အပိုင်း(157)

အဖြေ မရှိဘူး…

လီယွမ်နောက်သို့ လှည့်လိုက်သည့်အခါတွင် ရုတ်တု သည် အနီရောင်မီးတောက်ကို လုံးဝ စုပ်ယူပြီးသွားခဲ့ပြီ ဖြစ်သည်။ ရုပ်တုပေါ်ရှိ အက်ကွဲကြောင်းများထံကနေ လည်း အနီရောင်အလင်းတန်းများ ထွက်ပေါ်လာနေကြ သည်။ ထိုအနီရောင်အလင်းက သွေးနံ့ကို သယ်ဆောင် လာ၏။ ထိုသွေးနံ့က ကောဟန်ထံကနေ ဖြစ်ပေါ်လာခြင်းသာ..

ထိုအနီရောင်အလင်းတန်းက ပြင်းထန်သောအော်ရာ တစ်ခု ပါဝင်သည်ဟု ထင်မှတ်ရကာ စာလိပ်ထံသို့ ပျံ့နှံ့လာ သည်။သို့ရာတွင် သည်အခိုက်အတန့်၌ ရုပ်တု၏ မျက်လုံး အောက်တွင် မြောက်များစွာသော အက်ကွဲကြောင်းများ ဖြစ်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများထံကနေလည်း အနီရောင်အလင်းတစ်ခုထွက်ပေါ်လာသည့်အခါ ယောင်တစ်ခု ရှိနေ၏။ ထိုပုံရိပ်ယောင်က ပုံရိပ် ယင်း ကောင်းကင်ဘုံရုပ်တုက သွေးမျက်ရည်ကျဆင်းနေသည်ဟု ထင်ရသကဲ့သို့ ဖြစ်သည်။
"ငါ...မှား...ခဲ့ပါတယ်..." လီယွမ်က ကျောက်ရုပ်တုကို စူးစိုက်ကြည့်နေရင်း ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ သူ့ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့နှင့် ပြည့်နေခဲ့သည်။

ဝမ်လင်း၏ မျက်လုံးများက အေးစက်နေသည်။သည်လီ ယွမ်က အန္တရာယ်များလှခြင်း မရှိပေ။ သူ့အာဏာတက် ခြင်းအထွတ်အထိပ်အဆင့်ကို ဝမ်လင်းက လွယ်လင့်တကူ အနိုင်ယူနိုင်ပေသည်။ သို့ရာတွင် လီယွမ်၏ခန္ဓာကိုယ်ထဲက နေ ပြင်းထန်သောအော်ရာတစ်ခု ထွက်ပေါ်နေခဲ့သည်။ ထို အော်ရာ၏ ရင်းမြစ်က ကျွန်အမှတ်အသားပင် ဖြစ် တော့သည်။

ထိုအော်ရာကြောင့်သာ သည်လူက အမြဲလိုလို ထူးဆန်း အံ့ဖွယ်အော်ရာကို ပေးစွမ်းနေခြင်း ဖြစ်၏။

ဝမ်လင်းက ထိုစွမ်းအားကို အတော်လေး သတိထားပေ သည်။ သူက ကျောက်ရုပ်တုအောက်၌ လီယွမ်အရာ အားလုံးကို ရှင်းပြခဲ့ကတည်းက ထိုကျွန်အမှတ်အသား၏ စွမ်းအားကို သတိပြုမိခဲ့ပေသည်။

သည့်အပြင် ဝမ်လင်းက ကောဟန် မသေဆုံးခင် ရုပ်တု ကို ထူးဆန်းစွာ ကြည့်သွားသည်ကို တွေ့မြင်ခဲ့စဉ်က သူ သည် တစ်ခုခုကို သိရှိသွားသလိုလည်း ခံစားမိခဲ့သည်။

တကယ်တော့ ကောမိသားစုက သည်ရုပ်တုအဖြစ် တည်ရှိနေသော ကောင်းကင်ဘုံသား၏ မျိုးဆက်ပင်။ လီ မိသားစုကတော့ အမှန်တကယ် အပြစ်ကင်းခဲ့ပုံရ၏။ လီမိသားစု၏ ဘိုဘေးများသည် သည်နေရာသို့ အရဲစွန့်ဝင်လာ ခဲ့ကာ ကျွန်အမှတ်အသားကို လက်ခံခဲ့ရခြင်းက သူတို့ မိသားစုတစ်ခုလုံးကို ကျဆင်းသွားစေခဲ့ခြင်း ဖြစ်သည်။ထို မိသားစု၏ မျိုးဆက်မျိုးဆက်များ၏ လျော့ကျလာသော ကျင့်ကြံခြင်းနှင့် သက်တမ်းတို့က သည်ဖျက်စီးလို့မရနိုင် သည့် ကောင်းကင်ဘုံသား စိတ်ဝိညာဉ်ကို ပြန်ကောင်းမွန် ရန် အခွင့်ရလာခဲ့ခြင်းလည်း ဖြစ်သည်။

လီမိသားစုက အမှန်ပင် ကျွန်အမှတ်အသားကို အမှန်ပင် ပုန်ကန်လိုခဲ့သည်။ သို့သော် သူတို့၏ ပုန်ကန်မှုက အကြိမ် တိုင်း ကျရှုံးခဲ့ရသည်မှာ သိသာပေသည်။လွန်ခဲ့သော နှစ် သောင်းချီက လီမိသားစုဘိုးဘေးတစ်ယောက်သည် ကျွန် အမှတ်အသားကို ဖျောက်ဖျက်နိုင်ရန်အတွက် အခွင့်အရေး တစ်ခု ရရှိခဲ့သည်။ သို့ရာတွင် ကျွန်အမှတ်အသားသည် ၎င်း၏ ဆရာသခင်အတွက် နှစ်ထောင်ပေါင်းများစွာ ထောက်ပံ့ပေးလာခြင်းကနေ ကျွန်အမှတ်အသားထဲရှိ စိတ် ဝိညာဉ်သည် နိုးထလာနိုင်ရန် လုံလောက်စေခဲ့ပေသည်။ထို အရာက လီမိသားစု၏ ပါရမီရှင်ဘိုးဘေး မည်သို့ ထွက် ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပေသည်။

သို့သော် အမှန်တော့ ထိုလီမိသားစုဘိုးဘေးသည် လီ မိသားစုကို ကျွန်အမှတ်အသားကနေ ဖြေလျှော့နိုင်ရန် ပြော ခဲ့သည့်အချိန်တုန်းက သူသည် တကယ့်တကယ်တော့ သူ့ အရှင်သခင်ကို ပြန်လည်အသွင်သွင်းလိုခြင်းသာ ဖြစ်နေ တော့သည်။
အစက ဝမ်လင်းသည် လွန်ခဲ့သောနှစ်သောင်းချီက ကျရှုံး ခဲ့မှုသည် ကောမိသားစု၏ ပြဿနာဟု တွေးထင်ခဲ့သေး သည်။ သို့သော် လီယွမ်က သူ့ကို လာရှာခဲ့သည့်အကြောင်း တွေးမိသည့်အခါတွင်တော့ သူက အခြားကောက်ချက်တစ် ခုကို ရလာခဲ့လေ၏။

လီယွမ်၏ ပြင်ဆင်မှုမျာသည် ပြီးပြည့်စုံလုနီးပါး ဖြစ် ခဲ့၏။ သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ မဝင် ရောက်လာခင်က ဝမ်လင်းနှင့်တွေ့ရန် အစီအစဉ် ချမှတ် ထားခဲ့ခြင်း မရှိပေ။ ဝမ်လင်းက ကျောက်ရုပ်တုကို တွေ့မြင် ခဲ့သည့်အချိန်က သူသည် လီနှင့်ကောမိသားစုတို့ကြားရှိကံကြမ္မာကို နားလည်သွားခဲ့သည်။

သည်လီယွမ်က ဝမ်လင်း ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်ခဲ့စဉ်က ကံကြမ္မာကျာပွတ်ကို လည်း တွေ့မြင်ခဲ့ရပေမည်။ ထို့အတွက်ကြောင့်လည်း လီ ယွမ်က သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်လေ၏။

ကံကြမ္မာကျာပွတ်သည် ကံတရားအပေါ်၌ သက်ရောက် နိုင်စွမ်း ရှိသည် မဟုတ်လား။

လွန်ခဲ့သောနှစ်သောင်းချီက

ကျရှုံးမှုသည် ကောင်းကင်ဘုံသား၏ ကျေးကျွန်၊ရတနာသုံးခု သို့မဟုတ် ကောမိသားစုကြောင့် မဟုတ်ပေ။ ထိုသို့ကျရှုံးခဲ့ရခြင်းက ကောင်းကင်ဘုံသား - ကိုယ်တိုင်သည် သည်လိုနည်းလမ်း ဖြင့် အသက်ပြန်ရှင်သန်လိုသည့် စိတ်ဆန္ဒမရှိခြင်းကြောင့်ဖြစ်တော့၏။ ကောင်းကင်ဘုံသားသည် သူ့စိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားမှုကို ပြေလျှော့နိုင်ရန် သူ့မျိုးဆက်များ၏ အသက်ကို ပေးစပ်စေဖို့ စိတ်ဆန္ဒ မရှိခဲ့ခြင်း မည်လေ၏။

ကံကြမ္မာအကြောင်းရင်းက ကောင်းကင်ဘုံသားရုပ်တုကို အသက်ပြန်ရှင်ခြင်း ဖြစ်သည်။ သို့သော် ကံကြမ္မာ အကျိုးဆက်ကတော့ ကောင်းကင်ဘုံသား၏ စိတ်ဝိညာဉ် ခုခံမှုကို ဖယ်ရှားနိုင်ရန် ဖြစ်တော့၏။

သို့သော် ကောင်းကင်ဘုံသား တစ်ယောက်၏ စိတ် ဝိညာဉ်က မည်သို့ ရိုးရှင်းနိုင်ပါ့မည်နည်း။ ဝမ်လင်းက ကံကြမ္မာကျာပွတ်ကို အသုံးပြုခဲ့လျှင်ပင် သူက ၎င်းစိတ် ဝိညာဉ်ထဲသို့ပင် ဆွဲခေါ်ခြင်း ခံသွားရနိုင်၏။ သူက အသက် ရှင်နိုင်ပါ့မလားပင် သေချာ သိရမည် မဟုတ်ပေ။

အကယ်၍ ဝမ်လင်း ထွက်ပေါ်လာခြင်း မရှိလျှင်ပင် လီ ယွမ်သည် ပထမအကြိမ်ကျရှုံးမှုအတွက် အခြားနည်း လမ်းများကို အသုံးပြုဦးမည် ဖြစ်၏။ သို့ရာတွင် လီယွမ်က ထိုနည်းလမ်းများသည် အောင်မြင်နိုင်မလား သေချာ ယုံကြည်မှု ရှိမနေပေ။သို့သော် သူ့တွင် ဝမ်လင်း၏ ကံကြမ္မာကျာပွတ်အကူအညီသာ ရပါက အောင်မြင်ဖို့ (၉၀)ရာခိုင်နှုန်းထိ ယုံကြည်မှု ရှိနေ၏။

ဝမ်လင်းက သည်လီယွမ်သည် သူ့သိုလှောင်အိတ်ထဲရှိကံကြမ္မာကျာပွတ်နှင့် ကံတရားချင်း ဆက်နွှယ်နေလိမ့်မည် ဟု ခန့်မှန်းကြည့်ခဲ့သည်။
သည့်အပြင် ကောမိသားစုကလည်း လွန်ခဲ့သော နှစ် သောင်းချီက ရတနာသုံးခုကို ပြန်ရရှိဖို့ နည်းလမ်းမျိုးစုံ အသုံးပြုခဲ့သေး၏။ သူတို့၏ ပန်းတိုင်သည် လီမိသားစု၏ ကျွန်အမှတ်အသား ဒုတိယအကြိမ် ပြန်လည်မွေးဖွားလာ မည်ကို စောင့်ဆိုင်းရန် ဖြစ်လေတော့၏။ထိုကောမိသားစု က ကောင်းကင်ဘုံသား၏ မျိုးဆက်များ ဖြစ်နေသည် မဟုတ်လား။

ထို့အတွက်ကြောင့်လည်း လီယွမ် ကောမိသားစုထံ သွား ခဲ့သည့်အချိန်က အရာရာသည် ချောမွတ်နေခဲ့ခြင်း ဖြစ် တော့၏။ သို့ရာတွင် လီယွမ်သည် ကောဟန်နှင့်လမ်း တစ်လျှောက် ဆက်ဆံပုံကို ကြည့်ကာ သူ့စိတ်နေစိတ်ထား က တောက်လျှောက် ပြောင်းလဲနေသည်ကို ပြန်အမှတ်ရ လိုက်၏။ ထို့ကြောင့် ဝမ်လင်းက သူ့ကိုယ်ပိုင်ထင်မြင်ချက် တစ်ခုကို အတည်ပြုလိုက်နိုင်တော့သည်။ တကယ်တော့ လီယွမ်၏ အစစ်အမှန် စိတ်ဝိညာဉ်သည် ခုထိ သေဆုံးခြင်း မရှိသေးဘဲ တည်ရှိနေဆဲ ဖြစ်၏။

တိတိကျကျဆိုပါက အခုလီယွမ်၏ ခန္ဓာကိုယ်ထဲရှိ စိတ် ဝိညာဉ်ပင်။ သို့သော် သည်စိတ်ဝိညာဉ်က ဘက်နှစ်ခု ဖြစ် နေ၏။ တစ်ခုသည် အစစ်အမှန်လီယွမ် ဖြစ်ကာ အခြားတစ် ခုကတော့ ကျွန်အမှတ်အသားထဲရှိ ကြွင်းကျန်နေသော စိတ်ဝိညာဉ် ဖြစ်လေတော့၏။

သည်စိတ်ဆန္ဒနှစ်ခု၏ ပဋိပက္ခကြောင့် လီယွမ်သည် သူ့ မိသားစု၏ အတားအဆီးများကို စွမ်းအားအပြည့် မသုံးနိုင်ခဲ့ခြင်း ဖြစ်လေ၏။ လီယွမ်က အတားအဆီးတစ်ခုကို အသုံးပြုလိုက်သည့်အခါတိုင်း ထိုအတားအဆီးက ပျက်စီး ပြိုပျက်တော့မည့် လက္ခဏာကို ပြသလာခဲ့ခြင်း ဖြစ် တော့၏။ထို့အတွက်ကြောင့်လည်း သူအသုံးပြုခဲ့သည့် မက် မွန်ဆယ့်ရှစ်ခုနှင့် ပျက်သုဉ်းခြင်းအတားအဆီးကနေ ဖြစ် ပေါ်လာသည့် အနက်ရောင်လိုင်းတို့သည် ထုတ်ဖော်လိုက် ချင်းချင်း ပြန်ပြိုလဲပျက်စီးမည့် လက္ခဏာကို ပြသခဲ့ခြင်း ဖြစ်တော့သည်။

ထိုအရာများအားလုံးကို နားလည်ပြီးသည့်နောက် ဝမ် လင်းသည် တောင်နှင့်မြစ်ပန်းချီကားအတွင်း၌သာ ရှိနေ ရင်း လီယွမ်ကို စူးစိုက် ကြည့်နေလေသည်။

သူက သည်လီယွမ်သည် သနားစရာကောင်းလှသူအဖြစ် ခံစားမိနေသည်။

သူက သူ့အရှင်သခင် ပြန်အသက်ရှင်ဖို့အတွက် အရာ အားလုံးကို လုပ်ဖို့ ဆန္ဒရှိနေသည့် သစ္စာရှိ ကျေးကျွန်တစ် ယောက်သာ ဖြစ်နေသည် မဟုတ်လား။

လီယွမ်က ကျောက်ရုပ်တုကို ကြည့်ကာ မြေပေါ်သို့ ဒူး ထောက်ချလိုက်တော့၏။

"သခင်...ငါ...ငါက တကယ်မှားခဲ့တာလား..."

ထိုအခိုက်အတန့်၌ ရုပ်တုပေါ်တွင် ပိုပိုများသော အက်ကွဲ ကြောင်းများ ပေါ်လာခဲ့သည်။ အက်ကွဲကြောင်းများထဲက နေ ထွက်ပေါ်နေသည့် အနီရောင်အလင်းကလည်း ပိုသိပ်သည်းလာခဲ့သည်။ထိုရုပ်တု၏ မျက်လုံးအောက်ရှိ အနီ ရောင်အလင်းသည်လည်း စုစည်းလာကာ အစစ်အမှန်သွေး မျက်ရည်ကဲ့သို့ပင် ထင်မြင်လာရသည်။

"သခင်က ဘာကြောင့် ပြန်နိုးထဖို့ ဆန္ဒမရှိရတာလဲ။ ငါက ဓားရိုးပေါ်မှာ ဗလာကင်းမဲ့နေရာကို မမြင်ချင်ရုံပါ။ သခင်က အမြဲ အဲ့ဓားရိုးပေါ်မှာ ရပ်နေပြီး ငါက ထိပ်ဖျားမှာ ရပ်လို့ သင်နဲ့အတူ ကောင်းကင်နှင့်မြေကြီးကို တိုက်ပွဲဝင်ချင်လို့ပါ..." ဓား

လီယွမ်က သူ့ကိုယ်သူ ပြောနေ၏။ သူ့မျက်လုံးထဲ၌လည်း ဝမ်းနည်းမှုနှင့် ပြည့်လို့နေသည်။

ဝမ်လင်းက တောင်နှင့်မြစ်ပန်းချီကားအတွင်းကနေ သည်မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။သူ့ တွင် လီယွမ်နှင့် ရန်ငြိုးအကြီးအကျယ် ရှိမနေခဲ့သည် မဟုတ်လား။ သူက သက်ပြင်းချကာ ကံကြမ္မာကျာပွတ်ကို ပြန်သိမ်းဆည်းလိုက်လေသည်။

ကျောက်တုံးပေါ်ရှိ အက်ကွဲကြောင်းများကလည်း ပိုပို၍ များပြားလာကာ ကျေးကျွန်နှင့်အတူ ရှိနေသော ကျောက် တုံးဓားပေါ်တွင်ပင် ထိုအက်ကွဲကြောင်းများက ဖုံးလွှမ်းလာ သည်။ ထိုအက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာသည့် အနီရောင်အလင်းက ကောင်းကင်တစ်ဝက်ထိ စိုးမိုးလာ လေသည်။

ကျောက်ရုပ်တုက အနီရောင်အလင်းကို ပိုမို ထုတ်လွှတ်လာပြီးနောက် အထက်သို့ ဖြည်းဖြည်းချင်း ဆန်တက်သွား ကာ စာလိပ်သည် ထိုအလင်းကို စုပ်ယူလေ၏။

အစပိုင်း၌ စာလိပ်က အနီရောင်အလင်းကို ဖြည်းဖြည်း ချင်း စုပ်ယူနေသော်လည်း နောက်ပိုင်းတွင် မြန်သထက် မြန်လာခဲ့သည်။

ထိုအနီရောင်အလင်းက

ကျောက်ရုပ်တုထဲကနေ မြန်ဆန်စွာ ဆွဲထုတ်ယူခြင်း ခံနေရ၏။ သည်မြင်ကွင်းက လီယွမ်၏ မျက်လုံးထဲ၌ စိတ်ခံစားချက်များ ဖြစ်ပေါ်သွား စေသည်။

သခင်...

