အပိုင်း(167)
ထာရှန်..ကောင်းကင်ဘုံ သက်တော်စောင့်
ဝမ်လင်းက ပါးစပ်ဟလိုက်ရာ ကောင်းကင်ဘုံချိပ်ပိတ် တံဆိပ်တုံးသည် သူ့ပါးစပ်ထဲသို့ ပျံသန်းဝင်ရောက်သွားလေ၏။ ထို့နောက် သူ့မူလစိတ်ဝိညာဉ်ထဲရှိ မိုးကြိုးက ၎င်းတံဆိပ်တုံးကို သန့်စင်မွန်းမံသည်။
“အချိန်အတော်ကြာပြီးရင်တော့ ဒီရတနာက ငါ့မူလစိတ်ဝိညာဉ်ရှိက မိုးကြိုးစွမ်းအား တစ်ချို့တစ်လေကို ကျိန်းသေပေါက် ပိုင်ဆိုင်လိမ့်မယ်..”
တံဆိပ်တုံးကို မြိုချပြီးသည့်နောက် ဝမ်လင်းသည် သူ့သိုလှောင် အိတ်ထဲကို ပုတ်လိုက်ရာ ခရမ်းရောင်အလုံသုံးလက် ပျံသန်း ထွက်လာသည်။ခရမ်းရောင်အလံများသည် တစ်ခုနှင့်တစ်ခု ထွေးခြုံကာ အတားအဆီးများကို တဖျပ်ဖျပ် ထုတ်လွှတ်နေ၏။
မကြလှသေးသော အတိတ်ချိန်တုန်းက ဝမ်လင်းသည် ထိုအလံ သုံးလက်ဖြင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော် တစ်ယောက်ကို ချိပ်ပိတ်ထားခဲ့ပေသည်။
ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ လက်တစ်ချက်ညွှန်လိုက်၏။ထိုအခါ အလံသုံးလက်ပေါ်ရှိအတားအဆီးသည် လွင့်ပြယ်သွားတော့သည်။ထို အခိုက်အတန့်၌ ချိပ်ပိတ်ခြင်းခံထားရသော တမန်တော်၏ မူလ စိတ်ဝိညာဉ်သည် ပျံသန်းထွက်လာတော့၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့်နေကာ သူက လွတ်မြောက်လာသည်နှင့် အဝေးသို့ တည်နေရာရွှေပြောင်းရန် တာဆူတော့သည်။
ဝမ်လင်း၏ မျက်လုံးက အေးစက်လာခဲ့ကာ သူက သိုလှောင် အိတ်ကို ပုတ်လိုက်၏။ထိုအခါ စိတ်ဝိညာဉ်တစ်ကုဋေအလံသည် ပျံသန်းထွက်လာခဲ့ပြီးနောက် အနက်ရောင်တိမ်တိုက်ထုကြီး အဖြစ်သို့ ချက်ခြင်းပြောင်းလဲပြီး မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်မှ တမန်တော်၏ မူလစိတ်ဝိညာဉ်ကို ဝါးမြိုပစ်လေ သည်။
“ငါ့ကို မသတ်ပါနဲ့ …ရောင်းရင်းကျင့်ကြံသူ..။ငါ့အသက်အတွက် တန်ဖိုးရှိတဲ့ ရတနာတစ်ခုနဲ့ လဲလှယ်ချင်ပါတယ်..
တမန်တော်သည် အနက်ရောင်တိမ်တိုက်ထုကြား၌ ရုန်းကန်နေ ရင်း သနားငဲ့ညှာပေးရန် တောင်းပန်နေသည်။
ဝမ်လင်းက အေးစက်စက် ပြောလိုက်၏။ “ဘယ်လို တန်ဖိုးရှိတဲ့ ရတနာလဲ...
တမန်တော်က ချက်ခြင်း လှမ်းပြော၏။ “ အရောင်းရင်းကျင့်ကြံ သူ အလုံးစုံကောင်းကင်ကျောက်တုံးတစ်တုံးကို ရနိုင်တဲ့ နေရာကို ငါ သိနေပါတယ်..။သင်ကသာ ငါ့ကို လွှတ်ပေးဖို့ ကတိပေးရင် အဲ့နေရာဆီ ငါ သင့်ကို ချက်ခြင်း ခေါ်ဆောင်သွားပေးပါ့မယ်..
ဝမ်လင်း၏မျက်နှာပေါ်၌ မည်သည့်အမူအရာကိုမှ ပြသခြင်း မရှိဘဲ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ အနက်ရောင်တိမ်တိုက်သည် ချက်ခြင်းပင် မူလစိတ်ဝိညာဉ်ကို ဝါးမြိုသွားကာ အလံထဲ၌ ပိတ်လှောင်ပစ်လိုက်၏။
“အလုံးစုံကောင်းကင်ကျောက်တုံး.. ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ထိုအကြောင်းကို ဆက်၍ မတွေးတော့ပေ။ ထို့နောက် သူ့အကြည့်သည် လေထဲရှိ အလံသုံးလက်ပေါ်သို့ ကျ ရောက်သွားကာ လှမ်းယူလိုက်သည်။အလံသုံးလက် သူ့လက်ထဲ သို့ ကျရောက်လာသည့်အခါ၌ သူက မူလစွမ်းအင်အဆီအနှစ်ကို ၎င်းတို့အပေါ်သို့ ထွေးထုတ်လိုက်၏။၎င်းအလံသုံးလက်ပေါ်ရှိနတ်ဘုရားအာရုံကို ဖယ်ရှားကာ သူ့ ကိုယ်ပိုင် နတ်ဘုရားအာရုံ အမှတ်အသားကို ခပ်နှိပ်ပြီးနောက် ထိုအလံများကို ပြန်သိမ်း လိုက်သည်။ထို့နောက် ဝမ်လင်းသည် စတင် စဉ်းစားနေ၏။
“ဒါက ရှားပါးတဲ့ အကာအကွယ်ရတနာတစ်ခုပဲ... အမွှေးတိုင် ထွန်းစာ တစ်ဝက်ခန့် ကုန်ဆုံးပြီးနောက် ဝမ်လင်း၏မျက်လုံး သည် တလက်လက် ဖြစ်လာသည်။သူက အလံသုံးလက်ကို လေ ထဲသို့ ပစ်လွှတ်လိုက်ရာ ၎င်းအလုံတို့သည် သူ့ခန္ဓာကိုယ်အား မြန်ဆန်စွာ စတင်လှည့်ပတ်တော့သည်။ထို့နောက် ခရမ်းရောင် ဝဲကတော့တစ်ခု ပေါ်ထွက်လာသည်။၎င်းဝဲကတော့ထဲ၌ အဆင့် တစ်ခုရှိသော အကာအကွယ်ဖြစ်ပေါ်မှုတစ်ခု ပါရှိနေ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် ထိုခရမ်းရောင် ဝဲကတော့ထဲသို့ မြင့်တက်တိုးဝင်လာတော့၏။ထိုအခါ တိုက်ရိုက် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားသည်။ခရမ်းရောင်ဝဲကတော့၏ လှည့်ပတ်မှုက ပို၍ မြန်ဆန်လာခဲ့ကာ ခရမ်းရောင်မြူခိုးများက လည်း ပိုမို၍ ထွက်ပေါ်လာတော့သည်။သိပ်မကြာခင်တွင် ဝမ် လင်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင်မြူထဲ၌ လုံးဝ ဖုံးကွယ်ပျောက်သွားတော့သည်။
အသက်ရှုချိန်သုံးခါလောက် ကြာမြင့်ပြီးသည့်နောက် ထိုမြူများ ပျောက်ကွယ်လို့သွား၏။ ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်း လိုက်ရာ အလံသုံးလက်သည် သူ့သိုလှောင်အိတ်ထဲသို့ ပြန်ဝင် သွားတော့သည်။
"ဒီရတနာရဲ့စွမ်းအားက သိပ်မဆိုးလှဘူးပဲ..” ဝမ်လင်းသည် သူ့ သိုလှောင်အိတ်ထဲကနေ အဝါရောင်အဆောင်နှစ်ခုကကို ထုတ်ယူ လိုက်ပြန်၏။
အခုအနေထားနှင်ပင် ဝမ်လင်းသည် ထိုအဆောင်နှစ်ခုကို ထွင်း ဖောက်မြင်နိုင်စွမ်း မရှိသေးပေ။သူက ထိုနှစ်ခုကို သေချာ ကြည့်ရှုပြီးသည့်နောက် ပြန်လည်သိမ်းဆည်းလိုက်၏။
အသက်ဝဝရှူသွင်းလိုက်ပြီးနောက် ဝမ်လင်း၏ မျက်လုံးသည် အလွန်တောက်ပလာပြန်သည်။သူ့အသွင်က အလေးအနက် ဖြစ်လာခဲ့ကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်လေ၏။ငါး ကီလိုမီတာအတွင်း ထူးထူးခြားခြား ဘာတစ်ခုမှ မရှိမှန်း သေချာ မှ သူသည် သိုလှောင်အိတ်ကို ထိလိုက်သည်။
ထိုအခါ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်လျှံကာ ရွှေရောင်တောက်ပသည့် ခန်းမဆောင်တစ်ခု လက်ဖဝါးအရွယ် ခန့် ရှိသော ခန်းမဆောင်တစ်ခုသည် ဝမ်လင်းလက်ဝါးပေါ်၌ ထွက်ပေါ်လာလေသည်။ထိုအခိုက်အတန့်၌ ဝမ်လင်း၏ နှလုံးခုန် သံသည် ပို၍ပင် မြန်ဆန်လာကာ ခန်းမဆောင်ကို ကြည့်နေသော သူ့မျက်လုံးထဲ၌ပင် စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ်နေသည်။
“မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့အတွက် အကျိုးအမြတ် အရှိဆုံး ရိတ်သိမ်းနိုင်မှုကတော့ ဒီ စုဆောင်းခြင်းခန်းမဆောင် လို့ ဆိုရမှာပဲ..
“ ဒီအထဲမှာ ကောင်းကင်ဘုံမန္တာန် ဘယ်လောက်များများ ရှိနေမ လဲ..” ဝမ်လင်းမျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက် နေသည်။သို့သော် ခဏအကြာတွင် သူက သူ့စိတ်ကိုယ်သူ ပြန် ထိန်းသိမ်းလိုက်နိုင်၏။
"ငါ့ အခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ငါက လေးထပ်မြောက် ကိုပဲ ဝင်ရောက်နိုင်ဦးမယ်။ငါက အဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီး ကို အသုံးပြုပြီး ကိုးထပ်မြောက်ကို သွားနိုင်ရင်တောင်မှ အဲ့ အထပ်က ကောင်းကင်ဘုံမန္တာန်တွေကို ရဖို့ အတားအဆီးတွေကို ချိုးဖျက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ဒါ့အပြင် ဒီခန်းမဆောင်က အ တော့်ကို တန်ဖိုးကြီးမားလှတဲ့အတွက် ငဝင်တဲ့ အချိန်မှာ အတားအဆီးအများကြီး ချမှတ်ထားခဲ့ဖို့ လိုလိမ့်မယ်။ဒီနေရာက လုံးဝ လုံခြုံမှု မရှိသေးဘူး။ ဒါ့ကြောင့် ဒီခန်းမဆောင်ကို ငါ ဒီ နေရာမှ သတိမမူဘဲ လေ့လာကြည့်လို့ မဖြစ်သေးဘူး…”
ဝမ်လင်းက သူ့စိတ်ဆန္ဒကို ဖိနှိပ်ကာ အသက်ဝဝရှုသွင်းပြီး နောက် ခန်းမဆောင်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်း လိုက်သည်။ သို့သော်လည်း ချီတုံ့ချတုံ့ ဖြစ်ပြီးနောက် သူက ခန်းမဆောင်ကို နောက်တစ်ကြိမ် ထုတ်လိုက်ပြန်သည်။ သည့်နောက် အရင်တုန်းက သူ သင်ယူခဲ့ဖူးသည့် ချိပ်ပိတ်ခြင်း မန္တာန်ကို အသုံးပြုကာ ခန်းမဆောင်ကို လက်သည်းခွံ အရွယ်အစားလောက်ထိ ချုံ့ပစ်လိုက်လေသည်။
သည့်နောက်တွင် သူက သိုလှောင်အိတ်နောက်တစ်ခုကို ထုတ်ယူ ကာ ခန်းမဆောင်ကို အထဲသို့ ထည့်သွင်းလိုက်၏။ထို့နောက် သူက သူ့ရင်ဘက်ကို လှီးဖြတ်ကာ ၎င်းသိုလှောင်အိတ်ကို သူ့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။သူ့မူလစွမ်းအင်အောက်၌ ရင်ဘက်ပေါ်ရှိ ဒဏ်ရာက မြန်ဆန်စွာ ပြန်ပျောက်ကင်းလို့ သွား၏။
"ဒီလိုနည်းနဲ့ဆိုရင် ဘယ်သူကမှ စုဆောင်းခြင်းခန်းမ ဘယ်နေရာ မှာ ရှိနေလဲ သိနိုင်မှာ မဟုတ်တော့ဘူး..” ဝမ်လင်းက သူ့ရင်ဘက် ကို ပုတ်ကာ ပြုံးလိုက်လေ၏။
ဝမ်လင်း၏ ခန္ဓာကိုယ်ပေါ်၌ ကောင်းကင်ဘုံကျောက်စိမ်းပြား များနှင့် ပြည့်နှက်နေသော သိုလှောင်အိတ်များစွာသည် အခုထိရှိနေဆဲပင်။ထိုကျောက်စိမ်းပြားပမာဏက အလွန်များပြားလှ ကာ ၎င်းတို့ကို မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ရရှိလာခဲ့ ခြင်း မဟုတ်လော။
အချိန်နှစ်လနီးပါး ကြာမြင့်ပြီးသည့်နောက် ဝမ်လင်းသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ သူ ရိတ်သိမ်းနိုင်ခဲ့သည့် အကျိုးအမြတ်များကို စီစဉ်ချမှတ်ပြီးသွားခဲ့ပြီ ဖြစ်သည်။
"အခု ထွက်ခွာဖို့ အချိန်တန်ပြီ... ဝမ်လင်းက မတ်တပ်ထရပ်ကာ လေထဲသို့ ပျံတက်လိုက်သည်။ ခြင်သားရဲကလည်း မြူးထူးစွာ ဝမ်လင်းရှိရာသို့ ပျံသန်းလာရင်း ဝမ်လင်းကို သူ့ကျောပေါ်တွင် ခေါ်ဆောင်ကာ အဆောက်အဦများ ရှိရာသို့ ပျံသန်းသွား တော့သည်။
မြေပြင်ထက်ရှိ မိုးကြိုးဖားပြုတ်ကလည်း မျက်လုံးကစားလိုက် ပြီးနောက် ဝုန်းကနဲ အတော်လှမ်းလှမ်းနေရာသို့ လှမ်းခုန်လိုက် လေသည်။၎င်းကလည်း မြေပြင်ကနေ ခြင်သားရဲနောက်သို့ လိုက်ပါလာသည်။
သူတို့က ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ စည်စည်ကား ကားရှိသော နေရာနှင့် နီးကပ်လာသည့်အခါ ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက အဆောက်အဦ များကြား ကျယ်ပြန့်သောနေရာတစ်ခု၌ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူများ စုစည်းနေသည်ကို တွေ့မြင် လိုက်ရခြင်းကြောင့်ပင်။
ထိုနေရာလွတ်၏ အလယ်၌ ပေသုံးဆယ်ခန့် ကျယ်သော သစ်သားစင်မြင့်တစ်ခု ရှိနေသည်။၎င်းစင်မြင့်ထက်၌လည်း လူ တစ်ယောက် လှဲလျောင်းကာ နေ၏။ထိုသူကတော့ ထာရှန်ပင် ဖြစ်တော့သည်။
ထာရှန်၏အသွင်က သေလုမြောပါး ဖြစ်နေကာ သူ့မျက်လုံးများ ကလည်း အချိန်မရွေး သေဆုံးနိုင်သကဲ့သို့ မှိန်ဖျော့လို့နေ၏။ သေခြင်းတရားက သူ့ခန္ဓာကိုယ်နားတွင် ဝန်းရံထား၏။သူက သေမင်းကတွင်းဝ သို့ရောက်နေသည်မှာ သိသာလှပေသည်။
ထိုအရာကို ကြည့်၍ ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားသွား သည်။လွန်ခဲ့သောနှစ်လက ဝမ်လင်းသည် ထာရှန်သည် လောင်စာမရှိသည့် မီးအိမ်တစ်ခုကဲ့သို့ ဖြစ်နေသည်ကို တွေ့မြင်ခဲ့ ပြီး ဖြစ်၏။ထာရှန်၏ ခန္ဓာကိုယ်ထဲရှိ ကျွန်အမှတ်အသားသည် အလွန်အားကောင်းလှသည် မဟုတ်လား။၎င်းအမှတ်အသားက သူ့သွေးမျိုးဆက်ထဲထိ ခပ်နှိပ်ထားခြင်း ဖြစ်ရာ သူ့ကို ပြန်လည် ခုခံဖို့ ခွင့်မပြုပေ။
ထာရှန်က ထိုကျွန်အမှတ်အသားကို ဖိဆန် ခုခံသည့် ပထမဆုံးလူ ဟူ၍ပင် ပြော၍ရ၏။ သို့သော် ထိုသို့ လုပ်သည့် အကျိုးဆက် အနေဖြင့် သူသည် တန်ပြန်ဒဏ်ကို ခံစားခဲ့ရပေသည်။သူက အခု လို ပုံစံဖြင့် ဆက်လက်အသက်ရှင်ရန်ပင် မဖြစ်နိုင်တော့ချေ။
ယနေ့သည် သူ့အဆုံးသပ်သို့ ရောက်လာသည့်နေ့ ဖြစ်ကာ သူက ဆက်လက်၍ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။
ထာရှန်၏ဘေးနား၌ ရွေးချယ်ခံ(စွန့်ပစ်ခံ)မသေမျိုးကလန်၏ ဘိုးဘေးသည် ဝမ်းနည်းခြင်း ကြီးစွာဖြင့် ရှိနေ၏။ သူ့ရင်ဘက် ပေါ်၌လည်း မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျနေသည်။
အဘိုးအိုက ခပ်တိုးတိုး ပြောလိုက်၏။ “ မြေးလေး..” သူသည် ထာရှန်ကို အခုလိုမျိုး မြေးလေး ဟု မခေါ်ခဲ့သည်မှာ အချိန် အတော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။ သို့သော် ဝမ်းနည်းခြင်းတရားက သည်ဧရိယာတွင် ကြီးစိုးနေ၏။ လူတိုင်းက ထာရှန်ကို တိတ်ဆိတ်စွာ ကြည့်နေကြကာ သူတို့၏ မျက်နှာပေါ်တွင်လည်း ဝမ်းနည်းမှုတို့ ထွက်ပေါ်နေကြသည်။
"ထာရှန်..."
"ထာရှန်..."
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များ၏ ခပ်တိုးတိုး ခေါ်သံ များက တဖြည်းဖြည်းချင်း ထွက်ပေါ်လာကြ၏။
“ထာရှန်..."
သူတို့၏ စိတ်ထဲ၌ ထာရှန်သည် ရွေးချယ်ခံကလန်အတွက် သူရဲကောင်းတစ်ယောက်ပင် မဟုတ်လား။ မည်သူကမျှ ကျွန် အမှတ်အသားကို မဆန့်ကျင်၊မခုခံသည့် အချိန်၌ ထာရှန်တစ် ယောက်ကသာ ဦးမညွတ် အလံမလဲ ဒူးမထောက်ခဲ့ခြင်းပင်။ထာ ရှန်သည် ကျွန်အမှတ်အသားက ခုခံရန် လုံးဝ မဖြစ်နိုင်သည် မဟုတ်ဟု သူတို့အားလုံးကို သက်သေပြခဲ့ခြင်းလည်း ဖြစ်သည်။
သို့သော်လည်း ထိုသို့ ခုခံသည့်အတွက် ပေးဆပ်ရသည့် တန်ဖိုး ကတော့ သူ့အသက် ဖြစ်နေသည်။
ထာရှန်က မေ့မြောနေသော်လည်း အသိ ရှိနေသေး၏။သူက ကောင်းကင်ထက်သို့ မှုန်ရီ ဖျော့တော့စွာ ကြည့်နေသည်။သူက သူ့ကလန်အဖွဲ့ဝင်များ ပြောဆိုခဲ့သည့် စကားများကို ကြားနေ ရင်း ကလေးဘဝကို ပြန်ရောက်သွားသကဲ့သို့ ခပ်ရေးရေး ခံစားမိနေ၏။ သူကလေးဘဝ၌ ကြားခဲ့ရသည့် စကားများမှာ..
