အပိုင်း(156)

ငါ စွမ်းအားထည့်တာ ဘယ်လောက်များသွားတာလဲ

ဝမ်လင်းအသွင်က သုန်မှုန်သွားတော့သည်။ သူက မိုးကြိုးကွင်းဆက်ကို လက်ထဲတွင် ကိုင်ဆောင်ထားသော အဘိုးအိုကို တွေ့မြင်လိုက်သည့်အခါ သူ့မျက်လုံးသူငယ်အိမ် ပင် ကျုံ့လို့သွား၏။သူ့စိတ်ထဲ၌ ထိတ်လန့်မှုတို့ ပြည့်လာ သည်။ ဝမ်လင်းလို မိုးကြိုးမူလစိတ်ဝိညာဉ်နှင့် မိုးကြိုး ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်သူပင် သည်လိုမျိုး မိုးကြိုးကွင်းဆက်ကို ကိုင်ဆွဲထားနိုင်ခြင်း မရှိပေ။

သူက အဘိုးအို၏ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သတ်၍ မည်သည့်သဲလွန်စကိုမှ မမြင်နိုင်ချေ။သို့သော် သူက ထိုအ ဘိုးအို၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားလိမ့်မည်ကို စိတ်ကူးကြည့်နိုင်၏။ ထို့အပြင် သူက ထိုအဘိုးအိုထံကနေ မူလသို့ပြန်ခြင်း အာရုံ (တတိယအဆင့်ကျင့်ကြံခြင်း)ကို ခပ် ရေးရေး ခံစားမိနေသည်။

ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်မိသွားသည်။သူက ထိုအဘိုးအိုနှင့် ရင်းနှီးနေခြင်း မရှိပေ။ ထို့ကြောင့် အဘိုးအို ပြောနေသည့် ကံစပ်သည့်သူသည် သူ မဖြစ်နိုင်ပေ။ သူ့အကြည့်က အနောက်ရှိ လီယွမ် ပေါ်သို့ ကျရောက်သွား၏။

လီယွမ်ကလည်း အလွန်အံ့အားသင့်နေ၏။ သူက ဝမ် လင်း၏လှုပ်ရှားမှုကို တွေ့မြင်လိုက်သည့်အခါ ဝမ်လင်း သည်လည်း ထိုအဘိုးအိုနှင့် မသိကြောင်း ခန့်မှန်း မိလိုက်၏။ အဘိုးအိုပြောသည့် ကံစပ်သည့်သူက သူ ကိုယ်တိုင်များ ဖြစ်နေနိုင်မလား။ သူက အဘိုးအိုကို သေချာ ကြည့်ကာ ဝေခွဲမရ ဖြစ်နေသည်။ သူက တလေးတစား ပြောလိုက်၏။ "စီနီယာ..သင် ပြောတဲ့လူက ဘယ်သူများ လဲ..."

အဘိုးအိုက ထူထဲသောမြူလွှာထဲကနေ လှမ်းထွက်လာ ပြီးနောက် လီယွမ်ကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဝမ်လင်းကို လက်ညှိုးထိုးကာ မကျေမနပ် လေသံနှင့် ပြောလိုက်၏။ "ကောင်လေး...ဒီအဘိုးအိုပြောတဲ့ ကံစပ်တဲ့ လူက မင်းပဲ...။ဒီကို လာခဲ့..."

ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက ပြောလိုက်၏။ "ငါက အရင်တုန်းက စီနီယာနဲ့ တစ်ခါမှ မ ဆုံခဲ့ဖူးပါဘူး။ ငါတို့က ဘယ်လိုများ ကံစပ်ပါ့မလဲ..."

အဘိုးအိုက ဝမ်လင်းကို အနည်းငယ် သေချာကြည့်လိုက် ပြီးနောက် ပြုံး၍ ပြောလာသည်။ "မင်း မေ့သွားပြီလား။ ဒီ အဘိုးအိုရဲ့ မြေအောက်ဥမင်ထောင်ကနေ လွတ်လာတဲ့လူ တိုင်းက ဒီအဘိုးအိုနဲ့ ကံစပ်တာပဲ..."
ဝမ်လင်းအသွင်က ချက်ခြင်း ပြောင်းလဲသွား၏။ သူက အဘိုးအိုကို ကြည့်ကာ စဉ်းစားဟန် ပြု၍ ပြောလိုက်၏။ "ဒီ တော့ ဥမင်လမ်းကြောင်းတွေကို နေရာချခဲ့တာ စီနီယာ ပေါ့။ စီနီယာက ဘာကြောင့် အဲ့လိုလုပ်ခဲ့လဲတော့ ငါ မသိ:..."ဘူး

အဘိုးအို၏အသွင်က စိတ်မရှည်ဟန် ဖြစ်လာကာ သူက ရှေ့သို့ လှမ်းလာ၏။ ထို့နောက် သူက ဝမ်လင်းထံသို့ လက် ဆန့်တန်းကာ ပြောလိုက်သည်။ "အပိုတွေ ပြောမနေနဲ့….။ ဒီအဘိုးအိုက မင်းကို ကံစပ်တဲ့လူလို့ ပြောရင် မင်းက ငါနဲ့ ကံစပ်တယ်..."

ဝမ်လင်းအသွင်က သုန်မှုန်သွား၏။ သူက နောက်သို့ အ မြန်ဆုတ်သည်။ သူက အဘိုးအို၏ ကျင့်ကြံမှုအဆင့်ကို ဖြတ်မြင်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူက ယှဉ်တိုက်နိုင် မည် မဟုတ်ဘဲ ထွက်ပြေးရန် တစ်လမ်းသာ ရှိလေ၏။

အဘိုးအိုက လှောင်ပြုံးပြုံးကာ သူ့လက်ကို ဆန့်ထုတ် လိုက်၏။ ချက်ခြင်းပင် ငါးကီလိုမီတာ ဧရိယာအတွင်းတွင် ပြင်းထန်သောအားတစ်ခုနှင့် ပြည့်လာခဲ့၏။သည်အားက အလွန်သန်မာလွန်းကာ အံ့မခန်း မူလစွမ်းအင်များ ပါဝင် လေသည်။

လက်တစ်ချက် ဖမ်းဆုပ်လိုက်ရုံက ဝမ်လင်း၏ အသွင်ကို ဖြူရောသွားစေသည်။သူက လှုပ်ရှား၍ မရတော့သည်ကို သိလိုက်၏။ သူက အဘိုးအို၏ လက် သူ့ထံသို့ ရောက်လာသည်ကိုသာ စောင့်ကြည့်ရန် တက်နိုင်တော့သည်။

သူ့မျက်လုံးက အလွန်တောက်ပနေ၏။ အဘိုးအို၏လက် နီးကပ်လာသည့်အခါ သူက သူ့လျှာကို ကိုက်ထည့်လိုက် သည်။ သည့်နောက် သူက သွေးအချို့ကို ထွေးထုတ်ပြီး နောက် အဆီအနှစ်သွေးကို မြိုချလိုက်ပြီး နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေအတွင်း၌ အရပ်ပုပုအဘိုးအိုထံမှ သင်ယူခဲ့ သော လွတ်မြောက်ခြင်းမန္တာန်ကို အသက်သွင်းလိုက်လေ သည်။ ထိုအဆီအနှစ်သွေးက သူ့ခန္ဓာကိုယ်ထဲ၌ အတွင်း စက်ဝန်းတစ်ခုလို ဖြစ်ပေါ်လာခဲ့သည်။

ထိုစက်ဝန်းက လှုပ်ရှားလာသည့်အခါ သူ့ခန္ဓာကိုယ်သည် ပြေလျော့သွားကာ ဖျပ်ခနဲ ပျောက်ကွယ်သွားလေ၏။ သူက အကွာအဝေးတစ်ခုတွင် ပြန်ပေါ်လာခဲ့ကာ နောက်ပြန်မ လှည့်ဘဲ လွတ်မြောက်အောင် ထွက်ပြေးတော့၏။

အဘိုးအိုက အံ့အားသင့်ဟန် ဖြစ်သွားသည်။ သူ့မျက်လုံး ထဲ၌ စိတ်ဝင်စားမှု အရိပ်အယောင် ဖြစ်ပေါ်လာကာ ပြုံး၍ ဆိုသည်။

"သူက ဒီအဘိုးအိုနဲ့ တကယ်ကံစပ်တဲ့လူပဲ။ သူက ကိုယ့် ကိုယ်ကို ထိခိုက်စေပြီး လွတ်မြောက်အောင် ထွက်ပြေးနိုင် တဲ့ အံ့မခန်းမန္တာန်တစ်ခုကိုတောင် သိနေသေးတယ်..."

ထို့နောက် သူ့လက်ကို ပြန်ရုတ်သိမ်းကာ ဟင်းလင်းပြင် ထဲသို့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်၏။

စောစောက ဖမ်းဆုပ်မှုသည် သူ့စွမ်းအား၏ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ခုချိန်တွင် သူက ပို၍ အလေးအနက်ထားလာကာ သူ့လက်ဝါးထဲ၌ သူ့ စွမ်းအား၏ နှစ်ဆယ်ရာခိုင်နှုန်းကို ထည့်သွင်းထား၏။ သည်လက်ဝါးချက်ကြောင့် လေဟာနယ်က တွန့်လိမ်သွား ကာ စုတ်ဖြဲခံလိုက်ရသည့်အလားပင်။လှိုင်းတွန့်များပင် ပေါ်လာခဲ့သည်။

ထို့နောက် အဘိုးအိုက ပြောလိုက်၏။ "ပြန်ပြောင်း စီး ဆင်းခြင်း..."

မျက်စိတစ်မှိတ်အတွင်းမှာပင် ဟင်းလင်းပြင် တစ်ခုလုံး သည် တဖျပ်ဖျပ် ဖြစ်သွားကာ အရာအားလုံး ပြောင်းလဲ သွားသကဲ့သို့ပင်။ ဝမ်လင်း မျက်လုံးကလည်း ဝေဝါး သွား၏။ သူ့ခန္ဓာကိုယ်က နောက်သို့ အမြန် ပြန်ရွှေ့လာခဲ့ သည်။

သူက အမြင်အာရုံ ပြန်ရလိုက်ချိန်၌ အဘိုးအိုနှင့် ပေသုံး ဆယ်အကွာတွင် ရှိနေလေ၏။ သူ့နှဖူးထက်၌လည်း ချွေး များဖြင့် အေးစက်နေသည်။သည်လိုမန္တာန်မျိုးက စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေသည်။ သူ

အဘိုးအိုက ဝမ်လင်းကို ကြည့်၍ ပြုံးကာ မေးလိုက် သည်။ "မင်းက ဘာကြောင့် မပြေးတော့တာလဲ..."

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် လက်နှစ် ဖက်ယှက်ကာ လေးစားစွာ ပြောလိုက်၏။ "စီနီယာက ဘာ လိုချင်မှန်း ငါ မသိပါဘူး။ ဒါပေမဲ့ ဂျူနီယာရဲ့ ကျင့်ကြံမှုအဆင့်က စီနီယာရဲ့လိုအပ်ချက်နဲ့ ကိုက်ညီဖို့ လုံလောက် အောင် မမြင့်မားပါဘူး..."

အဘိုးအို၏ အကြည့်က ဝမ်လင်း၏ သိုလှောင်အိတ်ပေါ် သို့ ကျရောက်သွားသည်။ သူက ပြောလိုက်၏။ "ပြဿနာမ ရှိဘူး။ မင်းက ငါ့ကို မကူညီနိုင်ပေမဲ့ မင်းသိုလှောင်အိတ်ထဲ က မိုးကြိုးသားရဲကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုးကြိုး သားရဲကို ဒီအဘိုးအိုရှိ ခဏငှားပါ။ ပြီးရင် ငါက မင်းကို ပြန်ပေးမယ်..."

ဝမ်လင်းက ကြိတ်၍ သက်ပြင်းချမိသည်။သူက ထိုအဘိုး အိုသည် သူ့သိုလှောင်အိတ်ထဲသို့ မည်သို့မည်ပုံ ကြည့်လိုက် မှန်း သူ မသိပေ။သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုးကြိုးသားရဲ ထွက်ပေါ်လာ၏။ မိုးကြိုးသားရဲ ထွက် ပေါ်လာသည်နှင့် ၎င်းက ဟိန်းဟောက်ခြင်း မပြုနိုင်ခင်မှာ ပင် အဘိုးအို၏ တရွတ်တိုက် ဆွဲခေါ်ခြင်းကို ခံလိုက်ရ သည်။ အဘိုးအိုက ပြုံး၍ ပြောလာ၏။ "သိပ်ကောင်းတယ်။ ဒီကောင်က ငွေရောင်ဦးချိုမိုးကြိုးသားရဲပဲ။ သိပ်ကောင်း တယ်...။ ကောင်လေး...ဒီအဘိုးအိုက ဒီမိုးကြိုးသားရဲကို ယူရုံတင်မကဘဲ ကောင်းကင်ဘုံမိုးကြိုးကျောင်းတော်က တမန်တော်တိုင်းရဲ့ မိုးကြိုးသားရဲကိုပါ အချိန်ခဏကြာ အောင် ဒီအဘိုးအို ယူထားရလိမ့်မယ်.."

မိုးကြိုးသားရဲက အလွန်တုန်လှုပ်ကြောက်လန့်နေ၏။ သည်လိုပုံစံမျိုးက မိုးကြိုးသားရဲအတွက် ပထမဆုံးအကြိမ် ပင်။
အဘိုးအို ထွက်ခွာသွားတော့မည်ကို ကြည့်ကာ ဝမ်လင်း က အံတင်းတင်းကြိတ်၍ ကျယ်လောင်စွာ လှမ်းပြော လိုက်၏။ "စီနီယာရဲ့ ကျင့်ကြံမှုအဆင့်နဲ့ စီနီယာက ဂျူနီယာ ပိုင်ဆိုင်တာကို ခုလိုမျိုး ယူသွားတာလား..."

အဘိုးအိုက ရပ်တန့်ကာ ဝမ်လင်းထံသို့ လှည့်ကြည့်လာ သည်။ သူက ပြုံးလိုက်၏။ သူ့မျက်လုံးထဲ၌ အသိအမှတ်ပြု ဟန်တစ်ခု ဖြစ်ပေါ်သွားသည်။

"မင်းက လျော်ကြေးလိုချင်နေတာလား...။စိတ်ဝင်စား စရာပဲ...။ ဒါပေမဲ့ ငါက မင်းရဲ့ မိုးကြိုးသားရဲကို အလကား အသုံးမချပါဘူး..."

သူက ဝမ်လင်းကို ကြည့်၍ ပြောလိုက်သည်။

"မင်းရဲ့ ကျင့်ကြံမှုအဆင့်က အမှိုက်သာသာပဲ။မိုးကြိုး စိတ်ဝိညာဉ်နဲ့ မိုးကြိုးခန္ဓာကိုယ်...ဒါက ဘာလဲ။ ဒီအဘိုးအို က မင်းကို ကူညီခွင့်ပြု..."

အဘိုးအိုက သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ့ လက်ထဲ၌ အမှုန်အမွှားများစွာ စုဝေးလာကာ သူက အလင်း လုံးတစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထို့နောက် သူက ထို အလင်းလုံးထဲသို စွမ်းအင်တစ်ခုကို ထွေးထုတ်လိုက်ကာ ပစ်လွှတ်လိုက်၏။ ထိုအလင်းလုံးက ဝမ်လင်းထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။

ထိုအလင်းလုံးက ဝမ်လင်းအတွက် ရှောင်နိုင်ဖို့ငှာ မြန်ဆန်လွန်းလှသည်။ ထို့ကြောင့် ၎င်းအလင်းလုံးသည် သူ့ရင်ဘက်ပေါ်သို့ တိုက်ရိုက် တိုးဝင်သွား၏။

ထိုသို့ပြုလုပ်ပြီးသည့်နောက် အဘိုးအိုသည် သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းကာ ရယ်မောလိုက်၏။ "မင်းတို့ အားလုံးကို ဒီနေရာကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ဒါ့ ကြောင့် မင်းတို့ကို တွန်းပို့ပေးလိုက်မယ်..."

ထိုအခါ ပြင်းထန်သောအားတစ်ခုပေါ်လာပြီး ထိုအားက ဆွဲခေါ်ကာ ဝမ်လင်း၊လီယွမ်နှင့် ကောအမျိုးသမီးတို့ကို ပျောက်ကွယ်သွားတော့သည်။

"ဒီသံဓားက နည်းနည်း ရင်းနှီးနေသလိုပဲ။ ထားလိုက်ပါ တော့လေ….။ခုလက်ရှိ ကိစ္စက ပိုအရေးကြီးနေတယ်။ ဒါ့ ကြောင့် ငါက ဒီဓားနဲ့ ပတ်သတ်ပြီး တွေးမနေတော့ဘူး..."

အဘိုးအိုက သူ့လက်ထဲရှိ မိုးကြိုးသားရဲကို ကြည့်လိုက် သည်။ သူက ပို၍ ကြည့်လေလေ ပို၍ ကျေနပ်လေ ဖြစ် နေသည်။ သူက ပြုံး၍ ပြောလိုက်၏။ "ဟုတ်ပြီ...ဒီအဘိုးအို က မန္တာန်အချို့ အသုံးပြုပြီးတဲ့နောက် ဒီမိုးကြိုးသားရဲက လည်း မိုးကြိုးကွင်းဆက်ချိန်းကို ဆွဲယူနိုင်စွမ်း ရှိလာလိမ့် ໑໖..."

မိုးကြိုးသားရဲက အဘိုးအိုကို သေချာ ကြည့်နေသည်။ ၎င်း၏ နှလုံးက မြန်ဆန်စွာ ခုန်ပေါက်နေ၏။ ၎င်းက အသံ တစ်သံပင် မထွက်ဝံ့ချေ။

အဘိုးအို၏ ခန္ဓာကိုယ်က ဖျပ်ခနဲ မိုးကြိုးသားရဲနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သို့ရာတွင် သူက ပျောက်ကွယ်ခါနီးအခိုက်၌ ဝမ်လင်းတို့ ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သေးသည်။ "ဒီအလင်းလုံးထဲကို ငါ ထည့်လိုက်တဲ့ စွမ်းအားက နည်း နည်းများ များသွားသလား။ ဒီကောင်လေးက အဆင်ပြေ နေသင့်တယ်။ သူက မသေဘူးဆိုရင်တော့ ဒီအဘိုးအိုနဲ့ အမှန်တကယ် ကံစပ်လို့ပဲ..."

အဘိုအိုက ရှေ့သို့ ခြေလှမ်းကာ သဲလွန်စမရှိ ပျောက် ကွယ်သွားတော့၏။

ဝမ်လင်းတို့ သုံးယောက်အုပ်စုကိုတော့ အဘိုးအိုက မြူ လွှာထုထဲသို့ ဖြတ်သန်း စေလွှတ်လိုက်သည်။ ခုလက်ရှိ၌ သူတို့သုံးယောက်က မြူလွှာကြား၌ တဝီဝီ ဖြတ်သန်းလို့ နေသည်။ သည်လိုအမြန်နှုန်းမျိုးက ဖော်ပြ၍ပင် မစွမ်းသာ ပေ။

လောင်ကျွမ်းခြင်း...(နောက်တစ်ပိုင်း)

ချက်ခြင်းပင် ဝမ်လင်း၏ အမြင်အာရုံက ဝေဝါးသွား သည်။သူ့ခန္ဓာကိုယ်ကလည်း မြေပြင်ပေါ်သို့ ပြုတ်ကျ လာ၏။

လီယွမ်သည်လည်း ဝမ်လင်းနှင့်ပေတစ်ရာလောက် အကွာတွင် ပြုတ်ကျလာ၏။ သူ့မျက်နှာက ဖြူ ရောကာ နေသည်။ ကောအမျိုးသမီး၏ မျက်နှာကတော့ သွေးရောင် ပင် မရှိတော့ပေ။ထိုအမြန်နှုန်းကို သူမခန္ဓာကိုယ်က တောင့် မခံနိုင်သည်မှာ သိသာပေသည်။

ဝမ်လင်းက မြေပြင်ပေါ်သို့ ကျရောက်လာသည်နှင့် သူ့ရင် ဘက်ထဲရှိ အလင်းလုံးထံမှ ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်က တုန်ယင်လို့နေ၏။ထိုခံစားချက်သည် သေမျိုးတစ်ယောက် နီရဲနေသော မီးသွေးခဲကို မျိုချလိုက် ရသကဲ့သို့ပင်။အံ့မခန်းအပူဓာတ်က သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ပေါ်လို့နေသည်။
လီယွမ်က သူ့အသက်ရှုမှုကို ထိန်းညှိလိုက်၏။ သည့်နောက် သူက ဝမ်လင်းကို ကြည့်လိုက်ရာ သူ့မျက်လုံး က လက်ခနဲ ဖြစ်လို့သွားသည်။ သည်အခိုက်အတန့်၌ ဝမ် လင်းသည် သူ့ခန္ဓာကိုယ်ထဲ၌ မီးတောက်တစ်ခု ကျွမ်းလောင်သကဲ့သို့ အတော်လေး နာကျင်စွာ ခံစားနေရ သည်။

ကောအမျိုးသမီးက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း သူမမျက်လုံးထဲ၌ ရက်စက်လိုသည့်အငွေ့အသက်တို့ ဖြစ် ပေါ်လာခဲ့သည်။ သူမက ဝမ်လင်း၏ ခုလက်ရှိ အခြေအနေ သည် သိပ်မကောင်းလှဟု ပြောနိုင်ပေ၏။ သူမက သိုလှောင်အိတ်ထဲမှ အနက်ရောင်ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။

ထိုဓားမြှောင်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော တစ္ဆေများက ၎င်းပတ်လည်တွင် ပေါ်လာခဲ့သည်။ သည် ဓားမြှောင်က သူမ၏ မိသားစုထံကနေ အမွေဆက်ခံထား ခြင်း ဖြစ်ကာ အလွန် အဆိပ်အတောက်များ၏။ ထို ဓားမြှောင်၏ အဆိပ်က အသွေးအသားများကိုပါ တိုက်စား နိုင်ကာ ဓားမြှောင်ထဲတွင် ချိပ်ပိတ်ထားသော တစ္ဆေက လည်း လူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကို အလွန် အန္တရာယ် ပေးနိုင်သည်။

လီယွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက သူမကို မတားဆီးခဲ့ပေ။ သည်လူက ခုလိုမျိုး ပုံစံနှင့် အသက်ခံလိုက်ရပါက ဟိုနေရာသို့ သွားမည်ဆိုလျှင်ပင် သူက နောက်ဆုံးပန်းတိုင်ထိ ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပေ။

ကောအမျိုးသမီးက သည်တစ်ကြိမ်က တစ်သက်မှာ တစ်ခါသာ ရနိုင်သည့်အခွင့်ရေး ဖြစ်ကြောင်း သိနေ၏။ သူမက သည်အခွင့်အရေးကို လက်လွှတ်လိုက်ပါက နောက်ထပ် လုပ်ကြံနိုင်တော့မည် မဟုတ်ပေ။ သူမက အံ တင်းတင်းကြိတ်ကာ ဓားမြှောင်ကို ကိုင်ဆောင်ထားရင်း ဝမ်လင်းထံသို့ တိုးဝင်လာရန် ခြေလှမ်းပြင်သည်။

သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ့မျက်လုံးထဲ၌ မိုးကြိုး များ ရှိမနေတော့ဘဲ ထိုအစား မီးတောက်များ ပြည့် နေသည်။ သူက ဓားမြှောင်ကိုင်ဆောင်ထားသော အမျိုးသမီးကို စူးစိုက်ကြည့်ကာ ရှတတ အသံနှင့် ပြော လိုက်၏။ "ဒီဓားမြှောင်က သိပ်မဆိုးတဲ့ပုံပဲ။ နင်က ငါ့ကို လက်ဆောင်ပေးနိုင်မလား..."

