အပိုင်း(154)

ကောင်းမွန်လှသော အပေးအယူတစ်ခု

ဝမ်လင်းက ပျံ့ကျဲသွားသည့် တောင်စိတ်ဝိညာဉ်ကို ပြန် ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောလိုက်၏။ "ငါက သင့်ရဲ့ဒီ မန္တာန်ကို လဲလှယ်ဖို့အကြောင်း ပြောနေတာ..."

အဘိုးအိုက နှာခေါင်းရှုံ့သည်။ "ဒါနဲ့ ပတ်သတ်လို့ မတွေး တော့နဲ့။ မင်းက မိုးကြိုးမီးပြင်းဖိုလည်း ရသွားပြီး ဖြစ်တဲ့ အတွက် မြန်မြန် ထွက်သွားတော့..."

ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။ထို့နောက် သူက လက်မြှောက်လိုက်ရာ အနက်ရောင်အလင်းတန်း တစ်ခုက ချက်ခြင်း ထွက်ခွာသွားသည်။အနက်ရောင် အလင်းတန်း ပေါ်လာသည်နှင့် အဘိုးအိုသည် သူ့အသက် ဓာတ် အပေါ်သို့ သက်ရောက်မှုတစ်ခု ရှိလာသည်ဟု ခံစား လိုက်ရ၏။

အနက်ရောင်အလင်းတန်းက ကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ တိုးဝင်သွားကာ ပျောက်ကွယ်လို့သွားသည်။သို့ရာတွင် အ ဘိုးအို၏ နတ်ဘုရားအာရုံက ထိုအလင်းတန်းနောက်သို့ လိုက်ပါသွားကာ သူက ထိုအနက်ရောင်အလင်တန်းသည်လွင်ပြင်ကျယ်တစ်ခုပေါ်သို့ ကျရောက်လို့သွားသည်ကို တွေ့ မြင်လိုက်ရသည်။ထိုလွင်ပြင်ကျယ်ရှိ အပင်များသည် ထို အလင်းတန်း ကျရောက်လာသည့်အခါ ချက်ခြင်း ခြောက်သွေ့သွားကာ မရေမတွက်နိုင်သော အသက်ဓာတ် အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲ၍ ဂြိုဟ်ထံမှ ထွက်လာ ကာ ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီမန္တာန်ကို မရဏလက်ချောင်းလို့ ခေါ်တယ်..."

အဘိုးအိုက နှာခေါင်းရှုံ့၍ ဆိုသည်။ "ငါက ပုံရိပ် ယောင်ယင်အဆင့်ကို မရောက်သေးရင်တောင် ဒီမန္တာန်က ငါ့မျက်စိကို ဖမ်းစားနိုင်မှာ မဟုတ်ဘူး..."

သူက ထိုသို့သာ အပြင်ဘက်တွင် ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ထိုမန္တာန်အပေါ် တုန်လှုပ်မိနေသည်။ သူက မန္တာန်၏ စွမ်းအားကို စိတ်ဝင်စားခြင်း မဟုတ်ဘဲ အသက်ဓာတ်ကို စုပ်ယူနိုင်သည့်စွမ်းရည်ကို စိတ်ဝင်စားမိခြင်း ဖြစ်သည်။

ဝမ်လင်းက သူ့ညာလက်ကို နောက်တစ်ဖန် ထပ်မြှောက် လိုက်ရာ နတ်ဆိုးအော်ရာတစ်ခုက သူ့လက်ချောင်းထိပ် တွင် ပေါ်ထွက်လာသည်။ယင်းအော်ရာက ထိုးထွက်သွား ကာ အဘိုးအိုရှေ့တွင် ရပ်တန့်သွားသည်။

"ဒီမန္တာန်က နတ်ဆိုးလက်ချောင်းပဲ။ ဒါက...
 ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို နတ်ဆိုးစွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိတယ်။ မရဏလက်ချောင်းနဲ့ တွဲဖက်အသုံးပြုရင် ဒီမန္တာန်ရဲ့သက်ရောက်မှုက ပိုပြီး ကောင်းမွန်တယ်..."

အဘိုးအိုက သူ့ရှေ့ရှိ အနက်ရောင်အော်ရာကို စူးစိုက် ကြည့်ကာ စဉ်းစားနေသည်။သူက ညာလက်ကို ပင့်မြှောက် ကာ ၎င်းအော်ရာကို ဖမ်းယူလိုက်သည်။ သည့်နောက် သူ့ နတ်ဘုရားအာရုံဖြင့် ၎င်းကို စစ်ဆေးကြည့်လိုက်သည်။ အချိန်အတန်ကြာမြင့်ပြီးနောက် သူက ဝမ်လင်းကို ကြည့် ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "တန်လင်းဂြိုဟ်က လူတွေက နတ်ဆိုးအော်ရာမန္တာန်တွေမှာ ကျွမ်းကျင်ကြ တယ်လို့ ပြောလေ့ရှိကြတယ်။ ဒါ့ကြောင့် မင်းက တန်လင်း ဂြိုဟ်က ဖြစ်မယ်။ ဒါပေမဲ့လည်း ဒီမန္တာန်က မထိုက်တန် ::..."

ဝမ်လင်းက အနည်းငယ် စဉ်းစားနေသည်။ အတိတ် တုန်းက စစ်ထူနန်သည် တစ္ဆေလောကလက်ချောင်းနှင့် ပတ်သတ်၍ တော်တော်လေး အရေးထားခဲ့ပေ၏။ ထို့ကြောင့် သူက ထိုမန္တာန်တွင် အပြစ်အနာဆာများ ရှိနေ လျှင်ပင် လှဲလှယ်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက ညာ လက်ကို ပင့်မြှောက်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။

*ဒီနောက်ဆုံးမန္တာန်က ငါ နိဗ္ဗာနပြိုခွဲခြင်းအဆင့် စီနီယာ တံကနေ သင်ယူခဲ့တာ ဖြစ်တယ်။သင်က ဒါကိုပါ စိတ်မဝင်စားသေးရင် ငါတို့ ဒီလှဲလှယ်မဲ့ကိစ္စကို မေ့လိုက်ကြတာပေါ့..

ဝမ်လင်းက အမိန့်တစ်ခု ပေးလိုက်ရာ သူ့နောက်မှ ကောင်းကင်ဘုံသက်တော်စောင့်သည် ရွှေရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းသွားကာ ကျင့်ကြံခြင်း ဂြိုဟ်ရှိရာသို့ ပျံသန်းသွားသည်။

ရုပ်သေး၏ လှုပ်ရှားမှုက အဘိုးအို၏ အသွင်ကို ပြောင်းလဲသွားစေသည်။

သိပ်မကြာခင်တွင် ကောင်းကင်ဘုံသက်တော်စောင့် သည် လက်ထဲတွင် သားရဲတစ်ကောင်နှင့်အတူ ပြန် ရောက်လာခဲ့သည်။ ထိုသားရဲက အလွန်ရက်စက် ကြမ်းကြုတ်မည့်ဟန် ရှိနေကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး က ဆူးချွန်များနှင့် ဖုံးလို့နေသည်။

ဝမ်လင်းက သူ့လက်ချောင်းများက ဓားဟန်အသွင် ဖြစ် ပေါ်စေလိုက်သည်။ သူက ကောင်းကင်ဘုံသက်ဖြတ်ခြင်း ပညာရပ်ကို အသုံးမပြုခဲ့သည်မှာ အချိန်အတန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ အတိတ်တုန်းက သူ သိပ်သည်းခဲ့သော သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်းများသည်

ကောင်းကင်ဘုံသက်တော်စောင့်၏ အထဲ၌ ထည့်သွင်းထား ပေသည်။

သို့သော် ဝမ်လင်းသည် ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်နှင့် ပတ်သတ်၍ နက်နက်နဲနဲ နားလည်မှု ရှိလို့နေဆဲသာ ဖြစ်သည်။

ဤအခိုက်အတန့်၌ သူက ခဏတာ အာရုံစိုက်လိုက်ရာ သူ့လက်ချောင်းထိပ်၌ ဓားစွမ်းအင်တစ်ခု စုစည်းလာသည်။ သည့်နောက် ထိုဓားစွမ်းအင်က သားရဲပေါ်သို့ ကျရောက် သွားသည်။ထိုအခါ သားရဲက ချက်ခြင် ညီးတွားလိုက်ရ သည်။ အဘိုးအို၏ မျက်လုံးက ပြူးကျယ်သွား၏။ သားရဲက ချက်ခြင်းပင် ခြောက်သွေ့လာခဲ့ကာ အရိုးစုအဖြစ်သို့ ချက် ခြင်း ပြောင်းလဲသွားသည်။

မီးခိုးရောင်အမျှင်တန်းတစ်ခုက ထိုသားရဲအလောင်းက နေ ထွက်ပေါ်လာကာ ဝမ်လင်းလက်ချောင်း ပတ်လည်၌ ထွေးခြုံလာခဲ့သည်။

ဝမ်လင်းက သူ့လက်ကို မီးခိုးရောင်အခိုးငွေ့တစ်ခု တောက်ထုတ်လိုက်ရာ ပျံသန်းထွက်သွားသည်။ ထို့နောက် သူက ၎င်းမီးခိုးရောင်အခိုးငွေ့ထံသို့ လက်ညွှန် လိုက်ရာ ချက်ခြင်းပင် အသက်ဓာတ်ချိပ်တံဆိပ်အဖြစ်သို့ ပြောင်းလဲကာ အဘိုးအိုထံသို့ ပျံသန်းသွားတော့သည်။

"ဒီမန္တာန်ကို ကောင်းကင်ဘုံသတ်ဖြတ်သူ ပညာရပ်လို့ ခေါ်တယ်..."

အဘိုးအိုက လှုပ်ရှားလာ၏။ သူ့ညာလက်ကို ပင့်မြှောက် ကာ ထိုအသက်ဓာတ်ချိပ်တံဆိပ်ကို ဖမ်းယူလိုက်သည်။ ထို့နောက် သူက နတ်ဘုရားအာရုံဖြင် ယင်းချိပ်တံဆိပ်ကို သေချာစစ်ဆေးကြည့်သည်။ သူက သေချာကြည့်လေ ပို၍တုန်လှုပ်လာမိလေ ဖြစ်နေသည်။ သူ့မျက်လုံးများကပါ တောက်ပနေတော့၏။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူက ကောင်းကင်ဘုံသတ်ဖြတ် ခြင်းပညာရပ်ကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိနေပေသည်။ ထိုအသက်ဓာတ်ချိပ်တံဆိပ်သည် အကာအကွယ်ပြုနိုင် သော အရာတစ်ခု ဖြစ်နေကြောင်း သူက သိပေ၏။ မီးခိုးရောင်အခိုးငွေ့တွင်တော့ တိုက်ခိုက်နိုင်သော စွမ်းရည် ရှိနေကြောင်းကိုလည်း သူက သိနေသည်။

3 ၎င်းက စွမ်းအား မပြင်းထန်လှသော်လည်း သည်မန္တာန် အကြိမ်ကြိမ် အသုံးပြုနိုင်ကာ သိုလှောင်ထားနိုင် ကြောင်း သိသာပေ၏။

ကောင်းကင်ဘုံ "ဒီအသက်ဓာတ်ချိပ်တံဆိပ်က သတ်ဖြတ်သူ ပညာရပ်ကနေ ဖြစ်ပေါ်လာတာ။ ဒီမန္တာန်က သတ်ဖြတ်ပြီး အသက်ဓာတ်တွေကို စုစည်းနိုင်မှုအပေါ် မူတည်တယ်။ အသက်ဓာတ်ချိပ်တံဆိပ်တွေ ပိုများလာလေ လေ ပိုမိုအားကောင်းတဲ့ အကာအကွယ်ပေးနိုင်စွမ်း ရှိလာ လေပဲ။ အတိတ်တုန်းက ငါ့ကို ဒီမန္တာန်သင်ပေးခဲ့တဲ့ စီနီယာ ပြောခဲ့တာကတော့ လူတစ်ယောက်ဟာ သန်းတစ်ထောင် လောက် အသက်ဓာတ်ချိပ်တံဆိပ်ပမာဏ ပိုင်ဆိုင်သွားရင် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံး ပြိုကျလာရင်တောင် အဲ့လူက အန္တရာယ်ကင်းနိုင်လိမ့်မယ်တဲ့..."

ဝမ်လင်းက လိမ်ပြောနေခြင်း မဟုတ်ပေ။ သူကမီးခိုးရောင်ရှေ့ဖြစ်ဟောသူ သူ့ကို ပြောခဲ့သည့်အတိုင်း အတိအကျ ပြန်ပြောနေခြင်းပင်။

ပထမဆုံးအကြိမ်အဖြစ် အဘိုးအို၏အသွင်က ချီတုံ့ချတုံ့ ဖြစ်လာခဲ့သည်။ သူက ထိုကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ်သည် မည်မျှစွမ်းအားကောင်းကြောင်း တွေ့မြင်နေ ရသည်။

သို့သော်လည်း သူ့တတိယမျက်လုံးမန္တာန်သည် မိသားစု အမွေအနှစ်တစ်ခု ဖြစ်နေ၏။ ထို့ကြောင့် သူက ယင်းမန္တာန် ကို အပြင်လူတစ်ယောက်အား လွယ်လင့်တကူ မပေးနိုင် ပေ။ထိုမန္တာန်၏ ဇာစ်မြစ်ကို မသိရသော်လည်း ဘိုးဘေး များက ယင်းမန္တာန်ကို မတော်တဆ ရခဲ့တာ ဖြစ်ပုံရသည်။

သည့်အပြင် သူ့မိသားစုက သည်မန္တာန်ကို ရရှိပြီးနောက် အောင်မြင်အောင် သင်ယူနိုင်ခဲ့သည့် ပထမဆုံးသူကလည်း သူသာ ဖြစ်နေ၏။

ဝမ်လင်းက စောင့်ဆိုင်းနေသည်။အဘိုးအို ချီတုံချတုံ ဖြစ် နေသည်ကို ကြည့်ကာ သူက အင်္ကျီလက်အိုးကို ခါယမ်း၍ မိုးကြိုးသားရဲနှင့်အတူ ရှေ့သို့ ထိုးထွက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "ရောင်းရင်းကျင့်ကြံသူက ဆန္ဒမရှိမှတော့..ဒီမန္တာန်ချင်း လဲလှယ်မဲ့ ကိစ္စကို မေ့ လိုက်ပါတော့..."

ထိုသို့ ပြောပြီးနောက် ဝမ်လင်းအောက်ရှိ မိုးကြိုးသားရဲ သည် မိုးကြိုးတန်းအဖြစ်သို့ ပြောင်းကာ အကွာအဝေးတစ်ခုသို့ ပျံသန်းသွားချေသည်။ ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း သူတို့နောက်ကနေ နီးကပ်စွာ လိုက်ပါသွားကြသည်။

အဘိုးအိုလက်ထဲရှိ အသက်ဓာတ်မန္တာန်ကလည်း ပျက်စီး လို့သွား၏။

ဝမ်လင်းက အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွား သည်ကို ကြည့်နေရင်း အဘိုးအို၏ အသွင်က ပြောင်းလဲ သွားသည်။ သူက အံတင်းတင်းကြိတ်ကာ လှမ်းအော်ပြော လိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ရပ်ပါဦး...။ငါက ငါ့ မန္တာန်ကို သင့်ရဲ့ ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်နဲ့ အတူ မရဏလက်ချောင်း၊ နတ်ဆိုးလက်ချောင်း စတဲ့နှစ်ခုနဲ့ ပါဆိုရင် လဲလှယ်မယ်..."

ဝမ်လင်းက ရပ်လိုက်၏။ မိုးကြိုးသားရဲက ဟိန်းသံပြု ကာ နောက်ပြန်လှည့်လာသည်။ ၎င်းက အဘိုးအိုနှင့် ပေ တစ်ရာ အကွာတွင် ရပ်လိက်၏။ ၎င်း၏ မျက်လုံး ထဲ၌လည်း အထင်သေးဟန်တို့နှင့် ပြည့်နေသည်။

အဘိုးအိုက အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ *လဲလှယ်ကြတာပေါ့...။ဒါပေမဲ့လည်း သင်က ဒီမန္တာန်ကို အပြင်လူတွေရှိ မပျံ့နှံ့စေရဘူးလို့ ကတိပေးရမယ်..."

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ အချိန်ဖြုန်းမနေ တော့ဘဲ သူက ကျောက်စိမ်းပြားသုံးခုကို ထုတ်ယူလိုက်ရာ ဘူာန်သုံးခု၏ အချက်အလက်များကို မှတ်တမ်းတင်လိုက်သည်။ထို့နောက် သူက ယင်းကျောက်စိမ်းပြားသုံးခုကို အဘိုးအိုထံသို့ ပစ်ပေးလိုက်သည်။

အဘိုးအိုက ထိုကျောက်စိမ်းပြားများကို စစ်ဆေးကြည့် လိုက်သည်။သူကလည်း ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ တတိယမျက်လုံးမန္တာန်အတွက် နည်းလမ်းကို မှတ်တမ်းတင်ကာ ဝမ်လင်းထံသို့ ပစ်ပေးလိုက်လေသည်။ သို့ရာတွင် သူက သူ့မန္တာန်ကို အပြောင်းအလဲအနည်းငယ် လုပ်ထားခဲ့ပေသည်။လူတစ်ယောက်က ထိုမှတ်တမ်း အတိုင်းသာ ကျင့်ကြံပါက အနာဂတ်တွင် ထိုလူ့အတွက် များစွာ အန္တရာယ် ရှိလာပေလိမ့်မည်။

ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူကာ စစ်ကြည့် လိုက်သည်။သူက တိတ်တဆိတ်ဖြင့် အသုံးပြုကာ တတိယမျက်လုံးမန္တာန်ကို မန္တာန်တစ်ခုကို အသက်ဝင် စေလိုက်သည်။ သူက ချက်ခြင်းပင် ထိုမန္တာန်၏ အပြစ်နာ ဆာကို သိမြင်လိုက်၏။ သို့သော် သူက ဘာမှ ထုတ်ပြောမ နေဘဲ အဘိုးအိုကို ခေါင်းညိတ်ပြလိုက်သည်။

သူက အဘိုးအိုကို ကြည့်ကာ တစ်ခုခုဆိုးရွားသလို ခံစား လိုက်ရသည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက ပြော လိုက်သည်။ "ရောင်းရင်းကျင့်ကြံသူ...ဒီသတ်ဖြတ်ခြင်း စွမ်းအင်တန်းကို တစ်သိန်းထက် ပိုပြီး မကျင့်ကြံတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အန္တရာယ်ကြီးကြီးမားမား ဖြစ်နိုင်လိမ်မယ်..
ထိုသို့ပြောပြီးနောက် သူက အလျင်စလို ထွက်ခွာသွား တော့သည်။

အဘိုးအိုက မှင်သက်သွား၏။ သည့်နောက် သူက သူ့ လက်ထဲရှိ ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်မိသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက အခြားလူများနှင့် အတူ ကျင့်ကြံခြင်းဂြိုဟ်ရှိရာသို့ ပြန်လာသည်။ သည့်နောက် သူက ချက်ခြင်း တံခါးပိတ်ကျင့်ကြံတော့၏။ သူက နောက်တစ်လတွင် ဖွင့်လှစ်လာမည့် မိုးကြိုး ကောင်းကင်ဘုံနယ်မြေအတွက် တက်နိုင်သမျှ ကြိုတင် ပြင်ဆင်ထားရမည် မဟုတ်လား။

ဝမ်လင်းက မိုးကြိုးသားရဲအပေါ်တွင် ထိုင်လျက် ရှိနေသည်။သူ့မျက်နှာထက်၌ ထူးဆန်းသောဟန်ပန် ဖြစ်ပေါ် လို့နေသည်။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ "ပြစ်ချက်အနာဆာ ရှိနေတဲ့ မန္တာန်သုံးခုနဲ့ တတိယအဆင့် အငွေ့အသက် ပါဝင်နေတဲ့ မန္တာန်တစ်ခုကို လဲလှယ်လိုက် နည်းနည်းတော့များတယ်...နည်းနည်းတော့များ တယ်..

