အပိုင်း(153)

သံသယ

ထိုခရမ်းရောင် သစ်သားဓားက အေးစက်ကြမ်းကြုတ် သော အော်ရာတစ်ခုကို ပေးစွမ်းနေသည်။ ထိုဓားက ခရမ်းရောင်တောက်ပလျက် ယင်ရှိကားဖြတ်သန်းလာ ရောက် တစ်လျှောက် အနောက်ဘက်တွင် ခရမ်းရောင် တန်းတစ်ခုကို ချန်ထားခဲ့ပေသည်။

ထိုခရမ်းရောင်အလင်းက မိုးကြိုးကန်၏ အပြင်ဘက် တွင် ရပ်တန့်သွားခဲ့သည်။ ထိုဓားပေါ်ရှိ လူက အသက်သုံး ဆယ်ခန့်ရှိမည်။ သူက အနည်းငယ် ချောမောသည့်ဘက်သို့ သန်း၏။ သို့ပေမဲ့ သူ့ဖီးနစ်မျက်လုံးတစ်စုံက အနည်းငယ် ထူးဆန်းကာ မိန်းမဆန်သည့် ခံစားချက်ကို ပေးစွမ်းလို့ နေသည်။

သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ အကြည့်က ရှန်ကုန်းဟူကို ကျော်လွန်ကာ ဝမ်လင်းထံသို့ ကျရောက်သွားသည်။

ထိုလူက ချက်ချင်းပင် မြင်လိုက်ရသောမြင်ကွင်းကြောင့် မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိ၏။
ထိုလူပေါ်လာသည်နှင့် ရှန်ကုန်ဟူး၏ အသွင်ဟန်ပန်က ပိုမို၍ သုန်မှုန်လာခဲ့တော့သည်။ သူ့ဘေးရှိ မိုးကြိုးသားရဲက လည်း ဟိန်းဟောက်သံ ပြုလာကာ ကြမ်းတမ်းစွာ ကြည့် လာ၏။

ငွေရောင်ဦးချို မိုးကြိုးသားရဲက ၎င်းအကြည့်ကို ဝမ်လင်း ထံကနေ ပြန်ရုပ်သိမ်းလိုက်ကာ မိန်းမဆန်သောလူထံသို့ ကြည့်လိုက်၏။ ၎င်း၏ မျက်လုံးထဲ၌ အထင်သေးဟန်နှင့် ပြည့်လာကာ ၎င်းက လှဲလှောင်းချ၍ ၎င်းပတ်လည်ရှိမိုးကြိုးများနှင့်သာ ဆော့ကစားနေတော့၏။

သိပ်မဝေးလှသော ဂြိုဟ်သိမ်တစ်ခုပေါ်တွင်တော့ ကောင်းကင်ဘုံသက်တော်စောင့်က ထိုင်နေကာ သူက ကဲ၍ပင် လှမ်းမကြည့်ပေ။ သည်လူက သူ၏အရှင်သခင်ကို အန္တရာယ်ပေးလာလျှင်တော့ ကောင်းကင်ဘုံ သက်တော်စောင့်က ကိုယ့်ကိုယ်ကိုယ် စတေး၍ပင် ချက်ချင်း တိုက်ခိုက်ပေလိမ့်မည်။ သို့ရာတွင် သူ၏ အရှင်ကို အန္တရာယ်ပေးခြင်း မရှိပါက သူ့ရှေ့ရှိလူသည် လူပေါင်း တစ်သိန်းကို သတ်ဖြတ်နေလျှင်တောင် ကောင်းကင်ဘုံ သက်တော်စောင့်က တစ်လက်မမျှ ရွေ့လိမ့်မည် မဟုတ် 60

ရှန်ကုန်းဟူက ပြောလိုက်၏။ "ကျန့်ကုန်းလေ့..."

အမျိုးသမီးဆန်သောလူက သူ့အကြည့်ကို ဝမ်လင်းထံမှ သူ့အကြည့်ကို သေချာ ပြန်ရုပ်သိမ်းလိုက်လေသည်။ သူ့အမြင်၌ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း နောက်ဆုံးပိုင်းတွင်သာ ရှိသေးကာ မိုးကြိုးကန်၏ အတွင်း စက်ဝန်းနားထိ ရောက်အောင်လာနိုင်ခြင်းက တော်တော် လေး ထူးဆန်းနေသည်။ သည်လူက အံ့မခန်းရတနာတစ်ခု ကို သုံးပြီး သည်နေရာကို ရောက်လာနိုင်တာ မဟုတ်လျှင် တော့ သူက သူ့အစစ်အမှန်ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ် ထားတာ ဖြစ်ရပေမည်။

သူက မိုးကြိုးကန်အစွန်းအဖျားနားတွင် ရှိနေသော ငွေ ရောင်ဦးချိုမိုးကြိုးသားရဲနှင့် ရုပ်သေးတို့ကို ကြည့်လိုက် သည်။

သူက စိတ်ထဲ၌ တွေးလိုက်ပြန်သည်။ "သူက ဖုံးကွယ် ထားတဲ့ ရတနာအချို့ ရှိကို ရှိရမယ်။ သူ့ကျင့်ကြံမှုအဆင့်ကို လျှိုထားတာတော့ မဖြစ်နိုင်ဘူး။ ဒီနေရာမှာ ဘာကြောင့် မိုးကြိုးသားရဲနှစ်ကောင် ရောက်နေရတာလဲ။ ဒီလူက ကောင်းကင်ဘုံ မိုးကြိုးကျောင်းတော်ရဲ့ တမန်တော်တစ် ယောက်ပဲလား...။

တကယ်တော့ မိုးကြိုးကန်၏ အတွင်းဘက်အဝန်းသည် ကြောက်မက်ဖွယ်ကောင်းလှသည့် နေရာတစ်ခု ဖြစ်သည်။ သူ့အထည်ဒြပ်ယန် အထွတ်အထိပ်အဆင့်ဖြင့်ပင် အတွင်း ဘက်သို့ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

"မင်းက ရှန်ကုန်းမိသားစုက ရှန်းကုန်းဟူပဲ။ စောနပိုင်း က ငါက မင်းကို ဘယ်သူမှန်း မသိသေးဘူး။ မင်းကျင့်ကြံမှုအဆင့်က အတော်လေး လျော့ကျနေတာပဲ..."

မိန်းမဆန်သောလူက ရှန်ကုန်းဟူကို ကြည့်လိုက်၏။

ရှန်ကုန်းဟူက အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သူ့ အသွင်ကလည်း သုန်မှုန်လျက်သာ ရှိနေည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။ "ဒီနေရာက မင်းအတွက် မဟုတ်ဘူး။ မင်းက ဘာကြောင့် ခုထိ မထွက်သွားသေးရ တာလဲ..."

သူ့ကျင့်ကြံမှုအဆင့်က ပြန်မကောင်းသေးသော်လည်း ဝမ်လင်း သည်နေရာမှာ ရှိနေပါက သူက မိုးကြိုး ကောင်းကင်ဘုံ ကျောင်းတော်၏ အရှင်သခင် ကိုယ်တိုင် ရောက်လာလျှင်ပင် ထိုသို့ လေသံဖြင့် ပြောဝံ့နေပေသည်။

ကျန့်ကုန်းလေ့က မျက်မှောင်ကြုတ်သွားကာ ဝမ်လင်း ထံသို့ အလိုလို လှမ်းကြည့်မိလိုက်သည်။ သူက ဖြည်းဖြည်း ချင်း ပြောလာ၏။ "စကားကြီးစကားကျယ်နဲ့...ဒီနေရာက မင်းတို့ ရှန်ကုန်းမိသားစု ပိုင်တာလား။ မင်းက အပြင်လူ တစ်ယောက် ဖြစ်တဲ့ ဂျူနီယာတစ်ယောက်ကို ကျင့်ကြံဖို့ ဒီ နေရာကို မခေါ်လာသင့်ဘူး..."

ရှန်ကုန်းဟူက နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူက ပြန် ရှင်းပြမနေချေ။ သူက အေးစက်စွာ ပြောလိုက်၏။ "မင်းက အသက်ရှူချိန် သုံးကြိမ်စာအတွင်း ထွက်မသွားရင်...မင်း ထွက်သွားချင်တောင် ထွက်မသွားနိုင်တာ ဖြစ်လာနိုင် တယ်....သူက ကျန့်မိသားစုမှ ထိုပါရမီရှိသောလူကို အမှန် တကယ် မနှစ်သက်ပေ။ သူတို့နှစ်ယောက်၏ ခွန်အားက သိပ်မကွာခြင်းကြောင့်သာ မဟုတ်လျှင် သူတို့နှစ်ယောက် သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ပြီးနေ လောက်ပြီ ဖြစ်သည်။

သည်ကျန့်ကုန်းလေ့သည် သူ့စီနီယာ၏ ကျင့်ကြံမှုကို မ လေးမစားနှင့် လာနှောင့်ယှက်နေလျှင် သူက သူ့ကျင့်ကြံမှု အဆင့် ထိခိုက်ထားရင်တောင်မှ တိုက်ခိုက်ရပေလိမ့်မည်။ စီနီယာက ကျန့်ကုန်းလေ့ကို ဟိုအကြည့်ဖြင့် လှမ်းကြည့် လိုက်ပါက ကျန့်ကုန်းလေ့အတွက် ပျက်စီးသွားဖို့ လုံလောက်နေပြီ မဟုတ်လား။

တကယ်တော့ သည်လူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှလူ မဟုတ်ပေ။ သူ့ကို သတ်လိုက်လို့ ပြဿနာတက်နိုင်မည် ဆိုရင်ပင် စီနီယာ သည်နေရာမှာ ရှိနေသ၍ ထိုအရာက သေးငယ်သော ကိစ္စတစ်ခု ဖြစ်သွားပေ လိမ့်မည်။

ကျန့်ကုန်းလေ့၏ မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ချက်ချင်း နောက်သို့ ဆုတ်လိုက်၏။သူက သတိရှိသည့် လူတစ်ယောက် ဖြစ်ရာ သူက နောက်ဆုတ်နေရင်း သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်နေ၏။ သူ့စိတ်ထဲ ရှိ သံသယကလည်း ပိုမို၍ သန်မာလာခဲ့သည်။

ဒီရှန်ကုန်းဟူက ဒီလိုပုံစံ ဘာကြောင့် ပြောတာလဲ။ သူ့ဒဏ်ရာရထားတာကို ငါက အလွယ်တကူ မြင်နေနိုင်တာပဲ။ ဒါက ဖြီးနေတာများလား။ သူက ဖြီးနေတာ မဟုတ်ဘူးဆို ရင်တော့ သူ့မှာ အကြောင်းပြချက်တစ်ခု ကောင်းကောင်း ရှိရမယ်။ ဒီအကြောင်းပြချက်က ဒီဂျူနီယာများ ဖြစ်နေနိုင် လား..."

ကျန့်ကုန်းလေ့က စိတ်ထဲ၌ အရာများစွာကို တွေး နေသည်။

"အသက်ရှူချိန်သုံးကြိမ်စာ ကုန်သွားပြီ..." ရှန်ကုန်း ဟူက ရှုံ့တွနေကာ သူက မတ်တတ်ထရပ်လာသည်။ သူ့ ခန္ဓာကိုယ်ထဲ၌ မိုးကြိုးများနှင့် ပြည့်နေသည်။ သူက ရှေ့သို့ ထိုးထွက်လာကာ မိုးကြိုးသားရဲကလည်း သူနှင့်အတူ လိုက်ပါလာသည်။ ၎င်းက ရှေ့သို့ တက်သွားရင်း ဝမ်လင်း ထံသို့ အလိုလို လှမ်းကြည့်မိလိုက်၏။ ၎င်းမျက်လုံးထဲ၌ လေးစားကြောက်ရွံ့မှုတို့သာ ပြည့်နေတော့သည်။

မိုးကြိုးသားရဲ၏ ဝမ်လင်းထံသို့ ကြည့်လိုက်သော အကြည့်က ကျန့်ကုန်းလေ့ စိတ်ကို တုန်ယင်သွားစေ၏။ ရှ န်ကုန်းဟူက ဉာဏ်နီဉာဏ်နက်များသည့် လူတစ်ယောက် ဖြစ်သော်လည်း မိုးကြိုးသားရဲကတော့ ကွာခြားပေ၏။

သူက သတိရှိသည့် လူတစ်ယောက်ဖြစ်သည့် အတွက် ချက်ချင်းပင် နောက်သို့ ဆက်ဆုတ်လာကာ အော်ပြော လိုက်သည်။ "ရှန်ကုန်းဟူ...ငါက ထောက်ထားတက်တဲ့ လူ တစ်ယောက်ပဲ။ မင်းနဲ့ငါနဲ့ ဒီမှာ တိုက်ပွဲဖြစ်ရင် မင်းဂျူနီယာရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်မိလိမ့်မယ်။ မင်းက တိုက်ချင်တယ်ဆိုရင်လည်း ငါတို့ ဒီနေနရာက ထွက်သွား ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား ပြင်ပမှာ တိုက်ခိုက်ကြတာပေါ့..."

သည်က ဂျူနီယာဆိုသည့် နေရာတွင် အသံဖိ၍ ပြော လိုက်ခြင်းပင်။

ရှန်းကုန်ဟူ၏ အကြည့်က အေးစက်လာကာ သူက မိုးကြိုးကန်ထဲကနေ လှမ်းထွက်ကာ နှာခေါင်းရှုံ့၍ ဆိုလိုက် သည်။ "ဘာလို့ ဒုက္ခအများခံပြီး သွားနေမှာလဲ။ ဒီမှာလည်း အဆင်ပြေတယ်..."

ရှန်ကုန်းဟူက ထိုသို့ ပိုမို ပြုမူလေလေ ကျန့်ကုန်းလေ့က ပို၍ သံသယ ဝင်လာမိလေ ဖြစ်သည်။ သူက တိုက်ခိုက်ရ မည့်အစား နောက်သို့သာ ဆုတ်နေ၏။ ရှန်ကုန်းဟူက သူ့ ကို အတင်းတိုက်ခိုက်ဖို့ ကြိုးစားနေသည်မှာ ရှင်းလင်း နေသည်။

ဝမ်လင်းကို လှမ်းကြည့်သော မိုးကြိုးသားရဲ အကြည့်ထဲ ရှိ လေးစားကြောက်ရွံ့မှုအကြောင်း ပြန်တွေးကြည့်ရင် ကျန့် ကုန်းလေ့၏ စိတ်ထဲ၌ ဖြစ်နိုင်ချေ မရှိသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထိုအခါ သူ့လက်ဝါးထက်၌ ခရမ်းရောင်မိုးကြိုးတန်းတစ်ခု ထွက် ပေါ်လာခဲ့သည်။ သူ့အောက်ရှိ ခရမ်းရောင်ဓားကလည်း အားကောင်းသော ဓားစွမ်းအင် တစ်ခုကို ထုတ်လွှတ်လာသည်။ ထိုအားနှစ်ခုက ပေါင်းစပ်၍ ပြင်းထန်သော ဖိအား တစ်ခုကို ဖြစ်တည်လာစေသည်။

ထိုဖိအားထဲ၌ မူလစွမ်းအင် ပါဝင်နေ၏။ ဦးဆုံးအသုံးပြု သည့် မန္တန်ဖြစ်သော်လည်း သူက မူလမန္တန်ကို သုံးစွဲလိုက် ပြီ ဖြစ်သည်။ ထိုအရာက ကျန့်ကုန်းလေ့သည် သည် တိုက်ပွဲ၌ အလွန် သတိထားနေကြောင်းကို သိသာစေ၏။

ရှန်ကုန်းဟူကလည်း

ခြေတစ်လှမ်းလှမ်းကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ သူ့ဘေးရှိမိုးကြိုးသားရဲကလည်း မာန်သွင်းကာ မရေမတွက်နိုင်သော မိုးကြိုးတန်းများကို ၎င်း၏ ခန္ဓာကိုယ်ထံသို့ စုစည်းလိုက် သည်။သူတို့နှစ်ယောက်က တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်ကြ၏။

သို့ရာတွင် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် မျက်လုံးပွင့် လာကာ တည်ငြိမ်စွာ ပြောလိုက်၏။ "ရှန်ကုန်းဟူ...ငါက ဒီ တိုက်ပွဲမှာ မင်းကို ကူညီပေးမှာ မဟုတ်ဘူး။ ဒါက မင်း ငါ့ လက်အောက်မှာ သစ္စာခံတစ်ယောက် ဖြစ်ဖို့အတွက် စမ်းသပ်ချက်ပဲ။ မင်း ရှုံးတာနဲ့ မင်းရဲ့ တာအိုစိတ်ဝိညာဉ်ကို ငါ ပြန်ပေးမယ်..."

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သို့သော် သူက စိတ် ထဲ၌ ကြိတ်၍ လေးပင်နေ၏။ သူက ရှန်ကုန်းဟူ ဖြစ်ဖြစ် ကျန့်ကုန်းလေ့ ဖြစ်ဖြစ် နှစ်ယောက်လုံးကို ဆန့်ကျင်နိုင်စွမ်း မရှိပေ။ ရှန်ကုန်းဟူ ကျရှုံးသွားသည်နှင့် သူ့အတွက် ဆိုးဝါးသည့် အခြေအနေတစ်ခု ဖြစ်လာနိုင်ပေသည်။

မူလတုန်းက သူသည် အေးအေးဆေးဆေး ကျင့်ကြံလို့ရ သည့် နေရာတစ်ခုကို ရှာတွေ့ချင်ခဲ့သည်။ သို့သော် ကြည့်ရ သည်မှာ ထိုသို့ ဖြစ်မလာနိုင်တော့ပေ။ ကျန့်ကုန်းလေ့ ထွက် ပေါ်လာသည့် အခိုက်မှာပင် ဝမ်လင်းက သည်လူနှင့် ပတ်သက်၍ ရင်ဆိုင်ရန် စဉ်းစားနေကာ ခုလို စကားများကို လှမ်းပြောခဲ့ခြင်း ဖြစ်တော့၏။

ရှန်ကုန်းဟူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့ မျက်လုံးထဲရှိ တိုက်ပွဲစိတ်ဆန္ဒသည် အကန့်အသတ်သို့ ရောက်ရှိလာ၏။ သူက ကျန့်ကုန်းလေ့ကို စူးစိုက်ကြည့် နေ၏။ သို့သော် သူက ဝမ်လင်းကိုလည်း လေးစားစွာ ပြန် ဖြေလိုက်သေးသည်။

"အရှင်သခင်.သက်သောင့်သက်သာ နေပါ။ ရှန်ကုန်း ဟူက ရှုံးမှာ မဟုတ်ပါဘူး..."

ရှန်ကုန်းဟူက အသက်ဝဝရှူသွင်းကာ သူ့သိုလှောင်အိတ် ထဲမှ ဆေးလုံးများကို ထုတ်ယူ သောက်သုံးလိုက်သည်။

ကျန့်ကုန်းလေ့၏ အသွင်က ကြီးစွာ ပြောင်းလဲသွားချေ သည်။ ဝမ်လင်းက ထိုစကားလုံးများကို ပြောလိုက်သည့် အခိုက်တွင် သူက ရှန်ကုန်းဟူ မျက်လုံးထဲရှိ ကြည်ညို လေးစားမှုကို မြင်တွေ့ခဲ့ပေသည်။ သူက သည်လိုနာခံမှုမျိုး ကို မြင်တွေ့လိုက်ရချိန်၌ သူက သူ့မျက်လုံးက မကောင်း တော့ဘူးလားဟုပါ တွေးလိုက်မိသေး၏။
သည့်အပြင် မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည် ထိုလူ စကားပြောလိုက်သည့်အခါ၌ တုန်ယင်သွားခဲ့၏။ ကြည့်ရ သည်မှာ ၎င်းက ကြောက်လန့်နေသည့်ပုံပင်။

အမှန်တော့ ထိုလူက သစ္စာခံခြင်းအကြောင်းနှင့် ပတ်သက်၍ ပြောခဲ့ခြင်း ဖြစ်နေ၏။ ထိုစကားက ကျန့်ကုန်း လေ့၏ စိတ်ကို ကြီးစွာ တုန်ခါစေ၏။

သည့်အပြင် ရှန်ကုန်းဟူ၏ ပြန်တုံ့ပြန်လိုက်မှုသည် ကျန့် ကုန်းလေ့ကို တုန်လှုပ်သွားစေကာ သူ့ခန္ဓာကိုယ်ပေါ်ရှိအမွေးအမှင်တိုင်းကို ထောင်မတ်သွားစေပေသည်။

"အရှင်သခင်…" အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်း ကြီးတွင် သည်စကားလုံးသည် လွယ်လင့်တကူ ပြောလို့ရ သည့် အရာ မဟုတ်ပေ။အထူးသဖြင့် သူတို့လို ဒုတိယ အဆင့်ရှိ ကျင့်ကြံသူများအဖို့ပင်။

သူတို့ကိုယ်သူတို့ အားကောင်းသော တည်ရှိမှုတစ်ခုထံသို့ သစ္စာခံပြီးသည့်နောက် သူတို့သည် ထိုတစ်စုံတစ်ယောက် ကိုသာ အရှင်သခင်ဟုသုံးနှုန်းပေသည်။

ကျန့်ကုန်းလေ့သည် ရှန်ကုန်းဟူက ဟန်ဆောင်နေသည် ဟု သံသယ မဝင်တော့ပေ။ ရှန်ကုန်းဟူက အလွန်အမင်း မောက်မာလှသည့်သူသာ ဖြစ်သည်။ သူလိုလူမျိုးက အရှက်ခွဲခံရသည်ထက် သေဆုံးဖို့ကိုသာ ရွေးချယ်မည့်သူ မျိုး ဖြစ်သည်။ ထို့အပြင် သူတို့နှစ်ယောက်က တိုက်ခိုက် လျှင်ပင် တစ်ယောက်နှင့်တစ်ယောက် သတ်ပစ်နိုင်ရန်ခက်ခဲလွန်းလှကာ အများဆုံး နှစ်ဦးလုံး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားခြင်းနှင့်သာ အဆုံးသတ်သွား နိုင်သည်။

ကျန့်ကုန်းလေ့၏ မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ် နေကာ တုန်လှုပ်ကြောက်ရွံ့နေမိတော့သည်။

"ဖြစ်နိုင်တာ...ဖြစ်နိုင်တာက ဒီလူက မိုးကြိုးကန်ရဲ့ အတွင်းဘက်ကို ဝင်နိုင်တာ ရတနာတစ်ခုအပေါ်မှာ မှီခို ထားတာ မဟုတ်ဘဲ သူ့ကျင့်ကြံမှုအဆင့်ကို ဖုန်းကွယ်ထား ဒီလိုသာ မဟုတ်ဘူးဆိုရင် ဒီလောက် မောက်မာလှတဲ့ ရှန်ကုန်းဟူက သူ့ကို အရှင်သခင်လို့ ဘယ် ခေါ်ပါ့မလဲ..." တာလား...။

ကျန့်ကုန်းလေ့သည် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက် သည်။ သူက နောက်သို့ မြန်ဆန်စွာ ဆက်၍ ဆုတ်သည်။ သူက သူ့စိတ်ကို အမြန်ပြောင်းလဲ၍ ချက်ချင်း လှမ်းပြော လိုက်သည်။ "အစ်ကို ရှန်ကုန်းဟူ..စိတ်လိုက်မာန်ပါ မလုပ် 이후..."

