အပိုင်း(147)
ချင်ရီ
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့ကြောင့် ဝမ်ဖျင်က သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုကို မမြင် လိုက်ရချေ။
မည်သူကမျှ သူ ဝမ်ဖျင့်ကို မကျင့်ကြံစေလိုသည့် ထို အကြောင်းရင်းကို မသိကြချေ။စွန်ထိုင်လည်း အကြောင်းရင်းကို မသိပေ။ ဝမ်ဖျင်လည်း မသိပေ။ ဝမ် လင်းကိုယ်တိုင်သာ ထိုအကြောင်းရင်းကို သိနေပေ၏။
သို့သော် သူက ဝမ်ဖျင်ကိုလည်း ပြောမပြနိုင် ဖြစ်နေ၏။ ဝမ်ဖျင်အတွက်ကတော့...။ ထိုအရာက လျိုမေနှင့်လည်း ဘာမှ မပတ်သတ်ပေ။
ဝမ်ဖျင်က ဝမ်လင်း၏ သက်ပြင်းချသံကို မကြားနိုင်ပေ။
ဝမ်လင်းက မြင်းလှည်းအပြင်ဘက် မြက်ရိုင်းများကို ကြည့်ကာ ဆိတ်ဆိတ်နေရင်း တွေးလို့နေသည်။
မြင်းလှည်းအိမ်ထဲတွင် ဝမ်ဖျင်ကလည်း ထိုအတိုင်းသာ။ အဖေနှင်သားကြားရှိ တိတ်ဆိတ်မှုက ပို၍ အားကောင်းလာ ခဲ့သည်။အချိန်အတန်ကြာပြီးနောက် ဝမ်ဖျင်က ခေါင်းလှည့်လာ ကာ သူ့အဖေကို ကြည့်လိုက်သည်။ ဘေးဖက်မှ ကြည့်ပါက သူ့အဖေ၏မျက်နှာက ပို၍ပင် အရေးအကြောင်းများ တွန့် လာခဲ့ပြီကို တွေ့မြင်နေရသည်။ သူ့နှလုံးသားက ဆက်လက်၍ တင်းမခံနိုင်တော့ဘဲ တိုးညင်းစွာ ဆိုလာ သည်။ "အဖေ...ကျွန်တော် မှားပါတယ်..."
ဝမ်လင်းကလည်း ပြန်လှည့်ကြည့်လိုက်သည်။ သူက ကြင်နာစွာ ပြုံးပြ၏။ သို့သော် စကားတော့ မဆိုပေ။
ရေပြင်ကျယ်မြို့က ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ အင်ပါယာကြီး သုံးခုထဲမှ တစ်ခု၏ မြို့တော်ခွဲတစ်ခု ဖြစ်သည်။ ယင်းမြို့က မြို့တော်အောက်သာ တစ်ဆင့်နိမ့်ပေ၏။ မြစ်ဘေးတွင် လည်း တည်ရှိသဖြင့် ယင်းမြို့က လှုပ်ရှားသက်ဝင်နေသော မြို့တစ်မြို့ဟု ဆိုရပေမည်။
မြင်းလှည်းက မြို့ထဲသို့ ဝင်လာပြီးနောက် တစ်နေရာ၌ ရပ်တန့်သွားသည်။ ဝမ်လင်းနှင့်ဝမ်ဖျင်တို့ကလည်း မြင်းလှည်းထဲကနေဆင်း၍ သည် ဆူညံသက်ဝင်နေသော မြို့ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဝမ်ဖျင်က ခုလိုမျိုး လှုပ်ရှားသက်ဝင်နေသည့် မြို့ကြီးကို တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိပေ။ သူက ပတ်ပတ်လည်ကို ကြည့်နေရင်း စောနက မပျော်မရွှင်ဖြစ်မှု ကိုပင် မေ့သွားသည့်ပုံ ရသည်။ ဘေး
ဝမ်လင်းက မြို့အရှေ့ဘက်ရှိ တော်တော်လေး သပ်သပ်ရပ်ရပ် ရှိသည့် စားသောက်ဆိုင် ရှိရာသို့ ခြေလှမ်းလိုက် သည်။ ဆိုင်ထဲမှ စားပွဲထိုးလေးက ကဗျာကယာ ကောက် ပြုံးကာ သူတို့သားအဖကို ပြတင်းပေါက်အနီးရှိ စားပွဲသို့ ခေါ်သွားပေးသည်။ သိပ်မကြာခင်မှာပင် အရက်အိုးနှင့် စားစရာတို့ပါ ရောက်ရှိလာကြသည်။
ဝမ်ဖျင်၏ ချောမောလှသည့် ရုပ်သွင်ကြောင့် သူတို့က ဆိုင်ထဲ၌ ထိုင်ချလိုက်သည့်အခိုက်မှာပင် စားသောက်ဆိုင် ထဲရှိ အမျိုးသမီးတော်တော်များများ၏ အာရုံက ဝမ်ဖျင် ထံသို့ ကျရောက်လာတော့သည်။
ဝမ်လင်းက သူ့တူကို ကိုင်လိုက်ခြင်း မပြုဘဲ အရက်အိုး ကိုသာ ကောက်ယူကာ တည်တည်ငြိမ်ငြိမ် မော့သောက် လိုက်၏။ ဝမ်ဖျင်ကတော့ ဟင်းလျာများကိုသာ မြည်းစမ်း ကြည့်ဖို့ ရှိတော့သည်။
ဝမ်လင်းက အရက်အိုးကို ပြန်ချကာ တည်ငြိမ်စွာ ပြော လိုက်၏။ "ခုက စပြီး...အဖေတို့က ဒီနေရာမှာ နေကြမယ်။ အရင်ဆုံး...ငါတို့အတွက် အိမ်တစ်လုံး ဝယ်ရမယ်..."
ဝမ်ဖျင်က ခေါင်းညိတ်ကာ ပြုံး၍ ပြောလိုက်သည်။ "အဖေ..ဒီနေရာက တော်တော်လေး ကောင်းတာပဲ။ တောင်တန်းနဲ့ မြစ်တွေကြားမှာ အချိန်အကြာကြီး ကုန်ဆုံး ပြီးတဲ့နောက် ကျွန်တော်က ဒီမြို့ထဲ စဝင်လာတဲ့အချိန်ကြမှ ကမ္ဘာလောကထဲ ပြန်ဝင်လာတယ်လို့တောင် ခံစားမိသွားတယ်
ဝမ်ဖျင် စကားဆုံးသည်နှင့် သူတို့အနီးနားရှိ စားပွဲဝိုင်း တစ်ခုမှ နှာခေါင်းရှုံ့သံ တစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုစားပွဲ၌ လူသုံးယောက် ရှိနေသည်။ ထိုသုံးယောက်ထဲ မှ တစ်ယောက်က ပိုးသားဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ဖြစ်သည်။ သူ့မျက်လုံးများက မှိန်ဖျော့နေသော်လည်း သူ မျက်လုံးဖွင့်လိုက်ချိန်တွင်မူ မြင့်မြတ်သော အော်ရာကို ပေး စွမ်းနေပေသည်။
သူ့ဘေးတွင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီး တစ် ယောက်တို့ ထိုင်နေကြသည်။အမျိုးသား ဖြစ်သူကလည်း ရုပ်ရည်ချောမောကာ မြင့်မြတ်သည့်ဟန် ရှိသည်။ သူက အနားစ၌ ရွေရောင်လိုင်းများ ရေးထိုးထားသည့် ခရမ်းရောင်ဝတ်စုံကို ဝင်ဆင်လို့ထားသည်။ကြည့်ရ သည်မှာ ထိုဝတ်စုံက တော်တော်လေးဈေးကြီးမည့် ပုံပင်။
အမျိုးသမီးကတော့ အသက်နှစ်ဆယ်ခန့် ရှိမည် ဖြစ်ကာ သူမ၏ နက်မှောင်သောဆံနွယ်များက ပခုံးထက်မှ ဝဲကျလို့ နေသည်။ သူမက အလွန်မလှသော်လည်း လန်းဆန်းတက် ကြွမှုကို ပေးစွမ်းနေ၏။
နှာခေါင်းရှုံ့လိုက်သည့်သူမှာ ခရမ်းရောင်ဝတ်စုံနှင့်လူပင်။ ခရမ်းရောင်ဝတ်စုံနှင့်လူက သူ့ဘေးရှိ အမျိုးသမီးကို ကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။ "3 ရူးကြောင်ကြောင် ကောင်လေးက စိတ်ဝင်စားစရာပဲ။ သူက ရေပြင်ကျယ်မြို့ကို ခုမှ ပထမဆုံး ရောက်ဖူးတာ ဖြစ်ရမယ်။ ကြည့်ပါလား..သူက ဒီမြို့ကို စဝင်လာတာက သူ့ အတွက် ကမ္ဘာကြီးထဲ ဝင်လာတယ်ပဲ ဖြစ်ရသေးတယ်။ အဓိပ္ပာယ် မရှိလိုက်တာ..."
သူက အကျယ်ကြီး ပြောလိုက်ခြင်း မဟုတ်ပေ။ သို့သော် သည်စကားလုံးများက ဝမ်ဖျင်နားထဲသို့ တိုးဝင်လာခဲ့သည်။ ဝမ်ဖျင်က မျက်မှောင်ကြုတ်သွား၏။ သို့သော် မည်သည့် စကားမျှတော့ မဆိုပေ။
ဝမ်လင်းအတွက်ကတော့ အရက်အိုးကို ကောက်ကိုင်ကာ တစ်ကျိုက်မော့သောက်လိုကတော့သည်။ သူ့အကြည့်က ထိုစားပွဲရှိ လူသုံးယေက်ထံသို့ မသိမသာ ရောက်လို့သွား သည်။
အမျိုးသမီးက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး မေး လိုက်သည်။ "ဒါက ရယ်စရာ ပါလို့လား..."
လူငယ်က ရယ်မောလိုက်ပြန်သည်။ "ဂျူနီယာညီမလေး ချင်ရီ...ဒါက ဘာလို့ မရယ်ရမှာလဲ..."
အမျိုးသမီးက စိတ်ရှုပ်သွားဟန်ဖြင့် ခေါင်းပြန်လည့်သွား သည်။
လူငယ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြန်သည်။ သူက ဝမ်ဖျင်ကို ကြည့်၍ ရယ်မောရသည့် အကြောင်းရင်း မှာ ဝမ်ဖျင် စားသောက်ဆိုင်ထဲသို့ ဝင်လာသည်နှင့် အမြဲ အေးစက်စက်နေတက်သည့် သည်အမျိုးသမီးက သူမ ခေါင်းကို မော့ကာ ဝမ်ဖျင်ထံသို့ ကြည့်လိုက်သောကြောင့်ပင် ဖြစ်သည်။
သူက သူမအသွင်ဟန်ပန်ကို မြင်တွေ့လိုက်ရသည့်အခါ အေးစက်စက်နှာခေါင်းရှုံ့၍ ခေါင်းငဲ့ကာ ဝမ်ဖျင်ထံသို့ စူး စိုက်ကြည့်လိုက်သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ပြောလိုက်၏။ "သူ့ ရုပ်ရည်က မိန်းကလေးတစ်ယောက်လိုသာ မွေးလာခဲ့ရင် သူမက တော်တော်လေး စွဲဆောင်မှု ရှိလိမ့်မယ်။ ကံမ ကောင်းစွာနဲ့ ဒါက ယောက်ျားလေး ဖြစ်နေတယ်။ ဒါပေမဲ့ လည်း သူက ယောက်ျားပြည်တန်ဆာ လုပ်ရင်တော့ တော်တော်လေး အဆင်ပြေလိမ့်မယ်…"
ထိုလူငယ်၏ ထပ်မံစော်ကားမှုကြောင့် ဝမ်ဖျင်က သူ့ လက်ထဲမှ တူကို ချလိုက်မိသည်။သူက ခေါင်းလှည့်ကာ ထို လူငယ့်ကို ကြည့်၍ ပြောလိုက်သည်။ "ကြည့်ကောင်းလိုက် တဲ့ မျက်နှာပေါက်ပဲ။ လူတစ်ယောက်လိုသာ မွေးလာခဲ့ရင် တော်တော်လေး ချောမောမှာပဲ။ ဒါပေမဲ့လည်း ခွေးတစ် ကောင်လို မွေးလာတဲ့အတွက် သနားစရာ သိပ်ကောင်းနေ တယ်...အင်း သနားစရာ ကောင်းတယ်..."
ခရမ်းရောင်ဝတ်စုံနှင့်လူငယ်၏ အသွင်က ရှုံ့တွသွား သည်။ သူက စကားပြန်မပြောနိုင်ခင်မှာပင် သူ့ဘေးရှိ အ ဘိုးအိုက မျက်မှောင်ကြုတ်ကာ ကြားဖြတ်၍ လှမ်းဟောက် လိုက်သည်။ "ကျင်ယရွှမ်ကို ရောက်လာတဲ့ လူတွေက ဘယ်တုန်းကများ ခုလို ရိုင်းစိုင်းတက်ကုန်ကြတာလဲ။ ဒီအဘိုးအိုက မင်းကို သင်ခန်းစာ တစ်ခုနှစ်ခု ပေးမှ ရတော့ ໑໖..."
အဘိုးအိုက ထိုသို့ ပြောဆိုလိုက်ရင်း သူ့လက်ထဲမှ တူကို ပစ်လွှတ်လိုက်သည်။ ယင်းတူနှစ်ချောင်းက ဝမ်ဖျင်ပခုံး ထံသို့ မြန်ဆန်စွာ တိုးဝင်လာသည်။ တူတစ်စုံသာ ထိမှန်ခံ လိုက်ရပါက ဝမ်လင်းလက်များသည် သုံးစားမရ ဖြစ်သွား နိုင်ပေသည်။
အဘိုးအိုက တူကို ပစ်လွှတ်လိုက်သည့်အခိုက်တွင် သူတို့ ဘေးရှိ အမျိုးသမီးက အံ့အားသင့်သွားသည်။သူမက မတ် တပ်ထရပ်ကာ တူကို ဖမ်းရန် ဟန်ပြင်လိုက်သည်။
သို့ရာတွင် ထိုတူတစ်စုံက နီးကပ်သွားချိန်၌ အားလျော့ သွားကာ ဝမ်ဖျင်ဘေးနားသို့ ညင်သာစွာ ပြုတ်ကျသွား တော့၏။ ဝမ်လင်းက အရက်အိုးကို ပြန်ချလိုက်ရင်း ထိုအ ဘိုးအိုထံသို့ အေးစက်စွာ ကြည့်လိုက်သည်။
အကြည့်တစ်ချက်။
အဘိုးအို ခန္ဓာကိုယ်က စိတ်ထဲတွင် မိုးကြိုးမြောက်များ စွာ ပစ်ချသကဲ့သို့ မှင်သက် တုန်ယင်လို့သွားသည်။ ထို အကြည့်က ထက်ရှသောဓားတစ်လက်အလား သူ့မျက်လုံး ကနေ တစ်ဆင့် တစ်ကိုယ်လုံးကို မွှေနှောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယင်းအကြည့်က သူ့စိတ်ကို ဖြတ်၍ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်သွားသည်။ ကြည့်ရသည်မှာ သူ့စိတ်ဝိညာဉ်က ပျက်စီးရန် တာဆူလာကာ သူ့မူလမီးတောက်ပင် ငြိမ်းသေ သွားပြီး ရွှေရောင်အမြုတေက ကွဲကြေသွားတော့မည် ပုံပင်။
အဘိုးအိုခန္ဓာကိုယ်က ချက်ခြင်း တောင့်တင်းကာ ကြက်သေသေသွားသည်။ အလိုလို တုန်ယင်နေတော့သည်။ သူ့ခြေဖျားလက်ဖျားများက
"31...31..."
