အပိုင်း(148)

( မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အစစ်အမှန် တမန်တော်)

လရောင်က
တောက်ပကာ ကြယ်များက
မှိတ်တုတ်မှိတ်တုတ်နှင့် လင်းလက်လို့နေသည်။

ဆောင်းဦးလေက ဝမ်လင်းအသံနှင့်အတူ ရောယှက် နေကာ ခြံဝန်းထဲမှ ထွက်ခွာမသွားလိုသည့်နှယ် ရှိနေသည်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ လူငယ်တစ်ယောက်၏ ပုံပြင်က ကံကြမ္မာအလှည့်အပြောင်း အချိုးအကွေ့များကြား ဝမ်းနည်းရိပ်တို့ သမ်းနေသည်။ ထိုခံစားချက်က ဆောင်းဦး လေနှင့်အတူ ပို၍ အားကောင်းလာခဲ့လေ၏။

ချင်ရီက ထိုပုံပြင်ကို တိတ်တဆိတ် နားထောင်နေရင်း မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလို့နေ၏။ပုံပြင်တစ်ဝက် အရောက်တွင် ဝမ်ဖျင်က ခေါင်းငုံ့ကာ သူ့မျက်နှာကို ဝှက်ထားလိုက်သည်။

"အဲ့တာတွေ ပြီးတဲ့နောက်မှာ သူက အဲ့ကလေးကို ခေါ် ဆောင်ပြီး ရွင်ယွမ်ဂြိုဟ်ပေါ်မှာ အထိုင်ချခဲ့တယ်..."

ဝမ်လင်း၏ ငယ်ဘဝဇာတ်ကြောင်းက ဤသို့ဖြင့် အဆုံး သပ်လို့သွားသည်။ - သူက အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်မော့သောက်လိုက်သည်။ သည့်နောက် ကောင်းကင်ထက်သို့ မော့ကြည့်ကာ တွေဝေငေးမောလို့ နေ၏။

ချင်ရီက သူမရှေ့ရှိ အဖေနှင့်သားကို ဘယ်ပုံဘယ်ဝါမှန်း မသိသည့် ခံစားချက်ဖြင့် ငေးကြည့်နေမိ၏။ သူမက ဝမ်ဖျင် လက်မောင်းကို အလိုလို ဆုပ်ကိုင်မိလိုက်ရာ သူ့လက်များ က အေးစက်လို့နေသည်ကို တွေ့လိုက်ရချေသည်။

ဝမ်စံအိမ်၏ ခြံဝန်းက အဆုံးစွန် တိတ်ဆိတ်လို့နေ၏။ အချိန်အတန်ကြာပြီးနောက် ဝမ်ဖျင်က ခပ်ရှရှအသံနှင့် ပြောလာသည်။ "ဒီပုံပြင်က တော်တော်လေးလှတာပဲ။ အဖေ...သား ပင်ပန်းနေပြီ..."

သည့်နောက် ဝမ်ဖျင်က မတ်တပ်ထရပ်ကာ ခြံဝန်းထဲရှိအခန်းတစ်ခုရှိသို့ လှမ်းလျှောက်၍ သွားလေ၏။ ချင်ရီက လည်း ဝမ်လင်းကို ဦးညွတ်ကာ ဝမ်ဖျင်နောက်သို့ လိုက်ပါ လို့သွားသည်။

ခြံဝန်းထဲ၌ ဝမ်လင်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ တော့သည်။ သူက တိတ်ဆိတ်စွာ ထိုင်၍ အကွာအဝေးတစ် ခုသို့ ငေးမောကြည့်နေသည်။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ ခေါင်းငုံ့လိုက်လေ၏။ သည့်နောက် သူက အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်တည်း မော့သောက်ချလိုက်တာ့၏။

ဝမ်ဖျင်သည် ထိုည၌ အိပ်မပျော်ခဲ့ပေ။

သူက အခန်းထဲ၌ ထိုင်နေရင်း ကောင်းကင်ထက်သို့ နာကျင်သောမျက်လုံးတစ်စုံဖြင့် ရီဝေစွာ ငေးကြည့်လို့နေခဲ့ သည်။ချင်ရီက သူ့ဘေး၌ ထိုင်နေကာ သူ့လက်ကို ဆုပ်ကိုင် ပေးထား၏။ သူမက မည်သည့်စကားမှ မဆိုဘဲ သူနှင့်အတူ တိတ်ဆိတ်စွာ အဖော်ပြုပေးလို့နေသည်။

"ဒါက အဖြေပဲ။ ဒါက ငါနှစ်ခြောက်ဆယ်လောက် စောင့်နေခဲ့ရတဲ့ အဖြေပဲ..."

ဝမ်ဖျင်မျက်လုံးထဲ၌ နာကျင်မှုက ပို၍ အားကောင်းလာ ခဲ့၏။

"ငါဟာ ငါ့အမေ မကျေမချမ်းစိတ်ဝိညာဉ်အဖြစ် သန့်စင်ပစ်ခြင်း ခံထားရတဲ့လူပဲ..."

ဝမ်ဖျင်က ခေါင်းငိုက်စိုက်သွားသည်။သူ့မျက်နှာပေါ်၌ ခါး သီးမှုနှင့် ဝမ်းနည်းနာကျင်မှုတို့သာ ပြည့်လို့နေ၏။

နောက်တစ်နေ့ မနက်ခင်းအစောပိုင်းတွင် ဝမ်ဖျင်က ချင် ရီနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူက သူ့အဖေကို စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ ယုတ်စွအဆုံး သူ့အဖေကို ကြည့်ပင် မကြည့်ခဲ့ချေ။ သူက အစောကြီး တိတ်တဆိတ် ထွက်ခွာသွားခဲ့ခြင်း ဖြစ်၏။ သူက မြင်းလှည်းပေါ်တွင် ငြိမ်သက်တိတ်ဆိတ်စွာ ထိုင် လျက် ရေပြင်ကျယ်မြို့နှင် သာ၍ ဝေးရာ ဆီသို့ ထွက်ခွာသွားခဲ့တော့သည်။ -

သူက ထွက်ခွာသွားချိန်၌ အကွာအဝေးတစ်ခုမှ သူ စီးနင်းလိုက်ပါသွားသည့် မြင်းလှည်းကို တိတ်တဆိတ် ငေး ကြည့်နေသော အကြည့်တစ်ခုကိုတော့ သတိမပြုမိခဲ့ပေ။ထို အကြည့်ထဲ၌ လောက၏ အကောင်းအဆိုးတို့ကို ကြံကြံခံခဲ့ မှုတို့ ပြည့်နှက်လို့နေ၏။

ဝမ်လင်းက အခန်းထဲကနေ လှမ်းထွက်လာကာ ခြံဝန်း ထဲ၌ ထိုင်၍ ကောင်းကင်ထက်သို့ ငေးကြည့်နေပြန်သည်။ "တစ်နေ့မှာ သား နားလည်ကောင်း နားလည် လာနိုင်မှာ 어..."

သူက ခပ်တိုးတိုး ညည်းတွားလိုက်လေ၏။

ဝမ်ဖျင်က မည်သည့်နေရာသို့ သွားရမှန်း မသိပေ။သူက ဦးတည်ရာမဲ့ ဆက်၍ သွားနေ၏။ သူက အလွန်ပင်ပန်းမှုကို ခံစားနေရသည်။သူက ခေါင်းပင် မော့မကြည်နိုင်လောက် အောင် ပင်ပန်းနေခဲ့လေပြီ။

ဝမ်ဖျင်က ခပ်တိုးတိုး ဆိုလာ၏။ "ချင်ရီ...ငါ အရမ်း ပင်ပန်းလွန်းနေပြီ။ ငါတို့ တိတ်ဆိတ်တဲ့ တောင်ခြေရွာ လေးတစ်ခု ရှာပြီး နေကြရအောင်..."

ချင်ရီက ခေါင်းညိတ်လိုက်၏။ သူမမျက်လုံးထဲ၌ နူးညံ့ ကြင်နာမှုတို့အပြည့်နှင့်ပင်။

ဝမ်ဖျင်နှင့်ချင်ရီတို့က သာမန်တောင်ခြေရွာလေး တစ်ရွာ တွင် အခြေချကာ အေးဆေးသောဘဝတွင် နေထိုင်ကြတော့၏။ သူတို့က ငယ်ရွယ်သူများ မဟုတ်တော့သည့် အပြင် သူ့ဘဝ ဖြတ်သန်းမှု ပုံရိပ်များက ဝမ်ဖျင် မျက်လုံး ထဲ၌ တဖျပ်ဖျပ် ပေါ်လာခဲ့လေ၏။

သူ့တစ်ဘဝလုံးတွင် ဆယ့်ရှစ်နှစ်ကို သာမန်ဘဝ၊ ရှစ်နှစ် ကို ကမ္ဘာမြေအနှံ့ ခရီးဆန့်ခြင်း၊ နောက်ထပ်နှစ်ဆယ့်ငါး နှစ်ကို တိုက်ပွဲများနှင့်၊ ကျန်သည့် ဆယ်နှစ်ကို သေမျိုးများ ကြား အနှိုင်းမဲ့အုပ်ချုပ်သူ အဖြစ် ရှင်သန်ခဲ့ပေ၏။ ၎င်းက သာမန်လူများအတွက်တော့ တိုတောင်းလှသော်လည်း စိတ်လှုပ်ရှားစရာပင် မဟုတ်လော။

သို့ရာတွင် အဆုံးသပ်၌ သူက စမှတ်ကို ပြန်ရောက်ကာ သူ့ သာမန်ဘဝနေထိုင်မှုသို့ ပြန်ရောက်လာခဲ့၏။ သူက မနက်ခင်း အစောပိုင်းတွင် အိပ်ယာထ၊ ခြံဝန်းထဲ၌ သစ်သားများ ထွင်းထုခြင်းဖြင့် ကုန်ဆုံး၏။ သည်သာမန် ဘဝတွင် သူက နွေးထွေးလို့နေ၏။ ချင်ရီကလည်း သူ့ဘေး တွင် အမြဲအတူရှိနေပေးကာ သူ သစ်သားထွင်းထုနေသည် ကို နူးညံ့စွာ ငေးကြည်နေစမြဲပင်။

"တစ်ခါက သစ်သားပန်းပုထွင်းဖို့ သူတို့ရဲ့ စိတ်နှလုံးကို အသုံးပြုရတယ်လို့ အဖေ ပြောခဲ့ဖူးတယ်။သူတို့ရဲ့မှတ်ဉာဏ် တွေကိုသာ ဒီ ပန်းပုထွင်းခြင်းပေါ်မှာ ရေးထွင်းထားနိုင် တယ်တဲ့..."

ဝမ်ဖျင်က သူ့ရှေ့မှ သစ်သားပန်းပုရုပ်ကို ကောက်ကိုင် ကာ ဆက်လက်၍ ထွင်းထုလို့နေ၏။ ထိုအခါ သစ်သားစအမှုန်အမွှားများက လေနှင့်အတူ မြောလွင့်လို့သွားသည်။

ထွင်းလက်စ သစ်သားပန်းပုရုပ်ကို ပြန်ချလိုက်ပြီးနောက် ဝမ်ဖျင် မျက်လုံးထဲ၌ အတိတ်ကို လွမ်းဆွတ်မှုတို့ ပေါ်ထွက် လို့လာသည်။ သူက တိုးညင်းစွာ ဆိုလိုက်၏။ "ဒီပန်းပုရုပ် က အဖေပဲ.."

ယင်းပန်းပုရုပ်သည် ဝမ်လင်းပင်။ ထိုလူငယ် ဝမ်လင်းက ကြမ်းကြုတ်သောမျက်လုံးကို ပိုင်ဆိုင်ကာ လက်နောက်ပစ် လျက် ကမ္ဘာလောကအား မော်ကြွားစွာ ကြည့်နေသည့်ပုံ ပင်။

အချိန်က ဖျပ်ခနဲပင် နောက်ထပ် ဆယ်နှစ် ကုန်လွန်သွား ခဲ့ပြန်လေပြီ။

အချိန်၏ တိုက်စားမှုက ပြန်လည်မွေးဖွားခြင်း စက်ဝန်း တစ်ခု၏ အရိပ်အယောင်များကို ဆေးကြော ပစ်နိုင်ရန် မ စွမ်းသာပေ။ ရှင်သန်ခြင်း၊သေဆုံးခြင်းတို့က ဆက်လက်၍ ဖြစ်တည်နေကာ မည်သူကမျှ ကောင်းကင်ဘုံ၏ ချမှတ် ထားသည့် ယင်းလမ်းကြောင်းကနေ မလွတ်မြောက်နိုင်ကြ 60

ဆယ်နှစ်က

ကြာရှည်သည့်ကာလတစ်ခုပင်။ သို့သော်လည်း အမှန်တကယ်အားဖြင့် တိုတောင်းသည်ဟု ခံစားရမိပြန်သည်။

ဝမ်လင်းအတွက်တော့ ထိုတိုတောင်းသော ဆယ်နှစ်တာ က အလွန်ကြာမြင့်လှသည်ဟု ခံစားရ၏။
သူ့ဆံပင်များပင်- ဖြူစွတ်ကုန်ပြီ ဖြစ်ကာ အတိတ်က တောက်ပမှုများ ရှိလို့မနေတော့ပေ။ သူ့မျက်နှာကလည်း အိုစာသွားခဲ့လေ၏။ သူက မျက်လုံးမှိတ်ထားလိုက်ချိန်တွင် သူက ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်သွား သကဲ့သို့ ခံစားလိုက်ရ၏။

သည် တည်ငြိမ်သော ဆယ်နှစ်တာအတွင်း ကောင်းကင် နှင့်မြေကြီးအပေါ် သူ့နားလည်မှုက ပို၍ပင် ရှင်းလင်း လေးနက်လာခဲ့လေ၏။ သူက ထိုနားလည်မှုကို ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းနေခြင်း မဟုတ်ပေ။ သူက အမှု မဲ့အမှတ်မဲ့ဖြင့် ဉာဏ်အလင်း ရရှိလာခဲ့ခြင်းသာ။

ထိုအရာက ခြံဝန်းထဲရှိ သစ်ပင်တော်တော်များများ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို မလွန်ဆန်နိုင် သည့်အတွက်ကြောင့် သေဆုံးသွားခဲ့ရသည်နှင့် အလား သဏ္ဌာန်တူ၏။သို့ရာတွင် ၎င်းတို့က သေဆုံးပြီး သည့်နောက် အသစ်တစ်ဖန် မွေးဖွားလာကြပြန်သည်။

သေခြင်းရှင်ခြင်း နယ်ပယ်အတွင်း ရှင်သန်ခြင်း၏ ပြောင်းလဲမှုများက နေရာတိုင်းတွင် ရှိနေ၏။ အရင်တုန်းက ဝမ်လင်းသည် သည်အရာ၊သည်နားလည်မှုကို မတွေ့မြင်ခဲ့ ပေ။ သို့ရာတွင် ခုချိန်၌ သူ ကြည့်လိုက်သည့်နေရာတိုင်း၌ သူက ရှင်သန်ခြင်းတည်းဟူသော ဘဝကို မြင်တွေ့နေရ လေ၏။

သဘောကတော့ ပန်းမန်များနှစ်စဉ် ခြောက်သွေ့သွားသလို နှစ်စဉ်လည်း ပြန်လည် ဖူးပွင့်လာသကဲ့သို့ပင်။

အခြားတစ်ဖက်တွင်လည်း အချို့လူများ သေဆုံးသွားကာ ကျန်တစ်ဖက်တွင်လည်း အချို့လူများ ပြန်မွေးဖွားလာကာ ညီမျှနေသကဲ့သို့ပင်။

ထိုအခြင်းအရာထဲ၌ ကံကြမ္မာပါ ပါဝင်နေသည်ဟုပါ ပြော၍ ရနိုင်၏။

ဝမ်လင်းက ဝမ်စံအိမ်တွင် တစ်ဦးတည်းသော နေထိုင်သူ ဖြစ်လာခဲ့သည်။ ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများက လည်း ထိုအရာနှင့် အသားကျနေခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင် အနီးအနားမှ ကလေးများသည် ဝမ်စံအိမ်သို့ မကြာမကြာ ကစားရန် ရောက်လာတက်ကြ၏။ အစပိုင်း၌ သူတို့က ဝမ်လင်းကို ကြောက်လန့်နေကြသေးသည်။ သို့သော် နောက်ပိုင်းတွင်တော့ သူတို့က ဒီအဘိုးအိုက ကြောက်ဖို့မကောင်းကြောင်း သိသွားခဲ့ကြလေ၏။

ဝမ်စံအိမ်က တဖြည်းဖြည်းဖြင့် ကလေးများ ကစားရန် အတွက် နေရာတစ်ခုလို ဖြစ်လာခဲ့သည်။ဝမ်လင်းကလည်း နေ့စဉ်နေ့တိုင်း ကလေးများ ကစားနေခြင်းကို ကြည့်ရှုလို့ နေခဲ့ကာ သူ့စိတ်နှလုံးသားက တည်ငြိမ်လို့နေ၏။

မျိုးဆက်သစ်များသည် ကိုယ်ပိုင်ကံကြမ္မာအခွင့်အလမ်း များ ရှိကြပေ၏။ ထို့အတွက်ကြောင့် သူက ဘယ်အရာကို လုပ်၊ ဘယ်အရာကို မလုပ်နှင့် စသဖြင့် မပြောပေ။ တကယ် တော့ ဝမ်ဖျင်၏ နားလည်မှုသည်လည်း ဝမ်ဖျင်ကိုယ်တိုင်ပေါ်တွင်သာ မှီတည်နေသည် မဟုတ်လား။

ဝမ်လင်းက ကလေးတစ်ယောက်ကို လွတ်လပ်စိတ်ထား နှင့် ကောင်းကင်နှင့်မြေကြီးကို သူ့ဟာသူ ရှုမြင်သင့်သည်ဟု ယုံကြည်ပေသည်။

ဆယ်နှစ်ကြာမြင့်ပြီးနောက် ဝမ်ဖျင်ကလည်း ပို၍ အသက်ကြီးရင့်လာခဲ့၏။ သူက သူ့ဘဝ နေဝင်ချိန်သို့ပင် ခြေလှမ်းလာခဲ့လေပြီ။သို့သော် သူက သူ့လက်ထဲရှိ ပန်းပု ရုပ်ကိုတော့ ဘယ်သောအခါမှ ချပစ်ခဲ့ခြင်း မရှိပေ။

ဝမ်ဖျင်က တိုးညင်းစွာ ပြောလိုက်၏။ "အဖေပြောတာ မှန်တယ်...။သာမန်ဘဝကမှ ပိုကောင်းမွန်သေးတယ်။ ငါ့ မှာသာ ရွေးချယ်ခွင့်ရှိရင်..ဒါမှမဟုတ် နောက်ဘဝတစ်ခု သာ ရရှိခဲ့ရင် ငါက အဖေနဲ့အတူ သာမန် တောင်ခြေရွာ လေးမှာ ရိုးရှင်းတဲ့ဘဝကို အတူနေရဖို့ မျှော်လင့်မိပါတယ်

သူ့ဘေးရှိ ချင်ရီက ဝမ်ဖျင်ကို တိတ်တဆိတ်ငေးမော ကြည့်နေရင်း နူးညံ့စွာ ပြောလာ၏။ "နင်က နားလည်သွား ခဲ့ပြီပဲကို...ဒါဆိုဘာကြောင့် အဖေ့ကို သွားမတွေ့တာလဲ..."

