အပိုင်း(149)
ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု၊ ဘဝတစ်ခုရဲ့ အဆုံး သပ်
ကြောက်မက်ဖွယ်အသံက ပဲ့တင်ထပ်လာသည်။ တာအို မိုးကြိုးကလည်း မီးပြင်းဖိုထဲသို့ ဆင်းသက်လာသည့်အခိုက် တွင် ခရမ်းရောင်မီးတောက်တစ်ခု ပေါ်လာခဲ့၏။ချက်ခြင်း ပင် မီးတောက်ပင်လယ်တစ်ခုက မီးပြင်းဖိုထဲ၌ ပေါ်ထွက် လာသည်။မိုးကြိုးနှင့် မီးတို့၏ ပေါင်းစပ်မှုက ပို၍ စွမ်းအား ပြင်းထန်လာစေ၏။
ဝမ်လင်းအသွင်က သုန်မှုန်လို့နေသည်။ သူ့ခန္ဓာကိုယ်ထဲ ရှိ မူလစွမ်းအင်က သည်အဘိုးအိုနှင့် ယှဉ်နိုင်ခြင်း မရှိသည့်အတွက် သူက ကောင်းကင်ဘုံခုတ်ပိုင်းခြင်း၏ အပြည့်အဝစွမ်းအားကို ထုတ်ဖော်နိုင်ခြင်း မရှိ ဖြစ်ရ၏။
သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားကာ
ကောင်းကင်ဘုံဓားကို ပြန်သိမ်းဆည်းပြီး မိုးကြိုးသားရဲ ထံသို့ ကြည့်လိုက်၏။ ဝမ်လင်းက သူ့လက်ချောင်းထိပ်ကို အနည်းငယ် ကိုက်ကာ သူ့သွေးစက်ဖြင့် ရှုပ်ထွေးသောသင်္ ကေတစ်ခုကို ရေးဆွဲလိုက်သည်။ ထိုသင်္ကေတ ပေါ်ထွက်လာသည်နှင့် မိုးကြိုးသားရဲက မှင် သက်သွားကာ ၎င်း၏ကြီးမားလှသည့် ဦးခေါင်းကြီးက ဝမ် လင်းထံသို့ လှည့်လာ၏။
"တတိယချိပ်ပိတ်ခြင်း...ဖွင့်လှစ်မယ်…" ဝမ်လင်းက သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတက မိုးကြိုးအားလုံးကို ထွင်းဖောက်၍ မိုးကြိုးသားရဲ၏ နှဖူးထက်သို့ ခပ်နှိပ်လို့ သွားသည်။
မိုးကြိုးသားရဲ၏ခန္ဓာကိုယ်က တုန်ယင်သွားကာ ၎င်း၏ မျက်နှာ၌ နာကျင်ဟန် ဖြစ်ပေါ်လာသည်။သည့်နောက် ၎င်း က မာန်သွင်း ဟိန်းဟောက်လာ၏။ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်နေရင်းဖြင့်ပင် ၎င်း၏ ကျောဘက်မှ ဆူးချွန်တန်း တစ်ခု ထွက်ပေါ်လာလေသည်။ဤကြမ်းကြုတ်သော ဆူး ချွန်များက အေးစက်စက်အလင်းကို ပေးစွမ်းကာ လျှပ်စီး များက အနှီဆူးချွန်များကြား၌ ရောယှက်နေ၏။ ရုတ်တရက် မီးပြင်းဖိုထဲ၌ ကြောက်မက်ဖွယ်အော်ရာ တစ် ခု ဖြစ်ပေါ်လာသည်။
ထိုအော်ရာက ကောင်းကင်ဘုံကိုဖိဆန်သည့်ခွန်အားတစ် ခု ပါဝင်နေ၏။
မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်ကလည်း မူလထက် အဆ များစွာ ပိုကြီးမားလာခဲ့၏။ မိုးကြိုးသားရဲခန္ဓာကိုယ် တစ်လျှောက် စီးဆင်းနေသော ငွေရောင်လျှပ်စီးများက လည်း အနက်ရောင်သို့ ပြောင်းသွားသည်။ထိုအနက်ရောင်လျှပ်စီးများက အဖျက်အစီးအားတစ်ခု ကို သယ်ဆောင်ကာ ၎င်း၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ထိုးထွက်လာ၏။ ထိုသားရဲက နောက်တစ်ဖန် ဟိန်းဟောက်လိုက်ပြန်၏။ သည့်နောက် ၎င်းက ကောင်းကင်ထက်သို့ ပျံတက်ကာ ၎င်း၏ ပါးစပ်ထဲမှလည်း ရှုပ်ထွေးသော သားရဲဘာသာစကားများ ထွက်လာခဲ့သည်။ ဤအရာက ကောင်းကင်ဘုံမိုးကြိုးကျောင်းတော်မှ မိုးကြိုး သားရဲကို တုန်ရီသွားစေ၏။ ၎င်းက မီးပြင်းဖိုထဲကနေ ထွက်လာကာ မြေပြင်ပေါ်တွင် ဝပ်တွားလှဲလျောင်းလာကာ မော့၍ပင် မကြည့်ဝံ့တော့ချေ။
ယခုတစ်ကြိမ်ပ ၎င်း၏ ကြောက်ရွှံ့မှုက စိတ်ဝိညာဉ်ထဲက နေ ထွက်ပေါ်လာနေခြင်း ဖြစ်သည်။
ဝမ်လင်း၏ မိုးကြိုးသားရဲသည် တတိယမြောက်ချိပ်ပိတ် ခြင်းကို ဖြေလျော့လိုက်သည့်နောက် ၎င်း၏ ခန္ဓာကိုယ်တစ် ခုလုံးက လျှပ်စီးများဖြင့် ဖုံးလွှမ်းလာ၏။ ထိုအခိုက်အတန့်၌ လျှပ်စီးပမာဏက အထွတ်အထိပ်သို့ ရောက်ရှိလာကာ အနက်ရောင်မိုးကြိုးကလည်း စတင်ပျံ့နှံ့လာသည်။ အနက် ရောင်မိုးကြိုးမုန်တိုင်းတစ်ခုက အရူးအမူး ချဲ့ထွင်လာ ချေ၏။
ဤအခိုက်အတန့်မှာပင်
ကောင်းကင်ဘုံ သက်တော်စောင့်၏ ခန္ဓာကိုယ်ကလည်း ရွှေရောင်အလင်း တစ်ခုကို စတင်ထုတ်လွှတ်လာသည်။ ထိုရွှေရောင်အလင်း က တစဖြည်းဖြည်း အနီရောင်၊သည့်နောက် အဝါရောင် သို့ပြောင်းလဲကာ ၎င်းအလင်းထဲရှိ စွမ်းအားကို ပို၍ သန်မာ လာစေ၏။
ဘုန်း...။ မိုးကြိုးမုန်တိုင်းက . မီးပြင်းဖိုတစ်ခုလုံးကို ဖုံးလွှမ်းသွားကာ မရေမတွက်နိုင်သော အက်ကွဲကြောင်း များ ပေါ်လာ၏။ ထိုအက်ကွဲကြောင်းများက ဆက်တိုက် ချဲ့ထွင်လာခဲ့သည်။
ဘုန်း..။ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီး ချက်ကလည်း မီးပြင်းဖိုပေါ်သို့ ကျရောက်လာရာ ပိုများ သော အက်ကွဲကြောင်းများကို ပေါ်ထွက်လာစေပြန်သည်။
ပြင်းထန်သောအားက နေရာအနှံ့တွင် ပျံ့နှံ့နေ၏။ မိုးကြိုး တာအိုပညာရှင်၏ မူလစွမ်းအင်ကလည်း မီးပြင်းဖိုထဲသို့ အရူးအမူး မြင့်တက်နေသည်။ သူ့တွင် နာကျင်မှုကို ခံစား နေရန် အချိန်မရှိပေ။ ယခု တိုက်ပွဲက သူ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ တမန်တော် တစ်ယောက် ဖြစ်လာသည့်နောက် အခက်အခဲဆုံး တိုက်ပွဲတစ်ခု ဖြစ်လာ ခဲ့၏။ ယခုတိုက်ပွဲက သေရေးရှင်ရေး တိုက်ပွဲမည်၏။
သို့ရာတွင် သူ့မူလစွမ်းအင်များကို မီးပြင်းဖိုထဲသို့ ထည့်သွင်းပေးနိုင်သည့်နှုန်းက မိုးကြိုးသားရဲနှင့် ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးတို့၏ ပူးပေါင်း တိုက်ခိုက်မှု စွမ်းအားကို မယှဉ်နိုင် ဖြစ်နေသည်။ ဤ သေရေးရှင်ရေး အခြေအနေ၌ ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့၏။ သူက ဓားကြီးကိုပင် ပြန်ကောက်ယူအသုံးမပြုတော့ဘဲ သူ့လက်ညှိုးကို မြှောက်ကာ အညှာအတာမဲ့စွာ ခုတ်ပိုင်းချက်ကို ထုတ်ဖော်လိုက်၏။
ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း။
ကောင်းကင်နှင့် ဝုန်း...အံ့မခန်းပေါက်ကွဲသံတစ်ခုက မြေကြီး ကြားတွင် ပဲ့တင်မြည်ဟီးသည်။ ဧရာမမီးပြင်းဖို ကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။
၎င်း၏ ကွဲထွက်သွားသော အစိတ်အပိုင်းတိုင်းတွင် အနက်ရောင်မိုးကြိုး ရှိနေကာ ထိုအစိတ်အပိုင်းများက လည်း နောက်ထပ် ဆက်ကာဆက်ကာ ဆက်တိုက် ပေါက်ကွဲထွက်သွားပြန်သည်။
ဝမ်လင်းအသွင်က သေလောက်အောင် ဖြူရောသွား၏။ ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း ကို နှစ်ကြိမ်အသုံးပြုပြီး သည့်နောက် သူ့တွင် မူလစွမ်းအင် အမှန်အကန် နည်းပါး သွားခဲ့လေပြီ။ သူ့ကျင့်ကြံမှုအဆင့်ပင် လျော့ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။သူက အနည်းငယ်လေး လွဲချောခဲ့ သည်နှင့် သူ့ကျင့်ကြံမှုအဆင့်က ကျိန်းသေပေါက် လျော့ကျ သွားတော့မည် ဖြစ်၏။
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။ သူ့မျက်နှာက ဖြူရောနေသော်လည်း သူ့မျက်လုံးများကတော့ အရင်ထက် ပိုအေးစက်လာသည်။
မိုးကြိုးတာအိုပညာရှင်က လေထဲ၌ ပေါ်လာခဲ့သည်။ သူက သွေးများစွာ အန်ထုတ်လိုက်ရကာ ထွက်ပြေးရန်လှည့်ထွက်လိုက်သည်။ သူက ကြောက်နေမိပေပြီ။သူက မ ရေမတွက်နိုင်သော တိုက်ပွဲများစွာ ရင်ဆိုင်ခဲ့ဖူးသော်လည်း ခုလိုမျိုး ထူးဆန်းသည့်အဖြစ်မျိုး မကြုံခဲ့ဖူးပေ။ သူ့ရန်သူက ပထမအဆင့်ကျင့်ကြံခြင်းတွင်သာ ရှိသေးသော်လည်း သူ အသုံးပြုသည့် မန္တာန်များနှင့်ရတနာများအားလုံးက သူ့ ဦးရေပြားကို ထုံထိုင်းသွားစေခဲ့၏။
ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးက မိုးကြိုးတာ အိုပညာရှင် နောက်သို့ မြန်ဆန်စွာ လိုက်ပါသွား၏။ မိုးကြိုး သားရဲကလည်း မာန်သွင်းကာ နောက်ကနေ လိုက်ပါသွား ပြန်သည်။ သူတို့က ဖြည်းဖြည်းချင်း မိုးကုပ်စက်ဝန်းစွန်း တွင် ပျောက်ကွယ်သွားတော့၏။
ဝမ်ဖျင်က တိုးညင်းစွာ ပြောလိုက်၏။ "အဖေ..သူ ပြော ခဲ့တာ အမှန်တွေလား..."
ယခု ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ မိုးကြိုးတာအိုပညာရှင်က ဝမ်ဖျင်နှင့်ချင်ရီတို့ကို သူ့မန္တာန်များနှင့် ဆွဲမသွင်းရဲချေ။ သူက ဝမ်ဖျင်ခန္ဓာကိုယ်ထဲရှိ ဓားစွမ်းအင်တန်းနှစ်ခုကို ရန် မစဝံ့သောကြောင့် ဖြစ်လေ၏။
ဝမ်လင်းအသွင်က အလွန်အမင်း ဖြူရောနေသည်။ သူက နောက်လှည့်၍ ဝမ်ဖျင်ကို ငေးကြည့်နေသည်။ အချိန် အတန်ကြာမြင့်ပြီးသည့်နောက် သူက ခေါင်းညိတ်ပြလိုက် တော့၏။
ဝမ်ဖျင်က သူ့အဖေကို ငေးကြည့်ကာ ခပ်ဖျော့ဖျော့ပြုံး လိုက်၏။ ထိုအပြုံးက အမှန်အကန်ပင် အပူအပင်မဲ့ လွတ်လပ်သွားပြီ ဆိုသော အပြုံးမျိုးပင်။ သူက တည်ငြိမ် စွာ ပြောလိုက်၏။ "အဖေ..ဒါက အဖေ ကျွန်တော့်ကို ဘာ ကြောင့် မကျင့်ကြံစေခဲ့ရလည်း ဆိုတဲ့ အကြောင်းပြချက် မ လား။ ငါက ချင်ရီနဲ့အတူနေပေမဲ့ ကလေးမရတဲ့ အကြောင်းရင်း မလား။ ဘာလို့လဲဆိုတော့ ငါက သေဆုံး ပြီးသားလူ ဖြစ်နေလို့ပဲ..."
ဝမ်လင်းက ဝမ်ဖျင်ကို ဝမ်းနည်းစိတ်မကောင်းကြီးစွာနှင့် ကြည့်နေမိသည်။ သူက တိုးညင်းစွာ ပြောလိုက်၏။ "သား က မသေဆုံး ခဲ့သေးပါဘူး...”
ဝမ်ဖျင်က ခေါင်းယမ်းကာ ပြုံး၍ ပြောသည်။ "အဖေ.. သင်က ငါ့ကို တောင်တွေ့ရင် တက်နိုင်ရမယ်။ မြစ်တွေ့၍ ကူးဖြတ်နိုင်ရမယ်။ငါက ကောင်းကင်ဘုံနဲ့ ရင်ဆိုင်ရ ရင်တောင် မမှိတ်မသုန် ဆန့်ကျင် လျှောက်လှမ်းနိုင်ရမယ် လို့ သင်ပေးခဲ့တဲ့လူပါ။ အဖေ...ကျေးဇူးတင်ပါတယ်..."
"တကယ်တာ့ ငါက ဒီအဖြေကို လွန်ခဲ့တဲ့ နှစ်ပေါင်းများ စွာကတည်းက သိနေခဲ့တာပါ။ ဒါပေမဲ့လည်း ငါက ဒါကိရင်မဆိုင်ရဲခဲ့ဘူး။ ဒါကို သေချာမသိချင်ခဲ့ဘူး.."
"ဘာကြောင့် ငါက ကျင့်ကြံလို့ မရတာလဲ။ ဘာ့ကြောင့် ငါက လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်ကတည်းက မဖျားမနာ ခဲ့တာလဲ။ ဘာကြောင့် ငါက သားသမီး မရခဲ့တာလဲ..။ ငါ့ ခန္ဓာကိုယ်က ဘာမှ မခံစားရဘဲ ငါ့အဆုံသပ်ခါနီးအချိန်ကရောက်လာတော့မယ်လို့ ဘာကြောင့် ရှင်းရှင်းလင်းလင်း ခံစားမိနေရတာလဲ။ နောက်ဆုံးတော့ အခု ငါ နားလည် သွားခဲ့ပြီ..."
ဝမ်ဖျင်က ဝမ်လင်းကို ကြည့်လိုက်၏။ သူ့အပြုံးက အပူအပင်မဲ့ဟန် သဘာဝကို ဖော်ပြနေသည်။သို့သော် ထို အပြုံးထဲ၌ အောက်မေ့တွယ်တာမှု၊ဝမ်းနည်းမှု အငွေ့အသပ် တစ်ချို့လည်း ရှိလို့နေသည်။
"အဖေ...ငါ...ဝမ်ဖျင်မှာ အမေ မရှိခဲ့ဘူး။ အဖေပဲ ရှိခဲ့ တယ်။ ငါနဲ့အတူ ရှိနေပေးခဲ့အတွက် အဖေ့ကို ကျေးဇူးတင် ပါတယ်..."
ဝမ်ဖင်က သူ့မျက်လုံးထဲ မျက်ရည်များဝဲတက်လာ နေသည်ဟု ခံစားမိ၏။ သို့သော် မည်သည့်မျက်ရည်စက်မှ ကျရောက်မလာခဲ့ချေ။
"ငါက မျက်ရည်တောင် ကျနိုင်တဲ့လူ မဟုတ်ဘူးပဲ..." ဝမ်ဖျင်က သူ့အဖေကို ခါးသီးစွာ ကြည့်၍ တိုးညင်းစွာ ပြော လိုက်သည်။ "အဖေ...ဂရုစိုက်ပါ။ ဖျင်အာက အဖေနဲ့အတူ မျိုးဆက်ပေါင်းများစွာ အတူရှိနေပေးမယ်လို့ ပြောခဲ့တဲ့ ကတိကို မတည်နိုင်တော့ပါဘူး..."
ဝမ်လင်းမျက်လုံးထဲရှိ ဝမ်းနည်းမှုကလည်း ပို၍ ပြင်းထန်လာခဲ့၏။ လျိုမေက ဝမ်ဖျင်ကို သူ့ထံသို့ လွှဲ ပေးလိုက်ချိန်ကတည်းက သူက ဝမ်ဖျင်ကို ဆေးဝါးများ တိုက်ကျွေးခြင်း၊ သူ့ကိုယ်ပိုင် မိုးကြိုးနှင့် ကုသပေးခြင်းတို့ ကို ပြုလုပ်ခဲ့ပေသည်။ သို့ရာတွင် အဆုံးသပ်၌ ဝမ်ဖျင်က အချိန်အတန်ကြာ...ဟိုး အချိန်ကတည်းက သေဆုံးသွားခဲ့ ပြီး ဖြစ်သည်ကို တွေ့ရှိခဲ့ရပေသည်။
သေမျိုးတစ်ယောက်၏ ဘဝက တိုတောင်းလှသည်။ ထို့အတူ မကျေမချမ်းစိတ်ဝိညာဉ်လည်း တူတူသာ ဖြစ်၏။ တကယ်တော့ ဝမ်ဖျင်သည် မကျေမချမ်းမှုတစ်ခုသာ ဝန်းရံ ထားသည့် စိတ်ဝိညာဉ်အမျှင်တန်းတစ်ခု၏ တည်ရှိမှုမျှ သာ။ ထို့ကြောင့် ၎င်းက ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ သို့ပင် ပြန်ဝင်ရောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ ထို အရာက မကျေမချမ်းစိတ်ဝိညာဉ်တစ်ခုအတွက် အမှန် တကယ်ပုံစံပင် ဖြစ်နေသည်။
လျိုမေ ဝမ်လင်းကို လက်ဆောင်ပေးခဲ့သည့်အရာက သူ့ စိတ်ဝိညာဉ်အပိုင်းအစပင်။
ထိုစိတ်ဝိညာဉ်အပိုင်းအစက ကျင့်ကြံနိုင်မည် မဟုတ် ပေ။အဘယ်ကြောင့်ဆိုသော် ကျင့်ကြံနိုင်စွမ်း မရှိခြင်း ကြောင့် ဖြစ်၏။ ကျင့်ကြံဖို့ ကြိုးစားလိုက်သည်နှင့် မကျေမ ချမ်းအော်ရာက အသက်ဝင်လာကာ လုံးဝ ပျောက်ကွယ် သွားလိမ့်မည် ဖြစ်ပေသည်။
ဝမ်ဖျင်က ဝမ်လင်း အလစ်တွင်လည်း ကျင့်ကြံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းကတော့ သူ့ခန္ဓာကိုယ် သည် ဓားစွမ်းအင်နှင့် ပြုလုပ်ထားခြင်းကြောင့်သာ ဖြစ် ပေ၏။ဓားစွမ်းအင်တန်းတစ်ခုကို အသွေးအသား အဖြစ် အသုံးပြု၍ နောက်တစ်ခုကို သူ့မကျေမချမ်းစိတ်ဝိညာဉ်ကို ကာကွယ်ပေးရန်အတွက် အသုံးပြုထားခဲ့ခြင်းပင်။ ထိုအရာ ကပင် ဝမ်ဖျင် ဖြစ်လေ၏။ သူ့ကြီးပြင်းလာမှုကလည်း မန္တာန်တစ်ခုမျှသာ ဖြစ်သည်။
အသက်ခုနစ်ဆယ်ကျော်ထိ ကြီးပြင်းလာသော ဝမ် ဖျင်သည် ဝမ်လင်း၏ ကောင်းကင်ဘုံမန္တာန်ကြောင့်သာ ဖြစ် တော့၏။
ဝမ်လင်းက ခပ်တိုးတိုး ဆိုလာသည်။ "သားရဲ့ကတိက အမှန်တကယ် ဖြစ်လာပါလိမ့်မယ်...အဖေ့ကို ယုံပါ..."
