အပိုင်း(152)

ကောင်းကင်ဘုံပုတီးစေ့၏ တုန်လှုပ်ဖွယ် ပြောင်းလဲမှု

ထိုဆံပင်အနက်ရောင်နှင့် သက်လတ်ပိုင်းလူကြီးက မိုးကြိုးသားရဲ၏ ဦးခေါင်းကြီးကို ပွတ်သပ်လိုက်သည်။ သူ့ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ ကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "မိုးကြိုး ကောင်းကင်ဘုံ နယ်မြေမှာ ဘယ်လို ရတနာမျိုးတွေ ပေါ်လာမလဲ ငါမသိဘူး။ မိုးကြိုးကောင်းကင်ဘုံ ကျောင်း တော်ရဲ့ တမန်တော်တွေက ဒီရတနာတွေအတွက် တစ် ယောက်နဲ့တစ်ယောက် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက် ကြမှာ ငါ စိုးရိမ်မိတယ်..."

သူ့အသွင်က သုန်မှုန်လို့နေ၏။ သူ့အောက်ရှိ မိုးကြိုး သားရဲသည် အလင်းတန်းအသွင်ပြောင်းကာ အကွာအဝေး တစ်ခုထံသို့ ပျံသန်းသွားနေသည်။

"ပြောကြတာက ထူးဆန်းလှတဲ့ ကောင်းကင်ဘုံဆန့်ကျင် ခြင်း ပုတီးစေ့က တောင်ပိုင်းနယ်မြေရဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ထဲမျာ အရင်ဆုံး ပေါ်လာခဲ့တယ်တဲ့။ ဒီပုတီးစေ့ရဲ့ ပုံပန်းသွင်ပြင်ကြောင့် အဲဒီနေရာမှာ ရှိတဲ့ မိုးကြိုးတွေကပြောင်းလဲသွားခဲ့ပြီး ဒီမိုးကြိုးကလန်ကို ဖန်တီး ဖြစ်ပေါ်စေ ခဲ့တာလို့ ဆိုကြတယ်။ ဒါကြောင့် ခုချိန်မှာ ဒီမိုးကြိုးကန်က မိုးကြိုးမန္တန်တွေကို ကျင့်ကြံဖို့ အကောင်းဆုံး နေရာပဲ..."

ထိုလူ၏ မျက်လုံးက တလက်လက် ဖြစ်နေကာ သူက ပို၍ မြန်ဆန်စွာ ရွေ့လျားလာနေသည်။

ဝမ်လင်းက မိုးကြိုးကန်ထဲ၌ ထိုင်နေရင်း မိုးကြိုးမူလ မန္တန်၏ စာလုံးများကို ထပ်ခါထပ်ခါ ရွတ်ဆိုနေသည်။ ၎င်း မန္တန်ကို နားလည်ပြီးသည့်နောက် ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့ဒူးပေါ်သို့ နေရာချ လိုက်သည်။ ထို့နောက် သူက အသက်ဝဝရှူသွင်း၍ မျက်လုံးမှိတ်ထားလိုက်သည်။

မိုးကြိုးမူလမန္တန်သည် ကောင်းကင်ဘုံမိုးကြိုး၏ မူလ စွမ်းအင်ကို ထုတ်ယူကာ ကိုယ်ပိုင်အဖြစ် အသုံးပြုသည့် နည်းလမ်းပင် ဖြစ်သည်။

သည်လိုမန္တန်မျိုးက ရှားပါးလွန်းလှသည်။ ဒုတိယအဆင့် ကျင့်ကြံသူများသည် ထိုနည်းလမ်းမျိုးကို အသုံးပြုနိုင်၏။

သည်နည်းလမ်းက မိုးကြိုးများ ခန္ဓာကိုယ်ထဲသို့ စီးဝင် ခြင်းကို အာရုံစိုက်ထားခြင်း ဖြစ်၏။ လူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်မားခြင်း မရှိပါ က သူ့ခန္ဓာကိုယ်ကိုယ်သူ အန္တရာယ်ပေးသည်နှင့် မခြားပေ။ လူတစ်ယောက်က ဂရုမစိုက်မိပါက မူလစိတ်ဝိညာဉ်ပင် ထိခိုက်သွားနိုင်သည်။သို့ရာတွင် သည်နည်းလမ်းက ဝမ်လင်းအတွက် သင့်တော်ပေ၏။ သူ့မူလစိတ်ဝိညာဉ်သည် မိုးကြိုးဖြစ်ကာ သူ့ခန္ဓာကိုယ် အသစ်သည်လည်း မိုးကြိုးနှင့် ပြုလုပ်ထား ခြင်းပင်။ မိုးကြိုးသားရဲ၏ အမြင်၌ ဝမ်လင်း၏ ဖြစ်တည်မှု တစ်ခုလုံးသည် မိုးကြိုးဟုသာ ထင်မြင်နေတော့သည်။

သိပ်မကြာခင်တွင် ဝမ်လင်းက သူ့လက်ကို ဖြည်းဖြည်း ချင်း ပြန်ပင့်တင်လိုက်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေသည်။ လှုပ်ရမ်းခါမှုတစ်ခုနှင့်အတူ လေထဲပ လှိုင်းတွန့် မြောက်မြားစွာ ထွက်ပေါ်လာသည်။ သည်လှိုင်းတွန်းများက မိုးကြိုးကြောင့် ဖြစ်ပေါ်နေခြင်း ဖြစ်ကာ ယင်းတို့က ဖြည်းဖြည်းချင်း ပျံ့နှံ့နေသည်။

အမှန်တော့ သည်လှုပ်ခါမှု တစ်ခုတည်းတွင် မတူညီ သော ချိပ်တံဆိပ်ကိုးခု ပါဝင်နေကာ အံ့မခန်းနှုန်းဖြင့် ထုတ် လွှတ်ခဲ့ခြင်းပင်။ သည်ချိပ်တံဆိပ်များသည် မိုးကြိုးကို ဆွဲ ဆောင်နိုင်စွမ်းကို ဖန်တီးပေး၏။

မိုးကြိုးကန်၏ ကျယ်လောင်သော ပေါက်ကွဲသံအောက်၌ မိုးကြိုးအမျှင်တန်းတစ်ခုက ဆွဲယူခြင်း ခံလိုက်ရသည့်ပုံပေါ် ကာ ချက်ချင်း ထိုးထွက်လာ၏။ ယင်းမိုးကြိုးအမျှင်တန်းက ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမျိုပစ်ချင်ဟန် ရသည်။

သို့သော် ၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်နှင့် ထိမိသည့် အခိုက်တွင် ပျောက်ရှသွားကာ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

သည်နေရာရှိ မိုးကြိုးက သာမန်မိုးကြိုးများထက် အဆ များစွာ သန်မာလွန်းသည်။ ၎င်းမိုးကြိုးအမျှင်တန်းက ဝမ် လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခိုက်တွင် သူ့ ခန္ဓာကိုယ်ထဲ၌ မြင့်တက်လာ၏။ ဝမ်လင်းက လျင်မြန်စွာ ပင် မိုးကြိုးမူလမန္တန်ကို ပုံဖော်လိုက်သည်။ သူ့ခန္ဓာကိုယ် ထဲ ဝဲကတော့တစ်ခု မြန်ဆန်စွာ ဖြစ်ပေါ်လာကာ ချက်ချင်း လှည့်ပတ်လာသည်။ တစ်ကြိမ်လှည့်ပတ်လိုက်တိုင်း ထို ဝဲကတော့ မိုးကြိုးထံမှ မူလစွမ်းအင်ကို ညှစ်ထုတ်စေသည်။

ထိုဖြစ်စဉ်က အချိန်အတန်ကြာ ဆက်တိုက် ဖြစ်ပျက် နေသည်။ သည်မန္တန်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းက အလွန်ခက်သည်ဟု ပြော၍ရ၏။ အသုံးပြုသူ၏ ခန္ဓာကိုယ် ကလည်း မိုးကြိုးကို ခုခံနိုင်ရမည် ဖြစ်ကာ ထိုမှသာ မိုးကြိုး ထဲမှ မူလစွမ်းအင်ကို စုပ်ယူနိုင်မည် ဖြစ်သည်။

သို့သော် ဝမ်လင်းက သည်ကိစ္စများနှင့် ပတ်သက်၍ ပူပန် ခြင်း မရှိပေ။ သူ့အသွေးအသားနှင့် မူလစိတ်ဝိညာဉ်တို့ ကိုယ်တိုင်က မိုးကြိုးကနေ ဖြစ်ပေါ်လာခြင်း မဟုတ်လား။ သည်နေရာရှိ မိုးကြိုးအများစုက သူ့ကို မသက်မသာ ဖြစ် စေရုံသာ တတ်နိုင်ကာ ဒဏ်ရာရရှိအောင် လုပ်နိုင်ခြင်း မရှိပေ

သည်အခိုက်အတန့်၌ ဝမ်လင်းသည် သူ့အာရုံအားလုံးကို မိုးကြိုးထံမှ မူလစွမ်းအင် ညှစ်ထုတ်ရယူခြင်းတွင်သာ နစ်မြှုပ်ထားခဲ့သည်။

အချိန်အတန် ကြာမြင့်ပြီးနောက် မိုးကြိုးမူလမန္တန်၏ သက်ရောက်မှုအောက်၌ မိုးကြိုးအမျှင်တန်းက တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ကာ သိပ်မသန့်စင်သော မူလစွမ်းအင်များကိုသာ ချန်ရစ်ထားခဲ့၏။ ထိုအရာက အလွန်နည်းပါးသော မူလစွမ်းအင်ပင်။

သို့ရာတွင် ထိုပမာဏကပင် ဝမ်လင်းကို အလွန်စိတ် လှုပ်ရှားစေ၏။ ပထမအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် မူလစွမ်းအင်က တကယ့်ကို ခမ်းနားကြီးကျယ် လွန်းလှ၏။ လူတစ်ယောက်က အာဏာတက်ခြင်းအဆင့် သို့ ရောက်ပြီးသည့်နောက် မူလစွမ်းအင်အချို့ကို ရရှိနိုင်ဖို့ အခွင့်အလမ်း ရရှိနိုင်သော်လည်း နောက်တစ်ဖန် ထပ်ရဖို့ သို့မဟုတ် ထိုမူလစွမ်းအင်ကို ပြန်ကောင်းမွန်အောင် လုပ်ဖို့ က မဖြစ်နိုင်သလောက်ပေ။

ကမ္ဘာလောကမှ မူလစွမ်းအင်ကို ဖြစ်ပေါ်ခြင်းသည် ဒုတိယအဆင့် ကျင့်ကြံသူများ၏ မန္တန်များ လိုအပ်ပေသည်။

ကံကောင်းထောက်မသော အဖြစ်အပျက်များကြောင့် မဟုတ်လျှင် ဝမ်လင်းသည် ခုလိုမျိုး မူလစွမ်းအင်ကို ရရှိအောင် လုပ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သူက သူ့မြူးထူးမှုနှင့် သူ့နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှု ကို ဖိနှိပ်ထားကာ မသန့်မစင်သေးသော မူလစွမ်းအင်ကို သူ့မူလစိတ်ဝိညာဉ်ထံသို့ ဂရုတစိုက် လှည့်လည်ပေးနေသည်။ ထိုသို့ လုပ်ဆောင်ပါက သူ့အတွက် မူလစွမ်းအင် ကျန်ရစ်မှုက နည်းပါးလာမည် ဖြစ်သော်လည်း ထိုနည်း နည်းသာ ကျန်ခဲ့သည် မူလစွမ်းအင်ကို သူက အသုံးပြုနိုင် မည် ဖြစ်၏။

ထို့ကြောင့် ဝမ်လင်းက မဆင်မခြင် ပေါ့ပေါ့ဆဆ လုပ်ဝံ့ ခြင်း မရှိပေ။ သူက သူ့မသန့်စင်သော မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်ကာ သူ့မူလစိတ်ဝိညာဉ်ထဲသို့ ပို့ လွှတ်နေ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလာသည်။

ထိုပြောင်းလဲမှုကို ဝမ်လင်းက ကြိုတင်ပြင်ဆင်ထားနိုင် ခြင်း မရှိပေ။ ထို့ကြောင့် သူက ၎င်းပြောင်းလဲမှုကို ထိန်းချုပ်ချိန် မရလိုက်ပေ။ မသန့်မစင်သော မူလစွမ်းအင် က သူ့မူလစိတ်ဝိညာဉ်နှင့် ထိမိလိုက်သည့်အခါတွင် ၎င်းက မြင်းရိုင်းတစ်ကောင်ကဲ့သို့ ပြင်းပြင်းထန်ထန် တုန်ခါ ရွေ့လျားသွားသည်။

၎င်းမသန့်စင်သော မူလစွမ်းအင်က သူ့မူလစိတ်ဝိညာဉ် ထဲသို့ တူးဆွလာကာ သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ရ မည့်အစား ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ရှိနေ သော နေရာသို့ ဦးတည်သွားချေသည်။

မသန့်စင်သော မူလစွမ်းအင်က ကောင်းကင်ဘုံဆန့်ကျင် ခြင်း ပုတီးစေ့နှင့် ချက်ချင်း ပေါင်းစပ်သွားချေသည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ ပဲ့တင်သံကို ရှင်းလင်းစွာ ကြားလိုက်ရ၏။ တောင်ကြီးတစ်လုံးနှင့် ဆောင့်ရိုက်ခံလိုက် ရသကဲ့သို့ ဝမ်လင်းမျက်နှာက ချက်ချင်း ဖြူရော်သွားကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း တုန်ခါ၍ သူ့ခန္ဓာကိုယ်တစ် ခုလုံးပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီး စေ့သည် ဝမ်လင်း၏ အမိန့်ကို နာခံခြင်း မရှိတော့ပေ။ ၎င်း က သူ့မျက်ခုံးနှစ်ခုကြားထဲက ဖြည်းဖြည်းချင်း လွင့်မျော ထွက်လာသည်။

ဝမ်လင်းက သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် တုန်ယင်နေမိ၏။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း

ပုတီးစေ့က နောက်တစ်ဖန် ပေါ်လာပြန်သည်။ သည်တစ်ကြိမ်၌ ၎င်းက ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ထွက်လာချင်းချင်း မိုးကြိုးကန် တစ်ခုလုံးက ပြင်းပြင်းထန်ထန် တုန်ခါလာကာ မိုးကြိုး အမျှင်တန်းများကလည်း ချက်ချင်း ထိုးထွက်လာခဲ့သည်။

ထိုတုန်ခါမှုမှုလှိုင်းများသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများကိုပါ သက်ရောက်လာခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံ သက်တော်စောင့်ပင် မသက်ရောက်နိုင်လောက်သည့် အကွာအဝေးထိ နောက်ဆုတ်သွားရသည်။

မိုးကြိုးသားရဲကတော့ ထိုမိုးကြိုးများ ပြောင်းလဲလာ သည်နှင့် အလိုလိုပင် နောက်သို့ ဆုတ်သွားခဲ့ကာ ၎င်းကထိုမိုးကြိုးများအနားသို့ တိုးလာဝံ့ခြင်း မရှိပေ။

ဝမ်လင်းက ကောင်းကင်ထက်မှ ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကို မော့ကြည့်သည်။ သူ့မျက်လုံးထဲ ရှိ စိတ်ရှုပ်ထွေးမှုက ပို၍အားကောင်းလာခဲ့သည်။

မရေမတွက်နိုင်သော နဂါးအသွင် မိုးကြိုးတန်းများက အရပ်မျက်နှာအနှံ့ကနေ တဝီဝီ ထွက်ပေါ်လာနေသည်။ ထို မိုးကြိုးများသည် တစ်ခုပြီးတစ်ခု ကောင်းကင်ဘုံပုတီးစေ့ ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုမြင်ကွင်းက အဆုံးစွန် တုန်လှုပ်ဖွယ်ကောင်းကာ ဝမ်လင်းက လုံးဝ မှင်တက်နေ စေသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ဖြည်းဖြည်း ချင်း ပြောင်းလဲလာကာ တစ်ခါပြောင်းလဲတိုင်း မိုးကြိုး မြောက်မြားစွာကို စုပ်ယူသည်။ပုတီးစေ့ ပတ်လည်၌ ခရမ်းရောင်အလင်းတစ်ခု ပေါ်လာခဲ့ချေသည်။

ဝမ်လင်းက ထိုမြင်ကွင်းနှင့် ရင်းနှီးလွန်းလှ၏။ သိပ်မ ကြာခဲ့သော အချိန်မှပင် ထိုကဲ့သို့သော ထပ်တူ ခရမ်းရောင် အလင်းမျိုးက ထွက်ပေါ်ခဲ့သေးသည် မဟုတ်လား။

ခရမ်းရောင်အလင်းက စူးရှလာကာ ရုတ်တရက် ပျံ့နှံ့လာ သည်။ ထူးဆန်းသော အတားအဆီးက ရုတ်တရက် ပေါ်လာပြန်၏။ တစ်ချိန်တည်းမှာပင် တံခါးချပ်ကြီးပါ ဝမ် လင်းမျက်စိရှေ့၌ ပေါ်လာချေသည်။

ထိုအဖြစ်အပျက်များက ဝမ်လင်းကို ကြီးစွာ တုန်လှုပ် စေ၏။

သူက ကောင်းကင်ဘုံပုတီးစေ့သည် သည်နေရာ၌ ပထမ ဆုံးပေါ်ခဲ့ဖူးသည်ကို မသိခဲ့ပေ။ ထိုသို့သော ထူးဆန်းအံ့ဖွယ် ပြောင်းလဲမှုများအားလုံးသည် ကောင်းကင်ဘုံပုတီးစေ့၏ ပုံ ပန်းသွင်ပြင်ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းသာ။

ဝမ်လင်းက မမျှော်လင့်ပဲ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ မူလ ပေါ်ထွက်လာခဲ့သည့်နေရာသို့ ယင်းပုတီး စေ့ကို ယူဆောင်လာမိခဲ့ခြင်းပင်။ ထိုကိစ္စ၌ သူ့ကံကြမ္မာက ပါ ပါဝင်ပတ်သက်သည်ဟု ပြောနိုင်ပေ၏။

သို့ရာတွင် သည်ကိစ္စကို ကံကြမ္မာသပ်သပ်ဟု လုံးဝတော့ မပြောနိုင်ပေ။ တကယ်တော့ ဝမ်လင်းက ဒဏ်ရာပြင်းထန် စွာ ရရှိခဲ့ပြီး သည်နေရာကို ရှာတွေ့ခဲ့ခြင်းသည် ရှေးဟောင်း မိုးကြိုးနဂါးကြောင့် တစ်ခုတည်း မဟုတ်ပေ။ သူသည် နေရာသို့ ရောက်လာခဲ့ရသည့် နောက်ကွယ်က အကြောင်းရင်းသည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီး စေ့ပင် ဖြစ်နေတော့သည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ဝမ်လင်း မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော အရာ ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ အသွင်သဏ္ဌာန် မရှိတော့ ပေ။ ထို့ကြောင့်လည်း ၎င်းက ဝမ်လင်း၏ မူလစိတ်ဝိညာဉ် အပေါ်ကို သက်ရောက်နိုင်သော စွမ်းရည်လည်း ပိုင်ဆိုင် ထားခဲ့သည်။ အမှန်တော့ သက်သောင့်သက်သာ ဖြစ်သည့် ခံစားချက်မှာ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကနေ ထွက်ပေါ်လာခဲ့ခြင်းသာ ဖြစ်တော့၏။