ဝမ်လင်းက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့် လိုက်၏။ ထို့နောက် သူ့မျက်နှာက ပြုံးယောင်သမ်းလာလေ သည်။

အဘိုးအိုက ထိုတတိယမျက်လုံးမန္တာန်ကို သာမန်မန္တာန် တစ်ခုကိုသာ သိနေခဲ့ပေသည်။သို့ရာတွင် ဝမ်လင်းအမြင်တွင်တော့ ထိုမန္တာန်သည် အလွန်အမင်း စွမ်းအားကောင်း ကာ ‘မူလသို့ ပြန်ခြင်း” တစ်နည်း ‘တတိယအဆင့်'၏ အငွေ့အသက်တို့ ပါဝင်နေပေသည်။

ဝမ်လင်းက တတိယအဆင့်ကို တွေ့မြင်ခဲ့ဖူးခြင်း မရှိလျှင် သူက ထိုမန္တာန်၏ အနှစ်သာရကို တွေ့မြင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။ သူက သူ့စိတ်ထဲရှိ စိတ်ခံစားချက်ကို ဖိနှိပ်ကာ ကျောက်စိမ်းပြားကို သေချာလေ့လာကြည့်လိုက် သည်။

ဝမ်လင်းက အဘိုးအို ချန်ထားခဲ့သော အပြစ်နာဆာများ ကို ဂရုမစိုက်ပေ။ သူ့မှာ အချိန်လုံလုံလောက်လောက် ရှိနေ သ၍ သူက ယင်းအပြစ်အနာဆာများကို ပြန်ပြုပြင်နိုင်ပေ သည်။

မိုးကြိုးသားရဲက ကြယ်များကြားတွင် မြန်ဆန်စွာ ပျံသန်းလို့နေ၏။၎င်း၏ ဦးတည်ရာသည် လင်း၏ကျင့်ကြံခြင်းဂြိုဟ် ချင်လင်းပင် ဖြစ်သည်။ ဝမ်

ချင်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများက ဝမ်လင်းထွက်ခွာ သွာသည့်အခါ ကံကောင်းသည်ဟု ခံစားမိနေကြ၏။ သို့ရာတွင် လအနည်းငယ် ကြာမြင့်ပြီးသည်နောက် ထိုစီနီ ယာ (ဝမ်လင်း)က ပြန်ရောက်လာကာ ဖိနှိပ်ထားမှုအော်ရာ ကို တစ်ဖန် ခံစားလိုက်ရပြန်တော့သည်။

ဟုန်ယွမ်တောင်ထိပ်၏ ငါးထောင်ကီလိုမီတာ ဧရိယာ သည် တားမြစ်နေရာတစ်ခု ဖြစ်လာပြန်သည်။ မည်သူကမျှထိုနေရာသို့ ခြေလှမ်းတစ်ဝက်ပင် မချဝံ့ကြချေ။

သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းဂြိုဟ်သို့ ပြန်ရောက်လာပြီး နောက် ဝမ်လင်းသည် သူ့အချိန်ကို တတိယမျက်လုံးမန္တာန် ကို ပြန်ပြုပြင်ခြင်း၊လေ့လာခြင်းနှင့် ကုန်ဆုံးစေတော့သည်။ သူက ၎င်းမန္တာန်ကို ထိန်းချုပ်နိုင်ရန် တဖြည်းဖြည်း ကြိုးစားနေသည်။

လဝက်ကျော် ကုန်လွန်သွားခဲ့ပြန်လေပြီ။ သည် နေသာ သော နေ့တစ်နေ့တွင် ကောင်းကင်ထက်၌ မည်သည့်တိမ် စိုင်တိမ်ခဲမှ ရှိမနေဘဲ အပြာရောင်သမ်းလို့နေသည်။ လေ ပြင်ညင်းက နွေးထွေးမှုကို ဆောင်ကြဉ်းလို့နေသည်။

ဝမ်လင်းက ဟုန်ယွမ်တောင်ထိပ်တွင် မတ်တပ်ရပ်လို့ နေ၏။ သူ့လက်ထဲတွင်တော့ မိုးကြိုးမီးပြင်းဖိုတစ်ခု ရှိနေသည်။ သည်မီးပြင်းဖိုက သူ့လက်အရွယ်အစားခန့်သာ ရှိကာ မိုးကြိုးများက ၎င်းအပေါ်၌ ရွှေ့လျားကာ နေသည်။

ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားတွင်လည်း အဟ တစ်ခုက ပေါ်လိုက် ပျောက်လိုက် ဖြစ်ပေါ်လို့နေကာ အနီရောင် အလင်းကို ပေးစွမ်းနေသည်။ သည်အခိုက်အတန့်၌ သူက အလွန်ထူးဆန်းသည့်ဟန်ပန် ဖြစ်ပေါ်နေကာ မည်သူကမျှ သူ့ကို ကျင့်ကြံသူတစ်ယောက် အမှန်တကယ် ဖြစ်သည်ဟု ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။ မည်သို့ပင် ကြည့်ကြည့် သူ့ပတ်လည်၌ နတ်ဆိုးမိစ္ဆာဆန်မှုတစ်ခု ရှိလို့နေသည်။

ထိုအရာများအားလုံးက သူမျက်ခုံးနှစ်ခုကြားရှိ အဟကြောင့်ဖြစ်သည်။

သိပ်မကြာခင်မှာပင် မိုးကြိုးတိမ်တိုက်များက အပြာ ရောင်ကောင်းကင်ထက်၌ ဖြစ်ပေါ်လာခဲ့သည်။ထို့နောက် ကောင်းကင်တစ်ခုလုံးက တိမ်တိုက်များနှင့် ဖုံးအုပ်လာခဲ့ တော့သည်။

တိမ်တိုက်များအတွင်းမှ မိုးကြိုးများကလည်း ပေါက်ကွဲ ရွေ့လျားနေကာ တဝုန်းဝုန်းအသံများ ဆက်တိုက် ဖြစ်ပေါ် လို့နေသည်။ တစ်ချိန်တည်းမှာပင် ဝမ်လင်းလက်ထဲရှိမိုးကြိုးမီးပြင်းဖိုက ထိုကောင်းကင်ထက်မှ မိုးကြိုး တိမ်တိုက်များကို တုံ့ပြန်သည်ဟန်နှင့် သိပ်သည်းလာခဲ့သည်။ တဖြည်းဖြည်း

ဤအခိုက်အတန့်၌ တိမ်တိုက်များထံမှ မိုးကြိုးတန်းတစ် ခုသည် ဝမ်လင်းရှိရာသို့ သက်ဆင်းလာခဲ့တော့သည်။

ဝမ်လင်းက ထိုမိုးကြိုးကို ကြည့်နေရင်း သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။သူက မိုးကြိုးသည် မိုးကြိုးမီးပြင်းဖိုပေါ်သို့ ကျရောက် ထိမှန်နေ သ၍ သူက လေဟာနယ်ကို ဖြတ်သန်းကာ မိုးကြိုး ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသွားမည်ကို သိနေခဲ့ သည်။

သို့ရာတွင် သူက မိုးကြိုးမီးပြင်းဖိုကို ပြန်ရုတ်သိမ်းလိုက် သည်။

"ဒါက ကောင်းကင်ဘုံမိုးကြိုး ...အား .ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံးထဲရှိ ထူးဆန်းမှုက ပိုမိုအားကောင်း လာခဲ့သည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေ ပွင့်လှစ်ခဲ့သည့် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာအတွင်း သူ့လှုပ်ရှား လုပ်ဆောင်မှုက မထင်မှတ်ထားဖွယ် ဖြစ်လို့နေချေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖွင့်လှစ်သည့်အချိန်တွင် ကောင်းကင်ဘုံမိုးကြိုးကို ထုတ်လွှတ်ပေသည်။ ကောင်းကင်ဘုံမိုးကြိုးသည် လမ်းညွှန်သူ အဖြစ် ဆောင်ရွက်ကာ မိုးကြိုးမီးပြင်းဖို ရှိသူ မှန်သမျှကို မိုးကြိုး ကောင်းကင်ဘုံနယ်မြေသို့ ခေါ်ဆောင်သွားလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ ဘာကြောင့် ဖြစ်သည်ကိုတော့ မည်သူကမျှ မသိကြပေ။အချို့အားကောင်းသော ကျင့်ကြံသူများက ထို အတွက် အဖြေရှာကြည့်ကြသော်လည်း မည်မျှကြိုးစားပါ စေ အဖြေမရရှိခဲ့ကြပေ။

ဤအခိုက်အတန့်၌ ဝမ်လင်းက ကောင်းကင်ဘုံမိုးကြိုး ရောက်ရှိလာချိန်တွင် သူက မိုးကြိုးမီးပြင်းဖိုကို အဝေးသို့ ပစ်လွှတ်လိုက်၏။မိုးကြိုးက ခုထိ ကျရောက်လာခြင်း မရှိသေးခင်မှာပင် တုန်ခါမြည်ဟီးသံကို ကြားနေရပေသည်။

ဝမ်လင်းမျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လို့နေသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း အရူး အမူး လုပ်ဆောင်လို့နေ၏။ သူ့ခန္ဓာကိုယ်ကနေ မိုးကြိုးများပေါက်ကွဲထွက်လာကာ ပျံ့နှံ့လာခဲ့၏။ ခုလက်ရှိတွင် သူက မိုးကြိုးနှင့်လျှပ်စီးတို့၏ အရှင်ဟုပင် ထင်မှတ်ရသည်။

မိုးကြိုး ဆင်းသက်လာသည့် အခိုက်အတန့်တွင် ဝမ် လင်း၏ ခန္ဓာကိုယ်သည် တဟုန်ထိုး ထိုးထွက်သွား၏။ သူက ပါးစပ်ဟကာ ယင်းမိုးကြိုးကို ချက်ခြင်း ဝါးမြို ပစ်လိုက်ပေသည်။

သူက ထိုမိုးကြိုးကို ဝါးမြိုလိုက်ပြီးနောက် လေနှင့်တိမ် များက ပြောင်းလဲသွားကာ ကမ္ဘာတစ်ခုလုံး ဖျော့တော့သွား သလား ထင်မှတ်ရချေသည်။မိုးကြိုး၏ တောက်ပမှုကိုပါ ဝမ်လင်းက ဝါးမြိုလိုက်ခြင်းကြောင့် ဖြစ်တော့၏။

မိုးကြိုးခြိမ်းသံများက ဝမ်လင်းခန္ဓာကိုယ်ထဲကနေ ခပ် အုပ်အုပ်အသံများအဖြစ်သို့ ပြောင်းလဲ ထွက်ပေါ်လာကြ သည်။ဝမ်လင်းက ထိုကောင်းကင်ဘုံမိုးကြိုးကို ဝါးမြိုလိုက် ချိန်တွင် သူ့ခန္ဓာကိုယ်က တုန်ယင်နေသည်။

သူက ကောင်းကင်ထက်မှ စွန်ပျက်တစ်ခုလို ကျဆင်းလာ ခဲ့ကာ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျ၏။

သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ရောက်ရှိသွားသည့်အခါ တွင် သူ့ခန္ဓာကိုယ်မှ မိုးကြိုးမြောက်များစွာ ထွက်ပေါ် ပျံ့နှံ့ လာ၏။ ချက်ခြင်းပင် သူနှင့် ငါးကီလိုမီတာ ဧရိယာသည် မိုးကြိုးမုန်တိုင်းတစ်ခုနှင့် ပြည့်လို့သွားသည်။

မြေပြင်ထက်တွင်လည်း တွင်းနက်ကြီးတစ်ခု ဖြစ် ပေါ်လာ၏။ မိုးကြိုး၏ ပြင်းအားကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်က တွင်းနက်ထဲသို့ ကျရောက်နေခြင်းပင်။သူ့တစ် ကိုယ်လုံးသည်လည်း သိပ်သည်းသော မိုးကြိုးများနှင့် ပြည့် လျှံကာနေ၏။ သူ့မူလစိတ်ဝိညာဉ်ကလည်း အနှီ ကောင်းကင်ဘုံမိုးကြိုးကို အရူးအမူး စုပ်ယူနေသည်။ မိုးကြိုးမူလမန္တာန်ကိုလည်း အသက်သွင်းထားကာ ထို မိုးကြိုးအတွင်းမှ မူလစွမ်းအင်ကို စုပ်ယူကာ နေ၏။

ကောင်းကင်ဘုံမိုးကြိုး ရောက်ရှိလာပြီးသည့်နောက်တွင် ကောင်းကင်ထက်ရှိ တိမ်ထုများသည် လွင့်ပြယ်သည့် အရိပ်လက္ခာဏာများ ပြသလာကာ စတင် ပျောက်ပျက်လာ သည်။သည်အခိုက်အတန့်၌ တွင်းနက်ထဲမှ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပွင့်လာ၏။ သူ့မျက်လုံးထဲ၌ ပြင်းထန် သောမိုးကြိုးတို့ တလျှံလျှံ ဖြစ်နေကာ စိတ်လှုပ်ရှားဟန်တို့ ထွက်ပေါ်နေသည်။

သူက နှုတ်ခမ်းသပ်လိုက်၏။ ကောင်းကင်ဘုံမိုးကြိုးထဲရှိမူလစွမ်းအင်သည် အလွန်ပေါများလှသည်။ ၎င်းက မိုးကြိုး ကန်၏ မူလစွမ်းအင်ထက် အဆများစွာ ပိုသိပ်သည်း နေသည်။ ဝမ်လင်းက သူ့ကျင့်ကြံမှုအဆင့်ကြောင့် သိုလှောင်နိုင်သည့် မူလစွမ်းအင်ပမာဏသည် အကန့်အသတ်သို့ ရောက်နေခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သည်ပိုလျှံလာသော မူလစွမ်းအင်က သူ့နဂိုအခြေအနေကို ပြောင်းလဲ စေခဲ့သည်။

သူက မြန်ဆန်စွာ ရွှေ့လျားလာကာ တွင်းနက်ထဲမှ တ ဟုန်တိုး ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူကသိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုးကြိုးမီးပြင်းဖိုက သူ့ လက်ထဲ၌ ပေါ်လာချေသည်။

မိုးကြိုးမီးပြင်းဖို ပေါ်လာသည့်အခါတွင် မိုးကြိုး တိမ်တိုက်ထုများက ပျောက်ကွယ်နေရာကနေ ရပ်တန့်သွား ကာ နောက်တစ်ဖန် သိပ်သည်းလာခဲ့သည်။ထို့နောက် ကောင်းကင်ဘုံမိုးကြိုးတန်းက ထပ်မံ ဆင်းသက်လာ ပြန်၏။

ဝမ်လင်းက ရယ်မောကာ မိုးကြိုးမီးပြင်းဖိုကို သိမ်းဆည်းလိုက်ပြန်၏။ ထိုအခါ မိုးကြိုးတန်းက သူ့ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပြန်သည်။ ဝမ်လင်း၏ မူလ စိတ်ဝိညာဉ်ထဲရှိ မူလစွမ်းအင်ပမာဏသည် အံ့မခန်း ဖြစ် နေချေကာ သူ့ မူလစိတ်ဝိညာဉ်က တောင့်ခံနိုင်ရုံမျှသာ ရှိတော့၏။

ကောင်းကင်ဘုံမိုးကြိုးကို ဝါးမြိုခြင်း...။

ကောင်းကင်ဘုံမိုးကြိုး ဒုတိယအကြိမ် ရောက်လာသည့် အခါတွင် ဝမ်လင်းခန္ဓာကိုယ်က လေထဲတွင် ရှိနေကာ သူ့ ခန္ဓာကိုယ်ထံမှ မိုးကြိုးခြိမ်းသံများ တဝုန်းဝုန်း ထွက်ပေါ် နေသည်။ သူ့ခန္ဓာကိုယ်တစ်လျှောက် မိုးကြိုးများက ရွှေ့ လျားကာ နေသည်။ဝမ်လင်းက ချက်ခြင်းပင် ထိုဒုတိယ ကြိမ် ကောင်းကင်ဘုံမိုးကြိုးကိုပါ ထပ်မံ ဝါးမြိုလိုက် ပြန်၏။

သည်တစ်ကြိမ်၌ သူက မြေပေါ်သို့ ဆောင့်ကျသည်နှင့်ချက်ခြင်း ကြာပွင့်သဏ္ဌာန် ကောက်ထိုင်လိုက်၏။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ခါလို့နေသည်။

သည်တစ်ကြိမ်၌ ဝမ်လင်းအတွက် ယင်းမိုးကြိုးကို စုပ်ယူ နိုင်ရန် အချိန်မလောက်ဘဲ ဖြစ်နေသည်။ ကောင်းကင်ဘုံ မိုးကြိုးနှစ်ခု ထွက်ပေါ်လာပြီးသည့်နောက် တိမ်တိုက်များ က မတည်မငြိမ် ဖြစ်လာကာ မြန်ဆန်စွာ လွင့်ပြယ်လာ သည်။ သည်တစ်ကြိမ် လွင့်ပြယ်နှုန်းက အရင်တစ်ခေါက် ထက် အဆများစွာ မြန်နေသည်။

ဝမ်လင်းက ကြာပွင့်သဏ္ဌာန်ထိုင်နေရင်း သူ့ဦးခေါင်း ထက်မှ အစိမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအစိမ်းရောင်အလင်း ပေါ်လာသည်နှင့် အပြာရောင်မြူ လွှာတစ်ခုကပါ လိုက်ပါ ထွက်ပေါ်လာသည်။ သည့်နောက် ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လာပေ၏။

သူ့မူလစိတ်ဝိညာဉ်ပေါ်လာသည်နှင့် မိုးကြိုးမီးပြင်းဖိုက လည်း သိုလှောင်အိတ်ထဲကနေ ထွက်ပေါ်လာချေသည်။ သူ့ မူလစိတ်ဝိညာဉ်က မိုးကြိုးမီးပြင်းဖိုကို စုပ်ယူလိုက်သည်။ ထို့နောက် တိမ်ထုများဆီသို့ တရကြမ်း တိုးဝင်သွားချေ သည်။

ထိုအခါ ပျောက်ကွယ်နေသော တိမ်တိုက်ထုများက ရပ်တန့်သွားကာ နောက်တစ်ဖန် ပြန်၍ သိပ်သည်းလာ ပြန်သည်။ သို့ရာတွင် သည်တစ်ကြိမ်၌ ၎င်းက ဒေါသထွက်လာသလား ထင်မှတ်ရကာ ရှိရှိသမျှ မိုးကြိုးများအားလုံး နီးပါးကို စုစည်းကာ အရင်နှစ်ကြိမ် မိုးကြိုးထက် များစွာ ပြင်းထန်သော ကောင်းကင်ဘုံမိုးကြိုးတစ်ခု ဖြစ်တည်လာ ချေသည်။

ထိုမိုးကြိုးက တုန်ခါမြည်ဟီးကာ ဆင်းသက်လာ၏။ ယင်း မိုးကြိုး ဆင်းသက်လာသည့်အခိုက်တွင် မိုးကြိုး တိမ်တိုက်များအားလုံးသည် ၎င်းအတွင်းသို့ စုပ်ယူခြင်း ခံ လိုက်ရချေသည်။