ရှန်းကုန်ဟူ၏ မျက်လုံးက အေးစက်လာကာ သူ့လက်ထဲ ရှိ ဆေးလုံးအခွံကို ခြေမွလိုက်သည်။ ထိုဆေးလုံးအတွင်း ထဲ၌ အနီရောင်ဆေးလုံးတစ်လုံးရှိနေကာ သူက ယင်း ဆေးလုံးကို မျိုချလိုက်လေ၏။ သူ့အော်ရာက ပြင်းထန်လာ ကာ လွှမ်းမိုးနိုင်ခြင်းက ချက်ချင်း လိုက်ပါလာချေသည်။

“ကျန့်ကုန်းလှေ...ငါနဲ့တိုက်ပါ... မာန်သွင်းသံနှင့်အတူရှန်ကုန်းလေ့၏ ညာလက်သည် ကောင်းကင်ထက်သို့ ညွှန် လိုက်ချေ၏။ သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်များက ထိုး ထွက်လာခဲ့ကာ လေဟာနယ်ထဲမှ မိုးကြိုးတန်းသည် နဂါး တစ်ကောင်ကဲ့သို့ သက်ဆင်းလာချေသည်။

ထိုလှုပ်ရှားမှုက မိုးကြိုးကန်ကိုပါ သက်ရောက်သွား စေသည်။ မရေမတွက်နိုင်သော မိုးကြိုးများသည် ရှန်ကုန်း ဟူထံသို့ လာရောက် စုဝေးကြသည်။

ဝမ်လင်းသည် ရှန်ကုန်းဟူ၏ မူလမန္တန်ကို တွေ့မြင်လိုက် ရချိန်တွင် သူ့မျက်လုံးက ထူးဆန်းစွာ လင်းလက်သွား သည်။ ထိုမန္တန်က အလွန်အားကောင်းလှ၏။ ၎င်းမန္တန်ထဲ က လူတစ်ယောက်၏ မူလစွမ်းအင်ကို သုံးစွဲကာ ကောင်းကင်ဘုံမိုးကြိုးကို ဆင့်ခေါ်ထုတ်မှုတို့ ပါဝင် နေသည်။ သည်အရာက မူလမီးပြင်းဖိုမန္တန်ထက် တစ်စက် လေးမျှ အားမနည်းပေ။

၎င်းမန္တန်က မူလမီးပြင်းဖို မန္တန်လောက် မကြီးကျယ် သော်လည်း ယင်းမန္တန်က ပို၍ စွမ်းအားကောင်းနေသည်။

ပြောင်းလဲသွားကာ ကျန့်ကုန်းလေ့၏ အသွင်က နောက်သို့ ထပ်ဆုတ်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် သူ့ခြေထောက်က လှုပ်ရှားသွားရာ သစ်သားဓားက ပျံသန်း ထွက်သွားသည်။ သူက သစ်သားဓားကို လက်ညွှန်ကာ ရှေ့ သို့ ထိုးထွက်သွားစေသည်။ ခရမ်းရောင်အလင်း ဖုံးအုပ် ထားသည့် သစ်သားဓားသည် ပြင်းထန်သော တုန်ဟည်းမှုကို သယ်ဆောင်လာတော့၏။

ရှန်ကုန်းဟူ၏ မျက်လုံးထဲ၌ တိုက်ပွဲစိတ်ဆန္ဒတို့နှင့် ပြည့် လို့နေသည်။ သူက သည်တိုက်ပွဲတွင် သူ့ခွန်အားအပြည့်ကို ပြသချင်နေသည်မှာ စီနီယာက သူ့ကို စောင့်ကြည့်နေခြင်း ကြောင့် ဖြစ်တော့၏။

ငါက ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်မလား...(နောက်တစ်ပိုင်း)

ရှန်ကုန်းဟူက မာန်သွင်းလိုက်၏။ သူက ဒဏ်ရာရထား သဖြင့် သူ့လက်က အနည်းငယ် တုန်ယင်နေသည်။ သူက အနည်းငယ် ပြန်ကောင်းလာကာ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ ဆေးလုံးအကူအညီဖြင့် သူ့ဒဏ်ရာများကို ဖိနှိပ်ထားကာ ထိုအခိုက်အတန့်၌ သူ့စွမ်းအား၏ အထွတ်အထိပ်သို့ ပြန်ရောက်ရှိလာခဲ့သော်လည်း သည် မန္တန်ကို အသုံးပြုရန် မလုံလောက်သေးပေ။

သူက အံတင်းတင်း ကြိတ်လိုက်၏။ သူ့ညာလက်က ရုတ်တရက် အောက်ကျသွားသည်။ ရုတ်တရက် ကောင်းကင်ထက်၌ အံ့မခန်းခွန်အားဖြင့် နတ်ဘုရား ပြစ်ဒဏ် လျှပ်စီးတစ်ခု ပေါ်လာခဲ့သည်။

ကျန့်ကုန်းလေ့၏ အသွင်က သုန်မှုန်သွား၏။ သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်၏ အသက်ဓာတ်ကို ထွေးထုတ်ကာ သစ်သားဓားပေါ်သို့ ကျ ရောက်စေလိုက်သည်။ သစ်သားဓားက တဝီဝီ မြည်ဟိန်း လာကာ အားကောင်းသော ဓားစွမ်းအင်ကို ထုတ်
လွှတ်၍နတ်ဘုရားပြစ်ဒဏ်ထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုနှစ်ခု ထိပ်တိုက် တွေ့ဆုံသည့်အခါ တုန်လှုပ် မြည်ဟည်းသံ ပေါက်ကွဲမှုတစ်ခုက သည်ဧရိယာတွင် ပျံ့နှံ့ သွားခဲ့သည်။ လျှပ်စီးများကလည်း ပျက်စီးလာကာ သစ်သားဓားကလည်း နောက်သို့ ဆက်တိုက် ဆုတ်လာ သည်။ ကြွင်းကျန်နေသော မူလစွမ်းအင်များက အကန့်အသတ်သို့ ရောက်လာကာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများ စွာကို ပျက်စီးသွားစေသည်။

ကျန့်ကုန်းလေ့၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ သူ့ အသွင်ကလည်း ဖြူရော်သွားကာ သူက ရှန်ကုန်းလေ့ကို သုန်မှုန်စွာ စူးစိုက်ကြည့်နေသည်။ သူက ဒေါသထွက်လာခဲ့ ချေပြီ။ ခုချိန်တွင် သူ့မျက်လုံးထဲ၌လည်း တိုက်ပွဲစိတ်ဆန္ဒ နှင့် ပြည့်လာခဲ့တော့၏။

ရှန်ကုန်းဟူကလည်း နောက်သို့ ဆုတ်သွားရကာ မိုးကြိုး ကန်ထဲသို့ ပြန်ရောက်ရှိသွားသည်။ သူ့ပါးစပ်ထောင့်မှ သွေး များ စီးကျလာနေ၏။ သူက ကျန့်ကုန်းလေ့ကို ကြည့်၍ ပြုံး လိုက်သည်။ "ငါက မင်းရဲ့ အခြောက်မျက်နှာကို တွေ့နေရ တာ အဆင်မပြေဘူး။ ဒါပေမဲ့ မင်းမှာ အရည်အချင်းအချို့ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး..."

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက ထို တိုက်ပွဲကို သေချာ လေ့လာဆန်းစစ်ကြည့်နေရင်း ဉာဏ်အလင်းအချို့ ရရှိလာခဲ့သည်။ သူက ထိုအထည်ဒြပ်ယန် အဆင့် နှစ်ယောက်၏ မူလမန္တန်များကို တစ်ချက်တောင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် သူက ရှန်းကုန်ဟူ၏ မူလမန္တန်သည် မပြည့်မ စုံ ဖြစ်နေသည်ကို သိမြင်ခဲ့၏။ နတ်ဘုရားပြစ်ဒဏ်၏ စွမ်းအားက သည့်ထက်ပို၍ သန်မာလာသင့်ပေသည်။

တကယ်တော့ တတိယအဆင့်၏ ကမ္ဘာကို ရှုမြင်ပြီး သည့်နောက် သူက မိုးကြိုးကန်၏ အတွင်းပိုင်းသို့ လှမ်းမ လာခင်တွင် မိုးကြိုးဥပဒေသကို ရေးတေးတေး သိမြင်နိုင်ခဲ့ ပြီ ဖြစ်သည်။ ထို့ကြောင့် သူက ရှန်းကုန်ဟူ၏ မန္တန်ရှိပြဿနာအချို့ကို တွေ့မြင်သည်မှာ အံ့အားသင့်စရာ မဟုတ် တော့ချေ။

သည်လို အဖြစ်အပျက်မျိုးသည် သေမျိုးကမ္ဘာ၏ သိုင်း လောကတွင်လည်း ရှိသည်သာ။ ထိုသိုင်းလောက၌ သိုင်း ပညာမတတ်သော လူတစ်ယောက်သည် များစွာသော သိုင်း ကျမ်းနည်းစနစ်များကို ဖတ်ထားဖူးလျှင် ထိုလူသည် သိုင်း ပညာရှင်များ အသုံးပြုသော သိုင်းကွက်များ၏ ချို့ယွင်းချက် ကို ထောက်ပြနိုင်ပေသည်။ သို့သော် သူကိုယ်တိုင်ကတော့ လက်တွေ့သုံးစွဲတိုက်ခိုက်နိုင်ခြင်း မရှိပေ။

ဝမ်လင်း၏ အခုအခြေအနေသည်လည်း ဤကဲ့သို့ အခြေအနေမျိုး ဖြစ်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ် သွားကာ သူက ပြောလာသည်။ "ရှန်ကုန်းဟူ...မင်းရဲ့ မူလမန္တန်မှာ မိုးကြိုးစွမ်းအား ပါဝင်နေတယ်။ ဒါပေမဲ့ မိုးကြိုး စိတ်ဝိညာဉ် မပါဝင်ဘူး။ မင်းရဲ့တာအိုက မိုးကြိုးနဲ့ ပေါင်းစပ်ထားပေမဲ့လည်း မလုံလောက်သေးဘူး။ မိုးကြိုး စွမ်းအား အပေါ်မှာ မင်းရဲ့ယုံကြည်မှု ကင်းမဲ့နေသေးတယ်..

ရှန်ကုန်းဟူက မှင်တက်သွားသည်။ သည်စကားများကို ကြားဖူးသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မဟုတ် တော့ပေ။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ အရှင်နှင့် မိသားစု၏ အကြီးအကဲများသည်လည်း ထိုကဲ့သို့ ပြောခဲ့ဖူး ကြပေသည်။ သို့ရာတွင် ဝမ်လင်းထံမှ ထိုစကားလုံးများကို ထပ်မံ ကြားလိုက်ရသည့်အခါ သူက စိတ်ရှုပ်ထွေးသွား မိ၏။ သူက လေးစားစွာ မေးလိုက်သည်။ "အရှင်သခင်...ငါ့ ကို လမ်းညွှန်ပေးပါ..."

ရှန်ကုန်းဟူသာမက အကွာအဝေးတစ်ခုတွင် ရှိနေသော ကျန့်ကုန်းလေ့သည်လည်း မှင်တက်သွားမိသည်။ သူ့စိတ် ထဲရှိ အခြေအမြစ်မရှိသော သံသယက ပို၍ ပြင်းထန်လာခဲ့ သည်။ သူသည်လည်း ရှန်ကုန်းဟူလိုမျိုး ပြဿနာတစ်ခု ရှိနေခဲ့ပေသည်။

ကျန့်မိသားစု အကြီးအကဲသည်လည်း သူ့ကို ထိုကဲ့သို့ ပြောခဲ့ဖူးသည်။ သို့သော် ထိုအရာသည် အကြီးအကဲများက အမှန်တကယ် နားလည်ခြင်းတော့ မဟုတ်ပေ။ သူတို့က ဆက်လက် ရှာဖွေကြည့်နေရဆဲသာ ဖြစ်သည်။ ထို့ကြောင့် သူတို့က သူတို့၏ ဂျုနီယာများကို သူတို့ကိုယ်တိုင်ပင် မှန်လား၊ မှားလား သေချာမသိသော ထင်မြင်ချက်ကို မည်သို့ သင်ပေးနိုင်ကြမည်နည်း။ သူတို့က ထင်မြင်ချက်သာ ပေးနိုင်ကြပေသည်။ သည်အတိုင်း

သူတို့ပေးသည့် ထင်မြင်ချက်က မှန်လျှင် အဆင်ပြေသေး သည်။ သို့သော် သူတို့ မှားသွားရင်ကော….။

တကယ်တော့ အစစ်အမှန်လမ်းကြောင်းနှင့် နှိုင်းယှဉ် ကြည့်ပါက သူတို့၏ လမ်းကြောင်းသည် မှန်လား၊ မှားလား မည်သူမျှ မသိကြပေ။တတိယအဆင့်သို့ ရောက်သည့်သူ သာ လမ်းကြောင်း အမှန်အမှားကို သိနိုင်ပေသည်။

သို့ရာတွင် ဝမ်လင်းကတော့ ထိုအကြီးအကဲများနှင့် မတူ ပေ။ သူက တတိယအဆင့်ကို မြင်တွေ့ခဲ့ဖူးပြီး ဖြစ်ကာ သူက ကျင့်စဉ်၊ မန္တန်များ၏ လားရာဖြစ်စဉ်ကို သိနေခဲ့ပေ သည်။ ထို့ကြောင့် သူက သူပြောခဲ့သည့် ရှန်းကုန်ဟူ၏ မူလ မန္တန်၏ လိုအပ်ချက်သည် အမှန်ဖြစ်ကြောင်း သိနေခဲ့ပေ သည်။

ခုလက်ရှိ မြင်ကွင်းက ထူးခြားဆန်းကြယ်နေသည်။ ရှန် ကုန်းဟူနှင့် ကျန့်ကုန်းလေ့တို့က မွန်းစတားဆန်သော တိုက်ပွဲစိတ်ဆန္ဒတို့နှင့် ပြည့်နေကြသည်။ သို့သော် သူတို့က ဆက်လက် မတိုက်ခိုက်ကြတော့ပဲ ထိုအစား ဝမ်လင်းထံသို့ သာ အာရုံစိုက်၍ ကြည့်နေသည်။

သူတို့နှစ်ယောက်၏ အကြည့်က ခြားနားနေ၏။ ရှန်ကုန်း ဟူ၏ အကြည့်ထဲ၌ မျက်ကန်းကြည်ညိုခြင်းများ ပြည့်နေကာ ကျန့်ကုန်းလေ့၏ အကြည့်ထဲတွင်တော့ သံသယနှင့် ပြည့်နေသည်။

ဝမ်လင်းက စကားဆက်၍ မဆိုပေ။ သည်လိုအရာမျိုးက လွယ်လင့်တကူ ပါးစပ်ဖြင့် ရှင်းပြလို့ရသည် မဟုတ်ပေ။ လူ တစ်ယောက်၏ နားလည်သဘောပေါက်မှုပေါ်သာ မူတည် နေပေ၏။

စဉ်းစားနေရင်းဖြင့် ဝမ်လင်းသည် သူ့ညာလက်ကို ပင့် မြှောက်ကာ လေထဲသို့ လက်မနှင့်လက်ညှိုးကို ပူး၍ ညွှန် လိုက်၏။ သူ့လက်ဝါးထဲသို့ မိုးကြိုးအမျှင်တန်းတစ်ခု ကျ ရောက်လာခဲ့၏။ ရှန်ကုန်းဟူနှင့် ကျန့်ကုန်းလေ့တို့၏ အမြင်တွင် ထိုစွမ်းအားက အားကောင်းလှခြင်း မရှိပေ။

သို့ရာတွင် ဆက်တိုက်ဖြစ်လာသော အဖြစ်အပျက်က သူ တို့နှစ်ယောက်လုံးကို ပင့်သက်ရှိုက်မိသွားစေသည်။ ဝမ် လင်းက မိုးကြိုးအမျှင်တန်းကို စူးစိုက်ကြည့်နေကာ သူ့ညာ လက်ကို ဝှေ့ယမ်းလိုက်သည်။ မိုးကြိုးအမျှင်တန်းက ပျောက်ကွယ်သွားကာ ဖျတ်ခနဲ အလင်းတစ်ခုသာ ကျန်ခဲ့ တော့၏။

ထိုဖျတ်ခနဲအလင်းကလည်း ခဏတာအတွင်း ပျက်စီး သွားခဲ့သည်။ ဝမ်လင်းက သူ့မျက်လုံးကို မှိတ်ကာ မျက်လုံး ထဲရှိ ပင်ပန်းသွားမှုကို ဖုံးကွယ်လိုက်၏။ ခုလက်ရှိအခြေအနေကသာ အလွန်အန္တရာယ်များလှခြင်း မရှိပါက သူက သည်လိုမျိုး လုပ်ဆောင်ပြလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက မျက်လုံးမှိတ်ထားရင်း ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "မင်း...နားလည်လား.."

"မူလ…မူလသို့ ပြန်ရောက်ခြင်း..." ရှန်ကုန်းဟူ မျက်လုံး က အလွန်တောက်ပနေ၏။ သူ့ခန္ဓာကိုယ်က စိတ်လှုပ်ရှားမှု ကြောင့် တုန်ယင်နေသည်။ သူက ဝမ်လင်းကို လေးစားစွာ ဦးညွှတ်လိုက်သည်။ ဝမ်လင်းအပေါ် သူ့ကြည်ညိုလေးစားမှု က အလွန်မြင့်မားလာခဲ့သည်။

သူက ရုတ်တရက် ဉာဏ်အလင်းတစ်ခု ရရှိခဲ့ပေသည်။ သူက ကျန့်ကုန်းလေ့ဘက်သို့ တောက်ပသော မျက်လုံးများ ဖြင့် လှည့်ကြည့်ကာ ပြောလာသည်။ "ငါတို့ ထပ်တိုက်ကြ တာပေါ့..."

သည်အခိုက်အတန့်၌ ကျန့်ကုန်းလေ့၏ ဦးရေပြားသည် ထုံထိုင်းသွားကာ ဝမ်လင်းအပေါ် သူ့ထင်မြင်ချက် သံသယ သည်လည်း အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို ဦးညွှတ်၍ လေးစားစွာ ပြောလာသည်။ "ဒီဂျူနီယာက ကျန့် ကုန်းလေ့ပါ။ ငါက စီနီယာ ဒီမှာ ကျင့်ကြံနေတာ မသိပါ ဘူး။ အစောပိုင်းက ငါက စီနီယာကို နှောင့်ယှက်မိပါတယ်။ စီနီယာက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်မိပါတယ်။ ဂျူနီ ယာ ခုချက်ချင်း ထွက်သွားပါတော့မယ်..."

သူက ရှန်ကုန်းဟူထံသို့လည်း မနာလိုစွာ ကြည့်လိုက် သည်။ သူက ရှန်ကုန်းဟူလို မောက်မာလွန်းသည့်လူကအခြားတစ်ယောက်ကို ဘာကြောင့် သစ္စာခံခဲ့သည်ကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

ကျန့်ကုန်းလေ့က လက်နှစ်ဖက်ယှက်၍ ပြောလာသည်။ "ဂုဏ်ပြုပါတယ်...အစ်ကို ရှန်ကုန်း..."

ရှန်ကုန်းဟူက မည်သည့်စကားမှ မဆိုဘဲ ကျန့်ကုန်းလေ့ ထံသို့သာ အေးစက်စွာ ကြည့်နေသည်။

"ကျန့်ကုန်းလေ့က ထိုအကြည့်ကို စိတ်ထဲမထားပေ။ သူက ရယ်မော၍ ပြောလိုက်၏။ အစ်ကိုရှန်ကုန်း...ငါက မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဆင့်ခေါ်မှုစာအုပ် ကို လက်ခံရရှိခဲ့တယ်။ အနာဂတ်မှာ သင်နဲ့ငါက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော်တွေ အတူ ဖြစ်လာကြလိမ့်မယ်..."

သူက ဝမ်လင်းထံသို့ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး နောက် ပြန်လှည့်၍ ထွက်ခွာသွားတော့သည်။

ရှန်ကုန်းဟူက သူ့ကို မတားဆီးပေ။

ဝမ်လင်းက တည်ငြိမ်စွာ မေးလိုက်သည်။ "ဆင့်ခေါ်မှု စာအုပ်က ဘာလဲ..."

ရှန်ကုန်းလေ့သည် ဝမ်လင်းရှိရာသို့ ပြန်လှည့်၍ လေးလေးစားစား ပြောလိုက်သည်။ "ဒီဆင့်ခေါ်မှုစာအုပ်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ ဆက်သွယ်ရေးတုံ ကင်ပါ။ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန် တော်တစ်ယောက် ဖြစ်လာဖို့ ယာထားခံထားရတဲ့ လူတစ်ယောက်ဟာ ဒီဆင့်ခေါ်မှုစာအုပ်ကို လက်ခံရရှိပါတယ်.."