ထိုသို့သာ သပ်သပ်ဆိုလျှင်လည်း ခုလိုကိစ္စကြီးတစ်ခု ဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။ ဒြပ်စင်ငါးခု မပြည့်စုံ သေးသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့က ၎င်း၏ ပိုင်ရှင်ကို အသိအမှတ် မပြုသည့်အတွက် ဝမ်လင်းက သည် နေရာသို့ ယင်းပုတီးစေ့ကို ယူဆောင်လာခဲ့လျှင်ပင် မည် သည့်ပြောင်းလဲမှုမှ ဖြစ်လာခဲ့လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ဒြပ်စင်ငါးခု ပြည့်စုံသွားသည့်အချိန်၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ပြောင်းလဲသွား ခဲ့သည်။ တံခါးချပ်ကြီး ပေါ်ထွက်လာသည့်အခါတွင် ၎င်း ပုတီးစေ့ကို ဝမ်လင်းက ပထမဆုံးအကြိမ်အဖြစ် အသက် သွင်းခဲ့ခြင်းဟု ဆိုလိုပေသည်။

ထိုအသက်သွင်းမှုက ပုတီးစေ့သည် ၎င်း၏ ပိုင်ရှင်ကို အသိအမှတ်ပြုခြင်းဟုလည်း အဓိပ္ပာယ်ရသည်။

သည့်နောက် ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ကို စုပ်ယူကာ ခု မိုးကြိုးကန်အထိ ရောက်လာခဲ့ သည်။ မိုးကြိုးကန်ထဲရှိ မိုးကြိုးက ကောင်းကင်ဘုံဆန့်ကျင် ခြင်း ပုတီးစေ့ကို ထိမိသည့်အခိုက်တွင် ခုလို ပြောင်းလဲမှု တစ်ခု ဖြစ်လာခြင်းပင်။

ထိုထိုသော အချက်အလက်များ၊ အကြောင်းရင်းများထဲမှ တစ်ခုတလေ လွဲချော်ခဲ့လျှင်ပင် ကောင်းကင်ဘုံဆန့်ကျင် ခြင်း ပုတီးစေ့သည် ခုလိုမျိုး ပြောင်းလဲလိမ့်မည် မဟုတ် ပေ။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ တည်ရှိလာခဲ့ သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း ဝမ် လင်းသည်သာ ယခုအဆင့်သို့ ရောက်လာနိုင်သည့် တစ်ဦး တည်းသောသူ ဖြစ်လာခဲ့သည်။

ဧရာမတံခါးကြီးက နောက်တစ်ဖန် ပေါ်ထွက်လာသည်။ ခရမ်းရောင်အလင်းက သီးသန့်ကမ္ဘာတစ်ခုကို ဖြစ်စေကာ မိုးကြိုးရေကန်ကိုပင် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွား စေသည်။ မိုးကြိုးက ခရမ်းရောင်မိုးကြိုး ဖြစ်လာချေ၏။

ထိုတံခါးပေါ်ထွက်လာသည့်အခါ ဝမ်လင်းခန္ဓာကိုယ်ထဲ ကနေ လေးစားကြောက်ရွံ့သည့် စိတ်က တစ်ဖန် ပေါ်လာခဲ့ ပြန်သည်။ သူက ၎င်းကို တစ်ကြိမ် ခုခံပြီး ဖြစ်သော်လည်း သူ့ခန္ဓာကိုယ်ကတော့ အနည်းငယ် တုန်ယင်ရသည်သာ။ သို့သော် သူ့မျက်လုံးများကတော့ အညံ့မခံ၊ ဦးမညွှတ်မှုကို ပြသနေသည်။

ခရမ်းရောင်အလင်းက နေရာတိုင်းတွင် တောက်ပလာ နေရင်း ဧရာမလက်ကြီးကပါ တံခါးအပြင်ဘက်တွင် ထပ် ပေါ်လာခဲ့သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ ထိုလက်ကြီး ထွက်ပေါ်လာမှုက ဝမ်လင်းနှလုံးသားကို ခုန်ပေါက်သွား စေသည်။

ထိုလက်ကြီးပေါ်လာသည့် အခိုက်တွင် ခရမ်းရောင် လျှပ်စီးများစွာက ချက်ချင်းပင် ယင်းလက်ကြီးထံသို့ တိုးဝင်လာကြသည်။ မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်း များသည် ထိုလက်မောင်းကြီးကို ထွေးခြုံပတ်လာ၏။

ဝမ်လင်းက ထိုလက်ကြီးကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ အနည်းငယ် စဉ်းစား ပြီးသည့်နောက် သူက အံတင်းတင်းကြိတ်ကာ လေထဲသို့ ခုန်တက်လိုက်ကာ ဧရာမတံခါးချပ်ကြီးထံသို့ ဦးတည် တိုးဝင်သွားသည်။

ထိုလက်ကြီးကသာ မိုးကြိုးနှင့် ပိတ်လှောင်ထားခြင်း မခံ ရပါက ဝမ်လင်းသည် ထိုတံခါးချပ်အထဲသို့ ဝင်ရောက်ရန် ရွေးချယ်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် သူက သူ့ဘဝ၌ ယခုတစ်ကြိမ် အခွင့်ရေးကိုသာ ထပ်လွဲပါက သူက ထို တံခါးနောက်ကွယ်ရှိ လျှို့ဝှက်ချက်ကို လုံးဝ တွေ့မြင်နိုင် တော့မည် မဟုတ်ဟု ခံစားမိနေသည်။

သူက တံခါးချပ်ကြီးနှင့် ပိုနီးသည်ထက် နီးလာခဲ့သည်။

လက်ကြီးက စတင် ရွေ့လျားလာသည်။ သို့သော် ၎င်း ပတ်လည်ရှိ မိုးကြိုးများက သတ္တုချိန်းကြိုးတစ်ခုအလား ယင်းလက်ကြီးကို ချုပ်နှောင်ထားသည်။ ထို့အတွက်ကြောင့် လက်ကြီး၏ လှုပ်ယမ်းနိုင်မှုအရှိန်က နှေးကွေးနေတော့၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူ့အမြန်နှုန်း ကို ပိုမြှင့်လိုက်၏။ သူက တံခါးထံသို့ အလင်းတန်းတစ်ခု အလား တိုးဝင်သွားသည်။ သူက အနီးသို့ ရောက်သွား သည်နှင့် တံခါးက သေးငယ်သောအဟတစ်ခု ပွင့်လာခဲ့သည်။

ထိုအဟ ပွင့်လာခဲ့သည့် အခိုက်အတန့်၌ ကမ္ဘာလောက တစ်ခုလုံး ရပ်တန့်သွားပေ၏။

ဝမ်လင်းခန္ဓာကိုယ်သည်လည်း ထိုတံခါးအာ၏ အပြင် ဘက်၌ ရပ်တန့်သွားသည်။ သူ့မျက်လုံးများက ပြူးကျယ် လျက် ရှိနေသည်။ သည်အခိုက်အတန့်၌ သူ့စိတ်က ထို တံခါးထဲသို့ နစ်မြုပ်သွားသကဲ့သို့ ဖြစ်နေ၏။

ဝမ်လင်း မြင်သမျှအရာအားလုံးသည် သူ့ကို ပြင်းထန်စွာ တုန်ယင်မိစေသည်။

သူ့မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွား သကဲ့သို့ သူက သူ့ခန္ဓာကိုယ်ကိုပင် ခံစားမိခြင်း မရှိတော့ ပေ။ သူ့ဖြစ်တည်မှုတစ်ခုလုံးသည် အဆုံးမသတ်နိုင်သည့် ကပြောင်းကပြန် ဖြစ်မှုကြီးထဲ၌ တည်ရှိရန် ဖြစ်လာ သကဲ့သို့....။

တာအိုကို ရှာဖွေနေသည့်သူ(နောက်တစ်ပိုင်း)

"ဒီ...ဒီနေရာက ကောင်းကင်ဘုံ ပုတီးစေ့ထဲက ဟင်း လင်ပြင်နေရာ..."

ဝမ်လင်းက သည်နေရာကို သိလိုက်၏။ သူ့မျက်လုံးက ကျဉ်းမြောင်းသွားသည်။

သူက သည်နေရာနှင့် ပတ်သက်၍ တော်တော်လေး ရင်းနှီးပေသည်။ သည်နေရာက ပရမ်းမတာ ကပြောင်က ပြန် ဖြစ်နေသည့် နေရာတစ်ခု ဖြစ်ကာ တောက်ပသော အလင်းလုံးများလည်း ရှိနေသည်။

ဝမ်လင်းအကြည့်အောက်မှာပင် ထိုအလင်းလုံးများက ချက်ချင်း ပြောင်းလဲလာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအလင်းလုံးများက ဖောင်းကြွ ကြီးမားလာသည်။ ဝမ်လင်းက ထိုအလင်းလုံး များသည် ခုချိန်၌ ဂြိုဟ်တစ်ခုမျှ ကြီးမားလာခဲ့သည်ကို ကြည့်နေရင်း မှင်တက်နေမိတော့သည်။

ထိုအလင်းလုံးများထံကနေ အားကောင်းသောအော်ရာ တစ်ခု ထွက်ပေါ်နေသည်။ ထိုအော်ရာထဲ၌ ရှင်သန်ခြင်းအသက်ဓာတ်တို့နှင့် ပြည့်နေသည်။ ထိုအသက်ဓာတ်က အလွန်အမင်း သန့်စင်လွန်းကာ ကလေးငယ်တစ်ယောက် စတင် မွေးဖွားလာသလောက်ကို သန့်စင်လွန်းနေသည်။

သိပ်မကြာခင်တွင် ဖုန်မှုန့်တိမ်တိုက်ထုများ ပေါ်လာကာ ထိုအလင်း၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။ များမကြာမီမှာ ပင် ယင်းအလင်းလုံးများက သိပ်သည်းလာကာ ကုန်းမြေ ထုအဖြစ် ဖြစ်ပေါ်သည်။ အချို့ဖုန်မှုန့်များက မြစ်အဖြစ်၊ ပင်လယ်အဖြစ် ဖြစ်တည်လာကြသည်။

ဝမ်လင်းက ပင့်သက်ရှိုက်မိသွား၏။ သည်အရာက ဂြိုဟ် တစ်ခုပင်။ ၎င်းထံကနေ ထွက်ပေါ်လာသည် စိတ်ဝိညာဉ် စွမ်းအင်များက ပေါကြွယ်ဝလှ၏။ သေမျိုးများ နေထိုင်ခြင်း မရှိသည်ကလွဲ၍ သည်နေရာသည် အခြားကျင့်ကြံခြင်း ဂြိုဟ်တစ်ခုနှင့် ကွာခြားလှခြင်း မရှိပေ။

သူတုန်လှုပ်နေစဉ်မှာပင် ထိုဂြိုဟ်က သူ့ဟာသူ ချက်ချင်း ပြန်လည် အဆင့်လျော့ကျလာပြန်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုဂြိုဟ်က အလင်းလုံးအဖြစ်သို့ ပြန်ပြောင်း သွားကာ သေးငယ်သည်ထက် သေးငယ်လာကာ မီးပွင့် မီးပွားသာသာသာ ရှိတော့၏။

ထိုအလင်းလုံးများ ပြောင်းလဲနေစဉ်မှာပင် ဝမ်လင်းစိတ် ကလည်း တဖြည်းဖြည်း အသိစိတ် ဆုံးရှုံးလာသည်။ သူက ထိုနေရာသစ်ထဲ၌ နစ်မြုပ်သွားခဲ့ချေသည်။

အချိန်က ကုန်ဆုံးနေ၏။ ဝမ်လင်းသည်လည်း အရာအားလုံးကို မေ့လျော့နေသည်ဟု ထင်ရသည်။ သူက အဆုံး မဲ့သော ဟင်းလင်းပြင်ထဲသို့ ရောက်ရှိနေသကဲ့သို့ ထူးဆန်းသော အခြေအနေသို့ ဆိုက်ရောက်နေသည်။

သူက သူ့မျက်လုံးရှေ့တွင် ထိုအလင်းလုံးများနှင့် ထူးဆန်းသောမြင်ကွင်းကို အမြဲတွေ့မြင်နေရသည်။ သူက ထိုမြင်ကွင်းကို ဆက်လက် ကြည့်ရှုနေရင်း ထူးဆန်းအံ့ဖွယ် အားတစ်ခုက ဖြည်းဖြည်းချင်း တည်ဆောက်လာသည်ဟု ခံစားမိနေ၏။

ထိုစွမ်းအားက နေရာတိုင်းတွင် ရှိနေကာ သူက ၎င်း စွမ်းအား၏ ရင်းမြစ်ကို အလိုလို လိုက်ရှာချင်စိတ် ပေါက် လာခဲ့သည်။

ဝမ်လင်းက သူသည် ကောင်းကင်နှင့်မြေကြီးကို နားလည်အောင် လုပ်ခဲ့သည့်အချိန်၊ သေခြင်းရှင်ခြင်း နယ်ပယ်၏ မူလဇာစ်မြစ်ကို ရှာဖွေခဲ့ချိန်က သည်လို တူညီ သောမြင်ကွင်းမျိုးကို တွေ့ရှိခဲ့ဖူးကြောင်းကို ပေါက်ခဲ့ပေ။ သဘောမ

သူက အလိုလို မသိစိတ်ဖြင့် သည်စွမ်းအား၏ ရင်းမြစ်ကို လိုက်ရှာနေရင်း အချိန်က ကုန်ဆုံးလာခဲ့သည်။ သို့သော် သူက ဂရုမစိုက်ပေ။ ကပ်(အလွန့်အလွန်ကြာမြင့်လှသော ကာလအပိုင်းအခြား) များစွာ ကုန်လွန်သွားလျှင်ပင် ရပ်တန့်တော့မည် မဟုတ်ပေ။ သူက လေလွင့်ဝိညာဉ်တစ် ကောင်ကဲ့သို့ လိုက်လံရှာဖွေနေမိတော့၏။
ဝမ်လင်းက တာအိုနောက်သို့ လိုက်ပါ ရှာဖွေနေခြင်း ဖြစ်၏။ တာအို၏ အဆင့်တိုင်းနောက်ကို လိုက်ပါခြင်းသည် တာအို၏ အဆုံးသတ်ကို ရှာဖွေခြင်း မည်သည်။

ထိုရှာဖွေမှုက အဆုံးမရှိနိုင်။ ဝမ်လင်းသည် မရေမတွက် နိုင်သော အလင်းလုံးများက ဂြိုဟ်တစ်ခုအဖြစ်သို့ ပြောင်း သွားလိုက်၊ ထို့နောက် ဗလာကင်းမဲ့မှုအဖြစ်သို့ ပြန်ပြောင်း သွားလိုက် ဖြစ်စဉ်ကို အကြိမ်များစွာ မြင်တွေ့နေပြီး ဖြစ်၏။ ထိုသို့ ဖြစ်ပျက်တိုင်းလည်း သူက တာအို၏ လမ်းကြောင်း ကို ရှာဖွေချင်နေတော့၏။

သို့ရာတွင် သူက ထိုတာအိုနှင့် ထိမိသည့်အချိန်တိုင်း လည်း ကျရှုံးခဲ့ရသည်။ သို့သော် သူက တာအိုလမ်းကြောင်း တစ်ခုနှင့် တဖြည်းဖြည်း နီးကပ်သည်ထက် နီးကပ်လာ သည်ဟု ခံစားမိ၏။

တာအိုက ခဏတာသာ ပေါ်လာလိုက် ပြီးလျှင် ပြန် ပျောက်ကွယ်သွားလိုက် ဖြစ်နေ၏။ ဝမ်လင်းသည် ထို ရှုပ်ထွေးသော ရှာဖွေမှုအတွင်း သဲလွန်စတစ်ခုကို ရှာတွေ့ လာသည်ဟု ထင်ရသည်။

သူရှာဖွေနေသော ထူးဆန်းအံ့ဖွယ်စွမ်းအားသည် ဥပဒေသများ၏ တည်ရှိမှု အလွန်တွင် ရှိသော တစ်စုံတစ်ရာ ဖြစ်ပုံရသည်။

သူကြည့်လိုက်သည့် နေရာတိုင်းသည်လည်း တာအို ဖြစ်ပုံရနေပြန်သည်။ သို့သော် သူက သူ့အကြည့်ကို ပြန်ဖယ်ရှားလိုက်သည်နှင့် တာအိုကလည်း ပြန်ပျောက်ကွယ် သွားတော့သည်။

ဤအရာက အလွန်ဖျော့တော့ မှုန်ဝါးသော ခံစားချက် တစ်ခုသာ ဖြစ်သည်။ သို့သော် ထိုခံစားချက်က ဝမ်လင်း ခန္ဓာကိုယ်ထဲတွင် ဖြည်းဖြည်းချင်း စီးဆင်းနေ၏။ သူက တာအို၏ အမှတ်ခြေရာကို ဖမ်းမိနေပြီဟူသော ခံစားချက် ကို တဖြည်းဖြည်း ရရှိလာကာ ထူးဆန်းသောစွမ်းအား၏ ရင်းမြစ်ကို ဆုပ်ကိုင်မိတော့မလို ဖြစ်နေသည်။

သည်ဖြစ်စဉ်အတွင်း အချိန်ဟူ၍ မရှိတော့ပေ။ ဝမ်လင်း က ဂြိုဟ်တစ်ခုကိုသာ မြင်၏။ ထိုဂြိုဟ်က အလင်းလုံးများ ကြောင့် ဖြစ်တည်နေခြင်း မဟုတ်တော့ပဲ သဘာဝအတိုင်း တည်ရှိသည့်ဂြိုဟ်ပင်။ ထိုဂြိုဟ်ထံမှ အသက်ဓာတ်သည် အလွန်အားနည်းလွန်း၏။ သို့သော် ယင်းဂြိုဟ်ထဲ၌ နွေး ထွေး၊ ကြင်နာမှုတို့ ပြည့်နှက်နေသည်။

ထိုဂြိုဟ်၏ ဘေးနားတွင် ပိုသေးငယ်သော ဂြိုဟ်နှစ်ခု လည်း ရှိနေသည်။ ထိုဂြိုဟ်နှစ်ခုက အလွန်နီးကပ်စွာရှိ၍ တစ်ခုစီကနေ ဆွဲငြိ၊ တွယ်တာမှု အာရုံကို ပေးစွမ်း နေသည်။

ဝမ်လင်းနီးကပ်လာသည့် အခါတွင် သေးငယ်သောဂြိုဟ် တစ်ခုထံမှ လှိုင်းတွန့်တစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်း ထဲ၌ ပျော်ရွှင်မှု စိတ်ခံစားချက်နှင့် ပြည့်နေ၏။

ဝမ်လင်းက ထိုဂြိုဟ်သုံးလုံးကို တွေ့မြင်လိုက်သည့်အခါတွင် သူ့စိတ်က တုန်ယင်သွားကာ သူက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။သူက အလိုလို လက်မြှောက်လိုက် မိ၏။ သို့သော် သူက ခုလက်ရှိ သူ့အခြေအနေ၊ ခန္ဓာကိုယ် တစ်ခုပင် မရှိသည့်အနေထားကို သတိမပြုမိခဲ့ပေ။

သို့ရာတွင် သူ့လက်ကတော့ ပေါ်ထွက်လာဆဲပင်။ သူက အတွေးတစ်ချက်သာလို၍ သူတွေးလိုက်သည့်အရာက တကယ်ဖြစ်လာသကဲ့သို့ ဖြစ်သည်။