ရုပ်တုထံမှ အနီရောင်အလင်းက ဖြည်းဖြည်းချင်း မှိန် ဖျော့လာတော့၏။

နောက်ဆုံးတွင် ကျောက်ရုပ်တုထံမှ နောက်ဆုံးအနီ ရောင်အလင်းက စာလိပ်ထဲသို့ ဝင်ရောက်သွားချိန်ပ ရုပ်တု တစ်ခုလုံးသည် တုန်ခါလာခဲ့သည်။၎င်းရုပ်တုက စိတ် ဝိညာဉ်မရှိတော့ဘဲ သာမန်အတိုင်း ဖြစ်လာသည်ဟု ထင်ရ တော့သည်။

အနီရောင်အလင်းအားလုံးကို စုပ်ယူထားသော စာလိပ် သည် တောက်ပသောအလင်းတစ်ခုကို ထုတ်လွှတ်လာ သည်။စာလိပ်၏ ထောင့်စွန်း၌ မီးတောက်တစ်ခု ပေါ်လာ ကာ ဖြည်းဖြည်းကြီး ကြီးမားလာခဲ့သည်။ ထိုစာလိပ်၏ အနားစွန်းကနေ စတင် လောင်ကျွမ်းလာသည်။
အနားစွန်းတစ်ခုထဲက ကွက်လောင်ကျွမ်းခြင်း မဟုတ်ဘဲ အနားစွန်းအားလုံးက တစ်ပြိုင်နက်တည်း လောင်ကျွမ်း ခြင်းပင်။ ထိုလောင်ကျွမ်းနေသော စာလိပ်ကနေ အစိမ်း ရောင်အခိုးငွေ့ ထွက်ပေါ်လာခဲ့ကာ ထိုအခိုးငွေ့က လွင့်ပြယ် သွားခြင်း မရှိပေ။

လီယွမ်သည် ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲ ရှိ စိတ်ခံစားချက်က ပိုပြင်းထန်လာခဲ့သည်။

ဝမ်လင်းမျက်လုံးကလည်း ကျဉ်းမြောင်းသွားကာ သူက သေချာကြည့်လို့နေသည်။

စာလိပ်က အစွန်းဖျားနားကနေ

အလယ်အထိဖြည်းဖြည်းချင်း လောင်ကျွမ်းလာသည်။ ထိုအခိုက်အတန့်၌ ကျောက်ဓားရိုးပေါ်ရှိ ကောင်းကင်ဘုံသားသည် စိတ်ဝိညာဉ် တစ်ခု ပိုင်ဆိုင်လာသည့်အလား လောင်ကျွမ်းနေသော စာလိပ်အတွင်း တလက်လက် တဖျပ်ဖျပ် တောက်ပ နေသည်။

အဆုံးသပ်၌ မီးတောက်သည် စာလိပ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။သိပ်မကြာခင်တွင် ထိုစာလိပ်သည် ပြာ ပုံဘဝသို့ ရောက်သွားကာ လေနှင့်အတူ လွင့်ပါးသွားလေ သည်။

ထိုစာလိပ်လောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာခဲ့သော အစိမ်းရောင်အခိုးငွေ့ကတော့ လေနှင့်အတူ လွင့်ပြယ်သွား ခြင်းမရှိဘဲ လေထဲ၌ မြောလွင့်နေသည်။ ထို့နောက် ထိုအခိုးငွေ့က လူတစ်ယောက်၏ ပုံပန်းအသွင်အဖြစ် ခပ်ရေးရေး ဖွဲ့ တည်လာသည်။

ထိုလူပုံရိပ်က အလွန်မပီဝိုးဝဝါးနိုင်လှကာ သူ့ပုံပန်းသွင် ပြင်ကိုပင် ကောင်းကောင်းမမြင်ရပေ။ သို့ရာတွင် ထိုအစိမ်း ရောင်အခိုးငွေ့ကနေ ဖြစ်တည်လာသည့် လူ၏ ခြေထောက် အောက်တွင် ဓားတစ်လက် ဖြစ်တည်နေသည်ကို ကောင်း စွာ မြင်တွေ့ခဲ့သည်။ ထိုလူကတော့ ဓားရိုးပေါ်တွင် မတ် တပ်ရပ်နေခဲ့သော လူပင် ဖြစ်တော့သည်။

ထိုဓားရိုးပေါ်တွင် မတ်တပ်ရပ်နေသောလူက လေထဲသို့ ခုန်တက်ကာ သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းကာ လီယွမ် ကို ဆင့်ခေါ်သည်။

မြေပြင်ပေါ်တွင် ရှိနေသော လီယွမ်၏ ခန္ဓာကိုယ်သည် တုန်ယင်လာခဲ့သည်။ လီယွမ်၏ နှဖူးပေါ်တွင်လည်း ရှုပ်ထွေးသောစာလုံးတစ်ခု ပေါ်လာခဲ့၏။ ထိုစာလုံးက ကျွန် အမှတ်အသားပင် ဖြစ်လေ၏။ ထိုအမှတ်အသားက တ လက်လက် ဖြစ်သွားပြီးနောက် ကျွန်အမှတ်အသားထဲရှိကြွင်းကျန်နေသော စိတ်ဝိညာဉ်သည်လည်း ကောင်းကင် ထက်သို့ ပျံသန်းတက်သွားကာ ဓားအဖျားပေါ်၌ ကျရောက် သွားသည်။

ထို့နောက် အစိမ်းရောင်အခိုးငွေ့က ကောင်းကင်ထက်သို့ ထိုးတက်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

ယခု ဖြစ်ပျက်ခဲ့သော အရာအားလုံးသည် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်ရသည်။ အစစ်အမှန်လား၊ အတုအယောင်လား တကယ်တည်ရှိရဲ့လားလည်း ရေ ရေရာရာ မရှိခဲ့သော အိပ်မက်တစ်ခုအလားပင်။

ဝမ်လင်းက စိတ်ဝိညာဉ် ဆုံးရှုံးသွားပြီ ဖြစ်သော ကျောက်ရုပ်တုကို သေချာကြည့်ကာ သူ့အသွင်က အနည်းငယ် စိတ်ရှုပ်ထွေးဟန် ပေါက်နေသည်။ထို့နောက် သူ့အကြည့်က ရုပ်တု၏ ညာလက်ရှိ ချိပ်တံဆိပ်အပေါ်သို့ ရောက်သွားသည့်အခါတွင် သူက မိန်းမောတွေဝေသွား သည်။

သည်တစ်ခါ၌ ဝမ်လင်းက ပုံရိပ်ယောင်ကမ္ဘာတွင် တူညီ သောရှေးဟောင်းကောင်းကင်ဘုံနယ်မြေတွင်ပင် ဖြစ်ကာ ကောင်းကင်ဘုံဓားသည် ကောင်းကင်ထက်သို့ ပျံသန်း တက်သွားသည်။ ထိုဓားပေါ်တွင်လည်း လူနှစ်ယောက် ရှိနေသည်။ သို့သော် သည်တစ်ကြိမ်၌ ထိုဓားရိုးပေါ်ရှိကောင်းကင်ဘုံသားထံမှ ထွက်ပေါ်လာသည့်စကားသည် အရင်မြင်ကွင်းတုန်းကနှင့် ခြားနားသွားခဲ့ပြီ ဖြစ်သည်။

"ငါက သေသွားပြီ...။ငါ့စိတ်ဝိညာဉ်ကလည်း ငြိမ်းသေ သွားခဲ့ပြီ..."

ကျောက်ရုပ်တုသည် မရေမတွက်နိုင်သော ကျောက်စ ကျောက်နများအဖြစ်သို့ ပျက်စီးသွားလေတော့၏။

အတိတ်တုန်းက ကောင်းကင်ဘုံသားသည် သေဆုံးခဲ့ကာ ဖြစ်ပျက်ခဲ့သမျှသည် ကျေးကျွန်စိတ်ဝိညာဉ်ကြောင့် ဖြစ်ပေါ်လာခဲ့သည် အထီးကျန်အိပ်မက်တစ်ခုမျှသာလား...။ သို့မဟုတ် စောနက ဝမ်လင်း ခန့်မှန်းခဲ့သလိုမျိုးလား...။

ဝမ်လင်းက ထိုမေးခွန်းအချို့အတွက် ကျေနပ်လောက် သော အဖြေ သူ့တွင် ရှိမနေခဲ့ပေ။

အဖြေမရှိပေ...။ အစိမ်းရောင်အခိုးငွေ့ကပင် အစစ်အမှန် လား၊ အတုအယောင်လည်း ပြောဖို့ နည်းလမ်း မရှိတော့ ပေ။ ဝမ်လင်းက သူ သိနေခဲ့သော အရာအားလုံးကို တွေး ထင်ခဲ့သည်။ သို့သော် သူက အစိမ်းရောင်အခိုးငွေ့ကို မြင် လိုက်ရချိန်၌ အရာအားလုံးသည် အတုအယောင် ဖြစ်သည် ဟုလည်း ခံစားလိုက်ရသည်။

ဖြစ်နိုင်သည်က ကြွင်းကျန်နေသော ကျေးကျွန်၏ စိတ် ဝိညာဉ်ကသာ အမှန်တကယ်ဖြစ်သည်ဟူသော အချက်က သာ တစ်ခုတည်းသော သူသိသည့် အဖြေ ဖြစ်နေနိုင်ပေ သည်။

သည်နေ့မှ စ၍ မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် အစိမ်းရောင်အခိုးငွေ့နှင့် ပြုလုပ်ထားသော ဓားတစ်လက် အပိုရှိလာတော့မည်။ ထိုဓားထိပ်ဖျားပေါ်၌ မတ်တပ်ရပ်နေ သော ပုံရိပ်တစ်ခုက ထာဝရ တိုင်အောင် တည်ရှိတော့မည် ال:000

"ဒါက ဘယ်နေရာလဲ..." လီယွမ်၏ ပါးစပ်ကနေ အား ပျော့သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ယခုအချိန်၌ လီယွမ်သည် လီမိသားစု၏ လီယွမ်စစ်စစ် ဖြစ်သွားကာ သူ့စိတ်ဝိညာဉ်ထဲ၌လည်း ကျွန်အမှတ်အသား မရှိတော့ပေ။ သူက မြေပြင်ပေါ်တွင် လှဲလျောင်းလျက် ရှိနေသည်။ သူက သူ့ပတ်လည်သို့ ကြည့်လိုက်ပြီးသည့်နောက် သူ့အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်လာတော့သည်။

***

ရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ် (နောက်တစ်ပိုင်း)

မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပြန့်ကျဲတည်ရှိနေ သော ကောင်းကင်ဘုံလှိုဏ်ဂူများ ရှိလေသည်။ ယင်းလှိုဏ် ဂူများအတွင်း၌လည်း ၎င်းတို့၏ မူလပိုင်ရှင်သခင်များ၏ ရတနာများ ရှိတက်သည်။ထိုသို့သော နေရာများက မရေမ တွက်နိုင်သောအတားအဆီးများနှင့် ပြည့်နေတက်သည်။

ကောင်းကင်ဘုံသားများ၏ နေထိုင်သည့်နေရာများကို ဝင်ရောက်နိုင်ဖို့က မည်သို့ရိုးရှင်းနိုင်ပါ့မည်နည်း။

မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် မရေမတွက်နိုင် အောင် ပွင့်လှစ်ခဲ့ပြီ ဖြစ်သော်လည်း အတားအဆီးများ မ ပျက်စီးသေးသော နေရာများ ရှိလို့နေဆဲသာ။ ထို အတားအဆီးများက များသောအားဖြင့် အားကောင်းတက် ကာ တစ်ခါတစ်ရံ ကျင့်ကြံသူများအဖို့ပင် မထိတွေ့သင့်ပေ။

ဖုန်မှုန့်အပျက်အစီး ကျောက်စကျောက်နများ ပြည့်နေ သော နေရာတွင် လီယွမ်သည် ဆောင့်ကြောင့် ထိုင်ချကာ မြေကြီးကို ထိ၍ ပြောလိုက်သည်။ "အစ်ကိုရှု...ဒီနေရာကို ကြည့်လိုက်..။ ဒါက ကောင်းကင်ဘုံအတားအဆီးဥပဒေသ ရှစ်ခုရဲ့ လေးခုမြောက် ဥပဒေသပဲ။ ပြီးတော့ ဒီ နေရာက နတ်ဘုရားအာရုံကနေလည်း ဖုံးကွယ်နိုင်ဖို့ အတွက် ပတ်ဝန်းကျင်မှာ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်တေကို ဖရိုဖရဲ ဖြစ်နေစေသေးတယ်.."

"ငါထင်တာသာ မမှားရင် ဒီအတားအဆီး ပျက်စီးသွား တာနဲ့ ဒီနေရာမှာ ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခု ပေါ်လာနိုင်တယ်

ဝမ်လင်းက သူ့ဘေးသို့ ရောက်လာကာ ခေါင်းညိတ် ပြသည်။ "အစ်ကိုလီ ဆိုလိုတာက ဒီနေရာက အတားအဆီး တွေက မူလတုန်းက ဒီမြေကြီးတွေနဲ့ လုပ်ထားတယ် ပြော ချင်တာလား..."

သူတို့နှစ်ယောက် ရှိနေသည့် အစိတ်အပိုင်းနယ်မြေသည် ကြီးမားလှခြင်း မရှိပေ။ သည်နေရာတွင် မိုးကြိုးများ ရှိမ နေသော်လည်း မိုးခြိမ်းသံ ခပ်အုပ်အုပ်ကိုတော့ ကြားနိုင်ပေ သည်။

သူတို့နှစ်ယောက်နှင့် ကီလိုမီတာသောင်းချီပတ်လည် တွင်လည်း မည်သူမျှ ရှိမနေခဲ့ပေ။

လီယွမ်က ခေါင်းညိတ်ကာ ပြုံးလိုက်၏။ "ငါက အစ်ကိုရှု ရဲ့ အတားအဆီးတွေပေါ်မှာ နားလည်မှုအပေါ် လေးစားမိပါ တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက ငါက အတားအဆီးနဲ့ ပတ် သတ်လို့ တစ်စုံတစ်ခု ပြောလိုက်တိုင်း အစ်ကိုက အဓိက အချက်ကို မြင်နိုင်စွမ်း ရှိခဲ့တယ်..."
လီယွမ်က ဖုန်မှုန့်လက်တစ်ဆုပ်စာကို ကောက်ယူကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။ ထို့နောက် သူက ပြောလာ၏။ "အစ်ကိုလီလည်း ဒီအတားအဆီးဖုန်မှုန့် အချို့ကို ယူဆောင်သင့်တယ်။ငါတို့ မိုးကြိုးကောင်းကင်ဘုံ နယ်မြေက ထွက်ရင် ဒီနေရာလိုမျိုး ပတ်ဝန်းကျင် မရှိတော့ တဲ့အတွက် ဒီဖုန်မှုန့်တွေက ပြောင်းလဲသွားနိုင်တယ်။ ပြီး ရင် ငါတို့က လီမိသားစုကို ပြန်ရောက်တာနဲ့ ဒါက အတားအဆီးသံလိုက်အိမ်မြှောင်တစ်ခုအတွက် ကောင်းမွန် တဲ့ ကုန်ကြမ်းတစ်ခုတောင် ဖြစ်လာနိုင်လိမ့်မယ်…"

ဝမ် "ကျေးဇူးအများကြီးတင်ပါတယ်...အစ်ကိုလီ..." လင်းက အနည်းငယ် ပြုံး၍ သူကပါ ဆောင့်ကြောင့်ထိုင်ချ ကာ ဖုန်မှုန်များကို လက်တစ်ဆုပ် ကောက်ယူလိုက်သည်။

လီယွမ်က စိတ်ခံစားချက်အပြည့်ဖြင့် စိတ်ရင်းနှင့် ပြော လာသည်။ "ကျေးဇူးတင်ရမယ့်လူက ငါပါ။ သင့်ကြောင့် သာ မဟုတ်ရင် ငါက သေဆုံးနေခဲ့လောက်ပြီ။ဒါ့အပြင် ငါက ကျွန်အမှတ်အသားကနေလည်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..."

လီယွမ်သည် လွန်ခဲ့သော တစ်လက အသိပြန်ဝင်လာခဲ့ပြီ ဖြစ်သည်။ အစပိုင်းတွင် သူက စိတ်ရှုပ်ထွေးမှု ဖြစ်နေခဲ့ သေးသော်လည်း သူ့စိတ်ထဲရှိ မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ပြန်ပေါ်လာခဲ့ပေည်။ အမှန်တကယ်တော့ အရင်တုန်းက သူလုပ်ဆောင်ခဲ့သော အရာတော်တော်များ များသည် ကျွန်အမှတ်အသား၏ ထိန်းချုပ်မှုအောက်တွင်လုပ်ဆောင်ခဲ့ခြင်း မဟုတ်လား။ခုချိန်တွင်တော့ သူ့ထံ၌ ကျွန်အမှတ်အသားလည်း ရှိမနေတော့ပေ။

သူက အရာအားလုံးကို နားလည်လာပြီးသည့်နောက် ဝမ် လင်းကို အလွန်ကျေးဇူးတင်မိနေသည်။ သူက သူ့သိထား သော အတားအဆီးနည်းလမ်းများကိုလည်း ဝမ်လင်းထံသို့ တုံ့ဆိုင်းခြင်းမရှိ မျှဝေပေးခဲ့သည်။

"ငါတို့လီမိသားစုဆီ ပြန်ရောက်တာနဲ့ ငါက အစ်ကိုရှုကို ဘိုးဘေးအမွေအနှစ်ကျောင်းတော်ကို ခေါ်သွားပေးပါ့မယ်။ အဲ့ကျရင် ငါက ဘိုးဘေးတွေကို အရိုအသေပြုပြီးတာနဲ့ သင့် ကို အကြွေးစပ်တဲ့အနေနဲ့ ပျက်သုဉ်းခြင်းအတားအဆီးကို သင်ပေးပါ့မယ်…" လီယွမ်က ဝမ်လင်းကို ကြည့်လိုက်၏။ သူ့မျက်လုံးများက ကြည်လင်လို့နေသည်။

ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ လီယွမ်ထံသို့ လက်သီးနှစ်ဖက်ဆုပ်ကာ လေးစားမှု ပြသ လိုက်သည်။ ဝမ်လင်းသည် စကားမဆိုသော်လည်း သူ့ မျက်လုံးထဲတွင်တော့ လေးနက်မှုကို ပြသနေပေသည်။

ပျက်သုဉ်းခြင်းအတားအဆီးသည် မဟာအတားအဆီး လေးခုထဲမှ တစ်ခု ဖြစ်လေ၏။ လွန်ခဲ့သော တစ်လကျော် က လီယွမ်သည် ထိုအတားအဆီးနှင့် ပတ်သတ်၍ ဝမ်လင်း ကို အတော်လေး ရှင်းပြခဲ့ပြီး ဖြစ်သည်။ ထိုအတားအဆီး က မန္တာန်တစ်ခုနှင့်ပင် အတော်လေး တူညီနေသေးသည်။ ၎င်းက ကောင်းကင်ဘုံမန္တာန်တစ်ခု မဟုတ်သော်လည်းနှိုင်းယှဉ်နိုင်သည့် တစ်ခု ဖြစ်နေ၏။

ထိုအတားအဆီးကို သင်ယူနိုင်ရန် လူတစ်ယောက်သည် အမွေအနှေစ်နေရာတစ်ခု၌သာ သင်ယူနိုင်ပေမည်။ သည် ကမ္ဘာတွင် လီမိသားစုကသာ တစ်ခုတည်းသော နေရာ ဖြစ် နေတော့သည်။

"ကံမကောင်းစွာနဲ့ ဒီနေရာမှာ ရှိတဲ့အတားအဆီးက မ ပြည့်စုံဘူး။ကြည့်ရတာ လွန်ခဲ့တဲ့ နှစ်များစွာက တစ်ယောက်ယောက် ဖျက်စီးခဲ့တာပဲ ဖြစ်ရမယ်။ဒါပေမဲ့ လည်း ဒီလိုဖျက်စီးခဲ့တူ သုံးခဲ့တဲ့နည်းလမ်းက လုံးဝ အကြမ်းထည် ဆန်နေတယ်..."

လီယွမ်က မြေကြီးပေါ်သို့ ကြည့်ကာ ထိုသို့ ပြောလိုက် ခြင်းပင်။ သူက ထိုသို့ ကြည့်နေရင်း စဉ်းစားနေသည်။ ထို့နောက် သူက သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်ရာ အနက်ရောင်လိုင်းတစ်ခုက ပျံသန်းထွက်လာခဲ့သည်။ သည့်နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်ပြီးနောက် သူ့လက်ချောင်းနှင့်အတူ မြေကြီးပေါ်သို့ ထိုချိပ်တံဆိပ်အား ဖိချလိုက်သည်။

"ချိုးဖျက်စမ်း..." စကားတစ်ခွန်းဖြင့်ပင် မြေပြင်က တုန် ခါလာသည်ဟု ထင်ရသည်။ လီယွမ်၏ လက်ညှိုး မြေပြင် ပေါ်သို့ ကျရောက်သွားသည့်အခါတွင် မြေပြင်က တုန်ခါ လာကာ ရုတ်တရက် အတားအဆီးအလွှာများက တစ်ခုပြီး တစ်ခု ကျိုးပျက်လာကြသည်။ သည့်နောက် ဝမ်လင်း၏ ရှေ့တွင် ကောင်းကင်ဘုံတောင်တစ်တောင်နှင့် လှပသောနန်း ဆောင်တစ်ခု ပေါ်လာသည်။

ထိုတောင်က မြင့်မားလှခြင်း မရှိပေ။ ၎င်း၏ ဘေးတစ် ဘက်တွင် နန်းတော်ကြီးတစ်ခုလည်း ရှိနေသည်။သို့သော ထိုတောင်ပေါ်၌ အပေါက်များနှင့် ပြည့်နေသည်။ ကြည့်ရ သည်မှာ တောင်ပေါ်မှ ကောင်းကင်ဘုံအပင်များက နှုတ်ယူ ခံသွားရသည်နှင့် တူသည်။ ကျန်နေသေးသော အပင်များ ဟူ၍ သာမန် ဖြစ်သော အပင်များသာ ရှိတော့သည်။ ထို အပင်များက လေနှင့်အတူ ယိမ်းထိုးနေကြသည်။

သည့်အပြင် နန်းတော်ကလည်း ပျက်စီးနေခဲ့ပြီး ဖြစ်ကာ နန်းတော်ဟု သိရုံဆိုရုံမျှသာ ရှိတော့၏။

"ဒါက ငါ ခန့်မှန်းထားသလိုပဲ…" လီယွမ်က ခါးသီးစွာ ပြုံး၍ ဝမ်လင်းထံသို့ ကြည့်လိုက်သည်။

ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ အစ်ကိုလီရဲ့ အတားအဆီးပညာက တကယ့်ကို အံ့အားသင့်ဖွယ်ပါပဲ...။

"ရှေးဟောင်းမဟာအတာအဆီးလေးခုလုံးက အထွတ်အထိပ်အထိ ရောက်အောင် ကျင့်ကြံနိုင်ရင် အားကောင်းတဲ့မန္တာန်တွေကို ပိုင်ဆိုင်လာလိမ့်မယ်။ မြင့် မားတဲ့အဆင့်အတန်းမှာရှိတဲ့ ကောင်းကင်ဘုံသား၊ဒါမှ မဟုတ် နတ်ဆိုးတွေ ဖြစ်ပါစေ နိမ့်ကျတဲ့ လူသားတွေ၊ သားရဲတွေ ဖြစ်ပါစေ အားလုံးကို ချိပ်ပိတ်ပစ်နိုင်တယ်..."

*မက်မွန်ပန်းဆယ့်ရှစ်ခု အတားအဆီးက ပျက်သုဉ်းခြင်းအတားအဆီးကနေ ထုတ်ယူထားတဲ့ တစ်ခုသာ ဖြစ်တယ်။ ဒါပေမဲ့လည်း ဒီအတားအဆီးက အပြင်ဘက်ကို ပျံ့နှံ့သွားခဲ့ တဲ့အတွက် ပြင်ပကလူတွေက ဒီအတားအဆီးအကြောင်း ကို သိနေခဲ့ကြတာ..."

လီယွမ်က ထိုသို့ပြောနေစဉ်၌ ယုံကြည်မှုနှင့် ပြည့်လို့ နေသည်။

ဝမ်လင်းက လီယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ပျက်သုဉ်းခြင်းအတားအဆီးရဲ့ အားကောင်းပုံမျိုးတဲ့ဆိုရင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းက လူတွေဟာ ဒီ နည်းစနစ်ကို လီမိသားစုရှိမှာ လာရှာကြမှာပဲ မဟုတ် လား..."

