အပိုင်း(161)

ငါ့နာမည်က ရှုမူ
လီယွမ်၏မျက်လုံးများသည် တလက်လက် ဖြစ်နေသည်။ သူက တွင်းနက် ရှိရာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီးနောက် သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန် လိုက်၏။ထိုအခါ အနက်ရောင်လိုင်းများသည် ချက်ခြင်း ထွက်ပေါ်လာခဲ့ကာ အတားအဆီးများ အဖြစ်သို့ ပြောင်းလဲ၍ သူ့ပတ်လည်သို့ နေရာချသွားစေသည်။

သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဝမ်လင်းကို တိုက်ရိုက် ကူညီပေး ရန် မလုံလောက်ပေ။ထို့ကြောင့် သူက သည်တွင်းနက် ပတ်လည်ကို အတားအဆီးများ ချမှတ်ကာ အပြင်က ဘယ် သူမှ အချိန်တိုအတွင်း လွယ်လွယ်ဝင်လို့ မရအောင် ပြုလုပ် ခဲ့ခြင်းပင်။

ထို့အတွက်ကြောင့် သူက ဝမ်လင်းနောက်ဆုတ်ဖို့ အတွက်လည်း လမ်းကြောင်းတစ်ခု ချခင်းပြီးသား ဖြစ်သွား သည်။

ဝမ်လင်း၏ အကြည့်သည် သူ တတိယအဆင့်၏ အရိပ်အမြွက်ကို တွေ့မြင်နေခဲ့ချိန် ရှန်းခုန်ဟူကို ကြည့်သောအကြည်မျိုးနှင့် မတူတော့ပေ။သို့ရာတွင် သူ့အကြည့် က ယုံကြည်မှုနှင့် ပြည့်လို့နေ၏။ ထိုသို့ ဖြစ်ရသည်ခြင်း သည် သူ့ကျင့်ကြံမှုအဆင့်၊သွေးဘိုးဘေးကို ချိပ်ပိတ်ထား နိုင်ခြင်းနှင့် ပုံရိပ်ယောင်ယင်အဆင့်နှစ်ယောက်ကို လွတ်ကူ စွာ သတ်ပစ်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်လေ၏။

သက်လတ်ပိုင်းလူကြီးက နှာခေါင်းရှုံ့လိုက်၏။ ဝမ်လင်း လှမ်းကြည့်လိုက်သော်လည်း သူက ရပ်တန့်ခြင်း မရှိသည့် အပြင် နောက်ထပ်တစ်လှမ်းပင် တိုးလာခဲ့သည်။ထို ခြေလှမ်းက ဆယ့်နှစ်ပေလောက်ကို ဖြတ်သန်းသွားကာ သူ သည် ဝမ်လင်းထံသို့ တန်းမတ်စွာ ဝင်လာခဲ့သည်။

"ဟာသပဲ။ မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ လူတွေကို ခြောက်လန့်ဖို့ ပေတစ်သောင်းတားမြစ်ဧရိယာ ဆိုပြီး လုပ် ဝံ့တဲ့လူ အမှန်တကယ် ရှိနေတာပဲ..." သို့ရာတွင် သူက ထိုသို့ပြောနေရင်းဖြင့် သူ့စကားသည် တိုးလို့တန်းလန်းဖြင့် ရပ်သွားလေသည်။သူက ဝမ်လင်း၏အကြည့်ကို တွေ့မြင် လိုက်ရသောကြောင့်ပင်။

ထိုအကြည့်ထဲ၌ အေးစက်တည်ငြိမ်မှုတို့ ပါဝင်နေသည်။ ထိုအကြည့်သည် သေလူတစ်ယောက်ကဲ့သို့ သဘောထား၍ တစ်ဖက်သားကို ကြည့်သည့်အကြည့်မျိုး ဖြစ်လေ၏။

ထိုအကြည့်ထဲ၌ မည်သည့်သတ်ဖြတ်မှုစိတ်ဆန္ဒမှ မပါဝင်ဘဲ တည်ငြိမ်မှုသပ်သပ်သာ ပါဝင်၏။ သို့ရာတွင် ထို တည်ငြိမ်မှုကပင် သက်လတ်ပိုင်းလူကြီး၏ စိတ်ကိုတုန်ယင်သွားစေ၏။သူ့ခန္ဓာကိုယ်ထဲရှိမူလစွမ်းအင် အားလုံးသည် ထိုအကြည့်ထံကနေ သေရှင်းရှင်ရေး အာရုံ ကို ခံစားမိလိုက်ရသကဲ့သို့ အရူးအမူး အသက်ဝင်လာကြ သည်။

သူ့နှဖူးထက်ကပင် အေးစက်စက်ချွေးများစီးကျလာ၏။ ထိုအကြည့် သူ့အပေါ်သို့ ကျရောက်လာသည့်အခိုက်၌ သူ့ ထံမှ အရာအားလုံးကို ထွင်းဖောက်မြင်ခြင်း ခံလိုက်ရသ ကဲ့သို့ ခံစားလိုက်ရ၏။

သညလိုအကြည့်မျိုးက အလွန်သန်မာ အားကောင်းလှ ချေ၏။

သည့်နောက် သူ့ခံစားချက်က ပိုဆိုးလာခဲ့ကာ သူ့မူလ စိတ်ဝိညာဉ်အပေါ်တွင်ပါ တိုက်ရိုက် ပြောင်းလဲလာခဲ့ တော့၏။ သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်သည် တစ်လွှာ ပြီးတစ်လွှာ ပျောက်ကွယ်လာသကဲ့သို့ ခံစားမိလိုက်ရ၏။

ထို့နောက် သူ့ရင်ဘက်ထဲကနေ သွေးများ ဆောင့်တက် လာကာ သူ့မျက်နှာက နီမြန်း၍ ချက်ခြင်း သွေးများစွာ အန် ထုတ်လိုက်ရတော့၏။ထိုအခါကျမှ သူ့မျက်လုံးသည် တစ် ဖန် ပြန်ကြည်လင်လာနိုင်သည်။သို့သော် သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတစ်ခုကတော့ ရှိလို့နေစမြဲသာ။

ဝမ်လင်း လှမ်းကြည့်လိုက်သည့်အခါ ထိုသတ်လတ်ပိုင်း လူကြီး သွေးအန်လိုက်ရခြင်းတို့သည် အချိန်တိုအတွင်း ဖြစ် ပျက်သွားခြင်းပင်။ထိုအဖြစ်က မြန်ဆန်လွန်းလှသဖြင့်မည်သူကမျှ ဘယ်ပုံဘယ်နည်း ဖြစ်ပျက်ခဲ့သည်ကို သေချာ မမြင်လိုက်ရချေ။

သက်လတ်ပိုင်းလူကြီး သွေးအန်လိုက်ရစဉ် ဝမ်လင်း သည် ရွှေ့လျားလာသည်။သူက ခြေတစ်လှမ်းကို တိတ်ဆိတ် တည်ငြိမ်စွာ လှမ်းလိုက်သည်။သို့သော် သက်လတ်ပိုင်း လူကြီး၏ အသွင်က ချက်ခြင်း ပြောင်းလဲသွားကာ သူက တုံ့ ဆိုင်းခြင်းမရှိ စတင်နောက်ဆုတ်တော့သည်။

သူက ဘာကြောင့်မှန်းမသိ ဝမ်လင်း၏ခြေလှမ်းက သူ့ မူလစိတ်ဝိညာဉ်ပေါ်သို့ ချနင်းလိုက်သည်ဟု ခံစားလိုက် ရ၏။ သည်လိုခံစားချက်မျိုးက သူ့စိတ်ကို အကြီးအကျယ် တုန်လှုပ်စေသည်။သူက ရှေ့သို့ လှမ်းလာဝံ့ခြင်းသည် သူတို့ က လေးယောက်ဖြစ်ကာ ထျန်ယန်ဖန်သည်လည်း သည် နေရာတွင် ရှိနေခြင်းကြောင့် ဖြစ်လေ၏။ထို့ကြောင့် သူက မကြောက်ရွှံ့ခဲ့ခြင်းလည်း ဖြစ်သည်။သို့ရာတွင် ခုချိန်၌ သူက အားကောင်းသောအထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ ကို သူကိုယ်တိုင် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။

သူက နောက်သို့ မဆုတ်လျှင် သေဆုံးရမည်မှာ သံသယ ရှိစရာ မလိုပေ။

ဝမ်လင်း၏အသွင်က တည်ငြိမ်လျက်သာ ရှိနေခဲ့သည်။ သူက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ့ခြေထောက် ကို မြှောက်ကာ သက်လတ်ပိုင်းလူကြီးထံသို့ ခြေဆယ် လှမ်းလှမ်းလာခဲ့သည်။သက်လတ်ပိုင်းလူကြီး၏ အသွင်ကဖြူရောသွားသည်။

သူက နောက်သို့သာ အဆက်မပြတ် ဆုတ်နေမိတော့၏။

သူက ဝမ်လင်းခြေလှမ်းလာသည့်အချိန်၌ သူ့နှလုံးခုန်သံ သည် မြန်သထက် မြန်လာသည်ဟု ခံစားမိနေ၏။

ခြေဆယ်လှမ်းလှမ်းလိုက်ပြီးသည့်နောက် ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို အေးစက်စွာ ကြည့်လိုက်သည်။ သူ ခြေလှမ်းလိုက်သည့်အခါတိုင်း ထိုလူသည် သွေးများစွာ အန်ထုတ်နေရ၏။ သူက နောက်သို့သာ အမြန်ဆုတ်နေမိတော့သည်။

သူက သူသည် ဝမ်လင်းချမှတ်ထားသည် တားမြစ် ဧရိယာပေတစ်သောင်း၏ အပြင်သို့ ရောက်နေခဲ့သည်ကို ပင် သဘောမပေါက်နိုင် ဖြစ်နေသည်။ဝမ်လင်းက နောက်ဆုံးခြေလှမ်းကို ချနင်းလိုက်သည့်နောက် နှလုံးခုန်သံသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေ သည်။ သူ့

သပ်..သပ်...သပ်...ဘန်း...။

သူ့နှလုံးသားက ပျက်စီးသွားချေ၏။သူ့ခန္ဓာကိုယ်ထဲရှိမူလစွမ်းအင်များသည် ထိန်းချုပ်မှုလွတ်ကင်းကာ သူ့မူလ စိတ်ဝိညာဉ်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်ချေတော့၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ ထျန်ယန်ဖန်၏ မျက်လုံးများသည် အလွန်အမင်း သတိထား လာခဲ့၏။ သူက စတင်ကျင့်ကြံခဲ့ကတည်းက သူ့အဆင့်၌လူအနည်းငယ်ကသာ သူ့ကို သတိထားအောင် ပြုလုပ်နိုင် စွမ်း ရှိခဲ့ပေသည်။

သူက သတိထားနေသည့်အပြင် တုန်လှုပ်မိနေ၏။သူ့ အတွက် သက်လတ်ပိုင်းလူကြီးကို သတ်ပစ်ဖို့က လွယ်ကူ လှသော်လည်း ခုချိုမျိုး အကြည့်တစ်ချက် ခြေလှမ်းဆယ် လှမ်းနှင့် လုပ်ဆောင်ရန်က ခက်ခဲနေပေသည်။သည်မန္တာန် က သူ့ကိုပင် လေအေးတစ်ချက် ရှိုက်သွင်းမိသွားစေသည်။

သူ့အမြင်၌ သူသည် သက်လတ်ပိုင်းလူကြီး၏ မူလ စွမ်းအင်နှင့် သတ်လတ်ပိုင်းလူကြီး၏ သေဆုံးခြင်းကို တွေ့ မြင်ခဲ့ပြီး ဖြစ်သည်။အခြားတစ်ယောက်၏ မူလစွမ်းအင် ထိန်းချုပ်နိုင်မှုသည် ထူးကဲလှပေ၏။ ထိုလူက ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်များကို ဆွဲညှစ်ကာ ဖိအားတစ် ခု ဖန်တီး၍ သက်လတ်ပိုင်းလူကြီး၏ နှလုံးသားကို ချေမွ ပစ်လိုက်ခြင်းပင်။

ထျန်ယန်ဖန်၏ ဘေးရှိအမျိုးသမီးသည်လည်း သုန်မှုန် သည့်အသွင်နှင့် ရှိလို့နေသည်။ပေတစ်သောင်းတားမြစ် ဧရိယာက သူမရှေ့တွင်ပင် ရှိလို့နေသည်။သို့သော်လည်း သူမသည် ရှေ့သို့ ခြေတစ်လှမ်းပင် မလှမ်းဝံ့ချေ။

သည်ပေတစ်သောင်းတားမြစ်ဧရိယာက သေဆုံးခြင်းကုန်းမြေတစ်ခု ဖြစ်နေတော့သည်။ အမှန်ပင်

ဝမ်လင်းက သူ့အကြည့်ကို သတ်လတ်ပိုင်းလူကြီးထံက နေ ပြန်ရုတ်သိမ်းကာ သက်လတ်ပိုင်းလူကြီးနောက်ကနေတားမြစ်နေရာသို့ လိုက်ဝင်လာသည့် လူငယ့်ထံသို့ ပြောင်း လိုက်သည်။

လူငယ့်အသွင်က ဖြူရောသွားသည်။သူက သက်လတ် ပိုင်းလူကြီးထက်ပင် ပို၍ အားနည်းသေးသည်။သူက ခုမှ ပုံ ရိပ်ယောင်ယင်အဆင့်သို့ ဝင်ရောက်ခါစ ဖြစ်သည်။သူ့ ပြန်ဆုတ်သွားခဲ့၏။ ကျင့်ကြံမှုအဆင့်ကလည်း တည်ငြိမ်ခြင်း မရှိသေးပေ။သူက ဝမ်လင်း၏ အကြည့်ကို မြင်လိုက်ကတည်းက ချက်ခြင်း ပေ တစ်သောင်းဧရိယာအပြင်သို့ ထို့နောက် သူက ပြောလာသည်။ "စီနီယာ...ကျေးဇူးပြုပြီး ငါ့ကို အပြစ်မတင်ပါနဲ့။ ဂျူနီယာ မှားမှန်း သိပါပြီ။ ခုကစ ပြီး ဂျူနီယာက ဒီဧရိယာထဲကို ခြေလှမ်းတစ်ဝက်တောင် မ လှမ်းဝံ့တော့ပါဘူး။ငါက ကတိဖောက်ဖျက်ရင် ငါ့ကို စောန ကလူလို အပြစ်ပေးနိုင်ပါတယ်..."

သူက ထိုသို့ ပြောလိုက်ရင်း သူ့ဘယ်လက်ကို ပင့်မြှောက် ကာ မူလစွမ်းအင်ကို အသက်သွင်းလိုက်သည်။ထိုအခါ သူ့ လက်သန်းသည် ချက်ခြင်း သွေးမြူအဖြစ် ပေါက်ကွဲထွက် သွား၏။

ဝမ်လင်းက လူငယ့်ထံကနေ သူ့အကြည့်ကို ပြန်ရုတ် သိမ်းလိုက်သည်။

လူငယ်က ခုမှ အသက်ဝဝရှုနိုင်တော့၏။ သူ့နှလုံးက လည်း ခုန်ပေါက်လို့နေသည်။သူ့လက်သန်းနှင့် နှိုင်းယှဉ်ပါ က သူ့အသက်သည် ပို၍ အရေးကြီးသည် မဟုတ်လား။ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ရောက်ခါစ မာန်ဝင့်မှုသည် လည်း ချက်ခြင်း ပျောက်ကွယ်သွားသည်။ထိုလူငယ်သည် သူ့စိတ်ထဲ၌ နောက်အနာဂတ်တွင် ပို၍ သတိထားရမည်ဟု သူ့ကိုယ်သူ သတိပေးနေတော့သည်။

ဝမ်လင်းက ပေတစ်သောင်းပြင်ပရှိ အခြားလူများကို ကြည့်ပင် မကြည့်ပေ။သူက နောက်ပြန်လှည့်ကာ လီယွမ်ရှိနေသော တွင်းနက်ရှိရာသို့ လှမ်းလျှောက်သွားသည်။

ထိုအခိုက်၌ ထျန်ယန်ဖန်က ရုတ်တရက် မေးလာ၏။ "ရောင်းရင်းကျင့်ကြံသူ...ကျေးဇူးပြုပြီး ပြောခဲ့ပေးပါ..." သင့်နာမည်ကို

"ရှုမူ…" ဝမ်လင်းအသံက တွင်းနက်ထဲကနေ ထွက် ပေါ်လာခဲ့၏။ထို့နောက် အစီအရင်ထဲကနေ အလင်းတစ်ခု ထွက်ပေါ်လာခဲ့ကာ ဝင်ပေါက်သည် လုံးဝ ချိတ်ပိတ်သွား တော့၏။

"ရှုမူ..ငါက ဒီနာမည်ကို မှတ်သားထားပါ့မယ်…" ထျန် ယန်ဖန်သည် တိုက်ခိုက်ပစ်ချင်နေ၏။ သို့သော် အဆုံး သပ်၌ သူ့ကိုယ်သူ ပြန်ထိန်းသိမ်းထားလိုက်ရ၏။ သူက ဝမ် လင်းခေါ်ရှုမှုကို အနိုင်ရရန် ယုံကြည်ချက် မရှိသောကြောင့်ပင်..

 ဗြောင်းဆန်စေမည့် အမိန့်…(နောက်တစ်ပိုင်း)

"ရှုမူ…" ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးကပါ ထို နာမည်ကို ကောင်းစွာ မှတ်မိသွားကြသည်။ထိုနာမည်ကို သူတို့ဘဝတွင် မေ့သွားလောက်တော့မည် မဟုတ်ပေ။

"ရှု..." ထျန်ယန်ဖန်ဘေးနားရှိ အမျိုးသမီးသည် မျက်မှောင်ကြုတ်သွား၏။သူမ၏အသွင်က သုန်မှုန်လာခဲ့ သည်။

ထျန်ယန်ဖန်၏ မျက်နှာက မျက်နှာသေနှင့် ဖြစ်နေကာ သူသည် တွင်းနက်ထံသို့ စူးစိုက်ကြည့်နေရင်း ဖြည်းဖြည်း ချင်း ပြောလာသည်။ "နင်လည်း ဒါကို တွေးမိနေတာ လား..."

အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်၏။ "အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းမှာ ရှု ဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိသားစုတွေ အများကြီး ရှိပေမဲ့ အများစုက မထင်ရှားလှ ဘူး။ ဒီလောက် သန်မာတဲ့ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံ သူတစ်ယောက် ပေါ်လာတာက...အင်း ဒီရှု ဆိုတဲ့မျိုးရိုး နာမည်က တန်လင်းဂြိုဟ်ကပဲ ဖြစ်နိုင်လောက်တယ်။တန် လင်းဂြိုဟ်ရဲ့မျိုးဆက်တွေ ပေါ်မလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဖြစ်နိုင်တာက ဒီလူဟာ..."

အမျိုးသမီး၏မျက်လုံးသူငယ်အိမ်သည် ကျုံ့သွားသည်။ သူမက စကားဆက်၍ မဆိုတော့ပေ။

ထျန်ယန်ဖန်က တိတ်ဆိတ်စွာ စဉ်းစားနေ၏။ ခဏတာ ကြာမြင့်ပြီးသည့်နောက် သူက တည်ငြိမ်စွာ ပြောလာသည်။ "သူက သန်မာလွန်းတယ်။သူက တန်လင်းဂြိုဟ်ရဲ့ မျိုးဆက် တစ်ယောက် မဟုတ်ဘူးဆိုရင် သူ့ခွန်အားက ခုလောက် ရှိနေမှာ မဟုတ်လောက်ဘူး။ ငါတို့ထျန်မိသားစုက သူ့ကို ရန် မစမိအောင် လုပ်ရမယ်..."

