အပိုင်း(142)
ထိလိုက်၏။ သည့်နောက် သည်ဆေးလုံးကိစ္စကို သူ့စိတ် ထဲ၌သာ ထားလိုက်သည်။ယောက်ျားလေးကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီး…
ဝမ်လင်းက သည်ရွင်ယွမ်ဂြိုဟ်တွင် မထင်မရှားနိမ့်ချနေ ရန် ပြင်ဆင်ထားပြီး ဖြစ်သည်။သည်လိုနေထိုင်ခြင်းက သူ့ ကို လုံခြုံစေကာ သူ့ကျင့်ကြံမှုအဆင့်ကိုလည်း မြန်ဆန်စွာ မြင့်တက်စေပေလိမ့်မည်။ ထိုမှသာ သူက မဟာမိတ်ကြယ် အဖွဲ့အစည်းသို့ ပြန်နိုင်မည် ဖြစ်၏။
သို့ရာတွင် နိမ့်ချနေခြင်းဆိုသည်မှာ သူက အစစ်အမှန် ကျင့်ကြံမှုအဆင့်နိမ့်သူ တစ်ယောက်ကဲ့သို့ အစော်ကားခံ ခြင်းကို ဆိုလိုသည်တော့မဟုတ်ပေ။
အစစ်အမှန်နိမ့်ချနေခြင်းက သူနှင့်ပတ်သတ်၍ အခြားလူ များ သိရှိသွားမည်ကို စိုးရိမ်ခြင်း မဟုတ်ဘဲ သူနှင့် တိုက်ရိုက်ပတ်သတ်သည်ကိုတော့ တုန့်ပြန်ပြုမူနေမည် သာ။ သူက အပြင်ဘက်ရှိ မည်သည့် ကိစ္စရပ်များကိုမှ ဝင် ပါလိမ့်မည် မဟုတ်ချေ။
သည်လိုမျိုး ရည်ရွယ်ချက်နှင့် နိမ့်ချနေခြင်းက သည်ရွင် ယွမ်ဂြိုဟ်ပေါ်ရှိ ထိပ်ဆုံးတည်ရှိမှုများ သူ့အား နှောင့်ယှက် လာမှုကိုပါ ကာကွယ်နိုင်ပေလိမ့်မည်။
သည်အရာက ဝမ်လင်း လိုချင်သောအရာလည်း ဖြစ်၏။ ဝမ်လင်းက မြို့မြောက်ပိုင်း အိမ်စုများစီသို့ ပြန်လာခဲ့၏။ ကျောက်တုံးအောက်တွင် လူငယ်က ကျင့်ကြံနေဆဲပင်။ ကြည့်ရသည်မှာ သည်လူငယ်က အသည်းအသန် ကျင့်ကြံနေသည့်ပုံ ဖြစ်၏။ တစ်နေကုန်
သူက နီးကပ်လာသည်နှင့် လူငယ်က မျက်လုံးဖွင့်လာ ကာ နှာခေါင်းရှုံ့၍ ဆို၏။ "မင်း...ရပ်လိုက်.."
ဝမ်လင်းက ကြောင်သွား၏။သူက လမ်းလျှောက်နေရာ ကို ရပ်ကာ လူငယ့်အား ကြည့်လိုက်သည်။
"ကျင့်ကြံသူတွေအတွက် ဘာအရေးကြီးဆုံးလဲ မင်းသိလား...။ ငါ မင်းကို ပြောပြလိုက်ပါ့မယ်...ကျင့်ကြံသူတွေ အတွက် အရေးကြီးဆုံးက လုံ့လရှိရှိ ကြိုးစားခြင်းပဲ ဖြစ်
လူငယ်က ဝမ်လင်းကို ကြည့်ကာ ဆက်ပြောလိုက်၏။ "မင်း ပါရမီက မကောင်းပေမဲ့ မင်းကသာ လုံ့လရှိရင် တိုးတက်ဖို့အတွက် အခွင့်ရေးရှိလာလိမ့်မယ်။ ငါက ဒီ နေရာကို စောင့်ကြပ်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ဒီ နေရာကို ရောက်လာတဲ့ အချို့ကျင့်ကြံသူတွေဆိုရင် စိတ် ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကိုတောင် ရောက်နှင့်သွားခဲ့ ကြပြီ။ သူတို့က မင်းလိုမျိုး မနက်ခင်းမှာ ထွက်သွားပြီး မ ကျင့်ကြံဘဲ အချိန်လျှောက် မဖြုန်းနေကြဘူး..."
"မင်းပါရမီ အရည်အချင်းကလည်း မကောင်းဘူး။ ဒါ့ ကြောင့် မင်းက ပိုပြီးတော့ ကြိုးစားသင့်တယ်။ မဟုတ်ရင် မင်းဘဝ တစ်သက်လုံး စဦးစိတ်ဝိညာဉ်ကို ဖွဲ့တည်နိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး..."
လူငယ်၏ သည်သင်ခန်းစာ ဝမ်လင်းကို ပို၍ မှင်သက် သွားစေ၏။ သူက မဖြစ်ညစ်ကျယ်သာ ပြုံးလိုက်မိ၏။
လူငယ်က ဝမ်လင်းအသွင်ကို မြင်လိုက်သည့်အခါ သူ့ လေသံက ပိုကောင်းမွန်လာ၏။သူ့မျက်လုံးထဲရှိအထင်သေးမှုကလည်း လျော့ကျသွားကာ သူက ဆက်၍ ပြောလာပြန်သည်။ "ငါက မင်းကို နိမ့်ချနေတာ မဟုတ် ဘူး။ မင်း မှတ်မိမှာပါ...ကျင့်ကြံခြင်းကမ္ဘာမှာ မင်းက တစ် ခြားလူတွေရှိက လေးစားမှု လိုချင်ရင် မင်းအဆင့်ကိုယ်မင်း နိမ့်ချလို့မရဘူးဆိုတာ။ ဒီနေရာမှာ ရှိတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေက အလွန်သိပ်သည်းလှတယ်။ မင်းက အခု တစ်ခြားကိစ္စတွေကို ဂရုမစိုက်ဘဲ ဆယ်စုနှစ်တစ်ခုလောက် တံခါးပိတ်ကျင့်ကြံသင့်တယ်….အဲ့ကျရင် မင်းစဦးစိတ် ဝိညာဉ်တောင် ဖြစ်တည်ကောင်း ဖြစ်လာနိုင်လိမ့်မယ်။ အဲ့ အချိန်ကြရင် မင်းက မင်းမိသားစုမှာ ငါ့လိုမျိုး စွမ်းအား အချို့နဲ့ အသိအမှတ်ပြုမှုမျိုး ရလာလိမ့်မယ်လို့ ငါ ယုံကြည် တယ်..."အချိန်ကြိ၏.င့်ကြ
ဝမ်လင်းက နှာခေါင်းပွတ်မိလိုက်သည်။ သူက ကျင့်ကြံ သူတစ်ဘောက် ဖြစ်လာကတည်းက သူနှင့် ဆုံတွေ့ခဲ့သည့် လူတိုင်းသည် ဉာဏ်များက ကိုယ်ကျိုးကြည့်သူများသာ ဖြစ် ခဲ့၏။ မည်သူကမျှ သူ့ကို ခုလိုမျိုးစကားများ ပြောဆိုခဲ့ခြင်း မရှိပေ။သူက သူ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကြောင့် မည်သူကမျှ သူ့ကို စွမ်းအားကောင်းလာသည့်နောက်တွင်လည်း သည်လိုအရာများ ပြောဆိုဝံ့ခဲ့ကြခြင်း မရှိပေ။
သူ့စီနီယာသွန်းထျန်ပင် သူ မသေဆုံးခင် ဝမ်လင်းနှင့် အချိန်အများကြီး အတူ မရှိလိုက်ရပေ။
အခုအခိုက်အတန့်တွင်တော့ သူက သည်လူ၏ ဆူပူမှုကို ရုတ်တရက် ခံလိုက်ရချိန်၌ သူက အတိတ်ကို လွမ်းဆွတ်မှု ကို ခံစားလိုက်ရကာ သဘောတူသည့်ဟန်ဖြင့် ခပ်မြန်မြန် ခေါင်းညိတ်ပြလိုက်၏။
လူငယ်၏ အမူအရာက ပို၍ ကောင်းမွန်လာခဲ့၏။ သို့သော် သူက အလေးအနက် ဆက်၍ ပြောလာပြန်သည်။ "မင်းကျင့်ကြံမှုအဆင့်မှာ ပြဿနာ တစ်ခုခု ရှိရင် ငါ့ဆီလာ ပြီး မေးနိုင်တယ်။ တစ်ခုတော့ မှတ်ထားပါ။ ပါရမီမရှိတာ က ထိန့်လန့်စရာ မဟုတ်ဘူး။ ပျင်းတာကမှသာ ထိန်လန့် စရာ ဖြစ်တယ်။ကဲ...အထဲကို မြန်မြန်သွားပြီး လေ့ကျင့်ချေတော့..
ဝမ်လင်းကို သိသော တစ်ယောက်ယောက်ကသာ သည် အဖြစ်ကို မြင်လျှင် လုံးဝမှင်တက်သွားမိပေလိမ့်မည်။
ဝမ်လင်းက မချင့်ပြုံးသာ ပြုံးနေမိတော့၏။ သူက ဝင်ပေါက်ထဲသို့ ဝင်သွားပြီးနောက် လူငယ့်ထံသို့ ပြန်လှည့် ကြည့်လိုက်သည်။ ထိုလူငယ်က ပိန်ပါးသည့်ပုံရက သူ့ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များက ခပ်ပွပွ ဖြစ်လို့နေ၏။
သည်အခိုက်အတန့်၌ လေပြေညင်းတစ်ခု တိုက်ခတ်သွား သည်။ သည်လေပြေက လူငယ်၏ ဆံပင်မားကို ပင့်တင် သွားကာ လူငယ်က သူ့ဆံပင်ကို အလိုလို နားနောက်သို့ သပ်တင်လိုက်သည်။
သူက ဝမ်လင်း၏ အကြည့်ကို သတိပြုမိသည့်ပုံပင်။သူက ဝမ်လင်းကို တစ်ချက်ပြန်ကြည့်လိုက်ပြီးနောက် ဝမ်လင်း နှင့် ပတ်သတ်၍ အာရုံမစိုက်တော့ပေ။
အမှန်တော့ သည်လူငယ်က ယောက်ျားအဝတ်အစားများ ကို ရုပ်ဖျက်၍ ဝတ်ဆင်ထားသည့် အမျိုးသမီးပင်။ သူမ မျက်နှာကိုတော့ မန္တာန်တစ်ခုနှင့် ရုပ်ဖျက် ဖုံးအပ်ထားခြင်း ပင်။ ဝမ်လင်းက သည်အရာကို မနေ့ကတည်းက ဖြတ်မြင် နိုင်စွမ်း ရှိခဲ့ပေသည်။သို့သော် သူက မသိချင်ယောင်သာ ဆောင်ခဲ့ပေ၏။
အိမ်ရှိရာသို့ ပြန်လာပြီးနောက် ဝမ်လင်းက ကြာပွင့် သဏ္ဌာန်ထိုင်ချလိုက်သည်။ သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ထောင်ကို ထုတ်ယူ လိုက်သည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ ထိုကောင်းကင်ဘုံကျောက်စိမ်းပြားများထံသို့ အလင်းတန်း များကို ပို့လွှတ်လိုက်သည်။ပေါကြွယ်လှသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ဝမ်လင်း ပတ်လည်တွင် ဝန်းရံလာပြီး အပြင်သို့ လုံးဝ စိမ့်ထွက်ခြင်း မရှိပေ။ ဝမ်လင်းက မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းများက သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူ့အား ဖြည်းဖြည်း ချင်း လှည့်ပတ်လာ၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ သုံး ရက်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာခဲ့ သည်။ သူ့ပတ်လည်ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ထောင်က ဖုန်မှုန့်အဖြစ်ပြောင်းကာ ပျောက်ကွယ်သွား ပြီ ဖြစ်သည်။ သူက သူ့ပတ်လည်သို့ ကြည့်ရှူလိုက်၏။
"ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက မလုံလောက် သေးဘူး။ အာဏာတက်ခြင်းအဆင့်အတွက် လိုအပ်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ပမာဏက လွန်းအားကြီးတယ်..." များပြား
“စွန်မိသားစုက ကောင်းကင်ဘုံကျောက်စိမ်းပြား နှစ် သိန်းနဲ့တောင် ငါက အာဏာတက်ခြင်းအလယ်အဆင့်ကို ရောက်နိုင်ဦးမှာ မဟုတ်ဘူး။ နောက်ဆုံးအဆင့်အတွက် ဆို ရင်တော့ လိုအပ်ချက်က မခန့်မှန်းနိုင်လောက်အောင် ဖြစ် နေပြီ။ ဒါ့အပြင် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်နဲ့ ယင်ယန်အဆင့်တို့ကို ချိုးဖျက်ဖို့ကလည်း ရှိသေးတယ်..." ဝမ်လင်းက မျက်မှောင်တင်းတင်း ကြုတ်ကာ စဉ်းစားနေ မိသည်။
"ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီ။ ဒီတော့ ဒီ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက ဘယ်နေရာကနေ ရောက်လာခဲ့တာလဲ..."
ဝမ်လင်းက သည်အကြောင်းကိ အရင်ကတည်းက တွေး ကြည့်ဖူး၏။သို့သော် သူက သည်အရာနှင့် ပတ်သတ်၍ လုံး ဝ မတွေးနိုင်ခဲ့ပေ။
"ဒါ့အပြင် ဒါက ကျင့်ကြံခြင်းရဲ့ပထမအဆင့်ပဲ ရှိသေး တယ်။ ဒါတောင်မှ ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏအများကြီး လိုအပ်နေတယ်။ ဒုတိယအဆင့်မှာဆို ရင် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ဘုံကျောက်စိမ်း ပြား ဘယ်လောက်တောင် လိုလိုက်မလဲ..။ရှေ့ဖြစ်ဟောသူ တို့လိုမျိုး တစ်စုံတစ်ယောက်က အာဏတာက်တက်ခြင်း အဆင့်ကျင့်ကြံသူတွေ လိုအပ်တဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားနဲ့ တူတူပဲ ဖြစ်နေမှာတော့ မဟုတ် လောက်ဘူး..."
ဝမ်လင်းက မျက်မှောင် ပို၍ ကြုတ်နေမိသည်။
"ဒါ ဖြစ်နိုင်လား...။ဒုတိယအဆင့်က ကောင်းကင်ဘုံ ကျောက်စိမ်းပြား မလိုအပ်တာများ ဖြစ်နေနိုင်လား။ ဒါမှ မဟုတ် ကောင်းကင်ဘုံကျောက်စိမ်းပြား နေရာမှ အထူး နည်းလမ်းတစ်ခုခု အစားထိုးဖို့ ရှိနေတာ ဆိုရင်ကော…"
အကြမ်းဖျဉ်းခန့်မှန်းမှုက ရောက်လာခဲ့သည်။ ဝမ်လင်း စိတ်ထဲသို့
သူက စဉ်းစားနေရင်းဖြင့် သူ့ခေါင်းကို လှုပ်ရှားလိုက် သည်။ သည့်နောက် စွန်မိသားစုမှ အနက်ရောင်ဝတ်စုံနှင့် အဘိုးအိုက အိမ်အပြင်၌ ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ့ညာလက်ကို လှုပ်ယမ်းကာ အိမ်ပေါ်ရှိအတားအဆီးကို ဖယ်ရှားပေးလိုက်သည်။ အဘိုးအိုက အထဲသို့ အမြန်ဝင်လာခဲ့သည်။သူ့ကျင့်ကြံမှုအဆင့်ကိုလည်း အမြုတေဖွဲ့တည်ခြင်းအဆင့်သို့ နိမ့်ချထားပေသည်။ သူက အခန်းထဲသို့ ဝင်လာစဉ်၌ စိတ်ထဲတွင် ခါးသီးစွာ ပြုံးနေ မိသည်။
"စီနီယာ...ငါ့ကိုယ်ငါ မိတ်ဆက်ပေးပါရစေ။ ဂျူနီယာ နာမည်က စွန်မိသားစုဝင် စွန်ချီမင်ပါ။ ငါက စီနီယာရဲ့ နာမည်ကို သိခွင့်ရနိုင်မလား..."
အဘိုးအိုက အလွန်လေးစားသည့် ဟန်ပန် ဖြစ်ပေါ် နေသည်။သူ့ ဘိုးဘေးကိုယ်တိုင် ထွက်ပေါ်လာခဲ့ရ သည့်အတွက် သူလူက သူ သွားနှောက်ယှက်လို့ မရသည့် တစ်စုံတစ်ယောက် ဖြစ်နေသည် မဟုတ်လား။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ရှုမူ…."
