အပိုင်း(139)

တတိယစွမ်းရည်

အပြင်ဘက်မှ စုပ်အားက ဝမ်လင်းခန္ဓာကိုယ်အား ဆွဲငင် လာသည်။ထိုစုပ်အားက ဝမ်လင်းအား ဝါးမြိုပစ်ချင်နေ သည့်ပုံပင်။

ဝမ်လင်း၏ အရေပြားပင် တွန့်လိမ်ကာ မညီမညာ ဖြစ် ကုန်၏။ထိုစုပ်အားက သက်ရောက်လို့နေပေ၏။ သူ့အသွေးအသားများကိုပင်

ဝမ်လင်းက ခုနစ်ရက်တိတိ ကြာပွင့်သဏ္ဌာန်ထိုင်နေခဲ့ သည်။ သည်ခုနစ်ရက်အတွင်း သူက ထိုနေရာရှိ စုပ်အား၏ ပြင်းထန်မှုကို အသားကျသွားခဲ့သည်။သည့်နေ့တွင် သူက မျက်လုံးဖွင့်လာကာ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက် ပြန်၏။

သူက အက်ကွဲကြောင်းအဝ၏ ဆယ်ပေအတွင်း နေရာသို့ ရောက်ရှိသွား၏။

ပြင်းထန်သော စုပ်အားက ရုတ်တရက် သူ့အား ဝန်းရံ လာသည်။ဝမ်လင်း ခန္ဓာကိုယ်က အနည်းငယ်ပင် မတည်မ ငြိမ် ဖြစ်လာခဲ့၏။
သူ့အသွင်က သုန်မှုန်နေကာ သူက ထိုင်ချလိုက် ပြန်သည်။သူက သူ့ကိုယ်သူ စုပ်အားကို တောင့်ခံရန် ကိုယ် ဟန်ပြင်လိုက်၏။

သူ့ခန္ဓာကိုယ်ထဲရှိ သွေးများပင် ရပ်တန့်သွားလုနီးပါး ဖြစ်ရ၏။သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များကြောင့်သာ မဟုတ်ပါက သူ့ခန္ဓာကိုယ်သည် ခု ချိန်၌ ဒဏ်ရာများစွာ ရနေလောက်ပြီ ဖြစ်သည်။

"မလုံလောက်သေးဘူး.." အနည်းငယ် စဉ်းစားပြီး နောက် ဝမ်လင်းက သူ့ခန္ဓာကိုယ်အွင်းမှ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို ရပ်တန့်လိုက်၏။သူ ထိုသို့ ပြုလုပ်လိုက်ချင်းချင်းမှပင် သူက အက်ကွဲကြောင်းထဲကနေ ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။

သူ့ခန္ဓာကိုယ်က အက်ကွဲကြောင်းအစွန်းနားသို့ ရောက် သွားသည့်အခိုက်တွင် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ် လိုက်သည်။ ထိုအခါ ဓားခုနစ်လက်က ပျံသန်းထွက်လာ ကာ အစီအရင်တစ်ခု ဖြစ်ပေါ်၏။သည်ဓားခုနစ်လက်က ဝမ်လင်းပတ်လည်ရှိ မြေပြင်တွင် ထိုးစိုက်လို့သွားသည်။

လျှပ်စီးအမျှင်တန်းများက

ထိုဓားခုနစ်လက်နှင့်

ချိတ်ဆက်ကာ ဝမ်လင်းအတွက် နေရာတစ်ခု ဖြစ်စေ၏။ ဓားခုနစ်လက်ကြားရှိ လျှပ်စီးပမာဏက တိုးလာကာ နောက်ဆုံးတွင် ဝမ်လင်းအား ပိုက်ကွန်သဖွယ် အုပ်မိုးပေး လာခဲ့တော့သည်။
ဝမ်လင်းက ထိုဓားအစီအရင်ထဲ၌ ဖြည်းဖြည်းချင်း ထိုင် ချလိုက်၏။သူက လိုက်ခြင်းပင်။ အေးစက်စက်အော်ရာက သည်ဧရိယာတွင် ပြည့်နေကာ စုပ်အား၏ကျယ်လောင်သော တဝီဝီအသံများ က သူ့နားထဲ၌ ပဲ့တင့်ထပ်လို့နေ၏။ အက်ကွဲကြောင်းအစွန်းအားတွင် ထိုင်ချ

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ပင် သည်စုပ်အား၏ ဖမ်း ဆုပ်ထားခြင်းကို ခံရကာ နစ်မြုပ်သွားတော့မည် အရိပ် လက္ခဏာများ ပြသလာခဲ့သည်။သို့ရာတွင် သည် အခိုက်အတန့်၌ အတားအဆီးက ထပ်မံ ပေါ်လာကာ သူ့ မူလစိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲ၌သာ ပြန်ပိတ်လှောင် ထားလိုက်၏။

မူလစိတ်ဝိညာဉ်အပြင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒပင် သိပ်သည်းလာသည်ဟု ထင်ရကာ တစ်ဖြည်းဖြည်း ဆွဲထုတ်ခြင်း ခံနေရ၏။သည်သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သတ်ဖြတ်သူနှလုံးထားထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းက အနီရောင်အလင်းများအဖြစ်သို့ ဖြစ်တည်ကာ ဝမ် လင်းအရေပြားအောက်၌ပင် မြင်တွေ့နေရပေသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခ နဲ ဖြစ်သွားကာ သူက ရှေ့သုံးပေခန့်သို့ ဆက်တိုးလိုက် သည်။ ဓားခုနစ်လက်ကလည်း သူနှင့်အတူ လိုက်ပါ ရွှေ့ လျားလာသည်။သည်စုပ်အားက နောက်တစ်ဖန် တိုးလာ ကာ ဝမ်လင်းအရေပြားပေါ်၌ နောက်ထပ် အနီရောင်လိုင်း တစ်ခု ပေါ်လာပြန်၏။
ပြင်းထန်သော စုပ်အားက ဝမ်လင်း၏ ဓားခုနစ်လက်ကို ပါ ဝန်းရံလာကာ ဓားတေးသံများကို ထုတ်လွှတ်လာစေ၏။ ဓားအတွင်းရှိ စိတ်ဝိညာဉ်များပင် ထွက်ပေါ်လာကာ အတူ ပေါင်းစည်းထားရသည်။၎င်းတို့က အတူပူးပေါင်းကာ စုပ် အားကို ခုခံကြ၏။

သည့်အပြင် ဓားခုနစ်လက်ကို ချိတ်ဆက်ထားသည့် လျှပ်စီးကလည်း ဓားများအတူ ပေါင်းစည်းချိန်၌ တဖျစ်ဖျစ် မည်လာခဲ့သည်။ဓားခုနစ်လက်က မြေကြီးနှင့် ပေါင်းစပ် ကာ ရှေ့သို့ ရွှေ့လျားလာသည်ဟု ထင်မှတ်ရ၏။

ဝမ်လင်းက ရှေ့သို့ ရွေ့နေရင်း ပိုပိုများပြားသော အနီ ရောင်လိုင်းများက သူ့အရေပြားအောက်၌ ပေါ်လာခဲ့၏။ ၎င်းတို့က သိပ်သည်းလာရာ နေရာတိုင်းတွင် ပေါ်လာပြီး ဝမ်လင်းတစ်ကိုယ်လုံးကို နီရဲနေစေ၏။

ထိုအနီရောင်လိုင်းများက တစ်သန်းထိ ရှိလာခဲ့ချေ၏။

သည်ပမဏက သတ်ဖြတ်ခြင်းစွမ်းအင်ပမာဏနှင့် အတိအကျ တူပေသည်။

ဝမ်လင်းအရေပြားအောက်ရှိ အနီရောင်လိုင်းများက တ ဖျပ်ဖျပ် ဖြစ်နေ၏။သို့သော် သူ့စိတ်ကတော့ တည်ငြိမ် နေ၏။သည်အခိုက်အတန့်၌ သူက အက်ကွဲကြောင်း၏ အစွန်းနားသို့ ရောက်လာခဲ့ပြီဖြစ်၏။သို့သော် ၎င်းက သူ့ ခန္ဓာကိုယ်ထဲမှသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အတင်း ထုတ် လွှတ်သွားစေဖို့ မလုံလောက်သေးပေ။
အက်ကွဲကြောင်းအပြင်ရှိ အမှောင်ထုကို ကြည့်နေရင်း ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေ၏။ သည် အလင်းက သူ့အောက်ပေနှစ်ရာလောက်ရှိ တွင်းနက်နံရံ ပေါ်တွင် ထိုးစိုက်မှီနေသည့် ကျောက်တုံးကို တွေ့မြင်သွား စေခဲ့ပေသည်။သည်ကျောက်တုံးပေါ်၌ ရှေးဟောင်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခု ရှိလိုနေ၏။

အနည်းငယ် တွက်ချက်ပြီးသည့်နောက် ဝမ်လင်းက အက်ကွဲကြောင်းထဲကနေ ခုန်ထွက်လိုက်၏။သူ့ပုံရိပ်က ပေ နှစ်ရာအကွာရှိ ကျောက်တုံးထံသို့ လျှပ်စီးတန်းအလား ရွှေ့ လျားသွားတော့သည်။

ကြယ်ခုနစ်ခု ဓားအစီအရင်ကလည်း ဝမ်လင်းနှင့်အတူ လိုက်ပါသွား၏။တွင်းနက်အောက်ခြေမှ ပြင်းထန်သောစုပ် အားက ရုတ်တရက် တိုးလာခဲ့လေသည်။

ထိုစုပ်အားက အဆများစွာ ပိုအားကောင်းလာခြင်း ကြောင့် ဝမ်လင်းအရေပြားအောက်ရှိ အနီရောင်လိုင်းများ က သူ့ခန္ဓာကိုယ်ကနေ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။ အနီရောင်လိုင်းများ သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသည့် အခိုက်တွင် ၎င်းတို့က ရုန်းကန်လာကြ၏။သို့ရာတွင် ၎င်း တို့က အနီရောင်အခိုးငွေ့အဖြစ်သို့ပြောင်း၍ တွင်းနက်၏ အောက်ခြေသို့ ပျောက်ကွယ်သွားကြတော့သည်။

တစ်ချိန်တည်းမှာပင် ဓားခုနစ်လက်အစီအင်က ဝမ်လင်း အား မြန်ဆန်စွာ လှည့်ပတ်လာ၏။ သည်လှည့်ပတ်နှုန်းက အံ့မခန်းမြန်ဆန်လှကာ အားကောင်းသော ဝဲကတော့ တစ် ခုကိုပင် ဖြစ်သွားစေသည်။သည်ဝဲကတော့က ပင့်တင့်အး ကို ဖြစ်ပေါ်စေကာ ထိုအားက ပိုပိုသန်မာအားကောင်းလာ ခဲ့၏။

