အပိုင်း(145)

ဝမ်ဖျင်...

လင်းထျန်ဟူ၏ ဓားစွမ်းအင်က အနှိုင်းမဲ့လှ၏။၎င်းက ပေါ်ထွက်လာသည်နှင့် ဓားစွမ်းအင်က ကောင်းကင်နှင့် မြေကြီးတွင် ပြည့်နှက်လို့သွားသည်။၎င်းက လျှပ်စီး အလင်းတန်းအသွင်သို့ ပြောင်းလဲသွားကာ ဝဲကတော့ ထဲ သို့ တိုးဝင်သွားသည်။

၎င်းဓားစွမ်းအင်က

ဟွမ်မိသားစုဘိုးဘေးနောက်သို့

လိုက်ပါသွားသည်။

ဓားစွမ်းအင် ဝင်ရောက်လာချိန်မှာပင် ဝဲကတော့က ပျက်စီးသွား၏။သည့်နောက် ဟွမ်မိသားစုဘိုးဘေးက ခပ် အုပ်အုပ် ငြီးတွားလိုက်ရသည်။

သည်အခိုက်အတန့်၌ အလွန်ဝေးကွာသော နေရာတွင် ရှိနေသော ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ ဟွမ်မိသားစုအိမ်ထဲ၌ ဟွမ်မိသားစုဘိုးဘေးက အခန်းတစ်ခုတည်း၌ နေသည်။သူ့ရှေ့တွင် ဝဲကတော့ကြီးတစ်ခုလည်း ထိုင် ရှိလို့ နေသည်။ ဝဲကတော့က အထည်ဒြပ်အဖြစ်သို့ ပြောင်းလဲ သွားကာ တစ်လက်မချင်း ပြန်လည် အက်ကွဲလာခဲ့သည်။ သို့သော် သူ့စွမ်းအားက ဖျက်စီးခံလိုက်ရ၏။ သူက ဝမ်လင်း ကို နာကျင်အောင်သာ ပြုလုပ်နိုင်ခဲ့ပြီး သတ်ပစ်နိုင်ခဲ့ခြင်း မ ရှိပေ။

ထိုအရာက သည့်နောက် သူက ကောင်းကင်ဘုံသက်တော်စောင့်ကိုပါ တွေ့မြင်သွားခဲ့၏။ ထိုရုပ်သေးရုပ်၏ ယင်ယန်အဆင့် ကျင့်ကြံမှုက ဟွမ်မိသားစုဘိုးဘေးကို ကြီးစွာ တုန်လှုပ် သွားစေမိသည်။ သူက သူ့ကိုယ်သူ အားအနည်းဆုံး အခြေအနေတွင် ရှိနေကြောင်း သိနေ၏။ သူ့ကျင့်ကြံမှု အဆင့်က နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကနေ ယင်ယန်အဆင့် သို့ လျော့ကျနေချိန် ဖြစ်သည်။ သူက ထိုရုပ်သေးကို အနိုင် ယူနိုင်မည် ဖြစ်သော်လည်း တိုက်ခိုက်ပါက သူ့ကျင့်ကြံမှု အဆင့်ကို နောက်တစ်ဖန် လျော့ကျသွားစေနိုင်၏။ သူ့ကို အံ့အားသင့်သွားစေခဲ့သည်။

သည့်အပြင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က အလွန် ထူးဆန်းလှသည်မှာ သိသာနေသေးသည်။ ထိုအရာက သူ့ ကို စိတ်ပူပန်စေ၏။ သူ့ကျင့်ကြံမှုအဆင့်သာ လျော့ကျသွား ခဲ့ခြင်း မရှိပါက သူက မည်သည့်အရာကိုမျှ စိတ်ပူနေမည် မဟုတ်ဘဲ ဝမ်လင်းကို တိုက်ရိုက် သတ်ပစ်ပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေ သူက ဝမ်လင်း၏ အေးစက်စက် စကားများကိုလည်း စိတ်ထဲထည့်မထားခဲ့သေးပေ။ဝမ် လင်းတွင် ကောင်းကင်ဘုံသက်တော်စောင့် ရှိနေလျှင်ပင် သူက သူ့၌ ကိုယ်ပိုင်အစီအစဉ် ရှိသေး၏။ ထိုအခိုက်အတန့်၌ ယင်းဝဲကတော့သည် လုံးဝ အက်ကွဲ လာကာ အဖြူရောင်အလင်းတစ်ခုက လျိုမေ့ကို လွှမ်းခြုံ ထားပြီး သူမ၏ နောက်ကျောက ဝဲကတော့ကနေ ဖြတ်သန်းလာသည်။ အခန်းထဲသို့ ဝင်ရောက်လာပြီးနောက် ထိုအလင်းက လျိုမေကို့ ဘေးသို့ ပစ်ချထားလိုက်ရသည်။ ၎င်းအလင်းက လျိုမေ့နှင့်ပတ်သတ်၍ ဂရုစိုက်နေရန် အချိန်မရှိ ဖြစ်နေ၏။ ထိုအလင်းထံမှ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင် ထွက်ပေါ်နေကာ ၎င်းက ဟွမ်မိသားစုဘိုး ဘေး၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်ဝင်ရောက်လို့သွား သည်။

ဟွမ်မိသားစုဘိုးဘေးက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ သည်။ သူ့မျက်လုံးအတွင်း၌ ထိတ်လန့်မှုတို့ ရှိနေ၏။ ချက် ခြင်းပင် သူက ညာလက်ကို ပင့်မြှောက်ကာ ဝဲကတော့ပေါ် သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

စောစောပိုင်းက သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာကာ မန္တာန်တစ်ခု အသုံးပြု၍ ဟင်းလင်းပြင်ကို ဖြတ်သန်းခဲ့သည်။ပထမ၌ သူက ဝမ်လင်းနှင့် ပတ်သတ်၍ ဂရိုက်မစိုက်ပေ။သူက ဝမ်လင်း တိုက်ခိုက်မှုကို ရပ်တန့်ချိန် ကတည်းက ဝမ်လင်းအသက်ကိုပါ တစ်ပါးတည်း နှုတ်ယူ ရန် လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် သူက ဝမ်လင်း၏ လက်ချောင်းတိုက်ချက်ကို ရပ်တန့်လိုက်ချိန်၌ သူ့စွမ်းအားက ဝမ်လင်းမူလစိတ် ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့်လည်း သူက လျိုမေ့ကို သယ်ဆောင်ကာ ဝမ် လင်း၏ ကြမ်းကြုတ်ရက်စက်သော စကားများကို ထည့်မ တွက်ခဲ့ခြင်းပင်။

လျိုမေက သူများစွာ အားစိုက်ထုတ်ထားရသည့်

တစ်စုံတစ်ယောက် ဖြစ်သည်။ သူက လျိုမေနှင့် ပတ် သတ်၍ အများသိရန် ပြောပြထားသည့် အချက်များအပြင် သူ့ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များလည်း ရှိနေ သေး၏။သူက သူမ ကျင့်ကြံခြင်းဒုတိယအဆင့်သို့ မရောက် ခင် မည်သူကမျှ သူမအား သတ်ဖြတ်ခြင်းကို ခွင့်ပြု လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဟွမ်မိသားစုဘိုးဘေးက ဝမ်လင်း၌ ဓား စွမ်းအင်တန်းတစ်ခု ရှိနေလိမ့်မည်ဟု လုံးဝခန့်မှန်းနိုင်ခြင်း မရှိပေ။ပထမ၌ သူက ယင်းဓားစွမ်းအင်တန်းကို ထိတ်လန့် စရာဟု မယူဆခဲ့ပေ။သို့သော် ယင်းစွမ်းအင် နီးကပ်လာ သည့်အခါတွင် ၎င်းက ဝဲကတော့ထဲရှိ သူ့မူလစိတ်ဝိညာဉ် ကို ပျက်စီးလုနီးပါးပင် ဖြစ်သွားစေခဲ့၏။ သည်အရာက သူ့ နှလုံးသားကို ကြီးစွာတုန်လှုပ် ကြောက်ရွှံ့သွားစေ၏။

ဝဲကတော့ ကွဲကြေပျက်စီးသွားရုံဆိုရင်ပင် တော်သေး သည်ဟု ဆိုရပေမည်။သို့သော် ထိုဓားစွမ်းအင်က သူ့မူလ စိတ်ဝိညာဉ်ထံသို့ တိုက်ရိုက်တိုးဝင်လာခဲ့၏။ သည်ဓား စွမ်းအင်၏ စွမ်းအားက ဟွမ်မိသားစုဘိုးဘေး၏ ဦးရေပြား ကို ကျိန်းစပ်သွားစေသည်။ သူက ၎င်း၏စွမ်းအင်ကို အာရုံခံလိုက်မိချိန်၌ နိဗ္ဗာန သန့်စင်ခြင်းကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို ရေး တေးတွေး ခံစားမိခဲ့သည်။ သည်ကြောက်မက်ဖွယ် ကောင်းသော အော်ရာက သူ့နှလုံးသားကို တင်းကြပ်သွား စေ၏။သူက ၎င်းစွမ်းအင်ကို ထိပ်တိုက်မတွေ့ဝံ့တော့ဘဲ အကြောက်အလန့် ပြန်ပြေးလာခဲ့ရခြင်း ဖြစ်တော့၏။

သူက သူ့မူလစိတ်ဝိညာဉ်ကို အမြန်ဆုံးနှုန်းကို အသုံးပြု ပြီး ဝဲကတော့ကို ဖြတ်သန်းကာ လျိုမေကို ပြန်ခေါ်လာခဲ့ရ ပေသည်။သည့်နောက် သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ် ထဲသို့ ချက်ခြင်း ပြန်ဝင်ရောက်လိုက်ခြင်းဖြစ်ကာ ဝဲကတော့ကိုလည်း လုံးဝ ဖျက်စီးပစ်ရန် ကြိုးစားခဲ့၏။သို့မှ သာ ထိုဓားစွမ်းအင်က လေဟာနယ်ထဲ၌ ပိတ်လှောင်မိမည် ဖြစ်၏။

ဝဲကတော့က လုံးဝ ပျက်စီးသွားသည့်အခါကျမှ ဟွမ် မိသားစုဘိုးဘေးက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။သို့သော် သူ့အသွင်က ချက်ခြင်း ပြောင်းလဲသွားပြီး စိတ်ထဲ၌ ကျိန်ဆဲမိလိုက်တော့၏။သူက ရုတ်တရက် ရုန်းထကာ လျိုမေ့ကို ဖမ်းဆွဲ၍ နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်ရ၏။

ရွှေရောင်အလင်းတန်းတစ်ခုက ဝဲကတော့ လုံးဝပျက်စီး သွားသည့် အခိုက်အတန့်၌ ရုတ်တရက် ထိုးထွက်လာခြင်း ကြောင့် ဖြစ်လေ၏။ ၎င်းက ပေါ်ထွက်လာသည်နှင့် မရေမတွက်နိုင်သော ဓား စွမ်းအင်တန်းများက လျှို့ဝှက်ခန်းထဲတွင် ပေါ်ထွက်လာကြ သည်။

ဟွမ်မိသားစုဘိုးဘေး၏ လျှို့ဝှက်ခန်းက ထိုဓားစွမ်းအင် ဖိအားကြောင့် ပေါက်ကွဲထွက်သွားကာ တုန်ခါလှိုင်းကို ဖြစ် စေ၏။ထိုတုန်ခါလှိုင်းက ၎င်း၏ လမ်းတစ်လျှောက် အဆောက်အဦများကိုပါ ပျက်စီးသွားစေကာ ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားစေသည်။ဟွမ်မိသားစုဘိုးဘေးက ဖုန်မှုန့်များကြားမှ ထွက်ပေါ်လာခဲ့၏။ သူက သနားစရာ ကောင်းသော အခြေအနေသို့ စိုက်ရောက်နေကာ လျိုမေကို ကိုင်ဆွဲင လွတ်မြောက်ရန် ပြင်၏။

"သေစမ်း…ဒီဂျူနီယာက ဘယ်လိုလုပ် ဒီလိုမျိုး ဓား စွမ်းအင် ရှိနေရတာလဲ။ဘယ်လို နိဗ္ဗာနသန့်စင်ခြင်းအဆင့် စီနီယာကများ ဒီဂျူနီယာကို ခုလိုမျိုး ဓားစွမ်းအင် ပေးခဲ့ရ တာလဲ။ ဒါက လုံးဝ အနိုင်ကျင့်တာပဲ..."

ဟွမ်မိသားစုဘိုးဘေးက စိတ်ထဲ၌ ကျိန်ဆဲနေမိသည်။ ထိုသို့ ကျိန်ဆဲရခြင်းက သူသည် သည်ဓားစွမ်းအင်ကို မခုခံ နိုင်သောကြောင့် မဟုတ်ပေ။သို့သော် သူက အားနည်းသော အခြေအနေတွင် ရှိနေကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း လျော့ကျနေခဲ့၏။ သူက ထိုဓားစွမ်းအင်ကို ခုခံရန်ကြိုးစား လိုက်လျှင် သူ့ကျင့်ကြံမှုက ပို၍ မတည်မငြိမ် ဖြစ်လာမည် ကို စိုးရိမ်နေသောကြောင့်သာ ဖြစ်သည်။ လျို့ဝှက်ခန်းက ပျက်စီးသွားသည့်နောက် ဓားစွမ်းအင်က ထိုးထွက်လာကာ ဟွမ်မိသားစုဘိုးဘေးထံသို့ တိုက်ရိုက် တိုးဝင်လာပြန်သည်။ သည်ဓားစွမ်းအင်ထဲ၌ လင်းထျန် ဟူ၏ ကြီးစိုးချယ်လှယ်ခြင်းနယ်ပယ် ပါဝင်နေ၏။သည် အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီးသည် လွှမ်းမိုး ကြီးစိုးနိုင်မှုအော်ရာနှင့် ပြည့်နှက်နေတော့သည်။

ဓားစွမ်းအင်က ပို၍ အားကောင်းလာခဲ့ကာ ၎င်း၏ အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ ဓား စွမ်းအင်ပေါ်လာသည့်အခိုက်၌ ကမ္မာလောကပင် ရပ်တန့် သွားသလား မှတ်ထင်ရသည်။

ကောင်းကင်နှင့်မြေကြီးက ယင်းဓားစွမ်းအင်နှင့်ပြည့်လို့ နေ၏။ ဓားစွမ်းအင်ထဲမှ ထွက်ပေါ်နေသည့် နယ်ပယ်က လည်း ကြီးစိုးနိုင်လှ၏။

သည်လိုမျိုး

ကောင်းကင်ဘုံ၏ခွန်အားပင် ဖြစ်၏။ မောက်မာကြီးစိုးမှုမျိုးက

ထိုဓားစွမ်းအင်က ကောင်းကင်ထက်၌ အလင်းတန်း အသွင်ဖြင့် ဖြတ်သန်းလာကာ နောက်သို့ လိုက်ပါလို့လာသည်။ ဟွမ်မိသားစုဘိုးဘေး

ဓားစွမ်းအင်က မြန်ဆန်လွန်းလှ၏။

ဟွမ်မိသားစုဘိုးဘေး၏ အသွင်က သုန်မှုန်နေကာ သူက လျိုမေကို နောက်သို့ ပစ်လိုက်သည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေလိုက်ရာ အဖြူရောင်အလင်း ဖျပ်ခနဲ လင်းလက်သွားသည်။သူ့တာအိုက ပုံရိပ်တစ် သောင်းအမည်မဲ့တာအို ဖြစ်၏။ ၎င်းတာအိုက ကမ္ဘာ လောကထဲရှိ အရာအားလုံးကို ပုံရိပ်ယောင်ထဲသို့ ဆွဲသွင်း နိုင်၏။

သူ့လက်ချောင်းထိပ်၌

အဖြူရောင်အလင်းက ပို၍တောက်ပလာခြင်းနှင့်အတူ သူ့တာအိုစိတ်ဆန္ဒကလည်း ရူးသွပ်ဖွယ် တိုးတက်လာခဲ့သည်။ဟွမ်မိသားစုဘိုးဘေးက သူ့မူလစွမ်းအင်ကို အသက်သွင်းကာ လက်ချောင်းထိပ်၌ စုဝေးစေသည်။သည့်နောက် သူက ရှေ့သို့ ညွှန်လိုက်၏။

ထိုအခါ အဖြူရောင်အလင်းက ထိုးထွက်သွားပြီး လင်း ထျန်ဟူ၏ ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။ အဖြူ ရောင်အလင်းက ပျောက်ပျက်သွားကာ ဓားစွမ်းအင်က ထိုး ထွက်လာ၏။၎င်းက လျှပ်စီးတန်းအလား ရွှေ့လျားလာပြီး ဟွမ်မိသားစုဘိုးဘေး၏ လက်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားသည်။

ဟွမ်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့အသွင်က ချက်ခြင်း ဖြူရောသွားသည်။ သူ့မျက်လုံးထဲရှိထိတ်လန့်မှုကလည်း ပိုအားကောင်းလာခဲ့ချေ၏။ ခုချိန်တွင် သူက ထိုဂျူနီယာ ပြောခဲ့သည့်စကားကို ပြန်တွေးမိသွား လေ၏။

"သင်က သူမကို ကယ်တာနဲ့ ဟွမ်မိသားစုက အမြစ်ဖျက် သုတ်သင်ခြင်း ခံရလိမ့်မယ်..."
အစောပိုင်းတုန်းကတော့ သူက သည်စကားလုံးများကို လျစ်လျူရှုထားခဲ့၏။သို့သော် ခုချိန်တွင်တော့ သည် စကားလုံးများက သူ့နားထဲ၌ မိုးခြိမ်သံအလား မြည်ဟီးနေ တော့သည်။

သူ့ကို ပို၍ ကြောက်လန့်စေသော အရာက သည်ဂျူနီယာ တွင် ဓားစွမ်းအင် မည်မျှ များများ ပိုင်ဆိုင်ထားသနည်း ဆို သည့်အတွေးပင်။

"သူ့မှာ ဓားစွမ်းအင်တန်း ခြောက်ခုထက် ပိုရှိရင် ငါ့ ကျင့်ကြံမှုကလည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ပြန်မ ကောင်းခဲ့ရင်တော့ ငါ ကျိန်းသေပေါက် သေရလိမ့်မယ်။ ဒါက ကြောက်စရာအကောင်းဆုံး အချက် မဟုတ်သေးဘူး။ အမှန်တကယ် ကြောက်ဖို့ကောင်းတာက ဒီဓားစွမ်းအင်ရဲ့ ပိုင်ရှင်ပဲ...ဒီလိုဓားစွမ်းအင်မျိုးကို ဂျူနီယာတစ်ယောက်ထံ ပေးထားတယ်ဆိုတဲ့ အဓိပ္ပာယ်က သူတို့နှစ်ယောက် ဆက်နွှယ်မှုက အလွန်နီးကပ်လို့ပဲ ဖြစ်ရမယ်..."

