အပိုင်း(141)

အကြံအစည်နဲ့ ကျောက်စိမ်းပြား

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း...ရွင်ယွမ်ဂြိုဟ်။ ဝမ်လင်း ရွင်ယွမ်ဂြိုဟ်တွင် ပေါ်လာသည်နှင့် အားကောင်းသော နတ်ဘုရားအာရုံသုံးခုက ရောက်ရှိလာ သည်။၎င်းအာရုံသုံးခု ရောက်ရှိလာသည်နှင့် ဝမ်လင်းက ပျောက်ကွယ်သွားကာ သူ့အော်ရာကို ဖုံးကွယ်လိုက်သည်။ သည့်နောက် နတ်ဘုရားအာရုံနှစ်ခုက ပြန်ရုတ်သိမ်း သွား၏။နောက်ထပ် နတ်ဘုရားအာရုံတစ်ခုကတော့ ဂြိုဟ် တစ်ခုလုံးကို သူ့နတ်ဘုရားအာရုံဖြင့် ခပ်ကြမ်းကြမ်း လွှမ်းခြုံလိုက်သည်။ ဘာတစ်ခုမှ ရှာတွေ့မိခြင်း မရှိသည့်နောက် ၎င်းအာရုံက အေးစက်စက်နှာခေါင်းရှုံ့ကာ ပြန်ပျောက်ကွယ်သွားသည်။

ဝမ်လင်း၏ ပုံရိပ်က ဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် ပေါ်လာခဲ့သည်။သူက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်ကာ တွေးလိုက်သည်။ အာဏာတက်ခြင်းအလယ် အဆင့်တစ်ယောက်နဲ့ အစောပိုင်းနှစ်ယောက်...။ဒီအလုံးစုံ ကျင့်ကြံခြင်းအဖွဲ့အစည်းကြီးက စိတ်ဝင်စားစရာပဲ။ဒီ
လောက် များပြားတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ရှိနေပေမဲ့ ဒီ ကျင့်ကြံခြင်းဂြိုဟ်ကတော့ စွမ်းအားထောက်တိုင်သုံးခုပဲ ရှိအာဏာတက်ခြင်းအဆင့်ကျင့်ကြံ တယ်။တစ်ခုစီကလည်း သူတွေပဲ ဖြစ်ကြတယ်..."

"ဒီရွင်ယွမ်ဂြိုဟ်သာ ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်း ထဲမှာသာ ရှိလို့ကတော့ ဒီဂြိုဟ်က ဓားပြတိုက်ခံရမှာ ဖြစ် ပြီး ဒုတိယအဆင့်ကို ခြေလှမ်းပြီးနေတဲ့ မွန်းစတားအိုကြီး တွေရဲ့ သိမ်းပိုက်ခြင်း ဒါမှမဟုတ် အဆင့်ခြောက်ကျင့်ကြံ ခြင်းနိုင်ငံ တစ်နိုင်ငံက ဒီနေရာမှာ လာရောက်နေထိုင်လိမ့် မယ်...။ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာဆိုရင် အာဏာ တက်ခြင်းအဆင့်သုံးယောက်သာ ရှိတဲ့ ဒီလိုဂြိုဟ်မျိုး ရှိနေ မှာ မဟုတ်ဘူး..."

ဝမ်လင်းက စဉ်းစားနေရင်းဖြင့် သူ့အော်ရာကို ရုတ် သိမ်းထားသည်။မျက်စိတစ်မှိတ်အတွင်း သူ့အာဏာတက် ခြင်းအဆင့်အော်ရာက ပျောက်ကွယ်ကာ အမြုတေဖွဲ့တည် ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာသို့ ပြောင်း သွားသည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အစောပိုင်းအဆင့်သို့ ရောက်နှင့်နေပြီး ဖြစ်ကာ သူ့မူလစိတ် ဝိညာဉ်ကလည်း တော်တော်လေး ထူးဆန်းလှသည်။သူ့ ထက် မြင့်မားသော ကျင့်ကြံမှုအဆင့်မရှိလျှင် နတ်ဘုရာ အာရုံလောက်ဖြင့် သူ့အား ဖြတ်မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
"ငါက ဒီနေရာမှာ ပုန်းနေရင် ရှာတွေ့လောက်တော့မှာ မဟုတ်ဘူး။ ရှေ့ဖြစ်ဟောသူနဲ့ တစ်ခြားလူတွေ ဒီအလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းထိ လိုက်လာရင်တောင် သူ တို့က ငါ ဒီလိုမျိုး ကျင့်ကြံခြင်းဂြိုဟ်လေးမှာ ပုန်းနေလိမ့် မယ်လို့ ထင်မှာ မဟုတ်ဘူး..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ တစ်ဖြည်းဖြည်းဖြင့် သူ့မျက်လုံးထဲရှိ ကြမ်းကြုတ်မှုက လည်း လျော့ပါးသွားခဲ့သည်။သူ့မျက်လုံးက ကြည်လင်နေ သေးသော်လည်း အရင်လို တလက်လက်တောက်ပနေခြင်း မရှိတော့ပေ။

"ဟိုလေးယောက်ရဲ့ အသွင်အပြင်ကို ကြည့်တာနဲ့တင် တန်လင်းဂြိုဟ်က တော်တော်လေး စွမ်းအင်းကောင်း လောက်တယ်။ ငါက လုံလောက်အောင် မသန်မာခင် အဲ့ နေရာကို သွားလို့ မဖြစ်သေးဘူး..."

ဝမ်လင်က ပြုံးလိုက်၏။ သည့်နောက် သူ့မျက်နှာပေါ်ရှိအေးစက်မှုကလည်း ပျောက်ကွယ်လို့သွားသည်။သူက သာမန်ဓားတစ်လက်ကို ထုတ်ယူက ၎င်းပေါ်သို့ တက်၍ ပျံသန်းလိုက်သည်။

ပျံသန်းနေရင်း သူ့အသွင်က ဖြည်းဖြည်းချင်း ပြောင်းလဲ လာခဲ့သည်။သိပ်မကြာခင်တွင် သူ့ပုံပန်းသွင်ပြင်တစ်ခုလုံး က လုံးဝပြောင်းလဲသွားတော့သည်။သည်အခိုက်အတန့်၌ သူနှင့်ရင်းနှီးခဲ့သောလူများပင် သူ့ကို မှတ်မိနိုင်တော့မည်
မဟုတ်ပေ။

ကျင့်ကြံခြင်းအဆင့်မြင့်သည်လူတိုင်းနီးပါးက သည်လို ရုပ်ပြောင်းရုပ်လွှဲလုပ်ရာ၌ ကောင်းမွန်ပေသည်။သို့ရာတွင် ကျင့်ကြံခြင်းအဆင့်မြင့်သူများအတွက် ရုပ်ပြောင်းရုပ်လွှဲမန္တာန်က အားနည်းလွန်းလှ၏။ သည်

မည်သည့် မြင့်မားသောကျင့်ကြံသူမဆို တစ်ချက်ကြည့်ရုံ ဖြင့် သည်မန္တာန်ကို အသုံးပြုထားသည့်လူများက ဖြတ်မြင် နိုင်စွမ်း ရှိကြသည်။

သို့ရာတွင် ဝမ်လင်းကတော့ မတူညီတော့ပေ။သူက မန္တာန်အသုံးပြုထားခြင်း မဟုတ်ပေ။သူက သူ့အရိပ်ထဲ၌ ပုန်းနေသော ကောင်းကင်ဘုံသက်တော်စောင့်နှင့် နေရာ ချင်းလဲထားသည့်သဘောပင်။ သည်အရာကို ဖြတ်မြင်နိုင် စွမ်းရှိသည့်လူက အများကြီး မရှိနိုင်ပေ။

ခဏတာ ပျံသန်းပြီးသည့်နောက် သူ့ရှေ့တွင် မြို့တစ်မြို့ ပေါ်လာသည်။သည်မြို့က ကြီးမားလှသည့် အပြာရောင် ကျောက်တုံးကြီးများနှင့် ဝန်းရံလို့ထားသည်။မြို့ဂိတ် တံခါးပေါက်၌ စာလုံးကြီး နှစ်ခုကို ရေးထွင်းထားသည်။

"စွန် မိသားစု..."

ဝမ်လင်းက သူ့ဓားကို ပြန်သိမ်း၍ မြို့ပြင်တွင် ခြေချ လိုက်၏။သည့်နောက် သူက မြို့ထဲသို့ တည်ငြိမ်စွာ လမ်း လျောက်ဝင်လာခဲ့သည်။

သူတိုက သူ့ကို

အမြုတေဖွဲ့တည်ခြင်းအဆင့်သာ ဖြစ်ကြောင်း သတိပြုမိနိုင်၏။သည်မြို့စောင့်များက သိပ်ပြီး စုံစမ်းစစ်ဆေးနေခြင်းတော့ မရှိပေ။သူတို့က သူ့ကို ပြင်ပ ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းလှိုဏ်ဂူများ ပြင်ဆင် ပေးထားကြောင်း ပြောပြခဲ့သည်။သည့်နောက် ဝမ်လင်းက စိတ်ဝိညာဉ်ကျောက်တုံးများကို မြို့အတွင်း ယာယီနေထိုင် ခွင့်အတွက် ပေးလိုက်ရာ တုန်ကင်တစ်ခု ပြန်ရရှိ၏။ သည့်နောက် သူက စွန်မိသားစု ထိန်းချုပ်ထားသော မြို့ထဲ သို့ လမ်းလျှောက်၍ ဝင်သွားတော့သည်။

မြို့ထဲ၌ သေမျိုးများလည်း ရှိနေ၏။ကျင့်ကြံသူများစွာ လည်း ရှိနေ၏။ မြို့ဝင်လမ်းဘေးတစ်ဖက်တစ်ချပ်တွင် ကျင့်ကြံသူများအတွက် လိုအပ်သည့်အရာများ ရောင်းချ သော ဆိုင်မျှား ရှိနေသည်။သည့်အပြင် သေမျိုးများအတွက် လည်း ဆိုင်အချို့ ရှိနေ၏။

ဝမ်လင်းက လမ်းမအတိုင်း လျှောက်လှမ်းလာသည်။သူက သက်တောင့်သက်သာ သည်မြို့မှ တစ်စုံတစ်ယောက်ကဲ့သို့အလား ထင်မှတ်ရသည်။သူက သည်နေရာတွင် အခြေချမည်ဟု ဆုံးဖြတ်ပြီးကတည်းက သူက နေဖို့ နေရာတစ်ခု ရှာရတော့ပေမည်။

မြို့မြောက်ဘက်ပိုင်းကို ဝင်ရောင်လာပြီးနောက် ဝမ်လင်း က သည်ဧရိယာတွင် တိတ်ဆိတ်မှုနှင့်ထူထဲသော စိတ် ဝိညာဉ်စွမ်းအင်တို့ ဖုံးလွှမ်းနေသည်ကို ချက်ခြင်းခံစား မိသည်။အတားအဆီးချမှတ်ထားသော လည်း ရှိနေ၏။ သီးသန့်အိမ်များ သည်နေရာသို့ သေမျိုးများ ဝင်မရောက်လာရန်အတွက် ဝင်ပေါက်တွင် အတားအဆီးတစ်ခုလည်း ရှိနေသည်။ အနက်ရောင်တုန်ကင် ခုနစ်ခု၊ရှစ်ခုခန့် တင်ထားသည့် ပေ သုံးရာလောက်ကျောက်တုံးတစ်ခုလည်း ရှိလို့နေသည်။

ထိုကျောက်တုံးအောက်၌ စဦးစိတ်ဝိညာဉ်အဆင့် လူငယ် တစ်ယောက် ထိုင်လျက် ရှိနေသည်။သူကမျက်လုံးမှိတ်ထား လျက်ရှိကာ သူ့နှာခေါင်းကနေ လေပူစီးကြောင်းများ ထွက် လို့နေ၏။

ဝမ်လင်းက ဝင်ပေါက်တွင် ရပ်လိုက်ကာ အထဲသို့ ကြည့် လိုက်သည်။သူ့မျက်လုံးထဲ၌ သည်အတားအဆီးက ရိုးစင်း လွန်းလှ၏။သူက ချိုးဖျက်ရန်မလိုဘဲ သည်အတိုင်းလှမ်း လျှောက်၍ ဝင်သွားလျှင်တောင် သည်အတားအဆီးက မည် သည့်တုန်ပြန်မှုမှ ပြုလာလိမ့်မည် မဟုတ်ပေ။

သူက အတားအဆီးကို ကြည့်နေရင်း ကျောက်တုံး အောက်မှ လူငယ်ကမျက်လုံးဖွင့်လာ၏။သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ "အခန်းလွတ်ရှစ်ခန်းကျန်သေး တယ်...ဘယ်အခန်း ယူမှာလဲ..."

ဝမ်လင်းက တည်ငြိမ်စွာ ပြန်မေးလိုက်၏။ “ဒီအခန်းတွေ မှာ ကွာခြားမှု ရှိလား..."

