အပိုင်း(144)

စစ်ထူနန်က နောက်တစ်ဖန် တံခါးပိတ်ကျင့်ကြံဖို့

လုပ်ဆောင်ခြင်း

ဟွမ်တန်၏ သေခြင်းကို ဟွမ်မိသားစုက စုံစမ်းမိသွား မည်သာ ဖြစ်သည်။ အဓိကကျင့်ကြံခြင်းဂြိုဟ်တစ်ခု၏ မိသားစုကြီးတစ်ခုအနေဖြင့် မိသားစုဝင်တစ်ယောက် သတ်ဖြတ်ခြင်းခံရခြင်းက အတော်လေး မွှေနှောက်သွားစေ နိုင်ပေသည်။

ဟွမ်မိသားစု၏ ဘိုးဘေးက သည်ကိစ္စကိုကြားသည့် အခါ ဒေါသပုန်ထသွားခဲ့၏။ သို့ရာတွင် သူ့မျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ ရွင်ယွမ်ဂြိုဟ်အပေါ် လက်စားပြန်ချေစိတ်ကို ဖိနှိပ်ထားလိုက်သည်။ထိုအစား သူက သွေးမျိုးဆက်လွှဲပြောင်းပေးမည့်နေ့ကို တွန်းတွန်း တိုက်တိုက် လုပ်ဆောင်လိုက်၏။

"ဟွမ်မေရဲ့ လက်အောက်က မိသားစုဝင်တစ်ယောက် အသတ်ခံရတာ ဖြစ်တဲ့အတွက် သွေးမျိုးဆက်လွှဲပြောင်းပြီး ရင် ဟွမ်မေကို ဒီကိစ္စအတွက် ကိုယ်တိုင် ကိုင်တွယ် ခိုင်းလိုက်..." မည်သူကမျှ ဟွမ်မိသားစုဘိုးဘေးကို ဆန့်ကျင်ဘက် မ လုပ်ဝံ့ကြချေ။ လူတိုင်းက သည်ကိစ္စသည် ဘိုးဘေးက ဟွမ် မေ၏ခွန်အားကို ပြသခွင့်ပြုကြောင်းကို သိကြသော်လည်း မည်သူကမျှ ထုတ်မပြောဝံ့ကြပေ။

သည်ကိစ္စက ဤသို့ဤပုံ အထိုင်ပြန်ကျသွား၏။

"ရွင်ယွမ်ဂြိုဟ်ကို ဂြိုဟ်ချိတ်ပိတ်ခြင်းအစီအရင်နဲ့ ချိပ် ပိတ်ပြီး ဘယ်သူမှ မလွတ်မြောက်နိုင်အောင် လုပ်လိုက်။ ဟွ မ်မေက သွေးမျိုးဆက်ဆက်ခံပြီးရင် ဒီဟာကို ကိုင်တွယ် ໖໖..."

ဟွမ်မိသားစုက

လှုပ်ရှားလာသည့်အခိုက်တွင် ကောင်းကင်ပင် အရောင်ပြောင်းလဲသွားရသည်။ ဂြိုဟ်ချိပ် ပိတ်ခြင်းအစီအရင်နှင့်ဆိုလျှင် ရွင်ယွမ်ဂြိုဟ်က လှောင်အိမ် ထဲက ငှက်တစ်ကောင်လို ဖြစ်ချေတော့မည်။

လျိုမေကတော့ ဟွမ်တန်သေဆုံးသွားသည်ကို ကြားရ သည့်အခါ သူမအသွင်က မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိပေ။ထိုသို့သော လူတစ်ယောက် သေဆုံးခြင်းက သူမ အတွက် ပုရွတ်ဆိတ်တစ်ကောင်သေဆုံးသွားသည်နှင့် မ ခြားပေ။

လျိုမေက အပြာရောင်ကောင်းကင်ကို မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ရွင်ယွမ်ဂြိုဟ်...ဒါက ဟွမ် မိသားစုကို ငါ့ခွန်အား ပြသပေးဖို့အတွက် တိုက်ပွဲတစ်ခု လား။ ဆရာ့ရဲ့အလိုအတိုင်းဆိုရင် သွေးမျိုးဆက်လွှဲပြောင်း နေစဉ်အတွင်းမှာ သူက ငါ့ကို သူ့ကျင့်ကြံမှုအချို့ပါ လွှဲပြောင်းပေးမယ်တဲ့။ ဒီအတွက်ပေးရတဲ့တန်ဖိုးက သူ့ ကျင့်ကြံမှုအဆင့်ကတော့ နှစ်နှစ်ရာလောက် အဆင့်တစ်ခု လျော့ကျသွားလိမ့်မယ်။ သူက ငါ့ကို အာဏာတက်ခြင်း အထွတ်အထိပ်အဆင့် ရောက်အောင် ကူညီပေးလိမ့်မယ်။ ယင်နဲ့ယန်အဆင့်ကို ဝင်ရောက်ပြီးရင်တော့ အားလုံးက ငါ့ ကိုယ်ပိုင်နားလည်မှုအပေါ်ပဲ မူတည်တော့မယ်..."

"အဲ့ကျရင် ငါနဲ့ ဟင်္သာပြဒါးဂြိုဟ်ပေါ်က ဝမ်လင်းနဲ့ကြား က ကွာခြားမှုက ပိုကြီးမားလာလိမ့်မယ်။ နောက်လာမယ့် နှစ်တွေမှာ ငါက ကျင့်ကြံခြင်းနယ်ပယ်ရဲ့ ဒုတိယအဆင့်ကို ရောက်ရှိခဲ့ရင် ဒီလူ့ကို ထပ်တွေ့ရမယ်။ အဲ့ကျရင် သူက ဘယ်လို စိတ်မျိုးဖြစ်နေမလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ လည်း အဲ့အချိန်ကျရင် သူက ငါ့အတွက် ဟွမ်တန်လိုမျိုး ပု ရွတ်ဆိတ်တစ်ကောင်သာသာပဲ ဖြစ်လာလိမ့်မယ်.."

လျိုမေက ပြုံးလိုက်၏။ သူမအပြုံးက လှပလွန်းလှကာ လူတိုင်းကို နှလုံးခုန်မြန်သွားစေနိုင်သည်။

"ပုံရိပ်တစ်သောင်း ကောင်းကင်နတ်ဆိုးတာအိုက ဒီ ကမ္ဘာထဲမှာ ရှိတဲ့ အရာရာတိုင်းကို ပုံရိပ်ယောင်တစ်ခု အောက်မှာ တွန်းပို့ နိုင်တယ်..."

လေပြေက ညင်သာစွာ တိုက်ခတ်လာသည့်အခါ သူမ နောက်ကျော်ရှိ ဆံပင်များက လွင့်ဝဲလို့သွားသည်။သူမက ဆံနွယ်စကို ဆုပ်ကိုင်ရန် သူမလက်ကို မြှောက်လိုက်၏။ သည်အခိုက်အတန့်၌ သူမသိုလှောင်အိတ်ထဲမှ တုန်ခါ လှိုင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုတုန်ခါလှိုင်းများက သိုလှောင်အိတ်ထဲ၌ ကန့်သတ်ပိတ်လှောင်ထားသော်လည်း ယင်းတို့က မကျေမချမ်းမှုတို့နှင့် ပြည့်လို့နေဆဲသာ။ သည်မ ကျေမချမ်းဖြစ်မှုက သိုလှောင်အိတ်ထဲသို့ ဖြည်းဖြည်းချင်း ပြည့်နှက်လာ၏။

လျိုမေက ခေါင်းငုံ့ကာ သိုလှောင်အိတ်ကို ထိလိုက်သည်။ အထဲရှိ တုန်ခါလှိုင်းက အနည်းငယ် လျော့ကျသွား၏။ သို့သော် မကျေမချမ်းဖြစ်မှုကတော့ ပို၍ အားကောင်းလာခဲ့ သည်။

လျိုမေက တိုးညင်းစွာ ပြောလိုက်သည်။ "နာခံစမ်း...နင် ခု ထွက်သွားလို့ မရနိုင်ဘူး..."

သူမက လက်ချောင်းထိပ်ကို ကိုက်ကာ သိုလှောင်အိတ် ထဲသို့ သွေးတစ်စက်ညှစ်ချလိုက်၏။ သည့်နောက် သူမ အသွင်က နာကျင်သည့်ဟန် ဖြစ်ပေါ်သွားသည်။

တုန်ခါလှိုင်းက တစ်ဖြည်းဖြည်းချင်း လုံးဝ ပြန်ပျောက် ကွယ်သွားသည်။အထဲရှိမကျေမချမ်းဖြစ်မှုသည်လည်း ကြမ်းတမ်းစွာ ဖိနှိပ်ခြင်း ခံလိုက်ရ၏။

"နင်...ဘာကြောင့် ဒီလို လုပ်နေရတာလဲ..." လျိုမေ နောက်မှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဟွ မ်မိသားစုဘိုးဘေးက ဖြည်းဖြည်းချင်း သိပ်သည်းပေါ်ထွက် လာခဲ့သည်။သူက လျိုမေ၏ သိုလှောင်အိတ်ကိုကြည့်ကာ
မျက်မှောင်ကြုတ်လိုက်သည်။

"ဆရာ နင့်ကို အစကတည်းက ပြောခဲ့ပြီးပြီး ဒါက အရမ်းကြမ်းကြုတ်ပြီး နင် ဒါကို မထိတွေ့ သင့်ဘူး..."

ချေ။ လျိုမေက စဉ်းစားကာနေ၏။ ဘာစကားမှတော့ ပြန်မဆို

ဟွမ်မိသားစုဘိုးဘေးက ထပ်ပြောလိုက်ပြန်သည်။ "သိုလှောင်အိတ်ထဲက အရာကို ခုသတ်လိုက်ပါ။ ဒါက ထပ် ပြီး မကြီးထွားစေနဲ့။ နင်က ဒီလိုဆက်လုပ်နေရင် နင့်တာ အိုနှလုံးသားကို ထိခိုက်စေလိမ့်မယ်။ နင်က ဒီလိုသာဆို ယင်ယန်အဆင့်ကို ကျော်ဖြတ်ပြီး ဘယ်လိုလုပ် ဒုတိယ အဆင့်ကို ရောက်နိုင်ပါ့မလဲ..."

လျိုမေက ခေါင်းမော့ကာ ဟွမ်မိသားစုခေါင်းဆောင်ကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "ဆရာ...လျိုမေ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။ ကျေးဇူးပြုပြီး ဒီ အကြောင်းကို ထပ်မပြောပါနဲ့တော့..."

ဟွမ်မိသားစုဘိုးဘေးက လျိုမေကို ကြည့်သည်။ အချိန် အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ ဆိုလာသည်။ "ဘာကြောင့်လဲ...ဘာကြောင့် နင်က ဒီလိုလုပ်မှ ဖြစ်မှာလဲ

ဝမ်လင်းကတော့ ငွေနဂါးကို စီးနင်းက ယွမ်ရှဂြိုဟ်သို့ ဦးတည်သွားနေ၏။ အကွာအဝေးတစ်ခုမှ ကြည့်လျှင် ယွမ် ရှဂြိုဟ်က ထူထဲသောမြူခိုးများဖုံးအုပ်ထားသောကြောင့် မီးခိုးရင့်ရောင် သန်းနေသည်။နတ်ဘုရားအာရုံဖြင့်ပင် မ ထွင်းဖောက်နိုင်လောက်အောင် ထူထဲလှ၏။

သည့်အပြင် မြူထုအတွင်းမှ ဟိန်းသံအော်သံများလည်း ထွက်ပေါ်လျက် ရှိနေ၏။ထိုအသံများက သည်နေရာသို့ ဖြတ်သန်းမဝင်ရောက်ရန် သတိပေးနေသကဲ့သို့ပင်။

သည်ငွေရောင်နဂါးက ဝမ်လင်းကို ယွမ်ရှဂြိုဟ်၏ အပြင် ဘက်သို့ ခေါ်ဆောင်လာကာ သူက ထူထဲသောမြူလွှာကို စူး စိုက်ကြည့်နေသည်။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား ကာ သိုလှောင်အိတ်ထဲမှ ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ယူလိုက်သည်။ ၎င်းဓားများက မြန်ဆန်စွာ လှည့်ပတ် ကာ ပြင်းထန်သောအားတစ်ခုကို ဖြစ်စေသည်။

သည်အားကို ဝန်းရံပြီး ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သည့်နောက် ကြယ်သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းဆည်းလိုက်၏။ သူက မြူထဲသို့ ကြယ်ခုနစ်ခုဓား အစီအရင်နှင့်အတူ ဝင်ရောက်လိုက်သည်။ဓားအစီအရင်က မြန်ဆန်စွာ တဝီဝီလှည့်ပတ်ပြီး ဝမ်လင်းရှေ့ရှိ မြူထုကို တွန်းထုတ်ပေးလေ၏။

သို့ရာတွင် သည်မြူထုက ထုထည်းလွန်းလှကာ သည် နည်းလမ်းနှင့်ပင် ဝမ်လင်းရှေ့ရှိမြူထုက အဆုံးမရှိဟု ထင်မှတ်ရသည်။

ဝမ်လင်းအသွင်ကတော့ ပုံမှန်ပင်။ ဓားအစီအရင်က ဖန်တီးပေးသည့် ဝဲကတော့ကြောင့် မြူများက သူ့နားကိုတော့ နီးကပ်လာခြင်း မရှိပေ။ သို့ရာတွင် သည် အခိုက်အတန့်၌ သူ့ဝန်းကျင်တစ်ခုလုံးက မီးခိုးရောင်ဖြစ် နေကာ အရာတစ်ခုကိုမှ မြင်ရခြင်း မရှိပေ။ သူ့နတ်ဘုရား အာရုံပင် ပိတ်ဆို့ခြင်း ခံထားရ၏။ထို့ကြောင့် ဝမ်လင်းက သူ့အလိုလိုသိစိတ်ပေါ်တွင်သာ မှီတည်၍ ရှေ့သို့ ဆက် ပျံသန်းနေရသည်။

အချိန်အတန်ကြာပြီးနောက် သူ့ရှေ့ရှိ မြူလွှာက တစ်ဖြည်းဖြည်းပါးလွှာသွားသည်။ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။ သူက ချက်ခြင်းပင် အရှိန်တင် လိုက်ကာ မြူထုထဲကနေ ကြယ်ပျံတစ်စင်းအလား ထိုး ထွက်လိုက်၏။ သူ့ရှေ့ရှိ ပေါ်ထွက်လာသော မြင်ကွင်း ကြောင့် သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့လို့သွားသည်။

ကောင်းကင်တစ်ခုလုံးက သိပ်သည်းသောမြူနှင့် ဖုံးလွှမ်း နေကာ မည်သည့်နေရာမှ ကျရောက်နေခြင်းမရှိဘဲ ကမ္ဘာ မြေက နက်မှောင်လို့နေသည်။သို့ရာတွင် သည်အရာက ကျင့်ကြံသူတစ်ယောက်၏ မြင်ကွင်းကိုတော့ သက်ရောက် နိုင်ခြင်း မရှိပေ။

မြေပြင်က အက်ကွဲကြောင်းများနှင့် ပြည့်နေကာ ကြီးမား သည့် ပါးစပ်ကြီးများက အရာရာကို ဝါးမြိုပစ်ရန် ကြိုးစား နေသကဲ့သို့ပင်။

ပြင်းထန်သောသေခြင်းအော်ရာက ကောင်းကင်နှင့် မြေကြီးတွင် ပြည့်နှက်နေသည်။သည်သေခြင်းအော်ရာက လူတစ်ယောက်၊အရာတစ်ခုထဲမှ ထွက်ပေါ်လာခြင်းမဟုတ် ဘဲ ဂြိုဟ်တစ်ခုလုံးကနေ ထွက်ပေါ်နေခြင်း ဖြစ်သည်။

အက်ကွဲကြောင်းများ ပြည့်နေသော မြေပြင်က လက်တံ များအလားပင်။ ဖျပ်ခနဲ ကြည့်လိုက်လျှင် မြေပြင်က လက် တန့်များဖြင့် ဖုံးလွှမ်းနေသည်နှင့်ပင် ဆင်တူနေသေး၏။

သည်မြင်ကွင်းက လူတိုင်း၏ နှလုံးသားကို ဖိစီးလေးလံ စေအောင် ပြုလုပ်နေသကဲ့သို့ပင်။

ယွမ်ရှဂြိုဟ်မှ အော်သံဟိန်းသံလှိုင်းများ၏ အများစုက မြေအောက်ကနေ ထွက်ပေါ်လာနေခြင်း ဖြစ်၏။

"ဒါက လုံးဝပျက်စီးနေတဲ့ ဂြိုဟ်တစ်ခုပဲ..." ဝမ်လင်းက စဉ်းစားတွေးတောကြည့်နေရင်း သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ ရှေ့တည့်တည့်သို့ ပျံသန်းလာနေရင်း သတ္တုကြောကို ရှာကြည့်နေသည်။ သူက ပျံသန်းနေရင်းဖြင့် မြို့ပျက်များကို တွေ့မြင်ခဲ့သည်။

မြေပြင်မှ ထွက်ပေါ်နေသည့် လက်တံလိုအရာများက ထိုမြို့ပျက်များအား ထွေးခြုံထားသည်။

သူက ကောင်းကင်ကို ဖြတ်သန်း၍ တိတ်တဆိတ်ပျံသန်း လာနေရင်း ဝမ်လင်းအကြည့်က မြို့ပျက်များကြားသို့ ရောက်ရှိသွားသည်။သည်အခိုက်အတန့်၌ မူလက လှုပ်ရမ်း နေသောလက်တံများ အားလုံးက ရုတ်တရက်ကြီး ရပ်တန့် လို့သွားသည်။ သည့်နောက် ၎င်းတို့အားလုံးက မြန်ဆန်စွာ ကျုံ့လာကာ မြေမျက်နှာပြင်ပေါ်ကနေ ပျောက်ကွယ်လို့သွား တော့သည်။

သည်အခိုက်အတန့်ပ မိုးကုပ်စက်ဝိုင်းစွန်းမှ ကောင်းကင် ပင် ကြေမွသွားလောက်သည့် ဟိန်းသံကြီး တစ်ခု ထွက် ပေါ်လာခဲ့သည်။ အနီရောင်တိမ်တိုက်တစ်ခုက အရာ အားလုံးကို ဖုံးလွှမ်းလာကာ ဝမ်လင်းထံသို့ ရူးသွပ်ဖွယ် တိုးဝင်လာနေသည်။

ထိုအနီရောင်တိမ်ထု ပေါ်၌ ကြီးမားလှသည့် ကြမ်းကြုတ် သောသားရဲတစ်ကောင်က စီးနင်းလိုက်ပါလာသည်။ သည် သားရဲက နဂါးတစ်ကောင်နှင့် ဆင်တူ၏။သို့သော် နဂါး တော့ မဟုတ်ပေ။ ၎င်း၏ ရှည်လျားလှသော ခန္ဓာကိုယ်ကြီး က ပေသောင်းနှင့်ချီကာ ၎င်း၏ ဦးခေါင်းက တြိဂံအသွင် ရှိ၏။ ၎င်းကို မြွေဟုပင်ပြောရမည့်အလားပင်။ သို့သော် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက အမွှေးအမျှင်များနှင့် ဖုံးအုပ် လို့နေသည်။

သည်သားရဲက ဟိန်းဟောက်က မြန်ဆန်စွာ ဝရောသုန်း ကား တိုးဝင်လာနေရင်း ကောင်းကင်ထက်ရှိ မြူလွှာထုပင် နှစ်ပိုင်းကွဲထွက်သွားလေ၏။

ဝမ်လင်းက သည်သားရဲကို သူ့နတ်ဘုရားအာရုံဖြင့် လှမ်း မြင်လိုက်သည့်အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွား ကာ အံ့အားသင့်ဟန်ဖြင့် ပြောလိုက်မိသည်။ "ဒဏ္ဍာရီလာ လမြွေနဂါး…"

ရှေးဟောင်းနတ်ဘုရားများသည် သည်သားရဲနှင့် နက်န က်ရှိုင်းရှိုင်း ခံစားမှု ရှိကြ၏။ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ စကားတစ်ခွန်းမှ မဆိုဘဲ သူက ချက်ခြင်းပင် အောက်သို့ဆင်းသက်ကာ အက်ကွဲကြောင်း များထဲမှ တစ်ခုကို ဖြတ်သန်း၍ မြေအောက်သို့ တိုးဝင် လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲမှ လမြွေနဂါးနှင့် ပတ်သတ်၍ အချက်အလက် များသည် သူ့စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်လာခဲ့သည်။ ဝမ်လင်း မျက်လုံးက ရုတ်တရက် ထူးဆန်းသောအလင်းများ ထွက် ပေါ်လာခဲ့သည်။

လမြွေနဂါးက သဘာဝတရားကနေ မွေးဖွားလာတဲ့ အရာမဟုတ်ဘူး။ ဒီသားရဲက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ခန္ဓာကိုယ်ထဲမှ နေထိုင်တဲ့ ထူးထူးခြားခြား ကပ်ပါးကောင် တစ်မျိုး ဖြစ်တယ်။ ရှေးဟောင်းနတ်ဘုရားတွေ ရှင်သန်ချိန် တုန်းက ၎င်းတို့က ရှင်သန်ဖို့အတွက် ရှေးဟောင်းနတ် ဘုရားရဲ့ သွေးကို စုပ်ယူကြတယ်။ "ဒါပေမဲ့လည် ၎င်းတို့က ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလို့ မ ရဘူး။ တစ်ခါတစ်ရံမှာ ရှေဟောင်းနတ်ဘုရားတွေက ဒီ ကောင်တွေကို လက်နက်ရတနာလို့ အသုံးပြုတက်ကြတယ်

"ရှေးဟောင်းနတ်ဘုရား သေဆုံးသွားတာနဲ့ ဒီကပ်ပါး ကောင်တွေကလည်း လိုက်ပါ သေဆုံးသွားတက်တယ်။ ဒါပေမဲ့လည်း ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲကနေထွက်ခွာပြီး မသေတဲ့ လမြွေနဂါးကပ်ပါးကောင်မျိုး ဖြစ်နိုင် ဖို့က ဖြစ်တောင့်ဖြစ်ခဲပဲ။ ရှေးဟောင်းနတ်ဘုရားက ပို သန်မာလေလေ ဒီလမြွေနဂါးကလည်း ပိုသန်မာလေ ဖြစ်တယ်

"ရှေးဟောင်းနတ်ဘုရား ထူစီရဲ့ကိုယ်ထဲမှာ ရှိတဲ့ လမြွေ နဂါး အားလုံးက သေဆုံးသွားခဲ့ပြီ။ ဒါ့ကြောင့် ဒီကောင်တွေ က ပေါ်ထွက်မလာခဲ့ကြဘူး။ ဒါပေမဲ့လည်း ဒီနေရာမှာ လ မြွေနဂါးတစ်ကောင် ပေါ်ထွက်လာခဲ့တယ်..။ ဖြစ်နိုင်...ဖြစ် နိုင်တာက ဒီနေရာက ရှေးဟောင်းနတ်ဘုရားတစ်ပါးပါးရဲ့ ကြွင်းကျန်တဲ့ နေရာများလား။ အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းရဲ့ ဘယ်သူကမှ ဒါကို မသိတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်က ဒီမြွေနဂါးအသွင်အပြင်ကို မြင်လိုက်တာနဲ့ ရိုးရိုးစင်းစင်း ပြီးစလွယ်ထားခဲ့မှာ မဟုတ်ဘူး..."