ဟွမ်မိသားစုဘိုးဘေး၏ ဦးရေပြားက ထုံထိုင်းသွား မိသည်။သူ့စိတ်ခွန်အားဖြင့်ပင် သူက မကြောက်လန့်မိဘဲ မ နေနိုင် ဖြစ်ရ၏။

သူက ဟွမ်မိသားစု၏ ဘိုးဘေး ဖြစ်ကာ နိဗ္ဗာနကြိုမြင် ခြင်းအဆင့်သို့ ရောက်ရှိနေသူ ဖြစ်သဖြင့် နိဗ္ဗာနသန့်စင် ခြင်းအဆင့် ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပို၍ သိနေပေသည်။ကျင့်ကြံခြင်း ဒုတိယအဆင့်က ပထမအဆင့်နှင့် လုံးဝ မတူညီပေ။

ကျင့်ကြံခြင်းပထမအဆင့်၌

လူတစ်ယောက်က ကောင်းကင်ဘုံကိုဆန့်ကျင်သော ရတနာ သို့မဟုတ် အစွမ်းထက်မန္တာန်များ ရှိနေလျှင် သူ့ထက် မြင့်မားသည့် ကျင့်ကြံမှုအဆင့်ရှိသူကို စိန်ခေါ်ဖို့ ဖြစ်နိုင်သေး၏။ ထို အဖြစ်က ရှားသော်လည်း မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့ရာတွင်

ဒုတိယအဆင့်ကျင့်ကြံခြင်းတွင်တော့ တစ်စုံတစ်ယောက်က သူ့ထက်ပိုမြင့်မားသည့် ကျင့်ကြံမှု အဆင့်ရှိသူကို အနိုင်ယူရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ကျင့်ကြံခြင်း ဒုတိယအဆင့်၌ သေးငယ်သောအဆင့်လေး တစ်ခုကပင် ကောင်းကင်နှင့်မြေကြီးလောက် ရှိပေ၏။

နိဗ္ဗာနကြိုမြင်ခြင်းအဆင့်နှင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့် တို့ကြား ကွာခြားမှုဆိုရင်တော့ ပြောနေစရာပင် မလိုတော့ ချေ။ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၏ အစောပိုင်းနှင့် အလယ် ပိုင်းအဆင့်ဆိုရင်ပင် ကွာဟမှု ကြီးကြီးမားမား ရှိလို့နေ ပေ၏။ ထို့ကြောင့် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူ၏ ဓားစွမ်းအင်က သူ့ကို အလွန်ကြောက်လန့်မိနေ စေခြင်း ပင်။

သည်အချိန်၌ အကောင်းဆုံးရွေးချယ်မှုက လျိုမေကို လက်လွှဲပေးရန် ဖြစ်သည်။ဟွမ်မိသားစုဘိုးဘေးက လျိုမေ ကို ကြည့်လိုက်၏။ သည့်နောက် ထိုအတွေးကို ချက်ခြင်း စွန့်လွှတ်လိုက်သည်။ "ဒီလူက လျိုမေကို သိတယ်ဆိုတော့…သူက မဟာမိတ် ကြယ်အဖွဲ့အစည်းက လာတာပဲ ဖြစ်ရမယ်။ သူ့ဆရာက ဘယ်လောက်ပဲ သန်မာပါစေ...အလုံးစုံကောင်းကင် ကျောက်တုံး မရှိဘဲ၊ သူ့ကိုယ်ပိုင် တည်နေရာရွှေ့ပြောင်း ခြင်း အစီအရင် မရှိဘဲ ငါတို့ ကြယ်အဖွဲ့အစည်းကို ဝင်လာ နိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့လည်း သူ့ဆရာက ဒီနေရာကို ရောက်လာပါစေဦးတော့ ဒါက သူနဲ့ငါ့ကြားရဲ့ကိစ္စတစ်ခု မဟုတ်တော့ဘူး။ ကြယ်အဖွဲ့အစည်းနှစ်ခုကြားက စစ်ပွဲ ဖြစ်သွားပြီ။ အဲ့အချိန်ကြရင် မိုးကြိုးကောင်းကင်ဘုံခန်းမရဲ့ အားကောင်းတဲ့ကျွမ်းကျင်သူတွေပါ ပါဝင်လာကြလိမ့် ໑໖..."

"တကယ်တော့ ဒီအဘိုးအိုရဲ့ လျိုမေအပေါ်ချမှတ်ထားတဲ့ အစီအစဉ် အောင်မြင်ခဲ့ရင် ဒီအဘိုးအိုရဲ့ ကျင့်ကြံမှုအဆင့် ကလည်း နိဗ္ဗာနသန့်စင်ခြင်းအဆင်ကို ရောက်သွားနိုင်လိမ့် မယ်။ ဒီလို မဟုတ်ရင်တောင် ငါက နိဗ္ဗာနကြိုမြင်ခြင်းရဲ့ နောက်ဆုံးအထွတ်အထိပ်အဆင့်ကို ရောက်သွားနိုင်လိမ့် ໑໖..."

သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးသည့်နောက် ဟွမ်မိသားစု ဘိုးဘေးက ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ဂြိုဟ်တစ် ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။

"ချမ်မိသားစုရဲ့ မိတ်ဆွေဟောင်း အကိုရှု...ငါ့မှာ တောင်းဆိုစရာ တစ်ခုရှိလို့ပါ..." 
ရွင်ယွမ်ဂြိုဟ်ပေါ်တွင် ဝမ်လင်းက ပျက်စီးသွားသော ဝဲကတော့ကို စူးစိုက်ကြည့်နေသည်။ သည့်နောက် သူ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အကြည့်က ကောင်းကင်ဘုံသက်တော်စောင့် ဝန်းရံပေးထားသည့် အနက်ရောင်မြူပေါ်သို့ ကျရောက်လို့သွားသည်။ ထိုအနက် ရောင်မြူထဲကနေ နာကျင်သောအော်သံ တစ်ခုက ထွက် ပေါ်လို့နေသည်။

ယင်းအသံက ထက်ရှသော ဓားတစ်လက်အလား ဝမ် လင်းနှလုံးသားကို ထိုးစွနေသည်။

ဝမ်လင်းက အနက်ရောင်မြူကို ကြည့်နေရင်း သူ့ မျက်လုံးထဲ၌ နာကျင်ဟန်တို့ ဖြစ်ပေါ်လာကြသည်။ မပီမ ပြင် မျက်လုံးတစ်စုံက ဝမ်လင်းအကြည့်နှင့် ဆုံသွားသည့် အချိန်တိုင်း မကျေမချမ်းဖြစ်မှုကို ထုတ်လွှတ်လာသည်။

‘ဒါက ငါ့ကလေးပဲ...ဒါက ဒီကမ္ဘာမှာ ငါ့ရဲ့ တိုက်ရိုက် မျိုးဆက်ပဲ..."

ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့် ဝန်းရံ ဖန်တီးထားသော အရိပ်ထဲသို့ လှမ်းလျှောက် ဝင်လာသည်။ သူ့မျက်လုံးထဲ၌ နူးညံ့မှုအရိပ်အယောင်တို့ ရှိနေ၏။သူက အနည်းငယ်စဉ်းစားပြီးနောက် သူ့ညာလက်ကို ပင့်မြှောက် ကာ မြူထဲသို့ ဆန့်သွင်းလိုက်သည်။

မကျေမချမ်းစိတ်ဝိညာဉ်က ချက်ခြင်းပင် ဝမ်လင်း လက်ချောင်းကို ကိုက်ခဲလိုက်၏။ ထက်ရှသောသွားများက သူ့အရေပြားကို စုတ်ဖြဲလိုက်ကာ အေးစက်စက် မကျေမ ချမ်းအော်ရာက ချက်ခြင်းပင် ဝမ်လင်းလက်၏ သွားကိုက် ရာမှ တစ်ဆင့် ဝင်ရောက်လာခဲ့သည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့ မျက်လုံးများက နူးညံနေဆဲ ဖြစ်ကာ သူက သူ့သွေးကို အဆက်မပြတ် စုပ်နေသော တိတ်တဆိတ်သာ ကြည့်လို့နေသည်။ မြူထဲမှကလေးငယ်ကို

"ဒါက အဆင်ပြေသွားပါလိမ့်မယ်.။သားနာမည်က လီ အာ…။လီက ကောင်းတဲ့ စကားမဟုတ်ဘူး၊ ဒါ့ကြောင့် ဒီ နာမည်စာလုံးကို ပြောင်းပြီး ဝမ်ဖျင်လို့ အစားထိုးလိုက် မယ်...အဖေက သားဘဝတစ်လျှောက်လုံး အဖေ့လို မဟုတ်ဘဲ တည်ငြိမ်အေးချမ်းစွာ နေရဖို့ မျှော်လင့်မိပါတယ်..

တာဝန်...

မကျေမချမ်း စိတ်ဝိညာဉ်က ဝမ်လင်း၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သို့သော် ၎င်း၏ မျက်လုံးများက အေးစက်မှုနှင့်သာ ပြည့်နေ၏။ ၎င်းက နှစ် ရာချီ မကျေမချမ်းဖြစ်မှုကို ဝမ်လင်းအား တစ်ခါတည်း ခံစားလိုစေသည့် သဘောဖြင့် ဝမ်လင်းလက်ချောင်းကို ကိုက်ခဲထားသည်။

ဝမ်လင်းက ထိုမကျေမချမ်းစိတ်ဝိညာဉ်ကလေးငယ်ကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် သက်ပြင်းမှုတ်ထုတ် လိုက်သည်။ ထိုမကျေမချမ်းဖြစ်မှုက သူ့ခန္ဓာကိုယ်အပေါ် သက် ရောက်ခြင်းခြင်းတော့ မရှိပေ။ သူ့ခန္ဓာကိုယ်ထဲရှိမိုးကြိုးက ယင်းမကျေမချမ်းဖြစ်မှုကို ပယ်ဖျက်ပစ်နေ သောကြောင့်ပင်။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက သူ့ဘယ် လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မရေမ တွက်နိုင်သောအတားအဆီးများက ထိုအနက်ရောင်မြူ ပတ်လည်၌ ပေါ်လာခဲ့သည်။ ကောင်းကင်ဘုံသက်တော်စောင့်ကို ပြန်ရုတ်သိမ်းလိုက်ရင်း အတားအဆီး များကလည်း ရုတ်တရက် ကျုံ့လာခဲ့၏။

သည်မြူကလည်း ကျုံ့လာကာ နောက်ဆုံးတွင် အတားအဆီးဖြင့် လုံးဝ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

အဆုံးသပ်၌ ဝမ်လင်းက အထဲ၌ ကလေးငယ်ရှိနေသော အတားအဆီးလုံးကို သူ့နဖူးထက်သို့ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ထဲသို့ ဖိနှိပ်ကာ သိမ်းဆည်း ထားလိုက်သည်။ သူက သူ့မူလစိတ်ဝိညာဉ်ကို အပိုင်းတစ်ခု ခွဲကာ ပုတီးစေ့ထဲသို့ ထည့်သွားပြီး ကလေးငယ်၏ ဆက်လက်ကြီးထွားလာမည့် ပပျောက်စေရန် ပြုလုပ်လိုက်သည်။ မကျေမချမ်းဖြစ်မှုကို

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အဖေက ခု လက်တစ်ကမ်း လုပ်ရမယ့် ကိစ္စကို ဖြေရှင်း ပြီးသွားရဲ့ မင်း ရဲ့ မကျေမချမ်းဖြစ်မှုကို ပပျောက်စေဖို့အတွက် တံခါးပိတ် ကျင့်ကြံတော့မယ်။ ဖျင်အာ... စိတ်မပူပါနဲ့..."

ထို့နောက် သူ့ညာလက်ကို ဆန့်ထုတ်ကာ လေးခုမြောက် စိတ်ဝိညာဉ်ကို ဖမ်းယူလိုက်ကာ စိတ်ဝိညာဉ်တစ်ကုဋေ အလံထဲသို့ ထည့်သွင်းလိုက်လေ၏။

"ဆရာသွန်းထျန်...တပည့်က လေးခုမြောက်စိတ် ဝိညာဉ်ရဲ့စွမ်းအားကို ပြန်ယူဆောင်ပေးပြီးပါပြီ။ စိတ် ဝိညာဉ်တစ်ကုဋေရဲ့ အစစ်အမှန်စွမ်းအားက နောက်တစ်ဖန် ပြန်ပေါ်ထွက်လာတော့မှာပါ..." သည့်နောက် ဝမ်လင်း အကြည့်က အကွာအဝေးတစ်ခုရှိမြို့ပေါ်သို့ ကျရောက်လို့သွားသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ထွက်လာခဲ့..."

စွန်ရှီက မြို့ထဲကနေ ဂရုတစိုက် ပျံသန်းထွက်လာ၏။ သူက စောနက တိုက်ပွဲကို ကိုယ်တိုင် မြင်ခဲ့ရပေသည်။ လျို မေ၏ မသတီစရာနည်းလမ်းဖြစ်စေ သို့မဟုတ် ဟွမ် မိသားစုဘိုးဘေး ရောက်ရှိလာမှု ဖြစ်စေ ထိုအခြင်းအရာ နှစ်ခုလုံးက သူ့စိတ်နှလုံးကို ကဗြောင်းကဗျန် ဖြစ်သွားစေ ခဲ့၏။

သူ့ကျင့်ကြံမှုအဆင့်က နိမ့်ကျသွားခြင်းကြောင့် သူက ဝမ် လင်းနှင့် ရင်ဆိုင်ရချိန်တွင် သူ့နှလုံးသားက တဖျပ်ဖျပ် လှုပ် ခါ ကြောက်လန့်နေမိ၏။စီ..စီနီယာ...

ဝမ်လင်းက စွန်ရှီကို ကြည့်သည်။

သည့်နောက် သက်ပြင်းချကာ ဆို၏။ "အကိုစွန်...ဒီလို လုပ်ဖို့ မလိုပါဘူး..."

စွန်ရှီက တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူက အသက်ဝဝ ရှူသွင်းကာ လက်နှစ်ဖက်ယှကင ခါးသီးစွာပြောလိုက် သည်။ "ရှု...အကိုရှု...ငါတို့သုံးယောက်လုံးက သင့်ကို ဒီ ကိစ္စထဲ ဆွဲမထည့်ခင် ငါတို့ရဲ့ကိုယ်ပွားကိစ္စကို ဖုံးကွယ် ထားခဲ့ပါတယ်...ငါ..."

ဝမ်လင်းက ကြားဖြတ်ကာ ခပ်တိုးတိုး ပြောလာ၏။"ထားလိုက်တော့...ငါတို့ ဒီကိစ္စကို မပြောဘဲ နေကြ ရအောင်။ ရွင်မိသားစုဘိုးဘေးနဲ့ အပူအပင်မဲ့ကျောက်တို့က လည်း ခုချိန်မှာ လုံခြုံနေပြီ မလား..."

စွန်ရှီက မြန်ဆန်စွာ ပြောလိုက်သည်။ "ရွင်မိသားစုဘိုး ဘေးက လွန်ခဲ့တဲ့ နှစ်ရာချီကတည်းက ကိုယ်ပွားတစ်ခု ပြုလုပ်ခဲ့တယ်။သူက ရွင်ယွမ်ဂြိုဟ်ကနေ ထွက်သွားခဲ့ပြီး ဖြစ်တယ်။ သူဘယ်နေရာမှာ ရောက်နေလဲတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ သူက ပြဿနာရှိမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်။ ကျောက်ချူဝမ်ကတော့ သူကလည်း ကိုယ်ပွားတစ်ခု သန့်စင်မွန်းမံနိုင်ခြင်း မရှိပေမဲ့လည်း သူ့မှာ သူ့မူလစိတ်ဝိညာဉ်ကို ခွဲထုတ်နိုင်တဲ့ ထူးဆန်းတဲ့ မန္တာန် အချို့ ရှိနေတယ်။ငါကတော့ သူလည်း ရွင်ယွမ်ဂြိုဟ်ကနေ အချိန်အတန်ကြာကတည်းက ထွက်သွားပြီလို့ ထင်တယ်

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငါက မင်းတို့ သုံးယောက် စီက ကောင်းကင်ဘုံ ကျောက်စိမ်းပြားတွေ လက်ခံခဲ့ပြီး ဖြစ်တယ်။ ငါက သူတို့နှစ်ယောက် ဘယ်နေရာမှ ရှိနေမှန်း မသိပေမဲ့ သူတို့မိသားစုကို ရာစုနှစ်တစ်ခုကြာ လုံခြုံအောင် ထိန်းသိမ်းပေးမယ်။ ဒီလိုနည်းနဲ့ ငါ့တာဝန်က ပြီးဆုံးပြီ..."

စွန်ရှီက ကျေးဇူးတင်သည့် အကြည့်ဖြင့် ကြည့်ကာ ပြော လာ၏။ "အကိုရှု...သူတို့အစား ငါ သင့်ကို ကျေးဇူးတင်ပါတယ်..
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။ သူ့အကြည့်က ကြယ်များကို ထွင်းဖောက်ကာ ပုံ ရိပ်တစ်ထောင်ဂြိုဟ်အထိ ရောက်ရှိသွားသည့်အလား ထင်မှတ်မှားရ၏။ သူက ခိုင်မာစွာ ဆိုသည်။ "ဟွမ်မိသားစု က ဆက်ပြီး မတည်ရှိတော့ဘူး..."

ဤအရာက ဝမ်လင်း၏ မောက်မာခြင်းမဟုတ်ပေ။ သူ့ စိတ်ထဲ၌ ပေါ်လာသည့် ရူးသွပ်ဖွယ် အတွေးသာ ဖြစ်၏။သူ လျိုမေ့ကို သတ်ခြင်းအား တားဆီးသူမှန်သမျှ သေဆုံးရပေ မည်။

စွန်ရှီခန္ဓာကိုယ်က တုန်ယင်သွား၏။သူက ဝမ်လင်း ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသော သတ်ဖြတ်ချင်စိတ် ကို ခံစားမိ၏။ ထိုသတ်ဖြတ်ခြင်း စိတ်ဆန္ဒက အားကောင်း လွန်းလှရာ ပေါက်ကွဲထွက်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးတွင် သွေးလွှမ်းရပေမည်။

စွန်ရှီကျင့်ကြံမှုအဆင့်က အလွန်နိမ့်ပါးနေခဲ့ပြီ ဖြစ်၏။ ထိုအခိုက်အတန့်၌ သူ့နှလုံးသားက တုန်ယင်နေကာ ချက် ခြင်း ခေါင်းငုံ့မိသွားသည်။ သူက ဝမ်လင်းကို ကြည့်ဝံ့ခြင်း ပင် မရှိတော့ချေ။

ဝမ်လင်းက ခေါင်းငုံ့ကာ စွန်ရှီကို ကြည့်၍ ပြောလိုက်၏။ "စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်အောက် ကျင့်ကြံခြင်း က ဘာနားလည်မှုမှ မလိုဘူး။ လုံလောက်တဲ့ စိတ်ဝိညာဉ် စွမ်းအင်ရှိတာနဲ့ သင့် ကျင့်ကြံမှုအဆင့်ကို မြင့်တက်အောင်
လုပ်နိုင်လိမ့်မယ်။ သင်က မူလခန္ဓာကိုယ်နဲ့ နှစ်ပေါင်းမရေ မတွက်နိုင်အောင် ကျင့်ကြံခဲ့တဲ့အတွက် သင့်ကိုယ်ပိုင် နားလည်မှုလည်း ရှိပြီးသား ဖြစ်တယ်။ငါက သင့်ကို စဦး စိတ်ဝိညာဉ်အထွတ်အထိပ်အဆင့်ရောက်အောင် ကူညီပေး နိုင်တယ်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနဲ့ အထက်အဆင့် တွေကိုတော့ သင့်ဘာသာ ချိုးဖျက် ဝင်ရောက်ရလိမ့်မယ်။ ဒီလိုနည်းနဲ့ သင်က အာဏာတက်ခြင်းအဆင့်ကို ပြန် ရောက်နိုင်လိမ့်မယ်..."

စွန်ရှီက တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် မချင့်ပြုံးပြုံး၍ ဆိုလာ၏။ "ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်ခဲ့ တာက ငါ့ကံကောင်းမှုကြောင့်လည်း ပါတယ်။ ငါက ဒီ အဆင့်ကို ရောက်ဖို့ သေခြင်းရှင်ခြင်းစမ်းသပ်ချက်ကို ထပ် ပြီး ကျော်ဖြတ်ဖို့ သတ္တိမရှိတော့ဘူး..."

အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန်အတွက် ဖြတ် ကျော်ရသည့် သေခြင်းရှင်ခြင်းစမ်းသပ်ချက် အကြောင်း တွေးမိသည်နှင့် ဝမ်လင်းက သက်ပြင်းချကာ ပြောလာ သည်။ "အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့တော့ ငါ မ ကူညီပေးနိုင်ဘူး။ အများစုံး သင့်ရဲ့ နားလည်မှုကြောင့် ငါက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ရောက်အောင်တော့ ကူညီပေးနိုင်တယ်။ဒါပေမဲ့လည်း ဒါက အဆင့်ရှစ်ကျင့်ကြံ ခြင်းဆေးလုံး လိုအပ်ပြီး သင့်ကျင့်ကြံမှုအဆင့်က ထာဝရ အဲ့အဆင့်မှာပဲ တန့်သွားလိမ့်မယ်..."

ခုချိန်တွင် ဝမ်လင်း၌ အဆင့်ရှစ်ဆေးလုံး ရှိနေပေ၏။သူ့
ထိန်းချုပ်မှုအောက်၌ သူက စွန်ရှီကို ထိုဆေးလုံး၏ အကျိုး သက်ရောက်မှုကို ခံနိုင်အောင် လုပ်ပေးနိုင်စွမ်း ရှိနေပေ သည်။

စွန်ရှီက အံတင်းတင်း ကြိတ်၍ ဆိုလာသည်။ "အကိုရှု… ငါက အဲ့တာကိုပဲ ရွေးချယ်ပါ့မယ်..."

ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။ သူက ညာ လက်ကို မြှောက်ကာ ကောင်းကင်ထက်သို့ လက်ညွှန် လိုက်၏။ ထိုအခါ ကောင်းကင်က ရုတ်တရက် နက်မှောင် လာပြီး တစ္ဆေလောကမြစ်ကလည်း ပေါ်ထွက်လာကာ ကမ္ဘာလောကအား လွှမ်းခြုံလာ၏။

စွန်ရှီ၏ ကျင့်ကြံမှုအဆင့်ကို တိုးမြင့်ရန် စိတ်ဝိညာဉ် စွမ်းအင်များစွာ လိုအပ်ပေ၏။ဝမ်လင်းက ထိုအရာကို သူ ကိုယ်တိုင် လုပ်နိုင်စွမ်း မရှိပေ။သူက သူ့ကိုယ်ပိုင်တာအိုကို ထိန်းချုပ်၍သာ ကောင်းကင်နှင့်မြေကြီးကြားရှိ စိတ် ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်သည့်နည်းကိုသာ အသုံးပြုနိုင်သည်။

တစ္ဆေလောကမြစ်က ချဲ့ထွင်လာကာ ဝမ်လင်း၏ တာအို စိတ်ဆန္ဒက ယင်းအထဲသို့ ဝင်ရောက်ပြီးသည့်နောက် ဂြိုဟ် တစ်ခုလုံးက တုန်ယင်လာခဲ့သည်။ ကမ္ဘာမြေအောက်ရှိစိတ်ဝိညာဉ်သွေးကြောများက စတင် စုစည်းလာကြသည်။

ဝမ်လင်းက တိုးညင်းစွာ ပြောလိုက်သည်။ "တစ္ဆေ လောကမြစ်ရဲ့ တတိယမြောက်စွမ်းရည်...တစ္ဆေလောက ခွန်အား..." တစ္ဆေလောကမြစ်ထံမှ တုန်ခါသံ တစ်ခု ထွက် ပေါ်လာကာ တစ်ချိန်တည်းမှာပင် ပြင်းထန်သောစုပ်အား ကပါ ထွက်လို့လာခဲ့သည်။

ဂြိုဟ်တစ်ခုလုံးက စိတ်ဝိညာဉ်စွမ်းအင်များ ဆွဲထုတ်ခြင်း ခံလိုက်ရကာ တုန်ခါလာ၏။ယင်းစွမ်းအင်းများကို တစ္ဆေ လောကမြစ်က စုပ်ယူလိုက်လေ၏။

ဝမ်လင်းက စွန်ရှီကို ဆွဲကိုင်လိုက်ကာ တစ္ဆေလောကမြစ် ထဲသို့ ပစ်လွှတ်၍ အော်ပြောလိုက်၏။ "မင်း မျက်လုံးကို မှိတ်ပြီး ကျင့်ကြံတော့..."

တစ္ဆေလောကမြစ်အတွင်း၌ စွန်ရှီက ညည်းတွားသံများ ကို ကြားရကာ သူ့စိတ်ကို တုန်လှုပ်စေ၏။ သူက မျက်လုံး အမြန်ပိတ်၍ ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ထားလိုက် သည်။ ပေါများလှသည့် စိတ်ဝိညာဉ်စွမ်းအင်များက ရူးသွပ် ဖွယ် သူ့ကိုယ်ထဲသို့ တိုးဝင်လာ၏။

အနည်းငယ် ကြာပြီးနောက် ဝမ်လင်းက သိုလှောင်အိတ် ထဲမှ အဆင့်ရှစ်ဆေးလုံးကို ထုတ်ယူလိုက်သည်။သူက ဆေးလုံးပေါ်ရှိ ပျားဖယောင်းအကာကို ချေမွလိုက်သည့် အခါ ဆေးနံ့က ကြိုင်လှိုင်စွာ ထွက်ပေါ်လာခဲ့သည်။ သူက ထိုဆေးလုံးကို တစ္ဆေလောကမြစ်အတွင်းသို့ ပစ်ထည့်လိုက် ရာ လမ်းတစ်ဝက်မှာပင် ထိုဆေးလုံးက အစိမ်းရောင်အခိုး ငွေ့အဖြစ်သို့ ပြောင်းလဲ၍ တစ္ဆေလောကမြစ်ထဲသို့ နစ်မြုပ် သွားသည်။ သုံးရက်ကြာမြင့်ပြီးနောက် တစ္ဆေလောကမြစ်အတွင်းမှ ရယ်မောသံ တစ်ခု ထွက်ပေါ်လာခဲ့၏။ စွန်ရှီက မျက်လုံးဖွင့် လာခဲ့ကာ သူ့မျက်လုံး ဖျပ်ခနဲ လင်းလက်သွားသည်။သူ့ ခန္ဓာကိုယ်က ဖျပ်ခနဲ တစ္ဆေလောကမြစ်ထဲကနေ အပြင်သို့ ခြေချလာခဲ့သည်။

သူက သူ့ကိုယ်သူ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့် လိုက်၏။ သူ့မျက်နှာပေါ်၌ စိတ်လှုပ်ရှားမှုများ ချက်ခြင်း ပြည့်နှက်လာခဲ့သည်။သူက အသက်ဝဝရှူသွင်းလိုက်ရာ သူ့ တစ်ကိုယ်လုံး ပျော်ရွှင်မှုနှင့် ပြည့်လို့နေတော့၏။

သူက ဝမ်လင်းထံသို့ လေးနက်စွာ ဦးညွတ်၍ ပြော လိုက်၏။ "ငါက အကိုရှု အကူအညီပေးမှုကို တစ်သက်လုံး ကျေးဇူးတင်နေမှာပါ..."

သည်နေ့ရက်များအတွင်း ဝမ်လင်းက တစ္ဆေလောက မြစ် ကို ဆက်လက်၍ အသုံးပြုနေခဲ့၏။ စွန်ရှီ ထွက်ပေါ်လာ သည့်အခါ တစ္ဆေလောကမြစ်ကလည်း ပျောက်ကွယ်သွား သည်။ သူက တည်ငြိမ်စွာ ဆိုလိုက်၏။ "သင့်ကျင့်ကြံမှု အဆင့်က စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အဆင့် မှာပဲ၊ ဒါပေမဲ့လည်း ဒါက အကန့်အသတ်ပဲ။ သင်က ငါ့ကို ကျေးဇူးတင်စရာမလိုဘူး။ ဒါက ငါ တာဝန်ရှိလို့ လုပ်ပေးရုံပဲ

သူက ထိုသို့ပြောလိုက်ပြီးသည့်နောက် ဝမ်လင်းက ခေါင်းမော့ကြည့်သည်။ကောင်းကင်ကို မော့ကြည့်နေရင်းနက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေမှာပဲ။ ဒါပေမဲ့လည်း ဒီ မိသားစုမှာ ဒုတိယအဆင့်ကို ခြေချနိုင်တဲ့ ကျင့်ကြံသူတွေ အများကြီး ရှိနေလိမ့်မယ်လို့ ငါ မယုံကြည်ဘူး..."

"ဒီဟွမ်မိသားစုဘိုးဘေးက လျိုမေကို ကာကွယ်ဖို့ သေချာ ပြင်ဆင်ထားတာဆိုရင် သူ့မှာ အကူအညီတစ်ခု ကျိန်းသေ ရှိရလိမ့်မယ်...။တကယ်တော့ ဟွမ်မိသားစုက သာ ပုံရိပ်တစ်ထောင်ဂြိုဟ်ရဲ့ တစ်ခုတည်းသောစွမ်းအား မဟုတ်ဘူးလေ..."

ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် ဟွမ်မိသားစုဘိုးဘေးက တိုက်ရိုက်မိသားစုဝင်များအားလုံးကို ဂြိုဟ်၏ တောင်ဘက် ပိုင်းတွင် လာရောက်စုစည်းရန် အမိန့်ပေးထားခဲ့ပြီး ဖြစ်သည်။ သည့်အပြင် သူက ဂြိုဟ်တောင်ဘက်ခြမ်းတစ်ခု လုံးကို ဖုံးလွှမ်းထားသည့် မိသားစုအကာအကွယ်အစီအရင် ကိုပါ ဖွင့်လှစ်ထားခဲ့ပြီး ဖြစ်ကာ ဂြိုဟ်၏ တောင်ဘက်ပိုင်း တစ်ခုလုံးက အလင်းမျက်နှာပြင် အကာအရံထဲ၌ ရှိလို့ နေသည်။

သို့ရာတွင် ဟွမ်မိသားစုဝင်များက များပြားလွန်းလှ၏။ ထို့ကြောင့် သူတို့က အချိန်တိုအတွင်း အကုန်လုံးကို ပြန်မ ခေါ်နိုင်ခဲ့ပေ။ ဟွမ်မိသားစုဘိုးဘေးက စိတ်ပူပန်နေကာ စီ နီယာကျင့်ကြံသူများကို မိသားစုဌာနချုပ်သို့ ပြန်ခေါ်ခဲ့ပြီ ဖြစ်သည်။

ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် မိသားစုကြီးသုံးခု ရှိ၏။ ဖြင့် သူက တိုးညင်းစွာ ဆိုလာသည်။ "ဒီနေရာက ကိစ္စတွေ အတွက် သင့်ကို ထားခဲ့မယ်။ မိသားစုသုံးစုရဲ့ မျိုးဆက်တွေ ကို အထိုင်ကျအောင် လုပ်ပေးပြီး ငါ ပြန်လာတာကို စောင့် έφυ..."

သည့်နောက် ဝမ်လင်းက ရှေ့သို့လှမ်းကာ ကောင်းကင် ထက်သို့ တိုးဝင်သွားချေသည်။

ဝမ်လင်းက ဂြိုဟ်၏ လေထုကိုပါ ဖြတ်သန်းလာကာ ဂြိုဟ်ချိပ်ပိတ်ခြင်းအစီအရင်ကိုပါ ထွင်းဖောက် ထွက်လာခဲ့ သည်။ ကြယ်သံလိုက်အိမ်မြှောင်ကာ ငွေရောင် အလင်းတန်းအဖြစ်သို့ ပြောင်း၍ သူ့ကို ပုံရိပ်တစ်ထောင်ရှိရာဂြိုဟ်သို့ ခေါ်ဆောင်သွားတော့၏။

ငွေရောင်အလင်းတန်းက ကြယ်များကြား ဖြတ်သန်းကာ ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်သို့ ကျရောက်နေသည့် ပြင်းထန် သောသတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုကို သယ်ဆောင်လာခဲ့ သည်။

ဝမ်လင်းက ထိုငွေရောင်အလင်းပေါ်၌ ကြာပွင့်သဏ္ဌာန် ထိုင်နေ၏။ စွန်ရှီ ကျင့်ကြံနေသော သုံးရက်အတွင်း ဝမ် လင်းက သည်ရူးသွပ်ဖွယ်အစီအစဉ်ကို လုပ်ဆောင်ရန် ကြံစည်ခဲ့ပေသည်။ သူ့မျက်လုံးများက အလွန်အမင်း အေး စက်နေကာ ရှေ့တည့်တည့်သို့ ရှုကြည့်နေ၏။

"ဟွမ်မိသားစုက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်မှာ ရှိခဲ့တာ နှစ်များစွာ ရှိနေခဲ့ပြီ။ ဒီမိသားစုရဲ့ စွမ်းအားက ရှုပ်ထွေးပြီး

... ယင်းတို့မှာ ချမ်၊ဟွမ်၊နှင့် ရှု မိသားစုတို့ ဖြစ်ကြသည်။

ထိုမိသားစု သုံးစုထဲ၌ ချမ်မိသားစုက အကြီးမားဆုံးဖြစ် ကာ ဟွမ်က ဒုတိယ၊ ရှုကတော့ နောက်ဆုံး ဖြစ်၏။

ချမ်မိသားစုတွင် ဒုတိယအဆင့်သို့ ခြေချနိုင်ခဲ့သည့်သူ စုစုပေါင်းသုံးယောက် ရှိနေပေသည်။ သည်လို ကြီးမား သည့်စွမ်းအားကြောင့် ထိုမိသားစုက ဂြိုဟ်၏ မြောက်ပိုင်း နှင့်အရှေ့ပိုင်း တို့ကို ထိန်းချုပ်လို့ထားသည်။

ဟွမ်မိသားစုတွင်တော့ ဒုတိယအဆင့်ကျင့်ကြံသူ နှစ် ယောက်ရှိသည်။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်သည့်အချိန် လွန်ခဲ့သော နှစ်ထောင်ချီက သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ အခြားတစ်ယောက်ကတော့ ခုလက်ရှိ ဟွမ်မိသားစုဘိုး ဘေး ဖြစ်၏။

ခွန်အားခြင်းယှဉ်လျှင် ဟွမ်မိသားစုက ပုံရိပ်တစ်ထောင် ဂြိုဟ်ပေါ်၌ ဒုတိယအဆင့်ရှိနေရန် လုံလောက်သော စွမ်းအား မရှိတော့ပေ။ သို့ရာတွင် သူတို့မိသားစု မျိုးနွယ်က အတိတ်တုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံသား တစ်ယောက်နှင့် ဆက်နွှယ်နေခဲ့ပေ သည်။

ပြောကြသည်က လွန်ခဲ့သော မရေမတွက်နိုင်လောက် သော နှစ်များက မိုးကြိုးကောင်းကင်ဘုံနယ်မြေ မပျက်စီး ခင် ကောင်းကင်ဘုံသား တစ်ယောက်က အမွေအနှစ် ကောင်းကင်ဘုံရတနာတစ်ခု

ချန်ထားခဲ့ကာ မိသားစု၏ဌာနချုပ်တွင်လည်း အကာအကွယ် ကျောက်စိမ်း ပြားတစ်ခု ချန်ထားခဲ့သည်ဟု ဆိုသည်။

ထိုကျောက်စိမ်းပြားထဲ၌ ကောာင်းကင်ဘုံသားထံမှ မန္တာန်တစ်ခု ပါဝင်၏။

ထို့အတွက်ကြောင့်လည်း ဟွမ်မိသားစုဘိုးဘေးက သူ့ အဆင့်အတန်းကို ဆက်၍ ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ရှုမိသားစုကတော့ သူတို့၏ ကိုယ်ပိုင် ထူးဆန်းသော သဘာဝက ကျန်မိသားစုနှစ်ခုကို ကြောက်လန့်စေပေ၏။ သည်ရှုမိသားစုက တန်လင်းဂြိုဟ်မှ ကျော်ကြားလှသည့် ရှု မိသားစုနှင့် ဆက်နွှယ်နေသည်ဟု သဲလွန်စများက ညွှန်ပြ နေခဲ့သည်။

တန်လင်းဂြိုဟ်က အလွန်ကြီးမားလှသည့် နောက်ခံ ဖြစ် ရာ ရှုမိသားကလည်း ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင် တတိယအင်အားစုဖြစ်ရန် အတွက် ထိုက်တန်နေပေ၏။ ကံကောင်းစွာဖြင့် သည်ရှုမိသားစုက မထင်မပေါ်နေတက် ကာ ပုံမှန်အားဖြင့် ဂြိုဟ်နှင့် ပတ်သတ်သော ကိစ္စရပ်များ တွင်လည်း ပါဝင် ပတ်သတ်ခြင်း မရှိပေ။သည်လိုနှင့် မိသားစုသုံးခု၏ အင်အားက ဟန်ချက်ညီညီ ဖြစ်နေခဲ့သည်။ တစ်စုနှင့်တစ်စုကြား

သည်နေ့တွင် ချမ်မိသားစုမှ ဒုတိယအဆင့်သို့ ရောက်ရှိပြီးသော ဘိုးဘေးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သူ ယင်ယန်အဆင့်ကျင့်ကြံသူက ချမ်မိသားစုဌာနချုပ်ကနေ ထွက်လာကာ ကြယ်များထံသို့ ဦးတည်လာခဲ့သည်။

သူ့ပစ်မှတ်ကတော့ ဝမ်လင်းပင် ဖြစ်၏။
ချမ်ခိုင်ဇီကို တုန်လှုပ်၍ နောက်ဆုတ်စေခြင်း

ချမ်ခိုင်ဇီက ချမ်မိသားစုဘိုးဘေးသုံးယောက်ထဲမှ တစ် ယောက် ဖြစ်၏။ သူက ဟွမ်မိသားစုဘိုးဘေးနှင့်အတူ ငယ်ရွယ်စဉ်ကတည်းက မိတ်ဆွေ ဖြစ်ခဲ့ကာ နီးကပ်သော ဆက်ဆံရေး ရှိကြသည်။ သူက အလင်းတန်းတစ်ခုကို စီးနင်းကာ ပုံရိပ်တစ်ထောင်ဂြိုဟ်ကနေ ထွက်လာခဲ့၏။ သည့်နောက် အကွာအဝေးတစ်ခုရှိ ကြယ်များကြားကို စူး စိုက်ကြည့်နေရင်း စောင့်ဆိုင်းလို့နေသည်။

သူက သည်ခရီးစဉ်တွင် ချမ်မိသားစုကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ သူ့မိတ်ဆွေ ဟွမ်မိသားစုဘိုးဘေးကိုသာ ကိုယ်ရေးကိုယ်တာ သဘောဖြင့် ကူညီခြင်း ဖြစ်သည်။ သို့ရာတွင် သူက အလာကားသပ်သပ် ကူညီခြင်းတော့ မဟုတ်ဘဲ ဟွမ်မိသားစုဘိုးဘေး၏ ရတနာများထဲမှ တစ်ခု ကို မျက်စိကျမိသောကြောင့်သာ ကူညီခြင်း ဖြစ်သည်။

"ငါက ဂျူနီယာတစ်ယောက်ကို သတ်ပစ်ရုံနဲ့ ဒီရတနာ ကို ရနိုင်လိမ့်မယ်။ ဒီကိစ္စမှာ ပြဿနာတွေ အများကြီးတော့ ရှိနေနိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီဟွမ်ဝူချင်က အမြဲတမ်းကပ်စီးနည်းခဲ့တာ။ ဒါပေမဲ့ ခုတစ်ကြိမ်မှာတော့ သူက သိပ် ရက်ရောနေလို့ပဲ..."