"ဒီတော့ သေသွားတဲ့ မိသားစုဝင်နှစ်ယောက် အတွက် ကရော…" အမျိုးသမီးက ထျန်ယန်ဖန်ကို ကြည့်လိုက်၏။

"သူတို့က သေတယ်ဆိုတော့လည်း သေတယ်ပဲပေါ့..." ထိုသို့ပြောလိုက်ပြီးသည့်နောက် ထျန်ယန်ဖန်၏အသွင်က အေးစက်နေကာ သူသည် လှည့်ထွက်သွားတော့သည်။ ထို့နောက် သူက အစီအရင်အောက်ရှိ တွင်းနက်ကို လက်လျော့လိုက်တော့သည်။

အမျိုးသမီးက ခေါင်းညိတ်က နောက်က လိုက်ပါသွား သည်။ ပုံရိပ်ယောင်ယင်အဆင့်သို့ ဝင်ခါစ လူငယ်သည် လည်း နောက်ကနေ အမြန်လိုက်ပါသွား၏။သူက စောစောစီးစီး ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် ချမှတ်နိုင်ခဲ့ သည့်အတွက် သူ့ကိုယ်သူ ကျေနပ်နေမိသည်။

"လူငယ်သခင်လေးလိုလူကိုတောင် စိုးရွှံ့စေတဲ့လူမျိုးကငါ စော်ကားလို့မရတဲ့လူပဲ။ ရှုမူ…"

ထျန်ယန်ဖန်တို့ အုပ်စု ထွက်ခွာသွားပြီးနောက် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် ချီတုံချတုံ ဖြစ်လာကြ သည်။ဝမ်လင်းက တွင်းနက်ထဲသို့ ဝင်သွားပြီ ဖြစ် သော်လည်း သူတို့အားလုံးက ပေတစ်သောင်းအတွင်းသို့ မ သွားဝံ့ကြချေ။

အချိန်အတန်ကြာပြီးနောက် ထိုလူများသည် တစတစ လူစုခွဲသွားကြတော့၏။ အဆုံးသပ်၌ မည်သူကမျှ စွန့်စားဝံ့ ကြခြင်း မရှိပေ။တကယ်တော့ စောနပိုင်းက ဖြစ်ပွားခဲ့သည့် သူတို့ရှေ့ရှိ မြင်ကွင်းသည် သူတို့အားလုံးကို ကြီးစွာ ကြောက်လန့်စေခဲ့ပေသည်။

ရှုမူလို့ခေါ်သည့်လူအကြောင်းသည် သူတို့ထွက်ခွာသွား သည့်အခါ သူတို့၏အသိမိတ်ဆွေများကြား၌ ဖြည်းဖြည်း ချင်း ပျံ့နှံ့သွားပေလိမ့်မည်။

မြေပြင်ပေါ်ရှိ အစီအရင်ကတော့ ခပ်ဖျော့ဖျော့အလင်း တစ်ခုကို ပေးစွမ်းကာ နေသည်။အချိန်အတန်ကြာမြင့်ပြီး သည့်နောက် ထိုအစီအရင်သည်လည်း တဖြည်းဖြည်းမှိန် ဖျော့သွားကာ အဆုံးတွင် အစီအရင်သေတစ်ခုကဲ့သို့ ပြန် ဖြစ်သွားတော့၏။

အစီအရင်အောက်ရှိ တွင်းနက်က ကြီးမားလှခြင်း မရှိပေ။သို့သော် ၎င်းအောက်အနက်ပိုင်း၌ လမ်းကြောင်းတစ်ခု ရှိလို့နေ၏။၎င်းတွင်းနက်က နက်မှောင်နေသော်လည်းကျင့်ကြံသူတစ်ယောက်အဖို့တော့ အရာရာကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

လီယွမ်က သူ့ရှေ့တွင် ရှိနေ၏။ဝမ်လင်းသည် နောက်က နေ ကပ်လိုက်လာကာ သူတို့နှစ်ယောက်သည် ဥမင်လမ်း အတိုင်း လျှောက်လာကြသည်။

လီယွမ်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက လမ်းလျှောက်နေရင်း ပြောလာသည်။ "အစ်ကိုရှု… ကောင်းကင်ဘုံနယ်မြေပြိုကျပြီးတဲ့နောက် ဒီနေရာကို ရောက်လာတာ ငါတို့ ပထမဆုံးပဲ။ဒီနံရံတွေက ထွက် ပေါ်လာနေတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တုန်ခါ လှိုင်းတွေကို ကြည့်ပါ။ အခြားတစ်ယောက်ကသာ ဒီနေရာ ကို အရင်ရောက်ခဲ့ရင် ဥမင်ကလည်း အချိန်အတန်ကြာ ပွင့် နေမှာ။ ဒါဆို ဒီကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်အားလုံး က ပျောက်ကွယ်နေခဲ့လောက်ပြီ.."

ဝမ်လင်းက စကားပြန်မဆိုဘဲ သူ့နတ်ဘုရားအာရုံကို ရှေ့ တည့်တည့်သို့ ဖြန့်ကျက်ထား၏။သို့ရာတွင် သူက နတ် ဘုရားအာရုံကို ခပ်ဝေးဝေးထိ ဖြန့်ကျက်ခြင်း မပြုပေ။ အဘယ်ကြောင့်ဆိုသော သည်နေရာက ကောင်းကင်ဘုံ သားတစ်ယောက်၏ ကြွင်းကျန်ခဲ့သော နေရာ မဟုတ်လား။ ထို့ကြောင့် သူက သတိထားရန် လိုအပ်ပေ၏။ မဟုတ်လျှင် သူက အတားအဆီးတစ်ခုကို သွားရောက်စွဲဆောင်မိသလို ဖြစ်ကာ တိုက်ခိုက်ခံရနိုင်ပေ၏။
လီယွမ်က သံသယလေသံနှင့် ခပ်သွက်သွက် ပြော လိုက်၏။ "အစ်ကိုရှု၊ အစောပိုင်းက ငါ ဒီတွင်းနက်ထဲကနေ ရတနာသုံးခု ရှာတွေ့ခဲ့တယ်။ဒါပေမဲ့လည်း ဒါတွေက ထူးခြားလှတာ မပါဘူး။ငါက ဒီရတနာတွေကို ထုတ်လိုက် မယ်။ ပြီးရင် ငါတို့ သေချာစမ်းစစ်ကြည့်တာပေါ့..."

"ကောင်းတယ်…" ဝမ်လင်းက ထိုသို့ ပြောနေရင်း သူ့ နတ်ဘုရားအာရုံကို သူတို့နှစ်ယောက်၏ ရှေ့သို့ ဖြည်းဖြည်း ချင်း ဖြန့်ကျက်ထားသည်။သည်ဥမင်သည် လွမ်းခွဲများ ရှိမ နေပဲ တစ်ဖြောင့်တည်း ဆင်းသွားခြင်း ဖြစ်၏။

သည်ဥမင်က အဆုံးသပ်မရှိသည့်ဟန်လည်း ထင်ရ သည်။သူတို့နှစ်ယောက်သည် နာရီဝက်ကျောက် လျှောက် လာခဲ့ပြီးသော်လည်း မည်သည့်မြင်ကွင်းကိုမှ မတွေ့ရပေ။ လီယွမ်က မအံ့ဩဘဲမနေနိုင် ဖြစ်ရ၏။

"ဒီနေရာက ဘယ်လောက်တောင် နက်တာလဲ...။ဒါက တစ်ခုနဲ့တစ်ခုထပ်နေတဲ့အစိတ်အပိုင်းမြေ ဖြစ်နိုင်လား..." ထိုသံသယများနှင့်အတူ လီယွမ်သည် ပို၍ မြန်ဆန်စွာ ရွှေ့ လျားနေသည်။

ဝမ်လင်းကလည်း လီယွမ်နောက်ကနေ ကပ်လိုက်သွား သည်။သူက တဖြည်းဖြည်း မျက်မှောင်ပိုကြုတ်လာမိ၏။ သူ တို့က ရှေ့ဆက်သွားနေရင်း ထူးဆန်းသောခံစားချက်တစ်ခု သည် သူ့စိတ်နှလုံးထဲ၌ ပေါ်လာခဲ့သည်။

သူတို့က ဥမင်ထဲသို့ ပို၍ ခပ်နက်နက် ဝင်သွားလေလေထိုခံစားချက်က ပို၍ ပြင်းထန်လာခဲ့လေ ဖြစ်နေသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာ ကြာချိန်ပြီးသည့်နောက် ဝမ် လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။သူက လီယွမ်ကို လှမ်းဆွဲကာ ရပ်တန့်လိုက်လေသည်။

လီယွမ်က မှင်သက်သွားရင်း နောက်လှည့်၍ ဝမ်လင်းကို ကြည့်လိုက်၏။

ဝမ်လင်းက မေးလိုက်သည်။ "အစ်ကိုလီ ထူးဆန်းတဲ့ ခံစားမှု ရလား..."

လီယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ "ငါ ဘာမှ မခံစားရပါဘူး။ အစ်ကိုရှုက ဘာကိုဆိုလိုတာလဲ.."

ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးသည့်နောက် လီယွမ် ကို ကြည့်လိုက်သည်။သူ့အကြည့်က လီယွမ်၏မျက်ခုံးနှစ်ခု ကြားသို့ ကျရောက်သွားကာ သူက ရုတ်တရက် မေးလိုက် သည်။ "အစ်ကိုလီ…သင့်မျက်ခုံးနှစ်ခုကြားက အတားအဆီးနှလုံးသားက ပျံ့နှံ့နေပါလား..."

လီယွမ်က ခေါင်းညိတ်လိုက်၏။အတားအဆီး နှလုံးသား၏ ရင်းမြစ်သည် သူ့မျက်ခုံးနှစ်ခုကြားတွင် တည်ရှိနေသည်။ထိုအတားအဆီးနှလုံးသားက ဖြည်းဖြည်း ချင်း ပျောက်ကွယ်နေ၏။ ၎င်း ပေါ်ကွယ်သွားနေသည့် အခိုက်တွင် လီယွမ်သည် ချက်ခြင်း ဖြူရောလာခဲ့သည်။သူ့ မျက်လုံးကလည်း ကြမ်းတမ်း၍ နီရဲကာ နေသည်။

သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ရာ သူ့အတားအဆီးနှလုံးသားက ပြန်ပေါ်လာခဲ့သည်။ထို့နောက် သူက တည်ငြိမ်အောင်လုပ်လိုက်၏။ သူ့မျက်လုံးထဲ၌လည်း ပင့်သက်ရှိုက်မှုတို့နှင့် ပြည့်နေကာ သူက ပြောလာခဲ့လေ သည်။ "ငါ ဒါကို ခံစားမိခဲ့တယ်..."

သူက ဝမ်လင်းမျက်လုံးက တောက်ပလာကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ကြည့်ရတာ ဒီခံစားချက် ကို ရရှိတာ ငါ တစ်ယောက်တည်း မဟုတ်တဲ့ပုံပဲ..." ထိုသို့ ပြောပြီးသည့်နောက် ဝမ်လင်းသည် သူ့ညာလက်ညှိုးကို မြှောက်ကာ သူ့ခန္ဓာကိုယ်ကနေ မူလစွမ်းအင်များ မြှင့်တက် လာခဲ့၏။

ထို့နောက် ဝမ်လင်းလက်ညှိုးက လှုပ်ရှားနေရင်း မျဉ်း ကွေးလိုင်းများ စတင် ဖြစ်ပေါ်လာခဲ့တော့၏။သည်လိုင်း များသည် ငွေရောင်တောက်ပနေကာ ဝမ်လင်းသည် သင်္ကေတတစ်ခုကို ဆက်လက် ဖြစ်ပေါ်စေလိုက်သည်။ သို့သော်လည်း ထိုသင်္ကေတ၏ အောက်ဘက်လိုင်းက ပျက်စီးနေဆဲ ဖြစ်ကာ သင်္ကေတသည် မပြည့်စုံပေ။

ဝမ်လင်းက မေးလိုက်၏။ "အစ်ကိုလီ ဒီသင်္ကေတကို သိလား..."

"ဒါက နည်းနည်းတော့ ရင်းနှီးနေသလိုပဲ..." လီယွမ်က ထိုစာလုံးသင်္ကေတကို စူးစိုက်ကြည့်ကာ စတင် စဉ်းစား နေ၏။ ထို့နောက် သူက ထိုင်ချကာ သူသင်ယူတွေ့မြင်ခဲ့ဖူး သော သင်္ကေတအားလုံးကို ပြန်စမ်းစစ်ရှာဖွေ ကြည့်နေသည်။

ကြာမြင့်ပြီး အမွှေးတိုင်တစ်တိုင်ဝက်စွာလောက် သည့်နောက် လီယွမ်သည် မျက်မှောင်ကြုတ်၍ ပြောလာ သည်။ "ရင်းနှီးတဲ့ သင်္ကေတ လေးခုတော့ ရှိတယ်။ ဒါပေမဲ့ လည်း ဒီသင်္ကေတက မပြည့်စုံတာ သိသာနေတယ်။ဒါ့ ကြောင့် ငါက ငါသိတဲ့ သင်္ကေတလေးခုထဲက ဘယ်တစ်ခု ဖြစ်မလဲ မဆုံးဖြတ်နိုင်ဘူး။အစ်ကိုရှု...သင်က ဒီသင်္ကေတ ကို ဘယ်နေရာက ရလာခဲ့တာလဲ…"

ဝမ်လင်းက မဖြေပေ။သို့သော် သူက သူ့နတ်ဘုရားအာရုံ ကို ဂရုတစိုက် ဆက်၍ ဖြန့်ကျက်ထားသည်။အချိန် အတန်ကြာမြင့်ပြီးသည့်နောက် သူက ညာလက်ကိုမြှောက် ကာ သင်္ကေတစာလုံး၏ အောက်ခြေနားကို ဆက်၍ ဆွဲ လိုက်၏။

လီယွမ်က အနှီသင်္ကေတကို စူးစိုက်ကြည့်ကာ သူက အလေးအနက် ဖြစ်လာခဲ့၏။အဆုံးသပ်၌ သူက တုန်လှုပ်မှု အပြည့်ဖြင့် ၎င်းသင်္ကေတကို သိရှိသွားလေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "အစ်ကိုလီ. ဒီသင်္ကေတက ဒီဥမင်လမ်းကြောင်းကနေ ဖြစ်တည်လာ တာပဲ။ငါက ဒီလမ်းတစ်လျှောက် ငါ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားခဲ့ပြီး ဒါကို ရေးဆွဲနိုင်ခဲ့တယ်..."

"အစ်ကိုရှုက တစ်စုံတစ်ယောက်ဟာ ဒီသင်္ကေတပုံစံ အတိုင်း ဒီဥမင်လမ်းကြောင်းကို လုပ်ထားတာကို ဆိုလိုချင်တာလား..." လီယွမ်က မတ်တပ်ပြန်ရပ်လိုက်၏။ သူ့ကျင့် ကြမှုအဆင့်က သည်ဥမင်လမ်းကြောင်းတစ်ခုလုံးကို နတ် ဘုရားအာရုံဖြင့် လွှမ်းခြုံနိုင်လောက်အောင် မြင့်မားခြင်း မ ရှိပေ။ သို့သော် သူက ဝမ်လင်း၏ စကားများကို သံသယ ရှိမနေပေ။

"အစ်ကိုရှု…ဒါက ကောင်းကင်ဘုံအတားအဆီးတွေ ကြားထဲက အတားအဆီးတစ်ခုပဲ။ဒါပေမဲ့လည်း ဒါက တော်တော်လေး ရှားပါးလှတဲ့ စာလုံးသင်္ကေတ ဖြစ်နေပြီး သူ့ဟာသူ သပ်သပ် အသုံးမပြုနိုင်ဘူး။ဒါကို အခြား သင်္ကေတနွေနဲ့ ပေါင်းစပ်ရင်တော့ အကျိုးသက်ရောက်မှု တစ်ခုခု ရှိလိမ့်မယ်..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက မေး လိုက်၏။ "ဘယ်လိုသင်္ကေတလဲ…"

လီယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။ "ငါတို့က ဥမင်ရဲ့အဆုံးကို မရောက်ဘဲနဲ့ ဒီမှော်စာလုံးကို အပြည့်အစုံ ရေးဆွဲထားသလဲ မတွေ့ဘဲနဲ့ ဒီက ဘယ်လိုအတားအဆီး ဖြစ်မလဲ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး..."

ဝမ်လင်းက ခဏတာ စဉ်းစားကြည့်ပြီးနောက် သူ့ရှေ့ရှိဥမင်လမ်းကြောင်းကို ကြည့်ကာ ပြောလိုက်သည်။ "ဒီလိုဆို တော့လည်း ငါတို့က ဆက်ဆင်းသွားပြီး ကြည့်ရတာပေါ့..

သူက ထိုသို့ပြောလိုက်ရင်းဖြင့် ရှေ့ကနေ ဦးဆောင်သွားသည်။ လီယွမ်က သူ့နောက်ကနေ လိုက်လာရင်း သူ့ဘယ် လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဆက်တိုက် ဖြစ်ပေါ်စေကာ ထိုအတားအဆီးကို ဆင်ခြင်ကြည့်နေသည်။

သည်တစ်ကြိမ်၌ သူတို့က မြန်မြန်မသွားဘဲ ပုံမှန်သာ သွားနေသည်။

သူတို့က ရှေ့သို့ ဆက်သွားနေရင်း ဝမ်လင်းမျက်ခုံးနှစ်ခု ကြားရှိ ခံစားချက်သည် ပို၍ ပြင်းထန်လာခဲ့သည်။ထိုအဖြစ် 3 သူ့ကို သုန်မှုန်သွားစေ၏။ နာရီဝက်ခန့်ကြာပြီး သည့်နောက် ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်လို့သွား သည်။သူ့နတ်ဘုရားအာရုံက ဥမင်အဆုံးသပ်ကို တွေ့ရှိသွား သည်။

သူ့နတ်ဘုရားအာရုံက အဆုံးသပ်ကို တွေ့မြင်လိုက်သည့် အခါတွင် ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ချက်ခြင်း တဟုန်ထိုး ထိုးထွက်လိုက်သည်။သူ့တို့နှစ်ယောက်ရှေ့တွင် လမ်းအချိုးတစ်ခု ရှိလို့နေသည်။သူက ချက်ခြင်းပင် ထိုကွေ့ နား၌ ရပ်တန့်လိုက်၏။လီယွမ်ကလည်း သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါလာခဲ့သည်။သ်အခိုက်အတန့်၌ သူ့နတ် ဘုရားအာရုံဖြင့် တွေ့မြင်ထားသော အဆုံးသပ်နားကို ဝမ် လင်းက တွေ့မြင်သွားကာ စတင် စဉ်းစားကြည့်နေသည်။

သည်လမ်းကြောင်း၏ အဆုံးသပ်နားသည် လူတစ်ရပ် ခန့်မြင့်သည့် ဝဲကတော့တစ်ခု ဖြစ်လေ၏။၎င်းက ငါးရောင် စုံတောက်ပနေကာ လှည့်လည်လို့နေ၏။ပတ်ဝန်းကျင်သည်ထိုရောင်စုံငါးခုထဲ၌ ဖုံးကွယ်ထားခြင်း ခံရသလို ဖြစ် နေသည်။

လီယွမ်က ဝဲကတော့ကို စူးစိုက်ကြည့်နေရင်း သူ့ဘယ် လက်ကို ဆက်လက် လှုပ်ရှားနေ၏။ရုတ်တရက် သူက ရပ်တန့်ကာ ပြောလိုက်သည်။ "အစ်ကိုရှု...ငါက ဒါကို သိရှိလိုက်ပြီ။ဒီစာလုံးသင်္ကေတရဲ့ ဖွဲ့စည်းပုံက အသုံးဝင်မှုတစ်ခု တည်း ရှိတယ်။ဒါက ကုစားခြင်းပဲ..."

"ငါသာမမှားရင် ဒီလိုစာလုံးသင်္ကေတမျိုးတွေနဲ့ ဒီလို နေရာဟာ ဒီတစ်ခုတည်း မဖြစ်နိုင်ဘူး။စုစုပေါင်းကိုးခု ရှိသင့်တယ်။ ဒီစာလုံးသင်္ကေတကိုးခုက ဧရာမကုစားခြင်းအ စီအရင်ကို ဖြစ်ပေါ်စေတာပဲ..."

မဟာ "ဒါက မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ လုပ်ငန်းစဉ်တစ်ခုလို့တောင် ယူဆလို့ရနိုင်တယ်..."

လီယွမ်က ထိုသို့ ပြောနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေကာ ဝမ်လင်းကို ကြည့်လိုက်၏။သူ မ ပြောခဲ့သည့်အရာတစ်ခု ကျန်နေသေး၏။သို့သော် သူက ဝမ် လင်းသည် ထိုအရာကို နားလည်နိုင်စွမ်း ရှိလိမ့်မည်ဟု ယုံကြည်ပေသည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ကုစားခြင်းအစီ အရင်...အစ်ကိုလီဆိုလိုတာက အစီအရင်ရဲ့ ဗဟိုချက်လား။ လူတစ်ယောက်က ဒီအစီအရင်နဲ့ မရေမတွက်နိုင်တဲ့နှစ်တွေ ကြာတဲ့အထိ ကုစားနေတာလေ…"
အစ်ကိုရှုပြောတာ အမှန်ပဲ။ငါက ဒီနေရာမှာ ဒီအစီအရင် ကို အသုံးပြုပြီး တစ်စုံတစ်ယောက်က ကုစားနေလိမ့်မယ် လို့ သေချာမပြောနိုင်ပေမဲ့ ဒီအဖြေတစ်ခုကသာ အရာ အားလုံးကို ရှင်းပြနိုင်လိမ့်မယ်။ဒီနေရာမှာ လူတစ်ယောက် သာ ရှိနေခဲ့မယ်ဆိုရင်……ဒါက…"

ဝမ်လင်းမျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ထွက် ပေါ်လာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "ကောင်းကင်ဘုံသားတစ်ယောက်..."

