အပိုင်း(158)

ဝမ်လင်းက စုတ်တံကို ကိုင်ဆောင်ကာ မျက်လုံး ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ အချိန်အတန်ကြာမြင့်ပြီး နောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လာ၏။ သူ့လက် က ပိတ်စပေါ်ရှိ စာသားများအတိုင်း စတင်ရေးခြစ် တော့သည်။သူက တဖြည်းဖြည်းဖြင့် ကောင်းကင်ဘုံသား ခံစားခဲ့ရပုံ၏ အရိပ်အမြွက်ကို တွေ့ရှိလာခဲ့သည်။

သူက စုတ်တံဖြင့် ရေးနေရင်း တဖြည်းဖြည်း စိတ်ပူပန် လာခဲ့သည်။

နောက်ဆုံးတွင် ဝမ်လင်း၏လက်က လေထဲ၌ ရုတ်တရပ် တန့်သွား၏။ သူက ဒုတိယထပ်၏ ပြတင်းပေါက်ကနေ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒီကောင်းကင်ဘုံသားက ဒီပန်းချီကားတွေကို အပြီး သပ်နိုင်ခဲ့ရုံပဲ။ ဒါပေမဲ့လည်းသူက ပန်းချီရေးဆွဲနေရင်း စိတ်ပိုရှုပ်ထွေးလာခဲ့လိမ့်မယ်….။ ဒီစကားလုံးတွေ ချန်ရစ် ထားခဲ့ပြီးပြီးချင်းမှာပဲ တစ်ယောက်ယောက် ရောက်လာခဲ့ တာ ဖြစ်ရမယ်..."

ဝမ်လင်းက စုတ်တံကို ပြန်ချကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။

သူက သဲလွန်စအချို့ကို ရှာတွေ့မိသလို ဖြစ်နေသည်။ ပိတ်သားစကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းသည် သူ့ညာ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုပိတ်သားစသည် မီးတောက် များအဖြစ်သို့ လောင်ကျွမ်းသွားတော့သည်။

ထိုပိတ်သားက ရှင်းလင်းလိုက်ပြီးနောက် ဝမ်လင်းက ပိတ်သားစကို ဖိထားသော လေးထောင့်တုံးကို သိမ်းဆည်း လိုက်သည်။သူက ဒုတိယထပ်ကနေ ဆင်းသက်လာချိန်၌ လီယွမ်သည် ပထမထပ်ရှိ ပန်းချီကားများကို သိမ်းဆည်း ကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သွင်းနေသည်ကို တွေ့ မြင်လိုက်သည်။

ဝမ်လင်းက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်ပြီးနောက် လှမ်းပြောလိုက်သည်။ "အစ်ကိုလီ…သင်က သင်ဒီပန်းချီ ကားတွေ သိုလှောင်တဲ့နေရာနဲ့ ပတ်သတ်ပြီး သေချာ ဂရုစိုက်ရမယ်။ သင်က ဒီပန်းချီကားတွေကို အပြင်လူတွေ တွေ့မြင်ခွင့် မရှိအောင် လုပ်ရမယ်။ မဟုတ်ရင် ဒါက ကြီးမားတဲ့ဘေးဒုက္ခတစ်ခု ဖြစ်လာနိုင်တယ်..."

လီယွမ်က တစ်ခုခုကို နားလည်သွားသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

လီယွမ်က မေးလိုက်သည်။ “ဒီသိုလှောင်နေရာလွတ်ထဲ မှာ ဒီထက်ပိုတဲ့ ရတနာတွေ ဒါမှမဟုတ် ကျောက်စိမ်းပြား တွေ ရှိသင့်တယ် မဟုတ်လား။ အစ်ကိုရှုက နည်းနည်းလောက် ထပ်ပြီး မရှာဖွေ ကြည့်တော့ဘူးလား..."

ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။ "အစ်ကိုလီ...ရှာနိုင်ပါတယ်

ထိုပိတ်သားစပေါ်ရှိ အကြောင်းအရာများကို တွေ့မြင်ပြီး သည့်နောက် ဝမ်လင်း၏နှလုံးသားသည် ကောင်းကင်ဘုံ နယ်မြေဘာကြောင့်ပြိုကျသနည်းဟူသော အံ့ဖွယ်ကိစ္စနှင့် ပြည့်နှက်နေတော့သည်။

အမှန်တော့ ဒုတိယတောင်ကြားကို တွေ့မြင်ပြီးနောက် ဝမ်လင်းသည် နောက်ထပ်ရတနာအနည်းငယ်ပင် ကျန် တော့မည်ဟု ခံစားမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော အရေးအကြီးဆုံးရတနာဖြစ်သည့် သားရဲအရိုးကို သူက ယူဆောင်ထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။

ထိုသားရဲအရိုးက ပိတ်သားစပေါ်တွင် မှတ်တမ်းတင် ကောင်းကင်ဘုံသား၏ ပျက်စီးသွားသော ထားသော ပြန်လည်သန့်စင်မွန်းမံရန် လိုသည်ဟူသော ရတနာဖြစ်ဖို့ များပေသည်။

"ကောင်းပါပြီ...ငါက ပြိုကျဖို့အတွက် အတားအဆီးတွေ ချမှတ်ရင်း ဟိုဟိုဒီဒီလှည့်ပတ် ရှာကြည့်လိုက်ဦးမယ်။ပြီး ရင် ငါတို့က ဒီနေရာကနေ ထွက်သွားဖို့အတွက် ထွက်ပေါက်တစ်ခုကိုလည်း ရှာရဦးမယ်..."

လီယွမ်က ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ နှုတ်ဆက် ဟန်ပြုကာ ဒုတိယထပ်သို့ မော့ကြည့်လိုက်သည်။သို့သော်သူက ထိုအထပ်သို့ တက်သွားခြင်းမရှိဘဲ ကျောင်းဆောင်၏ အပြင်သို့ လှမ်းထွက်သွားလေသည်။

ဝမ်လင်းက ကျောင်းဆောင်၏ အပြင်ဘက်၌ ထိုင်ချ လိုက်သည်။သူက သားရဲအရိုးကိုးခုကို ထုတ်ယူကာ ဖြည်းဖြည်းချင်း လေ့လာလိုက်သည်။အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်း တစ်လကုန်ဆုံး သွားလေပြီ။

လီယွမ်သည် သည်တစ်လအတွင်း အများကြီး ရိတ်သိမ်း လိုက်နိုင်ခြင်း မရှိပေ။ထို့ကြောင့် သူက ရတနာ ရှာဖွေခြင်း ကို ရပ်တန့်လိုက်၏။ သို့ရာတွင် သူက ဝမ်လင်းကို တိုက်ခိုက်ခဲ့သော ဓားတိုရှစ်လက်ကို အမည်မသိနည်းလမ်း အချို့အသုံးပြု၍ ထိန်းချုပ်ရယူနိုင်ခဲ့ပေသည်။

ဝမ်လင်းက ထိုကိစ္စနှင့်ပတ်သတ်၍ အလွန်တုန်လှုပ်မိနေသည်။ သို့သော် သူက လီယွမ်၏ အတားအဆီးပညာရပ် အကြောင်း တွေးမိလိုက်သည်နှင့် နားလည်သွားတော့၏။

သည်သိုလှောင် သည်တစ်လအတွင်း လီယွမ်သည် နေရာလွတ်အထဲတွင် ပျက်စီးနိုင်လောက်သည့် အမှတ် နေရာများကို တွက်ချက်ကာ ထိုနေရာများ၌ အတားအဆီး များ နေရာချထားခဲ့သည်။လီယွမ်က သွေးဘိုးဘေးကို တိုက်ခိုက်ဖို့ အစီအစဉ် ချမှတ်ရာ၌ ဝမ်လင်းထက်ပင် စိတ်ဝင်စားမှု ပိုနေသလို ဖြစ်နေခဲ့သည်။

လီယွမ်က သူ့အတားအဆီးများဖြင့် နတ်ဘုရားတစ်ပါးလို ကျင့်ကြံမှုအဆင့်ရှိသူတစ်ယောက်အား သတ်ပစ်နိုင်မည့် အကြောင်း တွေးမိသည်နှင့် သူက စိတ်လှုပ်ရှားမိပေသည်။ သူက အလွန်သတိရှိသော်လည်း အားနည်းချက်တစ်ခု တော့ ရှိနေ၏။ ထိုအားနည်းချက်သည် သူ့မိသားစု၏ အတားအဆီးများအပေါ် မျက်ကန်းတစ္ဆေယုံကြည်မှုပင် ဖြစ်တော့၏။

သည့်အပြင် သူက သည်ကိစ္စ၌ နောက်ကွယ်ကနေသာ တိတ်တဆိတ် ကူညီခဲ့ခြင်း ဖြစ်ပြီး ပါဝင်ပတ်သတ်ခြင်း မ ပြုပေ။ အစီအရင်များ ချမှတ်ပြီးသည့်နောက် သူက ဝမ် လင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ထားခဲ့ပေ၏။တကယ်တော့ သူသည် ဝမ်လင်းအပေါ်၌ အကြွေးတင်နေသည်ဆိုရင်ပင် သတ်ပစ်ရန် နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကျင့်ကြံသူကို ကြံစည်ခြင်း ကိစ္စက ကြီးမားလွန်းနေသည်။

သည်နေ့တွင် လီယွမ်သည် အလေးအနက်ဟန်ပန်နှင့် ပြန်လာခဲ့သည်။သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန် ကြည့် ကာ ခပ်လေးလေး သက်ပြင်းချလိုက်၏။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်ရာ အတားအဆီးသလင်းလုံးတစ်ခု သည် ပျံသန်းထွက်သွားပြီး ဝမ်လင်းရှေ့တွင် လွင့်မြော နေသည်။

"အစ်ကိုရှု...ငါက ပျက်သုဉ်းခြင်းအတားအဆီးကို အသုံးပြုပြီး ဒီနေရာရဲ့ ပျက်စီးနိုင်တဲ့အမှတ်နေရာပေါင်း (၁၄၆၅)ခုကို ချမှတ်ထားခဲ့ပြီးပြီး..။ သင်က သင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ ဒီအတားအဆီးသလင်းလုံးကို အသက်သွင်းဖို့ပဲ လိုတယ်။ ဒါဆိုရင် ဒီ သိုလှောင်နေရာလွတ်က လုံးဝပျက်စီးသွားလိမ့်မယ်..."

ဝမ်လင်းက အတားအဆီးလုံးကို ကိုင်ထားကာ သူ့နတ် ဘုရားအာရုံဖြင့် စစ်ကြည့်လိုက်၏။ သူက မည်သည့် ပြဿနာမှ မရှိကြောင်း သေချာအောင် ကြည့်လိုက်ပြီး နောက် သူ့လက်နှစ်ဖက်ကို ယှက်ကာ လီယွမ်အား ပြော လိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်..."

လီယွမ်၏အသွင်က နက်မှောင်သွား၏။သူက တုံ့ဆိုင်း ဆိုင်းနှင့် ပြောလာသည်။ "အစ်ကိုရှု...တကယ်တော့ သင့် ကို သွေးဘီလူးရှာမတွေ့နိုင်တဲ့ နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်။ သင် လုပ်ကမှာ ဆိုလို့ လှိုဏ်ဂူတစ်ခုရှာပြီး အဲ့ထဲမှာ ပုန်းအောင်းပြီး ထွက်မလာရုံပဲ...။ဒီသွေးဘိုးဘေးက သူ့ အမုန်းကို မေ့သွားတဲ့ အချိန်အထိပေါ့..."

ဝမ်လင်းက တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်၏။ "ငါက အစ်ကိုလီရဲ့ ကြင်နာမှုကို မှတ်သားထားပါ့မယ်။ခုတော့ ငါက အစ်ကိုလီအပေါ်မှာ ဒုက္ခများစေခဲ့ပြီ..."

လီယွမ်က တိတ်တဆိတ်စဉ်းစားနေသည်။ အချိန် အတန်ကြာမြင့်ပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ သူက ထိုကျောက်စိမ်းပြားကို ဝမ်လင်း ထံသို့ ကမ်းပေးကာ ပြောလိုက်၏။ "အစ်ကိုရှု...ဒါက ငါတို့ လီမိသားစုရဲ့ ပျက်သုဉ်းခြင်းအတားအဆီး မှတ်တမ်းပဲ။ ငါက ဘိုးဘေးကျောင်းတော် မရှိတဲ့အတွက် သင့်ကိုအတားအဆီးနှလုံးသား တစ်ဝက်တော့ ပေးလို့ မရနိုင် တော့ပေမဲ့လည်း ဒါကို လေ့လာတာက သင့်အတွက် အကူအညီ ဖြစ်မှာပါ...။ဒီထဲမှာ သင့်ရဲ့အော်ရာကို ဖုန်း ကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ပါဝင်တယ်..."

ဝမ်လင်းက ကျောက်စိမ်းပြားကို လက်ခံကာ ခေါင်းညိတ် ပြလိုက်သည်။

လီယွမ်က သက်ပြင်းချလိုက်၏။ ထို့နောက် သူက သူ့ လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်ရာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ထိုအစီအရင်သည် တည်ငြိမ်လှခြင်းတော့ မရှိပေ။ ကြည့်ရသည်မှာ အချိန်မရွေးပျက်စီးသွားနိုင်သည် ဟု ထင်မှတ်ရ၏။

"အစ်ကိုရှု...ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်က သုံးကြိမ်ပဲ ဖွင့်လှစ်လို့ ရတယ်။သင်…သင်က သေချာ ဂရုစိုက်ဖို့ လိုတယ်..." လီယွမ်သည် ဝမ်လင်းကို ကြည့် လိုက်၏။ထို့နောက် သူက တည်နေရာရွှေ့ပြောင်းခြင်းအစီ အရင်ထဲသို့ ခြေချလိုက်သည်။ သူက နောက်သို့ လှည့်မပြည့် ဘဲ တိုးညင်းစွာ ပြောလိုက်သည်။ "ငါ့ပေါ်မှာသာ ဘာ တာဝန်မှ ရှိမနေဘူးဆိုရင် ငါက အစ်ကိုရှုနဲ့အတူ ဒီမှာနေ ပြီး လီမိသားစုရဲ့ အတားအဆီးက နိဗ္ဗာနသန့်စင်ခြင်း အဆင့်ကျင့်ကြံသူကို ဘယ်လို လှည့်စားဆန့်ကျင်နိုင်မလဲ ကိုယ်တိုင် သိမြင်ချင်ပါတယ်..."
"အစ်ကိုရှု...ဂရုစိုက်ပါ..." လီယွမ်က သက်ပြင်းချ လိုက်၏။ ထို့နောက် သူ့ပုံရိပ်သည် အစီအရင်ထဲ၌ ပျောက် ကွယ်သွားတော့သည်။

ဝမ်လင်းက ခေါင်းမော့လိုက်၏။ သူ့မျက်လုံးများက အေး စက်လာသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ "သွေး ဘိုးဘေး...ယောင်ရှင်းရွှယ်...။ မင်းတို့နှစ်ယောက်လုံးမှာ သွေးစိတ်ဝိညာဉ်ဆေးလုံးတွေ ရှိနေတယ် ဆိုပေမဲ့လည်း ငါက မင်းတို့အားလုံးကို ဒီနေရာလွတ်ရဲ့ ပြိုပျက်မှုက အထဲ မှာရှိတဲ့အရာအားလုံးကို ဖျက်စီးနိုင်တဲ့အောက်မှာ မင်းတို့ က တကယ်ရှင်သန်နိုင်လား ဒီတစ်ကြိမ် လောင်းကြေးထပ် ကြည့်ရတော့မှာပေါ့..."

ဝမ်လင်းကိုယ်ပေါ်တွင် သိုလှောင်အိတ်တစ်ခု ရှိနေ သေး၏။ ထိုသိုလှောင်အိတ်သည် ယောင်ရှင်းရွှယ် ပိုင်ဆိုင် ပေသည်။ သို့သော် သူက ၎င်းကို ဖွင့်လို့ မရချေ။ သူက ၎င်း သိုလှောင်အိတ်ပေါ်၌ အတားအဆီးများ ချမှတ်ကာ ၎င်း၏ အော်ရာ ခပ်ဝေးဝေးသို့ ပျံ့နှံ့ခြင်းမရှိအောင်သာ လုပ် နိုင်သည်။

ထိုသိုလှောင်အိတ်အပြင် ဝမ်လင်း၌ မူလက သွေးစိတ် ဝိညာဉ်ဆေးလုံးအစစ် တစ်လုံးပိုင်ဆိုင်ခဲ့သေးသည်။ သို့သော် သူက ၎င်းဆေးလုံးကို ပျံ့ကျဲနတ်ဆိုးမိစ္ဆာနှင့် ရင်ဆိုင်ရချိန်က အသုံးပြုခဲ့ရပေသည်။သူက သည် သိုလှောင်အိတ်ထဲ၌ နောက်ထပ် သွေးစိတ်ဝိညာဉ်ဆေးလုံး အနည်းဆုံးတစ်လုံးတော့ ရှိမည်ကို သိပေသည်။ သို့သော်သူက ၎င်းအိတ်ကို ဖွင့်နိုင်ခြင်း မရှိပေ။

"ဒီလိုမျိုး ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ဆေးလုံးတွေ က သွေးဘိုးဘေးရှိမှာတောင် အများကြီး ရှိနိုင်မှာ မဟုတ် :..."ဘူး..

ဝမ်လင်းက နှာခေါင်းရှုံ့ပြောဆိုလိုက်ရင်း ယောင်ရှင်းရွှ ယ်ကို ချိပ်ပိတ်ထားသော အတားအဆီးလုံးကို ထုတ်ယူ လိုက်သည်။ သူက ၎င်းအတားအဆီးလုံးကို အဝေးသို့ ပစ် လွှတ်လိုက်၏။ ၎င်းက ချက်ခြင်း ပျံသန်းထွက်သွားကာ အကွာအဝေးတစ်ခုရှိ တောင်အတွင်းဘက်၌ နစ်မြုပ်လို့ သွားသည်။

ထိုသို့ ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ခြေတစ် လှမ်းလှမ်းကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထဲသို့ ဝင်ရောက်လိုက်သည်။ ဖျပ်ခနဲပင် ဝမ်လင်းက ပျောက် ကွယ်သွားလေ၏။

"သွေးဘိုးဘေး...သင်က ငါ့ကို လွှတ်ပေးချင်စိတ် မရှိမှ တော့...ငါကလည်း လီယွမ်ပြောခဲ့သလိုမျိုး နတ်ဘုရား တစ်ပါးကို သတ်ဖို့ ကြိုးစားကြည့်ရတော့မှာပေါ့..."