စီနီယာရှု...မိသားစုက သင့်အတွက် ကောင်းကင်ဘုံ ကျောက်စိမ်းပြား နှစ်သိန်း ပြင်ဆင်ထားပေးပါပြီ။ ကျေးဇူးပြု၍ စစ်ကြည့်ပါ..." အဘိုးအိုက သိုလှောင်အိတ် တစ်ခုကို ထုတ်ယူလိုက်သည်။ သူက သက်ပြင်းမချမိဘဲ မ နေနိုင် ဖြစ်ရ၏။ ဘိုးဘေးက ကောင်းကင်ဘုံကျောက်စိမ်း ပြား နှစ်သိန်းကို ခုလို ပုံစံမျိုးဖြင့် ပေးခိုင်းခဲ့သည့် မဟုတ် လား။ သည်အရာကပင် သည်လူသည် မည်မျှပုံမှန်မဟုတ် ကြောင်းကို ပြသနေ၏။
သိုလှောင်အိတ်ကို ယူဆောင်လိုက်ပြီးနောက် ဝမ်လင်းက ၎င်းကို စစ်ဆေးကြည့်ခြင်း မရှိပေ။သူက စွန်မိသားစုမှ အာဏာတက်ခြင်းကျင့်ကြံသူက သည့်အတွက် သူ့ကို လှည့်စားလိမ့်မည် မဟုတ်ဟု ယုံကြည်ထားပေသည်။
အဘိုးအိုက သိုလှောင်အိတ်ကို ကမ်းပေးလိုက်ပြီးနောက် ခပ်သွက်သွက် ပြောလိုက်သည်။ "စီနီယာ စိတ်ချလက်ချနေ ပါ။ ဂျူနီယာက မနေ့တုန်းက အဖြစ်အပျက်ကို မပြန့်နှံ့စေဖို့ အမိန့်ပေးထားပြီးပါပြီ။ ဒီနေ့ ဒီနေရာကိုလာတာလည်း ဘယ်သူမှ မသိပါဘူး။ ဒါ့ကြောင့် ဘယ်သူကမှ စီနီယာရဲ့ ကျင့်ကြံမှုကို နှောင့်ယှက်မှာ မဟုတ်တော့ဘူး။ ဒါ့အပြင် စီနီ ယာက တံခါးပိတ်ကျင့်ကြံချင်ရင် မြို့ထဲမှာ ပိုကောင်းတဲ့ နေရာတွေ ရှိပါသေးတယ်..."
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "မလို ဘူး...မင်း သွားနိုင်ပြီ..."
အဘိုးအိုက နောက်သို့ လေးလေးစားစား ဆုတ်သွား သည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ပြောလာ ပြန်သည်။ “စီနီယာ...နောက်ခုနစ်ရက်ဆိုရင် ရွင်မိသားစုရဲ့ တစ်ခုတည်းရတနာခန်းမမှာ လေလံပွဲ တစ်ခု ရှိပါတယ်။ ဒီ ပွဲမှာ အဆင့်ရှစ်ဆေးလုံးဖြစ်တဲ့ တစ်ဝက်တစ်ပျက် နတ် ဘုရား ဆေးလုံး ပါဝင်ပါတယ်..." ဝမ်လင်း၏ အေးစက်စက်အကြည့်က အဘိုးအိုထံသို့ ကျ ရောက်သွားသည်။အဘိုးအိုက ချက်ခြင်းပင်တုန်ယင်ကာ သူ့ စကား၏နောက်ဆုံးပိုင်းကို ပြန်မြိုချလိုက်မိ၏။
သည်အခန်းက လုံးဝတိတ်ဆိတ်သွားကာ အချိန်က တ ရွေ့ရွေ့ကုန်ဆုံးလာသည်။သို့ရာတွင် အဘိုးအိုအတွက်တော့ အလွန်ကြာမြင့်သလို ခံစားနေရာက အသက်တစ်ခါရှုစာက တစ်နှစ်လောက်ပင် ကြာမြင့်သလို ခံစားနေရ၏။
သည်တိတ်ဆိတ်မှုက ဖိအားတစ်ခုကို ဖန်တီးကာ အဘိုး အိုအား တုန်ယင်စေသည်။သူက သည်အရာကို မလုပ်လိုခဲ့ ပေ။သို့သော် မိသားစုက သူ့ကို သည်လူ၏ ကျင့်ကြံမှုအဆင့် အား စမ်းသပ်ရန် အမိန့်ပေးခဲ့ပေသည်။ထို့ကြောင့် သူက အ ရဲစွန့်၍သာ ပြောလိုက်ရခြင်း ဖြစ်သည်။သို့ရာတွင် သူ့စိတ် ထဲတွင်တော့ မျှော်လင့်ချက် တစ်ခုရှိနေသေး၏။သည်လို တိတ်ဆိတ်မှုက စီနီယာရှုမူသည် သူ့စကားလုံးများ၏ နောက်ကွယ်ကို ဖြတ်မြင်နိုင်စွမ်းမရှိဘဲ အဆင့်ရှစ်ဆေးလုံး ကြောင့်သာ ဆွဲဆောင်ခြင်းခံနေရသည်ဟု တွေးနေခြင်း ပင်။
သိပ်မကြာခင်တွင် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ သည်။ "ဒါကို ဒီမှာ ထားခဲ့..."
အဘိုးအိုက ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်နှာက ဖြူ ရောလို့သွား၏။သူက ချက်ခြင်းပင် အနီရောင်တုန်ကင်တစ် ခုကို ထုတ်ယူလိုက်သည်။ သည့်နောက် သူက ခပ်တိုးတိုး ပြောလိုက်၏။ "ဒါက လေလံပွဲအတွက် တုန်ကင်ပါ..."
"မင်း သွားနိုင်ပြီ..." တုန်ကင်ကို လက်ခံပြီးသည့်နောက် ဝမ်လင်းက မျက်လုံးပြန်မှိတ်ထားလိုက်၏။
အဘိုးအိုက အိမ်ထဲကနေ အမြန်ထွက်ခွာသွားပြီးမှ သက်ပြင်းချနိုင်တော့သည်။ သူ့အဝတ်အစားများက ချွေး များနှင့် စိုရွှဲနေပြီ ဖြစ်ကာ သည်အခိုက်အတန့်၌ ဝမ်လင်း၏ အေးစက်စက် စကားက သူ့နားထဲသို့ ဝင်ရောက်လာခဲ့ သည်။
"ဒုတိယ အကြိမ်ဆိုတာ မရှိဘူး..."
အဘိုးအိုအသွင်က ရုတ်တရက် ဖြူရောလို့သွားသည်။ သူက နောက်သို့ လှည့်၍ လေးစားစွာ ဦးညွတ်ပြီးနောက် ပျောက်ကွယ်လို့သွားတော့သည်။ သည့်နောက် မြို့တွင်း တစ်နေရာ၌ သူက ပြန်ပေါ်လာခဲ့ကာ သူ့နှဖူးထက်၌လည်း ချွေးများဖြင့် ရွှဲနစ်နေချေသည်။ ဝမ်လင်းစကားက သူ့နား ထဲသို့ ဝင်လာသည့်အခိုက်တွင် သူက သူ့အတွေအားလုံးကို ဝမ်လင်းက ဖြတ်မြင်နိုင်စွမ်း ရှိသည်ကို တွေ့လိုက်ရ၏။ သည်လိုမျိုး ထွင်းဖောက်မြင်နိုင်စွမ်းအဆင့်က ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူက သူ့မိသားစု သူ့ကို ပြောသည့်အတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အဆင့်ရှစ်လေးလုံးကို အသုံးပြု ပြီး ဝမ်လင်းကို စမ်းသပ်ရန် ဖြစ်သည်။ ဝမ်လင်းကသာ သည်တုန်ကင်ကို ယူခဲ့ပါက ဝမ်လင်းသည် အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူ အဖြစ်နိုင်ဆုံးဟု ဆိုလိုနေပေသည်။ ဝမ်လင်းကသာ သည်တုန်ကင်ကို မယူခဲ့ပါက သူက မြို့ထဲ ရှိ မိသားစုဝင်များအားလုံးကို ဘေးကင်းရာသို့ ချက်ခြင်း ရွှေ့ပြောင်းပစ်ရတော့မည် ဖြစ်၏။
သူက အဖြေကို ရရှိခဲ့ပြီး ဖြစ်၏။သို့သော် သူ့နှလုံးသား ကတော့ တည်ငြိမ်နိုင်ခြင်း မရှိသေးပေ။
"အဆင့်ရှစ်ဆေးလုံး..." ဝမ်လင်းက လက်ထဲရှိ တုန် ကင်ကို ကိုင်ထားကာ စဉ်းစားနေ၏။
ဝမ်လင်းက ဆေးလုံးများ၏ အဆင့်ကို ကောင်းကောင်း သိထားပေသည်။တကယ်တော့ သူ့ချစ်သူ လီမူဝမ်က ဆေးဝါးပညာရှင်တစ်ယောက် မဟုတ်လား။ ဆေးလုံးများ ကို အဆင့်ကိုးဆင့် ခွဲခြားထား၏။ အဆင့်တိုင်း၌လည်း အဆင့်နိမ့်၊အလယ်၊ ထိပ်တန်းဟူ၍ သတ်မှတ်ထားသည်။ အဆင့်ကိုး ဆေးလုံးများကိုတော့ နတ်ဘုရားဆေးလုံး၊ အဆင့်ရှစ်ဆေးလုံးကိုတော့ တစ်ဝက်တစ်ပျက် နတ်ဘုရား ဆေးလုံးနှင့် အဆင့်ခုနစ်ဆေးလုံးကိုတော့ ကောင်းကင်ဘုံ ဆေးလုံးဟူ၍ ခွဲခြားထားကြ၏။
အတိတ်တုန်းက ဝမ်လင်း စဦးစိတ်ဝိညာဉ်ဖြစ်ပေါ်ချိန်၌ သူက ထိပ်တန်းအရည်အသွေးရှိ အဆင့်ခြောက်ဆေးလုံးကို သောက်ခဲ့ဖူးပေသည်။
"ဒီဆေးလုံးတွေရဲ့ အဆင့်က နောက်ပိုင်း မျိုးဆက်တွေ သတ်မှတ်ခဲ့တာ ဖြစ်တယ်။ ဒီ ဆေးလုံးအဆင့်တွေရဲ့နာမည် မှာ "နတ်ဘုရား"၊ "ကောင်းကင်ဘုံ" စတဲ့ နာမည်တွေက အံ့အားသင့်ဖွယ် ကောင်းလှပေမဲ့လည်း ဒီဆေးလုံးအဆင့် တွေက အစစ်အမှန် ကောင်းကင်ဘုံနဲ့ နတ်ဘုရားဆေးလုံး တွေကို ယှဉ်နိုင်ခြင်း မရှိဘူး။ ဒီနှစ်ခုကြားက ကွာခြားချက် က ကောင်းကင်နဲ့မြေကြီးလိုပဲ..."
"ပိုပြီးတိတိကျကျဆိုရရင် အဆင့်ကိုးဆေးလုံးဆိုတာ အကန့်အသတ်ပဲ။ လူတစ်ယောက်က ကျင့်ကြံခြင်းဒုတိယ အဆင့်ကို ရောက်သွားတာနဲ့ သူတို့က အစစ်အမှန် ကောင်းကင်ဘုံနဲ့ နတ်ဘုရားဆေးလုံးတွေကိုသာ မရခဲ့ဘူး ဆိုရင် ဆေးလုံးတွေက သူတို့အပေါ်မှာ သက်ရောက်မှု ရှိမှာ မဟုတ်တော့ဘူး..."
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားကာ သူက ဆုံးဖြတ်ချက်ချလိုက်၏။
"ဒီအနက်ရောင်ဝတ်စုံနဲ့ ဂျူနီယာက ငါ့ ကျင့်ကြံမှုအဆင့် ကို ဆေးလုံးနဲ့ စမ်းသပ်ဝံ့မှာ မဟုတ်ဘူး။ ဒါက စွန်မိသားစု ရဲ့အာဏာတက်ခြင်းကျင့်ကြံသူ လုပ်တာ ဖြစ်ရမယ်။ သူက ငါ့ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိတော့ ဒီလိုမျိုး အပျော့နည်းသုံးပြီး ငါ့ကျင့်ကြံမှုကို စမ်းသပ်တာပဲ..."
"ငါကသာ ဒီဆေးလုံးကို လိုချင်မှု မရှိခဲ့ရင် ကျင့်ကြံခြင်း ပထမအဆင့်ကို ကျော်လွန်သွားပြီလို့ ဆိုလိုတယ်..."
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံ ကျောက်စိမ်းပြား နှစ်သိန်းပါဝင်သော သိုလှောင်အိတ်ကို ထိလိုက်၏။ သည့်နောက် သည်ဆေးလုံးကိစ္စကို သူ့စိတ် ထဲ၌သာ ထားလိုက်သည်။
ဝမ်လင်းအတွက်အထူးရတနာ
အနီရောင်အလင်းတန်းတစ်ခုက အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်းနယ်မြေကြီးကို ဖြတ်သန်း လာနေ၏။ ရှေးဟောင်းအသံတစ်ခုက အလင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။ ထိုအနီရောင်
"မေအာ……ဒါက ဆရာ့ရဲ့ မွေးရပ်မြေ၊ တပည့်ရဲ့ အနာဂတ်အိမ်လည်း ဖြစ်တယ်။ ခုတွေးကြည့်တော့ ငါ ပြန်လာတာ နှစ်ပေါင်း ထောင်ချီ ရှိခဲ့ပြီ။ဘိုးဘေး ချန်ထားခဲ့ တဲ့ အလုံးစုံကောင်းကင်ကျောက်တုံး ကြောင့်သာ မဟုတ် ရင် ဆရာက နင့်ကို ဒီနေရာကို ခုလိုမျိုး လွယ်လွယ် ခေါ် လာနိုင်မှာ မဟုတ်ဘူး..."
ထိုအနီရောင်အလင်းတန်းထဲ၌ အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမက သူနှင့် မရင်းနှီးသော သည်ကြယ်အဖွဲ့ အစည်းကြီးကို ကြည့်လို့နေ၏။
"ဒီဖန်သားနဲ့ တူတဲ့ ဂြိုဟ်က ပုံရိပ်တစ်ထောင်ဂြိုဟ်ပဲ။ ဒီ ဂြိုဟ်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မြောက် ပိုင်းနယ်မြေကြီးထဲက အဓိက ဂြိုဟ်ငါးခုထဲက တစ်ခု
လည်း ဖြစ်တယ်။ မေအာ...ငါတို့အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းက သွေးမျိုးဆက်နဲ့ ပတ်သတ်ပြီး တော်တော် လေး အရေးထားကြတယ်။ မိသားစု သွေးမျိုးဆက်မရှိဘဲ နင်က အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့ကျင့် နိုင်စွမ်း ရှိမှာ မဟုတ်သလို မိသားစုရဲ့ အကာအကွယ်လည်း ရမှာ မဟုတ်ဘူး..."
"ခုက စပြီး နင်က ငါ့တပည့်တစ်ယောက် ဖြစ်သလို ငါ့ရဲ့ မွေးစားသမီးလည်း ဖြစ်တယ်။ငါက ပုံရိပ်တစ်ထောင်ဂြိုဟ် ကို ပြန်ရောက်တာနဲ့ နင့်သွေးမျိုးဆက်ကို ပြောင်းလဲပေး မယ်။ အဲ့အချိန်ကစပြီး နင့်ကို လျိုမေလို့ မခေါ်တော့ဘဲ ဟွမ် မေလို့ပဲ ခေါ်ရလိမ့်မယ်...နင် သဘောတူလား…"
အဘိုးအိုက အမျိုးသမီးငယ်ကို တောက်ပသောမျက်လုံး များဖြင့် ကြည့်နေသည်။သူက သည်တပည့်နှင့် ပတ်သတ်၍ အလွန် စိတ်ကျေနပ်ကာ အလုံးစုံကြယ်အဖွဲ့အစည်း၏ အချို့ ရိုးရာဓလေ့များကြောင့် သူမကို မခံစားစေလိုပေ။သင့်တော် သွေးမျိုးဆက်မရှိလျှင် သူမက မည်သည့် အဆင့်အတန်းမှ ရှိလိမ့်မည် မဟုတ်ပေ။ထို့ကြောင့် သူက တုံ့ဆိုင်းခြင်းမရှိ အသုံးပြုခဲလှသည့် သွေးမျိုးဆက် ပြောင်းလဲပေးခြင်းကို သူမအတွက် အသုံးပြုရန် ပြောလာခဲ့ ခြင်း ဖြစ်သည်။ သော
အမျိုးသမီးက စဉ်းစားနေ၏။ သူမဆရာက သူမကို သည် အကြောင်းကို လမ်းတွင် ပြောပြခဲ့ပြီးသွား ဖြစ်သည်။ သူမ ကခဏတာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ဆရာ့အလိုကျပါပဲ..."