လူငယ်က စိတ်မရှည်ဟန်နှင့် ပြောလိုက်သည်။ "အပေါ် ခန်းက ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတစ်ထောင်၊ အောက်ခန်းက တစ်ရာ ကျသင့်တယ်.." ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် စိတ် ဝိညာဉ်ကျောက်တုံးတစ်ရာကို ထုတ်၍ ပေးလိုက်သည်။ လူငယ်က အထင်သေးဟန်ဖြင့် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း၍ ယင်းကျောက်တုံးများကို သိမ်းဆည်းလိုက်၏။ သည့်နောက် သူက ကျောက်တုံးပေါ်မှ တုန်ကင်တစ်ခုကို ယူကာ ဝမ်လင်းထံသို့ ပစ်ပေးကာ ပြောလိုက်၏။ "အနောက်ဘက်က ငါးခုမြောက်အိမ်...သွားတော့..." ထိုသို့ ပြောပြီးနောက် ထိုလူငယ်က မျက်လုံးပြန်မှိတ်ကာ ကျင့်ကြံ ခြင်း၌ အာရုံစိုက်ထားတော့သည်။

ဝမ်လင်းက တုန်ကင်ကို ဖမ်းယူကာ ကြည့်လိုက်သည်။ ထိုတုန်ကင်ပေါ်၌ အတားအဆီးနှစ်ခု ရှိလို့နေသည်။တစ်ခု က ဝင်ပေါက်ကို ဖြတ်ရန်အတွက် ဖြစ်၏။ဝမ်လင်းက သူ့ အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် တုန်ကင်ဖြင့် ဝင်ပေါက်ကနေတစ်ဆင့် လှမ်းဝင်လာခဲ့တော့သည်။

သူဝင်သွားသည့် အခိုက်အတန့်၌ ကျောက်တုံးအောက်ရှိလူငယ်က မျက်လုံးဖွင့်လာကာ အထင်သေးဟန်ဖြင့် ပြော လိုက်သည်။ "ငါတို့ စွန်မိသားစုရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ကို ငှားယမ်းပြီး သူတို့ရဲ့ စဦးစိတ်ဝိညာဉ်ကို ဖွဲ့တည်ခြင်တဲ့ နောက်ထပ် ပြင်ပကျင့်ကြံသူတစ်ယောက်...။ဟက်...လူ တစ်ယောက်ရဲ့ စဦးစိတ်ဝိညာဉ်က ဖွဲ့တည်နိုင်ဖို့ ဒီလောက် လွယ်ပါ့မလား။ ဒီလူရဲ့ အရည်အချင်းက သာမန်ပဲ ရှိပြီး ဆေးလုံးတွေကြောင့်သာ အမြုတွေဖွဲ့တည်ခြင်းအဆင့်ကို ရောက်လာတာပဲ ဖြစ်ရမယ်..." ဝမ်လင်းက လူငယ်၏ စကားများကို ကြားပေ၏။သူက နောက်လှည့်၍ တစ်ချက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ ပြန် ဆက်လျှောက်သွားသည်။သိပ်မကြာခင်တွင် သူက အနောက်ဘက်ခြမ်းမှ ငါးခုမြောက်အိမ်သို့ ရောက်ရှိလာ၏။

သည်အိမ်က ရိုးရိုးရှင်းရှင်းပင်။သို့သော် စိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နေ၏။သူက အခန်းက စစ်ဆေးကြည့် ပြီးနောက် ကျေနပ်လို့သွားသည်။

အခန်းထဲ၌ အိပ်ယာတစ်ခုနှင့် ဖျာတစ်ချပ် ရှိနေသည်။ သည့်အပြင် ဆေးမီးပြင်းဖို တစ်ခုနှင့် တံခါးပိတ်ကျင့်ကြံလို့ ရသည့်နေရာတစ်ခုလည်း ရှိနေ၏။၎င်းက သေးငယ် သော်လည်း သန့်ရှင်းသပ်ရပ်၏။

အခန်းအပြင်၌ ဝမ်လင်းက လက်ဝှေ့ယမ်းကာ သည် အိမ်၏ အတားအဆီးများကို ပြီးပြည့်စုံအောင် ပြုလုပ် လိုက်၏။သည်အတားအဆီးက အရင်ထက် ဆယ်ဆ လောက်အစွမ်းထက်လို့သွားသည်။ သူက အခန်းထဲ၌ ကြာ ပွင့်သဏ္ဌာန်ထိုင်ကာ ထူထဲသော စိတ်ဝိညာဉ်စွမ်းအင်ကို ရှိုက်သွင်းလိုက်သည်။

သူ့အသွင်က သက်တောင့်သက်သာ ဖြစ်လို့သွား၏။သိပ် မကြာခင်တွင် ဝမ်လင်းက ပါးစပ်အပြည့်လေများကို ထုတ် လွှတ်လိုက်ကာ ပူဆွေးဟန် ဖြစ်ပေါ်နေ၏။

“ကံမကောင်းစွာနဲ့ ဘယ်လောက်ပဲ စိတ်ဝိညာဉ်စွမ်းအင် ထူထဲပါစေ ငါ့ကျင့်ကြံမှုအဆင့်ကို မြှင့်တင်မပေးနိုင်တော့ 2:..."

ဝမ်လင်း သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများသည် သူအာဏာတက်ခြင်းအဆင့်သို့ တက်လှမ်းချိန်၌ လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။သူနေ့စဉ် ကျင့်ကြံမှုအတွက် လုံလောက်ခြင်း မရှိတော့ပေ။

"ကောင်းကင်ဘုံအရည်ငါးစက်မှာလည်း လေးစက်က ငါ ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေရဲ့ သက်ရောက်ခံရ တဲ့ အချိန်မှာ လေးစက်ကို ငါ သောက်ခဲ့ပြီးပြီး။ ဒါက ငါ့ ခန္ဓာကိုယ်ကို အဆုံးမသတ်နိုင်တဲ့ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်တွေကို ရရှိစေခဲ့တယ်။ ဒါပေမဲ့လည်း ဒါက သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူး။နောက်ထပ် နှစ် အနည်းငယ်ကြာရင် ငါ့ခန္ဓာကိုယ်ထဲက ကောင်းကင်ဘုံ အရည်က အသုံးပြုပြီး ဖြစ်နေလောက်ပြီ...။ငါ့မှာ အတော မသပ်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေကို ပိုင်ဆိုင်တော့မှာ မဟုတ်ဘူး..."

"ဒါ့အပြင် ကောင်းကင်ဘုံအရည်စက်တစ်စက်ကလည်း အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ ကူညီပေးခဲ့တယ်။ ဒါပေမဲ့လည်း နောက်ပိုင်းအဆင့်တက်ဖို့အတွက် လိုအပ်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပမာဏက မြင့်မား လွန်းလာပြီ။ ခုချိန်မှာ ငါက ဒီအရည်စက်အချို့ကို သောက် သုံးမယ်ဆိုရင်တောင် အရင်လို တူညီတဲ့ သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး။ဒါ့ကြောင့် ဒီဟာတွေကို ခုချိန်မှာ ဖြုန်း မယ့်အစား ငါဒဏ်ရာရတဲ့အချိန်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ်
အချိန်တိုအတွင်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တွေ လိုအပ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ် အသုံးပြုလို့ရအောင် သိမ်းထားရမယ်။ဒီတော့ ခု အရင်ဆုံးလုပ်ရမှာက ငါ့နေ့စဉ် ကျင့်ကြံဖို့အတွက် လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်း ပြားတွေကို ရအောင် လုပ်ဖို့ပဲ ဖြစ်တယ်..."

အပြင်ဘက်ရှိ ကောင်းကင်က တစ်ဖြည်းဖြည်း နက် မှောင်လာခဲ့ကာ အခန်းတွင်း၌လည်း မှောင်လာခဲ့သည်။ဝမ် လင်းက သူ့လက်ကို ဝှေ့ယမ်းကာ ဖယောင်းတိုင်တစ်တိုင် ကို ချက်ခြင်း ထိန်းညှိလိုက်သည်။အိမ်က ချက်ခြင်းပင် ဖယောင်းတိုင်အလင်းဖြင့် လင်းလက်သွားသည်။

အခန်းမျက်နှာကျက်၌ လက်သီးစုပ်ခန့် အပြာရောင်ပုတီး စေ့တစ်ခု ရှိလို့နေသည်။ဖယောင်းတိုင်အလင်းက မြင့်တက် လာလာကာ မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ထိုပုတီးက စုပ် ယူသွားသည်။သိပ်မကြာခင်တွင် ထိုပုတီးစေ့က မီးခိုးငွေ့ များနှင့် ပြည့်လာကာ စတင် လင်းလက်လာသည်။

သည်ဖြစ်စဉ်က ဝမ်လင်းကို စိတ်ဝင်သွားစေသည်။သူက သည်လိုမျိုး မီးထွန်းညှိမှုပုံစံကို မမြင်တွေ့ခဲ့ဖူးချေ။သူက တောက်ပလင်းလက်နေသော အပြာရောင်ပုတီးစေ့အား ကြည့်နေ၏။

အမွေးတိုင်တစ်တိုင်ဝက် စာလောက် ကုန်ဆုံးသွားပြီး နောက် ပုတီးစေ့က ပို၍ တောက်ပလာခဲ့ကာ အပြာရောင် အလင်းနှင့် ပြည့်လို့နေတော့သည်။သို့သော် ဖယောင်းတိုင် ကတော့ ငြိမ်းသေသွားပြီ ဖြစ်၏။သည်ပုတီးစေ့က အခန်း ထဲ၌ တစ်ခုတည်းသော အလင်းပေးသည့်အရာ ဖြစ်လာခဲ့ သည်။

"ဒီပုတီးစေ့ထဲမှာ အတားအဆီးသုံးခု ရှိနေတယ်။သုံးခု လုံးက မီးခိုးငွေ့ကို စုစည်းစေပီး အဲ့ငွေ့ကို အပူ၊ အဲ့အပူကို ကနေတစ်ဆင့် အလင်းပေးစေတာပဲ..."

ထိုပုတီးစေ့ထံမှ စန္ဒကူးနံ ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့ သည်။သည်အနံ့က လူ့စိတ်ကို တည်ငြိမ်စေ၏။

"တတိယမြောက်အစီအရင်က ဒီစန္ဒကူးနံ့ပဲ..." ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ သည်အနံ့က မည် သည့်အဆိပ်ဓာတ်ကိုမှ မဖြစ်စေသည့်အပြင် ကျင့်ကြံသူ တစ်ယောက်၏ အမြန်နှုန်းကိုပင် တိုးမြင့်ပေးနိုင်ပေသည်။ ၎င်းက သိပ်တွေ့ရမများသည့် အဂ္ဂိရတ်ပစ္စည်းတစ်ခုပင်။

အခန်းထဲ၌ ထိုင်နေရင်း အပြင်ဘက်ကမ္ဘာသည် တိတ်ဆိတ်လို့နေ၏။ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစား နေပြီးနောက် ရုတ်တရက် အတွေးတစ်ခု သူ့စိတ်ထဲ ရောက်လာခဲ့သည်။ခဏာ တွေးကြည့်ပြီးသည့်နောက် သူက ထိုအတွေးကို ပယ်ဖျက်လိုက်သည်။

ခိုးယူခြင်းက ငါ့ကို နိမ့်ကျစေလိမ့်မယ်။တကယ်တော့ ငါ လိုအပ်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက အာဏာ တက်ခြင်းအဆင့် ကျင့်ကြံသူတွေမှာပဲ ပိုင်ဆိုင်လိမ့်မယ်။ ဒီမှာ ရှိတဲ့ မိသားစုကြီး တစ်ချို့တစ်လေမှာတော့ ရှိကောင်း ရှိနိုင်လိမ့်မယ်…"

"ဒါပေမဲ့လည်း ငါက ဒီလို လုပ်လိုက်ရင် ရွင်ယွမ်ဂြိုဟ် ကနေ ထွက်ခွာပြီး တစ်နေရာရာ သွားရလိမ့်မယ်။ ဒီတော့ ဒါက အစီအစဉ်ကောင်းတစ်ခုတော့ မဟုတ်သေးဘူး..."

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းက သူ့ ခေါင်းကိုမော့ကာ ဆုံးဖြတ်ချက်တစ်ခုကို ချ၏။သူက သိုလှောင်အိတ်ထဲကနေ အချို့သန့်စင်ခြင်းခံထားရသော သတ္တုပစ္စည်းများကို ထုတ်ယူလိုက်သည်။

သူက သူ့မူလစွမ်းအင်ကို ထွေးထုတ်ကာ ထိုပစ္စည်းများ ပတ်လည်အား ဝန်းရံစေလိုက်သည်။သည်သတ္တုပစ္စည်းများ က မြန်ဆန်စွာ အရည်ပျော်ကြလာပြီးနောက် ဝမ်လင်းနတ် ဘုရားအာရုံ အလိုအရ ပုံစံသုံးမျိုး ဖြစ်တည်၏။

ယင်းပုံစံသုံးမျိုးမှာ ဓားတစ်လက်၊ကြေးမုံတစ်ချပ်နှင့် ဆံထိုး တစ်ခု တို့ဖြစ်ကြသည်။

ဝမ်လင်းက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ မရေမ တွက်နိုင်သောအတားအဆီးများကို ၎င်းတို့ပေါ်သို့ ချမှတ် လိုက်၏။ တစ်ဖြည်းဖြည်းဖြင့် ထိုရတနာသုံးခုက ဖိအားကို စတင်ထုတ်လွှတ်လာသည်။သည့်အပြင် ၎င်းတို့က ဝမ် လင်း၏မူလစိတ်ဝိညာဉ်ဖြင့် သန့်စင်ထားခြင်းကြောင့် လျှပ် စီများကလည်း ရံဖန်ရံခါ ယင်းတို့ပေါ်၌ ပေါ်လာနေ၏။

အတားအဆီးများကို ချမှတ်ပြီးသည့်နောက် ဝမ်လင်းက အနည်းငယ်စဉ်းစားကာ အတိတ်တုန်းက ဟင်္သာပြဒါး ဂြိုဟ်ပေါ်ရှိ အချိန်နယ်ပယ်ကို ကျင့်ကြံသူအကြောင်းအား ပြန်တွေးယူလိုက်၏။သူ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် သူ့ ကိုယ်ပိုင်တာအိုကို ရရှိထားခြင်းတို့ကြောင့် သူ့အတွက် ယင်းနယ်ပယ်ကို ကောင်းစွာ တုပနိုင်ခဲ့သည်။