သူ့လက်က ညင်သာစွာ လှုပ်ရှားသွားရာ လေဟာနယ် ထဲ၌ တုန်ခါလှိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလှိုင်း အောက်၌ ဂြိုဟ်သုံးလုံးသည် ချက်ချင်း အလင်းတန်းသုံးခု အသွင်သို့ ပြောင်းလဲ၍ သူ့လက်ထဲသို့ ဝင်ရောက်သွားချေ သည်။

ဝမ်လင်းက တာအိုရှာဖွေခြင်းကို ရပ်တန့်လိုက်သည်။ ခု အခိုက်အတန့် အခြေအနေ၌ ဝမ်လင်းသည် သူကိုယ်တိုင် ကပင် တာအိုဖြစ်ကြောင်း ခံစားမိခဲ့သည်။ သူက တာအို ရှာဖွေခြင်းကို ရပ်တန့်လိုက်ချိန်၌ သူ့စိတ်ကလည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။ ထို့နောက် သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း အလိုလို အလင်းလုံးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။

အချိန်ကုန်လာသည်နှင့်အမျှ ထိုအလင်းလုံးသည် တဖြည်းဖြည်း ချဲ့ထွက် ကားလာသည်။ သူက ပတ်ဝန်းကျင် ရှိ အမှုန်အမွှားများကို စုပ်ယူကာ ဂြိုဟ်တစ်ခုအဖြစ်တဖြည်းဖြည်းချင်း ကိုယ်တိုင်ကိုယ်ကျ ဖြစ်လာခဲ့ပေသည်။

ထိုဂြိုဟ်ပေါ်တွင် တောင်တန်းများက အံ့ဘနန်း တည်ရှိကာ မြစ်များက လှပလွန်းလှသည်။ မြေပြင်က စွမ်းအင် ပြည့်ကာ ပင်လယ်များက ကောင်းကင်နှင့်အပြိုင် ပြာရည် လဲ့နေသည်။

ထိုဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် မိသားစုတစ်စု နေထိုင် ကြသည်။ ထိုမိသားစုသည် ယောက်ျားသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ဖြစ်ကာ သူတို့က တိတ်ဆိတ် အေးချမ်းသော ဘဝတစ်ခုတွင် ရှင်သန်နေထိုင်ကြသည်။

သူတို့နှစ်ယောက်က ထိုနေရာ၌ ဆန္ဒရှိသလို နေထိုင်ကာ ရရှိပိုင်ဆိုင်နိုင်စွမ်းလည်း ရှိကြသည်။

သည်နေ့တွင် အလင်းတန်းတစ်ခုသည် ထိုဂြိုဟ်၏ တောင်ဘက်ပိုင်း၌ ဖြတ်သန်းလာနေသည်။ ထို အလင်းတန်းအတွင်း၌ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး ရှိနေ၏။ သူမက အလွန်လှကာ ရေပြင်အလား ညင်သာလှသည်။ သူမ၏ ဆံနွယ်နက်နက်များက လေနှင့် အတူ မျောလွင့်နေ၏။

သူမက ပျံသန်းနေရင်း သူမမျက်လုံးထဲ၌ ရှုပ်ထွေးမှု ပြည့်လို့နေ၏။ သူမက အောက်ရှိ မြေပြင်သို့ငုံ့ကြည့်ကာ သူမ၏ အောက်နှုတ်ခမ်းကို ကိုက်ကာ ခပ်ဖွဖွဆိုသည်။ "ဒီ ကမ္ဘာက ဘာကြောင့် ဒီလို ရင်းနှီးတဲ့ခံစားချက်မျိုး ပေးစွမ်း နေရတာလဲ..."သူမက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခေါင်း ယမ်းလိုက်ပြန်သည်။ သူမ၏ ပုံရိပ်က အလင်းတန်းတစ်ခု ကဲ့သို့ ရွေ့လျားသွားကာ မိုးကုပ်စက်ဝိုင်းစွန်း၌ ပျောက် ကွယ်သွားသည်။

"ငါက အဖြေကို ရှာချင်တယ်…" လေညင်းက ထို အမျိုးသမီး၏ ခိုင်မာသော အသံကို သယ်ဆောင်လာခဲ့ခြင်း ပင်။

အချိန်က ထာဝရအလား ဖြည်းဖြည်းချင်း ကုန်ဆုံးနေခဲ့ သည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကုန် လွန်သွားခဲ့ကာ အရာအားလုံးက ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့ကြသည်။ မပြောင်းမလဲ ရှိနေသော အရာ များဆို၍ ထိုဂြိုဟ်ပေါ်ရှိ လူသုံးယောက်သာ ရှိသည်။

ထိုသုံးယောက်ထဲမှ နှစ်ယောက်သည် တိတ်ဆိတ်သော ဘဝတွင် ရှင်သန်နေဆဲ ဖြစ်ကာ နောက်ဆုံးတစ်ယောက် သည် အဖြေကို ရှာကြံနေဆဲသာ..။

ဤအရာက တာအိုအဆုံးသပ်သို့ ရောက်ရှိလာခြင်းတော့ မဟုတ်ပေ။

မြေပြင်က ပျောက်ကွယ်သွားကာ ဂြိုဟ်ကလည်း ဆက်လက် မတည်ရှိတော့ပေ။ ထိုလူသုံးယောက်ကလည်း အလင်းလုံးသုံးလုံး အဖြစ်သို့ ပြောင်းလဲသွား၏။ ထို့နောက် လက်ဝါးကြီးတစ်ဖက်က ထိုအလင်းလုံး သုံးလုံးကို ဖမ်းယူ ကာ အဝေးသို့ ဆွဲယူသွားတော့၏။ ထိုလက်ဝါး ပျောက်ကွယ်သွားချိန်၌ ဝမ်လင်း၏ အသိစိတ်သည် ပြန်လည် ဖြစ် ပေါ်လာခဲ့တော့သည်။

"ဒီတော့… ဒါက တာအိုပေါ့လေ…" ဝမ်လင်းအသံက လေဟာနယ် ဟင်းလင်းပြင်ထဲ၌ ပဲ့တင်ထပ်သည်။ သူ ရှာဖွေနေခဲ့သည့် အရာအားလုံးသည် သူကိုယ်တိုင်ဖြင့်ပင် အဆုံးသတ်သွားခဲ့ချေပြီ။
တတိယအဆင့်ကို တွေ့မြင်ခြင်း…..

သူ...သူကိုယ်တိုင်ကပင် တာအိုမည်ပေ၏။ ကောင်းကင် နှင့်မြေကြီးသည် မရေမတွက်နိုင်သော တာအိုများကို ဖန်တီးပေ၏။ သူကလည်း တာအိုသာ ဖြစ်ချေသည်။

သူ့ရှေ့တွင် မရေမတွက်နိုင်သော အလင်းလုံးများသည် ရှင်သန်ရာကနေ သေဆုံးခြင်း၊ သေဆုံးခြင်းကနေ ပြန်လည် ရှင်သန်လာခြင် တို့ ဖြစ်ပျက်နေချေသည်။ ဤ အရာကပင် သူ့သေခြင်းရှင်ခြင်း တာအို ဖြစ်ပေ၏။

ကံကြမ္မာစက်ဝန်းတွင် ကံကြမ္မာအကျိုးဆက် ရှိပါက ကံကြမ္မာအကြောင်းရင်းလည်း ရှိပေလိမ့်မည်။ သဘော ကတော့ လီမူဝမ်က အဖြေကို ရှာဖွေနေသကဲ့သို့၊ ဝမ်ဖျင်က သာမန်ဘဝကို ဖြတ်သန်းနေသကဲ့သို့ပင်။ ဤအရာကပင် ဝမ်လင်း၏ ကံကြမ္မာတာအို ဖြစ်နေပေသည်။

ထိုအခိုက်အတန့်မှာပင် ဝမ်လင်းက တစ်စုံတစ်ရာကို နားလည်သွားခဲ့သလို ခံစားရသည်။ သို့သော် တစ်ချိန် တည်းမှာပင် သူက ဘာကိုမှ နားမလည်တော့ပြန်ပေ။ သည်စိတ်ရှုပ်ထွေးမှုက သူ့စိတ်ထဲသို့ ရိုက်ခတ်နေသည်။
သည်လှိုင်းက ပြင်းထန်သည်ထက် ပြင်းထန်လာကာ နောက်ဆုံးတွင် သူ့စိတ်ကို တုန်ယင်စေသည်။

သူက နိုးထလာခဲ့ချေပြီ။

သူက သူ့အသိစိတ်နှင့် ကြည်လင်မှုကို ပြန်ရလိုက်သည့် အခိုက်မှာပင် သူ့မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် တွန်းထုတ်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူက မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် တံခါးချပ်၏ အပြင်ဘက်သို့ ရောက်ရှိနေတော့သည်။

အပြင်လောကတွင် သူ့ပတ်လည်ရှိ အရာအားလုံးက ဘာ တစ်ခုမှ ပြောင်းလဲသွားခြင်း မရှိပေ။ မိုးကြိုးက တုန်ဟည်း နေဆဲ ဖြစ်ကာ ခရမ်းရောင်အလင်းကလည်း သည်ဧရိယာ ကို ဖုံးလွှမ်းထားသည်။ အရာအားလုံးသည် ဘာတစ်ခုမှ ပြောင်းလဲမသွားသကဲ့သို့သာ တည်ရှိနေခဲ့ပေသည်။တံခါး ချပ်၏ အပြင်ဘက်တွင် ဝမ်လင်း တံခါးထဲသို့ မဝင်ရောက် ခင်ကတည်းက အတိုင်း ရှိနေခဲ့သည်။ တံခါးချပ်၏ အထဲ၌ သူကြုံခဲ့ရသည့်အရာအားလုံးသည် အိပ်မက်တစ်ခုလို ဖြစ် ပျက်နေခဲ့တော့သည်။

ထိုအစစ်အမှန် မဟုတ်မှုကပင်...အစစ်အမှန်လော...။

သူ့မျက်စိရှေ့မှာပင် တံခါးချပ်ပေါ်ရှိ အဟက ဖြည်းဖြည်း ချင်း ပြန်ပိတ်ကာ ပျောက်ကွယ်သွားချေသည်။ ခရမ်းရောင် အလင်းများ လွှမ်းခြုံထွေးထားသည့် လက်ကြီးကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။ ခရမ်းရောင်အလင်းကလည်းပြန်ကျုံ့လာခဲ့ကာ ကောင်းကင်ဘုံပုတီးစေ့ကို ပြောင်းလဲ သွားစေခဲ့သည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ပေါ်၌ ထူးဆန်း အံ့ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။ အရင်တုန်းက ယင်းပုတီးစေ့ပေါ်၌ ဒြပ်စင်ငါးခုက ရေးထွင်းထားခဲ့ပေ၏။ သို့သော် ခုချိန်၌ ယင်းဒြပ်စင်ငါးခုနေရာတွင် ယင်နှင့်ယန် က အစားထိုး ဝင်လာခဲ့ခြင်းပင်။ ယင်က လမင်းကို ကိုယ်စားပြုကာ ယန်သည် နေမင်းကို ကိုယ်စားပြုပေ သည်။ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ တစ်ဝက်စီ ပေါ်၌ ယင်နှင့်ယန်၊ လမင်းနှင့်နေမင်းတို့သည် တစ်ခြမ်းစီ ဖုံးလွှမ်းသွားခဲ့ပေသည်။

၎င်းပုတီးစေ့က မျောလွင့်လာကာ ဝမ်လင်း မျက်ခုံးနှစ်ခု ကြားထဲသို့ ပြန်လည် ဝင်ရောက်သွားလေ၏။

ဝမ်လင်းက လေထဲ၌ မလှုပ်မယှက်သာ ရှိနေသည်။ သူက မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်၏။ အစောပိုင်း က တံခါးနောက်ကွယ်မှ အိပ်မက်လို မြင်ကွင်းများသည် သူ့ စိတ်ထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။

သူက အချိန်ကုန်လွန်မှုကို နောက်တစ်ဖန် မေ့လျော့နေ သည့်အလား ထင်မှတ်ရကာ သူ့စိတ်ထဲ၌ ပဲ့တင်ထပ်နေ သော မြင်ကွင်းအဖြစ်အပျက်ကို နားလည်အောင် ကြိုးစား နေရင်း နစ်မြုပ်လို့နေသည်။ ထိုအစစ်အမှန်မဟုတ်သော အိပ်မက်လို အဖြစ်အပျက်က သူ့စိတ်နှလုံးထဲ၌နည်းနည်းချင်း ရေးထွင်းလာခဲ့သည်။

ဝမ်လင်းက ထိုအိပ်မက်လို အဖြစ်အပျက်ထဲရှိ အရာ အားလုံးသည် အလွန်တရာ အဖိုးတန်ကြောင်း သိနေခဲ့ပေ သည်။ ဤအရာက ကောင်းကင်ဘုံလောက် ကြီးမားသည့် အခွင့်အရေးတစ်ခုလည်း ဖြစ်သည်။

သူက ထိုအိပ်မက်ကို မည်သူ့ကိုမျှ မပြောပြနိုင်ပေ။ သူက ထိုအဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်းလည်း ရှင်းပြနိုင် စွမ်း မရှိပေ။ သူက တစ်စုံတစ်ယောက်ကို ပြောပြမိမည်ကို ပင် အမှန်တကယ် စိုးရိမ်ကြောင့်ကြမိသည်။ သူက ရှေ့ဖြစ် ဟောသူနှင့် အပေါင်းအပါများက ထိုအခွင့်အရေးမျိုး အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်သည်ဟုပါ ခံစားမိနေ၏။

ထိုအခွင့်အရေးအတွက် ထျန်ယွမ်ဂြိုပင် ဖြစ်စေ၊ သူတို့၏ ရတနာများအားလုံး၊ မန္တန်များအားလုံးကို ဖြစ်စေ လက်လွှတ်နိုင်ကြပေလိမ့်မည်။ ရှေ့ဖြစ်ဟောသူနှင့် အပေါင်းအပါများသည် ဤသို့သော တာအိုရှာဖွေနိုင်မည့် အခွင့်ရေးမျိုး ရရန် အရာအားလုံးကို စွန့်လွှတ်ပစ်ဖို့ပါ တုံ့ ဆိုင်းနေလိမ့်မည် မဟုတ်ချေ။

အကြောင်းမူကား သည်တာအိုရှာဖွေ တွေ့ရှိမှုက ကျင့်ကြံ သူသောင်းချီ၍ ဆာလောင်ငတ်မွတ်နေသော ထူးဆန်း အံ့ဖွယ် တတိယအဆင့်ကို ဖွင့်လှစ်နိုင်မည် ဖြစ် သောကြောင့်ပင်။
(ထိုတာအိုရှာသူများသည် နံနက်ခင်းတွင် ဉာဏ်အလင်း ရ နားလည်၍ နေဝင်ချိန်တွင် သေဆုံးသည်လော...)

ဝမ်လင်းက ခုထိ ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီး စေ့၏ တန်ဖိုးကို မသိသေးပေ။ သို့သော် သူက ထိုပုတီးစေ့ ထဲရှိ ရေခဲပြင်ကြီး၏ အပေါ်ယံကို တွေ့မြင်ခဲ့ရသည်ကပင် သူ့အား ကြီးစွာ တုန်လှုပ်စေခဲ့ပေသည်။ သည်အရာက သူ ဘယ်တော့မှ မေ့မသွားနိုင်မည့် အရာမျိုးပင် ဖြစ်သည်။

သည်တာအို ရှာဖွေတွေ့ရှိမှုက သူ့ကျင့်ကြံမှုအဆင့်ကို တိုးတက်သွားစေခဲ့ခြင်း မရှိချေ။ သို့သော် ၎င်းတွေ့ရှိမှုသည် သူ့တာအိုကို သန့်စင်မွမ်းမံပေးလေ၏။ ဝမ်လင်းက တံခါး ချပ်ကြီးအောက်၌ မတ်တတ်ရပ်နေရင်း သူက သူ့စိတ် ဝိညာဉ်ထဲမှလာသည့် လေးစားကြောက်ရွံ့မှုကို နက်နက်နဲနဲ ခံစားနေရသည်။

ထိုသို့ဖြစ်ရခြင်းက အဆင့်များကြား ကွာခြင်းမှုကြောင့် ပင် ဖြစ်၏။ ဤကွာခြားချက်က ပုရွတ်ဆိတ်တစ်ကောင်နှင့် လူတစ်ယောက် ကွာခြားသလိုမျိုးဖြစ်၏။

ဝမ်လင်းက ထိုတံခါးချပ်နှင့် တူညီသော အဆင့်တွင် မရှိသော်လည်း နှိုင်းယှဉ်ပါက သူက ပုရွတ်ဆိတ်တစ်ကောင်မျှ သာ ဖြစ်နေသော်လည်း သူက တတိယအဆင့်ကို တွေ့မြင်ခဲ့ ဖူးပြီး ဖြစ်သည့် ပုရွတ်ဆိတ်ပင်။

သူက ကျင့်ကြံခြင်း၏ တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်၏။
သူက အတွေးရေယာဉ်ထဲ၌ နစ်မြုပ်နေစဉ် ဝမ်လင်း အောက်ဘက်ရှိ မိုးကြိုးကန်က တစ်စုံတစ်ရာ၏ သက်ရောက်မှုကို ခံလိုက်ရသည်ဟု ထင်မှတ်ရသည်။ မိုးကြိုးပမာဏများစွာက အရပ်မျက်နှာအနှံ့သို့ စတင် ပျံ့နှံ့ ကုန်ကြသည်။

သည်အခိုက်အတန့်မှာပင် မိုးကြိုးတန်းတစ်ခုသည် ဂြိုဟ် သိမ် ဂြိုဟ်မွှား ကွင်းပြင်ကြီးကို ဖြတ်သန်းလာနေ၏။ ထို မိုးကြိုးတန်းသည် အနက်ရောင်ချပ်ဝတ်နှင့် မိုးကြိုးသားရဲ ဖြစ်သည်။ ထိုမိုးကြိုးသားရဲအပေါ်၌ ဆံပင်အနက်ရောင်နှင့် လူကြီး လိုက်ပါလာကာ သူ့မျက်လုံးက ထိုဂြိုဟ်သိမ်ဂြိုဟ် မွှားများကို ဖြတ်သန်းလာနေရင်း သတိထားလို့နေသည်။

သူက ဂြိုဟ်သိမ်ဂြိုဟ်မွှားကွင်းပြင်နားသို့ ရောက်လာ သည့်အချိန်တွင် တစ်ခုခုမှားနေသည်ကို ချက်ခြင်း သတိပြု မိလိုက်၏။ သည်နေရာရှိ မိုးကြိုးတုန်ခါမှုများက ပြင်းပြင်းထန်ထန် ဖြစ်နေကာ နောက်ဆုံးအကြိမ် သူ သည် နေရာသို့ ရောက်လာချိန်နှင့် မတူညီပဲ ဖြစ်နေသည်။

ထိုမိုးကြိုးထဲ၌ ဖော်မပြနိုင်စွမ်းသော အားကောင်းသည့် အော်ရာတစ်ခု ပါဝင်နေသည်။ သည်အရာက အနက်ရောင် ဆံပင်နှင့်လူကြီးကို တုန်လှုပ်သွားစေကာ သူက ပို၍ပင် သတိထားလာသည်။