ချမ်ခိုင်ဇီက အသက်လေးဆယ်ပတ်လည်လောက်သာ ထင်မှတ်ရ၏။သူ့ဦးခေါင်းထက်၌လည်း ဆံပင်ဖြူတစ်မျှင်မှ ရှိမနေပေ။ သူက ကြည့်၍ကောင်းသူ တစ်ယောက်ပင်။

"ဒီမောက်မာတဲ့ ဂျူနီယာက ကိုင်တွယ်ဖို့ ခက်ခဲကောင်း ခက်ခဲသွားနိုင်တယ်။ ဟွမ်မိသားစု အိမ်တော်မှာ ပေါ်လာခဲ့ တဲ့ ကြောက်မက်ဖွယ်ဓားစွမ်းအင်က ဒီဂျူနီယာနဲ့ ဆက်နွှယ်နေရမယ်။ ငါက ဒီကိစ္စကို အထင်သေးပြီး လုပ်ဆောင်လို့တော့ မရဘူး။ ဒီဂျူနီယာ ရောက်လာတဲ့ အချိန်ကြရင် ငါက သေသေချာချာ လေ့လာကြည့်မှ ဖြစ် ໑໖..."

ချမ်ခိုင်ဇီက သူ့စိတ်ကိုယ်သူ ပြင်ဆင်ပြီးနောက် မျက်လုံး မှိတ်၍ ငြိမ်သက်စွာ ရှိနေတော့သည်။

ခုနစ်ရက်ခန့် ကြာမြင့်ပြီးသည့်နောက် ငွေရောင် အလင်းတန်းတစ်ခုက ဂြိုဟ်ထံသို့ ကြယ်ပျံတစ်စင်းအလား တိုးဝင်လာနေသည်။ ထိုငွေရောင်အလင်းပေါ်၌ ထိုင်နေ ရင်း ဝမ်လင်း၏ အေးစက်စက်အကြည့်က အကွာအဝေး တစ်ခုရှိ တောက်ပသော ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်သို့ ကျ ရောက်လို့သွားသည်။

ဝမ်လင်းက သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တိုးဝင်လာ နေခြင်းပင်။ သူ့လမ်းကို လာပိတ်ဝံ့သူမှန်သမျှ သူ့ရန်သူ ဖြစ် သွားပေလိမ့်မည်။

ငွေရောင်အလင်းတန်းက ဟင်းလင်းပြင်ကို ဖြတ်သန်း လာနေရင်း ချမ်ခိုင်ဇီက မျက်လုံးဖွင့်လာကာ ဝမ်လင်းထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။

ဝမ်လင်းကလည် ချမ်ခိုင်ဇီကို တွေ့မြင်ပေ၏။ သူ့မျက်လုံး သူငယ်အိမ်က အနည်းငယ် ကျုံ့ကာ အေးစက်လာခဲ့သည်။

"သူက ကူညီပေးမဲ့လူ အမှန်တကယ် ရှိနေတာပဲ..."

"ဝင်လာတဲ့လူ ရပ်လိုက်…" ချမ်ခိုင်ဇီအသံက အစဦး၌ ဖျော့တော့သော်လည်း သည့်နောက် မိုးကြိုးလျှပ်စီးတန်း ကဲ့သို့ မြန်ဆန်စွာ ပျံ့နှံ့လာခဲ့သည်။ဝမ်လင်း အကြည့်က ပို၍ အေးစက်လာ၏။

"ဥပဒေသကို သယ်ဆောင်တဲ့ စကားလုံးတွေ..." ဝမ် လင်း ကြယ်သံလိုက်အိမ်မြှောင်၏ ငွေရောင်လင်းက ထို စကားလုံးများ၏ ဖိအားအောက်တွင် မှိန်ဖျော့သွားသည်ဟု ထင်မှတ်ရ၏။ ပုံမှန်အားဖြင့် ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။သို့ရာတွင် သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့် ပေါင်းစည်းထားသည့်အတွက်ကြောင့် ထိုလူ၏ ကျင့်ကြံမှု အဆင့်က ယင်နှင့်ယန်အဆင့်တွင် လွယ်လင့်တကူ သိလိုက်ပေ၏။ ရှိနေကြောင်း

"ကောင်းကင်ဘုံသက်တော်စောင့်က ပုံရိပ်ယောင်ယင် အဆင့်မှာ ရှိနေပေမဲ့လည်း အဲ့အဆင့်ရှိ အစစ်အမှန်ကျင့်ကြံ သူတစ်ယောက်နဲ့တော့ ယှဉ်နိုင်ခြင်း မရှိဘူး..."

ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်၏ အားနည်းချက်ကို သိပေ၏။ သို့ရာတွင် ၎င်းတွင် သီးသန့် မန္တာန်များ ရှိနေခြင်းကြောင့် အားနည်းနေမည်တော့ မဟုတ်ပေ။

ချမ်ခိုင်ဇီမျက်လုံးများက တည်ငြိမ်လျက် ရှိနေကာ သူက ဖြည်းဖြည်းချင်း ဆိုလာ၏။ "မင်းက ဟွမ်မိသားစုကြောင့် လာခဲ့တာလား…" သူ့အသံက အထင်အမြင်သေးမှုတို့နှင့် ပြည့်နေ၏။

ဝမ်လင်းကလည်း ကြယ်သံလိုက်အိမ်မြှောင်ပေါ်၌ မတ် တပ်ထရပ်လာကာ ထိုလူ့ကို အေးစက်စွာ ကြည့်၍ ပြန်ပြော လိုက်သည်။ "အတိအကျပဲ..."

"လူငယ်တစ်ယောက်က မိသားစုတစ်ခုလုံးကို အမြစ် ဖျက်သတ်ချင်နေတယ်လို့ ပြောနေတယ်။ မင်းရဲ့ အကြီးအကဲက ဒီလို မလုပ်သင့်ကြောင့် မသင်ပေးခဲ့ဘူး လား။ ငါ့ကို မင်းအကြီးအကဲရဲ့ နာမည် ပြောပါ။ ငါက မင်း အကြီးအကဲနဲ့တောင် သိချင်သိနေနိုင်တယ်၊ ဒါဆိုရင် မင်း အသတ်ခံရတာကနေ လွတ်ကောင်းလွတ်နိုင်လိမ့် 3 συς..."

ချမ်ခိုင်ဇီက ဝမ်လင်းကို ကြည့်၍ သေချာလေ့လာကြည့် နေသည်။

သူ့အမြင်တွင် သည်ကောင်လေးက ဘာမှ ထူးဆန်းတာ ရှိမနေပေ။ သည်ကောင်လေး၏ ကျင့်ကြံမှုအဆင့်ကလည်း နိမ့်ပါးလှကာ အာဏာတက်ခြင်းအလယ်အဆင့်သို့ပင် မ ရောက်သေးပေ။ ချမ်ခိုင်ဇီမျက်လုံးများက ဝမ်လင်း ခြေထောက်အောက်ရှိ အရိပ်ပေါ်သို့ ကျရောက်သွားစဉ် သူ့ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။

"ပုံရိပ်ယောင်ယင်ရုပ်သေး…" ချမ်ခိုင်ဇီ၏ အကြည့်က တည်ငြိမ်နေသေးသော်လည်း သူ့စိတ်ထဲတွင်တော့ ပင့်သက်ရှိုက်မိနေ၏။

"ဘယ်လိုမိသားစုမျိုးကများ အားကောင်းတဲ့ ယင်ယန် အဆင့်ကျင့်ကြံသူတစ်ယောက်ကို ရုပ်သေးအဖြစ်ပြောင်းပြီး ဂျူနီယာတစ်ယောက်ကို ပေးထားခဲ့ရတာလဲ။ ဒါ…ဒါက တော်တော်လေး ကြောက်မက်ဖွယ် ကောင်းနေပြီ..."

ချမ်ခိုင်ဇီက ဝမ်လင်းအောက်ရှိ အရိပ်ကို စူးစိုက်ကြည့် နေရင်း သူ့မျက်လုံးထဲ၌ အရိပ်အယောင်တို့ ပေါ်ထွက်လာသည်။ လောဘတက်သည့်

ဝမ်လင်းက တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။ "စီနီ ယာ...ဒါက ပုဂ္ဂိုလ်ရေး ရန်ကြွေးပါ။ ကျေးဇူးပြုပြီး ကြားမ ဝင်ပါနဲ့..."

ချမ်ခိုင်ဇီက စိတ်ထဲ၌ ရုန်းကန်နေ၏။ တစ်ဖက်တွင် လည်း သူက သည်ရုပ်သေးရုပ်ကို လိုချင်နေသည်။သို့သော် အခြားတစ်ဖက်တွင်လည်း သည်လူ့၏ မိသားစုနောက်ခံနှင့် ပတ်သတ်၍ စိုးရိမ်နေမိသည်။ တစ်ဖြည်းဖြည်းဖြင့် သူ့ လောဘကသာ သူ့အား ကြီးစိုးလို့သွားသည်။

သူ့အမြင်တွင် ပုံရိပ်ယောင်ယင်ရုပ်သေးရုပ်၏ တန်ဖိုးက ကြီးမားလွန်းလှ၏။ တကယ်တော့ သူက ဟွမ်မိသားစု အတွက် လုပ်ဆောင်ပေးခြင်း ဖြစ်သည်။ သည်ဂျူနီယာ၏ မိသားစုက ယခုကိစ္စနှင့် ပတ်သတ်၍ ရှာတွေ့သွားချိန်တွင် ပင် သူက ထိုကိစ္စကို ဟွမ်မိသားစုအပေါ်သို့ အပြစ်လွှဲချ နိုင်၏။

ချမ်ခိုင်ဇီ၏မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ "မင်းရဲ့ ရုပ်သေးရုပ်ကို ငါ့ရှိပေးလိုက်ပါ။ ဒါဆိုရင် ဒီအဘိုးအိုက ဒီကိစ္စကို ဝင်မ စွက်ဖက်တော့ဘူး..."

ဝမ်လင်းမျက်လုံးက ပို၍ပင် အေးစက်သွား၏။ သူ့တွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းနှစ်ခု ကျန်ရှိနေသေး၏။

ဝမ်လင်း၏ အောက်ခြေရှိ အရိပ်က ဖျပ်ခဲ လင်း လက်သွားကာ ကောင်းကင်ဘုံသက်တော်စောင့် ပေါ်ထွက် လာ၏။ ၎င်း၏ မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒ ဖြစ်ပေါ်ကာ ချမ်ခိုင်ဇီကို စူးစိုက်ကြည့်နေသည်။

ဝမ်လင်းက နှာခေါင်းရှုံ့၍ ဆို၏။ "..." ကောင်းကင်ဘုံသက်တော်စောင့်၏ မျက်လုံးက တောက်ပ သွားပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးသွားသည်။ တစ် ချိန်တည်းမှာပင် သူ့လက်နှစ်ဖက်လုံးက လှုပ်ရှားသွားရဦ ဟင်းလင်းပြင်ကို စုတ်ဖြဲလိုက်သည်။ ချမ်ခိုင်ဇီ၏ မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားခဲ့သည်။ သို့သော် သူက ထရပ်လာခြင်း မရှိဘဲ ထိုင်လျက်သာ ရှိနေ ဆဲ ဖြစ်၏။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်များကို ဖော်ထုတ် လိုက်သည်။သည့်နောက် မှော်စာလုံးများ တစ်ခုပြီးတစ်ခုကို ထွေးထုတ်သည်။ ယင်းစာလုံးများက သူ့အား ချက်ခြင်း ဝန်းရံလာကာ စာလုံးတစ်လုံးချင်းစီက အားကောင်းသော အော်ရာကို ပေးစွမ်းရင်း ကောင်းကင်ဘုံသက်တော်စောင့် ထံသို့ နီးကပ်သွားသည်။

သည် ကောင်းကင်ဘုံ သက်တော်စောင့်က ကောင်းကင်ဘုံအင် ပါယာချင်လင်းက ရှေးဟောင်းနတ်ဘုရားကို တုပကာ ပြုလုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်း၏ စွမ်းရည်အများ စုက ခန္ဓာကိုယ်ပေါ်တွင် မှီတည်ပေ၏။ အခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့်၏ လက် က ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခုက သူ့လက်ထဲ၌ ပေါက်ကွဲထွက်လာ၏။ သိပ်မကြာခင်တွင် ထိုရွှေရောင်အလင်းက ၎င်း၏ တစ် ကိုယ်လုံးကို ဝန်းရံသွားပြီးနောက် ရွှေရောင်လူသားတစ် ယောက်ကဲ့သို့ ဖြစ်လာသည်။သည့်နောက် သူက ရှေ့သို့ ခြေ တစ်လှမ်းတိုးကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေ သည်။

သည်လက်သီးချက်က ကြယ်များအကြား အသံပေါက်ကွဲ မှုများကိုပင် ဖြစ်ပေါ်သွားစေသည်။ မရေမတွက်နိုင်သော အက်ကွဲကြောင်းများလည်း ပေါ်လာခဲ့ကာ ထိုလက်သီးချက် က မှော်စာလုံးများ၏ ၎င်းကြောင်းကို ပျက်စီးသွားစေ၏။

ချမ်ခိုင်ဇီ၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်လာကာ သူက ပြုံး၍ ပြောလိုက်သည်။ "ဒါက ခန္ဓာကိုယ်သန့်စင်ခြင်းအပေါ်မှာ စူးစိုက်ထားတဲ့ ရုပ်သေးပဲ။ ဒီအဘိုးအိုက ဒီရုပ်သေးကို ပိုင်ဆိုင်စေရမယ်..." ထိုသို့ပြော လိုက်ပြီးသည့်နောက် သူက မန္တာန်ရွတ်ဆိုမှုကို ပြောင်း လိုက်၏။ သည်တစ်ကြိမ်၌ သူ့မန္တာန်က ပို၍ အားကောင်း သော အသံများကို ထွက်ပေါ်လာစေ၏။

ချက်ခြင်းပင် မှော်စာလုံးများအားလုံးက လျှပ်စီးတန်း များကို ထုတ်လွှတ်လို့လာ၏။ မျက်စိတစ်မှိတ်အတွင်း စာလုံးများက လျှပ်စီးတန်း သောင်းချီ အဖြစ်သို့ ပြောင်းလဲ သွားကာ ကောင်းကင်ဘုံ သက်တော်စောင့်ထံသို့ ပစ်ခတ် လာ၏။

သည်လျှပ်စီးတန်းများက တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေ သည့်အလားပင်။

ကြယ်သံလိုက်အိမ်မြှောင်ပေါ်တွင် မတ်တပ်ရပ်နေရင်း ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ပျံသန်းထွက်လာသည်။၎င်းက မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားကာ ဟိန်းသံပြု၍ ကြမ်းကြုတ်စွာ ထိုးထွက်လာခဲ့သည်။

ဟိန်းသံ ထွက်ပေါ်လာသည်နှင့်တူ လျှပ်စီးတန်း သောင်း ချီက တန့်လို့သွား၏။ ချမ်ခိုင်ဇီပင်မှင်သက်သွားရ၏။ သည့်နောက် လျှပ်စီးများအားလုံးက စုဝေးသွားပြီး မိုးကြိုး သားရဲ၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။

မိုးကြိုးသားရဲ ခန္ဓာကိုယ်က ရုတ်တရက် ကြီးထွား လာ၏။ ၎င်း၏ မျက်လုံးထဲ၌လည်း လျှပ်စီးတန်းများနှင့် ပြည့်လို့နေသည်။

"ဒါ..ဒါက..မိုးကြိုးသားရဲ..." ချမ်ခိုင်ဇီက ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူ့အသွင်က ကြီးစွာ ပြောင်းလဲ သွားချေသည်။ သူက မိုးကြိုးသားရဲကို စူးစိုက်ကြည့်နေရင်း ပင့်သက်ရှိုက်နေမိ၏။

"ဒါပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် မင်းမှာ ဓားစွမ်းအင်နဲ့ ပုံရိပ် ယောင်ယင်ရုပ်သေး ရှိနေတာ ဖြစ်ရမယ်။ဘာလို့မင်းမှာ ဒီ အရာတွေ ရှိနေတာလည်း ဆိုတော့ မင်းက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်က တစ်စုံတစ်ယောက် ဖြစ်နေလို့ပဲ

ချမ်ခိုင်ဇီက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူက ချက်ခြင်းပင် သူ့မှော်စာလုံးများကို ပြန်ရုတ်သိမ်း လိုက်၏။ သူ့နှလုံးသားထဲရှိ ရုပ်သေးအပေါ် လိုချင်နေ မှုသည်လည်း ဆက်၍ မတည်ရှိတော့ပေ။

ချမ်ခိုင်ဇီအသွင်က ဖြူရောနေကာ သူက မြန်ဆန်စွာ ပြောလာ၏။ "မိတ်ဆွေလေး...ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ။ ဒီအဘိုးအိုက အဆင်အခြင်မဲ့ခဲ့ပါတယ်။ ဒါက နားလည်မှု လွဲတာပါ၊ တကယ့်ကို နားလည်မှုလွဲတာပါ..."

သူ့တွင် အားကောင်းသောကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်ပင် ဆက်၍ မရှိတော့ချေ။

"ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တစ်စုံတစ်ခုကို ဓားပြုတိုက်ဖို့ တကယ်လုပ်ခဲ့တာပဲ။ ဒါက…" ချမ်ခိုင်ဇီမျက်နှာပေါ်၌ ခါးသီးမှုနှင့် ပြည့်လို့နေ လေ၏။

သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးထဲရှိမည်သည့် မိသားစုကိုမဆို ရန်စဝံ့ပေသည်။သို့သော် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကိုတော့ ထိုသို့ ရန်စ ဝံ့ ခြင်း မရှိပေ။ သူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော် အပေါ် အနည်းငယ်မျှပင် မလေးမစား မပြုဝံ့ပေ။ သူ့ အတွက် "မိုးကြိုး ကောင်းကင်ဘုံ ကျောင်းတော်" ဆိုသည့် စကားသုံးလုံးက ဘယ်တော့မှ မစော်ကားဝံ့သည့် တည်ရှိမှု မျိုး ဖြစ်နေ၏။

ပုံမှန်အားဖြင့် သူ့ကျင့်ကြံမှုအဆင့်နှင့် စိတ်အင်အား ကြောင့် သူက ဝမ်လင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်း တော်မှ တစ်စုံတစ်ယောက် ဖြစ်လိမ့်မည်ဟု ယုံကြည် လိမ့်မည် မဟုတ်ပေ။ သို့သော် သူ့ကို ထိုသို့ ယုံကြည်သွား စေသည့်အရာက မိုးကြိုးသားရဲ ကြောင့်ပင်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကသာ မိုးကြိုး သားရဲများ ပိုင်ဆိုင်ပေ၏။ မိုးကြိုးသားရဲက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်၏ သင်္ကေတတစ်ခုပင် ဖြစ်နေ၏။

ချမ်ခိုင်ဇီက နှစ်သောင်းနှင့် ချီ၍ ကျင့်ကြံခဲ့သူ ဖြစ်သည်။ သို့သော် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလွဲ၍ ကျန်သည့် တစ်စုံတစ်ယောက်ထံ၌ မိုးကြိုးသားရဲ ပိုင်ဆိုင် သည့် ဟူသော အကြောင်းကို လုံးဝ မကြားသိခဲ့ဖူးပေ။ မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လူ တစ်ယောက်သာ ပိုင်ဆိုင်နိုင်သည့်အရာ ဖြစ်နေပေ၏။

ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက ချ မ်ခိုင်ဇီကို စူးစိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "နားလည်မှု လွဲတာလား..."