"မိုးကြိုးကောင်းကင်ဘုံနယ်မြေ မဖွင့်ခင် သုံးလအလိုမှာ မိုးကြိုးကောင်းကင်ဘုံခန်းမက သူတို့ရဲ့ တမန်တော်တွေကို သတ်မှတ်လိမ့်မယ်။ တမန်တော်တစ်ယောက်ယောက် ပျောက်ကွယ်နေတာ ရှိရင် ယာထားခံရတဲ့လူတွေထဲက အဲဒီလွတ်နေတဲ့ နေရာအတွက် တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ရလိမ့်မယ်။ ကျန့်ကုန်းလေ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ရင် မတော်တဆတစ်ခုခုသာ မဖြစ်ခဲ့ရင် သူက ဒီတစ်ကြိမ် အနိုင်ရနိုင်လိမ့်မယ်..."

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သည့်နောက် သူက စကားဆက်၍ မဆိုတော့ပဲ မိုးကြိုးကို ဆက်၍ စုပ်ယူကာ မူလစွမ်းအင် အဖြစ်သို့ ပြောင်းလဲလိုက်လေသည်။

ရှန်ကုန်းဟူ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့် နေသည်။ သူက အစောပိုင်းတုန်းက ဉာဏ်အလင်းအချို့ ရရှိခဲ့ပြီး ဖြစ်ကာ မိုးကြိုးကန်ထဲ၌ ချက်ချင်းထိုင်ချကာ စတင် ကျင့်ကြံတော့သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ရှစ်နှစ်တာကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ စောစောပိုင်းနှစ်နှစ်ပါ ထည့်တွက်ပါက ဆယ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝမ်လင်းကိုယ်ထဲရှိ မူလ စွမ်းအင်သည် မိုးကြိုးမူလမန္တန်ကို အသုံးပြု၍ မိုးကြိုးထဲမှ မူလစွမ်းအင်ကို စုပ်ယူကာ တဖြည်းဖြည်းချင်း ခိုင်မာလာခဲ့သည်။ သူ့မူလစိတ်ဝိညာဉ်က ခုချိန်၌ ပြည့်ဝလာပြီ ဖြစ်ကာ ဆက်လက်၍ စုပ်ယူနိုင်ခြင်း မရှိတော့ပေ။

ထိုသို့ဖြစ်ရခြင်းက ဝမ်လင်းသည် သူ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မြင့်မားခြင်း မရှိသောကြောင့်ဟု သိပေ သည်။ ဒုတိယအဆင့်သို့ ဝင်ရောက်ပြီးမှသာ သူက မူလ စွမ်းအင်ကို ဆက်လက် စုပ်ယူနိုင်ပေလိမ့်မည်။ ခုချိန်၌ သူ့ အတွက်အရေးကြီးဆုံးက သူ့ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်နိုင်ရန် ဖြစ်သည်။

သူက မတ်တတ်ထရပ်ကာ သူ့ပတ်လည်ရှိ မိုးကြိုးများကို ကြည့်လိုက်သည်။ ဆယ်နှစ်တာကာလသည် သူ့ကို မိုးကြိုး နှင့် ပတ်သက်၍ ပိုကောင်းကောင် း နားလည်လာခဲ့စေပေ သည်။ သူက မိုးကြိုး၏ မူလဇာစ်မြစ်ကိုပါ ခပ်ရေးရေး မြင် လာနိုင်ခဲ့သည်။

သူ့ခန္ဓာကိုယ်က ရွေ့လျားသွားကာ ဝမ်လင်းသည် မိုးကြိုး ကန်၏ အနက်ပိုင်းကနေ ထွက်ခွာလာခဲ့သည်။

ရှန်ကုန်းဟူကိုတော့ ဝမ်လင်းက လွန်ခဲ့သော သုံးနှစ် ကတည်းက ထွက်သွားစေခဲ့သည်။ သည်လူက သူ့ကို အတော်လေး ကြည်ညိုလေးစားနေသော်လည်း ဝမ်လင်းက သက်သောင့်သက်သာ မခံစားရပေ။ ရှန်ကုန်းဟူ ထွက်ခွာမ သွားခင် သူက ကျောက်စိမ်းပြားတစ်ခု ထားခဲ့ပေ၏။

ငွေရောင်ဦးချိုမိုးကြိုးသားရဲက ဝမ်လင်းအနားသို့ ရောက်လာခဲ့သည်။ ဝမ်လင်းက မိုးကြိုးသားရဲ အပေါ်သို့တက်ထိုင်ကာ မိုးကြိုးအလင်းတန်းအဖြစ်သို့ ပြောင်း၍ သည်နေရာကနေ ပျံသန်းထွက်ခွာလာတော့သည်။ ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း ဝမ်လင်း၏ အရိပ်ထဲသို့ ပြန်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

မိုးကြိုးကန်ထဲ၌ ဆယ်နှစ်တာ မိုးကြိုးများကို စုပ်ယူနေ ခြင်းကြောင့် မိုးကြိုးသားရဲ၏ အမြန်နှုန်းကလည်း တိုးတက်လာခဲ့ပေသည်။ ၎င်းက ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကို ဖြတ်သန်း၍ ကြယ်များကြားသို့ ခရီးနှင်လာခဲ့ သည်။

ဝမ်လင်းက ကောင်းကင်ဘုံပုတီးစေ့သည် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ကြောင်း သိနေခဲ့ပြီး ဖြစ်သည်။ ထိုပုတီးစေ့ထဲ ရှိ စိတ်ဝိညာဉ်သုံးခုအပေါ် သက်ရောက်မှု မရှိရုံသာမက ထို စိတ်ဝိညာဉ်များက အရင်ထက်ပင် ပိုတောက်ပလာခဲ့သေး သည်။

မိုးကြိုး "နောက်နှစ် နှစ်ဆယ်မှာ ဖွင့်တော့မဲ့ ကောင်းကင်ဘုံ နယ်မြေကို ငါ သွားကို သွားရမယ်။ ဒါပေမဲ့ ခုချိန်မှာတော့ ငါက ငါ့ကျင့်ကြံမှုအဆင့် တိုးတက်အောင် နေရာတစ်ခု ရှာမှ ဖြစ်မယ်။ ဒါ့အပြင် ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့ကလည်း ပြောင်းလဲသွားပြီ ဖြစ်တဲ့ အတွက် ဒြပ်စင်ငါးခုရဲ့စွမ်းအားကို ဆက်မလိုတော့ဘူး။ ဒါ ကြောင့် ဒီပုတီးစေ့နဲ့ ပတ်သက်လို့ လိုအပ်ချက်က ဘာများလဲ...
ဝမ်လင်းက မိုးကြိုးသားရဲအပေါ်တွင် ထိုင်လျက် စဉ်းစား ကြည့်နေသည်။

ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့သည် ယင်နှင့်ယန် ဟူ၍ ပိုင်းခြားထားခဲ့သည်။ ထိုယင်နှင့်ယန်သည် ပေါင်းစပ် နေခြင်း မရှိပေ။ ထိုအဖြစ်က ဝမ်လင်းကို စိတ်ရှုပ်ထွေး စေသည်။

"နေနဲ့လ...ယင်နဲ့ယန်..." ဝမ်လင်းက စဉ်းစားနေရင်း မိုးကြိုးသားရဲကလည်း ကြယ်များပြည့်နှက်နေသော အာကာသ ဟင်းလင်းပြင်ထဲတွင် ပျံသန်းလို့နေသည်။ အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ လိုက်သည်။

ထိုကျောက်စိမ်းပြားက ရှန်ကုန်းဟူ ထားခဲ့ခြင်းပင်။ ထို ကျောက်စိမ်းပြားသည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့ အစည်းကြီး၏ အသေးစိတ်ကို ဖော်ပြထားသော ကြယ်မြေပုံတစ်ခု ဖြစ်သည်။ တောင်ပိုင်းနယ်မြေတစ်ခုလုံး၏

သူ့ရှေ့ရှိ နေရာကို တောင်ပိုင်းနယ်မြေ၏ မြေရိုင်းလွင်ပြင် တစ်ခုဟု ယူဆနိုင်၏။ ထိုနေရာတွင် ကျင့်ကြံခြင်း ဂြိုဟ် အများစုသည် ထူးထူးထွေထွေ ဖြစ်မနေပေ။ အားကောင်း သော ကျင့်ကြံသူများက ထိုနေရာများသို့ လာရောက်ခဲ့ သည်။
သို့ရာတွင် ထိုနေရာရှိ ဂြိုဟ်များပေါ်တွင် သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံခြင်း မိသားစုများ နေထိုင်ကြပေသည်။

"လာမဲ့နှစ်နှစ်ဆယ်အတွင်းမှာ ငါက မိုးကြိုး ကောင်းကင်ဘုံ နယ်မြေကိုသွားမဲ့ ခရီးစဉ်အတွက် ကြိုတင် ပြင်ဆင်ထားရမယ်။ ဒါ့အပြင် ငါ့မန္တန်အချို့ကိုလည်း ပြန်ညှိယူပြုပြင်ရဦးမယ်။ ငါ့မန္တန်အများစုက ငါ တွေ့မြင်ခဲ့တဲ့ တတိယအဆင့်နဲ့ လိုက်ဖက်သင့်တင့်လှခြင်း မရှိဘူး။ ငါက ဒီမန္တန်တွေကို ဒီအတိုင်း ဆက်သုံးစွဲနေရင် ငါလျှောက်တဲ့ လမ်းကြောင်းက မှားသွားနိုင်တယ်။ ဒါ့အပြင် ငါတစ္ဆေ လောကမြစ်ကို မြန်မြန် စုဆောင်းနိုင်ဖို့အတွက် မကျေမ ချမ်း စိတ်ဝိညာဉ်တွေ လိုအပ်နေတယ်။ ဒီတော့ ခုက အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းထဲမှာ ငါ့ကိုယ်ပိုင် ဂြိုဟ်တစ်ခု ရှိရတော့မဲ့ အချိန်ပဲ..."

ဝမ်လင်းက စဉ်းစားနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်လို့နေသည်။ သူ့ရှေ့တွင် အစုတ်အပဲ့ဂြိုဟ်တစ်ခု ရှိနေသည်။ ထိုဂြိုဟ်က အသက်ဓာတ်များနှင့် ပြည့်နေ၏။ ဆိုလိုသည်က ထိုဂြိုဟ်တွင် သေမျိုးတော်တော်များများ နေထိုင်ကြသည်ဟူ၍ပင်။

ဝမ်လင်းက မိုးကြိုးသားရဲပေါ်ကနေ ဆင်းသက်လိုက် သည်။ သူက ထိုသို့ ပြုလုပ်လိုက်သည်နှင့် ၎င်းမိုးကြိုးသားရဲ သည် သနားစဖွယ် ညည်းညူလိုက်ကာ မတက်သာပဲ စစ် ရထားထဲသို့ ပြန်ဝင်ကာ ဝမ်လင်းသိုလှောင်အိတ်ထဲသို့ ဝင် ရောက်လိုက်ရတော့သည်။

သူက သူ့ရှေ့ရှိ ဂြိုဟ်ရှိရာသို့ သွားရန် ပြင်လိုက်စဉ်တွင် ဝမ်လင်းအသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။ သူ့ သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံဓားထံကနေ အားကောင်းသော တုန်ခါမှုတစ်ခု ထွက်ပေါ်လာသည်။ ထို တုန်ခါမှုထဲ၌ ပြင်းထန်သော အော်ရာတစ်ခုနှင့် ရှေးဟောင်း ဓားစိတ်ဆန္ဒတစ်ခု ပါဝင်နေသည်။

"ဓားစိတ်ဆန္ဒ...မင်းဘိုးဘိုးရှုက မင်းကို သိမ်းပိုက် စိုးမိုး ပစ်မယ်။ ခုချိန်ကစပြီး ငါကသာ အစစ်အမှန် ဓားစိတ် ဝိညာဉ်ပဲ။ ငါဟာ တကယ်ခြိမ်းခြောက်နိုင်တဲ့သူပဲ...တက ယ့်ကို ခြိမ်းခြောက်နိုင်တယ်..."
ငါ့ကျင့်ကြံမှုဂြိုဟ်

ဝမ်လင်းက သိုလှောင်အိတ်ထဲသို့ ငုံ့ကြည့်လိုက်ရင်း သူ့ အသွင်က ထူးဆန်းသွားသည်။ သိုလှောင်အိတ်ထဲ၌ မောက်မာသော အော်ရာတစ်ခုနှင့်အတူ ဓားစွမ်းအင် စိတ် ဆန္ဒတစ်ခုက ပေါက်ကွဲထွက်လို့နေသည်။

"အလှလေးလင်ဇီ...နင်က ခုထိ ဒီအရှင်ရှုကို ခွင့်မလွှတ် သေးဘူး။ ဟက်...ဟက်...ငါက ခုချိန်မှာ ခြိမ်းခြောက်နိုင် စွမ်း ရှိနေပြီနော်…"

ရှုလီကော၏ မောက်မာသောအသံက သိုလှောင်အိတ်ထဲ ကနေ ထွက်ပေါ်လာသည်။ သိုလှောင်အိတ်က ပြင်းပြင်းထန်ထန် တုန်ယင်နေလို့နေကာ ရှေးဟောင်း အချိန်တုန်းမှ အားတစ်ခုက ထိုးထွက်လာနေသကဲ့သို့ ထင် ရသည်။

ထိုအားက အထွတ်အထိပ်သို့ ရောက်လာသည့်အခိုက် တွင် ဝမ်လင်းက သိုလှောင်အိတ်ကို ခပ်ပြင်းပြင်း ရိုက်ထည့် လိုက်သည်။ ရှုလီကော၏ အသံက ချက်ချင်း အားနည်းသွား တော့၏။
သိပ်သည်းသော ဓားစိတ်ဆန္ဒပင် ဖိနှိပ်ခံလိုက်ရကာ ပျံ့နှံ့ လာနိုင်ခြင်း မရှိတော့ပေ။

"အို….အလှလေးလင်းဇီ...နင်က ခုထိ အခြေအနေကို နားမလည်နိုင်သေးဘူး။ ဒီအရှင်က နင့်ကို အပြစ်မတင်ပါ ဘူးလေ။ ဒီအရှင်က အရင်တုန်းက ရှုလီကော မဟုတ်တော့ ဘူး။ ဒီအရှင်က အခု ရှေးဟောင်းဓားစိတ်ဆန္ဒကို အမွေ ဆက်ခံထား..."

သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေကာ သိုလှောင်အိတ်ထံသို့ ညွှန် လိုက်၏။ ရှုလီကော၏ အသံက ရုတ်တရက် ရပ်တန့်သွား သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ တည်ငြိမ်စွာ ပြော လိုက်သည်။ "ဆူညံလွန်းတယ်..."

သည့်နောက် သူက သူ့ရှေ့ရှိ အစုတ်အပဲ့ဂြိုဟ်ထံသို့ ဦးတည်သွားတော့သည်။ အဝေးမှကြည့်ပါက ထိုဂြိုဟ်တစ် ခုလုံးသည် အပြာရောင်ဖုံးလွှမ်းနေသည်။ ၎င်းဂြိုဟ်ထံမှ ထွက်ပေါ်လာသည့် အသက်ဓာတ်သည် သန်မာလှကာ ထို နေရာ၌ သေမျိုးအများအပြား နေထိုင်သည်မှာ သိသာ နေ၏။

ဝမ်လင်းက ထိုဂြိုဟ်ရှိရာသို့ မြန်ဆန်စွာ တိုးဝင်လာ နေ၏။

ထိုဂြိုဟ်၏ လေထုက ပါးလွှာကာ ဝမ်လင်းက ထိုလေထုကို တိုက်ရိုက် ဖြတ်သန်းလာသည်။ သူက ထိုဂြိုဟ်၏ ကောင်းကင်ထက်သို့ ရောက်ရှိလာသည့်အခါ အောက်သို့ ငုံ့ကြည့်လိုက်ရာ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သွားသည်။

သည်နေရာက ဟင်္သာပြဒါးဂြိုဟ်နှင့် ဆင်တူလွန်းလှ သည်။ ၎င်းဂြိုဟ်က ပုံပန်းသွင်ပြင် ဆင်တူခြင်းသာမက ခံစားမှုနှင့်အော်ရာပင် ဆင်တူနေခဲ့သည်။

ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကြက် စစ်ဆေးကြည့်လိုက်သည်။ သည်နေရာ၌ ကျင့်ကြံသူများ ရှိကြပေ၏။ သို့သော် အားအကောင်းဆုံး ကျင့်ကြံသူများသည်ပင် စဦးစိတ်ဝိညာဉ်အဆင့်တွင် ရှိကြ သည်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကျင့်ကြံသူ တစ် ယောက်ပင် ရှိလို့မနေချေ။

သူက အနည်းငယ် စဉ်းစားကြည့်လိုက်၏။ သူက ထို ဂြိုဟ်ပေါ်ရှိ အမြင့်ဆုံးတောင်ထိပ်ကို ရွေးချယ်ရန် ဆုံးဖြတ် လိုက်သည်။ သူက ထိုတောင်ကို နေရာသတ်မှတ်ပြီးသည် နှင့် ထိုနေရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။

ချင်လင်းဂြိုဟ်ပေါ်တွင် ဟုန်ယွီတောင်သည် အမြင့်ဆုံး ဖြစ်သည်။ ထိုနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်က ပါးလှပ်လှ သော်လည်း အံ့ဘနန်းမြင်ကွင်းကို ရရှိနိုင်၏။ လူတစ် ယောက်က ထိုတောင်ထိပ်ပေါ်ကနေ ကမ္ဘာလောကြီးကို ကြည့်မြင် ခံစားနိုင်ပေသည်။

ချင်လင်းဂြိုဟ်ပေါ်တွင် ကျင့်ကြံခြင်းမိသားစု များစွာ ရှိသည်။ သေမျိုးနိုင်ငံ တစ်ခုစီ တစ်ခုစီတိုင်းတွင် အနည်းဆုံး ကျင့်ကြံခြင်းမိသားစု တစ်စု သို့မဟုတ် နှစ်စု ရှိနေကြသည် သာ ဖြစ်သည်။

သည်ဟုန်ယွီတောင်ထိပ်ကို စဦး စိတ်ဝိညာဉ်အဆင့်များ စွာ ပိုင်ဆိုင်ထားသည့် ကျန်းမိသားစုက ပိုင်ဆိုင်ပေသည်။ ပုံ မှန်အားဖြင့် ကျန်းမိသားစုထဲရှိ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် သူတို့၏ သက်တမ်း ကုန်ဆုံးခါနီးချိန် တွင် သည်နေရာသို့ ရောက်လာကာ တံခါးပိတ်ကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးကို နားလည်အောင် လုပ်ကြပေ သည်။

သည်နေ့တွင် ကျန်းမိသားစုမှ စဦးစိတ်ဝိညာဉ်အဆင့် တွင် အချိန်ကြာမြင့်စွာ တစ်ဆို့နေသော မိသားစု ခေါင်းဆောင် ကျန်းရှင်ဟိုင်က တောင်ထိပ်သို့ လမ်းလျှောက်လို့လာနေသည်။ သူ့ခန္ဓာကိုယ်တွင်လည်း သေဆုံးခြင်းအော်ရာတို့ ပြည့်နေသည်။

သူက သူ့ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း အားနည်းလာ နေသည်ကို ခံစားမိနေ၏။ တောင်ထိပ်ပေါ်သို့ တက်နေ သော သူ့ခြေလှမ်းများပင် ခက်ခဲလာခဲ့သည်။ ဟုန်ယွီ တောင်ထိပ်ပေါ်၌ ကြီးမားသော ကျောက်တုံးစင်္ကြံတစ်ခု ရှိနေသည်။ ကျောက်ရှင်းဟိုင်က တောင်ထိပ်သို့ ရောက်လာ သည့်အခါ သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းလို့သွား သည်။ သူက ထိုကျောက်စင်္ကြံပေါ်၌ ထိုင်နေသည့် လူတစ် ယောက်ကို တွေ့မြင်လိုက်ရလေသည်။
ထိုလူက အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ဖြစ် ကာ သူ့အနက်ရောင်ဆံပင်များက လေထဲ၌ မျောလွင့် နေသည်။ သူ့အဝတ်အစားများကလည်း လေနှင့်အတူ တ ဖျတ်ဖျတ် လွင့်လို့နေသည်။ ကျန်းရှင်ဟိုင်၏ အမြင်တွင် ထို လူသည် မတည်ရှိနေသည့်အလား။

သူက ထိုလူငယ်ကို သူ့နတ်ဘုရားအာရုံဖြင့် ထောက်လှမ်းနိုင်ခြင်း မရှိဘဲ သူ့မျက်လုံးဖြင့်သာ မြင်နိုင်ပေ သည်။ ထိုသန်မာမှုက သူ့ကို နောက်သို့ ခြေလှမ်း အနည်းငယ် အလိုလို ဆုတ်သွားစေသည်။

ထိုအနက်ရောင်ဆံပင်နှင့် လူငယ်က သူ့ဘက်သို့လှည့် လာခြင်း မရှိပေ။ သူက မိုးကုပ်စက်ဝိုင်းစွန်းရှိ နေဝင်ချိန်ကို သာ ငေးမောကြည့်နေရင်း တည်ငြိမ်စွာ ပြောလာခဲ့သည်။ "ဒီနေရာက မဆိုးဘူးပဲ..."

သည်ရိုးရှင်းသောစကားထဲ၌ မည်သည့်စွမ်းအားမှ ပါဝင် မနေခဲ့ပေ။ သို့သော် ထိုအသံက ကျန်းရှင်းဟိုင်နားထဲသို့ ကျ ရောက်လာသည့်အခါ သူ့ချည့်နဲ့နေသော ခန္ဓာကိုယ်သည် အားမာန်တက်ကြွမှုနှင့် ပြည့်နှက်သွားခဲ့သည်။ ထို့အပြင် သည်အသံက ကျန်းမိသားစု၏ ခေါင်းဆောင်ဟူသည့် သူ့ပုံ ရိပ်ကိုလည်း အလိုလို ဖိနှိပ်ပြီး ဖြစ်နေသည်။

သူက အလိုလိုခေါင်းငုံ့လိုက်သည်။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင့် ပြည့်နေသည်။ သည်အရာက အော် ရာ၏ သက်ရောက်မှုကြောင့်မှန်း သူက သိနေသည်။ သူကသေမျိုးအင်ပါယာများနှင့် သွားတွေ့သည့်အခါ ထိုသူများက သူ့အော်ရာကြောင့် အလိုလိုခေါင်းငုံ့ခဲ့ရသည် မဟုတ်လား။

သည်အခိုက်အတန့်တွင် သူကလည်း အလိုလို ခေါင်းငုံ့မိသွားခြင်းပင်။

"ကံမကောင်းစွာနဲ့ ဒီလိုတောင်ကို မင်းတို့က သင်္ချိုင်းတစ် ခုလို အသုံးပြုနေတယ်..."