အဘိုးအိုက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။ "မေ အာ...ဒီအဘိုးအိုက နင့်ကို ကျင့်ကြံခြင်းဒုတိယအဆင့် နယ်ပယ်ထဲကို ခြေချနိုင်အောင် ကျိန်းသေ ထောက်ပံ့ပေး မယ်။ နင်က ဒီအဘိုးအိုရဲ့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ထက် ကျော်လွန်တဲ့ အဆင့်ကိုတောင် ရောက်ရှိ ရလိမ့်မယ်..."
သည့်နောက် အနီရောင်အလင်းက တောက်ပသော ပုံရိပ် တစ်ထောင်ဂြိုဟ်ရှိရာသို့ ဦးတည်ပျံသန်းသွားတော့သည်။
အမျိုးသမီးက ပုံရိပ်တစ်ထောင်ဂြိုဟ်ကို ကြည့်ကာ သူ့ စိတ်ထဲ၌ တွေးနေသည်။ "ဒီအလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကို လာတဲ့ ခရီးက ငါ့အတွက် ဘဝအသစ်ပဲ... ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ရှိခဲ့တဲ့ ဝမ်လင်းနဲ့အရာအားလုံးက အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ ဝမ်လင်းက သူ့ပါရမီနဲ့ဆိုရင် ခုထိအာဏာတက်ခြင်းအဆင့်ကို ရောက်သေးမှာ မဟုတ်ဘူး။ ဒါ့အပြင် သူက အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်နိုင်ဖို့ သေခြင်းရှင်ခြင်းစမ်းသပ်ချက်ကို ကျော်လွှားနိုင့်ပါ့မလားက လည်း မသေချာလှဘူး.."
"သူနဲ့ငါ့ကြားက ကွာခြားမှုက ပိုပို ကျယ်ပြန့်သထက် ကျယ်ပြန့်လာခဲ့ပြီ။ သူက ငါ့ပြိုင်ဘက် ဖြစ်ဖို့ အရည်အချင်း မပြည့်မှီတော့ဘူး။ ကံမကောင်းစွာနဲ့ သူ့အတွက် ငါပြင်ဆင် ထားတဲ့ အထူးရတနာတစ်ခုက အသုံး မဝင်တော့တာပဲ..."
အမျိုးသမီးက အသက်ဝဝရှူသွင်းကာ သူမ ဝမ်လင်း အတွက် အထူးပြင်ဆင်ထားသည့် ရတနာအကြောင်း တွေး မိလိုက်သည်။ သူမမျက်လုံးထဲ၌ နှလုံးသား၏နာကျင်မှုတို့ ဖြစ်ပေါ်သွားသည်။သို့သော် သည်အရာက ချက်ခြင်း ပြန် ပျောက်ကွယ်သွား၏။
"သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာပဲ ရှိနေလောက်သေး တယ်။ ငါနဲ့ နှိုင်းယှဉ်ရင်...သူက ငါနဲ့အဆင့်တူမှာ မရှိတော့ :..."
ထောင်ဂြိုဟ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေသည်။ သည့်နောက် အနီရောင်အလင်းတန်းက ပုံရိပ်တစ်
ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ဝမ်လင်း ပတ်လည်၌ ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာ ဝန်းရံနေကာ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို နောက် သူက မျက်လုံးဖွင့်လာခဲ့သည်။သူ့မျက်လုံးထဲ၌ ဖြည်းဖြည်းချင်း စုပ်ယူလို့နေသည်။ခုနစ်ရက် ကြာမြင့်ပြီး လျှပ်စီးတို့ လှုပ်ရှားလျက် ရှိကာ အလွန်ထူးဆန်းလှ၏။
အသက်ဝဝရှူသွင်းလိုက်ပြီး ကြွင်းကျန်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ဝါးမြိုလိုက်ပြီး နောက် ကောင်းကင်ဘုံကျောက်စိမ်းပြား အများအပြားက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားချေသည်။ဝမ်လင်းက အပြင်ဘက်ရှိ တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် မတ် တပ်ထရပ်ကာ အပြင်သို့ လှမ်းလျှောက်ထွက်လာခဲ့သည်။ ကျောက်တုံးအောက်ရှိလူငယ်အသွင် အမျိုးသမီးငယ်က ကျင့်ကြံနေလျက်ပင်။သူမ ပတ်လည်၌ အဖြူရောင်အခိုးငွေ့ တန်းနှစ်ခုက လှည်ပတ်နေပြီးနောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွား၏။
သူမက မျက်လုံးဖွင့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ့ပါရမီက မ လုံလောက်သေးဘူး။ ဒါပေမဲ့ ဝီရီယ ရှိရှိ ကြိုးစားမယ်ဆိုရင် ငါက စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကို တစ်နေ့တော့ ရောက်မှာပဲ..."
သည်အခိုက်အတန့်၌ သူမက မျက်မှောင်ကြုတ်သွား၏။ လူတစ်ယောက်က သူမ ရှိရာသို့ လှမ်းလျှောက်၍ လာ နေသည်။ထိုလူက အနက်ရောင်ဆံပင်များ ပိုင်ဆိုင်ကာ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
သည်လူက အသက်သုံးဆယ်ခန့် ရှိမည် ဖြစ်ကာ ချောမောလှ၏။သူ့ထံမှ ကြမ်းကြုတ်သောအော်ရာကို ပေး စွမ်းလို့နေသေးသည်။
ထိုလူက လက်နှစ်ဖက်ကို နောက်ပစ်ထားလျက် ရှိနေကာ ဝင်ပေါက်မှ တစ်စုံတစ်ရာကို စောင့်နေသည့်ပုံပင်။
ကျောက်တုံးအောက်မှ လူငယ်၏ အကြည့်ကို သတိပြုမိလိုက်သည့်အတွက် သူက ထိုလူငယ်ကို တစ်ချက်သာ ကြည့်လိုက်သည်။သည့်နောက် သူက သူမနှင့် ပတ်သတ်၍ အာရုံမစိုက်တော့ပေ။
ကျောက်တုံးအောက်ရှိ လူငယ်က ပို၍ မျက်မှောင်ကြုတ် သွားသည်။သူမက သည်လူ၏ ကျင့်ကြံမှုအဆင့်ကို ဖြတ် မြင်နိုင်စွမ်း မရှိပေ။သို့သော် သူမက သည်လူက သွားရောက်ရန်စရန် မသင့်ဟူသော ခံစားချက်ကို ရရှိနေ၏။
သည့်နောက် အခန်းတစ်ခုထဲမှ ဖျပ်ခနဲ လူတစ်ယောက် ထွက်ပေါ်လာသည်။ထိုသူကတော့ ဝမ်လင်းပင်။
သူထွက်ပေါ်လာသည်နှင့် ခရမ်းရောင်ဝတ်စုံနှင့်လူက ရုတ်တရက် ရောက်ရှိလာ၏။
ခရမ်းရောင်ဝတ်စုံနှင့် လူထံမှ တိုက်ပွဲစိတ်ဆန္ဒ အငွေ့အသက် ယောင်ယောင်လေး ထွက်ပေါ်နေသည်။ သို့သော် သူက ၎င်းစိတ်ဆန္ဒကို ဖိနှိပ်လို့ထားသည်။ ဝမ် လင်းကလွဲ၍ မည်သူမျှ သည်အရာကို ထောက်လှမ်းမိလိုက် ခြင်း မရှိပေ။
ကျောက်တုံးအောက်ရှိ လူငယ်က သူမ ပတ်ဝန်းကျင်ရှိရာသီဥတုက ရုတ်တရက် အေးစက်လာသကဲ့သို့ ခံစား လိုက်ရ၏။ သူမနှလုံးသားက ခုန်ပေါက်နေကာ တစ်ခုခုဆိုး ဆိုးရွားရွား ဖြစ်တော့မည်ကဲ့သို့ ခံစားနေရသည်။သူမက ဝမ်လင်းထွက်ပေါ်လာသည်ကို မြင်သည်နှင့် ချက်ခြင်း လှမ်းပြောလိုက်သည်။ "အထဲ ပြန်သွားချေ..."
ဝမ်လင်းက မှင်သက်သွားကာ ကျောက်တုံးအောက်မှ လူငယ်ကို ကြည့်လိုက်သည်။
လူငယ်က မတ်တပ်ထရပ်လာသည်။သူမ၏ ယောက်ျား လေးဝတ်စုံက ဖောင်းပွလို့နေ၏။ သို့သော် သူမမျက်နှာ ပေါ်၌ အလေးအနက်အသွင်နှင့် ရှိလို့နေသည်။ ခြေလှမ်း အနည်းငယ်ဖြင့် သူမက အစီအရင်ထိန်းချုပ်သည့် နေရာသို့ ရောက်ရှိလာခဲ့၏။ သူမက အလျင်လိုစွာ ပြောလိုက်သည်။ "မင်းက ဘာလို့ ဒီနေရာမှာ မတ်တပ်ရပ်နေတာလဲ။အထဲ ပြန်သွားချေ။ ဒီလူက ဒီနေရာကို ရောက်လာတာ မင်းကို ဒုက္ခပေးဖို့ဆိုတာ ထင်ရှားနေတယ်။ ငါက ခု အစီအရင်ရဲ့ အလယ်မှာ ရှိနေတဲ့အတွက် မင်းကို လုံခြုံအောင်လုပ်ပေး
သူမက ထိုသို့ ပြောလိုက်ရင်း သိုလှောင်အိတ်ကို ပုတ် လိုက်ရာ ကျောက်စိမ်းပြားတစ်ခုက သူမ လက်ထဲ၌ ပေါ်လာခဲ့သည်။
ဝမ်လင်းက ထိုလူငယ်ကို ကြည့်ကာ ပြောလိုက်၏။ "နင် က သူ့ပြိုင်ဘက် မဟုတ်ဘူး..."
လူငယ်က မျက်မှောင်ထပ်ကြုတ်သွားသည်။ သူမက ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားရင်း ပြောလိုက်သည်။ "မင်းက ဒီကိစ္စနဲ့ ပတ်သတ်ပြီး စိတ်ပူစရာမလိုဘူး။ မင်း အတင်းခံညင်းနေရင် ငါက ဒီကိစ္စမှာ မင်းကို မကူညီပေး တော့ဘူး..."
ဝမ်လင်းက မှင်သက်မိသွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ အစီအရင်ထဲသို့ ပြန်ဝင် လိုက်သည်။ လူငယ်က ဝမ်လင်းရှေ့သို့ ချက်ခြင်း ရောက်ရှိ လာ၏။သူမက ခရမ်းရောင်ဝတ်စုံနှင့်လူကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "စီနီယာ…ဒီနေရာက စွန် မိသားစုရဲ့ ဧရိယာပါ...။ စီနီယာက ဘာလို့ ဒီနေရာမှာ ရှိနေ တာလဲ ငါ သိချင်ပါတယ်..."
ခရမ်းရောင်ဝတ်စုံနှင့် လူသည်လည်း မှင်တက်သွား မိသည်။ သူ့ထံရှိ တိုက်ပွဲစိတ်ဆန္ဒပင် လုံးဝပျောက်ကွယ် သွားခဲ့သည်။ သူ့မျက်လုံးထဲ၌ စိတ်ဝင်စားမှုနှင့် ပြည့်သွား ကာ သူက လူငယ်ကို သေချာကြည့်၍ ပြုံး၍ ပြောလိုက် သည်။ "မင်း နာမည် ဘယ်သူလဲ..."
လူငယ်ကအသွင်က ခဏတာ တောင့်တင်းသွားပြီး နောက် သူမက ပြောလာသည်။ "ဂျူနီယာနာမည်က စွန် လင်းပါ..."
ခရမ်းရောင်နှင့်လူက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မင်းက မင်း အလုပ်ကို သေချာ လုပ်တာပဲ။ကောင်းတယ်။ မင်း ထွက်သွားနိုင်ပြီ။ ငါက မင်းနောက်ကလူကို လာရှာ တာ..."
လူငယ့်အသွင်က ပြောင်းလဲသွားကာ သူမက ပြော လာ၏။ "စီနီယာ.သူက ဒီနေရာက ထွက်သွားရင် ဂျူနိယာက ဘာမှ လုပ်ပေးစရာ မရှိပါဘူး။ ဒါပေမဲ့လည်း သူက ခုထိ အိမ်ဧရိယာမှာ ရှိနေသေးတဲ့အတွက် ဂျူနီယာအတွက် တာဝန်ယူပေးဖို့ ရှိနေပါတယ်..."
ခရမ်းရောင်ဝတ်စုံနှင့်လူက မျက်မှောင်ကြုတ်သွားသည်။ သူက စိတ်မသက်မသာ ဖြစ်လာခဲ့သည်။
"မင်း..ပြန်..." သို့ရာတွင် ခရမ်းရောင်ဝတ်စုံနှင့်လူ၏ စကားမဆုံးသေး ခင်မှာပင် ဝမ်လင်းက ရုတ်တရက် ပြောလာ၏။
"တော်လောက်ပြီ..." ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ပင်။သူက ဝင်ပေါက်ကနေ လှမ်း၍ ထွက်လာလိုက်၏။
သူက ထိုသို့ လှမ်းထွက်လိုက်သည့်အခိုက်တွင် စွန်လင်း က ချက်ခြင်း ပြောလိုက်သည်။ "မင်းက ဘာလို့ ထွက်သွား တာလဲ။ ပြန်လာခဲ့ချေ..." သူမက လက်ထဲရှိ ကျောက်စိမ်း ပြားကို ခွဲချေရန် ကြံရွယ်လိက်၏။ သည်ကျောက်စိမ်းပြား က သတင်းပို့ သည့်အရာဖြစ်သည်။
ဝမ်လင်းက နောက်လှည့်၍ ပြုံးကာ ပြောလိုက်သည်။ "ပြဿနာမရှိဘူး..."
ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းက ခရမ်းရောင် ဝတ်စုံနှင့်လူ ရှိရာသို့ လှမ်းလာ၏။အပြာရောင်မြူတစ်ခု ပေါ်လာကာ စွန်လင်း၏ အမြင်အာရုံကို ပိတ်ဆို့သွားကာ ပတ်ဝန်းကျင်အား လွှမ်းခြုံသွားသည်။
ဝမ်လင်းနှင့် ခရမ်းရောင်ဝတ်စုံနှင့်လူကြားတွင် ခြေလှမ်း သုံးဆယ်သာ လိုတော့သည်။ဝမ်လင်းက သူ့ထံသို့ တည်ငြိမ် စွာ ကြည့်ကာ တစ်လှမ်းချင်း လှမ်းလာသည်။ ခရမ်းရောင် ဝတ်စုံနှင့်လူက အစပိုင်း၌ သက်တောင့်သက်သာပင်။ သို့သော် ဝမ်လင်း နီးကပ်လာသည်နှင့် သူက ဝမ်လင်းထံမှ ဖိအားကို ခံစားလာရသည်။
သည်ဖိအားက လွန်စွာ အားကောင်း၏။ဝမ်လင်းက သူ နှင့် ခြေဆယ်လှမ်းအကွာသို့ ရောက်လာခဲ့သည့်အခါ ဖိအား က အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူ့မျက်လုံးကလည်း တောက်ပလာခဲ့ သည်။သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ နောက်ဆုတ်ရ မည့်အစား နေရာ၌သာ မားမားမတ်မတ် ရပ်နေလိုက် သည်။
ဝမ်လင်းက ရပ်တန့်သွားခြင်း မရှိဘဲ နောက်ထပ် ခြေ တစ်လှမ်း လှမ်းလိုက်သည်။ ထိုခြေလှမ်း ချလိုက်သည့် အခိုက်၌ ထိုလူ့စိတ်ထဲ၌ မိုးခြမ်းသံတစ်ခု ပေါက်ကွဲထွက် လာခဲ့သည်။ သည်ခြေလှမ်းက မြေကြီးပေါ်သို့ လှမ်းလိုက် ခြင်းမဟုတ်ဘဲ သူ့စိတ်ထဲသို့ ခြေချလိုက်ခြင်းပင်။
ထိုလူက နောက်သို့ ခြေတစ်လှမ်း မဆုတ်ဘဲ မနေနိုင် ဖြစ်သွားရသည်။
ဝမ်လင်းက ခြေရှစ်လှမ်းထိ ဆက်လှမ်းလာခဲ့သည်။ ခြေလှမ်းတစ်လှမ်းချင်းစီက ခရမ်းရောင်ဝတ်စုံနှင့်လူ၏ စိတ်ထဲတွင် မိုးကြိုးမုန်တိုင်းတစ်ခုအား ဖြစ်စေသည်။
သူက နောက်သို့ ဆက်လက် ဆုတ်နေရင်း သူ့အသွင်က ဖြူရောလာခဲ့သည်။သူ့မျက်လုံးက ဝမ်လင်းကို ကြည့်နေ ရင်း တုန်လှုပ်မှုနှင့် ပြည့်လို့နေတော့သည်။
နောက်ဆုံးတစ်လှမ်းအနေဖြင့်ဝမ်လင်းကခြေထောက်ကို ပင့်ကာ ခရမ်းရောင်ဝတ်စုံနှင့်လူအား ကြည့် လိုက်သည်။သူ့မျက်လုံးထဲ၌ အေးစက်မှုတို့ ဖြစ်ပေါ်လာကာ သူက ရုတ်တရက် ခြေလှမ်းချလိုက်၏။
သည်ခြေလှမ်းက အရင်ခြေလှမ်းများ၏ စွမ်းအားကို စုစည်းတည်ဆောက်ပြီး နောက်ဆုံးအဖြစ် လှမ်းလိုက်ခြင်း ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူ၏ အသွင်က ကြီးစွာ ပြောင်းလဲ သွားသည်။သူက ချက်ခြင်းပင် နောက်ဆုတ်ကာ လက်နှစ် ဖက်ယှက်၍ ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ငါ့ မှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး..."
