အပိုင်း(155)
တာအို တိုက်ပွဲ
ရှုဖန်ဟန်၏ စကားလုံးများက လှံရှည်၏ ပျောက်ကွယ် သွားမှုဖြင့် ကြားဖြတ်ခြင်း ခံလိုက်ရသည်။
သူ့ပိန်ပါးသော ပုံရိပ်ကလည်း ဖုန်မှုန့်များကြားကနေ လှမ်းထွက်လာခဲ့သည်။သူ့မျက်နှာက ဖြူရောနေကာ သနား စရာအခြေအနေသို့ စိုက်ရောက်နေတော့၏။ သူ့မျက်လုံး များက အေးစက်နေကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင်ကာထားသည်။
"မင်း သိပ်တော်သားပဲ။ ကောင်းတယ်..."
080 သူ့ထံကနေ သွားကြားထဲကနေ စိမ့်ထွက်လာသည့် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်၏ ခုလိုမျိုး လွင့်ထွက် သွားအောင် အလုပ်ခံလိုက်ရခြင်းက သူ့အတွက် အရှက်ရ စရာပင်။သူက မြေကြီးအောက်မှ ရတနာအပိုင်းအစများ အတွက် သည်နေရာသို့ ရောက်လာရသည့် အကြောင်းရင်း ကိုပင် မေ့ပျောက်သွားတော့၏။သူ့စိတ်ထဲ၌ ဝမ်လင်းကို သတ်ပစ်ချင်စိတ်တစ်ခုသာ ရှိတော့သည်။
ဝမ်လင်းက ကြိတ်၍ သက်ပြင်းချသည်။ဒုတိယအဆင့်ရှိကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ဖို့ တော်တော်လေး ခက်ခဲလှပေသည်။ကောင်းကင်ဘုံသက်တော်စောင့်၏ လျှပ် တစ်ပြတ် အငိုက်ဖမ်းတိုက်ခိုက်သည့် လက်သီးချက်ကို ပထမအဆင့်ရှိ မည်သည့်ကျင့်ကြံသူမဆို ပိတ်ဆို့နိုင် လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဝမ်လင်းက သည်လူ့ကိုတော့ ဒဏ်ရာရရုံသာ တက်နိုင်ခဲ့သည်။ သူက ဒုတိယအဆင့်၏ အစစ်အမှန် ကျင့်ကြံသူဟုပင် ခေါ်ဆို၍ မရေသေးသော ပုံရိပ် ယောင်ယင်အဆင့် ကျင့်ကြံသူကိုပင် မသတ်နိုင်ခဲ့ပေ။
"ဒီလူရဲ့စွမ်းအားက အတိတ်တုန်းက မိုးကြိုးတာအို ပညာရှင်ထက် သာလွန်တာပဲ..."
ဝမ်လင်းက သူ့လက်ကို ပေါ်တွင် သူ့ကြောင့် စုတင်လာကြသည်။ ဝှေ့ယမ်းလိုက်သည်။ သည့်နောက် အပိုင်းအစများအားလုံးသည် မြေမျက်နှာပြင်
ဝမ်လင်းက ရှုဖန်ဟန်၏ ဦးခေါင်းထက်ရှိ နတ်ဆိုးမိစ္ဆာ ကြာပွင့်ကို စူးစိုက်ကြည့်နေသည်။
ရှုဖန်ဟန်က အသက်ဝဝရှုသွင်းလိုက်၏။ သည့်နောက် သူက ကောင်းကင်ထက်သို့ ညစ်ကျယ်ကျယ် ပြောလာသည်။ ညာလက်ညွှန်ကာ
"မင်းမှာ ရုပ်သေးတစ်ခု ရှိနေရင်တောင် ငါက ပုံရိပ် ယောင်ယင်အဆင့်ကို ရောက်ရှိခဲ့တဲ့အချိန်မှာ ငါ့မိစ္ဆာနတ်ဆိုးကြာပွင့်ရဲ့ တာအို ဖြစ်ပေါ်ခဲ့တဲ့အတွက် မင်းက ပြာမှုန် ဘဝ ရောက်ရလိမ့်မယ်..."
"နတ်ဆိုးမိစ္ဆာကြာပွင့်တာအို...ပထမတစ်ကြိမ် လှည့်လည်ခြင်း..."
ရှုဖန်ဟန်သည် စကားစ သပ်ပြီးနောက် သူ့နတ်ဆိုးမိစ္ဆာ ကြာပွင့်သည် ဖြည်းဖြည်းချင်း လှည့်ပတ်လာ၏။ ထို လှည့်ပတ်မှုသည် နတ်ဆိုးမိစ္ဆာကြာပွင့်ကို ပို၍သိပ်သည်း လာစေကာ ကောင်းကင်တစ်ဝက်ထိ ဖုံးအုပ်လာချေသည်။
ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လာ၏။ကိုယ်ပိုင် တာအိုနှင့် ကျင့်ကြံသူတစ်ယောက်ကို စုံတွေ့ရန်က ရှားပါး လွန်းလှပေ၏။ ထိုမိစ္ဆာကြာပွင့်လှည့်လည်မှုက ကမ္ဘာ လောကကိုပါ အစားထိုးဝင်ရောက်လာသလား ထင်မှတ်ရ သည်။
ထိုခံစားချက်က
အစစ်အမှန်မဟုတ်သော်လည်း အစစ်အမှန်ဟု ခံစားရစေသည်။
"ငါက ဒါကို ဆက်ပြီး လှည့်လည်ဖို့ ခွင့်ပြုလို့မရဘူး..." ဝမ်လင်းအသွင်က ရုတ်တရက် ဖြူရောသွားသည်။ ရုတ်တရက်ဆိုသလို မိုးကြိုးသည် မိစ္ဆာကြာပွင့်ထံမှ အနက် ရောင်မီးတောက်များ ဖုံးအုပ်ထားသည့် ကောင်းကင် တစ်ဝက်အနှံ့ ပဲ့တင်ထပ်လာတော့၏။
ချက်ခြင်းလိုလိုပင် ကောင်းကင်ထက်၌ တစ္ဆေလောက မြစ် ထွက်ပေါ်လာချေသည်။သည်တစ္ဆေလောကမြစ်သည်အလွန်တရာ ရှည်လျားလှသည်။၎င်းမြစ်အတွင်းမှ ညီးတွား သံများ ထွက်ပေါ်နေကာ ကမ္ဘာလောကသည် မကျေမချမ်းမှု နှင့် ပြည့်နှက်လာသည်ဟု ထင်မှတ်ရပြန်သည်။
တစ္ဆေလောကမြစ်သည် အနက်ရောင်မီးတောက်၏ နယ်မြေပိုင်နက်ကို ဖြစ်ညှစ်လာကာ ဆန့်ကျင်ဘက် အား တစ်ခုကို ဖန်တီး၏။ သည်အခိုက်အတန့်၌ ကမ္ဘာ လောက၏ လည်ပတ်မှုသည် ဖြည်းဖြည်းချင်း ရပ်တန့်လာ ကာ ဝမ်လင်း၏အသွင်ကလည်း အလေးအနက် ဖြစ်လို့ နေသည်။
ကိုယ်ပိုင်တာအိုရှိသော ကျင့်ကြံသူများသည် ထိုတာအိုကို ထိုအရာက ပုံပန်းသဏ္ဌာန်အသွင်ဖြင့် ပြုလုပ်နိုင်ကာ ကြောက်မက်ဖွယ်ကောင်း၏။ ဝမ်လင်းသည်လည်း ထို အဆင့်သို့ ရောက်နေသည့်သူ ဖြစ်သည်။
ရှုဖန်ဟန်က တစ္ဆေလောကမြစ်ကို ကြည့်ကာ သူ့မျက်လုံး က ကျဉ်းမြောင်းသွားသည်။ သူက ဖြည်းဖြည်းချင်း ပြော လိုက်၏။ "ဒီတော့ မင်းကလည်း ကိုယ်ပိုင်တာအိုကို သတ္တုချနိုင်တယ်ပေါ့။ မင်းက တောင်ရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူနိုင်တဲ့အပြင် ရတနာများစွာလည်း ပိုင်ဆိုင်ထား သေးတယ်။ ငါခန့်မှန်းတာမမှားရင် မင်းကလည်း ဒုတိယ အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ဒါပေမဲ့ တစ်ချို့ အခြေအနေအကြောင်းတွေကြောင့် မင်းရဲ့ ကျင့်ကြံမှုအဆင့် က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကို ပြန်ရောက် ရှိ သွားခဲ့တာ..."
ထိုသို့ ရှင်းပြမှသာ ရှုဖန်ဟန်အဖို့ ဆိုးဆိုးရွားရွားခံစားနေ ရခြင်းကနေ သက်သာပေမည်။ မဟုတ်ပါက သူသည်. အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် မရင်ဆိုင်နိုင်သည့်သူ ဖြစ်ရပေတော့မည်။
"ကဲပါ ငါတို့နှစ်ယောက်ရဲ့ ဘယ်သူ့တာအိုက ပိုသန်မာ လဲ ကြည့်ကြရအောင်..."
ရှုဖန်ဟန်၏ မျက်လုံးများက အေးစက်လာခဲ့ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်လို့နေတော့၏။ သူ့ ခေါင်းထက်ရှိ ကြာပွင့်သည်လည်း ချက်ခြင်းပင် မြန်ဆန်စွာ စတင်လှည့်ပတ်လာ၏။ အနက်ရောင်မီးတောက်ကလည်း ပို၍ မွန်းစတားဆန်လာကာ အနက်ရောင်မီးတောက်နံရံ ကြီးတစ်ခုအထိ ဖြစ်တည်လာလေ၏။
ရှုဖန်ဟန်က အော်ပြောလိုက်၏။ "နတ်ဆိုးမိစ္ဆာ မီးတောက်...လောင်ကျွမ်းလိုက်..."
မီးတောက်ဝဲကတော့က ကြာပွင့်ကနေ ခွဲထွက်ကာ ဝမ် လင်းထံသို့ တိုးဝင်လာသည်။
ထိုဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်လာကာ အပူ ဓာတ်ကို သယ်ဆောင်ထားသည့် ပြင်းထန်သော လေပြင်း ကို ဖန်တီးလေ၏။ ထိုလေပြင်းက မုန်တိုင်းတစ်ခုအသွင် ပြောင်းကာ ဝမ်လင်းထံသို့ မြန်ဆန်စွာ နီးကပ်လာချေ သည်။
ဝမ်လင်း၏ မျက်လုံးများက ရွှေရောင်တောက်လာခဲ့သည်။ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိလာပြီးသည့်နောက် ပထမဆုံး သေရေးရှင်ရေး တိုက်ပွဲတစ်ခုပင်။ နတ်ဆိုးမိစ္ဆာ မီးတောက်က နီးကပ်လာသည်နှင့် ဝမ်လင်းက ခေါင်းမော့ ကာ အော်ပြောလိုက်သည်။ "ဒုတိယမြောက်စွမ်းရည်...မြစ် စိတ်ဝိညာဉ်သိပ်သည်းခြင်း..." သည်တိုက်ပွဲက သူအာဏာတက်ခြင်း
တစ္ဆေလောကမြစ်သည် ချက်ခြင်း တုန်ယင်လာခဲ့ကာ အတွင်းရှိ မကျေမချမ်းမှုက သိပ်သည်းလာသည်။ထိုမကျေ မချမ်းမှုက အားကောင်းလွန်းကာ ဝမ်လင်း ချင်လင်းဂြိုဟ် ပေါ်ရှိ သေမျိုးများထံမှ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။မ ကျေမချမ်းမှုအားလုံးသည် ပေါင်းဖွဲ့သွားကာ မွန်းစတား ဆန်လာခဲ့သည်။
ထိုမွန်းစတားဆန်လှသော မကျေမချမ်းမှုက အထည်ဒြပ် အဖြစ်သို့ ပြောင်းကာ အရိပ်များအဖြစ် ထိုးထွက်သွား ကြ၏။အရိပ်တစ်ခုစီတွင် သေမျိုးတစ်ယောက်၏ ပုံရိပ်တစ် ခု ဖြစ်ပေါ်နေသည်။
ချက်ခြင်းပင် သေမျိုးများ၏ မရေမတွက်နိုင်သောအရိပ် များက ကမ္ဘာလောကတွင် ပြည့်နှက်လာခဲ့သည်။ဤ အခိုက်အတန့်တွင် လောကသည် ကျဉ်းမြောင်းထူထပ်လာ သည်ဟု ထင်မှတ်ရသည်။
မကျေမချမ်းမှုကြောင့် ဖြစ်ပေါ်လာသော သေမျိုးအရိပ် များအားလုံးသည် မျက်စိတစ်မှိတ်အတွင်း ကြ၏။ ထိုအခါ ရလဒ်အနေဖြင့် လူသားအသွင်ရှိသော မ ကျေမချမ်း စိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်လာခဲ့တော့၏။ ထို စိတ်ဝိညာဉ်တွင် ပုံပန်းအသွင်ဟူ၍ မည်မည်ရရ ရှိမနေပေ။
မကျေမချမ်းစိတ်ဝိညာဉ်သည် တစ္ဆေလောကကနေ မွေး ဖွားလာခဲ့ခြင်း မည်၏။၎င်း ပေါ်ထွက်လာသည်နှင့် တစ္ဆေ လောကမြစ်သည် ထိုစိတ်ဝိညာဉ်ကို ထွေးခြုံပတ်ကာ နတ်ဆိုးမိစ္ဆာမီးတောက်ဝဲကတော့ ထံသို့ တိုးဝင်သွားလေ သည်။
မကျေမချမ်းစိတ်ဝိညာဉ်နှင့် မိစ္ဆာမီးတောက်တို့သည် ထိပ်တိုက် တွေ့ကြကာ အံ့မခန်းစွမ်းအားတစ်ခုကို ဖြစ်လာ စေ၏။ ချက်ခြင်းပင် တဟူးဟူးအသံများက ကောင်းကင် ထက်ကနေ ထွက်ပေါ်လာခဲ့ချေသည်။
ထို ထိပ်တိုက်တွေ့ဆုံမှု၏ စွမ်းအားကြောင့် ကောင်းကင် ပင် ပြဲဆုတ်လာသလား မှတ်ရ၏။
ထိုအား၏ ဖိသိပ်မှုအောက်တွင် မြေကြီးထုသည် ပြင်းထန်စွာ တုန်ခါသည်။ဝမ်လင်းနှင့်ရှုဖန်ဟန်တို့၏ ရှေ့ တွင် အက်ကွဲကြောင်းများ ပေါ်လာကာ မြန်ဆန်စွာ ပျံ့နှံ့လာ လေသည်။မြေကြီးထုတစ်ခုလုံးက နှစ်ခြမ်းကွဲသွားသည့် အလား ဖြစ်၏။
မကျေမချမ်းစိတ်ဝိညာဉ်သည် မရေမတွက်နိုင်သော မ ကျေမချမ်းမှု အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲကာ တစ္ဆေလောကမြစ်ထဲသို့ ပြန်ရောက်ရှိသွားသည်။ ထို့နောက်တစ္ဆေလောကမြစ်သည် ပြိုလဲပျက်စီးသွားသည်။
တစ္ဆေလောကမြစ်သည် ဝမ်လင်း၏ တာအို ဖြစ်၏။ ၎င်း ပြိုလဲသွားခြင်းက သူ့တာအို ပြိုလဲခြင်းကို ဆိုလိုသည်။ ဝမ် လင်းက ထိုပြိုလဲမှု၏ သက်ရောက်မှုကို ခံစားလိုက်ရကာ သူ့အသွင်က ချက်ခြင်း ဖြူ ရောသွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် တရွတ်တိုက် ဆုတ်လိုက်ရသည်။ နတ်ဆိုးမိစ္ဆာမီးတောက်၏ စွမ်းအားသည် တစ္ဆေလောက မြစ်အတွင်းသို့ ကူးပြောင်းသွားချေ၏။ တစ္ဆေလောကမြစ် ပျက်စီးသွားခိုက်တွင် ၎င်းသည် ဝမ်လင်း၏ မူလစိတ် ဝိညာဉ်ထဲသို့ ကူးပြောင်းဝင်ရောက်သည်။
သည်နတ်ဆိုးမိစ္ဆာမီးတောက် ကမ္ဘာတစ်ခုလုံးကို
လောင်ကျွမ်းပစ်မလား မှတ်ရသည်။ဝမ်လင်း၏ မျက်နှာက နီရဲလာကာ သူက သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ချက်ခြင်း ပြည့်နှက်လာလေ၏။
"တတိယစွမ်းရည်...တစ္ဆေလောကမြစ်ရဲ့ စွမ်းအား..." ဝမ်လင်းက အပေါ်သို့ ဆက်ခနဲ ခေါင်းမော့လိုက်ကာ တစစီ ပြိုလဲနေသော တစ္ဆေလောကမြစ်ကို စူးစိုက်ကြည့်လိုက် သည်။သူ့အညံ့မခံ လက်မလျော့သည့် သဘာဝသည် သူ့ အကြည့်ထဲ၌ ထွက်ပေါ်လို့နေသည်။
သူက ဘယ်တုန်းကမှ လက်လျော့အညံ့ခံခဲ့သူ မဟုတ် ချေ။သူ့တာအို ပြိုလဲပျက်စီးရင် သူက နောက်တစ်ဖန် ထပ်မံ ဖြစ်စေမည်။ တစ္ဆေလောကမြစ် ပြိုလဲပျက်စီးလျှင် သူကနောက်တစ်ဖန် ထပ်မံ ဖြစ်တည်စေမည်။ နတ်ဆိုးမိစ္ဆာမီး တောကသည် သူ့ခန္ဓာကိုယ်၏ ဒွာရပေါက်များထဲသို့ အတင်းဝင်ရောက်နေ၏။ ထိုမိစ္ဆာမီးတောက်က မမြင်ရပေ။ သို့သော် ထို့နောက်တွင် အနက်ရောင်အခိုးငွေ့က လေထဲ၌ မြင့်တက်လာသည်။
ရှုဖန်ဟန်၏ အသွင်ကလည်း ဖြူရောသွားသည်သာ။ သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူ့ တာအိုကြောင့် ဖြစ်ပေါ်လာသည့် နတ်ဆိုးမိစ္ဆာမီးတော ကသည် ပျက်စီးသွားခြင်း မရှိသော်လည်း ယင်းမီးတောက် တစ်ဝက်ကျော်သာ ကျန်တော့လေ၏။
သူ့ခန္ဓာကိုယ်သည်လည်း တစ္ဆေလောကမြစ်၏ မကျေမ ချမ်းစိတ်ဝိညာဉ်၏ ကျူးကျော်မှုကို ခံနေရသည်။ ကံကောင်းစွာဖြင့် သူ့ကျင့်ကြံမှုအဆင့်က ယင်းမကျေမချမ်း မှုကို ဖိနှိပ်နိုင်ရန် လုံလောက်နေသည်။သူကသာ ၎င်းကို မ ဖိနှိပ်နိုင်ပါက သူက ရူးသွပ်သွားကာ ဝမ်လင်းအတွက် တိုက်ခိုက်ဖို့ အခွင့်ရေးတစ်ခု ရသွားနိုင်ပေလိမ့်မည်။
"တာအို တိုက်ပွဲတွေက အန္တရာယ်အများဆုံးပဲ ဆိုတဲ့ စကားက မမှားဘူးပဲ..."