အနက်ရောင်ဆံပင်နှင့်လူငယ်က ခေါင်းယမ်းကာ သူ့ညာ လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုတောင်က ချက်ချင်း တုန်ယင်လာကာ သည်နေရာတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကတည်းက စုစည်းလာခဲ့သည့် သေဆုံး ခြင်းအော်ရာသည် သဲလွန်စမရှိ ပျောက်ကွယ်သွားချေ သည်။

တောင်တစ်ခုလုံးက နောက်ထပ် အသစ်တစ်ဖန် မွေးဖွား လာသကဲ့သို့ ထင်မှတ်ရသည်။ ထိုတောင်က အသက်ဓာတ် နှင့် ပြန်လည် ပြည့်တင်းလာသည်ဟု ထင်ရလေသည်။

ကျန်းရှင်ဟိုင်က သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ကာ မှင် တက်နေမိသည်။ သူ့မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှု နှင့် ပြည့်လို့နေသည်။ တုံ့ဆိုင်းခြင်းမရှိသူက မြေပေါ်သို့ ဒူး ထောက်ချကာ လေးစားစွာ ပြောလိုက်သည်။ "ဂျူနီယာ ကျန်းရှင်ဟိုင်က စီနီယာကို နှုတ်ဆက်ပါတယ်။ စီနီယာက ဒီဟုန်ယွီတောင်ထိပ်ကို သဘောကျတယ်ဆိုရင် ဂျူနီယာက ဒီတောင်ထိပ်ကို စီနီယာအတွက် ချက်ချင်း လက်ဆောင်ပေးပါ့မယ်..."

"ဟုန်ယွီတောင်ထိပ်..." သည်အနက်ရောင်ဆံပင်နှင့် လူငယ်ကတော့ ဝမ်လင်းပင် ဖြစ်သည်။ သူက ကျန်းရှင်ဟို င်ဘက်သို့ လှည့်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက် သည်။ "မင်းသက်တမ်းက ကုန်ခါနီးနေပြီ။ ဒါက ငါ့ စွမ်းအားနဲ့တောင် ပြောင်းလဲပေးဖို့ အတော်ခက်ခဲလိမ့် ໑໖..."

ကျန်းရှင်ဟိုင်က ခါးသက်စွာ ပြုံး၍ လေးလေးစားစား ပြောလိုက်သည်။ "စီနီယာက ငါ့ကို နားလည်မှု လွဲနေပါပြီ။ ဂျူနီယာက ကာင်းကင်ဘုံရဲ့ ဆန္ဒကို နားလည်ပါတယ်။ မ သေခင် အချိန်လေးမှာ စီနီယာလို အားကောင်းတဲ့ ကျင့်ကြံ သူတစ်ယောက်နဲ့ တွေ့ရတာနဲ့တင် ဂျူနီယာက နောင်တမရ တော့ပါဘူး...။ ဒီတောင်ကို မပြောနဲ့...စီနီယာကသာ လိုချင်ရင် ဒီချင်လင်းဂြိုဟ်တစ်ခုလုံးကို လက်ဆောင်အဖြစ် ပေးမှာပါ..."

ဝမ်လင်းက သူ့ညာလက်ဖြင့် စိတ်ဝိညာဉ်စွမ်းအင်တန်း တစ်ခုကို ကျန်းရှင်ဟိုင်၏ မျက်ခုံးနှစ်ခုကြားထဲသို့ ပို့ လွှတ်လိုက်သည်။ သည့်နောက် သူက တိုးညင်းစွာ ပြော လိုက်သည်။ "ငါက မင်းရဲ့ဘဝကို ပြောင်းလဲမပေးနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို လောင်ကျွမ်းပစ်ပြီး မင်းသက်တမ်းကို ဆယ်နှစ်လောက် ဆွဲဆန့်နိုင်ဖို့တော့ ငါ လုပ်ပေးလိုက်မယ်..."
သူက စိတ်ဝိညာဉ်စွမ်းအင်တန်းကို ပို့လွှတ်လိုက်သည့် အချိန်၌ ဝမ်လင်းသည် သက်ပြင်းချမိသည်။ သည်မန္တန် သည် သူက တတိယအဆင့်ကို တွေ့မြင်ပြီးသည့်နောက်မှ အသုံးပြုနိုင်သည့်အရာ ဖြစ်သည်။သူကသာ သည်မန္တန်ကို အရင်တုန်းက အသုံးပြုနိုင်ခဲ့ပါက လီမူဝမ်သည် ကောင်းကင်ဘုံဆန့်ကျင်ခြင်း ပုတီးစေ့ထဲသို့ ထည့်သွင်း ထားခြင်း ခံရလိမ့်မည် မဟုတ်ပေ။

ကျန်းရှင်ဟိုင်၏ မျက်ခုံးနှစ်ခုကြားသို့ မန္တန်ကျရောက် သွားချိန်၌ သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့ခန္ဓာကိုယ် ထဲမှ စိတ်ဝိညာဉ်စွမ်းအင်ထဲရှိ အသက်ဓာတ်ကိုလည်း ခံစားလိုက်ရသည်။ သူက အသက်ဝဝရှူသွင်းလိုက်မိ၏။ သူက ဝမ်လင်းကိုကြည့်၍ လေးစားစွာ ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်...စီနီယာ…။ စီနီယာက ဘာအမိန့်ပဲ ပေးပေး ဂျူနီယာက အကောင်းဆုံး လုပ်ဆောင်ပေးပါ့ ໑໖..."

ကျန်းမိသားစု၏ ခေါင်းဆောင် ဖြစ်လာသူအဖို့ သူက ဉာဏ်နည်းလှခြင်း မရှိပေ။ သည်ကမ္ဘာပေါ်တွင် မည်သည့် အရာကမျှ အလကား မရနိုင်ဟု သူက သိ၏။

သူက ဝမ်လင်းသည် သည်တောင်က မဆိုးလှဟု ပြော လိုက်သည့်အခါတွင် ချက်ချင်းပင် ထိုတောင်ကို လက်ဆောင်ပေးခဲ့သည် မဟုတ်လား။ ဝမ်လင်းလို ကျင့်ကြံ မှုအဆင့်မျိုးဖြင့် ထိုပုံစံမျိုးဖြင့် ပြောဆိုခြင်းကပင် အများ ကြီး သက်ညှာမှုပါနေပေ၏။ သူက သည်တောင်ကို လိုချင်လျှင် ထိုသို့ ပြောနေစရာမလိုဘဲ ချက်ချင်း သိမ်းပိုက်ပစ်နိုင် စွမ်း ရှိပေသည်။

ကျန်းရှင်ဟိုင်က သည်လူသည် ချင်လင်းဂြိုဟ်မှ မဟုတ် ကြောင်း ခန့်မှန်းမိ၏။ သူက အပြင်ဘက်မှ လာခဲ့သူ ဖြစ်ရ ပေမည်။ အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းလာနိုင်သူ အဖို့ ထိုလူ၏ ကျင့်ကြံမှုအဆင့်က အနည်းဆုံး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တွင် ရှိနေရပေမည်။

ဝမ်လင်းက ကျန်းရှင်ဟိုင်ကို တည်ငြိမ်စွာ ကြည့်၍ ပြော လိုက်သည်။ "ငါ မင်းကို သေမျိုးကမ္ဘာရဲ့ မကျေမချမ်းမှုကို စုဆောင်းနိုင်ဖို့ အချိန်ဆယ်နှစ် ပေးလိုက်မယ်။ ပိုများလေ ကောင်းလေပဲ။ မင်းလုပ်ဆောင်မှုကို ငါကျေနပ်မယ် ဆိုရင် ဒီဂြိုဟ်မှာ ငါ ရှိနေသ၍ မင်းရဲ့ကျန်းမိသားစုက ဘယ်တော့ မှ မပျောက်ကွယ်သွားစေရဘူး...။ ခု သွားတော့..."

ကျန်းရှင်ဟိုင်က လေပြင်းတစ်ချက် တိုက်ခတ်သွားသည် ဟု ခံစားလိုက်ရ၏။ သူ့ရှေ့တွင် ထုထဲသော မြူလွှာတစ်ခု သာ ရှိ၍ လေတိုးသံများက နားထဲ၌ တဝီဝီ ဖြစ်သွားသည်။ သူက အမြင်အာရုံ ပြန်ရသည့်အခါတွင် တောင်ခြေသို့ ရောက်နှင့်လို့နေသည်။

သူက ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်တစ်ခုလို ခံစားနေ မိသည်။ သူက သူ့မျက်ခုံးနှစ်ခုကြားသို့ ထိကြည့်လိုက်သည့် အခါတွင် သူ့ခန္ဓာကိုယ်ထဲရှိ အသက်ဓာတ်ကို ခံစားမိလိုက် သည်။ သူက အသက်ဝဝရှူသွင်းလိုက်၏။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေကာ သူက တောင်ရှိရာသို့ ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ပြန်ထွက်ခွာလာခဲ့ တော့သည်။

"ငါက စီနီယာတောင်းဆိုသမျှကို အကောင်းဆုံး လုပ်ရ မယ်..." ကျန်းရှင်ဟိုင်က အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်း၍ ကျန်းမိသားစုရှိရာသို့ ဦးတည်သွားတော့သည်။

ကျန်းရှင်ဟိုင်ကို စေလွှတ်ပြီးသည့်နောက် ဝမ်လင်းက အနည်းငယ် စဉ်းစားကာ စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူလိုက်သည်။ သူက တောင်ပေါ်၌ ထိုပေသုံးဆယ်ခန့် ရှည်သည့်အလံကို ထိုးစိုက်လိုက်သည်။

ထိုအလံက လေနှင့်အတူ တဖျတ်ဖျတ် လွင့်နေကာ စိတ် ဝိညာဉ်အပိုင်းအစများစွာ ပျံသန်းထွက်လာခဲ့ပြီး တောင်ထိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။ ပင်မစိတ် ဝိညာဉ်သုံးခုကလည်း ထွက်ပေါ်လာခဲ့ကာ သည်ဧရိယာကို လွှမ်းခြုံသွားသည်။ တောင်တစ်ခုလုံးက သိပ်သည်းသော အနက်ရောင်မြူတို့နှင့် ဖုံးအုပ်သွားတော့သည်။

ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန် သော အားတစ်ခုက တောင်ရှိရာသို့ ရုတ်တရက် ထိုးထွက် လာသည်။ သည့်နောက် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး သည့်နောက် လိုဏ်ဂူကြီးတစ်ခုက တောင်ပေါ်၌ ပေါ်လာခဲ့ တော့သည်။

ဝမ်လင်းက သူ့ညာလက်ညှိုးကို ရှေ့သို့ညွှန်လိုက်ရာကောင်းကင်ဘုံမန္တန်တစ်ခုက ထိုးထွက်သွားပြီး ဂူတံခါးဝ တွင် ရေးထွင်းခတ်နှိပ်သွားသည်။ ကောင်းကင်ဘုံမန္တန်၏ တည်ရှိမှုက ပြင်းထန်သော ဖိအားတစ်ခုကို ဖန်တီး ထားသည်။

ထိုအရာများအားလုံးကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်း သည် ထိုင်ချကာ သူ့နတ်ဘုရားအာရုံကို ချင်လင်းဂြိုဟ်တစ် ခုလုံးသို့ နောက်တစ်ကြိမ် ဖြန့်ကြက်လိုက်သည်။ သည်တစ် ကြိမ်၌ သူက နတ်ဘုရားအာရုံဖြင့် သတင်းစကား ပို့ လွှတ်လိုက်ခြင်း ဖြစ်သည်။

"ဒီနေ့ကစပြီး ဒါက ငါ့ကျင့်ကြံမှုဂြိုဟ်ပဲ။ ဟုန်ယွီ တောင်ထိပ်ရဲ့ ငါးထောင်ကီလိုမီတာ ပတ်လည်က တားမြစ် နေရာ ဖြစ်တယ်။ ကျူးကျော်လာတဲ့ ဘယ်သူမဆို သနား ညှာတာမှာ မဟုတ်ဘူး..."

ဝမ်လင်း၏ နတ်ဘုရားအာရုံက မိုးခြိမ်းသံအလား ဂြိုဟ် တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သူ့အသံက ကျင့်ကြံသူတိုင်း၏ နားထဲသို့ ဝင်ရောက်သွားကာ သူတို့၏အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။

သို့ရာတွင် မည်သည့်တစ်ဦးတစ်ယောက်ကမျှ ထိုအသံကို မခုခံဝံ့ပေ။

သည်ကနေ့မှစ၍ ချင်လင်းဂြိုဟ်သည် ပိုင်ရှင်ရှိလာခဲ့ပြီ ဖြစ်သည်။ ထိုပိုင်ရှင်ကတော့ ဝမ်လင်းမည်၏။

ချင်လင်းဂြိုဟ်ပေါ်တွင် ဝမ်လင်းက

အထွတ်အထိပ်တည်ရှိမှုဖြစ်သည်။ သူက သွေးဂြိုဟ်ပေါ်တွင် သေခြင်းရှင် ခြင်းကို ဆုံးဖြတ် ထိန်းချုပ်ထားသော သွေးဘိုးဘေးလိုမျိုး ဖြစ်လာ၏။ သူက ထျန်ယွမ်ဂြိုဟ်ပေါ်တွင် အထွတ်အထိပ်ပုံ ရိပ် ဖြစ်သူ ရှေ့ဖြစ်ဟောသူလိုမျိုး ဖြစ်လာခဲ့သည်။

ကံကြမ္မာ နယ်ပယ်ကို နားလည်ဖို့အတွက် တန်ဆာပလာ…(နောက်တစ်ပိုင်း)

ငါးနှစ်တာက ဖျတ်ခနဲ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ချင် လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူအားလုံးသည် မည်သည့် ကျင့်ကြံမှုအဆင့် ဖြစ်ပါစေ သည်ငါးနှစ်အတွင်း အတော် လေး အလှုပ်ရှုပ်သွားခဲ့ကြသည်။ ကျန်းရှင်ဟိုင်က အချိန် အတန်ကြာ စဉ်းစားကြည့်ပြီးနောက် ဝမ်လင်း၏ တောင်း ဆိုမှုကို ကွယ်ဝှက်မထားရန် ဆုံးဖြတ်ခဲ့သည်။ သူက ဝမ် လင်း၏ တောင်းဆိုမှုကို ကျင့်ကြံခြင်းမိသားစုတိုင်း သိအောင် သတင်းဖြန့်ခဲ့၏။

ကျန်းမိသားစုကတော့ ဝမ်လင်း၏ တမန်တော်များဟူ သည့် ပုံရိပ်ကို ရရှိခဲ့ကြ၏။

သည်ငါးနှစ်အတွင်း ကျင့်ကြံသူအများစုသည် သေမျိုး များ ရှိရာသို့ လှည့်လည်သွားလာခဲ့ကြကာ သူတို့၏ မကျေမ ချမ်းမှုကို စုဆောင်းခဲ့ကြ၏။ထိုမကျေမချမ်းမှု အော်ရာက သေမျိုးတိုင်းလိုလိုတွင် တည်ရှိကာ ပမာဏသာ ကွာခြားပေ၏

ချင်လင်းဂြိုဟ်ပေါတွင် သေမျိုးများက မြောက်မြားစွာနေထိုင်ကြ၏။ ငါးနှစ်တာကာလအတွင်း၌ စုဆောင်းမိသည့် မကျေမချမ်းမှုက (၄၀) ရာခိုင်နှုန်းပင် မပြည့်သေး ပေ။ အချိန်တစ်ဝက်တိတိ ကုန်ဆုံးလာသည်ခဲ့သည်ကို ကြည့်ရင်း ကျန်းရှင်ဟိုင်က စိတ်ပူပန်လာခဲ့၏။ သို့ရာတွင် အခုအရာကပင် သူတို့၏ အမြန်ဆုံး စုဆောင်းနိုင်သည့်နှုန်း ဖြစ်နေသည်။

သူကိုယ်တိုင်ပင် သေမျိုးကမ္ဘာသို့ သွားရောက်၍ စုဆောင်းခဲ့သေး၏။ သူ့မိသားစုရှိ အနည်းဆုံး ချီစုဆောင်း ခြင်းအဆင့် အလွှာငါးသို့ ရောက်သည့်လူတိုင်းကလည်း စုဆောင်းရန် စေလွှတ်ခဲ့ရသည်။

သည်ငါးနှစ်အတွင်း ဝမ်လင်းက တောင်ထိပ်ပေါ်တွင် ထိုင်ကာ သူ့ရတနာများကို သန့်စင်နေခဲ့ပေ၏။

သူ သန့်စင်ခဲ့သည့် တစ်ခုက သူ့မူလစိတ်ဝိညာဉ်ထဲရှိတောင်နှင့်မြစ်အကာအရံပင် ဖြစ်သည်။ ၎င်းက ပြင်းပြင်းထန်ထန် ထိခိုက်ထားခဲ့ခြင်း ဖြစ်သည်။ ဝမ် လင်း၏ မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးသည် ယင်း အကာအရံကို ပေါင်းစပ်ကာ ပြုပြင်ပေးနေခဲ့သည်။

ထို့အပြင် ကောင်းကင်ဘုံတောင်လည်း ရှိသေးသည်။ တောင်ပေါ်ရှိ အက်ကွဲကြောင်းကြောင့် တောင်စိတ်ဝိညာဉ် ကို ထုတ်ယူရာ၌ မတည်မငြိမ် ဖြစ်လာခဲ့ရသည်။ ဝမ်လင်း က သူ့မူလစိတ်ဝိညာဉ်ထဲရှိ စွမ်းအင်ကို အသုံးပြုကာ ၎င်း တောင်ကို ဖြည်းဖြည်းချင်း ပြန်ပြုပြင်နေခဲ့သည်။
အနီရောင်လိပ်ပြာ၏ အပြာရောင်နှင်းဆီပန်းနှင့်

ပေါင်းစပ်သွားသည့် သရဖူကိုတော့ ဝမ်လင်းက အချိန် အတန်ကြာ လေ့လာကြည့်ခဲ့သော်လည်း ယင်သရဖူ အကြောင်းကို ဖြတ်မြင်နိုင်စွမ်း မရှိခဲ့ပေ။

သည်ရတနာသုံးခုက သူ သိပ်မကြာသောအချိန်ကမှ ရရ ခဲ့ခြင်း ဖြစ်သည်။ သူက ၎င်းတို့ကို သန့်စင်နေရင်းဖြင့်ပင် အချိန်တချို့ယူကာ သူ သိမြင်ထားခဲ့သည့် တတိယအဆင့် လမ်းကြောင်းနှင့်ပါ ပေါင်းစပ်ပေးနေခဲ့သည်။ သူက သူ့ သိုလှောင်အိတ်ထဲမှ သာမန်ရတနာအချို့ကိုလည်း ထုတ်ယူ ခဲ့သေး၏။

ထိုထဲက တစ်ခုက စိတ်ဝိညာဉ်ကျာပွတ်ပင်။

သည်ကျာပွတ်က ဝမ်လင်းနှင့် ရှိနေသည်မှာ အချိန် အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ဆိုး ကျိုး၊ ကောင်းကျိုးကို သိသာစွာ ပိုင်ဆိုင်ထားသည်။ အရင် တုန်းက ဝမ်လင်းသည် ၎င်းကို အရေးကြီးသည့် တစ်ခု အဖြစ် မမြင်နိုင်ခဲ့ပေ။ သို့သော် ခုချိန်၌ သူက ထိုကျာပွတ် နှင့်ပတ်သက်၍ တော်တော်လေး အလေးထားကြည့်နေ၏။

ဝမ်လင်းက သူ့လက်ထဲရှိ စိတ်ဝိညာဉ်ကျာပွတ်ကို ကြည့် လိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ့ရတနာတွေ အားလုံးထဲမှာ...ဉာဏ်ရည်ချင်းယှဉ်ရင် ကောင်းကင်ဘုံဓား ဒါမှမဟုတ် လခြမ်းကွေးဓားသွားတို့ကို ဒီကျာပွတ်က မယှဉ်နိုင်ဘူး...။ ခုခံမှုမှာဆိုရင်လည်း စိတ်ဝိညာဉ်တစ်ကုဋေအလံ ဒါမှမဟုတ် တောင်နဲ့မြစ်အကာအရံကို မယှဉ် နိုင်ဘူး။ စွမ်းဆောင်ရည်မှာ ဆိုရင်လည်း ဒီကျာပွတ်က ကောင်းကင်ဘုံတောင် ဒါမှမဟုတ် နတ်ဘုရားသတ်ဖြတ် ခြင်း စစ်ရထားကို မယှဉ်နိုင်ပြန်ဘူး။ ဒါပေမဲ့ ဒီကျာပွတ် ရတနာ တစ်ခုတည်းမှာသာ ငါ မြင်တွေ့ခဲ့တဲ့ တတိယ အဆင့်ရဲ့ အော်ရာပါနေတယ်...။ ဒီကျာပွတ်က တကယ့်ကို ထူးဆန်းနေတယ်..."