ကျယ်လောင်သော တုန်ခါမြည်ဟိန်းသံများကတော့ ဤ ဂြိုဟ်တစ်ခွင်တွင် ပဲ့တင် ထပ်နေတော့၏။ အခိုက်အတန့်တွင် မည်သည့်ကျင့်ကြံသူကမျှ သူတို့၏ နတ် ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ကြခြင်း မရှိပေ။

ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ကလည်း လေထဲတွင် ပျံဝဲ နေကာ ကြောက်မက်ဖွယ်မိုးကြိုးကို စူးစိုက်ကြည့်နေသည်။ သူက မဖြစ်ညစ်ကျယ် ပြုံးလိုက်၏။

ထို ကောင်းကင်ဘုံမိုးကြိုး ဆင်းသက်လာသည်ကို ကြည့် နေရင်း ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် မြန်ဆန်စွာ ရှေ့ သို့ ထိုးတက်၍ ယင်းမိုးကြိုးအား ဝါးမြိုလိုက်ပြန်၏။ သို့ရာတွင် သူက မိုးကြိုး၏ တစ်ဝက်ကိုသာ ဝါးမြိုပြီး နောက် မြန်မြန်ဆန်ဆန် ပြန်ဆုတ်ခွာလာသည်။ ကောင်းကင်ဘုံမိုးကြိုးက စိတ်မာန်စိုးဟန်ဖြင့် ဒေါသတ ကြီး ဝမ်လင်းနောက်သို့ လိုက်ပါလာချေ၏။
သူ့မူလစိတ်ဝိညာဉ်က အလွန်လျင်မြန်စွာ မြေပြင်ပေါ်သို့ ရောက်ရှိလာပြီးနောက် မိုးကြိုးမီးပြင်းဖိုကို အဝေးသို့ ပစ် လွှတ်လိုက်သည်။ထို့နောက် သူ့မူလစိတ်ဝိညာဉ်က ဝမ် လင်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်သွားသည်။ ထိုစဉ်မှာပင် ဝမ်လင်းက မျက်လုံးဖွင့်လာကာ သူ့ညာလက် ဖြင့် မိုးကြိုးမီးပြင်းဖိုကို ဖမ်းယူလိုက်၏။ ထိုအခါ သူ့မူလ စိတ်ဝိညာဉ်နောက်သို့ လိုက်ပါလာသော ကောင်းကင်ဘုံ မိုးကြိုးသည် မိုးကြိုးမီးပြင်းဖို၏ အပေါ်သို့ ကျရောက်သွား တော့သည်။

မိုးကြိုးမီးပြင်းဖိုက အရူးအမူး တဖျပ်ဖျပ် တလက်လက် ဖြစ်လာခဲ့သည်။ထိုမီးပြင်းဖိုကို ကိုင်ဆောင်ထားသော ဝမ် လင်း၏ ညာလက်ပင် ထုံထိုင်းလို့သွား၏။

ထိုအရာက သည်မိုးကြိုးသည် မည်မျှကြောက်မက်ဖွယ် ကောင်းသည်ကို ပြသနေခြင်း ဖြစ်တော့၏။

သည်အခိုက်အတန့်၌ မိုးကြိုးမီးပြင်းဖို အထက်ရှိ မိုးကြိုး ဝဲကတော့သည် မြန်ဆန်စွာ လှည့်လည်လာကာ အတွင်းရှိအရာအားလုံးကို စုပ်ယူတော့၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ထိုမီးပြင်းဖိုသည် ကမ္ဘာလောကတစ်ခုလုံးကို စုပ်ယူနေသလားဟုပင် ထင်မှားစေနိုင်၏။

ချက်ခြင်းလိုလိုပင် ကြီးမားသော ဝဲကတော့ကြီးတစ်ခုက မိုးကြိုးဝဲကတော့ထဲသို့ ဝင်ရောက်သွားချေ၏။ ထိုဝဲကတော့ ပျောက်ကွယ်သွားချိန်၌ မိုးကြိုးမီးပြင်းဖိုထံမှ အက်ကွဲသံများ ထွက်ပေါ်လာကာ ၎င်းမီးပြင်းဖိုအပေါ်၌ အက်ကွဲ ကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။

သည်အရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေ စတင်ပွင့် လှစ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် မိုးကြိုးမီးပြင်း ဖို၏ အပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းပင်။

သည်လို အဖြစ်အပျက်မျိုးသည် လွန်ခဲ့သော နှစ်ပေါင်းမ ရေမတွက်နိုင်ကတည်းက ခုထိ ဖြစ်ပျက်ခဲ့ဖူးခြင်းမျိုး မရှိခဲ့ ပေ။ မိုးကြိုးမီးပြင်းဖို၏ ပမာဏသည် အမြဲလိုလို တူတူဖြစ် ကာ ၎င်းတို့သည် အဖျက်စီးခံရခြင်း၊ပျောက်ရှသွားခြင်းတို့ လုံးဝ မဖြစ်ခဲ့ပေ။မိုးကြိုးကောင်းကင်ဘုံ နယ်မြေ ပွင့်လာ သည့် အချိန်တိုင်း ၎င်းမီးပြင်းဖိုများက လေဟာနယ်ထဲက နေ ထွက်ပေါ်လာတက်ကာ သည့်နောက် လေဟာနယ်ထဲ သို့ ပြန်လည် ရောက်ရှိသွားတက်ပေသည်။သည်လိုနှင့် ၎င်း တို့က နောက်တစ်ကြိမ် ထပ်ပေါ်လာလျှင်လည်း မီးပြင်းဖို အရေအတွက်က အတူတူသာ ဖြစ်နေခဲ့၏။

သို့ရာတွင် ခုချိန်၌ ထိုအရာများအားလုံးက စတင် ပြောင်းလဲလာတော့မည်ဟု ထင်မြင်နေရသည်။

ဝမ်လင်း မျက်နှာက ခါးသီးမှုတို့နှင့် ပြည့်နေ၏။ သူက တရားလွန် လုပ်ခဲ့မိပြီဟု ခံစားနေရ၏။ သူက ကောင်းကင်ဘုံမိုးကြိုးသည် မိုးကြိုးမီးပြင်းဖို အပေါ်မှာ သက်ရောက် ပျက်စီးမှု ရှိနေနိုင်သည်ကိုလည်း မသိခဲ့ပေ။ ၎င်းမီးပြင်းဖိုက ပျက်စီးသွားပါက ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ခြင်းကို တားဆီး

ကောင်းတားဆီးလာနိုင်ပေသည်။

"ဒီမီးပြင်းဖိုက မပျက်စီးသင့်ဘူး..."

တကယ်တော့ သည်မိုးကြိုးမီးပြင်းဖိုသည် မိုးကြိုး ကောင်းကင်ဘုံနယ်မြေမှ တစ်စုံတစ်ခုပင် မဟုတ်လား။

ဝမ်လင်းက မိုးကြိုးမီးပြင်းဖိုသည် မိုးကြိုးတိမ်တိုက်များ ကို စုပ်ယူနေသည်ကို မှင်သက်စွာ ငေးကြည့်နေမိစဉ် ယင်း မီးပြင်းဖိုအပေါ်၌ ပိုပို များပြားသော အက်ကွဲကြောင်းများ ကလည်း ပေါ်ထွက်လာကာ နောက်ဆုံးတွင် ကွဲကြေသွား ချေသည်။

မိုးကြိုး မီးပြင်းဖိုက မရေမတွက်နိုင်သောအစိတ်အပိုင်း များအဖြစ်သို့ ကွဲကြေသွားသည်။သို့သော် အစိတ်အပိုင်း တစ်ခုချင်းစီက တစ်ခုနှင့်တစ်ခု ချိတ်ဆက်မှု ရှိနေကြဆဲ ပင်။

ဝမ်လင်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းမှုတ် ထုတ်လိုက်သည်။ ၎င်း၏အစိတ်အပိုင်းများ ရှိနေသ၍ သည် မီးပြင်းဖိုက ပြန်ပြုပြင်နိုင်ကောင်းပေသည်။

သို့ရာတွင် အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားပြီး နောက် ၎င်းတို့သည် နောက်တစ်ဖန် ပျက်စီးသွားကြ ပြန်သည်။ သည်တစ်ခါ၌ အစိတ်အပိုင်းများက ဖုန်မှုန့်များ အဖြစ်သို့ ရောက်ရှိသွားကြသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေ

ပွင့်သည့်အချိန်ကတည်းက ယခုလို မိုးကြိုးမီးပြင်းဖို ပျက်စီးသွားခြင်း သည် ပထမဆုံးအကြိမ်ဖြစ်နေ၏။

အမှန်ဆို မိုးကြိုးမီးပြင်းဖိုများသည် အလွန်ဖျက်စီးဖို့ ခက်ခဲလွန်းလှသည်။ ဒုတိယအဆင့်ကျင့်ကြံခြင်းနယ်ပယ် မှာ ရှိနေသောလူများအဖို့ပင် ယင်းမီးပြင်းဖိုကို ဖျက်စီးရန် တော်တော်ခက်ခဲပေလိမ့်မည်။ အကယ်၍သာ လူတစ် ယောက်က ၎င်းမီးပြင်းဖိုကို ထိုသို့ ဖျက်စီးနိုင်ခဲ့မည် ဆိုရင် ပင် မည်သည့်အကျိုးအမြတ်မှ မရဘဲ အားသွန်ခွန်စိုက် လုပ်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်း၏ ခါးသက်သက်အပြုံးက ပို၍ သန်မာလာခဲ့ သည်။

မိုးကြိုးမီးပြင်းဖို ပျက်စီးသွားသည့်အခါတွင် ၎င်းအထဲရှိမိုးကြိုးများအားလုံးသည် ဝုန်းကနဲ ပေါက်ကွဲထွက်လာ၏။ အံ့မခန်း တိုင်းဆ၍ မရသော မိုးကြိုးက တဟုန်ထိုး ထွက် လာကာ ဝမ်လင်းအား ဝန်းရံသွားသည်။ ထိုမိုးကြိုးက သူ့ ကို ကောင်းကင်ထက်သို့ အံ့မခန်းအမြန်နှုန်းဖြင့် ကောင်းကင်ထက်သို့ ဆွဲခေါ်သွားချေသည်။

သည်အမြန်နှုန်းက အလွန့်အလွန်မြန်ဆန်လှ၏။

အခြားသူများကို မီးပြင်းဖိုများက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ထံသို့ ဦးဆောင် ခေါ်သွားသည့် အမြန်နှုန်း သည် နှေးသည်ဟု ဆိုရပေမည်။

ချက်ခြင်းလိုလိုပင် သည် ရူးသွပ်နေသည့် မိုးကြိုးကလေဟာနယ်ကို ထွင်းဖောက်ကာ ဝမ်လင်းနှင့်အတူ ပျောက် ကွယ်သွားတော့၏။ သည်အမြန်နှုန်းက ဖော်ပြ၍ပင် မရ ပေ။သည်လေဟာနယ်ထဲမှ ထွင်းဖောက်လာသည့်အခါ ရောက်ရှိလာသည့် ဟင်းလင်းပြင်သည် အခြားသာမန် ဟင်းလင်းပြင်များနှင့် မတူညီပေ။ ဝမ်လင်းက ဖျပ်ခနဲ ဖျပ် ခနဲ မိုးကြိုး ခေါ်ဆောင်ရာသို့ သွားနေရကာ သူ့ ပတ်ဝန်းကျင်ကိုပါ မြင်နိုင်စွမ်း မရှိ ဖြစ်ရသည်။

လမ်းတစ်လျှောက်၌ အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကြီးမှ ကျင့်ကြံသူအများစု ရှိနေကြ၏။ သူတို့က ကိုယ်တိုင် ပျံသန်းနေကြခြင်းမဟုတ်။မိုးကြိုးမီးပြင်းဖိုများ က သူတို့ကို ကောင်းကင်ဘုံဂိတ်ပေါက်ဝသို့ အလိုလို ခေါ် ဆောင်သွားနေခြင်းပင်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေ

မီးပြင်းဖို တစ်ခု ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတိုင်းသည် သူတို့၏ ဆိုင်ရာ ဆိုင်ရာ မီးပြင်းဖိုများ၏ ဆွဲခေါ်ခြင်းကို ခံ နေရသည်။ သူတို့က တူညီသော ကျင့်ကြံခြင်းဂြိုဟ်မှ မဟုတ်ပါက သူတို့ကြားရှိ အကွာအဝေးသည် တစ်ယောက် နှင့်တစ်ယောက် မမြင်ရနိုင်လောက်အောင် လှမ်းလို့ နေသည်။

သည်အခိုက်အတန့်မှာပင် အားကောင်းသော မိုးကြိုး တန်းတစ်ခုက ကျယ်လောင်သော အသံနှင့်အတူ ဖြတ်သန်း သွားသည်။ထိုအလင်းတန်း၏ အမြန်နှုန်းက အံ့မခန်း အဆင့်သို့ ရောက်နေ၏။

ယင်းအလင်းတန်းက ကျင့်ကြံသူများစွာကို ဖြတ်ကျော်လို့ သွားသည်။

တူညီသောကျင့်ကြံခြင်းဂြိုဟ်မှ ကျင့်ကြံသူအားလုံးနှင့် သူတို့၏အသွင်ဟန်ပန်များသည် ကြီးစွာ ပြောင်းလဲသွားကြ သည်။သူတို့က ထိုအလင်းတန်းကို အာရုံစိုက်လိုက်ချိန်၌ ဖျပ်ခနဲသာ မြင်လိုက်ရပြီး အကွာအဝေးတစ်ခုသို့ ချက်ခြင်းပျောက်ကွယ်သွားချေသည်။

ထိုကျင့်ကြံသူများ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့် ကြောက်ရွှံ့မှုတို့ ဖြစ်သွားကြ၏။

ထိုကျင့်ကြံသူများထဲမှ တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဘာကြီး...ဒါကဘာကြီးလဲ..."

ဝမ်လင်းက ထို ဖြတ်သန်းသွားသည့် မိုးကြိုးတန်း အတွင်း၌ ရှိလို့နေသည်။ ယင်းမိုးကြိုးတန်းက မြန်ဆန် လွန်းလှသဖြင့် သူက မျက်လုံးပင် မဖွင့်နိုင် ဖြစ်ရ၏။

အခုအခြေအနေ အမြန်နှုန်းတွင် သူ့နတ်ဘုရားအာရုံကို လည်း ဖြန့်ကျက်ဝံ့ခြင်းမရှိပေ။ သူ့ခုလက်ရှိ အမြန်နှုန်း ကြောင့် သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ပြန်ရုတ်သိမ်းနိုင်ခြင်း မရှိသေးခင်မှာပင် အစိတ်အပိုင်း အချို့ ဆုံးရှုံးကာ သူ့မူလစိတ်ဝိညာဉ်ကိုလည်း ထိခိုက်သွား နိုင်လောက်သည်။

သူက အလွန်မြန်ဆန်လှ၏။ သည်ကြယ်ပျံတစ်စင်းကဲ့သို့ မြန်ဆန်လှသည့် မိုးကြိုးတန်းသည် မိုးကြိုးကောင်းကင်ဘုံ နယ်မြေ ရှိရာသို့ ဝရုန်းသုန်းကား ရောက်ရှိလာသည်။ ခုမှ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ကျင့်ကြံသူအချို့သည် ကောင်းကင်ဘုံဂိတ်ပေါက်ကို တွေ့မြင်ရခါနီးချိန်၌ စိတ် လှုပ်ရှားနေကြ၏။ထို့နောက်မှာပင် သူတို့က ကြယ်ပျံတစ် ခင်းအလင်း မိုးကြိုးတန်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

သူတို့အားလုံးက ခဏတာ တောင့်တင်းမှင်သက်သွားကြလေ၏။

သည်ပတ်ဝန်းကျင် အခြေအနေတွင် အလွန် နည်းပါးသောလူအချို့ကသာ သူတို့၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်ဝံ့ကြပေသည်။ သူတို့က ထိုသို့ နတ်ဘုရားအာရုံ ဖြင့် ဖြန့်ကျက်လိုက်သော်လည်း ထိုမြန်ဆန်လွန်းလှသည့် ကြယ်ပျံတစ်စင်းအလား မိုးကြိုးကို ထောက်လှမ်းမိလိုက် ကြခြင်း မရှိပေ။

ထိုကြယ်ပျံထဲရှိ အရာက ဘာများ ဖြစ်နေမလဲ...။ အနှီ မေးခွန်းက ကျင့်ကြံသူတိုင်း၏ စိတ်ထဲ၌ အရင်ဆုံးပေါ်လာ ခဲ့ကြ၏။ သည့်နောက် သူတို့က မိုးကြိုးကောင်းကင်ဘုံ နယ်မြေပေါ်သို့ ခြေချလာကြတော့သည်။

သည်ဗလာကင်းမဲ့နေသည့် ဟင်းလင်းပြင်၏ အဆုံးသပ် တွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဂိတ်ပေါက် ရှိနေပေ သည်။ ထိုဂိတ်ပေါက်က ကြီးမားသည့် မိုးကြိုးတန်းတစ်ခု ဖြစ်ကာ အဆုံးသပ်ကို မမြင်ရပေ။

ထိုမိုးကြိုးတန်းက အနီရင့်ရောင် ရှိကာ လေဟာနယ်ထဲ ကနေ ပေါ်လာခဲ့ကာ အခြားအစွန်းတစ်ဖက်ကလည်း လေဟာနယ်ထဲတွင် ပြန်ပျောက်ကွယ်လို့နေ၏။ ကြည့်ရ သည်မှာ လေဟာနယ်ထဲ၌ ပေါ်လာခဲ့သည့် မြစ်တစ်စင်း ကဲ့သို့ပင်။ သို့ရာတွင် ထိုမိုးကြိုးတန်းထံမှ မည်သည့် အသက်ဓာတ်မှ ထွက်ပေါ်နေခြင်းတော့ မရှိပေ။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင်ထို..မိုးကြိုးအလင်းတန်းနှင့် ပတ်သတ်၍ ဒဏ္ဌာရီမျိုးစုံ ရှိ၏။ အများစု လက်ခံထားသည့် ဒဏ္ဌာရီ တစ်ခုကတော့ မူလ ပထမတုန်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ သွားသည့် မည်သည့်ဂိတ်ပေါက်မှ မရှိခဲ့ဟု ဆို၏။ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ တစ်ခုလုံးက ဧရာမမိုးကြိုးကန်ကြီး ဟု ဆိုကာ ဂိတ်ပေါက်မလိုခဲ့ပေ။

သည်အနီရင့်ရောင် မိုးကြိုးတန်းကတော့ ကောင်းကင်ဘုံ နယ်မြေ ပြိုကျချိန်၌ ကောင်းကင်ဘုံသားများ၏ စိတ် ဝိညာဉ်များကြောင့် ဖြစ်ပေါ်ခြင်းဟု ဆိုကြသည်။ထို့နောက် ၎င်းအနီရင့်ရောင်မိုးကြိုးတန်းက ဂိတ်ပေါက်ဖြစ်လာခြင်း ဟု ဆိုကြပေသည်။

ခုချိန်တွင် အနီရင့်ရောင်မိုးကြိုးတန်း၏ အောက်တွင် ကြာပွင့်သဏ္ဌာန်ထိုင်နေကြသော လူအများ ရှိလို့နေပြီ ဖြစ်သည်။ရှန်ကုန်းဟူကလည်း ထိုလူများအထဲတွင် တစ် ယောက် အပါအဝင် ဖြစ်သည်။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များ ကလွဲ၍ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် တစ်ကိုယ်တော် ကျင့်ကြံသူများက ရှားလွန်းလှ၏။ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ကျင့်ကြံခြင်းမိသားစု များက အုပ်ချုပ်ကြသည်ဖြစ်ရာ တစ်ကိုယ်တော် ကျင့်ကြံ သူများစွာ ရှိမနေပေ။ ထိုသူတို့၏ ကျင့်ကြံမှုအဆင့်က ကြောက်မက်ဖွယ်မကောင်းပါက ရှင်သန်ဖို့အတွက် ခက်ခဲ ပေလိမ့်မည်။
ထို့အတွက်ကြောင့် တစ်ကိုယ်တော် ကျင့်ကြံသူအများစု သည် စွမ်းအားကောင်းသူများ ဖြစ်နေတက်ကြသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဂိတ်ပေါက်အောက် တွင် တစ်ယောက်နှင့်တစ်ယောက် စကားစမြည် ပြောဆို ခြင်းသည် ရှားပါးကြ၏။သူတို့အားလုံးက မျက်လုံးမှိတ် လျက်သာ ကိုယ့်အာရုံနှင့်ကိုယ်နေနေကြသည်။

တစ်ခါတစ်ရံ မိုးကြိုးမီးပြင်းဖို ခေါ်ဆောင်လာသော ကျင့်ကြံသူများကလည်း ရောက်လာနေကြသည်။အရင် ဦးဆုံး ဂိတ်ပေါက်ဝသို့ ရောက်လာကြသည့်သူများသည် ကျင့်ကြံခြင်းဒုတိယအဆင့်တွင် ရှိနေကြ၏။

ရှန်ကုန်းဟူ၏ ဘေးတွင် သက်လတ်ပိုင်းလူကြီး တစ် ယောက် ထိုင်နေ၏။သူ့မျက်နှာက သွေးရောင်ကင်းမဲ့ကာ ဖြူရောနေသည်။သို့သော် သူ့မျက်လုံးများကတော့ အေး စက်နေ၏။

ထိုသက်လတ်ပိုင်းလူကြီးက ထူးဆန်းလေသံနှင့် ပြော လာသည်။ "ငါကြားခဲ့တာတော့ အမြဲမောက်မာတက်တဲ့ ရှ န်ကုန်းဟူတစ်ယောက်တော့ အရှင်သခင်တစ်ယောက် ရှိနေ ပြီဆိုပဲ။ အစတုန်းကတော့ ငါက မယုံကြည်ခဲ့ဘူး။ဒါပေမဲ့ ခု အကိုရှန်ကုန်းဟူရဲ့ တာအိုစိတ်ဝိညာဉ် အပိုင်းတစ်ခုက ပျောက်ရှနေတာကို တွေ့မှ ဒါကအမှန် ဖြစ်နေတော့တာ ပဲ...။သနားစရာ ကောင်းလိုက်တာ..."