သူ့ဖြစ်တည်မှုတစ်ခုလုံးသည် ထိုအကြည့်တစ်ချက်ဖြင့် ပင် ပျက်စီးသွားလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ့ပါးစပ်ထောင့်မှ ရွှေရောင်ရောယှက်နေသည့် သွေးများ ယိုစီးကျလာသည်။ သူ့အမြုတေထဲ၌ အက်ကွဲကြောင်းတစ် ခု ပေါ်ထွက်လာကာ သူ့အမြုတေစွမ်းအင်ကလည်း ထိုသွေး စီးကြောင်းတစ်လျှောက် စိမ့်ထွက်လာခဲ့တော့သည်။
ထိုအဘိုးအိုက အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ချီ စုဆောင်းခြင်းအဆင့်တွင် ရှိကာ အမျိုးသမီးဖြစ်သူကတော့ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် မရောက်သေးပေ။
အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူတစ်ယောက်က ခုလို မျိုး သေမျိုးတစ်ယောက်အပေါ်၌ ရက်ရက်စက်စက် လုပ် လာခဲ့သည့်အတွက် ဝမ်လင်းက ချက်ခြင်းပင် သူ့သတ်ဖြတ် ချင်စိတ်ကို ထုတ်ဖော်ပြလိုက်သည်။
ထို့အပြင် ဒီအဘိုးအိုက သူ့သားကို လာရန်စစော်ကားနေ ခြင်း ဖြစ်သည်။"မင်း..." အဘိုးအိုထိုင်နေသော ခုံက ပျက်စီးလို့သွားကာ သူက အောက်သို့ ပြုတ်ကျသွား၏။ သူ့မျက်နှာက ဖြူ ရော နေကာ ဆေးလုံးအချို့ကို အမြန် ထုတ်၍ မြိုချလိုက်ရသည်။ သည့်နောက် သူက အသံပို့ကျောက်စိမ်းပြားကို ချက်ခြင်း ခွဲ ချေလိုက်သည်။
စားသောက်ဆိုင်က လုံးဝ တိတ်ဆိတ်လို့သွားကာ ဧည့်သည်အများက စိတ်ရှုပ်ထွေးနေကြသည်။ သို့ရာတွင် အနည်းငယ် အကင်းပါးသည့် စားသုံးသူများကတော့ ပိုက်ဆံမြန်မြန်ရှင်းကာ ခပ်သွက်သွက် ထွက်သွားကြ တော့သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က လုံးဝမှင်သက်သွား သည်။ သူက အဘိုးအိုကို တစ်ချက်ပင် မကြည့်ပေ။ ထို အစား သူက ဝမ်လင်းနှင့် ဝမ်ဖျင်တို့ ထံသို့သာ သုန်မှုန်စွာ ကြည့်လိုက်သည်။
အမျိုးသမီးကတော့ ဝမ်ဖျင်းနှင့်ဝမ်လင်းတို့ကို မှုံရီစွာ ကြည့်လို့နေ၏။ သူမက ခုလိုမျိုး ဖြစ်ပျက်လာလိမ့်မည်ဟု လုံးဝ မထင်ထားမိပေ။
"သင်က ငါ့သားကို သင်ပေးစရာ မလိုပါဘူး..." ဝမ် လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သည့်နောက် သူက အရက်အိုးကို ကောက်ယူကာ တစ် ကျိုက်မော့သောက်လိုက်သည်။အဘိုးအိုက ပါးစပ် မဟဝံ့ချေ။ သူက ပါးစပ်ဟလိုက် သည်နှင့် သူ့ခန္ဓာကိုယ်ထဲမှ အမြုတေစွမ်းအင်များက လွတ် ထွက်သွားမည်ကို စိုးရိမ်နေပေ၏။ ထိုသို့သာ ဖြစ်ပါက သူက မသေတောင် သူ့ကျင့်ကြံမှုအဆင့်က များစွာ ထိုးကျ သွားပေလိမ့်မည်။
ခုလက်ရှိတွင် သူသည် စောနက မြိုချခဲ့သည့် ဆေးလုံး များပေါ်တွင်သာ တည်မှီနေတော့၏။သို့သော် ထို ဆေးလုံး၏ သက်ရောကမှုကတော့ အလွန်နည်းပါးလှ သည်။
သူ့ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများက ထိုးထွက်လာခဲ့သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူငယ်က ဝမ်လင်းထံသို့ ကြည့် ကာ ခေါင်းညိတ်လိုက်၏။ "မင်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ သိပ်ကောင်း တယ်။ ရွင်ယွမ်ဂြိုဟ်ပေါ်မှာ မင်းက စွန်မိသားစုကို စော်ကားလိုက်တည်းက…ဒါက…"သူ့စကားမဆုံးခင်မှာပင် ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်၏။ လူငယ့်ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့ မျက်နှာက ချက်ခြင်း ဖြူရောလို့သွား၏။ သူက ခုံပေါ်ကနေ အောက်သို့ ပြုတ်ကျလို့သွားသည်။
ဝမ်လင်းက သူ့ကို မသတ်လိုက်ပေ။ ထိုလူငယ့်၏ ခန္ဓာကိုယ်ထဲ၌ စိတ်ဝိညာဉ်စွမ်းအင် များစွာ မရှိသေး သည့်အတွက် သူ့ကို သေမျိုးတစ်ယောက်လိုသာ ယူဆလို့ရ နိုင်သောကြောင့် ဖြစ်၏။
ဝမ်လင်းအတွေ့အကြုံကြောင့် သူက ထိုလူငယ်သည် ကျင့်ကြံခြင်းမိသားစုတစ်ခု၏ တိုက်ရိုက်မျိုးဆက် သို့မဟုတ် သေမျိုးများကြားတွင် တော်ဝင်သွေးပါသူတစ် ယောက်မှန်း သိလိုက်ပေ၏။
သို့ရာတွင် သူတို့က မည်သို့သော် နောက်ခံ ရှိနေပါစေ ဝမ်လင်းက ဂရုမစိုက်ချေ။ ရွင်ယွမ်ဂြိုဟ်ပေါ်၌ သူက အနှိုင်း မဲ့ဘိုးဘေးတစ်ယောက် ဖြစ်နေသည် မဟုတ်လား။
သူ့ရှေ့ရှိမြင်ကွင်းက ဝမ်ဖျင်ကို ပင့်သက်ရှိုက်မိသွား စေ၏။ သူက သူ့အဖေကို ကြည့်လိုက်မိသည်။ သည် အခိုက်အတန့်၌ သူ့အဖေက သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်မှန်းကိုလည်း သိရှိသွားသည်။ သူ့အဖေ၏ အကြည့် တစ်ချက်ဖြင့်ပင် ထိုအဘိုးအိုက ခုလိုပုံစံမျိုး ဖြစ်သွားရ သည် မဟုတ်လား။
ချင်ရီက ဝမ်လင်းတို့သားအဖကို ငေးကြည့်နေ၏။ ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူမက ရှေ့တိုးလာကာ လေးစားစွာ ပြောလာ၏။ "စီနီယာ..ဒါက ငါတို့ ဆင်ခြင်မဲ့ လို့ ဖြစ်သွားရတာပါ..."
ဝမ်လင်းက အရက်အိုးကို ကောက်ကိုင်၍ တစ်ငုံ သောက်လိုက်ကာ သူမကို ကြည့်ပင် မကြည့်ချေ။
ချင်ရီက အောက်နှုတ်ခမ်းကို ကိုက်လိုက်မိ၏။ သူမက ထိုသို့ အကျပ်ရိုက်သွားသည့်အခါ ဝမ်ဖျင်က ပြုံးလိုက် မိသည်။ သူက နဂိုကတည်းက ချောမောလွန်းသည့်သူ ဖြစ် ကာ ထိုသို့ ပြုံးလိုက်သည့်အခါတွင်တော့ ပို၍ပင် ကြည့် ကောင်းသွားစေသည်။ ဝမ်ဖျင်က ချင်ရီကို ကြည့်၍ မေး လိုက်သည်။ "မိန်းကလေး...နင့်နာမည်က ချင်ရီလား...။ငါ့ နာမည်က ဝမ်ဖျင်ပါ။ မိန်းကလေးကကော ကျင့်ကြံသူတစ် ယောက်လား..."
ဝမ်ဖျင်၏ အပြုံးက ချင်ရီမျက်နှာကို နီမြန်းသွား စေသည်။သူမက နူးညံ့စွာ ပြောလာ၏။ "ဟုတ်ပါတယ်။ ဒါပေမဲ့ ဆရာက အခြေခံတည်ဆောက်ခြင်းအဆင့်ကို မ ရောက်သေးသ၍ကိုယ့်ကိုယ်ကို ကျင့်ကြံသူတစ်ယောက်လို့ မခေါ်နဲ့ဦးလို့တော့ ပြောထားပါတယ်။ နင့်နာမည်က ဝမ် ဖျင်နော်။ ဒီနေ့ကိစ္စက ငါတို့အမှားပါ။ နင်တို့ ခု မြန်မြန် ထွက်သွားသင့်ပြီ။ စောနက ဆရာဟာ အသံပြောင်း ကျောက်စိမ်းပြားကို ခွဲချေလိုက်တဲ့အတွက် တစ်ယောက်ယောက် သိပ်မကြာခင် ရောက်လာတော့မှ ငါ စိုးရိမ်မိတယ်..."ဝမ်ဖျင်က ပြုံးလိုက်၏။ သူက ထိုကိစ္စကို ဂရုစိုက်ဟန် မ ရဘဲ ချင်ရီနှင့်သာ စကားဆက်၍ ပြောနေသည်။
ထိုအခိုက်မှာပင် စားသောက်ဆိုင်ပြင်ပမှ လေတိုးသံများ ထွက်ပေါ်လာ၏။သည့်နောက် စားသောက်ဆိုင်ထဲ၌ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး အဘိုးအိုသုံးယောက် ထွက်ပေါ်လာကြသည်။
ချင်ရီက ခပ်သွက်သွက် လေးစားစွာ ပြောလိုက်သည်။ "ဘိုးဘေးစွန်..."
ထိုအဘိုးအိုသုံးယောက်ထဲမှ တစ်ယောက်သည် ဆံပင်ဖြူ များနှင့် ပြည့်နေကာ သူ့မျက်လုံးများက လျှပ်စီးတန်းများ အလား ရှိနေသည်။ သူက ဖိအားတစ်ခုကို ပေးစွမ်းလို့ နေသည်။ စားသောက်ဆိုင်ထဲသို့ ဝင်လာပြီးသည့်နောက် သူ့ အကြည့်က ကြမ်းပြင်ပေါ်တွင် ထိုင်နေသော အမြုတေဖွဲ့ တည်ခြင်းကျင့်ကြံသူကို သိမ်းကြုံးကြည့်လိုက်သည်။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် ဝမ်လင်းနှင့် ဝမ်ဖျင်တို့ထံသို့ အကြည့်ရောက်လို့သွားသည်။
သူ သိမြင်သလောက် ဝမ်လင်းနှင့် ပတ်သတ်၍ မည် သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေသည်ကို တွေ့လိုက်ရ သည်။ သို့ရာတွင် သူ့မျက်လုံးကို ကျဉ်းမြောင်းသွားစေသည့် သူကတော့ ဝမ်ဖျင်ပင် ဖြစ်သည်။ သူက အနီးကပ် သေချာ ကြည့်လိုက်သည့်အခါ သူ့မျက်လုံးထဲ၌ ထူးဆန်းသော အရောင်တစ်ခု ဖြစ်ပေါ်လာသည်။"ဒီကလေးရဲ့ ပါရမီက ထူးကဲလှချည်လား။ သူ့ခန္ဓာကိုယ် က သေမျိုးသာ ဖြစ်နေပေမဲ့လည်း သူ့စိတ်ဝိညာဉ်ကတော့ ကမ္ဘာလောကနဲ့ အသားတကျဖြစ်နေပြီး ခွန်အားနဲ့ ပြည့်လို့ နေတယ်။ ဒီလို စိတ်ဓာတ်အင်အားမျိုးက ကျင့်ကြံသူတွေ ကြားထဲမှာတောင် ရှားလှတယ်။ ဒီနှစ်ယောက်က အပေါ် ပိုင်း မြင်ရသလောက် ရိုးစင်းမှာ မဟုတ်ဘူး..."
ကြမ်းပြင်ပေါ်ရှိ အမြုတေဖွဲ့တည်ခြင်း ကျင့်ကြံသူက အ ဘိုးအို ရောက်ရှိလာသည်ကို သတိပြုမိသွားဟန်ရကာ မျက်လုံးဖွင့်ကြည့်လာ၏။ သူက ပါးစပ်မဟနိုင်ဖြစ်နေကာ တဝူးဝူးနှင့် ဖြစ်လို့နေ၏။ သူ့ခန္ဓာကိုယ်ထံကနေ မြူထုတစ် ခုက ထွက်ပေါ်လာ၏။ သည့်နောက် သူ့အသွင်က ဖြူရော သွားပြီး အလျင်စလို ပြောလိုက်သည်။ "ဦးလေး...သူက ငါ့ ကို ဒဏ်ရာရစေတဲ့လူပဲ။ ငါ့ကို ကယ်ပေးပါ..."
အဘိုးအို၏ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေကာ ကြမ်းပြင်ပေါ်ရှိ အဘိုးအိုထံသို့ ဆန့်တန်းလိုက် သည်။ထိုချိပ်တံဆိပ်က အနှီအဘိုးအို၏ မျက်ခုံးနှစ်ခုကြား သို့ ကျရောက်လို့သွားသည်။ ထိုမန္တာန်က ချဲ့ထွင်လာပြီး နောက် လွတ်ထွက်နေသည့် အမြုတေစွမ်းအင်များကို ပိတ် လှောင် ချိပ်ပိတ်ပေးသွားသည်။
သူက ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းထံသို့ သုန်မှုန်စွာ ကြည့်၍ ပြောလိုက်သည်။ "သင့် နည်းလမ်းက ရက်စက်လှတယ်။ ငါတို့ စွန်မိသားစုက ဒီကိစ္စကို ကြားသိတဲ့အခါမှာ ဒီတိုင်း ငုတ်တုတ်ထိုင်နေလိမ့်မယ်လို့ သင် ထင်နေတာလား.."
ဝမ်လင်းက ထိုအဘိုးအိုကို ကြည့်ပင် မကြည့်ချေ။ သူက အရက်အိုးကို ပြန်ချကာ တည်ငြိမ်စွာ ပြောလိုက်၏။ "ဖျင် အာ...သွားကြစို့..."
ထိုသို့ ပြောပြီးသည့်နောက် သူက မတ်တပ်ထရပ်ပြီး ထွက်ပေါက်သို့ လမ်းလျှောက်သွားလေသည်။
ဝမ်ဖျင်က ချင်ရီကို ပြုံးပြလိုက်၏။ ချင်ရီက ထိုအပြုံးကို မြင်လိုက်သည့်အခါ သူမမျက်နှာက နီမြန်းသွားပြန်သည်။ ဝမ်ဖျင်က သည်မိန်းကလေးနှင့် ပတ်သတ်၍ ခံစားချက် ကောင်း ရှိနေပေ၏။ သည်ခံစားချက်က သူမ ဆရာ သူ့ကို တိုက်ခိုက်လာသည့် အချိန် သူမက သူမ၏ဆရာကို တားဆီးရန် ကြိုးစားလိုက်သောကြောင့် ဖြစ်ပေါ်နေခြင်း ပင်။
သည့်နောက် ဝမ်ဖျင်ကလည်း သူ့အဖေနောက်သို့ လိုက် သွားကာ စားသောက်ဆိုင်ထဲမှ ထွက်ရန် ပြင်လိုက်သည်။
အဘိုးအိုက အေးစက်စွာ နှာခေါင်းရှုံ့၍ သူတို့ကို ရပ်တန့် ရန် ရှေ့သို့ ခြေလှမ်းလိုက်သည်။သူ့ဘေးရှိ အဘိုးအိုနှစ် ယောက်သည်လည်း ထို့အတူသာ။
"စကားကို ပြီးအောင် ပြောပြီးမှ မင်း ထွက်သွားလို့ရ ໑໖..."
ဝမ်လင်း အကြည့်က တည်ငြိမ်လှ၏။ သူက ခြေတစ် လှမ်း ဆက်၍ လှမ်းလိုက်သည်။ သည်ခြေလှမ်းက ရိုးစင်းလှသော်လည်း အဘိုးအိုသုံးယောက်၏ စိတ်ထဲ၌ မိုကြိုးပစ် သံများအလား ပဲ့တင်ထပ်လို့သွားချေသည်။ ထိုခြေလှမ်းက မြေပြင်ပေါ်သို့ လှမ်းလိုက်ခြင်း မဟုတ်ဘဲ သူတို့စိတ်ထဲ၌ လှမ်းချလိုက်သကဲ့သို့ ဖြစ်နေ၏။
အဘိုးအိုနောက်ရှိ လူနှစ်ယောက် စဦးစိတ်ဝိညာဉ် အလယ်အဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။သူတို့အသွင်က ကြီးစွာ ပြောင်းလဲသွား၍ ချက်ခြင်းပင် ခန္ဓာကိုယ်ထဲမှ စိတ် ဝိညာဉ်စွမ်းအင်များကို အသက်သွင်း၍ နောက်သို့ အလိုလို ဆုတ်လိုက်ရသည်။
သည်အရာက တာအိုနည်းစနစ်၊ မန္တာန်တစ်ခု မဟုတ် ပေ။ ယုတ်စွအဆုံး ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းပင် မဟုတ် ပေ။ သို့ရာတွင် ထိုအဘိုးအိုသုံးယောက်၏ အမြင်၌ ထို မန္တာန်က သူတို့မြင်ဖူးသမျှ၏ အလွန်တွင် ရှိနေသည်ဟု ခံစားလိုက်ရ၏။
သည်အရာက အော်ရာပင်၊ တိတိကျကျဆိုပါက မျိုးဆက် တစ်ဆက်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားသော တစ်စုံတစ်ယောက်၏ အော်ရာမျိုးပင်။ ကိုယ်ပိုင်တာအိုကို နားလည်သွားသည့် လူတိုင်၏ အော်ရာပင်။ ထိုသူများက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ငှားယမ်းကာ ဖိအားတစ်ခု ဖန်တီးနိုင်ပေသည်။အဘိုးအိုသုံးယောက် မ ပြောနှင့် သာမန်အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများ ပင် ယင်းအော်ရာဖိအားကို တောင့်ခံနိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ။
အဘိုးအိုသုံးယောက်တွင် အလယ်မှ အဘိုးအိုက ကျင့်ကြံ မှုအမြင့်ဆုံးဖြစ်ကာ စဦးစိတ်ဝိညာဉ် အထွတ်အထိပ်တွင် ရှိနေ၏။ သူက ကောင်းကင်နှင့်မြေကြီး၏ ဖြစ်စဉ်ကို နားလည်ကာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ပင် ခြေတစ်ဝက်လှမ်းနေနိုင်ခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းအော်ရာ က သူ့အမြင်၌ လွန်စွာ လေးနက်ထည်ဝါလှ၏။ သူ့စိတ် ဝိညာဉ်ပင် ဝမ်လင်း၏ တိုက်ရိုက် ဖိနှိပ်ခြင်းကို ခံလိုက်ရပေ သည်။ထို့ကြောင့် သူ့မျက်နှာက ဖြူရောသွားကာ နောက်သို့ ခြေနှစ်လှမ်းခန့် ပြန်ဆုတ်သွားတော့၏။
ဝမ်လင်းက သူ့ကို ကျော်၍ စားသောက်ဆိုင်ထဲမျ ထွက် ခွာလာခဲ့သည်။ ဝမ်ဖျင်ကလည်း သူ့နောက်မှ လိုက်လာ ခဲ့၏။ ဝမ်ဖျင်က စားသောက်ဆိုင်ထဲမှ လှမ်းထွက်လိုက် သည့် အခိုက်အတန့်တွင် သူက နောက်လှည့်၍ ချင်ရီထံသို့ ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်ပြန်သည်။
ချင်ရီမျက်နှာက ပို၍ပင် နီမြန်းသွားလေ၏။
"ဒီတစ်ခါပဲ ဖြစ်ပါစေ..." ဝမ်လင်းအသံက စွန်မိသားစုမှ ကျင့်ကြံသူများ၏ နားထဲသို့ ဖြည်းဖြည်းချင်း ပဲ့တင်ထပ် ဝင် ရောက်လို့သွားသည်။ အချိန်အတန်ကြာပြီးမှ သူတို့က ပုံမှန် အတိုင်း ပြန်ဖြစ်လာခဲ့၏။ သူတို့မျက်လုံးထဲ၌ ကြောက်လန့် မှုတို့နှင့် ပြည့်နှက်နေတော့သည်။
စားသောက်ဆိုင်ထဲမှ ထွက်ခွာလာပြီးနောက် ဝမ်ဖျင်ကချီတုံချတုံ့ဖြစ်ပြီးနောက် သူ့အဖေကို အမှီလိုက်ကာ ပြုံး၍ မေးလိုက်သည်။ "အဖေ..သင်က စွန်မိသားစုကို သိလား..."