နောက်ဆုံးတော့ ရောက်လာခဲ့ပြီ…(နောက်တစ်ပိုင်း)

သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲကနေ လှမ်းထွက်လာသည့်အခါတွင် သူ့ရှေ့၌ ပေါ်လာသည့်အရာ ကုန်းမြေတစ်ခု ဖြစ်သည်။ ကောင်းကင်က မှောင်ရီ နေကာ မိုးကြိုးများနှင့် ပြည့်နေသည်။အကြည့်တစ်ချက်ဖြင့် ပင် သူက သည်နေရာက ကုန်းမြေ၏ အစွန်းပိုင်းမဟုတ် က ကြောင်း သိလိုက်သည်။

သည်နေရာက

အတွင်း၌သာ ရှိနေသေးသည်။ မိုးကြိုးကောင်းကင်ဘုံနယ်မြေ

"လီယွမ်က တော်တော်လေး အရည်အချင်း ရှိတာပဲ..." ဝမ်လင်းက အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။ သူက လူတွေအပေါ် လေးစားခဲ၏။ သို့သော် လီယွမ်၏ အတားအဆီးများအသုံးပြုသော စွမ်းရည်ပေါ်တွင်တော့ ဝမ် လင်းသည် လေးစားမိပေသည်။

ကောင်းကင်ဘုံသားတစ်ယောက်၏ သိုလှောင် နေရာလွတ်ထဲကနေ ထွက်ခွာဖို့ တည်နေရာရွေ့ပြောင်းခြင်းအစီအရင်တစ်ခု တည်ဆောက်နိုင်ရန် အတားအဆီးများနှင့် ပတ်သတ်သည့် ကျယ်ပြောသော ဗဟုသုတ လိုပေ၏။ဝမ် လင်းက သူ့အတွက် ထိုသို့ လုပ်နိုင်ရန် ခက်ခဲလွန်းလှသည် ကို သိပေ၏။

သူက ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ပြီးနောက် အလင်းတန်းအသွင်ပြောင်းကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားသည်။ ရက်အတော်အတန် ပျံသန်းပြီး သည့်နောက် ဝမ်လင်းသည် ဤဧရိယာကို တိတ်တဆိတ် မှတ်သားလာခဲ့သည်။သူက တောင်တစ်လုံးပေါ်သို့ ဂရုတစိုက် ဆင်းသက်လိုက်သည်။ သည့်နောက် အနီးအ တားတွင် ပုံမှန်မဟုတ်သည့်အရာ ဘာမှ မရှိကြောင်း သေချာပြီဆိုမှ သူက မြေအောက်ထဲသို့ တိုးဝင်သွားသည်။ သူက တောင်အနက်ပိုင်းထဲအတွင် တိုးဝင်သွားကာ ယောင် ရှင်းရွှယ်ထံမှ ရခဲ့သော သူဖွင့်လို့မရသည့် သိုလှောင်အိတ် ကို ဖွက်ထားလိုက်သည်။

အတားအဆီးအနည်းငယ် ချမှတ်ပြီးသည့်နောက် ဝမ် လင်းက ဂရုတစိုက် ပြန်ထွက်ခွာလာသည်။

ထိုသိုလှောင်အိတ်ကို ဖွက်ပြီးသည့်နောက် ဝမ်လင်းသည် အကွာအဝေးတစ်ခုရှိ ကွင်းပြင်တစ်ခုပေါ်၌ ပြန်ပေါ်လာခဲ့ သည်။သူက သူ့နောက်ရှိ တောင်သို့ လှည့်ကြည့်လိုက်သည်။ ထို့နောက် အလင်းတန်းတစ်ခုအသွင်ပြောင်း၍ သူကအကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားတော့သည်။ 

သူက အလွန်မြန်ဆန်စွာ လှုပ်ရှားနေကာ သည် အစိတ်အပိုင်းမြေ၏ မည်သည့်နေရာပေါ်တွင်မှ ရပ်တန့် ခြင်း မပြုပေ။သိပ်မကြာခင်တွင် သူက သည်အစိတ်အပိုင်း မြေ၏ အစွန်းအနားသပ်သို့ ရောက်ရှိလာခဲ့ကာ မိုးကြိုးကွင်းဆက်များကို မြန်ဆန်စွာ ဖြတ်သန်းလာသည်။

ဟင်းလင်းပြင်ထဲရှိမိုးကြိုးကွင်းဆက်ပေါ်တွင် သတိထား၍ ပျံသန်းနေရင်း ဝမ်လင်းသည် နောက်ထပ် အစိတ်အပိုင်းမြေတစ်ခုကို ထပ်မံ တွေ့လိုက်သည်။ သူက အသက်ဝဝရှုသွင်းပြီးသည့်နောက် အစိတ်အပိုင်းနယ်မြေ အသစ်၏ မြေအောက်ထဲသို့ တိုက်ရိုက် တိုးဝင်သွား ပြန်သည်။ တည်နေရာတစ်ခု ရှာဖွေပြီးသည့်နောက် သူက အတားအဆီးများကို စတင်နေရာချပြန်သည်။

သည်လို ပျံသန်းသွားလာနေမှုတစ်လတာ အတွင်း ဝမ် လင်းသည် လီယွမ်သူ့ကို ပေးခဲ့သော သူ့အော်ရာကို မည်သို့ ဖုန်းကွယ်ရမည့် ဆိုသည့်အတားအဆီးများကိုလည်း လေ့လာကြည့်နေသည်။ဝမ်လင်းက အလွန်မြန်ဆန်စွာ လေ့လာနေခဲ့သည်။ထိုသို့လုပ်ရသည့်အကြောင်းရင်း သွေး ဘိုးဘေး၏ ခြောက်လန့်မှုသည် သူ့ထံသို့ နီးကပ်လာခြင်း ကြောင့် ဖြစ်တော့၏။

သူက သွေးဘိုးဘေးထံမှ သူ့ကိုယ်သူ လုံးဝကွယ်ဝှက် ထားနိုင်ခြင်း မရှိသော်လည်း သူ့ကို ထောက်လှမ်းမိရန် အတွက်တော့ ပို၍ ခက်ခဲစေပေသည်။သူက ခုချိန်တွင် သူ့ ကိုယ်သူ တက်နိုင်သမျှ ပုန်းကွယ်နေရန်သာ စီစဉ်ထားသည်။

သူ့ပတ်လည်တွင် အတားအဆီးအမျှင်တန်းများ ပေါ်ထွက်လာကာ အတားအဆီးအလုံးအဖြစ် ဖြစ်တည် သည်။ သူက ၎င်းအလုံးအတွင်း၌ ထိုင်နေ၏။ထို့နောက် ကောင်းကင်ဘုံသက်တော်စောင့်က လှမ်းထွက်လာခဲ့သည်။

ကောင်းကင်ဘုံသက်တော်စောင့်ကို ကြည့်ကာ ဝမ်လင်း သည် ညစ်ပြုံးပြုံးမိသည်။သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် သလင်းကျောက်ကို ကောင်းကင်ဘုံ သက်တော်စောင့်ထံသို့ လှမ်းပစ်လိုက်သည်။ထို့နောက် သူက မျက်လုံးဖြည်းဖြည်းချင်း မှိတ်လိုက်တော့၏။ သူ့ ခန္ဓာကိုယ်မှ နတ်ဘုရားအာရုံအစိတ်အပိုင်းတစ်ခုကို ခွဲ ထွက်ကာ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်ထဲ သို့ ထည့်သွင်းထားသည်။

သည်အရာက ကောင်းကင်ဘုံသက်တော်စောင့်၏ မန္တာန် များထဲမှ တစ်ခု ဖြစ်သည်။၎င်းက သူ့ကို သန့်စင်မွန်းမံထား သူ၏ နတ်ဘုရားအာရုံကို ဝင်ရောက်ခွင့်ပြုကာ ထိန်းချုပ် ခွင့်ပေးပေသည်။

ထို့နောက်

ပျံသန်းထွက်လာပြီးသည့်နောက် ဝမ်လင်းသည် မျက်လုံး မူလစိတ်ဝိညာဉ်အစိတ်အပိုင်းတစ်ခုက မှိတ်လိုက်တော့သည်။ သူက မျက်လုံးမမှိတ်လိုက်ခင်တွင် နောက်ဆုံးအတားအဆီးတစ်ခုသည် သူ့လက်ထဲကနေ ထွက်ပေါ်လာကာ အတားအဆီးအလုံးကို ပြည့်စုံသွားစေသည်။ ထိုအတားအဆီးအလုံးက မြန်ဆန်စွာ ကျုံ့လာခဲ့ ပြီးနောက် ဖျပ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွားခဲ့ သည်။

ကောင်းကင်ဘုံသက်တော်စောင့်၏ မျက်လုံးက ပွင့်လာခဲ့ သည်။၎င်း၏ မျက်လုံးက အေးစက်နေ၏။၎င်းက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် သလင်းကျောက်ကို ကောက်ယူကာ မြိုချလိုက်သည်။ထို့နောက် ၎င်းက မြေအောက်ထဲကနေ တဟုန်ထိုး ထိုးထွက်သွားတော့သည်။

"ငါ့မှာ ကောင်းကင်ဘုံသက်တော်စောင့်သာ မရှိရင် ငါက သွေးဘိုးဘေးကို လှည့်ဖြားနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ခုလိုမျိုး ကောင်းကင်ဘုံသက်တော်စောင့်ထဲ မှာ မူလစိတ်ဝိညာဉ်အပိုင်းအစတစ်ခုထဲပြီး ငါ့ကိုယ်ငါ တုပ ထားပေမဲ့လည်း သူက ဒီခန္ဓာကိုယ်ထဲမှာ ရှိတဲ့ မူလစိတ် ဝိညာဉ်ကို သတိပြုမိလိုက်တာနဲ့ ဒီစွဲဆောင်မှုကို ရှောင်လွှဲ နိုင်မှာ မဟုတ်ဘူး..."

ဝမ်လင်းက ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်၏။ ထို့နောက် သူက အကာအဝေးတစ်ခုသို့ နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း ပျံသန်းထွက်သွားတော့သည်။ ခုချိန်၌ ကောင်းကင်ဘုံသက်တော်စောင့် တဖြစ်လည်း ဝမ်လင်း သည် အမှောင်ထဲရှိ အလင်းတစ်ခုလို ထင်းလင်း သိသာ နေသည်။ သူ့ကို တစ်ယောက်ယောက်က ရှာလိုပါက ချက် ခြင်း တွေ့သွားနိုင်ပေသည်။

ဝမ်လင်းက လမ်းတစ်လျှောက် ပေါ်တင် ပျံသန်းလာ နေသည်။တကယ်တော့ သူက အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းသို့ ရောက်လာကတည်းက လွတ်လပ်စွာနေရ ခြင်း မရှိဘဲ အမြဲသတိထားနေရသည်။ သူက ထိုသို့ သတိထားနေရခြင်းသည် မဟာမိတ်ကြယ်အဖွဲ့အစည်းမှ မွန်းစတားအိုကြီးများသည် သူ့နောက်သို့ အချိန်မရွေး လိုက်ပါလာနိုင်သောကြောင့် ဖြစ်သည်။

အခု ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည် သူ့မူလခန္ဓာကိုယ်လောက် သန်မာခြင်းမရှိသော်လည်း ကျင့်ကြံသူများထက်တော့ များစွာ သန်မာပေ၏။ ခန္ဓာကိုယ် မွန်းမံခြင်း ကျင့်စဉ်ကို ကျင့်ကြံသူများထက်ပင် သာလွန် သေး၏။

ထို့အတွက်ကြောင့် ဝမ်လင်းသည် ပျံသန်းနေရင်း သူ့ မောက်မာသောအော်ရာကို ထုတ်လွှတ်ထားလေ၏။

"သွေးဘိုးဘေး...ခု ငါက သင် ရောက်လာမှာကို စောင့် နေတယ်..." ဝမ်လင်းမျက်လုံးများက အလွန်အေးစက် နေ၏။ သူက သတ်ဖြတ်ချင်နေမိသည်။

သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ခုချိန်၌ သူ့လက်ရှိ ပုံရိပ် ယောင်ယင်ခန္ဓာကိုယ်ကြောင့် ပုံရိပ်ယောင်ယင်အဆင်သို့ ရောက်ရှိနေခဲ့သည်။

ဝမ်လင်းသည် မည်သည့်ရတနာကိုမျှ ရှာဖွေခြင်း မရှိဘဲ အစိတ်အပိုင်းမြေတစ်ခုကနေ အခြားတစ်ခုထံသို့ မြန်ဆန်စွာ ပျံသန်းနေသည်။သူက အစိတ်အပိုင်းမြေတစ်ခုပေါ်သို့ ရောက်လာတိုင်း သူ့နတ်ဘုရားအာရုံကို အရူးအမူး ဖြန့် ကျက်ပေသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ မျက်စိတစ် မှိတ်အတွင်း ငါးလတာ ကုန်ဆုံးသွားခဲ့လေပြီ။

ဝမ်လင်း၏ နတ်ဘုရားအာရုံမှ မန္တာန်နှင့် အားကောင်း သော ခန္ဓာကိုယ်တို့ကြောင့် သူ့သန်မာမှုသည် အထွတ်အထိပ်သို့ ရောက်နေခဲ့သည်။

လက်နက်ရတနာများနှင့် နှိုင်းယှဉ်နိုင်သည့် ခန္ဓာကိုယ်၏စွမ်းအားသည် လမ်းတစ်လျှောက်တွင် တွေ့ရ သော အာဏာတက်ခြင်းကျင့်ကြံသူများက သူ့ကို ရှောင်ကြဉ်သွားကုန်ကြသည်။ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူများပင် မျက်မှောင်ကြုတ်သွားကြကာ သူ့လမ်းမှ ဖယ်ကြဉ်ပေးကြ၏။

သို့ရာတွင် ဝမ်လင်းက မျက်ကန်းတစ္ဆေသဘောနှင့် လှုပ်ရှားနေခြင်းတော့ မဟုတ်ပါ။ သူက သူ့ပုန်းကွယ်နေ သောခန္ဓာကိုယ်ရှိသော နေရာနှင့် နီးသည့် အစိတ်အပိုင်း မြေများ ပတ်လည်တွင်သည် လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ခြင်းက သူ့အတွက် အကျိုးနှစ်ခု ရရှိစေသည်။

ပထမတစ်ခုသည် သူက ကြုံရာကျပန်း လှုပ်ရှားနေခြင်း မဟုတ်တာကြောင့် သွေးဘိုးဘေးနှင့် မတော်တဆ လွဲချော် သွားမှု ရှိတော့မည် မဟုတ်ပေ။ ဒုတိယတစ်ခုက သူသည်သူ့ခန္ဓာကိုယ်ကို သွယ်ဝိုက်ကာကွယ်ထားခြင်း ဖြစ်နေ၏။ တကယ်တော့ သူက ခပ်ဝေးဝေးသို့ သွားပါက သွေးဘိုး ဘေးသည် သူ့ပုန်းကွယ်နေသော ခန္ဓာကိုယ်ကို ရှာတွေ့သွား နိုင်၏။ ထိုသို့သာ ဖြစ်ပါက သူက ခံဘက်သပ်သပ် ဖြစ်သွား ပေလိမ့်မည်။

ဝမ်လင်းက သွေးဘိုးဘေးကို ရှာဖွေနေသလို တစ်ချိန် တည်းမှာလည်း သွေးဘိုးဘေးက သူ့ကို ရှာဖွေနေသည်။ သူ တို့နှစ်ယောက်က နီးသထက် နီးလာကြ၏။

သွေးဘိုးဘေးသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဟင်းလင်းပြင်ထဲ၌ ဖြတ်သန်းသွားလာနေ၏။

သူ့အသွင်က တည်ငြိမ်လျက် ရှိနေသည်။ သို့ရာတွင် သူ့ မျက်လုံးများကတော့ နေ့စဉ်ရက်ဆက် ပို၍ နီရဲလာခဲ့သည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် ကောင်းကင်ဘုံ ပြိုကျလျှင်ပင် သူ့ စိတ်အခြေအနေက ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သို့သော် သူ့သမီးဖြစ်သူ ယောင်ရှင်းရွှယ်သည် သူ့တစ်ခု တည်းသော အားနည်းချက် ဖြစ်လေ၏။

သူက သူ့သမီး လမ်းကြောင်းရှေ့တွင် ရှုပ်နေသော အရာ အားလုံးကို ဖယ်ရှင်း သတ်ပစ်ကာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်ပေသည်။ သူက သူ့သမီးနှင့် တတိယအဆင့် ကျင့်ကြံခြင်းသို့ ရောက်ရှိခြင်းနှစ်ခုကြား ရွေးချယ်ရလျှင်ပင် သူ့သမီးကို ရွေးချယ်မိပေလိမ့်မည်။

ထိုအရာက သူသည် ရှေ့ဖြစ်ဟောသူနှင့်လင်းထျန်ဟူတို့နှင့် ခြားနားခြင်းဖြစ်တော့၏။ ရှေ့ဖြစ်ဟောသူပင် တတိယ အဆင့်ကျင့်ကြံခြင်းကို ရောက်ရှိဖို့အတွက် အရာအားလုံးကို စွန့်လွှတ်နိုင်စွမ်း ရှိနေပေသည်။

သွေးဘိုဘေးကမူ သူ့သမီးအတွက် သူ့ဂုဏ်သိက္ခာ အပါအဝင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ ဘယ်သောအခါမှ ခြေမချပါ ဆိုသော သူ့အဖေထံသို့ ပေး ထားသော ကတိကျိန်ဆိုမှုကိုပါ ဖောက်ဖျက်နိုင်ခဲ့ပေသည်။

"အဖေ...သင်က ငါ့ကို ကျိန်ဆိုခိုင်းခဲ့တုန်းက ငါ့အတွက် အလုံးစုံကောင်းကင်ကျောက်တုံးကို ဘာကြောင့် ချန်ထားခဲ့ ရတာလဲ…" ဤမေးခွန်းက သွေးဘိုးဘေး၏ စိတ်နှလုံးထဲ၌ အချိန်အတန်ကြာကတည်းက ရှိနေခဲ့သော အရာ ဖြစ် တော့၏။

သွေးဘိုးဘေးက ခြေတစ်လှမ်းတည်ငြိမ်စွာ လှမ်း၍ အစိတ်အပိုင်းမြေတစ်ခုပေါ်သို့ ခြေချလိုက်သည်။ သူ့နတ် ဘုရားအာရုံကို သည်အစိတ်အပိုင်းမြေတစ်ခုလုံးအား လွှမ်းခြုံဖြန့်ကျက်ထားလေ၏။

ဤအခိုက်အတန့်၌ သူ့နဂိုတည်ငြိမ်နေသော မျက်နှာက အေးစက်လာခဲ့၏။သူက ခေါင်းမော့ကာ အကွာအဝေးတစ် ခုထံသို့ ကြည့်လိုက်သည်။သူ့အကြည့်ထဲ၌ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများက ပြင်းပြင်းထန်ထန် ပါဝင်နေလေ၏။

"ဝမ်လင်း..."

