာကို တစ်ခါလောက် သွားလည်ဖို့ လိုအပ်နေပြီ...
ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာသည်။သူက အက်ကွဲ ကြောင်းအပြင်ဘက်သို့ ကြည့်ကာ သူ့ညာလက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲဆန့်သည်။သူ့လက်ချောင်းထိပ်များက အက်ကွဲကြောင်းထဲရှိ ခွဲခြားထားပေးသော လိုင်းအစပ်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလို့သွားသည်။
သည်ခွဲခြားထားသည့်လိုင်းက အက်ကွဲကြောင်း အတွင်း၌သာ ရှိနေသော်လည်း သူ့လက်ချောင်းထိပ်က ယင်းလိုင်းကို ကျော်သွားသည်နှင့် ဝမ်လင်းက ဆွဲယူခြင်းခံ လိုက်ရသည့်အလား သူ့ခန္ဓာကိုယ်သည် နာကျင်မှုကို ခံစား လိုက်သည်။
သူ့အရေပြားပေါ်၌ပင် လှိုင်းတွန့်များ စတင်ဖြစ်ပေါ်လာ သည်။သူ့လက်သည်းများပင် ဆွဲနှုတ်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ငါက ဒီနေရာမှာ ပိတ်မိနေတာ ဖြစ်ပေမဲ့ ဒါက ငါ့ကို ကောင်းကင်နဲ့မြေကြီးကို နားလည်သဘောပေါက်ဖို့ အခွင့် ရေးတစ်ခုကိုလည်း ပေးစွမ်းနေတယ်။ငါ့တာအိုရဲ့ တတိယ အဆင်ကို ရောက်ဖို့ပေါ့။ ဝမ်လင်းမျက်လုံးက တည်ငြိမ်နေ သော်လည်း အေးစက်စက်အရိပ်အမြွက်တို့လည်း ရှိလို့ နေ၏။
ဒီမတိုင်ခင် ငါ့ခန္ဓာကိုယ်ထဲက ပြဿနာကို အရင်ဆုံး ရှင်းပစ်ရဦးမယ်.."
ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။သည် လက်က လုံးဝ ထုံထိုင်းနေကာ သူက ခံစားမှုကိုပင် ဆုံးရှုံး သွားရသလို ဖြစ်သွား၏။
လုံခြုံမှု ရှိစေရန် သူက ရုပ်သေးထဲ၌ ကောင်းကင်ဘုံ သတ်ဖြတ်ခြင်းပညာရပ်ကို သိုလှောင်ထားခဲ့ပေသည်။သည် မန္တာန်က ဝမ်လင်းအတွက် အရေးကြီးလှသော မန္တာန်တစ် ခု ဖြစ်သည်။သူက အချိန်အတန်ကြာ ဆုံးဖြတ်ချက်ချပြီး နောက် ယင်းမန္တာန်ကို လက်လွှတ်ခဲ့ပေသည်။
အရင်တုန်းက ဝမ်လင်း သည်ကောင်းကင်ဘုံသတ်ဖြတ် သူပညာရပ်ကို ကျင့်ကြံနေရင်း သူက သတ်ဖြတ်သူ နှလုံးသားကို ရရှိခဲ့ပေသည်။အစပိုင်း၌ သတ်ဖြတ်သူ နှလုံးသားက ဝမ်လင်း ယင်းသတ်ဖြတ်ခြင်းစွမ်းအင်များကို ရုပ်သေးထဲသို့ လွှဲပြောင်းပေးချိန်၌ပင် မည်သို့မျှ ပြောင်းလဲ ခြင်း မရှိခဲ့ပေ။သို့ရာတွင် သုံးနှစ်ကြာပြီးနောက်မှာတော့ ဝမ်လင်းက သတ်ဖြတ်သူနှလုံးသားက ပြောင်းလဲလာခဲ့ပြီ ဟု ခံစားလိုက်ရသည်။
သည်လိုပြောင်းလဲမှုက ဝမ်လင်းကို ရူးသွပ်သွားစေ ပြုလုပ်ပေ၏။ဘာနဲ့တူသလဲ အောင် ဆိုရင် သူက ကောင်းကင်ဘုံတက်ခြင်းသစ်သီးများစွာကို စုပ်ယူခဲ့ချိန် တုန်းကလို ဖြစ်နေသည်။၎င်းအဖြစ်က သူ့ကို သတ်ဖြတ် ခြင်းစွမ်းအင်များအား ချက်ခြင်း ပြန်ယူဆောင်ချင်စိတ်ကို ဖြစ်စေခဲ့၏။
ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သည့်နောက် သူက ပြတ်သားသောအကြည့်ကိ ထုတ်ဖော် ကာ ခြေတစ်လှမ်းလှမ်းလိုက်သည်။သည်ခြေလမ်းက သူ့ကို ပိုင်းခြားထားပေးသောလိုင်းကို ကျော်လွန်သွားစေ၏။
ပြင်းထန်သောစုပ်အားက ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ရောက်လာကာ သူ့ကို အက်ကွဲကြောင်းထဲကနေ အတင်း ဆွဲယူလာသည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များကို အသက်သွင်းလိုက်ပြီး ဖြည်းဖြည်း ချင်း ထိုင်ချလိုက်သည်။ သည်စုပ်အားကို တောင့်ခံနေရင်း ဖြင့် သူက စုပ်အား၏ ပြောင်းလဲမှုကို ခပ်ဖြည်းဖြည်း ခံစား ကြည့်နေသည်။
ထိုစုပ်အားအတွင်းမှ အေးစက်စက်စွမ်းအင်က သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။သည်အေးစိမ့်မှုက သန်မာလှခြင်းမရှိဘဲ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များထဲ၌ ပျော်ဝင်သွား၏။ ရက်အနည်းငယ် ကြာမြင့်ပြီး နောက် ဝမ်လင်းက နောက်ထပ် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြန်သည်။
သည်တစ်ကြိမ်၌ သူက စုပ်အားပိုပြင်းသော နေရာသို့ ရောက်လာခဲ့ပြီ ဖြစ်သည်။သူ့ခန္ဓာကိုယ်ထဲရှိ သွေးများပင် နှေးသွားသလား ထင်မှတ်ရပေ၏။
"မလုံလောက်သေးဘူး..." ဝမ်လင်းမျက်လုံးက တ လက်လက် ဖြစ်လို့နေသည်။
မရေမတွက်နိုင်သော ခြင်သားရဲများက တွင်းနက်၏ ဝင်ပေါက်ဘေးရှိ နေရာတွင် ပြည့်နှက်နေကြသည်။၎င်းတို့ က တွင်းနက်အနီးသို့ နီးကပ်စွာ မသွားရဲကြပေ။စုပ်အားက ပြင်းထန်လွန်းလှသည် မဟုတ်လား။၎င်းတို့က နီးကပ်သွား သည့်နှင့် တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။
သည်ခြင်သားရဲအုပ်စုထဲ၌ ခရမ်းရောင်အလင်းကို ပေး စွမ်းနေသော ခြင်သားရဲတစ်ကောင် ရှိလို့နေသည်။၎င်းက ပျံသန်းလာသည်နှင့် အခြားခြင်သားရဲများအားလုံးက ၎င်း အတွက် လမ်းရှင်းပေးကြသည်။
သို့ရာတွင် ထိုခရမ်းရောင်ခြင်သားရဲက သည်တွင်းနက် နား၌ သုံးနှစ်တိတိ လူလားခေါက်တုံ့နှင့် စိတ်ပူပန်နေသည့် အသွင် ဖြစ်ပေါ်နေခဲ့သည်။
၎င်း၏ ပါးစပ်ကနေ အော်ဟစ်ငြီးသံများ ပေါက်ကွဲ ထွက် ပေါ်လာပြီး သည်ဧရိယာတွင် ပဲ့တင့်ထပ်စေသည်။သည် အော်သံများက မိသားစုနှင့်ခွဲခွာရသည့် တစ်စုံတစ်ယောက် က မိသားစုဝင်၏ နာမည်များကို အော်ခေါ်သည့် အသံမျိုး နှင့်ပင် ဆင်တူလို့နေသည်။
Comments
Post a Comment