ချမ်ခိုင်ဇီက ခါးသီးစွာ ပြုံးလိုက်၏။သို့သော် သူ့စိတ်ထဲ တွင်တော့ ဒေါသပုန်ထနေ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကောင်လေး ကို တွေ့လျှင်ပင် ယခုလို ပြောစရာ မလိုပေ။ ပုံမှန်အားဖြင့် သူက ယခုလိုပုံစံကို သူနှင့်အဆင့်တူများနှင့် ရင်ဆိုင်ရ ချိန်၌သာ ပြောတက်ပေ၏။

သို့ရာတွင် ခုချိန်၌ သူက အရင်ဆုံး သွားရောက်ရန်စခဲ့ သည့်သူ ဖြစ်နေပေ၏။ သူ့စိတ်ထဲ၌ သည်ကောင်လေးက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင် အဆင့်အတန်း အချို့ ရှိလိမ့်မည်ဟု တွေးထင်နေမိသည်။ မဟုတ်လျှင် သူ့ ထံ၌ သူ့ကို အကာအကွယ်ပေးမည့် ပုံရိပ်ယောင်ယင် ရုပ်သေး မည်သို့ ရှိနေနိုင်ပါ့မည်နည်း။

အနည်းငယ် တုံ့ဆိုင်းပြီးနောက် ချမ်ခိုင်ဇီက မချင့်ပြုံးပြုံး လာခဲ့သည်။ "မိတ်ဆွေလေး...ငါက ဟွမ်မိသားစုကို တူညီ တဲ့ဂြိုဟ်တစ်ခုတည်းမှာ 얼어 ဖြစ်နေတဲ့အတွက် ဆန့်ကျင်ဘက် လုပ်လို့ မရပါဘူး။ ဒါ့အပြင် မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ကလာတဲ့ မိတ်ဆွေလေး အတွက်လည်း ငါ့ အကူအညီလိုမယ် မထင်ဘူး။ ဒါပေမဲ့ မိတ်ဆွေလေး...ချမ်မိသားစုကတော့ ဒီကိစ္စမှာ မပါဝင်ခဲ့ပါ ဘူး။ ငါက ဟွမ်မိသားစုနဲ့ ပတ်သတ်သမျှကို ဖြတ်တောက် ပစ်ပါ့မယ်..."

"ငါ ကောင်းကင်ဘုံကျောက်စိမ်းပြား လိုချင်တယ်..." ဝမ်လင်းက ချမ်ခိုင်ဇီကို တည်ငြိမ်စွာ ကြည့်နေ၏။

ချမ်ခိုင်ဇီက မှင်သက်သွားသည့်ဟန်ဖြင့် ပြောလာသည်။ "မိတ်ဆွေလေးတို့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှာ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ အဲ့လောက်တောင် ရှားနေတာလား။ ကောင်းပါပြီ...ငါ ပေးပါ့မယ်..."

သူက စိတ်ထဲ၌ ခါးသီးနေမိသည်။ သူက စိတ်ထဲ၌ သည် အရာက သူ့လောဘကြီးမည်သည့်အတွက် အပြစ်ဟု တွေး နေမိ၏။သူကသာ ထိုကျောင်းတော်မှ သည့်လူကို သတ် လိုက်ပါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတစ်ခု လုံး၌ပင် သူ့ချမ်မိသားစုအတွက် နေစရာ မရှိဖြစ်သွားပေ လိမ့်မည်။ "ဒီလူက ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ လိုချင် တယ်ပြောတော့…သူက အများကြီး လိုချင်တာ ဖြစ်ရမယ်။ သူက အရေအတွက် အတိအကျလည်း မပြောဘူး။ဒါ့ ကြောင့် သူက ငါ့ကို ငါ့ဘာသာ ဆုံးဖြတ်စေချင်တာ ဖြစ်ရ ໑໖..."

ချမ်ခိုင်ဇီက အံတင်းတင်းကြိတ်ကာ သိုလှောင်အိတ်တစ် ခုကို ထုတ်ယူလိုက်၏။ သူက ထိုသိုလှောင်အိတ်ကို ဝမ် လင်းထံသို့ ပစ်ပေးလိုက်ချိန်၌ သူ့နှလုံးသားက ဓားနှင့် မွှန်း သလို ခံစားနေရသည်။သည့်နောက် သူက ပုံရိပ်တစ်ထောင် ဂြိုဟ်ရှိရာသို့ လှည့်၍ ပျံသန်းသွားတော့၏။

သူက ပုံရိပ်တစ်ထောင်ဂြိုဟ်ထဲသို့ ခြေချလိုက်ချိန်တွင် သူ့အသွင်က လွန်စွာနက်မှောင်လို့နေသည်။ သူက ဂြိုဟ်ထဲ သို့ ဝင်ရောက်သွားသည့် အခိုက်အတန့်၌ သူ့နတ်ဘုရား အာရုံကို ဖြန့်ကျက်ကာ ဟွမ်မိသားစု၏ ပိုင်နက်တစ်ခုလုံး အား ဝန်းရံပြီး နတ်ဘုရားအာရုံဖြင့် သုန်မှုန်စွာ သတင်း တစ်ခု ပို့လွှတ်လိုက်သည်။

"ဟွမ်ဝူချင်...သင်က ငါ့ကို မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တစ်စုံတစ်ယောက်ကို သွားရန်စမိအောင် လုပ်ခဲ့တယ်။ ငါ ဒါကို မှတ်ထားတယ်..."

ဟွမ်မိသားစုဘိုးဘေး အိမ်တော်ထဲရှိ ဟွမ်မိသားစုဘိုး ဘေးက မျက်မှောင်ကြုတ်သွားကာ နတ်ဘုရားအာရုံတစ်ခု ကို ပြန်ပို့လွှတ်လိုက်သည်။ "သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က မဟုတ် ဘူး။ သူက ငါ့မွေးစားသမီးလိုမျိုး မဟာမိတ်ကြယ်အဖွဲ့ အစည်းကနေ ရောက်လာတဲ့သူသာ ဖြစ်တယ်..."

"အဓိပ္ပာယ် မရှိလိုက်တာ။ မင်း နတ်ဘုရားအာရုံက အလုပ်မလုပ်တော့ဘူးလား။ မင်းက မိုးကြိုးသားရဲကို မ တွေ့လိုက်ဘူးလား။ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ တည်ရှိတဲ့ မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်က တမန်တော်တွေရဲ့ သင်္ကေတ တစ်ခု မဟုတ်ဘူး လား..."

ချမ်ခိုင်ဇီက အလွန်ဒေါသထွက်နေလေ၏။ သူက တွေး နေသည်။ "ဟွမ်ဝူချင်...ဟွမ်ဝူချင်...မင်းက ငါ့ကို ဖုံးကွယ်ဖို့ ကြိုးစားနေသေးတယ်...ငါ….ဒါကို မှတ်ထားလိုက်မယ်..." 

ဟွမ်မိသားစုရဲ့ ပျက်စီးရာပျက်စီးကြောင်း(နောက်တစ်ပိုင်း)

"မိုးကြိုးကောင်းကင်ဘုံကျောင်းတော်..." သည်တစ် ကြိမ်က ဝမ်လင်း ထိုနာမည်ကို ပထမဆုံးအကြိမ်ကြားရ ခြင်း မဟုတ်ပေ။ သူက မိုးကြိုးသားရဲကို ကြည့်ရှုလိုက်ပြီး နောက် ပုံရိပ်တစ်ထောင်ဂြိုဟ်ရှိရာသို့ ခြေလှမ်းလိုက်သည်။

ကြယ်သံလိုက်အိမ်မြှောင်ကို သိမ်းဆည်းလိုက်ပြီးနောက် သူက ပုံရိပ်တစ်ထောင်ဂြိုဟ်၏ လေထုကို ထွင်းဖောက် ဝင် ရောက်လာသည်။ ဝမ်လင်းရှေ့တွင် ရှိနေသည့်အရာက ကြီးမားသည့် ကုန်းမြေထုကြီး တစ်ခုပင်။ သူက နတ်ဘုရား အာရုံကို ဖြန့်ကျက်ကာ ဂြိုဟ်၏ တောင်ဘက်ပိုင်းသို့ ပိတ်ဆို့လိုက်၏။ သည့်နောက် ထိုနေရာသို့ ကြယ်ပျံတစ် စင်းအလား တိုးဝင်သွားချေသည်။

ဟွမ်မိသားစု၏ ဘိုဘေးအိမ်တော်တွင် ဟွမ်မိသားစုဘိုး ဘေး ဟွမ်ဝူချင်က လက်နောက်ပစ်လျက် ရှိနေ၏။သူက ကောင်းကင်ထက်သို့ သုန်မှုန်သောအသွင်နှင့် ကြည့်လို့ နေသည်။သူ့ဘေးတွင် ဟွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက် များ ရှိလို့နေသည်။ သူတို့က တန်းနှစ်ခုအဖြစ် စီတန်းရပ်နေကြကာ လုံးဝ တိတ်ဆိတ်နေကြ၏။

သို့ရာတွင် သူတို့က မကျေမနပ် အရိပ်အယောင်တို့ကို ထုတ်ဖော်ထားကြသည်။

လျိုမေက ဟွမ်မိသားစုဘိုးဘေး၏ ဘေးနားတွင် မတ် တပ်ရပ်နေသည်။သူမက ကောင်းကင်ထက်သို့ တိတ်ဆိတ်စွာ ကြည့်နေကာ သူမဘာတွေးနေသည်ကို မည်သူမျှ မသိကြပေ။

အခြားမိသားစုဝင်များကတော့ အခန်းမျိုးစုံတွင် နေရာ ချထားကြသည်။သည်နေရာတွင် ရှိနေသည့်သူများက မိသားစုဝင်အကုန်လုံးတော့ မဟုတ်ပေ။အကြောင်း ကတော့ အချို့က သည်နေရာသို့ အချိန်မှီ ပြန်မရောက်လာ ကြခြင်းကြောင့် ဖြစ်၏။

ဟွမ်မိသားစုဘိုးဘေးက ကောင်းကင်ထက်သို့ ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ "ဟွမ်မေ...ဒီအဘိုးအိုက နင့်ကို တစ်ခါ ထပ်မေးမယ်။ ဒီလူက မဟာမိတ်ကြယ်အဖွဲ့ အစည်းက လာတာ သေချာလား..."

လျိုမေက ခေါင်းညိတ်ပြလိုက်၏။

"မဟာမိတ်ကြယ်အဖွဲ့အစည်းက တစ်စုံတစ်ယောက်က မိုးကြိုးသားရဲ ဘယ်လိုလုပ် ရှိနေနိုင်တာလဲ..."

ဟွမ်ဝူချင်ပင် ထိုကိစ္စအတွက် အတော်လေး ပဟေဠိဖြစ် ကာ ဝေခွဲမရ ဖြစ်လို့နေသည်။

သူက နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ဖန်တီးခဲ့ သူတွင် မိတ်ဆွေများစွာ ရှိခဲ့သည်ကို မသိပေ။ စစ်ရထား၏ စိတ်ဝိညာဉ်သားရဲကို သန့်စင်ရန်အတွက် သူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေသို့ ရောက်လာခဲ့ပြီး အမည်မသိနည်းလမ်းအချို့ကိုသုံးကာ မိုးကြိုးကောင်းကင်ဘုံအင်ပါ ယာထံမှ မိုးကြိုးသားရဲတော်တော်များများကို ရယူနိုင်ခဲ့၏။

သည်အခိုက်အတန့်၌ ဟွမ်မိသားစု၏အကြည့်အောက်မှာ ပင် မိုးကြိုးတန်းတစ်ခုက မိုးကုပ်စက်ဝိုင်းကနေ ထွက် ပေါ်လာကာ ဟွမ်မိသားစုထံသို့ ဦးတည်လာလေ၏။ ထိုသူ ကတော့ ဝမ်လင်းပင်။ သူ့ဘေးတွင်လည်း မိုးကြိုးသားရဲ့ ရှိနေ၏။ မိုးကြိုးသားရဲက နှာမှုတ်လိက်ရာ လျှပ်စီးတန်းများ က ၎င်း၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေ့လျားကာနေ၏။ ၎င်းက ဟွမ်မိသားစုထံသို့ ကြမ်းကြုတ်သောမျက်လုံးများ ဖြင့် ကြည့်လို့နေသည်။

ဝမ်လင်းက ထွက်ပေါ်လာချေ၏။ သူ့အောက်တွင် ဟွမ် မိသားစု၏ အကာအကွယ်အစီအရင်တစ်ခု ရှိလို့နေသည်။

ဟွမ်မိသားစုဘိုးဘေးက အလွန်ကြီးမားလှရာ အကွာ အဝေးတစ်ခုမှ ကြည့်ပါက မြို့တစ်မြို့နှင့်ပင် တူနေသေး သည်။

"လျိုမေကို လက်လွှဲပါ..." ဝမ်လင်းအသံက ရေခဲတစ်မျှ အေးစက်လှ၏။ သူ့အေးစက်စက်အကြည့်က ဟွမ်မိသားစု ဘိုးဘေး ဘေးနားရှိ လျိုမေထံသို့ ကျရောက်လာသည်။

လျိုမေက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။ သူမက ဝမ် လင်း၏ မျက်နှာကို မမြင်တွေ့ချင်ဟန်ဖြင့် ခေါင်းလွှဲ လိုက်၏။

"မောက်မာလိုက်တာ..." ဟွမ်မိသားစုဘိုးဘေးမျက်လုံး က လက်ခနဲ ဖြစ်သွားကာ သူက အော်ဟစ်လိုက်၏။ "ဂျူနီ ယာ ဒီလိုစကားတွေ မပြောခင် ငါ့ဟွမ်မိသားစုအစီအရင်ကို အရင် ချိုးဖျက်လိုက်ဦး..."

ဝမ်လင်း အသွင်က အေးစက်နေဆဲ ဖြစ်ကာ သူက မိုးကြိုးသားရဲ၏ ဦးခေါင်းကို ပုတ်လိုက်၏။ ထိုအခါ မိုးကြိုး သားရဲက မာန်သွင်းဟိန်းဟောက်၍ မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ဖန်တီးဖြစ်ပေါ်စေလိုက်သည်။ ကမ္ဘာ လောကသည် မိုးကြိုးလျှပ်စီးများနှင့် ပြည့်နှက်သွား၏။

ကောင်းကင်က ချက်ခြင်းပင် အေးစက်လာကာ နက်မှောင်သော တိမ်ထုများက စတင်၍ ဖြစ်တည်လာကြ သည်။ မိုးကြိုးသားရဲက ဆက်လက်၍ ဟိန်းဟောက်နေရင်း လျှပ်စီးတန်းများစွာက ထိုတိမ်ထုများကို ဖြတ်သန်းကာ စတင်အက်ကွဲစေသည်။

မိုးကြိုးသားရဲ၏ ခြေနှစ်ဖက်လက်နှစ်ဖက်က လှုပ်ရှား လာ၏။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးက လျှပ်စီးတန်းများကို ထုတ်လွှတ်ပေးလာသည်။ ၎င်းက မိုးကြိုးဟိန်းသံကို ထုတ် လွှတ်ကာ ဟွမ်မိသားစု အိမ်တော်ပေါ်သို့ ကျရောက် စေလိုက်၏။

ပေါက်ကွဲမှုများ

ဆက်တိုက်ဖြစ်ပေါ်လာခဲ့ချေသည်။ မိုးကြိုးတန်းများက ကောင်းကင်ထက်မှ အဆက်မပြတ် သက်ဆင်းလာသလား ထင်မှတ်ရကာ အစီအရင်ပေါ်သို့ ကျ ရောက်လာနေ၏။

ဟွမ်မိသားစု၏ အကာအကွယ်အစီအရင်က ချက်ခြင်း တောက်ပလာကာ ၎င်းပေါ်၌ လှိုင်းတွန့်များစွာ ဖြစ်ပေါ်လာ ခဲ့သည်။၎င်းက လျှပ်စီးများစွာကို စုပ်ယူကာ ပျောက်ပျက် စေ၏။

ဝမ်လင်းမျက်လုံးက ပို၍ အေးစက်လာခဲ့၏။ သူက သူ့ လက်ချောင်းထိပ်ကို ကိုက်လိုက်ပြီး သွေးစက်ကို မိုးကြိုး သားရဲ မျက်ခုံးနှစ်ခုကြားသို့ ပို့လွှတ်လိုက်သည်။

"ချိပ်ပိတ်ခြင်း...ဖွင့်လှစ်လိုက်..."

ဝမ်လင်း၏ အေးစက်စက် စကားလုံးများကို ကြားလိုက် ရသည့်နောက် မိုးကြိုးသားရဲခန္ဓာကိုယ်က ချက်ခြင်း တုန်ယင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းခန္ဓာကိုယ်မှ မိုးကြိုးစွမ်းအားများက ပေါက်ကွဲထွက်လာခဲ့ကာ မိုးကြိုး မုန်တိုင်းတစ်ခုကို ဖန်တီးသည်။

ထိုမုန်တိုင်းက ကြီးမားလှကာ လျှပ်စီးနှင့်မိုးကြိုးများက မုန်တိုင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

33 "အစီအရင်ကို ချိုးဖျက်လိုက်..." ဝမ်လင်းက မာန်သွင်း ပြော၏။ မိုးကြိုးသားရဲ၏ စွမ်းအားကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာသည်။ သည် အခိုက်အတန့်၌ ထူးဆန်းသောအားတစ်ခုက ကမ္ဘာလောက ကို ဝန်းရံလာကာ သဲများ၊ကျောက်စရစ်များကပါ လေထဲသို့ မြောက်တက် မြောလွင့်လာချေသည်။

သည့်အပြင်အစီအရင်ထဲရှိ ဟွမ်မိသားစုဝင်များက အဆုံး မဲ့စွမ်းအားကို ခံစားမိလိုက်ရာ သူတို့၏ အသွင်ကို ဖြူရော သွားစေသည်။ အချို့က မိုးကြိုးသားရဲမှန်း သိရှိသွားကြရာ သူတို့အသွင်သည် ကြီးစွာ ပြောင်းလဲသွားကြတော့၏။

"ဘိုးဘေး...ဒါ…ဒါက မိုးကြိုးသားရဲပဲ..."

အစောပိုင်းတုန်းက ချမ်ခိုင်ဇီ၏ သတင်းစကားက ဟွမ် မိသားစုဘိုးဘေးအတွက်သာ ဖြစ်သည့်အတွက် သူတို့က မိုးကြိုးသားရဲ၏ တည်ရှိမှုနှင့် ပတ်သတ်၍ မသိရှိခဲ့ကြပေ။

"ဘိုးဘေး...မိုးကြိုးသားရဲက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ကို ကိုယ်စားပြုတယ်။ ဘိုးဘေး ဒီကိစ္စကို နောက်တစ်ကြိမ် စဉ်းစားပါဦး..."

"ဘိုးဘေး...ငါတို့ဟွမ်မိသားစုက အပြင်လူတစ်ယောက် အတွက် ကပ်ဘေးတစ်ခု ဖြစ်စေတာက မှားယွင်းနေပါပြီ...

