အပိုင်း(146)

ဝါးမြိုခြင်း

သည်တစ်ကြိမ်က ဝမ်လင်း စိတ်ဝိညာဉ်ထုတ်ယူခြင်း မန္တာန်ကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ်တော့ မဟုတ် 6011 အရင်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် လောဘကြီးက ကောင်းကင်ဘုံတောင်မှ တောင်၏စိတ် ဝိညာဉ်ကို ထုတ်ယူဖူးသည်ကိုလည်း တွေ့မြင်ခဲ့ဖူး၏။

ထိုအချိန်တုန်းက မြင်ကွင်းက သူ့ကို ကြီးစွာ တုန်လှုပ်စေ ခဲ့၏။ သည်လိုမန္တာန်မျိုးက အလွန်အားကောင်းကာ သာမန် ကျင့်ကြံသူများက ထိန်းချုပ် ကျွမ်းကျင်နိုင်စွမ်းရှိသည့် အရာမဟုတ်ပေ။

ခုချိန်၌ သူက သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပျံ့ကြဲ နတ်ဆိုးမိစ္ဆာကိုယ်တိုင် ဂြိုဟ်စိတ်ဝိညာည်ကို ထုတ်ယူလိုက် ခြင်းအား ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခဲ့ရပြီ ဖြစ်သည်။ သူက ယခုမန္တာန်သည် လောဘကြီး၏မန္တာန်ထက် များစွာ ကြီးကျယ်ခမ်းနားသည်ကို တွေ့မြင်နိုင်ပေ၏။

ဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ယူခြင်းနှင့် ဂြိုဟ်စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းက တော်တော်လေးကွာခြားပေ၏။ ခုတစ်ကြိမ်၌ ဂြိုဟ်က အနည်းငယ်မျှပင် တုန်ယင်သွားခြင်း မရှိပေ။ သို့သော် အလွန်ရှေးကျသော အော်ရာတစ်ခု ထွက်ပေါ်လာကာ ဂြိုဟ်က နိုးထလာ သကဲ့သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လာခဲ့သည်။

ဝမ်လင်းခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော ပျံ့ကြဲနတ်ဆိုး မိစ္ဆာက သူ့ညာလက်ကို ဆန့်ထုတ်၏။ သူ့အော်ရာက သူ့ လက်ဝါးထက်၌ အရူးအမူး စုဝေးလာကာ မျက်စိတစ်မှိတ် အတွင်း မီးခိုးရောင်မြူတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ရှေးဟောင်းအော်ရာကလည်း ထိုမြူနှင့်အတူ ပေါင်းစပ် သွားခဲ့သည်။

၎င်းက ပုံရိပ်ယောင်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ သို့သော် ထိုအခိုက်အတန့်၌ သူသည် ပုံရိပ်တစ်ထောင်ဂြိုဟ် က ၎င်း၏ အသက်ဓာတ်ကို ရုတ်တရက် ဆုံးရှုံးသွားသည် ဟု ခံစားလိုက်ရ၏။မြက်ပင်များက ခြောက်သွေ့၊ မြစ်များ က ခမ်းခြောက်ပျောက်ကွယ်ကုန်၏။

လက်ထဲတွင် မီးခိုးရောင် မြူနှင့်အတူ ပျံ့ကြဲမိစ္ဆာက ရယ်မောလိုက်ကာ ကောင်းကင်ဘုံပုံရိပ်ထံသို့ တိုက်ရိုက် တိုးဝင်သွားတော့၏။ ပျံ့ကြဲမိစ္ဆာက လျှပ်စီးတန်းအလား လှုပ်ရှားလာရင်း ကောင်းကင်ဘုံပုံရိပ်နှင့် နီးကပ်လာ ချေ၏။

ဝမ်လင်းက သူ့ခန္ဓာကိုယ်သည် ပုံရိပ်တစ်ထောင်ဂြိုဟ်၏ စိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားခဲ့ပြီ ဟူသော ခံစားမှုကိုပင် ရရှိနေသည်။ သည်တိုက်ခိုက်မှုက သူ့ကိုယ်ပိုင်စွမ်းအား မဟုတ်ပေ။သို့သော် ဂြိုဟ်တစ်ခုလုံး၏ စွမ်းအား ဖြစ်နေ ချေ၏။

စွမ်းအင်များအားလုံးကို ကောင်းကင်ဘုံပုံရိပ်ကလည်း ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင် အဖြစ်သို့ ပြောင်းလဲကာ ၎င်း၏ လက်ကို ဝှေ့ယမ်း ပြီး ပျံ့ကြဲနတ်ဆိုးမိစ္ဆာထံသို့ တန်းမတ်စွာ ဝင်ရောက်လာ သည်။

အံ့မခန်း မန္တာန်နှစ်ခုက တစ်ခုနှင့်တစ်ခု နီးကပ်သထက် နီးကပ်လာကာ နောက်ဆုံးတွင် ထိပ်တိုက်တွေ့ဆုံသွား တော့၏။

ဘုန်း...ဘုန်း...ဘုန်း...။

မိုးခြိမ်းသံ တော်လဲသံ တို့က ဂြိုဟ်အနှံ့တွင် တဝုန်းဝုန်း ပျံ့နှံ့ပဲ့တင် ထပ်ကုန်ကြသည်။သည်အခိုက်အတန့်၌ ပုံရိပ် တစ်ထောင်ဂြိုဟ်၏ စိတ်ဝိညာဉ်သွေးကြော သုံးဆယ်၊လေး ဆယ် ရာခိုင်နှုန်းခန့်သည် ပျက်စီးသွားရ၏။ ထို ထိပ်တိုက် တွေ့ဆုံမှုကနေ ပြင်းထန်းသော တုန်ခါလှိုင်းများကို နေရာ အနှံ့သို့ ပျံ့နှံ့ကုန်ကြသည်။

ပြင်းထန်သော ဖိသိပ်အားက ဟွမ်မိသားစုဝင်များကို ချက်ခြင်းနောက်သို့ ဆုတ်ခွာသွားစေသည်။ ၎င်းတို့က သူ တို့၏ စိတ်ဝိညာဉ်စွမ်းအင် သို့မဟုတ် ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်တို့ကို အသက်သွင်းလိုက်ရ၏။
ကောင်းကင်ဘုံပုံရိပ်ကလည်း ရုတ်တရက် အခိုးငွေ့ အဖြစ်သို့ ပြိုပျက်သွားကာ စတင် ပျောက်ကွယ်လာခဲ့ သည်။ ၎င်းက လုံးဝ ပျောက်ကွယ်သွားသည့်အခိုက်၌ ကျောက်စိမ်းပြားအပိုင်းတစ်ခုက ပေါ်လာခဲ့သည်။

ထိုကျောက်စိမ်းပြား ပေါ်ထွက်လာသည့် အခါ၌ ၎င်းထံ ကနေ အက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ ဟွမ် မိသားစုဝင်များ၏ မျက်လုံးအောက်မှာပင် ထိုကျောက်စိမ်း ပြားက ကွဲကြေကာ ဖုန်မှုန်အဖြစ်သို့ ပြောင်းလဲသွား တော့၏။

သို့ရာတွင် ၎င်းက ကွဲကြေသွားသည့်အခိုက်၌ ၎င်းအထဲ ကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ သည်။ ထိုအဖြူရောင်အလင်းတန်းက အလင်းမျက်နှာပြင် တစ်ခုကဲ့သို့ ဖြစ်တည်လာကာ ငါးကီလိုမီတာအတွင်းရှိအရာအားလုံးကို ဖုံးအုပ်ပေးသွားသည်။

ဟွမ်မိသားစုဘိုးဘေး မျက်နှာက ဖြူရောသွား၏။ မိသားစုတွင် သတင်းစကားတစ်ခု ချန်ထားမှု ရှိ၏။ ထို အကြောင်းမှာ သည်ကျောက်စိမ်းပြား ပျက်စီးသွားသည်နှင့် အကာအကွယ်မန္တာန်တစ်ခု ကျန်ခဲ့မည် ဖြစ်သည် ဟူ၍ပင်။ သို့ရာတွင် ယင်းမန္တာန်က အလွန်အားပျော့၏။ ၎င်းက ဟွမ် မိသားဝင်များ သေရှင်းရှင်ရေးမှ လွတ်မြောက်ရန် အချိန် ခဏရစေခြင်း၊ ကိုယ့်ကိုကိုယ် သတ်သေခြင်း၊ သို့မဟုတ် နောက်ဆုံးအမှာစကားများ ချန်ထားခြင်း စသည်တို့ လုပ်ဆောင်ရန်အတွက် ယာယီအချိန်ရရန်အတွက်သာဖြစ်သည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ ညာလက်က တုန်ယင်နေ၏။ သည့်နောက် ပုံရိပ်တစ်ထောင်ဂြိုဟ်၏ စိတ်ဝိညာဉ်က ပျောက်ကွယ်လို့သွားသည်။

ရှေးဟောင်းအော်ရာက ကမ္ဘာမြေကြီးထဲသို့ ပြန် ပေါင်းစပ်ပျော်ဝင်ကာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား တော့၏။

ထိုတိုက်ပွဲ၌ အကြီးမားဆုံးအကျိုးရရှိလိုက်သူကတော့ ဝမ်လင်းပင် ဖြစ်၏။ သည်လိုမန္တာန်များအသုံးပြုသည့် တိုက်ပွဲမျိုးက သူ့ကျင့်ကြံမှုအဆင့်မှ တစ်စုံတစ်ယောက် ဘယ်တုန်းကမှ မျှော်လင့်နိုင်ခြင်း မရှိသည့် အတွေ့အကြုံ မျိုး ဖြစ်၏။

ကောင်းကင်ဘုံပုံရိပ်နှင့် ပျံ့ကြဲနတ်ဆိုးမိစ္ဆာတို့နှစ် ယောက်လုံးက ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားမျိုး ပိုင်ဆိုင်ထားကြပေသည်။ ဝမ်လင်းအတွက် တော့ ထိုတိုက်ပွဲက သူ့အတွက် တံခါးတစ်ချပ် ဖွင့်ပေးလိုက် သကဲ့သို့ပင်။

သည်တိုက်ပွဲ၌ သူက နောက်အဆင့်၏ စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ ခံစားခွင့်ရခဲ့ပေသည်။

“ဒါ...ဒါက ဒုတိယအဆင့်ရဲ့စွမ်းအားပဲ..."

*ဒုတိယအဆင့်ကျင့်ကြံခြင်းက တော်တော်ကြောက်မက် ဖွယ် ကောင်းတာပဲ...
ဝမ်လင်း စိတ်ထဲ၌ လှုပ်ခါနေမိတော့၏။

သည်တိုက်ပွဲအတွင်း ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သူ့ခန္ဓာကိုယ် ကို ထိန်းချုပ်ခြင်းအားဖြင့် သူ့အား အကျိုးများစွာ ရရှိစေခဲ့ ပေသည်။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာက မန္တာန်တစ်ခုသာ အသုံးပြုခဲ့ ကာ ထိုမန္တာန်ကလည်း ဝမ်လင်းခန္ဓာကိုယ်ကို ဖြတ်သန်း၍ အသက်သွင်းခဲ့ခြင်း ဖြစ်နေသည်။ ထို့ကြောင့် ဝမ်လင်းက မန္တာန်၏ အတွင်းသဘောသဘာဝကို ကိုယ်တိုင် တွေ့မြင် ခွင့် ရရှိခဲ့ပေသည်။

ထိုအရာက ဒုတိယအဆင့်နှင့် ပတ်သတ်၍ ဝမ်လင်း၏ လမ်းကြောင်းကို ပိတ်ဆို့နေသော တံခါးတစ်ခုက ခပ်ဟဟ ပွင့်ပေးသကဲ့သို့ပင်။

သူသာမက ဟွမ်မိသားစုဝင်များပင် တိုက်ပွဲပြီး သည့်နောက် ဉာဏ်အလင်း ရရှိသွားသည်ဟု ထင်မှတ်ရ၏။ သို့ရာတွင် ဝမ်လင်းနှင့် နှိုင်းယှဉ်ပါက သူတို့ရရှိခဲ့သော အကျိုးကျေးဇူးက မထင်မရှားလောက်ပင် ဖြစ်သည်။

သည်လို အခွင့်အရေးမျိုးက အလွန်ရှားလှပေ၏။

ဝမ်လင်းကို ထိန်းချုပ်ထားဆဲ ဖြစ်သော ပျံ့ကြဲနတ်ဆိုး မိစ္ဆာက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အလင်း အကာအရံ မျက်နှာပြင်ထံသို့ ငုံ့ကြည့်လိုက်ကာ အေးစက်စက် နှာခေါင်းရှုံ့၏။ သူ့ညာလက်ကို လက်သီးစုပ် ဟန် ပြုကာ ထိုးသွင်းလိုက်၏။ လက်သီးတစ်ချက်ဖြင့်ပင် အသံပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်သွားစေခဲ့သည်။ ထို
လက်သီးချက်က ထူထဲသော နတ်ဆိုးမိစ္ဆာစွမ်းအင်ကို သယ်ဆောင်ကာ အလင်းမျက်နှာပြင်ပေါ်သို့ ကျရောက်သွား သည်။

ဝုန်း...ဝုန်း...ဝုန်း...။

အက်ကွဲကြောင်းများက

အလင်းမျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့၏။ သို့သော် ၎င်းက ပျက်စီးသွားခြင်းတော့ မရှိသေးပေ။

အလင်းမျက်နှာပြင်အောက်၌

ဟွမ်မိသားစုဘိုး ဘေး၏မျက်နှာက သေလောက်အောင် ဖြူရောနေချေ သည်။

ဟွမ်ဖန်ရှန်က အလေးအနက်အသံဖြင့် ပြောလာ၏။ "ဘိုးဘေး...လျိုမေကို လက်လွှဲပေးလိုက်ပါ..."

သူက သက်ပြင်းချမိ၏။ ရန်သူက အာဏာတက်ခြင်း အဆင့်သာ ဖြစ်သော်လည်း သူ့မန္တာန်များ၊ရတနာများက သန်မာလွန်းနေခဲ့၏။ အထူးသဖြင့် သည် နတ်ဆိုးမိစ္ဆာပင်။ ဟွမ်မိသားစုဘိုးဘေး၏ ကျင့်ကြံမှုအဆင့်က လျော့ကျနေခဲ့ ခြင်း မရှိလျှင်ပင် သူက ပြိုင်ဘက်တစ်ယောက် ဖြစ်လာနိုင် မည် မဟုတ်ပေ။

ဟွမ်မိသားစုဘိုးဘေး အကြည့်က သိပ်မဝေးသောနေရာ ရှိ ဟွမ်ဖန်ရှန်ထံသို့ ကျရောက်သွား၏။ သူက သူ့အကြည့် ကို ပြန်ရုတ်သိမ်းလိုက်သည်။ သည့်နောက် သူက လျိုမေကို သုန်မှုန်စွာ ကြည့်သည်။
ဟွမ်မိသားစုဘိုးဘေးက အနည်းငယ် တုံ့ဆိုင်းသွားပြီး နောက် ခပ်ဖြည်းဖြည်းချင်း ပြောလာ၏။ "လျိုမေ..."

သို့သော် သူ့စကားမဆုံးခင်မှာပင် လျိုမေက ကြားဖြတ် ကာ သူ့အား လှပသောမျက်လုံးများဖြင့် ကြည့်လာ၏။ သူမ က နောက်ကျောဘက်မှ ဆံနွယ်ကို လှုပ်ခါလိုက်ပြီးနောက် နူးညံစွာ ပြောလ၏။ "ဆရာ..လျိုမေ ထွက်သွားရင် ကျိန်းသေပေါက် သေရလိမ့်မယ်..."

ဘုန်း...။

အလင်းမျက်နှာပြင်က ပျံ့ကြဲနတ်ဆိုးမိစ္ဆာ၏ တိုက်ခိုက်မှု ကို နောက်တစ်ကြိမ် ခံလိုက်ရကာ အက်ကွဲကြောင်းများ ပို ဖြစ်ပေါ်လာ၏။ ထိုအလင်းမျက်နှာပြင်က ပျက်စီးလုနီးပါး ဖြစ်လာချိန်တွင် အလင်းမျက်နှာပြင် အပြင်ဘက်မှ ပျံ့ကြဲ နတ်ဆိုးမိစ္ဆာ၏ မောက်မာသော ရယ်သံက ထွက်ပေါ်လာခဲ့ သည်။

ဟွမ်မိသားစုဘိုးဘေးအသွင်က သုန်မှုန်လို့နေ၏။ သူက လျိုမေကို ထိုသို့ လက်လွှတ်လိုခြင်း မရှိ ဖြစ်နေ၏။သို့သော် သူက ခုချိန်တွင် သူမကို လက်မလွှဲပေးပါက ပျံ့ကြဲနတ်ဆိုး မိစ္ဆာ ဆင်းသက်လာသည်နှင့် သူ့ကိုယ်ပိုင်ခွန်အားဖြင့် ခုခံ နိုင်ရန် မဖြစ်နိုင်တော့ပေ။ ချမ်မိသားစုကလည်း သူ့ကို ကူညီမည် မဟုတ်သလို ကူညီမည်ဟု ကတိပေးထားသော ရှုမိသားစုပင် ခုချိန်ထိ ပေါ်မလာသေးချေ။ ခုချိန်၌ သူ့အပေါ် တွင် မှီတည်နေတော့၏။
လျိုမေကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးများက အေး စက်လာခဲ့သည်။ သူက ပြောလိုက်၏။ "လျိုမေ...နင်က ခု ထွက်သွားရင်လည်း သေရမယ့်အတူတူ ဒီအဘိုးအိုအတွက် နင့်နယ်ပယ်ကို ပေးနိုင်မလား။ နင့်နယ်ပယ်ရဲ့ အကူအညီနဲ့ ဆိုရင် ငါက ငါ့ရဲ့ အမည်မဲ့ကောင်းကင်နတ်ဆိုးတာအိုကို ပြည့်စုံအောင် လုပ်နိုင်လိမ့်မယ်၊ ဒါဆိုရင် ငါ့မှာ အခွင့်ရေး တစ်ခု ရှိကောင်း ရှိလာနိုင်တယ်..."