“ကောင်းကင်ဘုံသားတွေက ငါ့ကလန်ရဲ့ အရှင်သခင်တွေပဲ။ငါတို့ ကလန်ရဲ့ လူတိုင်းဟာ သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံသားတွေ အတွက် အမှုထမ်းဖို့ နစ်မြုပ်ထားခဲ့ကြတာ ဖြစ်တယ်။ဒါက ငါတို့ ရဲ့ တာဝန်နဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်။ ငါတို့က ဒီကမ္ဘာကြီးမှာ ကောင်းကင်ဘုံသားတွေရဲ့ တမန်တော်တွေ ဖြစ်ကြတယ်။ဒါကပဲ ငါတို့ရဲ့ ဂုဏ်ယူဖွယ် ဖြစ်တယ်...
ထာရှန်၏မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာတော့၏။ သူက သည်ကမ္ဘာ၏ မမျှတမှုကို မုန်းတီးကာနေသည်။သူက ကောင်းကင်ဘုံသားအားလုံးကို မုန်းတီးနေသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က လေထဲကနေ ဆင်းသက်လာခဲ့ကာ နေရာလွတ်၏ အစွန်နားသို့ ရောက်လာခဲ့သည်။သူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။
အဘိုးအိုက ထာရှန်ကို ကြည့်နေရင်း အံတင်းတင်း ကြိတ် ထားသည်။ရုတ်တရက် သူက နောက်လှည့်ကြည့်လိုက်၏။သူက ပတ်ဝန်းကျင်ရှိ လူများကို ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက် လေသည်။ “ထာရှန် ပြောတာ မှန်တယ်…ငါတို့ မျိုးဆက် အဆက်ဆက် ဒီနေရာကို စောင့်ကြပ်ခဲ့ပေမဲ့ ငါတို့အတွက် ဘာ များ အကျိုးကျေးဇူး ရရှိခဲ့ကြလို့လဲ…။ဒီနေရာရဲ့ မြူသားရဲတွေ ကလည်း ငါတို့ကလန်အဖွဲ့ဝင် မြောက်များစွာကို သတ်ဖြတ်ခဲ့ကြ သေးတယ် မဟုတ်လား..
“ဒါတွေအားလုံးက ကောင်းကင်ဘုံသားတွေကြောင့် ဖြစ်ရတာ။ ကောင်းကင်ဘုံသားတွေရဲ့ အမြင်မှာ ငါတို့ဟာ ဒီမြူသားရဲတွေ အတွက် အစာသပ်သပ် ဖြစ်နေတယ်.. ပတ်ဝန်းကျင်တစ်ခုလုံး သည် လုံးဝတိတ်ဆိတ်နေသည်။ လူအများက အဘိုးအိုကို တိတ်ဆိတ်စွာ ကြည့်နေသည်။
“ထာရှန်က ငါ့ကို တစ်ခါတုန်းက ကောင်းကင်ဘုံသားတွေ မ တည်ရှိတော့ဘူးလို့ ပြောခဲ့ဖူးတယ်။ ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြိုကျသွားခဲ့တာလည်း ကြာမြင့်နေခဲ့ပြီ။ ထာရှန် ဒီ အကြောင်းကို ပြောခဲ့တုန်းက ငါက ဒီကိစ္စကို ဖုံးကွယ်ထားခဲ့ တယ်။ ဒါပေမဲ့ ဒီကနေ့မှာ ငါက မင်းတို့အားလုံးကို ပြောပြတော့ မယ် "
အဘိုးအို၏ မျက်လုံးက ထူးဆန်းနေသည်။သူ့အကြည့်က ရူးသွပ်လုနီးပါး ဖြစ်နေသည်ဟုပင် ထင်ရ၏။
သူက ထိုစကားများကို ပြောလိုက်သည့်နောက် ပတ်ဝန်းကျင်ရှိကလန်ဝင်များအားလုံးသည် မာန်သွင်းအော်ဟစ်လိုက်ကြ တော့၏။ ထိုစကားသည် သူတို့ကို အကြီးအကျယ်တုန်လှုပ်စေ ပေသည်။သူတို့ခန္ဓာကိုယ်ထဲရှိ စိတ်ဇောမာန်ဟုန်တို့ကလည်း မြန်ဆန်ဆန်စွာ တိုးမြင့်လာကြလေ၏။
“ကျေးဇူးရှင်…ငါ ပြောတာ မှန်ရဲ့လား...” အဘိုးအို၏ အကြည့်က သည်နေရာ၏ အစွန်နားတွင် ရပ်နေသော ဝမ်လင်းထံသို့ ကျ ရောက်လို့သွားသည်။
သည်အခိုက်အတန့်၌ လူတိုင်းအကြည့်သည် ဝမ်လင်းပေါ်သို့ ရောက်နေကာ သူတို့က ဝမ်လင်း၏ အဖြေကို စောင့်နေကြပေ သည်။လွန်ခဲ့သောနှစ်လက ဝမ်လင်း ကောင်းကင်ဘုံသားကို သတ်ပစ်ခဲ့ကတည်းက အဘိုးအိုသည် ဝမ်လင်းကို ကျေးဇူးရှင် ဟု ခေါ်ဆိုခဲ့ခြင်းပင်။
ဝမ်လင်းက တိတ်ဆိတ်စွာ စဉ်းစားနေသည်။ခဏတာ ကြာမြင့် ပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းကင်ဘုံ နယ်မြေက ပျက်စီးပြိုပျက်သွားခဲ့ပြီး ဖြစ်တယ်။ ကောင်းကင်ဘုံ သားတွေက ဆက်လက် မတည်ရှိနိုင်ကြတော့ဘူး။သူတို့က အခု ထိ ရှိနေဦးမယ်ဆိုရင်တောင် အလွန့်အလွန် ရှားပါးသွားခဲ့ပြီ..
အဘိုးအိုက စိတ်လှုပ်ရှားဟန်နှင့် အော်ပြောလိုက်၏။ “ကောင်းကင်ဘုံနယ်မြေက ပျက်စီးသွားခဲ့ပြီ... ဒါတောင် ကောင်းကင်ဘုံသားတွေက ငါတို့ကလန်ကို အခုလိုမျိုး ခြိမ်းခြောက်နေတုန်းပဲ။ငါတို့က ဘာကြောင့် မပုန်ကန် ရမှာလဲ။ ငါတို့ သေရရင်တောင် ငါတို့က ထာရှန်လိုမျိုး ဂုဏ်သိက္ခာရှိရှိသေဆုံးရလိမ့်မယ် မဟုတ်လား...
သူ့အသံက အိုမိုးလှ၏။ သို့သော် စိတ်ဝိညာဉ်စွမ်းအားတို့ ပါဝင် လို့နေသည်။သူ့အသံက ကလန်အဖွဲ့ဝင်များ၏ နားစည်ထဲသို့ ထွင်းဖောက်လို့သွားတော့၏။သူတို့က ကျေးကျွန်များ ဖြစ်ရခြင်း နှင့် မြူသားရဲများ၏ အစာ ဖြစ်ရခြင်းထက် သေဆုံးရခြင်းသည် ပိုကောင်းသည် မဟုတ်လား။
“ပုန်ကန်မယ်..” ကလန်အဖွဲ့ဝင်တစ်ယောက်က လက်သီး တင်းတင်းဆုပ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။သည့်နောက် အသံများသည် ပြိုင်တူ ဆက်၍ ထွက်လာကြတော့သည်။
"ပုန်ကန်မယ်.."
"ပုန်ကန်မယ်.."
တစ်သံပြီး တစ်သံ ထွက်ပေါ်လာကြတော့၏။
ဝမ်လင်းက စဉ်းစားဟန်ဖြင့် ထာရှန်ကို ကြည့်နေ၏။အချိန် အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ သူ မသေအောင် လုပ်ပေးနိုင်တယ်...
သူ့အသံက တိုးညင်းသော်လည်း ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များအားလုံး၏ နားထဲသို့ တိုးဝင်သွားတော့သည်။ အထူးသဖြင့် အဘိုးအိုပင်။ သူတို့၏ ခန္ဓာကိုယ်များက တုန်ယင် လာကြ၏။ အဘိုးအို၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုနှင့် ပြည့် နေကာ သူက ဝမ်လင်း ရှိရာသို့ လျှောက်လှမ်းလို့လာသည်။သူက ဝမ်လင်းရှေ့ ဆယ်ပေခန့်အကွာတွင် ဒူးထောက်ချလိုက်၏။ သည့်နောက် သူ့ရင်ဘက်ပေါ်သို့ မျက်ရည်များ လိမ့်ဆင်းကျလာ ရင်း သူက ပြောလာလေ၏။ “ကျေးဇူးရှင်…ဒါ အမှန်ပဲလား..
ဝမ်လင်းက စဉ်းစားရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “ငါက ငါးဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်။ဒါပေမဲ့လည်း ငါ့မန္တာန်က အောင်မြင်ရင်တောင် ထာရှန် မသေဘူးဆိုရင်တောင် သူက အသိစိတ်မရှိတဲ့ ရုပ်သေးတစ်ကောင်လို ဖြစ်လာလိမ့်မယ်။သူ အသိစိတ် ပြန်ရ၊မရကတော့ သူ့အပေါ်မှာပဲ မူတည်လိမ့်မယ်..
သလင်းခေါင်းတလား (နောက်တစ်ပိုင်း )
အဘိုးအိုက တိတ်ဆိတ်စွာစဉ်းစားနေစဉ် သစ်သားစင်မြင့်ပေါ်၌ လှဲလျောင်းနေသော ထာရှန်သည် အားနည်းသောအသံနှင့် ပြော လာသည်။ "ငါ ဆန္ဒရှိပါတယ်...
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းရှိနေကာ သူက ခြေတစ်လှမ်းဖြင့် ပင် သစ်သားစင်မြင့်နားသို့ ရောက်ရှိသွားသည်။သူက သေလုမြောပါးဖြစ်နေသော ထာရှန်ကို ကြည့်လိုက်၏။
ထာရှန်၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်တက်တူးအမှတ်အသားမှ ရှိမနေတော့ချေ။တက်တူးများအားလုံးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင် ရောက်သွားကာ သူ့ကို သေဆုံးစေသည့်အထိ ဖြစ်စေခဲ့ခြင်းပင်။
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ " ဒီမန္တာန်က လူတစ် ယောက်ဟာ ခိုင်ကျဉ်တဲ့ စိတ်နှလုံးနဲ့ လုံးဝ စိတ်ဆန္ဒ ရှိနေဖို့ လိုအပ်တယ်။အနည်းငယ်တောင် တွေဝေလို့ မရဘူး။မဟုတ်ရင် ဒါက အောင်မြင်နိုင်မှာ မဟုတ်ဘူး...”
ထာရှန်က ခါးသီးစွာ ပြုံး၍ အားနည်းဟန်ဖြင့် ပြောလာ၏။ “ထပ်ပြောဖို့ မလိုတော့ဘူး..။ငါ စိတ်ဆန္ဒရှိနေပါတယ်.
ဝမ်လင်းက ဆက်၍ အချိန်မဖြုန်းတော့ပေ။သူက ထာရှန်ကို ဆွဲကိုင်လိုက်ကာ ဟင်းလင်ပြင်ထဲသို့ ပစ်သွင်းလိုက်၏။ သည့်နောက် သူက အကာအဝေးတစ်ခု၌ ပျောက်ကွယ်သွားရင်း သတင်းစကားတစ်ခု ချန်ထားလိုက်သည်။
“သုံးလတိတိ ငါ့ကို မနှောက်ယှက်နဲ့..”
အဘိုးအိုက ဝမ်လင်းပျောက်ကွယ်သွားသောနေရာသို့ စိတ်ရှုပ် ထွေးဟန်နှင့် ကြည့်နေ၏။သည့်နောက် သူက အံတင်းတင်း ကြိတ်ကာ လူအုပ်ရှိရာသို့ လှည့်ပြီး ပြောလိုက်သည်။ “သုံးလပြီး ရင် ထာရှန် ဘယ်လိုပဲ ဖြစ်ဖြစ် ငါတို့က အံ့ဖွယ်ယင်မီးပြင်းဖိုကို တိုက်ခိုက်ကြမယ်။ ပြီးရင် ဒီနေရာကနေ ထွက်ခွာသွားကြမယ်..”
ဝမ်လင်းက သူ ရတနာများကို သန့်စင်ခဲ့သည့်နေရာသို့ ထာရှန်ကို ခေါ်ဆောင်သွားကာ မြေပြင်ထက်၌ ချထားလိုက်သည်။ သည့်နောက် သူက မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်ရင်း ထာရှန်ကို ထွေးခြုံစေလိုက်သည်။ထိုသို့ပြုလုပ်ပြီးနောက် သူ သည် စိတ်ဝိညာဉ်တစ်ကုဋေအလံကို ထုတ်ကာ အလံအတွင်းမှ တစ်စုံတစ်ခုကို လှုပ်ခါ ထုတ်ယူလိုက်သည်။
၎င်းအရာကတော့ ဝမ်လင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ရရှိလာခဲ့သော ကောင်းကင်ဘုံတစ္ဆေပင် ဖြစ်လေ၏။၎င်းက ပေါ်ထွက်လာသည်နှင့် ဟိန်းဟောက်ကာ ရုန်းကန်လာ၏။ထိုအခါ ဝမ်လင်း၏ စိတ်ဝိညာဉ်ကျာပွတ်က ၎င်းတစ္ဆေပေါ်သို့ အကြိမ် များစွာ ကျရောက်လာခဲ့တော့သည်။တစ္ဆေက အထိတ်တလန့် ငြီး တွားအော်ဟစ်ရတော့၏။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက နောက်ထပ်အလံတစ်ခုကို ထပ်မံ ထုတ်ယူသည်။ထိုအခါ သည်ဧရိယာ၌ ကောင်းကင်ဘုံ ကျောက်စိမ်းပြားများနှင့် ပြည့်နှက်သွားတော့၏။
ထိုမျှနှင့် အဆုံးမသပ်သေးပေ။သူက အနည်းငယ်စဉ်းစားပြီး နောက် ဦးခေါင်းခွံဆယ်ခုကျော်ကို သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်ပြန်သည်။ ၎င်းဦးခေါင်းခွံများ၏ အပေါ်၌ ရှုပ်ထွေး သောစာလုံးများက တလက်လက် တဖျပ်ဖျပ် ရှိနေ၏။ထို ဦးခေါင်းခွံများသည် ဟင်္သာပြဒါးဂြိုဟ်မှ စွန့်ပစ်ခံမသေမျိုး ကလန်၏ ဦးခေါင်းခွံများ ဖြစ်လေသည်။
ဝမ်လင်းသည် မူလစွမ်းအင်အဆီအနှစ်နှင့် သန့်စင်ခြင်းခံထားရ သော ထာရှန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။
“ငါက ဒီကောင်းကင်ဘုံကျောက်စိမ်းပြားတွေကို အသုံးပြုပြီး မင်းရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးမယ်။ကောင်းကင်တစ္ဆေက လည်း မင်းကို စိတ်ဝိညာဉ်တစ်ခု ဖြစ်ပေါ်ဖို့အတွက် ကူညီပေး လိမ့်မယ်။ဒါ့အပြင် မင်းရဲ့ ဘိုးဘေးဦးခေါင်းခွံတွေကလည်း မင်း ရဲ့ တက်တူးတွေကို ပြီးပြည့်စုံစေဖို့အတွက် ကူညီပေးလိမ့်မယ်။ ထာရှန် ငါက မင်းကို ကံကောင်းမှုကြီးတစ်ခု ပေးလိုက်တာ ဖြစ် တယ် "
“ဒါတောင်မှ အလုပ်မဖြစ်ဘူး ဆိုရင်တော့ ဒါက မင်းရဲ့ကံ မကောင်းမှုကြောင့်သာ ဖြစ်ပြီး ငါနဲ့ ဘာမှ မဆိုင်တော့ဘူး..”
အချိန်နှစ်လတာ မြန်ဆန်စွာ ကုန်ဆုံးသွားသည်။သည်နေ့တွင် ဝမ် လင်းရှိနေသော လွင်ပြင်ထက်ကနေ ကျယ်လောင်သောပေါက်ကွဲ သံ တစ်ခု ထွက်ပေါ်လာခဲ့လေ၏။သည်တုန်ခါသံက ကျယ် လောင်လှသည့်အတွက် ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များ ပင် ကြားလိုက်ရကာ ၎င်းတို့သည် ပျံသန်းထွက်လာခဲ့ကြ တော့သည်။
အရင်ဦးဆုံး တုံ့ပြန်လှုပ်ရှားသူက အဘိုးအိုပင်။ ခုလက်ရှိ၌ သူ သည် မျက်တွင်းဟောက်ပတ် ဖြစ်နေ၏။ သည်နှစ်လတာ ကြာမြင့်ပြီးနောက် သူသည် ပို၍ အိုမင်းဟန် ရလာ၏။
ဝမ်လင်းရှိနေသော လွင်ပြင်သည် ဖုန်မှုန့်များနှင့် ပြည့်နှက်နေကာ ထိုဖုန်မှုန့်များထဲကနေ ပေနှစ်ဆယ်ခန့်မြင့်မားသည့် လူတစ် ယောက် လမ်းလျှောက်ထွက်လာ၏။ထိုသူ၏ ခြေလှမ်းတိုင်းက မြေပြင်ကို ကြီးစွာ တုန်ဟီးစေနေသည်။
ထိုသူက ထူထဲသောမျက်ခုံးပိုင်ဆိုင်ကာ သူ့ခန္ဓာကိုယ်တစ်ခုလုံး သည် ရွှေရောင်တောက်ပနေသည်။သူက ဘီလူးတစ်ကောက် အလား ထင်မှားရသည်။
သူ့ခန္ဓာကိုယ်ပေါ်၌ မည်သည့်တက်တူးမှ ရှိမနေပေ။သို့သော် သူ့ မျက်ခုံးနှစ်ခုကြား၌ ရှုပ်ထွေးသော တက်တူး တစ်ခု ရှိနေသည်။
သည်တက်တူးစာလုံး၏ ရှုပ်ထွေးမှုက စိတ်ကူးနိုင်သည်ထက်ပင် ပိုနေသေး၏။ထိုလူ၏ မျက်လုံးထဲ၌ ဉာဏ်အလင်းတို့ ဖြစ်ပေါ် နေကာ သူက ဖုန်မှုန့်များကြားကနေ လျှောက်လှမ်းလာနေသည်။ ဝမ်လင်းက ထိုလူဘီဘူးကြီးနောက်ကနေ ဖြည်းဖြည်းချင်း ကျော် တက်လာ၏။သူ့အသွင်ကလည်း ဖြူရော နေသည်။
သူက သူ့နောက်ရှိ လူ့ဘီလူးကြီးကို လှည်ပြန်ကြည့်လိုက်၏။ သူ့ မျက်လုံးထဲ၌လည်း နောင်တရဟန်တို့ ဖြစ်ပေါ်နေသည်။
"ကံမကောင်းစွာနဲ့ သူက အထည်ဒြပ်ယန် အထွတ်အထိပ်အဆင့် ကိုပဲ ရောက်နိုင်ခဲ့ပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို မချိုးဖျက်နိုင် ခဲ့ဘူးပဲ...” ဝမ်လင်း၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး သူက ထိုပေ နှစ်ဆယ်ခန့် လူ့ဘီလူးကြီး၏ ပုခုံးထက်တွင် ပေါ်လာခဲ့၏။ထိုလူ့ ဘီးလူးကြီးသည် ရွေးချယ်ခံမသေမျိုးကလန် ရှိရာသို့ လှမ်း လျှောက်သွားနေခြင်းပင်။
“ဒီလောက်များပြားတဲ့ ကောင်းကင်ဘုံကျောက်စိမ်းပြားတွေက ထာရှန်ရဲ့ ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် မကူညီနိုင်ဘူးဆို့ ငါ မ မျှော်လင့်ထားမိဘူး။အထူးသဖြင့် ကောင်းကင်တစ္ဆေကတော့ အရေးကြီးလှတယ်။ဒါ့ကြောင့်သာ မဟုတ်ရင် ဒီဖြစ်စဉ်ဟာ ဒုတိယအဆင့်မှာတင် ကျရှုံးနေလောက်ပြီ...