သူ့ညာလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြေးမုံထဲသို့ အချိန်နယ်ပယ်က ဝင်ရောက်လို့သွား၏။

သည့်နောက် ဝမ်လင်းက လျိုမေ၏ ပုံရိပ်တစ်ထောင် ရက်စက်ခြင်းနယ်ပယ်ကို ပြန်၍ ဆင့်ခေါ်လိုက်၏။ အတော မသပ်သော ပုံရိပ်များက သူ့စိတ်ထဲ၌ ပေါ်လာခဲ့ပြီးနောက် ၎င်းတို့က အလင်းတန်းတစ်ခုအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းသွားပြီး ဆံထိုးထဲသို့ ဝင်ရောက်သွားပြန်သည်။

ဓားအတွက်တော့ ဝမ်လင်းက မည်သည့်နယ်ပယ်ကိုမှ ထည့်သွင်းခြင်း မပြုခဲ့ပေ။သူက တည်နေရာရွှေ့ပြောင်းခြင်း အမှတ်အသားကိုသာ ယင်းဓားထဲ၌ နေရာချလိုက်၏။
စွန်လောင်

သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည့်နောက် ရတနာသုံးခု က ဝမ်လင်းလက်ဝါးပေါ်သို့ ကျရောက်လာသည်။၎င်းတို့က တောက်ပသောအလင်းကို ပေးစွမ်းလို့နေကာ မျက်စိဖမ်းစားနိုင်စွမ်း ရှိသည်။

သည်ရတနာများ၏ အရည်အသွေးက အစစ်အမှန် ကောင်းကင်ရတနာများနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ယင်းတို့ပေါ်ရှိ နယ်ပယ်ကို အသက်ဝင်ရန် ကောင်းကင်ဘုံစွမ်းအင်ကို အသုံးပြုနိုင်၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မရှိသည့် စိတ် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများ ကတော့ သည်ရတနာများကို သူတို့၏ စိတ်ဝိညာဉ်စွမ်းအင် များနှင့် အသုံးပြုနိုင်မည် ဖြစ်သော်လည်း တို့၏စွမ်းအားက တော်တော်လေး လျော့နည်းပေလိမ့်မည်။ ယင်း

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "တုပထားတဲ့ ကောင်းကင်ဘုံရတနာများ..."

သည်အရာများက ဝမ်လင်းကိုယ်တိုင် ပြုလုပ်နိုင်သည့်
အမြင်ဆုံးအရည်အသွေးရှိသည့် ရတနာများ ဖြစ်၏။ တကယ်တော့ ဝမ်လင်းက ရတနာများ သန့်စင်မွန်းမံခြင်း၌ အကြမ်းဖျဉ်းလောက်သာ နားလည်ထားပေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက သည်လိုမျိုးရတနာ များကို ဖန်တီးနိုင်ခြင်း မရှိပေ။သို့ရာတွင် ဝမ်လင်းက ကိုယ်ပိုင်တာအို ပိုင်ဆိုင်ကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း အာဏာတက်ခြင်းအဆင့်သို့ ရောက်နှင့်နေပြီး အရေးကြီး ဆုံးကတော့ အတားအဆီးများကို ကောင်းကောင်း ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်သည်။ထို့ကြောင့်သာ သူက သည်လိုရတနာသုံးခုကို ဖန်တီးလိုက်နိုင်ခြင်း ဖြစ်လေ၏။

သူ့အကြည့်ကို ရတနာသုံးခုထံကနေ ပြန်ရုတ်သိမ်းလိုက် သည်။ သူက သည်ရတနာများနှင့် ပတ်သတ်၍ ကျေနပ်မှု မ ရှိသေးပေ။အနည်းငယ် စဉ်းစားပြီးနောက် သူက ကြေးမုံကို ကောက်ယူကာ အတားအဆီးများကို ထုတ်ယူဆင်ခြင်လိုက် သည်။

"ငါက ဒီရတနာကို အမွေအနှစ်တစ်ခု သက်ရောက် အောင် လုပ်နိုင်ရင် တန်ဖိုးက တော်တော်လေး မြင့်တက် သွားလိမ့်မယ်..." ဝမ်လင်းက မျက်လုံးပြန်မှိတ်ကာ ဆက်၍ ဆင်ခြင်ထုတ်ယူနေသည်။

သာမန်ရတနာတစ်ခုသည် အသုံးပြုသူက သူတို့၏ နတ် ဘုရားအာရုံကို လွယ်လွယ် ခပ်နှိပ်ကာ စိတ်ကြိုက်အသုံးပြု နိုင်ပေသည်။သို့ရာတွင် ယင်းရတနာ အလုယူခံလိုက်ရ သည်နှင့် ပိုင်ရှင်အသစ်က ထိုရတနာပေါ်ရှိ နတ်ဘုရား အာရုံကို ဖယ်ရှားပစ်ပြီး ကိုယ်ပိုင် ဖြစ်လာအောင် လုပ်နိုင် ပေသည်။

အမွေအနှစ်ရတနာများကတော့ နတ်ဘုရားအာရုံဖြင့် ခပ် နှိပ်ရန် မလိုဘဲ အထူးနည်းလမ်းတစ်ခုဖြင့် ၎င်းကို ထိန်းချုပ်နိုင်ပေသည်။သည့်အတွက်ကြောင့်

တစ်စုံတစ်ယောက်က ထိုသို့သောအမွေအနှစ်ရတနာကို ရရှိခဲ့လျှင်ပင် သူတို့က ၎င်းကို အသုံးပြုနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် အမွေအနှစ်ရတနာများက တူညီသောအဆင့် ရှိသော ရတနာများကြား၌ ပို၍ မြင့်မားသောတန်ဖိုး ရှိနေ ခြင်းပင် ဖြစ်သည်။

ဝမ်လင်း၏ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားနှင့် စိတ် ဝိညာဉ်တစ်ကုဋေအလံတို့သည် ထိုသို့သော အမွေအနှစ် ရတနာများ ဖြစ်ကြ၏။ဝမ်လင်းက မျက်လုံးမှိတ်ထားရင်း အမွေအနှစ်၏ လျှို့ဝှက်ချက်ကို စတင် စဉ်းစားကြည့် နေသည်။သို့ရာတွင် ရတနာသန့်စင်ရာ၌ ဆရာ့ဆရာကြီး အဆင့်များကသာ သည်လိုမျိုး အမွေအနှစ်ပါသည့် ရတနာ များကို သန့်စင်နိုင်သည့် နည်းလမ်းများ ရှိပေလိမ့်မည်။ သည်နည်းလမ်းများကလည်း လွယ်လင့်တကူ ပျံ့နှံ့နေခြင်း မရှိရာ သည်လိုရတနာများကို သန့်စင်ဖို့က ရှားပါးလှသည်။ ထို့ကြောင့်လည်း အမွေအနှစ်ပါဝင်သည့် ရတနာများက ရှားပါးလွန်းလှခြင်း ဖြစ်၏။
သိပ်မကြာခင်တွင် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာခဲ့ သည်။သူက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ဆို၏။ "အမွေအနှစ်..ငါက ဒါကို ဖြတ်မြင်နိုင်စွမ်း မရှိဘူး။ ငါက ဒီပြဿနာကို မှားယင်းတဲ့နည်းနဲ့ တွေးနေတာလည်း ဖြစ် နိုင်တာပဲ...။ငါက ရတနာအပေါ်မှာ အမွေအနှစ် ဘယ်လို လုပ်မလဲ ရှာဖွေနေစရာမှ မလိုတာ။ ငါက ဒီရတနာပေါ်မှာ အတားအဆီးတစ်ခု ချထားလိုက်ရုံပဲကို။ အဲ့ကျရင် ငါက ဒီ ရတနာရဲ့ အတားအဆီးကို ဖြေလျော့တဲ့နည်းပါတဲ့ ကျောက်စိမ်းပြားကိုလည်း ရတနာနဲ့အတူ ရောင်းချနိုင်လိမ့် မယ်။ ဒီနည်းလမ်းက တော်တော်လေး ကောင်းသားပဲ..."

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်လို့နေ၏။

အတားအဆီးထုတ်ယူဆင်ခြင်နေမှုများက

ဝမ်လင်း မျက်လုံးထဲ၌ တဖျပ်ဖျပ် ဖြစ်လို့နေသည်။သူ့ဘယ်လက်က ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ ကြေးမှန်ပေါ်သို့ အတားအဆီးတစ်ခုကို ချမှတ်လိုက်သည်။သည့်နောက် သူ့ ဘယ်လက်က ရပ်တန့်သွားခြင်း မရှိသည့်အပြင် ကြေးမှန် ပေါ်၌ အတားအဆီးများကို ဆက်ကာ ဆက်ကာ ချမှတ် လိုက်သည်။သည်အတားအဆီးများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ ရှုပ်ထွေးသော အနက်ရောင်စာလုံးတစ်ခု အသွင် ဖြစ်ပေါ်သွားသည်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက အခန်း ပတ်ပတ်လည်ကို ကြည့်ကာ သူ့အကြည့်က ဖယောင်းတိုင် ပေါ်သို့ ကျရောက်သွား၏။ သူက ဖယောင်းတိုင်ကို ဘယ် လက်ဖြင့် ညွှန်လိုက်ရာ ၎င်းက ချက်ခြင်း လင်းလက်လာ သည်။ ထိုဖယောင်းတိုင်မှ ထွက်ပေါ်လာသော အငွေ့များကို မျက်နှာကြက်ပေါ်မှ ပုတီးစေ့က စုပ်ယူခါနီးချိန်၌ ဝမ်လင်း က ထိုအငွေ့များကို ဖမ်းယူကာ မှော်စာလုံးပေါ်သို့ ဖိနှိပ် လိုက်သည်။

ထိုစာလုံးသင်္ကေတက စတင်အရည်ပျော်လာကာ ထူးဆန်းသောအခိုးငွေ့အမျှင်တန်း ဖြစ်လာပြီး ကြေးမုံထဲသို့ ဝင်ရောက်လို့သွားသည်။သည့်နော် သူက သိုလှောင်အိတ် ထဲကနေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် ထိုကျောက်စိမ်းပြားပေါ်၌ ကြေးမုံပေါ်ရှိ အစီ အရင်ကို ချိုးဖျက်နိုင်သည့် နည်းလမ်းကို ထည့်သွင်းလိက် သည်။

ကြေးမုံကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းက ကျန်သည့် ရတနာနှစ်ခုပေါ်တွင်တော့ အတားအဆီးကို မ ချမှတ်တော့ချေ။အပြင်ဘက်၌ ကောင်းကင်က တစ်ဖြည်းဖြည်း ပြန်လင်းလာနေ၏။ဝမ်လင်းက မျက်လုံး မှိတ်၍ စတင်ကျင့်ကြံလိုက်သည်။

နေမင်းက ကောင်းကင်ထက်၌ မြင့်တက်လာချိန်၌ အ မှောင်ထုက လွင့်ပြယ်လာခဲ့တော့သည်။ဝမ်လင်းက မျက်လုံးပြန်ဖွင့်ကာ မတ်တပ်ထရပ်ပြီး အခန်းတံခါး ထဖွင့် လိုက်သည်။နေရောင်က သူ့ခန္ဓာကိုယ်ပေါ်သို့ ပက်ဖြန်းလာ ကာ သူ့စိတ်အား နွေးထွေးသွားစေသည်။သူ့ပတ်လည်ရှိစိတ်ဝိညာဉ်စွမ်းအင်များက ခုချိန်၌ ပေါကြွယ်ဝနေ၏။ ထို့ကြောင့် သူ့စိတ်က ချက်ခြင်းပင် ကြည်လင်လာခဲ့သည်။

သူ့စိတ်နှလုံးထဲ၌ တည်ငြိမ်မှုခံစားချက်နှင့် ပြည့်နှက်လို့ နေသည်။သည့်နောက် ဝမ်လင်းက ရှေ့သို့ ဆက်လျှောက် သွားသည်။သူက ထွက်ပေါက်ကို ဖြတ်လာရာ ကျောက်တုံး အောက်၌ လူငယ်က ကောင်းကင်နှင့်မြေကြီးရှိ အဆီအနှစ် ကို စုပ်ယူ ကျင့်ကြံနေဆဲပင် ရှိနေသည်။

ဝမ်လင်းက သိပ်ဝေးသော နေရာသို့ မရောက်သေးခင်မှာ ပင် လူငယ်က မျက်လုံးဖွင့်လာ၏။သူ့မျက်လုံးထဲ၌ အထင်သေးဟန်တို့ ဖြစ်ပေါ်နေသည်။

"ပြင်ပကျင့်ကြံသူတစ်ယောက်က ကျင့်ကြံဖို့ တစ်နေ့တာ လုံး အသုံးမပြုခဲ့ဘူး။ သူစုပ်ယူရမယ့် စိတ်ဝိညာဉ်စွမ်းအင် က များနေတာများ ဖြစ်နိုင်လား။ ဒီလူရဲ့ပါရမီက သာမန် ဖြစ်တဲ့အတွက် ဒါက သူ့အတွက် ခက်ခဲစေတာ နေမယ်။ ဒါပေမဲ့လည်း ဒီလူက စိတ်ဝိညာဉ်စွမ်းအင် အထူထဲဆုံး မနက်ပိုင်းမှာ မကျင့်ကြံဘဲ လက်လျော့ခဲ့တယ်။ ဒီပုံစံနဲ့ တော့ ဒီလူက ဘယ်တော့မှ သူ့စဦးစိတ်ဝိညာဉ်ကို ဖွဲ့တည် နိုင်မှာ မဟုတ်ဘူးလို့ ငါ သေချာ ပြောနိုင်တယ်.."

