အပိုင်း(143)
လေပြင်းက ညင်သာစွာ တိုက်ခတ်လာတော့ အပင်က ဆိတ်ဆိတ် မနေနိုင်...
အချို့က သေခြင်းရှင်ခြင်းသည် ဤကမ္ဘာလောက၌ ခန့်မှန်းလို့မရဆုံး အရာများ ဖြစ်သည်ဟု ဆိုကြသည်။ထိုသို့ ဆိုရသည့် အကြောင်းရင်းမှာ သေမျိုးများက သူတို့ မည် သည့်အချိန်၌ သေဆုံးရမည်ကို မသိသောကြောင့်သာ ဖြစ်၏။ သေခြင်းတရား၏ ထူးဆန်းမှုက သူတို့၏ ဦးခေါင်း ထက်သို့ ကြိုမမြင်ရသည့်ဓားဖြင့် မိုးထားကာ လူများ၏ စိတ်ဝိညာဉ်အနက်ပိုင်းထိ ကြောက်ရွှံ့မှုခံစားရအောင် ပြုလုပ်နေခဲ့ပေသည်။
သို့ရာတွင် သူတို့က သေခြင်းရှင်ခြင်းက ပိုကြီးမားသွား သည် တစ်စုံတစ်ရာ၏ အစိတ်အပိုင်းငယ် တစ်ခုမျှသာ ဖြစ်ကြောင်းကို မသိကြပေ။သူတို့က ယင်းသေခြင်းရှင် ခြင်း၏ ရင်းမြစ်ကို လိုက်လံရှာဖွေကြည့်ပါက သည်အရာ သည် ကံကြမ္မာပုံစံတစ်မျိုးသာ ဖြစ်ကြောင်းကို ရှာတွေ့မိပေ လိမ့်မည်။ မည်သူကမျှ မနေ့ကကံကြမ္မာ အကြောင်းရင်းနှင့် ယနေ့ ကံကြမ္မာ အကျိုးဆက်တို့မှ လွတ်မြောက်နိုင်စွမ်း မရှိကြ
6011
ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ အခန်းတစ်ခု၌ တင်ပလွေ ချိတ်၍ ထိုင်လျက် ရှိနေသော လျှိုမေကဲ့သို့ပေ။သူမက သိုလှောင်အိတ်ကို ထိလိုက်ရင်း အပြင်ဘက်ရှိ စိမ်းသော ပတ်ဝန်းကျင်ကို ကြည့်နေကာ သူမနှလုံးသားက ပို၍ တည်ကြည်ခိုင်မာလာသည်ဟု ခံစားမိနေသည်။
သူမ သိုလှောင်အိတ်ထဲရှိ အရာဝတ္ထု ရှိသေသ၍ သူမက အထီးကျန်သည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။
သူမက သိုလှောင်အိတ်ကို ခပ်ဖွဖွ ရိုက်လိုက်၏။ လျိုမေ မျက်နှာက နာကျင့်သည့်အရိပ်အယောင် ပေါ်ထွက်သွား၏။ သို့သော် သည်နာကျင်မှုကို မထူးမခြားနားဟန်က မြန်ဆန် စွာ အစားထိုးလို့သွားသည်။
သူမ သိုလှောင်အိတ်ထဲရှိ တစ်စုံတစ်ရာက တုန်ခါ လှိုင်းတွန့်များကို ထုတ်လွှတ်လို့နေခဲ့သည်။
သိုလှောင်အိတ်ထဲမှ တုန်ခါလှိုင်းကို ခံစားမိသည့်နောက် လျိုမေက သူမလက်ချောင်းထိပ်ကို ကိုက်လိုက်၏။ သည့်နောက် သူမက လက်ချောင်းထိပ်ကို ညှစ်လိုက်ာ လတ်ဆတ်သော သွေးတစ်စက်က သိုလှောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။ထိုအခါ တုန်ခါလှိုင်းကလည်း တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်လို့သွား၏။ လျိုမေက သက်ပြင်းချသည်။ "သူ့(ဝမ်လင်း)အတွက် ပြင်ဆင်ထားတဲ့ ရတနာက ခုချိန်မှာ အသုံးမဝင်တော့ ?:..."
ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်၌ ကိစ္စရပ်ကြီးတစ်ခု ဖြစ်ပွားခဲ့ လေ၏။လွန်ခဲ့သော နှစ်ထောင်ချီက ထွက်ခွာသွားခဲ့သော ဘိုးဘေးတစ်ယောက် ပြန်ရောက်လာခဲ့သည်။သူက သူနှင့် အတူ အံ့အားသင့်ဖွယ် ပါရမီနှင့် တပည့်တစ်ယောက်ကို ဂြိဟ်ပေါ်သို့ ခေါ်လာခဲ့ကာ ခုကစ၍ သုံးလအတွင်း သွေး မျိုးဆက် ပြောင်းလဲခြင်းကို ထိုတပည့်အပေါ်၌ ပြုလုပ်ပေး ပြီး ဟွမ်မိသားစု၏ ပင်မအဖွဲ့ဝင် ဖြစ်လာစေပေမည်။
သည်သတင်းက မုန်တိုင်းတစ်ခုအလား ပုံရိပ်တစ်ထောင် ဂြိုဟ်နှင့် ဆက်နွှယ်နေသော ဂြိုဟ်တိုင်းသို့ ပျံနှံ့လို့သွားခဲ့ပေ သည်။
ရွင်ယွမ်ဂြိုဟ်သည်လည်း ပုံရိပ်တစ်ထောင်ဂြိုဟ်၏ လက်အောက်ခံ ဂြိုဟ်တစ်ခု ဖြစ်လေသည်။
စွန်ထိုင် ထွက်ခွာသွားပြီးနောက် ဝမ်လင်းက အခန်းထဲ မှာပင် တိတ်ဆိတ်စွာ ကျင့်ကြံလျက် ရှိ၏။စွန်ထိုင် ထားခဲ့ သော သူ့သိုလှောင်အိတ်ထဲ၌ ကောင်းကင်ဘုံကျောက်စိမ်း ပြား ငါးသောင်းကျော် ရှိလို့နေသည်။
အရင်က ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ထည့် ပေါင်းပါက ဝမ်လင်းတွင် စုစုပေါင်း ကောင်းကင်ဘုံ ကျောက်စိမ်းပြား သုံးသိန်းလောက် ရှိနေခဲ့ပြီ ဖြစ်၏။သူ့ မျက်လုံးက တလက်လက် ဖြစ်နေကာ ခပ်တိုးတိုး ရေရွတ် လိုက်သည်။ "ဒါက လုံလောက်ရုံ ဖြစ်သင့်နေပြီ..."
သူက မတ်တပ်ထရပ်ကာ အခန်းထဲကနေ ပျောက်ကွယ် လို့သွား၏။ သူ ပြန်ပေါ်လာသည့်အခါတွင် အိမ်နှင့် ကီလိုမီတာ ငါးသောင်းအကွာသို့ ရောက်နေခဲ့၏။ သူက သူ့ နတ်ဘုရားအာရုံကို သည်ဧရိယာအား ဖြန့်ကျက်လွှမ်းခြုံ လိုက်၏။သည့်နောက် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ထုတ်ယူလိုက်သည်။
ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့လက်ဖြင့် ချိပ်တံဆိပ်များဖြစ်စေပြီး အတားအဆီးများအဖြစ် စေလွှတ်လိုက်သည်။ အတားအဆီးပေါင်း ဒါဇင်ချီ၍ အထိုင်ချပြီးနောက် ကောင်းကင်ဘုံကျောက်စိမ်းပြားများက တစ်ခုပြီးတစ်ခု နေရာချကာ ဧရာမအစီအရင်ကြီးတစ်ခု ဖြစ်တည်လာခဲ့၏။
သည်အစီအရင်တွင် အမည်မရှိပေ။ သည်အရာက သူ့ တစ္ဆေလောကမြစ်၏ တတိယစွမ်းရည်မှ သူကိုယ်တိုင် ထုတ်ယူထားသည့် တစ်စုံတစ်ခုသာ ဖြစ်သည်။၎င်းက ကောင်းကင်ဘုံကျောက်စိမ်းပြား များစွာကို စုပ်ယူနိုင်ပြီး သူ့ကျင့်ကြံမှုကို တိုးတက်ဖို့အတွက် အားကောင်းသော ထောက်ပံမှုအဖြစ် အသုံးပြုနိုင်ပေ၏။
ကောင်းကင်ဘုံကျောက်စိမ်ပြား သုံးသိမ်းကျော် ကျဆင်း လာသည့်အခါတွင်တော့ ဝမ်လင်းက သိုလှောင်အိတ်ကို နောက်တစ်ကြိမ် ပုတ်လိုက်ရာ ကြယ်ခုနစ်ခုဓားအစီအရင် ပျံသန်းထွက်လာ၏။ ၎င်းက ဝမ်လင်းကို လှည့်ပတ် ချိတ်ဆက်ကာ ကာကွယ်မှု ပေး၏။ကောင်းကင်ဘုံ သက်တော်စောင့်သည်လည်း ဝမ်လင်းအရိပ်ထဲကနေ ထွက် ပေါ်လာကာ ဗလာအဖြစ်သို့ ပေါင်းစပ်၏။လူတစ်ယောက် 3 သူ့ကို နှောက်ယှက်ဝံ့လျှင် ကောင်းကင်ဘုံ သက်တော်စောင့်က ထိုသူများ ချက်ခြင်း သတ်ဖြတ်ပစ်ပေ လိမ့်မည်။
အသက်ဝဝရှူသွင်းပြီးသည့်နောက် ဝမ်လင်းက မျက်လုံး မှိတ်လိုက်၏။ သူ့လက်နှစ်ဖက် ချိပ်တံဆိပ်တစ်ခုကို ဖြစ် စေ၏။သည့်နောက် သူ့ ဒူးနှစ်ဖက်ပေါ်တွင် နေရာချကာ တိုးညှင်းစွာ ဆိုသည်။ "ပြန့်ကျဲပျက်စီးစမ်း..."
သူ့အသံက မန္တာန်တစ်ခု ဖြစ်လာကာ ကျယ်လောင်သော တုန်ဟီးသံတစ်ခုကဲ့သို့ ပျံ့နှံ့သွား၏။၎င်းက အနီးပတ်လည် ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ပေါက်ကွဲစေကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားစေသည်။သည် အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီး တစ်ခုလုံးက ကောင်းကင်ဘုံကျောက်စိမ်းပြား အမှုန့်များနှင့် ဖုံးလွှမ်း သွားချေ၏။ သည့်နောက် အံ့မခန်းကောင်းကင်ဘုံ စိတ် ဝိညာဉ်စွမ်းအင်များက ရုတ်တရက် ပေါက်ကွဲထွက်လာလေ သည်။
သည်ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက လွန်စာ အားကောင်းလွန်းလှကာ ကြောက်မက်ဖွယ်အဆင့် ဖြစ် နေ၏။၎င်းက ဝမ်လင်းကို ဗဟိုပြုကာ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင် မုန်တိုင်းအဖြစ်ပြောင်းလဲပြီး ကောင်းကင် ထက်သို့ ထိုးတက်သွားချေသည်။
ပြင်းထန်သော တုန်ခါလှိုင်းများက ပျံ့နှံ့ကာ ကမ္ဘာ လောကအနှံ့ မိုးခြိမ်းသံကို တုန်ဟီးစေ၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းက ပို၍ သန်မာလာလေလေ ကောင်းကင်ဘုံကျောက်စိမ်းပြားများ က ပို၍ ပေါက်ကွဲကုန်လေ ဖြစ်သည်။
ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ လူသုံးယောက်ကသာ သည် အားကောင်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ရှင်းရှင်းလင်းလင်း ခံစားမိသွားကြသည်။ ပထမဆုံးလူက ဝမ်လင်းကျင့်ကြံနေသည့် နေရာနှင့် အနီး ဆုံး ဖြစ်သူ စွန်ရှီပင် ဖြစ်၏။
စွန်ရှီက ကျင့်ကြံနေရာကနေ ရုတ်တရက် မျက်လုံးဖွင့် လာခဲ့ကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့်နေ၏။
ဒုတိယလူက ရွင်ယွမ်ဂြိုဟ်၏ အခြားဘက်ခြမ်းရှိ ရေခဲ ပြင်အနက်ပိုင်းမှ သက်လတ်ပိုင်းလူကြီး ဖြစ်သည်။သည်လူ က မပျော်နိုင်သော ရေခဲလွှာထဲ၌ ရှိနေကာ အတွင်းမှ အအေးစွမ်းအင်များကို စုပ်ယူလို့နေသည်။ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ပေါက်ကွဲထွက်လာသည်ကို တွေ့သည့် အခါ သူက မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးက အေးစက်စက် အလင်းကို ထုတ်လွှတ်ကာ ယင်းစွမ်းအင် ထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်သည်။
"ဒါက သတိပေးခြင်းလား..." သက်လတ်ပိုင်းလူကြီးက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ယင်းအခြင်းအရာကို လစ် လျူရှူလိုက်သည်။
တတိယလူကတော့ ရွင်ယွမ်ဂြိုဟ်၏ အလယ်ဗဟိုရှိ ရွင် မိသားစု တည်ရှိရာနေရာမှ ဖြစ်၏။
ရွင်မိသားစု၏ ဘိုးဘေးအိမ်တော်၌ တစ်ခေါင်းလုံး ဆံပင် ဖြူဆွတ်နေသည့် အဘိုးအိုတစ်ယောက်က လေလံပွဲမှ အကြောင်းကို မိသားစုဝင် တစ်ယောက်က တင်ပြနေသည် ကို နားထောင်နေရင်း သူက မျက်မှောင်ကြုတ်နေသည်။ အဆင့်ရှစ်ဆေးလုံးက ကောင်းကင်ဘုံကျောက်စိမ်းပြား တစ်ပြားတည်းနှင့် ရောင်းလိုက်ရသည်ကို ကြားလိုက်သည့် အခါ သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။သူ့ မျက်လုံးထဲ၌လည်း မကျေမချမ်း ဖြစ်မှုနှင့် ပြည့်လို့နေ၏။
သူက စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်း၏ သွင်ပြင်ကို ထောက်လှမ်းမိသွားသည်။သူက ချက်ခြင်းပင် မတ်တပ်ထ ရပ်ကာ မုန်တိုင်းဦးတည်ရာသို့ သုန်မှုန်စွာ ကြည့်လိုက်၏။
ထိုမုန်တိုင်းအတွင်း၌ ဝမ်လင်းလက်က ချိပ်တံဆိပ်တစ်ခု ကို ဖြစ်ပေါ်စေသည်။သူက ရုတ်တရက် ပါးစပ်ဟကာ အော် လိုက်၏။ "စုပ်ယူစမ်း..."