မိုးကြိုးသားရဲ၏ ဟိန်းသံ ထွက်ပေါ်လာသည့်နောက် တိုက်ရိုက်မျိုးဆက်များက မကျေနပ်ချက်ကို ဆက်၍ အောင့်အီးမထားနိုင်တော့ဘဲ ထုတ်ဖော် ပြောလာကြ၏။ မကျေနပ်ချက်များကို

"မင်းတို့အားလုံး...ပါးစပ်ပိတ်ထားကြစမ်း..." ဟွမ် မိသားစုဘိုးဘေး၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက ပတ်ဝန်းကျင်ရှိ တိုက်ရိုက်မျိုးဆက်များကို အေးစက် စွာ ကြည့်သည်။

သည်အခိုက်အတန့်မှာပင် မိုးကြိုးသားရဲကြောင့် ဖြစ် ပေါ်လာသော မုန်တိုင်းက ရောက်ရှိလာခဲ့၏။ မိုးကြိုးသားရဲ က အစီအရင်ကို ချေမွလာခဲ့သည်။ ခုတစ်ကြိမ်၌ မိုးကြိုး သားရဲ တိုးဝင်လာသည့်အခါ ကောင်းကင်ဘုံမိုးကြိုးက ပေါင်းစပ်ထားကာ တစ်ဟုန်ထိုး တိုးဝင်လာသကဲ့သို့ ဖြစ် နေသည်။

ထိုအင်အားက ပြင်းထန်လွန်းလှ၏။

မိုးကြိုးသားရဲ၏ ဟိန်းသံများက ကောင်းကင်နှင့်မြေကြီး ကို ဖြတ်၍ ပဲ့တင်ထပ်လေ၏။ ၎င်းက အစီအရင်ပေါ်သို့ ရိုက်ချလာလေသည်။

ဘုန်း...။

မိုးကြိုးသားရဲကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးမုန်တိုင်း က မရေမတွက်နိုင်သော လျှပ်စီးများအဖြစ် ပြောင်း၍ ဟွမ် မိသားစု အစီအရင်ပေါ်သို့ ထိုးစိုက်ကျလာသည်။ မုန်တိုင်း ဗဟိုတွင်တော့ မိုးကြိုးသားရဲက တည်ရှိနေ၏။

လျှပ်စီးနှင့် မိုးကြိုး သံများက ပဲ့တင်ထပ်နေကြသည်။ သည်အရာက ကောင်းကင်ဘုံသည် ဒေါသထွက်လာ သလားဟု ထင်မှတ်ရ၏။ ချမ်မိသားစုအိမ်တော်ထဲ၌ ချမ် ခိုင်ဇီက နှာခေါင်းရှုံ့လိုက်လေ၏။

ဟွမ်မိသားစုဝင်များ၏ အသွင်က ဖြူရောနေကြသည်။ ဟွမ်မိသားစုဘိုးဘေးကလွဲ၍ ကျန်သည့်သူများက အလွန် ကြောက်လန့်နေကြပြီ ဖြစ်သည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ လူများက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အောက်၌ ကြီးပြင်း လာကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့က အံ့မခန်း မိုးကြိုးမန္တာန်များအပေါ် လေးစားမှု ရှိနေကြ၏။ သည် အခိုက်အတန့်၌ သူတို့က မိုးကြိုးကောင်းကင်ဘုံကျောင်း တော်ကို ကိုယ်စားပြုသော မိုးကြိုးသားရဲနှင့် ရင်ဆိုင်နေရ ခြင်းသည် သူတို့ကို စိတ်နှလုံးထဲကနေ ကြောက်လန့်မိစေသည်။

မရှိဘဲ မိုးကြိုးမုန်တိုင်းက ရပ်တန့်သွားခြင်း ဆက်လက်၍ အစီအရင်ကို ဖျက်စီးနေသည်။သို့ရာတွင် တကယ်တော့ သည်အရာက ဟွမ်မိသားစု၏ မဟာအစီအ ရင်တစ်ခု ဖြစ်သည်။ထို့ကြောင့် ၎င်းအစီအရင်၏ စွမ်းအား ကလည်း အံ့မခန်းပင်။ သည်လိုတိုက်ခိုက်မှုမျိုးအောက်တွင် ပင် ၎င်းက မည်သည့်ပျက်စီးမှု အရိပ်အယောင်မှ မပြသေး ဘဲ ကြံ့ကြံ့ခံနေနိုင်သည်။

ဟွမ်မိသားစုဘိုးဘေးအသွင်က သုန်မှုန်နေကာ အစီအ ရင် အပြင်ဘက်ရှိ ဝမ်လင်းကို ကြည့်ကာ တွေးနေမိသည်။ "ဓားစွမ်းအင်ကို သုံးလိုက်ပါ။ မဟုတ်ရင် ဒီအစီအရင်က လွယ်လွယ်နဲ့ ပျက်စီးမှာ မဟုတ်ဘူး။ မင်းက မင်းဓား စွမ်းအင်ကို ဒီအစီအရင်ကို ချိုးဖျက်ဖို့အတွက် သုံးပြီးတာနဲ့ ငါ မင်းကို သတ်ပစ်လို့ရပြီ..." မိုးကြိုးမုန်တိုင်းက ဆက်လက်တိုက်ခိုက်နေရင်း ဝမ် လင်းအောက်ခြေရှိ အရိပ်က ဖျပ်ခနဲ ဖြစ်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့် ထွက်ပေါ်လာကာ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ လက်သီးတစ်လုံး ပစ်သွင်းလာသည်။

ထိုလက်သီးက ကမ္ဘာလောက၏ အလင်းအားလုံးကို အစားထိုးသွားသလားမှတ်ရာက ရွှေရောင်တောက်ပမှုကို ထုတ်လွှတ်နေသည်။သည်အခိုက်အတန့်၌ မိုးကြိုးသားရဲ ပင် မှိန်ဖျော့သွားသလား မှတ်ရ၏။

ဘုန်း...။

ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်က အ စီအရင်ပေါ်သို့ ကျရောက်လာကာ တဝီဝီအသံကို ဖြစ်ပေါ် သွားစေသည်။ မိုးကြိုးမုန်တိုင်းနှင့် ကောင်းကင်ဘုံ သက်တော်စောင့်တို့က အစီအရင်ကို ဆက်တိုက် တိုက်ခိုက် လာသည်။သို့ရာတွင် မရေမတွက်နိုင်သော လှိုင်းတွန့်များ က အစီအရင်ပေါ်တွင် ထွက်ပေါ်လာခဲ့ကာ ထိုတိုက်ခိုက်မှု စွမ်းအား အားလုံးကို ပျောက်ကွယ်သွားစေသည်။

ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း လက်သီး တစ်လုံးပြီး တစ်လုံး ထိုးသွင်း တိုက်ခိုက်နေ၏။ သိပ်မကြာ ခင်တွင် ကောင်းကင်ဘုံ သက်တော်စောင့်က လက်သီး အရိပ်များကိုပါ ဖြစ်ပေါ်စေလိုက်သည်။ ထိုလက်သီးချက် များက အစီအရင်ပေါ်သို့ မိုးသီးမိုးပေါက်များအလား ကျ ဆင်းလာ၏။ မိုးကြိုးသားရဲကလည်း မာန်သွင်းကာ ၎င်း၏ခွန်အားကို ထုတ်ဖော်သည်။

ကျယ်လောင်သော တော်လဲသံကြီးက ကောင်းကင်နှင့် မြေကြီးကို ဖြတ်၍ ပဲ့တင်ထပ်၏။ ဟွမ်မိသားစုဝင်များ၏ မျက်နှာများက ပို၍ သုန်မှုန်လာခဲ့သည်။

"ဘိုးဘေး.." ဟွမ်မိသားစု တိုက်ရိုက်မျိုးဆက်များထဲမှ ရှေ့ဆုံးက တစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာခဲ့ သည်။

ဟွမ်မိသားစုဘိုးဘေးက မျက်မှောင်ကြုတ်သွားသည်။ သာမန်မိသားစုဝင်ဆိုပါက သူက သူတို့ကို လစ်လျူရှုထား လိုက်မည် ဖြစ်သည်။ သို့သော် အခု ပြောလိုက်သည့်လူ၏ ပုံ ရိပ်က အနည်းငယ် ထူးခြားနေ၏။ ဟွမ်မိသားစုဘိုးဘေး၏ ခေါင်းလှည်၍ ပြောလိုက်သူကို ကြည့်သည်။

ထိုသူကတော့ ဟွမ်မိသားစုခေါင်းဆောင် ဟွမ်ဖန်ရှန်ပင် ဖြစ်၏။

ဟွမ်ဝူချင်က ပြောလာခဲ့၏။ "ဖန်ရှန်...မင်းကရော ငါ့ကို ဆန့်ကျင်တော့မှာလား..."

"ဖန်ရှန် မလုပ်ဝံ့ပါဘူး...ဘိုးဘေး။ ဒီလူက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်က လာတာကို မလာတာကို ထည့်မတွက်ဘူးဆိုရင်တောင် သူက မိုးကြိုးသားရဲနဲ့ ပုံရိပ် ယောင်ယင်ရုပ်သေးကို ပိုင်ဆိုင်ထားပါတယ်။ ငါက ဘိုး ဘေးကို မေးချင်ပါတယ်...ဒီလိုလူမျိုးတစ်ယောက်က ငါတို့ နဲ့ မိတ်ဆွေဖွဲ့သင့်သလား...ရန်သူဖြစ်သလား..." ဟွမ်ဖန်ရှန်၏ မျက်လုံးများက တောက်ပလို့နေ၏။ သူက ဟွမ်မိသားစုဘိုးဘေးထံသို့ ကြည့်ကာ ဆက်၍ ပြောလာ ပြန်သည်။ "သူနဲ့ မိတ်ဆွေလုပ်ခြင်းက ငါတို့မိသားစု အတွက် မိတ်ဆွေတစ်ယောက် အပိုရလာလိမ့်မယ်။ သူနဲ့ သေတဲ့အထိ တိုက်ခိုက်ရင်ကော ဘာအကျိုးများ ရလာနိုင်မ လဲ။ ပြင်ပက မိသားစုဝင်တစ်ယောက်ကို ကာကွယ်ပေးဖို့ အတွက်လား။ သူမရဲ့ ကျင့်ကြံမှုအဆင့်က အာဏာတက် ခြင်းအထွတ်အထိပ် အဆင့်ကို အတင်းတိုးမြင့်ခြင်း ခံထား ရတာသာ ဖြစ်ပြီး ဒီအဆင့်နဲ့ ကိုက်ညီတဲ့ နယ်ပယ် ရှိမနေ သေးဘူး။သူမက သူမ ဘဝတစ်လျှောက်လုံး အဆင့် ချိုးဖျက်နေမယ်ဆိုရင်တောင် ယင်နဲ့ယန်အဆင့်မှာပဲ တန့် နေလိမ့်မယ်။ ငါက ဘိုးဘေးရဲ့ အတွေးကို နားလည်ပါ တယ်။ ဒါပေမဲ့လည်း ဒါက သင့်ရဲ့ ကိုယ်ပိုင်ဆန္ဒသာ ဖြစ် တယ်။ ဖြစ်နိုင်တာက ဒီလိုစွန့်စားတာက အန္တရာယ်ကြီးမား လွန်းနေတယ်..."

လျိုမေက ထိုစကားများအတွက် မည်သည့် အသွင် ဟန်ပန်ကိုမျှ မပြသပေ။ သူမက တိတ်ဆိတ်လို့သာနေကာ မှုန်ရီသောမျက်လုံးများဖြင့် ရှေ့တည့်တည့်သို့သာ ကြည့်လို့ နေသည်။

ဟွမ်မိသားစုဘိုးဘေးက ဟွမ်ဖန်ရှန်ကို ကြည့်ကာ သူ့ အသွင်က သုန်မှုန်နေခဲ့သည်။ အနည်းငယ် စဉ်းစားပြီး နောက် သူက လေးတွဲစွာ ပြောလိုက်သည်။ "ငါက ဒီ အခြေအနေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သိ ဟွမ်ဖန်ရှန်က သက်ပြင်းချကာ လက်နှစ်ဖက်ကို ယှက်၍ ပြောလိုက်၏။ ဘိုးဘေးက အတင်းငြင်းဆန်နေတဲ့နောက် ဖန်ရှန်ကလည်း ဆက်ပြီး အမိန့်မနာခံဘဲ မနေဝံ့တော့ပါ ဘူး။ ဒီလူကသာ အစီအရင်ကို မချိုးဖျက်နိုင်ရင်တော့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ ဒါပေမဲ့လည်း သူက ချိုးဖျက်လိုက်နိုင်တာနဲ့ ငါက ချက်ခြင်း နောက်ဆုတ်မှာပါ။ ငါက တည်တံခိုင်မာမှုကိုပဲ လိုချင်ပါတယ် မစွန့်စားဝံ့ပါ :..."

ဟွမ်မိသားစု၏

အကာအကွယ်အစီအရင်က ဆက်လက်၍ တောက်ပလာ၏။ လှိုင်းတွန့်များကလည်း အ စီအရင်၏ နေရာအနှံ့တွင် ပေါ်လာခဲ့သ်။ အဆက်မပြတ် သိပ်သည်းသော တိုက်ခိုက်မှုများအောက်၌ ၎င်းက တစ်ဖြည်းဖြည်းဖြင့် အာပျော့လာခဲ့သည်။ အလင်း တောက်ပမှုကလည်း အကန့်အသတ်သို့ ရောက်လာခဲ့၏။

မိုးကြိုးသားရဲ၏ မိုးကြိုးမုန်တိုင်းနှင့် ကောင်းကင်ဘုံ သက်တော်စောင့်၏ လက်သီးချက်များကလည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ထိုအခိုက်အတန့်၌ ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သိုလှောင် အိတ်ကို ပုတ်လိုက်၏။ ထိုအခါ သူ့လက်ထဲတွင် ဓားကြီး တစ်လက် ပေါ်ထွက်လာခဲ့သည်။

ထိုဓားက မိုးကောင်းကင်ဘုံဓားပင်။

ကျောက်ရီက အခြားကောင်းကင်ဘုံဓားများထံကနေ ၎င်းဓားကို ခွဲထုတ် ပေးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ခုချိန်တွင် ၎င်း၏အမွေအနှစ် အားလုံးကို ဝမ်လင်းက ထာဝရ ပိုင်ဆိုင်နေပြီ ဖြစ်သည်။

ထက်ရှသောဓားစွမ်းအင်က ဓားထိပ်ဖျားကနေ သုံး လက်မခန့် ဆန့်ထွက်နေ၏။ ယင်းဓားထံကနေ ဖိအားလှိုင်း များလည်း ထွက်ပေါ်လို့နေသည်။ ဝမ်လင်းလက်ထဲ၌ ၎င်း ဓားက ကမ္ဘာလောကနှင့်အတူ တစ်သားတည်း ဖြစ်လာ သကဲ့သို့ပင်။ထိုသို့ဖြစ်ရခြင်းက ဝမ်လင်းသည် ၎င်း ဓား၏ပိုင်ရှင်အစစ်အမှန် ဖြစ်သောကြောင့်ပင် ဖြစ်၏။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ဆွဲကိုင်ထားရင်း သူ့ မျက်လုံးများက တည်ငြိမ်လို့နေ၏။

"ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း..."
ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း

ချမ်းသာခြင်းဓား။သည်ဓားက ဝမ်လင်း ဟုန်ယွီကလန် တွင် ပထမဆုံး ရရှိခဲ့သောဓားဖြစ်၏။

ဝမ်လင်းက နှစ်ရာချီ၍ ပျောက်ဆုံးသွားရာကနေ ခုပြန် ရရှိလာခဲ့သည်။ထိုအရာကပင် ကံကြမ္မာ ဖြစ်လို့နေ၏။

ချမ်းသာခြင်းဓားထဲ၌ အရင်မျိုးဆက် မိုးကောင်းကင်ဘုံ ဓားစိတ်ဝိညာဉ်၏ နည်းစနစ်တစ်ခု ပါရှိပေသည်။ထို စိတ် ဝိညာဉ်နည်းစနစ်က ကောင်းကင်ဘုံမန္တာန်မဟုတ်၊တာအို မန္တာန်မဟုတ်၊ စွမ်းရည်တစ်ခုပင် မဟုတ်ပေ။၎င်းက ဓား ဟန်တစ်ခုသာ ဖြစ်၏။

ရှေးဟောင်းဓားစိတ်ဝိညာဉ်၏ အမွေအနှစ်ဓားဟန်တစ် ခုသာ ဖြစ်သည်။

ဝမ်လင်းက ကောင်းကင်ဘုံဓားကို ဆွဲကိုင်ထားရင်း မိုးကြိုးသားရဲနှင့်ကောင်းကင်ဘုံသက်တော်စောင့်တို့ အဆက်မပြတ်တိုက်ခိုက်နေသော အစီအရင်ထံသို့ ကြည့် နေ၏။ သည့်နောက် သူက လက်ထဲရှိဓားကို ပင့်မြှောက် လာသည်။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုက ပျောက်ကွယ်သွားကာ ဓားအလင်းတစ်ခု အစားထိုး ဝင်လာခဲ့သည်။

သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးက လက်ထဲ ရှိ ဓားနှင့်အတူ ပျော်ဝင်နေသည့်အလားပင်။

ကောင်းကင်ဘုံဓားက မြင့်တက်လာ၏။သည့်နောက် ကျ ဆင်းလာသည်။

သည်ရိုးရှင်းသော ဓားကျဆင်းလာမှုက ကောင်းကင်နှင့် မြေကြီးကို နက်မှောင်သွားစေသည်။ ကောင်းကင်ဘုံ သက်တော်စောင့်နှင့် မိုးကြိုးသားရဲတို့ပင် ပျောက်ကွယ် သွားသည့်အလား ထင်မှတ်ရ၏။

ကမ္ဘာတစ်ခုလုံးက ရိုးရှင်းသော ဓားကျဆင်းလာမှု တစ်ခု သာ ရှိတော့၏။

ဦးဆုံးတုံ့ပြန်လာသည့်သူက ဟွမ်မိသားစုဘိုးဘေး ဖြစ်သည်။ သူ့မျက်လုံးက ဆက်ခနဲ ပြူးကျယ်သွားကာ တုန်လှုပ်ဟန် ဖြစ်ပေါ်နေ၏။ သူက အာမေဋိတ်သံဖြင့် ပြော လာသည်။ "ဒါ..ဒါက ဥပဒေသ…"

သူသာမက ဟွမ်ဖန်ရှန်ကလည်း လေအေးတစ်ချက် ရှိုက် သွင်းမိလိုက်သည်။

ဓားထံကနေ မွန်းစတားဆန်သော သတ်ဖြတ်ခြင်းစိတ် ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုစိတ်ဆန္ဒက ဟွမ်ဖန်ရှ န်၏ မျက်လုံးထဲမှ တစ်ဆင့် သူ့စိတ်ထဲထိတိုင် ခပ်နှိပ် သွား သည်။

ဟွမ်ဖန်ရှန်က ရုတ်တရက် တောင့်တင်းသွားလေ၏။ "ဒါ..ဒါက.." ဟွမ်ဖန်ရှန်က စိတ်ထဲ၌လည်း တုန်လှုပ် နေမိသည်။ သူက နောက်သို့ အလိုလို ဆုတ်မိသွား၏။ သူ့ အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင့်ပင် သူက ဓားဥပဒေသကို မြင်နိုင်စွမ်း မရှိ ဖြစ်နေ၏။ သို့ရာတွင် သူက ထိုဓား ကျဆင်းလာသည့် အခိုက်အတန့်၌ ကောင်းကင်ကို စုတ်ဖြဲပစ်နိုင်သည့် စွမ်းအား တစ်ခုပါဝင် ကြောင်းကိုတော့ ရှင်းရှင်းလင်းလင်း ခံစားမိလိုက်၏။

ဟွမ်မိသားစု၏ တိုက်ရိုက်မျိုးဆက်များအားလုံးက ကောင်းကင်ထက်သို့ နေသည်။ သည်ရိုးစင်းသော ဓားချက် ကျဆင်းလာမှုက သူ တို့အား ချွေးများဖြင့် အေးစက်သွားစေခဲ့ပေသည်။ တုန်လှုပ်ခြင်းကြီးစွာဖြင့် ကြည့်

သူတို့သာမက နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေသော ချမ်ခိုင်ဇီ၏ မျက်လုံးသည်ပင် အလွန်တောက်ပသွားခဲ့၏။ သူက ချမ်မိသားစု လျှို့ဝှက်ခန်းထဲတွင် ရှိနေရာကနေ ရုတ်တရက် မတ်တပ်ပင် ထရပ်လာခဲ့သည်။

"ဥပဒေသ...။ဒီဓား ခုတ်ပိုင်းချက်ထဲမှာ ဥပဒေသ ပါဝင် နေတယ်။ ကျင့်ကြံခြင်း ဒုတိယအဆင့်ရဲ့ ရှာဖွေမှုက ဥပဒေ ပဲ ဖြစ်တယ်။ ပထမအဆင့်က ကောင်းကင်နဲ့မြေကြီးကို နားလည်တာ၊ ဒုတိယအဆင့်က အဲ့နားလည်မှုကို ဥပဒေသ စွမ်းအား အဖြစ်ပြောင်းလဲပစ်တာ။ ဒီကောင်လေးက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က မဟုတ်ဘူးဆိုရင် သူက ဘယ်လိုလုပ် ဒီလို ဓားချက်ကို ခင်းကျင်း ထုတ်ဖော်နို င်ပါ့မလဲ..." တစ်ချိန်တည်းမှာပင် ရှုမိသားစုဝင်တစ်ယောက်ကလည်း သည်မြင်ကွင်းကို သတိပြုမိသွား၏။ရှုမိသားစုမှ အဘိုးအို တစ်ယောက်သည် ဟွမ်မိသားစုအိမ်တော်ရှိ တိုက်ပွဲကို သူ့ နတ်ဘုရားအာရုံဖြင့် စောင့်ကြည့်နေခြင်းပင်။ စောစောပိုင်း က သူသည် ဟွမ်မိသားစုကို ကူညီရန် သဘောတူထားခဲ့ပေ သည်။သူက ထွက်ခွာရန် ခြေလှမ်းဟန်ပြင်လိုက်စဉ်မှာပင် တွေ့လိုက်ရသောမြင်ကွင်းကြောင့် သူ့ခြေထောက်ကို ပြန်ချ လိုက်တော့သည်။

"ဒီကောင်လေးရဲ့ ဓားဟန်က သန်မာလွန်းလှတယ်။ ငါက ဒါကို မကြောက်ပေမဲ့လည်း သူက ဟွမ်မိသားစုကို တောင် စိန်ခေါ်ဝံ့မှတော့ သူ့မှာလည်း ကြိုပြင်ဆင်ထားတာ တွေ ရှိနေမှာပဲ..."