ဝမ်ဖျင်က သူ့အဖေပန်းပုရုပ်ကို ပြန်ချလိုက်၏။ သည် အရာက လွန်ခဲ့သောဆယ်နှစ်က သူထွင်းထုခဲ့သော သူ့ အဖေ၏ ပန်းပုရုပ်တုပင် ဖြစ်သည်။ သူက စားပွဲရှေ့ရှိ ခုံပေါ် တွင် ထိုင်ချကာ ညင်သာစွာ ပြောလိုက်၏။ "စားကြစို့..."

"ချင်ရီ...နင် နားမလည်ပါဘူး.... ဝမ်ဖျင်ကအသက်ကြီးရင့်လာသည်နှင့်အမျှ သူ့မျက်လုံးထဲရှိဉာဏ်ပညာအရိပ်အယောင်ကလည်း ပို၍ အားကောင်းလာ ခဲ့လေသည်။

"ငါ့စိတ်ထဲမှာ အမေနဲ့ ပတ်သတ်တဲ့ မေးခွန်းအပြင် အ ဖေ့ကို မမေးဝံ့တဲ့ အကြောင်းတစ်ခုလည်း ရှိနေသေးတယ်။ ငါက အဖေ ငါ့ကို ဘာကြောင့် မကျင့်ကြံခိုင်းရတာနဲ့ ပတ် သတ်ပြီး သံသရဝင် ခံစားမိတာ တစ်ခု ရှိနေတယ်..."

ဝမ်ဖျင်မျက်လုံးများက ဝမ်းနည်းမှုတို့ ထွက်ပေါ်လို့ နေသည်။သူက သဲလွန်စအချို့ကို မြင်မိပြီး ထည်ထည်ဝင် ဝင်ဆက်မသိဝံ့တော့ပေ။

"ချင်ရီ..ငါက ငါ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ရောက် တော့မယ်လို့ ခံစားနေရတယ်။ငါ့မှာ အချိန်သိပ်မကျန်တော့ မှာပဲ ကြောက်မိတယ်။ နင်က ကျင့်ကြံသူတစ်ယောက် ဖြစ် တော့ ငါ့ထက် အချိန်ကြာကြာ ရှင်သန်နိုင်မှာပါ။ ငါ သေ သွားတာနဲ့ ငါ့ကို ငါ့အဖေရှိ ကျေးဇူးပြုပြီး ပို့ပေးပါ..."

"နင်ကတော့ အဲ့အချိန်ကျရင် လွတ်လပ်သွားပါပြီ။ ဒါပေမဲ့ အချိန်တွေဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ ဘဝ တစ်ခုစာ ငါနဲ့အတူ ရှိနေပေးခဲ့တဲ့နင့်ကို ဘယ်တော့မှ မေ့ သွားမှာ မဟုတ်ပါဘူး..."

ဝမ်ဖျင်အသံက ခိုင်ကျဉ်လှ၏။

ချင်ရီခန္ဓာကိုယ်က တုန်ယင်သွား၏။ သူမက စကားပြော ဟန် ပြင်လိုက်သည်။ သို့သော် သူမစကားကို ဝမ်ဖျင်က ဖြတ်ပြောလိုက်သည်။

"ဒီနှစ်တွေမှာ နင့်အတွက် ခက်ခဲမှာပေါ့။ ကျင့်ကြံသူတစ် ယောက်အနေနဲ့ နင်က နင့်ရဲ့ ရုပ်သွင်ကိုပါ ပြောင်းလဲခဲ့ရ တယ်။ ငါ့ကို အထီးကျန်မှု မခံစားရလေအောင် နင်ရဲ့ရုပ်သွ င်ကိုလည်း ငါနဲ့အတူ အိုမင်းအောင် လုပ်ပေးခဲ့ရတယ်လေ။ ငါ ဝမ်ဖျင်က ဒါကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ နောက်ဘဝသာ ရှိရင်လည်း ငါက နင့်ကို ဘယ်တော့မှ မေ့ မှာ မဟုတ်ပါဘူး..."

ချင်ရီ၏ မျက်လုံးထဲကနေ မျက်ရည်များ ကျဆင်းလို့လာ ခဲ့သည်။သူမကျင့်ကြံမှုအဆင့်ကို ဝမ်လင်းက စဦးစိတ် ဝိညာဉ်အထွတ်အထိပ်အဆင့်ထိ မြင့်တင်ပေးထားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကတည်းက သူမသည် သူမ၏ နယ်ပယ်ကို ဝမ်ဖျင်နှင့်အတူ ရှိနေရင်း နားလည်ခဲ့ပေသည်။ သူမ၏ နယ်ပယ်ကတော့ နောင်တမဲ့ခံစားချက်ပင် ဖြစ်လို့နေ၏။

"နောက်ဘဝသာ ရှိရင် ငါလည်း နင်နဲ့အတူ အဖော်ပြု ပေးနေဦးမှာပဲ..." ချင်ရီက တိုးညင်းစွာ ဆိုလာ၏။ ကျင့်ကြံ ခြင်းက ငါ့အမြင်မှာ ဖုန်မှုန့်မျှသာပါပဲ။ ငါက ရက်စက်တဲ့ ကျင့်ကြံသူတစ်ယောက်၊ တန်ခိုးရှင် တစ်ယောက် ဖြစ်မလာ ချင်ပါဘူး။ ငါက သံယောဇဉ်နဲ့လူသား တစ်ယောက်သာ ဖြစ်ချင်တယ်..."

ဝမ်ဖျင်က ချင်ရီကို ငေးမောကြည့်နေ၏။သည့်နောက်သူက သက်ပြင်းချ၍ နူးညံ့စွာ ပြောလိုက်သည်။ "ဘာ ကြောင့်လဲ..."

ဤအခိုက်အတန့်မှာပင် မိုးကြိုးလျှပ်စီးတန်းတစ်ခုက ကြယ်များကြား၌ တဝီဝီနှင့် ဖြတ်သန်းလာနေ၏။ အနီးကပ် ကြည့်ပါက ထိုလျှပ်စီးတန်းအတွင်း၌ ကြီးမားကြမ်းကြုတ် သော သားရဲ တစ်ကောင် ရှိနေသည်ကို တွေ့မြင်ရပေ လိမ့်မည်။ ထိုသားရဲက ချီလင်သားရဲနှင့် ဆင်တူသော်လည်း ချီလင်သားရဲတော့ မဟုတ်ပေ။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး က လျှပ်စီးများနှင့် ဝန်းရံနေ၏။ ယင်းသားရဲကတော့ မိုးကြိုးသားရဲပင် ဖြစ်လေသည်။

ထိုမိုးကြိုးသားရဲ၏ ကျောပေါ်၌ သက်လတ်ပိုင်းလူကြီး တစ်ယောက် ထိုင်လျက် ရှိနေသည်။ ထိုလူ၏ ကျင့်ကြံမှု အဆင့်က လုံလောက်အောင် အားကောင်းလှသည်။ ထို့ကြောင့် သူက မိုးကြိုးသားရဲထံမှ လျှပ်စီးများ သူ့ ခန္ဓာကိုယ်ထံသို့ ဖြတ်သန်းစီးဆင်းလာသည်ကိုပင် စိတ်ထဲ မထည့်ထားပေ။

သူက မိုးကြိုးသားရဲကို စီးနင်းရင်း အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းကြီး၏ မြောက်ပိုင်းနယ်မြေသို့ ရွှေ့လျား လို့နေသည်။

သူ့ပန်းတိုင်ကတော့ မြောက်ပိုင်းနယ်မြေမှ ရွင်ယွမ်ဂြိုဟ် ထံသို့ ဖြစ်လေ၏။

လွန်ခဲ့သော နှစ်များက ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်တွင်ပြောင်းလဲမှု တစ်ခု ဖြစ်ပျက်သွားခဲ့ပေသည်။ ဒုတိယအဆင့် ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်ရှိနေသော ဟွမ်မိသားစု ဘိုးဘေးက သေဆုံးသွားခဲ့ကာ ယင်းဖြစ်ရပ်၏ နောက်ကွယ်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်တစ်ယောက်ကြောင့်ဟု ထင်ကြေးပေးနေကြ သည်။ သည် ကောလဟာလ စကားက တဖြည်းဖြည်း ပျံ့နှံ့ လာခဲ့ကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အာရုံကို ပါ ဖမ်းစား သွားနိုင်ခဲ့၏။

စုံစမ်းထောက်လှမ်းမှုများအရ ထို မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှ တမန်တော်ဟု ထင်ကြေးပေးခံရသောသူ သည် ရွင်ယွမ်ဂြိုဟ်ကနေ ထွက်မသွားသေးဟူ၍ပင်။ ထို့ကြောင့်လည်း သူ့ကို ယင်းဖြစ်ရပ်အား စစ်ဆေးကြည့် ရန် ကျောင်းတော်မှ စေလွှတ်ခဲ့ခြင်းပင်။

080 သက်လတ်ပိုင်းလူကြီး၏ ကျင့်ကြံမှုအဆင့်က အဆင့်ကျင့်ကြံခြင်းကို ကျော်လွန်၍ ပုံရိပ်ယောင်ယင် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူက မိုးကြိုးသားရဲ ပေါ်တွင် ထိုင်နေရင်း မြောက်ပိုင်းနယ်မြေသို့ ဝင် ရောက်လာခဲ့ချေသည်။ သူက တစ်စက်ကလေးမှ ရပ်တန့် ခြင်း မပြုဘဲ ရွင်ယွမ်ဂြိုဟ်ရှိရာသို့ တန်းတန်းမတ်မတ် ဦးတည်လာခဲ့သည်။

တမန်တော် “မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အဖြစ်တောင် ဟန်ဆောင်ဝံ့တယ်လူ ရှိနေတယ်ပေါ့။ ဒီလို အရာမျိုးက မဖြစ်ပွားခဲ့တာ အချိန်အရမ်းကြာမြင့်နေခဲ့ပြီ

သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့လိုက်သည်။ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် တစ်ယောက် အနေဖြင့် သူ့စွမ်းအားက ကြီးမားလှပေသည်။ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းကြီး တစ်ခုလုံးတွင်ပင် အနည်းငယ်သော ရှေးဟောင်းကျင့်ကြံခြင်းမိသားစုကြီး များကလွဲ၍ လူတိုင်းနီးပါးက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတောင်ကို ရန်စဝံ့ကြခြင်း မရှိကြပေ။

"ဒီလူနဲ့တွေ့ရင် ငါက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်ရဲ့ အစစ်အမှန်တမန်တော်၊ မိုးကြိုးတာအိုပညာရှင် ဆို တာ ဘယ်လိုလဲ ဆိုတာ ပြသပေးရမယ်။ မိုးကြိုးမန္တာန် အနည်းငယ်လောက် သုံးနိုင်ရုံနဲ့ မင်းကိုယ်မင်း မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်က တမန်တော်အဖြစ် ဟန်ဆောင်နိုင်မယ်လို့ ထင်နေတာလား။ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ရဲ့ အစစ်အမှန်အဖွဲ့တွေမှာ ကိုယ်ပိုင် မိုးကြိုးသားရဲ တစ်ကောင် ရှိတယ်ကွ…"

မိုးကြိုးတာအိုပညာရှင်က မိုးကြိုးသားရဲ၏ ခေါင်းကို သူ့ ညာလက်ဖြင့် ပုတ်လိုက်ပေသည်။

မိုးကြိုးသားရဲကလည်း သူ့သခင်၏ ဂုဏ်ဝင့်မှုကို သတိပြု မိသည့်ပုံပင်။ သူက ဟိန်းဟောက်သံ ပြုလိုက်ရာ ကြယ်များ အကြား ပဲ့တင်ထပ်သွားစေ၏။ သူတို့က ရွင်ယွမ်ဂြိုဟ်နှင့် ပို၍ နီးသထက် နီးလာခဲ့ကြသည်။

ပြောင်းလဲမှု စတင်လာခြင်း...(နောက်တစ်ပိုင်း)

သေမျိုးတစ်ယောက်၏ ဘဝ သက်တမ်းသည် ရာစုနှစ် တစ်ခုမျှသာ ဖြစ်သည်။သို့သော် လူများစွာက သက်တမ်း ပြည့် နေနိုင်ကြခြင်း မရှိပေ။

ဝမ်ဖျင်က အသက် (၇၂)နှစ်သို့ ရောက်လာသည့်အချိန် တွင် သူ့ဘဝ၏ အဆုံးသပ်ခါနီးအချိန်ကို ခံစားမိလာခဲ့ သည်။သူ့ခန္ဓာကိုယ်က ကျန်းမာနေသေးသော်လည်း သူက သူ့ဘဝ၏ အဆုံးသပ်ခါနီးကို ရှင်းရှင်းလင်းလင်း ခံစားမိနေ ဆဲသာ။

စွန်ထိုင် ထွက်ခွာသွားချိန်တုန်းကကဲ့သို့ ယခုနှစ် ဆောင်းရာသီက အဝင်စော၏။ နျင်းများက လမ်းများထက် တွင် ပြည့်နှက်လို့နေသည်။ထို့ကြောင့် ရွာသူရွာသားများက အပြင်သို့ သိပ်မထွက်ကြတော့ဘဲ ဆောင်းရာသီကို သူတို့ ချစ်သောသူများနှင့်သာ အတူ ဖြတ်ကျော်လို့နေကြသည်။

ဆောင်းလေအေးက ကျီစယ်တိုက်ခိုက်လို့နေ၏။

သည်နှစ် ဆောင်းရာသီက ယခင်နှစ်ထက်ပင် ပို၍ အေး လှသည်ဟု ထင်ရ၏။ဆောင်းလေက အရိုးကွဲလောက်အောင် အေးစက်နေခဲ့သည်။ အထူးသဖြင့် ညပိုင်းတွင် ဖြစ်သည်။

ရွာလေး၏ အနောက်ပိုင်းရှိ အိမ်လေးတစ်အိမ်၌ မီးတောက်များက ပြတင်းပေါက်ကနေ၍ တောက်ပကာ နွေးထွေးမှုကို ပေးစွမ်းလို့နေသည်။သို့ရာတွင် ဆောင်းရာသီ၏ ညချမ်းအအေးဒဏ်နှင့် ယှဉ်လျှင် ယင်း နွေးထွေးမှုက မသိသာတော့ပေ။

ကောင်းကင်ထက်၌လည်း နှင်းများအဆက်မပြတ် ကျ ဆင်းနေရုံကလွဲ၍ မှောင်မိုက်လို့နေသည်။

ဝမ်ဖျင်က လက်ထဲ၌ ပန်းပုထွင်းသည့် ဓားကို ကိုင် ဆောင်ထားရင်း ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူက ပန်းပုရုပ်တစ်ရုပ်ကို ထွင်းထုလို့နေသည်။ သူက သူ့ဘဝ အဆုံးသပ်ခါနီးချိန် ဝမ်းနည်းအောက်မေ့မှုကို သစ်သားပေါ် တွင် ထွင်းလို့နေခြင်းပင်။

သူက သူ့အဖေ၏ ရုပ်သွင်ကို ထွင်းထုနေခြင်း ဖြစ် သော်လည်း ယခုသူ့အဖေက ပို၍ အိုမင်းနေသည့်ပုံ ပေါ် နေ၏။

သည်နှစ်၌ ဝမ်လင်းက သူ့ကလေးဘဝနှင့် ဆေးများ သောက်ခဲ့ရသည့် အကြောင်းကို မကြာခဏ အိပ်မက်မက် တက်၏။ အတိတ်တုန်းက ထိုဆေးအရသာက ခါးသက်လှ သော်လည်း ယခု ပြန်တွေးကြည့်တော့ ချိုမြိန်နေသည်ဟု ပင် ထင်နေရ၏။ ထိုချိန်မြိန်မှုက သူ့ခံစားမိသည့် နွေးထွေးမှုမှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။

ချင်ရီကလည်း သူ့ဘေးတွင် ထိုင်ကာ သူ့ကို ကြည့်လို့ နေ၏။ သူမ၏ နူးညံ့သော မျက်ဝန်းထဲ၌ ဝမ်းနည်းမှုတို့ ရောယှက်ကာ နေသည်။

ဝမ်ဖျင်က တိုးညင်းစွာ ပြောလိုက်၏။ "ငါ သေသွားပြီး ရင် ဒီပန်းပုရုပ်တွေကို မီးရှို့ပစ်လိုက်ပါ..."