ဝမ်လင်းက မြေကြီးအက်ကွဲကြောင်းထဲ၌ ရှိနေကာ ကောင်းကက်ထက်မှ အနီရောင်တိမ်ထုကို ကြည့်လို့ နေသည်။ လမြွေနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးက တစ်ဖြည်းဖြည်းဖြင့် အကွာအဝေးတစ်ခုသို့ ပျံသန်းသွား သည်ကို ကြည့်နေရင်း သူက တိတ်တဆိတ် စဉ်းစား တွေးတောလို့နေသည်။

သည်အခိုက်အတန့်၌ မဟာမိတ်ကြယ်အဖွဲ့အစည်း ကြီး၏ သာမန်ဆန်လှသော ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ် တွင် ရောင်စုံဝတ်စုံနှင့် အမျိုးသမီးနှစ်ယောက်သည် သေမျိုးနိုင်ငံတစ်ခု၏ မြို့တော်ထဲသို့ ဝင်ရောက်လာကြသည်။

ထိုအမျိုးသမီးနှစ်ယောက်လုံး၏ ညာလက်ထဲပ တောက်ပသော အလုံးတစ်ခုစီ ရှိလို့နေကြသည်။သည် အလင်းလုံးများက ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကို ပေးစွမ်းလို့နေသည်။

အမျိုးသမီးနှစ်ယောက်က ကောင်းကင်ထက်၌ ရှိနေရင်း တစ်ယောက်က အော်ပြောလာခဲ့သည်။ "စစ်ထူနန်...ထွက် လာခဲ့စမ်း..."

မြို့တော်ထဲမှ ကျိန်ဆဲသံတစ်ခု ထွက်ပေါ်လာကာ ယင်း အသံနောက်၌ ခရမ်းရောင်ဝတ်စုံနှင့် ယောက်ျားတစ် ယောက်က တရောသုံးပါး ထွက်လို့လာခဲ့သည်။ သူက အမျိုးသမီးနှစ်ယောက်ကို ကြည့်ပင်မကြည့်ပဲ ချက်ခြင်း ထွက်ပြေးလေတော့သည်။

စစ်ထူနန်...ကလန်ခေါင်းဆောင်က အမိန့်ပေးထားပြီး ပြီး။ နင်က လွမ့်ဖန်ဂြိုဟ်နဲ့ လက်အောက်ခံ ဂြိုဟ်အားလုံး ကို လိုချင်နေတယ်မလား။ နင် လွတ်မြောက်နိုင်စွမ်း မရှိတော့ပါဘူး..."

ထိုလူမှာ စစ်ထူနန်ပင် ဖြစ်ချေ၏။ သူက ခုလက်ရှိတွင် သနားစရာကောင်းသည့် အခြေအနေသို့ စိုက်ရောက် နေကာ ထွက်ပြေးနေရင်း နောက်သို့ ပြန်အော်ဟစ်လိုက် သည်။ "ဒီအနံ့ဆိုးနဲ့မိန်းကလေးကို ပြောလိုက်ပါ။ သူမက ဒီ အဘိုးအိုကို အတင်းဖိအားပေးရင် ငါက သူ ပရောပရည်လုပ်တဲ့ မြင်ကွင်းကို ကျောက်စိမ်းပြားတစ်သောင်းထဲထည့် ပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းအနှံ့ ဖြန့်ပစ်မယ်လို့။ သေ စမ်း...ငါ့နောက်ကို လိုက်ဖမ်းနေတာ ရာစုနှစ်တစ်စုစာ လောက် ရှိနေပြီ။ ဒါက တော်တော်စိတ်တိုစရာပဲ..."

"ဟွန့်.." အမျိုးသမီးနှစ်ယောက်က ချက်ခြင်းပင် သူတို့ ပေါင်းစပ်လိုက်သည်။ အလင်းလုံးများက တစ်ခုနှင့်တစ်ခု ပျော်ဝင်သွားကာ လက်ထဲရှိ အလင်းလုံးနှစ်ခုကို အလွန်စွဲဆောင်မှုရှိသော ပြောင်းလဲသွားသည်။ အမျိုးသမီးပုံရိပ်အဖြစ်သို့

"ဒီတစ်ကြိမ်တော့ ငါက နင့်ကို ထွက်ပြေးခွင့် မပြုတော့ ဘူး..." အမျိုးသမီးပုံရိပ်က ခြေတစ်လှမ်းလှမ်းကာ သူမ၏ ကျောက်စိမ်းလိုလက်လေးကို ပင့်မြှောက်လိုက်သည်။ ကောင်းကင်က ရုတ်တရက် နက်မှောင်သွားကာ ကမ္ဘာမြေ ပင် စတင်တုန်ခါလာခဲ့သည်။ ကောင်းကင်နှင့်မြေကြီးက ဖိနှိပ်ခြင်း ခံလိုက်ရချေ၏။

စစ်ထူနန်က ထူးဆန်းစွာ အော်ဟစ်ကာ သူ့ခန္ဓာကိုယ်ထဲ မှ မီးတောက်တစ်ခု လောင်ကျွမ်လားသည်ဟုပင် ထင်မှတ် ရသည်။ သူက ထွက်ပြေးနေသော်လည်း သွေးများစွာ အန် ထုတ်ရနေရကာ သူ့မျက်နှာက ချက်ခြင်း ဖြူ ရောလာခဲ့ သည်။

"အနံ့ဆိုးနဲ့မိန်းကလေး...နင် စောင့်နေပါ။ ဒီအဘိုးအိုက မဟာမိတ်ကြယ်အဖွဲ့အစည်းက ကျင့်ကြံသူတွေအားလုံးနဲ့

သေမျိုးအားလုံးကို နင့်ရဲ့ ပရောပရီချစ်ရည်လူးနဲ့ အပြုအမူ ကို တွေ့မြင်ရအောင် လုပ်ပစ်မယ်။ ဒီအဘိုးအိုက မဟာမိတ် ကြယ်အဖွဲ့အစည်းမှာ အလွန်ကျော်ကြားလာလိမ့်မယ်။ ဒီအ ဘိုးအိုက ကိုယ့်စကားကိုယ် တည်တယ်..."

စစ်ထူနန်က နောက်ထပ်သွေးတစ်လုပ်ထပ်အန်ထုတ် လိုက်ရာကာ အရူးအမူး ထွက်ပြေးလေသည်။

"ငါက ထပ်ပြီး တံခါးပိတ်ကျင့်ကြံဖို့ သွားရတော့မယ်။ နင် စောင့်နေပါ..." စစ်ထူနန်မျက်လုံးက နီရဲလို့နေသည်။ သူက သူ့စိတ်ကို ပြင်ဆင်ကာ နောက်တစ်ဖန် တံခါးပိတ် ကျင့်ကြံတော့မည် ဖြစ်သည်။ သူက နိဗ္ဗာနကြိုမြင်ခြင်း အဆင့်သို့ မရောက်မချင်း ထွက်လာတော့မည် မဟုတ်ပေ။

ဟွမ်မေ ချဉ်းကပ်လာမှု(နောက်တစ်ပိုင်း)

ပုံရိပ်တစ်ထောင်ဂြိုဟ်၏ တောင်ဘက်ပိုင်းသည် ဟွမ် မိသားစုအပိုင် ဖြစ်၏။ ထိုနေရာတွင် လပုံရိပ်လို့ ခေါ်တွင် သော ခပ်နက်နက် ရေကန်တစ်ခု ရှိကာ သွေးမျိုးဆက် လွှဲပြောင်းပေးခြင်းကို သည်ရေကန်၌ ပြုလုပ်လိမ့်မည် ဖြစ်သည်။

သည်ရေကန်ထဲရှိ ရေများက ဟွမ်မိသားစုဘိုးဘေး၏ ယူဆောင်သွားခြင်းကို ခံလိုက်ရပြီးဖြစ်ကာ ခုချိန်၌ ချိုင့်ဝှမ်း တစ်ခုလို ဖြစ်နေတော့သည်။ သူက ထိုရေကန်အထက်၌ အလေးအနက်အသွင်၌ ခုလက်ရှိတွင် ရပ်တန့်လို့နေသည်။

သူ့အောက်တွင်တော့ ဟွမ်မိသားစုဝင်သောင်းချီ ရှိနေ ကြ၏။သူတို့အားလုံးက တိတ်ဆိတ်လျက် ရှိနေကြ၏။

ဟွမ်မိသားစုဝင် တစ်ယောက်စီက ရေကန်ချို့ဝှမ်းအစွန်း နားသို့ တစ်ယောက်ပြီးတစ်ယောက်သွားနေကာ သူတို့ လက်မောင်းကို လှီးဖြတ်ပြီး သွေးများ စိမ့်ထွက်စေသည်။ လုံလောက်သော သွေးများ စိမ့်ထွက်စေပြီးနောက် သူတို့ မျက်နှာများက ဖြူရောသွားကြကာ သုန်မှုန်သောအသွင်နှင့် နောက်ပြန်ဆုတ်ကြသည်။

မိသားစုဝင်ပေါင်း သောင်းချီ၏ သွေးများက သည်ချိုင့် ဝှမ်းထဲသို့ သွေးနှင့် ပြည့်နှက်သွားရန် မလုံလောက်သေး ချေ။သို့ရာတွင် ချိုင့်ဝှမ်းထဲ၌ သွေးများစွာတော့ ရှိလို့နေပေ သည်။ သွေးမထုတ်ရသေးဘဲ နောက်ဆုံးကျန်သည့်လူမှာ ဟွမ်မိသားစုဘိုးဘေးဖြစ်သည်။သူက ချက်ခြင်းပင် သူ့ လက်ကောက်ဝတ်ကို ကိုယ်တိုင်လှီးလိုက်ကာ သွေးများစွာ ကို တရဟော ထွက်သွားစေသည်။သွေးများစွာ ထုတ်လွှတ် ပြီးသည့်နောက် သူ့အသွင်က တစ်ဖြည်းဖြည်း ဖြူရောလာခဲ့ သည်။ တစ်ဖြည်းဖြည်းဖြင့် သူ့လက်ကာက်ဝတ်ကို ပြန်ရုတ် သိမ်းကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ခပ်တိုးတိုး ပြော လိုက်သည်။ "ပျော်ဝင်ပေါင်းစပ်လိုက်..."

စကားတစ်ခွန်းဖြင့်ပင် ကန်ထဲ၌ ဝဲကတော့တစ်ခု ပေါ်လာကာ ဖြည်းဖြည်းချင်း လှည့်ပတ်လာသည်။ သည့်နောက် လူသောင်းချီ၏ သွေးများက တစ်ဖြည်းဖြည်း တစ်ခုနှင့်တစ်ခု ပေါင်းစပ်ရောနှောလို့သွားသည်။

ဟွမ်မိသားစုဘိုးဘေး၏ မျက်လုံးက ဝင့်ကြွားသော အကြည့်ကို ထုတ်ဖော်နေကာ သူက အလေးအနက်လေသံ နှင့် ပြောလိုက်သည်။ "ဟွမ်မေ..."

"မွေးစားအဖေ…." လျိုမေက လူအုပ်ထဲကနေ လှမ်း ထွက်လာ၏။ သူမ၏ အဖြူရောင်ဝတ်စုံက တော်ဝင်ဆန်မှု ကို ပေးစွမ်းလို့နေသည်။ ဟွမ်မိသားစုဘိုးဘေးက ဖြည်းဖြည်းချင်း ပြောလိုက် သည်။ "သွေးကန်ထဲ ဆင်သွားပြီး အာရုံစိုက် ကျင့်ကြံ

လျိုမေက ခေါင်းညိမ့်ကာ သွေးကန်ထဲသို့ ဆင်းလျှောက် သူမက သွားသည်။ သူမက သွေးကန်ထဲသို့ ဝင်သွားနေရင်း သွေးနံ့ များက သူမထံသို့ တိုးဝင်လာနေသည်။ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။သို့သော် ရှေ့သို့ ဆက်၍ ဆင်းလိုက်သည်။ သူမက သွေးကန်ထဲသို့ ဆက်လက် ဝင်ရောက်နေစဉ် သွေးများက သူမ ဒူး၊ခါး၊ရင် ဘက်နှင့် တစ်ကိုယ်လုံးအား နစ်မြုပ်လို့သွားခဲ့သည်။

သွေးကန်ထဲ၌ လူတစ်ယောက်က ဝဲကတော့တစ်ခုကို သာ တွေ့မြင်ရမည် ဖြစ်ကာ လျိုမေ၏ အရိပ်အယောင် ကတော့ လုံးဝပင် မမြင်ရတော့ပေ။

ဟွမ်မိသားစုဘိုးဘေးက အသက်ဝဝရှူသွင်းကာ သူ့ လက်ဖြင့် မတူညီသော ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ် စေလိုက်သည်။ များစွာသော ချိပ်တံဆိပ်များက သွေးကန် ထဲသို့ ပျံဝဲသွားကြ၏။ ပြင်းထန်သောအော်ရာတစ်ခုက သူ့ ခန္ဓာကိုယ်ကနေ မြင့်တက်လာပြီး တစ်ဖြည်းဖြည်းချင်း ပျံ့နှံ့ လာသည်။

သူက ချိပ်တံဆိပ်များကို မြန်သထက်မြန်အောင် ပြုလုပ် နေရင်း သွေးကန်က ဆူပွက်လာသလား ထင်မှတ်ရကာ ဝဲကတော့ကလည်း မြန်ဆန်စွာ လှည့်လည်လာတော့သည်။ အချိန်အတန်ကြာပြီးသည့်နောက် ဟွမ်မိသားစုဘိုး ဘေး၏ မျက်လုံးများက ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ သူက အော်ဟစ်လိုက်သည်။ "လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဟွမ်မိသားစုဘိုးဘေးက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်ခဲ့တယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားပေမဲ့လည်း သွေး မျိုးဆက်က ခုထိ ကျန်ရှိနေတုန်းပဲ။ ဒီနေ့ သွေးမျိုးဆက် လွှဲပြောင်းပေးခြင်းက ဟွမ်မိသားစုရဲ့ အနာဂတ်တောက်ပမှု အတွက် လူတစ်ယောက်ကို ဟွမ်မိသားစုထဲကို ထည့်သွင်း ပေးခြင်း ဖြစ်တယ်..."

ရှုပ်ထွေးသောမန္တာန်တစ်ခုက ဟွမ်မိသားစုဘိုးဘေးထံက နေ ထွက်ပေါ်လာခဲ့သည်။ သည်မန္တာန်က အမှတ်အသား အရာများ အဖြစ်သို့ ပြောင်းလဲ၍ သွေးကန်ထဲသို့ ဝင်ရောက် သွားသည်။

"သွေးမျိုးဆက်...ပေါ်ထွက်လာစမ်း..." ဟွမ်မိသားစုဘိုး ဘေးက အော်ပြောလိုက်သည်။ သွေးကန်တစ်ခုလုံးက ရုတ် တရပ် တန့်လို့သွား၏။သည့်နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ သွေးများက တိုင်လုံး တစ်ခုလို ဖြစ်လာခဲ့သည်။

ချက်ခြင်းပင် ထိုသွေးတိုင်လုံးက ပျက်စီးသွားပြီးနောက် သွေးအက္ခရာ စာလုံးများအဖြစ် ပြောင်းကာ ကောင်းကင် ထက်၌ လွင့်ဝဲနေသည်။ ထို တိုင်လုံးထဲတွင်တော့ လျိုမေက ကြာပွင့်သဏ္ဌန်ထိုင်ကာ မျက်လုံးမှိတ်ထားလျက် ရှိသည်။ဟွမ်မိသားစုဘိုးဘေးက အသက်ဝဝရှူသွင်းလိုက်၏။ သည့်နောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေ ကာ လျိုမေထံသို့ လက်ညွှန်လိုက်သည်။ချက်ခြင်းပင် လျို မေ၏နှဖူးထက်၌ အနာပေါက်တစ်ခု ဖြစ်ပေါ်လာကာ သွေး များက ယင်းအပေါက်ထဲကနေ တရစပ်စီးကျလာခဲ့သည်။ သွေးများက အပြင်သို့ စီးကျလာသည်နှင့်အမျှ လျိုမေ အသွင်ကလည်း ပို၍ ဖြူရောလာခဲ့သည်။

သည်အခိုက်အတန့်၌ ကောင်းကင်ထက်မှ သွေးစာလုံး များထဲမှ တစ်ခုက ရုတ်တရက် ကျဆင်းလာကာ လျိုမေ၏ ခန္ဓာကိုယ်ပေါ်သို့ ခပ်နှိပ်လို့သွားသည်။သည်နည်းအတိုင်း များစွာသောသွေးစာလုံးများက သူမခန္ဓာကိုယ်ပေါ်သို့ ခပ် နှိပ်လာကြတော့၏။

သွေးစာလုံးများက ဆက်လက်ကျဆင်းလာကာ လျိုမေ ခန္ဓာကိုယ်၏ တစ်လက်မပင်မကျန် သွေးစာလုံးများနှင့် ပြည့်လာခဲ့သည်။ ဟွမ်မိသားစုဘိုးဘေး၏ မျက်လုံးများက ကျဉ်းမြောင်းလို့သွားသည်။သည့်နောက် သူက ရှေ့သို့ ခြေ တစ်လှမ်းတိုးလိုက်သည်။ သူက လျိုမေရှေ့သို့ ရောက်ရှိလာ ကာ သူ့ညာလက်ကို မြှောက်၏။ ထူးဆန်းသောအလင်းတစ် ခုက သူ့လက်ပေါ်တွင် ပေါ်လာခဲ့သည်။ သည်အလင်းက အဆသောင်းနှင့်ချီ၍ ပုံစံပြောင်းလို့သွား၏။ ထိုအလင်းကို ကြည့်မိသည့်မည်သူမဆို သူတို့ဘဝထဲရှိ မွေးလာပြီး သေဆုံးချိန်ထိ ဖြစ်နိုင်သမျှကို တွေ့မြင်သွားရပေမည်။ သည်အလင်းပုံရိပ်ယောင်ထဲ၌ လူတစ်ယောက်ဘဝ၏ ဖျားနာမှု၊နာကျင်မှု။အချစ်...စသည့်အရာများစွာ ရှိလို့ နေသည်။

သည်အရာက ဟွမ်မိသားစုဘိုးဘေး၏ တာအို၊ အမည်မဲ့ ပုံရိပ်တစ်သောင်းတာအို ဖြစ်လေ၏။

သူက သူ့လက်ဝါးကို လျိုမေ နဖူးထက်သို့ ဖိချလိုက် သည်။ ဟွမ်မိသားစုဘိုးဘေး၏ အားကောင်းသော တာအို က လျိုမေ၏မူလစိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ဝင်ရောက် လို့သွားသည်။တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပိုင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို လျိုမေ၏ ကျင့်ကြံမှုအဆင့် တိုးမြှင့်အောင် ကူညီရန်အတွက် သူမ ထံသို့ သွန်းလောင်းပေးလိုက်သည်။

အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက အလွန်အမင်း များပြားလှ၏။ထို့ကြောင့် ပထမအဆင့် ကျင့်ကြံသူများက သည်လိုမျိုး လုပ်နိုင်စွမ်းမရှိပေ။ယင်နှင့် ယန်ကျင့်ကြံမှုအဆင့်ရှိသူများပင် ထိုသို့ လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ဒုတိယအဆင့်သို့ အစစ်အမှန် ဝင်ရောက်ပြီးသည့်သူများ သာ ယခုလို ကောင်းကင်ကို ဆန့်ကျန်နိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်နိုင်ပေသည်။

ဟွမ်မိသားစုဘိုးဘေးက ဒုတိယအဆင့်၌ အားကောင်း သော ကျင့်ကြံသူတစ်ယောက်။ သူ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာ နကြိုမြင်ခြင်း အစောပိုင်းအဆင့်တွင် ရှိပေသည်။

ဟွမ်မိသားစုဘိုးဘေးက မြောက်များစွာသော ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များနှင့် အဆုံးမဲ့ တာ အိုတို့ကို ပေါင်းစပ်ကာ လျိုမေ၏ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်း ပေးနေသည်။ ဟွမ်မိသားစုဘိုးဘေးက သူ့တပည့်နှင့် ပတ် သတ်၍ တော်တော်လေး ဂရုစိုက်နေသည်မှာ သိသာပေ၏။ သူ့ရည်ရွယ်ချက်က သူမကို ဟွမ်မိသားစုအား လက်ဆင့်ကမ်းပေးရန်ပင် ဖြစ်လို့နေသည်။ မဟုတ်လျှင် သူက သူ့ကျင့်ကြံမှုအဆင့်ကို ခုလို ထိခိုက်စေပြီး လျိုမေ၏ ကျင့်ကြံမှုအဆင့်မြင့်သွားရန်အတွက် မည်သို့ ကူညီဖို့ ဆန္ဒ ရှိပါ့မည်နည်း။

လျိုမေခန္ဓာကိုယ်က တုန်ယင်သွားသည်။သည့်နောက် သူမပတ်လည်ရှိ သွေးစာလုံးများအားလုံးက ရုတ်တရက် သူမခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ဟွမ်မိသားစု၏ သွေးအဖြစ် ပြောင်းလဲသွားချေသည်။ ယင်းသွေးက သူမ ကိုယ်ထဲ၌ စီးဆင်းနေကာ သူမ၏ ကိုယ်ပိုင်သွေးများ ကတော့ အတင်း ထုတ်ယူခြင်း ခံလိုက်ရပေ၏။

တစ်ချိန်တည်းမှာပင် သူမမူလစိတ်ဝိညာဉ်က စတင်၍ တောက်ပလာကာ မြန်ဆန်စွာ သန်မာကြီးထွားလာသည်။

အာဏာတက်ခြင်းအစောပိုင်းအဆင့်၊အလယ်အဆင့်၊ နောက်ဆုံးအဆင့်၊ အထွတ်အထိပ်အဆင့်။

အနီးအနားရှိ ဟွမ်မိသားစုဝင်များထံမှ မနာလိုသော အကြည့်များ ထွက်ပေါ်လာကြသည်။ သူတို့၏ မနာလိုမှုက ဖြစ်သင့်ပေ၏။ အာဏာတက်ခြင်းက စွမ်းအား ကောင်းသောနယ်ပယ်တစ်ခု ဖြစ်ကာ များစွာသောကျင့်ကြံ သူများက ထိုအဆင့်၌ တစ်ဆို့နေကြနေသည် မဟုတ်လား။ သူ့ကိုယ်ပိုင်ကျင့်ကြံမှုဖြင့် အာဏာတက်ခြင်းအထွတ်အထိပ် အဆင့်ကို နှစ်ပေါင်းထောင်ချီအတွင်း ရောက်ရှိသွားသော ကျင့်ကြံသူ ဘယ်လောက်များများ ရှိနေနိုင်ပါ့မလဲ။

သည်လျိုမေက အမွှေးတိုင်တစ်တိုင်ဝက်စာ အချိန် အတွင်း လူအများစု၏ ဘဝပန်းတိုင်သို့ ရောက်ရှိသွားခဲ့ သည် မဟုတ်လား။

ဟွမ်မိသားစုဘိုးဘေး၏ လက်မောင်းက ရှုံ့လို့သွား၏။ သူက ချက်ခြင်းပင် ပို၍ အိုစာသွားသည့်ပုံ ဖြစ်လာခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ့မျက်လုံးထဲရှိ အရောင်ပင် မှိန်ဖျော့သွားခဲ့၏။ သူက လျို မေကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "ဒီနေ့ကစ ပြီး...နင်က ဟွမ်မိသားစုဝင် ဖြစ်သွားပြီ။ 
ဟွမ်မိသားစုဘိုးဘေး၏ လက်မောင်းက ရှုံ့လို့သွား၏။ သူက ချက်ခြင်းပင် ပို၍ အိုစာသွားသည့်ပုံ ဖြစ်လာခဲ့သည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူ့မျက်လုံးထဲရှိ အရောင်ပင် မှိန်ဖျော့သွားခဲ့၏။ သူက လျို မေကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "ဒီနေ့ကစ ပြီး...နင်က ဟွမ်မိသားစုဝင် ဖြစ်သွားပြီ။ ဟွမ်မိသားစုရဲ့ သွေးက နင့်ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်။ နင့်အဖေက အခု တံခါးပိတ်ကျင့်ကြံဖို့ သွားတော့မယ်။ ဒီအချိန်အတွင် နင်က ယင်နဲ့ယန်အဆင့်ကို တက်နိုင်သမျှ မြန်မြန်ရောက် အောင် လုပ်ပါ..."