သူ့သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက သူ့ရှေ့ရှိတတောင်တစ်လုံးအပေါ်သို့ သက်ရောက်သွားကာ ထိုတောင်က အနှီ စိတ်ဆန္ဒကြောင့် ပြိုကျသွားခဲ့တော့၏။

သွေးဘိုးဘေးက ခြေတစ်လှမ်းလှမ်းကာ သဲလွန်စမရှိပျောက်ကွယ်သွားတော့သည်။

ခင် သွေးဘိုးဘေး၏ အစိတ်အပိုင်းမြေတစ်ခုပေါ်သို့ ခြေမချ ဝမ်လင်းသည် အခြားအစိတ်အပိုင်းမြေပေါ်ရှိမိုးကြိုးကွင်းဆက်ပေါ်၌ ကြယ်ပျံတစ်စင်းအလား ရွှေ့လျား နေခဲ့သည်။သူက အစိတ်အပိုင်းမြေပေါ်သို့ ရောက်လာသည့် အခါတွင် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့် အခိုက် ကောင်းကင်သည် ရုတ်တရက် နက်မှောင်လာကာ အနက်ရောင်တိမ်ထုများက ကောင်းကင်ထက်၌ စုစည်း လာတော့၏။

ထိုအစိတ်အပိုင်းမြေပင် စတင် တုန်ခါလာချေသည်။

သည်အစိတ်အပိုင်းမြေပေါ်ရှိ ကျင့်ကြံသူအားလုံးသည် သူတို့၏ စိတ်ဝိညာဉ်ထဲက တုန်ယင်မှုကို ချက်ခြင်း ခံစား လိုက်ရတော့၏။ ပုံရိပ်ယောင်ယင်အဆင့်နှင့် အထည်ဒြပ် ယန်အဆင့် ကျင့်ကြံသူများပင် တုန်ယင်စွာ ခံစားလိုက်ရ သည်။

ဝမ်လင်းက ချက်ခြင်းလှုပ်ရှားလိုက်၏။ သူ့အကြည့်က တောက်ပနေကာ သူက အကွာအဝေးတစ်ခုထံသို့ စူးစိုက် ကြည့်လိုက်သည်။သူက အေးစက်စက်ပြုံး၏။

"နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီ.."
မိုးကြိုးတုန်ဟီးသံများနှင့် တိမ်ထုများက နှစ်ပိုင်းကွဲထွက် သွားတော့၏။ထို့နောက် အနီရောင်အလင်းတစ်ခု ပေါ်ထွက် လာကာ ကုန်းမြေတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ အားကောင်းသော နတ်ဘုရားအာရုံက မုန်တိုင်းတစ်ခုလား သည်အစိတ်အပိုင်းကုန်းမြေအနှံ့ သိမ်းကျုံး ဖြန့်ကျက်လာ သည်။

ထိုနတ်ဘုရားအာရုံက အလွန်ပြင်းထန်လွန်းလှ၏။ တိမ် စိုင်တိမ်ထုများထဲကနေ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ၎င်းအလင်းက ဝမ်လင်းရှေ့တွင် ပိုမို တောက်ပလာခဲ့သည်။

ဤအစိတ်အပိုင်းမြေတစ်ခုလုံးသည် သည် အခိုက်အတန့်၌ ထိုအနီရောင်အလင်း၏ လွှမ်းခြုံထားခြင်း ကို ခံရကာ သွေးကန်တစ်ခု ပစ်သွင်းထည့်လာသကဲ့သို့ ဖြစ် နေတော့၏။

အနီရောင်အလင်းက ဝမ်လင်းရှေ့ ပေတစ်ထောင်အကွာ တွင် သိပ်သည်းလာခဲ့သည်။ ချက်ခြင်းပင် ပုံရိပ်တစ်ခု အဖြစ် သိပ်သည်းသွားကာ ဆံပင်အနီရောင်၊မျက်ခုံးမွှေး အနီရောင်၊ ဝတ်စုံအနီရောင်နှင့် သက်လတ်ပိုင်းလူကြီး အဖြစ် ပေါ်ထွက်လာချေသည်။

သူ့ သည်လူက အလွန်လည်း ကြည့်ကောင်း၏။ ပတ်လည်၌ သီးသန့်ဆန်သော အော်ရာတစ်ခု ဝန်းရံ နေသည်။ သူက ပေါ်ထွက်လာသည်နှင့် ဝမ်လင်းကိုတည်ငြိမ်စွာ ကြည့်နေပြီး စကားတစ်ခွန်းမှ မဆိုသေးပေ။

သို့ရာတွင် ထိုလူ၏ တည်ငြိမ်သောမျက်လုံးထဲ၌ အနီ ရောင်မီးတောက်တစ်ခု သိုဝှက်နေသည်ကို တွေ့မြင်နေရ သည်။ သွေးဘိုးဘေးက ဝမ်လင်းနှင့် အချိန်ဖြုန်းနေခြင်း မ ရှိဘဲ သူ့ညာလက်ကို ဆန့်ထုတ်ကာ ဝမ်လင်းထံသို့ ညွှန် လိုက်၏။

သူက လက်ညွှန်လိုက်ပြီးသည့်နောက် ကောင်းကင်ထက် မှ အက်ကွဲသံများ ထွက်ပေါ်လာခဲ့တော့၏။ အားတစ်ခုက ဝမ်လင်း၏ နှဖူးထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာ သည်။

ဝမ်လင်းက သွေးဘိုးဘေးကို စူးစိုက်ကြည့်နေ၏။ထိုလ က်ညှိုးအား နီးကပ်လာသည့်အခါတွင် သူက တစ်လုံးချင်း ပြောလိုက်၏။

"သင်က ငါ့ကို သတ်ရင် ယောင်ရှင်းရွှယ်မှာ သွေးစိတ် ဝိညာဉ်ဆေးလုံး ရှိနေမယ်ဆိုရင်တောင် သူမက ကျိန်းသေ သေရလိမ့်မယ်…"

"နတ်ဘုရားတစ်ပါးလို လူကို သတ်ဖြတ်ဖို့ "

သွေးဘိုးဘေးက ဝမ်လင်းကို အေးစက်စွာ ကြည့် လိုက်၏။ သူ့လက်ညှိုးတိုက်ချက်က ရပ်တန့်သွားခြင်းမရှိဘဲ ဆက်၍ ကျရောက်လာသည်။လက်ညှိုးက ဝမ်လင်းနှင့် သုံးလက်မအကွာထိ ရောက်ရှိလာသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုက ကောင်းကင် ထက်၌ ပဲ့တင်ထပ်လာသည်။ဝမ်လင်းသည် ပါးစပ်ကနေ သွေးအပြည့် အန်ထုတ်လိုက်ရသည်။သူ့ခန္ဓာကိုယ်သည် စွန် ပျက်တစ်ခုအလား လွင့်စင်ထွက်သွား၏။ လေထဲ၌ ဆင့်ကာ ဆင့်ကာ လွင့်စင်သွားပြီးမှ သူက မြေပြင်ပေါ်သို့ ကျရောက် သွားသည်။ သူ့အောက်ရှိ မြေပြင်သည် အက်ကွဲထွက် သွား၏။

ဝမ်လင်း၏ ခန္ဓာကိုယ်က နောက်သို့ ဆက်၍ တရွတ် တိုက်ဆွဲသွားသည်။သူ့ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်၌ အက်ကွဲကြောင်းများကို ဖြစ်သွားစေ၏။ သူက နောက်သို့ ခြေလှမ်းတစ်ရာလောက် ဆုတ်သွားပြီးနောက်မှ သူ့ကိုယ် သူတည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။သူက အလွန်သနား စရာကောင်းသော အခြေအနေသို့ ဆိုက်ရောက်သွားကာပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။

သွေးဘိုးဘေးက ခြေလှမ်းတစ်လှမ်း ဆက်လှမ်းလိုက် သည်။ ချက်ခြင်းပင် သူက ဝမ်လင်းနားသို့ ရောက်လာ၏။ သူက တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ မင်းကို စကားသုံး ခွန်း ပြောခွင့်ပေးမယ်..."

ဝမ်လင်း၏ အရိုးများကလည်း ကျိုးသွားခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည် မာကျောလှကာ ခုလိုမျိုး အပြင်းအထန်ဒဏ်ရာရခြင်းမှာ ပထမဆုံး ဖြစ်လေ၏။ သို့သော် ဝမ်လင်းက ပြုံးနေသည်။

သို့သော် သည်အပြုံးက အလွန်သုန်မှုန်နေပြန်၏။

အမှန်တော့ ဝမ်လင်းက ကြောက်လန့်နေခြင်း မရှိပေ။ သွေးဘိုးဘေးက သန်မာလွန်းလှသော်လည်း သူက ကောင်းကင်ဘုံလောက်တော့ သန်မာလိမ့်မည် မဟုတ်ပေ။ ဝမ်လင်းသည် ကောင်းကင်ဘုံကိုပါ ဖိဆန်သည့် ကျင့်ကြံသူ မဟုတ်လား။ သူက ကောင်းကင်ဘုံကိုပါ ဆန့်ကျင်ဝံ့သူ ဖြစ် သဖြင့် သွေးဘိုးဘေးလောက်ကို မည်သို့ ထိတ်လန့်နေပါ့ မည်နည်း။

သွေးဘိုးဘေး၏ လက်ညှိုးက သူ့ခန္ဓာကိုယ်ပေါ်သို့ အမှန် တကယ် ကျရောက်လာခဲ့ပါက ဝမ်လင်းသည် ကောင်းကင်ဘုံသက်တော်စောင့်မှာ သံသယရှိစရာမလို အောင် သေဆုံးသွားမည်ဟု ယုံကြည်ပြီး ၎င်း၏ ခန္ဓာကိုယ် အတွင်းရှိ သူ့နတ်ဘုရားအာရုံကပါ ချက်ခြင်း ပျက်စီးသွားပေလိမ့်မည်။

သွေးဘိုးဘေး၏ မျက်လုံးများသည် သတ်ဖြတ်ခြင်း စိတ် ဆန္ဒတို့နှင့် ပြည့်နှက်နေသည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်၍ ပြောလိုက်သည်။ "မင်းမှာ စကားနှစ်ခွန်း ကျန် :..."

သူက ဝမ်လင်းကို အမှန်တကယ်ပင် ချက်ခြင်း သတ်ပစ် ကာ ယောင်ရှင်းရွှယ်အကြောင်းကို သူ့စိတ်ဝိညာဉ်ထဲ၌ တိုက်ရိုက် ရှာဖွေပစ်ချင်နေသည်။

သို့ရာတွင် သူက သတိမမူဘဲ မလုပ်နိုင် ဖြစ်နေ၏။ သူက ဝမ်လင်းသည် အလွန်ဉာဏ်များ၊ပြတ်သားကာ ရက်စက် တက်သူ ဖြစ်ကြောင်း သိခဲ့ပေသည်။ ထိုသို့မဟုတ်ပါက ဝမ် လင်းသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူတို့လို မွန်းစ တားအိုများကို မည်သို့ ကစားသွားနိုင်ပါ့မည်နည်း။ထို အချိန်က သူတို့သည် ဝမ်လင်း ဝဲကတော့ထဲ၌ ပျောက်ကွယ် သွားသည်ကိုသာ အကူအညီမဲ့စွာဖြင့် စောင့်ကြည့်ခဲ့ရုံသာ တက်နိုင်ခဲ့သည် မဟုတ်လား။

"ဒီလူက ကိုယ်ပွားနဲ့လာတာ ဖြစ်တဲ့အတွက် သူက ငါ သူ့ကို သတ်ပစ်မှာကိုလည်း ကြောက်ရွှံ့စိုးရိမ်နေမှာ မဟုတ် ဘူး။ ငါက သူကို အမှန်တကယ် သတ်လိုက်ရင်တောင် သူ့ အစစ်အမှန်ခန္ဓာကိုယ်က ရှင်းရွှယ်ကို ချက်ခြင်း သတ်ပစ် နိုင်လိမ့်မယ်...။ သွေးစိတ်ဝိညာဉ်ဆေးလုံးကလည်း ချိုယွင်း ချက် မရှိတာ မဟုတ်ဘူး..."ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက် သည်။ ထို့နောက် သူ့အင်္ကျီအဝတ်အစားကို သပ်ရပ်အောင် လုပ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "စီနီယာ သွေးဘိုးဘေး...ယောင်ရှင်းရွှယ်က လုံခြုံစွာ ရှိပါတယ်။ဒီ နှစ်ရာချီ အချိန်အတွင်းမှာ ဂျူနီယာက သူမရဲ့ဆံပင်တစ် ချောင်းကိုတောင် မထိခဲ့ပါဘူး။ ဂျူနီယာက သူမကို ပြန်ပေး နိုင်ပါတယ်။ဒါပေမဲ့လည်း စီနီယာက ဂျူနီယာ့ကို သွားခွင့် ပြုပြီး နောက်အနာဂတ်မှာလည်း ဂျူနီယာကို ဒုက္ခမပေးပါ ဘူးလို့ ကတိပေးရမယ်…."

သွေးဘိုးဘေးက ကောင်းကင်ထက်သို့ ကြည့်နေသော သူ့ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်လင်းကို ကြည့် လိုက်၏။ သူ့မျက်လုံးထဲ၌ မည်သည့်ဒေါသမှ ရှိမနေတော့ ပေ။သူက တည်ငြိမ်စွာ ပြောလိုက်၏။ "ကောင်းပြီ...ဒီအ ဘိုးအိုက ငါ့တာအိုအပေါ်မှာ ကျိန်ဆိုတယ်...မင်းက ငါ့ သမီးကို ပြန်ပေးရင် ငါက မင်းကို မသတ်တော့ဘူး..."

ဝမ်လင်းက

မှင်သက်သွား၏။အချိန်အတန်ကြာပြီး နောက် သူက သက်ပြင်းချလိုက်သည်။သူက သည်လူသည် လိမ်နေလား မလိမ်ဘူးလားကို မပြောနိုင်ချေ။ အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ဝမ်လင်းက ပါးစပ်ဟကာ သလင်းကျောက်တစ်ခုကို ထွေးထုတ်လိုက်၏။

ထိုသလင်းကျောက်က ဘေးတစ်ဖက်သို့ ရောက်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ဖြစ်လာသည်။ထို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် ခိုင်မာခြင်းမရှိဘဲ ပျက်စီးမည့် အရိပ်လက္ခဏာ ပြသလာသည်။

ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ယောင်ရှ

င်းရွှယ်က ဒီအစီအရင်ထဲမှာ ရှိပါတယ်..."

သူက သွေးဘိုးဘေးကို ဆက်၍ လှည့်ပတ်နေခြင်း မပြု တော့ပေ။ သွေးဘိုးဘေးသည် နှစ်သောင်းနှင့်ချီ၍ ကျင့်ကြံခဲ့ သူ ဖြစ်သဖြင့် လှည့်ပတ်ကြံစည်ခြင်းတွင် သူ့ထက် သာရန် သာ ရှိနေ၏။ သည်လိုလူမျိုးကို လှည့်စားခြင်းကလည်း ယုတ္တိမရှိပေ။ သူက ထိုအရာကို နားလည်ပြီးသည့်နောက် သူ့ဖုန်းကွယ်ထားသည့် အကြံအစည်သည် ပေါ်တင် ဇာတ်ညွှန်းတစ်ခု ဖြစ်လာခဲ့တော့သည်။

တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို ပစ်လွှတ်လိုက် ပြီးနောက် ဝမ်လင်းက အစိတ်အပိုင်းမြေ၏ အနီးအနားရှိဟင်းလင်းပြင်ရှိရာသို့ မြန်ဆန်စွာ နောက်ဆုတ်သွားသည်။

"သွေးဘိုးဘေး...ငါက သင့်ကို အခွင့်အရေးတစ်ခု ပေးခဲ့ ပြီ။ ဒါက သင့်အပေါ်မှာပဲ မူတည်တော့တယ်။ သင်က ငါ့ကို ယုံကြည်ဖို့ အရင်ဆုံးသင့်ရဲ့ ရိုးသားမှုကို ပြဖို့နဲ့ သင့်ကတိကို အမှန်တည်ကြောင်း ပြဖို့ လိုအပ်တယ်။ အဲ့ကျရင် ငါက လည်း ငါ့ရဲ့ ရိုးသားမှုစိတ်ရင်းကို ပြန်ပြပေးမယ်။ သင်က ငါ့ ကို ယုံကြည်နေသ၍ ငါကလည်း သင့်ကို ယုံကြည်နေမှာပါ..