ဓားအစီအရင်ထဲတွင်သာ ရှိနေသော ဝမ်လင်းက ကျောက်တုံးကြီးပေါ်သို့ ခြေချလိုက်၏။သူက လုံးဝ အာရုံစူး စိုက်ထားပေ၏။သူက အမှားတစ်ခုသာ လုပ်လိုက်မိပါက သည်တွင်းနက်အောက်ခြေသို့ စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။

ကြယ်ခုနစ်ခုဓားအစီအရင်၏ အမြန်နှုန်းက အကန့်အသတ်သို့ ရောက်လာခဲ့၏။သို့သော် ၎င်းက ထုတ် လွှတ်ပေးသော ပင့်တင်အားက စုပ်အားကို ခံနိုင်ရန် မ လုံလောက်သေးပေ။ဝမ်လင်းခန္ဓာကိုယ်က သည်ဓားအစီအ ရင်နှင့်အတူ အောက်သို့ ဆွဲချခြင်း ခံနေရသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ် သွား၏။ အနက်ရောင်ပုံရိပ်တစ်ခုက သူ့ခြေထောက် အောက်၌ ရုတ်တရက် ပေါ်လာခဲ့သည်။သည်ပုံရိပ်က ဝမ် လင်းနှင့် ချိတ်ဆက်လားပြီး ၎င်းက ခပ်တိုးတိုး ရေရွတ်၍ ၎င်း၏လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက် သည်။

ချက်ခြင်းပင် ထိုအနက်ရောင်ပုံရိပ်က ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်ကာ ယင်းအားက စုပ်အား ကိုပင် ခဏတာတန့်သွားဖို့ လုံလောက်စေလိုက်၏။၎င်းက ဝမ်လင်းနှင့် ဓားအစီအရင်ကို ကျောက်တုံးကြီးပေါ်သို့ သယ်ဆောင်ပေးလိုက်ပေသည်။

ကျောက်တုံးပေါ်၌ ခြေချလိုက်ပြီးနောက်မှ ဝမ်လင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။ ဓားအစီအရင်နှင့်ရုပ်သေးတို့၏ ပူးပေါင်းမှုဖြင့် စုပ်အားကို သူက တောင့်ခံနိုင်ခဲ့ပေသည်။သို့သော် သည်အရာက အချိန် အကြာကြီးတော့ မဟုတ်ပေ။

ဝမ်လင်းက ကျောက်တုံးပေါ်၌ ထိုင်ချလိုက်၏။သူ့တွင် ထိုကျောက်တုံးပေါ်ရှိ အစီအရင်ကို လေ့လာနေရန် အချိန်မ ရှိပေ။ထို့ကြောင့် သူက သူ့ခန္ဓာကိုယ်ထဲရှိ အနီရောင်လိုင်း များ အတင်းထွက်သွားအောင်သာ အာရုံစိုက်ထားပေ၏။

သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ သူ့ညာလက်ကို လှုပ်ယမ်းလိုက်၏။ မုန်တိုင်းတစ်ခုက ဝမ်လင်း၏အရိပ်ထဲ တွင် ပုံးအောင်းနေသည့် ရုပ်သေးထဲသို့ ဝင်ရောက်ပျောက် ကွယ်သွားသည်။

ထိုမုန်တိုင်း ပျောက်ကွယ်သွားသည့်နောက် ဓားခုနစ် လက်က မြန်ဆန်စွာ ဝမ်လင်းအား လှည်ပတ်လာသည်။ မုန်တိုင်းမရှိသည့်နောက် ဝမ်လင်းက နောက်တစ်ဖန် အံ့မခန်းစုပ်အားကို ခံစားလိုက်ရပြန်သည်။သူက အံ တင်းတင်းကြိတ်ထား၏။သူ့မျက်နှာပေါ်ရှိ သွေးကြောများ ပင် ဖောင်းကြွလို့လာခဲ့သည်။သူက သည်အခိုက်အတန့် အလွန်တရာ ကြမ်းကြုတ်လှသည်ဟု ထင်မြင်ရသည်။

သူ့ခန္ဓာကိုယ်ထဲမှ အနီရောင်လိုင်းများက ပို၍ ဆွဲထုတ် ခြင်း ခံလာရသည်။၎င်းတို့က ဉာဏ်ရှိသည့်အလား ရုန်းကန်ကြသေး၏။သို့သော် ၎င်းတို့က စုပ်အားကြောင့် ဝမ်လင်းခန္ဓဦကိုယ်ကနေ ဆွဲထုတ် စုပ်ယူခြင်းခံရသည်သာ ဖြစ်သည်။သည်အနီရောင်လိုင်းများက အနီရောင်မြူများ အဖြစ်ပေါက်ကွဲထွက်ကာ ပျောက်ကွယ်လို့သွားသည်။

ဝမ်လင်းခန္ဓာကိုယ်ထဲမှ အနီရောင်လိုင်းများက ပို၍ ဆွဲထုတ်ခြင်း ခံနေရသည်။သည်မြင်ကွင်းက အလွန် ထူးဆန်းလှ၏။

သည်လိုမျိုး အနီရောင်လိုင်းများ ဝမ်လင်းခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံရခြင်းက ထပ်ခါထပ်ခါ ဖြစ်လို့နေသည်။အချိန် မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းအရေပြားက နီရဲနေခြင်း မရှိတော့ဘဲ ပုံမှန်အသားအရေတိုင်း ပြန်ဖြစ်လို့ သွားသည်။ဝမ်လင်းက အသက်ဝဝရှူသွင်း၍ ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။သူ့အရိပ်ထဲမှ ရုပ်သေးကလည်း ပေါ်လာခဲ့ကာ နောက်တစ်ဖန် မုန်တိုင်းတစ်ခုကို ဖန်တီး လိုက်၏။သည့်နောက် ၎င်းက သူ့ကို အက်ကွဲကြောင်းရှိရာ သို့ ပြန်လည် ခေါ်ဆောင်ပေးသွားလေသည်။

ဝမ်လင်းက အက်ကွဲကြောင်းထဲသို့ ပြန်ရောက်သည့်အခါ မည်သည့်စုပ်အားကိုမှ မခံစားရတော့ပေ။သူက အာဏာ တက်ခြင်းနောက်ဆုံးအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ဆယ်ရက်ဆယ်ည တိုက်ခိုက်ခဲ့ရသကဲ့သို့ အားနည်းသွားခဲ့ ပြီ ဖြစ်သည်။

လွန်ခဲ့သောရက်အချို့အတွင်း ဝမ်လင်းက စုပ်အားကို တောင့်ခံကာ ကြယ်ခုနစ်ခုဓားအစီအရင်ကို ပိုကျွမ်းကျင် အောင်လုပ်ခြင်း၊သူ့ခန္ဓာကိုယ်ထဲမှ အနီရောင်လိုင်းများကို အတင်းထုတ်ခြင်းနှင့် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် သူ့ကိုယ်သူ ဟန်ချက်ညီ အောင်လုပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပေသည်။

သည်အရာများအားလုံးကို ပြုလုပ်ပြီးသည်နှင့် ဝမ်လင်း 3 အလွန်ပင်ပန်းခဲ့ရသည်။သူက အမှားတစ်ခု ပြုလုပ်သည်နှင့်ကြမ္မာဆိုး ဝင်သွားမည်ကို သိပေသည်။ ထို့ကြောင့် သူကအရင်ဆုံး အနားယူရန်ဆုံးဖြတ်သည်။ သည့်နောက် သူ့ခွန်အားပြည့် အခြေအနေရောက်မှ ထို အရာများကို ဆက်လက် လုပ်ဆောင်သည်။

သူ့ကိုယ်သူ ပြုပြင်ပြီးနောက် ဝမ်လင်းမျက်လုံးက လက်ခ နဲ ဖြစ်သွား၏။သူက ဓားအစီအရင်ကို ထိန်းချုပ်ကာ အက်ကွဲကြောင်းထဲကနေ နောက်တစ်ဖန် လှမ်းထွက်လာခဲ့ သည်။

သည်လိုမျိုးဖြစ်စဉ်က လများစွာ ဆက်တိုက် ကြာမြင့် လာ၏။သည်နေ့တွင် ဝမ်လင်းက သည်အက်ကွဲကြောင်း ထဲ၌ ပိတ်မိနေသည်မှာ လေးနှစ် ရှိလာခဲ့လေပြီ။သူက တွင်းနက်ထဲရှိ ကျောက်တုံးကြီးပေါ်တွင် ထိုင်နေကာ သူ့ ညာလက်အောက်ရှိ အရေပြားအောက်၌ အနီရောင်လိုင်း တစ်ခု ရှိလို့နေသည်။ထိုအနီရောင်လိုင်းက စုပ်အားကြောင့် တုန်ခါနေခဲ့သည်။၎င်းက ဝမ်လင်းလက်ထဲကနေ ထွက်ရန် ငြင်းဆန်လိုနေသော်လည်း အနီရောင်မြူအဖြစ်ပြောင်းကာ တွင်းနက်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။

သည်အရာက ဝမ်လင်းကိုယ်ထဲတွင် ကျန်ရှိနေသည့် သူ့ကိုယ်ထဲမှ နောက်ဆုံးအနီရောင်လိုင်းဖြစ်၏။၎င်းကို အတင်း စုပ်အားအကူအညီဖြင့် ထုတ်လွှတ်စေပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ ပင်ပန်းနေ သည့်ပုံ ထွက်ပေါ်နေ၏။သို့သော် အေးစက်မှု အရိပ်အမြွက် လည်း ရှိလို့နေလေသည်။

"ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်.."