လျိုမေက တိတ်တဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။သူမက မည် လှည်၍ ဟွမ်မိသားစုဘိုဘေးအား သည့်စကားမှ မဆိုဘဲ ခေါင်းတစ်ချက်သာ ညိမ့်ပြလိုက် သည်။

3 "ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို..။ဒီအ ဘိုးအိုက ဒီပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို ဒုတိယအဆင့် ရောက်သွားရင် ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားမလဲ သိချင်မိတယ်...."

အဘိုးအိုက ရယ်မောလိုက်သည်။ သူက လျိုမေ၏ မထုံ တက်တေး အသွင်ကို အနည်းငယ်မှပင် ဂရုမစိုက်သည့်ပုံ ပင်။ သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ပျောက်ကွယ်လို့ သွားတော့သည်။

အဘိုးအိုအသံက ပဲ့တင်ထပ် ကျန်ခဲ့၏။ "ရွင်ယွမ်ဂြိုဟ်ကို သွားပါ။ဟွမ်မေ..ဒါက ဟွမ်မိသားစုဝင်တစ်ယောက်အနေ နဲ့ နင့်ရဲ့ပထမဆုံး တိုက်ပွဲပဲ။ နင့်နာမည်အတွက် သွား သတ်ဖြတ်လိုက်ပါ..."

လျိုမေက ခေါင်းမော့ကြည့်လိုက်သည်။ သူမက မိသားစု ဝင်တစ်သောင်းကျော်ကို ကြည့်ပင် မကြည့်ပေ။ထိုအစား သူမက လေထဲသို့ ပျံဝဲတက်လိုက်၏။ သူမ ဦးတည်ရာက ရွ င်ယွမ်ဂြိုဟ်ပင် ဖြစ်သည်။

သူမက မည်သည့် အကူမှ မခေါ်ဘဲ တစ်ယောက်တည်း ထွက်သွားခဲ့ခြင်းပင်။

မြေကြီးအက်ကွဲကြောင်းထဲ၌ ဝမ်လင်းက သူ့အကြည့်ကို လမြွေနဂါးထံကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံး ထဲ၌ တုန်လှုပ်မှုတို့ ရှိလို့နေဆဲပင်။"ဒီ လမြွေနဂါးက ပေသောင်းနဲ့ချီပြီး ရှည်လျားတယ်။ ၎င်းရဲ့စွမ်းအားက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူတွေ ထက် အားနည်းမှာ မဟုတ်ဘူး။ ရှေးဟောင်းနတ်ဘုရား တွေ မရှိဘူးဆိုရင် ၎င်းက ဦးဆုံးစ မတိုက်ခိုက်တက်ဘူး။ ငါက ၎င်းကို သွားပြီး ရန်စမမိသ၍ သူ့မူလပုံစံအတိုင်းပဲ ရှိနေသင့်တယ်..."

ဝမ်လင်းက စဉ်းစားနေ၏။ ရှေးဟောင်းနတ်ဘုရား၏ မှတ်ဉာဏ်အရ သည်ကပ်ပါးကောင်းများသည် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲ၌ ပုံစံသုံးမျိုးဖြင့် နေထိုင်ကြ သည်။ ပထမဆုံးပုံစံက စောနက ဖြတ်ကျော်သွားသည့် အကောင်လိုမျိုးဖြစ်သည်။ ၎င်းအခြေအနေတွင် မည်သည့် တိုက်ခိုက်လိုစိတ်မှ ၎င်း၌ ရှိမနေပေ။

ဒုတိယပုံစံကတော့ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင် များအားလုံးက ကျုံ့သွားကာ ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ထဲ၌ ပုံစံအမျိုးမျိုးဖြင့် ရှိနေခြင်းပင်။ သည် ဒုတိယပုံစံက ယင်းကပ်ပါးကောင် လမြွေနဂါးအိပ်ပျော်နေ သည့်ပုံစံဟု ဆိုလိုပေသည်။

တတိယနှင့် နောက်ဆုံးအဆင့်က တိုက်ခိုက်လာသည့် အချိန်ဖြစ်သည်။ ၎င်းတို့၏ အမွှေးအမျှင်များက ၎င်းတို့၏ ခန္ဓာကိုယ်အရှည်အလျားအတိုင်း ဆန့်ထွက်လာမည် ဖြစ်သည်။ လူတစ်ယောက် လမြွေနဂါးကို သည်လို အခြေအနေ၌ တွေ့ရလျှင် ချက်ခြင်း ထွက်ပြေးသင့်ပေ သည်။ မဟုတ်လျှင် ထိုသူက တိုက်ခိုက်ခံရတော့မည် ဖြစ်၏။

ဝမ်လင်းက စဉ်းစားနေရင်း အက်ကွဲကြောင်း အနက်ထဲ သို့ ပိုရောက်လာခဲ့သည်။သူက သူ့နတ်ဘုရားအာရုံကို ဖြန့် ကျက်ကာ သတ္တုဒြပ်စင်ကြောကို ရှာဖွေကြည့်နေ၏။

"လမြွေနဂါး ဒီမှာ ပေါ်လာတာ နည်းနည်းတော့ ထူးဆန်းနေတယ်။ဒီကပ်ပါးသားရဲက ငါ ရန်စနိုင်တဲ့ကောင် မဟုတ်ဘူး။ဒါ့ကြောင့် ငါက ဒီသားရဲကို လျစ်လျူရှုထားပြီး သတ္တုဒြပ်စင်ကြော ရှာတာကပဲ ပိုကောင်းလိမ့်မယ်.."

ဝမ်လင်းက လွန်စာ မြန်ဆန်စွာသောနှုန်းဖြင့် မြေအောက်တွင် ရွှေ့လျားလို့နေသည်။ သိပ်မကြာခငွေင် သူက အနက်ပိုင်းသို့ ရောက်လာခဲ့၏။သို့သော် သူက ရပ်တန့်ခြင်း မရှိဘဲ နံရံထဲသို့ တိုးဝင်လိုက်သည်။ သူ့ ခန္ဓာကိုယ်က မြေနံရံထဲသို့ တိုးဝင်ပြီးနောက် မြေကမ္ဘာ လွတ်မြောက်ခြင်း နည်းစနစ်ကို အသုံးပြုလိုက်သည်။

သူက ရွှေ့လျားနေရင်းဖြင့်

အနည်းငယ်

မျက်မှောင်ကြုတ်သွားသည်။ သူ့ပတ်လည်ရှိ ရွှံ့နှစ်များထံမှ ကပ်စေစေးပျစ်ချွဲချွဲအရည်များက စိမ့်ထွက်နေလျက် ရှိသည်။ သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် သူ့ ကိုယ်သူ ဝန်းရံထားခြင်းကြောင့်သာ မဟုတ်လျှင် ထိုပျစ်ချွဲ အရည်များနှင့် ဖုံးလွှမ်းခြင်းကို ခံနေရလောက်ပြီ ဖြစ်သည်။

"ဒီနေရာက တော်တော်လေး ထူးဆန်းတာပဲ..." ဝမ် လင်း မျက်လုံးက တလက်လက် ဖြစ်နေကာ သူ့နတ်ဘုရား အာရုံကို ပိုပို၍ ဖြန့်ကျက်ကြည့်လိုက်သည်။ တစ်ခါတစ်ရံ တွင် သူက ပြင်းထန်သောတုန်ခါလှိုင်းအချို့ကို ခံစားမိ၏။ သူက ထိုသို့ ခံစားမိတိုင်း ထိုနေရာကို ပတ်၍ သွားလိုက် သည်။

သူ့နတ်ဘုရားအာရုံက ဆက်လက် ဖြန့်ကျက်လာရာ ဂြိဟ်တစ်ခုလုံးနီးပါးကိုပင် လွှမ်းခြုံလုနီးပါး ဖြစ်သည်။ဝမ် လင်းမျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းလို့သွားသည်။ သည်တွင်းနက်၏ အောက်ခြေအနက်ပိုင်းဆုံးတွင် သူက ကီလိုမီတာမြောက်များစွာ ဆန့်ထွက်နေသည့် သတ္တုကြော တစ်ခုကို တွေ့မြင်လိုက်ပေသည်။

သည်သွေးကြောက ဂြိုဟ်အတွင်းနက်ပိုင်းတွင် ရှိနေ၏။ ၎င်း၏ အဆုံးပိုင်းက ဂြိုဟ်၏ အခြားတစ်ဖက်ရှိ မြေပြင်ထဲ မှ အနည်းငယ် ထိုးထွက်နေခြင်း ဖြစ်ပုံရသည်။သည်အရာ ဟွမ်မိသားစုဝင်က သတ္တုဒြပ်စင်ကြောကို မည်သို့မည်ပုံ တွေ့ခဲ့ရသည့် အကြောင်းရင်း ဖြစ်ပေ လိမ့်မည်။ ကပင်

ဝမ်လင်းက ပိုပို၍ မျက်မှောင်ကြုတ်လာမိသည်။ သူက ချက်ခြင်း လှုပ်ရှားခြင်း မပြုဘဲ စတင်၍ စဉ်းစားနေ၏။

"ဒီသတ္တုကြောက ကောင်းကောင်းဖုံးကွယ်နေမယ်ဆို ရင်တော့ ဒါက ယုတ္တိရှိသေးတယ်။ ဒါပေမဲ့လည်း ဒီ အကြောက ဘာမှဖုံးကွယ်နေတာ မရှိဘူး။ ဒီနေရာကို ဖြတ်သန်းသွားနဲ့ ဘယ်အာဏာတက်ခြင်းကျင့်ကြံသူမဆို ဒီ အရာကို တွေ့မှာပဲ။ ဒါက တော်တော်လေး ထူးဆန်းနေတယ်

အနည်းငယ်စဉ်းစားပြီးနောက် ဝပ်လင်းက ဆုံးဖြတ်ချက် ချလိုက်သည်။ သူက သူ့ညာလက်ကို ရှေယမ်းကာ သူ့ရှေ့ရှိမြေကြီးကို စုတ်ဖြဲလိုက်သည်။သည့်နောက် သူက သတ္တုကြော၏ အနက်ပိုင်းသို့ တိုက်ရိုက် တိုးဝင်သွားသည်။

သတ္တုကြောအနက်ပိုင်းထဲသို့ ရောက်ရန် သူ့အတွက် အချိန်သိပ်မကြာလိုက်ပေ။ ဝမ်လင်းရှေ့တွင် ရွှေရောင်တစ် ဖျပ်ဖျပ်လင်းလက်နေသော ကြီးမားသည့် သတ္တုကြောကြီး တစ်ခု ရှိနေသည်။ထိုကြောက ယွမ်ရှဂြိုဟ်အား နဂါးတစ် ကောင်ရစ်ပတ်ခွေထားသလိုမျိုး ရှိလို့နေ၏။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ ဆက်လက် ရွှေ့လျားလိုက်သည်။သူက တစ်ခုခုမှားနေသည် ဟု ခံစားလိုက်ရသည်။ လမြွေနဂါးကို မြင်တွေ့ပြီး သည့်နောက် တိမ်ထုတစ်ခုက သူ့စိတ်နှလုံးတွင် ရစ်သီနေ တော့၏။
မီးခိုးအချက်ပြ

"လမြွေနဂါးက ဒီနေရာမှာ ဘာကြောင့် ပေါ်လာခဲ့ရတာ လဲ။ ဘယ်သူကမှ ဒီလို မြင်သာတဲ့ သတ္တုကြောကို ဘာ ကြောင့် မယူဆောင်သွားခဲ့ကြတာလဲ…"

မေးခွန်းတစ်ခုပြီးတစ်ခုက ဝမ်လင်း စိတ်ထဲသို့ ဝင် ရောက်လာခဲ့သည်။သူက သတ္တုကြောကို စူးစိုက်ကြည့်ကာ မည်သည့်ဆုံးဖြတ်ချက်ကိုမှ အလျင်စလို မချမှတ်သေးပေ။

သတိထားတက်ခြင်းက အရာရာကို မေးခွန်းထုတ်တက် စေ၏။ သည်နေရာတွင် ထူးဆန်းမှုများစွာ ရှိနေကာ သူက ဂရုမစိုက်မိလျှင် ကြီးစွာ ဒုက္ခရောက်သွားနိုင်ပေ၏။

သူ့နှလုံးသားထဲမှ သတ္တုကြောကို ချက်ခြင်း ယူဆောင်လို စိတ်အား ဖိနှိပ်ထားရင်း ဝမ်လင်းက သူ့ပတ်လည်ရှိသတ္တုကြောအတိုင်း ဂရုတစိုက် လျှောက်လှမ်းလာသည်။ ဝမ်လင်းစိတ်ထဲရှိ ရှုပ်ထွေးမှုက ပိုပို၍ အားကောင်းလာခဲ့ သည်။

သူ့အမြင်တွင် သည်သတ္တုကြောက သေသပ်လွန်းနေ၏။ သည်ကြောက အစကနေအဆုံးထိ တူညီသောအထူသာ ရှိ လုနီးနီး ဖြစ်နေ၏။

"သဘာဝအတိုင်း ဖြစ်ပေါ်တဲ့ သတ္တုကြော တွေဆိုရင် ဒီ လိုမျိုး သေသေသပ်သပ်နဲ့ တသတ်မှတ်တည်း ဖြစ်နေမှာ မဟုတ်ဘူး။ ဒီသတ္တုကြောက အရိုးတွေ အရှည်ကြီး ဆက် ထားတာ့တောင် ပိုတူနေတယ်..."

သည်လိုတွေးမိလိုက်ကာ ဝမ်လင်းခန္ဓာကိုယ်က ရုတ်တ ရပ် တန့်သွားပြီး သူ့မျက်လုံးထဲ၌ ထူးဆန်းသောအရောင် တစ်ခု ဖြစ်ပေါ်သွားသည်။ သူက သတ္တုကြောကို စူးစိုက် ကြည့်နေရင်း သူ့နှလုံးသားက ဆူပွက်လာခဲ့သည်။

"အရိုး...ဒါက မမြင်ရတဲ့အားတစ်ခုကြောင့် ကျန်နေခဲ့တဲ့ အရိုးတစ်ခု ဖြစ်နေနိုင်လား..."

သူက မည်သို့သောသားရဲမျိုးက သည်လိုအရိုးမျိုး ရှိနေ နိုင်မည်ကို စိတ်ကူးကြည့်၍ပင် မရချေ။

အနည်းငယ် စဉ်းစားပြီးနောက် သူက သတ္တုကြော အတိုင်း ဆက်လက်၍ သွားနေသည်။သည်အခိုက်အတန့်၌ မြေပြင်က ရုတ်တရက် တုန်ခါ သွားကာ ဝမ်လင်းထံက အရပ်မျက်နှာအနှံ့မှ တုန်ခါလှိုင်းများကို ခံစားလိုက်ရသည်။ သည်တုန်ခါလှိုင်းများက အပေါ်သို့ တက်သွားနေခြင်း ဖြစ်၏။

ဝမ်လင်းက သူ့ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ကို သိပ်သည်းစေလိုက်သည်။သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုနှင့် ပြည့်လာ၏။ သူ့နတ်ဘုရားအာရုံက ဖြန့် ကျက်ထားဆဲ ဖြစ်ရာ သူက သည်သတ္တုကြောထံကနေ မ ရေမတွက်နိုင်သော လက်တံများ ထွက်ပေါ်ကာ မြေပြင် ထက်သို့ ချဲ့ထွက်နေသည်ကို တွေ့မြင်လိုက်ရ၏။ နောက်ဆုံး တွင် ထိုလက်တံအမျှင်များက မျက်နှာပြင်ပေါ်ရှိ အက်ကွဲ ကြောင်းများထဲမှ ထိုးထွက်သွားကာ စတင်၍ လူးလား ခေါက်တုံ့ ယိမ်းထိုး ဝှေ့ခါနေချေသည်။

ဝမ်လင်းက ခဏတာ မှင်သက်လို့သွားသည်။သို့သော် သူက ချက်ခြင်းပင် ခေါင်းငုံ့ကာ သတ္တုသွေးကြောကို ကြည့် လိုက်၏။ သူ့မျက်လုံးထဲရှိ ထူးဆန်းမှုက ပိုအားကောင်းလာ ခဲ့သည်။

"ဒီမြင်ကွင်းက ရင်းနှီးနေသလိုပဲ..."

သတ္တုကြောကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းမျက်လုံးက ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒီနေရာက လက်တံအမျှင်တွေနဲ့ ဖုံးအုပ်ထားပြီး ဂြိုဟ်တစ်ခုလုံးက အမွှေးအမျှင်လက်တံ တွေကြီးထွားနေသလိုမျိုး ထင်ရစေတယ်..."

"လမြွေနဂါးရဲ့ ဒုတိယပုံစံက ၎င်းခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေအားလုံးကို ပြန်ရုတ်သိမ်းလိုက်တဲ့အချိန်ပဲ ဖြစ်တယ်။ ဒါ့ကြောင့် ဒါက အိပ်မောကျနေတဲ့ အချိန်လို့ ပြောလို့ရတယ်။ ဖြစ်နိုင်တာက ငါ ရှိနေတဲ့ ယွမ်ရှဂြိုဟ် ကိုယ်တိုင်က အလွန်အမင်းကြီးမားတဲ့ လမြွေနဂါးကြီးများ ဖြစ်နေနိုင်လား.. ဝမ်လင်းက ပင့်သက်ရှိုက်မိလိုက်သည်။ သူက သိပ်မဝေး သောနေရာရှိ သတ္တုကြောကို စူးစိုက်ကြည့်နေမိသည်။

"ဟုတ်ပြီ..ဒါ..ဒါက သတ္တုကြောမဟုတ်ဘူး၊ တကယ့် ကို အရိုးတစ်ခုပဲ။ ဒါပေမဲ့လည်း ဒါက သားရဲတစ်ကောင်ရဲ့ အရိုးမဟုတ်ဘူး။ လမြွေနဂါးကပ်ပါးကောင်ရဲ့ အရိုးတစ်ခု သာ ဖြစ်တယ်..."

ဝမ်လင်းနှလုံးသားက အေးစက်လာခဲ့သည်။

"ငါကသာ သတ္တုကြောကို ယူလိုက်တာနဲ့ ဒီလမြွေနဂါး ကောင်ကို နိုးထသွားစေမှာ စိုးရိမ်မိတယ်။ ဒီလိုသာဆိုရင် ငါက သေဖို့ပဲရှိတယ်။ ငါဒီလိုလုပ်လိုက်တာက လမြွေနဂါး ကိုယ် လုံးဝ နိုးထမလာစေနိုင်ဘူးဆိုရင်တောင် အရိုးကို ယူ ဖို့ကြိုစားတဲ့လူကို သတ်ဖို့အချိန်လောက်တော့ နိုးထလာမှာ 0..."