"ဒါပေမဲ့ သင်က အစီအရင်ထဲကို ဝင်ရောက်ခြင်း မရှိဘဲ ငါ့ကိုနောက် လိုက်လာရင်တော့ သင်က ငါ့ကို မယုံတာဖြစ်သလို သင့်ကတိကလည်း လီစယ်တာ ဖြစ်လိမ့်မယ်။ ဒါဆို ရင် ငါ့ရဲ့ ရက်စက်မှုနဲ့ နတ်ဘုရားတစ်ပါးလို သင့်ကို သတ် တဲ့အတွက် ငါ့ကို အပြစ်မတင်ပါနဲ့..."

ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေသည်။သူက အခွင့်ရေးသာရှိခဲ့ပါက သွေးဘိုဘေးနှင့် ရန်သူ မဖြစ်ချင် ပေ။ အတင်းအကြပ် အခြေအနေတစ်ခုကြောင့်သာ မဟုတ် ပါက သူသည် သေးဘိုးဘေး၏သမီး ယောင်ရှင်းရွှယ်ကို ချုပ်နှောင်ထားမိခဲ့မည် မဟုတ်ပေ။

သွေးဘိုးဘေးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ကို တစ်ချက် ကြည့်လိုက်၏။ သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်နောက် သူက ယောင်ရှင်းရွှ ယ်၏အော်ရာကို ချက်ခြင်း ခံစားမိလိုက်သည်။ သူက တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ မဝင်ရောက် သေးသော်လည်း သူ့သမီး၏အော်ရာ ရှိနေကြောင်းကို သိခဲ့ ပေ၏။သည်တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် ယောင်ရှင်းရွှယ်ရှိရာနေရာသို့ အမှန်ပင် ခေါ်သွားနိုင်လေ သည်။

သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ရှေ့သို့ ရောက်သွား၏။ သူ့လက် ကို ဆန့်ထုတ်လိုက်သည့်အခါ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်သည် မရေမတွက်နိုင်သောအလင်းစက်များ အဖြစ်သို့ ပြိုပျက်သွားသည်။ထိုအလင်းစက်များက သူ့ညာ လက်ထဲ၌ သလင်းကျောက်တစ်ခုအဖြစ်သို့ ပြန်သိပ်သည်းသွားလေသည်။

သိပ်မကြာခင်တွင် သူက ရုတ်တရက်လှည့်လာကာ မြန်ဆန်စွာနောက်ဆုတ်နေသော ဝမ်လင်းထံသို့ သုန်မှုန်စွာ ကြည့်လိုက်၏။ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ့ သမီးကို ဒီလောက်နှစ်ရာချီ ချုပ်ထားတဲ့လူကို ငါက ဘယ်လိုလုပ် ခွင့်လွှတ်ပေးနိုင်ပါ့မလဲ။ငါက တာအိုကျိန်ဆိုမှု ကိုလည်း မယုံကြည်ဘူး။ ဒီတော့ ငါက သူ့ကို ဘာလို့ မ သတ်နိုင်ရမှာလဲ.." သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့ထံက နေ ထိုးထွက်ပေါက်ကွဲထွက်လာသည်။သူက ခြေတစ် လှမ်းလှမ်းကာ ဝမ်လင်းနောက်သို့ ချက်ခြင်း လိုက် တော့၏။

ဝမ်လင်းက ဟင်းလင်းပြင်ထဲ၌ မိုးကြိုးကွင်းဆက်ကနေ လွတ်မြောက်အောင် သွားနေရင်း သူ့နောက်မှ သတ်ဖြတ် ခြင်းစိတ်ဆန္ဒတစ်ခု ရိုက်ခတ်လာလေ၏။သူက သက်ပြင်းချမိ၏။ သူ့မျက်လုံးကလည်း အေးစက်လာခဲ့ တော့သည်။

"သွေးဘိုးဘေး...ဒါက သင်ရဲ့ ရွေးချယ်မှု ဖြစ်မှတော့ ငါ့ ကို အပစ်မတင်ပါနဲ့တော့..."

သွေးဘိုးဘေးက ဝမ်လင်းနောက်သို့ လိုက်လာရင်း သူ့ မျက်လုံးထဲ၌လည်း သတ်ဖြတ်ချင်စိတ်အပြည့် ဖြစ်လို့ နေ၏။ ခြေလှမ်းအနည်းငယ်ဖြင့် သူက နီးကပ်လာခဲ့ပြီး သူ့ လက်ကို ပင့်မြှောက်လိုက်၏။ သူက ကြမ်းကြုတ်စွာ ဖိချ
လိုက်ရာ ဟင်းလင်းပြင်တစ်ခုလုံးသည် တုံ့ဆိုင်းသွားခဲ့ သည်။

ဝမ်လင်းခြေထောက်အောက်ရှိ မိုးကြိုးကွင်းဆက်သည် ချက်ခြင်း ပျက်စီးသွားကာ အလယ်ကနေ အောက်ထိအက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်က သွေးပင်လယ်တစ်ခု ဖြစ်လာကာ ဝမ်လင်းကို ဝန်းရံလွှမ်းခြုံ သွားသည်။

"သန့်စင်ပစ်စမ်း..." ဟိန်းသံတစ်ချက်နှင့်အတူ ပတ်ဝန်းကျင်ရှိ သွေးပင်လယ်သည် ဆူပွက်လာသည်ဟု ထင်ရကာ ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်လာချေသည်။ ပင်လယ်က ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ဝင်ရောက် သွား၏။ယင်းသွေးပင်လယ်က ကောင်းကင်ဘုံ သက်တော်စောင့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကာ ၎င်းခန္ဓာကိုယ်အတွင်းရှိ ဝမ်လင်း၏ နတ်ဘုရားအာရုံကို လွှမ်းခြုံလာ၏။

ဖော်ပြနိုင်စွမ်းမရှိသော နာကျင်မှုက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လာသည်။ကောင်းကင်ဘုံသက်တော်စောင့်အတွင်းရှိဝမ်လင်း၏ နတ်ဘုရားအာရုံသည် အလွန်အမင်း နာကျင်မှု ကို ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်က တောက်ပလာခဲ့၏။ ၎င်းက သွေးပင်လယ်၏ သန့်စင်မွန်းမံခြင်းကို ခုခံနိုင်သည်ဟု ထင်ရကာ မွန်းမံခြင်းဖြစ်စဉ်အား အရှိန်လျော့နည်းသွားစေသည်။

သို့သော် ထိုသွေးပင်လယ်တစ်ခုတည်းနှင့် မပြီးသေးချေ။ သွေးရောင်အလင်းတန်းတစ်ခုက ထိုးထွက်လာပြီးနောက် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ ၎င်း က အမှန်တကယ်ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ဝမ် လင်း၏ အစစ်အမှန်ခန္ဓာကိုယ် ပုံးကွယ်နေသော နေရာသို့ နီးကပ်လာခဲ့ခြင်း ဖြစ်တော့၏။

သွေးဘိုးဘေး၏ အမုန်းတရားက အထွတ်အထိပ်သို့ ရောက်ရှိနေ၏။ သူက ဝမ်လင်း၏ ကိုယ်ပွား တစ်ဖြစ် ကောင်းကင်ဘုံသက်တော်စောင့်၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားအာရုံကိုလည်း မွန်းမံပစ်ချင်နေသည်။သူက ဝမ် လင်း၏ပုန်းအောင်းနေသော ခန္ဓာကိုယ်အစစ်အမှန်ကို လည်း သေသည့်အထိ သန့်စင်ပစ်ချင်နေခြင်းပင်။

ဝမ်လင်း၏ အစစ်အမှန်ခန္ဓာကိုယ် ပုံးအောင်းနေသော အစိတ်အပိုင်းမြေသည် ချက်ခြင်း အနီရောင် လွှမ်းခြုံလာ သည်။ မြေပြင်က သွေးပင်လယ်ကဲ့သို့ ဖြစ်လာကာ ဝမ် လင်းထံသို့ တဖြည်းဖြည်း စုဝေးလာ၏။ အနီရောင် အလင်းတန်းက မြေကြီးထဲသို့ ထွင်းဖောက်လာကာ အနီ ရောင်အပ်တစ်ခုအဖြစ် သိပ်သည်း၍ ဝမ်လင်းထံသို့ တိုးဝင် လာတော့သည်။

သူက ထိုအပ်နှင့် ထိမှန်ခြင်း ခံလိုက်ရသည်နှင့် ဝမ် လင်း၏ မူလစိတ်ဝိညာဉ်သည် ပျက်စီးသွားကာ ချက်ခြင်းသေဆုံးရမည် ဖြစ်၏။

မြေအောက်ထဲ၌ ပုန်းအောင်းနေရင်း ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပွင့်လာခဲ့၏။သူက လီယွမ်ပေးခဲ့သော အတားအဆီးအလုံးကို ထုတ်ယူကာ သူ့ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်ဖြင့် ကောင်းကင်ဘုံသား၏ သိုလှောင် နေရာလွတ်ထဲက အတားအဆီးတစ်ဝက်ကို ဖျက်စီး ပျက်ပြိုစေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက မြေအောက်ကနေ ထိုးထွက်လိုက်၏။ အပ်ကလည်း သူ့ နောက်သို့ အလွန်နီးကပ်စွာ လိုက်ပါလာသည်။

"သွေးဘိုးဘေး...ဒီနေရာလွတ်ပျက်စီးသွားရင် သင့် သေချာမသိဘူး..." ကောင်းကင်ဘုံသက်တော်စောင့် ခန္ဓာကိုယ်ထဲရှိ ဝမ် သမီးအသက်ရှင်နိုင်မလား လင်း၏ မူလစိတ်ဝိညာဉ်အပိုင်းသည် ငြီးတွားလိုက်ရပြီး နောက် သူ့နောက်ဆုံးစကားကို ပြောကာ ပျက်စီးသွား တော့၏။

သွေးဘိုးဘေးက တည်နေရာရွှေ့ပြောင်းခြင်းသလင်း ကျောက်ထံမှ ပျက်စီးတော့မည့် လှိုင်းများကို ခံစားမိလိုက်ရ ချိန်၌ သူ့အမူအရာက ပြောင်းလဲသွားသည်။သူက ဝမ်လင်း သို့မဟုတ် တစ်ဝက်တိတိ မွန်းမံခြင်းခံထားရသော ကောင်းကင်ဘုံသက်တော်စောင့်နှင့် အချိန်ဆက် မဖြုန်း တော့ပေ။ သူက သလင်းကျောက်ကို ပစ်လွှတ်လိုက်ပြီး နောက် ၎င်းကို တည်ငြိမ်သွားအောင် ချိပ်ပိတ်လိုက်၏။ထိုအခါ သလင်းကျောက်သည် တည်နေရာရွှေ့ပြောင်း ခြင်းအစီအရင် အဖြစ်သို့ ပြောင်းလဲသွားသည်။သည်တစ် ကြိမ်က ထိုအစီအရင် နောက်ဆုံးအကြိမ်အဖြစ် ဖွင့်လှစ်လာ ခြင်း ဖြစ်တော့၏။

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်

ဖွင့်လှစ်လာ သည်နှင့် အစီအရင်၏ အတွင်းဘက်မှ အဖျက်အစီးအော်ရာ တစ်ခုသည် စိမ့်ထွက်လာခဲ့၏။ သို့ရာတွင် သွေးဘိုးဘေးက ထိုအော်ရာနှင့် ပတ်သတ်၍ စဉ်းစားနေရန် အချိန်မရှိတော့ ဘဲ သုန်မှုန်စွာဖြင့် အစီအရင်ထဲသို့ လှမ်းဝင်လိုက်သည်။

သွေးဘိုးဘေး၏ပုံရိပ်က ပျောက်ကွယ်သွား၏။ သူက သိုလှောင်နေရာလွတ်ထဲသို့ ဝင်လိုက်သည့်အခိုက်မှာပင် သူ့ အသွင်က ကြီးစွာ ပြောင်းလဲသွားသည်။ သူ့ဗဟုသတနှင့် သူက သည်နေရာသည် ကောင်းကင်ဘုံသားတစ်ယောက်၏ သိုလှောင်နေရာလွတ်တစ်ခုဖြစ်ကြောင်း ချက်ခြင်း သိလိုက် သည်။

သူ့နှလုံးသားထဲမှ အေးစိမ့်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူက ထိုသို့ သေဆုံးခြင်းနှင့်နီးကပ်သည့် ခံစားမှုမျိုးကို မ ခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သူက ရှေ့ဖြစ်ဟောသူကို အကြိမ်များစွာ စိမ်ခေါ်ခဲ့စဉ်ကပင် ထိုသို့ မခံစားခဲ့ရပေ။

ခုချိန်၌ သူ့နှလုံးခုန်သံက မြန်ဆန်စွာ ခုန်ပေါက်နေ၏။

သူက

သည်ကောင်းကင်ဘုံသားများ၏

သိုလှောင်နေရာလွတ်များအကြောင်းနှင့် ပတ်သတ်၍ သေချာ နားလည်ထား၏။

သူက သည်သိုလှောင်နေရာလွတ်ကသာ ပျက်စီးသွားခဲ့ပါ က အထဲရှိ အရာအားလုံးသည်လည်း ပျက်စီးရလိမ့်မည်ကို သိနေ၏။ သူက သွေးစိတ်ဝိညာဉ်ဆေးလုံးကို အသုံးပြုလျှင် ပင် ထိုသို့သော အဖျက်အစီးအားကို ခုခံဖို့အတွက် မ လုံလောက်ပေ။

"သေစမ်း..ဒီကောင် ဝမ်လင်းက ဘယ်လိုများ ဒီလို သိုလှောင်နေရာလွတ်ကို ရှာတွေ့ခဲ့တာလဲ။ ရှေ့ဖြစ်ဟောသူ လို ပုဂ္ဂိုလ်တောင် ဒီလိုမျိုး နေရာကို တွေ့ဖို့ ကံကောင်းမှ ရ မယ်။ ဝမ်လင်း...မင်းနဲ့ငါက ဒီကမ္ဘာမှာ အတူတွဲရှိလို့ မရ တဲ့လူတွေပဲ..."

သွေးဘိုးဘေးက အံတင်းတင်း ကြိတ်ထား၏။ သူက သည်နေရာသို့ ဝင်လာသည်နှင့် သူ့သမီး၏အော်ရာကို ကောင်းစွာ ခံစားမိလိုက်သည်။သူက တောင်ကြားတစ်ခု ထံသို့ ဦးတည်သွားကာ ယောင်ရှင်းရွှယ်ကို ပိတ်လှောင် ထားသည့် အတားအဆီးအလုံးကို ချက်ခြင်း ရှာတွေ့ သွား၏။

သူက ထိုအတားအဆီးများကို ဖြေရှင်းနေရန် အချိန်မရှိသဖြင့် ယင်းအတာအဆီးအလုံးကို မြန်ဆန်စွာ သိမ်းဆည်း လိုက်သည်။

ခုချိန်၌ ဝမ်လင်းသည်လည်း သွေးဘိုးဘေ၏ အနီရောင်အပ်မန္တာန်၏ လိုက်လံခြင်းကို ခံနေရပေသည်။ သူက သိုလှောင်နေရာလွတ်ထဲရှိအသက်သွင်း၍ ဖျက်စီးပစ်လိုက်၏။ အတားအဆီးအားလုံးကို

"သင်က ငါ့ကို သတ်ချင်နေမှတော့...ငါကလည်း သင့်ကို အဲ့နေရာမှာ အရင်ဆုံး ရအောင် သတ်ပစ်မယ်..."

ဝမ်လင်းက သူ့ခန္ဓာကိုယ်ပေါ်ရှိ တည်နေရာကိုးခုထံသို့ လက်ဖြင့် တောက်လိုက်ရာ သူ့အမြန်နှုန်း ပိုတိုးသွား၏။ အနီရောင်အပ်ကတော့ သူ့နောက်သို့ လိုက်ပါလာနေတုန်း ပင်။

ယောင်ရှင်းရွှယ်၏ အတားအဆီးအလုံးကို ကိုင်ထားရင်း သွေးဘိုးဘေးသည် အရူးအမူး လှုပ်ရှားနေ၏။ စောစော ပိုင်းတုန်းက သူ့တည်ငြိမ်မှုသည်လည်း ပျောက်ကွယ်သွားခဲ့ ချေပြီ။သူက ခုချိန်၌ အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက သူ့နတ်ဘုရားအာရုံဖြင့် ပျက်စီးပျောက်ပျက်မသွား အောင် လုပ်ထားသော တည်နေရာရွှေ့ပြောင်းခြင်းအစီအ ရင်ထံသို့ အရူးအမူး ဦးတည်သွားနေသည်။

သူ့ပတ်ပတ်လည်ရှိ သိုလှောင်နေရာလွတ်က စတင် ပျက်စီးလာနေကာ တောင်နှစ်လုံးပင် ချက်ခြင်း အပိုင်းပိုင်း ပျက်စီးသွားကြ၏။ သည်ဧရိယာ၌ အရာရာကို ဖျက်စီးနိုင် သောစွမ်းအားက ကြီးစိုးနေခဲ့သည်။

"ဝမ်လင်း...ငါ ဒီနေရာကနေ လွတ်လာတာနဲ့ ကောင်းကင်ဘုံထိပဲ လိုက်ရလိုက်ရ ငရဲကိုပဲဆင်းရဆင်းရမင်းကို သတ်ပစ်ဖို့ ကျိန်ဆိုတယ်..."