ရှန်ကုန်းဟူအသွင်က ပုံမှန်အတိုင်းပင်။ သူက ထိုသက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ပြန်ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ "ရေတိုသာကြည့်တက်တဲ့လူ တွေက ဉာဏ်ရည်မြင့်တဲ့လူတွေရဲ့ ရည်မှန်းချက်ကို နားမ လည်နိုင်ပါဘူး...ထန်ယန်ဖန်...ငါက မင်း မဟုတ်ဘူး..."

ထန်ဟု အမည်ရသည့်လူ၏ မျက်လုံးက အေးစက်လာ ကာ သူက သုန်မှုန်စွာ ပြုံး၍ ပြောလိုက်သည်။ "ငါက မင်း မှာ ဘယ်လို ဉာဏ်ရည်မျိုး ရှိနေမလဲ သိမြင်ချင်မိပါတယ်

ရှန်ကုန်းဟူက စကားဆက်၍ မဆိုတော့ပေ။ သည်နှစ် နှစ်ဆယ်အတွင်း သူက အတော်လေး ဖိအားများခဲ့ရ၏။ ထို ဖိအားက သူ့မိသားစုနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်း တော်မှ ရရှိခြင်းဖြစ်သည်။

ထိုအရာများအားလုံးသည် သူက ဝမ်လင်းကို သစ္စာခံ လိုက်သောကြောင့် ဖြစ်ပေသည်။

သူ့မိသားစု၌ သူက သူ့အလျင်စလို ဆုံးဖြတ်ချက်ကြောင့် မာန်မဲခံခဲ့ရသည်။သူက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်မှ တမန်တော်တစ်ယောက် ဖြစ်သော်လည်း မိသားစု အကြီးအကဲများကို ဆန့်ကျင်နိုင်ခြင်း မရှိပေ။

မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကလည်း သူတို့၏ တမန်တော်တစ်ယောက်သည် အခြားတစ်စုံတစ်ယောက် ကို သစ္စာခံခြင်းအား သဘောမတူပေ။ သူတို့က သိသိသာသာ မဖော်ပြသော်လည်း ရှန်ကုန်းဟူကတော့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် သူ့အပေါ် ဖဲကြဉ် နေသည်ဟု ခံစားမိနေ၏။

ဥပမာအားဖြင့် သူ့ပါရမီဖြင့် သူက ခုချိန်တွင် သည်နေရာ တွင် ရှိမနေသင့်ပေ။ သူက မိုးကြိုးကောင်းကင်ဘုံကျောင်း တော်မှ အခြားတမန်တော်များနှင့်အတူ ရှိနေရမည် ဖြစ် ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ အခြားလမ်းကြောင်း တစ်ခုကနေ ဝင်ရောက်ရမည် ဖြစ်သည်။

သည်နေရာတွင် ရှိနေသည့်သူများတွင်

သူ တစ်ယောက်တည်းကသာ တမန်တော် မဟုတ်သော်လည်း အခြားလူများက သူနှင့်အဆင့်အတန်းခြင်း မယှဉ်သာကြ 60

ထိုသို့ တွေးမိသော်လည်း ရှန်ကုန်းဟူက နောင်တရခြင်း မခံစားရသည့်အပြင် မာန်ဝင့်မှုပါ ဖြစ်ပေါ်နေသေး၏။သူက သူမှားသည်ဟုလည်း မခံစားရဘဲ သူ့ဘဝတွင် အကောင်း ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်ဟုပင် ခံစားနေရ၏။

"မိသားစု ခေါင်းဆောင်တောင်မှ နိဗ္ဗာနသန့်စင်ခြင်း အဆင့်မှာ တစ်နေတာ။ ဒါ့ကြောင့် သူက ဂန္တဝင် တတိယ အဆင့်အကြောင်းနဲ့ ပတ်သတ်ပြီး သိလား၊မသိလား ဆိုတာ ပြောနေဖို့တောင် မလိုဘူး။သူတို့မှာ ငါ့ကို လမ်းညွှန်ပေးဖို့ ဘာအရည်အချင်းများ ရှိနေကြလို့လဲ.."

ထန်ယန်ဖန်က နှာခေါင်းရှုံ့လိုက်၏။သည်ရှန်ကုန်းဟူက သူတို့မျိုးဆက်ကြားတွင်

မိုးကြိုးကောင်းကင်ကျောင်းတော်၏ တမန်တော်တစ်ယောက်အဖြစ် အရင်ဦးဆုံး ဖြစ်လာခဲ့သည့်သူပင်။သို့ရာတွင် သူ့ ခြေတစ်လှမ်းအမှား ကြောင့် ခုချိန်တွင် သူက ခုလိုမျိုး အခြေအနေသို့ ဆိုက်ရောက်နေရသည်။

သည်အခိုက်အတန့်မှာပင် တောက်ပသောအလင်းရောင် တစ်ခုသည် အကွာအဝေးတစ်ခု၌ ရုတ်တရက် ပေါ်လာခဲ့ သည်။ချက်ခြင်းပင် မိုးကြိုးခြိမ်းသံတစ်ခုက မုန်တိုင်းတစ်ခု အလား တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံသူအားလုံးက မျက်လုံးဖွင့်ကာ လှမ်းကြည့်လိုက် ကြသည်။ထန်ယန်ဖန်သည်လည်း ခြွင်းချက် မရှိပေ။

သူက လှမ်းမျှော်ကြည့်လိုက်ပြီးနောက် အလင်းတန်းက ရုတ်တရက် ပြင်းထန်လာကာ သည်နေရာသို့ တန်းတန်းမတ်မတ် ဦးတည်လာနေသည်။ထိုအလင်းတန်း က အံ့မခန်းနှုန်းဖြင့် နီးကပ်လာနေ၏။

သည်နေရာတွင် အားကောင်းသောကျင့်ကြံသူများ ကင်း မဲ့နေခြင်းမဟုတ်ပေ။ ထိုအလင်းတန်းကသာ မြန်ဆန်လွန်း နေခြင်း ဖြစ်၏။ သူတို့အများစုက နတ်ဘုရားအာရုံများ ဖြန့် ကျက်ကာ ထိုကြယ်ပျံတစ်စင်းအလား တိုးဝင်လာနေသည့် မိုးကြိုးနှင့် ပတ်သတ်၍ သဲလွန်စတစ်ခုခုရရန် ကြိုးစားလာ ကြသည်။

သို့ရာတွင် ၎င်း၏ ရူးသွပ်ဖွယ် အမြန်နှုန်းကြောင့် ကြယ် ပျံတစ်စင်းအလင်းမိုးကြိုးသည် ထိုသူတို့၏ နတ်ဘုရားအာရုံ ကျရောက်လာခြင်း မရှိသေးခင်မှာပင် နီးကပ်လာချေ သည်။ ပြင်းထန်သော အားတစ်ခုကိုပါ ထိုမိုးကြိုးတန်းက သယ်ဆောင်လာသည့်အတွက် လူတိုင်း၏ မျက်လုံးများက အလေးအနက် ဖြစ်လာခဲ့ကြသည်။

၎င်းမိုးကြိုးက နီးကပ်လာသော်လည်း သည်နေရာ၌ ပုံ မှန်အတိုင်း ရပ်တန့်သွားခြင်း မရှိသည့်အပြင် ပို၍ပင် မြန်ဆန်သွားသေးသည်။

ထိလူတိုင်း၏ အကြည့်အောက်မှာပင် ထိုမိုးကြိုးတန်းက အနီရင့်ရောင်မိုးကြိုးတန်းကြီးနှင့် ရုတ်တရက် တိုက်သွား၏။ ခပ်အုပ်အုပ်အသံများ ထွက်ပေါ်လာပြီး နောက် မိုးကြိုးတန်းသည် ထိုအနီရောင်မိုးကြိုးကြီး အတွင်း၌ ပျောက်ကွယ်သွားချေသည်။ ထိုအခါ လူတိုင်း သည် မှင်သက်သွားကြတော့၏။

"ဝင်တာ…ဒါက အထဲကို ဝင်ရောက်သွားတာလား..." ကျင့်ကြံသူများထဲမှ တစ်ယောက်က အထိတ်တလန့် ဆို၏။

သူသာမက လူတိုင်းနီးပါးသည် ချက်ခြင်း မတ်တပ်ထ ရပ်လာကာ ဂိတ်ပေါက်ဝကို စူးစိုက်ကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် ဂိတ်ပေါက်မပွင့်ခင် အထဲသို့ ဝင် သွားသည့် တစ်စုံတစ်ယောက်ရှိသည်ဟု တစ်ခါမှ မကြားခဲ့ ဖူးကြပေ။

ထန်ယန်ဖန်က မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဂိတ် တံခါးကို မှင်သက်ကြောင်ရီစွာ စူးစိုက်ကြည့်နေမိသည်။
သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ဒါက ဘာလဲ...။ဒီဂိတ် တံခါး မဖွင့်ခင်မှာ တစ်စုံတစ်ယောက်က ဝင်သွားနိုင်လို့ လား...."

သူက မျက်မှောင်ကြုတ်နေမိသည်။

သူတစ်ယောက်တည်းသာ ထိုကဲ့သို့ တွေးမိသည် မဟုတ် ပေ။သို့သော် လူတစ်ယောက်ကလွဲ၍ မည်သူကမျှ ကြိုးစား ကြည့်ဝံ့ကြခြင်း မရှိပေ။ ထိုလူ၏ ခန္ဓာကိုယ်သည် ဖျပ်ခနဲ ဖြစ်သွားကာ သူ့နောက်ကနေ သူ့ကိုယ်ပွားတစ်ခုက လှမ်း ထွက်လာခဲ့သည်။ သူက ရှေ့သို့ လက်ညွှန်လိုက်ရာ ထိုကိုယ် ပွားက အနီရင့်ရောင်မိုးကြိုးထံသို့ ဦးတည်သွားတော့သည်။

လူတိုင်း၏အကြည့်က ထိုကိုယ်ပွားနောက်ကနေ လိုက်ပါ သွားကြသည်။သူတို့အားလုံးက ထိုကိုယ်ပွားသည် အနီရင့် ရောင်မိုးကြိုးနှင့် ထိသွားသည့်အခါ ၎င်း၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ ချက်ခြင်းပျက်စီးသွားသည်ကို တွေ့လိုက် ရချေသည်။

တစ်ချိန်တည်းမှာပင် အနီရင့်ရောင်မိုးကြိုး၏ မိုးကြိုး တန်းတစ်ခုသည် ထိုကိုယ်ပွားကို စေလွှတ်လိုက်သော် ကျင့်ကြံသူထံသို့ ထိုးထွက်လာခဲ့ချေသည်။

ထိုကျင့်ကြံသူ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူက ပုံရိပ်ယောင်ယင်အဆင့်တွင် ဖြစ်၏။ သို့သော် ထို မိုးကြိုးနှင့် ရင်ဆိုင်ရသည့်အခါ သူ့ဦးရေပြားပင် ထုံထိုင်း သွားရကာ အသိဉာဏ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားရသည်။
သူက လှည့်၍ မြန်ဆန်စွာ ပြေးတော့သည်။သို့သော် ထိုအနီ ရောင်မိုးကြိုးကတော့ သူ့နောက်ကနေ လိုက်ပါလာသည်။ အနီရောင်မိုးကြိုးက ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားပြီး တစ်ပတ်လှည့်လည်ပြီးနောက် ပြန်လည် ပျံသန်း ထွက်လာခဲ့သည်။

ထိုကျင့်ကြံသူကတော့ တုန်ခါနေ၏။ သည့်နောက် သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် ပျက်စီးလို့သွားတော့သည်။ သူ့မူလစိတ်ဝိညာဉ်နှင့်အတူ

တိတ်ဆိတ်မှု။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။

ထိုအခိုက်အတန့်၌ ရှန်ကုန်းဟူက ခေါင်းငုံ့လိုက်သည်ကို မည်သူကမျှ သတိမပြုလိုက်မိကြပေ။ သူ့မျက်လုံး ထဲ၌လည်း တုန်လှုပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ သူက ကြယ်ပျံအလား မိုးကြိုး ဖြတ်ကျော်သွားချိန်၌ သူ့တာ အိုစိတ်ဝိညာဉ်အပိုင်းတစ်ခုကြောင့် သူ့အရှင်သခင်၏ အော် ရာကို ယင်းမိုးကြိုးထဲ၌ ခံစားမိလိုက်သည်။

"ငါ...ရှန်ကုန်းဟူက မမှားဘူး။ စီနီဘာက တကယ့်ကို အံ့မခန်းပုဂ္ဂိုလ်ပဲ..။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေ မ ပွင့်ခင်မှာတောင် ဒီလိုပုံစံနဲ့ ဝင်သွားနိုင်တယ်။ ဒီလိုကျင့်ကြံ မှုအဆင့်မျိုးက တကယ့်ကို မယုံနိုင်ဖွယ် ကောင်းတယ်..."

ပွင့်လှစ်ခြင်း မရှိသေးသော မိုးကြိုးကောင်းကင်ဘုံ နယ်မြေ၏ အစိတ်အပိုင်းတစ်ခုပေါ်တွင် မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ဖုံးလွှမ်းနေသော တောင်ထွတ် တစ်ခုပေါ်တွင် လူတစ်ယောက်သည် မတ်တပ်ရပ်လျက် ရှိနေသည်။

ထိုလူက တစ်ခေါင်းလုံး ဖြူဖွေးနေကာ သူ့ဆံပင်ဖြူများ က လေထဲ၌ မြောလွင့်နေသည်။ သူ့ အဖြူရောင် အဝတ်အစားများကလည်း လေထဲ၌ တဖျပ်ဖျပ် တောက်ပ နေသည်။သူက လက်နောက်ပစ်ကာ တစ်စုံတစ်ခုကို မျက်မှောင်ကြုတ်၍ တွေးနေသည်။သို့ရာတွင် သူက အကွာ အဝေးတစ်ခုသို့ လှမ်းကြည့်ကာ အာမောဋိတ်သံဖြင့် ခပ် တိုးတိုး ပြောလိုက်သည်။

"စိတ်ဝင်စားစရာပဲ..." ထိုအဘိုးအို၏ အကြည့်ထဲ၌ စိတ်ဝင်စားမှုတို့ ပါဝင်နေသည်။သည့်နောက် လေပြင်းတစ် ခုက တိုက်ခိုက်လာရာ သူ့ခန္ဓာကိုယ်သည် မရေမတွက်နိုင် သော ရွှေရောင်အလင်းစက်များ အဖြစ်သို့ပြောင်းလဲ၍ ထို မိုးကြိုးတောင်ထွတ်ထိပ်ကနေ ပျောက်ကွယ်လို့သွားသည်။

ဝမ်လင်းသာ ထိုနေရာတွင် ရှိနေခဲ့ပါက သူသည် ထိုအ ဘိုးအို ပျောက်ကွယ်သွားချိန်၌ ‘မူလသို့ ပြန်ခြင်း'( တတိယ အဆင့်)၏ အော်ရာ အငွေ့အသက်တစ်ခုရှိနေသည်ကို သိရှိပေလိမ့်မည်။

ကံစပ်တဲ့လူ(နောက်တစ်ပိုင်း)

ဝမ်လင်းကို မိုးကြိုးကောင်းကင်ဘုံနယ်မြေထံသို့ ဦးဆောင်ခေါ်သွားနေသော ကြယ်ပျံတစ်စင်းအလား မြန်ဆန်လွန်းလှသည့် မိုးကြိုးသည် အနီရင့်ရောင်မိုးကြိုး နှင့် ထိတိုက်သွားသည့်အခိုက်တွင် ပို၍ပင် ရူးသွပ်ဖွယ် ကောင်းလာခဲ့သည်။၎င်းအထဲရှိမိုးကြိုးပမာဏသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်နေ၏။

ယင်းမိုးကြိုးက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်နေသည်။အသက်တစ်ချက်ရှုစာအချိန်လောက်မှာပင် ယင်းမိုးကြိုးက ဝမ်လင်း၏ ခန္ဓာကိုယ်ကို ထုံထိုင်းသွားစေ ကာ ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကိုလည်း ချုပ်နှောင်သွား သည်။

ထိုဖြစ်စဉ်က အလွန်မြန်ဆန်လှသဖြင့် ဝမ်လင်းက တွေး ကြည့်ချိန်ပင် မရလိုက်ချေ။သူ့ခန္ဓာကိုယ်တစ်ခုလုံးက အေး ခဲတောင့်တင်းသွား၏။ ကြယ်ပျံတစ်စင်းအလား မိုးကြိုးက အနီရင့်ရောင်မိုးကြိုးနှင့် ထိမှန်သွားချိန်တွင်တော့ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရပြီ ဖြစ်သည်။