ဝမ်လင်းက ထိုလူ့ဘီလူးကြီး၏ ပုခုံးပေါ်တွင် ရှိနေရင်း စတင် စဉ်းစားနေသည်။
"ကောင်းကင်ဘုံသက်တော်စောင့်တွေကို ငါ ဖန်တီးတဲ့ အခါတိုင်း ငါက ကောင်းကင်တစ္ဆေနဲ့ သမူဟ ဖြစ်အောင် ပူးပေါင်းရတယ်။ ဒီဟာက ချိတ်ဆက်မှုတစ်ခု ရှိနေတာ ဖြစ်နိုင်လား။ ကောင်းကင် တစ္ဆေက ဒီသက်တော်စောင့်တွေ ဖန်တီးနိုင်ဖို့ အခွင့်ရေးကိုများ တိုးမြင့်စေနိုင်တာလား..
သူက စဉ်းစားနေရင်း လူ့ဘီလူးကြီးသည် များစွာ ခြေလှမ်းလာခဲ့ ပေပြီ။ထိုလူက ခြေတစ်လှမ်းဖြင့်ပင် ပေရာပေါင်းများစွာကို ဖြတ်ကျော်နိုင်စွမ်း ရှိပေသည်။
"ဒါ့အပြင် စွန့်ပစ်ခံမသေမျိုးကလန် ဘိုးဘေးတွေရဲ့ ဦးခေါင်းခွံ ကလည်း အတော်လေး ထူးဆန်းလှတယ်။ဒါတွေကို သန့်စင်မွန်း မံတဲ့ အချိန်မှာ ဒီဟာတွေက တက်တူး အမှတ်အသားတစ်ခု အဖြစ် အမှန်တကယ် ပေါင်းစပ်သွားနိုင်ခဲ့တယ်...
အကွာအဝေးတစ်ခုကနေ ပျံသန်းလာကြသည့် ရွေးချယ်ခံမသေ မျိုးကလန် အဖွဲ့ဝင်များသည် ထိုလူ့ဘီးလူးကြီးကို စူးစိုက် ကြည့် နေသည်။အဘိုးအိုသည် လုံးဝစိတ်လှုပ်ရှားနေကာ သူက မြန်ဆန် စွာ ပျံသန်းလာရင်း ပြောလိုက်၏။ “ထာရှန်.."
ထိုလူ့ဘီးလူးကြီး၏ အသွင်က အေးစက်နေကာ သူက အဘိုးအို ကို တစ်စက်ပင် မကြည့်ပေ။သူက ဝမ်လင်း၏အမိန့်အတိုင်းသာ မလှုပ်မယှက် ရှိနေ၏။ဝမ်လင်းက ထိုလူ့ဘီလူးကြီး ကိုယ်ပေါ်က နေ မြေပေါ်သို့ ဆင်းသက်လာသည်။
"ကျေးဇူးရှင် ့ထာရှန်..သူ..သူ..”
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်၏။ “သူ့ခန္ဓာကိုယ်ကို ပြန်မွန်း မံပေးနိုင်ရင်တောင် သူ့အသိစိတ်ပြန်ရဖို့အတွက် ယုံကြည်မှု မရှိခဲ့ ဖူးလို့ ငါ အရင်ကတည်းက ပြောခဲ့တယ်။ဖြစ်နိုင်တာကတော့ သူ ဟာ အသိစိတ်ပြန်ရအောင် အချိန်ကဘဲ ကုစားပေးနိုင်လိမ့် မယ် "
ဝမ်လင်းက မလိမ်ခဲ့ပေ။သူက ထာရှန်၏ အသိစိတ်ကို ဖယ်ရှား ပစ်ခဲ့ခြင်း မရှိပေ။ထာရှန်၏ အသိစိတ်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကာ သူ့ခန္ဓာကိုယ်ထဲ၌သာ ရှိနေသေးပေ၏။
အဘိုးအိုက မှင်သက်နေ၏။သူက ဝမ်လင်းကို ဆက်၍ မေးဟန် ပြင်လိုက်၏။ သို့သော် ဝမ်လင်းက ကြားဖြတ်ကာ ပြောလိုက် သည်။သူက သည်နေရာတွင် သောင်တင်နေသည်မှာ ကြာမြင့်နေ ပြီ မဟုတ်လား။
“ပလ္လင်ဝင်ပေါက်ကို သွားဖွင့်ပါ။ငါ ထွက်သွားတော့မယ်..
ဝမ်လင်း၏လေသံက မည်သည့်မေးခွန်းကိုမျှ ခွင့်မပြုသည့် အလားပင်။
အဘိုးအိုသည် ထာရှန်ထံမှ အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် တလေးတစား ခေါင်းညိတ်ပြလိုက်၏။
ဝမ်လင်းက ရှေ့သို့ ခြေလှမ်းကာ ပလ္လင်ဝင်ပေါက်ရှိရာသို့ ဦးတည်သွားလေသည်။လမ်းတစ်လျှောက်၌ သူက မိုးကြိုးဖား ပြုတ်နှင့်ခြင်သားရဲကိုလည်း ပြန်သိမ်းဆည်းလိုက်၏။ ထာရှန်က လည်း ဝမ်လင်းနောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။ အ ဘိုးအိုသည် သက်ပြင်းချလိုက်ပြီးနောက် သူနှင့် ကျန်သည့်အဖွဲ့ ဝင်များပါ ဝမ်လင်းနောက်သို့ လိုက်ပါသွားလေသည်။
သူတို့က အဆောက်အဦများကို ကျော်ဖြတ်လာချိန်၌ အမျိုးသမီးအများအပြားက လှမ်းထွက်လာကြ၏။ သူတို့ နောက်၌ ကလေးငယ်များလည်း ရှိနေ၏။
သိပ်မကြာခင်တွင် ဝမ်လင်းက ပလ္လင်၏အပြင်ဘက်၌ ပေါ်လာ ခဲ့၏။ဝမ်လင်း အမိန့်ကို စောင့်မနေတော့ဘဲ အဘိုးအိုက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့မျက်ခုံးနှစ်ခုကြား ရှိ အပင်က လွန်စွာ တောက်ပကာ ပျံဝဲထွက်လာရင်း ဝင်ပေါက် အပေါ်သို့ ကျရောက်သွား၏။
ထိုအခါ ပလ္လင်ဝင်ပေါက် တံခါးသည် တုန်ဟီးသံနှင့်အတူ ဖြည်းဖြည်းချင်း မြင့်တက်လာလေ၏။ခဏတာအကြာတွင် ၎င်း တံခါးပေါက်သည် လုံးဝ ပွင့်လှစ်သွားသည်။
တံခါးပေါက် ပွင့်သွားသည့်အခိုက်အတန့်၌ အတွင်းထဲကနေ စူးရှ ရှအော်သံတစ်ခု ထွက်ပေါ်လာသည်။ထိုအသံသည် ဓားသွားများ ပျံသန်းလာသည့်အလား။
ဝမ်လင်း၏ မျက်လုံးက လင်းလက်သွားကာ သူက သိုလှောင် အိတ်ထဲကနေ ခရမ်းရောင်အလံသုံးလက်ကို ထုတ်ယူလိုက်၏။ ၎င်းတို့က ဝမ်လင်းကို ပတ်လည်လှည့်ပတ်ကာ ခရမ်းရောင် ဝဲကတော့တစ်ခုအသွင်သို့ ဖြစ်ပေါ်သွားစေသည်။စူးရှသောအသံ က ခရမ်းရောင်ဝဲကတော့၏ ချေဖျက်ခြင်းကို ခံလိုက်ရလေ၏။
"ထာရှန်... စိတ်ဝိညာဉ်ကို ဖျက်စီးလိုက်... ဝမ်လင်းက ထိုသို့ အော် ပြောလိုက်သည်နှင့် ထာရှန်၏ခန္ဓာကိုယ်က တောက်ပသွားကာ ဂိတ်တံခါးပေါက်ကို ဖြတ်ကာ လျှောက်လှမ်းသွားတော့သည်။ သည့်နောက် သူက လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။ ထိုလက်သီးချက်သည် သူ ကောင်းကင်ဘုံသက်တော်စောင့် မ ဖြစ်လာခင်က လက်သီးချက်ထက် အဆများစွာ ပို၍ ပြင်းထန် ပေသည်။
လက်သီးချက်က အသံပေါက်ကွဲမှုများကို ဖြစ်စေကာ လျှောက် လမ်းအတွင်း ပဲ့တင်ထပ်သွားစေ၏။
တံခါးအတွင်းဘက်ရှိ လျှောက်လမ်းထဲရှိ ပြန့်ကျဲလာသော အနက်ရောင်မြူခိုးများသည် နောက်သို့ လွင့်စင်သွားကြရသည်။
ဝမ်လင်း၏မျက်လုံးက အေးစက်လာ၏။သည်တစ်ကြိမ်၌ သူက မည်သို့ပင်ဖြစ်ဖြစ် ထွက်ခွာသွားမည်ဟု ဆုံးဖြတ်ပြီး ဖြစ်သည်။ သူက အလင်းတန်းတစ်ခုအလား တံခါးဝကို ဖြတ်၍ ရှေ့သို့ ဆက်တိုးဝင်သွားသည်။
ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များ၏ မျက်လုံးထဲ၌လည်း ဆုံးဖြတ်ချက်ပြတ်သားမှုတို့ ပြည့်နေသည်။
ခဏတာအကြာတွင် ဝမ်လင်းသည် လျှောက်လမ်းအဆုံး အံ့ဖွယ် ယင်မီးပြင်းဖို ရှိနေသော နေရာသို့ ရောက်ရှိသွားသည်။သူက အရိပ်ဆန်သော အမျိုးသမီးသည် ထာရှန်ကို လှည့်ပတ်ကာ မရပ် တန်း စူးစူးရှရှအော်နေသည်ကို တွေ့မြင်လိုက်၏။
ထာရှန်၏အသွင်က ပုံမှန်အတိုင်းပင်။သူက ကောင်းကင်ဘုံ သက်တော်စောင့် ဖြစ်၏။ဆိုလိုသည်က သူ့မူလစိတ်ဝိညာဉ်သည် ပြိုပျက်ကာ သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ထိုအော်သံက သူ့အပေါ်၌ မည်သည့်သက်ရောက်မှုမှ ရှိမနေပေ။
ဝမ်လင်းအတွက်ကတော့ သူ့တွင် ရှေးဟောင်းနတ်ဘုရားသားရေ ချပ်ဝတ်သည် သူ့မူလစိတ်ဝိညာဉ်ကို စောင့်ကြပ်လို့ထား၏။ ထို အော်သံက သားရေချပ်ဝတ်နှင့် ထိဆုံသည်နှင့် ချက်ခြင်း ပျက်စီးသွားရသည်။
ထိုအရိပ်ဆန်သောအမျိုးသမီးသည် ထာရှန်ကို လှည့်ပတ်နေရာ ကနေ ဝမ်လင်းကို တွေ့မြင်သွားသည့်အခါ ချက်ခြင်း ထာရှန်ကို လက်လျော့လိုက်၏။သည့်နောက် ဝမ်လင်းထံသို့ စူးရှစွာ အော်ဟစ်ပြီး တိုးဝင်လာတော့သည်။
ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။သူ့ပတ်လည်ရှိ အလံသုံးလက်ကို မြန်ဆန် စွာ ထိုးထွက်သွားကာ ခရမ်းရောင်ဝဲကတော့ကို ဖြစ်စေပြီး တိုးဝင်လာသည့် အသံလှိုင်းကို ချေဖျက်ပစ်သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ခြေတစ်လှမ်းဖြင့် အံ့ဖွယ် ယင်မီးပြင်းဖိုနားသို့ ရောက်ရှိလာခဲ့သည်။ထာရှန်ကလည်း မီး ပြင်းဖိုနားသို့ ရောက်ရှိလာခဲ့သည်။သူ့စိတ်က ဝမ်လင်းနှင့် ချိတ်ဆက်ထားသည် မဟုတ်လား။သူက ရောက်ရှိလာသည်နှင့် လက်မြှောက်ကာ မီးပြင်းဖိုပေါ်သို့ လက်သီးတစ်လုံး ပစ်သွင်း လိုက်တော့သည်။
ထာရှန်သည် ကောင်းကင်ဘုံသက်တော်စောင့် ဖြစ်နေ သော်လည်း သူ့မွေးရာပါအလိုလိုသိစိတ် အချို့အဝက်တော့ ရှိနေ သေး၏။ခုချိန်၌ နှစ်ပေါင်းများစွာ မုန်းတီးနေသည့်အမုန်းပါဝင် သည့် လက်သီးချက်သည် ၎င်းမီးပြင်းဖိုပေါ်သို့ ပေါက်ကွဲကာ ကျရောက်သွားတော့၏။
သူ့မျက်ခုံးနှစ်ခုကြားရှိ ရှုပ်ထွေးသောတက်တူးက အသက်ဝင်နေ သည့်အလား တလက်လက် တဖျပ်ဖျပ် ဖြစ်နေတော့၏။၎င်း တက်တူးက ပျံသန်းထွက်လာပြီး ထာရှန်၏ လက်သီးချက်ထဲသို့ တိုးဝင်သွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားကာ ကျောက် စကျောက်နများစွာ ပြိုကျကုန်သည်။ပလ္လင်တစ်ခုလုံး ပြိုကျ တော့မလားပင် ထင်မှတ်ရသည်။
တစီစီအက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာခဲ့ခြင်းနှင့်အတူ အံ့ဖွယ်ယင်မီးပြင်းဖိုအပေါ်၌ အက်ကွဲရာများစွာ ဖြစ်ပေါ်လာ သည်။ထိုအက်ကွဲရာများက ပင့်ကူမျှင်များနှင့်ပင် တူနေသေး၏။
သည်အခိုက်အတန့်၌ အလံသုံးလက်၏ ဝန်းရံခြင်းခံထားရသော အမျိုးသမီးအရိပ်သည် ရူးသွယ်ဖွယ်အော်ဟစ်လိုက်၏။၎င်း အသံက ထာရှန်ကို ရပ်တန့်ရန် ရည်ရွယ်ပေသည်။
ထာရှန်က ဦးဆုံးလက်သီးချက်ကို ပစ်လွှတ်ပြီးသည့်နောက် သူက တုံ့ဆိုင်းခြင်းမရှိ နောက်ထပ် လက်သီးချက်တစ်ချက်ကို ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။ ကျယ်လောက်သော ပေါက်ကွဲ သံနှင့်အတူ အံ့ဖွယ်ယင်မီးပြင်းဖိုသည် အစိတ်အပိုင်းများစွာသို့ ကွဲထွက်သွားတော့သည်။ထိုအစိတ်အပိုင်းများထံကနေ အနက် ရောင်အခိုးအငွေ့များ ထွက်ပေါ်လို့လာ၏။ သို့သော် ထိုအနက် ရောင်အခိုးငွေ့များသည် မြန်ဆန်စွာ ပြန်ကျုံ့၍ သေးငယ်သော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ထဲသို့ ပျောက်ကွယ်သွား လေသည်။
ထိုအနက်ရောင်အခိုးငွေ့များနှင့်အတူ အမျိုးသမီးအရိပ်၏ ပုံရိပ် သည်လည်း ပျောက်ကွယ်သွားသည်။
ဝမ်လင်းမျက်လုံးက တလက်လက်ဖြစ်လာကာ သူက ထို တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ထဲသို့ တုံ့ဆိုင်းခြင်းမရှိ ခုန် ဝင်လိုက်ရင်း အော်ပြောလိုက်သည်။ “ရှုလီကော..ပြန်ထွက်လာခဲ့တော့
ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ဝင်များထဲမှ တစ်ယောက်၏ ခန္ဓာကိုယ်သည်တုန်ယင်သွားကာ သူ့မျက်ခုံးကြားကနေ အနက် ရောင်အခိုးငွေ့တစ်စု ထွက်ပေါ်လာသည်။၎င်းအခိုးငွေ့သည် ရှလီ ကောအသွင်သို့ ပြောင်းလဲသွား၏။သည့်နောက် ရှုလီကောသည် ဝမ်လင်းနောက်သို့ လိုက်ပါသွားတော့သည်။
ဝမ်လင်း ဝင်သွားပြီးနောက် ထာရှန်ကလည်း အစီအရင်ထဲသို့ ချက်ခြင်း ခုန်ဝင်ကာ သဲလွန်စွာမရှိ ပျောက်ကွယ်သွားလေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။ဖုန်မှုန့် များ၊ကျောက်စကျောက်နများကလည်း အပြည့်ပင်။သည်ပလ္လင် က အချိန်မရွေး ပြိုကျတော့မည့်မှာ သိသာနေသည်။
ရွေးချယ်ခံမသေမျိုးကလန်၏ ဘိုးဘေးက သူ့ကလန်အဖွဲ့ဝင် များကို ကြည့်လိုက်၏။ထို့နောက် သူလည်း တည်နေရာရွှေ့ပြောင်း ခြင်း အစီအရင်ထဲသို့ လိုက်ဝင်သည်။ သည့်နောက် ကလန်အဖွဲ့ ဝင်တစ်ယောက်ပြီးတစ်ယောက်သည် အစီအရင်ထဲသို့ လှမ်းဝင် သွားကြတော့သည်။
သူတို့အားလုံးသည် သူတို့၏ မျိုးဆက်အဆက်ဆက် စောင့်ကြပ် ခဲ့ကြ၊နေထိုင်ခဲ့ကြသော သည်နေရာကနေ ထွက်ခွာသွားကြပေ တော့မည်။
ငှက်မွှေးသားရဲ၏ အနက်ရောင်ဟင်းလင်းပြင်အထဲ၌ ဧရာမအစီ အရင်ကြီးတစ်ခု ရှိလို့နေသည်။ထိုအစီအရင်သည် အနီရင့်ရောင် သွေးများကနေ ဖြစ်ပေါ်နေခြင်းပင်။၎င်းက လေဟာနယ် ဟင်းလင်းပြင်ထဲ၌ ပျံဝဲနေရင်း အနက်ရောင်အခိုးငွေ့များသည် ထိုအစီအရင်ထဲကနေ ထွက်ပေါ်ကာ အလယ်ဗဟိုရှိ သလင်း ခေါင်းတလားထဲသို့ တိုးဝင်လို့နေသည်။
ထိုခေါင်းတလားထဲ၌ ခန္ဓာကိုယ်တစ်ခု ရှိနေ၏။ထိုခန္ဓာကိုယ် သည် အမျိုးသားတစ်ယောက်၏ ခန္ဓာကိုယ်ပင်။သူက အလွန် ချောမောကာ အသက်နှစ်ဆယ်ပတ်လည်လောက်ဟု ထင်ရ၏။ သူက ခေါင်းတလားထဲပ အိပ်ပျော်နေသကဲ့သို့ လှဲလျောင်းလို့ နေသည်။
အစီအရင်ထံကနေ ထွက်ပေါ်လာပြီး ခေါင်းတလားထဲသို့ တိုးဝင် လာနေသည့် အနက်ရောင်အခိုးငွေ့များကို ထိုလူက စုပ်ယူနေ ခြင်းပင်။
ထိုခေါင်းတလား၏ဘေး၌ တင်ပလွေချိတ်ကာ ထိုင်နေသော လူ တစ်ယောက် ရှိနေသည်။ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။သူ့ဝတ်စုံက တစ်ကိုယ်လုံးကို လွှမ်းခြုံထားကာ ခေါင်းသာ ပေါ်လေသည်။သူက မျက်လုံးမှိတ်ကာ ကျင့်ကြံ နေသည်။သူက သည်နေရာတွင် အမြဲရှိနေရင်း အစီအရင်ထဲရှိသလင်းခေါင်းတလားကို စောင့်ကြပ်ပေးနေသည့်ပုံပင်။
သည်အခိုက်အတန့်၌ အနက်ရောင်ဝတ်စုံနှင့်လူသည် ရုတ်တရက် မျက်လုံးပွင့်လာ၏။သူက အကွာအဝေးတစ်ခုသို့ လှမ်းကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူ တကယ်ရောက်လာတာပဲ။ ကံ မကောင်းစွာနဲ့ ခုချိန်မှာ ငါက ဒီအစီအရင်ကို ဖျက်စီးဖို့ လုံလောက်အောင် မသန်မာသေးတာ။ မဟုတ်ရင် ငါ့အတွက် အခုလိုမျိုး စိုးရိမ်နေစရာ လိုမှာ မဟုတ်ဘူး...”