သည်ကျာပွတ်က သာမန်ဟုသာ ထင်ရသည်။ သို့သော် ကောင်းကင်ဘုံတစ္ဆေက ၎င်းကျာပွတ်ကို မြင်တွေ့ခဲ့ချိန်၌ ၎င်း၏ အသိဉာဏ်ကိုပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားခဲ့ရ ဖူးသည်။ ဆိုလိုသည်က ၎င်းသည် သည်စိတ်ဝိညာဉ် ကျာပွတ်ကို သိနေသည်ဟူ၍ပင်။

"မူလစိတ်ဝိညာဉ်တွေကို ထုတ်ယူတာက တာအို အရင်းအမြစ်နဲ့ တစ်ပြေးတည်း ဖြစ်တယ်။ ခန္ဓာကိုယ်ကို ကံကြမ္မာရဲ့ ကံအကြောင်း၊ မူလစိတ်ဝိညာဉ်ကို ကံအကျိုးလို့ တောင် ယူဆနိုင်တယ်။ ဒီကျာပွတ်က ကံကြမ္မာတာအိုရဲ့ စိတ်ဝိညာဉ်ပိုင်းကို သန့်စင်ထားတဲ့ ရတနာတစ်ခုပဲ..."

ဝမ်လင်းက စဉ်းစားကြည့်နေရင်း သူ့မျက်လုံးများက တောက်ပနေသည်။

သူ့နယ်ပယ်သည် သေခြင်းရှင်ခြင်း နယ်ပယ်ကနေ ကံကြမ္မာနယ်ပယ်ထဲသို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ သည်ကံကြမ္မာနယ်ပယ်က အလွန် ကျယ်ပြန့်လွန်းလှသည်။ ဝမ်လင်းက ထိုနယ်ပယ်၏ အစွန်းအဖျားကို သာ ထိတွေ့နိုင်စွမ်း ရှိသေး၏။ သို့သော် သူက ယင်း နယ်ပယ်၏ လေးနက်ထည်ဝါမှုကို ခံစားမိရပေသည်။

"ခုလက်ရှိ ငါ့ရဲ့ ကံကြမ္မာနယ်ပယ်အပေါ် နားလည် သဘောပေါက်မှုက တစ္ဆေလောကမြစ်လိုမျိုး အစစ်အမှန် တစ်ခုကို မဖန်တီးနိုင်သေးဘူး။ ဒါပေမဲ့လည်း တတိယ အဆင့်ကို တွေ့မြင်ပြီးတဲ့နောက်မှာ ငါက နားလည်မှုအချို့ ရရှိခဲ့တယ်…"

(ဘာသာပြန်သူမှတ်ချက်...ဝမ်လင်းသည် တစ္ဆေလောက မြစ်ကို သူ့သေခြင်းရှင်ခြင်းနယ်ပယ်ဖြင့် အစစ်အမှန် ဖြစ်လာသည့်အထိ ဖန်တီးနိုင်ခဲ့ပေသည်။)

ဝမ်လင်းက ညာလက်ဖြင့် စိတ်ဝိညာဉ်ကျာပွတ်ကို ပွတ် သပ်လိုက်သည်။ သူ့မျက်လုံးများက ပို တောက်ပသည်ထက် တောက်ပလာခဲ့သည်။

သူက ကံကြမ္မာနယ်ပယ်ဖြင့် အစစ်အမှန်အရာဝတ္ထုလို မျိုး မဖန်တီးနိုင်ခင်တွင် ကံကြမ္မာတာအိုထည့်သွင်း ပါဝင် နေသည့် အရာမျိုး၏ စွမ်းအားကို အသုံးပြုနိုင်မည့် နည်း လမ်းကို စဉ်းစားကြည့်နေသည်။

"စိတ်ဝိညာဉ်ကျာပွတ်ကို အသုံးပြုပြီးတော့ ကံကြမ္မာ နယ်ပယ်ကို ကူညီ သိပ်သည်းစေတာက အလုပ်ဖြစ်လောက် တယ်..."

ဝမ်လင်းက စဉ်းစားပြီးနောက် ချက်ချင်း ဆုံးဖြတ်ချက်ချ၏။ အခြား တစ်စုံတစ်ယောက်ဆိုလျှင် ထိုသို့ ဆုံးဖြတ်ချက်ချနိုင်ရန် တွန့်ဆုတ်နေပေလိမ့်မည်။ ထိုသို့ဖြစ် ရခြင်းက သူတို့သည် ထိုရွေးချယ်မှုက မှန်သလား သို့မဟုတ် သူတို့၏ နားလည်မှုကို ထိခိုက် ဟန့်တားသွား နိုင်သလား သေချာ မသိရှိခြင်းကြောင့် ဖြစ်သည်။

သို့ရာတွင် ဝမ်လင်းကတော့ မတူပေ။ သူက သူ့ရှေ့ရှိလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း သိမြင်နေခဲ့ပြီး ဖြစ်သည်။ သူက ထိုသို့ စိတ်ဝိညာဉ်ကျာပွတ်ကို အသုံးပြု ခြင်းသည် အများဆုံးမှ သူ့နယ်ပယ်အပေါ် အနည်းငယ်သာ သက်ရောက်နိုင်မှန်း သိနေခဲ့၏။ သူ့အတွက် ကြီးကြီးမား မား ပြဿနာဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက စိတ်ဝိညာဉ်ကျာပွတ်ကို ကောက်ယူလိုက်သည်။

"ငါက ဒီကျာပွတ်ကို ငါ့နယ်ပယ်ရဲ့ တန်ဆာပလာအဖြစ် ပြုလုပ်ရမယ်..."

ဝမ်လင်း မျက်လုံးထဲမှ ထူးဆန်းသော အလင်းတစ်ခု ထွက်ပေါ်လာသည်။ သည့်နောက် သူက ကျာပွတ်ကို သူ့ ပေါင်ပေါ်တွင် တင်လိုက်သည်။ထို့နောက် သူက မျက်လုံး မှိတ်ကာ ၎င်းကို သေချာ သန့်စင်တော့၏။

သူ့စိတ်က ထိုရတနာနှင့် ချိတ်ဆက်ထားကာ သူ့နယ်ပယ် ကလည်း ယင်း ရတနာထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်နေခဲ့သည်။

အချိန်က နောက်ထပ်သုံးနှစ် ကုန်ဆုံးသွားခဲ့ပြန်လေပြီ။

ဝမ်လင်းက ချင်လင်းဂြိုဟ်ပေါ်သို့ ရောက်သည်မှာ ရှစ်နှစ် ရှိလာခဲ့ပြီ ဖြစ်သည်။ သည်ရှစ်နှစ်အတွင်း သူက တောင်ပေါ် ကနေ တစ်ဖဝါးမှ ထွက်ခွာခဲ့ခြင်း မရှိပေ။ တကယ်တော့ ကျန်းရှင်ဟိုင်ကလွဲ၍ ဂြိုဟ်ပေါ်ရှိ မည်သူကမျှ သူ့ကို မြင် တွေ့ဖူးကြခြင်း မရှိပေ။

သို့ရာတွင် ချင်လင်းဂြိုဟ်၏ ပိုင်ရှင်၊ ဘိုးဘေး ဆိုသည့် အရာက ထိုကျင့်ကြံသူများ၏ စိတ်ထဲ၌ တဖြည်းဖြည်း ပို လေးလံသည်ထက် လေးလံလာခဲ့ကြသည်။

ထိုအနက်ရောင်မြူများ ဝန်းရံထားသည့်တောင်သည် ကျင့်ကြံသူအများ၏ စိတ်နှလုံးကို အေးစက်စေခဲ့သည်။ သို့သော် အချို့ ရူးမိုက်မိုက် ကျင့်ကြံသူများလည်း ရှိကြသည် သာ။ ထိုသူတို့က ချင်လင်းဂြိုဟ်၏ အရှင်ဟုခေါ်ဆိုသည့် သည်နေရာ၏ ခွန်အားကို စမ်းသပ် ကျူးကျော်လာကြ၏။

ထိုသူများအားလုံးသည် မြူလွှာထဲသို့ ဝင်သည်နှင့် ချက်ချင်းပင် အနက်ရောင်မြူ၏ ဝါးမျိုခြင်းကို ခံလိုက်ရပေ သည်။ ထို့အတွက်ကြောင့် နောက်နောင်တွင် သည်မြူထဲသို့ မည်သူကမျှ ထပ်မံ မဝင်လာရဲအောင် သတိပေးသလို ဖြစ်လာခဲ့၏။

သေမျိုးများကတော့ ထိုမျှ ဒုက္ခမရောက်ကြပေ။ သူတို့က အနက်ရောင်မြူကို မြင်လိုက်ချိန်တွင် အန္တရာယ်နှင့် ပြည့်နေကြောင်း သိကြ၏။ ထို့ကြောင့် သူတို့အားလုံးက ထို နေရာသို့ မဝင်ရောက်ကြပေ။

သည်သုံးနှစ်အတွင်း ဝမ်လင်းက သူ့ရတနာများ သန့်စင် ခြင်းအပေါ်တွင်သာ အာရုံစိုက်ထားသည်။ ဆူညံပူညံလုပ်သူ ဟူ၍ ရှုလီကော တစ်ယောက်သာ ရှိသည်။ သူက ဝမ်လင်း ချိပ်ပိတ်ထားသော သိုလှောင်အိတ်ထဲရှိ ချိပ်တံဆိပ်ကို ဖျက်ဆီးနေခဲ့သည်။ သူက သိုလှောင်အိတ်ထဲမှ ထွက်လာ နိုင်ခြင်း မရှိသော်လည်း အမြဲလိုလို အထဲကနေ မြည်တွန်တောက်တီးနေသည်။

သည်နေ့တွင် ဝမ်လင်း ပေါင်ပေါ်ရှိ စိတ်ဝိညာဉ်ကျာပွတ် သည် ကံကြမ္မာနယ်ပယ်ထဲသို့ ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ထို့အတွက်ကြောင့် သူက ၎င်းကျာပွတ်ကို နတ် ဘုရားအာရုံဖြင့် ပိုမိုလွယ်ကူစွာ ထိန်းချုပ်လာနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ကံကြမ္မာနယ်ပယ်၏ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာနှင့် ပေါင်းစပ်သွားမှုကြောင့် စိတ်ဝိညာဉ်ကျာပွတ် က ပိုမို၍ စွမ်းအားကောင်းလာခဲ့သည်။

ထိုအခိုက်အတန့်မှာပင် ထူးဆန်းသော အသံတစ်ခုက နောက်ထပ် ပေါ်လာပြန်၏။

"ကောင်လေး ဝမ်လင်း...မင်းက မင်းဘိုးဘိုးရှုကို မ လွှတ်ပေးပဲ နေဝံ့တယ်ပေါ့။ ငါက ခုချိန်မှာ စွမ်းအား ကောင်းနေပြီ။ ဒါကြောင့် မင်းက ငါ့ကို အပြင်ကို ထပ်ပြီး မ လွှတ်ပေးဝံ့တာပဲ။ အေးအေးဆေးဆေးနေနှင့်ဦး။ ဒီအဘိုးအိုက မင်းကို ခု မဆန့်ကျင်သေးပါဘူး။ ငါက ခုတွေးနေ တာ...မင်းကို ငါ့နောက်လိုက် လုပ်ခိုင်းရင် ကောင်းမလား လို့..။ ငါတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက ပြောင်းလဲ သွားလိမ့်မယ်...ငါက မင်းရဲ့ အရှင်သခင် ဖြစ်လာလိမ့် ໑໖..."

ရှုလီကော၏ မောက်မာသောအသံက သိုလှောင်အိတ်ထဲ ကနေ ထွက်လာပြန်သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။ သူက ရှုလီ ကောနှင့် ပတ်သက်၍ ဖြေရှင်းရန် အချိန်မပေးနိုင်ခြင်း ကြောင့်သာ မဟုတ်လျှင် ခုလောက်ဆို သည်ကောင့်ကို ပညာပေးနေခဲ့ပြီး ဖြစ်သည်။ ရှုလီကောက သည်အရာကို နားမလည်ဘဲ သူက ပိုပို၍ ရောင့်တက်လာခဲ့သည်။

ဝမ်လင်းမျက်လုံးက အေးစက်လာ၏။ သူက သိုလှောင် အိတ်ကို ပုတ်ကာ အေးစက်စွာ ပြောလိုက်သည်။ "ခု ထွက် လာခဲ့စမ်း..."

"အို...မင်းက မင်းဘိုးဘိုးရှုကို ဒီလိုမျိုး ပြောဝံ့တယ်ပေါ့။ ကောင်လေးဝမ်လင်း..မင်းက အခြေအနေကို နားမလည် သေးဘူး။ ငါက အရင် ရှုလီကော မဟုတ်တော့ဘူးကွ..."

ရှုလီကောက အသံက ထွက်ပေါ်လာပြီးနောက် အနက် ရောင်မြူတစ်ခုကပါ သူနှင့်အတူ ထွက်ပေါ်လာသည်။ သည် မြူထဲ၌ ဓားစွမ်းအင်တို့ ပြည့်နေသည်။ ထိုမြူများက လေ ထဲ၌ပင် ရှုလီကော၏ ပုံပန်းသွင်ပြင်အဖြစ် ပြောင်းလဲသွား၏။

သူက ပေါ်လာသည်နှင့် ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။ "ငါ ရှုလီကောရဲ့နေ့ရက် ရောက်လာခဲ့ပြီ။ ကောင်းကင်ဘုံက မျက်စိကန်းမနေဘူးကွ။ နောက်ဆုံး တော့ ငါက ခေါင်းမော့ရင်ကောနိုင်စွမ်း ရှိလာခဲ့ပြီ..."

ဝမ်လင်းက ရှုလီကောကို အေးစက်စွာသာ ကြည့်နေပြီး စကားမဆိုပေ။

ရှုလီကောက သူ့စကားဆုံးသွားသည်နှင့် ဝမ်လင်းကို လှမ်းကြည့်လိုက်သည်။ သည်အခိုက်အခန့်တွင် သူက မောက်မာလွန်းသည့်အသွင် ဖြစ်ပေါ်နေသည်။ သည့်နောက် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ကျုံ့လာကာ လေထဲ၌ပင် ဓား ကြီးတစ်လက်အသွင် ဖြစ်ပေါ်လာသည်။

သည်ဓားက ကောင်းကင်ဘုံဓားနှင့် အတိအကျတူ၏။ ၎င်းက ထိုးထွက်လာသည့်အခါ ပြင်းထန်သောဓားစွမ်းအင် က ပေါက်ကွဲထွက်လာသည်။ သည်ဓားစွမ်းအင်ထဲ၌ ရှေးဟောင်းဓားစိတ်ဆန္ဒ ပါဝင်နေပေ၏။ ထိုအရာက တုန်လှုပ်စရာပင်။

သူက ဓားကြီးအဖြစ် ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင် လာခဲ့ကာ ချက်ချင်း နီးကပ်လာ၏။

ဝမ်လင်းမျက်လုံးများက အေးဆက်နေဆဲပင်။ ရှုလီကော နီးကပ်လာသည်ကို ကြည့်နေရင်း ဝမ်လင်းက လှုပ်ရှားခြင်း မပြုပေ။ သို့သော် သူ့ ပေါင်ပေါ်ရှိ စိတ်ဝိညာဉ်ကျာပွတ်ကတော့ လေထဲသို့ ပျံတက်သွား၏။ ထူးဆန်းအံ့ဖွယ်အော် ရာတစ်ခုက ပျံ့နှံ့လာကာ ချက်ချင်း ဝန်းရံသွားသည်။ ပေတစ်ထောင်ဧရိယာကို

ရှုလီကောက ထိုအော်ရာကို အရှင်းလင်းဆုံး ခံစားမိရ သည့်သူ ဖြစ်သည်။ သူက အာမေဋိတ်သံ ပြုမိကာ သူ အသွင်ပြောင်းထားသည့် ဓားကြီးကပါ မတည်မငြိမ် ဖြစ်လာခဲ့သည်။ သို့ရာတွင် ထိုဓားက ပိုမိုများပြားသော ဓား စွမ်းအင်များကို ထုတ်လွှတ်လာပြန်သည်။ သူက ထိုအော် ရာအားကို ခုခံနေသည်မှာ သိသာပေ၏။

သည်အခိုက်အတန့်၌ ဝမ်လင်း၏ အသံက ဖြည်းဖြည်း ချင်း ပဲ့တင်ထပ်လာခဲ့တော့သည်။

"ဒီကမ္ဘာလောကထဲမှာ ရှိတဲ့ အရာအားလုံးက ကံတရား ကနေ လွတ်မြောက်ဖို့ ခက်ခဲလွန်းလှတယ်။ ကံကြမ္မာရဲ့ အကြောင်းနဲ့အကျိုးက နေရာတိုင်းမှာ ဖြစ်နေခဲ့တာ..."

စိတ်ဝိညာဉ်ကျာပွတ်က တဖျတ်ဖျတ် ဖြစ်နေကာ ကံကြမ္မာတံခါးကို ဖွင့်ဟလိုက်သကဲ့သို့ ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်လေသည်။

စိတ်ဝိညာဉ် ကျာပွတ်က အစွန်းနှစ်ဖက်ကို ချိတ်ဆက် ကာ စက်ဝန်းတစ်ခုကဲ့သို့ ဖြစ်ပေါ်၏။ ရှုလီကော၏ ဓားကြီး က ထိုစက်ဝန်းထဲသို့ ကျဆင်းသွားကာ မြန်ဆန်စွာ ပျောက် ကွယ်လာချေသည်။

"ကံကြမ္မာအကျိုးဆက်ရဲ့ အရင်းမြစ်က ကံကြမ္မာအကြောင်းရင်းပဲ..." ဝမ်လင်းအသံက ထပ်မံ ထွက်ပေါ်လာ သည်။

ကြီးမားလှသည့် ဓားကြီး၏ ပျောက်ကွယ်လာမှုက ချက်ချင်းလိုလို ဖြစ်လာခဲ့ခြင်းပင်။ ယင်းဓားက အနက် ရောင်မြူအဖြစ်သို့ ပြန်ပြောင်းလဲသွားတော့၏။ ထိုအနက် ရောင်မြူထဲ၌ ရှုလီကော၏မျက်နှာ ပေါ်လာခဲသည်။ သူ့ မျက်နှာက အလွန်အမင်း ကြောက်လန့်မှုတို့နှင့် ပြည့်လို့ နေသည်။

"သခင်….သခင်…ငါ မှားခဲ့ပါတယ်။ ဒီကောင်ရှုက မှားခဲ့ ပါတယ်။ ဒီတစ်ကြိမ်က တကယ့်ကို မှားခဲ့တာပါ။ ငါ့ကို အသက်ရှင်ခွင့်ပေးပါ။ ကျေးဇူးပြုပြီး ဒီတစ်ကြိမ် ခွင့်လွှတ် 60:01..."

ရှုလီကောက ချက်ချင်းပင် တောင်းပန်ခယ လာသည်။ သူ့အသံထဲ၌ အလွန်အင်း ထိတ်လန့်ကြောက်ရွံ့နေမှုတို့ ပါဝင်နေသည်။

ဝမ်လင်း မျက်လုံးများက အေးစက်နေကာ သူက ရှုလီ ကောကို ကြည့်လိုက်သည်။ ရှုလီကော၏ အနက်ရောင်မြူ ကလည်း စက်ဝန်းထဲ၌ မြန်ဆန်စွာ ပျောက်ကွယ်လာ နေသည်။ ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "မင်းက ရှေးဟောင်းဓားစိတ်ဆန္ဒကို အမွေရခဲ့တာလဲ ငါ့ကြောင့်ပဲ။ ဒါကြောင့် ဒီအကျိုးအမြတ်ကို ငါ ပိုင်ဆိုင်တယ်..."

ရှုလီကောက သူ့ခန္ဓာကိုယ်ကနေ

ဖြစ်ပေါ်နေသည့်အနက်ရောင်မြူကပါ မြန်ဆန်စွာ ပျောက်ကွယ်လာ နေသည်ကို တွေ့သည့်အခါ အလွန် ကြောက်လန့်သွား သည်။ သူက ချက်ချင်းပင် တောင်းပန်လိုက်ပြန်သည်။ "သခင်..ငါမှားခဲ့တာ သိပါတယ်။ ငါက ဘယ်တော့မှ ထပ် ပြီး မပုန်ကန်တော့ပါဘူး။ ဒါ့အပြင်..ဒါ့အပြင် သင်က ငါ့ ကို မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲခဲ့တာပါ။ သင့်ကြောင့် သာ မဟုတ်ရင် ဒီနေ့မှာ ငါဆိုတာ ရှိလာမှာတောင် မဟုတ် ဘူး။ ဒါမှန်တယ်မလား….သခင်….။ ဒါကရော ကံတရား မဟုတ်ဘူးလား..."

ရှုလီကောက စကားပြောနေရင်း တော်တော်လေး စိုးရိမ် ပူပန်နေမိသည်။ သူက လုံးဝ ပျောက်ကွယ်သွားမှာကို ကြောက်ရွံ့နေမိ၏။

သူ့စိတ်ထဲ၌လည်း နောင်တပြင်းစွာ ရနေမိသည်။

"ငါက ဒီမိစ္ဆာကောင်ကို ဘယ်တော့မှ မပုန်ကန်သင့်ဘူး။ ဒီလောက်နှစ်တွေအတွင်းမှာ ငါက ပုန်ကန်လိုက်တိုင်း ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ ရှုလီကော...အာ….ရှုလီ ကော...မင်းရဲ့ မှတ်ဉာဏ်တွေက တော်တော် ဆိုးသွားတာ ပါလား....။ ဒီဝမ်ဆိုတဲ့ မကောင်းဆိုးဝါးက ငါ့ထက်တောင် ပိုပြီး မကောင်းဆိုးဝါး ဆန်တယ်ဆိုတာ မင်းက မေ့နေခဲ့ တာလား.....

ရှုလီကောက ဝမ်လင်း သူ့ကို အခွင့်ရေးတစ်ခုပေးရန် ဆုတောင်းနေမိတော့သည်။

ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ "ဒါက မင်းရဲ့ကံတရား ပဲ...ငါ့ကံတရား မဟုတ်ဘူး..."
ပထမအဆင့် အထွတ်အထိပ်သို့ တက်လှမ်းခြင်း...