သူက လျိုမေကို သူ့တပည့်အဖြစ် ခေါ်ဆောင်ခဲ့ခြင်းသည် သူမက ပုံရိပ်ယောင်တစ်သောင်းကောင်းကင်နတ်ဆိုးတာ အို၏ အရိပ်အမြွက်ကို ပြသခဲ့သောကြောင့် ဖြစ်၏။

ဟွမ်မိသားစု၏ ကောင်းကင်ဘုံဘိုးဘေးက တစ်ခါတုန်း က နယ်ပယ်မန္တာန်နှစ်ခု ထားရစ်ခဲ့ခြင်း ဖြစ်သည်။ ထို မန္တာန်နှစ်ခုက ကောင်းကင်နတ်ဆိုးတာအို အမည်မဲ့တာအို တို့ ဖြစ်ကြ၏။ သို့ရာတွင် ကောင်းကင်နတ်ဆိုးတာအိုက ကျင့်ကြံရန် အလွန်ခက်ခဲလှ၏။ ထို့ကြောင့် သည်နေ့အချိန် ထိ ဟွမ်မိသားစုရှိ မည်သူကမျှ အောင်အောင်မြင်မြင် မ သင်ယူနိုင်ခဲ့ကြသေးပေ။

ထိုမန္တာန်နှစ်ခုက နယ်ပယ်တစ်ခုတည်းကနေ ခွဲထုတ် ထားခြင်း ဖြစ်၏။ သည်နယ်ပယ်က အမည်မဲ့ ကောင်းကင်ဘုံနတ်ဆိုးတာအို ဖြစ်သည်။ထိုနယ်ပယ်က ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြီးသည့်နောက် ဖြစ် ပေါ်လာခဲ့ခြင်း ဖြစ်၏။ ဟွမ်မိသားစု၏ ကောင်းကင်ဘုံဘိုးဘေးက ကောင်းကင်ဘုံနတ်ဆိုးမိစ္ဆာတစ်ယောက်နှင့်ပေါင်းစပ်ခဲ့သည့်နောက် သူက သည်နယ်ပယ်နားလည်မှုကို ရရှိခဲ့ခြင်းပင် ဖြစ်၏။ သို့ရာတွင် ကောင်းကင်ဘုံသားများ က နယ်ပယ်ကို ကျင့်ကြံကြခြင်း မရှိပေ။ထို့ကြောင့် သူက သူ့နားလည်မှုကို သူ့မျိုးဆက်အတွက် ပေးအပ်ထားခဲ့ခြင်း ဖြစ်၏။

ဟွမ်မိသားစုက ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွား သည့်အချိန် သူတို့အကာအကွယ်ကို ဆုံးရှုံးသွား သည့်နောက် သူတို့က ခုလိုမျိုး ခိုင်မာသောနေရာတစ်ခုကို ဆက်လက်၍ ထိန်းသိမ်းထားနိုင်ခြင်းသည် အမည်မဲ့ ကောင်းကင်နတ်ဆိုးတာအိုကြောင့်ပင် ဖြစ်သည်။ သို့ရာတွင် သူတို့၏ တောက်ပမှုက ဆက်၍ ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့်လည်း ဟွမ်ဝူချင်က လျိုမေ၏ ပုံရိပ်တစ် ထောင်ကောင်းကင်ဘုံနတ်ဆိုး နယ်ပယ်ကို တပ်မက်မိနေ ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် သူမနယ်ပယ်ကို ဝါးမြို ရာ၌ ပို၍ လွယ်ကူစေရန် သူက သူ့ကိုယ်ပိုင်ကျင့်ကြံမှုကို လျော့ကျခံကာ သူမကို သွေးမျိုးဆက်ပင် ပြောင်းလဲပေးခဲ့ သည်။

ထို့အပြင် သူက သူမ၏ ကျင့်ကြံမှုကိုလည်း မြင့်တင်ပေး ခဲ့သေး၏။ သည်အရာက သူမ၏ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းကို ရပ်တန့်သွားစေခြင်း မရှိသော်လည်း သူမ က အလွန်ဆုံးမှ ယင်နှင့်ယန်အဆင့်သို့သာ ရောက်နိုင်စွမ်း ရှိတော့မည် ဖြစ်၏။ထို့အတွက်ကြောင့် သူက သူမကို လုံးဝ ထိန်းချုပ်နိုင်မည် ဖြစ်ပြီး နောက်အနာဂတ်မှာ သူမကို ဝါး မြိုချိန်၌ မည်သည့်ပြဿနာမှ ဖြစ်လာတော့မည် မဟုတ်

ဟွမ်ဝူချင်က အရာအားလုံးကို တွက်ချက်ပြီးသည့်နောက် လျိုမေ ယင်နှင့်ယန်အဆင့်သို့ ရောက်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။

သို့ရာတွင် သည်အရာများအားလုံးက ဝမ်လင်းကြောင့် ပျက်စီးသွားခဲ့ရ၏။ လျိုမေကို လက်လွှဲပေးလိုက်မည့်အစား သူက ခုချိန်တွင်ပင် သူမကို ဝါးမြိုကာ ပုံရိပ်တစ်သောင်း ကောင်းကင်ဘုံနတ်ဆိုးတာအို နယ်ပယ်၏ အရိပ်အမြွက်ကို ရနိုင်သေးသည်ဟု တွေးလိုက်မိသည်။ သည့်နောက် သူက ယင်းတာအိုကို ဖြည်းဖြည်းချင်း နားလည်အောင် လုပ်ကာ တနေ့တွင် ကြီးကျယ်သည့်တာအိုကို အောင်မြင်နိုင်ပေ လိမ့်မည်။

သူ့စိတ်ထဲ၌ ထိုသို့ တွေးလိုက်မိသည်နှင့် ဟွမ်ဝူချမ်က လျိုမေကို စူးစိုက်ကြည့်လိုက်သည်။ ထူးဆန်းလို့နေသည်။ သူ့အကြည့်က

လျိုမေ မျက်လုံးများကတော့ တည်ငြိမ်လျက်ပင်။ သူမ ဉာဏ်ရည်ဉာဏ်သွေးဖြင့် သူမက မဟာမိတ်ကြယ်အဖွဲ့ အစည်းမှ ရှိချိန်ကတည်းက သဲလွန်စအချို့ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ သူမက မည်သူကမျှ အကြောင်းမဲ့သပ်သပ် ကြင်နာမှုပြ၊ ချစ်ခင်မည် မဟုတ်ဆိုသည်ကို သိထားပေ၏။ သို့ရာတွင် ဟွမ်ဝူချင်၏ စွမ်းအားက သူမခုခံနိုင်သည့် အရာမဟုတ်ပေ။ သူမက မသိချင်ယောင်ဆောင်၍သာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ လိုက်လာကာ သွေးမျိုးဆက်လွှဲပြောင်းပေးခြင်းကို လက်ခံခဲ့ရပေသည်။

လျိုမေက တိုးညင်းစွာ ဆိုလာ၏။ "သင် ငါ့ကို ကိစ္စနှစ်ခု အတွက် ကတိပေးရမယ်..." ဟွမ်ဝူချင်က ခေါင်းမော့ကာ အလင်းမျက်နှာပြင်ကို ကြည့်၍ ပြောလိုက်သည်။ "ပြောပါ..."

လျိုမေ၏

ပုံရိပ်တစ်သောင်းနတ်ဆိုးတာအိုကသာ ပြီးပြည့်စုံသွားပါက သူက ၎င်းကို ဝါးမြိုလိုက်ရုံပင်။ သို့ရာတွင် သူမတာအိုက မပြည့်စုံသေးသည့်အတွက် ကြောင့် သူမကသာ ငြင်းဆန်လိုသည့် ဆန္ဒရှိလိုက်လျှင် သူမတာအိုကလည်း သူ အောင်မြင်စွာ ဝါးမြိုခြင်းမပြုနိုင် ခင်မှာပင် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။

လျိုမေက တိုးညင်းစွာ ပြောလိုက်သည်။ "ပထမတစ်ခုက ငါ့ကို ကူညီပြီး ဝမ်လင်းကို သတ်ပေးဖို့ပါ..."

သူမအကြည့်က ဝမ်လင်းထံသို့ ရောက်ရှိသွား၏။ သူမ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့် အမုန်းတရားတို့ ရောယှက် လို့နေသည်။

ခုချိန်ထို ဝမ်လင်းအပေါ် မုန်တီးမှုက သူမ စိတ်နှလုံးထဲ၌ ရှိလို့နေဆဲသာ။ သို့သော် သည်အမုန်းကို သူမကိုယ်တိုင် အစစ်အမှန်မဟုတ်သလိုလည်း ခံစားနေရ၏။ သူမ နှလုံးသားထဲ၌ လွန်ခဲ့သော နှစ်ရာချီက ဟုန်ယွီကလန်တွင်
တွေ့ဆုံခဲ့ဖူးသောလူငယ်လေးကိုလည်း မမေ့ဖျောက်နိုင် ဖြစ် နေသေးပေ၏။

(ဟုန်ယွီ= ဝမ်လင်း ကျင့်ကြံခြင်းလောကသို့ စတင်ဝင် ရောက်ချိန်၌ အဦးဆုံးဝင်ရောက်ခဲ့သည့် ကလန်)

သည့်အပြင် သူမက လီမူဝမ်အပေါ် ဝမ်လင်း၏ နူးညံ ကြင်နာမှုကိုလည်း မမေ့ဖျောက်နိုင် ဖြစ်ခဲ့ရသည်။

ဟင်္သာပြဒါးအုတ်ဂူတွင် ဖြစ်ပျက်ခဲ့သော ကိစ္စက သူမ၏ အမုန်းတရားကို ထွန်းငြှိပေးသလို ဖြစ်စေခဲ့သည်။သူမက ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာလာချိန်၌ သူမတွင် ကိုယ်ဝန်ဆောင်ထားရသည်ကို သိရှိခဲ့ရ၏။ထို့ကြောင့် သူမ၏ အမုန်းတရားက ပိုမို အားကောင်းလာခဲ့သည်။

သို့ရာတွင် သူမ၏ ပုံရိပ်တစ်သောင်းရက်စက်ခြင်း နယ်ပယ်က သူမ၏ အစစ်အမှန်ဘက်ခြမ်းကို ပြောမပြနိုင် အောင် ပြုလုပ်ထားခဲ့ပေ၏။

အဆုံးသပ်ချိန်တွင် သူမထံ၌ ရက်စက်ခြင်းနှင့် မကျေမ ချမ်းဖြစ်ခြင်း စိတ်ခံစားချက်များက ရှိလို့နေဆဲပင်။

ထိုသို့သောရှုပ်ထွေးသော ခံစားမှုများက သူမ၏ အစစ်အမှန်က မည်သည့်အရာဖြစ်ကြောင်းကိုပင် ပြောမပြ နိုင်ဖြစ်အောင် ပြုလုပ်ထားခဲ့ပေသည်။သူမက သူမ၏ ကလေးကို ကြည့်မိသည့်အချိန်တိုင်း အဆုံးစွန်စိတ်ရှုပ်ထွေး မှုကို ခံစားရပေသည်။

ချက်ခြင်းပင် ဟွမ်မိသားစုဘိုးဘေးက ပြတ်သားစွာ ဆို
လာ၏။ "ကောင်းပြီ။ငါက အကောင်းဆုံး လုပ်ဆောင်ပေး ໑໖..."

"ဒုတိယတစ်ခုက သင် ဝမ်လင်းကို မသတ်နိုင်ခဲ့ရင်….အဲ့ ကျရင်...သူ့ကို ဒီသိုလှောင်အိတ်ပေးလိုက်ပါ..."

လျိုမေက သူမ၏ ရင်ခွင်ထဲ ထည့်ထားသော သိုလှောင် အိတ်ကို ထုတ်ယူလိုက်သည်။ သူမက ထိုသိုလှောင်အိတ်ကို နူးညံ့ကြင်နာစွာ ကြည့်နေ၏။

ဟွမ်မိသားစုဘိုးဘေးက မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက ခေါင်းညိတ်ပြလိုက်သည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဝမ်လင်းခန္ဓာကိုယ်ကို ထိန်းချုပ် ထားကာ နောက်ထပ် လက်သီးတစ်လုံး အလင်းမျက်နှာပြင် ပေါ်သို့ ပစ်သွင်းလိုက်ပြန်သည်။ မရေမတွက်နိုင်သော လှိုင်းတွန့်များနှင့် အက်ကွဲကြောင်းများက အလင်း မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့၏။ သူက ရယ်မောကာ အော်ဟစ်၍ ပြောဆိုလိုက်သည်။ "ပျက်စီးစမ်း..."

စကားတစ်ခွန်းဖြင့်ပင် ဟွမ်မိသားစုကောင်းကင်ဘုံဘိုး ဘေး နောက်ဆုံးချန်ထားခဲ့သော အကာအကွယ်အလင်း မျက်နှာပြင်သည် တစ်စစီဖြစ်သွားတော့၏။

ပျံကြဲနတ်ဆိုးမိစ္ဆာ နီးကပ်လာချိန်၌ ၎င်းက မွန်းစတား ဆန်သော နတ်ဆိုးမိစ္ဆာစွမ်းအင်ကို ပေးစွမ်းလာခဲ့သည်။ ထို နတ်ဆိုးမိစ္ဆာစွမ်းအင်များအတွင်း၌ ဝမ်လင်းက မိသားစုဘိုးဘေး အနောက်မှ လျိုမေကို တွေ့မြင်နေရ ဟွမ် သည်။ ဟွမ်မိသားစုဘိုးဘေးက မျက်လုံးမှိတ်လိုက်ကာ သူ့ လက်ကို လျိုမေနဖူးထက်သို့ တင်လိုက်၏။ထိုအခါ ဟွမ် မိသားစုဘိုးဘေးက ထူးဆန်းသောအော်ရာတစ်ခုကို ပေး စွမ်းလာခဲ့သည်။

"အယ်..." ပျံ့ကြဲနတ်ဆိုးမိစ္ဆာက မှင်သက်သွား၏။ သည် အခိုက်အတန့်၌ ဟွမ်မိသားစုဘိုးဘေးက ရုတ်တရက် မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးက မီးခိုးရောင်သန်း နေ၏။သူက လေထဲသို့ ပျံတက်လာခဲ့သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း အခိုးအငွေ့ကဲ့သို့ ဖြစ်နေကာ ပုံရိပ် ယောင်ဆန်သောခံစားမှုကို ပေးစွမ်းနေ၏။

"ပျံ့ကြဲနတ်ဆိုးမိစ္ဆာက သူ့ကို စိတ်ဝင်စားစွာ ကြည့်ကာ ပြောလာ၏။ ကောင်လေး..မင်းကျင့်ကြံမှုနည်းလမ်းက တော်တော်လေးကောင်းတာပဲ။ဒီအထဲမှ ငါ့ရှေးဟောင်း နတ်ဆိုးမိစ္ဆာ ကျင့်ကြံခြင်း အနည်းငယ်တောင် ပါဝင်နေ :..."သေးတယ်

ဝမ်လင်းအကြည့်က ဟွမ်မိသားစုဘိုးဘေးပေါ်တွင် ရှိမ နေဘဲ လျိုမေအပေါ်တွင်သာ ရှိနေ၏။ လျိုမေက မျက်လုံး မှိတ်ထားလျက်ရှိကာ သူမ၏ အော်ရာ လုံးဝ ပျောက်ကွယ် နေခဲ့ပြီ ဖြစ်၏။

ဟွမ်မိသားစုဘိုးဘေးက အခိုးငွေ့ကဲ့သို့ ဖြစ်နေကာ လေ ထဲ၌ သိပ်သည်းလာခဲ့၏။ သူ့မျက်လုံးထဲရှိ မီးခိုးရောင် အလင်းကလည်း အလွန်အားကောင်းလာခဲ့သည်။သူကအသက်ဝဝရှူသွင်းကာ ဝမ်လင်းကို ထိန်းချုပ်ထားသည့် နတ်ဆိုးမိစ္ဆာကို ကြည့်၍ ဖြည်းဖြည်းချင်း ပြောလာသည်။ "ငါ့မှာ မန္တာန်တစ်ခုရှိတယ်။ သင်က ဒါက လက်ခံဝံ့လား..."

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မော၍ ပြောလိုက်၏။ "ငါ့ကို ပြစမ်းပါဦး..."

ဟွမ်မိသားစုဘိုးဘေးက မျက်လုံးမှိတ်ထား၏။ သူက လျို မေ၏ နယ်ပယ်ကို စုပ်ယူခဲ့ပြီး ဖြစ်ကာ သူ သူမကို ပေးခဲ့ သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ပြန်လည် ရရှိခဲ့ပြီ ဖြစ်သည်။ သူ့ကျင့်ကြံမှုအဆင့်က အရင် လို လုံးဝဥသုံ ပြန်မကောင်းသေးသော်လည်း ကွာခြားမှု များစွာ ရှိမနေတော့ပေ။

သို့ရာတွင် သူက ဝမ်လင်းနှင့်ပေါင်းစပ်ထားသော ပျံ့ကြဲ နတ်ဆိုးမိစ္ဆာကို ရင်ဆိုင်ရန် ယုံကြည်ချက် မရှိပေ။သူ ထွက်ပြေးလိုလျှင်ပင် သူက နတ်ဆိုးမိစ္ဆာ၏မန္တာန်များက နေ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ထို့ကြောင့် လည်း သူက သူ့မျှော်လင့်ချက်များအားလုံးကို သူ့ခန္ဓာကိုယ် ထဲရှိ ကောင်းကင်ဘုံနတ်ဆိုးတာအိုအပေါ်တွင် ပုံအော ထားခြင်း ဖြစ်၏။

လျိုမေက နယ်ပယ်ကို ဝါးမြိုပြီး သူ့ကိုယ်ပိုင်အဖြစ် ပေါင်းစပ်စေပြီးနောက် သူက အမည်မဲ့ကောင်းကင်နတ်ဆိုး တာအို၏ အရိပ်အယောင်ကို ထုတ်ဖော်လာနိုင်၏။သို့သော် ၎င်းက နည်းပါးလွန်းလှသေး၏။ ထူးဆန်းသောအော်ရာတစ်ခု ဟွမ်မိသားစုဘိုးဘေးထံမှ ထွက်ပေါ်လာ၏။သူက နာကျင်နေဟန်ရကာ သူ့ခန္ဓာကိုယ် ကလည်း မြန်ဆန်စွာ ခြောက်သွေ့လာ၏။ မျက်စိတစ်မှိတ် အတွင်း သူက အရိုးခြောက်တစ်ခုအလား ပြောင်းသွား သည်ဟု ထင်မှတ်ရ၏။

သိပ်မကြာခင်တွင် သူ့အရိုးများပင် အရည်ပျော်လာခဲ့ကာ လုံးဝ ပျောက်ကွယ်သွားတော့၏။ နောက်ဆုံးတွင် ဟွမ် မိသားစုဘိုးဘေးက လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ သိုလှောင်အိတ်တစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

သူ့ခန္ဓာကိုယ်ပျောက်ကွယ်သွားသည့် အခိုက်၌ သိပ်သည်းသောမီးခိုးရောင်အခိုးငွေ့တစ်ခုက ပျံ့နှံ့လာ၏။

ဟွမ်မိသားစုဘိုးဘေး၏ မူလစိတ်ဝိညာဉ်က ၎င်း အခိုးအငွေ့ထဲ၌ ရှိနေသည်။

မီးခိုးရောင်အခိုးငွေ့က လှည့်ပတ်လာကာ သူ့မူလစိတ် ဝိညာဉ်ထဲသို့ ဝင်ရောက်သွားပြီး တစ်ဖြည်းဖြည်းဖြင့် ထွင်း ဖောက်မြင်ရလုနီးပါး ဖြစ်လာခဲ့သည်။ သူ့မူလစိတ်ဝိညာဉ် ကပါ လုံးဝ ပျောက်ကွယ်တော့ မတက် ဖြစ်လာ၏။ ဤ အခိုက်အတန့်၌ ဝမ်လင်းစိတ်နှလုံးထဲ၌ သေရေးရှင်ရေး အာရုံကို ခံစားမိလာသည်။

သို့ရာတွင် ပျံ့ကြဲနတ်ဆိုးမိစ္ဆာကတော့ စိတ်ဝင်တစား အကြည့်ကို ဖော်ထုတ်ကာ ပြောလာ၏။ "ဒီမန္တာန်က စိတ်ဝင်စားစရာပဲ...တကယ့်ကို စိတ်ဝင်စားစရာပဲ...
အစစ်အမှန်အမည်မဲ့ကောင်းကင်နတ်ဆိုးတာအိုက အမည်မဲ့ကောင်းကင်နတ်ဆိုးတစ်ပါးလု ဖြစ်လာခဲ့၏။

ဟွမ်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ်က ပျောက်ကွယ်ကာ သူ့မူလစိတ်ဝိညာဉ်ကလည်း ဗလာနတ္တိ ဖြစ်လာခဲ့သည်။ ထို အခိုက်အတန့်လေး၌ မရေမတွက်နိုင်သောပုံရိပ်ယောင်များ က အရပ်မျက်နှာအနှံ့ကနေ ပေါ်လာခဲ့၏။ ထိုပုံရိပ်ယောင် များထံကနေ ကြောက်မောက်ဖွယ်အော်ရာများ ထွက် ပေါ်လာနေသည်။ ယင်းအော်ရာ တစ်ခုစီက ယင်နှင့်ယန် အဆင့်ကျင့်ကြံသူများထက် အားနည်းလိမ့်မည် မဟုတ်ပေ။

အမည်မဲ့ကောင်းကင်ဘုံနတ်ဆိုးတာအို မန္တာန်က အလွန် တုန်လှုပ်စရာ ကောင်းလှ၏။၎င်းက ခုထိ အစစ်အမှန် စွမ်းအားကို ထုတ်ဖော်ခြင်း မဟုတ်ဘဲ အစပျိုးရုံမျှသာ ရှိသေး၏။

သို့သော် ထိုအခိုက်အတန့်၌ ထူထဲသောမီးခိုးရောင် အခိုးအငွေ့တစ်ခုက ဝမ်လင်းဦးခေါင်းထက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဝမ် လင်းခန္ဓာကိုယ်ကနေ ခုန်ပေါက်ရယ်မောကာ ထွက်လာ၏။ တစ်ချိန်တည်းမှာပ်င ၎င်းက ပါးစပ်ဟကာ ဝါးမြိုခြင်းကို စတင်လာ၏။ ချက်ခြင်းပင် ပုံရိပ်ယောင်အများစုက ၎င်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

“ကောင်းလိုက်တဲ့ အစာတွေ...မင်းရဲ့ ကလေးငယ်တွေ က ဒီနတ်ဆိုးမိစ္ဆာကို အရသာ ရှိစေတယ်။ မင်းက ဒီ နတ်ဆိုးမိစ္ဆာကို ဘယ်လို ဂုဏ်ပြုရမလဲ ကောင်းကောင်းသိတာပဲ။ ငါ ပေးထားတဲ့ ကတိကြောင့်သာ မဟုတ်ရင် ငါက မင်းကို သတ်တောင် မသတ်ချင်တော့ဘူး..."