ထို့နောက် သူ့မျက်လုံးက တလက်လက် ဖြစ်လာကာ သူ့မျက်လုံး ထဲကနေ အနက်ရောင်အလင်းတန်းတစ်ခု ထိုးထွက်သွား၏။ထို အလင်းတန်းသည် ပေတစ်ရာအကွာသို့ ရောက်ရှိသွားပြီး လူသားအသွင်ပုံရိပ်သို့ ပြောင်းလဲသွားသည်။
ထိုပုံရိပ်သည် တဖြည်းဖြည်း သိပ်သည်းလာကာ အနက်ရောင် ဝတ်စုံလူနှင့် ချွတ်ဆွတ်တူသည့် ပုံတူကိုယ်ပွားအဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထိုပုံတူကိုယ်ပွားသည် မျက်လုံးဖွင့်ကာ သူ့လက်ကို ဝှေ့ယမ်း လိုက်ရာ အပြာရောင်ဝတ်စုံတစ်ခု ပေါ်လာတော့၏။သူက အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် အကွာအဝေးတစ်ခုသို့ ထိုး ထွက်သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူသည် ရပ်တန့်ခြင်း မပြုပေ။သူက မန္တာန်တစ်ခုကို ဆက်လက်၍ ပုံဖော်နေသည်။ထိုအခါ နောက်ထပ် ကိုယ်ပွားများတစ်ခုပြီးတစ်ခု ပေါ်ထွက်လာ၏။ ပထမဆုံးကိုယ်ပွားအပါအဝင် စုစုပေါင်းကိုယ်ပွားငါးခုသည် အကွာအဝေးတစ်ခုထံသို့ တရကြမ်းတိုးဝင် သွားတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူသည် ကီလိုမီတာ သောင်းချီကွာဝေး သောနေရာ၌ အရောင်စုံအလင်းတစ်ခု လင်းလက်သွားရင် ဝဲကတော့ကြီးတစ်ခု ပေါ်ထွက်လို့လာသည်။ဝမ်လင်းက ထို ဝဲကတော့ထဲကနေ လှမ်းထွက်လာ၏။ရှုလီကောသည်လည်း တစ္ဆေတစ်ကောင်ကဲ့သို့ ဝမ်လင်းအနီးနား၌ လွင့်ဝဲပတ်နေသည်။
ဝမ်လင်း ထွက်ပေါ်လာပြီးနောက် ထိုဝဲကတော့ထဲမှ ထာရှန်ပါ လှမ်းထွက်လာ၏။
ခဏတာကြာမြင့်ပြီးနောက် ရွေးချယ်ခံမသေမျိုးကလန်၏ အဖွဲ့ ဝင်များသည်လည်း ပေါ်ထွက်လာကြတော့၏။
ဝမ်လင်းအသွင်က တည်ငြိမ်စွာ ရှိနေ၏။သူက သူ့နတ်ဘုရား အာရုံကို ဖြန့်ကျက်ရင်း ရှေ့တည့်တည့်သို့ ထိုးတက်သွားသည်။ သို့ရာတွင် သူသည် လူတစ်ယောက် သူ့ထံသို့ လျင်မြန်စွာ ပျံသန်း လာသည်ကို တွေ့လိုက်သဖြင့် မျက်မှောင်ကြုတ်သွား၏။
ထိုလူက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကိုယ်ပွားများ ထဲမှ တစ်ဦး ဖြစ်နေသည်။
"ဒီတော့ အရင်တုန်းက ငါသတ်ခဲ့တဲ့ တစ်ယောက်က ကိုယ်ပွား တစ်ယောက်ပေါ့.. ဝမ်လင်းက ထိုအပြာရောင်ဝတ်စုံနှင့်လူကို တွေ့မြင်လိုက်သည်နှင့် ချက်ခြင်း နားလည်သွား၏။အတွေးတစ် ချက်ဖြင့်ပင် ထာရှန်က ထိုအပြာရောင်ဝတ်စုံနှင့်လူထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်လေ၏။
အပြာရောင်ဝတ်စုံနှင့်လူ၏ အသွင်က သုန်မှုန်သွားကာ သူ့လက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေ၏။ ထိုအခါ သူ့လက်ထဲ၌ လှံတစ်လက် ပေါ်လာတော့သည်။သည့်နောက် ထိုသူက လက် ညွှန်လိုက်ရာ လှံသည် ထာရှန်ထံသို့ တိုးဝင်သွားလေ၏။
သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ နောက်ထပ် ပုံရိပ် လေးခုကလည်း အလင်းတန်းအလား တိုးဝင်လာပြန်သည်။ ဝမ် လင်းမျက်လုံးထဲကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ တရိပ်ရိပ် ဖြစ် ပေါ်သွားကာ သူက ရှေ့သို့ ထိုးထွက်လိုက်၏။ သူ့ ညာလက်ကို လှုပ်ရှားလိုက်ရာ သူ့လက်ပေါ်ရှိ သားရဲတက်တူးသည်လည်း ရွှေ့ လျား ပျံသန်းထွက်လာတော့သည်။
“အရှင်ရဲ့ ခြောက်သွေ့တာအိုတစ်စုံ..” ကိုယ်ပွားငါးယောက်က ထို သားရဲအရိုးတက်တူးကို တွေ့မြင်လိုက်သည့်အခါ တစ်ပြိုင်နက် တည်း အံ့အားသင့်ဟန် ထွက်ပေါ်လာကြ၏။သူတို့၏ မျက်လုံး ထဲ၌လည်း ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်မှုတို့ ပြည့်နှက် ကုန်သည်။
သည်အခိုက်အတန့်၌ ကီလိုမီတာသောင်းချီအကွာတွင် ရှိနေ သော အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးများပင် အလွန် တောက်ပလာတော့၏။
ကောင်းကင်ရှောင်ဖယ်ခြင်းခေါင်းတလား (၂)
ခြောက်သွေ့တာအိုတစ်စုံသည် အလင်းတန်းတစ်ခု ထွက်ပေါ်လာ ပြီးနောက် သိပ်သည်းသော သတ်ဖြတ်ခြင်းအော်ရာက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ထာရှန်နှင့် တိုက်ခိုက်နေသော ကိုယ်ပွားပင် အခြားကိုယ်ပွားလေးယောက် ရှိရာသို့ ချက်ခြင်း နောက်ဆုတ်သွားသည်။သူတို့၏ လက်များက ချိပ်တံဆိပ်များ ကို ဖြစ်ပေါ်စေပြီး ရှုပ်ထွေးသောမန္တာန်တစ်ခုကို ရွတ်ဆိုကုန်ကြ သည်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပျံ့နှံ့လာသည့်အခါတွင် ကိုယ်ပွားသုံး ယောက်၏ ပတ်လည်တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာခဲ့ ပေသည်။အလင်းမျက်နှာပြင်သည် မီးခိုးရောင်သို့ ပြောင်းကာ ကျောက်အဖြစ်သို့ ပြောင်းလဲသွား၏။
အလင်းမျက်နှာပြင် ကျောက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွား သည့်နောက် ၎င်းမျက်နှာပြင်ပေါ်၌ အက်ကွဲရာများ ဖြစ် ပေါ်လာ၏။ကိုယ်ပွားငါးခု၏ အသွင်အပြင်သည် ချက်ခြင်း ဖြူ ရောသွားသည်။ထို့အပြင် သူတို့၏ မျက်လုံးထဲရှိ ကြောက်ရွှံ့ မှုသည်လည်း ပို၍ အားကောင်းလာခဲ့၏။
ကိုယ်ပွားငါးယောက်သည် ချက်ခြင်းလိုလို နောက်သို့ ဆုတ်သွား သည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်၏။ ထို့နောက် သူက ကိုယ်ပွားတစ် ယောက်နားသို့ ရောက်ရှိသွားသည်။သူက ပေါ်လာသည်နှင့် ပါးစပ်ဟကာ ရွှေရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက် သည်။
ထိုရွှေရောင်အလင်းတန်းထဲ၌ သုံးလက်မခန့် ရှိသော တံဆိပ်တုံး တစ်ခု ရှိနေ၏။သို့ရာတွင် ၎င်းတံဆိပ်တုံးက ပေါ်ထွက်လာ သည်နှင့် ပေတစ်ရာထိ ကျယ်ပြန့်သွားကာ ကိုယ်ပွားတစ်ယောက် ပေါ်သို့ ကျရောက်ထိမှန်သွား၏။
ထိုပေတစ်ရာရှိသော တံဆိပ်တုံး၏အော်ရာသည် အလွန် တုန်လှုပ်ဖွယ်ပင်။ထိုကိုယ်ပွား၏ မျက်နှာသည် ဖြူရောသွားကာ ၎င်း၏ ခန္ဓာကိုယ်သည်လည်း တံဆိပ်တုံး ကျဆင်းလာသည် အခိုက်၌ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
ထို့အပြင် ထိုကိုယ်ပွားသည် ကောင်းကင်ဘုံ၏ခွန်အားကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။
ဖျတ်ခနဲပင် ၎င်းတံဆိပ်တုံးက ကျယ်လောင်သော ပေါက်ကွဲသံ နှင့်အတူ ကျဆင်းသွား၏။ ကိုယ်ပွားသည် အပြင်းအထန် ငြီး တွားလိုက်ရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်သည် ပျက်စီးသွား တော့၏။ သို့သော်လည်း ၎င်းက မူလစိတ်ဝိညာဉ်အဖြစ် ထွက်ပြေးရန် ဟန်ပြင်၏။ထိုအခါ ပေတစ်ရာတံဆိပ်တုံးထံမှ မှိန် ဖျဖျ အလင်းသည် ချက်ခြင်းလိုလို ရွှေရောင်တောက်ပသွားပြီး ပတ်ဝန်းကျင် ပေတစ်သောင်းဧရိယာကို ဖုံးလွှမ်းသွားချေသည်။
ထွက်ပြေးဟန်ပြင်သော မူလစိတ်ဝိညာဉ်ထံမှ နာကျင်စူးရှသော အော်သံ တစ်ခု ထွက်ပေါ်လာတော့၏။ကိုယ်ပွား၏မူလစိတ် ဝိညာဉ်သည် ရွှေရောင်အလင်းတန်း၏ ထွင်းဖောက်ခြင်း ချိတ် ပိတ်ခြင်း ခံရကာ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပေ။၎င်းက တံဆိပ်တုံး၏ စုပ်ယူခြင်းခံရသည်နှင့် အလားသဏ္ဌာန်တူနေ၏။
မဝေးသောနေရာတွင် ရှိနေသော နောက်ထပ် ကိုယ်ပွားလေး ယောက်သည် တုန်လှုပ်သွားကြကာ နောက်သို့ ဆက်ဆုတ်ရန် ဟန်ပြင်၏။ဝမ်လင်းက တံဆိပ်တုံးကို ဖမ်းယူကာ ထိုကိုယ် ပွားများနောက်သို့ လိုက်သွားသည်။
ကိုယ်ပွားလေးယောက်က မြန်ဆန်စွာ နောက်ဆုတ်နေကြ၏။ သို့သော် ခဏအကြာတွင် ဝမ်လင်း၏ မျက်လုံးက လက်ခနဲ ဖြစ် သွားသည်။သူက ရပ်တန့်ကာ နှာခေါင်းရှုံ့လိုက်၏။
“မင်းက ငါ့ကို အဝေး မျှားခေါ်ချင်တယ်ပေါ့.." သူက ဆက်မ လိုက်တော့ဘဲ ဟင်းလင်းပြင်ထဲ၌ ထိုင်ချလိုက်၏။ထာရှန်က လည်း ဝမ်လင်းနားသို့ ရောက်လာ၏။ဝမ်လင်းက သူ့နတ်ဘုရား အာရုံကို ဖြန့်ကျက်လိုက်သည်။
အသက်ရှုအနည်းငယ် ကြာမြင့်ပြီးနောက် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးပြန်ဖွင့်ကာ ဦးတည်ရာတစ်ခုသို့ ဦးတည် သွားသည်။
ကိုယ်ပွားလေးယောက်သည် ရုတ်တရက် ဦးတည်ရာ ပြောင်း သွားကာ ဝမ်လင်းရှိရာသို့ ပြန်ဦးတည်လာကြသည်။အမြန်ဆုံး တစ်ယောက်က ဝမ်လင်းနှင့် ပေတစ်သောင်းအတွင်းသို့ ရောက်လာ၏။သူ့မျက်နှာပေါ်၌ ပြတ်သားသောအကြည့်တစ်ခု
ပေါ်ထွက်လာသည်။သူက အမှန်တကယ်ပင် သူ့မူလစိတ်ဝိညာဉ် နှင့် အသွေးအသားကို လောင်ကျွမ်းစေလိုက်ကာ သူ့ကျင့်ကြံမှု အဆင့်နှင့် အမြန်နှုန်းကို ပေါက်ကွဲတိုးမြင့်စေလိုက်၏။
ချက်ခြင်းပင် သူက ဝမ်လင်းနှင့်ပေတစ်ရာအတွင်းသို့ ရောက်လာ ပြီး သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားတော့၏။
အထည်ဒြပ်ယန်အထွတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားသည် အားကောင်းလွန်းသည်။အဖျက်အစီးစွမ်းအား တစ်ခုသည် စတင်ပျံ့နှံ့လာကာ ဝမ်လင်းကို ရိုက်ခတ်လာ၏။
သည်လိုသေခြင်းရှင်ခြင်း အခြေအနေ၌ ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်၏။သူက သိုလှောင်အိတ်ထဲမှ အလံသုံးလက်ကို အ မြန်ထုတ်ယူကာ သူ့ကို ဝန်းရံလှည့်ပတ်စေသည်။တစ်ချိန်တည်း မှာပင် ဝမ်လင်းက တောင်တန်းနှင့်မြစ်ပန်းချီကားကိုပါ ထုတ်ယူ လိုက်သည်။
လှိုင်းတစ်ခုနှင့်အတူ ပတ်ဝန်းကျင်သည် တောင်နှင့်မြစ်ပန်းချီ ကား ဖြစ်သွား၏။ပေါက်ကွဲမှု ဖြစ်ပေါ်လာသည့်အခါ ပေါက်ကွဲ အားသက်ရောက်မှုကြောင့် တွန့်ကွေးသွားသည်။ပေါက်ကွဲအား အများအပြားကို ချေဖျက်နိုင်လိုက်သော်လည်း အချို့ကတော့ ပန်းချီကားထဲသို့ ဝင်ရောက်လာခဲ့သည်။တကယ်တော့ သည် ပန်းချီကားက ပုံတူပွားထားခြင်းသာ ဖြစ်ကာ အစစ်အမှန်တောင် နှင့်မြစ်ပန်းချီကား မဟုတ်ပေ။
ထို့နောက် အဖျက်အစီးအားသည် ဝမ်လင်းပေါ်သို့ ကျ ရောက်လာပြီး သူ့မူလစိတ်ဝိညာဉ်ထံသို့ တိုက်ရိုက်ဦးတည်လာ သည်။
ဝမ်လင်းက နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။သူ့အသွင်က ဖြူရောသွားသည်။သို့သော် သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် တို့ ဖြတ်ပြေးသွားသည်။
“ကံကောင်းစွာနဲ့ ငါ့မှာ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ် ရှိနေတာပဲ။ မဟုတ်ရင် ငါက ဒီပေါက်ကွဲမှုကြောင့် မသေရင်တောင် အပြင်းအထန် ဒဏ်ရာ ရသွားနိုင်တယ်..