စိတ်ဝိညာဉ်ကျာပွတ်ကြောင့် ဖြစ်ပေါ်နေသော စက်ဝန်း က ဖြေလျော့သွားသည်။ ထို့နောက် ၎င်းက အလင်းတန်း အသွင်ပြောင်း၍ ပျောက်ကွယ်လို့သွားတော့သည်။

ကံကြမ္မာနယ်ပယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် ယင်း ကျာပွတ်သည် ရုပ်ပိုင်းအသွင် ဆက်လက် မပိုင်ဆိုင်တော့ ပေ။ ၎င်းက လူတစ်ယောက်၏ နယ်ပယ်နှင့် ဆင်တူလာခဲ့ ကာ ခံစားနိုင်၍ မြင်နိုင်စွမ်းမရှိသည့် တစ်စုံတစ်ခု ဖြစ်လာ ခဲ့တော့သည်။

ပျက်စီးလုနီးပါး ဖြစ်သွားသော ရှုလီကောသည် ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားသည်။ သူ့မျက်လုံးထဲရှိကြောက်ရွံ့မှုက အားကောင်းနေဆဲသာ။ သူ့အရင်က မောက်မာမှုများအားလုံး ပျောက်ရှကာ ခပ်ကုတ်ကုတ် ဖြစ် လို့နေသည်။ သူက ခပ်သွက်သွက် ပြောလာ၏။ "သခင်ရဲ့ မန္တန်က တကယ့်ကို ကြမ်းတမ်းတာပဲ။ တကယ်တော့ ကျ နော်ရှုက အရှင့်ကို လေ့ကျင့်နိုင်ဖို့အတွက် စောနကလို လုပ် ခဲ့တာပါ။ တကယ်တော့ ကျနော်ရှုက အရှင့်အပေါ်မှာ မိုးလောက်ကြီးတဲ့ သစ္စာတရား ထားထားပါတယ်..."

ဝမ်လင်းက ရှုလီကောကို ကြည့်၍ တည်ငြိမ်စွာ ပြော လိုက်သည်။ "မင်းက ထွက်လာမှတော့ သိုလှောင်အိတ်ထဲ ပြန်သွားစရာ မလိုတော့ဘူး။ မင်းက ဒီတောင်ရဲ့ ကီလိုမီတာ ငါးထောင်အတွင်းမှာ နေထိုင်နိုင်တယ်။ မင်းရဲ့ ရှေးဟောင်းဓားစိတ်ဆန္ဒကို နားလည်အောင် သွားလုပ်နေ 어..."

ရှုလီကောက မှင်တက်သွားသည်။ သူက သည်မိစ္ဆာ ကောင်က သူ့ကို ခုလိုမျိုး လွယ်လင့်တကူ ခွင့်လွှတ် လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သူက မျက်လုံးကစား၍ ခပ်သွက်သွက် ပြောလာပြန်သည်။ "သခင်…ရှုလီကောက သင့်နားကနေ မထွက်သွားချင်ပါဘူး။ ငါက သင့် အနီးအနားမှာ ရှိတဲ့အချိန်ဆိုရင် တည်ကြည်တယ်လို့ ခံစား မိပါတယ်..."

သူက ထိုသို့ပြောနေရင်းဖြင့် ဝမ်လင်းကို ဂရုတစိုက် ကြည့်နေသည်။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။ သူက ခေါင်းညိတ်၍ ပြောလိုက်၏။ "ဒီလိုဆိုတော့လည်း ဒီနားမှာ ύσφ..."

ရှုလီကောက ပြုံးလိုက်၏။ သို့သော် စိတ်ထဲတွင်တော့ ခါးသက်သက် ခံစားနေရသေည်။ "ဒီမိစ္ဆာကောင်က ငါ့ကို ကီလိုမီတာငါးထောင်အတွင်း တကယ်သွားခိုင်းတာလား။
ဒါ မဟုတ်လောက်ဘူး။ ဒါက ဒီမိစ္ဆာကောင်ရဲ့ စိတ်နေ စိတ်ထား မဟုတ်ဘူး..."

"လှည့်ကွက်တချို့ ရှိနေလိမ့်မယ်။ ဟက်……ကံကောင်းတာ က ငါ ရှုလီကောဟာ တော်နေတာပဲ။ မဟုတ်ရင် ငါက ဒီထ က့် ပိုခံစားသွားရနိုင်တယ်..."

ရှုလီကောက ထိုသို့တွေးကာ သူ့ကိုယ်သူ အထင်ကြီးနေ တော့သည်။ သူက မြန်ဆန်စွာပင် အသွင်သဏ္ဌာန် ဖြစ် ပေါ်၍ ထိုင်ချလိုက်သည်။ ခဏအကြာတွင် သူက အနည်း ယ် စိတ်မရှည် ဖြစ်လာသည်။ သူက ဝမ်လင်းကို မကြာခဏ လှမ်းလှမ်းကြည့်ကာ သဲလွန်စအချို့ ရရန် ကြိုးပမ်း နေသည်။

ဝမ်လင်းက ရှုလီကောကို အာရုံမစိုက်တော့ပဲ သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ခြင်သားရဲနှင့် မိုးကြိုးဖားပြုပ်တို့ ထွက်ပေါ်လာကြသည်။ ခြင်သားရဲက မိုး ကြိုဖားပြုပ်ကျောပေါ်တွင် သက်သောင့်သက်သာ လှဲ လျောင်းနေ၏။ ၎င်းက ပေါ်လာသည်နှင့် ဝမ်လင်းကို အသံပြုလိုက်၏။ သို့သော် သူက မိုးကြိုးဖားပြုပ်၏ ကျော ပေါ်တွင်သာ ဆက်၍ လှဲလျောင်းနေခဲ့ပေသည်။

၎င်းတို့ ပေါ်ထွက်လာသည့်နောက် အခြားခြင်သားရဲများ ကလည်း လိုက်ပါလာခဲ့ကြ၏။ ထိုခြင်သားရဲများသည် သားလောင်းအဆင့်တွင် ဖြစ်ကာ ခုထိ အရွယ်ရောက်ကြ ခြင်း မရှိသေးဟု ယူဆ၍ ရသော်လည်း သူတို့အားလုံးကကြမ်းကြုတ်သည့်အသွင် ဖြစ်ပေါ်နေကြ၏။

မိုးကြိုးဖားပြုပ်က ၎င်း ကျောပေါ်ရှိ ခြင်သားရဲနှင့် အသားကျနေသည်ဟု ထင်ရ၏။ ၎င်းက ပေါ်ထွက်လာ သည်နှင့် ၎င်း၏ ဗိုက်သားကို ဖြန့်ကားကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

သိပ်မကြာခင်တွင် နတ်ဘုရားသတ်ဖြတ်ခြင်း စစ်ရထား ထွက်ပေါ်လာကာ ၎င်းက မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းက ပေါ်ထွက်လာသည့်နောက် မိုးကြိုးဖားပြုတ်ကို တွေ့မြင်သွားကာ ဟိန်းဟောက် တော့၏။

မိုးကြိုးဖားပြုပ်၏ မူလပျင်းရိလေးတွဲနေသည့်ဟန်က ရုတ်တရက် ပျောက်ကွယ်သွားတော့၏။ ၎င်း၏ မျက်လုံးက ပြူးကျယ်လာကာ မိုးကြိုးဖားပြုပ်ကို စူးစိုက်ကြည့် နေသည်။ ၎င်းကျောပေါ်ရှိ ခြင်သားရဲကလည်း မိုးကြိုး သားရဲကို စိတ်ဝင်တစား ကြည့်လို့နေသည်။

ရှုလီကော သူတို့ဘေးတွင် ရှိနေ၏။ သူက မျက်လုံးအပြူး သား ဖြစ်လို့နေသည်။ သူက မိုးကြိုးသားရဲကို သေချာ ကြည့်၍ တွေးလိုက်မိ၏။ "သခင်က တကယ့်ကို သခင်ပဲ။ သိပ်မကြာသေးတဲ့အချိန်မှာတောင် ခု နောက်ထပ် သားရဲ တစ်ကောင် ပိုင်ဆိုင်ထားပြန်ပြီ..."

"ဒါပေမဲ့လည်း သခင်က သားရဲတွေနဲ့ ပတ်သက်ပြီး ကံကောင်းတယ် ဆိုပေမဲ့ ငါ ရှုလီကောကတော့ အလှလေးတွေနဲ့ ပတ်သက်ပြီး ကံကောင်းပါတယ်..."

ရှုလီကောက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိသူ့ တစ်ဖက်သတ်အလှလေး ဓားစိတ်ဝိညာဉ်ကို သတိရမိသွား သည်။

သူက မိုးကြိုးသားရဲ၊ မိုးကြိုးဖားပြုပ်နှင့် ခြင်သားရဲများ ကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းထံသို့ ကြည့်လိုက် ပြန်သည်။ ထိုအခါ သူက ဝမ်လင်းထံမှ အထီးကျန်မှုနှင့် ဂုဏ်မာနတို့ကို ခံစားလိုက်မိသည်။

ရတနာများကို ဆက်လက် သန့်စင်မွမ်းမံနေတုန်းပင်။ သို့သော် အချိန်ကန့်သတ်ချက်ကြောင့် သည်တစ်ကြိမ်က ထို အတွက် အာရုံမစိုက်ထားပေ။ ဝမ်လင်းက တတိယအဆင့် ကို တွေ့မြင်ခဲ့ခြင်းကို အသုံးပြုကာ သူ့မန္တန်များကို ပြန်ချိန် ညှိရန် ဆုံးဖြတ်လိုက်၏။

သူက စတင် စဉ်းစားနေသည်။ သူထိန်းချုပ်နိုင်သော မန္တန်များထဲ၌ အားအကောင်းဆုံးမန္တန်သည် ကောင်းကင် ခုတ်ပိုင်းခြင်း မန္တန်ဖြစ်၏။ သို့ရာတွင် သူက ပထမအဆင့် ကျင့်ကြံခြင်းကို ချိုးဖျက်ကာ ပုံရိပ်ယောင်ယင်အဆင့်သို့ မ ရောက်သေးခင်တွင် ယင်းမန္တန်ကို အသုံးပြုခြင်းသည် သူ့ တန်ဖိုးရှိလှသည့် မူလစွမ်းအင်ကို ကုန်ဆုံးစေ၏။

နောက်တစ်ခုကတော့ ရပ်တန့်ခြင်း မန္တန်ပင်။ထိုမန္တန်က ကောင်းကင်ဘုံခုတ်ပိုင်းခြင်းထက် အားမနည်းပေ။ မှန်ကန် သောအချိန်၌ ထိုရပ်တန့်ခြင်းမန္တန်ကို အသုံးပြုပါကတိုက်ပွဲ သို့မဟုတ် သေရေးရှင်ရေးကို အဆုံးအဖြတ်ပေး သွားနိုင်ပေ၏။

သည်မန္တန်များအပြင် နောက်ထပ် မရဏလက်ချောင်း၊ နတ်ဆိုးလက်ချောင်းနှင့် တစ္ဆေလောက လက်ချောင်းတို့ လည်း ရှိကြသေး၏။

သည့်အပြင် တစ္ဆေလောကမြစ်၏ စွမ်းရည်သုံးခုလည်း သူ့ထံ၌ ပိုင်ဆိုင်ထားသေးသည်။ သူ့သေခြင်းရှင်ခြင်းတာအို က တစ္ဆေလောကမြစ်၊ မြစ်စိတ်ဝိညာဉ်နှင့် တစ္ဆေလောက မြစ်စွမ်းအားတို့ကို ဖြစ်ပေါ်စေခဲ့သည်။

သူ ညှိယူပြင်ဆင်ရန် လိုအပ်သည်က လက်ချောင်းသုံးခု တိုက်ကွက်ကိုပင် ဖြစ်သည်။ သူက သာ ထိုနည်းစနစ်များ ကို ဆက်လက်အသုံးပြုပါက တတိယအဆင့်သို့ ဦးတည် သည့် သူ့လမ်းကြောင်းကို များစွာ ထိခိုက်စေပေလိမ့်မည်။ သည်မန္တန်သုံးခုက မပြည့်စုံသည့်အတွက် သူ့ခန္ဓာကိုယ်ကို အန္တရာယ် ဖြစ်စေခြင်းပင်။ ယင်းမန္တန်သုံးခုက သူ့တတိယ အဆင့် လမ်းကြောင်းအတွက် ဘာကြောင့် အန္တရာယ် ဖြစ် စေသည်ကို ဝမ်လင်း မသိပေ။ သို့သော် သူက ထိုသို့ ခံစား မိ၏။

သူက စဉ်းစားနေရင်းဖြင့် သူ့လက်ချောင်းကို ဆတ်ခနဲ တောက်ထုတ်လိုက်ကာ မန္တန်သုံးခုလုံးကို အသုံးပြု လိုက်၏။ သည်မန္တန်များက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာ ခဲ့သည်။ သူက မန္တန်သုံးခု၏ အရှိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်ကာ ဆက်တိုက် ထုတ်ဖော်ကြည့်နေသည်။

ဝမ်လင်းက သူ့စိတ်ထဲရှိ မှုန်ဝါးဝါး ခံစားချက်ကိုသုံးကာ ထိုမန္တန်များ၏ ပစ်ချက်ကို မျက်မှောင်ကြုတ်၍ ရှာကြည့် နေသည်။ တဖြည်းဖြည်းဖြင့် ထိုမန္တန်များက တိုးတက်လာ ခဲ့၏။ သည်ဖြစ်စဉ်ကို ဖော်ထုတ်ရန် သူက အလွန်အားစိုက် ရ၏။ ထို့ကြောင့် သိပ်မကြာခင်တွင် ဝမ်လင်းက ပင်ပန်း လာခဲ့သည်။

ခဏတာ

အနားယူပြီးနောက်

ဝမ်လင်းက

နောက်တစ်ဖန် စတင်ပြန်၏။

အချိန်စက်ဝန်းက ရွေ့လျားနေကာ နောက်ထပ် နှစ်နှစ် တာ ကုန်ဆုံးသွားခဲ့ပြန်သည်။ သည်နှစ်နှစ်တာ အချိန် အတွင်း ဝမ်လင်းက သည်မန္တန်များကို မွမ်းမံခြင်းဖြင့်သာ အချိန်ကုန်နေခဲ့၏။ သို့ရာတွင် ခုချိန်ထိ သူက စိတ်ကျေနပ် လောက်သော ရလဒ်ရသည့်အထိ မအောင်မြင်သေးပေ။

ဝမ်လင်းက သူ စိတ်မရှည် ဖြစ်နေသည်ကို နားလည် ထား၏။

သို့ရာတွင် သူက လက်မလျှော့သေးပေ။ သူက သူ့မန္တန် များ တိုးမြင့်လာနိုင်ရန် အကောင်းဆုံး ဖြည်းဖြည်းချင်း လုပ်ဆောင်နေခဲ့သည်။ ဒုတိယအဆင့်ရှိ ကျင့်ကြံသူ တစ်ယောက်ယောက်ကသာ သည်မြင်ကွင်းကို တွေ့ပါက တုန်လှုပ်သွားပေလိမ့်မည်။ သည်လိုမျိုးအရာက ခုလက်ရှိမန္တန်များကနေ မူလဘူတ ကောင်းကင်ဘုံမန္တန်သို့ပြန်လည်၍ ဆင်ခြင် ကောက်ချက် ထုတ်နေခြင်း မဟုတ် လား။ ထိုသို့ ပြုလုပ်ရန်က ဝမ်လင်းမပြောနှင့် ရှေ့ဖြစ်ဟော သူလို ပုဂ္ဂိုလ်မျိုးအတွက်ပင် ခက်ခဲလွန်းလှ၏။

သည်နှစ်နှစ်အတွင်း မိုးကြိုးသားရဲနှင့် မိုးကြိုးဖားပြုပ် တို့သည် တစ်ကောင်နှင့်တစ်ကောင် ရန်စောင်နေကြ၏။ သို့သော် သူတို့က တိုက်ခိုက်ကြခြင်း မရှိပေ။ မိုးကြိုး ဖားပြုပ်က ခုချိန်၌ အလွန်အားနည်းလွန်းကာ မိုးကြိုး သားရဲသည် ထိုမိုးကြိုးဖားပြုပ်မှာ အနာဂတ်၌ သူ့ကို ခြိမ်းခြောက်လာနိုင်စွမ်း ရှိလောက်သည်ဟု ခံစားမိနေလျှင် ပင် ၎င်းက အထင်သေးနေဆဲ ဖြစ်၏။

ခြင်သားရဲကတော့ မိုးကြိုးသားရဲကို စိတ်ဝင်စားနေ၏။ ၎င်းက မိုးကြိုးသားရဲ ပတ်လည်သို့ ပျံသန်းလာကာ ၎င်း၏ ကျောပေါ်တွင် လှဲလျောင်းချင်နေသည်။

သို့ရာတွင် ၎င်းက ထိုသို့ ကြိုးစားလိုက်တိုင်း အောင်မြင်ပဲ ဖြစ်နေ၏။ သို့သော် ထိုအဖြစ်ကပင် ခြင် သားရဲကို ပိုစိတ်ဝင်စားအောင် ပြုလုပ်နေတော့သည်။

ရှုလီကောက အထင်သေးနေတော့၏။ အချိန်ကုန်လာသည်နှင့်အမျှ သူက ဝမ်လင်းသည် သူတို့နှင့် ပတ်သက်၍ မေ့နေသည်ကို သတိပြုမိလာသည်။ ၎င်က အနည်းငယ် စူးစမ်းကြည့်ပြီး နောက် ဝမ်လင်းနှင့် ပေတစ်ထောင်အကွာသို့ ထွက် သွား၏။ သည့်နောက် ၎င်းက တောင်ပတ်လည်တွင် ထိုအရာများအားလုံးကို ကြည့်၍မြူးထူးစွာ လှည့်လည်သွားလာတော့သည်။

သို့ရာတွင် သူက ဝမ်လင်းစကားများကို သေသေချာချာ မှတ်မိနေ၏။ ထို့ကြောင့် သူက တောင်နှင့် ကီလိုမီတာငါး ထောင် အကွာထက် ကျော်ကာ မသွားဝံ့ပေ။ သူက သည် ကီလိုမီတာ ငါးထောင် ဧရိယာအတွင်း လူသူတစ်ယောက်မှ မရှိသဖြင့် တဖြည်းဖြည်း ပျင်းရိလာခဲ့၏။

သည်နေ့တွင် ရှုလီကောက သည်နားဧရိယာတွင် လှည့်ပတ်ပျံသန်းနေရင်း အလွန်ပျင်းရိလာကာ သေမျိုး တစ်ယောက်ယောက် အထဲသို့ ဝင်လာရန် မျှော်လင့်နေ မိသည်။ ရုတ်တရက် သူက စိတ်လှုပ်ရှားဟန် ဖြစ်လာ၏။

ရှုလီကောက မြူများထဲသို့ စူးစိုက် ကြည့်လိုက်ရင်း စိတ် လှုပ်ရှားစွာ ပြောလိုက်သည်။

"နောက်ဆုံးတော့ တစ်ယောက်ယောက် ဝင်လာခဲ့ပြီ..."

ပေါ်ကာ ကျန်းရှင်ဟိုင်က မြူလွှာ၏ အပြင်ဘက်တွင် ပေါ်လာ၏။ သူ့မျက်နှာက ပင်ပန်းနွမ်းနယ်နေသည့်ပုံ ခန္ဓာကိုယ်ကလည်း သေဆုံးခြင်းအော်ရာနှင့် ပြည့်လို့ နေသည်။ သူ့ဘေးတွင် သက်လတ်ပိုင်းလူကြီး တစ်ယောက် ပါ ပါလာသည်။ သည်လူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ကျင့်ကြံမှုအဆင့်က စဦးစိတ်ဝိညာဉ် အဆင့်တွင် ရှိနေသည်။

သက်လတ်ပိုင်းလူကြီးက အကွာအဝေးတစ်ခုရှိ အနက် ရောင်မြူလွှာကို ကြည့်ကာ မဖြစ်ညစ်ကျယ်ဟန်ဖြင့် ခပ်တိုးတိုး ပြောလိုက်၏။ "အဖေ...ငါတို့က အဲဒီအထဲကို တကယ်သွားကြမှာလား..."

ကျန်းရှင်ဟိုင်က အလေးအနက် ပြောလိုက်၏။ "ဟုတ် တယ်...ငါတို့ သွားရမယ်။ မင်းအဖေရဲ့ သက်တမ်းက ကုန်ဆုံးတော့မယ်။ စီနီယာရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးတဲ့အပြင် ဒီခရီးစဉ်က မင်းကို ငါ့ကျေးဇူးရှင် စီနီယာနဲ့ မိတ်ဆက်ပေးမလို့ပဲ။ ငါ သေသွားတာနဲ့ မင်းက ငါ့နေရာကို ယူရမယ်။ စီနီယာရဲ့ တမန်တော်တစ်ယောက် အနေနဲ့ ငါတို့ ကျန်းမိသားစုက ထာဝရ တည်ရှိနေလိမ့် ໑໖..."

သက်လတ်ပိုင်းလူကြီးက တုံ့ဆိုင်းဆိုင်း ပြောလာ၏။ "ဒါပေမဲ့ အဖေ..သား မိတ်ဆွေတွေဆီက ကြားတာ ကတော့ ဒီစီနီယာက... ထူးခြားတဲ့စရိုက် ရှိတယ်တဲ့။ လွန်ခဲ့ တဲ့ ဆယ်နှစ်လောက်က ငါ့မိတ်ဆွေအနည်းငယ်က..."

သူ့စကားမဆုံးသေးခင်မှာပင် ကျန်းရှင်ဟိုင်က သူ့ကို စူး စိုက်ကြည့်လိုက်၏။ သက်လတ်ပိုင်းလူကြီးက ပါးစပ်ပြန် ပိတ်သွားတော့သည်။

ရှုလီကောက မြူများကြား၌ ပုန်းကွယ်နေ၏။ထို့ကြောင့် ကျန်းမျိုးရိုးသားအဖတို့က သူ့ကို သတိမပြုမိကြပေ။ ရှုလီ ကော မျက်နှာထက်၌ စိတ်လှုပ်ရှားမှုနှင့် ပြည့်လို့နေသည်။ သူက ထိုသားအဖနှစ်ယောက်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဟုတ်ပြီ...ဟုတ်ပြီ...အသက်ကြီးကြီးတစ်ယောက်က သေခါနီးနေပြီ။ ဒါကြောင့် သူက ငါ့ ဆော့ ကစားတာကို ခံနိုင်မှာ မဟုတ်ဘူး။ မင်း ဘိုးဘိုးရှုက စိတ်ထားကောင်းတဲ့အတွက် မင်းကိုတော့ လွှတ်ပေးလိုက် မယ်။ အသက်ငယ်တဲ့ တစ်ယောက်ကတော့...ဟီးဟီး..."