ဝမ်လင်းက မည်သည့်ကျင့်ကြံသူမှ သည်နေရာသို့လာပြီး သည်သတ္တုကြော တစ်ဖြစ်လဲ အရိုးကို မယူဆောင်ရသည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သွား တော့သည်။ သူတို့က ၎င်းကို မယူချင်လို့ မဟုတ်ဘဲ မယူဝံ့ ခြင်းသာ ဖြစ်သည်။

"ဒီနေရာကို အရင်တုန်းက ရောက်လာခဲ့တဲ့လူတွေ ရှိမယ်လို့ ငါ ယုံကြည်တယ်။ ဒါပေမဲ့ သူတို့အားလုံးက သေ သွားခဲ့ကြတာ ဖြစ်မယ်။ ဒီလိုဆိုရင် ဟွမ်မိသားစုဝင်က ပါးနပ်တယ်လို့ ဆိုရမယ်။ သူက မျက်နှာပြင်ပေါ်က အရိုး နည်းနည်းကိုပဲ ယူပြီး ချက်ခြင်း ထွက်ခွာသားတာပဲ ဖြစ်ရ မယ်။ ဒါက သူကံကောင်းသွားတာလည်း ပါမှာပါ။ အခြား တစ်ယောက်ယောက်ကသာ ဒီလိုနည်းနဲ့ နည်းနည်းလေး အရိုးကို ထပ်ယူရင် လမြွေနဂါးကို နိုးလာစေနိုင်လောက်တယိ

ဝမ်လင်း စိတ်ထဲ၌ အတွေးမျိုးစုံ တဖျပ်ဖျပ် ဖြစ်လို့ နေသည်။ သူက သည်နေရာကနေ မြန်ဆန်စွာ ထွက်ခွာ သွားသင့်မှန်း သိနေ၏။ သူက သည်အကြောင်းကို ဆက်၍ မတွေးတောနေသင့်တော့ပေ။ သို့ရာတွင် သူက သတ္တုကြောကို ကြည့်ကာ မထွက်ခွာလိုဘဲ ဖြစ်နေသည်။

"ငါက ဒီအရိုးတစ်ခုလုံးကို လိုချင်တာ ဖြစ်တယ်။ဒါပေမဲ့ လည်း ငါက ဒီလို လုပ်လိုက်တာနဲ့ လမြွေနဂါးက လုံးဝ နိုး ထလာလိမ့်မယ်။ ငါသာ ဒီလို လုပ်လိုက်ရင် ၎င်းရဲ့ ခန္ဓာကိုယ်က တိုက်ခိုက်ရေးပုံစံ ပြောင်းသွားပြီး ငါလည်း သေချာပေါက် သေရလိမ့်မယ်...ဒါပေမဲ့လည်း ငါက ဒါကို လက်မလျှော့ချင်သေးဘူး...အာ..."

ဝမ်လင်းက သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သူ့ မျက်လုံးက တလက်လက် ဖြစ်လို့နေ၏။ သူက ရှေးဟောင်း နတ်ဘုရား၏မှတ်ဉာဏ်ထဲမှ လမြွေနဂါးနှင့် ပတ်သတ် သည့် အကြောင်းအရာများအားလုံးကို ပြန်စဉ်းစားကြည့် နေသည်။

*ဒီလမြွေနဂါး ကပ်ပါးကောင်တွေက ရှေးဟောင်းနတ် ဘုရားတွေနဲ့အတူ ရှိခဲ့တယ်ဆိုတာကို အခြား သိတဲ့လူတွေ မရှိဘူး။ ဒါက ငါ့အတွက် အားသာချက်ပဲ။ဒီ လမြွေနဂါးက ရှေးဟောင်းနတ်ဘုရားတွေရဲ့ သွေးနဲ့ပဲ အသက်ဆက်ကြတာ

“လက်တံအမျှင်တွေက ဒီကောင်တွေရဲ့ အာရုံခံအင်္ဂါတွေ ပဲ...ငါက ၎င်းကို မနိုးစေဘဲ ဒီအရိုးကို ဘယ်လိုနည်းလမ်းနဲ့ ယူနိုင်မလဲ..."

ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတို့နှင့် ပြည့် နေကာ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။ "အတိတ်တုန်းက ငါက ကောင်းကင်ဘုံတက်ခြင်းသစ်သီး တွေကို ဝါးမြိုခဲ့တုန်းက ရူးသွပ်တဲ့အခြေအနေ ရောက်သွား ခဲ့ဖူးတယ်။အဲ့အချိန်တုန်းက တစ်စုံတစ်ယောက်က ငါ့ အရိုး ကို လာထုတ်ယူသွားရင်တောင် ငါက ဒါကို ခံစားမိနိုင် လောက်မှာ မဟုတ်ဘူး။ငါကသာ ဒီလမြွေနဂါးကို အဲ့လို့မျိုး ပုံရိပ်ယောင်အခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်ခဲ့ရင် ငါက ၎င်းရဲ့ အရိုးကို ယူကောင်း ယူနိုင်လိမ့်မယ်..."

ဝမ်လင်းက သတ္တုကြောအရိုးကို နှမြောတသဟန်နှင့် ကြည့်နေရင်း သက်ပြင်းမှုတ်ထုတ်လိုက်မိသည်။ သည့်နောက် ခြေတစ်လှမ်းဖြင့်ပင် သူက မြေပြင်ထက်သို့ ရောက်ရှိလာ၏။ သည့်နောက် သူက လေထဲ၌ တည်နေရာ ရွှေ့ပြောင်းလိုက်ရာ ယွမ်ရှဂြိုဟ်အပြင်ဘက်တွင် ပြန် ပေါ်လာခဲ့သည်။ကြယ်သံလိုက်အိမ်မြှောင်သည်လည်း မြန်ဆန်စွာ ပေါ်ထွက်လာပြီးနောက် သူ့ကို ယွမ်ရှဂြိုဟ်နှင့်အဝေးသို့ ခေါ်ဆောင်လို့သွားသည်။

အတော်လှမ်းသော အကွာအတေးတစ်ခုကနေ ကြယ် သံလိုက်အိမ်မြှောင်ကို စီးနင်းနေရင်း ဝမ်လင်းက ယွမ်ရှ ဂြိုဟ်ရှိရာသို့ ပြန်လည်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သားဟန်တို့ ဖြစ်ပေါ်လို့နေသည်။

"ငါက လမြွေနဂါးရဲ့ အရိုး ရကို ရရမယ်။ ငါက ဒီလမြွေ နဂါးထုံထိုင်းသွားအောင် ဆေးနဲ့ သန့်စင်မွန်းမံ ပစ်ရမယ်။ ဒါပေမဲ့လည်း ငါက ဒီလိုလမြွေနဂါးကြီးကို ပုံရိပ်ယောင်ဝိုး ၀ဝါး အခြေအနေထဲ ရောက်သွားဖို့အတွက် ဆေးဝါးအများ ကြီး လိုအပ်မှာပဲ..."

အခြားတစ်ယောက်ယောက်က ဝမ်လင်းနည်းလမ်းလိုမျိုး တွေးမိခဲ့ပြီး လုံလောက်သေဆေးဝါးအများကြီး ရရှိခဲ့လျှင် ပင် သူတို့က လမြွေနဂါးကို စုပ်ယူအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းနတ်ဘုရားများ၏ လမြွေနဂါးက လူတစ် ယောက် ရှေးဟောင်းနတ်ဘုရားနည်းစနစ်ဖြင့် ၎င်းကို အမိန့်မပေးလျှင် ရှေးဟောင်းနတ်ဘုရား၏ သွေးကလွဲ၍ ကျန်သည့်အရာများအားလုံးကို စုပ်ယူလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းတွင်တော့ ရှေးဟောင်းနတ်ဘုရား၏ နည်းစနစ် ရှိလို့နေပေ၏။

ကြယ်သံလိုက်အိမ်မြှောင်တစ်ဖြစ်လဲ ငွေနဂါးက ကြယ် များကြား၌ ဖြတ်၍ ပျံသန်းလာသည်။ ဝမ်လင်းက ၎င်း ပေါ်၌ သုန်မှုန်သောအသွင်နှင့် ထိုင်နေ၏။သည်ခရမီးစဉ်က လအတန်ကြာခဲ့သော်လည်း အချည်းနှီးအချိန်ဖြုန်းရုံ သပ်သပ်သာ ဖြစ်ခဲ့လေသည်။

"ထားလိုက်ပါတော့လေ...ငါက နှစ်ရှစ်ရာကျော်လောက် စောင့်လာခဲ့ပြီးပြီးပဲ။နည်းနည်းဆက်စောင့်လည်း ဘာမှ မ ဖြစ်တော့ပါဘူး။ ငါက လုံလောက်တဲ့ကောင်းကင်ဘုံတက် ခြင်း သစ်သီးတွေရရင် ငါ ဒီနေရာကို ပြန်လာနိုင်တာပဲ..."

"ဒါပေမဲ့လည်း ငါက ဒီလောက်ကြီးမားတဲ့လမြွေနဂါး ကြီးကို ရှာတွေမိလိမ့်မယ်လို့ မမျှော်လင့်မိခဲ့ဘူး။ ဒီလောက် ကြီးမားတဲ့လမြွေနဂါးကြီးကို သယ်ဆောင်ပြီး ရှေးဟောင်း နတ်ဘုရားတစ်ပါးက ကြယ်တွေဘယ်လောက်များများကို များ ဖြတ်သန်းသွားလာခဲ့မလဲ။ ကြည့်ရတာ ဒီကပ်ပါး ကောင်ကြီးက အိပ်ပျော်နေတာ မရေမတွက်နိုင်တဲ့ နှစ်တွေ ကြာမြင့်နေလောက်ပြီ။ ဘာကြောင့်လဲဆိုတော့ ၎င်းရဲ့ မျက်နှာပြင်ပေါ်မှာ မြို့ပျက်တွေတောင် ရှိနေခဲ့လို့ပဲ..."

ဝမ်လင်းက သုန်မှုန်နေရာကနေ ပြေလျော့သွားပြီး သူက စတင်စဉ်းစားနေ၏။

ဒီလမြွေနဂါးက ဂြိုဟ်တစ်ခုပုံစံ ဖြစ်ပေါ်နေတာပဲ။ ဒါ့ ကြောင့် ၎င်းက နိုးထလာတာနဲ့ ၎င်းမှာ ဘယ်လိုခွန်အားမျိုး ရှိနေမလဲ ငါသိချင်မိတယ်။ လင်းထျန်ဟူ၊ ရှေ့ဖြစ်ဟောသူနဲ့ တစ်ခြားသူတွေတောင် ဒီကောင်ကြီးကို မြင်ရင် ကြောက် ပြီး ထွက်ပြေးမှာ စိုးရတယ်။ ကံမကောင်းစွာနဲ့ ၎င်းက ၎င်း ရဲ့သခင်ကလွဲလို့ ဘယ်သူ့စကားကိုမှ နားမထောင်တာပဲ။ ငါ့ မူလခန္ဓာကိုယ် ဒီနေရာမှာ ရှိရင်တောင် ဒါက အသုံးဝင် လိမ့်မှာ မဟုတ်ဘူး..."

"မဟုတ်ရင် ငါသာ ဒီကောင်ကြီးကို ထိန်းချုပ်နိင်ပြီး မဟာမိတ်ကြယ်အဖွဲ့အစည်းရှိကို ပြန်ခေါ်သွားရင် ဘယ်လို တောင် ပျော်ဖို့ ကောင်းလိုက်မလဲ…'

ဝမ်လင်းက ခါးသီးစွာ ပြုံးလိုက်ကာ ကြယ်သံလိုက် အိမ်မြှောင်ကို ရွင်ယွမ်ဂြိုဟ်ရှိရာသို့ ဦးတည်၍ ပျံသန်းသွား စေလိုက်တော့သည်။ တစ်ဖြည်းဖြည်းဖြင့် သူက ယွမ်ရှ ဂြိုဟ်နှင့် ပို၍ပို၍ ဝေးသွားတော့၏။

ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ရွင်မိသားစု၏ဘိုးဘေး၊ အပူအပင် မဲ့ကျောက်၊စွန်ရှီတို့က ကောင်းကင်ထက်သို့ မော့ကြည့်နေ ကြသည်။သူတို့အသွင်ကလည်း ရှုံ့မဲ့နေကြ၏။

"ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်…" စွန်ရှီမျက်နှာက ခါး သီးမှုတို့နှင့် ပြည့်လို့နေသည်။

အပူအပင်မဲ့က ပြောလာ၏။ "ဟွမ်မိသားစုက ဒီလိုမျိုး ဘယ်တုန်းကမှ လုပ်ခဲ့တာ မရှိဘူး။ သူတို့က ဂြိုဟ်ချိပ်ပိတ် ခြင်းအစီအရင်ကို ချမှတ်ထားတယ်ဆိုတော့ ရွင်ယွမ်ဂြိုဟ် ကို ဆင်းသက်လာတော့မှာပဲ..."

ရွင်မိသားစုဘိုးဘေးက အချိန်အတန်ကြာ စဉ်းစားပြီး နောက် ပြောလိုက်သည်။ "ငါ စိုးရိမ်တာက ဒီကိစ္စဟာ ဟွမ် မိသားစုဘိုးဘေးရဲ့ မွေးစားသမီး ဟွမ်မေ သူ့ခွန်အားကို ပြသဖို့အတွက် ပြင်ဆင်ပေးထားတာ ဖြစ်နေမှာကိုပဲ..."

"ဟွမ်မိသားစုက ငါတို့ မိသားစုသုံးခုကို အမြစ်ဖျက် သုတ်သင်ချင်နေပြီး သူတို့က ငါတို့ထွက်ပြေးလို့မရအောင် အစီအရင်တစ်ခုနဲ့တောင် တားဆီးထားသေးတယ်..."

စွန်ရှီ၏ မျက်လုံးများက အေးစက်လာခဲ့သည်။

ရွင်မိသားစုဘိုးဘေးက ပြောလိုက်သည်။ "သူတို့က ငါတို့ မိသားစုတွေကို အမြစ်မဖျက်နိုင်ပါဘူး။ လွန်ခဲ့တဲ့နှစ်တွေမှာ ငါတို့သုံးယောက်က မိသားစုရဲ့ ပါရမီရှိတဲ့ အဖွဲ့ဝင်တွေကို ဂြိုဟ်အပြင်ကို တိတ်တဆိတ် စေလွှတ်ခဲ့ပြီးပြီး။ သူတို့ရှိနေ သ၍ ငါတို့မိသားစုရဲ့ မီးတောက် ဆက်လက် ဖြစ်တည်နေ မှာပဲ...

"ကံမကောင်းစွာနဲ့ ငါတို့ရဲ့ ရင်းမြစ်က ရွင်ယွမ်ဂြိုဟ် ဖြစ် နေတာပဲ။ ဒါ့ကြောင် ငါတို့က အချိန်တိုအတွင်း မိသာစု လိုက် ရွေ့ပြောင်းနိုင်ခြင်း မရှိခဲ့တာ…"

အပူအပင်မဲ့က ခါးသီးစွာ ပြုံးလိုက်၏။

စွန်ရှိက တုံ့ဆိုင်းစွာ ဆိုလာ၏။ "ရောင်းရင်းရှုမူက ပြန်လာကောင်း ပြန်လာနိုင်ပါတယ်..."

ရွင်မိစားစုဘိုးဘေးက အံတင်းတင်းကြိတ်ကာ ပြော လိုက်သည်။ "ဟမ်..သူက ပြန်မလာဘူးဆိုရင်တောင် ငါတို့ သုံးယောက်ကို ဟွမ်မိစားစုဝင် ဖမ်းမိတာနဲ့ သူ့ကိုပါ ဒီကိစ္စ ထဲ ဆွဲသွင်းရမယ်။ ငါက ငါတို့ရဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေကို ဒီအတိုင်း ယူသွားခွင့် ဘယ်ပြုနိုင် ပါ့မလဲ။ သူက ငါတို့ကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့ တယ်။ဒါပေမဲ့ ဒီလိုသေရေးရှင်ရေး အချိန်ကြတော့ ထွက် သွားခဲ့ပြီ။ စက်ဆုပ်ဖို့ ကောင်းလိုက်တာ..."

အပူအပင်မဲ့ကျောက်က တိတ်တဆိတ် စဉ်းစားနေသည်။

စွန်ရှိက သက်ပြင်းမှုတ်ထုတ်ကာ ပြောလာသည်။ "ထား လိုက်ပါတော့။ သူက ပြန်လာရင်တောင် သူ ဘာလုပ်နိုင်မှာ မလို့လဲ။ ဟွမ်မိသားစုရဲ့ဘိုးဘေးက ဒုတိယအဆင့်ကို ရောက်နေခဲ့ပြီ။ ဒါ့ကြောင့် သူက ဒီဘိုးဘေးကို ဘယ်လို လုပ် တားဆီးနိုင်ပါ့မလဲ။ ပြောကြတာက ဟွမ်မိသားစုမှာ ဒုတိယအဆင့်ကို ခြေချခဲ့တဲ့ ဘိုးဘေးနှစ်ယောက် ရှိတယ်၊ သူတို့ထဲက တစ်ယောက်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ မှာ တိုက်ခိုက်ရင်း သေဆုံးခဲ့တယ်။ ဒါ့ကြောင့် တစ်ယောက် ပဲ ကျန်ခဲ့တော့တယ်။ သူက အရင်ဘိုးဘေးလောက် မ သန်မာရင်တောင် သူရောက်လာတာနဲ့ အရာအားလုံးက ပွဲ ပြီးသွားပြီ..."

သူတို့သုံးယောက်လုံးက တိတ်ဆိတ်စွာ စဉ်းစားနေကြ သည်။ သူတို့က လွန်ခဲ့သောလေးနှစ်ခန့်က ကိစ္စကြောင့် နောင်တနှင့် ကံကြမ္မာပင် ဖြစ်၏။ ပြည့်နှက်နေကြသည်။သည်အရာကပင်

သည်အခိုက်အတန့်၌ ရွင်မိသားစုဘိုးဘေး၏ အသွင်က ပြောင်းလဲသွားကာ သူက ဆိုလာ၏။ "သူတို့ လာနေပြီ..."

စွန်ရှီနှင့်အပူအပင်မဲ့တို့က ခေါင်းမော့၍ ကြည့်လိုက်ကြ သည်။သူတို့ကလည်း ကောင်းကင်ထက်မှ လာနေသော အန္တရာယ်ကို ခံစားမိပေသည်။သူတို့အသွင်က ပို၍ပင် သုန်မှုန်သွားကြလေသည်။

ကောင်းကင်ထက်မှ တုန်ခါလှိုင်းများထွက်ပေါ်လာကာ ဖိအားတစ်ခု ဆင်းသက်လာ၏။

ရွင်ယွမ်ဂြိုဟ် အပြင်ဘက်တွင် လျိုမေက ဂြိုဟ်ရှိရာသို့ လှမ်းလာနေသည်။ သူမက ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်ကို ကျော်ဖြတ်လာသည့်နောက် သူမနတ်ဘုရားအာရုံကို ဖြန့် ကျက်ကာ ရွင်မိသားစုဘိုးဘေးနှင့်သူ့အပေါင်းအပါများ ထံသို့ ပိတ်ဆို့ထားလိုက်သည်။

သူမက တစ်ဖြည်းဖြည်း နီးကပ်လာနေရင်း သူမအသွင် က ရေကဲ့သို့ တည်ငြိမ်နေသည်။

"အကိုစွန်...အကိုကျောက်...ငါတို့သုံးယောက်က ငါတို့ သက်တမ်းတစ်လျှောက် တိုက်ခိုက်ရင်းနဲ့ ကုန်ဆုံးခဲ့ကြ တယ်။ ခုချိန်မှာ ငါတို့အနာဂတ်က သတ်မှတ်ပြီးသွားပြီ။ ငါ တို့က သေရမယ်ဆိုရင်တောင် ငါတို့က နောင်တမရှိဘဲ သေ ကြရအောင်..."

ရွင်မိသားစုဘိုးဘေး၏ အသံက တိုးညင်းသော်လည်း တိုက်ပွဲစိတ်ဆန္ဒတို့ ပါဝင်လို့နေသည်။ သူက ကောင်းကင် ထက်သို့ ကြည့်နေရင်း သူ့မျက်လုံးထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းနေ၏။

"အကိုရွင်က သူရဲကောင်းဆန်တယ်။ သင်က သင့်ရဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းနေတဲ့အတွက် ငါ့ကိုလည်း သင်နဲ့အတူ ပါဝင်ခွင့်ပြုပါ..."

အပူအပင်မဲ့ကျောက်က ရယ်မောကာ ဆို၏။သူ့မျက်လုံး ထဲ၌လည်း မီးတောက်တစ်ခု လောင်ကျွမ်းလာခဲ့သည်။

စွန်ရှီက ဆုံးဖြတ်ချက် ပြတ်သားသောအကြည့်ကို ထုတ်ဖော်ကာ ပြုံး၍ ဆိုလာ၏။ "ငါ့ဘဝတစ်ခုလုံးကို ကျင့်ကြံနေတယ်ဆိုတာ ငါက ကောင်းကင်ဘုံကို ဝင် ရောက်ပြီး ကောင်းကင်ဘုံဗိုလ်ချုပ်တွေကို မာန်မဲဖို့ပဲ။ ငါက ခုချိန်ကျမှ ဘယ်လိုလုပ် အလျော့ပေးနိုင်ပါ့မလဲ..."

သူတို့သုံးယောက်ထံမှ ထွက်ပေါ်လာသော မွန်းစတား ဆန်သော တိုက်ပွဲစိတ်ဆန္ဒက ရွင်ယွမ်ဂြိုဟ်အား မီးစတစ်ခု လို လင်းညှိစေလာသည်။သာမန်မီးတောက်တစ်ခုက မီးခိုး အချက်ပြမှုကို ဖန်တီးနိုင်ပေ၏။

(ဘာသာပြန်သူ မှတ်ချက်....မီးခိုးအချက်ပြမှုဆိုတာက တိုက်ပွဲမှာ ရန်သူကိုတွေ့မြင်သည့်အခါ တိုက်ပွဲဆန္ဒကို ဖော်ထုတ်ခြင်းကို တင်စားခြင်း ဖြစ်နိုင်ပေသည်။)

တိုက်ပွဲစိတ်ဆန္ဒက အထွတ်အထိပ်သို့ ရောက်လာချိန်၌ လျှိုမေ၏လှပသောပုံရိပ်ကလည်း တော့သည်။ ပေါ်ထွက်လာခဲ့

လျိုမေက ကောင်းကင်ထက်ကနေ ဆင်းသက်လာရင်း ထိုသုံးယောက်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက် သည်။ "သူတို့ရဲ့ မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းတာ..." သူမအသံက လှပကာ နွေလေပြေက ကမ္ဘာမြေကို ရိုက်ခတ်သည်နှင့်ပင် တင်စားနိုင်သည်။သည့်အပြင် သူမ အသံထဲ၌ ထူးဆန်းသောအားတစ်ခုလည်း ပါဝင်နေခဲ့ သည်။

အပူအပင်မဲ့ကျောက်က ကောင်းကင်ထက်မှ လျိုမေကို ကြည့်နေသည်။သူ့မျက်လုံးထဲရှိမီးတောက်ကလည်း တစ်ဖြည်းဖြည်း မှိန်ဖျော့သွားကာ ရူးသွပ်စွဲလမ်းမှု အရိပ်အယောင်က အစားထိုးဝင်လာခဲ့ချေသည်။ 

ရောက်လာပြီ...