သူက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ့ မျက်လုံးထဲရှိ အေးစက်မှုကို ပြန်ဖုံးကွယ်ထားလိုက်သည်။ သည့်နောက် သူက ခေါင်းငုံ့ကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ကြည့်၏။တစ်ချက်ကြည့်ပြီးနောက် ၎င်းအစီ အရင်ကို အာရုံမစိုက်တော့ဘဲ သူက ပတ်ဝန်းကျင်မှ စုပ် အားကို ခံစားကြည့်သည်။

ထိုစုပ်အားနှင့် အကြိမ်များစွာ ထိတွေ့ကာ သမူဟ ဖြစ်ပြီး နောက် ဝမ်လင်းက ထိုစုပ်အားအတွင်းမှ အဓိကပြောင်းလဲ မှုများကို ခံစားမိခဲ့သည်။သူက သည်စုပ်အားအကြောင်း နားလည်လိုပါက သူက သူ့စိတ်ကိုလွှတ်ကာ ၎င်းကို မခုခံ ရန် လိုပေ၏။သူက ထိုစုပ်အား သူ့ခန္ဓာကိုယ်ကို ဖြတ် ကျော်သွားနိုင်သည့်ထိရောက်အောင် သူ့ခန္ဓာကိုယ်အား ဖောက်ထွင်းမြင်သည့်အထိ ဖြစ်လာရန် လုပ်ဆောင်ရမည် ဖြစ်သည်။

တစ်နေ့ပြီးတစ်နေ့။တစ်နှစ်ပြီးတစ်နှစ်။ ဝမ်လင်းက သည်ကျောက်တုံးပေါ်တွင် ထိုင်နေသည်မှာ သုံးနှစ်ရှိလာခဲ့ လေပြီ။

ကြယ်ခုနစ်ခုဓားအစီအရင်ကလည်း ဆက်လက်၍ လှည့်ပတ်ခြင်းမရှိတော့ဘဲ သူ့ပတ်လည်ရှိ မြေပြင်တွင် ထိုး စိုက်လို့ထားသည်။ ဝမ်လင်းက ကျောက်တုံးနှင့် တစ်သားတည်းလို ဖြစ်လာခဲ့သည်။ပထမ၌ စုပ်အားက သူ့ ကို အနည်းငယ် ရွှေ့လျားစေသေး၏။သို့သော် တစ်ဖြည်းဖြည်းဖြင့် ဝမ်လင်းက အလင်းခန္ဓာကိုယ်တစ်ခု လို ဖြစ်လာခဲ့တော့သည်။ထို့ကြောင့် စုပ်အားက သူ့ ခန္ဓာကိုယ်အား ဖြတ်ကျော်သွားကာ သူ့အပေါ်၌ သက်ရောက်စေတော့ပေ။

အချိန်က ဖျပ်ခနဲပင် နောက်ထပ် သုံးနှစ် ကုန်ဆုံးသွားခဲ့ ပြန်ပြီ။

ဝမ်လင်းကို ထွင်းဖောက်ဖြတ်ကျော်သွားသည့် စုပ်အား က ရပ်တန့်သွားခြင်းမရှိဘဲ အဆက်မပြတ်ရှိလို့နေဆဲသာ။

သူ့ခန္ဓာကိုယ်ကသာ လှုပ်ရှားခြင်းမပြုရုံမဟုတ်ဘဲ သူ့ စိတ်သည်လည်း လှုပ်ရှားခြင်း မရှိတော့ပေ။သည်ခြောက် နှစ်တာ အတွင်း ဝမ်လင်းက သည်နေရာတွင် ထိုင်နေရင်း သူ့ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးကို စုပ်အားက ဖြတ်သန်းသွားသည်ကို ခံစားနေရင်း တစ်ဖြည်းဖြည်းဖြင့် သူက ထူးဆန်းသောအခြေအနေသို့ ဆိုက်ရောက်သွားခဲ့ တော့သည်။

သူက သူ့ကိုယ်သူ ပျောက်ကွယ်နေပြီဟူသော ခံစားချက် ကိုပါ ရရှိနေခဲ့သည်။ထိုသို့ခံစားရခြင်းမှာ ထိုစုပ်အားက သူ့ အပေါ်၌ သက်ရောက်မှု မရှိတော့သောကြောင့်သာ ဖြစ်၏။

သို့ရာတွင် ထိုစုပ်အားက သူ့မူလစိတ်ဝိညာဉ်ကို ခုထိဖြတ်ကျော်သွားခြင်း မရှိသေးပေ။ထို့အတွက်ကြောင့် ဝမ် လင်းသည် သူက ထူးဆန်းသောအခြေအနေအတွင်း လုံးဝ ပြည့်စုံသွားခြင်းမရှိသေးဟူသော ခံစားမှုကို ရရှိစေ၏။

သူက ထိုစုပ်အားကို သူ့ခန္ဓာကိုယ်ကိုသာ ဖြတ်ကျော်သွား စေရင်း စုပ်အားနှင့် တစ်သားတည်း ဖြစ်သွားစေခဲ့ရုံသာ ရှိသေး၏။သို့ရာတွင် သူက ၎င်းစုပ်အားကို သူ့မူလစိတ် ဝိညာဉ်ကို ဖြတ်ကျော်စေခြင်း မရှိသေးသည့်အတွက် သူက စုပ်အားနှင့် အစစ်အမှန်တစ်သားတည်း ဖြစ်လာရန် လိုအပ် နေပေသေးသည်။

ဝမ်လင်းက သည်ကိစ္စကို အလျင်မလိုပေ။သူက စုပ်အား ကို ဆက်လက်၍ နားလည်သဘောပေါက်ရန်သာ တည်ငြိမ် စွာ လုပ်ဆောင်နေ၏။သည်ထူးဆန်းသော အခြေအနေ အောက်၌ သူက တစ်ဖြည်းဖြည်းဖြင့် သူ့မူလစိတ်ဝိညာဉ်ကို လွင့်ပြယ်သွားစေ နေခဲ့သည်။

ဖျပ်ခနဲပင် နောက်ထပ် ငါးနှစ်ကုန်ဆုံးသွားခဲ့၏။သူက သည်နေရာတွင် ရှိနေသည်မှာ ဆယ့်ငါးနှစ် ရှိလာခဲ့ပြီ ဖြစ်သည်။ဆယ့်တစ်နှစ်လုံးလုံးက ကျောက်တုံးကြီးပေါ်တွင် ထိုင်၍ စုပ်အားကို နားလည်အောင် လုပ်နေခြင်းပင်။

တစ်သားတည်း ဖြစ်လာခဲ့ချေပြီ။ ခုချိန်၌ သူ့မူလစိတ်ဝိညာဉ်သည်လည်း စုပ်အားနှင့်

နောက်ထပ် နှစ်နှစ်ထပ်ကုန်ဆုံးသွားပြန်၏။ ဝမ်လင်းက သည်နေရာတွင် ပိတ်မိနေသည်မှာ ဆယ့်ခုနစ်တိတိ ရှာလာ ပြီးနောက် နောက်ဆုံးတွင် မျက်လုံးဖွင့်လာခဲ့၏။သူ့ မျက်လုံးထဲ အကောင်းအဆိုးကို အံတုနိုင်သည့် အသွင်တို့ ထွက်ပေါ်နေကာ သူက သူ့ရှေ့ရှိ အမှောင်ထုအား တည်ငြိမ် စွာ ကြည့်လို့နေသည်။

"ငါ့စိတ်နဲ့စုပ်အားကို ပေါင်းစပ်ခြင်း။ ငါက စုပ်အားကို နားလည်သွားပြီး ဒါနဲ့ လုံးဝ ပြည့်ပြည့်စုံစုံ သမူဟ ဖြစ်ပြီး တဲ့နောက်မှာ ငါဟာလည်း စုပ်အားရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်..."

"ငါက စုပ်အား ဖြစ်လာတာနဲ့ ငါက ဒီအားနဲ့ ပေါင်းစပ် သွားနိုင်လိမ့်မယ်..."

ဝမ်လင်းက စဉ်းစားနေ၏။သူက သည်အရာကို လွန်ခဲ့သောနှစ်များကတည်းက တွေးမိနေခဲ့ခြင်းပင်။၎င်းက အပြောလွယ်သလောက် အလုပ်ခက်နေပေသည်။သူ့တွင် သူကိုယ်တိုင် သည်စုပ်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာ ဖို့ အကြံဉာဏ်မရှိ ဖြစ်နေ၏။

ဝမ်လင်းက သက်ပြင်းမှုတ်ထုတ်ကာ မျက်လုံးပြန်မှိတ် ထားလိုက်၏။

"ဆင်းသွားလိုက်..." စာလိပ်ထဲမှ အမျိုးသမီး၏ အသံက သူ့မူလစိတ်ဝိညာဉ်ထဲ၌ နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်၏။

ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်ကြည့်လာသည်။သူ့ မျက်လုံးက လျှပ်စီးကို ပေးစွမ်းနေ၏။သူက ခေါင်းငုံကာ သူ့ အောက်ရှိ အမှောင်ထုကို ကြည့်လိုက်သည်။သူ့မျက်လုံးထဲရှိအလင်းက ပိုပိုတောက်ပလာခဲ့၏။သည်အခိုက်အတန့်၌ ထို တောက်ပမှုက အထွတ်အထိပ်သို့ ရောက်သွားပြီးနောက် ရုတ်တရက် ပြန်ပျောက်ကွယ်သွားတော့သည်။ဝမ်လင်းက ဆယ့်သုံးနှစ်ကြာ မလှုပ်မယှက် နေပြီးနောက်တွင် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လာကာ ရှေ့သို့ ခြေလှမ်း လိုက်၏။

သူက သည်ခြေလှမ်းတွင် မည်သည့်မန္တာန်ကိုမှ အသုံးမ ပြုပေ။သေမျိုးတစ်ယောက်ကဲ့သို့သာ ခြေလှမ်းလိုက်ခြင်း ဖြစ်၏။သူ့ခန္ဓာကိုယ်က ချက်ခြင်းပင် တွင်းနက်အောက်ခြေ သို့ ထိုးကျသွားခဲ့တော့သည်။သူက အမှောင်ထု၏ ဝါးမြို ခြင်းကို ခံလိုက်ရ၏။

ဝမ်လင်းခန္ဓာကိုယ်က မြန်ဆန်စွာ ပြုတ်ကျနေ၏။သူက သည်အချိန်အတွင်း မျက်လုံးမှိတ်လို့ထား၏။စုပ်အားက သူ့ ကို လက်မများဖြင့် ကြမ်းတမ်းစွာ ဆွဲယူနေသကဲ့သို့ ထင်မှတ်ရ၏။

သူက အောက်သို့ ပြန်ကျနေရင်း ယင်းစုပ်အားက ပိုပို၍ အေးစက်လာ၏။သည်နေရာရှိ နရံများပင် အေးခဲလာ သလား မှတ်ရ၏။

သည့်နောက် ဝမ်လင်း၏

စိတ်တစ်ခုလုံးက ထူးဆန်းသောအခြေအနေတွင်းသို့ နစ်မြုပ်လို့သွား၏။သူ့ စိတ်ထဲရှိ တစ်ခုတည်းသောအတွေးက သူက သည်စုပ်အား နှင့် တစ်သားတည်း ဖြစ်လာရန်သာ ဖြစ်တော့သည်။