ကောအမျိုးသမီးက အလွန်ထိတ်လန့်သွားကာ သူမ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့နှင် ပြည့်လာခဲ့သည်။ သူမ က နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်သွားကာ ပြောလိုက်၏။ "ပေးပါ့မယ်...ပေးပါ့မယ်..."

ထိုသို့ ပြောလိုက်ပြီးနောက် သူမက ဓားမြှောင်ကို မြေပြင် ပေါ်သို့ အလျင်အမြန် ပစ်ချလိုက်၏။

ဝမ်လင်းက မျက်လုံးပြန်မှိတ်လိုက်သည်။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့ကြည်လင်မှုကို ပြန်လည် ရရှိလာ၏။ သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ မြေပြင်ပေါ်ရှိဓားမြှောင်က သူ့ထံသို့ ပျံသန်းလာ၏။ အနီးကပ် ကြည့် လိုက်ပြီးနောက် ဝမ်လင်းသည် သိုလှောင်အိတ်ထဲသို့ ဓားမြှောင်ကို ထည့်သိမ်းလိုက်လေသည်။

အဘိုးအို သိပ်သည်းခဲ့သော အလင်းလုံးက ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ ပေါက်ကွဲနေခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က လောင်မြိုက်နေသလို ခံစားနေရဆဲ ဖြစ်၏။

သို့ရာတွင် ထိုလောင်ကျွမ်းမှုက သူ့ကျင့်ကြံမှုအဆင့်ကို အန္တရာယ် မဖြစ်စေသည့်အပြင် ထိုအစား အလွန်ပင် အကျိုးရှိနေစေ၏။ ၎င်းအလင်းလုံးက လောင်ကျွမ်းနေရင်း ဝမ်လင်းသည် သူ့ကျင့်ကြံမှုမှာ ဖြည်းဖြည်းချင်း တိုးတက် လာသည်ဟု ခံစားမိနေ၏။ သူက အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်ကို ချိုးဖျက်နိုင်ရန် တဖြည်းဖြည်း နီးကပ်လာနေသည်။

သို့သော် သည်ဖြစ်စဉ်က သူ့ကို ရူးသွားစေလောက်သည့် အထိ နာကျင်စေသည်။ကံကောင်းစွာပင် ဝမ်လင်း၏ စိတ် ခွန်အားက ခိုင်မြဲလှသည်ဖြစ်ရာ သူက နာကျင်မှုကို ကြံ့ကြံ့ တောင့်ခံသည်။ အပြင်ပိုင်းတွင် အခြားလူများက မည်သည့် ပုံမှန်မဟုတ်တာကိုမှ တွေ့ရလိမ့်မည် မဟုတ်ပေ။

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ပြန်ဖြစ်နေ၏။ သူက တည်ငြိမ်စွာ မေးလိုက်သည်။ "လီယွမ်..မင်းပြောတဲ့နေရာက ဒီအစိတ်အပိုင်းပေါ်မှာလား..."

လီယွမ်က ဦးညွတ်၍ လေးစားစွာ ပြောလာသည်။ "စီနီ ယာ….ခုချိန်မှာ ဂျူနီယာက သေချာမသိသေးပါဘူး။ ငါက ဒီအစိတ်အပိုင်းရဲ့ အလယ်ကို သွားပြီး ခဏတာ လေ့လာ ကြည့်ဖို့ လိုပါလိမ့်မယ်..."

ဝမ်လင်းက လီယွမ်ကို တစ်ချက်ကြည့်ကာ ခေါင်းညိတ် ပြလိုက်၏။

လီယွမ်က ရှေ့သို့ ဆက်၍ ပျံသန်းသွားသည်။ ကော အမျိုးသမီးကလည်း လီယွမ်နောက်ကနေ နီးနီးကပ်ကပ် လိုက်ပါသွား၏။သို့ရာတွင် သူမသည် သူ့နောက်ကျောသို့ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒဖြင့် ကြည့်နေသော မျက်လုံး တစ်စုံကို ခံစားမိနေဆဲပင်။

ဝမ်လင်းက သူတို့နောက်ကနေ လိုက်ပါသွား၏။ သူက ထိုအမျိုးသမီးကို မသတ်ရသည့်အကြောင်းရင်းမှာ သူမက လီယွမ်အတွက် သော့ချက်တစ်ခု ဖြစ်နေသောကြောင့်ပင်။ သူမ မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်လာနိုင်စွမ်း ရှိခြင်းက လီယွမ်ကြောင့် ဖြစ်နိုင်သည်။

သူ့အစောပိုင်း ထင်မြင်ချက်အရ လီယွမ်၏ ရည်ရွယ်ချက် သည် သံဓားနှင့်အတားအဆီးများသာ ဖြစ်ပါက သူက ၎င်း တို့ကို ထိုအမျိုးသမီးထံကနေ မိုးကောင်းကင်ဘုံနယ်မြေသို့ စဝင်လာကတည်းက လွယ်လင့်တကူ ယူသွားနိုင်ပေသည်။ သူ့လုပ်ဆောင်ချက်များ၌ ထိုမျှမကဘဲ ကံအကြောင်းနှင့်အကျိုးတို့လည်း ရှိနေနိုင်၏။

ဝမ်လင်းက တည်ငြိမ်လျက်ပင်။ သူက သူတို့နောက်သို့ လိုက်လာနေရင်း သူ့ခန္ဓာကိုယ်ထဲရှိ နာကျင်မှုကို တောင့်ခံ နေသည်။ခုချိန်၌ သူက အဘိုးအိုနှင့် ပတ်သတ်င အလွန် ရှုပ်ထွေးမှုကို ခံစားနေမိသည်။

အခြားတစ်ဖက်တွင်လည်း သူက သူ့ကျင့်ကြံမှုအဆင့်ကို တိုးတက်စေအောင် အခွင့်အရေးပေးခဲ့သည့်အတွက် ထိုအ ဘိုးအိုအား ကျေးဇူးတင်မိနေ၏။ သူက ပြင်းပြင်းထန်ထန် နာကျင်မှုကို ခံစားနေရသော်လည်း သူ့ကျင့်ကြံမှုအဆင့်က ဖြည်းဖြည်းချင်း တိုးတက်နေသည်မဟုတ်လား။ နောက်ထပ်အခြားတစ်ဖက်တွင်လည်း သူက အဘိုးအိုကို သူ့မိုးကြိုးသားရဲကိုယူဆောင်ပြီး သူ့အား နှစ်ကြိမ်တိုင်တိုင် အရုပ်တစ်ရုပ်လို ဆော့ကစားခဲ့သည့်အတွက် မုန်းတီးနေမိပြန်သည်။

သက်ပြင်းကြိတ်၍ ချလိုက်ပြီးနောက် ဝမ်လင်းသည် သူ့ စိတ်ကိုယ်သူ အာရုံစိုက်ကာ နာကျင်မှုကို ဖိနှိပ်ထားသည်။ သူက ထိုအလင်းလုံး သူ့ရင်ဘက်ထဲသို့ ဝင်ရောက်လာပြီး နောက် သူ့ခန္ဓာကိုယ်အတွင်းပိုင်းသည် ပြောင်းလဲမှုအချို့ ဖြစ်ပွားနေသည်ဟု ခံစားမိနေသည်။

ဝမ်လင်းက ထိုနာကျင်မှုဖြစ်စဉ်က မည်မျှကြာမည်မှန်း မသိပေ။ သို့ရာတွင် သူက ထိုနာကျင်မှု ပျောက်ကွယ်သွား ပြီး သူ့ခန္ဓာကိုယ်ပြောင်းလဲမှု အပြီးသပ်သွားသည်နှင့်ပထမအဆင့်ကျင့်ကြံခြင်းကို ချိုးဖျက်နိုင်လိမ့်မည်ဟု ခံစား မိနေပေ၏။

ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်သည်။ သူ့ နယ်ပယ်ကလည်း ကံကြမ္မာနယ်ပယ်အဖြစ် ဆင့်ကဲ တိုးတက်လာခဲ့ပြီး ဖြစ်သည်။သို့ရာတွင် သူ့တွင် အဆင့် ချိုးဖျက်ရန် မည်သည့်သဲလွန်စမှ မရှိသေး ဖြစ်နေသေး သည်။

သည်အခိုက်အတန့်၌ သူက အသက်ဝဝရှုသွင်းကာ နာကျင်မှုကို ဖိနှိပ်မထားရန် ဆုံးဖြတ်လိုက်၏။ ထိုအစား သူက နာကျင်မှုကို ပေါက်ကွဲထွက်စေလိုက်၏။ ထို့ကြောင့် သူ့ကျင့်ကြံမှု တိုးတက်သည့်အမြန်နှုန်းက ပိုတိုးလာခဲ့သည်။

လူတစ်ယောက်က အကွာအဝေးတစ်ခုမှ ကြည့်ပါက သူ တို့သည် ဝမ်လင်းခန္ဓာကိုယ်ထံမှ ခပ်ဖျော့ဖျော့ မီးတောက် တစ်ခု ထွက်ပေါ်နေသည်ကို တွေ့မြင်နိုင်ပေလိမ့်မည်။ အနီးကပ်ကြည့်ပါက သူ့ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသား များထံမှ တဖျစ်ဖျစ် လောင်ကျွမ်းသံကို ကြားရပေလိမ့်မည်။

ဤအရာက အညစ်အကြေးများကို လောင်ကျွမ်းပစ်နေ သကဲ့သို့ပင်။

လီယွမ်က ပျံသန်းနေရင်း သူက နောက်သို့ လှည့်မကြည့် ပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင် အတားအဆီးများ က တဖျပ်ဖျပ် ဖြစ်နေသည်။ သည်အတားအဆီးများကြောင့်သူက ဝမ်လင်းခန္ဓာကိုယ်၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။အနည်းငယ် စဉ်းစားပြီး နောက် သူက အာရုံပြန်စိုက်လိုက်၏။ ဝမ်လင်း၏ ကျင့်ကြံမှု အဆင့်တိုးလာလေလေ သည်ခရီးစဉ်က ပို၍ ချောမွတ်လာ လေ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် သူက ဝမ်လင်းကို ပုံရိပ် ယောင်ယင်အဆင့်သို့ အမှန်တကယ် ရောက်သွားသည့် အထိတော့ ခွင့်မပြုနိုင်ပေ။ မဟုတ်လျှင် ပြဿနာများ ဖြစ်လာနိုင်ပေ၏။

လီယွမ်က စိတ်ထဲကနေ တွေးနေ၏။ "ကြည့်ရတာ ငါက အချိန်ဆက် မဆွဲနိုင်တော့မယ့်ပုံပဲ..."

အစိတ်အပိုင်း၏ အလယ်ဗဟိုတွင် တစ်လကြာမြင့်ပြီး သည့်နောက် လီယွမ်သည် သူ့ပတ်လည်ကို သေချာလေ့လာ ကြည့်နေ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလာသည်။ "ဒီအစိတ်အပိုင်းနှစ်ခုကို ကြည့်လိုက်ပြီးတဲ့နောက် ငါက တားမြစ်ဧရိယာရဲ့ တည်နေရာကို ယေဘုယျ ဆုံးဖြတ်နိုင်ခဲ့ပြီ။ ဒါပေမဲ့လည်း အဲ့တာက ဒီနေရာမဟုတ်ဘူး...ဟိုအရှေ့ဘက်ပိုင်းမှာပဲ..."

လီယွမ်က လှည့်၍ ဝမ်လင်းကို ကြည့်လိုက်၏။ ဝမ်လင်း အသွင်က ပုံမှန်အတိုင်းပင်။ သူက တည်ငြိမ်စွာပင် ပြော လိုက်၏။ "လမ်းပြပါ..."

တည်နေရာကို အတည်ပြုပြီးသည့်နောက် သူတို့၏ အ မြန်နှုန်းကို တင်လိုက်ကြသည်။လီယွမ်က သည်တစ်ကြိမ်၌အချိန်ဆွဲရန် မကြိုးစားတော့ဘဲ အရှိန်မြင့်လိုက်၏။ အစိတ်အပိုင်း၏ အစွန်းပိုင်းအရောက်တွင် သူတို့က ဟင်းလင်းပြင်ထဲသို့ ဦးတည်သွားသည့် မိုးကြိုးကွင်းဆက် တစ်ခုထံသို့ နောက်ထပ် ရောက်လာကြပြန်သည်။

ကောအမျိုးသမီးက အကူအညီမဲ့ဟန်ဖြင့် နောက်ကနေ လိုက်လာရုံသာ တက်နိုင်၏။ သုံးလတာ ကြာမြင့်ပြီး သည့်နောက် သူတို့က အစိတ်အပိုင်းလေးခုကို ဖြတ်သန်း လာခဲ့ပြီး ဖြစ်သည်။သည်နေ့တွင် လီယွမ်က ရှေ့ရှိ တောင် အမြင့်ကြီးတစ်ခုကို စူးစိုက်ကြည့်နေသည်။ သူ့စိတ်လှုပ်ရှား နေမှုကိုလည်း ကောင်းစွာ ဖုန်းကွယ်ထားသေးသည်။

"တားမြစ်ခံ ဧရိယာက ဒီနေရာပဲ..."

ခက်ခဲသော မေးခွန်းတစ်ခု (နောက်တစ်ပိုင်း)

ဝမ်လင်းက ထိုမြင့်မားသည့်တောင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ထိုတောင်က မြင့်မားလွန်းလှသဖြင့် တောင်ထိပ်ဖျားကိုပင် မမြင်ရပေ။

တောင်ထွတ်တောင်ထိပ်များကနေ မိုးကြိုးလျှပ်စီးများက နဂါးများအလား တိမ်ထုထဲကနေ ထွက်ပေါ်နေကြ၏။ မိုးကြိုးခြိမ်းသံများလည်း တဝေါဝေါ နေသည်။ မြည်ဟီးကာ

ဝမ်လင်းကို ထိုတောင်ကို ကြည့်နေသည့်အချိန်တွင် ရှေးဟောင်းအော်ရာတစ်ခုကို ခံစားမိလေ၏။ သည်အော် ရာက တောင်၏ စိတ်ဝိညာဉ်ပင်။

ကောအမျိုးသမီးက တောင်ကို စူးစိုက်ကြည့်နေရင်း သူမ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက် ပေါ်လာ၏။ သူမ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ လီ ယွမ်ထံသို့ အလိုလို ကြည့်မိလိုက်သည်။ဤအခိုက်အတန့်၌ လီယွမ်က သူမကို ကျောခိုင်းထားလျက် ရှိနေ၏။

တောင်ကို ကြည့်လိုက်ပြီးသည့်နောက် လီယွမ်သည်ရင်းနှီးသော အငွေ့အသက်တို့ကို ပြန်ရရှိနေ၏။ ကော အမျိုးသမီး၏ အသွင်က ကြောက်ရွှံ့မှုနှင့် ပြည့်နေ၏။ထို ကြောက်ရွှံ့မှုက သူမ ဝမ်လင်းကို ကြည့်မိသည့်အချိန်၌ ခံစားရသော ကြောက်ရွှံ့မှုထက် များစွာ အားကောင်းပေ သည်။

သူမက တစ်ခုခုကို မှတ်မိလာ၏။

သည်အခိုက်အတန့်၌ လီယွမ်က လှည့်၍ ကော အမျိုးသမီးကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လာ သည်။သူမက အလိုလို ခေါင်းငုံ့၍ တိတ်ဆိတ်သွား၏။ ထို့နောက် သူမက နောက်တစ်ဖန် လီယွမ်ကို ကြည့် လိုက်၏။ သူမ၏ မျက်လုံးက တည်ငြိမ်နေကာ အရာရာကို နားလည်သွားသကဲ့သို့ ထင်ရသည်။

လီယွမ်က တောင်ကိုကြည့်၍ ဖြည်းဖြည်းချင်း ပြောလာ သည်။ "ဒီတောင်မှာ နာမည်မရှိဘူး။ဒီတောင်ထဲမှာ အတားအဆီးတွေ အများကြီး ရှိတယ်။ မိုးကြိုး ကောင်းကင်ဘုံနယ်မြေက မရေမတွက်နိုင်အောင် ဖွင့်လှစ် ခဲ့ပေမဲ့ သင်က ဒီတောင်ထဲမှာရှိတဲ့ အတားအဆီး တော်တော်များများက ကွဲအက်ခြင်း မရှိသေးတာကို တွေ့ မြင်နိုင်လိမ့်မယ်..."

ကောအမျိုးသမီးက တိတ်တဆိတ် တွေးတောကာ တောင်ကို တည်ငြိမ်စွာ ကြည့်နေသည်။ သူမက သည် တောင်နှင့် တော်တော်လေး ရင်းနှီးနေသလို ခံစားရ၏။
တစ်ချိန်တည်းမှာပင် မရင်းနှီးသလိုလည်း ခံစားရသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "သွားကြစို

လီယွမ်က ခေါင်းညိတ်ကာ ရှေ့ကနေ အရင် လျှောက် သွားသည်။သူက တောင်နှင့် နီးသထက် နီးလာခဲ့သည်။ မိုးကြိုးများက တောင်ခြေ၌ အလွန်ကျယ်လောင် မြည်ဟီး နေကာ လူတစ်ယောက်သည် တောင်ပေါ်ကနေ မိုးကြိုး လျှပ်စီးများ တဖျပ်ဖျပ် ကျဆင်းနေသည်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။

လီယွမ်၏ ခြေလှမ်းများက ခိုင်ကျဉ်လှကာ တောင်ထံသို့ ဦးတည်သွားနေသည်။မိုးကြိုးကောင်းကင်ဘုံနယ်မြေက မ ရေမတွက်နိုင်သော ပွင့်လှစ်ခဲ့ပြီး ဖြစ်သည့်အတွက်ကြောင့် လူအများက တောင်ထံသို့ လာရောက်ကာ အတားအဆီး များကို ဖျက်စီးခဲ့ရာ လမ်းကြောင်းတစ်ခု သူ့ဟာသူ ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်။

ကောအမျိုးသမီးက လီယွမ်နောက်ကနေ ကပ်လိုက်လာ သည်။သူမက နှုတ်ခမ်းကို ကိုက်ကာ လီယွမ်ကို ကြည့်၍ စိတ်ထဲ၌ တွေးလိုက်မိသည်။ ငါက ဒီကိစ္စကို ဖြတ်မြင်နိုင်ခဲ့ပြီ

ကောအမျိုးသမီး၏ အသွင်က ခါးသီးဟန် ဖြစ်ပေါ် နေသည်။သူမက လီယွမ်သည် ဘာကြောင့် သူမ၏ မိသားစု တွင် ပေါ်လာသည်ကို နားလည်လာခဲ့ပြီ ဖြစ်သည်။သည်အရာများအားလုံးက သူသည် သူတို့မိသားစုနှင့် ရည်ရွယ်ချက်ရှိရှိ ဆက်ဆံရန်အတွက် ဖြစ်နေ၏။

သူမက လီယွမ်သည် အထူးနည်းလမ်းအချို့ကို အသုံးမ ပြုခဲ့ဘူးဆိုပါက မိသားစုသည် သူမကို မိုးကြိုး ကောင်းကင်ဘုံနယ်မြေသို့ စေလွှတ်လိမ့်မည်ဟု မဟုတ်ဟု နားလည်လာခဲ့၏။

သူမနှင့်လီယွမ်တို့ မိသားစုကနေ ထွက်ခွာလာချိန်က မိသားစုဘိုးဘေး၏ စိတ်ရှုပ်ထွေးဟန်အကြည့်က ကော အမျိုးသမီး၏ ခေါင်းထဲ၌ ပေါ်လာခဲ့ပေသည်။

မိသားစုဘိုးဘေးက အရာအားလုံးကို သိနေခဲ့ပေမည်။ မဟုတ်ပါက နှစ်သောင်းချီအချိန်အတွင်း မိုးကြိုး ကောင်းကင်ဘုံနယ်မြေသို့ မည်သည့်မိသားစုဝင်ကမျှ ဘာ ကြောင့် မရောက်လာခဲ့ရသနည်း။

မိုးကြိုးကောင်းကင်ဘုံနယ်မြေက သူတို့ ကောမိသားစု အတွက် တားမြစ်နေရာတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအရာများအားလုံးက လီယွမ်ရောက်ရှိလာသည့်အခါ ပြောင်းလဲသွားခဲ့ရ၏။သူမက နှစ်သောင်းချီအချိန်အတွင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်လာခဲ့သည့် ပထမ ဆုံးမိသားစုဝင် ဖြစ်နေခဲ့သည်။သူမနှင့်အတူ လိုက်ပါလာသူ ဟူ၍ သည်လီယွမ်သာ ရှိသည်။

“ဒီတော့ ဘိုးဘေးက ငါ့ကို ပြေရာပြေကြောင်း ဖြစ်ဖို့ အတွက် မိုးကြိုးကောင်းကင်ဘုံနယ်မြေကို စေလွှတ်ခဲ့တာပေါ့။ ဒါ့ကြောင့်ပဲ ဘိုးဘေးက ငါ့ကို မိသားစုရဲ့ အမွေအနှစ် ရတနာ ပေးခဲ့တာပေါ့...."