လူငယ်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တစ်ဖန် ကျင့်ကြံလိုက်၏။

မနေ့က ဝမ်လင်း သည်မြို့သို့ ရောက်လာချိန်၌ သူက သည်မြို့၏ အနောက်ဘက်ခြမ်း၌ ဈေးတစ်ခု ရှိနေသည်ကို တွေ့မြင်ခဲ့ပေသည်။ထိုနေရာ၌ ကျင့်ကြံသူများက လက်နက် ရတနာပစ္စည်းများကို ရောင်းဝယ်နေကြပေသည်။

"အဲ့နေရာမှာက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တောင် အများကြီး မရှိဘူး။ ဒါ့ကြောင့် ဒါက သွားဖို့အတွက် အကောင်းဆုံး ဖြစ်မှာ မဟုတ်ဘူး..." ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ကျောက်တုံးအောက်ရှိလူငယ်ကို ကြည့်ကာ ပြန်လျှောက်လာခဲ့၏။

သူက လက်နှစ်ဖက်ယှက်ကာ ညင်သာသောလေသံနှင့် မေးမြန်းလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီမြို့ထဲမှာ အဆင့်မြင့်ရတနာတွေ ရောင်းဝယ်နိုင်တဲ့ နေရာတစ်ခုခု များ မရှိဘူးလား..."

လူငယ်က မျက်လုံးပွင့်လာခဲ့သည်။ သူ့မျက်လုံးထဲ၌ ဝမ် လင်းအပေါ် အထင်သေးမှုအပြင် စိတ်မရှည်မှုတို့ပါ ရှိလာ၏။သူက အေးစက်စက် ပြောလိုက်သည်။ "မြို့အရှေ့ ဘက် ရတနာခန်းမတစ်ခုရှိတယ်..." ထိုသို့ပြောပြီးနောက် သူက ဝမ်လင်းကို မကြည့်တော့ပေ။

ဝမ်လင်းက ပြုံး၍ ပြန်ထွက်လာ၏။

လူငယ်က နှာခေါင်းရှုံ့လိုက်၏။ "သူက အမြုတေဖွဲ့တည် ခြင်းအဆင့်ပဲ ရှိသေးတယ်။ သူက ဒါကို အဆင့်မြင့်ရတနာ တွေ လဲလှယ်ချင်နေသေးတယ်လား။ သူက ဒီရတနာခန်းမ ထဲတောင် ခြေချခွင့်မရမှာ ငါစိုးရိမ်မိတယ်..."

မြို့မြောက်ဘက်ခြမ်းကနေ လမ်းလျှောက်လာပြီးနောက် ဝမ်လင်းက အရှေ့ဘက်သို့ ဦးတည်သွားလိုက်သည်။သည် နေရာတွင် သေမျိုးများစွာ ရှိမနေဘဲ အများစုက ကျင့်ကြံ သူများသာ ဖြစ်သည်။

သည်နေရာ၌ ဆိုင်ရှေ့၌ စိတ်ဝိညာဉ်ကျောက်တုံးကြီးများ ကို သည်အတိုင်း ချခင်းထားသည့် ဆိုင်အချို့လည်း ရှိနေ၏။သည်အရာများက သန့်စင်ထားခြင်းမရှိသေးသော စိတ်ဝိညာဉ်ကျောက်တုံးများ ဖြစ်၏။ ထို့ကြောင့် ၎င်း ကျောက်တုံးများက မူလပုံသဏ္ဌာန်အတိုင်း ရှိနေကာ ထူထဲ သော စိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေသည်။

ဝမ်လင်းမျက်လုံးများက စိတ်ဝင်စားသည့်ဟန်ပန် ဖြစ် ပေါ်နေသည်။ သည်လိုမျိုး ခင်းကျင်းပြသထားမှုက လူတိုင်း အား သည်ဆိုင်များ၏ စွမ်အားကို ပြောပြနေသယောင်ပင်။

သာမန်ကျင့်ကြံသူများက သည်လိုမျိုး စိတ်ဝိညာည် သွေးကြောထဲကနေ တိုက်ရိုက် စိတ်ဝိညာဉ်ကျောက်တုံး များကို တူးယူနိုင်ခြင်း မရှိဟုပင် ပြော၍ရသည်။

ထိုစိတ်ဝိညာဉ်ကျောက်တုံးများ၏ အရွယ်အစားက ဆိုင် များနှင့် ဆက်စပ်နေသည်။အချို့ဆိုင်များ၏ အပြင်ဘက်ရှိကျောက်တုံးများက ပေနှစ်ဆယ်လောက်ရှိသည်။ ထိုစိတ် ဝိညာဉ်ကျောက်တုံးတစ်တုံးချင်းစီက ဖန်တီးနေပေသည်။ ဖိအားတစ်ခုကို

ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးကိုပင် အပြင်ဘက်၌ ပြသထားသည့် ဆိုင်တစ်ခုပင် ရှိလို့နေသည်။သည်အရာက ဝမ်လင်းကို ထိုဆိုင်အပေါ်၌ ချက်ခြင်း စိတ်ဝင်စားသွားစေ ခဲ့သည်။

သူက ထိုဆိုင်ထဲသို့ သေချာကြည့်ရှုလိုက်သည်။ သည် ဆိုင်က ကြီးမားခြင်းမရှိပဲ အထပ်နှစ်ထပ်သာ ရှိ၏။ ၎င်းက သန့်ရှင်းသပ်ရပ်မှုလည်း ရှိသည်။ ထိုဆိုင်အဝ၌ အစိမ်း ရောင်ဝါးခန်းမ ဟု ရေးထွင်းထားသည့် မော်ကွန်း ကျောက်ပြားတစ်ခုလည်း ရှိလို့နေသည်။

ဝမ်လင်းက အထဲသို့ ဝင်မကြည့်တော့ပေ။သူက သူ့ အကြည့်ကို ရုတ်သိမ်းကာ ရှေ့သို့ ဆက်လျှောက်သွား၏။မြို့ အရှေ့ဘက်ခြမ်း၌ ဧရာမခန်းမကြီးတစ်ခု ရှိနေ၏။ ထို အဆောက်အဦ၏ အပြင်ဘက်၌ စိတ်ဝိညာဉ်ကျောက်တုံး တစ်ခုတည်း မဟုတ်ဘဲ ရှစ်ခု တိတိ ရှိလို့နေသည်။ သည် ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး ရှစ်ခုက ပေသုံးဆယ်ခန့် မြင့်ကာ အစီအရင်တစ်ခု ချမှတ်ထားသည့်အလား ထင်မှတ် ရသည်။၎င်းတို့က စိတ်ဝိညာဉ်ဖိအားလှိုင်းများကို ပေးစွမ်း လို့နေသည်။

သည်ခန်းမက ပတ်ဝန်းကျင်နှင့် ပေါင်းးစပ်နေသည့် အလားပင်။၎င်းကို ကြည့်ရသည်မှာ အနည်းငယ် ပုံရိပ် ယောင်ဆန်၏။ ၎င်းစိတ်ဝိညာဉ်ကျောက်တုံးများပေါ်၌ "တစ်ခုတည်းရတနာခန်းမ" ဟု ရေးထွင်းထားလေ၏။

ဖိအားတစ်ခုက ပျံ့နှံ့လျက် ရှိနေသည်။ အထဲသို့ နတ် ဘုရားအာရုံဖြင့် ဝင်ရောက်စစ်ဆေးခြင်းကို တားဆီးရန် အတွက် ဖုံးကွယ်ထားသည့် အတားအဆီးအလွှာတစ်ခုပါ ရှိ လို့နေသည်။ဝမ်လင်းက အထဲသို့ သူ့နတ်ဘုရားအာရုံကို အတင်း ဝင်မကြည့်ပေ။သူက သည် တစ်ခုတည်းရတနာ ခန်းမ အပေါ် လွန်စာ စိတ်ဝင်စားလှခြင်း မရှိသကဲ့သို့ ဖြစ်၏။

ဝမ်လင်းက အထဲသို့ ခြေလှမ်းလိုက်၏။ သို့သော် သူက ချက်ခြင်း မျက်မှောင်ကြုတ်သွားသည်။ သူက သက်လတ် ပိုင်းလူကြီးတစ်ယောက်က ခန်းမထဲမှ ထွက်လာကာ သူ့ လမ်းအား လာပိတ်သည်ကို တွေ့လိုက်ရ၏။ သူက ဝမ်လင်း ကို စမ်းစစ်ပြီးနောက် တည်ငြိမ်စွာမေးလိုက်သည်။ "ရောင် ရင်းကျင့်ကြံသူက ငါတို့ တစ်ခုတည်းရတနာခန်းမ ရဲ့ စည်းမျဉ်းအကြောင်း မသိဘူးလား..."

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "အို..ဘယ်လို စည်းမျဉ်းများလဲ..."

သက်လတ်ပိုင်းလူကြီး ဝမ်လင်း၏ တည်ငြိမ်မှုကို ကြည့် ကာ တုန်လှုပ်သွားမိ၏။ သူက ကျင့်ကြံသူများစွာကို တွေ့ မြင်ခဲ့ဖူး၏။ အချို့မွှန်းစတားအိုကြီးများမှလွဲ၍ ကျင့်ကြံသူ အနည်းငယ်ကသာ သည်ခန်းမ၏ ဖိအားအောက်၌ တည်ငြိမ်နိုင်ပေသည်။

"ငါတို့ တစ်ခုတည်းရတနာခန်းမကို ဝင်ရောက်ဖို့ စည်းမျဉ်းနှစ်ခု ရှိတယ်။ တစ်ခုက စဦးစိတ်ဝိညာဉ်အဆင့် အောက် ကျင့်ကြံသူက အထဲကို ဝင်ရောက်ခွင့် မရှိဘူး။ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း မရှိရင်လည်း အထဲကို ဝင်ရောက်ခွင့် မရှိဘူး.."

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။

သက်လတ်ပိုင်းလူကြီးက ဝမ်လင်းအသွင်ကို တွေ့မြင် လိုက်သည့်အခါ ရုတ်တရက် တစ်ခုခု သဘောပေါက်သွား သည်။သူက မေးလိုက်၏။ "ရောင်းရင်းကျင့်ကြံသူမှာ စိတ် ဝိညာဉ်ကျောက်တုံးတစ်သိန်း ရှိပါသလား..."

ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲ၌ စိတ်ဝိညာဉ်ကျောက် တုံးအများကြီး ရှိမနေချေ။ တကယ်တော့ သူက စိတ် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ ရောက်ပြီးကတည်း ကောင်းကင်ဘုံကျောက်စိမ်းပြားများကိုသာ အဓိကသုံးစွဲခဲ့ သည် မဟုတ်လား။

သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်၏။ "ရောင်းရင်း ကျင့်ကြံသူက လိုအပ်ချက်နဲ့ မကိုက်ညီတဲ့အတွက် အထဲကို မဝင်နိုင်ပါဘူး။ သင်က အထဲကို ဝင်မယ်ဆိုရင် သင်က ပြန် ထွက်ဖို့တောင် အခွင့်ရေးမရမှာ ငါ စိုးရိမ်မိတယ်...။ကျေးဖူး टः ६०..."

"ဒီရတနာပစ္စည်းကိုကော လက်ခံနိုင်မလား..." ဝမ် လင်းက သက်လတ်ပိုင်းလူကြီးကို တည်ငြိမ်စွာ ကြည့်၏။ သူက သိုလှောင်အိတ်ထဲကနေ သန့်စင်ထားသော ဓားတစ် လက်ကို ထုတ်ယူလိုက်သည်။

သက်လတ်ပိုင်းလူကြီး၏ အကြည့်က ထိုဓားပေါ်သို့ ကျ ရောက်လာ၏။သူ့မျက်လုံးထဲ၌ အထင်သေးမှုတို့ ဖြစ် ပေါ်လာသည်။သူက တစ်ချက်ကြည့်ရုံဖြင့်ပင် သည်ဓားက ညံ့ဖျင်းသောနည်းလမ်းနှင့် သန့်စင်ထားကြောင်း ပြောနိုင် ကာ ဒါနှင့်ပတ်သတ်၍ ထူးထူးခြားခြား ဘာမှ ရှိမနေချေ။ သူက နတ်ဘုရားအာရုံမသုံးဘဲ သည်အတိုင်းကြည့်၍၌င် သည်ဓားက အဆင့်နိမ့်အရည်အသွေးသာ ရှိကြောင်း ပြော နိုင်ပေ၏။

သူက သည်တစ်ခုတည်းရတနာခန်းမတွင် နေထိုင်လာ သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အတွက် သူ့အမြင်က ကောင်းမွန်ပေ၏။သူက သူတို့ရတနာကို ကောင်းမွန်လှပြီဟု ထင်နေကြသော အဆင့်နိမ့်ကျင့်ကြံ သူများစွာကိုလည်း တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သည်။သူ့စိတ်ထဲ၌ ဝမ်လင်းကလည်း ထိုသို့သောလူများထဲမှ တစ်ယောက်ပင်။

သည်ရတနာဓားက ၎င်း၏ စွမ်းရည်ကို ဖုံးကွယ် ထားသည်မှာ ဖြစ်ကောင်းဖြစ်နိုင်၏။သို့သော် သက်လတ် ပိုင်းလူကြီးက သည်အရာကို စိတ်မဝင်စားချေ။သူက ပြုံး၍ ခေါင်းယမ်းကာ ဆိုလိုက်၏။ "ငါတို့က ဒါကို လက်မခံပါ ဘူး။ ကျေးဇူးပြုပြီး ထွက်သွားပါတော့..."

ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ကြည့်လိုက်၏။သည့်နောက် သူက လှည့်၍ ထွက်ခွာသွား သည်။

ဝမ်လင်းအကြည့်က သက်လတ်ပိုင်းလူကြီးထံသို့ ကျ ရောက်လာသည်အခါတွင် သူ့ခေါင်းအား ရေအေးနှင့် လောင်းချလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်က လည်း တုန်ယင်သွား၏။ဝမ်လင်းအကြည့်က နှစ်တစ်သိန်း လောက်သက်တမ်းရှိသည့် ရေခဲအလား မှတ်ရသည်။၎င်း က သူ့စဦးစိတ်ဝိညာဉ်ကိုပင်ခဲသွားကာ ပြိုကျလုမတက် ဖြစ်သွားစေ၏။

သက်လတ်ပိုင်းလူကြီးက နောက်သို့ပင် ခြေလှမ်း အနည်းငယ် ဆုတ်လိုက်မိပြီး သူ့အသွင်က ဖြူ ရောလို့ သွား၏။သူက လှမ်းလျှောက်၍ ထွက်သွားသော ဝမ်လင်းကို ကြည့်ကာ ပြောစရာစကားမဲ့နေ၏။

သည်အခိုက်အတန့်၌ ခန်းမထဲမှ အိုမင်းသောအသံတစ် သံ ထွက်ပေါ်လာသည်။

"လုဖန်...ဘာဖြစ်နေတာလဲ…"

သက်လတ်ပိုင်းလူကြီးက မြန်ဆန်စွာ နောက်လှည့်၍ ပြောလိုက်သည်။ "အကြီးအကဲစွန်...ရတနာတစ်ခုလာ ရောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ပါ..."

အဘိုးအိုက ခန်းမထဲကနေ ထွက်လာ၏။သူက ခါးကုန်း နေကာ အလွန်အိုသည်ဟု ထင်ရ၏။သူ့မျက်နှာကလည်း အချိန်၏တိုက်စားခြင်းခံထားရကာ သူ့အကြည့်ကပင် မှိန် ဖျော့နေ၏။သူက သက်လတ်ပိုင်းလူကြီးကို ကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။ "ဘယ်လိုရတနာမျိုးလဲ..."

ကပ်လွဲလေး

သက်လတ်ပိုင်းလူကြီးက လေးစားစွာ ပြောလိုက်သည်။ "ဓားတစ်လက်ပါ။ ဒီဂျူနီယာက ဒီဓားကို ကြည့်လိုက်တာ သာမန်ပဲ ဆိုတာ တွေ့လိုက်ရပါတယ်။ ဒီလိုရတနာများက ငါတို့ရတနာခန်းမရဲ့လိုအပ်ချက်ကို မပြည့်မှီပါဘူး..."

သူက အဘိုးအိုထံသို့ မည့်သည့်မလေးမစားဟန်ကိုမှ မပြ ဝံ့ပေ။သည်အဘိုးအိုက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအစော ပိုင်း အဆင့်သာ ဖြစ်သော်လည်း သည်ရတနာခန်းမ၌ သူ့ အဆင့်အတန်းက မြင့်မားပေ၏။သက်လတ်ဝိုင်းလူကြီးက သည်အဘိုးအိုသည် တစ်ချိန်တုန်းက စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းအလယ်အဆင့်မှန်း သိထားပေ၏။သို့သော် ဒဏ်ရာကြောင့် သူက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် သို့ ကျဆင်းနေခြင်း ဖြစ်သည်။

အဘိုးအိုက တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသော ဝမ် လင်းကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ သံသယ အရိပ်အမြွက်တို့ ဖြစ်ပေါ်လာသေးသည်။သို့သော် သိပ်မ ကြာခင်တွင် သူက ခေါင်းယမ်းကာ တစ်ခုတည်းရတနာ ခန်းမထဲသို့ ပြန်ဝင်သွားတော့၏။

" ဒီလူကို ရင်းနှီးနေသလိုပဲ..." အဘိုးအိုအသွင်က အလွန်တရာ နွမ်းနယ်ပင်ပန်းနေသည့်ပုံပင်။သူက အဆောက်အဦထဲသို့ ပြန်ဝင်လာသည့်အခါတွင် ထောင့် တစ်ခုရှိ ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်၏။သူက သူ့ရင် ဘက်ကို ထိကာ သက်ပြင်းမှုတ်ထုတ်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ တိတ်ဆိတ်စွာ ငေးမောကြည့်နေသည်။

ဝမ်လင်းက တစ်ခုတည်းရတနာခန်းမကနေ ထွက်လာ ပြီးနောက် ဝါးစိမ်းခန်းမ ရှိရာသို့ လှမ်းလျှောက်လာခဲ့သည်။ သူ့ခန်းမက ကြီးမားလှခြင်း မရှိသော်လည်း သပ်ရပ်မှု ရှိ၏။ အထဲသို့ ဝင်လာသည့်နေက် ဝမ်လင်းက လှည့်ပတ်ကြည့် လိုက်ရာ နံရံမှီထားသော သစ်သားစင်များကို တွေ့လိုက်ရ သည်။ထိုစင် တစ်ခုစီ၌ သေတ္တာငယ်လေး တစ်ခုစီ ရှိနေကာ ယင်းသေတ္တာငယ်များကို အဝါရောင်ပိုးသားနှင့် ထွေးပတ်ထားသည်။ ရတနာများ၊ဆေးလုံးများနှင့် အခြား အရာများကို ယင်းသေတ္တာငယ်လေးများ၏ အထဲ၌ ထည့် လို့ထားသည်။

ထိုဆိုင်ထဲ၌ လူငယ်တစ်ယောက်ရှိလို့နေသည်။သူ့လက် ထဲ၌လည်း ရှေးဟောင်းစာအုပ်တစ်အုပ်ကို ကိုင်ထားကာ စိတ်ဝင်တစား ဖတ်နေသည့်ဟန် ရှိ၏။လူငယ်က ဝမ်လင်း ဝင်လာသည်ကို သတိပြုမိသည့်အခါ စာအုပ်ကို ချကာ မတ် တပ်ထရပ်ပြီး ပြုံး၍ ဆိုလာ၏။ "ငါတို့ဆိုင်က သိပ်ကြီးမား ခြင်း မရှိပေမဲ့လည်း ပစ္စည်းကောင်းတွေ စုဆောင်းထားပါ တယ်။ မိတ်ဆွေက ဘာများ အလိုရှိပါသလဲ..."

သည်လူ၏ ကျင့်ကြံမှုအဆင့်က စဦးစိတ်ဝိညာဉ်အစော ပိုင်းတွင် ရှိ၏။သူက ဝမ်လင်းကို မြင်လိုက်သည့်အခါတွင် လည်း တစ်ခုတည်းရတနာခန်းမက လူလိုမျိုး မည်သည့် မောက်မာမှုကိုမှ မပြသပေ။ထိုအစား သူက အေးအေးဆေးဆေးပင် နှုတ်ဆက်စကား ဆိုလာခဲ့သည်။

ဝမ်လင်းက ပြုံးလိုက်၏။သူက သိုလှောင်အိတ်ထဲမှ ဓား ကို ထုတ်ယူ၍ မေးလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီ ဓားကို လက်ခံနိုင်လောက်လား..."

လူငယ်က ဓားကို ကြည့်လိုက်ချိန်၌ သူ့မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားကာ သူက ခြောက်ကပ်ကပ် ပြုံး၍ ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီဓားကို ငါစစ်ဆေးကြည့်လို့ရနိုင်မလား..."

လူငယ်၏စိတ်သဘောထားက ပျော့ပြောင်းပေသည်။ဝမ် လင်းက ပြုံး၍ သူ့ညာလက်ကို ဆန့်တွန်းလိုက်သည်။ဓားက လူငယ်ထံသို့ ပျံသန်းသွား၏။လူငယ်က ထိုဓားကို နတ် ဘုရားအာရုံဖြင့် စစ်ကြည့်ကာ ပြောလာ၏။ "ဒီဓားက တော်တော်လေး 30...." သာမန်ဆန်တယ်...ငါစိုးရိမ်တာက…

လူငယ်က စကားတစ်ဝက်တစ်ပျက်နှင့် သူ့မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားသည်။သူက လက်ထဲရှိ သာမန် ဆန်သောဓားကို ကြည့်ကာ တုန်လှုပ်နေမိ၏။ သူက ရုတ်တရက် ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်၍ ခပ်မြန်မြန် ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီ ဓားထဲက မန္တာန်က…"

ဝမ်လင်းက ပြုံး၍ ဆို၏။ "သင် စမ်းသပ်ကြည့်ရင် သိပါလိပ့်မယ်..

လူငယ်က အသက်ဝဝရှူသွင်းကာ သူ့စိတ်ထဲရှိ တုန်လှုပ် မှုကို ပြန်ဖိနှိပ်လိုက်သည်။သူက သည်ဓားကို နတ်ဘုရား အာရုံဖြင့် စစ်ကြည့်လိုက်ချိန်၌ ယင်းဓားထဲတွင် မန္တာန်တစ် ခု ရှိနေသည်ကို တွေ့လိုက်ရပေသည်။သူက သည်မန္တာန်ကို ဖြတ်၍ မြင်နိုင်စွမ်းမရှိချေ။သို့သော ထိုမန္တာန်၏ ဖိအားက သူ့စဦးစိတ်ဝိညာဉ်ကိုပင် တုန်ယင်သွားအောင် ပြုလုပ် နေသည်။

သူက ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ် ကာ ဓားထဲသို့ ထည့်သွင်းလိုက်၏။ စိတ်ဝိညာဉ်စွမ်းအင်က ဓားထဲရှိ မန္တာန်ကို ထိမိသွားချိန်၌ ပြင်းထန်သော ဓား စွမ်းအင်တစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။

သူ့မျက်လုံးထဲ၌ အံ့အားသင့်မှုတို့ ဖြစ်ပေါ်နေ၏။ သည် ဓားပေါ်ရှိ မန္တာန်က အသက်သွင်းရခြင်း မရှိသေး သော်လည်း စိတ်ဝိညာဉ်စွမ်းအင်ဖြင့်ပင် အလယ်အလတ် ရတနာတစ်ခု ဖြစ်ကြောင်း အမျိုးအစား ခွဲခြားနိုင်လိုက် သည်။

သူက ထိုမန္တာန်ကို အသက်သွင်းနိုင်စွမ်း မရှိပေ။သို့သော် သူက ဓားကို ကျွမ်းကျင်စွာကိုင်၍ ဆိုင်အပြင်ဘက်ရှိထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး ထံသို့ ညွှန်လိုက်၏။ ထိုအခါ ဓားစွမ်းအင်တန်းက စိတ်ဝိညာဉ်ကျောက်တုံးထံသို့ တိုးဝင်လို့သွားသည်။အသံတစ်စက်မှ မထွက်ဘဲနှင့် ဓားက စိတ်ဝိညာဉ်ကျောက်တုံးကို ထွင်းဖောက်သွားပြီးနောက် ပြန်လည် ပျံသန်းလာခဲ့သည်။

"ဓားကောင်းပဲ…" လူငယ်က ဓားကို ကြည့်နေရင်းဖြင့် သူ့မျက်လုံးထဲ၌ အသိအမှတ်ပြုသည့် အရိပ်အယောင်တို့ ဖြစ်ပေါ်နေသည်။

သည့်နောက် သူက ဓားထဲရှိ မန္တာန်ကို အသက်သွင်း လိုက်၏။သို့သော် ချက်ခြင်းပင် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့လို့သွား၏။သူက သူ့ရှေ့ရှိ ဓားက ပျောက်ကွယ်သွားပြီး သူနှင့် ပေတစ်ရာအကွာတွင် ပြန်ပေါ်လာသည်ကို တွေ့ လိုက်ရသည်။



လူငယ်၏ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက ချက် ခြင်းပင် ဆိုင်အပြင်သို့ လှမ်းထွက်လိုက်၏။ သူက ညာလက် ကို ဝှေ့ယမ်းလိုက်ရာ ဓားက တည်နေရာရွှေ့ပြောင်းကာ ချက်ခြင်း ပြန်ရောက်လာ၏။ထိုအခါ လူငယ်၏မျက်လုံး ထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နှက်လို့သွားသည်။သူက လေအေး တစ်ချက် ရှိုက်သွင်းမိလိုက်ကာ ဓားကို စိတ်ဝိညာဉ် ကျောက်တုံး ရှိရာသို့ နောက်တစ်ဖန် ညွှန်လိုက်ပြန်၏။ ထိုအခါ ဓားက တည်နေရာ ရွှေ့ပြောင်း၍ ကျောက်တုံးအား ထွင်းဖောက် ဖြတ်ကျော်သွားပြန်သည်။

"ဒါ..ဒါက တည်နေရာ ရွှေ့ပြောင်းခြင်းပဲ..." လူငယ်က ပါးစပ်ဟောင်းလောင်း ဖြစ်လို့သွားသည်။သူက ချက်ခြင်း ပင် ဓားကို ပြန်ဆင့်ခေါ်လိုက်ရာ သူ့လက်ထဲသို့ ပြန်ရောက် ရှိလာ၏။ခုချိန်၌ သူက စိတ်ထဲတွင် ဗြောင်းဆန်နေခဲ့ချေပြီ။ ယေဘုယျအားဖြင့် ဓားတစ်လက်ထဲရှိ တည်နေရာ ရွှေ့ပြောင်းခြင်း မန္တာန်တစ်ခုကို ချမှတ်ရန် မဖြစ်နိုင်ပေ။ အကြောင်းကတော့ ဓားက တည်နေရာရွှေ့ပြောင်းခြင်း ပွတ်တိုက်မှုအတားအဆီးကို ကောင်းကောင်း ကိုင်တွယ်နိုင် ခြင်း မရှိသောကြောင့် ဖြစ်၏။ သည့်အပြင် ကျင့်ကြံမှု အဆင့်မြင့်မားလှခြင်း မရှိလျှင် တည်နေရာရွှေ့ပြောင်းခြင်း မန္တာန်နှင့် ဓားကို တံဆိပ်ခပ်နှိပ်ရန် မဖြစ်နိုင်ပေ။

လူငယ်က ဓားကို ဆုပ်ကိုင်ထား၏။သူက ဆိုင်ထဲသို့ အလျှင်စလို ပြန်ဝင်လာကာ ဝမ်လင်းကို ခပ်သွက်သွက် ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီဆိုင်က သင့်ရဲ့ ဓားကို လိုချင်ပါတယ်။ ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆို လုံလောက်ရဲ့လား..."