သည်စကားတစ်ခွန်းဖြင့်ပင် မုန်တိုင်းက ပြန့်ကျဲပျက်စီး သွားသည်။ဝမ်လင်းက ပါးစပ်ဟကာ ယင်းမုန်တိုင်းကို သူ့ ပါးစပ်ထဲသို့ မြန်ဆန်စွာ စုပ်ယူလိုက်၏။
ဝမ်လင်းပတ်လည်၌ တစ္ဆေလောကမြစ်က ခပ် ယောင်ယောင် ပေါ်လို့နေသည်။တစ္ဆေလောက မြစ်က ဝမ် လင်းအား လှည့်လည်ကာ မမြင်ရသောအားတစ်ခုကို ဖြစ် စေပြီး ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို သိပ်သည်းစေ၏။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်းကို ဝမ် လင်း၏ စုပ်ယူရှိုက်သွင်းခြင်းကို ခံလိုက်ရချေသည်။ ကောင်းကင်ဘုံကျောက်စိမ်းပြား မြောက်များစွာက ဝမ် လင်းပတ်လည်၌ ဝန်းရံနေကာ သူ့သွေးကြောများက ဖောင်းကြွလျက် ရှိ၏။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များက ဝါးမြိုခံလိုက်ရပြီးနောက် သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လို့သွားသည်။
ခုချိန်၌ ဝမ်လင်းခန္ဓာကိုယ်က ဒီလှိုင်းအသူတစ်ရာ ချောက်နက်ထဲကလို ဖြစ်နေ၏။သူ့မူလစိတ်ဝိညာဉ်က ဒီလှိုင်းအသူတစ်ရာချောက်ထဲရှိ အရာအားလုံးကို ဝါးမြို ပစ်သည် တွင်းနက်နှင့် တင်စားနိုင်ပေသည်။
ဝမ်လင်းအသားအရည်ကလည်း အနည်းငယ် နီမြန်းလာ ကာ သူ့မျက်လုံးများက တောက်ပလျက်ရှိ၏။လျှပ်စီးများက လည်း သူ့ခန္ဓာကိုယ်အနှံ့တွင် ကွဲအက်လျက် ရှိသည်။
ဧရာမကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မုန်တိုင်း ပျောက်ကွယ်သွားသည့်နောက် ကမ္ဘာလောကက ပုံမှန် အတိုင်း ပြန်ဖြစ်လာခဲ့သည်။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ သည့်နောက် သူက မတ်တပ်ထရပ်လိုက်သည်။
"အာဏာတက်ခြင်း အလယ်အဆင့်ကို ရောက်ဖို့ ငါ့ နယ်ပယ်ရဲ့ ဉာဏ်အလင်းတစ်ခုပဲ လိုအပ်တော့တယ်။ ဒါပေမဲ့လည်း ငါက နယ်ပယ်ဉာဏ်အလင်းရဖို့ အလျင်လို စရာ မလိုဘူး။ ဒါက နောက်ချက်ခြင်းလည်း ဖြစ်နိုင်တယ်။ ဒါမှ မဟုတ် ဆယ်နှစ်၊ နှစ်တစ်ရာ ကြာမှလည်း ရရှိလာနိုင်တယ်..
"ခုချိန်မှာတော့ ငါက တစ်ချို့ကိစ္စတွေကို ရှင်းရဦးမယ်... ငါက ရွင်ယွမ်ဂြိုဟ်ပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင့်ကြံနေ ခြင်ပေမဲ့ အချို့လူတွေက ငါ့ကို အေးချမ်းမှု မပေးလိုကြဘူး။ သူက ငါ့ကို ဒီကိစ္စထဲမှာ ပါဝင်စေချင်နေတယ်ဆိုရင် သူက လုံလောက်တဲ့ ရိုးသားမှုကို ပြသဖို့လိုတယ်။ငါက ဒီသုံး ယောက်ကို ငါ့လုပ်ဆောင်မှုက ဘယ်လိုဘယ်ပုံဆိုတာ နားလည်သွားအောင် ခု ပြသပေးမှ ရတော့မယ်…"
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့လက်ကို ဝှေ့ယမ်း လိုက်၏။ ကြယ်ခုနစ်ခုဓားအစီအရင်က သိုလှောင်အိတ်ထဲ သို့ ပြန်ရောက်ရှိလာခဲ့ကာ ကောင်းကင်ဘုံသက်တော်စောင့် ကလည်း သူ့အရိပ်အဖြစ်သို့ ပြန်ပြောင်းလဲသွား၏။
ဝမ်လင်းက လျှောက်လှမ်းလာရင်း မဟာတည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုလိုက်၏။ တစ်ချိန် တည်းမှာပင် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ဂြိုဟ်တစ်ခုလုံးအား ဖုံးလွှမ်းလိုက်သည်။ အလယ်အလင် အဆင့် အာဏာတက်ခြင်းကျင့်ကြံသူအပေါ်၌ သူ့နတ်ဘုရား အာရုံကို ချမှတ်လိုက်ပြီးနောက် ဝမ်လင်းက ပျောက်ကွယ် လို့သွားသည်။
ရွင်မိသားစု ဘိုးဘေးအိမ်ထဲရှိ ဆံဖြူအဘိုးအို၏ အသွင် က ပြောင်းလဲသွားသည်။သူ့မျက်လုံးကလည်း တောက်ပလို့ သွား၏။ သည့်နောက် သူ့ခန္ဓာကိုက် ဖျပ်ခနဲ လှုပ်ရှားကာ တည်နေရာရွှေ့ပြောင်းလိုက်သည်။သည့်နောက် သူက ရွင် မိသားစုနှင့် ငါးထောင်ကီလိုမီတာ အကွာရှိ နေရာတစ်ခု ပေါ်တွင်ပေါ်လာကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက် သည်။ လျှပ်စီးအလင်းတန်းတစ်ခုက ပေါ်ထွက်လာကာ ချက်ခြင်းပင် လေဟာနယ်ထဲသို့ ပစ်ဝင်သွားသည်။
အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လျှပ်စီး အလင်းတန်းတစ်ခုက ကောင်းကင်ထက်၌ ကျယ်လောင် သေအသံနှင့်အတူ ဖြစ်ပေါ်လာခဲ့သည်။
မိုးကြိုးလက်ဝါး။ ရွင်မိသားစု၏ ဘိုးဘေး အာဏာတက် ခြင်းကျင့်ကြံသူ၏ မန္တာန်များထဲမှ တစ်ခု။
လျှပ်စီးအလင်းတန်းက လေဟာနယ်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။သည်အခိုက်အတန့်၌ လေဟာနယ်ထဲက နေ အေးစက်စက်နှာခေါင်းရှုံ့သံနှင့်အတူ ဝမ်လင်းအသွင်က ထွက်ပေါ်လာခဲ့သည်။သူက လှုပ်ရှားခြင်းမပြုပေ။သို့သော် သူ့နောက်မှ အရိပ်က ဖျပ်ခနဲ လက်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့်က ဝမ်လင်းရှေ့သို့ ရိပ်ခနဲ ရောက်ရှိလာကာ မိုးကြိုးလက်ဝါးက ချက်ခြင်း ပျက်စီးသွား လေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံသက်တော်စောင့်၏ အရိပ်က ရွင်မိသားစုဘိုးဘေးရှေ့သို့ ပေါ်ထွက်လာကာ သူ့ အား ညင်သာစွာ တွန်းထုတ်သွား၏။ ရွင်မိသားစုဘိုးဘေး က ချက်ခြင်းပင် သွေးအန်ထုတ်လိုက်ရကာ နောက်သို့ လွင့် စင်ထွက်သွားချေသည်။သည့်နောက် ဆက်တိုက်အန်ထုတ်လိုက်ရာက သူ့အသွင်က ဖြူဖပ်ဖြူ ရော ဖြစ်လို့လာ၏။ သူက မြန်ဆန်စွာပင် သိုလှောင်အိတ် ထဲမှ ဆေးလုံးများကို ထုတ်ယူကာ သောက်သုံးလိုက်ရ၏။ သူက သွေး
သည်အရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်း ပင်။ ထို့ကြောင့် ရွင်မိသားစုဘိုးဘေးက သူ့နှလုံးသာထဲ၌ နက်ရှိုင်းသော ကြောက်ရွှံ့မှုကို ခံစားလိုက်ရသည်။
"သူ့ ကျင့်ကြံမှုအဆင့်က ဘယ်အဆင့်လဲ...ဒါက ကြောက်ဖို့ကောင်းလွန်းတယ်။ သူက ငါ့ကို မသတ်ချင်ခဲ့လို့ သာပေါ့။ မဟုတ်ရင် ငါက တစ်ချက်တည်းနဲ့ သေနေ လောက်ပြီ။ ဒီလူက အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်များ ဖြစ်နေမလား..."
အဘိုးအိုက ပင့်သက်ရှိူက်မိလိုက်သည်။ ကောင်းကင်ဘုံသက်တော်စောင့် အရိပ်က ဝမ်လင်း နောက်တွင် ပြန်ပျောက်ကွယ်သွားသည်။သည့်နောက် ဝမ် လင်းက ရွင်မိသားစုဘိုးဘေးအား အေးစက်စွာကြည့်၍ တည်ငြိမ်စွာ မေးလိုက်သည်။ "မင်းက လွန်ခဲ့တဲ့လေးနှစ်က ကိစ္စထဲကို ငါ့ကို ဆွဲထည့်ချင်တဲ့လူလား..."
အဘိုးအိုက စိတ်ထဲ၌ တုန်ယင်သွား၏။ အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက အံတင်းတင်းကြိတ်ကာ ဆို လာသည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီကိစ္စက ငါ့အမှားပါ။ ငါက ဒါကို လုပ်ခဲ့တာ ဘာလို့လဲဆိုတော့..."
"ငါ မင်းဆင်ခြေဆင်လက်တွေ နားမထောင်ချင်ဘူး။ မင်းက ငါ့ ကာကွယ်မှုကို လိုချင်ရင် မင်းရဲ့ ရိုးသားမှုကို ပြသရမယ်။ မင်းပြသခဲ့တဲ့ ရိုးသားမှုက လုံလောက်ဖို့ အဝေးကြီး လိုသေးတယ်..."
ဝမ်လင်းက လက်နောက်ပစ်ကာ တည်ငြိမ်စွာ ရှိနေသည်။
အဘိုးအိုက အသက်ဝဝရှူသွင်းမိလိုက်သည်။ သူ့ခေါင်း ထဲသို့ အကြံဉာဏ်ပေါင်း ရာချီ တိုးဝင်လာကာ သူက ချက် ခြင်းပင် မေးလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူက ဘာကို ဆိုလိုတာများလဲ..."
ဝမ်လင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါ့ကို မင်း မိသားစုမှာရှိတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံး ရဲ့ ကိုးဆယ်ရာခိုင်နှုန်းပေးပါ..." အဘိုးအိုက စဉ်းစားသွား၏။သူ့စိတ်ထဲ၌ ချီတုံ့ချတုံ့ ဖြစ် လို့နေသည်။
ဝမ်လင်းက ရှေ့သို့ ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက် ပြန်သည်။ "မင်းတို့နှစ်ယောက်ပါ...ထွက်လာခဲ့ကြ..."
ဝမ်လင်း ကြည့်လိုက်သော နေရာ၌ ပုံရိပ်ယောင်နှစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုနှစ်ယောက်မှာ စွန်ရှီနှင့် ရေခဲလွှာ ထဲရှိ သက်လတ်ပိုင်းလူကြီး တို့ဖြစ်ကြသည်။သူတို့နှစ် ယောက်၏ မျက်လုံးများထဲ၌ ကြောက်လန့်မှုနှင့် ပြည့်လို့ နေသည်။ ရွင်မိသားစုဘိုးဘေးက တစ်ချက်တည်းဖြင့် သူ့ အသက်ပါ ပေးလိုက်ရလုနီးပါး ဖြစ်သွားစေသည့် မြင်ကွင်း က သူတို့နှလုံးသားအား ကြီးစွာတုန်လှုပ်စေခဲ့သည်။
"မင်းက မင်းမိသားစုရဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြား ခုနစ်ဆယ်ရာခိုင်နှုန်းကို ငါ့ကာကွယ်မှုအတွက်ပေးရ မယ်..." ဝမ်လင်းက စွန်ရှီအား ထိုသို့ ပြောလိုက်သည်။
စွန်ရှီမျက်လုံးများက အလေးအနက် ဖြစ်လာကာ ချက် ခြင်း ခေါင်းညိတ်လိုက်သည်။ "ရောင်းရင်းရှု..ဒါက အဆင်ပြေပါတယ်။ ငါဟာ လွန်ခဲ့တဲ့လေးနှစ်တည်းက ဒီ အရိပ်ဆိုးထဲမှ လျှောက်လှမ်းနေရတော့ ဒီအခြေအနေကို လက်ခံနိုင်ပါတယ်..."
"မင်းကတော့ ငါ့ကို မင်းမိသားစုရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား ကိုးဆယ်ရာခိုင်နှုန်းပေးရမယ်…"
ဝမ်လင်းအကြည့်က သက်လတ်ပိုင်းလူကြီးထံသို့ ကျ ရောက်လို့သွားသည်။
“ဒါ့အပြင် လွန်ခဲ့တဲ့လေးနှစ်က ဟွမ်မိသားစုဝင်ရဲ့ သိုလှောင်အိတ်ထဲက မင်းတို့ရရှိခဲ့တဲ့ ကျန်နေသေးတဲ့ ဆေးလုံးတွေကိုပါ ပေးရမယ်။ တစ်ခုမှ မကျန်စေဘဲ ငါ့ရှိကို အကုန်လုံး လာပေးကြ..."