ကောအမျိုးသမီးက နာနာကျင်ကျင် ပြုံးလိုက်၏။

"လီယွမ်က ငါ့စိတ်ဝိညာဉ်အမျှင်တန်းကို ပြန်ယူပေး မယ်လို့ ကတိပေးခဲ့တာက ဒီစတေးမှုအတွက် ငါ့စိတ် ဝိညာဉ်က မပြည့်မစုံ ဖြစ်နေရင် ဒါက အလုပ်ဖြစ်မှာ မဟုတ်တာကြောင့်ပဲ..."

သည်အခိုက်အတန့်၌ ကောအမျိုးသမီး၏ စိတ်ထဲ၌ ရှင်းလင်းသွားသည်။သူမက နောက်ကွယ်က အကြောင်း များကို ဖြတ်မြင်သွားသကဲ့သို့ ဖြစ်၏။

သူမ၏ အမျိုးမျိုး ပြောင်းလဲနေသောအမူအရာများသည် ဝမ်လင်း၏ အကြည့်အောက်ကနေ လွတ်ထွက်သွားခြင်း မ ရှိပေ။ ဝမ်လင်းက သူမသည် သည်တောင်ကို မြင်လိုက်ပြီး ကတည်းက သူမ၏ စိတ်ခံစားချက်များသည် ဆက်တိုက် ပြောင်းလဲနေသည်ကို သတိပြုမိခဲ့ပေသည်။

သူ့အကြည့်က အမျိုးသမီးထံကနေ လီယွမ်ပေါ်သို့ ကျ ရောက်သွားသည်။သူ့အသွင်က တည်ငြိမ်နေသော်လည်း စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ ဝမ်လင်းက လီယွမ် သည် သူ့ကို အချိန်အကြာကတည်းက သတိပြုမိသည်ဟု ကောက်ချချလိုက်၏။ လီယွမ်ပြင်ဆင်ခဲ့သော အတားအဆီး ပင် သူပေါ်ထွက်လာအောင် စွဲဆောင်နိုင်ရန် ဖြစ်နေနိုင် သေးသည်။
အစောပိုင်းက ဖြစ်ပျက်ခဲ့သော အမျိုးမျိုး ကိစ္စများက လီ ယွမ်၏ အကြံအစည်ကြောင့် ဖြစ်နေနိုင်သည်။ ဝမ်လင်း အတွက် မည်သည့်ကိစ္စမှန်း မရှင်းမလင်း ဖြစ်နေသေး သော်လည်း သူ ဒီကိစ္စကို ထွင်းဖောက်မြင်နိုင်ခြင်းကနေ တော့ တားဆီးနိုင်စွမ်း မရှိပေ။

ဝမ်လင်းမျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒ တစ်ခု ဖျပ်ခနဲ ပေါ်ထွက်သွားသည်။သူက သူ့ကို လာဉာဏ် ဆင်သော မည်သူ့ကို မဆို ခွင့်လွှတ်ပေးမည် မဟုတ်ပေ။သူ့ ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဓားတစ်လက် အလား ထွက်ပေါ်လာခဲ့သည်။

သည်အခိုက်အတန့်တွင် လီယွမ်သည်လည်း ရပ်တန့် သွား၏။ သူက နောက်လှည့်ခြင်းမရှိဘဲ ပြောလိုက်၏။ "အစ်ကိုရှု...ငါက သင်ထင်သလို မလျောမကန်တဲ့လူ မဟုတ်ပါဘူး။သင်က ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်စိတ်တစ်ဒေသကို သိနေမှတော့...ဒါက ငါတို့ ကံတရား ကြောင့်ပဲလေ..."

လီယွမ်၏ ဝမ်လင်းအပေါ် ခေါ်ဝေါ်သော အသုံးအနှုန်းက ပြောင်းလဲသွားသည်။

ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက တည်ငြိမ် စွာ မေးလိုက်သည်။ "ဒီတောင်ရဲ့ အထွတ်အထိပ်မှာ ဘာရှိ03...

လီယွမ်က တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။ ထို့နောက်သူက တိမ်တိုက်ထုများကြား အနားသပ်မရှိအောင် ချဲ့ထွင် နေသည့် တောင်ထိပ်သို့ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ အောက်မေ့မှုတို့ ဖြစ်ပေါ်လာခဲ့သည်။သူက တိုးညင်းစွာ ပြောလာသည်။

"အဲ့နေရာမှာ ငါ့ ဆရာသခင် ရှိတယ်..."

ဝမ်လင်းက

မျက်မှောင်ကြုတ်သွားသည်။သည် အခိုက်အတန့်၌ လီယွမ်သည် နောက်လှည့်၍ ဝမ်လင်းကို ကြည့်လာသည်။ ခုလက်ရှိတွင် သူက တောင်ထဲသို့ မဝင်ခင် က အချိန်နှင့် ကွာခြားသွားခဲ့ပြီ ဖြစ်၏။ သူက ခပ်တိုးတိုး ပြောလိုက်၏။ "အစ်ကိုရှု..သင့်ကျင့်ကြံမှုနဲ့ဆိုရင် ငါ့ ခွင့်ပြုချက်မရှိဘဲ ဒီတောင်ကနေ ထွက်သွားလို့ မရနိုင် :..."ဘူး

ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်သည်။ "မက်မွန် ဆယ့်ရှစ်ခု အတားအဆီး....။ငါက နည်းနည်းပါးပါးတော့ သိပါသေးတယ်..."

သူက ထိုသို့ပြောလိုက်သည့်အခိုက်တွင် လီယွမ်သည် မှင် သက်သွား၏။ ထိုမှင်သက်မှုက အတုအယောင် မဟုတ်ပေ။ သူက အမှန်ပင် တုန်လှုပ်သွားခဲ့ခြင်း ဖြစ်သည်။လီယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “မက်မွန်ဆယ့်ရှစ်ခု အတားအဆီးကို လူအများက မသိဘူးဆိုပေမဲ့လည်း ဒါက တစ်ယောက်မှ မသိတာတော့ မဟုတ်ဘူး။ ဒါ့ကြောင့် ဒီ အတားအဆီးအစီအရင်ကို အစ်ကိုရှု သိတာ အံ့အားစရာ မရှိပါဘူး..."

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ "ဒီတော့ မင်းအသုံးပြုခဲ့တဲ့ဟာက မက်မွန်ဆယ့်ရှစ်ခု အတားအဆီးပေါ့..."

သူ့အရိပ်က ဖျပ်ခနဲ ဖြစ်သွားကာ ကောင်းကင်ဘုံ သက်တော်စောင့်က ပျံသန်းထွက်လာသည်။

ကောင်းကင်ဘုံသက်တော်စောင့် ထွက်ပေါ်လာသည်နှင့် ၎င်းက သူတို့နောက်ရှိ လေဟာနယ်ထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။ ထိုလက်သီး ကျရောက်သွားချိန်၌ တောင်ထိပ်တစ်ခုလုံးက တုန်ခါသွားကာ ဝဲကတော့ တစ်ခု ပေါ်လာခဲ့သည်။ ထိုဝဲကတော့ အပြင်ဘက်ထိ ဦးတည် လာ၏။

ကောင်းကင်ဘုံသက်တော်စောင့်က ၎င်း၏ လက်သီးကို ပြန်ရုတ်သိမ်းကာ ဝမ်လင်း၏အရိပ်ထဲသို့ ပြန်ဝင်ရောက် လိုက်သည်။

ဝမ်လင်းက လှုပ်ရှားခြင်း မပြုပေ။သူက လီယွမ်ကို တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီ နေရာက ငါ့ကို ချုပ်နှောင်မထားနိုင်ပါဘူး..."

လီယွမ်၏အသွင်က ချက်ခြင်းပင် သုန်မှုန်သွား၏။ သူက ဝမ်လင်းကို အချိန်အတန်ကြာ ကြည့်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောလာ၏။ "ကြည့်ရတာ ငါက သင့်ကို လျော့တွက်မိခဲ့တဲ့ ပုံပဲ၊ဒါပေမဲ့လည်း သင့်မှာ ဒီရုပ်သေးရှိနေရင်တောင်.."

ဝမ်လင်းက နှာခေါင်းရှုံ့က သူ့ညာလက်ကို ရှေ့သို့ ညွှန် လိုက်၏။ ထိုအခါ လင်းထျန်ဟူ၏ နောက်ဆုံးဓားစွမ်းအင် အမျှင်တန်းက ထိုးထွက်လာခဲ့သည်။သူ့ကျင့်ကြံမှုအဆင့်က တိုးတက်လာပြီးနောက် ထိုဓားစွမ်းအင်ကို ထိန်းချုပ်နိုင်မှု ကလည်း ပို၍ ကောင်းမွန်လာခဲ့၏။

ဓားစွမ်းအင် ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီး ကြားတွင် တဝီဝီလေတိုးသံတို့ ပဲ့တင်ထပ်လာကာ တောင်ထိပ်တစ်ခုလုံး တုန်ယင်လာသည်။မျက်စိတစ်မှိတ် အတွင်းမှာပင် ဓားစွမ်းအင်က လီယွမ်၏နှဖူးရှေ့သို့ ရောက် ရှိသွားသည်။အစစ်အမှန်ဓားတစ်လက်ဖြင့် လီယွမ်၏ နှဖူး ကို ထောက်ထားသကဲ့သို့ ဖြစ်နေ၏။

"ဒီဓားစွမ်းအင်ကိုပါ ထပ်ပေါင်းရင်ကော…" ဝမ်လင်း အသံက အေးစက်နေသည်။

လီယွမ်က မျက်လုံးမှိတ်လိုက်၏။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်လာကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အစ်ကိုရှုက ဒီလို လုပ်မှတော့ သင်တွေးထားတဲ့ အကျိုးအမြတ်က များမှာပဲ။ ကျေးဇူးပြုပြီး သင် ဘာလိုချင် လဲ ရှင်းရှင်းလင်းလင်း ပြောပါ..."

ဝမ်လင်းမျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။ သည်လီယွမ်က ဉာဏ်ကောင်းလှသည်။ထို့ကြောင့် သူက ဝမ်လင်း ဘာ အမှန်ပင်လိုချင်သည်ကို နားလည်နိုင်စွမ်း ရှိနေ၏။ ဝမ်လင်းက လင်း ထျန်ဟူ၏ ဓားစွမ်းအင်ကို ထုတ်ဖော်အသုံးပြုလုပ်ခြင်း သည် လီယွမ် အခုလိုမျိုး ပြောလာအောင် ဖိအားပေးချင် သောကြောင့် ဖြစ်ပေသည်။
ဓားထိပ်ဖျား နှင့် ဓားရိုး

"ငါ သင့်ရဲ့ မက်မွန်ဆယ့်ရှစ်ခုအတားအဆီး နည်းလမ်း ကို လိုချင်တယ်..."

ဝမ်လင်းက မက်မွန်ဆယ့်ရှစ်ခုအတားအဆီးနည်းလမ်း သည် ရှေးဟောင်းအချိန်တွေတုန်းက အလွန်ကျော်ကြားခဲ့ မှန်း သိပေ၏။ သို့သော် ထိုနည်းလမ်းက အလွန်လျှို့ဝှက် လှ၏။ အပြင်လူများ ဘယ်တော့မှ သင်ကြားနိုင်ကြခြင်း မ ရှိပေ။ တပည့်များအတွက်တော့ သူတို့၏ အဆင့်အတန်း ပေါ် မူတည်၍ မက်မွန်ကိုးခုအထိ သင်ကြားနိုင်ကြပေ သည်။ ဆရာကသာလျှင် အပြည့်အစုံ မက်မွန်ဆယ့်ရှစ်ခုထိသိပေသည်။

ယနေ့ခေတ်တွင်

ပျောက်ဆုံးနေခဲ့သည်မှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ များစွာ သော အတားအဆီးပညာရှင်များက ထိုအတွက် မချင့်မရဲ ဖြစ်ကြရသည်။ ထိုအတားအဆီးနည်းလမ်းက

ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် ထိုအတားအဆီးနည်းလမ်းအကြောင်းကို နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် ကြားခဲ့ဖူးခြင်း ဖြစ်သည်။ သူက လီယွမ် လက်လှုပ်ရှား လိုက်သည့်အခါတွင်အတားအဆီးဆယ့်ရှစ်ခုကို မြင်တွေ့ခဲ့ ကတည်းက ထိုနည်းစနစ်ကို သံသယ ဝင်ခဲ့ခြင်းပင်။

ပုန်းကွယ်စေနိုင်သည့်အတားအဆီးနှင့် ပတ်သတ်သော ကျောက်စိမ်းပြားကို လီယွမ်ထံက ရရှိခဲ့ချိန်၌ ထို ကျောက်စိမ်းပြားကို စစ်ဆေးကြည့်ရာ ရုပ်တု ဆယ့်ရှစ်ခု ပါရှိသည်ကို တွေ့ရှိခဲ့ရခြင်းက သူ့သံသယထင်မြင်ချက်ကို ပိုတိုးလာစေခဲ့သည်။

ထိုရုပ်တုများက မက်မွန်ပန်းများ ဖူးပွင့်ပုံနှင့်အလွန်ခြား နားနေ၏။ ထိုအခိုက်၌ ဝမ်လင်းက စိတ်ရှုပ်ထွေးခဲ့ရသေး သည်။ သို့သော် သူက သေချာစဉ်းစားကြည့်မိသည့်အခါ အချို့သဲလွန်စများကို တွေ့မြင်နိုင်ခဲ့ပေသည်။

သူက ယခုလို ထိုအတားအဆီးအကြောင်း ထုတ်ဖော် ပြောခြင်းက လီယွမ်ကို စမ်းသပ်လိုက်ခြင်းလည်း ဖြစ်သည်။ လီယွမ်က ငြင်းဆန်လျှင် ဝမ်လင်းက သည် အတားအဆီးနှင့် ပတ်သတ်၍ စိတ်ဝင်စားတော့မည် မဟုတ်ပေ။ ဝမ်လင်းက တိုက်ခိုက်မလား၊ ထွက်သွားမလား က သူ့အတွေးတစ်ချက်သာ လိုပေသည်။

သည်အရာက ဝမ်လင်း လီယွမ်နှင့်ကောအမျိုးသမီးတို့ နှစ်ယောက်နောက်သို့ တစ်လမ်းလုံး လိုက်လာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည်။ မူလကိရိယာအတွက်သပ်သပ်ဆိုလျှင် ဝမ်လင်းက ခုချိန်ထိ သူတို့နောက်သို့ လိုက်လာခဲ့လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် သည်လီယွမ်က အလွန်ထူးဆန်းလှ၏။ ဝမ် လင်းက သည်လူသည် အာဏာတက်ခြင်းအထွတ်အထိပ် အဆင့်တွင် ရှိနေသည်ကိုပင် သိပ်မသေချာ မရေရာ ဖြစ်ရ သည်။ထို့ကြောင့်လည်း ဝမ်လင်းက သည်နေရာသို့ ရောက်လာသည့်အထိ လမ်းတစ်လျှောက်တွင် လှုပ်ရှား ဆောင်ရွက်မှု မရှိခဲ့ခြင်းပင်။

ဝမ်လင်းက သူတို့နောက်ဆုံးပန်းတိုင် ရောက်ရှိပြီးမှသာ ခုလို လှုပ်ရှားလာခဲ့ခြင်း ဖြစ်တော့၏။

လီယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ပြုံး၍ ဆိုလာ သည်။ "မက်မွန်ဆယ့်ရှစ်ခု အတားအဆီးတင်ပဲလား... အကိုရှုက ဒါကို လိုချင်တယ် ဆိုရင်လည်း ငါက ပျော်ပျော် ကြီး လက်ခံရမှာပေါ့..."

သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကျောက်စိမ်းပြား တစ်ခု ထွက်ပေါ်လာသည်။ ထိုကျောက်စိမ်းပြားကို သူ့ မျက်ခုံးနှစ်ခုကြားသို့ ခဏတာ နေရာချပြီးနောက် ဝမ်လင်း ထံသို့ ပစ်ပေးလိုက်သည်။

"ဒါက မက်မွန်ဆယ့်သုံးခု အတားအဆီးပဲ။ ငါက ကျန် တဲ့ငါးခုကို ငါတို့ တောင်ထိပ်ကို ရောက်ပြီးရင် ပေးပါ့မယ်

ဝမ်းလင်းက ကျောက်စိမ်းပြားကို ဖမ်းယူကာ စစ်ဆေးကြည့်လိုက်သည်။ သူ့အသွင်က ပုံမှန်သာ ဖြစ်သော်လည်း သူ့နှလုံးသားကတော့ ခုန်ပေါက်နေ၏။ ထိုကျောက်စိမ်းပြား ထဲ၌ မည်သည့်မန္တာန်မှ ရှိမနေဘဲ ရုပ်တု ဆယ့်သုံးခုနှင့် စုစုပေါင်း မက်မွန်ပန်းပွင့်ဆယ့်သုံးခုတို့သာ ရှိလို့နေသည်။

အစကနေ အဆုံးထိ ကောအမျိုးသမီးက တိတ်ဆိတ်လို့ နေသည်။ ဖြစ်ပျက်နေသည့်အရာရာက သူမနှင့် မသတ် ဆိုင်သလို ရှိနေ၏။ သူမက သူမရှေ့ရှိ တောင်ကိုသာ မိန်းမောစွာ ကြည့်နေသည်။

"အစ်ကိုရှု...ဒီမက်မွန်ဆယ့်ရှစ်ခုက အတားအဆီးတစ်ခု ကိုပဲ ငါ သိတာ မဟုတ်ဘူး။ သင်က မဟာအတားအဆီး လေးခုကိုကော သိလား..."

လီယွမ်က တောင်ထံသို့ ပြန်မျက်နှာမူကာ စတင်၍ လျှောက်လှမ်းသွားသည်။ ကြည့်ရသည်မှာ သူက ဝမ်လင်း ထိုကျောက်စိမ်းပြားကို ယူ၍ ထွက်သွားမည်ကို မစိုးရိမ် သည့်ဟန် ဖြစ်ပေါ်နေသည်။

ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီးနောက် ဝမ်လင် သည်လည်း တောင်ထိပ်ရှိရာသို့ လျှောက်လှမ်းသွားသည်။ သူ့မျက်လုံးက တည်ငြိမ်လျက် ရှိနေ၏။

"ပြောကြတာက လောကကြီး စတင် မွေးဖွားလာတုန်း က လောကရဲ့ ဥပဒေသတွေကလည်း အတူတူ ဖြစ်ပေါ်လာ ခဲ့တယ်တဲ့။ ဟိုး လွန်ခဲ့တဲ့ အလွန့်အလွန် ကြာမြင့်ခဲ့တဲ့ အချိန်တွေတုန်းက ဥပဒေသက အစိတ်အပိုင်းကိုးပိုင်း ခွဲထွက်သွားတယ်တဲ့ ဒီဥပဒေသတွေထဲက တစ်ခုကတော့ အတားအဆီးပဲ ဖြစ်တယ်။ ဒါကို အစီအရင်လို့လည်း ခေါ် ကြတယ်။ နာမည်ဘယ်လိုပဲကွဲကွဲ ဒါက အဓိပ္ပာယ်တူတူပါပဲ

"ကောင်းကင်၊မြေကြီး၊ အံ့ဖွယ်၊နဲ့ အဝါ တို့က အတားအဆီးတွေရဲ့ အဆင့်လေးခု အဖြစ် အချိန် အတန်ကြာတဲ့အထိ ဖြစ်ခဲ့တယ်..."

လီယွမ်က နောက်သို့ ပြန်လှည့်ခြင်း မရှိဘဲ တောင်ထိပ် ထံသို့သာ ဆက်လျှောက်သွားသည်။ကောအမျိုးသမီးက သူ့ နောက်ကနေ လိုက်ပါလာခဲ့သည်။သူမက မိန်းမောနေသည့် အသွင်သာ ရှိနေသည်။

"ဒါပေမဲ့လည်း ဒီအတားအဆီးလေးခုရဲ့ အထက်မှာ နောက်ထပ် အဆင့်တစ်ခု ရှိနေသေးတယ်။ ငါတို့ကတော့ ဒီ အဆင့်ကို လေဟာနယ် လို့ခေါ်တယ်။ လေဟာနယ်အဆင့် က မဟာအတားအဆီးလေးခု အဖြစ် ခွဲထွက်သွားတယ်။ဒီ တောင်မှာက လေဟာနယ်အဆင့်အတားအဆီးလေးခုထဲ က ပျက်သုန်းခြင်အတားအဆီး ရှိလို့နေတယ်။ ဘယ်သူကမှ လည်း ဒီတောင်ရဲ့ အထွတ်အထိပ်ကို မရောက်နိုင်ခဲ့ကြဘူး။ ဘာလို့လဲဆိုတော့ ဒီတောင်ထိပ်ဖျားက အဆုံးမရှိလို့ပဲ..."