ပထမဆုံးအကြိမ်အဖြစ် ရှုဖန်ဟန်က ဝမ်လင်းးကို သူ နှင့်အဆင့်တူ တစ်ယောက်လို သဘောထားလာ၏။
တာအိုတိုက်ပွဲများသည် ကျင့်ကြံသူများ၏ ရင်းမြစ်များ ကို လှုပ်ခါနိုင်စွမ်း ရှိကြ၏။ သူတို့၏ တာအိုနှလုံးသားအပေါ်
သက်ရောက်နိုင်ကြသည်။တာအိုနှလုံးသား ဆက်တိုက် ထိခိုက်စေခြင်းသည် ပြန်လည်ကောင်းမွန်ရန် အတွက် အလွန်အမင်းခက်ခဲကာ ကြောက်မက်ဖွယ်လည်း ကောင်းလှ၏။
ရှုဖန်ဟန်က ဝမ်လင်း၏ တစ္ဆေလောကမြစ် ပျက်စီး နေသည်ကို တွေ့မြင်နေ၏။ သို့သော် သည်အခိုက်အတန့်မှာ ပင် ပြင်းထန်အားကောင်းသော အညံ့မခံသည့် စိတ်ဆန္ဒ တစ်ခုသည် ထိုပျက်စီးနေသော တစ္ဆေလောကမြစ်ကို ပြန်လည် ဖွဲ့တည်လာစေသည်။
ထိုမြင်ကွင်းက သူ့ကို အတော်လေး တုန်လှုပ်သွား စေသည်။သူ့မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ဖြစ် ပေါ်လာသည်။ပထမဆုံးအကြိမ်အဖြစ် သူက ယခုလိုပုံစံ တာအိုမန္တာန်ကို မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက ခုချိန်၌ ပြန်ဆုတ်ခွာလို့မ ရသည်ကိုလည်း သိနေခဲ့သည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေကာ ဟစ်ကြွေးလိုက်လေ၏။ "မိစ္ဆာ ကြာပွင့်...အကြိမ်တစ်ရာ လှည့်လည်ခြင်း..."
ကြာပွင့်က တုန်ယင်လာကာ မြန်ဆန်စွာ လှည့်လည်လာ သည်။ သည်အခိုက်အတန့်၌ ကမ္ဘာလောက ကိုယ်တိုင် နောက်တစ်ဖန် လှည့်လည်လာသည်ဟူသော ခံစားချက်မျိုး ကို ရလေ၏။
ထိုခံစားချက်က အလွန်ကြောက်မက်ဖွယ်ကောင်းလှရာဝမ်လင်း၏ခန္ဓာကိုယ်ကို အလိုလို နောက်ဆုတ်သွား စေသည်။ ဝမ်လင်းက နောက်မဆုတ်လိုပေ။ သို့သော် သူ့ တွင် ရွေးချယ်စရာမရှိချေ။ သူက နောက်မဆုတ်လျှင် ကမ္ဘာ လောကနှင့်အတူ လိုက်ပါ လှည့်လည်သွားရလိမ့်မည်ဟု ခံစားလိုက်ရ၏။
"အရင်တုန်းတည်းက ငါဟာ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတွေကို သတ်ခဲ့ဖူးတယ်။ ဒါ့ကြောင့် နောက်ထပ် တစ်ယောက်ကို ထပ်သတ်ဖို့က မဖြစ်နိုင်တာ မဟုတ် :..."ဘူး..
ဝမ်လင်း၏ ညာခြေထောက်သည် ခိုင်ခိုင်မြဲလာကာ သူ့ ခန္ဓာကိုယ်က ရပ်တန့်သွား၏။သူ့အလျော့မပေးတက်သည့် အကြည့်က တစ္ဆေလောကမြစ်ပေါ်သို့ တိုက်ရိုက်ကျရောက် သွားသည်။
ထိုဆန္ဒထဲ၌ ဝမ်လင်း၏ ယုံကြည်မှု ပါဝင်နေသည်။အညံ့ မခံသည့်စိတ်ဆန္ဒနှင့် ယုံကြည်မှုတို့ ပေါင်းစပ်ခြင်းက တစ္ဆေလောကမြစ်ကို ပျက်စီးနေရာကနေ ရပ်တန့်သွား စေ၏။သည့်နောက် တစ္ဆေလောကမြစ်ထံကနေ ပြင်းထန် သောစုပ်အားတစ်ခု ထွက်ပေါ်လာလေသည်။
ထိုစုပ်အားက အလွန်အားကောင်းလွန်း၏။ ၎င်းက အရာ အားလုံးကို တစ္ဆေလောကမြစ်ထဲသို့ စုပ်ယူချင်နေဟန် ရ သည်။
ထိုစုပ်အားက ပြင်းထန်လွန်းရာ လှည့်လည်နေသောကြာပွင့်ကိုပင် အရှိန်လျော့သွားစေသည်။
ထိုပြောင်းလဲမှုက ရှုဖန်ဟန်၏ အသွင်ကို ကြီးစွာ ပြောင်းလဲသွားစေသည်။တုံ့ဆိုင်းခြင်းမရှိ သူက အပေါ်သို့ ခု န်လို်၏။ သူက ကြာပွင့်အပေါ်၌ ထိုင်ချရန် ဟန်ပြင် လိုက်ကာ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ကြာပွင့်ကို လှည့်လည် အောင် ပြုလုပ်ရန် ပြင်သည်။
သို့သော် ဝမ်လင်းက ထိုသို့သော အခွင့်ရေးမျိုး မည်သို့ ပေးပါ့မည်နည်း။ ဝမ်လင်းသည် ရှေ့သို့ ထိုးတက်လာ၏။ တစ္ဆေလောကမြစ်၏ စုပ်အားအောက်တွင် သူက ညာလက် ကို လေထဲသို့ ညွှန်လိုက်၏။ သူ့မျက်လုံးက သတ်ဖြတ်ခြင်း စိတ်ဆန္ဒနှင့် ပြည့်နေကာ သူက အော်ပြောလိုက်သည်။
"ကံကြမ္မာကျာပွတ်..."
ဝမ်လင်းမျက်ခုံးနှစ်ခုကြားတွင် မျဉ်းလိုင်းတစ်ခု ဖြစ် ပေါ်လာသည်။ ထိုပါးလွှာသော လိုင်းတစ်ခုက ရှည်လျား သော ကျာပွတ်ဖြစ်သည့်အထိ ဆန့်ထွက်လာခဲ့ချေသည်။
ထိုကျာပွတ် ထွက်ပေါ်လာသည့်အခိုက်တွင်ပင် ၎င်းက ချက်ခြင်း တုန်ခါလာကာ တရွှမ်ရွှမ်အသံများကို ပေးစွမ်း လာသည်။၎င်းကျာပွတ်က မရေမတွက်နိုင်သော လှိုင်းတွန့် များကို ပေါ်ထွက်လာစေသည်။ယင်းကျာပွတ်က ကြာပွင့်ကို လှည့်လည်ရန်ဟန်ပြင်နေသော ရှုဖန်ဟန်ထံသို့ လွှဲရိုက်ချ လာသည်။
ကျာပွတ်က လေထဲ၌သာ တန်းလန်း ရှိနေသေး၏။
သို့သော် ၎င်းက ထူးဆန်းစွာပင် ရှုဖန်ဟန်ပေါ်သို့ သက်ရောက်သွားသည်။သူ့ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်နှာက ဖြူရောလာသည်။သူ့ခန္ဓာကိုယ်ကပါ တုံ့ဆိုင်း သွား၏။
ကံကြမ္မာကျာပွတ်သည် ကံတရားကို တိုက်ခိုက်၏။
"ဒီလူရဲ့ တာအိုနှလုံးသားမှာ အပြစ်အနာဆာ တစ်ခုရှိတယ်..
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ချက် ခြင်းလိုလိုပင် တရကြမ်း တိုးဝင်လာလေသည်။
(နောက်တစ်ပိုင်း)
ရှုဖန်ဟန်၏ ခန္ဓာကိုယ်သည် ကျာပွတ်ထိမှန်သွားသည့် အခိုက်၌ အေးစက်မှုကို ခံစားလိုက်ရသည်။သူ့စိတ် ထဲ၌လည်း အတွေးများက ဗြောင်းဆန်ကုန်ကြသည်။ထို အတွေးများက သူ့ခန္ဓာကိုယ်ထဲ၌ အလွန်အမင်း မတည်မ ငြိမ်မှုကို ဖြစ်တည်လာစေသည်။သူက တစ်စစီဆွဲဆုတ်ခံ ရသကဲ့သို့ ခံစားလိုက်ရ၏။
သူ့ခြေလှမ်းများကလည်း အလိုလိုနှေးကွေးလာကာ သူ့ တာအိုပင် မတည်မငြိမ် ဖြစ်လာခဲ့သည်။
သူက ထိုကျာပွတ်၏ ကြောက်မက်ဖွယ်စွမ်းအားကို စိတ်ကူးကြည့်၍ပင် မစွမ်းသာ ဖြစ်ရသည်။ထို အခိုက်အတန့်၌ ဝမ်လင်းသည် ရှေ့သို့ ထိုးတက်လာခဲ့သည်။ သူက ရှုဖန်ဟန်ထံသို့ သွားရောက်ခြင်းမဟုတ်ဘဲ ရှုဖန် ဟန်၏ ကြာပွင့်ထံသို့ ဦးတည်သွားခြင်းသာ ဖြစ်၏။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ ဆံပင်များက လေမ တိုက်ဘဲ ဝဲလွင့်နေကာ သူ့ဝတ်စုံကလည်း လေထဲ၌ တ ဖျပ်ဖျပ် ဖြစ်နေသည်။သူ့မျက်လုံးများက တောက်ပနေ၏။ သူ့မျက်နှာက ဖြူရောနေသော်လည်း သူ့ထံကနေ သာမန်ထက်ထူးကဲသော အော်ရာတစ်ခုကို ပေးစွမ်းနေချေသည်။
ရှုဖန်ဟန်၏ တာအိုကြာပွင့်ထိပ်တွင် မတ်တပ်ရပ်နေရ်း ဝမ်လင်းသည် နောက်လှည့်ကြည့်သည်။ သူက ရှုဖန်ဟန်ကို စူးရှစွာ ကြည့်လိုက်သည်။
သူက ကြာပွင့်ပေါ်၌ မတ်တပ်ရပ်နေခြင်းသည် ရှုဖန် ဟန်၏ တာအိုပေါ်တွင် မတ်တပ်ရပ်နေခြင်းနှင့် တူညီ ပေ၏။ထိုအပြုအမူက အစစ်အမှန်အားဖြင့် မည်သည့် သက်ရောက်မှုမှ မရှိသော်လည်း လူတစ်ယောက်၏ စိတ်ကို အံ့မခန်းတိုက်ခိုက်မှုတစ်ခု ဖြစ်နေသည်။
ရှုဖန်ဟန်က သူ့စိတ်ထဲရှိ ဗြောင်းဆန်သွားသောအတွေး များကို နောက်ဆုံးတွင် ပြန်ဖိနှိပ်နိုင်သွားသည်။သူ့တာအို နှလုံးသားကလည်း အားနားသွားခဲ့လေပြီ။သူက ဝမ်လင်း သူ့ကြာပွင့်ပေါ်၌ မတ်တပ်ရပ်နေသည်ကို တွေ့မြင်သည့် အခါ သူ့အသွင်က ချက်ခြင်း ဖြူရောသွားလေ၏။
ဝမ်လင်းက စကားတစ်ခွန်းမှ မဆိုဘဲ ရှုဖန်ဟန်ထံသို့သာ အေးစက်စက် စူးစိုက်ကြည့်နေသည်။သူက အင်္ကျီလက်အိုး ကို ဝှေ့ယမ်းကာ ကြာပွင့်ပေါ်၌ ထိုင်ချလိုက်၏။ သည် အခိုက်အတန့်၌ တစ္ဆေလောကမြစ်၏ စွမ်းအားက ပိုမို သိပ်သည်းလာခဲ့ကာ ကြာပွင့်အား ချက်ခြင်းလိုလို ဝန်းရံ လာခဲ့သည်။
ရှုဖန်ဟန်က တာအိုတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့လေပြီ။ သူ့ အသွင်က ဖြူရောသွားကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရ၏။ သည့်နောက် သူက မဖြစ်ညစ်ကျယ်ပြုံး၍ နောက်သို့ ချက်ခြင်း ဆုတ်သည်။တစ်ချိန်တည်းမှာပင် ချိပ်တံဆိပ်တစ် ခုကို ဖြစ်ပေါ်စေလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ မူလ စွမ်းအင်က သူ့လက်နှစ်ဖက်တွင် လာရောက် စုဝေးလေ၏။
"ငါ့မှာ မူလမန္တာန်တစ်ခု ကျန်သေးတယ်…မူလဖြစ်ပေါ် မိစ္ဆာနတ်ဘုရား..."
ရှုဖန်ဟန်၏ မျက်နှာက ကြမ်းကြုတ်လာခဲ့သည်။သူက သည် နာမည်ပင် မသိရသော ရန်သူကို အလွန်မုန်းတီနေခဲ့ ပြီ ဖြစ်သည်။
မူလစွမ်းအင်က သူ့လက်တွင် စုစည်းလာ၏။ ထို့နောက် အနက်ရောင်နတ်ဆိုးမိစ္ဆာမီးတောက်က သူ့လက်နှစ်ဖက် ကြားတွင် ရုတ်တရက် ပေါ်လာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဆိုးမိစ္ဆာမီးတောက်က မူလစွမ်းအင်တော်တော်များများကို စုပ်ယူခဲ့ကာ ကြီးမားစွာ ချဲ့ထွင်လာ၏။ ၎င်းက ထူထဲသော အနက်ရောင်အခိုးအငွေ့ ကို ပေးစွမ်းလာကာ ယင်းအခိုးငွေ့က ဦးချိုတစ်ချောင်း နတ်ဆိုးမိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်း၏ ပုံပန်းသွင်ပြင်က ပျံ့ကျဲနတ်ဆိုးနှင့် အလားသဏ္ဌာန် တူ၏။သို့သော် ၎င်းသည် ပျံ့ကျဲနတ်ဆိုးမိစ္ဆာလောက်တော့ သန်မာလှခြင်း မရှိပေ။
ဝမ်လင်းစိတ်ထဲ၌ သေရေးရှင်ရေး အာရုံသိ ဖြစ် ပေါ်လာ၏။ဝမ်လင်းက သူ့ညာလက်ဖြင့် ကြာပွင့်ကို ရိုက်ချလိုက်၏။ထို့နောက် သူက ကြာပွင့်ပေါ်ကနေ ခုန်ဆင်းလိုက် သည်။သည့်နောက်တွင် သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခု ကြားသို့ ဖိနှိပ်လိုက်သည်။သူက နတ်ဆိုးမိစ္ဆာထံသို့ တိုက်ရိုက်တိုးဝင်သွားချေ၏။
သူ့အမြန်နှုန်းက အံ့မခန်းပင်။ သူက နီးကပ်လာသည့် အခါ သူ့မျက်ခုံးနှစ်ခုကြား၌ တတိယမြောက်မျက်လုံး ပေါ်လာခဲ့ကာ ပြင်းထန်သော အနီရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာ၏။ထိုအနီရောင်အလင်းက ပျံ့နှံ့သွားခြင်း မ ရှိဘဲ စုစည်းကာ နေသည်။ခုချိန်တွင် ဝမ်လင်းသည် နတ်ဆိုးတစ်ပါး အသွင် ဖြစ်ပေါ်နေသည်ဟု ထင်ရ၏။
နတ်ဆိုးမိစ္ဆာပေါ်လာသည့် အခိုက်တွင် ၎င်းက ဟိန်းသံ ပြုကာ ရှုဖန်ဟန်၏ ပုခုံးကို ကိုက်လိုက်၏။ထို့နောက် သူ့ကို လေထဲသို့ ဆွဲယူကာ ဝါးမြိုပစ်လိုက်၏။
၎င်းက ရှုဖန်ဟန်ကို ထိုသို့ ပြုလုပ်ပြီးသည့်နောက် ခေါင်း လှည့်လာကာ ဝမ်လင်းအား စူးစိုက်ကြည့်သည်။ထို့နောက် ၎င်းသည် လက်သည်းများကို ဝှေ့ယမ်းကာ ဝမ်လင်းထံသို့ တိုးဝင်လာချေ၏။ထိုလက်သည်းများက ကောင်းကင်နှင့် မြေကြီးကိုပင် ဆွဲဆုတ်ပစ်တော့မလား ထင်မှတ်ရကာ စူးရှ ကျယ်လောင်သံကို ထုတ်လွှတ်နေ၏။
သည်အခိုက်အတန့်၌ ဝမ်လင်းမျက်နှာပေါ်ရှိ သွေးကြော များက ဖောင်းကြွလာခဲ့သည်။ သူ့မျက်ခုံးနှစ်ခုကြားရှိတတိယမျက်လုံးက ပွင့်လာခဲ့ကာ ယပ်တောင်အသွင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာ၏။
ထိုနတ်ဆိုးမိစ္ဆာ၏ ခန္ဓာကိုသည် ချက်ခြင်းပင်
ယပ်တောင်အသွင် အနီရောင်အလင်းတန်းနှင့် ထိတွေ့ သွား၏။ထိုအခါ ယင်းနတ်ဆိုးမိစ္ဆာ၏ ခန္ဓာကိုယ်မှာ အလင်းကြောင့် ထွင်းဖောက်မတက် ကြည်လင်ပြတ် သွားလာခဲ့၏။နတ်ဆိုးမိစ္ဆာ၏ အထဲ၌ သန္ဓေသားကဲ့သို့ ရှိနေသော ရှုဖန်ဟန်ကိုပင် မြင်လာရချေသည်။
မိစ္ဆာလက်သည်းများက နီးကပ်လာသည့်အခါ ဝမ်လင်း သည် ညာလက်ကို ၎င်းနတ်ဆိုးမိစ္ဆာထံသို့ ညွှန်ကာ အော် ပြောလိုက်၏။ "ရပ်တန့်ခြင်း..."
ရပ်တန့်ခြင်းမန္တာန်သည် ကြီးမားသောအားတစ်ခုကဲ့သို့ သက်ဆင်းလာကာ ထိုအခိုက်အတန့်၌ ကမ္ဘာတစ်ခုလုံး ရပ်တန့်သွားသည်။ နတ်ဆိုးမိစ္ဆာသည်လည်း ချွင်းချက်မရှိရပ်တန့်သွားရ၏။ ထိုအရာက ဝမ်လင်းအတွက် အလွန် ကောင်းမွန်လှသော အခွင့်အရေးတစ်ရပ် ဖြစ်သွားသည်။
ခုချိန်၌ နတ်ဆိုးမိစ္ဆာသည် အနီရောင်အလင်းတန်းနှင့် လုံးဝ ဝန်းရံထားခြင်း ခံနေရကာ ၎င်း၏ ခန္ဓာကိုယ်သည် အနက်ရောင်အခိုးငွေ့မြောက်များစွာကို ပေးစွမ်းကာ နေသည်။၎င်းက ထိတ်လန့်ဖွယ် ညီးညူသံများကို ထုတ် လွှတ်နေကာ ၎င်း၏ အော်ငြီးသံများက အလွန်ပြင်းထန်လှ သည်။ နတ်ဆိုးမိစ္ဆာ၏ ခန္ဓာကိုယ်ထဲတွင် ငြိမ်သက်နေသော ရှုဖန်ဟန်ပင် မျက်လုံးဖွင့်လာခဲ့၏။
ဝမ်လင်းအသွင်က ဖြူရောနေ၏။သူက တတိယမျက်လုံး ထံမှ အနီရောင်အလင်းကို အချိန်အတန်ကြာ ထိန်းသိမ်း ထားနိုင်စွမ်း မရှိပေ။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ထိုမန္တာန်သည် မူလစွမ်းအင်များစွာ အသုံးပြုရခြင်းကြောင့် ဖြစ်၏။ဝမ်လင်းက အသက်နှစ်ကြိမ်ရှုစာကြာအောင်သာ တတိယမြောက်မျက်လုံးကို ထိန်းသိမ်းထားနိုင်ကာ ထို့နောက်တွင် ယင်းအနီရောင်အလင်းက ပျောက်ကွယ် သွားမည် ဖြစ်သည်။
သို့သော် ထိုအခိုက်အတန့်၌ ဝမ်လင်းသည် သိုလှောင် အိတ်ထဲကနေ ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်၏။ သည့်နောက် သူက ဓားကို ပင့်မြှောက်၍ ခုတ်ပိုင်းချသည်။
"ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်..."