ထိုအခိုက်အတန့်၌ ကျန်သည့်ကိုယ်ပွားသုံးယောက်သည် နီးကပ် လာသည်။သူတို့အားလုံးထံ၌ ရက်စက်ဟန်အကြည့်တို့ ဖြစ်ပေါ် နေကာ ပေါက်ကွဲထွက်နေသော အော်ရာများနှင့်အတူ ဝမ်လင်း ထံသို့ တိုးဝင်လာကြသည်။သူတို့က ဝမ်လင်းကို မသတ်မရချင်း ရပ်တန့်မည် မဟုတ်ဟု ထင်ရ၏။
ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက တူညီသောအရာ တစ်ခုကို ဘယ်တော့မှ ထပ်ဖြစ်ခံလိမ့်မည် မဟုတ်ပေ။
နောက်ဆုတ်မည့်အစား သူက ရှေ့သို့ ထိုးထွက်ကာ သူ့ညာလက် ကို ညွှန်လိုက်၏။ခြောက်သွေ့တာအိုတစ်စုံသည် ပျံသန်းထွက် သွားကာ သိပ်သည်းသော သတ်ဖြတ်ခြင်းအော်ရာကို ထုတ်လွှတ် လာ၏။ကိုယ်ပွားများထဲမှ တစ်ယောက်၏ ခြေထောက်ပိုင်းသည် ချက်ခြင်း ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ဝမ်လင်းပုံရိပ်က အလင်းတန်းအလား လှုပ်ရှားနေရင်း ကျောက် အဖြစ်သို့ ပြောင်းလဲနေသော ကိုယ်ပွားရှေ့သို့ ရောက်လာ၏။ သူက သူ့လက်ကို ဓားတစ်လက်အသွင်သို့ ပြောင်းလဲပြီး ထိုကိုယ် ပွား၏ မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ထိုအခါ ၎င်းကိုယ် ပွားသည် ပြိုလဲကာ ကျောက်အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားရသည်။
ထိုအခိုက်အတန့်၌ ကျန်နေသေးသော ကိုယ်ပွားနှစ်ယောက်သည် နီးကပ်လာချေပြီ။သူတို့၏ အော်ရာသည် အထွတ်အထိပ်သို့ ရောက်နေကာ ပေါက်ကွဲရန် အဆင့်သင့် ဖြစ်နေ၏။
ထိုသို့ သေရေးရှင်ရေးအချိန်အတောအတွင်း ဝမ်လင်းသည် အလွန်အမင်းတည်ငြိမ်နေသည်။ သူက သူ့ညာလက်ကို ပင့် မြှောက်ကာ ရပ်တန့်ခြင်းမန္တာန်ကို အသုံးပြု၏။ထိုအခါ ကိုယ်ပွား နှစ်ယောက်ထဲမှ တစ်ယောက်သည် ရပ်တန့်သွားသည်။ထို အခိုက်အတန့်၌ ထာရှန်သည် ထိုးထွက်လာကာ ၎င်းကိုယ်ပွားကို ဖမ်းဆုပ်ကာ အဝေးသို့ ပစ်လွှတ်လိုက်သည်။
ထိုကိုယ်ပွားသည် ကျယ်လောင်စွာ ပေါက်ကွဲထွက်သွား၏။ထို ပေါက်ကွဲအားသည် ထာရှန်၏ ခန္ဓာကိုယ်ကို လာရောက်ထိမှန်သည်။သူ့အသွင်က ချက်ခြင်း ဖြူရောသွားကာ သူ့ခန္ဓာကိုယ် သည်ပင် တုန်ယင်သွားရသည်။သို့သော် သူက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရှိနေဆဲပင်။
ဝမ်လင်းသည် ကိုယ်ပွားနှစ်ယောက် ကိုယ့်ကိုကိုယ် ပေါက်ကွဲ တိုက်ခိုက်ခြင်းကို တစ်ပြိုင်နက်တည်းလိုလို တားဆီးလိုက်နိုင် သော်လည်း နောက်ဆုံးကိုယ်ပွား၏ ပေါက်ကွဲစေမှုကို တားဆီး နိုင်လိုက်ခြင်း မရှိပေ။ထိုကိုယ်ပွား ပေါက်ကွဲသွားချိန်၌ ၎င်းသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကို ဖန်တီးဖြစ်ပေါ်စေကာ ဝမ်လင်း ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာစေသည်။
ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ဝမ်လင်းရှေ့၌ ပေတစ်ထောင်ထိ ချဲ့ထွက်လာ၏။၎င်းသည် ဝမ် လင်းရှေ့၌ ပေတစ်ထောင်ခန့် ရှိသော ဒိုင်းကာ တစ်ခုကဲ့သို့ ဖြစ် နေသည်။
ပေါက်ကွဲမှုအသံများသည် ဟင်းလင်းပြင်အနှံ့ ပဲ့တင့်ထပ်သွား ကာ ၎င်းပေါက်ကွဲမှုသည် အံ့မခန်းအားဖြင့် တံဆိပ်တုံးကို ထိမှန် လာသည်။ဝမ်လင်းသည် တံဆိပ်တုံးနှင့် ခြေလှမ်းသုံးဆယ်ကျော် သို့ ထပ်မံ ဆုတ်ပြီးနောက် ရပ်တန့်သွားသည်။သူ့မျက်လုံးထဲရှိသတ်ဖြတ်ချင်စိတ်သည် အကန့်အသတ်သို့ ရောက်ရှိလာ၏။
အဖျက်အစီးအား ကုန်လွန်သွားပြီးနောက် ဝမ်လင်းသည် ဟင်းလင်းပြင်ထဲသို့ သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် တစ်နေရာသို့ ဦးတည်သွားလေသည်။
ထာရှန်က ဝမ်လင်းနှင့်နီးကပ်စွာ လိုက်ပါလာသည်။
ခြောက်သွေ့တာအိုတစ်စံဒက ဝမ်လင်းအထက်၌ မြောလွင့် နေ၏။ ဝမ်လင်းအောက်ဘက်တွင်မူ ကောင်းကင်ဘုံချိပ်ပိတ် ခြင်းတံဆိပ်တုံး ရှိနေသည်။မူလစိတ်ဝိညာဉ်ကို အသုံးပြုကာ တံဆိပ်တုံးကို ဝမ်လင်းက ထိန်းချုပ်ထားသည်။ဝမ်လင်းသည် ဖျပ်ခနဲပင် ကီလိုမီတာ သောင်းချီ ကျော်ဖြတ်လာခဲ့လေပြီ။
ဝမ်လင်းသည် ဟင်းလင်းပြင်ထဲရှိ ကြီးမားသည့်အစီအရင်နှင့် ၎င်းအစီအရင်ထဲရှိ သလင်းခေါင်းတလားကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် ကြည့်နေသည်။
သူက သုန်မှုန်သောအသွင်နှင့် ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူကိုလည်း တွေ့မြင်၏။ထိုလူသည် သူ့မျက်နှာပေါ်ရှိ တုန်လှုပ်မှု ကို ဖုံးကွယ်ထားသည်။
ဟင်းလင်းပြင်ထဲ၌ လေ ဟူ၍ မရှိပေ။သို့သော် ကောင်းကင်ဘုံ ချိပ်ပိတ်ခြင်းတံဆိပ်တုံး၏ အရှိန်ဟုန်ကြောင့် ကြီးမားသည် လေပြင်းတစ်ခု ဖြစ်ပေါ်နေသည်။
ထိုလေပြင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ ဝတ်စုံအစကို လှုပ် ခတ်သွားစေသည်။ဝမ်လင်းသည် ထိုအနက်ရောင်ဝတ်စုံ၏ အောက်ရှိ အဖြူရောင်အရိုးများကို ရှင်းရှင်းလင်းလင်း တွေ့မြင် လိုက်သည့်အခါ သူ့မျက်လုံးအိမ်ပင် ကျုံ့လို့သွားသည်။
ထိုသူ၏ ဦးခေါင်းနေရာက လွဲ၍ အနက်ရောင်ဝတ်စုံအောက်ရှိခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသည် အရိုးများ ဖြစ်နေချေ သည်။
အနက်ရောင်ဝတ်စုံနှင့်လူသည် ဝမ်လင်းကို စူးစိုက်ကြည့် နေသည်။သူ့ နှုတ်ခမ်းက ခပ်ယောင်ယောင် လှုပ်ရှားသွားသည်။ သည့်နောက် သူ့မျက်ခုံးနှစ်ခုကြားကနေ အလင်းတန်းတစ်ခု သည် ထိုးထွက်သွားသည်။
ထိုအနက်ရောင်အလင်းတန် ပေါ်ထွက်လာသည်နှင့် ၎င်းက အနက်ရောင်ဓားတိုအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းထံသို့ တဝီ ဝီ တိုးဝင်လာတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ နှုတ်ခမ်း လှုပ်နေခြင်းက ရပ်တန့် သွားခြင်း မရှိဘဲ သူက ခပ်တိုးတိုး ဆက်၍ ရွတ်ဆိုနေ၏။အနက် ရောင်အလင်းတန်းများသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုး ထွက်သွားနေရင်း ဓားတိုများအဖြစ်သို့ ပြောင်းလဲနေသည်။ ချက် ခြင်းလိုလိုပင် ဓားတိုဆယ်လက်ကျော်သည် ဝမ်လင်းထံသို့ ပျံသန်းသွားကြသည်။
ဝမ်လင်းသည် လှုပ်ရှားခြင်း မပြုပေ။အနက်ရောင်ဝတ်စုံနှင့် လူ၏ ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်၏။ ထိုသူသည် ကျိန်းသေပေါက် ပုံရိပ်ယောင်ယင် သို့မဟုတ် အထည်ဒြပ်ယန် အဆင့်တွင် ရှိနေသော တစ်စုံတစ်ယောက် ဟုတ်မနေပေ။
သို့ရာတွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဦးခေါင်းကလွဲ၍ တစ် ကိုယ်လုံး အရိုးများ ဖြစ်နေ၏။ဆိုလိုသည်က သူက မည်မျှ စွမ်းအားကောင်းသည် ဖြစ်စေ သူက သူ့စွမ်းအားအပြည့်ကို အသုံးပြုနိုင်မည် မဟုတ်ပေ။
ဝမ်လင်းအသွင်က တည်ငြိမ်နေ၏။ထိုအနက်ရောင်ဝတ်စုံနှင့်လူ သည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်း တစ်ယောက်ထက် ပို၍ သူ့ ကျင့်ကြံမှုအဆင့်ကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်မှာပင် ဓားတိုများသည် ပျံသန်းလာကြရာ ထာရှ န်သည် ရှေ့သို့ လှမ်းတက်လာသည်။အစောပိုင်းက သူရရှိခဲ့သော ဒဏ်ရာများသည် များလှသည်ဟု မဆိုသာပေ။ထာရှန်က ရှေ့သို့ တိုးရင်း လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေ၏။
ထိုလက်သီးချက်သည် ဝဲကတော့တစ်ခုကို ဖြစ်သွားစေသည်။ထို ဓားတိုများသည် ဝဲကတော့၏ ဆွဲငင်ခြင်းကို ခံလိုက်ရ၏။ သို့သော် ၎င်းတို့သည် ထိုးထွက်လာကြသည်သာ။ ဓားတို များသည် မြွေများကဲ့သို့ ရွေ့လျားကာ ထာရှန်၏ ခန္ဓာကိုယ် အပေါ်သို့ ထိုးစိုက်ကြကုန်၏။
ပေါက်ကွဲမှုများသည် ဟင်းလင်းပြင်ထဲ၌ ပဲ့တင့်ထပ်ကုန်ကာ ထာ ရှန်သည် သူ့လက်သီးနှစ်လုံးကို အေးစက်စက် ဝှေ့ယမ်း၏။သူ့ လက်သီးချက် တစ်ချက် ထုတ်ဖော်လိုက်တိုင်း ဓားတိုများသည် နောက်သို့ ပြန်ကန်ထွက်ကုန်ကြသည်။ဓားတိုများသည် လက်သီး ချက်များကို ရှောင်နိုင်လျှင်ပင် ၎င်းတို့သည် ထာရှန်၏ခန္ဓာကိုယ် ကို မည်သို့မျှ ထိခိုက်မှု မပေးနိုင်ကြတော့ချေ။
ဝမ်လင်းသည် ရှေ့သို့ တက်လာ၏။သူ့ ညာလက်ဖြင့် ခြောက်သွေ့ တာအိုတစ်စုံထံသို့ ညွှန်သည်။ခြောက်သွေ့တာအိုတစ်စုံသည် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ ဦးတည်ပျံသန်းသွားလေသည်။
တစ်ချိန်တည်းမှာပင် သည်ကမ္ဘာသည် သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နှက်လာတော့သည်။ သတ်ဖြတ် ခြင်းစိတ်ဆန္ဒ ပေါ်ထွက်လာသည်နှင့် အနက်ရောင်ဝတ်စုံနှင့်လူ၏ အပေါ်တွင် မီးခိုးရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။
အနက်ရောင်ဝတ်စုံနှင့်လူထံမှ စိတ်ရှုပ်ထွေးဟန်အကြည့်တစ်ခု ဖြစ်ပေါ်လာကာ သူက သက်ပြင်းချလိုက်၏။သူက သူ့ဟာသူ ခပ် တိုးတိုး ရွတ်လိုက်၏။
“ငါ အရှင့်ရဲ့ ရတနာကို မတွေ့ရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ..
သူသည် အနက်ရောင်ဝတ်စုံအောက်မှ သူ့အရိုးစုလက်ကို ပင့် မြှောက်လိုက်၏။အဖြူရောင်အရိုးများသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်နေ စေသည်။မီးခိုးရောင်အလင်းသည် ရပ်တန့်သွားရုံသာ မက ၎င်း က လျင်မြန်စွာ နောက်ဆုတ်၍ ပျောက်ကွယ်လို့သွားလေ၏။ မီးခိုးရောင်အလင်း ပျောက်ကွယ်သွားသည့်အခိုက်၌ အနက် ရောင်ဝတ်စုံနှင့်လူ၏ နှုတ်ခမ်းသည် လှုပ်ရှားလာပြန်၏။ထိုအခါ သူ့မျက်ခုံးနှစ်ခုကြားကနေ အဖြူရောင်အလင်းတန်းတစ်ခု ထွက် ပေါ်လာပြီး အဖြူရောင်သားမွှေးယပ်တောင်အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ထိုယပ်တောင်က ပေါ်လာသည်နှင့် စတင် ရွှေ့ လျားလာသည်။
လေပြင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။ထိုလေပြင်းထဲ၌ မိုးကြိုး တုန်ဟီးသံပင် ပါဝင်နေသည်။ချက်ခြင်းပင် မိုးကြိုးမုန်တိုင်းတစ် ခုသည် ဝမ်လင်းထံသို့ ဦးတည်သွားတော့၏။
ဝမ်လင်းအသွင်က ပြောင်းလဲသွားခြင်း မရှိပေ။သူက သူ့ညာ လက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်သို့ ညွှန်လိုက်၏။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် အထက်သို့ မြင့် တက်သွားရင်း အနက်ရောင်ဝတ်စုံနှင့်လူအပေါ်သို့ အံ့အားသင့် ဖွယ် ချိပ်ပိတ်မှုနှင့်အတူ ကြမ်းတမ်းစွာ ကျရောက်လို့သွားသည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းက နောက်ဆုတ်သည်။မိုးကြိုး မုန်တိုင်း နီးကပ်လာသည့်အခါ၌ သူ့ရှေးဟောင်းမိုးကြိုးနဂါးစိတ် ဝိညာဉ်သည် ပျံသန်းထွက်လာကာ ၎င်းမိုးကြိုးမုန်တိုင်းကို ဝါးမြို ပစ်တော့သည်။
မိုးကြိုးတုန်ဟီးသံများသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ ပဲ့တင် မြည်နေကာ သူ့ကို နောက်ဆုတ်သွားစေသည်။သူ့မူလစိတ် ဝိညာဉ် မိုးကြိုးမုန်တိုင်းတစ်ခုလုံးကို ဝါးမြိုလိုက်ပြီးနောက် သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။မိုးကြိုးအမြောက် အများသည် သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းစီးဆင်းသည့်အခါ၌ ဝမ်လင်းမျက်နှာပင် အနည်းငယ် နီမြန်းသွားသည်။
သည်အခိုက်အတန့်၌ အနက်ရောင်လူ၏ အသွင်သည် အလေး အနက် ဖြစ်လာခဲ့သည်။သူ့အထက်၌ ကောင်းကင်ဘုံချိပ်ပိတ် တံဆိပ်တုံးသည် ကောင်းကင်ဘုံခွန်အားကဲ့သို့ ကျဆင်းလာ နေသည်။သူ့အနက်ရောင်ဝတ်စုံအောက်ကနေလည်း တစီစီအသံ များ ထွက်ပေါ်လာ၏။သူ့အရိုးစုလက်နှစ်ဘက်သည် မြောက် တက်လာကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး ဟစ်ကြွေး လိုက်သည်။ “ကောင်းကင်ဘုံမြင့်တက်ခြင်း...”
အနက်ရောင်ဝတ်စုံနှင့်လူ လက်မြှောက်လိုက်သည့်အခိုက်၌ အံ့ဖွယ်အားတစ်ခုသည် ပေငါးထောင်အတွင်း၌ ရုတ်တရက် စတင် စုဝေးလာတော့သည်။ထိုအံ့ဖွယ်စွမ်းအားသည် မမြင်ရ သော အခိုးငွေ့တန်းများကဲ့သို့ ဖြစ်နေကာ သူ့လက်ပေါ်၌ စုဝေး သည်။သူ့လက်ကနေ စုပ်အားတစ်ခုကဲ့သို့ ဖြစ်နေ၏။ထို ထူးဆန်းသောအားတစ်ခုသည် သူ့လက်နှစ်ဖက် အထက်၌ ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ကြမ်းကြုတ်ရက်စက်သော အသွင် သည် ပို၍ ပြင်းထန်လာသည်။သူက သူ့လက်နှစ်ဖက်ကို ပင့် မြှောက်လိုက်လေတော့၏။
ကျယ်လောသောပေါက်ကွဲသံသည် ဟင်းလင်းပြင်ထဲ၌ ပျံ့နှံ့သွား သည်။ထိုအသံသည် အစီအရင်ရှိရာသို့ ဝင်ရောက်လာနေသော ရွေးချယ်ခံမသေမျိုးကလန်အဖွဲ့ဝင်များကိုပါ တန့်သွားစေသည်။ သူတို့၏ခန္ဓာကိုယ်များပင် တုန်ယင်သွားကာ အသံတုန်ခါလှိုင်း ကြောင့် နောက်သို့ ဆုတ်သွားရသည်။အားနည်းသော ကျင့်ကြံ သူများဆိုလျှင် ခန္ဓာကိုယ်ဒွာရပေါက်များကနေ သွေးများပင် ယိုစီးထွက်ကုန်ကြ၏။
ကောင်းကင်ဘုံချိပ်ပိတ်တံဆိပ်တုံးပင် တုန်ခါသွားကာ ခဏတာ တန့်သွားရသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည်လည်း အနည်းငယ် ဖြူရောသွား၏။ဝမ်လင်းသည် ချက်ခြင်း ရှေ့သို့ ထိုးတက်လာ ကာ သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူပြီး ချက် ခြင်း ခုတ်ပိုင်းချသည်။
“ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း...
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးသည် ကျဉ်းမြောင်း သွား၏။ သိပ်မကြာခင်တွင် အနက်ရောင်အလင်းက စတင် စုဝေးလာ၏။ ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်း ဓားချက် နီးကပ်လာ သည့်အခါ၌ သူ့မျက်လုံးထဲကနေ အလင်းတန်းနှစ်ခု ထွက် ပေါ်လာပြီး ၎င်းဓားပေါ်သို့ ကျရောက်သွားသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်၏ စွမ်းအားသည် ပေါက်ကွဲသံတစ်ခုနှင့်အတူ လွင့်ပြယ်သွားတော့၏။
"ဒီကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် ငါ့ကို ရွှေ့သွားအောင် လုပ်ဖို့ မ လုံလောက်သေးဘူး။ဒီရတနာတွေကို မင်း ရခဲ့တယ်ဆိုရင်တောင် မင်းက ငါ့ အရှင်ရဲ့ရတနာတွေကို ပိုင်ဆိုင်ဖို့ အရည်အချင်း မ ပြည့်မှီသေးဘူး..”
အနက်ရောင်ဝတ်စုံနှင့်လူ၏ ရှတတအသံသည် အေးစက် နေသည်။
ဝမ်လင်းသည် ထိုလူကို စူးစိုက်ကြည့်နေရင်း တည်ငြိမ်စွာ ရှိနေ၏။သူက လေထဲသို့ လက်ညွှန်ကာ ခပ်တိုးတိုး ရေရွတ်လိုက် သည်။ "ချိပ်ပိတ်ခြင်း…ဖြေလျော့...
ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးထံမှ မြည်ဟီးသံများ ထွက် ပေါ်လာ၏။ထို့နောက် ရွှေရောင်အလင်းတန်းတစ်ခုသည် ထိုး ထွက်လို့လာသည်။နောက်ထပ် ရွှေရောင်အလင်းတန်းများသည် လည်း ဆက်တိုက် ထွက်ပေါ်လာ၏။ ချက်ခြင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများစွာ ပေါ်ထွက်လာတော့သည်။မူလ တုန်းက မှိန်ဖျော့သွားသည့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးသည် နေတစ်စင်းကဲ့သို့ တောက်ပနေတော့သည်။
ပြင်းထန်သောဖိအားတစ်ခုသည် ရူးသွပ်ဖွယ် ပျံ့နှံ့လာသည်။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးပေါ်ရှိ ရွှေရောင်စာလုံး များသည်လည်း တလက်လက် တဖျပ်ဖျပ် ဖြစ်နေတော့၏။
ဝမ်လင်း မျက်လုံးက အေးစက်လာကာ သူက ခပ်တိုးတိုး ပြော လိုက်၏။ “သက်ဆင်းစမ်း..
ချက်ခြင်းဆိုသလိုပင် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး သည် တစ်ဖန် ဆင်းသက်လာချေ၏။သည်တစ်ကြိမ်၌ ၎င်း ဆင်းသက်မှုကို မည်သို့သောစွမ်းအားက တားဆီးပိတ်ပင်သည် ဖြစ်စေ ရပ်တန့်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ကြီးစွာ ပြောင်းလဲသွား သည်။သူက သူ့လက်နှစ်ဖက်ကို ပင့်မြှောက်ကာ ပြောလိုက်၏။ "နဂါးဆယ်ကောင် ကောင်းကင်မြင့်တက်ခြင်း..” သူက ထိုသို့ အော်ဟစ်လိုက်သည်နှင့် နဂါးဆယ်ကောင်သည် ထိုးထွက်လာ တော့သည်။ထိုအနက်ရောင်နဂါးများ၏ အမြီးပိုင်းသည် သူ့ ဦးခေါင်းနှင့် ချိတ်ဆက်နေသည်။နဂါးဆယ်ကောင်သည် မာန် သွင်းကာ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံသို့ တိုးဝင် သွားတော့သည်။
ဘန်း..ဘန်း..ဘန်း..