သူက သူ့လက်ထဲရှိ နောက်ဆုံးပန်းပုရုပ်ကို ကြည့် လိုက်၏။ ယင်းပန်းပုရုပ်က တစ်ဝက်သာ ထွင်းပြီးသေး သဖြင့် သူက ဆက်လက်၍ အပြီးသပ်နေ၏။

အခန်းနံရံ ထက်တွင် သစ်သားစင်ကြီး တစ်ခု ရှိနေ၏။ ထိုသစ်သားစင်ပေါ်တွင် ပန်းပုရုပ်ပေါင်း တစ်ရာကျော် တင် ထားသည်။ ထိုပန်းပုရုပ်တစ်ခုစီတိုင်းက ဝမ်လင်း၏ရုပ်သွ င်ကို ထွင်းထုထားသော ပန်းပုရုပ်များသာ ဖြစ်နေသည်။

ဝမ်လင်းပန်းပုရုပ်၏ ဘေးနားတွင်တော့ ကလေးငယ် တစ်ယောက်၏ရုပ်တု တစ်ချို့လည်း ရှိလို့နေသေး၏။ ထို ကလေးငယ်က သူ့အဖေလက်ကို ဆွဲကိုင်ထားရင်း ကျေနပ် စွာပြုံး၍ တွယ်တာမှုကို ပြသလို့နေသည်။

ဝမ်ဖျင်က ပန်းပုထွင်းနေသော သူ့လက်ကို ကြည့် လိုက်ကာ ခပ်တိုးတိုး ဆိုလိုက်သည်။ "အဖေ..ကျွန်တော် က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက အဖေ့ကို ခွင့်လွှတ်ပေးခဲ့ပြီးပါပြီ..."

ထို မှောင်မိုက် အေးစက်သော ဆောင်းညတွင် လျှပ်စီးတန်းတစ်ခုသည် ရွင်ယွမ်ဂြိုဟ် ရှိရာသို့ နီးကပ်လာခဲ့၏။ ထို လျှပ်စီးတန်းက ဂြိုဟ်၏ လေထုကို ဖြတ်ကျော်လာကာ မိုးကြိုးတန်းများကပါ ဆင်းသက်လာပြီး ရွင်ယွမ်ဂြိုဟ် တစ်လျှောက် ပဲ့တင်ထပ်စေသည်။

ဤအခိုက်အတန့်၌ အေးစက်စက် ဆောင်းလေပြင်းပင် ပြိုပျက်သွားခဲ့ရပေသည်။

ထိုအခိုက်အတန့်၌ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူ အားလုံးသည် သည်အားကောင်းသော အော်ရာကို သတိပြု မိလိုက်ကြာ၏။သူတို့၏ နားထဲ၌လည်း မိုးကြိုးခွန်အားတစ် ခုက ပေါက်ကွဲ မြည်ဟီးကုန်၏။

စွန်မိသားစု၏ဘိုးဘေး စွန်ရှီက နှစ်ပေါင်းများစွာ ကြာ အောင် တံခါးပိတ်ကျင့်ကြံနေ၏။သို့သော် ထို အခိုက်အတန့်၌ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ ဖျပ်ခနဲပင် သူက ကောင်းကင်ထက်သို့ ရောက်ရှိသွားကာ အပေါ်သို့ မော့ကြည့်လိုက်၏။ ချက်ခြင်းပင် သူ့အသွင်က ပြောင်းလဲသွားခဲ့သည်။

"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ မိုးကြိုးလဲ...."

စွန်ရှီက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်၏။ သူ့ မျက်လုံးသူငယ်အိမ်ပင် ကျုံ့လို့သွားခဲ့သည်။

သူ့ဘေးတွင်လည်း စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြ၏။ စုစုပေါင်း ရှစ်ယောက်တိတိ ရှိလေသည်။ စွန်ချီမင်က ပြောလိုက်၏။ "ဘိုးဘေး..ကြည့်ရတာ တစ်စုံတစ်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာနေတဲ့ပုံပဲ

ရွင်နှင့်ကျိုး မိသားစုများလည်း ထွက်လာကြသည်။ သို့ရာတွင် သူတို့က စွန်မိသားစုလောက် သန်မာ အားကောင်းကြခြင်း မရှိတော့ပေ။ တကယ်တော့ သူတို့ မိသားစုနှစ်စု၏ ကျွမ်းကျင်သူများက လွန်ခဲ့သောအချိန် အတန်ကြာကတည်းက ဂြိုဟ်မှ ထွက်သွားခဲ့ပြီ မဟုတ် လား။

ရေပြင်ကျယ်မြို့ ဝမ်စံအိမ်ခြံဝန်းထဲ၌ ဝမ်လင်းက သူ့ အရက်အိုးကို အောက်ချကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ မည်သည့် လင်း လက်မှုမှ ရှိမနေဘဲ ထိုအခြင်းအရာက သူ့ကို အစစ်အမှန်အ ဘိုးအို တစ်ယောက်ဟု ထင်မှတ်စေရ၏။

သူက တစ်ချက်သာ ကြည့်၍ ခေါင်းပြန်ငုံ့ကာ အရက် ဆက်သောက်နေလိုက်သည်။

လျှပ်စီးများ လွှမ်းခြုံနေသော ကြီးမားလှသည့် သားရဲကြီး က ကောင်းကင်ထက်၌ ဖြတ်သန်း ရွှေ့လျားလာသည်။ ၎င်း၏ ကျောပေါ်တွင်တော့ သက်လတ်ပိုင်းလူကြီး တစ် ယောက် ထိုင်နေ၏။ သူကတော့ ကောင်းကင်ဘုံမိုးကြိုး ကျောင်းတော်မှ မိုးကြိုးတာအိုပညာရှင်ပင်။သူ့ မျက်လုံးများက လျှပ်စီးတန်းများအလား ကမ္ဘာ မြေပေါ်သို့ အေးစက်စွာ ကြည့်လာ၏။ သူ့နတ်ဘုရားအာရုံ က ဂြိုဟ်တစ်ခုလုံးကို မည်သည့်အရာကိုမှ အရေးမစိုက် ဟန်ဖြင့် သိမ်းကြုံး ဖြန့်ကျက်လိုက်သည်။ သူ့ နတ်ဘုရား အာရုံက ရေပြင်ကျယ်မြို့ကိုပါ ဖြတ်သန်းလို့သွား၏။

သို့ရာတွင် အချို့အကြောင်းပြချက်များကြောင့် သူက ဝမ် လင်းထံ၌ သူ့နတ်ဘုရားအာရံကို ရပ်တန့်လိုက်ခြင်း မပြု ပေ။

သူ့နတ်ဘုရားအာရုံ သိမ်းကြုံး ဖြတ်သန်းသွားစဉ် ရွင် ယွမ်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်းက တုန်ယင်သွားကြ၏။

သေမျိုးများသည်လည်း ထိုသို့ ခံစားလိုက်ရသည်သာ။ သို့သော် သူတို့ကတော့ ဤသို့ဖြစ်ရသည့် အကြောင်းရင်းကို မသိနိုင်ကြချေ။

သည်အခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးသည် မကြုံစဖူး တိတ်ဆိတ်လာခဲ့၏။

သိပ်မကြာခင်တွင် မိုးကြိုးတာအိုပညာရှင်က သူ့နတ် ဘုရားအာရုံကို ပြန်ရုတ်သိမ်းကာ မျက်မှောင်ကြုတ် လိုက်၏။ သူက ဂြိုဟ်တစ်ခုလုံးကို ရှာဖွေပြီး ဖြစ် သော်လည်း လိုအပ်ချက်နှင့် ကိုက်ညီသူ မည်သူ့ကိုမျှ မတွေ့ ခဲ့ရပေ။

သူ့ နတ်ဘုရားအာရုံကို ပြန်ရုတ်သိမ်းလိုက်သည့် အချိန်၌ နှင်းများက နောက်တစ်ဖန် ပြန်လည် ကျဆင်းလာကာဆောင်းလေအေးကလည်း တကြော့ပြန် လှုပ်ရှားလာခဲ့ တော့၏။

"ကြည့်ရာတာ ဒီဂြိုဟ်ကနေ သူ ထွက်သွားတာ တော်တော်ကြာခဲ့ပြီနဲ့ တူတယ်။ ဒီလူက တကယ် ကံကောင်းသွားတယ်..."

မိုးကြိုးတာအိုပညာရှင်က လှည့်၍ ထွက်ခွာသွားဟန် ပြင်လိုက်၏။ သို့သော် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းလို့သွားသည်။ သူ့ နတ်ဘုရားအာရုံ မြန်ဆန် စွာပင် ထပ်မံလှုပ်ရှားသွားကာ တောင်ခြေရွာငယ်လေးတစ်ရွာအပေါ်သို့ သွား၏။ ရွင်ယွမ်ဂြိုဟ်ပေါ်ရှိကျရောက်

ထိုနတ်ဘုရားအာရုံ ဖြတ်သန်းလာသည့်အခါ၌ ချင်ရီက ရုတ်တရက် ဖြူ ရောသွားကာ သူမ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။သူမခန္ဓာကိုယ်ထဲရှိစိတ်ဝိညာဉ် စွမ်းအင်များကလည်း ပျက်စီးသွားကာ ပြန်ကောင်းမွန်ရန် အချိန်အတန်ကြာ လိုအပ်ပေတော့မည်။

ဝမ်ဖျင်က မှင်သက်သွား၏။ သူက ခေါင်းမော့ကာ ချင်ရီ ထံသို့ ကြည့်၍ နူးညံ့စွာ မေးလိုက်သည်။ "ချင်ရီ..ဘာဖြစ်လို့လဲ

ချင်ရီက စကားပြောဟန် ပြင်လိုက်စဉ်မှာပင် သူမအသွင် က ချက်ခြင်း ပြောင်းလဲသွားပြီး သွေးအန်ထုတ်လိုက်ရ၏။ ပြင်းထန်သောနတ်ဘုရားအာရုံက နှင်းများကို လွင့်စင် ထွက်သွားကာ သည်နေရာသို့ တိုက်ရိုက် ဆင်းသက်လာချေ သည်။

သည်နတ်ဘုရားအာရုံက

ကမ္ဘာမြေတစ်ခုလုံးကို တုန်ယင်သွားစေလိုက်သည့်အထိပင် အားကောင်းလှ၏။

အခန်းအပြင်ဘက်နှင့် နှင်းနှင့်လေများက လှုပ်ရှားနေရာ ကနေ နောက်တစ်ဖန် ရပ်တန့်သွားရပြန်သည်။

ချင်ရီ၏ ဖြစ်ပေါ်ခါစ မူလစိတ်ဝိညာဉ်သည် စိတ်ဝိညာဉ် စွမ်းအင်များကို ထုတ်လွှတ် ရုန်းကန်လာ၏။ ထို့ကြောင့် သူမက ဝမ်လင်း ရှေ့သို့ ထိုနတ်ဘုရားအာရုံ မရောက်ခင် ကြိုရောက်သွားလိုက်နိုင်၏။

သူမအသွင်က အိုမင်းနေပြီ ဖြစ်သော်လည်း သူမမျက်လုံး ထဲ၌ အလျော့မပေးမှုတို့က ထွက်ပေါ်လို့နေ၏။

"စိတ်ဝင်စားစရာပဲ..." အေးစက်စက်အသံတစ်ခုက အခန်းထဲသို့ ဝင်ရောက်လာကာ ပဲ့တင်ထပ်သွား၏။

ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခန်း တံခါးပွင့်သွားကာ သက်လတ်ပိုင်းလူကြီး တစ်ယောက် လှမ်းလျှောက်၍ ဝင်လာလေသည်။ သူက အထဲသို့ ဝင်လာ သည့်အခိုက်တွင် ချင်ရီ၏မျက်နှာက သေလောက်အောင် ဖြူရောလို့သွား၏။

သူက ထိုလူ့ထံမှ အံ့မခန်းအော်ရာကို ခံစားမိနေ၏။ ထို အော်ရာက ခုခံနိုင်စွမ်းမဲ့ခြင်းကို ဖြစ်စေသည်။

ထိုလူ့ရှေ့တွင် ချင်ရီက သူ့ကိုယ်သူ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားလိုက်ရ၏။ သူမက ထိုသူ၏ အတွေးတစ် ချက်ဖြင့်ပင် သူမလိုလူမျိုး မြောက်များစွာ သေဆုံးသွား နိုင်သည်ဟု ခံစားမိနေ၏။ သူမက အုတ်ဂူမရှိဘဲ သေဆုံး ကာ ပြန်လည်မွေးဖွားပင် မရှိအောင် ဖြစ်သွားနိုင်ပေသည်။

ထိုသူ၏ ပတ်လည်၌ လျှပ်စီးများက တဖျပ်ဖျပ် လင်း လက်လို့နေ၏။ သူ့ပတ်လည်ရှိ ရွှေ့လျားနေသောလျှပ်စီးများ က သူ့ကို မိုးကြိုးကောင်းကင်ဘုံသား တစ်ယောက်ကဲ့သို့ ထင်မှတ်ရအောင် ပြုလုပ်ပေးနေသည်။

သူက အခန်းထဲသို့ ဝင်လိုက်သည်နှင့် လျှပ်စီးများက အခန်းနံရံများ တစ်လျှောက် ပျံ့နှံ့သွားကာ အိမ်တစ်ခုလုံးက လျှပ်စီးလှောင်ချိုင့်တစ်ခုလို ဖြစ်တည်သွားခဲ့၏။

အပြင်ဘက်တွင်တော့ မိုးကြိုးသားရဲက ပျင်းရိလေးတွဲ စွာ ကောင်းကင်ထက်၌ လှဲလျောင်းလို့နေ၏။၎င်း၏ မျက်လုံးထဲ၌လည်း အထင်သေးမှုတို့နှင့် ပြည့်လို့နေသည်။ သည်ကမ္ဘာထဲရှိ မည်သည့်အရာကမျှ ၎င်း၏ အာရုံကို အနည်းငယ်ပင် မဖမ်းစားနိုင်ဆိုသည့် ပုံစံမျိုးနှင့် အနှီ သားရဲက ရှိလို့နေခြင်းပင်။ ဤအရာကပင် မိုးကြိုးသားရဲ ဖြစ်လေ၏။ ရှေးဟောင်းမိုးကြိုးကောင်းကင်ဘုံနယ်မြေမှ တော်ဝင်သားရဲ တစ်မျိုး ဖြစ်သည့်အတွက် ဂုဏ်မောက်နေ ခြင်းမျိုးပင်။

၎င်း၏ သွေးမျိုးဆက်က အလွန်သန့်စင်ခြင်း မရှိတော့ သော်လည်း ၎င်း၏ ဘိုးဘေးများနှင့် ကြီးမားစွာ ကွာဟသွားပြီဖြစ်သော်လည်း ယင်းဝင့်ထည်မှုက ၎င်း၏ အရိုးများ ထဲကနေ ထွက်ပေါ်နေခြင်း ဖြစ်လေသည်။

ဝမ်ဖျင်က သစ်သားပန်းပုရုပ်ကို အောက်ချကာ ချင်ရီ အနားသို့ လာရပ်၏။ သူက သက်လတ်ပိုင်းလူကြီးကို ကြည့် ကာ တည်ငြိမ်စွာ မေးလိုက်သည်။ "သင်က ဘယ်သူလဲ..."