"ဒီဝဲကတော့က အစီအရင်ရဲ့ဗဟိုကို ဦးတည်သွားပေမဲ့ လည်း ဒါက အထဲမှာ ချိပ်ပိတ်ထားတယ်။ဒါပေမဲ့လည်း ငါက ဒါကို ဖွင့်လှစ်ဖို့ ယုံကြည်ချက် ရှိတယ်..."

လီယွမ်သည် ဝဲကတော့ကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်လာ ခဲ့သည်။သူက ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းကာ သူ့ဘယ် လက်ကို ပင့်မြှောက်လိုက်၏။

ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။လီယွမ်သည် ဉာဏ်နည်းကာ အဆင်အခြင်မဲ့သည့် လူမျိုး မဟုတ်ပေ။ ထို့ကြောင့် သူက မည်သို့ အတွေးခေါင်နိုင်ပါ့မည်နည်း။ ဝမ် လင်းသည် လီယွမ်နားသို့ ကပ်လာကာ သူ့ကို မျက်ခြေမ ပြတ် ကြည့်နေသည်။

လီယွမ်က ဝမ်လင်းကို လှည့်၍ ကြည့်လာသည်။သူ့ မျက်လုံးထဲရှိ ထူးဆန်းသောအကြည့်သည် ပိုအားကောင်းလာကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "အစ်ကို ရှု…သင်က ကောင်းကင်ဘုံမန္တာန်တွေကို မလိုချင်ဘူးလား။ ဒီကောင်းကင်ဘုံသားက ခုချိန်မှာ အမှန်တကယ်အားနည်း နေတဲ့ အချိန်ဖြစ်လိမ့်မယ်။ဒါ့ကြောင့် ငါတို့သွားပြီး ဒီလူ့ကို ဖမ်းကြရအောင်..."

လီယွမ်၏ ဘယ်လက်တွင် အတားအဆီးတစ်ခု ဖြစ် ပေါ်လာကာ သူက ထိုအတားအဆီးကို ရှေ့သို့ တွန်းထုတ် လိုက်၏။

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားကာ သူက ၎င်း အတားအဆီးကို တိုက်ရိုက် ချေမွပစ်လိုက်သည်။သူ့ညာ လက်မှ မူလစွမ်းအင်များသည်လည်း လီယွမ်ထံသို့ တိုးဝင် ကာ သူ့အား တိုက်ရိုက် ဖြတ်ကျောက်သွားစေသည်။

ထိုအရာများကို ပြုလုပ်ပြီးသည့်နောက် ဝမ်လင်းသည် ဝဲကတော့ကို ကြည့်လိုက်၏။ အနည်းငယ်စဉ်းစားပြီး သည့်နောက် သူက လီယွမ်ကို ဆွဲကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားသည်။

သူက နောက်သို့ ပေသုံးဆယ်လောက် ရောက်သွားသည့် အခိုက်တွင် ဝဲကတော့သည် လှည့်လည်နေရာကနေ ရုတ်တရက် ရပ်တန့်သွားသည်။သုန်မှုန်သောအော်ရာတစ်ခု ထိုးထွက်လာကာ ဝဲကတော့၏အလယ်တွင် မျက်လုံး တစ်လုံးပေါ်လာ၏။

တစ်ချိန်တည်းမှာပင် ထူးဆန်းသောအသံတစ်သံသည်ဝမ်လင်းစိတ်ထဲတွင် ပဲ့တင်ထပ်နေတော့၏။

'မင်းက ကောင်းကင်ဘုံမန္တာန်တွေကို မသင်ချင်ဘူး လား..."


" ဂျိနယ်ပယ် ထပ်မံ ပြန်ပေါ်လာခြင်း "

ဝမ်လင်းက ရပ်တန့်လိုက်၏။သူက ထိုဝဲကတော့ထဲ၌ ဖြစ်ပေါ်နေသော မျက်လုံးကို တိတ်တဆိတ်စူးစိုက်ကြည့် နေသည်။

"မင်း မိတ်ဆွေကို စောနက အတားအဆီး ထုတ်လွှတ် ခိုင်းလိုက်။ဒါဆိုရင် ငါက မင်းကို ကောင်းကင်ဘုံမန္တာန်တစ် ခု သင်ပေးမယ်..."

ဝမ်လင်းက ခဏတာ တိတ်ဆိတ်စွာစဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း မေးလိုက်သည်။ "သင်က ဘယ်သူလဲ..."

ထိုအသံပိုင်ရှင်က ဝမ်လင်း၏မေးခွန်းကို ပြန်မဖြေပေ။ ထိုအစား ၎င်းက ဖြည်းဖြည်းချင်း ပြောလာ၏။ "မင်း သင် ချင်လား၊မသင်ချင်ဘူးလား..."

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူသည် လီ ယွမ်ကို ဆွဲခေါ်၍ နောက်သို့ လျင်မြန်စွာ ဆုတ်သွားလေ သည်။ထိုအသံပိုင်ရှင်၏ ကမ်းလှမ်းမှုကို ဝမ်လင်းက စိတ် ထဲတွင် မရှိ၍ မဟုတ်ပေ။သို့သော် သူက သတိရှိသည့်လူ တစ်ယောက် ဖြစ်၏။ သည်လိုနေရာ၌ ပေါ်လာသည့်အရာ မှန်သမျှ ဘယ်တော့မှ ရိုးရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူက ကောင်းကင်ဘုံမန္တာန်တစ်ခကို အမှန် တကယ် သင်ယူမည်ဆိုရင်ပင် ဝမ်လင်း၏ စိတ်နေ စိတ်ထားအရ သူ အတိတ်တုန်းက ကောင်းကင်ဘုံ သတ်ဖြတ်သူပညာရပ်နှင့် ပတ်သတ်၍ မှားယွင်းခဲ့သည့် တူညီသောအမှားမျိုးကို ထပ်မံ လုပ်တော့မည် မဟုတ်ပေ။

"ငါ့ဘာသာငါ ရှာတွေ့တဲ့ ကောင်းကင်ဘုံမန္တာန်တွေကို ဘဲ ငါက သင်ယူတော့မယ်။ တစ်ခြားလူတွေ ပေးတဲ့ မန္တာန် ကို ငါက ဘယ်တော့မှ သင်တော့မှာ မဟုတ်ဘူး..."

ဝမ်လင်းမျက်လုံးထဲတွင် ဆုံးဖြတ်ချက် ပြတ်သားခြင်း များနှင့် ပြည့်လို့နေသည်။သူ့ခန္ဓာကိုယ်က မူလစွမ်းအင်များ နှင့် ပြည့်လာကာ သူက လီယွမ်နှင့်အတူ ထိုဝဲကတော့ထဲမှ မျက်လုံးက ကြည့်နေစဉ်မှာပင် အလျင်အမြန် ထွက်လာခဲ့ တော့သည်။

ဝမ်လင်းထွက်သွားပြီး သိပ်မကြာခင်တွင် ဝဲကတော့ သည် နောက်တစ်ဖန် လှည့်ပတ်သွားသည်။ဝဲကတော့ဗဟို ရှိ မျက်လုံးက ဝမ်လင်းတို့ နောက်ဆုတ်သွားသော နေရာသို့ စူးစိုက်ကြည့်ရင်း ဖြည်းဖြည်းချင်း ပြန်ကျုံ့သွားခဲ့သည်။

"ငါက သတိရှိတဲ့လူတွေကို မကြိုက်ဘူး..." ထိုကျုံ့နေ သော မျက်လုံးထဲကနေ အနီရောင်အလင်းတန်းတစ်ခု ထိုး ထွက်သွား၏။

သည့်နောက် ထိုမျက်လုံးသည်လည်း ဝဲကတော့ထဲသို့ ပြန်ပျောက်ကွယ်သွားကာ အရာအားလုံးက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ အနီရောင်အလင်းတန်းတစ်ခုကသာ ဝမ်လင်းနောက်သို့ လိုက်ပါနေခြင်း ရှိတော့၏။

ဝမ်လင်းသည် လီယွမ်ကို လက်ကနေ ကိုင်ထားရင်း တွင်းနက်ရှိရာသို့ အမြန်ဆုံးပြန်သွားနေသည်။ သူက လီ ယွမ်၏ ရင်ဘက်ကို အကြိမ်များစွာ လက်ညွှန်လိုက်ရာ လီ ယွမ်၏မျက်လုံးသည် ပွင့်လာခဲ့၏။ပထမ၌ လီ ယွမ်၏မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ရှိနေသေးသည်။ သို့သော် သိပ်မကြာတွင် သူ့မျက်လုံးများက ပြန်ကြည်လင် လာ၏။

"ကျေးဇူးအများကြီးတင်ပါတယ်...အစ်ကိုရှု...။ ဝဲကတော့ထဲက ထူးဆန်းတဲ့အားတစ်ခုက ငါ့ကို စွဲဆောင် သွားခဲ့တာ…" လီယွမ်က အနည်းငယ်စဉ်းစားပြီး သည့်နောက် စောနပိုင်းက သူသည် ဘာကြောင့် ပုံမှန် မဟုတ်တာ လုပ်ဆောင်ခဲ့သည်ကို သဘောပေါက်သွားခဲ့ သည်။

"ဒီနေရာက အလွန်ထူးဆန်းတယ်။ ငါတို့ အခုချက်ခြင်း ထွက်သွားတာ အကောင်းဆုံးပဲ…" ဝမ်လင်းက သူ့နောက် က လမ်းကြောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွား သည်။

လီယွမ်ကလည်း ခေါင်းညိတ်လိုက်၏။သူက သူ့ဘယ် လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ ထွက်ပေါက် ပေါ်တွင် အတားအဆီးတစ်ခု ချမှတ်လိုက်၏။
သည်အခိုက်အတန့်၌ ဝမ်လင်း၏အသွင်သည် ပြောင်းလဲ သွားခဲ့ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ် ပေါ်စေလိုက်၏။ သူ့မူလစိတ်ဝိညာဉ်မှ မိုးကြိုးများသည် မြင့်တက်လာခဲ့ကာ သူ့လက်ထဲတွင် သိပ်သည်းသွားသည်။ ဝမ်လင်းက သူ့လက်ကို ရှေ့သို့ တွန်းထုတ်လိုက်ရာ မိုးကြိုး သည် ဥမင်ကို လုံးဝပိတ်ဆို့သွားလေ၏။

ထိုအခိုက်အတန့်၌ အနီရောင်အလင်းတန်းတစ်ခု ဖျပ်ခနဲ ပေါ်လာကာ မိုးကြိုးများအားလုံးကို ထွင်းဖောက်လာသည်။ ထိုအနီရောင်အလင်းက ဝမ်လင်းထံသို့ တိုက်ရိုက် ဦးတည် လာနေကာ သူ့အသွင်ကို ကြီးစွာပြောင်းလဲသွားစေသည်။ သူက ထိုအနီရောင်အလင်းတန်းကနေ အလွန်ရင်းနှီးသော ခံစားချက်ကို ရရှိနေ၏။ ထိုခံစားချက်သည် သူ့စိတ်ဝိညာဉ် ထဲကနေ ထွက်ပေါ်လာခြင်းဖြစ်ကာ သူ့မျက်လုံးသူငယ်အိမ် ကိုပါ ကျုံ့သွားစေသည်။

"ဒါက ဂျိနယ်ပယ်ပဲ..."

သူက နောက်သို့ တွေဝေခြင်းမရှိ ဆုတ်နေသည်။ သူက နောက်ဆုတ်နေရင်းဖြင့် ပတ်ဝန်းကျင်နှင့် တစ်သားတည်း နစ်မြုပ်လိုက်သည်။ထိုအခိုက်မှာပင် အနီရောင် အလင်းတန်းသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် လို့သွားသည်။

တစ်ချိန်တည်းမှာလည်း ဝင်ပေါက်အစီအရင်က ပွင့်လို့ သွား၏။ဝမ်လင်းသည် လီယွမ်ကို ဆွဲကိုင်ကာ တိုက်ရိုက်ပျံသန်းထွက်သွား၏။ ထို့နောက် သူတို့သည် ဝင်ပေါက် ပြန် မပိတ်ခင်မှာပင် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားလေ သည်။

ဝမ်လင်းနှင့်လီယွမ်တိုသည့် သည်အစိတ်အပိုင်းမြေပေါ်ရှိကီလိုမီတာသုံးသောင်းအကွာတွင် ပြန်ပေါ်လာခဲ့ကြသည်။ ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်လို့နေကာ သူ့မျက်နှာက ဖြူရောလာသည်။ထို့နောက် သူက ပါးစပ်ထဲကနေ သဲမှုန့် ကို ထွေးထုတ်လိုက်၏။ ထိုသဲမှုက ကြီးမားသည့်တံဆိပ်တုံး အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ သူတို့အထက်၌ ပေါ်လာခဲ့ ပြီး ဖိအားလှိုင်းများကို ပေးစွမ်းလာသည်။

ဝမ်လင်းက ချက်ခြင်းပင် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ သူ့ ညာလက်ကို ပင့်မြှောက်လိုက်၏။သားရဲအရိုးသည်လည်း ပေါ်လာခဲ့လေသည်။၎င်းက ဝမ်လင်းပတ်လည်၌ စတင် လှည့်ပတ်နေရင်း နတ်ဆိုးဆန်သောတောက်ပမှုကို ပေး စွမ်းတော့၏။

"အစ်ကိုလီ...ငါ့ကို ကာကွယ်ပေးထားပါ..." ဝမ်လင်းက ထိုသို့ပြောလိုက်ပြီးသည့်နောက် ချက်ခြင်းပင် မျက်လုံး မှိတ်လိုက်၏။ သူ့လက်နှစ်ဖက်လည်း ချိပ်တံဆိပ်တစ်ခုစီကို ဖြစ်ပေါ်စေကာ သူ့ပေါ်ပေါ်သို နေရာချ၏။ သည့်နောက် မူလစိတ်ဝိညာဉ်သည် သူ့နတ်ဘုရားအာရုံထဲသို့ အရူးအမူး မြင့်တက်လာသည်။

လီယွမ်၏အသွင်က အလေးအနက်ဖြစ်လာခဲ့ကာ သူကသိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကိုးလက်ကို ထုတ်ယူလိုက်သည်။သူက ဝမ်လင်း မည်သို့ဖြစ်နေသည်ကို မသိသော်လည်း သူက ဝမ်လင်းခုလိုမျိုး အလေးအနက် ဖြစ်နေသည်ကို တစ်ခါမှ မတွေ့ခဲ့ရဖူးချေ။

လီယွမ်က စဉ်းစားမိနေ၏။ "ဒီအနီရောင်အလင်းက

ဘယ်လိုမန္တာန်မျိုးလဲ..."

အနီရောင်အလင်းက ဝမ်လင်း၏မူလစိတ်ပိညာဉ်ထဲတွင် လှိုင်းထန်နေ၏။ ၎င်းက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့နှင့် ပြည့်နှက်နေသည်။သို့သော်လည်း ၎င်းက ပေါက်ကွဲထွက်မ သွားခင် ဝမ်လင်း၏သိပ်သည်းသော မူလစွမ်းအင်များက အလွှာလိုက် ဝန်းရံခြင်းကို ခံလိုက်ရလေ၏။

ထိုအရာက အနီရောင်အလင်း ၎င်း၏ စွမ်းအားအပြည့် ကို မပြသနိုင်အောင် တားဆီးထားပေ၏။သို့သော်လည်း သည်အရာက ဂျိနယ်ပယ်သာ ဖြစ်၏။ထို့ကြောင့် သိသာစွာ ပင် အလွန်အားကောင်းလှပေသည်။၎င်းက မူလစွမ်းအင် နှင့် ဝန်းရံထားခြင်း ခံရသော်လည်း မူလစွမ်းအင်သည် မြန်ဆန်စွာ လွင့်ပြယ်လာရသည်။မူလစွမ်းအင်သည်ပင် ၎င်းပေါ်သို့ သိသာစွာ အကျိုးသက်ရောက်နိုင်ခြင်း မရှိ ဖြစ် ရ၏။

ဝမ်လင်းက သည်ဂျိနယ်ပယ်နှင့် အလွန်ရင်းနှီးလှ သည့်အတွက်ကြောင့် သူက တအားကြောက်လန့်သွားခြင်း မရှိဘဲ ပိုမိုများပြားသော မူလစွမ်းအင်အလွှာများကို ၎င်းပေါ်သို့ ဝန်းရံထား၏။ဂျိနယ်ပယ်နှင့် ပတ်သတ်သည့် အရင် အတွေ့အကြုံကြောင့် သူ့မူလစိတ်ဝိညာဉ်သည် သည်ဂျိနယ်ပယ်အပေါ် မည်သို့မျှ ခုခံနိုင်ခြင်း မရှိသည်ကို သူက သိနေပေသည်။

တကယ်တော့ သူကလည်း ဂျိနယ်ပယ်၏ပိုင်ရှင်ဖြစ်ခဲ့ ဖူးသည် မဟုတ်လား။

ထို့အတွက်ကြောင့် သည်အနီရောင်အလင်းက သူ့မူလ စိတ်ဝိညာဉ်ကို ချက်ခြင်း ဖျက်စီးပစ်နိုင်ခြင်း မရှိဘဲ သူ့ကို ခုခံဖို့ အခွင့်အရေးတစ်ခု ရစေ၏။အခြားလူတစ်ယောက် သာ ဖြစ်လျှင် ဝမ်လင်းထက် ကျင့်ကြံမှုအဆင့်ပိုမြင့်သူ ဖြစ် နေလျှင်ပင် သူတို့သည် ဂျိနယ်ပယ်ကြောင့် ချွင်းချက်မရှိသေရပေလိမ့်မည်။

ကံကောင်းသည်က ဝမ်လင်းခန္ဓာကိုယ်ထဲ၌ သူ မစုပ်ယူရ သေးသော မူလစွမ်းအင်အများအပြား ရှိနေခြင်းပင်။ ထို့ကြောင့် သူက မူလစွမ်းအင်ကင်းမဲ့မှု မရှိနိုင်တော့ချေ။ သူက မူလစွမ်းအင်ဖြင့် ထိုအနီရောင်အလင်းတန်းကို ဆက်တိုက် လွှမ်းခြုံပစ်နေ၏။

ဝမ်လင်းက ဂျိနယ်ပယ်နှင့် လုံးထွေးတိုက်ခိုက်နေရချိန် တွင် တွင်းနက်၏ ကီလိုမီတာသောင်းချီအကွာတွင် ကျင့်ကြံ သူများထဲမှ တစ်ယောက်က တွင်းနက်ရှိရာသို့ ဂရုတစိုက် ချဉ်းကပ်လို့နေ၏။

ထိုသူက ဝမ်လင်းကို စောင့်ကြည့်နေခဲ့သော ကျင့်ကြံသူများထဲက တစ်ယောက်ပင် ဖြစ်လေ၏။ သူက သည် နေရာကနေ ထွက်သွားခဲ့ခြင်း မရှိသေးဘဲ လှည့်လည် သွားလာနေခဲ့ခြင်းပင်။ သူက ရှုမူထွက်သွားပြီးသည့်နောက် ရှုမူရှာမတွေ့ခဲ့သည့် ရတနာတစ်ခုကို သူ့အတွက် အသုံးဝင် နိုင်ကောင်းသည်ဟူသော မျှော်လင့်ချက်ဖြင့် စောင့်စားနေခဲ့ သူပင်။

သူက ဝမ်လင်းနှင့်လီယွမ်တို့ အကွာအဝေးတစ်ခုသို့ ထိုး ထွက်သွားကြသည်ကို တွေ့မြင်ခဲ့သည်။ထို့နောက်တွင် ချဉ်းကပ်လာခြင်း ဖြစ်လေ၏။သူက တွင်းနက်ကို ကြည့် သူက တွင်းနက်ရှိရာသို့ ဂရုတစိုက် ဖြည်းဖြည်းချင်း ကာ အံတင်းတင်းကြိတ်၍ အထဲသို့ ဝင်ရောက်လိုက် လေ၏။