စုပ်အားနဲ့ ပေါင်းစပ်ခြင်း...စုပ်အားထဲကို ပြောင်းလဲပစ် ခြင်း...ကိုယ်တိုင် စုပ်အား ဖြစ်လာခြင်း...။

သည်အခိုက်အတန့်၌ ဝမ်လင်းမူလစိတ်ဝိညာဉ်က မရေ မတွက်နိုင်သော မိုးခြမ်းသံတစ်မျှ ပေါက်ကွဲမှုများကို ထုတ် လွှတ်လာ၏။သူ့ခန္ဓာကိုယ်ထဲသို့လည်း စုပ်အားများက အရူး အမူး ဖြတ်ကျောက်ကာ သူ့မူလစိတ်ဝိညာဉ်ထံသို့ ရွှေ့လျား သွားကြသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့ သည်။သူ့ခန္ဓာကိုယ်ကတော့ နစ်မြုပ်နေဆဲ ဖြစ်သော်လည်း သူ့မျက်နှာပေါ်တွင်တော့ ပြုံးယောင်သန်းလာလေ၏။သူက အသက်ဝဝရှူသွင်းလိုက်၏။သည်အခိုက်အတန့်၌ သူက ပြုတ်ကျနေရာကနေ ရပ်တန့်သွားတော့သည်။

သည်စုပ်အားက သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းသွားကာ မည်သည့်အတားအဆီး အဟန့်ဖြစ်နေမှုမှ မရှိတော့ပေ။သူ့ မူလစိတ်ဝိညာဉ်၊အသွေးအသားအားလုံးက သည်စုပ်အား နှင့်အတူ ပေါင်းစပ်သွားခဲ့လေပြီ။နောက်ဆုံးတော့ သူက စုပ်အား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ချေပြီ။

ဝမ်လင်းက အောက်သို့ ငုံ့ကြည့်လိုက်ရာ အောက်ခြေကို မမြင်ရချေ။သည်အရာက အဆုံးမရှိသော တွင်းနက်ကြီး တစ်ခုနှင့် ဆင်တူလို့နေသည်။

"ထွက်သွားဖို့ အချိန်တန်ပြီ....ငါ့တာအိုရဲ့ တတိယစွမ်း ရည်က…တစ္ဆေလောကရဲ့စွမ်းအားပဲ ဖြစ်တယ်..." ဝမ်လင်း က ခေါင်းမော့ကာ အပေါ်သို့ ကြည့်လိုက်၏။သည့်နောက် သူက အပေါ်သို့ ဖြည်းဖြည်းချင်း ပြန်မြင့်တက်လာ တော့သည်။

"ဆင်းသွားပါ...ငါ နင့်ကို တောင်းပန်ပါတယ်...ဆင်း သွားပေးပါ..." ပထမဆုံးအကြိမ်အဖြစ် စာလိပ်ထဲမှ အမျိုးသမီး၏ အသံထဲ၌ စိတ်ခံစားချက်တို့ ပါဝင်လာခဲ့၏။

စာလိပ်၏ လျှို့ဝှက်ချက်ကို ဖြေရှင်းခြင်း

ဝမ်လင်းက ရပ်တန့်လိုက်၏။

"ငါ နင့်ကို အောက်ဆင်းပေးဖို့ တောင်းပန်ပါတယ်။ ငါ့ ကို အောက်ကို ခေါ်သွားပေးပါ..."

ထိုအသံထဲ၌ ဝမ်းနည်းမှုနှင့် အလျင်လိုမှုတို့ ပါဝင် နေသည်။

ဝမ်လင်းက စဉ်းစားလိုက်၏။ သည်အသံက ဆယ့်သုံးနှစ် လောက် သူ့စိတ်ထဲတွင် ပျောက်ကွယ်နေပြီး ခုမှ တစ်ဖန် ထွက်ပေါ်လာခြင်း ဖြစ်သည်။သည်ဆယ့်သုံးနှစ်အတွင်း သူက စုပ်အားအကြောင်း နားလည်အောင် လုပ်နေချိန်၌ သည်အမျိုးသမီးက ဘာစကားမှ ဆိုမလာခဲ့ပေ။သို့ရာတွင် ခုသူမစကားက အရင်တုန်းကနှင့်မတူဘဲ စိတ်ခံစားချက် များပါ ပါဝင်လို့နေသည်။

သူက သိုလှောင်အိတ်ကို ညာလက်ဖြင့် ပုတ်လိုက်ရာ မှော်စာလိပ်က ပျံသန်းထွက်လာသည်။ သည်စာလိပ်က ညင်သာစွာလင်းနေသည်။စုပ်အားက ၎င်းပေါ်၌ သက်ရောက်ခြင်း ရှိမနေပေ။သည်စာလိပ်က ဖွင့်လာကာ အမျိုးသမီး၏ နောက်ကျောပေါ်လာခဲ့၏။

ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက စာလိပ်ထဲမှ အမျိုးသမီးကို သေသေချာချာ ကြည့်ရှုနေသည်။၎င်းက ပုံ ရိပ်တစ်ခုသာ ဖြစ်သော်လည်း အနှိုင်းမဲ့သည့် ကြော့ရှင်းမှု တို့ ပိုင်ဆိုင်ထားပေသည်။

"ငါ့ကို အောက်ကို ခေါ်သွားပေးပါ...ငါက ဒီစာလိပ်ထဲ ကနေ မထွက်နိုင်ဘူး။ ဒါ့ကြောင့် နင်က ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ပါဘူး...ငါ တစ်ချက်လောက် ကြည့်ချင်ရုံပါပဲ..."

ဝမ်လင်းက စဉ်းစားနေ၏။ဘာစကားမှတော့ မဆိုပေ။

"ငါ နင့်ကို ဘာမှ အကူအညီမပေးနိုင်ဘူး။ငါ နင့်ကို ဘာ မှလည်း မပေးနိုင်ပါဘူး...ဒါပေမဲ့ ငါ့ကို အောက်ကို ခေါ် သွားပေးပါ..."

ဝမ်လင်းက ခေါင်းငုံကာ အောက်ခြေသို့ ကြည့်သည်။ သည်အောက်ခြေက လုံးဝ နက်မှောင်နေကာ အလွန်လည်း အေးစက်နေ၏။

"ငါနင့်ကို မကူညီနိုင်ဘူး။ နင် ထွက်သွားချင်ရင်တော့ သွားပါ..." ဝမ်လင်းက ခေါင်းယမ်းကာ ထိုစာလိပ်ကို မ ကြည့်တော့ဘဲ အပေါ်သို့ ဆက်တက်လာသည်။သူက လုပ် စရာများစွာ ရှိနေသည်မဟုတ်လား။သူက ရှေ့ဖြစ်ဟောသူ နှင့်သူ့အပေါင်းအပါများ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့ ရောက်မလာခင် လှိုဏ်ဂူထဲရှိအတားအဆီးများကို ဖွင့်လှစ် ထားရန် လိုအပ်ပေသည်။သို့မှသာ သူက အစစ်အမှန်လှိုဏ် ဂူထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။

သူက ရှေ့ဖြစ်ဟောသူနှင့် သူ့အပေါင်းအပါများ ဘယ် အချိန်ရောက်လာမလဲ မသိသော်လည်း ယောင်ရှင်းရွှယ် အပြောအရ သူက သဲလွန်စအနည်းငယ် ရရှိခဲ့ပေသည်။ ကြည့်ရသည်မှာ ရှေ့ဖြစ်ဟောသူနှင့်သူ့အပေါင်းအပါများ ရောက်လာရန်မှာ သိပ်မလိုတော့ပေ။

သူတို့ရောက်မလာခင် ဝမ်လင်က သူပြင်ဆင်စရာရှိသည် များကို အပြီးသပ်ရမည် ဖြစ်သည်။ သူ့အတွက် အချိန်က တိုတောင်းနေ၏။

သည့်အပြင် သူက ရှေ့ဖြစ်ဟောသူ သူ့အား ဖြတ်မမြင်နိုင် အောင်လည်း သေချာပေါက် လုပ်ရပေဦးမည်။ထိုမှသာ သူက သည်နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကနေ အန္တရာယ်ကင်းကင်း ထွက်ခွာသွားနိုင်မည် ဖြစ်သည်။ သူ သာ တစ်ခုခုမှားယွင်းသွားပါက တန်ဖိုးက သူ့အသက်ပင် ဖြစ်နေသည်မဟုတ်လော။

သူ့တွင် အချိန်သိပ်မရှိတော့ချေ။

စာလိပ်ထဲရှိ အမျိုးသမီးက တုန်ယင်လာ၏။သူမက မျက်နှာချင်းဆိုင် လှည့်ကြည်လိုသော်လည်း သူမအား ထိန်းချုပ်ထားသည့် ချိပ်တံဆိပ်တစ်ခု ရှိလို့နေ၏။သူမက မည်မျှကြိုးစားပါစေ လှည့်လို့မရ ဖြစ်နေ၏။

ဝမ်လင်းက မြင့်သထက်မြင့်အောင် အပေါ်သို့ တက်သွား ရင်း ပျောက်ကွယ်လုမတက် ဖြစ်နေ၏။သူမက နှုတ်ခမ်း ကိုက်ကာ လှမ်းပြောလာ၏။ "နင်..နင်က နင့်မူလစိတ် ဝိညာဉ်ထဲမှာ ရှိတဲ့ ပုတီးစေ့ရဲ့ သမိုင်းကြောင်းကို မသိချင် ဘူးလား..."

သူမ အသံက တိုးညှင်းသော်လည်း ဝမ်လင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်သာ ဖြစ်သည်။သည် စကားလုံးများက သူ့စိတ်ထဲသို့ မိုးခြိမ်းသံအလား တိုးဝင် လာကာ သူက ရုတ်တရက် ရပ်တန့်လိုက်သည်။

"နင်က စိတ်ဝိညာဉ်ပျက်စီးနေတဲ့အမျိုးသမီးကို ပြန်ပြီး အသက်မရှင်သန်စေချင်ဘူးလား..."