ဝမ်လင်းက သူ့ပတ်ဝန်းကျင်ကိုပင် စစ်ဆေးကြည့်နိုင် ခြင်း မရှိပေ။ကြယ်ပျံတစ်စင်းအလား မိုးကြိုးက လေထဲကို ထိုးခွင်းကာ မြေပြင်ပေါ်သို့ တိုက်ရိုက် ကျရောက်လာပြီး အစိတ်အပိုင်းအကျိုးအပဲ့များစွာကို ဖြစ်သွားစေသည်။ မြေပြင်ထက်၌လည်း ဖုန်များထောင်းထောင်းထ သွား ချေ၏။

အချိန်အတန်ကြာပြီးမှ ထိုဖုန်ထုကြီးက ဖြည်းဖြည်းချင်း အထိုင်ပြန်ကျသွား၏။

မြေပြင် အစိတ်အပိုင်းတစ်ခု၏ အရှေ့ဘက်ပိုင်းရှိမျက်နှာပြင်ပေါ်တွင် အပေါ်ကြီးတစ်ပေါက် ဖြစ်နေခြင်းက ဖြစ်ပျက်ခဲ့သမျှကို အမှန်ဖြစ်သည်ဟု သက်သေပြနေ တော့သည်။

အစိမ်းရောင်အခိုးငွေ့များက ထိုတွင်းပေါက်ထဲကနေ ထွက်နေကြသည်။ လေအတိုက်တွင် ထိုအစိမ်းရောင်အခိုး ငွေ့များက လွင့်ပြယ်သွားကြ၏။

ထိုတွင်းပေါက်၏ အစွန်းသပ်နားရှိ မြေပြင်တွင် မိုးကြိုး များက လှုပ်ရှားသက်ဝင်နေသည်။

ထိုတွင်းနက်ထဲရှိ အောက်ခြေတွင်တော့ ဝမ်လင်းက လှဲ လျောင်းလို့နေ၏။ သူ့ဒွာရကိုးပေါက်ကနေ သွေးများ စိမ့် ထွက်နေကာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများသည်လည်း အပေါ်မှ ပြုတ်ကျလာသော အားကြောင့် ဒဏ်ရာရရှိနေသည်။သူက အလွန်သနားစရာ ကောင်းသော အခြေအနေသို့ စိုက်ရောက်နေချေ၏။

သည်မိုးကြိုး ကောင်းကင်ဘုံနယ်မြေက မိုး ကောင်းကင်ဘုံနယ်မြေထက် ပိုမို တည်တည်ငြိမ်ငြိမ် ရှိလှ သော်လည်း ပျက်စီးပြိုကျနေမှုများကတော့ ရှိလို့နေဆဲသာ ဖြစ်သည်။ ခြေလှမ်းတစ်ရာ ကွာတိုင်း ပျက်စီးပြိုကျနေ သော နေရာတစ်ခု ရှိလို့နေသည်။

ကြယ်ပျံတစ်စင်းအလားမိုးကြိုးကြောင့် အစိတ်အပိုင်း နေရာက ပို၍ပင် မတည်မငြိမ် ဖြစ်လာခဲ့ရသည်။ဝမ်လင်း ကြောင့် မျက်နှာပြင်ထက်၌ တွင်းပေါက်တစ်ခု ဖြစ်သွားပြီး မကြာခင်မှာပင် ထိုတွင်းပေါက်၏ အနားစွန်းများသည် စတင် ပြိုကျလာသည်။

အဖြူရောင်ဝတ်စုံနှင့်အဘိုးအိုသည် လေဟာနယ်ထဲက နေ ထွက်ပေါ်လာသည့်ဟန် ရ၏။ သူက တွင်းပေါက်ရှိသော မြေပြင်နားသို့ ရောက်ရှိလာကာ ငုံ့၍ကြည့်လိုက်ပြီးနောက် ပြုံး၍ ဆိုသည်။ "ငါ အသက်ရှင်ခဲ့တာ အချိန်ကြာလှနေခဲ့ ပြီ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ဒီလို လောဘတကြီး ဝင်ရောက်လာတဲ့လူကို ခုမှ ပထမဆုံး မြင်ဖူးတော့ တယ်....။အယ်..."

ထိုအဘိုးအို၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက သေချာထပ်မံကြည့်ရှုလိုက်ပြီးနောက် ခပ်တိုးတိုး ရွတ်ဆို လိုက်သည်။ "ဒီကောင်လေးရဲ့ မူလစိတ်ဝိညာဉ်က ဒီလိုအားကောင်းတဲ့မိုးကြိုးဖိအားကို ပေးစွမ်းနေတယ်။ဒါ့အပြင် သူ့ခန္ဓာကိုယ်ကလည်း မိုးကြိုးနဲ့ ပြုလုပ်ထားတာ။ဘာလဲ ဟ...သူက လူသားလား...ဒါမှမဟုတ် စိတ်ဝိညာဉ်တစ်ခု လား..။ ဒီလိုသာ ဆက်လုပ်နေရင် သူက အနှေးနဲ့အမြန် မိုးကြိုးစိတ်ဝိညာဉ် ဖြစ်လာနိုင်လိမ့်မယ်..."

"ဒါပေမဲ့လည်း သူ့ပြုတ်ကျသွားတဲ့နေရာက နည်းနည်း တော့ ထူးဆန်းနေတယ်။ ထားလိုက်ပါလေ...ဒီအဘိုးအိုက သူ့ကို မြင်တွေ့ပြီးသွားပြီ ဆိုမှတော့ ငါတို့နှစ်ယောက်က ကံ စပ်တယ်လို့ ဆိုလိုတာပဲ..."

အဘိုးအို၏ အကြည့်ထဲ၌ စိတ်ဝင်စားဟန်တို့ ပေါ်ထွက် နေသည်။သူက ညာလက်ကို ပင့်မြှောက်ကာ မြေကြီးထက် သို့ ဖိချလိုက်သည်။ အလင်းတန်းတစ်ခုက မြေပြင်ထက် တွင် ဖြတ်သန်းသွားသည်။သည့်နောက် အဘိုးအို၏ ခန္ဓာကိုယ်သည် ဖျပ်ခနဲ ပျောက်ကွယ်သွားချေ၏။

ထိုအဘိုးအိုနှင့် ကံစပ်ခဲ့သည့်သူများစွာ ရှိခဲ့ဖူး၏။သို့သော် ထိုသူများသည် အကူအညီမဲ့စွာနှင့်သာ အဆုံးသပ်ခဲ့ကြရပေ သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မြေအောက် အနက်ထဲတွင် ဝမ်လင်းသည် ဖြည်းဖြည်းချင်း မျက်လုံးပွင့် လာခဲ့သည်။သူက အလွန်နာကျင်လို့နေ၏။ သူ့မူလစိတ် ဝိညာဉ်ပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်သေးပေ။

ဝမ်လင်းက မချင့်ပြုံးပြုံးကာ သူ့ပတ်ပတ်လည်ကို ကြည့်လိုက်သည်။သူ့ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးသည့်နေက် ဝမ်လင်းက ထိုင်ဖို့ကြိုးစားကာ မျက်လုံးမှိတ်၍ စတင် ကျင့်ကြံလေသည်။

သူက သူ့မူလစိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ပြန် အသက်သွင်းနေ၏။ သူ့ကိုယ်ပိုင်မိုးကြိုးနှင့် သဟဇာတ မ ဖြစ်သော မိုးကြိုးအမျှင်တန်းတစ်ခုကို တွေ့လိုက်ရ၏။ ထို မိုးကြိုးသည် သူ့မူလစိတ်ဝိညာည်က ကောင်းမွန်စွာ မလုပ် နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းပင်။

ပတ်ဝန်းကျင်တစ်ခုလုံးက လုံးလုံး တိတ်ဆိတ်ကာ နေသည်။ဝမ်လင်းကလည်း သူ့ကျင့်ကြံမှုထဲ၌ နစ်မြုပ် နေ၏။ သည်အခိုက်အတန့်တွင် ကောင်းကင်ဘုံ သက်တော်စောင့်က သူ့အရိပ်ထဲကနေ ထွက်လာခဲ့ကာ ဝမ် လင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချကာ သူ့အား ကာ ကွယ်ပေးနေ၏။

ရက်အချို့က ဖျပ်ခနဲ ကုန်ဆုံးသွားခဲ့သည်။ဝမ်လင်းက မျက်လုံး ပြန်ဖွင့်လာကာ ပါးစပ်အပြည့် လေမှုတ်ထုတ်ပစ် လိုက်၏။ ယင်းမှုတ်ထုတ်လိုက်သော လေထဲ၌ မိုးကြိုး အငွေ့အသက်တို့ ပါဝင်နေသည်။

“နောက်ကျရင် ငါက ဒီလိုပုံစံ စွန့်စားကြည့်လို့ မဖြစ် တော့ဘူး...။ကံကောင်းစွာနဲ့ ငါ့မူလစိတ်ဝိညာဉ်ကိုအ နှောက်အယှက်ပေးနိုင်တဲ့ မိုးကြိုး ပမာဏက သိပ်မများလို့။ မဟုတ်ရင် ငါက ဒါကို အချိန်တိုအတွင်း စွန့်ထုတ်နိုင်မှာမဟုတ်ဘူး..."

တမူကွဲသည့်မိုးကြိုးကို ထုတ်ပယ်ပြီးသည့်နောက် ဝမ် လင်း၏ ဒဏ်ရာများသည် စတင် ကောင်းမွန်လာသည်။ သူ့ မူလစိတ်ဝိညာဉ်ကိုလည်း ကုသပြီး ဖြစ်၏။ သူ့ခန္ဓာကိုယ် သည် ထိခိုက်ခံရသော်လည်း ထိုအရာက သူ့ကျင့်ကြံမှု အပေါ် သက်ရောက်နိုင်ခြင်း မရှိပေ။ဝမ်လင်းက သူ့အပေါ်ရှိမြေကြီးထုကို ကြည့်သည်။ထို့နောက် သူက ရှေ့တည့်တည့် သို့သာ ဆက်လျှောက်လို့သွားတော့သည်။

"ငါက မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်လာခဲ့ တာက ဒီနေရာမှာ မိုးကောင်းကင်ဘုံနယ်မြေနဲ့ ဘယ်လိုမျိုး ခြားနားတဲ့ အရာတွေ ရှိမလဲ သေချာ သိချင်လို့ပဲ.."

ဝမ်လင်း ခန္ဓာကိုယ်က အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ သူ့အထက်ရှိ ဖုန်မှုန့်ထုနှင့် တွေ့ဆုံသွား သည်။ထိုဖုန်မှုန့်ထုထံမှ အလင်းတစ်ခု ဖျပ်ခနဲ ထွက် ပေါ်လာခဲ့သည်။သူက သံနံရံတစ်ခုကို ဝင်စောင့်မိသကဲ့သို့ ဝုန်းကနဲ နောက်ပြန်ကန် ထွက်လာသည်။

သူက မြေပေါ်သို့ သက်ဆင်းလိုက်ပြီးနောက် ဝမ်လင်း သည်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။သူ့ မျက်လုံးထဲ၌လည်း ကြောက်လန့်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။

"ဒီ...ဒီဖုန်တွေက မူလစွမ်းအင် ပါဝင်နေတယ်..." ဝမ် လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲ၌ လျှပ်စီးများနှင့် ပြည့်လာခဲ့သည်။ သူက အနီးကပ် သေချာကြည့်လိုက်သည့်အခါ သူ့အသွင်က နက်မှောင်လို့သွား၏။

"ဒီမူလစွမ်းအင်က သဘာဝအလျောက် ဖြစ်ပေါ်နေတာ မဟုတ်ဘဲ တစ်ယောက်ယောက်က မန္တာန်တစ်ခု အသုံးပြု ထားတာပဲ။တစ်စုံတစ်ယောက်က ငါ့ကို ထွက်မသွားစေချင် ဖူး ဖြစ်နေတယ်..."

ဝမ်လင်းမျက်လုံးများက အေးစက်လာခဲ့သည်။

သူက ပြုတ်ကျလာသည့်အချိန်တွင် ဒဏ်ရာရခဲ့ သော်လည်း သူ့ပတ်ဝန်းကျင်ကိုတော့ အနည်းနဲ့အများဆို သလို သတိထားခဲ့သည်သာ ဖြစ်သည်။ သည်မြေပြင်က ပုံ မှန်ထက် အနည်းငယ် မာကျောသော်လည်း ရပ်တန့် တားဆီးခြင်း စွမ်းရည်တော့ ရှိမနေခဲ့ပေ။

သို့ရာတွင် အခု သည်မြေပြင်ထက်ရှိ ဖုန်မှုန့်ထုက ပြောင်းလဲသွားခဲ့ကာ ဝမ်လင်းကို တုန်လှုပ်စေနေ၏။

ဝမ်လင်းက အနည်းငယ် စဉ်းစားကြည့်နေ၏။ ထို့နောက် အတွေးတစ်ချက်ဖြင့်ပင် သူ့အရိပ်ထဲမှ ကောင်းကင်ဘုံ သက်တော်စောင့်က ထွက်ပေါ်လာခဲ့သည်။၎င်းက အမျိုးမျိုး သောဦးတည်ရာနေရာများကို ချိုးဖျက်ကြည့်ရန် ကြိုးစား လေ၏။

သို့သော် ရှေ့တည့်တည့်နေရာကလွဲ၍ ကျန်သည့်နေရာ များသည် ဖြတ်ကျော်၍ မရနိုင်အောင် ဖြစ်လို့နေသည်။

ဝမ်လင်းအသွင်က ပို၍ပင် သုန်မှုန်လာခဲ့သည်။ သူက သည်အရာသည် လူတစ်ယောက်က ဖန်တီးပြုလုပ်ထားကြောင်း ပို၍ သေချာသိလာခဲ့သည်။ သူ့ကို မြင်တွေ့ခဲ့သော တစ်စုံတစ်ယောက်က သည်နေရာတွင် သူ့ကို လှောင်ပိတ် ထားစေချင်ကာ ထွက်ခွာနိုင်ရန်အတွက် ရှေ့တည့်တည့်က လမ်းတစ်ခုကိုသာ ချန်ထားခဲ့ပေသည်။ ဆိုလိုသည်က ဝမ် လင်းသည် ဘေးဘယ်ညာသို့ သွားနိုင်ခြင်း မရှိဘဲ သူ့ရှေ့ တည့်တည့်သို့သာ သွားနိုင်သည်ဟူ၍ပင်။

ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေ၏။သူက ဒဏ်ရာ ကုသရန် ရက်အတန်အကြာ အသုံးပြုခဲ့ကာ မိုးကြိုး ကောင်းကင်ဘုံနယ်မြေက ဖွင့်လှစ်ပြီလား မသိပေ။ သူက သူ့အား ဘေးဘယ်ညာသို့ သွားလို့မရအောင် တားဆီးထား သည့် မန္တာန်အား အသုံးပြုသူကိုလည်း ကောက်ချက်ချနိုင် စွမ်းမရှိ ဖြစ်နေသည်။

"ဒါပေမဲ့လည်း ဒီလူက ကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းတစ်ခုကိုတောင် ပိတ်လှောင်ထားနိုင်နေ တယ်။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ရိုးရှင်းမှာ မဟုတ်တာကို ငါ စိုးရိမ်ထိတ်လန့်မိတယ်။ ဒါပေမဲ့ ဘာကြောင့် သူက ငါ့ ကို ရှေ့တည့်တည့်ကိုပဲ သွားစေချင်တဲ့ ရည်ရွယ်ချက် ရှိနေရ တာလဲ။ ဒီနည်းလမ်းက အဓိပ္ပာယ်မရှိဘူး..။ဒီလူက ငါ့ကို ရန်မူချင်ရင် တိုက်ရိုက်လာတိုက်ခိုက်ရုံပဲကို..."

ဝမ်လင်းက စဉ်းစားနေ၏။ သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။ ထို့နောက် သူက သူ့ရှေ့တည်တည့်ရှိလမ်းကြောင်းကို ကြည့်လိုက်သည်။
"ရှိစေတော့...ဒီနေရာမှာ နေနေရင် အဓိပ္ပာယ် မရှိဘူး။ ရှေ့မှာ ဘာထူးဆန်းတာများ ရှိနေမလဲ သွားကြည့်ရုံပေါ့..."

ဝမ်လင်းက သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံစုတ်တံ ကို ထုတ်ယူကာ ဆွဲကိုင်လိုက်လေ၏။

စုတ်တံကို ကိုင်ဆောင်ထားရင်း သူ့မျက်ခုံးနှစ်ခုကြားက နေ အနီရောင်အလင်းတန်းအမျှင်တစ်ခုက ထွက်ပေါ်လာခဲ့ သည်။ထိုအရာက သူ့ကို နတ်ဆိုးမိစ္ဆာတစ်ပါးလို ဖြစ်စေ၏။ သည့်နောက် သူက ညာလက်ဖြင့် ချိတ်တံဆိပ်တစ်ခု ဖန်တီးလိုက်ရာ ကောင်းကင်ဘုံလေပြင်းတစ်ခု ချက်ခြင်း ပေါ်ထွက်လာပြီး သူ့ရှေ့ရှိ ဖုန်မှုန်များကို လမ်းရှင်းပေးသွား ကာ လျှောက်လမ်းတစ်ခု ပေါ်ထွက်လာချေသည်။

ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ မည် သည့်နေရာသို့ ဦးတည်မှန်းမသိရသော လမ်းကြောင်းများ စွာ ရှိနေသည်ကို တွေ့လိုက်ရ၏။ သူ့နတ်ဘုရားအာရုံက ထို လမ်းကြောင်း၏ အဆုံးသပ်ကို ရှာတွေ့နိုင်စွမ်း ရှိမနေပေ။

အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းက ရှေ့သို့ ထိုး တက်သွားသည်။သူက ရှေ့သို့ သွားနေရင်း နတ်ဘုရားအာရုံ ကိုလည်း ဖြန့်ကျက်ကာ ထွက်ပေါက်ကို ရှာနေ၏။ သူက ဥမင်လမ်းများအတွင်း တဟုန်ထိုး ဖြတ်သန်းလာနေရင်း ဖြင့် ဘေးဘယ်ညာကို ထွင်းဖောက်နိုင်ရန် ကြိုးစားသည်။ သို့သော် သူက ထိုးထွက်နိုင်စွမ်း မရှိပေ။

သူက ရှေ့တည့်တည့်သို့ ရွှေ့လျားနေရင်း သူ့မျက်လုံးကကျဉ်းမြောင်းသွားသည်။သူ့နတ်ဘုရားအာရုံက ရှေ့နားတွင် ထွက်ပေါက်တစ်ခုကို တွေ့လိုက်ပေ၏။ ဝမ်လင်းက သူ့ အရှိန်ကို မြင့်ကာ ထွက်ပေါက်ထံသို့ ဦးတည်သွား၏။

သို့ရာတွင် သူက ထွက်ပေါက်ကို ရှာရသည်မှာ လွယ်ကူ နေသဖြင့် အနည်းငယ်တော့ သံသယဖြစ်လို့နေ၏။

"ဒီနေရာက မန္တာန်ကြောင့်မဟုတ်ဘဲ...မိုးကြိုးကြောင့် များ ဖြစ်ပေါ်နေတာများလား..."