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောကာ နောက်ထပ် ဝါးမြို ပစ်လိုက်ပြန်သည်။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာ မရှိသည်နှင့် ဝမ်လင်းက သူ့ခန္ဓာကိုယ် ကို ပြန်ထိန်းချုပ်လာနိုင်၏။ ဖျပ်ခနဲပင် သူက မြေပြင်ပေါ်ရှိလျိုမေရှေ့သို့ ရောက်ရှိသွားသည်။

လျှိုမေက မျက်လုံးမှိတ်လျက်သာ ရှိနေပြီး သူမ ခန္ဓာကိုယ်ထဲ၌ မည်သည့် အသက်ဓာတ်မှ ကျန်ရှိမနေတော့ပေ

အခြားတစ်ဖက်တွင်လည်း ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ဆက်လက်၍ ဝါးမြိုနေရာ ပုံရိပ်ယောင်အခိုးငွေ့များက ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ လေထဲ၌ ပုံရိပ် ယောင်နီးပါး ဖြစ်နေသော ဟွမ်မိသားစုဘိုးဘေးက နောက်တစ်ဖန် ပြန်သိပ်သည်းလာ၏။ သူ့မျက်နှာပေါ်၌ ခါး သီးမှုတို့နှင့် ပြည့်နေသည်။

သူက အမည်မဲ့ကောင်းကင်ဘုံနတ်ဆိုးတာအို၏ အမျှင် တန်းလောက်ကိုသာ ပိုင်ဆိုင်ထားခဲ့ပေသည်။ လျိုမေ နယ်ပယ်ကသာ ပြည့်စုံနေခဲ့ရင် သူက အစစ်အမှန် အမည်မဲ့ ကောင်းကင်နတ်ဆိုး ဖြစ်လာကာ ယခုလို ပျံ့ကြဲနတ်ဆိုး မိစ္ဆာ၏ အစာ ဖြစ်လာစရာအကြောင်း မရှိတော့ပေ။
သူက သက်ပြင်း မှုတ်ထုတ်လိုက်ပြီးနောက် ထွက်ပြေး ရန် ဟန်ပြင်လိုက်တော့၏။

ပျံ့ကြဲနတ်ဆိုးမိစ္ဆာက ရယ်မောလိုက်ကာ သူ့နတ်ဆိုးမိစ္ဆာ စွမ်းအင်ကို ပျံ့နှံ့စေလိုက်သည်။ ဟွမ်မိသားစုဘိုးဘေးက ယင်းစွမ်းအင်များ ထွေးပတ်ခံလိုက်ရပြီး ပျံ့ကြဲနတ်ဆိုး မိစ္ဆာ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

"ကောင်လေး ဝမ်လင်း...၊ ဒီနတ်ဆိုးမိစ္ဆာက ကိုယ့်ကတိကိုယ် ဖြည့်ဆည်းပေးပြီးပြီး..."

ပျံ့ကြဲနတ်ဆိုးက ရုတ်တရက် လှည့်လာကာ ဝမ်လင်းကို သုန်မှုန်စွာ ကြည့်သည်။သည့်နောက် သူက လေဟာနယ်ထဲ သို့ ခြေလှမ်းကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။

ယခုအခါ ပတ်ဝန်းကျင်က လုံးဝ တိတ်ဆိတ်သွားခဲ့ပြီ ဖြစ်၏။ ဟွမ်မိသားစုဝင်များအားလုံးကလည်း တိတ်ဆိတ် နေကြ၏။ ယနေ့ဖြစ်ခဲ့သော ကိစ္စရပ်တိုင်းက သူတို့ကို ကြီး စွာ တုန်လှုပ်စေကာ ဝမ်လင်းကိုလည်း အလွန်လေးစားမိသွားစေသည်။

ဝမ်လင်းက မျက်လုံးမှိတ်လျက် ရှိနေသော လျိုမေကို ကြည့်နေ၏။ အချိန်အတန်ကြာသည့် အထိ သူက စကား တစ်ခွန်းမှ မဆိုပေ။

ဟွမ်ဖန်ရှန်က အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ရှေ့ သို့ တိုးကာ ပြောလာသည်။ "ရောင်းရင်းကျင့်ကြံသူ...လျို မေ ထွက်ခွာမသွားခင် သူမက ဟွမ်ဝူချင်နဲ့ သဘောတူညီမှု တစ်ခု ပြုလုပ်ခဲ့တယ်။ ဟွမ်ဝူချင်က သင့်ကို မသတ်နိုင်ရင် သူက သင့်ကို ဒီ သိုလှောင်အိတ် ပေးပေးရမယ်တဲ့..."

ဝမ်လင်းက ခေါင်းမော့လာ၏။ သူ့အကြည့်က သိုလှောင် အိတ်ပေါ်သို့ ကျရောက်သွားသည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ သိုလှောင်အိတ်က သူ့လက်ထဲသို့ ရောက်လာ၏။ ထို သိုလှောင်အိတ်ထဲ၌ ဆေးလုံးတစ်လုံး နှင့် ကျောက်စိမ်းပြားတစ်ခုကလွဲ၍ ဘာမှ ရှိမနေချေ။ ကျ

ဝမ်လင်းက ကျောက်စိမ်းပြားကို ကိုင်ထားရင်း သူ့နတ် ဘုရားအာရုံကို အထဲသို့ ပို့လွှတ်လိုက်၏။

"ဒီဆေးလုံးက ကလေးရဲ့ မကျေမချမ်းဖြစ်မှုအတွက် ဖြေဆေးပဲ။ဒါကို မိုးကြိုးကျင့်ကြံသူ တစ်ယောက်နဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်စေမယ်ဆိုရင် မကျေမချမ်းဖြစ်မှု အများစုက ပျောက်ပျက်သွားလိမ့်မယ်။ အတိတ်တုန်းက ဆရာက ငါ့ကို နင့်နှလုံးသားမှာ ငါ့အရိပ်ထားဖို့ ပြောခဲ့ဖူး တယ်။ အတိတ်တုန်းကတော့ ငါက ဒါကို မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ငါ လုပ်နိုင်ခဲ့ပြီ..."

နူးညံသောလေပြေညင်းက တိုက်ခတ်သွားကာ မြေပေါ်ရှိအမှုန်အမွှားများကို လွင့်ပါးသွားစေသည်။ ထိုလေပြေက လျိုမေခန္ဓာကိုယ်ကလည်း တိုက်ခတ်သွားသည်။ လျိုမေနှ ဖူးထက်မှ စိန်ပုံစံအစိတ်အပိုင်းတစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး လေနှင့်အတူ လွင့်ပါးသွား၏။

တစ်ချိန်တည်းမှာပင် လျိုမေခန္ဓာကိုယ်၏ အစိတ်အပိုင်း
တော်တော်များများသည်လည်း လွင့်ပါးလို့သွားသည်။ တစ်ဖြည်းဖြည်းဖြင့် သူမခန္ဓာကိုယ်တစ်ခုလုံးက လိပ်ပြာ အပိုင်းအစလေးများကဲ့သို့ ပြောင်းလဲသွားတော့၏။

လျိုမေ၏ ပုံရိပ်က ကောင်းကင်ထက်၌ ပေါ်လာသကဲ့သို့ သူမ က မြေပြင်ထက်သို့ ငုံကြည့်ကာ ဆံပင်ကို သပ်၍ ပြုံးသည်ဟု ဝေဝါးစွာ ထင်ရသည်။သူမက ဝေးသထက် ဝေးသွားကာ မိုးကုပ်စက်ဝန်း၏ အနားစွန်းထိ ရောက်ရှိသွားသကဲ့သို့ ပျောက်ကွယ်လို့သွားတော့သည်။

ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့် နေရင်း ဆိတ်ဆိတ်နေနေသည်။

“သေခြင်းရှင်ခြင်းအထက်မှာ ကံကြမ္မာ ရှိတယ်။ အတိတ်က ကံအကြောင်းက ဒီနေ့ ကံအကျိုးဆက်ကို ဖြစ် စေတယ်။ ဒါတွေအားလုံးက အတိတ်ရဲ့ မှတ်ဉာဏ် အပိုင်းအစပါပဲ။ အိပ်မက်က တစ်စုံတစ်ယောက်လို..." နိုးထမလာတော့တဲ့

ဝမ်လင်းက သက်ပြင်းချကာ လှည့်၍ ထွက်ခွာသွား တော့သည်။

"သူမက တကယ် သေသွားခဲ့တာလား..."

ဝမ်လင်းက ထွက်ခွာသွားစဉ်၌ သည်မေးခွန်းနောက်ကို ဆက်လက် တွေးတော လိုက်ပါကြီး မပြုတော့ပေ။ လျိုမေ က တကယ်သေသည် ဖြစ်စေ မသေသည် ဖြစ်စေ ကိစ္စမရှိတော့ပေ။ အရာရာက ဖြစ်သင့်သည့်အတိုင်း ဖြစ်ပျက်သွား
ခဲ့၏။

ဖုန်မှုန့်က ဖုန်မှုန့်အဖြစ်သို့ အထိုင်ကျကာ …ဖုန်မှုန့်က မြေကြီးထဲသို့ ပြန်ရောက်ရှိသွားခဲ့လေပြီ။

(ဘာသာပြန်သူမှတ်ချက်...ထိုအထက်ပါစကားမှာ ကံကြမ္မာ တာအိုကို တင်စား ဆိုလိုခြင်း ဖြစ်ပုံရသည်။)

ဝမ်လင်းက ဟွမ်မိသားစုဝင်များ၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တော့သည်။

ဝမ်လင်းက ဟွမ်မိသားစုဝင်များကို အမြစ်ဖျက်သတ်ပစ် ခဲ့ခြင်း မပြုတော့ပေ။ သူက အလွန်ပင်ပန်းနေခဲ့ပြီ၊ အလွန့် ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

ထိုပင်ပန်းမှုက သူ့ခန္ဓာကိုယ်မှ မဟုတ်ဘဲ စိတ်နှလုံးသား ထဲက ပင်ပန်းမှုမျိုး ဖြစ်လေ၏။

သူက သည် နှစ်ပေါင်းရှစ်ရာကျော် ကျင့်ကြံခဲ့သည့် အချိန်အတွင်း အရာများစွာကို တွေ့ကြုံခဲ့ဖူးပြီ ဖြစ်သည်။

ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ လဲပြိုသောလကျေးရွာ၌ မိသားစု တစ်စု အသစ်ရောက်ရှိလာ၏။ ထိုမိသားစုက ထူးဆန်းလှ ကာ လူနှစ်ယောက်သာ ရှိသည်။ ထိုနှစ်ယောက်မှာ ရှေးဟောင်းအော်ရာဖြင့် လူငယ်တစ်ယောက်နှင့် ကလေး ငယ် တစ်ယောက်တို့ ဖြစ်ကြသည်။

ထိုအချိန်မှာပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း ကြီး အတွင်း၌ လောဘကြီးက သုန်မှုန်စွာဖြင့် သွားလာ နေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင်တော့ အတားအဆီးများစွာရှိနေ၏။ သူက ထိုအတားအဆီးများအကြောင်းကို တွေးမိလိုက်သည်နှင့် ဦးရေပြားပင် ထုံထိုင်းကာ စိတ်နှလုံး အေး စက်သွားရသည်။

*ခွေးကောင်ဝမ်လင်း...ငါကသာ သူ့ကို မြန်မြန် မရှာနိုင် ရင် ငါ့ကိုယ်ပေါ်က အတားအဆီးတွေထဲက တစ်ခု အသက်ဝင်လိုက်တာနဲ့ ငါက အုတ်ဂူတောင် မရှိဘဲ သေရလိမ့်မယ်...

လုံးဝ မကျင့်ကြံတော့တဲ့ ဘဝ

အပြာရောင်မိုးသားကောင်းကင်ကြီးက အဖြူရောင်တိမ် စိုင်တိမ်ခဲများဖြင့် လှပလို့နေသည်။

ချီလျန်တောင်အောက်ခြေ၌ မြစ်လက်တက်ငယ် က ရစ်ခွေစီးဆင်းနေ၏။ထိုမြစ်လက်တက်က ကီလိုမီတာ များ စွာအကွာတွင် ရှိနေသော မြစ်ပြင်ကျယ်ထဲသို့ စီးဝင်လို့ နေသည်။ထိုနေရာ၌ တောင်ခြေရွာလေးတစ်ရွာ ရှိနေသည်။

"အရင်တုန်းကပေါ့...ဒီမြစ်ထဲက ရေတွေက ချိုမြပြီး တစ်ခါတစ်ရံ ချီလျန်တောင်ထွတ်ပေါ်မှာလည်း တိမ်စိုင် တိမ်ခဲတွေ ပေါ်လာတက်တယ်တဲ့၊ တစ်ယောက်ယောက်က အဲ့တိမ်တွေကြား အသက်ရှူသွင်းလိုက်နိုင်ရင် သူတို့ရဲ့ ခန္ဓာကိုယ်က ကျန်းမာပြီး ဆယ်နှစ်အထိ မဖျားမနာ နိုင် တော့ဘူး...."

ဤစကားများသည် တောင်ခြေရွာလေးရှိ ကောင်လေး တစ်ယောက်ဆီကနေ ထွက်လာခြင်း ဖြစ်သည်။

ထိုကောင်လေးက အသက်ဆယ့်လေးနှစ် ဆယ့်ငါးနှစ်လောက် ရှိမည် ဖြစ်ကာ ခပ်မာမာခပ်တောင့်တောင့် ပုံစံ ရှိသည်။ သူ့ရှေ့တွင် တစ်ခြားကလေး ခုနစ်ယောက် ရှစ် ယောက်ခန့်လည်း ရှိလို့နေကာ သူက လွန်ခဲ့သော ငါးနှစ်က အကြောင်းကို ပြန်ပြောင်း ပြောနေခဲ့ခြင်းပင်။

"ငါ့ကိုကြည့်လိုက်...ငါက ဒီနှစ်တွေမှာ ဖျားနာတာ မြင် ဖူးရဲ့လား။ ငါက ဘာလို့ မဖျားလဲ ဆိုတော့ ငါ့အဖေက ငါ့ကို အဲ့တိမ်တွေကြားကို အသက်ရှူနိုင်ဖို့ ခေါ်သွားပေးခဲ့လိုပဲ။ ဒီ အရသာ...အင်း...ဒီလိုမျိုးအသက်ရှူရတဲ့ အရမ်းကို သက်တောင့်သက်သာ ဖြစ်တယ်ကွ..." အရသာက

လူငယ်လေးက ပြောနေရင်းဖြင့် သူ့ကိုယ်သူ ဂုဏ်ယူလို့ နေသည်။

သူ့ဘေးရှိ ကလေးခုနစ်ယောက်ရှစ်ယောက်လုံးကလည်း မျက်လုံးအပြူးသားလေးတွေ ဖြစ်နေကြသည်။ သူတို့က ထို ကောင်လေး ပြောပြသည့် ပုံပြင်ကို နားထောင်ရင်း စိတ် လှုပ်ရှားနေဟန် ရသည်။

"ဝမ်ဖျင်...ငါတို့ထဲမှာ မင်းက တကယ့်ကို အဲ့တိမ်တွေ ကြားကိုသွားပြီး အားပါးတရ အသက်ရှူဖို့ အလိုအပ်ဆုံးပဲ။ ကံမကောင်းစွာနဲ့ ဘိုးဘိုးကောင်းကင်က စိတ်တိုခဲ့တဲ့ နောက် အဲ့တိမ်တွေကလည်း ပျောက်ကွယ်သွားခဲ့တယ်။ မဟုတ်ရင် မင်းအဖေက မင်းကို အဲ့နေရာ ခေါ်သွားနိုင်ခဲ့ရင် မင်းက ဆယ်နှစ်တိတိ ဖျားနာမှာ မဟုတ်တော့ဘူး..."

ထိုလူငယ်လေး၏ အကြည့်က ကလေးအုပ်ထဲမှ ကောင်လေးထံသို့ ကျရောက်လာသည်။ထိုကောင်လေးက အသက် ငါးနှစ်၊ခြောက်နှစ်ခန့်သာ ရှိပေလိမ့်မည်။ သူ့ခန္ဓာကိုယ်က လည်း အားနည်းဟန်ရကာ မျက်နှာကလည်း ဖြူ ရောကာ နေသည်။

သူက အခြားကလေးငယ်များထက်လည်း ပိုပုနေ၏။ သို့သော် ထိုကောင်လေးက အလွန်ချောပေသည်။ သူ့ နာမ ကျန်းပုံဖြစ်နေသည့် အသွင်အပြင်ကြောင့် မဟုတ်ပါက သူက ပို၍ပင် ချစ်ဖို့ကောင်းပေလိမ့်ဦးမည်။ သူက အနွေး အင်္ကျီလေးတစ်ထည် ဝတ်ဆင်ထားကာ မျက်လုံးများထဲ၌ စိတ်လှုပ်ရှားဟန် အပြည့်ဖြင့် ပြောလာ၏။ "အစ်ကိုကျိုး... ကျွန်တော် အိမ်ပြန်ရောက်ရင် အဲ့နေရာကို ခေါ်သွားပေးဖို့ အဖေ့ကို မေးကြည့်လိုက်မယ်..."

တကယ် လူငယ်လေးက ရယ်မောကာ ပြောလာသည်။ "ဦးလေး လက်သမားဆရာဝမ်က သစ်သားထွင်းတာ ကောင်းပါတယ်၊ ဒါပေမဲ့လည်း ချီလျန်တောင်ထိပ်ပေါ်က တိမ်စိုင်တိမ်ခဲတွေက အခု မရှိတော့ဘူးလေ။ ဒါ့ကြောင့် သူက မင်းကို ဘယ်ခေါ်သွားပေး နိုင်တော့မလဲ....။ အစ်ကို ပြောတာပဲ နားထောင်ပါ၊ မင်းက ငါ့ရှိကနေ နေ့စဉ်နေ့တိုင်း ဓားပညာသင်ရင်လည်း နေကောင်းလာလိမ့်မယ်။ ဒီသိုင်း ပညာက မင်းရဲ့ ခန္ဓာကိုယ်ကို သန်မာစေပြီး ငါတို့ ကြီးပြင်း လာတဲ့အခါကျရင်လည်း ငါတို့က သိုင်းလောကထဲမှာ ခရီး ဆန့်နိုင်ပြီ....

လူငယ်လေး၏ ထိုစကားက အခြားကလေးငယ်များကိုပါ ပို၍ စိတ်လှုပ်ရှားသွားစေသည်။

ထိုအခိုက်မှာပင် ရွာထဲကနေ ခေါ်သံများ ထွက်ပေါ်လာ တော့၏။

လူငယ်လေးက ခေါင်းမော့၍ ကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်၏။ "ကဲ...ဒီနေ့ သိုင်းပညာ ဆွေးနွေးခန်း ကတော့ ပြီးဆုံးသွားပြီ။ ငါတို့ ညစာ စားပြီးမှပဲ နောက် တစ်ခါ စကြတာပေါ့..."

ကလေးငယ်များက မခွဲချင်ခွဲချင်ဖြင့် လူစု ခွဲကာ သူတို့ အိမ်အသီးသီးသို့ ပြန်သွားကြတော့၏။ ဝမ်ဖျင်လို့ ခေါ်သော ကောင်လေးကတော့ စိတ်လှုပ်ရှားနေသည့် မျက်လုံးများ ဖြင့် ရွာရှိသို့ ပြန်လျှောက်လာခဲ့တော့သည်။ သူက ရွာထဲသို့ လမ်းလျှောက်လာနေရင်း ရံဖန်ရံခါ သူ့နောက်ရှိ ချီလျန် တောင်ထိပ်ပေါ်သို့ လှည့်လှည့်ကြည့်နေသည်။

သူက လမ်းလျှောက်လာနေစဉ်မှာပင် ရွာထဲကနေ ဗလ တောင့်တောင့်လူကြီး တစ်ယောက် ထွက်လာခဲ့သည်။ထိုလူ က ကြံ့ခိုင်ပုံရကာ သူ့လက်ထဲတွင်လည်း လေးနှင့်မြှားကို ကိုင်ဆွဲထား၏။ သူ့ပခုံးထပ်တွင်တော့ သမင်တစ်ကောင်ကို ထမ်းထားသည်။

ထိုလူကြီးက ကောင်လေးကို မြင်လိုက်သည့်အခါ ပြုံး၍ ပြောလိုက်၏။ "ဝမ်မိသားစုက ကောင်ငယ်လေး...မင်းက ဦးသားနဲ့အတူ ကလေးတွေ သိုင်းပညာဆွေးနွေးပွဲကို သွား ခဲ့တာလား..."ကောင်ငယ်လေးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဦးလေးကျိုးကို နှုတ်ဆက်ပါတယ်..."