ရှုလီကောက မျက်လုံးထဲရှိ စိတ်လှုပ်ရှားနေမှုက ပို အားကောင်းလာသည်။

သူက ချောင်းတစ်ချက်ဟန့်ကာ လေသံမြှင့်၍ ပြော လိုက်၏။ "ဘယ်သူလဲ...နာမည်ပြောစမ်း..."

ကျန်းရှင်ဟိုင်က အသက်ဝဝရှူသွင်းလိုက်၏။ သူက တောင်နှင့် ကီလိုမီတာငါးထောင်အကွာတွင် ရပ်နေကာ အထဲသို့ မဝင်သေးပေ။ သူက လက်နှစ်ဖက်ယှက်၍ လေးစားစွာ ပြောလိုက်သည်။ "ဂျူနီယာကျန်းရှင်ဟိုင်က စီ နီယာရဲ့ တောင်းဆိုမှုကို လုပ်ဆောင်ပြီးပါပြီ...။ ဒါကြောင့် စီနီယာကို တွေ့ရဖို့ တောင်းဆိုပါတယ်...."

ရှုလီကောက မျက်လုံးကစားကာ ပြန်ပြောလိုက်သည်။ "အသက်ကြီးတဲ့တစ်ယောက်ပဲ ဝင်လာနိုင်တယ်။ ငါက မင်း ကို သခင်နဲ့တွေ့ဖို့ ခေါ်သွားပေးမယ်..."

ကျန်းရှင်ဟိုင်က မှင်တက်သွားကာ အနည်းငယ် တုံ့ဆိုင်း ပြီးသည့်နောက် သူက အနက်ရောင်မြူလွှာထဲသို့ ခြေချ လိုက်သည်။ သူ ဝင်လိုက်သည်နှင့် သူက လေအေးတစ်ခုက သူ့ကို ထွေးပတ်လာကာ သူ့ခန္ဓာကိုယ်ကို ရှေ့သို့ မြန်ဆန်စွာ တွန်းပို့လိုက်၏။
သိပ်မကြာခင်တွင် သူက တောင်ထိပ်သို့ ရောက်လာခဲ့ တော့သည်။ သူက ဝမ်လင်းကို တွေ့လိုက်ကာ ချက်ချင်း လေးလေးစားစား ပြောလိုက်၏။ "စီနီယာ...ဂျူနီယာက သင့်ကို စိတ်မပျက်စေပါဘူး။ ဂျူနီယာက ချင်လင်းဂြိုဟ် ပေါ်မှာ ရှိတဲ့ သေမျိုးတွေရဲ့ မကျေမချမ်းအော်ရာကို စုဆောင်းလာခဲ့ပါပြီ..."

သူက ထိုသို့ပြောနေရင်း ကျောက်စိမ်းပြား တစ်ထောင် တိတိကို ထုတ်ယူလိုက်သည်။ သူက ထိုအရာများအားလုံး ကို အောက်သို့ ချ၍ လေးစားသည့်ဟန်ပန်ဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ရှုလီကောက ကျန်းရှင်ဟိုင်ကို ပို့ဆောင်ပေးပြီးနောက် သူက မြူအစွန်းနားသို့ စိတ်လှုပ်ရှားစွာ ပြန်ရောက်လာခဲ့ သည်။ သူက အပြင်ဘက်ရှိ သက်လတ်ပိုင်းလူကြီးကို ကြည့် ကာ ပြောလိုက်သည်။ "ကောင်စုတ်လေး...ဝင်လာခဲ့...ဘာ မှ ကြောက်မနေနဲ့။ မင်းဘိုးဘိုးရှုက မင်းကို အကျိုးအမြတ် တချို့ ပေးမလို့..."

သူက သက်လတ်ပိုင်းလူ တွန့်ဆုတ်တွန့်ဆုတ် ဖြစ် နေသည်ကို တွေ့သည့်အခါ ချက်ချင်း လှမ်းအော်လိုက် သည်။ "မင်းက ဘာလို့ အထဲမဝင်လာရတာလဲ..."

သက်လတ်ပိုင်းလူကြီးက အံတင်းတင်းကြိတ်ကာ အနက် ရောင်မြူထဲသို့ ခြေချလိုက်သည်။

ဝမ်လင်းက မျက်လုံးဖွင့်လာကာ ကျောက်စိမ်းပြားများကိုစစ်ကြည့်လိုက်၏။ သူက ချက်ချင်းပင် ၎င်းကျောက်စိမ်း ပြားများထဲရှိ မကျေမချမ်းမှုကို ခံစားမိလိုက်သည်။ ထိုမ ကျေမချမ်းမှုအော်ရာများက မုန်တိုင်းတစ်ခုကဲ့သို့ပင် ဖြစ်လို့ နေသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ကောင်း တယ်...မင်းခေါ်လာတဲ့လူက အနာဂတ်မှာ ဟုန်ယွီတောင်ရဲ့ ပြင်ပမှာ ငါ့တမန်တော် ဖြစ်လာလိမ့်မယ်..."

အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ကျန်းရှင်ဟိုင်ထံသို့ ပစ်ပေးလိုက် သည်။

"ဒါ မင်းသားကို ပေးလိုက်ပါ။ သူ့မှာသာ လုံလောက်တဲ့ စွမ်းရည်ရှိရင် ဒါက သူ့ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ဖို့အတွက် အခွင့်ရေးအနည်းငယ် မြှင့် တင်ပေးနိုင်လိမ့်မယ်..."

ကျန်းရှင်ဟိုင်၏ မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် ပြည့်လို့ နေသည်။ သူက ဆေးလုံးကို ယူကာ ရတနာတစ်ခုအလား သိမ်းဆည်းထားလိုက်သည်။ သူက စိတ်ခံစားချက်အပြည့် ဖြင့် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ်...စီနီယာ..."

ဝမ်လင်းက အမိန့်ပေးလိုက်သည်။ "ဒီမကျေမချမ်းအော် ရာက ပုံရိပ်ယောင်အရာတစ်ခုပဲ။ ဒါက ပြန်ပြီးတော့ ပေါက်ဖွား ဖြစ်တည်လာနိုင်တယ်။ အနာဂတ်မှာ မင်းတို့ ကျန်းမိသားစုက ဒီမကျေမချမ်းအော်ရာကို နှစ်စဉ်နှစ်တိုင်းစုဆောင်းပေးရမယ်..."

ထို့နောက် ဝမ်လင်းက အနီရောင်အစေ့အနည်းငယ်ကို ထုတ်ကာ ကျန်းရှင်ဟိုင်ထံသို့ ပေးလိုက်သည်။

"ဒီအစေ့တွေကို ကောင်းကင်ဘုံတက်ခြင်း သစ်သီးတွေ လို့ ခေါ်တယ်။ လူတွေကို ဒီအစေ့တွေ ဂြိုဟ်ပေါ်မှာ စိုက် ခိုင်းလိုက်ပါ။ ဒီအစေ့တွေက စိတ်ဝိညာဉ်စွမ်းအင်နဲ့အတူ ကြီးထွားလာလိမ့်မယ်။ နောက်လာမဲ့ ဆယ်နှစ်ကျော် အတွင်း တက်နိုင်သမျှ ရအောင်စိုက်ပါ..."

ကျန်းရှင်ဟိုင်က ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက် သည်။

ဝမ်လင်းက ချမ်ခိုင်ဇီ၏ သိုလှောင်အိတ်ထဲကနေ ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ အစေ့များကို ရရှိခဲ့ ခြင်း ဖြစ်သည်။

ကျန်းရှင်ဟိုင်နှင့် သူ့သားတို့သည် ဟုန်ယွီတောင်ထိပ်က နေ ထွက်ခွာသွားကြ၏။ သို့ရာတွင် သူ့သားက မိန်းမော နေကာ ထူးဆန်းသောအသွင်ဟန်ပန် ဖြစ်ပေါ်လို့နေ၏။

ရှုလီကောကိုတော့ ဝမ်လင်းက ဒဏ်ခတ်ထားလေသည်။ သည်အကောင်လုပ်ခဲ့သည်က အရမ်းဆိုးဆိုးရွားရွားသာ ဖြစ်ခဲ့လျှင် ဝမ်လင်းက ရှုလီကောကို ချက်ချင်း သန့်စင်ပစ် နေလောက်ပြီ ဖြစ်သည်။

ဝမ်လင်းက ပေတစ်ထောင်အတွင်း၌သာ သွားရမည်ဟု ရှုလီကောကို ဒဏ်ခတ်ထားလိုက်သည်။ ရူလီကောက သူအမှားသူသိသည့်ပုံဖြင့် ရှိလို့နေသည်။

ဝမ်လင်းက ရှုလီကောကို အာရုံစိုက်နေဖို့ သူ့၌ အချိန်မရှိပေ။ ရှုလီကောကို ဒဏ်ခတ်ပြီးနောက် သူက သူ့မန္တန်များ ပြီးပြည့်စုံအောင် လုပ်နေခြင်းအပေါ်တွင်သာ အာရုံစိုက် ထားလိုက်၏။ သည်အချိန်အတွင်း သူက သူ့တစ္ဆေလောက မြစ်ထဲသို့ မကျေမချမ်းမှုတို့ကို စုပ်ယူစေသည်။

မကျေမချမ်းမှုကို စုပ်ယူပြီးသည့်နောက် တစ္ဆေလောက မြစ်သည် အရင်ထက် ခြားနားလာခဲ့လေပြီ။ သည့်နောက် တစ္ဆေလောကမြစ်၏ စိတ်ဝိညာဉ်သည်လည်း တဖြည်းဖြည်းချင်း ပုံပန်းအသွင် ပေါ်လာလေ၏။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။ မန္တန်များ တိုးတက်အောင်လုပ်ခြင်းက ဝမ်လင်း၏ စွမ်းအင်ကို များ စွာ ကုန်ဆုံးစေသည်။ သူက အောင်မြင်ခြင်း မရှိသေး သော်လည်း ဆက်လက်တိုးတက်နေခဲ့ကာ တတိယအဆင့် လမ်းကြောင်းရှိသို့ ဦးတည်ပေးနေခဲ့သည်။ ထို့ကြောင့် ဝမ် လင်း၏ နယ်ပယ်ကလည်း ဖြည်းဖြည်းချင်း သန်မာကာ လာနေ၏။

နောက်ဆုံးတွင် သူက ချင်လင်းဂြိုဟ်တွင် ရောက် နေသည်မှာ ဆယ့်ရှစ်နှစ် ရှိလာခဲ့ပြီ ဖြစ်ကာ သူ့သေခြင်း ရှင်ခြင်း နယ်ပယ်သည် မည်သည့်အပြစ်အနာဆာမှ မရှိတော့ပဲ ပြီးပြည့်စုံခြင်းအဖြစ်သို့ ရောက်ရှိသည်။ သူက ပထမအဆင့်၏ အထွတ်အထိပ်တစ်ယောက် အမှန်ပင်ဖြစ်လာချေတော့သည်။

ဝမ်လင်းတွင် ကောင်းကင်ဘုံကျောက်စိမ်းပြား အချို့ ရှိနေသေး၏။ သို့သော် သည်ပမာဏက သူ့အတွက် လုံလောက်လား သေချာမသိပေ။ မလုံလောက်ဘူးဆိုရင် တော့ သူက ကောင်းကင်ဘုံအရည်စက်ကိုသာ သောက်ရန် ရှိတော့၏။ သည်တစ်ကြိမ်၌ သူက အာဏာတက်ခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်သို့ ရောက်ရမည် ဖြစ်ကာ ကျင့်ကြံခြင်းပထမအဆင့်၏ ထိပ်ဆုံးသို့ တက်လှမ်းတော့ ပေမည်။

"ပထမအဆင့်ကျင့်ကြံခြင်း..." ဝမ်လင်းမျက်လုံးများက တောက်ပနေ၏။

"ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်တဲ့အချိန် တုန်းက ရှေးဟောင်းနတ်ဆိုးပေလောက ကောင်းကင်ဘုံ ကို ဆန့်ကျင်တဲ့ ကျင့်ကြံသူတွေက နတ်ဘုရားပြစ်ဒဏ်ကို ဆွဲဆောင်တယ်လို့ ပြောခဲ့ဖူးတယ်။ ငါက ပထမအဆင့်ကို ချိုးဖျက်ပြီး ပုံရိပ်ယောင်ယင်အဆင့်ကို ဝင်ရောက်တဲ့ အချိန်ကျရင်လည်း နတ်ဘုရားပြစ်ဒဏ်က ရောက်လာဦးမလား ငါ သိချင်မိတယ်..." ထပ်မံ

ထို့နောက် ဝမ်လင်းက ကောင်းကင်ထက်သို့ မော့ကြည့် လိုက်သည်။ သူ့မျက်လုံးက အေးစက်လို့သွား၏။

မီးပြင်းဖိုကို လုယူခြင်း...(နောက်တစ်ပိုင်း)

ချင်လင်းဂြိုဟ်၏ အနောက်မြောက် လူသူကင်းမဲ့သည့် ကွင်းပြင်ကျယ်ကြီးအထက်တွင် ကောင်းကင်ဘုံ ကျောက်စိမ်းပြားများဖြင့် အစီအရင်ကြီးတစ်ခုကို တည်ဆောက်ထားသည်။

ဝမ်လင်းသည် ထိုအစီအရင်၏ အလယ်တွင် ထိုင်ကာ ကျင့်ကြံနေသည်။သူ အသက်ရှုသွင်းလိုက်တိုင်း မြောက်များ စွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို သူ့ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလို့နေသည်။

ထိုဖြစ်စဉ်က ထပ်ခါထပ်ခါ ဖြစ်လို့နေ၏။ သူ့ခန္ဓာကိုယ် ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များသည် ဖြည်းဖြည်းချင်း သိပ်သည်းလာနေသည်။

အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့် သည် ကျင့်ကြံသူများအဖို့ အလွယ်တကူ ရောက်နိုင်သော အဆင့်မဟုတ်ပေ။ ထိုသို့ မရောက်နိုင်ရခြင်းက နယ်ပယ် သို့မဟုတ် ကောင်းကင်ဘုံကျောက်စိမ်းပြားများကြောင့် မဟုတ်ပေ။ မူလစွမ်းအင်ကြောင့်သာ ဖြစ်လေ၏။
လူတစ်ယောက်က အာဏာတက်ခြင်းအဆင့်သို့ တက် လှမ်းချိန်၌ သူ၏ မူလစိတ်ဝိညာဉ်ထဲသို့ မူလစွမ်းအင် ပေါင်းစပ်မှုက မလုံလောက်လျှင် ထိုသူက အာဏာတက် ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သော်လည်း ထို အဆင့်၏ အထွတ်အထိပ်ကိုတော့ မရောက်ရှိနိုင်ပေ။

ထို့ကြောင့် မူလစွမ်းအင်သည် ကျင့်ကြံခြင်းပထမအဆင့် တစ်နည်း အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန်အတွက် သော့ချက်ဟုပင် ပြောနိုင်သည်။

ဝမ်လင်းက မိုးကြိုးကန်တွင် ကျင့်ကြံပြီးသည့်နောက် သူ့ မူလစိတ်ဝိညာဉ်ထဲရှိ မူလစွမ်းအင်က အကန့်အသတ်ထိရောက်လာနိုင်ခဲ့ပေသည်။ထို့အတွက်ကြောင့် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူနေရင်း အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ချင်း တက်လှမ်းနေတော့သည်။ ဖြည်းဖြည်း

သို့ရာတွင် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် လိုအပ်သည့် ကောင်းကင်ဘုံကျောက်စိမ်းပြား ပမာဏသည် ကြောက်မက်ဖွယ် များပြားလွန်းလှသည်။ တစ်နှစ်တာ စုပ်ယူပြီးသည့်နောက် ဝမ်လင်းက ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးကို သုံးစွဲခဲ့ပြီး ဖြစ်သည်။သည့်နောက် သူက ချက်ခြင်းပင် ကောင်းကင်ဘုံ အရည်စက်ကို ထုတ်ကာ သောက်ချလိုက်၏။

ကောင်းကင်ဘုံအရည်စက်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အခါ ဝမ်လင်း၏ ခန္ဓာကိုယ်ထံမှ အဖြူ ရောင်မြူလွှာတစ်ခုအား ပေးစွမ်းလာ၏။

တစ်ချိန်တည်းမှာပင်

ဝမ်လင်းခန္ဓာကိုယ်ထဲ၌

ကောင်းကင်ဘုံအရည်စက်သည် မြောက်များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ပေးစွမ်းလာ၏။

ထိုအခါ အတွေးတစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များက သူ့အော်ရာနှင့်အတူ ရွှေ့လျားလာခဲ့ တော့၏။ထိုအရာက အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့်ပင် ဖြစ်၏။

ချင်လင်းဂြိုဟ်ပေါ်သို့ ရောက်လာပြီး ဆယ့်ကိုးနှစ်နှင့်ရှစ် လ အကြာတွင်တော့ ဝမ်လင်းသည် အာဏာတက်ခြင်း နောက်ဆုံးအထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာနိုင်ခဲ့လေ ပြီ။

ဝမ်လင်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့၏။

"နှစ်တစ်ထောင် ကျင့်ကြံပြီးတဲ့နောက်မှာ ငါက ကျင့်ကြံ ခြင်းပထမအဆင့်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာနိုင်ခဲ့တယ်

ဝမ်လင်းက စိတ်လက်ချမ်းမြေ့နေကာ သူ့နှုတ်ခမ်း ထောင့်၌ အပြုံးတစ်ခု တွဲခိုနေသည်။

လွန်ခဲ့သော နှစ်တစ်ထောင်ကို ပြန်ပြောင်းကြည့်ပါက သူ သည် ဟုန်ယွီကလန်၏ သာမန်လူတစ်ယေက်သာ ဖြစ်ခဲ့ သည် မဟုတ်လား။ သို့သော် ခုချိန်၌ သူ့ကျင့်ကြံမှုအဆင့်ကပထမအဆင့်၏ အထွတ်အထိပ်သို့ ရောက်လာခဲ့ပေပြီ။

ဝမ်လင်းက မတ်တပ်ထရပ်မလာသေးဘဲ သိုလှောင်အိတ် ထဲမှ ရွှေရောင်ကောင်းကင်ဘုံစုတ်တံကို ထုတ်ယူလိုက် သည်။ ဝမ်လင်း ၎င်းကို သူ့လက်ထဲ၌ ကိုင်ကာ စုတ်ချက် များကို ရေးစွဲလိုက်၏။

အရင်သူ့အကန့်အသတ်က စုတ်ချက်ခုနစ်ခုသာ ဖြစ်သည်။ ခုချိန်တွင်တော့ သူက စုတ်ချက်ရှစ်ခုထိ ရေးဆွဲ ထုတ်ဖော်လာနိုင်ခဲ့ပြီ ဖြစ်သည်။ထိုစုတ်ချက်ကြောင့် ဖြစ် ပေါ်လာသည့် စာလုံးများထံမှ တောက်ပသောအလင်းသည် လူတစ်ယောက်၏ စိတ်ကို တုန်ယင်သွားနိုင်ပေသည်။

"စုတ်ချက်ရှစ်ခုရဲ့ စွမ်းအားက စုတ်ချက်ခုနစ်ခုရဲ့ အထက်မှာရှိတဲ့ အဆင့်တစ်ခုပဲ..." ဝမ်လင်းမျက်လုံးက အေးဆေးလို့နေ၏။

သူက စုတ်တံကို ပြန်သိမ်းဆည်းလိုက်ရာ စာလုံးလည်း ပျောက်ကွယ်သွား၏။ စာလုံးများထဲသို့ ထည့်သွင်းထား သည့် သူ့နတ်ဘုရားအာရုံ တစ်စိတ်တစ်ပိုင်းသည်လည်း ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာ၏။

ဝမ်လင်းက မတ်တပ်ထရပ်ကာ ရှေ့သို့ ခြေလှမ်းလိုက်၏။ သည့်နောက် သူက ပျောက်ကွယ်သွားချေသည်။

လဝက်ခန့်ကြာမြင့်ပြီးနောက် မိုးကြိုးတန်းတစ်ခုသည်

ချင်လင်းဂြိုဟ်ကနေ ကောင်းကင်ထက်သို့ တန်းတန်းမတ်မတ် ပျံသန်းတက်သွားခဲ့သည်။ ဝမ်လင်းကမိုးကြိုးသားရဲပေါ်၌ ထိုင်နေကာ မျက်လုံးမှိတ်ထားလျက် ရှိ၏။

ချင်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများအားလုံးက ခေါင်း မော့၍ ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးထဲ၌ လေးစား သည့်ဟန်ပန် ဖြစ်နေသည့်အပြင် အနည်းငယ်လည်း စိတ်သက်သာရာရသွားခဲ့ကြသည်။ ဝမ်လင်းထွက်ခွာသွား သည်နှင့် သူတို့အပေါ်၌ ကျရောက်နေသော မမြင်ရသည့် ဖိအားကပါ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ပေသည်။

မထွက်ခွာသွားခင် ဝမ်လင်းက လွန်ခဲ့သောဆယ်နှစ်က စိုက်ပျိုးခိုင်းခဲ့သည့် ကောင်းကင်ဘုံတက်ခြင်းသစ်သီးမျးကို ပါ ခူးဆွတ်သွားခဲ့သည်။ သည့်အပြင် မကျေမချမ်းအော်ရာ လှိုင်းကိုလည်း စုဆောင်းသွားခဲ့သေး၏။

မိုးကြိုးသားရဲက ကြယ်များကြား ဖြတ်သန်းရင်း ခရီး ဆန့်နေ၏။

ချင်လင်းဂြိုဟ်က ဝမ်လင်းအတွက် လှိုဏ်ဂူတစ်ခုလိုသာ ဖြစ်သည်။သူက မိုးကြိုးမီးပြင်းဖို ရပြီးသည့်အခါ သည် နေရာသို့ ပြန်လာပေလိမ့်မည်။ သူက သည်နေရာကနေ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခြင်းသည် သူ့ အတွက် လုံခြုံမှု ပိုရှိပေလိမ့်မည်။