ဓားချက် ကျဆင်းလာသော အခိုက်အတန်၌ ဟွမ် မိသားစု၏ အကာအကွယ်အစီအရင်က ပျက်စီးလို့ သွား တော့သည်။

သည့်နောက် ဝမ်လင်းက ဓားကို ပြန်ရုတ်သိမ်းလိုက်၏။ သူ့အသွင်က ဖြူရောလို့နေသည်။သို့ရာတွင် သူ့အကြည့်က ပို၍ အေးစက်လာခဲ့၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်က ခန္ဓာကိုယ်အား ပေါ်တွင် မူတည်၏။ ၎င်းက ကျင့်ကြံခြင်းနှင့် မဆိုင်ပေ။ ၎င်းက မူလစိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကြောင်း ပေါင်းကူး ပေးမှုကနေ ဖြစ်ပေါ်လာသည့် မူလစွမ်းအင်ပေါ်တွင်သာ တည်မှီသည်။

အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူ၏ မူလစိတ်ဝိညာဉ် နှင့် မူလစွမ်းအင်တို့က တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ် ထားခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သည်ကောင်းကင်ဘုံခုတ် ပိုင်းခြင်း၌ မူလစွမ်းအင်ကို ခွဲထုတ်နိုင်ပေ၏။ အာဏာတက် ခြင်းကျင့်ကြံသူတစ်ယောက်က မူလစွမ်းအင် ပမာဏတစ်ခု သာ ရှိကာ များစွာ ဆုံးရှုံးသွားသည်နှင့် ထိုသူ၏ ကျင့်ကြံမှု က ဆုတ်ယုတ်သွားနိုင်ပေ၏။သို့သော် ကံကောင်းစွာဖြင့် ဝမ်လင်းတွင် ကျောက်ရီ၏ အာဏာတက်ခြင်း သလင်း ကျောက်ပါ ရှိနေသောကြောင့် သူက ကျင့်ကြံသူအများစု ထက် ပိုများသောမူလစွမ်းအင်ကို ပိုင်ဆိုင်ထားပေသည်။

ဟွမ်မိသားစုက လုံဝ တိတ်ဆိတ် ငြိမ်သက်လို့နေ၏။ ဟွ မ်ဝူချင်၏ အကြည့်က ပို၍ သုန်မှုန်လာကာ သူက ဝမ်လင်း ကို အေးစက်စက် လှမ်းပြောလိုက်သည်။ "ငါက မင်းကို လျော့တွက်ခဲ့မိတယ်။ အာဏာတက်ခြင်းအဆင့်နဲ့တင် ဓား ဟန်တစ်ခု ရှိနေတယ်။ မင်းက တကယ့်ကို သန်မာပါတယ်

"ဒါပေမဲ့လည်း...ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားက ကွာဟချက်က တော်တော်ကြီးမားတယ်။ မင်းက ဒီဓားဟန် ပညာရပ်ကို ဒုတိယအဆင့်မှာသာ ခင်းကျင်းထုတ်ဖော်ခဲ့ရင် တော့ ဒါက စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ ခုတော့ ဒါက အသုံးမဝင်တော့ဘူး။ ဒီနေ့ မင်းက ငါတို့ ဟွမ် မိသားစုအကာအကွယ် အစီအရင်ကို ဖျက်စီးတဲ့အတွက်မင်း သံသယမရှိ သေရလိမ့်မယ်..."

"ကျေးဇူးပြု၍ ဘိုးဘေး ကျောက်စိမ်းပြား..." ဟွမ် မိသားစုဘိုးဘေးက ကျယ်လောင်စွာ ဟစ်အော်လိုက်၏။ ပြင်းထန်သောအားတစ်ခုက ဟွမ်မိသားစုဝင်ထံကနေ ထွက်ပေါ်လာ၏။ သည်အားက ထီးတည်းဆန်ကာ ကောင်းကင်ဘုံလေပြင်းကဲ့သို့ ပျံ့နှံ့လာပြီး ဟွမ်မိသားစုအား ဝန်းရံလာခဲ့သည်။

ဟွမ်မိသားစုအိမ်တော်မှ ရွှေရောင်ကျောက်စိမ်းပြားတစ် ခု ထွက်ပေါ်လာပြီး လေထဲ၌ ဖြည်းဖြည်းချင်း လွင့်မြောလာ ခဲ့သည်။သည်အားက ထိုကျောက်စိမ်းပြားထံကနေ ထွက် ပေါ်လာနေခြင်း ဖြစ်သည်။

ဟွမ်မိသားစုဘိုးဘေးက ဝမ်လင်းကို စူးစိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။ သူက ထိုသို့ မလုပ်ဆောင်ပါက ကိုယ်တိုင် လုပ်ဆောင်ရပေတော့မည်။ သို့သော် သူက ဝမ် လင်း၏ ဓားစွမ်းအင်ကို ကြောက်လန့်နေမိချေ၏။ အစော ပိုင်းက သူက ချမ်ခိုင်ဇီကို အကူအညီ တောင်းခဲ့ခြင်းက ဝမ် လင်း၏ ဓားစွမ်းအင်ကို ဖြုန်းတီးမိစေရန်အတွက် ဖြစ်သည်။

ဟွမ်မိသားစုအိမ်တော်၏ အစီအရင်သည်လည်း ထို အဓိပ္ပာယ်အတိုင်းပင် ဖြစ်သည်။

သို့ရာတွင် သူက ချမ်ခိုင်ဇီက မတိုက်ခိုက်ဘဲ နောက်ဆုတ်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ မိသားစုအစီအရင်သည်လည်း မိုးကြိုးသားရဲ၊ရုပ်သေးနှင့် ဓားဥပဒေသ တို့ကြောင့် ဖျက်စီးခြင်း ခံလိုက်ရမည်ဟု မထင်ထားခဲ့မိချေ။

ခုချိန်တွင် သူက အံတင်းတင်းကြိတ်၍ သူတို့၏ ကောင်းကင်ဘုံဘိုးဘေး ချန်ထားခဲ့သော ကျောက်စိမ်းပြား ကို ဆင့်ခေါ်ခဲ့ရတော့သည်။ သည်ကျောက်စိမ်းပြားထဲ၌ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ ကောင်းကင်ဘုံဘိုးဘေး၏ မန္တာန်တစ်ခု ပါဝင်နေ၏။ ဟွမ်မိသားစုက ယနေ့လို အဆင့်အတန်းထိ ရောက်ရှိခဲ့ခြင်းသည် ထိုကောင်းကင်ဘုံ ဘိုးဘေး ချန်ထားခဲ့သော ရတနာတစ်ခုနှင့် သည် ကျောက်စိမ်းပြား ကြောင့်သာ ဖြစ်သည်။

ဟွမ်ဝူချင်က တွေးလိုက်၏။ "ကံမကောင်းစွာနဲ့ ကောင်းကင်ဘုံရတနာက လွန်ခဲ့တဲ့ နှစ်ထောင်ချီက ဟွမ်ဝူ ရှောင်နဲ့အတူ ပျောက်သွားခဲ့တာပဲ။ မဟုတ်ရင် ငါက ကောင်းကင်ဘုံရတနာနဲ့ဆိုရင် ဆင့်ခေါ်ဖို့တောင် လိုမှာ မဟုတ်ဘူး..." ဒီကျောက်စိမ်းပြားကို

ဟွမ်မိသားစုဘိုးဘေး အိမ်တော်၌ ကျောက်စိမ်းပြား ပေါ်လာသည့်အခိုက်အတန့်တွင် ဟွမ်ဖန်ရှန်က ဝမ်လင်းကို စူးစိုက်ကြည့်နေမိသည်။ သူက ဝမ်လင်းမျက်နှာပေါ်၌ မည် သည့်ကြောက်လန့်မှုကိုမှ မတွေ့ရဘဲ ဖြစ်နေ၏။

ဟွမ်ဝူချင်က ကျောက်စိမ်းပြားပေါ်ရှိ မန္တာန်ကို အသက် သွင်းရန် ပြုလုပ်တော့မည်ကို တွေ့မြင်လိုက်သည့်အခါ ဟွမ် ဖန်ရှန်က ဆုံးဖြတ်ချက် ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ လေး လေးနက်နက် ပြောလိုက်၏။ "ဘိုးဘေး...ငါက ဒီကိစ္စထဲမှာ ဟွမ်မိသားစုကို ပါဝင်ခွင့် မပြုနိုင်ဘူး။ ငါက ဟွမ်မိသားစု ကို ဒီကိစ္စထဲကနေ ဆွဲထုတ်သွားမယ်။ ဘိုးဘေးက လျိုမေ ကို ကာကွယ်ချင်တယ်ဆိုရင်လည်း ဒါက သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာပဲ ဖြစ်တယ်။ ကျေးဇူးပြု၍ ဟွ မ်မိသားစုတစ်စုလုံးကို ဆွဲမထည့်ပါနဲ့..."

သူက ထိုသို့ပြောလိုက်ပြီးနောက် ခေါင်းမော့ကာ ဝမ် လင်းကို ကြည့်၍ လက်နှစ်ဖက်ယှက်ပြီး ပြောလိုက် ပြန်သည်။ "ရောင်းရင်းကျင့်ကြံသူ...ငါက ဟွမ်မိသားစု ခေါင်းဆောင် ဟွမ်ဖန်ရှန်ပါ။ ငါက ခုပြောချင်တာက ဟွမ် မိသားစုက ဒီကိစ္စမှာ ပါဝင်မှာ မဟုတ်ပါဘူး ဆိုတာပဲ။ ဒါက သင်နဲ့ ဟွမ်ဝူချင်တို့ ကြားက ကိုယ်ရေးကိုယ်တာ ပြဿနာသာ ဖြစ်ပါတယ်။ ရောင်းရင်းကျင့်ကြံသူက ငါတို့ က တူတူ မဟုတ်ဘူးဆိုတာကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်

ဟွမ်မိသားစုဘိုးဘေးက ဟွမ်ဖန်ရှန်ကို အေးစက်စွာ ကြည့်သည်။ သူ့ပါးစပ်ထောင့်ကနေ လှောင်ပြုံးတစ်ခု ခွဲတွဲ လာကာ သူက တိုက်ရိုက်မျိုးဆက်များကို ကြည့်၍ ပြော လိုက်သည်။ "ဒီတော့ မင်းတို့ကောင်တွေကရော..."

ဟွမ်မိသားစုမျိုးဆက်များက တိတ်ဆိတ်စွာ စဉ်းစားနေ ကြပြီးနောက် ဟွမ်ဖန်ရှန် ရှိရာသို့ လျှောက်လှမ်းသွားကြပေသည်။

ဟွမ်မိသားစုဘိုးဘေးက ရှုံ့တွသွားပြီးနောက် လူအုပ်ကြီး ကို အေးစက်စွာ ကြည့်၍ ဆိုလာသည်။ "အမှိုက်ကောင် တွေ..." ထိုသို့ပြောပြီးသည့်နောက် သူက ဝမ်လင်းကို မော့ကြည့်လိုက်၏။ သူ့ညာလက်က ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်သည်။သည့်နောက် သူက အော်ပြောလိုက်၏။ "ကံကောင်းခြင်းကျောက်စိမ်းပြား...ဒီလူ့ကိုသတ် လိုက်ပါ..."

ကျောက်စိမ်းပြားထံကနေ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာပြီး နောက် ဝမ်လင်းရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလို့ လာတော့၏။ ထိုပုံရိပ် ရွှေ့လျားလာသည်နှင့် အံမခန်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က ပေါက်ကွဲထွက်လာ ခဲ့သည်။ သည် စွမ်းအင်များက သိပ်သည်းလှကာ ပုံရိပ်တစ် ထောင်ဂြိုဟ်တစ်ခုလုံးရှိ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကိုပါ ဖိနှိပ်လာခဲ့သည်။သည့်အတွက်ကြောင့် နေရာတိုင်းတွင် ပေါက်ကွဲမှုအသေးစားများ ဖြစ်ကုန်ကြ၏။ ထိုအဖြစ်က ဂြိုဟ်အနှံ့တွင် ဖြစ်ပျက်သွားခဲ့ခြင်းပင်။

ဖျပ်ခနဲပင် ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက ဝမ်လင်း ဘေးနားတွင် ပေါ်လာခဲ့၏။ မိုးကြိုးသားရဲက လည်း ထို့အတူပင်။

ဝမ်လင်းက သူ့ထံသို့ လှမ်းလျှောက်လာနေသော ပုံရိပ်ကို ကြည့်နေ၏။ သူက သူ့ရှေ့ကလူသည် ပုံရိပ်ယောင်တစ်ခုဟု ခံစားလိုက်ရ၏။ ထိုလူက အစစ်အမှန်ကောင်းကင်ဘုံ ဗိုလ်ချုပ်တစ်ယောက်ကဲ့သို့ အော်ရာနှင့် ပြည့်လို့နေခဲ့သည်။

ဟွမ်မိသားစုဘိုးဘေးက နှာခေါင်းရှုံ့၍ ဆို၏။ "ဂျူနီ ယာ...ငါက ဓားစွမ်းအင်အပြင် မင်းမှာ ဘာနည်းလမ်းတွေ များ ရှိဦးမလဲ သိမြင်ချင်မိတယ်..."

ထိုအခိုက်အတန့်၌ လျိုမေက ခေါင်းမော့လာကာ ဝမ် လင်းကို ကြည့်နေ၏။သူမမျက်လုံးများထဲ၌ ရှုပ်ထွေးသော စိတ်ခံစားချက်တို့နှင့် ပြည့်နှက်နေသည်။ သူမက သိုလှောင် အိတ်ကို ထိကိုင်၏။ထို့နောက် ခေါင်းပြန်ငုံ့သွားသည်။

ဝမ်လင်းမျက်လုံးများက လုံးဝ တည်ငြိမ်လှ၏။ သူက သည်နေရာသို့ တစ်ယောက်တည်း ရောက်လာကာ ပုံရိပ် တစ်ထောင်ဂြိုဟ်ပေါ်သို့ ခြေချဝံ့ခြင်း၊သူ့အား လာတားဆီး သည့် ဟွမ်မိသားစုကို သတ်ဖြတ်ဝံ့ခြင်းတို့သည် သူ့၌ ရူးသွပ်ဖွယ်အကြံတစ်ခု ရှိနေသောကြောင့်ပင်။ သည် အခိုက်အတန့်၌ သည်အရာက သူ့အသန်မာဆုံး သတ်ကွက် တစ်ကွက် ဖြစ်လာပေလိမ့်မည်။

"ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာမှန်သမျှ ကံကြမ္မာကနေ မ လွတ်မြောက်နိုင်ဘူး။ မနေ့က ကံအကြောင်းရင်းက ဒီနေ့ ကံအကျိုးကို ဖြစ်စေတယ်။ လူတစ်ယောက်ရဲ့ ကံကြမ္မာက အထိုင်ချခြင်းနဲ့ အညစ်အကြေးကို အညစ်အကြေး အဖြစ် ပြန်ဖြစ်စေတာက စက်ဝန်းတစ်ခုကို ပြီးပြည့်စုံစေနိုင်လိမ့် မယ်..
ဝမ်လင်းက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။

သူ့မူလစိတ်ဝိညာဉ်ထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှု ခေါ် သံက ပဲ့တင်ထပ်နေသည်။

"ဒီတိုက်ပွဲ ပြီးသွားရင်...ငါမင်းကို လွှတ်ပေးမယ်..."

ထို့နောက်တွင် ရူးသွပ်ဖွယ်ရယ်မောသံ တစ်ခုက ဝမ် လင်း၏ မူလစိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ ပေါ်ထွက်လာမှု(နောက်တစ်ပိုင်း)

ထူထဲသော နတ်ဆိုးမိစ္ဆာစွမ်းအင်က ထိုရယ်သံအတွင်း ကနေ ပေါ်ထွက်လာချေသည်။သည်နတ်ဆိုးမိစ္ဆာစွမ်းအင် က ထူထဲလွန်းလှသည့်အတွက်ကြောင့် နတ်ဆိုးမိစ္ဆာ မီးတောက်တစ်ခုပင် ကောင်းကင်ထက်၌ ပေါ်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ လှမ်းလျှောက်လာနေသော ပုံရိပ်ထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ချက်ခြင်း ထိတိုက်သွားသည်။

ဝမ်လင်း၏ ဦးခေါင်းထက်မှလည်း ထူထဲနက်မှောင်သော အခိုးငွေ့တစ်ခုထွက်ပေါ်လာသည်။ထိုအနက်ရောင်အခိုးငွေ့ က ဦးချိုတစ်ချောင်းပါသည့် နတ်ဆိုးမိစ္ဆာပုံရိပ်အဖြစ်သို့ သိပ်သည်းသွားသည်။ ၎င်းကပေါ်ထွက်လာသည်နှင့် ရူးသွပ် ဖွယ်ကောင်းအောင် ရယ်မောလိုက်ပြန်သည်။

ပျံကြဲနတ်ဆိုးမိစ္ဆာ။

ဝမ်လင်းက ၎င်းကို သူ့ဒုတိယမူလစိတ်ဝိညာဉ်အဖြစ် သန့်စင်ပစ်ရန် အစီအစဉ်ချထားခဲ့ခြင်းပင်။ နှစ်တစ်ရာ ကျော် သန့်စင်ပြီးနောက် ဝမ်လင်းက ၎င်းကို နက်ရှိုင်းစွာထိန်းချုပ် လာနိုင်သော်လည်း အစစ်အမှန်သန့်စင်ပစ်နိုင် ခြင်းတော့ မရှိသေးပေ။

ထိန်းချုပ်မှုအမှတ်အသားကို ၎င်းပေါ်၌ ခပ်နှိပ်ပြီး သည့်နောက် ၎င်း၏ နတ်ဘုရားအာရုံက အိပ်မောကျသည့် အနေထားသို့ ရောက်သွားခဲ့၏။ထို့ကြောင့် ၎င်း၏ခွန်အား ကလည်း များစွာ လျော့ကျသွားခဲ့သည်။ မဟုတ်လျှင် ၎င်း က လုံးဝ နိုးထလာသည်နှင့် ဝမ်လင်းက ၎င်းနတ်မိစ္ဆာကို ထိန်းချုပ်နိုင်ရန် ခက်ခဲပေလိမ့်မည် ဖြစ်၏။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ ပေါ်လာသည့် အခိုက်မှာပင် ဟွမ် မိသားစုဘိုးဘေး၏အသွင်က လုံးဝ ဖြူရောလို့သွားသည်။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ နတ်ဆိုး မိစ္ဆာပုံရိပ်ကို ခါးသီးသည့်ဟန်ပန်ဖြင့် စူးစိုက်ကြည့်နေ မိသည်။

"ဒီတော့ ဒါက သူ့ဝှက်ဖဲပေါ့..."