သူက သည်ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကို ဖြတ်သန်း လာစဉ် သူ့အရှိန်ကို လျှော့ချလိုက်သည်။ သူက သည်နေရာသို့ မိုးကြိုးမူလမန္တန်ကို ကျင့်ကြံရန် အကြိမ်များစွာ ရောက် ခဲ့ဖူးကာ သည်နေရာနှင့် ရင်းနှီးပေသည်။ သို့သော် သူက ခု လိုမျိုး သတိထား၍ လာခဲ့ခြင်း တစ်ခါမျှ မရှိခဲ့ပေ။

အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် သူက အလယ်ဗဟိုနှင့် နီးကပ်လာသည်။ သူက ပို၍ နီးကပ်လာ တုန်လှုပ်မှုခံစားချက်က ပိုပြင်းထန်လာလေ လေလေ ဖြစ်သည်။

"အဲဒီနေရာမှာ ဘာဖြစ်နေတာလဲ..." အနက်ရောင်ဆံပင် နှင့် လူကြီး၏ အသွင်က သုန်မှုန်လို့နေသည်။ သူ့ကျင့်ကြံမှု အဆင့်က အထည်ဒြပ်ယန်အဆင့်သို့ ရောက်နေပြီ ဖြစ်ကာ နိဗ္ဗာန်ကြိုမြင်ခြင်းအဆင့်သို့ ရောက်ရှိရန် အနည်းငယ်သာ လိုတော့ပေ၏။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့ကို ခုလိုမျိုး ခံစားစေသည့်အရာက များများစားစား မရှိလှပေ။

သို့ရာတွင် အခုအခိုက်အတန့်၌ သူ့စိတ်ထဲရှိ တုန်လှုပ်မှု ခံစားချက်က ပို၍ပင် ပြင်းထန်လာခဲ့သည်။

အနည်းငယ် တုံ့ဆိုင်းပြီးသည့်နောက် သူက အံတင်းတင်း ကြိတ်ကာ မိုးကြိုးသားရဲနှင့်အတူ ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ နောက်ဆုံးအလွှာကို ဖြတ်ကျော်လာလိုက်သည်။ သိပ်မကြာ ခင်တွင် သူ့ရှေ့၌ မစိမ်းလှသော မိုးကြိုးကန် ပေါ်ထွက် လာ၏။

သူက မိုးကြိုးကန်အထက်ရှိ ဝမ်လင်းကို ချက်ချင်း တွေ့ မြင်လိုက်သည်။ ခုလက်ရှိတွင် ဝမ်လင်း၏ အသွင်ဟန်ပန်က ထိုလူ့အတွက် အလွန်ထူးဆန်းနေ၏။ ဝမ်လင်းက လေ ထဲတွင် ရှိနေကာ သူ့ခန္ဓာကိုယ်တစ်လျှောက် မိုးကြိုးများစွာ ရွေ့လျားနေပြီး သူ့ဆံပင်များက လေမတိုက်ဘဲ လွင့်မျော နေသည်။

မိုးကြိုးကန်၏ အရွယ်အစားက ဆံပင်အနက်ရောင်နှင့် ထိုလူ့ကို ပင့်သက်ရှိုက်မိသွားစေ၏။ သူ့ရှေ့ရှိ မိုးကြိုးကန်ကို ကြည့်ကာ သူက နေရာများမှားလာသလားဟု ခံစားမိလိုက် ရ၏။ သူ နောက်ဆုံးအကြိမ် သည်မိုးကြိုးကန်သို့ ရောက်လာချိန်နှင့်စာလျှင် အခုအခါ၌ ၎င်းကန်၏ အရွယ်အစားသည် တစ်ဝက်တိတိသာ ရှိတော့ပေ၏။

ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ၏။

သူ့မျက်လုံးက မဖော်ပြနိုင်စွမ်းသော မျက်လုံးတစ်စုံ ဖြစ် နေချေသည်။ သူ့မျက်လုံးထဲ၌ ကမ္ဘာလောကနှင့် လောက၏ ဥပဒေသများ ပါဝင်နေပုံ ရ၏။ ထိုမျက်လုံးတစ်စုံက ကောင်းကင်နှင့်မြေကြီးကို ဖြတ်သန်း၍ မြင်နိုင်စွမ်း ရှိနေ ပေသည်။

သူ့မျက်လုံးကနေ တုန်လှုပ်ဖွယ် ခံစားချက်ကိုပါ ပေးစွမ်း နေခဲ့သည်။ သည်လိုခံစားချက်များက တွေ့မြင်လိုက်ရသူ တိုင်းအဖို့ တုန်လှုပ်သွားပေလိမ့်မည်။ ထိုအကြည့်အောက်၌ သူတို့ကိုယ်သူတို့ ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ ခံစားမိပေ လိမ့်မည်။

ထိုမျက်လုံးတစ်စုံထဲ၌ ဝမ်လင်း၏ အစစ်အမှန်မဟုတ်သော အိပ်မက်၏ အငွေ့အသက်၊ အကြွင်းအကျန်တို့ ပါဝင် နေခဲ့သည်။ သည်အခိုက်အတန့်၌ သူသာလျှင် ကောင်းကင်ဘုံတာအို ဖြစ်သည်ဟု ထင်ရသည်။

ထိုမျက်လုံးတစ်စုံ၏ အကြည့်က ကျင့်ကြံခြင်းတတိယ အဆင့်၏ အော်ရာပင် ဖြစ်ချေတော့သည်။ ဝမ်လင်းက ထို အနက်ရောင်ဆံပင်နှင့် လူထံသို့ စိတ်ရှုပ်ထွေးစွာ ကြည့် လိုက်သည်။

ထိုအကြည့်ကပင် အနက်ရောင်ဆံပင်နှင့်လူကို မရေမ တွက်နိုင်သော မိုးကြိုများ သူ့အပေါ် ပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရစေသည်။

ထိုအခိုက်အတန့်၌

သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် သူ့ တင်းကျပ်သွားကာ ဝမ်လင်း၏မျက်လုံးတစ်စုံသာ ကမ္ဘာ၌ တည်ရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။ ဤ အခိုက်အတန့်၌ ထိုအကြည့်ကသာ သူ့ဘဝ ဖြစ်တည်မှုဟု ခံစားလိုက်ရသည်။

မိုးကြိုးသံများက သူ့နားထဲ၌ တုန်ဟည်းနေခဲ့သည်။

သူက ထိုသို့သောအကြည့်မျိုးကို နားမလည်နိုင် ဖြစ်ရ သည်။ သို့သော် ထိုအကြည့်သည် သူနားလည် သဘောပေါက်နိုင်မှု၏ အလွန်တွင် ရှိနေပေသည်။ သည် စွမ်းအားက သူ့မျက်လုံးထဲသို့ တိုက်ရိုက် ဆုတ်ဖြဲ ဝင် ရောက်လာကာ သူ့ဖြစ်တည်မှုတစ်ခုလုံးကို တုန်လှုပ်သွား စေသည်။
သူ့မူလစွမ်းအင်နှင့်အတူ ခန္ဓာကိုယ်ထဲရှိ သွေးများ အားလုံးပင် လှည့်ပတ်သွားကြ၏။ သူက အလွန် ထိတ်လန့် နေမိချေပြီ။ သူက ထိုအကြည့်အောက်၌ သူ့မူလစွမ်းအင်ကို သာ မလှည့်ပတ်ပါက ချက်ချင်း ပြိုလဲသွားတော့မည် ဖြစ်သည်။

"ဒါက ဘာလို စွမ်းအားမျိုးလဲ..." အနက်ရောင်ဆံပင်နှင့် လူကြီးသည် သူ့ခန္ဓာကိုယ်ကို တစ်လက်မမျှ မလှုပ်ရှားနိုင် ဖြစ်နေရသည်။ သူ့ခန္ဓာကိုယ်ထဲ၌လည်း မူလစွမ်းအင်က အရူးအမူး လှည့်လည်နေသည်။ သူ့ပါးစပ်သည်လည်း စေးကပ်ခြောက်နေကာ သူ့တစ်ကိုယ်လုံးသည်လည်း ချွေး များ ရွှဲနစ်နေသည်။ သို့ရာတွင် သူက သူ့မျက်လုံးကို ထို အကြည့်မှ မခွာနိုင် ဖြစ်နေရ၏။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူ့ဘဝတွင် ခုလောက် ကြောက်လန့်တုန်လှုပ်နေမိသည်မှာ ပထမဆုံး ဖြစ်သည်။ သူက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အရှင်သခင် နှင့် တွေ့ခဲ့သည့် အချိန်တွင်ပင် ခုလိုမျိုး ကြောက်ရွံ့တုန်လှုပ် မိခြင်း မရှိပေ။

ဝမ်လင်းက အနက်ရောင်ဆံပင်နှင့်လူကို တည်ငြိမ်စွာ ကြည့်သည်။ တာအိုရှာဖွေခြင်း သူ့မျက်လုံးထဲ၌ လမ်းကြောင်း ရှိနေသည်။ သူက သူ့ရှေ့ရှိ လူကို ကျင့်ကြံသူ သို့မဟုတ် သေမျိုးဟု ခွဲခြားမမြင်ဘဲ လူတစ်ယောက်ဟု သာ မြင်နေ၏။ ဝမ်လင်း မျက်လုံးထဲရှိ နားလည်မှုဖြင့် အခြားလူတစ်ယောက်သည် သူ့အတွက် ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့သာ ဖြစ်နေတော့သည်။

တာအိုရှာဖွေခြင်း အိပ်မက်မက်စဉ်က သူ့အကြည့်သည် အလင်းလုံးများကို ဘဝစက်ဝန်းတစ်ခုအား မြန်ဆန်စွာ ဖြတ်သန်းသွားစေသည့် တာအို ဖြစ်နေခဲ့သည်။ သူက ထို အကြည့်ကို ခုချိန်ထိ သယ်ဆောင်လာကာ အနက်ရောင် ဆံပင်နှင့်လူကြီးကို ကြည့်လိုက်ခြင်းပင်။

သူ့အမြင်၌ သည်လူက အိပ်မက်ထဲရှိ အလင်းလုံးများနှင့် တူနေ၏။

အနက်ရောင်ဆံပင်နှင့်လူကြီး၏

မျက်လုံးထဲရှိကြောက်ရွံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့သည်။ သူက ခုလိုမျိုး သေခြင်းရှင်ခြင်း အခိုက်အတန့်မျိုးအား တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ထိုအကြည့် သူ့အပေါ်သို့ ကျ ရောက်လာသည့် အခိုက်အတန့်တွင် သူ့မူလစိတ်ဝိညာဉ် သည် လောင်ကျွမ်းလာသည်ဟု ခံစားမိနေခဲ့သည်။ သူ့ ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ပင် ထိန်းချုပ်မှု လွတ်လာသည် ဟု ထင်ရကာ မမြင်ရသောမီးတောက်အဖြစ် ဖြစ်တည်လာ ကြသည်။

အခြားလူတစ်ယောက်၏ အကြည့်ကို သူက လုံးဝ ခုခံနိုင် စွမ်းခဲ့ရသည်။ ကောင်းကင်ဘုံက သူ့ကို သေဟုပြောလျှင် သူက သေရမည်ကဲ့သို့ပင် ထင်မြင်နေသည်။ သူ့ခန္ဓာကိုယ် ထဲ၌ လေးစားကြောက်ရွံ့မှုတို့ ပြည့်နှက်နေ၏။

သူသာမက သူ့အောက်ရှိ မိုးကြိုးသားရဲသည်လည်း ထိုအကြည့်၏ ပြင်းထန်မှုကို ခံစားမိသည်သာ ဖြစ်သည်။ ၎င်း က အကြောက်အလန့် ဟိန်းသံပြု၍ ၎င်း၏ခန္ဓာကိုယ်က တဖြည်းဖြည်း ကမ္ဘာမြေထဲသို့ ဖုန်မှုန်အဖြစ် ပျောက်ကွယ် လာသကဲ့သို့ ဖြစ်နေသည်။

ထိုအရာများအားလုံးက ခဏတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ပင်။ ဝမ်လင်းမျက်လုံးထဲရှိ အေးစက်မှုသည် ပျောက်ကွယ် သွား၏။ သည့်နောက် သူက အသက်ဝဝရှူသွင်းကာ မျက်လုံးမှိတ်ထားလိုက်သည်။

ထိုကြောက်မက်ဖွယ် စွမ်းအားကနေ နိုးထလာမိချိန်တွင် အနက်ရောင်ဆံပင်နှင့်လူကြီး၏ ခန္ဓာကိုယ်သည် ပြိုကျ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ပေသည်။ သူက ချွေးများရွှဲနစ် နေကာ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင် တစ်ဝက်ပင် ကုန်ဆုံးသွားခဲ့ရသည်။ သူ့မူလစိတ်ဝိညာဉ်ပင် အရွယ်အစားတစ်ခု ကျုံ့သွားခဲ့ကာ သူက အလွန်အမင်း အားနည်းနေ၏။ သူက ဝမ်လင်းကို ကြည့်နေရင်း သူ့စိတ် ထဲ၌ ကြောက်လန့်မှုတို့ ပြည့်နေတော့သည်။

*သိပ်ကြောက်ဖို့ ကောင်းလွန်းတယ်...။ ဒီ...ဒီအကြည့်က ဘယ်လိုအကြည့်မျိုးလဲ...။ သူ့ကျင့်ကြံမှုအဆင့်ကကော…"

အနက်ရောင်ဆံပင်နှင့်လူကြီးသည် ပင့်သက်ရှိုက်မိသွား သည်။ သူ့ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူ့မျက်နှာက လည်း လုံးဝ ဖြူရော်နေခဲ့သည်။သူက သည်နေရာသို့ လာခဲ့ မိသည်ကို နောင်တရနေမိသည်။ သူသာ သည်နေရာသို့ မရောက်လာခဲ့ပါက ခုလို ကြောက်မက်ဖွယ်အကြည့်မျိုးနှင့် လည်း ဆုံတွေ့စရာ ရှိလိမ့်မည် မဟုတ်လား။

သူက သူ့ရှေ့ရှိလူ၏ မျက်လုံးကို နောက်ထပ် အသက်ရှူ စာ အနည်းငယ် ကြာသည့်အထိ ကြည့်မိပါက သူသည် ပျက်စီးသွားရလိမ့်မည်ကို သံသယ ရှိမနေပေ။ သူ့မူလစိတ် ဝိညာဉ်ပင် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။

သူ့အောက်ရှိ မိုးကြိုးသားရဲက ပိုဆိုးနေသေး၏။ ၎င်းက ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်နေမိသည်။ အမှန် တော့ မိုးကြိုးသားရဲဟူသည် ၎င်းတို့၏ မာနက ၎င်းတို့ကို အညံ့ခံသည်ထက် အသက်သာ ပေးမည်ဟုသောစိတ်ကို ဖြစ်စေသည်သာ။ သို့သော် ခုအကြည့်က သေဆုံးခြင်း လောက် ရိုးရှင်းမနေဘဲ ပိုမြင့်သောအဆင့်တစ်ခု၏ ဖိနှိပ် ခြင်း ဖြစ်လို့နေသည်။

ပထမဆုံး သစ္စာလာခံသည့်သူ(နောက်တစ်ပိုင်း)

အနက်ရောင်ဆံပင်နှင့်လူကြီး၏ အမြင်တွင် ဝမ် လင်း၏ပုံရိပ်သည် ကြီးကျယ်လွန်းနေသည်။ သူက အလုံးစုံ ကြယ်အဖွဲ့အစည်းကြီးတွင် မည်သူကမျှ ထိုအကြည့် အောက်၌ မတုန်မလှုပ်၊ အန္တရာယ်မဖြစ်ဘဲ နေနိုင်မည် မဟုတ်ဟုပင် ယုံကြည်နေသည်။ ထိုလူများထဲ၌ သူတို့၏ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ ခေါင်းဆောင်ပင် ပါဝင်ပေ၏။

ထိုမျက်လုံးအကြည့်အောက် ကမ္ဘာတစ်ခုလုံးပင် ပုရွက်ဆိတ်မျှသာ ရှိသည်ဟု ခံစားမိသည်။ ထိုခံစား ချက်သည် အနက်ရောင်ဆံပင်နှင့်လူကြီး၏ ခန္ဓာကိုယ်ကို တုန်ယင်စေသည်။ သူ့မာန်ဝင့်မှုကြောင့် သူက ထိုကဲ့သို့ သော လေးစားမှုမျိုးကို မည်သူ့ကိုမျှ မပေးခဲ့ဖူးပေ။

"တာအိုအမြင်..ဒီအကြည့်က ဒဏ္ဌာရီလာ တာအိုအမြင် ဖြစ်ရမယ်..."

သူ့စိတ်ထဲ၌လည်း တုန်လှုပ်မှု၊ တုန်ယင်မှုတို့ ရှိလို့နေဆဲသာ။ သူက တာအိုအမြင် ဟုသော စကားကို တွေးလိုက်မိသည့်အခါ သူ့စိတ်ထဲ၌ ကြောက်ရွံ့မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်သွားပေသည်။

သည်တာအိုမြင်ကွင်းသည် ဒဏ္ဌာရီ ဆန်လှသည်။ အနက်ရောင်ဆံပင်နှင့်လူသည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းအတွင်းတွင် လွန်ခဲ့သော မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာက ပေါ်ထွက်လာခဲသော လူတစ်ယောက် နှင် ပတ်သက်၍ ကောလာဟလ ကြားခဲ့ဖူးပေသည်။ ထိုလူ က သူ့ခွန်အားနှင့် မန္တန်တစ်ခုကိုသာ အသုံးပြု၍ အလုံးစုံ ကောင်းကင်ကြယ် အဖွဲ့အစည်းအတွင်းရှိ ဒုတိယအဆင့်ရှိကျင့်ကြံသူအားလုံးကို အနိုင်ယူခဲ့သည်ဟူ၍ပင်။

ဒုတိယအဆင့် ကျင့်ကြံသူများကြား၌ပင် အနည်းငယ် သော ဆရာကြီးအချို့ကလွဲ၍ အများစုသည် မန္တန်တစ်ခု၊ လက်နက်ရတနာတစ်ခုကိုပင် ထုတ်ဖော်လိုက်ရခြင်း မရှိဘဲ ရှုံးနိမ့်သွားခဲ့ရပေသည်။

ထိုလူက အလွန်စိတ်ပျက်သွားကာ ပြန်ထွက်ခွာသွားခဲ့ သည်။ လူတစ်ယောက်က သတ္တိမွေးကာ ထိုမန္တန်၏ အမည် နာမကို မေးမြန်းခဲ့ရာ သူတို့က ရိုးရိုးရှင်းရှင်းရှင်း စကား တစ်ခွန်းကိုသာ ပြန်ရရှိခဲ့သည်။

"ဒီမန္တန်ကို တာအိုမြင်ကွင်းလို့ခေါ်တယ်။ ဒါက ငါ ဖန်တီး ထားတာ မဟုတ်ဘူး။ မင်းတို့အားလုံးလည်း ဒါကို လုပ်ဆောင်နိုင်စွမ်း ရှိတယ်....အနက်ရောင်ဆံပင်နှင့် လူကြီးက အတိတ်က သူက ကောလာဟလ အကြောင်းကို ပြန်တွေးလိုက်ပြီးနောက် အသက်ဝဝရှူသွင်းလိုက်မိသည်။ ချက်ချင်းပင် မိုးကြိုးသားရဲပေါ်ကနေ ဆင်း၍ လေးစားစွာ မတ်တတ်ရပ် နေသည်။ သူက ဝမ်လင်းအကြည့်အောက်တွင် မရှိတော့ သည့်အခါမှ အနီးအနားရှိ ဂြိုဟ်သိမ်တစ်ခုပေါ်၌ အခြားလူ တစ်ယောက် ရှိနေသည်ကို သတိထားမိလာသည်။

သူက ထိုလူ့ကို မြင်တွေ့လိုက်သည့်အခါ မှင်တက်သွား မိသည်။ သူက ယင်းလူကို ရုပ်သေးတစ်ယောက်ဟု ချက်ချင်း သိလိုက်သည်။ ထို့နောက် သူက ငွေရောင်ဦးချို ဖြင့် မိုးကြိုးသားရဲတစ်ကောင်ကိုပါ မိုးကြိုးကန်၏ အစပ် နားတွင် ထပ်မြင်လိုက်ရသည်။

သူက သည်နေရာသို့ ရောက်လာသည်နှင့် ဝမ်လင်း၏ အကြည့်ဖြင် ဖမ်းစားခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သူက အခြားအရာများကို မြင်နိုင်စွမ်း မရှိခဲ့ပေ။ ခုကျမှ သူသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်မိကာ တုန်လှုပ်သွားခြင်း ပင်။

"ငွေရောင်ဦးချို မိုးကြိုးသားရဲ...။ ပုံရိပ်ယောင်ယင် ရုပ်သေး.။ သူ…သူက မိုးကြိုးကောင်းကင်ဘုံ ကျောင်း တော်က တမန်တော် တစ်ယောက်ပဲလား.."