ဝမ်ဖျင်က ချင်ရီ၏ လက်ကို ကိုင်ဆွဲထားရင်း သူ့အဖေကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ "အဖေ.ချင်ရီကို သွားခွင့်ပြုလိုက်ပါတော့..."
သူက လှည့်၍ ချင်ရီထံသို့ ကြည့်လိုက်၏။ သူက နူးညံ့စွာ ပြုံး၍ ညင်သာစွာ ဆိုလိုက်သည်။ "နောက်ဘဝသာရှိရင် ငါ ကသာ ပြန်မွေးဖွားလာနိုင်ခဲ့ရင် ငါ နင့်ကို လာရှာမယ်...ချင်ရီ
မျက်ရည်များက ချင်ရီပါးနှစ်ဖက်ပေါ်သို့ ကျဆင်းလာခဲ့ ကာ သူမက တစ်ခုခုကို ပြောချင်ဟန်နှင် ပါးစပ်ဟလာ သည်။ ဝမ်ဖျင်က ခေါင်းယမ်းကာ ကောင်းကင်ထက်သို့ မော့ကြည့်ပြီး ခပ်တိုးတိုး ဆိုသည်။ "အဖေ.ချင်ရီ...ငါ ထွက်သွားတော့မယ်..."ဝမ်ဖျင်မျက်လုံးထဲ၌ အားကောင်းသောနောက်ဆံတင်းမှု တို့ ဖြစ်ပေါ်နေ၏။ သူက ချင်ရီနှင့်အတူ သူ့အဖေကို ထာဝရ အဖော်ပြုပေးချင်ခဲ့ပေသည်...ထာဝရ...။
ဤနောက်ဆုံး ပျောက်ကွယ်သွားခါနီး အခိုက်အတန့် လေးတွင် သူက သူ့ကလေးဘဝ ကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ သူက တောင်ခြေရွာလေးတွင် ဆယ့်ကိုး နှစ်နေထိုင်ခဲ့ကာ ဆေးများကို သောက်ခဲ့ရသည်။ သူက ရွင် ပြုံးသည့်အပြုံးတစ်ခုကို ထုတ်ဖော်လာ၏။
"အဖေ….ဆေးတွေက တော်တော်ခါးတယ်..."
သူ့အဖေက သူ့ကို မန္တာန်အသုံးပြုကာ သူ့ခန္ဓာကိုယ်ထဲရှိမကျေမချမ်းဖြစ်မှုအော်ရာကို ပျောက်ပျက်အောင် ညစဉ်ညတိုင်း လုပ်ပေးနေသည်ကို မြင်နေရသကဲ့သို့ပင်။ ထိုဆေးများကို သူ့ခန္ဓာကိုယ်က စုပ်ယူခြင်း မဟုတ်ဘဲ သူ့ စိတ်ဝိညာဉ်က စုပ်ယူသည်ဟုသာ သူက မြင်နိုင်စွမ်း ရှိနေသည်ဟု ထင်မှတ်ရသည်။
သူ့ခန္ဓာကိုယ်ထဲ၌ ရွှေရောင်ဓားစွမ်းအင်တစ်ခုကိုပင် တွေ့မြင်နေရသေး၏။ သူက သူ့စိတ်ဝိညာဉ်ကို ထွေးပတ် ထားသော ရွှေရောင်ဓားစွမ်းအင်ကိုပါ တွေ့မြင်နေရ ပြန်သည်။
"ငါ ကလေး ဘဝတုန်းက အိပ်မက်ထဲမှာ ရွှေရောင် ကမ္ဘာကြီးကို အမြဲမက်နေမိတာ အံ့အားသင့်စရာ မရှိတော့ဘူးဘဲဝမ်ဖျင်က မျက်လုံးမှိတ်သွားတော့၏။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်က ရွှေရောင်တောက်ပမှု တစ်ခုကို ထုတ်လွှတ်လာကာ ဓားစွမ်းအင်တန်းအဖြစ်သို့ ပြောင်း၍ ဝမ်လင်းနားသို့ ရောက်လာခဲ့တော့သည်။ သည့် အပြင် နောက်ထပ် ဓားစွမ်းအင်တန်းတစ်ခုကလည်း ပေါ်ထွက်လာ၏။
ထိုဓားစွမ်းအင်တန်းနှစ်ခု ထွက်ခွာသွားသည့်အခါ အဖြူ ရောင်အလင်းလုံးတစ်ခုကသာ ဝမ်ဖျင် ရပ်နေခဲ့သော နေရာတွင် မြောလွင့်နေတော့၏။ ထိုအဖြူရောင်အလုံးထဲ၌ အနက်ရောင်အမျှင်တန်းတစ်ခုက ရွှေ့လျားကာ နေသည်။
ထိုအနက်ရောင်အမျှင်တန်းကတော့ နောက်ဆုံး အမျှင်တန်းပင် ဖြစ်လေသည်။ မကျေမချမ်းမှု
ဝမ်လင်းက အဖြူရောင်အလင်းလုံးကို အချိန်အတန်ကြာ ငေးမောကြည့်နေပြီးနောက် သူ့ညာလက်ကို ပင့်မြှောက် ကာ ယင်းအလုံးကို ညင်သာစွာ ဖျက်စီးလိုက်သည်။ ထို အနက်ရောင်အမျှင်တန်းက ပျောက်ကွယ်သွားချေ၏။
ပြန်လည်မွေးဖွားခြင်းစက်ဝန်း ဆိုသည့် ဘဝတစ်ခု ကုန်ဆုံးသွားပြီးနောက် ဝမ်လင်းကလေး၏ မကျေမချမ်းမှု က နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက ထိုအလင်းလုံးကို ကိုင်ထားရင်း အတိတ်တုန်းက သူ့သား ငယ်လေးကို ကိုင်ထားရသကဲ့သို့ ခံစားမိကာ မျက်ရည်များ လိမ့်ဆင်းကျလာချေသည်။
လေပြင်းက ကျီစယ်လာ၏။ အလင်းလုံးက ပျောက်ကွယ် တော့မည့် အရိပ်အယောင် ပြသလာသည်။ သို့သော် ဝမ် လင်းက ခွင့်မပြုခဲ့ပေ။ ဝမ်လင်းက သူသာ ခွင့်ပြုလိုက်ပါ ကာ သန့်စင်သော ဝမ်ဖျင်က ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ပြန်ဝင်ရောက်နိုင်လိမ့်မည်ကို သိနေသည်။
"ဖျင်အာ…သားကတိက အမှန်တကယ် ဖြစ်လာပါလိမ့် မယ်..." ဝမ်လင်းက ထိုအလင်းလုံးကို သူ့မျက်ခုံးနှစ်ခုကြား သို့ ဖိနှိပ်ချလိုက်သည်။ ၎င်းက ကောင်းကင်ဘုံဆန့်ကျင် ခြင်း ပုတီးစေ့ထဲသို့ ဝင်ရောက်သွားကာ လီမူဝမ်၏ စဦး စိတ်ဝိညာဉ်ဘေးနားသို့ ရောက်ရှိသွား၏။
"ခုချိန်ကစပြီး သားအမေက ဝမ်အာပဲ..." ဝမ်လင်းက လှည့်၍ အကွာအဝေးတစ်ခုထံသို့ လှမ်းလျှောက်သွားလေ သည်။
"အဖေ.." ချင်ရီက မြေပေါ်သို့ ဒူးထောက်ချလိုက်၏။ သူမမျက်လုံးထဲရှိ ဝမ်းနည်းမှုကလည်း ဝမ်လင်းထက် အား မနည်ပေ။
ချင်ရီမျက်လုံးများက မျက်ရည်များနှင့် ပြည့်နေကာ သူက တိုးညင်းစွာ ဆိုလာသည်။ "အဖေ...ငါက ဝမ်ဖျင်နဲ့ ကတိပြုထားတာ ရှိပါတယ်။ ဒါက နောက်ဘဝသာ ရှိမယ် ဆိုရင် ငါက သူနဲ့အတူ အဖော်ပြုပေးမယ် ဆိုတာပဲ။ ငါ့ကို သူ့ရှိ ခေါ်သွားပေးပါ။ ငါက စိတ်ဝိညာဉ်အပိုင်းအစ တစ်ခု ဖြစ်မယ်ဆိုရင်တောင်မှ ပေါ့။ ငါက ဝမ်ဖျင်သွားတဲ့ နေရာ တိုင်းကို သူနဲ့အတူ အဖော်ပြုပေးချင်ပါတယ်..."
"နင် ဒီလိုလုပ်တာ နောင်တ မရဘူးလား..."
"໑໗:..."
ဝမ်လင်းက ထွက်ခွာသွားတော့၏။သူနှင့်အတူ ချင်ရီ၏ နောင်တမဲ့စိတ်ဝိညာဉ်အပိုင်းအစတစ်ခုလည်း ပါလာခဲ့ပေ သည်။
နေဝင်ချိန်အောက်၌ သူ့လူအိုခန္ဓာကိုယ်က တဖြည်းဖြည်း ချင်း ပြောင်းလာခဲ့သည်။ သူ့ဆံပင်များကလည်း အဖြူ ရောင် မရှိတော့ဘဲ အနက်ရောင်သို့ ပြောင်းလာခဲ့လေပြီ။ သူ့အနည်းငယ် ကုန်းနေသော ခါးကလည်း ဖြည်းဖြည်းချင်း ပြန်မတ်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းခုနစ်ဆယ်ခန့် က ဝမ်လင်းသည် လေဟာနယ်ထဲသို့ ဖြည်းဖြည်းချင်း လှမ်း ဝင်လိုက်၏။
ဤသို့ဖြင့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခု၊ ဘဝ တစ်ခုက အဆုံးသပ်သွားလေပြီ။
ဒုတိယမြောက် ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေး(နောက်တစ်ပိုင်း)
သိပ်မဝေးသောနေရာတွင် ရှိနေသော မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲသည် လှဲ လျောင်းနေဆဲ ဖြစ်ကာ ၎င်း၏ ခန္ဓာကိုယ်က အလိုလို တုန်ယင်လို့နေသည်။ ဝမ်လင်း ပုံရိပ် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားသည်ကို တွေ့သည့်အခါ ၎င်းက ချီတုံချတုံ ဖြစ်ပြီးနောက် ဝမ်လင်း နောက်သို့ လိုက်ပါသွားလေသည်။
လေဟာနယ်ထဲ၌ ဝမ်လင်း၏ အနက်ရောင်ဆံပင်များက လေမတိုက်ပဲ ဝဲလွင့်လို့နေသည်။ သူ့မျက်လုံးထဲ၌ မည်သည့် ပျော်ရွှင်ဝမ်းနည်းမှုမှ ရှိမနေပေ။ သူက လောကရှိ အရာ အားလုံးကို ဖြတ်မြင်နိုင်စွမ်း ရှိနေသကဲ့သို့ ထင်ရ၏။
ဝမ်ဖျင် တစ်ယောက်တည်းသာ ပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခုကို ဖြတ်သန်းကုန်လွန်ခဲ့သည် မဟုတ်ဘဲ ဝမ် လင်းလည်း ထို့အတူသာဟု ဆိုရပေမည်။
သူ့ကျင့်ကြံမှုအဆင့်ကလည်း အာဏာတက်ခြင်းအစော ပိုင်းအဆင့်ကနေ အလယ်အဆင့်သို့ ချိုးဖျက် ရောက်ရှိသွား ခဲ့ပြီ ဖြစ်သည်။ သူ့နယ်ပယ်ကလည်း ဤပြန်လည်မွေးဖွားခြင်း စက်ဝန်းတစ်ခုစာ အချိန်အတွင်း အာဏာတက်ခြင်း နောက်ဆုံးအဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။
လုံလောက်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များသာ ရှိလျှင် ဝမ်လင်းက အာဏာတက်ခြင်းနောက်ဆုံး အဆင့်သို့ ရောက်မည်ဟု သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပြီ ဖြစ်သည်။
"ယင်နဲ့ယန် ကျင့်ကြံသူတွေနဲ့ တွေ့ကြုံလာတဲ့အခါကျရင် ငါက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတွေကို အနိုင်ရနိုင် မယ် ဆိုရင်တောင် ဒီတိုက်ပွဲတွေက တော်တော်လေး ခက်ခဲ လိမ့်မယ်။ တိုက်ပွဲတိုင်းမှာလည်း တန်ဖိုးရှိလှတဲ့ မူလ စွမ်းအင်ကို အသုံးပြုရလိမ့်မယ်...။ ခုချိန်မှာ ငါ့မူလ စွမ်းအင်က အောက်ဆုံးအမှတ်ကို ရောက်နေပြီ။ ဒါ့ကြောင့် နည်းနည်းလေးတောင် ဒီမူလစွမ်းအင်ကို ထပ်သုံးလို့ မရ နိုင်တော့ဘူး။အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတွေကို တော့ ငါက ယှဉ်ပြိုင်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီအဆင့် တစ် ယောက်နဲ့ ဆုံရင် ငါက မြန်မြန် ထွက်ပြေးမှ ဖြစ်မယ်..."
ဝမ်လင်းက စတင် စဉ်းစားနေ၏။
"ကျင့်ကြံခြင်း ပထမအဆင့်နဲ့ ဒုတိယအဆင့်ကြားက ကွာဟချက်က ကျော်လွှားနိုင်ဖို့ တကယ့်ကို မလွယ်ဘူး။ ငါ့ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းနောက်ဆုံးအဆင့်ကို ရောက်လာရင်တောင် ငါ့မှာ မူလစွမ်းအင်မရှိရင် ငါဟာ ယင်နဲ့ယန်ကျင့်ကြံသူတွေရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ ဒီ တော့ ငါက မူလစွမ်းအင်ကို ဘယ်လို ရရှိအောင် လုပ်ရမလဲ
ဝမ်လင်းက လေဟာနယ်ထဲသို့ ခြေချကာ လေထုကို မြန်ဆန်စွာ ချိုးဖျက်လာရင်း ကောင်းကင်ဘုံရုပ်သေးရုပ်နှင့် မိုးကြိုးသားရဲတို့ သွားသည့် ကြယ်များကြားသို့ ထိုးထွက် လာခဲ့သည်။ သူ့နောက်တွင်တော့ ကောင်းကင်ဘုံမိုးကြိုး ကျောင်းတော်မှ မိုးကြိုးသားရဲက လိုက်ပါလာခဲ့ပေသည်။ သို့သော် ၎င်းသားရဲက ဝမ်လင်းနှင့် အကွာအဝေးတစ်ခုက နေသာ လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။
"ခုချိန်မှာ အရေးကြီးဆုံးက လုံလောက်တဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေ ရဖို့နဲ့ ငါ့မူလစွမ်းအင် ကို တိုးမြင့်ဖို့ နည်းလမ်းတစ်ခုရှာဖို့ ဖြစ်တယ်..."