ကောင်းကင်ထက်မှ ကောင်းကင်ဘုံသမီးပျို တစ် ယောက်ကဲ့သို့ ဆင်းသက်လာသော လျိုမေကို ကြည့်ကာ အပူအပင်မဲ့သာမက စွန်ရှီသည်လည်း သူ့တိုက်ပွဲစိတ်ဆန္ဒ ကို ဆုံးရှုံးကာ ရုန်းကန်နေရဟန် ဖြစ်ပေါ်နေ၏။

အာဏာတက်ခြင်းအလယ်အဆင့်သို့ ရောက်နေသော ရွ င်မိသားစုဘိုးဘေးတစ်ယောက်သာ သူ့စိတ်ကို ရှင်းလင်း အောင် ထိန်းထားနိုင်စွမ်း ရှိသည်။သို့သော် သူလည်း ကြာ ကြာထိန်းထားနိုင်လိမ့်မည် မဟုတ်ပေ။သူ့စိတ်ထဲတွင် ကောင်းကင်မှ ဆင်းသက်လာသော အမျိုးသမီး၏ အသံက ကောင်းကင်ဘုံ၏ တေးသံအလား ထင်မြင်မိနေသည်။

"ပုံရိပ်ယောင်တစ်သောင်းရက်စက်ခြင်းနယ်ပယ်..." ရွင် မိသားစုဘိုးဘေး၏ အသွင်က ကြီးစွာ ပြောင်းလဲသွား သည်။ သူ့ကိုယ်တွင်း၌ မီးတောက်တစ်ခု လောင်ကျွမ်းလို့ လာသည်။ယင်းမီးတောက်က သူ့မူလစိတ်ဝိညာဉ်နှင့်မူလ စွမ်းအင်တို့ ပေါင်းစပ်ခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်းပင်။ ထို အတွက်ကြောင့် သူ့ကျင့်ကြံမှုအဆင့်က ခုန်ပေါက်တက် သွား၏။

သည့်နောက် သူက မာန်သွင်းလိုက်သည်။ သူ့မာန်သွင်း သံက ကောင်းကင်နှင့်မြေကြီးကိုပင် လှုပ်ခါသွားစေသလား ထင်မှတ်ရ၏။

စွန်ရှီမျက်လုံးက ကြည်လင်မှု ပြန်ရလာကာ သူ့စိတ်နှလုံး ထဲ၌ ကြောက်လန့်မှုကို ခံစားလိုက်ရသည်။

လျိုမေအသွင်က ပုံမှန်ပင်ဖြစ်ကာ သူမက မျက်လုံးမှိတ် ထားရင်း ခပ်တိုးတိုး ဆိုလာသည်။ "နင်တို့သုံးယောက်က ငါ့ပြိုင်ဘက်မဟုတ်ဘူး။ နင်တို့က ငါနဲ့အတူဟွမ်မိသားစုကို လိုက်ခဲ့ရင် အသက်ရှင်ဖို့ အခွင့်ရေးတစ်ခု ရကောင်းရနိုင်သေးတယ်

ရွင်မိသားစုဘိုးဘေ၏ ခန္ဓာကိုယ်က ခုချိန်၌ မီးတောက် များနှင့် ဖုံးလို့နေခဲ့ပြီ ဖြစ်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေ ကာ ပင့်မြှောက်၍ အောက်သို့ ဖိချလိုက်သည်။ရွင် မိသားစု၏ မိုးကြိုးလက်ဝါးက ချက်ခြင်း ပေါ်ထွက်လာကာ လျှပ်စီးတန်းက သူ့ထက်ထဲကနေ ထိုးထွက်ပြီး လျိုမေထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

လျိုမေက အကူအညီမဲ့ဟန်ဖြင့် သူမ၏ ဆံပင်ကို ညင်သာစွာ ပင့်သပ်လိုက်သည်။ သူမ၏ ကျောက်စိမ်းလို လက်ချောင်းလေးက ရှေ့သို့ ရွှေ့လျားသွားကာ မျက်လုံး ထဲ၌လည်း ရက်စက်မှုတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။
သူမလက်ချောင်းထိပ်က မိုးကြိုးနှင့် ထိမိသည့်အခါ ၎င်းက တုန်ယင်၍ ရုတ်တရက် ပျောက်ကွယ်လို့သွားသည်။

လျိုမေက တိုးညင်းစွာ ပြောလိုက်၏။ "နင်တို့က နင်တို့ရဲ့ စိတ်ဝိညာဉ်ကို လောင်ကျွမ်းချင်နေတော့လည်း နည်းနည်း လောက် ပိုပြီး ခပ်ကြမ်းကြမ်း လောင်ကျွမ်းလိုက်ကြချေ..."

သူမက ဤသို့ပြောလိုက်သည့်နောက် ရွင်မိသားစု၏ နောက်ရှိ အပူအပင်မဲ့ကျောက်၏မျက်လုံးထဲမှ ရူးသွပ်မှုက ပို၍ပင် အားကောင်းလာခဲ့တော့သည်။ သူက ထိန်းချုပ်နိုင် စွမ်းကင်းမဲ့သည့် အခြေအနေသို့ ဆိုက်ရောက်နေ၏။ သူ့ မျက်လုံးထဲ၌ ကောင်းကင်နှင့်မြေကြီးပင် မတည်ရှိတော့ဘဲ သူ့ရှေ့ရှိ အမျိုးသမီးသာ တစ်ခုတည်းသော တည်ရှိမှုဟု ထင်မြင်လို့နေသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ သူက ရှေ့သို့ တိုးလာကာ ရွင်မိသားစု ဘိုးဘေးကို ပိတ်ဆို့လာသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစိတ် ဝိညာဉ်သည်လည်း ရုတ်တရက် လောင်ကျွမ်းလာသည်။ သည်လောင်ကျွမ်းမှုက သူ့မူလစိတ်ဝိညာဉ်တင်မကဘဲ သူ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကိုပါ ဖြစ်သည်။ လောင်ကျွမ်းလာခြင်း

"နင် ရောဘဲ..." လျိုမေအကြည့်က စွန်ရှီထံသို့ ကျ ရောက်သွားသည်။

စွန်ရှီက သူ့စိတ်နှလုံးကို ဖိနှိပ်လို့ထား၏။သို့သော် လျိုမေ အသံကို ကြားလိုက်ရသည့်နောက် ထိုဖိနှိပ်ထာမှုက ချက် ခြင်း ပြိုပျက်သွားသည်။သူ့ခန္ဓာကိုယ်က တုန်ယင်လာကာ သူ့မျက်လုံးထဲ၌လည်း အပူအပင်မဲ့ကဲ့သို့ ရူးသွပ်မှုမျိုး ပေါ်ထွက်လာခဲ့သည်။ သူကလည်း သူ့မူလစိတ်ဝိညာဉ်ကို ကျွမ်းလောင်စေကာ သူ့ခွန်အား၏ အထွတ်အထိပ်ကို ထုတ်ဖော်လာခဲ့သည်။သူ့လက်ချောင်းက ဓားတစ်လက် အသွင် ဖြစ်ပေါ်ကာ ရွင်မိသားစုဘိုးဘေးထံသို့ ချက်ခြင်း ညွှန်လိုက်လေ၏။

ရွင်မိသားစုဘိုးဘေးက သနားပြုံးပြုံးကာ ဆိုလာသည်။ "ကျောက်ချူဝမ်၊စွန်ရှီ...မင်းတို့နှစ်ယောက်အတွက် ငါ စိတ် မကောင်း ဖြစ်ရတယ်..."

သို့ရာတွင် အပူအပင်မဲ့နှင့်စွန်ရှီတို့က သူ့စကားကို လုံးဝ မကြားသည့်အလား သူတို့၏ မန္တာန်များကို ထုတ်ဖော် တိုက်ခိုက်လိုက်ကြသည်။သည့်နောက် သူတို့က ရွင်မိသားစု နှင့် သေသည့်အထိ တိုက်မည့် တိုက်ပွဲစိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကြတော့၏။

လျိုမေက ပြုံးလိုက်သည်။ သူမက သည်နေရာသို့ မည်သူ့ ကိုမျှ အတူခေါ်ဆောင်လာတာ မရှိခြင်းမှာ သူမကိုယ်တိုင် သည်နေရာတွင် ရှိနေသ၍ မရေမတွက်နိုင်သောကျင့်ကြံ သူများက သူမအတွက် တိုက်ခိုက်ပေးရန် ဆန္ဒရှိလာမည်ကို သိနေသောကြောင့်ပင်။

သည်အရာကပင် ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုး တာအို မည်လေ၏။ ယင်းတာအိုဖြင့် ကမ္ဘာလောကထဲမှ ဘေးက လျိုမေအတွက် သွေးမျိုးဆက်ပြောင်းလဲပေးခဲ့ခြင်း၊ အရာအားလုံးကို အသုံးချနိုင်ပေသည်။ဟွမ်မိသားစုဘိုး သူ့ကျင့်ကြံမှုအဆင့်ကို အလျော့ခံ၍ တန်ဖိုးပေးစပ်ခဲ့ခြင်း သည် သည်တာအိုကြောင့်ပင် ဖြစ်သည်။သူက ထိုတာအိုက ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်သွားသည့်အခါ မည်သို့စွမ်းအားမျိုး ဖြစ်လာမည်ကို တွေ့မြင်ချင်ခဲ့ပေသည်။

ဂြိုဟ်တစ်ခုလုံးက ခုချိန်တွင် ငလျင်လှုပ်သည့်အလား ဖြစ်လို့နေသည်။ ကျယ်လောင်သောပေါက်ကွဲသံများက မြေကြီးထဲကနေ ထွက်ပေါ်နေ၏။ ရွင်မိသားစုဘိုးဘေး၏ စိတ်ထဲ၌ မျှော်လင့်ချက်ပျက်သုန်းခြင်းတို့နှင့် ပြည့်လို့နေ တော့၏။ သူက သူ့မူလစိတ်ဝိညာဉ်ကိုလည်း စတင် လောင်ကျွမ်းခဲ့ပြီး ဖြစ်၏။ သူက အကောင်းဆုံးစွမ်းအား ထုတ်ဖော်နိုင်ရန်အတွက် ပြုလုပ်ခဲ့ကာ သူ့ကျင့်ကြံမှုအဆင့် က ရူးသွပ်ဖွယ် မြင့်တက်လာခဲ့တော့သည်။ သူက နယ်ပယ် စွမ်းအင်ကင်းမဲ့သည့် အာဏာတက်ခြင်းနောက်ဆုံးအဆင့် သို့ပင် ရောက်ရှိလာချေ၏။

သူ့ကျင့်ကြံမှုအဆင့်က မြန်ဆန်စွာ မြင့်တက်လာ သော်လည်း သူ့နယ်ပယ်ကတော့ ဆက်၍ မလိုက်ပါနိုင်ခြင်း ကြောင့် သူက တစ်ဝက်တစ်ပျက် အာဏာတက်ခြင်း နောက်ဆုံးအဆင့်ဟုသာ ဆိုရမည် ဖြစ်သည်။မည်သို့ပင်ဖြစ် စေ သူက အလွန်စွမ်းအားကောင်းလာခဲ့ပေသည်။

မာန်တစ်ချက်သွင်းကာ သူ့ခန္ဓာကိုယ်သည် မြန်ဆန်စွာ ဝေဝါးလာပြီး ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်၏။ သူက ရုတ်တရက် လက်နှစ်ဖက်ကို ပူးကပ်လိုက်ရာ တောက်ပ လွန်းသောအလင်းတစ်ခုက သူ့အား ဝန်းရံလို့လာ၏။သူက မန္တာန်တစ်ခုကို အသုံးပြုလိုက်ခြင်း မဟုတ်ဘဲ သူ့ခန္ဓာကိုယ် ထဲရှိ မူလစွမ်းအင်ကို တိုက်ရိုက် အသုံးပြုလိုက်ခြင်းပင်။ သူက သူ့လက်ကို ပြန်ဖြန့်ကားလိုက်ချိန်၌ ရွှေရောင်အလင်း စက်များက ဓားများအလား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား ကြသည်။

ထိုအခိုက်အတန့်၌ စွန်ရှီနှင့် အပူအပင်မဲ့ကျောက်တို့၏ ခန္ဓာကိုယ်များကလည်း ပျောက်ကွယ်လုနီး ဝေဝါးလာခဲ့ သည်။သူတို့၏ ခန္ဓာကိုယ်တစ်ခြမ်းကလည်း ပျောက်ကွယ် သွားပြီးဖြစ်ကာ ကျန်နေသေးသော တစ်ဝက်သည်လည်း လေဟာနယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။သူ တို့မျက်လုံးထဲရှိ ရူးသွပ်မှုက ပိုအားကောင်းလာကာ ချက် ခြင်းပင် သူတို့နှစ်ယောက်က ကိုယ့်ကိုကိုယ် ဖျက်စီး ပစ်လိုက်ကြလေတော့သည်။

ဘုန်း...။

ဘုန်း...။

သူတို့၏ မူလစိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို လောင်ကျွမ်း ကာ ကိုယ့်ကိုကိုယ် ဖျက်စီးပစ်သော အာဏာတက်ခြင်း ကျင့်ကြံသူနှစ်ယောက်ကြောင့် ရွင်ယွမ်ဂြိုဟ်အတွက် ဧရာ ကပ်ဘေးတစ်ခုကို ဖြစ်သွားစေသည်။

ကောင်းကင်က ပြိုကျလာကာ မြေပြင်က ပေါက်ကွဲထွက် လာသလား ထင်မှတ်ရ၏။ရွင်ယွမ်ဂြိုဟ်၏ ပင်လယ်များက ပေပေါင်းများစွာ မြင့်တက်ကာ မြေပြင်ပေါ်သို့ ပြန်ပြန် ဆောင့်ကျလာတော့သည်။

ရွင်ယွမ်ဂြိုဟ်၏ စိတ်ဝိညာဉ်သွေးကြောများအားလုံးက လည်း အမှုန်အမွှားဖြစ်ကုန်ကာ ပေါက်ကွဲထွက်ကုန်ကြ၏။

စွန်ရှီနှင့်အပူအပင်မဲ့ ခန္ဓာကိုယ်များက တို့၏ မူလစိတ်ဝိညာဉ်နှင့် ပျောက်ကွယ်သွားကြသည်။သူတို့က သည်လိုနည်းနှင့် သေဆုံးသွားခဲ့ကြရပေ၏။

ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင် ရှိနေသော ရွင်မိစားစု ဘိုးဘေးက သူ့ကျင့်ကြံမှုအဆင့်ကြောင့် ခုခံလိုက်နိုင် သော်လည်း သူက သွေးများ ရွှဲရွှဲစိုသွားလေ၏။ သူ့မျက်လုံး များက နီရဲတွတ်နေကာ သူ့ရှေ့ရှိ လျိုမေ့ကို ကြည့်၍ ဆဲဆို လိုက်၏။ "စက်ဆုပ်ဖို့ကောင်းတဲ့ ခွေးမ၊ ဒါက နင်နဲ့ငါ့ကြား က တိုက်ပွဲပဲ၊ ဒါကို ဘာကြောင့်များ ဒီဂြိုဟ်နဲ့ သေမျိုးတွေ ထိ ပျံ့နှံ့စေခဲ့ရတာလဲ..."

လျိုမေက ပြုံး၍ ညင်သာစွာ ပြောလိုက်သည်။ "ငါက ခု ထိ တစ်စက်ကလေးတောင် မတိုက်ရသေးဘူး။ နင်တို့သုံး ယောက်ကသာ အချင်းချင်း တိုက်ခိုက်လိုက်ကြတာ၊ ခုလို ဖြစ်သွားတာ ငါနဲ့ ဘာဆိုင်လို့လဲ.."

ရွင်မိသားစုဘိုးဘေးက ခေါင်းမော့ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သည်ရယ်သံထဲ၌ မျှော်လင့်ချက်မဲ့မှု နှင့် ဝမ်းနည်းမှုတို့ ပြည့်လို့နေလေ၏။ သူက ရယ်မောနေ ရင်းဖြင့် မျက်လုံးထောင့်မှ မျက်ရည်စများ ကျဆင်းလာကာ အောက်ရှိ မြေပြင်သို့ ငုံ့ကြည့်လိုက်သည်။ မူလက လှပ သောဂြိုဟ်တစ်ခုက အပျက်အစီးပုံကြီးတစ်ခု ဖြစ်လို့သွားခဲ့ လေပြီ။ သူက သူသာ သူ့ကိုယ်သူ ဖျက်စီး၍ တိုက်ခိုက်လျှင် လျိုမေကို ဒဏ်ရာရသွားအောင် လုပ်နိုင်မည်ကို သိထား၏။ သို့သော် ရွှင်ယွမ်ဂြိုဟ်ကလည်း အပျက်အစီးဂြိုဟ်တစ်ခု ကဲ့သို့ လုံးလုံးလျာလျာ ဖြစ်သွားပေလိမ့်မည်။

"ဒါက ငါ့အိမ်…" သူ့မျက်နှာပေါ်၌ ခါးသီးမှုများနှင့် ပြည့် နေကာ သူက လျိုမေကို ကြည့်၍ တစ်လုံးချင်း ဆိုလာခဲ့ သည်။ "ငါ ရွင်ရွှယ်ဖန်က ငါ့ကျင့်ကြံမှုကို အသုံးပြုပြီး နင့် ကို အုတ်ဂူတစ်ခုတောင် မရှိစေပဲ သေပါစေလို့ ကျိန်ဆို တယ်။ ဒါ့အပြင် ဟွမ်တန်ကို သက်လိုက်တာက ငါတို့ သုံး ယောက် မဟုတ်ဘူး။ ရှုမူဆိုတဲ့လူသာ ဖြစ်တယ်.."

သူက ထိုသို့ပြောလိုက်ရင်း သူ့ညာလက်ကို မြှော်ကာ နဖူး ထက်သို့ ရိုက်ချလိုက်သည်။သူ့မူလစိတ်ဝိညာဉ်က ချက်ခြင်း ပျက်စီးကာ အက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း လျိုမေ၏ တည်ငြိမ်သော အကြည့်ရှေ့တွင် ဖြည်းဖြည်းချင်း ဝေဝါးပျောက်ကွယ်လာခဲ့ သည်။ တစ်ဖြည်းဖြည်းဖြင့် သူက ဖုန်မှုန့်အဖြစ်သို့ ပြောင်း ကာ မြေပြင်ပေါ်သို့ ကျဆင်းသွားချေသည်။

"ငါက ရွင်ယွမ်ဂြိုဟ်ပေါ်မှာ မွေးတဲ့အတွက် ဒီဂြိုဟ်ပေါ် မှာပဲ သေမယ်။ ငါ ရွင်ရွှယ်ဖန်က ငါ့ဂြိုဟ်ကို ကာကွယ်ဖို့ အတွက် အကောင်းဆုံးလုပ်ခဲ့ပြီးပြီး၊ မင်း ရှုမူကတော့ တ ကယ့်ကို စက်ဆုပ်ဖို့ကောင်းတဲ့လူ ဖြစ်တယ်။ မင်းလည်း ဟွ မ်မေနဲ့အတူ သေဆုံးသွားပါစေလို့ ငါ ကျိန်ဆိုတယ်..."

လျိုမေမျက်လုံးများက မထူးခြားနားဟန်ကိုသာ ပြသလို့ နေ၏။သူမက သူ့အောက်ရှိ မြေပြင်ကို ကြည့်ကာ တစ်လှမ်း ချင်း ဆင်းသက် ဦးတည်လာသည်။

"ရွင်မိသားစု၊ ကျောက်မိသားစု၊စွန်မိသားစုကကို အမြစ် ဖျက်ပစ်ဖို့ လိုအပ်တယ်။ ဒါက ဆရာ့ရဲ့ တောင်းဆိုးမှုပဲ။ ငါ နဲ့ ဘာမှ မသက်ဆိုင်ဘူး။ ရှုမူဆိုတဲ့လူလည်း ရှိသေး တယ်...။ဒီလူက နည်းနည်း ထူးဆန်းနေသလိုပဲ..."

လျိုမေက စိတ်ထဲ၌ တွေးနေကာ ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။ သူမနတ်ဘုရားအာရုံကို ဖြန့် ကျက်လိုက်ကာ ဂြိုဟ်၏ တောင်ပိုင်းအစွန်ဆုံးနေရာတွင် ရပ်တန့်လိုက်သည်။

"ဒါက ကိုယ်ပွားပဲ။ ဒီစွန်ကျင့်ကြံသူက စိတ်ဝင်စားစရာ ပဲ။ဒီဟာက ကျန်တဲ့ ရွင်မိသားစုဘိုးဘေးနဲ့ ကျင့်ကြံသူ ကျောက် တို့မှာလည်း ဒီလိုမျိုး ကိုယ်ပွား ရှိနေနိုင်တယ်လို့ ဆိုလိုနေတာ ဖြစ်တယ်..."