ဝမ်လင်းက စတင်စဉ်းစားကာ အရှိန်လျော့ချလိုက်သည်။

ထိုအခိုက်အတန့်၌ သူ တွေ့မြင်ထားသည့် ထွက်ပေါက် အပေါ်တွင် ဖျပ်ခနဲ လင်းလက်သွားသည်။ ထိုအလင်း ပေါ်လာသည့်အခါ ထွက်ပေါက်သည်လည်း ချက်ခြင်း ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက မှင်သက်သွားကာ သူ့အသွင်ကလည်း ပိုမို၍ သုန်မှုန်လာခဲ့သည်။အနည်းငယ် စဉ်းစားပြီးသည့်နောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ထွက်ပေါက်ရှိရာသို့ ဦးတည်သွားတော့သည်။သူက ထွက်ပေါက်သို့ ရောက်လာ ခဲ့ကာ အချိန်အတန်ကြာ လှည့်ပတ် ကြည့်နေသည်။သူက မည်သည့်စကားမှ မဆိုဘဲ အခြားလမ်းဆုံတစ်ခုထံသို့ ဦးတည်သွားသည်။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကာ ဥမင် လမ်းကြောင်းတစ်ခုစီကို သေချာ ရှာဖွေကြည့်နေသည်။ နာရီဝက်ခန့် ကြာလာပြီးသည့်နောက် နောက်ထပ်ထွက်ပေါက်တစ်ခုကို တွေ့လိုက်ပြန်သည်။ ထိုထွက်ပေါက် ထံမှ မိုးခိုးရောင်အလင်းတစ်ခု ထွက်ပေါ်နေကာ ထို ထွက်ပေါက်က မျက်နှာပြင်ပေါ်သို့ ဦးတည်နေမှန်း သိသာ နေ၏။

ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိဘဲ ယင်းထွက်ပေါ်ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

သူက မြန်ဆန်စွာသာ ရွှေ့လျား၍ တည်နေရာရွှေ့ပြောင်း ခြင်း မပြုပေ။ သူက ထွက်ပေါ်နားသို့ ခဏနှင့် ရောက်ရှိလာ၏။ သူက ထွက်ပေါ်နှင့် ပေတစ်ရာခန့်သို့ ရောက်သည့် အခါ ရှေ့သို့ တဟုန်ထိုး တက်သွားသည်။

သို့သော် ထိုအခိုက်အတန့်မှာပင် ထိုထွက်ပေါက်ထံမှ အဖြူရောင်အလင်း ဖျပ်ခနဲ လင်းလက်သွားကာ ယင်း ထွက်ပေါက်သည်လည်း ပျောက်ကွယ်သွားပြန်၏။

ဝမ်လင်းက နောက်ထပ် ထွက်ပေါက်တစ်ခုနှင့် လွဲချော သွားပြန်လေပြီ။သူက လက်သီးတင်းတင်းစုပ်ကာ သုန်မှုန် စွာ ရှိနေ၏။ သည့်နောက် ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူ့မျက်လုံးအကြည့်က မြေပြင်ထုကို ထွင်းဖောက်သွား သလား မှတ်ထင်ရသည်။သူက အသက်အနည်းငယ် ခပ်ဝဝ ရှုသွင်းပြီးသည့်နောက် ပြန်လှည့်၍ ထွက်ခွာလာပြန်သည်။

“ဒီနေရာက မန္တာန်တစ်ခုနဲ့ ဖန်တီးထားတာပဲ ဖြစ်ရ မယ်..."

ဝမ်လင်းက သုန်မှုန်စွာဖြင့် အတောမသပ်နိုင်သော ဥမင်လမ်းကြောင်းများကို ဖြတ်သန်းသွားလာနေရင်း အစော ပိုင်းက သူ့တည်ငြိမ်မှုပင် စိုးရိမ်ပူပန်မှုအဖြစ်သို့ ပြောင်းလာ ခဲ့သည်။သည်ထွက်ပေါက်များကို တစ်ယောက်ယောက်က ထိန်းချုပ်နေသည်မှာ ရှင်းလင်းနေ။ ထိုသူက သူ့ကို ထွက်ပေါက်ကို တွေ့မြင်စေသော်လည်း မထွက်ခွာစေနိုင် အောင် ပြုလုပ်နေပေသည်။

သူက စိုးရိမ်ပူပန်ကာ အလျင်စလို ဖြစ်လာခဲ့ပါက သည် နေရာကနေ ထွက်ခွာရန် ပိုမိုခက်ခဲပေလိမ့်မည်။

သည်အချိန်မှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ တစ် နေရာတွင် အဘိုးအိုတစ်ယောက်သည် လက်နောက်ပစ် လျက် ရှိနေ၏။သူက ပြုံး၍ ဆိုသည်။ "ဒီအဘိုးအိုနဲ့ ကံစပ် တဲ့လူ ပေါ်မလာတာ တော်တော်ကြာမြင့်နေခဲ့ပြီပဲ။ဒီဂျူနီ ယာက ခုနစ်ရက်အတွင်း အဲ့နေရာကနေ ထွက်ခွာနိုင်ရင် သူက ငါနဲ့ ကံပိုစပ်တယ်လို့ ဆိုလိုတာပဲ။ ဒီကောင်လေးက ခုနစ်ရက်အတွင်း ထွက်လာနိုင်ဖို့ ငါ တကယ်မျှော်လင့်မိတယ်။ ဒီမိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ဒီအဘိုးအိုနဲ့ ကံ စပ်တဲ့လူတွေအတွက် တော်တော်လေး သင့်တော်လှတဲ့ စိတ်ဝင်စားစရာ နေရာတွေအများကြီး ရှိတယ်..."

သုံးရက်တာကာလက ဖျပ်ခနဲ ကုန်ဆုံးသွား၏။ဝမ်လင်း က မြေအောက် ဥမင်လမ်းကြောင်းများအတိုင်း သူ့နတ် ဘုရားအာရုံကို ဖြန့်ကျက်၍ ဆက်လက်လှုပ်ရှား သွားလာ နေသည်။သူက နာရီဝက်တစ်ကြိမ်လောက် ထွက်ပေါက် တစ်ခုကို ရှာတွေ့နေသော်လည်း ထိုနေရာနားသို့ ရောက်သွားသည်နှင့် ယင်းထွက်ပေါက်က ပျောက်ပျောက်သွားပေ သည်။

သုံးရက်တာ ကုန်ဆုံးပြီးသည့်နောက် သူက မြေအောက် လမ်းကြောင်းအားလုံးကို လျှောက်လှမ်းပြီးသွားခဲ့ပြီ ဖြစ်သည်။ထို့အတွက်ကြောင့် သူ့စိတ်ထဲ၌ မြေပုံတစ်ခု ပေါ်လာခဲ့ချေသည်။

သူက သည်နေရာကနေ ထွက်ခွာရန်အတွက် နည်းလမ်း တစ်ခုကိုလည်း ရှာတွေ့ခဲ့သေးသည်။
သတ်ချင်တာလား

"ငါပြုတ်ကျလာတဲ့အချိန်မှာ ဒီနေရာက ပြိုကျခဲ့တယ်။ ဆိုလိုတာက ဒီနေရာက မတည်မငြိမ် ရှိတယ် ဆိုတာပဲ။ဒီ နေရာက အားကောင်းတဲ့မန္တာန်တစ်ခုနဲ့ ချိပ်ပိတ်ထားတာ ဆိုရင်တောင်မှ ကောင်းကင်ဘုံနယ်မြေရဲ့ ပြိုကျနေမှုကို တောင့်ခံနိုင်စွမ်း မရှိဘူး..."

ဝမ်လင်းက သူထွက်သွားလို့ရနိုင်လောက်မည့် ဥမင် လမ်းကြောင်းထဲ၌ နေ၍ တွက်ချက်နေခဲ့သည်။

တိတိကျကျဆိုပါက သူအခု ရှိနေသောနေရာက ဥမင် လမ်းကြောင်းအားလုံးနှင့် ချိတ်ဆက်မှု ရှိနေသော စုံမှတ် တစ်ခုလို ဖြစ်နေသည့်နေရာလည်း ဖြစ်နေသည်။

ထွက်ပေါက်တွေ ပေါ်လာပြီးတော့ ငါ့ကို စွဲဆောင်ပြီး ပြန် ပြန်ပျောက်သွားတာက ငါ့ကို စိတ်မရှည်၊ ကသိကအောက် ပို ဖြစ်စေခဲ့တယ်။ဒီလူကတော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ လူပဲ..."

ဝမ်လင်းမျက်လုံးထဲ၌ အေးစက်မှုအငွေ့အသက်အချို့ ဖျပ် ခနဲ ဖြတ်သန်းသွားသည်။
သူက အခုလိုမျိုး အခြားတစ်ယောက်၏ အရူးလုပ်ခြင်း ကို ခံရဖို့ မည်သို့ ဆန္ဒရှိပါ့မည်နည်း။ ခုချိန်တွင် သူက သည် အကြံအစည်ကို သူ့ကိုယ်ပိုင်ခွန်အားဖြင့် ချိုးဖျက်ပစ်ရပေ တော့မည်။

ဝမ်လင်းက ခေါင်းမော့ကာ သူ့အထက်ရှိ ဖုန်ထုများကို ကြည့်လိုက်သည်။ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ် လိုက်ရာ စစ်ရထားထွက်ပေါ်လာပြီးနောက် မိုးကြိုးသားရဲ အဖြစ်သို့ ပြောင်းလဲသွားသည်။မိုးကြိုးသားရဲက ပေါ်လာ သည်နှင့် ဟိန်းသံ ပြုလုပ်လိုက်၏။ ၎င်းက ဝမ်လင်းနှင့် ချိတ်ဆက်နေသည် ဖြစ်ရာ ဝမ်လင်းအမိန့်ပေးသည်ကို စောင့်မနေတော့ဘဲ မိုးကြိုးပမာဏများစွာကို ၎င်း၏ ခန္ဓာကိုယ်အနှံ့စီးဆင်းစေကာ ငွေရောင်ဦးချိုထက်၌ စုစည်း လေသည်။

ထိုအခိုက်အတန့်၌ ၎င်း၏ ငွေရောင်ဦးချိုက တောက်ပမှု ကို ပေးစွမ်းနေသည်။ထို့နောက်တွင် မိုးကြိုးသားရဲသည် ဥမင်လမ်းကြောင်းအထက်ရှိ ဖုန်မှုန့်ထုထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။

ပြင်းထန်သော တုန်ဟီးမှုတစ်ခုက ဥမင်လမ်းကြောင်း များ အနှံ့ပျံ့နှံ့သွားလေ၏။

မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည်လည်း နောက်သို့ ပြန် ကန်ထွက်လာခဲ့သည်။ ပြင်းထန်သော တုန့်ကန်မှုကို ၎င်းက ခုခံနိုင်ခြင်းမရှိပေ။ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသည့်နောက် ၎င်း၏ ခန္ဓာကိုယ်သည် တုန်ယင်နေခဲ့သည်။ သို့သော် ၎င်း မျက်လုံးထဲ၌ တိုက်ပွဲဆန္ဒနှင့် ပြည့်နှက်လာ ကာ အလျော့မပေးသောအကြည့်တစ်ခု ဖြစ်ပေါ်လာ၏။

ထိုအခိုက်အတန့်၌

ဝမ်လင်း၏

အရိပ်ထဲမှ

ကောင်းကင်ဘုံသက်တော်စောင့်သည်လည်း ထွက်ပေါ်လာ ခဲ့သည်။၎င်း၏ ခန္ဓာကိုယ်က ရွှေရောင်လွှမ်းနေကာ မိုးကြိုး သားရဲ တိုက်ခိုက်ခဲ့သော နေရာသို့ လက်သီးတစ်လုံး ပစ် သွင်းလိုက်လေ၏။

ဘုန်း...။ မြေပြင်ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ကာ ပြင်းထန်သောတုန်ခါမှုကို ဖြစ်ပေါ်စေသည်။

ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည် မာ ကြောလှ၏။ ထို့ကြောင့် ၎င်းက လက်သီးတစ်ချက်ကို ပြန် ရုတ်သိမ်းပြီးသည်နှင့် နောက်ထပ်တစ်လုံး ထပ်ပစ်သွင်း ကာ ပို၍ တုန်ခါလာစေ၏။ တန်ပြန်အားကလည်း ပို၍ သိပ်သည်းလာခဲ့သည်။လက်သီးငါးလုံးက ထိုးသွင်းပြီးသည့် နာက် ကောင်းကင်ဘုံသက်တော်စောင့်က နောက်ဆုတ်လာ ရသည်။၎င်း ပတ်လည်ရှိ ရွှေရောင်အလင်းကလည်း မှိန် ဖျော့လာကာ ၎င်း၏ အော်ရာက မတည်မငြိမ် ဖြစ်လာခဲ့ သည်။

ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေ၏။ သူ ရွေးချယ် တိုက်ခိုက်ခိုင်းသော နေရာသည် မှားယွင်းခြင်း မရှိပေ။ ကောင်းကင်ဘုံသက်တောင်စောင့် နောက်ဆုတ်လိုက်သည့်အခိုက်အတန့်တွင် ဝမ်လင်းက ရှုလီကောကို နှိုးဆွကာ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ကောင်းကင်ဘုံဓား က ရှုလီကော၏ ဆဲဆိုမာန်သွင်းမှုနှင့်အတူ ရှေ့သို့ ထိုးထွက် သွားချေသည်။

မိုးကြိုးသားရဲ၊

ကောင်းကင်ဘုံသက်တော်စောင့်။ ကောင်းကင်ဘုံဓားတို့၏ ဆက်တိုက် တိုက်ခိုက်မှုများက အစိတ်အပိုင်းကို ပို၍ တုန်ခါလာစေသည်။အထူးသဖြင့် ဝမ် လင်းရှိနေသော ဥမင်လမ်းကြောင်းကိုပင် ဖြစ်၏။ သည် ဥမင်လမ်းကြောင်းက အခြားလမ်းကြောင်းများနှင့် ချိတ်ဆက်ထားသည် ဖြစ်သည့်အတွက်ကြောင့် အခြားဥမင် လမ်းကြောင်းများကပါ လိုက်ပါ တုန်ခါလာခဲ့တော့သည်။

ဝမ်လင်းက မာန်သွင်းလိုက်၏။ ထို့နောက် ချိပ်တံဆိပ် တစ်ခု ဖြစ်ပေါ်စေကာ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များက မြင့်တက်လာခဲ့သည်။သူ့မူလ စိတ်ဝိညာည်ကလည်း မိုးကြိုးကို ပေးစွမ်းနေကာ သူ့လက် ထဲ၌ မိုးကြိုးတစ်ခု စုစည်းလာ၏။ သူက ထိုမိုးကြိုးကို ပစ် လွှတ်လိုက်၏။ မိုးကြိုးသားရဲကလည်း မာန်သွင်းကာ ထို မိုးကြိုးနှင့်အတူ လိုက်ပါ တိုးဝင်သွားသည်။

ကောင်းကင်ဘုံသက်တော်စောင့်ကလည်း နောက်ကနေ လိုက်ပါသွား၏။

အစိတ်အပိုင်းတစ်ခုလုံးက ပြင်းပြင်းထန်ထန် စတင် တုန်ခါလာခဲ့တော့သည်။သည်အခိုက်အတန့်၌ ပြင်းထန်သော တုန်ခါမှုသည် ဥမင်လမ်းကြောင်းကို ပျက်စီးသွားစေ ဖို့ ဖြစ်လာတော့သည်။

ဥမင်လမ်းကြောင်းတစ်ခု ပျက်စီးမှုက ဆက်တိုက် ချိတ်ဆက်မှု ရှိနေသည်။ထို့အတွက်ကြောင့် သည်ဥမင် လမ်းကြောင်းနှင့် ချိတ်ဆက်နေသော အခြားဥမင် လမ်းကြောင်းများသည်လည်း ချက်ခြင်းပျက်စီးသွား တော့သည်။ ထိုပျက်စီးမှုက ပျံ့နှံ့လာကာ များစွာသော ဖုန်မှုန့်ထုများက ပြိုဆင်းကျလာသည်။သို့ရာတွင် မူလ စွမ်းအင် အရိပ်အမြွက်တစ်ခုကတော့ ပေါ်လာခဲ့ကာ ပတ်ဝန်းကျင်ဧရိယာကို လွှမ်းခြုံထားစမြဲ ဖြစ်နေ၏။

မူလစွမ်းအင်အမျှင်တန်းများက အလွန်သိပ်သည်းနေရာ ပိုင်းဖြတ်ရန် မလွယ်ပေ။ သို့ရာတွင် အမျှင်တန်းများ ပိုင်းဖြတ်ခံရချိန်တိုင်း၌ အလင်းတံခါးတစ်ခု ပေါ်လာခဲ့ တော့၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သူက ဥမင် လမ်းကြောင်း ပျက်စီးသွားသည့်နောက် ထိုမန္တာန်သည် ဆက်လက် တည်ရှိနေလိမ့်မည်ဟု မထင်ထားမိခဲ့ချေ။

သို့ရာတွင် ဖုန်မှုန့်ထု အတားအဆီး မရှိတော့ သည့်အတွက် ဝမ်လင်းအတွက် နာရီဝက်တစ်ခါ ပေါ်လာ တက်သည့် ဝင်ပေါက်သို့ ထွက်ခွာရန်ပို၍ လွယ်ကူလာခဲ့ သည်။

နောက်ထပ် အလင်းတံခါးတစ်ခု ပေါ်လာသည့်အခါတွင်ဝမ်လင်းခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားကာ ထိုတံခါးကနေ အမြန်ဆုံးနှုန်းနှင့် ထိုးထွက်လာခဲ့ချေသည်။ ကောင်းကင်ဘုံ သက်တော်စောင့်နှင့် မိုးကြိုးသားရဲတို့ကလည်း သူနှင့် နီးကပ်စွာ လိုက်ပါလာ၏။

သူက ထွက်လာသည်နှင့် ရပ်တန့်ခြင်းမပြုဘဲ လေဟာနယ်ထဲသို့ ခြေချကာ အသက်ဝဝရှုသွင်းလိုက် လေ၏။

‘ဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက ငါ့ကို သတ်ချင် ရင် ခုလိုမျိုး မန္တာန်နဲ့ ခက်ခက်ခဲခဲ လုပ်နေစရာ မလိုဘူး။ သူက ငါ့ကို ပိတ်လှောင်ထားချင်ရင်လည်း ဒီလိုမျိုး တံခါး တွေကို ပျောက်ကွယ်သွားအောင် ရိုးရိုးရှင်းရှင်း လုပ်နေ စရာ မလိုဘူး...။ဒါပေမဲ့လည်း...ဘာကြောင့်များ..."

ဝမ်လင်းက ခေါင်းငုံ့၍ မြေပြင်သို့ ပြန်ကြည့်လိုက်သည်။ ထိုနေရာ၌ မူလစွမ်းအင်အမျှင်တန်းများနှင့် လွှမ်းခြုံ ပိတ် လှောင်ထားသော နေရာတစ်ခုက ရှိလို့နေဆဲပင်။

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်း မိုးကြိုး သားရဲနှင့် ကောင်းကင်ဘုံသက်တော်စောင့်ကို ပြန် သိမ်းဆည်းလိုက်သည်။သူက သူ့အောက်ရှိ မူလစွမ်းအင် အမျှင်တန်းများကို ကြည့်မိချိန်၌ သူ့ဦးရေပြားပင် တင်းကျပ်သွားသည်ဟု ခံစားလိုက်ရလေ၏။

ဝမ်လင်းက သူ့ပတ်လည်ကို ကြည့်ကာ စတင် စဉ်းစား၍ ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ "ဒီနေရာက မိုးကြိုးကောင်းကင်ဘုံနေရာပဲ..."