မိုးခြိမ်းသံသည် ကောင်းကင်နှင့်မြေကြီးအနှံ ပဲ့တင်ထပ် လာခဲ့သည်။သည်ခုပ်ပိုင်းခြင်းသည် စွမ်းအား မပါဝင်ပေ။ သို့သော် ကမ္ဘာလောက၏ ဥပဒေသ ပါ၏။
သည်ခုတ်ပိုင်းမှုက ရှုလီကောကိုလည်း သူ့အပိုင်းသူ လုပ်ဆောင်ခွင့် ရသွားစေ၏။ သိပ်သည်းသောဓားစိတ်ဆန္ဒ သည် ကမ္ဘာလောက၌ ပြည့်နှက်လာခဲ့သည်။
ကောင်းကင်ဘုံဓားက ကျဆင်းပြီးသွားခဲ့လေပြီ။ သို့သော် နတ်ဆိုးမိစ္ဆာကတော့ ဒဏ်ရာရရှိခဲ့ခြင်း မရှိပေ။နတ်ဆိုး မိစ္ဆာ၏ အထဲ၌ ရှိနေသော ရှုဖန်ဟန်၏ မျက်လုံးက လက်ခ နဲ ဖြစ်သွားသည်။ သို့ရာတွင် ဤအခိုက်အတန့်၌ နတ်ဆိုးမိစ္ဆာ ဖြစ်စေ ရှုဖန်ဟန် ဖြစ်စော နှစ်ယောက်လုံးသည် တစ် လက်မပင် ရွှေ့လျား၍ မရတော့ပေ။
ခဏတာကြာမြင့်ပြီးသည့်နောက် နတ်ဆိုးမိစ္ဆ၏ အပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့ကာ ထိုအက်ကွဲကြောင်း များထဲကနေ နတ်ဆိုးမိစ္ဆာစွမ်းအင်များက လွတ်ထွက်လာ သည်။နတ်ဆိုးမိစ္ဆာစွမ်းအင် လွင့်ပြယ်သွားပြီးနောက် ရှုဖန် ဟန်သည် ထွက်ပေါ်လာခဲ့ချေသည်။
ထိုအခါ ရှုဖန်ဟန်သည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ဝမ်လင်းပါးစပ်ထောင့်ကနေ သွေးများစီးကျနေသည်။ပုံ ရိပ်ယောင်အဆင့် ကျင့်ကြံသူကို သတ်ဖို့က အမှန်တကယ် ခက်ခဲလှပေသည်။ဝမ်လင်းက ကောင်းကင်ဘုံဓားကို ပြန် သိမ်းယူကာ မြေပြင်ထက်သို့ ဆန့်ထုတ်လိုက်သည်။သူက တစစီဖြစ်နေသော ရတနာအပိုင်းအစများကို စုစည်းလိုက် သည်။ထို့နောက် သူက အလျင်အမြန် ထွက်ခွာသွား တော့သည်။
တစ္ဆေလောကမြစ်အတွင်းရှိ
နတ်ဆိုးမိစ္ဆာကြာပွင့် ကတော့ အချို့အကြောင်းပြချက်များကြောင့် ပျောက်ကွယ် သွားခြင်း မရှိသေးပေ။၎င်းကြာပွင့်က တစ္ဆေလောကမြစ်၏ စုပ်ယူခြင်းခံလိုက်ရကာ ဖြည်းဖြည်းခြင်း သန့်စင်ခံနေလေ သည်။
သူက ထိုအဖြစ်ကို သတိပြုမိသည့်အချိန်တွင် ဝမ်လင်း သည် တွေးတောနေသည့်အသွင် ဖြစ်ပေါ်နေသည်။
"ငါက တာအိုရဲ့ ရုပ်ပိုင်းအသွင် သရုပ်သကန်ကို လက်နက်ရတနာတစ်ခုအဖြစ် သန့်စင်လို့ရနိုင်မလား သိချင်မိတယ်..."
ဝမ်လင်းက ပျံသန်းနေရင်း နတ်ဘုရားအာရုံကို ဖြန့် ကျက်ထားသည်။ ပြီးခဲ့သော တိုက်ပွဲက ကျင့်ကြံသူအချို့ကို စွဲဆောင်နိုင်မည်မှာ သေချာသလောက် ရှိပေသည်။ ထို့ကြောင့် ဝမ်လင်းက မြန်ဆန်စွာ ပျံသန်းနေခြင်း ဖြစ်သည်။သူက ကီလိုမီတာ သောင်းချီသို့ ရောက်လာပြီး သည့်အထိ ရပ်တန့်ခြင်း မရှိသေးပေ။
သည်အစိတ်အပိုင်းက အလွန်ကြီးမားကျယ်ပြန့်သည်။ မိုးကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းနေရာများထက် လည်း ပို၍ တည်တည်မြဲမြဲ ရှိလေသည်။ ပြီးခဲ့သော တိုက်ပွဲ ကသာ မိုးကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပွားခဲ့ပါက ခု လောက်ဆို အစိတ်အပိုင်းများစွာက ပျက်စီးပြိုကျနေ လောက်ပြီ ဖြစ်သည်။
ဝမ်လင်းက သုံးရက်ဆက်တိုက် ပျံသန်းလာသည်။ ဘေး ထို့နောက်တွင်သူက သူ့ရှေ့၌ အစွန်းတစ်ခုကို တွေ့မြင်လိုက် ရသည်။ထိုအစွန်းနားတွင် သူက ရပ်တန့်ကာ ပတ်လည်သို့ ကြည့်လိုက်သည်။ သိပ်မဝေးသော နေရာတွင် မိုးကြိုးများနှင့် ပြည့်နေသော တောင်တစ်ခု ရှိလို့နေ၏။
ဝမ်လင်းက ထိုတောင်သို့ တိုက်ရိုက် ပျံသန်းသွားသည်။ သူက ကောင်းကင်ဘုံဓားကို အသုံးပြုကာ ထိုတောင်ပေါ်၌လှိုဏ်ဂူတစ်ခုပြုလုပ်လိုက်၏။ထို့နောက် သူက ထိုလှိုဏ်ဂူ ထဲ၌ ထိုင်ချကာ ကျင့်ကြံရန်ပြင်သည်။
ရှုဖန်ဟန်နှင့် တိုက်ပွဲအတွင်း ဝမ်လင်းက ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်းနှင့် တတိယမျက်လုံးတို့ကို အသုံးပြုခဲ့ရသည့် အတွက် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်များကို ထုတ်ငင် သုံးစွဲခဲ့ရပေသည်။သို့ရာတွင် သူက ကောင်းကင်ဘုံမိုးကြိုး တန်း နှစ်ခုနှင့်တစ်ဝက်ကို ဝါးမြိုခဲ့ပြီး ဖြစ်ကာ ထိုမိုးကြိုး တန်းကို သန့်စင်ရခြင်း မရှိသေးဘဲ သူ့ခန္ဓာကိုယ်ထဲ၌သာ ဆက်လက် သိမ်းဆည်းထားလျက် ရှိနေသည်။သူက ၎င်းတို့ ကို မြန်ဆန်စွာ သန့်စင်၍ တိုက်ပွဲတွင် အသုံးပြုခဲ့သော မူလ စွမ်းအင်များကို ပြန်ကောင်းမွန်လာအောင် ပြုလုပ်လိုက်၏။
သည့်အပြင် သည်နေရာက မိုးကြိုးကောင်းကင်ဘုံ နယ်မြေ ဖြစ်၏။ထို့ကြောင့် သည်နေရာရှိ အပင်များနှင့် တောင်တန်းများအပါအဝင် အရာအားလုံးသည် မိုးကြိုး ဓာတ် ပါဝင်နေပေ၏။ သည်နေရာက ဝမ်လင်းအတွက် တော်ဝင်မြေတစ်ခုကဲ့သို့ ဖြစ်နေကာ သည်နေရာတွင် ကျင့်ကြံခြင်းက အပြင်ထက် ပိုမြန်ဆန်ပေသည်။
သူက ရေထဲက ငါးတစ်ကောင်အလား။
ကျင့်ကြံနေရင်း ဝမ်လင်းက တစ္ဆေလောကမြစ်ထဲကနေ ကြာပွင့်ကို ထုတ်ယူလိုက်သည်။ထိုကြာပွင့်က တုံးတိ ဖြစ် လို့နေသည်။ထိုကြာပွင့်က တစ္ဆေလောကမြစ်ထဲကနေ ထွက်ပေါ်လာသည့်အခိုက်တွင် ပျောက်ကွယ်တော့မည့်အရိပ်လက္ခဏာ ပြသလာသည်။
ဝမ်လင်းက ထိုကြာပွင့်ကို လေ့လာကြည့်ပြီးနောက် တစ္ဆေလောကမြစ်အတွင်းသို့ ပြန်ထည့်သွင်းလိုက်သည်။
ထို့နောက် သူ စုဆောင်းယူခဲ့သော အပိုင်းအစများအား ထုတ်ယူလိုက်သည်။ ထိုအပိုင်းအစများကို စုပေါင်းကြည့် ခြင်းအားဖြင့် ပန်းအိုးအသွင် ရတနာတစ်ခုဖြစ်ကောင်း ပြောနိုင်ပေသည်။
ယင်းအပိုင်းအစများထံမှ
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ထွက်ပေါ်နေသည့် တုန်ခါလှိုင်းက တော်တော်လေး ထူးဆန်းနေသည်။ကြည့်ရသညမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နှင့် တူသော်လည်း မဟုတ်သည့်ပုံပင်။
ဝမ်လင်းက ၎င်းတို့ကို ကြည့်နေရင်း စဉ်းစားနေသည်။ ထို့နောက် သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒါက ပျက်စီးနေတဲ့ မူလကိရိယာ ဖြစ်နေနိုင်လား..."
ထိုအခိုက်အတန့်၌ သွေးနီရောင်အလင်းတန်းတစ်ခုသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် ဖြတ်၍ ပျံသန်းနေ၏။ထိုအနီရောင်အလင်းတန်း၏ အဆုံးသပ် နားသည် အနီရင့်ရောင်ဂြိုဟ်တစ်ခု ဖြစ်လေသည်။
ထိုဂြိုဟ်က အလွန်ကြီးမားကာ ထူးဆန်းသောအော်ရာ ကို ပေးစွမ်းနေသည်။ထိုအော်ရာကို ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်၊ နတ်ဆိုးမိစ္ဆာစွမ်းအင် သို့မဟုတ် နတ်ဆိုး စွမ်းအင်ဟူ၍ သေချာဆုံးဖြတ်၍ မရပေ။
ထိုဂြိုဟ်က တည်ငြိမ်နေခြင်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ရွေ့လျားလို့နေသည်။
အနီရောင်အလင်းတန်းက ထိုဂြိုဟ်၏ ရှေ့တွင် ရပ်တန့် သွားသည်။ထို့နောက် လူတစ်ယောက်၏ အသွင် ပေါ်ထွက် လာ၏။ ထိုလူက အနီရောင်ဆံပင်၊ အနက်ရောင်မျက်ခုံး ပိုင်ဆိုင်ထားကာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အလွန်ချောမောကာ အသက်လေးဆယ်ခန့်ဟု ထင် ရ၏။
သူက ပတ်ဝန်းကျင် အာကာသဟင်းလင်းပြင်နှင့် အနီရင့် ရောင်ဂြိုဟ်ကို ကြည့်နေ၏။ သူ့အကြည့်ထဲ၌ တမ်းတ လွမ်းဆွတ်ဟန်တို့ ပါဝင်နေသည်။သူက လက်နှစ်ဖက်ယှက် ကာ လေးစားစွာ ပြောလိုက်၏။ "ယောင်လျိုတန်ရဲ့သား... ယောင်ခုန်က မိသားစုရှိ ပြန်လာပါတယ်..."
ပတ်ဝန်းကျင်သည် လုံးဝ တိတ်ဆိတ်နေသည်။အချိန် အတန်ကြာပြီးနောက် ထိုအနီရင့်ရောင်ဂြိုဟ်က ရုတ်တရက် ရပ်တန့်သွားကာ ဂြိုဟ်အတွင်းကနေ ခပ်ရှရှ အသံ တစ်ခု ထွက်ပေါ်လာ၏။
"မင်းရဲ့အဖေက မိသားစုကနေ ထွက်ခွာသွားချိန်တုန်းက သူ့မျိုးဆက် ဘယ်လောက်ပဲ ဆင့်ပွားရှိလာပါစေ သူတို့ အားလုံးက ဘယ်တော့မှ မိသားစုရှိ ပြန်မလာဘူးလို့ မပြောခဲ့ဘူးလား..."
ယောင်ခုန်က သက်ပြင်းချမိ၏။အမှန်တကယ်တော့ သူက သူ့အဖေသူ့အတွက် ထားခဲ့သော အလုံးစုံကောင်းကင် ကျောက်တုံးကို အသုံးပြုကာ အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းထံသို့ ပြန်မလာလိုခဲ့ပေ။
သို့ရာတွင် သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း သို့ ပြန်မလာပါကလည်း စိတ်အေးလက်အေး နေရ လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်း ကတော့ သူ့သမီးဖြစ်သူ ယောင်ရှင်းရွှယ်ကြောင့် ဖြစ် လေ၏။အမှန်တော့ သည်လူက သွေးဘိုးဘေးပင် ဖြစ် တော့၏။
"ငါ…" သူက စကားပြောဟန် ပြင်လိုက်စဉ်မှာပင် ခပ်ရှ ရှအသံက ကြားဖြတ်ဝင်လာ၏။
"ဒီနေရာကနေ ထွက်သွားပြီး မင်းအဖေရွေးချယ်ခဲ့တဲ့ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ပြန်ပါ။ ငါ့ ယောင်မိသားစု မှာ ယောင်လျိုတန်ဆိုတဲ့ နာမည် မရှိဘူး..."
ထိုအသံထဲ၌ ဆုံးဖြတ်ချက် ပြတ်သားခြင်းတို့ ပါ နေသည်။
သွေးဘိုးဘေးက လက်သီးတင်းတင်းဆုပ်ကာ ပြောလိုက် သည်။ "အဘိုး...ငါ့တစ်ဦးတည်းသောသမီး ယောင်ရှင်းရွှ ယ်က မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ အဖမ်းခံခဲ့ရပြီး ဒီ နေရာကို ခေါ်လာခြင်း ခံခဲ့ရပါတယ်။သူမ သေသလား ရှင်သလားတောင် မသိရပါဘူး။ သူမက ယောင်မိသားစုရဲ့ သွေးစီးဆင်းနေတဲ့သူပါ..."
ခပ်ရှရှအသံက တိတ်ဆိတ်သွားသည်။အချိန်အတန်ကြာ မြင့်ပြီးနောက် ရှေးဟောင်းသက်ပြင်းချသံ တစ်ခု ထွက် ပေါ်လာသည်။
"ယောင်ရှင်းရွှယ်..." ထိုခေါ်လိုက်သည့်အသံက အလွန် နူးညံ့၏။ ခဏအကြာတွင် အသံတစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။
"ငါက သူမဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲမှာ ရှိလိမ့်မယ်လို့ တွက်ချက်မိတယ်။ မင်းသွားပြီး ငါ့ရဲ့ မြစ်ကို ပြန်ခေါ်လာခဲ့ပါ။ ငါ့တုန်ကင်နဲ့အတူ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ကို သွားပါ။ သူတို့က မင်းကို မိုးကြိုး ကောင်းကင်ဘုံနယ်မြေထဲ ပို့ပေးလိမ့်မယ်။ မင်း နောက်ကျ သွားရင်တော့ သူတို့လည်းမင်းကို မိုးကြိုးကောင်းကင်ဘုံ နယ်မြေထဲ ပို့ပေးနိုင်စွမ်း ရှိတော့မှာ မဟုတ်ဘူး..."
နတ်ဆိုးမိစ္ဆာကြာပွင့်
မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် မဟာမိတ်ကြယ် အဖွဲ့အစည်းကြီး၏ မိုးကောင်းကင်ဘုံနယ်မြေထက် များစွာ ပိုကြီးမားသည်။တိတိကျကျဆိုပါက မိုးကြိုးကောင်းကင်ဘုံ နယ်မြေသည် မိုးကောင်းကင်ဘုံနယ်မြေထက်လည်း မပျက် မယွင်း ပိုရှိလေ၏။ အစိတ်အပိုင်းများထဲမှ တစ်ခု၏ အနား စွန်းတွင်လည်း မိုးကြိုးများ ပေးစွမ်းနေသော တောင် တစ်လုံး ရှိလေသည်။
ကောင်းကင်က နက်မှောင်နေကာ မိုကြိုးများက တောင် ပေါ်သို့ အဆက်မပြတ် ကျဆင်းလျက် ရှိသည်။မိုးကြိုးသံ များကလည်း နေရာအနှံ့ပင်။
ထိုတောင်၏ အလယ်တွင် လှိုဏ်ဂူတစ်ခု ရှိလေ၏။ ဝမ် လင်းက ထိုလှိုဏ်ဂူထဲတွင် ကြာပွင့်သဏ္ဌာန် ထိုင်နေကာ သူ့ဒဏ်ရာများကို ကုစားနေသည်။
ကောင်းကင်ဘုံသက်တော်စောင့်ကလည်း လှိုဏ်ဂူ၏ ဝင်ပေါက်တွင် ကျင့်ကြံနေသည်။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့၏။ သူ့ရှေ့တွင် မတူညီသော ပုံပန်းအသွင် ရှိသည့် အပိုင်းအစ ဆယ်ခု ကျော်က လေထဲတွင် မြောနေသည်။
ဝမ်လင်းက စတင် စဉ်းစားကြည့်၏။ သူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေမှ ခုလိုမျိုး မူလကိရိယာကို မြင်တွေ့ ခဲ့ဖူးခြင်း မရှိပေ။သို့ရာတွင် သူက သည်အပိုင်းအစ များသည် မူလကိရိယာ ဖြစ်လိမ့်မည်ဟု ခုနစ်ဆယ် ရာခိုင်နှုန်းလောက် ခန့်မှန်းနိုင်ပေသည်။
ဝမ်လင်းက ညာလက်ကို မြှောက်ကာ အပိုင်းအစများထဲ မှ တစ်ခုကို ယူလိုက်သည်။ယင်းအပိုင်းအစကို သေချာ ကြည့်လိုက်ပြီးနောက် သူက ပြန်ချလိုက်သည်။ထို့နောက် နောက်ထပ်အပိုင်းအစတစ်ခုကို ထပ်ကောက်ယူလိုက် သည်။သည်လိုနည်းဖြင့် အပိုင်းအစတစ်ခုချင်းစီကို သူ့စိတ် ထဲ၌ ရေးထွင်းထားလိုက်သည်။ ထို့နောက် သူက မျက်လုံး မှိတ်လိုက်၏။
ထိုပုံစံက သူ အတားအဆီးများကို ကောက်ချက်ချ ဆင်ခြင် ခြင်းနှင့်တူသည်။ ဝမ်လင်းက သူ့စိတ်ထဲတွင် အပိုင်းအစများကို တဖြည်းဖြည်း ပေါင်းစပ် ပုံဖော်ကြည့် နေ၏။
နာရီဝက်ခန့် ကုန်လွန်သွားပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာခဲ့သည်။သူက သူ့ရှေ့ရှိ အပိုင်းအစများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
"ဒီအပိုင်းအစတွေက ပြီးပြည့်စုံတဲ့ ရတနာတစ်ခုဖြစ်ဖို့မဖြစ်နိုင်သေးဘူး။ အချို့အစိတ်အပိုင်းတွေ ပျောက်နေသေးတယ်..
ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းက လက်ဝှေ့ယမ်း လိုက်သည်။ ထိုအခါ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် သည် ထိုအစိတ်အပိုင်းများကို ဝန်းရံသွားကာ စတင် လှုပ်ရှားလာ၏။ထို့နောက် ယင်းအစိတ်အပိုင်းများသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကာ ပန်းအိုးအသွင် ဖြစ် ပေါ်လာသည်။
သို့သော် ထိုအစိတ်အပိုင်းတစ်ခုချင်းစီ၌ အက်ကွဲရာ များ ရှိလို့နေလေသည်။ သည့်အပြင် ပန်းအို၏ တစ်ခြမ်းက အစိတ်အပိုင်းများ ကင်းမဲ့နေကာ ပြီးပြည့်စုံမှု ရှိမနေပေ။
ခဏတာကြည့်ရှုပြီးသည့်နောက် ဝမ်လင်းသည် သူ့လက် ကို ဝှေ့ယမ်းလိုက်ရာ အစိတ်အပိုင်းများက တစ်ဖက်ပြန် ကွာကျသွားသည်။ထို့နောက် သူက ၎င်းတို့ကို သိုလှောင် အိတ်ထဲသို့ သိမ်းဆည်းထားလိုက်၏။
"ဒီရှုဖန်ဟန်က ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ် ယောက်ပဲ ။ဒါဆို ဘာကြောင့်များ သူ့မှာ သိုလှောင်အိတ် တစ်လုံး ရှိမနေရတာလဲ..."