"ဒါ့အပြင် ငါ့မှာ လုံလောက်တဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား မရှိတဲ့အတွက် မင်းတို့က ငါ့အတွက် ပို ရအောင် လုပ်ပေးရမယ်။ ငါ့ကျင့်ကြံမှုအဆင့်ကမ လုံလောက်ဘူးဆိုရင် ငါက ဒီကိစ္စကို ပါဝင်ပေးဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူး..."
ကံကြမ္မာစက်ဝန်း...သေခြင်းရှင်ခြင်းကို ရှာဖွေခြင်း...
"ဒါတွေက မင်းတို့ကို ကာကွယ်ပေးဖို့အတွက် ငါ့ရဲ့ တောင်းဆိုမှုပဲ..." ဝမ်လင်းစကားများက ထိုသုံးယောက်ကို မည်သည့်ရွေးချယ်မှုမှ ပေးမနေချေ။ သည့်နောက် သူက သူ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။
သည်သုံးယောက်က သဘောတူလျှင် အဆင်ပြေပေ လိမ့်မည်။မဟုတ်လျှင် ဝမ်လငး်က သည်အရှုပ်အထွေး ထဲ၌ ပါဝင်လိမ့်မည် မဟုတ်ပေ။
ရွင်မိသားစု၏ ဘိုးဘေးက စဉ်းစားနေ၏။ ဟွမ် မိသားစု၏ အန္တရာယ်က ကြီးမားနေသည်။ မည်သူကမျှ သည်ကိစ္စထဲ၌ မပါဝင်ပါက သူ့ရွင်မိသားစုက ပျောက်ကွယ် သွားနိုင်လောက်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရလာ နိုင်သည်။
သူက အံတင်းတင်း ကြိတ်ကာ ပြောလိုက်၏။ "ကောင်း ပြီ..." သည့်နောက် ရွင်မိသားစု၏ ဘိုးဘေးက ခေါင်းလှည့် ကာ ရေခဲလွှာထဲမှ သက်လတ်ပိုင်းလူကြီးထံသို့ ကြည့် လိုက်၏။ ရွင်မိသားစုဘိုးဘေးသာမက စွန်ရှီကလည်း ထိုလူ့ထံသို့ ကြည့်လိုက်သည်။
ရွင်မိသားစုဘိုးဘေးက အေးစက်စွာ ပြောလာ၏။ "အကို ကျောက်...ငါတို့သုံးယောက်က အတိတ်တုန်းက အတူ တိုက်ခိုက်ခဲ့ကြတယ်။ ဒီတော့ အကိုကော သဘောတူနိုင်မ လား..."
သက်လတ်ပိုင်းလူကြီးက စဉ်းစားနေ၏။ခဏအကြာတွင် သူက မချင့်ပြုံးပြုံးကာ ပြောလာသည်။ "ငါ သဘောတူပါတယ်
သည့်နောက် သူက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံ ကျောက်စိမ်းပြားအချို့ကို ထုတ်ယူပြီးနောက် သိုလှောင် အိတ်ကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။ သူက တစ်ဆက်တည်း ခါးသီးစွာ ပြောလိုက်သည်။ "ငါ့မိသားစု က ကြီးမားခြင်း မရှိဘူး။ဒါ့ကြောင့် ငါတို့မှာ ကောင်းကင်ဘုံ ကျောက်စိမ်းပြား အများကြီးမရှိဘူး။ ငါက ဒီသိုလှောင် အိတ်ထဲက ကောင်းကင်ဘုံကျောက်စိမ်းပြား တွေရဖို့ အ ပက်တကုပ် စုဆောင်းခဲ့ရတာ..."
ရွင်မိသားစုဘိုးဘေးနှင့်
စွန်ရှီတို့သည်လည်း
ကောင်းကင်ဘုံကျောက်စိမ်းပြားများကို ကမ်းလှမ်းလိုက် ကြသည်။ကောင်းကင်ဘုံကျောက်စိမ်းပြားများက
အဖိုးထိုက်သောအရာများ ဖြစ်သည့်အတွက် ကျင့်ကြံသူများ က မကြာခဏ ကိုယ်နှင့်မကွာ သယ်ဆောင်တက်ကြပေ သည်။
ဟွမ်မိသားစုဝင်၏ ပစ္စည်းများကိုတော့ သူတို့သုံးယောက် က ချက်ခြင်း ပေးလိုက်ကြသည်။ သူတို့အတွက် ထိုရတနာ များကြောင့် လွန်ခဲ့သောလေးနှစ်လုံးလုံး စိတ်ထဲ၌ လေးလံ ဖိစီးခဲ့ရသည် မဟုတ်လား။
သည်ပစ္စည်းများကို စုစည်းယူဆောင်ပြီးနောက် ဝမ်လင်း က လှည့်၍ ပျောက်ကွယ်လို့သွားသည်။သည့်နောက် သူက စကားတစ်ခွန်း ချန်ထားခဲ့လိုက်သည်။
"အရေးကြီးကိစ္စမရှိရင် ငါ့ကို မနှောက်ယှက်ပါနဲ့။ ဟွမ် မိသားစု ပေါ်လာရင် ငါ့ဘာသာ လုပ်ဆောင်မယ်..."
ဝမ်လင်း ထွက်ခွာသွားပြီးနောက် သူတို့သုံးယောက်လုံး က တိတ်ဆိတ်စွာ စဉ်းစားနေကြသည်။စွန်ရှီ၏ စိတ်ထဲ၌ အခြားအတွေးများလည်း ရှိနေကာ သူက စိတ်သက်သာရာ အရဆုံ လူတစ်ယောက် ဖြစ်နေ၏။သူက ပြုံး၍ လက်နှစ် ဖက်ယှက်ကာ ဆိုလာသည်။ "ရောင်းရင်းကျင့်ကြံသူတို့...ငါ့ မှာ အရေးကြီး ကိစ္စတစ်ခု ရှိလို့ ငါအရင်ဆုံး သွားနှင်ပြီ..."
သက်လတ်ပိုင်းလူကြီးက သက်ပြင်းချကာ ဆိုလာသည်။ "ငါက ရောင်းရင်းကျင့်ကြံသူ ရှုလိုအပ်တဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေအတွက် ကြိုပြင်ဆင်ဖို့ အိမ် ပြန်ရဦး ໑໖....
သူတို့နှစ်ယောက်က တောင်နှင့်မြောက် အသီးသီးသို့ အလင်းတန်းများအဖြစ် ပျံသန်းသွားကြတော့သည်။ ထို နေရာ၌ ရွင်မိသားစုဘိုးဘေးတစ်ယောက်တည်းသာ မတ် တပ်ရပ်လျက် ရှိနေက သူက အချိန်အတန်ကြာ တွေးတော လို့နေသည်။ သည့်နောက် သူက လေပူများ မှုတ်ထုတ်ကာ အကွာအဝေးတစ်ခုသို့ ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက် သည်။ "ထားလိုက်ပါတော့လေ။ ကပ်ဘေးကို ရှောင်ဖို့ အတွက်ပဲ...လွန်ခဲ့တဲ့လေးနှစ်က ကိစ္စကို ရှုမူက ပုခုံးလွှဲ ယူ လိုက်ပြီပဲ။ သူသာ မသေဘူးဆိုရင်တော့ ငါတို့အတွက် အဆင်ပြေလိမ့်မယ်။ ဒီလူက ကတိဖျက်မယ့်လူနဲ့ မတူပေမဲ့ လည်း ငါက သူ ရွင်ယွမ်ဂြိုဟ်ကနေ ထွက်သွားလို့မ ရအောင် တိတ်တဆိတ် တားဆီးဖို့ လုပ်ထားရမယ်..."
သည်အခိုက်အတန့်၌ ပုံရိပ်တစ်ထောင်ဂြိုဟ်၏ တောင် ဘက်ပိုင်း ဟွမ်မိသားစု ဘိုးဘေး အိမ်တော်တွင် ဟွမ် မိသားစုခေါင်းဆောင် ဟွမ်ဖန်ရှန်က အဘိုးအိုတစ် ယောက်၏ ဘေးနားတွင် လေးစားသည့်ဟန်ပန်ဖြင့် မတ် တပ်ရပ်လို့နေသည်။ သည်အဘိုးအိုက ပိန်ပါးပါးဖြစ်ကာ လျိုမေကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ခေါ် ဆောင်လာသည့်သူလည်း ဖြစ်နေပေသည်။
အဘိုးအိုအသံက အေးစက်စွာ ထွက်လာ၏။ "သူက လွန် ခဲ့တဲ့ လေးနှစ်ကတည်းက ပျောက်သွားခဲ့တာဆိုရင် ဘာလို့ ခုချိန်မှ ဒါကို ကိုင်တွယ်ရတာလဲ..."
ဟွမ်ဖန်ရှန်က ပြောလိုက်သည်။ "ဘိုးဘေး...ဒိလူက ငါ့ တို့မိသားစုရဲ့ အခွဲတစ်ခုက လူတစ်ယောက်မျှသာ ဖြစ် တယ်။ ဒါပေမဲ့လည်း သူ့ပါရမီက ကောင်းမွန်တဲ့အတွက် သူက အာဏာတက်ခြင်းအလယ်အဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့တယ်။ ဒါ့ကြောင့်ပဲ သူက ပြင်ပတာဝန်ကို ရရှိသွားတာ။ ဘိုးဘေး...သင်က ငါတို့ ဟွမ်မိသားစုက ကြီးမား တယ်ဆိုတာ သိပါတယ်။ တိုက်ရိုက်တပည့်တွေကလွဲလို့ သူ တို့ပျောက်သွားရင် အားလုံးကို ခြေရာခံဖို့ဆိုတာ မဖြစ်နိုင် ပါဘူး..."
ဘိုးဘေးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ကျင့်ကြံမှုအဆင့်မြင့်တဲ့လူ ဘယ်သူမှ မရှိတော့ဘူးလား..."
ဟွမ်ဖန်ရှန်က ခပ်တိုးတိုး ဆိုလာ၏။ "ဘိုးဘေး...သင် ငါ တို့ကို ပေးတဲ့ အချိန်က တိုတောင်းလှပါတယ်။ ဘိုးဘေးက သာ နောက်ထပ် အချိန်သုံးလ ထပ်ပေးရင် ငါက ပိုမို အရည်အချင်းရှိတဲ့လူကို ရှာနိုင်ပါလိမ့်မယ်။ဒါပေမဲ့လည်း ခု ချက်ခြင်းတော့ ငါက လုပ်နိုင်စွမ်း မရှိပါဘူး..."
အဘိုးအိုက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်၏။ "ကောင်းပြီ...ငါမင်းကို နောက်ထပ် အချိန်သုံးလ ထပ်ပေး ໑໖..."
ဟွမ်ဖန်ရှန်က ခေါင်းမော့က မေးလိုက်၏။ "လွန်ခဲ့တဲ့ လေးနှစ်က ပျောက်သွားတဲ့ မိသားစုဝင်အတွက်ကရော ဘယ်လို ဆောင်ရွက်လိုက်ရပါ့မလဲ..."
"ငါတို့က ဒီကိစ္စကို သိကတည်းက ဟွမ်မေကို ဒီကိစ္စ အတွက် လုပ်ဆောင်ဖို့ သတ်မှတ်ပေးလိုက်တယ်။ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့လူမှန်သမျှကို မျိုးဖြတ်ပစ်ရမယ်။ ငါတို့က ဟွမ် မိသားစုရဲ့ ခွန်အားကို ပြသပေးမှ ဖြစ်မယ်..."
ဟွမ်ဖန်ရှန်က ခေါင်းညိတ်ကာ ထွက်ခွာသွားတော့၏။
အခန်းထဲမှ ထွက်ခွာသွားပြီးနောက် သူမျက်လုံးက နက် မှောင်နေကာ သူက စိတ်ထဲ၌ တွေးလိုက်သည်။ "ဘိုးဘေး က တကယ့်ကို အိုသွားပြီ။ သူက အပြင်လူတစ်ယောက်ကို သွေးမျိုးဆက် လွှဲပြောင်းပေးဖို့ တကယ့်ကို ဆန္ဒ ရှိနေတာ ပဲ။ သူက ဒီဟွမ်မေကိုတောင် ဟွမ်မိသားစုရဲ့ ခွန်အားကို ပြသဖို့အတွက် ပွဲထုတ်ပေးလိုက်သေးတယ်။ သူမက ဟွမ် မိသားစုကို နောက်ထပ် ဦးဆောင်လာမယ့်လူများ ဖြစ်နေ နိုင်လား..."
လျိုမေ(ဟွမ်မေ)ကတော့ သူမအိမ်ထဲ၌ ရှိလို့နေ၏။ သူမ က အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်နေကာ တိုးညင်း စွာ ဆိုလာသည်။ "ရွင်ယွမ်ဂြိုဟ်...ငါ့မွေးစားအဖေက ငါ့ကို ဒီကိစ္စကို ကိုင်တွယ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ဖို့ တောင်းဆိုခဲ့တယ်...ဟွမ်တန် နင်သွားမလား..."
"ဟုတ်ကဲ့..." လျိုမေ၏ အရိပ်ထဲကနေ လူတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အသက်သုံးဆယ် ခန့် ရှိကာ ချောမောသည့်သူပင်။ သူက ပေါ်လာသည်နှင့် ဒူး တစ်ဖက်ထောက်ကာ လျိုမေ၏ နောက်ကျောကို ရူးသွပ် သည့်အကြည့်နှင့် ကြည့်လိုက်သည်။
လျိုမေက လှည့်၍ ထိုလူ့ထံသို့ ကြည့်ကာ ညင်သာစွာ ဆို လာသည်။ "နင့် ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အလယ်အထွတ်အထိပ်အဆင့် ရောက်နေပြီ။ ဒီတော့ နင်က ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး။ ဒါက ကိစ္စသေးသေးလေး ဆိုပေမဲ့လည်း ဟွမ်မိသားစုအတွက် ငါပထမဆုံး လုပ်ပေးရ တဲ့ အရာဖြစ်တယ်။ ဒါ့ကြောင့် နင်က ဒီကိစ္စကို ဖြစ်နိုင်သမျှ မြန်အောင် အပြီးသပ်ပေးရမယ်။ နင် နားလည်လား...ဟွမ်တန်
"သခင်မ စိတ်ချနေပါ။ ဟွမ်တုန်က သင့် ယုံကြည်မှုကို စိတ်မပျက်စေရပါဘူး..."