"ကောင်းကင်ဘုံကျောက်စမ်းပြားတွေက ဒုတိယအဆင့် ကို ခြေချပြီး ဖြစ်တဲ့ ကျင့်ကြံသူတွေအတွက် သိပ်အရေးမပါ တော့ဘူး။တကယ်တော့ ဒုတိယအဆင့်မှာရှိတဲ့ ကျင့်ကြံသူ တွေက မူလစွမ်းအင်ကိုပဲ အာရုံစိုက်ကြတာ..."

ထိုမေးခွန်းက သူ မူလစွမ်းအင်နှင့် ပတ်သတ်၍ ရှာတွေ့ခဲ့ မိချိန်ကတည်းက သူ့စိတ်ထဲတွင် အနည်ထိုင်နေခဲ့ပေသည်။ ဒုတိယအဆင့်ရှိကျင့်ကြံသူများက မိုးကြိုး သူက ကောင်းကင်ဘုံနယ်မြေသို့ ဘာကြောင့် အသည်းအသန်လာ လိုနေသည်ကို တွေးကြည့်နေမိသည်။

ရှန်ကုန်းဟူနှင့် တွေ့ဆုံပြီးခဲ့သည့်နောက် ဝမ်လင်းသည် အချို့ခန့်မှန်းမှုများ ပြုလုပ်ခဲ့ကာ တစ်ခုခုကို နားလည်လာခဲ့ ပေသည်။

ကောင်းကင်ဘုံကျောက်စိမ်းပြားများအပြင်

ကောင်းကင်ဘုံဆေးလုံးနှင့်ရတနာများသည် မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၌ ရှိပေသည်။၎င်းနယ်မြေ ဖွင့်လှစ် ခဲ့ချိန်၌ အချို့သည် ယူဆောင်သွားခြင်း ခံရပြီ ဖြစ် သော်လည်း ကြွင်းကျန်သောအရာများကတော့ ရှိလို့နေဆဲ သာ ဖြစ်သည်။

လူတစ်ယောက်က တစ်ခုခုကို ရှာတွေ့နိုင်ဖို့က ထိုသူ၏ ကံကောင်းမှုပေါ်တွင် မူတည်ပေ၏။ ပြောကြသည်က သည် နေရာတွင် ပြီးပြည့်စုံသော ကောင်းကင်ဘုံမန္တာန်များပင်ရှိသည်ဟူ၍ပင်။ကောင်းကင်ဘုံမန္တာန်အများစုက မပြည့်မ စုံ ဖြစ်နေသော်လည်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကြီး၏ ကျင့်ကြံသူများကတော့ သည်နေရာတွင် အပြည့်အစုံ ကောင်းကင်ဘုံမန္တာန်များ ရှိကိုရှိရမည်ဟု ယုံကြည်နေကြပေသည်။

သည့်အပြင် သည်နေရာ၌ နောက်ထပ် အဓိက အကြောင်းရင်းတစ်ခုလည်း ရှိနေသေး၏။ထို အကြောင်းရင်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပကတိအတိုင်း မပျက်စီးသေးသော ကောင်းကင်ဘုံသား တို့၏ ခန္ဓာကိုယ်အလောင်းများ ရှိသည်ဟူ၍ပင်။

လူတစ်ယောက် ထိုကောင်းကင်ဘုံသား အလောင်းတစ် လောင်းကို ရှာတွေ့နိုင်ပါက၊ သို့မဟုတ် သဲလွန်စတစ်ခု ရှာ တွေ့နိုင်မည် ဆိုရင်ပင် ယင်းအလောင်းကို မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်သို့ ရောင်းချနိုင်ပေသည်။ သဲလွန်စများက တိကျပါက ထိုသူသည် အကျိုးအမြတ်များ စွာ ရရှိပေလိမ့်မည်။

ကောင်းကင်ဘုံသား၏ အလောင်းကို ကိုယ်တိုင်ရှာတွေ့ ကာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သို့ လက်လွှဲနိုင်ပါ က ရရှိလာနိုင်မည့် အကျိုးအမြတ်သည် အံ့မခန်း ဖြစ်ပေ လိမ့်မည်။

ထိုသို့သော ကောင်းကင်ဘုံသားတစ်ယောက်၏ အလောင်းကို ရရှိနိုင်သည့်သူသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ မြင့်မြတ်သောအကြီးအကဲဆယ်ယောက် ထဲမှ တစ်ယောက်၏ တပည့် ဖြစ်လာနိုင်ပေလိမ့်မည်။ ထို ချိန်မှစ၍ ထိုသူသည် အခြားသူများ၏ အထက်တွင်ရှိကာ သူ့အနာဂတ်သည်လည်း အကန့်အသတ် ရှိတော့မည် မဟုတ်ပေ။

သည်အရာများအားလုံးအပြင် အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်း၏ ဒုတိယအဆင့်မှ ကျင့်ကြံသူများကို အမှန် တကယ်စွဲဆောင်နိုင်သော အရာက မူလစွမ်းအင်တွင်းများ ပင် ဖြစ်တော့၏။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းခန့်က ကျင့်ကြံသူတစ် ယောက်သည် အတော်အသင့်သာ ကောင်းမွန်တော့သော မူလစွမ်းအင်တွင်း တစ်ခုကို ရှာတွေ့ခဲ့ဖူးသည်ဟု ဆိုသည်။ ထိုကျင့်ကြံသူက အာဏာတက်ခြင်းအဆင့်တွင်သာ ရှိသေး သော်လည်း ထိုမူလစွမ်းအင်တွင်းနက်ထဲတွင် ကျင့်ကြံပြီး သည့်နောက် သူက ပထမအဆင့်ကို ကြမ်းတမ်းစွာ ချိုး ဖောက်၍ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်ဟူ၍ပင်။

အချို့အကြောင်းရင်းများကြောင်း သည်သတင်းက ပျံ့နှံ့ သွားခဲ့ကာ ကျင့်ကြံသူတိုင်းကို သည် မူလစွမ်းအင်တွင်း အား အရူးအမူး ရှာကြရန် ဖြစ်လာခဲ့စေသည်။

မူလစွမ်းအင်တွင်း မည်သို့မည်ပုံ ဖြစ်ပေါ်သည်ကိုတော့ မည်သူကမျှ မသိကြပေ။

မူလစွမ်းအင်တွင်းထဲ၌ မူလစွမ်းအင် မြောက်များစွာ ရှိပေ၏။ မူလစွမ်းအင်က အလွန်ပေါကြွယ်ဝလှသဖြင့် သန့်စင်မွန်းမံ၍ စုပ်ယူရန်ပင် မလိုပေ။ လူတစ်ယောက်က ဒုတိယအဆင့် ကျင့်ကြံမှုတွင်မရှိလျှင်တောင်မှ သူတို့က ထို စွမ်းအင်ကို စုပ်ယူကာ ကျင့်ကြံနိုင်ပေသည်။

ထိုအမျိုးမျိုးသော အကြောင်းအရာများက မရေမတွက် နိုင်သောလူများထံသို့ ပျံ့နှံ့သွားကာ မိုးကြိုးကောင်းကင်ဘုံ နယ်မြေတွင် လာရောက်စုစည်းစေတော့၏။

မူလစွမ်းအင်တွင်းအပြင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းရှိ ကျင့်ကြံသူများ၏ အခေါ်အရ ‘မူလစွမ်းအင် ကိရိယာ' ဟူ၍လည်း ရှိသေး၏။ ထိုကိရိယာထဲ၌ ပါဝင်နေ သော စွမ်းအင်က ကောင်းကင်ဘုံကျောက်စိမ်းပြားထဲရှိစွမ်းအင်နှင့် ခြားနားလှ၏။ ပထမအဆင့်ကျင့်ကြံသူများက ယင်းစွမ်းအင်ကို စုပ်ယူလျှင် ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင် ဖြစ်လာပေလိမ့်မည်။ သို့သော် ဒုတိယအဆင့်ရှိကျင့်ကြံသူက စုပ်ယူလျှင်တော့ မူလစွမ်းအင် ဖြစ်လာနိုင်ပေ သည်။

ဝမ်လင်းက သည်နေရာသို့ ရောက်လာချင်ရသည်မှာ ထိုထိုသော အကြောင်းရင်းများကြောင့် ဖြစ်တော့၏။ သူက သည်လိုအရာမျိုးကို မိုးကောင်းကင်ဘုံနယ်မြေတွင် ဘာ ကြောင့်မကြားခဲ့ရဖူးလဲကိုလည်း သံသယရှိနေပေ၏။

"ငါ့ကျင့်ကြံမှုအဆင့်က မလုံလောက်သေးဘူး ဖြစ်နေ တယ်....ဝမ်လင်းက သက်ပြင်းချလိုက်၏။ သည့်နောက် သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ထွက်ခွာသွားရန် ပြင်သည်။သည် အခိုက်အတန့်မှာပင် သူ့အောက်ဘက်ရှိ မူလစွမ်းအင်အမျှင် တန်းများက ရုတ်တရက် ပြိုကျပျက်စီးသွားကာ သဲလွန်စမ ရှိ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက ရပ်တန့်ကာ ထိုမြင်ကွင်းကို စူးစိုက်ကြည့် နေသည်။

သည်အခိုက်အတန့်၌ ပြိုကျနေသောမြေပြင်ထံမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းတစ်ခု ခပ်ဖျော့ဖျော့ ထွက်လာနေသည်။မီးခိုးဖြူရောင်သမ်းနေ သော အပိုင်းအစတစ်ခုသည် ဖုန်မှုန့်များကြားကနေ တစ်ဝက်တစ်ပျက် ထွက်ပေါ်လာခဲ့သည်။

ထိုအရာထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်း ထွက်ပေါ်နေခြင်း ဖြစ်လေ၏။

တစ်နေရာရှိမိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းတစ်ခုပေါ်တွင် အဘိုးအိုသည် လက် နောက်ပစ်ကာ သူ့ရှေ့ရှိ မြင့်မားသောတောင်ကြီးကို ငေး မောကြည့်နေ၏။ သူက နှုတ်ခမ်းသပ်လိုက်ကာ ရှေ့သို့ ဆက်လျှောက်ဟန် ပြင်လိုက်သည်။ သို့သော် သူက တစ်ခုခု ကို ထောက်လှမ်းမိသွားဟန်ဖြင့် ရုတ်တရပ် ရပ်တန့်လိုက် သည်။ထို့နောက် သူက ရယ်မော ပြောဆိုလိုက်၏။

"ဒီကောင်လေးက ဖြတ်လမ်းနည်းသုံးပြီး ထွက်လာနိုင် တာပဲ...မဟုတ်ရင် သူက ခုနစ်ရက်အတွင်း ထွက်လာနိုင် မှာ မဟုတ်ဘူး။ဒါပေမဲ့လည်း သူက ဖြတ်လမ်းနည်းသုံးခဲ့ ပေမဲ့ ဘာထိခိုက်မှုမှ မဖြစ်ခဲ့ဘူး။မင်းက ဒီအဘိုးအိုနဲ့ ကံစပ် တဲ့ ဖြစ်လာချင်တော့လည်း ဒီအဘိုးအိုက သနားသဖြင့် သဘောတူရတော့မှာပေါ့..."

"ဒါပေမဲ့လည်း ခုပိုအရေးကြီးတဲ့ ကိစ္စလေးတွေ ရှိသေး တယ်။ဒီအဘိုးအိုက ဒီကိစ္စကို အောင်မြင်နိုင်ဖို့အတွက် နှစ် သောင်းနဲ့ချီပြီး သတ္တုပစ္စည်းတွေ ပြင်ဆင်ထားခဲ့ရတာ။ ငါက ဒီတောင်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူပြီး မဟာအလုံးစုံ ကောင်းကင်အစီအရင်မှာ နေရာချပြီးတာနဲ့ ငါ ပြန်လာပြီး မင်းကို လာရှာမယ်.."

အဘိုးအို၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ် နေသည်။သူ့အတွေ့အကြံဖြင့် ခုလိုမျိုး စိတ်လှုပ်ရှားမှု အလွန်တရာ ဖြစ်ခဲလှ၏။သူ့ဘဝကို စိတ်လှုပ်ရှားမှုတစ်ခုခု ဖြစ်စေသည်ဆိုရင် ထိုအရာက သူနှစ်ထောင်ပေါင်းများစွာ ကြိုးကြိုးစားစား လုပ်ထားသည့် ကြောက်မက်ဖွယ်သည် အစီအစဉ်သာ ဖြစ်ပေလိမ့်မည်။

အဘိုးအိုက ရယ်မောပြောဆိုပြီးနောက် သူ့ရှေ့ရှိမြင့်မားသောတောင်ရှိရာသို့ ခြေလှမ်းလိုက်သည်။

“ဒီအဘိုးအိုက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း နံပါတ်တစ်ပုဂ္ဂိုလ်မှာ

ဖြစ်လာလိမ့်မယ်။ဒီအစီအစဉ်ပြီးပြည့်စုံသွားတာနဲ့ ငါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းအနှံ့ကို လွှမ်းခြုံနိုင်ပြီး ဒီသောက် အရှင်ကျုံးရွှမ်ကို အုတ်ဂူတစ်ခုတောင် မရှိစေဘဲ သတ်ပစ်ရမယ်..."

ဝမ်လင်းကတော့ မြေပြင်ထက်သို့ ခပ်ဖြည်းဖြည်း ဆင်းသက်လာကာ သူ့လက်ကို ဆန့်ထုတ်၍ မြေပြင်ထက်မှ အရာကို ဆွဲယူလိုက်သည်။ထိုအရာက ပြီးပြည့်စုံခြင်း မရှိဘဲ ပန်းအိုးအကွဲတစ်ခုကဲ့သို့သာ ဖြစ်နေသည်။

ဝမ်လင်းမျက်လုံးများက တောက်ပနေကာ သူက မြေပြင် ထက်ကို ကြည့်နေသည်။သူက မြေပြင်ထက်မှ ပိုမိုများပြား သော တုန်ခါလှိုင်းများ ထွက်ပေါ်လာနေသည်ကို ခပ် ရေးရေး ခံစားမိနေသည်။

"ငါက ဒါကို စောနပိုင်းက ဘာကြောင့် သတိမပြုမိရတာ လဲ....။ဒီနေရာ ပျက်စီးသွားပြီးမှသာ ငါက ထောက်လှမ်း နိုင်တာ ဖြစ်ရမယ်..."

ဝမ်လင်းက သူ့လက်ထဲရှိ ပစ္စည်းကို ကြည့်ကာ စဉ်းစား နေ၏။

ထိုအခိုက်အတန့်မှာပင် အလင်းတန်းတစ်ခုသည် ထိုး ခွင်း ရောက်ရှိလာ၏။ သည်အလင်းတန်းက အနက်ရောင်ရှိကာ နတ်ဆိုးမိစ္ဆာစွမ်းအင်ကို သယ်ဆောင်ထားသည်။ ထို အနက်ရောင်အလင်းက တစ်စုံတစ်ခုကို သတိပြုမိဟန်ရ ကာ ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်လာနေသည်။

မိစ္ဆာစွမ်းအင်ထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် မောက်မာမှုတို့ ပါဝင်နေ၏။

"ရှေ့က ဂျူနီယာ….မင်းလက်ထဲကဟာကို ထားခဲ့ပြီး ခု ချက်ခြင်း ထွက်သွားစမ်း...။မလိုက်နာရင် သေရမယ်..."

***
တန်လင်းဂြိုဟ်ရဲ့ ရှုမိသားစု(နောက်တစ်ပိုင်း)

ထိုအသံနှင့်အတူ မိစ္ဆာမီးတောက်တစ်ခုက ကောင်းကင် တစ်ခုလုံးကို ဖုံးအုပ်လာခဲ့သည်။ထိုအနက်ရောင်မီးတောက် မှ ထုတ်လွှတ်သည် အပူဓာတ်သည် လူတစ်ယောက်၏ မူလ စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းသွားစေနိုင်သည်။

ကောင်းကင်သည်လည်း နတ်ဆိုးမိစ္ဆာစွမ်းအင်နှင့် ပြည့် နှက်လာကာ မီးတောက်များက မိုးမုန်တိုင်းတစ်ခုကဲသို့ စတင် ဖြစ်ပေါ်လာခဲ့သည်။မိုးအငွေ့အသက်ကို သယ်ဆောင် လာသော မိစ္ဆာစွမ်းအင်များက လေနှင့်အတူ မြေပေါ်သို့ ရိုက်ခတ်လာသည့်အခါ ပို၍ပင် မွန်းစတား ဆန်လာခဲ့၏။ လူတစ်ယောက်က အကွာအဝေးတစ်ခုမှ ကြည့်ပါက ထို မိစ္ဆာစွမ်းအင်သည် ဦးချိုတစ်ခုနှင့် ကြီးမားသည် တစ္ဆေ အသွင် ဖြစ်ပေါ်နေသည်ကို တွေ့ရပေမည်။

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ထိုတစ္ဆေ ဦးခေါင်းထက်၌ ပေါ်လာ၏။ သူ့မျက်လုံးများက သွေးဆာ နေမှုကို ပေးစွမ်းနေကာ ဆံပင်အနက်များကသူ နောက်ကျောဘက်သို့ ဝဲလွင့်နေ၏။သူက တစ္ဆေပေါ်ကနေခုန်ဆင်းကာ မြေပေါ်သို့ ဦးတည်လိုက်၏။

ဝမ်လင်းက မြေပြင်ပေါ်တွင် ရပ်နေကာ ကောင်းကင် ထက်သို့ တည်ငြိမ်စွာ ကြည့်နေ၏။သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အကျိုးအပဲ့အရိုးက သူ့သိုလှောင်အိတ်ထဲ သို့ ရောက်ရှိသွားချေသည်။

မိစ္ဆာတစ္ဆေက မျက်လုံးမှိတ်လျက် ရှိနေကာ ၎င်းအပေါ်ရှိလူငယ်က ဝမ်လင်းကို အောက်သို့ ငုံ့ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

"မင်းက သေချင်နေတာပဲ..."

သူက လှုပ်ရှားခြင်း မပြုပေ။သို့သော် သူ့အနီးအနား ပတ်လည်ရှိ မိုးမုန်တိုင်း၏ မိုးစက်များက မြန်ဆန်စွာ သိပ်သည်းလာကာ တဟုန်ထိုး ထိုးထွက်သွားခဲ့သည်။ထိုမိုး က မြှားများအလား လေထုကို ထွင်းဖောက်လာကာ ဝမ် လင်းထံသို့ တဝီဝီ ပျံသန်းတိုးဝင်လာချေသည်။

ထိုလူငယ်က ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိပေသည်။ သူက ပုံရိပ်ယောင်ယင်အဆင့်၏ အထွတ်အထိပ်သို့ မ ရောက်သေးသော်လည်း အလယ်အဆင့်လောက်တွင် ရှိနေ ပေ၏။

ထို့အပြင် သူ့မိစ္ဆာမန္တာန်များက သူ့ကို ပို၍ ကြမ်းကြုတ် အောင် ပြုလုပ်နေတော့သည်။

မိုးကနေ ဖြစ်ပေါ်လာသည့် မြှားများထဲ၌ ကြမ်းကြုတ် သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင်နေသည်။ဝမ်လင်း၏ မျက်လုံးက အေးစက်လာခဲ့သည်။သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်၏။ သည့်နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ မိုးကြိုးများက ရှေ့တည့်တည့်သို့ ပေါက်ကွဲထွက်သွာကြသည်။ တစ်ချိန်တည်းမှာပင် မိုးကြိုး လုံးများ ဖြစ်ပေါ်လာခဲ့သည်။ယင်းမိုးကြိုးလုံးများက တစ်ခု နှင့်တစ်ခု လျှပ်စီးများနှင့် ချိတ်ဆက်ထားကြသည်။

လက်ညှိုးတစ်ချက်ညွှန်လိုက်မှုနှင့်အတူ သည်မိုးကြိုးလုံး များက မြှားများထံသို့ တိုးဝင်သွားကြသည်။ မိုးကြိုးလုံးများ က မြှားများနှင့် နီးကပ်သွားချိန်၌ ချက်ခြင်း ပေါက်ကွဲထွက် သွားကြသည်။ပြင်းထန်သော ပေါက်ကွဲမှုက မြှားများကို ချက်ခြင်း ပျောက်ကွယ်သွားစေ၏။ မရေမတွက်နိုင်သော မြှားများသည် ဝမ်လင်းနှင့် ပေတစ်ရာ အကွာတွင် အားလုံး ပျောက်ကွယ်သွားကြသည်။

တစ္ဆေဦးခေါင်းထိပ်မှ လူငယ်သည် တည်ငြိမ်စွာ ပြော လိုက်၏။ "နည်းနည်းစိတ်ဝင်စားစရာပဲ..."