ထိုကိစ္စကို ဝမ်လင်းက ရှုဖန်ဟန်အား သတ်လိုက်ပြီး သည့်နောက် ပဟေဠိ ဖြစ်နေပေသည်။
ရှုဖန်ဟန် သေဆုံးသွားပြီးနောက် သူ့ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားခဲ့သည်။ဝမ်လင်းက နတ်ဘုရားအာရုံကိုဖြန့်ကျက်ကာ သူ့သိုလှောင်အိတ်ကို ရှာကြည့်သော်လည်း မ တွေ့ခဲ့ရပေ။
"ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားတယ်။သူက ဒီ မိုးကြိုးကောင်းကင်ဘုံနယ်မြေကို လာတဲ့ခရီးစဉ်မှာ ရတနာတွေ မပြင်ဆင်လာခဲ့ဖူးဆိုရင်တောင် ဆေးလုံးအချို့ တော့ ကြိုပြင်ဆင်လာမှာပဲ။ ဒါ့အပြင် သူက ဒီနေရာမှာ အကျိုးအမြတ်ပစ္စည်းတစ်ခုခုရခဲ့ရင် ဒါတွေကို သူ့လက်ထဲ မှာပဲ ကိုင်ထားလိမ့်မှာ မဟုတ်ဘူး..."
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ စဉ်းစားကြည့်နေ၏။ "ငါ မသိတဲ့ အကြောင်းရင်းအချို့ ရှိရမယ်။ ဒါမှမဟုတ် သူ့ရှိမှာ အပြင်လူတွေ မသိနိုင်တဲ့ သိုလှောင်တဲ့နည်းလမ်း တစ်ခု ရှိနေရမယ်.."
ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။ သူက တစ္ဆေ လောကမြစ်အတွင်းရှိ မိစ္ဆာကြာပွင့်အကြောင်း တွေးလိုက်မိပေသည်။
"ဖြစ်နိုင်တာက…" ဝမ်လင်း မျက်လုံးက တောက်ပ နေ၏။ အတွေးတစ်ချက်ဖြင့်ပင် တစ္ဆေလောကမြစ်က သူ့ ပတ်လည်တွင် ပေါ်လာခဲ့သည်။ တစ္ဆေလောကမြစ်သည် သူ့ တာအိုကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ထို့ကြောင့် သူက ၎င်း၏ အရွယ်အစားကို လိုသလို ပြောင်းလဲနိုင်ပေ၏။ ဝမ် လင်းက ညာလက်ဖြင့် တစ္ဆေလောကမြစ်ကို ရိုက်လိုက်ရာ မကျေမချမ်းစိတ်ဝိညာဉ်များက ရှုဖန်ဟန်၏ မိစ္ဆာကြာပွင့်ကို တွန်းထုတ်ပေးလာသည်။
ထိုကြာပွင့်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တောက်ပနေ၏။ သည်ကြာပွင့်က တစ္ဆေလောကမြစ် အတွင်းကနေ ကြာရှည်စွာ ထွက်ခွာနိုင်ခြင်း မရှိပေ။ မဟုတ်လျှင် ပျောက်ကွယ်သွားပေလိမ့်မည်။
ခုချိန်တွင် မိစ္ဆာမီးတောက်က ငြိမ်းသေနေခဲ့ပြီး ဖြစ်ကာ တုံးတိတိကြာပွင့်အဖြစ်သာ ရှိနေတော့၏။ ဝမ်လင်းက သူ့ လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်များကို လိုက်၏။ သူ့မျက်လုံးထဲ၌ စုစည်း
သူက ကြာပွင့်ကို ကြည့်လိုက်သည်။
ကြာပွင့်အတွင်း၌ မပီမပြင်အော်ရာ တစ်ခုရှိနေသည်။ ထိုအော်ရာက သေဆုံးသွားခြင်း မရှိသေးဘဲ ဖြည်ဖြည်း ချင်း လှည့်ပတ်နေ၏။ဝမ်လင်းက ၎င်းအော်ရာကို ကြည့် လိုက်ချိန်တွင် လှည့်ပတ်မှုသည် အရှိန်မြင့်လာခဲ့သည်။ သူက ကြာပွင့်အတွင်းကနေ အသံတစ်ခုကိုပင် ခပ်ရေးရေး ကြားနေရ၏။
ဝမ်လင်း၏ မျက်လုံးက အေးစက်လာခဲ့သည်။သူက အေး စက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူက သူ့အကြည့်ကို ပြန်ရုတ် သိမ်းခြင်း မရှိသည့်အပြင် ထိုထူးဆန်းသောအော်ရာကိုပါ ထွက်လာစေလိုက်သည်။ အနက်ရောင်အခိုးငွေ့တစ်ခု ထွက် ပေါ်လာကာ ချက်ခြင်းလိုလို နတ်ဆိုးမိစ္ဆာအသွင်သို့ပြောင်းလဲကာ ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည်။
နတ်ဆိုးမိစ္ဆာက ဝမ်လင်းကို ဝါးမြိုရန် ကြိုးစားလာသည့် အခိုက်တွင် ၎င်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ၎င်း က အကြောက်တလန့် အော်ဟစ်ကာ ကြာပွင့်ထဲသို့ ပြန်ဝင် ရန် ချက်ခြင်း ကြိုးပမ်းလိုက်သည်။
သို့သော် ၎င်းက နောက်ကျသွားခဲ့လေပြီ။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် ထိုးထွက်လာကာ မိုးကြိုးများပေါက်ကွဲ ထွက်စေပြီး ၎င်းနောက်သို့ လိုက်ဖမ်း သည်။သူက နတ်ဆိုးမိစ္ဆာကို တိုက်ရိုက် ဖမ်းဆုပ်လိုက်၏။ နတ်ဆိုးမိစ္ဆာက စိုးရိမ်ကြောက်လန့်စွာ အော်သံပြုနေရင်း ဖြင့်ပင် ဝမ်လင်း၏ ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရ ချေသည်။
"ငါက ပျံ့ကျဲနတ်ဆိုးမိစ္ဆာကိုတော့ သန့်စစ်မပစ်နိုင်ဘူး။ ဒါပေမဲ့လည်း ဒီလို နတ်ဆိုးမိစ္ဆာအငယ်စားလောက် ကတော့ ငါ့ရှေ့မှာ ရပ်နေဖို့ အခွင့်အရေးတောင် မရှိနိုင် :..."
ဝမ်လင်းက
အကြောက်အကန်အော်ဟစ်နေသော နတ်ဆိုးမိစ္ဆာကို မိုးကြိုးနှင့် နစ်မြုပ်စေလိုက်သည်။အော်သံ က တဖြည်းဖြည်း အားနည်းသွားကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေ၏။ နတ်ဆိုးမိစ္ဆာက သူ့မူလစိတ် ဝိညာဉ်၏ ဝါးမြိုခြင်းကို ခံလိုက်ရချေသည်။
သာမန်ကျင့်ကြံသူများက အခုလိုစွမ်းရည်မျိုး မပိုင်ဆိုင်ကြပေ။ပုံမှန်အားဖြင့် သည်လိုနည်းလမ်းက နတ်ဆိုး လမ်းစဉ်ကျင့်ကြံသော အချို့နည်းလမ်းများမှ လာခြင်း ဖြစ်သည်။သို့သော် ဝမ်လင်းကတော့ ဝိညာဉ်ဝါးမြိုသူ တစ် ယောက်မဟုတ်လား။
ဝမ်လင်း၏ နတ်ဆိုးမိစ္ဆာကို ဝါးမြိုပြီးသည့်နောက် မျက်လုံးက မိစ္ဆာစွမ်းအင် အရိပ်အယောင်ဖြင့် နက်မှောင် တောက်ပလာခဲ့သည်။ သို့သော် သူ့မျက်လုံးထဲ၌ မိုးကြိုးများ က တဖျပ်ဖျပ်ဖြင့် မိစ္ဆာစွမ်းအင်ကို ပတ်သယ်ပေးနေသည်။ ဝမ်လင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
သူက နှုတ်ခမ်းသပ်လိုက်သည်။ သည်အခိုက်အတန့်တွင် သူက သူ့မူလစွမ်းအင်သည် ပြန်ကောင်းမွန်လာရုံသာမက အနည်းငယ်ပင်တိုးလာသည်ဟု ခံစားလိုက်ရ၏။
အနက်ရောင်အခိုးငွေ့ ပျောက်ကွယ်သွားပြီးနောက် ကြာ ပွင့်အတွင်း၌ ထပ်မံ၍ ဝိုးဝဝါး ဖြစ်မနေတော့ပေ။ ဝမ်လင်း ကြာပွင့်ထဲရှိ နေရာလွတ်တစ်ခုကို တွေ့မြင်လိုက်ရ၏။ ထို ကြာပွင့်အတွင်း၌ ကြယ်လင်သော သလင်းပုတီးစေ့လေးခု ရှိနေသည်။သို့ရာတွင် ထိုပုတီးစေ့များက မတည်မငြိမ် ဖြစ် နေကာ အချိန်မရွေး ပျက်စီးတော့မည့်ဟန် ရသည်။
သည်အခိုက်အတန့်၌ ဝမ်လင်း ကြည့်နေရင်းဖြင့်ပင် သလင်းပုတီးစေ့တစ်ခုက ပျက်စီး ပျောက်ကွယ်သွား၏။
အခြားသလင်းပုတီးစေ့များကပါ လိုက်ပါ ပျက်စီးတော့မ လို ဖြစ်လာသည်ကို ကြည့်ကာ ဝမ်လင်းသည် သူ့ညာလက်ကို ဆန့်ထုတ်ကာ ပုတီးစေ့နှစ်ခုကို ဖမ်းယူလိုက်၏။ သူက တတိယမြောက် ပုတီးစေ့ကို ဖမ်းယူဟန် ပြင်လိုက်စဉ်မှာ ပင် ယင်းပုတီးစေ့က ပျက်စီးသွားတော့၏။
ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။သူက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ကြာပွင့်ထဲကနေ ထုတ်ယူပြီးသည့်အခါ ပုတီးစေ့များသည် ပျက်စီးနေရာက နေ ရပ်တန့်သွား၏။ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ပုတီး စေ့ထဲသို့ ဝင်ကြည့်လိုက်ရာ သူက ချက်ခြင်း တုန်လှုပ်သွား မိတော့သည်။
"စိတ်ဝင်စားစရာ မန္တာန်တစ်ခုပဲ....တာအို ဖြစ်ပေါ်ခြင်း ကို အသုံးပြုပြီး သိုလှောင်အိတ် ပြလုပ်တာ..."
ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူက ရှုဖန်ဟန် တွင် သိုလှောင်အိတ် ဘာကြောင့် မရှိသည်ကို နားလည် သွားခဲ့သည်။
လူတစ်ယောက်ရဲ့ တာအိုကို အသုံးပြုပြီး ကိုယ်ပိုင် နေရာလွတ်တစ်ခု ဖြစ်ပေါ်စေတာ။ အဲ့နေရာလွတ်မှာပဲ တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ထားတာက တော်တော်လေး အကာအကွယ် ပေးနိုင်တာပဲ။ ဒီမန္တာန်က တကယ် လက်တွေ့ကျတယ်..."
ကြာပွင့်က သလင်းပုတီးစေ့များနှင့် အနက်ရောင်အခိုး ငွေ့တို့ကို ဆုံးရှုံးပြီးသည့်အခါ ၎င်းသည် မြန်ဆန်စွာ ခြောက်သွေ့လာသည်။ထို့နောက် ထိုကြာပွင့်သည်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက သလင်းပုတီးစေ့များထဲမှ တစ်ခုကို ခွဲခြေလိုက်ရာ ဆေးပုလင်းတစ်ခု ပေါ်လာ၏။ ထိုပုလင်းကို ဖယောင်းနှင့် ပိတ်ဆို့ထားသည့်အတွက် ယင်းပုလင်းက တစ်ခါမှ မဖွင့်ရ သေးကြောင်းကို ဆိုလိုနေသည်။ ထိုပုလင်းပေါ်တွင်လည်း ရှု ဟုသည့် မျိုးရိုးစာလုံးကို ရေးထွင်းထားသေးသည်။
ဖယောင်းကို ဖျက်စီးလိုက်သည့်အခါ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် ရနံ့သည် လှိုင်ထွက်လာကာ လူတစ် ယောက်၏ စိတ်နှင့်ကိုယ်ကို သက်တောင့်သက်သာ ဖြစ် စေ၏။ထိုပုလင်းထဲ၌ ဆေးလုံးတစ်လုံးတည်းသာ ရှိနေသည်။ ဝမ်လင်းက ထိုဆေးလုံး၏ သက်ရောက်မှုကို မ သိသော်လည်း ယင်းဆေးလုံးက သာမန်တော့ မဟုတ်နိုင် ချေ။
ထိုဆေးလုံးကို အချိန်အတန်ကြာ ကြည့်ပြီးသည့်နောက် ဝမ်လင်းသည် ဆေးလုံးကို ပြန်သိမ်းဆည်းကာ နောက်ထပ် သလင်းပုတီးစေ့တစ်ခုကို ခွဲခြေလိုက်ပြန်သည်။ထိုအခါ ဖျပ် ခနဲ လင်းလက်သွားမှုနှင့်အတူ အဆောင်တစ်ခု ပေါ်လာ၏။ ထိုအဆောင်က သာမန်အတိုင်း ဖြစ်ကာ ထူးထူးခြားခြား ဘာမှ ရှိမနေပေ။
၎င်းအဆောင်အပေါ်၌ ပြဒါးအသုံးပြုကာ ရေးဆွဲထား သော ရိုးရှင်းသည့် စာလုံးတစ်လုံးသာ ရှိလို့နေသည်။
"ဒါကဘာလဲ…" ဝမ်လင်းက မှင်သက်သွားသည်။သူက ထိုအဆောင်ကို ကောက်ယူကာ အနီးကပ် သေချာကြည့် လိုက်သည်။ထိုအဆောင်က အဆင့်နိမ့်ကျင့်ကြံသူများ အသုံးပြုသော အဆောင်များနှင့် တူနေ၏။
"ရှုဖန်ဟန်က ဒါကို သူ့တာအိုထဲမှာတောင် ထည့် သိမ်းထားတာ ဖြစ်တဲ့အတွက် ဒီအဆောင်က သာမန် မဟုတ်နိုင်ဘူး..."
ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ၎င်း အဆောင်ကို သေချာလေ့လာကြည့်ပြီးသည့်နောက်လည်း မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့ပေ။
အနည်းငယ်စဉ်းစားပြီးသည့်နောက် သူက ထိုအဆောင် ကို ပြန်သိမ်းကာ ၎င်းနှင့်ပတ်သတ်၍ ဆက်လက်မတွေး တော့ပေ။ထို့နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ လှုပ်ရှားသွား ကာ လှိုဏ်ဂူထဲကနေ ထိုးထွက်သွားသည်။ ကောင်းကင်ဘုံ သက်တော်စောင့်ကလည်း သူ့နောက်ကနေ လိုက်ပါကာ သူ့ အရိပ်ထဲတွင် ပြန်ပုန်းခိုသွား၏။
သည်မိုးကြိုးတောင်၏ ရှေ့တည့်တည့်သည် သည် အစိတ်အပိုင်း၏အစွန်း ဖြစ်သည်။သည်အစိတ်အပိုင်း အစွန်း၌ မိုးကြိုးကွင်းပြင် တစ်ခု ရှိနေ၏။
"မိုးကောင်းကင်ဘုံနယ်မြေမှာတုန်းက တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်တွေ ရှိသေးတယ်။ဒါပေမဲ့လည်း မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာတော့ မိုးကြိုးကသာအားကောင်းတဲ့ တည်နေရာရွှေ့ပြောင်းပေးတဲ့အရာတွေ ဖြစ်နေတယ်။ဒါ့ကြောင့် လှည့်လည်သွားလာခြင်းက လူ တစ်ယောက်ခြေထောက်ရဲ့ စွမ်းအားပေါ်ပဲ မှီတည်တော့တယ်
ဝမ်လင်းက စဉ်းစားနေ၏။ သူက ယခုအစိတ်အပိုင်းက နေ ထွက်သွားရန် အလျင်မလိုပေ။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်လှိုင်း တုန်ခါမှု ရှိနေသော မည်သည့် နေရာကိုမဆို သေချာရှာဖွေကြည့်နေ၏။
ဝမ်လင်းက ပျံသန်းနေရင်း သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွားသည်။သူ့ရှေ့တည့်တည့်ကနေ ဓားစွမ်းအင် တန်းနှစ်ခုသည် သူ့ထံသို့ ပျံသန်းလာနေ၏။ ထိုဓားစွမ်းအင် တန်းနှစ်ခု၏ အပေါ်တွင် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ရှိနေ၏။
အမျိုးသားက အပြာရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထား ကာ အသက်သုံးဆယ်ပတ်လည်ခန့်ရှိသည်။ သူ့ရုပ်ရည်က လည်း သာမန်မျှသာ။ အမျိုးသမီးကတော့ အသက်နှစ်ဆယ့် ရှစ် ပတ်လည်လောက်ရှိကာ သူမ၏ ရုပ်ရည်က ချောမော လှသော်လည်း သူမ၏ မျက်လုံးများက မကောင်းဆိုးဝါး ဆန်မှုမကို ပြသနေသည်။
သည်နှစ်ယောက်က ပျံသန်းနေရင်း သူတို့က ဝမ်လင်းကို သတိပြုမိသွားကြ၏။ သို့သော် သူတို့က ရပ်တန့်ခြင်း မပြု ပေ။သူတို့က နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်ကြည့်လိုက်ရာဝမ်လင်းသည် အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ် အဆင့်သာ ဖြစ်ကြောင်း ခပ်ရေးရေးအာရုံခံမိသည်။သူတို့ နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စကားတစ်ခွန်းမှ မဆိုတော့ဘဲ အဝေးသို့ ထွက်သွား တော့၏။
ဝမ်လင်းကလည်း ထိုလူနှစ်ယောက်သည် အာဏာတက် ခြင်းအထွတ်အထိပ်အဆင့်တွင်သာ ရှိသေးကြောင်း သိလိုက်ပေ၏။
သူတို့နှစ်ယောက်၏ မူလစိတ်ဝိညာဉ်ထဲတွင်တော့ သူလို မျိုး မူလစွမ်းအင် များများစားစား ရှိမနေပေ။
သူတို့နှစ်ယောက်လုံးက ဘာပြဿနာမှ မဖြစ်လိုဟန်နှင့် ခပ်မြန်မြန် ပြန်ထွက်ခွာသွားကြပေသည်။ဝမ်လင်းက တစ် ချက်သာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ပြန်ရုတ် သိမ်းလိုက်သည်။ ထို့နောက် မြေပြင်ထက်ကို ဆက်လက် ကြည့်ရှုနေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေဖွင့်သည်မှာ အကြိမ်များ စွာ ရှိနေခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် တစ်ကြိမ်စီတိုင်းတွင် လည်း ရိတ်သိမ်းနိုင်သည့်အကျိုးအမြတ်က နည်းပါးလာခဲ့ ပြီ ဖြစ်သည်။
ဝမ်လင်းက မိုးကောင်းကင်ဘုံနယ်မြေတွင်လည်း အတွေ့အကြုံ ရှိခဲ့ဖူး၏။ထို့ကြောင့် သူ့အတွက် ပို၍ လွယ်ကူ စေသည်။ ဖျပ်ခနဲပင် တစ်လကုန်သွားလေပြီ။ ဝမ်လင်းကကျင့်ကြံသူ သုံးလေးငါးယောက်လောက်နှင့်သာ တွေ့ဆုံခဲ့ရ သေးသည်။
သူတို့ကြားတွင် သူက မည်သည့်ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူကိုမျှ မတွေ့ရပေ။ အများစုက အာဏာတက်ခြင်း အဆင့်တွင်သာ ရှိကာ တစ်ယောက်ဆိုလျှင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့်၌သာ ရှိသေး၏။
ဝမ်လင်းက တစ်လတိတိ သုံး၍ အစိတ်အပိုင်းတစ်ခုလုံး ကို သေချာ ရှာဖွေကြည့်ခဲ့သော်လည်း မည်သည့်အရာကိုမျှ တွေ့ရှိခဲ့ခြင်း မရှိပေ။ အနည်းငယ် စဉ်းစားပြီးနောက် သူက ရှာဖွေခြင်းကို ရပ်တန့်လိုက်၏။ သည့်နောက် သူက သည် အစိတ်အပိုင်းအပေါ်သို့ စရောက်လာခဲ့သည့်နေရာသို့ အရှိန် အမြင့်ဆုံးနှင့် ပျံသန်းသွားတော့သည်။
သည်နေ့တွင် ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက ရုတ်တရက် ကျဉ်းမြောင်းသွား၏။အကွာအဝေးတစ်ခုရှိမြေပြင်ထက်တွင် အတားအဆီးအစီအရင်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ထိုအတားအဆီးက ဖုန်းကွယ်နေသော်လည်း ဝမ်လင်း လို အတားအဆီးနှင့်ပတ်သတ်၍ ဆရာတစ်ဆူအဖို့ မြင်ရဖို့ က လွယ်လှပေသည်။သူသည် အစောပိုင်းတုန်းက သည် နေရာကို ဖြတ်သန်းလာတုန်းက အတားအဆီးတစ်ခု မရှိကြောင်းကို ကောင်းကောင်းမှတ်မိနေခဲ့သည်။
လီယွမ် (နောက်တစ်ပိုင်း )
အနည်းငယ် ကြည့်ရှုပြီးသည့်နောက် ဝမ်လင်းက မြေပေါ် သို့ ခြေချလိုက်သည်။ထိုအတားအဆီးက သိပ်ကြီးမားလှ ခြင်းမရှိဘဲ ပေထောင်ချီလောက်သည ကျယ်ပြန့်သည်။ သည်အတားအဆီးနှင့် ပတ်သတ်၍ အံ့ဩဖွယ်ရာတစ်ခုက ၎င်းသည် အနီးအနားရှိတောင်နှင့် ရောထွေးယှက်တင် ဖြစ် နေခြင်းပင်။ ထို့ကြောင့် ၎င်းအတားအဆီးသည် အတော် လေး ဖုံးကွယ်နေသလို ဖြစ်နေ၏။
ဝမ်လင်းသည် အစောပိုင်းတုန်းက သည်နေရာတွင် မည် သည့်အတားအဆီးမှ မရှိကြောင်းကို ယုံကြည်မှုမရှိဘူးဆို လျှင်ပင် သူက သည်အတားအဆီးကို လွယ်လွယ်နှင့် လွဲ ချောမိလိမ့်မည် မဟုတ်ပေ။ပို၍ အရေးကြီးသည်က ထို အတားအဆီးထံကနေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် ပေးစွမ်းနေခြင်း ဖြစ်၏။
"ဒီအတားအဆီးက ပတ်ဝန်းကျင်ရဲ့ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်ထဲမှာ နစ်မြုပ်နေတယ်။ ဒါက တော်တော် လေး အံ့အားသင့်ဖွယ်ပဲ။ ဒါပေမဲ့လည်း ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်မှာ အပြစ်အနာဆာ တစ်ခု ရှိနေတယ်။ တကယ်တော့ ဒါက မတူညီတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင် အမျိုးအစားနှစ်ခုလို ဖြစ်နေတာပဲ။ ဒါ့ကြောင့် အချိန်တိုအတွင်း ဒီစွမ်းအင်နှစ်ခုက တစ်ခုနဲ့တစ်ခု လုံးဝ ပေါင်းစပ်သွားနိုင်ဦးမှာ မဟုတ်ဘူး..."