ဟွမ်တန်က အသက်ဝဝရှူသွင်းလိုက်ကာ သူ့မျက်လုံးထဲ ရှိ ရူးသွပ်မှုက ပိုတိုးလာခဲ့သည်။သူက လျိုမေကို ပထမဆုံး မြင်လိုက်ရချိန်က တုန်လှုပ်သွားခဲ့ရပေ၏။ သူက သူမသည် ကောင်းကင်ဘုံမှ တစ်ယောက်ဟုပင် စိတ်ထဲ၌ တွေးမိခဲ့ပေ သည်။
"ရွင်ယွမ်ဂြိုဟ်ပေါ်မှာ အားအကောင်းဆုံးကျင့်ကြံသူက ရွင်မိသားစုဘိုးဘေးပဲ။ သူ့ကျင့်ကြံမှုအဆင့်က အကျွန်နဲ့ တူ တူပဲ။ သူ့မှာ သတ္တိဘယ်လောက်ပဲ ရှိရှိ ငါ့ကို ခုခံဝံ့မှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် ငါ့ခရီးစဉ်က သခင်မကို မျက်နှာမ ပျက်စေရပါဘူး..."
လျိုမေက အလွန်လှပစွာ ပြုံးလိုက်၏။ ဟွမ်တန်က ထို အပြုံးကြောင့် မှင်ငွေးမိသွားကာ ခဏတာပင် တောင့်တင်း သွားရ၏။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုက ပို၍ အားကောင်း လာကာ ပိုင်ဆိုင်စွဲလမ်းစိတ် အရိပ်အယောင်ပင် ဖြစ်ပေါ်သွားခဲ့သည်။
ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းပြီးသည့်နောက် စွန် မိသားစု၏ မြို့သို့ ပြန်ရောက်လာခဲ့သည်။သူက အိမ်ထံသို့ တိုက်ရိုက် မသွားဘဲ လမ်းမများအတိုင်း လမ်းလျှောက်လာ ခဲ့ကာ သူ့နယ်ပယ်နှင့် ပတ်သတ်၍ တွေးတောဆင်ခြင် နေ၏။ သူ့သေခြင်းရှင်ခြင်းနယ်ပယ်က သူ့မူလစိတ်ဝိညာဉ် နှင့် ပေါင်းစပ်သွားသည့်အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်က သူ့သေခြင်းရှင်ခြင်းနယ်ပယ်ကို သူ့ နားလည်သဘောပေါက်မှုပင် ဖြစ်သည်။
"သေခြင်းရှင်ခြင်း အပေါ်မှာ ကံကြမ္မာ ဖြစ်နိုင်တယ်...ငါ ကဒါကို ဆုံးဖြတ်နိုင်စွမ်းတော့ မရှိဘူး။ ကံကြမ္မာတာအိုက ကြီးမားလွန်းလှတယ်။ ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်တာနဲ့ ဉာဏ်အလင်း ရရှိပြီး တစ္ဆေလောကမြစ်ကို ဖန်တီးနိုင်ခဲ့တယ်...။ဒါပေမဲ့လည်း ဒါက သေခြင်းသပ်သပ် ပဲ ရှိသေးတယ်.."
သူ့ပတ်လည်ရှိ စည်ကားဆူညံနေသော မြို့ကို ကြည့်နေ ရင်း ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ဒါပေမဲ့ ရှင်သန်ခြင်းတာအိုကရော ဘယ်နေရာမှာလဲ..
စဉ်းစားနေရင်း ဝမ်လင်းက သက်ပြင်းချမိ၏။ သိပ်မကြာ ခင်တါင် သူက မြို့မြောက်ပိုင်းသို့ ရောက်လာခဲ့သည်။ သူက ကျောက်တုံးအောက်ရှိ လူငယ်ကို တွေ့သည့်အခါ ပြုံးပြလိုက်၏။
"ဒီအမျိုးသမီးရဲ့ နှလုံးသားက တော်တော်လေး ကြင်နာ တက်တယ်။ ကျင့်ကြံခြင်းလောကမှာ ဒီလိုလူမျိုး အများ ကြီး မရှိဘူး..."
လူငယ်က အမျိုးသမီးအယောင်ဆောင်ထားသည့် တစ်ခုခုကို သတိပြုမိဟန်နှင့် မျက်လုံးဖွင့်လာခဲ့သည်။ သူမ က ဝမ်လင်းကို မြင်လိုက်သည့်အခါ တုန်လှုပ်သွားကာ မေး လိုက်၏။ "မင်း...အဖမ်းမခံခဲ့ရဘူးလား..."
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ "သူက ငါ့ကို တစ်ချို့ အရာတွေ မေးပြီး ပြန်လွှတ်လိုက်တာ..."
လူငယ်က ဝမ်လင်းကို ပဟေဋိဖြစ်ဟန်နှင့် ကြည့်ကာ ထပ်၍ မမေးတော့ပေ။ လူတိုင်းက ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိကြသည်မဟုတ်လား။ သူက မပြေလို့လျှင် မေးလည်း အပို ဖြစ်နေပေလိမ့်မည်။
မ"င်းက မင်းအချိန်ကို ကျင့်ကြံဖို့ သုံးတာ ပိုကောင်းလိမ့် မယ်။ ငါမြင်တာကတော့ မင်းက ဒီနေရာကို ရောက်လာ ကတည်းက မင်းရဲ့ကျင့်ကြံမှုက ပြောင်းလဲသွားတာ မရှိဘူး။ ငါမေင်းကို နောက်ဆုံးအကြိမ် ပြောခဲ့တာကို မှတ်ထား ان...
လူငဘ်က ဝမ်လင်းကို လေးနက်စွာ ကြည့်၍ ပြောလိုက် သည်။ လုံ့လရှိရှိကြိုးစားတာက မင်းရဲ့ ပါရမီကင်းမဲ့မှုကို ဖာထေး ပေးနိုင်တယ်.. ဝမ်လင်းက ခေါင်းညိတ်ပြကာ ပြုံးလိုက်၏။ "သင် ကတော့ ကောင်းကောင်းကြိုးစားတဲ့အတွက် စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်မှာပါ..."
"စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း..." လူငယ်က ခေါင်းယမ်း ကာ ပြောလိုက်၏။ "ငါ မိသားစုအကြီးအကဲ တွေဆီက ကြားရတာကတော့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်က မတူကွဲပြားတယ်။ မင်းက ဘယ်လောက်ပဲ ကြိုးစားပါစေ ကောင်းကင်နဲ့မြေကြီးကို နားလည်နိုင်စွမ်း မရှိရင် ဒီလိုမျိုး အဆင့်ကို မရောက်နိုင်ဘူးတဲ့..."
"ငါက ငါ့ဘဝမှာ စဦးစိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ကို ရောက်ရင်ပဲ တော်တော်ကျေနပ်နေပါပြီ..."
ဝမ်လင်းက ပြုံးလိုက်၏။
"မင်းရဲ့ ခုလက်ရှိ စိတ်ထားကို ဆက်ထိန်းသိမ်းထားရင် မင်းက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်နိုင် စွမ်း ရှိပါလိမ့်မယ်..."
လူငယ်က သူက သူမကိုနှစ်သိမ့်နေသည်ဟု တွေးကာ ပြုံး၍ ပြောလိုက်သည်။ "ကောင်းပါပြီ...ငါက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်တာနဲ့ ဒီနေ့မင်းရဲ့ ဉာဏ် အလင်းပြမှုကို ပြန်အမှတ်ရပါ့မယ်။ခုတော့ မင်းက အိမ်ထဲ သွားပြီး စကျင့်ကြံသင့်ပြီ..."
ဝမ်လင်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။ သူက ဝင်ပေါက်သို့ ဖြတ်လျှောက်ကာ ပျောက်ကွယ်လို့သွားသည်။ ကျောက်တုံးအောက်ရှိ ယောက်ျားယောင် ဆောင်ထား သည့် လူငယ်ကတော့ သူမကိုယ်သူမ ခပ်တိုးတိုး ပြော လိုက်၏။ "ငါက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းကို တကယ် ရောက်နိုင်လား..."
သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက ကြာ ပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လို့ နေသည်။ သူ့နယ်ပယ်က ဖွံဖြိုးလာခြင်း မရှိခင်ထိ ပို များပြားသောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူလျှင်ပင် အသုံးမဝင် ဖြစ်ပေလိမ့်မည်။
ခဏတာစဉ်းစားကြည့်ပြီးနောက် သူက ဟွမ်မိသားဝု ကျန်ခဲ့သော သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူ ကြည့်လိုက်သည်။
ဝမ်လင်း မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။ အဆင့်ရှစ်ဆေးလုံးအပြင် ထိုသိုလှောင်အိတ်ထဲ၌ ရတနာ နှစ်ခု၊ကျောက်စိမ်းပြားတစ်ခုနှင့် တုန်ကင်တစ်ခုတို့ ရှိလို့နေ ကြသည်။
ရတနာနျစ်ခုပေါ်၌ မည်သည့်နတ်ဘုရားအာရုံမှ ရှိလို့မ ကြွင်းကျန် နေပေ။သေဆုံးသွားသောဟွမ်မိသားစုဝင်၏ သောစိတ်ဝိညာဉ်အမျှင်တန်းသာ ကျန်ရစ်တော့သည်။
ရွင်မိသားစုဘိုးဘေးနှင့် သက်လတ်ပိုင်းလူကြီးတို့က သည်ရတနာနှစ်ခုပေါ်တွင် သူတို့၏ နတ်ဘုရားအာရုံများကို ချမှတ်ခြင်း မပြုဝံ့ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။
ရတနာများထဲမှ တစ်ခုက အသွားစိတ်ကိုးခုနှင့် အနက် ရောင်ဘီးတစ်လက် ဖြစ်သည်။၎င်းက ဝမ်လင်းလက်ထဲ ရောက်လာသည့်အခါတွင် သူက ၎င်းထံမှ ကြမ်းကြုတ်မှုကို ခံစားမိ၏။
"တိုက်ခိုက်ရေး တစ်ပျက်တစ်ပျက်ကောင်းကင်ဘုံ ရတနာ..။ဒီအပေါ်မှာ အစီအရင်တစ်ခုတောင် ရှိနေသေး တယ်။ ဒီရတနာရဲ့စွမ်းအားက ရိုးရှင်းမှာ မဟုတ်ဘူး..."
ဝမ်လင်းက ထိုဘီးသွားများကို ညင်သာစွာထိကြည့်လိုက် သည်။သည့်နောက် သူ့အကြည့်က အခြားရတနာတစ်ခုပေါ် သို့ ကျရောက်လို့သွား၏။
သည်တစ်ခုကတော့ သတ္တုဒြပ်စင်မီးခတ်ကျောက် တစ်စုံ ပင်။သည်နှစ်ခုက နီရဲနေကာ ဝမ်လင်းလက်ဝါးပေါ်၌ ဝဲ လွင့်နေ၏။သူက ၎င်းနှစ်ခုထဲမှ ထွက်ပေါ်လာနေသော အပူ ကို ခံစားမိ၏။
"ဒါက.." ထိုမီးခတ်ကျောက်ကို စိုက်ကြည့်နေရင်း ဝမ် လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။ သည့်နောက် သူက တစ်ခုကို ဆွဲယူကာ တစ်ခုနှင့်တစ်ခု ပွတ်သပ်ကြည့် လိုက်၏။ မီးပွားတစ်ခု ပေါ်လာကာ အပူလှိုင်းတစ်ခုက ရုတ်တရက် ပျံ့နှံ့လို့လာသည်။
“သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ ရတနာ..." ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။သူ့စိတ်က ထို မီးခတ်ကျောက်ပေါ်၌ အာရုံစိုက်ထားလိုက်၏။
ရတနာအများစုသည် ကျင့်ကြံသူများ မွန်းမံသန့်စင်ထား ခြင်း ဖြစ်သည်။ သို့သော် အချို့ရတနာများကိုတော့ သဘာဝ အတိုင်း တွေ့ရတက်၏။ သို့ရာတွင် ထိုသို့သောရတနာများ က အမွေအနှစ်ရတနာများထက်ပင် ပို၍ ရှားလွန်းလှသည်။
ဝမ်လင်းက
သည်အရာကို ရှေးဟောင်းနတ် ဘုရား၏မှတ်ဉာဏ်များထဲကနေ သိရှိခြင်း ဖြစ်သည်။ သို့ရာတွင် ရှေးဟောင်းနတ်ဘုရားများကတော့ သည်အရာ ကို ရတနာတစ်ခုဟု မယူဆဘဲ ရတနာများသန့်စင်ဖို့ အတွက် သတ္တုပစ္စည်းတစ်ခု အဖြစ်သာ ယူဆကြသည်။
မီးခတ်ကျောက်က
သဘာဝအတိုင်းဖြစ်ပေါ်သော သန့်စင်ပြီးရတနာများထဲမှ တစ်ခု ဖြစ်သည်။၎င်းက မူလ အားဖြင့် သတ္တုဒြပ်စင် ဖြစ်၏။သို့သော် ၎င်း၏မာကြောမှု ကြောင့် အချို့စွမ်းရည်များလည်း ပါဝင်သွားကာ တစ်ခုနှင့် တစ်ခု ပွတ်တိုက်သည့်အခါ မီးပွားများကိုလည်း ဖြစ်ပေါ် စေသည်။
သည်မီးခတ်ကျောက်နှစ်ခုက သေမျိုးများ မီးမွှေးရာတွင် အသုံးပြုလေ့ရှိသည့် အရာများနှင့် မတူပေ။ ၎င်းတို့က ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အမှူထမ်းအကြီးအကဲ အသုံးပြုခဲ့သော ယန်မီးတောက်နှင့် အလားသဏ္ဌာန်တူ၏။ ၎င်း၏ စွမ်းအားကလည်း အားနည်းလိမ့်မည် မဟုတ်ပေ။
ဘာသာပြန်သူ မှတ်ချက်...(ကောင်းကင်နတ်ဆိုးနိုင်ငံ၏ အမှူထမ်းအကြီးအကဲသည် နတ်ဆိုးဗိုလ်ချုပ်ပြိုင်ပွဲ၌ ဝမ် လင်းကို ၎င်း၏ နေလှံမန္တာန်ဖြင့် တိုက်ခိုက်ရာ၌ လွဲချော သွားခဲ့သည့်သူ ဖြစ်သည်။)
"ကံမကောင်းစွာနဲ့ ဒီမီးခတ်ကျောက်တွေမှာက အပြစ်အနာစာတွေ အများကြီး ရှိနေပြီး သတ္တုဒြပ်စင်သိပ်မ ပါဝင်တော့တာပဲ။ မဟုတ်ရင် ဒီမီးခတ်ကျောက်တွေက တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံရတနာ အထွတ်အထိပ် ထပ် အားနည်းလိမ့်မှာ မဟုတ်ဘူး။ ဒီမီးခတ်ကျောက်တွေ က နည်းနည်းပိုကြီးရင် အဆင့်နိမ့်ကောင်းကင်ဘုံရတနာ တွေနဲ့တောင် ယှဉ်နိုင်လောက်တယ်..."