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွားကာ ပြတ်သားသောအကြည့်တစ်ခု ထွက်ပေါ်လာ၏။
ကြယ်များကြား၌ သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကြယ်သံလိုက်အိမ်မြှောင်က ထွက်ပေါ်လာချေသည်။ သူက ငွေရောင်အလင်းတန်းပေါ်၌ ထိုင်ကာ ကြယ်များကြား၌ ပျံသန်းလာခဲ့၏။
သူ့နောက်ရှိ မိုးကြိုးသားရဲက အံ့အားသင့်သွားသည်။ သည့်နောက် ၎င်းကလည်း လျှပ်စီးတန်းအဖြစ်သို့ ပြောင်း၍ ဝမ်လင်းနောက်သို့ မြန်ဆန်စွာ လိုက်လာလေသည်။
ဝမ်လင်းက ထိုသားရဲ သူ့နောက်သို့ လိုက်ပါလာသည်ကိုသိနေခဲ့ပြီး ဖြစ်သည်။ သူက ကောင်းကင်ဘုံ သက်တော်စောင့် ရှိနေသော နေရာသို့ မြန်နှုန်းအပြည့်ဖြင့် သွားလာနေ၏။
သိပ်မကြာခွင်တွင် ဝမ်လင်းမျက်လုံးက အေးစက်လာခဲ့ သည်။ သူက ပေါက်ကွဲသံများကိုပါ ကြားလိုက်ရသည်။ သိပ်မဝေးသောနေရာတွင် မိုးကြိုးတာအိုပညာရှင်က အလွန်သနားစရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်လို့နေ၏။ သူက ကောင်းကင်ဘုံ သက်တော်စောင့် ရုပ်သေးနှင့် တိုက်ခိုက်လို့နေ၏။ သို့သော် သူက နောက်သို့သာ ဆက်တိုက် ဆုတ်ပေးနေရသည်။
သူ့ဘေးတွင် တတိယမြောက်ချိပ်တံဆိပ်ကို ဖြေလျှော့ ပေးပြီး ဖြစ်သော မိုးကြိုးသားရဲကလည်း ရှိနေ၏။ ၎င်းက မာန်သွင်းကာ မိုကြိုးတာအိုပညာရှင်ထံသို့ တိုးဝင်လာ နေ၏။ မိုးကြိုးတာအိုပညာရှင်က အကြိမ်တိုင်း အလျင်အမြန် ရှောင်တိမ်းနေရကာ သူ့မျက်နှာက ဖြူရော နေပြီး မျှော်လင့်ချက်မဲ့ဟန် ဖြစ်ပေါ်နေ၏။
မိုးကြိုးတာအိုပညာရှင်က အကွာအဝေးတစ်ခုမှ ငွေ ရောင်အလင်းတစ်ခု ချဉ်းကပ်လာသည်ကို တွေ့မြင် လိုက်၏။ သူက ဝမ်လင်းမှန်း သတိပြုမိလိုက်ပေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တော်တော်များများကို သူက အသုံးပြုထားပြီး ဖြစ်သည့်အတွ ခတွက် သူက သူ့ကျင့်ကြံမှုအဆင့်က ထပ်မံအသုံးပြု လျှင်လျော့ကျသွားကာ ဘယ် သောအခါမှ အထည်ဒြပ်ယန်အဆင့်သို့ ရောက်တော့မည်မဟုတ်ပေ။ သည့်အပြင် သူက ဓားစွမ်းအင်တန်းနှစ်ခုကို လည်း အလွန်ကြောက်လန့်နေမိ၏။
သူက ဝမ်လင်းမျက်လုံးများက အေးစက်နေသည်။ မိုးကြိုးတာအိုပညာရှင်ကို သတ်ကို သတ်ပစ်ရပေမည်။ ထို လူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် ဖြစ်၏။ သူကသာ ထိုလူ့ကို မသတ်ဘဲ လွတ်မြောက်သွားစေ ခဲ့လျှင် သူ့အတွက် နောက်အနာဂါတ်မှာ ပြဿနာပေါင်း များစွာ ဖြစ်လာပေလိမ့်မည်။
ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ရတနာဓား ခုနစ်လက်က ပျံသန်းထွက်လာပြီး ကြယ်ခုနစ်ခုဓားအစီအ ရင်ကို ခင်းကျင်းသွားသည်။ ထိုဓားများက တဝီဝီညာသံ ပေးကာ မိုးကြိုးတာအိုပညာရှင် ထံသို့ တိုးဝင်သွား၏။
ကောင်းကင်ဘုံရုပ်သေးကလည်း လိမ္မော်ရောင်အလင်း ကို ပေးစွမ်းလာကာ သူက မိုးကြိုးတာအိုပညာရှင်ထံသို့ လက်သီးတစ်လုံးပစ်သွားကာ သူ့ကို နောက်လွင့်သွားစေ ပြန်သည်။ ဦးချိုတစ်ချောင်း မိုးကြိုးသားရဲကလည်း တစီစီ အသံပေးကာ မိုးကြိုးလျှပ်စီးတန်းတစ်ခုက မိုးကြိုးတာအို ပညာရှင်၏ နောက်ကျောသို့ တရှိန်ထိုး တိုးဝင်လာသည်။
မိုးကြိုးတာအိုပညာရှင်၏ အသွင်က သုန်မှုန်သွား၏။ သည်နေရာသို့ ရောက်လာသည့်တစ်လျှောက်တွင် သည် သားရဲနှင့်ရုပ်သေးတို့က သူ့ကို ခုလို ညှပ်ပူးညှပ်ပိတ်ဖြင့် ဆက်တိုက် တိုက်ခိုက်နေခဲ့ပေသည်။ထို့ကြောင့် သူက မလွတ်မြောက်နိုင် ဖြစ်နေခြင်းပင်။ သည့်အပြင် သူက မိုးကြိုးသားရဲမပါဘဲ အာကာသဟင်းလင်းပြင်တွင် ဖြတ်သန်းသွားလာနိုင်သော်လည်း သူ့အမြန်နှုန်းက သိသိသာသာ နှေးကွေးနေမည် ဖြစ်သည်။
ဤအခိုက်အတန့်၌ ကြယ်ခုနစ်ခုဓားအစီအရင်က ရောက်ရှိလာကာ သူ့အား ဝန်းရံလို့သွားသည်။ ဓားစွမ်းအင် များက သူ့ခန္ဓာကိုယ်ထံသို့ တရကြမ်း တိုးဝင်လာစဉ် မိုးကြိုးတာအိုပညာရှင်က ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ခွဲချေလိုက်၏။ ထိုအခါ မိုးကြိုးနှင့်လျှပ်စီးတို့ က သူ့ပတ်လည်၌ ပျံဝဲထွက်လာကာ အတားအဆီးတစ်ခု ဖြစ်သွားစေသည်။
ကြယ်ခုနစ်ခုဓားအစီအရင်က ထိုအရံအတားကို ထိုးစိုက် လာကာ ပေါက်ကွဲသံများကို ဆက်တိုက် ဖြစ်ပေါ်စေသည်။
မိုးကြိုးအရံအတားက ပြင်းထန်စွာ တုန်ခါလာသည်။ အရံအတားအတွင်းရှိ မိုးကြိုးတာအိုပညာရှင်က ဝမ်လင်း ကို စူးစိုက်ကြည့်ကာ အလျင်စလို ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ ရှု... ငါက ဒီကိစ္စမှာ အဆင်အခြင်မဲ့ ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာလို့ ဒီကိစ္စကို ခုလောက်ထိဘာလို့ အဆုံးစွန်ထိ ဖြစ်စေမှာလဲ။ငါကလည်း မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်က အဖွဲ့ဝင်တစ်ယောက် ဖြစ် တယ်။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံသူက ငါ့ကို သတ် လိုက်ရင် သင့်အတွက် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းမျာ သွားလာဖို့ ခက်ခဲသွားလိမ့်မယ်..*"သင့်ကို မသတ်ရင်လည်း ငါက ဒီလို ဖြစ်မှာပဲ.." ဝမ် လင်းက ထိုသို့ အေးစက်စက် ပြောလိုက်၏။ ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စိတ်ဝိညာဉ်တစ် ကုဋေအလံက ထွက်ပေါ်လာလေ၏။ ပေသုံးဆယ်ခန့်ရှည် သောအလံက တစ္ဆေငြီးသံများကို ပေးစွမ်းနေကာ လူတစ် ယောက်၏ မူလစိတ်ဝိညာဉ်ကို တုန်ခါစေနိုင်သည်။
တစ်ချက်လှုပ်ယမ်းလိုက်ရုံနှင့် စိတ်ဝိညာဉ်အပိုင်းအစ များစွာ ပျံသန်းထွက်လာသည်။ထိုစိတ်ဝိညာဉ်အပိုင်းအစ များထဲ၌ အချို့မှာ အာဏာတက်ခြင်းစိတ်ဝိညာဉ်အပိုင်းအစ ပင် ပါဝင်နေသေး၏။
လေးခုမြောက် စိတ်ဝိညာဉ် ပြန်ရောက်လာပြီးနောက် စိတ်ဝိညာဉ်အလံ၏ လက်ရှိစွမ်းအားက ဟင်္သာပြဒါးဂြိုဟ် ပေါ်တုန်းကထက်ပင် ပို၍ အားကောင်းလာခဲ့ပေသည်။
မရေမတွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများအက ပျံသန်းထွက်လာကာ သည်ဧရိယာကို လွှမ်းခြုံလာသည်။ ထို့နောက် အားကောင်းသော စိတ်ဝိညာဉ်အပိုင်းအစများက အတူစုစည်းသွားကာ မူလစိတ်ဝိညာဉ်သုံးခု အဖြစ် ဖြစ် ပေါ်လာသည်။
ပထမ မူလစိတ်ဝိညာဉ်သည် ကြီးမားလှသည့် အနက် ရောင်ချီလင်ပင်။၎င်း၏ မျက်လုံးများက ကြမ်းကြုတ်မှုကို ပေးစွမ်းနေသည်။ အေးစက်
ဒုတိယမူလစိတ်ဝိညာဉ်က ပေသုံးဆယ်ခန့်ရှိသည့် ဧရာမဘီလူးနက်ကြီး ဖြစ်၏။ ၎င်း၏ ခန္ဓာကိုယ်တွင် စိတ်ဝိညာဉ် စွမ်းအင်များ ပေါကြွယ်လှကာ လူတစ်ယောက်၏ စိတ် ဝိညာဉ်ကိုပါ လှုပ်ခါနိုင်စွမ်း ရှိနေ၏။
တတိယမူလစိတ်ဝိညာဉ်သည် သေးငယ်သော အနက် ရောင်အပ်ဖြစ်၏။ ၎င်းက မမြင်ရလုနီးပါး ဖြစ်ကာ နတ် ဘုရားအာရုံဖြင့် စစ်ကြည့်လျှင်ပင် ၎င်း၏ တည်ရှိမှုကို သတိပြုမိရန် ခက်ခဲပေလိမ့်မည်။
ထိုမူလစိတ်ဝိညာဉ်သုံးခုက အလံထဲရှိ စိတ်ဝိညာဉ် အပိုင်းအစများအားလုံးနှင့် အသီးသီး ပေါင်းစပ်ထားကြ ခြင်း ဖြစ်သည်။
ဝမ်လင်းက အော်ပြောလိုက်၏။ "သတ်.."
မူလစိတ်ဝိညာဉ်သုံးခုက ချက်ခြင်းပင် တဟုန်ထိုး တိုး ထွက်လာကာ ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေး၊ မိုးကြိုးသားရဲ၊ ကြယ်ခုနစ်ခုဓားအစီအရင်တို့နှင့် အတူ မိုးကြိုးအရံအတားကို တိုက်ခိုက်လာသည်။
မိုးကြိုးတာအိုပညာရှင်၏ အသွင်က ဖြူရောသွားကာ သူ့ မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှုက ပိုအားကောင်းလာသည်။ မိုးကြိုးတာအိုပညာရှင်က အရံအတား ပျက်စီးသွား သည်နှင့် အသက်ရှူစာအကြိမ်အနည်းငယ်အတွင်း သူ အသတ်ခံရနိုင်သည်ဟု ယုံကြည်မိနေသည်။
*ရှုမှု...ငါ့ကို ဖိအား မပေးနဲ့။ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန်တော်အားလုံးမှာ အသက်ကယ်မန္တာန်ရှိတယ်။ အများဆုံးမှ ငါ့သက်တမ်းကို စတေးရရုံ δ..."
သူ့မျက်လုံးများက နီရဲနေကာ ဝမ်လင်းကို စူးစိုက် ကြည့် နေမိ၏။
သူက စိတ်ထဲ၌ ခါးသီးစွာ ခံစားနေရသည်။သူက အသက်ကယ်မန္တာန်ကို အသုံးပြုလိုက်ပါက သူ့သက်တမ်း ကို တိုသွားမည့်အပြင် သူ့ကျင့်ကြံမှုအဆင့်ကလည်း စိတ် ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်သို့ လျော့ကျသွားပေမည်။ သူက အစောပိုင်းတည်းက သူ့မူလစွမ်းအင်အများအပြားကို သုံးစွဲပြီး ဖြစ်နေသောကြောင့်ပင်။
ပို၍ အရေးကြီးသည်က သူသည် သူ့အသက်ကယ်ရတနာ ဖြင့်ပင် ဝမ်လင်းကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိခြင်းပင်။ ထိုဓားစွမ်းအင်တန်းနှစ်ခုက သူ့ ကို ကြောက်လန့်စေနေ၏။ သူက အသက်ကယ်မန္တာန်ကို အသုံးပြုလိုက်သည်နှင် သူ့အတွက် သေဖို့တစ်လမ်းသာ ရှိတော့မည်ကို ကြောက်လန့်နေမိသည်။
ဝမ်လင်းက တည်ငြိမ်စွာ ကြည့်၍ ပြောလာ၏။ "သင်က သာ ငါ့ကို အတင်းဖိအား ပေးခဲ့တာ၊ ငါက သင့်ကို ဖိအား ပေးခဲ့တာ မဟုတ်ဘူး..."
မိုးကြိုးတာအိုပညာရှင်က ခါးသီးစွာ ဆိုလာ၏။ "ငါတို့ နှစ်ယောက်ကြားမှာ မဖြေရှင်းနိုင်တဲ့ အမုန်းတရား မရှိပါ ဘူး။မင်း ငါ့ကို လွှတ်ပေးဖို့အတွက် ငါ ဘာလုပ်ပေးရမဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ကို စူးစိုက်ကြည့် လိုက်၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက် သည်။ "ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီး မင်းအပေါ်မှာ အမှတ်အသားခပ်နှိပ်ခွင့် ပြုရမယ်...."
မိုးကြိုးတာအိုပညာရှင်က စဉ်းစားနေ၏။ ထို အခိုက်အတန့်မှာပင် သူ့ပတ်လည်ရှိ အရံအတားက အပြင် ဘက်မှ တိုက်ခိုက်မှုများကြောင့် ပြင်းပြင်းထန်ထန် တုန်ခါ နေသည်။မိုးကြိုးတာအိုပညာရှင်က အံတင်းတင်းကြိတ် ကာ ပြောလာသည်။ "ကောင်းပြီ...ဒီအဘိုးအို သဘောတူတယ်
သူ့ စိတ်ထဲတွင်တွင် ကြမ်းကြုတ်စွာ တွေးနေသည်။ "ဒီ လူရဲ့ကျင့်ကြမှုအဆင့်က ငါ့ထက် အများကြီး မမြင့်ဘူး။ သူက ငါ့ကို သူ့ကျေးကျွန်အဖြစ် ခပ်နှိပ်နိုင်ရင်တောင် ဒါက ကြာလိမ့်မှာ မဟုတ်ဘူး။ငါ့ကျင့်ကြံမှု ပြန်ကောင်းလာတာနဲ့ ငါက လွတ်မြောက်နိုင်ပြီ။အဲ့ကျရင် ငါက သူ့အကြောင်းကို မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ပြန်တင်ပြလို့ရပြီ။ အဲ့ကျရင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က သူ့ကို သတ်ဖို့ လူတစ်ယောက် ကျိန်းသေလွှတ်လိမ့်မယ်…"
ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာ၏။ “အရံအတား ကို ဖွင့်လိုက်....
မိုးကြိုးတာအိုပညာရှင်က အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။သည့်နောက် သူက ညာလက်ကို ဝှေ့ယမ်းလိုက် ရာ အရံအတားက ချက်ခြင်း ပျောက်ကွယ်သွားချေသည်။
၎င်းက ပျောက်ကွယ်သွားသည်နှင့် မိုးကြိုးတာအို ပညာရှင်၏ နှလုံးက ခုန်ပေါက်နေတော့၏။ကြယ်ခုနစ်ခု ဓားအစီအရင်က သူ့ဘေးနားတွင် ရှိနေကာ ကောင်းကင်ဘုံ သက်တော်စောင့်၏ လက်သီးကလည်း သူနှင့် သုံးလက်မ အကွာတွင် ရပ်တန့်သွားသည်။
မိုးကြိုးသားရဲ၏ မျက်လုံးများကလည်း လျှပ်စီးများကို ထုတ်လွှတ်ကာ ကြင်နာမည့်ဟန် မရှိပေ။
မူလစိတ်ဝိညာဉ်သုံးခုကတော့ ဝန်းရံလှည့်ပတ်ကာ မိုးကြိုးတာအိုပညာရှင်ထံသို့ အေးစက်စက် စိုက်ကြည့်နေ ကြသည်။
ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ကို စူးစိုက်ကြည့်နေ ရင်း သူ့မျက်လုံးထဲကနေ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ အတားအဆီးအလံကို ထုတ်ယူလိုက်သည်။ဝမ်လင်းက ထို သူက သိုလှောင်အိတ်ထဲမှ အလံကို ဝှေ့ခါလိုက်ရာ များစွာသော အတားအဆီးများက ပျံသန်းထွက်လာပြီး ဝမ်လင်းရှေ့တွင် ရွှေရောင် အတားအဆီးအစီအရင်တစ်ခုအဖြစ် ဖြစ်ပေါ်သည်။
သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး နောက် အတားအဆီးအစီအရင်ပေါ်သို့ ညွှန်လိုက်၏။ ထို အတားအဆီးအစီအရင်က ရွှေရောင်တောက်ပမှုကို ပေးစွမ်းကာ မိုးကြိုးတာအိုပညာရှင် ထံသို့ ပျံသန်းသွားသည်။ မိုးကြိုးတာအိုပညာရှင်က ရှောင်ဖယ်ခြင်း မပြုဘဲ သူ့ မျက်ခုံးနှစ်ခုကြားသို့ ထိုအတားအဆီးအား ဝင်ရောက်ခွင့် ပြုလိုက်ရသည်။ သူက အံတင်းတင်း ကြိတ်ထားမိ၏။ အတားအဆီးအစီအရင်က သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ ကာ သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ သည်။ မူလစိတ်ဝိညာဉ်နှင့် ထိမိသည်နှင့် အတားအဆီးအ စီအရင်က ပျော်ဝင်သွားကာ သူ့မူလစိတ်ဝိညာဉ်ကို ဝန်းရံ သွားသည်။
သူက ထိုအခြင်းအရာကို မြင်လိုက်သည့်အချိန်၌ စိတ်ထဲ ကနေ တွေးလိုက်မိသည်။ "ဒီအတားအဆီးက ထူးတော့ ထူးဆန်းတယ်။ ဒါပေမဲ့လည်း ဘယ်အတားအဆီးကမှ မူလ စွမ်းအင်ရဲ့ ဖိသိပ်မှုကို ခံနိုင်မှာ မဟုတ်ဘူး။ ဒီအဘိုးအိုရဲ့ မူလစွမ်းအင် ပြန်ကောင်းမွန်လာတာနဲ့ ငါက ဒီအစီအရင် ကို ချိုးဖျက်ပစ်မယ်..."
“ပထမဆုံးအဆင့်က ဒီအတားအဆီး၊ ဒုတိယအဆင့် ရှိသေးတယ်.." ဝမ်လင်းက ထိုသို့ စကားဆိုပြီးနောက် ကြယ်သံလိုက်အိမ်မြှောင်ပေါ်သို့ ခြေလှမ်းတက်ကာ အကွာ အဝေးတစ်ခုထံသို့ ပျံသန်းသွားသည်။
သူ့နောက်ကနေ မိုးကြိုးတာအိုပညာရှင်ကလည်း လိုက်ပါလာသည်။ သူ့ပတ်လည်တွင်တော့ အန္တရာယ်များ ဝိုင်းလို့နေ၏။ အကွာအဝေးတစ်ခုတွင်တော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးသားရဲ ရှိလို့ နေသည်။ ၎င်းက အနည်းငယ် ချီတုံ့ချတုံ့ဖြစ်ပြီးနောက် လှည့်ပြေးရန် ပြင်၏။
ဝမ်လင်း၏ အေးစက်စက်နှာခေါင်းရှုံ့သံက လေဟာနယ် ထဲကနေ ထွက်ပေါ်လာကာ မိုးကြိုးသားရဲကို တုန်ယင်သွား စေသည်။၎င်းက ထွက်ပြေးရန် စိုးရွှံ့သွားကာ ဝမ်လင်း နောက်သို့သာ လိုက်ပါလာတော့၏။
သူက မိုးကြိုးတာအိုပညာရှင်နောက်သို့ လိုက်လံလာစဉ် တွင် လမ်းတစ်လျှောက်ရှိ သိပ်မဝေးသောနေရာတွင် မီးခိုးရောင်ဂြိုဟ်တစ်ခု တည်ရှိနေသည်ကို သတိပြုမိခဲ့၏။ ယင်းဂြိုဟ်က စွန့်ပစ်ခံဂြိုဟ်တစ်ခု ဖြစ်သည်။ ၎င်းဂြိုဟ် ထံမှ မည်သည့် စိတ်ဝိညာဉ်စွမ်းအင်မှ ထွက်ပေါ်လာနေ ခြင်း မရှိပေ။မည်သည့်အသက်ဓာတ်မှလည်း ရှိမနေဟု ထင်ရ၏။
ဝမ်လင်းက ထိုဂြိုဟ်ရှိရာသို့ မြန်ဆန်စွာ လာနေသည်။ သိပ်မကြာခင်တွင် သူက ထိုမီးခိုးရောင်ဂြိုဟ်၏ အထက်သို့ ရောက်ရှိလာ၏။ မြေကြီးများက မီးခိုးရောင်သန်းနေကာ မုန်တိုင်းများက ဂြိုဟ်အနှံ့တွင် တိုက်ခတ်နေ၏။
ထိုဂြိုဟ်ပေါ်သို့ ခြေချလိုက်ပြီးနောက် ဝမ်လင်းက သူ့ ခြေထောက်ကို မြေကြီးပေါ်သို့ စောင့်ချလိုက်၏။ ပေါက်ကွဲ သံ တစ်ခု ဖြစ်ပေါ်သွားပြီးနောက် လျှိုတစ်ခု ဖြစ် ပေါ်လာ၏။ ဝမ်လင်းကို သူ့လက်ကို ဓားအသွင် ဖြစ်ပေါ်စေပြီး ဓားစွမ်းအင်တန်းတစ်ခုကို ထိုလျှိုအတွင်းသို့ မြန်ဆန် စွာ ရွှေ့လျားသွားစေလိုက်သည်။
သိပ်မကြာခင်တွင် ဓားစွမ်းအင်နှင့် ထွင်းထုထားသည့် လှိုဏ်ဂူအသစ်တစ်ခု ပေါ်ထွက်လာ၏။
ဝမ်လင်းက ထိုလှိုဏ်ဂူထဲသို့ ခြေလှမ်းဝင်၏။မိုးကြိုးတာ အိုပညာရှင်ကလည်း အထဲသို့ လိုက်ပါလာရသည်။
ထိုလှိုဏ်ဂူက ကြီးမားကာ အခန်းလေးခုနှင့် အလယ်တွင် ခန်းမသဘောမျိုး တစ်ခုပါသည်။ ဓားစွမ်းအင်များက ထိုလှို ဏ်ဂူနံရံတွင် ချိတ်ဆက် တည်ရှိနေ၏။ ဝမ်လင်းက သူ့ အင်္ကျီလက်အိုးကို ဝှေ့ခါကာ ဖုန်မှုန့်သဲမှုန့်များကို ရှင်းလင်း လိုက်၏။
ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်ထံသို့ လှည်ကြည့် လိုက်၏။ သည့်နောက် သူက ပြောလိုက်သည်။ "ဒုတိယ အတားအဆီးပြီးရင် ငါမင်းကို မသတ်တော့ဘူး..."
မိုးကြိုးတာအိုပညာရှင်က တိတ်ဆိတ်စွာ စဉ်းစားနေရင်း သူ့ပတ်လည်ရှိ အန္တရာယ်များကို ကြည့်လိုက်သည်။ အချိန် အတန်ကြာပြီးနောက် သူက ခေါင်းညိတ်ပြလိုက်၏။ "ကောင်းပါပြီ..."
ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ကာ သူ့လက်နှစ်ဖက် ဖြင့် ချိပ်တံများကို ဖြစ်ပေါ်စေလိုက်သည်။ထိုချိပ်တံဆိပ် အတားအဆီး တစ်ခုပြီးတစ်ခုက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ပေါ်သို့ ပျံသန်းသွားသည်။တစ်ချိန်တည်းမှာပင်ဝမ်လင်းက ပြောလိုက်၏။ "ငါ့ ခပ်နှိပ်မှုကို နေရာချနေတဲ့ အချိန် သင်က ခုခံလို့မရဘူး။ မဟုတ်ရင် ငါ့ကတိမတည်နိုင် တော့မှ အပြစ်လာမတင်နဲ့..."