“အဖေက သူတို့နဲ့ နည်းနည်း တွေ့ကြုံဖူးတယ်။ သားရဲ့ သူတို့မိသားစုတွေကို ရာစုနှစ်တစ်ခုလောက် အဖေက စောင့်ရှောက်ပေးမယ်လို့ ကတိပေးထားခဲ့တယ်..."
ဝမ်လင်းက ဝမ်ဖျင်ကို ကျင့်ကြံဖို့ ခွင့်မပြုရသည့် အကြောင်းရင်းကလွဲ၍ မည်သည့်အရာကိုမျှ ဖုံးကွယ်မထား ပေ။
"ဒီချင်ရီလို့ ခေါ်တဲ့ မိန်းကလေးက သိပ်မဆိုးလှဘူး…" ထိုသို့ ပြော၍ ဝမ်လင်းကို ဝမ်ဖျင့်ကို ပြုံးတုံ့မပြုံးတုံ့ဟန်ဖြင့် ကြည့်လိုက်သည်။
ဝမ်ဖျင်က မှင်သက်သွား၏။သူ့ချောမောသောမျက်နှာက အနီရောင်သန်းသွားလေသည်။
ဝမ်လင်းနှင့်ဝမ်ဖျင်တို့က ရေပြင်ကျယ်မြို့၏ မြောက် ဘက်ပိုင်းတွင် ခြံဝန်းကျယ်ကြီးနှင့် အိမ်တစ်လုံးကို ဝယ်ယူ ခဲ့ကြသည်။ အနည်းငယ် သန့်ရှင်းရေး လိုက်ပြီးနောက် သူ တို့က ထိုနေရာတွင် အထိုင်ချလိုက်သည်။ သည်အိမ်က ကြီးမားလှကာ အခန်းများစွာ ပါဝင်၏။ အရင် ရောင်းခဲ့ သော ပိုင်ရှင်က အိမ်စေ မိန်းကလေးများကိုပါ ထားခဲ့လိုက် သေးသည်။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ စကားကြောင့် ရေပြင်ကျယ်မြို့၏ စွန်မိသားစုခွဲ အိမ်တော်တွင် ပွက်လောရိုက်လို့ နေလေ၏။
ဝမ်ဖျင်၏ တောင်းဆိုမှု
ရွင်မိသားစုဘိုးဘေးနှင့် အပူအပင်မဲ့ကျောက်တို့ ပျောက် သွားကြကတည်းက စွန်မိသားစုက စွန်ရှီကြောင့် ရွင်ယွမ် ဂြိုဟ်ပေါ်မှ ရွင်မိသားစု၏ နေရာကို သိမ်းယူလာနိုင်ခဲ့ သည်။ သူတို့က အတိတ်တုန်းက ရွင်မိသားစုထက်ပင် ပို၍ သန်မာလာခဲ့ကာ ဂြိုဟ်ပေါ်ရှိ နံပါတ်တစ် တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
သည်နှစ်နှစ်ဆယ်အတွင်း ပြောင်းလဲသွားမှုက စွန် မိသားစုမှ လူများကို ပို၍ မောက်မာလာစေခဲ့သည်။
ရေပြင်ကျယ်မြို့က စွန်မိသားစုခွဲတစ်ခု ဖြစ်သည်။ ယခု အချိန်၌ စွန်မိသားစုခွဲ၏ ပင်မခန်းမဆောင်ထဲ၌ စိတ် ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အကြီးအကဲများ ထိုင်လျက် ရှိနေ ကြသည်။ သူတို့ရှေ့၌ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော မတော်တဆမှု၌ ပါဝင်နေသော လူအားလုံး မတ်တပ်ရပ် လျက် ရှိနေကြသည်။
ချင်ရီအတွက် သည်လို အခြေအနေမျိုးကို ပါဝင်ပတ် သတ်မိခြင်းက ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့ကြောင့်သူမက စိတ်ပူပန်လို့နေ၏။ သူမက ခေါင်းငုံလျက်သာ ရှိလို့ နေသည်။
သူမဆရာဖြစ်သူ အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူ က သူမဘေး၌ မတ်တပ်ရပ်လျက် ရှိနေသည်။ သို့ရာတွင် သူ့မျက်နှာက ဖြူရောနေကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း အမြုတေအဆင့်မှသည် အခြေခံတည်ဆောက်ခြင်းအဆင့် သို့ လျော့ကျသွားခဲ့ပေသည်။
စွန်မိသားစု၏ အကြီးအကဲများထဲမှ တစ်ယောက် အနီ ရောင်မျက်နှာနှင့် အဘိုးအို ဖြစ်သည်။ သူက မျက်လုံး အနည်းငယ် ဖွင့်ကြည့်ကာ နူးညံ့စွာ ပြောလိုက်၏။ "ဒီလူက အဲ့လို ပြောခဲ့တာ သေချာလား..."
ဝမ်လင်းကို တားဆီးရန် ကြိုးစားခဲ့သည့် စဦးစိတ် ဝိညာဉ်နောက်ဆုံးအဆင့် အဘိုးအိုက ခပ်သွက်သွက် ခေါင်းညိတ်၍ ပြောလိုက်သည်။ "ဂျူနီယာ ကြားခဲ့တာ မ မှားယွင်းနိုင်ပါဘူး။ ဒီလူက 'ဒီတစ်ခါပဲ ဖြစ်ပါစေ' လို့ ပြောခဲ့ပါတယ်..."
အစိမ်းရောင်ဝတ်ရုံနှင့်အဘိုးအိုထံမှ အေးစက်စက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာခဲ့သည်။ သည့်နောက် သူ့ မျက်လုံးကလည်း အေးစက်လာကာ သူက ပြောလာသည်။ "ကြည့်ရတာ တစ်ယောက်ယောက်က စွန်မိသားစုကို ရန် လာစတဲ့ပုံပဲ။ ဒီလူက အမြုတေဖွဲ့တည်ခြင်းကျင့်ကြံသူတစ် ယောက်ရဲ့ အမြုတေကို အကြည့်တစ်ချက်တည်းနဲ့ ပျက်စီးစေခဲ့ပြီး စဦးစိတ်ဝိညာည်အဆင့်သုံးယောက်ကို ခြေတစ်လှ မ်တည်းနဲ့ နောက်ဆုတ်သွားစေခဲ့တယ်။ သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဖြစ်နေမှာ ငါ ကြောက်လန့်နေမိတယ်..
နောက်ဆုံးအကြီးအကဲက တည်ငြိမ်စွာ ပြောလာ၏။ "စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်တော့ရော ဘာဖြစ်လဲ။ ငါတို့စွန်မိသားစုဘိုးဘေးက ဒီ နေရာမှာ ရှိနေသ၍ အဲ့စီနီယာက ငါတို့ကို ရာစုနှစ်တစ်ခုစာ လောက် ကာကွယ်ပေးပါလိမ့်မယ်။ ပုံရိပ်တစ်ထောင်ဂြိုဟ် ပေါ်က ဟွမ်မိသားစုတောင် ဒီစီနီယာကို ရန်စဝံ့တာ မဟုတ်ဘူး။ သူသာ ရှိနေရင် ငါတို့ စွန်မိသားစုက ပြိုလဲ စရာ အကြောင်း မရှိဘူး..."
အနီရောင်မျက်နှာနှင့် အကြီးအကဲက ထပ် ပြောလာ သည်။ "ဒီလူရဲ့ မိသားစုနာမည်ကရော…"
ကျင့်ကြံသူများက အချိန်အတန်ကြာ တိတ်ဆိတ်လို့သွား သည်။ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် အဘိုးအိုက မချင့် ပြုံးပြုံး၍ ပြောလိုက်သည်။ "ငါ မသိပါဘူး။ ဒါပေမဲ့ အပြင် မိသားစုဝင်က သူတို့နဲ့ စကားပြောခဲ့တယ်။ သူမက သိကောင်းသိနိုင်လိမ့်မယ်..."
အနီရောင်မျက်နှာနှင့် အကြီးအကဲ အကြည့်က ချင်ရီ ထံသို့ ကျရောက်လို့သွားသည်။
"နင် သိလား..."ချင်ရီခန္ဓာကိုယ်က တုန်ယင်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ခေါင်းယမ်း၍ ပြောလိုက်သည်။ "ဂျူနီယာ မသိပါဘူး..."
"သတ္တိသိပ်ကောင်းနေတယ် ဟုတ်လား..." အနီရောင် မျက်နှာနှင့် အဘိုးအို၏ မျက်လုံးက ကျဉ်းမြောင်းလို့သွား သည်။ သူ့အတွေ့အကြုံဖြင့် သည်မိန်းကလေးက လိမ်နေ မှန်း တစ်ချက် ကြည့်လိုက်ရုံဖြင့် သိပေသည်။
ချင်ရီက ခေါင်းငုံ့၍ တိုးညင်းစွာ ပြောလိုက်ပြန်သည်။ "ဂျူနီယာက တကယ် မသိပါဘူး..."
အနီရောင်မျက်နှာနှင့် အကြီးအကဲက အေးစက်စက် နှာခေါင်းရှုံ့သည်။သည့်နောက် မတ်တပ် ထရပ်ကာ ပြော လိုက်သည်။ "ဒီကိစ္စကို ခဏထားလိုက်တော့။ ငါက ဒီကိစ္စ ကို မိသားစုဆီ သတင်းပို့ပြီးသွားပြီ။ သူတို့က ဒီကိစ္စကို ဖြေ ရှင်းဖို့အတွက် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ကျင့်ကြံသူ တစ်ယောကို လွှတ်ပေးလိမ့်မယ်။ ဒီပြင်ပ မိသားစုဝင် အတွက်တော့ သူမရဲ့ စိတ်ထဲမှာ တစ်စုံတစ်ယောက်အပေါ် အလေးသာနေတဲ့အတွက် သူမကို မိသားစုကနေ ထုတ်ပယ် လိုက်တော့..."
"ဒီအဘိုးအိုက "ဒီတစ်ခါပဲ ဖြစ်ပါစေလို့" စွန်မိသားစုကို မောက်မာစွာ သတိပေးဝံ့တဲ့လူကို ကြည့်ချင် မိနေပြီ။ ရွင် ယွမ်ဂြိုဟ်ပေါ်မှာ ဘယ်သူကမှ စွန်မိသားစုကို ဒီလို မပြောဝံ့ :..."ကြဘူး....ရေပြင်ကျယ်မြို့၏ မြောက်ဘက်ခြမ်းတွင် ဝမ်လင်း၏ အိမ်အသစ်ကို သေချာ အထိုင်ချပြီးသွားခဲ့ပြီ ဖြစ်သည်။ ဝမ် လင်းက အိမ်တော်ရှေ့၌ ဝမ်စံအိမ် ဟူသော စကားနှစ်ခွန်း ကို သူကိုယ်တိုင် ရေးထွင်းထားလိုက်သည်။
ဝမ်လင်းက အရင်စံအိမ်မှ အစေခံမိန်းကလေးများကို အစားထိုးခြင်း မလုပ်တော့ဘဲ သူတို့ကိုသာ ဆက်၍ အသုံးပြုလိုက်၏။ ထို့အကြောင်းကြောင့် သည်စံအိမ်က အထီးကျန်ဆန်မှု တော်တော်လေး လျော့နည်းသွားပေ သည်။
ညနက်လာသည့်အခါ လရောင်က ပက်ဖြန်းလာ၏။ ဝမ် လင်းနှင့် ဝမ်ဖျင်တို့က မျက်နှာချင်းဆိုင် ထိုင်လို့နေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ဆိုလာ၏။ "ဖျင်အာ……ဆယ့်ကိုး နှစ်ကို သာမန်ဘဝ၊ ရှစ်နှစ်ကို စွန့်စားပြီး ခရီးဆန့်ခဲ့တယ်။ ခု နောက်ထပ် နှစ်သုံးဆယ်အတွက် ငါက သားအတွက် ချမ်းသာခြင်းကို ပေးစွမ်းမယ်။ လူတစ်ယောက်ရဲ့ ဘဝက ပျော်ရွှင်မှု ၊ဝမ်းနည်းမှုတွေနဲ့ ရောယှက်ပြည့်နှက်လို့နေ တယ်။ သားက ဒါတွေအားလုံးကို သိရမယ်။ ချမ်းသာတာနဲ့ ဆင်းရဲတာက တကယ်တော့ တူတူပါပဲလေ..."
ဝမ်ဖျင်က တိတ်တဆိတ် စဉ်းစားလို့နေသည်။ အချိန် အတန်ကြာမြင့်ပြီးသည့်နောက် သူက ပြုံးလာခဲ့၏။ သည့်နောက် သူ့မျက်လုံးများက တောက်ပလာကာ သူက မေးလိုက်လေသည်။ "အဖေ..ဒါက ကျွန်တော့်ကို ကျင့်ကြံဖို့ ခွင့်မပြုတဲ့အတွက် လျော်ကြေးပေးတဲ့သဘောလား..."
ဝမ်လင်းက ဝမ်ဖျင့်ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက် သည်။ "အင်း..."
သူ့အကြည့်က ဝမ်ဖျင်ကို ကျော်လွန်၍ ပြတင်းပေါက်မှ တစ်ဆင့် အပြင်ဘက်သို့ ကျရောက်သွားသည်။ ထိုနေရာကို ဝမ်ဖျင်က မြင်တွေ့နိုင်လိမ့်မည်မဟုတ်၊ သူ့မျက်လုံးထဲရှိဝမ်းနည်းမှု အရိပ်အမြွက်ဖြစ်မှုကို သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုဝမ်းနည်းမှုက အားကောင်းလှ၏။ မည်သူမျှ မသိနိုင် လောက်အောင် အားကောင်းလွန်းလှ၏။ ဝမ်လင်းက ထို လျှို့ဝှက်ချက်ကို မည်သည့်အတွက်ကြောင့်မှ ထုတ်ဖော် လိမ့်မည် မဟုတ်ပေ။သူက ဝမ်ဖျင်သည် သူ့ကျင့်ကြံလိုသည့် ဆန္ဒကို မြှုပ်နှံ့ထားရကာ သူ့အပေါ်သို့ မကျေမနပ် ဖြစ် နေသည်ကို သိထားပေသည်။ထိုသို့ဆိုလျှင်ပင် သူက ထို လျှို့ဝှက်ချက်ကို ထုတ်ပြောလိမ့်မည် မဟုတ်ပါ။
"ဖျင်အာ…ဒါက အဖေ မင်းကို မကျင့်ကြံစေချင်လို့ မဟုတ်ပါဘူး။ ဒါက...အင်း...မင်းက ကျင့်ကြံလို့ မရနိုင်လို့ 0..."
ဝမ်လင်းက စိတ်ထဲတွင် သက်ပြင်းအခါခါ ချမိနေ၏။
ဝမ်ဖျင်က ခပ်လေးလေး မေးလာသည်။ "အဖေ... ချမ်းသာခြင်းဆိုတာ ဘာလဲ.."
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ မေးလိုက်၏။ "သားက ဘယ်လိုမျိုး ချမ်းသာခြင်းကို လိုချင်လဲ..."
"အဖေက ကျွန်တော့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်ဖို့နဲ့ ကမ္ဘာကြီးရဲ့ဖိနှိပ်မှုကို မခံဖို့ သင်ကြားပေးခဲ့တယ်။ တောင် တွေ့ရင်တက်...မြစ်တွေ့ရင် ဖြတ်ကျော်ပြစ်။ ပင်လယ်တွေ့ ရင် ဖြတ်သန်းပစ်...လောကမှာ ဘယ်လော့မှ လက်မလျော့ ဖို့ သင်ကြားပေးခဲ့တယ်။ အဖေက ကျွန်တော့်ကို မကျင့်ကြံ စေလိုကတည်းက ကျွန်တော်က သေမျိုးတွေကြားမှာ အနှိုင်းမဲ့အုပ်ချုပ်သူတစ်ယောက် ဖြစ်လာချင်တယ်.."
ဝမ်ဖျင်က သူ့အဖေကို ကြည့်လို့နေ၏။
"သား လုပ်ချင်ရင် လုပ်နိုင်တယ်..." ဝမ်လင်းက မျက်လုံးမှိတ်ထားလိုက်သည်။
ဝမ်ဖျင်က ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ဝမ်လင်း လွှမ်းမိုး မှုအောက်၌ သူက တဖြည်းဖြည်းဖြင့် သူ့ကိုယ်ပိုင်ယုံကြည်မှု နှင့် ကမ္ဘာလောကအပေါ် ရှုမြင်ပုံတို့ကို ရရှိလာခဲ့ပြီ ဖြစ်သည်။ သူက အဖေ့စကားကို အမြဲနားထောင်လိုက်လုပ် ရသည့် ကလေးတစ်ယောက် မဟုတ်တော့ပေ။ အခု သူက ကိုယ်ပိုင်အတွေးအမြင်များ ရှိလာခဲ့ပြီ ဖြစ်သည်။
ဝမ်ဖျင်က သူ့အဖေကို ကြည့်၍ ခပ်တိုးတိုး ပြောလိုက် သည်။ "ကျွန်တာ်က အဖေ ကျွန်တော့်ကို လွှဲပေးတဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်မလာချင်ဘူး။ ကျွန်တော် ဘာသာ ကိုယ်တိုင် ဒါကို ရယူမယ်..."ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ "အင်း..."