(သွေးဘိုးဘေး၏ အသံက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်လျှံနေသည်။သည်သိုလှောင်နေရာလွတ်အတွင်းရှိတောင်များသည် တစစီဖြစ်ကုန်ကာ တောင်ကြားသည် လည်း ပျော်ကြကုန်၏။ အတားအဆီးတစ်ထောင်ကျော်က ပို၍ အသက်ဝင်လာလေလေ သိုလှောင်နေရာလွတ်၏ နောက်ဆုံးအဆင့်သည် ပျက်စီးလာခဲ့တော့သည်။

ဤအခိုက်အတန့်၌ သွေးဘိုးဘေး၏မျက်လုံးက နီရဲ နေကာ သူက ရူးသွပ်လုနီးပါး ဖြစ်နေသည်။သူ့အမြန်နှုန်း က ဖော်ပြနိုင်စွမ်းမဲ့ရ၏။ သူက တည်နေရာရွေ့ပြောင်းခြင်း အစီအရင်နားသို့ ချက်ခြင်းလိုလို ရောက်ရှိသွားသည်။

သူ့နောက်တွင်တော့ သိုလှောင်နေရာလွတ်သည် အနက် ရောင်မီးတောက်တစ်ခု၏ လောင်ကျွမ်းခံနေရသကဲ့သို့ ဖြစ် လို့နေသည်။ မီးတောက်များက ကြမ်းတမ်းလွန်းလှရာ သွေးဘိုးဘေးအား ဝါးမြိုရန် တာဆူလာ၏။

သွေးဘိုးဘေးက တည်နေရာရွှေ့ပြောင်းခြင်းအစီအရင် ထဲသို့ ခြေလှမ်းလိုက်သည့်အခိုက်တွင် အနီရောင်အပ်၏ လိုက်လံခြင်းခံနေရသော ဝမ်လင်းအသွင်က ပြောင်းလဲကာနက်မှောင်သွား၏။ကောင်းကင်ဘုံသက်တော်စောင့် အတွင်းရှိ သူ့နတ်ဘုရားအာရုံသည် ဖျက်စီးခြင်း ခံလိုက်ရ သော်လည်း ကောင်းကင်ဘုံသက်တော်စောင့်က အခုထိသွေးပင်လယ်၏ လုံးဝ သန့်စင်ပစ်ခြင်းကို မခံရသေးပေ။

သူနှင့် ကောင်းကင်ဘုံသက်တော်စောင့်တို့၏ ချိတ်ဆက် မှုက ရှိနေသည့်အတွက် ဝမ်လင်းသည် တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်က လင်းလက်လာကာ သွေးဘိုး ဘေ၏ပုံရိပ် အလျင်အမြန်သိပ်သည်းလာသည်ကို တွေ့မြင် နေရ၏။

ဝမ်လင်းက သွေးဘိုဘေးသာ လွတ်မြောက်လာပါက သူ သည် ချွင်းချက်မရှိ သေရမည်ကို သိနေခဲ့သည်။

သည်လိုအခြေအနေမျိုး၌ သူက သက်ပြင်းချ၍ ပြတ်သား သော ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်လိုက်လေသည်။

"ငါက ငါ့ကတိကို တည်နိုင်စွမ်းမရှိတော့ဘူး။ ဒီအတွက် ငါက အနာဂတ်မှာ သင့်ကို ပြန်ပေးဆပ်ပါ့မယ်..."

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အပြင်ဘက်၌ ကောင်းကင်ဘုံသက်တော်စောင့်၏ မျက်လုံးများသည် တောက်ပလို့နေ၏။ ထိုအလင်းက သူ့ခန္ဓာကိုယ်တစ်ခုလုံး ကိုပါ လွှမ်းခြံသွားကာ အဖျက်အစီးအော်ရာတစ်ခုက မြင့် တက်လာခဲ့လေသည်။

ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ကိုယ့် ကိုဖျက်စီးပေါက်ကွဲစေခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်အစီးအားကို ဖန်တီးသွားသည်။ထိုအားက ကောင်းကင်ဘုံ သက်တော်စောင့်အား သွေးဘိုးဘေ၏ မန္တာန်သွေးပင်လယ် ထဲကနေ ထိုးထွက်သွားစေနိုင်လိုက်၏။

သွေးဘိုးဘေး၏ မန္တာန်သည် ကောင်းကင်ဘုံ သက်တော်စောင့်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ သော်လည်း ပုံမှန်ထက် ထူးကဲနေသေးသည်။၎င်းက ကောင်းကင်ဘုံသက်တော်စောင့်ကို သန့်စင်ပစ်နေင်းဖြင့် ကိုယ့်ကိုကိုယ်ပေါက်ကွဲမှုအား၏ (၆၀)ရာခိုင်နှုန်းကို လျော့ကျသွားစေသည်။

ကောင်းကင်ဘုံသက်တော်စောင့်သည် ထိုပေါက်ကွဲမှု

စွမ်းအား၏(၄၀)ရာခိုင်နှုန်းဖြင့် ထိုးထွက်သွားကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်နားသို့ ရောက်လာခဲ့ သည်။ ထိုအခိုက်၌ သွေးဘိုးဘေးက ပေါ်လာနေသလို ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်သည်လည်း နေတစ်စင်းအလား တောက်ပလာ၏။

ဤအခိုက်အတန့်၌ ပြင်းထန်သောပေါက်ကွဲမှုတစ်ခု ဖြစ် ပေါ်လာသည်။

သည်အဖျက်အစီးအား၏

တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် စွမ်းအားအောက်၌ ချက်ခြင်း ပျက်စီးကာ အလင်းစက်မှုန့်များအဖြစ်သို့ ပြောင်း၍ ပျောက် ကွယ်သွားချေသည်။
သိုလှောင်နေရာလွတ်အတွင်း၌ သွေးဘိုးဘေး၏ ခန္ဓာကိုယ်တစ်ဝက်သည် တည်နေရာရွှေ့ပြောင်းခြင်းအစီအ ရင်ထဲသို့ ရောက်နှင့်နေခဲ့ပြီ ဖြစ်တော့၏။ သူက မာန် သွင်း၍ အတင်း ထိုးထွက်လိုက်သည်။သူက တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင် မြန်ဆန်စွာ ပျောက်ကွယ်သွား သည်ကို စောင့်ကြည့်နေရသည်။

သည်လိုမျိုး သေရေးရှင်ရေး အခိုက်အတန့်၌ သွေးဘိုး ဘေး၏ ခန္ဓာကိုယ်ကနေ ထူးဆန်းသောအလင်းတစ်ခု ထုတ်လွှတ်လာသည်။သူက ယောင်ရှင်းရွှယ်ရှိနေသော အတားအဆီးလုံးကို ကြည့်ကာ ထိုအလုံးအား ချက်ခြင်း ခွဲ ချေလိုက်၏။

သည်သိုလှောင်နေရာလွတ်၏ အဖျက်အစီးအား အောက်၌ ယောင်ရှင်းရွှယ်က သွေးစိတ်ဝိညာဉ်ဆေးလုံးကို သုံးစွဲမည် ဆိုရင်ပင် တစ်လုံးတည်းနှင့် လုံလောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သွေးဘိုးဘေးက ယောင်ရှင်းရွှယ် အတားအဆီးအလုံးကို အသက်ရှင်နိုင်ရန်အတွက် သွေးစိတ်ဝိညာဉ်ဆေးလုံးအပေါ် နားလည်မှုနှင့်ဆိုပါက ကိုယ်တိုင် ဖျက်စီးလိုက်ခြင်း ဖြစ်သည်။ သွေးဘိုးဘေး၏ သူက သူ့သမီးသည် သွေးစိတ်ဝိညာဉ်ဆေးလုံးကို ထုတ်ယူ သုံးစွဲခဲ့ပြီး ဖြစ်သည်ကို သိနေ၏။

သူ့နောက်တွင်တော့ အနက်ရောင်မီးတောက်က တိုးဝင် လာနေကာ သွေးဘိုးဘေးထံမှ အနီရောင်အလင်းကလည်း အရူးအမူး တောက်ပနေ၏။သူက ပြိုကျပျက်စီးနေမှုကိုအချိန်ဆိုင်းထားနေချင်ကာ သူ့သမီး ယောင်ရှင်းရွှယ်၏ အသက်ရှင်နိုင်မည့် ဖြစ်စဉ်အတွက် အချိန်ရယူလိုနေသည်။

သွေးဘိုးဘေးက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ သူ့နိဗ္ဗာနသန့်စင်ခြင်း အလယ်အဆင့်ကျင့်ကြံမှုစွမ်းအားသည် ချက်ခြင်းပေါက်ကွဲထွက်လာစေလိုက်သည်။ သူ့ခန္ဓာကိုယ်မှ သွေးအလင်းလှိုင်းမျး ထွက်ပေါ်လာပြီး အရာအားလုံးကို ဝါးမြိုပစ်ရန် တာဆူနေသည့် အနက်ရောင်မီးတောက်များ ကို ပိတ်ဆို့လိုက်သည်။

သူ့ခန္ဓာကိုယ်က ထိုအနက်ရောင်မီးတောက်များ၏ စတင် လောင်ကျွမ်းခြင်းကို ခံလိုက်ရလေ၏။ ပြင်းထန်သော နာကျင်မှုက သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာနေသည်။ သို့ရာတွင် သွေးဘိုးဘေးက ထိုနာကျင်မှုကို ဂရုမစိုက်ပေ။ သူက သူ့စွမ်းအားအားလုံးကို သူ့ရှေ့ ပေသုံးဆယ်ရှိ ယောင် ရှင်းရွှယ်၏နတ်ဘုရားအာရုံပျောက်ကွယ်သွားခြင်းကနေ တားဆီးနိုင်ရန်အတွက်သာ အသုံးပြုထား၏။

အသက်လေးငါးခြောက်ကြိမ်ရှုရန်ကြာချိန်ဥ နှစ်သောင်း နှင့်ချီ၍ ကြာမြင့်နေသကဲ့သို့ ဖြစ်နေ၏။ သူ့အဖေ၏ ပျက်စီး မှုကို ဖိနှိပ်ထားမှုအောက်တွင် ယောင်ရှင်းရွှယ်၏ ပြန်လည် ရှင်သန်ခြင်း ဖြစ်စဉ်က သည်သိုလှောင် နေရာလွတ်၏ပျက်စီးမှုအောက်၌ သက်ရောက်ခြင်း မရှိတော့ပေ။

ထို့နောက်

ယောင်ရှင်းရွှယ်

နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ကွယ်ဝှက်ထားခဲ့သော သွေးစိတ်ဝိညာဉ် ဆေးလုံးရှိသည့် နေရာတွင် အနီရောင်အလင်းဖြင့် ပြည့် လာကာ ယောင်ရှင်းရွှယ်၏ပုံရိပ်သည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

သူမက ပေါ်ထွက်လာသည်နှင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူမ မျက်လုံးထဲ၌ ဝမ်းနည်းမှုနှင့် နှိုင်းဆမရသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ဖြစ်ပေါ် နေသည်။

သူ့သမီးဖြစ်သူ၏ နတ်ဘုရားအာရုံသည် အန္တရာယ်ကင်း ကင်း ထွက်ခွာသွားနိုင်သည်ကို တွေ့မြင်လိုက်ပြီးနောက် သွေးဘိုးဘေး၏ မျက်နှာပေါ်၌ အဖေတစ်ယောက်၏ ကြင်နာသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ထို့နောက် သူ့ ခန္ဓာကိုယ်သည် အနက်ရောင်မီးတောက်များ၏ လွှမ်းခြုံ ထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

သည်အခိုက်အတန့်၌ သူက သွေးစိတ်ဝိညာဉ်ဆေးလုံး သုံးလုံးကို ထုတ်ယူလိုက်၏။သူက ၎င်းတို့ကို ဝါးမြိုခြင်း မ ပြုဘဲ ခွဲခြေလိုက်သည်။

သူ့တွင် သွေးစိတ်ဝိညာဉ်ဆေးလုံး စုစုပေါင်း (၁၃)လုံး သာ ကျန်တော့၏။ အများစုကလည်း ယောင်ရှင်းရွှယ်နှင့် အတူ ရှိနေကာ သွေးဘိုးဘေးထံ၌ ဆေးလုံးသုံးလုံးသာ ပိုင်ဆိုင်ထားသည်။ သွေးစိတ်ဝိညာဉ်ဆေးလုံးများက တစစီ ဖြစ်သွားသည်နှင့် ၎င်းတို့အထဲမှ အပြာရောင်အရည်တစ်ခုစိမ့်ထွက်လာခဲ့သည်။ထိုအပြာရောင်အရည်နှင့် အနက် ရောင်မီးတောက်တို့က တစ်ခုနှင့်တစ်ခု ချေဖျက်နေကြ သည်။

ဤအခိုက်အတန့်မှာပင် သိုလှောင်နေရာတစ်ခုလုံးသည် ပျက်စီးသွားကာ အထဲရှိ အရာအားလုံးသည် ဗလာနိတ္တိအဖြစ်သို့ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။

ဝမ်လင်းက သူပုန်းကွယ်နေသော အစိတ်အပိုင်းမြေအနှံ့ တွင် အလွန်မြန်ဆန်စွာ လှုပ်ရှားနေ၏။ အနီရောင်အပ်က လည်း သူ့နောက်ကနေ လိုက်ပါလာစမြဲပင်။

သို့ရာတွင် အခုအခိုက်အတန့်၌ အနီရောင်အပ်သည် သူ့ နောက်လိုက်နေရာကနေ ရုတ်တရက် ရပ်တန့်သွားပြီး အလွှာတစ်ခုပြီးတစ်ခုအဖြစ်သို့ ကွာကျကာ လုံးဝ ပျောက် ကွယ်လုနီးပါး ဖြစ်သွား၏။ ဝမ်လင်းသည် စိတ်သက်သာရာရသွား၏။ သူ့အဝတ်အစားများကလည်း ချွေးများဖြင့် ရွှဲနစ်လို့နေသည်။ १५

သူ့နောက်မှ အနီရောင်အပ်သည် တစ်ဝက်တိတိပျောက် ကွယ်နေပြီ ဖြစ်ကာ ဖြည်းဖြည်းချင်း ဆက်၍ ပျောက်ကွယ် နေသည်။ သို့ရာတွင် ၎င်းက လုံးဝ ပျောက်ကွယ်သွားခါနီး အခိုက်၌ ရပ်တန့်သွားကာ နောက်လှည့်၍ အကွာအဝေး တစ်ခုထံသို့ ပျံသန်းထွက်သွားတော့သည်။

"မသေ သေးဘူးလား..." ဝမ်လင်းမျက်လုံးထဲ၌ ထိတ်လန့်မှုတို့နှင့် ပြည့်လာ၏။ သူက ခပ်များများ တွေးမနေတော့ဘဲ ရှေ့သို့ ထိုးထွက်လိုက်၏။ သူ့လက်ကို ဆန့် ထုတ်ကာ မူလစွမ်းအင်ကို ထွေးထုတ်လိုက်ပြီး အကျဉ်းထောင်တစ်ခုအသွင် ဖြစ်ပေါ်စေလိုက်သည်။ ထို့နောက် အနီရောင်အပ်ကို ပိတ်လှောင်လိုက်၏။

အနီရောင်အပ်က တဝီဝီမြည်ကာ အတင်း ထိုးထွက်လို နေသည်။၎င်းက အကျဉ်းထောင်ကို ဆက်တိုက် ဖျက်စီး နေသည်။ ၎င်းက တစ်ချက် ထိုးဆောင့်လိုက်တိုင်း ဝမ် လင်း၏ မျက်နှာကို ပို၍ ဖြူရောသွားစေသည်။

ထို သူ့မျက်လုံးက အေးစက်လာ၏။ သူက ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင်ကို အသက်သွင်းကာ အကျဉ်းထောင်ကို ပို၍ မာကျောအောင် ပြုလုပ်လိုက်သည်။ သူက ၎င်းအကျဉ်းထောင်ကို သူ့ထံသို့ ဖြည်းဖြည်းချင်း ဆွဲ ယူပြီး အထဲရှိ ပိတ်လှောင်ထားသော အနီရောင်အပ်ကို စူး စိုက်ကြည့်နေ၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက်ပြတ်သွား ခြင်းနှင့် ပြည့်နေတော့သည်။

"ချိပ်ပိတ်ခြင်း..." အော်ဟစ်သံနှင့်အတူ အကျဉ်းထောင် က မြန်ဆန်စွာ ကျုံ့လာခဲ့ပြီးနောက် ထိုအပ်အား ထွေးခြုံ သွားသည်။ဝမ်လင်းက ထိုအပ်ကို ဆွဲယူကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။

အနီရောင်အပ်က ၎င်း၏စွမ်းအားအားလုံးနီးပါး ဆုံးရှုံး သွားခြင်းကြောင့် မဟုတ်ပါက ဝမ်လင်းသည် ၎င်းအပ်ကို ချိပ်ပိတ်နိုင်ရန် မဖြစ်နိုင်ပေ။ သို့ရာတွင် ခုချိန်၌ ထိုအနီရောင်အပ်သည် အားအနည်းဆုံးအခြေအနေဖြစ်နေရာ သူက သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအားများကို သုံးစွဲပြီး ၎င်းကို ချိပ်ပိတ်ထားလိုက်သည်။

သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းချိပ်ပိတ်မှုက ခိုင်မာတည် မြဲလှခြင်း မရှိပေ။ အနီရောင်အပ်က အချိန်မရွေးချိပ်ပိတ်မှု ကို ထွင်းဖောက်နိုင်သည်ဟုပါ ထင်မှတ်ရသည်။ဝမ်လင်းက အသက်ဝဝရှုသွင်းလိုက်၏။ သူ့အသွင်က အလွန်အမင်း သုန်မှုန်နေခဲ့သည်။

"သွေးဘိုးဘေးက မသေသေးဘူးပဲ။ သူက မသေသေး ဘူးဆိုပေမဲ့လည်း အလွန်အားနည်းနေလောက်ပြီ။ မဟုတ် ရင် ဒီအပ်က ခုလောက်ထိ အားနည်းသွားမှာ မဟုတ်ဘူး။ သွေးဘိုးဘေး ပြန်ကောင်းမွန်လာတဲ့ သူအရင်ဆုံးလုပ်မှာ က ငါ့ကို သတ်ဖို့ပဲ..."

ဝမ်လင်း၏ မျက်လုံးက အနီရောင်အပ်ကို ကြည့်နေရင်း တိတ်ဆိတ်နေတော့သည်။သည်အနီရောင်အပ်က ပျောက် ကွယ်လုနီးပါး ဖြစ်နေကာ သေဆုံးခြင်းအော်ရာကိုပင် ပေး စွမ်းနေခဲ့သည်။

"ဒီအပ်က သွေးဘိုးဘေးရဲ့ ပြန်ဆင့်ခေါ်တာ ကျိန်းသေ ခံ ရလိမ့်မဘ်။ငါက ဒီအခွင့်အရေးကို ဖြုန်းတီးပစ်လို့ မဖြစ် ဘူ...ငါက ဒါကို စွန့်စားကြည့်မှ ဖြစ်မယ်..."