လီယွမ်က ညစ်ကျယ်ကျယ်ပြုံး၍ ခေါင်းညိတ်ပြသည်။ "ငါက အစ်ကိုရှုကို မလိမ်ညာချင်ပါဘူး။ ကျွန် အမှတ်အသားရဲ့အောက်မှာ လီမိသားစုက နှစ်ပေါင်းများစွာ ခံစားပြီးတဲ့နောက်မှာ ပျက်သုဉ်းခြင်းအတားအဆီးကို လည်း မိသားစုပြင်ပရှိ အကြိမ်များစွာ သင်ပေးခဲ့ရပါတယ်

"ဒါပေမဲ့…" လီယွမ်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "သူတို့သင်ယူချင်တာက ပျက်သုဉ်းခြင်းအတားအဆီး ဆိုတာ ဟုတ်ပါတယ်။ လီ မိသားစုက ဒါကို သူတို့အပေါ်မှာ မဖုန်းကွယ်ထားပဲ အမွေအနှစ်ကျောင်းတော်မှာ နားလည်အောင် လုပ်ဖို့ ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့လည်း အတားအဆီးနှလုံးသားမရှိဘဲနဲ့ ဒါကို အစစ်အမှန်ပျက်သုဉ်းခြင်းအတားအဆီးလို့ သတ်မှတ် လို့ မရနိုင်ဘူးလေ.."

"ဒီအတားအဆီးနှလုံးသားက မျိုးဆက်တစ်ခုရဲ့ မိသားစု ခေါင်းဆောင်တွေကသာ အမွေဆက်ခံနိုင်တယ်။ ငါတို့က မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်ခွာပြီးတာနဲ့ ငါက ဘိုးဘေးအမွေအနှစ်ကျောင်းတော်ရှိ သွားပြီး ငါ့ရဲ့ အတားအဆီးနှလုံးသားတစ်ဝက်ကို အစ်ကိုရှုထံ ပေးပါ ໑໖..."

ဝမ်လင်းက ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူက လီယွမ်က နောက်တစ်ဖက် လေးစားဟန် ပြသလိုက်ပြန်သည်။ လက်သီးနှစ်ဖက်စုပ်ကာ

လီယွမ်က အလျင်အမြန် လက်ခါယမ်းလိုက်၏။ သူက စကားပြောဟန် ပြင်လိုက်ပြီးမှ ရုတ်တရက် အာမေဋိတ် ဖြစ်ဟန်ဖြင့် တောင်ပေါ်ရှိ နန်းတော်အား စူးစိုက်ကြည့် လိုက်လေသည်။

"အစ်ကိုရှု...ဟိုနေရာကို တစ်ချက်ကြည့်လိုက်..."

ဝမ်လင်းက ခေါင်းမော့ကာ ထိုနန်းတော်ကို ကြည့်လိုက် သည်။ ပျက်စီးနေသော နန်းတော်က ပုံမှန်ဟုသာ ထင်ရ၏။ သို့သော် အချိန်အတန်ကြာ စူးစိုက်ကြည့်လိုက်ပြီး သည့်နောက် သူက သဲလွန်စအချို့ကို တွေ့မြင်သွားသည်။

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူကဖြည်းဖြည်းချင်း ပြောလာသည်။ "ဒီနန်းတော်နောက်မှာ အပင်တစ်ပင် ရှိနေတယ်။ဒီအပင်ရဲ့ ဘယ်ဘက်အခြမ်းတစ် ခုက လှုပ်ရှားနေပေမြဲ ညာဘက်ပိုင်းကတော့ လုံးဝ ငြိမ် သက်နေတယ်..."

လီယွမ်၏ မျက်လုံးထဲ၌ တုန်လှုပ်ဟန်ပေါ်လာကာ သူက ခေါင်းညိတ်ပြလိုက်သည်။ "အစ်ကိုရှုက ပျက်သုဉ်းခြင်း အတားအဆီးကို မသင်ရသေးပေမဲ့လည်း သင့်ရဲ့ ရှာဖွေ လေ့လာနိုင်စွမ်းကတော့ အတားအဆီးဆရာသခင် တော်တော်များများကို ဖိနှိပ်ထားနိုင်ဖို့ လုံလောက်ပေတယ်

ဝမ်လင်းက ပြုံး၍ ပြောလိုက်သည်။ "ကြည့်ရတာ ငါ့တို့ နှစ်ယောက်က တော်တော်လေးကံ ကောင်းတဲ့ပုံပဲ...'

လီယွမ်က ရယ်မောကာ ဝမ်လင်းနှင့်အတူ တောင်ရှိရာ သို့ ပျံသန်းသွားသည်။ သိပ်မကြာခင်တွင် သူတို့က နန်းတော်နားသို့ ရောက်လာကြသည်။ ဝမ်လင်းက မလှုပ်မ ယှက်ဖြစ်နေသော သစ်ပင်ဘက်ခြမ်းမှ သုန်မှုန်သောအော် ရာတစ်ခု ထွက်ပေါ်နေသည်ကို ချက်ခြင်း သတိပြုမိလိုက် သည်။ ထိုသုန်မှုန်သောအော်ရာက အန္တရာယ်အငွေ့အသက် ကို ပေးစွမ်းနေသည်။

ဝမ်လင်းနှင့် လီယွမ်တို့သည် တစ်ပြိုင်နက်တည်းလိုလို ရပ်တန့်လိုက်ကြ၏။

သစ်ပင်အောက်၌ အဖြူရောင်အရိုးစုနှစ်ခု ရှိနေသည်။

တစ်ခုက သားရေချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ ထိုချပ် ဝတ်က အလွန်ကြမ်းတမ်းကာ ကွဲရာအချို့ပင် အလိုလို ဖြစ် ပေါ်နေသည်။

ဝမ်လင်းက ထိုချပ်ဝတ်ကို တွေ့မြင်လိုက်သည့်အခိုက် တွင် သူ့မျက်လုံးက ပြူးကျယ်သွားကာ သူ့အကြည့်ထဲ၌ မ ယုံကြည်နိုင်ဟန် ဖြစ်ပေါ်လာခဲ့သည်။

"ဒါက..."
တုန်လှုပ်ဖွယ် ပြောင်းလဲမှု

"ရှေးဟောင်းနတ်ဘုရားအရေပြား..." ဝမ်လင်းအသွင်က ချက်ခြင်းနက်မှောင်သွားသည်။ သူက အရိုးစုပေါ်ရှိ ချပ်ဝတ် သားရေကို စူးစိုက်ကြည့်နေသည်။

သူက ထိုခံစားမှုကို တိတိပပ မပြောနိုင်ပေ။ သို့သော် သူက သည်ချပ်ဝတ်ကို မြင်လိုက်ရသည့်အခါ၌ ဝမ်လင်း သည် ဝမ်းနည်းမှုကို ခံစားလိုက်ရပေသည်။

သူက သေသေချာချာ ကြည့်လိုက်ပြန်၏။ သည်သားရေ ချပ်ဝတ်က တကယ့်ကို ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ အရေပြားနှင့် ပြုလုပ်ထားခြင်းပင်။သူက သည်ရှေးဟောင်း နတ်ဘုရားက ကြယ်ဘယ်နှစ်လုံးအဆင့်ရှိမှန်း မသိသော်လည်း သည်သားရေချပ်ဝတ်ကို ကြည့်နေချိန်၌ သူ့ မူလခန္ဓာကိုယ်ကို တွေးမိသွားသည်။

လီယွမ်က ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အစ်ကိုရှုက ဒီ ဟာကို သိလား..."

ဝမ်လင်းက ခေါင်းယမ်းကာ တည်တည်ငြိမ်ငြိမ်ပင် ပြော လိုက်သည်။ "ငါ မသိပါဘူး။ ဒါပေမဲ့ ဒါက ငါ့မိတ်ဆွေတစ်ယောက် ပိုင်ဆိုင်ထားတဲ့ တစ်ခုနဲ့ တူနေတဲ့ပုံ ပေါက်နေလို့ 어..."

လီယွမ်သည် ဆက်လက်မေးမြန်းခြင်း မရှိတော့ပေ။ သို့သော် သူက သစ်ပင်ဘေးနားရှိ အရိုးစုကို ကြည့် လိုက်ကာ စတင် စဉ်းစားကြည့်နေသည်။ အနည်းငယ် ကြာမြင့်ပြီးသည့်နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ် ခု ပြုလုပ်ကာ သစ်ပင်ထံသို့ ညွှန်လိုက်သည်။ မက်မွန်ဆယ့် ရှစ်ခုအတားအဆီးသည် ချက်ခြင်းပင် ပေါ်ထွက်လာခဲ့ကာ သစ်ပင်ထံသို့ တိုးဝင်သွားသည်။

မက်မွန်အတားအဆီးတစ်ခုပြီးတစ်ခုသည် သစ်ပင်ပေါ် ထိုသစ်ပင် သို့ ကျရောက်သွားကြသည်။ထို့နောက် ပတ်လည်ရှိ လေဟာနယ်သည် တွန့်လာခဲ့သည်။ မရေမ တွက်နိုင်သော အတားအဆီးများသည်လည်း ပေါ်ထွက်လာ ကာ သစ်ပင်အောက်ရှိ အရိုးစုပင် တွန့်ကြေလာခဲ့၏။

သည့်နောက်တွင်တော့ သူတို့နှစ်ယောက်ရှေ့ရှိ အရာ အားလုံးသည် ရုတ်တရက် ပြိုပျက်ကျသွားသည်။

သစ်ပင်နှင့်အရိုးစုတို့သည် ပျောက်ကွယ်သွားလေသည်။ လီယွမ်နှင့်ဝမ်လင်းတို့ ရှေ့တွင် ရှိနေသည့် တစ်ခုတည်း သောအရာသည် နူးညံ့သောအလင်းတစ်ခုကို ပေးစွမ်းနေ သော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုသာ ဖြစ် တော့သည်။

လီယွမ်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကိုကြည့်ကာ ပြောလိုက်သည်။ "ဒါက ကော်းကင်ဘုံ အတားအဆီးဥပဒေသ ရှစ်ခုရဲ့ တတိယမြောက် ဥပဒေသ ပဲ...။ဒီအတားအဆီးရဲ့ ရည်ရွယ်ချက်က အထင်မှားအောင် တံလျှပ်လို ဖြစ်အောင်ပဲ...။ငါတို့မြင်ခဲ့တဲ့ အရိုးစုက အမှန် တကယ် သစ်ပင်အောက်မှာ လှဲလှောင်းနေခဲ့တာ မဟုတ် :..."

"ဒီအရိုးစုကို တည်ကြက်လို လုပ်ပြီး လူတွေကို ဖြားယောင်းသွေးဆောင်တာပဲ။ ပြီးရင်ဒီအတားအဆီးကို အသုံးပြုပြီး သတ်ပစ်ဖို့ ဖြစ်တယ်...။ဒီလောက်နှစ်တွေအ ကြာမှာ လူဘယ်လောက်များများက ဒီဟာကြောင့် သေဆုံး ခဲ့ရလည်း ငါ မခန့်မှန်းနိုင်ဘူး..."

ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။ သူကလည်း ထို အရာကို ဖြတ်မြင်နိုင်ခဲ့ပြီး ဖြစ်သည်။ အရိုးစုကသာ အမှန် တကယ် ဖြစ်နေမည်ဆိုပါက သည်လောက်နှစ်တွေကြာ အောင် မပျက်အစီးပဲ ပကတိအတိုင်း ရှိနေလိမ့်မည် မဟုတ်ပေ

"ဒါက သတ်ဖြတ်ခြင်းမန္တာန်တစ်ခုပဲ...။ကြည့်ရတာ ဒီ သားရေချပ်ဝတ်က တော်တော်လေး အဖိုးတန်တဲ့ ကောင်းကင်ဘုံရတနာတစ်ခု ဖြစ်ရမယ်..."

လီယွမ်၏ မျက်လုံးက အေးစက်လာခဲ့သည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ဖြည်းဖြည်း ချင်း ပြောလိုက်သည်။ “ဒီအတားအဆီးက ကောင်းကင်ဘုံသားတွေ ချန်ခဲ့တာလား...ဒါမှမဟုတ် ကိုယ်တိုင် နောက်ပိုင်းကျမှ တစ်စုံတစ်ယောက်က ထောက်ချောက် အဖြစ် လုပ်ထားခဲ့တာလား ငါ မသိဘူး..."

လီယွမ်သည်လည်း တိတ်ဆိတ်စွာ စဉ်းစားနေသည်။ သူ ကလည်း သည်မေးခွန်းကို စဉ်းစားနေခြင်း ဖြစ်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလာသည်။ "ဘယ်လို ပဲဖြစ်ဖြစ် ဒီအတားအဆီးကို ပထမဆုံးအကြိမ် ချိုးဖျက်တာ လို့တော့ ငါ ဆုံးဖြတ်နိုင်တယ်။တကယ်တော့ ငါက ဒီ အတားအဆီးကို အချိန်အတန်ကြာ သေချာလေ့လာကြည့် တော့ ဘာအရိပ်အယောင်မှ ပြတာ မတွေ့ခဲ့ဘူး..."

သူက ဝမ်လင်း၏မျက်လုံးက အာရုံစိုက်နေကာ ဖြည်းဖြည်းချင်း ပြောလာသည်။ "ဒီလောက်နှစ်တွေအကြာ မှာ ဒီအတားအဆီးက တစ်ချို့တစ်လေ ပြောင်းလဲခဲ့တာများ ဖြစ်နေနိုင်လား...။ဒီလို ပြောင်းလဲခဲ့တာက အလင်းအချို့ကို အပြင်စိမ့်ထွက်စေပြီး ငါ့တို့ကို အတားအဆီးရဲ့ အတွင်း ဘက်ခြမ်းကို တွေ့မြင်စေခဲ့တာလား..."

လီယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ် လိုက်သည်။ "အစ်ကိုရှု ပြောတဲ့အထဲမှာ တစ်ချို့တစ်လေ မှန်လောက်တယ်။ ဒီကိစ္စက အစ်ကိုရှု ပြောသလိုဖြစ်ဖို့ (၇၀) ရာခိုင်နှုန်း လောက်ရှိတယ်။ဒါ့အပြင် ဒီအတားအဆီး က ရတနာတွေကို ခိုးယူတဲ့လူတွေကို သတ်ပစ်ဖို့အတွက် တမင်ရည်ရွယ်ခဲ့တာလည်း ဖြစ်နေနိုင်တယ်..."
ဝမ်လင်းနှင့်လီယွမ်တို့သည် ပုံမှန်ထက်သာသော စိတ်နေ စိတ်ထားနှင့် မြင်နိုင်စွမ်း ရှိကြသူများပင်။ သူတို့နှစ်ယောက် က အမှန်တရားနှင့် နီးစပ်နိုင်ရန် အနည်းငယ် တွက်ချင့် စဉ်းစားကာ ဆွေးနွေးကြည့်ရန်သာ လိုသည်။

သည်အခိုက်အတန့်တွင်ပင် အတားအဆီးချိုးဖျက်ခံ လိုက်ရပြီးနောက် ဖြစ်ပေါ်လာသော တည်နေရာရွှေ့ပြောင်း ခြင်း အစီအရင်သည် မတည်မငြိမ်ဟန် ပြသလာခဲ့သည်။

မရေမတွက်နိုင်သော ဝဲကတော့ငယ်များသည် ထို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အနားစွန်းတွင် ပေါ်လာခဲ့သည်။ထိုဝဲကတော့ငယ်များထံကနေ ပုံရိပ်ယောင် အချို့လည်း ထွက်ပေါ်လာသည်။ ထိုပုံရိပ်ယောင်များက အပိုင်းအစများ ဖြစ်နေသော်လည်း လူတစ်ယောက်သည် ၎င်းတို့ကို ရှေးဟောင်းအဆောက်အဦး အပျက်အစီးများ အဖြစ် မြင်နိုင်ပေသည်။

ဝမ်လင်းနှင့်လီယွမ်တို့က ထိုအရာကို သတိပြုမိလိုက်ကြ ရာ သူတို့၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။

လီယွမ်က ရယ်မောလိုက်၏။ "ကြည့်ရတာ အစ်ကိုရှုရဲ့ ထင်မြင်ချက်က မှန်နေတယ့်ပုံပဲ။ငါတို့နှစ်ယောက်က ဒီအစီ အရင်ထဲဝင်ပြီး ဘာကြောင့် မစစ်ဆေးကြည့်ရမှာလဲ..."

ဝမ်လင်းက စကားပြောဟန် ပြင်လိုက်ရာ ပြင်းထန်သော နတ်ဘုရားအာရုံတစ်ခုသည် ပျံ့နှံ့ရောက်ရှိလာသည်။ ထို နတ်ဘုရားအာရုံက အားကောင်းလွန်းလှ၏။
၎င်းမန္တာန်ပျံ့နှံ့လာသည့်အခါတွင် ကောင်းကင်ထက်ရှိတိမ်စိုင်များသည် ပျံနှံ့လွင့်ပါးသွားရသည်။

လီယွမ်၏အသွင်က ပြောင်းလဲသွားသည်။ထိုနတ်ဘုရား အာရုံ လွှမ်းခြုံကျရောက်လာသည်နှင့် သူက အသက်ရှုရန် ပင် ခက်ခဲသွားသည်ဟု ခံစားလိုက်ရသည်။ ထိုနတ်ဘုရား အာရုံက အထည်ဒြပ်ရှိကာ သူ့ခန္ဓာကိုယ်ပေါ်သို့ တောင်ကြီး တစ်လုံး ဖိသိပ်ကျလာသကဲ့သို့ ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များသည်လည်း ထိန်းချုပ်မှုကနေ လွတ်ကင်းသွားရကာ သွေးတစ်လုပ်အန်ထုတ်လိုက်ရသည်။ မူလက ထိုနတ် ဘုရားအာရုံသည် သိမ်းကြုံးဖြန့်ကျက်ခြင်းသာ ဖြစ်၏။ သို့သော် ၎င်းနတ်ဘုရားအာရုံက ချက်ခြင်း ပြန်လှည့်လာ ကာ သည်တည်နေရအား ပိတ်ဆို့လိုက်လေ၏။

ဝမ်လင်းက ပို၍ပင် တုန်လှုပ်နေသေးသည်။ သည်နတ် ဘုရားအာရုံက သူ့ကို ရင်းနှီးသလို ခံစားရစေသည်။ ထို အခိုက်အတန့်မှာပင် သူက တုံ့ဆိုင်းနေခြင်းမရှိဘဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ရှိရာသို့ တိုးဝင်သွား သည်။

လီယွမ်၏ မျက်နှာကလည်း ဖြူရောသွား၏။ သူက သူ့ အသိစိတ်ပင် ဆုံးရှုံးလုနီးပါး ဖြစ်သွားရကာ ဝမ်လင်းနော ကသို့ အမြန်လိုက်ပါသွားသည်။

သူတို့နှစ်ယောက်လုံးက မူလကတည်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နှင့် သိပ်ဝေးလှခြင်း မရှိပေ။ သူ တို့က အမြန်ဆန်ဆုံး ရွှေ့လျားလိုက်သည့်အတွက် အစီအ ရင်နှင့် နီးကပ်သွားကြသည်။ သို့ရာတွင် ထိုနတ်ဘုရား အာရုံကလည်း အသည်းအသန်ဖြစ်လာကာ သူတို့နှစ် ယောက်၏ ပေတစ်ထောင်ပတ်လည်အတွင်းသည် ရုတ်တရက် နီမြန်းလာခဲ့လေသည်။

အနီရောင်အခိုးငွေ့အမျှင်တန်းများကလည်း ရုတ်တရက် ထွက်ပေါ်လာလေသည်။ ယင်းအခိုးငွေ့မျးက စူးရှစွာ မည် ကြွေး၍ ဝမ်လင်းထံသို့ တိုးဝင်လာချေ၏။

"အတားအဆီး..." ဝမ်လင်းက လီယွမ်ကို ဆွဲခေါ်ကာ ထိုသို့ အော်ပြောလိုက်ရင်း တည်နေရာရွှေ့ပြောင်းခြင်းအစီ အရင်ထံသို့ တဟုန်ထိုး ဆက်တိုးဝင်လာသည်။

လီယွမ်၏ လျှပ်တစ်ပြက်ဉာဏ်ကလည်း ဝမ်လင်းထက် အားနည်းလှခြင်းမရှိပေ။ ထို့ကြောင့် သူက ဝမ်လင်း ဆိုလိုသည်ကို ချက်ခြင်းနားလည်လိုက်သည်။ သူတို့နှစ် ယောက်လုံးက တိုက်ခိုက်ပါက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထံသို့ သွားရောက်ရာ၌ အရှိန်လျော့သွားနိုင်ပေ သည်။ သည်သေရေးရှင်ရေးအခိုက်အတန့်၌ ဝမ်လင်းသည် အမြန်နှုန်းတွင် အာရုံစိုက်ကာ လီယွမ်သည် တိုက်ခိုက်ဖို့ အာရုံစိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဝမ်လင်းက သူ့ကို ဆွဲခေါ်လိုက်သည့်အခိုက်တွင် လီယွမ် သည် သူ့လက်နှစ်ဖက်ကို မြန်ဆန်စွာ လှုပ်ရှားလိုက်သည်။

ထိုအခါ မရေမတွက်နိုင်သော အတားအဆီးမျး ဖြစ်ပေါ်လာ သည်။ ထိုအတားအဆီးများ ပေါ်လာသည်နှင့် ၎င်းတို့က ဆယ့်ရှစ်ခုအထိ ခွဲထွက်သွားကြ၏။

ထိုများစွာသောအတားအဆီးများ ပေါ်ထွက်လာသည်နှင့် အနီရောင်အခိုးငွေ့များမှ ထွက်ပေါ်လာနေသည် တစ္ဆေလို အခိုးငွေ့များသည် ရပ်တန့်သွားကြသည်။ ဝမ်လင်းက လီ ယွမ်ကို ဆွဲကာ နောက်သို့ လှည့်မကြည့်ဘဲ အစီအရင်၏ အစွန်းနားသို့ ရောက်လာသည်။ သူက အစီအရင်ထဲသို့ ဝင် ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

ထိုအခိုက်အတန့်မှာပင်

နတ်ဘုရားအာရုံထံမှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သည်ဧရိယာတွင် အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။

"သွေးလေဟာနယ်...သိပ်သည်းခြင်း..."