သူက လက်ဝှေ့ယမ်းလိုက်ရာ သူ့နောက်မှ အရိပ်တစ်ခု လှမ်းထွက်လာ၏။ သည့်နောက် ၎င်းအရိပ်က ဝမ်ဖျင်၏ အရိပ်ထဲသို့ လှမ်းလျှောက်လို့သွားလေသည်။
"ဒါနဲ့ဆိုရင် သားက ရွင်ယွမ်ဂြိုဟ်ပေါ်မှ ကြိုက်တာ လုပ် နိုင်ပြီ..." ဝမ်လင်းက မတ်တပ် ထရပ်လိုက်၏။ သူက ဝမ် ဖျင်ကို လှည့်မကြည့်တော့ဘဲ အခန်းထဲကနေ ထွက်သွား သည်။
ဝမ်ဖျင်က ပါးစပ်ဟ လိုက်သည်။ သူက တစ်ခုခုကို ပြော ချင်နေသည့်ပုံပင်။ သို့ရာတွင် သူက သူပြောလိုသော အရာ ကို ထုတ်ဖော် မပြောတော့ဘဲ စိတ်ထဲတွင်သာ တိတ်တဆိတ် မေးမြန်းလိုက်တော့သည်။ "အဖေ..သင်က ငါ့ကို အရာအားလုံး ပေးနိုင်တယ်...ဒါဆို..ဘာကြောင့် လဲ...ဘာကြောင့် ငါ့ကို ကျင့်ကြံခွင့်မပြုရတာလဲ။ ဖျန် အာက ကိုယ့်အတွက်ကိုယ် ကျင့်ကြံချင်တာ မဟုတ်ပါဘူး။ အတိတ်တုန်းက အဖေနဲ့အတူ တစ်သက်လုံး နေပါ့မယ်ဆို တဲ့ ကတိအတွက်ပါ...အဖေ…သင်က အထီးကျန်ဆန်လွန်း နေရတယ်...ဒါပေမဲ့ ဘာကြောင့်လဲ..."
ဝမ်လင်းက ခြံဝန်းထဲတွင် လရောင်အောက်၌ မတ်တပ် ရပ်နေရင်း သူ့အရိပ်က ဆန့်ထွက်လို့နေ၏။ ထို့နောက် သူက သူ့အခန်းသို့ ပြန်သွားကာ အိပ်ယာပေါ်တွင် လှဲ လျောင်း၍ ခပ်တိုးတိုး ညီးညူလိုက်သည်။ "တစ်နေ့ကျရင်သား နားလည် လာပါလိမ့်မယ်။ ဒါပေမဲ့လည်း အဖေက အဲ့ နေ့ကို စောစောစီးစီး ရောက်မလာဖို့ မျှော်လင့်မိတယ်။ တကယ်တော့ အဖေက သားကို မကျင့်ကြံစေချင်တဲ့ အကြောင်းကို သား ဘယ်တော့မှ ရှာမတွေ့ဖို့ မျှော်လင့်မိတယ်
ထိုည၌ ဝမ်ဖျင်က အိပ်လို့ မပျော်ခဲ့ပေ။
သုံးရက်ကြာပြီးနောက် ရေပြင်ကျယ်မြို့သို့ လူတစ် ယောက် ရောက်လာခဲ့သည်။ သူက အနက်ရောင် အပေါ်ထပ်ကို ဝတ်ဆင်ထားကာ အတော်လေး အိုစာသည့် ပုံပေါ်၏။ သူက ရေပြင်ကျယ်မြို့သို့ ရောက်လာသည်နှင့် စွန် မိသားစုခွဲသို့ ချက်ခြင်း ဦးတည်သွားသည်။
စွန်မိသားစုခွဲမှ ကျင့်ကြံသူအားလုံးက ထိုကျင့်ကြံသူကို ထွက်၍ ကြိုဆိုကြ၏။ သူတို့က ထိုလူသည် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်မည် မှန်း ကြိုတင် ခန့်မှန်းထားကြသော်လည်း ယခု ရောက်လာ သည့်လူကို တွေ့လိုက်ရသည့်အခါ ပို၍ပင် လေးစားသမှု ပြသမိကုန်ကြသည်။
"ဒုအိမ်တော်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်..."
ထိုလူကတော့ စွန်ချီမင်ပင် ဖြစ်၏။ ဝမ်လင်း ကိစ္စ ကြောင့် မိသားစုတွင် သူ့အဆင့်အတန်းက မြင့်မားလာခဲ့ပေ သည်။ သည့်အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ် ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် သူ့ကို နောက်တက်လာ မည့် မိသားစုခေါင်းဆောင်အဖြစ်ပင် ယာထားခဲ့ကြပေ သည်။
စွန်ချီမင်က မည်သည့် အာလာပသာလပ စကားမှ ဆိုမ နေပဲ လိုရင်းကို တန်းမေးလိုက်၏။ "ဟိုလူ ဘယ်မှာလဲ..."
မိသားစုမှ လူများသည် အကြည့်တစ်ချက်ဖြင့် အမြုတေ ကို ပျက်စီးသွားစေသည် ဆိုသော အဓိပ္ပာယ်ကို သိကြ လိမ့်မည် မဟုတ်ပေ။ သို့သော် သူကတော့ ကောင်းကောင်း ကြီး သတိထားနေမိ၏။ သူက ထိုသို့ လုပ်နိုင်မည် ဆိုလျှင် ပင် စဦးစိတ်ဝိညာဉ်အဆင့်သုံးယောက်ကိုတော့ မည်သည့် မန္တာန်မှ အသုံးမပြုဘဲ ခြေတစ်လှမ်းကြောင့် နောက်ဆုတ် သွားအောင်တော့ လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သည်လို အခြင်းအရာများကို မန္တာန်တစ်ခုခု အသုံးပြု လျှင် ရှင်းပြလို့ ရနိုင်သေး၏။ သို့သော် စားသောက်ဆိုင်မှ ဖြစ်ရပ်ကို ဖော်ပြထားသည့် ကျောက်စိမ်းပြားထဲ၌ ထိုလူက မည်သည့်မန္တာန်ကိုမှ အသုံးပြုခဲ့ခြင်း မရှိဟု ဆိုထား၏။ ထိုသို့သော အရာမျိုးက အာဏာတက်ခြင်းအဆင့်ရှိ မွန်းစ တားအိုများသာ လုပ်နိုင်သည့် အရာဖြစ်နေ၏။ သာမန် ကျင့်ကြံသူတစ်ယောက်က ထိုသို့ လုပ်နိုင်ရန် လုံးဝ မဖြစ် နိုင်ပေ။ခွဲခွာခြင်း...
စွန်မိသားစုက ရေပြင်ကျယ်မြို့တွင် အခြေခိုင်လှပြီ ဖြစ် သည့်အတွက် ဝမ်လင်းတို့သားအဖ နေရာကို စုံစမ်းသိရှိနေ ပြီး ဖြစ်သည်။
လမ်းပြတစ်ယောက်က စွန်ချီမင်ကို ဝမ်လင်းတို့ နေရာ သို့ ခပ်သွက်သွက် ခေါ်ဆောင်သွားပေသည်။
"မိသားစုခေါင်းဆောင်..ဒီလူက တော်တော်မောက်မာ လွန်းတယ်။ သူက ငါတို့ စွန်မိသားစုဝံ့ကို ဒီလိုပြောဝံ့တယ်ဆိုတော့..
အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက စတင်၍ ပြောဆို လိုက်သည်။ သို့သော် သူက စွန်ချီမင်၏ ကြားဖြတ် ဟောက် လိုက်ခြင်းကို ခံလိုက်ရသည်။ ပါးစပ်ပိတ်ထားစမ်း..."
အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲက တုန်ယင်သွားကာ ချက်ခြင်း ပါးစပ်ပိတ်လို့သွားသည်။
"ဒီလိုကိစ္စသေးသေးလေးလေးကို မင်းတို့က ပြဿနာ အကြီးကြီး ဖြစ်စေခဲ့တယ်။ ဒီလူကသာ မင်းတို့ကို သက်ညှာ ခဲ့လို့သာ…ဒါတောင် မင်းတို့အားလုံးက ကျေးဇူးတင်ရကောင်းမှန်း မသိသေးဘူး..."
စွန်ချီမင်အသွင်က သုန်မှုန်လို့နေသည်။သူက လူတိုင်းကို အေးစက်စွာ ကြည့်လိုက်၏။
စွန်ချီမင်က အလေးအနက် လေသံဖြင့် ပြောလိုက်သည်။ စွ"န်မိသားစုက ကြီးမားပြီး ရွင်ယွမ်ဂြိုဟ်မှာ နံပါတ်တစ် ဖြစ်တယ်။ ဒါပေမဲ့လည်း ဒါတွေအားလုံးက ထိတ်လန့်စရာ တန်ဖိုး တစ်ခုကြောင့် ရရှိခဲ့တာ။ မင်းတို့အားလုံးကသာ ဒီ လို ဆက်လုပ်နေရင် တစ်နေ့မှာ စွန်မိသားစုရှိ ကြီးမားတဲ့ ရန်သူတော်တစ်ယောက်ကို ဖိတ်ခေါ်လိုက်သလို ဖြစ်စေလိပ့်မယ်
"အဘိုးစွန်...သင်တို့ စွန်မိသားစုက ဟိုစီနီယာရဲ့ အကာအကွယ် ရထားတာပဲလေ။ ဒီရန်သူက သန်မာ ရင်တောင် သူက သင်တို့ကို ရန်မစဝံ့ဘူးလို့ ငါ ထင်တယ်
ထိုသို့ပြောလိုက်သည့် သူက စွန်မိသားစုဝင် တစ်ယောက် မဟုတ်ပေ။ သူက ဝမ်ဖျင်ကို ရန်စခဲ့သော ခရမ်းရောင် ဝတ်စုံနှင့်လူငယ်သာ ဖြစ်၏။
စွန်ချီမင် အကြည့်က ထိုလူငယ်ပေါ်သို့ ကျရောက်သွား သည်။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ ယွမ်မိသားစုက ကောင်လေး...ဒီကိစ္စက မင်းကြောင့် စဖြစ်ခဲ့ရတာ။ မင်း ကိုယ်မင်း ပြင်ဆင်ပါ။ ဒီလို ကိစ္စက လွယ်လွယ် ကိုင်တွယ် လို့ ရတဲ့အရာ မဟုတ်ဘူး..."ခရမ်းရောင်ဝတ်စုံနှင့်လူငယ်၏ နာမည်မှာ ယွမ်ဝူဖန်ပင် ဖြစ်သည်။ သူက တိမ်ပင်လယ်ဂြိုဟ်ရှိ ယွမ်မိသားစုမှ ဖြစ်သည်။ တိမ်ပင်လယ်ဂြိုဟ်ကသည် အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းကြီး၏ မြောက်ဘက်ပိုင်း ပင်မဂြိုဟ်များ ထဲမှ တစ်ခု ဖြစ်လေ၏။ ထိုလူငယ်၏ ပါရမီက ကျင့်ကြံဖို့ မ လုံလောက်သည့်အတွက် သူ့ကို ပြင်ပမိသားစုဝင် တစ် ယောက်ဟု ယူဆရပေမည်။ သူက သည်နေရာသို့ ယွမ် မိသားစု၏ ခရီးသွားယဉ်တန်းနှင့် လိုက်ပါလာခြင်း ဖြစ်သည်။သို့သော် သူက ချင်ရီကြောင့် သူ့မိသားစုနှင့် ပြန်မ လိုက်သွားဘဲ သည်မှာ နေခဲ့ခြင်း ဖြစ်သည်။ပုံမှန် ကျင့်ကြံ သူများသည် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ မ ရောက်လျှင် ဂြိုဟ်မှ ထွက်ခွာနိုင်ခြင်း မရှိကြပေ။ သို့ရာတွင် ယွမ်မိသားစုလို မိသားစုကြီးကတော့ စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများကို ခေါ်ဆောင်၍ သူတို့၏ ဂြိုဟ်မှ ထွက်ခွာလှည့်ပတ်တက်ကြပေသည်။
သူ့ ညံ့ဖျင်းသော ပါရမီကြောင့် သူက ယွမ်မိသားစု၏ ပြုစုပျိုးထောင်ပေးခြင်းကို မခံရပေ။သို့ရာတွင် သူက ရွင် ယွမ်ဂြိုဟ်ပေါ်တွင်တော့ သူ့နောက်ခံကို အကြောင်းပြု၍ ကျင့်ကြံခြင်းမိသားစုများအားလုံးက သူ့ကို ယဉ်ယဉ်ကျေး ကျေး ဆက်ဆံကြပေသည်။
တကယ်တော့ ယွမ်မိသားစုက တိမ်ပင်လယ်ဂြိုဟ်မှ နံပါတ်တစ်မိသားစု ဖြစ်ကာ ဟွမ်မိသားစုထက်လည်း ပို၍ အစွမ်းထက်ပေ၏။ ယွမ်ဝူဖန်က စိတ်ထဲ၌ အေးစက်စွာ နှာခေါင်းရှုံ့လိုက် သည်။ သူက မည်သည့်ကျင့်ကြံမှုမှ မရှိသော်လည်း သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မြောက်ပိုင်း နယ်မြေတွင် ရှိနေသ၍ မည်သူကမျှ သူ့ကို စော်ကားဝံ့ လိမ့်မည် မဟုတ်ပေ။
ရေပြင်ကျယ်မြို့၏ မြောက်ဘက်ပိုင်းသို့ ရောက်လာပြီး သည့်နောက် စွန်ချီမင်နှင့် သူ့နောက်မှ လိုက်ပါလာသော လူ တိုင်းသည် ဝမ်စံအိမ်ရှေ့ ပေတစ်ရာအကွာတွင် ရပ်တန့် လိုက်ကြသည်။
စွန်ချီမင်အသွင်က သုန်မှုန်လို့နေ၏။ သူက ထို ဝမ်စံအိမ် ဟူသော စာလုံးနှစ်လုံးကို တွေ့မြင်လိုက်သည့် အခါ မျက်မှောင်ကြုတ်သွားသည်။
"ဝမ်…" သူက ရေပြင်ကျယ်မြို့သို့ ဝင်ရောက်လာချိန် ကတည်းက သူ့နတ်ဘုရားအာရုံဖြင့် ယင်းအိမ်ကို စစ်ဆေး ကြည့်ခဲ့ပြီး ဖြစ်ကာ မည်သည့်အမှားအယွင်းတစ်ခုကိုမှ ရှာ မတွေ့ခဲ့ပေ။ ခု သူက သည်နေရာကို ထပ်မံ စစ်ကြည့်လိုက် သော်လည်း ထိုနည်း၎င်းသာ ဖြစ်နေ၏။
အနည်းငယ် စဉ်းစားပြီးနောက် စွန်ချီမင်က ရှေ့သို့ လှမ်း ကာ ကျယ်လောင်စွာ ပြောလိုက်၏။ "စွန်မိသားစုရဲ့ စွန်ချီ မင်က ရောင်းရင်းကျင့်ကြံသူကို နှုတ်ဆက်ပါတယ်..."
သူ့အသံထဲ၌ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပါဝင်လို့နေသည်။ ထို့ကြောင့် ယင်းအသံ စံအိမ်ထဲရှိ တစ်ဦးချင်းစီ၏ နားထဲသို့ တိုးဝင်လို့သွားသည်။ သိပ်မကြာခင်တွင် အစေခံတစ်ယောက်က ထွက်လို့လာ၏။ သူက စွန်မိသားစု ကို ကြည့်၍ ပြောလိုက်သည်။ "ဆရာက …သင်တို့အားလုံး ကို ထွက်သွားခိုင်းလိုက်ပါတယ်..."
စွန်ချီမင်က စကားမဆိုနိုင်ခင်မှာပင် စွန်မိသားစုမှ တစ် ယောက်က နှာခေါင်းရှုံ့လိုက်၏။ ထိုလူက အနီရောင် မျက်နှာနှင့် အကြီးအကဲပင်။ သူက ထိုအစေခံကို ကြည့်ပင် မကြည့်ဘဲ အေးစက်စွာ ပြောလိုက်၏။ "ဘာလဲ...သင်က ငါ တို့စွန်မိသားစုဝင်တွေက တကယ်ထင်နေတာလား..." မျက်လုံးကန်းနေတယ်လို့
ထိုသို့ ပြောလိုက်ပြီးနောက် သူက ရှေ့သို့ လှမ်းကာ စံအိမ် ထဲသို့ တိုးဝင်လိုက်သည်။
စွန်ချီမင်က ဝမ်စံအိမ် ဟူသော စာလုံးနှစ်လုံးကို စူးစိုက် ကြည့်နေရင်း မျက်မှောင်ပိုကြုတ်လာသည်။ သူက ထိုအ ဘိုးအိုကို ရပ်တန့်ရန် ပြင်လိုက်သေးသည်။သိုသော် သည် အတိုင်း ပြန်လွှတ်ထားလိုက်သည်။
အနီရောင်မျက်နှာနှင့် အကြီးအကဲက စိတ်ဝိညာဉ်ပုံစံဖြစ် ပေါ်ခြင်း အဆင့် ဖြစ်သည်။ သူက ခြေတစ်လှမ်းဖြင့်ပင် တံခါးပေါက်ကို တိုက်ရိုက် ဖြတ်ကျော် ခြေချလိုက်သည်။ သို့သော် သူ့ညာခြေက အိမ်ဝန်းထဲသို့ ချနင်းလိုက်ခါနီးတွင် သူ့မျက်နှာက သေလောက်အောင် ဖြူရောလို့သွားလေ သည်။ သည့်နောက် သူ့စိတ်က တုန်ယင်သွားကာ သွေးအန်ထုတ်လိုက်ရသည်။ သူက နောက်သို့ အသည်းအသန် ပြန် ဆုတ်လိုက်ရ၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်တုန်လှုပ် မှုတို့နှင့် ပြည့်လို့နေသည်။
စွန်ချီမင်အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သည် အခိုက်အတန့်၌ သူက အာဏာတက်ခြင်းကျင့်ကြံသူတစ် ယောက်၏ အော်ရာကို ခံစားလိုက်မိသည်။ သူ့ကို အ တုန်လှုပ်မိစေဆုံးကတော့ ထိုအော်ရာသည် သူနှင့် ရင်းနှီး လို့နေပေသည်။
ချက်ခြင်းပင် စွန်ချီမင်က အနီရောင်မျက်နှာနှင့် အကြီးအကဲကို ဆွဲကိုင်ကာ နောက်သို့ ပစ်ထည့်လိုက်သည်။ သည့်နောက် သူက လေးစားသမှုဖြင့် လက်နှစ်ဖက်ယှက် ကာ ပြောလိုက်သည်။ "စီနီယာရဲ့ ကျင့်ကြံခြင်းကို နှောက် ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ဂျူနီယာ ခုချက် ခြင်း ထွက်သွားပါတော့မယ်..."