လျိုမေက တခစ်ခစ် ရယ်မောလိုက်သည်။ထိုကိုယ်ပွားက အလွန်ဖုံးကွယ်နေခဲ့ပေသည်။ မူရင်းခန္ဓာကိုယ် သေဆုံး သွားချိန်တွင် ၎င်းကိုယ်ပွားထံမှ တုန်ခါလှိုင်းတစ်ခု ထွက် ပေါ်သွားခြင်းကြောင့်သာ မဟုတ်လျှင် လျိုမေက ထိုကိုယ် ပွားကို ရှာတွေ့မိနိုင်လိမ့်မည် မဟုတ်ပေ။ ရွှင်ယွမ်ဂြိုဟ်၏ တောင်ဘက်ပိုင်းရှိ မြို့တစ်မြို့တွင် လူငယ်တစ်ယောက်က အိမ်ထဲ၌ ထိုင်လို့နေ၏။သည် လူငယ်က စွန်ရှီနှင့် ဆင်တူလှကာ သူ့မျက်နှာက ခါးသက်မှု များနှင့် ပြည့်လို့နေသည်။

လွန်ခဲ့သော လေးနှစ်က သူတို့သည် ဟွမ်မိသားစုဝင်ကို သတ်မိလိုက်သည့် အမှားကြီး တစ်ခု လုပ်ခဲ့မိကတည်းက သူတို့သုံးယောက်လုံးသည် သူတို့၏ ကိုယ်ပွားများကို သန့်စင်မွန်းမံရာ၌သာ အာရုံစိုက်ထားခဲ့ကြ၏။ သို့သော် ထို ကိုယ်ပွားများက တိုက်ပွဲ ဝင်နိုင်ခြင်း မရှိလောက်အောင် အားနည်းကြပေ၏။

မည်သို့ပင်ဖြစ်စေ ၎င်းကိုယ်ပွားများက သူတို့ အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် နည်းလမ်းတစ်ခုတော့ ဖြစ်လို့နေဆဲပင်။

ရွင်မိသားစုဘိုးဘေးက လွန်ခဲ့သော နှစ်ရာချီလောက် ကတည်းက ကိုယ်ပွားတစ်ခုကို လျှို့ဝှက်၍ သန့်စင်နေခဲ့ပြီး ဖြစ်ကာ ၎င်းက ဂြိုဟ်ကနေ ထွက်ခွာသွားနိုင်သည့် အဆင့် သို့ ရောက်ရှိခဲ့ပြီး ဖြစ်၏။ ၎င်းက အခြားရွင်မိသားစုအဖွဲ့ဝင် များနှင့်အတူ လွန်ခဲ့သောနှစ်နှစ်ကတည်းက ဂြိုဟ်ကနေ ထွက်ခဲ့သွားခဲ့ပြီ ဖြစ်၏။ အပူအပင်မဲ့ကျောက်တွင်တော့ နည်းစနစ်ကင်းမဲ့မှုကြောင့် သူက သူ့မူလစိတ်ဝိညာဉ်ကို နှစ် ပိုင်းခွဲနိုင်ခြင်း မရှိခဲ့ပေ။ဆိုလိုသည်က သူက ကိုယ်ပွားတစ် ခုကို သန့်စင်နိုင်ခြင်း မရှိဟူ၍ပင်။သို့ရာတွင် သူ့၌ အခြား နည်းလမ်း ရှိထား၏။ မည်သည့်နည်းလမ်းဖြစ်သည်ကို တော့ မည်သူမျှ တိတိကျကျ မသိကြပေ။

စွန်ရှီကျတော့ သူ့ကိုယ်ပွားကို သန့်စင်နိုင်စွမ်း ရှိခဲ့ သော်လည်း သူ့ကိုယ်ပွား၏ ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့ တည်ခြင်းအဆင့်တွင်သာ ရှိလို့နေသေး၏။ထို့ကြောင့် သူက ဂြိုဟ်ကနေ ထွက်သွားနိုင်ခဲ့ခြင်း မရှိပေ။ အရင်တုန်းက သူ ဝမ်လင်းကို တွေ့သည့်အချိန်၌ သူက သည်ကိစ္စကို အကူအညီတောင်းရန် ကြံစည်လိုက်သေး၏။သို့ရာတွင် သူက ထိုသို့မမေးခင်မှာပင် ဝမ်လင်း၏ ငြင်းဆိုခြင်းကို ခံခဲ့ ရသည်။

လျိုမေက တည်နေရာ ရွှေ့ပြောင်း၍ ရွင်ယွမ်ဂြိုဟ်၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိလာ၏။ သူမက မြို့ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်စဉ် ဆက်ခနဲ ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ သူမ မျက်လုံးက ထူးဆန်းသောအလင်းတစ်ခုနှင့် ပြည့်နှက်သွားသည်။

"ဒီ အော်ရာ..."

ငွေရောင်အလင်းတန်းတစ်ခုက ကြယ်များကြားတွင် ဖြတ်သန်း၍ လာနေကာ ရွင်ယွမ်ဂြိုဟ်အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။ဝမ်လင်းက ထိုကြယ်သံလိုက်အိမ်မြှောင် ပေါ်တွင် ထိုင်လျက် ရှိနေသည်။ သူက ရွင်ယွမ်ဂြိုဟ်ရှိ သုံး ယောက်ထံမှ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများကို ယူဆောင်ခဲ့ပေသည်။ထို့ကြောင့် အနည်းဆုံးတော့ သူက ကတိပေးထားခဲ့သည့်အတိုင်း လုပ်ဆောင်ပေးမည် ဖြစ်၏။ မဟုတ်လျှင် သူ့အတွက် အခုလို ပြန်လာစရာ အကြောင်း မ ရှိပေ။

သူ့အသွင်က ပုံမှန်အတိုင်း ရှိနေ၏။သို့သော် သူက ရွင် ယွမ်ဂြိုဟ်ပတ်လည်ရှိ အားကောင်းသော ချိပ်ပိတ်ခြင်းအစီ အရင်ကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက ကြယ်သံလိုက်အိမ်မြှောင် ပေါ်၌ မတ်တပ်ထရပ်ကာ အတားအဆီးများကို စူးစိုက် ကြည့်လိုက်၏။

"ငါထွက်သွားတုန်းက ဒီနေရာမှာ ဒီအတားအဆီး မရှိသေးဘူး..." ဝမ်လင်းက အတားအဆီးများနှင့် ပတ်သတ်၍ ကောင်းစွာ နားလည်ထားသည့်သူ ဖြစ်သည်။ သူက သည် အတားအဆီးကို အချိန်တိုအတွင်း မချိုးဖျက်နိုင် သော်လည်း အထဲကိုတော့ အထိအခိုက်မရှိ ဝင်ရောက်နိုင် ပေသည်။

သူက အနည်းငယ် စဉ်းစားပြီးနောက် ရွင်ယွမ်ဂြိုဟ်ရှိရာ သို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းလာခဲ့တော့၏။

ရွင်ယွမ်ဂြိုဟ်ပေါ်တွင် လျိုမေက ခေါင်းမော့၍ ကြည့်နေ ရင်း သူမမျက်လုံးထဲရှိ ထူးဆန်းသောအလင်းက ပိုပို၍ အားကောင်းလာခဲ့လေသည်။
ပုံရိပ်တစ်သောင်းကောင်းကင်ဘုံနတ်ဆိုးတာအို

ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို ပြန်သိမ်းဆည်း ကာ ရွင်ယွမ်ဂြိုဟ်ပေါ်သို့ ခြေချလိုက်၏။ သူက လေထုထဲ သို့ ဝင်လိုက်သည့်အခိုက်တွင် သူ့မျက်လုံးထဲ၌ အေးစက်မှု တစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာသည်။

သူက အပြင်ဘက်မှာကတည်းက ဂြိုဟ်က ပျက်စီး နေသည်ကို သတိပြုမိခဲ့ပေသည်။ ကောင်းကင်ဘုံစိတ် ဝိညာဉ်လှိုင်းများကလည်း သည်ဧရိယာတွင် ပဲ့တင် ထပ်လို့ နေသည်။ ပြင်းထန်သော တိုက်ပွဲတစ်ခုက သည်နေရာတွင် ဖြစ်ပွားခဲ့သည်မှာ ရှင်းလင်းနေပေ၏။

သူက အသက်ဝဝရှူသွင်းကာ နတ်ဘုရားအာရုံကို ဖြန့် ကျက်လိုက်ရာ ရွင်ယွမ်ဂြိုဟ်၏ တောင်ဘက်ပိုင်း၌ လျို မေ၏ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။

လျိုမေအသွင်က တစ်ခုခုပြောင်းလဲသွားသည့်ပုံပင်။ သူမ က အရင်ထက်ပို၍ ဉာဏ်များလာသည်ဟု ဆိုရမည်။

အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ဝမ်လင်းက ရှေ့ သို့ လှမ်း၍ ပျောက်ကွယ်လို့သွားသည်။ သည့်နောက် သူက ဂြိုဟ်၏ တောင်ဘက်ပိုင်း လျိုမေနှင့် ပေတစ်ထောင်အကွာ တွင် ပြန်ပေါ်လာခဲ့သည်။

လျိုမေက သူနှင့် ပေတစ်ထောင်အကွာရှိ ပုံရိပ်ကို စူးစိုက် ကြည့်လိုက်၏။ သူမက သူ့ကို ဂြိုဟ်နှင့် နီးကပ်လာချိန် ကတည်းက သတိပြုမိခဲ့ပြီး ဖြစ်သည်။သူမက ထိုသူနှင့် ပတ်သတ်၍ ဝိုးတဝါးရင်းနှီးမှုကို ခံစားမိနေ၏။သို့သော် သူ့ အသွင်အပြင်က သူမနှင့် အစိမ်းသပ်သပ် ဖြစ်နေချေသည်။

သူမက စကားမဆိုဘဲ ဝမ်လင်းထံသို့သာ တိတ်တဆိတ် ကြည့်လို့နေ၏။

ဝမ်လင်းကလည်း လျိုမေ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "နင်က သူတို့ကို သတ်ခဲ့ပြီး ဖြစ်တဲ့ အတွက် အခု ထွက်သွားနိုင်ပြီ..."

သူက သည်နေရာသို့ ရောက်လာခြင်းက လျိုမေ ဂြိုဟ်၏ တောင်ဘက်ပိုင်းတွင် ဘာကြောင့် ရှိနေသည်ကို သိချင် သောကြောင့် ဖြစ်၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြန့် ကျက်ကြည့်လိုက်သည့်အခါပ စွန်ရှီ၏ ကိုယ်ပွားကို ချက် ခြင်း တွေ့မြင်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ဖြစ်ပျက်ခဲ့သမျှကို နားလည်သွား၏။

သူတို့သုံးယောက်က သူ့အား ကိုယ်ပွားများနှင့် ပတ် သတ်၍ လိမ်ညာခဲ့ကတည်းက သည်ပြဿနာကို ဆက်၍ ကြားဝင်ပေးဖို့ မလိုတော့ချေ။ သူက အကောင်းဆုံးကြိုးစား ပေးပြီး ဖြစ်သည့်အတွက် သည်အရာက လုံလောက်နေခဲ့ ချေပြီ။

သည့်အပြင် ဝမ်လင်း စိတ်နှလုံးကို တုန်လှုပ်သွားစေ သည့် အရာက လျိုမေသည် အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်းပင် ဖြစ်၏။သည် ကျင့်ကြံမှုအဆင့်မျိုးက ဝမ်လင်းမျက်လုံးသူငယ်အိမ်ကိုပင် ကျုံ့သွားစေခဲ့သည်။

"ဒီလျိုမေရဲ့ ကျင့်ကြံမှုက ဒီအဆင့်ကို ဘယ်လိုလုပ် ရောက်သွားနိုင်ရတာလဲ။ ဒါက ဟွမ်မိသားစုဘိုးဘေးနဲ့များ ပတ်သတ်နေတာ ဖြစ်နိုင်လား...ဟုတ်တယ်...ဒီလိုပဲ ဖြစ်ရ ໑໖..."

ဝမ်လင်းအကြည့်က လျိုမေခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံကျ ရောက်သွား၏။

"သူမ ပတ်လည်မှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အချို့ ရှိလို့နေတုန်းပဲ။ဒါ့ကြောင့် လူတစ်ယောက်က သူ့ ကျင့်ကြံမှုအဆင့်ကို အတင်း တိုးမြင့်ပေးလိုက်တာ ဖြစ် မယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး ကျင့်ကြံမှုအဆင့် အတင်းမြင့် တင်ပေးမှုက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သပ်သပ် ကိုပဲ လုပ်ပေးလို့ရမယ်။ သူမရဲ့ နယ်ပယ်ကိုလည်း တူညီတဲ့ အဆင့်ရောက်အောင် လုပ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး..."

လျိုမေက ဝမ်လင်းကို စူးစိုက်ကြည့်ကာ ညင်သာစွာမေး လိုက်၏။ "ငါတို့ အရင်က တွေ့ခဲ့ဖူးကြလား..."

ဝမ်လင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "မတွေ့ဖူး :..."

လျိုမေက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီး နောက် နွေဦးလေပြေအလား အပြုံးတစ်ခုကို ထုတ်ဖော် လိုက်သည်။ သို့ရာတွင် ယင်အပြုံးက ဝမ်လင်း၏ အမြဲတမ်းတည်ငြိမ်နေသော အကြည့်ကို မည်သို့မျှ ပြောင်းလဲမသွားစေနိုင်ခဲ့ပေ။

"တော်လောက်ပြီ။ ငါ စိတ်မပြောင်းခင် ခု ထွက်သွား တော့..." ဝမ်လင်းအသံက အေးစက်လာ၏။ သူမ၏ သည်လိုအပြုံးမျိုးက သူ့ကို တော်တော်လေး စိတ်မသက် မသာ ဖြစ်စေခဲ့ပေ၏။ အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ် ပေါ်တွင်လည်း သူမက သည်လိုအပြုံးမျိုး ထုတ်ဖော်ခဲ့ဖူး ပေ၏။

လျိုမေမျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန်တို့ ဖြစ်ပေါ်သွား ကာ သူမက နူးညံစွာ ဆိုလာသည်။ "နင့်ကျင့်ကြံမှုအဆင့်က အံ့မခန်းအဆင့်ကို ရောက်နေလိမ့်မယ်လို့ ငါ မမျှော်လင့် ထားမိဘူး။ ဒါက ငါတောင် ဖြတ်မြင်နိုင်စွမ်း မရှိဘူး..."

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ လျိုမေထံသို့ အေးစက် စွာ ကြည့်၍ လှည့်ထွက်ရန် ပြင်၏။ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ သုံး ယောက်က သူ့အား ကိုယ်ပွားများနှင့် ပတ်သတ်၍ လိမ်ညာ ခဲ့ ကတည်းက သူ့က သည်ကိစ္စတွင် ဆက်လက် ပါဝင်ပေး ရန် မလိုအပ်တော့ချေ။

"ဝမ်လင်း...ငါက နင့်ကို မသိနိုင်ဘူးလို နင် တကယ် ထင်နေတာလား..."

လျိုမေ အသံထဲ၌ အေးစက်မှုတို့ ပါဝင်နေ၏။

ဝမ်လင်းက ရပ်တန့်ကာ ပြန်လှည့်လာသည်။ သည့်နောက် သူ့မျက်လုံးက လုံးဝ အေးစက်လာကာ သူက ပြောလိုက်သည်။ "ငါ့ကို လာစမ်းသပ်နေစရာ မလိုဘူး။ ငါက ဝမ်လင်းပဲ။ နင်က ငါ့ကို ဟင်္သာပြဒါးဂြိုဟ်မှာတုန်းက လို စိတ်ရှုပ်အောင် လိုက်နှောင့်ယှက်နေရင် ငါ နင့်ကို သတ် တဲ့အတွက် အပြစ်မတင်ပါနဲ့..."

ခုလက်ရှိ၌ လျိုမေစိတ်နှလုံးက သူမ အပြင်ပိုင်းအသွင် နှင့် အလွန်ကွာခြားနေခဲ့ပြီ ဖြစ်သည်။ ခုချိန်၌ သူမ နှလုံးသားက ဆူပွက်လို့နေ၏။ သူမက ဝမ်လင်းနှင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် လာရောက်ဆုံ ရလိမ့်မည်ဟု လုံးဝ စိတ်ကူးထားမိခြင်း မရှိပေ။သည့် အပြင် သူ့ကျင့်ကြံမှုအဆင့်က သူမ ထွင်းဖောက်မမြင်နိုင် သည့် အဆင့်သို့ ရောက်လို့နေသေး၏။

အတိတ်မြင်ကွင်း ပုံရိပ်များက သူမမျက်လုံးထဲ၌ တ ဖျပ်ဖျပ် ဖြစ်ပေါ်လို့သွားသည်။ သူမက ဝမ်လင်းကို စူးစိုက် ကြည့်နေရင်း သူမမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုများက ပို၍ အားကောင်းလာခဲ့သည်။ သူမက တိုးညင်းစွာ ပြော လိုက်၏။ "နင်ကလွဲလို့ ဒီလို အေးစက်စက် အကြည့်မျိုး ဘယ်သူမှာမှ မရှိဘူး။ နင်က နင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ အရာ အားလုံးကို ပြောင်းလဲထားရင်တောင် နင့် ဒီအေးစက်စက် အကြည့်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး..."

ဝမ်လင်းက လျိုမေကို အေးစက်စွာ ကြည့်၍ ပြောလိုက် သည်။ "ငါ နင့်ကို တစ်ကြိမ် ထပ်ပြောမယ်...ခု ထွက် :..."သွား..

လျိုမေက လှပသောအပြုံးတစ်ခုကို ထုတ်ဖောလိုက် သည်။ သည့်နောက် သူမမျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုများ က ပျောက်ကွယ်လို့သွားကာ မထူးခြားနားပုံစံက ပြန်လည် အစားထိုးဝင်ရောက်လာခဲ့သည်။ သူမက နူးညံ့စွာ ပြောလာ သည်။ "နင့်ကျင့်ကြံမှုအဆင့်က ငါ့ထက် ကျန်းသေပေါက် မြင့်မားမှာ မဟုတ်ဘူး။ နင်က နင့်ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်တဲ့ ရတနာတစ်ခုခု ရှိနေတာပဲ ဖြစ်ရမယ်။ ဒီနေ့ နင် ထွက်မသွားနိုင်တော့ဘူး..."

လေပြင်းတစ်ခုနှင့်အတူ မရဏလက်ချောင်းက ထိုးထွက် လာ၏။ လျိုမေအသွင်ကတော့ ပုံမှန်အတိုင်းပင် ရှိနေကာ သူမ၏ ကျောက်စိမ်းလိုလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို မြန်ဆန်စွာ ဖြစ်ပေါ်စေလိုက်ပြီး မရဏလက်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံ စေလိုက်သည်။ထိုအခါ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်သွား၏။ လျှပ်စီးအလင်းများက နေရာတိုင်း၌ တဖျပ်ဖျပ် လင်း လက်သွားကာ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ က ထိုအလင်းပြင်ပေါ်၌ ပေါ်လာခဲ့သည်။

လျိုမေက ခေါင်းယမ်းကာ တိုးညင်းစွာ ပြောလာသည်။ "ငါ ထင်တာ မမှားဘူး။ နင့်ကျင့်ကြံမှုအဆင့်က အာဏာ တက်ခြင်းအစောပိုင်းအဆင့်ပဲ ရှိသေးတယ်.."

ဝမ်လင်းအသံက မထူးခြားနားဟန်နှင့် ပြည့်နေကာ သူက ဖြည်းဖြည်းချင်း ဆိုလာသည်။ "ကျင့်ကြံမှုကို အတင်းမြှင့်တင်တဲ့အတွက် တန်ပြန်ဒဏ်တွေတော့ ရှိမှာပဲ။ ငါစိုးရိမ်တာက နင့်ဆရာမှာ တစ်ခြားရည်ရွယ်ချက်တွေ ရှိနေမှာကိုပဲ..."

လျိုမေက ယောင်ယောင်လေး ပြုံး၍ ပြောလိုက်သည်။ "ဘာပဲ ဖြစ်ဖြစ်ပါ။ နင် ဒီနေ့တော့ ထွက်သွားနိုင်စွမ်း မရှိတော့ဘူး။ နင်က အာဏာတက်ခြင်းအဆင့်ကို မရောက်ရှိခဲ့ ရင်တော့ ဒါက ကိစ္စရှိတော့မှာ မဟုတ်ဘူး။ဒါပေမဲ့ နင်က ခု လိုအဆင့် ရောက်လာတဲ့အတွက် ဟင်္သာပြဒါးဂြိုဟ်ပေါ်က ငါတို့ရဲ့ ရန်ကြွေးကို အဆုံးသပ်ကြရအောင်။ ငါက နင့်ကို လီမူဝမ်နဲ့အတူ ပြန်ပေါင်းထုတ်ခွင့် ပေးလိုက်မယ်..."

"နင် သေချင်နေတာပဲ..." ဝမ်လင်းက သိုလှောင်အိတ် ထဲမှ ကြယ်ခုနစ်ခုဓားအစီအရင်ကို ထုတ်ယူလိုက်သည်။ ၎င်းက အလင်းတန်းခုနစ်ခုအဖြစ်သို့ ပြောင်းလဲ၍ လျိုမေ ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

လျိုမေက သူမမျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရဦ အနီရောင်အလင်းတန်းတစ်ခုက သူမမျက်ခုံးကြားမှ ထိုး ထွက်လာခဲ့သည်။သည်အနီရောင်အလင်းက သူမခန္ဓာကိုယ် ကို ရုတ်တရက် ဝန်းရံသွားပြီး သူမအား အခြားအမျိုးသမီး တစ်ယောက်၏ အသွင်သို့ ပြောင်းလဲသွားစေသည်။

ထိုအမျိုးသမီးက အလွန်မောက်မာလှ၏။သူမမျက်လုံးက ကြမ်းကြုတ်နေ၏။သူမက အလွန်လည်းလှသည်။ ဖီးနစ်လို မျက်ဝန်းတစ်စုံက ဝမ်လင်းကို သတ်ဖြတ်ချင်စိတ်ဖြင့် ကြည့်လို့လာသည်။

"အနီရောင်လိပ်ပြာ..." ဝမ်လင်းမျက်လုံးထဲကနေ ရွှေရောင်အလင်းတစ်ခု ထုတ်လွှတ်လာသည်။

သည်အမျိုးသမီးက အနီရောင်လိပ်ပြာပင်။

အနီရောင်လိပ်ပြာက ဝမ်လင်းကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ဆိုလာ၏။ "ငါတို့ကြားက ရန်ကြွေးက သေတဲ့ အထိပဲ..."