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သည့်နောက် သူ့စိတ်ထဲတွင် အတားအဆီးကို ဆင်ခြင် ကြည့်နေ၏။ သူက ရှေ့သို့ ခြေလှမ်းရန် ပြင်လိုက်ပြီးမှ ရုတ်တရက် စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလိုက် သည်။
"နေပါဦး...။ ဒီလို ကောင်းမွန်တဲ့အတားအဆီးမှာ ဒီပုံစံ ချိုယွင်းချက် ရှိမနေသင့်ဘူးမလား...။ ဒီအတားအဆီးကို ချမှတ်နိုင်တဲ့ လူရဲ့ အရည်အချင်းနဲ့ဆိုရင် ဒီလူက ခုလိုမျိုး အမှားကို မပြုလုပ်သင့်ဘူး..."
ဝမ်လင်းက မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သဲလွန်စများ ရှာကြည့်၏။ သူက အနည်းငယ် စဉ်းစားပြီးသည့်နောက် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ထူးဆန်းလိုက်တာ။ ဒီ နေရာမှာ အတားအဆီးအော်ရာတစ်ခု ရှိနေပေမဲ့ ငါက ဘာ အတားအဆီးမှ မမြင်ရဘူး။ ဖြစ်နိုင်တာက ငါက အရာ ဝတ္ထုတွေကိုများ ကြည့်နေမိတာလား..."
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ တစ်နာရှိကြာမြင့်ပြီးသည့်နောက် အတားအဆီးနှင့် ပေတစ်ရာ အကွာရှိ တောင်ဘေးတွင် လှိုင်းတွန့်တစ်ခု ပေါ်လာကာ လူ နှစ်ယောက်သည် လှမ်းထွက်လာခဲ့သည်။ထိုနှစ်ယောက် သည် ဝမ်လင်းနှင့် လွန်ခဲ့သော တစ်လက တွေ့ဆုံခဲ့သည့် အမျိုးသားနှင့်အမျိုးသမီးတို့ ဖြစ်ကြသည်။
အမျိုးသမီးဖြစ်သူက ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့ စူးစိုက်ကြည့်ကာ မကျေမနပ် ပြောလာသည်။ "နင့်အတားအဆီးက အစစ်အမှန်နဲ့အတူ အတုအယောင် အဖြစ် နစ်မြုပ်ပြောင်းလဲနိုင်ပြီး ဒီအစိတ်အပိုင်းအပေါ်က ကျင့်ကြံသူအားလုံးကို စွဲဆောင်နိုင်တယ်လို့ နင်မပြောခဲ့ဖူး လား။ ဒါဆို ဟိုလူ့ကို ဘာလို့ အရူးလုပ်လို့မရတာလဲ..."
သူမဘေးရှိ အမျိုးသားက အနည်းငယ် မျက်မှောင်ကြုတ် ကာ ပြောလိုက်သည်။ "ဒီလူက အမှန်တကယ် ထွက်မသွား တာလည်း ဖြစ်နိုင်တာပဲ။ ငါတို့က ခုလိုမျိုး အလျင်စလို လူ လုံးမပြသင့်ဘူး..."
အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။ "နင် ရှောင်လွှဲဖို့ ကြိုးစားမနေနဲ့။ ငါက နင့်ကို မေးနေတဲ့ မေးခွန်းက သပ်သပ်ပဲ..."
အမျိုးသားက သက်ပြင်းချကာ ခပ်တိုးတိုး ဆိုသည်။ "သူက ဒါကို ဖြတ်မြင်သွားနိုင်တာများလား..."
"အခြားလူတွေကို အမြင့်ကြီး လျှောက်မတွေးနေနဲ့။ ဒီ လူက သူ့ကိုယ်သူ ဒီနေရာမှာ အတားအဆီးတစ်ခုတောင် မမြင်ရပါလားလို့ ပြောခဲ့တာ နင် မကြားလိုက်ဘူးလား။ အစ ကတည်းက ငါနင့်ကို အပြစ်အနာဆာတွေ ခပ်များများ ချန် ထားဖို့ ပြောခဲ့သားပဲ...။ ဒါပေမဲ့ နင်က ကိုယ်မှန်တယ် ထင် နေခဲ့တာလေ.."
အမျိုးသမီးက ပို၍ မကျေမနပ်ဖြစ်လာကာ သူမ၏ လေသံကလည်း ပိုဆိုးလာခဲ့၏။
အမျိုးသားဖြစ်သူ၏ မျက်လုံးထဲ၌ အထင်သေး လှောင်ပြောင်ဟန် ဖြစ်ပေါ်နေ၏။ သို့သော် သူက ထိုအရာ ကို ကောင်းကောင်း ဖုံးကွယ်ထားသည်။ သူက ပွင့်ပွင့်လင်း လင်း ပြောလိုက်၏။ "မိုးကြိုးကောင်းကင်ဘုံနယ်မြေကို ရောက်လာတဲ့ ကျင့်ကြံသူတွေက အချိန်အကြာကြီး ကျင့်ကြံခဲ့တဲ့လူတွေပဲ။ သူတို့အားလုံးက ပါးနပ်ကြတယ်။ ငါက အပြစ်အနာဆာ ခပ်များများ ပိုထားခဲ့ရင်တောင် ဘယ်သူကမှ ဒါကို ယုံကြည်မှာ မဟုတ်ဘူး။ ငါက ဘာ ပြစ်ချက်မှ မထားခဲ့ရင်တော့ ဒုတိယအဆင့်ကကျင့်ကြံသူ တွေရောက်လာရင်တောင် သူတို့က ဒီအတားအဆီးကို တွေ့ မြင်မှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်..."
အမျိုးသမီးဖြစ်သူ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် အငွေ့အသက် ဖြစ်ပေါ်သွားသည်။ သူမက အေးစက်စွာ ပြုံး၍ ပြော၏။ "လီယွမ်...နင်က သတ္တိသိပ်ကောင်းနေ တယ်ပေါ့။ နင်က ငါ့ကျင့်ကြံတဲ့အချိန်ဟာ တိုတောင်းသေး တယ်လို့ ပြောနေတာလား
...အမျိုးသားက အချိန်အတန်ကြာ စဉ်းစားပြီးသည့်နောက် လေးစားစွာ ပြောလိုက်သည်။ "ငါ့စိတ်ဝိညာဉ်က သခင်မရဲ့ မိသားစု လက်ထဲမှာပါ။ ငါက ဘယ်လိုလုပ် အဲ့လို ပြောဝံ့ပါ့ မလဲ..."
အမျိုးသမီးက အေးစက်စွာ ပြောလိုက်ပြန်သည်။ "နင်က ဒါကို မှတ်မိတာ ကောင်းတယ်။ ငါ့အဘိုးအိုကသာ နင့်ကို သနားပြီး ဆေးလုံး မပေးခဲ့ရင် နင်က လွန်ခဲ့တဲ့နှစ်တစ်ရာ လောက်ကတည်းက နင့်ဒဏ်ရာကြောင့် သေနေခဲ့ပြီ.."
လီယွမ်က ခါးသက်သက်အသွင် ဖြစ်ပေါ်နေကာ သူက သက်ပြင်းချမိ၏။ သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွား သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ့ အတားအဆီးထဲကို မြန်မြန် တစ်ယောက်ယောက် လာနေပြီ..." ပြန်ရအောင်။
သူက ထိုသို့ပြောလိုက်ရင်းဖြင့် ရှေ့သို့ ခြေချလိုက်သည်။ အမျိုးသမီးက ပို၍ မြန်သေး၏။ သူကလည်း လှိုင်းတွန့် ကြားထဲသို့ ခြေချလိုက်ပေသည်။ သူတို့နှစ်ယောက်က လှိုင်းတွန့်ကြားထဲသို့ ဝင်ရောက်သွားသည့်နောက် ထို လှိုင်းတွန့်ကလည်း ပြန်ပျောက်ကွယ်သွားတော့၏။ လူတစ် ယောက်က နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်မည်ဆိုလျှင် ပင် သူတို့အားလုံးက သာမန်ကျောက်တုံးတစ်တုံးကိုသာ တွေ့မြင်ပေလိမ့်မည်။
ဓားစွမ်းအင်တန်းတစ်ခုက
အကွာအဝေးတစ်ခုကနေရောက်လာကာ သည်ဧရိယာနားတွင် ဆင်းသက်လာ၏။ ထို့နောက် ထိုအလင်းတန်းက ပျောက်ကွယ်သွားကာ သက်လတ်ပိုင်းလူကြီး၏ အသွင် ဖြစ်ပေါ်လာသည်။သည် လူက အတားအဆီးကို စူးစိုက်ကြည့်ကာ အံ့အားသင့် နေသည်။ အချိန်အတန်ကြာ သတိထားကြည့်ပြီး သည့်နောက် သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ နတ် ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်၏။ သူက ပုံမှန် မဟုတ်တာကို ဘာမှ မတွေ့ရပေ။သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်း တစ်ခု ထွက်ပေါ်လို့နေသည်။
သူက အနည်းငယ် စဉ်းစားပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သည်။သည့်နောက် သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ အဖြူရောင် အလင်းတန်းတစ်ခုက ချက်ခြင်း ထိုးထွက်လာသည်။ ၎င်း က ဘေးတစ်ဘက်သို့ ကျရောက်လာသည့်အခါ သစ်သား ရုပ်သေးအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုရုပ်သေးထံမှ အဖြူရောင်အလင်းတို့ကို ပေးစွမ်း နေသည်။
သက်လတ်ပိုင်းလူက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ် ပေါ်စေကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်သည်။ သည့်နောက် လက်ညှိုးညွှန်လိုက်ရာ သစ်သားရုပ်သေးက ဖြည်းဖြည်းချင်း ရွှေ့လျားလာသည်။၎င်းက တဖြည်းဖြည်း အစစ်အမှန်လူသားတစ်ယောက်နှင့် ပိုတူလာခဲ့၏။ ၎င်းက အတားအဆီးထဲသို့ ခုန်ဝင်သွားခဲ့လေသည်။ အနည်းငယ်လျှောက်လှမ်းပြီးသည့်နောက် သက်လတ်ပိုင်းလူကြီ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အော်ပြောလိုက် သည်။ "ပေါက်ကွဲစမ်း..."
ရုပ်သေး၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွား၏။ ထို ပေါက်ကွဲပျက်စီးမှုမှ တုန်ခါလှိုင်းသည် မြန်ဆန်စွာ ပျံ့နှံ သွားကာ အတားအဆီးကို ဖျက်စီးရာ ဖုံးကွယ်နေသော အတားအဆီးတွင် အပေါက်တစ်ခု ထွက်ပေါ်လာ၏။
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးထဲ၌ ကျေနပ်ဟန်တို့ ဖြစ်ပေါ်လာ၏။ သူက သိုလှောင်အိတ်ထဲမှ နောက်ထပ် ရုပ်သေးတစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ သက်လတ်ပိုင်း လူကြီး၏ ထိန်းချုပ်မှုအောက်၌ ထိုရုပ်သေးသည် အပေါက် ထဲသို့ ဝင်ရောက်သွားချေသည်။
သိပ်မကြာခင်တွင် သက်လတ်ပိုင်းလူကြီး၏ မျက်လုံး ထဲ၌ ကျေနပ်ပျော်ရွှင်ဟန်တို့ ဖြစ်ပေါ်လာကာ သူက ထို အပေါက်ထဲသို့ ချက်ခြင်း ခုန်ဝင်လိုက်လေသည်။ သူက အထဲသို့ ဝင်လိုက်သည်နှင့် ချက်ခြင်း အကြောက်အကန် အော်ဟစ်လိုက်ရကာ သူ့မူလစိတ်ဝိညာဉ်သည် ထိုအပေါက် ထဲကနေ ထွက်ပေါ်လာပြီး ကြောက်ရွှံ့လို့နေသည်။ သို့ရာတွင် သူက အပြင်သို့ ပြန်ထွက်လာပြီးပြီးချင်းမှာပင် အစိမ်းရောင်အရိပ်တစ်ခုသည် ထိုးထွက်လာကာ သူ့အား အပေါက်ထဲသို့ ပြန်ဆွဲယူသွား၏။
အတားအဆီးနှင့် ပေတစ်ရာအကွာတွင် လှိုင်းတွန့်တစ်ခုက ထပ်မံပေါ်လာပြန်၏။ ထို့နောက် လီယွမ်နှင့်အမျိုးသမီး တို့သည် လှမ်းထွက်လာကြသည်။ အတာအဆီးပေါ်ရှိအပေါက်ကို ကြည့်ကာ လီယွမ်သည် သက်ပြင်းချကာ ခေါင်းယမ်းမိသည်။ အမျိုးသမီးကတော့ စိတ်လှုပ်ရှားဟန် နှင့် ပြည့်နေသည်။ သူမကတော့ အတားအဆီးရှိရာသို့ လှမ်းလျှောက်သွားကာ အပေါက်ထဲသို့ ညာလက်ကို ထိုး သွင်းဆန့်တန်းလိုက်သည်။ သည့်နောက် သူမက နူးညံ့စွာ ပြောလိုက်၏။ လိမ်လိမ်မာမာနေပါ။ ဒီတစ်ကြိမ် ထပ်စား ပြီးရင် ငါတို့က နေရာပြောင်းကြမယ်။ "ဒီတစ်ကြိမ်မှာတော့ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါက နင့်ရဲ့ စားချင်စိတ် ကို အပြည့်ဖြည့်ပေးမယ်..."
"စိတ်ဝင်စားစရာပဲ..." သိပ်မဝေးသောနေရာကနေ ဝမ် လင်း၏ ပုံရိပ် ထွက်ပေါ်လာသည်။သူက လုံးဝ ထွက်ခွာ သွားခြင်းမရှိဘဲ ပုံရိပ်ယောင်တစ်ခုကို အသုံးပြု၍ ဖုံးကွယ် နေခဲ့ခြင်းပင်။ထို့ကြောင့် သူက ပြပွဲကောင်းတစ်ခုကို တွေ့ မြင်ခဲ့ပေသည်။
သူမက အမျိုးသမီးအသွင်က ပြောင်းလဲသွားကာ နောက်သို့ လှည့်၍ ဝမ်လင်းကို စူးစိုက်ကြည့်သည်။ သူမက မျက်မှောင်ကြုတ်ကာ စကားပြောဟန် ပြင်လိုက်စဉ် လီ ယွမ်သည် ရှေ့သို့ လှမ်းတက်လိုက်သည်။ သူက ဝမ်လင်း ထံသို့ လက်နှစ်ဖက်ယှက်ကာ ဖြည်းဖြည်းချင်း ပြောလိုက် သည်။ “ရောင်းရင်းကျင့်ကြံသူ...စောနတုန်းက ငါတို့က သင့်ကို အတားအဆီးကိစ္စနဲ့ နှောင့်ယှက်ခဲ့ပါတယ်...။ခုချိန်မှာတော့..."
"နင်က သူနဲ့ ဘာတွေ အချိန်ဖြုန်းနေတာလဲ။ ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က ငါတို့နဲ့ တူတူပဲ။ ငါတို့နှစ်ယောက် ပေါင်းတိုက်ရင် ငါတို့က သူ့ကို ငါ့ အချစ်တော် အတွက် အစာ ကျွေးပစ်လို့ရတယ်.."