ခုလက်ရှိတွင် ဝမ်လင်းက သေမျိုးတစ်ယောက် မဟုတ် တော့သည့်အလားပင်။ သူ့မျက်လုံးထဲရှိ တည်ငြိမ်မှုက အတုအယောင် မဟုတ်ပေ။ အမှန်အကန် တည်ငြိမ်မှုပင် ဖြစ်၏။ သူက ချင်ရီ ရှေ့တွင် ယောက်ျားသားတစ် ယောက်၏ ဝင့်ထည်မှုမျိုးဖြင့် မားမားမတ်မတ် ရပ်နေခြင်း ပင်။

ထိုအရာများအားလုံးက သူ့အဖေ ဝမ်လင်းကြောင့်သာ ဖြစ်ပေ၏။ ဆယ့်ကိုးနှစ် သာမန်ဘဝ၊ ရှစ်နှစ်တာ စွန့်စား ခရီးဆန့်ထွက်မှု၊ နှစ်သုံးဆယ်ကျော် သေမျိုးများကြား အနှိုင်းမဲ့အုပ်ချုပ်သူ ဖြစ်ခဲ့ခြင်းက သူ့နှလုံးသားကို ကောင်းကင်ဘုံကိုပင် မကြောက်လန့်အောင် ပုံပေါ် ပေးလိုက်ခြင်းပင်။ သူက ကောင်းကင်ပြိုကျလာမည်ကိုပင် မစိုးရိမ်သည့်အတွက် သည်ကျင့်ကြံသူအတွက်ဆို ပြောစရာ ပင် မလိုတော့ပေ။

ချင်ရီက ဝမ်ဖျင်မျက်လုံးများကို ငေးမောကြည့်နေမိ၏။ သည်အခိုက်အတန့်၌ ဝမ်ဖျင်၏ ပုံရိပ်က သူမစိတ်ထဲတွင် ထာဝရ စွဲထင်မိသွားချေလေပြီ။ ချင်ရီမျက်ဝန်းထဲရှိ နူးညံ့မှု က ပို၍ တောက်ပလာခဲ့၏။ သူမက ကျင့်ကြံမှုအဆင့် လွင့်ပြယ်သွားသော်လည်း သူမ ယောက်ျားဖြစ်သူ၏ ဘေး နားတွင် မားမားရပ်ကာ ထိုသက်လတ်ပိုင်းလူကြီးအား တည်ငြိမ်စွာ ကြည့်လို့နေလိုက်၏။

သက်လတ်ပိုင်းလူကြီးက ဝမ်ဖျင်ကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လို့နေသည်။ ထို အကြည့်က ဝမ်ဖျင်ကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိနေသည် ဟု ထင်မှတ်ရ၏။

သူ့ နတ်ဘုရားအာရုံကို သည်နေရာသို့ ဆင်းသက် စေလိုက်ခြင်း အကြောင်းရင်းက သူ့ရှေ့ရှိ လူကြောင့်သာ ဖြစ်၏။ထိုသူက သေမျိုးတစ်ယောက်မျှသာ ဖြစ်သည်။ သို့သော် ကျန်သည့် သေမျိုးအားလုံးကဲ့သို့ ထိုသူက သူ့နတ် ဘုရားအာရုံဖြတ်ကျော်သွားသည့် အချိန်တွင် တုန်လှုပ်သွား ခဲ့ခြင်း မရှိပေ။ ကြည့်ရသည်မှာ ထိုသေမျိုးက သူ့နတ် ဘုရားအာရုံကိုပင် သေး၏။ သတိမပြုလိုက်မိသည့်ပုံ ပေါ်နေ

ထို့အတွက်ကြောင့်လည်း သူက စိတ်ဝင်စားသွားကာ သူ့ နတ်ဘုရားအာရုံကို သည်နေရာသို့ ကျရောက် ပိတ်လှောင် ထားစေလိုက်ခြင်း ဖြစ်သည်။

သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ “စိတ်ဝင်စားစရာ ပဲ။ မင်းကို ငါ့နတ်ဘုရားအာရုံ ဖြတ်ကျော်မသွားနိုင်တာအံ့အားသင့်စရာ မရှိတော့ဘူးပဲ...။ဒါက ဒီလိုကို.."

သက်လတ်ပိုင်းလူကြီးက အခန်းထဲသို့ ခြေလှမ်းလိုက် သည့်အခိုက်အတန့်၌ ဝေးကွာသောနေရာရှိ ရေပြင်ကျယ် မြို့တွင် ဝမ်လင်းက အရက် ထိုင်သောက်နေရာကနေ ရုတ်တရက် မတ်တပ် ထရပ်လာ၏။ သူ့ညာလက်ထဲရှိအရက်အိုးသည်လည်း ကွဲကြေသွားသည်။

ဝမ်လင်းက ခေါင်းမော့လိုက်၏။ နှစ်ပေါင်းများစွာ မည် သည့်တောက်ပမှုမှ မရှိသည့် သူ့ မျက်လုံးများက အဆုံးစွန် အေးစက်မှုကို ထုတ်ဖော်လာခဲ့လေ၏။
ကျင့်ကြံခြင်း…

မိုးကြိုးတာအိုပညာရှင်၏ အကြည့်က ဝမ်ဖျင် ခန္ဓာကိုယ် ပေါ်သို့ ကျရောက်နေ၏။ သူက စိတ်ဝင်စားဟန်ဖြင့် ပြော လာသည်။ "ဒီတော့ မင်းက လူသားတစ်ယောက် မဟုတ် :..."ဘူးဘဲ..

သူစကားမဆုံးသေးခင်မှာပင် ဝမ်ဖျင်ခန္ဓာကိုယ်က တုန် ခါသွား၏။ သည်အခိုက်အတန့်၌ သူ့နောက်မှ အရိပ်က ရုတ်တရက် လှုပ်ရှားလာသည်။ ကောင်းကင်ဘုံ သက်တော်စောင့် ရုပ်သေးက ထွက်ပေါ်လာသည်နှင့် လက်သီး တစ်လုံး ပစ်သွင်းလာ၏။

ထိုလက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်ပေါ်သွား စေသည်။ ယင်းလက်သီးချက်က မိုးကြိုးတာအိုပညာရှင် ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

မိုးကြိုးတာအိုပညာရှင်၏ မျက်လုံးက ကျဉ်းမြောင်းလို့ သွား၏။သူက ယင်းရုပ်သေးသည် ဝမ်ဖျင်၏ အရိပ်ထဲ၌ ဖုံးကွယ်နေသည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည့်အတွက် အံ့အားသင့်သွားခြင်းတော့ မရှိပေ။ သူ့လက်ဖြင့် ချိပ်တံဆိပ်
တစ်ခု ဖြစ်ပေါ်စေလိုက်ရာ သူ့လက်ထဲ၌ လျှပ်စီး ဖြစ် ပေါ်လာ၏။ သည့်နောက် သူက လက်ဝါးဖြင့် ရုပ်သေးရှိရာ သို့ ရိုက်ချလိုက်သည်။

မိုးကြိုး ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက လျှပ်စီးကို တိုက်ရိုက် ထွင်းဖောက် လာ၏။ ၎င်း၏ လက်သီးချက်ကလည်း မိုးကြိုးတာအိုပညာရှင်၏ လက်ပေါ် သို့ ကျရောက်လို့သွားသည်။

ရုပ်သေး၏ လက်သီးချက်မှ ထွက်ပေါ်လာသော အဖျက် အစီးအားတစ်ခုက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲ သို့ ရူးသွပ်ဖွယ် ရွှေ့လျားသွား၏။

မိုးကြိုးတာအိုပညာရှင်က နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရကာ ခပ်အုပ်အုပ်အသံတစ်ခု ထွက်ပေါ်သွား သည်။သူ့လက်ပေါ်ရှိ ထုံထိုင်းမှုနှင့် လျှပ်စိးတို့သည် မြန်ဆန် စွာ ပျောက်ကွယ်သွားကြ၏။သူ့မျက်လုံးထဲမှ ထူးဆန်းသော အလင်း တစ်ခု ထွက်ပေါ်လာကာ ရုပ်သေးကိုကြည့်လိုက် ပြီး ရယ်မော၍ ပြောလိုက်သည်။ "ထိပ်တန်းရုပ်သေး..."

ကောင်းကင်ဘုံသက်တော်စောင့်ကလည်း နောက်သို့ ခြေ နှစ်လှမ်းခန့် ဆုတ်သွား၏။ ၎င်း၏ မျက်လုံးများက အေး စက်လို့နေသည်။ လျှပ်စီးများက ၎င်း၏ ခန္ဓာကိုယ်ပေါ်၌ မြွေများ ကခုန်သကဲ့သို့ ခုန်ပေါက် လှုပ်ရှားနေသည်။

မိုးကြိုးတာအိုပညာရှင်က ရယ်မောရင်း ရှေ့သို့ တက် လာ၏။ သူ့ ခြေထောက် ချလိုက်ချ၌ပင် အိမ်ပတ်လည်ရှိ လျှပ်စီးများက သူ့ခြေထောက်အောက်သို့ စုဝေးလာကြကာ သူ့ခြေလှမ်းအတိုင်း လိုက်ပါလာလေ၏။

အိမ်တစ်ခုလုံးသည်လည်း ချက်ခြင်း ပျောက်ကွယ်သွားရ သည်။လျှပ်စီးမိုးကြိုးများက အရူးအမူး ပျံ့နှံ့လာခဲ့ကာ ဝမ် ဖျင်က ယင်းတို့၏ အလယ်တို့ ရှိလို့နေသည်။

ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေး၏ မျက်လုံးက လည်း ပိုမို အေးစက်လာခဲ့သည်။၎င်းက နောက်ထပ် လက်သီးတစ်လုံးကို ပစ်သွင်းလိုက်ပြန်သည်။ သို့ရာတွင် လျှပ်စီများက အလွန်များပြားစွာ ရှိလို့နေသည့်အတွက် ကောင်းကင်ဘုံသက်တော်စောင့်က ၎င်းတို့အားလုံးကို ပိတ်ဆို့နိုင်ခြင်း မရှိတော့ပေ။

ယင်းလျှပ်စီးများက ဝမ်ဖျင်ခန္ဓာကိုယ်ထံသို့ ရောက်ရှိလုနီးပါး ဖြစ်လာသည်။ ချင်ရီအသွင်ကတော့ ပြောင်းလဲ သွားခြင်း မရှိပေ။သူက ဝမ်ဖျင့်လက်ကို ဆွဲကိုင်ထားရင်း ကြင်နာစွာသာ ကြည့်လို့နေဆဲသာ။

ဝမ်ဖျင်ကလည်း ကြောက်လန့်သွားခြင်း မရှိပေ။ သူက မ လှုပ်မယှက် မတုန်မလှုပ်သာ ရှိလို့နေ၏။ အကြောင်း ကတော့ သူက သူ့အဖေသည် ကျိန်းသေပေါက် ရောက်လာ မည်ကို သိနေသောကြောင့်ပင်။

သူ့အမြင်၌ သူ့အဖေက သည်ကြယ်များအောက်၌ အ သန်မာဆုံးတည်ရှိမှုတစ်ခုပင်။ မည်သူကမျှ သူ့အဖေကို ဆန့်ကျင်နိုင်လိမ့်မည် မဟုတ်ပေ။
ဝမ်ဖျင်၏ တည်ငြိမ်မှုက မိုးကြိုးတာအိုပညာရှင်ကို စိတ် ဝင်တစား ကြည့်မိလာစေသည်။ အနည်းငယ် သေချာ ကြည့်ရှုပြီးနောက် သူက မှင်သက်သွား၏။ သူက တစ်ခုခု ကို မြင်တွေ့လိုက်ရသကဲ့သို့ပင်။

ဝမ်ဖျင်ထံသို့ တိုးဝင်လာသည့် လျှပ်စီးလှိုင်းများက သူနှင့် နီးကပ်လာချိန်တွင် ကောင်းကင်နှင့်မြေကြီးကြားကနေ ရှေးဟောင်းအသံ တစ်ခု ထွက်ပေါ်လာချေသည်။

ထိုအသံက အလွန်ရှေးဆန်၏။ ယင်းအသံ သက်ဆင်း လာချိန်တွင် လျှပ်စီးတန်းများအားလုံးက လှုပ်ရှားနေရာက နေ တောင့်တင်း အေးခဲသွားသည်ဟုပင် ထင်မှတ်ရ၏။

ထိုအသံထဲ၌ စကားတစ်ခွန်းသာ ပါဝင်၏။ "ရပ်လိုက်..."

လေဟာနယ်ထဲကနေ ဝဲကတော့ကြီး တစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။ သည့်နောက် ယင်းဝဲကတော့ထဲကနေ ဆံပင်အဖြူနှင့် အဘိုးအိုတစ်ယောက်က လှမ်းထွက်လာချေ သည်။

သူက လေထဲသို့ ခြေချလိုက်ရာ ဝမ်ဖျင် ရှေ့သို့ ရောက်ရှိလာတော့သည်။ သည့်နောက် သူက ဝမ်ဖျင်ရှေ့ရှိ အေးခဲနေ သော လျှပ်စီးလှိုင်းများကို လက်ညွှန်လိုက်သည်။ ထိုအခါ အက်ကွဲသံများက ထိုလျှပ်စီးလှိုင်းများ ပတ်လည်ကနေ ဆက်တိုက် ထွက်ပေါ်လာချေသည်။

ချက်ခြင်းပင် သည်အက်ကွဲပျက်ခြင်းပင် သည်အက်ကန့် မှထိအေးစက်နိုင်ခြင်း များက အရူးအမူးပျံ့နှံ့လာခဲ့ကာ လျှပ်စီးလှိုင်းများသည် ပျက်စီးသွားခဲ့သည်။

ထိုသို့ ရုတ်တရက် ဖြစ်ပွားသွားမှုက မိုးကြိုးတာအို ပညာရှင်ကို ပင့်သက်ရှိုက်သွားမိစေသည်။သူက နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်ကာ ဝမ်လင်းကို သတိထားသည့် အကြည့်ဖြင့် ကြည့်လာသည်။

သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။

သူ့ နတ်ဘုရားအာရုံကလည်း ထိုလူ့အပေါ်၌ အလုပ်မ လုပ်တော့ပေ။

ဝမ်ဖျင်က ထိုလူအိုကြီးကို ငေးကြည့်နေရင်း တိုးညင်းစွာ ခေါ်လိုက်သည်။ "အဖေ..."

ထိုခေါ်သံထဲ၌ ဆယ်စုနှစ်များစွာ တွယ်တာအောက်မေ့မှု တို့ ပါဝင်လို့နေ၏။

ထိုအဘိုးအိုကတော့ ဝမ်လင်းပင်။ သူ့မူလတုန်းက မှိန် ဖျော့နေသော မျက်လုံးများက အခုအခါတွင် အလွန်အမင်း အေးစက်နေခဲ့ချေပြီ။သည်လိုအကြည့်မျိုး သူ့ထံကနေ ထွက် မပေါ်လာသည်မှာ အချိန်ကြာမြင့်နေခဲ့ပေပြီ။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်."

ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးက ဝမ်လင်း နားသို့ ဖျပ်ခနဲ ရောက်လာကာ မိုးကြိုးတာအိုပညာရှင်ကို အေးစက်စွာ စိုက်ကြည့်လို့နေသည်။
မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို အလေးအနက် ဟန်ပန်နှင့် ကြည့်ကာ မေးလိုက်သည်။ "သင်က ဘယ်သူလဲ မိတ်ဆွေ

ဝမ်လင်းက သူ့ဝန်းကျင်ကို မကြည့်ပေ။

သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နူးညံ့သော အလင်းတစ်ခုက ဝမ်ဖျင်နှင့်ချင်ရီတို့ကို ထွေးခြုံပေးသွား သည်။ တစ်ချိန်တည်းမှာပင် သူက ရှေ့သို့ ခြေတစ်လှမ်းတိုး ကာ ဝမ်ဖျင်နှင့်ချင်ရီတို့ကို ခေါ်ဆောင်သွားလိုက်သည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း သူနှင့် နီးကပ်စွာ လိုက်ပါလာခဲ့၏။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်သွားသည်။ သူက အေးစက်စက် နှာခေါင်းရှုံ့ကာ ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းက ရွင်ယွမ်ဂြိုဟ်အနောက်ဘက်ရှိ လွင်ပြင် ကျယ်တစ်ခုပေါ်တွင် ပြန်ပေါ်လာခဲ့သည်။ ဝမ်ဖျင်နှင့်ချင်ရီ တို့သည်လည်း သူနှင့်အတူ ပြန်ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင် မိုးကြိုးလျှပ်စီးတစ်ခုက ဖျပ်ခနဲ လင်းလက်သွားကာ သူတို့ရှေ့ရှိ ပေတစ်ထောင်ခန့်တွင် မိုးကြိုးတာအိုပညာရှင်ကလည်း ပေါ်ထွက်လာလေ၏။

သူ ထွက်ပေါ်လာသည်နှင့် သူ့ပတ်လည်တွင် လျှပ်စီး ပမာဏများစွာကပါ ပေါ်ထွက်လာခဲ့သည်။သည် အခိုက်အတန့်တွင် ကောင်းကင်တစ်ခုလုံးက နက်မှောင်လာခဲ့ကာ တိမ်တိုက်များထံမှ လျှပ်စီးများ ပေါက်ကွဲထွက် လာ၏။ ယင်းအရာက အလွန်တုန်လှုပ်ဖွယ်ပင်။

မိုးကြိုးတာအိုပညာရှင်၏ အသံက အေးစက်နေကာ သူက ဝမ်လင်းကို စူးစိုက်ကြည့်ပြီး ဖြည်းညင်းစွာ ပြော လိုက်၏။ "ငါက မင်း ဘယ်သူလဲ ဆိုတာ ဂရုမစိုက်ဘူး။ ရုပ်သေးရုပ်ကို ဒီအဘိုးအိုအတွက် ထားခဲ့ပါ။ ဒီအဘိုးအိုက မင်းတို့သုံးယောက်ကို အလွတ်ပေးလိုက်မယ်..."

ဝမ်လင်းမျက်လုံးများက ပိုမို အေးစက်လာကာ သူက တည်ငြိမ်စွာ ပြောလိုက်၏။ "သင်က ငါ့ကို ထွက်သွားခွင့် ပြုရင်တောင် ငါက သင့်ကို ခွင့်မပြုဘူး။ ငါသာ ခြေတစ် လှမ်း နောက်ကျသွားရင် ငါ့သားက သင့်လက်ချက်ကြောင့် သေရတော့မလို့။ ဒီကိစ္စက ငါ့သည်းခံနိုင်စွမ်းကို လာထိပါး နေတာပဲ။ ငါက မင်းနောက်ခံကိုလည်း ဂရုမစိုက်ဘူး။ ဒီနေ့ သင် သေရလိမ့်မယ်."

သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ရုတ်တရက် ထွက် ပေါ်လာချေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ သက်တော်စောင့်က ရှေ့သို့ ထိုးတက်လာ၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်တောက်ပလာ သည်။၎င်းက မိုးကြိုးတာအိုပညာရှင်ထံသို့ လက်သီး တစ်လုံး ပစ်သွင်းလာသည်။

မိုးကြိုးတာအိုပညာရှင်က သိုလှောင်အိတ်ထဲမှ မိုးကြိုး ပိုက်ကွန်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက လက်ဖြင့်
ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ကာ ထိုပိုက်ကွန်ကို ပစ်လွှတ်လိုက်သည်။ ပိုက်ကွန်က ရုတ်တရက် ပြန့်ကား ကြီးမားလာကာ ကောင်းကင်ဘုံ သက်တောင်စောင့်ထံသို့ ဖုံးအုပ်လာလေ၏။

မရေမတွက်နိုင်သော စာလုံးများက ထိုမိုးကြိုးပိုက်ကွန် ပေါ်၌ ရှိလို့နေ၏။ ကောင်းကင်ဘုံသက်တောင်စောင့် ရုပ်သေး၏ လက်သီးချက်ကို ယင်းပိုက်ကွန်ကို ပျက်စီးသွား နိုင်ခြင်းငှာ မစွမ်းသာခဲ့ပေ။

"ဒီအဘိုးအိုက မိုးကြိုးကောင်းကင်ဘုံနန်းတော်က တမန်တော်တစ်ယောက်ပဲ။ မင်း ခွန်အားနဲ့ဆိုရင် မင်းမျာ ဒီ ရုပ်သေး ရှိနေရင်တောင် ငါ့ကို သတ်ဖို့ မဖြစ်နိုင်ဘူး..." ထို့နောက် သူက မိုးကြိုးလျှပ်စီးတန်းကို ဝမ်လင်းထံသို့ ပစ်လွှတ်လိုက်လေ၏။

ဝမ်လင်း အသွင်က ပုံမှန်အတိုင်းပင်။သူက ယင်းလျှပ်စီး တန်းကို ရှောင်ရှားခြင်း မပြုပေ။ ၎င်းက နီးကပ်လာသည့် အခါ သူက ပါးစပ်ဟရုံသာ ဟလိုက်၏။ ထိုအခါ တာအို မိုးကြိုးပညာရှင်ထံမှ မယုံကြည်နိုင်ဟန် အကြည့်တို့ ဖြစ် ပေါ်လာ၏။ ဝမ်လင်းက ယင်းလျှပ်စီးကို ဝါးမြိုပစ်လိုက် သည် မဟုတ်လား။

*ဒီလျှပ်စီးလောက်နဲ့ မလုံလောက်သေးဘူး..." ဝမ်လင်း က သူ့ညာလက်ကို မြှောက်လိုက်၏။ သူ့မူလစိတ်ဝိညာဉ်၏ အချို့အစိတ်အပိုင်းကလည်း သူ့ညာလက်နှင့်အတူ ရွှေ့လျား လာသည်။ မိုကြိုးလုံးတစ်လုံးက သူ့လက်ဝါးထက်၌ ပေါ်ထွက်လာ၏။

ယင်းမိုးကြိုးလျှပ်စီးလုံးက လက်သီးစုပ်ခန့်အရွယ် လောက်သာ ရှိသော်လည်း ကောင်းကင်ထက်ရှိ အနက် ရောင်တိမ်စိုင်များကြား ပြောင်းလဲမှုတစ်ခု ဖြစ်သွား စေသည်။ ကောင်းကင်ထက်ရှိ တိမ်စိုင်များက လျှပ်စီးများ ရောထွေးယှက်တင် ဖြစ်လို့သွား၏။ချက်ခြင်းပင် လျှပ်စီး တန်းများအားလုံးက ဝမ်လင်းလက်ထဲရှိ မိုးကြိုးလုံးထံသို့ တိုးဝင်လာကြ၏။

ထိုမြင်ကွင်းက မိုးကြိုးတာအိုပညာရှင်ကို ပင့်သက်ရှိုက် သွားစေသည်။

"ဒါကမှ အစစ်အမှန်မိုးကြိုး ဖြစ်တယ်..." ဝမ်လင်းအသံ က တည်ငြိမ်လှ၏။သူက ညာလက်ကို ဝှေ့ယမ်းလိုက်လေ သည်။ မိုးကြိုးလုံးက မိုးခြိမ် တုန်ခါသံများကို ပေးစွမ်းကာ မိုးကြိုးတာအိုပညာရှင်ထံသို့ တိုးဝင် ပျံသန်းသွားလေ၏။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က အကြီးအကျယ် ပြောင်းလဲသွား၏။ သူက နောက်သို့ ချက်ခြင်း ဆုတ်ကာ သိုလှောင်အိတ်ထဲမှ အနက်ရောင်သတ္တုချောင်းတစ်ခုကို ထုတ်ယူလိုက်၏။ ယင်းသတ္တုချောင်းက သုံးပေခန့်ရှည်ကာ တစ်ပေခန့် ထူထဲသည်။ မရေမတွက်နိုင်သော မှော်စာလုံး များက ထိုသတ္တုချောင်းပေါ်၌ ရေးထွင်းထား၏။သည့် အပြင် ၎င်းသတ္တုချောင်းပေါ်၌ အနီရင့်ရောင်လိုင်းများက
လည်း ရောထွေးယှက်တင် ရှိလို့နေသည်။

ဝမ်လင်း၏ မိုးကြိုး ရောက်ရှိလာသည့် အခါတွင် မိုးကြိုး တာအိုပညာရှင်က ယင်းသတ္တုချောင်းကို မြေပေါ်သို့ အားပါးတရ စိုက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့လက် နှစ်ဖက်ဖြင့် ချိပ်တံဆိပ်များကို မြန်ဆန်စွာ ဖြစ်ပေါ်စေကာ ယင်းအပေါ်သို့ နေရာချလိုက်သည်။

မိုးကြိုးတာအိုပညာရှင်၏ မျက်လုံးများက ကျဉ်းမြောင်း သွားကာ သူက အော်ဟစ်လိုက်သည်။ "ကောင်းကင်နဲ့ မြေကြီးရဲ့မိုးကြိုး...စုစည်းခြင်း..."

မိုးကြိုးလုံးက ကျယ်လောင်စွာ မြည်ဟီး၍ နီးကပ်လာ ခဲ့၏။သို့သော် ၎င်းက ချက်ခြင်းပင် သတ္တုချောင်း၏ သက်ရောက်မှုကို ခံလိုက်ရသည်။ ၎င်းက မိုးကြိုးတာအို ပညာရှင်ထံကနေ သတ္တုချောင်းထံသို့ မမျှော်လင့်စွာ လမ်းကြောင်းလွဲ၍ ဦးတည်သွား၏။ သည့်နောက် ၎င်း ပတ်လည်၌ အားကောင်းသောလျှပ်စီးအလွှာတစ်ခု ဝန်းရံ လာခဲ့သည်။

လျှပ်စီးများက သတ္တုချောင်းတစ်လျှောက် ရွှေ့လျားနေ ရင်း မှော်စာလုံးများသည် စတင်၍ တောက်ပလာကာ တစ်ခုခုကို စုပ်ယူနေသကဲ့သို့ ထင်မှတ်ရ၏။

သို့ရာတွင် မိုးကြိုးလုံးက အားကောင်းလွန်းလှ၏။ ထို့ကြောင့် သတ္တုချောင်းပေါ်၌ အက်ကွဲကြောင်းများ စတင် ပေါ်လာခဲ့ချေ၏။ သို့သော် သတ္တုချောင်းပေါ်ရှိ အနီရင့် ရောင်လိုင်းများက အက်ကွဲကြောင်းတစ်လျှောက် ရွှေ့လျား ကာ သတ္တုချောင်း ပျက်စီးသွားခြင်းကနေ ကာကွယ်ပေး ထားသည်။

မိုးကြိုးလုံးက ကျယ်လောင်စွာ တုန်မြည်ဟီးကာ ထည်ဝါ မှုကို ပေးစွမ်းလာ၏။ ၎င်း၏ မိုးကြိုးတော်တော်များများက သတ္တုချောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသော်လည်း သတ္တု ချောင်းနှင့် ပွတ်တိုက် နေဆဲသာ ဖြစ်၏။

ဤအခိုက်အတန့်၌ သတ္တုချောင်းပေါ်၌ အက်ကွဲကြောင်း များက မြန်ဆန်စွာ ပျံ့နှံ့လာခဲ့သည်။ ခုချိန်၌ အနီရင့်ရောင် လိုင်းများက သတ္တုချောင်းကို မပျက်စီးသွားစေရန်အလို့ငှာ တစ်ခုလုံးကို ဖုံးအုပ်ပေးထားနေရသကဲ့သို့ ထင်မှတ်ရ၏။

မိုးကြိုးတာအိုပညာရှင်က သူ့ရှေ့ရှ မြင်ကွင်းကို မယုံကြည်နိုင်ဟန် ကြည့်နေမိသည်။

ထိုအခိုက်အတန့်၌ သတ္တုချောင်းက ပြင်းထန်သော လျှပ်စီးစွမ်းအားကို တောင့်မခံနိုင်တော့သည့်ပုံ GUT နေသည်။ မိုးကြိုးလုံးတစ်ခုလုံးကို စုပ်ယူပြီးသည့်နောက် ၎င်းက တုန်ခါလာကာ မိုးကြိုးတာအိုပညာရှင် ရှေ့တွင်ပင် ရုတ်တရက် ပျက်စီးသွားသည်။

သတ္တုချောင်း ပျက်စီးသွားသည့်အခါ ပြင်းထန်သော မိုးကြိုးက တာအိုပညာရှင်ကို ဗဟိုပြုကာ ပေါက်ကွဲထွက် လာ၏။ သူက နောက်သို့ ခြေဆယ်လှမ်းခန့် လွင့်စင်သွား ကာ သူ့မျက်နှာကလည်း ဖြူရောသွားသည်။ သူက ဝမ်လင်း ကို ကြည့်၍ အော်ပြောလိုက်သည်။ "မင်းက မိုးကြိုး ကောင်းကင်ဘုံရဲ့တမန်တော်အဖြစ် ဟန်ဆောင်ခဲ့တဲ့ ရှုမူ ပဲ...မင်း ကျင့်ကြံမှုက ဘယ်အဆင့်မှာလဲ..."

ပေါက်ကွဲထွက်လာသည့် မိုးကြိုးစွမ်းအားများက ကောင်းကင်ဘုံ သက်တော်စောင့်ကို ဝန်းရံထားသည့် လျှပ်စီးများကိုပါ ပျက်ပြယ်သွားစေသည်။ထို့ကြောင့် ကောင်းကင်ဘုံသက်တော်စောင့်က လှမ်းထွက်လာခဲ့ချေ သည်။

ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ကို တည်ငြိမ်စွာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါ့ကျင့်ကြံမှု အဆင့်က..."

သူက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ် မှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲ ထွက်လာတော့သည်။ သူက အခြေခံတည်ဆောက်ခြင်း အဆင့်မှသည် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း၊ သည့်နောက် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း ရောက်လာသည်။ အထွတ်အထိပ် သို့

ထိုအရာက အဆုံးသပ် မဟုတ်သေးပေ။ သူ့ခန္ဓာကိုယ်ထဲ မှ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါက်ကွဲ ထွက်လာပြန်ကာ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက် ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိသွားပြန်သည်။

ဝမ်လင်းခန္ဓာကိုယ်က

ကောင်းကင်ဘုံစိတ်ဝိညာဉ်
စွမ်းအင်များနှင့် ပြည့်နှက်လာနေချိန်တွင် မိုးကြိုးတာအို ပညာရှင်၏ အသွင်က ပို၍ ရုပ်စိုးလာခဲ့၏။ သူက ပထမ အဆင့်ကျင့်ကြံသူတစ်ယောက်ကို ကြောက်လန့်စရာဟု မ ယူဆသော်လည်း ထိုအဘိုးအို၏ ကျင့်ကြံမှုအဆင့်က ဆက်လက်၍ တိုးတာလက်နေဆဲပင်။ သူက ထိုသူ၏ အဆင့်က မည်သည့်အဆင့်သို့ ရောက်မှ အဆုံးသပ်မည်ကို မသိဘဲ ဖြစ်နေသည်။

အာဏာတက်ခြင်းအစောပိုင်းအဆင့်က အဆုံးသပ် မဟုတ်သေးပေ။သည့်နောက် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် က အာဏာတက်ခြင်းအလယ်အဆင့်သို့ ရောက်ရှိလာခဲ့ချေ သည်။

နောက်ဆုံးတွင်တော့ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များက အာဏာတက်ခြင်းအလယ်အဆင့်တွင် တည်ငြိမ်လာခဲ့သည်။ သို့ရာတွင် ဝမ်လင်း၏ အော်ရာ ကတော့ တန့်သွားခြင်း မရှိဘဲ ပို၍အားကောင်းလာခဲ့သည်။ ထိုအော်ရာက သူ့နယ်ပယ်ကနေ ဖြစ်ပေါ်လာခြင်းပင်။

အာဏာတက်ခြင်းအလယ်အဆင့်၏

ကျင့်ကြံမှု အကန့်အသတ်က သူ့ နယ်ပယ်၏ တိုးမြှင့်လာမှုကို ရပ်တန် ခြင်းငှာ မစွမ်းနိုင်ခဲ့ချေ။ ဝမ်လင်းနယ်ပယ်၏ အော်ရာက ပို၍ ပို၍ အားကောင်းလာခဲ့ကာ မိုးကြိုးတာအိုပညာရှင်၏ အသွင်ကို ပိုမို သုန်မှုန်သွားစေသည်။

နယ်ပယ်၏ တိုးမြှင့်လာမှုက ရပ်တန့်သွားသည်ပုံမပေါ် ဘဲ သာမန်အာဏာတက်ခြင်း အလယ်အဆင့်တစ် ယောက်၏ ရှိသင့်သည်ကို ကျော်ဖြတ်လာခဲ့သည်။ သည် အခိုက်အတန့်၌ ဝမ်လင်းဆံပင်ဖြူများကလည်း လေနှင့် အတူ လွင့်မြောနေကာ သူကပို၍ နက်နက်နဲနဲ စတင် စဉ်းစားလာသည်။

ဝမ်လင်းထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့်အော်ရာ က အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ၎င်းက ရွင်ယွမ် ဂြိုဟ်အား ဖြည်းဖြည်းချင်း လွှမ်းခြုံလာခဲ့သည်။

သူ့နယ်ပယ်က ဆက်လက်ပြန့်နှံ့လာရင်း အာဏာတက် ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရှိလာတော့၏။ ထိုအရာ က အဆုံးမှတ် မဟုတ်သေးပေ။၎င်းက ဆက်လက်၍ မြင့် တက်လာနေဆဲသာ။

ထိုအရာက မိုးကြိုးတာအိုပညာရှင်၏မျက်လုံးကို ပြူး ကျယ်သွားမိစေသည်။သူက အသက်ရှုပင် ရပ်တန့်သွား သည်ဟု ထင်မှတ်လိုက်ရသည်။ သူက နယ်ပယ် ရပ်တန့် သွားသည်ကို ခံစားမိလိုက်ခါမှ စိတ်သက်သာရာ ရသွားကာ တွေးလိုက်မိသည်။ "ပထမအဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူ တစ်ယောက်က သတ်ပစ်ဖို့ လွယ်လွယ်လေးပဲ၊ ဒါပေမဲ့ လည်း သူကတော့ သန်မာလွန်းနေခဲ့တယ်.."