ဝမ်လင်းက ထိုလူ့ကို အေးစက်စွာ ကြည့်၍ သူ့ကို ကျော် လွန်ပြီး လှမ်းလျှောက်သွားလိုက်သည်။ ခရမ်းရောင်ဝတ်စုံ နှင့်လူက ခြောက်ကပ်စွာ မချင့်ပြုံးပြုံး၍ ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။
အပြာရောင်မြူပျောက်ကွယ်သွားသည့်အခါ မည်သည့် အရာမှ မဖြစ်ပျက်ခဲ့သကဲ့သို့ပင်။စွန်လင်းက သည်မြူထဲရှိမည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို ခံစားမိခြင်း မရှိပေ။ သူမက သက်ပြင်းချကာ ကျောက်တုံးအောက်၌ ကြာပွင့် သဏ္ဌာန် ပြန်ထိုင်ချလိုက်သည်။
"သူ့ကို ဒီစီနီယာခေါ်သွားတော့ သူ့အတွက် တော်တော် လေး ခက်ခဲတော့မှာပဲ..."
သည့်နောက် လူငယ်က မျက်လုံးပြန်မှိတ်ကာ ပြန် ကျင့်ကြံလိုက်သည်။ မြို့၏ မြောက်ဘက်ပိုင်းသို့ ရောက်ရှိလာပြီးနောက် ဝမ် လင်းက အရှေ့ဘက်ခြမ်းရှိ တစ်ခုတည်းရတနာခန်းမ ရှိရာ သို့ လှမ်းလျှောက်၍ သွားနေသည်။ခရမ်းရောင်ဝတ်စုံနှင့်လူ ကတော့ မချင့်ပြုံးပြုံး၍ ပြောလိုက်သည်။ "ရောင်းရင်းရှု… ငါ့နာမည်က စွန်ရှီပါ။ အစောပိုင်းက ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး..." သူ့အဆင့်အတန်းကြောင့် သူက ပုံမှန်အားဖြင့် သူနှင့် ကျင့်ကြံခြင်းအဆင့်တူ တစ်ယောက် ကို ခုလိုမျိုးပုံစံနှင့် လုံးဝ မပြောဆိုခဲ့ပေ။သို့ရာတွင် သူက အစောပိုင်းတုန်းက သည့်လူ့ကို စမ်းသပ်ကြည့်ခဲ့သည့် အချိန်၌ သည်ရှုမူ၏ ကျင့်ကြံမှုက အလွန်ထူးဆန်းကာ သူက မည်သည့်သဲလွန်စကိုမျှ ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်ခဲ့ရ သည်။
သည်အရာက အရေးကြီးဆုံး မဟုတ်သေးပေ။ သူက ဝမ် လင်းထံမှ ယုံကြည်မှုနှင့်ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ် ဆန္ဒတို့ကို ခံစားမိလိုက်ရသည်။ သည်အော်ရာက အဆင့်တူ ကျင့်ကြံသူများကို သတ်ခဲ့သော တစ်စုံတစ်ယောက်ထံမှသာ ရရှိနိုင်ပေ၏။ထိုသို့ လုပ်နိုင်စွမ်းရှိမှသာ ခုလိုမျိုး ယုံကြည်မှု အော်ရာကို ရရှိနိုင်မည် ဖြစ်သည်။
သည်စွန်ရှီက ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ အာဏာတက်ခြင်း အဆင့် သုံးယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူက စွန် မိသားစု၏ ဘိုးဘေးတစ်ယောက်ဖြစ်သူ အာဏာတက်ခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူပင်။သူ့ကျင့်ကြံမှုအဆင့်ကို ပင်လယ်ကြမ်းပြင်၌ အပြီးသပ်ပြီးနောက် သူက သည်မြို့သို့ အလျင်စလို ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သောလေးနှစ်က အကြောင်းရင်း
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ မင်းကို အရင် သတိပေးထားပြီးပြီး..."
သူ့စိတ်ထဲ၌ စွန်ရှီက သူနှင့် ကျင့်ကြံမှုအဆင့်တူ သော်လည်း အဆင့်တူ တစ်ယောက်ဟု မသတ်မှတ်ထား ပေ။ တကယ်တော့တော့ ဝမ်လင်းက သည်ရွင်ယွမ်ဂြိုဟ် ပေါ်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို သူ့အတွက် အန္တရာယ် ပေးနိုင်သည်ဟု ယူဆမထားပေ။သည့်အပြင် သူက စွန်ရှီကို သတိပေးထားသည်က သူ့ကို မျက်နှာသာ ပေးထားခဲ့ပြီး ဖြစ်သည်ဟု ဆိုလိုနေပေသည်။သည့်အတွက်ကြောင့် သူက စွန်ရှီကို အပြစ်ပေးရန် လိုပေသည်။မဟုတ်လျှင် အနာဂတ် မှာ ပြဿနာ ပိုတက်လာနိုင်ပေ၏။
သည့်အတွက်ကြောင့် ဝမ်လင်းလေသံက ယဉ်ကျေးနေ ခြင်း မရှိပေ။
ဝမ်လင်းက နှစ်တစ်ထောင်နီးပါးလောက် ကျင့်ကြံလာ ကာ သူ့ဘဝတွင် အရာများစွာကို တွေ့မြင်ခဲ့ဖူးပြီ ဖြစ်သည်။ အများစုက အလျော့ပေးလျှင် ရောင့်တက်ကာ သူ့အား အားနည်းသလို ပြုမူတက်ကြ၏။သို့ရာတွင် သူက ခပ် တင်းတင်း ဆက်ဆံလျှင်တော့ သူတို့က သူ့ကို သန်မာသည့် လူတစ်ယောက်ကဲ့သို့ ဆက်ဆံတက်ကြပေသည်။
ဝမ်လင်းက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးဖြစ်ကာ ထို့ အတွက်သူက အရာများစွာကို နားလည်လာခဲ့ပြီး ဖြစ်သည်။
စွန်ရှီက စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူက မချင့်ပြုံးပြုံးကာ ပြောလာသည်။ "ဒါက ငါ အဆင် အခြင်မဲ့သွားလို့ပါ။ ဒါပေမဲ့ ငါ့မှာ အရေးတကြီး မေးစရာ တစ်ခု ရှိနေခဲ့လို ခုလိုမျိုး နည်းနည်းအလောတကြီး ဖြစ် သွားတာပါ..."
ဝမ်လင်းက ပြန်မပြောဘဲ ရှေ့သို့သာ ဆက်၍ လျှောက် နေ၏။
စွန်ရှီက အံ့တင်းတင်းကြိတ်ကာ ပြောလိုက်ပြန်သည်။ "အကိုရှု...သင်သာ ငါ့ကို ဒီတစ်ကြိမ် ကူညီပေးမယ်ဆိုရင် ငါက စွန်မိသားစုတစ်ခုလုံးကို အသုံးပြုပြီး သင့်ကျင့်ကြံမှု အတွက် ထောက်ပံ့ပေးပါ့မယ်..."
ဝမ်လင်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ "မင်း မိသားစုက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူနှစ် ယောက်ကို ထောက်ပံ့ပေးနိုင်စွမ်း မရှိဘူး..."
စွန်ရှီ မျက်လုံးက အလေးအနက်ဖြစ်လာကာ သူက ပြော လိုက်သည်။ "အကိုရှု...ငါ့စွန်မိသားစုက အာဏာတက်ခြင်း ကျင့်ကြံသူနှစ်ယောက်ကို ထောက်ပံ့နိုင်ခြင်း မရှိတာ မှန်ပါ တယ်။ ဒါပေမဲ့လည်း သင်သာ ငါ့ကို ကူညီမယ်ဆိုရင် ငါက သင့်ကို ရာစုနှစ်တစ်ခုအတွင်း မိုးကြိုးကောင်းကင်ဘုံ နယ်မြေကို ဝင်ရောက်ဖို့အတွက် တစ်နေရာ ပေးနိုင်တယ်.
ဝမ်လင်းက တုံ့ခနဲ ရပ်ကာ စွန်ရှီထံသို့ ငဲ့စောင်းကြည့် လိုက်သည်။သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သူက ဆက်လျှောက်လာခဲ့သည်။
"အကိုရှုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံနယ်မြေဖွင့်တဲ့ အချိန်တိုင်း ဝင် ရောက်ခွင့်တုန်ကင် ဖြစ်တဲ့ မိုးကြိုးဒယ်စောက်ကို မိုးကြိုး ကောင်းကင်ခန်းမက ထိန်းချုပ်ထားတယ်ဆိုတာကို သိလိမ့် မယ်လို့ ငါယုံကြည်တယ်။ အပြင်လူတစ်ယောက်က ဒီ မိုးကြိုးဒယ်ဇောက်ကို ရဖို့ မဖြစ်နိုင်ဘူး။ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ လူအချိုနဲ့ မိုးကြိုး ကောင်းကင်ခန်းမမှာ မှတ်တမ်းတင်ထားတဲ့ မိသားစုတွေပဲ နေရာတစ်နေရာစာ ရနိုင်တယ်..."
စွန်ရှီက အသေးစိတ်ကို ရှင်းပြလိုက်သည်။
အာဏတာက်ခြင်းအဆင့်သို့ ရောက်ရှိသွားသည့်အခါ အလွန့်အလွန်နည်းပါးလှသည့်လူအချို့သာ
ဉာဏ်နီဉာဏ်နက် မများတက်ကြခြင်း ဖြစ်သည်။ သည်စွန် ရှီက သူ့မိသားစု၏ ဘိုးဘေးဖြစ်သည့်အတွက်ကြောင့် သူက ဉာဏ်များလှသည့်လူတစ်ယောက်သာ ဖြစ်သည်။ အစော ပိုင်းတုန်းက ဝမ်လင်း၏ ဖိအားအောက်၌ သူက အားနည်း သလို ပြုမူခဲ့ပေသည်။သို့သော် ခုတော့ သူက တန်ပြန် တိုက်စစ်ဆင်လာခဲ့ချေပြီ။
သူခုလိုမျိုး ရှင်းပြခြင်းက ဝမ်လင်း၏ နောက်ခံသမိုင်း အပေါ် သူက လှမ်းထောက်လှမ်းလိုက်ခြင်း ဖြစ်နေပေ သည်။
ဝမ်လင်းက ပြုံး၍ ဆိုလိုက်သည်။ "သင့်မိသားစုမှာ စွန်ရွှ ယ်ရှန်ဆိုတဲ့ ဂျူနီယာတစ်ယောက် ရှိတယ်။ သူကော အဆင်ပြေလား..."
စွန်ရှီမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ် သွားကာ သူက ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သည့်နောက် သူက ပြုံး၍ ဆိုလာ၏။ "ရွ ယ်ရှန်က ကောင်းမွန်တဲ့ ကျင့်ကြံခြင်းအဆင့် ရှိပါတယ်။ ဒါပေမဲ့ သူ့မှာ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူး...။ အကိုရှုကသာ သူ့ကို ကယ်တင်ပေးရင် ငါက တကယ် ကျေးဇူးတင်မိမှာ..."
သည့်နောက် သူတို့နှစ်ယောက်က ပြုံး၍ အကြည့်ပြန် ရုတ်သိမ်းလိုက်ကြသည်။ စွန်ရှီက ဝမ်လင်းကို ပို၍ လန့် လာမိသည်။ သူက ဝမ်လင်းကို ဘေးတိုင်အနေထားနှင့် တစ်ချက် ကြည့်ကာ စိတ်ထဲ၌ သက်ပြင်းချလိုက်မိ၏။ "ဒီ လူရဲ့ မူလရင်းမြစ်က ထူးဆန်းနေတယ်။ သူ့တွေးခေါ်ပုံက လည်း အံ့မခန်းပဲ။ စွန်ချီမင်က သူ့ကို သွားထောက်လှမ်းတဲ့ အချိန်မှာ သူက ဒါကို ချက်ခြင်း ဖြတ်မြင်နိုင်စွမ်း ရှိခဲ့တယ်။ သူက ငါသံသယဝင်မိတဲ့ သူ့နောက်ခံပုံရိပ်နဲ့ ပတ်သတ်ပြီး တော့လည်း စွန်ရွှယ်ရှန်ကို အသုံးချပြီး ဖြေရှင်းလိုက်တယ်။ ဒါ့ကြောင့် ငါက ဒီကိစ္စကို ဆက်ပြီး ပြောဖို့ မသင့်တော့ဘူး။ ဒါပေမဲ့လည်း သူက သူ့ကိုယ်သူ ဝန်ခံလာတဲ့အတွက် ဒါက ထူးဆန်းနေတယ်။ သူက ငါ သူ့အကြောင်းသိသွားမှ မ စိုးရိမ်တဲ့ပုံပဲ။ သူ့ကျင့်ကြံမှုအဆင့်က မြင့်မားလှပြီး ငါ့ အထက်မှာ ရှိနေတယ်။ ဒီလိုလူမျိုးကို ငါတို့ စွန်မိသားစုက ရန်သူမလုပ်ဘဲ မိတ်ဆွေလုပ်မှ ဖြစ်မယ်..."
"တန်လင်းဂြိုဟ်...ဒီလူက တန်လင်းဂြိုဟ်ကများ ဖြစ် နေနိုင်လား..." စွန်ရှီက တိတ်တဆိတ် စဉ်းစားကြည့် နေ၏။
သည့်နောက် စွန်ရှီက မေးလိုက်သည်။ "အကိုရှုက ငါ့ တောင်းဆိုကမ်းလှမ်းချက်ကို စိတ်ကျေနပ်ရဲ့လား..."
"ဒီကိစ္စကို ငါတို့ နောက်မှ ဆွေးနွေးကြတာပေါ့။ ငါက ဒါကို စဉ်းစားကြည့်ဖို့ အချိန်တစ်ခု လိုသေးတယ်..."
ဝမ်လင်းက စွန်ရှီ၏ မေးခွန်းကို လွယ်ကူစွာ ရှောင် လိုက်၏။
စွန်ရှီက စိတ်ထဲ၌ သက်ပြင်းချလိုက်ကာ ဝမ်လင်းကို ဆက်လက်၍ စမ်းသပ်ရန် မကြိုးစားတော့ပေ။ သူက ဝမ် လင်းကို ရွင်ယွမ်ဂြိုဟ်နှင့် ပတ်သတ်၍ မိတ်ဆက် ပြောပြ နေသည်။ သူတို့နှစ်ယောက်က စကားပြောရင်းဖြင့် မြို့ အရှေ့ဘက်မှ တစ်ခုတည်းရတနာခန်းမ ရှိရာသို့ ရောက်ရှိလာကြသည်။
ယနေ့သည် တစ်ခုတည်းရတနာခန်းမ၏ လေလံပွဲနေ့ ဖြစ်သည်။ ထို့ကြောင့် အပြင်ဘက်၌ ကျင့်ကြံသူများစွာ စုဝေး နေကြလျက် ရှိ၏။
စွန်ရှီနှင့် ဝမ်လင်းတို့ နီးကပ်လာသည့်အခါ စွန်ချီမင်က ခန်းမအပြင်ဘက်၌ စောင့်နေရာကနေ သူတို့ရှိရာသို့ ခပ်သွက်သွက်လှမ်းလာခဲ့သည်။ သူ့မျက်လုံးထဲ၌ လေးစားမှု နှင့် ပြည့်နေက သူက ဦးညွတ်လိုက်သည်။ "တတိယ မျိုးဆက် စွန်ချီမင်က ဘိုးဘေးနဲ့ စီနီယာရှုတို့ကို နှုတ်ဆက် ပါတယ်..."