အမျိုးသမီး၏ ဒုတိယစကားကို ကြားလိုက်သည့်အခါ ဝမ်လင်းစိတ်ထဲ၌ မိုးကြိုးပေါင်း သန်းနှင့်ချီ၍ ပစ်ခတ်လာ ခံစားလိုက်ရသည်။သူ့မူလစိတ်ဝိညာဉ်ပင် သကဲ့သို့ တုန်ယင်သွားရ၏။

သူ့မူလစိတ်ဝိညာဉ်၊ သူ့မှတ်ဉာဏ်၊သူ့အရာအားလုံးသည် သည်ဒုတိယမြောက်စကားတစ်ခွန်းဖြင့်ပင် အရာအားလုံး ပေါက်ကွဲထွက်သွားရသည်။ဝမ်လင်းက ကောင်းကင်တစ်ခု လုံး ပြိုကျလာသလားပင် ခံစားလိုက်ရ၏။သူ့စိတ်အင်အား ဖြင့်ပင် ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မ ထိန်းနိုင် ဖြစ်ရသည်။

သည်အခိုက်အတန့်၌ သူ့စိတ်ထဲတွင် ရှေ့ဖြစ်ဟောသူ၊ လှို ဏ်ဂူ၊သွေးဘိုးဘေးနှင့် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ...စ သည့်စသည့် အကြောင်းအရာများအားလုံးက လွင့်ပြယ် သွားတော့သည်။ဝမ်လင်းက ထိုအမျိုးသမီးအား ရူးသွပ် သောအကြည့်ဖြင့်သာ ကြည့်နေမိတော့သည်။

"နင် ဘာပြောလိုက်တာလဲ.." ခြောက်ကပ်ကပ်အသံ တစ်ခုက ဝမ်လင်းပါးစပ်ထဲကနေ ထွက်လာခဲ့၏။

သည်ရိုးစင်းသော စကားလေးခွန်းကပင် ဖော်ပြနိုင်စွမ်းမ ရှိသည့် ခံစားချက်ကို ထုတ်ဖော်ပြသနေပေ၏။

ထိုအမျိုးသမီး တိုးညင်းစွာ ဆက်၍ ဆိုလာသည်။ "ငါက နင့်ကို ပုတီးစေ့ရဲ့ မူလကို ပြောပြနိုင်တယ်....။ငါက နင့်ကို ဒီပုတီးစေ့ထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်ကို ပြန်အသက်ရှင်လာ နိုင်တဲ့ နည်းကို ပြောပြနိုင်တယ်။ငါနင့်ကို ဒီနေရာကနေ ထွက်သွားနိုင်တဲ့ အခွင့်ရေးကိုတောင် ပေးစွမ်းနိုင်တယ်..."

ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်၏။သူက သည် အမျိုးသမီး၏ စကားများ မှန်လား၊မှားလား မတွေးလိုတော့ ပေ။သူက သူမ သူ့လျှို့ဝှက်ချက်များအားလံးကို ဘာကြောင့် သိနေသည်ကိုလည်း မစဉ်းစားလိုတော့ပေ။

သူက မျက်လုံးပြန်ဖွင့်ကာ ခြေတစ်လှမ်းလှမ်း၍ စာလိပ် ကို ဖမ်းယူသည်။သည့်နောက် တွင်းနက်၏ အောက်ခြေသို့ မြန်ဆန်စွာ ဆင်းသက်သွားလေ၏။

အခွင့်ရေး ဆံချည်တစ်မျှင် ရှိလျှင်ပင် သည့်အတွက် တိုက်ခိုက်ရပေလိမ့်မည်။ သူက

လူတစ်ယောက်က ဘယ်လောက်တော်တော် သူ့တွင် အားနည်းချက် တစ်စုံတစ်ရာ ရှိသည်သာ ဖြစ်၏။သူ့ တည်ငြိမ်မှုများကလည်း ချက်ခြင်း ပျက်စီးသွားခဲ့ချေပြီ။ သူက အဆုံးမရှိသည့် အန္တရာယ်များကို ရင်ဆိုင်ရချိန်၊ သေရေးရှင်ရေး ရင်ဆိုင်ရချိန်တွင်တောင် သူ့ အသိတရား ကို ထိန်းထားနိုင်ခဲ့ပေသည်။

ဝမ်လင်းသည် လူတစ်ယောက်ဖြစ်လို့နေဆဲသာ ။သူက ရက်စက်သည့်ကောင်းကင်ဘုံသား၊ ကြမ်းကြုတ်သည့် နတ် ဘုရားတစ်ပါးမဟုတ်ပေ။

သူ့ နှစ်ပေါင်းရှစ်ရာကျော် ကျင့်ကြံလာပြီးနောက် တည်ငြိမ်မှုက သူ့အရိုးထဲထိ စွဲနေခဲ့ပြီး ဖြစ်ကာ သူ့သဘာဝ လိုပင် ဖြစ်လာခဲ့ပေသည်။သူက ဟင်္သာပြဒါးဂြိုဟ်ကနေ တည်တည်ငြိမ်ငြိမ် ထွက်လာခဲ့ကာ ကျိုးယုကိုပင် ထားရစ် နိုင်ခဲ့သည်။

သူက ရန်သူများအားလုံးကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့ သူ။ ထိုရန်သူများက မည်မျှပင် စွမ်းအားကြီးပါစေ သူ့တာ အိုနှလုံးသားကို အနည်းငယ်ပင် တုန်လှုပ်သွားအောင် လုပ် နိုင်စွမ်း မရှိခဲ့ပေ။

သို့ရာတွင် သူ့ထိုသို့သော တည်ငြိမ်မှုများအားလုံးကို ဖျက် စီးပစ်နိုင်သည့် အရာတစ်ခု ရှိလို့နေ၏။

လူတစ်ယောက်က တစ်ခုခုကို ဆုံးရှုံးသွားမှသာ ထိုအရာ ကို သူမည်မျှလိုချင်ကြောင်း သဘောပေါက်တက်ပေသည်။

ဝမ်လင်းမျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ရှိနေကာ သူက စာလိပ်ကို ဆွဲကိုင်ရင်း တွင်းနက်ထဲသို့ တိုးဝင်နေ၏။သည် အခိုက်အတန့်၌ သူက အများကြီး မတွေးလိုပေ။ အမှန်နှင့် အမှားကိုလည်း မစဉ်းစားလိုတော့ပေ။

စာလိပ်ထဲရှိ အမျိုးသမီးက သက်ပြင်းချကာ တည်ငြိမ်စွာ ပြောလာ၏။ "နင် စိတ်အေးအေး ထားနိုင်ပါတယ်။ ငါနှင့် ကို မလှည့်စားပါဘူး...ငါက နင့်ကို ဒီအရာအားလုံး ပြောပြ ဖို့ သေသေချာချာ ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်တယ်..."

ဝမ်လင်းက မည်သည့်စကားမှ မဆိုပေ။သူ့လက်ထဲ၌ စာလိပ်ကို ကျစ်နေအောင် ဆုပ်ကိုင်ထားရင်း အောက်သို့ သာ ဆင်းသက်လာ၏။

တွင်းနက်နံရံပေါ်ရှိ အေးစကမှုက ပိုအားကောင်းလာ သလို စုပ်အားကလည်း ပိုပြင်းထန်လာခဲ့၏။

အချိန်မည်မျှကြာသွားမှန်း တွင်းနက်တကယ်ပင် မသိပြီးနောက် သည် အောက်ခြေမရှိသည့်အလား ထင်မှတ်လာရသည်။သူက မည်မျှဆင်းသက်နေသည်ဖြစ် စေ အမှောင်ထုကသာ ကြီးစိုးလို့နေတော့၏။

"ရောက်တော့မယ်...ရောက်တော့မယ်…" စာလိပ်ထဲရှိအမျိုးသမီး၏ အသံက တုန်ယင်စွာ ထွက်ပေါ်လာသည်။

သည်နေရာတွင် စုပ်အားက အလွန်အမင်း အားကောင်း လှ၏။ဝမ်လင်းခန္ဓာကိုယ်က ထိုစုပ်အားနှင့်အတူ အလိုက်သင့် ပျံသန်းနေခြင်း ဖြစ်၏။အချိန်အတန်ကြာပြီး နောက် နေ့လရက်..နှစ်တို့ပင် ကြာမြင့်နိုင်ပေသည်။

ထိုအမှောင်ထု၏ အောက်ခြေ၌ တိုတောင်းသော စင်္ကြံ တစ်ခု ပေါ်ထွက်လာ၏။

သည်စင်္ကြံထဲ၌ ဧရာမဝဲကတော့ကြီး တစ်ခု ရှိလို့ နေသည်။သည်ဝဲကတော့ ဖြည်းဖြည်းချင်း လှည်ပတ် နေကာ စုပ်အားက ယင်းဝဲကတော့ထဲကနေ ထွက်ပေါ်လာ နေခြင်းပင်။

ဝမ်လင်းက ထိုဝဲကတော့ကို ကြည့်လိုက်သည့်အခိုက် စာလိပ်ထဲမှ ထူးဆန်းသောအားတစ်ခုက သူ့ကိုယ်ထဲသို့ ဝင် ရောက်လာခဲ့သည်။သည်စွမ်းအးက သူ့မျက်လုံးထဲ၌ သိပ်သည်းလာ၏။သည်အခိုက်အတန့်၌ သူ့မျက်လုံးက ထို ဝဲကတော့အတွင်းဘက်ကို ဖြတ်မြင်နိုင်စွမ်း ရှိလို့လာခဲ့၏။

မရေမတွက်နိုင်သော ကျင့်ကြံခြင်းဂြိုဟ်များနှင့် ကြယ် တွေစုံသော ကောင်းကင်တစ်ခု၊၎င်းက အခြားကမ္ဘာတစ်ခု နှင့်ပင် တူနေခဲ့သည်။

"ဒါက…" ဝမ်လင်းက သူ့အကြည့်ကို ဝဲကတော့ ထံက နေ သွေဖယ်လိုက်သည်။သည်အခိုက်အတန့်၌ သူ့တည်ငြိမ် မှုများကို ပြန်ရရှိလာခဲ့သည်။

စာလိပ်ထဲရှိ အမျိုးသမီးက တိုးညင်းစွာ ပြောလာသည်။ "ငါ့အိမ်...အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး..."

ဘာသာပြန်သူ မှတ်ချက်...( အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးသည် နာမည် သပ်သပ်သာ ဖြစ်၏။သည် နာမည်ကို မည်သည့်အဓိပ္ပာယ်ဆောင်ကြောင်း ဖော်ညွှန် ထားခြင်း မရှိပေ။
"အလုံးစုံကြယ်အဖွဲ့အစည်းကြီး..." ဝမ်လင်းက မျက်မှောင်ကြုတ်သွားမိသည်။သူ့မှတ်ဉာဏ်ထဲ၌ သည် ဘာ အလုံးစုံကြယ်အဖွဲ့အစည်း နှင့်ပတ်သတ်၍ အချက်အလက်မှ ရှိမနေခဲ့ပေ။ထူစီ၏ မှတ်ဉာဏ်ထဲ၌ပင် သည်ကြယ်အဖွဲ့အစည်းအကြောင်း လုံးဝ ရှိမနေခဲ့ချေ။

စာလိပ်ထဲရှိ အမျိုးသမီးက တုန်ယင်သွား၏။သူမက လှည့်ကြည့်လိုက်သော်လည်း မမြင်ရသောစွမ်းအားတစ်ခု က သူမကို ဟန့်တားထားသည်။
အိမ်...