လီယွမ်၏ အသံက ဝမ်လင်းနားထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်လာနေသည်။

"အစ်ကိုရှုက ငါဟာ ဘာကြောင့် ဒါတွေကို သိနေရလည်းဆိုတာ ဒွိဟ ဖြစ်နေမှာပဲ..."

လီယွမ်က ကျောက်တုံးအစွန်းတစ်ခုပေါ်သို့ လှမ်းတက် လိုက်သည်။ထို့နောက် သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် လေဟာနယ်ထဲသို့ ဖိချလိုက်သည်။

ထိုဖိချမှုက တောင်တစ်ခုလုံးကို တဖျပ်ဖျပ် ဖြစ်စေကာ ပြင်းပြင်းထန်ထန် တုန်ခါစေသည်။တောင်တစ်ခုလုံးက ကျယ်လောင်သော တုန်ဟီးသံနှင့်အတူ တစ်ဝက်တိတိ ကျုံ့ သွားခဲ့သည်။

လူတစ်ယောက်က တောင်ထိပ်ဖျားကို မြင်နိုင်ရခြင်း မရှိသေးသော်လည်း တောင်ထိပ်က ပို၍ နိမ့်ကျလာသည် ကတော့ သိသာပေသည်။

လီယွမ်က ဝမ်လင်းဘက်သို့ လှည့်ကြည့်ကာ အပြုံးတု ပြုံးကာ မေးလိုက်၏။

"အစ်ကိုရှု..သင့်မှာ မေးစရာတစ်ခုခုရှိလား..."

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ တည်ငြိမ်စွာ ပြော လိုက်၏။ "မင်းက စကားများလွန်းတယ်..."

လီယွမ်က မျက်မှောင်ကြုတ်သွားသည်။ သို့သော် ချက် ခြင်းပင်သူက ပြုံး၍ နောက်ပြန်လှည့်ကာ ဆက်သွားသည်။ သူက စကားပြောခြင်းကို ရပ်တန့်လိုက်ကာ သူ့မျက်လုံး ထဲ၌ အောက်မေ့မှုတို့ ပြည့်လို့နေ၏။ သည်တောင်ပေါ်ရှိအပင်တိုင်းကပင် သူနှင့် ရင်းနှီးနေသည်ဟု ထင်ရသည်။

သူတို့က တောင်လယ်သို့ ရောက်လာချိန်တွင် လီယွမ်က၏ ညာလက်သည် ပိုမိုရှုပ်ထွေးသော ချိပ်တံဆိပ်များကို ဖြစ်ပေါ်စေလိုက်ပြန်ကာ လေဟာနယ်ထဲသို့ ဖိချသည်။ တောင်က နောက်တစ်ဖန်တုန်ခါကာ ထပ်၍ ကျုံ့လာ ပြန်သည်။ ဝမ်လင်းက တောင်ထိပ်ကို ခပ်ရေးရေး မြင် လိုက်ရသည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားခဲ့ သည်။

လီယွမ်က ချိပ်တံဆိပ်များကို ဆက်လက် ဖြစ်ပေါ်နေ စေသည်။ထိုအချိန်မှာပင် ဝမ်လင်းနားထဲသို့ အသံတစ်သံ ခပ်တိုးတိုး ဝင်လာခဲ့သည်။

"စီနီယာ...ငါ့ကိုယ်ကယ်ပါ။ ဒီလူက ရူးနေပြီ...။သူက…"

ထိုအသံက ကောအမျိုးသမီးထံကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် သူမက စကားပြောလို့ မပြီးသေးခင်မှာ ပင် လီယွမ်သည် သူမကို အေးစက်စွာ ကြည့်လိုက် သည့်အတွက် စကားတန့်လို့သွားသည်။

"ကောဟန်….နင်က ဘာပြောချင်တာလဲ ပြောချင်တာ ရှိရင် တဲ့ပြောပါ။ နတ်ဘုရားအာရုံ အသုံးပြုဖို့ မလိုဘူး..."

လီယွမ်၏ အသံက အေးစက်နေကာ လှောင်ပြောင်ဟန် တို့ ပါဝင်နေသည်။ တောင်ပေါ်သို့ ရောက်လာသည့်နောက် သူက အရင်နှင့် လုံးဝခြားနားသောသူ တစ်ယောက် ဖြစ်လာခဲ့တော့သည်။

တောဟန်က အနည်းငယ် စဉ်းစားပြီးနောက် သံ တင်းတင်းကြိတ်သည်။ သည့်နောက် သူမက ဝမ်လင်း..အနားရောက်သည့်အထိ တိုးလာခဲ့သည်။ထိုသို့ပြုလုပ်ခြင်း က သူမအတွက် လုံခြုံသည်ဟု ခံစားရသည့်အလားပင်။

"ငါက နင့်ကို ဘယ်သူမှန်း သိနေတယ်။ နင်က ငါ့ မိသားစုရှိကို မတော်တဆ ရောက်လာခဲ့တာ မဟုတ်ဘူး။ နင်က ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့တာ…"

ကောဟန်က မသေချင်သေးချေ။ သူမက စိတ်ထဲ၌ အဖြေကို သိနေရင်တောင် အသက်ရှင်ဖို့ အခွင့်ရေးရလိုရ ငြား တိုက်ခိုက်ရပေမည်။

လီယွမ်က ပြုံး၍ ခေါင်းညိတ်သည်။ "မှန်တယ်..."

ကောဟန်၏ မျက်နှာက ဖြူ ရောသွားကာ သူမက ဆက် ခနဲ ပြောလိုက်သည်။ "ဘာကြောင့် ငါ ဖြစ်ရတာလဲ။ နင့် ဆရာရဲ့ ပစ္စည်းတွေကို ယူသွားတဲ့လူက ငါ မဟုတ်ဘူး၊ ငါ့ ကောမိသားစုရဲ့ဘိုးဘေးတွေလေ……"

လီယွမ်၏ မျက်လုံးများက အေးစက်လာခဲ့ကာ သူက ပြုံး၍ ပြောသည်။ "ဘာလို့လဲဆိုတော့ နင်က အဲ့သူခိုးရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နေလို့လေ။ ကောမိသားစုတစ်ခုလုံး ထဲမှာ နင်တစ်ယောက်ပဲ သူ့ရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်နေ တာကို..."

ကောဟန်၏ မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ဖြစ် ပေါ်လာကာ သူမက သိုလှောင်အိတ်ကို ထုတ်ယူကာ အော် ပြောလိုက်သည်။ “ငါက ခု နှင့်ကို အကုန်လုံး ပြန်ပေးမယ်။ ဒီထဲမှာ စာလိပ်၊ သံဓားနဲ့ သံလိုက်အိမ်မြှောင် သုံးခုလုံးပါတယ်။ ငါ ဒါတွေအကုန်လုံး နင့်ကို ပြန်ပေးမယ်။ ငါ့ကို လွှတ်ပေးဖို့ တောင်းပန်ပါတယ်..."

လီယွမ်က ထိုသိုလှောင်အိတ်ကို လက်ခံလိုက်သည်။ သူ့ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန်တို့ ပေါ်လာသည်။ ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ စောနက အရာသုံးခု ထွက်ပေါ်လာခဲ့သည်။ ပထမဆုံးတစ်ခုက သံ ဓား၊ ဒုတိယတစ်ခုက ရိုးစင်းသော သံလိုက်အိမ်မြှောင်တစ် ခုနှင့် နောက်ဆုံးတစ်ခုက ရှေးဟောင်းစာလိပ်တစ်လိပ် ဖြစ် နေသည်။

လီယွမ်က စာလိပ်ကို ကောက်ယူကာ တစ်ချက်လှုပ်၍ ဖွင့်ကြည့်လိုက်သည်။ သူက စာလိပ်ထဲရှိ ပန်းချီကားကို စူး စိုက်ကြည့်နေရင်း သူ့မျက်လုံးထဲ၌ လွမ်းဆွတ်အောက်မေ့မှု တို့ဖြင့် ပြည့်လို့နေတော့သည်။

ထိုပန်းချီကား၏ မျက်နှာပြင်အပိုင်းကတော့ တောင်တစ် ခုပင်။ သည်တောင်က အလွန်မြင့်မားလှကာ တိမ်တိုက်များ နှင့် ပြည့်လို့နေသည်။ ထိုတောင်ကို အခြေပြု၍ ကောင်းကင်ထက်သို့ ဦးတည်နေသော ဓားတစ်လက်လည်း ရှိနေသည်။

ထိုဓား၏ ဓားရိုးပေါ်တွင် လူတစ်ယောက် မတ်တပ် ရပ်နေသည်။ထို့အပြင် ဓားထိပ်ဖျားတွင်လည်း ပုံရိပ်တစ်ခုက မတ်တပ်ရပ်လျက် ရှိနေသေးသည်။သည် လူ၏နောက်ကျောက လီယွမ်နှင့် ဆင်တူနေသည်။
ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။ သူက လီယွမ်ကို ကြည့်ကာ စိတ်ထဲ၌ သံသယတစ်ခု ဖြစ်ပေါ်လာ ခဲ့သည်။ ထိုပန်းချီကားက ကောင်းကင်ဘုံနယ်မြေ မပျက်စီး ခင်က ဖြစ်မည်မှာ သိသာပေသည်။ ထိုသို့သာ ဖြစ်ပါက သည်လီယွမ်သည် ကောင်းကင်ဘုံသား တစ်ယောက်များ ဖြစ်နေနိုင်လား။

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိသွားသည်။ သို့သော် သူက ထိုအရာသည် အစစ်အမှန်မဟုတ်ဟုလည်း ခံစားနေရသည်။

လီယွမ်က သက်ပြင်းချကာ စာလိပ်ကို ပြန်သိမ်းဆည်း လိုက်၏။ ထို့နောက် သူက ဓားနှင့်သံလိုက်အိမ်မြှောင်တို့ကို လည်း ပြန်သိမ်းလိုက်သည်။ သည့်နောက် သူက ကောဟန် ကို ကြည့်၍ တည်ငြိမ်စွာ ပြောလာသည်။ "သွားလေ."

ထိုသို့ပြောပြီးနောက် သူက တောင်ထိပ်ရှိရာသို့ လှည့်၍ လမ်းဆက်လျှောက်သွားသည်။

ကောဟန်၏ မျက်နှာက ဖြူ ရောနေ၏။ သူမက အံ တင်းတင်းကြိတ်ထားသည်။ သူမက သူ့နောက်သို့ လိုက်ပါ ခြင်း မပြုတော့ဘဲ တောင်အောက်သို့ အမြန်ဆုံးနှုန်းဖြင့် ဆင်းသွားတော့သည်။

ဝမ်လင်းအသွင်က မပြောင်းမလဲပင်။ သူက ရှေ့သို့ ဆက် လျှောက်နေသည်။

လီယွမ်ကတော့ ကောဟန်ထွက်သွားသည်ကို စိတ်ထဲမထားပေ။ သူက ရှေ့သို့သာ ဆက်၍ လျှောက်နေသည်။

"အစ်ကိုရှုမှာ သံသယတွေအများကြီး ရှိနေမှာပေါ့။ ဒါပေမဲ့ ကျေးဇူးပြုပြီး မမေးပါနဲ့ဦး။ ငါတို့ တောင်ထိပ်ကို

ရောက်ရင် ငါက ငါ့ဘာသာ ပြောပြမှာပါ..."

လီယွမ်၏ အသံက နည်းနည်းတော့ ထူးဆန်းနေသည်။

ဝမ်လင်းက စကားပြန်ပြောမနေတော့ဘဲ လီယွမ်နှင့် အတူ တောင်ထိပ်သို့ ဆက်တက်လာသည်။

လမ်းတစ်လျှောက်တွင် အတားအဆီးအားလုံးသည် လီ ယွမ်၏ လက်ဝှေ့ယမ်းမှုဖြင့် ပျက်စီးကုန်ကြပေသည်။သူ အသုံးပြုသော အတားအဆီးများ နည်းလမ်းများကလည်း ပိုပို၍ ရှုပ်ထွေးလာခဲ့ကာ တောင်ကိုလည်း ပိုကျုံ့လာ စေသည်။

တောင်က ပိုကျုံ့လာတိုင်း တောင်ထိပ်ကလည်း ပိုနီးကပ် လာတော့သည်။ တဖြည်းဖြည်းဖြင့် တောင်ထိပ်က မြင်ကွင်းထဲသို့ ရောက်လာခဲ့တော့သည်။

တောင်ထိပ်ပေါ်၌ ကြီးမားသည့် ကျောက်ရုပ်တုကြီး တစ် ခု ရှိနေသည်။ထိုရုပ်တုက သက်လတ်ပိုင်းလူကြီးတစ် ယောက်၏ သွင်ပြင်ကို ထွင်းထုထားခြင်းပင်။ သူ့ဘေးတွင် တော့ ဓားပျံတစ်လက်လည်း ရှိနေသည်။ ထိုဓားပျံ ထိပ်ဖျား၌ လူတစ်ယောက်က မတ်တပ်ရပ်လို့နေ၏။

လီယွမ်က ထိုကျောက်ရုပ်တုကို တွေ့မြင်သည့်အခါ ပို၍ စိတ်လှုပ်ရှားသွားကာ အလိုလို အရှိန်မြင့်လိုက်သည်။ သူကရှေ့သို့ တဟုန်ထိုး ထိုးတက်သွားကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ရုပ်တုဘေးနားသို့ ရောက်လာခဲ့တော့သည်။ ပေတစ်ရာလောက် ရှိသော ရုပ်တု၏ ရှေ့တွင် မတ်တပ် ရပ်နေရင်း သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် ပြည့်လို့နေ တော့သည်။

ဝမ်လင်းသည်လည်း တောင်ထိပ်သို့ ရောက်လာကာ ကျောက်ရုပ်တုကို ကြည့်လိုက်သည်။ ထိုကျောက်ရုပ်တုထံမှ သဘာဝကျသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေ၏။ ၎င်းက ခမ်းနားမြင့်မြတ်မှုကို ပေးစွမ်းနေသည်။ထို့အတူ ၎င်းက အတားအဆီး၏ အရိပ်အမြွက်ကိုပါ ပေးစွမ်းနေသေး၏။

ထိုရုပ်တု၏ ညာလက်ဖြင့် ရိုးစင်းသောချိပ်တံဆိပ်တစ်ခု ကို ဖြစ်ပေါ်ထားဟန် ရသည်။သို့သော် အနီးကပ်သေချာ ကြည့်ပါက ထိုချိပ်တံဆိပ်သည် တုန်လှုပ်ဖွယ် ရှုပ်ထွေးလှ လေသည်။ ဝမ်လင်းအကြည့်က ၎င်းပေါ်သို့ ကျရောက်သွား သည့်အခါ သူ့စိတ်က တုန်ယင်သွားသည်။ထူးဆန်းအံ့ဖွယ် အားတစ်ခုက သူ့စိတ်ဝိညာဉ်ကို ဆွဲခေါ်ဖို့ ကြိုးစားနေ သကဲ့သို့ ဖြစ်လာသည်။

မရေမတွက်နိုင်သော ဓားလေတိုးသံများက သူ့နားထဲသို့ ဝင်လာခဲ့ကာ သူ့အမြင်ကလည်း မှုန်ဝါးလာ၏။ သူက သူ့ ပတ်လည်ကို ကြည့်လိုက်ရာ အမျိုးမျိုးလက်နက်များကို မရေမတွက်နိုင်သည့် တွေ့မြင်နေသည်။သူတို့က ကောင်းကင်ထက်သို့ ထိုးတက်သွားကြကာ ကောင်းကင်ဘုံ

ကိုင်ဆောင်ထားသော

ကောင်းကင်ဘုံသားများကိုနှင့် တိုက်ပွဲ တစ်ခု ဖြစ်တော့သည်။

ထိုကောင်းကင်ဘုံသားများက မိုးကြိုးများ တဖျပ်ဖျပ် တ လက်လက်ကို ပေးစွမ်းနေသည်။ သူတို့က လက်မြှောက် လိုက်သည့်အခါတိုင်း မိုးကြိုးတန်းများက ကောင်းကင် ထက်သို့ ထိုးတက်သွားကြသည်။

သို့သော် ကောင်းကင် လုံးဝ ဗလာကင်းမဲ့နေ၏။ သည် ကောင်းကင်ဘုံသားများနှင့် တိုက်ခိုက်နေသော ရန်သူ ဟူ၍လည်း မရှိပေ။ သို့သော် ကောင်းကင်ဘုံသားများ ကတော့ တစ်ယောက်ပြီး တစ်ယောက် ပေါက်ကွဲ ထွက်ကုန်ကြသည်။

သည်ထူးဆန်းသောမြင်ကွင်းက ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေလေသည်။ ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံ သားတစ်ယောက်က ကောင်းကင်ဘုံသားအုပ်ထဲကနေ ပျံသန်းထွက်လာသည်။ သူ့ဓားက ခရမ်းရောင်မိုးကြိုးနှင့် ဖုံးအုပ်နေကာ လူတစ်ယောက်သည် ထိုဓား၏ ဓားအိမ်ပေါ် တွင် မတ်တပ်ရပ်နေသည်။ ထိုလူက သက်လတ်ပိုင်းအရွယ် ကျောက်ရုပ်တုနှင့် တူတူပင် ဖြစ်နေသည်။

သည့်အပြင် ဓားထိပ်ဖျားပေါ်တွင်လည်း လူတစ်ယောက် ရှိနေသည်။ သိုသော် ထိုလူကတော့ လီယွမ်နှင့် မတူပေ။

အားက ထိုးထွက်သွားသည့်အခါ၌ ကောင်းကင်ဘုံသား အားလုံးသည် ပြန့်ကျဲကုန်ကြသည်။ ထိုဓား၏ ဓားစွမ်းအင် ကို တစ်ချက်ကြည့်မိရုံဖြင့်ပင် ဝမ်လင်း၏ စိတ်ဝိညာဉ်ကတုန်ယင်သွားလေသည်။

ထိုအခိုက်အတန့်၌ သူက သည်ပုံရိပ်ယောင်မြင်ကွင်းထဲ ကနေ အသံတစ်သံကို ကြားလိုက်ရသကဲ့သို့ ရှိ၏။

"ငါ အသက်ရှင်နေသ၍ စိတ်ဝိညာဉ်က သေဆုံးသွားမှာ မဟုတ်ဘူး..."

ထိုအသံ ထွက်ပေါ်လာသည့်အခါတွင် ဓားရိုးပေါ်တွင် မတ်တပ်ရပ်နေသောသူသည် ပျက်စီးသွားကာ ဓားထိပ်ဖျား ပေါ်တွင် ရပ်နေသော အစေခံကျွန်သာ ကျန်ခဲ့တော့သည်။ သူက ဗလာကင်းမဲ့သွားသော ဓားရိုးကို စူးစိုက်ကြည့် နေသည်။

ထိုကျေးကျွန်ဖြစ်သူ၏ မျက်လုံးထဲကနေ အလွန်အမင်း ဝမ်းနည်းမှုတို့ ထွက်ပေါ်လာသည်။ ဓားရိုးပေါ်ရှိ သူ့ဆရာက သူကောင်းကင်အလားပင်။ သူ့ကောင်းကင်ကြီးက ပျက်စီးသွားပြီ ဖြစ်သည့်အတွက် ဓားရိုးပေါ်တွင် မည်သူမျှ ရှိမနေတော့ပေ။

ခုချိန်မှစ၍ သည်လောကတွင် ဓားနှင့်သူသာ ကျန်ရစ်ပေ တော့မည်။

သူက ကောင်းကင်ထက်သို့ သေချင်သောစိတ်ဆန္ဒနှင့် မော့ကြည့်လိုက်သည်။ သူက ဓားဖျားပေါ်ကနေ ခုန်ဆင်းချ ကာ သူ့ဆရာ၏ လမ်းစဉ်အတိုင်း လိုက်၍ ကောင်းကင် ထက်သို့ ထိုးတက်သွားသည်။

"ဆရာသခင် သေသွားမှတော့ ဒီကျေးကျွန်ကလည်းလိုက်ရမှာပေါ့..