ဝမ်လင်းက အံတင်းတင်းကြိတ်ကာ အနီရောင်အပ်ကို ပစ်လွှတ်လိုက်၏။ အနီရောင်အပ်က ပျံသန်းထွက်သွားရာဝမ်လင်းက ၎င်းနောက်ကနေ ကပ်၍ လိုက်ပါသွားလေ သည်။

အနီရောင်အပ်ပေါ်ရှိ သူ့ချိပ်ပိတ်မှုက ၎င်းနောက်သို့ အလွယ်တကူ လိုက်နိုင်အောင် ဝမ်လင်းကို ကူညီပေးသည်။ လူတစ်ယောက်နှင့် အပ်တစ်ချောင်းတို့သည် မိုးကြိုး ကောင်းကင်ဘုံနယ်မြေထဲ၌ မြန်ဆန်စွာ ရွှေ့လျားသွားလာ နေသည်။

မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဟင်းလင်းပြင်ထဲ၌ မ ရေမတွက်နိုင်သော သွေးစက်လေးများက မြောလွင့် နေသည်။ထိုသွေးစက်များထံမှ အပြာရောင်အလင်းတစ်ခု တလက်လက် ထွက်ပေါ်နေသည်။

ထိုသွေးစက်တိုင်း၌ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ် အငွေ့အသက်ပါဝင်နေကာ မူလစွမ်းအင်းအမြောက်အများ လည်း ပါဝင်နေသေးသည်။သိုလှောင်နေရာလွတ် ပျက်စီး သွားသည့်အခါ၌ သက သွေးစိတ်ဝိညာဉ်ဆေးလုံးသုံးခုကို အသုံးပြုကာ ယောင်မိသားစု၏ လျှို့ဝှက်မန္တာန်ဖြင့် အသက် ရှင်နိုင်ရန် လုပ်ဆောင်ခဲ့ပေသည်။

သွေးဘိုးဘေးသည် အစည်းထံသို့ လာခဲ့သည့်အချိန်တွင် သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိခဲ့သည်။ထို့အတွက်ကြောင့် သူက သွေးစိတ် ဝိညာဉ်ဆေးလုံးကို တင်ကူး၍ သုံးစွဲခဲ့ခြင်း မပြုပေ။ သူက ထိုသို့ ပြုလုပ်ခဲ့ပါ သူသည် အခုချိန်၌ မဟာမိတ် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ပြန်ပေါ်လာခဲ့လိမ့်မည် ဖြစ်၏။

သည်သွေးစက်များက တစ်စက်နှင့်တစ်စက် ပေါင်းစပ် သွားသည်နှင့် သွေးဘိုးဘေးက နိုးထလာနိုင်မည် ဖြစ်သည်။

ထိုပေါင်းစပ်ခြင်း ဖြစ်စဉ်က ဖြည်းဖြည်းချင်း ဆက်လက် ဖြစ်နေ၏။သုံးလခန့်ကြာမြင့်ပြီးသည့်နောက် မူလက ပြန့်ကျဲနေသော သွေးစက်များသည် တဖြည်းဖြည်း အတူတကွနီးကပ်လာချေသည်။

သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် ဖြည်းဖြည်းချင်း နိုးထလာနေ၏။သူက နိုးထလာနိုင်သည်နှင့် သူ့ပြန် ကောင်းမွန်မှုနှုန်းသည် များစွာ တိုးတက်လာပေလိမ့်မည်။

သည်နေ့တွင် ထိုသွေးစက်များ၏ (၆၀)ရာခိုင်နှုန်းက အတူပေါင်းစပ်သွားခဲ့ပြီးဖြစ်ကာ သွေးဘိုးဘေး၏ မူလစိတ် ဝိညာဉ်သည် နိုးထလာတော့မည် အရိပ်အယောင် ပြသလာ ခဲ့၏။

သို့ရာတွင် ဤအခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ မိုးကြိုးတန်းတစ်ခုသည် တိုးဝင်လာနေ၏။ သည်မိုးကြိုး တန်းကတော့ မိုးကြိုးသားရဲပင် ဖြစ်ကာ ၎င်း၏ လည်ပင်း တွင်လည်း မိုးကြိုးကွင်းဆက်ချိန်းကြိုးတစ်ခု ရှိနေသည်။ တစ်စုံတစ်ယောက်က ၎င်း၏ ငွေရောင်ဦးချိုကို အပေါက် တစ်ခု ဖြစ်စေကာ ထိုအပေါက်ထဲသို့ သံကြိုးကွင်းတစ်ခုလုပ်ထားခဲ့၏။

မိုးကြိုးသာားရဲ၏ မျက်လုံးထဲ၌ သနားစဖွယ်အကြည့် တို့ ဖြစ်ပေါ်နေ၏။

"မင်းရဲ့ အခုအသွင်အပြင်ကမှ ဒီအဘိုးအိုရဲ့ ဂုဏ်ဒြပ်နဲ့ တွဲမိတော့တယ်။အစစ်အမှန်မိုးကြိုးသားရဲဆိုတာ ဒီလိုပဲ ဖြစ်ရမယ်။ မင်းက သီးသန့်အဖြစ်ဆုံး မိုးကြိုးသားရဲပဲ ဆို တာ သိရမယ်။ဟုတ်တယ်...မင်းက ဒီအဘိုးအိုနဲ့ ကံစပ်တဲ့ :...."

မိုးကြိုးသားရဲ၏ ကျောပေါ်၌ အဘိုးအိုတစ်ယောက် ထိုင် နေ၏။ သူက မိုးကြိုးကွင်းဆက်ချိန်းကြိုးကို မြင်းဇာတ်ကြိုး ကဲ့သို့ မိုးကြိုးသားရဲ၏ လည်ပင်းတွင် ခပ်တင်းတင်း ဆွဲကိုင်ထားသေးသည်။

သူ့နောက်တွင်တော့ မရေမတွက်နိုင်သောမိုးကြိုးတန်း များက လိုက်ပါနေကြ၏။ ထိုမိုးကြိုးတန်းတစ်ခုချင်းစီ၏ အတွင်း၌လည်း မိုးကြိုးသားရဲတစ်ကောင်စီ ရှိလို့နေ၏။ ၎င်းတို့၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုများ ရှိနေကြသည်။

"ဒီအဘိုးအိုက မင်းနဲ့ ကံတော်တော်စပ်တဲ့အတွက် မင်း ကို ဟိုကောင်းလေးရှိတောင် ပြန်မပေးချင်တော့ဘူး..."

မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ခုချိန်၌ ၎င်းက ထိုအဘိုးအိုကို လုံးဝ ကြောက်ရွှံ့နေခဲ့လေပြီ။ အထူးသဖြင့် အဘိုးအို၏ ကံစပ်သည် ဟူသောစကားသည် ၎င်းအတွက် အိပ်မက်ဆိုးတစ်ခုကဲ့သို့ ဖြစ်နေတော့၏။"ဟုတ်ပြီ...ဒီနေရာပဲ...။ဟီးဟီး...အားကောင်းတဲ့နိဗ္ဗာန သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဒီလိုပုံစံနဲ့ အဆုံးသပ်ရတယ်...ဒါကသူရဲ့ ကံကြမ္မာပါပဲ..."

အဘိုးအိုက ဟင်းလင်းပြင်ထဲရှိ တစ်စက်နှင့်တစ်စက် စုဝေးနေသော သွေးစက်များကို ကြည့်နေ၏။သူ့မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။

အခွင့်အရေး 
"ဒီသွေးနဲ့ မူလစိတ်ဝိညာဉ်မန္တာန်က လူအိုကြီးယောင် မိသားစု ပိုင်ဆိုင်တာပဲ။ဒါက ယောင်မိသားစုရဲ့ တိုက်ရိုက် မျိုးဆက်တွေပဲ အသုံးပြုနိုင်တယ်။ဒီနေ့မျာ တစ်ယောက် တော့ ငါနဲ့ ပက်ပင်းလာတွေ့နေပြီ..."

အဘိုးအိုက သူ့မေးစေ့ကို ပွတ်သပ်ကာ စုစည်းနေသော သွေးစက်များကို ကြည့်နေ၏။ သူ့မျက်လုံးကလည်း တောက်ပသထက် တောက်ပလာခဲ့သည်။

"နိဗ္ဗာနသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒီ လိုပုံစံနဲ့ မထင်မှတ်ဘဲ လာကြုံရတော့ သူက ဒီအဘိုးအိုနဲ့ အမှန်တကယ် ကံစပ်တဲ့လူပဲ။ငါက ဒါကို ဒီတိုင်း ကြည့်မ နေနိုင်ဘူး။ သူ့ကို ကူညီသင့်တယ်...."

အဘိုးအိုက နှုတ်ခမ်းသပ်ကာ သူ့လက်ကို ဆန့်ထုတ် လိုက်သည်။

ထိုအခါ သွေးစက်များအားလုံးသည် ချက်ခြင်းပေါင်းစပ် သွားကြ၏။ သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည်လည်း နိုးထလာခဲ့တော့သည်။

"ကျေးဇူးအများကြီးတင်ပါတယ်...စီနီယာ...။ငါ့ယောင်မိသားစုက သင့်ကို ကျေးဇူးတင်နေမှာပါ..." သွေးဘိုး ဘေး၏ အသံက ပေါင်းစည်းသွားသောသွေးထဲကနေ ထွက် ပေါ်လာသည်။သူ့အသံက ပျော်ရွှင်ဒေါသထွက်ဟန်တို့ ကင်း မဲ့နေကာ တည်ငြိမ်လျက် ရှိနေ၏။

အဘိုးအိုက မိုးကြိုးသားရဲ၏ ငွေရောင်ဦးချိုပေါ်ရှိသံကွင်းကို ဆွဲလိုက်ရင်း ပြောလာသည်။ "ဟန်ဆောင်မနေ ပါနဲ့...မင်းစိတ်ထဲမှာ ကြောက်နေတာ သိသာနေတာပဲ။မင်း က ဒီအဘိုးအိုမှာ မကောင်းတဲ့စိတ်ဆန္ဒ ရှိနေမှာကို စိုးရိမ် ပူပန်နေခဲ့တာမလား။ ငါက မင်းကို ဆေးလုံးအဖြစ် တိုက်ရိုက်သန့်စင်ပစ်ပြီး ယောင်မိသားစုကနေ ထုတ်ယူပစ် နိုင်တယ်...။ယောင်မိသားစုရဲ့အရှင်...သွေးနတ်ဘုရား ရောက်လာတောင် ဒီအဘိုးအိုက ကြောက်လိမ့်မယ်လို့ မင်း ထင်လား..."

သွေးဘိုးဘေးက အနည်းငယ်စဉ်းစားပြီးနောက် အဘိုး အိုထံသို့ နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်သည်။ "ဘာ ပဲဖြစ်ဖြစ်...ငါက စီနီယာရဲ့အကူအညီပေးမှုကို ကျေးဇူးတင် ရမှာပါ..."

အဘိုးအိုက ပြောလာသည်။ "ဒီအဘိုးအိုက အကျိုးအကြောင်းရှိတဲ့လူတစ်ယောက်ပဲ။ မင်းက ငါ မင်းကို ကူညီတာကို သိတယ်မလား။ အယ်…ဒါပေမဲ့ ငါက မင်းတို့ မင်းရဲ့ ယောင်မိသားစုရဲ့မူလစိတ်ဝိညာဉ်သွေးမန္တာန်က ခန္ဓာကိုယ်နဲ့ အတင်း ပြန်ပေါင်းစပ်နိုင်မလားတော့ ငါမသိဘူး။ကြည့်ရတာ ငါက ခုလိုမျိုး အတင်းလုပ်လိုက်တဲ့အတွက် မင်းရဲ့ကျင့်ကြံမှုအဆင့်က နိဗ္ဗာနနောက်ဆုံးအဆင့် ထိ ကျသွားခဲ့တယ် မလား။ ငါက ဒါကို အစက မသိပါဘူး။ ဒါ့ကြောင့် မင်းက ဒီအဘိုးအိုကို အပြစ်မတင်ပါနဲ့..."

သွေးဘိုးဘေးက သူ့မူလစိတ်ဝိညာဉ်ထဲရှိ အမျက်ကို အတင်းဖိနှိပ်ထားနေရသည်။သူက သူ့နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်ပြန်သည်။ "ရပါတယ်...စီနီယာက မသိမှ တော့ ဒါက ငါ့ရဲ့ ကံတရားပဲပေါ့။စီနီယာမှာ ကိစ္စမရှိတော့ ရင် သင့်ရဲ့မန္တာန်ကို ဖြေလျှော့ပေးပြီး ငါ့ကို သွားခွင့်ပြု 07..."

အဘိုးအိုက အူးလိုက်အသည်းလိုက် ရယ်မောလိုက် သည်။ သူ့မျက်လုံးကလည်း တလက်လက် ဖြစ်နေ၏။ သူက ပြောလိုက်၏။ "ယောင်မိသားစုရဲ့ ကောင်လေး...မင်း က ငါနဲ့ ကံစပ်တယ်..…" ထိုကံစပ်သည့် ဆိုသော စကား ပါလာသည့်အခါ အဘိုးအိုအောက်ရှိ မိုးကြိုးသားရဲ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။

သွေးဘိုးဘေးက တိတ်ဆိတ်စွာ စဉ်းစားနေသည်။

"မင်းက ငါ့ကို ငါ့အကူအညီအတွက် ပြန်ပေးဆပ်မယ်လို့ ပြောခဲ့တယ်မလား...။ဒီတော့ မင်းက အခု ပေးတော့..."

အဘိုးအိုသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သွေးဘိုး ဘေး၏ မူလစိတ်ဝိညာဉ်ကို သွေးကန်ထဲကနေ ဆွဲထုတ် လိုက်သည်။ ထို့နောက် သူက မူလစိတ်ဝိညာဉ်၏ တစ်ဝက် ကို ကြမ်းတမ်းစွာ ဖြတ်တောက်ပစ်လိုက်၏။ ထို့နောက်သူက သွေးကန်၏ တစ်ဝက်ကိုလညး ဆွဲယူလိုက်ပြန်သည်။

"အယ်...မူလစိတ်ဝိညာဉ်တစ်ဝက်နဲ့ သွေးခန္ဓာကိုယ် တစ်ဝက်တို့က ဒီအဘိုးအိုရဲ့ မျက်နှာသာပေးမှုကို ပြန်ပေး စပ်ဖို့အတွက် လုံလောက်ပါတယ်..."

အဘိုးအိုက ပြုံးလိုက်၏။ သည့်နောက် အဘိုးအိုသည် ပြုံး၍ ကျန်နေသေးသော မူလစိတ်ဝိညာဉ်တစ်ဝက်ကို သွေး ကန်ထဲသို့ ပြန်ထည့်သွင်း၍ လေမှုတ်ထုတ်လိုက်သည်။

ထိုအခါ သွေးကန်က စတင်ဆူပွက်လာပြီး ချက်ခြင်း ပျက်စီး၍ သွေးစက်များအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သွေးဘိုးဘေးက စကားတစ်ခွန်းမှ ဆိုနိုင်စွမ်း မရှိတော့ဘဲ သူက ပြန်၍ အိပ်ပျော်သည့်အခြေအနေသို့ ဆိုက်ရောက် သွားသည်။

"ဒီအဘိုးအိုရဲ့ ကိစ္စကြီးက ကျိန်းသေအောင်မြင်မယ် ဆို ပေမဲ့လည်း ဒီယောင်မိသားစုရဲ့ မူလစိတ်ဝိညာဉ်တစ်ဝက်၊ သွေးခန္ဓာကိုယ် တစ်ဝက်နဲ့ဆိုရင် ငါ့အတွက် အောင်မြင်ဖို့ အခွင့်အရေး ပိုများလာလိမ့်မယ်..."