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သူ့ရှေ့ ရှိ လူငယ်၏ ကျင့်ကြံမှုအဆင့်က အလွန်နိမ့်နေ၏။စိတ် ဝိညာဉ်စွမ်းအင်ကို အသုံးပြုခြင်းဖြင့် သူက သည်ဓား၏ စွမ်းအား ဆယ်ပုံတစ်ပုံကိုသာ အသုံးပြုနိုင်စွမ်း ရှိခဲ့ပေ သည်။
လူငယ်က ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့ မြင်လိုက်သည့်အခါ သူက စဉ်းစားသွား၏။ သည့်နောက် သူက အံကြိတ်၍ ဆိုလာသည်။ "ရောင်းရင်းကျင့်ကြံ သူ..ငါက နောက်ထပ် ထိပ်တန်းစိတ်ဝိညာဉ်ကျောက်တုံး ငါးထောင်ကို ထပ်ပေါင်းပေးနိုင်ပါတယ်။ ဒီဓားက ထိပ်တန်းစိတ်ဝိညာဉ်ရတနာ ဖြစ်နေပေမဲ့လည်း ငါက ဒီ ဓားအတွက် မြင့်မားတဲ့နှုန်းကို ပေးပြီးနေပါပြီ..."

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "သင် တို့ရှိမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေ ကော မရှိဘူးလား..."

လူငယ်က မှင်သက်သွား၏။သူက မကျေမနပ်အသံနှင့် မေးလိုက်သည်။ "ရောင်းရင်းက ဘာကို ဆိုလိုတာလဲ။ ငါ့ ကျင့်ကြံမှုအဆင့်က ဒီဓားကို ဖြတ်မြင်နိုင်စွမ်း မရှိဘူးလို့ ထင်နေတာလား။ ငါတို့မှာ စိတ်ဝိညာဉ်အသွင့်ပြောင်းခြင်း အဆင့်စီနီယာတွေ ရှိပါတယ်။သင်က တောင်ဆိုလာတော့ လည်း ငါက တစ်ကြိမ်တစ်ခါတော့ မေးပေးရတော့မှာပေါ့..

သည့်နောက် လူငယ်က သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ယင်း ကျောက်စိမ်းပြားပေါ်၌ သတင်းပို့လွှတ်မှုတစ်ခုကို ချန်ထား လိုက်ပြီးနောက် သူက ထိုကျောက်စိမ်းပြားကို ပစ်လိုက်ရာ ၎င်းကျောက်စိမ်းပြားက ဆိုင်ထဲကနေ ပျံသန်းထွက်သွား သည်။
ကျောက်စိမ်းပြားကို ပို့လွှတ်လိုက်ပြီးသည့်နောက် လူငယ်က ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ချကာ လက်ထဲရှိ ဓားကို ဆော့ကစား၍ သေချာကြည့်နေ၏။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ဖြင့် သူက အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက်နှင့် ဖက်ပြိုင်နေစရာမလိုပေ။ သူက ဆရာသခင်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။သည် အခိုက်အတန့်၌ သူက ပြုံး၍ ဆိုင်ထဲရှိ ရတနာများကို လှည့်ပတ်ကြည့်နေသည်။

လူငယ်ကတော့ မတည်မငြိမ် ဖြစ်နေ၏။သူ့အကြည့်က ဝမ်လင်းပေါ်သို့ မကြာမကြာ ရောက်ရောက်လာကာ တုန်လှုပ်ဟန်တို့ ဖြစ်ပေါ်လို့နေသည်။သူ့အမြင်၌ သည် ကျင့်ကြံသူက အမြုတေဖွဲ့တည်ခြင်း နောက်ဆုံးအဆ င်၌သာ ရှိသော်လည်း သူက သူ့မိသားစု၏ အကြီးအကဲများ ကို ကြည့်နေရသကဲ့သို့ ခံစားမိနေရသည်။

ဝမ်လင်း၏ သက်တောင့်သက်သာ တည်ငြိမ်နေသည့် အသွင်က အမြုတေဖွဲ့တည်ခြင်းကျင့်ကြံသူတစ်ယောက် ရှိသင့်သည့် အရာ မဟုတ်ပေ။သို့သော် ထိုလူက အမြုတေဖွဲ့ တည်ခြင်းအဆင့်၌သာ အမှန်တကယ် ရှိနေပြန်၏။သူက ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသလား ဟု တွေးနေ၏။သို့သော် သည် ဝါးစိမ်းခန်းမက မိသားစု အကြီးအကဲများ နေရာချထားသော အစီအရင်များ ရှိနေ၏။ တစ်စုံတစ်ယောက်က အာဏာတက်ခြင်းအဆင့်သို့ ရောက် မနေပါက သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားရန်မှ မဖြစ် နိုင်ပေ။

သိပ်မကြာခင်တွင် အပြင်ဘက်မှ အဘိုးအိုတစ်ယောက် ဆိုင်ခန်းထဲသို့ ဝင်ရောက်လာ၏။ထိုအဘိုးအို ပထမဆုံး လုပ်သည့်အရာက လူငယ့်လက်ထဲမှ ဓားကို ကြည့်လိုက် ခြင်းပင်။ ထိုဓားကို မြင်လိုက်သည်နှင့် သူ့မျက်လုံးက ဖျပ် ခနဲ လင်းလက်သွားသည်။

လူငယ်က အဘိုးအိုကို မြင်သည်နှင့် ချက်ခြင်းမတ်တပ် ထရပ်ကာ လေးစားသည့်ဟန်ပန်ဖြင့် ပြောလိုက်၏။ "ဂျူနီ ယာစွန်မူက အကြီးအကဲကို နှုတ်ဆက်ပါတယ်..."

အဘိုးအိုက ဝမ်လင်းကို ကြည့်လိုက်ရင်း ပြန်တုံ့ပြန် လိုက်သည်။သူ့အသွင်က ပြောင်းလဲသွားခြင်း မရှိဘဲ သူက တည်ငြိမ်စွာ မေးလိုက်သည်။ "ဒီလူက ရတနာကို လာ ရောက် အစစ်ဆေးခံတဲ့လူလား..."

လူငယ်က ခေါင်း ခပ်သွက်သွက် ညိတ်ကာ လေးစား သည့်ဟန်ပန်ဖြင့် သူ့လက်ထဲရှိ ဓားကို ကမ်းပေးလိုက် သည်။

အဘိုးအို ဝင်လာသည့်အခါ ဝမ်လင်းက တစ်ချက်သာ စောင်းငဲ့ကြည့်ကာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သည်အဘိုးအိုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်တွင် ရှိလို့နေသည်။သူက အထွတ်အထိပ် သို့ မရောက်သေးသော်လည်း သေခြင်းရှင်ခြင်းအခြေအနေ များကို ဖြတ်ကျော်ခဲ့ဖူးသည်မှာ ထင်ရှားနေပေ၏။ ထို့ကြောင့် သူ့စိတ်က သူအရင်က တွေ့ဆုံခဲ့ဖူးသော လေး ယောက်ထက် ပို၍ ရင့်ကျက်နေလေသည်။

အဘိုးအိုက အချိန်ဖြုန်းမနေတော့ချေ။ သူက ညာလက် ကို ဝှေ့ယမ်းကာ ဓားကို ဖမ်းယူလိုက်၏။ သူက ၎င်းဓားကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နှင့် သူ့ တည်ငြိမ်သောအသွင်က တုန်လှုပ်မှု တော့သည်။ အစားဝင်လာ

အဘိုးအိုက ထိုဓားကို သူ့လက်ချောင်းဖြင့် တောက်ထုတ် လိုက်၏။ ၎င်းက ဓားတေးသံတစ်ခုကို ထုတ်လွှတ်သွားစေ ကာ သည်ဆိုင်ထဲ၌ ပဲ့တင်ထပ်သွားစေသည်။သူ့မျက်လုံးက ပို၍ တုန်လှုပ်သွားကာ သူက ညာလက်ကိုဝှေ့ယမ်းလိုက် ပြန်၏။ ဓားက ပျံသန်းထွက်သွား၍ ပျောက်ကွယ်သွား သည်။

သည်တစ်ကြိမ်၌ ထိုဓားက ကီလိုမီတာငါးရာကျော် အထိတည်နေရာ ရွှေ့ပြောင်းသွားခဲ့ခြင်းပင် ဖြစ်သည်။

သည့်နောက် ချက်ခြင်းပင် ထိုဓားက အဘိုးအိုဘေးနား၌ ပြန်ပေါ်လာကာ သူ့အား လှည့်လည်နေသည်။ဓားက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနေကာ ကြမ်းကြုတ်သော ဓားစွမ်းအင်တစ်ခုလည်း ရှိလို့နေသည်။

ပို၍ အရေးကြီးသည်က ထိုဓားတစ်လျှောက်တွင် လျှပ်စီး အမျှင်တန်းများကပါ ရွှေ့လျားလို့နေသည်။အဘိုးအိုက လျှပ်စီးအမျှင်တန်းများကို စူးစိုက်ကြည့်ကာ စဉ်းစားနေ၏။ သူက ညာလက်ကို မြှောက်၍ ထိုလျှပ်စီးကို ထိလိုက်သည်။

ပေါက်ကွဲသံတစ်ခုက အခန်းထွက်၌ ပဲ့တင့်ထပ်သွား၏။ သည့်နောက် အဘိုးအို၏ အသွင်ကလည်း ချက်ခြင်း ဖြူ ရောသွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ် လိုက်ရသည်။ သူက ခဏကြာမှ ပြန်ကောင်းမွန်လာခဲ့ သည်။ထိုသို့ ဖြစ်သွားသော်လည်း သူက မည်သည့်ဒေါသ ထွက်ဟန်မှ မပြသည့်အပြင် ကျေနပ်နေသည့်ပုံပင် ပေါ်နေ သေးသည်။

လူငယ်က သည်အခြင်းအရာကို ကြည့်ကာ လုံးဝ မှင် သက်ကြောင်ရီနေ၏။သူက အဘိုးအို၏ ထိန်းချုပ်မှု အောက်၌ သည်ဓားက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပိုင်ဆိုင်နေသည်ကို ကိုယ်တိုင် တွေ့မြင်လိုက်ရပေသည်။

"ကောင်းကင်ဘုံ ရတနာ..ဒါ..ဒါက ကောင်းကင်ဘုံ ရတနာ တစ်ခုပဲ..." လူငယ်က မှင်သက်အံ့ဩသွားချေ သည်။

"ကောင်းကင်ဘုံရတနာ မဟုတ်ဘူး။ ဒါက တုပထားတဲ့ ကောင်းကင်ဘုံရတနာ...တစ်ဝက်တစ်ပျက်ကောင်းကင်ဘုံ ရတနာပဲ။ ဒီဓားထဲမှာ မဟာတည်နေရာရွှေ့ပြောင်းခြင်းအ စီအရင်တစ်ခုကို ရေးထွင်းထားတယ်။ ထပ်ပြောရရင် လျှပ်စီးစွမ်းအင်က ဒီဓားရတနာကို ပိုပြီး တန်ဖိုး ရှိသွားစေ တယ်။ ဒီလျှပ်စီးမရှိရင်တော့ တော်တော်လေး ကွာခြားသွား လိမ့်မယ်..." အဘိုးအိုက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ဆို၏။သူက ထိုသို့ပြောလိုက်ရင်း ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

"ဒါက မင်း မင်းမိသားစုရှိကနေ အမွေရရှိခဲ့တာ ဖြစ်ရ မယ်။ မင်းက ဒါကို ရောင်းချင်တာ သေချာရဲ့လား..."

"ကောင်းကင်ဘုံကျောက်စိမ်းပြားသုံးထောင်..." ဝမ် လင်းက တန်ကြေးကိုသာ တန်း၍ ဆိုလိုက်၏။

အဘိုးအိုမျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက ဝမ်လင်းကို သေချာစမ်းစစ်ကြည့်လိုက်သည်။ စကားတစ် ခွန်းမှ မဆိုတော့ဘဲ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြားပုံကို ဆိုင်ကြမ်းပြင်ပေါ်သို့ ပုံချလိုက်၏။ သိပ်သည်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များက ဝါးစိမ်းခန်းမတစ်ခုလုံးတွင် ပြည့်နှက် သွား၏။

ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ သိုလှောင် အိတ်ထဲရှိ ကောင်းကင်ဘုံကျောက်စိမ်းပြား များကို သိမ်းဆည်းလိုက်သည်။

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ မေးလိုက်ပြန်၏။ "မင်း မှာ တစ်ခြား တစ်ဝက်တစ်ပျက်ကောင်းကင်ရတနာတွေ များ ရှိသေးလား..."

ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။သူက သိုလှောင် အိတ်ထဲမှ ကြေးမုံတစ်ချပ်ကို ထုတ်ကာ အဘိုးအိုထံသို့ ပစ် ပေးလိုက်သည်။

အဘိုးအိုက ကြေးမုံကို ဖမ်းယူလိုက်၏။သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွား၏။သည်တစ်ကြိမ်၌ သူက ပို၍ တုန်လှုပ်သွားလေ၏။ သူက အာမေဋိတ်အသံဖြင့် ပြောလာ သည်။ "အမွေအနှစ်တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံရတနာ..။

သတိပေးခြင်း

အဘိုးအိုက

အမွေအနှစ်တစ်ဝက်တစ်ပျက်

ကောင်းကင်ဘုံရတနာကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံး ထဲရှိ လောဘကို ဖုံးကွယ်ထားနေရသည်။

သူက ဝမ်လင်းကို အပြုံးတုပြုံး၍ ကြည့်လို့နေသည်။ ဝမ် လင်းကတော့ ပုံမှန်အတိုင်း တည်ငြိမ်စွာသာ ရှိလို့နေသည်။

အဘိုးအိုက ကောင်းကင်ဘုံကျောက်စိမ်းပြားကို လုယူလို ခြင်း မရှိခဲ့ပေ။ သို့ရာတွင် သညအဘိုးအိုက သူ့ထံကနေ ဓားပြတိုက်လိုပါက မှန်ကန်သော တုန့်ပြန်မှုကို ပြန်လည် လုပ်ဆောင်ပေးလိုက်မည် ဖြစ်၏။

သည့်အတွက်ကြောင့် သူက တစ်စုံတစ်ယောက်ကို သတ် လိုက်ပြီဆိုရင်ပင် အကျိုးအကြောင်းသင့်နေပြီ ဖြစ်၏။

နှစ်ပေါင်းရှစ်ရာ ကျင့်ကြံလာပြီးသည့်နောက် ဝမ်လင်းက ဉာဏ်နီဉာဏ်နက် ပြည့်လာခဲ့ပေသည်။သို့ရာတွင် သူက သူ့ ဉာဏ်များ၊ရက်စက်သည့်အခြမ်းကို ဖော်ထုတ်ခဲပေ၏။ခု ချိန်တွင် သူက သူ့အသွင်ကို ပြောင်းလဲထားသည့်အတွက် သူနှင့်ရင်းနှီးခဲ့သောလူပင် သူ့ကို သိရှိဖို့ မလွယ်တော့ချေ။ အဘိုးအိုမျက်လုံးထဲ၌ ချီတုံ့ချတုံ ဖြစ်လို့နေ၏။သိပ်မကြာ ခင်တွင် သူက သက်ပြင်းအရှည်ကြီး ချကာ ကြေးမုံကို ကိုင် ထားရင်း မေးလာသည်။ "ဒီဟာအတွက် မင်းက ကောင်းကင်ဘုံကျောက်စိမ်းပြား ဘယ်လောက်လိုချင်လဲ..

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။ သောင်း..." တစ်

အဘိုးအိုက မျက်မှောင်ကြုတ်သွား၏။ သူက သိုလှောင် အိတ်ထဲကနေ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ် သောင်း ထုတ်ယူနိုင်သော်လည်း သူက သည်အရာများကို သူ့အနာဂတ်အတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်နေသည်။ သူက ခုချိန်၌ သည်ကျောက်စိမ်းပြားများကို သုံးစွဲလိုက် လျှင် သူ့အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိဖို့အတွက် လုံလောက်သည့် ကျောက်စိမ်းပြားများ မရှိတော့မည်ကို စိုးရိမ်နေခဲ့ပေသည်။

သူက စဉ်းစားနေရင်း ကြေးမံဒကို ငုံ့ကြည့်လိုက်ကာ တုံ့ ဆိုင်းဆိုင်း ဖြစ်လို့နေသည်။သူက သည်ရတနာကို အလွန် လိုချင်မိ နေသည်။အမွေအနှစ် တစ်ပျက်တစ်ပျက် ကောင်းကင်ဘုံရတနာနှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူဆိုသည်က အရင်နှင့် ကွဲပြားသွားပြီဟု ပြော၍ရ နိုင်၏။ သည်ရတနာနှင့် ဆိုလျှင် သူက စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်တိုက်နိုင်မည် ဖြစ်သည်။
သူက သည်ကြေးမုံ၏ စွမ်းအားကို သေချာမသိသော်လည်း အမွေအနှစ်ရတနာတစ်ခုဖြစ်နေသ၍ ၎င်းက အားနည်းလိမ့်မည်တော့ မဟုတ်ပေ။

သူက သည်ရတနာကို လုယူရန် မစဉ်းစားသည်တော့ မဟုတ်ပေ။သို့သော် သူက ထိုလူငယ်ကို ကြည့်လိုက်သည့် အခါ သူ့မျက်လုံးများက တည်ငြိမ်လို့နေသည်ကို တွေ့လိုက် ရ၏။ထို့အတွက်ကြောင့် သူက သည်လူငယ်မှာ ကျင့်ကြံ ခြင်းမိသားစုကြီး တစ်ခုခု၏ အဓိကမိသားစုဝင် တစ် ယောက်ဖြစ်နေလောက်မည်ဟု တွေးထင်မိနေသောကြောင့် ပင်။

အနည်းငယ် စဉ်းစားပြီးသည့်နောက် အဘိုးအိုက ကောင်းကင်ဘုံကျောက်စိမ်းပြားတစ်သောင်းပါသည့် သိုလှောင်အိတ်ကို ထုတ်ယူပြီးနောက် ဝမ်လင်းထံသို့ ပစ် ပေးလိုက်သည်။

ဝမ်လင်းက ၎င်းအိတ်ကို ဖမ်းယူကာ သူ့နတ်ဘုရားအာရုံ ဖြင့် ကျောက်စိမ်းပြားအရေအတွက်ကို စစ်ဆေးလိုက်၏။ သည့်နောက် အမွေအနှစ်ကျောက်စိမ်းပြားကို အဘိုးအို ထံသို့ ပစ်ပေးလိုက်လေသည်။

အဘိုးအိုကချက်ခြင်း ထိုကျောက်စိမ်းပြားကို ဖမ်းယူကာ ၎င်းကို သေချာကြည့်ရှူလိုက်သည်။သူ့မျက်နှာက ပျော်ရွှင် ဟန် ဖြစ်ပေါ်သွားကာ သူက မေးလိုက်သည်။ "မင်းမှာ ထပ် ရှိသေးလား…" ဝမ်လင်းက အဘိုးအိုထံသို့ ကြည့်ကာ သူ့သိုလှောင်အိတ် ထဲမှ ဆံထိုးကို ထုတ်ယူလိုက်သည်။

"ဒါကလည်း တစ်ပျက်တစ်ပျက် ကောင်းကင်ဘုံရတနာ လား..."

အဘိုးအိုမျက်လုံးထဲ၌ စိတ်ပျက်သွားသည့်ပုံ ဖြစ်ပေါ် သွား၏။သူက ဝမ်လင်းကို ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်၍ ဝါးစိမ်းခန်းမထဲကနေ ထွက်ခွာသွားသည်။

ဝမ်လင်းကလည်း ထိုဆိုင်ထဲမှ အချို့သတ္တုပစ္စည်းများကို ဝယ်ယူပြီးနောက် ထွက်ခွာသွားလေသည်။ ဆိုင်ထဲရှိလူငယ် ကတော့ ဖြစ်ပျက်ခဲ့သမျှကို မယုံကြည်နိုင်ဟန် ဖြစ်လို့ နေသည်။

ဝမ်လင်းက လမ်းမထက်၌ လမ်းလျှောက်နေရင်း သူ့နတ် ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သူ့ပါးစပ်ထောင့်၌ လှောင်ရုုံးတစ်ခု တွဲခိုလာလေသည်။သူ့နောက်သို့ နတ် ဘုရားအာရုံတစ်ခုက တစ်ချိန်လုံး ကပ်ပါလာနေ၏။

"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်..." ဝမ် လင်းက မြို့ဂိတ်တစ်ခု ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်း သွား၏။သူက မြို့ထဲမှ ထွက်ခွာပြီးနောက် ဓားပျံတစ်လက် ကို ထုတ်ယူကာ ရှေ့တည့်တည့်သို့ ဦးတည်ပျံသန်းသွားချေ သည်။

သူက

အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူတစ် ယောက်၏ နှုန်းနှင့် ပျံသန်းနေသဖြင့် သိပ်မြန်ဆန်လှခြင်း မရှိပေ။သူက မြို့နှင့် ကီလိုမီတာငါးထောင်အကွာသို့ ရောက်လာသည့်နောက် သူ့ရှေ့၌ ကြီးမားသည့်တိမ်တိုက်ထု တစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။ သည်တိမ်ထုက ထူးဆန်းလှ၏။

မျက်စိတစ်မှိတ်အတွင်း မြူက လက်တစ်ဖက်အဖြစ် သိပ်သည်းသွားကာ ဝမ်လင်းထံသို့ ဆန့်တန်းလာသည်။ သည့်နောက် ထိုလက်က တဝီဝီ စူးရှရှ အသံကို ဖြစ်ပေါ် သွားစေသည်။

ဝမ်လင်းမျက်လုံးထဲရှိ လှောင်ပြုံးက ပို၍ သန်မာလာ ခဲ့၏။ သည်လက်က သူနှင့်နီးကပ်လာသည့်အခါ ဝမ်လင်း က သူ့လက်အား ဝှေ့ယမ်းလိုက်၏။ ထိုအခါ ပြင်းထန်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းက ပေါ်ထွက်လာ ခဲ့သည်။

ပေါက်ကွဲသံနှင့်အတူ ထိုလက်က ချက်ခြင်း ပျောက်ကွယ် သွား၏။၎င်းနောက်ရှိ တိမ်ထုပင် အနောက်သို့ လွင့်စင် ထွက်သွား၏။ထိုတိမ်ထုအတွင်းမှ နာကျင်စွာ ငြီးငြူသံတစ် ခု ထွက်ပေါ်လာသည်။

"မင်းက အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူ တစ် ယောက် မဟုတ်ဘူး..." ထိုတိမ်ထု ပျောက်ကွယ်သွား သည်နှင့် ပိန်ပါးပါး သက်လတ်ပိုင်းလူတစ်ယောက် ပေါ်ထွက်လာခဲ့သည်။သူက သွေအန်ထုတ်လိုက်ရကာ သူ့ ခန္ဓာကိုယ်တစ်လျှောက်တွင်လည်း လျှပ်စီးက စတင် လှုပ်ရှားသွားလေသည်။

ဝမ်လင်းက သူ့ကို တည်ငြိမ်စွာဖြင့် တစ်ချက်ကြည့်လိုက် သည်။ သည့်နောက် ထိုသက်လတ်ပိုင်းလူကြီး ထွက်ပြေး သွားရာသို့ လိုက်ပါသွားသည်။ သည်လူက စဦးစိတ်ဝိညာဉ် အလယ်အဆင့်တွင်သာ ရှိနေသေး၏။ ဝမ်လင်းကို သူ့ကို သတ်လိုက်လျှင်ပင် သူ့အတွက် အသုံးမဝင်ပေ။

တုန်ရီကြောက်လန့်နေ၏။ သက်လတ်ပိုင်းလူကြီးက သည်လူက လက်တစ်ဝှေ့ဖြင့်ပင် သူ့စဦးစိတ်ဝိညာဉ်ကို ပျက်စီးသွားဖို့ လုံလောက်သည့်စွမ်းအားကို ထုတ်ဖော်ခဲ့ သည် မဟုတ်လား။ သူကသာ အချိန်တိုအတွင်း မိသားစုရှိရာသို့ မပြန်နိုင်ပါက သေချာပေါက်သေရပေတော့မည်။

သူ့ကို ပို၍ ကြောက်လန့်သွားစေသည်က ဝမ်လင်းက သူ့ နောက်ကို လိုက်ပါလာခြင်းကြောင့် ဖြစ်၏။

ကီလိုမီတာထောင်ချီအကွာအဝေးကို ခဏလေးနှင့် ဖြတ် ကျော်သွားကြသည်။ သက်လတ်ပိုင်းလူကြီးက မြို့ထဲသို့ ဝင် လာသည့်အချိန်၌ သူ့မျက်နှာက ဖြူရောနေခဲ့ပြီ ဖြစ်သည်။ သူ့စဦးစိတ်ဝိညာဉ်၏ အစိတ်အပိုင်းအတော်များများက လည်း ပျက်စီးသွားခဲ့ချေပြီ။ သူက နောက်ထပ် သွေးအန် ထုတ်လိုက်ရပြန်၏။ သည့်နောက် သူက မြို့အလယ်ရှိ စွန် အိမ်တော်သို့ တစ်ဟုန်ထိုး ပြေးသွားလေတော့သည်။

အိမ်တော်သို့ ရောက်လာသည့်နောက် သူက သူ့စဦးစိတ် ဝိညာဉ် ပျက်စီးနေခြင်းကို ဆက်လက်၍ ထိန်းသိမ်းထားနိုင် စွမ်း မရှိတော့ပေ။သူက အသည်းအသန် လှမ်း၍ အော်ဟစ် လိုက်၏။ "ငါ့ကို ကယ်ပါ..." သူက နောက်ဆုံးခွန်အားကို အသုံးပြု၍ အော်ဟစ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က ရှေ့ သို့ ငိုက်ကာ ပြုတ်ကျသွားတော့သည်။

အဖြူရောင်အရိပ်တစ်ခုက တစ်ဟုန်ထိုး တိုးဝင်လာ၏။ သူက သက်လတ်ပိုင်းနားသို့ ရောက်လာသောအချိန်အတွင် သူ့အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ချက်ခြင်းပင် သူက သိုလှောင်အိတ်ထဲမှ ဆေးလုံးများ ထုတ်ကာ ထို သက်လတ်ပိုင်းလူကြီး၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက် သည်။

တစ်ချိန်တည်းမှာပင် စွန်မိသားစု အိမ်တော်ထဲကနေ ပုံ ရိပ်အမျိုးမျိုး ထွက်ပေါ်လာကာ အချို့က ကောင်းကင်ထက် မှပင် ပျံသန်းထွက်လာကြ၏။

သည်အခိုက်၌ ဝမ်လင်းကလည်း ရောက်ရှိလာခဲ့သည်။

"မင်းက စွန်မိသားစုဝင်တစ်ယောက်ကို ဒဏ်ရာ ရစေဝံ့ တယ်လား..."