အနက်ရောင်ဆံပင်နှင့်လူက ထိုအရာများအားလုံးကို မ ယုံကြည်ဝံ့ပဲ ဖြစ်နေသည်။ သူက ဝမ်လင်း၏ ပုံရိပ်ကိုသံသယ မရှိပေ။ သို့သော် သူက ထိုမျှ စွမ်းအား ကောင်းသောလူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှ တမန်တော်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ 6011

သူက အများကြီး ဆက်မတွေးနိုင်ခင်မှာပင် ဝမ်လင်း သည် မျက်လုံးနောက်တစ်ဖန် ဖွင့်လာခဲ့ပြန်သည်။ သူ့ မျက်လုံးများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေပြီ။ အစော ပိုင်းတုန်းက အနက်ရောင်ဆံပင်နှင့်လူ တုန်လှုပ်ခဲ့ရုံသာ မက ဝမ်လင်းကိုယ်တိုင်လည်းပဲ သူ့ကိုယ်သူ မှင်တက်ခဲ့ရ ပေသည်။

"အစောပိုင်းတုန်းက ရရှိခဲ့တဲ့ ခံစားချက်က ကျင့်ကြံခြင်း တတိယအဆင့်များ ဖြစ်နေနိုင်လား..." ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ ထိုခံစားချက်က အခွင့်ကြုံ မှ ရရှိနိုင်သည့် အရာမျိုး ဖြစ်သည်။ သို့ရာတွင် သူ့ကျင့်ကြံမှု အဆင့်က နိမ့်လွန်းနေသည်။ အနှီခံစားချက်က သူ့စိတ်ထဲ၌ ဖမ်းဆုပ်မိနေသော တစ်စုံတစ်ရာ ဖြစ်နေသေးပေမဲ့ သူက လုံးဝ နားမလည်နိုင်သေးပေ။

အစစ်အမှန်မဟုတ်သော အိပ်မက်ထဲ၌ အစစ်အမှန်ဟု ထင်ရသည့် ပုံရိပ်များသည် သူ့ကို တံခါးဖွင့်ပေးခဲ့ကာ တတိယအဆင့်သို့ မြင်စေခဲ့ပေသည်။ အလုံးစုံကောင်းကင် ကြယ် အဖွဲ့အစည်း သို့မဟုတ် မဟာမိတ်ကြယ်အဖွဲ့အစည်း 3 မည်သူမဆို သည်အကြောင်းကို သိသည်နှင့် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့အတွက် အရူးအမူးဖြစ်လာကြပေလိမ့်မည်။

ရှေ့ဖြစ်ဟောသူတို့လို ပုဂ္ဂိုလ်များ၏ အကြီးမားဆုံး ပန်းတိုင်က ထိုတတိယအဆင့် မဟုတ်လော။ သူတို့က ထို တတိယအဆင့်အတွက် အရာအားလုံးကို လုပ်ဖို့ ဆန္ဒရှိနေ ကြပေသည်။ သူတို့အတွက် တတိယအဆင့်သည် ဘယ်ဆီ ဘယ်ဝယ်မှန်း မသိဖြစ်နေကာ အမှောင်ထဲ၌သာ စမ်းတဝါးဝါး ခါးခါးသီးသီး လိုက်ရှာဖွေနေကြရသည် မဟုတ်လား။

သို့ရာတွင် ဝမ်လင်းကတော့ ကောင်းကင်ဘုံဆန့်ကျင် ခြင်း ပုတီးစေ့ကြောင့် ဖော်ပြနိုင်စွမ်း မရှိလောက်အောင် ကြီးမားသည့် ထိုအခွင့်အရေးကို ရရှိနိုင်ခဲ့ပေသည်။ တစ်ခါတစ်ရံ...ကံတရားဆိုသည်က ဤသို့ဤနှယ်ပင် ဖြစ်သည်။

တတိယအဆင့်မှ တာအိုကို တွေ့မြင်ပြီးနောက် ဝမ် လင်း၏ အနာဂတ် အောင်မြင်မှုများသည် ကြိုမှန်းဆ၍ မရ လောက်အောင် အံ့မခန်း ဖြစ်နေပေလိမ့်မည်။

"ဂျူနီယာက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ အဆင့်နှစ် တမန်တော်...ရှန်ကုန်းဟူပါ...။ ရှန်ကုန်းဟုက စီနီယာ့ကို နှုတ်ဆက်ပါတယ်..."

အနက်ရောင်ဆံပင်နှင့်လူက ချက်ချင်းပင် မြေပေါ်သို့ ဝပ်တွားကာ ဝမ်လင်းကို ဆရာတစ်ယောက်ကဲ့သို့ လေးစား သမှု ပြုလိုက်သည်။
အပြင်လူတစ်ယောက်ကသာ ထိုမြင်ကွင်းကို တွေ့မြင်ပါ က လုံးဝ တုန်လှုပ်မိသွားပေလိမ့်မည်။ ရှန်ကုန်းဟူသည် အလွန် မာနကြီး ရက်စက်သူဟု ပြော၍ရ၏။ မိုးကြိုး ကောင်းကင်ဘုံ ကျောင်းတော်၏ တမန်တော်များကြား ထဲ၌ပင် သူက မလွယ်လှသည့် လူတစ်ယောက် ဖြစ်သည်။ ကျင့်ကြံခြင်း မိသားစုအများစုသည် သူ့ကို စော်ကားဝံ့ကြ ခြင်း မရှိပေ။

ပို၍ အရေးကြီးသည်က သူ့ပါရမီပင်။ မိုးကြိုး ကောင်းကင်ဘုံ ကျောင်းတော်၏ အရှင်သခင်ကပင် ရှန် ကုန်းဟူ၏ ပါရမီသည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့ အစည်းကြီးထဲ၌ ထိပ်ဆုံး အဆင့်သုံးဆယ်ထဲတွင် ရှိနိုင် ကြောင်း ပြောခဲ့ပေသည်။

သည်လူက ကျင့်ကြံတာ အလွန်ကြာမြင့်လှခြင်း မရှိသေး ပေ။ သူက နှစ်တစ်ထောင်ခန့်သာ ကျင့်ကြံခဲ့ရသေးသည်။ ထိုနှစ်တစ်ထောင်ဆိုသော အချိန်ဖြင့်ပင် သူက အထည်ဒြပ် ယန်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ကာ ထိုအဆင့်၏ အထွတ်အထိပ်ကိုပင် ရောက်နေခဲ့ချေပြီ။ သည်လိုပါရမီမျိုး က လူအများ သူ့ကို ကြောက်လန့်စေခြင်း ဖြစ်သည်။

သူ့အကန့်အသတ်ကို မည်သူကမျှ ဆုံးဖြတ်နိုင်စွမ်း မရှိကြပေ။ ဖြစ်နိုင်သည်က သူက ဒုတိယအဆင့်ရှိ အစစ်အမှန် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမည် ဆိုသည်ပင်။

ဝမ်လင်းက လှုပ်ရှားခြင်း မပြုပေ။ သူ့အသွင်ကလည်း ပုံမှန်အတိုင်း ရှိနေကာ ရှန်ကုန်းဟူကို တည်တည်ငြိမ်ငြိမ် ကြည့်နေသည်။ တတိယအဆင့်၏ တာအိုကို မြင်တွေ့ပြီး သည့်နောက် သူ့ကျင့်ကြံမှုအဆင့်က တိုးတက်လာခြင်း မရှိသော်လည်း သူ့စိတ်ခွန်အားသည် အတော်လေး ပြောင်းလဲ သွားခဲ့ကာ သူ့စိတ်ဝိညာဉ်၏ သဘာဝပင် အရင်နှင့် ခြားနား လာခဲ့ပြီ ဖြစ်သည်။ အခုအချိန်၌ သူက ရှေ့ဖြစ်ဟောသူ၏ ရှေ့တွင် ရပ်နေရမည်ဆိုရင်ပင် မည်သည့်တင်းအား၊ ဖိအား မှ ခံစားရတော့မည် မဟုတ်ပေ။

ဝမ်လင်း၏ အကြည့်အောက်၌ ရှန်ကုန်းဟူက အရင်က ကဲ့သို့ ကြောက်ရွံ့မှုကို မခံစားရတော့သော်လည်း သူက တုန်လှုပ်နေဆဲပင်။ ထို ထိတ်လန့်ကြောက်ရွံ့မှုက သူ့စိတ် ထဲ၌ ရေးထွင်းသွားခဲ့ကာ သူသေဆုံးချိန်အထိ ပျောက်ပျက် နိုင်ခြင်း ရှိတော့မည် မဟုတ်ပေ။

အမှန်တကယ်တော့ ထိုအရာကပင် ရှန်းကုန်းဟူအတွက် အခွင့်ရေးတစ်ခုလည်း ဖြစ်ပေသည်။ ရှေ့ဖြစ်ဟောသူနှင့် သူ့ အပေါင်းအပါများသည် ပုတီးစေ့ကို ပိုင်ဆိုင်နိုင်ဖို့ မည်သည့် အခွင့်အရေးမှ မရှိခဲ့လျှင်တော့ သူတို့က တုံ့ဆိုင်းခြင်းမရှိယင်းတတိယအဆင့်နှင့် ကိုယ်တိုင်တွေ့ကြုံနိုင်ဖို့ ရွေးချယ် ပေလိမ့်မည်။

ရှန်ကုန်းဟူ၏ ဘေးရှိ မိုးကြိုးသားရဲသည် ခေါင်းငုံ့ထား ကာ ၎င်း၏ မျက်နှာပေါ်ရှိ မာန်ဝင့်မှုလည်း ရှိမနေတော့ပေ။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းကာ တည်ငြိမ်စွာပြောလိုက်သည်။ "ဒါက ဘာသဘောလဲ…"

ခုလက်ရှိ ဝမ်လင်း၏ စိတ်အခြေအနေက အစစ်အမှန် မဟုတ်သည့် အိပ်မက်ထဲကလို အနည်းငယ် ရှိနေဆဲ ဖြစ် ကာ ထိုအရာက သူ့လေသံကိုပါ သက်ရောက်လာခဲ့သည်။

ရှန်ကုန်းဟူ၏ ကျင့်ကြံမှုအဆင့်က အထည်ဒြပ်ယန် အဆင့် ဖြစ်သော်လည်း သူ့စိတ်က ခုချိန်၌ လုံးဝထိခိုက်နေ ပြီ ဖြစ်သည်။ ခုချိန်၌ သူ့စိတ်နှလုံးကြောင့် သူက ပုံရိပ် ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားကို သာ အသုံးပြုနိုင်စွမ်း ရှိတော့သည်။

သူ့မိုးကြိုးသားရဲကတော့ ခေါင်းပင် မော့မလာဝံ့ပေ။

ဝမ်လင်း၏ ရုတ်တရက် ထွက်ပေါ်လာသည့် စကားများ က ရှန်ကုန်းဟူကို မှင်တက်သွားစေသည်။ သူက ခပ်မြန် မြန် ပြန်ပြောလိုက်၏။ ဂျူနီယာက.

သူ့စကား မဆုံးသေးခင်မှာပင် ဝမ်လင်းက သူ့ညာလက် ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဘာကိစ္စမှ မရှိတော့ ရင်... မြန်မြန် ထွက်သွားတော့..."

ဝမ်လင်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့၏ ပြောင်းလဲမှုကို သေချာလေ့လာကြည့်ရန် ဆုံးဖြတ်လိုက် သည်။ ကောင်းကင်ဘုံပုတီးစေ့၏ စွမ်းအားသည် သူ စိတ်ကူးနိုင်သည်ထက် ပိုနေသည်။ တံခါးချပ်က ခပ်ဟဟ ပွင့်ခဲ့ခြင်းကပင် သူ့ကို တတိယအဆင့်ကို မြင်နိုင်စွမ်း ရှိစေ ခဲ့သည်။ သူကသာ ထိုတံခါးတစ်ခုလုံးကို လုံးဝ ဖွင့်နိုင်ခဲ့ရင်ကော...။

ဝမ်လင်းနှလုံးသားက ထိုသို့ တွေးမိကာ ခုန်ပေါက်နေ၏။ သူက ထိုသို့သာ တံခါးချပ်ကို လုံးဝ ဖွင့်နိုင်ခဲ့လျှင် မည်သို့ ဖြစ်လာမည်ကို စိတ်ကူး၍ပင် မကြည့်နိုင် ဖြစ်ရ၏။

ထို့အပြင် ထိုအိပ်မက်က သူ့နယ်ပယ်ကိုပါ တိုးတက်စေခဲ့ သေးသည်။ သူက ပထမအဆင့်ကျင့်ကြံခြင်း၏ အဆုံးသတ် အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။

ရှန်ကုန်းဟူက ဝမ်လင်း၏ ရည်ရွယ်ရင်းဆန္ဒသည် ပုံမှန် ဟုသာ ခံစားလိုက်မိသည်။ အားကောင်းသော လူတစ် ယောက်က ခုလိုမျိုးသာ ပြုမူသင့်သည် မဟုတ်လား။ သူက သည်စီနီယာ၏ ကျင့်ကြံခြင်းကို နှောင့်ယှက်မိခဲ့သူ မဟုတ် လား။ သည်စီနီယာက သူ့ကို သတ်မပစ်တာတောင် အတော်လေး ကြင်နာရာ ရောက်နေပေသည်။

အစောပိုင်းက အကြည့်ကို ပြန်တွေးမိကာ ရှန်ကုန်းဟူက သည်စီနီယာသည် သူ့ကို အသက်ချမ်းသာ ပေးလိုက်သည် ကို သံသယ မရှိတော့ပေ။ မဟုတ်လျှင် သူက ခုချိန်ဆို ကျိန်းသေပေါက် သေဆုံးနေလောက်ပေပြီ။

သူက အသက်ဝဝရှူသွင်းပြီးနောက် ပြောလာ၏။ "စီနီ ယာ...ဂျူနီယာက တောင်ပိုင်းနယ်မြေ ရှန်ကုန်းမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ ရှန်ကုန်းဟူပါ။ ဒါ့အပြင် ဂျူနီ ယာက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ အဆင့်နှစ်တမန်တော် ဖြစ်တဲ့ ပုံရိပ်ယောင်ယန်အဆင့် ကျင့်ကြံသူ တစ်ယောက်လည်း ဖြစ်ပါသေးတယ်။ စီနီယာက ငါ့ကို သင့်ရဲ့ သစ္စာခံအဖြစ် လက်ခံပေးဖို့ တောင်းပန်ပါတယ်..."

ထိုသို့ပြောခြင်းက သူသည် ဝမ်လင်း၏ ကျင့်ကြံမှုအဆင့် ကို ဖြတ်မြင်နိုင်စွမ်း မရှိ၍ မဟုတ်ပေ။ သို့သော် အစောပိုင်း က ထိတ်လန့်ကြောက်မက်ဖွယ် အကြည့်က သူ့ကို ထိုအရာ များနှင့် ပတ်သက်၍ မေ့ပျောက်သွားစေခဲ့သည်။ သူက ဝမ် လင်းကို အစစ်အမှန် အားကောင်းသော ကျင့်ကြံသူတစ် ယောက်ဟုသာ ယုံကြည်နေ၏။ အားကောင်းသော ကျင့်ကြံ သူတစ်ယောက်က သူ့ကျင့်ကြံမှုအဆင့်ကို အာဏာတက် ခြင်းအဆင့်သို့ တမင်လျှော့ချ ဖုံးကွယ်ထားသည်ဟုသာ ထင်မြင်နေ၏။

"သစ္စာခံ…"ဝမ်လင်းက မှင်တက်သွားကာ ရှန်ကုန်းဟူကို ကြည့်၏။

ရှန်ကုန်းဟုက မြန်ဆန်စွာ ပြောလိုက်သည်။ "ဂျူနီယာရဲ့ ကျင့်ကြံမှုအဆင့်က ဘာမှမဟုတ်ဘဲ စီနီယာရှိမှာ သစ္စာခံ တစ်ယောက် ဖြစ်ဖို့တောင် အရည်အချင်း မပြည့်မီတာ သိပါတယ်။ ဒါပေမဲ့လည်း ဂျူနီယာက တကယ့်ကို စိတ်ရင်းခံ နဲ့ ပြောတာပါ။ ဒါ့အပြင် ဂျူနီယာကို သစ္စာခံထားတဲ့ မိသားစုဝင် တော်တော်များများလည်း ရှိပါသေးတယ်။ ဒါ ကြောင့် စီနီယာ တောင်းဆိုသမျှကို ဂျူနီယာက ကျေနပ် အောင် ကူညီပေးမှာပါ။ စီနီယာက ငါ့ကို သင့်ရဲ့ သစ္စာခံ အဖြစ် လက်ခံပေးဖို့ ဂျူနီယာ မျှော်လင့်မိပါတယ်....ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းခါလိုက်သည်။ သူက အစောပိုင်းက အကြည့်မန္တန်ကို ထပ်မံ အသုံးမပြုနိုင်တော့ ပေ။ အခု သူက ပုံမှန်အတိုင်း တစ်ချက်ကြည့်ရုံဖြင့် ထိုလူ သည် အလွန်အမင်း မောက်မာမော်ကြွားမှန်း သိနေ၏။ ထို လူကသာ တစ်ခုခု သတိပြုမိသွားပါက သူ့အတွက် မ လိုလားအပ်သည့် ဒုက္ခများ ဖြစ်လာနိုင်ပေသည်။

ရှန်ကုန်းဟူက ဝမ်လင်း ခေါင်းခါလိုက်သည်ကို တွေ့ လိုက်သည့်အခါ သူက ချက်ချင်း ဆက်ပြောလာပြန်သည်။ "စီနီယာ.ဂျူနီယာက တကယ့်စိတ်ရင်းနဲ့ပါ။ အချိန် ဘယ်လောက် ကြာကြာ ဒီသစ္စာခံမှုအတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။ စီနီယာကသာ ငါ အဆင့် ချိုးဖျက်နေစဉ်အတွင်းမှာ အနည်းငယ်လောက် ညွှန်ပြပေး တာနဲ့ ဂျူနီယာက ငါ့တာအိုစိတ်ဝိညာဉ် အစိတ်အပိုင်းတစ် ခုကို အပ်နှင်းထားပြီး စီနီယာရှိမှာ နှစ်ပေါင်းတစ်ထောင်ထိသစ္စာခံပါ့မယ်..