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။သူက စာလိပ် ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ "ငါက နင့်ကို ဒီ နေရာထိရောက်အောင် ခေါ်လာခဲ့ပြီးပြီး...အခုနင့်အလှည့်

အမျိုးသမီးက သက်ပြင်းချကာ ဝိုးဝဝါးအသံ ထွက် ပေါ်လာ၏။

"နင် ပုံပြင်တစ်ပုဒ် ကြားချင်လား..."
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သူ့အသွင်က သုန်မှုန်သွားကာ အေးစက်စက် ပြောလိုက်၏။ "စိတ်မ ဝင်စားဘူး..."

အမျိုးသမီးက မှင်သက်သွား၏။သူမက ခါးသက်စွာ ပြုံး၍ ဆိုလာသည်။ “လွန်ခဲ့တဲ့ အချိန်တွေတုန်းက ထူးဆန်း တဲ့နယ်မြေတစ်ခု ရှိခဲ့တယ်။ဒီနေရာက တစ်လောကလုံး ရဲ့..မဟုတ်သေးဘူး...စကြဝဠာတစ်ခုလုံးက ကျင့်ကြံသူတွေ ရဲ့ မြင့်မြတ်ကုန်းမြေတစ်ခု ဖြစ်ခဲ့တယ်။ဒီနေရာကို ကောင်းကင်ဘုံနယ်မြေလို့ ခေါ်တွင်တယ်..."

"အချိန်ရဲ့စီးဆင်းမှုအောက်မှာ ကောင်းကင်ဘုံနယ်မြေ ပျောက်ကွယ်သွားတဲ့နောက် ကောလဟာလမျိုးစုံ ဆိုလာ ကြတယ်။ဘယ်သူကမှ ဒီကောင်းကင်ဘုံနယ်မြေက တည်ရှိခဲ့ရဲ့လားတောင် သေချာမသိခဲ့ကြဘူး…"

"ဒါပေမဲ့လည်း ကောလဟာလတစ်ခုက ပြန့်နှံ့လာခဲ့ တယ်။ ဒီကောလာဟာလက ကောင်းကင်ဘုံနယ်မြေက ကျင့်ကြံသူတွေကို စွန့်ခွာပြီး ဒီစကြဝဠာကနေ ထွက်ခွာ သွားတယ်လို့ ဆိုတယ်။ ကျန်ခဲ့တဲ့ အရာတွေဆိုလို့ ကောင်းကင်ဘုံနယ်မြေနဲ့ ချိတ်ဆက်ထားတဲ့ ဥမင်လေးခုပဲ ရှိခဲ့တာ။မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတဲ့နောက် ဒီ ဥမင်လေးခုက အဆင့်မြင့်မားတဲ့ကျင့်ကြံသူတွေက သွားတဲ့ နေရာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်ဘုံနယ်မြေလို့ ဖြစ်လာခဲ့တာ။ ဒီကောင်းကင်ဘုံနယ်မြေတွေက လေ၊မိုး၊ မိုးကြိုးနဲ့ လျှပ်စီး ဆိုပြီး အသီးသီး ဖြစ်ကြတယ်..."
"ဒီကောင်းကင်ဘုံနယ်မြေလေးခုရဲ့ တစ်ခုစီအောက်မှာ သက်ဆိုင်တဲ့ကြယ်အဖွဲ့အစည်းတစ်ခု ရှိကြတယ်။ ငါတို့ အလုံးစုံကြယ်အဖွဲ့အစည်းရဲ့အထက်မှာရှိတာကတော့ မိုးကြိုးကောင်းကင်ဘုံနယ်မြေပဲ ဖြစ်တယ်..."

"ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က မဟာမိတ် ကြယ်အဖွဲ့အစည်းကြီး ပိုင်ဆိုင်ခဲ့တဲ့အရာ မဟုတ်ဘူး။အရင် ဆုံး ဒီဟာက ငါတို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း ကြီးမှာ ပေါ်ထွက်လာခဲ့တာ။ ဒီပုတီးစေ့ ဘယ်လိုပေါ်ထွက် လာလဲတော့ ဘယ်သူမှ မသိကြဘူး။ဒါပေမဲ့လည်း ဒီပုတီး စေ့ ပေါ်ထွက်လာတဲ့အချိန်မှာ အလုံးစုံကြယ်အဖွဲ့အစည်း ကြီးရဲ့ ထိပ်ဆုံးကျင့်ကြံသူတွေက ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေရဲ့ တည်ရှိမှုကို ခံစားမိခဲ့ကြတယ်..

ဝမ်လင်းက စာလိပ်ကို အေးစက်စွာ ကြည့်နေရင်း သူ့ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။သို့သော် သူက စကားတော့မဆိုပေ။

"ရှေးဟောင်းကောင်းကင်ဘုံနယ်မြေဆိုတဲ့ သဲလွန်စ လမ်းကြောင်းတစ်ခုက ကျင့်ကြံသူတွေအားလုံးကို ဘယ်လောက်တောင် ရူးသွပ်သွားစေမလဲ လွယ်လွယ်လေး စိတ်ကူး ကြည့်လို့ရတယ်။ ဒါပေမဲ့လည်း အဆုံးသပ်မှာ တော့ ဒီပုတီးစေ့က ထူးထူးဆန်းဆန်း ပျောက်ကွယ်လို့သွား ခဲ့တယ်..."
"မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီးတဲ့နောက်မှာ ငါတို့ က သဲလွန်စအချို့ ရရှိခဲ့တယ်။ အချို့အကြောင်းရင်တွေ ကြောင့် ဒီပုတီးစေ့က မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးရဲ့ မိုးကောင်းကင်ဘုံနယ်မြေမှာ ပေါ်ထွက်လာခဲ့တယ်..."

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှု ဖျပ်ခနဲ ပေါ်ထွက်သွား ကာ သူက အပေါ်သို့ လက်ညှိုးထိုး၍ ပြောလိုက်၏။ "ဒီ တော့ နင်က ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ချမှတ်ခဲ့တဲ့လူပေါ့..."

စာလိပ်ထဲရှိ အမျိုးသမီးက အချိန်အတန်ကြာ စဉ်းစားပြီး နောက် ခေါင်းယမ်း၍ ဆိုလာ၏။ "ငါက ဒီနေရာကနေ မဟာမိတ်ကြယ်အဖွဲ့အစည်းထဲကို ဝင်လာခဲ့တာ မဟုတ် ဘူး။ဒါပေမဲ့ ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က ငါ တို့ ကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံသူတစ်ယောက်က ပြုလုပ် ထားတာတော့ သေချာတယ်။ ဒီတည်နေရာရွှေ့ပြောင်းခြင်း အစီအရင်က အလုံးစုံကောင်းကင်ကျောက်တုံး မရှိရင် အသုံးဝင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံကျောက်စိမ်းနဲ့ တောင် ဒါကို အသက်မသွင်းနိုင်ဘူး..."

"ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နဲ့ ပတ် သတ်လို့ ငါ သိသလောက် ပြောပြပြီးပြီး...။ဒီထဲမှာ ရှိတဲ့ စိတ်ဝိညာဉ်အတွက်တော့ ငါ့ဘိုးဘေးက နင့်ကို ကူညီပေး နိုင်မှာပါ။ နင်က ငါ့ကို အလုံးစုံကောင်းကင် ကြယ်အဖွဲ့ အစည်းရှိကို ပြန်ခေါ်ပေးပြီး ငါ့အိမ်ကို ပို့ပေးတာနဲ့ ငါက ဘိုးဘေးကို ပုတီးစေ့ထဲမှာရှိတဲ့ စိတ်ဝိညာဉ်ကို ပြန်ရှင်သန် အောင်လုပ်ဖို့ နင့်အတွက် အကူအညီတောင်းပေးမယ်.

ဝမ်လင်းက အမျိုးသမီးကို အချိန်အတန်ကြာ အေးစက်စက် ကြည့်နေပြီးနောက် သူ့အကြည့်ကို ပြန်ရုတ် သိမ်းလိုက်၏။သူက အလုံးစုံကြယ်အဖွဲ့အစည်းကြီးကို မြင် လိုက်သည့်အခိုက်၌ သူ့တည်ငြိမ်မှုကို ပြန်ရသွားခဲ့ပြီ ဖြစ်သည်။သည်အမျိုးသမီးက သူ့ကို အလုံးစုံကြယ်အဖွဲ့ အစည်းထံသို့ သွားရန် မြူဆွယ်ပြောနေသည်မှာ ထင်ရှား နေပေသည်။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်၏။ "နင်က ဒီအလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ ဘယ်ကလန်ကလဲ..."

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက နင်တို့ရဲ့ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ မတူဘူး။အဲ့နေရာမှာ ကလန်တွေမရှိဘူး။ ကျင့်ကြံခြင်းမိသားစုတွေပဲ ရှိတယ်။ငါ့ မိသားစုက ရှောင်မိသားစုဖြစ်ပြီး တန်လင်းဂြိုဟ်ပေါ်မှာ တည်ရှိတယ်..."

ဝမ်လင်းက

စဉ်းစားနေသည့်ပုံပင်။ခဏအကြာတွင် သူက ပြောလိုက်၏။ "ငါက ဒီဝဲကတော့ကို ငါ့ကျင့်ကြံမှု အဆင့်နဲ့ ဖြတ်ကျော်မသွားနိုင်မှာ စိုးရိမ်မိတယ်..."

စာလိပ်ထဲရှိ အမျိုးသမီးက ခေါင်းယမ်းကာ တိုးညင်းစွာ ပြောလာ၏။ "နင့်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေတာပဲ။ဒါ့ကြောင့် နင်က ဒါကို သေချာပေါက် ဖြတ် ကျော်သွားနိုင်လိမ့်မယ်..."