ထိုသို့ ပြောပြီးနောက် သူက အင်္ကျီလက်အိုးကို ဝှေ့ယမ်း လိုက်ရာ ကျန်သည့်စွန်မိသားစုဝင်များနှင့်အတူ ပျောက် ကွယ်သွားတော့သည်။ သည့်နောက် သူတို့က ရေပြင်ကျယ် မြို့၏ စွန်မိသားစုခွဲ အဓိကခန်းမထဲတွင် ပြန်ပေါ်လာကြ သည်။
"ဘယ် စွန်မိသားစုဝင်ကိုမှ ဒီစံအိမ်ရဲ့ ပေတစ်ထောင် အတွင်းကို သွားခွင့် မပြုဘူး။ ဒါကို မနာခံတဲ့လူမှန်သမျှ ကျင့်ကြံမှုအဆင့် ဖျက်စီးခံရပြီး စွန်မိသားစုကနေထုတ်ပယ် ခံရမယ်..."
ခုချိန်ထိ စွန်ချီမင်၏ နှလုံးသားက ခုန်ပေါက်လို့နေသည်။ သူ့နှဖူးထက်၌လည်း အေးစက်စက် ချွေးများဖြင့် ရွှဲနစ်လို့ နေခဲ့ပြီ ဖြစ်သည်။
"သူပဲ အကြည့်တစ်ချက်တည်းနဲ့ အမြုတေကို ပျက်စီး စေနိုင်လိမ့်မယ်..."
စွန်မိသားစုဝင်များက စွန်ချီမင် ခုလိုပုံစံမျိုး ဖြစ်နေသည် ကို လုံးဝ မမြင်တွေ့ခဲ့ဖူးပေ။ သည့်အပြင် စွန်ချီမင်က သူတို့ ကိုပါ ခေါ်၍ အမြန် ပြနန်ဆုတ်လာခဲ့ပေသည်။ ထိုအရာက သူတို့ကို မတုန်လှုပ်မိဘဲ မနေနိုင် ဖြစ်ရ၏။ အစိမ်းရောင် ဝတ်စုံနှင့် အကြီးအကဲက တုန်ယင်စွာ မေးလိုက်သည်။ "မိသားစုခေါင်းဆောင်...သူ..သူက ဘယ်သူလဲ..."
စွန်ချီမင်က အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ "မင်းတို့အားလုံးက သူ့ကိုတောင် သွားရန်စဖို့ သတ္တိသိပ်ရှိခဲ့ ကြတာပေါ့။ မင်းတို့အားလုံး ဒီစီနီယာကို သိသင့်တယ်။ ဘိုး ဘေး ဒီမှာ ရှိနေရင်တောင် သူက ဒီလူ့ကို အလွန်လေးစား သမှု ပြသရလိမ့်မယ်။ ဘာလို့လဲဆိုတော့ စွန်မိသားစု ယနေ့ လို အခြေအနေကို ပိုင်ဆိုင်ထားရတာ အဲ့လူကြောင့် ဖြစ်နေ လို့ပဲ..."
"ဖြစ်နိုင်တာက..ဖြစ်နိုင်တာက သူ…သူဟာ…" အစိမ်း ရောင်ဝတ်စုံနှင့်အကြီးအကဲ၏ စိတ်နှလုံးကာ တုန်ယင်သွား ကာ သူက လူတစ်ယောက်အကြောင်း တွေးမိသွားသည်။စွန်ချီမင်က ထိုအဘိုးအိုကို ကြည့်၍ ခေါင်းညိတ်ပြလိုက် သည်။
ချက်ခြင်းပင် စွန်မိသားစုဝင်တိုင်း၏ မျက်နှာက သေ လောက်အောင် ဖြူရောသွားကြတော့သည်။
"ဒီတစ်ခါပဲ ဖြစ်ပါစေ..." ဤစကားစုက သူတို့၏ စိတ် ထဲ၌ နစ်မြုပ်နေတော့သည်။
ခရမ်းရောင်ဝတ်စုံနှင့်လူငယ်ပင်
တစ်ခုခုကို သဘောပေါက်သွားသည်။သူက ခဏတာ စဉ်းစားကြည့် လိုက်ပြီးနောက် သူ့အသွင်က အလွန်ရုပ်စိုးလို့သွားချေ သည်။သူက မိသားစုယဉ်တန်းမှ အကြီးအကဲကို သည် နေရာတွင် နေခဲ့လိုကြောင်း ပြောခဲ့သည့်အချိန်ကို ပြန် အမှတ်ရသွားသည်။ထိုအကြီးအကဲက သူ့ကို သည် ရွင်ယွမ် ဂြိုဟ်ပေါ်တွင် ရန်စစော်ကားလို့ မရသည့် တစ်ဦးတည်း သောသူ အကြောင်းကို ပြောပြခဲ့ပေသည်။ထိုလူကတော့ ရှု မူ(ဝမ်လင်း)ပင်။ ဟွမ်မိသားကို သိမ်းကြုံးတိုက်ခိုက်ခဲ့သော သူ။ ချမ်နှင့်ရှုမိသားစုတို့ကိုပါ ဝင်မပါဝံ့အောင် ပြုလုပ်စေခဲ့ သောာသူ။ ထိုသူကတော့ ရှုမူပင် ဖြစ်လေ၏။
ရှုမူ ဆိုသည့် နာမည်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်း၏ မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က ပျံ့နှံ့သွားခဲ့ပြီး ဖြစ်သည်။တကယ်တော့ ဟွမ်မိသားစုအိမ်တော်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲက အလွန် တုန်လှုပ်စရာ ကောင်းခဲ့ပေသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများပင် ထိုတိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်း ပုံကို ခံစားမိလိုက်ကြသည်ဟုပင် ပြော၍ ရ၏။
ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ယွမ်ဝူဖန်က စွန် မိသားစုအိမ်တော်မှ သူ့အခန်းရှိရာသို့ ပြန်လာခဲ့တော့သည်။ ချင်ရီကလည်း သူ့အခန်းထဲတွင် ဖြူ ရောသော အသွင်နှင့် ထိုင်လျက် ရှိနေသည်။ သူမ ကျင့်ကြံမှုက ချိပ်ပိတ်ထားခံရ တာ ဖြစ်သည့်အတွက် အခု သူမက သေမျိုးတစ်ယောက်လို သာ ဖြစ်နေသည်။ စွန်မိသားစုမှ နှင်ထုတ်ခံလိုက်ရပြီး သည့်နောက် သူမက အဖမ်းခံလိုက်ရက သည်နေရာသို့ ခေါ် ဆောင်ခံလာရခြင်း ဖြစ်သည်။
ယွမ်ဝူဖန်က သူ့အခန်းသို့ ပြန်ရောက်လာပြီးနောက်တွင် လည်း ချင်ရီနှင့် ပတ်သတ်၍ စိတ်မဝင်စားနိုင် ဖြစ် နေသည်။သူက ဖယောင်းတိုင်တစ်တိုင်ကို ငေးမောကြည့် နေမိသည်။သူ့စိတ်ထဲ၌ နောင်တတို့နှင့် ပြည့်လို့နေသည်။
ချင်ရီက ယွမ်ဝူဖန်ကို စူးစိုက်ကြည့်နေ၏။ သူမ မျက်လုံး များကလည်း အေးစက်လို့နေသည်။
"ဒါက နင့်ကြောင့်ပဲ။ နင့်ကြောင့်သာ မဟုတ်ရင် ငါက လည်း ရှုမူရဲ့ သားကို သွားပြီး ရန်စမိမှာ မဟုတ်ဘူး။ ဒါတွေ အားလုံးက နင့်ကြောင့်ပဲ..."
ထိုသို့ပြောလိုက်ရင်း ယွမ်ဝူဖန်က ရုတ်တရက် ခေါင်းလှ ည်ကာ ချင်ရီထံသို့ စူးစိုက်ကြည့်လိုက်သည်။
ချင်ရီက စကားမဆိုပေ။သို့သော် သူမမျက်လုံးများကတော့ အေးစက်လို့နေ၏။သို့ရာတွင် ချက်ခြင်းပင် သူမ မျက်လုံးများက ဆက်ခနဲ ပြူးကျယ်သွားကာ ယွမ်ဝူဖန် နောက်သို့ စူးစိုက်ကြည့်လိုက်မိသည်။ သူမက မယုံကြည် နိုင်ဟန် ဖြစ်နေသည်။
ယွမ်ဝူဖန်ကလည်း မှင်သက်သွားသည်။သူက နောက် လှည့်၍ ကြည့်လိုက်ရာ သူ့အမြင်က ဝေဝါးသွားကာ အ မှောင်အတိ ဖုံး၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား တော့သည်။
ချင်ရီက မြန်ဆန်စွာ မတ်တပ်ထရပ်ကာ လေးစားစွာ ပြောလိုက်၏။ "စီနီယာ..."
ဝမ်လင်းက သူ့အရိပ်ထဲကနေ ထွက်၍ ထိုင်ချလိုက် သည်။ သူက အရက်အိုးတစ်အိုးကို ကိုင်ထားကာ တစ်ငုံ သောက်လိုက်၏။ သည့်နောက် သူက ဖြည်းဖြည်းချင်း ဆို လာသည်။ "နင့် ပါရမီက တော်တော်လေး ကောင်းတယ်။ နင့် သက်တမ်းတစ်ခုကို ဝမ်ဖျင်အတွက် အသုံးပြုပေးပါ။ ငါက နင့်ကို စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံခြင်းကို လက်ဆောင်အဖြစ် ပြန်ပေးမယ်..."
ချင်ရီက တုန်ယင်သွားကာ ဝမ်ဖျင်၏ ပုံရိပ်က သူမစိတ် ထဲ၌ ပေါ်လာခဲ့သည်။သူမ မျက်နှာက နီမြန်းသွားကာ ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
သုံးရက်ကြာမြင့်ပြီးနောက် ဝမ်ဖျင်က စံအိမ်မှ ထွက်ခွာ သွားခဲ့ကာ ချင်ရီကလည်း သူ့နှင့်အတူ လိုက်ပါလို့သွားသည်။
ဝမ်ဖျင်က သူ့စိတ်ကူးအတွေးအကြံများအတွက် ရေပြင် ကျယ်မြို့မှ ထွက်ခွာလာခဲ့ခြင်းပင်။ သူက ပြည့်စုံအေးချမ်း သောဘဝတွင် မနေလိုဘဲ စိတ်လှုပ်ရှားမှုကိုသာ လိုချင်နေခဲ့ သူ ဖြစ်သည်။
ဝမ်လင်းက သူ့နေရာတွင် တစ်ယောက်တည်း ကျန်ရစ် ခဲ့၏။ ဝမ်ဖျင်ထွက်ခွာသွားသည့် ညတွင် သူက အရက် အများကြီး သောက်ပစ်လိုက်သည်။ ပုံမှန်ဆို သူ့ကျင့်ကြံမှု အဆင့်ဖြင့် သူက အများကြီး စိတ်လွတ်ကိုယ်လွတ် သောက် လိမ့်မည် မဟုတ်ပေ။သို့သော် ထိုညတွင်တော့ သူက တစ် ညလုံး သောက်နေခဲ့လေ၏။
ပထမဆုံးအကြိမ်အဖြစ် သူက မည်သည့်မန္တာန်ကိုမှ အသုံးမပြုဘဲ တရပ်လွန် သောက်ခဲ့ခြင်း ဖြစ်ကာ ပို၍ပင် အိုစာသွားသည့်ပုံ ပေါ်နေသည်။
ဘဝက ဆက်လက်၍ ရွှေ့လျားနေသလို အချိန်ကလည်း ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။သုံးနှစ်ဆိုသော အချိန် က မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြန်လေပြီ။
သည်သုံးနှစ်အတွင်း ဝမ်လင်းက ဝမ်ဖျင်အကြောင်း ဘာ မှ မကြားရပေ။ သူက သူ့နတ်ဘုရားအာရုံကို အသုံးပြု၍ ရှာဖွေခြင်းလည်း မပြုပေ။ သူက ဝမ်ဖျင်ကို လွတ်လပ်မှုနှင့် ရွေးချယ်ခွင့် ပေးလိုက်ပြီးကတည်းက သူက ဝမ်ဖျင်ကို တားဆီးတော့မည် မဟုတ်ပေ။သည်သုံးနှစ်အတွင်း ရွင်ယွမ်ဂြိုဟ်၏ မြောက်ပိုင်းတွင် ကလန်တစ်ခု ပေါ်လာခဲ့၏။ ထိုကလန်၏ နာမည်က ကောင်းကင်ဘုံကျောင်း မည်လေသည်။ သည်ကလန်က သေမျိုးများကြားရှိ ကလန်တစ်ခုသာ ဖြစ်၍ ကျင့်ကြံသူများ နှင့် မသက်ဆိုင်ပေ။
ထိုကောင်းကင်ဘုံကျောင်း၏ ဖွံ့ဖြိုးတိုးတက်မှုက တော်တော်လေး မြန်ဆန်လှ၏။ ၎င်းက ရွင်ယွမ်ဂြိုဟ်၏ မြောက်ပိုင်းတစ်ခွင်တွင် တောမီးအလား မြန်ဆန်စွာ ပျံ့နှံ့ ကြီးထွားလာခဲ့ချေသည်။
ကောလဟာလ ဆိုကြသည်က ထိုကျောင်း၏ ခေါင်းဆောင်က အင်မောတယ်တစ်ယောက် ဖြစ်ကာ သူ့ ဘေးတွင် အမျိုးသမီးတစ်ယောက် အမြဲ ရှိသည် ဟူ၍ပင်။
နောက်ထပ် ခုနစ်နှစ် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။
ခုချိန်တွင် ဝမ်လင်းက ပို၍ပင် အိုစာလာသည်ဟု ထင် ရ၏။
ကောင်းကင်ဘုံကျောင်းကတော့ ဆက်ကာဆက်ကာ ဖွံ့ဖြိုး တိုးတက်လာခဲ့သည်။ သည်နှစ် ဆောင်ဦးရာသီတွင် ဆောင်းဦးလေ တိုက်ခတ်နေသည့်အောက်တွင်ပင် ဝမ် လင်းက သေမျိုးတစ်ယောက်ကဲ့သို့ သူ့အိမ်ကနေ သိပ်မဝေး သော ဘုံဆိုင်သို့ လမ်းလျှောက် ထွက်လာခဲ့သည်။ သည့်နောက်သူက ထိုဆိုင်လေးတွင် ငြိမ်သက်စွာ အရက် ထိုင်သောက်နေတက်သည်။ သူ့မျက်လုံးများကလည်း မှုန်ရီလို့နေ၏။ သူက ပြတင်းပေါက်ကနေ တစ်စုံတစ်ယောက်ကို စောင့်မျှော်နေသကဲ့သို့ တိတ်တဆိတ် ငေးမောလို့နေလေ သည်။
ဘုံဆိုင်ထဲမှ စားပွဲထိုးလေးက ထိုအဘိုးအိုနှင့် ပတ် တတ်၍ အသားကျနေခဲ့ပြီ ဖြစ်သည်။ သူက အရက်အိုးနှင့် အစားအသောက်များကို ယူဆောင်လာပေးပြီးနောက် အခြား ဖောက်သည်များကို ဝန်ဆောင်မှု ပေးရန် ပြန်ထွက် လို့သွားသည်။
တစ်ဖြည်းဖြည်းဖြင့် ဆိုင်ထဲသို့ လူများပိုပို ရောက်လာကြ ကာ ဘုံဆိုင်ထဲ၌ ဆူညံ အသက်ဝင်လို့နေလေသည်။
"မင်း...ရွင်ယွမ်ဂြိုဟ်ရဲ့ နေရာတော်တော်များကို သိမ်းပိုက်လိုက်တဲ့ ကောင်းကင်ဘုံကျောင်းရဲ့ အကြောင်းကို ကြားသိပြီးပြီးလား။ ဒီကလန်က အင်ပါယာသုံးခုမှာတောင် နံပါတစ်ကလန် ဖြစ်လာပြီတဲ့..."
"ဟားဟား...ငါတို့ ရေပြင်ကျယ်မြို့ကလည်း ဒီ ကောင်းကင်ဘုံကျောင်းရဲ့ ကလန်ခွဲတစ်ခုပဲလေ...။လွန်ခဲ့ တဲ့ ရက်အနည်းငယ်ကတောင် ငါ အဲ့ ကောင်းကင်ဘုံ ကျောင်းရဲ့ ကလန်ခွဲကို သွားကြည့်ခဲ့သေးတယ်.."
"ငါ့အိမ်နီးနားချင်း ကျောက်အာကလည်း ကောင်းကင်ဘုံကျောင်းရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲလေ.."
"တာချင်၊တာရှန်နဲ့ ချမ်ယွမ်က ကြီးကျယ်တဲ့ အင်ပါယာ သုံးယောက် ဖြစ်ကြတယ်။ ပြောကြတာက မြောက်ပိုင်းအင်ပါယာ တာရှန်က သူ့မြို့သူမြို့သားတွေကိုတောင် ကောင်းကင်ဘုံကျောင်းရဲ့ သင်ကြားမှုကို လက်ခံစေခဲ့တယ် လို ဆိုတယ်..."
"ငါကတော့ ကောင်းကင်ဘုံကျောင်းရဲ့ ခေါင်းဆောင်နဲ့ သူ့နောက်က အမြဲလိုက်ပါနေတဲ့ အမျိုးသမီး အကြောင်း ပို ပြီးတော့တောင် စိတ်ဝင်စားနေမိတယ်..."