စွန်ရှီက မည်သည့်စကားမှ ပြန်မဆိုဘဲ ခေါင်းညိမ့်ရုံသာ ညိမ့်လိုက်သည်။
စွန်ချီမင်က တစ်ခုတည်းရတနာခန်းမသို့ ကြိုရောက်နေ ခြင်းပင်။ ရတနာခန်းမက ရွင်မိသားစု ပိုင်ဆိုင်သော်လည်း စွန်ချီမင်က သည်မြို့ရှိ စွန်မိသားစုမှ ခေါင်းဆောင်တစ် ယောက် ဖြစ်သည်။ ထို့ကြောင့် သူက အခြားလူများနှင့် နှိုင်းယှဉ်နိုင်သည့် အဆင့်အတန်းတစ်ခု ရှိနေပေသည်။ သူက သူကိုယ်တိုင် ဝမ်လင်းနှင့်စွန်ရှီတို့အား လေးထပ် မြောက်သို့ ခေါ်ဆောင်သွား၏။
လျိုလို့ခေါ်သည့်လူငယ်က တစ်ခြား ဖောက်သည်များနှင့် စကား ပြောဆိုနေရင်း ဝမ်လင်း ဝင်လာသည်ကို တွေ့လိုက် သည့်အခါ တားဆီးရန် လက်မြှောက်လိုက်သည်။ သို့သော် သူက ဝမ်လင်းနှင့်အတူ စွန်ချီမင်ကို တွေ့လိုက်သည့်အခါ တုန်လှုပ်လို့သွား၏။ စွန်ရှီကိုတော့ လျိုက မသိပေ။ သို့သော် သူက စွန်ချီမင် အလွန်လေးစားစွာ ဆက်ဆံနေ သည့်အတွက် ထိုလူက စွန်မိသားစု၌ မြင့်မားသော အဆင့်အတန်း ရှိသည့်သူ ဖြစ်မှန်း သတိပြုမိလိုက်၏။
သူက ဝမ်လင်းကို တွေ့လိုက်သည့်အခါတွင်တော့ တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။
အထပ်လေးထပ် တစ်ခုတည်းသောရတနာခန်းမက ပိုင်းခြားထားသည်။ လေးထပ်မြောက်ကို အခန်းများ ဖွဲ့လို့ ထား၏။
စွန်ရှီနှင့်ဝမ်လင်းတို့က လေးထပ်မြောက် ဘယ်ဘယ် ခြမ်း ဦးဆုံးအခန်းတွင် ဝင်ထိုင်လိုက်ကြသည်။ သူတို့နေရာ က နေရာကောင်းဖြစ်ကာ ဒုတိယအထပ်ရှိ လေလံပွဲကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
စွန်ချီမင်က လေးစားသည့်ဟန်ပန်ဖြင့် ဘေးတစ်ဖက် တွင် မတ်တပ်ရပ်ကာ စွန်ရှီ၏အမိန့်ကို စောင့်ဆိုင်းလို့ နေသည်။
ဝမ်လင်းက သည်ရတနာဆိုင်ထဲသို့ ဝင်လာသည်နှင့် ထူးဆန်းသောခံစားချက်တစ်ခုကို ရလိုက်သည်။ ထို့ကြောင့် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက် ရာ တတိယထပ်တွင် အဘိုးအိုတစ်ယောက်၏ ပုံရိပ်ကို တွေ့မြင်လိုက်ရတော့သည်။
"ဒါက သူပဲ…" ဝမ်လင်းက မှင်သက်သွားမိသည်။ချက် ခြင်းပင် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည်။
"သူ့ကိုယ်ပေါ်မှာရှိတဲ့ အမှတ်အသားက အလွန် လျော့နည်းပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ..."
စွန်ရှိက ဝမ်လင်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြော လိုက်၏။ "အကိုရှု...ဒီအဆင့်ရှစ်ဆေးလုံးမှာ တစ်ချို့ဇာတ် ကြောင်းလေးတွေ ရှိတယ်။ဒီဆေးလုံးက ရွင်ယွမ်ဂြိုဟ်ပေါ် က မဟုတ်ဘူး။ဒါပေမဲ့ ပြင်ပကျင့်ကြံသူတစ်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဒီနေရာကို ထွက်ပြေး ရောက်ရှိလာခဲ့တာက ရတာ ဖြစ်တယ်။ငါရယ်၊ ရွင်မိသားစု ဘိုးဘေးရယ်၊ အပူအပင်မဲ့ ရယ်က ဒါကို အတူပူးပေါင်းပြီး လုယူခဲ့ကြတာ။ ဒီကျင့်ကြံသူကတော့ ရွင်မိသားစု ဘိုးဘေး ကြောင့် သေဆုံးသွားခဲ့ရတယ်...."
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူက စွန်ရှီကို ဖျပ်ခနဲ ကြည့်လိုာ စကားတော့ မဆိုပေ။ သူက သည်လိုလျှို့ဝှက်ချက်များကို မသိချင်ပေ။ သို့သော် စွ န်ရှီကတော့ သူ့ကို ပြောပြနေခဲ့၏။ ဖြစ်နိုင်သည်က သည် ကိစ္စက စွန်ရှီ သူ့ကို အကူအညီတောင်းသည့် ကိစ္စနှင့် ဆက်နွှယ်နေခြင်း ဖြစ်ပုံရသည်။
စွန်ရှီက ဝမ်လင်းအကြည့်ကို မမြင်သည့်အလား ဆက်၍ ပြောလာပြန်သည်။ "ဒါက လွန်ခဲ့တဲ့ လေးနှစ်က ဖြစ်ခဲ့တာ။ ဒီဆေးက တကယ့်ကို အဖိုးတိုက်တန်လွန်းတယ်။ အထူးသဖြင့် ငါတို့လို အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူ တွေအတွက်ပေါ့။ ဒီဆေးက စုစုပေါင်း ငါးလုံး ရှိခဲ့တာ ဖြစ် တယ်၊ ငါနဲ့ အပူအပင်ကင်း ရှန်ရန်တို့က တစ်ယောက် တစ်လုံးစီ ရရှိခဲ့ကြပြီး ရွင်မိသားစုရဲ့ ဘိုးဘေးကတော့ အာဏာတက်ခြင်းအလယ်အဆင့် ဖြစ်တဲ့အတွက် သုံးလုံး ရရှိခဲ့တယ်…"
ဝမ်လင်းအသွင်က ဒုတိယထပ်ရှိ လေလံပွဲကိုသာ ကြည့် နေကာ စွန်ရှီ၏စကားကို နားမထောင်သည့်အလား ပြုမူလို့ နေသည်။
စွန်ရှီကတော့ စိတ်ထဲမထားပေ။သူက ဆက်၍ ပြောလာ ပြန်သည်။ "ဒီဆေးလုံးတွေက တကယ်တော့ အပူခဲပဲ။ ဘာ လို့လဲ ဆိုတော့ ငါတို့က ရွင်မိသားစုဘိုးဘေး သတ်ခဲ့တဲ့ လူ ရဲ့ သိုလှောင်အိတ်ထဲမှာ ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်က ဟွမ် မိသားစုရဲ့ တုန်ကင်တစ်ခုကို တွေ့ရှိခဲ့ရလို့ပဲ..."
ဝမ်လင်းက ခေါင်းလှည့်လာကာ စွန်ရှီကို ကြည့်၍ ပွင့် ပွင့်လင်းလင်း ဆိုလာ၏။ "ရောင်းရင်းစွန်...ငါက ဒီလိုပုံပြင် တွေ နားထောင်ရတာ မနှစ်သက်ဘူး..."
စွန်ရှီက ပြုံး၍ ဆိုလာပြန်သည်။ "အကိုရှု...ငါက သင့်ကို ဒီပုံပြင်မပြောပြရင်တောင် တစ်စုံတစ်ယောက်က ပြောပြ မှာပဲ။ဒီမြို့က ငါတို့စွန်မိသားစု ပိုင်တယ်။ ခု ဒီဆေးလုံးက လည်း ဒီနေရာမှာ လေလံတင်နေတာ ဖြစ်တယ်။ အကိုရှုရဲ့ ဉာဏ်ပညာနဲ့ ဆိုရင် ဒါက အကြောင်းရင်းတစ်ခုခု ရှိလို့ဆို တာ သတိထားမိလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
ဝမ်လင်းအသွင်ကတော့ ပုံမှန်အတိုင်းပင်။ သူက အရင် ကတည်းက သံသယများ ရှိနှင့်နေခဲ့ပြီး ဖြစ်သည်။သို့သော် သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအကြောင်း ကောင်းကောင်းနားလည်ထားခြင်း မရှိသည့်အတွက် များ စွာမတွေးကြည့်ခြင်းသာ ဖြစ်သည်။သို့ရာတွင် ခုချိန်၌ စွန်ရှီ က သူ့ကို သည်ဆေးလုံးကိစ္စကို တည်၍ ပြောလာနေခဲ့ သည်။ ဝမ်လင်းက ဒုတိယထပ်သို့ သိမ်းကြုံးကြည့် လိုက်ကာ သူ့အကြည့်က အေးစက်လာခဲ့သည်။
စွန်ရှီက အမြဲလိုလို ဝမ်လင်းအမူအရာကို စူးစိုက် ကြည့် နေခြင်း ဖြစ်သည်။ သူက ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှု ကို တွေ့မြင်လိုက်သည့်အခါ သူက စိတ်သက်သာရာရသလို ခံစားလိုက်ရသည်။သူက ဆက်၍ စကားမဆိုတော့ဘဲ ရေ နွေကြမ်းတစ်ခွက် ကိုယ်တိုင်ငှဲ့ကာ မြည်းစမ်း သောက် ကြည့်လိုက်သည်။
ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုက ချက်ခြင်းပျောက် ကွယ်သွား လေ၏။ ရွင်မိသားစု၏ အာဏာတက်ခြင်း အလယ်အဆင့် ကျင့်ကြံသူကသာ ခွင့်မပြုပါက သည် လေလံပွဲက သည်နေရာတွင် မည်သို့ ကျင်းပနိုင်ပါ့မည် နည်း။ သည်ဆေးလုံး၏ တန်ဖိုးက ကောင်းကင်လောက် လည်း မြင့်မားခြင်း မရှိသလို အာဏာတက်ခြင်းအဆင့် အောက် ကျင့်ကြံသူများအတွက်လည်း အသုံးမဝင်ပေ။ ၎င်း ဆေးလုံးက လူအများစုအတွက် အသုံးမဝင်သည့်အပြင် လေလံပွဲ၏ ပုံရိပ်အတွက်သာ ဦးတည်ထားခဲ့ခြင်း ဖြစ်သည်။ ပါးနပ်သောလူမှန်သမျှက ယင်းဆေးလုံးကို ဝယ်ယူလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံသူတစ် အာဏာတက်ခြင်းအဆင့်အောက်ရှိယောက်က သည်အဆင့်ရှစ်ဆေးလုံးကို သောက်သုံးနိုင် ခြင်း မရှိပေ။ သူတို့က သောက်သုံးလိုက်ပါကာ အဆိပ်ကို ဝါးမြိုလိုက်သည်နှင့် တူနေပေလိမ့်မည်။
တကယ်တော့ သည်ဆေးလုံးကို လေလံဖွင့်ရသည့် အကြောင်းရင်းက ဝမ်လင်းကြောင့်သာ ဖြစ်၏။ ရွင်ကျင့်ကြံ သူက ဝမ်လင်းကို သည်ဆေးလုံးအား ဝယ်ယူရန် ကြိတ်၍ ဆန္ဒရှိနေပေသည်။
ဝမ်လင်းက ရွင်မိသားစုကျင့်ကြံသူက သူသည်နေရာတွင် ရှိနေသည်ကို သိနေသည်နှင့် ပတ်သတ်၍ ထူးဆန်းသလို မ ခံစားရပေ။တကယ်တော့ သည်ဂြိုဟ်နာမည်ပင် ရွင် ဆို သည့်နာမည် ပါနေသည် မဟုတ်လား။ သူတို့က မည့်သည့် နည်းလမ်းမှ မရှိပါက ခုလက်ရှိ သူတို့ရွင်မိသားစု၏ အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်လိမ့်မည် မဟုတ်ပေ။
ထိုဆေးလုံးကို ယူလိုက်ခြင်းက လွန်ခဲ့သောလေးနှစ်တွင် ဖြစ်ခဲ့သော ကိစ္စတွင် ပါဝင်လာသည် ဆိုသည့် သဘောပင် မဟုတ်လား။ထို့အတွက် ဝမ်လင်းက ဟွမ်သားစုကို သည် ဆေးလုံးနှင့် ပတ်သတ်၍ ရှင်းပြလျှင်ပင် အချည်းနှီး ဖြစ်ပေ လိမ့်မည်။ ရွင်မိသားစု၏ ကျင့်ကြံသူက သည်ကိစ္စတွင် ဝမ် လင်းအား ပါဝင်လာနေစေရန် ရည်ရွယ်ထားပေ၏။
"ဘယ်လောက်တောင် နက်နဲတဲ့ အကြံအစည်လဲ..." ဝမ် လင်းအသွင်က တည်ငြိမ်နေဆဲပင်။သိုသော် သူ့စိတ်ထဲတွင် တော့ သတိထားနေခဲ့၏။ မည်သည့်အာဏာတက်ခြင်း ကျင့်ကြံသူမဆို ရင်ဆိုင်ရ လွယ်ကူသည် မရှိပေ။ မိသားစု တစ်စု၏ တည်ထောင်သူ ဘိုးဘေးဖြစ်နေမှတော့ မည်သို့ အားနည်းပါ့မည်နည်း။
"ရွင် မိသားစုက ဒီလေလံပွဲကို ထိန်းချုပ်ထားတယ်။ ဒါ့ ကြောင့် ဘယ်သူကမှ ဒီဆေးလုံးကို ဝယ်ယူရဲမှာ မဟုတ် ဘူး။ ငါက ဒါကို မဝယ်ဘူးဆိုရင်လည်း ရွင်မိသားစုက နောက်ထပ် နည်းလမ်းတစ်ခုနဲ့ ဒီပြဿနာထဲ ငါ့ကို ဆွဲသွင်း ဦးမှာပဲ..."
ဒုတိယထပ်တွင် လေလံပွဲက စတင်နေပြီ ဖြစ်သည်။ အမျိုးမျိုးသော လက်နက်၊သတ္တုပစ္စည်းနှင့် ဆေးလုံးများကို လေလံပစ်နေကြ၏။
စွန်ရှီက ရေနွေကြမ်းခွက်ကို အောက်ချကာ သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ "ကံမကောင်းစွာနဲ့ လွန်ခဲ့တဲ့ လေးနှစ်က ငါတို့သုံးယောက် ဒီလူ့ကို အလစ်ချောင်း တိုက်ခိုက်တဲ့အချိန်မှာ သူ့ နောက်ခံကို ပြောဖို့တောင် အချိန် မရလိုက်ဘူး။ ငါတို့ကသာ သူက ဟွမ်မိသားစုကမှန်းသာ သိခဲ့ရင် ငါတို့က အဲ့တုန်းကလို တိုက်ခိုက်ဝံ့မှာ မဟုတ် :..."ဘူး
ဟွမ်မိသားစုက "ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်က အလွန်အမင်း လွှမ်းမိုးနိုင်လွန်းတယ်။ သူတို့ မိသားစုဝင် အသက်ခံရတာကိုသာ သိသွားရင် လူတိုင်းက လက်စားချေ တဲ့အနေနဲ့ ပြန်အသတ်ခံရလိမ့်မယ်။လူတစ်ယောက်က လေလံပွဲကနေ တစ်ဆင့် သူတို့မိသားစုဝင် တစ်ယောက်ယောက်စီက တစ်စုံတစ်ခုကို ရသွားမယ်ဆို ရင်တောင် ဟွမ်မိသားစုရဲ့ အမျက်ဒေါသ သင့်တာ ခံရလိမ့် ໑໖..."
"ဟွမ်မိသားစုက အမှန်အဆင့်မြင့်လှတယ်။ ဟွမ် မိသားစုဝင်တစ်ယောက်ရဲ့ သိုလှောင်အိတ်ကို သင့်ရှေ့မှာ ချထားရင်တောင် သင်က ဒီသိုလှောင်အိတ်ကို ယူဆောင်ဝံ့ မှာ မဟုတ်ဘဲ ပြန်ပေးချင်စိတ်ပဲ ရှိလိမ့်မယ်။ မဟုတ်ရင် သင်က သူတို့ သင့်ကို ရှာမတွေ့ဖို့ဘဲ မျှော်လင့်ရတော့မှာ။ ဒါပေမဲ့လည်း သင်က သင့်ဘဝတစ်လျှောက်လုံး ကြောက်ရွှံ့ ပူပန်မှုတွေနဲ့ နေထိုင်သွားရလိမ့်မယ်...။ကံမကောင်းစွာနဲ့ ငါက ငါ့ဆီမှာ ရှိတဲ့ ဆေးကို သုံးစွဲပစ်ဖို စိတ်ပူနေခဲ့တယ်..