မိုးကြိုးသားရဲက အာကာသဟင်းလင်းပြင်ထဲ၌ ပျံသန်း နေရင်း ဝမ်လင်းသည် မျက်လုံးဖွင့်လာကာ စတင်စဉ်းစား ကြည့်သည်။
သူက ကောင်းကင်ဘုံနယ်မြေသို့ သွားလိုပါက မိုးကြိုးမီး ပြင်းဖိုတစ်ခု ရရှိရန် လိုအပ်ပေသည်။ထိုမီးပြင်းဖို မရှိပါက မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်း ရှိလိမ့်မည် မဟုတ်ပေ။ဝမ်လင်းက ထိုအရာကို သိနေပေ၏။

သို့ရာတွင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် မတူညီပေ။ မီးပြင်းဖိုများ က အဆင်ပြေသလို ကျချင်သလို ကျရောက်ခြင်း မရှိပေ။ ထိုမီးပြင်ဖိုများအားလုံးကို မိုးကြိုးကောင်းကင်ဘုံကျောင်း တော်က စုစည်းထားခြင်းသာ ဖြစ်သည်။ထို့နောက်တွင် တော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က သတ်မှတ် ထားသော ကျင့်ကြံခြင်းမိသားစုတိုင်းသို့ သင့်တော်သော မီး ပြင်းဖို ပမာဏ ပေးအပ်ခြင်း ဖြစ်သည်။

ခုချိန်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်ရန် သုံး လသာ လိုတော့ပေသည်။ ထို့အတွက်ကြောင့် ကျင့်ကြံခြင်း မိသားစုအားလုံးက သူတို့၏ ဆိုင်ရာဆိုင်ရာ မိုးကြိုးမီးပြင်း ဖိုများကို ရရှိကြမည့် အချိန်ပင်။ ဝမ်လင်းက ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်လိုက်၏။

"ငါ့မှာ မိုးကြိုးမီးပင်းဖို တစ်ခု မရှိတော့ လုယူရတော့မှာပေါ့

ဝမ်လင်းက သူ့ညာလက်ဖြင့် မိုးကြိုးသားရဲဦးခေါင်းကို

ပုတ်လိုက်သည်။မိုးကြိုးသားရဲက ပျော်ရွှင်မြူးတူးဟန်ဟိန်းသံပြုတော့၏။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ တောင် ပိုင်းနယ်မြေတွင် ရှန်ကုန်းဟူ ပေးထားခဲ့သော ကျောက်စိမ်း ပြား၏ အကူအညီဖြင့် ဝမ်လင်းသည် ကျင့်ကြံခြင်းဂြိုဟ် တစ်ခုကို ရှာတွေ့ခဲ့ပေသည်။ထိုဂြိုဟ်ပေါ်ရှိ မိသားစုနှစ်ခု သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်ချိန်တိုင်း မီး ပြင်းဖို တစ်ခု သို့မဟုတ် နှစ်ခုကို ရတက်ပေသည်။ ပို၍ အရေးကြီးသည်က ထိုမိသားစုနှစ်ခုတွင် အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်သို့ တစ်စုံတစ်ယောက် ရှိနေခြင်းပင်။ ကျော်လွန်နေသည့်

ထိုဂြိုဟ်ပေါ်သို့ ရောက်ရှိလာပြီးနောက် ဝမ်လင်းက သူ့ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။သူက ကျင့်ကြံခြင်းမိသားစုနှစ်ခုလုံး၏ ခေါင်းဆောင်နှစ်ယောက် သည် သည်ဂြိုဟ်တွင် ရှိမနေကြောင်း သိလိုက်သည်။ သူက ကြယ်များကြား၌ အထိုင်ချကာ မျက်လုံးမှိတ်၍ ကျင့်ကြံ လိုက်တော့၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ ပွင့်မလာခင်တစ်လ အလိုတွင် အလင်းတန်းဆယ်ခုကျော်သည် ဝမ်လင်းရှိရာသို့ တိုးဝင် လာနေ၏။

ထိုသူများထဲမှ တစ်ယောက်က ပုံရိပ်ယောင်ယင်အဆင့် တွင် ရှိနေကာ ကျန်သည့်သူများကတော့ အာဏာတက်ခြင်းအဆင့်နှင့် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တို့တွင် ရှိလို့နေကြသည်။ သူတို့က မြန်ဆန်စွာ တိုးဝင်လာနေကြရင်း ရုတ်တရက် ရပ်တန့်လိုက်၏။ သူတို့အားလုံး၏ အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။

ပုံရိပ်ယောင်ယန်အဆင့် ကျင့်ကြံသူက တခေါင်းလုံး ဆံပင်များ ဖြူဖွေးနေကာ မျက်လုံးများ တောက်ပလျက် ရှိသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က သိပ်များပြားလှ ခြင်း မရှိသည့်အပြင် မတည်မငြိမ် ဖြစ်လို့နေသေးသည်။ သူက ပုံရိပ်ယောင်ယင်အဆင့်သို့ ရောက်ရှိသည်မှာ သိပ်မ ကြာသေးကြောင်း သိသာပေ၏။ သူက ရှေ့သို့ တိုးလှမ်းလာ ကာ ဝမ်လင်းကို သေချာကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ မ သေချာမရေရာဖြစ်မှုတို့ ထွက်ပေါ်လာခဲ့သည်။

အဘိုးအိုက မေးလိုက်၏။ "တမန်တော်အရှင်က ကျန့် ထန်ဂြိုဟ်ကို ဘာကြောင့် ရောက်လာခဲ့ရပါသလဲ.."

ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ သူက မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ သူက တည်ငြိမ်စွာ မေး လိုက်၏။ "မင်းတို့အားလုံးက မိုးကြိုးမီးပြင်းဖို သွားယူပြီး ပြန်လာကြတာလား..."

အဘိုးအိုအသွင်က ပြောင်းလဲသွား၏။ သူက ပြောလိုက် သည်။ "မှန်ပါတယ်....တမန်တော်အရှင်က ဘာလိုချင်များ လဲ...။ကျေးဇူးပြု၍ ပြောပါ..."

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ “ငါကမိုးကြိုးမီးပြင်းဖို တစ်ခု လိုချင်တယ်..."

အဘိုးအိုက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီး နောက် ရယ်မောလိုက်၏။ သူ့ရယ်သံထဲ၌ မောက်မာမှုတို့ ပါဝင်နေသည်။သူက လှမ်းအော် ပြောလိုက်၏။ "မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ကို သွားခဲ့တဲ့ ဒီခရီးစဉ်မှာ ငါက တစ်စုံတစ်ယောက်ဟာ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန်တော်အဖြစ် ဟန်ဆောင်နေတယ်လို့ ကြားသိခဲ့ရတယ်။ အစကတော့ ငါက ဒါဟာ အဓိပ္ပာယ်မရှိဘူးလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ဒီအဘိုးအိုက မင်းကို တွေ့လိုက်တဲ့နောက် မင်းက တမန်တော်ဟန်ဆောင်ထား တဲ့လူ ဆိုတာ ဆုံးဖြတ်လိုက်နိုင်ပြီ..."

"အို..." ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သူက အ ဘိုးအိုကို တည်ငြိမ်စွာသာ ကြည့်နေသည်။

အဘိုးအိုက နှာခေါင်းရှုံ့၍ ဆိုသည်။ "မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်ရဲ့ ဘယ်တမန်တော်ကများ လက်အောက်ခံ မိသားစုတွေ မရှိပဲ နေပါ့မလဲ။တမန်တော် တစ်ယောက်အနေနဲ့ မိုးကြိုးမီးပြင်းဖို ရဖို့က ရိုးရှင်းတဲ့ ကိစ္စ ပဲ။ ဒါ့အပြင် ငါက တောင်ပိုင်းနယ်မြေရဲ့ တမန်တော် အားလုံးနဲ့ တွေ့ဆုံဖူးတယ်။ ဒါပေမဲ့ မင်းကိုတော့ လုံးလုံး မ :..."သိဘူး

“ပိုပြီး အရေးကြီးတာက တမန်တော်အားလုံးက မိုးကြိုး ကောင်းကင်ဘုံ ကျောင်းတော်မှာ စုစည်းနေကြတယ်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်တဲ့အထိ သူတို့က ထွက် လာကြမှာ မဟုတ်ဘူး..."

ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူက အချိန်ဆက်၍ ဖြုန်းမနေတော့ပေ။ သူ့နောက်ရှိ အရိပ်က ဖျပ်ခနဲ လှုပ်ရှား လာကာ ကောင်းကင်ဘုံသက်တော်စောင့် ပေါ်ထွက်လာ၏။ ၎င်းက ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ လက်သီးတစ်လုံး ပစ် သွင်းလိုက်ချေသည်။

ထိုလက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်ပေါ်စေ ကာ အဘိုးအိုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။

အဘိုးအိုအသွင်က ပြောင်းလဲသွား၏။ သူက ဝမ်လင်း သည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ဟုသာ တွေး ထင်ခဲ့မိပေသည်။ ဝမ်လင်းအောက်ရှိ မိုးကြိုးသားရဲကိုပင် အတုအယောင် ဖြစ်သည်ဟု သူက တွေးနေခဲ့ခြင်းပင်။ သူက ဝမ်လင်းတွင် ခုလိုမျိုး ရုပ်သေးတစ်ခု ရှိနေလိမ့်မည် ဟု လုံးဝ မမျှော်လင့်ထားမိပေ။

အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးနောက် အဘိုးအိုက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ရှေ့သို့ လက်ညွှန် လိုက်၏။ အနက်ရောင်မီးတောက်တစ်ခုက သူ့လက်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ဖျပ်ခနဲပင် မီးတောက်က ထိုးထွက်သွားကာ မရေမတွက်နိုင်သော မီးပွားများအဖြစ် သည်ဧရိယာကို လွှမ်းခြုံသွားသည်။

သူ့မိသားစုဝင်များက နောက်ဆုတ်ကာ အကွာအဝေးတစ်ခုကနေ စောင့်ကြည့်နေကြသည်။

ကောင်းကင်ဘုံသက်တောင်စောင့်က ထိုမီးပွားများကို မထီမဲ့မြင်ပြုကာ ၎င်း၏ခန္ဓာကိုယ်ပေါ်သို့ ဒီအတိုင်း ကျ ရောက်စေလိုက်သည်။ ၎င်း၏ အရှိန်က နှေးသွားခြင်း မရှိသည့်အပြင် ပို၍ပင် မြန်ဆန်စွာ ရွှေ့လျားသွားသေး၏။ လက်သီးချက်က လေထုကို ခွင်းကာ တဝီဝိ ထွက်ပေါ်လာ ကာ ခြေတစ်လှမ်းဖြင့် ၎င်းက အဘိုးအို ရှေ့သို့ ရောက်ရှိလာ သည်။ ထိုလက်သီးချက်ကလည်း ဟင်းလင်ပြင်ကို ဖြတ်၍ အဘိုးအိုထံသို့ တိုးဝင်လာသည်။

အဘိုးအိုအသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။ တစ်ချိန်တည်းမှာပင် သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မီးတောက် အကာအရံ တစ်ခုက သူ့ခန္ဓာကိုယ် ရှေ့တွင် ပေါ်လာလေ၏။ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်ကလည်း မီးတောက်အကာအရံ ပေါ်သို့ ကျရောက်လာခဲ့ကာ ပေါက်ကွဲသံ ထွက်ပေါ်လာ၏။

အက်ကွဲကြောင်းများက မီးတောက်အကာအရံပေါ်တွင် ချက်ခြင်း ထွက်ပေါ်လာပြီးနောက် ၎င်းက ပျက်စီးလို့သွား သည်။

အဘိုးအိုကလည်း ဖြူရောသော မျက်နှာနှင့် နောက်ဆုတ် သွားသည်။ကောင်းကင်ဘုံသက်တော်စောင့်ကလည်း နောက်သို့ ခြေခုနှစ်လှမ်းခန့် ပြန်ဆုတ်လိုက်ရ၏။
မီးတောက်နက်များက ဖြည်းဖြည်းချင်း ၎င်း၏ လက်မောင်းကို လောင်ကျွမ်းကာ ခန္ဓာကိုယ်ပေါ်သို့ ပျံ့နှံ့ သွားသည်။

"ငါက မိုးကြိုးမီးပြင်းဖိုတစ်ခုပဲ လိုချင်တယ်..." ဝမ် လင်းက အဘိုးအိုကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

* အဘိုးအိုကလည်း ဝမ်လင်းကို စူးစိုက် ကြည့်နေသည်။ ရုပ်သေးထံမှ ထွက်ပေါ်လာသည့် လက်သီးချက်က သူ့ကို ကြီးစွာ တုန်လှုပ်စေခဲ့ပေသည်။ သူက မူလမန္တာန်များကို သာ အသုံးမပြုပါက ထိုရုပ်သေးကို အနိုင်ယူရန် မဖြစ်နိုင် တော့ပေ။

"ဒီလို ရုပ်သေးမျိုး ရှိတဲ့ လူတစ်ယောက်အနေနဲ့ သူက လုံးဝ သာမန်ဟုတ်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ငါက မီး ပြင်းဖိုကို သူ့ရှိ လက်လွှဲပေးလိုက်တာနဲ့ ငါ့တို့ ကျန့်မိသားစု က မျက်နှာပျက်ရလိမ့်မယ်..."

အဘိုးအိုက အကျပ်ရိုက်လို့နေ၏။

ဝမ်လင်းက အချိန်ဖြုန်းမနေလိုတော့ပေ။ သည်လူ၏ ကျင့်ကြံမှုအဆင့်က သူ့ခန့်မှန်းထားသလို မဟုတ် သော်လည်း သည်အဘိုးအိုသည် ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ရောက်ခါစသာ ဖြစ်သေး၍ တည်ငြိမ်နေခြင်း မရှိသေး ပေ။ ဝမ်လင်း၏ အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်၊ သူ့မန္တာန်များနှင့် ရတနာများကို တွဲဖက်အသုံးပြုလိုက်ပါက ထိုအဘိုးအိုနှင့် တိုက်ခိုက်ဖို့က သူ့အတွက် ခက်ခဲလှခြင်း မရှိပေ။

သူက သိုလှောင်အိတ်ကို ထုတ်ယူလိုက်ရာ တောင်ပုံစံ ကျောက်တုံးတစ်ခု ထွက်ပေါ်လာ၏။ သည်ကျောက်တုံးက တဖြည်းဖြည်းဖြင့် ကြီးမားသည့် တောင်တစ်ခု ဖြစ်လာခဲ့ သည်။ယင်းတောင်ထံကနေ ပေါကြွယ်ဝသာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖိအားတစ်ခုကို ပေးစွမ်းလို့နေသည်။

ဝမ်လင်းက သူ့ညာလက်ကို ထိုတောင်ပေါ်သို့ ဖိချ လိုက်၏။ ထိုအခါ တောင်က ချက်ခြင်း တုန်ခါလာခဲ့သည်။ သည့်နောက် ရှေးဟောင်းအော်ရာတစ်ခုက သူ့ညာ လက်အောက်တွင် စုစည်းလာခဲ့သည်။ သူက လက်မြှောက် လိုက်ချိန်တွင် မြူခိုးများက လက်သီးစုပ်ခန့်အရွယ်သို့ ဖြစ် တည်လာခဲ့သည်။

အဘိုးအိုက ထိုမြင်ကွင်းကို တွေ့သည့်အခါ သူ့အသွင်က ကြီးစွာ ပြောင်းလဲသွားတော့၏။ သူ့မျက်လုံးထဲ၌ ထိတ်လန့် ဟန် ဖြစ်ပေါ်လာကာ သူက အံအားသင့်ဟန်ဖြင့် ပြော လာ၏။ "စိတ်ဝိညာဉ် ထုတ်ယူခြင်း မန္တာန်……။မင်းက ပထမအဆင့်ကျင့်ကြံခြင်းရဲ့ အထွတ်အထိပ်အဆင့်ပဲ ရှိသေးတယ်။ မင်းက ဒီမန္တာန်ကို ဘယ်လိုလုပ် သုံးစွဲနိုင်ရတာ လဲ..."

ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မြူခိုးထုက အဘိုးအိုထံသို့ ချက်ခြင်း ပျံသန်းထွက်သွားသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းကလည်း ရှေ့သို့ ထိုး တက်လာခဲ့သည်။သူက မြူခိုးထုနောက်ကနေ ကပ်၍ လိုက် ပါ်လာခဲ့သည်။ သူက ညာလက်ကို ပင့်မြှောက်ကာ သူ့လက် ထဲတွင် မိုးကြိုးတန်းတစ်ခုကို စုစည်း ဖြစ်ပေါ်စေလိုက်၏။ မိုးကြိုးသံ ကြယ်များကြား၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ ကာ ဝမ်လင်းလက်ထဲ၌ အစစ်အမှန်မိုးကြိုးတစ်ခု ဖြစ် ပေါ်လာခဲ့သည်။

ခုချိန်၌ ဝမ်လင်းက မိုးကြိုးနှင့်လျှပ်စီးများကို ထိန်းချုပ် သည့် ကောင်ကင်ဘုံသား တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက အဘိုးအိုထံသို့ လျှောက်လှမ်းလာချေသည်။

အဘိုးအိုအသွင်က ကြီးစွာ ပြောင်းလဲသွားကာ သူက နောက်သို့ ထပ်မံ ဆုတ်လိုက်သည်။ သူ့လက်နှစ်ဖက်လုံးဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ နေရာက ရုတ်တရက် ထူးဆန်းစွာ ရွှေ့လျားကာ မျက်ခုံးနှစ်ခုကြားတွင် တတိယ မြောက်မျက်လုံးတစ်ခု ပေါ်လာသကဲ့သို အာတစ်ခု ဖြစ် ပေါ်လာခဲ့တော့သည်။

ထိုတတိယမျက်လုံးက ကြက်သွေးရောင်ရှိကာ ထိုအဘိုး အို၏ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့ လှည့်ပတ်လာသည်။

ထိုအဖြစ်က သူ့ကို အလွန်နာကျင်စေ၏။ သူ့ခန္ဓာကိုယ်က နာကျင်မှုနှင့် ပြည့်နေသည့်အခိုက်မှာပင် ထို တတိယ မျက်လုံးက ဖြည်းဖြည်းချင်း ပွင့်လာ၏။ အဘိုးအိုက မာန်သွင်းကာ ဝမ်လင်းကို စူးစိုက်ကြည့်လိုက်သည်။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူ့နားအောက်သို့ ညွှန်လိုက်၏။

ချက်ခြင်းပင် သူ့မျက်ခုံးနှစ်ခုကြားရှိ တတိယမျက်လုံးက ရုတ်တရက် ပွင့်လာခဲ့သည်။ ယင်းမျက်လုံးထဲမှ အနီရောင် အလင်းတစ်ခု ထွက်ပေါ်လာကာ စတင် ပျံ့နှံ့လာ၏။

ဝမ်လင်းအသွင်က ပြောင်းလဲသွားသည်။ထိုလူ၏ မန္တာန် က အလွန်ထူးဆန်းလှ၏။ သူက ရှေ့သို့ တိုးနေသည့် အရှိန် ကို လျော့ချလိုက်သည်။ ထိုအခိုက်အတန့်မှာပင် တောင် စိတ်ဝိညာဉ်က နီးကပ်သွားကာ တတိယမျက်လုံးကလည်း လုံးဝ ပွင့်လာခဲ့တော့သည်။

တောင်စိတ်ဝိညာဉ်က ထိုအနီရောင်အလင်းအတွင်း၌ မြန်ဆန်စွာ ကွယ်ပျောက်လာခဲ့၏။ ထိုအဖြစ်က ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။ သူက သူ့လက်ထဲရှိမိုးကြိုးတန်းကို တုံ့ဆိုင်းခြင်းမရှိ ပစ်လွှတ်လိုက်၏။

မိုးကြိုးတန်းက အဘိုးအိုထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။ အဘိုးအိုက မူလမန္တာန်၏ စွမ်းအားကို အပြည့်အဝ အသုံးပြုနိုင်စွမ်း မရှိပေ။ အကြောင်းမူကား သူ သည် ပုံရိပ်ယောင်ယင်အဆင့်ကို လွန်ခဲ့သော နှစ်နှစ်ကမှ ရောက်ရှိခဲ့ကာ လုံလောက်သော မူလစွမ်းအင် ကင်းမဲ့နေ ခြင်းကြောင့် ဖြစ်လေ၏။

တို့အတွက်ကြောင့် တတိယမျက်လုံးထံမှ အနီရောင်အလင်းတန်းသည် အသက်ရှုချိန်သုံးကြိမ်စာ လောက်သာ ကြာမြင့်ကာ အလိုလို ပြန်ပိတ်သွားကာ ပျောက်ကွယ်သွား သည်။

လုံးဝ လျှပ်စီးမိုးကြိုးနှင့် တောင်စိတ်ဝိညာဉ်တို့က ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ရှိကာ နီးကပ်လာစဉ် အ ဘိုးအိုအိုက အံတင်းတင်းကြိတ်မိလိုက်၏။ ထို့နောက် သူက သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူ၍ သူ့ခေါင်း ထက်သို့ ပင့်တင် မြှောက်ပြလိုက်၏။

ဝမ်လင်း၏ ဘယ်လက်က ရှေ့သို့ ဆန့်ထုတ်သွားကာ သူက အဘိုးအိုလက်ထဲရှိ အရာကို လှမ်းယူလိုက်သည်။ ထို ပစ္စည်းကတော့ မိုးကြိုးမီးပြင်းဖိုပင်။

က မိုးကြိုးမီးပြင်းဖိုက သိမ်းဆည်းပြီးသည့်နောက် ဝမ်လင်း ထွက်ခွာသွားခြင်း မပြုသေးပေ။ သူ့မျက်လုံးထဲ၌ ထူးဆန်းသောအကြည့်တစ်ခု ပေါ်လာကာ အဘိုးအိုထံသို့ ကြည့်နေသည်။သည့်နောက် သူက ဖြည်းဖြည်းချင်း မေး လိုက်၏။

"သင် ငါ့အပေါ်မှာ အသုံးပြုခဲ့တဲ့ မန္တာန်ကို လဲလှယ်နိုင်မ လား..."

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)