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုက ဖျပ်ခနဲ ဖြစ်ပေါ် သွား၏။သည်အမျိုးသမီးက အလွန်သေချာနေကာ သူမက အရာတော်တော်များများကို ဖုံးကွယ်ထားပေရမည်။

ဝမ်လင်းက သည်အမျိုးသမီးနှင့်ဆက်၍ အချိန်မဖြုန်း တော့ပေ။သူ့ညာလက်ကို ဆန့်ထုတ်ကာ မှော်စာလိပ်ကို ဆွဲ ယူ၍ သူက လှုပ်ရှားလိုက်သည်။သူက ဝဲကတော့ထဲသို့ ဖြတ်သန်းသွားခြင်းတော့မဟုတ်ပေ။ထိုအစား သူက အပေါ် သို့ ပျံတက်သွားခြင်း ဖြစ်၏။

စာလိပ်ထဲရှိ အမျိုးသမီးက ချက်ခြင်းပင် ပြောလာသည်။ "နင်...နင်က ပုတီးစေ့ထဲဥ စိတ်ဝိညာဉ်ကို ပြန်မရှင်သန်စေ ချင်ဘူးလား..."

ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေရင်း အပေါ်သို့ ပျံ တက်နေ၏။သူက သူ့မူလစိတ်ဝိညာဉ်ကို ဖြန့်ကျက်ကာ သည်စုပ်အားနှင့်ပေါင်းစပ်စေပြီး အပေါ်သို့ ပျံတက်နေခြင်း ပင်။

လမ်းတစ်လျှောက်တွင် အမျိုးသမီး ဘာပြောပြော ဝမ် လင်းက တစ်ခွန်းမှ ပြန်မတုန့်ပြန်တော့ပေ။အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက ကျောက်တုံးကြီး နားသို့ ရောက်ရှိလာ၏။သည်ကျောက်တုံး၏ အပေါ်ထောင့် ချိုးတွင် သူနေခဲ့သည့် အက်ကွဲကြောင်းရှိနေပေ၏။

သူက ထိုကျောက်တုံးပေါ်သို့ ခြေချကာ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကို သေသေချာချာ ကြည့်ရှု
ကြည့်သည်။သူ့မူလစိတ်ဝိညာဉ်က လျှပ်စီးတန်းကို ထုတ် လွှတ်ကာ သူ့ခြေထောက်မှ ဖြတ်၍ ကျောက်တုံးကြီးထံသို့ ရောက်ရှိသွားသည်။

ကျောက်တုံးထံမှ အက်ကွဲသံများ ချက်ခြင်း ထွက်ပေါ်လာ ချေ၏။သည့်နောက် ပေါက်ကွဲသံတစ်ခုနှင့်အတူ ကျောက် တုံးက ကျောက်စကျောက်နများအဖြစ် ပျက်စီးသွားကာ စုပ် အား၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

သည်ကျောက်တုံးကြီး မရှိပါက သည်နေရာသည် တွင်းနက်ထဲက တစ်ခြားနေရာများနှင့် အတူတူ သဘော ဖြစ်လို့သွား၏။ဝမ်လင်းက မှော်စာလိပ်ကို ဆုပ်ကိုင်ထား ကာ ပေနှစ်ရာအကွာရှိ အက်ကွဲကြောင်းထဲသို့ ဝင်သွား၏။

သည်နေရာသို့ ဝင်လာပြီးသည့်နောက် ဝမ်လင်းက သူ့ ညာလက်ကို ဝှေ့ယမ်းကာ စာလိပ်ကို အက်ကွဲကြောင်းနံရံ ထဲသို့ ထိုးသွင်းလိုက်၏။သူ့မျက်လုံးက အေးစက်လာကာ သူ့က လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေလိုက် သည်။သည့်နောက် မရေမတွက်နိုင်သောအတားအဆီးများ ကို စာလိပ်ပတ်လည်၌ နေရာချထားလိုက်၏။

"နင် ဘာလုပ်နေတာလဲ...ငါ့အကူအညီမပါဘဲ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲမှာ ရှိနေတဲ့ စိတ်ဝိညာည်က ပြန်ရှင်သန်နိုင်မှာ မဟုတ်ဘူး..."

စာလိပ်ထဲမှ အမျိုးသမီး၏ စိုးရိမ်ပူပန်နေသော အသံက ထွက်ပေါ်လာခဲ့သည်။
"အသံချိပ်ပိတ်ခြင်း..."ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။သူ့လက်က မြန်သထက်မြန်အောင် လှုပ်ရှား သွားသည်။မရေမတွက်နိုင်သောအတားအဆီးများက သည် အက်ကွဲကြောင်းတစ်ခုလုံးကို ဖုံးလုနီးပါး ဖြစ်လို့သွား သည်။

သူက ပျံသန်းနေရင်းဖြင့် ထိုစာလိပ်ကို စစ်ဆေးကြည့်ခဲ့ရ ဦ သူက ၎င်းကို ဖျက်စီးနိုင်ခြင်း မရှိသည်ကို သိလိုက်၏။ သို့ရာတွင် ထိုစာလိပ်ထဲရှိ အမျိုးသမီးက သူ့လျှို့ဝှက်ချက် များကို သိလို့နေခဲ့၏။သူက သူမကို မသတ်နိုင်လျှင် သည့်နောက် သူမကို လုံးဝချိပ်ပိတ်ထားမှ ဖြစ်ပေတော့ မည်။

"ဝမ်လင်း...ငါမရှိဘဲ နင့်ပုတီးစေ့ထဲက စိတ်ဝိညာဉ်က ဘယ်တော့မှ ပြန်လည်ရှင်သန်နိုင်မှာ မဟုတ်ဘူး..." စာလိပ်ထဲမှ ကြမ်းကြုတ်သောအသံက တစ္ဆေငြီးသံအလား ထွက်ပေါ်လာခဲ့သည်။

ဝမ်လင်းအသွင်က သုန်မှုန်သွား၏။သူ့လက်ကို ပို၍ မြန်ဆန်အောင် လှုပ်ရှားလိုက်သည်။ထိုအခါ ထို ကြမ်းကြုတ်သောအသံက ဖြည်းဖြည်းချင်း တိုးဝင်ကာ ပျောက်ကွယ်လို့သွား၏။

သည်ချိပ်ပိတ်ခြင်းဖြစ်စဉ်က လအချို့ ကြာမြင့်ခဲ့၏။သည် အချိန်အတွင်း ဝမ်လင်းက လုံးဝ ရပ်တန့်ခြင်း မရှိခဲ့ပေ။ သူက မရေမတွက်နိုင်သောချိပ်ပိတ်မှုများကို အတူ ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ချိပ်ပိတ်မှုကို ဖြစ်ပေါ်စေခဲ့ ပေသည်။

လအနည်းငယ် ကြာမြင့်ပြီးနောက်

ဝမ်လင်းက နောက်သို့ ခြေလှမ်းကာ အပေါ်သို့ ပျံတက်သွား၏။သူ့ မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေကာ သူက အက်ကွဲ ကြောင်းကို ညာလက်ဖြင့် ရိုက်ချလိုက်၏။အက်ကွဲကြောင်း က ချက်ခြင်း ပျက်စီးသွားကာ စာလိပ်ကို မြေမြှုပ်ပြီးသား ဖြစ်လို့သွားသည်။

အပြင်ဘက်မှကြည့်လျှင် သည်အက်ကွဲကြောင်းနေရာက ဘာမှမထူးခြားတော့ဟု ထင်မှတ်ရ၏။မည်သူကမျှ သည် နေရာတွင် စာလိပ်ထဲရှိ အမျိုးသမီးကို ချိပ်ပိတ်ထားသည် အား သိလိမ့်မည် မဟုတ်တော့ပေ။

သူက ချိပ်ပိတ်ခြင်း ပြီးစီးသွားသည့်နောက် ချက်ခြင်း ထွက်မသွားသေးဘဲ အကွာအဝေးတစ်ခုကနေ နေ၍ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ရက်အချို့ ကြာပြီးနောက် ထိုစာလိပ်ချိပ်ပိတ်ထားသော နေရာမှ ခပ် ဖျော့ဖျော့ တုန်ခါလှိုင်းများ ထွက်ပေါ်လာ၏။ထိုတုန်ခါလှိုင်း ထွက်ပေါ်လာသည်နှင့် အကွာအဝေးတစ်ခုရှိ ဝမ်လင်းက မျက်လုံးဖွင့်လာကာ အေးစက်စွာ ပြုံးလိုက်သည်။

သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အနက်ရောင် အရိပ်က သူ့နောက်တွင် ချက်ခြင်းပေါ်လာခဲ့သည်။သည် =

အရိပ်က အက်ကွဲကြောင်း ရှိနေသော နေရာသို့ တစ်ဟုန်ထိုး တိုးဝင်သွား၏။

"ချိပ်ပိတ်ခြင်း..." ဝမ်လင်းက ထိုသို့ အော်ဟစ်လိုက် သည်နှင့် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။အားကောင်း 6330 ချိပ်တံဆိပ်တစ်ခုက ကောင်းကင်ဘုံ သက်တော်စောင့်၏ လက်ထဲ၌ ချက်ခြင်း ထွက်ပေါ်လာကာ သူက ထိုတုန်ခါလှိုင်းအပေါ်သို့ ဖိချလိုက်၏။

ဝမ်လင်းက

အထိတ်တလန့်ပြီးတွားသံတစ်ခုကို ရေးတေးတေး ကြားလိုက်ရ၏။သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွား၏။သူက ကောင်းကင်ဘုံ သက်တော်စောင့်နှင့်အတူ သည်အက်ကွဲကြောင်း အနက်ထဲ သို့ မရေမတွက်နိုင်သော အတားအဆီးများစွာကို ချထားခဲ့ ပေသည်။

သည်အရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို ပြန်ဆင့်ခေါ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပြန်သည်။

ရက်အနည်းငယ် ကြာမြင့်ပြီးနောက် တုန်ခါမှုလှိုင်းက နောက်တစ်ကြိမ် ပေါ်လာခဲ့ပြန်သည်။ထိုအခါ ဝမ်လင်းက နောက်ထပ် ချိပ်ပိတ်ပစ်လိုက်ပြန်သည်။သုံးကြိမ်သုံးခါ ချိပ် ပိတ်ပစ်ပြီးနောက် ဝမ်လင်းက အနည်းငယ် စဉ်းစားကာ ဆက်၍မစောင့်တော့ဘဲ အပေါ်သို့ တန်းတန်းမတ်မတ် ပျံ တက်သွားတော့၏။

*ဒီစာလိပ်ထဲက အမျိုးသမီးက တော်တော်လေး စွမ်းအားကောင်းနေနိုင်တယ်။ ဒါပေမဲ့ သူမက ဒီစာလိပ်ထဲ မှာ ချိပ်ပိတ်ထားခံနေရတယ်။ ငါစိုးရိမ်တာက သူမက ဒီထဲ ကနေ ဘယ်လိုမှ လွတ်မြောက်နိုင်ဖို့ အခွင့်ရေးမရှိမှာကိုပဲ။ ဒါပေမဲ့လည်း အတိတ်တုန်းက သူမက စွန့်ပစ်ခံမသေမျိုး ကလန်ရဲ့ ဘိုးဘေးသုံးမန္တာန်ကို စုပ်ယူခဲ့ပြီး အချို့စွမ်းအား တွေ ရသွားလောက်တယ်..."