အရက်ဆက်၍ ဝမ်လင်းက တည်တည်ငြိမ်ငြိမ်ပင် သောက်နေသည်။ ဆိုင်ထဲရှိ ကြားနေရသည့် သတင်းစကား များက သူနှင့် လုံးဝ မသက်ဆိုင်သည့်အလားပင်။ သူက အကွာအဝေးတစ်ခုထံသို့သာ ငေးမောကြည့်လို့နေသည်။ သည့်နောက် သူက တက်ကြွမှုနှင့် ပြည့်နေသော သက်လတ်ပိုင်းအရွယ် ဝမ်ဖျင်ကို ထွင်းဖောက် တွေ့မြင်နေ ရသည့်အလား ကြည့်လို့နေလေသည်။
အချိန် တိုက်စားမှု
ရွင်ယွမ်ဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် တာရှန်အင်ပါ ယာမြို့တော် တည်ရှိသည်။ လူတစ်ယောက်က ခမ်းနား ကြီးကျယ်သော နန်းတော်ထဲ၌ ထိုင်လို့ နေ၏။ ထိုလူက အသက်လေးဆယ်ခန့် ရှိကာ ဆံပင်ဖြူအနည်းငယ် ရှိလို့ နေသည်။ထိုသူက ဓားတစ်လက်လို ဖြောင့်စင်းနေသော မျက်ခုံးမွှေးများပိုင်ဆိုင်ထားကာ တောက်ပသောမျက်ဝန်း တစ်စုံကိုလည်း ရှိ၏။
ထိုလူက အလွန်ချောမောလှကာ အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ထံမှ မြင့်မြတ်ထည်ဝါသော အော် ရာတစ်ခု ထွက်ပေါ်လို့နေ၏။
သူ့ရှေ့ရှိ စားပွဲပေါ်တွင်တော့ မြေပုံတစ်ခု ဖြန့်ခင်းလို့ ထားသည်။ သူက မြေပုံကို ကြည့်၍ စဉ်းစားတွေးတောလို့ နေသည်။ အချိန်အတန်ကြာပြီးနောက် သူ့အကြည့်ကို ပြန် ရုတ်သိမ်းလိုက်လေသည်။
ညနက်နေပြီ ဖြစ်ကာ လရောင်က ကမ္ဘာမြေပေါ်သို့ ပက်ဖြန်းလို့နေ၏။ ထိုလူက တိတ်ဆိတ်စွာ တွေးတောနေရင်း မတ်တပ်ထရပ်၍ နန်းတော်ထဲကနေ ထွက်လာခဲ့သည်။ သူက လရောင်ခြုံလွှမ်းထားသည့် ကမ္ဘာမြေကို ငေးကြည့် နေရင်း သက်ပြင်းယဲ့ယဲ့ချလိုက်သည်။
"အဖေက ခု ဒီကမ္ဘာကြီးကို စောင့်ကြည့်နေမလား ငါ သိချင်မိတယ်..."
သူ့နောက်တွင် ခရမ်းရောင်ခြုံထည်တစ်ခုက ရိုက်ခတ် လာ၏။ သူက လက်မြှောက်ကာ သူ့ပခုံးပေါ်သို့ နောက်ပြန် ကျော်၍ ထိုခြုံလွှာကို ကိုင်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ "ခုထိ မအိပ်သေးဘူးလား..."
သူ့နောက်တွင် အမျိုးသမီး တစ်ယောက် ပေါ်လာခဲ့သည်။ ထိုအမျိုးသမီးကလည်း အလွန်လှကာ သူမက အသက်အရွယ် ရနေပြီ ဖြစ်သော်လည်း အိုမင်းသည့်ပုံ မ ပေါ်သေးပေ။ သူမက ရင့်ကျက်သောအော်ရာ တစ်ခုကို ပေး စွမ်းလို့နေသည်။
ထိုအမျိုးသမီးက သူ့ဘေးရှိ ယောက်ျားကို ကြည့်လိုက် သည်။ သူ့အကြည့်ထဲ၌ အကြင်နာများ ပြည့်လို့နေသည်။ သူမက နူးညံ့စွာ ဆိုလိုက်သည်။ "ဒီညလေက အေးတယ်.. စောစောအနားယူတော့လေ…"
အမျိုးသားက အမျိုးသမီး၏ လက်ကို ဆုပ်ကိုင်၍ ကောင်းကင်ထက်ရှိ လမင်းကို မော့ကြည့်ရင်း ဖြည်းဖြည်း ချင်း ပြောလိုက်သည်။ “ချင်ရီ..ငါတို့အဖေက ခုချိန်မှာ ဘာလုပ်နေမယ်လို့ ထင်လဲ..."
ချင်ရီမျက်နှာက နီမြန်းသွားသည်။သူမက သည် ယောက်ျားနှင့် နှစ်ပေါင်းများစွာ အတူ ရှိနေခဲ့ကာ သူက သူမကို သူ့အဖေနှင့် သဘောတူထားသည့် အကြောင်းကို လည်း ပြောပြထားခဲ့ပေသည်။ သူတို့က အချိန်အများစုကို အတူရှိနေသည့်အတွက် တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များကလည်း တိုးပွားလာခဲ့ပေသည်။သို့သော် သည်အခိုက်အတန့်၌ သူမမျက်နှာက မိန်းမပျိုလေးတစ် ယောက်ကဲ့သို့ ရှက်သွေးဖြာ နီမြန်းသွားနေဆဲ ဖြစ် နေသည်။
ချင်ရီက နူးညံ့စွာပြောလိုက်သည်။ "ဒါက နင့်အဖေပဲဟာကို
ချင်ရီလက်ကို ဆွဲကိုင်ထားသည့် ထိုယောက်ျားသားက ရယ်မောကာ ပြောလိုက်၏။ "ငါ့အဖေကလည်း နင့်အဖေပဲပေါ့
ချင်ရီ၏ နှလုံးသားက ချိုမြသွားသည်။သူမက ထိုယော က်ျာသားနှင့်အတူ လမင်းကို ကြည့်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။ "အဖေက အနားယူနေမှာပေါ့..."
ထိုလူ၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သွားကာ သူက ခေါင်းယမ်း၍ ပြောလိုက်သည်။ "ငါ ကတော့ ခုချိန်မှာ အဖေ ငါ့ကို ကြည့်နေလိမ့်မယ်လို့ ခံစားမိနေတယ်..."ရေပြင်ကျယ်မြို့ ဝမ်စံအိမ်ထဲ၌ ဝမ်လင်းက သူ့အကြည့် ကို အကာအဝေးတစ်ခုကနေ ပြန်ရုတ်သိမ်းလိုက်သည်။ သူက ခြံဝန်းထဲရှိ အပင်တစ်ပင် အောက်တွင် ထိုင်နေကာ ဆောင်းလေပြေနှင့်အတူ သစ်ရွက်များ၏ တလှုပ်လှုပ်အသံ ကို နားဆင်လို့နေသည်။
သစ်ရွက်ကြွေများက ဖြည်းဖြည်းချင်း လေအဝှေ့တွင် အပင်ခြေရင်းသို့ သက်ဆင်းသွားကြသည်။
အချိန်ကလည်း သည်လိုနှင့် တိတ်တဆိတ် ကုန်ဆုံးသွား ခဲ့ပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ငါး နှစ်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ကောင်းကင်ဘုံကျောင်းကလည်း အလွန်ကြီးမားလာကာ အင်ပါယာသုံးခုလုံးတွင် လွှမ်းခြုံလာခဲ့ပြီး ရွင်ယွမ်ဂြိုဟ်အနှံ့ သို့ ဖြန့်ထွက်လျက် ရှိနေတော့သည်။ သည်အရာက ထို အတိုင်း အေးအေးဆေးဆေး ဖြစ်နေလျှင် တော်သေးပေ၏။ သို့သော် လွန်ခဲ့သောသုံးနှစ်က တာရှန်အင်ပါယာတွင် ပြောင်းလဲမှု တစ်ခု ဖြစ်သွားခဲ့သည်။သူတို့က ကောင်းကင်ဘုံကျောင်းကို စတင်၍ ဖျက်စီးရန် ကြံစည်ကာ တပ်သားတော်တော်များများကိုပင် ထိုကလန်သို့ စေလွှတ်ခဲ့ သေးသည်။
ထိုရုတ်တရက်ပြောင်းလဲမှုက ဆီပူပူတွင် ရေလောင်းချ လိုက်သကဲ့သို ဖြစ်သွားစေ၏။ သည်ပြောင်းလဲမှုက သေမျိုး ကမ္ဘာကို ဗြောင်းဆန်သွားစေခဲ့သည်။ကောင်းကင်ဘုံကျောင်း၏ တုန့်ပြန်မှုက ကြမ်းတမ်း လှ၏။ လဝက်ဆိုသော အချိန်မျှဖြင့်ပင် သူတို့က တာရှန် အင်ပါယာ၏ စစ်တပ်ကို သွေးမစွန်းစေဘဲ ထိန်းချုပ်နိုင် စွမ်း ရှိခဲ့ပေသည်။ တာရှန်အင်ပါယာ၏ လူဆယ်ယောက် တွင် ခြောက်ယောက်၊ခုနစ်ယောက်က ကောင်းကင်ဘုံ ကျောင်း၏ နောက်လိုက်များ ဖြစ်နေခဲ့သည် မဟုတ်လား။
ထိုအဖြစ်က လူတိုင်း၏ စိတ်ကို တုန်လှုပ်သွားစေခဲ့ပေ သည်။
တာချင်အင်ပါယာနှင့်ချမ်ယွမ်အင်ပါယာတို့က မဆင်မ ခြင် မလှုပ်ရှားဝံ့တော့ပေ။ သူတို့က ကောင်းကင်ဘုံကျောင်း သို့ တမန်စေလွှတ်၍ တစ်ဘက်နှင့်တစ်ဘက် မကျူးကျော် ကြေးကိုပင် သဘောတူ လက်မှတ် ထိုးခဲ့ကြပေသည်။
တာရှန်အင်ပါယာက ဆက်လက်၍ မတည်ရှိတော့ဘဲ ထို နေရာတွင် ကောင်းကင်ဘုံအင်ပါယာ လို့ခေါ်တွင်သည့် အင် ပါယာတစ်ခုက အစားထိုးသွားခဲ့တော့သည်။
ကောင်းကင်ဘုံအင်ပါယာမြို့တော်ထဲ၌ ဝမ်ဖျင်က နဂါး ဝတ်ရုံကိုဝတ်ဆင်ထား၏။ သူ့ဘေးတွင် ချင်ရီက အတူရှိလို့ နေသည်။
ကောင်းကင်ဘုံအင်ပါယာ၏ အမှူထမ်းများက သူတို့၏ အင်ပါယာအသစ်ကို မော့ကြည့်နေကြ၏။ သူတို့က သည် လူ့ကို ဖြတ်၍ မြင်နိုင်စွမ်း မရှိပေ။
ဝမ်ဖျင်က သူ့အောက်ရှိ လူများကို လွှမ်းခြုံကြည့်လိုက်ရင်း သူ့အကြည့်က အကွာအဝေးတစ်ခုသို့ ကျရောက် သွား၏။
သေမျိုးကမ္ဘာမှ တာရှန်အင်ပါယာ၏ အဖြစ်အပျက်က ရွ င်ယွမ်ဂြိုဟ်မှ ကျင့်ကြံသူများကိုပင် စိတ်ဝင်သွားစေခဲ့သည်။ သူတို့က ကြားဝင်ပတ်သတ်မည့် အရိပ်အယောင်များပင် ပြသလာခဲ့ကြ၏။
ဝမ်လင်းဘဝကတော့ ရေပြင်အလား တည်ငြိမ်လျက် ရှိလို့နေသည်။ သူ့မျက်နှာကတော့ ပို၍ အိုစာသွားခဲ့၏။ သည် နှစ်က ကောင်းကင်ဘုံအင်ပါယာ ကြေငြာပြီးသည့် ငါး နှစ်မြောက်နှစ် ဖြစ်သည်။
တာချင်အင်ပါယာနှင့်ချမ်ယွမ်အင်ပါယာတို့က သူတို့၏ သဘောတူညီမှုကို ချိုးဖောက်ကာ ကောင်းကင်ဘုံအင်ပါ ယာပေါ်သို့ တိုက်ခိုက်လာကြသည်။
ဝမ်လင်းက ထိုကိစ္စများနှင့် ပတ်သတ်၍ လုံးဝ အာရုံထဲ တွင် မရှိပေ။သူက နေ့စဉ်နေ့တိုင်း ဘုံဆိုင်တွင်ထိုင်ကာ လူအများ အင်ပါယာသုံးခုအကြောင်း ပြောကြသည့် သတင်းစကားများကိုသာ နားထောင်နေခဲ့သည်။သူက ထိုသို့ နားထောင်နေရင်း တိတ်တဆိတ်သာ အရက်သောက် နေခဲ့ကာ စကားတစ်ခွန်းမှ ဝင်မဆိုခဲ့ပေ။
အတိတ်တုန်းက စားပွဲထိုးလေးက သူ့ဆွေးမျိုးများဆီက နေ ပိုက်ဆံချေး၍ သည်ဆိုင်ကို ဝယ်ယူခဲ့ပေသည်။ ထို့ကြောင့် ခု သူက ပိုင်ရှင်အသစ် ဖြစ်နေလေပြီ။ စားပွဲထိုးအသစ်ပင် ဝမ်လင်းနှင့် ရင်းနှီးလို့နေသည်။ ဝမ်လင်း ရောက်လာသည်နှင့် သူက အရက်နှင်အစားအသောက်များ ကို လာချပေးပြီးသားပင်။
ထိုစားပွဲထိုးလေးက ကြင်နာတက်သည့်ပုံပင်။ သူက အစားအသောက်နှင့်အရက်အိုးကို ချပေးလိုက်ပြီးနောက် ဂရုတစိုက် ပြောလာ၏။ "သင်က အသက်ကြီးနေပြီနော်... လျော့သောက်တာ အကောင်းဆုံးပဲ…"
ဝမ်လင်းက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ "ဒီနေ့ ငါက တစ်အိုးပဲ သောက်မှာပါ..."
စားပွဲထိုးက ပြုံး၍ အခြားဖောက်သည်များရှိ နှုတ်ဆက် ရန် ရောက်သွား၏။ သူက အားသွားသည်နှင့် တံခါးပေါက် ကို မှီကာ ဝမ်လင်းကို ကြည့်၍ သက်ပြင်းချတက်ပေသည်။ "ဒီလူအိုကြီးဝမ်ရဲ့ ဘဝက ခါးသီးတာပဲ။ သူက ဒီလောက် အသက်ကြီးနေပြီ သူနဲ့အတူ နေပေးမဲ့ သားသမီးလည်း မရှိ:..."ဘူး.
သူ့နောက်မှ ငွေသိမ်းက ရုတ်တရက် ခေါင်းယမ်းကာ ပြောလိုက်၏။ "ငါ သူ့အိမ်က အစေခံမိန်းကလေးဆီက ကြားတာကတော့ သူ့မှာ သားတစ်ယောက် ရှိခဲ့တယ်တဲ့။ ဒါပေမဲ့လည်း သူ့သားက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ကတည်းက အိမ်ကနေ ထွက်သွားခဲ့ပြီး ဘယ်တော့မှ ပြန်မ လာခဲ့ဘူး...
ဝမ်လင်းက အရက်အိုးကို ကိုင်ကာ တစ်ကျိုက်မော့သောက်လိုက်သည်။ သူ့အကြည့်က ပြင်တင်းပေါက် အပြင် ဘက်သို့ ကျရောက်နေက သူက တစ်နေကုန် ထိုင်နေခဲ့ သည်။
မှောင်ရီပျိုးလာချိန်၌ ထိုဘုံဆိုင်သို့ အစေခံအိုများ ရောက်လာကြသည်။သူတို့က သူတို့၏ သခင်က အသက်ကြီးရင့်နေပြီ ဖြစ်ကာ အများကြီး မသောက်သင့် တော့ဟု တွေးနေသည်။ သူက မသောက်လျှင် အဆင်ပြေဦး မည် ဖြစ်သော်လည်း သောက်ပြီးသည့်နောက်တွင်တော့ သူ နှင့်အတူတူ တစ်ယောက်ယောက် ရှိနေပေးရပေမည်။ မဟုတ်လျှင် သူတို့က သူတို့သခင် မှောက်၍ ဒဏ်ရာရသွား မည်ကို စိုးရိမ်နေကြသည်။ထို့ကြောင့် သူတို့က ဘုံဆိုင်သို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ဝမ်လင်းနှင့်သူ့အစေခံများက လရောင်အောက်၌ အိမ်သို့ ပြန်လာကြသည်။ စံအိမ်ကြီးက ဗလာကင်းမဲ့နေကာ မည် သည့်အလင်းရောင်မှ မရှိသကဲ့သို့ မှိန်ဖျော့လို့နေ၏။
အစေခံအိုများကို ထွက်သွားဖို့ ပြောလိုက်ပြီးနောက် ဝမ် လင်းက ခြံဝန်းထဲတွင် ထိုင်နေကာ ကောင်းကင်ထက်သို့ မော့ကြည့်၍ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ "အချိန်တွေ ကုန်တာ မြန်လိုက်တာ။ ဖျင်အာက ခုဆို အသက် လေး ဆယ့်ခုနစ်နှစ် ရှိပြီပဲ။ ကြည့်ရတာ သူက သူကိုယ်သူနဲ့ ပတ် သတ်ပြီး သဲလွန်စအချို့ ရှာတွေ့နေလောက်ပြီ ထင်တယ်..."