ဗလတောင့်တောင့်လူကြီးက အားပါးတရ ပြုံးလိုက်၏။ သူက ကောင်လေး၏ခေါင်းကို ပွတ်သပ်ပေးကာ ရယ်မော၍ ပြောလိုက်သည်။ "သားက တကယ့်ကို လက်မှု ဆရာရဲ့ သားဖြစ်ထိုက်တာပဲ၊ မင်းက သူ့ထက်တောင် ပို ချောနေသေးတယ်...။ ကဲ မင်းအိမ်ပြန်မလို့မလား။ သွားကြ စို့... ဦးလေးကျိုးလည်း မင်းနဲ့တူတူ သွားမယ်။ ဦးလေး မင်း အဖေနဲ့ စကားနည်းနည်း ပြောစရာ ရှိသေးလို့..."

ကောင်ငယ်လေးက ခပ်သွက်သွက် ခေါင်းညိတ်ပြကာ ထိုလူကြီးနှင့်အတူ သူ့အိမ်သို့ သွားလေသည်။ သိပ်မကြာ သော အချိန်မှာပင် ရွာမြောက်ပိုင်းအစွန်းနားရှိ ရိုးစင်းသော အိမ်တစ်အိမ်က မြင်ကွင်းထဲ၌ ပေါ်လာတော့၏။ ထိုကောင် လေးက ခြေလှမ်းအနည်းငယ် ပြေးကာ လှမ်းအော်ပြော လိုက်သည်။ "အဖေ...ဦးလေးကျိုး လာတယ်..."

လူငယ်တစ်ယောက်က အိမ်ထဲကနေ လမ်းလျှောက် ထွက်လာ၏။ သည်လူက သာမန်သာ ဖြစ်ကာ ကောင်ငယ် လေးလောက်လည်း မချောမောပေ။ သူကသာ ကလေးနှင့် အတူယှဉ်ရပ်နေရင် အဖေနှင့်သားဟူ၍ပင် ထင်လိမ့်မည် မဟုတ်ပေ။

လူငယ်က ဖျဉ်ကြမ်းဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူက ခြံဝန်းတံခါးသို့ လှမ်းလျှောက်သွားရင်း ပြုံး၍ ဆို၏။အစ်ကိုကြီးကျိုး...ဒီနေ့ မြိုးမြိုးမျက်မျက် ရလိုက်တဲ့ပုံပဲ..."

ကောင်ငယ်လေးကတော့ ခြံဝန်းထဲ ရောက်သည်နှင့် အခန်းထဲသို့ ပြေးဝင်ကာ မုန့်အချို့ကို ထုတ်လာ၏။ သူ့ နောက်သူက လူငယ်ဘေးနားသို့ ရောက်လာကာ သစ်သား ခွေးခြေခုံကို ဆွဲယူကာ ထိုင်၍ မွန်စားနေတော့သည်။

ကျိုးလို့ခေါ်သည့် လူကြီးကလည်း သမင်ကို အောက်သို့ ချကာ ရယ်မောပြောလိုက်၏။ "အစ်ကိုဝမ်...ငါက တောင်ရှိသွားတဲ့ နေရာမှာပဲ ဒီသမင်ကို တွေ့လိုက်တာ၊ ဒီနေ့အဖို့ တော့ သိပ်တော့လည်း မဆိုးပါဘူး..."

လူငယ်က ပြုံးလိုက်၏။ သူက ကောင်ငယ်လေ၏ ခေါင်း ကို ပွတ်သပ်ကာ ရယ်မော၍ ပြောလိုက်၏။ "အစ်ကိုကြီး ကျိုးရဲ့ သိုင်းပညာနဲ့ဆိုရင် ဒီသမင်တစ်ကောင်လောက်က အခက်အခဲ ဖြစ်မှာ မဟုတ်ပါဘူး..."

ကျိုးဆိုသည့်လူက ရင်းရင်းနှီးနှီး ရယ်မောကာ ပြော လိုက်ပြန်သည်။ "အကိုဝမ်..ငါ့မိသားစုက ကောင်က သိပ်မ ငယ်တော့ဘူး၊ နောက်နှစ်နှစ်ဆိုရင် ငါက သူ့အတွက် အိမ် တစ်လုံး ဆောက်ပေးပြီး ချွေးမ ရှာပေးတော့မယ်။ ဒီအိမ်ကို ခုထဲက ဆောက်ထားမလားလို့၊ အိမ်ထောင်ပရိဘောက ဒီ့အတွက် အစ်ကိုဝမ်ကိုပဲ ကတော့ နောက်မှာပေါ့။။ အပူကပ်ရတော့မယ်..."

ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ “ကိစ္စမရှိပါဘူး။ အကို ကြီးကျိုး... စိတ်ချသာနေပါ..."ကျိုးဆိုသည့်လူက ရယ်မောကာ ပြောလိုက်၏။ "ကောင်း ပါပြီ...ဒါဆိုလည်း ဒီ သမင်ကတော့ စရန်သပ်ထားတာ..."

ထိုသို့ပြောပြီးနောက် သူက လှည့်၍ ထွက်ခွာသွား တော့သည်။

သူ ထွက်သွားသည်နှင့် ကောင်ငယ်လေးက ခွေးခြေခုံက နေ ခုန်ဆင်း၍ သူက သမင်အနားသို့ ရောက်သွားကာ ဘယ်ပြန်ညာပြန် သေချာကြည့်နေတော့သည်။

"အဖေ… ဦးလေးကျိုးက အားတော်တော်သန်တာပဲ၊ ဒီ လိုတိရိစ္ဆာန်မျိုးကိုတောင် သူက အမဲလိုက်နိုင်တယ်..."

လူငယ်က ပြုံး၍ နူးညံ့သောအကြည့်နှင့် ကြည့်လိုက် သည်။ "ဒါကို ခု မကြည့်နဲ့ဦး။ ဖျင်အာ..ခု ဆေးသောက်ရ မယ့် အချိန်ရောက်ပြီ..."

ကောင်ငယ်လေးက သက်ပြင်းချလိုက်၏။ သူက ခေါင်း မော့ကာ လူငယ်ထံသို့ ကြည့်၍ ပြောလိုက်သည်။ "အဖေ...

ဆေးတွေက တော်တော်လေး ခါးတယ်..."

လူငယ်က အခန်းထဲကနေ အဖြူရောင်အရည်များနှင့် ပန်းကန်လုံးတစ်လုံးကို ယူကာ ပြန်ထွက်လာ၏။ သည် အရည်များက မည်သည့်အနံ့အသက်မှ ရှိမနေပေ။ ကောင် ငယ်လေးက ထိုဆေးရည်များကို မော့သောက်ချလိုက်ကာ မျက်မှောင်ကြုတ်သွားသည်။ သူက ဆေးသောက်လိုက် သည့်နောက် ပို၍ပင် မျက်နှောင်ကြုတ်သွားတော့သည်။ သူက ရေဇလားရှိရာသို့ ပြေး၍ သူ့ပါးစပ်ထဲရှိ ခါးသက်သက် ဆေးအရသာကို ပြောင်စင်အောင် ပလုတ်ကျဉ်း လိုက်သည်။

"အဖေ….ဖျင်အာက ဘယ်အချိန်ကျရင် ဆေးသောက် တာ ရပ်လို့ရမှာလဲ..." ကောင်ငယ်လေးက သူ့အဖေ့ကို ကြည့်လိုက်၏။

ထိုအဖေက ဝမ်လင်းဖြစ်ကာ ကလေးငယ်ကတော့ ဝမ် ဖျင်ပင် ဖြစ်လေ၏။

ဝမ်လင်းအကြည့်က နူးညံ့နေကာ သူက ခပ်တိုးတိုး ပြော လိုက်၏။ "သိပ် မကြာတော့ပါဘူး..."

ညနက်နက် လရောင်က ကမ္ဘာမြေပေါ်သို့ ပက်ဖျန်းလို့ နေသည်။ လရောင်၏ အေးမြမှုက ပျံ့နှံ့နေကာ ချီလျန် တောင်ခြေရှိ ရွာလေးကို ပို၍ ဆိတ်ငြိမ်နေစေသည်။

ခွေးဟောင်သံ အနည်းငယ်မှလွဲ၍ မည်သည့်အသံမှ ရှိလို့ မနေပေ။

အခန်းထဲ၌ ဝမ်ဖျင်က အိပ်မောကျလို့နေသည်။ သူ့ မျက်နှာလေးက ဖြူရောနေသော်လည်း ကောင်းကောင်း အိပ်ပျော်နေသည့်ပုံပင်။ သူ့နှုတ်ခမ်းထောင့်တွင်လည်း အပြုံးတစ်ခု တွဲခိုနေ၏။ သူက အိပ်မက်ကောင်းမက်နေ သည့်ပုံပင်။

ဝမ်လင်းက ဝမ်ဖျင်၏ ဘေးနားတွင် ထိုင်နေကာ သူ့ နှဖူး ကြားထဲ၌ လျှပ်စီးတို့က တဖျပ်ဖျပ် ဖြစ်လို့နေသည်။သူက ညာလက်ကို ဖြည်းညင်းစွာ ပင့်မြှောက်၍ သူ့မျက်ခုံးကြားထဲမှ လျှပ်စီးကို သူ့ညာလက်ထိပ်သို့ ရွှေ့လျားစေလိုက်၏။

သည့်နောက် ဝမ်လင်းက သူ့လက်ကို ဝမ်ဖျင်၏ မျက်ခုံး နှစ်ခုကြားသို့ ညင်သာစွာ ဖိပေးလိုက်သည်။ မိုးကြိုးလျှပ်စီး က ဝမ်ဖျင်၏ခန္ဓာကိုယ်တစ်လျှောက် ချက်ခြင်း စီးဆင်း သွားသည်။ ထိုအခါ ကလေးငယ်၏ ခန္ဓာကိုယ်ကနေ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာပြီး သူ့အရေပြား ပေါ်၌ စုဝေးလာသည်။

အနက်ရောင်အခိုးငွေ့များက ဖြည်းဖြည်းချင်း ပို သိပ်သည်းသထက် သိပ်သည်းလာခဲ့ကာ မိုးကြိုးအောက်၌ လှည့်လည်လာ၏။ နောက်ဆုံးတွင် ၎င်းက ကလေး၏ခန္ဓာကိုယ်ထဲကနေ ထိုးထွက်လာရာ ဝမ်လင်းက သူ့ညာလက်ဖြင့် မြန်ဆန်စွာ ဖမ်းယူလိုက်၏။ ထိုအနက် ရောင်အခိုးငွေ့များအားလုံးက အနက်ရောင်မြူလုံးတစ်ခု အဖြစ်သို့ သိပ်သည်းပြောင်းလဲသွား၏။

သူ့ညာလက်ကို လက်သီးဟန် စုပ်ကာ ထိုအနက်ရောင် မြူအလုံးကို ချေမွဖျက်စီး ပစ်လိုက်သည်။

ဝမ်ဖျင်မျက်နှာက အနီရောင်သန်းလာတော့၏။

ထိုကလေးငယ်ကို ကြည့်ကာ ဝမ်လင်းက သက်ပြင်းချ မိသည်။ သူက ကလေးငယ်ကို စောင်ပြန်ခြုံပေးပြီးနောက် အခန်းထဲကနေ ပြန်ထွက်လာခဲ့တော့သည်။

ခြံဝန်းထဲ၌ လရောင်က ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက် နေသည်။ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါးနှစ်ရှိC..."

လွန်ခဲ့သောငါးနှစ်က ဝမ်လင်းသည် ရွင်ယွမ်ဂြိုဟ်ပေါ် သို့ ပြန်ရောက်လာကာ ပြိုလဲသောလကျေးရွာတွင် အထိုင် ချခဲ့၏။ သူက သည်နေရာကို ရွေးချယ်ရခြင်းက သည်နေရာ သည် သူ့ဇာတိရွာလေးနှင့် တူသောကြောင့် ဖြစ်သည်။

ဝမ်ဖျင်ကတော့ မကျေမချမ်းစိတ်ဝိညာဉ် ဖြစ်၏။ လျိုမေ ထားခဲ့သော ဆေးလုံးနှင့် ဝမ်လင်း၏ မိုးကြိုးမန္တာန်တို့ ကြောင့်သူ့မကျေမချမ်းမှုများစွာက ပျောက်ကွယ်သွားကာ သာမန်ကလေးငယ်ကဲ့သို့ ဖြစ်လာခဲ့ရပေသည်။

သို့ရာတွင် သူက နေ့စဉ်နေ့တိုင်း ဆေးမသောက်၊ ဝမ် လင်း၏ ကုသခြင်းကို မခံရပါက အရင်တုန်းက အခြေအနေသို့ ပြန်ရောက်သွားနိုင်၏။ သည်လိုဖြစ်စဉ်က သူ့ မကျေမချမ်းမှုအားလုံး ပျောက်ကွယ်သွားမှ ရပ်တန့်မည် ဖြစ်သည်။

ဝမ်ဖျင်မှတ်ဉာဏ်ကိုတော့ ဝမ်လင်းက ပယ်ဖျက်ထားခဲ့ ကာ သူ့ကို ဘဝသစ်တစ်ခု ပေးထားခဲ့ပေသည်။

တိတ်ဆိတ်နေသော ရွာလေးအတွင်း၌ ဝမ်လင်း နှလုံးသားကလည်း တည်ငြိမ်လို့နေ၏။ သူက သက်ဖျက် ခြင်းများနှင့် ကင်းဝေးသော တည်ငြိမ်သော ဘဝသို့ ရောက် ရှိနေပေသည်။

သူက အဖေတစ်ယောက်လို၊ လက်သမားတစ်ယောက်လိုအသက်မွေး၍ နေထိုင်ခဲ့ပေသည်။သည်အရာက အတိတ် တုန်းက သူ့အဖေ၏ ဖြစ်စေချင်ခဲ့သော ဆန္ဒလည်း ဖြစ်သည်။ သူကသာ နန်းတွင်းစာမေးပွဲကို မအောင်မြင်ခဲ့ လျှင် သူက လက်သမားတစ်ယောက်ဖြစ်လာပြီး သူ့အဖေ ခြေရာကို လိုက်နင်းရမည် ဖြစ်၏။

သည်ခြံဝန်းလေးထဲ၌ လက်သမားပစ္စည်းများစွာလည်း ရှိလို့နေသည်။

သူက ဝမ်ဖျင် ကလေးများနှင့် ကစားသည်ကို တွေ့မြင် သည့် အခါတိုင်း ဝမ်လင်းက သူ ငယ်စဉ် ထိုအသက်အရွယ် က အကြောင်းကို ပြန်တွေးမိကြည့်မိသည်။အတိတ်တုန်းက သူလည်း ဝမ်ဖျင်အသက်အရွယ်တုန်းက ထိုသို့ ကစားမက် က ထမင်းစားချိန်တောင် ပြန်မလာတက်ပေ။

လရောင်အောက်၌ ခြံဝန်းထဲသို့ လျှောက်ဝင်လာသည့် ခြေသံများ ထွက်ပေါ်လာသည်။ သည့်နောက် အဘိုးအိုပုံရိပ် တစ်ခုက ဖြည်းဖြည်းချင်း ချဉ်းကပ်ရောက်ရှိလာသည်။

"ကလေး အိပ်ပျော်နေပြီလား…" ထိုအိုမင်းသောအသံ နှင့်အတူ ခါးအနည်းငယ်ကုန်းနေသော ပုံရိပ်က ခြံဝန်းထဲ သို့ ဝင်လာ၏။

ဝမ်လင်းက ခေါင်းညိတ်၍သာ ပြလိုက်၏။စကားတော့ မ ဆိုပေ။

အဘိုးအိုက ခြံဝန်းထဲသို့ ဝင်လာချိန်၌ လရောင်က သူ့ ကိုယ်ပေါ်သို့ ပက်ဖြန်းလာသည်။သည်လူကတော့ စွန်ထိုင်ပင် ဖြစ်၏။

စွန်ထိုင်က ပို၍ အိုစာသွားခဲ့သည်။ သူ့မျက်နှာကလည်း အရေးအကြောင်းများနှင့် ပြည့်နေခဲ့သည်။ ဝမ်လင်း သည် နေရာသို့ ရောက်လာတာ သုံးနှစ်ကြာပြီးသည့်နောက် စွန် ထိုင်လည်း ရောက်လာခဲ့ခြင်း ဖြစ်သည်။

စွန်ထိုင်က လရောင်အောက်ရှိ အိမ်လေးကို ကြင်နာ သည့်ဟန်ဖြင့် ကြည့်လို့နေ၏။ ဘာကြောင့်မှန်းမသိဘဲ သူက ဝမ်ဖျင်လို့ခေါ်သည့် ကောင်လေးကို တော်တော်လေး ချစ်ခင်နေမိသည်။

စွန်ထိုင်က သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ ဖြည်းဖြည်း ချင်း ပြောလာသည်။ "ဒီကလေးနဲ့အတူ မင်းက ဘယ်အချိန် ထိ ရှိနေပေးမှာလဲ..."

ဝမ်လင်းက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ကောင်းကင်ထက်ရှိ လမင်းကို မော့ကြည့်ကာ ပြောလိုက် သည်။ "ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု..."

စွန်ထိုင်က "ပြန်လည်မွေးဖွားခြင်းစက်ဝန်း..." သက်ပြင်းချ၍ ပြောလိုက်၏။ "မင်းက သူ့ကို ကျင့်ကြံသူ တစ်ယောက် ဖြစ်မလာစေချင်ဘူးလား။ မင်းကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ဒီကောင်လေးက အလွယ်တကူ ကျင့်ကြံ ခြင်းလမ်းကြောင်းကို ခြေချနိုင်လိမ့်မယ်။ သူက အချို့ မိသားစုကြီးတွေရဲ့ တိုက်ရိုက်မျိုးဆက်ထက်တောင် သာ လိမ့်ဦးမယ်...ဝမ်လင်းက ငြင်းဆန်လိုသော အကြည့်ဖြင့် ကြည့်၍ တိုး ညင်းစွာ ပြောလိုက်၏။ ငါ"က သူ့ဘဝမှာ ကျင့်ကြံခြင်းကို မ ပြုလုပ်စေချင်ဘူး..."

စွန်ထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက် သည်။ "ဒီကလေးရဲ့ ပါရမီက တော်တော်လေး ကောင်းတယ်နော်..

"ငါ သူ့ကို ကျင့်ကြံခွင့် မပြုနိုင်ဘူး..." ဝမ်လင်းအကြည့် က စွန်ထိုင်ပေါ်သို့ ကျရောက်လို့သွားကာ သူက ပြောလိုက် သည်။ "ဘယ်တော့မှပဲ..."

ဝမ်လင်းက သူ့ကိုယ်သူလည်း မေးလိုက်၏။ "ကျင့်ကြံ ခြင်း၊ ကျင့်ကြံခြင်း၊ ကျင့်ကြံခြင်းရဲ့ အဆုံးသပ်က ဘာလဲ.."

သူ့ဘဝတစ်လျှောက်လုံးတွင် ဝမ်လင်းက မပျော်ရွှင်ခဲ့ရ ပေ။ သည်လမ်းက အထီးကျန်ဆန်လှ၏။ သူက သူ့သားကို ခုလို အတွေ့အကြုံမျိုး မတွေ့ကြုံစေလိုပေ။

ကျင့်ကြံခြင်းလောကသည် ရက်စက်မှု၊ သက်ဖျက်မှု၊ အန္တရာယ်များနှင့်သာ ပြည့်နေ၏။ သူက ထိုအခြင်းအရာကို ကောင်းကောင်းကြီး နားလည်ထားပေသည်။

"ဖျင်အာက သူ မကြုံတွေ့သင့်တဲ့ အရာတော်တော်များ များကို တွေ့ကြုံခဲ့ရပြီးပြီး။ ငါက သူ့ကို ဝမ်ဖျင်လို့ နာမည် ပေးခဲ့တာက သူ့ဘဝကို အေးချမ်းသာယာစေချင်တဲ့ မျှော်လင့်ချက်နဲ့ ပေးခဲ့တာ။ သူက သေမျိုးတစ်ယောက်ပဲ ဖြစ်လာပြီး လက်ထပ်၊ကလေးတွေယူ၊ ဒီလိုမျိုး ငြိမ်သက်တဲ့ဘဝ တစ်ခုရဖို့ မျှော်လင့်မိတယ်။ ခုက စပြီး ဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောပါနဲ့တော့..."