ကျေးကျွန်အမှတ်အသား(နောက်တစ်ပိုင်း)

ဓားထိပ်ဖျားတွင် မတ်တပ်ရပ်နေသောသူကလည်း ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ လေပြေတစ်ခု က ထိုလူ့ကို ရိုက်ခတ်သွားကာ သူ့ခန္ဓာကိုယ်က တုန်ယင် သွား၏။ ထို့နောက် သူက ရုတ်တရက် ပြိုလဲကာ အောက် သို့ ပြုတ်ကျသည်။

ဓားကလည်း ဝမ်းနည်းဟန် တွန့်ကျူး၍ ကောင်းကင် ထက်ကနေ ကျဆင်းလာပြီး တောင်ထိပ်တစ်ခုပေါ်တွင် ထိုး စိုက်သွားသည်။ထိုအခါ တောင်၏ အနားစွန်းကြီးတစ်ခုပင် ပဲ့ကျသွားခဲ့သည်။

ပျက်စီးကြေမွသွားသော ကျောက်စကျောက်နများသည် ထိုဓားပတ်လည်၌ စုဝေးသွားကြရာ မျက်စိတစ်မှိတ် အတွင်း ဓားက ကျောက်ရုပ်တုအဖြစ်သို့ ပြောင်းလဲသွား၏။ ထိုကျောက်ရုပ်တုအပြင် ၎င်းဓားပိုင်ရှင်၏ ရုပ်တုကပါ ပေါ်လာခဲ့လေသည်။

ထို့နောက် ပျက်စီးနေသော ကျောက်စကျောက်နများကစုစည်းလာကာ ဓားထိပ်ဖျားပေါ်တွင် ရှိခဲ့သော အစေခံ၏ပုံ ရိပ်ကလည်း ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာခဲ့သည်။

ထိုကျောက်တုံးရုပ်တုများက အလွန်အကြမ်းထည် ဆန် လှ၏။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် ပို၍ ထင်ရှားပြတ်သားလာခဲ့သည်။

ထိုကျောက်ရုပ်တုထံမှ ချိပ်တံဆိပ်သည် ဝမ်လင်း၏ စိတ် အာရုံကို သိမ်းပိုက်သွား၏။ ထိုချိပ်တံဆိပ်ကနေ သူ့မျက်လုံး ထဲသို့ အားကောင်းသောအလင်းတစ်ခု ထုတ်လွှတ် နေသည်။ ထိုရုပ်တု၏ မျက်လုံးထဲ၌ ဉာဏ်ရည်အချို့ ပြသ လာသကဲ့သို့ ဖြစ်သည်။

"ငါ့သွေးမျိုးဆက်နဲ့အတူ နောက်မျိုးဆက်တွေက အတားအဆီးကို ဖြေလျှော့ပြီး ငါ့ကို နိုးထစေရမယ်....။ တကယ်လို့ မင်းမှာ ဒီလိုလုပ်ဖို့ လုံလောက်တဲ့စွမ်းအား မ ပိုင်ဆိုင်ထားရင် ဒီကိစ္စကို မင်း နောက်မျိုးဆက်ကို ဆက်ပြီး အသိပေးထားရမယ်.."

ထိုစကားစု ထွက်ပေါ်လာသည့်အခိုက်တွင် ဝမ်လင်း၏ စိတ်ကို သိမ်းပိုက်ထားသော အမှတ်အသားခပ်နှိပ်မှုသည် အမြစ်တွယ်လာခဲ့သည်။

ကံကောင်းစွာဖြင့် ဝမ်လင်းခန္ဓာကိုယ်ထဲက နာကျင် မှုသည် သူ့စိတ်ကို လှုံ့ဆော်ပေးလိုက်ရာ မိန်းမောနေရာက နေ အထိတ်တလန့် အသိပြန်ဝင်လာ၏။ သူက ချက်ခြင်း ပင်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကာမျက်လုံးမှိတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လောင်ကျွမ်နေသောစွမ်းအား တစ် ခုက သူ့ခန္ဓာကိုယ်ထဲ၌ ပြည့်နှက်နေကာ သူ့စိတ်ထဲရှိအမှတ်အသားခပ်နှိပ်ခံရမှုကို လွင့်ပြယ်သွားစေသည်။

သူက သတိပြန်ဝင်လာသည်နှင့် မျက်လုံးဖွင့်လိုက်၏။ သူ့ မျက်လုံးထဲ၌ မှင်သက်မှုတို့နှင့် ပြည့်နေခဲ့သည်။သူက အသက်ဝဝရှုသွင်းကာ နောက်သို့ ပိုဆုတ်သွားသည်။ သည် ကျောက်တုံးက အလွန်ထူးဆန်းနေသည်။ သို့သော် သူ့နှစ် ပေါင်းတစ်ထောင် ကျင့်ကြံခြင်း အတွေ့အကြုံကြောင့် သူက အချို့ခန့်မှန်းမှုများကို လုပ်လိုက်နိုင်ပေသည်။

ထိုရုပ်တုထံမှ ချိပ်တံဆိပ်သည် ကောင်းကင်ဘုံမန္တာန် တစ်ခုဖြစ်မည်မှာ သိသာပေ၏။ ထိုမန္တာန်က အမွေအနှစ် အမျိုးအစားပင် ဖြစ်နေနိုင်သည်။ သို့ရာတွင် အချိန်ကုန်လာ သည်နှင့်အမျှ ၎င်းမန္တာန်၏စွမ်းအားက ကျဆင်းလာခဲ့ သည်။သို့သော် ကျွန်အမှတ်အသားကတော့ မျိုးဆက်များ စွာထိ တည်တံ့လို့နေသေးသည်။

သို့ရာတွင် ကမ္ဘာပေါ်၌ အချိန်ကို လွန်ဆန်နိုင်သည့် မန္တာန်ဟူ၍ မရှိပေ။သည်ကောင်းကင်ဘုံမန္တာန်က အရင် တုန်းက အလွန်အမင်း အားကောင်းလှမည် သော်လည်း အချိန်ကြာလာသည်နှင့်အမျှ အားနည်းသ ထက် အားနည်းလာခဲ့ပေသည်။ ဖြစ်

သို့သော် မည်သို့ပင်ဖြစ်စောကာ ဝမ်လင်း၏ ခန္ဓာကိုယ်ထဲ၌ လောင်ကျွမ်းနေခြင်းသာ မရှိလျှင် သူ့အတွက် ပြန်လည် သတိဝင်လာနိုင်ဖို့က အတော်လေး ခက်ခဲပေဦး မည်။ သို့ရာတွင် ဝမ်လင်းကို စိတ်ရှုပ်ထွေးစေသည်က ကျွန် အမှတ်အသား ပျောက်ကွယ်သွားခြင်းသည် လောင်ကျွမ်း အား ကြောင့် မဟုတ်ခြင်းပင်။ ထိုလောင်ကျွမ်းအားက ကျွန် အမှတ်အသားကို ပျက်စီးစေဖို့ တွန်းအား ဖြစ်စေ သော်လည်း အမှတ်အသား ပျောက်ကွယ်သွားခြင်းက ၎င်း ကိုယ်တိုင်ပင် ဖြစ်လို့နေသည်။

လီယွမ်က ကျောက်ရုပ်တုကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ "အစ်ကိုရှု...သင်… ဒါကို ခံစားမိလား..."

"အစ်ကိုရှု စိတ်အေးအေးနေပါ။ ဒီကျွန်အမှတ်အသားက သင့်ကို ကျွန်အဖြစ် ခပ်နှိပ်မှာ မဟုတ်ပါဘူး။ ဒါက လူတစ် ယောက်အပေါ်မှာ ခပ်နှိပ်ပြီးသား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ့ဘိုးဘေးတွေက သူတို့ရဲ့ နည်းလမ်း တွေနဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး တောင်ထိပ်ကို ရောက်ရှိခဲ့ကြတယ်။ အဲ့အချိန်ကစပြီး...သူတို့ကဒီ ကောင်းကင်ဘုံသားရဲ့ ကျေးကျွန်တွေ ဖြစ်လာခဲ့ကြတယ်။ ဒီဘိုးဘေးတွေရဲ့ နောက်မျိုးဆက်တွေကလည်း ကျွန် အမှတ်အသား ရှိလို့နေခဲ့တယ်..."

လီယွမ်က ရုပ်တုကို ကြည့်နေရင်း ဝမ်လင်းကို ခပ် တိုးတိုး ပြောပြနေခြင်း ဖြစ်သည်။

လီယွမ်က ထပ်ပြောလိုက်၏။ "ဒီကောင်းကင်ဘုံသားရုပ်တုက မဖျက်စီးနိုင်ဘူး..."

သူက ညာလက်ကို ပင့်မြှောက်ကာ ရုပ်တုပေါ်သို့ ဖိချ လိုက်သည်။ ထိုအခါ ရုပ်တုပေါ်၌ မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ဖြစ်ပေါ်ကာ ချက်ခြင်းပင် ရုပ်တုက အပိုင်းပိုင်း ဖြစ်သွားလေသည်။

သို့ရာတွင် ၎င်းရုပ်တုက ပျက်စီးသွားချင်းချင်းမှာပင် ထို အပိုင်းအစများက ပြန်လည် စုစည်း၍ ပုံမှန်ရုပ်တုအတိုင်း ပြန်ဖြစ်လို့သွားလေ၏။

"အစ်ကိုရှု...သင်တွေ့တယ်မလား…" လီယွမ်က ဝမ် လင်းထံသို့ လှည့်ကြည့်လိုက်သည်။

ဝမ်လင်းအသွင်က အလေးအနက်ဖြစ်လာကာ သူက ခေါင်းညိတ်လိုက်၏။

လီယွမ်က ခါးသီးစွာ ပြုံး၍ ဖြည်းဖြည်းချင်း ပြောလိုက် သည်။ "လွန်ခဲ့တဲ့အချိန်တွေတုန်းက ငါတို့လီမိသားစုဟာ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထဲမှာ ရှေးဟောင်း ကျင့်ကြံခြင်းမိသားစု ခြောက်ခုထဲက တစ်ခု အပါအဝင် ဖြစ် တယ်။ ငါ့မိသားစုက အတားအဆီးအစီအရင် တာအိုကို ကျင့်ကြံကြတယ်။မျိုးဆက်တိုင်းမှာလည်း ပထမအဆင့်ကို ချိုးဖျက်ပြီး ဒုတိယအဆင့်ကို ရောက်သွားနိုင်တဲ့လူတွေ ရှိခဲ့ တယ်....

*အတိတ်တုန်းက လီမိသားစုဟာ အထွတ်အထိပ်မှာ ရှိခဲ့ တဲ့ မိသားစုပဲ...."ဒါပေမဲ့လည်း ငါ့ဘိုးဘေးတွေက ဒီနေရာကို ဝင်လာပြီး တဲ့နောက်မှာတော့ နောက်မျိုးဆက်တွေထဲက ဘယ်သူကမှ ပထမအဆင့်ကျင့်ကြံခြင်းကို မချိုးဖျက်နိုင်ကြတော့ဘူး။

အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ကသာ အကန့်အသတ် ဖြစ်ခဲ့တယ်..."

"ဒါ့အပြင် ငါတို့ရဲ့ သက်တမ်းကလည်း လျော့နည်းလာခဲ့ တယ်။ ကျင့်ကြံခြင်းအဆင့်တူ နယ်ပယ်မှာဆိုရင်လည်း ငါ တို့လီမိသားစုက အခြားလူတွေရဲ့ သက်တမ်းရဲ့ သုံးဆယ် ရာခိုင်နှုန်းပဲ ရှင်သန်နိုင်ကြတယ်...ဒါတွေအားလုံးက ကျွန် အမှတ်အသားကြောင့်ပဲ..." လီယွမ်က ရုတ်တရက် ပြန် လှည့်ကာ ရုပ်တုထံသို့ အလွန်မုန်းတီးဟန်ဖြင့် စူးစိုက် ကြည့်လိုက်သည်။ချက်ခြင်းပင် သူ့မျက်နှာပေါ်၌ အောက်မေ့တမ်းတမှုက အစားထိုးပေါ်လာပြန်သည်။ လီ ယွမ်၏ မျက်နှာပေါ်၌ ရုန်းကန်နေရပုံ ပေါ်လေ၏။

ဝမ်လင်းမျက်လုံးက တည်ငြိမ်လျက်ပင် ရှိနေသည်။ သူက ဘေးတစ်ဖက်တွင် ရပ်နေရင်း တိတ်ဆိတ်စွာ ရှိနေ၏။

သိပ်မကြာခင်တွင် လီယွမ်၏ ခန္ဓာကိုယ်က ချွေးများဖြင့် ရွှဲနစ်လာခဲ့သည်။ ရုတ်တရက် သူက ချက်ခြင်းလိုလို ပို အသက်ကြီးသွားဟန် ပေါ်သည်။ သူ့လက်ဖြင့် အကိုင်း အခတ်များစွာကို ဖြစ်ပေါ်စေပြီးနောက် လီယွမ်က ၎င်းတို့ ကို သူ့မျက်ခုံးနှစ်ခုကြားထဲသို့ နေရာချလိုက်သည်။ ထို အကိုင်းအခတ်များက မရေမတွက်နိုင်သော အတားအဆီးများကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ၎င်းတို့ သူ့မျက်ခုံးနှစ်ခု ကြားသို့ ခပ်နှိပ်သွားသည်နှင့် လီယွမ်၏မျက်လုံးက ဖြည်းဖြည်းချင်း ပြန်လည် ကြည်လင်လာခဲ့သည်။

လီယွမ်က လေအပြည့်မှုတ်ထုတ်လိုက်၏။ သူက ခါးသီး စွာ ပြောလာသည်။ "အစ်ကိုရှု….ငါက အရမ်း စိတ်ခံစား ချက် ပေါ်တဲ့အခါဆိုရင် ဒီကျွန်အမှတ်အသားကို ထိန်းချုပ်ဖို့ အတော်လေး ခက်ခဲလာတတ်တယ်..."

"ဒီကျွန်အမှတ်အသားကြောင့် ငါတို့လီမိသားစုက တဖြည်းဖြည်းချင်း လျော့ပါးလာခဲ့တယ်။ မိသားစုဝင်တွေ ကလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ကြပြီး သူ တို့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ပထမအဆင့်မှာပဲ တစ်ဆို့ နေခဲ့တော့တယ်။ ဒီလိုနဲ့ သူတို့ရဲ့ အတိတ်က တောက်ပ ကျော်ကြားမှုကို ဖြည်းဖြည်းချင်း ဆုံးရှုံးလာခဲ့ကြရတယ်..."

"လွန်ခဲ့တဲ့ နှစ်သောင်းချီတဲ့အချိန်က ငါတို့လီမိသားစုမှာ ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ပိုင်ဆိုင်ခဲ့တယ်။ သူ့ရဲ့ အရည်အချင်းက ဘိုးဘေးတွေအားလုံးထက်လည်း သာလွန်တယ်။ သူက အတားအဆီးနဲ့ပတ်သတ်ပြီး ကြောက်ဖို့ကောင်းလောက်အောင် နားလည်နိုင်စွမ်း ရှိတယ်။ ငါတို့ လီမိသားစုက ကျွန်အမှတ်အသားသာ မခပ် နှိပ်ခံခဲ့ရရင် သူက လီမိသားစုထဲမှာ အသန်မာဆုံး လူတစ် ယောက်တောင် ဖြစ်လာနိုင်လိမ့်မယ်..."

“အဲ့ဒီဘိုးဘေးရဲ့ ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်မှာ တစ်နေပေမဲ့လည်း အတားအဆီး အစီအရင်တွေအပေါ်မှာ သူ့ရဲ့ ထိန်းချုပ်နိုင်မှုကြောင့် ဒုတိယအဆင့်က ကျင့်ကြံသူတွေတောင် သူ့ကို ဂရုမစိုက်ဘဲ ရန်မစဝံ့ခဲ့ကြဘူး။ ငါတို့ လီမိသားစုရဲ့ ကျွန်အမှတ်အသား ကို ဖျက်စီးနိုင်ဖို့အတွက် သူက သူ့သက်တမ်း အကန့်အသတ်ကို သုံးစွဲခဲ့ပြီး အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကနေ ထွက်ခွာသွားခဲ့တယ်။ သူက အတားအဆီးပေါ်မှာ ကျွမ်းကျင်တဲ့လူတွေရှိကို ကျွန် အမှတ်အသား ဖျက်စီးနိုင်လိုနိုင်ငြား မျှော်လင့်ချက်နဲ့ သွားရောက်လည်ပတ်ခဲ့တယ်..."

"အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထဲမှာ သူက လေ အားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ရှိက စာလိပ်တစ်ခု နဲ့ သူ့အတားအဆီးတွေကို လဲလှယ်ခဲ့တယ်။ ကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ တိမ်မှုန့်ကြယ်အဖွဲ့ အစည်းကြီးထဲမှာလည်း မိသားစုရဲ့ စုဆောင်းထားတဲ့အရာ တွေနဲ့ သံလိုက်အိမ်မြှောင်ကို လဲလှယ်ခဲ့သေးတယ်..."

သူ့သက်တမ်း မကုန်ဆုံးခင် အချိန်လေးမှာ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းဆီ ပြန်လာခဲ့ပြီး လီ မိသားစုထံ ပြန်ရောက်လာခဲ့တယ်။ လီမိသားစုရဲ့ မိသားစု ဝင်တစ်ဝက်တိတိက သူတို့ရဲ့ သက်တမ်းကို လက်လျော့ပြီး သံဓားတစ်လက် သန့်စင်မွန်းမံဖို့အတွက် သူတို့ရဲ့ စိတ် ဝိညာဉ်တွေကို ကောင်းကင်ဘုံသားရဲ့ စိတ်ဝိညာဉ်ကို တုပ နိုင်ဖို့ အသုံးပြုခဲ့ကြတယ်.."ဒီစိတ်ဝိညာဉ်တွေက သံလိုက်အိမ်မြှောင်ထဲမှ သိပ်သည်းထားခဲ့တယ်။ နောက်ဆုံးမှာတော့ ဒါကို စာလိပ် နဲ့အတူ ချိပ်ပိတ်လိုက်တယ်။ ဒီဘိုးဘေးရဲ့ သက်တမ်းက အဆုံးသပ်ခါနီးချိန် ရောက်လာတဲ့အခါမှာ မိုးကြိုး ကောင်းကင်ဘုံနယ်မြေကလည်း ပွင့်လာခဲ့တယ်။ သူက လီ မိသားစုရဲ့ မျှော်လင့်ချက်တွေကို သယ်ဆောင်ရင်း ဒီရတနာ သုံးကို ယူပြီး မိုးကြိုးကောင်းကင်ဘုံနယ်မြေထဲကို ဝင် ရောက်ခဲ့တယ်..."

"ဒါပေမဲ့လည်း ကံမကောင်းစွာနဲ့ အဲ့ဘိုးဘေးရှိကနေ ဘာ သတင်းမှ မကြားရတော့ဘူး။ အဲ့အချိန်ကစပြီး လီ မိသားစုကလည်း မျှော်လင့်ချက် ပျက်သုန်းပြီး ထပ်ပြီး လျော့ပါးလာတော့တယ်။ မိသားစုဝင်တွေကလည်း တစ် ယောက်ပြီး တစ်ယောက် သေဆုံးသွားခဲ့ကြတယ်။ ဒီကျွန် အမှတ်အသားက ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခုပြီး တစ်ခု ပြီးဆုံးတဲ့ထိ ကျိန်ဆိုထားတာနဲ့တူတယ်။ ဒါ့ကြောင့် လည်း ငါတို့လီမိသားစုက ဒီကျွန်အမှတ်အသားကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှု မရှိကြတော့ဘူး...။ဒီ ကနေ့မှာ ငါအပါအဝင် လီမိသားစုဟာ သုံးယောက်ပဲ ကျန် ရှိတော့တယ်..."

လီယွမ်၏အသံက ဝမ်းနည်းမှုတို့နှင့် ပြည့်နေသည်။ သူက ရုတ်တရက်လှည့်ကာ သုန်မှုန်စွာ ပြောလာ၏။ "လွန် ခဲ့တဲ့ နှစ်တစ်ထောင်က ငါ့အဖေက ဒီသံဓားကို က် ထောက်မပြီး တွေ့မြင်ခဲ့တယ်။ တကယ်တော့ ငါတို့ ဘိုးဘေးနဲ့ ပတ်သတ်တဲ့ ကိစ္စက နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့အတွက် ငါတို့မှာ ဘာဖြစ်ခဲ့လဲဆိုတာကိုလည်း မ ဆုံးဖြတ်နိုင်ခဲ့တော့ဘူး...။

ဒါပေမဲ့ ဒီသံဓားက ငါတို့မိသားစုရဲ့ စိတ်ဝိညာဉ်တစ်ဝက် တိတိနဲ့ မွမ်းမံသန့်စင်ခဲ့တာ ဖြစ်တယ်. ငါ့အဖေက ဒီဓားကို တစ်ချက်ခြင်လိုက်တာနဲ့ မိသားစုဝင်တွေရဲ့ မကျေမချမ်းမှုနဲ့ ဒေါသတို့ကို ဖြတ်မြင်နိုင်ခဲ့တယ်..."

လီယွမ်က သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အလင်း တစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်ကာ ဝဲကတော့တစ်ခု ပေါ်ထွက်လာခဲ့ သည်။ ထိုဝဲကတော့ လှည့်လည်နေရင်းဖြင့်ပင် ကော ဟန်၏ တော့သည်။ ကြောက်လန့်နေသောအသွင်က ပေါ်လာခဲ့

သူမ၏ ခန္ဓာကိုယ်ကလည်း ဝဲကတော့ထဲကနေ ရုပ်တု၏ အောက်ခြေထံသို့ ဆွဲပစ်လွှတ်ခြင်း ခံလိုက်ရသည်။

"ဒီသံဓားကို ပိုင်ဆိုင်ခဲ့တဲ့ မိသားစုရဲ့ မျိုးရိုးနာမည်က ကော ဖြစ်တယ်..."

လီယွမ်၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်လာကာ အမုန်းတရားနှင့် ပြည့်လို့နေသည်။

“ဟိုးအတိတ်နေ့တုန်းက ငါတို့လီမိသားစု သန်မာချိန် တုန်းက ဆိုရင် ကောမိသားစုလိုအရာမျိုးကို ဖျက်စီးဖို့က ငါ့ လက်တစ်ချက် တောက်ထုတ်လိုက်ရုံနဲ့ ရတယ်။ ဒါပေမဲ့ လည်း ခုချိန်မှာက ငါ့လီမိသားစု ကျင့်ကြံမှုက အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်မှာ တစ်ဆို့နေခဲ့ကြတယ်။ အတားအဆီးတွေရဲ့ အကူအညီနဲ့ဆိုရင်တောင် ငါတို့က ဒုတိယအဆင့် ကျင့်ကြံသူနှစ်ယောက်ရှိတဲ့ ကောမိသားစုကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး..."

"နှစ်အတော်အတန် ကြာပြီးတဲ့နောက်မှာတာ့ ငါက ကောမိသားစုရှိ ပုံဖျက် အယောင်ဆောင်ပြီး သွားခဲ့တယ်။ အဲ့နောက်မှာ ငါက အရာအားလုံးကို ရှာတွေ့ခဲ့တယ်..."