နာရီများစွာ ကြာမြင့်ပြီးသည့်နောက် သူက

ဥမင်၏အဆုံးသပ်နားသို့ ရောက်ရှိသွားခဲ့သည်။ထိုသူက ဝဲကတော့ကို တွေ့မြင်လိုက်ချိန်၌ မှင်သက်သွားခဲ့၏။ သည့်နောက်တွင် သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်း တစ်ခု ထွက်ပေါ်လာခဲ့ကာ ဝဲကတော့ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ ဝဲကတော့၏ဗဟိုချက်ကနေ မျက်လုံး က နောက်တစ်ဖန် ပေါ်လာခဲ့တော့၏။

"လာခဲ့..လာ….လာ……" မသတီစရာအသံတစ်ခုက သူ့ စိတ်ထဲ၌ ပဲ့တင်ထပ်နေတော့၏။သူက နီးကပ်လာနေရင်းသူ့အသိစိတ်ပါ လွတ်ကင်းသွားရတော့သည်။

အချိန်အတန်ကြာပြီးသည့်နောက် ဥမင်ထဲကနေ ခပ်အုပ် အုပ်အသံတစ်ခု ထွက်ပေါ်လာ၏။သည့်နောက် ဝဲကတော့၏ ဘေးနားတွင် ထိုကျင့်ကြံသူ၏ မူလစိတ် ဝိညာဉ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။

သူ့အသွေးအသားများက ပြန့်ကျဲသွားခြင်း မရှိဘဲ ဝဲကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရလေ၏။ထိုသူသည် လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဝဲကတော့သည် ထိုအသွေးအသားများကို စုပ်ယူပြီး သည့်နောက် ပျက်စီးတော့မည့် အရိပ်လက္ခဏာ ပြသလာခဲ့ သည်။ဝဲကတော့ပေါ်ရှိ ချိပ်တံဆိပ်ပေါ်၌လည်း အက်ကွဲ ကြောင်းများ ထွက်ပေါ်လာခဲ့ကာ အချိန်အတန်ကြာပြီး သည့်နောက် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီး ထို ဝဲကတော့က လုံးဝပျက်စီးသွားလေ၏။

အနီရောင်အလင်းတန်းက ဝဲကတော့ထဲကနေ ထိုးထွက် လာခဲ့ကာ ဥမင်တစ်ခုလုံးကို ချက်ခြင်း ဖုံးလွှမ်းသွားသည်။ ဥမင်က ချက်ခြင်းပင် စာလုံးသင်္ကေတတစ်ခုအဖြစ် သွေးငယ်သွားပြီးနောက် ဝဲကတော့ထဲသို့ ရှိုက်သွင်းခြင်း ခံ လိုက်ရချေသည်။

ထို့နောက် ထိုဝဲကတော့သည် ဖြည်းဖြည်းချင်း ပျောက် ကွယ်သွားတော့သည်။

"မဟာချိပ်တံဆိပ်ကိုးခုထဲက ငါးခုက လွန်ခဲ့တဲ့နှစ်တွေတည်းက ပျက်စီးသွားခဲ့ပြီ။ ခုငါ့ခွန်အားနဲ့ဆိုရင် ငါက ကျန် တဲ့လေးခုကိုလည်း လူတွေလာပြီး ချိုးဖျက်ပစ်ဖို့ စွဲဆောင် နိုင်စွမ်း ရှိနေပြီ..."

ထိုမသတီစရာအသံထဲ၌ ပျော်ရွှင်မှုတို့ ပါဝင်နေကာ ၎င်း အသံသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေအနှံ့ မရေမတွက်နိုင်သောအစိတ်အပိုင်းမြေများ ကြားတွင် အစိတ်အပိုင်းမြေလေးခုထံကနေ အားကောင်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်တုန်ခါလှိုင်းများ ထွက်ပေါ်လာခဲ့ လေ၏။သည်တုန်ခါလှိုင်းများသည် ကျင့်ကြံသူများကို ထို တုန်ခါလှိုင်းထွက်ပေါ်လာသော နေရာသို့ စုဝေးသွားစေခဲ့ သည်။

သို့ရာတွင်လည်း ထိုနေရာလေးခု၏ ဝင်ပေါက်တွင် ချိပ် ပိတ်မှုများ ရှိနေပေ၏။ လီယွမ်လိုမျိုး အတားအဆီး ပညာရှင်တစ်ယောက် မဟုတ်ပါက ၎င်းချိပ်ပိတ်မှုများကို ဖွင့်လှစ်နိုင်ရန် အချိန်အချို့ ယူဆောင်ရပေလိမ့်မည်။

ဝမ်လင်းက မျက်လုံးဖွင့်လာသည့်အခါတွင် သူ့ခန္ဓာကိုယ် က ချွေးများနှင့် ရွှဲနစ်နေတော့၏။သူ့အသွင်ကလည်း ဖြူ ရောသွားကာ သူက လေအေးတစ်ချက် ရှိုက်သွင်းလိုက်၏။ သူက သူ့ညာလက်ဖြင့် မြေပြင်ပေါ်သို့ ဖိချလိုက်သည်။သည် အခိုက်အတန့်၌ သူက အနီရောင်အလင်းကို သူ့ခန္ဓာကိုယ် ထဲကနေ အတင်းထုတ်ပစ်ဖို့ အတွေးတစ်ခုသာ လိုတော့သည်။

သို့သော်လည်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက သူ့ညာလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"ငါက ဒီဂျိနယ်ပယ်ကို ဒီအတိုင်း ထုတ်ပယ်လိုက်ရင် နှမြောစရာ ကောင်းလိမ့်မယ်။ငါက ဒါကို ငါနဲ့အတူ သိမ်းထားတာ ပိုကောင်းတယ်။ ဒီဂျိနယ်ပယ်က အချိန်ကိုက် လုပ်ဆောင်နိုင်ရင် ငါ့အသက်ကို ကယ်တင် ပေးနိုင်တဲ့ဟာ တစ်ခုတောင် ဖြစ်လာနိုင်တယ်.."

သူ့ ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးသည့်နောက် သူ့မူလ စိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။ဂျိနယ်ပယ်က ထိန်းချုပ်မှုကို ရောက်ဖို့အတွက် ဝမ်လင်းသည် မူလ စွမ်းအင်များစွာ ဆုံးရှုံးခဲ့ရပေသည်။

သို့သော် မူလစွမ်းအင်နှင့် ယှဉ်ပါက သည်ဂျိနယ်ပယ်၏ တန်ဖိုးသည် များစွာ ကြီးမားလှ၏။ဝမ်လင်းက နှလုံးတစ် ချက် ခုန်သွားကာ တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။ သည့်နောက် သူက ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။

သူက မတ်တပ်ထရပ်ကာ သူ့ရတနာကို ပြန်သိမ်းဆည်း လိုက်သည်။ထိုအခိုက်မှာပင် သူက မြေပြင်ထက်မှ တုန်ခါမှု ကို ခံစားလိုက်ရသည်။သည်တုန်ခါမှုက ကီလိုမီတာသောင်း နှင့်ချီအကွာရှိ ဥမင်ထဲကနေ ထွက်ပေါ်လာခဲ့ခြင်းပင်။

လီယွမ်က ဝမ်လင်း ပြန်ကောင်းလာသည်ကို မြင်လိုက် တော့ သူက မေးခွန်းများ မေးရန် ဟန်ပြင်လိုက်၏။ထိုအခိုက်မှာပင် သူသည်လည်း တုန်ခါမှုကို ခံစားလိုက်ရ သည်။သူတို့နှစ်ယောက်က စကားဆိုခြင်း မရှိတော့ဘဲ ချက် ခြင်း ပျံသန်းထွက်ခွာသွားသည်။

"အစ်ကိုရှု….ဥမင်ထဲမှာ.." ပျံသန်းနေရင်း လီယွမ်က နောက်သို့ လှည့်ကြည့်သည်။

ဝမ်လင်းက ပြောလိုက်၏။ "ဒါကို ထပ်မပြောတော့နဲ့။ငါ တို့ ဒီနေရာကနေ တက်နိုင်သမျှ ခပ်မြန်မြန် ထွက်သွားဖို့က ပိုအရေးကြီးတယ်…" ထို့နောက် သူတို့နှစ်ယောက်က မြန်ဆန်စွာ ပျံသန်းလာနေရင် အစိတ်အပိုင်းမြေ၏ အစွန်း နားသို့ ရောက်လာခဲ့ကာ ဟင်းလင်းပြင်ထဲသို့ တိုးဝင်သွား ကြသည်။

ဟင်းလင်းပြင်ထဲ၌ ဝမ်လင်းက ရှေ့ကို ကြည့်ကာ ပြော လာသည်။ "အစ်ကိုလီ....ငါ စုဆောင်းခြင်းခန်းမလို့ခေါ်တဲ့ နေရာကို သွားမလို့။အဲ့နေရာမှာ အတားအဆီးတွေရှိရင် အစ်ကိုလီက ငါ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်..."

တခြားနေရာများတွင် ရှာဖွေခြင်းထက် ယောင်မိသားစု ဝင်၏ မှတ်ဉာဏ်ထဲမှ စုဆောင်းခြင်းခန်းမသို့ သွားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။ထိုနေရာတွင် ကောင်းကင်ဘုံ မန္တာန်များ ကျိန်းသေ ရှိပေလိမ့်မည်။

လီယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ငါက အကောင်းဆုံးကူညီပေးမှာပါ..."

သူက ဘာကြောင့်မှန်း မသိဘဲ ဥမင်ထဲရှိ အဖြစ်အပျက်ကို တွေ့ကြုံပြီးသည့်နောက် တစ်ခုခု ကြီးကြီးမားမား ဖြစ် ပျက်လာတော့မည့်ကဲ့သို့ ကြောက်ရွှံ့မှုကို ခံစားနေမိသည်။

ထိုခံစားချက်က ဝေဝါးလှသော်လည်း သူ့စိတ်နှလုံးထဲ၌ ဆူးတစ်ချောင်းလို ဖြစ်နေခဲ့သည်။

ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ "ကျေးဇူးအများ ကြီး တင်ပါတယ်..."

စုဆောင်းခြင်းခန်းမ ရှိသည့်နေရာကို တွေးကြည့်ပြီး နောက် ဝမ်လင်းက ထိုနေရာရှိရာသို့ ဦးတည်လိုက်သည်။ မူလစွမ်းအင်က ပျံ့နှံ့လာကာ လီယွမ်အား ထွေးခြုံသွား၏။ ထို့နောက် ဝမ်လင်းသည် လီယွမ်ကို ခေါ်ကာ ဟင်းလင်းပြင် ကို ဖြတ်သန်း၍ ပျံသန်းလာခဲ့သည်။

ဝမ်လင်း စိတ်ထဲ၌ တွေးနေမိသည်။ "ဟို ယောင်မိသားစု က အဘိုးအိုရဲ့ မှတ်ဉာဏ်တွေထဲကအတိုင်းဆိုရင် ဒီစု ဆောင်ခြင်းခန်းမရှိတဲ့ အစိတ်အပိုင်းမြေကို မိသားစုကြီး လေးခုက ချိပ်ပိတ်ထားတာတဲ့။ မိသားစုကြီးလေးခုထဲက တစ်ယောက်မဟုတ်ရင် အဲ့လူက ဝင်လို့ မရနိုင်ဘူး။လီယွမ် က ဒီချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ဖို့ပဲ ငါ မျှော်လင့်ရတာပေါ့.."

ဝမ်လင်း၏မူလစွမ်းအင်ကြောင့် သူတို့နှစ်ယောက်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ဟင်းလင်းပြင်ထဲ တွင် ပျံသန်းနေတော့သည်။သူတို့က မည်သည့် အစိတ်အပိုင်းမြေပေါ်တွင်မှ ရပ်တန့်ကြခြင်း မရှိဘဲ မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ ဗဟိုရှိ အစိတ်အပိုင်းမြေတစ်ခုနှင့် နီးကပ်သထက် နီးလာခဲ့သည်။

***ကျန်ခုန်လီ…(နောက်တစ်ပိုင်း)

"ဂျိနယ်ပယ်…။ဒီငါးရောင်စုံဝဲကတော့ထဲမှာ ချိပ်ပိတ် ခံထားရတဲ့လူက ဘယ်လိုလူမျိုးလဲ။ဒီလူမှာက ဘယ်လိုများ ဂျိနယ်ပယ်ရှိနေတာလဲ.." ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေ ရင်း ဝမ်လင်းသည် တည်ငြိမ်အောင် မလုပ်နိုင် ဖြစ် နေသည်။

သူက အပြင်ပိုင်းတွင် တည်ငြိမ်နေဟန် ရသော်လည်း သူ့ စိတ်ထဲတွင်တော့ လှိုင်းထန်နေသည်။

"ဂျိနယ်ပယ်ရဲ့ အထွတ်အထိပ်က စဦးစိတ်ဝိညာဉ်အဆင့် ပဲ။ငါနဲ့တွေ့ခဲ့တဲ့ ဂျိနယ်ပယ်ပိုင်ဆိုင်ထားတဲ့တစ်ယောက်က ဒြပ်စင်ငါးခုဂြိုဟ်မှာ။ ဒီလူက သူဟာ သူ့သေဆုံးသွားတဲ့ မိတ်တွေဆီကနေ ဂျိနယ်ပယ်ရရှိခဲ့တယ်လို့ ဆိုတယ်။ခု ဝဲကတော့ထဲမှာ တွေ့ရတဲ့လူကတော့ ဒုတိယတစ်ယောက် ပဲ.. ဝမ်လင်းက ဟင်းလင်းပြင်ထဲ၌ အစိတ်အပိုင်းမြေများ ကို ဖြတ်ကျော်သွားနေရင်း စဉ်းစားကြည့်နေမိသည်။

ဖြစ်နိုင်ဘာက ဂျိုနယ်ပယ်ကို ဖွံ့ဖြိုးအောင်လုပ်ဖို့ နည်း လမ်းတစ်ခု ရှိနေတာများလား

ဝမ်းလင်း၏ နှလုံးသားက တစ်ချက်ခုန်ပေါက်သွားကာသူ့အာခေါင်ပင် ခြောက်ကပ်လာသည်ဟု ခံစားနေရသည်။ ဂျိနယ်ပယ်ကို နှစ်သုံးလေးရာလောက် ပိုင်ဆိုင်ခဲ့ခြင်းက သူ့ ကို ထိုအရာ၏အံ့မခန်းစွမ်းအားကို နားလည်စေခဲ့ပေသည်။

"ဂျိ၊တောက်၊ရှီ…" ဝမ်လင်းက ထိုအကြောင်းနှင့်ပတ် သတ်၍ အနည်းငယ်သာ သိထားပေသည်။ထို့ကြောင့် သူက ဂျိနယ်ပယ်အကြောင်းကို သေချာစမ်းစစ်ကြည့်နိုင်ခြင်း မရှိဖြစ်နေ၏။သူက သက်ပြင်းချကာ ထိုအကြောင်းကို ဆက်လက် မတွေးတော့ဘဲ သူ့စိတ်ကို စုဆောင်းခြင်းခန်းမ အပေါ်၌သာ အာရုံစိုက်ထားလိုက်တော့၏။

ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရခြင်းက အတော်အတန် ပျင်းဖို့ကောင်းသည့် ကိစ္စ တစ်ခုပင်။တကယ်တော့ ဟင်းလင်းပြင်က ကြီးမားလွန်းလှရာ ကျင့်ကြံသူအများစု သည် သူတို့၏ အချိန်အများစုကို အစိတ်အပိုင်းမြေများ ပေါ်၌သာ ကုန်ဆုံးလေ့ရှိကြ၏။ ဝမ်လင်းနှင့်လီယွမ်တို့က လဝက်ခန့် ဟင်းလင်းပြင်ထဲတွင် ပျံသန်းနေပြီး သည့်နောက် သူတို့သည် အဝေးတစ်နေရာမှ အလင်းတန်း များစွာကို တွေ့မြင်လိုက်ရသည်။

ပထမ၌ ဝမ်လင်းသည် ၎င်းအလင်းတန်းများကို အာရုံထဲ ရှိမနေပေ။သို့သော် နောက်ထပ်တစ်လခန့် ကြာမြင့်ပြီး သည့်နောက် သူတို့သည် ပို၍များပြားသောကျင့်ကြံသူများ ကို တစ်စထက်တစ်စ တွေ့မြင်လာရ၏။

ကျင့်ကြီးသူအများစုသည် အာဏာတက်ခြင်းအဆင့်တွင်ရှိနေကြကာ တစ်ခါတစ်ရံတော့ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူများကိုပါ တွေ့ရတက်သည်။

ထိုသူများက နှစ်ယောက်၊သုံးယောက်အုပ်စု သို့မဟုတ် မိသားစုအဖွဲ့ဝင်များအနေဖြင့် ရှိနေကြာပြီး မြန်ဆန်စွာ သွားလာနေကြ၏။သည်ဖြစ်စဉ်က တို့၏ အာရုံကို စွဲဆောင်သွားသည်။ ဝမ်လင်းနှင့်လီယွမ်

ထိုကျင့်ကြံသူများသည် အမျိုးမျိုးသောအသွင်ဟန်ပန်နှင့် ရှိနေကြကာ သူတို့၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှု အနည်းငယ် ပေါ်ထွက်နေကြ၏။

ထိုပတ်ပတ်လည်မှ သွားလာနေကြသော ကျင့်ကြံသူများ သည်လည်း ဝမ်လင်းနှင့်လီယွမ်တို့ကို တွေ့မြင်ကြပေ၏။ အချို့က ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် အာဏာတက် ခြင်းအဆင့်ထက် ကျော်လွန်နေသည်ကို သိရှိကြ သည့်အတွက် သူတို့အား ရှောင်ကွင်းသွားကြပေသည်။

*အစ်ကိုရှု...တစ်ခုခုတော့ မှားနေပြီ။ ကိစ္စကြီးကြီးမားမား တစ်ခုခု ဖြစ်ပွားနေတာများလား…" လီယွမ်က စဉ်းစားနေ၏။သူက လမ်းတစ်လျှောက်တွင် ကျင့်ကြံသူများ စွာကို တွေ့မြင်နေရပေသည်။

ထိုအရာက ဟင်းလင်းပြင်ထဲတွင် ပုံမှန်မဟုတ်သော အဖြစ်အပျက်ပင်။

ထို့အပြင် သူတို့နှစ်ယောက်က မိုးကြိုးကောင်းကင်ဘုံ နယ်မြေ၏ ဗဟိုသို့ ဆက်သွားနေရင်းဖြင့် ပိုမိုများပြားသောကျင့်ကြံသူများကို တွေ့လာရနေ၏။ မိုးကြိုးကောင်းကင်ဘုံ နယ်မြေရှိ ကျင့်ကြံသူအားလုံးသည် အစိတ်အပိုင်းမြေတစ်ခု တည်းပေါ်တွင် လာရောက်စုဝေးနေကြသကဲ့သို့ ရှိနေသည်။

"သူတို့က ဦးတည်ရာတစ်ခုတည်းကို သွားနေကြတာ တော့ မဟုတ်ဘူး..." ဝမ်လင်းမျက်လုံးက လင်းလက်သွား ကာ သူက ဖြည်းဖြည်းချင်း ပြောလာ၏။ ဒါက "ဦးတည်ရာ လေးခုကိုပဲ..."