ဝမ်လင်းက နှမျောဟန်ဖြင့် သည်မီးခတ်ကျောက်တစ်စုံ ကို ကြည့်လို့နေသည်။
သည်မီးခတ်ကျောက်တစ်စုံက သဘာဝအတိုင်း ဖြစ်ပေါ် သော်လည်း မသန့်စင်မှုများစွာ ရှိနေ၏။ ၎င်းတို့ကို ပြန် သန့်စင်မည်ဆိုလျှင်လည်း မူလအရွယ်အစား၏ ဆယ် ရာခိုင်နှုန်းပင် ရှိတော့မည် မဟုတ်ပေ။
၎င်းတို့ကို ပြန်သိမ်းလိုက်ပြီးနောက် ဝမ်လင်းက တုန် ကင်ကို ကောက်ယူကာ သူ့နတ်ဘုရားအာရုံဖြင့် စစ်ကြည့် လိုက်သည်။ တုန်ကင်က ချက်ခြင်းပင် လက်ခနဲ ဖြစ်သွား ကာ သုံးကြိမ်သုံးခါ လင်းလက်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွား၏။
"ဒါက ဟွမ်မိသားစုအမှတ်အသားတုန်ကင်ပဲ..." ဝမ် လင်းက နတ်ဘုရားအာရုံဖြင့် သေချာ ရှာဖွေကြည့်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။
ပထမ တစ်ကြိမ် ဖျပ်ခနဲ ကြည့်လိုက်ချိန်၌ သည်တုန်ကင် နှင့် ပတ်သတ်၍ မည်သည့်ထူးခြားမှုမှ ရှိမနေခဲ့ပေ။
သို့ရာတွင် ဝမ်လင်းကတော့ တစ်ခုခုမှားနေသကဲ့သို့ ခံစားမိနေဆဲ ဖြစ်သည်။သူက အနည်းငယ်စဉ်းစားပြီး နောက် အော်ပြောလိုက်၏။ "ကောင်းကင်ဘုံ သက်တော်စောင့်..."
သူ့နောက်မှအရိပ်က မြန်ဆန်စွာ ရောက်ရှိလာကာ သူ့ ဝမ်လင်းက မျက်လုံးမှိတ်၍ အရည်ပြားတစ်လျှောက် ရွှေ့လျားသွားပြီး တုန်ကင်ကို ထွေးပတ်လိုက်၏။ ကောင်းကင်ဘုံသက်တောင်စောင့်၏ စွမ်းအားကို ငှားယမ်း လိုက်ရာ တုန်ကင်ကို ချက်ခြင်း ဖြတ်မြင်နိုင်သွားသည်။
သိပ်မကြာခင်တွင် ဝမ်လင်းက မျက်လုံးဖွင့်လာ၏။သူ့ အသွင်က သုန်မှုန်လို့နေသည်။
"ဒီတုန်ကင်က သာမန်သတ္တုတွေနဲ့ ပြုလုပ်ထားတာပဲ။ ဒါပေမဲ့လည်း ဒီထဲမှာ မန္တာန်တစ်ခု ရှိနေတယ်။ဒီမန္တာန်က စိတ်ဝိညာဉ်နဲ့လည်း ဆက်နွှယ်နေတယ်။ ဒါ့ကြောင့် ဟွမ် မိသားစုက သူတို့ရဲ့မိသားစုဝင် သေတာနဲ့ သိသွားလိမ့်မယ် လို့ ယူဆလို့ ရနိုင်တယ်..."
အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းက တုန် ကင်ကို ပြန်ချကာ ကျောက်စိမ်းပြားကို ကောက်ယူ လိုက်၏။ သည်ကျောက်စိမ်းပြား ပေါ်၌ မည်သည့်နတ် ဘုရားအာရုံမှ ရှိမနေခဲ့ပေ။၎င်းပေါ်၍ သေဆုံးသွားသူ၏ အကြွင်းအကျန်အငွေ့သက်သာ ရှိလို့နေသည်။
"သူတို့သုံးယောက်က ဒီကျောက်စိမ်းပြားကို သူတို့နတ် ဘုရားအာရုံနဲ့ စစ်ဆေးဖို့ မလုပ်ဝံ့ခဲ့ကြတာ ဖြစ်မယ်။ မဟုတ်ရင် ဒီကြွင်းကျန်တဲ့ အငွေ့အသက်က သူတို့နတ် ဘုရားအာရုံ ဒီကျောက်စိမ်းပြားထဲကို ဝင်ရောက်လိုက်တာ နဲ့ ချက်ခြင်း ပျက်စီးသွားမှာ..."
သည်အခိုက်အတန့်၌ ဝမ်လင်းနတ်ဘုရားအာရုံက ဝင် ရောက်သွားရာ မမြင်ရသော လှိုင်းတွန့်များ ပျံ့နှံ့သွားပြီး စတင် ပြန့်ကျဲလာသည်။
"ငါက ဒီကျောက်စိမ်းပြားမှာ ကျန်ခဲ့တဲ့ သတင်းပို့မန္တာန် ကို ဖျက်စီးလိုက်ပြီ..."
ဝမ်လင်းက ကျောက်စိမ်းပြားထဲတွင် မှတ်တမ်းတင်ထား သည့် အချက်အလက်များကို သေချာကြည့်လိုက်၏။ အချိန် အတန်ကြာပြီးနောက် သူ့နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်း လိုက်သည်။ သူ့ မျက်လုံးကလည်း တောက်ပသထက် တောက်ပလာခဲ့၏။
"ဒါက ပုံရိပ်တစ်ထောင်ရက်စက်ခြင်းနယ်ပယ်ပဲ။ ဒါ့ ကြောင့် ပုံရိပ်တစ်ထောင်ဂြိုဟ်ရဲ့ ဟွမ်မိသားစုကလည်း ဒီ လိုမျိုး နယ်ပယ် ရှိရမယ်..." သည်ကျောက်စိမ်းပြားထဲ၌ ဟွ မ်မိသားစု၏ ပုံရိပ်တစ်ထောင်မန္တာန်များကို ကျင့်ကြံသည့် နည်းလမ်းများ ပါရှိနေ၏။ သို့ရာတွင် ထိုနည်းလမ်းများ၏ အဓိက အချက်များပေါ်တွင် အထူးအတားအဆီးများ ရှိလို့ နေသည်။ထို့အတွက် အပြင်လူတစ်ယောက်က သည်နည်း လမ်းကို ရလျှင်ပင် သင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအတားအဆီးများကို ချိုးဖျက်ဖို့နည်းလမ်းမှာ သွေး မျိုးဆက်ပင် ဖြစ်၏။
ဝမ်လင်း၏ အာရုံကို ဖမ်းစားသွားသောအရာကတော့ ဟွ မ်မိသားစုဝင် ချန်ခဲ့သော ကျောက်စိမ်းပြားပေါ်ရှိ သတင်း သာ ဖြစ်သည်။
"ယွမ်ရှဂြိုဟ်...ငါက ဒီဂြိုဟ်ပေါ်မှာ သတ္တုမီးတောက် ကြောကို ရှာတွေ့ခဲ့တယ်။ ငါက အဲ့အကြောရှိကနေ အပိုင်းအစနှစ်ခု ယူဆောင်လာခဲ့တယ်…"
ထိုသတင်းစကားကြောင့် ဝမ်လင်းမျက်လုံးများက လင်း လက်လို့နေတော့သည်။သူက ကျောက်စိမ်းပြားကို ကြည့် ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သတ္တုဒြပ်စင် သွေးကြောတစ်ခု..ဒီလူက ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ အထိ နောက်က အမဲလိုက်ခံရတာ အံ့ဩစရာမရှိတော့ဘူး။ ဒါကို ရှာတွေ့မိတဲ့ ဘယ်သူမဆို ဒီသတင်းကို ချိပ်ပိတ်ဖို့ အတွက် သိတဲ့လူတိုင်းကို သတ်မှာပဲ..." "ဟိုသုံးယောက်က ဒီကျောက်စိမ်းပြားကို စစ်ဆေးမ ကြည့်ရသေးတာ သေချာသွားပြီ။ မဟုတ်ရင် သူတို့က ငါ့ကို ဒီလိုလုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး..."
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် ရွင်ယွမ်ဂြိုဟ် ပေါ်ရှိ အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်က သည်သတ္တုကြောနှင့် ပတ်သတ်၍ မသိကြောင်း သေချာ သွားသည်။
အသက်ဝဝရှူသွင်းပြီးနောက် ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ က သတ္တုဒြပ်စင်တစ်ခုပဲ လိုတော့တာ။ စစ်ထူနန် ပြောပုံ အရဆိုရင် ဒြပ်စင်ငါးခု ပြည့်စုံသွားတာနဲ့ ဒီပုတီးစေ့က ပိုင်ရှင်ကို အသိအမှတ်ပြုလိမ့်မယ်တဲ့ ။အဲ့အခါကျရင် ဒီ ပုတီးစေ့ရဲ့ စွမ်းရည်က ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ငါလည်း မသိဘူး..."
"သတ္တုမီးတောက်ကျောက်တုံးကျောက်ရဲ့ သတင်းက ပျံ့နှံ့သွားတာ မဟုတ်ရင် အဆင်ပြေလိမ့်မယ်။ မဟုတ်ရင် ဒီ အတွက် ငါနဲ့ လာတိုက်ခိုက်ဝံ့တဲ့လူမှန်သမျှ ငါ သတ်တာ ခံ ရလိမ့်မယ်..."
ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သတ်ဖြတ် ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နှက်လာခဲ့သည်။
ဝမ်လင်းက ပစ္စည်းများအားလုံးကို ပြန်သိမ်းထည်း လိုက်၏။ သူ့မျက်လုံးက စဉ်းစားကြံဆနေရင်း တောက်ပ လို့နေသည်။
"ယွမ်ရှ ဂြိုဟ်က ဘယ်နေရာမှာလဲဆိုတာ ငါမသိဘူး..." သည့်နောက် ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို ချက်ခြင်း ဖြန့်ကျက်လိုက်သည်။ သူ့နတ်ဘုရားအာရုံက ရွင်ယွမ်ဂြိုဟ် အနှံ့ ပျံ့နှံ့သွားကာ စွန်ရှီ ရှိနေသောနေရာသို့ ကျရောက်သွား သည်။
စွန်ရှီက စွန်မိသားစုဘိုးဘေးအိမ်တော်ရှိ အခန်းထဲတွင် ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိက ကျင့်ကြံရန် အဆင့်သင့် ဖြစ်နေသည်။သို့ရာတွင် သူက စတင်ကျင့်ကြံတော့မည့် အခိုက်၌ ဝမ်လင်းအသံ ထွက်ပေါ်လာသည့်အခါ သူ့ခေါင်း က ဆက်ခနဲ ဖြစ်လို့သွား၏။
"အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ မြေပုံနဲ့ ပတ် သတ်ပြီး မင်းသိသမျှကို ငါ့ကို ပို့ပေးပါ..."