သူက ထိုသို့ ပြောနေရင်းဖြင့် သူ့လက်ဖြင့် ချိတ်တံဆိပ် တစ်ခုကို ပြုလုပ်ကာ သူ့နဖူးထက်သို့ ညွှန်လိုက်သည်။ သူ့ နယ်ပယ်နှင့်တာအို ပါဝင်သော အနက်ရောင်အလင်းတစ်ခု က သူ့ဦးခေါင်းထက်ကနေ ပျံသန်းထွက်လာခဲ့သည်။

အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးတွင် သစ္စာခံ လိုက်သည့် လူတစ်ယောက်သည် ကျေးကျွန်အဖြစ် အပ်နှင်း တိုက်ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ တာအိုစိတ်ဝိညာဉ်သည် အရေးကြီးဆုံး အရာတစ်ခုဟုလည်း ဆိုနိုင်၏။

သူတို့၏ စိတ်ဝိညာဉ်ကို အခြားတစ်စုံတစ်ယောက်က ထိန်းချုပ်လိုက်သည်နှင့် ၎င်းက သေဆုံးသည်နှင့် မတူညီ သော်ငြားလည်း သူတို့၏တာအိုနှလုံးသားအပေါ် သက်ရောက်မှု ရှိပေလိမ့်မည်။ ထို့အတွက် အကျိုးဆက်က လည်း သိသာပေ၏။

သူ့တာအိုစိတ်ဝိညာဉ်ကို အပ်နှင်းခြင်းဖြင့် ရှန်ကုန်းဟူက သူ့စိတ်ရင်းကို သက်သေပြခြင်း ဖြစ်တော့၏။

သူက ဝမ်လင်း၏ အကြည့်ကို အမှန်အကန် ကြောက်လန့်ပေ၏။ သူက သည်နေ့အခွင့်အရေးကိုသာ လက်လျှော့လိုက်ပါက သူ့တစ်ဘဝလုံးတွင် ထိုအတွက် နောင်တရလိမ့်မည်ဟု ခပ်ရေးရေး ခံစားမိသည်။

ရှန်ကုန်းဟူက သူ့ခံစားချက်ကို တော်တော်လေး ယုံကြည်သည့်သူ ဖြစ်၏။ သူ့ဘဝတွင် အရေးတကြီး ဆုံးဖြတ်ချက်အများစုကို သူ့ခံစားချက်အတိုင်း လုပ်ခဲ့ခြင်း ဖြစ်သည်။

ရှန်ကုန်းဟူ သူ့တာအိုစိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက် သည်ကို ကြည့်နေရင်း ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ထိုတာအိုစိတ်ဝိညာဉ်က ဘာ ကို ကိုယ်စားပြုကြောင်း နားလည်ထားပေ၏။ အချိန် အတန်ကြာ စဉ်းစားပြီးနောက် ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလာသည်။ "မင်းက ဒါနဲ့ ပတ်သက်လို့ နောင်တမရဘူးလား..."

ရှန်ကုန်းဟူက ချက်ချင်းပင် လေးလေးစားစား တုံ့ပြန် လိုက်၏။ "ဂျူနီယာက လုံးတ နောင်တမရပါဘူး..."

ဝမ်လင်းက အချိန်ဆက်၍ ဖြုန်းမနေတော့ချေ။ သူက သူ့ လက်ကို ဝှေ့ယမ်းလိုက်ရာ ရှန်ကုန်းဟု၏ တာအိုစိတ် ဝိညာဉ်သည် သူ့ထံသို့ ပျံသန်းလာ၏။ သူက ၎င်းစိတ် ဝိညာဉ်ကို ဝါးမျိုလိုက်ပြီးနောက် သူ့မူလစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်စေလိုက်သည်။

တာအိုစိတ်ဝိညာဉ်ကို ပြန်သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ "မင်းက ဒီနေရာ ကို ဘာကြောင့် လာခဲ့တာလဲ…"

ရှန်ကုန်းဟူက ခါးသက်သက် ပြုံး၍ ဆိုသည်။ "မိုးကောင်းကောင်းကင်ဘုံ နယ်မြေက သိပ်မကြာခင်မှာ ပွင့်တော့မှာပါ။ ဒါကြောင့် ဂျူနီယာက ဒီနေရာကို အသုံးချ ပြီး မူလစွမ်းအင်အချို့ကို ကျင့်ကြံမလို့ပါ..."

မိုးကြိုးကို မူလသို့ သိပ်သည်းခြင်း...

ရှန်ကုန်းဟူ၏ တာအိုစိတ်ဝိညာဉ်ကို ခံစားနေရင်း ဝမ် လင်းအသွင်က ပုံမှန်အတိုင်း ရှိနေသည်။ သည်လူ၏ ကျင့်ကြံမှုနယ်ပယ်က လင်းထျန်ဟူနှင့် ဆင်တူ၏။ သို့သော် သူတို့နှစ်ယောက်၏ နယ်ပယ်ကြား ကွာခြားမှုတို့ ရှိပေ သည်။ သို့ရာတွင် ဝမ်လင်းက ရှန်ကုန်းဟူ၏ ဘဝ အတွေ့အကြုံများကို နားမလည်သောကြောင့် သူ့နယ်ပယ်ပုံ ရိပ်ကို ပြည့်ပြည့်စုံစုံ ရရှိနိုင်စွမ်း မရှိပေ။

"မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပွင့်ဖို့ ဘယ်လောက် ကြာဦးမှာလဲ..." ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့မျက်လုံးကို အနည်းငယ်ပင် မှေးစင်းလိုက်သည်။

ရှန်ကုန်းဟူက လေးစားစွာ ပြောလိုက်သည်။ "ဆယ်နှစ် ကျော်ပဲ လိုပါတော့တယ် …။ အဲဒီကျရင် လူတစ်ယောက်က မိုးကြိုးမီးပြင်းဖိုကို အသုံးပြုပြီး ဝင်ရောက်နိုင်ပါတယ် ..."

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူက မိုးကြိုးကောင်းကင်နယ်မြေကို တော်တော်လေး စိတ်ဝင်စားမိနေသည်။ သူက မိုးကောင်းကင်ဘုံနယ်မြေသို့ဝင်ရောက်ခဲ့စဉ်က မည်သည့် ကောင်းကင်ဘုံ ကျောက်စိမ်း ပြားကိုမှ စုပ်ယူနိုင်ခဲ့ခြင်း မရှိသေးပေ။ သို့ရာတွင် ခုတစ် ကြိမ်တွင်တော့ သူက စုပ်ယူနိုင်မည် ဖြစ်၏။ မိုးကြိုး ကောင်းကင်ဘုံ နယ်မြေသို့ သွားမည့်ခရီးစဉ်က သူ့ကျင့်ကြံ မှုအဆင့်ကို ပြီးပြည့်စုံသွားစေနိုင်၏။

"ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီ။ ကောင်းကင်ဘုံနယ်မြေထဲကို ဝင်ရောက်ဖို့အတွက် အတားအဆီးက ဘာများဖြစ်မလဲ…" ဝမ်လင်းက ရှန်ကုန်း ဟူကို ကြည့်နေ၏။ သူ့မျက်လုံးများက တောက်ပလို့ နေသည်။

ရှန်ကုန်းဟူက မှင်တက်သွား၏။ ခဏတာ တုံ့ဆိုင်းသွား ပြီးနောက်မှ သူက ဝမ်လင်းစကားကို အခြေခံကာ ထင်မြင်ချက်အချို့ ပြုလုပ်နိုင်ခဲ့၏။

ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "ဒီအဘိုးအို က အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းက မဟုတ် :..."

ရှန်ကုန်းဟူ စိတ်ထဲရှိ ယောက်ယက်ခတ်သွားသည့် အတွေးများက ပျောက်ကွယ်သွားချေ၏။

"စီနီယာ...အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းရဲ့ မိုးကြိုးကောင်းကင်ဘုံနယ်မြေက ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးနေခြင်း မရှိပါဘူး။ အထဲကို ဝင်ရောက်နိုင်ဖို့ ကျင့်ကြံမှု ကန့်သတ်ချက်ကတော့ အာဏာတက်ခြင်းနောက်ဆုံးအဆင့် ပါ။ ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံ နန်းတော်မှာ ဒုတိယအဆင့် ကျင့်ကြံသူတွေပါ အထဲကို ဝင် ရောက်နိုင်မဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါပေမဲ့ မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲမှ သူတို့အတွက် ကန့်သတ်ချက်က နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့် ထက် ပိုလွန်ပြီး သူတို့ရဲ့ ခွန်အားကို အသုံးပြုလို့မရပါ :..."ဘူး...

ဝမ်လင်းက ခေါင်းညိတ်ပြကာ နောက်ထပ် အချက်အလက်အနည်းငယ် ထပ်မေးလိုက်၏။ သည်မိုးကြိုး ကောင်းကင်ဘုံ နယ်မြေက မိုးကောင်းကင်ဘုံနယ်မြေနှင့် ဆင်တူပေသည်။ တကယ်တော့ လွန်ခဲ့သည့် မရေမတွက် နိုင်သော နှစ်ပေါင်းများစွာတုန်းက မိုးနှင့်မိုးကြိုး ကောင်းကင်ဘုံနယ်မြေများသည် ရှေးဟောင်း ကောင်းကင်ဘုံနယ်မြေသို့ သွားရောက်သည့် လမ်းကြောင်း များ ဖြစ်ကြပေသည်။

မိုးကြိုးကောင်းကင်ဘုံ နယ်မြေနှင့် ပတ်သက်၍ အချက်အလက်ကို သိရပြီးနောက် ဝမ်လင်းက ရှန်ကုန်းဟူ ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။ ထားလိုက်ပါ တော့။ "မင်းက ဒီနေရာမှနေပြီး ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ ဒီအဘိုးအိုကို မနှောင့်ယှက်မိပါစေနဲ့..."

ရှန်ကုန်းဟူက ခပ်သွက်သွက် ခေါင်းညိတ်လိုက်သည်။ သူက သည်နေရာသို့ ရောက်လာရသည့် ရည်ရွယ်ချက်ကို က ကျင့်ကြံဖို့ ဖြစ်၏။ သို့သော် ခုချိန်၌ သူက အပြင်းအထန်ဒဏ်ရာရထားကာ သူ့ကျင့်ကြံမှုအဆင့်ကလည်း လျော့ကျ နေသည်။ သည့်အပြင် သူ့ဒဏ်ရာများကို ကုသဖို့ကလည်း အချိန်အတန်ကြာ ယူရဦးမည် ဖြစ်၏။ သူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေ ဖွင့်သည့်အချိန်တွင် တတ်နိုင်သမျှ အမြန်ပြန်ကောင်းအောင် လုပ်ရပေမည်။

ဝမ်လင်းက သူ့ကို သည်နေရာတွင် နေခွင့်ပြုလိုက် သည့်နောက် သူက ချက်ချင်းပင် စိတ်ထဲကနေ ကျေးဇူးတင် မိသွားသည်။ အမှန်တော့ ပုံမှန်ဆို ခုလိုမျိုး ဖြစ်နေလိမ့်မည် မဟုတ်ပေ။ သို့သော် သူက သူ့စိတ်နှလုံးထဲကနေ ဝမ်လင်း ကို အလိုလို အညံ့ခံနေမိ၏။ သူက ဝမ်လင်း၏ အကြည့်ကို လုံးဝ လေးစားကြောက်ရွံ့မိနေသည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုပ်သိမ်းကာ ရှန်ကုန်းဟူ နှင့် ပတ်သက်၍ အာရုံမစိုက်တော့ချေ။ သူက နောက် လှည့်၍ မိုးကြိုးကန်အနက်ပိုင်းထဲသို့ လှမ်းလျှောက် သွား၏။

အစပိုင်း၌ ရှန်ကုန်းဟူက သတိမမူမိသေးချေ။ သို့သော်

သိပ်မကြာခင်တွင် သူက သက်ပြင်းချလိုက်၏။ ထိုသို့

မိုးကြိုးကန် အနက်ပိုင်းထဲသို့ သွားရောက်ဖို့က အမှန်

တကယ် ကျင့်ကြံမှုအဆင့် မြင့်မားမှသာ ဖြစ်နိုင်၏။ သူ့

မိုးကြိုးကပင် သာမန်မဟုတ်ပေ။ သို့သော် သူက သူ့ကျင့်ကြံ

မှုအဆင့်ဖြင့်ပင် သည်မိုးကြိုးကန်၏ အနက်ပိုင်းသို့

ခြေလှမ်းငါးဆယ်သာ သွားနိုင်၏။ နောက်ထပ် ခြေ

တစ်ဝက်ပင် ထပ်၍ လှမ်းနိုင်ခြင်း မရှိတော့ပေ။သူက ဝမ်လင်းကို လိုက်ကြည့်နေရာ ဝမ်လင်းသည် မိုးကြိုးကန်ထဲသို့ ခြေလှမ်းတစ်ရာလောက်ထိ လှမ်း လျှောက်သွားပြီးမှ ထိုင်ချလိုက်သည်ကို တွေ့မြင်လိုက်ရ တော့၏။

ရှန်ကုန်းဟူက အသက်ဝဝရှူသွင်းလိုက်၏။ သူ့မျက်လုံး ထဲ၌ ကြည်ညိုလေးစားခြင်းတို့ ဖြစ်ပေါ်လို့နေသည်။ ဒဏ်ရာရထားခြင်းကြောင့် သူက မိုးကြိုးကန်ထဲသို့ ခြေလှမ်းဆယ်လှမ်းခန့်သာ သွားနိုင်ကာ ဆက်၍ မသွားနိုင် တော့ပေ။ ထိုနေရာ၌ သူက အလျင်အမြန် ထိုင်ချကာ မိုးကြိုးမူလမန္တန်ကို စတင်ကျင့်ကြံတော့၏။

သူ့မိုးကြိုးသားရဲသည်လည်း ခြေလှမ်းအနည်းငယ် တိုး လာသည်။ ၎င်းက ဝမ်လင်းရှိရာသို့ လှမ်းကြည့်လိုက်သေး သည်။ ၎င်း၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများနှင့် ပြည့် နေသည်။

၎င်းက ခုလောက်ထိ ကြောက်လန့်မှုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။

၎င်းက လှဲချရန် ပြင်လိုက်စဉ် အဝေးမှ ဟိန်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်လင်း၏ မိုးကြိုးသားရဲက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေကာ ရှန်ကုန်းဟူ၏ မိုးကြိုးသားရဲကို ကြမ်းကြုတ်စွာ ကြည့်လိုက်သေး၏။

ရှန်ကုန်းဟူ၏ မိုးကြိုးသားရဲသည် နောက်သို့ ဆုတ်သွား ကာ အနားသို့ မကပ်ဝံ့ပဲ ဖြစ်နေသည်။ ၎င်း၏ မာနသည်ဝမ်လင်းအကြည့်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ မဟုတ်လျှင် ၎င်းက ခုလိုမျိုးပုံစံ အညံ့ပေးလိမ့်မည် မဟုတ်

6011

ငွေရောင်ဦးချို မိုးကြိုးသားရဲသည် ၎င်း၏ ခေါင်းကို ခါ ယမ်းကာ မြူးထူးစွာ ဆက်လျှောက်သွားသည်။ ၎င်းက မိုးကြိုးကန်ထဲသို့ ခြေဆယ်လှမ်းခန့် ဆက်သွားကာ လှဲချ၍ မိုးကြိုးကို စုပ်ယူလေသည်။

အကွာအဝေးတစ်ခု၌ ကောင်းကင်ဘုံသက်တော်စောင့် သည် ဂြိုဟ်သိမ်တစ်ခုပေါ်၌ ထိုင်လျက် ရှိနေသည်။ ၎င်း၏ မျက်လုံးများက တလက်လက် ဖြစ်နေကာ တစ်ချက်တစ် ချက် ရှန်ကုန်းဟူကို ကြည့်နေသည်။

ခြေလှမ်းတစ်ရာသည် ဝမ်လင်း၏ အကန့်အသတ်ပင်။ ခု လိုမျိုး ခြေလှမ်းတစ်ရာ လှမ်းနိုင်ခြင်းသည် တတိယအဆင့် ကို တွေ့မြင်ခဲ့ဖူးသဖြင့် သူ့စိတ်ဝိညာဉ်သည် တိုးတက်သွား စေခြင်းကြောင့် ဖြစ်သည်။

သူက မိုးကြိုးကန်၏ ခြေလှမ်းတစ်ရာတွင် ထိုင်ချကာ သူ့ ခန္ဓာကိုယ်ထဲသို့ မိုးကြိုးများ စုပ်ယူနေခဲ့သည်။ သည်မိုးကြိုး မူလမန္တန်သည် မိုးကြိုးကို ထုတ်ယူကာ ယင်းမိုးကြိုးထဲမှ မူလစွမ်းအင်ကို အဆက်မပြတ် သန့်စင်နေခြင်း ဖြစ်သည်။

အချိန်ကုန်လာသည်နှင့်အမျှ အရပ်မျက်နှာအနှံ့မှ မိုးကြိုး များစွာသည် ဝမ်လင်း၏ခန္ဓာကိုယ်ဖြင့် စုပ်ယူခြင်းကို ခံလာ ရသည်။ မိုးကြိုးမူလမန္တန်ကို လုပ်ဆောင်နေရင်း ၎င်းကမိုးကြိုးထဲမှ မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်ယူကာ သူ့မူလစိတ်ဝိညာဉ်ကို ထောက်ပံ့ပေးနေ၏။

ဝမ်လင်းခန္ဓာကိုယ်ထဲ၌ ဖြစ်သော ခံစားချက်တစ်ခုသည် ဖြည်းဖြည်းချင်း ပေါ်လာခဲ့ အလွန်သက်သောင့်သက်သာ သည်။

ဝမ်လင်းက ကျောက်ရီ၏ အာဏာတက်ခြင်း သလင်း ကျောက်ကြောင့် အာဏာတက်ခြင်းအဆင့်သို့ ရောက်လာခဲ့ သည့်အတွက် ဝမ်လင်း၏ မူလစွမ်းအင်သည် ကျင့်ကြံသူ အများစုထက် ပိုများနေပေသည်။ ဆိုလိုသည်က သူ့ လမ်းကြောင်းက ပို၍ ချောမွတ်နေသည်ဟူ၍ပင်။ သို့သော် သူက မိုးကြိုးတာအိုပညာရှင်နှင့် တိုက်ပွဲတွင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို အသုံးပြုခဲ့ သည့်အတွက် မူလစွမ်းအင်အများအပြားကို ထုတ်ငင်သုံးစွဲ ခဲ့ရပေသည်။ ထို့အတွက်ကြောင့် သူက သူ့မူလစွမ်းအင် များသည် သူ့ကျင့်ကြံမှု၏ အစွန်းအဖျားသို့ လျော့ကျသွားခဲ့ ရသည်။

ပထမအဆင့်ကျင့်ကြံသူများအဖို့ မူလစွမ်းအင်သည် ပြန်လည်ကောင်းမွန်ဖို့ အလွန်ခက်ခဲလှသည့် အရာ ဖြစ်သည်။ ဝမ်လင်းတွင် မိုးကြိုးမူလစိတ်ဝိညာဉ်သာ မရှိပါ က သူက ထိုမူလစွမ်းအင် သုံးစွဲခဲ့ရမှုအပေါ် တစ်ဘဝလုံး နောင်တ ရမိနေပေလိမ့်မည်။

မူလစွမ်းအင်က ဝမ်လင်းထံသို့ ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ကို အားသစ်ဖြစ်နေရင်း သူ့မူလစိတ်ဝိညာဉ် သည် ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာနေသည်။

ထိုဖြစ်စဉ်က နှေးလွန်းလှသည်။ ဝမ်လင်းက သူ့လက် ဖြင့် ချိတ်တံဆိပ်တစ်ခု ပြုလုပ်ကာ လှုပ်ခါလိုက်၏။ မိုးကြိုး လှိုင်းပမာဏများစွာသည် ချက်ချင်း ပျံ့နှံ့သွားကာ မူလထက် ဆယ်စများသည့် မိုးကြိုးများက ဝမ်လင်းထံသို့ ချက်ချင်း တိုးဝင်လာကြသည်။

ဝမ်လင်းက အသက်ဝဝရှူသွင်း၍ စတင်သန့်စင်နေ

တော့သည်။

ဝမ်လင်း၏ လုပ်ဆောင်မှုက ပေါက်ကွဲမှုများကို ဆက်တိုက် ဖြစ်ပွားသွားစေကာ ရှန်ကုန်းဟူကို ကျင့်ကြံ နေရာကနေ နိုးထလာစေသည်။သို့ရာတွင် သူက ဝမ်လင်း ကို မြင်လိုက်သည့်အချိန်တွင် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့ လို့သွား၏။

"သူက စီနီယာတစ်ယောက် ဖြစ်ဖို့ ထိုက်တန်တယ်။ သူက ခြေလှမ်းတစ်ရာအကွာမှာတောင် ဒီလောက်များပြား တဲ့ မိုးကြိုးတွေကို ဆွဲဆောင်ဝံ့တယ်။ ငါသာ အဲဒီနေရာမှာ ဆိုရင် ငါ့အသွေးအသားတွေက ဒီမိုးကြိုးဒဏ်ကို ခံနိုင်မှာ မဟုတ်ဘူး။ ငါ့မူလစိတ်ဝိညာဉ်တောင် ထိခိုက်သွားနိုင်တယ်..