"ဘာများ ဖြစ်နေတာလဲ…" လီယွမ်က မျက်မှောင်ကြုတ် ကာ ဖြတ်ကျော်သွားသော ကျင့်ကြံသူများကို ကြည့်နေ၏။

ဝမ်လင်းကလည်း စဉ်းစားကြည့်နေသည်။သူက မည် သည့်စကားမှ ဆက်မပြောတော့ဘဲ ပို၍မြန်ဆန်စွာ ပျံသန်း လိုက်၏။

သည်အခိုက်အတန့်၌

ဓားစွမ်းအင်တန်းဆယ်ခု ကျော်သည် အကွာအဝေးတစ်ခုရှိ ဟင်းလင်းပြင်ထဲတွင် ပျံသန်းသွားကြ၏။ ထိုဓားစွမ်းအင်တန်းများထံကနေ များ စွာသောမူလစွမ်းအင်များ ထွက်ပေါ်ကာ နေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများက သူ တို့၏လမ်းကြောင်းကို ပိတ်ဆို့ဝံ့ကြခြင်း မရှိတော့ပေ။

မားစွမ်းအင်တန်းဆယ်ခုက သူတို့ ဖြတ်သန်းသွားသည့် တစ်လျှောက် လွှမ်းမိုးနိုင်မှုဖိအားကို ပေးစွမ်းနေ၏။ ကျင့်ကြံသူအများအပြားရှိသည့် မိသားစုများပင် ဆိုမား ရှမ်းသင်တန်းဆယ်ခုကို မြင်သည့်အခါ နောက်ဆုတ်ပေးလိုက်ကြ၏။

ချက်ခြင်းပင် ဝမ်လင်းရှေ့ရှိ ကျင့်ကြံသူအားလုံးနီးပါးက ဓားစွမ်းအင်တန်းဆယ်ခုကျော်ကို ကြည့်ကာ လမ်းဖယ် ပေးလိုက်ကြသည်။

ဝမ်လင်းက ထိုဓားစွမ်းအင်တန်းဆယ်ခုကျော်ကို ကြည့် နေရင်း သူ့မျက်လုံးက တည်ငြိမ်လျက် ရှိနေ၏။

ထိုဓားစွမ်းအင်များက ရပ်တန့်ခြင်း မပြုဘဲ ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ပျံသန်းနေ၏။ သို့ရာတွင် သူတို့က ပျောက်ကွယ်သွားခါနီး အခိုက်အတန့်၌ သူတို့ထဲ ကတစ်ယောက်သည် ရုတ်တရက် လှည့်လာကာ ဝမ်လင်း ထံသို့ ပျံသန်းလာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဓားစွမ်းအင်တန်းအားလုံးသည် ရပ်တန့်သွားကာ ယောက်ျား၊မိန်းမ အမျိုးမျိုးသောအသွင် ဟန်ပန်များ အဖြစ်သို့ ပြောင်းလဲသွားကြ၏။သူတို့အားလုံး သည် အာဏာတက်ခြင်းအဆင့်အထက်၌ ရှိနေကြသည်။ အများစုက ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိကာ အနည်းငယ် က အထည်ဒြပ်ယန်အဆင့်တွင် ရှိနေ၏။

သူတို့၏ ပုံရိပ်များ ဖြစ်ပေါ်လာပြီးသည့်နောက် သူတို့ အားလုံးသည် ဝမ်လင်းထံသို့ ပျံသန်းလာနေသော ဓား စွမ်းအင်တန်းကို ကြည့်လိုက်ကြသည်။သူတို့၏မျက်လုံး ထဲ၌ သံသယနှင့် ပြည့်နေကြ၏။

သူတို့သာမက ပတ်ဝန်းကျင်တွင် ရှိနေသော အခြားကျင့်ကြံသူများကလည်း ထိုဓားစွမ်းအင်တန်း၏ လှုပ်ရှားမှု နောက်ကို လိုက်ကြည့်နေကြသည်။

လီယွမ်၏အသွင်က အနည်းငယ် ပြောင်းလဲသွားကာ သူက ဘယ်လက်ကို မြှောက်၍ အတားအဆီးတစ်ခုကို ပြင်ဆင်ထားလိုက်သည်။

ဝမ်လင်းအသွင်က အလွန်ပင် တည်ငြိမ်လျက် ရှိကာ သူက သူ့ထံသို့ တိုးဝင်လာနေသော ဓားစွမ်းအင်ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။

ထိုဓားစွမ်းအင်က ဝမ်လင်းနှင့် ပေနှစ်ရာအကွာတွင် ရပ်တန့်သွားသည်။ထို့နောက် ဓားစွမ်းအင်အလင်းက ပျောက်ကွယ်သွားကာ အသက်သုံးဆယ်ခန့် လူတစ် ယောက်၏ အသွင် ဖြစ်ပေါ်လာခဲ့သည်။ထိုလူ့ထံ၌ ဖီးနစ် ဆန်သောမျက်လုံးများ ရှိနေကာ မိန်းမဆန်သော ခံစား ချက်ကိုလည်း ပေးစွမ်းနေသေး၏။

သူက ခရမ်းရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ မား မားရပ်နေ၏။ သူက လက်နှစ်ဖက်ယှက်ကာ ဝမ်လင်းကို အလွန်လေးစားဟန်ဖြင့် နှုတ်ဆက်လိုက်သည်။ "ဂျူနီယာ ကျန်ခုန်လီက စီနီယာကို နှုတ်ဆက်ပါတယ်....

သူက ထိုသို့ ပြောလိုက်သည့်အခါတွင် လူတိုင်းသည် မှင် သက်သွားကြကာ သူတို့အားလုံး၏အကြည့်က ဝမ်လင်းပေါ် သို့ ကျရောက်လာသည်။

ဆိုလူအားလုံး၏ အကြည့်က ဝမ်လင်း၏အသွင်ဟန်ပန်ကိုက အနည်းငယ်မျှပင် ပြောင်းလဲမသွားစေခဲ့ပေ။သူက ရေပြင်ကဲ့သို့ တည်ငြိမ်စွာ ရှိနေ၏။

ကျန်ခုန်လီက အလွန်ကျော်ကြားသော ကျင့်ကြံသူတစ် ယောက် ဖြစ်သည့်အတွက် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ထဲမှ တစ်ချို့သည် သူ့ကို သိရှိသွားကြသည်။သူတို့က ထိုလူ သည် တောင်ပိုင်းနယ်မြေ ကျန်ခုန်လီ ဖြစ်ကြောင်း ချက် ခြင်း သိရှိသွားကြ၏။

"ဒီလူက ဘယ်သူများလဲ။ သူ့ကျင့်ကြံမှုအဆင့်က ကျန် ခုန်လီနဲ့တူတူလောက်ပါပဲ။ ဒါဆိုရင် ဒီလိုကျော်ကြားလှတဲ ကျန်ခုန်လီက ဘာကြောင့် ဒီလူ့ကို စီနီယာ လို့ ခေါ်ဝေါ်ရတာလဲ?

"ငါကြားတာတော့ ကျန်ခုန်လီက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ တမန်တော်တစ်ယောက် ဖြစ်လာခဲ့ပြီ ဆို ပဲ။ ဒါဆို သူ စီနီယာ လို့ခေါ်တဲ့လူက မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ရဲ့ အကြီးအကဲများလား..."

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် အမျိုးမျိုး သော အတွေးများ ဖြစ်ပေါ်ကုန်ကြသည်။

အထူးသဖြင့် ကျန်ခုန်လီနှင့် အတူ ရှိနေကြသော လူ ဆယ်ယောက်ကျော်သည် ဝမ်လင်းကို မယုံကြည်နိုင်ဟန် နှင့် ကြည့်နေကြသည်။သူတို့အားလုံးက သူတို့၏ မိသားစု တွင် ပါရမီ ရှိကြသူများ ဖြစ်ကြသည်။ ကျန်ခုန်လီက သူတို့ ကိုပင် ဘာမှ မပြောဘဲ ရုတ်တရက် ဦးတည်ရာ ပြောင်း၍သည်လူ့ထံသို့ ရောက်လာခဲ့သည်။သည့်အပြင် သူက သည့် လူကို စီနီယာ ဟု ခေါ်ခဲ့သေးသည်။ထိုအရာက သူတို့ကို သိချင်စိတ်ဖြစ်သွားစေသည်။

ကျန်ခုန်လီကို သူတို့ကြား၌ အမြင့်မားဆုံးကျင့်ကြံသူများ ထဲမှ တစ်ယောက်ဟု ပြော၍ ရ၏။ သူတို့သည် ထိုကျန်ခုန် လီမှာ အလွန်မောက်မာသည်ကိုလည်း သိထားကြပေ သည်။

မိသားစု၏ အကြီးအကဲများကိုပင် သူက မကြာခဏ မ လေးမစား လုပ်တက်ပေ၏။သူက ခုလိုမျိုး တလေးတစား နှင့် စီနီယာဟု ခေါ်တွင်သည့်လူက ရှားပါးလွန်းလှပေ၏။

ကျန်ခုန်လီအသွင်က အလွန်လေးစားနေသည့်ဟန်

ပေါက်နေကာ ထိုလေးစားမှုက သူ့စိတ်နှလုံးထဲကနေ ပေါ်ထွက်လာခြင်းပင်။ သူက ဝမ်လင်းကို တွေ့မြင်လိုက် သည့်အချိန်၌ ဝမ်လင်း၏ကျင့်ကြံမှုအဆင့်သည် အထည် ဒြပ်ယန်အဆင့်သို့ ရောက်နေသည်ကို သတိပြုမိခဲ့ကာ နှမြောဝမ်းနည်းမှုကို ခံစားလိုက်ရ၏။

“သူက ငါ့စီနီယာတစ်ယောက်ဖြစ်ဖို့ တကယ် ထိုက်တန် တာပဲ။ အတိတ်တုန်းက သူ့ကျင့်ကြံမှုအဆင့်ကို အာဏာ တက်ခြင်းအဆင့်ထိ ဖိနှိပ်ထားတုန်းကလည်း ငါက သူ့ ကျင့်ကြံမှုအဆင့်ကို ဖြတ်မမြင်နိုင်ခဲ့ဘူး။ ခုသူက သူ့ကျင့်ကြံ မှုအဆင့်ကို အထည်ဒြပ်ယန်အဆင့် ဖိနှိပ်ထားတော့လည်း ငါက. သူ့ရဲ့ ဖုံးကွယ်ထားတဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ပြန်ဘူး..." ကျန်ခုန်လီ၏မျက်လုံးထဲရှိ လေးစားမှုက ပို၍ အားကောင်းလာခဲ့သည်။

အတိတ်တုန်းက သူက မိုးကြိုးကန်၌ ထွက်ခွာခဲ့ရတုန်း က အလွန်နှမြေတသမှုကို ခံစားခဲ့ရကာ ရှန်ကုန်းဟူကို မ နာလို ဖြစ်ခဲ့ရသည်။သူက အိမ်ပြန်ရောက်သည့်အချိန်ထိ ရှ န်ကုန်းဟူသည် ရွှေရောင်အခွင့်အရေးတစ်ခုကို ရရှိခဲ့သည် ဟု တွေးနေခဲ့သေးသည်။

သူက ရှန်ကုန်းဟူသည် သူ့မိသားစု၏ အပြစ်ပေးခြင်း ခံ ရလိုက်ခြင်းနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖယ်ကျဉ်ခြင်းကိုလည် ခံလိုက်ရသည်ဟု ကြားခဲ့ရချိန်တွင် အလွန်အမင်းစိတ်ရှုပ်ထွေးခဲ့ရသေးသည်။သူက မိုးကြိုး ကန်၌ ဖြစ်ပွားခဲ့သော ကိစ္စကိုသာ မတွေ့ကြုံခဲ့ပါက ရှန်း ကုန်ဟူကို ရယ်မောလှောင်ပြောင် ပစ်ပေလိမ့်မည်။

သို့ရာတွင် မိုးကြိုးကန်ရှိ ဖြစ်ပွားခဲ့သော ကိစ္စကို တွေ့ကြုံ ပြီးသည့်နောက် သူက ရှန်ကုန်းဟူကိုပါ သဘောတူ၍ ဝမ်းနည်းမှုပင် ခံစားခဲ့ရသေးသည်။သူ့စိတ်ထဲ၌ ရှန်ကုန်းဟူ ကိုပါ အသိအမှတ်ပြုမိနေသေး၏။

လီယွမ်က ဝမ်လင်းကို ကြောင်တောင်တောင် ကြည့်နေ မိသည်။သူ့စိတ်ထဲ၌ ဟာလားဟင်းလင်း ဖြစ်သွား၏။ သူက ကျွန်နန်လီ၏အမည်ကို သိရှိပေသည်။လူငယ်မျိုးဆက်များ ကြား၌ ကျန်ခုန်တီးရှန်ကုန်းဟူနှင့်ကျန်ယန်ဖန်တို့သည် တောင်ပိုင်းနယ်မြေ၏ ပါရမီရှင်များပင် ဖြစ်ကြသည်မဟုတ်လား။

သူတို့က အထည်ဒြပ်ယန်အဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်ခဲ့ကြသည့် အရည်အချင်း ရှိကြသူများပင်။

သို့ရာတွင် ကျန်ကုန်းလီက ရှုမူကို ‘စီနီယာ' ဟု သုံးနှုန်း လိုက်သည့်အတွက်ကြောင့် ဟာလာဟင်းလင်း ဖြစ်သွားခဲ့ရပေသည်။ လီယွမ်၏စိတ်သည်

ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ကျန်ခုန်လီကို မေး လိုက်၏။ "မင်းတို့က ဘယ်နေရာကို ခုလို အလောတကြီး သွားနေကြတာလဲ..."

ကျန်ခုန်လီက ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင်လိုက်သည့်အခါ သူ့စိတ်နှလုံးက တုန်ယင်သွား၏။ သူက ပို၍ပင် လေးစားမှု ပြသလာကာ ခပ်သွက်သွက် ပြော လိုက်သည်။ "မိုးကြိုးကောင်းကင်ဘုံနယ်မြေရဲ့ အစိတ်အပိုင်းမြေလေးခုက ပြင်းထန်တဲ့ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် တုန်ခါမှုလှိုင်းတွေကို ပေးစွမ်းနေပါ တယ်။ဒါပေမဲ့လည်း ဒီနေရာတွေက အတားအဆီးတွေနဲ့ ချိပ်ပိတ်ထားတာ ဖြစ်တဲ့အတွက် အချိန်တိုအတွင်း ဖွင့်လို့ မရနိုင်ပါဘူး။ ဒါပေမဲ့လည်း အတားအဆီးတွေကို ချိုးဖျက် ပြီးတာနဲ့ ကောင်းမွန်တဲ့ရတနာတွေ ပေါ်လာပါလိမ့်မယ်။ ဗျူနီယာက ဒါကို သိရှိပြီးတဲ့နောက် အဲ့နေရာတွေကို သွား ပြီး စစ်ဆေးကြည့်မလို့ပါ...

ဝမ်းလင်းက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများတွင်လည်း သည်ကိစ္စနှင့် ပတ်သတ်၍ နည်းလမ်းများ ရှိနေကြမည်မှာ သိသာနေပေ သည်။ထို့အတွက်ကြောင့်လည်း အခုလိုမျိုး ကျင့်ကြံသူ အများအပြား စုဝေးနေကြခြင်း ဖြစ်တော့၏။

"အတားအဆီးတွေနဲ့ ကာကွယ်ထားတာ..." ဝမ်လင်း မျက်လုံးက ကျဉ်းမြောင်းသွားသည်။ခဏတာ တုံ့ဆိုင်းပြီး သည့်နောက် သူက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒီ လိုဆိုမှတော့ မင်းက အကျိုးအမြတ်အများကြီး ရဖို့ ငါ မျှော်လင့်ပါတယ်..."

ကျန်ခုန်လီက တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်ပြီးနောက် တလေးတ စား ပြောလာ၏။ "ဂျူနီယာက ယုံကြည်ချက် မရှိပါဘူး။စီနီ ယာမှာ အချိန်ရှိမလား၊မရှိလားတော့ ကျွန်တော်မသိပါဘူး။ ဒါ့ကြောင့် ဂျူနီယာနဲ့အစ်ကိုရှန်ကုန်းဟူတို့က ဘယ်ဘက် ပိုင်းမှာရှိတဲ့ အစိတ်အပိုင်းမြေပေါ်မှာ တွေ့ဆုံဖို့ ချိန်ထားကြ ပါတယ်။ ပြီးရင် ပူးပေါင်းပြီး ရတနာတွေ ရယူဖို့ပါ..."

ဝမ်လင်းက ပို၍ မျက်မှောင်ကြုတ်သွားသည်။သူက ပြော လိုက်၏။ “ငါ့မှာ အခြားအရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေး တယ်။ ငါ အချိန်ရရင် လာကြည့်မယ်..."

ကျန်ခုန်လီက ချက်ခြင်းပင် ခေါင်းညိတ်လိုက်သည်။သူ့ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန် ဖြစ်ပေါ်နေသည်။ ဝမ်လင်း အပြင် သူ့မိသားစုနှင့်မိုးကြိုးကောင်းကင်ဘုံကျောင်းတော် တို့။ လူအနည်းငယ်တို့ကသာ သူ့ကို ခုလိုအမှုအရာမျိုးပြသအောင် လုပ်ဆောင်နိုင်ပေသည်။

ကျန်ခုန်လီက တွေးလိုက်၏။ "စီနီယာက ဒီလိုပြောမှ တော့ ...ငါကလည်း ဒီတစ်ခါတော့ ရတနာတွေရရှိဖို့ ယုံကြည်ချက် ရှိနေပါပြီ..." သူက လေးစားစွာဖြင့် နှုတ်ဆက်စကား ဆိုကာ သူ့ကျင့်ကြံသူအုပ်စုထံသို့ ပျံသန်း သွားတော့သည်။

သူ့ရောင်းရင်းကျင့်ကြံသူများသည် သူ့ကို သံသယဖြစ် ဟန်နှင့် ကြည့်နေကြာကာ သူ့နောက်ကနေ လိုက်ပါ သွား၏။ သူတို့အုပ်စု အကွာအဝေးတစ်ခုသို့ ရောက်သည့် အခါ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် မအောင့်နိုင် တော့ဘဲ နူးညံ့စွာ မေးလိုက်၏။ "အစ်ကိုကြီးကျန်……ဒီလူက ဘယ်သူများလဲ..."

ကျန်ခုန်လီက ဖျော့တော့စွာ ပြုံးလိုက်သည်။သူ့မျက်လုံး ထဲ၌ လေးစားမှုတို့ ပြည့်နှက်နေရင်း သူက ပြောလာသည်။ *ဒီလူက အားကောင်းတဲ့စီနီယာတစ်ယောက်ပဲ။ ငါက သူနဲ့ တွေ့ခွင့်ရလိုက်တာ တော်တော်လေး ကံကောင်းလို့....

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏အကြည့် အောက်၌ ဝမ်လင်းသည် ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွား သည်။လီယွမ်ကလည်း သူ့နောက်ကနေ နီးကပ်စွာ လိုက်ပါ သွား၏။သူတို့နှစ်ယောက်သည် ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။ တဖြည်းဖြည်း

လမ်းတစ်လျှောက်တွင် လီယွမ်က ဝမ်လင်းကို အကြိမ် များစွာ မေးမြန်းချင်နေ၏။သို့သော် သူက ပြန်မြိုသိပ် လိုက်ကာ ကျန်ခုန်လီအကြောင်း မေးမြန်းခြင်း မပြုတော့ ပေ။လီယွမ်၏ ဉာဏ်ပညာအရ သူသည် အရာရာကို မမေး သင့်ကြောင်း သိနေ၏။လူတိုင်းသည် သူတို့၏ ကိုယ်ပိုင် လျှို့ဝှက်ချက်များ ရှိပေသည်။

အချိန်က မြန်ဆန်စွာ ကုန်ဆုံးသွားသည်။မျက်စိတစ်မှိတ် အတွင်း လများစွာ ကုန်ဆုံးသွားခဲ့လေပြီ။သူတို့က မိုးကြိုး ကောင်းကင်ဘုံနယ်မြေ၏ အလယ်ဗဟိုနှင့် နီးကပ်လာ သည်နှင့်အမျှ လူအများကို ပို၍ တွေ့မြင်လာရသည်။ နောက်ဆုံး ယနေ့တွင် သူတို့သည် မိုးကြိုးကောင်းကင်ဘုံ မြေ၏ အလယ်သို့ ရောက်ရှိလာကြသည်။
သည်နေရာသို့ ရောက်လာပြီးသည့်နောက် သူတို့က မည် သည့်ကျင့်ကြံသူကိုမှ မမြင်တွေ့ရတော့ချေ။သည်နေရာ သည် အလွန်နက်မှောင်နေကာ သူတို့က တစ်ဦးတစ် ယောက်ကိုမှ မမြင်ရချေ။

ဟင်းလင်းပြင်ထဲ၌ မတ်တပ်ရပ်နေရင်း ဝမ်လင်းသည် သူ့ပတ်လည်ကို သေချာကြည့်ရှုနေသည်။ ယောင်မိသားစုမှ အဖွဲ့ဝင်၏ မှတ်ဉာဏ်အတိုင်းဆိုလျှင် သည် စုဆောင်းခြင်း ခန်းမကို ချိပ်ပိတ်ထားသောအစိတ်အပိုင်းမြေသည် သည် နေရာတွင် အမှန်ရှိရပေလိမ့်မည်။

ဝမ်လင်းက မေးလိုက်၏။ "အစ်ကိုလီ...သင်က ဒီနေရာနဲ့ ပတ်သတ်လို့ ပုံမှန်မဟုတ်တာကိုများ တွေ့လား..."