စွန်ရှိမျက်လုံးက လက်ခနဲ ဖြစ်လို့သွားကာ သူက ခေါင်း တစ်ချက် ညိတ်ပြလိုက်သည်။သူက သိုလှောင်အိတ်ထဲက နေ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဘူက ၎င်းပေါ်သို့ အာရုံစူးစိုက်လိုက်၏။ သည့်နောက် သူက ကျောက်စိမ်းပြားကို ပစ်လွှတ်လိုက်ရာ အကွာအဝေးတစ်ခု တွင် ပျောက်ကွယ်လို့သွားတော့သည်။ ယင်း
ဆယ်ရက်က ချက်ခြင်းလိုလိုပင် ကုန်ဆုံးသွားခဲ့ပြီ။ ဝမ် လင်းက ကျောက်စိမ်းပြားကို လက်ခံရရှိကာ ယွမ်ရှ ဂြိုဟ်၏ တည်နေရာကို သိရှိသွားသည်။သို့ရာတွင် သည်ဂြိုလ်ဟ်က အတော်အတန် ဝေးလှ၏။ ဝမ်လင်း တွက်ကြည့် လိုက်ရာ မည်သည့်နှောင့်နှေးမှုမှ မရှိလျှင် သည်ဂြိုဟ်သို့ သွားမည့် ခရီးစဉ်က လများစွာ ကြာသွားနိုင်သည်။
ထိုကျောက်စိမ်းပြားထဲ၌ စွန်ရှီထံမှ အချက်အလက်အချို့ ပါရှိ၏။ မည်သည့်ကျင့်ကြံသူကမှ ယွမ်ရှဂြိုဟ်ပေါ်တွင် နေထိုင်ခြင်း မရှိသည့်အပြင် ထိုဂြိုဟ်ပေါ်၌ ကျင့်ကြံသူများ ကို သေစေနိုင်သော အဆိပ်နှင့် ပြည့်လို့နေသည်ဟု ဆိုသည်။
စွန်ရှီထံမှ ကျောက်စိမ်းပြားကို လက်ထဲကိုင်ထားရင်း ဝမ်လင်းက စဉ်းစားလို့နေသည်။ သည်ဆယ်ရက်အတွင်း သူက မြေပုံကို သေချာလေ့လာခဲ့ပြီး မှတ်သားထား လိုက်၏။
သည်နေ့တွင် ဝမ်လင်းက မတ်တပ်ထရပ်လာကာ အိမ် ထဲကနေ လှမ်းထွက်လာသည်။သည့်နောက် သူက ပျောက် ကွယ်သွားပြီးနောက် မြို့နှင့် ကီလိုမီတာ သောင်းချီကွာဝေး သော နေရာတွင် ပြန်ပေါ်လာခဲ့သည်။ သည့်နောက် သူက လေထဲကို တိုက်ရိုက် ဖြတ်သန်းသွား၏။
သည်အခိုက်အတန့်မှာပင် ရွင်မိသားစုဘိုးဘေး။ အပူအပင်မဲ့ ကျောက်နှင့် စွန်ရှီ တို့သည် ဝမ်လင်း ရှေ့၌ ပေါ်လာကြသည်။
ရွင်မိသားစု ဘိုးဘေးက သုန်မှုန်စွာဖြင့် ဝမ်လင်းကို ကြည့်ကာ မေးလိုက်၏။ "ရောင်းရင်းကျင့်ကြံသူ ရှု...သင် ထွက်သွားတော့မှာလား..."
အပူအပင်မဲ့ကျောက်၏ အသွင်က သူသည် သူ့ဒေါသကို မနည်းဖုံးကွယ်ထားရကြောင်း သိသာနေ၏။ စွန်ရှီကတော့ မချင့်ပြုံးပြုံးနေမိသည်။ သူက ဝမ်လင်း သူ့ထံကနေ မြေပုံ လိုချင်သည်ဟု ပြောကတည်းက ဆိုးရွားသောခံစားချက် ရ နေခဲ့သည်။သို့ရာတွင် သည်ရှုမူ(ဝမ်လင်း)က ခုလိုမျိုး အမှန် တကယ် ထွက်သွားလိမ့်မည်ဟု သူက မထင်ထားမိပေ။
ဝမ်လင်းက သူတို့သုံးယောက်ကို အေးစက်စွာကြည့်၍ ပြောလိုက်သည်။ "ငါက ငါ့ကတိကို ပြန်ဖျက်မှာ မဟုတ် ဘူး။ဒီခရီးစဉ်က အလွန်ဆုံး တစ်နှစ်လောက် ဒါမှမဟုတ် လအနည်းငယ်လောက်ပဲ ကြာနိုင်လိမ့်မယ်..."
သူတို့သုံးယောက်က သူ့ကို ကောင်းကင်ဘုံကျောက်စိမ်း ပြားများ ပေးထားခြင်းကြောင့်သာ မဟုတ်ပါက ဝမ်လင်း သည် သည်သုံးယောက်အား ရှင်းပြနေရန် စိတ်ဝင်းစား လိမ့်မည် မဟုတ်ပေ။
ဝမ်လင်း ရှင်းပြချက်ကို ကြားလိုက်သည့်အခါ ရွင် မိသားစုဘိုးဘေးက ချီတုံ့ချတုံဟန်ဖြင့် ပြောလာသည်။ "ရောင်းရင်းရှုက ဘာကိစ္စကြောင့်မလို့ ခုလို အလျင်လိုနေ တယ် ငါမသိပါဘူး။ ငါတို့ထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် သင်နဲ့ လိုက်ပါလာလို့ ရမလား..."
အပူအပင်မဲ့ကျောက်က အလေးအနက် ပြောလာသည်။ "ကျေးဇူးပြုပြီး ငါတို့ကို အပြစ်မတင်ပါနဲ့...ရောင်းရင်းရှု။ ငါတို့သုံးယောက်က သင့်ကို အရာအားလုံး ပေးထားခဲ့ပြီး ပြီး။ခု လဝက်တောင် မကြာသေးတဲ့အချိန်မှာ သင်က ရွင် ယွမ်ဂြိုဟ်ကနေ ထွက်သွားချင်နေတယ်။ ဒီ့အတွက် ငါတို့ သုံးယောက်က စိတ်ထဲမှ သံသယ မဝင်ဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်..."
"ရောင်းရင်းကျင့်ကြံသူ ရှု၊ ငါ မင်းရဲ့ စရိုက်ကို ယုံကြည် ပါတယ်။ ဒါပေမဲ့လည်း ဒီကိစ္စက…"
စွန်ရှီက ခြောက်ကပ်စွာသာ ပြုံးနိုင်တော့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သည့်နောက် သူ့ အသွင်က ရုတ်တရက် ပြောင်းလဲသွားပြီး ကောင်းကင် ထက်သို့ ခေါင်းမော့ကာ ကြည့်လိုက်သည်။
တစ်ခြားသုံးယောက်၏ အသွင်ကလည်း အနည်းငယ် ပြောင်းလဲသွားကြ၏။ သူတို့ကလည်း ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။
သည်အခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ပြင်ပ၌ ဟွမ်တန်က မြန်ဆန်စွာ နီးကပ်လာနေ၏။ သူ့မျက်လုံးက အေးစက်ကာ မောက်မာသည့်ပုံစံဖြင့် ရွင်ယွမ်ဂြိုဟ်ရှိရာသို့ ဦးတည်လာ နေသည်။
သူက ရွင်ယွမ်ဂြိုဟ်၏ လေထုကို တိုက်ရိုက် ဖြတ်သန်း ဆင်းသက်လာ၏။သူ့ ဆင်းသက်လာမှုက မောက်မာလွန်း လှသည်။ သူက နတ်ဘုရားအာရုံကို ရူးသွပ်ဖွယ် ဖြန့်ကျက် ထားကာ ဂြိုဟ်တစ်ခုလုံးအား ဝန်းရံလို့ထားသည်။ သည်အခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူ အားလုံးက သည်စွမ်းအားကောင်းသောအော်ရာကို ခံစား လိုက်ရသည်။သည်အော်ရာက မောက်မာလွန်းနေ၏။
"ငါက ဟွမ်တန်... ပုံရိပ်တစ်ထောင်ဂြိုဟ် ဟွမ်မိသားစုရဲ့ ဒုတိယအဆင့်မိသားစုဝင် ဖြစ်တယ်။ ရွင်ယွမ်ဂြိုဟ်ပေါ်က အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူအားလုံး ငါ့ကို မြန်မြန် ထွက်လာတွေ့ကြချေ..."
ထိုအေးစက်စက်အသံက မော်ကြွားမောက်မာမှုနှင့် ပြည့် လို့နေ၏။ သူ့အသံက ဂြိုဟ်တစ်ခုလုံး၌ ဟိန်းသွားသည်။ အာဏာတက်ခြင်းအဆင့်အောက် ကျင့်ကြံသူအားလုံးက ထိုအသံကြောင့် တုန်လှုပ်သွားကြသည်။အဆင့်နိမ့်ကျင့်ကြံ သူများဆိုလျှင် သွေးပင် အန်ထုတ်လိုက်ရသည်။
ရွင်မိသားစုဘိုးဘေး၊အပူအပင်မဲ့ကျောက်နှင့် စွန်ရှီတို့က ရုတ်တရက် ဖြူရောလို့သွားကြသည်။
ဟွမ်မိသားစု ဆိုသည့်စကားက သူတို့နှလုံးသားထဲသို့ မ မြင်ရသော ဓားများနှင့် ထိုးစိုက်လာသကဲ့သို့ ခံစားလိုက် ရကာ သူတို့ဟန်ပန်များက ကြီးစွာ ပြောင်းလဲသွားကြ သည်။
"သူတို့ရောက်လာပြီ...ဟွမ်မိသားစု …ရောက်လာကြ ပြီ..." စွန်ရှီက ခါးသီးသည့်ဟန်ပန်ဖြင့် သူ့ကိုယ်သူ ခပ် တိုးတိုး ပြောလိုက်၏။ သူက ဝမ်လင်းကို မျှော်လင့်ချက်မဲ့ သည့် အကြည့်နှင့် ကြည့်နေသည်။ သို့သော် သူ့အကြည့်ထဲ ပ မျှော်လင့်မှု ယောင်ယောင်လေးတော့ ရှိလို့နေသည်။
ရွင်မိသားစုဘိုးဘေးနှင့် အပူအပင်မဲ့ရှန်ရန်တို့ကလည်း ဝမ်လင်းကို ကြည့်နေကြ၏။
ဝမ်လင်းအသွင်က မပြောင်းမလဲပင် ရှိနေ၏။သို့သော် သူ့ မျက်လုံးများကတော့ အေးစက်လို့နေသည်။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံကို မိုးကြိုးဟိန်းသံကဲ့သို့ ဖြန့်ကျက်လိုက်၏။ သည့်နောက် သူ့နတ်ဘုရားအာရုံက ကောင်းကင်ထက်သို့ ထိုးတက်ကာ စကားတစ်ခွန်းအဖြစ် သို့ ပြောင်းလဲသွားသည်။
"ထွက်သွားစမ်း..."
သည်တစ်ခွန်းက မိုးကြိုးများကို ဖြစ်ပေါ်သွားစေကာ လေထုကို ဖြတ်သန်းဆင်းသက်လာသော ဟွမ်တန်ပေါ်သို့ မိုးကြိုးများက ကျရောက်လာလေ၏။ထိုအခါ ဟွမ်တန် မျက်လုံးက သတ်ဖြတ်ချင်စိတ်နှင့် ပြည့်နှက်သွားပြီး သူက အော်ပြောလိုက်သည်။ "သေချင်နေတာလား.." ထိုသို့ပြော ပြီးနောက် သူ့လက်က ချိပ်တံဆိပ်တစ်ခုကို ဖြစ်တည်စေ ကာ အဖြူရောင်အလင်းတန်းတစ်ခုက သူ့လက်ဝါးထက်၌ စုဝေးသွားသည်။ အေးစက်စက် ယင်အော်ရာက ချက်ခြင်း စုစည်းလာပြီး ကမ္ဘာလောကနှင့် ပေါင်းစပ်သွားသည်.
အာဏာတက်ခြင်းအဆင့်သို့ ရောက်သွားသည့် ကျင့်ကြံ သူတစ်ယောက်အတွက် သူတို့၏နယ်ပယ်များကို မူလစိတ် ဝိညာဉ်နှင့် ပေါင်းစည်းပြီးသား ဖြစ်ကြသည်။ သည်လူက ဟွမ်မိသားစုက ဖြစ်သော်လည်း သူ့ပါရမီကြောင့် ပုံရိပ်တစ် ထောင်ရက်စက်ခြင်းနယ်ပယ်ကို မကျင့်ကြံနိုင်ခဲ့ပေ။ထို အစား သူက ဟွမ်မိသားစု၏ ဒုတိယမြောက်ကျင့်ကြံခြင်း နည်းလမ်းဖြစ်သည့် ဒြပ်စင်ငါးခုစိတ်ဆန္ဒပညာရပ်ကို ကျင့်ကြံခဲ့ပေသည်။
သူ့နယ်ပယ်က ဒြပ်စင်ငါးခုမှ သတ္တုဒြပ်စင်ပင် ဖြစ်သည်။ သတ္တုက ခိုင်ကျဉ်ခြင်းကို ကိုယ်စားပြုပေ၏။သူ့နယ်ပယ်က မန္တာန်နှင့်အတူ ရွှေ့လျားလာကာ သူ့လက်က လင်းလက် လာ၏။ သည်အခိုက်အတန့်၌ ကောင်းကင်ထက်မှ ကျဆင်း လာသော အလင်းအစား ထိုအလင်းက အစားထိုးဝင် သွား၏။ထိုအလင်းစွမ်းအားကို အသုံးပြုကာ သူက သူ့လက် ကို အောက်သို့ ဖိချလိုက်သည်။
ဝမ်လင်းအသွင်ကတော့ ပုံမှန်ပင်။ သူ့မျက်လုံးထဲ၌ လျှပ်စီးများ လင်းလက်နေကာ သူ့တစ်ကိုယ်လုံးတွင်လည်း ရွှေ့လျားလို့နေ၏။ သူက လက်ညွှန်လိုက်ရာ မရဏလက် ထောင်းကို ထိုးထွက်လို့သွားသည်။ မရဏလက်ချောင်းထဲ၌ လျှပ်စီးစွမ်းအားများပါ ပါဝင်နေသည့်အတွက် အရင်ထက် များစွာ ပိုအစွမ်းထက်နေခဲ့သည်။ လူတစ်ယောက်က ၎င်း ကို သေချာကြည့်ပါက ထိုသူသည် နတ်ဘုရားပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသကဲ့သို့ တွေးထင်မိပေလိမ့်မည်။
မရဏလက်ချောင်းက အနက်ရောင်အလင်းတန်းအဖြစ် သို့ ပြောင်းကာ ရှေ့သို့ ထိုးထွက်သွားသည်။ တုန်ခါလှိုင်း များက ၎င်းအလင်းပတ်လည်၌ ပေါ်ထွက်လာကာ ထိုတုန် ခါမှုထဲ၌ပင် လျှပ်စီးများ တလိပ်လိပ် ပါဝင်လို့နေသည်။
မရဏလက်ချောင်း၏ ပတ်လည်ရှိ မိုးကြိုးလျှပ်စီးက ပို၍ အားကောင်းလာလေ၏။
လက်ချောင်းတစ်ချက်ဖြင့်ပင် ဟွမ်တန်၏ခန္ဓာကိုယ် ပတ်လည်ရှိ အလင်းသည် ချက်ခြင်း ပျောက်ကွယ်သွားရ သည်။သူ့အသွင်က ဖြူရောသွားကာ နောက်သို့ အမြန်ဆုတ် လိုက်သည်။ ထိုလက်ချောင်း၏ စွမ်းအားက သန်မာလွန်းလှ ကာ သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူ့နှလုံးသားကို တုန်ယင် သွားစေ၏။
သို့ရာတွင် ထိုအနက်ရောင်အလင်းက အနက်ရောင်နဂါး တစ်ကောင်ကဲ့သို့ ဖြစ်နေ၏။၎င်းက နောက်ဆုတ်သွားသော ဟွန်တန်နောက်သို့ တိုက်ရိုက် တိုးဝင်သွားသည်။
ဟွမ်တန်က သိုလှောင်အိတ်ထဲက သတ္တုဓားတစ်လက်ကို ထုတ်ယူလိုက်သည်။တစ်ချိန်တည်းမှာပင် သူ့ညာလက်ဖြင့်ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ထိုဓားပေါ်သို့ ဖိချသည်။ သူက ဟစ်ကြွေးလိုက်၏။ "သတ္တုခွန်အား..."