အဘိုးအိုက လှောင်ပြုံးပြုံးလိုက်၏။ ထို့နောက် သူက သွေးစက်များကို ကြည့်ပင်မကြည့်တော့ဘဲ မိုးကြိုးသားရဲ နှင့်အတူ အကွာအဝေးတစ်ခုထံသို့ ပျံသန်းထွက်ခွာသွား တော့သည်။

ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းက အနီရောင်အပ်အနောက် သို့ လိုက်ပါနေသည်။ သူ့အသွင်ဟန်ပန်က သုန်မှုန်လို့နေ၏။ အနီရောင်အပ်က ရုတ်တရက် အလွန်တောက်ပလာ ခဲ့ကာ ပြင်းထန်သောအော်ရာတစ်ခုကို ထုတ်လွှတ်လာ၏။ ၎င်းက ဝမ်လင်း၏ ချိပ်ပိတ်ထားမှုကိုပါ ချိုးဖျက်သွားခဲ့ သည်။

ထိုပြောင်းလဲမှုက ဝမ်လင်း၏ မျက်လုံးကို ကျဉ်းမြောင်း သွားသေည်။

သို့ရာတွင် အနီရောင်အပ်က ချက်ခြင်းပင် ပြန်မှိန်ဖျော့ သွားကာ အရင်ထက် တော်တော်လေး အားနည်းသွား လေ၏။ ထို့နောက် ၎င်းအပ်က ရှေ့တည့်တည့်ရှိဟင်းလင်းပြင်ထံသို့ ဦးတည်၍ သွားတော့သည်။

ဝမ်လင်းက

မျက်မှောင်ကြုတ်သွားသည်။သူက အနည်းငယ် တုံ့ဆိုင်းပြီးသည့်နောက်မှ အပ်နောက်သို့ လိုက်ပါသွားသည်။

"အနာဂတ်မှာ ပြဿနာမတက်အောင်လို့ ငါက ဒီ အခွင့်အရေးကို အသုံးပြုပြီး သွေးဘိုးဘေးကို သတ်ပစ်ရ မယ်..." ဝမ်လင်းက အံတင်းတင်းကြိတ်ကာ အနီရောင် အပ်နောက်သို့ လိုက်ပါသွားသည်။

အချိန်ကဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဟင်းလင်ပြင် ထဲ၌ ဝမ်လင်းသည် အချိန်ကို မေ့နေကာ ပို၍ အားနည်းလာ နေခဲ့သည်။

သူက အရာအားလုံးကို မေ့ထားကာ သူ့ရှေ့ရှိ အနီရောင် အပ်နောက်သို့သာ လိုက်ပါနေခဲ့သည်။

အနီရောင်အပ်က တဖြည်းဖြည်း မြန်သထက်မြန်လာခဲ့ သည်။ဝမ်လင်းသည် ၎င်းကို မမှီလုနီးပါး ဖြစ်လာ၏။ သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်းက ရပ်တန့်လိုက် သည်။ သူ့မျက်လုံးက အေးစက်လာကာ ရှေ့တည့်တည့်သို့ ရှု ကြည့်လိုက်၏။

သူ့ရှေ့တွင် မတူညီသော သွေးအရွယ်အစား အလုံးဆယ် လုံးက တစ်ခုခုနှင့်တစ်ခု ပေါင်းစပ်နေသကဲ့သို့ နီးနီးကပ် ကပ် ရှိလို့နေသည်။ အနီရောင်အပ်က ထိုသွေးအလုံးထဲက တစ်လုံးထဲသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။

အနီရောင်အပ်ဝင်ရောက်သွားသည့် သွေးလုံး၏ အော်ရာ က သည်ဧရိယာတွင် မြင့်တက်လာကာ အခြားသွေးလုံးများ ကို စတင် ဝါးမြိုလာလေသည်။

"သွေးဘိုးဘေး..." ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ် ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နေ၏။ သူက တောင်အသွင် ကျောက်တုံးကို ချက်ခြင်း ထုတ်ယူကာ ၎င်း၏ စိတ်ဝိညာဉ် ကို ထုတ်ယူပြီး ထိုသွေးလုံးထံသို့ ဖိချလိုက်လေသည်။

တောင်စိတ်ဝိညာဉ်က ရှေ့သို့ ထိုးထက်သွားကာ သွေးလုံး များကို တုန်ယင်သွားစေသည်။သို့ရာတွင် တောင်စိတ် ဝိညာဉ်က ထိုသွေးလုံးများကို ဖျက်စီးနိုင်ဖို့ လုံလောက် အောင် သန်မာခြင်း မရှိပါ။သွေးလုံးများက မြန်ဆန်စွာ စုစည်းနေသည်။

တောင်စိတ်ဝိညာဉ်ကို ပစ်သွင်းလိုက်ပြီးနောက် ဝမ်လင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ကောင်းကင်ဘုံ ဓားကို ထုတ်ယူပြီးး မြန်ဆန်စွာ ပိုင်းချလိုက်သည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်က အလင်းတန်း အလား ထိုးထွက်လာပြီးနောက် မူလက ပေါင်းစပ်ပြီးနှင့် သော သွေးလုံးနှစ်လုံးသည် ထိုခုတ်ပိုင်းချက်ကြောင့် ပြန်ကွဲ ထွက်သွားသည်။

ဝမ်လင်းက ရပ်တန့်ခြင်း မရှိပေ။ သူ့မူလစိတ်ဝိညာဉ်ထဲ မှ ပြင်းထန်သောမိုးကြိုးသည် ထိုးထွက်လာကာ မိုးကြိုး တန်းများကို ဖြစ်ပေါ်စေ၍ သွေးလုံးများထံသို့ ဦးတည် တိုးဝင်သွားပြန်သည်။

ထိုအားကောင်းသော တိုက်ချက်များအောက်၌ သွေးလုံး များသည် အပြင်းအထန် တုန်ယင်နေခဲ့၏။ သွေးလုံးများ အတွင်းရှိ သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် နိုးထလာ နိုင်ရန်အတွက် အသည်းအသန် ရုန်းကန်နေသည်။

ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ ကာ သူ့မူလစိတ်ဝိညာဉ်ထဲမှ မိုးကြိုးစွမ်းအားသည် အရူး အမူး မြင့်တက်လာခဲ့ပြန်၏။ ခုချန်၌ သူက သူ့ခန္ဓာကိုယ်ထဲ ရှိ မိုးကြိုးကို ထိုသွေးလုံးများအပေါ်သို့ အားလုံးအသုံးပြု လိုက်၏။

တစ်ချိန်တည်းမှာပင် သူက ကောင်းကင်ဘုံဓားကို ပင့် မြှောက်ကာ နောက်တစ်ကြိမ် လွှဲခုတ်ပိုင်းသည်။

သွေးလုံးတစ်လုံးက ဘန်းခနဲ ပေါက်ကွဲထွက်သွားသည်။
နာနာကျင်ကျင်ညီးညူသံ တစ်သံသည် ဟင်းလင်းပြင်ထဲ ကနေ ထွက်ပေါ်လာဟန် ထင်ရ၏။ ကျန်သည့်သွေးလုးမျး ကလည်း အရူးအမူး စုစည်းလာကြသည်။သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်သည် နိုးလာလာတော့မည်ဟန် ဖြစ်လာ သည်။

ဝမ်လင်း၏ မျက်လုံးထဲ၌ သွေးများဖြင့် ပြည့်လျှမ်း နေသည်။သူက သည်သွေးလုံးများသာ စုစည်းသွားပါက သူ့ တွင် သွေးဘီလူးကို သတ်နိုင်မည့်အခွင့်အရေး လုံးဝ မရနိုင် တော့ဟု ခံစားမိနေပေသည်။သူ့ညာလက်ကို ပင့်မြှောက် ကာ အော်ပြောလိုက်လေ၏။ "ရပ်တန့်ခြင်း..."

ရပ်တန့်ခြင်းမန္တာန်သည် ချက်ခြင်း ပေါ်ထွက်လာသည်။ သို့သော် သွေးလုံးထဲရှိ သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ် သည် အလွန်အားကောင်းလှသည်။ဝမ်လင်းက သွေးဘိုး ဘေးကို သူ့နိမ့်ပါးသောကျင့်ကြံမှုအဆင့်ကြောင့် ရပ်တန့် သွားအောင် မလုပ်နိုင် ဖြစ်နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များသည် အရူးအမူး မြင့်တက်လာခဲ့ကာ သူ့သွေးကြောများ ထံမှပင် နာကျင်စွာ ခံစားလာရ၏။ သူ့မူလစိတ်ဝိညာဉ် သည်လည်း ဒဏ်ရာရရှိနေဆဲ ဖြစ်သည်။သူက လမ်း တစ်လျှောက်တွင် ပြန်ကောင်းအောင် လုပ်ဖို့ အချိန်မရရှိခဲ့ သောကြောင့် ဖြစ်၏။ ခုချိန်တွင် သည်ဖိအားအောက်၌ သူက သွေးအန်ထုတ်လိုက်ရကာ ကြမ်းကြုတ်စွာ ပြောချ လာသည်။ "ငါ့အတွက် ရပ်တန့်စမ်း..."

သွေးလုံးများက ဝမ်လင်း၏ မန္တာန်အောက်၌ စုဆောင်း နေရာကနေ ခဏတာတုံ့ဆိုင်းသွားသည်။ သည် အခိုက်အတန့်လေး၌ ကံကြမ္မာကျာပွတ် ထွက်ပေါ်လာကာ သွေးလုံးများပေါ်သို့ ရွှမ်းခနဲ ရိုက်ချလာသည်။

တစ်ပြိုင်နက်တည်းမှာပင် လင်းထျန်ဟူ၏ နောက်ဆုံး လက်ကျန်ဓားစွမ်းအင်သည်လည်း ဝမ်လင်းခန္ဓာကိုယ်ထဲ ကနေ ထိုးထွက်လာကာ သွေးလုံးများထံသို့ တရကြမ်း တိုးဝင်သွားသည်။

ကံကြမ္မာကျာပွတ်၊လင်းထျန်ဟူ၏ဓားစွမ်းအင်နှင့်ဝမ် လင်း၏ မူလစိတ်ဝိညာဉ်ထံမှ မရေမတွက်နိုင်သော မိုးကြိုး တန်းများသည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်သွားသည့် ဟန် ရ၏။ ၎င်းတိုက်ချက်တို့သည် သိပ်သည်းနေသော သွေးလုံးများထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားကြပေသည်။

ပျက်စီးစမ်း...။

ဤအခိုက်အတန့်၌ သိပ်သည်းနေသော သွေးလုံး များသည် မရေမတွက်နိုင်သောသွေးစက်များအဖြစ်သို့ ပြောင်းလဲသွားသည်။ သွေးဘိုးဘေး၏ ညင်းဆန်အော်ဟစ် သံက ထွက်ပေါ်လာ၏။ သွေးများက နှစ်ပိုင်းကွဲထွက်သွား သည်။တစ်ပိုင်းသည် သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ်ကို ဆောင်ယူကာ လွတ်မြောက်သွားသည်။ အခြားတစ်ပိုင်း ကတော့ လှည့်ပတ်ကာ ဝမ်လင်းထံသို့ တရကြမ်းတိုးဝင် လာသည်။
ထိုသွေးစက်များသည် ဝမ်လင်းအား ရုတ်တရက် ဝန်းရံ သွားပြီး သူ့ဒွာရပေါက်ထဲကနေ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားသည်။ သူ့ခန္ဓာကိုသည် ပြင်းထန်စွာ နာကျင်မှုကို ခံစား လိုက်ရပြီး ဝမ်လင်းသည် သွေးတစ်လုပ်အန်ထုတ်လိုက်ရ သည်။ထိုပြင်းထန်သော ဖိနှိပ်မှုအောက်၌ ဝမ်လင်းသည် ဟင်းလင်းပြင်ထဲသို့ လွင့်စင်ထွက်သွားပြီး ပျောက်ကွယ် သွားလေသည်။

ကောင်းကင်ဘုံဓားကိုတော့ ရှုလီကောက ထိန်းချုပ် ထားသည်။သူက တောင်စိတ်ဝိညာဉ်ကို ယူဆောင်ကာ ဝမ် လင်းနောက်သို့ လိုက်ပါသွားသည်။

ရှုလီကောက ပုန်ကန်နိုင်သော်လည်း သည် အခိုက်အတန့်၌ သူက အထိတ်တလန့် ဆောက်တည်ရာမရ ဖြစ်နေသည်။သူက လွတ်လပ်မှုအတွက် ထွက်ပြေးရမည့် အစား ဝမ်လင်းလွင့်စင်သွားသော ဟင်းလင်းပြင်ထဲသို့သာ လိုက်ပါသွားတော့သည်။

ဝမ်လင်းက မေ့မျောနေသောအခြေအနေတွင် ရှိနေ၏။ သွေးဘိုးဘေး၏ သွေးစက်များက သူ့ခန္ဓာကိုယ်ထဲသို့ ဝင် ရောက်နေသည်။ယင်းသွေးစက်များသည် အားကောင်းလှ သောမူလစွမ်းအင်တို့ ပါဝင်နေသည်။ သည်မူလစွမ်းအင် သည် သွေးဘိုးဘေး မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကျင့်ကြံထားသည့်အရာဖြစ်ကာအလွန်အမင်း အဖိုးထိုက်တန်လှသည်။ 
သို့ရာတွင် သည်မူလစွမ်းအင်က ဝမ်လင်း၏ ခန္ဓာကိုယ် အတွင်း၌ မရဏဓားတစ်လက်ကဲ့သို့ ဖြစ်နေသည်။ သို့သော်လည်း ဤအရာကပင် ကမ္ဘာလောက၌ ရှိသော ကံကောင်းမှုဟု ဆိုရပေတော့မည်။

ခုချိန်၌ သွေးဘိုးဘေးက ရည်ရွယ်ချက်ဆိုးဖြင့် ဝမ်လင်း ကို တိုက်ခိုက်ခဲ့ပေ၏။ သူက ဝမ်လင်း၏ စုပေါင်းတိုက်ခိုက် မှုကနေ လွတ်မြောက်အောင် လုပ်ရမည့်အစား သူ့သွေး ခန္ဓာကိုယ်၏ သွေးတစ်ဝက်ကို ဝမ်လင်းထံသို့ တရကြမ်း တိုးဝင်စေခဲ့သည်။သူ့ရည်ရွယ်ကချက်ကတော့ ဝမ်လင်းကို သတ်ပစ်ဖို့ ဖြစ်၏။ သို့သော် သူက မမျှော်လင့်စွာဖြင့် ဝမ် လင်းကို ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်နိုင်မည့် အခွင့်အရေးကြီးတစ်ခု ပေးလိုက်သလို ဖြစ်သွားသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က မိုးကြိုးကွင်းဆက်များနှင့် မ ချိတ်ဆက်ထားသော အစိတ်အပိုင်းမြေတစ်ခုနှင့် ဝင် ဆောင့်သွားကာ သူက ခုထိ ဟင်းလင်းပြင်ထဲ၌ မြောလွင့် လျက်သာ ရှိနေသည်။

အစိတ်အပိုင်းမြေ မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိအားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားခြင်း မဟုတ် ပေ။ အချို့ ဟင်းလင်းပြင်ထဲ၌ မြောလွင့်နေသော သေးငယ် သည့် အစိတ်အပိုင်းမြေများလည်း ရှိကြပေသည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ မြေမြှုပ်ခံရသလို ဖြစ်ပြီးမှ ထိုသေးငယ်သောအစိတ်အပိုင်းမြေ၏ မြေကြီးထဲတွင် ရပ်တန့်သွားသည်။သူက လုံးဝ အသိစိတ်ကင်းမဲ့ နေ၏။ သို့သော် သူ့ခန္ဓာကိုယ်ကတော့ မြန်ဆန်စွာ ပြောင်းလဲနေသည်။သူ့ခန္ဓာကိုယ်က သွေးစက်များထံမှ ထွက်ပေါ်လာနေသော မူလစွမ်းအင်ပမာဏများစွာနှင့် ပြည့်လျှမ်းနေသည်။

သူ့မူလစိတ်ဝိညာဉ်ထဲ၌လည်း တုန်လှုပ်ဖွယ်ပြောင်းလဲမှု တစ်ခု ဖြစ်လို့နေ၏။

သူ့ကျင့်ကြံမှုအဆင့်ကလည်း မြန်ဆန်စွာ တိုးတက် နေကာ ပုံရိပ်ယောင်ယင်အဆင့်သို့ ဦးတည်လာနေသည်။

သည်အစိတ်အပိုင်းငယ်မြေ၏ အပေါ်တွင် တိမ်တိုက်များ ရှိမနေပေ။ သို့သော် ဤအခိုက်အတန့်၌ တိမ်တိုက်ထုများ စတင်ပေါ်လာ၏။ ထိုတိမ်တိုက်ထုများသည် ဝမ်လင်း ကောင်းကင်ဘုံကို ဖိဆန်ရန် ဆုံးဖြတ်ခဲ့စဉ်က ပေါ်ထွက် လာခဲ့သော တိမ်တိုက်ထုများနှင့် တစ်ထေရာတည်း ဖြစ် နေသည်။

သွေးဘိုးဘေးကတော့ သူ့မူလစိတ်ဝိညာဉ်ပါဝင်သော သွေးလုံးများ ပေါင်းစည်းသွားသည့်အတွက် သူက နိုးထ လာနိုင်ခဲ့သည်။သို့ရာတွင် သူ့ခန္ဓာကိုယ်က ယခုထိ ဖြစ် တည်ခြင်း မရှိသေးပဲ အနီရင့်ရောင်တစ်ခုလိုသာ ဖြစ်တည် နေသည်။

သူက ကျင့်ကြံခြင်းကို စတင်ခဲ့ချိန်ကတည်းက ခုလိုမျိုး အားနည်းမှုကို မခံစားခဲ့ရပေ။သည်လိုအားနည်းမှုမျိုးက သူ့ကို အေးစိမ့်စွာ ခံစားရစေသည်။

ထို့အတူ ဝမ်လင်းအပေါ် သူ့အမုန်းတရားကလည်း အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။သူက လူတစ် ယောက်အပေါ် ခုလောက်ထိ ဘယ်တုန်းကမှ မုန်းတီးမိဖူး ခြင်း မရှိပေ။ ဝမ်လင်းက သူ့အတွက် ပထမဆုံး အလွန်မုန်း မိသည့်သူ ဖြစ်နေသည်။

သိုလှောင်နေရာလွတ်ပျက်စီးသွားခြင်းကြောင့် သွေးဘိုး ဘေးသည် မူလသွေးပေါင်းစပ်ခြင်းမန္တာန်ကို အသုံးပြုခဲ့ရ ပေသည်။ထို့နောက် သူက မရေမတွက်နိုင်အောင် သူ့ ကျင့်ကြံထားသည့် သူ့မူလစွမ်းအင်တစ်ဝက်နှင့် မူလစိတ် ဝိညာဉ်တစ်ဝက်တို့ကို ယူဆောင်သွားသည့် အဘိုးအိုနှင့် တွေ့ဆုံခဲ့ရသည့်အတွက် သူ့ကိုယ်သူ ကံမကောင်းလှဟု ထင်မိခဲ့သည်။

သည်အရာက သူ့ကျင့်ကြံမှုအဆင့်ကို တော်တော်လေး လျော့ကျသွားစေ၏။

ထို့နောက် သူ့သွေးပေါင်းစပ်မှုက အလွန်အရေးကြီးသည့် အခိုက်အတန့်သို့ ရောက်လာပြီး သူ့မူလစိတ်ဝိညာဉ်က နိုး ထလုခါနီး၌ ဝမ်လင်းသည် ပေါ်ထွက်လာခဲ့သည်။သွေးဘိုး ဘေးသည် မြောက်များစွာသော နှောင့်နှေးဟန့်တားမှုများ ကြုံခဲ့ပြီးသည့်နောက် အဆုံးသပ်၌ ဝမ်လင်းလက်ကနေ လွတ်မြောက်နိုင်ခဲ့သည်။

ယခုအချိန်တွင် သူက အလွန်အမင်းအားနည်းနေပြီ ဖြစ် ကာ သူ့မူလစိတ်ဝိညာဉ်သည်လည်း မွန်းစတားဆန်သည့်ဒေါသတရားနှင့် ပြည့်နှက်နေခဲ့သည်။

"ဝမ်လင်း...မင်းနဲ့ငါက ထာဝရရန်သူပဲ..." သွေးဘိုး ဘေးသည် အရူးတစ်ယောက်လို အော်ဟစ်၍ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွားသည်။သူက သူ့ကျိုး ကြောင်းဆင်ခြင်မှုအားလုံးကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်၏။ သူ့လို မျိုး အခြားတစ်စုံတစ်ယောက်က တွေ့ကြုံရလျှင်လည်း ထို ကဲ့သို့ ဖြစ်ပေလိမ့်မည်သာ။

အထူးသဖြင့် ထိုထူးဆန်းသောအဘိုးအို ချန်ထားခဲ့သော အတားအဆီးက သူ့ကို ရူးသွပ်သွားမတက် ဖြစ်စေခဲ့သည်။ သူက ချက်ခြင်းပင် ဝမ်လင်းရှိနေသည့် နေရာသို့ လိုက်ပါ သွားသည်။

"ငါက ငါ့ဒဏ်ရာတွေ ကုစားမဲ့အစား မင်းကိုပဲ သတ် ໑໖..."