လီယွမ်က ကောင်းကင်ထက်သို့ ခါးခါးသီးသီး မော့ကြည့် လိုက်လေသည်။

"ကောမိသားစုက လွန်ခဲ့တဲ့အချိန်တွေကတည်းက ငါတို့ မိသားစုရဲ့ နောက်ခံကို သိကြတယ်။ ဒါပေမဲ့လည်း သူတို့က အတိတ်က အကြောင်းကို ဘာမှ ပြန်မဟတော့ဘဲ ကော ဟန်ရယ်၊ ရတနာသုံးခုရယ်ကို ငါနဲ့အတူ မိုးကြိုး ကောင်းကင်ဘုံနယ်မြေကို စေလွှတ်ခဲ့တာပဲ..."

“သူတို့က ဘာမှ မပြောဘူးဆိုရင်တောင် ငါ့ဉာဏ်ရည် အရ ငါက အတိတ်တုန်းက ဖြစ်ပျက်ခဲ့ပုံကို ခန့်မှန်းနိုင်ခဲ့ တယ်..."

လီယွမ်၏မျက်လုံးက ကောဟန်ထံသို့ ရက်စက်ဟန်ဖြင့် စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒီနေ့ ငါက ငါ့ဘိုးဘေးရဲ့ ဆန္ဒတွေကို အပြီးသပ်နိုင်ဖို့ ရောက်လာ ခဲ့တာ။ ဒါပေမဲ့ ဒါမတိုင်ခင်မှာ အတိတ်က ငါ့ဘိုးဘေးတွေ ခံစားခဲ့ရတဲ့ နှစ်သောင်းနဲ့ချီတဲ့ မျှော်လင့်ချက်မဲ့မှုကိုချွေးသိပ်နိုင်ဖို့အတွက် နင့်ရဲ့ သွေး လိုအပ်တယ်..."

လီယွမ်က ထိုသို့ ပြောလိုက်ရင်း သူ့ညာလက်ကို ဆန့် ထုတ်ကာ ကောဟန်ကို ချက်ခြင်း ဖမ်းယူလိုက်သည်။ သူ့ လက်ဖြင့် သူမ၏ နှဖူးကို ကိုင်ဆောင်ထားသည်။ ကော ဟန်၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့နှင့် ပြည့်နှက်လို့ နေသည်။ သူမက တစ်ခုခု ပြောချင်နေဟန် ရသည်။ သို့သော် အဆုံးသပ်၌ သူမသည် ဘာစကားမှ မဆိုနိုင်တော့ ပေ။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "ရောင်းရင်းကျင့်ကြံသူလီ...လီမိသားစုနဲ့ ကောမိသားစုကြားက ကိစ္စက ငါနဲ့ ဘာမှ မဆိုင်ဘူး။ ဒါကို ဘာကြောင့်များ သင့်က ဒီနေရာထိ ငါ့ကို ခေါ်လာခဲ့ရတာ 3..."

လီယွမ်က ဝမ်လင်းထံသို့ လှည့်ကာ တည်ငြိမ်စွာ ပြော လိုက်၏။ "ငါက အကိုရှုဟာ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်နေတာကို ငါ့ အတားအဆီးအစီအရင်တွေကနေ တစ်ဆင့် တွေ့မြင်ခဲ့ တယ်။အစ်ကိုရှုရဲ့ မန္တာန်တွေထဲက တစ်ခုက ငါ့အတွက် တော်တော်လေး အသုံးဝင်တယ်။ အစ်ကိုရှုက စိတ် သက်သက်သာသာ နေပါ။ ငါက အစ်ကိုရှုဆီက အလကား သပ်သပ် အကူအညီတောင်းမှာ မဟုတ်ပါဘူး။ ဒီကိစ္စသာ ပြီးမြောက်သွားရင် ငါက အစ်ကိုရှုကို အတုံ့အဖွဲ့အနေနဲ့ ငါ့ မိသားစုရဲ့ ပျက်သုဉ်းခြင်းအတားအဆီးနဲ့အတူ မက်မွန်ဆယ့်ရှစ်ခုအတားအဆီးတို့ကို ပေးပါ့မယ်...။ခုချိန်မှာတော့ ငါက အစ်ကိုရှု စိတ်ရှည်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ငါက အရင်ဆုံး ငါ့မိသားစုစိတ်ဝိညာဉ်တွေကို စတေးပူဇော် မှု တစ်ခု ပြုလုပ်ရမှာမို့ပါ..."

ထို့နောက် လီယွမ်၏ မျက်လုံးက အမုန်းတရားနှင့် ပြည့် နှက်လာကာ သူ့ခန္ဓာကိုယ်ကနေ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များလည်း မြင့်တက်လာခဲ့ပြီး ကောဟန် ထံသို့ တရကြမ်း တိုးဝင်လာခဲ့သည်။ အမျိုးသမီး၏ အသွင် က ခါးသီးနေသည်။ သို့သော် သူမ၏ မျက်လုံးများကတော့ အလွန်ကြည်လင်နေ၏။ သူမက အနောက်ရှိ ရုပ်တုကို အားတင်းကာ ကြည့်လိုက်သည်။ ထိုတစ်ချက် ကြည့်လိုက် ပြီးသည့်နောက် သူမက တစ်စုံတစ်ခုကို နားလည်သွားခဲ့ပေ သည်။ သူမက ပါးစပ်ဟကာ တစ်စုံတစ်ခုကို ပြောဟန် ပြင် လိုက်၏။သို့သော် ကောဟန်သည် ထိုအခွင့်အရေးကို ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ပေ။

သူမ၏ခန္ဓာကိုယ်က သွေးမြူများအဖြစ်သို့ ပေါက်ကွဲ ထွက်သွားကာ ရုပ်တုအား ဖုံးလွှမ်းသွားသည်။ သူမ၏ မူလ စိတ်ဝိညာဉ်ပင် ရုပ်တု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားလေသည်။

လီယွမ်က သူ့လက်ကို အောက်သို့ ပြန်ချကာ စိတ်ရှုပ် ထွေးဟန်ဖြင့် စဉ်းစားကာနေသည်။အချိန်အတန်ကြာမြင့် ပြီးနောက် သူက သက်ပြင်းချကာ ပြောလာသည်။ “ဘိုး ဘေး...သင့်မိသားစုဝင် လီယွမ်က သင်စခဲ့တဲ့အရာကိုအပြီးသပ်ပေးတော့မှာပါ..."

သွေးဘိုးဘေး ရောက်ရှိလာမှု

လေပြင်းက တိုက်ခတ်သွားရာ သွေးမြူများအားလုံးသည် လွင့်ပြယ်လို့သွားသည်။ ဝမ်လင်းက သည်အရာများ အားလုံးကို တည်ငြိမ်စွာသာ ကြည့်နေ၏။ ဖြစ်ပျက်သမျှ သည် သူနှင့် ဘာမှမသက်ဆိုင်ပေ။ ထို့ကြောင့်သူက ကူညီ ရန်လည်း မကြိုးစားပေ။

သူက သည်နေရာမှာ ရှိမနေလျှင်ပင် ကောဟန်၏ ကံကြမ္မာက လီယွမ်နှင့်အတူ မိုးကြိုးကောင်းကင်ဘုံ နယ်မြေသို့ ဝင်ရောက်လာကတည်းက သတ်မှတ်ပြီးသား ဖြစ်၏။

"ဒီလီယွမ်ရဲ့ အကြံအစည်က တကယ့်နက်နဲတာပဲ။ သူ ပြေတာသာ အမှန်ဆိုရင် သူက တစ်လမ်းလုံး ကောဟန် ဘေးမှာ သည်းခံခဲ့တာက တော်တော်လေး ထိတ်လန့်ဖွယ် ပဲ။ သူက ဒီတောင်ပေါ်ကို ရောက်လာပြီးမှသာ အရာ အားလုံးကို ဖွင့်ထုတ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ တောင်က အတားအဆီးတွေနဲ့ ပြည့်နေလို့ပဲ။ ကြည့်ရတာ ဒီအတားအဆီးတွေက သူ့ဘိုးဘေးတွေနဲ့ တော်တော်များများ ပတ်သတ် နေလိမ့်မယ်..."

"ဒါပေမဲ့လည်း ငါက သူပြောသမျှအမှန်ဖြစ်တယ်လို့ သေချာ မသိသေးဘူး..." ဝမ်လင်းက လီယွမ်ကို တည်ငြိမ် စွာ ကြည့်လိုက်သည်။လီယွမ်က တည်ငြိမ်လို့နေ၏။သူ့ တည်ငြိမ်မှုက ပျော်ရွှင်နေသလား၊ဒေါသထွက်နေသလား ပင် မသိရချေ။

"ဒါပေမဲ့လည်း ကောဟန်ရဲ့မျက်လုံးတွေက နည်းနည်း ထူးဆန်းနေတယ်။ သူမက မသေခင်လေးမှာ ကျောက်ရုပ် တုကို ဘာကြောင့် လှည့်ကြည်ချင်ခဲ့တာလဲ..."

လီယွမ်က အသက်ဝဝရှုသွင်းပြီးသည့်နောက် ဝမ်လင်း ထံသို့ လှည့်လာကာ တည်ငြိမ်စွာ ပြောလိုက်၏။ "အစ်ကို ရှု…ငါ့အတားအဆီးတွေက ငါ့ဘိုးဘေးတွေနဲ့ မယှဉ်သာပါ ဘူး။ငါ အစ်ကိုရှု ရှိက လိုအပ်တဲ့မန္တာန်ကတော့ ပုံရိပ် ယောင်ယင်အဆင့်ကျင့်ကြံသူ ထွက်ပြေးတာကနေ ရပ်တန့် စေခဲ့တဲ့ မန္တာန်ပဲ ဖြစ်ပါတယ်..."

ဝမ်လင်းအသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူက စိတ် ထဲ၌ တွေးလို့နေသည်။ ထိုအရာကို ကြည့်ခြင်းဖြင့် လီယွမ် ဝမ်လင်းနှင့်ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတို့ သည် ကြား တိုက်ပွဲ၌ ရပ်တန့်ခြင်းမန္တာန်ကို တကယ်မြင်တွေ့ခဲ့ရ ကြောင်း ဆုံးဖြတ်နိုင်ပေသည်။

"ငါ့တစ်ဘဝလုံးမှာ အစ်ကိုရှုရဲ့မန္တာန်လိုမျိုးကို ပထမဆုံး မြင်ဖူးတာပဲ။ဒီမန္တာန်က တော်တော်လေး အားကောင်းလှတယ်။ အရာအားလုံးကိုလည်း ခဏတာ ရပ်တန့်စေနိုင်စွမ်း ရှိတယ်။ အစ်ကိုရှုရဲ့ အကူအညီနဲ့ဆိုရင် ငါက ကျောက်ရုပ် တုကို ဖျက်စီးနိုင်ပြီး ငါ့လီမိသားစုရဲ့ လွတ်လပ်မှုကို ပြန် ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေမိတယ်..."

"ငါက ဒီမန္တာန်အတွက် ပျက်သုဉ်းခြင်းအတားအဆီးနဲ့ မက်မွန်ဆယ့်ရှစ်ခု အတားအဆီးတို့ကို အပြန်အလှန်အနေ နဲ့ ပေးပါ့မယ်..."

ဝမ်လင်းက လီယွမ်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။ သည်ကိစ္စကသာ လီယွမ်ပြောသလိုမျိုး ရိုးစင်းပါက သူ့အဖို့ ကူညီလိုက်ရလည်း ပြဿနာ မဟုတ်ပေ။ပျက်သုဉ်းခြင်း အတားအဆီးကို မေ့ထားကာ မက်မွန်ဆယ့်ရှစ်ခု အတားအဆီးနှင့် ဆိုလျှင်ပင် သူ့စွမ်းအားကို များစွာ တိုးတက်စေပေလိမ့်မည်။

ဝမ်လင်းက စဉ်းစားနေရင်း ကျောက်ရုပ်တုကို ကြည့် နေသည်။သူက ရုပ်တု၏ လက်ဟန်ချိပ်တံဆိပ်နားကိုတော့ ရှောင်ကြည့်ကာ သူ့အကြည့်ကို အမြန်ပြန်ရုတ်သိမ်းလိုက် သည်။ သူက တစ်စုံတစ်ခုကို ခပ်ရေးရေးး သတိပြုမိသွား သည်။ ကောင်းကင်ဘုံသားရဲ့ ပုံပန်းသွင်ပြင်က ကောဟန် နှင့် တစ်ချို့တစ်လေ ဆင်တူနေ၏။းး သတိပြုမိသွား သည်။ ကောင်းကင်ဘုံသားခုကို ခပ်

“အစ်ကိုရှု...ငါ့ကျင့်ကြံမှုအဆင့်က အတားအဆီးတွေကို ပါ အသုံးပြုရင်တောင် သင့် ပြိုင်ဘက် မဖြစ်နိုင်ပါဘူး။ ဒါကို သင်က ဘာကြောင့် ငါ့အပေါ် သံသယ ရှိနေသေးတာ လဲ။ ထားလိုက်ပါတော့လေ ငါကတော့ ငါ့ စိတ်ရင်းကို ပြသ ဖို့အတွက် သင့်ကို မက်မွန်ဆယ့်ရှစ်ခုအတားအဆီး အပြည့်အစုံ ပေးလိုက်ပါ့မယ်။ ဒီရုပ်တုရဲ့ ချိပ်တံဆိပ်ကို ဖျက်စီးပြီးတဲ့ အချိန်ရောက်ရင်တော့ ငါက ပျက်သုဉ်းခြင်း အတားအဆီးကို အစ်ကိုရှုထံ ပေးမှာပါ..."

လီယွမ်၏အသံထဲ၌ ရိုးသားမှုတို့ ပါဝင်နေကာ သူက ဝမ် လင်းကို ကြည့်လိုက်၏။

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။

လီယွမ်က ကျောက်စိမ်းပြားတစ်ခုကို ချက်ခြင်း ထုတ်ယူ လိုက်သည်။ ၎င်းကျောက်စိမ်းပြားပေါ်၌ အမှတ်အသား ပြု ပြီးသည့်နောက် သူက ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။ ထိုကျောက်စိမ်းပြားထဲ၌ မက်မွန်ဆယ့်ရှစ်ခုအတားအဆီး နည်းလမ်းအတွက် ကျန်နေသေးသော ရုပ်တုငါးခု ပါဝင်နေ ပေသည်။

၎င်းကျောက်စိမ်းပြားကို သူက ၎င်းကို သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ ကြည့်လိုက်ပြီးသည့်နောက် "ငါ ကူညီပေးနိုင် တယ်..."

ဝမ်လင်းက ထိုသို့ပြောလိုက်သော်လည်း သူက ပို၍ သတိထားလာခဲ့သည်။ သူက တစ်ခုခုမှားနေသည်ဟု ခံစား နေရမြဲ ဖြစ်၏။
လီယွမ်က အားလုံးပြောပြခဲ့သည်ဟု ထင်မှတ်ရ သော်လည်း ဝမ်လင်းသည် လီယွမ်သည် မြူလွှာပါးတစ်ခု ခြုံကာ ထားသည့်လူဟု ခံစားမိနေဆဲ ဖြစ်သည်။

ဝမ်လင်းက စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ "ငါက ဒီ လီယွမ်ရဲ့ အကြံအစည်က ဘာများ ဖြစ်မလဲ သိမြင်ချင်မိတယ်

လီယွမ်က ကျေနပ်သည့်ဟန်ပန် ဖြစ်လို့သွားသည်။ ထို့နောက် သူက အသက်ဝဝရှုသွင်းကာ သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး သံဓားကို ပျံသန်းထွက်လာစေသည်။ သံဓား ကို ညာလက်ဖြင့် ကိုင်ဆောင်ထားရင် သူ့ဘယ်လက်က သံ ဓားပေါ်သို့ ညင်သာစွာ ခြစ်လိုက်၏။

ဓားကိုယ်ထည် တစ်လျှောက် သွေးစီးကြောင်းတစ်ခုက ချက်ခြင်း စီးဆင်းသွားကာ နတ်ဆိုးဆန်ဆန် အနီရောင် တောက်ပလာသည်။

လီယွမ်က သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေ၏။ ဝမ်လင်း က သူပြောနေသည်ကို ရှင်းရှင်းလင်းလင်း မကြားရပေ။ ဝမ်လင်းက ခပ်တိုးတိုး ထပ်ရေရွတ်နေသည်။ထို့နောက် ပြင်းထန်သော မကျေမချမ်းအော်ရာတစ်ခုက သံဓားထံက နေ ထွက်ပေါ်လာခဲ့သည်။ထိုအော်ရာက မကျေမချမ်းမှု မြောက်များစွာကို တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်ထား ခြင်း ဖြစ်သည်။

အနီရောင်မီးတောက်တစ်ခုက သံဓားထံကနေ ပေါက်ကွဲထွက်လာသည်။ထိုအနီရောင်မီးတောက် အထဲ၌ မကျေမ ချမ်းအော်ရာ အမျှင်တန်းများသည် အမျိုးမျိုးသော လူသား မျက်နှာများအသွင်သို့ ချက်ခြင်း ပြောင်းလဲသွားကြသည်။

ထိုမြင်ကွင်းက အလွန်ထူးဆန်းလှချေ၏။

ထိုအနီရောင်မီးတောက်ထဲကနေ

တစ္ဆေညီးသံများက လည်း စတင် ထွက်ပေါ်လာနေကြသည်။ တောင်တစ်ခုလုံး က ထိုညီးညူသံများနှင့် ပြည့်လာခဲ့လေ၏။

လီယွမ်၏အသွင်ဟန်ပန်ကလည်း

ထိုအနီရောင် မီးတောက်ကြောင့် လင်းလက်နေသည်။ သူက သိုလှောင် အိတ်ထဲမှ သံလိုက်အိမ်မြှောင်ကို ထုတ်ယူလိုက်ပြန်၏။ သံလိုက်အိမ်မြှောင် ထွက်ပေါ်လာသည်နှင့် လီယွမ်က ၎င်း ကို အနီရောင်မီးတောက်ထဲသို့ ပစ်လွှတ်လိုက်သည်။

သံလိုက်အိမ်မြှောင်က အနီရောင်မီးတောက်ထဲသို့

ရောက်သွားသည့်အခါတွင် ၎င်း၏ အရပ်မျက်နှာသို့ ညွှန်ပြ သော လက်တံများက မြန်ဆန်စွာ လှည့်ပတ်လာကြသည်။ ထိုအရာက အနီရောင်မီးတောက်ကို မြန်ဆန်စွာ ပို၍ ပျံ့နှံ့ လာစေ၏။

မျက်စိတစ်မှိတ်အတွင်း သံဓားထံမှ အနီရောင် မီးတောက်သည် ဆယ့်နှစ်ပေခန့် မြင့်လာခဲ့သည်။

ထိုအနီရောင်မီးတောက်က ပြင်းပြင်းထန်ထန် လှုပ်ခတ် ကာ သံလိုက်အိမ်မြှောင်သည်လည်း ကွဲကြေသွားသည်။ သံလိုက်အိမ်မြှောင် ပျက်စီးသွားသည့်အခိုက်တွင် အနီရောင်မီးတောက်က ပိုမို၍ ပြင်းထန်လာခဲ့သည်။

ထို့နောက် သံဓားက ပျက်စီးသွား၏။ ၎င်းက သံအရည် အဖြစ် ပျော်ကြကာ အနီရောင်မီးတောက်၏ စုပ်ယူခြင်းကို ခံလိုက်ရပြန်သည်။ မီးတောက်က ပို၍ ကြီးထွားလာသည်။ အနီရောင်မီးတောက်က ပေတစ်ရာကျော်ထိ မြင့်မားလာခဲ့ ကာ ၎င်းက ကျောက်ရုပ်တုပေါ်သို့ အုပ်မိုးလာ၏။

ရုတ်တရက် အနီရောင်မီးတောက်က ကျောက်ရုပ်တုကို လွှမ်းခြုံသွားလေသည်။ ကျောက်ရုပ်တုဘေးနားရှိ ဓား ရုပ်တုနှင့်အစေခံရုပ်တို့ပါ အနီရောင်မီးတောက်၏ လွှမ်းခြုံ ခြင်းကို ခံလိုက်ရလေ၏။

ကျောက်ရုပ်တုထဲသို့ အနီရောင်မီးတောက်ထဲရှိ မကျေမ ချမ်းဖြစ်မှုက ဝင်ရောက်သွားသည့်အခါတွင် ထိုရုပ်တုက သန့်စင်ခြင်း ခံလာရသည်ဟု ထင်မှတ်ရ၏။ရုပ်တုပေါ်၌ အက်ကွဲကြောင်းများ တဖြည်းဖြည်း တဖြည်းဖြည်း ပျက်စီးလာခဲ့သည်။ ပေါ်လာကာ

လီယွမ်၏ မျက်လုံးများက တောက်ပလာကာ သူက သိုလှောင်အိတ်ထဲကနေ ကျောက်စိမ်းပုလင်းတစ်လုံးကို ချက်ခြင်း ထုတ်ယူလိုက်သည်။ သူက ကျောက်စိမ်းပုလင်း ကို ပစ်လွှတ်လိုက်ရာ အဖြူရောင်အလင်းအမျှင်တန်းများ 3 အနီရောင်မီးတောက်ထဲသို့ ပျံသန်းဝင်ရောက်သွား သည်။ ထိုအဖြူရောင်အလင်းအမျှင်တန်းများသည် ရုပ်တု၏ အက်ကွဲကြောင်းများကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။

ရုပ်တုပေါ်၌ ပိုပိုများပြားသော အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ အဖြူရောင်အလင်းနှင့် မကျေမချမ်းမှုတို့ က ရုပ်တုထဲသို့ ဝင်ရောက်နေရင်း ရုပ်တုထဲကနေ တစ်စုံတစ်ခုက နိုးထလာသကဲ့သို့ ထင်မှတ်ရသည်။

ထိုအခိုက်အတန့်၌ လီယွမ်က အသက်ဝဝရှုသွင်း လိုက်၏။ ချက်ခြင်းပင် သူက သိုလှောင်အိတ်ထဲက နောက်ဆုံးရတနာဖြစ်သည့် စာလိပ်ကို ထုတ်ယူလိုက်၏။ ထိုစာလိပ်က ရုတ်တရက် ပွင့်ဟလာသည့်အခါတွင် ပန်းချီ ကားလည်း ပေါ်လာ၏။ ထိုအခါ ရုပ်တုကို ဝန်းရံထားသော အနီရောင်မီးတောက်များသည် ရုတ်တရက် တုန်ယင်လာ ကာ တစ်စုံတစ်ခု နိုးထလာသည်ဟူသော ခံစားချက်က ပို အားကောင်းလာခဲ့သည်။

လီယွမ်က အော်ပြောလိုက်၏။ "အစ်ကိုရှု...မန္တာန်ကို အသုံးပြုပြီး ငါ့ကို ရုပ်တုထဲမှာ ကျန်ရှိနေသေးတဲ့ မသေ မျိုးစိတ်ဝိညာဉ်ကို ချိပ်ပိတ်လို့ရအောင် လုပ်ပေးပါ..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက နှာခေါင်းရှုံ့လိုက်၏။ သူက မန္တာန်ကို အသုံးပြုခြင်း မရှိသည့်အပြင် နောက်သို့ အမြန်ဆုတ်လိုက်သည်။ ဝမ်လင်းက ယခုကိစ္စ၏ အကျိုးအကြောင်းအမှန်ကို မြင်နိုင်လုနီးပါး ဖြစ်နေခဲ့လေပြီ။

ဝမ်လင်း နောက်ဆုတ်သွားခြင်းကြောင့် လီယွမ်ကခေါင်းလှည့်လာကာ ဝမ်လင်းကို ကြည့်လာသည်။ သူက ကြမ်းကြုတ်သောဟန်ပန် ဖြစ်ပေါ်နေကာ အော်ပြော လိုက်၏။ "ရောင်းရင်းရှု...သင်အခု မလုပ်ဆောင်ရင်... ဘယ်အချိန်လုပ်..."