သတ္တုဓားက
မရဏလက်ချောင်းတိုက်ချက်ထံသို့ တိုက်ရိုက် ပျံသန်းတိုးဝင်သွားသည်။
ကောင်းကင်ထက်၌ ကျယ်လောင်သော ပေါက်ကွဲမှုတစ် ခု ရုတ်တရက် ဖြစ်ပေါ်သွားသည်။ မရဏလက်ချောင်းနှင့် သတ္တုဓားတို့ ထိဆုံသွားချိန်၌ အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ သည့်နောက် သတ္တုဓားက တစ်လက်မ ချင်း ပျက်စီးလာကာ ပျောက်ကွယ်လို့သွားချေသည်။ မရဏ လက်ချောင်းက ဟင်းလင်းပြင်ကို ဖြတ်၍ လျှပ်စီး အလင်းတန်းကဲ့သို့ ဟွမ်တန်ရှေ့သို့ ရောက်လာခဲ့ တော့သည်။ထို အရေးတကြီး အခြေအနေ၌ ဟွမ်တန်က သူ့ လက်ဖြင့် ချိပ်တံဆိပ်ဖော်ဆောင်ကာ မရဏလက်ချောင်း နှင့် တွေ့ဆုံစေလိုက်သည်။
မိုးကြိုးဟိန်းသံများက သည်ဧရိယာတွင် ပဲ့တင့်ထပ် ပျံ့နှံ့ လို့သွားသည်။ဟွမ်တန်ခန္ဓာကိုယ်က တုန်ယင်သွားကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။ သူက နောက်သို့ မြန်ဆန်စွာ ဆုတ်နေ၏။ သူက ထိုသို့ဆုတ်နေရင်းဖြင့် လျှပ်စီးများက သူ့ကိုယ်အနှံ့တွင် တဖျပ်ဖျပ် တောက်လောင် နေခဲ့သည်။ ထိုလျှပ်စီး ဖျပ်ခနဲ ဖြစ်ဖြစ်သွားတိုင်း သူ့ဒဏ်ရာ က ပိုပို ဆိုးလာခဲ့သည်။ သည်လျှပ်စီးက အလွန်ထူးဆန်း လှ၏။ ၎င်းက သူ့မူလစိတ်ဝိညာဉ်ပတ်လည်တွင် တစ်စိတ် တစ်ပိုင်းအနေဖြင့် ဝန်းရံလာကာ သူ့မူလစိတ်ဝိညာဉ်အား အလွန်နာကျင်အောင် ပြုလုပ်နေလေသည်။
သူ့မျက်နှာက ဖြူရောကာ ကြောက်ရွံ့မှုတို့နှင့် ပြည့်လို့ နေသည်။
"ဒါက ဘယ်လိုမိုးကြိုးမျိုးလဲ။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့် က ဘယ်လောက်များလဲ။ မန္တာန်တစ်ခုတည်းနဲ့ ငါ့ကို ဒီလို မျိုး ဒဏ်ရာရသွားစေဖို့ လုံလောက်နေတယ်။ ဒီလူက ရွင် ယွမ်ဂြိုဟ်ပေါ်က မဟုတ်တာ ကျိန်းသေတယ်။ ငါက မ တိုက်ခိုက်နိုင်ဘူး။ ဒါ့ကြောင့် ဒီကစ္စကို သခင်မစီ အမြန် သတင်းပြန်ပို့မှ ဖြစ်မယ်..."
ဟွမ်တန်က သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဖြူရောင် အလင်းတစ်ခုက ၎င်းထံကနေ ချက်ခြင်းတောက်ပလာခဲ့ သည်။ သူက ပို၍ မြန်ဆန်လာကာ သူ့ခန္ဓာကိုယ်တစ်ဝက် က လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားပြီး ဖြစ် ကာ တည်နေရာရွေ့ပြောင်းလုနီးပါး ဖြစ်လို့သွားသည်။
ဝမ်လင်းက အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင် သာ ရှိသေးသော်လည်း သူ့မန္တာန်က အာဏာတက်ခြင်း အလယ်အဆင့်ကို ဖိနှိပ်ထားနိုင်ပြီ ဖြစ်သည်။ အာဏာ တက်ခြင်းအစောပိုင်းနှင့် နောက်ဆုံးအဆင့်တို့ကြားရှိ ကွာ ဟမှုက ကြီးမာလှ၏။သို့သော် ဝမ်လင်း အာဏာတက်ခြင်း အလယ်ပိုင်းအဆင့်ကို ယှဉ်တိုက်ကာ ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။
ခုချိန်၌ သူက အာဏာတက်ခြင်းအစောပိုင်းအဆင့်တွင် သာ ရှိသေးသော်လည်း သူ့ကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်ပမာဏက အာဏာတက်ခြင်းအလယ် အဆင့်ကျင့်ကြံသူများလောက် နီးနီး ရှိနေခဲ့ပြီ ဖြစ်သည်။ သူက အာဏာတက်ခြင်းအလယ်အဆင့်သို့ ရောက်ရှိဖို သူ့ နယ်ပယ်၏ ဉာဏ်အလင်းတစ်ခုသာ လိုချေတော့သည်။
ထို့အတွက်ကြောင့် သည်ဟွမ်တန်ကို သတ်ဖြတ်ခြင်းက သူ့လက်တစ်ဝှေ့ရမ်း စာလောက်ပင် လိုအပ်ပေသည်။
ဝမ်လင်းက ဟွမ်တန် ထွက်ပြေးသည်ကို တွေ့လိုက်သည့် အခါ သူ့မျက်လုံးက အေးစက်လာခဲ့သည်။ သူက ထိုသုံး ယောက်၏မျက်နှာသာပေးမှုကို ရယူထားသည့်အတွက် သည်ဘေးကပ်ဆိုးကို ရှင်းလစ်ပစ်ဖို့ လိုအပ်ပေသည်။
ဝမ်လင်းက သိုလှောင်အိတ်ကို ညင်သာစွာပုတ်လိုက်ရာ ကြယ်ခုနစ်ခုဓားအစီအရင်က အလင်းတန်းခုနစ်အဖြစ် ပြောင်းကာ ပျံသန်းထွက်သွားသည်။ သည်ကြယ်ခုနစ်ခုဓား အစီအရင်က ဓားသူတော်စင်လင်းထျန်ဟူ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် မည်သူက ၎င်းကို ခုခံနိုင်ပါ့မည်နည်း။ မျက်စိတစ်မှိတ်အွင်း ဓားခုနစ်လက်က ထိုးထွက်သွားကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဟွမ် တန်ဘေးနားသို့ ရောက်ရှိလို့သွားသည်။ သည်ဓားခုနစ် လက်မှ သားရဲစိတ်ဝိညာဉ်ခုနစ်ခုက တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်းသွား၏။ သည်ပေါင်းစည်းထားသော သားရဲက မာန်သွင်းက ဟွမ်တန်အား ကုတ်ဆွဲချလိုက်သည်။လေဟာနယ်အတွင်း၌ ဟွမ်တန်၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုများနှင့် ပြည့်လို့နေသည်။ သားရဲက ဟွမ်တန် အား ကြမ်းကြုတ်စွာ လေဟာနယ်ထဲကနေ ပြန်ဆွဲယူ လိုက်၏။ သူက ထွက်လာသည့်အခါ ဓားခုနစ်လက်က ဟွမ် တန်အား ဝန်းရံသွားပြီး သူ့ခန္ဓာကိုယ်ပေါ်သို့ ဓားဖျားများ နှင့် ထောက်လို့ထားသည်။ သူက နည်းနည်း လှုပ်ရှားလိုက် လျှင်ပင် ထိုဓားများက သူ့ခန္ဓာကိုယ်အား ထွင်းဖောက်ကာ သူ့စိတ်ဝိညာဉ်ကိုပါ ဖျက်စီးပစ်ပေလိမ့်မည်။
ဟွန်တန် ပေါ်လာသည့်အချိန်မှစကာ အခု အဖမ်းခံလိုက် သည့်အချိန်ထိ အရာအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ ခြင်းပင်။
ရွင်မိသားစုဘိုးဘေးက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူက ဝမ်လင်း၏ မန္တာန်ကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရကာ မည်မျှ အားကောင်းကြောင်း သိထားပေ၏။ ခု တတိယလူအဖြစ်နှင့် အပြင်က တွေ့ရသည့်အခါတွင်လည်း ဝမ်လင်းမန္တာန်က မတူညီမှုကို သူ့အား ပေးစွမ်းလာခဲ့သည်။
သူ့မျက်လုံးထဲ၌ အလွန်ကြောက်လန့်နေမိ၏။ အရင် တုန်းက ဝမ်လင်းသူ့ကို တိုက်ခိုက်လာချိန်တွင် အရိပ်တစ်ခု က ဖျပ်ခနဲ လှုပ်ရှားသွားရုံနှင့် သူက သေမလို ဖြစ်ခဲ့ရပေ သည်။ခုချိန်တွင် သူက သည်အနက်ရောင်အရိပ်က ဝမ် လင်း၏ တစ်ခုတည်းသောမန္တာန် မဟုတ်ကြောင်း သဘော ပေါ်လို့သွား၏။ ကြည့်ရသည်မှာ ဝမ်လင်း၏ မန္တာန်တိုင်းက ကြောက်မက်ဖွယ်ကောင်းနေသည့်ပုံပင်။ သူက သူ့စိတ်ကိုသူ ပြင်ဆင်ကာ သူရှုမှု(ဝမ်လင်း) နှင့် ဘယ်သောအခါမှ ရန်သူ မဖြစ်စေရဟု ဆုံးဖြတ်လိုက် သည်။
အပူအပင်မဲ့ကျောက်၏ စိတ်ထဲတွင်လည်း ရွင်မိသားစု ဘိုးဘေးထက် အားမနည်းသော ကြောက်ရွှံ့မှုကို ခံစား လိုက်ရသည်သာ ဖြစ်သည်။ သည်အခိုက်အတန့်၌ သည်ရှုမှု က သူ့ကို သတ်ချင်လျှင် သူက မည်သို့မှ ခုခံနိုင်မည်မဟုတ် ဘဲ သေရလိမ့်မည်ကို သဘောပေါက်သွား၏။
"သူ့ကျင့်ကြံမှုအဆင့်က အထွတ်အထိပ်အဆင့်များလား..."
အာဏာတက်ခြင်း
နှိုင်းယှဉ်ရလျှင်တော့ စွန်ရှီက ပို၍ တည်ငြိမ်နေသေး၏။ သူ့စိတ်ထဲ၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင် လိမ့်မည်ဟု တွေးနေမိသည်။ သည်အခိုက်အတန့်၌ သူက တွေးလိုက်မိ၏။ "ဒီရှုမူက တော်တော်အားကောင်းတာပဲ။ ငါက သူနဲ့ ဆက်ဆံရေး ကောင်းရအောင် သေချာ လုပ်ဆောင်ရမယ်..."
ဟွမ်တန်၏ ဦးရေပြားပင် ထုံထိုင်းသွား၏။ သူ့ပတ်လည် ရှိ ဓားခုနစ်လက်က သူ့အား အချိန်မရွေး သတ်ပစ်နိုင်သည် ဟု ခံစားနေရသည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေ၏။ သို့သော် သူက ဝမ်လင်းနောက်ရှိ အခြားသုံးယောက်ကို တွေ့လိုက်သည့်အခါ လှမ်းအော်လိုက်သည်။ "ရွင်ရွှယ်ဖန်၊ ကျောက်ချူဝမ်၊စွန်ရှီ မင်းတို့က ကိုယ့်သေတွင်းကိုယ် တူး ချင်နေတာလား..."
ထိုသုံးယောက်က တိတ်ဆိတ်လို့သာ နေကာ စကားပြန် မပြောပေ။သို့ရာတွင် သူတို့မျက်လုံးထဲ၌ အေးစက်မှုတို့ ရိပ်ခနဲ ဖြတ်သန်းသွားသည်။
ဟွမ်တန်က သည်အေးစက်စက်အလင်းကို မြင်လိုက် သည့်အခါ တစ်ခုခုမှားနေပြီဟု သဘောပေါက်လိုက်သည်။ သူက အော်ပြောလိုက်သည်။ "ငါက ဟွမ်မိသားစုအမိန့် ကြောင့် ဒီနေရာကို ရောက်လာခဲ့တာ။ မင်းတို့ ငါ့ကို သတ်၍ ဟွမ်မိသားစုက အခြားလူတွေကို ထပ်လွှတ်ဦးမှာ ပဲ။ မင်းတို့က သူတို့အားလုံးကို သတ်နိုင်လိမ့်မယ်လို့ ထင် နေတာလား။မင်းတို့ရဲ့ ခွန်အားလောက်နဲ့ ဟွမ်မိသားစုကို ခုခံရင် ကျိန်းသေ သေဆုံးရလိမ့်မယ်..."