ဝမ်လင်းအသံက စိတ်ပိုင်းဖြတ်ထားမှုနှင့် ပြည့်လို့နေ တော့သည်။အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ နွေဦးရာသီ ကုန်လွန်၍ ဆောင်းရာသီသို့ပင် ရောက်လာခဲ့ပေပြီ။ နောက်ထပ် ငါးနှစ် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သည်နှစ်က ဆောင်းအဝင် စော၏။ ဆောင်းရာသီ မ ရောက်ခင်မှာပင် နှင်းများကျဆင်းနေခဲ့ပြီ ဖြစ်သည်။ ဆောင်းလေညင်းက သစ်ရွက်ခြောက်များကို မွှေ့နှောက် ကျီစယ်ကာ နှင်းပွင့်များနှင့်အတူ လွင့်စင် လို့နေသည်။

သည်ငါးနှစ်အတွင်း ချီလျန်တောင်အောက်ရှိ ရွာလေး တွင် အသက်ကြီးရင့်၍ သေဆုံးသွားသူ ငါးဦးရှိကာ အသစ် သုံးဦးက မွေးဖွားလာခဲ့ပေသည်။

ထိုအရာက လူအများ သတိမပြုမိပါဘဲနှင့် လှည့်ပတ်နေ သော မွေးဖွားသေဆုံးခြင်း ဖြစ်စဉ်ပင်။

စွန်ထိုင်ကလည်း ပို၍ အိုမင်းလာခဲ့သည်။သူ့အိမ်က ဝမ် လင်းအိမ်နှင့် ကပ်လျက်ဖြစ်၏။ သူက သေမျိုးတစ်ယောက် လို နေထိုင်ချိန်မှစ၍ အိမ်ခန်းထဲတွင် အချိန်သိပ်မကုန်ဘဲ ခြံဝန်းထဲ၌သာ ထိုင်၍ ကောင်းကင်ထက်သို့ မော့ကြည့် နေတတ်သည်။သူနှင့် အဖော်ပြုနေသည့်အရာကတော့ သူ့တောက်ပခဲ့သော မှတ်ဉာဏ်များသာ ဖြစ်တော့၏။

ခုဆို ဝမ်ဖျင်က ဆယ်နှစ်အရွယ်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ရွာရှိ အခြားကလေးများနှင့် ယှဉ်လျှင် သူက ခုနစ်နှစ်ရှစ်နှစ်ခန့်ဟုသာ ထင်ရ၏။ သူ့မျက်နှာကတော့ လွန်ခဲ့သော ငါးနှစ်ကထက် ပို၍ သွေးရောင်လွှမ်းလာခဲ့ပြီ ဖြစ်သည်။

ဆယ်နှစ်အရွယ် ဝမ်ဖျင်က အလွန်ကြည့်ကောင်းလှကာ ရွာထဲရှိ နေထိုင်သူများက ယဉ်ကျေးချောမောသော ထို ကလေးငယ်ကို ချစ်ကြည်ကြသည်။ သူ့ကစားဖော်များထဲမှ မိန်းကလေးငယ်များက သည်လက်သမား၏ သားအပေါ်၌ အမြင်ကောင်း ရှိနေကြ၏။

နှင်းမုန်တိုင်းကြောင့် နေ့ရက်များကို ပို၍ အေးနေစေ၏။ စွန်ထိုင်က သူ့ခြံဝန်းထဲ၌ အေးဆေးစွာ ထိုင်လျက်ရှိနေသည်။ သူက ထူထဲသော အပေါ်ထပ်အင်္ကျီကို ဝတ်ဆင် ထားကာ ကောင်းကင်ထက်သို့ ငေးကြည့်နေရင်း အတိတ် ကို ပြန်အောက်မေ့နေ၏။

သူ့ဘေး၌ ဝမ်ဖျင်ကလည်း အနွေးထည်ခပ်ထူထူကို ဝတ်ဆင်ထားကာ ကောင်းကင်ထက်သို့ မှုန်တေတေ ကြည့် လို့နေ၏။

"ဖျင်အာ……သား အဖေနဲ့ မနေဘဲ ဘာလို့ အဘိုးရှိရောက်လာရတာလဲ..."

စွန်ထိုင်၏ မျက်ဝန်းထဲ၌ ကြင်နာမှုတို့ ပြည့်နေ၏။ သူကသည်ကောင်လေးကို အမှန်ပင် ချစ်ခင်မြတ်နိုးလှ၏။ ဝမ် လင်းကြောင့်သာ မဟုတ်လျှင် သူက သည်ကလေးကို သူ သိသမျှ အားလုံး သင်ကြားပေးမိမည် ဖြစ်သည်။

ဝမ်ဖျင်က နှုတ်ခမ်းစူ၍ မကျေမနပ်ဟန်ပန်နှင့် ပြော လာ၏။ "သား ပြန်မသွားဘူး။ အဒေါ်ကျန်းက အိမ်မှာ ရောက်နေတယ်..."

စွန်ထိုင်က ပြုံး၍ ခေါင်းယမ်းကာ ပြောလိုက်သည်။ "ကလေး...မင်း စိတ်အေးအေးနေပါ။ သဘောတူမှာ မဟုတ်ပါဘူး..." မင်းအဖေက

ဝမ်ဖျင်က မျက်မှောင်ကြုတ်၍ လက်ချိုး၍ တွက်လိုက်ပြီး ပြော၏။ "ဘိုးဘိုးစွန်..အဒေါ်ကျန်းက လွန်ခဲ့တဲ့ သုံးနှစ် ကတည်းက သားတို့အိမ်ကို လာနေတာ ဘယ်နှစ်ကြိမ် ရှိပြီ လဲ။ စုစုပေါင်း ဆယ့်နှစ်ကြိမ်တောင် ရှိသွားပြီ။ ဆယ့်နှစ် ကြိမ်...အာ...။ဒီအစ်မကြီးတွေနဲ့ အဒေါ်ကြီးတွေက သား အဖေအပေါ်မှာ ဘာလို့ မျက်စိကျနေရတာလဲ..."

သူက ရယ်မောကာ ခြံပြင်ဘက်သို့ ကြည့်လိုက်ရင်း ပြုံး၍ ပြောလိုက်သည်။ "သား အဖေအတွက် စိတ်မပူပါနဲ့။ အပြင် ကို ကြည့်လိုက်...ကြည့်ရတာ ကျိုးမိသားစုရဲ့ ဒုတိယသမီး က မင်းကို လာရှာတာနဲ့တူတယ်..."

ဝမ်ဖျင်က မှင်သက်သွား၏။ သူက ခေါင်းမော့ကာ ခြံဝန်း အပြင်သို့ ကြည့်လိုက်သည်။ သူက အသက်ခုနစ်နှစ် ရှစ်နှစ် ခန့် ကောင်မငယ်လေးက တဖြည်းဖြည်း သူ့ထံသို့ လာနေသည်ကို တွေ့လိုက်ရတော့၏။

"အစ်ကိုကြီးဝမ်...နင် ဒီမှာလား..." ထိုမိန်းကလေး ငယ်၏ စူးရှရှအသံလေးက ခြံဝန်းအပြင်ဘက်ကနေ ထွက် ပေါ်လာခဲ့သည်။

ဝမ်ဖျင်က မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်သည်။ "ငါ ဒီမှာ မရှိဘူး...နင် ပြန်တော့..."

ထိုသို့ပြောပြီးနောက် သူက ခြံဝန်းထဲကနေ လှမ်းထွက် သွားသည်။သူက ထိုမျက်လုံးကြည်ကြည် ကောင်မလေးကို လှည်ပင် မကြည့်ဘဲ သူ့အိမ်သို့ တန်းပြေးတော့၏။

စွန်ထိုင်က ထိုမြင်ကွင်းကို ကြည့်၍ မရယ်မောမိဘဲ မနေ နိုင် ဖြစ်ရ၏။

သည်အချိန်၌ ဝမ်လင်းကတော့ စွန်ထိုင်နှင့် ပြောင်းပြန် ပင်။ သူက သူ့ကို တရပ်စပ် စကားပြောနေသော အမျိုးသမီးငယ်နှင့် ရင်ဆိုင်နေရာက မျက်မှောင်ကြုတ်နေ မိသည်။ သူ့မျက်နှာပေါ်တွင်လည်း ခါးသပ်သပ် အပြုံးတစ် ခု ရှိလို့နေ၏။

ဝမ်လင်းက သည်ငါးနှစ်အတွင်း အနည်းငယ် ပို၍ အသက်ကြီးရင့်သွား၏။ သူက သေမျိုးတစ်ယောက်ကဲ့သို့ ပြောင်းလဲနေထိုင်သည့်အတွက် သူတို့နှင့်တူတူ ဖြစ်ရပေ မည်။မဟုတ်လျှင် သေမျိုးများက ထိန်လန့်မိကုန်ကြပေ မည်။ သူက လူငယ်တစ်ယောက် အသွင် မဟုတ်တော့ဘဲ သက်လတ်ပိုင်းအသွင်သို့ ခြေလှမ်းလာခဲ့ပြီ ဖြစ်သည်။ထိုအမျိုးသမီးက မိန်းမဆန်လှ၏။ သူမက ဝမ်လင်းကို ကြည့်ကာ ပွင့်ပွင့်လင်းလင်း ဆိုလာသည်။

"အစ်ကိုဝမ်...ကြည့်ပါ။ ဝမ်ဖျင်က အမေ မရှိဘဲ သူ့ဘဝ ကို ခါးခါးသီးသီး နေလာရတာ ဆယ်နှစ်တောင် ရှိပြီ။ အစ်ကိုက ကို့အတွက်ကိုယ် မတွေးရင်တောင် အနည်းဆုံး တော့ ကလေးနဲ့ ပတ်သတ်ပြီး တွေးပေးရမယ်။ ရွာအဝင်က ကျိုးမိသားစုရဲ့ သမီးက မိန်းမလှလေးပါ။ သူမက အစ်ကို့ နောက်လိုက်လာဖို့ ဆန္ဒ ရှိနေပါတယ်။ သူမက ကလေးကို လည်း သူ့သားအရင်းလို ဆက်ဆံဖို့တောင် ကတိပြုထား သေးတယ်။ အစ်ကိုက ဘာကို မကျေမနပ် ဖြစ်နေရတာ 2..."

ဝမ်လင်းက ခါးသီးစွာ ပြုံး၍ အကူအညီမဲ့စွာ ပြောလိုက် သည်။ "ဒီကိစ္စက…ဒါကို ထားလိုက်ပါတော့..."

အမျိုးသမီးဖြစ်သူက လက်လျှော့ဟန် မရဘဲ ဆက်၍ ပြောလာပြန်သည်။ "အာ...အစ်ကိုဝမ်...နင်က ဘာလို့ ခုလို ဖြစ်နေရတာလဲ။ ငါက ဖျင်အာရဲ့ အမေကို နင် အရမ်း ချစ်ခင်လို့ နောက်ထပ် လက်မထပ်တော့တာကို သိပါတယ်။ ဒါပေမဲ့လည်း နင်က ခုထိ ဇနီးမယားတော့ လိုနေသေး တယ်။ ငါ နင့်ကို လွန်ခဲ့တဲ့ ဆယ်နှစ်က ကလေးငယ်လေးနဲ့ မြင်လိုက်တုန်းက ငါက လက်တောင် မထပ်ရသေးဘူး။ ဒါပေမဲ့ ခု ငါ့ကို ကြည့်ပါ။ ငါ့ကလေးတောင် ရှစ်နှစ်အရွယ် ရောက်နေပြီ....ထိုအခိုက်မှာပင် ဝမ်ဖျင်က တံခါးကို ကြမ်းတမ်းစွာ ဆွဲ ဖွင့်၍ ဝင်လာကာ အမျိုးသမီးကို ကြည့်သည်။ထို့နောက် သူက တိတ်ဆိတ်စွာ ထိုင်လိုက်၏။

သို့သော် အမျိုးသမီးက ဆက်၍ စကားပြောမည့်ဟန် ပြုသည်ကို မြင်လိုက်သည့်အခါ ဝမ်ဖျင်က လှမ်းအော် တော့၏။ "အဖေ...သား ဗိုက်ဆာနေပြီ..."

ဝမ်လင်းက ခုမှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချ နိုင်တော့သည်။ သူက ပြောလိုက်၏။ "ငါတို့ စကားပြော တာ နားကြရအောင်..."

အမျိုးသမီးက သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ "အစ်ကိုဝမ်က ဆန္ဒမရှိရင်လည်း ငါက အတင်း မပြော တော့ပါဘူး။ ဒါပေမဲ့ အစ်ကိုဝမ်...နင်က တစ်ယောက်ယောက်ကို စဉ်းစားမယ် ဆိုရင်တော့ ငါ ပြောထားတာ မမေ့ပါနဲ့..."

သူမက ဝမ်လင်းကို ကြည့်လိုက်၏။သည့်နောက် သူမက ဝမ်ဖျဉ်ခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။

ဝမ်လင်းက ငုံ့၍ ရှောင်ကာ နောက်သို့ ဆုတ်လိုက်၏။

အမျိုးသမီးငယ်က ရယ်မောကာ ပြောလိုက်သည်။ "ဒီ ကလေးက တော်တော်လေး ဒေါသကြီးတာပဲ၊သား အဖေရှိကနေ သင်ထားဦး။သား အဖေဆိုရင် ဒီရွာထဲမှာ အနူးညံ့ ဆုံးလူပဲ။ မိန်းမလှတွေအများကြီးက ဘာလို့ သားအဖေကို လက်ထပ်ချင်နေရတာလဲ တွေးကြည့်လိုက်..."ထိုသို့ပြောပြီးနောက် သူမက လှည့်၍ ထွက်ခွာသွား တော့၏။

အမျိုးသမီးငယ်ထွက်သွားသည့်နောက် ဝမ်ဖျင်က မေး လိုက်သည်။ "အဖေ...သင်."

သူ့စကားမဆုံးခင်မှာပင် ဝမ်လင်းက ပြုံး၍ ပြောလိုက် သည်။ ကလေး ဒါနဲ့ ပတ်သတ်ပြီး စိတ်မပူနဲ့။ မင်း အဒေါ် ကျိုးက စိတ်ထားကောင်းပါတယ်။ "ကဲ ဒီကိုလာ ဆေး သောက်ရမယ်…"

ဝမ်ဖျင်က မျက်လုံးအပြူးသားနှင့် သူ့အဖေကို ကြည့်၍ နှုတ်ခမ်းစူကာ ပြောလိုက်သည်။ "ဒါပေမဲ့ သူက ဖျင်အာရဲ့ အမေအသစ်ကို ရှာပေးချင်နေတာလေ။ အာဟုဇီရဲ့ အဖေဆို အာဟုဇီအတွက် အမေအသစ်တစ်ယောက် ထပ်ယူခဲ့တယ် လေ။ အဲ့ကတည်းက အာ ဟုဇီက နေ့တိုင်း ကောင်းကောင်း လည်း မစားရတော့သလို အမြဲ အဆူခံနေရတယ်..."

ဝမ်လင်းက ရယ်မောကာ ဝမ်ဖျင်၏ခေါင်းကု နူးညံ့စွာ ပွတ်သပ်လိုက်သည်။ သူက ပြုံး၍ ပြောလိုက်၏။ "ကောင်း ပါပြီ... အဖေ နောက်မိန်းမ မယူဖို့ သားကို ကတိပေးပါ တယ်...ဟုတ်ပြီလား။ ကဲ ခုတော့ ဆေးသောက်ရမယ်…"

ထိုအခါကျမှ ဝမ်ဖျင်က ပျော်ရွှင်စွာဖြင့် ဆေးပန်းကန်လုံး ကို ကောက်ယူကာ တစ်ချိုက်တည်း မော့သောက်လိုက်၏။ သည်တစ်ကြိမ်၌ သူက ဆေးကို ခါးသည်ဟုပင် မထင်တော့ ဘဲ ချိုမြမြ ဖြစ်နေသည်ဟု ခံစားလိုက်ရ၏။ သည်ချိုခြမှုကသူ့စိတ်နှလုံးထဲကလာသော သူ့အဖေအပေါ် ချစ်ခြင်း မေတ္တာကြောင့် ဖြစ်သည်။

"အဖေ…ဖျင်အာက အဖေနဲ့အတူ ရှိနေပေးမှာ ဖြစ်တဲ့ အတွက် အဖေ အထီးမကျန်စေရပါဘူး။ ဖျင်အာ ကြီးပြင်း တဲ့ အထိ စောင့်နေပါ။ ဖျင်အာက အဖေ အိုမင်းလာတဲ့အထိအလုပ်အကျွေးပြုမှာပါ..."

ဝမ်ဖျင်က ဆေးပန်ကန်လုံးကို ပြန်ချကာ ဝမ်လင်းထံသို့ စိတ်အားထက်သန်စွာ ကြည့်လိုက်၏။

ဝမ်လင်းက ပြုံး၍ ဝမ်ဖျင်၏ခေါင်းကို လှမ်းပုတ်လိုက် သည်။ သည့်နောက် သူက အခန်းထဲကနေ ခြံဝန်းထဲသို့ လှမ်းထွက်လာကာ နှင်းများကို တံမြက်စည်း စတင်လှဲ ကျင်းသည်။သူက ခြံဝန်းကို ရှင်းလင်းပြီးသည့်နောက် လက်သမားတန်ဆာပလာများကို ကောက်ယူကာ လက်သမားအလုပ်ကို စတင်လုပ်နေတော့သည်။

ဝမ်ဖျင်က ပြတင်းပေါက်ကနေ သူ့အဖေကို စောင့်ကြည့် နေရင်း တိတ်တဆိတ် အတွေးနက်နေသည်။ သူ့မှတ်ဉာဏ် က ရွယ်တူများထက် တော်တော်လေး ကောင်းပေ၏။ သူက သူ လေးနှစ်သားအရွယ်က သူ့အမေ၏ မတော်တဆဖြစ်မှု အကြောင်းနှင့် နေရာကို မေးခဲ့စဉ်က အဖြစ်ကို ကောင်းကောင်းမှတ်မိနေခဲ့သည်။

ထိုအချိန်က သူ့အဖေ၏ အသွင်သည် အလွန်ထူးဆန်း သွားခဲ့၏။ သူက မည်သည့်ဟန်ပန်မှန်း နားမလည်ခဲ့သေးပေ။သို့သော် ခု သူကြီးပြင်းလာသည့် အခါတွင်တော့ သူက နားလည် နိုင်ခဲ့ပြီ ဖြစ်သည်။ထိုအသွင်ဟန်ပန်က ဝမ်းနည်း ကာ မျက်လွှာချထားသည့် အသွင်ဖြစ်နေ၏။

သူက သိတက်သည့်ကလေး တစ်ယောက် ဖြစ် သည့်အတွက် ထိုအချိန်မှစ၍ သူ့အမေနှင့် ပတ်သတ်၍ ဘယ်တော့မှ ထပ်မေးခြင်း မပြုတော့ပေ။

ဆောင်းရာသီ ရောက်လာသည့်အခါ နှင်းမုန်တိုင်းများက တစ်သုတ်ပြီးတစ်သုတ် တိုက်ခတ်လာလေသည်။ အေးစက်စက် ဆောင်းရာသီ ရောက်လာသည့်အတွက် ရွာ ထဲရှိ လူများကလည်း လှုပ်ရှားသွားလာမှု ပို၍ နည်းပါးလာ ခဲ့သည်။ ဆောင်းရာသီက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွား ခဲ့ကာ သိပ်မကြာခင်တွင် နွေဦးရာသီသို့ ရောက်လာတော့ ပေမည်။

နွေဦးရာသီ၌ ရွာကျောင်းလည်း ပြန်ဖွင့်ပြီ ဖြစ်သည်။ရွာ ရှိ ကလေးများက စာရေးစာဖတ်ကို ထိုကျောင်း၌ သင်ကြား ကြ၏။

နေ့ရက်များက ဤသို့ဖြင့် တည်တည်ငြိမ်ငြိမ် ကုန်ဆုံး သွားခဲ့သည်။ထိုတည်ငြိမ်မှုများကြား၌ ကြင်နာမှုတရားက ဝမ်လင်း၏ ပင်ပန်းနေသော စိတ်နှလုံးကို ဆေးကြောပေးခဲ့ သည်။

ဝမ်ဖျင်ကလည်း တစ်နေ့ပြီးတစ်နေ့ ကြီးပြင်းလာနေခဲ့ သည်။ဝမ်လင်းက ဉာဏ်အလင်းနောက်သို့ မဆုတ်မနစ်လိုက်ပါခြင်း မပြုတော့ပေ။ သူက အဖေတစ်ယောက်၏ နှလုံးသားနှင့် ဝမ်ဖျင်ကြီးပြင်းလာသည်ကိုသာ တိတ်တဆိတ် စောင့်ကြည့် နေခဲ့သည်။