ဟင်းလင်းပြင်ထဲ၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက် ပေါ်လာ၏။နဂါးဆယ်ကောင်သည် အရူးအမူး ထိုးထွက်ကုန်ကြ သော်လည်း ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကို တစ် စက်ကလေးပင် ဟန့်တားရပ်တန့်နိုင်စွမ်းမရှိဘဲ ဖြစ်နေ၏။
အနက်ရောင်နဂါးဆယ်ကောင်သည် ကြီးစွာ တုန်လှုပ်၍ နောက်သို့ လွင့်စင်ထွက်သွားရသည်။တံဆိပ်တုံးက အောက်သို့ ဆက်လက် ကျဆင်းလာနေ၏။
တံဆိပ်တုံးသူနှင့် ပေတစ်ရာလောက် အလိုသို့ ရောက်လာသည့် အခါ အနက်ရောင်ဝတ်စုံနှင့်လူသည် သုန်မှုန်စွာ မတ်တပ်ထရပ် လာသည်။သည်အရာက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ အတွင်း သူ့အတွက် ပထမဆုံးအကြိမ် မတ်တပ်ရပ်ခြင်း ဖြစ် လေ၏။
အနက်ရောင်ဝတ်စုံသည် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။ ဝတ်စုံကြားမှ ထိုလူ၏ အေးစက်စက်အကြည့်တစ်ခုသာ ထွက် ပေါ်နေသည်။
သူက အေးစက်စက်နှာခေါင်းရှုံ့လိုက်ကာ သူ့ ခန္ဓာကိုယ်သည် လှုပ်ရှားသွားသည်။သူက အောက်သို့ ကျဆင်းလာသည့် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံကနေ ထွက်ခွာရန် ပြင် လိုက်၏။
ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ပေါ်လာ၏။ အနက်ရောင်ဝတ်စုံနှင့်လူ ထွက်ခွာတော့မည့် အခိုက်၌ သူက အေးစက်စွာ ပြောလိုက်သည်။ “ချိပ်ပိတ်ခြင်း..
ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးထံမှ ရွှေရောင်အလင်း သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။လောကသည် တစ် ဖန်ပြန်လည် မှောင်မိုက်သွား၏။သို့သော် ထိုအရာက အခိုက်အတန့်မျှသာ။သည့်နောက် တံဆိပ်တုံးသည် ပို၍ပင် လင်း ထိန်လာ၏။
ရွှေရောင်စာလုံးများ တစ်ခုပြီးတစ်ခုသည် တံဆိပ်တုံးပေါ်၌ ပေါ်လာ၏။စာလုံးများက လျင်မြန်စွာ ပျံ့နှံ့လာရင်း သိပ်မကြာ ခင်တွင် ပေတစ်သောင်း ဧရိယာသည် ၎င်းရွှေရောင်စာလုံး များ၏ ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင်သည် အလွန်သုန်မှုန်နေသည်။ သူက သူ့ခြေထောက်ကို ပင့်မြှောက်ကာ ထွက်ခွာရန် ပြင်သည်။ သို့သော် ထိုအခိုက်၌ ရွှေရောင်စာလုံးအားလုံးသည် သူ့ထံသို့ စုဝေးလာချေတော့သည်။
ချက်ခြင်းလိုလိုပင် ရွှေရောင်စာလုံးများသည် ထိုလူ့ကို ဝန်းရံ သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ အကြောက်တရားတစ် ခု ဖြစ်ပေါ်သွားသည်။သူက ရုတ်တရက် ခေါင်းဆတ်ခနဲ လှုပ်ကာ တံဆိပ်တုံးကို စူးစိုက်ကြည့်၏။ သူ့ပတ်လည်၌ စာလုံးများက သိပ်သည်းလာသည့်အခါ သူ့ထံ၌ ပြတ်သားသောအကြည့်တစ်ခု ဖြစ်ပေါ်လာသည်။နဂါးဆယ်ကောင်သည် သူ့မျက်ခုံးနှစ်ခုကြား ကနေ ကြမ်းတမ်းစွာ ဟိန်း၍ ထွက်ပေါ်လာသည်။
အဖျက်အစီးအော်ရာတစ်ခုသည် ပျံ့နှံ့လာရင်း အနက်ရောင် ဝတ်စုံနှင့်လူက အော်ပြောလိုက်၏။ "နဂါးဆယ်ကောင်… ဟင်းလင်းပြင်ပိုင်းခွဲခြင်း .
ထိုအနက်ရောင်နဂါးဆယ်ကောင်ထဲမှ တစ်ကောင်သည် ၎င်း၏ခန္ဓာကိုယ်အတွင်းရှိ အဖျက်အစီးစွမ်းအားတစ်ခုကြောင့် စုတ်ဖြဲခြင်း ခံလိုက်ရသည်။၎င်းအဖြစ်က ဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေပြီးနောက် ပေါက်ကွဲထွက်သွားသည်။
ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ထိုအနက်ရောင်နဂါး၏ ကိုယ့် ကိုကိုယ် ဖျက်စီးခြင်းက အနက်ရောင်ဝတ်စုံနှင့်လူ၏ ပတ်လည် ရှိ ရွှေရောင်စာလုံးများကို နောက်ကန်ထွက်သွားစေသည်။ သိပ်မ ကြာခင်တွင် နောက်ထပ်နဂါးတစ်ကောင် ပေါက်ကွဲသွား ပြန်သည်။
တစ်ချိန်တည်းလိုလိုမှာပင် ကျန်သည့်နဂါးရှစ်ကောင်သည်လည်း ပေါက်ကွဲသွားသည်။ နဂါးဆယ်ကောင်၏ကိုယ့်ကိုကိုယ် ပေါက်ကွဲစေမှုသည် အံ့မခန်းပင်။ ရွှေရောင်စာလုံးအားလုံးသည် အဝေးသို့ လွင့်စင်သွား၏။ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးပင် လွင့်စင်သွားရသည်။
ဝမ်လင်းက မြန်ဆန်စွာ နောက်ဆုတ်၏။ထာရှန်ကလည်း ဓားတို များနှင့် ဆက်လက် မတိုက်ခိုက်တော့ဘဲ ဝမ်လင်းရှေ့သို့ ရောက်လာသည်။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ သူ့ပေ နှစ်ဆယ်ရှိသည့် ခန္ဓာကိုယ်ကို အသုံးပြုရင်း အဖျက်အစီးအားကို ပိတ်ဆို့စေသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင်သည် ဖြူရောသွားသည်။ နောက်ဆုံးတွင် သူက တံဆိပ်တုံး၏ ဖိအားအဝန်းအောက်ကနေ ထွက်ခွာသွားနိုင်သည်။
“အားကောင်းလိုက်တဲ့ ရတနာ..ကောင်းကင်ဘုံနယ်မြေမှာတောင် ဒီလိုရတနာမျိုးက ကျော်ကြားဖို့ လုံလောက်တယ်...” အနက် ရောင်ဝတ်စုံနှင့်လူသည် တံဆိပ်တုံး၏ အဝန်းအဝိုင်းကနေ ပျံသန်းထွက်လာခဲ့ကာ သူက တံဆိပ်တုံးအပေါ်ဘက်သို့ ပျံသန်း သွားသည်။
အနက်ရောင်နဂါးဆယ်ကောင်၏ ဖိအားအောက်၌ ထာရှန်သည် သွေးအန်လိုက်ရသည်။သူ့မျက်လုံးသည်ပင် မှိန်ဖျော့သွားသည်။ ဝမ်လင်းသည် ထာရှန်နောက်ကနေ လှမ်းထွက်လာ၏။သူ့ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့်နှက်နေသည်။သူက လက်ထဲတွင် ကောင်းကင်ဘုံဓားကို ကိုင်ဆောင်ကာ အလင်းတန်း အလား အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်လာသည်။
သူက မြန်ဆန်လှ၏။သူက ရှေ့သို့ တိုးဝင်လာနေရင်း ကောင်းကင်ဘုံဓားကို ပင့်မြှောက်ကာ ဆယ်ကြိမ်ခုတ်ပိုင်းချ၏။ ထိုဓားချက်ဆယ်ချက်သည် တစ်ခုတည်းအဖြစ်သို့ ပေါင်းစည်း ကာ အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ပျံသန်းမှု အမြန်နှုန်းက ပြောင်းလဲ သွားခြင်း မရှိပေ။သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ထံသို့သာ ဦးတည် ပျံသန်းနေသည်။သူက ဝမ်လင်းကို ကြည့် ပင်မကြည့်ဘဲ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေလိုက်သည်။များစွာသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် တို့ စုဝေးသွားကာ
“ဒီရတနာက မင်းလက်ထဲမှာ ဆိုရင် ဖြုန်းတီးရာ ကျတယ်။ငါ့ကို ပေးလိုက်တာ ပိုကောင်းဦးမယ်...
ဝမ်လင်း၏မျက်လုံးများက အေးစက်နေသည်။ သူက ကောင်းကင်ဘုံဓားကို ဝင့်ကာ နောက်ထပ် ကောင်းကင်ဘုံခုတ် ပိုင်းခြင်းဓားချက် ဆယ်ချက်ကျော်ကို ဖြစ်ပေါ်စေလိုက် ပြန်သည်။
ပေါက်ကွဲသံတစ်ခုနှင့်အတူ ကောင်းကင်ဘုံကလန့်လန့်ကာသည် တုန်ယင်ကာ အက်ကွဲသွားသည်။သည့်နောက် နောက်ထပ် ဓား ချက်များ ဆင့်ကျလာသည့်အခါ ၎င်းအကာအရံ ကန့်လန့်ကာ သည် ပျက်စီးသွားတော့၏။ ဝမ်လင်းသည် ကောင်းကင်ဘုံဓား ကို ပစ်လွှတ်လိုက်ရင်း အော်ပြောလိုက်သည်။ “ရပ်တန့်ခြင်း..
ကောင်းကင်ဘုံဓားက အလွန်မြန်လှ၏။၎င်းဓားက အလင်းတန်း အလား ထိုးထွက်သွားသည်။ ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးအပေါ်သို့ ရောက်နှင့်နေသည့် အနက်ရောင်ဝတ်စုံနှင့် လူသည် မျက်မှောင်ကြုတ်သွားလေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ဘုံဓားကို ဖမ်းဆုပ်ရန် ဟန်ပြင်လိုက် သည်။
သို့ရာတွင် သည်အခိုက်အတန့်၌ ဝမ်လင်း၏ ရပ်တန့်ခြင်း မန္တာန် ကို အသုံးပြုလိုက်သော အသံသည် မိုးခြိမ်းသံအလား ပဲ့တင်ထပ် သွားသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းက ပုံမှန်အတိုင်း ဆက်ရှိနေသည်။သို့သော် သူ့အရိုးများကတော့ ခဏတာ တုံ့ဆိုင်း သွား၏။ထိုအခိုက်အတန့်လေးမှာပင် ကောင်းကင်ဘုံဓားသည် လက်ခနဲ့ သူ့ ညာလက်တစ်ခုလုံးကို ဖြတ်တောက်သွားသည်။
သူ့ ညာလက်သည် သူ့ခန္ဓာကိုယ်ကနေ ဖြတ်တောက်ခြင်း ခံလိုက် ရသည့်အခါ၌ ထူးဆန်းစွာ အရိုးမှုန်များအဖြစ်သို့ ပြောင်းလဲကာ ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း၏ ချိန်သားကိုက် တိုက်ခိုက်မှုသည် အတော်လေး တိကျလှ၏။ကောင်းကင်ဘုံဓား နီးကပ်လာသည့်အခါ၌ သူက ရပ်တန့်ခြင်းမန္တာန်ကို ချိန်သားကိုက် အသုံးပြုလိုက်ခြင်းကြောင့် ပင်။၎င်းမန္တာန်က အနက်ရောင်ဝတ်စုံနှင့်လူကို အချိန်အတန်ကြာ ရပ်တန့်နိုင်စွမ်း မရှိပေ။
သို့ရာတွင် ခုချိန်၌မူ လုံးဝ ကွဲပြားသွားခဲ့ပြီ မဟုတ်လား။
အနက်ရောင်ဝတ်စုံနှင့်လူသည် မှင်သက်သွားကာ သူ့ ညာ လက်ပြတ်နေရာကို ကြည့်နေမိသည်။သူ့မျက်လုံးထဲ၌လည် ဒေါသထွက်နေမှုက အထင်းသား ဖြစ်ပေါ်နေသည်။ယင်းဒေါသ ကနေ တစ်ဆင့် သူ့ထံမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
“ငါက ဒီနေရာကို မရေမတွက်နိုင်တဲ့ နှစ်တွေကြာအောင် ကာ ကွယ်ပေးနေရင်း ငါ့အရိုးတည်ဆောက်ပုံကို ပြန်ကောင်းအောင် လုပ်နိုင်ခဲ့တယ်။မင်းက ငါ့ညာလက်ကို ဖျက်စီး ဝံ့တယ်လား..
အနက်ရောင်ဝတ်စုံနှင့်လူ၏ ဟန်ပန်သည် ရူးသွပ်လာသလား ထင်မှတ်ရသည်။သူက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး ကို လက်လွှတ်ကာ ဝမ်လင်းထံသို့ တိုးဝင်လာတော့သည်။
သူက ကျန်နေသေးသော ဘယ်လက်ဖြင့် ဓားတစ်လက်အသွင် ဖြစ်ပေါ်စေကာ ဝမ်လင်းကို ခုတ်ပိုင်းချလိုက်၏။ဟင်းလင်းပြင် ထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်လာတော့သည်။
ဝမ်လင်းက သူ့လက်ကို အထက်သို့ ပင့်မြှောက်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။ “လေဆင့်ခေါ်ခြင်း..”
သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့သည် မြန်ဆန်စွာ မြင့်တက် လာ၏။သို့သော် သူ့တွင် ထိုသို့ မူလစွမ်းအင်ထုတ်ယူသုံးစွဲနေရမှု အပေါ် စိတ်ပူပန်နေရန် အချိန်မရှိပေ။အနက်ရောင်လေပြင်းတစ် ခု သူ့လက်ထဲ၌ ပေါ်လာကာ ၎င်းသည် ပြင်းထန်စွာ ပျံ့နှံ့သွား၏။
အေးစက်စက်လေလှိုင်းများသည် အနက်ရောင်ဝတ်စုံနှင့်လူထံသို့ တိုးဝင်သွားချေသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ တုန်လှုပ်မှုနှင့် ပြည့် လာသည်။သည်တစ်ကြိမ်တုန်လှုပ်မှုသည် ဝမ်လင်း သူ့အရှင်၏ ရတနာကို အသုံးပြုသည်ကို မြင်တွေ့ခဲ့စဉ်က တုန်လှုပ်မှုထက် အဆများစွာ ပိုနေသည်။
"ကောင်းကင်ဘုံအင်ပါယာရဲ့ မန္တာန်..လေဆင့်ခေါ်ခြင်း..။မင်း.. မင်းက ဘယ်လိုကောင်လဲ..” အနက်ရောင်ဝတ်စုံနှင့်လူ၏အသွင် သည် ကြီးစွာ ပြောင်းလဲသွား၏။သူက လေဆင့်ခေါ်ခြင်း မန္တာန်၏ စွမ်းအားသည် မည်သို့ ရှိသည်ကို ကောင်းစွာ သိပေ၏။ ထိုမန္တာန်သည် အတိတ်တုန်းကတည်းက သူ့အတွက် အိပ်မက်ဆိုး ဖြစ်ခဲ့သည်။
အတိတ်တုန်းက သူသည် ကောင်းကင်ဘုံဥပဒေသကို ဖောက်ဖျက်ခဲ့မိကြောင်းကို ပြန်မှတ်မိလိုက်၏။သူ့အရှင်က သူ့ အတွက် တောင်းပန်ခဲ့သော်လည်း ကောင်းကင်ဘုံအင်ပါယာပေ ဖန် သည် မန္တာန်တစ်ခုအသုံးပြု၍ ပြစ်ဒဏ်ပေးခဲ့ပေသည်။အင်ပါ ယာက သူအသုံးပြုသည့် မန္တာန်အောက်၌ ရှင်သန်နိုင်လျှင် ခွင့်လွှတ်ပေးမည်ဟု ပြောခဲ့ပေ၏။
အတိတ်တုန်းက ကောင်းကင်ဘုံအင်ပါယာပေဖန်က ယခု လေ ဆင့်ခေါ်ခြင်း မန္တာန်ကို သူ့အပေါ်၌ အသုံးပြုခဲ့ပေသည်။
ထိုစဉ်က လေဆင့်ခေါ်ခြင်းမန္တာန်၏ လက်ချက်ဖြင့် သူ့အရိုးများ ပျောက်ကွယ်သွားခဲ့ရကာ သူ့အရှင်သခင်ဖြစ်သူ အရှင်အပူအပင် မဲ့ကြောင့်သာ မဟုတ်ပါက သူ့ဦးခေါင်းပင် ကျန်ရစ်ခဲ့လိမ့်မည် မဟုတ်ပေ။
ထို့နောက် အရှင်အပူအပင်မဲ့က သူ့ကို သည်ခေါင်းတလားအား စောင့်ကြပ်ရန် စေလွှတ်ခဲ့ပေ၏။သည်အစီအရင်နှင့် မရေမတွက် နိုင်သောနှစ်များစွာ ကျင့်ကြံမှုကြောင့် နောက်ဆုံးတွင် သူက သူ့ အရိုးစုကို ပြန်ဖွဲ့တည်လာနိုင်ခဲ့ခြင်းပင်။
ယခုအခိုက်အတန့်၌ သူက သည်လေဆင့်ခေါ်ခြင်း မန္တာန်ကို နောက်တစ်ဖန် မြင်တွေ့ရချိန်၌ သူ့အသိစိတ်လွတ်မတက် ကြောက်ရွှံ့သွားခဲ့ရ၏။သူက နောက်သို့ မြန်ဆန်စွာ ပြန်ဆုတ်ကာ ချက်ခြင်းလိုလို ပါးစပ်ထဲက အရာဝတ္တုတစ်ခုကို ထွေးထုတ် လိုက်၏။ထိုအရာက အပြာရောင်အူတိုင်တစ်ခု ဖြစ်နေ၏။၎င်း အူတိုင်ပေါ်လာသည်နှင့် ၎င်းက အရာအားလုံးကို အပြာရောင် ဖြစ်သွားစေတာ့သည်။
အနက်ရောင်ဝတ်စုံနှင့်လူက ထပ်မံ အော်ပြောလိုက်သည်။ “မင်းနဲ့ ကောင်းကင်ဘုံအင်ပါယာ ပေဖန်ကြားမှာ ဘယ်လို ပတ်သတ်နေ လဲ *
သူ့ရှေ့ရှိ အပြာရောင်အူတိုင်က နူးညံ့စွာ တောက်ပနေကာ အနက် ရောင်ကြောင့် ဒဏ်ရာမရအောင် ကာကွယ်ပေးထားသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတို့နှင့် ပြည့်နေသည်။သူက စကားမဆိုဘဲ ရှေ့သို့ တစ်လှမ်းတိုးလာ သည်။အနက်ရောင်လေပြင်းက မြည်ဟီးလာပြန်၏။ခုချိန်၌ ဝမ် လင်းသည် အနက်ရောင်လေပြင်းနှင့် တစ်သားတည်း ဖြစ်နေ သကဲ့သို့ပင်။အနက်ရောင်လေပြင်းသည် ဝမ်လင်းလက်နှင့်အတူ ရွှေ့လျားနေသည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ဖြူရောသွား၏။သူက နောက်သို့ ထပ်မံ ဆုတ်သည်။သူ့ပတ်လည်ရှိ အပြာရောင်အလင်း သည် မှိန်ဖျော့နေ၏။သို့သော် သူ့မျက်လုံးက ကျဉ်းမြောင်းသွား သည်။သူသည် မာန်သွင်းကာ သူ့လက်နှစ်ဖက်ကို ရှေ့သို့ တွန်း ထုတ်သည်။
အပြာရောင်အူတိုင်သည် စတင်လှည့်ပတ်လာကာ အပြာရောင် အလင်းများကို ထုတ်လွှတ်လာသည်။၎င်းက ဝဲကတော့တစ်ခု ကဲ့သို့ တိုးဝင်လာသော အနက်ရောင်လေပြင်းကို စုပ်ယူနေ၏။
“ဒီလူရဲ့ လေဆင့်ခေါ်ခြင်း စွမ်းအားက သိပ်အားမကောင်းဘူး။ ဒါပေမဲ့ ငါက ဒါကို ငါ့နဲ့ နည်းနည်းတောင် ထိခွင့်ပြုလို့မရဘူး။ မဟုတ်ရင် ငါ့ခန္ဓာကိုယ်ထဲမှာ ကြွင်းကျန်နေသေးတဲ့ လေ ဆင့်ခေါ်ခြင်းစွမ်းအားတွေက အသက်ဝင်သွားလိမ့်မယ်..