အမျိုးသမီးက အေးစက်စွာ နှာခေါင်းရှုံ့ကာ ရှေ့သို့ တိုးဝင် လာခဲ့သည်။သူမက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ငှက် မွှေးယပ်တောင်တစ်ခု ပေါ်လာ၏။ ထိုယပ်တောင်က ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ ဝမ် လင်းထံသို့ ပျံသန်းလာသည်။
လီယွမ်က ခါးသက်သက်ပြုံးကာ သူ့လက်ဖြင့် ချိတ် တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အတားအဆီးများ ချက် ခြင်း ပေါ်လာ၏။ ထိုအတားအဆီးများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားကာ ဝမ်လင်းကို စတင်တိုက်ခိုက်လာကြ သည်။
ဝမ်လင်းအသွင်က တည်ငြိမ်လျက်ပင်။သူက ပထမ အဆင့်ကျင့်ကြံသူများ၏ ထိပ်ဆုံး၌ ရှိသူဟု ယူဆ၍ ရသူ မဟုတ်လား။ သည်အခိုက်အတန့်၌ သူက ရှေ့သို့ ထိုးထွက် ကာ ဖျပ်ခနဲ လက်တောက်ထုတ်လိုက်၏။ ထိုအခါ မိုးကြိုး တန်းတစ်ခုက ထိုးထွက်သွားသည်။ထိုမိုးကြိုးတန်းက ငှက် မွှေးယပ်တောင်ကို ထိမှန်သွား၏။ မိုးကြိုးက ပျောက်ကွယ် သွားသလို ယပ်တောင်သည်လည်း ခုခံနိုင်စွမ်းမရှိ ပျက်စီးသွားရသည်။သိုးကြိုးက ပျောက်ကွေးယပ်တောင်ကို ထိချိတ်တတအထကြည့်လိုက်ခ်ျတေ
သူမ၏ လက်နက်ရတနာဖျက်စီးခံလိုက်ရခြင်းကြောင့် အမျိုးသမီး၏ ခန္ဓာကိုယ်သည် တန်ပြန်ဒဏ်ကို ခံလိုက်ရာ ပြင်းထန်စွာ တုန်ခါသွား၍ သွေးတစ်လုပ်အန်ထုတ်လိုက်ရ သည်။ ထို့နောက် သူမက နောက်သို့ ခြေလှမ်းများစွာ ဆုတ် သွားရ၏။ သူမမျက်နှာပေါ်တွင် ကြောက်လန့်မှုတို့နှင့် ပြည့် နေသည်။
ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းသာ လှမ်းလာခဲ့ခြင်း ဖြစ်သည်။ ယပ်တောင်အစား ဝမ်လင်းသည် လီယွမ်၏ အတားအဆီးပေါ်၌ ပို၍ အာရုံစိုက် စိတ်ဝင်စားနေမိသည်။ ထိုအတားအဆီးက ဆယ့်ရှစ်ခုထိ ခွဲထွက်သွားကာ တစ်ခု နှင့်တစ်ခု ထပ်၍ ချိတ်ဆက်နေသည်။
သည်အတာအးဆီးက တော်တော် ထူးဆန်း၏။ဝမ်လင်း မျက်လုံးက တလက်လက် ဖြစ်နေသည်။ သူက သူ့လက်ကို မြှောက်လိုက်၏။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးက နောက်တစ်ဖန် ပေါ်လာကာ ဧရာမလက်ဝါးအသွင် ဖြစ် တည်လာသည်။ထိုလက်ဝါးက တစ်ခုနှင့်တစ်ခု ထပ်၍ ချိတ်ဆက်နေသော တိုက်ရိုက် ကျရောက်သွားသည်။ အတားအဆီးဆယ့်ရှစ်ခုပေါ်သို့
ပေါက်ကွဲသံများ
ဖြစ်ပေါ်သွားပြီးနောက် အတားအဆီး(၁၈)ခုသည် တစ်ခုပြီးတစ်ခု ပျက်စီးသွားရသည်။ ၎င်းတို့သည် လက်ဝါး၏စွမ်းအားကို မခုခံနိုင်ပေ။ အတားအဆီးများအာလုံး ပျက်စီးသွားသည့်နောက် လက်ဝါးက ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ လီယွမ်၏ ရင်ဘက်ပေါ်သို့ ကျရောက်လာခဲ့သည်။
လီယွမ်က သွေးအန်လိုက်ရ၏။ သူ့မျက်နှာက ဖြူရော သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ သည်။ သူက ဝမ်လင်းကို မယုံကြည်နိုင်ဟန် စူးစိုက် ကြည့် နေမိသည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် ဒုတိယခြေလှမ်း လှမ်းလိုက်ကာ ထိုနှစ်ယောက်ကို ကျော်လွန်သွားသည်။ သူက အတားအဆီးရှိရာနားသို့ ရောက်ရှိသွားကာ ၎င်း အပေါ်ရှိ အပေါက်ကို ကြည့်လိုက်သည်။
ထိုအပေါက်ထဲ၌ အစိမ်းရောင်ယင်စွမ်းအင်ထုတစ်ခု ရှိနေသည်။ဝမ်လင်းက အပေါက်ထဲသို့ ငုံ့ကြည့်လိုက်သည့် အခိုက်တွင် ယင်စွမ်းအင်က ပျံသန်းထွက်လာကာ အရိုး ခေါင်းအသွင် ဖြစ်ပေါ်၍ အစိမ်းရောင်တောက်ပမှုကို ပေး စွမ်းကာ ဝမ်လင်းကို ဝါးမြိုပစ်ရန် တရကြမ်း တိုးဝင်လာ သည်။
ဝမ်လင်း မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ် ပေါ်လာကာ သူက တိုးညင်းစွာ ပြောလိုက်သည်။ "ကောင်းကင်ဘုံတစ္ဆေ.."
သည်အခိုက်အတန့်တွင် အမျိုးသမီးက လှမ်းအော်လိုက်သည်။ "သူ့ကို ဝါးမြိုပစ်လိုက်..."
ကောင်းကင်ဘုံတစ္ဆေကြောင့် ဖြစ်ပေါ်နေသည့် အရိုး ခေါင်းသည် အစိမ်းရောင်အလင်းကို ပေးစွမ်းနေ၏။ ၎င်းက ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာစဉ်တွင် ဝမ်လင်း မျက်ခုံးနှစ်ခုကြားတွင် ဖျပ်ခနဲ လင်းလက်သွားကာ ကံကြမ္မာကျာပွတ်က ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းက ထိုကျာပွတ် ထွက်ပေါ်လာသည်နှင် ကောင်းကင်ဘုံတစ္ဆေကို ချက်ခြင်း လွှမ်းခြုံထွေးလိုက် သည်။ ကောင်းကင်ဘုံတစ္ဆေက အထိတ်တလန့်အော်ဟစ် လိုက်ရာ ၎င်း၏ ခန္ဓာကိုယ်ကနေ အစိမ်းရောင်အခိုးငွေ့များ စွာ ထုတ်လွှတ်လာသည်။ ၎င်းက နောက်သို့ ပြန်ဆုတ်ဟန် ပြင်လိုက်၏။ သို့သော် ဝမ်လင်းက မည်သို့ လွှတ်ပေးနိုင်ပါ့ မည်နည်း။ ကံကြမ္မာကျာပွတ်သည် ချက်ခြင်း ကောင်းကင်ဘုံတစ္ဆေကို လွှမ်းခြုံသွားကာ ဆွဲယူလိုက်၏။ ထို့နောက် ဝမ်လင်းက စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ယူကာ ကောင်းကင်ဘုံတစ္ဆေကို ထိုအလံထဲသို့ ချက် ခြင်း ပစ်ထည့်လိုက်သည်။
"ဒီဟာနဲ့ဆိုရင် ဒုတိယမြောက် ကောင်းကင်ဘုံ သက်တော်စောင့်ကို သန့်စင်မွန်းမံနိုင်ဖို့ အခွင့်အရေးက အရမ်းများသွားပြီး..." ဝမ်လင်းက နောက်ပြန်လှည့်ကာ လီ ယွမ်နှင့်အမျိုးသမီးတို့ထံသို့ ကြည့်လိုက်၏။
အမျိုးသမီးအသွင်က အလွန်ကြောက်လန့်နေသည့်ဟန်ရသည်။သူမက သည်လူသည် သူမ၏ မိသားစု နှစ်ပေါင်း များစွာ မြှင့်တင်ထားသည့် ကောင်းကင်ဘုံတစ္ဆေကို ခုလို မျိုး အလွယ်တကူ ဖမ်းယူသွားနိုင်လိမ့်မည်ဟု စိတ်ကူး၍ပင် မကြည့်မိပေ။
လီယွမ်၏ အသွင်ကလည်း ခြောက်ချားနေ၏။ သူက ဝမ် လင်း၏ ဘေးနားတွင် ကျာပွတ်တစ်ခု ထွက်ပေါ်လာသည် ကို မြင်တွေ့ခဲ့ပေသည်။သူက လေအေးတစ်ချက်ရှိုက်သွင်း ကာ စိတ်ရှုပ်ထွေးဟန်နှင့် ပြောလိုက်၏။ "စီနီယာ...ငါတို့ နှစ်ယောက်က.."
"မင်းတို့နှစ်ယောက်က အတားအဆီးတစ်ခု လုပ်ပြီး လူ တွေကို ပိတ်လှောင်ဖို့ လုပ်တာက ငါနဲ့ ဘာမှ မဆိုင်ဘူး။ ဒါပေမဲ့လည်း မင်းတို့နှစ်ယောက်က ငါ့ကို အလျင်စလို တိုက်ခိုက်ချင်နေခဲ့တဲ့အတွက် ငါက လွယ်လွယ်တော့ ခွင့်လွှတ်မပေးနိုင်ဘူး..."
ဝမ်လင်း၏ စကားများက အမျိုးသမီး၏ခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။လီယွမ်က စိတ်ထဲ၌ သက်ပြင်းချနေ မိသည်။
သူက အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းကို ကြည့် ကာ လေးစားစွာ ပြောလိုက်သည်။ "စီနီယာ...ဒီကိစ္စက ငါ တို့အမှားပါ။ ဒီဂျူနီယာက အတားအဆီးတွေ တည်ရှိတဲ့ လျှို့ဝှက်နေရာတစ်ခုကို သိပါတယ်။ အဲ့နေရာမှာ ကောင်းကင်ဘုံရတနာတွေတောင် ရှိနေနိုင်လောက်တယ်။
ဂျူနီယာက ဒီကိစ္စကို ပြေလည်ဖို့အတွက် ဒီနေရာနဲ့ ကမ်းလှမ်းချင်ပါတယ်..."
သူ့ဘေးရှိ အမျိုးသမီးကတော့ စကားတစ်ခွန်းမှ မဟ ဝံ့တော့ပေ။
ဓားထိပ်ဖျား
ဝမ်လင်းက လီယွမ်ကို မချိုပြုံး ပြုံး၍ ကြည့်သည်။သူ့ အကြည့်က ဓားသွားတစ်စင်းအလား လီယွမ်၏ စိတ်ထဲထိထွင်းဖောက်သွားသည်။
လီယွမ်က ကြောက်လန့်တုန်လှုပ်ဟန် မပြဘဲ ထိုအစား သူက ပို၍ပင် တည်ငြိမ်လာခဲ့သည်။သူက လေးစားစွာ ပြော လိုက်၏။ "စီနီယာက ဂျူနီယာ ဘာကြောင့် အဲ့နေရာကို သွားပြီး အတားအဆီးတွေကို ကိုယ်တို မချိုးဖျက်လဲ သိချင် σφ໗໙..."
ဝမ်လင်းက လီယွမ်ကို ကြည့်နေသည်။သည်လူ၏ ဉာဏ် ရည်ဉာဏ်သွေးက သာမန်တော့ မဟုတ်ပေ။ သူက ထိုနှစ် ယောက်စကားပြောဆိုသည်ကို ကြားခဲ့ကတည်းက သည် လူသည် အမျိုးသမီး၏ မိသားစုမှ သူ့ကို ကယ်တင်ထား ခြင်း ဖြစ်ကြောင်း သိနေခဲ့သည်။သို့သော် တန်ဖိုးအနေဖြင့် သူ့အသက်ဓာတ်စိတ်ဝိညာဉ်ကို အပ်နှံ့ထားရလေ၏။
လီယွမ်၏ အသွင်က ပုံမှန်အတိုင်း ဖြစ်နေ၏။ ထို့နောက် သူက အသနားခံသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဂျူနီယာရဲ့ အစောပိုင်းနေ့ရက်တွေတုန်းက မိုးကြိုး ကောင်းကင်ဘုံနယ်မြေ မပြိုကျခင်က နယ်မြေနဲ့ ပတ်သတ် ပြီး တားမြစ်ထားတဲ့ ဧရိယာနဲ့ ပတ်သတ်တဲ့ မြေပုံတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဂျူနီယာက ဒီနေရာဟာ ခုထိ ရှိနေလိမ့် ဦးမယ်လို့ ယုံကြည်တယ်။အဲ့နေရာမှာ ရှိတဲ့အတားအဆီး တွေကိုလည်း ချိုးဖျက်နိုင်ဖို့ ဂျူနီယာက (၇၀)ရာခိုင်နှုန်း လောက် ယုံကြည်ချက် ရှိပါတယ်..."
ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။ သူက စကားလည်း မဆိုသေးပေ။
"ဂျူနီယာသာ မမှားရင် အဲ့တားမြစ်နေရာမှာ မူလ ကိရိယာတွေ လည်း ရှိနေလိမ့်မယ်။ အဲ့နေရာက မူလ ကိရိယာတွေက မူလအတိုင်း မပျက်မယွင်း ရှိနေတယ်။ အတားအဆီးတွေကို ဖယ်ရှားမယ်ဆိုရင် စီနီယာက ဒီမူလ ကိရိယာတွေရဲ့ တစ်ဝက်ကို ယူဆောင်နိုင်ပါတယ်..."
လီယွမ်ဘေးရှိ အမျိုးသမီးက ပါးစပ်ဟလိုက်သည်။ သို့သော် သူမက စကားမဆိုတော့ဘဲ တိတ်တိတ်သာ နေ လိုက်၏။
ဝမ်လင်းက လီယွမ်ကို ကြည့်နေသည်။ အချိန် အတန်ကြာပြီးနောက် သူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ..ဒါပေမဲ့...
ဝမ်လင်းက စကားပြောဟန် ပြင်လိုက်ရင်း သူ့ညာလက်ကို ရုတ်တရက် ပင့်မြှောက်ကာ ရှေ့သို့ ဆန့်ထုတ်၏။ အမျိုးသမီး၏ ခန္ဓာကိုယ်သည် ချက်ခြင်း တုန်ယင်သွားကာ သူမခန္ဓာကိုယ်ထဲမှ တစ္ဆေလိုအရိပ်တစ်ခုက သုံးလက်မခန့် ဆွဲထုတ်ခြင်း ခံလိုက်ရလေ၏။
ထိုအရာက အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ အမျိုးသမီး၏ မျက်နှာက သေလောက်အောင် ဖြူရောသွား သည်။ သူမ၏ စွမ်းအင်များစွာ ဆုံးရှုံးသွားသကဲ့သို့ ဖြစ်၏။
"ငါက လုံခြုံမှုအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စိတ် ဝိညာဉ်တစ်ခုကို ရယူထားဖို့ လိုအပ်တယ်..."
ထိုအရိပ်က အလင်းလုံးတစ်ခုအဖြစ် သိပ်သည်းသွားကာ ဝမ်လင်းက ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်း လိုက်၏။
လီယွမ်၏အသွင်ဟန်ပန်က ပုံမှန်အတိုင်းပင်။ သို့သော် သူ့စိတ်ထဲတွင်တော့ ဗြောင်းဆန်နေ၏။ သူက သည်လူ၏ ဉာဏ်ရည်ဉာဏ်သွေးသည် သူ့ထက် အောက်မကျသည်ကို သိနေ၏။ သည်လူက သူ့စိတ်ဝိညာဉ်အစား အမျိုးသမီး၏ စိတ်ဝိညာဉ်ကို ထုတ်ယူရန် ဆုံးဖြတ်ခဲ့ပေသည်။ ဖြစ် နိုင်သည်က သည်လူက တစ်ခုခုကို ဖြတ်မြင်နိုင်စွမ်း ရှိနေသည်လား။
“ဒါ့အပြင် ငါက မင်း အသုံးပြုခဲ့တဲ့ မင်းရဲ့အတားအဆီး ကို ဖုန်းကွယ်တဲ့ နည်းလမ်းကိုလည်း စိတ်ဝင်စားတယ်..
ဝမ်လင်းအကြည့်က လီယွမ်ပေါ်သို့ ကျရောက်လာ၏။
လီယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ကျောက်စိမ်း ပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် အချိန် အတန်ကြာ ထိုကျောက်စိမ်းပြားပေါ်၌ အမှတ်သား ပြုလုပ် နေသည်။ ထို့နောက် ၎င်းကျောက်စိမ်းပြားကို ဝမ်လင်း ထံသို့ ပေးကာ ပြောလိုက်သည်။ "စီနီယာက စိတ်ဝင်စား တယ် ဆိုတော့လည်း ဂျူနီယာက တွန့်တိုမနေတော့ပါ :..."
ဝမ်လင်းက ကျောက်စိမ်းပြားကို ဖမ်းယူလိုက်၏။ ၎င်း ကျောက်စိမ်းပြားကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ပြီး နောက် သူက မျက်မှောင်ကြုတ်သွားသည်။
သည်အခိုက်အတန့်၌ လီယွမ်က ခေါင်းငုံ့နေသော်လည်း သူက ဝမ်လင်းမျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင် လိုက်ပေသည်။သူက စိတ်ထဲ၌ တွေးလိုက်မိသည်။ "ဒီ ကျင့်ကြံသူက ထူးဆန်းပြီး တော်တော်လေး အသိဉာဏ် ကြွယ်ဝတယ်။ ဒါမှ မဟုတ်ရင် သူဟာ အတားအဆီးကို ဖြတ်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ လည်း သူက ဘယ်လောက်ပဲ အသိကြွယ်ဝနေပါစေ သူက ငါ့အတားအဆီးနည်းလမ်းကို ဖြတ်မြင်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး..." စောစောက
သူ့အတားအဆီးများ၏ အရင်းမြစ်အကြောင်းတွေးမိနေ ရင်း လီယွမ်သည် ထိုင်းမှိုင်းမှုကို ခံစားလိုက်ရ၏။
ဝမီလင်းက သည်အတားအဆီးကို အမှန်ပင် နားမလည်ပေ။ သူ့အတားအဆီးများအပေါ် နားလည်မှုနှင်ပင် သူက ကျောက်စိမ်းပြားထဲရှိ အတားအဆီးများကို ပထမဆုံး မြင် ရချိန်၌ သူက ခေါင်းအစခြေအဆုံး မပြောနိုင်ဟု ခံစားလိုက် ရ၏။ သည်အတားအဆီးက သူ သိရှိခဲ့သော အတားအဆီး များနှင့် သိသာစွာ ခြားနားနေသည်။ ၎င်းအတားအဆီးများ က ကောင်းကင်ဘုံအတားအဆီးများပင် မဖြစ်နိုင်လောက် 1109
သူက ကျောက်စိမ်းပြားအတွင်းကို စတင်လေ့လာချိန်၌ ရုပ်တုဆယ်ခု ပေါ်လာခဲ့သည်။သူက ၎င်းတို့ကို နားလည် ရန် စိတ်သန်လိုက်သည်နှင့် ၎င်းရုပ်တုတို့သည် စတင်၍ တစ်ခုနှင့်တစ်ခု ထပ်လာကာ သူ့စိတ်ကို လှုပ်ခါစေသည်။
မရှိသော်လည်း ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ထိုအတားအဆီးကို ဖြတ်မြင်နိုင်စွမ်း အတွင်းရှိ သူနှင့် သိပ်မစိမ်းသောတစ်စုံတစ်ခုကို ရှာတွေ့နိုင် အောင် လုပ်နိုင်ပေသည်။ ဝမ်လင်းက အတာအဆီးနည်း လမ်းပါဝင်သော ကျောက်စိမ်းပြားကို ပြန်သိမ်းဆည်းကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "လမ်းပြချေ..."
လီယွမ်က ခပ်သွက်သွက်ခေါင်းညိတ်လိုက်၏။ သူက ကောလို့ခေါ်တွင်သည့် အမျိုးသမီး၏ ဘေးနားသို့ ရေက်ရှိသွားသည်။သို့ရာတွင် ထိုအမျိုးသမီးက သူ့ကို လက် ဝှေ့ယမ်းကာ ဓားစွမ်းအင်တန်းတစ်ခုပေါ်သို့ ခုန်တက်လိုက် သည်။သည့်နောက် အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွား တော့သည်။
လီယွမ်က စိတ်ထဲမထားပေ။ သူက ဝမ်လင်းကို လက်နှစ် ဖက်ယှက်၍ လေးစားသမှု ပြုပြီးနောက် အလင်းတန်းတစ် ခုသည် သူ့ခြေထောက်အောက်တွင်ပေါ်လာခဲ့သည်။ သည့်နောက် သူက ကောင်းကင်ထက်သို့ ပျံသန်းသွားလေ သည်။
ဝမ်လင်းက သူတို့နောက်ကနေ မနှေးမမြန်လိုက်ပါ သွား၏။သူ့က လီယွမ်ကို သေချာလေ့လာနေရင်း သူ့ မျက်လုံးက တဖျပ်ဖျပ် တောက်ပနေသည်။
"သူ ပြောတဲ့စကားတွေထဲမှာ အမှန်ကော၊အများကော ရောထွေး ပါဝင်နေတယ်။ သူက ငါ့ကို အရင်ဆုံးစမြင် ကတည်းက ဒီကိစ္စတွေအားလုံးကို တွက်ချက်ခဲ့တာလား ငါ သိချင်မိတယ်။ ဒီလိုသာ အမှန်ဆိုရင် သူ့ရဲ့အကြံအစည်နဲ့ ဉာဏ်ရည်က တော်တော်နက်နဲလိမ့်မယ်…"
ဝမ်လင်းက အခြားလူများကို အမြဲ သံသယထားတက်သူ ဖြစ်သည်။ လီယွမ်က ပုံမှန်အတိုင်းဟု ထင်ရသော်လည်း ဝမ်လင်းသည် သူနှင့်ပတ်သတ်၍ ထူးဆန်းမှုတစ်ခုခုကို ခံစားနေရမြဲ ဖြစ်၏။
“သူငါ့ကို ပြောတာတွေ အားလုံးက အမှန်ဆိုရင် ငါက ဒီ ကိစ္စကို မေ့ပေးလို့ရတယ်။ ဒါပေမဲ့ ငါ့အတွက် ဆိုးကျိုးဖြစ် စေမယ့် အလိမ်အညာတစ်ခုပါတာနဲ့ ငါက ဒီနှစ် ယောက်လုံးကို သတ်ပစ်ရလိမ့်မယ်....