သည်ဆယ်နှစ်တာအတွင်း ဝမ်ဖျင်၏ မကျေမချမ်းစိတ် ဆန္ဒကို ဖယ်ရှားပေးချိန်ကလွဲ၍ ကျန်သည့် အချိန်များတွင် ဝမ်လင်းက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုခဲ့ပေ။ သူက ကျင့်ကြံခြင်းနှင့် ပတ်သတ်၍ အရာအားလုံးကို မေ့ထားခဲ့ ပေသည်။

သို့ရာတွင် သူက အရာအားလုံးကို မေ့ထားနေရင်းဖြင့် ပင် သေခြင်းရှင်ခြင်းစက်ဝန်းအပေါ် နားလည်မှုက ဝမ် လင်းနှလုံးသားထဲ၌ တိတ်တဆိတ် ဖြစ်တည်လာခဲ့သည်။ ဝမ်ဖျင် ကြီးပြင်းလာသည့်နှင့်အမျှ ထိုနားလည်မှုက ပို၍ပင် လေးနက်ထည်ဝါလာခဲ့သည်။

ဝမ်လင်းက သေခြင်းရှင်ခြင်းစက်ဝန်း၌ သေခြင်း တရား၏ လှည်ပတ်မှု စက်ဝန်းကို လေးလေးနက်နက် နားလည်ထားခဲ့ပေသည်။သို့သော် သူက ရှင်သန်ခြင်းနှင့် ပတ်သတ်၍တော့ များစွာ နားလည်ထားခြင်း မရှိသေးပေ။ အချိန်ကုန်လာသည်နှင့်အမျှ သူ့တာအိုနှလုံးသားကလည်း ပြီးပြည့်စုံခြင်းသို့ ဖြည်းဖြည်ချင်း ရွှေ့လျားလို့နေခဲ့ တော့သည်။

သေခြင်းရှင်ခြင်းကို ပြည့်ပြည့်စုံစုံ နားလည်ပြီးလျှင် နောက်တစ်ဆင့်က ကံကြမ္မာစက်ဝန်း ဖြစ်၏။ ဝမ်လင်းတာအိုနှလုံးသားက သည်အေးချမ်းသောဘဝ၌ ဖြည်းဖြည်း ချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့ပေသည်။ အားကောင်းသော ကျင့်ကြံသူတစ်ယောက်ကသာ သည်လိုမျိုး ပြောင်းလဲမှုကို တွေ့မြင်လိုက်ရပါက တုန်လှုပ်မိသွားနိုင်သည်။အကြောင်း ကတော့ ဤအရာက ရိုးရှင်းသော ပြောင်းလဲမှု မဟုတ်ဘဲ လူတစ်ယောက်၏ နယ်ပယ်တစ်ခု ပြောင်းလဲခြင်း ဖြစ်နေ သောကြောင့်ပင်။

ကောင်းကင်ဘုံနယ်မြေ

ပျက်စီးသွားသည့်နောက် နယ်ပယ်က ကျင့်ကြံသူများအတွက် အထူးနားလည်မှုတစ် ခု ဖြစ်လာခဲ့သည်။ ကျင့်ကြံသူတစ်ယောက် လျှောက်လှမ်း သည့်လမ်းက သူတို့နယ်ပယ်မှ ဖြစ်ပေါ်လာသည့် တာအိုကို ကျင့်ကြံခြင်းဟုပင် ပြော၍ ရ၏။

ထို့အတွက်ကြောင့် နယ်ပယ်တစ်ခုချင်းစီသည် ကျင့်ကြံ သူတိုင်းအတွက် အသေနီးပါး ဖြစ်နေ၏။ နယ်ပယ်တစ်ခု ဆင့်ကဲ တိုးတက်ဖွံဖြိုးလာခြင်းက ဖြစ်တောင့်ဖြစ်ခဲပင်။ဟွ မ်မိသားစုဘိုးဘေးက လျိုမေကို ဖမ်းခေါ်ခဲ့ခြင်းကလည်း သူမနယ်ပယ်၏ ဆင့်ကဲဖွံ့ဖြိုးမှု အရိပ်အယောင်ပြသမှု ကြောင့် ဖြစ်သည်။

ဝမ်လင်းက ခုလက်ရှိတွင် သည်လမ်းကို လျှောက်လှမ်း နေသူ ဖြစ်၏။ သို့ရာတွင် သူက သေခြင်းရှင်ခြင်းနယ်ပယ်မှ ရှင်သန်ခြင်းအပိုင်းကို နားလည်မှု ကင်းမဲ့နေခဲ့ သည့်အတွက်ကြောင့် ကံကြမ္မာနယ်ပယ်သို့ ဆင့်ကဲဖွံဖြိုးမှု အရိပ်အယောင် ပြသလာခဲ့သည့်တိုင် သူ့နယ်ပယ်က ခုထိမဖွံ့ဖြိုးခဲ့ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ခုလက်ရှိသည် ဝမ်လင်းဘဝအတွက် အရေးကြီးဆုံး အမှတ်သို့ ရောက်နေခြင်း ဖြစ်၏။ အခု လက်ရှိပေါ် မူတည်၍ သူ့ အနာဂတ်အောင်မြင်မှုများကိုပင် ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ဝမ်လင်းက ထိုအခြင်းအရာကို နားလည်ထား၏။ သို့ရာတွင် သူ့တွင် ရွေးချယ်စရာသာ ရှိခဲ့ပါက အခြား ကျင့်ကြံသူအားလုံး အိပ်မက်ထဲက အခုလို အခွင့်အရေးမျိုး အတွက် မည်သည့်တန်ဖိုးမှ ပေးလိုလိမ့်မည် မဟုတ်ပေ။

နွေဦးရာသီ ကုန်လွန်ကာ ဆောင်းဦးရာသီသို့ပင် ပြန် ရောက်လာခဲ့ပြန်ပြီ။ နောက်ထပ် ခြောက်နှစ် ကုန်ဆုံးသွားခဲ့ ပြီ ဖြစ်သည်။စွန်ထိုင်အတွက်လည်း အချိန်ကျရောက်လာခဲ့ ပြီ ဖြစ်သည်။စွန်ထိုင်၏ သေဆုံးခြင်းက မျှော်လင့် ထားသည်ထက်ပင် အနည်းငယ် ပိုစောနေသေး၏။

စွန်ထိုင်က သူ့အိမ်ထဲ၌ လဲလျောင်းကာ သေဆုံးသွား ချိန်၌ ဝမ်လင်းနှင့်ဝမ်ဖျင်တို့နှစ်ယောက်သာ ရှိနေကြသည်။

ဝမ်ဖျင်က ဆယ့်ခြောက်နှစ် ပြည့်သွားခဲ့ပြီ ဖြစ်သည်။ သူက လျိုမေနှင့်လည်း ပို၍ တူလာခဲ့သည်။ ယောက်ျားလေး တစ်ယောက်ထံ၌ ထိုသို့သော ရုပ်ရည်သွင်ပြင် ရှိနေခြင်းက သူ့ကို တော်တော်လေးကို ချောမောသွားစေခဲ့သည်။

သို့ရာတွင် သူ့မျက်လုံးများကတော့ အဖြူနှင့်အမည်း ကြား ရှင်းရှင်းလင်းလင်း သိမှုကို ပြသနေကာ ကြည်လင်လို့နေသည်။သည်ဆယ့်ခြောက်နှစ်အတွင်း သူကလည်း အရာတော်တော်များများကို နားလည်လာခဲ့ပေသည်။ ဥပမာ ဘိုးဘိုးစွန်က သူ့အဖေကို လွန်ခဲ့သောနှစ်ပေါင်းများ စွာ ကတည်းက သိကာ တော်တော်လေး လေးစားသည် ဟူသော အရာမျိုးပင်။ ထိုလေးစားမှုက အပြင်ပိုင်းတွင် မဟုတ်ဘဲ သူ့အရိုးထဲက လာသည့် လေးစားမှုမျိုး ဖြစ်သည်။ ဝမ်ဖျင်က ထိုအရာကို ကောင်းကောင်း ခံစားမိနိုင်သည်။

ခုချိန်တွင် ဝမ်လင်းကလည်း ပို၍ အသက်ကြီးလာသည့်ပုံ ဖြစ်လာခဲ့သည်။သူက စွန်ထိုင်ကို တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "စွန်ထိုင်...ငါ သင့်ကို ကတိပေးထားခဲ့တဲ့အတိုင်း လုပ်ပေးမှာပါ..."
ထွက်ခွာခြင်း...

သည်ကမ္ဘာထဲရှိ မည်သည့်အရာကမျှ သေခြင်းရှင်ခြင်း တရားမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။စွန်ထိုင်က သူ့အရှေ့ရှိ အဖေနှင့်သားကို ကြည့်ကာ ပြုံးလိုက်၏။သည် အခိုက်အတန့်၌ သူက သူ့ဘဝနောက်ဆုံးချိန်၌ အေးချမ်းမှု ရရှိသွားသည့်ပုံပင်။

ဝမ်လင်း၏ ကတိစကားကို ကြားလိုက်သည့်နောက် စွန် ထိုင်က ဝမ်လင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

အတိတ်က ပုံရိပ်များက သူ့မျက်လုံးထဲ၌ ရိပ်ခနဲ ရိပ်ခနဲ တဖျပ်ဖျပ် ပေါ်လာကာ နောက်ဆုံးတွင် ရပ်တန့်သွား တော့၏။

"တကယ်တော့ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြား အကွာ အဝေးက တိုတောင်းလွန်းလှတယ်..."

စွန်ထိုင်က ထိုသို့ ပြောလိုက်ပြီးနောက် ပြုံး၍ မျက်လုံး မှိတ်သွားသည်။

သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ပေါ်ရှိ သေဆုံးခြင်း အော်ရာက အထွတ်အထိပ်သို့ ရောင်ကာ သူ့အသက်ဓာတ်က လုံးဝ ငြိမ်းသေ ပျောက်ကွယ်သွားတော့၏။

"ဘိုးဘိုးစွန်..." ဝမ်ဖျင်က မျက်ရည်စို့သောအကြည့်ဖြင့် စွန်ထိုင်ကို ကြည့်ကာ စတင် ငိုကြွေးသည်။

ဝမ်လင်းက သက်ပြင်းချကာ ဝမ်ဖျင်၏ခေါင်းကို ပွတ် သပ်ပေးနေလိုက်၏။ သူ့မျက်လုံးများက တည်ငြိမ်လျက်ရှိနေသည်။သူက သေခြင်းရှင်ခြင်းများကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။ ထိုအရာများက သူ့အတွက် မီးခိုးငွေ့တွေလိုပင်။

စွန်ထိုင်၏ အုတ်ဂူက ပြိုလဲသောလ ကျေးရွာအနောက် ပိုင်းတွင် ထားထား၏။ရွာထဲရှိ သေသည့်သူမှန်သမျှ ထို နေရာတွင် မြှုပ်နှံ့တက်ကြသည်။

ဝမ်ဖျင်က အုတ်ဂူပေါ်တွင် "သူ့မြေးဝမ်ဖျင် ရေးထိုးတဲ့ စွန်ထိုင် အုတ်ဂူ..." ဟု ရေးထွင်းထားသည်။

ဝမ်ဖျင် အသက်ဆယ့်နှစ်နှစ် အရွယ်တုန်းက စွန်ထိုင်က ဝမ်ဖျင့်ကို သူ့မွေးစားမြေးအဖြစ် မွေးစားခဲ့ပေသည်။ဝမ် လင်းက သူ့ကို မတားဆီးပေ။ တကယ်တော့ စွန်ထိုင်က ဝမ်လင်းထက် အသက်ကြီးကာ ဝမ်ဖျင်၏အဘိုးဖြစ်ဖို့ အတွက် လုံလောက်သောအသက်အရွယ် ရှိနေသည် မဟုတ်လား။

စွန်ထိုင်၏ အုတ်ဂူထဲ၌ သူ့ခန္ဓာကိုယ် ရှိမနေပေ။ထို ခန္ဓာကိုယ်ကို ဝမ်လင်းက ပြာအဖြစ် သိမ်းဆည်း၍ သူ့ သိုလှောင်အိတ်ထဲ၌ ထည့်ထားပြီး ဖြစ်သည်။ သူက စွန် ထိုင်ကို ပေးထားသော ကတိအတိုင်း လုပ်ပေးရပေဦးမည်။ဆယ့်ခြောက်နှစ်အရွယ် ဝမ်ဖျင်က ပို၍ ချောမောလာ၏။ သူနှင့်နှိုင်းယှဉ်လျှင် ဝမ်လင်းက ပို၍ပင် အိုစာနေသည့်ပုံ ပေါက်နေသည်။

အချိန်၏ တိုက်စားမှုအောက်၌ ဝမ်လင်း ရုပ်ရည်သွင်ပြင် က ပြောင်းလဲလာသည့်အတွက် ရွာထဲရှိ သူ့ကို လာလာ အောင်သွယ်ပေးတက်သော အမျိုးသမီး၏ စိတ်ဝင်စားမှု သည်လည်း လိုက်ပါ ပြောင်းလဲသွားခဲ့သည်။ သို့ရာတွင် ဝမ် ဖျင်ကြီးပြင်းလာသည့်အတွက် ထိုစိတ်ဝင်စားမှုက သူ့ထံသို့ အစားထိုး ရောက်ရှိလာတော့၏။

သို့သော် ဝမ်ဖျင်က သူ့အဖေကဲ့သို့ ခပ်အေးအေးသာ နေတက်သည့်သူ ဖြစ်သည်။သူက ရုပ်ချောသော်လည်း တည်တည်ငြိမ်ငြိမ်လည်း ရှိလှ၏။ပုံမှန်အားဖြင့် သူက စကားအများကြီး မပြောတက်ပေ။ သူ့မျက်လုံးထဲ၌ ဉာဏ်ပညာအရိပ်အမြွက်တို့တော့ ရှိလို့နေ၏။

စွန်ထိုင် သေဆုံးသွားပြီး နောက်တစ်နှစ်...ဝမ်လင်းက ခြံ ဝန်းထဲ၌ သစ်သားတုံးတစ်ခုကို ကိုင်ကာ သေချာထွင်းထုလို့ နေသည်။ ဝမ်ဖျင်က သူ့ဘေးတွင် လာထိုင်ကာ သူ့အဖေကို တည်ငြိမ်စွာ ကြည့်လို့နေ၏။ သူ့အဖေမျက်နှာက ပို၍ အရေးအကြောင်းများ တွန့်လာကာ ပို၍လည်း ရှေးဆန်လာ ခဲ့သည်။

ဝမ်လင်းက ခေါင်းမော့မကြည့်ဘဲ တည်ငြိမ်စွာ ပြော လိုက်သည်။ "သစ်သားထွင်းတာက ထွင်းချက်တိုင်းကိုစိတ်ထဲကနေ လိုက်လုပ်ဖို့ လိုတယ်။ ဒီထွင်းချက်တိုင်းမှာ မှတ်ဉာဏ်တစ်ခုစီကိုပါ ရေးထွင်းနေဖို့ လိုတယ်။အဲ့ကျမှ သာ လက်မှုပညာသည်တစ်ယောက်လို့ ယူဆနိုင်လိမ့် မယ်..

ဝမ်ဖျင်က ခေါင်းညိတ်ပြလိုက်၏။သူလည်း သစ်သားပိုင်း တစ်ခုကို ကောက်ယူကာ သေသေချာချာ ထွင်းထုလေ တော့သည်။

နေဝင်ချိန်အောက်၌ အဖေနှင့်သားတို့၏ အရိပ်များက ဖြန့်ကားလို့နေသည်။နေတစ်ဖြည်းဖြည်း ဝင်လာသည်နှင့် အမ 

သည်လိုနှင့် တစ်ဖြည်းဖြည်း နေဝင်ချိန်ရောက်လာကာ အမှောင်ထုက ကမ္ဘာမြေပေါ်သို့ ကြီးစိုးလာသည်။ဝမ်လင်း က ခြံဝန်းထဲ၌ မီးအိမ်တစ်လုံးကို မီးငြှိလိုက်ကာ တည်ငြိမ် စွာ မေးလိုက်၏။ "သား တွေးလို့ ပြီးပြီးလား..."

ဝမ်ဖျင်က တစ်ဝက်သာ အပြီးသပ်ရသေးသည့် ရုပ်တုကို အောက်သို့ ချကာ စတင်၍ တိတ်တဆိတ် တွေးနေ တော့သည်

ဝမ်လင်းက သူ့ကို အလျင်လိုစေခြင်း မရှိဘဲ ဝမ်ဖျင်၏ ရုပ်တုကို သေချာကြည့်လို့နေသည်။ သည်ရုပ်တုက အနည်းငယ် အကြမ်းထည် ဆိုင်နေသေး၏။ သို့သော် သုံး ဆယ်ရာခိုင်နှုန်းလောက်တော့ ဖြစ်သည်။ ရုပ်လုံးပေါ်လာခဲ့ပြီ
ထိုရုပ်တုက စွန်ထိုင်၏ ရုပ်တုပင်။ သူက ကောင်းကင် ထက်သို ကြည့်နေရင်း မောက်မာသည့် ဟန်ပန်ဖြစ်လို့ နေသည်။ သူ့လက်များက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်ကာ သူ့ခန္ဓာကိုယ်ပေါ်၌ ထူးဆန်းသောအော်ရာတစ်ခု စုဝေး လို့၏။ သူ့ခြေထောက်အောက်၌ပင် တိမ်ထုများ ရှိနေကာ ဒ ဏ္ဌာရီလာပုံရိပ်တစ်ခုအလား ဖြစ်နေစေသည်။

ဝမ်ဖျင်က ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလိုက်၏။ "အဖေ...အဖေက ဘိုးဘိုးစွန် ချန်ထားခဲ့တဲ့ အင်မောတယ် မန္တာန်တွေကို ဘာလို့ သားကို လေ့လာခွင့် မပြုတာလဲ..."

ဝမ်လင်းက သက်ပြင်းချ၏။ နောက်ဆုံးတော့ စွန်ထိုင်က သည်ကိစ္စ၌ သူ့စကားကို မလေးစားခဲ့ပေ။သူက ဝမ်ဖျင်ကို သူ့မွေးစားမြေးအဖြစ် လက်ခံပြီးကတည်း သူ့ကို ကျင့်ကြံ ခြင်းနည်းလမ်းများ လျှို့ဝှက်၍ သင်ပေးခဲ့၏။

သည်အရာများအားလုံးကို ဝမ်လင်းကို ဖုံးကွယ်ထားနိုင် ခြင်း မရှိပေ။စွန်ထိုင်က ဝမ်ဖျင်ကို ထိုသို့ ကျင့်ကြံခြင်းနည်း လမ်းများ သင်ပေးဖို့ မကြိုးစားခဲ့ပါက သူက မျှော်လင့်သည် ထက် စော၍ သေဆုံးခဲ့လိမ့်မည် မဟုတ်ပေ။

သူက ဝမ်ဖျင်ကို ကြည့်လိုက်၏။ သည်ကလေးက သူ့အ မေ၏ ရုပ်ရည်ကို ဆက်ခံထား၏။သို့သော် သည်ဆယ့် ခြောက်နှစ်အွင်း သူက သူ့တည်ငြိမ်မှုကိုလည်း သင်ယူခဲ့ပြီး ဖြစ်သည်။

ဝမ်ဖျင်မျက်လုံးများက ဉာဏ်ပညာနှင့် တောက်ပချိန်တွင်ဝမ်လင်းက သူ့ကိုယ်သူ ပုံစံတစ်မျိုးဖြင့် ပြန်မြင်ရသည်ဟု ပင် ခံစားမိရ၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ပြော လိုက်၏။ "ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝက သားနဲ့ မ သင့်တော်တဲ့အတွက်ကြောင့်ပဲ..."

ဝမ်ဖျင်က ပြုံး၍ သူ့အဖေကို မော့ကြည့်ကာ ပြော လိုက်၏။ "အဖေ...ငါက ဘိုးဘိုးစွန် ငါ့ကို ပေးခဲ့တဲ့ နည်း လမ်းတွေကို ဘယ်တုန်းကမှ မကျင့်ကြံခဲ့ဖူးဘူး။ တစ်ကြိမ် တောင်မှပေါ့..."

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ သူက သည်အရာ များအားလုံးကို သိနှင့်နေပြီး ဖြစ်သည်။ စွန်ထိုင်က သူ့ ကျင့်ကြံမှုနည်းလမ်းများကို ဝေမျှခဲ့သော်လည်း ဝမ်ဖျင်က လုံးဝ ကျင့်ကြံခဲ့ဖူးခြင်း မရှိပေ။

ဝမ်ဖျင်က ခေါင်းငုံ့၍ မေးလိုက်ပြန်သည်။ “အဖေ. သင်...သင်ကရော အင်မောတယ် ပဲလား..."

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။ "အင် မောတယ် မဟုတ်ပါဘူး။ ကျင့်ကြံသူတစ်ယောက်ပါပဲ...."