မိုးကြိုးတာအိုပညာရှင်က တိတ်ဆိတ်နေမြဲ။ သူက မျက်လုံးမှိတ်ထား၏။ သူက စိတ်ထဲတွင်တော့ နှာခေါင်းရှုံ့ နေမိသည်။ "ဘယ်လိုအတားအဆီးမျိုးက မင်းက ချမှတ်နိုင် မလဲ ငါ ကြည့်ချင်သေးတယ်။ ဒီအဘိုးအိုရဲ့ မူလစွမ်းအင် တွေ ပြန်ကောင်းမွန်လာတဲ့ အချိန်ထိ စောင့်နေပါ။ အဲ့ကျ ရင် ငါက အတားအဆီးအကုန်လုံးကို ချိုးဖျက်ပစ်မယ်..."
မိုးကြိုးတာအိုပညာရှင်က
ကောင်းကင်ဘုံ
သက်တော်စောင့်အဖြစ် သန့်စင်ရန်အတွက် လိုအပ်ချက် များနှင့် ပြည့်မှီနေပေ၏။ သည့်အပြင် သူက အပြင်ဘက်ရှိမိုးကြိုးသားရဲကိုပါ ပေါင်းစပ်လိုက်ပါကာ အောင်မြင်မှုနှုန်း က တော်တော်လေး မြင့်တက်သွားပေလိမ့်မည်။
ထို့အပြင် ကျရှုံးခဲ့လျှင်ပင် ပြဿနာ မရှိသေးပေ။ ဝမ် လင်းက သူ့အတွက် ဘာမှ ဆုံးရှုံးစရာ မရှိချေ။
ဝမ်လင်းက မူလစွမ်းအင်ကို ထွေးထုတ်လိုက်ရာ မရေမ တွက်နိုင်သော သင်္ကေတများ အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုသင်္ကေတစ်ခုစီက မိုးကြိုးတာအိုပညာရှင် ပေါ်သို့ တစ်ခု ပြီးတစ်ခု ကျရောက်လာသည်။
မိုးကြိုးတာအိုပညာရှင်က မျက်လုံးဖွင့်လာကာ ဝမ်လင်း ကို စူးစိုက်ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက်သူက စိတ်ထဲ၌ နှာခေါင်းရှုံ့ကာ မျက်လုံးပြန်မှိတ်လိုက် သည်။ သူက ဝမ်လင်း၏ မူလစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲ သို့ လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့် ပြုလိုက်ပေ၏။
သူမျက်လုံးမှိတ်ထားသည့် အခိုက်အတန့်မှာပင် ဝမ်လင်း မျက်လုံးမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ စိတ်ဝိညာဉ် ကျာပွတ်က သူ့လက်ထဲသို့ ရောက်ရှိလာကာ သူက မိုးကြိုး တာအိုပညာရှင်ကို ရက်စက်စွာ ရိုက်ချလိုက်၏။
မိုးကြိုးတာအိုပညာရှင်က တစ်ဖန် မျက်လုံးဖွင့်လာကာ အော်ပြောလိုက်၏။ "မင်း ဘာလုပ်နေတာလဲ..."
ဝမ်လင်းက ကြာပွတ်ကို ပိုမို မြန်ဆန်စွာ ရိုက်ချ စေလိုက်၏။ မိုးကြိုးတာအိုပညာရှင် စကားပြောလိုက်သည့် အခိုက်အတန့်မှာပင် ကျာပွတ်က သူ့ခန္ဓာကိုယ်ကို ထိမှန် သွားသည်။
ဤအရာက ကျာပွတ်ရိုက်ချက် တစ်ချက်တည်း မဟုတ် ပေ။ ၎င်း ကျာပွတ်ရိုက်ချက် သူ့ခန္ဓာကိုယ်ပေါ်သို့ ကျ ရောက်လာသည်နှင့် စိတ်ဝိညာဉ်ကျာပွတ်က ခြောက်ကြိမ် တိုင် ရိုက်ခတ်ပြီး ဖြစ်သွားလေသည်။ ချက်ခြင်းလိုလိုပင် မိုးကြိုးတာအိုပညာရှင်က ခြောက်ကြိမ်ဆက်တိုက် ရိုက် နက်ခြင်း ခံလိုက်ရခြင်းသာ။
ကျာမွတ်သံက တရွှမ်ရွမ်ထွက်ပေါ်လာနေရင်း မိုးကြိုး တာအိုပညာရှင်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ သူ့အသွင်ကလည်း ဖြူရောသွားကာ မျက်လုံးကလည်း မှိန် ဖျော့သွားသည်။ သူ့နောက်တွင်တော့ သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်နှင့် ခုနစ်ပေအကွာထိ အတင်း စောင့်ထုတ် ခြင်းကို ခံလိုက်ရချေ၏။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့် ရုပ်သေးက ရှေ့သို့ လှမ်းလာသလို မိုးကြိုးသားရဲကလည် ဟိန်သံပြုလာ၏။ မူလစိတ်ဝိညာဉ်အပိုင်းအစသုံးခုက လည်း တစ္ဆေငြီးသံများကို ထုတ်လွှတ်လာသည်။
ဤအခိုက်အတန့်၌ ကြယ်ခုနစ်ခုဓားအစီအရင်ကလည်း ပြင်းထန်သောဓားစွမ်းအင်ကို ထုတ်လွှတ်လာခဲ့သည်။ ထိုထိုသော လှုပ်ရှားမှုများက မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လိုသည့် စိတ် ကို ဟန့်တားလာခဲ့သည်။
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်အပေါ်၌ ဝမ် လင်းသည် အစောကတည်းက အတားအဆီးတစ်ခု ချမှတ် ထားခဲ့ပြီး ဖြစ်သည်။မိုးကြိုးတာအိုပညာရှင်၏ မူလစိတ် ဝိညာဉ်သည် လျှပ်စီးပိုက်ကွန်တစ်ခုက ပိတ်လှောင်ထား သလို ပုံစံဖြစ်နေသည်။
သနားစရာ လောဘကြီး...
မိုးကြိုးတာအိုပညာရှင်က အော်ပြောလိုက်၏။ "ရှုမူ… မင်း ကတိမတည်တဲ့ သဘောလား…"
ဝမ်လင်းအကြည့်က တည်ငြိမ်လျက်ပင်။မိုးကြိုးတာအို ပညာရှင်က ဒဏ်ရာအပြင်းအထန် ရထားပြီးဖြစ်ကာ သူ့ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကလည်း ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ သူက အသက်ရှင်လိုလျှင် ဝမ်လင်း၏ အခြေအနေကို သဘောတူရမည်သာ ဖြစ်သည်။ထို့ကြောင့် ထိုအခွင့်ကောင်းကို အသုံးချကာ ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေးတစ်ယောက်
အဖြစ် သန့်စင်ပစ်ဖို့ လုပ်နေခြင်း ဖြစ်လေ၏။
ရုပ်သေးအဖြစ် သန့်စင်နိုင်ဖို့ ပထမဆုံးလိုအပ်ချက်က ထို လူသည် အသန့်စင်ခံဖို့ ဆန္ဒရှိနေဖို့ ဖြစ်၏။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ငါက ကတိတည်ပါတယ်။ဒါပေမဲ့ ဒုတိယအဆင့်ချိတ်ပိတ်ဖို့က သင်သာ ဆန္ဒမရှိခဲ့ရင် အလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ ဒါ့ ကြောင့် ငါက မတော်တဆ တစ်ခုခု ဖြစ်မလာအောင်ကြိုတင် ကာကွယ်တဲ့အနေနဲ့ သင့် မူလစိတ်ဝိညာဉ်ကို ထွက်လာစေခဲ့ရတာ ဖြစ်တယ်..."
သူ့ညာလက်ကို လှုပ်ရှားသွားကာ ကောင်းကင်ဘုံ သက်တော်စောင့်နှင့် မိုးကြိုးသားရဲတို့သည် တာအိုမိုးကြိုး ပညာရှင်ကို ဝန်းရံထားလိုက်ကြသည်။မိုးကြိုးတာအို ပညာရှင်က တစ်ခုခု မဟုတ်တာ လုပ်ရန် ရည်ရွယ်လိုက် သည်နှင့် ချက်ခြင်းတိုက်ခိုက်ခြင်းကို ခံရပေမည်။
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်ကို ကြည့်ရှု ခြင်း မပြုတော့ဘဲ ဝမ်လင်းက မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်က ဆွဲယူလိုက်၏။ သိုလှောင်အိတ်ကို ယူဆောင် လိုက်ပြီးနောက် သူက နောက်ထပ် မူလစွမ်းအင်ကို ထွေး ထုတ်ကာ မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ကို ဝန်းရံ စေလိုက်ပြန်သည်။
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်က အလွန် သုန်မှုန်နေ၏။ သူက ဝမ်လင်း လုပ်သမျှကို အေးစက်စွာ ကြည့်လို့နေသည်။သူက သည်ရှုမူ ဘယ်လို ခပ်နှိပ်မှု အမှတ်အသားများ ချမှတ်မလဲဟု သိချင်နေမိ၏။
အချိန်က တစ်ဖြည်းဖြည်း ကုန်ဆုံးလာသည်။ ဝမ်လင်း ကလည်း မူလစွမ်းအင်ကို ဆက်လက်၍ ထွေးထုတ်နေ၏။ မူလစွမ်းအင်များက မိုးကြိုးတန်းများအလား မိုးကြိုးတာအို ပညာရှင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွားသည်။
ဖျပ်ခနဲပင် ရက်များစွာ ကုန်ဆုံးသွားခဲ့ချေပြီ။ မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်ကလည်း ခြောက်သွေ့သည့်အထိဖြစ်လာကာ နောက်ဆုံးတွင် အရိုးပေါ်အရေတင်သာ ကျန် တော့၏။ သို့ရာတွင် သူ့ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများက လှုပ်ရှားနေဆဲ ဖြစ်ကာ ကြေးနီရောင်အလင်းများ တ ဖျပ်ဖျပ် လင်းလက်နေသည်။
မူလစိတ်ဝိညာဉ်က သူ့ မိုးကြိုးတာအိုပညာရှင်၏ ခန္ဓာကိုယ်၏ အဖြစ်သနှစ်ကို နေ့စဉ်နေ့တိုင်း စောင့်ကြည့် နေရင်း သူ့မျက်လုံးထဲပ တစ်ချိန်လုံး တုန်လှုပ်မှုနှင့် ပြည့် နေခဲ့သည်။ အစပိုင်း၌ သူက ဝမ်လင်း ဘာလုပ်ချင်သည်ကို နားမလည်ခဲ့သေးပေ။ သို့သော် ရက်အနည်းငယ် ကြာမြင့် ပြီးသည့်နောက် သူက ရုတ်တရက် နားလည်သွား၏။ သည် ရှုမူက သူ့ကို ရုပ်သေးအဖြစ် သန့်စင်မွန်းမံ လိုနေခြင်းသာ ဖြစ်တော့၏။
သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုက ကြောက်လန့်မှုသို့ ပြောင်းလဲသွား၏။ သူက ခုချိန်တွင် မူလစိတ်ဝိညာဉ် ရှိနေ သော်လည်း သူ့ခန္ဓာကိုယ်၏ အေးစက်မှုကို ခံစားနေရ သည်။
"ဒါက ဒီရုပ်သေးကရော သူ သန့်စင်ထားတာများ ဖြစ် နေနိုင်လား...။ ဒီလောက် ရက်စက်တဲ့ သန့်စင်ခြင်းနည်း လမ်းကို သိနေဖို့အတွက် ဒီလူရဲ့ နောက်ခံက ဘာများ ဖြစ် φω..."
ဝမ်လင်းက မျက်လုံးဖွင့်လာကာ ကြေးနီရောင်တောက်နေသော မံမီခန္ဓာကိုယ်ကို ကြည့်လိုက်၏။ သူ့မျက်လုံးထဲက နေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါက ပုံရိပ်ယောင်ယင်ကျင့်ကြံသူရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ။ငါက ဘာသတ္တုပစ္စည်းမှ ထည့်ပေါင်းထားခြင်း မရှိသေးတာတောင် ဒါက ကြေးနီအဆင့်ကို ရောက်နေပြီ။ ငါကသာ ကောင်းကင်ဘုံရတနာ အနည်းငယ် ထပ်ပေါင်း နိုင်ရင် ဒီခန္ဓာကိုယ်က အဆင့်ပိုတက်သွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်..."
မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ်က ဝမ်လင်း မျက်လုံးပွင့်လာသည်ကို မြင်လိုက်သည့်အခါ သူက ချက် ခြင်း အော်ပြောလိုက်၏။ "ရှုမူ…မင်း ဒါ ဘာလုပ်နေတာ လဲ။ဒီအဘိုးအိုက မင်းရဲ့ ကျေးကျွန်အဖြစ် လုပ်မယ်လို့ပဲ ကတိပေးထားတာ၊ မင်းရဲ့ ရုပ်သေး လုပ်မယ်လို့ ကတိပေး ထားတာ မဟုတ်ဘူး..."
သူက ဆက်တိုက် အော်ဟစ်နေ၏။ သို့သော် ဝမ်လင်းက သူ့စကားများကို လစ်လျူရှုထားကာ ဆက်လက်၍ သန့်စင် နေသည်။သူ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို သန့်စင်ပစ်နေသော ဝမ် လင်းကိုကြည့်၍ မိုးကြိုးတာအိုပညာရှင်က ဝမ်လင်းကို သေလောက်အောင် မုန်တီးလာခဲ့သည်။
သို့ရာတွင် သူက အဆင်အခြင်မဲ့စွာ မလှုပ်ရှားဝံ့ပေ။သူ့ မူလစိတ်ဝိညာဉ်ပေါ်၌ ချိပ်ပိတ်မှု ရှိနေသည့်အပြင် ကောင်းကင်ဘုံသက်တောင်စောင့်၊မိုးကြိုးသားရဲ နှင့် စိတ်ဝိညာဉ်အလံ၏ မူလစိတ်ဝိညာဉ်သုံးခုကလည်း သူ့ကို ဝန်းရံထားနေသည် မဟုတ်လား။ ထို့ကြောင့် သူက တစ် ချက်လှုပ်ရှားလိုက်သည်နှင့် သေသွားနိုင်ပေသည်။
ဓား "ဆူလိုက်တာ..." ဝမ်လင်းက မျက်မှောင်ကြုတ်ကာ သူ့ ညာလက်ကို ဝှေ့ယမ်းလိုက်သည်။လင်းထျန်ဟူ၏ စွမ်းအင်တန်းနှစ်ခုက ပျံသန်းထွက်လာ၏။ ထိုအခါ လှိုဏ်ဂူ က ထိုဓားစွမ်းအင်များနှင့် ပြည့်လျှံသွားသည်။အနှီဓား စွမ်းအင်ထဲ၌ လင်းထျန်ဟူ၏ ကြိုးစိုးလွှမ်းမိုးခြင်း အော်ရာ က ပြည့်နှက်နေသည်။ ယင်းဓားစွမ်းအင် ဖိအားအော်တွင် တာအိုမိုးကြိုးပညာရှင်က ချက်ခြင်း ပါးစပ်ပိတ်သွား တော့သည်။ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုကလည်း ပိုဆိုး လာခဲ့သည်။
သူက ခါးသီးစွာဖြင့် သူ့ပတ်ပတ်လည်ရှိ အန္တရာယ်များကို ကြည့်လိုက်သည်။သူအကြောက်လန့်ဆုံးက ဓားစွမ်းအင် တန်းနှစ်ခုကိုပင်။
မိုးကြိုးတာအိုပညာရှင်က ပါးစပ်ပိတ်သွားသည့်အခါ ဝမ် လင်းက သူ့နတ်ဘုရားအာရုံကို ဂြိုဟ်တစ်ခုလုံးသို့ ဖြန့် ကျက်လိုက်၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူ့မျက်လုံး က ကျဉ်းမြောင်းသွားကာ လက်ကို အပေါ်သို့ ပင့်မြှောက် လိုက်သည်။ ပတ်ဝန်းကျင်က တုန်ခါလာကာ တစ္ဆေ လောကမြစ်သည် လှိုဏ်ဂူပြင်ပ ကောင်းကင်ထက်၌ ပေါ်ထွက်လာခဲ့သည်။ဝမ်လင်းက အော်ပြောလိုက်သည်။ "တစ္ဆေလောကမြစ်… စုပ်ယူခြင်း..."
တစ္ဆေလောကမြစ်က ပြင်းထန်သော စုပ်အားတစ်ခုကို ထုတ်လွှတ်လာသည်။ ထိုစုပ်အားက ကမ္ဘာမြေကြီးထဲသို့ ဝင်ရောက်သွားကာ သည်စွန့်ပစ်ခံဂြိုဟ်က စတင် တုန်ခါ လာသည်။
သိပ်မကြာခင်တွင် သတ္တုဒြပ်စင်ပါဝင်သော သတ္တုရိုင်း များက မြေကြီးထဲကနေ ဆွဲထုတ်ခြင်းကို ခံလိုက်ရကာ တစ္ဆေလောကမြစ်ထဲသို့ တစ်ခုပြီး တစ်ခု ဝင်ရောက်လာခဲ့ သည်။
အချိန်အတန်ကြာပြီးနောက် ကမ္ဘာမြေကြီးက တုန်ခါ နေရာကနေ ဖြည်းဖြည်းချင်း ရပ်တန့်သွားကာ စုပ်အား သည်လည်း ပျောက်ကွယ်သွားသည်။ မြောက်များစွာသော သတ္တုရိုင်းများက လက်သီးစုပ်ခန့် ရွှေရောင်အရည်လုံး သုံး လုံး အဖြစ်သို့ ပျော်ဝင်သွားကာ လှိုဏ်ဂူထက်၌ ဖြည်းဖြည်း ချင်း မြောလွင့်လာသည်။
ဝမ်လင်းက ထိုရွှေရောင်အရည်လုံးထဲမှ တစ်လုံးကို ဖမ်းယူကာ မိုးကြိုးတာအိုပညာရှင်၏ နှဖူးထက်သို့ ဖိသိပ်ချ လိုက်ကာ သူ့မူလစွမ်းအင်ကိုလည်း စေလိုက်သည်။ လိုက်ပါစီးဆင်း
တတိယမြောက် ရွှေရောင်အရည်လုံးက မိုးကြိုးတာအို ပညာရှင်၏ ခန္ဓာကိုယ်ထဲတွင် ပျောက်ကွယ်သွားချိန်၌ကြေးနီရောင်အလင်းက ပျောက်ကွယ်သွားကာ ငွေရောင် လင်းလက်လာ၏။
"ငွေအဆင့်.." ဝမ်လင်းက စိတ်သက်သာရာ ရသွား၏။ သူ့အကြည့်က မိုးကြိုးတာအိုပညာရှင်၏ မူလစိတ်ဝိညာဉ် ပေါ်သို့ ကျရောက်လာခဲ့သည်။
"ငါ့ရုပ်သေး အဖြစ် နှစ်သုံးထောင် ရှိနေပေးရမယ်။ နှစ် သုံးထောင်ပြီးရင် ငါက မင်းကို ပြန်လွတ်လပ်ခွင့်ပေးမယ်။ ဘယ်လိုလဲ..."
မိုးကြိုးတာအိုပညာရှင်က တိတ်ဆိတ်စွာ စဉ်းစား နေသည်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းမှာ အသက်ကယ်မန္တာန်ရှိရင်တောင် ဒါက ငါ့ဓားစွမ်းအင်ထက် ပိုမြန်မှာ မဟုတ်ဘူး..."
မိုးကြိုးတာအိုပညာရှင်တွင် ရွေးချယ်စရာ နှစ်လမ်း ရှိနေသည်။ တစ်လမ်းက စွန့်စားခုခံရန် ဖြစ်သည်။ သို့သော် သူ့အသက်ကယ်မန္တာန်က စွမ်းအားကောင်း သူက သော်လည်း ဓားစွမ်းအင်တန်းနှစ်ခုကို မယှဉ်နိုင်ဟု ထင်နေ မိသည်။
ဒုတိယလမ်းက ဝမ်လင်း၏ ကမ်းလှမ်းချက်ကို သဘောတူကာ ရုပ်သေး ဖြစ်လာရန်ပင်။ သူက သူ့ လွတ်မြောက်မှုအတွက် နှစ်သုံးထောင် အချိန်ပြန်ပေးရမည် ဖြစ်သည်။ ဝမ်လင်းကသာ ကတိတည်လျှင် သူက သည်နှစ်သုံးထောင်အတွင်း သေနိုင်တော့မည် မဟုတ်ပေ။ မိုးကြိုး တာအိုပညာရှင်က သူ့ကို ဝန်းရံထားသည့် ရုပ်သေးကို ကြည့်လိုက်မိသည်။
"ဒီရုပ်သေးရဲ့ ခန္ဓာကိုယ်က သန်မာလွန်းလှတယ်။ဒါ့ ကြောင့် တိုက်ပွဲအတွင်းမှာ သေဆုံးသွားဖို့ သိပ်မဖြစ်နိုင် :..."