ထိုသို့ပြောပြီးသည့်နောက် သူမက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အနီရောင်နှင်းဆီပန်းတစ်ပွင့် ပေါ်လာခဲ့ တော့သည်။ သူမက ၎င်းပန်းကို ရှေ့သို့ ပစ်လွှတ်လိုက်ရာ ပွင့်ချပ်များက ပြန့်ကျဲလို့သွားသည်။ထိုပွင့်ချပ်များက ဝမ် လင်းထံသို့ ထူးဆန်းသောအားတစ်ခုနှင့်အတူ ဝဲလွင့် လာ၏။

"ဒါက ဘယ်လို မန္တာန်မျိုးလဲ…" ဝမ်လင်းက မျက်လုံး သူငယ်အိမ်ပင် ကျုံ့မိသွားသည်။ သူ့ရှေ့ရှိ လျိုမေက ရုတ်တရက် အနီရောင်လိပ်ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ ချေပြီ။ဝမ်လင်းနတ်ဘုရားအာရုံကြောင့် သူက သည် အမျိုးသမီးသည် လျိုမေ၏ အော်ရာ တစ်စက်ပင်မရှိသော အနီရောင်လိပ်ပြာ စစ်စစ်ဖြစ်နေကြောင်း သေချာသွား၏။

ပွင့်ချပ်များကို ရင်ဆိုင်ရန် ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။အတွေးတစ်ချက်ဖြင့်ပင် ကြယ်ခုနစ်ခုဓားအစီအရင်က နီးကပ်သွားသည်။ ဓားခုနစ် လက်က စက်ဝန်းအသွင် ဖြစ်ပေါ်ပြီး မြန်ဆန်စွာ လှည့်လည်ပြီး ပြင်းထန်သော ဓားလေပြင်းကို ဖြစ်စေကာ ပန်းပွင့်ချပ်များကို ပျက်စီးသွားစေသည်။

အနီရောင်လိပ်ပြာ၏မျက်လုံးထဲရှိပို၍ပင် အားကောင်းလာကာ သူမ လက်ချောင်းကို ဆက် မောက်မာမှုက ခနဲ တောက်ထုတ်လိုက်ပြန်၏။ထိုအခါ ပန်းပွင့်ဝတ်ဆံက ပျံသန်းထွက်သွား၏။ သူမဘယ်လက်ဖြင့် အကြိမ် အနည်းငယ် ညွှန်လိုက်သည့်အခါ ပန်းဝတ်ဆံသည် ရုတ်တရက် မှော်စာလုံးတစ်ခုအဖြစ်သို့ ပေါင်းဖွဲ့သွားသည်။ သူမက သူမလက်ကို အောက်သို့ ဖိချလိုက်ပြီး ထိုစာလုံးကို ချက်ခြင်း ပျံသန်းထွက်သွားစေသည်။မှော်စာလုံးက မြန်ဆန်စွာ ချဲ့ထွက်လာပြီး ပေတစ်ထောင်ကျော်ကျယ်ဝန်း သည့် အထိ ဖြစ်လာကာ ဝမ်လင်းအပေါ်သို့ ဧရာမတောင် ကြီးတစ်ခုအလား ဖိနှိပ်ကျလာ၏။

ဝမ်လင်းမျက်လုံးများက အေးစက်လာကာ သူက ညာ လက်ကို ပင့်မြှောက်၍ ကောင်းကင်ထက်သို့ ညွှန်လိုက် သည်။ မိုးကြိုးလျှပ်စီးတန်းတစ်ခုက ကောင်းကင်ထက်၌ ဖြတ်သန်းသွားကာ တစ္ဆေလောကမြစ်က ရုတ်တရက် ပေါ်လာပြီး မှော်စာလုံးကို ရိုက်ခတ်ချေမွလာခဲ့သည်။ တစ္ဆေ လောကမြစ်က နီရဲလို့နေ၏။ဝမ်လင်း ထိန်းချုပ်မှုအောက်၌ တစ္ဆေလောကမြစ်သည် မာန်ဖီသောနဂါးတစ်ကောင်ကဲ့သို့ အနီရောင်လိပ်ပြာအား ချက်ခြင်း ဝန်းရံလာခဲ့သည်။သူမ တစ်ကိုယ်လုံးကို တစ္ဆေလောကမြစ်ထဲသို့ ဆွဲသွင်းလုမ တက်ပင်။

အနီရောင်လိပ်ပြာမျက်လုံးများက အလွန်တောက်ပလာ ပြီး သူမက တည်ငြိမ်စွာ ပြောလိုက်သည်။ "တာအိုစိတ် ဆန္ဒ...နင်က နင့်ကိုယ်ပိုင်တာအိုတောင် ပိုင်ဆိုင်ထားတာပဲ..

ဝမ်လင်းက အေးစက်စက် နှာခေါင်းရှုံ့၏။ တစ္ဆေလောက မြစ်က ရွှေ့လျားနေခြင်းနှင့်အတူ ကောင်းကင်သည် နက် မှောင်လာခဲ့သည်။ တစ္ဆေလောကမြစ်အတွင်း၌ လျှပ်စီးများ က တလက်လက် ဖြစ်ပေါ်နေကာ ပို၍ စွမ်းအားကောင်း အောင် ပြုလုပ်ပေးနေ၏။

အနီရောင်လိပ်ပြာက သေခြင်းရှင်ခြင်းအခိုက်အတန့်ကို ခံစားမိလိုက်ကာ သူမလက်ကို မျက်ခုံးနှစ်ခုကြားထဲသို့ ညွှန် လိုက်ပြန်၏။ သည်တစ်ကြိမ်၌ အဝါရောင်အလင်းတစ်ခုက သူမခန္ဓာကိုယ်အား ဝန်းရံလို့သွားသည်။ ၎င်းက ပျောက် ကွယ်သွားချိန်၌ ပိန်သွယ်သွယ်ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ ချေသည်။

"ဦးလေး..."

သည်စကားလုံးက ထူးဆန်းသောစွမ်းအား တစ်ခု ပါဝင် နေကာ ဝမ်လင်း၏ တစ္ဆေလောကမြစ်ကို ရုတ်တရက် တန့် သွားစေသည်။

"ကျိုးယု..."

ထိုပိန်သွယ်သွယ်ပုံရိပ်က ကျိုးယုပင်။သူမက ဝမ်လင်းကို မျက်လုံးအပြူးသားနှင့် မဝံ့မရဲ ကြည့်လို့နေ၏။ သူမမျက်နှာ ပေါ်တွင်လည်း ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။

"ဦးလေး...နောက်ဆုံးတော့ ငါ နင့်ကို ရှာတွေ့နိုင်ခဲ့ပြီ။ "ကျေးဇူးပြုပြီး ငါ့ကို ထပ်ပြီး ပစ်မသွားပါနဲ့တော့နော်... σφδ..."

ဝမ်လင်းမျက်လုံးထဲ၌ နာကျင်ဟန်တို့ ဖြစ်ပေါ်လာကာ သူက လှမ်းအော်သည်။ "တော်လောက်ပြီ...လျိုမေ..."

တစ္ဆေလောကမြစ်က တဝီဝီလှည့်ပတ်လာကာ ကျိုးယု သည်လည်း အထဲသို့ ဆွဲချခြင်း ခံလိုက်ရသည်။ကျိုးယု မျက်လုံးများက ကြောက်လန့်မှု စိတ်ရှုပ်ထွေးမှုတို့နှင့် ကြည့် နေကာ ဝမ်လင်းကို ကြည့်နေ၏။ သူမမျက်လုံးထဲမှ မျက်ရည်များပင် စီးကျလာကာ တိုးညင်းစွာ ပြောလာ၏။ "ဦးလေး.. ဦးလေးက ယုအာကို သတ်ချင်နေတာလား.."

“ဒါက အတုအယောင်ပဲ..." ဝမ်လင်းက အသက်ဝဝရှူ ကျိုးယု သွင်းလိုက်၏။ သူ့နှလုံးသားက ပြတ်သားလာခဲ့သည်။ တစ္ဆေလောကမြစ်က သတ်ဖြတ်ဖို့အတွက် ခန္ဓာကိုယ်ထံသို့ တရကြမ်းတိုးဝင်သွားသည်။ သူမက တစ္ဆေလောကမြစ်ထဲသို့ လုံးဝ နစ်မြုပ်လုလုဆဲဆဲ ဖြစ် နေ၏။

ထိုအခိုက်အတန့်မှာပင် တိုးညင်းအားပျော့သော့ အသံ တစ်ခုက ပဲ့တင်ထပ်လာပြန်သည်။

"ထေ့ကျူး..."

(ဘာသာပြန်သူမှတ်ချက်..ထေ့ကျူးက ဝမ်လင်းမိဘနှစ် ပါး ပေးထားသည့် သူ့ အိမ်နာမည်၊ငယ်နာမည်ပင် ဖြစ်သည်)

ထိုတိုးညင်းသောအသံက ဝမ်လင်းခန္ဓာကိုယ်ထဲ၌

ခေါင်းလောင်းထိုးသကဲ့သို့ ပဲ့တင်ထပ်လို့နေသည်။ သူက တစ္ဆေလောကမြစ်ထဲကနေ သူ့ကို ကြင်နာစွာ ကြည့်နေ သော နှစ်ပေါင်းရှစ်ရာကျော် သူနှင့် ခွဲခွာခဲ့ရသော သူ့အမေ ကို မြင်နေရသည်။

ဝမ်လင်း နှလုံးသားက တုန်ယင်နေ၏။

သူ့လက်က တုန်ယင်နေ၏။သည့်နောက် တစ္ဆေလောက မြစ်က ပျက်စီးသွားကာ မည်သို့မျှ မရှိသကဲ့သို့ ပျောက်ကွယ် သွားလေသည်။

"ဒါလည်း အတုအယောင်ပဲ..." ဝမ်လင်းမျက်လုံးက နီရဲ တက်လာ၏။

"အတုအယောင်...ဝမ်လင်း...ငါ့ ပုံရိပ်တစ်သောင်း ကောင်းကင်နတ်ဆိုးတာအိုကြောင့် သူတို့က အစစ်အမှန် ကော အတုကော ဖြစ်တယ်..." လျိုမေအသံက ပုံရိပ်ယောင် ဆန်ကာ အရပ်မျက်နှာအနှံ့ကနေ ထွက်ပေါ်လို့နေသည်။ ကျိုးယုနှင့်

အနီရောင်လိပ်ပြာတို့သည်လည်း လေဟာနယ်ထဲကနေ ထွက်ပေါ်လာပြန်၏။ တစ်ချိန်တည်း မှာပင် ဝမ်လင်းအဖေကလည်း ထွက်ပေါ်လာက သူ့အား နူးညံ့စွာ ကြည့်နေသည်။

"ဝမ်လင်း...မင်း ငါ့ကို မှတ်မိသေးရဲ့လား…" ထိုအသံနှင့် အတူ သူ့ညီကို ဝမ်ကျိုးကလည်း ထွက်ပေါ်လာ၏။ သည့် အပြင် အဘိုးအိုတစ်ယောက်လည်း ထွက်ပေါ်လာ ပြန်သည်။

"တပည့်...မင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရဲ့ အောင်မြင်မှုကို ပြန်ရအောင် လုပ်ပေးဖို့ မေ့နေတာလား.." သွန်းထျန်၏ ပုံရိပ်ကလည်း လေဟာနယ်ထဲကနေ ထွက် ပေါ်လာပြန်သည်။

သိပ်မကြာခင်တွင် ဝမ်လင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော ပုံ ရိပ်များအားလုံးက တစ်ယောက်ပြီး တစ်ယောက် ထွက် ပေါ်လာကြ၏။ သူတို့အကြည့်များကလည်း ခြားနားလို့ နေသည်။ တစ်ချို့က စိတ်ရှုပ်ထွေးနေသောအကြည့်၊ တစ်ချို့ က ပျော်ရွှင်နေသောအကြည့်၊ တစ်ချို့က ဝမ်းနည်းနေသော အကြည့်...စသဖြင့် ရှိလို့နေကြသည်။

ကောင်းကင်ထက်၌ အပြာရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်ထွက်လာကာ အမျိုးသမီးတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ ထိုအမျိုးသမီးကတော့ လီမူဝမ်ပင်။

လီမူဝမ်က ဝမ်လင်းကို နူးညံ့ကြင်နာစွာ ကြည်၍ တိုး ညင်းစွာ ဆိုလာသည်။ အတုအယောင်လား..."

"ဝမ်လင်း...ငါကရောင်

သူမက ဝမ်လင်းအမေဘေးတွင် ရပ်လို့နေသည်။ထိုပုံစံ က အမေနှင့်သမီးက ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်နေ သကဲ့သို့ပင်။

"ပုံရိပ်တစ်သောင်းကောင်းကင်နတ်ဆိုးတာအို..." ဝမ် လင်းက သူ့ရှေ့ရှိ သူနှင့် ရင်းနှီးသောပုံရိပ်များကို ကြည့်နေ ရင်း သူ့မျက်လုံးထဲ၌ နာကျင်မှုတို့ ဖြစ်ပေါ်နေသည်။ သူက မျက်လုံးမှိတ်ကာ ပြောလိုက်သည်။ "ပုံရိပ်တစ်ထောင် ကောင်းကင်နတ်ဆိုးတာအိုက ကောင်းကင်နတ်ဆိုးမိစ္ဆာ တစ်ကောင် ခန္ဓာကိုယ်ထဲ တိုးဝင်လာပြီး အဲ့လူရဲ့ မူလစိတ် ဝိညာဉ်ကို မီးမြှိုက်ပြီး သူ့စိတ်နဲ့ခန္ဓာကို လောင်ကျွမ်းစေ တာနဲ့ တူတယ်။ လျိုမေ...နင်က ငါ့အပေါ်ဘယ်လောက် တောင် များတဲ့ အမုန်းတရားတွေ စုဆောင်းထားရတာ လဲ..."

သူ့ပတ်လည်ရှိ ပုံရိပ်တိုင်းက ရုတ်တရက် အစိမ်းရောင် အခိုးငွေ့အဖြစ်သို့ ပြောင်းလဲသွားကာ ဝမ်လင်းခန္ဓာကိုယ်ထဲ သို့ တရပ်ကြမ်း ဝင်ရောက်လို့လာသည်။ 

လျိုမေရဲ့ အထူးရတနာ...(နောက်တစ်ပိုင်း)

ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲ၌ ကြည်လင်မှုတို့ ရှိလာခဲ့ပြီ ဖြစ်သည်။ သူ့မျက်လုံးထဲ၌ နာကျင်မှုတို့ ရှိနေသေးသော်လည်း သူက ကမ္ဘာလောက ကြီးကို ဖြတ်မြင်နိုင်စွမ်း ရှိလာသကဲ့သို့ ဖြစ်၏။

သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ မြူလွှာတစ်ခု ပေါ်ထွက်လာ၏။ ထိုမြူလွှာက သူ့ခန္ဓာကိုယ်ထဲသို့ အစိမ်း ရောင်အခိုးငွေ့များအဖြစ် ဝင်ရောက်သွားသည့်အရာပင် ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုး နဂါး၏ အစိတ်အပိုင်းတစ်ခု ပါဝင်နေခဲ့သည်။ထို့ကြောင့် ကောင်းကင်ဘုံမိုးကြိုး၏ စွမ်းအားလည်း ပါဝင်နေသည် သာ ဖြစ်သည်။ သည်ပုံရိပ်ယောင်တစ်သောင်းကောင်းကင် နတ်ဆိုးတာအိုက သူ့မူလစိတ်ဝိညာဉ်ကို လောင်ကျွမ်းသွား စေနိုင်ဖို့ မလုံလောက်သေးချေ။

သည်မြူကို ကြည့်နေရင်း ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ဟန် ပြု၏။သည့်နောက် သူက ၎င်းကို ဖျက်စီး လိုက်ချေသည်။ "နင့်ကျင့်ကြံမှုအဆင့်က အတင်း တိုးမြှင့်ခြင်း ခံရတာ ဖြစ်တဲ့အတွက် နင့်နယ်ပယ်အပေါ် နားလည်မှုက ဒီအဆင့် အတွက် လုံလောက်မှု မရှိသေးဘူး။ဒါက နင့်ရဲ့ သိသိသာသာ အားနည်းချက်ပဲ..."

သူက ထိုမြူကို ဖျက်စီးလိုက်သည့်အခိုက်တွင် ခပ်အုပ် အုပ် ညည်းတွားသံ တစ်သံက လေဟာနယ်ထဲကနေထွက် ပေါ်လာသည်။ ထိုအသံ ထွက်ပေါ်လာပြီးနောက် အကွာ အဝေးတစ်ခုတွင် လျိုမေပုံရိပ်သည်လည်း ထွက်ပေါ်လာ ခဲ့၏။ သူမမျက်နှာက ဖြူရောနေကာ ဝမ်လင်းကို စူးစိုက် ကြည့်နေသည်။ သူမမျက်လုံးများက အမုန်းတရားနှင့် ပြည့် နေကာ နာကျင်စွာ ပြောလာသည်။ "နင်က တကယ့်ကို ဝမ် လင်းပဲ...ရက်စက်တက်တဲ့နှလုံးသားနဲ့ လူတစ်ယောက်ပဲ..

"ငါက ရက်စက်ပြီး အကြင်နာမဲ့တဲ့လူ မဟုတ်ဘူး...နင် ကသာ အဲ့လိုလူစားမျိုး ဖြစ်တယ်..."

ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်ထွက် လို့နေ၏။

လျှိုမေက နာကျင်စွာ ဆက်၍ ပြောလာသည်။ "ငါက ငါ့ တာအိုပေါ်မှာဘဲ ငါ့ဘဝကို အာရုံစိုက်ထားခဲ့တယ်။ဒါပေမဲ့ နင်က နယ်ပယ်စိတ်ဝိညာဉ်ကို အသုံးပြုပြီး ငါ့ အပျိုစင် ခန္ဓာကိုယ်ကို ဖျက်စီးခဲ့တယ်။ နင်က ဒီအတွက် ဘယ်လို များ ရှင်းပြမလဲ..."အရင်က သူမ၏ တည်ငြိမ်မှုများအားလုံးသည် ပျောက် ကွယ်သွားတော့သည်။ သူမမျက်လုံးထဲရှိ အမုန်းတရားက လည်း ပို၍ အားကောင်းလာခဲ့တော့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သည်အရာက သူ မစဉ်းစားကြည့်လိုသော မှတ်ဉာဏ်တစ်ခုပင်။ သူ့မျက်လုံး များက အေးစက်လာကာ သူက ပြောလိုက်သည်။ "နင်က အရင်ဆုံး ငါ့အပေါ်မှာ လုပ်ဆောင်ခဲ့တာ။ ဒါ့အပြင် နယ်ပယ်စိတ်ဝိညာဉ်ကိစ္စကလည်း မတော်တဆ တစ်ခုသာ ဖြစ်တယ်..."

"မတော်တဆ...ဟုတ်လား..." လျိုမေက စတင် ရယ်မောလေ၏။ သူမ ရယ်သံက ကျယ်သထက် ကျယ်လာ ကာ ဆိုးဆိုးရွားရွား ဖြစ်လာခဲ့သည်။ သူမက လူတိုင်း၏ ရှေ့၌ သူမ၏ ပုံရိပ်ယောင်တစ်သောင်းကောင်းကင်နတ်ဆိုး တာအို စိတ်အင်အားကို ထိန်းသိမ်းထားနိုင်စွမ်း ရှိ၏။ သို့ရာတွင် သူက အခု သူမရှေ့ရှိ လူနှင့် တွေ့သည့်အခါတွင် တော့ သူမ ထိုသို့ မလုပ်နိုင်တော့ချေ။

"နင်က ဒီကိစ္စကို မတော်တဆလို့ အဖြေပေးခဲ့တယ်။ ကောင်းပြီ...ငါလည်း နင့်ကို နောက်ထပ် မတော်တဆ တစ် ခု ထပ်ပြီး ပေးရတော့မှာပေါ့..."

သူမအမုန်းတရားထဲ၌ နာကျင်မှု အရိပ်အယောင်တစ်ခု ပါ ရောယှက်ရှုပ်ထွေးလို့နေသည်။ သူမက သိုလှောင်အိတ် ကို ထိလိုက်၏။ ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်ဘုံ သက်တော်စောင့်က သူ့ရှေ့သို့ ရုတ်တရက် ပေါ်လာကာ လျို မေထံသို့ လှမ်းသွား၏။

လျိုမေက ညာလက်ကို ပင့်မြှောက်ကာ သိုလှောင်အိတ် ကို ဖွင့်လိုက်၏။ ထိုအခါ သိုလှောင်အိတ်ထဲမှ အနက်ရောင် မြူတစ်ခုက ထိုးထွက်လာပြီး မွန်းစတားဆန်သော မကျေမ ချမ်းဖြစ်မှုကပါ ပေါက်ကွဲထွက်လာချေသည်။

သည်မကျေမချမ်းဖြစ်မှုက ကောင်းကင်ကိုပင် တုန်လှုပ် စေနိုင်၏။

သည် မကျေမချမ်းဖြစ်မှုက အားကောင်းလွန်းလှ၏။ ၎င်း က စတင် ပျံ့နှံ့လာရင်း တစ္ဆေငြီးသံများကပါ သည် ငါး ကီလိုမီတာအတွင်း၌ စတင် ပေါ်ထွက်လာခဲ့သည်။

စူးရှရှ အသံများက ထိုမြူထဲကနေ ပေါက်ကွဲထွက်လာခဲ့ သည်။ အနက်ရောင်မြူက မြန်ဆန်လွန်းလှစွာဖြင့် ကောင်းကင်ဘုံသက်တော်စောင့်ကို ကျော်ဖြတ်ကာ ဝမ် လင်းထံသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

ဝမ်လင်းက ထိုအနက်ရောင်မြူကို စူးစိုက်ကြည့်နေရင်း သူ့အသွင်က ပုံမှန်အတိုင်းသာ ရှိလို့နေ၏။ ၎င်းက နီးကပ် လာသည့်အခါတွင် သူက သူ့လက်ကို ဓားတစ်လက်အသွင် ပြောင်း၍ ရှေ့သို့ ထိုးစိုက်ကာ လေကြမ်းတစ်ခု ဖန်တီးလိုက် သည်။ သည်လေပြင်းက အနက်ရောင်မြူကို တိုက်ခတ် သွားရာ နက်မှောင်နေသော မျက်လုံးတစ်စုံ ပေါ်ထွက်လာ ခဲ့၏။

ဝမ်လင်းအကြည့်က ထိုမျက်လုံးပေါ်သို့ ကျရောက်သွား သည့်အခိုက်တွင် သူက မှင်သက်လို့သွားသည်။ မျက်လုံးက လုံးဝ တိမ်ဖြင့်ဖုံးနေကာ မည်သည့်အလင်းဓာတ်မှ ရှိမနေ ဘဲ မွန်းစတားဆန်သော မကျေမချမ်းဖြစ်မှုသာ ရှိလို့ နေသည်။

သို့ရာတွင် ဝမ်လင်းက ထိုမျက်လုံးတစ်စုံကို တွေ့မြင် လိုက်ရချိန်ပ သူ့စိတ်က တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်က လည်း သဟဇာတဖြစ်မှုတို့ ပြည့်နှက်လာခဲ့သည်။ သူ့နား ထဲ၌ မိုးကြိုးထောင်ချီ ပစ်ချလိုက်သလို ခံစားရကာ ဝမ် လင်းခန္ဓာကိုယ်က တုန်ယင်လာခဲ့သည်။ သူက သူ့ လက်ချောင်းကို အလိုလို ပြန်ရုတ်သိမ်းမိလိုက်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး အနက်ရောင်မြူ ကို စူးစိုက်ကြည့်နေသည်။

"ဒါ…ဒါက…" ဝမ်လင်းစိတ်နှလုံးထဲ၌ ကြောက်မက် ဖွယ် နာကျင်မှုတစ်ခု ပေါ်ထွက်လာ၏။ သူက အနက်ရောင် မြူသို့ ကြည့်နေရင်း သူ့မျက်လုံးက နီရဲလာခဲ့သည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံသက်တော်စောင့်ကို ပါ ပြန်ဆင့်ခေါ်လိုက်သည်။ ယင်းသက်တော်စောင့်က အရိပ်ကြီးတစ်ခုအဖြစ်ပြောင်း၍ အနက်ရောင်မြူကို အခြား အရာများမှ ကာကွယ်ပေးသည့်သဘောဖြင့် ဝန်းရံထား လိုက်တော့သည်။ ဝမ်လင်းမျက်နှာက ကြမ်းကြုတ်မှုနှင့် ပြည့်လာကာ သူက လျိုမေကို လှမ်း၍ အော်လိုက်၏။ "ဒီမြူထဲမှာ ဘာရှိနေတာလဲ..."