ဝမ်ဖျင်က အနည်းငယ် စဉ်းစားပြီးနောက် ထပ်မေးလိုက် သည်။ "အဖေ..အဖေက သားကို သာမန်ဘဝမှာပဲ နေထိုင် စေချင်ပြီး အဖေ့ခြေလှမ်းနောက်ကို မလိုက်စေချင်တာ လား..."

လက တဖြည်းဖြည်း မြင့်တက်လာခဲ့လေပြီ။ လရောင်ကကမ္ဘာမြေသို့ ဖြန်းပက်လာတော့၏။ နူးညံ့သောလေပြေက မီးအိမ်ကို ယိမ်းထိုးခေါက်ပြန် ဖြစ်နေစေသည်။ မီးအိမ်ထဲရှိမီးစကလည်း တဖျပ်ဖျပ် တောက်ကာ လရောင်နှင့် ရောယှက်၍ ခြံဝန်းထဲသို့ အလင်းပေးလာ၏။

ဝမ်လင်းက ဝမ်ဖျင်၏ရုပ်တုကို ပြန်ချလိုက်သည်။သူက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်၏။ "ဟုတ်တယ်

"ဖျင်အာက ဆန္ဒမရှိဘူးဆိုရင်ရော..." ဝမ်ဖျင်က ခေါင်း မော့ကာ သူ့အဖေကို ကြည့်၏။ ဆယ်ခြောက်နှစ်အတွင်း သူက သူ့အဖေကို သည်လိုပုံစံဖြင့် ပထမဆုံးအကြိမ် ပြောဆိုလိုက်ခြင်းပင်။

ဝမ်လင်းအကြည့်က ဖျင်အာပေါ်သို့ ကျရောက်သွား၏။ သူက စကားမဆိုဘဲ ဝမ်ဖျင်ကိုသာ တည်ငြိမ်စွာ ကြည့်လို့ နေသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ ဝမ်ဖျင်က ဝမ် လင်းအကြည့်ကို ရင်မဆိုင်ဝံ့သည့်အလား သည်။ ခေါင်းငုံ့လိုက်

"ကျင့်ကြံသူတစ်ယောက်ရဲ့ ဘဝက မင်းနဲ့ မသင့်တော် ဘူး။ ဒီကိစ္စကို ထပ်ပြီး မပြောပါနဲ့တော့..."

ဝမ်လင်းအသံက နူးညံ၏။သို့သော် ခိုင်ကျဉ်လှသည်။ သို့ရာတွင် ဝမ်ဖျင် မမြင်နိုင်သော သူ့မျက်လုံးထဲတွင်တော့ ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုအရိပ်အယောင်တို့ ရှိလို့နေ၏။ သည်ဝမ်းနည်းမှုက ပြင်းထန်လှသည်။

ဝမ်ဖျင်က ခါးသက်စွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ အဖေ...ငါက မကျင့်ကြံတော့ပါဘူး..."

ဝမ်လင်းက စကားဆက်၍ မဆိုတော့ဘဲ အခန်းထဲသို့ ပြန်လာခဲ့တော့၏။ သူက အခန်းထဲသို့ ဝင်လာသည့်အခိုက် တွင်ပင် သူ့အသံက ထွက်ပေါ်လာခဲ့သည်။ "ဖျင်အာ...ဆေး သောက်လိုက်ဦး..."

ဝမ်ဖျင်က တိတ်တဆိတ် စဉ်းစားနေ၏။ အချိန် အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ မတ်တပ်ထ ရပ်၍ အခန်းထဲသို့ လျှောက်လှမ်းလာတော့၏။

သူ့အဖေက မည်သည့်ခမ်းနားထည်ဝါမှုကိုမှ မထုတ်ဖော် သော်လည်း ဝမ်ဖျင်စိတ်ထဲတွင်တော့ သူ့အဖေ၏ တည်ရှိမှု က နှိုင်းယှဉ်၍ မရလောက်အောင်ပင်။ သူ့အတွက် ခုခံနိုင် သည့် စွမ်းရည် မရှိပေ။ သူက သူ့အဖေ၏ ဆန္ဒနောက်ကို သာ လိုက်၍ သာမန်ဘဝတွင် ရှင်သန်ဖို့သာ ရှိတော့သည်။

"ကျင့်ကြံခြင်းကလွဲလို့...အဖေက ဒီကမ္ဘာထဲမှာ ရှိတဲ့ အရာအားလုံးကို သား အတွက် ပေးနိုင်ပါတယ်..."

ဝမ်ဖျင်က ဆေးသောက်လိုက်ပြီးနောက် အိပ်ယာထဲသို့ လှဲလျောင်းလိုက်စဉ် ဝမ်လင်းအသံက သူ့နားထဲသို့ ဝင် ရောက်လာခဲ့၏။

ဝမ်ဖျင်က မျက်လုံးမှိတ်ထားလိုက်၏။ သူက စကားတော့ မဆိုပေ။အမှောင်ထုထဲ၌

ဝမ်လင်းက

ခြံဝန်းထဲတွင်

တစ်ယောက်တည်း ထိုင်နေကာ သူ့ရှေ့ရှိ အမှောင်ထုကို စူး စိုက်ကြည့်လို့နေသည်။ဝမ်းနည်းမှုက နောက်တစ်ဖန် ဖြတ်ပြေးသွားပြန်၏။ သူ့မျက်လုံးထဲ၌

မျက်စိတစ်မှိတ်အတွင်းမှာပင် စွန်ထိုင်သေဆုံးတာ သုံး နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။

သည်နှစ်က ဝမ်ဖျင် ဆယ့်ကိုးနှစ်ပြည့်သည့် နှစ်ပင်။ သူက ရုပ်ရည်ချောမောလှသည့် လုလင်ပျိုတစ်ယောက် ဖြစ်လာခဲ့ပေပြီ။

သူ့ရုပ်သွင်ကလည်း လျိုမေနှင့် ပိုပို၍ တူလာခဲ့၏။

ဝမ်လင်းကတော့ အသက်ပိုကြီးရင့်လာ၏။ ဆယ့်ကိုးနှစ် ဆိုသော အချိန်က သူ့မျက်နှာပေါ်၌ အရေးအကြောင်းများ ကို ဖြစ်ပေါ်လာခဲ့စေသည်။

ဝမ်လင်းက ပြိုလဲသောလကျေးရွာသို့ ရောက်လာတာ ဆယ့်ကိုးနှစ် ရှိလာပြီးနောက် သူက သူ့ပစ္စည်းများကို ထုတ် ပိုးကာ ဝမ်ဖျင်နှင့်အတူ ထွက်လာခဲ့သည်။

သူတို့ ရွာမှ ထွက်လာသည့်အချိန်၌ ဝမ်ဖျင်၏ ငယ် သူငယ်ချင်းများက သူတို့ကို လိုက်ပို့ကြသည်။ သူတို့အများ စုကတော့ မိန်းကလေးများ ဖြစ်ကြကာ ဝမ်ဖျင်ထံသို့ ကြည့် နေသော သူတို့အကြည့်များက မကျေမနပ် ဖြစ်လို့နေကြ၏

အထူးသဖြင့် ကျိုးမိသားစုမှ ဒုတိယသမီး၏ မျက်လုံးထဲ
ရှိ မကျေမနပ်ဖြစ်မှုက ပို၍ ပိုလေသည်။

သို့ရာတွင် ဝမ်ဖျင်ကတော့ မထူးမခြားနားပင်။ သူက လျို မေ၏ ရုပ်ရည်ကို ဆက်ခံထားသော်လည်း ဝမ်လင်း၏ ကိုယ်ရည်ကိုယ်သွေးကိုပါ အမွေရထားပေ၏။ သူက အမျိုးသမီးများနှင့် ပတ်သတ်၍ ဂရုသိပ်မစိုက်တက်ပေ။

သည်ဆယ့်ကိုးနှစ် အချိန်အတွင်း ရွာထဲရှိ လူများက မွေး ဖွားလိုက် သေဆုံးလိုက် ဖြစ်နေကြသည်။ မျိုးဆက်တစ်ခု က အိုမင်းသွားသည်နှင့်အတူ နောက်မျိုးဆက်အသစ်က ကြီးပြင်းလာခဲ့သည်။

ကျိုးမိသားစုမှ ဗလတောင့်တောင့်လူကြီးကတော့ သန်မာနေတုန်းပင်။သို့သော် သူက ငယ်ရွယ်မှု မရှိတော့သည်မှာ သိသာပေ၏။ သူက ဝမ်လင်းဘေးတွင် ရပ် ကာ ဝမ်းနည်းသည့်ဟန်ဖြင့် ပြောလိုက်သည်။ "အစ်ကို ဝမ်...မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်ဆယ်နီးပါး ကုန် သွားခဲ့ပြီ။ငါက အစ်ကိုဝမ် ဖျင်အာနဲ့အတူ ဒီရွာကို ရောက်လာ မှတ်မိနေဆဲပါ။ ဒါပေမဲ့ ခု အစ်ကိုက ထွက်သွား တော့မှာပဲ..."

ဝမ်လင်းက ပြုံး၍ ပြန်ပြောလိုက်သည်။ "အစ်ကိုကျိုး... ငါက ဒီနှစ်တွေမှာ အစ်ကို့ကို ဒုက္ခပေးခဲ့ပြီးပြီး။ ဒါပေမဲ့ လည်း ခုတော့ ဒီကလေးက ကြီးပြင်းလာပြီ ဖြစ်တဲ့အတွက် သူ့ကို အပြင်လောကကို ရှုမြင်ရဖို့အတွက် ခေါ်သွားပေးဖို့ လိုအပ်နေပြီလေ....ကျိုးမိသားစုမှ ဗလတောင့်တောင့်လူကြီးက သက်ပြင်းချ လိုက်၏။ သူ့အကြည့်က မိန်းကလေးများ ဝိုင်းနေသော ဝမ် ဖျင်ထံသို့ ကျရောက်သွာ၏။ သူက မချင့်ပြုံးပြုံး၍ ပြော လိုက်၏။ "ကြည့်ရတာ ငါ့ကျိုးမိသားစုရဲ့ ဒုတိယသမီးက ကံမကောင်းတဲ့ပုံပဲ..."

ဝမ်လင်းက ခေါင်းယမ်းကာ ပြုံး၍ ဆိုသည်။ "ဒါက ငါ့ သား အတွက် ကံမကောင်းတာပါ..."

သိပ်မဝေးသော နေရာတွင် ဝမ်ဖျင်အသွင်က ပုံမှန် အတိုင်း ရှိနေ၏။ သူက နူးညံ့စွာပြောလိုက်သည်။ "နင်တို့ အားလုံး...ဂရုစိုက်ကြပါ..."

သည့်နောက် သူက ဝမ်လင်းရှိရာသို့ ပြန်လာ၏။

သို့ရာတွင် ထိုမိန်းကလေးများထဲမှ တစ်ယောက်က လှမ်း၍ အော်လိုက်၏။ "ဝမ်ဖျင်...နင်...နင် နောက်ကျရင် ပြန်လာဦးမှာလား..."

ဝမ်ဖျင်က ရပ်တန့်သွားသည်။ သူက နောက်သို့ လှည့်မ ကြည့်ဘဲ ပြန်ပြောလိုက်သည်။ "ငါ မသေချာဘူး..."

မိန်းကလေး၏မျက်လုံးများက နီရဲလာကာ သူမပါးပြင် ပေါ်သို့ မျက်ရည်စီးကြောင်းနှစ်ခု စီးကျလာတော့သည်။ ကြည့်ရသည်မှာ သူမနှလုံးသားက ကွဲကြေသွားသကဲ့သို့ ပင်။

"ငါ နင့်ကို မုန်းတယ်...ဝမ်ဖျင်..." သည့်နောက် အမျိုးသမီးက ငိုယိုကာ ထွက်ပြေးသွားတော့သည်။ဝမ်ဖျင်က မျက်မှောင်ကြုတ်ကာ သူ့အဖေဘေးနားသို့ ရောက်လာ၏။

ဗလတောင့်တောင့်လူကြီးက သက်ပြင်းမှုတ်ထုတ်မိလိုက်သည်။ သူက ဝမ်လင်းထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ "အစ်ကိုဝမ်...ဂရုစိုက်ပါ..."

ဝမ်လင်းက ထိုလူရိုးကြီးနှင့် ပတ်သတ်၍ အမြင်ကောင်း ရှိ၏။ သူက ရယ်မော၍ ပြန်ပြောလိုက်သည်။ "အစ်ကိုကြီး ကျိုးလည်း ဂရုစိုက်ပါ..."

သည့်နောက် သူက လှည့်၍ လှမ်းလျှောက်သွား တော့သည်။ဝမ်ဖျင်ကလည်း သူနှင့် ခြေလှမ်းအနည်းငယ် အကွာကနေ လိုက်ပါသွားတော့၏။ သည့်နောက် သူက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်ပြီးနောက် ငို၍ ထွက်ပေး သွားသော မိန်းကလေးကို လှည့်၍ ကြည့်၏. သည့်နောက် သက်ပြင်းချကာ ဝမ်လင်းနှင့်အတူ ထွက်ခွာသွား တော့သည်။

ဝမ်ဖျင်က အမှီလိုက်ကာ သူ့အဖေနောက်သို့ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ "အဖေ...မိန်းကလေး တွေက ဘာလို့ ပြဿနာ ဖြစ်နေတာလဲ...။အထူးသဖြင့် ကျိုးရုထုံပဲ..."

ဝမ်လင်းက ရယ်မောကာ ဝမ်ဖျင်ကို နောက်လှည့်ကြည့် လိုက်၏။ လျှိုမေ၏ ရုပ်ရည်သွင်ပြင်ကို ဆက်ခံထားသူ ဝမ် ဖျင်အဖို့ ရုပ်ရည်နှင့်ပတ်သတ်၍ မွန်းစတားဆန်အောင်ချောမောနေသည် မဟုတ်လား။

ဝမ်လင်းက ပြုံးတုံ့မပြုံးတုံ့လုပ်၍ ပြောလိုက်သည်။ "သားက ကျိုးမိသားစုက မိန်းကလေးကို သဘောမကျဘူး လား..."

ဝမ်ဖျင်က သက်ပြင်းချကာ ဆိုသည်။ "ကျွန်တော် သူ့ကို သဘောမကျပါဘူး။ သူ ငိုနေတာ မြင်တဲ့အချိန် စိတ်ထဲမှာ စိတ်မကောင်း ဖြစ်တာလောက်တော့ ရှိတယ်…

"ဆင့်ကဲတိုးတက်လာခြင်း(နောက်တစ်ပိုင်း)

ရွင်ယွမ်ဂြိုဟ်က ရေများနှင့် ဖုံးလွှမ်းနေသော်လည်း တောင်တန်းများနှင့်ကုန်းမြေများစွာလည်း ရှိလို့နေသည် သာ။ လွန်ခဲ့သော နှစ်များက ဖြစ်ပွားခဲ့သည့် ဘေးကပ်ဆိုး ကြောင့် ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များက တော်တော် လေး အားပျော့သွားခဲ့ရပေသည်။

အဖေနှင့်သား တို့၏ ပုံရိပ်နှစ်ခုကို ရွင်ယွမ်ဂြိုဟ်ပေါ်ရှိကျော်ကြားသောတောင်တန်းများကြားတွင် အမြဲလိုလို တွေ့ မြင်ရတက်ပေသည်။ သူတို့က တောင်ထိပ်သို့ တက်ရောက် ကာ ကမ္ဘာလောကကြီးကို ထိပ်ဆုံး၌ ရပ်၍ ကြည့်တက်ကြ သည်။

သူတို့သားအဖနှစ်ယောက်က မြေကမ္ဘာ၏ ပြောင်းလဲ ခြင်းနှင့် တိမ်စိုင်တိမ်ခဲများ အလိပ်လိပ် ဖြစ်ပျက်နေပုံတို့ကို စောင့်ကြည့်တက်ကြ၏။

ထိုသားအဖနှစ်ယောက် တောင်ထိပ်ဖျားပေါ်သို့ ရောက် သည့်အခါ လေပြင်းက နားထဲသို့ တဝီဝီ တိုးဝင်လာနေခဲ့သည်။ ဝမ်ဖျင်က တောင်ထိပ်တွင် မတ်တပ်ရပ်နေရင်း လောကကြီးကို ငုံ့ကြည့်လို့နေသည်။ သူ့စိတ်ဝိညာဉ်က လည်း ဖွံ့ဖြိုးလာခဲ့ပေသည်။

ဝမ်လင်းတို့သားအဖက တစ်တောင်ပြီးတစ်တောင်ကို တက်ရောက်နေရင်း ဝမ်ဖျင်၏ ခန္ဓာကိုယ်ကလည်း တဖြည်းဖြည်း သန်မာလာခဲ့ပေသည်။ သူ့အမြင်တွင် သူ့ အဖေနှင့် ပတ်သတ်သည့် အရာအားလုံးက ခမ်းနား ကြီးကျယ်လှ၏။

တောင်ထိပ်တစ်ခုစီမှ နောက်တစ်ခုထံသို့ တက်ရောက် လို့နေရင်းဖြင့် ဝမ်ဖျင်၏ စိတ်သည်လည်း များစွာ ဖြန့်ထွက် ခိုင်မာလာခဲ့ပေသည်။ သူက ကမ္ဘာလောကအနှံ့ လျှောက် သွားနေရင်း အရာအားလုံးကို မေ့ထားသည့်အလား။ သူနှင့် အတူ ရှိနေသည့်အရာများက သူ့အဖေ၊ တောင်တန်းများ၊ ရေပြင်၊ ကောင်းကင်နှင့် ကုန်းမြေတို့သာ ဖြစ်ကာ ထိုအရာ များကသာ သူ့တည်ရှိမှုကို ခံစား၍ သူ့နောက်သို့ လိုက်ပါ လာသည်ဟုပင် ထင်မှတ်ရသည်။

ထိုအခြင်းအရာများက

အထီးကျန်ဆန်မှုမဟုတ်၊ လွတ်လပ်မှုစိတ်တစ်ခုသာ ဖြစ်ချေတော့၏။

တောင်တန်းများ၌ မည်သို့သော အန္တရာယ်ပင် ရှိရှိ သည် အဖေနှင့်သားကို ရပ်တန့်ခြင်းငှာ မစွမ်းသာခဲ့ပေ။ တောင် မည်မျှကြီးကြီး...သူတို့၏ ခြေဖဝါးအောက်သို့သာ ရောက်ရ စမြဲပင်။ဝမ်ဖျင်၏ ခန္ဓာကိုယ်က သေမျိုးတစ်ယောက်သာ ဖြစ် သော်လည်း သူ့စိတ်နှလုံးသားကတော့ ထပ်ခါထပ်ခါ ပုံ သွင်းတိုးတက်လာကာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေခဲ့ ပြီ ဖြစ်သည်။

တောင်တန်းများကို ဖြတ်သန်းတက်ရောက်ရင်း ဘဝ အတွေ့အကြုံရှာဖို့၊ လူတစ်ယောက်၏ စိတ်ကို တည်ငြိမ်စေ ဖို့၊ တောင်တန်းများ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ပြီးချိန် တွင် ရရှိသည့် ခွန်အားကို ခံစားဖို့ ပြုလုပ်ခဲ့ကြပေ၏။ သူက ထိုအရာများကို သေမျိုးတစ်ယောက်၏ ခန္ဓာကိုယ်ကိုသာ အသုံးပြု၍ လုပ်ဆောင်ခဲ့ပေသည်။ သူက သေမျိုးတစ် ယောက်သာ ဖြစ်သော်လည်း သူ့အဖေ၏ ကောင်းကင်ဘုံကို ဖိဆန်တက်သည့် စိတ်အတွေးကို အမွေဆက်ခံထားသည် မဟုတ်လော။

ဝမ်လင်းက ဝမ်ဖျင်ကို မည်သည့်ကျင့်ကြံမှုနည်းလမ်းကို မျှ သင်ပေးခဲ့ခြင်း မပြုပေ။ သို့သော် သူက သူ့ကိုယ်ပိုင်နည်း လမ်းဖြင့် ဝမ်ဖျင်၏ စိတ်ကို သန့်စင်မွန်းမံဖို့အတွက် ကူညီ ပေးခဲ့သည်။

ရေဆာနေသလား၊စမ်းရေကို သောက်။ ဗိုက်ဆာ သလား...သစ်သီးနဲ့သားရဲအချို့ကို စားသောက်။ ပင်ပန်း သလား...မြေပြင်ပေါ်တွင် အနားယူလိုက်။ အိပ်ချင်သလား။ ကမ္ဘာမြေပေါ်လှဲလှောင်း၍ ကောင်းကင်ကို ခြုံထည် လုပ် ပစ်လိုက်။သုံးနှစ်ဆိုသည့် အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့ သည်။ သည်သုံးနှစ်အတွင်း ဝမ်ဖျင်၏ သူ့အဖေအပေါ် လေးစားမှုကလည်း ပို၍ အားကောင်းလာခဲ့သည်။ သူ့ အမြင်၌ သူ့အဖေက ကမ္ဘာပေါ်တွင် အံ့အားသင့်စရာ အကောင်းဆုံးလူပင် ဖြစ်သည်။

တောင်တန်းများကို သိမ်းပိုက်စိုးမိုးပြီးနောက် နောက် တစ်လှည့်က မြစ်များပင်။

သည်အဖေနှင့်သားက နေရာတိုင်းရှိမြစ်များတွင် ပေါ်လာတက်ပေသည်။ သူတို့က ခမ်းနားသော မြစ်များကို ကြည့်၍ မြစ်ရေသံ၏ သံစဉ်ကို နားထောင်တက်ကြသည်။

ထီးတည်းလှေငယ်ပေါ်ရှိဝမ်ဖျင်၏ စိတ်ကလည်း ဖြည်းဖြည်းချင်း ဆင့်ကဲတိုးတက်လာခဲ့သည်။

ဝမ်လင်းနှင့်ဝမ်ဖျင်တို့က လှေငယ်လေးနှင့် သည် ကြီးမားသော မြစ်ပြင်ကျယ် တစ်လျှောက် ဖြတ်သန်းရင်း ရွ င်ယွမ်ဂြိုဟ်အနှံ့သို့ ခရီးဆက်ကာ သူတို့၏ အရိပ်များကို ချန်ထားခဲ့ကြသည်။ ဝမ်ဖျင်ကလည်း ပိုပျော်ရွှင် ပိုရယ်မော လာကာ ထိုရယ်သံက ဝမ်လင်းနှလုံးသားကိုပါ ရယ်မော ရွှင်လန်းစေသည်။

သည်လို ရယ်မောရွှင်လန်းမှုမျိုးက ဝမ်လင်းအတွက် အလွန့်အလွန် ရှားပါးလှသည်။အပြန်အလှန်အားဖြင့် ဝမ် လင်း၏ စိတ်လက် ကြည်နူးစွာ ရယ်မောမှုက ဝမ်ဖျင်ကို ပို၍ ပျော်ရွှင်စေခဲ့၏။သူ့အဖေသာ သူ့ဘေး၌ ရှိနေလျှင် အရာရာ အဆင်ပြေနေ သကဲ့သို့ပင်။

"အဖေ...ကျွန်တော်က ကျွန်တော့်ဘဝကို အဖေနဲ့အတူ ကုန်ဆုံးသွားမယ်။ သေဆုံးသွားခဲ့ပြီးရင်တောင် ပြန်လည် မွေးဖွားခြင်းရှိလို့ ကျွန်တော်တို့က အဖေနဲ့သား အဖြစ် ဆက်လက် မရှိတော့ရင်တော့ ကျွန်တော်က အဖေ့ကို ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ဘူး..."