ဟွမ်ဖန်ရှန်က ပင့်သက်ရှိုက်မိသာ စောစောလေးက သူ့ ဆုံးဖြတ်ချက်အတွက် ဝမ်းသာနေမိသည်။ သူ့နောက်ရှိ ဟွမ် မိသားစု၏ တပည့်များအားလုံးသည်လည်း ထို့အတူ ခံစား မိလိုက်ကြ၏။

ချမ်မိသားစုမှ ချမ်ခိုင်ဇီ၏ နှလုံးသားက အရူးအမူး ခုန်ပေါက်နေတော့သည်။ သည်နတ်ဆိုးမိစ္ဆာက သန်မာ လှ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းနတ်ဆိုးမိစ္ဆာကို တွေ့မြင် လိုက်ရချိန်၌ တုန်ရီသွားမိပေသည်။"ကြောက်ဖို့ကောင်းချက်ပဲ။ ဒါက...နတ်ဆိုးမိစ္ဆာလား။ သူက မိုးကြိုးကောင်းကင်ဘုံနန်းတော်ကနေ လာခဲ့တာ အံ့ဩစရာမရှိတော့ဘူးပဲ။ မိုးကြိုးသားရဲ၊ ရုပ်သေး၊ ဓား ပညာ၊ နဲ့ ဒီ နတ်ဆိုးမိစ္ဆာ…။ဒီလူက မိုးကြိုးကောင်းကင်ဘုံ နန်းတော်က အရေးကြီးတဲ့လူ ဖြစ်ရမယ်။ မဟုတ်ရင် သူက ဒီလိုအရာတွေ ဘယ်လိုလုပ် ပိုင်ဆိုင်နေပါ့မလဲ..."

ရှုမိသားစုမှ အဘိုးအိုကလည်း ပထမဆုံအကြိမ်အဖြစ် လှုပ်လှုပ်ရှားရှား ဖြစ်လာခဲ့သည်။ သူ့နတ်ဘုရားအာရုံပင် ထိုပျံ့ကြဲနတ်ဆိုးမိစ္ဆာကို စူးစိုက်ကြည့်နေသည့်အခါ စိတ် လှုပ်ရှားမှု အရိပ်အယောင်ကို ပြသလာခဲ့ပေသည်။

"ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၊ဒါက ရှေးဟောင်းနတ်ဆိုးမိစ္ဆာက ဖန်တီးခဲ့တဲ့ ပျံ့ကြဲနတ်ဆိုးမိစ္ဆာပဲ..."

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ပေါ်ထွက်လာသည်နှင့် ကျောချမ်း ဖွယ် ရယ်မောလိုက်သည်။ ၎င်းက ဝမ်လင်း ဦးခေါင်းထက် ကနေ ထွက်ပေါ်လာပြီး လေထဲသို့ ခုန်တက်ကာ ကြီးမား သည့်ပုံရိပ်ကြီး တစ်ခု ဖြစ်လာ၏။ ၎င်းက သူ့ထံသို့ တိုးဝင် လာနေသည့် ကောင်းကင်ဘုံပုံရိပ်ကို ကြည့်ပင်မကြည့်ပေ။ သူ့အကြည့်က ဝမ်လင်းထံသို့သာ ရောက်နေ၏။

"ကျင့်ကြံသူကောင်လေး...ဒီနတ်ဆိုးမိစ္ဆာက မင်းရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပြီး ဒီတိုက်ပွဲမှာ ကူညီ ပေးလိုက်မယ်။ ဒါပေမဲ့ မင်းက ငါ့ကိုယ်ပေါ်က အမှတ်အသားကို တိုက်ပွဲပြီးတာနဲ့ ဖြေလျှော့ပေးရမယ်။ မဟုတ်ရင် ငါက ငါ့စိတ်ဝိညာဉ်ကို ဖျက်စီးရမယ်ဆို ရင်တောင် မင်းနဲ့ သေတဲ့အထိ တိုက်ခိုက်ပစ်ရလိမ့်မယ်..."

ဝမ်လင်းအသွင်က တည်ငြိမ်စွာပင် ရှိနေကာ သူက ပြော လိုက်၏။ "ဒီတိုက်ပွဲပြီးတာနဲ့ ငါက သင့်ကို လွတ်လပ်ခွင့်ပေးမယ်..

"ကောင်းတယ်…" ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မော လိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်က မြူထုအဖြစ်ပြောင်း ကာ ဝမ်လင်းအား ထွေးပတ်သွား၏။ ၎င်း၏ နတ်ဆိုးမိစ္ဆာ စွမ်းအင်များကလည်း အမျှင်တန်းများအဖြစ်သို့ ပြောင်း၍ ဝမ်လင်း၏ ဒွာရပေါက်များထဲသို့ ဖြတ်သန်းဝင်ရောက်သွား သည်။

ချက်ခြင်းပင် ဝမ်လင်းပတ်လည်၌ ပြင်းထန်သော နတ်ဆိုးမိစ္ဆာအော်ရာတစ်ခုက ပျံ့နှံ့လာခဲ့၏။ တစ်ချိန်တည်း မှာပင် သူက သိုလှောင်အိတ်ထဲမှ နတ်ဆိုးမိစ္ဆာချပ်ဝတ်ကို ထုတ်ယူလိုက်ရာ ၎င်းက ဝမ်လင်းအား ထွေးပတ်သွား ပြန်၏။ထိုအခါ ဝမ်လင်း၏ခန္ဓာကိုယ်က နတ်ဆိုးမိစ္ဆာချပ် ဝတ်ကို ဝတ်ဆင်ပြီး ဖြစ်သွားသည်။

သည်ဖြစ်စဉ်အတွင်း ဝမ်လင်းက နာကျင်နေဟန် ဖြစ် ပေါ်နေ၏။ သို့ရာတွင် သူ့အကြည့်များက ပို၍ပင် အေးစက် လာခဲ့ကာ သူ့မျက်လုံးအထဲ၌ အနက်ရောင်အခိုးငွေ့တစ်ခု ပင် ရွှေ့လျားလို့နေသည်။

သည့်အတွက်ကြောင့်သာ ဝမ်လင်းက သည်နေရာသို့ကိုယ်တိုင် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူက ဟွမ်မိသားစု ဘိုးဘေး ကာကွယ်ပေးထားသော လျိုမေကို သတ်ရန်က ပုံ မှန်ဆို မဖြစ်နိုင်ပေ။

ဟွမ်မိသားစုက သည်နေရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ် သည့်အတွက် သူတို့တွင် ထူးခြားသောတစ်ခုခု ပိုင်ဆိုင် ထားပေလိမ့်မည်။ ဝမ်လင်းက ထိုအရာကို နားလည်ထား ပေ၏။

ထို့ကြောင့်လည်း ဝမ်လင်းက ပျံ့ကြဲနတ်ဆိုးမိစ္ဆာအား သန့်စင်ခြင်းကို လက်လျော့လိုက်ခြင်းပင်။ ထိုအစား သူက ၎င်းကို နိုးထစေကာ သူ့လွတ်လပ်မှုအတွက် တိုက်ခိုက်ပေး ရန် ကမ်းလှမ်းခဲ့ပေသည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သန့်မာသော်လည်း သူ့ကိုယ်ပေါ်ရှိအမှတ်အသားက ရိုးရှင်းခြင်း မရှိပေ။ယင်းအမှတ်အသား က ရှေးဟောင်းနတ်ဆိုးပေလော၏ အကူအညီဖြင့် ချမှတ် ထားခဲ့ခြင်း ဖြစ်၏။ ယင်းအမှတ်အသားက ၎င်း၏ စိတ် ဝိညာဉ်အနက်ပိုင်းတွင် ခပ်နှိပ်ခြင်း ခံထားရခြင်း ဖြစ် နေသည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ခွန်အားဖြင့်ပင် ၎င်းကို အချိန်တို အတွင်း ဖျက်စီးပစ်နိုင်လိမ့်မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် ဝမ်လင်းထိန်းချုပ်မှုအောက်၌ ထိုနတ်ဆိုးမိစ္ဆာက ၎င်း ခွန်အား၏ အစိတ်အပိုင်းအနည်းငယ်ကိုသာ အသုံးပြုနိုင်ပေသည်။သို့ရာတွင် သည်တစ်ကြိမ်ကတော့ ခြားနားသွားခဲ့ ပြီ ဖြစ်၏။ ဝမ်လင်း၏ ဆင့်ခေါ်မှုအောက်၌ ၎င်းက လုံးဝနိုး ထလာခဲ့ပြီ ဖြစ်နေသည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ စိတ်နေစိတ်ထားကြောင့် ပုံမှန်ဆို သူက ဝမ်လင်းနှင့် ဆက်နွှယ်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲရှိ အမှတ်အသးက သန်မာလွန်း လှသည့်အတွက်ကြောင့် သူက အပြည့်အဝ နိုးလာပြီးတာ တောင် ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲကနေ ထွက်သွားနိုင် ခြင်း မရှိသေးပေ။

ထို့အတွက်ကြောင့် သူက သူ့လွတ်လပ်မှုအတွက် ဝမ် လင်းနှင့် သဘောတူညီမှု ပြုလုပ်ခဲ့ခြင်း ဖြစ်၏။

ခုချိန်တွင် သူက ဝမ်လင်းထံကနေ အခွင့်ရေးတစ်ခု ရရှိခဲ့၏။ သူက ဝမ်လင်းအတွက် တိုက်ခိုက်ပေးပြီးလျှင် သူ့ လွတ်လပ်မှုလည်း ပြန်ရနိုင်မည် ဖြစ်သည်။ သို့ရာတွင် ရှေးဟောင်းနတ်ဆိုးပေလောကြောင့် ဝမ်လင်းကျင့်ကြံမှုက အဆင့်တစ်ခုသို့ မရောက်သေးလျှင် ချိပ်ပိတ်မှုကို ဖြေလျော့ ပေးဖို့ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ပျံ့ကြဲနတ်ဆိုးမိစ္ဆာထံ၌ အခြားအတွေးများ လည်း ရှိနေ၏။ ဝမ်လင်းက သူ့လွတ်လပ်မှုကို ပြန် ပေးလိုက်သည်နှင့် သူက ရှေးဟောင်းနတ်ဆိုးပေလော၏ ချိပ်တံဆိပ်ကို နှစ်ရာချီအတွင်း ဖျက်စီးနိုင်လိမ့်မည်ဟု ယုံကြည်နေပေသည်။ ထိုသို့ဖြစ်လာပါက သူက အမှန် တကယ် လွတ်လပ်သွားခဲ့ပြီ ဖြစ်၏။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဝမ်လင်းဦးခေါင်းထဲသို့ ဝင်ရောက် သွားသည်။ နတ်ဆိုးမိစ္ဆာမီးတောက် ဝမ်လင်းမျက်လုံးထဲ၌ ပေါ်လာကာ သူက ကောင်းကင်ဘုံပုံရိပ်ထံသို့ လှမ်း လျှောက်လို့သွား၏။ သူက မည်သည့်မန္တာန်မှ အသုံးမပြုဘဲ ထိုအရိပ်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းထည့်လိုက်သည်။

ဝမ်လင်းက ခုလက်ရှိတွင် မတူကွဲပြားသော အခြေအနေ တွင် ရှိလို့နေ၏။ သူ့ခန္ဓာကိုယ်က ပျံ့ကြဲနတ်ဆိုးမိစ္ဆ၏ သူ့ခန္ဓာကိုယ်ထဲရှိထိန်းချုပ်ခြင်းကို ခံထားရကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးသည် လည်း နတ်ဆိုးမိစ္ဆာစွမ်းအင် အဖြစ်သို့ ချက်ခြင်း ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။

ထိုလက်သီးချက်၌ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ စွမ်းအားနှင့် နတ်ဆိုးချပ်ဝတ်၏ အင်အားတို့ ပါဝင်နေ၏။ ထိုလက်သီး ချက်က အနက်ရောင်အလင်းနှင့် ပြုလုပ်ထားသော နဂါး တစ်ကောင်ကဲ့သို့ ပြောင်း၍ ကောင်းကင်ဘုံပုံရိပ်ထံသို့ တိုးဝင်လာခဲ့သည်။

ကောင်းကင်ဘုံပုံရိပ်၏ ညာလက်က ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်ကာ ရှေ့သို့ ညွှန်လာ၏။ ပတ်ဝန်းကျင်ရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံးက ချက်ခြင်း သိပ်သည်းကာ ဧရာမဝဲကတော့ကြီး တစ်ခုအသွင် ဖြစ် ပေါ်လာသည်။ ၎င်းဝဲကတော့က အနက်ရောင်နဂါးထံသို့ တရကြမ်း တိုးဝင်သွားသည်။ချက်ခြင်းပင် ထိုတိုက်ခိုက်မှု နှစ်ခုလုံးက တစ်ခုနှင့်တစ်ခု ချေဖျက်သွားကြတော့၏။

ကောင်းကင်ဘုံပုံရိပ်က သူ့လက်ကို ပြန်ရုတ်သိမ်း လိုက်ကာ လက်နှစ်ဖက်ကို ဖွင့်ဟ၏။ သူ့လက်တစ်ဖက်စီ ကနေ မတူညီသော ချိပ်တံဆိပ်တစ်ခုကို ပိုင်ဆိုင်ထားကာ သည်ပုံရိပ်တစ်ထောင်ဂြိုဟ် တစ်ခုလုံးပေါ်မှ အဆုံးမဲ့စိတ် ဝိညာဉ်စွမ်းအင်များက စုဝေးလာကြ၏။ ထူးဆန်းသော နည်းလမ်းမှ တစ်ဆင့် စိတ်ဝိညာဉ်စွမ်းအင်များက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြောင်းလဲသွားကြတော့သည်။ အဖြစ်သို့

ထိုကောင်းကင်ဘုံ

စိတ်ဝိညာဉ်စွမ်းအင်များက သိပ်သည်းလွန်းလှ၏။ သည့်နောက် ယင်းစွမ်းအင်များက ကောင်းကင်ဘုံပုံရိပ်၏ ညာလက်အထက်၌ အရူးအမူး သိပ်သည်းလာခဲ့တော့သည်။ မျက်စိတစ်မှိတ်အတွင်း ပုံရိပ် တစ်ထောင်ဂြိုဟ်ပေါ်၌ စိတ်ဝိညာဉ်စွမ်းအင် စက်ဝန်းတစ်ခု က ရုတ်တရက် ပေါ်လာခဲ့တော့၏။

သည်အခိုက်အတန့်၌ ပုံရိပ်တစ်ထောင်ဂြိုဟ်က မည် သည့်စိတ်ဝိညာဉ်စွမ်းအင်မျှ မပိုင်ဆိုင်တော့ပေ။

စိတ်ဝိညာဉ်စွမ်းအင် အကုန်လုံးက ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင် အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်ဘုံပုံ ရိပ်၏ လက်ဝါးထက်၌ နို့နှစ်ရောင် အဖြူရောင်အလုံးတစ်ခု အဖြစ် ဖွဲ့တည်လာခဲ့သောကြောင့်ပင်။ ထိုနည်းလမ်းက ဝမ်လင်းမျက်လုံးကို ကျဉ်းမြောင်းသွား စေ၏။ သို့သော် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပျံ့ကြဲ နတ်ဆိုးမိစ္ဆာကတော့ အေးစက်စွာ ပြုံးလိုက်၏။ "ကောင်းကင်ဘုံအသွင်ပြောင်းခြင်း မန္တာန်လောက်ကများ။ ဒါက ရှေးဟောင်းနတ်ဆိုးကလန်ခွဲက မန္တာန်တစ်ခုပဲ။ မင်း က ဒါကို ငါ့ရှေ့မှာ လာခင်းကျင်းပြသ ဝံ့တယ်ပေါ့..."

ဝမ်လင်း မျက်လုံးများက တည်ငြိမ်နေ၏။ သို့သော် သူ့ ပတ်လည်ရှိ နတ်ဆိုးမိစ္ဆာစွမ်းအင်များကတော့ ပို၍ပင် သန်မာလာခဲ့၏။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ထိန်းချုပ်မှုအောက်၌ သူက ကောင်းကင်ထက်သို့ လက်ညွှန်ကာ ပြောလိုက်၏။ "ရှေးဟောင်းနတ်ဆိုးမိစ္ဆာ..."

သည်စကားနှစ်ခွန်းကို ၎င်းက ရှေးအမိန့်ဘာသာစကား (ဝါ)ရှေးဟောင်းနတ်ဘုရားဘာသာ စကားဖြင့် ပြောလိုက် ခြင်းပင်။ ချက်ခြင်းပင် ဝမ်လင်းက ကုတ်စွဲဟန်တစ်ခုကို ဖော်ထုတ်ကာ ယင်းလက်ဟန် ပတ်လည်၌ နတ်ဆိုးမိစ္ဆာ မီးတောက်များက ဝန်းရံကာ နေ၏။ ထိုမီးတောက် သူ့ ခန္ဓာကိုယ်ကနေ ထွက်ခွာကာ အသွင် ဖြစ်ပေါ်လာ၏။ ဧရာမမိစ္ဆာလက်သည်း

သည့်နောက် ဝမ်လင်းက ရှေးအမိန့်ဘာသာစကားဖြင့် တပ်မံ ပြောဆိုလိုက်ပြန်သည်။ "ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူ ခြင်း...

ဤအခိုက်မှာပင် ပုံရိပ်တစ်ထောင်ဂြိုဟ်သည် တုန်ယင် လာကာ ရှေးဟောင်းအော်ရာတစ်ခုက စတင်မြင့်တက်လာ ခဲ့၏။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ လက်သည်းကုတ်ချက်ဟန်က ဂြိုဟ်၏ ဂြိုဟ်စိတ်ဝိညာဉ်ကို ဆွဲထူယူနိုင်သွားသည်။

"မင်းက ဂြိုဟ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို အသုံးပြုမှတော့ ငါကလည် ဂြိုဟ်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူ အသုံးပြုရတာပေါ့။ ကဲ ဘယ်ဟာက ပိုသန်မာမလဲ ကြည့်ရအောင်..."

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောကာ အံ့မခန်းနတ်ဆိုး မီးတောက်များကို ထုတ်လွှတ်လာသည်။

သူ့ခန္ဓာကိုယ်ကို ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ထိန်းချုပ်ထား သော်လည်း ဝမ်လင်းသည် သူ့ခန္ဓာကိုယ်နှင့် တိုက်ရိုက် ဆက်နွှယ်မှု ရှိနေဆဲသာ ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်း သည် ရှေးဟောင်းနတ်ဆိုးမိစ္ဆာ၏ ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်းမန္တာန်ကို နက်ရှိုင်းစွာ အထင်ကြီးမိသွား၏။ သည့်အပြင် သူက ဉာဏ်အလင်းအချို့ကိုပါ ရရှိလိုက်သည်။


Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)