လေဆင့်ခေါ်ခြင်းသည် အလွန်ကြမ်းကြုတ်ပေ၏။၎င်းက ခန္ဓာကိုယ်ထဲသို့ တစ်ကြိမ် ဝင်ရောက်သွားပြီးသည်နှင့် ပြန် ပယ်ဖျက်ရန် မဖြစ်နိုင်သလောက်ပင်။သူသာ နောက်တစ်ဖန် လေ ဆင့်ခေါ်ခြင်းစွမ်းအားကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခွင့်ပြု လိုက်ပါက အတိတ်တုန်းက သူ့ဒဏ်ရာများသည် ပြန်ပေါက်ကွဲ ထွက်လာပေလိမ့်မည်။
“သေစမ်း…ဒီလူက ဘယ်လိုလုပ် လေဆင့်ခေါ်ခြင်းစွမ်းအားကို သိနေရတာလဲ။ငါ့ကံကြမ္မာက ငါ့ဆရာ ငါ့ကို ပေးထားခဲ့တဲ့ ရတနာအပေါ် မူတည်နေပြီ..” အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်က အလွန်သုန်မှုန်နေသည်။အပြာရောင်အူတိုင်က ၎င်း လေကို ခုခံထားချိန်၌ သူသည် မြန်ဆန်စွာ နောက်ဆုတ်နေရ၏။
ဝမ်လင်းက အနက်ရောင်ဝတ်စုံနှင့်လူကို စူးစိုက်ကြည့်နေသည်။ သူက ချက်ခြင်းဆိုသလို နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ထုတ်ယူလိုက်၏။ထိုအခါ ရောင်စုံငါးခုသည် ချက်ခြင်း ပေါ်ထွက်လာပြီး ငါးရောင်စုံလိပ်ပြာတစ်ကောင် ပေါ်လာ တော့သည်။
ထိုလိပ်ပြာပေါ်လာသည်နှင့် ၎င်းကတောင်ပံ ဖြည်းဖြည်းချင်း ခတ်လိုက်သည်။ငါးရောင်စုံအမှုန့်များသည် နေရာအနှံ့သို့ ပြန့်ကျဲ သွားလေ၏။ထိုမြင်ကွင်းသည် အလွန်လှပပေသည်။
လိပ်ပြာပေါ်လာသည်နှင့် ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထို့နောက် သူက နောက်သို့ ဆုတ်နေသော အနက်ရောင်ဝတ်စုံနှင့်လူထံသို့ လက်ညွှန်လိုက်လေ၏။ လိပ်ပြာသည် ချက်ခြင်း ရှေ့သို့ ပျံသန်းသွားကာ ၎င်း၏ တောင်ပံကို ခတ်သည်။
ချက်ခြင်းပင် နောက်သို့ ဆုတ်နေသော အနက်ရောင်ဝတ်စုံနှင့် လူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူ့မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုနှင့် ပြည့်လာသည်။သူ့ကျန်နေသေးသော ဘယ် လက်သည်လည်း မီးခိုးရောင်ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲပြီး နောက် မီးခိုးရောင်လိပ်ပြာတစ်ကောင်အသွင် ဖြစ်ပေါ်လာ တော့၏။
ထိုလိပ်ပြာက ပေါ်လာသည်နှင့် တောင်ပံခတ်ပြန်သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်နှာသည် အလွန်ဖြူရောနေကာ သူက နောက်သို့ အမြန်ဆုတ်နေသည်။လိပ်ပြာ နောက်တစ်ကြိမ် တောင်ပံခတ်ဟန် ပြင်သည်ကို ကြည့်ကာ သူက သူ့ခန္ဓာကိုယ် အောက်ပိုင်းကို ပေါက်ကွဲစေလိုက်၏။ထိုပေါက်ကွဲအားသည် သူ့ ကို ပိုဝေးသောနေရာသို့ တွန်းထုတ်ပေးသလို ဖြစ်စေကာ အစီအ ရင်ဗဟိုချက်ရှိ ခေါင်းတလား အပေါ်သို့ ရောက်ရှိသွား တော့သည်။
သူ့ခန္ဓာကိုယ်အပေါ်ပိုင်းသည် အစီအရင်ထဲသို့ ဝင်ရောက်လာ သည့်အခါတွင် သွေးရောင်အစီအရင်ထံမှ အနက်ရောင်အခိုးငွေ့ များ ထွက်ပေါ်လာသည်။ထိုအရာက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပုံရိပ်ယောင်အခြေအနေသို့ ချက်ခြင်းပြန်ဖြစ်ပေါ်စေသည်။
ထိုအခိုက်အတန့်၌ လိပ်ပြာ၏တောင်ပံများသည် နောက်တစ်ဖန် ခတ်လိုက်ရာ ဖြစ်ပေါ်ခါစ အနက်ရောင်ဝတ်စုံနှင့်လူ၏ ခန္ဓာကိုယ် အောက်ပိုင်းသည် ပြန်ပျက်စီးသွားရသည်။သို့ရာတွင် နောက်ထပ်အနက်ရောင်အခိုးငွေ့များ ထပ်မံ ပေါ်လာပြန်သည်။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ဖြစ်ပေါ်စေ ပြန်သည်။
အစီအရင်ထံမှ ထွက်ပေါ်လာသည့် အနက်ရောင်အခိုးငွေ့က ခေါင်းတလားထဲသို့ ဝင်ရောက်ခြင်း မရှိတော့ဘဲ သူ့ခန္ဓာကိုယ် အောက်ပိုင်းထံသို့သာ ဝင်ရောက်တော့သည်။ အချိန်အတော် ကြာ သိပ်သည်းစေပြီးနောက် သူ့ခန္ဓာကိုယ်အောက်ပိုင်းသည် အသွေးအသားအဖြစ် ပြန်ဖွဲ့တည်လာခဲ့သည်။
ဝမ်လင်း၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှေ့သို့ တိုး လာရင်း သူ့လက်ကို ပင့်မြှောက်ကာ လေဆင့်ခေါ်ခြင်းကို နောက် တစ်ကြိမ် အသုံးပြုသည်။သူ့မူလစွမ်းအင်သည် နှစ်ကြိမ် ဆက်တိုက် ထိုလေဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုရသည့် အတွက် တော်တော်လေး ကင်းမဲ့လာရသည်။သူ့မျက်နှာက အနည်းငယ် ဖြူရောလာသော်လည်း သူက သတ်ဖြတ်ချင်စိတ် နှင့် ပြည့်နေဆဲသာ။
သူက သည်လူကို မသတ်နိုင်ပါက သည်နေရာကနေ ထွက်သွား နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
အနက်ရောင်လေပြင်းသည် အစီအရင်ရှိရာသို့ တန်းမတ်စွာ ဝင် ရောက်သွားသည်။အနက်ရောင်ဝတ်စုံနှင့်လူ၏ အသွင်သည် ကြီး စွာ ပြောင်းလဲသွားရင်း သူက လေပြင်းကို ရှောင်ရန် ပြင်သည်။ သည်အခိုက်အတန့်၌ လိပ်ပြာသည် တောင်ပံခတ်လိုက်ပြန်၏။
အနက်ရောင်ဝတ်စုံနှင့်လူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ချက် ခြင်း ပျက်စီးသွားရပြန်သည်။သူ့အနက်ရောင်ဝတ်စုံပင် လွင့်ပါး သွားရသည်။
သူ့ခန္ဓာကိုယ်၏ ကျန်နေသေးသော အစိတ်အပိုင်းဟူ၍ လေထဲ၌ ရှိနေသော ဦးခေါင်းသာ ရှိတော့၏။သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့ မှုက အကန့်အသတ်သို့ ရောက်လာခဲ့သည်။
“ဥပဒေသ ချိုးဖျက်ခြင်း…။ဒီရတနာက ဥပဒေသကို ချိုးဖျက်နိုင် တယ်.. အနက်ရောင်ဝတ်စုံနှင့်လူသည် အသိစိတ်လွတ်သလို ဖြစ်သွားရသည်။သူက နောက်သို့သာ တုံ့ဆိုင်းခြင်းမရှိ ဆုတ်၏။ သို့ရာတွင် ထိုအခိုက်အတန့်၌ အနက်ရောင်လေသည် သူ့ကို ဝါး မြိုပစ်ရန် ရောက်ရှိလာတော့သည်။
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်လာသည်။သူက သူ့ကျင့်ကြံမှုအဆင့် အထွတ်အထိပ်သို့ ပြန် ရောက်နေပါက ရန်သူ၏ ရတနာသည် ဥပဒေသကို ချိုးဖျက်နိုင် လျှင်ပင် ခုခံနိုင်မည်ဟု ယုံကြည်ချက် ရှိသေး၏။
"ငါက အင်ပါယာပေဖန်ရဲ့ လေဆင့်ခေါ်ခြင်း ကြောင့် ဒဏ်ရာ မရ ခဲ့ဘူးဆိုရင် ဒီလိုမျိုး မပြည့်မစုံ လေဆင့်ခေါ်ခြင်းစွမ်းအားကို ကြောက်လန့်နေစရာ လိုမှာ မဟုတ်ဘူး။ငါ အခုလိုမျိုး အဆုံးမ သပ်ချင်ဘူး..”
အနက်ရောင်ဝတ်စုံနှင့်လူ၏ မျက်လုံးထဲ၌ အမုန်းတရားတို့ ပြည့် နေ၏။အနက်ရောင်လေပြင်း သူ့ကို ဝါးမြိုသွားသည့်အခိုက်၌ သူက လေအပြည့် မှုတ်ထုတ်သည်။
ထိုအရာက သူ့မူလစွမ်းအင်အဆီအနှစ် ဖြစ်တော့၏။သူက ၎င်း အဆီအနှစ်ကို တုံ့ဆိုင်းခြင်းမရှိ မှုတ်ထုတ်ကာ အနက်ရောင် လေပြင်းနှင့် ထိတိုက်စေသည်။သူက ထိုအခိုက်အတန့်ကို အသုံးပြုကာ သူ့ဦးခေါင်းကို နောက်သို့ အမြန်ဆုတ်စေသည်။
သူ့မျက်လုံးထဲ၌ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ် ပေါ်လာ၏။သူက အံတင်းတင်း ကြိတ်သည်။သူက ခေါင်း တလား ဘေးနားသို့ ဆုတ်လာရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ "အရှင်…ဒါက ငါ့ကတိကို မထိန်းသိမ်းချင်တာ မဟုတ်ပါဘူး။ငါ သာ ဒီခေါင်းတလားကို မဖွင့်ဘူးဆိုရင် ဒီတပည့်က သံသယမရှိသေရတော့မယ် "
သူက ထိုသို့စကားပြောရင်း သူ့ဦးခေါင်းဖြင့် ခေါင်းတလားထိကာ ဖွင့်ဟလိုက်၏။ ခေါင်းတလားပွင့်သွားသည့် အခိုက်အတန့်၌ အတွင်းရှိလူငယ်၏ အသွေးအသားသည် စတင် ပျောက်ကွယ် လာတော့၏။၎င်းက ပြင်ပလောကနှင့် ထိမိသည်နှင့် ပျက်စီးရ မည်ကဲ့သို့ ဖြစ်နေသည်။ခဏတာအကြာတွင် ၎င်းလူငယ်သည် လုံးဝ ပျောက်ကွယ်သွားကာ ခေါင်းတလားထဲ၌ မည်သည့်အရာ မှ ကျန်ရစ်မနေတော့ချေ။
“လောင်တောက်ဇီ_မင်းက ကောင်းကင်ဘုံဥပဒေကို ချိုးဖျက်ပြီး ကောင်းကင်ဘုံအင်ပါယာရဲ့ ပြစ်ဒဏ်ပေးခြင်းကို ခံခဲ့ရတယ်။ ဒီ အရှင်သခင်ကတောင် မင်းကို မကယ်တင်နိုင်ခဲ့ဘူး။ ငါက မင်းကို ဦးခေါင်းတစ်ခုတည်းသာ ကျန်အောင် ကယ်တင်ပေးနိုင်ခဲ့တယ်။ ပြီးတော့ ဒီခေါင်းတလားကို စောင့်ကြပ်ပေးဖို့ မင်းရဲ့ မူလစိတ် ဝိညာဉ်ကို စေခိုင်းခဲ့တယ်။
“ဒီခေါင်းတလားက ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ ရတနာတစ်ခုပဲ။မင်းအရှင်က ဒီခေါင်းတလားကို ရဖို့အတွက် အန္တရာယ်များစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။ ဒီခေါင်းတလား ကို ကောင်းကင်ရှောင်ဖယ်ခြင်းခေါင်းတလားလို့ ခေါ်တယ်..
“မင်းရဲ့ အရှင်ဖြစ်တဲ့ ငါဟာ ကောင်းကင်ဘုံသား တစ်ယောက် မ ဖြစ်ခင်တုန်းက ငါ့မှာ သားတစ်ယောက် ရှိခဲ့တာကို သိတယ် မဟုတ်လား။ငါဟာ ငါ့သားအပေါ်မှာ တာဝန်မကျေခဲ့ဘဲ အကြွေးတင်ခဲ့ရတယ်။ငါက သူ့အတွက် သူ့ရဲ့စိတ်ဝိညာဉ်အမျှင် တန်းတစ်ခုကိုပဲ ယူဆောင်နိုင်ခဲ့တယ်။ငါ ကောင်းကင်ဘုံ သားတစ်ယောက် ဖြစ်လာကတည်းက ငါ့ကျင့်ကြံမှုအချိန်တွေကို စွန့်လွှတ်ပြီး ဒီခေါင်းတလားကို လိုက်ရှာခဲ့တယ်။ငါက သူ့စိတ် ဝိညာဉ်အပိုင်းအစကို ဒီခေါင်းတလားထဲမှာ ထည့်သွင်းခဲ့ပြီး တစ်နေ့မှာ သူဟာ သူ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းနိုင်ပြီး နိုးထလာနိုင် လိမ့်မယ်..
“သူ နိုးထလာတဲ့အခါကျရင် မင်းက သူ့ကို မင်းရဲ့ အရှင်သခင် တစ်ယောက်အဖြစ် အသိအမှတ်ပြုပြီး ဘယ်တော့မှ သစ္စာမ ဖောက်ရဘူး။တစ်ချိန်တည်းမှာလည်း မင်းက ဒီခေါင်းတလားရဲ့ စွမ်းအားကို ငှားရမ်းပြီး မင်းရဲ့ ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုအဆင့် ပြန် ရအောင် လုပ်နိုင်လိမ့်မယ်..”
အနက်ရောင်ဝတ်စုံနှင့်လူသည် ခေါင်းတလားထဲသို့ ရောက်သွား သည့်အခါ သူ့ ဦးခေါင်းထဲ၌ အတိတ်တုန်းက သူ့အရှင်သခင်ဖြစ် သူ၏ အသံသည် ပဲ့တင်ထပ်နေတော့သည်။
"သခင်ငါ့ကို အပြစ်မတင်ပါနဲ့..
ကောင်းကင်ရှောင်ဖယ်ခြင်း ခေါင်းတလား(၃)
အနက်ရောင်ဝတ်စုံနှင့်လူထံကနေ ဆုံးဖြတ်ပြီးသော အကြည့် တစ်ခု ဖြစ်ပေါ်နေသည်။သူ့ဦးခေါင်းက ခေါင်းတလားထဲသို့ ရောက်သွားသည်နှင့် ခေါင်းတလားအဖုံးသည် အလိုလို ပြန်ပိတ် သွားတော့သည်။ထို့နောက် ခေါင်းတလားသည် တောက်ပလာ ကာ အစီအရင်ထဲကနေ ပျံသန်းထွက်လာလေ၏။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။သူ့ရှေ့ရှိ ထို မြင်ကွင်းက သူ့ကို တုန်လှုပ်စေသည်။သူသည် ခေါင်းတလားထဲ၌ ရှိနှင့်နေသော လူငယ်သည် ပျောက်ကွယ်သွားသည်ကို ရှင်းလင်း စွာ တွေ့မြင်လိုက်ရသည်။
ထို့နောက် သူက အနက်ရောင်ဝတ်စုံနှင့်လူ၏ ဦးခေါင်းသည် ခေါင်းတလားထဲသို့ ကျသွားသည်၏ ထိုသူ၏ ခန္ဓာကိုယ်မှာ အလျင်အမြန်သိပ်သည်းလာသည်ကိုလည်း တွေ့မြင်လိုက်ရချေ သည်။
"ဒါက " ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်ပေါ်စေသည်။ ဝမ်လင်းအောက်ရှိ လိပ်ပြာက သူ့ကို သယ်ဆောင်ကာ ပျံသန်း လာ၏။သူက သူ့ဘယ်လက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ချက်ခြင်းပင် ခေါင်း တလားနောက်သို့ လိုက်ပါ ပျံသန်းသွားတော့သည်။
ထာရှန်ကလည်း ဖျပ်ခနဲပင် ဝမ်လင်း၏ အရိပ်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
ဝမ်လင်းသည် ခေါင်းတလားနောက်သို့ လိုက်နေရင်း သူ့မျက်လုံး က အေးစက်နေလေသည်။
“လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပြန်တည်ဆောက်စေနိုင်တဲ့ ဒါက ဘယ်လို ရတနာမျိုးလဲ...
သလင်းခေါင်းတလားအထဲ၌ လောင်တောက်ဇီ၏ ခန္ဓာကိုယ် သည် မြန်ဆန်စွာ သိပ်သည်းနေ၏။မရေမတွက်နိုင်သော နှစ် ပေါင်းများစွာ ကြသည့်အထိ မခံစားမိသည့် အသွေးအသား ပိုင်ဆိုင်မှုကိုပါ သူက ခံစားနေရသည်။
“သူ့မျက်လုံးက အေးစက်လာကာ သူက ခပ်တိုးတိုး ရေရွတ် လိုက်၏။ အရှင်…ငါ လောင်တောက်ဇီဟာ ခန္ဓာကိုယ် မရှိခဲ့တာ နှစ်ပေါင်းမရေမတွက်နိုင်တော့ဘူး။ငါက သင့်သားကို ဒီနေရာမှာ စောင့်ကြပ်ပေးနေခဲ့ရတယ်..
“ဘာကြောင့် သင်က ငါ့ကို ဒီလို နာကျင်မှုမျိုးကို ခံစားရအောင် လုပ်ခဲ့ရတာလဲ။သင်က ငါ့ခန္ဓာကိုယ် ပြန်ကောင်းပြီးသွားရင် သင့် အတွက် ဒီခေါင်းတလားကို စောင့်ကြပ် မပေးတော့မှာကို စိုးရိမ် လို့လား။ အရင်ကတည်းက ငါဟာ ဒီအတွက် မကျေမလည် ဖြစ် ခဲ့ရတယ်။ဒါပေမဲ့ အခုတော့ ငါ သိသွားခဲ့ပြီ။ငါ လောင်တောက်ဇီ က သင်ငါ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် အလွန်ပဲ ကျေးဇူးတင်ခဲ့ ရတယ်။ဆရာနဲ့တပည့် ပတ်သတ်မှုကြောင့်လဲ ငါဟာ ဒီလို ခန္ဓာကိုယ်မရှိတဲ့နာကျင်မှုကို တောင့်ခံပြီး ဒီခေါင်းတလားထဲကို မ ဝင်ရောက်ဘူးလို့ တွေးခဲ့တယ်။ ဒါပေမဲ့လည်း အခုတော့ ငါ့ အတွေးတွေဟာ ဘယ်လောက်ထိ အဆင်အခြင်မဲ့ခဲ့လဲ ဆိုတာ သိလိုက်ရပြီ...