ကောင်းကင်ထက်၌ တောင်တန်းနှင့်မြစ် ပန်းချီကားတစ် ချပ် ပေါ်လာသည်။ သည်ပန်းချီကားက ကောင်းကင်ဘုံကို နောက်ခံထား၍ မြေပြင်ကို စုတ်တံအဖြစ်သုံးကာ ရေးဆွဲ ထားခြင်းပင်။

သည့်နောက် ထိုပန်းချီကားထဲကနေ တစ္ဆေလောကမြစ် က ဖြည်းဖြည်းချင်း ပေါ်ထွက်လာကာ ခပ်နှေးနှေး စီးဆင်း လာလေသည်။

သို့ရာတွင်တစ္ဆေလောကမြစ်က ရုတ်တရက် တုန်ယင် သွားကာ ဝမ်လင်း ထံသို့ ဦးတည်လာခဲ့တော့သည်။

မိုးကြိုးတာအိုပညာရှင်က လုံးဝ တုန်လှုပ်မိနေချိန်မှာပင် ဝမ်လင်းနယ်ပယ်က အထွတ်အထိပ်သို့ ရောက်ရှိလာဟန် ပြုပြီးမှ ရုတ်တရက် မြင့်တက်လာပြန်ကာ အာဏာတက် ခြင်းနောက်ဆုံး အထွတ်အထိပ်သို့တိုင် ရောက်လာခဲ့သည်။

ဝမ်လင်း၏နယ်ပယ်က ဤအဆင့်တွင် ရပ်တန့်သွား သည်။

မိုးကြိုးတာအိုပညာရှင်က ခုမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့၏။ သူက ဝမ်လင်း၏နယ်ပယ်သည် ပထမအဆင့်ကို ချိုးဖျက်သွားမည်ကို လန့်နေမိခြင်းပင်။ ထိုသို့သာ အမှန်တကယ် ဖြစ်လာခဲ့ပါက ရုပ်သေး၏ အကူအညီပါ ထည့်ပေါင်းလိုက်လျှင် သူ့အတွက် ယနေ့ တိုက်ပွဲက ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ပေသည်။

မိုးကြိုးတာအိုပညာရှင်က နှာခေါင်းရှုံ့လိုက်သည်။ "ဒီလို ကျင်ကြံမှုလေးနဲ့ မင်းက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်ရဲ့ တမန်တော်အဖြစ် ဟန်ဆောင်ဝံ့သေးတယ်ပေါ့ သူက ထိုသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ သံသယ အချို့ ရှိလို့နေဆဲပင်။တကယ်တော့ ရှုမူ စောနက အသုံးပြုခဲ့သော မိုးကြိုးလုံးက လွန်စွာ တုန်လှုပ်ဖွယ် ကောင်းသည် မဟုတ်လား။

သည်လိုမိုးကြိုးမန္တာန်မျိုးက ယောက် ပိုင်ဆိုင်ထားသည့်အရာမျိုး မဟုတ်ပေ။ သာမန်ကျင့်ကြံသူတစ်

ဝမ်လင်းက ခေါင်းမော့ကြည့်လိုက်၏။ သူ့တွင် လုံလောက်သောကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်တို့ ရှိမနေခဲ့ပေ။ ထို့ကြောင့် သူ့ကျင့်ကြံမှုအဆင့်က အာဏာတက် ခြင်းအလယ်အဆင့်တွင်သာ တန့်သွားခဲ့ခြင်း ဖြစ်၏။ သို့ရာတွင် သူ့နယ်ပယ်က မြင့်မားသောအဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ ယင်းအဖြစ်ကဝမ်လင်းကိုပင် အံ့အားသင့်သွားစေခဲ့ပေသည်။သူကိုယ်တိုင်လည်း ထိုသို့ မျှော်လင့်ထားမိခြင်း မရှိပေ။

သည့်အပြင် သူ့က သေခြင်းရှင်ခြင်းနယ်ပယ်ကိုသာ ထုတ်လွှတ်ထားခြင်း ဖြစ်နေ၏။ ခုထိ သူက ကံကြမ္မာ နယ်ပယ်နှင့် မိုးကြိုးခွန်အားတို့ကို ထုတ်လွှတ်ရခြင်း မရှိသေးပေ။

မိုးကြိုးတာအိုပညာရှင် ဝမ်လင်းနယ်ပယ်ကို ဖြတ်မြင်နိုင် စွမ်း မရှိရသည့် အကြောင်းရင်းသည် ကံကြမ္မာ နယ်ပယ် ကြောင့်ဖြစ်၏။ ဝမ်လင်းနယ်ပယ်က ဆင့်ကဲ ဖွံ့ဖြိုးလာပြီး နောက် လူတစ်ယောက်က ဒုတိယအဆင့်ကျင့်ကြံခြင်း
နယ်ပယ်မှ အစစ်အမှန်ကျင့်ကြံသူတစ်ယောက် မဟုတ် လျှင် သူ့ကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ တကယ်တော့ ယင်နှင့်ယန်အဆင့်က ပထမအဆင့်ကျင့်ကြံ ခြင်းနှင့် ဒုတိယအဆင့်ကျင့်ကြံခြင်းတို့ကြား ပေါင်းကူးပေး သည့် ကြားအဆင့်များသာ ဖြစ်လေ၏။

ဝမ်ဖျင်က သူ့ရှေ့မှ သူ့အဖေကို ငေးမောကြည့်နေမိသည်။ သူ့အဖေ၏ ကျင့်ကြံမှုအဆင့် တိုးမြင့်လာသည့် အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲတွင် တုန်ခါမှုလှိုင်း အနည်းငယ် ဖြစ်လို့သွားသည်။ သူက သူ့စိတ်ဝိညာဉ်ထဲမှ ထိုတုန်ခါမှုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ ထို အခြင်းအရာက သူ သံသယရှိနေသည့် ထင်မြင်ချက်ကို ပို၍ သေချာသွားအောင် ပြုလုပ်ပေးနေ၏။

ပါးစပ်ပိတ်ထားစမ်း...

ဝမ်ဖျင်နှလုံးသားက ပို၍ ခါးသီးစွာ ခံစားနေရသည်။ သူ့ ဘေးရှိ ချင်ရီက သူ့လက်ကို ဆုပ်ကိုင်လို့ ထားသည်။ သူမ၏ မျက်ဝန်းထဲ၌ ကြင်နာရိပ်တို့ ပြည့်နေကာ သူက ပြောလိုက် သည်။ "စိတ်မပူပါနဲ့...နင် ဘာပဲ ဖြစ်ဖြစ် ငါက နင်နဲ့အတူ ရှိနေပေးမှာပါ..."

ဝမ်ဖျင်က တိတ်တဆိတ် တွေးတောရင်း ခေါင်းညိတ်ပြ လိုက်၏။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်နေကာ သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။ "ဒီအဘိုးအိုက မင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ အစစ်အမှန် တမန်တော်က ဘာလဲ ဆိုတာ ပြသပေးမယ်..."

သည့်နောက် သူက လက်မြှောက်ကာ ကောင်းကင်ထက် သို့ လက်ညွှန်ရင်း အော်ပြောလိုက်သည်။ "ကောင်းကင်ဘုံ မိုးကြိုးသားရဲ..."

မိုးကြိုးပမာဏများစွာက အရပ်မျက်နှာအနှံ့ကနေ ထွက် ပေါ်လာခဲ့ကာ ကောင်းကင်တစ်ခုလုံးကိုပင် သိမ်းပိုက်တော့ မလား ထင်မှတ်ရသည်။ မိုးကြိုးပညာရှင်၏ အထက်၌ မိုးကြိုးများက ဧရာမမိုးကြိုးလုံးကြီးအဖြစ် အရူးအမူး သိပ်သည်း လာ၏။

မိုးကြိုးတုန်ဟီးသံက ဂြိုဟ်တစ်လျှောက်တွင် ပျံ့နှံ့ ပဲ့တင်ထပ်လာခဲ့၏။ထိုအသံက ကြားရသူတိုင်းအဖို့ တုန်လှုပ်ဖွယ် ကောင်းနေ၏။ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်များပင် သူတို့၏ ထိန်းချုပ်မှုမှ လွတ်ကင်းသွားရသည်။

ထို့နောက် ယင်းမိုးကြိုးလုံးက ပြန်ကျုံ့လာကာ မြင့်မြတ် ထည်ဝါသော မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားချေ သည်။

ထိုမိုးကြိုးသားရဲက မာန်ဝင့်ကြွားလှ၏။ ၎င်းက ထွက် ပေါ်လာသည်နှင့် လျှပ်စီးတန်းနှစ်ခုကို လိုက်၏။ နှာမှုတ်ထုတ်

သို့ရာတွင် ၎င်းသားရဲက ဝမ်လင်းကို ကြည့်လိုက်ချိန်၌ မှင်သက်သွားကာ စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တို့ ဖြစ် ပေါ်လာခဲ့သည်။

မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို ကြည့်၍ တည်ငြိမ် စွာ ပြောလိုက်သည်။ "မိုးကြိုးသားရဲ ရှိမှသာ လူတစ် ယောက်ကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန် တော်လို့ ခေါ်တွင်နိုင်တယ်။ တမန်တော် အယောင်ဆောင် တဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့ မိသားစုတစ်စုလုံးသုတ်သင်ခံရမယ်.."

ဝမ်လင်းက မိုးကြိုးသားရဲကို တစ်ချက်သာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မိုးကြိုးဦးချိုမရှိဘဲ ဒါကို မိုးကြိုးသားရဲလို့ မခေါ်တွင်နိုင်ဘူး..."

သည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စစ် ရထားက ပျံသန်းထွက်လာကာ မိုးကြိုးပမာဏများစွာသို့ ပြောင်းလဲသွား၏။

အဖျက်အစီးအော်ရာက ကမ္ဘာမြေတွင် စတင်ပျံ့နှံ့လာ လေသည်။ သည့်နောက် သားရဲတစ်ကောင်က ထိုမိုးကြိုး များကြားမှ လှမ်းထွက်လာချေ၏။

၎င်းသားရဲ ထွက်ပေါ်လာသည်နှင့် မိုးကြိုးတာအို ပညာရှင်၏ အသွင်က ချက်ခြင်း ပြောင်းလဲသွားသည်။ သူ့ စိတ်ထဲ၌ အလွန်တုန်လှုပ်မှုကို ခံစားလိုက်ရသည်။ ထို တုန်လှုပ်မှုက ကြီးမားလှရာ သူ့ကို ထိုသားရဲကို စကားတစ် ခွန်းမှမဆိုဘဲ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိလောက်အောင် ဖြစ်သွားစေသည်။

မိုးကြိုးကောင်းကင်ဘုံ သူ့အထက်တွင် ရှိနေသော ကျောင်းတော်မှ မိုးကြိုးသားရဲကလည်း ၎င်းကိုယ်ပေါ်မှ မိုးကြိုးများကို ထုတ်လွှတ်လာက မြေပြင်ထက်သို့ ခုန်ဆင်း လိုက်၏။ ၎င်းက ရန်မူလိုသည့်ဟန် ဖြစ်ပေါ်လာခဲ့သည်။

စစ်ရထားမှ ဖြစ်ပေါ်လာသည့် မိုးကြိုးသားရဲက ၎င်း၏ ခေါင်းကို ကောင်းကင်ထက်သို့ မော့ကာ ဟိန်းသံ ပြုလိုက်၏။

ကေင်းကင်ထက်မှ တုန်ခါမှုတော်လဲသံများ ဖြစ်ပေါ်လာ ကာ မိုးကြိုးလျှပ်စီးတန်းများကပါ သက်ဆင်းလာချေသည်။ သည်အရာက နတ်ဘုရားပြစ်ဒဏ်ကြောင့် မဟုတ်ဘဲ သည် မိုးကြိုးသားရဲ၏ မန္တာန်ကြောင့်သာ ဖြစ်လေ၏။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲက လည်း ၎င်းနှာခေါင်းထဲမှ မိုးကြိုးများကို မှုတ်ထုတ်လိုက် လေ၏။ ၎င်းက သူ့ရှေ့ရှိသားရဲ၏ ဖိအားကို ဆက်မခံနိုင် တော့သည့်အလားပင်။

ဝမ်လင်း၏ မိုးကြိုးသားရဲ မျက်လုံးက အေးစက်လာ၏။ မိုးကြိုးသားရဲများက အချင်းချင်း တွေ့ဆုံသည့်အခါ သူ တို့၏ သခင်များက ရပ်တန့်ခြင်း မပြုပါက သေသည့်အထိတိုက်ပွဲဝင်တက်ကြပေသည်။ ဤအရာက အခြား ကောင်းကင်ဘုံသားရဲများနှင့် ခြားနားချက်ပင်။

ဝမ်လင်း၏ မိုးကြိုးသားရဲခြေထောက်အောက်မှ မိုးကြိုး တန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ချက်ခြင်းပင် ၎င်းက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုမိုးကြိုးသားရဲ၏ မျက်လုံးထဲ၌ ကြောက်လန့်မှု အရိပ်အယောင်တို့ ဖြစ်ပေါ်လာ၏။ ၎င်း၏ သွေးမျိုးဆက်က မသန့်စင်သော်လည်း ၎င်းက အခြားသားရဲ၏ မိုးကြိုးက အလွန်အမင်း စွမ်းအားကောင်းသည်ကို ခံစားမိနေနိုင်သည်။ သို့ရာတွင် ၎င်း၏ စိတ်ဝိညာဉ်ထဲမှ ဂုဏ်သိက္ခာ တည်းဟူသော အချက်ကြောင့် ၎င်းက အလျော့ပေးရန် ငြင်းဆန်ကာ နောက်ထပ် ဟိန်းသံတစ်ခုကို ထုတ်ဖော် လိုက်ကာ ရှေ့သို့ တဟုန်ထိုး ထိုးတက်လာခဲ့သည်။

ဤကုန်းမြေ၌ မိုးကြိုးပေါက်ကွဲသံများက ပျံ့နှံ့ပဲ့တင်ထပ် လာခဲ့ကာ သားရဲနှစ်ကောင်၏ ကြမ်းကြုတ်သော တိုက်ပွဲ စတင်လေတော့၏။

"ဒါ…ဒါက ငွေရောင်ဦးချို မိုးကြိုးသားရဲ…" မိုးကြိုးတာ အိုပညာရှင်၏ အကြည့်က ဝမ်လင်း၏ ငွေရောင်ဦးချို မိုးကြိုးသားရဲအပေါ်သို့ ကျရောက်သွားကာ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေတော့သည်။

"မိုးကြိုးသားရဲတစ်ကောင် ပိုင်ဆိုင်တာက တစ်နည်းအားဖြင့် မိုးကြိုးမန္တာန်တွေကို ကျွမ်းကျင်နေတယ် လို့ ဆိုလိုနေတာပဲ..."

မိုးကြိုးတာအိုပညာရှင်၏ မျက်နှာထက်၌ ခါးသက်မှုတို့ ပြည့်နေ၏။ သူကသာ သည်နေရာသို့ လာရန် အမိန့်ပေးမခံ ရဘဲ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် အဖြစ် လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့်က ခန့်အပ်ခြင်း မခံရခင်ကဆိုရင် သူကိုယ်တိုင်လည်း ဝမ်လင်းကို တမန် တော်တစ်ယောက်ဟု တွေးထင်မိပေလိမ့်မည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင်လည်း 68 ရောင်ဦးချိုမိုးကြိုးသားရဲ ပိုင်ဆိုင်ထားသည်သာ ဖြစ်၏။သို့သော် ဤအရာက လူအနည်းငယ်သာ ဖြစ်ကာ ကောင်းကင်အဆင့် တမန်တော်များထဲမှ လက်တစ်စုပ်စာ လူလောက်သာ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။သူကသာ ငွေ ရောင်ဦးချိုမိုးကြိုးသားရဲ တစ်ကောင်ကို ပိုင်ဆိုင်လိုက်ပါ ကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တွင် အဆင့်အတန်းကလည်း ဖြစ်သည်။ သူ့ များစွာ တိုးတက်လာမည်

သူ့မျက်လုံးများထဲ၌ ငွေရောင်ဦးချို မိုးကြိုးသားရဲကို ကြည့်နေရင်း လောဘရိပ်တို့ တက်လာ၏။ သည့်နောက် သူက ဝမ်လင်းထံသို့ ကြည့်လိုက်ကာ ချက်ခြင်းပင် လက် နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ယင်းနောက် သူ့လက်နှစ်ဖက်က ရုတ်တရက် အတူပူးကပ် သွား၏။သူက လက်ကို ပြန်ခွာလိုက်သည့်အချိန်တွင် သိပ်သည်းသော ပေါ်လာခဲ့သည်။ ငွေရောင်လျှပ်စီးဓားတစ်လက် ဖြစ်

ထိုလျှပ်စီးက ဓားတစ်လျှောက် ရွှေ့လျားနေရင်း မိုးကြိုး တာအိုပညာရှင်က ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ် ပေါ်စေပြီး ရုပ်သေးထံသို့ ညွှန်လိုက်၏။ ငွေရောင်ဓားရှည် တစ်လက်က မိုးကြိုးတာအိုပညာရှင်ထံကနေ ပျံသန်းထွက် သွားကာ ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးထံသို့ ဦးတည်သွားလေသည်။

"ငါက ဒီလူ့ကို သတ်နိုင်သရွှေ့ ဒီမိုးကြိုးသားရဲက လည်း ပိုင်ရှင်မဲ့သွားလိမ့်မယ်။ အဲ့ကျရင် ဒီသားရဲက ငါ့ဟာ ပဲမိုးကြိုးတာအိုပညာရှင်က ဓားပျံကို ပစ်လွှတ်လိုက် ပြီးနောက် သူကိုယ်တိုင်လည်း ရှေ့သို့ ထိုးတက်လာခဲ့သည်။ သူ့လက်နှစ်ကို ဖွင့်ဟကာ အော်ပြောလိုက်၏။ "မိုးကြိုး ကောင်းကင်ဘုံနယ်မြေ ပြစ်ဒဏ်..."

ခရမ်းရောင်လျှပ်စီးတန်းတစ်ခုက သူ့လက်ထဲ၌ ရုတ်တရက် ပေါ်လာခဲ့ကာ ပိုက်ကွန်တစ်ခု အသွင်သို့ ပြောင်းလဲသွား၏။ ၎င်းက ကျယ်လောင်သော တုန်ခါသံပြု ကာ ဝမ်လင်းထံသို့ ပျံသန်းလာသည်။

ဝမ်လင်းအသွင်က ပုံမှန်ပင်။ သူ့သော် သူ့မျက်လုံး သူငယ်အိမ်က အနည်းငယ် ကျုံ့သွား၏။ သည်မိုးကြိုးတာ အိုပညာရှင်က ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ် ယောက်ဖြစ်ဖို့ ထိုက်တန်ပေ၏။ သူ့ခန္ဓာကိုယ်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေ ရုံမက မိုးကြိုးအပေါ် ထိန်းချုပ်နိုင်မှုသည်လည်း တုန်လှုပ် ဖွယ်ပင်။

"ဒီလူရဲ့ နယ်ပယ်က မိုးကြိုးနဲ့ ဆက်နွှယ်နေမှာ ငါ စိုးရိမ် ໖໖..."