လျိုမေက ပြုံးလိုက်၏။ သို့သော် သူမမျက်လုံးထဲ၌ နာကျင်မှုတို့ ပြည့်နေသည်။ သည့်နောက် သူမက ဝမ်လင်း ကို ကြည့်ကာ အားပါးတရ ပြုံး၍ ပြောလာသည်။ "နင်က ဒါကို ဘာမှန်း မသိဘူးလား...။မဟုတ်သေးဘူး။ နင့် ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် နင်က ဒါကို ဘယ်အရာမှန်း သိကို သိရလိမ့်မယ်..."

"သေမျိုးတွေကြားမှ ဒဏ္ဍာရီ ပြောစကား တစ်ခုရှိတယ်...။ လူတစ်ယောက် သူ့ကလေးတွေကို လက်လွှတ် လိုက်ရင် အဲ့ကလေးတွေရဲ့ စိတ်ဝိညာဉ်က ပျောက်ပျက်မ သွားဘဲ အမြဲတမ်း အဲ့လူရဲ့ နောက်ကို လိုက်ပါပြီး သူ့ကို စောင့်ကြည့်နေလိမ့်မယ် တဲ့။ ပြီးရင် အဲ့ ကလေးတွေရဲ့ စိတ် ဝိညာဉ်က တစ်ခုခုကို ပြောနေလိမ့်မယ်…ဒါပေမဲ့ အဲ့လူ ကတော့ ကြားနိုင်မှာ မဟုတ်ဘူး။ သူ သေခါနီး အချိန်ကြမှ သာ သူက သူ့ကလေးစိတ်ဝိညာဉ်တွေရဲ့ ပြောတဲ့စကားကို ကြားနိုင်လိမ့်မယ်။ အဲ့စကားကတော့ ‘အဖေ..အဖေက ဘာလို့ ငါ့တို့ကို မလိုချင်တာလဲ' ဆိုတာပဲ ဖြစ်တယ်..."

လျိုမေ့အသံက အနည်းငယ် ထူးဆန်းနေ၏။ ရူးသွပ်မှု အရိပ်အမြွက်ပင် သူ့အသံထဲ၌ ရှိလို့နေ၏။

"ငါက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဒီကလေးကို ရာစုနှစ် တစ်ခုစာလောက် သန့်စင်ခဲ့ပြီး နောက်ဆုံးမှာ သူက မကျေ မချမ်းမှုပြည့်နေတဲ့ စိတ်ဝိညာဉ်တစ်ခု ဖြစ်လာခဲ့တယ်။သူ့ မှာ အသိစိတ်ရှိလာတဲ့အချိန်မှာ ငါက သူ့ကို နင့်အဖေက နင့်ကို စွန့်ပစ်သွားခဲ့တာ ဆိုတဲ့ စကားကို ထပ်ကာထပ်ကာ ပြောနေခဲ့တယ်။ ဒီကလေးရဲ့ အဖေနာမည်ကတော့ ဝမ် လင်းလို့ ခေါ်တယ်..."

"ဝမ်လင်း...နင်က ငါ့တာအိုနှလုံးသားကို ဖျက်စီးခဲ့ တယ်။ ငါ့နယ်ပယ်ကို ဖျက်စီးခဲ့တယ်။ ငါ့ခန္ဓာကိုယ်ကို လည်း ယူဆောင်ခဲ့တယ်။ ဒါတွေအားလုံးက မတော်တဆ လို့ နင်ပြောရင် ငါကလည်း နင့်အတွက် အထူးရတနာတစ် ခု ပြန်ပေးရမှာပေါ့..."

ဝမ်လင်းက တိတ်ဆိတ်ကာ စဉ်းစားနေ၏။ သူက လုံးလုံးလျာလျာ တိတ်ဆိတ်လို့နေသည်။ သူ့ခန္ဓာကိုယ်ထဲရှိအသက်ဓာတ်အားလုံးကို ယူဆောင်ခြင်းခံလိုက်ရကာ သူ့ တွင် အဆုံးမဲ့သေဆုံးခြင်းဓာတ်တစ်ခုသာ ရှိနေတော့ သကဲ့သို့ တိတ်ဆိတ်နေခြင်းပင်။

သူ့စိတ်ထဲတွင် လီမူဝမ် ပြန်ရှင်သန်နိုင်မည့် မျှော်လင့်ချက်တစ်ခုကို ရှာတွေ့ချိန်က တုန်လှုပ်မှုမျိုးလည်း ရှိလို့မနေတော့ချေ။ ထျန်ဟွယွမ်ကို ရင်ဆိုင်ချိန်ကလိုမျိုး ရူးသွပ်ပေါက်ကွဲမှုမျိုးလည်း ရှိမနေတော့ချေ။ ယုတ်စွအဆုံး သူ့တွင် သေရေးရှင်ရေးရင်ဆိုင်ရချိန်၌ ရှိသော အဆုံးစွန် သောအာရုံစိုက်မှုမျိုးပင် ရှိလို့မနေတော့ချေ။ ဝမ်လင်း တိတ်ဆိတ်လျက်သာ ရှိလို့နေတော့၏။ သူက အလွန်တိတ်ဆိတ်နေခြင်းသည် အလွန်ကြောက်နေမိခြင်း လည်း ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးပင် ရပ်တန့်နေသကဲ့သို့ အရာ အားလုံးက တိတ်ဆိတ်လို့သာနေ၏။

ကောင်းကင်ဘုံသက်တောင်စောင့် ဖန်တီးထားသည့် အရိပ်ဝန်းရံထားသော မြူထဲကို ကြည့်နေရင်း ဝမ်လင်း မျက်လုံးက တစ်ခုခုကို ထွင်းဖောက်မြင်လိုက်ရသကဲ့သို့ ထင်မှတ်ရ၏။ သူက အားပျော့သောပုံရိပ်တစ်ခုကို တွေ့မြင် လိုက်ရသည်။

ထိုပြင်းထန်သော၊အားကောင်းသော မကျေမချမ်းဖြစ်မှု စိတ်ဆန္ဒကလည်း ဝမ်လင်းအကြည့်ကို ရပ်တန့်နိုင်ခြင်း မ ရှိပေ။

အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက တိုးညင်းစွာ ဆိုလာ၏။ "ကျေးဇူးတင်ပါတယ်..."

လျိုမေက မှင်သက်သွား၏။ သူမက ဝမ်လင်းကို ကြည့် နေရင်း နှာခေါင်းရှုံ့၍ ဆိုသည်။ "ဝမ်လင်း...နင့်နှလုံးသား က နာကျင်ကိုက်ခဲမှုကို မခံစားရဘူးလား..."

ဝမ်လင်းက လျိုမေကို ကြည့်ပင် မကြည့်ပေ။ သူက မြူ ထဲရှိ ပုံရိပ်ကိုသာ ကြည့်နေရင်း ခပ်တိုးတိုး ပြောလာ၏။ "နင်က သူ့ကို မကျေမချမ်းမှုနဲ့ ပြည့်နက်နေတဲ့ စိတ်ဝိညာဉ် ဖြစ်လာဖို့ သန့်စင်မွန်းမံခဲ့တယ်ဆိုရင် ငါကလည်း သူ့ကို 
ပြန်ပြောင်းလဲ ပေးနိုင်တယ်။ ဒါက နှစ်ထောင်ချီ၊...နှစ် သောင်းချီ ဘယ်လောက်ကြာကြာ။ သူ့ကို ငါ့ရှိ ပြန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..."

သည်အရာများအားလုံးက လျိုမေ၏ မျှော်လင့်ထားမှု ထက် ကျော်လွန်နေသည်။သူမက နှာခေါင်းရှုံ့ကာ ပြော လိုက်သည်။ "သူက ပြန်မကောင်းနိုင်တော့ဘူး...သူ့ကို မ ကျေမချမ်းဖြစ်နေတဲ့ စိတ်ဝိညာဉ်အဖြစ် လုံးဝပြောင်းလဲ ဖို့...ငါက..."

လျိုမေစကား မဆုံးသေးခင်မှာပင် ဝမ်လင်းက တိုးညင်း စွာ ပြောလိုက်သည်။ "ငါက ဖြစ်နိုင်တယ်လို့ ပြောရင် ဒါက ဖြစ်နိုင်လို့ပဲ..."

သည့်နောက် သူ့အကြည့်က လျိုမေထံသို့ ကျ ရောက်လာ၏။သူ့အကြည်ထဲ၌ မည်သည့်တည်ငြိမ်မှုမှ ရှိမ နေတော့ဘဲ သတ်ဖြတ်ချင်စိတ်က အစားထိုးဝင်လာခဲ့ သည်။ ထျန်ဟွယွမ်ကလဲ၍ မည်သူအပေါ်ကိုမျှ ဝမ်လင်းက ခုလောက် သတ်ဖြတ်ချင်စိတ် ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

(ထျန်ဟွယွမ်= အတိတ်တုန်းက ဝမ်လင်းမိဘများကို သတ်ခဲသည့်သူ၊ထို့အတွက်ကြောင့် ဝမ်လင်းက သူ့ထျန် မိသားစုတစ်ခုလုံးကို အမြစ်ဖျက် ပြန်သုတ်သင်ခဲ့ပေသည်)

"ခု နင့်အလှည့်ပဲ..."

ဝမ်လင်းအသံက အေးစက်နေခြင်း မရှိပေ။သို့သော် ထို အသံက ပတ်ဝန်းကျင်ကို ဆောင်းတွင်းအလား အေ စက်သွားစေအောင် ပြုလုပ်ခဲ့သည်။ သူက ရှေ့သို့ ခြေတစ် လှမ်းတိုးလာကာ သူ့လက်မကို ဖိနှိပ်လိုက်၏။ တစ္ဆေ လောက လက်ချောင်းက ရုတ်တရက် ပေါ်ထွက်လာခဲ့ချေ သည်။

ကောင်းကင်ထက်၌ ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ဖြစ်ပေါ်သွားကာ တစ္ဆေလောကမြစ်သည် နောက်တစ်ဖန် ပေါ်လာပြီး ဝမ်လင်း လက်ချောင်းနှင့် ပေါင်းစပ်သွား၏။ တစ္ဆေလောကမြစ်မှ ဖြစ်တည်လာသော တစ္ဆေလောက လက်ချောင်းက ပျံသန်းထွက်လာကာ လျို မေထံသို့ တိုက်ရိုက် တိုးဝင်သွားလေသည်။

လျိုမေက နောက်သို့ ဆုတ်၏။ သူမက ထိုသို့ ဆုတ်နေ ရင်း သိုလှောင်အိတ်ထဲမှ ကြီးမားသည့် ကြေးမုံဟောင်းတစ် ခုကို ထုတ်ယူလိုက်သည်။ ထိုရတနာက ဟွမ်မိသားစုဘိုး ဘေး သူမကို ပေးထားခဲ့သော လက်ဆောင် ဖြစ်သော အဆင့်နိမ့်ကောင်းကင်ဘုံရတနာပင် ဖြစ်ချေ၏။

တစ္ဆေလောက လက်ချောင်းက ကြေးမုံပေါ်သို့ ကျ ရောက်လာချိန်၌ ၎င်းက အက်ကွဲပေါက်ထွက်ကုန်သည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းက ရှေ့သို့ တိုးလာရင်း ကြယ် ခုနစ်ခုဓားအစီအရင်က လျိုမေကို ဝန်းရံလိုက်သည်။ ဝမ် လင်းက အော်သံ ပြုလိုက်ရာ ဓားအလင်းတန်းခုနစ်ခုက ပျံသန်းထွက်လာခဲ့သည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ပဲ ရှိပြီး လုံလောက်တဲ့ နယ်ပယ် နားလည်မှု မရှိတဲ့ အတုအယောင် အာဏာတက်ခြင်း နောက်ဆုံးအဆင့်ကျင့်ကြံသူက အာဏာတက်ခြင်းအလယ် အဆင့်ကျင့်ကြံသူနဲ့တောင် ယှဉ်နိုင်မှာ မဟုတ်ဘူး..."

မရဏလက်ချောင်းကလည်း ပေါ်ထွက်လာကာ ကြယ် ခုနစ်ခုဓားအစီအရင်နှင့်အတူ လျိုမေထံသို့ နီးကပ်လာခဲ့ သည်။

ဓားစွမ်းအင် နီးကပ်လာသည့်အခါ လျိုမေအသွင်က ကြီး စွာပြောင်းလဲသွားသည်။သေရေးရှင်ရေးအာရုံသိကို ခံစားမိကာ သူမက လျှာထိပ်ဖျားကို အနည်းငယ် ကိုက်လိုက် သည်။ သူမပါးစပ်မှ သွေးများနှင့် အရာတစ်ခုက ပျံသန်း ထွက်လာခဲ့သည်။ ယင်းအရာဝတ္ထုက အပ်တစ်ချောင်းပင်။

တားဆီး ထိုအပ်ပေါ်လာသည့်အခိုက်၌ ၎င်းက လျိုမေပတ်လည်၌ ဝန်းရံကာ ကြယ်ခုနစ်ခုဓားအစီအရင်ကို ပိတ်ဆို့သည်။မရဏလက်ချောင်းကလည်း ထိုအပ်၏ ထွင်း ဖောက်ခြင်းကို ခံလိုက်ရချေ၏။

"လေးခုမြောက်စိတ်ဝိညာဉ်..." ဝမ်လင်းက ယင်းအပ်ကို အေးစက်စွာ စူးစိုက်ကြည့်၏။သည့်နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ထိုအပ်ထံသို့ လက်ညွှန်လိုက်သည်။

"ရပ်တန့်ခြင်း..."

ထိုအနက်ရောင်အပ်က ရုတ်တရက် တန့်လို့သွားသည်။ ၎င်းက ရုန်းကန်နေရင်း ဝမ်လင်းက ရှေ့သို့ တိုးလာကာ လျို မေအရှေ့သို့ ရောက်လာ၏။သည့်နောက် သူ့ညာလက်ဖြင့် သူမ၏ မျက်ခုံးနှစ်ခုကြားသို့ ရက်စက်စွာ ဖိနှိပ်ရိုက်ချလိုက် သည်။

လျိုမေက နာကျင်စွာ အော်ဟစ်လိုက်ရကာ သူမမျက်ခုံး နှစ်ခုကြားမှ အနက်ရောင်အခိုးငွေ့များစွာ ထွက်ပေါ်လာခဲ့ သည်။ထို့နောက် သူမက ချက်ခြင်းပင် နောက်သို့ ဆုတ်သည်။ သူမမျက်လုံးထဲ၌ ကြောက်ရွှံ့မှုနှင့် ပြည့်လို့ နေသည်။ ဝမ်လင်းကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း သူ့မျိုးစုံသော မန္တာန်များနှင့်ရတနာများက အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းနေပေသည်။

"နင်က ထွက်ပြေးချင်နေတာလား..." ဝမ်လင်းက နောက်တစ်လှမ်း ရှေ့သို့ ထပ်တိုးသည်။ သူ့လက်ချောင်းနှစ် ခုကို ဓားတစ်လက်အသွင် ဖြစ်ပေါ်စေ၏။ သူ့မူလစိတ် ဝိညာဉ်၏ မိုးကြိုးအစိတ်အပိုင်းသည်လည်း လက်ချောင်းထိပ်ဖျား၌ သိပ်သည်းလာခဲ့ကာ ထို ရက်စက် သောအမျိုးသမီး၏ အသက်ကို ယူဆောင်ရန် အဆင်သင့် ဖြစ်လာခဲ့သည်။ သူ့

လျိုမေ၏ စိတ်နှင့်ခန္ဓာကိုယ် ပတ်လည်၌ သေဆုံးခြင်း အရိပ်က ဝန်းရံလာကာ သူမအသွင်က သေလောက်အောင် ဖြူရောနေသည်။အစောပိုင်းတည်းက ဝမ်လင်း လက်ချောင်းတိုက်ချက်ဖြင့်ပင် သူမ မူလစိတ်ဝိညာဉ်က ဒဏ်ရာရနေခဲ့ပြီး ဖြစ်သည်။ သူမခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာ ရှိနေခဲ့ ခြင်းကြောင့် မဟုတ်ပါက သူမက သေဆုံးနေလောက်ပြီ ဖြစ်သည်။

လျိုမေက အာခေါင်ခြစ်၍ အော်လိုက်၏။ "လီအာ..."

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။ သူက ကောင်းကင်ဘုံသက်တော်စောင့် ဝန်းရံထားသော အနက် ရောင်မြူက ပြင်းထန်စွာ တဝီဝီလှည့်ပတ်လာသည်ကို တွေ့ မြင်လိုက်ရ၏။ ၎င်းက စူးရှရှ ဟစ်ကြွေးလိုက်ရာ ထိုအသံ များက ဝမ်လင်းထံသို့ ဓားများအလား တိုးဝင်လာပြီး သူ့ နှလုံးသားအား စုတ်ဖြဲလာသကဲ့သို့ ထင်မှတ်ရ၏။

ဝမ်လင်း မျက်လုံးထဲ၌ ဝမ်းနည်းမှု အငွေ့အသက်တို့ ဖြစ် ပေါ်လာသည်။သို့သော် သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့သာ ထိုးဆိုက်လိုက်သည်။ သူ့လက်ချောင်းက လျှပ်စီး အလင်းတန်းအလား လျိုမေထံသို့ ဝင်ရောက်လို့သွားသည်။

ထိုအန္တရာယ်အခိုက်အတန့်တွင် လျိုမေမျက်လုံးများက မျှော်လင့်ချက်မဲ့မှုတို့နှင့်သာ ပြည့်လို့နေတော့သည်။ သို့သော် ဝဲကတော့တစ်ခုက သူမရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုဝဲကတော့က မှောင်နက်လို့နေ၏။

အနည်းငယ် သွေ့ခြောက်သော လက်တစ်ဖက်က ထို ဝဲကတော့ထဲကနေ ထွက်ပေါ်လာကာ ဝမ်လင်း၏ လက်ချောင်းတိုက်ချက်ကို ဆန့်ကျင် ဖိနှိပ်လိုက်သည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ဝမ်လင်း ခန္ဓာကိုယ်က နောက်သို့ လွင့်စင်ထွက်သွားသည်။ သူ့အသွင် က ဖြူရောလို့သွားကာ သွေးများစွာ အန်ထုတ်လိုက်ရ၏။ သို့သော် သူ့မျက်လုံးများကတော့ အလွန်တရာ အေးစက်လို့ နေသည်။

"အာ…မသေဘူးလား..." ဝဲကတော့ထဲမှ ရှေးဟောင်း အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုခြောက်ကပ်သောလက် က လျိုမေကို ဖမ်းကိုင်ယူကာ ဝဲကတော့ထဲသို့ တိုက်ရိုက် ဆွဲသွင်းလိုက်၏။

"သင် သူမကို ကယ်တာနဲ့ ဟွမ်မိသားစုက အမြစ်ဖျက် သုတ်သင် ခံရမယ်..." ဝမ်လင်းအသံက ရေခဲအလား အေး စက်နေသည်။ သူက ဝဲကတော့ကို စူးစိုက်ကြည့်နေ၏။ လျို မေကို ကယ်တင်သွားသည့်လူက ဟွမ်မိသားစု၏ဘိုးဘေး ဖြစ်မည်မှာ ရှင်းလင်းနေပေသည်။

သူက ထိုသို့ ပြောလိုက်ရင်းဖြင့် ရှေ့သို့ ဆက်တိုးလာကာ လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ချက်ခြင်း သိပ်သည်းလိုက် သည်။ သူ့လက်ချောင်းကို လျှပ်စီးတန်းအလား ညွှန်လိုက် ရာ ဓားစွမ်းအင်နှင့်အတူ ဝဲကတော့ထံသို့ တိုက်ရိုက် တိုးဝင် သွားချေ၏။

"မောက်မာလိုက်တဲ့ ဂျူနီယာ...မင်းမှာ ယင်နဲ့ယန် အဆင့် ရုပ်သေးရုပ် ရှိတယ်ဆိုပေမဲ့လည်း မင်းက ဒီအဘိုး အိုရဲ့ ပြိုင်ဘက်ဖြစ်ဖို့ လိုသေးတယ်။ မင်းနဲ့ဟွမ်မေတို့ကြား မှ အတိတ်တစ်ခု ရှိခဲ့မှာကြောင့် ဒီအဘိုးအိုက မင်းတို့ကြား က ရန်ကြွေးကို ဝင်မစွက်ဖက်တော့ဘူး။ ဒါပေမဲ့ မင်းက သာ ဒီလို ဆက်လုပ်လာရင် ဒီအဘိုးအိုက မင်းက အလွတ်မ ပေးတော့ဘူး..."

ဝဲကတော့ထဲမှ ရှေးဟောင်းအသံက ထွက်ပေါ်လာသည်။ သူက လျိုမေကို ဖမ်းဆွဲယူကာ ဝဲကတော့ထဲသို့ လုံးဝ ဝင် ရောက်သွားသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ လင်းထျန်ဟူ၏ ဓား စွမ်းအင်က ဝဲကတော့ကို တိုက်ရိုက် ဖြတ်ကျော်ကာ အခြား တစ်ဖက်ရှိ ဟွမ်မိသားစုဘိုးဘေးထံသို့ တိုးဝင်လို့သွား သည်။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)