"ငါ့ကို လွှတ်ပေးလိုက်။ ငါ မင်းတို့အားလုံးအတွက် တရားမျှတမှုတစ်ခု ရှာဖွေပေးမယ်..."
ဟွမ်တန်စကားများက ရွင်မိသားစုဘိုးဘေးနှင့်သူ့ အပေါင်းအများထံသို့သာ ရယ်ရွယ်နေသော်လည်း သူ့ အကြည့်ကတော့ ဝမ်လင်းထံသို့သာ မကြာမကြာ ရောက် လို့နေ၏။ သူက သူ့အားဖမ်းထားသော ထိုလူ၏ နောက်ခံ ကို ခန့်မှန်းကြည့်နေမိသည်။
ရွင်မိသားစုဘိုးဘေးက ထိုစကားကို ကြားလိုက်သည့် အခါ သူ့မျက်လုံးထဲ၌ ချီတုံ့ချတုံဟန်ပန် ဖြစ်ပေါ်သွားသည်။ သို့သော် ၎င်းက ချက်ခြင်းပင် ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ပြန်လည်အစားထိုးသွား၏။ သူက တည်ငြိမ်စွာ ပြောလိုက် သည်။ "ရောင်းရင်းကျင့်ကြံသူ ဟွမ်...သင်က ဘာကြောင့် ရွင်ယွမ်ဂြိုဟ်ကို ရောက်လာရတာလဲ ငါ သိချင်မိပါ ໖..."
ဟွမ်တန်က ရွင်မိသားစုဘိုဘေးကို စူးစိုက်ကြည့်သည်။ ထို့နောက် နောက်နှစ်ယောက်ကိုပါ ကြည့်ကာ ပြုံးလိုက်၏။ "ဒီတော့ လွန်ခဲ့တဲ့လေးနှစ်တုန်းက ဟွမ်မိသားစုဝင်ကို မင်း တို့ သတ်ခဲ့တာ အမှန်ပေါ့။ရွင်ရွယ်ဖန်၊စွန်ရှီ၊ ကျောက်ချုဝမ် မင်းတို့ရဲ့ မိသားစု သွေးမျိုးဆက်တွေက အဆုံးသပ်ကို ရောက်ပြီ..."
ရွင်မိသားစု ဘိုးဘေး၏ အသွင်က သုန်မှုန်လာကာ သူက ဝမ်လင်းထံသို့ ကြည့်၍ ပြောလိုက်သည်။ "ရောင်းရင်းရှု... ဒီလူ့ကို ငါတို့လက်ထဲ လွှဲပေးနိုင်မလား..."
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။
"ရှုဆိုတဲ့ကောင်...မင်းက ဘယ်သူလဲ။ မင်းက ငါတို့ ဟွ မိမိသားစုရဲ့ ကိစ္စမှာ ဘာကြောင့် ပါဝင် ပတ်သတ်ချင်နေ တာလဲ.."
ဟွမ်တန်က ဝမ်လင်းထံသို့ လှည့်၍ ကြည့်ကာ ပြော လိုက်သည်။။ ငါတို့ ဟွမ်မိသားစုရဲ့ဘိုးဘေးက ပြန် ရောက်လာခဲ့ပြီ။ မင်းက ဟွမ်မိသားစုရဲ့ဘိုးဘေးနဲ့ ဆန့်ကျင် တိုက်ခိုက်နိုင်တယ်လို့ ထင်နေတာလား။ မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ့အရှင်မကို မင်းနာမည် ပြန်မပြောပြ ဖို့ ကတိပေးတယ်။ ငါက မင်းကို ဒီကိစ္စထဲ ဆွဲမတည့်တော့ :..."
"ဟွမ်မိသားစု သခင်မ.." ဝမ်လင်းက ဟွမ်တန်ကို ကြည့်လိုက်သည်။
စွန်ရှီက ရှင်းပြလိုက်၏။ "ရောင်းရင်းရှု...သင်က ဒီကိစ္စ ကို မသိဘူးလား။ ဒီဟွမ်မိသားစုရဲ့ ဘိုးဘေးက မဟာမိတ် ကြယ်အဖွဲ့အစည်းကနေ အမျိုးသမီးတစ်ယောက်ကို ခေါ် လာခဲ့တယ်။ သူက သူမကို တပည့်အဖြစ် သတ်မှတ်ပြီး သွေးမျိုးဆက်ရိုးရာအတိုင်း လုပ်ပြီး သူမရဲ့ သွေးမျိုးဆက် ကို ပြောင်းလဲပေးလိမ့်မယ်..."
ကျဉ်းမြောင်းလို့သွားသည်။ ဝမ်လင်းမျက်လုံးများက သူက မေးလိုက်၏။ "ဟွမ်မိသားစုဘိုးဘေးရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်လဲ..."
ဟွမ်တန်က စိတ်သက်သာရာရသွားကာ ပြောလာသည်။ "ဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင်က ကျင့်ကြံခြင်းဒုတိယအဆင့် ကို ရောက်နေခဲ့ပြီ။ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက သူက ယင်နဲ့ယန်အဆင့်ကို ရောက်နှင့်ပြီးသား ဖြစ်တယ်..."
ဝမ်လင်းက ရွင်မိသားစုဘိုးဘေးနှင့် သူ့အပေါင်းအပါများ ကို မည်ကာမတ္တအပြုံးမျိုးဖြင့် ပြုံး၍ ကြည့်လိုက်သည်။ သူ့ အကြည့်ထဲ၌ လှောင်ပြောင်လိုမှု ပါဝင်နေကာ ရွင်မိသားစု ဘိုးဘေးကို ခေါင်းငုံ့သွားစေ၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ သူ့ကို မင်းတို့ရှိ လက်လွှဲခဲ့ပြီ။ ဒါက ငါနဲ့ ဘာမှ မပတ်သတ်တော့ ဘူး..." သည့်နောက် သူက လက်ဝှေ့ယမ်းလိုက်ရာကြယ် ခုနစ်ခုဓားအစီအရင်က ဟွမ်တန်ကို ဝန်းရံသွားပြီး သူ့မူလ စိတ်ဝိညာဉ်ကို ချိပ်ပိတ်ပစ်သည်။ သည့်နောက် ဓားများက ဝမ်လင်းဘေးနားသို့ ပြန်ရောက်လာ၏။
"ငါ့မှာ အရေးတကြီးကိစ္စရှိလို့ ထွက်သွားတော့မယ်။ ငါ လအနည်းငယ်နေရင် ပြန်လာခဲ့မယ်…" ထိုသို့ပြောပြီး နောက် ဝမ်လင်းက လှည့်၍ ထွက်ခွာဟန် ပြင်လိုက်သည်။
မျှော်လင့်ချက်မဲ့နေဟန်ရကာ သူက အော်ဟစ်လိုက်သည်။ "မင်းတို့ ငါ့ကို သတ်ရင် ငါ့ ဟွမ်တန်မျက်လုံးထဲ၌ သခင်မက မင်းတို့ကို မခွင့်လွှတ်ဘူးမှတ်။ အရှင်မလျိုမေက ဘိုးဘေးရဲ့ တစ်ဦးတည်းသောတပည့်ပဲ။သူမက နောက် အနာဂတ်မှာ ဟွမ်မိသားစုခေါင်းဆောင် ဖြစ်လာလိမ့် ໑໖..."
ဝမ်လင်းက ရုတ်တရက် ရပ်တန့်သွားကာ နောက်သို့ ပြန် လှည့်လာသည်။သူက ဟွမ်တန်ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "ဟွမ်မေ.သူ့မူလနာမည်က ဘာလဲ..." ဟွမ်တန်က နှာခေါင်းရှုံ့ကာ ဆိုသည်။ "မင်း ငါ့ကို သွား ခွင့်ပြုရင် ငါမင်းကို ပြောပြမယ်..."
သူ့စကားမဆုံးသေးခင်မှာပင်
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ လက်ဆန့်ထုတ်သည်။ ဟွမ်တန် ခန္ဓာကိုယ်က ချက်ခြင်း ဝမ်လင်းလက်ထဲသို့ ကျ ရောက်လာ၏။ ဝမ်လင်းက ဟွမ်တန်၏ဦးခေါင်းပေါ်သို့ သူ့ လက်ကို ဖိချလိုက်ရာ သူ့မျက်လုံးထဲ၌ လျှပ်စီးတန်းတစ်ခု က တဖျပ်ဖျပ် ဖြစ်လို့သွားသည်။ သူ့နောက်မှ အရိပ်က မြန်ဆန်စွာဖြင့် ဝမ်လင်းလက်မောင်းတစ်လျှောက် ရွှေ့လျား လာကာ ဟွမ်တန်၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားသည်။
* စိတ်ဝိညာဉ်ရှာဖွေခြင်း..."
တကယ်တော့ ဟွမ်တန်၏ ကျင့်ကြံမှုက အာဏာတက် ခြင်းအလယ်အဆင့် ဖြစ်၏။ ထို့ကြောင့် သူက စိတ်ဝိညာဉ် ရှာဖွေခြင်းမန္တာန်ကို အသုံးပြုလိုလျှင် ကောင်းကင်ဘုံ သက်တော်စောင့်၏စွမ်းအားကို ငှားယမ်းသုံးစွဲရမည်
ဖြစ်သည်။
ဝမ်လင်းက
ကောင်းကင်ဘုံသက်တောင်စောင့် အကူအညီဖြင့် ဟွမ်တန်၏မှတ်ဉာဏ် အပိုင်းအစများကို ဖြတ်သန်းကြည့်ရှုနေ၏။ သူက ကြည့်နေရင်းဖြင့် ဟွမ် တန်၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာပြီး သူ့ မျက်လုံးများက နာကျင်ရုန်းကန်နေဟန်တို့ ထွက်ပေါ်လို့ နေသည်။
သူက မှတ်ဉာဏ်များကို ဖြတ်၍ ရှာဖွေနေရင်း ဝမ်လင်း က လှပသောအမျိုးသမီးတစ်ယောကို ဟွမ်တန်၏မှတ်ဉာဏ် ထဲ၌ တွေ့လိုက်ရ၏။ သူ့အသွင်က သုန်မှုန်လို့သွားသည်။ လက်ကို ပြန်ဖြေလျော့ပေးလိုက်ပြီး ဟွမ် သူက
တန်၏ခန္ဓာကိုယ်အား ရိုက်ထုတ်လိုက်၏။ ဟွမ် တန်၏ခန္ဓာကိုယ်က ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ် ကို ဝမ်လင်းက ဖမ်းယူလိုက်သည်။သည့်နောက် ဝမ်လ်း က ဟွမ်တန်၏မူလစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်တစ်ကုဋေ အလံထဲသို့ ပစ်သွင်းလိုက်သည်။
သည်ရုတ်တရက် ဖြစ်ပျက်သွားသည့် မြင်ကွင်းကြောင့် ရွ င်မိသားစုဘိုးဘေးနှင့် သူ့အပေါင်းအပါများက မှင်သက်လို့ သွားကြသည်။သူတို့တစ်ယောက်ချင်းစီကလည်း ကိုယ်ပိုင် အတွေးကိုယ်စီ ရှိလို့နေကြ၏။
"လျိုမေ." ဝမ်လင်းက မျက်မှောင်ကြုတ်သွားကာ ဟင်္သာပြဒါးအုတ်ဂူထဲရှိ ဖြစ်ပျက်ခဲ့သမျှ အပါအဝင် ဟင်္သာ ပြဒါးဂြိုဟ်ပေါ်ရှိ အတိတ်တုန်းက မြင်ကွင်းများက သူ့ မျက်လုံးထဲတွင် တရိပ်ရိပ် ပြန်မြင်ယောင်လာမိသည်။
"ဒီအမျိုးသမီးက ကံတော်တော်ကောင်းတာပဲ။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကိုတောင် ရောက်လာခဲ့တယ်..."
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေ၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ မည်သည့်စကားမှ မ ဆိုဘဲ ထွက်ခွာလို့သွားတော့သည်။
ရွင်မိသားစုဘိုးဘေးနှင့်သူ့အပေါင်းအပါများက သူ့အား တားဆီးဝံ့ကြခြင်း မရှိပေ။သူတို့က ဝမ်လင်း တစ်ဖြည်းဖြည်းပျောက်ကွယ်သွားသည်ကိုသာ အကူအညီမဲ့ စွာ ကြည့်နေရုံသာ တက်နိုင်လေသည်။ လေထုထဲကနေ ထွက်လာခဲ့ပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်ကာ ကြယ်သံလိုက်အိမ်မြှောင်က ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်းက သူ့စိတ်ကိုယ်သူ ပြင်ဆင်လိုက်ပြီးနောက် လျို မေနှင့် ပတ်သတ်၍ မတွေးတော့ဘဲ သူ့စိတ်ထဲရှိ မြေပုံကို သာ အာရုံစိုက်လိုက်သည်။ သူက ယွမ်ရှဂြိုဟ်ရှိရာသို့ ဦးတည်သွားလိုက်၏။
"ယွမ်ရှဂြိုဟ်ပေါ်မှာ ရှိတဲ့ သတ္တုကြောက ငါ့အတွက် အလွန်ပဲ အရေးကြီးတယ်။ဒါက ကောင်းကင်ဘုံဆန့်ကျင် ခြင်းပုတီးစေ့ရဲ့ သတ္တုဒြပ်ကို လုံးဝ ပြည့်စုံသွားစေနိုင်တဲ့ အခွင့်အရေးပဲ။ ငါ့ရှိကနေ ဒီသတ္တုကြောကို လာလုချင်တဲ့ ဘယ်သူမဆို ငါ သတ်တာ ခံရလိမ့်မယ်.."
လမ်းတစ်လျှောက်တွင် ဝမ်လင်းက တစ်စက်ကလေးပင် ရပ်နားခဲ့ခြင်း မရှိပေ။တစ်လခန့် ကြာပြီးနောက် နတ် ဘုရားအာရုံဖြင့် ထောက်လှမ်းမိသည့် အကွာအဝေးတွင် ယွမ်ရှဂြိုဟ်က ထွက်ပေါ်လာခဲ့တော့သည်။
Comments
Post a Comment