ထိုစကားသုံးခွန်း ထွက်ပေါ်လာသည်နှင့် သည်ဧရိယာ၏ ပေတစ်ထောင်ကို အားတစ်ခုက ချက်ခြင်း ညှစ်ချေလာ သည်။ လေဟာနယ်က ချက်ခြင်း အထည်ဒြပ်ဖြစ်လာကာ သည်ဧရိယာအတွင်းရှိ အရာအားလုံးကို ညှစ်ချေမွရန် ကြိုးစားလာသကဲ့သို့ ထင်ရသည်။

ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသွာ လိုတော့ပေ၏။ သို့ရာတွင် သူက ခြေလှမ်းမြှောက်လိုက်ချိန်၌ တောင်ကြီးတစ်ခုလုံးသည် သူ့နောက်ကျောကို ချည်တုပ်ထားသလိုမျိုး ဖြစ်ကာ သူ့ခြေလှမ်းအား နှေးကွေးသွားစေသည်။

သူ့ခန္ဓာကိုယ်ကလည်း မရေမတွက်နိုင်သောအာားများ ဖြင့် ညှစ်ချေခြင်း ခံနေရသည်ဟု ခံစားနေရသည်။

ထိုစွမ်းအားက

အလွန်ပြင်းထန်လှသည်။ ကောင်းကင်ဘုံ၏ ခွန်အားအလား မှတ်ရ၏။

ဝမ်လင်း၏ မျက်နှာက ဖြူရောနေကာ သူ့နှဖူး

ထက်၌လည်း ချွေးစေးများ ပြန်နေသည်။ သူက သူ့လက် ဖြင့် ရတနာတစ်ခုကိုပင် ထုတ်ယူပင့်မြှောက်နိုင်စွမ်း မရှိဖြစ်ရသည်။သူက အကွာအဝေးတစ်ခုရှိ လေဟာနယ်ထဲက နေ အနီရောင်အလင်းတန်းတစ်ခုသည် သူတို့ရှိရာနေရာသို့ လာနေသည်ကို ခပ်ရေးရေးခံစားမိသည်။ ထိုအနီရောင် အလင်းအတွင်း၌ အနီရောင်ပုံရိပ်တစ်ခုသည် မြန်ဆန်စွာ သိပ်သည်းလာခဲ့သည်။

ထိုအနီရောင်အလင်းထံကနေ မုန်တီးမှုအငွေ့အသက်တို့ ထွက်ပေါ်လို့နေ၏။ ထိုအမုန်းတရားထဲ၌ ပါဝင်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက နှိုင်းဆမရအောင်ပင် ဖြစ် တော့၏။

ထောင်ချောက်(နောက်တစ်ပိုင်း )

ထိုသေရှေးရှင်ရေး အခြေအနေအတွင်း ဝမ်လင်းသည် တတိယမျက်လုံးကို တုံ့ဆိုင်းခြင်းမရှိ ဖွင့်လှစ်လိုက် တော့သည်။ ထိုအခိုက်အတန့်၌ ယပ်တောင်အသွင် အလင်းတန်းသည် ပြန့်ကားလာကာ ဝမ်လင်းသည် ခေါင်း လှည့်နိုင်ရုံမျှ လှည့်လာနိုင်သည်။

ထိုယပ်တောင်အသွင် အနီရောင်အလင်းသည် လီယွမ် ပေါ်သို့ ဦးတည်လိုက်ခြင်းပင်။

ထိုအနီရောင်အလင်းက လီယွမ်ပေါ်သို့ ကျရောက်လာ သည့်အခါတွင် သူ့အပေါ်တွင် ချုပ်ကိုင်ထားသောအားကို ချက်ခြင်း ပြေလျော့သွားစေသည်။ သူ့မျက်နှာက ဖြူ ရော သွား၏။ သို့သော် သူက သူ့ညာလက်ကို မြှောက်ကာ သူ့ မျက်ခုံးနှစ်ခုကြားသို့ တုံ့ဆိုင်းခြင်းမရှိ ဖိချလိုက်သည်။

ထိုအခါ သူ့မျက်ခုံးနှစ်ခုကြားကနေ အနက်ရောင်မျဉ်း လိုင်းတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ ၎င်းက သူ့ရှေ့ တွင် စာလုံးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ လီယွမ် က အော်ပြောလိုက်လေ၏။ “ပျက်သုဉ်းခြင်းအတားအဆီးနှလုံးသား..."

ချက်ခြင်းပင် အတားအဆီးက တဖျပ်ဖျပ် လင်းလက်လာ ကာ အရူးအမူး ချဲ့ထွက်သွားသည်။ ထိုအခိုက်မှာပင် နီးကပ် လာသောအနီရောင်ပုံရိပ်နှင့် ထိဆုံကာ အတားအဆီးများ က ပြိုပျက်သွားလေ၏။

ဘုန်း....။

ကျယ်လောင်သော ပေါက်ကွဲသံက ရုတ်တရက် ပဲ့တင့် ထပ်သွားလေ၏။ အတားအဆီးများက လုံးဝ ပျက်စီးသွား ခြင်းတော့ မဟုတ်ပေ။ ၎င်းအတားအဆီးက သေးငယ်လှ သော အနက်ရောင်လိုင်း ထောင်ချီအဖြစ်သို့ ပြန့်ကျဲသွား ခြင်း ဖြစ်ကာ အမျိုးမျိုးသော ထူးဆန်းသည့် အသွင်ပုံစံ ဖြစ် ပေါ်လာသည်။

၎င်းအသွင်ပုံစံများကြား၌ အတားအဆီးများက ထူးဆန်း စွာ ချိတ်ဆက်နေကာ ပိုမို ပြန့်ကားလာခဲ့သည်။ ထိုသို့ဖြစ် လေလေ လီယွမ်၏ မျက်နှာက ပို၍ ဖြူရောလာလေ ဖြစ်၏။ အစစ်အမှန် ပျက်သုဉ်းခြင်းအတားအဆီးကို အသုံးပြုခြင်း သည် သူ့အပေါ်တွင် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုဖြစ်နေသည် မှာ ထင်ရှားလေသည်။

"ချိပ်ပိတ်ခြင်း..."

စကားတစ်ခွန်းဖြင့်ပင် ထိုအတားအဆီးများသည် သည် ဧရိယာကို ချက်ခြင်း လွှမ်းခြုံသွားသည်။ ၎င်းတို့က အနီ ရောင်အရိပ်၏ ဘေးနားတွင် ပေါ်လာကာ ၎င်းအရိပ်ထံသို့စုဝေးသွား၏။ အနီရောင်အရိပ်က တောက်ပသော အနီ ရောင်ကို ပေးစွမ်းနေကာ ကောင်းကင်ထက်၌ သွေးနီ ပင်လယ်တစ်ခုကို ဖန်တီးလေ၏။ ထိုသွေးပင်လယ်က နီးကပ်လာသော အတားအဆီးများထံသို့ ချက်ခြင်း တိုးဝင် သွား၏။ သို့သော် ထိုအခိုက်အတန့်၌ အတားအဆီးများ အားလုံးက ပေါက်ကွဲထွက်သွား၏။

ထိုအခါ သူတို့ရှိနေသော အစိတ်အပိုင်းနယ်မြေတစ်ခုလုံး ပါ မတည်မငြိမ် ဖြစ်သွားရလေသည်။

သူတို့နှစ်ယောက်အား ချုပ်နှောင်ထားသောအား ပြေ လျော့သွားသည်နှင့် ဝမ်လင်းက လီယွမ်ကို ဆွဲကိုင်ကာ ပျက်စီးလုနီးပါး ဖြစ်နေသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ခြေချလိုက်လေသည်။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ဖျပ်ခနဲ လင်း လက်သွားကာ ဝမ်လင်းနှင့်လီယွမ်တို့သည် ချက်ခြင်း ပျောက်ကွယ်သွားလေသည်။ သူတို့ပျောက်ကွယ်သွားသည့် အခိုက်၌ ဝမ်လင်းသည် သူ့ဘယ်လက်ဖြင့် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်အား ခပ်ပြင်းပြင်း ရိုက်ချခဲ့ကာ ချက်ခြင်း ပျောက်ကွယ်သွားစေသည်။

ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ် နေ၏။ သွေးနီရောင်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း လှမ်း လျှောက်လာသည်။ သူက တည်နေရာရွှေ့ပြောင်းခြင်း အစီ အရင် ရှိခဲ့သော နေရာတွင် မတ်တပ်ရပ်ကာ တိတ်ဆိတ်စွာစဉ်းစားနေသည်။

အချိန်အတန်ကြာမြင့်ပြီးနောက် သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ မြေပေါ်သို့ ခပ်ပြင်းပြင်း စောင့်ချလိုက် သည်။

သူ့ခြေထောက်အောက်၌ ကြီးမားသည့်အက်ကွဲကြောင်း ကြီးတစ်ခု ပေါ်လာကာ သည်အစိတ်အပိုင်းမြေ တစ်လျှောက်တွင် ပျံ့နှံ့သွားလေသည်။အက်ကွဲကြောင်းက ထပ်ကာ ထပ်ကာ ကွဲထွက်သွားကာ အစိတ်အပိုင်းမြေတစ် ခုလုံးသည် ကြောက်မက်ဖွယ်အက်ကွဲကြောင်းများနှင့် ပြည့် နှက်သွားတော့သည်။

ထိုလူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားသည် နိဗ္ဗာနကြို မြင်ခြင်းအဆင့်၏ အထက်တွက်ရှိနေကာ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အကန့်အသတ်အထက်တွင် ရှိနေသည်။မုန်တိုင်းတစ်ခုက သည်အစိတ်အပိုင်းမြေအနှံ့ ပျံ့နှံ့ သွားကာ မရေမတက်နိုင်သော အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။ထိုအခိုက်အတန့်၌ ကောင်းကင်ထက်၌ပင် လေဟာနယ်အက်ကြောင်းများပါ ပေါ်ထွက်လာခဲ့၏။

သည်သွေးဘိုးဘေး၏ ခြေစောင့်မှုအောက်၌ ဤ အစိတ်အပိုင်းမြေတစ်ခုလုံးသည် ပျက်စီးသွားခဲ့၏။ မြေပြင် ထု၏ အစိတ်အပိုင်းများစွာက ပျက်စီးပျောက်ကွယ်သွား ကာ ဆက်တိုက်အပျက်အစီးအားတစ်ခုကို ဆက်ကာဆက် ကာ ဖြစ်သွားစေသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးသည့်နောက် ကောင်းကင်နှင့် မြေကြီးထုပင် ဗလာကင်းမဲ့သွားလေ၏။ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေတစ်ခုသည် ထာဝရ ပျောက်ကွယ်သွားချေသည်။ ထိုပြင်းထန်သော ပြောင်းလဲမှုက သည်အစိတ်အပိုင်းနယ်မြေပေါ်ရှိ အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းမှ ကျင့်ကြံသူအနည်းငယ်ကို အလွန်ကြောက်လန့်သွားစေသည်။ထိုသူတို့က သည် အစိတ်အပိုင်းနယ်မြေကနေ အသည်းအသန် ထွက်ပြေးရန် ကြိုးစားကြတော့၏။

သို့ရာတွင် လူအများက သည်ပြိုကျနေသော အစိတ်အပိုင်းနယ်မြေကနေ လွတ်မြောက်နိုင်ခြင်း မရှိပေ။

ထိုအစိတ်အပိုင်းနယ်မြေ၏ ပျက်စီးမှုက ၎င်းနှင့် ချိတ်ဆက်ထားသော အခြားအစိတ်အပိုင်းနယ်မြေများ အပေါ်သို့ပါ သက်ရောက်သွားလေ၏။ ကျယ်လောင်သော တုန်ဟီးသံက မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ပျံ့နှံ့ ပဲ့တင်ထပ်ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံး သည် ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလာသည်။

သို့ရာတွင် ထိုလူကတော့ သည်အရာများအားလုံးကို ဂရုစိုက်ခြင်း မရှိပေ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခု လုံး ပြိုကျခဲ့လျှင်ပင် သူက ဂရုစိုက်လိုက်မည့် မဟုတပေ။ သူလိုချင်သည့် တစ်ခုတည်းသောအရာက သူ့သမီးသာ ဖြစ် ချေတော့၏။
"ခွေးကောင်လေး ဝမ်လင်း...မင်းက နောက်တစ်ကြိမ် ဆို ငါ့လက်က မလွတ်နိုင်တော့ပါဘူး..."

သည့်နောက် သွေးဘိုးဘေးသည် ခြေတစ်လှမ်းဖြင့် ပျောက်ကွယ်သွားချေသည်။

သွေးဘိုးဘေးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိလာကတည်းက သူက မည်သည့်ရတနာကိုမျှ ရှာဖွေခြင်းမပြုဘဲ တက်နိုင်သမျှ ခပ်မြန်မြန် အစိတ်အပိုင်း နယ်မြေ များစွာသို့ သွားလာနေခဲ့၏။ သူ ရောက်ရှိသွား သည့် အစိတ်အပိုင်းတိုင်းတွင်လည်း သူက နတ်ဘုရား အာရုံဖြင့် စစ်ဆေးကြည့်ပြီးနောက် ပြန်ပြန်ထွက်ခွာသွား သည်။

ကောင်းကင်သည် မှိန်ဖျော့ကာ အတားအဆီးအလင်းက ရံဖန်ရံခါ လင်းလက်နေသည်။

မြေပြင်ထက်တွင်လည်း တောင်ကုန်းများ ရှိနေကာ တောင်ကြားတစ်ခုလည်း ရှိနေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး သည် တိတ်ဆိတ်လွန်းနေသည်။

ကောင်းကင်ထက်၌ လေဟာနယ်အက်ကြောင်းများက အဆက်မပြတ် ပေါ်နေကာ အေးစက်သော တဝီဝီလေပြင်း ကို ထုတ်လွှတ်နေသည်။

သည်နေရာတွင် ထိုလေပြင်းသံ တစ်ခုသာ ရှိလေ၏။

သည်နေရာတွင် ပေတစ်ရာခန့်ရှိသော စင်မြင့်ပလ္လင်တစ် ခုလည်း ရှိနေကာ ယင်းပလ္လင်သည် အက်ကွဲကြောင်းများစွာနှင့် ထိခိုက်ပျက်စီးနေသည်။

သည်အခိုက်အတန့်၌ ပလ္လင်၏ ထိပ်ပိုင်းရှိ အပြန့်နေရာ ပေါ်တွင် ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။

ဝမ်လင်းက သုန်မှုန်သောအသွင်ဟန်ပန်ဖြင့် ခြေလှမ်း ထွက်လိုက်၏။စောနပိုင်းက သူသည် သေခြင်းတရားနှင့် အလွန်နီးကပ်ခဲ့ရသည် မဟုတ်လား။

"သွေးဘိုးဘေး..." ဝမ်လင်းက မျက်မှောင်ကြုတ် နေသည်။

သည်အခိုက်အတန့်မှာပင်

လီယွမ်သည်လည်း တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲကနေ လှမ်းထွက် လာသည်။ သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလို့နေ၏။ သူက ချက်ခြင်းပင် ထိုင်ချကာ စတင် ကျင့်ကြံလိုက်သည်။

ဝမ်လင်းက စဉ်းစားနေရင်း သူလည်း ထိုင်ချကာ လီယွမ် အား ကာကွယ်ပေးထားသည်။ တစ်ချိန်တည်းမှာပင် သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ သည်ဧရိယာကို လေ့လာကြည့်လိုက်သည်။

သိပ်မကြာခင်မှာပင် သူက သူ့နတ်ဘုရားအာရုံကို ပြန် ရုတ်သိမ်းလိုက်၏။ သူ့အသွင်ဟန်ပန်က ပိုမို သုန်မှုန်သွားခဲ့ သည်။ ကောင်းကင်ထက်ရှိ လေဟာနယ်အက်ကွဲကြောင်း များသည် နတ်ဘုရားအာရုံကို ဝါးမြိုနိုင်နေသည်။သူ့နတ် ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်နှင့် ၎င်းက သည် လေဟာနယ်အက်ကွဲကြောင်းများအား စွဲဆောင်သလို ဖြစ်သွားစေသည်။

"ဒီနေရာက ဒီလိုဖြစ်နေတယ် ဆိုပေမဲ့လည်း အနည်းဆုံးတော့ လုံခြုံသေးတယ်…"

ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားကို တိတ်တဆိတ် ကြည့်နေရင်း စတင်စဉ်းစားကြည့်နေသည်။

"ဒီသွေးဘိုးဘေးက အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကို တကယ် ရောက်လာနိုင်ခဲ့တာပဲ။ သူ ပေါ်လာတဲ့ အချိန်မှာ သူက ငါ့ကို စကားပြောဖို့အခွင့်အရေး တစ်ခု တောင် မပေးဘဲ ချက်ခြင်း ဖမ်းဆီးဖို့ ကြိုးစားခဲ့တယ်။ သူက သူ့သမီးယောင်ရှင်းရွှယ် ရှိတဲ့နေရာကို သိနိုင်ဖို့ အတွက် ငါ့စိတ်ဝိညာဉ်ကို ရှာဖွေချင်နေတာပဲ..."

ဝမ်လင်းက သိုလှောင်အိတ်ကို ထိလိုက်သည်။

"ငါက ယောင်ရှင်းရွှယ်ကို ပြန်ပေးလိုက်ရင်...ဒီသွေးဘိုး ဘေးက ငါ့နောက်ကို ဆက်လိုက်လာဦးမှာလား..."

ဝမ်လင်းက တစ်ချက်တွေးလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံသက်တော်စောင့်သည် သူ့အရိပ်ထဲကနေ လှမ်းထွက်လာကာ လီယွမ်ကို စောင့်ကြပ်ပေးနေ၏။ ထို့နောက် သူက သူ့လက်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို ဖြတ်ပိုင်းချ၏။ ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက သိုလှောင်အိတ်ထဲမှ အတားအဆီးလုံး တစ်ခုကို ထုတ်ယူ လိုက်၏။ ၎င်းအလုံးက လူတစ်ယောက်၏ အရွယ်အစားထိကြီးထွားလာခဲ့သည်။

ထိုအတားအဆီးအလုံး ပွင့်သွားသည့်အခါ၌ ယောင်ရှင်း ရွှယ်၏ အသွင်ဟန်ပန် ထွက်ပေါ်လာခဲ့သည်။သူမက ကြာ ပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေ၏။သည်အခိုက်အတန့်၌ သူမ က မျက်လုံးဖွင့်လာခဲ့ကာ ဝမ်လင်းကို မြင်လိုက်ချိန်၌ ခဏ တာ စိတ်ရှုပ်ထွေးးဟန် ပေါ်လာခဲ့သည်။ သို့သော် ခဏ အတွင်းမှာပင် သူမက ပြန်တည်ငြိမ်သွား၏။

သူမက မည်သည့်စိတ်ခံစားချက်မှ မရှိဟန်နှင့် ဝမ်လင်း ကို တည်ငြိမ်စွာ ကြည့်နေ၏။ အချိန်အတန်ကြာမြင့်ပြီး နောက် သူမက လှောင်ပြုံးပြုံးကာ ပြောလာခဲ့သည်။ "ငါက ငါ့အဖေရဲ့ သွေးမန္တာန်ကို ခံစားမိတယ်..။ဒါ့အပြင် ငါက နင့်ကြောက်လန့်နေမှုကိုလည်း ခံစားမိသေးတယ်..."

"နင်က ငါ့ကို လွှတ်ပေးချင်နေတာလား။ ဒါမှမဟုတ် နင် က ငါ့ကို ငါ့အဖေရှိ နင့်ကို မသတ်ဖို့ တောင်းဆိုပေးစေချင် တာလား...။ဝမ်လင်း...ငါ ပြောတာ မှန်တယ်မလား..."

"ငါက ငါ့အဖေကို နင့်အသက်ကို ချမ်းသာပေးထားဖို့ ပြောမှာပါ။ ဘာလို့လဲဆိုတော့ ငါက နင့်ကို လွယ်လွယ်သေ ခွင့် မပြုနိုင်လို့ပဲ..." ယောင်ရှင်းရွှယ်မျက်လုံးထဲရှိ တည်ငြိမ် မှုက ပျောက်ကွယ်သွားကာ နက်ရှိုင်းသောအမုန်းတရား တစ်ခု အစားထိုးဝင်လာခဲ့သည်။

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "နင့် ကို လွှတ်ပေးတာ ဖြစ်စေ၊မလွှတ်ပေးတာ ဖြစ်စေ ဘယ်လိုပဲ လုပ်လုပ် ငါ့ကံတရားက တူတူပဲ..."ယောင်ရှင်းရွှယ်က ဝမ်လင်းကို ကြည့်ကာ အေးစက်စွာ ပြောလာသည်။ "နင်က ငါ့ကို မသတ်ပစ်ဝံ့ပါဘူး။ ဘာလို့ လဲဆိုတော့ ငါ့ကိုသတ်တာက ငါ့ကို လွှတ်ပေးတာနဲ့ တူတူ ဖြစ်နေလို့ပဲ။ နင်က ငါ့ကို တစ်နေရာမှာ ချိပ်ပိတ်ထားရင် လည်း နင်က ငါ့အဖေရဲ့ ထာဝရလိုက်ဖမ်းတာကို ခံရလိမ့် မယ်။ တစ်နေ့မှာ ငါ့အဖေက နင့်ကို ရှာတွေ့ရင် ငါ လွတ်မြောက်နိုင်လိမ့်မယ်..."

ဝမ်လင်းက ယောင်ရှင်းရွှယ်ကို ကြည့်နေရင်း သူ့မျက်လုံး က အေးစက်လာခဲ့သည်။ သူက အတားအဆီးအနည်းငယ် ကို ထပ်မံ ဖြစ်ပေါ်စေကာ ယောင်ရှင်းရွှယ်၏ ခန္ဓာကိုယ် ပေါ်သို့ နေရာချလိုက်သည်။ အတားအဆီးလုံးက အလင်း လုံးတစ်ခုအဖြစ်သို့ နောက်တစ်ဖန် ပြန်ကျုံ့သွားသည်။ဝမ် လင်းက ၎င်းကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်း လိုက်၏။

ထို့နောက် သူက မတ်တပ်ထရပ်ကာ အကွာအဝေးတစ်ခု သို့ ကြည့်၍ စဉ်းစားနေသည်။

"နင့်ကို လွှတ်ပေးဖို့၊ မလွှတ်ပေးဖို့က ငါ့အပေါ်မှာ မူမ တည်ဘူး။ နင့်အဖေ သွေးဘိုးဘေးပေါ်မှာပဲ မူတည်လိမ့် မယ်..""