ဝမ်လင်းက ဘာစကားမှ မဆိုပေ။သူ့အကြည့်က ဒုတိယ ထပ်တွင်သာ ရှိလို့နေ၏။
ဒုတိယထပ်မှ ယောက်ျားတစ်ယောက်၏ အသံထွက် ပေါ်လာသည်။ "လေလံပွဲရဲ့ နောက်ထပ် လာမယ့် ပစ္စည်း ကတော့ အဆင့်ရှစ် ဆေးလုံးပါ။ ဒီဆေးလုံးကို အာဏာ တက်ခြင်းအဆင့်ကျင့်ကြံသူတွေပဲ ယူဆောင်နိုင်တယ်။ အာဏာတက်ခြင်းအဆင့်အောက်က လူတစ်ယောက် ဒါကို သောက်သုံးတာနဲ့ သူတို့ခန္ဓာကိုယ်ဟာ ပေါက်ကွဲပြီး သေဆုံးရလိမ့်မယ်။ လေလံကို ကောင်းကင်ဘုံကျောက်စိမ်း ပြား တစ်သောင်းနဲ့ စဖွင့်တယ်..."
စွန်ထိုင်
ဒုတိယမြောက်ထပ်၌ အနီရောင်ဝတ်စုံနှင့်လူကြီး၏ လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်ခုကို ကိုင်ဆောင် ထားသည်။ သူက ၎င်းကို ဖွင့်လိုက်ရာ ကလေးလက်သီးစုပ် အရွယ်ခန့် ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။
ယင်းဆေးလုံးက မည်သည့် ဆေးရနံ့ကိုမှ ပေးစွမ်းနေ ခြင်းမရှိဘဲ သာမန်အတိုင်းသာ ဖြစ်သည်။
ဆွေးနွေးသံများက လေလံခန်းမ ထဲ၌ ပွက်လောရိုက် ကုန်ကြ၏။ သည်နေရာရှိ ကျင့်ကြံသူတိုင်းက အမြင် ကောင်း ရှိကြသူများသာ ဖြစ်သည်။အဆင့်ရှစ်ဆေးလုံးက သူတို့အတွက် ရှားပါးလှသည့် ရတနာတစ်ခု မဟုတ်လား။ သို့ရာတွင် လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က လုံလောက်မှု မရှိပါကာ သည်ဆေးလုံးက အဆိပ်နှင့် တူနေ ပေ၏။
၎င်းဆေးလုံးကို သုံးစွဲနိုင်စွမ်း မရှိဘဲ ထိန်းသိမ်းလျှင် သူ တို့အတွက် ကျိန်စာတစ်ခုလို ဖြစ်လာနိုင်ပေ၏။ သည် ဆေးလုံးကို ကာကွယ်နိုင်စွမ်း မရှိသော မည်သည့်ကျင့်ကြံ သူမဆို သည်မြို့က ထွက်ခွာသွားသည်နှင့် ဘေးကပ်ဆိုးနှင့် ရင်ဆိုင်သွားရနိုင်၏။
သည့်အတွက်ကြောင့် ခန်းမထဲ၌ ဆွေးနွေးသံများနှင် ပြည့်နှက်နေသော်လည်း အဆုံးသပ်၌ မည်သူကမျှ လေလံ ဝင်ဆွဲကြခြင်း မရှိကြပေ။
အချို့ ငယ်ရွယ်သော ကျင့်ကြံသူများက လေလံဝင်ဆွဲချင် ကြသော်လည်း သူတို့အနားရှိ အကြီးအကဲများက တား လိုက်ကြသည်။သူတို့မျက်လုံးထဲ၌ ထိုအရာဝတ္ထုက ဆေးလုံး မဟုတ်ဘဲ လူ့ဦးခေါင်းလို ဖြစ်နေ၏။သည် ဆေးလုံးကို ဝယ်လိုက်သည့်လူက သူ၏ ဦးခေါင်းကို ဆုံးရှုံး ရမည့် ဆိုသည့် အဓိပ္ပာယ်ပင်။
သည့်အပြင် သည်ဆေးလုံး လေလံကိစ္စက လွန်စွာ ထူးဆန်းလှ၏။ ရွင်မိသားစုက သည်ဆေးလုံးကို သည်လို ပုံစံမျိုးဖြင့် ရောင်းနိုင်ပါ့မလား။ ရွင်မိသားစု ဘိုးဘေးက သည်ဆေးလုံးကို တကယ်မလိုအပ်တာလား။
အချိန်က တစ်ဖြည်းဖြည်းချင်း ကုန်ဆုံးလို့လာသည်။ မည်သူကမျှ လေလံဝင်ဆွဲကြခြင်း မရှိသေးပေ။ အနီရောင် ဝတ်စုံနှင်လူက အံ့အားသင့်ခြင်း၊ စိတ်မရှည် ခြင်းတို့ ဖြစ်မ လာခဲ့ချေ။ ရွင်မိသားစုက သည်လေလံပွဲတွင် ပါဝင်ရန် အတွက် လူများကို တုန်ကင်များ ပို့ပေးခဲ့ပေသည်။ထိုလူ များထဲမှ မည်သူကမျှ သည်ဆေးလုံးအတွက် လေလံဝင်ဆွဲ ဝံ့သည့် ယုံကြည်ချက် မရှိပေ။လေလံစင်ပေါ်ရှိလူ၏ အကြည့်က လေးထပ်မြောက်သို့ ရောက်သွားကာ သူက ကျယ်လောင်စွာ အော်ပြောလိုက် သည်။ "လေလံဆွဲ ချင်တဲ့လူ မရှိဘူးလား။ ဘယ်သူမှ မရှိဘူးဆိုရင်တော့ အဆင့်ရှစ်ဆေးလုံးကို ငါတို့ တစ်ခုတည်း ရတနာခန်းမမှာ သိုလှောင်အထားရလိမ့်မယ်…"
ဝမ်လင်းအကြည့်က ဆေးလုံးပေါ်သို့ ရောက်ရှိနေ၏။ သူ့ မျက်လုံးထဲ၌ အေးစက်သည့်အရိပ်အယောင် ဖျပ်ခနဲ ဖြစ် ပေါ်လာကာ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြား..."
"သင် ငါ့ကို ရောင်းချင်နေမှတော့ ငါက ဒါကို ဝယ်ရ တော့မှာပေါ့..."
သူ့အသံက တည်ငြိမ်လှသော်လည်း ဒုတိယထပ်ရှိ လူ တိုင်းက ရှင်းလင်းစွာ ကြားလိုက်ရသည်။ချက်ခြင်းပင် ဆွေးနွေးငြင်းခုန်သံများ ပေါက်ကွဲထွက်လာခဲ့သည်။
"ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြား..။ ဒါက ဘယ်သူလဲ...။ဒီလူ ရူးများ ရူးနေလား..."
"လေလံတန်ဖိုးက ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်သောင်းနဲ့ စတာ။ ဒါကို ဒီလူက တစ်ပြားပဲ တကယ် ပေးလိုက်တယ်။ ဒါက အဆင်အခြင်မဲ့တာပဲ။ တစ်ခုတည်း ရတနာခန်းမအတွက် ဒီလိုပုံစံမျိုး တစ်ခါမှ ဖြစ်ပျက်ခဲ့တာ မရှိခဲ့ဘူးဖူး။
"တစ်ခုတည်းရတနာခန်းမ နောက်မှာ ရွင်မိသားစု ရှိနေ တယ်လေ။ ဒီလိုမျိုး အပြုအမူမျိုးက ဘေးဒုက္ခကို လာ စွဲဆောင်နေတာပဲ။ ဒါက ရတနာခန်းမကို အရှက်ခွဲဖို့ ကြိုးစားနေတယ်ဆိုတာ သိသာနေတာပဲ..."
"ဒီအသံက လေးထပ်မြောက်က ဖြစ်လိမ့်မယ်။ လေး ထပ်မြောက်က လူတစ်ယောက်ယောက်ဆိုတော့ ရိုးရှင်းမှာ မဟုတ်ဘူး။ဒါပေမဲ့ ဒီဟာက ရွင်မိသားစုကို စော်ကားလိုက် 32..."
အနီရောင်ဝတ်စုံနှင့်လူက မှင်သက်သွား၏။ သူက ခေါင်း မော့ကာ လေးထပ်မြောက်သို့ ကြည့်လိုက်သည်။ သူက သည်မြို့မှ လူတစ်ယောက်မဟုတ်သော်လည်း ပင်မရွင် မိသားစုက ဖြစ်နေ၏။ သူ့ရည်ရွက်ချက်ကိုက သည် ဆေးလုံးကို သတ်မှတ်ထားသောလူထံသို့သာ ရောင်းရန် ဖြစ်နေခဲ့သည်။
သူက စိတ်ထဲ၌ မချင့်ပြုံးပြုံးကာ ထိုလူပေါ်လာပြီး လေလံဆွဲမည့်အချိန့်ကို စောင့်နေခြင်းပင်။ သို့ရာတွင် ကမ်းလှမ်းလာသည့် တန်ဖိုးကတော့ မသင့်တော်လှချေ။ သည်တန်ဖိုးနှုန်းကိုသာ လက်ခံလိုက်ပါက မရေမတွက်နိုင် သောလူများက သည်ရောင်းဝယ်မှု၏ နောက်ကွယ်၌ ကြီးမားသည့်လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကို ရိပ်စားမိသွားကြမည် ဖြစ်လေ၏။
ရွင်မိသားစု၏ ဂုဏ်သိက္ခာလည်း ထိခိုက်ခံရမည် ဖြစ် ကာ ပို၍ အရေးကြီးသည်က သည်လူ့ကိုသာ ဒီတန်ဖိုးနှုန်း နှင့် ဒီဆေးကို ရောင်းလိုက်ပါက လူတိုင်းက ရွင်မိသားစုက ကြောက်သွေးပါသည်ဟု ပြောဆိုကြပေတော့မည်။
မည်သူကမျှ အဆင့်ရှစ်ဆေးလုံးကို ကောင်းကင်ဘုံ ကျောက်စိမ်းပြား တစ်ပြားထဲနှင့် ရောင်းလိမ့်မည်ဟု ယုံကြည်ချခြင်း ရှိလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သည် အရာကသာ တကယ်ဖြစ်လာခဲ့လျှင်လည်း မခန့်မှန်းနိုင် သော ပြဿနာများ ဆက်တိုက် ဖြစ်လာနိုင်ပေသည်။
သို့ရာတွင် သူက သည်ဆေးလုံးကို ရောင်းကိုရောင်းရ မည် ဖြစ်နေ၏။ဘိုးဘေးက သူ့ကို သည်ဆေးလုံးအား သည် လေလံပွဲ၌ ရောင်းကိုရောင်းရမည်ဟု အမိန့်ပေးထားခဲ့ပြီး ဖြစ်သည် မဟုတ်လား။
လေးလွှာမြောက် အခန်းထဲ၌ စွန်ရှီက မှင်သက်သွား၏။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအသွင်နှင့် ပြည့်နှက်သွား၏။ သည့်နောက် သူက သောက်လက်စရေနွေးခွက်ကို ပြန်ချ ကာ သက်ပြင်းချ၍ ဆိုသည်။ "အကိုရှု...ငါ သင့်ကို လေးစားပြီလေ...ငါသင့်ကို လေးစားပြီလေ.."
စွန်ချီမင်ကလည်း လေးနက်သည့်အသွင် ဖြစ်ပေါ်သွား ကာ သည်ခဏ၌ ပြောစရာစကားမဲ့သွား၏။
သူတို့သာမက လျိုလို့ခေါ်လသည့်လူငယ်၏ မျက်လုံးက လည်း ပြူးကျယ်သွားကာ တုန်လှုပ်သည့်ဟန် ဖြစ်ပေါ် နေ၏။ သည်အသံက သူနှင့် တော်တော်လေး ရင်းနှီးနေပေ သည်။ သည်လူငယ်က လွန်ခဲ့သော ခုနစ်ရက် သူ ရတနာ ခန်းမအပြင်ဘက်၌ အထဲသို့ မဝင်ရန် တားဆီးခဲ့သော လူငယ် ဖြစ်လို့နေသည် မဟုတ်လား။
သူက ဝမ်လင်း၏ ကောင်းကင်ဘုံကျောက်စိမ်းပြား တစ် ပြားဆိုသည့် အသံကို ကြားလိုက်သည့်အခါ လျိုလို့ခေါ် သည့်လူငယ်က သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်၏။ "ဒီ လူကတော့ တကယ် ရူးသွားပြီ..."
သည်အခိုက်အတန့်၌ တတိယထပ်၏ အခန်းတစ်ခု၌ အ ဘိုးအို တစ်ယောက်၏ စိတ်က သည်အသံကို ကြားလိုက် သည့်အခါ ပြင်းထန်စွာ တုန်လှုပ်မိသွားသည်ကို မည်သူက မျှ သတိမပြုမိလိုက်ကြချေ။
သူက ရုတ်တရက် ခေါင်းမော့ကာ လေးထပ်မြောက်သို့ ကြည့်လိုက်သည်။
"ဒီ.ဒီအသံက သူ့အသံ မဟုတ်ဘူး။ဒါပေမဲ့လည်း ဘာ လို့ ငါ့စိတ်က တုန်လှုပ်သွားရတာလဲ။ ဒီအဘိုးအိုရဲ့ ဘဝမှာ စန်နူး(ဝမ်လင်း)တစ်ယောက်ကသာ ငါ့စိတ်ဝိညာဉ်မှာ အမှတ်အသား ထားခဲ့တာ ဖြစ်တယ်..."
အဘိုးအိုက အချိန်အတန်ကြာ တိတ်ဆိတ်လို့သွား၏။
"ငါ့အမှတ်အသားကလည်း တန်လင်းဂြိုဟ်ပေါ်မှာ ပျက်စီးသွားခဲ့ပြီပဲ။ ဒါဆို ဘာကြောင့် ခုထိ ဒါက ရှိနေ သေးတာလဲ.."
နှစ်ထပ်မြောက်ရှိ အနီရောင်ဝတ်စုံနှင့်လူက ခဏတာ တုံ့ ဆိုင်းသွားပြီးနောက် အံတင်းတင်း ကြိတ်ကာ ဆိုလိုက် သည်။ လူတစ်ယောက်ကပဲ လေလံဝင်ဆွဲတဲ့အတွက် ငါက ဒီဆေးလုံးကို ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြားနဲ့ ရောင်းလိုက်ပြီ..."
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ရှေ့သို့ ဆန့် ထုတ်လိုက်သည်။ သည်ဆေးလုံးက ထိုလူ၏လက်ထဲကနေ ဝမ်လင်းထံသို့ ပျံသန်းရောက်ရှိလာသည်။ သည့်နောက် သူက ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြာကို သူ့ထံသို့ ပစ်ပေးလိုက်သည်။သည့်နောက် စွန်ရှီကို လက်နှစ်ဖက် ယှက် နှုတ်ဆက်၍ ထွက်ခွာလို့သွားတော့သည်။
ဝမ်လင်းက သူ့နောက်ဘက်မှ ဆူညံငြင်းခုံသံများကို လစ် လျူရှုထားခဲ့ပေသည်။ ခြေတစ်လှမ်းဖြင့်ပင် သူက ရတနာ ခန်းမ အပြင်ဘက်သို့ တည်နေရာရွှေ့ပြောင်းလို့သွားသည်။
"ဆေးတစ်လုံးက ငါ့ကို ပါဝင်ပတ်သတ်စေဖို့ မ လုံလောက်သေးဘူး..."
ဝမ်လင်းက ခန်းမထဲကနေ လှမ်းလျှောက်ထွက်လာခဲ့ သည်။
တတိယထပ်ရှိ အဘိုးအိုကလည်း အံတင်းတင်းကြိတ် ကာ ပျောက်ကွယ်လို့သွားသည်။
ဝမ်လင်းက လူရှင်းသည့်နေရာတစ်ခုသို့ ရောက်လာ သည့်နောက် သူက နောက်သို့ လှည့်ကြည့်လိုက်သည်။ ရတနာခန်းမမှ အဘိုးအိုက သူ့နောက်တွင် ပေါ်လာခဲ့သည်။ သူက ဝမ်လင်းကို သေသေချာချာကြည့်ကာ သံသယရှိဟန် ဖြစ်လို့နေသည်။
ဝမ်လင်းအကြည့်ကို သတိပြုမိလိုက်ပြီးနောက် ထိုအဘိုး အိုက သက်ပြင်းချ၍ ဆိုလာသည်။ "ရောင်းရင်းကျင့်ကြံ သူ...ဒီအဘိုးအိုက သင့်ကို လူတစ်ယောက်နဲ့ မှားသွားလို့ ပါ။ သင်က ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."