ဝမ်လင်း မျက်လုံးများက အေးစက်လာကာ သူက ညာ လက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရွှေရောင် ကောင်းကင်ဘုံ စုတ်တံတစ်ခုက သူ့လက်ထဲသို့ ရောက်ရှိလာ၏။ဝမ်လင်းက ယင်းစုတ်တံကို လေထဲသို့ လှုပ်ခါလိုက်ရာ သင်္ကေတတစ်ခု ပေါ်လာသည်။ သူက ရပ်တန့်ခြင်းမပြုဘဲ ဆက်လက်၍ မြန်ဆန်စွာ စုတ်ချက်ခုနစ်ခုကို ရေးဆွဲလိုက် လေသည်။

စုတ်ချက်ခုနစ်ခုက သူ့အကန့်အသတ်ဖြစ်၏။ သူက စုတ်ချက်တစ်ခုစီအတွက် သူ့မူလစိတ်ဝိညာဉ် အပိုင်းတစ်ခု ကို ခွဲခြမ်းထားရကာ စုတ်ချက်ခုနစ်ခုနှစ်အတွက် သူ့မူလ စိတ်ဝိညာဉ်ကို ခုနှစ်ပိုင်း ခွဲခြမ်းထားရပေသည်။

ဝမ်လင်းမူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါးကို စုပ်ယူပြီးသည့်နောက် ပြောင်းလဲသွားခဲ့ပြီး ဖြစ်သည်။ သူ့ မူလစိတ်ဝိညာည် အပိုင်းခုနစ်ခုက ယင်းစုတ်တံထဲ၌ ပါဝင် နေသော်လည်း ထိုစုတ်ချက်ခုနစ်ခု သင်္ကေတက အရင်လို ရွှေရောင်တောက်ပမှု မရှိတော့ဘဲ မိုးကြိုးနှင့် ပြည့်နေသည့် အဖြူရောင်တောက်ပမှုကိုသာ ထုတ်လွှတ်လာခဲ့သည်။

သည်တစ်ကြိမ်က ၎င်းသင်္ကေတက ကောင်းကင်ဘုံ သားတစ်ယောက်၏ ဖိအားသာမက ကောင်းကင်ဘုံ မိုးကြိုး၏ တည်ရှိမှုဖိအားကိုပါ ထုတ်လွှတ်လာခဲ့သည်။ ထို သင်္ကေတ ပြည့်စုံသွားသည်နှင့် လျှပ်စီးးများက ယင်းသင်္ ကေတစ်လျှောက် ရွှေ့လျားရာကနေ အက်ကွသံများပါ ထွက်ပေါ်လာခဲ့သည်။

အံ့မခန်းအဖျက်အစီးအားတစ်ခုက မုန်တိုင်းတစ်ခု အလား သင်္ကေတထံကနေ ပေါက်ကွဲထွက်လာခဲ့သည်။ဤ အရာက ကောင်းကင်ဘုံမိုးကြိုး၏ ခွန်အားပင်။

ယင်း ကောင်းကင်ဘုံမိုးကြိုးခွန်အား ထွက်ပေါ်လာသည့် အခိုက်တွင် သိပ်မဝေးသောနေရာတွင် တိုက်ခိုက်နေကြ သော မိုးကြိုးသားရဲနှစ်ကောင်ကပါ ရပ်တန့်သွားကာ ကဲ၍ ကြည့်လာကြ၏။ ယင်းသားရဲနှစ်ကောင်က ရှေးဟောင်း ကောင်းကင်ဘုံမိုးကြိုး၏ အငွေ့အသက်ပါဝင်နေသော မိုးကြိုးကို ကောင်းစွာ ခံစားမိနိုင်ကြသည်။

ဤရှေးဟောင်းကောင်းကင်ဘုံမိုးကြိုးက ရှေးဟောင်း မိုးကြိုးနဂါးထံကနေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တစ် ချိန်တုန်းက ရှေးဟောင်းမိုးကြိုးနဂါးများသည် ကောင်းကင် နှင့်မြေကြီးအတွက် မိုးကြိုးကို ထိန်းချုပ်ကြကာ ကောင်းကင်ဘုံမိုးကြိုးကို ထိန်းချုပ်နိုင်သည့် စွမ်းအားကို ရရှိလာခဲ့ခြင်းပင်။ ဝမ်လင်းက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုလိုက်ပြီးနောက် ၎င်းက သူ့မူလစိတ်ဝိညာဉ်နှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်လာခဲ့ကာ သူလည်း ထိုစွမ်းအား ကို ရရှိလာခဲ့ခြင်း ဖြစ်သည်။ ုပ်နိုင်မ

ထို့အတွက်ကြောင့် ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုး သည် သည်ကမ္ဘာထဲရှိ အခြားမိုးကြိုးများအားလုံး၏ အထက်တွင် ရှိသည်ဟုပင် ပြောနိုင်ပေသည်။မိုးကြိုးတာအို ပညာရှင်က အခြားမန္တာန်များကို အသုံးပြုလျှင် သူ့အတွက် အဆင်ပြေပေဦးမည်။ သို့သော် သူက ဝမ်လင်းနှင့် မိုးကြိုး မန္တာန်ချင်း ယှဉ်ချင်ပါက သူ့အတွက် အနိုင်ရရန် အခွင့်မရှိပေ..
သူ့ကျင့်ကြံမှုအဆင့်က မြင့်မားသည် ဆိုလျှင်ပင် ဤ အရာက လုံလောက်အောင် မြင့်မားခြင်း မဟုတ်သေးပေ။ သူက အစစ်အမှန် ဒုတိယအဆင့် ကျင့်ကြံခြင်းသို့ ရောက် နေမှသာ အနိုင်ရနိုင်မည် ဖြစ်၏။

ဝမ်လင်းက မိုးကြိုးနှင့်ပတ်သတ်၍ အနှိုင်းမဲ့သူ တစ် ယောက်ဖြစ်ကာ သည်ကမ္ဘာတွင် သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သည့် မိုးကြိုးမန္တာန်ဟူ၍ မရှိပေ။

အခြားနည်းဖြင့် ပြောပါက ဝမ်လင်းသည် သက်ရှိထင်ရှား မိုးကြိုးနဂါးဟု တင်စားနိုင်ပေ၏။

စုတ်ချက်ခုနစ်ခု သင်္ကေတကို ရေးစွဲပြီးသည့်နောက် စုတ်တံက ယင်းသင်္ကေတကို ညင်သာစွာ တောက်ထုတ် လိုက်၏။ ထိုအခါ သင်္ကေတသည် မိုးကြိုးတာအိုပညာရှင် ထံသို့ ပျံသန်းသွားတော့၏။

မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်နေသည်။ သူက အံတင်းတင်း ကြိတ်ကာ သူ့လက်ဝါးထက်မှ မိုးကြိုး ကို ထိုသင်္ကေတနှင့် တွေ့ဆုံရန် ရှေ့သို့ တွန်းထုတ်လိုက် သည်။

ဘုန်း...။

သင်္ကေတက ပျက်စီးသွား၏။ ထိုအခါ ဝမ်လင်း၏ မူလ စိတ်ဝိညာဉ် အပိုင်းခုနစ်ခုကို သယ်ဆောင်ထားသော အဆုံး မဲ့အားက မိုးကြိုးတာအိုပညာရှင်ထံသို့ တိုက်ရိုက် ဖိနှိပ်လာ ခဲ့သည်။ သူ့လက်ထဲရှိ ခရမ်းရောင်လျှပ်စီးကလည်း ပျံ့ကျဲသွားကာ သူကသွေးများစွာ အန်ထုတ်လိုက်ရပြီး နောက်သို့ အသည်းအသန် ဆုတ်လိုက်ရ၏။

ဘုန်း..ဘုန်း...ဘုန်း...ဘုန်း...။ ပေါက်ကွဲမှုတစ်ခုတိုင်းက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲ၌ မူလစိတ်ဝိညာဉ် အပိုင်းတစ်ခုစီ ပဲ့တင်ထပ်နေခြင်း ဖြစ်သည်။ သူက နောက်ဆုတ်နေရင်း သွေးဆက်တိုက် အန်ထုတ်နေရ၏။

နောက်ဆုံး မူလစိတ်ဝိညာဉ် အပိုင်း ပဲ့တင်ထပ်သွားပြီး သည့်အခါ၌ မိုးကြိုးတာအိုပညာရှင်၏ မျက်နှာက ဖြူ ရော သွားသည်။ သူက နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်လိုက် ရလေသည်။သူ့မျက်လုံးထဲ၌လည်း မိသည်။ ကြက်သေသေနေ

သည်အရာက သူ့ဘဝတွင် မိုးကြိုးမန္တာန်ကြောင့် ပထမ ဆုံးအကြိမ် ဖိနှိပ်ခံလိုက်ရခြင်း ဖြစ်နေ၏။ သူက သူ့ရန်သူ နှင့် သူ့ကိုယ်သူနှိုင်းယှဉ်ကြည့်လျှင် သည်ရှုမူက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ အစစ်အမှန်တမန်တော် ဖြစ်နေပြီး သူက အတုအယောင် ဖြစ်နေသည်ဟုပင် ခံစား လိုက်ရ၏။

သူ့မျက်လုံးများကလည်း ပိုမို သုန်မှုန်လာခဲ့သည်။

ဝမ်လင်းက စိတ်ထဲ၌ သက်ပြင်းချမိ၏။ သည်မိုးကြိုးတာ အိုပညာရှင်က အမှန်တကယ်ကို ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူ ဖြစ်ဖို့ ထိုက်တန်နေ၏။ သူ့သင်္ကေတ၏ ထိမှန် ခြင်း ခံရတာတောင်မှ သူက ဒဏ်ရာသာ ရရှိခဲ့ကာ သူ့
အမြုတေအပေါ်၌ မည်သည့် သက်ရောက်မှုမှ ဖြစ်မသွားခဲ့ပေ..

တစ်ဘက်၏ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်က အားကောင်းလွန်းလျကာ မူလစွမ်းအင်အချို့ပင် ရောယှက် နေသေး၏။ မိုးကြိုးက ထိုမိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားချိန်၌ ထိုမူလ စွမ်းအင်၏အားကြောင့် ပျော်ဝင်သွားခဲ့ရသည်။

"မင်းက တော်တော်သန်မာတာပဲ။ မင်းက မင်းနယ်ပယ် ကို နားလည်ဖို့အတွက် ဒီရွင်ယွမ်ဂြိုဟ်မှာ တစ်ကိုယ်ရေ လာနေတာ ဖြစ်ရမယ်။ နောက်ထပ်နှစ်တစ်ရာလောက်သာ အချိန်ထပ်ပေးရင် မင်းက ငါ့ထက်တောင် သန်မာကောင် သန်မာသွားနိုင်တယ်။ မင်းသာ ငါနဲ့ ကျင့်ကြံမှုအဆင့်တူရင် ငါက သံသယမရှိ သေဆုံးရလိမ့်မယ်။ ဒါပေမဲ့လည်း မင်း ကျင့်ကြံမှုအဆင့်က ပထမအဆင့်ကျင့်ကြံခြင်းမှာပဲ ရှိနေ ແລະ..."

မိုးကြိုးတာအိုပညာရှင်က အသက်ဝဝရှူသွင်းကာ သူ့ ဒဏ်ရာများကို ချက်ခြင်း ပြန်ကုစားလိုက်၏။

သို့ရာတွင် ဝမ်လင်းက သူ့ရန်သူ၏ ခန္ဓာကိုယ်ထဲရှိ မူလ စွမ်းအင်က အနည်းငယ် လျော့နည်းသွားသည်ကို ကောင်း စွာ ခံစားမိလိုက်သည်။

မိုးကြိုးတာအိုပညာရှင်က အလေးအနက် ပြောလာ၏။ "ငါ မင်းကို နောက်တစ်ခါ ထပ်ပြောမယ်။ ငါ့ကို ရုပ်သေးနဲ့ ငွေရောင်ဦးချိုမိုးကြိုးသားရဲ ပေးလိုက်ပါ။ ဒါဆိုရင် ငါမင်း ကို ထွက်သွားခွင့် ပြုမယ်...။မဟုတ်ရင်တော့ မင်းက ဒီနေ့ ကျိန်းသေပေါက် သေရလိမ့်မယ်။ငါက သာမန်မန္တာန်တစ်ခု ကိုပဲ အသုံးပြုခဲ့ရသေးတယ်။ ဒါပေမဲ့ မင်းက ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ငါက ဒုတိယအဆင့် ကျင့်ကြံသူ တွေသာ အသုံးပြုနိုင်တဲ့ မူလစွမ်းအင်မန္တာန်ကို အသုံးပြုရလိမ့်မယ်။ ဒါကို မင်းခုခံနိုင်မှာ မဟုတ်ဘူး..."

ဝမ်လင်းက တည်ငြိမ်စွာပင် သူ့သိုလှောင်အိတ်ထဲမှ ဓား ကြီး တစ်လက်ကို ထုတ်ယူကိုင်ဆွဲလိုက်သည်။ သူက တည် တည်ငြိမ်ငြိမ် ပြောလိုက်၏။ "တိုက်ကြတာပေါ့။ ငါ့ကို ပုံရိပ် ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ မူလစွမ်းအင် မန္တာန်ကို အတွေ့အကြံယူခွင့် ပြုပါ..."

ဟွမ်မိသားစုဘိုးဘေး သို့မဟုတ် ချမ်ခိုင်ဇီ သို့မဟုတ် မိုးကြိုးတာအိုပညာရှင်တို့ကြားတွင် တူညီမှုတစ်ခု ရှိနေသည်ကို ဝမ်လင်းက သိခဲ့ပေ၏။ ယင်းတူညီမှုကတော့ မူလစွမ်းအင်ပင်။

အနှီမူလစွမ်းအင်က ဒုတိယအဆင့်ကျင့်ကြံသူများ၏ သော့ချက် ဖြစ်သည်မှာ ထင်ရှားနေ၏။

ယခုတိုက်ပွဲက ဝမ်လင်းအတွက် ပထမဆုံးအကြိမ်အဖြစ် ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူနှင့် ကိုယ်တိုင်ကိုယ်ကျ ဆင်နွှဲသည် တိုက်ပွဲဟု ပြောနိုင်သည်။ ပုံရိပ်ယောင်ယင် အဆင့် ကျင့်ကြံသူ၏ အံ့မခန်း ပြန်လည်ကောင်းမွန်နိုင်စွမ်းက ဝမ်လင်း စိတ်နှလုံးကို သုန်မှုန်သွားစေသည်။

တာအိုမိုးကြိုးပညာရှင်၏ အကြည့်က ဝမ်လင်းကို ကျော်၍ ဝမ်ဖျင်နှင့်ချင်ရီတို့ထံ ကျရောက်သွားသည်။ သူ့ မျက်လုံးထဲကနေ ထူးဆန်းသောအလင်း တစ်ခုထွက် ပေါ်လာခဲ့သည်။သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "မင်း က ဒီလူသေတစ်ယောက်အတွက် မင်းနယ်ပယ် နားလည်မှု ကို လက်လျှော့ခဲ့တာပေါ့။ ဒါက ဒီအဘိုးအိုကို တော်တော် ပဟေဠိ ဖြစ်စေတယ်..."

ဝမ်လင်းက နီရဲသော မျက်လုံးများဖြင့် ရုတ်တရက် မော့ကြည့်လာသည်။သူက သူ့လက်ထဲရှိ ဓားကို ပင့်မြှောက် ကာ အေးစက်စွာ ပြောလိုက်၏။ "ပါးစပ်ပိတ်ထားစမ်း..."