ဝမ်လင်းမျက်လုံးက ရက်စက်ကြမ်းကြုတ်နေသည်။ ထို့နောက် သူက လီယွမ်ကို ကြည့်လိုက်၏။

ခဏတာကြာမြင့်ပြီးသည့်နောက် လီယွမ်သည် မျက်လုံးပွင့်လာခဲ့သည်။ သူက လေအပြည့်ရှိုက်သွင်းလိုက်၏။ သူက မျက်လုံးဖြည်းဖြည်းချင်း ပွင့်လာကာ သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။ သူက မေးလိုက်၏။ "အစ်ကို ရှု….ဒီလူက ဘယ်သူလဲ..."

ဝမ်လင်းက သက်ပြင်းချလိုက်၏။သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးသည့်နောက် လီယွမ် ထံသို့ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ "ငါက ဒီ ကိစ္စမှာ အစ်ကိုလီကို ဝန်ပိစေခဲ့ပါတယ်။ဒီလူ့ကို သွေးဘိုး ဘေးလို့ခေါ်တယ်။ သူ့ကျင့်ကြံမှုအဆင့်ကလည်း အလွန်မြင့် မားပြီး သူနဲ့ငါ့ကြားမှာ ရန်ငြိုးအချို့ ရှိနေခဲ့တယ်။ သင်နဲ့ငါ က ထွက်ခွာတဲ့အခါကျရင် အစ်ကိုလီက အရင်ဆုံးထွက် သွားသင့်တယ်..."

လီယွမ်က ညစ်ကျယ်ကျယ်ပြုံးလိုက်မိသည်။ သူက ပြော လာ၏။ "အစ်ကိုရှု...ဒီလူရဲ့ ကျင့်ကြံမှုအဆင့်က သာမန် ဒုတိယအဆင့်ကျင့်ကြံခြင်း မဟုတ်ဘူး။ငါ့ပျက်သုဉ်းခြင်း အတားအဆီးက အဆင့်လေးမှာ ရောက်နေခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ ငါက ဒါကို ငါ့အတားအဆီးနှလုံးသားနဲ့ တွဲသုံးတာ တောင်မှ သူက လွတ်မြောက်နိုင်စွမ်း ရှိနေတုန်းပဲ။ ငါ ကြောက်မိတာက ဒီလူရဲ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနကြိုမြင် ခြင်းအဆင့်ကို ကျော်လွန်နေမှာကိုပဲ...။အနည်းဆုံး သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့်မှာ ရှိလိမ့်မယ်။ သူ့ကျင့်ကြံမှု အဆင့်နဲ့ ဆိုရင် ဒါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကြီးရဲ့ ထိပ်ဆုံးအလွှာမှာ ရှိနေလိမ့်မယ်။ အစ်ကိုရှုက ဘယ်လိုများ ဒီလိုလူကို စော်ကားမိခဲ့တာလဲ...။ငါ့ ပျက်သုဉ်းခြင်းအတားအဆီးက အဆင့်ခုနစ်ကို ရောက်ခဲ့ မယ်ဆိုရင်တော့ ငါက ဒီလူ့ကို ချိပ်ပိတ်ကောင်း ချိပ်ပိတ်နိုင်လိပ်မယ်

ဝမ်လင်းက တည်ငြိမ်စွာပင် ဖြည်းဖြည်းချင်း ပြောလိုက် သည်။ "အစ်ကိုလီ...အရင်ဆုံး ငါတို့ ဒီနေရာရဲ့ ထွက်ပေါက် ကို ရှာကြတာပေါ့။ ဒီကိစ္စကို ငါတို့အပြင်ပြန်ထွက်ပြီးမှပြောကြမယ်..

လီယွမ်က သက်ပြင်းချလိုက်၏။ အနည်းငယ် စဉ်းစားပြီး သည့်နောက် သူက ပြောလိုက်သည်။ "ဒီလူရဲ့ ကျင့်ကြံမှု အဆင့်က မြင့်မားပေမဲ့လည်း ငါတို့က သူ့ကို သွားမစရင် သူ့ကို ရှောင်ရှားဖို့ ဘာနည်းလမ်းမှ မရှိတာတော့ မဟုတ် ဘူး။ထားလိုက်ပါတော့လေ...အစ်ကိုရှု ထွက်ပေါက်ကို အရင်ရှာကြတာပေါ့..." ပြောသလိုပဲ

သူက ထိုသို့ပြောလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားကို ကြည့် ကာ ပြောလိုက်သည်။ "အစ်ကိုလီ…သင်က သင့်နတ်ဘုရား အာရုံကို ဖြန့်ကျက်လို့မရဘူး။ ဒီနေရာမှာ နတ်ဘုရားအာရုံ ကို ဝါးမြိုနိုင်တဲ့ လေဟာနယ်အက်ကြောင်းတွေ ရှိတယ်..."

လီယွမ်၏မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ် ပေါ်လာခဲ့သည်။ သူက ပလ္လင်ထက်ကနေ ခုန်ဆင်းကာဖုန်မှုန့်အချို့ကို လက်တစ်ဆုပ်စွာ ကောက်ယူလိုက်သည်။ အနီးကပ်သေချာကြည့်လိုက်ပြီးနောက် သူက ရှေ့သို့ ဆက် ရွှေ့လျားကာ အပင်တစ်ပင်ပေါ်သို့ ခုန်တက်လိုက်ပြန်သည်။ သစ်ကိုင်းတစ်ခုကို ချိုးလိုက်ပြီးသည့်နောက် သူ့ပါးစပ်နား တွင် တေ့ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ ထူးဆန်းသော အလင်းကလည်း ပိုအားကောင်းလာခဲ့၏။

"အစ်ကိုရှု...ငါ့ကို သင့်ရဲ့ ရုပ်သေး ငှားပါလား..." လီ ယွမ်က လေထဲသို့ ဖြည်းဖြည်းချင်း တက်သွားရာ လေဟာနယ်အက်ကြောင်းများက လေထဲ၌ ချက်ခြင်း ပေါ်လာခဲ့ကာ သူ့ကို ဝါးမြိုဟန် ပြင်လာသည်။

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လီ ယွမ်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့်အခါ လီယွမ် သည် တစ်ခုခုကို ရှာဖွေနေသည်ဟု ခံစားမိနေသည်။ အတွေးတစ်ချက်ခြင့်ပင် ကောင်းကင်ဘုံသက်တော်စောင့် က လီယွမ်အနားသို့ ကျရောက်သွားသည်။

အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်နှင့် ကောင်းကင်ဘုံ သက်တော်စောင့်က ချက်ခြင်း လက်သီးတစ်လုံး ပစ်သွင်း လိုက်ပြီး ဝဲကတော့တစ်ခုကို ဖန်တီးကာ အက်ကြောင်းနှင့် ပေါင်းစပ်ရောထွေးသွားစေသည်။

လီယွမ်က ကောင်းကင်ထက်သို့ ပိုပိုမြင့်တက်လာလေ လေဟာနယ်အက်ကြောင်းများကလည်း ပိုမို ပေါ်လာလေ ဖြစ်နေသည်။ ကောင်းကင်ဘုံသက်တော်စောင့်က လီယွမ်ဘေးနား၌ ရှိနေကာ အက်ကွဲကြောင်းများကို တိုက်ခိုက်ပေး နေသည်။

လီယွမ်က လေထဲသို့ မြင့်တက်လာရင်း သူက အကွာ အဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။ သူ့မျက်လုံးထဲ၌ တုန်လှုပ်မှု၊မယုံကြည်နိုင်ဖြစ်မှုတို့နှင့် ပြည့်လို့နေသည်။

သည်အခိုက်အတန့်၌ ပုံမှန်ထက်ကြီးမားသော အက်ကွဲ ကြောင်းတစ်ခုက သူ့အောက်တွင် ပေါ်လာခဲ့၏။ ထိုအက်ကွဲ ကြောင်းက ရုတ်တရက် ပြင်းထန်သော စုပ်အားတစ်ခုကို ထုတ်လွှတ်ကာ လီယွမ်အား ဝါးမြိုရန် ကြိုးစားလာသည်။

လီယွမ်၏အသွင်က ပြောင်းလဲသွား၏။ သူ့ဘေးတွင် လည်း ပိုမိုများပြားသော အက်ကြောင်းများ ရှိနေ၏။ ထို များစွာသောအက်ကွဲကြောင်းများ ကြောင့် ကောင်းကင်ဘုံဒ သက်တော်စောင့်ပင် လုံလောက်အောင် မမြန်ဆန်နိုင်တော့ 60 တော့၏။ သူတို့နှစ်ယောက်က အခက်အခဲကျရောက်နေ

ဝမ်လင်းက ရှေ့သို့ လှမ်းထွက်ကာ သိုလှောင်အိတ်ထဲမှ တောင်နှင့်မြစ်အကာအရံကို ထုတ်ယူသည်။ထိုတောင်နှင့် မြစ် ပန်းချီကားသည် ကောင်းကင်ကို ရုတ်တရက် ဖုံးအုပ် သွားကာ လေဟာနယ်အက်ကြောင်းများစွာကို စုပ်ယူ လိုက်၏။ ဝမ်လင်းက ထိုအခွင့်အရေးကို အသုံးပြုကာ ရှေ့ သို့ ထိုးတက်သွား၍ လီယွမ်ကို ပြန်ဆွဲယူလိုက်သည်။

လီယွမ်၏ အောက်ရှိ အက်ကွဲကြောင်းကြီးက သူတို့နှစ်ယောက်အား ဝါးမြိုဟန် တာဆူလိုက်သည့်အခိုက်တွင် သူ တို့နှစ်ယောက်နှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့သည် မြေပြင်ပေါ်သို့ ပြန်ရောက်ရှိသွားကြသည်။

ကောင်းကင်ထက်ရှိ ပန်းချီကားသည် သေးငယ်သော အပေါက်များစွာ ပေါ်လာကာ ထိခိုက်ပျက်စီးသွးသည်ဟု ထင်ရ၏။ ဝမ်လင်းအသွင်က အလေးအနက် ဖြစ်လာကာ သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ထိုအခါ ကောင်းကင်ထက်ရှိပန်းချီကားက ပျောက်ကွယ်သွား လေ၏။ အကာအရံကလည်း သူ့လက်ထဲသို့ ပြန်ရောက်လာ ခဲ့ကာ ဝမ်လင်းသည် ၎င်းကို သိုလှောင်အိတ်ထဲသို့ ပြန် ထည့်သိမ်းလိုက်လေ၏။

"အစ်ကိုရှု...သင်က ဒီနေရာကို သိလား..." လီ ယွမ်၏မျက်နှာထက်၌ စိတ်လှုပ်ရှားမှုတို့ ပေါ်ထွက်နေကာ သူ့မျက်လုံးထဲ၌လည်း မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ် နေသည်။သက အသက်ဝဝရှုသွင်းကာ စိတ်လှုပ်ရှားဟန် ဖြင့် ပြောလာသည်။ "အစ်ကိုရှု...ကောင်းကင်ဘုံသားတွေ က သိုလှောင်အိတ်တွေကို အသုံးပြုခဲလှတယ်။ အများ အားဖြင့် သူတို့က သူတို့ရဲ့ကိုယ်ပိုင်နေရာလွတ်ကို ဖွင့်လှစ် ထားတက်ကြတယ်။ ကောင်းကင်ဘုံသားတွေ သေသွားတာ တောင် ဒီနေရာလွတ်တွေက ပျက်စီးသွားတာ မရှိဘူး။ ဒါပေမဲ့လည်း အဲ့နေရာလွတ်တွေကို ထပ်မံဖွင့်လှစ်ဖို့က အလွန်ပဲ ခက်ခဲလှတယ်..."

ဝမ်လင်းက မှင်သက်သွားကာ သူ့အသွင်ကလည်း ချက်ခြင်း ပြောင်းလဲသွားသည်။ သူက မေးလိုက်၏။ "အစ်ကိုလီ ငါတို့ ခုရောက်နေတဲ့နေရာဟာ ဆိုလိုတာက ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ သိုလှောင်နေရာလွတ် ထဲမှာပေါ့

လီယွမ်က ရယ်မောလိုက်၏။ သူ့မျက်လုံးထဲ၌ ပို၍ စိတ် လှုပ်ရှားဟန်နှင့် ပြည့်လာခဲ့ကာ သူက ခေါင်းညိတ်ပြလိုက် သည်။ "ဟုတ်တယ်....ဒီနေရာက တော်တော်လေး ရှေးကျ လှပြီး အာ့ကြောင့်လည်း နေရာလွတ်လေဟာနယ်က မ တည်မငြိမ်ဖြစ်လာပြီး အက်ကွဲကြောင်းတွေ ပေါ်နေခဲ့တာ။ မဟုတ်ရင် ငါတို့က ဒီနေရာကို ဝင်ရောက်နိုင်ခဲ့မှာ မဟုတ် :..."ဘူး...

"ဒီနေရာမှာရှိတဲ့ ဖုန်မှုန့်တွေက အပြင်ဘက်ကနေ ရွှေ့ လာခဲ့တာ။ ဒီနေရာမှာ ရှိတဲ့ တောင်တွေ သစ်ပင်တွေက လည်း အပြင်ဘက်ကနေ ဒီကို ရောက်လာခဲ့တာပဲ..."

ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ဖြစ် ပေါ်လာခဲ့သည်။ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "အစ်ကိုလီ...တကယ်လို့ ဒီနေရာလွတ်က ပြိုကျပျက်စီး သွားမယ်ဆိုရင် အထဲမှာ ရှိတဲ့ အရာအားလုံးက တစစီဖြစ် သွားမှာ မလား...

လီယွမ်က မှင်သက်သွားကာ သူက ခေါင်းညိတ်ပြလိုက် သည်။ “ဟုတ်တယ်....ဒီနေရာက အပြင်ဘက်မှာ ရှိတဲ့ အစိတ်အပိုင်းမြေနဲ့ မတူဘူး။ ဒီနေရာက ပျက်စီးပြိုကျသွားတာနဲ့ ပြင်းထန်သောအားတစ်ခုက ဒီအထဲမှာ ရှိတဲ့အရာ အားလုံးကိုပါ ပြိုပျက်စီး စေလိမ့်မယ်။ ဘာတစ်ခုမှ ကျန်ခဲ့ မဟုတ်ဘူး။ ဒါပေမဲ့လည်း အစ်ကိုရှုက မှာ အေးအေးဆေးဆေးနေနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပြင်ပကနေ ကြားဖြတ်နှောင့်ယှက်မှုမရှိရင် ဒီနေရာက ပျက်စီးသွားမှာ မဟုတ်ပါဘူး။ အန်….ဒါမှမဟုတ်...သင်… သင်က..."

လီယွမ်က ပြောနေရင်းဖြင့် စိတ်ထဲတွင် တစ်စုံတစ်ခုကို တွေးမိလိုက်ခြင်းပင်။ သူက လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။

ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက ခပ်တိုးတိုး ပြောလိုက်၏။

"ဒီနေရာက ဒီလိုဖြစ်တော့ ငါတို့ဟာ သွေးဘိုးဘေးနဲ့ ရင်ဆိုင်နိုင်ဖို့ ထောင်ချောက်တစ်ခု ချမှတ်နိုင်လောက်တယ်..
သားရဲအရိုးများ

လီယွမ်၏ မျက်လုံးထဲ၌ လေးစားမှုတို့ ထွက်ပေါ်လာ သည်။ သူက ဝမ်လင်း၏ ရဲဝံ့သောအကြံဉာဏ်ကြောင့် တုန်လှုပ်သွားမိသည်။တကယ်တော့ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုက သိသာစွာ ကြီးမားလှ၏။ လီယွမ်ကိုယ်တိုင်ပင် ထိုသို့သော ကျင့်ကြံခြင်းအဆင့်ရှိသူနှင့် ရင်ဆိုင်ရပါက အ ရင်ဆုံးတွေးမိမည့်အရာသည် ထွက်ပြေးရန်သာ ဖြစ်ပေ လိမ့်မည်။

ကမ္ဘာလောက၏ အစွန်ဆုံးသောနေရာ သို့မဟုတ် လူသူ ကင်းမဲ့သော နေရာများတွင် နှစ်ပေါင်းရာချီ၊ထောင်ချီ ပုန်းအောင်းနေရမည် ဆိုရင်ပင် ထိုသို့ ကျင့်ကြံမှုအဆင့်မြင့် မားသည့်လူ လက်ထဲမှ လွတ်မြောက်နိုင်ပါက ထိုက်တန် သည်ဟု ဆိုရပေမည်။

သူက ခုခံရန် လုံးဝ တွေးမိလိမ့်မည် မဟုတ်ပေ။ အကြောင်းရင်းကတော့ ကွာခြားချက်သည် မိုးနှင့်မြေ လောက် ဖြစ်နေသည် မဟုတ်လား။

လီယွမ်၏ အမြင်၌ ဝမ်လင်း၏ အကြံဉာဏ်သည် ရူးသွပ်ခြင်းနှင့် နီးကပ်နေ၏။ သို့သော် တစ်ချိန်တည်းမှာလည်း ကြံရည်ဖန်ရည်နှင့် ပြည့်နေ၏။ အမှန်အကန်သာ စီစဉ်နိုင် ခဲ့ပါက ဝမ်လင်း၏ အကြံသည် အောင်မြင်နိုင်ပေသည်။

ထိုအကြောင်းကို တွေးမိရင်း လီယွမ်က နှလုံးခုန် မြန် နေ၏။ အနည်းဆုံး နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိနေ သော ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ရန် ကြံစည် ခြင်းကပင် သူ့သွေးများကို မြန်ဆန်စွာ စီးဆင်းသွားစေကာ နှလုံးခုန်ပေါက်စေသည်။

"အစ်ကိုရှု...ငါတို့...ငါတို့က တစ်သားတည်းပါပဲ။ ဒါပေမဲ့ ဒါက နတ်ဘုရားတစ်ပါးကို သတ်ဖို့ ကြိုးစားနေတာ မလား..."

လီယွမ်ပြောသလိုပင် သည်ကြံစည်မှုက နတ်ဘုရား တစ်ပါးကို သတ်ရန် ကြိုးစားခြင်းနှင့် အလားသဏ္ဌာန်တူ ပေ၏။ သွေးဘိုးဘေးက ကောင်းကင်ဘုံဗိုလ်ချုပ်တစ် ယောက်နှင့် မယှဉ်နိုင်သော်လည်း သူက ကောင်းကင်ဘုံ နယ်မြေ မပျက်စီးခင်မှာပင် စွမ်းအားထောက်တိုက်တစ် ယောက်ဟု သတ်မှတ်နိုင်ပေ၏။

ဝမ်လင်းက နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။ "ငါက ဒီ ကိစ္စမှာ အစ်ကိုလီရဲ့ အကူအညီ လိုအပ်နေဆဲပါ။ ဒီကိစ္စသာ ပြီးသွားရင် ငါက အစ်ကိုလီကို အကျိုးအမြတ်တစ်ခုခု ကျိန်းသေပေါက် ပေးပါ့မယ်..."

လီယွမ်က အနည်းငယ် စဉ်းစားလိုက်၏။ စိတ်လှုပ်ရှားမှုက သူ့အာခေါင်ကိုပင် ခြောက်သွေ့စေသည်။ သူက ဝမ်လင်း ကို ကြည့်ကာ ပြောလိုက်သည်။ "အစ်ကိုရှုက ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။သင်က ငါ့ကိုသာမက ငါတို့လီ မိသားစုတစ်ခုလုံးရဲ့ မျိုးဆက်တွေကိုပါ ကယ်တင်ခဲ့တာပါ။ ဒါက နတ်ဘုရားတစ်ပါးကို သတ်ဖို့ မဟုတ်လား။ ဒါ့ ကြောင့် ငါက ဒီလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့အရာကို မ ကူညီပဲ ဘာလို့ နေရမလဲ.."

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ဒီသွေးဘိုး ဘေးက သတ်ဖို့ မလွယ်လှဘူး။ ဒါ့ကြောင့် သေသေချာချာ ဂရုတစိုက် စီစဉ်မှ ရမယ်။ ခု ငါတို့ မလှုပ်ရှားခင် အစ်ကိုလီ က အရင်ထွက်သွားနိုင်တယ်..."

လီယွမ်က စဉ်းစား၍ ပြန်ပြောလိုက်သည်။ "ဒါကတော့ လွယ်ပါတယ်။ဒါပေမဲ့လည်း ငါတို့ ဒီလိုမလုပ်ခင် ဒီ သိုလှောင်နေရာလွတ်ထဲကို ရှာကြည့်သင့်တယ်။ ဒါမှသာ ငါတို့က ဒီအထဲက ဘာရတနာကိုမှ ကျန်ခဲ့တာ မရှိမှာ။ဒါ့ အပြင် ငါက ဒီနေရာပြိုကျဖို့အတွက် အတားအဆီး တော်တော်များများကို အဓိကနေရာတွေမှာ နေရာချလိုက် မယ်..."

သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့် ကာ ပြုံးလိုက်ကြသည်။ သူတို့က စကားပြော၍ အချိန်ဆက် ဖြုန်းမနေတော့ဘဲ ရှေ့သို့ ဆက်လှမ်းလာကြသည်။

သည်နေရာတွင် ကောင်းကင်၌သာ

လေဟာနယ်အက်ကြောင်းများ ရှိနေခြင်းမဟုတ်ဘဲ မြေပြင်ထက်တွင် လည်း အချို့အက်ကြောင်းများ ပေါ်လာတက်သည်။ သို့ရာတွင် သူတို့နှစ်ယောက်က သူတို့နှစ်ယောက်က သတိရှိစွာဖြင့် ရှေ့ရှိ တောင်ကြားထံသို့ အန္တရာယ်ကင်း ကင်း ဆက်တိုးလာကြသည်။

တောင်ကြားထဲ၌

သစ်ပင်များစွာပေါက်နေသော တောင်တန်းများလည်း ရှိနေသည်။ သူတို့က လျှောက်နေ ရင်း ဝမ်လင်းက ရပ်တန့်ကာ တောင်တစ်ခုပေါ်သို့ လှမ်း ကြည့်ကာ စဉ်းစားးလိုက်၏။ သူက သူ့ညာလက်ဖြင့် ထိုတောင်ရှိရာသို့ နေရာချလိုက်ပြီးနောက် သူ့နတ်ဘုရား အာရုံကို မြန်ဆန်စွာ ဖြန့်ကျက်၍ ချက်ခြင်း ပြန်ရုတ်သိမ်း လိုက်သည်။

အစောပိုင်းက လီယွမ်ကောင်းကင်ထက်သို့ ပျံတက်ခဲ့စဉ် က သူသည် တောင်နှစ်တောင်နှင့် တောင်ကြားသုံးခုကို တွေ့မြင်ခဲ့ပေသည်။ ခုချိန်၌ ဝမ်လင်းက တောင်ကို ကြည့် နေရင်းဖြင့် သူ့သိုလှောင်အိတ်ထဲရှိ ကောင်းကင်ဘုံတောင် နှင့် ဆင်တူသော အော်ရာကို ခံစားမိနေသည်။

ဝမ်လင်းက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်၏။ သိပ် မကြာခင်တွင် ပထမဆုံးတောင်ကြားက သူတို့နှစ်ယောက် ရှေ့တွင် ပေါ်လာခဲ့သည်။

တောင်ကြားဝင်ပေါက်က ကြီးမားလှကာ ဆယ့်နှစ်ပေ လောက် ရှိပေသည်။ တစ်ချက်ကြည့်လုံရုံဖြင့် အထဲ၌ မည်သည့်အရာမှ ရှိမနေသည်ကို တွေ့ရပေမည်။ သို့သော် တောင်ကြားအတွင်း၌ ပါးလွှာသောမြူလွှာတစ်ခုက ပုံရိပ် ယောင်ခံစားချက်ကို ပေးစွမ်းမှု ရှိနေသည်။

တောင်ကြားဝင်ပေါက်၌ ဝမ်လင်းနှင့်လီယွမ်တို့သည် ရပ်တန့်ကာ တောင်ကြားအား သေချာ စမ်းစစ်ကြည့် နေသည်။

"ဒီနေရာမှာ အတားအဆီးတစ်ခု ရှိနေတယ်။ ဒါက ဖျက် စီးဖို့တော့ သိပ်မခက်လှဘူး..."

လီယွမ်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်ရာ အတားအဆီးများစွာ ပေါ်လာခဲ့သည်။ထို အတားအဆီးများသည် အလင်းတစ်ခုကို ထုတ်လွှတ်ကာ တောင်ကြားထဲရှိ မြူနှင့် ရောထွေးသွားသည်။

တဝီဝီအသံ တစ်ခုက ပဲ့တင်ထပ်လာကာ မြူက သဲလွန်စ မရှိ မြန်ဆန်စွာ လွင့်ပါးသွားသည်။ လီယွမ်ကပြုံး၍ ရှေ့သို့ ခြေလှမ်းရန် ပြင်သည်။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ် သွားကာ သူက လီယွမ်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ "အစ်ကိုလီ...ခဏစောင့်ဦး..."

လီယွမ်က မှင်သက်သွားကာ ဝမ်လင်းကို ကြည့်လိုက် သည်။

ဝမ်လင်း၏အသွင်က ပြောင်းလဲသွားခြင်းမရှိပေ။ သူ့ နောက်မှ ကောင်းကင်ဘုံသက်တော်စောင့်က ချက်ခြင်းပင်ထိုးထွက် တိုးဝင်သွားခဲ့သည်။ သို့ရာတွင် ကောင်းကင်ဘုံ သက်တော်စောင့် ဝင်သွားသည့်အခိုက်တွင် မြူလွှာက ရုတ်တရက် ပြန်ပေါ်လာခဲ့၏။ မြူလွှာက မြှားများအသွင် ဖြစ်တည်ကာ ကောင်းကင်ဘုံသက်တော်စောင့်ထံသို့ တိုးဝင်လာတော့သည်။

ကျယ်လောင်သောပေါက်ကွဲသံများ ဆက်တိုက် ထွက် ပေါ်သွားသည်။ ကောင်းကင်ဘုံသက်တော်စောင့်၏ အားကောင်းသော ခန္ဓာကိုယ်နှင့်ပင် ၎င်းက မြှားကြောင့် နောက်ကန်ထွက်လာခဲ့၏။ ကောင်းကင်ဘုံ သက်တော်စောင့်က တောင်ကြားအပြင်သို့ ပြန်ရောက်သွား ချိန်၌ မြူလွှာက ပြန်၍ အထိုင်ကျသွားသည်။

လီယွမ်က ရှက်မိသွားသည်။ သူက အဆင်အခြင်မဲ့သော လူတစ်ယောက် မဟုတ်ပေ။ သို့သော် သူက သူ့ အတားအဆီးပေါ်၌ အလွန်ယုံကြည်ချက် ရှိနေခဲ့၏။ သူက မဖြစ်ညစ်ကျယ်ပြုံးကာ ပြောလိုက်သည်။ "ဒီသိုလှောင် နေရာအလွတ်ရဲ့ ပိုင်ရှင်က တော်တော်လေး ဉာဏ်များတာ ပဲ။ဒီအတားအဆီးက ငါ့လိုမျိုး သူတို့ရဲ့အတားအဆီးပေါ်မှာ ယုံကြည်မှုရှိနေတဲ့လူမျိုးကို သတ်ပစ်ဖို့ ချထားတာ ဆိုတာ သိသာနေတယ်..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။အတွေး တစ်ချက်ဖြင့်ပင် ကောင်းကင်ဘုံသက်တော်စောင့်က နောက်တစ်ကြိမ် ထိုးထွက်သွားသည်။ သည်တစ်ကြိမ်၌ ၎င်း၏ခန္ဓာကိုယ်သည် ရွှေရောင်တောက်နေကာတောင်ကြားထဲသို့ ခြေချကာ လက်သီးတစ်လုံး ပစ်သွင်း လိုက်လေ၏။ ထိုပြင်းထန်သော လက်သီးချက်က ဝဲကတော့ကြီးတစ်ခုကို ဖြစ်ပေါ်စေသည်။ ထိုအခါ မြူလွှာ မြှားများအားလုံးသည် ၎င်းပေါ်သို့ ကျရောက်လာလေ၏။

ဝမ်လင်းက ချက်ခြင်းတောင်ကြားထဲသို့ ခြေချလိုက်၏။ လီယွမ်ကလည်း သူ့နောက်ကနေ ချက်ခြင်း ကပ်လိုက်လာ သည်။ တောင်ကြားထဲသို့ ဝင်လိုက်ပြီးသည့်နောက် လီယွမ် သည် အတားအဆီးများကို ဖြစ်ပေါ်စေကာ နေရာချ လိုက်၏။

လီယွမ်က သူ့ပတ်လည်ရှိတောင်ကြားကို ကြည့်ကာ ကောက်ချက်ထုတ်နေ၏။

ဝမ်လင်းက လီယွမ်ကို ကြည့်မနေပေ။ သူက တောင်ကြားထဲသို့ ဝင်လာသည်နှင့် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးသည် ထိုးတက်လာကာ သူ့လက်ထဲ၌ မိုးကြိုးလုံတစ်ခု ဖြစ်ပေါ် သွားစေသည်။ ထိုမိုးကြိုးလုံးက ကောင်းကင်ဘုံ သက်တော်စောင့် ဖန်တီးထားသောဝဲကတော့ ထံသို့ တိုးဝင် သွားသည်။

ဘန်းကနဲ့အသံနှင့်အတူ မိုးကြိုးလုံးသည် ဝဲကတော့ ထည့်သို့ ဝင်ရောက်သွားကာ ထိုဝဲကတော့ထဲ၌ မိုးကြိုးများ ချက်ခြင်း ပြည့်နှက်လာတော့သည်။သည်ဝဲကတော့က နေရာတစ်ခုလုံးကို အေးခဲမည့်အလား ထင်မှတ်ရာက ၎င်းပတ်လည်ရှိ မြူများကို စတင်စုပ်ယူလာသည်။

"အစ်ကိုရှု...ငါက အတားအဆီးမျက်လုံးတွေကို တောင် ဘက်နဲ့အရှေ့ဘက်ထောင့်တွေမှာ မှတ်သားထားခဲ့ပြီ။ ဒါ တွေ ပျက်စီးသွားတာနဲ့ ဒီတောင်ကြားထဲက အတားအဆီး

ကလည်း ပျက်စီးသွားလိမ့်မယ်..."

ပေါ်လာပြီးနောက် လီယွမ်က သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ရာ သူ့လက် တစ်ဖက်စီပေါ်၌ အတားအဆီးများ သူက အရှေ့တောင်ရှိ အငူစွန်းရှိရာသို့ တိုးထွက်သွားသည်။

အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်းသည် ကောင်းကင်ဘုံ သက်တော်စောင့်ကို လီယွမ်ပြောခဲ့သော အတားအဆီး မျက်လုံး တည်ရှိသည့် တောင်ဘက်သို့ သွားခိုင်းလိုက် သည်။ လီယွမ်၏ အတားအဆီး မကျရောက်လာခင်လေး တွင် ကောင်းကင်ဘုံသက်တော်စောင့်၏ လက်သီးက အငူ စွန်းပေါ်သို့ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်း၏ ညာလက်တွင် မိုးကြိုး က သိပ်သည်းလာကာ လီယွမ်ပြောခဲ့သော အရှေ့ဘက်ရှိအတားအဆီးမျက်လုံးပေါ်သို့ တိုးဝင်သွားသည်။ မိုးကြိုး ကာ လီယွမ်၏ အတားအဆီးမတိုင်ခင် အတားအဆီး မျက်လုံးပေါ်သို့ တိတိပပ ကျရောက်သွားသည်။

ကျယ်လောင်သော ပေါက်ကွဲသံနှစ်ခု ပဲ့တင်ထပ်သွား သည်။ လီယွမ် ချမှတ်ထားခဲ့သော အတားအဆီးများက လည်း တစ်ချိန်တည်း ပေါက်ကွဲထွက်သွားသည်။ ထိုအခါလေပြင်းတစ်ခုက တောင်ကြားထဲ၌ ပေါ်လာကာ မြူများ အားလုံးကို တိုက်ခတ်သွားသည်။ ထိုလေပြင်း ပျောက် ကွယ်သွားသည်နှင့် တောင်ကြားသည် ပုံမှန်အတိုင်း ပြန် ဖြစ်သွားကာ အရင်နှင့် မတူသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာချေသည်။

မြေပြင်ထက်၌ အနက်ရောင်ဓားတိုတစ်လက် စိုက်လို့ နေကာ ၎င်းဓား၏ ပတ်လည်တွင် ကြမ်းကြုတ်သော သားရဲ ဦးခေါင်းခွံရှစ်ခု ရှိလို့နေသည်။ ထိုဦးခေါင်းခွံ ရှစ်ခုထံကနေ ခပ်ဖျော့ဖျော့ မြူတစ်ခု ထွက်ပေါ်နေကာ ဓားတို ပတ်လည်၌ ဝန်းရံလှည့်ပတ်နေသည်။

လီယွမ်က ဓားတိုကို ကြည့်ကာ ပြောလိုက်သည်။ "ဒါက ပထမတောင်ကြားမှာ သိုလှောင်ထားတဲ့ ရတနာဖြစ်မယ်။ အစ်ကိုရှု...သင်က ဓားတို ဒါမှမဟုတ် သားရဲဦးခေါင်းခွံ ရှစ် ခုထဲက ဘယ်ဟာ လိုချင်လဲ…"

ဝမ်လင်းက တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဓားတိုသည် သာမန်မဟုတ်ကြောင်း ပြောနိုင်ပေသည်။ သို့ရာတွင် လီ ယွမ်သည် သူ့ကို များစွာ ကူညီခဲ့သည့်အတွက် သူက သူ ကြိုက်သည့်ဟာကို မယူချင်ပေ။ သူက ရယ်ကာမောကာ ဖြင့် ပြောလိုက်၏။ "ဒီဓားတိုက သာမန်မဟုတ်လောက် ဘူး။ ဒီအတားအဆီးကို ချိုးဖျက်နိုင်တာက အစ်ကိုလီ ကြောင့် အများကြီး ပါတယ်။ ငါက အနည်းငယ် ကူညီရုံ လောက်ပဲ။ ဒါ့ကြောင့် ငါက ဒီဦးခေါင်းခွံရှစ်ခုကိုပဲ ယူပါ တော့မယ်....
ထိုသို့ပြောပြီးသည့်နောက် ဝမ်လင်းသည် သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းလိုက်ရာ ဦးခေါင်းခွံရှစ်ခုသည် သူ့ လက်ထဲသို့ ပျံသန်းလာသည်။ သူက ၎င်းတို့ကို သူ့နတ် ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်ရာ ချက်ခြင်းမှင်သက်သွား မိသည်။

သို့သော် အပြင်ပိုင်းတွင်တော့ ဝမ်လင်းက တည် တည်ငြိမ်ငြိမ်ဖြင့်ပင် ၎င်းတို့ကို သိမ်းဆည်းလိုက်လေသည်။ လီယွမ်သည် ရယ်ကာမောကာဖြင့် ဓားတိုကို လှမ်းယူ လိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ ရယ်မောကာ ပြော လိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်...အစ်ကို
ရှု..
ပထမဆုံးတောင်ကြားကို ဖြတ်သန်းလာပြီးနောက် သူ တို့က ဒုတိယတောင်ကြား၏ ဝင်ပေါက်ကို တွေ့မြင်လိုက် ကြပေသည်။ထိုဝင်ပေါက်က ပထမတောင်ကြားအဝထက် များစွာ သေးငယ်သည်။

သူတို့က ဒုတိယတောင်ကြားနှင့် နီးကပ်လာသည့်အခါ တွင် အက်ကွဲကြောင်းများ ပေါ်ထွက်လာမှုက ပိုစိတ်လာ၏။ ထို့ကြောင့် သူတို့က သွားလာနေရင်း အတော်လေး သတိထားနေရသည်။ သို့ရာတွင် သူတို့က ဒုတိယ တောင်ကြားနှင့် ငါးကီလိုမီတာအကွာသို့ ရောက်လာသည့် အခါတွင် ရှေ့ဆက်၍ လမ်းမရှိတော့ပေ။

သည်ကျန်နေသေးသော

ငါးကီလိုမီတာအတွင်း၌မြောက်များစွာသော အက်ကွဲကြောင်းများ ရှိလို့နေ၏။

လီယွမ်က မျက်မှောင်ကြုတ်သွားသည်။ သည် အက်ကြောင်းများက အတားအဆီးများ ဖြစ်နေခဲ့မည်ဆို လျှင်ပင် သူက ချိုးဖျက်နိုင်သေး၏။ သို့သော် သည် အက်ကြောင်းများက အတားအဆီးများ မဟုတ်ကြပေ။ အနည်းငယ် စဉ်းစားပြီးနောက် လီယွမ်က ပြောလိုက် သည်။ "အစ်ကိုရှု...ဒါက ပြဿနာနည်းနည်းတော့ ရှိနေပြီ။ ငါတို့က ဒီသိုလှောင်နေရာလွတ်ထဲမှာ ရွှေ့ပြောင်းခြင်းလည်း လုပ်လို့ မရဘူး..." တည်နေရာ

ဝမ်လင်းက အကွာအဝေးတစ်ခုရှိ တောင်ကြားဝင်ပေါက် ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အစ်ကို လီ...ငါ့ကို ခဏစောင့်နေဦး။ ငါ ဒီနေရာကို ဝင်ဖို့ နည်း လမ်းတစ်ခု ရှိတယ်..."

ဝမ်လင်းက အသက်ဝဝရှုသွင်းကာ ကြာပွင့်သဏ္ဌာန်ထိုင် ချသည်။သူ့လက်ချောင်းနှစ်ချောင်းဖြင့် သူ့ခန္ဓာကိုယ် အနှံ့ ပေါ်သို့ ခပ်မြန်မြန် လက်ဖြင့်ထောက်သည်။သူ လက်ထောက်လိုက်သည့် အကြိမ်တိုင်း သူ့မျက်နှာက အနည်းငယ် နီမြန်းလာခဲ့၏။

အဆုံးသပ်၌ ဝမ်လင်းက ကိုးကြိမ်မြောက် လက်ထောက် ပြီးသွားသည့်အခါ သူ့မျက်နှာက အလွန်နီရဲနေသည်။ ဝမ် လင်းက ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ကာ လေရှိုက်သွင်း လိုက်သည်။ သူ့မျက်နှာပေါ်ရှိ အနီရောင်က ချက်ခြင်းပျောက်ကွယ်သွားသည်။

ထိုအခိုက်အတန့်မှာပင် သူက သိုလှောင်အိတ်ကို ပုတ် လိုက်ရာ တောင်နှင့်မြစ်အကာအရံသည် ထွက်ပေါ်လာခဲ့ သည်။ပန်းချီကားသည် ပေတစ်သောင်းကျော်ထိ ဆန့်ထွက် လာကာ အက်ကွဲကြောင်းများအားလုံးသည် ဖာထေးခံလိုက် သကဲ့သို့ ပျောက်ကွယ်သွားကြသည်။

တောင်နှင့်မြစ်ပန်းချီကား ပေါ်ထွက်လာသည်နှင့် ကောင်းကင်ဘုံသက်တော်စောင့်သည် ဝမ်လင်းကို ဆွဲကိုင် ကာ ရှေ့သို့ ကြမ်းကြုတ်စွာ ပစ်ထည့်လိုက်သည်။

ထိုပစ်အားက ကောင်းကင်ဘုံသက်တော်စောင့်၏ ခွန်အားပင်။ထို့ကြောင့် ဝမ်လင်း၏ အမြန်နှုန်းက ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားသည်။ ချက်ခြင်း ပင် သူက ကီလိုမီတာ (၂.၅) ကျော်သို့ ရောက်ရှိသွားသည်။

သို့ရာတွင် အက်ကွဲကြောင်းများစွာ ရှိနေ၏။ တောင်နှင့် မြစ်ပန်းချီကား ပေါ်လာသည့်အခါတွင် မရေမတွက်နိုင် သော အစုတ်အပြဲများ ပေါ်လာခဲ့သည်။သည်အာအပါက် များက ဝမ်လင်းကို ဝါးမြိုရန် တာဆူလာခဲ့သည်။

ဝမ်လင်းက သည်အကွာအဝေးထိ ရောက်လာခြင်းသည် ကောင်းကင်ဘုံသက်တော်စောင့်၏ စွမ်းအားကို ငှားယမ်း ထားခြင်းကြောင့် ဖြစ်လေသည်။ သည်ပစ်အား မပျောက် ကွယ်သွားခင်မှာ ဝမ်လင်းက သွေးရောင်အလင်းတစ်ခု တောက်ပလာခဲ့ကာ သူ့ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းထားသော မန္တာန်က ပေါက်ကွဲထွက်လာကာ သူ့ကို နောက်တစ် ကြိမ် မခန့်မှန်းနိုင်သောအမြန်နှုန်းဖြင့် ရှေ့သို့ ရောက်ရှိသွား စေပြန်သည်။

သူ့ခန္ဓာကိုယ်က သွေးရောင်နီရဲနေကာ သူ့အမြန်နှုန်း သည် တိုးလာခဲ့သည်။ ထို့နောက် ဖျပ်ခနဲ ဖျပ်ခနဲပင် ပို၍မြန်လာခဲ့သည်။မျက်စိတစ်မှိတ်အတွင်း သူ့ခန္ဓာကိုယ် သည် သွေးနီရောင်ကိုးကြိမ် တောက်ပသွားကာ သူ့အမြန် နှုန်းက တည်နေရာရွှေ့ပြောင်းခြင်းလောက်ကိုပင် မြန်ဆန် သွားသည်။

သည်သွေးအလင်းကို အသုံးပြုသော လွတ်မြောက်ခြင်း မန္တာန်သည် သူနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ အဘိုးအိုထံ ကနေ သင်ယူခဲ့သည့် မန္တာန်များထဲ၌ အမြန်ဆုံး လွတ်မြောက်ခြင်းမန္တာန်ဖြစ်သည်။ သို့ရာတွင် သူ့ကျင့်ကြံမှု အဆင့်က အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်သို့ မ ရောက်ပါက သူသည် သည်မန္တာန်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ မဟုတ်ပါက သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက် သွားနိုင်သည်။

ချက်ခြင်းပင်

ဒုတိယ ဝမ်လင်း၏ပုံရိပ်သည် တောင်ကြား၏ ဝင်ပေါက်တွင် ပေါ်လာခဲ့သည်။ သူ့မျက်နှာ က ဖြူရောနေကာ သူက ယိုင်ထိုးလို့နေ၏။ သူက သူ့ညာ လက်ကို ဝှေ့ယမ်းကာ တောင်နှင့်မြစ်အကာအရံသည် သူ့ လက်ထဲသို့ ပြန်ရောက်လာခဲ့တော့သည်။
နောက်သို့ ပြန်ကြည့်လိုက်ရာ ဝမ်လင်းသည် ငါး ကီလိုမီတာအကွာတွင် ရှိနေသော လီယွမ်၏ပုံရိပ်ကို တွေ့ မြင်လိုက်ရသည်။

***
ကောင်းကင်ဘုံသားများ၏ အမွေအနှစ်(နောက်တစ်ပိုင်း)

ဝမ်လင်းက ဒုတိယတောင်ကြား၏ ဝင်ပေါက်ကို ကြည့် လိုက်သည်။ သူ ရပ်နေသော နေရာက ဗလာကင်းမဲ့ နေသည်ဟု ထင်ရ၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် သူ့ပတ်လည်ကို သေချာကြည့်လိုက် သည်။ထို့နောက် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်ရာ အတားအဆီးတစ်ခုသည် ပျံသန်းထွက်လာခဲ့ သည်။

ထိုအတားအဆီးများက လေထဲ၌ အစိတ်အပိုင်းဆယ့် လေးခုအထိ ခွဲထွက်သွားပြီး တောင်ကြားထဲသို့ တိုးဝင်သွား သည်။ဝမ်လင်းက ထိုအတားအဆီးများ ဝင်သွားကာ တစ်ခုခုက ၎င်းတို့ကို စားသွားသကဲ့သို့ ပျောက်ကွယ်သွား သည်ကိုလည်း သေချာကြည့်နေရင်း သူ့မျက်လုံးက တောက်ပနေသည်။မည်သည့်လှိုင်းတွန့်မှလည်း ဖြစ်ပေါ် သွားခြင်း မရှိပေ။