သူ့ လီယွမ်သည် ဝမ်လင်းရပ်တန့်သွားသည့်အခါတွင် သူ့ လက်ကို စတင် လှုပ်ရှားလိုက်သည်။သူက သည်နေရာကို ကြည့်လိုက်သည်။ခဏတာကြာမြင့်ပြီးသည့်နောက် မျက်လုံးများသည် အလေးအနက် ဖြစ်လာခဲ့သည်။သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ဒီနေရာမှာ အတားအဆီး တစ်ခုရဲ့ တုန်ခါမှုလှိုင်းတွေ ရှိတယ်။ဒါက သိပ်မသိသာပေမဲ့ လည်း ငါ့အတားအဆီးနှလုံးသားနဲ့ ဒါကို ခံစားမိနိုင်တယ်။ ဒါက ကောင်းကင်ဘုံအတားအဆီးတစ်ခုနဲ့တောင် ဆင်တူ သေးတယ်။ဒါပေမဲ့ ကွဲပြားမှုတော့ ရှိတယ်..."

သူက ထိုသို့ ပြောနေရင်း သူ့ဘယ်လက်ကို အောက်သို့ ဖိချလိုက်သည်။ အတားအဆီးတစ်ခုကသည် ချက်ခြင်း ပျံထွက်သွားကာ ဟင်းလင်းပြင်ထဲ၌ ဆယ့်ရှစ်ခုအထိ ကွဲ ထွက်သွားသည်။သည်အခိုက်အတန့်၌ ဖျပ်ခနဲ ပုံရိပ်ယောင် ကောက်ကြောင်းတစ်ခု ပေါ်လာပြီးသည့်နောက် ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။

ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေသည်။ ထို ကောက်ကြောင်း ပေါ်လာသည့်အခိုက်တွင် သူက ဟင်းလင်းပြင်ထဲ၌ ဝိုးတဝါးဖြစ်နေသော အစိတ်အပိုင်းမြေ တစ်ခုကို ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။

ထိုအစိတ်အပိုင်းမြေပေါ်တွင် မျှော်စင်ခန်းမကြီးတစ်ခု ရှိနေ၏။သို့ရာတွင် ၎င်းက ချက်ခြင်း ပြန်ပျောက်ကွယ်သွား သဖြင့် ကောင်းစွာ မမြင်လိုက်ရချေ။

လီယွမ်က ပြောလိုက်သည်။ "အစ်ကိုရှု...ငါအချိန်အချို့ လိုတယ်..." လီယွမ်သည် အတားအဆီးများကို ချိုးဖျက် သည့်အချိန်တိုင်းတွင် သူ့ပတ်လည်၌ ကိုယ့်ကိုကိုယ် ယုံကြည်သည့်အော်ရာ တစ်ခု ပေါ်လာတက်ပေသည်။

စေကာ သူက စကားဆုံးသည်နှင့် ဟင်းလင်းပြင်ထဲတွင် ထိုင်ချ လိုက်၏။ သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ် အတားအဆီးများကို စုပေါင်းထုတ်လွှတ်လိုက် သည်။သူက သူ့လက်ညှိုးကို မျက်ခုံးနှစ်ခုကြားသို့ ထိလိုက် ရာ အနက်ရောင်လိုင်းများ ပျံသန်းထွက်လာခဲ့သည်။ထို အနက်ရောင်လိုင်းများသည် အလွန်ရှုပ်ထွေးသော အတားအဆီးများ ဖြစ်ကာ ဟင်းလင်းပြင်ထဲသို့ ပျံသန်းတိုးဝင်သွားသည်။

ထိုအခိုက်အတန့်၌ ထိုအစိတ်အပိုင်းမြေ၏အရိပ်သည် ရုတ်တရက် ပေါ်လာကာ ချက်ခြင်း ပြန်ပျောက်ကွယ်သွား သည်။ ဖမ်းဆုပ်ကြည့်ရန်ပင် မြန်ဆန်လွန်းလှ၏။

ဝမ်လင်းသည် စိတ်ပူဗျာများခြင်းတော့ မရှိပေ။ထိုအစား သူက အစိတ်အပိုင်းမြေပေါ်လာသည့်အခါတိုင်းကိုသာ သေချာအာရုံစိုက်ကြည့်နေသည်။

လီယွမ်သည် ပိုများပြားသောအတားအဆီးများကို နေရာ ချနေရင်း အစိတ်အပိုင်းမြေသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။ဝမ်လင်းသည် သည်အစိတ်အပိုင်း မြေ၏ ပိုမိုကောင်းမွန်သော ပုံစံကို ဖြည်းဖြည်းချင် ဖမ်းမိလာ၏။

ထိုအစိတ်အပိုင်းမြေ၏ အလယ်တွင် ကြီးမားသည့် အဆောက်အဦတစ်ခု ရှိနေကာ ယင်းအဆောက်အဦခန်းမ က ရှည်လျားသည့်ဦးချိုလေးချောင်းနှင့် ဆင်တူသည်။

ထိုဦးချိုလေးချောင်းပေါ်၌ ထိုင်နေသော လူလေးယောက် ရှိကာ ထိုသူတို့သည် မလှုပ်မယှက်ရှိနေကြသည်။ဝမ်လင်း လှမ်းကြည့်လိုက်သည့်ကိုလည်း ထိုသူတို့သည် စိတ်ဝင်စား ကြခြင်း မရှိပေ။

ဝမ်လင်း၏မျက်လုံးသူငယ်အိမ်က ကျုံ့သွားကာ သူ့ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်သွားသည်။

လီယွမ်က

ပြောလာ၏။

"အစ်ကိုရှု...သင်က ဒီအတားအဆီးကို လုံးဝ ချိုးဖျက်စေချင်ရင် လအတော်အတန် ကြာလိမ့်မယ်။ ငါက သင့်ကို အထဲကို ပို့ လွှတ်လိုက်ရင် ငါ့အတားအဆီးနဲ့သင့်အမြန်နှုန်းကို ပေါင်းစပ်လိုက်ရင်တောင့် အောင်မြင်နိုင်ဖို့ (၈၀) ရာခိုင်နှုန်း လောက် ရှိတယ်..."

ဝမ်လင်းက ရှေ့သို့ လှမ်းတိုးလိုက်ရာ အစိတ်အပိုင်း မြေ၏ အစွန်းနားသို့ ရောက်ရှိသွား၏။သူက ဖြည်းဖြည်း ချင်း ပြောလိုက်သည်။ "ဒီတော့ ငါ့ကို ပို့ပေးပါ။အစ်ကိုလီ သင်က သင့်ကိုသင် ကောင်းကောင်းပုန်းကွယ်နေပါ။ ဘာ လို့လည်းဆိုတော့ ဒီနေရာက အန္တရာယ်များတယ်။ငါက ကောင်းကင်ဘုံမန္တာန်ရတဲ့အခါကျရင် ငါတို့ထွက်သွားကြ ໑໖..."

လီယွမ်က အချိန်ဖြန်းနေခြင်း မရှိတော့ပေ။သူ့လက်ဖြင့် မျက်ခုံးနှစ်ခုကြားသို့ ညွှန်လိုက်ရာ အနက်ရောင်လိုင်းများ ပျံသန်းထွက်လာခဲ့၏။ ၎င်းတို့သည် အမှတ်အသားအသွင် ဖြစ်ပေါ်ကာပြီးနောက် မရေမတွက်နိုင်သောအတားအဆီး များသည် ၎င်းအထဲသို့ ဝင်ရောက်သွားကာ အနက်ရောင် အလင်းကို ပေးစွမ်းလာသည်။

လီယွမ်က သူ့လက်ကို ရှေ့သို့ ညွှန်ကာ အော်ပြော လိုက်၏။ ခြင်း..." “အတားအဆီးနှလုံးသား...ပေါက်ကွဲထွက်

ဟင်းလင်းပြင်ထဲသို့ ၎င်းအတားအဆီးအမှတ်အသား ကျရောက်သွားချိန်၌ သူတို့ရှေ့ရှိ အစိတ်အပိုင်းမြေသည် ချက် ခြင်း ထွက်ပါလာခဲ့သည်။၎င်းအစိတ်အပိုင်းမြေက ဆက်တိုက်ဆိုသလို ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။

အစိတ်အပိုင်းမြေက ဆက်လက် ပြောင်းလဲနေရင်း အမှတ်အသားသည် စတင်ပျံ့နှံ့လာကာ ဘဲဥပုံလမ်ကြောင်း တစ်ခု ဖြစ်ပေါ်လာသည်။

သို့သော်လည်း ထိုလမ်းကြောင်းက တည်ငြိမ်ခြင်း မရှိဘဲ အချိန်မရွေးပျက်စီးတော့မတက် ရှိနေ၏။

"ဝင်လိုက်.." လီယွမ်က ထိုသို့ ပြောလိုက်သည့်အခိုက် တွင် ဝမ်လင်းသည် လျှပ်စီးတန်းတစ်ခုအလား တဟုန်ထိုး ထိုးထွက်၍ ထိုလမ်းကြောင်းအတိုင်း တိုးဝင်သွားသည်။

သူက လမ်းကြောင်းထဲသို့ ဝင်လိုက်သည်နှင့် ၎င်းက ချက်ခြင်း ပျက်စီးသွားသည်။ထို့နောက် ဟင်းလင်းပြင်ထဲ၌ ၎င်းအစိတ်အပိုင်းမြေသည် ဝမ်လင်းနှင့်အတူ ပျောက်ကွယ် သွားတော့၏။

"အစ်ကိုရှု ကောင်းကောင်းရိတ်သိမ်းနိုင်ဖို့ ငါ မျှော်လင့် ပါတယ်..."ထို့နောက် လီယွမ်က သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ အတားအဆီးတစ် ခု ပေါ်လာ၏။သူ့ခန္ဓာကိုယ်ကလည်း ထိုအတားအဆီးထဲသို့ တဖြည်းဖြည်း ပုန်းကွယ်လို့သွားကာ သူ့အော်ရာ အနည်းငယ်ပင် စိမ့်ထွက်လာခြင်း မရှိတော့ပေ။

ဝမ်လင်းက အစိတ်အပိုင်းမြေပေါ်၌ ဖျပ်ခနဲ ပေါ်လာခဲ့သည်။သူက ပေါ်လာသည်နှင့် နတ်ဘုရားအာရုံကို ဖြန့် ကျက်လိုက်သည်။သူ့နောက်တွင် ဟင်းလင်းပြင်မရှိတော့ဘဲ အတာအဆီးအကာအရံသာ ရှိနေတော့၏။သည် အစိတ်အပိုင်းမြေသည် မိသားစုကြီးလေးခု၏ တားမြစ် နေရာ ဖြစ်ချေသည်။

သူ့နတ်ဘုရားအာရုံသည် အလယ်ရှိ အဆောက်အဦခန်းမ ထံသို့ ကျရောက်သွားသည်။ထိုအခိုက်၌ ခန်းမပေါ်ရှိလူလေးယောက်ထဲမှ တစ်ယောက်သည် မျက်လုံးဖွင့်လာခဲ့ သည်။သူက အကွာအဝေးတစ်ခုထံသို့ အေးစက်စွာကြည့်၍ ပျောက်ကွယ်သွားလေ၏။

ဝမ်လင်းကလည်း ထိုခန်းမထံသို့ အမြန်ဆုံး တိုးဝင်လာ နေသည်။သူ့ရှေ့တွင် မူလစွမ်းအင်လှိုင်းတစ်ခု ဖြစ်ပေါ်လာ ပြီးနောက် လူတစ်ယောက် လှမ်းထွက်လို့လာသည်။ထိုသူ က သက်လတ်ပိုင်းအရွယ်ရှိကာ အနက်ရောင်ဝတ်စုံနှင့် ဖြစ်၏။သူ့မျက်နှာက အေးစက်နေကာ သူကပေါ်လာ သည်နှင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ပြီး ဖိချလာ သည်။

"တားမြစ်နေရာကို ကျူးကျော်လာတဲ့အတွက် သေရ မယ်.."

ထိုလူ၏ လက်က တဖျပ်ဖျပ် ဖြစ်နေပြီးနောက် ပြင်းထန် သောဖိသိပ်အားတစ်ခုသည် တရကြမ်းထွက်ပေါ်လာခဲ့ သည်။ဝပ်လင်းက ချက်ခြင်း နောက်ဆုတ်ကာ သူ့လက်ကိုဝှေ့ယမ်းလိုက်သည်။ သူတို့နှစ်ဦး၏ မူလစွမ်းအင်ထိပ်တိုက် တွေ့ဆုံမှုက ကျယ်လောင်သော ပေါက်ကွဲမှုကို ဖြစ်ပေါ်သွား စေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက အေးစက်ကာ နေသည်။ သူက ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် သူနှင့် အတူတူ ဖြစ်ကြောင်း သတိပြုမိပေ၏။ သည် အခိုက်အတန့်၌ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေရင်း ရှေ့သို့ လှမ်းတိုးလာသည်။ထို့နောက် သူက တစ်စုံတစ်ခုကို ခပ်တိုးတိုး ရွတ်၏။ပြင်းထန်သောအားတစ် ခုက ရုတ်တရက် ကောင်းကင်ထက်ကနေ ဆင်းသက်လာခဲ့ သည်။

သိပ်မကြာခင်တွင် ကောင်းကင်ဘုံမိုးကြိုးတန်းတစ်ခုက ကောင်းကင်ထက်၌ ပေါ်လာကာ ဝမ်လင်းထံသို့ ကျဆင်း လာ၏။

"ဒါက မိုးကြိုးကောင်းကင်ဘုံနယ်မြေပဲ။ စုဆောင်းခြင်း ခန်းမကလည်း ကောင်းကင်ဘုံနယ်မြေက ပိုင်ဆိုင်တယ်။ သင်တို့ရဲ့ မဟာမိသားစုလေးခုကတောင် ဒီကို လာနိုင်ရင် ငါက ဘာကြောင့် မလာနိုင်ရမှာလဲ..."

ဝမ်လင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ ရှေ့သို့ တိုးထွက် လိုက်၏။ ကောင်းကင်ဘုံမိုးကြိုးသည် ကောင်းကင်ထက်က နေ ဆင်းသက်လာသည်။ သို့သော် ဝမ်လင်းက ရှောင်ခြင်း မရှိပေ။ သူ့မူလစိတ်ဝိညာဉ်က ထိုးထွက်လာကာ ၎င်းမိုးကြိုးကို ဝါးမြိုပစ်သည်။

မိုးကြိုးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားကာ သူ့အသွင်ကို အလွန်တုန်လှုပ်စရာ ကောင်းအောင် ပြုလုပ်ပေးတော့၏။

အနက်ရောင်ဝတ်စုံနှင့်လူက မှင်သက်သွားကာ သူ့ အသွင်ကလည်း သုန်မှုန်သွား၏။သူက သိသာစွာပင် ဝမ် လင်းသည် ၎င်းကောင်းကင်ဘုံမိုးကြိုးကို ဝါးမြိုနိုင်လိမ့်မည် ဟု မထင်ထားမိပေ။ သည်အခိုက်အတန့်၌ ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပါးစပ်ထဲကနေ သဲမှုန်ကို ထွေးထုတ်လိုက်၏။ ၎င်းသဲမှုက အစိတ်အပိုင်း မြေတံဆိပ်တုံးအဖြစ်သို့ ပြောင်းလဲသွားကာ ပြင်းထန်သော ဖိအားသည် ထိုလူ့ပေါ်သို့ ဖိနှိပ်လာ၏။

အနက်ရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့ကာ သူ့လက်ကို ပင့်မြှောက်လိုက်ပြီး ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သို့သော်လည်း သူ့အသွင်က ချက်ခြင်းပြောင်းလဲသွား တော့၏။သူ့မန္တာန်သည် ဆင်းသက်လာသည့် တံဆိပ်တုံး အပေါ် မည်သည့် သက်ရောက်မှုမှ ရှိမနေခဲ့ပေ။

အစိတ်အပိုင်းတံဆိပ်တုံးသည် ရုတ်တရက် ကြောက်မက် ဖွယ်အရှိန်နှင့် ကျဆင်းလာသည်။ ၎င်းထံမှ ပေးနေသော ဖိအားက အနက်ရောင်ဝတ်စုံနှင့်လူကို မရှောင်နိုင်အောင် ပြုလုပ်နေသည်။ချက်ခြင်းပင် အစိတ်အပိုင်းမြေတံဆိပ်တုံး က ရိုက်ချလာချေသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးက တုန်လှုပ်ဟန်ဖြစ်ပေါ်လာကာ သူသည် သူ့လျှာကို အနည်းငယ်ကိုက်၍ သွေးများကို ထွေးထုတ်သည်။သူ့ခန္ဓာကိုယ်က သွေးရောင် တောက်ပလာခဲ့၏။ထိုအခိုက်မှာပင် တံဆိပ်တုံးကလည်း ရိုက်ချလာကာ သူက ဖိအားအောက်ကနေ ထိုးထွက်လိုက် သည်။သူက ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာခဲ့သည်။

သူက ပေါ်လာသည်နှင့် သူ့မျက်နှာက ဖြူရောသွားခဲ့ သည်။သူက ကြမ်းကြုတ်သည့်အကြည့်နှင့် ကြည့်လိုက်ပြီး နောက် စကားတစ်ခွန်းမှ မဆိုဘဲ လှည့်ထွက်သွားလေ၏။

ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ တံဆိပ်တုံးကို ဖမ်းဆုပ်ကာ နောက်ကနေ လိုက်လံလာသည်။

သူတို့နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် အစိတ်အပိုင်းမြေအလယ်ရှိ ခန်းမသို့ တဟုန်ထိုးသွားနေ ကြ၏။

အနက်ရောင်ဝတ်စုံနှင့်လူက ခန်းမနားသို့ ရောက်ရှိလာ သည့်အခါ သူက မြန်ဆန်စွာ အော်ဟစ်လိုက်၏။ "ခုထိ မ လှုပ်ရှားကြသေးဘူးလား..."

ခန်းမပေါ်ရှိ အခြားသုံးယောက်သည်လည်း မျက်လုံးပွင့် လာခဲ့ကြ၏။ ဖျပ်ခနဲပင် သူတို့က အနက်ရောင်ဝတ်စုံနှင့် လူအနားသို့ ရောက်ရှိသွား၏။ထို့နောက် သူတို့သည် တိုးဝင် လာနေသည့် ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်သည်။

ထိုသုံးယောက်သည်လည်း အထည်ဒြပ်ယန်အဆင့်တွင် ရှိနေကြ၏။နေချိန်၌ အထည်ဒြပ်ယန်အဆင့်လေးယောက်ကသည်နေရာတွင် ရှိနေကြသည့်အတွက် သူ တို့၏အားကောင်းသော အော်ရာများသည် ဝမ်လင်းပေါ်သို့ ကျရောက်လာကြသည်။

ထူထဲသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျံ့နှံ့လာ၏။

ဝမ်လင်း မျက်လုံးက အေးစက်နေကာ သူက ဖြည်းဖြည်း ချင်း ပြောလိုက်သည်။ "စုဆောင်းခြင်းခန်းမက မင်းတို့ မိသားစုလေးစု ပိုင်ဆိုင်တာ မဟုတ်ဘူး။ငါ့ကို ဖြတ်သွားခွင့် ပေးပါ၊ ဒါဆို ငါတို့ တိုက်ခိုက်စရာ မလိုတော့ဘူး။မဟုတ် ရင်တော့ ငါရှုံးရင်တောင် မင်းတို့ထဲက တစ်ဝက် သေစေရ ໑໖..."