ထိုအချိန်မှာပင် ကွာဝေးသော နေရာရှိ ယွမ်ရှဂြိုဟ်ပေါ်၌ သိပ်သည်းသောမြူများက အရာအားလုံးကို ဖုံးအုပ်ထား လျက် ရှိနေသည်။အေးစက်စက်အော်ရာတစ်ခုကလည်း ထို မြူများအတွင်းကနေ ပျံ့နှံ့လို့နေ၏။
အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းတွင် ယွမ်ရှဂြိုဟ် သည် မရဏသင်္ချိုင်းတစ်ခု ဖြစ်၏။ အလွန်နည်းပါးသော ကျင့်ကြံသူ အချို့သာ ယင်းဂြိုဟ်ထဲသို့ဝင်ကာ အသက်ရှင် လျက် ပြန်ထွက်လာနိုင်ခဲ့ကြသည်။
ထိုမြူများက ဤအခိုက်အတန့်၌ တဝီဝီလှည်ပတ်နေကာ တစ်စုံတစ်ရာက အထဲကနေ ထိုးထွက်ရန် ကြိုးစားနေ သည့်ပုံ ဖြစ်ပေါ်နေသည်။
ထို တဝီဝီလှည့်ပတ်နေသာ မြူများအတွင်းတွင် ပိန်ပိန် ပါးပါးခန္ဓာကိုယ်တစ်ခုကို သနားစဖွယ်အခြေအနေသို့ စိုက် ရောက်နေ၏။သူက မြူများကြားကနေ ထိုးတက်ရန် ဟန်ပြင်နေသည်။သူ့မျက်လုံးများကလည်း ကြောက်ရွံ့မှုများ နှင့် ပြည့်နေ၏။ သူ့ရှေ့တွင်တော့ ဧရာမမီးပြင်းဖိုကြီး တစ်ခုရှိနေသည်။
သူက မြူများကြားမှ ထိုးထွက်ရန် ဟန်ပြင်နေစဉ် သူ့ မျက်နှာကလည်း ရှုံ့မဲ့လို့နေသည်။ သည်တစ်ကြိမ်က သူ နှစ် ပေါင်းခုနစ်ဆယ်ကျောက်အတွင်း ထွက်ပြေးရန် တာဆူ သည့် ရှစ်ကြိမ်မြောက် ဖြစ်နေ၏။ သို့သော် ထို အခိုက်အတန့်မှာပင် ရှည်လျားသော် လက်တံတစ်ခုက အံ့မခန်းအမြန်နှုန်းဖြင့် ယွမ်ရှိဂြိုဟ်ကနေ ထွက်ပေါ်လာ ကာ ထိုပိန်ပိန်ပါးပါး ပုံရိပ်ကို ထွေးပတ်လာခဲ့ကာ နောက်သို့ ကြမ်းတမ်းစွာ ပြန်ဆွဲခေါ်သွားသည်။
ထိုလူကတော့ လောဘကြီးပင် ဖြစ်၏။ သူက ထို လက်တံ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရကာ အောက်သို့ မြန်ဆန်စွာ ဆွဲချခြင်း ခံလိုက်ရသည်။ သူက သူ့ပတ်လည်ရှိထူထဲသောမြူများကို ကြည့်ကာ မျှော်လင့်ချက်မဲ့ဟန်တို့ ဖြစ်ပေါ်နေသည်။
"ငါဟာ ငါ့တစ်ဘဝလုံး ရတနာတွေ ရှာလာခဲ့တာ၊ ငါက ခုလိုမျိုး ဖြစ်ပျက်လာလိမ့်မယ်လို့ လုံးဝ မထင်ထားမိခဲ့ ဘူး...။ဝမ်လင်း...ဒါတွေအကုန်လုံးက မင်းကြောင့်ပဲ။ မင်း သာ ဒီသောက်အလုံးစုံကြယ်အဖွဲ့အစည်းကို ထွက်ပြေးမ လာခဲ့ရင် ဒီအဘိုးအိုကလည်း ဒီနေရာကို ပို့လွှတ်ခံရမှာ မဟုတ်ဘူး။ ငါကသာ ဒီနေရာကို စေလွှတ်ခြင်း မခံရရင် ဒီ ကြောက်မက်ဖွယ်ကောင်းတဲ့ ဂြိုဟ်ထဲကို ဘယ်လိုလုပ် ဝင် လာဓိပါ့မလဲ.."
ဝမ်လင်းကို တုန်လှုပ်သွားစေသော မပြည့်မစုံ ကောင်းကင်ဘုံမန္တာန်စာအုပ်
(နောက်တစ်ပိုင်း)
နှစ်ဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်း ပြုလုပ်ထား သော လှိုဏ်ဂူထဲမှ ခပ်အုတ်အုတ် ပေါက်ကွဲမှုတစ်ခုက စွန့်ပစ်ခံဂြိုဟ်အနှံ့တွင် ပျံ့နှံ့သွားခဲ့သည်။ထိုအခါ ဂြိုဟ်တစ် ခုလုံးက အနည်းငယ် တုန်ယင်ကာ ကောင်းကင်ကလည်း ဖုန်မှုန့်များနှင့် ပြည့်နှက်သွားခဲ့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ဖုန်မှုန့်များကြားကနေ လှမ်းထွက်လာ၏။
သူ့နောက်တွင် ပိန်ပါးသောရုပ်သေးတစ်ခုက လိုက်ပါ လာသည်။ထိုရုပ်သေး၏ လက်သီးပေါ်တွင် မရေမတွက်နိုင် သောလျှပ်စီးများ တောက်ပနေသည်။
အဆုံးသပ်တွင် မိုးကြိုးတာအိုပညာရှင်က နှစ်သုံးထောင် ရုပ်သေးအဖြစ်နေထိုင်ဖို့ကို ရွေးချယ်ခဲ့ပေသည်။သို့သော် ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ရုပ်သေး ဖန်တီးသန့်စင်ရာ၌ ကျရှုံးနိုင်သည့်နှုန်းကို လျော့တွက်မိခဲ့ ပေသည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေမှ မိုးကြိုးနှင့်ပင်ထိုသန့်စင်ခြင်းက ကျရှုံးခဲ့ရပေသည်။
"အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့်တွေက ပထမဆင့်မှာရှိတဲ့ အထွတ်အထိပ်ကျင့်ကြံသူတွေရဲ့ ခွန်အား နဲ့ ညီမျှတယ်။ငါက ကောင်းကင်ဘုံတစ္ဆေကို ထည့်ပေါင်းခဲ့ တဲ့အတွက် ပထမဆုံးရုပ်သေးမှာ အနည်းငယ် ပြောင်းလဲမှု ရှိသွားခဲ့ပြီး ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတွေရဲ့ ခွန်အားနဲ့ ညီမျှတဲ့အဆင့်ကို ရောက်နိုင်စွမ်း ရှိစေခဲ့တယ်..
"ဒီဒုတိယကောင်းကင်ဘုံရုပ်သေးကတော့ ငါက ပုံရိပ် ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မိုးကြိုး သားရဲနဲ့အတူ အသုံးပြုခဲ့တယ်။ဒါက အလယ်အလတ် အဆင့် ကောင်းကင်ဘုံသက်တော်စောင့်ကို ထုတ်လုပ်နိုင် သင့်ပေမဲ့ ကံမကောင်းစွာနဲ့ ငါက ကျရှုံးခဲ့တယ်..."
ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။
ထို့နောက် ဝမ်လင်းက သူ့စိတ်ကိုသူ ပြင်ဆင်လိုက်၏။သူ့ စိတ်က တစ်ဖန် တည်ငြိမ်လာခဲ့ပြန်သည်။ သူက သူ့နောက် ရှိ ရုပ်သေးကို ကြည့်ကာ စတင် စဉ်းစားလိုက်သည်။
ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါက ဘာ တစ်ခုမှ အကျိုးအမြတ် မရခဲ့တာတော့ မဟုတ်သေးပါဘူး 60..."
ဒုတိယမြောက် ကောင်းကင်ဘုံသက်တော်စောင့် သန့်စင် ခြင်းကို ကျရှုံးခဲ့သော်လည်း တာအိုမိုးကြိုးပညာရှင်၏ မူလစိတ်ဝိညာဉ်က ၎င်း၏ အသိစိတ်ကို ဆုံးရှုံးသွားခဲ့ကာ ထူးဆန်းသောအလင်းတစ်ခုအဖြစ်သို့ ပြောင်း၍ သူ့ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပေသည်။မိုးကြိုးသားရဲက လည်း ၎င်းခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပေ၏။
"ငွေအဆင့်အထွတ်အထိပ်…" ဝမ်လင်းက သူ့အကြည့် ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက ကျရှုံးခဲ့သော်လည်း ထိုကျ ရှုံးခါနီးအခိုက်အတန့်၌ မိုးကြိုးတာအိုပညာရှင်၏ မူလစိတ် ဝိညာဉ်ကို ဆုံးဖြတ်ချက် ပြတ်သားစွာ ဖြတ်တောက်၍ သန့်စင်ခြင်း ဖြစ်စဉ်ကို လက်လျော့ခဲ့ပေသည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို တတိယအဆင့် သန့်စင်ခြင်းကနေ ပထမအဆင့်သို့ ပြန် ပြောင်းရောက်ရှိ သွားစေခဲ့သည်။
ထို့ကြောင့်သူက ငွေအထွတ်အထိပ်အဆင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည့် မပြည့်မစုံ ကောင်းကင်ဘုံ သက်တော်စောင့် တစ်ယောက်ကို ရရှိလိုက်သည်ဟုတော့ ပြောနိုင်ပေ၏။ ၎င်းက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုနိုင် သော်လည်း ခန္ဓာကိုယ်ကတော့ အလွန်အမင်း သန်မာပေ သည်။
သူ့ခန္ဓာကိုယ်ကနေ ဝမ်လင်းမူလစိတ်ဝိညာဉ်ကသာ ထွက်ခွာနိုင်ခဲ့လျှင် သူက ၎င်းကို အနည်းငယ်ပို၍ ကျွမ်း ကျွမ်းကျင်ကျင် အသုံးပြုနိုင်ဦးမည် ဖြစ်သည်။သို့ရာတွင် ခု ချိန်၌ သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာ နိုင်ခြင်း မရှိပေ။ထို့အတွက်ကြောင့် သူ့နတ်ဘုရားအာရုံဖြင့်ယင်းဒုတိယမြောက်ရုပ်သေးကို လက်သီးချက်လိုမျိုး ရိုး ရှင်းသော တိုက်ချက်အချို့ကိုသာ ထိန်းချုပ်နိုင်တော့၏။
ဤသို့သော ထိန်းချုပ်မှုများက တိုက်ပွဲတွင် အသုံးပြု၍ မ ရနိုင်ပေ။
ဝမ်လင်းက သူ့နောက်မှ ဒုတိယမြောက်ကောင်းကင်ဘုံ သက်တော်စောင့်ကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက် သည်။ ထို့နောက် လှိုဏ်ဂူရှိရာသို့ ပြန်လျှောက်လာခဲ့သည်။
သူ့တွင် လုပ်စရာများစွာ ရှိနေသေးသည် မဟုတ်လား။ သူက သူ့စိတ်ကိုသူ အနည်းငယ် ပြင်ဆင်လိုက်ပြီးနောက် ကောင်းကင်ဘုံသက်တော်စောင့် ဖန်တီးရာ၌ ကျရှုံးမှု ကြောင့် မသက်မသာ ဖြစ်နေသော စိတ်လည်း ပျောက် ကွယ်သွားတော့သည်။
"ငါက ငါ့နယ်ပယ်နဲ့ ယှဉ်တွဲလို့ရတဲ့အထိ ငါ့ကျင့်ကြံမှု အဆင့်ကို တိုးတက်အောင် လုပ်ရမယ်..." လှိုဏ်ဂူ အတွင်း၌ ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်သည်။ သူက သူ့ရှေ့သို့ စူးစိုက်ကြည့်နေရင်း မျက်လုံးများက တောက်ပလာခဲ့သည်။
စိတ်ဝိညာဉ်အလံ၏ မူလစိတ်ဝိညာဉ်သုံးခုနှင့် ကြယ် ခုနစ်ခုဓားအစီအရင်တို့ကို သူက ပြန်သိမ်းဆည်းလိုက်ပြီ ဖြစ်သည်။သို့ရာတွင် လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်း၊ ကောင်းကင်ဘုံသက်တော်စောင့်၊ မိုးကြိုးသားရဲတို့ကတော့ လှိုဏ်ဂူထဲ၌ ရှိလို့နေသေး၏။ကောင်းကင်ဘုံသက်တော်စောင့်က မြေပေါ်တွင် လှဲ လျောင်းနေသော သူ့မိုးကြိုးသားရဲဘေးနား၌ မတ်တပ်ရပ် လို့နေသည်။
လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းနှစ်ခုက လေထဲ၌ မြော လွင့်နေသည်။
ဝမ်လင်းအကြည့်က မိုးကြိုးသားရဲပေါ်သို့ ကျရောက် သွားသည်။
သေရေးရှင်ရေး အခြေအနေ မဟုတ်ခဲ့ပါက ဝမ်လင်း သည် မည်သည့်ကြိုတင်ပြင်ဆင်မှုမှ မရှိဘဲနှင့် စစ်ရထား၏ တတိယမြောက်ချိပ်ပိတ်မှုကို ဖွင့်လှစ်ခဲ့မည် မဟုတ်ပေ။ တကယ်တော့ နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထားက ထိန်းချုပ်ရန် အလွန်ခက်ခဲလှကာ အနည်းငယ်လေး သတိလွတ်၊မှားယွင်းသွားသည်နှင့် တန်ပြန်ဒဏ်ကို ခံသွားရပေ လိမ့်မည်။
သို့ရာတွင် လွန်ခဲ့သော ခြောက်လအတွင်း မိုးကြိုး သားရဲ၏ တုံ့ပြန်မှုက အထင်နှင့် တစ်ခြား ဖြစ်လာခဲ့သည်။ ၎င်းက သူ့ကို တန်ပြန်ဒဏ် ဖြစ်စေသော အရိပ်အယောင် မ ပြသသည့်အပြင် သူ့အမိန့်ကိုပါ နာခံလာခဲ့သည်။
သို့သော် ဝမ်လင်းက မည်သည့်မန္တာန်ကို အသုံးပြုသည် ဖြစ်စေ မနာခံသော ကိစ္စတစ်ခုတော့ ရှိ၏။ထိုကိစ္စမှာ ၎င်း က စစ်ရထားထဲသို့ ပြန်မဝင်ရောက်တော့ခြင်းပင်။
မိုးကြိုးသားရဲက အရင်ထက် သုံးဆခန့် ကြီးမားလာခဲ့သည့်အပြင် ပို၍လည်း ဉာဏ်ရည်ထက်မြက်လာခဲ့သည်။ ၎င်း၏ ငွေရောင်ဦးချိုပေါ်တွင်ပင် ရွှေရောင်သန်းလာခဲ့ လေ၏။
ဝမ်လင်းက ၎င်းကို ကြည့်နေသည့်အခါ မိုးကြိုးသားရဲ သည် ခေါင်းမော့လာကာ ဝမ်လင်းကို စောင်းငဲ့၍ ပြန်ကြည့် လာ၏။
လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့သည့် တစ် ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေကြချေသည်။ ဝမ် လင်းက ထိုသားရဲသည် ပို၍ လိမ်မာပါးနပ်လာသည်ဟု ခံစားမိနေ၏။
စိတ်ရှုပ်လာသည့်အလား
မိုးကြိုးသားရဲက ၎င်း၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။၎င်းက ညီး တွားသံပြုလိုက်၏။ထို့နောက် ၎င်း၏ ခန္ဓာကိုယ်သည် မိုးကြိုးတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ အကွာအဝေး တစ်ခုသို့ ပျောက်ကွယ်သွားချေသည်။
ဝမ်လင်းက မဖြစ်ညစ်ကျယ် ပြုံးလိုက်မိသည်။ သည် လွန်ခဲ့သော ခြောက်လအတွင်း ထိုသားရဲက ခုလိုမျိုး မကြာခဏ ပြုမူတက်ပေသည်။ ၎င်းက ထွက်ခွာသွားပြီး နောက် ရက်အနည်းငယ် ပြန်မလာတက်ပေ။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်ကို ထုတ်ဖော်လိုက် သည်။"ဒီသားရဲက သိုလှောင်အိတ်ထဲကို ပြန် မဝင်ချင်နေမှ တော့ ဒီအတိုင်းပဲ ထားလိုက်တော့မယ်…" ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။လင်းထျန်ဟူ၏ ဓား စွမ်းအင်တန်းနှစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင် ရောက်လာသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကတော့ ဝမ်လင်းကို ကာကွယ်ပေးထားရန် လှိုဏ်ဂူအဝ၌ ရပ်လို့ နေသည်။
ဝမ်လင်းက သိုလှောင်အိတ်တစ်ခုကို ထုတ်ယူလိုက် သည်။ယင်းသိုလှောင်အိတ်က မိုးကြိုးတာအိုပညာရှင်၏ သိုလှောင်အိတ်ပင်။ မိုးကြိုးတာအိုပညာရှင်၏ အသိစိတ် ပျောက်ကွယ်သွားချိန်အတွင်း ၎င်းပေါ်ရှိ သူ့နတ်ဘုရား အာရုံလည်း ပျောက်ကွယ်သွားကာ ထိုသိုလှောင်အိတ်က ပိုင်ရှင်မဲ့ ဖြစ်လာခဲ့ခြင်းပင်။
ထိုသိုလှောင်အိတ်ထဲ၌ အရာများစွာ ရှိနေသည်။ ထိုအရာ များထဲမှ ဝမ်လင်း အာရုံကို ဖမ်းစားသွားနိုင်သည့်က လေး ခုသာ ရှိသည်။ ပထမပစ္စည်းတစ်ခုက ကျောက်စိမ်းပြား တစ်ခုပင်။
ထိုကျောက်စိမ်းပြားပေါ်၌ ကြမ်းကြုတ်သောမိုးကြိုး သားရဲပုံကို ရေးထွင်းထားသည်။ ထို့အပြင် ထိုကျေက်စိမ်း ပြားပေါ်၌ မှော်စာလုံးကြီးတစ်ခုလည်း ရှိနေသေးသည်။
ဝမ်လင်းက ထိုစာလုံးကို မည်သို့အသုံးပြုရမှန်း မသိပေ။ သို့သော် အနည်းငယ် လေ့လာပြီးသည့်နောက် သူက ယင်းအရာဝတ္ထု၏ အသုံးပြုမှုကို ခံမှန်းနိုင်လာခဲ့သည်။
"ဒါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန် တော် အမှတ်အသား ကျောက်စိမ်းပြားများ ဖြစ်နေနိုင်မ လား..." ဝမ်လင်းက ထူးဆန်းစွာ ပြုံးလိုက်၏။ ထို ကျောက်စိမ်းပြားပေါ်ရှိ လျှပ်စီးက ကျင့်ကြံသူအများစု အထဲ သို့ စစ်ဆေးကြည့်လို့မရအောင် ကာကွယ်ထားပေသည်။
သို့ရာတွင် ထိုလျှပ်စီးက ဝမ်လင်းအပေါ်တွင်တော့ သက်ရောက်မှု မရှိပေ။
ထိုလျှပ်စီးထဲ၌ ကောင်းကင်ဘုံမိုးကြိုး၏ အမျှင်တန်းတစ် ခု ပါဝင်နေသည်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကျင့်ကြံခြင်းနည်းလမ်းကို မကျင့်ကြံသူသည် ထို ကျောက်စိမ်းပြား အတွင်းရှိ အရာကို ကြည့်မြင်နိုင်ဖို့ မဖြစ် နိုင်သည်မှာ သိသာနေ၏။
သို့ရာတွင် ဝမ်လင်းက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြို ထားသူ မဟုတ်လား။ထို့ကြောင့် မိုးကြိုးနှင့်ပတ်သတ်၍ သူ့ ထိန်းချုပ်နိုင်မှုက အဆင့်တစ်ခုသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူ့မူလစိတ်ဝိညာဉ်ထဲက မိုးကြိုးက လှုပ်ရှားလာ ကာ ထိုကျောက်စိမ်းပြားထံသို့ ရွှေ့လျားစေလိုက်သည်။ ထိုလျှပ်စီးကို လွယ်လင့်တကူ ချိုးဖျက်၍ သူက ကျောက်စိမ်းပြားအတွင်းကို မြင်လိုက်ရသည်။
ဝမ်လင်း၏ စိတ်ခွန်အားဖြင့်ပင် သူက မျက်လုံးအပြူး သား ဖြစ်မိသွားသည်။ထိုကျောက်စိမ်းပြားထဲ၌ မန္တာန်နှစ်ခုရှိနေ၏။ပထမတစ်ခုက ကမ္ဘာကြီးကို မီးပြင်းဖို ဖြစ်လာစေ သည့် မန္တာန်ပင်။
ထိုမီးပြင်းဖိုက လူတစ်ယောက်၏ မူလစွမ်းအင်နှင့် ရောယှက်ကာ အံ့မခန်း မူလစွမ်းအင်ကို မန္တာန်တစ်ခုကို ဖန်တီးနိုင်ပေသည်။ ပြီးခဲ့သောတိုက်ပွဲတွင် မိုးကြိုးတာအို ပညာရှင်က ထိုမန္တာန်ကို အသုံးပြုခဲ့ပေသည်။ဝမ်လင်းတွင် အနှီမန္တာန်နှင့် ပတ်သတ်၍ ကောင်းကောင်းနားလည်မှု ရှိနေ၏။
"ကံမကောင်းစွာနဲ့ ဒီမန္တာန်မှာ မူလစွမ်းအင်လိုအပ်ချက် သိပ်မြင့်နေတာပဲ။ ပုံရိပ်ယောင်ယင်အဆင့်ကို မရောက် သေးရင် ဒီမန္တာန်ကို အသုံးပြုဖို့ မဖြစ်နိုင်ဘူး..."