ဒုတိယအဆင့်၏ မန္တာန်( နောက်တစ်ပိုင်း)

မိုးကြိုးတာအိုပညာရှင်၏ မျက်လုံးက လက်ခနဲ ဖြစ်သွား သည်။ သူက ပထမဆုံးအကြိမ်အဖြစ် မန္တာန်တစ်ခုအသုံးပြု ကာ ဝမ်ဖျင်ကို ကြည့်လိုက်သည်။

ထိုအကြည့်အောက်၌ ဝမ်ဖျင်၏ခန္ဓာကိုယ်က 632: စက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ လျှို့ဝှက်ချက်အားလုံးက တစ်ဖက်လူမှ ထွင်းဖောက်မြင်သွားခဲ့၏။

ဝမ်လင်း၏ စွမ်းအားက မိုးကြိုးတာအိုပညာရှင်အတွက် အခက်တွေ့သွားစေခဲ့ပေသည်။ သူ့တွင် တစ်ခြားရွေးချယ် စရာသာ ရှိလျှင် သူက မူလစွမ်းအင်မန္တာန်ကို အသုံးမပြုလို ပေ။ မူလစွမ်းအင်က သိသာစွာပင် ရှားပါးလွန်းသည် မဟုတ်လား။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် သေခြင်းရှင်ခြင်း အခြေအနေ မဟုတ်လျှင် သူက မူလစွမ်းအင်မန္တာန်ကို အသုံးပြုရန် ဆန္ဒ ရှိလိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူက ယင်းမူလ စွမ်းအင်ကို ပို၍ သုံးစွဲလေလေ ပုံရိပ်ယောင်ယင်အဆင့်တွင် အချိန်ပိုကြာအောင် နေရလေ ဖြစ်၏။ သူက နှစ်တစ်ထောင်အတွင်း အဆင့်ချိုးဖျက်နိုင်ခြင်း မရှိပါက သူ့ကျင့်ကြံမှု အဆင့်သည် ယခုအဆင့်၌သာ ထာဝရ တန့်သွားပေ လိမ့်မည်။

သူ့တွင်နောက်ထပ် နှစ်သုံးရာသာ ကျန်တော့၏။ ထို့ အတွက်ကြောင့် သူက မူလစွမ်းအင်မန္တာန်များကို အသုံးမ ပြုလိုခြင်း ဖြစ်၏။

သူအကြောက်ဆုံးအရာက ဝမ်လင်း၏ မိုးကြိုးဖြစ်၏။ မိုးကြိုးတာအိုပညာရှင်က သည်လူ၏ နယ်ပယ်သည် မိုးကြိုးနှင့် ဆက်နွှယ်နေလိမ့်မည်ဟု ကောက်ချ ချလိုက်၏။ သူကသာ ထိုလူ၏ နယ်ပယ်ကို ချိုးဖျက်နိုင်လျှင် မူလ စွမ်းအင်မန္တာန်ကို အသုံးပြုစရာမလိုတာ ဖြစ်ကောင်း ဖြစ် သွားနိုင်သည်။

"ဒီအဘိုးအိုကို နောက်တစ်ကြိမ် ကြည့်ခွင့်ပြု။ ဒီတော့ ဒါက မကျေမချမ်းစိတ်ဝိညာဉ်တစ်ခုပေါ့။ ငါက ဒါနဲ့ ပတ် သတ်ပြီး ပြဿနာအချို့ ရှိနေလိမ့်မယ်လို့ တွေးခဲ့မိတယ်။ သေမျိုးတစ်ယောက်က ဘယ်လိုလုပ် ငါ့ နတ်ဘုရားအာရုံ ကို ခုခံနိုင်မှာလဲ။ ပထမတုန်းကတော့ ဒါက ရုပ်သေး ကြောင့်လို့ ငါထင်ခဲ့သေးတယ်။ ဒါပေမဲ့ ကြည့်ရတာ ငါ့ အထင် မှားသွားတဲ့ပုံပဲ..."

မိုးကြိုးတာအိုပညာရှင်က ရယ်မောလိုက်၏။ သို့ရာတွင် သူ့မျက်လုံးသူငယ်အိမ်က ရုတ်တရက် ကျုံ့သွားကာ သူက တစ်ခုခု ပြောမည့်ဟန် ပြင်ပြီးမှ ရပ်တန့်သွား၏။ ဝမ်ဖျင့်ထံသို့ ကြည့်နေသော သူ့အကြည့်ထဲ၌ ကြောက်လန့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဒါ..ဒါက ဓားစွမ်းအင်ပဲ။ ဒီဓားစွမ်းအင်က တော်တော် ကြောက်ဖို့ ကောင်းတာပဲ..."

မိုးကြိုးတာအိုပညာရှင်က ပင့်သက်ရှိုက်မိသွား၏။ ချက် ခြင်းပင် သူက နောက်သို့ ဆုတ်လိုက်မိသည်။ သူ အသုံးပြု လိုက်သော မန္တာန်က ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင် တန်းနှစ်ခုကို သူ့အား မြင်အောင် ပြုလုပ်ပေးလိုက်၏။

"အရူးပဲ...ဒီရှုမူက အရူးပဲ။ သူက ဒီလိုဓားစွမ်းအင်မျိုးကို စိတ်ဝိညာဉ်အပိုင်းအစတစ်ခုကို အသွေးအသားဖြစ်အောင် လုပ်ဖို့အတွက်နဲ့ အသုံးပြုခဲ့တယ်။ ဒီအဘိုးအိုက အခု မ တိုက်ခိုက်နိုင်တော့ဘူး။ မြန်မြန် ပြန်ဆုတ်ဖို့ လိုနေပြီ..."

မိုးကြိုးတာအိုပညာရှင် အဘိုးအို၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ချက်ခြင်းပင် သူက မိုးကြိုးသားရဲ ရှိရာ သို့ ဆုတ်သွား၏။

ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်တန်းနှစ်ခုက သူ့ကို လုံးဝ ကြောက်ရွှံ့သွားစေခဲ့သည်။

ဝမ်ဖျင်က သူ့အဖေ နောက်ကျောကို ကြည့်နေရင်း တိတ်ဆိတ်ငြိမ်သက်နေ၏။ သူက အချိန်အတန်ကြာသည့် အထိ စကား ပြောမလာပေ။

ဝမ်လင်းက ထွက်ပြေးဟန် ပြင်နေသော မိုးကြိုးတာအို ပညာရှင်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးများက နီရဲလာ၏။ သူ့ခန္ဓာကိုယ်ထဲတွင် လင်းထျန်ဟူ၏ဓားစွမ်းတန်း နှစ်ခု ရှိမနေခြင်းကြောင့်သာ မဟုတ်လျှင် သူက ယင်းတို့ကို ထုတ်လွှတ်ကာ ဒီလူ့ကို သတ်ပစ်နေခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက တုံ့ဆိုင်းနေခြင်း မရှိဘဲ လက်ထဲမှ ဓားကို ခုတ်ပိုင်းချလိုက်၏။ သူ့မူလစိတ်ဝိညာဉ်ထဲမှ မူလစွမ်းအင် တစ်ပိုင်းတစ်စက ထိုဓားထဲသို့ ဝင်ရောက်သွားသည်။

က မိုးကြိုးတာအိုပညာရှင်က နောက်ဆုတ်နေရင်း သူ့အသွင် ရုတ်တရက် ပြောင်းလဲသွားပြန်သည်။ သူက ကြောက်မက်ဖွယ်အော်ရာတစ်ခုက ကောင်းကင်ထက်က နေ ဆင်းသက်လာသည်ဟု ခံစားလိုက်ရ၏။

"မူလစွမ်းအင်မန္တာန်..မင်းက ဘယ်လိုလုပ် မူလ စွမ်းအင်မန္တာန်ကို အသုံးပြုနိုင်နေတာလဲ..." မိုးကြိုးတာအို ပညာရှင်၏ အသွင်က ပြောင်းလဲသွားရင်း သူက သေရေးရှင်ရေးကို ခံစားလိုက်ရ၏။ တကယ်တော့ မိုးကြိုး တာအိုပညာရှင်က နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့်သို့ သည်။ဟွမ်မိသားစုဘိုးဘေး၏ ကျင့်ကြံမှုအဆင့်က ရောက်နှင့်ပြီးသော ဟွမ်မိသားစုဘိုးဘေးထက် နိမ့်ကျပေ လျော့ကျသွားချိန်ဖြစ်နေလျှင်ပင် သူက သာမန် ယင်နှင့် ယန်ကျင့်ကြံသူများထက်တော့ ပိုစွမ်းအား ကောင်းနေသေး သည်။

ထိုသို့ သေရေးရှင်ရေးကို ခံစားမိလိုက်သည်နှင့် မိုးကြိုး တာအိုပညာရှင်က သူ့လက်ချောင်းကို မျက်ခုံးနှစ်ခုကြားသို့ညွှန်လိုက်၏။ ထိုအခါ သူ့မျက်လုံးထဲကနေ အဖြူရောင် အလင်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။ ထိုအဖြူရောင် အလင်းက ညင်သာကာ မူလစွမ်းအင် အမျှင်တန်းတစ်ခု ပါဝင်နေခဲ့သည်။ချက်ခြင်းပင် မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော မူလစွမ်းအင် အစိတ်အပိုင်းသည် သူ့ဦးခေါင်းထိပ်ဖျားသို့ ထိုးထွက်လာခဲ့ သည်။

ဤအခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးသည် တုန်ခါသွာား ကာ သိသာသော အော်ရာတစ်ခုနှင် ပြည့်နှက်လာခဲ့သည်။ မိုးကြိုးတာအိုပညာရှင်၏ မျက်နှာက ဖြူရောသွားခဲ့သည်။ မူလစွမ်းအင်မန္တာန်တစ်ခုကို အသုံးပြုခြင်းက သူ့အတွက် လည်း ဖိအားများသည်မှာ သိသာနေသည်။

မိုးကြိုးတာအိုပညာရှင်က အော်ပြောလိုက်၏။ "မူလ စွမ်းအင်မိုးကြိုး မီးပြင်းဖို..."

ပိုများသော မူလစွမ်းအင်များက သူ့ဦးခေါင်းထက်မှ ထွက်ပေါ်လာခဲ့သည်။ထိုအခါ ကမ္ဘာလောကသည် ပြောင်းလဲသွားရ၏။ ထိုပြောင်းလဲမှုက အစစ်အမှန်ဖြစ်ကာ ပုံရိပ်ယောင်မဟုတ်ပေ။ ကောင်းကင်တဖြည်းဖြည်း နိမ့် ဆင်းလာကာ အရာအားလုံးက စတင်နစ်မြုပ်လာ၏။

ကမ္ဘာမြေကြီးက စတင် မြင့်တက်လာ၏။ မိုးကြိုးတာအို ပညာရှင်၏ အောက်မှ မြေပြင်က တုန်ခါမြည်ဟီးလာခဲ့ကာ ဆက်တိုက် လှုပ်ခါလာသည်။ဤအခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီးကြားတွင် အပြာရောင်မီးပြင်းဖို တစ်ခုသာ တည်ရှိတော့၏။

ကောင်းကင်နှင့်မြေကြီးပင် ဧရာမမီးပြင်းဖိုကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ထိုအရာကပင် မူလစွမ်းအင် မန္တာန် မည်၏။

ဤအခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော် မှ မိုးကြိုးသားရဲက မာန်သွင်း ဟိန်းဟောက်သံ ပြုလာ၏။ ၎င်းက ၎င်း၏ ဒဏ်ရာရနေသောခန္ဓာကိုယ်ကို တရွတ်ဆွဲ ကာ လျှပ်စီးတန်းအဖြစ်သို့ ပြောင်းလဲ၍ မီးပြင်ဖို ထက်သို့ ကျရောက်လာခဲ့သည်။ ထိုအခါ မူလက ဗလာဖြစ်နေသော မီးပြင်းဖိုပေါ်၌ မရေမတွက်နိုင်သော ထွင်းထုဟန်များ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

ယင်းတို့က မိုးကြိုးသားရဲ၏ ပန်းပုပုံရိပ်များဖြစ်လေ သည်။

"ရှုမူ…ဒါက ဒီအဘိုးအိုရဲ့ မူလစွမ်းအင် မန္တာန်ပဲ။ ငါတို့ ဘယ်သူ ရှင်သန်မလဲ ကြည့်ရတာပေါ့..."

ကမ္ဘာလောကသည် မီးပြင်းဖို တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့၏။ ထိုအခိုက်အတန့်၌ မိုးကြိုးတာအိုပညာရှင်၏ အသံက ကောင်းကင်ဘုံ၏ခွန်အားနှင့် အလားသဏ္ဌာန် တူလာခဲ့သည်။

မီးပြင်းဖိုထဲရှိ မိုးကြိုးများက တုန်ရီ မြည်ဟီးနေကာ မ ရေမတွက်နိုင်သော လျှပ်စီးတန်းများကလည်း နေရာအနှံ့ တွင် ပေါ်လာခဲ့သည်။ သည်ကမ္ဘာလောက ကနေ ဖြစ်တည် လာသည့် မီးပြင်းဖိုက ဖိုတစ်ခုကဲ့သို့ ဖြစ်လာ၏။ ယင်း မီး ပြင်းဖိုက အရာအားလုံးကို သန့်စင်ပစ်ကာ လျှပ်စီးတန်းနှင့် မိုးကြိုးများပို၍ ပေါ်ထွက်လာစေသည်။

ဝမ်လင်းလက်ထဲမှ ဓားက ရိုးစင်းစွာ ကျဆင်းလာသည်။ ခုချိန်၌ မီးပြင်းဖိုတစ်ခုလုံးတွင် လောကဥပဒေသတို့ ပါဝင် သော ထူးဆန်းသည့် အော်ရာနှင့် ပြည့်နေခဲ့သည်။

မိုးကြိုးလျှပ်စီးတန်းများက ဝမ်လင်းကိုယ်ပေါ်သို့ ဆက်တိုက် ကျဆင်းလာနေသည်။ သည်မိုးကြိုးက ကောင်းကင်ဘုံကနေ မွေးဖွားလာခြင်း မဟုတ်။ မိုးကြိုးတာ အိုပညာရှင်၏ မန္တာန်ကနေ ဖြစ်တည်လာခြင်းသာ။ ထို မိုးကြိုးထဲ၌ သူ့တာအိုပါ ပါဝင်နေ၏။

ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း ဓားချက် ကျဆင်းလာချိန် တွင် မီးပြင်းဖိုက ဝမ်လင်းအမြင်၌ ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ပတ်ဝန်းကျင်ဧရိယာတွင် လည်း အပြာရောင် အမျှင်တန်းများ ဖြစ်ပေါ်နေ၏။ထို အပြာရောင်အမျှင်တန်းများက ဤမီးပြင်းဖိုကို ဖြစ်ပေါ်စေ ခြင်းပင်။

ဓားက ခုတ်ပိုင်း ကျလာချိန်၌ အပြာရောင်အမျှင်တန်း များက မြန်ဆန်စွာ ပျက်စီးကုန်ကြသည်။ မိုးကြိုးတာအို ပညာရှင်က အွတ်ခနဲ ညီးတွားသံက ကမ္ဘာလောကထဲက နေ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ပိုမိုများပြားသော မူလစွမ်းအင်က သူ့ခန္ဓာကိုယ်ကနေ ထွက် ပေါ်လာကာ မီးပြင်းဖို၏ တည်တံခိုင်မြဲမှုကို ပြုပြင်ပေး နေသည်။

သိပ်မကြာခင်တွင် ပိုမိုများပြားသော တာအိုမိုးကြိုးများ က သက်ဆင်းလာပြန်သည်။ ဝမ်လင်းခန္ဓာကိုယ်ပေါ်သို့ ကျ ရောက်လာသော လျှပ်စီးမိုးကြိုးတန်းတစ်ခုစီက သူ့အား တုန်ယင်စေနေ၏။ သူ့မူလစိတ်ဝိညာဉ်သာ ပြောင်းလဲသွား ခဲ့ခြင်း မရှိလျှင် သည်တာအိုမိုးကြိုးက သူ့ခန္ဓာကိုယ်က သဲလွန်စမရှိ ပျောက်ကွယ်သွားစေ ပေလိမ့်မည်။

ဝမ်လင်းမျက်လုံးများက ပိုမို အေးစက်လာခဲ့သည်။ဤ အခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေး ကလည်း မီးပြင်းဖိုထဲ၌ ရှိနေကာ ၎င်းကလည်း လက်သီး ချက်များကို အရူးအမူး ပစ်သွင်း တိုက်ခိုက်နေ၏။

ဤနေရာရှိ မိုးကြိုးက သန်မာလှသော်လည်း ရုပ်သေး၏ အသွေးအသားကလည်း ပို၍ သန်မာလာသည်သာ ဖြစ်သည်။ထို့ကြောင့် မိုးကြိုးက ၎င်းကို ပျက်စီးမသွားစေ နိုင်ခြင်း ဖြစ်သည်။ ရုပ်သေးထံမှ ထွက်ပေါ်လာသည့် လက်သီးချက်တိုင်းက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံ သူ၏ တိုက်ခိုက်မှုနှင့် ညီမျှနေကာ ထိုလက်သီးချက်များက မီးပြင်းဖိုပေါ်သို့ ကျရောက်နေ၏။ထိုအရာက မိုးကြိုးတာအို ပညာရှင်ကို အလွန် ကြောက်လန့်သွားစေသည်။

ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက တုန့်ပြန်လာသလို မိုးကြိုးသားရဲကလည်း ဟိန်းသံ ပြုလာ၏။ ၎င်း၏ ခန္ဓာကိုယ်ကနေ တောက်ပသောအလင်းကို ပေးစွမ်းလာ သည်။ထို့နောက် ၎င်း၏ ငွေရောင်ဦးချိုထံမှ ရွှေရောင်အမျှင် တန်းတစ်ခုပါ ထွက်ပေါ်လာခဲ့သည်။ ၎င်းခန္ဓာကိုယ်ထံမှ မ ရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးတန်းများ ထွက်ပေါ်လာ ကာ သည်ဧရိယာအနှံ့ ပျံ့လို့နေသည်။ထိုမိုးကြိုးက မရေမ တွက်နိုင်သော တုန်ဟီးသံများကို ဖြစ်စေကာ မီးပြင်းဖိုကို ပို၍ ပြင်းပြင်းထန်ထန် လှုပ်ခါသွားစေသည်။

မိုးကြိုးတာအိုပညာရှင်က နောက်တစ်ကြိမ် အွန်ခနဲ ညီး တွားလိုက်ရပြန်သည်။ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်များ ကလည်း ပိုမို၍ ထွက်ပေါ်လာကာ ဧရာမမီးပြင်းဖိုထံသို့ ပျံသန်းစီးဝင်သည်။

"ဒီအဘိုးအိုအတွက် သန့်စင်ပစ်လိုက်စမ်း..."

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)