ရှန်ကုန်းဟူ၏ မျက်လုံးက တလက်လက်ဖြစ်နေကာ စိတ်လှုပ်ရှားမှုနှင့် ပြည့်လို့နေသည်။
"ကြည့်ရတာ ငါလည်း ပိုပြင်းပြင်းထန်ထန်လုပ်ဖို့ လိုနေ ပြီ..." ရှန်ကုန်းဟူက ပိုများသော မိုးကြိုးပမာဏကို သူ့ ခန္ဓာကိုယ်ရှိရာသို့ ဆွဲဆောင်လိုက်၏။ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ ချက်ချင်းပင် ထိုမိုးကြိုးများကို စုပ်ယူ လေသည်။

ဝမ်လင်းက မိုးကြိုးမူလမန္တန်ကို အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် မိုးကြိုးပမာဏ သည် အရင်ထက် ဆယ်ဆ ပိုများလာခဲ့သည်။ ထိုတိုးပွား လာသော မိုးကြိုးများအောက်တွင် သူ့မူလစိတ်ဝိညာဉ်က လည်း တဖြည်းဖြည်းချင်း ပိုမြန်မြန်ဆန်ဆန် ကောင်းမွန် လာ၏။ သို့ရာတွင် ထိုအရာက လုံးဝ ပြန်ကောင်းမွန်ခြင်း နှင့် အတော်ကွာနေသေးသည်။

တကယ်တော့ မိုးကြိုးအမျှင်တန်းတစ်ခုကနေ မူလ စွမ်းအင် အမျှင်တန်းတစ်ခုကိုသာ ထုတ်ဘူနိုင်၍ သန့်စင်ပြီး သည့်နောက်တွင် အမှန်တကယ် စုပ်ယူနိုင်သည့်ပမာဏက ပို၍ပင် နည်းသွားပေသည်။

အချိန်က မသိမသာ ကုန်ဆုံးနေခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် နှစ်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။

ထိုနှစ်နှစ်တွင် ဝမ်လင်းက မလှုပ်မယှက်လုနီးပါးသာ ရှိလို့နေ၏။ သူက မိုးကြိုးများကို သာမန်ထက် ဆယ်ဆပိုမို စုပ်ယူနေရာကနေ အဆနှစ်ဆယ် ပို၍ စုပ်ယူနေခဲ့သည်။

ရှန်ကုန်းဟူအတွက်ကတော့ သူက သည်နှစ်နှစ်အတွင်းပြင်းပြင်းထန်ထန် ကြိုးစားနေ၏။ သူ့ဒဏ်ရာများကလည်း တဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာနေသည်။

သည်နှစ်နှစ်အတွင်း ဝမ်လင်းက ရှန်ကုန်းဟူကို သေချာ လေ့လာကြည့်ခဲ့ပြီး ဖြစ်၏။ ထိုလူကလည်း မိုးကြိုးမူလ မန္တန်ကို ကျင့်ကြံနေသည်သာ ဖြစ်သည်။ သို့ရာတွင် ဝမ် လင်းက မိုးကြိုးအမျှင်တန်းထဲရှိ မူလစွမ်းအင်ကို စုပ်ယူနိုင် ချိန်တွင် ရှန်ကုန်းဟူက ဆယ်ဆပိုများစွာ မူလစွမ်းအင်ကို စုပ်ယူနိုင်နေသည်။

သူက ထိုကွာခြားချက်ကို သေချာလေ့လာကြည့်သည့် အခါ သဲလွန်စအချို့ကို နားလည်လာသည်။ ထိုကွာခြား ချက်သည် လူတစ်ယောက်၏ မူလစွမ်းအင် ပိုင်ဆိုင်ထားမှု နှင့် သက်ဆိုင်နေပေ၏။ လူတစ်ယောက်က မူလစွမ်းအင် ပိုမို ပိုင်ဆိုင်ထားလေလေ မိုးကြိုးထဲမှ မူလစွမ်းအင်ကို ပို၍ စုပ်ယူနိုင်လေပင်။

သည်နှစ်နှစ်အတွင်း ဝမ်လင်းက သူ့စိတ်နှလုံးထဲရှိတတိယအဆင့်နှင့် ပတ်သက်၍ တွေ့မြင်ခဲ့သည့် အရာ အားလုံးကို မကြာခဏ နားလည်အောင် ပြုလုပ်နေ၏။ ထို့ကြောင့် သူက အကျိုးအမြန်တစ်ချို့ ရရှိလာခဲ့၏။ သည် နေ့တွင် သူက မတ်တတ်ထရပ်ကာ မိုးကြိုးကန်၏ အလယ် ရှိရာသို့ လှမ်းလျှောက်သွားသည်။

ထိုပြောင်းလဲမှုက ရှန်ကုန်းဟူ၏ အာရုံကို ဆွဲဆောင်သွား သည်။ သူက မျက်လုံးဖွင့်၍ ဝမ်လင်းကို ကြည့်၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက လျော့နည်းသွားခြင်း မရှိသည့်အပြင် မျှော်လင့်ချက်ပင် တောက်ပလာခဲ့၏။

ဝမ်လင်းက ရှန်ကုန်းဟူကို အာရုံထဲ မထည့်ထားပေ။ သူက မိုးကြိုးကန်၏ အလယ်ဗဟိုရှိရာသို့သာ ကြည့်ရှု နေ၏။ သည်မိုးကြိုးကန်က အလွန်ကြီးမားလှ၏။ ၎င်းက ကောင်းကင်ဘုံပုတီးစေ့ကြောင့် တစ်ဝက်ခန့် ကျုံ့သွားခဲ့ သော်လည်း တုန်လှုပ်ဖွယ် ကောင်းနေဆဲသာ ဖြစ်သည်။

အခုအချိန်၌ ဝမ်လင်းက မိုးကြိုးကန်၏ အစွန်းအဖျား နားတွင် ရှိနေသည်ဟုသာ ယူဆနိုင်ကာ အလယ်နှင့် အတော်လှမ်းနေသေး၏။ မိုးကြိုးကန်ထဲရှိ မိုးကြိုးသည် အလယ်ဗဟိုနှင့် ပိုနီးကပ်လာသည်နှင့်အမျှ အလိုလို စွမ်းအား ပိုကောင်းလာ၏။ ထိုနေရာ၌လည်း မူလစွမ်းအင် စုစည်းမှုက မြင့်မားစွာ ရှိနေသည်။

ခဏတာ စဉ်းစားပြီးသည့်နောက် ဝမ်လင်းက သူ့ ခြေထောက်ကို မြှောက်ကာ ရှေ့သို့ လှမ်းသွားတော့၏။

သူ့နှလုံးသားက တည်ငြိမ်နေ၏။ ထို့အတူ သူက သတိလည်း ထားနေသည်။ သို့ရာတွင် သိပ်မဝေးသော နေရာ တွင် ရှိနေသော ရှန်ကုန်းဟူကတော့ ဝမ်လင်းကို ကြည့်နေ ရင်း ပိုမို စိတ်လှုပ်ရှားနေမိတော့သည်။ သူက စိတ်ထဲ၌ တွေးလိုက်မိ၏။ "နောက်ဆုံးတော့ ငါက စီနီယာရှိက မန္တန် တစ်ခုကို တွေ့မြင်ရတော့မယ်။ ငါက ဒါကို သေချာစောင့် ကြည့်ရမယ်။ ဖြစ်နိုင်တာက ငါက ဒီမန္တန်ကနေ ဉာဏ်အလင်းအချို့တောင့် ရကောင်းရနိုင်တယ်..."

သူက အလွန် စိတ်လှုပ်ရှားနေမိသည်။

သည်နေရာက သူ့ဒဏ်ရာများကို ကုသရာ၌ သင့်တော် သည့်အပြင် သည်နေရာတွင် သူကျင့်ကြံလိုသည့် အခြား အကြောင်းရင်း တစ်ခုသည် ဝမ်လင်းနောက်သို့ လိုက်ပါလို ခြင်းကြောင့် ဖြစ်၏။ သူက ဝမ်လင်းထံမှ ညွှန်ပြမှုရရန် သို့မဟုတ် ဝမ်လင်းမန္တန်အသုံးပြုသည်ကို ကြည့်မြင်နိုင်ရန် မျှော်လင့်နေမိသည်။

သူက နှစ်နှစ်တာ စောင့်ဆိုင်းနေခဲ့ကာ ခုချိန်၌ သည် အခွင့်အရေးကို ရလာတော့မည် ဖြစ်သည်။ ချက်ချင်းပင် ရှ န်ကုန်းဟူသည် သူ့ပတ်လည်ရှိ မိုးကြိုးများကို လွင့်ပါး စေလိုက်၏။ သူက ဝမ်လင်း၏ လှုပ်ရှားမှုတိုင်းကို သေချာ ကြည့်ရှုနေကာ မှတ်မိအောင် လုပ်နေတော့သည်။

အနက်ရောင်ချပ်ဝတ်နှင့် မိုးကြိုးသားရဲကလည်း ခေါင်း မော့ကာ ဝမ်လင်းကို ကြည့်နေ၏။ ၎င်း၏ မျက်လုံးထဲ၌ လေးစားကြောက်ရွံ့မှု ပြည့်နေသည့်အပြင် တစ်ချက်တစ် ချက် မျှော်လင့်ချက် အရိပ်အယောင် လက်လက်လာသေး သည်။

ဝမ်လင်း၏ ငွေရောင်ဦးချို မိုးကြိုးသားရဲကတော့ မျက်လုံးကစားရုံသာ ကစား၍ လှမ်း၍ပင် မော့မကြည့်ပေ။ ၎င်းက သူ့နေရာ၌သူ လှဲလျောင်းနေကာ မိုးကြိုးကို စုပ်ယူ နေချေသည်။

မိုးကြိုးဥပဒေသ (နောက်တစ်ပိုင်း)

"မိုးကြိုးကန်ရဲ့ ပိုနက်တဲ့အပိုင်းမှာ စုပ်ယူရင် ငါ့အမြန် နှုန်းကို မြင့်တက်စေနိုင်လိမ့်မယ်။ ငါက အစွန်းအဖျားမှာပဲ နေနေရင် မိုးကြိုးကို ဆယ်ဆလောက် ပိုစုပ်ယူတယ် ဆို ရင်တောင် ရလဒ်ကတော့ တူတူပဲ ဖြစ်နေလိမ့်မယ် ..."

ဝမ်လင်းက မိုးကြိုးကန်၏ အလယ်သို့ ဆက်လှမ်းကာ သွားနေရင်း စဉ်းစားနေသည်။

သူ့ခြေလှမ်းတိုင်းက တုန်ခါမှုလှိုင်းတစ်ခုကို မိုးကြိုး ကန်၌ ဖြစ်ပေါ်သွားစေသည်။ သူ့ခြေလှမ်းက မရေမတွက် နိုင်သော မိုးကြိုးများကို ဆွဲဆောင်သလို ဖြစ်နေ၏။

ဝမ်လင်းက စိတ်အာရုံစိုက်ထားကာ သူ့မျက်လုံးထံမှ လျှပ်စီးတို့ကို ပေးစွမ်းလို့နေသည်။ သူ့မူလစိတ်ဝိညာဉ် သည် ခုချိန်၌ သူ့စိတ်နှလုံးကဲ့သို့ ဖြစ်နေ၏။ သူ့နှလုံးခုန်သံ ထဲ၌ပင် မိုးကြိုးနှင့် ပြည့်နေတော့သည်။

သူ့ခန္ဓာကိုယ်ကလည်း မိုးကြိုးနှင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သူ့မူလစိတ်ဝိညာဉ်က မိုးကြိုးကို ထုတ် လွှတ်သည့်အချိန်တိုင်း သူ့ခန္ဓာကိုယ်သည် မိုးကြိုးများနှင့်အတားအဆီးမရှိ ပြည့်နေတော့သည်။ မိုးကြိုးက သူ့ ခန္ဓာကိုယ်အနှံ့ ရွေ့လျားနေကာ ပေါက်ကွဲမှုများကို ဆက်တိုက် ဖြစ်ပေါ်စေသည်။

ဝမ်လင်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက် ပြန်သည်။

မိုးကြိုးကန်ထဲ၌ မိုးကြိုးမုန်တိုင်းတစ်ခုသည် ချက်ချင်း ပေါ်ထွက်လာကာ မိုးကြိုးပမာဏများစွာကို ဆွဲဆောင်လာ သည်။ မိုးကြိုးတန်းများက အဆက်မပြတ်ကျဆင်းလာကာ သက်ရှိအားလုံးကို ရှေ့ဆက်မသွားနိုင်အောင် ကာဆီးထား သလို ဖြစ်နေသည်။

သည်မိုးကြိုးထဲ၌ အားကောင်းသော မိုးကြိုးခွန်အားတစ် ခု ပါဝင်နေသည်။ နှိုင်းယှဉ်ကြည့်ပါက ဝမ်လင်း၏ မူလ စိတ်ဝိညာဉ်ထဲရှိ မိုးကြိုးခွန်အားသည် လမင်းကို အန်တု သည့် ပိုးစုန်းကြူးလို ဖြစ်နေပေသည်။

"ဒီနေရာက အလွန်ထူးဆန်းလွန်းတယ်။ ဒီနေရာမှာ ရှိတဲ့ မိုးကြိုးခွန်အားက တော်တော်လေး အံ့အားသင့်ဖွယ် ကောင်းလှတယ်..."

ဝမ်လင်းက ခြေလှမ်းလိုက်တိုင်း မိုးကြိုးကန်အနှံ့တွင် ပေါက်ကွဲမှုများ ပဲ့တင်ထပ်ကုန်ကြသည်။

သူက ရပ်တန့်ခြင်းမရှိဘဲ ခြေဆယ်လှမ်း ဆက်လှမ်းလာ ခဲ့သည်။ ခြေလှမ်းတိုင်းတွင် မိုးကြိုးက ပို၍ ကြမ်းတမ်းလာ ခဲ့လေ၏။
ဝမ်လင်းက နောက်ထပ် တစ်လှမ်း ဆက်လှမ်းနိုင်ခြင်း မ ရှိတော့ပေ။ ခုလက်ရှိတွင် သူက မိုးကြိုးကန်၏ အစွန်းပိုင်း တွင်သာ ရှိလို့နေသေးသည်။ သို့သော် သူ့မူလစိတ်ဝိညာဉ် သည် ရှေ့ရှိ မိုးကြိုးများကို ဆက်လက် မခုခံနိုင်တော့ပေ။ သူက နောက်ထပ် တစ်လှမ်း လှမ်းလိုက်ပါက သူ့မူလစိတ် ဝိညာဉ်သည် ဒဏ်ရာရသွားနိုင်သည်ဟု ခံစားမိနေသည်။

"ငါ့မူလစိတ်ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါးရဲ့ တစ်ဝက်တိတိကို ဝါးမျိုခဲ့ပြီး ငါ့ခန္ဓာကိုယ်ဟာလည်း မိုးကြိုးနဲ့ ပြုပြင် တည်ဆောက်ခဲ့တာ ဖြစ်တယ်။ ငါ့တစ် ကိုယ်လုံးက အစစ်အမှန်မိုးကြိုးနဲ့ ကွာခြားမှု မရှိသလောက် ပဲ။ ဒါပေမဲ့လည်း ငါက ဒီနေရာမှာ ရပ်မှ ဖြစ်တော့မယ်။ ဒီ နေရာမှာ ရှိတဲ့ မိုးကြိုးက တော်တော်လေးကို စွမ်းအား ကောင်းလွန်းလှတယ်...."