ဝမ်လင်း နတ်ဘုရားအာရုံက ဒုတိယမန္တာန်ပေါ်သို့ ကျ ရောက်လာသည်။ထိုမန္တာန်ကကိုတော့ မိုးကြိုးမူလမန္တာန် ဟု ခေါ်တွင်ထား၏။
ထိုမိုးကြိုးမူလမန္တာန်က ဝမ်လင်းကို အမှန်အကန် တုန်လှုပ်သွားစေ၏။
"ဒီမိုးကြိုးမူလမန္တာန်က အဆင့်နိမ့်ကောင်းကင်ဘုံမန္တာန် ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒါက မိုးကြိုးရှိကနေ မူလ စွမ်းအင်ကို စုပ်ယူပြီး ကိုယ်ပိုင်အဖြစ် အမြန် သိပ်သည်းစေ နိုင်တယ်။ ဒီတော့ လူတစ်ယောက်ကို ယင်နဲ့ယန်အဆင့်ကို အချိန်တစ်ခုထိ ရောက်နေဖို့ ကူညီပေးတဲ့ သဘောပဲ...
"ဒီမန္တာန်က တကယ့်ကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်။ကောင်းကင်ဘုံမိုးကြိုးရဲ့ ခွန်အားက ပထမဆင့်ကျင့်ကြံသူ တွေ ခံနိုင်တဲ့အရာ မဟုတ်ဘူး။ဒါ့ကြောင့် သူတို့က ဒီမန္တာန် ကို ကျင့်ကြံနိုင်ကြမှာ မဟုတ်ဘူး..."
ဝမ်လင်းနှလုံးသားက ရုတ်တရက် ခုန်ပေါက်သွား၏။ သာမန်ကျင့်ကြံသူများက ထိုမိုးကြိုးကို ခံနိုင်မည် မဟုတ် ပေ။ သို့သော် သူ့တွင်တော့ မိုးကြိုးမူလစိတ်ဝိညာဉ် ပိုင်ဆိုင် ထားသည် မဟုတ်လား။ ထို့အတွက်ကြောင့် သည်မန္တာန်က သူ့အတွက် အံ့မခန်းတန်ဖိုး ရှိနေပေသည်။
"မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဒီအလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းမှာ အရမ်းသန်မာလွန်းနေ တာ အံ့အားသင့်စရာ မရှိတော့ဘူးပဲ။ ကောင်းကင်ဘုံ မိုးကြိုးရှိကနေ မူလစွမ်းအင်ကို စုပ်ယူနိုင်စွမ်းရှိတာက သူ တို့ရဲ့ ကျင့်ကြံမှုအဆင့်ကို အခြားလူတွေထက် အများကြီး ပို မြန်ဆန်စေလိမ့်မယ်..."
ဝမ်လင်းမျက်လုံးက တလက်လက်ဖြစ်နေ၏။ သူက ပြုံး ယောင်သန်းလာခဲ့ပေသည်။
"ဒီမိုးကြိုးမူလမန္တာန်နဲ့ ကမ္ဘာကိုမီးပြင်းဖိုအဖြစ် ပြောင်း ခြင်း မန္တာန်တို့ကို ကျင့်ကြံပြီးရင်၊ ဒါ့အပြင် မိုးကြိုးသားရဲကို ပါ ထည့်တွက်လိုက်ရင် မိုးကြိုးကောင်းကင်ဘုံကျောင်း တော်က အစစ်အမှန်တမန်တော်တောင် တုန်လှုပ်သွားရ လိမ့်မယ်....
ထိုကျောက်စိမ်းပြားထဲမှ
အချက်အလက်များကိုမှတ်သားထားပြီးနောက် ဝမ်လင်းက ၎င်းကို ပြန်သိမ်းကာ နောက်ပစ္စည်းတစ်ခုကို ကြည့်လိုက်သည်။
ထိုပစ္စည်းက ဓားတစ်လက်ပင်။ ထိုဓားက ကိုယ်ထည်မရှိပဲ လျှပ်စီးများနှင့်သာ ပြုလုပ်ထားပေသည်။ ဝမ်လင်းက ကောင်းကင်ဘုံသက်တော်စောင့်ကို တိုက်ခိုက်ရန်အတွက် မိုးကြိုးတာအိုပညာရှင်က ယင်းဓားကို အသုံးပြုခဲ့သည်အား တွေ့မြင်ခဲ့ဖူးသည်။ကောင်းကင်ဘုံသက်တော်စောင့်၏
လက်သီးချက်များပင် ထိုဓားကို ချိုးဖျက်နိုင်စွမ်းမရှိ ဖြစ်ခဲ့ရ ပေ၏။
ထိုဓားကိုလည်း ဝမ်လင်းက သိမ်းဆည်းလိုက်ပြန်သည်။
တတိယပစ္စည်းက သူ့လက်သီးလုံးခန့် ရှိသော ငွေရောင် ကျောက်တုံးတစ်တုံးပင်။ ၎င်းက မိုးကြိုးနှင့်လျှပ်စီး စွမ်းအားများ ပါဝင်နေသည်။ဝမ်လင်းက ထိုပစ္စည်းနှင့် ပတ် သတ်၍ တော်တော်လေး စိတ်ဝင်စားမိသည်။ထို့ကြောင့် သူ့ နတ်ဘုရားအာရုံဖြင့် ၎င်းကို သေချာ လေ့လာကြည့်လိုက် သည်။ထို့နောက် သူက ညာလက်ကိုပင့်မြှောက်ကာ ယင်း ကျောက်တုံးပေါ်သို့ ညင်သာစွာ နေရာချလိုက်၏။
သူ့လက်က ထိုကျောက်တုံးကို ထိသွားသည်နှင့် ကျောက် တုံးထဲကနေ မြောက်များစွာသော လျှပ်စီးများထွက်ပေါ်လာ ကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။
သာမန်ကျင့်ကြံသူတစ်ယောက်သာ ဆိုပါက ထိုလျှပ်စီး ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားနိုင်သည်။သို့ရာတွင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်က ပါးစပ်ဖွင့်ဟကာ ယင်းလျှပ်စီးများအားလုံးကို ဝါးမြိုပစ်လိုက်ချေ၏။
လျှပ်စီးများ ပျောက်ကွယ်သွားသည့်အခိုက်တွင် မူလ စွမ်းအင်လှိုင်းတစ်ခုက ဝမ်လင်းခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာခဲ့သည်။ ဤအရာက နည်းပါးသောမူလစွမ်းအင် ဖြစ်သော်လည်း ဝမ်လင်းမျက်လုံးများကို ပမာဏသာ အလွန်တောက်ပသွားစေ၏။
သူက အသက်ဝဝရှုသွင်းကာ ထိုကျောက်တုံးကို စူးစိုက် ကြည့်နေမိသည်။ အချိန်အတန်ကြာပြီး အနည်းငယ် ချီတုံ့ချ တုံ့ ဖြစ်ပြီးသည့်နောက် သူက ယင်းကျောက်တုံးကို စုပ်ယူ မည့်အကြံအား လက်လျှော့လိုက်တော့၏။ ထို့နောက် ယင်း ကျောက်တုံးကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းထားလိုက် သည်။
နောက်ဆုံးပစ္စည်းကဝမ်လင်းနှင့်မစိမ်းသောကောင်းကင်ဘုံကျောက်စိမ်းတစ်ခုပင်။
မူလခန္ဓာကိုယ်၊တာ့ဆန်၊ ကျိုးယု...
မိုးကြိုးတာအိုပညာရှင်၏
သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏသည် ဝမ်လင်းကို ပင့်သက်ရှိုက်မိသွားစေသည်။
"မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တစ် ယောက်က ဒီလောက်များပြားတဲ့ ကောင်းကင်ဘုံ ကျောက်စိမ်းပြား တွေပိုင်ဆိုင်ထားတယ်။ ဒါက ဒီကျောင်း တော် ဘယ်လောက်စွမ်းအားကောင်းကြောင်းကို ပြသနေ တာပဲ..."
သူက အချိန်အတန်ကြာ စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာခဲ့သည်။
"မိုးကြိုးကောင်းကင်ဘုံကျောင်းတော်..."
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်သည်။ သည့်နောက် သူ့ခန္ဓာကိုယ်က ဆက်ခနဲ လှုပ်ရှားသွားကာ လှိုဏ်ဂူထဲက 64 ပျောက်ကွယ်သွားသည်။ ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း သူ့နောက်ကနေ လိုက်ပါ သွား၏။
ဝမ်လင်း ခန္ဓာကိုယ်က ဂြိုဟ်၏ အရှေ့ဘက် ကောင်းကင် ထက်၌ ပေါ်လာခဲ့သည်။ သူက အောက်သို့ လက်ဝှေ့ယမ်း လိုက်ရာ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ကီလိုမီတာငါးထောင်အတွင်းသည် ပြားဝပ် ညီညာသွား တော့သည်။
ထိုးထိုးထောင်ထောင် ဖြစ်နေသော ကျောက်စိုင် ကျောက်ခဲများသည် ဝမ်လင်း၏ လက်ဝှေ့ယမ်းမှုကြောင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားချေသည်။
ဝမ်လင်းက လေထဲကနေ ဆင်းသက်ကာ ထိုပြင်ညီ မျက်နှာပြင် မြေပြန့်အလယ်ဗဟိုတွင် ထိုင်ချလိုက်သည်။ ရွ င်ယွမ်ဂြိုဟ်ပေါ်ရှိ မိသားစု သုံးခုထံမှ ရရှိထားသော ကောင်းကင်ဘုံကျောက်စိမ်းာက်ခည်း သူ့နောက်ကနေ လိုက်ပါသများက ပျံသန်းထွက်လာခဲ့၏။ ထိုကောင်းကင်ဘုံ ကျောက်စိမ်းပြားများက သူ့ပတ်လည်၌ ဝန်းရံလို့သွားချေ သည်။
ဝမ်လင်းက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်တစ်ကုဋေ အလံကို ထုတ်ယူလိုက်၏။ ထိုအခါ အလံထဲရှိ စိတ်ဝိညာဉ် အပိုင်းအစအားလုံးသည် မူလစိတ်ဝိညာဉ်အပိုင်းအစသုံးခု သို့ ပြောင်းလဲသွားကာ သည်ဧရိယာတွင် စတင်ကင်းလှည့် ပေးသည်။ ကောင်းကင်ဘုံသက်တော်စောင့်ကလည်း လေ ထဲ၌ ပေါ်ထွက်လာကာ သည်ဧရိယာကို စောင့်ကြပ်၏။
ထိုအရာများကို လုပ်ဆောင်ပြီးသည့်နောက် ဝမ်လင်းသည် အသက်ဝဝရှူသွင်းလိုက်က သူ့လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ထို့နောက် သူက မျက်လုံး မှိတ်ထားလိုက်၏။
လေထဲတွင် ကောင်းကင်ဘုံကျောက်စိမ်းပြားများစွာဖြင့် ပြည့်နှက်နေကာ ဝမ်လင်း၏ ဆက်တိုက် စုပ်ယူခြင်းကို ခံရ တော့သည်။
ခဏကြာမြင့်ပြီးနောက် ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးက မြေပေါ်သို့ ပြန့်ကျဲ့ပျကစီးကုန်ကြသည်။ထိုအခါ နောက်ထပ် ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏများ စွာက ဝမ်လင်းသိုလှောင်အိတ်ထဲကနေ ထပ်မံ ထွက် ပေါ်လာခဲ့ကာ သူ့အား စက်ဝန်းတစ်ခုကဲ့သို့ လှည့်ပတ်လာ ပြန်သည်။
ဝမ်လင်း ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ခန္ဓာကိုယ်ထဲသို့ ပြည့်နှက်လာနေရင်း သူ့ကျင့်ကြံမှုအဆင့် ကလည်း တိုးတက်လာနေသည်။
ထိုအချိန်၌ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ တစ် နေရာတွင် စွန့်ပစ်ခံဂြိုဟ်တစ်ခု တည်ရှိနေ၏။ ထိုဂြိုဟ်က သိပ်ကြီးမားလှခြင်း မရှိပေ။ ထိုနေရာ၌ မည်သည့်သက်ရှိမှ လည်း ရှိမနေခဲ့ပေ။
သည်နေ့တွင် ဓားစွမ်းအင်တန်းသုံးခုက ကြယ်များ ကြား၌ ဖြတ်သန်းလာနေ၏။ ရှေ့ဆုံးမှလူက အမျိုးသမီး တစ်ယောက်ဖြစ်၏။ သူမက ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားကာ ကျက်သရေရှိသော ခံစားချက်ကို ပေးစွမ်းနေသည်။
ဝမ်လင်းသာ ထိုနေရာ၌ ရှိနေမည်ဆိုပါက သည် အမျိုးသမီးကို မြင်သည်နှင့် သူက သိရှိနေပေလိမ့်မည်။ သူမက ချင်ဖန်ကို ဝါးမြိုပြီးနောက် ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာသွားကာ ဒြပ်စင်ငါးခုဂြိုဟ်မှ ထွက်ပြေးလာခဲ့သည့် ဇီရှင်းပင် ဖြစ်လေသည်။
သူမက ကောင်းကင်ရေနန်းတော်၏ အမဲလိုက်ခြင်းကို ခံ ရကာ ယောင်ရှင်းရွှယ်၏ အဖေ၊သွေးဘိုးဘေး၏ ကယ်တင် ခြင်းကို ခံခဲ့ရပြီး သူ့ကိုယ်လုပ်တော် ဖြစ်လာခဲ့ပေသည်။
သူမနောက်ရှိ ယောက်ျားသားနှစ်ယောက်ကတော့ သွေး ရောင်အလင်းကို ပေးစွမ်းနေသည်။သူတို့၏မျက်လုံးများက မှိန်ဖျော့နေကာ ထိန်းချုပ်ထားခံရမှန်း သိသာနေ၏။ထိုနှစ် ယောက်ကတော့ သွေးဘိုးဘေး၏ သန့်စင်ခြင်းခံထားရ သော သွေးကျွန် ဖြစ်ကြ၏။
ထိုသွေးကျွန်တစ်ယောက်ချင်းစီသည် အာဏာတက်ခြင်း အဆင့်တွင် ရှိနေကြ၏။
ဇီရှင်က ထိုသွေးကျွန်နှစ်ယောက်ကို ခေါ်ဆောင်ကာ အကွာအဝေးတစ်ခုရှိ ဂြိုဟ်တစ်ခုထံသို့ မြန်ဆန်စွာ သွားရောက်နေခြင်းပင်။
ဇီရှင်း၏ ဆွဲမက်ဖွယ်အသံက ဖြည်းဖြည်းချင်း ထွက် ပေါ်လာ၏။ "ဒါက နင်တို့ ပြောတဲ့ ဂြိုဟ်လား..."သွေးကျွန်နှစ်ယောက်ထဲမှ တစ်ယောက်က ဝင်ပြော လိုက်၏။ "အရှင်မ..ဒီဂြိုဟ် ဟုတ်ပါတယ်..."
ဇီရှင်မျက်လုံးက ကျဉ်မြောင်းသွားပြီးနောက် ထိုဂြိုဟ် ပေါ်သို့ ခြေချလိုက်၏။ လွန်ခဲ့သော သုံးလက သွေးကျွန်များ ထဲမှ တစ်ယောက်က သည်ဂြိုဟ်တွင် ပြောင်းလဲမှုအချို့ ဖြစ် နေကြောင်း တင်ပြလာခဲ့သည်။
ထိုဂြိုဟ်က သွေးဘိုးဘေး၏ လွှမ်းမိုးနိုင်မှု ဩဇာအောက် တွင် ရှိနေသည့်ဂြိုဟ် ဖြစ်သည်။ နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေ ခရီးစဉ် ပြီးဆုံးပြီးနောက် သွေးဘိုးဘေးက အမြဲ လိုလို သုန်မှုန်စွာ ရှိနေခဲ့၏။ထို့နောက် သိပ်မကြာခင်တွင် သူက သူဘယ်သွားမည်ကို မည်သူမျှ အသိမပေးဘဲ ထွက် ခွာသွားခဲ့ပေသည်။
ဇီရှင် အနည်းငယ် စဉ်းစားပြီးနောက် ထိုသေးငယ်သော ဂြိုဟ်ပေါ်သို့ သွေးကျွန်နှစ်ယောက်နှင့်အတူ ဦးတည်လာခဲ့ ခြင်း ဖြစ်သည်။
ဇီရှင်နှင့်သွေးကျွန်တို့ ထိုဂြိုဟ်ပေါ်သို့ ရေက်ရှိလာသည့် အခါတွင် သူတို့က တုန်ခါသံတစ်ခု ပဲ့တင် ထပ်နေသည်ကို ကြားလိုက်ရ၏။ထို့နောက် သူမသည် မြေပြင်က စတင် အက်ကွဲလာကာ အကွာအဝေးတစ်ခုရှိ တောင်ပင် ပြိုပျက် လာခဲ့သည်ကို တွေ့မြင်လိုက်ရသည်။
အတော်အတန်ဝေးသော နေရာရှိ ပေတစ်ရာခန့် ဗြက် ကျယ်သော မြစ်တစ်စင်းပင် ခမ်းခြောက်သွားခဲ့ပေသည်။သွေးကျွန်ထဲမှ တစ်ယောက်က ပြောလိုက်၏။ "ဒီဂြိုဟ် က လွန်ခဲ့တဲ့နှစ်လေးရာ ကတည်းက စွန့်ပစ်ခံဂြိုဟ် ဖြစ် ပေါ်မယ်လည်း အတိတ်တုန်းက ဘာမှ ထူးဆန်းတာ မရှိခဲ့ ဘူး။ ဒါပေမဲ့ ခု လွန်ခဲ့တဲ့ ဆယ်စုနှစ်အချို့မှာတော့ ဒီဂြိုဟ်ရဲ့ သက်တမ်းက လျော့ပါးလာတာကို တွေ့ခဲ့ရတယ်..."
ဇီရှင်မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူမ နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်သည်။ သူမက ဤဂြိုဟ်၏ အတွင်း နက်ပိုင်းကို စစ်ဆေးကြည့်လိုနေသည်။ သို့ရာတွင် သူမ၏ နတ်ဘုရားအာရုံက မြေပြင်ထဲသို့ ဝင်ရောက်သွား သည်နှင့်...သတ်ဖြတ်ခြင်းစိတ်ဆန္ဒပြည့်နေသော
အေးစက်စက် အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ သည်။
"ထွက်သွားစမ်း..." ထိုအသံက မိုးကြိုးသံထက်ပင် အဆ များစွာ ပြင်းထန်ပေသည်။ မြေပြင်ပေါ်တွင်ပင် အက်ကွဲ ကြောင်းများစွာ ထွက်ပေါ်လာခဲ့သည်။
ဤအခိုက်အတန့်၌ ဂြိုဟ်တစ်ခုလုံးက ပျက်စီးသွား လုနီးပါး ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။ တောင်တန်း များက ပြိုကျကာ မြေပြင်က ချိုင့်ဝင်ကုန်၏။ကောင်ကင် ထက်၌လည်း လေဟာနယ်အက်ကွဲကြောင်းများ ဖြစ် ကုန်သည်။
တစ်ချိန်တည်းမှာပင် ထိုအသံက ဇီရှင်၏ နားထဲသို့ တိုးဝင်လာကာ သူ့မျက်နှာက ဖြူရောသွား၏။ သွေးကျွန်နှစ် ယောက်သည်လည်း တုန်ယင်သွားကာ သွေးများ အန်ထုတ် လိုက်ရ၏။
ဇီရှင်မျက်နှာက ကြောက်လန့်မှုများနှင့် ပြည့်နှက် သွား၏။ သူမက ထိုအသံကို ကြားဖူးသလားဟု တွေးချိန် ပင် မရလိုက်ပေ။သူမက ချက်ခြင်းပင် လေးစားစွာ ဦးညွတ်၍ ပြောလိုက်၏။ "ဂျူနီယာက ဒီနေရာဟာ စီနီယာ တံခါးပိတ်ကျင့်ကြံနေတဲ့နေရာမှန်း မသိလို့ပါ။ စီနီယာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်။ ငါ ခုချက် ခြင်း ထွက်သွားပါတော့မယ်..."