သူတို့ထဲက တစ်ယောက်က အေးစက်စွာ ပြောလိုက်၏။ "မင်းက နိဗ္ဗာနကြိုမြင်ခြင်းအဆင့် မဟုတ်သ၍ အပြင်လူ တွေက ဒီခန်းမထဲကို ဝင်ဖို့ အရည်အချင်း မပြည့်မှီဘူး..." သူတို့က ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို သိနေကြပေသည်။ စောနပိုင်းက မြင်ကွင်းသည် သူတို့ကို ကြီးစွာ တုန်လှုပ်စေ ခဲ့သည်။သို့သော်လည်း သူတို့ကလေးယောက် ဖြစ်နေ သည့်အတွက် ဝမ်လင်းနှင့်ပတ်သတ်၍ စိုးရိမ်ခြင်းတော့ မရှိGOI

ထိုအခိုက်အတန့်၌

အနက်ရောင်ဝတ်စုံနှင့်လူက နှာခေါင်းရှုံ့ကာ သူက ရှေ့သို့ တိုး၍ သိုလှောင်အိတ်ကို ပုတ် လိုက်သည်။ထိုအခါ အနီရောင်ဓားတစ်လက်သည် ပျံသန်း ထွက်လာခဲ့၏။ သူ့လက်ညှိုးညွှန်မှုနှင့်အတူ ၎င်းဓားသည်ဝမ်လင်းထံသို့ ပျံသန်းတိုးဝင်သွားသည်။

ကျန်သည့်သုံးယောက်သည်လည်း တရကြမ်းတိုးဝင်လာ ကြ၏။သူတို့ထဲကတစ်ယောက်က ချိပ်တံဆိပ်ဖြင့် လေပြင်း တစ်ခုကို ဖြစ်ပေါ်စေလိုက်ရာ မုန်တိုင်းတစ်ခုသည် ရုတ်တရက် ပေါ်ထွက်လာသည်။ကျန်သည့်နှစ်ယောက်က လည်း တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကာ အသီးသီးချိပ်တံဆိပ်တစ်ခုစီ ထုတ်ဖော်လိုက်ကြသည်။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက နောက်သို့ ချက်ခြင်းဆုတ်သည်။ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ တံဆိပ်တုံးသည် ကြမ်းတမ်းစွာ ရိုက်ချ ဆင်းလာ၏။ကျင့်ကြံသူနှစ်ယောက်က မန္တာန်တစ်ခုကို ဖြစ် ပေါ်စေပြီး ယင်နှင့်ယန်အင်းကွက်ကို ဖြစ်ပေါ်စေ၏။ သည် အင်းကွက်သည် ထူးဆန်းသောစွမ်းအင်တစ်ခုကို ပေးစွမ်း နေကာ ဝမ်လင်းထံသို့ တိုးဝင်လာခဲ့သည်။

ယင်နှင့်ယန်အင်းကွက်ကို ဖြစ်ပေါ်စေသည့် ကျင့်ကြံသူ နှစ်ယောက်သည် လေထဲသို့ ပျံသန်တက်လာ၏။ သူတို့၏ လက်ညှိုးညွှန်မှုနှင့်အတူ ယင်နှင့်ယန်အင်းကွက်သည် အစိတ်အပိုင်းမြေတံဆိပ်တုံးနှင့် ထိပ်တိုက်တွေ့စေလိုက် သည်။သူတို့နှစ်ယောက်က မန္တာန်များကို အသက်သွင်းကာ အစိတ်အပိုင်းမြေတံဆိပ်တုံး ဆင်းသက်လာခြင်းကို ကာ ကွယ်ပေးထား၏။

အခြားနှစ်ယောက်ကတော့ ဝမ်လင်းထံသို့ တိုးဝင်လာကြသည်။သူတို့၏ လက်ထဲတွင်လည်း မန္တာန်နှင့်လက်နက် ရတနာများ ကိုင်ဆောင်ထားကြသေးသည်။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း လှိုင်းတွန့်များစွာ ဖြစ်ပေါ်စေ၍ သူ့ခန္ဓာကိုယ်သည် လောကနှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။ ခြေလှမ်းများစွာ ဆုတ်ပြီးသည့်နောက် သူက ရုတ်တရက် ရပ်တန့်သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။

ထိုခြေလှမ်းနှင့်အတူ

ဝမ်လင်း၏ခန္ဓာကိုယ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။သူက ပြန်ပေါ်လာ သည်အခါ၌ အနက်ရောင်ဝတ်စုံနှင့်လူအနားသို့ ရောက်ရှိနေ၏။ အနက်ရောင်ဝတ်စုံနှင့်လူသည် တုန်လှုပ်သွားသည်။ ရုတ်တရက် သူက နောက်လှည့်လိုက်ရာ အနီရောင်ဓား သည် ဝမ်လင်းထံသို့ တိုးဝင်လာပြန်၏။

ဝမ်လင်းက တည်ငြိမ်စွာပင် ရှေ့သို့ လက်ညွှန်၍ ပြော လိုက်သည်။ "ရပ်တန့်ခြင်း..."

ချက်ခြင်းပင် အနက်ရောင်ဝတ်စုံနှင့်လူကော၊ ဓားပါ အေးခဲသွား၏။ဝမ်လင်းသည် ဓားကို လစ်လျူရှုကာ ရှေ့သို့ တိုးဝင်လိုက်၏။သူက အနက်ရောင်ဝတ်စုံနှင့်လူ၏ ရှေ့သို့ ရောက်ရှိသွားကာ ထိုလူ၏ မျက်ခုံးနှစ်ခုကြားကို လက်ညွှန် လိုက်သည်။မူလစွမ်းအင်များက ထိုးထွက်သွားသည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ခန္ဓာကိုယ်သည် ချက်ခြင်း ပျက်စီးသွားကာ သူ့မူလစိတ်ဝိညာဉ်သည် ပျံသန်းထွက်လာ၏။ သူက ပျံသန်းထွက်ပြေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏ကံကြမ္မာကျာပွတ်သည် ထွက်ပေါ်လာလေ၏။ ကျာပွတ်သည် သူ့မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွား သည့်အခါ အနက်ရောင်ဝတ်စုံနှင့်လူသည် နာကျင်စွာအော် ငြီးလိုက်ရ၏။ မူလစွမ်းအင်များစွာသည်လည်း စိမ့် ထွက်ကုန်ကြသည်။

ထိုအခိုက်အတန့်၌ အခြားတစ်ယောက်သည်လည်း မုန်တိုင်းနှင့်အတူ တရကြမ်းတိုးဝင်လာသည်။၎င်းက ဝမ် လင်း၏ လုပ်ဆောင်မှုများကို နှောက်ယှက်လိုသည်မှာ သိသာနေသည်။

ဝမ်လင်းက ထိုလူ့ကို လှည့်ပင် မကြည့်ပေ။သူက သူ့ညာ လက်ပေါ်ရှိ သားရဲအမှတ်အသားကို လှုပ်ရှားလိုက်သည်။ ထိုအခါ ၎င်းသားရဲအရိုးသည် ထိုမုန်တိုင်းနှင့် ကျင့်ကြံသူ ထံသို့ ကြမ်းတမ်းစွာ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သူ့သိုလှောင်အိတ် ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ဖော်လိုက်၏။ ၎င်းက ကြီးမားသည့် မြူနက်ထုအဖြစ်သို့ ပြောင်းလဲသွားကာ အနက်ရောင်ဝတ်စုံနှင့်လူကို ဝါးမြိုရန် တာဆူလာခဲ့သည်။ အနက်ရောင်ဝတ်စုံနှင့်လူသည် ခုခံရန် ပြင်လိုက်၏။ သို့သော် သူက သွေးဘိုးဘေး၏ကြမ်းကြုတ်သော မူလစိတ် ဝိညာဉ်သည် အလံထဲ၌ တဖျပ်ဖျပ် ဖြစ်နေသည်ကို တွေ့မြင် လိုက်ရလေ၏။ သူနှင့် ရင်းနှီးသောမျက်နှာက သူ့ကို တုန်လှုပ်သွားစေရာ သူ့အာရုံစိုက်မှုသည် လျော့ကျသွားခဲ့သည်။ထို့အတွက် ရလဒ်အနေဖြင့် သူသည် အနက်ရောင်မြူ ထု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။

သည်အရာများအားလုံးက သေသပ်ကာ မြန်ဆန် ရှင်းလင်းစွာ လူ၏ မူလစိတ်ဝိညာဉ်ကို စုဆောင်းပြီးသည့်နောက် ဝမ် လင်းသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ အနက် ရောင်မြူထုသည် ဤဧရိယာတွင် လွှမ်းခြုံသွား၏။သူက ကျန်သည့်သုံးယောက်ကို ကြမ်းတမ်းစွာ စူးစိုက်ကြည့်၍ ပြောလိုက်သည်။ "ငါ စုဆောင်းခြင်းခန်းမထဲ ဝင်ချင်တယ် ဖြစ်ပျက်သွားခြင်းပင်..

အစိတ်အပိုင်းမြေတံဆိပ်တုံးကို ခုခံနေသည့် လူနှစ် ယောက်၏ စိတ်သည် တုန်ယင်နေ၏။သူတို့သည် စကားမ ပြောနိုင်ခင်မှာပင် နောက်ထပ် အော်သံတစ်ခုကို ကြားလိုက်ရသည်။ သူတို့က မုန်တိုင်းနှင့်ကျင့်ကြံသူသည် နောက်သို့ မြန်ဆန်စွာ ဆုတ်ခွာသွားရသည်ကို တွေ့မြင် လိုက်ကြပေ၏။သားရဲအရိုးက တစ္ဆေအလင်းကို ပေးစွမ်း နေကာ မကောင်းဆိုးဝါးအော်ရာက သည်ကမ္ဘာ၌ ပြည့်လျှံ လာ၏။

၎င်းမကောင်းဆိုးဝါးအော်ရာသည် အလွန်အားကောင်း လှကာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်။၎င်း၏ ပိုင်ရှင် ဖြစ်သူ ဝမ်လင်းပင် တုန်လှုပ်မှုကိုခံစားမိရလေ၏။ထို မကောင်းဆိုးဝါးအော်ရာသည် အလွန့်အလွန် သန်မာလှပေ၏..
ဝမ်လင်းပင် ထိုသို့ ခံစားရလျှင် ကျန်သည့်သုံးယောက်ဆို ပြောစရာပင် မလိုတော့ချေ။၎င်းမကောင်းဆိုးဝါးအော်ရာ က ပေါ်လာပြီးသည်နှင့် သဲလွန်စမရှိ ပြန်ပျောက်ကွယ်သွား သည်။သို့သော်လည်း မုန်တိုင်းမန္တာန်အသုံးပြုသော ကျင့်ကြံသူသည် ကျောက်ရုပ်တုအဖြစ်သို့ ပြောင်းလဲသွားခဲ့ ချေပြီ။

ထိုသားရဲအရိုး၏ အကြည့်က သူ့ပေါ်သို့ ကျရောက်လာ ချိန်တွင် ထိုကျင့်ကြံသူသည် နောက်သို့ အမြန်ဆုတ်ခဲ့ခြင်း ပင်။သို့သော်လည်း ထိုအခိုက်အတန့်၌ မကောင်းဆိုးဝါး အော်ရာက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာခဲ့ခြင်းပင်။

ထိုကျင့်ကြံသူ၏ မျက်လုံးထဲ၌ အလွန်အမင်း

ကြောက်လန့်မှုနှင့် ပြည့်နှက်သွားကာ သူ့ညာလက်သည် ချက်ခြင်းပင် မီးခိုးရောင်သို့ ပြောင်းသွားခဲ့သည်။ထို မီးခိုးရောင်က အရူးအမူး ပျံ့နှံ့လာကာ ထိုသေရေးရှင်ရေး အခိုက်၌ ၎င်းကျင့်ကြံသူသည် သူ့ဘယ်လက်ဖြင့် ညာလက် ကို တုံ့ဆိုင်းခြင်းမရှိ ဖြတ်တောက်ပစ်လိုက်သည်။ သူ့သွေး များက နေရာအနှံ့သို့ ပြန့်ကျဲသွားကာ သူက ပေတစ်ထောင် အကွာသို့ နောက်ဆုတ်လိုက်ရပြီး ချက်ခြင်းပင် ကြာပွင့် သဏ္ဌာန်ထိုင်ချလိုက်သည်။

သူက သူ့လက်ကို ဖြတ်တောက်ခဲ့လျှင်ပင် ထိုမီးခိုးရောင် က ပျောက်ကွယ်သွားခြင်း မရှိဘဲ သူ့ညာလက်ကနေ ပျံနှံ့ လာခဲ့ပြန်သည်။သူမျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုနှင့် ပြည့် နက်သွားကာ သူက အံတင်းတင်းကြိတ်မိသည်။ ထိုမီးခိုးရောင်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံခါနီးအခိုက်တွင် သူ့မူလစိတ်ဝိညာဉ်က ပျံသန်းထွက်လာခဲ့ကာ ခန္ဓာကိုယ်ကို စွန့်ပစ်လိုက်ရ၏။

သူ့မူလစိတ်ဝိညာဉ် ပျံသန်းထွက်လာသည့်အခိုက်၌ သူ့ ခန္ဓာကိုယ်သည် အသက်ဓာတ်ကင်းမဲ့သော ကျောက်ရုပ်တု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ လေထဲ၌ သူ့အားနည်း သော မူလစိတ်ဝိညာဉ်သာ ကျန်ရစ်ခဲ့တော့၏။

ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွား သည်။

"ငါက မင်းတို့ကို မေးချင်တယ်....ငါဟာ အရည်အချင်း ပြည့်မှီရဲ့လား..." ဝမ်လင်း၏အကြည့်က တံဆိပ်တုံးကို ခုခံ နေသော ကျင့်ကြံသူနှစ်ယောက်ပေါ်သို့ ကျရောက်သွား သည်။ သူ့အသံကလည်း အေးစက်နေ၏။

အဆင့်ကိုးကောင်းကင်ဘုံအရှင်သခင်၏အရည်အသွေး(နောက်တစ်ပိုင်း)

အပြင်လူများသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်း၏ ကျင့်ကြံခြင်းမိသားစုများ၏ အဆင့်ခွဲခြားထားမှု ကို မသိနိုင်ပေ။ ဥပမာ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်သည် ထိပ်ဆုံးက တည်ရှိမှု ဖြစ်လေ၏။

အဆင့်ရှစ်ကျင့်ကြံခြင်းဂြိုဟ်များကမူ အလွန်ရှားပါးလှ ကာ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင်ပင် စုစုပေါင်းမှ သုံး ဂြိုဟ်သာ ရှိလေ၏။ အံ့အားသင့်ဖွယ်အကောင်းဆုံး အဆင့် ကိုးကျင့်ကြံခြင်းဂြိုဟ်ကတော့ မဟာမိတ်ကြယ်အဖွဲ့အစည်း တွင် တစ်ခုသာ ရှိပေသည်။

ထိုကဲ့သို့ပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် လည်း အဆင့်ခွဲခြားထားမှုများ ရှိပေ။သို့သော် သူတို့က သမိုင်းပေါ်တွင် ပို၍ အာရုံစိုက်ကြ၏။ ရှည်လျားသည့် ကျင့်ကြံခြင်း သက်တမ်းရှိသော ကျင့်ကြံခြင်းမိသားစု များသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အဆုံးမရှိ တည်ရှိမှု ဖြစ်လေ၏။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် မတူညီသော နယ်မြေလေးခု၏ အဓိကကျင့်ကြံခြင်းဂြိုဟ်များပေါ်တွင် ကျင့်ကြံခြင်းမိသားစုများ ရှိတက်ကြ၏။သူတို့၏ ခွန်အားက လည်း များစွာကွာခြားမှု မရှိကြပေ။ဂြိုဟ်တစ်ခုစီပေါ်၌ ကျင့်ကြံခြင်းမိသားစု သုံးစု၊သို့မဟုတ် လေးစု ရှိတက်ကြ သည်။

ဥပမာအနေဖြင့် ထျန်မိသားစုနှင့်ကျန်မိသားစုတို့သည် သူတို့၏ ဂြိုဟ်များပေါ်တွင် အထွတ်အထိပ် တည်ရှိမှု ဖြစ် ကြ၏။

ထိုကျင့်ကြံခြင်းမိသားစုများအထက်၌ ကောင်းကင်ဘုံ နယ်မြေ၏ အမွေအနှစ်နှင့် ကျင့်ကြံခြင်းမိသားစုကြီးလေးခု ရှိပြန်သည်။ သူတို့က အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်း၏ အပြင်ပိုင်း အားအကောင်းဆုံးသူများ ဖြစ်ကြ သည်။

ထိုမိသားစုများ၏ ဇစ်မြစ်ကို ကြည့်ပါက သူတို့၏ဘိုး ဘေးများသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ မပြိုကျခင် က ကောင်းကင်ဘုံသားများ ဖြစ်ကြောင်း တွေ့ရပေမည်။ ထို့ကြောင့် သူတို့၏ အဆင့်အတန်းက သာမန် မဟုတ်ကြပေ..

ထို့အတူ ကျင့်ကြံခြင်းမိသားစုကြီးလေးခု၏ အထက်၌ရှိသော မိသားစုအနည်းငယ်လည်း ရှိသေး၏။ သူတို့သည် မ ထင်မရှားသာ နေတက်ကြပေ၏။ သို့သော် သူတို့ကသာအလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး၏ အစစ်အမှန် အင်အားစုများ ဖြစ်ကြပေသည်။

သူတို့၏ အမွေအနှစ်ကလည်း ကျင့်ကြံခြင်းမိသားစုကြီး လေးခုထက် ပို၍ ရှေးကျလေ၏။ ထိုမိသားစုများသည် ကောင်းကင်ဘုံနယ်မြေ မပြိုကျခင် ရှေးဟောင်းအချိန်တွေ ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ နယ်မြေပြိုကျမှုတွင်လည်း သူတို့က ရှင်သန်နိုင်ခဲ့ကြပေ သည်။ထိုမိသားစုများသည် ရှေးဟောင်းကျင့်ကြံခြင်းကမ္ဘာ ကနေ အမွေအနှစ်များ ဆက်ခံထားပေ၏။အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းတွင် ထိုသို့ ရှေးအကျဆုံး မိသားစု ခြောက်ခု ရှိလေသည်။

ဥပမာ တန်လင်းဂြိုဟ်ပေါ်မှ လျှို့ဝှက်ဆန်းကြယ်သော ရှန့်မိသားစုသည် ရှေးအကျဆုံးမိသားစု ခြောက်ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။

သို့သော်လည်း မရေမတွက်နိုင်သောနှစ်များ ကြာမြင့်ပြီး သည့်နောက် ရှေးဟောင်းကျင့်ကြံခြင်းလောကကနေ အမွေ ဆက်ခံထားသည့် မိသားစုအများသည် အဆင့်နိမ့်ပါးလာခဲ့ ကြပေ၏။ လီမိသားစုက ဥပမာပင်။ ထိုသို့ နိမ့်ပါးလာခဲ့ သည့် မိသားစုများကိုပါ ထည့်တွက်ပါကာ နောက်ထပ် မိသားစု သုံးစုကျော် ရှိနိုင်၏။ ခုချိန်တွင်တော့ လီ မိသားစု၏မိသားစုဝင်များသည် နှစ်ယောက်သာ ကျန်ရစ် တော့၏။ထိုနှစ်ယောက်ထဲက တစ်ယောက်သည် လီယွမ် ဖြစ်လေသည်။
မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးတွင် အဆင့်ကိုးဂြိုဟ် တစ်လုံး ရှိသကဲ့သို့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း တွင်လည်း နှစ်ပေါင်းမြောက်များစွာ ရှင်သန်ခဲ့သော မိသားစုတစ်ခု ရှိ၏။ထိုမိသားစုသည် ရှေးဦးအချိန်များက တည်းပင် တည်ရှိခဲ့ခြင်းပင်။

ထိုရှေးဦးမိသားစုသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကြီး၏ အစစ်အမှန်စွမ်းအားထောက်တိုင် ဖြစ်ကာ အလွန်လည်း လျှို့ဝှက်ဆန်းကြယ် လှသည်။

ထိုရှေးဦးခေါတ်ကတည်းက ယနေ့အထိ တည်ရှိနိုင်သည့် စွမ်းအားမျိုးက အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။ ထို မိသားစုသည် ရှေးဟောင်းအချိန်တွေကတည်းကစ၍ တိုးတက်ပြောင်းလဲလာသည့် ကျင့်ကြံခြင်းများကို တွေ့ကြုံ ခဲ့ရသည့်အပြင် ကောင်းကင်ဘုံနယ်မြေပျက်စီးခဲ့သည်ကိုပါ တွေ့ကြုံခဲ့ရသေးသည်ဟု ဆိုလိုသည်။ထို့အပြင် မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ ဖန်တီးမှုကိုပါ တွေ့ကြုံနေ ရသေးသည်။သူတို့သည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းကြီး၏ ပြောင်းလဲမှုများအားလုံးကို တွေ့ကြုံ ဖြတ်သန်းခဲ့သည်ဟု ဆိုလို၏။

သည်လိုမျိုး ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ၏ လျှို့ဝှက်ချက်ကိုပါ သိသော မိသားစုမျိုးသည် အလွန့်အလွန် ရှားပါးလှပေသည်။ သူတို့ ကိုင်ဆွဲထားသည့် မန္တာန်များကပင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းပေါ်တွင် လွှမ်းမိုးရပ်တည်ရန် လုံလောက်နေပေသည်။
မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အဆင့်ရှစ်၊အဆင့်ကိုး နိုင်ငံများကလွဲ၍ ဝမ်လင်းသည် သည်အရာများအားလုံးကို သိရှိထားပေသည်။ သူက သည်နေရာသို့ လာနေစဉ်အတွင်း လီယွမ်က သူ့ကို ကျင့်ကြံခြင်းမိသားစုများအကြောင်းနှင့် ပတ်သတ်၍ အရာအားလုံးကို ပြောပြခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း ဝမ်လင်းက ကောင်းကင်ဘုံနယ်မြေက နေ အမွေဆက်ခံထားသည့် မိသားစုကြီးလေးခုနှင့် ရင်ဆိုင် ရချိန်၌ တည်ငြိမ်စွာ ရှိနေခဲ့ခြင်းပင်။

တောင့်ခံထားသည့် အစိတ်အပိုင်းမြေတံဆိပ်တုံးကို ကျင့်ကြံသူနှစ်ယောက်သည် တိတ်ဆိတ်စွာ စဉ်းစားနေ၏။ သူတို့ထဲက တစ်ယောက်က ခါးသီးစွာ ပြုံး၍ ပြောလာ သည်။ "ရောင်းရင်းကျင့်ကြံသူလို အားကောင်းတဲ့မန္တာန် တွေ၊ ရတနာလက်နက်တွေ ပိုင်ဆိုင်ထားတဲ့လူက မထင်မ ရှားလူတော့ မဖြစ်နိုင်ဘူး။ကျေးဇူးပြုပြီး သင့်နာမည်ကိုပြောပြခဲ့ပါ

ဝမ်လင်းက တည်ငြိမ်စွာပင် ဆိုသည်။ "ရှုမူ..."