ဝမ်လင်းက သူ့စိတ်ထဲ၌ ဝန်လေးနေမိ၏။ သူက စတင် စဉ်းစားနေသည်။

သိပ်မဝေးသော နေရာတွင် ရှိနေသော ရှန်ကုန်းဟူက မျက်မှောင်ကြုတ်သွားကာ သူ့မျက်လုံးထဲ၌ စိတ်ပျက်ဟန် အရိပ်အမြွက်တို့ ဖြစ်ပေါ်လာသည်။ သူ့မျက်လုံးထဲရှိကြည်ညိုနေမှုပင် ဝမ်လင်းကို ကြည့်နေရင်း လျော့ပါးလာခဲ့ သည်။ သူက တွေးလိုက်မိ၏။ "ဒါမဟုတ်သေးဘူး။ စီနီယာ ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီနေရာမှာ ဘာကြောင့် ရပ်နေ ရမှာလဲ။ ဖြစ်နိုင်တာက.. သူ့မျက်လုံးက လက်ခနဲ ဖြစ် သွား၏။
သူ့ဘေးရှိ မိုးကြိုးသားရဲကိုယ်လည်း အနီးကပ်ကြည့် လိုက်ပါက ၎င်းမျက်လုံးထဲရှိ ကြောက်ရွံ့မှုက အနည်းငယ် လျော့ပါးလာသည်ကို တွေ့ရပေမည်။

ငွေရောင်ဦးချို မိုးကြိုးသားရဲကတော့ လှုပ်ရှားခြင်းပင် မ ပြုပေ။ သူက ထိုရလဒ်ကို ကြိုသိနေသကဲ့သို့ ဆက်လက်၍ ကျင့်ကြံလို့သာ နေသည်။

ဝမ်လင်းက ထိုနေရာတွင် ဆက်လက် မတ်တတ်ရပ်နေ လေလေ ရှန်ကုန်းဟူ၏ စိတ်ပျက်မှုက ပိုပြင်းထန်လာလေ ဖြစ်သည်။ သူက သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သူက သူ သစ္စာခံထားသော သူ၏ အားကောင်းသော မန္တန်တစ်ခုကို ကြည့်လိုနေခြင်းသာ ဖြစ်၏။ သို့သော် ကံမကောင်းစွာနှင့် သူက မည်သည့်အရာကိုမျှ မြင်တွေ့ရခြင်း မရှိပေ။

ထို့အတွက်ကြောင့် ဝမ်လင်းအပေါ် သူ့ကြည်ညိုနေမှုက တော်တော်လေး လျော့ကျလာခဲ့ပေသည်။

"ခြေလှမ်းတစ်ရာက ခုချိန်မှာ ငါ့ခွန်အားနဲ့ ဖြတ်ကျော်နိုင် တဲ့အရာ မဟုတ်ပေမဲ့လည်း ငါကျင့်ကြံမှုအဆင့်က နိဗ္ဗာန ကြိုမြင်ခြင်းအဆင့်ကို ချိုးဖျက် ရောက်ရှိတာနဲ့ ဒါက ငါ့ အတွက် ဘာမှမဟုတ်တော့ဘူး။ ဒါပေမဲ့လည်း စီနီယာတစ် ယောက်အနေနဲ့ ဘယ်လိုလုပ် ဒီလောက်ပဲ သန်မာသင့်ပါ့မလဲ..

ရှန်ကုန်းဟူ၏ အသွင်က သုန်မှုန်လာခဲ့တော့သည်။ သူက သေသေချာချာ စတင် စောင့်ကြည့်လာခဲ့သည်။
ဝမ်လင်းက သူ့ရှေ့ရှိ မိုးကြိုးကန်ကို ကြည့်နေ၏။ ထို အခိုက်အတန့်၌ သူက အရာအားလုံးကို မေ့နေသကဲ့သို့ပင်။ သူ့ပတ်လည်ရှိ အရာအားလုံးကလည်း ပျောက်ကွယ်သွား ကာ မိုးကြိုးကန်တစ်ခုသာ သူ့အတွက် တည်ရှိတော့သည်။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် အချိန်ကိုပါ မေ့နေပြီးနောက် အရာအားလုံးကို မေ့နေပြီးနောက် ဝမ် လင်း ခန္ဓာကိုယ်သည် လှုပ်ရှားလာခဲ့သည်။

သူက ရှေ့သို့ ပေါ့ပေါ့ပါးပါး ဆက်လျှောက်လိုက်သည်။ သူ့ခြေလှမ်းများက အလွန်ပေါ့ပါးနေလေ၏။ သူ့ ခြေထောက်အောက်၌ပင် မိုးကြိုးတန်းတစ်ခုက ခြေချလိုက် တိုင်း ဖြစ်ပေါ်လာနေသည်။

သူက မိုးကြိုးတန်းပေါ်သို့ ခြေချနင်းနေသကဲ့သို့ပင် ထင်မှတ်ရသည်။

ရှန်ကုန်းဟူ၏ မူလတုန်းက ပျောက်ကွယ်နေသော ကြည်ညိုမှုက ပြန်ဖြစ်ပေါ်လာကာ သူ့သုန်မှုန်နေသော အသွင်ကလည်း မှင်တက်လာသည်။သူက ဉာဏ်အလင်း အချို့ကို ရလိုက်သည်ဟု ထင်မှတ်ရသည်။ သို့သော် သူက ၎င်းကို နားမလည်ပေ။

ချပ်ဝတ်နှင့်မိုးကြိုးသားရဲကလည်း မှင်တက်သွားချေ၏။ ၎င်း၏ မျက်လုံးက ဝမ်လင်းကို ကြည့်နေရင်း ကျဉ်းမြောင်း သွားသည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း အေးအေးဆေးဆေးသာရှိနေ၏။ သူ့မျက်လုံးများက ခြေလှမ်းနေရင်း ဗလာကင်းမဲ့ နေသည်။

အစကနေ အဆုံးထိ ဝမ်လင်းက အလွန်ပေါ့ပါးစွာ ရှေ့သို့ ဆက်လျှောက်သွားနေခဲ့သည်။ သူ ခြေလှမ်းလိုက်တိုင်းတွင် လည်း မိုးကြိုးတန်းတစ်ခုက သူ့ခြေထောက်အောက်တွင် ပေါ်လာနေခဲ့သည်။

ရှန်ကုန်းဟူက မျက်လုံးအပြူးသား ဖြစ်လို့နေ၏။ သူ့ မျက်လုံးထဲ၌ အံ့အားသင့် တုန်လှုပ်ခြင်းနှင့် ပြည့်နေကာ သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူ့ စိတ်ပျက်နေမှုသည်လည်း ချက်ချင်း ပြန်ပျောက်ကွယ်သွား ခဲ့ပြီ ဖြစ်သည်။ သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံထဲရှိ မှင်တက်နေမှုက ပိုပို အားကောင်းလာခဲ့သည်။

သူ့အမြင်တွင် တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်သည်၊ နှစ် ကြိမ်၊ သုံးကြိမ်ဆိုလျှင်ပင် တိုက်ဆိုင်ခြင်း သို့မဟုတ် ကံကောင်းခြင်း ဖြစ်နေနိုင်သေး၏။ သို့သော် ဝမ်လင်း၏ ခြေလှမ်းတိုင်းတွင် သူ့ခြေထောက်အောက်၌ မိုးကြိုးတန်း က ပေါ်လာနေခဲ့သည်။

ဤအရာက တိုက်ဆိုင်ခြင်း သို့မဟုတ် ကံကောင်းခြင်းဆို သည့် စကားများနှင့် ဆက်၍ ရှင်းပြနိုင်တော့မည် မဟုတ် ပေ။ ထိုအရာက သူ့စိတ်ကူးနိုင်မှုထက် ကျော်လွန်နေသည်။

သည်အခိုက်အတန့်၌ သူ့အမြင်တွင် ဝမ်လင်းသည် ကမ္ဘာ လောကထဲရှိ မိုးကြိုးအားလုံး၏ အရှင်သခင် ဖြစ်နေသည် ဟု ထင်နေမိသည်။ မိုးကြိုးကန်၏ ထူးဆန်းသော ပြုမူပုံက ဝမ်လင်းကို ကြိုဆိုနေသည်မှာ ရှင်းလင်းနေသည်ဟု သူက ထင်မြင်နေမိသည်။

"ကြိုဆိုတာ...ဟုတ်တယ်..ဒါက သူ့ကို ကြိုဆိုနေတာ ပဲ..." သည်အခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲ၌ စိတ် လှုပ်ရှားမှုက မုန်တိုင်း ထန်နေတော့သည်။

သူက နှစ်နှစ်တိတိ ထိုသို့သော မန္တန်များကို မြင်ရဖို့ စောင့်ဆိုင်းနေခဲ့ပြီး ဖြစ်သည်။

သူ့ဘေးရှိ ချပ်ဝတ်နှင့် မိုးကြိုးသားရဲသည် ရုတ်တရက် ခေါင်းမော့ကြည့်လာ၏။ ထိုမိုးကြိုးသားရဲ၏ စိတ်ထဲတွင် ကြောက်ရွံ့လေးစားမှုက နောက်တစ်ဖန် ပေါ်လာပြန်သည်။ မိုးကြိုးအပေါ် နားလည်မှု၌ မိုးကြိုးသားရဲသည် ၎င်း၏ သခင်ထက် သာလွန်ပေ၏။ ၎င်း၏အမြင်တွင် မိုးကြိုး ကန်သည် ဝမ်လင်းကို ကြိုဆိုနေခြင်း မဟုတ်ပေ။ ၎င်းက ဝမ်လင်း၏ ခြေလှမ်းတိုင်းသည် မိုးကြိုးကန်ပေါ်ရှိ ပင်မ သွေးကြောနေရာသို့ ချနင်းနေခြင်း ဖြစ်သည်ဟု ထင်မြင် နေမိသည်။

သိပ်မဝေးသော နေရာတွင်ရှိနေသော တစ်ခါမျှ ကဲမ ကြည့်သော ငွေရောင်ဦးချို မိုးကြိုးသားရဲပင် ရုတ်တရက် လှဲလျောင်းနေရာကနေ ထရပ်လာခဲ့သည်။ ၎င်းက ဝမ်လင်းထံသို့ စူးစိုက်ကြည့်နေရင်း ဘယ်တုန်းကမျှ မဖြစ်ခဲ့ဖူးသော ကြောက်ရွံ့မှုနှင့် ပြည့်လို့နေတော့သည်။

ဝမ်လင်းအမြင်တွင် သူက မိုးကြိုးကန်ဟူ၍ ဆက်လက် မမြင်တော့ပဲ အလင်းတန်းများ ပေါ်လိုက် ပျောက်လိုက်ဟု သာ မြင်နေခဲ့ပေသည်။ သူ ခြေချလိုက်သည့် အခါတိုင်းတွင် သူက တောက်ပသော အလင်းပေါ်သို့ ကျရောက်လို့သွားစ မြဲ ဖြစ်နေ၏။

သူက သူ့စိတ်နှလုံးထဲရှိ ဉာဏ်အလင်းကို ရရှိနေသကဲ့သို့ ထင်မှတ်ရသည်။ သူက တစ်လှမ်းပြီးတစ်လှမ်း လှမ်း နေကာ အရာရာကို မေ့နေသည့်ပုံ ပေါ်သည်။

ရှန်ကုန်းဟူ၏ ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူက မျက်တောင်တစ်ချက်မျှ မခတ်ဝံ့သလို ဖြစ်နေသည်။ သူက ဖြစ်ပျက်နေသည် တစ်ခဏကိုပင် လွတ်မသွားလိုပေ။ သူက သူ့ရှေ့တွင် ဖြစ်ပျက်နေသမျှကိုပင် မယုံကြည်နိုင် ဖြစ် နေသည်။ ဝမ်လင်းက မြန်သည်ထက် မြန်လာခဲ့သည်။ သို့သော် သူ ခြေလှမ်းတိုင်းတွင် သူ့ခြေထောက်အောက်တွင် မိုးကြိုးတန်းက ပေါ်လာခဲ့သည်သာ ဖြစ်သည်။

အဆုံးသတ်တွင် ဝမ်လင်း၏ခန္ဓာကိုယ်က မိုးကြိုးများ တ ဖျတ်ဖျတ် တောက်ပမှုကို ပေးစွမ်းလာခဲ့ချေသည်။ သည့်နောက် ပြင်းထန်သော မိုးကြိုးမုန်တိုင်းတစ်ခုက သူ့ ပတ်လည်တွင် အထိုင်ချလာခဲ့သည်။ သူက ကြမ်းတမ်း သော မိုးကြိုးလှိုင်းများကြားတွင် တည်ငြိမ် ခိုင်မြဲနေ တော့၏။

“သိပ်ကြောက်ဖို့ ကောင်းတယ်...ဒါ…ဒါက အစစ်အမှန်မိုးကြိုးမန္တန်ပဲ...။ အစစ်အမှန် မိုးကြိုးမန္တန်ပဲ..."

ရှန်ကုန်းဟူ၏ မျက်လုံးထဲရှိ ကြည်ညိုမှုသည် တိုးပွားသည်ထက် တိုးလာခဲ့ချေသည်။ သူ့နှလုံးက ခုန်ပေါက်ကာ ရင်ဘတ်ပင် နိမ့်ချည်မြင့်ချည် ဖြစ်နေ တော့သည်။

ဝမ်လင်းအပေါ်သူ့ကြည်ညိုမှုသည် အဆင့်သစ်တစ်ခုသို့ ပင် ရောက်ရှိလာခဲ့ကာ မျက်ကန်းယုံကြည်မှုဟုပင် ယူဆ နိုင်ပေသည်။

သူ့ဘေးရှိ မိုးကြိုးသားရဲသည်လည်း ပြင်းပြင်းထန်ထန် လှုပ်ခါနေ၏။ ၎င်းခံစားနေရသည့် လေးစားကြောက်ရွံ့ မှုသည် ပိုပြင်းထန်လာခဲ့သည်။မိုးကြိုးအပေါ် ၎င်း၏ ခံစား ချက်သည် ရှန်ကုန်းဟူထက်ပို၍ လေးနက်ထည်ဝါပေ သည်။ ၎င်းက ဝမ်လင်းသည် မိုးကြိုးများ၏ မူလဘူတဟု ပင် တွေးထင်နေမိသည်။ ၎င်း၏ စိတ်ဝိညာဉ်ထဲမှ လာ သည့် လေးစားကြောက်ရွံ့မှုသည် ၎င်းကို လုံးလုံးလျားလျား အညံ့ခံအောင် ပြုလုပ်နေတော့သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် ၎င်းသားရဲကို ရှန် ကုန်းဟူကို တိုက်ခိုက်ပါဟု ပြောလိုက်လျှင် ၎င်းမိုးကြိုး သားရဲသည် သူ့သခင်ကို တုံ့ဆိုင်းခြင်းမရှိ တိုက်ခိုက်ပေ လိမ့်မည်။

ဝမ်လင်း၏ ငွေရောင်ဦးချို မိုးကြိုးသားရဲက ပို၍ပင် တုန်လှုပ်နေ၏။ ၎င်းက ဝမ်လင်းကို စူးစိုက် ကြည့်နေရင်းမယုံကြည်နိုင်ဟန် ဖြစ်နေသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခု လုံးကလည်း ၎င်း၏ အသိဉာဏ်အမွေအနှစ်ထဲရှိ မှတ်ဉာဏ် များကြောင့် တုန်ယင်လို့နေတော့သည်။

သည်အခိုက်အတန့်၌ ဝမ်လင်းက ခြေလှမ်းရာကနေ ရပ်တန့်လိုက်ရာ သူ့ရှေ့ရှိ ထူးဆန်းသော မြင်ကွင်းသည် ပျောက်ကွယ်သွားတော့သည်။ သူ့ခန္ဓာကိုယ် ရပ်တန့်သွား သည့် အခိုက်မှာပင် ဝမ်လင်းသည် သတိပြန်ဝင် နိုးထလာ ချေသည်။

သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေကာ အချိန် အတန်ကြာမှ သူက ပုံမှန် ပြန်ဖြစ်လာခဲ့သည်။ သည်အရာ က မိုးကြိုးအပေါ် သူ့နားလည်မှုကို ပိုမို၍ လေးနက် ထည်ဝါ လာစေခဲ့သည်။ သူက အခု ဖြစ်ပျက်ခဲ့သမျှ အရာအားလုံး သည် သူ တွေ့မြင်ခဲ့သည့် တတိယအဆင့်နှင့် ဆက်နွှယ်နေ ကြောင်းကို သိနေပေသည်။ သည်တတိယအဆင့်ကို တွေ့ မြင်မှုသည် သူ့တိုက်ခိုက်ခြင်းစွမ်းအားကို မတိုးတက်စေ သော်လည်း ၎င်းက မည်သည့်ကောင်းကင်ဘုံမန္တန်၊ ရတနာ နှင့် မဆို ပို၍ပို၍ အရေးကြီးပေသည်။

ထိုသိမြင်မှုက ပုရွတ်ဆိတ်တစ်ကောင်သည် လူသား ကမ္ဘာရှိ မြို့ကြီးပြကြီးများကို တွေ့မြင်ခဲ့ပြီးနောက် ၎င်း၏ နေထိုင်ရာ တွင်းထဲသို့ ပြန်ရောက်သည့်အချိန်၌ ထိုပုရွတ် ဆိတ်သည် ပုရွတ်ဆိတ်ကမ္ဘာနှင့် လူသားကမ္ဘာနှစ်ခုကြားရှိကွာခြားမှုကို သတိပြုမိခြင်းနှင့် ဆင်တူနေပေသည်။
ဝမ်လင်းသည်လည်း ခုလက်ရှိတွင် ထိုသို့ ခံစားမိနေခြင်း ပင်။

သူက ပုံမှန်ပြန်ဖြစ်လာသည်နှင့် သူ့ကိုယ်သူ မိုးကြိုး ကန်၏ အတွင်းနက်ပိုင်းသို့ ရောက်နေသည်ကို တွေ့လိုက်ရ သည်။ သူက အလယ်နှင့် အလှမ်းကွာနေသေးသော်လည်း ထိုအကွာအဝေးသည် ပြောပလောက်အောင် မဟုတ်တော့ ပေ။

သည်အခုနေရာပတ်လည်ရှိ မိုးကြိုးများက မိုးကြိုး ကန်၏ အစွန်အဖျားရှိ မိုးကြိုးများထက် များစွာ သိပ်သည်း နေပေသည်။ သည်နေရာရှိ မိုးကြိုးများအားလုံးသည် မူလ စွမ်းအင်ပမာဏများစွာ ပါဝင်နေ၏။ ဝမ်လင်းက ထိုင်ချ ကာ မိုးကြိုးမျှင်တစ်ခုကို စုပ်ယူလိုက်လေသည်။

ထိုမိုးကြိုးအမျှင်တန်းက

သူ့ခန္ဓာကိုယ်ထဲသို့ ဝင် ရောက်လာချိန်တွင် သူ့ကို ချက်ချင်း တုန်ယင်သွားစေ၏။ ပြင်းထန်သောအားတစ်ခုက သူ့ကို လှုပ်ခါလိုက်စေသကဲ့သို့ ပင်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ထုံထိုင်းမှုကို ခံစားလိုက် ရကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်းချင်း ငြိမ်သက်လာခဲ့သည်။

ရှန်ကုန်းဟူသည် သူ့အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။ ဝမ်လင်းအပေါ် သူ့ကြည်ညိုလေးစားမှုသည် အထွတ်အထိပ်သို့ ရောက်နေခဲ့လေပြီ။ သူသည် စောစော ပိုင်းက ဉာဏ်အလင်းအချို့ကို ရရှိနိုင်ခဲ့၏။ ထို့ကြောင့် သူကအလွန်စိတ်လှုပ်ရှားနေမိသည်။ သူက ထိုင်ချ၍ ထိုဉာဏ် အလင်းကို ကျင့်ကြံရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူ့မျက်လုံးများက အေးစက် လာကာ သူက အကွာအဝေးတစ်ခုရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ထံသို့ ကြည့်လိုက်လေသည်။

သိပ်မကြာခင်တွင် ခရမ်းရောင် အလင်းတန်းတစ်ခုသည် ပျံသန်းလာခဲ့တော့၏။ ထိုအလင်းတန်း အတွင်း၌ သစ်သား ဓားတစ်လက် ရှိနေသည်။ ထိုသစ်သားဓားပေါ်၌ လူတစ် ယောက်က မတ်တတ်ရပ်လျက် လိုက်ပါလာသည်။

"ဒီနေရာက တော်တော်လေး အသက်ဝင်နေတာပဲ..."

လှောင်ပြောင်သော အသံတစ်ခုသည် တဖြည်းဖြည်းချင်း ရောက်ရှိလာချေသည်။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)