သူမ၏ ဦးရေပြားပင် ထုံထိုင်းသွားရကာ နောက်သို့ အ မြန်ဆုတ်ခွာလိုက်၏။ သွေးကျွန်နှစ်ယောက်လည်း သူမ နောက်သို့ လိုက်ပါလာကြသည်။ သူတို့သုံးယောက်က ဂြိုဟ် ကနေ အမြန် ထွက်ခွာသွားသည်။အာကာသဟင်းလင်းပြင် ထဲ ပြန်ရောက်သည့်အခါကျမှ ဇီရှင်မျက်လုံးထဲရှိ ကြောက် ရွှံ့မှု ပြန်ပျောက်ကွယ်သွားရ၏။ ထိုဂြိုဟ်ကို အဓိပ္ပာယ်ပါ သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူမက သွေး ကျွန်နှစ်ယောက်နှင့်အတူ မြန်ဆန်စွာ ထွက်ခွာလာသည်။
သူတို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ဂြိုဟ်ထံမှ တုန်ခါသံများက ပိုမို ကျယ်လောင်လာ၏။ သိပ်မကြာခင် တွင် ဂြိုဟ်တစ်ခုလုံးက စတင် ပျက်စီးလာသည်။
ဂြိုဟ် ပျက်စီးသွားသည့်အခိုက်၌ ကျယ်လောင်သောအသံ က ကြယ်များကြားတွင် ပဲ့တင်ထပ်လာခဲ့သည်။ မမြင်ရ သောအားတစ်ခုက ပျံ့နှံ့လာကာ အဝေးရှိ ဇီရှင်နှင့်သွေး ကျွန်နှစ်ယောက်တို့၏ အသွင်သည် နောက်တစ်ဖန် ပြောင်းလဲသွားကြပြန်သည်။
ထိုအားက မြန်ဆန်လွန်းလှရာ သူတို့အား မှီလာ၏။ဇီရှင် အသွင်က ဖြူရောသွားကာ သူမက အော်ပြောလိုက်သည်။ "သွေးကျွန်တွေ..ဒါကို ရပ်တန့်ဖို့အတွက် ပေါက်ကွဲလိုက်ကြ..
သူမနောက်ရှိ သွေးကျွန်နှစ်ယောက်က ချက်ခြင်း ရှေ့သို့ ထွက်လာကာ ပေါက်ကွဲမှုအား ရှိရာသို့ ဦးတည်သွား၍ သူ တို့၏ မူလစိတ်ဝိညာဉ်များကို ပေါက်ခွဲလိုက်ကြသည်။
ထိုအခိုက်အတန့်ကို အသုံးချ၍ ဇီရှင်က သူမ သိုလှောင် အိတ်ထဲမှ သွေးနီရောင်ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူ လိုက်သည်။ ထိုကျောက်စိမ်းပြားက သူမကို သွေးဘိုးဘေး ပေးထားသည့်အရာ ဖြစ်၏။ ထိုအရာကို အသုံးပြုကာ မည် သည့်နေရာမှ ဖြစ်စေ သွေးဂြိုဟ်ထံသို့ တည်နေရာ ရွှေ့ပြောင်းနိုင်စွမ်း ရှိပေသည်။
သို့ရာတွင် ၎င်းကို အသက်သွင်းရန် အချိန်အချို့တော့ လိုအပ်ပေ၏။
ဂြိုဟ်က ပျက်စီးသွားက မရေမတွက်နိုင်သော ဖုန်မှုန့် များအဖြစ်သို့ ပြောင်းလဲ၍ ကြယ်များကြားတွင် ပျံ့နှံ့သွားခဲ့ သည်။ ဂြိုဟ်ပျက်စီးသွားပြီးနောက် ဗဟိုချက်တွင် ယောက်ျားသားတစ်ယောက်က မားမားရပ်နေသည်ကိုတွေ့လိုက်ရသည်။
ထိုလူ၏ အနီရောင်ဆံပင်များက လေမတိုက်ပါဘဲ ဝဲလွင့် နေကာ သူ့မျက်လုံးများက ရေခဲတစ်မျှ အေးစက်လှ၏။ သူ့ အသားအရည်ကလည်း သွေးကြောများ ထောင်ထကာ ကြမ်းတမ်းပုံပေါ်နေသည်။
သူ့နှဖူးထက်၌လည်း ကြယ်လေးခု ဖြည်းညင်းစွာ လှည့်လည်နေသည်။ သို့သော် ကြယ်တစ်ခုကတော့ ဖျောက် တောက်တောက်သာ ရှိနေ၏။
ထိုသူက ဝမ်လင်း၏ မူလခန္ဓာကိုယ်ပင် ဖြစ်ချေသည်။
မူလခန္ဓာကိုယ်၏ အသွင်ဟန်ပန်က ရေခဲတစ်မျှ အေး စက်လှပေသည်။ သူ့ထံမှ အဆုံးစွန်သော အေးစက်မှုကို ပေးစွမ်းနေသည်။
ဂြိုဟ်ပျက်စီးရာကနေ ဖြစ်ပေါ်လာသည့် အားက သူ့ အရေပြားကို ထွင်းဖောက်နိုင်ခြင်း မရှိဟု ထင်မှတ်ရ၏။
"ဒီဂြိုဟ်မှာ ငါ စုပ်ယူဖို့ စိတ်ဝိညာဉ်စွမ်းအင် မရှိတော့ ဘူး..." ဝမ်လင်း၏မူလခန္ဓာကိုယ်က အနည်းငယ်စဉ်းစား ပြီးနောက် သူ့ပတ်လည်ရှိ ဂြိုဟ်အပျက်အစီးကို ကြည့်လိုက် သည်။ထို့နောက် သူ့လက်ကို ဆန့်ထုတ်ကာ ဆွဲယူဟန်ပြု၏..
သူ့ပတ်လည်ရှိ ဖုန်မှုန့်ဖုန်မွှားများက ရုတ်တရက် တန့် သွားကာ ရှေးဟောင်းအော်ရာတစ်ခုက ဖြည်းဖြည်းချင်း သိပ်သည်းလာ၏။ သို့ရာတွင် သိပ်မကြာသောအချိန်မှာပင်ယင်းအော်ရာက ပြန်ပျောက်ကွယ်သွားသည်။
"ဒီစိတ်ဝိညာဉ် ထုတ်ယူခြင်းမန္တာန်က ကျင့်ကြံမှုအချို့ လိုအပ်နေတာပဲ..." ဝမ်လင်း၏ မူလခန္ဓာကိုယ်က ရှေ့သို့ ခြေလှမ်းလိုက်၏။ သူ့သန်မာလှသော ခန္ဓာကိုယ်နှင့်ဆိုလျှင် သူက ကြယ်များကြား ဖြတ်သန်းသွားလာဖို့အတွက် ကြယ် သံလိုက်အိမ်မြှောင်တစ်ခုပင် မလိုအပ်ချေ။
"ကံမကောင်းစွာနဲ့..ငါက အရွယ်ရောက်ပြီး ရှေးဟောင်း နတ်ဘုရားရဲ့ အော်ရာကို ရှာမတွေ့နိုင်သေးဘူး။ မဟုတ်ရင် ငါက ကြယ်လေးလုံးအဆင့်ကို အမှန်တကယ် ရောက်နေ ပြီ။ ငါက ဟင်္သာပြဒါးဂြိုဟ်ကို ပြန်သွားဖို့များ လိုနေမ လား...တာ့ဆန်က ဘယ်အချိန်မှာ လွတ်မြောက်လာမလဲ လည်း ငါမသိရဘူး..."
ဝမ်လင်း မူလခန္ဓာကိုယ်က ကြယ်များကြားတွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
လများစွာ ကြာမြင့်ပြီးနောက် ဝမ်လင်း၏မူလခန္ဓာကိုယ် သည် စွန့်ပစ်ခံဂြိုဟ်အသစ်တစ်လုံးကို ရွေးချယ်လိုက်၏။ သူက ဂြိုဟ်၏ ဗဟိုချက်သို့ ဖြည်းဖြည်းဝင်ရောက်သွားကာ မျက်စိမှိတ်၍ စတင်ကျင့်ကြံတော့သည်။
သူက ထိုဂြိုဟ်ကို ရွေးချယ်လိုက်ခြင်းက ယင်းဂြိုဟ်တွင် သဘာဝ မိုးကြိုးအလွှာတစ်ခု ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်၏။
ဟင်္သာပြဒါးဂြိုဟ်...နတ်ဆိုးပင်လယ်...။
နတ်ဆိုးပင်လယ်ရှိ မြူများက အချိန်အတန်ကြာ
ကတည်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် နတ်ဆိုးပင်လယ်တစ်ခုလုံးက ခုချိန်တွင် ကြီးမားသည့် ချိုင့်ဝှမ်းကြီးတစ်ခုလို ဖြစ်နေ၏။
ထိုနတ်ဆိုးပင်လယ်၏ အနက်ပိုင်းတွင် အပျက်အစီး ကြယ်နယ်မြေလို့ ခေါ်တွင်သည့် နေရာတစ်ခု ရှိလေ၏။ ထို နေရာက နတ်ဆိုးပင်လယ်၏ တားမြစ်နေရာတစ်ခု ဖြစ်ပေ သည်။ လူတစ်ယောက်က ထိုနားသို့ ချဉ်းကပ်သွားသည်နှင့် သူ့တည်နေရာက ထူးဆန်းစွာ ပျောက်ကွယ်သွားတက်၏။ ထို့ကြောင့် မည်သူကမှ ထိုနေရာသို့ လာဝံ့ကြခြင်း မရှိတော့ 6011
ထိုအပျက်အစီးကြယ်နယ်မြေ၏ ရှေးဟောင်းနတ်ဘုရားနယ်မြေတစ်ခု ရှိသည်။ အတွင်းဘက်၌
မရေမတွက်နိုင်သော ကျင့်ကြံသူများက သွေးပင်လယ် တွင် ထိုင်လျက် ရှိနေကြ၏။ ထိုကျင့်ကြံသူများအဆင့်သည် သွေးပင်လယ်က သူတို့ထံသို့ ချဉ်းနင်း ဝင်ရောက်လာနေ ရင်း ဖြည်းဖြည်းချင်း တိုးတက်နေခဲ့သည်။ထိုရှေးဟောင်း ကျင့်ကြံသူများက ပို၍ပင် စွမ်းအား ကောင်းလာကြပေ၏။
ထိုသွေးပင်လယ်ထဲ၌ အကြီးမားဆုံး တိုင်လုံးကြီးတစ်ခု ရှိနေကာ ထိုတိုင်လုံးပေါ်၌ အနီရောင်ဆံပင်နှင့်လူ တစ် ယောက်ထိုင်နေသည်။ သူ့ခန္ဓာကိုယ်က ပြင်းထန်သော စွမ်းအား အော်ရာကို ပေးစွမ်းကာ နေသည်။
ထိုလူ၏ ဘေး၌ သံချေးတက် ဓားတစ်လက် ရှိနေသည်။ ထိုဓားအပေါ်၌ သံချေးများအပြင် ခြောက်ကပ်ကပ် သွေးစ အချို့လည်း ရှိလို့နေ၏။
ဤအခိုက်အတန့်၌ အနီရောင်ဆံပင်နှင့်လူက သူ့ခေါင်း ကို ငုံ့လိုက်ရာ သူ့အနီရောင်ဆံပင်များက သူ့တစ်ကိုယ်လုံး ကို ဖုံးလွှမ်းသွားသည်။ ထိုဆံပင်များကြား၌ သူ့ ချွန်မြသော လက်သည်းဖြင့် ရေးထွင်းထားသော စာလုံးနှစ်လုံး ရှိနေ ပေ၏။ ထိုစာလုံးနှစ်လုံးမှာ ‘ဝမ်လင်း” ဟူ၍ပင်။
လူတစ်ယောက် အနီးကပ်ကြည့်ပါက သူထိုင်နေသော တိုင်တစ်ခုလုံးသည်လည်း ထိုစကားနှစ်လုံးနှင့် အပြည့် ဖုံးအုပ်နေသည်ကို တွေ့ရပေမည်။
"ဝမ်လင်း.." ထိုအနီရောင်ဆံပင်နှင့် လူထံမှ ခပ်ရှရှ အသံတစ်ခု ထွက်ပေါ်လာကာ သွေးပင်လယ်တစ်ခုလုံး၏ ပဲ့တင် ထပ်သွား၏။ ကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်ပင် တုန်ယင်သွားကြသည်။
မရေမတွက်နိုင်သော နှစ်များစွာအတွင်း သူတို့က ဝမ် လင်း ဆိုသည့် နာမည်ကို အဖန်တလဲလဲ ကြားနေရကာ ထို နာမည်က သူတို့၏ အရိုးထဲထိ ရေးထွင်းနေခဲ့ပြီ ဖြစ်သည်။
"ဝမ်လင်း...ငါ လွတ်မြောက်လာတော့မယ်..."
သုံးလကြာမြင့်ပြီးနောက် အပျက်အစီးကြယ်များကြားက နေ လူတစ်ယောက် လှမ်းထွက်လာ၏။ ထိုလူ၏ ပခုံး ထက်၌ အနီရောင်မျက်လုံးနှင့် မျောက်တစ်ကောင်လည်း ပါလာသည်။သူက နတ်ဆိုးပင်လယ်ထဲသို့ ဖြည်းညင်းစွာ လှမ်းဝင်လာ၏။
သူက သွေးပင်လယ်ထဲရှိ အနီရောင်ဆံပင်နှင့်လူ တာ့ ဆန်မဟုတ်ပေ။ သို့သော် တာ့ဆန် စေလွှတ်လိုက်သော တမန်တော် ဖြစ်နေ၏။
ထိုလူ၏ မျက်လုံးထဲ၌ နက်ရှိုင်းသော အမုန်းတရားတစ်ခု ရှိနေ၏။ ဝမ်လင်းသာ သည်နေရာမှာ ရှိနေလျှင် သူက ထို လူ့ကို သေဆုံးသွားတာ ကြာမြင့်ခဲ့ပြီ ဖြစ်သော ကောင်းကင် နတ်ဆိုးပညာရှင်ဟု သိရှိပေလိမ့်မည်။
အတိတ်တုန်းက ဝမ်လင်းကြောင့်သာ မဟုတ်လျှင် ရှေးဟောင်းနတ်ဘုရားထူစီ၏ အသိဉာဏ်အမွေအနှစ်သည် သူ့ဟာ ဖြစ်ပေလိမ့်မည်။ သူက လိုအပ်ခြောက်မျိုးနတ်ဆိုး သခင်၏ ဆရာဖြစ်ကာ ထူစီ၏ အမွေအနှစ်ကို ရရှိရန် နှစ် ပေါင်းများစွာ အစီအစဉ် ချမှတ်၍ စောင့်ဆိုင်းနေခဲ့သူ ဖြစ်သည်။ သို့သော် ထိုအရာများအားလုံးက ဝမ်လင်း၏ ဖျက်စီးခြင်းကို ခံလိုက်ရပေသည်။ဝမ်လင်းအပေါ်သူ့အမုန်း တရားကလည်း တာ့ဆန်ထက် လျော့နည်းလိမ့်မည် မဟုတ်
601
"မိုးကြိုးကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ နယ်မြေ…" ကောင်းကင်နတ်ဆိုးပညာရှင်၏ ခန္ဓာကိုယ်က ဖျပ်ခနဲ လှုပ်ရှားသွားကာ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်ခွာ သွားတော့၏။ ဟင်္သာပြဒါးဂြိုဟ်။ ဟင်္သာပြဒါးတောင်ထိပ်..။
ကျိုးယု၏ ဆံပင်ရှည်များက လေနှင့်အတူ ဝဲလွင့်နေကာ သူမ၏ ဝတ်စုံကလည်း တဖျပ်ဖျပ် ဖြစ်လို့နေသည်။ သူမက အရင်ထက် ပို၍ ရင့်ကျက်လာသည့်ပုံ ပေါ်သည်။ သူမ နောက်တွင် အဖြူကောင်လေး(ကျား)က ပျင်းရိလေးတွဲစွာ မြေပြင်ထက်၌ လှဲလျောင်းနေသည်။
ကျိုးယုက သူမ လက်ထဲ၌ သိုလှောင်အိတ်တစ်ခုကို ကိုင် လို့ထား၏။ ထိုသိုလှောင်အိတ်က အလွန်အိုဟောင်းနေကာ နှစ်ရာချီသမိုင်းကြောင်း တစ်ခုရှိနေ၏။
"ဦးလေး...အတိတ်တုန်းက ဦးလေးထားခဲ့တဲ့ သိုလှောင် အိတ်ကို အခု ငါ ဖွင့်လို့ ရပြီ..."
ကျိုးယုက နူးညံ့စွာ ပြောလိုက်ပြီးနောက် ထိုသိုလှောင် အိတ်ကို ငုံကြည့်နေ၏။ သူမ၏ နတ်ဘုရားအာရုံက ထို သိုလှောင်အိတ်ထဲသို့ ဝင်ရောက်သွားကာ ဖွင့်လှစ်လိုက် သည်။
ထိုသိုလှောင်အိတ်ထဲ၌ ထူးထူးထွေထွေ ရှိမနေဘဲ အဖြူ ရောင်အလင်းတန်းတစ်ခုသာ ထိုးထွက်လာပြီးနောက် ကျိုး ယု၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်လို့သွားသည်။ သူမ ခန္ဓာကိုယ်က တုန်ယင်သွားကာ သိုလှောင်အိတ်ကို ဆုပ်ကိုင်ထားသောလက်ကလည်း ပြေလျော့သွားပြီး သိုလှောင်အိတ်သည် လေနှင့်အတူ အဝေးသို့ လွင့်စင်သွား သည်။အဖြူကောင်လေးက ဟိန်းသံပြုကာ ရုတ်တရက် မတ် တပ် ထရပ်လာကာ ကျိုးယုကို ကြည့်လိုက်၏။ သူက မည်သို့ ဖြစ်ပျက်သွားသည်ကို နားမလည်လိုက်ပေ။
အဖြူရောင်အလင်းက ကျိုးယုမျက်ခုံးနှစ်ခုကြားတွင် ပျောက်ကွယ်သွားပြီးနောက် သူမ၏ ဦးနှောက်ထဲ၌ ချိပ် ပိတ်ထားမှု တစ်ခုကလည်း ပြေလျော့သွားသည်။ ထိုချိပ် ပိတ်ထားသော မှတ်ဉာဏ်များက ကျိုးယုထံ၌ ဖြည်းဖြည်း ချင်း ပေါ်လာခဲ့တော့သည်။
"ဆယ့်ကိုးနှစ်ကြာအောင်...ဒီကလေးက ငါ့ကိုယ်ပိုင် သမီးတစ်ယောက်လို ကြီးပြင်းလာတယ်လို့ ခံစားမိတယ်။ အကိုကြီးဝမ်...ငါက ဒီကလေးရဲ့ အသက်ကို စတေးဖို့ လက်မခံနိုင်ဘူး...။ဝမ်အာက တကယ်ကို ရူးကြောင်ခဲ့ပါ တယ်။ ငါက အကိုဝမ်ကို ထားခဲ့ရတော့မယ်..."
ကျိုးယု၏ မျက်နှာထက်၌ မျက်ရည်များ စီးဆင်းကျ လာ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူမက ခေါင်းငုံ့ ကာ ဒူးနှစ်ဖက်ကို ဖက်၍ ငုတ်တုတ်ထိုင်ချမိလိုက်သည်။ သူမက မျက်ရည်များ ကျဆင်းလာမှုကို ရပ်တန့်နိုင်စွမ်း ကင်းမဲ့နေသည်။
"အဖြူကောင်လေး...ဦးလေးက သူ့ကို ငါ လိုက်ရှာမှာ ကို မလိုချင်ခဲ့ဘူး..."