ထိုအခိုက်အတန့်မှာပင် ရုပ်တုပေါ်၌ ပိုများပြားသော အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။ ၎င်းရုပ်တုက ပျက်စီး ပြိုလဲတော့မည် အရိပ်လက္ခဏာပင် ပြသလာခဲ့သည်။ တစ်စုံတစ်ခု နိုးထလာတော့မည့် ခံစားချက်ကလည်း ပို အားကောင်းလာခဲ့သည်။ အနီရောင်မီးတောက်ထဲရှိ မကျေ မချမ်းမှု တော်တော်များသည်လည်း ရုပ်တု၏ စုပ်ယူခြင်းခံ လိုက်ရပြီး ဖြစ်ကာ အဖြူရောင်အလင်းအားလုံးသည်လည်း ထိုနည်းလည်းကောင်းသာ။

ယင်းမကျေမချမ်းမှုနှင့်အဖြူရောင်အလင်းတို့က ရုပ်တု ကို လွတ်လပ်သွားအောင် ချိုးဖျက်နိုင်ရန် ပံ့ပိုးနေခြင်းနှင့် တူနေပေ၏။ သို့ရာတွင် စိတ်ဝိညာဉ် လွတ်မြောက်နိုင်ရန် ကာဆီးထားသည့် မန္တာန်တစ်ခုကတော့ ရှိလို့နေသေး သည်။ ထိုမန္တာန်က ရုပ်တုနှင့်အတူ ထိုစိတ်ဝိညာဉ်အား ပျက်စီးသွားစေချင်နေ၏။

ဝမ်လင်းက နောက်သို့ ပိုမြန်ဆန်စွာ ဆုတ်လာ၏။ သူက ချက်ခြင်းပင် ပေတစ်ထောင်အကွာသို့ ရောက်ရှိသွားသည်။ လီယွမ်၏ မျက်လုံးက အေးစက်လာခဲ့၏။ သူ့ကျင့်ကြံမှု အဆင့်ကလည်း အရူးအမူး ပေါက်ကွဲထွက်လာခဲ့ချေသည်။ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်တွင်သာ ရှိနေသေးသော်လည်း သူ့ခန္ဓာကိုယ် အတွင်း၌ ကြောက်မက်ဖွယ်အော်ရာတစ်ခု ရှိလို့နေလေ၏။

သူက တည်နေရာ ရွှေ့ပြောင်းသကဲ့သို့ ထိုးထွက်လာကာ ဝမ်လင်းကို ချက်ခြင်း မှီလာသည်။ သူက အော်ပြော လိုက်၏။ "ရောင်းရင်းကျင့်ကြံသူ ရှု...သင်က ဘာကြောင့် နောက်ဆုတ်နေရတာလဲ..."

"ရောင်းရင်းကျင့်ကြံသူလီရဲ့ ဇာတ်လမ်းက တော်တော် လေး လှပပါပေတယ်။ ဒါပေမဲ့ သင့်ရဲ့ ရည်ရွယ်ချက်က လီ မိသားစုရဲ့ ကျွန်အမှတ်အသား ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ဖို့ မဟုတ်ဘဲ ဒီကောင်းကင်ဘုံရုပ်တုကို ပြန်အသက်သွင်းနိုင်ဖို့ ဖြစ်နေမှာ ငါ စိုးရွှံ့မိပါတယ်..."

ဝမ်လင်းက နောက်ဆုံနေရင်း သူ့နောက်မှ အရိပ်တစ်ခု က ဖျပ်ခနဲ ပေါ်လာသည်။ ကောင်းကင်ဘုံသက်တော်စောင့် က ခုန်ထွက်လာကာ လီယွမ်ထံသို့ လက်သီးတစ်လုံး ပစ် သွင်းလိုက်လေသည်။

ထိုလက်သီးချက်နောက်ကနေ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခုက ကပ်ပါသွား၏။ ၎င်း၏ အရှိန်အဟုန် က တုန်လှုပ်ဖွယ်ပင်။

လီယွမ်က နှာခေါင်းရှုံ့ကာ အထင်သေးဟန် ပြုသည်။ သူ့ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ဝှေ့ယမ်း လိုက်၏။ ထိုအခါ အနက်ရောင်မျဉ်းလိုင်းတစ်ခု ပေါ်ထွက် လာသည်။ ထိုအနက်ရောင်မျဉ်းလိုင်းက ချဲ့ထွကလာကာတြိဂံပုံ ဖြစ်ပေါ်သည်။ လက်သီးက နီးကပ်လာသည့်အခါ ထိုတြိဂံက တဖျပ်ဖျပ် လင်းလက်သွားပြီးနောက် ကောင်းကင်ဘုံသက်တော်စောင့်၏ ပေါ်လာလေသည်။ လက်သီးရှေ့တွင်

ချက်ခြင်းပင် တြိဂံက မြန်ဆန်စွာ ချဲ့ထွက်လာကာ ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးနှင့် ထိတိုက်သွားသည်။ ထို့နောက် ကောင်းကင်ဘုံ သက်တော်စောင့်၏ လက်သီးတစ်လျှောက်တွင် ၎င်း အနက်ရောင်မျဉ်းလိုင်းက ပျော့ပြောင်းသော ကြိုးတစ်စ ကဲ့သို့ ရစ်ပတ် ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်း က ကောင်းကင်ဘုံသက်တော်စောင့်၏ ပတ်လည်တွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင် ထွေးခြုံသွားသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့်က အနက်ရောင်အလင်းများ ပေးစွမ်းနေသော တြိဂံ၏ တင်းကျပ်စွာ ချုပ်နှောင်ထွေးခြင်းကို ခံလိုက်ရလေသည်။ ကောင်းကင်ဘုံသက်တော်စောင့်က မည်မျှရုန်းကန်ပါစေ အသုံးမဝင်တော့ပေ။

"အဆင့်နိမ့်ကောင်းကင်ဘုံသက်တော်စောင့်လေးကများ ငါ့ရှေ့မှာ လာဂျိုကြွရဲတယ်..."

လီယွမ်၏ ရယ်သံက တုန်လှုပ်ဖွယ် ဖြစ်နေသည်။

သို့ရာတွင် ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်း ဖြစ် နေကာ သူက တိုးညင်းစွာ ပြောလိုက်သည်။ "မင်းကအစောပိုင်းတုန်းက တကယ့်ကို လိမ်ခဲ့တာပဲ..."

လီယွမ်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြော လိုက်သည်။ "ငါ မင်းကို မတိုက်ခိုက်ချင်ဘူး။ ခုချိန်မှာ ကြည်ကြည်သာသာနဲ့ ငါ့နဲ့အတူ ပြန်လိုက်ခဲ့ပြီး မင်းရဲ့ မိုးကောင်းကင်ဘုံနယ်မြေက အမွေရထားတဲ့ ရပ်တန့်ခြင်း မန္တာန်ကို အသုံးပြုပါ။ ဒီကိစ္စပြီးပြတ်သွားရင် ငါက မင်းကို အကျိုးအမြတ်ကောင်းကောင်း ပေးမယ်.."

ဝမ်လင်းက ပြုံး၍ ခေါင်းယမ်းလိုက်သည်။ "မင်းက မင်း ဆရာရဲ့ မျိုးဆက်တွေကိုတောင် သတ်ဝံ့မှတော့ ငါက မင်း ကို ဘယ်ယုံရဲပါ့မလဲ..."

သူက ထိုသို့ပြောလိုက်ပြီးနောက် ချက်ခြင်းပင် မြန်ဆန် စွာ နောက်ဆုတ်သွားသည်။

လီယွမ်၏ မျက်လုံးက တောက်ပလို့နေ၏။ သူက ရှေ့သို့ ထိုးတက်လာရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ကြည့်ရတာ ငါက မင်းကို တကယ် လျော့တွက်မိခဲ့တဲ့ပုံပဲ။ ဒါပေမဲ့လည်း မင်းက ငါ့လက်ထဲကနေ မပြေးနိုင်ပါဘူး..."

လီယွမ်က ထိုသို့ပြောလိုက်ရင်း သူ့လက်ကို ဝှေ့ယမ်း လိုက်ရာ အတားအဆီးတစ်ခုက သူ့မျက်ခုံးနှစ်ခုကြားကနေ ပျံသန်းထွက်သွားသည်။ ကောင်းကင်ထက်ရှိ တိမ်စိုင်များ က ရုတ်တရက် ပွင့်ဟလာကာ အကွာအဝေးတစ်ခုရှိလေဟာနယ်က တွန့်ကြေလာခဲ့သည်။ ထို့နောက် ဝမ်လင်း က ထွက်ပေါ်လာရ၏။

အတင်းအကြပ် ထွက်ပေါ်လာစေ ပြီးနောက်တွင်လည်း ဝမ်လင်းထံ၌ မည်သည့် ကြောက်လန့်နေမှုမှ ရှိမနေပေ။ ဖြစ်ပျက်သမျှက သူ တွေးထားသကဲ့သို့ပင် မှတ်ရသည်။

ထိုအချိန်မှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အလယ်ဗဟိုရှိ အစိတ်အပိုင်းနယ်မြေတစ်ခု ရှိလေ၏။ ယင်း အစိတ်အပိုင်းက ကြီးမားလှခြင်း မရှလှပေ။ အခြား ကုန်းမြေထု အစိတ်အပိုင်းများနှင့် ယှဉ်ပါက သေးသည်ဟု ပင် ဆိုနိုင်သည်။ ထိုအစိတ်အပိုင်း၏ အစွန်းလေးဘက်တွင် သံထောက်တိုင်များကဲ့သို့ မိုးကြိုးတစ်ခုစီ ဝန်းရံထားသည်။

ထိုအစိတ်အပိုင်း၏ အလယ်၌ ဧရာမအစီအရင်ကြီး တစ် ခု ရှိလေသည်။ ထိုနေရာ၌ အကြီးအကဲလေးယောက်က ထိုင်လျက် ရှိနေသည်။ အကြီးအကဲတိုင်းက ဆံပင်များ ဖြူ ဖွေးနေလျက် ရှိသည်။ သို့သော် သူတို့၏ခန္ဓာကိုယ်ကနေ မူလစွမ်းအင်မြောက်များစွာ ထွက်ပေါ်ကာ နေသည်။

ထိုအစီအရင်က ရုတ်တရက် ပြင်းထန်စွာ တလက်လက် ဖြစ်လာ၏။ သို့သော် အကြီးအကဲလေးယောက်ကတော့ မ ထူးခြားနားသည့်ဟန်သာ ရှိနေ၏။ ခဏအကြာတွင် အရိပ် တစ်ခုက အစီအရင်ထဲ၌ ပေါ်လာခဲ့သည်။

ထိုအရိပ်က အနီရောင်သို့ ပြောင်းလာ၏။ သိပ်မကြာတွင် ပြင်းထန်သောသွေးအော်ရာတစ်ခုက ပျံ့နှံ့လာ၏။ အကြီးအကဲလေးယောက်က မျက်လုံးဖွင့်လာကာ သူတို့ အသွင်က အလေးအနက် ဖြစ်သွားကြသည်။
"ဂျူနီယာ ဝမ်လင်း...ဒီအဘိုးအို ရောက်လာခဲ့ပြီ..." ထို အရိပ်က အနီရောင်ဝတ်စုံ၊အနီရောင်ဆံပင်၊အနီရောင် မျက်ခုံးနှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက်အဖြစ်သို့ ပြောင်းလဲ သိပ်သည်းသွားသည်။

ထိုသူကတော့ သွေးဘိုးဘေးပင် ဖြစ်ချေ၏။

***
ကံမ္မ (နောက်တစ်ပိုင်း )

လီယွမ်က ဝမ်လင်းကို ကြည့်လိုက်သည်။ သူ့စိတ်ထဲ၌ သံသယ ဝင်နေ၏။ သည်လူက အခြေအနေတစ်ခုလုံးကို နားလည်နေခဲ့ပါက ဘာကြောင့် သူသည် ခုလောက် ယုံကြည်မှု ရှိနေရသနည်း။ သည်ကိစ္စက ထူးဆန်းနေ၏။

အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီးသည့်နောက် လီယွမ် သည် အချိန်ဖြုန်းမနေတော့ပေ။ သူက ရှေ့သို့ တိုးထွက်လာ သည်။ ဖျပ်ခနဲပင် အတားအဆီးတစ်ခု ပေါ်လာ၏။ သည်အ တာအးဆီးက ရုတ်တရက် ဆယ့်ရှစ်ခုထိ ခွဲထွက်သွား သည်။ သို့ရာတွင် ထို အတားအဆီးဆယ့်ရှစ်ခုက ပြိုပျက် မည့် အသွင် ဖြစ်ပေါ်နေသည်။ ၎င်းတို့က ထိန်းချုပ် ကိုင်တွယ်ရန် အလွန်ခက်ခဲမည့်ဟန် ပေါ်နေ၏။ သို့ရာတွင် သည်လို ပျက်စီးနိုင်ဖွယ် ဖြစ်နေသည့် လက္ခဏာက လုံးဝ မ သိသာလှပေ။

လီယွမ်၏ ပတ်လည်ရှိ အတားအဆီးများကြောင့် ထိုပုံ ရိပ်ယောင်ဆယ့်ရှစ်ခု ရုပ်တုများသည် ရုပ်ပိုင်းအသွင် ဖြစ်တည်လာကြသည်။ ထိုရုပ်တု ဆယ့်ရှစ်ခုက ဝမ်လင်းထံသို့ ကောင်းကင်ဘုံနတ်ဘုရားများအလား တိုးဝင်သွားကြ သည်။

၎င်းတို့က ဝမ်လင်းကို ချက်ခြင်းပင် ဝန်းရံလာကြသည်။

"ဒါက မက်မွန်အတားအဆီးဆယ့်ရှစ်ခုပဲ… သေချာ ကြည့်ချေ..."လီယွမ်၏ မျက်လုံးက အေးစက်လာကာ သူက ညာလက်ကို လေထဲသို့ ညွှန်လိုက်၏။

ဝမ်လင်းက သက်တောင့်သက်သာပင် ပြောလိုက်သည်။ "ကိုယ့်ဆရာရဲ့ သွေးမျိုးဆက်ကို သတ်တဲ့လူက ဘာအရှက် သိက္ခာမှ ရှိမှာမဟုတ်ဘူး။ လီယွမ်..မင်းက မင်းဆရာရဲ့ မျိုးဆက်တွေရဲ့ သွေးကို စတေးခဲ့တဲ့အချိန်မှာ မင်းဆရာရဲ့ ရုပ်တုက ဝမ်းနည်းမှုကို မခံစားရဘူးလား။ မင်းက မင်း ဆရာရဲ့ ညာလက်က ချိပ်တံဆိပ်ကို လှည့်ကြည့်ဝံ့ရဲ့လား..."

"ငါ့ယုံကြည်မှုကို ပျက်ပြားအောင် လုပ်ဖို့ မကြိုးစားပါနဲ့။ ငါ လုပ်သမျှ အရာအားလုံးက ငါ့အရှင်သခင်ကို ပြန်ရှင်သန် နိုင်အောင် လုပ်နေတာ ဖြစ်တယ်။ဒါက မင်းလိုမျိုးကလေး က ဘယ်နားလည်နိုင်ပါ့မလဲ…" လီယွမ်၏ မျက်လုံးက သုန်မှုန်နေသည်။

ဝမ်လင်းက သူ့ကိုယ်ပိုင်ခန့်မှန်းမှုများက သေချာနေမှန်း သိလိုက်ပေပြီ။ ကောဟန်က ကျောက်ရုပ်တုအဖြစ် ထွင်းထု ထားသည့် ကောင်းကင်ဘုံသား၏ မျိုးဆက်ပင်။အတိတ် တုန်းက လီယွမ်၏ဘိုးဘေးက ကောမိသားစုဘိုးဘေးနှင့်အတူ ရောက်လာခဲ့ရပေမည်။ အချို့အကြောင်းရင်းများ ကြောင့် လီယွမ်၏ဘိုးဘေးက သေဆုံးသွားခဲ့ကာ ရတနာ သုံးခုသည် ကောမိသားစုဘိုးဘေး၏ ယူဆောင်ခြင်းကို ခံ လိုက်ရပေမည်။

သို့ရာတွင် ဝမ်လင်း ရှုပ်ထွေးနေမိသော တစ်ခု ရှိနေ သေး၏။ သို့သော် လီယွမ်က ကောင်းကင်ဘုံ သက်တော်စောင့်ကို သိခြင်းနှင့် ရပ်တန့်ခြင်းမန္တာန်၏ နာမည်ကို သိနေသည့်အခါတွင်တော့ ဝမ်လင်းသည် အလင်းပွင့်ကာ အရာအားလုံးကို နားလည်သွားခဲ့သည်။

"မင်းက မင်းဘယ်သူလဲဆိုတာတောင် မမှတ်မိတော့တဲ့ ပုံပဲ...မင်းက လီယွမ် မဟုတ်ဘူး..." ဝမ်လင်းအသံက ထူးဆန်းနေ၏။သူက ထိုသို့ပြောနေရင်း ကောင်းကင်ဘုံ ရုပ်တု ဆယ့်ရှစ်ခုက သူ့ထံသို့ တရကြမ်း လာနေ၏။

ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ သူ့လက်ထဲ သို့ တောင်အသွင်ကျောက်တုံးက ရောက်ရှိလာ၏။ ထို ကျောက်တုံးက တဖြည်းဖြည်းဖြင့် တောင်အသေးစားတစ် ခုအထိ အရွယ်ကြီးမားလာခဲ့ကာ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။ဝမ်လင်းက သူ့လက်ဖြင့် ထိုတောင်ကို ရိုက်လိုက်ရာ တောင်၏ စိတ်ဝိညာဉ်ကို ထွက်ပေါ်လာ စေသည်။

ဝမ်လင်းက ထိုတောင်၏ စိတ်ဝိညာဉ် အဝန်းအဝိုင်းထဲ တွင် မတ်တပ်ရပ်နေသည်။သူ့မျက်လုံးများက တောက်ပနေ၏။

"လီယွမ်က လီမိသားစုရဲ့မျိုးဆက်တစ်ယောက်ပဲ။ သူက သူ့ဘဝတစ်ခုလုံးကို သူ့မိသားစုရဲ့ ကျွန်အမှတ်အသားကို ဖြေလျှော့နိုင်ဖို့အတွက် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့လည်း မင်းကတော့ ဆန့်ကျင်ဘက်တွေဘဲ လုပ်နေတယ်။ မင်းက ကျွန်အမှတ်အသားကို ဖြေလျှော့နိုင်ဖို့ မလုပ်တဲ့အပြင် ကျွန် အမှတ်အသားရှိတဲ့လူတိုင်းရဲ့ စိတ်ဝိညာဉ်တွေကို အသုံးပြု စတေးပြီး မင်းဆရာကို အသက်ပြန်ရှင်နိုင်အောင် လုပ်နေ တာ။ဒါတွေအကုန်လုံးရဲ့ အဓိကအချက်က မျိုးဆက်သွေးပဲ ဒီမျိုးဆက်သွေးကို အသုံးပြု ကမ်းလှမ်းပြီး ဒီရုပ်တုထဲမှာ ချိပ်ပိတ်ထားတဲ့ စိတ်ဝိညာဉ်ကို နိုးထစေချင်နေတာပဲ။ မင်း က ဘယ်လိုကောင်မျိုးလဲ..."