ကောလို့ ခေါ်သည့် အမျိုးသမီးသည် မကျေမချမ်း ဖြစ်နေ၏။ သို့သော် သူမက ဝမ်လင်းကိုတော့ မကျေမနပ်ဖြင့် မ မဲဝံ့ပေ။သို့ရာတွင် သူမ၏ စိတ်ထဲတွင်တော့ လီယွမ်အား အတော်လေး မုန်းနေမိ၏။
"လီယွမ်ရဲ့ အတားအဆီးများကသာ ပြဿနာ တစ်ခုခုမ ရှိခဲ့ရင် ဒီလူ့ကို ဘယ်လိုလုပ် စွဲဆောင်နိုင်ပါ့မလဲ။ငါက ငါ့ ကောင်းကင်ဘုံတစ္ဆေနဲ့ ဆက်သွယ်မှုတစ်ခု ဖန်တီးရရုံပဲ ရှိသေးတယ် ဒါကို ဒီလူက ရယူသွားခဲ့ပြီ..."
"ဒါ့အပြင် ဒီလူက သူ့လုံခြုံမှုလို့ ဆိုပြီး လီယွမ်ရဲ့ စိတ် ဝိညာဉ်မဟုတ်ဘဲ ငါ့ စိတ်ဝိညာဉ်ကို ဘာကြောင့်ယူသွားရ တာလဲ..."
သူမက ထိုအကြောင်းကို တွေးမိလေလေ လီယွမ်ကို ပို၍ မုန်းတီးမိလေ ဖြစ်နေသည်။
သည်အခိုက်အတန့်တွင် လီယွမ်သည် အမျိုးသမီးဘေး နားသို့ ပျံသန်းလာ၏။ သူက ခေါင်းငဲ့၍ ကြည့်က ပြော လိုက်သည်။ "ငါမှတ်မိသလောက်တော့ အဲ့နေရာက ဒီ အစိတ်အပိုင်းပေါ်မှာ မဟုတ်ဘူး။ငါတို့က အဲ့နေရာကို ရှာ တွေ့ဖို့ဆို မိုးကြိုးဧရိယာကို ဖြတ်ကျော်ဖို့ လိုအပ်တယ်..."
ကောလို့ခေါ်သည့် အမျိုးသမီးက အေးစက်စက်နှာခေါင်း ရှုံ့လိုက်၏။ သူမက စကားတော့မဆိုပေ။ သို့ရာတွင် လီ ယွမ်၏အသံက သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာခဲ့ သည်။
"သခင်မကော..ငါက ငါ့နတ်ဘုရားအာရုံပေါ်မှာအတားအဆီးတွေ ထွေးခြုံထားတယ်။ ဒါ့ကြောင့် သူက ငါ တို့ပြောတာကို မကြားနိုင်ဘူး။ဒီလူက အစောပိုင်းက ငါတို့ ပြောခဲ့တာကို ကြားခဲ့တယ်။ ဒါ့ကြောင့် သူက ငါ့အသက် စိတ်ဝိညာဉ်ဟာ နင်တို့ရဲ့ မိသားစုလက်ထဲမှာဆိုတာ သိနေ ခဲ့တယ်။ သူက နင့်ကို ထိန်းချုပ်နိုင်သရွှေ့ သူက ငါတို့နှစ် ယောက်လုံးကို ထိန်းချုပ်နိုင်တာ ဖြစ်တယ်..."
"ဒါပေမဲ့လည်း သခင်မက စိတ်အေးအေး နေနိုင်ပါ တယ်။ ငါက နင့်ရဲ့အသက်စိတ်ဝိညာဉ်ကို ပြန်ထုတ်ယူဖို့ အတွက် နည်းလမ်းတစ်ခု သေချာပေါက် ရှာပေးမှာပါ..."
လီယွမ်၏အသံက အလွန်သတိထားနေ၏။ သို့သော် သူ့ အသံက ပြတ်သားခိုင်မာမှု ရှိနေ၏။ကောလို့ခေါ်သည့် အမျိုးသမီးသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်သော်လည်း သူမစိတ်ထဲတွင်တော့ အများကြီး ပိုတည်ငြိမ်လာခဲ့သည်။ အနည်းဆုံးတော့ သူမက လီယွမ်၏ ရှင်းပြမှုကို ယုံကြည် သွားသည့်ပုံပင်။
ရက်အတော်အတန်ကြာမြင့်ပြီးသည့်နောက် သူတို့သုံး ယောက်သည် အစိတ်အပိုင်းအစွန်းနားသို့ ရောက်လာခဲ့ကြ သည်။မိုးကြိုးအမျှင်တန်းများသည် ချိန်းကြိုးများကဲ့သို့ ဆက်သွယ်နေကာ အမှောင်ထုနှင့် ချိတ်ဆက်နေသည်။
သူတို့က အစိတ်အပိုင်း၏ အစွန်းနားသို့ ရောက်လာ သည်နှင့် လီယွမ်က လှည့်၍ လေးစားစွာ ပြောလာသည်။ -နီယာ..ဒီမိုးကြိုးချိန်းဆက်မှာ မိုးကြိုးစွမ်းအား အများကြီး ပါဝင်ပါတယ်။ အားကောင်းတဲ့ ကျင့်ကြံသူတွေတောင် ဒီမိုးကြိုးတွေနဲ့ ပတ်သတ်ပြီး တော်တော်လေး သတိထားရ ပါတယ်။စီနီယာ ကျေးဇူးပြုပြီး ဂရုစိုက်ပါ..."
ထိုအစွန်းနားတွင် ရပ်နေရင်း လူတစ်ယောက်သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ခွန်အားနှင့်တော်ဝင် ထည်ဝါမှုကို တွေ့ကြုံနိုင်ပေသည်။သည်နေရာကို ယောက် ခံစားနိုင်ပေ၏။ အပျက်အစီးမျိုးကြိုးနယ်မြေ ဖြစ်သည်ဟုလည်း လူတစ်
အပေါ်ကနေ ကြည့်ပါက သည်အစိတ်အပိုင်း၏အစွန်း နားသည် တံတောင်ဆစ်ချိုးပုံစံ မညီမညာ ရှိနေသည်။ ဧရာမလက်တစ်စုံက သည်အစိတ်အပိုင်းများကို ဆွဲဖြဲထား သကဲ့သို့ ဖြစ်၏။ အစွန်းနားရှိ ပဲ့ကြေနေသောအလွှာ များသည် အောက်ဘက်သို့ ဆန့်ထွက်နေသည်။မျက်စိဖြင့် လည်း အဆုံးသပ်ကို မမြင်ရဘဲ အဆုံးမရှိသည့် လေဟာနယ် ဟင်းလင်းပြင်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
သည်အစိတ်အပိုင်းက လေဟာနယ်ထဲ၌ မြောလွင့်နေ သကဲ့သို့ ဖြစ်၏။
မိုးကြိုးများက တစ်ခုနှင့်တစ်ခုထပ်နေကာ လေဟာနယ် ထဲသို့သာ ဦးတည်နေသည်ဟု ထင်ရသော်လည်း ဝမ်လင်း သည် သည်မိုးကြိုးများက အခြားတစ်ဖက်ရှိ အစိတ်အပိုင်း တစ်ခုနှင့် ချိတ်ဆက်ထားသည်ကို စိတ်ကူးကြည့်နိုင်ပေ၏။
မိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည်
သည်လိုမိုးကြိုးများဖြင့် ချိန်းကြိုးတစ်ခုအသွင် ချိတ်ဆက်လို့နေခြင်း ပင်။
လူတစ်ယောက်က အပေါ်စီးကနေ ကြည့်ပါက မိုးကြိုး ကောင်းကင်ဘုံနယ်မြေရှိ အစိတ်အပိုင်းများအားလုံးသည် သည်မိုးကြိုးချိန်းဆက်များနှင့် တွယ်ချိတ်ဆက်ထားသည် ကို တွေ့မြင်ရမည် ဖြစ်သည်။သည်အစိတ်အပိုင်းများ အားလုံးကိုလည်း ဧရာမလက်တစ်စုံက ဆုတ်ဖြဲထား သကဲ့သို့ ထင်ရသည်။
ဝမ်လင်းက စိတ်ထဲကနေ သက်ပြင်းချမိ၏။ သူက မိုးကောင်းကင်ဘုံနယ်မြေတွင်လည်း သည်လိုလက်တစ်စုံ က ဆုတ်ဖြဲထားမှုကို တွေ့မြင်ခဲ့ဖူးသည်။ သည်မြင်ကွင်းက သူ့ကို လွန်ခဲ့သော မရေမတွက်နိုင်သောနှစ်ပေါင်းများစွာက ပျက်စီးနေခြင်း မရှိသေးသော ကောင်းကင်ဘုံနယ်မြေကို ခု လိုမျိုး ပြိုလဲပျက်စီးသွားစေဖို့ မည်သို့ ဖြစ်ပျက်ခဲ့သည်ကို ခန့်မှန်းကြည့်မိစေသည်။
ထို့နောက်တွင် အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ် လင်းသည် အာရုံစိုက်ကာ လီယွမ်နှင့် ကောအမျိုးသမီးကို ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက်က ဒီမိုးကြိုးကွင်းဆက်ကို ဘယ်လို ဖြတ်ကျော်မလဲ..."
လီယွမ်က ဝမ်လင်းကို အနီးကပ် လေ့လာကြည့်နေရာ သူတို့က သည်အစိတ်အပိုင်း၏ အစွန်းနားသို့ ရောက်လာသည့်အခါတွင် ဝမ်လင်းထံမှ စိတ်ရှုပ်ထွေးနေဟန်တစ်ခု ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်မိ၏။ ထို့ကြောင့် လီယွမ် သည် သည်လူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ခုမှ ပထမဆုံးအကြိမ် ရောက်ဖူးသည်ဟု ခန့်မှန်းလိုက်၏။
ဝမ်လင်း၏ မေးခွန်းကို ကြားလိုက်သည့်အခါ လီယွမ် သည် လေးလေးစားစား ပြန်ဖြေလိုက်သည်။ "မိုးကြိုးကွင်း ဆက်တွေကို ဖြတ်သွားဖို့က အမျိုးသမီးကော အပေါ်မှာ မူတည်ပါတယ်..."
အမျိုးသမီးကောက နှာခေါင်းရှုံ့ကာ သူမ၏ သိုလှောင် အိတ်ကို ပုတ်လိုက်သည်။ထိုအခါ အနက်ရောင်သံဓားတစ် လက်က ပျံသန်းထွက်လာ၏။ သည်ဓားက အလွန်သာမန် ဆန်ကာ ထူးခြားမှု ရှိမနေပေ။
သို့ရာတွင် ၎င်းဓားပေါ်လာသည့်အခါတွင် ဝမ်လင်းသည် လီယွမ်၏ မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို တွေ့မြင်လိုက်ရ၏။သို့သော် လီယွမ်က သူ့စိတ်လှုပ်ရှားမှုကို မြန်ဆန်စွာ ပြန်ဖုံးကွယ်လိုက်သည်။သူ့ စိတ်လှုပ်ရှားမှု ပျောက်ကွယ်သွားသည်နှင့် လီယွမ်က ဝမ် လင်းထံသို့ မပြတ်ကြည့်နေတော့သည်။
ဝမ်လင်းက သူ့ကို သတိပြုမိသွားဟန် မရဆိုသည်ကို သိလိုက်မှ သူက အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ကောအမျိုးသမီး၏ အကြည့်က သံဓားပေါ်တွင်သာ ကျ ရောက်နေသည်။သူမက သူမ၏လျှာကို အနည်းငယ်ကိုက်ကာ သွေးအချို့ကို ထွေးထုတ်လိုက်သည်။ သည့်နောက် သူမလက်က လှုပ်ရှားသွားကာ ထိုသွေးဖြင့် စာလုံးတစ်လုံး ကို ရေးဆွဲလိုက်သည်။ထိုစာလုံးနှင့် တူညီသောစာလုံးက သူမ၏ နှဖူးထက်၌ ပေါ်လာခဲ့သည်။ ထို့နောက် သူမ ရေးဆွဲ လိုက်သော စာလုံးက သံဓားပေါ်သို့ ကျရောက်သွားသည်။
ဓားက တုန်ယင်က အလင်းတစ်ခု လှည့်လည် ပျံ့နှံ့လာ သည်။လီယွမ်က သူ့စိတ်ထဲရှိ ဂနာမငြိမ်မှုကို ဖိနှိပ်ထားကာ ထိုအလင်းထဲသို့ ခြေချကာ ဓားပေါ်သို့ ကျရောက်သွား သည်။သူက မတ်တပ် ထူးဆန်းသောအနေထားနှင့် ရပ်နေ၏။ သူက ဓားထိပ်ဖျားတွင် ရှိနေခြင်းပင်။သူက ဝမ် လင်းကို ကျောခိုင်းထားလျက် ရှိနေ၏။ သူ့မျက်နှာပေါ်တွင် တော့ လွမ်းဆွတ်ဟန် အငွေ့အသက်တို့ ဖြစ်ပေါ်နေသည်။
လီယွမ်က ခြေချလိုက်သည့်အခိုက်တွင် ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက သူ့ခြေထောက် ကို စူးစိုက်ကြည့်နေ၏။ ဝမ်လင်းက တစ်ခုခုကို သတိပြုမိသွားသည့်ပုံ ရသည်။လျှပ်စီးက သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် လင်းလက်သွားသည်။
ကောအမျိုးသမီးက မျက်မှောင်ကြုတ်နေ၏။ထို့နောက် သူမက ရှေ့သို့ ခြေချကာ ဓားရိုးပေါ်သို့ ကျရောက်သွား သည်။
သိပ်ကောင်းတယ်...သိပ်ကောင်းတယ်...(နောက်တစ်ပိုင်း)
ဝမ်လင်း၏ အကြည့်က လီယွမ်ခြေထောက်ထံသို့ ကျ ရောက်နေသည်။သူက ခြေချလိုက်သည့်အခိုက်တွင် ဝမ် လင်းသည် ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်၏။ သည်လူက သံဓားနှင့် တစ်သားတည်း ဖြစ်သွားသည်ဟု ထင်မှတ်ရသည်။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူ့နတ်ဘုရားအာရုံကိုလည်း ပြန်ရုတ်သိမ်းလိုက် သည်။ သူက ရှေ့သို့ ခြေချကာ ဟင်းလင်းပြင် လေဟာနယ် ထဲသို့ ခြေချလိုက်၏။ သူက ခြေချလိုက်သည်နှင့် မိုးကြိုးသံ များက အဆများစွာ ပိုတိုးပွားလာခဲ့သည်။
ကောအမျိုးသမီးက စိတ်ထဲ၌ နှာခေါင်းရှုံ့ကာ တွေး နေ၏။ ဒီရတနာက မိသားစုအမွေအနှစ်ပဲ။ ဒီရတနာမှာ ဘာစွမ်းအားမှ မရှိပေမဲ့လည်း မိုးကြိုးကို ခုခံနိုင်သေးတာ ပဲ..." သူမက တွေးနေရင်းဖြင့်ပင် သံဓားသည် မိုးကြိုးများ ကြား၌ စတင် ပျံသန်းရွှေ့လျားနေသည်။ ထိုမိုးကြိုးများက ဓားအပေါ်၌ သက်ရောက်မှု မရှိသည့်ပုံပင်။
ကောအမျိုးသမီးက လီယွမ်ကို ကြည့်ကာ
မျက်မှောင်ကြုတ်၏။ သူရပ်နေသော နေရာက သူမကို အလွန်မသက်မသာ ခံစားစေ၏။သို့ရာတွင် သည်အချိန်က စကားများနေရမည့် အချိန်မဟုတ်ပေ။ဓားက မြန်လွန်ခြင်း မရှိသော်လည်း မိုးကြိုးကွင်းဆက်များကြား၌ တည် တည်ငြိမ်ငြိမ် ပျံသန်းလာနေ၏။
ပတ်ဝန်းကျင်သည် အရာရာ နတ္ထိ ဖြစ်နေ၏။ လူတစ် ယောက် ရှေ့ရှိ မည်သည့်အရာကိုမျှ မြင်နိုင်ခြင်း မရှိပေ။ သို့ရာတွင် မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ မည်သည့် ကျင့်ကြံသူကမျှ လမ်းပျောက်သွားခြင်း မရှိချေ။သူတို့က မိုးကြိုးကွင်းဆက်များအတိုင်း သွားပါက ဦးတည်ရာအမှန် ကို ရှာတွေ့နိုင်မည် ဖြစ်၏။
သိပ်မကြာခင်တွင် 3:3 ပျံသန်းနေရင်းဖြင့် ဟင်းလင်းပြင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာနေ တော့သည်။ အမျိုးသမီးက သူ့နတ်ဘုရားအာရုံကို ဖြန့် ကျက်ထားခြင်း မရှိပေ။ထို့ကြောင့် သူမက ဝမ်လင်းကို မ မြင်ရချေ။သူမက ဝမ်လင်းပျောက်သွားပလားဟု တွေးမိကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ထိုအခါ မိုးကြိုး တန်းတစ်ခုက သူမအား ချက်ခြင်း ထွင်းဖောက် ဖြတ် ကျော်သွားသည်ဟု ခံစားလိုက်ရ၏။ သူမက တောင့်တင်း သွားကာ မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှုတို့နှင့် ပြည့်နေ တော့၏။ ဝမ်လင်းအပေါ် သူမ၏ ကြောက်ရွှံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိလာတော့သည်။
သူမက မိုးကြိုးကွင်းဆက်များကြား၌ မြေပြင်ပေါ်တွင် လျှောက်သကဲ့သို့ တစ်လှမ်းချင်း လျှောက်လှမ်းလာသော ဝမ်လင်းကို တွေ့မြင်လိုက်ရပေသည်။
မိုးကြိုးများက သူ့ခန္ဓာကိုယ်တွင် ဖြတ်သန်း စီးဆင်း နေ၏။ သို့သော် သူ့အပေါ်တွင် မည်သည့်သက်ရောက်မှုမှ ရှိမနေပေ။ တကယ်တော့ ဝမ်လင်းက သက်တောင့်သက်သာ ပင် ခံစားနေရသေး၏။ သူ့မူလစိတ်ဝိညာဉ်ကလည်း မိုးကြိုးများကို စုပ်ယူကာနေသည်။
ဝမ်လင်းက လှမ်းလျှောက်နေရင်း သူ့နောက်ကနေ ပြင်းထန်သော လှိုင်းတစ်ခုကို ခံစားမိလိုက်၏။ သည် မြင်ကွင်းက အလွန်ထင်ရှားလှသည်။
ဓားထိပ်ဖျားတွင် မတ်တပ်ရပ်နေသော လီယွမ်က လွမ်း မောအောက်မေ့မှုတို့နှင့် ပြည့်နေ၏။ သူက ဓားထိပ်ဖျား တွင် မတ်တပ်ရပ်နေရင်း သူ့စိတ်နှလုံးထဲ၌ စိတ်ခံစားချက် လှိုင်းများ ဝေ့သီနေတော့၏။ သူက ထိုခံစားချက်ကို မ ထိန်းချုပ်နိုင်လုနီးပါး ဖြစ်ရသည်။
"မိတ်ဆွေဟောင်းကြီး...မတွေ့ရတာကြာပြီ။ ငါတို့ တွေ့ဆုံခဲ့တာ တော်တော်လေးကို ကြာမြင့်ခဲ့ပြီ...."