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ စွန့်ပစ်ခံဂြိုဟ် တစ်ခုပေါ်တွင် ခုလက်ရှိ၌ ဝမ်လင်းသည် ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို အရူးအမူး စုပ်ယူနေ၏။ သူ့ ပတ်လည်တွင်လည်း ကွဲကြေသွားသော ကောင်းကင်ဘုံ ကျောက်စိမ်းပြားအပုံက များသထက် များလာခဲ့သည်။
အာဏာတက်ခြင်းအလယ်အလတ်အဆင့်ကို ချိုးဖျက်ရန် အတွက် လိုအပ်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြားများ က ကြောက်မက်ဖွယ် များပြားလွန်းနေ၏။ သို့သော် ဝမ် လင်းတွင် လုံလောက်သော ကောင်းကင်ဘုံကျောက်စိမ်း ပြားများ ရှိနေပေသည်။
သို့ရာတွင် ဝမ်လင်းက သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုလိုက်ပြီးသည့်နောက် အ ရင်နှင့် ခြားနားသွားကြောင်းကို တွေ့ရှိခဲ့ရ၏။ သူ့ မူလစိတ် ဝိညာဉ်က ကောင်းကင်ဘုံကျောက်စိမ်းပြားများကို အဆုံးမဲ့ စုပ်ယူနေသည့် တွင်းနက်ကြီးတစ်ခုလို ဖြစ်နေခဲ့သည်။
နှစ်ဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက ထို နှစ်ဝက်အတွင်း နေ့စဉ်နေ့တိုင်း ကောင်းကင်ဘုံ ကျောက်စိမ်းပြားများစွာကို စုပ်ယူနေခဲ့၏။သို့ရာတွင် သူ့ မူလစိတ်ဝိညာဉ်က ခုထိ မပြည့်ဝသေးပေ။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေသည်။သူက ပို များပြားသော ကောင်းကင်ဘုံကျောက်စိမ်းပြားများကို စုပ် ယူနေ၏။နောက်ထပ် ခြောက်လ ကုန်ဆုံးသွားခဲ့ပြန်သည်။ သည်နေ့တွင် ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ လျှပ်စီးများက တဖျပ်ဖျပ် လင်းလက်လျက် ရှိနေသည်။သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ကိုပင် တုန်လှုပ် စေနိုင်သော အော်ရာတစ်ခုက တရှိန်ထိုး ထွက်ပေါ်လာ၏။
ဝမ်လင်းက မတ်တပ်ထရပ်လာ၏။ သူ့အသွင်က တည်ငြိမ်နေကာ သူက ကောင်းကင်ထက်သို့ လှမ်းတက် လိုက်ချေသည်။
"အာဏာတက်ခြင်း နောက်ဆုံးအဆင့်..."
စတုတ္ထအဆင့်ကျင့်ကြံခြင်း တည်ရှိလား...(နောက်တစ်ပိုင်း )
မိုးကြိုးလျှပ်စီးတန်းတစ်ခုက ကြယ်များကြား၌
ဖြတ်သန်းနေသည်။ထိုမိုးကြိုးတန်းထဲ၌ ရွှေရောင် ရောယှက်နေသော ငွေရောင်ဦးချိုနှင့် မိုးကြိုးသားရဲတစ် ကောင် ရှိနေသည်။၎င်း၏ ခန္ဓာကိုယ်က လျှပ်စီးများဖြင့် တ ဖျပ်ဖျပ်လင်းလက်နေသည်။
ဝမ်လင်းက ထိုမိုးကြိုးသားရဲ၏ ကျောပေါ်၌ ကြာပွင့် သဏ္ဌာန်ထိုင်နေသည်။ သူ့မျက်လုံးများကလည်း တောက်ပ လျက် ရှိနေ၏။သူ့အသွင်က သာမန်သာ ဖြစ်သော်လည်း ထူးကဲသော အော်ရာကို ပေးစွမ်းနေသည်။
တစ်ယောက်ယောက်ကသာ ခုချိန်၌ သူ့ကို တွေ့မြင်လျှင် သူ့အား မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် တစ်ယောက်ဟု သံသယဖြင့် တွေးထင်မိပေလိမ့်မည်။
နှစ်ကိုးရာကျော် ကျင့်ကြံပြီးနောက် ဝမ်လင်းက အာဏာ တက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။ ယခုသူ့အဆင့်က အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်မှ ဟင်္သာပြဒါးခေါင်းစီး ကျူးချွဲဇီနှင့် အဆင့်တူ ဖြစ်နေပေပြီ။
ကျင့်ကြံသူများ အာဏာတက်ခြင်းနောက်ဆုံးအဆင့် သည် အချို့သေးငယ်သော ကျင့်ကြံခြင်းဂြိုဟ်များ၌ အနှိုင်း မဲ့တည်ရှိမှုများဟု ယူဆနိုင်သည်။ထိုနေရာများ၌ မည်သူက မျှ သူတို့အား စော်ကားဝံ့လိမ့်မည် မဟုတ်။
|
လွန်ခဲ့သော တစ်နှစ်လုံး ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူပြီးသည့်နောက် ဝမ်လင်းက နောက်ဆုံးတွင် သည်အဆင့်သို့ ရောက်လာခဲ့ခြင်းပင်။ သူက သူ့ကျင့်ကြံမှုအဆင့်ကို နောက်တစ်ဆင့်သို့ ရောက်ရှိရန်နှင့် နယ်ပယ်ကို ပြီးပြည့်စုံရန်သာ လိုတော့သည်။ ထို့နောက်တွင်တော့ သူက ဒုတိယအဆင့်ကျင့်ကြံခြင်း နယ်ပယ်သို့ ခြေလှမ်းစတင်နိုင်စွမ်း ရှိလာပေလိမ့်မည်။
ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ်သို့ ရောက်သွားသည့် လူက များများစားစား မရှိပေ။ထိုအဆင့်က ရောက်ရှိရန် အလွန်ခက်လှ၏။
ဝမ်လင်းက ထိုအဆင့်သို့ မရောက်ရှိသေးသော်လည်း ပုံ ရိပ်ယောင်အဆင့်ကျင့်ကြံသူများနှင့် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက် သူက ဒုတိယအဆင့်ရှိ ကျင့်ကြံ သူများ၏ စွမ်းအားကောင်းပုံကို သဘောပေါက်စေခဲ့ပေ သည်။
"ပထမအဆင့်ကျင့်ကြံခြင်းကတောင် တော်တော်ခက်ခဲ နေပြီ။လွန်ခဲ့တဲ့ နှစ်ကိုးရာကျော် ကျင့်ကြံခြင်းကို ပြန်တွေး ကြည့်ရင်တောင် ကပ်ဆိုးအခြေအနေတွေက နေရာတိုင်းမှာ တွေ့ကြုံခဲ့ရတယ်။နည်းနည်း ပေါ့ဆသွားတာနဲ့ ငါ့စိတ် ဝိညာဉ်က ဖျက်စီးခံခဲ့ရလောက်ပြီ။ စီနီယာကျောက်ရီ ကြောင့်သာ မဟုတ်ရင်ငါက အာဏာတက်ခြင်းအဆင့်ကို ချိုးဖျက်ချိန်မှာတင် သေသွားခဲ့လောက်ပြီ.."
|
"ကျင့်ကြံခြင်းရဲ့ ပထမအဆင့်တောင် ခုလောက် ခက်နေ ရင် ဒုတိယအဆင့်ဆို ပိုဆိုးလိမ့်မယ်။ ဒုတိယအဆင့်မှာ လည်း သေခြင်းရှင်ခြင်း ကြမ္မာစမ်းသပ်ချက်တွေ ရှိကို ရှိရ မယ်။ငါက ဒါကို ဖြတ်ကျော်နိုင်ပါ့မလား သိချင်မိတယ်။ ဒါပေမဲ့လည်း ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်း လိုက်ပါ ကျင့်ကြံတဲ့လူက သေမျိုးတွေနဲ့ ဘာမှ မခြားဘူးလို့ ဆိုနိုင် တယ်။ ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်တဲ့ တစ်စုံတစ်ယောက်ကသာ တကယ့် တန်ခိုးရှင် ဖြစ်တယ်။ ငါ့တာအိုနှလုံးသားက ဆက်လက် တည်ရှိနေသ၍ ငါက ဒီ အန္တရာယ်အားလုံးကို ကျော်လွှားအနိုင်ယူ ပစ်မယ်..."
"ဒါ့အပြင် ကျင့်ကြံခြင်း တတိယအဆင့်လည်း ရှိသေး တယ်။ ရှေ့ဖြစ်ဟောသူလို ပုဂ္ဂိုလ်တွေတောင် ဒီအဆင့်ကို မ ရောက်သေးဘဲ ရောက်ဖို့ အသည်းအသန် လုပ်နေရတာ။ ဒီ တတိယအဆင့်က ဘာများလဲ...ဒီအဆင့်က ရှေးဟောင်း နတ်ဘုရားတွေကို ဆန့်ကျင်နိုင်ပြီလား..."
ဝမ်လင်းမျက်လုံးထဲ၌ မျှော်လင့်စောင့်စားမှုမှုတို့နှင့် ပြည့် နေ၏။
သို့ပေမဲ့ သူက ခုလက်ရှိတွင် တတိယအဆင့်က သူနှင့်အလွန်အလှမ်းကွာသေးကြောင်း သိနေပေသည်။
"ကျင့်ကြံခြင်းအဆင့်သုံးဆင့်က တောင်တက်ရတာနဲ့တူ တယ်။အဆင့်တိုင်းက အရင် အဆင့်ထက် ပိုခက်ခဲလာ တယ်။တတိယအဆင့်မှာ နယ်ပယ်ဘယ်နှစ်ခုရှိလဲ ငါ မသိဘူး။ တတိယအဆင့်ပြီးရင် စတုတ္ထအဆင့်ကော ရှိသေး လားလည်း ငါ မသိဘူး..."
ဝမ်လင်းက သူ့ညာလက်ဖြင့် မိုးကြိုးသားရဲ၏ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။
"စတုတ္ထအဆင့် တည်ရှိနေရဲ့လား..." ဝမ်လင်းက ခပ် တိုးတိုး ရေရွတ်လိုက်၏။ သူက ကြည်များကို မေးမြန်း ကြည့်နေသကဲ့သို့ပင်။ မည်သူကမျှ ထိုမေးခွန်းကို ပြန်မဖြေ နိုင်ကြပေ။
မိုးကြိုးနဂါးက ဝမ်လင်းကို သယ်ဆောင်ရင်း ပုံရိပ်တစ် ထောင်ဂြိုဟ်သို့ ဦးတည်သွားနေသည်။ ရွင်ယွမ်ဂြိုဟ်က ချိပ်ပိတ်ထားသည့်နေရာ ဖြစ်သဖြင့် သူက ထိုနေရာသို့ ထပ်မံ၍ မသွားလိုတော့ပေ။
"ခုက ယွမ်ရှဂြိုဟ်ပေါ်မှာ ရှိတဲ့ လမြွေနဂါးကပ်ပါး ကောင်နဲ့ ပတ်သတ်ပြီး ရှာဖွေရမယ့် အချိန်ပဲ။ ဒီအတွက် ငါက ကောင်းကင်ဘုံမြင့်တက်ခြင်းသစ်သီးတွေ အများကြီး လိုအပ်တယ်။ ဒါ့ကြောင့် ငါက ဟွမ်မိသားစုဆီကို ထပ်သွား ໗໑໖..."
ဝမ်လင်းက
မိုးကြိုးသားရဲကို
စီးနင်းလာ၏။၎င်းကကြယ်သံလိုက်အိမ်မြှောင်ထက် နှေးကွေးသော်လည်း
အလွန်မြန်နေဆဲသာ ဖြစ်သည်။
"ငါ့ မူလခန္ဓာကိုယ်ကလည်း ဂြိုဟ်ငယ်ရဲ့ စိတ်ဝိညာဉ် စွမ်းအင်အားလုံးကို စုပ်ယူပြီး ဖြစ်တဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ် ကြယ်လေးလုံးအဆင့်ကို ရောက်သင့်ပြီ။ ဒါပေမဲ့ လည်း သူ့ရဲ့ ခန္ဓာကိုယ်မှာ အရွယ်ရောက်ပြီး ရှေးဟောင်း နတ်ဘုရားရဲ့ အော်ရာ လိုအပ်နေသေးတယ်...။ငါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ဒီအော်ရာကို ရှာ တွေ့နိုင်မလား သိချင်မိတယ်..."
"လမြွေနဂါးက ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ထဲ မှာနေတဲ့ ကပ်ပါးကောင်ပဲ။ ဒါ့ကြောင့် ယွမ်ရှဂြိုဟ်မှာ ရှေးဟောင်းနတ်ဘုရားရဲ့ အကြွင်းအကျန်အော်ရာ တစ်ခုခု ရှိနေနိုင်မလား..."
ဝမ်လင်းက အတိတ်တုန်းက တစ်စုံတစ်ခုကို ပြန် အမှတ်ရလိုက်သည်။
"အတိတ်တုန်းက ထျန်ယွမ်ဂြိုဟ်ပေါ်မှာ ကျင့်ကြံခြင်း မဟာမိတ်အဖွဲ့အစည်းကြီးရဲ့ တမန်တော်က ကြယ်ဖျံတစ် ကောင်နဲ့အတူ ရောက်လာခဲ့ဖူးတယ်။ ဒီကြယ်ဖျံက ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကို အာရုံခံနိုင်စွမ်း မြင့် မားလှတယ်။ ဒီသားရဲသာ ရှိရင် ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကို ရှာဖွေရာမှာ တော်တော် အကူအညီရနိုင် တယ်..."လဝက်ခန့်ကြာမြင့်ပြီးနောက် ဝမ်လင်း မြင်ကွင်းထဲတွင် ပုံရိပ်တစ်ထောင်ဂြိုဟ်က ပေါ်ထွက်လာ၏။
သူက ဂြိုဟ်နှင့် နီးကပ်လာသည့်အခါတွင် မိုးကြိုးသံများ နှင့် မရေမတွက်နိုင်သော မိုးကြိုးတိမ်တိုက်များက ကောင်းကင်ထက်၌ ထွက်ပေါ်လာကြသည်။ ထိုဖြစ်စဉ်က ပုံရိပ်တစ်ထောင်ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူတိုင်း၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
|
မိုးကြိုးသားရဲက လေထုကို တိုက်ရိုက် ထွင်းဖောက်လာခဲ့ သည်။ ၎င်းက လေထဲ၌ ပျံဝဲနေရင်း ဦးခေါင်းကို မော့ကာ ဟိန်းသံပြုသည်။ ထိုဟိန်းသံက ကမ္ဘာလောက၏ မိုးကြိုး အားလုံးကို ကိုယ်စားပြုသည်။
တတိယမြောက်ချိပ်ပိတ်မှုကို ဖြေလျှော့ပြီးသည့်နောက် မိုးကြိုးသားရဲ၏ အမွေအနှစ်နှင့်ခွန်အားတို့သည် ၎င်းကို ပုံ ရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ တစ်ယောက်ထက် အား မနည်းအောင် ပြုလုပ်ပေးခဲ့ပေသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ သူက လူအ များ၏ အာရုံစိုက်မှုကို မလိုလားချေ။ သူက မိုးကြိုးသားရဲ ခေါင်းကို ပုတ်လိုက်ရာ ၎င်းက ဟိန်းဟောက်သံ ပြုနေရာ ကနေ ရပ်တန့်သွားကာ မြေပြင်ထက်သို့ တိုက်ရိုက် ပျံသန်း လာခဲ့သည်။
မိုးကြိုးသားရဲက
ဟွမ်မိသားစုအိမ်ထံသို့
တန်းတန်းမတ်မတ် ဦးတည်လာသည်။သူက နီးကပ်မလာခင်မှာပင် ဟွမ်ဖန်ရှန် ဟွမ်မိသားစုမှ ကျင့်ကြံသူများကို ဦးဆောင်၍ ပျံသန်းထွက်လာကြသည်။ သူတို့က မိုးကြိုးသားရဲနှင့် နီးကပ်လာသည့်အခါ သူတို့ မျက်လုံးထဲ၌ နေသည်။ ထိတ်လန့်ကြောက်ရွှံ့မှုများ ဖြစ်ပေါ်လို့
သူတို့က မိုးကြိုးသားရဲပေါ်၌ ထိုင်နေသော ဝမ်လင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ အချို့လူများသည် အာ မေဋိတ်သံပင် ပြုမိသွားကြသည်။
ဟွမ်မိသားစုမှ လူများက ဝမ်လင်းကို ဘယ်တော့မှ မေ့ သွားလိမ့်မည် မဟုတ်ပေ။
မိုးကြိုးသားရဲ ဦးခေါင်းထက်၌ ထိုင်နေရင်း ဝမ်င်း မျက်လုံးများက လျှပ်စီးများ တလက်လက် လင်းလက် နေကာ သူက တည်ငြိမ်စွာ ပြောလာသည်။ "ဟွမ်မိသားစု ခေါင်းဆောင်...ထွက်လာခဲ့..."
ဟွမ်ဖန်ရှန်က အသက်ဝဝရှုသွင်းလိုက်သည်။ သူက ရှေ့ သို့ လှမ်းတက်ကာ လေးလေးစားစား ပြောလိုက်သည်။ "ဟွ မ်မိသားစုမှ ဟွမ်ဖန်ရှန်က မိုးကြိုးကောင်းကင်ဘုံကျောင်း တော်ရဲ့ တမန်တော်ကို နှုတ်ဆက်ပါတယ်။ ငါက အရင် တုန်းက တမန်တော်အရှင်မှန်း မသိရှိခဲ့ရပါဘူး။ တမန် တော်အရှင်က စိတ်မရှိဖို့ မျှော်လင့်မိပါတယ်..."
ဝမ်လင်းက ထူးထွေ ပြန်ရှင်းပြမနေဘဲ ပြောလိုက်၏။ "အတိတ်က ကိစ္စရပ်တွေကို ပြောနေဖို့ မလိုတော့ဘူး။
ငါက မင်းတို့ကို ကောင်းကင်ဘုံတက်ခြင်းသစ်သီး အမြောက်အများ ရနိုင်တဲ့ နည်းလမ်းများ ရှိမလား မေးချင် ໖໖..."
"ကောင်းကင်ဘုံတက်ခြင်းသစ်သီးများ..." ဟွမ်ဖန်ရှန် က မှင်သက်သွားသည်။ ချက်ခြင်းပင် သူက ခါးသီးစွာ ပြော လိုက်သည်။ "တမန်တော်အရှင်….ဒါက…"
ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက ဟွမ်ဖန်ရှန်ကို ကြည့်လိုက်၏။ သူ့အော်မှ မိုးကြိုးသားရဲက လည်း ဟိန်းသံပြုသည်။
ဟွမ်ဖန်ရှန်က သက်ပြင်းချ၍ ဆုံးဖြတ်ချက်ပြတ်သား သော အကြည့်ကို ထုတ်ဖော်လိုက်၏။ သူက ခေါင်းညိတ် ကာ ပြောလာသည်။ "ရှိပါစေတော့လေ...ဟွမ်မိသားစုက နောက်နှစ်တစ်ရာအတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေ ကို ဝင်ရောက်မဲ့ အခွင့်ရေးကို လက်လျော့ပြီး တမန်တော် အရှင်အတွက် ကောင်းကင်ဘုံတက်ခြင်းသစ်သီးတွေကို စုဆောင်းပေးပါ့မယ်..."
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူက စတင် စဉ်းစားသွားသည်။ သည်ဟွမ်ဖန်ရှန်၏ စကားထဲ၌ သဲလွန်စအချို့ ပါဝင်နေ၏။ "ကောင်းကင်ဘုံတက်ခြင်း သစ်သီးက မိုးကြိုးကောင်းကင်ဘုံနယ်မြေနဲ့များ တစ်ခုခု ဆက်စပ်နေလို့လား..."
မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် လာမည့်နှစ်တစ်ရာအတွင်း ဖွင့်လှစ်ပေတော့မည်။ ဝမ်လင်းက ထိုအကြောင်း ကို စွန်ရှီထံကနေလည်း အရင်က ကြားခဲ့ဖူး၏။
ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။
ဟွမ်မိသားစုသည် ကောင်းကင်ဘုံတက်ခြင်းသစ်သီး မြောက်များစွာ ပိုင်ဆိုင်ထားပေ၏။သို့သော် ၎င်းတို့က ဝမ် လင်းလိုအပ်ချက်အတွက် မလောက်ငှသေးပေ။
"ကြည့်ရတာ မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ နာမည် ကို သုံးပြီး ဒီမြောက်ပိုင်းနယ်မြေမှာ ဖြတ်သန်းသွားလာဖို့ လိုနေပြီ..." ဝမ်လင်းက မိုးကြိုးသားရဲ၏ ဦးခေါင်းကို ပွတ် သပ်လိုက်ချေသည်။
Comments
Post a Comment