သို့ရာတွင် သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းက နောက်သို့ ဆုတ်သွားခြင်းမရှိသည့်အပြင် ရှေ့သို့ တိုးဝင် လာ၏။ သူက မြေအောက်ဥမင်ထဲ၌ ပိတ်လှောင်ခံထားရ ကတည်းက ဒေါသထွက်နေခဲ့သည်ဖြစ်ရာ ထိုလူငယ်က ခု လိုတိုက်ခိုက်လာသည့်အတွက် သူ့ဒေါသက ပိုဆိုးလာခဲ့၏။ လူတိုင်းက သူ့ကို သူတို့ဆန္ဒရှိသလို တိုက်ခိုက်နိုင်သည်ဟု ထင်မှတ်နေသလား။

ထိုလူငယ်က အထည်ဒြပ်ယန်အဆင့်တွင် ရှိနေလျှင် တော့ ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းကာ နောက်ဆုတ် ရန် ရွေးချယ်မိပေလိမ့်မည်။ သို့ရာတွင် သူသည် အရင် ကတည်းက ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြသူများကို သတ်ပစ်ခဲ့ဖူးပြီးသား ဖြစ်သည် မဟုတ်လား။ ဝမ်လင်းက တစ္ဆေရှိရာသို့ တိုက်ရိုက် လှမ်းဝင်လာ၏။

"ငါ့ရှေ့မှာ နတ်ဆိုးမိစ္ဆာမန္တာန် အသုံးပြုနေတာလား။ ငါက ပျံ့ကျဲနတ်ဆိုးမိစ္ဆာနဲ့တောင် ယှဉ်တိုက်လာခဲ့ဖူးတယ်ကွ

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက လေထဲသို့ တက်လှမ်း သွား၏။ ထို့နောက် သူက ညာလက်ကို ပင့်မြှောက်ကာ သူ့ မူလစိတ်ဝိညာဉ်ကို အသက်သွင်း၏။ သူ့ခန္ဓာကိုယ်ကနေ များစွာသောမိုးကြိုးများ ထွက်ပေါ်လာကာသူ့ညာ လက်တွင် လာရောက်စုစည်းကြသည်။ 

အပြာရောင်မိုးကြိုးလုံးတစ်ခုက ရုတ်တရက် ပေါ်လာ၏။ ၎င်းမိုးကြိုးလုံး ပေါ်လာသည့်အခိုက်တွင် ပတ်ဝန်းကျင် သည် ရုတ်တရက် ပြောင်းလဲသွားချေသည်။

သည်နေရာက မိုးကြိုးကောင်းကင်ဘုံနယ်မြေ ဖြစ်၏။ ထို့ကြောင့် မိုးကြိုးများ ကင်းမဲ့နေခြင်း မရှိပေ။ ဝမ်လင်း၏ မိုးကြိုးလုံး ပေါ်ထွက်လာသည်နှင့် မြေပြင်ထက်တွင် မိုးကြိုးအမျှင်တန်းများ ပေါ်ထွက်လာကာ ကောင်းကင်ကို ပါ သက်ရောက်လာသည်ဟု ထင်မှတ်ရသည်။မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်းများသည် ထိုမိုးကြိုးလုံး၏ စွဲဆောင်ခြင်းကို ခံလိုက်ရချေ၏။

ထိုမိုးကြိုးလုံးကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် ရှေ့ သို့ ခုန်ဝင်သွားကာ မိုးကြိုးလုံးကို တွန်းထုတ်လိုက်သည်။

မိုးကြိုးလုံးက တစ္ဆေပေါ်ရှိ လူငယ်ထံသို့ တရကြမ်း တိုးဝင်သွားချေသည်။

ပို၍ လူငယ်၏ အသွင်က အနည်းငယ် ပြောင်းလဲသွား၏။ သူ့ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကလည်း သန်မာလာခဲ့သည်။သူ့က ချိပ်တံဆိပ်များစွာကို မြန်ဆန်စွာ ဖြစ်ပေါ်စေကာ မိုးကြိုးလုံးနီးကပ်လာသည့်အခိုက်၌ ဟစ်ကြွေးလိုက်၏။ "နတ်ဆိုးမိစ္ဆာ...ဝါးမြိုခြင်း..."

ဝိုးဝဝါးဖြစ်နေသော မိစ္ဆာတစ္ဆေထံကနေ သွေးဆာနေ သော မိစ္ဆာအလင်းတန်းနှစ်ခု ရုတ်တရက် ဖြစ်ပေါ်လာ သည်။ထို့နောက် ယင်းအလင်းတန်းက မိုးကြိုးလုံးကို ဝါးမြို လာချေ၏။

"ဒီလို အားနည်းတဲ့မိုးကြိုးက ငါ့နတ်ဆိုးမိစ္ဆာမီးတောက် အသုံးပြုရဖို့အတွက် အရည်အသွေး မပြည့်မှီဘူး..."

လူငယ်က သူ့ညာလက်ကို မြှောက်ကာ မိုးများကို စုစည်း လိုက်၏။ မိုးစက်များက သူ့လက်ထဲ၌ လှည့်လည် လှုပ်ရှား လာ၏။

ထို့နောက် ချက်ခြင်းပင် လှံရှည်တစ်ခု ဖြစ်ပေါ်လာသည်။ ယင်းလှံက မိုးစက်များကြောင့် ဖြစ်ပေါ်လာခြင်းသာ။ ထိုလှံက အနက်ရောင်ရှိ၏။ ထို့နောက် လူငယ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရေကန့်လန့်ကာ တစ်ခုက သိပ်သည်း သော နတ်ဆိုးမိစ္ဆာစွမ်းအင်နှင့်အတူ ဝမ်လင်းထံသို့ တိုးဝင် သွားချေ၏။

ဝမ်လင်းက သိုလှောင်အိတ်ထဲက ကောင်းကင်ဘုံတောင် ကို ထုတ်ယူလိုက်၏။ ၎င်းတောင် သူ့လက်ထဲတွင် ပေါ်လာ သည်နှင့် ၎င်း၏အရွယ်အစားသည် တောင်တစ်ခုလောက် ထိ ကြီးမားလာချေသည်။

ရေကန့်လန့်ကာ ရောက်ရှိလာသည့်အခိုက်တွင် ဝမ်လင်း သည် သူ့ညာလက်ကို ထိုတောင်ပေါ်သို့ ဖိချလိုက်၏။ သူက လက်ပြန်မြှောက်လိုက်သည့်အခါတွင် တောင်၏ စိတ် ဝိညာဉ်သည် ဆွဲထုတ်ယူခြင်း ခံလိုက်ရသည်။

ဝမ်လင်းက သူ့လက်ကို လုံးဝ ပြန်မြှောက်ယူပြီးသည့် အခါတွင် တောင်၏စိတ်ဝိညာဉ်သည် သူ့လက်ထဲ၌ မြူလုံး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေတော့သည်။

ဝမ်လင်း၏ ခန္ဓာကိုယ်သည် လျှပ်စီးများနှင့် အလား သဏ္ဌာန်တူနေ၏။ သူက မြန်ဆန်စွာ လှုပ်ရှားလိုက်သည့် အခိုက်တွင် မိုးခြိမ်းသံကို ဖြစ်ပေါ်သွားစေသည်။သူ့လက် ထဲ၌ မြူလုံးကို ကိုင်ဆောင်ထားရင်း ဝမ်လင်းသည် ရေကန် လန့်ကာ နီးကပ်လာသည့်အခါ သူ့ညာလက်ကို ဆန့်ထုတ် လိုက်လေ၏။ထိုရေစက်များက သူ့ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ဝင်သွားကာ မရေမတွက်နိုင်သော အေးစက်စက် နတ်ဆိုးဆန်သော ရေစက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဝမ်လင်းအား ဝန်းရံသွားချေ၏။

သို့ရာတွင် ယင်းရေစက်များက ဝမ်လင်းအား ဝန်းရံသွား ပြီးပြီးချင်းမှာပင် သူ့လက်ထဲရှိ မြူလွှာက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် မြောက်များစွာ တုန်ခါမှုကို ပေးစွမ်း၍ ဝမ်လင်းကို ရေကန့်လန့်ကာအား ဖြတ်ကျော်သွားစေ နိုင်သည်။ချက်ခြင်းပင် သူက ရှေ့သို့ ထိုးတက်သွားကာ တစ္ဆေပေါ်ရှိ လူငယ်ထံသို့ မြူလုံးကို ဖိချလိုက်ချေ၏။

ထိုမြူလွှာပေါ်လာသည့်အခါတွင် လူငယ်၏အသွင်က ရှုံ့တွသွားသည်။သူက ချက်ခြင်းပင် လက်ထဲရှိ လှံရှည်ကို ပစ်လွှတ်လိုက်သည်။ထိုလှံက လေထုကို ထိုးခွင်းကာ မြူ လွှာကို ဖောက်ထွက်လာ၏။

ဝမ်လင်းက မြူလွှာကို ပစ်လွှတ်ပြီးသည့်နောက် ရပ်တန့် ခြင်းမရှိဘဲ ရှေ့သို့ ဆက်တိုးလာကာ အော်ပြောလိုက်၏။ "ပျံ့ ကျဲစမ်း..."

မြူလုံးက ရုတ်တရက် ပျံ့နှံ့သွားကာ သိပ်သည်းသော မြူ လွှာတစ်ခု ဖြစ်လာ၍ လှံတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ လူငယ်၏အသွင်က ပြောင်းလဲသွား၏။သူက မန္တာန်တစ်ခု အသုံးပြုရန် ပြင်လိုက်သည်။

ထိုအခိုက်မှာပင် ဝမ်လင်း၏ မျက်လုံးက အေးစက်လာ ကာ သူက အော်ပြောလိုက်သည်။ "မိုးကြိုး...ပေါက်ကွဲစမ်း

တစ္ဆေ၏ ဝါးမြိုခြင်းကို ခံထားရသော မိုးကြိုးလုံးက ပျောက်ကွယ်သွားချင်းမရှိသေးပေ။ ဝမ်လင်းက ထိုသို့ အော် လိုက်သည်နှင့် တစ္ဆေ၏ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော မိုးကြိုးက ပေါက်ကွဲထွက်သွားချေသည်။

တစ္ဆေ၏ကိုယ်အတွင်း၌ အပြာရောင်အလင်းတစ်ခု ချက် ခြင်း ပေါ်ထွက်လာခဲ့သည်။ ထိုအလင်းက တောက်ပသ ထက်တောက်ပလာခဲ့၏။ နောက်ဆုံးတွင် မိုးကြိုးတုန်ဟီး သံများ ဆက်တိုက်ထွက်ပေါ်လာကာ မရေမတွက်နိုင်သော မိုးကြိုးများသည် တစ္ဆေ၏ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက် လာချေသည်။ ၎င်း၏ ကြီးမားသော ပုံရိပ်ယောင်ခန္ဓာကိုယ် သည် လုံးဝ ပျက်စီးသွားတော့၏။

လူငယ်၏ အသွင်က ပို၍ပင် သုန်မှုန်သွားခဲ့သည်။ တစ္ဆေ ပျက်စီးသွားပြီး ခဏ၌ လူငယ်သည် တစ္ဆေ၏ခန္ဓာကိုယ် အပျက်အစီးထဲကနေ ထွက်ပေါ်လာခဲ့သည်။သို့ရာတွင် ဝမ် လင်းက အနားသို့ ရောက်လာနေပြီ ဖြစ်၏။ ဝမ်လင်း၏ အရိပ်သည် ဖျပ်ခနဲ လှုပ်ရှားသွားကာ ကောင်းကင်ဘုံ သက်တော်စောင့်က မြန်ဆန်စွာ လှမ်းထွက်လာသည်။

လူငယ်၏အမြင်၌ ဝမ်လင်းသည် နှစ်ကိုယ်ခွဲသွားသကဲ့သို့ ထင်မှတ်လိုက်သည်။ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်က ရွှေရောင်တောက်ပနေကာ ယင်းရွှေရောင်က သူ့ညလက်သို့ စီးဆင်းသွား၏။
သည့်နောက် ၎င်းက လက်သီးတစ်လုံး ပစ်သွင်းလာ တော့သည်။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်လာသည့်အခါတွင် သူ့ အရိပ်ထဲ၌ ရှိနေသော ကောင်းကင်ဘုံသက်တော်စောင့်ကို အရင်လိုမျိုး လွယ်လင့်တကူ တွေ့မြင်နိုင်တော့မည် မဟုတ် 6011

သည်အရာများအားလုံးက အလွန်မြန်ဆန်စွာ ဖြစ်ပျက် သွားခဲ့ခြင်းပင်။မြန်လွန်းသဖြင့် လူငယ်က တွေးကြည့်ရန် ပင် အချိန်မရှိလိုက်ချေ။သူက အာဏာတက်ခြင်းနောက်ဆုံး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်က ယခုလို ပြင်းထန်သောမီးတောက်ကို ဖန်တီးနိုင်ကာ တောင်၏စိတ် ဝိညာဉ်ကို ထုတ်ယူနိုင်လိမ့်မည်ဟု မျှော်လင့်မထားမိပေ။သူ့ ကို တုန်လှုပ်အသွားစေဆုံးက ရုပ်သေးထံမှ လက်သီးချက် ဖြစ်နေတော့၏။

ထိုလက်သီးချက်က ပြင်းထန်လှ၏။ ထိုလက်သီးချက် ထံမှ တောက်ပနေသည့် ရွှေရောင်အလင်းက သူ့ကိုယ်ပေါ် သို့ ကျရောက်လာသည့်အခါတွင် သူ့မူလစိတ်ဝိညာဉ်ပင် နာကျင်မှုကို ခံစားလိုက်ရသည်။

ထိုလက်သီးချက်က ကောင်းကင်ဘုံသက်တော်စောင့်၏ အထွတ်အထိပ်စွမ်းအား ဖြစ်သည်။ယင်းလက်သီးချက်က ထိုလူငယ်ပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့တော့သည်။
ဆက်တိုက်ဖြစ်ပျက်သွားသော တိုက်ခိုက်မှုများက သူ့ကို ပြင်ဆင်ချိန်မရရှိစေလိုက်ပေ။ လူငယ်က သေရေးရှင်ရေး အခြေအနေကို ခံစားမိလိုက်ကာ နောက်သို့ ချက်ခြင်း ဆုတ် လိုက်သည်။ ထိုလက်သီးချက်က သူ့ဦးရေပြားကိုပင် တင်းကျပ်သွားစေသည်။

သူက နော်ကသို့ မဆုတ်ဘဲ ထိုလက်သီးချက်၏ ထိမှန် ခြင်းကို ခံလိုက်ရပါက သူ့ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံ မှုဖြင့်ပင် သေဆုံးသွားနိုင်ပေသည်။

လူငယ်နောက်သို့ အလျင်အမြန် လက်မတင်လေး ဆုတ် သွားသည့်အခိုက်တွင် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးချက်က ပေါက်ကွဲထွက်သွား၏။ လူငယ်က သူ့လျှာ ကို ကိုက်ကာ တုံ့ဆိုင်းခြင်းမရှိ မူလစွမ်းအင်ပါဝင်သော သွေးအဆီအနှစ်ကို ထွေးထုတ်လိုက်ရ၏။

သူ့အသွင်ကလည်း ကြမ်းကြုတ်လာကာ သူက အော်ဟစ် ပြောဆိုသည်။

"တန်လင်း အကာအရံ..."

ထိုအခါ လူငယ်၏ ရှေ့တွင် သွေးမြူတစ်ခု စုဝေးလာကာ ကောင်းကင်ဘုံသက်တော်စောင့်၏ ပိတ်ဆို့ပေးလိုက်ချေသည်။ လက်သီးချက်ကို

ထိုလက်သီးချက်က သွေးမြူပေါ်သို့ ကျရောက်သွားသည့် အခါတွင် အစိတ်အပိုင်းတစ်ခုလုံးကို တုန်ခါစေသော အသံ တစ်ခု ထွက်ပေါ်သွားလေ၏။ ထိုအသံက တုန်ခါလှိုင်းများကိုပါ ဖြစ်သွားစေခဲ့သည်။

လေထဲသို့ ဖုန်မှုန့်အစများက

လွင့်တက်လာကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုကို ပေးစွမ်း နေသော အပျက်အစီးအကျိုးအပဲ့များပင် ပေါ်လာခဲ့ချေ သည်။

သွေးမြူက ပျောက်ကွယ်သွား၏။ ရုပ်သေးကလည်း အောက်သို့ ပြန်ပြုတ်ကျကာ ခြေလှမ်းများစွာ ဆုတ်လိုက် ရ၏။ သည့်အပြင် ၎င်း၏ ရွှေရောင်အလင်းများကလည်း လုံးဝ ပျောက်ကွယ်သွားသည်။၎င်းက ၎င်း၏ စွမ်းအားကုန် ကို အသုံးပြုလိုက်သည့်အလား ထင်မှတ်ရသည်။

၎င်း၏ ခန္ဓာကိုယ်ကပင် သတိထားကြည့်လျှင် အနည်းငယ် တုန်ခါနေသည်ကို တွေ့ရပေမည်။

သတ်ဖြတ်ချက်စိတ်အပြည့်ဖြင့် လူငယ်သည် မြေပြင် ထက်သို့ တဟုန်ထိုး လွင့်စင်သွားကာ မြေကြီးပေါ်သို့ ကျ ရောက်သွားသည်။သူ့အထက်တွင်လည်း ပြင်းထန်သော အနက်ရောင် မိစ္ဆာမီးတောက်ကို ထုတ်လွှတ်နေသော ပုံရိပ် ယောင် ကြာပွင့်နက်တစ်ခုက ပေါ်ထွက်လာ၏။

"နှစ်ပေါင်းငါးထောင်အတွင်း...မင်းက ငါ ရှုဖန်ဟန်ကို

သူ့စကားမဆုံးသေးခင်မှာပင်

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက တောင်စိတ်ဝိညာဉ်ကနေ ဖြစ်ပေါ်နေ သည့် မြူလွှာထဲကနေ ထွက်ပေါ်လာခဲ့သည်။သည့်နောက်မြူများက လွင့်ပါးသွားကာ အမျှင်တန်းများအဖြစ် ကောင်းကင်ဘုံတောင် ထံသို့ ပြန်ရောက်ရှိသွားကြသည်။ ထိုမြူလွှာထဲ၌ ရှိနှင့်ခဲ့သော လှံက ၎င်း၏ စွမ်းအားကို ဆုံးရှုံးသွားကာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မိုးစက် များကလည်း မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)