လီယွမ်က သူ့စိတ်ထဲ၌ သက်ပြင်းချနေမိ၏။ သည့်နောက် သူက သူ့အတွေးများကို အာရုံစိုက်လိုက် သည်။သူက ကောအမျိုးသမီး၏ ပြောင်းလဲမှုကို ချက်ခြင်း သတိထားမိကာ နောက်သို့ အလိုလို လှည့်ကြည့်လိုက်၏။
သူက ဝမ်လင်းသည် မိုးကြိုးကွင်းဆက်များအတိုင်း မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားခဲ့လေသည်။ လျှောက်လှမ်းလာသည်ကို တွေ့မြင်လိုက်သည့်အခါ သူ့
လီယွမ်၏ အသွင်က ရှုံ့တွသွား၏။ သို့သော် သူက ခပ် မြန်မြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းက စကားပြောခြင်း မရှိပေ။သူ့နောက်ရှိ မိုးကြိုးများက ဖြည်းဖြည်းချင်း ပျောက် ကွယ်လာနေ၏။ ဟင်းလင်းပြင်ထဲ၌ တစ်လခန့် ကုန်ပြီး သည့်နောက် ဝမ်လင်းနောက်ရှိ မိုးကြိုးတန်းက လုံးဝ ပျောက်ကွယ်သွားချေသည်။
ထိုသို့ ပြုလုပ်လိုက်သည့်အခိုက်အတန့်တွင် ဝမ်လင်းက စိတ်သက်သာရ ရသွားလေသည်။ထိုမိုးကြိုးက သူလိုချင် သော မိုးကြိုး မဟုတ်ပေ။ အပြင်ဘက်မှ မိုးကြိုးနှင့် သူ့ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးတို့က တစ်ခုနှင့်တစ်ခု ပွတ်တိုက်မှု ဖြစ်နေခဲ့၏။
ဝမ်လင်းက သည်လိုဖြစ်စဉ်မျိုးကို သဘောမကျပါ။ ထိုသို့ သော ပွတ်တိုက်မှုက သိသာလွန်းနေကာ မလိုလားအပ် သော ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်နေသောကြောင့် ဖြစ်၏။ ခုချိန်တွင်တော့ သူက သူ့ခန္ဓာကိုနှင့် မိုးကြိုးကွင်း ဆက်တို့ကို လိုက်လျောညီထွေအောင် လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့မှသာ သူက အနည်းငယ် စိတ်သက်သာရာ ရ သွား၏။
"ဒီနှစ်ယောက် ပြောဆိုခဲ့ပုံကို နားထောင်ခဲ့ရတုန်းက လီ ယွမ်ရဲ့အသက်စိတ်ဝိညာဉ်က အမျိုးသမီးရဲ့ မိသားစု လက် ထဲမှာ ကျရောက်နေတယ်ပုံပဲ။ ဘာလို့လည်းဆိုတော့ သူတို့ က လီယွမ်ရဲ့အသက်ကို ကယ်တင်ခဲ့လို့ပဲ။ ဒါပေမဲ့ ဒီကိစ္စက ဒီထက်ပိုနေတဲ့ တစ်ခုခု ရှိနေမှာ ငါ စိုးရိမ်မိတယ်..."
သူက မိုးကြိုးကွင်းဆက်တစ်လျှောက် ရွှေ့လျားနေရင်း ဖြင့် သူတို့နှစ်ယောက်ကို လေ့လာကာ စဉ်းစားကြည့် နေသည်။
"ဒီအမျိုးသမီးရဲ့ ဓားက လီယွမ်ကို ခုလို ခံစားချက်မျိုး ဖြစ်စေတယ်။ သူက အသက်ကယ်ခံရတာနဲ့ ဒီအမျိုးသမီး မိသားစုရဲ့ ချုပ်နှောင်ခြင်းခံရတာက သူ့အစီအရင်ရဲ့ အစိတ်အပိုင်းအားလုံး ဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်..."
သည်သံဓားက မိုးကြိုးများကို အလွန်ခုခံနိုင်စွမ်း ရှိပေ သည်။မိုးကြိုးကွင်းဆက်ထဲသို့ ပို၍ သွားလေလေ မိုးကြိုး များက ပို၍ သန်မာလာလေ ဖြစ်သည်။ သို့သော် သံဓား ကတော့ မည်သည့်သက်ရောက်မှုမှ ရှိမနေခဲ့ချေ။
လမ်းတစ်လျှောက်တွင် သူတို့သုံးယောက် စကားပြောဆို ခြင်း မရှိကြပေ။ကောအမျိုးသမီးက ဝမ်လင်းကို ကြည့်မိလိုက်တိုင်း ကြောက်ရွှံ့မှုကို ခံစားနေရသည်။သူမက ဝမ် လင်းကို အမှန်တကယ်ပင် ကြောက်လန့်မိနေခြင်းပင်။
ကော အမျိုးသမီးက တွေးလိုက်၏။ "ငါ့မှာ သူနဲ့ သေ လောက်တဲ့ထိ ရန်ငြိုးမရှိဘူး။ ပဋိပက္ခအချို့ပဲ ရှိတယ်။
သူက စီနီယာတစ်ယောက် ဖြစ်နေမှတော့ ငါက လမ်း တစ်လျှောက်မှာ သေသေဝပ်ဝပ် ရှိရင် အသက်ရှင်နိုင် လောက်တယ်..."
လီယွမ်ကတော့ ဝမ်လင်းနှင့် ပတ်သတ်၍ သူ့စိတ်ထဲရှိတုန်လှုပ်မှုကို ဖိနှိပ်ထားလေသည်။ သူက ဓားဖျားပေါ်တွင် သာ တိတ်တဆိတ်ရပ်နေ၏။သူ့အသွင်က မလှုပ်မယှက် ပင်။
အချိန်က မြန်ဆန်စွာ ကုန်ဆုံးလာသည်။သူတို့သုံး ယောက်က ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေသည်မှာ နှစ်လ ရှိလာခဲ့ပြီ ဖြစ်သည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေက အလွန်ကြီးမားလှ၏။ သည်နှစ်လအတွင်း သူတို့က မည် သည့်ကျင့်ကြံသူနှင့်မျှ တွေ့ဆုံခဲ့ရခြင်း မရှိပေ။
ပျင်းရိဖွယ် ခရီးဆက် ပျံသန်းနေမှုက ကောအမျိုးသမီးကို အလွန်မသက်မသာ ဖြစ်စေ၏။သူက ထိုမသက်မသာ ဖြစ်မှု ကို လီယွမ်အပေါ်သို့ ပုံချရန် ကြံရွယ်လိုသော်လည်း သူ့ထံမှ မဖော်ပြတက်သော ခံစားချက်တစ်ခုကို ရရနေ၏။ ထို အဖြစ်က သူနှင့် မစိမ်းလှပေ။
ထိုခံစားချက်က သူမ၏ အပြစ်တင်လိုမှုကို ပြန်ပြန် ဖိနှိပ် ထားစေသည်။ သို့ရာတွင် သူမက မည်မျှ တွေးကြည့်ပါစေ သည်ရင်းနှီးသောခံစားချက်က ဘာဖြစ်သည်ကို မမှတ်မိဘဲ ဖြစ်နေသည်။
"ငါက အရင်တုန်းကလည်း ဒီလိုခံစားချက်မျိုး အမြဲ ရသည်နေ့တွင် သူတို့က ပို၍ ဝေးသော နေရာသို့ ရောက်လာကြရာ မိုးကြိုးများကလည်း ပိုမို အားကောင်း လာခဲ့သည်။ မိုးကြိုး ခြိမ်းသံများက အတောမသပ်နိုင် အောင် ရှိနေသည်။မိုးကြိုးများက အရပ်မျက်နှာအနှံ့တွင် ပျံ့နှံ့လို့နေ၏။
ဝမ်လင်းကလည်း မိုးကြိုးကွင်းဆက်ထံကနေ မသက် မသာ ခံစားလာရသည်။သူ့ကို မသက်မသာ ခံစားရစေသည် က မိုးကြိုးထံမှ မဟုတ်ပေ။ မိုးကြိုးကွင်းဆက်ထံမှ တုန်ခါ မှု ဖြစ်လေ၏။
သည်တုန်ခါမှုက မိုးကြိုးကွင်းဆက်၏ အရှေ့ဘက်ကနေ ထွက်ပေါ်လာနေခြင်းပင်။ ထိုတုန်ခါမှုကြောင့် မိုးကြိုးကွင်း ဆက်က တုန်ခါနေကာ မိုးကြိုးများကို အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲစေလေသည်။
ကောအမျိုးသမီးက တော်တော်လေး ကြောက်လန့်နေ သည့်ပုံ ဖြစ်ပေါ်နေသည်။လီယွမ်ကလည်း အနည်းငယ် မျက်မှောင်ကြုတ်မိသည်။
သူတို့က ရှေ့သို့ ဆက်ရွှေ့လာနေရင်း တုန်ခါမှုကလည်း ပို၍ တိုးလာခဲ့သည်။
ဝမ်လင်းက မျက်မှောင်ကြုတ်မိနေဆဲပင်။သူ့မျက်လုံးထဲ ရှိ သတိထားနေမှုကလည်း ပို၍ အားကောင်းလာ၏။ သူက ရှေ့တွင် ကြောက်မက်ဖွယ် တည်ရှိမှုတစ်ခု ရှိနေသကဲ့သို့ မကောင်းသောခံစားချက်ကို ရနေသည်။
"စီနီယာ..ဂျူနီယာဟာ အရင်တုန်းက မိုးကြိုး ကောင်းကင်ဘုံနယ်မြေကို အစိတ်အပိုင်းနယ်မြေတွေကို မရောက်ဖူးပေမဲ့လည်း ချိတ်ဆက်ထားတဲ့ မိုးကြိုးကွင်းဆက်တွေက ခုလောက် ပြင်းပြင်းထန်ထန် မ လှုပ်ခါတာ သိပါတယ်...။စီနီယာ ဟိုနေရာကို ကြည့်လိုက်..
လီယွမ်က ဘယ်ဘက်ရှိဟင်းလင်းပြင်ကို လှမ်းပြ၏။ထို ဟင်းလင်ပြင်၏ အဆုံးသပ်နားတွင် အလင်းများတဖျပ်ဖျပ် ဖြစ်နေသည်ကို မှုန်ဝါးဝါး တွေ့ရ၏။
"စီနီယာ...အဲ့နေရာမှာလည်း မိုးကြိုးကွင်းဆက်တစ်ခု ရှိနေလိမ့်မဘ်။ ဒါပေမဲ့ ငါတို့က အလင်းရောင်ကို မြင်နေရ ဆဲပဲ။ ငါ ကြောက်မိတာက ငါတို့ မိုးကြိုးကွင်းဆက်တစ်ခု တည်းမဟုတ်ဘဲ ဒီဒေသကြီးတစ်ခုလုံးကို ချိတ်ဆက်ထား တဲ့ မိုးကြိုးကွင်းဆက်တော်တော်များများက တုန်ခါနေမှာ ကိုပဲ။ တစ်ခုခု ကြီးကြီးမားမား ဖြစ်နေပြီလို့ ငါ ထင်မိတယ်
"ငါတို့...ငါတို့ ပြန်လှည့်ရင်ကော။ ငါက ဒီနေရာကို မ လာခင် အစိတ်အပိုင်းနယ်မြေတွေကို ချိတ်ဆက်ထားတဲ့ မိုးကြိုးကွင်းဆက်တွေ တုန်ခါတာက အစိတ်အပိုင်းနှစ်ခု ပြိုလဲပျက်စီးတယ်လို့ မိသားစုဘိုးဘေးက ပြောခဲ့ဖူးတယ်
ကောအမျိုးသမီး၏ အသွင်က ဖြူရောနေသည်။သူမ သည်လည်း မိုးကြိုးကွင်းဆက်၏ တုန်ခါမှုများကို ခံစားမိနေပေသည်။
ထိုတုန်ခါမှုများက ဆက်တိုက်ဖြစ်လာကာ ပို၍ ပြင်းထန် လာနေသည်။
ဝမ်လင်းက လီယွမ်လှမ်းပြသည့်နေရာကို သတိပြုမိခဲ့ပြီး ဖြစ်သည်။အနည်းငယ် စဉ်းစားပြီးနောက် သူက သုန်မှုန်စွာ ဖြင့် ရှေ့သို့ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အဖြေက ငါတို့ ရှေ့မှာပဲ။ပြန်ဆုတ်ဖို့ လမ်းလည်း မရှိဘူး။ ဒါ့ကြောင့်ငါတို့က ရှေ့ကဟာကို မြင်တာနဲ့ ဘာလဲဆိုတာ သိလိမ့်မယ်..."
လီယွမ်က ခေါင်းညိတ်လိုက်၏။ သူကလည်း ထိုအကြံ မျိုး ရှိနေပေသည်။သူတို့က ခုလောက်ထိ ခရီးဆန့်လာခဲ့ပြီး ဖြစ်ကာ ခုချိန်မှ ပြန်လည့်လည်း မထူးပေ။ကျင့်ကြံသူများ က သတိထားတက်ကြသော်လည်း ပြန်ဆုတ်စရာလမ်းမရှိသည်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်တော့ သူတို့က ရဲဝံ့စွာ ရှေ့ဆက်ကြပေမည်။
လီယွမ်က အမျိုးသမီးကို ကြည့်ကာ ရှင်းပြလိုက်သည်။ "အမျိုးသမီးကော…ဒီမိုးကြိုးကွင်းဆက်ရဲ့ တုန်ခါမှုက ပို ပြင်းထန်လာပေမဲ့လည်း ငါတို့ပြန်ဆုတ်ဖို့က နောက်ကျ လွန်းနေပြီ..."
ဝမ်လင်းက စကားဆက်၍ မဆိုတော့ပေ။ သို့သော် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားကာ သူ့အမြန်နှုန်းကလည်း တိုးသွား၏။ သူက ထိုနှစ်ယောက်ကို ကျော်ကာ ရှေ့သို့ ထိုး ထွက်သွားသည်။
လီယွမ်က ဝမ်လင်း၏ နောက်ကျောကို ကြည့်ကာ တွေး လိုက်၏။
"သူက သူ့ခွန်အားအပြည့်ကို အစောပိုင်းက တကယ် မ သုံးခဲ့ဖူးပဲ။ဒီလူက မရိုးရှင်းဘူး။လူတစ်ယောက် အပေါ် ငါ့ ထင်မြင်နိုင်စွမ်းက မမှားနိုင်ဘူး။ပုံရိပ်ယောင်ယင်အဆင့်ကို အနိုင်ယူနိုင်တဲ့လူက ဘယ်လိုလုပ် ရိုးရှင်းပါ့မလဲ..."
ဝမ်လင်းက ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားပြီး သိပ်မ ကြာခင်တွင် သူ့မျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ရပ်တန့်လိုက်၏။ သူက ရှေ့သို့ စူးစိုက်ကြည့်လိုက်ရာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေသော မြူလွှာဧရိယာကြီးတစ်ခုက ပျံ့နှံ့နေသည်ကို တွေ့မြင်လိုက်ရ သည်။ထိုမြူလွှာက အဆုံးမဲ့သည့်အလားဖြစ်ကာ ရှေ့ဆက် ရမည့်လမ်းကြောင်းများအားလုံးကို ထားသည်။ ကာဆီးပိတ်ဆို့
သည်အခိုက်အတန့်တွင် သံဓားကလည်း မှီလာခဲ့၏။ လီ ယွမ်က မြူလွှာထုကို မြင်တွေ့လိုက်သည့်အခါ သူက မှင် သက်လို့သွား၏။ အနည်းငယ် သေချာကြည့်ပြီးသည့်နောက် သူ့အသွင်က ပြောင်းလဲသွားကာ သူက အော်ဟစ်လိုက်၏။ "ဒါက အတားအဆီးတစ်ခုပဲ..."ဝမ်လင်းကလည်း သည်မြူလွှာထုသည် အားကောင်း သောအတားအဆီးတစ်ခု၏ စွမ်းအား ပါဝင်နေသည်ကို သိရှိပြီး ဖြစ်သည်။သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
"ဒါက အတားအဆီးဖြစ်တော့ မင်းက ဒါကို ချိုးဖျက်နိုင် ဖို့ ယုံကြည်ချက် ရှိလား..."
လီယွမ်က မျက်မှောင်ကြုတ်ကာ ထိုအတားအဆီးကို သေချာကြည့်လိုက်သည်။သူ့မျက်လုံးများက နေကာ သူက ပြောလာ၏။ တောက်ပ
"ငါ ယုံကြည်မှု မရှိဘူး။ ဒါက အတားအဆီးတစ်ခုတည်း မဟုတ်ဘူး။ အတားအဆီး အများကြီး ပေါင်းစည်းထား တာ။ ဒါ့အပြင် ဒီအတားအဆီးတွေက မိုးကြိုး ကောင်းကင်ဘုံနယ်မြေက မိုးကြိုးရဲ့ စွမ်းအားကိုလည်း ငှား ယူထားသေးတယ်။ ဘယ်လိုလူမျိုးကများ ဒီနေရာမှာ ခုလို မျိုးအတားအဆီးကို နေရာချဖို့ သတ္တိရှိနေရတာလဲ..."
သူ့အသွင်က အလေးအနက် ဖြစ်လာ၏။သူက သိုလှောင် အိတ်ထဲမှ သံလိုက်အိမ်မြှောင်တစ်ခုကို ထုတ်ယူလိုက် သည်။သံလိုက်အိမ်မြှောင်၏ လက်တံက လှည့်ပတ်ခြင်းကို ရပ်တန့်ခြင်း မရှိပေ။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေကာ တွက်ချက်ကြည့်နေ၏။ သူ့မျက်လုံးက လည်း တောက်ပသထက် တောက်ပလာခဲ့သည်။သည် အခိုက်အတန့်၌ သူ့လက်ထဲရှိ သံလိုက်အိမ်မြှောင်က အမှုန် အမွှားအဖြစ်သို့ ပေါက်ကွဲထွက်သွားကာ ပျောက်ကွယ်သွားသည်။
"ဒါက အလယ်အဆင့် ကောင်းကင်ဘုံ အတားအဆီးပဲ။ ဒါက အတားအဆီး အစီအရင်ရဲ့ မျက်လုံးအဖြစ် စိတ် ဝိညာဉ်(၉၉၉၉)ခုကို အခြေခံထားတယ်။ ဒါက ကြီးမားပြီး နှိုင်းယှဉ်လို့ မရတဲ့ အစီအရင်တစ်ခုပဲ။ ဒီအစီအရင်က ကမ္ဘာလောကထဲက အရာအားလုံးကို သန့်စင် ပစ်နိုင်တယ်
ထိုအခိုက်အတန့်၌ မြူလွှာထုထဲကနေ ရယ်သံတစ်ခု ထွက်ပေါ်လာသည်။ထိုရယ်သံနှင့်အတူ အဘိုးအိုတစ် ယောက်သည် မြူလွှာထုထဲကနေ လှမ်းထွက်လာ၏။ သူက သူ့လက်ထဲတွင်လည်း မိုကြိုးကွင်းဆက်ချိန်းကို ကိုင်ဆောင် ထားလေသည်။
"အယ်...ဒီနေရာမှာ မင်းနဲ့ဆုံရတာက မင်းဟာ ဒီအဘိုး အိုနဲ့ အမှန်တကယ် ကံစပ်နေတဲ့လူဆိုတာ သက်သေပြနေ တာပဲ။ငါက ခုပဲ မင်းကို လာရှာတော့မလို့။ ဒါပေမဲ့ မင်းက မင်းကိုယ်တိုင် ဒီကို ရောက်လာခဲ့တယ်။ကောင်းတယ်... သိပ်ကောင်းတယ်..."
Comments
Post a Comment