စွန်မိသားစုမှ လူများက သူတို့၏ ဓားများကို ပင့်မြှောက် ကာ ဝမ်လင်းထံသို့ တိုးဝင်လာကြ၏။ဝမ်လင်းက သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော မုန်တိုင်းတစ် ခုကို ဖြစ်ပေါ်သွားစေသည်။ သည်မုန်တိုင်းက ပေတစ် ထောင်အတွင်းရှိ စွန်မိသားဝင်များကို လွင့်ထွက်သွား စေ၏။ "မင်းတို့အားလုံး နောက်ဆုတ်ကြ.." အိမ်တော်အတွင်း မှ အော်သံတစ်ခု ထွက်ပေါ်လာပြီးနောက် အဘိုးအိုသုံး ယောက်ပါ ထွက်ပေါ်လာခဲ့သည်။သည်သုံးယောက်ကြား၌ ဝမ်လင်းနှင့် အရောင်းအဝယ်လုပ်ခဲ့သော အကြီးအကဲစွန် လည်း ပါဝင်နေခဲ့သည်။

သည်အခိုက်အတန့်၌ အကြီးအကဲစွန်အသွင်က အလွန် သုန်မှုန်လို့နေသည်။

အနီရောင်မျက်နှာနှင့် အဘိုးအိုတစ်ယောက်က လေထဲရှိဝမ်လင်းကို အေးစက်စွာ ကြည့်ကာ မေးလိုက်၏။ "မင်းက ဘယ်မိသားစုကလဲ...။မင်းက စွန်မိသားစုရဲ့ အိမ်တော်ကို ခု လိုမျိုး ပုံစံနဲ့ ရောက်လာတာ ပြစ်မှုကြီး တစ်ခုဆိုတာ သိလား..."

ဝမ်လင်းက ပြုံး၍ ထိုနီမြန်းမြန်း မျက်နှာနှင့် အဘိုးအို ဘေးရှိ အကြီးအကဲစွန်ကို လက်ညှိုးထိုးကာ ပြောလိုက် သည်။ "ငါက သူ့အတွက် ရောက်လာခဲ့တာ..."

အကြီးအကဲစွန်၏ အသွင်က ပို၍ပင် သုန်မှုန်သွားခဲ့၏။ သူက လှမ်းအော်လိုက်သည်။ "ကောင်လေး...ဒီအဘိုးအိုနဲ့ မင်းရဲ့ ရောင်းဝယ်မှုက ပြီးသွားခဲ့ပြီ။ မင်းက ဒါကို နောင် ရ နေတာလား..."

ဝမ်လင်းက ခေါင်းယမ်းလိုက်၏။ သူက မြေပေါ်တွင်လဲ၍ သတိမေ့နေသော သက်လတ်ပိုင်းလူကြီးထံသို့ လက်ညှိုး ထိုးကာ ပြုံး၍ ပြောလိုက်သည်။ "ငါက သင်တို့ ဆိုင်ကနေ ထွက်သွားတာနဲ့ ဒီလူရဲ့ နှောက်ယှက်မှုကို ခံလိုက်ရတာ စိတ်ဝင်စားစရာပဲ။ သူက ငါ့ကို ရှုံးသွားတဲ့နောက် ဒီနေရာ ကို ပြေးလာခဲ့တာ ဖြစ်တယ်..."

အကြီးအကဲစွန်က နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူ့ဘေး ရှိ အဘိုးအိုနှစ်ယောက်ကတော့ မျက်မှောင်ကြုတ်သွား သည်။ သည်ကိစ္စက သူတို့နှစ်ယောက်အတွက် ရိုးရှင်းနေ ပေသည်။သူတို့က အဘိုးအိုစွန်က သည်လူ့၏ ပိုင်ဆိုင်မှုကို လောဘတက်ခဲ့ကာ သူကိုယ်တိုင် မလှုပ်ရှားဘဲ တစ်ယောက်ယောက်ကို အစားလွှတ်လိုက်ခြင်း ဖြစ်မှန်း သိလိုက်ပေသည်။

သို့ရာတွင် စွန်မူရုံက စွန်မိသားစုရဲ့ အကြီးအကဲ မဟုတ် လား။ ထိုသို့ဖြစ်ပျက်လာသည့်နောက် သူတို့က သူနှင့်အတူ တစ်ဖက်တည်း ရှိနေရပေတော့မည်။ အနီရောင်မျက်နှာနှင့် အဘိုးအိုက အေးစက်စွာ ပြောလာသည်။ "အဓိပ္ပာယ် မရှိလိုက်တာ...မင်းက ဘယ်မိသားစုက လာခဲ့တာဖြစ်ဖြစ်...ဒီ နေ့ ဒီမှာပဲ နေရမယ်။ ပြီးရင် မင်းရဲ့အကြီးအကဲရောက်လာ တဲ့ အချိန်ထိ စောင့်နေပါ။ ပြီးရင် ငါတို့က မင်းရဲ့ သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပေးမယ်..."

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှု တစ်ခု ဖြတ်ပြေးသွား ကာ သူက ညာလက်ကိုမြှောက်၍ ဖိနှိပ်ချလိုက်သည်။ ရုတ်တရက် မိုးကြိုးသံများက ပြင်းထန်သော ဖိအားနှင့်အူ စွန်မိသားစုအိမ်တော်ပေါ်သို့ ကျရောက်လာ၏။
ချက်ခြင်းပင် စွန်မိသားစုဝင်အားလုံး၏ အသွင်က အကြီးအကျယ် ပြောင်းလဲသွားကြသည်။သူတို့က ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအင်များကို လှည်ပတ်ကာ ခုခံရန် ပြင်လိုက်ရ၏။ သူတို့က မခုခံလျှင် ချက်ခြင်း ပြိုလဲ သွားပေလိမ့်မည်။

အကြီးအကဲစွန်အပါအဝင် အဘိုးအိုသုံးယောက်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားကြ၏။ သည့်အပြင် သူ တို့၏မျက်လုံးထဲ၌ ကြောက်လန့်မှု အရိပ်အယောင်အချို့ လည်း ရှိလို့နေသည်။

"အဓိပ္ပာယ် မရှိတာလား.." ဝမ်လင်းအသံက အေးစက် နေ၏။

"ရောင်းရင်းကျင်ကြံသူ...ဒေါသမထွက်ပါနဲ့…" အိုမင်း သောအသံတစ်ခုက အိမ်တော်ထဲကနေ ထွက်ပေါ်လာ ပြန်သည်။သည့်နောက် အနက်ရောင်ဝတ်စုံနှင့်အဘိုးအို တစ်ယောက်က လှမ်းထွက်၍လာ၏။

သည်လူ၏ ကျင့်ကြံမှုအဆင့်က အာဏတာ်ကခြင်း အဆင့်သို့ မရောက်သေးသော်လည်း စိတ်ဝိညာဉ်အသွင် ပြောင်းခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေ၏။ သူက အာဏာတက်ခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။

သို့ရာတွင် ဝမ်လင်းက သည်အဘိုးအိုထံ၌ အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ရှိနေသည် ကို တွေ့မြင်ခဲ့ပေသည်။သည်အော်ရာက သည်အဘိုးအို သူ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခြင်းကြောင့် မဟုတ်ပေ။ ထိုသို့သော အာဏာတက်ခြင်းအဆင့်အော်ရာ ဖြစ်ပေါ်ရ ခြင်းသည် သူ့ထံ၌ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ် ယောက်၏ နတ်ဘုရားအာရုံ ဖုံးဝှက်ထားခြင်းကြောင့်သာ ဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက ပြောလိုက်သည်။ "ဒီ ကိစ္စက ငါတို့ စွန်မိသားစုရဲ့အမှားပါ။ ငါတို့က ရောင်းရင်း ကျင့်ကြံသူကို စော်ကားမိပါတယ်..."

ထိုအဘိုးအိုက ဤသို့ ပြောလိုက်သည့်အခါ အကြီးအကဲ သုံးယောက်က မှင်သက်သွားကြ၏။ သည်သော် ခဏအ ကြာတွင် သူတို့က တစ်ခုခုကို နားလည်သွားကြသည့်ပုံပင်။

“ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ်သိန်း...ဒါဆိုရင် ငါတို့က ဒီကိစ္စကို မေ့လိုက်ကြမယ်..."

ဝမ်လင်းက ထိုသို့ပြောရင်း အဘိုးအိုထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

အနက်ရောင်ဝတ်စုံနှင့်အဘိုးအို၏ အသွင်က အနည်းငယ် ပြောင်းလဲသွားသည်။သူက ခဏတာတုံ့ဆိုင်း သွားပြီးနောက် ခေါင်းညိတ်လိုက်၏။ "ကောင်းပါပြီ... ကောင်းကင်ဘုံကျောက်စိမ်းပြားနှစ်သိန်းက တော်တော် များတဲ့ ပမာဏပဲ။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံသူက အချိန်သုံးရက် စောင့်ပေးနိုင်မလား..." ဝမ်လင်းက အဘိုးအိုထံသို့ လေးလေးနက်နက် ကြည့် လိုက်သည်။အမှန်တော့ သူက အဘိုးအိုကို ကြည့်နေခြင်း မဟုတ်ပေ။ထိုအဘိုးအိုပေါ်ရှိ အာဏာတက်ခြင်းကျင့်ကြံ သူ၏ နတ်ဘုရားအာရုံကို ကြည့်လိုက်ခြင်းသာ ဖြစ်သည်။

ဝမ်လင်း အဝေးသို့ ပြန်ထွက်သွားသည့်အချိန်ထိ အနက် ရောင်ဝတ်စုံနှင့် အဘိုးအိုက စိတ်သက်သာရာ မရသေးပေ။ သည့်နောက် သူ့ခန္ဓာကိုယ်ပေါ်မှ အာဏာတက်ခြင်းအဆင့် နတ်ဘုရားအာရုံက ပြန်ပျောက်ကွယ်သွားချေသည်။ သူက အကြီးအကဲစွန်ကို တစ်ချက်ကြည့်၍ အေးစက်စွာနှာခေါင်း ရှုံ့လိုက်သည်။

အနီရောင်မျက်နှာနှင့် အဘိုးအိုက ချီတုံချတုံအသံနှင့် ပြောလာသည်။ "ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ် သိန်း...ပင်မမိသားစုအတွက်တောင် ဒါက တော်တော်များ တဲ့ ပမာဏပဲ..."

အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုက အေးစက်စွာ ပြော လာသည်။ "စောစောပိုင်းတုန်းက ငါတို့မိသားစုရဲ့ အာဏာ တက်ခြင်းနတ်ဘုရားအာရုံက ငါ့ရှိ ရောက်လာခဲ့ပြီး သူ့ တောင်းဆိုချက်အားလုံးကို ဖြည့်ဆည်းပေးဖို့ အမိန့်ပေးလာ တယ်။ နှစ်သိန်းမပြောနဲ့ လေးသိန်းဆိုရင်တောင် ငါတို့က ပေးရတော့မှာ။ ထပ်ပြောရရင် ဒီနေ့ဖြစ်ပျက်ခဲ့သမျှကို ဒီမှာ ပဲ ထားလိုက်တော့။ မိသားစုဝင်တိုင်းကိုလည်း ဒီလူ့ကို သွားပြီး မနှောက်ယှက်မိစေဖို့ အမိန့်ပေးလိုက်ပါ..." သည်အခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ရှိ အရှေ့ဘက်ခြမ်း ပင်လယ်ပြင်တွင် အပေါ်ပိုင်းဗလာကျင်းထားသည့် ဆံပင် ရှည်နှင့် လူတစ်ယောက်က ပင်လယ်အတွင်းနက်ပိုင်းထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေသည်။သည်အခိုက်၌ သူက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ သည့်နောက် သူ့ မျက်လုံးနှစ်ခုက ပင်လယ်ပြင်အောက်၌ လင်းလက်သွားခဲ့ သည်။

သူက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ "ဒီလူက ရုတ်တရက် ပေါ်လာတဲ့ အာဏာတက်ခြင်းအဆင့် ကျင့်ကြံ သူများ ဖြစ်နိုင်လား...ငါက သူ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင် နိုင်စွမ်း မရှိဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ငါ့ကို ထိန်လန့်စေတဲ့ တစ်စုံတစ်ခု ရှိနေတယ်..."

"ဒီလူက သွားစော်ကားလို့ မရနိုင်ဘူး။ သူက ငါ့စွန် မိသားစု မြို့မှာ နေနေတာဆိုတော့ ငါ့စွန်မိသားစုအတွက် အခွင့်ရေးတစ်ခုများ ဖြစ်နေနိုင်လား..."

"သူ့နောက်ဆုံး အကြည့်က သတိပေးချက်ပဲ...။ဟုတ် တယ်...သူက ငါ့ကို သူ့ လာမနှောက်ယှက်ဖို့ ပြောနေတာပဲ။ ဒီလူက ငါ့ကို အဲ့လိုပုံစံမျိုး ပြောဖို့ အရည်အချင်း ပြည့်မှီတယ်..

ထိုဆံပင်ရှည်နှင့်လူက အချိန်အတန်ကြာ စဉ်းစားနေ၏။ သည့်နောက် သူက ပင်လယ်အောက်ခြေသို့ တိုက်ရိုက် တိုးဝင်ပျံသန်းသွားတော့သည်။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)