အင်ပါယာသုံးခုကြားမှ တိုက်ပွဲသည် ကြီးမားလာခဲ့သည်။ သို့သော် ကျင့်ကြံသူများ ကြားဝင်မှုကြောင့် လူအ များ မမျှော်လင့်ထားသည့် အဖြစ်အပျက်များကို ပြောင်းလဲ သွားစေခဲ့သည်။သို့ရာတွင် သည်အရာများအားလုံးကလည်း ကောင်းကင်ဘုံအင်ပါယာကိုယ်တိုင်ကိုယ်ကျ ထွက်လာ သည့် အခါတွင်တော့ တစ်ဖန် ပြောင်းလဲသွားခဲ့ရပြန်သည်။
ထိုကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်က မည်မျှဖြစ် နေပါစေ သူတို့က သူ့ရှေ့တွင် နောက်ဆုတ်သွားရသည်သာ ဖြစ်သည်။ဤသို့ဖြင့် တစ်ဖြည်းဖြည်း ကျင့်ကြံသူများ၏ ကြားဝင်မှုကလည်း မရှိတော့ပေ။
ဝမ်ဖျင်က စစ်တပ်ထဲရှိ ရွှေရောင်ရွက်ဖျက်တဲထဲတွင် ထိပ်ဆုံး၌ ထိုင်လို့နေသည်။သည့်နောက်သူက ညွှန်ကြားချက်အနည်းငယ် ပေးလိုက်ပြီးနောက် တဲထဲက နေ လမ်းလျှောက်ထွက်လာ၏။ သူ့အကြည့်က သူ့ရှေ့မှ တပ်သားများကို ကျော်လွန်ကာ အကွာအဝေးတစ်ခုရှိ ချီလျ န်တောင် ရှိရာသို့ ကျရောက်သွားသည်။
ဝမ်ဖျင်မျက်နှာကလည်း အနည်းငယ် ပို၍ အသက်ကြီး ရင့်လာသည့်ပုံ ပေါက်လာ၏။ သူက သေမျိုးများကြားတွင် အနှိုင်းမဲ့အုပ်ချုပ်သူတစ်ယောက် ဖြစ်လာပြီးနောက်လည်း သူ့ဘဝတွင် များစွာ ပျော်ရွှင်မှု ရှိမနေခဲ့ပေ။သူ့စိတ်က ပင်ပန်းနွမ်းနယ်နေကာ စိုးရိမ်လို့သာ နေခဲ့သည်။
ရုတ်တရက် သူက ကလေးဘဝ ဆယ့်ကိုးနှစ်ဆိုသော အချိန်ကာလကို ပြန်အောက်မေ့သွားသည်။သူက ချီလျန်တောင်ကို ကြည့်နေရင်း တွေးနေစဉ် ချင်ရီ ကလည်း တဲထဲကနေ လှမ်းထွက်လာ၏။ သူမက ဝမ်ဖျင် ဘေးနားတွင် ရပ်ကာ နူးညံ့စွာ ပြောလိုက်၏။ "ဒါက နင် ကြီးပြင်းခဲ့တဲ့ နေရာလို့ ပြောခဲ့တယ်နော်။ နင် တစ်ခေါက် လောက် သွားမကြည့်ချင်ဘူးလား..."
ဝမ်ဖျင်က သက်ပြင်းချကာ ဆိုသည်။ "သွားကြည့်ကြတာပေါ့.
တပ်ကြပ်တစ်ချိုနှင့်အတူ ဝမ်လင်းတို့က ချီလျန်တောင် ရှိရာသို့ လမ်းလျှောက်၍ သွားကြသည်။ သူက ပတ်ဝန်းကျင်ကို လှည့်လည် ကြည့်နေမိသည်။ သည်မ ရင်းနှီးတော့သော ပတ်ဝန်းကျင်အနေထားက သူ့ကို ရင်းနှီး သလိုအာရုံကို ပေးစွမ်းနေခဲ့၏။
သည့်နောက် အကွာအဝေးတစ်ခုတွင် ပြိုလဲသောလ ကျေးရွာက သူ့မြင်ကွင်းတွင် ပေါ်ထွက်လာချေ၏။
သူတို့က ရွာနှင့် နီးကပ်လာသည့်အခါ တပ်သားများ ကြောင့် ရွာထဲကနေ ခွေးဟောင်သံများ ထွက်ပေါ်လာခဲ့ သည်။ သည် စစ်မက် ဖြစ်ပွားနေသည့် ကဗြောင်းကဗျန် ဖြစ်နေသော အချိန်အတောအတွင်း ပြိုလဲသောလကျွေးရွာ ရှိ ရွာသားများက နိုးနိုးကြားကြား သတိရှိနေကြ၏။ ခွေး ဟောင်သံ ကြားသည်နှင့် သူတို့က ချက်ခြင်း ထလာကာ လက်နက်တန်ဆာပလာများနှင့် မီးအိမ်များကို ယူဆောင် လာကြသည်။သူတို့က သိပ်မဝေးသောနေရာတွင် ချပ်ဝတ်အပြည့်အစုံနှင့် တပ်သားများနှင့်အတူ သာမန်မြို့သူမြို့သား လို ဝတ်ဆင်ထားသည် ယောက်ျားသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ကို တွေ့မြင်သွားကြသည်။
ရွာသားများ၏ ရန်လိုသော အကြည့်ကို ရင်ဆိုင်ရင်း ဝမ် ဖျင်ကမည်သည့်စကားတစ်ခွန်းမှ မဆိုပေ။ သူက ရွာသား များကို စူးစိုက်ကြည့်လိုက်ရင်း ထိုသူများထဲမှ တစ်ယောက် ကိုမျှ မမှတ်မိဘဲ ဖြစ်နေသည်။
သူ့မျက်နှာထက်၌ ခါးသီးမှုတို့ ထွက်ပေါ်လာသည်။ အချိန်က သံစဉ်တစ်ပုဒ်အလား နှစ်ပေါင်းများစွာ ဖျပ်ခနဲ ကုန်သွားခဲ့ပြီ မလား။ သူက အတိတ်တုန်းက သူနှင့် ရင်းနှီး ခဲ့သော လူများကို မသိနိုင်ဘဲ ဖြစ်လို့နေ၏။ အကြောင်း ကတော့ ထိုသူများကလည်း များစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင်နှစ်သုံးဆယ်ဆိုသော ကာလတွင် မွေးဖွားလိုက်၊ သေဆုံးလိုက် ဖြစ်စဉ်က ဘယ်နှစ်ကြိမ်လောက် ဖြစ်ပြီးသွား မှန်းလည်း သူ မသိတော့ပေ။
"တောင်အနောက်ကိုသွားကြစို့။ အဲ့နေရာမှာ ဘိုးဘိုးစွန် ကို မြှုပ်နှံ့ပေးထားတယ်..."
ချင်ရီက သက်ပြင်းချင ဝမ်လင်းနှင့် ရှေ့ကနေ ဦးဆောင် သွား၏။ သူတို့ရှေ့ရှိ ရွာသားများက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြည်းဖြည်းချင်း လမ်းဖယ်ပေးလိုက်ကြသည်။
သည်အခိုက်မှာပင်
မသေမချာနှင့်
ပြည့်နေသောအားနည်းသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။
"ဝမ်ဖျင်..."
ဝမ်ဖျင်က ခြေလှမ်းရပ်သွားသည်။သည့်နောက် သူက နောက်လှည့်ကြည့်လိုက်ရာ သူ့အကြည့်က ရွာသူတစ် ယောက်ပေါ်သို့ ကျရောက်သွား၏။သူမက အသက်လေး ဆယ်ခန့် ရှိမည် ဖြစ်သည်။ ထိုအမျိုးသမီးက အနည်းငယ် အသက်ကြီးရင့်သွားပြီ ဖြစ်သော်လည်း ဝမ်ဖျင် အမြင်တွင် တော့ သူမကို "ငါ နင့်ကို မုန်းတယ်" လို့ ပြောခဲ့သော မိန်းကလေးအဖြစ် မြင်ယောင်မိသွားပေသည်။
ထိုအချိန်မှာပင် ယွမ်ရှိဂြိုဟ်နှင့် အလွန်နီးသော နေရာ တွင် လောဘကြီးက ကြယ်ပျံတစ်စင်းအလား ရွှေ့လျားလို့ နေ၏။ သူက ယွမ်ရှဂြိုဟ်ကို ကြည့်လိုက်ရာ သူ့မျက်လုံး ထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ငါက မြောက်ပိုင်းနယ်မြေထဲ ဝင်လာတာနဲ့ ဒီနေရာမှာ ရတနာရှိတယ်ဆိုတဲ့ အရိပ်အမြွက်ကို ရခဲ့ပြီး အဲ့အော်ရာ အတိုင်း လိုက်လာခဲ့တာ။ ဒါက မှားစရာမရှိဘူး။ ဒီ သိပ်သည်းတဲ့မြူတွေက ဒီရတနာရဲ့ အလင်းကို ဖုံးအုပ်ထား တာပဲ ဖြစ်ရမယ်..."
"ဒါပေမဲ့လည်း ဒီဂြိုဟ်က နည်းနည်းတော့ ထူးဆန်းနေ တယ်..."
လောဘကြီးက ယွမ်ရှဂြိုဟ်ကို အနည်းငယ် စူးစိုက် ကြည့်နေ၏။ ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူက ယင်းဂြိုဟ်ရှိရာသို့ ပျံသန်းလာခဲ့တော့သည်။ သူ့တစ်ဘဝလုံးတွင် သူက ရတနာမရှိသည့် မည်သည့်နေရာကိုမှ မသွားခဲ့ဖူးပေ။ သူက ရတနာများ တည်ရှိသည့်နေရာနှင့် ပတ်တတ်၍ ကြောက်မက်ဖွယ်ကောင်းလောက်သော အလိုလို သိစိတ်ရှိနေသည့်သူ ဖြစ်သည်။
သူက နီးကပ်လာသည်နှင့် သူ့နှလုံးခုန်သံကလည်း ပိုမြန် လာသည်။ သူ့အကြည့်ကလည်း ပို၍ တောက်ပလာလေ၏။
"ငါက ဒီနေရာမှာ ငါ ဧရာမမီးပြင်းဖို ရတနာကို ရခဲ့ချိန် တုန်းကလို ခံစားချက်ကို ရနေတယ်။ ဒီနေရာမှာများ ဒီ ဧရာမမီးပြင်းဖိုနဲ့ ယှဉ်နိုင်တဲ့ ရတနာတစ်ခု ရှိနေတာများ လား..."
သည်အခိုက်အတန့်၌ သူက ဝမ်လင်းနှင့်ပတ်သတ်၍ ၊ သူ့ ခန္ဓာကိုယ်ပေါ်ရှိ အတားအဆီးများနှင့် ပတ်သတ်၍ပင် လုံး ဝ မေ့သွားခဲ့ပေသည်။
သူက အံတင်းတင်းကြိတ်ကာ သိုလှောင်အိတ်ကို ပုတ် လိုက်ရာ သူ့ရှေ့တွင် ဧရာမမီးပြင်းဖို တစ်ခု ပေါ်ထွက် လာ၏။ သူက ယင်းမီးပြင်းဖိုကို အသုံးပြုကာ လမ်းကြောင်းတစ်ခု ရှင်းလင်း၍ မြူများကြားသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
"ဒီအဘိုးအိုက ဒါဟာ ဘယ်လိုရတနာမျိုးလဲဆိုတာ ကြည့်ကြည့်ရမယ်..."
လောဘကြီးက လျှာသပ်မိလိုက်လေ၏။
သက်လတ်ပိုင်း အမျိုးသမီးက ခပ်တိုးတိုး ပြောလာ သည်။ "ဝမ်ဖျင်..ဒါက နင်ပဲကို..."
ဝမ်ဖျင်က ထိုအမျိုးသမီးထံသို့ လျှောက်သွားကာ ပြုံး၍ ဆိုလိုက်သည်။ "ကျိုးရုထုံ..."
သက်လတ်ပိုင်းအမျိုးသမီးက သူမအောက်နှုတ်ခမ်းကို ကိုက်ကာ ဝမ်ဖျင်ကို စူးစိုက် ကြည့်လို့နေသည်။ အချိန် အတန်ကြာမြင့်ပြီးနောက် သူမက ကျက်သရေရှိစွာ ပြုံး၍ ခပ်တိုးတိုး ဆိုလာသည်။ "ငါ နင့်ကို မြင်လိုက်တဲ့အချိန် တည်းက နင်မှန်း သိလိုက်တယ်။ ဒီလောက်နှစ်တွေ အများ ကြီး ကြာပြီးမှ နင်ပြန်လာခဲ့တယ်နော်..."
ဝမ်ဖျင်ကကို သူ ရှေ့ရှိ အမျိုးသမီးကို ကြည့်ကာ အတိတ် ကို ပြန်အောက်မေ့သွားသည်။ သူမဘေးတွင်လည်း ဆယ် နှစ်အရွယ်ကောင်မလေးတစ်ယောက် ရှိနေ၏။ သည် ကောင်မလေးက ကျိုးရုထုံနှင့် တော်တော်လေး တူပေ သည်။
ဝမ်ဖျင်က မေးလိုက်၏။ "ဒါက နှင့် သမီးလေးလား..."အမျိုးသမီးက ခေါင်းညိတ်ပြလိုက်သည်။ သူမက သူ့ သမီးငယ်ဘက်သို့ လှည့်၍ ပြောလိုက်သည်။ "သူ့ကို ဦးလေးလို ခေါ်လိုက် သမီး။ သူက အမေရဲ့ ငယ်သူငယ်ချင်း ဟောင်းပဲ..."
မိန်းကလေးငယ်လေးက အနည်းငယ် ရှက်ရွှံ့လို့နေ၏။ သူမက သူမအမေဘေးနားသို့ လာရပ်ကာ ခပ်တိုးတိုး ဆို လာသည်။ "ဦးလေး..."
သည်အခိုက်အတန့်၌ ရွာသားများထဲမှ အချို့က ဝမ်ဖျင် ကို မှတ်မိသွားကြသည်။ သို့ရာတွင် သူတို့က ချပ်ဝတ်တန်ဆာများနှင့် စစ်သားများကို ကြည့်ကာ သူ့ကို နှုတ်ဆက်ရန် စိုးရွှံ့နေကြလေ၏။
ဝမ်ဖျင်က ထိုမိန်းကလေးကို ပြုံး၍ ကြည့်ကာ မေးလိုက် သည်။ "သမီးနာမည်က ဘယ်လို ခေါ်လဲ..."
ထိုကောင်မလေးက သူမ အမေနောက်သို့ ဝင်ပုန်း လိုက်ကာ စကားပြန်မပြောပေ။ သူမမျက်လုံးလေးထဲ၌ ကြောက်လန့်လို့နေသည်။
ဝမ်ဖျင်က သက်ပြင်းချကာ ထိုအမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။ "ငါက တောင်အနောက်ဘက်ကို သွားပြီး ဘိုးဘိုးစွန်ကို ဂါဝရသွားပြုမလို့.."
အမျိုးသမီးက ပြုံးလိုက်၏။ အစကနေအဆုံးထိ သူမက ဝမ်ဖျင်ဘေးနားတွင် ရပ်နေသော ချင်ရီကို မကြည့်ပေ။ သူမက ကလေးကို သူမယောက်ျားဖြစ်သူ ဘေးသို့ တွန်းပို့...
လိုက်သည်။ သူမ ယောက်ျာက တောင့်တောင့်တင်းတင်း ရှိကာ သူ့ယောက်ခမ၏ အမဲလိုက်သည့် အမွေကို ဆက်ခံ ထားသည့်ပုံပင်။ အနီးကပ်သေချာကြည့်ကြည့်မှ ထိုလူက လည်း သူနှင့် သူစိမ်းတစ်ယောက် မဟုတ်မှန်း ဝမ်ဖျင်က သိလိုက်၏။
ဝမ်ဖျင်က နောက်လှည့်၍ တောင်အနောက်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။ဝမ်ဖျင်နောက်သို့ လိုက်မ သွားခင် ချင်ရီက သူမသမီးခေါင်းကို ပွတ်ပေးနေသော အမျိုးသမီးကို ဖျပ်ခနဲ ကြည့်လိုက်၏။
ဝမ်ဖျင်က ခြေလှမ်းအနည်းငယ် လှမ်း၍ ထွက်သွား သည့်နောက် သူမအမေနောက်တွင် ပုန်းနေသော ကောင်မလေးက ခေါင်းပြူကာ လှမ်းပြောလိုက်၏။ "ဦးလေး...သမီးနာမည်က ရှုနန်ဖျင်ပါ..."
"နန်ဖျင်...နန်ဖျင်..." ဝမ်ဖျင်၏ ခြေလှမ်းများက တုံ့ခနဲ ရပ်သွား၏။သူက သက်ပြင်းချမိသည်။ သူက နောက်သို့ ပြန် လှည့်ခြင်း မပြုတော့ဘဲ ရှေ့သို့သာ ဆက်လျှောက်သွား၏။
သိပ်မကြာခင်တွင် သူတို့က ရွာသားများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားကြ၏။။ အမျိုးသမီးရှိ တောင့်တင်းသော ယောက်ျားသားတစ်ယောက်က သက်ပြင်းချကာ တိုးညင်း စွာ ဆိုလိုက်၏။ "နင်က ဘာကြောင့် ဒီလို လုပ်ရတာလဲ..."
"အစ်ကို...ဒီကိစ္စကို ထပ်မပြောတော့နဲ့…" ကျိုးရုထံက ခေါင်းမော့၍ ပြုံးလိုက်၏။ သူမအပြုံးက လှပကာ ပျော်ရွှင်နေဟန် ရသည်။
"ငါက သူ့ကို ခုလို ထပ်တွေ့ခွင့်ရတာနဲ့တင် ကျေနပ်ပါပြီ
စွန်ထိုင်၏ အုတ်ဂူပတ်လည်၌ မည်သည့် ပေါင်းပင် မြက်ပင်မှ ရှိမနေပေ။ ကြည့်ရသည်မှာ တစ်ယောက်ယောက်က ပုံမှန် ရှင်းလင်းပေးထားတာ သိသာနေ၏။ ဝမ်ဖျင်က အုတ်ဂူရှေ့တွင် အချိန်အတန်ကြာ ရပ်တန့်နေပြီးနောက် တိတ်တဆိတ် ပြန်ထွက်ခွာလာခဲ့ သည်။
ဝမ်ဖျင်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ချင်ရီ...ငါတို့ အဖေဆီ သွားလည်သင့်တယ်လို့ မထင်ဘူးလား။ ငါ သူ့ကို မတွေ့ရတာ နှစ်ပေါင်းနှစ်ဆယ် လောက် ရှိနေပြီ...."