သူက လှည့်၍ အကွာအဝေးတစ်ခုသို့ လမ်းလျှောက်လို့ သွားသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ဖြည်းဖြည်ချင်း ပြောလိုက်သည်။ "စွန်ထိုင်.."
သည်စကားနှစ်ခွန်းက အဘိုးအို၏ နားထဲသို့ ဝင်လာ သည့်အခိုက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်လို့ သွားသည်။ သူက ခေါင်းကို ဆက်ခနဲ ပြန်လှည့်ကာ ဝမ် လင်းကို တုန်လှုပ်အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ "မင်း...မင်း..ပဲ.."
ဝမ်လင်းက စွန်ထိုင်ကို နတ်ဘုရားအာရုံဖြင့် စစ်ဆေး ကြည့်လိုက်၏။သည့်နောက် သူက မျက်မှောင်ကြုတ်သွား ကာ ပြောလိုက်သည်။ "ဘီလူးနတ်ဆိုးကလန်ရဲ့ ဘိုးဘေး သွေးမျိုးဆက်စွမ်းအးက သင့်ကို အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းထိ ရောက်အောင် ပို့လိုက်တာ ဘယ်လို ဖြစ်နိုင် မှာလဲ..."
စွန်ထိုင်က ခါးသီးစွာ ပြောလိုက်သည်။ "ငါလည်း ဒီကိစ္စ နဲ့ ပတ်သတ်လို့ နှစ်ရာချီပြီး ပဟေဋိ ဖြစ်နေခဲ့ရတာ။ ငါ နားလည်သလောက် သွေးမျိုးဆက်စွမ်းအားက ခုလိုမျိုး သန်မာမနေသင့်ဘူး..."
ဝမ်လင်းက မေးလိုက်၏။ "သင့်ကိုယ်ပေါ်က အမှတ်အသားက အရမ်းအားနည်းနေပြီ။ ဘာကြောင့်လဲ..
စွန်ထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလာ သည်။ "မင်း တန်လင်းဂြိုဟ်အကြောင်းကို သိလား..."
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက စွန်ထိုင်ကို စကားဆက်ပြောခွင့် မပြုတော့ပေ။သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက်လုံး ပျောက်ကွယ်လို့သွားသည်။ သည့်နောက် သူတို့က မြို့ မြောက်ပိုင်းရှိ အိမ်နေရာတွင် ပြန်ပေါ်လာခဲ့သည်။ ဝမ်လင်း က စိတ်ထိုင်ကို အိမ်ထဲသို့ ခေါ်သွားလိုက်၏။
ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ပြီးနောက် ဝမ်လင်းက စွန် ထိုင်ကို ကြည့်ကာ ပြောလိုက်သည်။ "သင် ခု ပြောပြနိုင်ပြီ.
(ဘာသာပြန်သူမှတ်ချက်... စွန်ထိုင်ဆိုသည်မှာ အတိတ် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိအလောင်းကောင် တုန်းက ကလန်၏ ခေါင်းဆောင်ဖြစ်သည်။ကျောက်ရီက ထိုသူ့ကို ဝမ်လင်းအတွက် ကျွန်အမှတ်အသားလုပ်ပေးခဲ့ဖူးသည်။ သူက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ ဘီလူးနတ်ဆိုးကလန်ဘိုး ဘေး၏ သွေးမျိုးဆက်စွမ်းအားကြောင့် တည်နေရာ ရွှေ့ပြောင်းခံလိုက်ရခြင်း ဖြစ်သည်။)
သေခြင်းရှင်ခြင်းအထက်မှာ ကံကြမ္မာရှိတယ်..
စွန်ထိုင်က
ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။ သူက အချိန်အတန်ကြာ စကားမဆိုနိုင် ဖြစ် နေ၏။ သူ့ကျင့်ကြံမှုအဆင့်က စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ကျဆင်းသွားသော်လည်း သူ့ထိုးထွင်းနိုင်စွမ်း ကတော့ ရှိနေဆဲသာ ဖြစ်သည်။ သို့ရာတွင် သူက မည်မျှ ကြိုးစားပါစေ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင် စွမ်း မရှိ ဖြစ်နေသည်။ပေါ်ခြင်း အဆင့်သို့ ကျဆင်းေစြစ် နေသည်
သူက တုန်လှုပ်သွား၏။ သူက အတိတ်တုန်းက ကောင်းကင်ဘုံနယ်မြေ၌ သူ့ကို ထိန်းချုပ်လို့မရအောင် အတင်းဖိအားပေးခဲ့သည့် အားနည်းသော စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း ကျင့်ကြံသူတစ်ယောက် အကြောင်း ပြန်တွေး နေမိသည်။ ထိုအားနည်းသော ကျင့်ကြံသူက သူနှင့် ကျောက်ရီတို့ကြား တိုက်ပွဲတွင် စောင့်ကြည့်နေရုံသာ တက် နိုင်ခဲ့ပေသည်။ ထိုအားနည်းသော ကျင့်ကြံသူက ခု သူ့ရှေ့ တွင် ရှိနေသောလူနှင့် တူတူဖြစ်သည်ဟု ယူဆရန် မဖြစ်နိုင်
ဝမ်လင်းက အတိတ်တုန်းက ကြမ်းကြုတ်သော်လည်း သူက ဉာဏ်နီဉာဏ်နက် ရှိခဲ့သော်လည်း သူ့ကျင့်ကြံမှု အဆင့်ကတော့ နိမ့်လွန်းခဲ့သည် မဟုတ်လား။ ကျောက်ရီ၏ အမှတ်အသားကြောင့်သာ မဟုတ်လျှင် သူက အတိတ်တုန်း က ဝမ်လင်းကို လက်ဝါးတစ်ချက်ဖြင့်ပင် သတ်ပစ်နိုင်စွမ်း ရှိခဲ့ပေသည်။
ယခု သူ့ရှေ့ရှိ ဝမ်လင်းကတော့ တည်ငြိမ်လှကာ သူ့ အကြည့်က သူ့မူလစိတ်ဝိညာဉ်ကိုပင် တုန်ယင်အောင် ပြုလုပ်လို့နေသည်။ သည်ကြီးမားလှသည့် ကွာခြားမှုက စွန် ထိုင်ကို လက်မခံနိုင်လောက်အောင် ဖြစ်နေစေ၏။
အတိတ်တုန်းက ဝမ်လင်းက အဆင့်နိမ့်လှရာ ပွန်းတစ် ကောင်အဖြစ် ယူဆနိုင်ပေမည်။ မည်သည့်အာဏာတက် ခြင်းအဆင့်ကျင့်ကြံသူမှလည်း သူ့အား ကြောက်လန့်နေ မည် မဟုတ်ပေ။
သို့ရာတွင် ခု ဝမ်လင်းပေါ်လာသည်အခါ၌ သူက ချက် ခြင်းပင် ရွင်မိသားစု ဘိုးဘေး၏ အာရုံကို စွဲဆောင်ခဲ့ကာ အဆင့်ရှစ်ဆေးလုံးပင် လက်ဆောင်အဖြစ် ပေးအပ်ခံရသ လို ရှိနေ၏။ သူ့အတွက်တော့ သူက ရွင်မိသားစု၏ ဧည့်သည်တစ်ယောက်မျှသာ ဖြစ်ကာ အတိတ်တုန်းက တောက်ပမှုအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။
အတိတ်တုန်းက ဝမ်လင်း သေရေးရှင်ရေး ရင်ဆိုင်ရချိန်၌ ဝမ်လင်းက သူ့အကူအညီကိုပင် ရယူခဲ့ရပေသည်။ သူ့ ကြောင့်သာ မဟုတ်ပါက သူက အတိတ်မှာတည်းက ဘီလူး နတ်ဆိုးကလန်ဘိုးဘေး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
သို့ရာတွင် ခု သူ့ရှေ့ရှိလူကတော့ အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိနေသည်။သည့်အပြင် ဝမ်လင်းအော် ရာက အဆင့်တူများကိုပင် သတ်ဖြတ်ခဲ့သော အော်ရာ ဖြစ် နေသည်ဟု စွန်ထိုင် ခံစားနေရ၏။
စွန်ထိုင် စိတ်နှလုံးထဲ၌ လွန်စွာ ရှုပ်ထွေးလို့နေ၏။ သူက တုန်လှုပ်နေရင်း သူ့စိတ်ထဲရှိ အားနည်းသော ကျင့်ကြံသူ၏ ပုံရိပ်နှင့် အဖြစ်အပျက်များ တစ်ဖြည်းဖြည်း ပျောက်ကွယ် လာကာ မျက်လုံဖြင့်ပင် မော်မကြည့်ရဲသည့် အားကောင်း သောကျင့်ကြံသူက အစားထိုး ဝင်လာခဲ့ချေသည်။ သူကသာ ခုသူ့ရှေ့ရှိ အစေခံ ဖြစ်လာခွင့် ရမည်ဆိုပါက မည်သည့် ချေပချက်မှ လုပ်နေမိလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက မည်သည့်စကားမှ မဆိုပေ။ သို့သော် သူက စွန်ထိုင်၏ ပုံစံဟန်ပန်ကနေတစ်ဆင့် သူ့အတွေးခံစားချက် များကို အနည်းနှင့်အများ ခန့်မှန်းမိနေ၏။ သူက ဆက်၍ တိတ်ဆိတ်နေကာ စွန်ထိုင်အား တည်ငြိမ်စွာ ကြည့်လို့ နေသည်။
စွန်ထိုင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "မင်း...မင်း ကျင့်ကြံမှုအဆင့်က ခု ဘယ်အဆင့်မှာလဲ..."
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "အာဏာတက် ခြင်း..."
စွန်ထိုင်က မဖြစ်ညစ်ကျယ် ပြုံးလိုက်မိသည်။သူက ဝမ် လင်းသည် အာဏာတက်ခြင်းအဆင့်မျှသာ ဖြစ်သည်ဟု မ ယုံကြည်နိုင်ဟန် ဖြစ်နေ၏။ ဝမ်လင်းကသာ အာဏာတက် ခြင်းအဆင့်မျှသာ ဖြစ်လာခဲ့ပါက သူက တစ်ခုခုကို ခံစားမိနိုင်စွမ်း ရှိပေလိမ့်မည်။ သူ့အမြင်တွင် ရွင်မိသားစု၏ ဘိုး ဘေးပင် တစ်ချိန်ကအားနည်းခဲ့သော သည်ကျင့်ကြံသူနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ထင်မြင်မိနေ၏။
နောက်ဆုံးတွင်တော့ စွန်ထိုင်က ရွင်မိသားစုဘိုးဘေးက အဆင့်ရှစ်ဆေးလုံးကို လေလံပွဲကနေ တစ်ဆင့် ဝမ်လင်းကို ဘာကြောင့် ပေးခဲ့သည်ကို နားလည်သွားခဲ့သည်။
တည်ငြိမ်နေ၏။သူ့အကြည့်ကို စွန်ထိုင်ထံကနေ "သင် ငါ့ မေးခွန်းကို မဖြေရသေးဘူး…" ဝမ်လင်း အသံ 3 ပြတင်းပေါက်အပြင်ဘက်သို့ ရွှေ့လိုက်၏။
ခန္ဓာကိုယ်အား တုန်လှုပ်သွားစေကာ သူ့စိတ်ထဲတွင် သည်ရိုးစင်းသော စကားများကပင် စွန်ထိုင်၏ ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်သွားစေသည်။ အတိတ်တုန်းက သည်အားနည်းသော ကျင့်ကြံသူက သူ့ကို ယခုလို ပုံစံမျိုး ပြောလာဝံ့နေပေသည်။ သို့သော် ဝမ်းနည်း စွာဖြင့် သည်စကားတစ်ခွန်းကပင် သူ့စိတ်ဝိညာဉ်ကို တုန်ယင်သွားစေဖို့ လုံလောက်နေခဲ့ပေ၏။
စွန်ထိုင်က ခါးသက်စွာ ပြောလိုက်သည်။ "ငါ... အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းကို တည်နေရာ အပြောင်းခံ လိုက်ရတဲ့နောက် တန်လင်းဂြိုဟ်ဘေးနားမှာ ပေါ်လာခဲ့ တယ်။ ငါက အဲ့နေရာမှာ ရာစုနှစ်တစ်ခုလောက် နေထိုင်ခဲ့ ပြီး လုမိသားစု အတွက် အလုပ်လုပ်ပေးခဲ့တယ်။ အဲ့နောက် မှာတော့ ငါက လွတ်လပ်မှု ပြန်ရလာခဲ့တယ်..."
"ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အမှတ်အသားကလည်း လု မိသားစုရဲ့ တစ်စုံတစ်ယောက်က ဖျက်စီးပေးခဲ့တယ်။ ဒါ..ဒါပေမဲ့လည်း အဲ့အမှတ်အသားက ခုထိ ဘာလို့ တည်ရှိနေခဲ့လည်းတော့ ငါ မသိဘူး..."
"လုမိသားစု…" ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းလို့ သွားသည်။
စွန်ထိုင်က ခပ်တိုးတိုး ပြောလိုက်၏။ "တန်လင်းဂြိုဟ် ပေါ်က အားအကောင်းဆုံးမိသားစု သုံးစုက ရှု၊လုနဲ့ လျို တို့ ပဲ ဖြစ်တယ်..."
ဝမ်လင်းက စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလာ သည်။ "ဒီမိသားစု သုံးစုက ဘယ်လောက် သန်မာ အားကောင်းလဲ။ တန်လင်းဂြိုဟ်နဲ့ ပတ်သတ်လို့ကော တစ်ခုခုထူးခြားတာ ရှိလား..."
*အလွန်သန်မာတယ်။ ဒီမိသားစုသုံးခုက မခန့်မှန်းနိုင် လောက်အောင် နက်နဲလွန်းလှတယ်။ သူတို့ဘယ်လောက် သန်မာတယ် တိတိပပ ပြောဖို့အတွက် ငါ့အဆင့်အတန်းက ဒါကို သိရဖို့အတွက် မလုံလောက်ဘူး။ ဒါပေမဲ့လည်း ဒီ မိသားစုတွေက ရွင်ယွမ်ဂြိုဟ်ကို ဖျက်စီးဖို့အတွက် အကြီးအကဲတစ်ယောက်ကို စေလွှတ်လိုက်ဖို့ပဲ လိုတယ်..."
"တန်လင်းဂြိုဟ်နဲ့ ပတ်သတ်ပြီး သိသိသာသာ ဖြစ်နေတဲ့ တစ်ချက်က ဒီဂြိုဟ်က ကဗြောင်းကဗျန်ဆန်လှပြီး သွေး လွှမ်းတဲ့ ကမ္ဘာတစ်ခု ဆိုတာပဲ..." စွန်ထိုင်က အတိတ်ကို ပြန်တွေးမိကာ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့်လို့ နေ၏။
ဝမ်လင်းက သည်ကြောက်ရွှံ့မှု အရိပ်အမြွက်ကို သတိပြု မိလိုက်သည့်အခါ ကြိတ်၍ သက်ပြင်းချမိလိုက်သည်။ တစ်ခါတုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အလောင်းကောင် ကလန်၏ အကြီးအကဲခေါင်းဆောင်က ပြီးဆုံးသွားခဲ့ချေပြီ။ သူကသူ့ကျင့်ကြံမှုအဆင့်ကို ပြန်ရရှိလျှင်ပင် ဘယ်တော့မှ ပိုမြင့်သောအဆင့်သို့ တက်လှမ်းနိုင်တော့မည် မဟုတ်ပေ။
ထိုသို့ဖြစ်ရခြင်းမှာ သူက ကျင့်ကြံသူတစ်ယောက် ရှိသင့် သော တာအိုနှလုံးသား ဆုံးရှုံးသွားခဲ့သောကြောင့် ဖြစ်၏။ သည်တာအိုနှလုံးသားက တန်လင်းဂြိုဟ်ပေါ်တွင် ရာစုနှစ် တစ်ခုစာ ကုန်ဆုံးသွားပြီးနောက် ပျက်စီးသွားခဲ့ခြင်း ဖြစ် ပေသည်။
ဝမ်လင်းက ရုတ်တရက် မေးလိုက်၏။ "တန်လင်းဂြိုဟ် ပေါ်မှာ ရှောင်မိသားစုကော ရှိလား..." "ရှောင်မိသားစု…" စွန်ထိုင်က အချိန်အတန်ကြာ စဉ်းစားနေ၏။သည့်နောက် သူက ခေါင်းယမ်းကာ ပြော လာသည်။ "ငါ သိသလောက်တော့ ရှောင်မိသားစု ဆိုတာ မရှိဘူး။ တကယ်တော့ ဒါက ငါ့အဆင့်အတန်းက နိမ့်လွန်း တဲ့အတွက် လျှို့ဝှက်ချက်တိုင်းကို မသိတာလည်း ဖြစ်နိုင်တယ်..