ဝမ်လင်းမျက်လုံးက

ကျဉ်းမြောင်းသွားသည်။
အနည်းငယ်တုံ့ဆိုင်းပြီးသည့်နောက် သူ့မျက်လုံးထဲ၌ အဖြေ တစ်ခု ရလာဟန် ပေါ်သည်။သူ့ညာလက်ဖြင့် အတားအဆီး များကို ထပ်မံ ဖြစ်ပေါ်စေလိုက်ပြန်သည်။သို့ရာတွင် သည် တစ်ကြိမ်၌ အချိန်ပိုယူကာ အတားအဆီးဆယ့်နှစ်ခုကို ဖြစ် ပေါ်စေလိုက်သည်။ ထိုအတားအဆီးဆယ့်နှစ်ခုမှ တစ်ခုစီ သည် အပိုင်းဆယ့်လေးခုအဖြစ်သို့ ခွဲထွက်သွားကြသည်။

ထိုအတားအဆီးများသည် မက်မွန်ပန်းပွင့်အသွင် ရှိကာ ဝင်ပေါက်ထံသို့ ပျံသန်းတိုးဝင်သွားသည်။ဝမ်လင်းသည် ၎င်းပန်းပွင့်တို့နောက်သို့ ချက်ခြင်း လိုက်ပါသွား၏။ အတားအဆီးများ တောင်ကြားထဲသို့ ရောက်သွားသည်နှင့် သူ့တတိယမျက်လုံးကိုလည်း ဖွင့်လှစ်လိုက်သည်။ အနီ ရောင်အလင်းတန်းက ဖျပ်ခနဲ လင်းလက်သွားခြင်းနှင့် အတူ ဝမ်လင်းသည် ဝင်ပေါက်ထဲရှိ မမြင်ရသောအလင်း အကာတစ်ခုကို မြင်နိုင်သွား၏။

မက်မွန်ပန်းပွင့်အတားအဆီးများက မျက်နှာပြင်နှင့် ထိမိသွားသည်နှင့် ထိုအလင်း မိစ္ဆာအရိပ်တစ်ခု ပေါ်လာကာ ၎င်းတို့အား ချက်ခြင်း ဝါးမြိုသွားသည်။ တတိယမျက်လုံး၏ အကူအညီဖြင့် မ်လင်းသည် ထိုအလင်း မျက်နှာပြင်နှင့် အလင်းမှုန်များဖြင့် ဖွဲ့စည်းထားသော မိစ္ဆာ အရိပ်တို့အား ရှင်းလင်းစွာ မြင်လိုက်ရသည်။

ဝမ်လင်း၏ မျက်လုံးက လင်းလက်နေသည်။သူက ချက် ခြင်းနောက်သို့ ဆုတ်၏။အတွေးတစ်ချက်ဖြင့်ပင် မက်မွန် ပန်းများသည်လည်း သူနှင့်အတူ နောက်ဆုတ်လာသည်။
မိစ္ဆာအရိပ်က အနည်းငယ် တုံ့ဆိုင်းသွားဟန် ဖြစ်ပြီးနောက် အတားအဆီးမက်မွန်ပန်းများနောက်သို့ တော့သည်။ လိုက်ပါလာ

ဤအခိုက်အတန့်၌ ဝင်ပေါက်ရှိ အလင်းမျက်နှာပြင် သည် ပါးလွှာကာ မိစ္ဆာအရိပ်သည် ချဲ့ထွက်လာသည်။ ဝမ် လင်းက သူ့မျက်ခုံးနှစ်ခုကြားမှ ခပ်စူးစူးနာကျင်မှုကို ခံစား လိုက်ရသည်။ ထိုသို့ဖြစ်ခြင်းက သူ့တတိယမျက်လုံး၏ အကန့်အသတ်သို့ ရောက်လာသည့် အရိပ်အယောင် ပြသ ခြင်းပင်။

သူက တုံ့ဆိုင်းခြင်းမရှိ ရှေ့သို့ တိုးဝင်လိုက်သည်။သူက အလွန်မြန်ဆန်စွာ လှုပ်ရှားလိုက်ရာ ချက်ခြင်းပင် မိစ္ဆာ အရိပ်ကို ဖြတ်ကျော်သွားပြီး ပါးလွှာသောအလင်း မျက်နှာပြင်နားသို့ တိုက်ရိုက် ရောက်ရှိသွားသည်။ သူက အလင်းမျက်နှာပြင်နှင့် ထိမိသည့်အခိုက်တွင် ဝမ်လင်း သည် လက်မြှောက်ကာ လင်းထျန်ဟူ၏ ဓားစွမ်းအင်ကို သူ့ လက်ချောင်းထိပ်သို့ ရွှေ့လျားစေလိုက်သည်။ သူက ထိုဓား စွမ်းအင်ကို ထုတ်လွှတ်ခြင်း မပြုဘဲ သူ့လက်ချောင်းပေါ် တွင်သာ ထိန်းသိမ်းထား၍ အလင်းမျက်နှာပြင်ကို ဖိချလိုက် သည်။

အလင်းမျက်နှာပြင်က တုန်ခါသွားပြီးနောက် ပျံ့နှံ့ကာ အာတစ်ခု ဖြစ်ပေါ်သွား၏။ ဝမ်လင်းသည် တုံ့ဆိုင်းခြင်းမ ရှိ တိုးဝင်လိုက်၏။
ထိုအရာများအားလုံးက အချိန်တိုအတွင်း ဖြစ်ပျက်သွား ခြင်းပင်။ မမြင်ရသော မိစ္ဆာအရိပ်သည် ဆက်ခနဲ ပြန်လှည့် တိတ်တဆိတ် ဟိန်းသံ ပြုသည်။ထို့နောက် 33 အလင်းစက်များအားလုံးသည် ၎င်း၏ ခန္ဓာကိုပေါ်တွင် စုဝေးသွားကာ ဝမ်လင်းနောက်သို့ တရကြမ်းလိုက်လာ၏။

ငရဲမှအတွင်းဘက်မှ ထွက်ပေါ်လာသည်ဟု ထင်မှတ်ရ သော အေးစက်စက်လေပြင်းက သူ့အား ဖြတ်သန်း တိုက်သွားချိန်၌ ဝမ်လင်းသည် သူ့ဦးရေပြားပင် ထုံထိုင်း သွားသည်ဟု ခံစားလိုက်ရ၏။သူ့တတိယမျက်လုံးသည် လည်း အချိန်အတန်ကြာ တောင့်ခံထားနိုင်တော့မည် မဟုတ်ဘဲ အလိုလို ပြန်စေ့လာ၏။ သူက တောင်ကြားထဲသို့ ဝင်လိုက်သည့်အချိန်၌ သူ့မြင်ကွင်းသည် လုံးဝခြားနားသွား တော့သည်။

တောင်ကြား၏ မြေပြင်က အညိုရောင်ရှိကာ မရေမ တွက်နိုင်သော အရိုးစုများသည် မြေပြင်ထက်၌ ဖုံးလွှမ်း နေ၏။ ထိုအရိုးစုများက နေရာတိုင်းတွင် ရှိနေကာ အနည်းဆုံး သောင်းချီရှိပေသည်။

အချို့အရိုးစုများ၏ အတွင်းဘက်၌ ထူးဆန်းသော အင်းဆက်ပိုးကောင်အချို့လည်း ရှိနေသည်။ ၎င်းအင်းဆင် များက အရိုးများအပေါ်၌ တစိမ့်စိမ့် ကိုက်ဝါးနေကာ တစီစီ အသံလှိုင်းများကို ပေးစွမ်းနေသည်။

တိုတောင်ကြား၏ အလယ်တွင်တော့ ဓားတိုရှစ်ခု ထိုးစိုက်နေသည်။ထိုဓားတိုများ၏ အော်ရာနှင့် ပုံပန်းအသွင်က အရင်ပထမဆုံးတောင်ကြားထဲက ဓားတိုနှင့် ချွတ်ဆွတ်တူ နေသည်။ယင်းဓားတိုများသည် ပိုင်ဆိုင်သည်မှာ ရှင်းလင်းနေ၏။ ကလန်တစ်ခုတည်းက

ထိုဓားတိုရှစ်လက်၏ အလယ်၌ သားရဲဦးခေါင်းခွံကြီး တစ်ခု ရှိနေသည်။၎င်းဦးခေါင်းခွံတွင် ငေါထွက်နေသော အရိုးလေးခု ရှိကာ မနှစ်လိုဖွယ်အော်ရာကို ပေးစွမ်းနေ၏။

ဝမ်လင်းက တောင်ကြားထဲသို့ ချက်ခြင်းတိုးဝင်ကာ ထို သားရဲဦးခေါင်းခွံအနားသို့ ရောက်ရှိသွားသည်။ထို အခိုက်အတန့်၌ ဓားတိုရှစ်လက်သည် ချက်ခြင်းပင် ဓား စွမ်းအင်ကို ထုတ်လွှတ်လာကာ ဝမ်လင်းထံသို့ ဦးတည်ဝင် လာသည်။

အခုချိန်၌ ဝမ်လင်း၏ ရှေ့တွင် ဓားစွမ်းအင်တန်းများရှိကာ သူ့နောက်တွင် မိစ္ဆာအရိပ်တို့ ညှပ်ပူးညှပ်ပိတ် ရှိနေကြ သည်။ သည်လို အခြေအနေ၌ ဝမ်လင်းသည် ထိတ်ပျာသွား ခြင်းမရှိဘဲ သူ့မျက်လုံးက တည်ငြိမ်လျက်သာ ရှိနေသည်။ ဓားစွမ်းအင်က နီးကပ်လာသည်နှင့် ဝမ်လင်းက လက်ညှိုး ညွှန်လိုက်၏။

ရပ်တန့်ခြင်းမန္တာန်...။

သည်မန္တာန်က လူများကိုသာ ရပ်တန့်စေနိုင်သည်

မဟုတ်ပေ။

ထိုဓားတိုများသည် သာမန်မဟုတ်ကြပေ။ သို့သော်ရပ်တန့်ခြင်းမန္တာန်သည်ကလည်း သာမန်မန္တာန်တစ်ခု မဟုတ်ပါ။ ဝမ်လင်းသည် ၎င်းတို့ကို သူ့ကျင့်ကြံမှုအဆင့် ကြောင့် အချိန်အတန်ကြာ ရပ်တန့်နိုင်စွမ်း မရှိသေး သော်လည်း သူက ခဏတာတော့ တန့်သွားအောင် လုပ်နိုင် ပေ၏။

သူက ဓားတိုများကို ရပ်တန့်လိုက်ပြီးနောက် သားရဲအရိုး ထံသို့ တိုက်ရိုက် လှမ်းဝင်သွားသည်။ မမြင်ရသောမိစ္ဆာ အရိပ်ကလည်း ဝမ်လင်းနောက်သို့ ချက်ခြင်း လိုက်ပါ လာ၏။ သူက မိစ္ဆာအရိပ်ကို မမြင်နိုင်သော်လည်း သူ့ ပတ်လည်၌ အေးစက်စက်အော်ရာကို ခံစားမိသည်သာ ဖြစ်သည်။

သူက အခုအခိုက်အတန့်ကို စောင့်ဆိုင်းနေခြင်း ဖြစ်၏။ အကြောင်းရင်းက သူသည် တတိယမျက်လုံးကိုလည်း ဆက်၍ ထိန်းသိမ်းထားနိုင်စွမ်း မရှိတော့သလို သူ့နတ် ဘုရားအာရုံကိုလည်း ဖြန့်ကျက်နိုင်ခြင်း မရှိသည့်အတွက် သူက ၎င်းမိစ္ဆာအရိပ်နှင့် ရင်ဆိုင်လိုပါက ၎င်းက သူ့ကို ဝါး မြိုရန် ကြိုးစားသည့်အချိန်သည် အခိုက်အတန့် ဖြစ်ပေလိမ့်မည်။ အကောင်းဆုံး

ဝမ်လင်းက နောက်သို့ လှည့်ခြင်းမပြုဘဲ သူ့မျက်ခုံးနှစ်ခု ကြားမှ ကျာပွတ်အရိပ်တစ်ခုသည် လက်ခနဲ ဖြစ်သွား၏။ ကံကြမ္မာကျာပွတ်သည် သူ့ရှေ့တွင် ပေါ်လာကာ ဆန့်ထွက် ရိုက်ချသွားသည်။ထိုအခါ လေဟာနယ်ထဲကနေ အွတ်ခနဲ ညီးညူသံတစ်ခု ထွက်ပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သူ့ပတ်လည်ရှိအေးစက်စက်အော်ရာသည် ပျံ့ကျဲပျက်စီးသွားသည်ဟု ခံစားလိုက်ရ၏။သူက ရပ်တန့်ခြင်းမရှိဘဲ အရာအားလုံးကို အလိုက်သင့် လုပ်ဆောင်နေခြင်း ဖြစ်တော့သည်။သူ့လက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သားရဲဦးခေါင်းခွံ အရိုးပေါ်သို့ နေရာချကာ ၎င်းကို ကောက်ယူ၍ သိုလှောင် အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဆက်တိုက် ဖြစ် ပျက်သွားခြင်းပင်။ သည်အခိုက်အတန့်၌ ဓားတိုရှစ်လက် ကလည်း ပြန်လွတ်လပ်သွားကာ ဝမ်လင်းနောက်သို့ တဝီဝီ လိုက်ပါလာသည်။

တောင်ကြားက ကြီးမားလှခြင်းမရှိရာ သူက ခပ်မြင့်မြင့် ပျံသန်းနိုင်ခြင်း မရှိပေ။ သည်လို ကျဉ်းမြောင်းသည့်နေရာ၌ ဝမ်လင်းသည် ဓားတိုရှစ်လက်ကို ရှောင်ရချိန်၌ သနားဖွယ် အခြေအနေသို့ ဆိုက်ရောက်သွားရတော့၏။

မမြင်ရသောမိစ္ဆာပုံရိပ်သည် အသိဉာဏ်ရှိသည့်အလား ၎င်း၏ အေးစက်စက်အော်ရာကို ကွယ်ဝှက်လိုက်သည်။၎င်း က ဝမ်လင်းကို ဝါးမြိုခါနီးအခိုက်အတန့်၌သာ သူ့ကိုယ်သူ ဖော်ပြပေသည်။ ဝမ်လင်းက ဝါးမြိုခံရနီးပါး ဖြစ်ဖြစ်သွား သည်။ သည့်အပြင် ၎င်းက ထွက်ပေါ်ကိုပါ ပိတ်ဆို့ထားကာ ဝမ်လင်း တောင်ကြားထဲက ထွက်ခွာမသွားနိုင်အောင် တားဆီးထားသေးသည်။
ဝမ်လင်း၏ မျက်လုံးများက အေးစက်လာခဲ့၏။ သူ့ နောက်ရှိ ဓားတိုများက ဖြန့်ကျက်ကာ မတူညီသော ရှုထောင့်လေးခုကနေ သူ့ထံသို့ ရောက်လာကြသည်။ ၎င်း ဓားတိုများထံမှ ထွက်ပေါ်လာသော ဓားစွမ်းအင်တွင် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပါဝင်နေသည်။

ထို့အပြင် သည်ဓားတိုများက တစ်ခုနှင့်တစ်ခု ယှက်လိမ် နွယ်ကာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒပြည့်နေသော ဓားအစီအ ရင်တစ်ခုလိုပါ ဖြစ်ပေါ်နေသေးသည်။

ဤကဲ့သို့ ဖြစ်နေလျှင်ပင် ပြဿနာမဟုတ်သေးဘဲ အချိန် အချို့ကြာပြီးနောက် ဝမ်လင်းသည် ထွက်သွားနိုင်စွမ်း ရှိသေးသည်။သို့ရာတွင် သူက သားရဲအရိုးကို ကောက်ယူ လိုက်သည့်အခိုက်တွင် မြေပြင်ပေါ်တွင် ရှိနေသော မရေမ တွက်နိုင်သောအရိုးစုများထံကနေ အစိမ်းရောင်မြူခိုးငွေ့ များက စတင် ထွက်ပေါ်လာကြသည်။ ထိုအစိမ်းရောင် မြူခိုးငွေ့များက အမျိုးမျိုးသော အရိပ်များအသွင်ပြောင်း၍ ဝမ်လင်းထံသို့ တိုးဝင်လာနေကြသည်။

ထိုမြူများအပြင် အရိုးစုများအပေါ်ရှိ အင်းဆက်ပိုး ကောင်များသည်လည်း တစ်စုံတစ်ခုက နှိုးဆွလာသကဲ့သို့ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာကြသေးသည်။

ဝမ်လင်းက ခေါင်းကျိန်းနေမိပေပြီ။ခုချိန်၌ မည်သည့် လွတ်လမ်းမှ မရှိတော့သကဲ့သို့ ထင်ရသည်။ တောင်ကြား တစ်ခုလုံးက ချိပ်ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။ ဝမ်လင်းမျက်လုံးက တလက်လက်ဖြစ်နေကာ ကြမ်းကြုတ်ရက်စက် ဟန် ဖြစ်လာသည်။

"ဒီနေရာက သဘာဝအတိုင်း ဖြစ်ပေါ်နေတာ မဟုတ် ဘူး။ဒါတွေအကုန်လုံးက ပြင်ပကနေ ရယူထားတာ။ ဒီ တော့ ဒီတောင်ကြားက အခြေခိုင်မှု မရှိဘူးလို့ ဆိုလိုတယ်

ဝမ်လင်းက ဘေးတစ်ဖက်သို့ ရွှေ့ကာ ဓားတို၊အစိမ်း ရောင်မြူခိုးနှင့် အင်းဆက်ပိုးကောင်များကို ရှောင်ရှားပြီး နောက် တောင်ပေါ်ရှိ အငူစွန်းတစ်ခုပေါ်သို့ နီးကပ်သွား သည်။

သူက မာန်သွင်းကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များ စုစည်းထားသော သူ့ညာလက်ကို ပင့်မြောက်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးနှင့်အတူ သူ့လက်ကို အောက်သို့ လွှဲချလိုက်သည်။ မြေပြင်က တစစီပေါက်ကွဲထွက်သွားကာ ပေါက်ကွဲသံများက တောင်ကြားအနှံ့ပျံ့နှံ့လို့သွားသည်။

တောင်၏ အပိုင်းအစများစွာသည် ပြိုလဲကာ အတောမ သပ်နိုင်သော ဖုန်မှုန်များသည် လွင့်စင်ထွက်ကုန်ကြသည်။ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည်လည်း နေရာအနှံ့ သို့ ပျံ့နှံ့သွားကြသည်။ ငါးကီလိုမီတာ အကွာတွင် ရှိနေ သော လီယွမ်သည်ပင် ကြောင်ငေးမှင်သက်လို့သွားသည်။ သူက တောင်ကြားအတွင်း၌ မည်သို့ ဖြစ်ပျက်နေသည်ကို မ သိပေ။ သို့သော်လည်း သူက မြေပြင်၏ တုန်ခါမှုကို ခံစားမိကာ မရေမတွက်နိုင်သော တောင်အစိတ်အပိုင်းများက ပြိုလဲကျသည်ကို တွေ့မြင်နေရ၏။

လီယွမ်ဘေးနားရှိ ကောင်းကင်ဘုံသက်တော်စောင့်သည် လည်း ဝမ်လင်းနှင့် ချိတ်ဆက်နေပေသည်။ သူက ဘေး တစ်ဖက်သို့ ခြေလှမ်းကာ တောင်ရှိရာသို့ တုံ့ဆိုင်းခြင်းမရှိလက်သီးဖြင့် ထိုးချလိုက်သည်။ နောက်ထပ် ကျယ်လောင်သော တုန်ဟီးသံတစ်ခု ထပ်မံ ထွက်ပေါ်လာ သည်။

လီယွမ်သည် လေအေးတစ်ချက် ရှိုက်သွင်းမိလိုက်သည်။ သူက ဝမ်လင်း၏ အကြံဉာဏ်ကို ခပ်ရေးရေး ခန့်မှန်းမိသွားကာ သူ့နှလုံးသားပင် အရူးအမူး ခုန်ပေါက်မိတော့၏။ သူက မဖြစ်ညစ်ကျယ်ပြုံးကာ သည်ရောင်းရင်းရှု၏ အကြံဉာဏ်များသည် တစ်ခါတစ်လေ တုန်လှုပ်ဖွယ် ကောင်းလှသည်ဟု တွေးလိုက်မိပေသည်။သားပင် အ

ဝမ်လင်း၏ ခွန်အားသပ်သပ်ဖြင့်ဆိုပါက သူက သည် တောင်ကို လှုပ်ခါယမ်းရုံလောက်သာ တက်နိုင်၍ ဖျက်စီး နိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ကောင်းကင်ဘုံ သက်တော်စောင့်ကတော့ ခြားနားပေသည်။ ၎င်း၏ခန္ဓာကိုယ်က အလွန်သန်မာလှကာ ထိုလက်သီး ချက်ထိုးချပြီးသည့်နောက် တောင်၏ တုန်ခါမှုသည် ပို၍ ပြင်းထန်လာခဲ့သည်။

တောင်ကြားထဲ၌ ဝမ်လင်း၏မျက်လုံးများသည် နီရဲနေကာ သူက တော်ကို ဆွဲကိုင်ကာ နှုတ်ယူပစ်နေသည်။ တစ်ချိန်တည်းမှာလည်း ကောင်းကင်ဘုံသက်တော်စောင့် က ဖိအားအောက် ပိုရောက်နေ၏။ ၎င်းက ၎င်း၏လက်များ ကို တောင်ထဲသို့ ထိုးစိုက်ထားကာ တောင်ကို ဆယ်ပေ လောက်ကြွသည့်အထိ ပင့်မထားပေသည်။

တောင်ကြားအနှံ့တွင် ကျယ်လောင်သော တုန်ခါသံက ပျံ့နှံ့လျက် ရှိ၏။ သိုလှောင်နေရာလွတ်တစ်ခုလုံးပင် တုန်ခါ လျက်ရှိလာ၏။ ကောင်းကင်ဘုံသက်တော်စောင့်က တောင် ကို ပင့်မြှောက်ကာ တောင်အောက်သို့ ဝင်ရောက်လိုက်၏။ ၎င်း၏ခန္ဓာကိုယ်က ရွှေရောင်တောက်ပမှုကို ထုတ်လွှတ် လာကာ ၎င်းသည် တောင်တစ်ခုလုံးကို ကျောပေါ်သို့ မတင် ထားလိုက်တော့သည်။