"ငါက စစ်ဆေးကြည်ခဲ့တာ မရှိဘူး။ဒါ့ကြောင့် သူမက ငါ့လျှို့ဝှက်ချက်အများကြီးကို ဒီနှစ်ပေါင်းများစွာမှာ သိလာ ခဲ့တယ်။ ခုလိုမျိုး ဒီလှိုင်းအသူတစ်ရာချောက်ထဲမှာ အရေး အကြီးအခြေအနေမဟုတ်ရင် သူမက ငါ့ကို ဘယ်တော့မှ စကားလာပြောမှာ မဟုတ်ဘူး။ အဲ့အစား သူမက သူပြန် ကောင်းမွန်လာတဲ့ အချိန်ထိ စောင့်နေလိမ့်မယ်..."

"ငါက ပုန်းကွယ်နေတဲ့ အန္တရာယ်ကို ငါ့ဘေးမှာ ဆက် ထားရင် ငါ့အနာဂတ်မှာ ငါ့အပေါ် သက်ရောက်လာလိမ့် မယ်။ သူမမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိကို ရှိφ໖..."

ဝမ်လင်းက ပျံသန်းနေရင်း သည်အကြောင်းကို တွေးနေ လေသည်။

"သူမပြောသမျှက သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ မှန်နိုင် တယ်။ဒါပေမဲ့

အလုံးစုံကြယ်အဖွဲ့အစည်းကတော့ အတုအယောင် မဖြစ်နိုင်ဘူး။ မဟုတ်ရင် သူမက ငါ့ကို အံ့ နေရာကို ခေါ်သွားပေးဖို့ တောင်းဆိုမှာ မဟုတ်ဘူး...*

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေကာ သူက အပေါ်သို့ ဆက်တက်နေ၏။သည်နေရာရှိ စုပ်အားက ပြင်းထန်လွန်းလှ၏။ဝမ်လင်းက စုပ်အား၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့သော်လည်း သူက အပေါ်သို့ ဆန်တက် ရာ၌ ဖိအားကို ခံစားနေရသေးသည်။

သူက အသက်ဝဝရှူသွင်းလိုက်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ကြယ်ခုနစ်ခုဓားအစီအရင်က ပျံသန်းထွက် လာခဲ့ကာ သူ့ခန္ဓာကိုယ်အား ဝန်းရံသွားသည်။သည်အစီအ ရင်က အားကောင်းသော ပင့်တင်အားကို ဖြစ်စေကာ သူ့ကို အထက်သို့ ဆန်တက်ရာ၌ ကူညီပေးလေသည်။

"တန်လင်းဂြိုဟ်ပေါ်က ရှောင်မိသားစု။ ဒီမိသားစုက ဒီ အမျိုးသမီးနဲ့ ဘာမှမသက်ဆိုင်ရင်တောင် ငါက သူမရဲ့ နောက်ခံနဲ့ ပတ်သတ်ပြီး သဲလွန်စအချို့ကို ရှာတွေ့နိုင်ခဲ့ တယ်။ သူမက သူ့မိသားစုဘိုးဘေးက ဝမ်အာကို ပြန် အသက်ရှင်အောင် လုပ်နိုင်တယ်လို့ ပြောလိုက်ကတည်းက ဒါက မှန်လား၊မှားလား စစ်ဆေးကြည့်ဖို့ ထိုက်တန်သွားပြီ။ စာလိပ်က ငါနဲအတူ ပါမလာရင် ငါက အလုံးစုံကြယ်အဖွဲ့ အစည်းကြီးကို သွားခဲ့မယ်ဆိုရင်တောင် ဘယ်သူကမှ ငါ့မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိနေတာကို သိလိမ့် မှာ မဟုတ်ဘူး..."
"တကယ်တော့...ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ။ ရှေ့ဖြစ်ဟောသူနဲ့ သူ့ အပေါင်းအပါတွေကလည်း အချိန်မရွေး ရောက်လာနိုင် တယ်။ သူတို့ရောက်လာတာနဲ့ ငါက သူတို့နဲ့တွေ့မှာကို ရှောင်လွှဲနိုင်မှာ မဟုတ်တော့ဘူး။ ဒီကျင့်ကြံမှုအဆင့်မှာ ရှိနေတဲ့ သူတို့လို ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ဖို့က ငါ စိတ်ကူး လိုတောင် မရနိုင်ဘူ။ ငါက သူတို့ကို ခုခံဖို့ ဘာစွမ်းအားမှ ရှိမှာ မဟုတ်ဘူး..."

ဝမ်လင်းက ပျံသန်းနေရင်းဖြင့် သူ့မျက်လုံးက အေးစက် လာခဲ့၏။

"ဒါပေမဲ့လည်း တုန်ကင်က ငါ့လက်ထဲမှာ ရှိနေတာ ကြောင့် သူတို့က အစစ်အမှန်လှိုဏ်ဂူထဲကို ငါမပါဘဲ ဝင် သွားနိုင်မှာ မဟုတ်ဘူး။သူတို့က နတ်ဆိုးစိတ်ဝိညာည် ကုန်းမြေကို ရောက်လာခဲ့မယ်ဆိုရင်တောင် အချည်းနှီး ဖြစ်သွားလိမ့်မယ်။ သူတို့က လောဘကြီးထံကနေ ငါ့မှာ တုန်ကင်ရှိတာ သိသွားမယ်ဆိုရင်တောင် ဒါက နောက်ကျ သွားခဲ့ပြီ။ငါက အလုံးစုံကြယ်အဖွဲ့အစည်းကို အဲကျရင် ထွက်ခွာသွားနေလောက်ပြီ..."

"ငါ့ကျင့်ကြံမှုအဆင့်က ရှေ့ဖြစ်ဟောသူနဲ့ သူ့အပေါင်း အပါတွေကို ယှဉ်နိုင်လောက်တဲ့ အဆင့်ရောက်မှ ငါက ပြန်လာပြီး ဒီလှိုဏ်ဂူရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရမယ်..."

ဝမ်လင်းမျက်လုံးများက တောက်ပလို့နေ၏။
"ဒါပေမဲ့လည်း အဲ့တာ မတိုင်ခင် ငါ့မှာ လုပ်စရာတစ်ချို့ ကိစ္စတွေ ရှိနေသေးတယ်။ ငါက ထွက်သွားပြီးတာနဲ့ ဘယ် အချိန်ပြန်လာနိုင်မလဲ မသိနိုင်တော့ဘူး..."

ဝမ်လင်းက သက်ပြင်းချမိ၏။

ကြယ်ခုနစ်ခုဓားအစီအရင်က တစ်ဖြည်းဖြည်းဖြင့် ၎င်း၏ အကျိုးသက်ရောက်မှု ဆုံးရှုံးလာခဲ့သည်။ဝမ်လင်း နောက်တွင် အရိပ်တစ်ခု ပေါ်လာကာ ကောင်းကင်ဘုံ သက်တော်စောင့်က မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအခါ ဝမ်လင်း၏ အမြန်နှုန်းက နောက်တစ်ဖန် တိုးသွား ပြန်သည်။

သူက တွင်းနက်၏ ဝင်ပေါက်နှင့် နီးကပ်သထက်နီးကပ် လာခဲ့သည်။

တွင်းနက်၏ အပေါက်ဝ၌ ခြင်သားရဲအုပ်က ဟိန်းသံများ ပြုနေကြသည်။ခရမ်းရောင်ခြင်သားရဲ၏ မျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွား၏။သည့်နောက် ၎င်းက ရှေ့ သို့ တဟုန်ထိုးတိုးလာကာ ၎င်း၏ မျိုးနွယ်တုများက လမ်းဖယ်ပေးလိုက်ကြသည်။၎င်းက တွင်းပေါက်ထဲသို့ စူးစူးစိုက်စိုက် ကြည့်နေရင်း စူးရှစွာ အော်ဟစ်နေ၏။

သူ့ အော်ဟစ်သံထဲရှိ ပျော်ရွှင်မှုက ဖော်ပြ၍ပင် မရနိုင် ပေ။သည်ခြင်သားရဲ၏ ခန္ဓာကိုယ်က တုန်ယင်နေကာ ၎င်း က တွင်းပေါက်နားသို့ တောင်ပံခတ်ကာ တစ်ဟုန်ထိုး တိုးဝင်လာသည်။ သည်အခိုက်မှာပင် ခြင်သားရဲအားလုံးသည်လည်း တစ်ပြိုင်နက် အော်ဟစ်လိုက်ကြ၏။၎င်းတို့က သည်ခြင် သားရဲကို တွင်းနက်ထဲသို့ ဆင်းသွားသည်အား တားဆီးနိုင် စွမ်း မရှိကြပေ။

ဝမ်လင်းက ပျံတက်လာရင်း အပေါ်မှ အော်သံများကို သတိပြုမိလိုက်သည်။သူက အပေါ်သို့ မော့ကြည့်လိုက်ရာ သူနှင့် ဆယ်စုနှစ်တစ်ခုကျော်လောက် မတွေ့ရသည့် သူ့ခြင် သားရဲကို တွေ့မြင်လိုက်ရ၏။သည်ခြင်သားရဲက ဝမ်လင်း ကို မြင်တွေ့သည့်အခါ ၎င်း၏ မျက်လုံးထဲ၌ အပျော်နှင့် ပြ ည့်လျှံသွားတော့သည်။၎င်းက ဝမ်လင်းကို လှည့်ပတ်ကာ ကလေးငယ်တစ်ယောက်လို့ အော်ဟစ်နေတော့၏။

၎င်းက ဝမ်လင်းခြေထောက်အောက်သို့ စိတ်လှုပ်ရှားစွာ သယ်ဆောင်သွား၏။ ပျံသန်းလာကာ သူ့အား ကောင်းကင်ဘုံသက်တောင်စောင့်၏ မုန်တိုင်းအကူအညီ ဖြင့် ဝမ်လင်းက တွင်းနက်ထဲကနေ တိုက်ရိုက် ပျံသန်း ထွက်လာနိုင်တော့၏။သူက ထွက်လာနိုင်သည့်အခါကျမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။


Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)