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် စွန် ထိုင်ကို ကြည့်ကာ ပြောလိုက်သည်။ သင်က မဟာမိတ် ကြယ်အဖွဲ့အစည်းမှာ ရှိတဲ့ ဟင်္သာပြဒါးဂြိုဟ်ရဲ့ အလောင်းကောင်ကလန်က အကြီးအကဲခေါင်းဆောင် ဖြစ် ခဲ့တယ် ဆိုတော့ တစ်ချို့ကိစ္စရပ်တော်တော်များများကို သိနေလိမ့်မယ်။ အလောင်းကောင်ကလန်က ဘယ်လို အဖွဲ့ အစည်းမျိုးလဲ..."
စွန်ထိုင်က သက်ပြင်းချကာ ခါးသီးစွာ ပြောလိုက်သည်။ "ငါက ဟင်္သာပြဒါးဂြိုဟ်က အလောင်းကောင်ကလန်ရဲ့ အကြီးအကဲခေါင်းဆောင် ဖြစ်ခဲ့ပေမဲ့လည်း ငါ မသိတာ တွေ အများကြီး ရှိနေသေးတယ်။ ငါက အလောင်းကောင် ကလန်က မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးရဲ့ အကြီးမား ဆုံးကလန်နှစ်ခုထဲက တစ်ခုဖြစ်တယ်ဆိုတာပဲ သိတယ်..."
"ငါပြောတဲ့ကလန်တွေက အစစ်အမှန်ကလန်တွေ ဖြစ် ပြီး ဂြိုဟ်တစ်ခုတည်းပေါ်မှာသာ တည်ရှိတဲ့ ကလန်တွေ မဟုတ်ဘူး။ ဒီကလန်တွေက မဟာမိတ်ကြယ်အဖွဲ့အစည်း အနှံ့မှာ တည်ရှိတာ။ သူတို့ထဲမှာ အားကောင်းတဲ့ကျင့်ကြံသူ တွေ မြောက်များစွာ ရှိကြတယ်။ သူတို့ရဲ့ခွန်အားက ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းရဲ့ အတွင်းပိုင်းထိတောင် ဆန့်ရောက်ကြတယ်..."
"ပြောကြတာကတော့ အလောင်းကောင်ကလန်ရဲ့ ဘိုး ဘေးက မဟာမိတ်အဖွဲ့အစည်းမှာ အဆင့်အတန်းမြင့်မား တဲ့ လူတစ်ယောက်လို့ ဆိုကြတယ်။ဒါ့ကြောင့်ပဲ အလောင်းကောင်ကလန်က အချိန်အကြာကြီးကတည်းက တည်ရှိနေခဲ့တာ ဖြစ်တယ်..."
ကလန်ကြီးတစ်ခုကတော့ နတ်လေးပါးကလန်ပဲ။ "အလောင်းကောင်ကလန် ဖက်ပြိုင်နိုင်တဲ့ နောက်ထပ် တိတိကျကျဆိုရရင် ဟင်္သာပြဒါးဂြိုဟ်က ဒီနတ်လေးပါး ကလန်ရဲ့ မထင်မရှား ဂိုဏ်းလက်တက် တစ်ခုလို့ ယူဆလို့ရ တယ်။ ဟင်္သာပြဒါးဂြိုဟ်ရဲ့ ပထမဆုံးမျိုးဆက် ဟင်္သာပြဒါး က နတ်လေးပါးကလန်က လာခဲ့တာလို့ ဆိုကြတယ်..."
"နတ်လေးပါးဂြိုဟ်က နတ်လေးပါးကလန်ရဲ့ ဂိုဏ်းခွဲ တစ်ခုလည်း ဖြစ်တယ်။ မင်းကသာ ဒါကို တွေးမိမယ်ဆိုရင် မင်းကိုလည်း နတ်လေးပါးကလန်ရဲ့ ပြင်ပတပည့်တစ် ယောက်လို့တောင် ယူဆိုလို့ ရနိုင်လိမ့်မယ်..."
ဝမ်လင်း မျက်လုံးက အလေးအနက် ဖြစ်လို့လာ၏။ တကယ်တော့ သူက ကျင့်ကြံသူတစ်ယောက်အဖြစ် ရှိခဲ့ သည့် အချိန်က နှိုင်းရသဘောဖြင့်ဆိုလျှင် တိုတောင်းလွန်း လှသေးသည်။ထို့ကြောင့် သူမသိသော လျှို့ဝှက်ချက်များစွာ
ရှိလို့နေ၏။ ခု သူက သည်အကြောင်းကို ကြားလိုက်သည့် အခါ သူက မဟာမိတ်ကြယ်အဖွဲ့အစည်းအပေါ် နားလည် သဘောပေါက်မှုအသစ်တစ်ခု ရရှိသွားသကဲ့သို့ ခံစားလိုက် ရသည်။
အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းက စွန် ထိုင်ကို ကြည့်ကာ မေးလိုက်ပြန်သည်။ "ရွင်မိသားမှာ သင့် ရဲ့ အဆင့်အတန်းက ဘာလဲ…"
"ငါက ရွင်မိသားစုရဲ့ ဧည့်သည်မျှသာပါပဲ။ ငါက တစ်ခု တည်းရတနာခန်းမှမှာ တစ်ချိန်လုံး နေနေခဲ့တယ်။ ရွင် မိသားစုရဲ့ ဘိုးဘေးက ငါ့ကို ခေါ်ယူခဲ့တာက ငါဟာ ဆေးဝါးပညာနဲ့ ရတနာသန့်စင်ခြင်းမှာ ကျွမ်းကျင်မှုအချို့ ရှိလို့နေလို့ပဲ...
စွန်ထိုင်မျက်လုံးထဲ၌ စိတ်ဓာတ်ကျမှုတို့နှင့် ပြည့်လို့ နေသည်။ သူက တုံ့ဆိုင်းဆိုင်းဖြင့် ပြောလိုက်သည်။ "မင်း...မင်းက ဒီအဆင့်ရှစ်ဆေးလုံးကို မယူဆောင်သင့် ဘူး။ ဒါက ရွင်မိသားစုဘိုးဘေးရဲ့ ထောင်ချောက်တစ်ခုပဲ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက…"
စွန်ထိုင်က ဆေးလုံးနှင့်ပတ်သတ်သည့် လွန်ခဲ့သော လေးနှစ်က အဖြစ်အပျက်များကို ပြန်ရှင်းပြလိုက်သည်။ သည်ပြောပြသည့်အကြောင်းက စွန်ရှီ ဝမ်လင်းကို ပြောပြ သည့် အကြောင်းနှင့် အကြမ်းဖျဉ်း တူညီနေပေသည်။
သည်အခိုက်အတန့်၌ အပြင်ဘက်ရှိ ကောင်းကင်က မှောင်စပြုလာခဲ့သည်။နေဝင်သွားခဲ့ပြီ ဖြစ်၏။ အပြင်ဘက် မှ နေဝင်ချိန်အလင်းက စွန်ထိုင်ပေါ်သို့ ကျရောက်ာလသည့် အခါ သူ့အား ပို၍ အိုစာသွားသလို ဖြစ်နေစေ၏။
စွန်ထိုင်၏ ခန္ဓာကိုယ်ပတ်လည်တွင် သေဆုံးခြင်း အငွေ့အသက်တို့ပင် ပေါ်လို့နေခဲ့ပြီ ဖြစ်သည်။ ယင်းအော် ရာက ဖျော့တော့သော်လည်း ဝမ်လင်း၏နယ်ပယ်မှာ သေ ခြင်းရှင်ခြင်းနယ်ပယ်ဖြစ်ခြင်းကြောင့် သူက သည်အရာကို ဖြတ်မြင်နိုင်စွမ်း ရှိခဲ့ပေ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ် စွာ ပြောလိုက်၏။ "သင့်မှာ နေရဖို့ အချိန်သိပ်မကျန်တော့ဘူး..
စွန်ထိုင်က ခါးသက်စွာ ခေါင်းညိမ့်သည်။ "မှန်တယ်...ငါ့ မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါက နောက်နှစ်ဆယ် လောက်ပဲ နေရတော့မယ်လို့ ခံစားမိနေတယ်..."
"သင် ပြန်နိုင်ပြီ။ ငါက နှစ်နှစ်ဆယ်အတွင်း ရွင်ယွမ် ဂြိုဟ်ပေါ်မှာပဲ ရှိနေမယ်ဆိုရင် ငါကိုယ်တိုင် သင့်ကို လာ နှုတ်ဆက်ပါ့မယ်..."
ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်တော့၏။
စွန်ထိုင်က အချိန်အတန်ကြာ စဉ်းစားပြီးနောက် မတ် တပ်ထရပ်လာ၏။သူက ပြတင်းပေါက်ကို ကြည့်ကာ တိုး ညင်းစွာ ဆိုလာခဲ့သည်။ "မင်း...မင်း ငါ့ကို တစ်ခု ကတိပေး နိုင်မလား..."ဝမ်လင်းက မျက်လုံးမဖွင့်ဘဲ တည်ငြိမ်စွာ ဆိုလိုက်၏ ပြောပါ...
"မင်းက နှစ်နှစ်ဆယ်အတွင်း ငါ့ရှိကို လာနှုတ်ဆက်မယ် ဆိုရင် ကျေးဇူးပြုပြီး ငါ့အရိုးပြာကို မဟာမိတ်ကြယ်အဖွဲ့ အစည်းရဲ့ လနက်ဂြိုဟ်ကို ယူသွားပေးပါ။ အဲ့နေရာမှာ ကောင်းကင်ထိ ထိုးတက်နေတဲ့ တောင်တစ်ခု ရှိတယ်။ အဲ့ တောင်ရဲ့ အောက်ခြေမှာ ရွာလေးတစ်ရွာ ရှိတာ ငါမှတ်မိနေသေးတယ်။ ကျေးဇူးပြုပြီး ငါ့ပြာကို အဲ့နေရာထိ ယူသွား ပေးပါ..."
သူက ဝမ်လင်းက သက်ပြင်းချမိ၏။သည့်နောက် မျက်လုံးဖွင့်လာကာ စွန်ထိုင်ကို ခေါင်းညိတ်ပြလိုက်သည်။
စွန်ထိုင်က ကျေးဇူးတင်သည့်ဟန်ဖြင့် ပြုံးပြလိုက်၏။ သည်အခိုက်အတန့်၌ သူက သူ့သေဆုံးပြီးနောက် သူ့အရိုး ပြာကို သူ့ဇာတိရင်းမြစ်သို့ ပြန်ရောက်စေလိုသော သာမန် သေမျိုးအဘိုးအိုတစ်ယောက်နှင့်ပင် တူလို့နေ၏။
သူက သိုလှောင်အိတ်ကို ထုတ်ကာ ဖြည်းဖြည်းချင်း ချ၍ ပြောလာ၏။ "ဒီထဲမှာ ကောင်းကင်ဘုံကျောက်စိမ်းပြား အချို့ရှိတယ်။ငါက ဒါကို ငါ့ကျင့်ကြံမှုအဆင့် ပြန်ကောင်း လာတဲ့ အချိန်အတွက် စုဆောင်းထားခဲ့တာ။ဒါပေမဲ့ ငါ မင်း ကို တွေ့ပြီးတဲ့နောက် ငါက ဒါတွေကို ထပ်မလိုတော့ဘူးလို့ ခံစားမိလိုက်တယ်။ ဒီသိုလှောင်အိတ်ထဲမှာ ငါ့ ဆေးဝါး ပညာနဲ့ ရတနာသန့်စင်ခြင်းအတွေ့အကြုံ မှတ်တမ်းမှတ်ရာတွေလည်း ပါဝင်တယ်။ ဒီအဘိုးအိုရဲ့ အိမ်ပြန်ခရီးကို ပို့ဆောင်ပေးမယ်လို့ ကတိဆိုတဲ့အတွက် ငါ့ကျေးဇူးတင်မှု ကို လက်ခံတဲ့အနေနဲ့ ဒါတွေကို ယူလိုက်ပါ..."
စွန်ထိုင်က နေဝင်ချိန်ကို ကြည့်ရင်း လမ်းလျှောက်၍ ထွက်ခွာသွားတော့သည်။ သည့်နောက် သူက ပို၍ပို၍ ဝေး ဝေးသွားချေ၏။
ဝမ်လင်းက ထွက်ခွာသွားသော စွန်ထိုင်၏ ပုံရိပ်ကို ကြည့်နေရင်း တစ်ခါတုန်းက ကျောက်ရီနှင့် တိုက်ခိုက်ကာ အမျိုးသမီးအလောင်းကို လုယူခဲ့သည့် စွမ်းအားကောင်း သည့် အလောင်းကောင်ကလန်ခေါင်းဆောင်တစ်ယောက် ကို သည်ပုံရိပ်နှင့် ယှဉ်ထိုးကြည့်နေမိတော့သည်။
စွန်ထိုင်က ထွက်ခွာသွားသည့်တိုင် သူ့ အတိတ်တုန်းက လက်လွှတ်လိုက်ရသည့် ကလေးက မည်သို့မည်ပုံ ဖြစ်ပျက် ခဲ့သည်ကိုလည်း မမေးမြန်းခဲ့တော့ချေ။ ဖြစ်နိုင်သည်က သူက အရာအားလုံးကို လက်လျှော့ကာ ကျန်သည် နှစ်နှစ် ဆယ်အတွင်း ငြိမ်သက်တိတ်ဆိတ်စွာ အသက်ရှင်သန်လို ခြင်း ဖြစ်ပုံရပေသည်။
(ဘာသာပြန်သူ မှတ်ချက်… စွန်ထိုင်၏ ကလေးငယ် ဆိုသည်မှာ အတိတ်တုန်းက စစ်ထူနန် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ထဲမှ နိုးထလာချင်းချင်း ခန္ဓာကိုယ် သိမ်းပိုက်ခဲ့သော လူငယ်လေးပင် ဖြစ်သည်။)
စွန်ထိုင်က ဝမ်လင်းကြောင့် သည်လိုကံကြမ္မာနှင့် အဆုံး သပ်ခဲ့ရသလို ဝမ်လင်းကြောင့်ပဲ နှစ်ရာချီ သူ့စိတ်ဝိညာဉ်ထဲ ရှိ နာကျင်ခံစားနေရမှုကိုလည်း သက်သာရာ ရသွားခဲ့ခြင်း ဖြစ်နေသည်။ ကံကြမ္မာသာ ရှိမည်ဆိုလျှင် သည် အဖြစ်အပျက်က ကံကြမ္မာပင် ဖြစ်ချေ၏။
သူ့တစ်ခုတည်းသော တောင်းဆိုမှုက သူ့မွေးရပ်ဇာတိဖြစ်သည့် မိုးထိတောင်တစ်ခု၏ အောက်ခြေရှိ တောင်ခြေ ရွာလေးသို့ သူ့အရိုးပြာကို ဝမ်လင်းအား ပြန်ပို့ခိုင်းခဲ့ခြင်းသာ..
နေ ဝင်သွားခဲ့ချေပြီ။ ဝမ်လင်းက မျက်လုံး မှိတ်လိုက်၏။ သေခြင်းရှင်ခြင်း၊ ကံကြမ္မာ၏ အကြောင်းကြောင့် အကျိုး တို့ကို အတွေးတစ်ချက်ဖြင့်ပင် ပိုင်းခြားနိုင်၏။ ယင်နှင့် ယန်၊ အမှန်နှင့်အမှားကဲ့သို့ပင်။
သည်အရာကသာ ကမ္ဘာလောကကြီး၏ နည်းလမ်း ဥပဒေသလော။
"ကံကြမ္မာက သေခြင်းရှင်ခြင်းပြီးတဲ့နောက် လျှောက် လှမ်းရမယ့် လမ်းကြောင်းတစ်ခုပဲ။ ကံကြမ္မာက သေခြင်း ရှင်ခြင်းရဲ့ ပင်မရင်းမြစ်လို့တောင် ဆိုနိုင်တယ်။ ဒါ့ကြောင့်ပဲ ရှင်သန်ခြင်းဖြစ်စေတဲ့ ကံကြမ္မာ အကြောင်းရင်းက အသက်ဓာတ်ဆိုတဲ့ ကံကြမ္မာ အကျိုးဆက်ကို ဖြစ်စေတာပဲ
ဝမ်လင်းက ဉာဏ်အလင်း အရိပ်အမြွက်ကို ခံစားမိ၏။ သို့သော် အရာအားလုံးက စိမ်းနေသလိုလည်း သူက ခံစားနေရဆဲသာ။ သူက သည်ဉာဏ်အလင်းကို တွေ့မြင်မိသော်လည်း မထိတွေ့၊မဖမ်းဆုပ် နိုင်သေးသကဲ့သို့ ဖြစ် လေ၏။
Comments
Post a Comment