အဘိုးအို၏မျက်လုံးက ကျဉ်းမြောင်းသွားခဲ့ကာ သူက ဆက်ပြောလာသည်။ “အစ်ကိုရှုက နိဗ္ဗာနကြိုမြင်ခြင်း အဆင့်ကို မရောက်သေးပေမဲ့လည်း ငါတို့က သင့်ကို ရပ် အောင် လုပ်နိုင်စွမ်း မရှိပါဘူး...။သင်က စုဆောင်းခြင်း အဆောက်အဦခန်းမထဲကို ဝင်ဖို့အတွက် အရည်အချင်း ပြည့်မှီပါတယ်...
သူက ထိုသို့ပြောပြီးလိုက်ချင်းချင်းပင် သူ့ဘေးရှိ အဘိုး အိုက ဝမ်လင်းကို ကြည့်၍ ရုတ်တရက် မေးလာ၏။ "ရောင်းရင်းရှုက တန်လင်းဂြိုဟ်ပေါ်က ရှုမိသားစုနဲ့များ ပတ်သတ်နေပါသလား..."

ဝမ်လင်းက ထိုသို့ မေးလိုက်သည့်သူကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

အဘိုးအိုက အနည်းငယ် တုံ့ဆိုင်းဆိုင်း ဖြစ်သွားပြီး နောက် သူက ပြောလာခဲ့ပြန်သည်။ "ရောင်းရင်းကျင့်ကြံသူ က ရှုမိသားစုက မဟုတ်ရင် ချန်မိသားစုကို ကိုယ်စားပြုပြီး ငါက ရောင်းရင်းကို မိသားစုဝင်မဟုတ်တဲ့ အကြီးအကဲတစ် ယောက် လုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်..."

ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်လို့သွားသည်။သူက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"ဒါက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ခုလက်ရှိ ငါ့ ပန်းတိုင်က စုဆောင်းခြင်းခန်းမထဲ ဝင်ဖို့ပါ။ ဒါ့ကြောင့် ငါက သင်တို့သုံးယောက်ဟာ ငါ့ကို ဝင်ရောက်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်..." ဝမ်လင်းသည် အသွေးအသား ခန္ဓာကိုယ် ဆုံးရှုံးထားသည့် မူလစိတ်ဝိညာဉ်ကို တစ်ချက် ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်ကို ဆုံးရှုံးထားသော ထိုကျင့်ကြံသူက သက်ပြင်းချလိုက်၏။ သူက ရှုပ်ထွေးစွာ ခံစားမိလိုက်သည်။ သူက ဝမ်လင်းစကားများကို ကြားသည်နှင့် ဝမ်လင်းသည်စုဆောင်းခြင်းခန်းမအကြောင်း သေချာသိနေသည်ဟူ၍ ပြောနိုင်ပေသည်။

စုဆောင်ခြင်းခန်းမက ဖွင့်လှစ်မှသာ လူတစ်ယောက် သည် ဝင်ရောက်နိုင်ပေသည်။ထိုသို့ ဖွင့်လှစ်နိုင်ရန် မိသားစု ကြီးလေးခုထဲက အနည်းဆုံးနှစ်ယောက် လိုပေ၏။

ထို့နောက်တွင်တော့ သူတို့သုံးယောက်သည် စုပေါင်း၍ ဝမ်လင်းအတွက် စုဆောင်းခြင်းခန်းမကို ဖွင့်လှစ်ပေးလိုက် ကြသည်။

"ရောင်းရင်းကျင့်ကြံသူရှု...ငါ့ချန်မိသားစုက စုဆောင်း ခြင်းခန်းမထဲကို ဝင်ရောက်ခဲ့တာ အကြိမ်ရာချီ ရှိခဲ့ပြီ။ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရဖို့ကတော့ သင့်ကံအပေါ် မှာ မူတည်တယ် ဆိုပေမဲ့လည်း လူတိုင်းထင်နေသလို ကြုံရာကျပန်း ဖြစ်နေတာတော့ မဟုတ်ဘူး။ သင်က ပိုပြီး ကြာကြာနေနိုင်လေ...အဆုံးသပ်မှာ တော့ ကောင်းကင်ဘုံမန္တာန်ကို ရနိုင်လေပဲ..." သင်က

ဝမ်လင်းက အနည်းငယ် ခေါင်းညိတ်ပြ၏။ ယောင် မိသားစုဝင်အဘိုးအို၏ မှတ်ဉာဏ်များကြောင့် ဝမ်လင်း သည် မိသားစုကြီးလေးခုမှာ သည်စုဆောင်းခြင်းခန်းမထဲ၌ ထောင်ချောက်တစ်ခု ချမှတ်ဖို့ စွမ်းအား မရှိကြောင်း သိရှိခဲ့ ပြီး ဖြစ်လေသည်။

ဝမ်လင်းက

အချိန်ဆက်မဆွဲတော့ဘဲ များကို ပြန်သိမ်းဆည်းပြီးနောက် တံခါးဝသို့ရောက်သွား၏။ထို့နောက် သူက အထဲသို့ ခြေလှမ်းဝင်သွား တော့သည်။

ဝမ်လင်း ဝင်သွားပြီးသည့်နောက် ခန္ဓာကိုယ်ဆုံးရှုံးထား သော အဘိုးအိုသည် သက်ပြင်းချ၍ ပြောလာ၏။ "ငါတို့က သူ့မှာ လုံလောက်တဲ့စွမ်းအား ရှိမှန်းသာ သိခဲ့ရင် သူ့ကို မ တိုက်ခိုက်လိုက်ပါဘူး။ဒီအတိုင်း ဝင်ခွင့်ပေးလိုက်တယ်။ သူ့ ကျင့်ကြံမှုအဆင့်နဲ့ဆို ငါတို့လိုမျိုး လေးခုမြောက်အလွှာကို သွားနိုင်လိမ့်မယ်..."

တကယ် "လေးခုမြောက်အလွှာက ငါတို့ရဲ့ အကန့်အသတ်ပဲ။ ဒါပေမဲ့လည်း သူ့မန္တာန်နဲ့ရတနာတွေက ကြမ်းတမ်းတယ်။ ငါ့တို့က တူညီတဲ့ ကျင့်ကြံမှုအဆင့်မှာ ရှိနေပေမဲ့လည်း သူ့ကို မထိန်းချုပ်နိုင်တာ သိသာနေတာပဲ။ ငါ စိုးရိမ်မိတာက သူဟာ စုဆောင်းခြင်းခန်းမကို ဖွင့်လှစ်ဖို့ ငါတို့ကို လိုအပ်တာသာ မသိခဲ့ဘူးဆိုရင် ပြီးခဲ့တဲ့ တိုက်ပွဲမှာ တစ်ယောက်တည်း သတ်ပစ်ခဲ့မှာ မဟုတ်တာကိုပဲ..."

ခန္ဓာကိုယ်ဆုံးရှုံးထားသည့် အဘိုးအိုက ညစ်ကျယ်ကျယ် ပြုံး၍ ဆိုလာ၏။ "ဟုတ်တာပေါ့။ သူက ငါတို့ထဲက နှစ် ယောက်ကို သတ်ပစ်ချင်တာလို့ ငါ ပြောနိုင်တယ်။ငါသာ အချိန်မှီ လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ရင် ငါ့မူလစိတ် ဝိညာဉ်ကလည်း ခုချိန်ဆို ပျက်စီးနေလောက်ပြီ..."

ချန်မိသားစုက အဘိုးအိုသည် ဖြည်းညင်းစွာ ပြော လိုက်၏။ "ထားလိုက်ပါတော့...သူက အခု ဝင်သွားပြီဆိုမှတော့ ဝင်သွားတယ်ပေါ့။ လေးခုမြောက်အလွှာက ကောင်းကင်ဘုံမန္တာန်က သူ့ရဲ့ အကန့်အသတ် ဖြစ်လိမ့် မယ်။ ကျန်တာကတော့ သူ့ကံအပေါ်မှာပဲ မူတည်လိမ့် ໑໖..."

ခန္ဓာကိုယ်ဆုံးရှုံးသွားသော အဘိုးအိုက မေးလာ၏။ "အကြီးအကဲချန်…သင်က ဒီလူ့ကို ချန်မိသားစုရဲ့ ပြင်ပ အကြီးအကဲအဖြစ် တကယ် ဖိတ်ခေါ်ချင်တာလား..."

အကြီးအကဲချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒီ လူက တော်တော်လေး ဖြုံလောက်တဲ့လူပဲ။ ငါ့ချန်မိသားစု က ဒီလိုလူမျိုး လိုအပ်တယ်။ ဒါ့ကြောင့် ရောင်းရင်းကျင့်ကြံ သူတွေက ငါနဲ့ ပြိုင်မလုပါနဲ့။ ဒီလူက ချန်မိသားစုရဲ့ ပြင်ပ အကြီးအကဲ ဖြစ်လာရင် ငါက သင်တို့နှစ်ယောက်ကို ရောင်းရင်းကျင့်ကြံသူယောင်ရဲ့ အဖြစ်သအင်ကို ပြန်မပြော ဖို့ ကျေးဇူးပြုပြီး တောင်းဆိုချင်ပါတယ်။ ရောင်းရင်းလုရဲ့ ခန္ဓာကိုယ်ကိုတော့ ငါတို့ ချန်မိသားစုက ပြန်ပေးမှာပါ။ ရောင်းရင်းကျင့်ကြံသူ စုန်အတွက်လည်း ငါ့ချန်မိသားစုက လက်ဆောင်တစ်ခု ပေးပါဦးမယ်။ ဒါပေမဲ့လည်း ဒါတွေက ဒီလူ ငါ့ချန်မိသားစုကို ဝင်ဖို့ သဘောတူမှပါ.."

သူတို့သုံးယောက်က စကားပြောနေစဉ်တွင် ဝမ်လင်း သည် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုသို့ ရောက်လာ ခဲ့သည်။ သူ့ပတ်ဝန်းကျင်တစ်ခုလုံးသည် မီးခိုးရောင်မြူတို့ နှင့် ဖုံးလွှမ်းနေကာ သူ့နတ်ဘုရားအာရုံကိုပင် ဖြန့်ကျက်၍ မရပေ။ အရပ်မျက်နှာအနှံ့ကနေ ခပ်တိုးတိုးအသံများကဝမ်လင်းနားထဲသို့ ဝင်ရောက်နေ၏။သို့သော် သူက မည် သည့်အရာကို ပြောနေမှန်း မကြားရချေ။

သည်အခိုက်အတန့်၌ ပတ်ဝန်းကျင်ရှိ မြူလွှာက ဖြည်းဖြည်းချင်း ရွှေ့လျားလာသည်။ သည့်နောက် မြူလှိုင်း များက ဝမ်လင်းရှေ့တွင် စုစည်းလာ၏။ မျက်စိတစ်မှိတ် အတွင်းပင် ၎င်းက လူတစ်ယောက်အသွင်သို့ ပြောင်းလဲ သွားလေသည်။

ထိုလူက မြူနှင့်ပြုလုပ်ထားခြင်း ဖြစ်၏။ သူ့မျက်နှာကို လည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ရသည်။သူ့အသွင်က ပုံ မှန်ပင် ဖြစ်၏။သို့သော် သူ့ထံမှ ကျင့်ကြံသူတစ်ယောက်နှင့် သိသိသာသာ ကွဲပြားသော အော်ရာတစ်ခု ရှိနေ၏။ သူက ပေါ်လာသည်နှင့် ဝမ်လင်းကို တည်ငြိမ်စွာ ကြည့်သည်။ ထို့နောက် သူာ့လက်ဝါးကို မြှောက်ကာ အထက်သို့ ညွှန်ပြ ပြီး မလှုပ်မယှက် ရှိနေတော့၏။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ယောင်မိသားစုဝင်၏ မှတ်ဉာဏ်ထဲကနေ သည်ဖြစ်စဉ် သည် လူတိုင်းအတွက် မတူညီသည်ကို သိခဲ့ရသော်လည်း အစပိုင်း၌ ဆင်တူယိုးမှားသာ ဖြစ်၏။ သည်အရာက လူ တစ်ယောက်၏ မည်သည်။ ကျင့်ကြံမှုအဆင့်ကို စမ်းသပ်ခြင်း

အနည်းငယ် စဉ်းစားပြီးသည့်နောက် ဝမ်လင်းသည် ရှေ့ သို့ လှမ်းကာ ထိုလူနားသို့ ရောက်သွားသည်။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ တစ်ဘက်မြူလူသား၏ လက်ဝါး ကို ဖိချလိုက်သည်။

ချက်ခြင်းပင် ဆန်းကြယ်သောအားတစ်ခုက ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။၎င်းက သူ့ ခန္ဓာကိုယ်ထဲတွင် တစ်ကြိမ်လှည့်ပတ်သွားပြီးနောက် ခပ် တိုးတိုအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဆင့်ရှစ်မဟာကောင်းကင်ဘုံသား...။သင်က စုဆောင်းခြင်းခန်းမရဲ့ လေးလွှာမြောက်ကို ဝင်နိုင်ပြီး ကောင်းကင်ဘုံရတနာတစ်ခုအတွက် စမ်းသပ်နိုင်တယ်..." သင့်ကံတရားကို

ဝမ်လင်းက သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ရင်း သူ့ မျက်လုံးသည် တလက်လက် ဖြစ်လာခဲ့ကာ သူက ခပ် တိုးတိုး ရေရွတ်လိုက်သည်။ "အဆင့်ရှစ်မဟာ ကောင်းကင်ဘုံသားလား..။ကောင်းကင်ဘုံသားတွေကြား မှ ဘယ်လိုကျင့်ကြံမှုအဆင့်ခွဲလဲ ငါ သိချင်မိတယ်။ငါက ခု ထိ အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်ကို မရောက် သေးဘူး။ ငါက ယန်အထွတ်အထိပ်အဆင့်ကို ရောက်ရင် ကောင်းကင်ဘုံသားဘယ်အဆင့်နဲ့ ညီမျှလဲ သိချင်မိတယ်..."

သည်အခိုက်အတန့်၌ မြူလူသားသည် တဖြည်းဖြည်း လွင့်ပါးသွားသည်။ ဝမ်လင်းသည် ၎င်းက ပျောက်ကွယ် သွားသည်နှင့် သူသည် လေးခုမြောက်အလွှာသို့ တည်နေရာရွှေ့ပြောင်းခြင်း ခံရမည်ကို သိပေ၏။ သည့်နောက် ကျန် သည့်အရာများသည် သူ့ကံတရားပေါ်တွင်သာ မူတည် တော့သည်။

သို့ရာတွင် သူ့ကံက မည်သို့ပင် ဖြစ်နေပါစေ သူက လေး ခုမြောက်အလွှာကနေ ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရရှို နိုင်မည်သာ။ သူက သည်စုဆောင်းခြင်းခန်းမ၌ ဘယ်နှစ် ထပ် ရှိသည်ကို မသိသော်လည်း အထပ်ပိုမြင့်လေလေ ကောင်းကင်ဘုံမန္တာန်ကလည်း ကောင်းမွန်မည်မှာ သိသာပေ၏။ ပို၍အရည်အသွေး

ကျင့်ကြံခြင်းအဆင့်စမ်းသပ်ချက်ကလည်း ဟန်ပြမဖြစ် နိုင်ချေ။ အရာအားလုံးသည် လူတစ်ယောက်၏ ခွန်အားပေါ် တွင် မူတည်ကာ ထိုအရာကပင် ကံကောင်းခြင်းတစ်မျိုး ဖြစ်သည် မဟုတ်လော။

အားကောင်းသော ကျင့်ကြံခြင်းအဆင့်ရှိသည့် သူများ သည် အဖိုးတန်သောကောင်းကင်ဘုံမန္တာန်များကို ရရှိနိုင် ကြပေ၏။

မြူလူသား ပျောက်ကွယ်သွားတော့မည်ကို ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက ရုတ်တရက် ရဲတင်းသောအကြံဉာဏ်တစ်ခုကို ရလိုက်၏။ သည်အကြံပေါ်လာသည်နှင့် သူ့နှလုံးပင် ခုန်ပေါက်သွားခဲ့ရ သည်။

အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူက အံတင်းတင်းကြိတ်ကာ သူ့လက်ထဲ၌ စေတီတစ်ခုကို ပေါ်လာစေလိုက် သည်။သူ့မျက်လုံးက ဆန်းကြယ်သောအလင်းတစ်ခုကို ပေး စွမ်းနေကာ သူ့ဘယ်လက်ဖြင့် ၎င်းစေတီကို ရိုက်ပုတ် လိုက်၏။ ထိုအခါ အဖြူရောင်ဝတ်စုံနှင့်အမျိုးသမီးသည် ဝမ်လင်းရှေ့တွင် ပေါ်လာခဲ့ချေသည်။

ဝမ်လင်းက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက် ပြီးနောက် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။သူက သူ့ မူလစွမ်းအင်ဖြင့် အမျိုးသမီး၏ ညာလက်မြှောက်လာ အောင် ထိန်းချုပ်ပြီး ပျောက်ကွယ်နေသော မြူနှင်ပြုလုပ် ထားသည် လူသား၏ လက်ဝါးကို ထိပေးလိုက်သည်။

ချက်ခြင်းပင် မြူလူသားက ပျက်စီးတော့မည့် အရိပ် လက္ခဏာ ပြသလာခဲ့၏။သူ့ခန္ဓာကိုယ်ကလည်း တုန်ယင် သွားခဲ့သည်။အချိန်အတန်ကြာမြင့်ပြီးသည့်နောက် တိုးတိုးအသံတစ်ခု ထွက်ပေါ်လာပြန်၏။ ခပ်

"အဆင့်ကိုးကောင်းကင်ဘုံသားအရှင်..သင်က စုဆောင်းခြင်းခန်းမရဲ့ ကိုးလွှာမြောက်ကို သွားပြီး ကောင်းကင်ဘုံမန္တာန်တွေကို စစ်ဆေးကြည့်နိုင်ပါတယ်..."

ဝမ်လင်းက လက်သီးခပ်တင်းတင်း စုပ်ထားရင်း သူ့ မျက်လုံးထဲ၌လည်း စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နေသည်။ ချက်ခြင်းပင် သူက အမျိုးသမီးကို စေတီထဲသို့ ပြန်ရုတ် သိမ်းလိုက်ပြီး သိုလှောင်အိတ်ထဲသို့ ပြန်ထည့်လိုက်၏။ သူ့ နှလုံးက ခုန်ပေါက်နေ၏။ သည်လို စိတ်လှုပ်ရှားမှုမျိုးက***

ဝမ်လင်းထံတွင် ဖြစ်တောင့်ဖြစ်ခဲပင်။

"ကံကို မှီခိုပြီး ကောင်းကင်ဘုံမန္တာန်တစ်ခုကို ရယူတာနဲ့ ကိုယ်တိုင် ကောင်းကင်ဘုံရတနာတွေကို ရွေးချယ်ခွင့်ရှိတာ ရဲ့ကြားမှာ အတော်ကြီး ကွာခြားမှု ရှိတယ်…"

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)