အစိတ်အပိုင်းမြေပေါ်တွင်ရှိနေသော ဝမ်လင်းသည် ဟင်းလင်းပြင်ထဲ၌ တရွေ့ရွေ့လွင့်မြောကာ နေသည်။သူ့ မျက်လုံးများက မှိတ်လျက်ရှိနေကာ ကောင်းကင်ဘုံဓားက သူ့ပတ်လည်၌ လှည့်ပတ်နေ၏။ သူ့ဘေးရှိ ရှုလီကောက ခါးသီးဟန်မျက်နှာပေးဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါက အခု ထွက်သွားသင့်တာ...။ဒါပေမဲ့လည်း ငါက ဒီ မိစ္ဆာကောင်ကို ဒီနေရာမှာ မထားခဲ့နိုင်ဘူး။ ဟူး..ငါ ရှုလီ ကောက သစ္စာရှိတဲ့လူပဲ။ ငါက ငါ့သခင်ကို ဘယ်လိုလုပ် အလွတ်အကျွတ် ထားခဲ့နိုင်ပါ့မလဲ...။ငါက အခုချိန်မှာထွက်မသွားခဲ့တဲ့အတွက် ဒီမိစ္ဆာကောင်ငါ့သခင်က ငါ့ကို အနာဂတ်မှာ ပိုတန်ဖိုးထားပြီး ပိုများတဲ့အကျိုးအမြတ်တွေ ပေးသင့်တယ်...။ဟီးဟီး...မင်းရဲ့ဘိုးဘိုးရှုက တယ်တော်လှ တယ် မဟုတ်လား..."

"ဒါ့အပြင် ဒီမိစ္ဆာကောင်က ကိုယ်ပွားပဲ ဟုတ် သေးတာ…။သူ့မူလခန္ဓာကိုယ်က…" ဝမ်လင်း၏ မူလ ခန္ဓာကိုယ်အကြောင်း တွေးမိလိုက်သည်နှင့် ရှုလီကောသည် ခိုက်ခိုက်တုန်သွားသည်။သူ့စိတ်နှလုံးသားထဲ၌ အကြောက် ဆုံးတစ်ယောက်ကို ပြောပါဆိုလျှင် ဝမ်လင်း၏ မူလ ခန္ဓာကိုယ်သာ ဖြစ်ပေလိမ့်မည်။

မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် မိုးကြိုးများကို ပေးစွမ်း နေသည့် လူသူကင်းမဲ့လှသော စွန့်ပစ်ခံ ဂြိုဟ်တစ်ခု ရှိလေ သည်။ထိုဂြိုဟ်၏ အတွင်းအနက်ပိုင်းတွင် မိုးကြိုးများပြည့် နေသည့် သဘာဝလှိုဏ်ဂူတစ်ခု ရှိနေကာ ထိုလှိုဏ်ဂူထဲ၌ လူတစ်ယောက်သည် တင်ပလွေချိတ်ကာ ထိုင်လျက်ရှိနေသည်။

သူ့အနီရောင်ဆံပင်များက သွေးနီရောင်သမ်းနေကာ သူ့ ခန္ဓာကိုယ်ကနေ အေးစိမ့်စိမ့်အော်ရာကို ပေးစွမ်းနေ၏။ သူ့ မျက်ခုံးနှစ်ခုကြားတွင်လည်း လှည့်ပတ်နေသော ကြယ် လေးလုံး ရှိသည်။ သူက ကျင့်ကြံနေလျက်ရှိကာ အရပ် မျက်နှာအနှံ့မှ စိတ်ဝိညာဉ်စွမ်းအင်မျာသည် သူ့ခန္ဓာကိုယ် ထဲသို့ တိုးဝင်လျက် ရှိသည်။

ရုတ်တရက် သူက မျက်လုံးဖွင့်လာ၏။သူ့တည်ငြိမ်လှ သော အကြည့်ထဲ၌ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းစိတ် ဆန္ဒတစ်ခု တည်ရှိနေသည်။

"သွေးဘိုးဘေး...မင်းက ငါ့ကိုယ်ပွားကို မေ့မြောသွား အောင် အတင်းလုပ်ခဲ့တယ်။ ငါက ဒီကိစ္စကို ဘယ်လိုလုပ် ခွင့်လွှတ်ပေးလို့ရမလဲ..."

ထိုသူကတော့ ဝမ်လင်း၏ မူလခန္ဓာကိုယ်ပင် ဖြစ် တော့၏။

မူလခန္ဓာကိုယ်သည် လက်သီးခပ်တင်းတင်းဆုပ်ကာ ဖြည်းဖြည်းချင်း ထလာသည်။အချိန်အတန်ကြာ စဉ်းစား ကြည့်ပြီးနောက် သူက တရပ်ကြမ်း ထိုးထွက်သွား၏။သူ့ အထက်ရှိ မြေကြီးလွှာများသည် သိမ့်သိမ့်တုန်ကာ တစစီ ကွဲကြေကုန်၏။

မူလခန္ဓာကိုယ်သည် ဤဂြိုဟ်၏ အရှေ့ဘက်ရှိမြေအောက်ထဲကနေ တဟုန်ထိုး ထိုးတက်လာခဲ့သည်။ မြောက်များစွာသော ဖုန့်မှုန့်မြေစများက နေရာအနှံ့သို့ ဖွာလန်ကြဲကုန်ကြ၏။

သူက ထိုးထွက်လာနေကာ ရပ်တန့်ခြင်း မပြုဘဲ အာကာသဟင်းလင်းပြင်ထဲထိတိုးဝင်သွားသည်။သူက ဟင်းလင်းပြင်ထဲသို့ ရောက်သွားသည့်နှင့် သူ့လက်နှစ်ဖက် ကို ဖြန့်ကားလိုက်ရာ သူ့ခန္ဓာကိုယ်မှ တဖျစ်ဖျစ် အက်ကွဲသံ များ ဆက်တိုက် ထွက်ပေါ်လာလေသည်။

ထိုအသံများက ပိုမိုပြင်းထန်လာခြင်းနှင့်အတူ သူ့ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများကလည်း ဖောင်းကြွလာခဲ့ တော့၏။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ပြောင်းလဲလာ၏။ သူ့ခြေထောက်များက ထူထဲကြီးမား ဆန့်ထွက်လာခဲ့သည်။ သူ့လက်နှစ်ဖက်ကလည်း ထို့အတူပင်။သူ့ခန္ဓာကိုယ်တစ်ခု လုံးကလည်း တဖြည်းဖြည်း ကြီးမားလာနေသည်။

သည်ဖြစ်စဉ်အတွင်း သူ့ခန္ဓာကိုယ်မှ လေးလံသောအသံ တစ်ခု ထွက်ပေါ်လာခဲ့၏။

သူ့မျက်နှာပေါ်၌လည်း မည်သည့်နာကျင်မှုမှ ရှိမနေဘဲ တည်ငြိမ်လျက်သာ ရှိ၏။ သူ့မျက်လုံးထဲတွင်တော့ ဒေါသ တရား ကြီးစိုးထားသည်။

သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးထွားလာရင်း ပေတစ် ထောင်ကျော်အထိ ရောက်ရှိလာတော့၏။

သူ့ခန္ဓာကိုယ်က အရိုင်းဆန်သော အော်ရာကို ပေးစွမ်း ကာ သူ့အရေပြားများပေါ်တွင်လည်း စာလုံးများ ရှိလာ သည်။ ထိုစာလုံးများ၏ တောက်ပမှုက သူ့ကို အင်မတန် ထည်ဝါကြီးမြင့် စေတော့၏။

သူ့ပါးစပ်ထဲကနေ ခပ်တိုးတိုး မာန်သွင်းသံ တစ်ခု ထွက် ပေါ်လာ၏။ ထိုအသံက ရှေးဟောင်းအချိန်များမှ ထွက် ပေါ်လာသည်ဟု ထင်ရကာ ကမ္ဘာလောကကို အထက်စီးမှ ကြည့်နေသည့် အော်ရာတစ်ခုလည်း ပါဝင်နေသည်။

အနီးအနားဂြိုဟ်များရှိ ကြမ်းကြုတ်သော သားရဲများပင် ချက်ခြင်း မြေပေါ်သို့ ဝပ်တွားကုန်ကြ၏။၎င်းသားရဲ များသည် ထိုအသံကိုကြားလိုက်ရပြီးနောက် တုန်ရီနေကြ တော့၏။ ထိုတုန်ရီကြောက်ရွှံ့မှုက ၎င်းတို့၏ စိတ်ဝိညာဉ်ထဲ ကနေ လာခြင်းပင်။

ရှေးဟောင်းနတ်ဘုရားသည် အာကာသဟင်းလင်းပြင်၏ နတ်ဘုရား ဖြစ်ခဲ့၏။

ရှေးဟောင်းနတ်ဘုရားများ

ခေတ်ကာလတုန်းက သက်ရှိအားလုံးသည် သူတို့ကို အရိုအသေပေးခဲ့ရသည်သာ ဖြစ်သည်။

ဝမ်လင်း၏ မူလခန္ဓာကိုယ်က ရှေးဟောင်းနတ်ဘုရား တစ်ပါး၏ ထည်ဝါမြင့်မြတ်မှုကို ပိုင်ဆိုင်ထားပေသည်။ အမှန်တော့ သူက ရှေးဟောင်းနတ်ဘုရားပင်။

ကြယ်လေးလုံးအဆင့်မှစ၍ ရှေးဟောင်းနတ်ဘုရား တစ်ပါး၏ ခန္ဓာကိုယ်သည် ရူးသွပ်ဖွယ် ကြီးမားပေ၏။ ဝမ် လင်းသည် ထိုခန္ဓာကိုယ်ကြီးမားမှုက အရင်က ဖိနှိပ်ထားခဲ့ ခြင်းပင်။ သို့သော် သည်အခိုက်အတန့်၌ သူက ဖိနှိပ်ထားမှု ကို ရပ်တန့်ခဲ့သည့်အတွက် သူ့ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်သည် ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခဲ့ ခြင်း ဖြစ်တော့သည်။

သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ထုတ်ဖော်လိုက် ခြင်းက သူ့ကို အစစ်အမှန်ရှေးဟောင်းနတ်ဘုရားဟုခေါ်တွင်နိုင်ပေတော့မည်။ သူက ရှေးဟောင်းနတ်ဘုရား တစ်ပါး၏ စွမ်းအားလည်း ပိုင်ဆိုင်ထားသူသာ။

"သွေးဘိုးဘေး...သင်က ငါ့ကိုယ်ပွားကို မေ့မြောစေတဲ့ အတွက် ငါကလည်း သင့်ရဲ့ သွေးဂြိုဟ်ကို ဖျက်စီးပစ် မယ်..." သူ့မျက်လုံးထဲ၌ ကြမ်းကြုတ်ရက်စက်လိုမှုနှင့် ပြည့်နေတော့သည်။ သူက ခြေလှမ်းတစ်လှမ်းလှမ်းလိုက် သည့်အခါတိုင်း ကြယ်အဖွဲ့အစည်းတစ်ခုလုံး တုန်ခါသွား သလား မှတ်ရ၏။

သူက အာကာသဟင်းလင်းပြင်ထဲ၌ မြေပြင်ပေါ်တွင် လမ်းလျှောက်သကဲ့သို့ လျှောက်လှမ်းလာကာ အကာအဝေး တစ်ခုထံသို့ တရကြမ်းသွားနေသည်။

သူက လျှောက်လှမ်းနေရင်း သူ့ဧရာမလက်ကြီးကို ပင့် မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ထောက်လိုက်၏။ ထိုအခါ မြောက်များစွာသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့လက်ညှိုးထိပ်တွင် လာရောက်စုစည်းပြီး ရှေးဟောင်း အော်ရာနှင့် ပြည့်နေသော အမှတ်အသားခပ်နှိပ်မှုတစ်ခု အဖြစ် ဖြစ်တည်သည်။ထိုအမှတ်အသားက သူ့မျက်ခုံးနှစ်ခု ကြားသို့ ကျရောက်သွားပြီးနောက် ကြယ်လေးလုံးကို ပျောက်ကွယ်သွားစေသည်။

ထိုခပ်နှိပ်မှုသည် ကျင့်ကြံသူများ တက်နိုင်သည့်အရာ မဟုတ်ပေ။ ၎င်းအမှတ်အသားဖိရာကို ရှေးဟောင်းနတ် ဘုရားများကသာ ပြုလုပ်နိုင်၍ ရှေးဟောင်းနတ်ဘုရားများ၏ အမှတ်သညာပုံရိပ်ကို ကွယ်ဝှက်စေသည်။ အလွန့်အလွန်အားကောင်းလှသော ကျင့်ကြသူတစ်ယောက် သာ မပေါ်ထွက်လာခဲ့ပါက အခြားလူများသည် သူ့ပုံရိပ် အစစ်အမှန်ကို မြင်နိုင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

"မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ဘီလူးနတ်ဆိုးကလန် ရှိနေတဲ့အတွက် ဘယ်သူကမှ ငါ့ရဲ့ ပေတစ်ထောင်လောက် ရှိတဲ့ ခန္ဓာကိုယ်ကို ရှေးဟောင်းနတ်ဘုရားလို့ ထင်မှာ မဟုတ်ဘူး..." သူ့မျက်လုံးများက အေးစက်လာ၏။

ထို့နောက် ရှေးဟောင်းနတ်ဘုရား တစ်ဖြစ် ဝမ်လင်း၏ မူလခန္ဓာကိုယ်သည် သွေးဂြိုဟ်ရှိရာသို့ ဦးတည်သွား တော့သည်။အတိတ်တုန်းက ရှေ့ဖြစ်ဟောသူသည် သူ့ကို ကြယ်မြေပုံတစ်ခု ပေးထားခဲ့သည့်အတွက် ဝမ်လင်း၏မူလ ခန္ဓာကိုယ်သည် သွေးဂြိုဟ်၏ တည်နေရာကို သိနေပေ သည်။

သူက အာကာသထဲ၌ ဖြတ်သန်းနေရင်း သူ့မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက ဟင်းလင်းပြင်ထဲ၌ လွင့်မြော နေသော အရွယ်အစား အမျိုးမျိုး ပြောင်းလဲနေသော ကျောက်တုံးအပဲ့များကို တွေ့မြင်လိုက်သည်။

သည်ကျောက်တုံးများက အာကာသဟင်းလင်းပြင်ထဲ၌ အတွေ့ရများတက်ပေသည်။

သူက ရှေ့ဆို့ဆက်လှမ်းသွားကာ ရပ်တန့်ခြင်း မပြုဘဲ ပေ တစ်ရာလောက်ဗြက်ရှိသော ကျောက်တုံးတစ်ခုကို ဆွဲယူလိုက်သည်။ထို့နောက် သူက ရှေ့သို့ဆက်၍ သွားသည်။

သူထွက်ခွာသွားပြီးနောက် ထိုကျောက်တုံး၏ ပဲ့ကျန်ခဲ့ သော အစိတ်အပိုင်းတစ်ခုကနေ ကျင့်ကြံသူနှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့နှစ်ယောက်က အကွာအဝေးတစ် ခုသို့ ပျောက်ကွယ်သွားသည့် ဝမ်လင်း၏ မူလခန္ဓာကိုယ်ကို ကြောင်ရီစွာ ငေးကြည့်နေမိကြသည်။သူတို့နှစ်ယောက်က ကြောက်ရွှံ့မှုကြောင့် တုန်ယင်နေတော့၏။

"ဒါ…ဒါကဘာကြီးလဲ..." သူတို့နှစ်ယောက်က တစ် ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ကြသည်။ထို့နောက် သည်နေရာကနေ အလျင်အမြန် ထွက်ခွာသွားကြ၏။

လမ်းတစ်လျှောက်တွင်လည်း ဝမ်လင်းက သည်လို ကျောက်တုံးများကို တွေ့သည့်အခါတိုင်း သူက ပေတစ်ရာ ခန့်ဗြက်ရှိသော ကျောက်တုံးများကို ရွေးယူခဲ့သည်။သူက ၎င်းကျောက်တုံးများကို စိတ်ဝိညာဉ်စွမ်းအင်အသုံးပြု၍ လမ်းတစ်လျှောက် ဆွဲယူလာသည်။သူ့မှတ်ဉာဏ်ထဲ၌ အစောပိုင်းအဆင့် ရှေးဟောင်းနတ်ဘုရားများသည် မန္တာန် များများစားစား မရှိဘဲ သည်လိုအရာမျိုးကိုသာ သုံး၍ တိုက်ခိုက်တက်ကြပေသည်။ထို့ကြောင့် ထိုသို့သော ကျောက်တုံးများ များများရှိလေလေ ပို၍ ကောင်းလေ ဖြစ်သည်။

ဝမ်လင်း၏မူလခန္ဓာကိုယ်သည် တန်းတန်းမတ်မတ်သွားနေ၏။သူ့နောက်တွင်တော့ သွေးဂြိုဟ်ရှိရာသို့ကျောက်တုံးများက အမြှီးတန်းလိုက်ပါနေသည်။သူက ကြမ်းကြုတ်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သယ်ဆောင် လာရင်း သွေးဂြိုဟ်နှင့်နီးကပ်သထက် နီးကပ်လာခဲ့သည်။



Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)