ပြင်းထန်သော တုန်ခါမှုလှိုင်းများက တောင်ကြားအပေါ် သို့ သက်ရောက်ကာ ဓားတိုရှစ်လက်သည် တန့်သွားခဲ့၏။ အစိမ်းရောင်မြူခိုးငွေ့များကိုတော့ ဝမ်လင်းက လုံးဝ လစ် လျူရှုထားကာ သူက တောင်အောက်သို့ ဝင်၍ ပင့်မြှောက် လိုက်တော့၏။

လေဟာနယ်အက်ကြောင်းက မည်မျှ များပြားပါစေ ၎င်း တို့သည် တောင်၏ ဖိသိပ်မှုကို ခံလိုက်ရကာ ပျက်စီးသွား ကြသည်။ အမြင့်တစ်ခုထိ ရောက်အောင် ပင့်မလိုက်ပြီး နောက် ကောင်းကင်ဘုံသက်တော်စောင့်သည် ထိုတောင်ကို အောက်သို့ ပြန်ပစ်လွှတ်ချလိုက်သည်။
မြေပြင်က တုန်ခါလာကာ သိုလှောင်နေရာလွတ်တစ်ခု လုံးပင် ပျက်စီးလုနီးပါးဖြစ်လာသည်ဟု ထင်မှတ်ရပြီး ပို များပြားသော အက်ကြောင်းများ ပေါ်လာခဲ့တော့၏။

ထိုတောင်က ကောင်းကင်ထက်ကနေ အက်ကွဲကြောင်း များ ရှိနေသော မြေပြင်ပေါ်သို့ ကျရောက်သွားကာ ၎င်း အက်ကြောင်းတို့အပေါ်သို့ လုံးဝ ရိုက်ချသွားသည်။ဝမ်လင်း က ထိုအခွင့်အရေးကို အသုံးပြု၍ တောင်ကြားထဲကနေ တ ဟုန်ထိုး ထိုးထွက်လိုက်၏။ မမြင်ရသော မိစ္ဆာအရိပ်ပင် သဲလွန်စမရှိပျောက်ကွယ်သွားကာ မည်သူကမျှ ၎င်းဘယ် နေရာသို့ ရောက်သွားသည်ကို မသိနိုင်တော့ချေ။

ဝမ်လင်းက တောင်ကြားထဲကနေ ထွက်လာပြီးနောက် အမောတကော လေရှုသွင်းလိုက်၏။ သူက ရှေ့တည့်တည့် သို့ လှမ်းကြည့်လိုက်သည်။ သူက တတိယတောင်ကြားပင် သက်ရောက်မှု ရှိသွားသည်ကို တွေ့မြင်လိုက်ရ၏။သည် အခိုက်အတန့်၌ တတိယမြောက်တောင်ကြားထဲကနေ အတားအဆီးအလင်းများက မရေမတွက်နိုင်အောင် ဖြာထွက်လာကြသည်။ထိုတောင်၏ သက်ရောက်မှုကြောင့် အတားအဆီးများစွာက ပျက်စီးပြိုပျက်သွားသည့်ပုံပင်။

"ဒီသိုလှောင်နေရာလွတ်ရဲ့ ပိုင်ရှင် ကောင်းကင်ဘုံသား က တစ်စုံတစ်ယောက်ဟာ ဒီနေရာရဲ့ အတားအဆီးတွေကို တောင်ကို လှုပ်ရမ်းခါပြီး ဖျက်စီးလိုက်လိမ့်မယ်လို့ ဘယ်တော့မှ တွေးမိမှာ မဟုတ်ဘူးလို့ ငါ ထင်မိတယ်..."ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ဟန်ချက်ပြန်ညှိပြီးနောက် တတိယမြောက်တောင်ကြား ရှိရာသို့ တဟုန်ထိုး ဆက် တိုးဝင်သွားသည်။သူ့ပန်းတိုင်က ရှေးဟောင်းနတ် ဘုရား၏သားရေချပ်ဝတ်ပင် ဖြစ်တော့၏။ ခုတောင်ကြား နှစ်ခုလုံး၌ ၎င်းချပ်ဝတ်က ရှိပုံမရသည့်အတွက်ကြောင့် ၎င်းချပ်ဝတ်သည် တတိယတောင်ကြားထဲတွင် ရှိပေ လိမ့်မည်။

လီယွမ်က လေအေးတစ်ချက်ရှိုက်သွင်းလိုက်၏။သူ့ မျက်လုံးထဲရှိ တုန်လှုပ်နေမှုကလည်း ဖြည်းဖြည်းချင်း ပြန် တည်ငြိမ်သွားသည်။ထို့နောက် သူက ဝမ်လင်းနောက်သို့ လိုက်ပါသွားသည်။

ကောင်းကင်ဘုံသက်တော်စောင့်ကတော့ စွမ်းအင်အများ ကြီး သုံးစွဲခဲ့ရပြီး ဖြစ်သည်။၎င်းက တစ္ဆေအရိပ်သို့ ပြန် ပြောင်းကာ ဝမ်လင်း၏ အရိပ်နှင့်အတူ ပြန်ကောင်းမွန်လာ ရန်အတွက် ပေါင်းစပ်သွားသည်။

ဝမ်လင်းနှင့်လီယွမ်တို့က တတိယတောင်ကြားထံသို့ တိုးဝင်လာနေကြသည်။ သူတို့က နီးကပ်သထက်နီးကပ် လာကြရင်း သိပ်မကြာခင်မှာပင် တတိယတောင်ကြားရှေ့ သို့ ရောက်လာကြသည်။

သည်နေရာက တော်တော်လေး ထိခိုက်ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ မူလက ကျဉ်းမြောင်းသော တောင်ကြား ဝင်ပေါက်သည်လည်း ဆွဲဖွင့်ခြင်း ခံထားရကာ မရေမတွက်နိုင်သော အတားအဆီးအလင်းများက မရပ်တန်း တ လက်လက် ဖြစ်နေတော့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ဝမ်လင်းက ထိုတောင်ကြားအတွင်း၌ ကျောင်းဆောင်တစ် ခု ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုကျောင်းဆောင်က ကြီးမားလှခြင်းမရှိဘဲ အတော် လေး ပျက်စီးနေပြီ ဖြစ်၏။ တံခါးပင် မရှိတော့ပေ။ထို အထဲ၌ အရိုးစုနှစ်ခု ရှိနေသည်။ တစ်ခုက ရှေးဟောင်းနတ် ဘုရားသားရေချပ်ဝတ်ကို ဝတ်ဆင်လို့ထားသည်။

အခြားအရိုးစုကတော့ မည်သည့်အရာမှ ရှိမနေပေ။ သို့သော် ၎င်း၏ ညာလက်က ရှေးဟောင်းနတ်ဘုရား သားရေချပ်ဝတ်ဝတ်ဆင်ထားသော အရိုးစု၏ ဦးခေါင်းကို ထွင်းဖောက်နေသည်။ထိုလက်ကနေ ရွှေရောင်အလင်းတစ် ခု ထွက်ပေါ်နေ၏။

ဦးခေါင်းခွံက အက်ရာများနှင့် ပြည့်လို့နေသည်။

ဝမ်လင်းက သည်အရိုးစုနှစ်ခု၏ တိုက်ပွဲကို မမြင်ခဲ့ရ သော်လည်း သူတို့နှစ်ယောက်ကြား၌ ကြမ်းကြုတ်ရက်စက် သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့မည်ဟု စိတ်ကူးကြည့်နိုင်၏။

ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အရိုးစု တစ်ခုပေါ်ရှိ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်သည် သူ့လက်ထဲသို့ ရောက်ရှိလာတော့သည်။သူက ထိုချပ်ဝတ် နှင့် ထိလိုက်သည့်အခိုက်တွင် ချက်ခြင်းပင် အလွန် ဝမ်းနည်းဖွယ်ကောင်းသော ခံစားမှုကို ရရှိလိုက်၏။
အနီးကပ်ကြည့်လေလေ ထိုသားရေချပ်ဝတ်က ပို၍ ကြမ်းရှကာ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေ ပြင်းထန် တော့သည်။ထိုအကြွင်းအကျန်အော်ရာကပင် နေသည်ကို ကြည့်ခြင်းဖြင့် သည်ချပ်ဝတ်ပိုင်ရှင်သည် မည် မျှစွမ်းအားကောင်းကြောင်းကို လူတိုင်း ပြောနိုင်ပေ၏။

လီယွမ်သည်လည်း ရှေ့သို့ ဆက်လျှောက်သွားရာ သူက အခြားအရိုးစုနားသို့ ရောက်သွားသည်။ သူက ထိုအရိုးစု၏ ရွှေရောင်လက်ချောင်းများကို စူးစိုက်ကြည့်နေသည်။ ထို့နောက် သူက အသက်ဝဝရှုသွင်းကာ ဆောင့်ကြောင့် ထိုင်ချလိုက်ပြီးနောက် လက်ချောင်းတစ်ခုပြီးတစ်ခုကို ဖြ က်တောက်လိုက်သည်။

သူက ခေါင်းမော့ကာ တံခါးမရှိတော့သော ကျောင်းဆောင်သို့ တစ်ချက်ကြည့်လိုက်၏။ သူ့မျက်လုံး သူငယ်အိမ်က ချက်ခြင်း ကျုံ့သွားသည်။သူက လှမ်းပြော လိုက်၏။ "အစ်ကိုရှု...ဒီမှာကြည့်ဦး..."

ဝမ်လင်းကလည်း ခေါင်းမော့ကာ ရှေ့သို့ ခြေလှမ်း အနည်းငယ်တိုးလိုက်ပြီး ကျောင်းဆောင်ကို ကြည့် လိုက်၏။ သူ့စိတ်ဓာတ်အင်အားဖြင့်ပင် သူက လေအေးတစ် ချက်မရှိုက်သွင်းမိဘဲ မနေနိုင် ဖြစ်သွားရသည်။သူက ထို ကျောင်းဆောင်ကို အန္တရာယ်တစ်ခုခုရှိနိုင်လား သေချာ ကြည့်ရှုပြီးနောက် အထဲသို့ လှမ်းဝင်လိုက်သည်။

လီယွမ်ကလည်း ထိုကျောင်းဆောင်ထဲသို့ လှမ်းဝင်လိုက်သည်။

ထိုကျောင်းဆောင်က နှစ်ထပ်ရှိလေ၏။ ပထမတစ်ထပ် တွင် မည်သည့် ဆုတောင်းရှိခိုးမှု ပြုသည့်နေရာမှ ရှိမနေဘဲ ဗလာကင်းမဲ့နေသည်။နံရံပေါ်၌ နံရံဆေးရေးပန်းချီများကို ချိတ်ဆွဲထား၏။

စုစုပေါင်း ပန်းချီကား ကိုးခုရှိ၏။ထိုနံရံပေါ်ရှိ ဆေးရေး ပန်းချီကား ကိုးခုကို တစ်ခုပြီးတစ်ခု ကြည့်နေရင်း လီ ယွမ်၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်ထွက်နေသည်။သူက ခပ်တိုးတိုး ပြောလိုက်၏။ "ဒါ… ဒါက ဘယ်လိုမန္တာန်မျိုးလဲ။ဒီလောက် ကြီးမားတဲ့လူက ဘယ်လို ရှိနိုင်ပါ့မလဲ..."

သည်ပန်းချီကားများသည် နှဖူးပေါ်တွင် ကြယ်ရှစ်လုံးရှိသည့် ဧရာမလူကြီးတစ်ယောက်၏ ပုံကို ရေးဆွဲထားခြင်း ဖြစ်သည်။ထိုသူ့ကို မရေမတွက်နိုင်သော အမျိုးမျိုးသော လက်နက်ရတနာများနှင့် ကောင်းကင်ဘုံသားများသည် ဝန်းရံတိုက်ခိုက်နေကြပေသည်။

ကောင်းကင်ဘုံသားများ၏ ခန္ဓာကိုယ်သည် ထိုဧရာမ လူကြီးနှင့် ယှဉ်ပါက လုံးဝ မထင်မရှား ဖြစ်နေ၏။ထို လူကြီး၏ မျက်လုံးများက မထူးခြားနားဟန်နှင့် အေးစက်စက် ဖြစ်နေသည်။

နံရံပေါ်ရှိ နံရံဆေးရေးပန်းချီကား ကိုးခုလုံးသည် ခုလို မျိုးပုံစံအတိုင်း ရှိနေသည်။
"ကြယ်ရှစ်လုံး...ရှေးဟောင်းနတ်ဘုရား..." ဝမ်လင်းက စဉ်းစားနေရင်းဖြင့် ဒုတိယထပ်ကို မော့ကြည့်လိုက်သည်။ သူက သက်ပြင်းချကာ အပေါ်သို့ ဆက်လျှောက်သွားသည်။ လီယွမ်ကတော့ ပထမထပ်၌သာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်နေရင်း ကျန်ခဲ့သည်။

တကယ်တော့ ရှေးဟောင်းနတ်ဘုရားများကို သိသည့်သူ သည် များများစားစား မရှိလှပေ။

ဒုတိယထပ်ကတော့ ပို၍ ရိုးစင်း၏။ အဝါရောင်ပိတ်သား စ ဖြန့်ခင်းထားသည့် စားပွဲတစ်ခုနှင့် ၎င်း၏ဘေးရှိ စုတ်တံ အချို့သာ ရှိလို့နေသည်။ထိုအတွက်ကြောင့် သည်နေရာ၏ အရှင်သခင်သည် ပန်းချီကားများကို ကြိုက်နှစ်သက် ကြောင်း လွယ်လင့်တကူ စိတ်ကူးကြည့်နိုင်သည်။

ထိုစားပွဲ၏ အနီးအနားတွင် အမွှေးတိုင်အိုးတစ်ခု ရှိနေ၏။ထိုအမွှေးတိုင်အိုး၏ အထဲ၌ ဖုန်အနည်းငယ် တက် လို့နေသည်။

ဝမ်လင်းက စားပွဲနားသို့ ရောက်သွားရာ သူက စားပွဲပေါ် ရှိ ပိတ်စပေါ်တွင် ဖိထားသည့် လေးထောင့်တုံးလေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ထိုပိတ်စဖိထားသည့်တုံးက နေ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကို ပေး စွမ်းနေသည်။၎င်းအရာက သာမန်မဟုတ်သည်မှာ သိသာ ပေသည်။သို့ရာတွင် ဝမ်လင်းက ၎င်းပိတ်စဖိထားသည့်တုံး ကို မကြည့်ဘဲ ပိတ်စကိုသာ ကြည့်လိုက်၏။"ကောင်းကင်ဘုံနယ်မြေရဲ့ (၂၇)ခုမြောက် ကပ်ကာလ တစ်ခုရဲ့ (၁၆)နှစ်မြောက်မှာ ရှေးဟောင်း အမိန့်(ရှေးဟောင်းနတ်ဘုရား)နဲ့ ကောင်းကင်ဘုံနယ်မြေ ကြား ဖြစ်ပွားခဲ့တဲ့ ပထမဆုံးစစ်ပွဲမှာ အောင်မြင်မှုနဲ့ အဆုံး သပ်ခဲ့တယ်။ငါ့လက်နက်ရတနာက ပျက်စီးသွားခဲ့ပြီး ဒီ နေရာမှာ ပြန်ပြုပြင်ဖို့ လိုအပ်တယ်။ဒါပေမဲ့လည်း ငါ့ရဲ့ စွန့်စားမှုကြောင့် ငါဟာ ၎င်း(ရှေးဟောင်းနတ်ဘုရား) ရဲ့ အရေပြား အပိုင်းအစတစ်ခုကို ရရှိခဲ့ပြီး အဲ့အရေပြားနဲ့ ငါက သားရေချပ်ဝတ်တစ်ခုကို ပြုလုပ်ခဲ့တယ်..."

"ကောင်းကင်ဘုံနယ်မြေရဲ့ (၂၇)ခုမြောက် ကပ်ကာလရဲ့ (၁၉)နှစ်မြောက်မှာ တုန်လှုပ်ဖွယ် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်။ကောင်းကင်ဘုံအင်ပါယာက ရူးသွပ်သွား ပြီး ကောင်းကင်ထက်ကို လက်ညှိုးထိုးလျက် သေဆုံးသွား ခဲ့တယ်...ဒီမြင်ကွင်းကို ငါ ကိုယ်တိုင် တွေ့မြင်ခဲ့ရတယ်..."

"ငါက ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်လာခဲ့ ကတည်းက ရှေးဟောင်းနတ်ဘုရားတွေနဲ့ တိုက်ပွဲဖြစ် တိုင်း ဘယ်တော့မှ ကြောက်ရွှံ့မှု မရှိခဲ့ဘူး။ဒါပေမဲ့လည်း ငါက ဒီမြင်ကွင်းကို တွေ့လိုက်တဲ့အခိုက်မှာ ငါက တွန့်ဆုတ် ကြောက်ရွံ့သွားခဲ့ရတယ်...။ငါဟာ...ငါ လုံးဝ မမြင်သင့်တဲ့ မြင်ကွင်းမျိုးကို တွေ့မြင်ခဲ့ရတယ်..."

"ကောင်းကင်ဘုံသား အများစုက တိုက်ပွဲရင်ဆိုင်နေကြ ရင်း ငါက လွတ်မြောက်နိုင်ခဲ့တယ်.. ငါ့နောက်ကို ကပ် လိုက်ပါလာတဲ့ မျက်လုံးတစ်စုံ ရှိနေတယ်။ ငါက ငါမြင်တွေ့ခဲ့သမျှကို ပန်းချီဆွဲခဲ့တာ ဖြစ်တယ်..."

ပိတ်စပေါ်ရှိ လက်ရေးမူသည် ကျဲတီးကျဲတောက် မသပ်မ ရပ်နှင့် အဆုံးသပ်သွားသည်။သည့်အတွက်ကြောင့် ထို ကောင်းကင်ဘုံသားသည် ဤလက်ရေးမူကို ရေးခဲ့ချိန်က မည်မျှ စိတ်ပူပန်နေကြောင်း သိသာနေခဲ့၏။

"ငါက ဒါကို ရေးဆွဲခဲ့တယ်…ဒါပေမဲ့ ဒါက ဘာလဲ...ငါ ရေးဆွဲခဲ့တာက ဘာလဲ..."

ကောင်းကင်ဘုံသား၏ လက်ရေးမူစာသားက သည် နေရာတွင် အဆုံးသပ်လို့သွားသည်။

ဝမ်လင်း၏ မျက်လုံးက အလေးအနက်ဖြစ်လာ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက စားပွဲခုံရှေ့တွင် ထိုင် ချကာ စုတ်တံကို ကောက်ယူလိုက်၏။ သူက ကောင်းကင်ဘုံသား ထိုအရာကို ရေးဆွဲခဲ့ချိန်၌ တိတိကျကျ မည်သို့ ခံစားရမည်ကို ခံစားသိချင်နေမိသည်။

ဘာသာပြန်သူမှတ်ချက် - (လွန်ခဲ့တဲ့ မရေမတွက်နိုင်တဲ့ နှစ်ပေါင်းများစွာ စကြဝဠာကြီး စဖြစ်တည်တဲ့အချိန်မှာ ကောင်းကင်တာအိုနဲ့အပြိုင် တည်ရှိခဲ့တဲ့ လူမျိုးတစ်မျိုး ရှိခဲ့ တယ်။ဒီမျိုးနွယ်စုဝင်တွေက စွမ်းအားအရမ်းကောင်းလွန်း ခဲ့ကြတယ်။အချို့က အံ့အားသင့်ဖွယ်မန္တန်တွေ ပိုင်ဆိုင်ပြီး သူတို့လက်ကို မှောက်လိုက်လှန်လိုက်လိုက်ရုံနဲ့ တာအိုကို ဖျက်စီးပစ်နိုင်တယ်။ဒီမန္တာန်တွေကို အသုံးပြုပြီး သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ကြတာပဲ။ဒီလူတွေက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြတဲလူတွေ လည်း ဖြစ်တယ်။သူတို့က သတ်ဖြတ်သူတစ်ယောက် အဖြစ်ရှင်သန်ပြီး ကောင်းကင်ဘုံကို သေတဲ့အထိ ဆန့်ကျင် တိုက်ခိုက်ခဲ့ကြတယ်..."

"သူတို့က သူတို့ကိုယ်သူတို့ ရှေးအမိန့် လို့ခေါ်တွင်ခဲ့ကြ :..."သေးတယ်

"နတ်ဘုရားပြစ်ဒဏ်ကလည်း သူတို့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးနိုင်စွမ်း မရှိဘူး။ကောင်းကင်ဘုံရဲ့ခွန်အားကတောင် သူတို့ကို အညံခံလာအောင် မလုပ်နိုင်ခဲ့ဘူး။သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်ပြီး ကျင့်ကြံခဲ့တဲ့ ပထမ ဆုံး သက်ရှိတွေ ဖြစ်ခဲ့ကြတယ်..."

"မရေမတွက်နိုင်တဲ့နှစ်ကာလများစွာ ကြာပြီးတဲ့နောက် မှာတော့ ဒီရှေးအမိန့်လို့ခေါ်တဲ့လူတွေက နှစ်မျိုးကွဲသွားကြ တယ်။ ပထမတစ်မျိုးက အဆုံးစွန်သောစွမ်းအားနဲ့ သူတို့ ကိုယ်သူတို့ ရှေးဟောင်းနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ၊ နောက်တစ်မျိုးကတော့ သတ်ဖြတ်ခြင်း လမ်းစဉ်ကို လျှောက်လှမ်းပြီး အားကောင်းတဲ့ မန္တာန်တွေ ကို ထိန်းချုပ်နိုင်ပြီး သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဆိုး လို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ ဖြစ်တယ်။ သူတို့က ကောင်းကင်ဘုံကို ဖိဆန်ပြီး ကျင့်ကြံတဲ့ ဒုတိယ သက်ရှိတွေ ဖြစ်လာခဲ့ကြတယ်..."

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)