မြစ်ရေပြင်ကျယ်၌ ထွက်ပေါ်လာသည့် ဝမ်ဖျင်၏ အသံ က ခိုင်မာလှပေသည်။

သည်ထီးတည်းလှေကလေးက မြစ်အောက်ဘက်သို့ စုန် သွားရင်း ရွင်ယွမ်ဂြိုဟ်၏ တစ်ဝက်ကျောက်ကို ဖြတ်သန်း လာကာ ပင်လယ်ထံသို့ပင် ဦးတည်လာတော့၏။

ကုန်းမြေပေါ်ရှိ ခရီးစဉ်က ပြီးဆုံးသွားသည့်နောက် ပင်လယ်ပြင်တွင် ရွက်လွှင့်မည့် ခရီးစဉ်က စတင်ခဲ့လေပြီ။ သင်္ဘောတစ်စင်းက ပင်လယ်ပြင်တွင် ရွက်လွှင့်နေရင်း ဝမ် ဖျင်၏ ကမ္ဘာကလည်း ချဲ့ထွင်လာတော့သည်။

ကျွန်းများ တစ်ခုပြီး တစ်ခု၊ လှိုင်းများ တစ်ခုပြီး တစ်ခုကို ကျော်ဖြတ်လာခဲ့သည်။ သူက ပင်လယ်ရေမျက်နှာပြင် ပေါ် ရှိ တံလျှပ်တို့ကို တွေ့မြင်ခဲ့ရသည်။လှိုင်းများကို တွေ့မြင်ခဲ့ သည်။သူက ရွာတစ်ရွာစာလောက် ရှိသည့် ကြီးမားသော ဝေလငါးကြီးများကိုလည်း တွေ့မြင်ခဲ့ရသည်။

ပင်လယ်ပြင်၏ ကျယ်ပြောမှုက ကုန်းမြေထက် ပိုသည်။ဝမ်ဖျင်က ပင်လယ်ပြင်၏ ကျယ်ပြောမှုက သူ့အဖေနှင့် တူသည်ဟု ခံစားမိသည်။

သူက အဆုံးမဲ့သော ပင်လယ်ပြင်၊ ကြမ်းကြုတ်သော တောင်တန်းနှင့် ချဲ့ထွင် စီးဆင်းနေသော မြစ်ကို ဖြတ်သန်း တွေ့ကြုံလာရင်းဖြင့် ကမ္ဘာလောက၏ ခွန်အားကို ခံစားနိုင် ခဲ့ပေသည်။ငါးနှစ်ကြာမြင့်ပြီးနောက် ဝမ်လင်းနှင့်ဝမ်ဖျင်တို့ က ကုန်းမြေသို့ ပြန်ရောက်လာသည့်အခါတွင် ဝမ်ဖျင်က တစ်ဖန်ပြန်မွေးဖွားပြီးသကဲ့သို့ ဖြစ်နေလေပြီ။

သူက သေမျိုးတစ်ယောက်သာ ဖြစ်နေသော်လည်း သူ့ စိတ်ဝိညာဉ်ကတော့ ကမ္ဘာလောကနှင့် အလိုက်အထိုက် အံ့ ဝင်နေခဲ့ပြီ ဖြစ်သည်။

သူတို့က ကုန်းမြေသို့ ပြန်ရောက်လာသည့်အချိန်တွင် ချီ လျန်တောင်ကို နောက်ဆုံးဖြတ်သန်းပြီးလျှင် ပြိုလဲသောလ ကျေးရွာသို့ ရောက်မည် ဖြစ်သည်။

သဘာဝက အသက်နှစ်ဆယ်ခုနစ်နှစ် ရှိပြီ ဖြစ်သော ဝမ်ဖျင်၏ မျက်နှာပေါ်တွင်လည်း ကလေးဆန်သော ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထိုအစား သူ့မျက်လုံးများ က ခိုင်ကျဉ်မှုနှင့် ပြည့်လို့နေတော့သည်။ သည်ခရီးအနှံ့ ဆန့်ထွက်ခဲ့သည့် ရှစ်နှစ်တာ အချိန်အတွင်း နတ်ဆိုးဆန် သော အလှအပ သဘာဝက တစ်ဖြည်းဖြည်းချင်း ပျောက် ကွယ်သွားကာ အကြွင်းမဲ့ တည်ကြည်မှုက အစားထိုး ဝင် ရောက်ခဲ့ပြီ ဖြစ်သည်။ယောက်ျားပီပီသသ ချောမောသော မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးက နေမင်းကဲ့သို့ တောက်ပနေခဲ့ပေပြီ။

ဝမ်ဖျင်ကို ကြည့်၍ ဝမ်လင်းက ပြုံးလိုက်၏။ သည် ခရီးစဉ်က ဝမ်လင်းသည် ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ မကျေမ ချမ်းစိတ်ကို လုံးဝ ပက်သယ်ထုတ်ပစ်နိုင်ဖို့ ကူညီရန် အတွက် အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့သော နည်းလမ်း တစ်ခုပင် ဖြစ်တော့၏။

လျိုမေ၏ ဆေးလုံးနှင့် ဝမ်လင်း၏ မန္တာန်တို့က မကျေမ ချမ်းစိတ်တော်တော်များကိုသာ ပယ်ဖျက်ပစ်နိုင်ခဲ့ပေသည်။ အကြောင်းကတော့ ဝမ်ဖျင်၏ မကျေမချမ်းစိတ်က သူ့စိတ် ဝိညာဉ်နှင့် ရောယှက်နေခဲ့ပြီ ဖြစ်သောကြောင့်ပင်။ နှစ် ပေါင်းနှစ်ဆယ်ကျော် ငြိမ်းအေးစွာ ဖြတ်သန်းပြီး သည့်နောက် ထိုမကျေမချမ်းစိတ်က ဖြည်းဖြည်းချင်း ပယ်ဖျက် ခံလာရကာ နောက်ထပ် စိတ်ဝိညာဉ် ဆင့်ကဲတိုးတက်ခြင်းဖြစ်အောင် ရှစ်နှစ်ကြာ ခရီးဆန့်ပြီး သည့်အခါတွင်တော့ ဝမ်ဖျင်၏ စိတ်ဝိညာဉ်ကို သန့်ရှင်း စေ ခဲ့ပေသည်။ မသိလိုက်မသိဘာသာနှင့်ပင် ဝမ်ဖျင်က သူ့စိတ် ဝိညာဉ်ထဲရှိမကျေမချမ်းဖြစ်မှုကို ဖယ်ရှားနိုင်ခဲ့ကာ နောက်ဆုံးတွင် အမျှင်တန်းတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

ထို အမျှင်အတန်းကတော့ မည်သည့် ဆေးလုံး၊မန္တာန်တို့ နှင့်မျှ ဖယ်ရှားပစ်နိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုပြီးမှသာ ပက်သယ် ဖယ်ရှားနိုင်လိမ့်မည် ဖြစ်၏။ချီလျန်တောင်ထိပ်အောက်တွင် ဝမ်လင်းက အဝေးရှိတောင်ခြေကျေးရွာကို ကြည့်ကာ မေးလိုက်၏။ "သား သွား ကြည့်ချင်သေးလား..."

သူ့ဘေးရှိ ဝမ်ဖျင်က ခေါင်းယမ်းကာ ပြောလိုက်သည်။ "မသွားတော့ဘူး..."

ဝမ်လင်းက ဆက်၍ မပြောတော့ပေ။ သူက တောင်ထိပ် ထံသို့ ခြေလှမ်းလိုက်၏။ ဝမ်ဖျင်ကလည်း သူ့အဖေ နောက်သို့ ရယ်မောကာ လိုက်ပါသွားသည်။

ဝမ်လင်းက ပြုံး၍ ဝမ်ဖျင့်ကို နူးညံ့စွာ ကြည်လိုက်၏။

သားအဖနှစ်ယောက်က မတ်စောက်သော ချီလျန် တောင်ထိပ် ထံသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ တော့သည်။ တောင်ထိပ်ပေါ်၌ တိမ်များက လွင့်မြေလျက် ရှိရာ သူတို့က တိမ်များအပေါ်သို့ ခြေချလာသကဲ့သို့ပင်။

ဝမ်ဖျင်က အသက်ဝဝရှူသွင်းကာ သူ့အဖေကို ကြည့် လိုက်သည်။ ချီလျန်တောင်က ကြီးမားသော်လည်း သူ့အဖေ ကို မယှဉ်နိုင်ပေ။ ချီလျန်တောင်က မြင့်မားသော်လည်း သူ့ အဖေကို မယှဉ်နိုင်ပေ။ သူက ထိုသို့ တွေးနေမိတော့၏။

ထိုစဉ်မှာပင် အကွာအဝေးတစ်ခုရှိ တိမ်ထုတစ်ခုက နက် မှောင်လာသည့်ပုံရကာ မိုးကြိုးလျှပ်ပန်းနွယ်တို့ကလည်း ထိုတိမ်စုထံကနေ ထွက်ပေါ်လာခဲ့သည်။ ထိုကောင်းကင် နှင့်မြေကြီး၏ သဘာဝ စွမ်းအားက ဝမ်ဖျင်၏ အကြည့်ကို စွဲဆောင်သွားတော့၏။သိပ်မကြာခင်တွင် မိုးခြိမ်းသံကလည်း ပိုကျယ်လောင် လာခဲ့သည်။ ရေခိုးရေငွေ့ရောနှောနေသော လေပြင်းက လည်း မိုးနောက်ကနေ ကပ်ပါလာ၏။ တိမ်စိုင်တိမ်မည်းတို့ က စတင်၍ ပျံ့နှံ့လာကာ မိုးကလည်း သည်းထန်စွာ ရွာသွန်းလာချေသည်။

တောင်ထိပ်ပေါ်တွင်တော့ အဖေနှင်သားက အကွာ အဝေးတစ်ခုရှိ မိုးကြိုးလျှပ်ပန်းနွယ်များနှင့် မိုးသည်းထန် စွာ ရွာသွန်းမှုကို တည်ငြိမ်စွာ ကြည့်လို့နေကြသည်။

မိုးသံလေသံများကလွဲ၍ အခြားအသံဗလံဟူ၍လည်း မရှိ6011

သည့်နောက် သိပ်မကြာခင်တွင် တိမ်စိုင်တိမ်မည်းတို့က ပြန့်လွင့်သွားကာ မိုးစဲ၍ ကောင်းကင်ကို တွဲလွဲခို ထားသည့် အလား ထင်မှတ်ရသည့် သက်တံ တစ်ခုက သားအဖနှစ် ယောက် ရှေ့တွင် ပေါ်ထွက်လာခဲ့တော့သည်။ ထိုသက်တံက အရောင်စုံကာ လှပ လို့နေသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ သည်တိတ်ဆိတ်ငြိမ်သက် လှပမှုကို တဝီဝီအသံတစ်သံက ဖျက်စီးသွားခဲ့သည်။ အကွာ အဝေးတစ်ခုတွင် ဓားပျံတစ်လက်က တဝီဝီပျံသန်းလာကာ သက်တံကို ထိုးခွင်း၍ ဖြတ်ကျော် ပျံသန်းသွားလေသည်။

ထိုဓားအလင်းတန်းပေါ်တွင်တော့ သက်လတ်ပိုင်းလူကြီး တစ်ယောက် ရှိလို့နေသည်။

သူက ပျံသန်းနေရင်းဖြင့် ချီလျန်တောင်ထိပ်ဖျားပေါ်ရှိဝမ်လင်းနှင့်ဝမ်ဖျင်တို့ကို

တွေ့လိုက်ရသည့်အခါ

အံ့အားသင့်လို့သွားသည်။

သေမျိုးတစ်ယောက်အဖို့ သည်နေရာထိ ရောက်လာ အောင် တက်ရောက်လာခြင်းက သာမန် မဟုတ်ပေ။ ထိုသို့ လုပ်နိုင်ရန်အတွက် ဆုံးဖြတ်ချက်ခိုင်ကျဉ်ဖို့ လိုအပ်ပေ ကြည့်လိုက်၏။သို့သော် သူက ရပ်တန့်လိုက်ခြင်းတော့ မရှိသည်။ ထိုသက်လတ်ပိုင်းလူကြီးက အသိအမှတ်ပြုဟန်ဖြင့် ဘဲ အကွာအဝေးတစ်ခုသို့ ဦးတည်ကာ ဆက်၍ ပျံသန်းသွား လေသည်။

ဝမ်ဖျင်က ထိုသက်လတ်ပိုင်းလူကြီး မိုးကုပ်စက်ဝိုင်းစွန်း သို့ ပျောက်ကွယ်သွားသည့် အချိန်ထိ စူးစိုက်ကြည့်နေ မိသည်။ သည်အရာက ပထမဆုံးအကြိမ်အဖြစ် ဝမ်ဖျင်အဖို့ ခုလိုမျိုး ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်ဖူးခြင်း ဖြစ်သည်။ ထိုအရာက သူ့စိတ်နှလုံးကို ကြီးစွာ တုန်လှုပ် သွားစေက အချိန်အတန်ကြာသည့်အထိ မတည်မငြိမ် ဖြစ် သွားစေခဲ့သည်။

ဝမ်ဖျင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အဖေ….ဒါ… ဒါက အင်မောတယ်လား..."

ဝမ်လင်းက သက်ပြင်းချကာ ဖြည်းညင်းစွာ ပြော လိုက်၏။ “အင်း..."

ဝမ်ဖျင်က အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် သူ့ ခေါင်းကို မော့လာ၏။ သည့်နော်က သူက သူ့အဖေကိုတောက်ပသောမျက်လုံးများနှင့် ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်။ "အဖေ...ငါက တကယ် ကျင့်ကြံလို့ မရ နိုင်တာလား..."

ဝမ်လင်းအကြည့်က တဖြည်းဖြည်းချင်း ပျောက်ကွယ်နေ သော သက်တံပေါ်သို့ ကျရောက်နေ၏။ သူ့မျက်လုံးအတွင်း နက်ပိုင်းတွင်တော့ ဝမ်းနည်းမှု အရိပ်အယောင်တို့ ရှိလို့ နေသည်။သူက စကားမဆိုဘဲ ခေါင်းယမ်း၍သာ ပြလိုက် သည်။

ဝမ်ဖျင်က ဆက်၍ မမေးတော့ဘဲ သက်လတ်ပိုင်းလူကြီး ပျောက်ကွယ်သွားသည့် တော့သည်။ နေရာသို့သာ ငေးကြည့်နေ

ချီလျန်တောင်ထိပ်မှ ပြန်ဆင်းလာသည့်နောက် ဝမ်ဖျင် က လုံးဝ တိတ်ဆိတ်နေတော့သည်။ သူတို့သားအဖက လမ်းမကြီးအတိုင်း လျှောက်လှမ်း၍ မြို့ငယ်တစ်မြို့သို့ ရောက်လာ၏။ သည့်နောက် သူတို့က ရထားလုံးတစ်စင်း ဖြင့် မြို့ကြီးသို့ ဆက်၍ ခရီးဆန့်ကြသည်။ လမ်း တစ်လျှောက်တွင် ဝမ်ဖျင်က စကားတစ်ခွန်းမှ မဆိုပေ။

မြင်းလှည်းသမားကလွဲ၍ ဝမ်လင်းနှင့်ဝမ်ဖျင်တို့ နှစ် ယောက်သာ ရှိလို့နေသည်။ ဝမ်လင်းက မြင်းလှည်းအပြင် ဘက်သို့ ငေးကြည့်နေရာ သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုက ပိုမို၍ အားကောင်းလာခဲ့သည်။ သည့်အပြင် သူ့မျက်လုံး အတွင်းနက်ပိုင်း၌ ဖော်မပြနိုင်စွမ်းသော ခါးသီးမှုတို့လည်းရှိလို့နေသည်။

မြင်းလှည်းက အချိန်အတန်ကြာ တိတ်ဆိတ်လို့နေ တော့၏။ ဝမ်ဖျင်က ခေါင်းငုံ့၍ ခပ်တိုးတိုး ဆိုလာ၏။ "အဖေ....ကျွန်တော် ကျင့်ကြံချင်တယ်..."

သည်တစ်ကြိမ်က ဝမ်ဖျင် ကျင့်ကြံဖို့ ပြောသည့် နှစ်ကြိမ် မြောက်ပင်။ ပထမတစ်ကြိမ်က သူ လွန်ခဲသော ဆယ်နှစ်... ဆယ်ခုနစ်နှစ်အရွယ်တွင် ဝမ်လင်းကို ပြောခဲ့ခြင်း ဖြစ်၏။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းခြင်း မပြုဘဲ အပြင်ဘက်သို့သာ ဆက်၍ ငေးမောနေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ "သားက ကျင့်ကြံတာနဲ့ မအပ်စပ်ဘူး..."

ဝမ်ဖျင်က သူ့အဖေကို ကြည့်၍ အလိုမကျစွာ မေးလိုက် ပြန်သည်။ "အဖေ..ဘာကြောင့်လဲ..."

ဝမ်လင်းက ခေါင်းလှည့်လာ၏။ လွန်ခဲ့သော ဆယ်နှစ် တုန်းက အတိုင်းပင် သူက စကားတစ်ခွန်းမှ မဆိုဘဲ ဝမ် ဖျင်ထံသို့ တည်ငြိမ်စွာသာ ကြည့်လို့နေသည်။

မြင်းလှည်း ဘီး လှိမ့်သံနှင့်အတူ အချိန်က ကုန်ဆုံးလာ ခဲ့၏။ နောက်ဆုံးတွင် ဝမ်ဖျင်က ခေါင်းငုံ့ကာ ခပ်တိုးတိုး ပြောလာတော့သည်။ “ကျွန်တော် နားလည်ပါပြီ...အဖေ..."

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)