လီယွမ်၏မျက်လုံးက အေးစက်လာ၏။ သူက သူ့လက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ဝမ်လင်းထံသို့ လက် ညွှန်လိုက်သည်။ ကောင်းကင်ဘုံရုပ်တု ဆယ့်ရှစ်ခုက တုန် ခါလာကာ မက်မွန်ပန်းဆယ့်ရှစ်ခုအဖြစ်သို့ ပြောင်းလဲသွား ပြီး ဝမ်လင်းပတ်လည်တွင် မြန်ဆန်စွာ လှည့်ပတ်လာ စေသည်။

ထိုလှည့်ပတ်မှုက ဝမ်လင်းကို ဗဟိုပြု၍ ဝဲကတော့တစ်ခု ကို ဖြစ်လာစေသည်။ ထိုဝဲကတော့က ကြောက်မက်ဖွယ် အော်ရာကို ပေးစွမ်းနေသည်။

ဝမ်လင်းအသွင်က တည်ငြိမ်လျက်သာ ရှိနေသည်။သူကလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးတစ်ခုက ချက်ခြင်း ပေါ်ထွက်လာသည်။ ထို အတားအဆီးက ဖျပ်ခနဲလင်းလက်သွားပြီး ဆယ့်ရှစ်ခု အဖြစ်သို့ ကွဲထွက်သွားသည်။ သို့သော် ထိုအထဲက ခြောက် ခုကတော့ ပုံရိပ်ယောင်များသာ ဖြစ်လို့နေသေးသည်။

ဖျပ်ခနဲပင် ထိုအတားအဆီးဆယ့်ရှစ်ခုက မက်မွန်ပန်း ဆယ့်ရှစ်ခုထံသို့ ပျံသန်းသွားသည်။ ထိုအခါ မက်မွန်ပန်း ဆယ့်ရှစ်ခုသည် လှည့်ပတ်နေရာက တန့်သွား၏။ တစ်ချိန် တည်းမှာပင် ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓားက သူ့လက်ထဲ၌ ပေါ်လာသည်။

ကောင်းကင်ဘုံဓားကို ကိုင်စွဲထားရင်း ဝမ်လင်းမျက်လုံး က အေးစက်လာခဲ့ကာ သူက ခုတ်ပိုင်းချသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း...။

ဓား ကျဆင်းလာသည့်အခတွင် ပတ်ဝန်းကျင်သည် အေး ခဲသွားသည်ဟု ထင်ရသည်။

ဘန်း...ဘန်း...ဘန်း...။

မက်မွန်ပန်းဆယ့်ရှစ်ပွင့်၌ သုံးပွင့်က ချက်ခြင်း ပျက်စီး သွားသည်။ ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ မက်မွန် ပန်းဆယ့်ရှစ်ပွင့်ကြောင့် ဖြစ်ပေါ်နေသော ဝဲကတော့ထဲက နေ လှမ်းထွက်လာသည်။

"မင်းက ကောင်းကင်ဘုံသားရဲ့ လက်အောက်ခံ ကျေးကျွန်ရဲ့ စိတ်ဝိညာဉ်တစ်ခုပဲ။ ကျေးကျွန်အမှတ်အသားကို လီမိသားစုအပေါ်မှာ ခပ်နှိပ်လိုက်တည်းက သူတို့က လည်း ကောင်းကင်ဘုံသားရဲ့ ကျေးကျွန်ဖြစ်လာခဲ့ကြပြီး မင်းအမိန့်ကို လိုက်နာကြရတယ်..."

"မင်းက လီယွမ် မဟုတ်တဲ့အပြင် လွန်ခဲ့တဲ့ နှစ်သောင်း ချီက ရတနာသုံးခုကို စုဆောင်းခဲ့တဲ့ လီမိသားစုဘိုးဘေး လည်း မဟုတ်ပြန်ဘူး။ မင်းက ကျေးကျွန်အမှတ်အသားနဲ့ ပေါင်းစပ်ပြီး လီမိသားစုထဲမှာ ပြန်လည်မွေးဖွားလာတဲ့လူ သပ်သပ်ပဲ..."

ဝမ်လင်းက ထိုသို့ ပြောနေရင်းဖြင့် ဝဲကတော့ထဲကနေ လှမ်းထွက်လာခဲ့သည်။ သူ့မျက်လုံးများက တောက်ပနေ၏။

ဝမ်လင်းက အေးစက်စွာ ပြောလာပြန်သည်။ "မင်းက လွန်ခဲ့တဲ့ နှစ်သောင်းချီတဲ့ အချိန်တုန်းက ပထမဆုံးအကြိမ် ပြန်မွေးဖွားလာခဲ့တဲ့အတွက်ကြောင့် ကောမိသားစုက မင်း ကို နာခံအောင် လုပ်နိုင်ခဲ့တာပဲ ဖြစ်တယ်။ ဒီနေ့ မင်းက နှစ် သောင်းချီကြာပြီးတဲ့နောက် ဒုတိယအကြိမ် ပြန်မွေးဖွားလာ တဲ့အချိန်မှာလည်း ကောမိသားစုကို လိုက်နာအောင် လုပ် နေနိုင်တုန်းပဲ။ ဒါတွေအကုန်လုံးက မင်းကိုယ်မင်း မှန် တယ်ထင်တဲ့ စိတ်နဲ့ မင်းဆရာကို အသက်ပြန်ရှင်အောင် လုပ်မယ်ဆိုတဲ့ မောင်းနှင်မှုကြောင့်ပဲ ဖြစ်တယ်..."

"မင်းက အခြားလူတွေကိုသာ လှည့်စားနိုင်လိမ့်မယ်။ ဒါပေမဲ့ ငါ့ကိုတော့ မရဘူး။ ပြန်လည်မွေးဖွားခြင်းစက်ဝန်း နဲ့ ပတ်သတ်နေသ၍ ငါ ဖြတ်မြင်နိုင်စွမ်း မရှိတဲ့အရာ မရှိ:..."ဘူး

လီယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေသည်။သူက ဝမ် လင်း၏ စကားများကို ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲ၌ ခုခံနေရမှုတစ်ခု ပေါ်လာခဲ့သည်။ လီယွမ်၏ မျက်နှာထက်၌ ရုန်းကန်နေရဟန် ဖြစ်ပေါ်နေသည်။ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သူက သည်အချိန်ကို စောင့်နေ ခြင်းပင်။ သည်အခိုက်အတန့်၌ ကောင်းကင်ဘုံစိတ်ဝိညာဉ် က မြူလုံးတစ်ခုအဖြစ် သိပ်သည်းသွားကာ ကျောက်ရုပ်တု ထံသို့ ပစ်သွင်းသွားလေသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။အတွေးတစ်ချက်ဖြင့်ပင် ကျာပွတ် အရိပ်တစ်ခု ပေါ်ထွက်လာသည်။ ကံကြမ္မာကျာပွတ်က တ ဝီဝီအသံဖြင့် ထွက်ပေါ်လာခဲ့ခြင်းပင်။ယင်းကျာပွတ် ထွက် ပေါ်လာသည်နှင် ဝမ်လင်းက ဖမ်းယူကာ ရှေ့သို့ ထိုးထွက် လာပြီး ကျာပွတ်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။

ဘန်း...။

ကျာပွတ်က မြန်ဆန်လှ၏။ ၎င်းကျာပွတ်ရိုက်ချက်က အသွေးအသားနှင့် မူလစိတ်ဝိညာဉ်အပေါ်သို့ မဟုတ်ဘဲ ကံကြမ္မာအကြောင်းနှင့် အကျိုးပေါ်သို့သာ ဖြစ်လေသည်။

ကျာပွတ်က ရုန်းကန်နေဟန်ရသည့် လီယွမ်ပေါ်သို့ ကျ ရောက်လာသည့်အခါတွင် သူ့ခန္ဓာကိုယ်သည် တုန်ယင် သွားကာ သူက နောက်သို့ အမြန်ဆုတ်သည်။

"မင်းရဲ့အသွေးအသားကတောင် မင်းကိုယ်မင်း ငြင်းပယ်နေတယ်။ ဒါက ဘာလို့လဲဆိုတော့ မင်းရဲ့ စိတ် ဝိညာဉ်ဟာ လီမိသားစုက မဟုတ်လို့ပဲ..."

ဝမ်လင်းက နောက်ထပ်မာန်သွင်းလိုက်သည်။ သူ့ မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်နေ၏။ သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ကာ လီယွမ် ထံသို့ လက်ညွှန်လိုက်လေသည်။

ရပ်တန့်ခြင်းမန္တာန်...။

လီယွမ်က နောက်ဆုတ်နေရာကနေ ရုတ်တရက် တန့် သွားသည်။ ကံကြမ္မာကျာပွတ်က သူ့အား နောက်တစ်ဖန် လွှမ်းခြုံလာပြန်၏။

လီယွမ်၏ ခန္ဓာကိုယ်က နောက်တစ်ကြိမ် တုန်ယင်သွား သည်။ သူ့မျက်နှာက ကြမ်းကြုတ်ဟန် ဖြစ်ပေါ်လာလေ၏။

ဝမ်လင်းက ကျာပွတ်ဖြင့် ဆက်လက် ရိုက်နှက်ရန် ဟန်ပြင်သည်။ သို့သော် သူက ရုတ်တရက် ရပ်တန့် လိုက်၏။ ရပ်တန့်လိုက်ခြင်းသည် လီယွမ်မျက်နှာပေါ်ရှိရုန်းကန်နေရမှုက ရုတ်တရက် ပျောက်ကွယ်သွားခြင်း ကြောင့် ဖြစ်လေသည်။

လီယွမ်၏ ခန္ဓာကိုယ်က မြန်ဆန်စွာ နောက်ဆုတ်သွား ကာ တောင်စိတ်ဝိညာဉ်ထံသို့ တဟုန်ထိုး ဦးတည်သွား သည်။ သူ့လက်ထဲ၌လည်း အတားအဆီးတစ်ခုပေါ်လာကာ သူက ၎င်းကို တောင်စိတ်ဝိညာဉ်ပေါ်သို့ ဖိချလိုက်သည်။

ထို့နောက် သူက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာသည်။ "ငါ မမှားဘူး..."

လီယွမ်၏စကားကို
တုံ့ပြန့်လိုက်သည့်အလား ကျောက်ရုပ်တု၏ ပြိုကျပျက်စီးမှုက ပိုပြင်းထန်လာခဲ့သည်။ ကျောက်ရုပ်တုပတ်လည်ရှိ မီးတောက်ထဲမှ မကျေမချမ်းမှု အားလုံးနှင့် အဖြူရောင်အလင်းအားလုံးသည်လည်း ကျောက်ရုပ်တု၏ စုပ်ယူခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ထို အနီရောင်မီးတောက်ပင် ကျောက်ရုပ်တု၏ စုပ်ယူခြင်းခံ လိုက်ရသည့်အလား ဖြည်းဖြည်းချင်း ကျုံ့လာခဲ့လေသည်။

"ငါ ငါ့ဆရာရဲ့စိတ်ဝိညာဉ်ကို လွတ်လပ်သွားစေပြီး ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်နိုင်အောင်ပဲ လုပ်ချင် ခဲ့တာ။ ငါ မမှားဘူး...မမှားဘူး။ ဆရာရဲ့မျိုးဆက်တွေက သေဆုံးသွားရတယ်ဆိုရင်တောင် ငါက မမှားဘူး..."

လီယွမ်၏အသံက ပို၍ တည်ငြိမ်လာသည်။သူက ဝမ် လင်းကို စူးစိုက်ကြည့်နေရင်း သူ့ညာလက်ကို မျက်ခုံးနှစ်ခု ကြားထဲသို့ ပင့်မြှောက်လိုက်သည်။ ထိုအခါ သူ့လက်ထဲ၌ အနက်ရောင်လိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

ထိုအနက်ရောင်လိုင်းက

ကောင်းကင်ဘုံ

သက်တော်စောင့်ကို ချုပ်နှောင်ပစ်သည့်တစ်ခုနှင့် တူတူ ပင်။ သို့ရာတွင် ၎င်းလိုင်းက ပေါ်လာသည်နှင့် ပျက်စီးဟန် အရိပ်လက္ခဏာ ပြသလာခဲ့သည်။

ဝမ်လင်းက သည်အရာကို သတိပြုမိပေသည်။သူကတည်ငြိမ်လျက်ပင်။ အစောပိုင်း ကျာပွတ်နှင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းက လီယွမ်၏စိတ်ကို အပေါက်တစ်ခု ဖြစ် သွားစေခဲ့ပေသည်။သည်လူက သူသံသယရှိနေသော ကျွန် အမှတ်အသားထဲ၌ ကျန်နေခဲ့သည့် စိတ်ဝိညာဉ်သပ်သပ် သာ ဖြစ်နေတော့၏။

"သင်က လွန်ခဲ့တဲ့နှစ်သောင်းချီက ပထမဆုံးအကြိမ် အဖြစ် ပြန်လည်မွေးဖွားလာတုန်းက ဘာကြောင့် ကျရှုံးခဲ့ လဲ ငါမသိပေမဲ့လည်း ဒီတစ်ကြိမ်မှာလည်း သင်က သင့် ဆရာကို ပြန်နိုးထလာနိုင်အောင် လုပ်ဖို့ ယုံကြည်ချက် ရှိမ နေပြန်ဘူး...။ မဟုတ်ရင် သင်က ငါ့ကို ဒီကို ခေါ်လာဖို့ ဘယ်စိတ်ဝင်စားပါ့မလဲ..."

"သင် စိတ်ဝင်စားတဲ့အရာက ငါ့ရဲ့ ရပ်တန့်ခြင်း မန္တာန် မဟုတ်ဘူး။ တော့ ဖြစ်တယ်..." ဒါပေမဲ့လည်း...ဒါက..ကံကြမ္မာကျာပွတ်

ဝမ်လင်း၏ ညာလက်ထဲ၌ ကံကြမ္မာကျာပွတ်က ဖျပ်ခနဲ လင်းလက်နေသည်။

လီယွမ်က ဝမ်လင်းလက်ထဲရှိ ကံကြမ္မာကျာပွတ်ကို ကြည့်ကာ သူ့မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ် ခု ဖြစ်ပေါ်နေသည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "မင်း တော်တယ်....။ ဟုတ်တယ်...။ ငါလိုချင်တာက ဒီ ပြန်လည်မွေးဖွားခြင်းစက်ဝန်းရဲ့ စွမ်းအားနဲ့ ကံကြမ္မာ နယ်ပယ် ပါဝင်နေတဲ့ ဒီကျာပွတ်ပဲ။ ဒါနဲ့ဆိုရင် ငါက ဒီကိစ္စအတွက် ယုံကြည်မှု (၉၀)ရာခိုင်နှုန်းလောက် ရှိနေပြီ..."

ထိုသို့ပြောပြီးနောက် သူက ညာလက်ကို ဝမ်လင်းထံသို့ ညွှန်လိုက်သည်။အနက်ရောင်မျဉ်းလိုင်းများက အနားစွန်း တစ်ခုစီ ချိတ်ဆက်ကာ စက်ဝန်းအသွင်ဖြစ်ပေါ်၍ ဝမ်လင်း ထံသို့ ပျံသန်းတိုးဝင်လာသည်။

ဝမ်လင်းက အလျင်အမြန် နောက်ဆုတ်၏။ သူက ကြောက်ရွှံ့ခြင်းတော့ မရှိပေ။ သူ့ပြီးခဲ့သော လုပ်ဆောင်မှု များက သူ့နောက်ဆုံးထင်မြင်ချက်ကို သေချာအောင် လုပ် နေခြင်းပင်။

သူက သည်နောက်ဆုံးထင်မြင်ချက် သေချာပြီ ဆိုသည် နှင့် သည်နေရာကနေ ထွက်ခွာသွားနိုင်ရန် တစ်ရာ ရာခိုင်နှုန်း ယုံကြည်ချက် ရှိပေသည်။

သူက ကံကြမ္မာကျာပွတ်နှင့် ပတ်သတ်၍ လီယွမ်၏ အဖြေကို ကြားလိုက်ရချိန်တွင် သူ့ထင်မြင်ချက်အား အတည်ပြုနိုင်သွားပေသည်။အနက်ရောင်မျဉ်းလိုင်းက နီးကပ်လာသည်နှင့် ဝမ်လင်းကလည်း နောက်သို့ ပို မြန်ဆန်စွာ ဆုတ်နေသည်။

"မင်းက လွန်ခဲ့တဲ့နှစ်သောင်းချီက ပထမဆုံး ပြန်လည် မွေးဖွားလာတဲ့နောက်မှာ ကျရှုံးခဲ့ကတည်းက ခုလို ဒုတိယ အကြိမ် ပြန်လည်မွေးဖွားလာတဲ့အချိန်မှာလည်း ကျရှုံးနေ ဦးမှာပဲ..."

“ဒါဟာ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ ဆရာကိုယ်တိုင်ပြန်လည်ရှင်သန်ဖို့ ဆန္ဒမရှိတော့လို့ပဲ..."

"ပါးစပ် ပိတ်ထားစမ်း..." သည်တစ်ကြိမ်က ပထမဆုံး အကြိမ်အဖြစ် လီယွမ် အပြင်းအထန် စိတ်လှုပ်ရှားသွား ခြင်းပင်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းများ ပြည့်လာ သည်။သူက ရှေ့သို့ တဟုန်ထိုး တက်ကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ့လက်ဝါးထက်၌ သုံးခု ထက်ပိုသော အနက်ရောင်မျဉ်းလိုင်းများ ပေါ်လာ တော့သည်။ ထိုမျဉ်းလိုင်းသုံးခသည် ဓားသုံးလက်အသွင် ဖြစ်ပေါ်၍ ဝမ်လင်းထံသို့ ထိုးထွက်သွားသည်။

ဝမ်လင်းက ရယ်မောလိုက်၏။ အဖြူရောင်အလင်းတန်း တစ်ခုက သူ့ပါးစပ်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ ထို အလင်းတန်းက တောင်နှင့်မြစ်အကာအရံ ပါဝင်သော အကာအရံမျက်နှာပြင် တစ်ခုအဖြစ်သို့ ပြောင်းလဲသွား သည်။

သည်တစ်ကြိမ်က ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း တောင်နှင့်မြစ်အကာအရံကို အသုံးပြုလိုက်ခြင်းပင်။ လီ ယွမ်က သူနှင့်ပုံရိပ်ယောင်ယင်ကျင့်ကြံသူတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်ဆိုလျှင်ပင် သူ့တွင် သည်အကာအရံရှိကြောင်း သိနေလိမ့်မည် မဟုတ်ပေ။

တောင်နှင့်မြစ်အကာအရံ ပေါ်လာသည်နှင့် တောင်နှင့် မြစ်ပန်းချီကားက ဝမ်လင်းပတ်လည်၌ ပေါ်လာသည်။ ခု လက်ရှိတွင် ဝမ်လင်းက ပန်းချီကားထဲ၌ ရှိနေသလိုမျိုးပင်။
အနက်ရောင်လိုင်းများက တောင်နှင့်မြစ်အကာအရံထဲသို့ ချက်ခြင်း ဝင်ရောက်လာရာ ပန်းချီကားအတွင်း၌ အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံသို့ ဖြည်းဖြည်းချင်း ရွှေ့လျားလာနေသည်။

‘လွန်ခဲ့တဲ့နှစ်သောင်းချီတဲ့အချိန် ဒီလိုနေ့မှာလည်း မင်း က ဒီနေရာကို ကောမိသားစုက တစ်ယောက်ယောက်နဲ့ အတူ ရတနာသုံးခုကို ယူပြီး လာခဲ့တယ် မဟုတ်လား။ အတိတ်တုန်းက မင်းမအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်း ဟာ မင်းဆရာက ဒီလိုနည်းလမ်းအသုံးပြုပြီး သူ နိုးထာ လာချင်တဲ့ စိတ်ဆန္ဒ မရှိလို့ပဲ။ မင်းဆရာရဲ့ ကျေးကျွန်တစ် ယောက်အနေနဲ့ မင်းက မမှားဘူးလို့ ထင်နေတုန်းလား..."

ဝမ်လင်းအသံက တောင်နှင့်မြစ်ပန်းချီကားထဲကနေ ထွက်ပေါ်လာသည်။ သူ့အသံထဲ၌ မိုးကြိုး၏ခွန်အားကိုပါ သယ်ဆောင်ထားသေးသည်။ ထိုအသံက လီယွမ်၏ နားထဲ သို့ ပဲ့တင်တုန်ဟီးလေသည်။

လီယွမ်၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ သူ့မျက်နှာ ပေါ်၌ နောက်တစ်ဖန် ရုန်းကန်နေရဟန် ဖြစ်ပေါ်လာ ပြန်သည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက လက်ညှိုးတစ်ချက် ညွှန်လိုက်ရာ ကံကြမ္မာကျာပွတ်သည် နောက်တစ်ဖန် ပေါ်လာပြီးနောက် လီယွမ်ထံသို့ ရိုက်ချလာ လေသည်။

ဝမ်လင်း မျက်လုံးက တောက်ပနေကာ သူက အော်ပြော လိုက်၏။ "မင်းဆရာရဲ့ ရုပ်တုကို လှည့်ကြည့်လိုက်ပါ။ မင်း ဆရာရဲ့ မျက်လုံးအောက်မှာ ဘာရှိနေလဲ..."

ကံကြမ္မာကျာပွတ်က လေဟာနယ်ကို ထိုးခွင်း၍ လီယွမ် ပေါ်သို့ ကျရောက်လာကာ သူ့ခန္ဓာကိုယ်အား တုန်ယင်သွား စေသည်။တောင်ထိပ်ဖျားပေါ်ရှိ သူ့ဆရာ၏ ရုပ်တုထံမှ ထူးဆန်းသောအားတစ်ခု ထွက်ပေါ်လာသည်ဟု ထင်မှတ် ရကာ ထိုအားက လီယွမ်ကို နောက်သို့ လှည့်မကြည့်ကြည့် အောင် လုပ်နေတော့သည်။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)