ချင်ရီက စကားပြန်မဆိုဘဲ ဝမ်ဖျင်နောက်ကသာ တိတ်တဆိတ် လိုက်ပါသွား၏။ ဝမ်ဖျင် မည်သည့်နေရာသို့ သွားလိုသည် ဖြစ်စေ သူမက လိုက်ပါလိမ့်မည် ဖြစ်သည်။ သည်အရာက သူမ ဝမ်လင်းနှင့် သဘောတူညီချက်ကြောင့် မဟုတ်ဘဲ သူမကိုယ်တိုင် သူနှင့် အတူနေရသည်ကို စိတ် ဆန္ဒ ရှိနေသောကြောင့်သာ ဖြစ်သည်။
"ငါ့မှာ အဖေ့ကို အချို့ကိစ္စလေးတွေ မေးစရာ ရှိနေ တယ်..." ဝမ်ဖျင်က ပြိုလဲသောလကျေးရွာကို နောက်တစ် ကြိမ် ကြည့်လိုက်ပြီးနောက် ထွက်ခွာလာခဲ့တော့၏။
ရေပြင်ကျယ်မြို့တွင် ဝမ်လင်းက ဘုံဆိုင်သို့ မသွား သည်မှာ ကြာခဲ့ပြီ ဖြစ်၏။သူက တစ်နေ့ကုန် ခြံဝန်းထဲတွင် သာ ထိုင်နေတက်သည်။ သူက စောင့်နေခြင်းပင်။ ဝမ်ဖျင် ပြန်လာမည်ကို စောင့်လို့နေခြင်းပင်။
သုံးလ ကြာပြီးနောက် ရေပြင်ကျယ်မြို့က ဆူပွက် လှုပ်ရှားလာခဲ့၏။ အိမ်တော်မှ အစေခံအများစုကလည်း ထွက်သွားကြပြီ ဖြစ်သည်။ သွားစရာနေစရာ မရှိသော အစေခံတစ်ယောက်ကသာ နေရစ်ရန် ရွေးချယ်ခဲ့သည်။
ရေပြင်ကျယ်မြို့တစ်ခုလုံးက စစ်ပွဲနှင့် လူသူကင်းမဲ့ လုနီးပါး ဖြစ်နေ၏။ လူတိုင်းက စစ်ပွဲနှင့် ဝေးရာသို့ ထွက်ပြေးသွားကြသောကြောင့် ဖြစ်သည်။ကောင်းကင်ဘုံ အင်ပါယာ၏ စစ်တပ် ရောက်လာသည့် နေရာတိုင်းတွင် မည်သည့် မြို့သူမြို့သားကိုမှ မညှင်းဆဲ၊အနိုင်မကျင့် သော်လည်း ကြောက်လန့်မှုကတော့ ပျံ့နှံ့နေခဲ့၏။
ရေပြင်ကျယ်မြို့ကလည်း ကောင်းကင်ဘုံအင်ပါယာ၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရကာ စစ်တပ်က ဆက်လက်၍ ချီ တက်လာခဲ့၏။ ဝမ်ဖျင်က မြို့ပြင်တွင် မတ်တပ်ရပ်လို့ နေ၏။သူက မြို့ထဲသို့ မဝင်ဘဲ စစ်တပ်နှင့်အတူသာ ရှိနေ၏။
"အဖေ..ခုလက်ရှိမှာ သားက သားဆန္ဒကို ပြည့်ဝ အောင် မလုပ်ရသေးဘူး။ သားက ဒါကို လက်စသပ်ပြီးတာ နဲ့ အဖေကို တွေ့ဖို့ လာခဲ့ပါ့မယ်..."
အချိန်စက်ဝန်းက နွေဦးရာသီမှသည် နွေရာသီ၊
သည့်နောက် ဆောင်းဦး၊ဆောင်းဦးမှသည် ဆောင်းရာသီသို့ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ မျက်စိတစ်မှိတ် အတွင်း နောက်ထပ် ငါးနှစ် ထပ်မံ ကုန်ဆုံးသွားပြန်၏။
ခုဆို ဝမ်ဖျင်က အသက်ငါးဆယ့်နှစ်နှစ် ရှိနေခဲ့ပြီ ဖြစ်သည်။
တာချမ်အင်ပါယာနှင့် ချမ်ယွမ်အင်ပါယာတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် လက်နက်ချသွားကြ၏။ သည့်နောက် ကောင်းကင်ဘုံအင်ပါယာသည် ရွင်ယွင်ဂြိုဟ် ပေါ်ရှိ သေမျိုးများကြား၌ တစ်ခုတည်းသော အင်ပါယာ ဖြစ်လာခဲ့ပေသည်။
ဝမ်ဖျင်က အိမ်မှ ထွက်လာသည့်အချိန်က အသက်နှစ် ဆယ့်ခုနစ်နှစ် ဖြစ်သည်။ ခု နောက်ထပ် နှစ်ဆယ့်ငါးနှစ် ကြာမြင့်ပြီးသည့်နောက် ဝမ်ဖျင်က သူလိုချင်သည့်အရာ အားလုံးကို ရရှိလာခဲ့ပြီ ဖြစ်သည်။
တစ်ခါတစ်ရံတွင်တော့ သူက အချိန်ကုန်တာ မြန်လွန်း လှသည်ဟု ခံစားမိနေ၏။
ကမ္ဘာကို သိမ်းပိုက်စိုးမိုးပြီးသည့်နောက် ဝမ်ဖျင်က ဝမ် လင်းထံသို့ ချက်ခြင်း လာတွေ့ခြင်း မရှိပေ။ ထိုအစား သူက တည်ငြိမ်စွာဖြင့် သူ့တစ်ကိုယ်တည်း တောင်များ၊ပင်လယ် များကြား ရွက်လွှင့်ကာ ကမ္ဘာလောက၏ ခွန်အားကို ခံစား ကြည့်နေခဲ့သေးသည်။
ဝမ်လင်းကလည်း မနက်ခင်းတိုင်း ခြံဝန်းထဲတွင် အစေခံအိုတစ်ယောက်နှင့်ထိုင်ကာ သာမန်ဘဝတစ်ခုကို ဖြတ်သန်းနေထိုင်နေသည်။ သည်ငါးနှစ်အတွင်း သူ့ စိတ်နှလုံးကလည်း တော်တော်လေး ဖွံ့ဖြိုးလို့လာခဲ့၏။
ပင် ကုန်ဆုံးသွားခဲ့ချေပြီ။ ဆယ်နှစ်ဆိုသော အချိန်ကာလတစ်ခုက တိတ်တဆိတ်
ဝမ်ဖျင်ကလည်း အသက်ခြောက်ဆယ့်နှစ်နှစ်အရွယ် အတော်လေး အိုမင်းသည့်ပုံ ဖြစ်လာခဲ့၏။ အစစ်အမှန် ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီးသည့် သည်ဆယ်နှစ် အတွင်း သူ့ စိတ်နှလုံးက ပို၍ပင် ပင်ပန်းလာခဲ့လေသည်။ သည်အရာက သူ့ကလေးဘဝနှင့် ကမ္ဘာမြေအနှံ့ ခြေဆန့်ခဲ့ သည့် ရှစ်နှစ်တာကာလကို ပြန်အောက်မေ့စေပေသည်။ သူက သူ့အဖေနှင့်အတူ ရှိခဲ့သည့် နှစ်ဆယ့်ခုနစ်နှစ်အချိန် ကာလကို တော်တော်လေး လွမ်းဆွတ်နေမိ၏။
ချင်ရီကလည်း အဘွားအိုအသွင်သို့ ပြောင်းသွားကာ သူမ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများ ရှိလာခဲ့လေ ပြီ။ သို့ရာတွင် သူမ အကြည့်ကတော့ အရင်ထက်ပင် ပို၍နူးညံ့လာခဲ့သေးသည်။
သည်နေ့က ဝမ်ဖျင် အိမ်က ထွက်သွားသည့် သုံးဆယ့်ငါး နှစ်မြောက် ပြည့်သည့်နေ့ ဖြစ်သည်။ သစ်ရွက်များက လေ အဝှေ့တွင် ဝဲလွင့်နေပြီး ဆောင်းဦးရာသီ၏ အေးမြမှုကို ဖော်ကျူးလို့နေသည်။
ဝမ်ဖျင်က သေမျိုးကမ္ဘာ၌ အတုမဲ့ခေါင်းဆောင်နေရာကနေ ဖယ်ပေးလိုက်တော့၏။ သူက ထွက်မလာခင် သူ့တစ် ဘဝလုံး သူ့နောက်မှ လိုက်ပါခဲ့သည့် အမှူထမ်းတစ်ယော ကို သူ သိမ်းပိုက် စိုးမိုးထားသည့် လောကအား ပေးခဲ့ ပေ၏။
သူနှင့်အတူ ခေါ်ဆောင်လာတာဆို၍ သုံးဆယ့်ငါးနှစ်တာ မှတ်ဉာဏ်များနှင့် ချင်ရီတို့သာ ရှိသည်။ သူက မြင်းလှည်း တစ်စီးဖြင့် သူ့အဖေရှိရာသို့ နှေးနှေးမှန်မှန် ဦးတည်လာခဲ့ လေ၏။
ရေပြင်ကျယ်မြို့က တဖြည်းဖြည်း နီးသထက် နီးလာခဲ့ သည်။
ခုလက်ရှိတွင် ဝမ်လင်းက ခြံဝန်းထဲတွင် ထိုင်လျက် ရှိနေ၏။ သူ့ တစ်ဦးတည်းသော အစေခံအိုကြီးကလည်း လွန်ခဲ့သောသုံးနှစ်ကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သည်စံအိမ်ကြီးတွင် သူတစ်ယောက်တည်းသာ ကျန်နေတော့၏။
သူ့ရှေ့တွင် စားပွဲခုံတစ်ခုံနှင့် ထိုင်ခုံအပိုနှစ်ခုလည်း ရှိလို့ နေသည်။စားပွဲပေါ်၌ ဟင်းပွဲအချို့၊ အရက်အိုးတစ်အိုး နှင့် တူသုံးစုံလည်း တင်ထား၏။
မြင်းဟီးသံနှင့် မြင်းလှည်းဘီးသံတို့က အကွာအဝေးတစ် ခုမှ ပျံ့နှံ့လာ၏။ထိုအသံက တဖြည်းဖြည်း ကျယ်သထက် ကျယ်လောင်လာကာ ဝမ် စံအိမ်အပြင်ဘက်တွင် ရပ်တန့် လို့သွားခဲ့သည်။ဝမ်ဖျင်က မြင်းလှည်းထဲကနေ ဆင်းလိုက်၏။ သည့်နောက်သူက ပြုံး၍ လက်ကမ်းကာ ချင်ရီကို တွဲခေါ် လိုက်သည်။သည့်နောက် သူတို့နှစ်ယောက်က စံအိမ်တံခါး မှ လှမ်းဝင်လာကြ၏။
ဝမ်လင်းက ခေါင်းမော့၍ ကြည့်လိုက်သည်။ သူက သည်လိုပုံစံဖြင့် သုံးဆယ့်ငါးနှစ်လုံးလုံး စောင့်ဆိုင်းနေ သည့်အလား ထင်မှတ်ရ၏။ သူက ကြင်နာစွာ ပြုံး၍ ပြော လိုက်သည်။ "လာထိုင်ကြ…ခုထိ ဟင်းပွဲတွေက ပူနေတုန်း δ..."
ထိုရိုးစင်းသော စကားထဲကနေ တည်ငြိမ်နွေးထွေးမှုကို ဖော်ပြလို့နေ၏။ ဝမ်လင်းမျက်လုံးထဲ၌လည်း ကြင်နာနူးညံ့ မှု အရိပ်အယောင်တို့သာ ရှိလို့နေသည်။
ဝမ်ဖျင်က သူ့အဖေကို ငေးမောကြည့်နေသည်။ နှစ် ပေါင်း သုံးဆယ့်ငါးနှစ် ရှိသွားခဲ့လေပြီ။ သူ ထွက်ခွာသွား သည့်နောက် သူက သူ့အဖေကို ထိုနှစ်ပေါင်းသုံးဆယ်ငါး နှစ်အတွင်း တစ်ကြိမ်မှ လာမတွေ့ခဲ့ပေ။ သူက သူ့အိပ်မက် ထဲတွင်သာ သူ့အဖေနှင့် တွေ့ဆုံခဲ့ပေ၏။
"အဖေ……" ဝမ်ဖျင်က မြေပေါ်သို့ ဒူးထောက်ချလိုက် သည်။ သူ့မျက်လုံးထဲမှ မျက်ရည်စီးကြောင်းနှစ်ခုက လိမ့် ဆင်း ကျလာလေ၏။
ချင်ရီကလည်း ဝမ်ဖျင်ဘေးတွင် ဒူးထောင်ချကာ တိုး ညင်းစွာ ပြောလိုက်သည်။ "အဖေ..."ဝမ်လင်းက မတ်တပ်ထရပ်ကာ ဝမ်ဖျင်နှင့်ချင်ရီတို့ကို ဆွဲ ထူလိုက်ပြီး ပြောလိုက်၏။ "ကဲ စားကြစို့..."
ကာလကြာရှည်စွာ ပျောက်ဆုံးနေသော ဝမ်ဖျင် စိတ်နှလုံးထဲရှိ နွေးထွေးမှုက ပြန်ပေါ်လာခဲ့ချေ၏။ သူက သည်ခံစားချက်မျိုးနှင့် ခွဲခွာနေရသည်မှာ သုံးဆယ့်ငါးနှစ် ရှိခဲ့ပြီ မဟုတ်လား။
သည်သုံးဆယ့်ငါးနှစ်အတွင်း ချင်ရီက ဝမ်ဖျင်နှင့်အတူ ရှိနေခဲ့ကာ သူမက ဝမ်လင်း၏ နောက်ခံကို သိခဲ့သည်မှာ ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ သူမက ဝမ်လင်းကို ရှုမူ၊ တစ် ချိန်တုန်းက ပုံရိပ်တစ်ထောင်ဂြိုဟ်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်၍ ဟွမ်မိသားစုကို တိုက်ခိုက်ကာ မြောက်ပိုင်း နယ်မြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည့် စီနီယာတစ် ယောက် အဖြစ် သိထားပြီး ဖြစ်သည်။
သို့သော် ခုချိန်ထိ သူမက ယင်းအခြင်းအရာကို မ ယုံကြည်နိုင်ဟန် ဖြစ်လို့နေသည်။ သည် ကြင်နာတက်သော လူအိုကြီးက ရှုမူ ဖြစ်သည်ဟု တွေးကြည့်လိုပင် မရပေ။
ချင်ရီက ဝမ်ဖျင်ကို ရှုမူ၏ ဒဏ္ဍာရီဆန်မှုကို ပြောမပြခဲ့ ပေ။ တကယ်တော့ သည်အရာများအားလုံးက သူမ မမွေး ခင် ဖြစ်ပွားခဲ့ခြင်းသာ ဖြစ်၏။
ဆောင်းလေနှင့်အတူ လရောင်က တဖြည်းဖြည်း မြင့် တက်လို့လာ၏။ဝမ်ဖျင်က စားပွဲပေါ်သို့ သူ့တူကို ပြန်ချကာ သူ့အဖေကို ကြည့်လိုက်၏။ သူက ပြောစရာစကားပေါင်း ထောင်ချီ၍ ရှိနေသော်လည်း သည်အခိုက်အတန့်၌ သူက စကားတစ်ခွန်းမှ မပြောနိုင် ဖြစ်နေသည်။
ဝမ်လင်းက ဝမ်ဖျင်ကို ကြည့်၍ ဖြည်းဖြည်းချင်း မေး လိုက်သည်။ "ဖျင်အာ…သားက အဖေ့ကို ဘာမေးချင်လို့လဲ
"အဖေ..သား အမေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်..." သည်တစ်ကြိမ်က ဝမ်ဖျင် ဒုတိယအကြိမ်မြောက် သူ့အမေ အကြောင်းကို မေးမြန်းလိုက်ခြင်းပင်။ သူက လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်လောက်က သူ့အမေ အကြောင်းကို တစ်ကြိမ်သာ မေးမြန်းခဲ့ဖူးသည်။
ဝမ်လင်းက တိတ်ဆိတ်စွာ ငြိမ်သက် တွေးတောလို့ နေ၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲပ ဝမ်းနည်းမှုအငွေ့အသက်တို့ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ထက်ရှိ တောက်ပသော ကြယ်များကို ကြည့် ကာ သူက တိုးညင်းစွာ ပြောလာ၏။ "အဖေက သားကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။ ဒီနေရာနဲ့ ဟိုး အဝေးကြီးမှာ ဟင်္သာပြဒါးလို့ ခေါ်တွင်တဲ့ ဂြိုဟ်တစ်ခုရှိတယ်..."
ဝမ်လင်းအသံထဲ၌ လောကဓံကို အံတုခံနိုင်မှုတို့ ဖြစ် ပေါ်လာခဲ့သည်။သည့်နောက် သူက ဝမ်လင်းလို့ခေါ်သည့် လူငယ်တစ်ယောက်အကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ကိုးရာလောက်ကနေစ၍ ဖြည်းဖြည်းချင်း ပြောပြလာခဲ့ သည်။ထိုလူငယ်လေး ကျင့်ကြံခြင်းလောကသို့ စဝင်ရောက် သော ဟုန်ယွီကလန်၊သွန်းထျန်ကလန် တို့ကစ၍ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည်။ ဝမ်လင်း၏ ဘဝ ကောက်ကြောင်းသည် ဝမ်ဖျင်နှင့်ချင်ရီတို့ ရှေ့၌ စာလိပ် တစ်ခုကို ဖွင့်လှစ်ပြသကဲ့သို့ ရုပ်လုံးကြွ ပီပြင်လာခဲ့ တော့သည်။
ထိုသူ့ဘဝ ပုံပြင်က ရှည်ကြာလွန်းလှ၏။တော်တော်လေး ကို ရှည်ကြာလွန်းခဲ့လေပြီ။
ဝမ်ဖျင်က ထိုပုံပြင်ကို နားထောင်နေရင်း သူ့အဖေကို ငေးမောကြည့်လို့နေသည်။သူ့ဘေးရှိချင်ရီကလည်း မျက်လုံးအပြူးသားနှင့် ထိုပုံပြင်ကို နားစိုက်ထောင်နေ၏။ သူမက ယင်းဇာတ်လမ်းထဲ၌ အလိုလို နစ်မြုပ်သွားခဲ့ တော့သည်။ သူမက ထိုဇာတ်လမ်းထဲမှ ဝမ်လင်း ဆိုသည့် လူငယ်က ဝမ်ဖျင်၏အဖေ၊သူမတို့နှစ်ယောက်ရှေ့ရှိ လူအို ကြီးမှန်း သိနေခဲ့ပေ၏။
"ဒီအမျိုးသမီး ကျင့်ကြံသူရဲ့ နာမည်ကိုတော့ လျိုမေ လို့ တယ်...
Comments
Post a Comment