ခေါင်းတလားထဲ၌ လောင်တောက်ဇီသည် လက်သီးခပ် တင်းတင်း ဆုပ်ထား၏။သူ့ခန္ဓာကိုယ်အတွင်းဘက်ကနေလည်း တစီစီအသံများ ထွက်ပေါ်နေသည်။ထိုအရာက အလွန်သက် တောင့်သက်သာ ခံစားချက် ဖြစ်ကာ သူ့ကျင့်ကြံမှုသည် အံ့မခန်း အမြန်နှုန်းဖြင့် ပြန်ကောင်းလာနေသည်ဟု ခံစားနေရသည်။
အထည်ဒြပ်ယန်အဆင့်နှင့်နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကြားကို ကောင်းကင်အဆင့်တစ်ဟု သတ်မှတ်ပေသည်။လောင်တောက်ဇီ သည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်ကို အခြေခိုင်စွာ ရောက်ရှိခဲ့ပြီးသား ဖြစ်၏။သူက ကောင်းကင်အဆင့်သုံး ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်ခဲ့သူပင်။
“အရှင်အပူအပင်မဲ့ သင်က ငါ့ကို ကောင်းကောင်း လှည့်ဖျားခဲ့ တာပဲ..” လောင်တောက်ဇီ၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ နှင့် ပြည့်နေသည်။သူ့ကျင့်ကြံမှုအဆင့်ကလည်း ပေါက်ကွဲလုမ တက် တိုးမြင့်နေသည်။သူက ကောင်းကင်အဆင့်ခြောက်အထိမြင့်တက်လာခဲ့သည့်အပြင် ရပ်တန့်သွားခြင်း မရှိပေ။
ဝမ်လင်းသည် နောက်ကလိုက်လာနေရင်း သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။သူက ခေါင်းတလားနှင့်ပို၍ နီးကပ်လာသည်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်လှိုင်းများသည တဖြည်းဖြည်း အားကောင်းသထက် အားကောင်းလာနေသည်ကို ခံစားမိ၏။
“ဒါက ဘယ်လိုရတနာမျိုးလဲ... ဝမ်လင်းသည် လေအေးတစ် ချက် ရှိုက်သွင်းလိုက်မိသည်။သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှု နှင့် ပြည့်လာသည်။
လောင်တောက်ဇီက ပြုံးလိုက်ရင်း ကောင်းကင်ဘုံမူလစွမ်းအင် သည် မြင့်တက်လာခဲ့ကာ သူသည် ကောင်းကင်အဆင့်ကိုးအထိမြန်ဆန်စွာ မြင့်တက်လာခဲ့သည်။
ထိုအရာက ရပ်တန့်ခြင်း မပြုသေးပေ။သူ့ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အဆင့်ကိုးအထိ ရောက်လာသည့်အခါတွင် ကောင်းကင်အဆင့် ကောင်းကင်ဘုံသား၏ အတားအဆီးကိုပါ ချိုးဖျက်သွား၏။ထိုအခါ အံ့မခန်းပြောင်းလဲမှုတစ်ခု ဖြစ်ပေါ် သွားသည်။လောင်တောက်ဇီ၏မျက်လုံးသည်လည်း လွန်စွာ တောက်ပနေတော့၏။
သူ့ကျင့်ကြံမှုအဆင့်သည် ကောင်းကင်အဆင့်ကို ချိုးဖျက်ပြီး သည့်အခါ ကောင်းကင်ဘုံဘုရင်အဆင့်သို့ ရောက်ရှိလာ တော့သည်။
“ဘုရင်အဆင့်သုံးကောင်းကင်ဘုံသား…။အရှင်အပူအပင်မဲ့ သင် က ကောင်းကင်ဘုံဘုရင်အဆင့်ကိုး တစ်ယောက်သာ ဖြစ်တယ်။ အခု ငါ လောင်တောက်ဇီလည်း ကောင်းကင်ဘုံဘုရင်တစ် ယောက် ဖြစ်လာခဲ့ပြီ...
လောင်တောက်ဇီသည် ရယ်မောကာ သူ့လက်ကို ပင့်ကာ ခေါင်း တလားအဖုံးကို ဖယ်ရှားကာ လှမ်းထွက်လာသည်။
ဝမ်လင်းသည် ချက်ခြင်း ရပ်တန့်လိုက်၏။သူ့အသွင်က သုန်မှုန် နေ၏။သူက သူ့ရှေ့တည့်တည့်ကို ကြည့်နေရင်း မျက်လုံး ကျဉ်းမြောင်းသွားသည်။
သူက လောင်တောက်ဇီသည် ခေါင်းတလားထဲကနေ ရယ်မော ကာ ထွက်လာသည်ကို တွေ့မြင်လိုက်၏။လောင်တောက်ဇီထံက နေလည်း စွမ်းအားကောင်းသောအော်ရာတစ်ခု ပျံ့နှံ့နေသည်။ ၎င်းအော်ရာသည် သွေးဘိုးဘေးလောက် သန်မာခြင်း မရှိလှ သော်လည်း အလွန်အားကောင်းနေဆဲသာ။
“ဂျူနီယာ…သေစမ်း” လောင်တောက်ဇီသည် ရယ်မောကာ ရှေ့ သို့ ခြေတစ်လှမ်းတိုး၏။သို့ရာတွင် သူ ခြေလှမ်းလိုက်သည့် အခိုက်၌ မထင်ထားသော ပြောင်းလဲမှုတစ်ခု ဖြစ်သွားသည်။
သူ့ခြေထောက်သည် မြှောက်လိုက်သည်နှင့် တိတ်တဆိတ် ပျောက်ကွယ်သွားခြင်းပင်။ထို့နောက် သူ့ လက်များသည်လည်း တစစီ ပျက်စီးသွားသည်။
ထိုမြင်ကွင်းသည် ခေါင်းတလားကို ပထမဆုံးဖွင့်စဉ်က လူငယ် ပျောက်ကွယ်သွားသည်ပုံစံနှင့် တထေရာတည်း တူနေသည်။
“ဒါက ဘယ်လိုဖြစ်ရတာလဲ..မဖြစ်နိုင်ဘူး...” လောင်တောက်ဇီ သည် ခေါင်းငုံ့ကာ သူ့ခန္ဓာကိုယ်ကို ကြည့်၏။သို့သော် သူက သူ့ ခန္ဓာကိုယ်ကို မတွေ့မြင်ရဘဲ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး သည် ပျက်စီးသွားခဲ့လေပြီ။
သူ့ဦးခေါင်းပင် စတင်မှုန်ဝါးလာကာ သည်ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့မလို ဖြစ်လာခဲ့သည်။
လောင်တောက်ဇီ၏မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့နှင့် ပြည့် နေ၏။သူက ရူးသွပ်သွားသည့်အလား အသည်းအသန် အော်ဟစ်လိုက်သည်။ “ဘာကြောင့် ဒီလို ဖြစ်ရတာလဲ..။အရှင်… ဒါက ဘာကြောင့် အခုလို ဖြစ်ရတာလဲ..”
လောင်တောက်ဇီသည် ကောင်းကင်ထက်သို့ ကြည့်ကာ အော် ပြောလိုက်၏။ “အရှင်…ငါက သင့်သားကို မရေမတွက်နိုင်တဲ့နှစ် ပေါင်းများစွာ ကာကွယ်ပေးခဲ့တယ်။ဒါတောင် သင်က ငါ့ကို ဘာ ကြောင့် သတ်ချင်ခဲ့ရတာလဲ။ စိတ်ဝိညာဉ်အပိုင်းအစတစ်ခု ရှိရင်တောင် ဒီခေါင်းတလားထဲမှာ ဆိုရင် ပြန်ဖွဲ့တည်နိုင်တယ်လို့ သင် တစ်ခါက ပြောခဲ့ဖူးတယ်မလား။ငါဟာ ငါ့ခန္ဓာကိုယ် ပြန်ရဖို့ အတွက် ဒီခေါင်းတလားကို အသုံးပြုခဲ့တယ်။ ဒါဆို ဘာကြောင့် ငါ့ခန္ဓာကိုယ်က အခုလို ပျက်စီးရတာလဲ၊ဘာကြောင့်လဲ..”
“အရှင်အပူအပင်မဲ့ ဒီကောင်းကင်ဖယ်ကြဉ်ခေါင်းတလား အတွက် သဲလွန်စ ရှာတဲ့နေရာမှာ သင့်ကို ကူညီပေးဖို့အတွက် ကြောင့်သာ မဟုတ်ရင် ငါက ဘယ်လိုလုပ် ကောင်းကင်ဘုံ ဥပဒေသကို ချိုးဖျက်မိနိုင်ပါ့မလဲ..။ဒါတောင် သင်က ငါ့ကို အခု လို ဆက်ဆံခဲ့တယ်..။သင်က ငါ့ကို သတ်ချင်ခဲ့တာပဲ..”
လောင်တောက်ဇီ၏ ဦးခေါင်းသည် ဖြည်းဖြည်းချင်း ပျောက် ကွယ်နေသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း ပျက်စီးနေကာ ဟင်းလင်းပြင်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
သို့သော်လည်း ဟင်းလင်းပြင်ထဲ၌ အားကောင်းလှသော မကျေမ ချမ်းစိတ်အာရုံသည် တွယ်ငြိနေတုန်းပင်။လောင်တောက်ဇီ၏ ထို မကျေမချမ်းစိတ်သည် စိတ်ကူးနိုင်သည်ထက် ပိုနေ၏။၎င်း စိတ်သည် ပယ်ဖျက်ခံရခြင်း မရှိပါက ထာဝရပင် တည်ရှိသွား နိုင်သည်။ မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာ ကြာမြင့်ပြီး နောက် ၎င်းစိတ်ဆန္ဒကနေ ဘဝသစ်တစ်ခု ပြန်မွေးဖွားလာ သည်ပင် ဖြစ်နေနိုင်သေးသည်။
ဝမ်လင်းသည် ထိုအရာများအားလုံးကို မျက်မြင်တွေ့ကြုံခဲ့ရ၏။ သူက တိတ်ဆိတ်စွာ စဉ်းစားလိုက်ပြီးနောက် ကောင်းကင်ထက် သို့ လက်ညွှန်လိုက်ရင်း ပြောလိုက်၏။ "တာအိုကနေ တစ္ဆေ လောကမြစ် ဖြစ်ပေါ်ခြင်း...
တစ္ဆေလောကမြစ်တစ်ခုပေါ်လာ၏။ထိုအခါ မကျေမချမ်းစိတ် ဆန္ဒသည် ထွက်ပေါက်တစ်ခု တွေ့သကဲ့သို့ တစ္ဆေလောကမြစ်ထဲ သို့ တရကြမ်း တိုးဝင်လာခဲ့သည်။မကျေမချမ်းစိတ်ဆန္ဒသည် တစ္ဆေလောကမြစ်ထဲ၌ ပေါင်းစပ်သွားကာ ဆက်လက်၍ အားကောင်းသန်မာ ကြီးထွားနေပေလိမ့်မည်။
ထို့နောက် ဝမ်လင်းသည် တစ္ဆေလောကမြစ်ကို ပြန်ပျောက်ကွယ် စေလိုက်သည်။
ဝမ်လင်းသည် ခေါင်းတလားကို လှမ်းယူလိုက်၏။သူက ခေါင်း တလားကို အလေးအနက် ကြည့်ကာ စဉ်းစားနေသည်။
“ဒီခေါင်းတလားက စိတ်ဝိညာဉ်ကို ထောက်ပံ့ပြီး အသွေးအသား ကို ပြန်ရဖို့ ကူညီပေးနိုင်တယ်။ဒါပေမဲ့လည်း လူတစ်ယောက်ဟာ ခေါင်းတလားထဲကနေ ထွက်မလာနိုင်ဘူး။ခေါင်းတလား အပြင် ကို ထွက်လိုက်တာနဲ့ အဲ့လူဟာ ဗလာနတ္ထိ ဖြစ်သွားလိမ့်မယ်..။ဒီ လိုသာ မဖြစ်ရင် ဒီခေါင်းတလားက တန်ဖိုးမဖြတ်နိုင်လောက် အောင် အသုံးဝင်နေမှာ..
ထို့နောက် ဝမ်လင်းသည် ၎င်းခေါင်းတလားကို သိမ်းဆည်းကာ သက်ပြင်းချ၍ ထွက်ခွာသွားတော့သည်။
သူက ခေါင်းတလားကို တွေ့မြင်သည့်အခါ၌ လီမူဝမ်အကြောင်း ကို တွေးမိနေပေသည်။
“တန်လင်းဂြိုဟ်..၊ ခုလက်ရှိ ငါ့ကျင့်ကြံမှုနဲ့ဆိုရင် ငါက အဲ့ဂြိုဟ် ဆီ သွားနိုင်စွမ်း ရှိနေပြီ..
ဝမ်လင်း၏ မျက်လုံးက တောက်ပလာ၏။ရှေ့ဖြစ်ဟောသူ၏ ရန် မှ ရှောင်နိုင်ဖို့အပြင် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ သူ ရောက်လာခြင်းသည် လီမူဝမ်ကို ပြန်အသက်ရှင်နိုင်စေမည့် နည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ရန် တန်လင်းဂြိုဟ်ပေါ်ရှိ ရှောင် မိသားစုကို တွေ့ရှိရန်လည်း ဖြစ်သည် မဟုတ်လား။
မည်မျှ ခက်ခဲပါစေ၊အန္တရာယ်များပါစေ ဝမ်လင်းသည် လီမူဝမ် အတွက်ဆို ရင်ဆိုင်ရန် ရွေးချယ်ပေမည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ အနောက်ဘက်ပိုင်း ထူးဆန်းနယ်မြေ၏ အတွင်းဘက်ပိုင်းတွင် မည်သူတစ်ဦးတစ် ယောက်မျှ မရှိသည်မှာ အချိန်ကြာမြင့်လှပေပြီ။သည်နေရာက တားမြစ်ဇုံတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။သည်နေရာတစ်ခုလုံးသည် မီးခိုးရောင်မြူများနှင့် ပြည့်နှက်နေကာ မိမိရှေ့ ပေတစ်ရာ အကွာကိုပင် မြင်နိုင်ဖို့ မလွယ်ချေ။
သည်နေရာ၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် အလွန်အမင်း တိတ်ဆိတ်နေသည်။ထူးဆန်းနယ်မြေသည် အဆုံးမဲ့မြူများနှင့် သာ လုံးဝ ဖုံးအုပ်ထားသည်။သည်နေ့တွင် ထိုမြူများကြားထဲက နေ တုန်ခါမှု အနည်းငယ် ဖြစ်သွား၏။၎င်းတုန်ခါမှုသည် အစ ပိုင်း၌ အားနည်းသော်လည်း သိပ်မကြာခင်တွင် ပြင်းထန်လာခဲ့ သည်။
မွန်းစတားတစ်ကောင်သည် မြူအတွင်း၌ ရွှေ့လျားသွားလာနေ သကဲ့သို့ မြူထုသည် တဝီဝီ လှည့်ပတ်နေသည်။
မြူများ ပျံ့ကား လှည့်လာနေသည့်အခါ လူတစ်ယောက်သည် ထိုမြူထဲ၌ ဝေလငါးနှင့်ဆင်တူသည့် မွန်းစတားတစ်ကောင် အသွင်ကို မြင်ရပေလိမ့်မည်။၎င်းသည် အနည်းဆုံး ကီလိုမီတာ ထောင်ချီ ရှည်လျားနိုင်ပေ၏။
၎င်း၏ခန္ဓာကိုယ် လှုပ်ရှားသွားသည့်အခါ၌ ၎င်းပတ်လည်ရှိမီးခိုးရောင်မြူအားလုံးသည် တဝီဝီ လှည့်လည်နေတော့သည်။
၎င်း၏ ဦးခေါင်းထက်၌ မျက်လုံးမရှိဘဲ ကြီးမားသည့်ပါးစပ်တစ် ခုသာ ရှိလေသည်။၎င်း၏ ပါးစပ်ဟလိုက်သည့်အခိုက်တွင် မီးခိုးရောင်မြူမြောက်များစွာကို ထွေးထုတ်ပြီး ဖြစ်သည်။
၎င်းပါးစပ်ဟလိုက်သည့်အခါတွင် အစီအရင်တစ်ခုသည် တ လက်လက် ဖြစ်သွားသည်။လူတစ်ယောက်သည် ထိုအစီအရင် ထဲကနေ လှမ်းလျှောက်ထွက်လာသည်။သူ့နောက်ကနေလည်း လူအများ လိုက်ပါ ထွက်ပေါ်လာသည်။
ပထမဆုံးလူက အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူက လူငယ်တစ်ယောက်နှင့် တူသော်လည်း သူ့ပတ်လည်၌ ရှေးဟောင်းအော်ရာတစ်ခု ရှိနေသည်။
ဝမ်လင်း၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေသည်။သူ ပေါ်လာသည်နှင့် သူ့ရှေ့ရှိ မြူသည် ရှေ့သို့ ချက်ခြင်း တွန်းထုတ် ခြင်း ခံလိုက်ရ၏။သူ့နောက်ရှိ ရွေးချယ်ခံမသေမျိုးကလန်ဝင် များသည်လည်း ကမ္ဘာသစ်တစ်ခုအပေါ် ကြောက်ရွှံ့မှုနှင့်အတူ ထွက်ပေါ်လာကြသည်။သူတို့သည်လည်း ဝမ်လင်းနှင့်အတူ နီးကပ်စွာ လိုက်ပါလာသည်။
ဝမ်လင်းသည် မြူထဲကနေ လှမ်းထွက်ကာ နောက်လှည့်လိုက် သည့်အခါ စောနက အံ့မခန်းကြီးမားသည် သားရဲကြီးကို တွေ့ မြင်လိုက်ရသည်။
“ရှေးဟောင်းနတ်ဘုရားထူစီရဲ့ မှတ်ဉာဏ်ထဲက ငှက်မွှေးသားရဲ က တကယ်ရှိနေခဲ့တာပဲ”
ထိုသားရဲသည် ရှေးဟောင်းနတ်ဘုရားတွေ ရှိစဉ် အချိန်လောက် ကတည်းက ရှိနေခဲ့ပြီး ၎င်းရဲ့ မူလအစကို မသိရပေ။ထိုသားရဲ သည် ရန်လိုတိုက်ခိုက်တက်သည့် ဗီဇမရှိပေ။၎င်းက အလွန် ယဉ်ပါး၏။သို့ရာတွင် ၎င်း၏ ခန္ဓာကိုယ်နှင့် ပတ်သတ်၍ အံ့ဖွယ် ထူးဆန်းသော အရာတစ်ခု ရှိနေပေသည်။ထိုအရာက ၎င်း၏ ခန္ဓာကိုယ်ထဲ၌ နောက်ထပ်ကမ္ဘာတစ်ခု ရှိနေပေသည်။ထိုကမ္ဘာ သည် ၎င်း၏ ခန္ဓာကိုယ်ထက်ပင် ကြီးမားနေသေး၏။
“ထူစီရဲ့ မှတ်ဉာဏ်ထဲက အရာက အခုထိ ရှိနေဦးမယ်လို့ ငါ မ မျှော်လင့်မိခဲ့ဘူး..”
ဝမ်လင်းသည် ငှက်မွှေးသားရဲကို ကြည့်ကာ သက်ပြင်းချ လိုက်၏။
ထိုသားရဲကလည်း ဝမ်လင်းနှင့်တစ်ခြားလူများကို သတိပြုမိပေ သည်။၎င်းသည် ၎င်း၏ ပါးစပ်ကို ပြန်ပိတ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်ပြီး ပျောက်ကွယ်သွားတော့သည်။မြူများ တဝီဝီလှည့်ပတ်နေခြင်းကလွဲလို့ ၎င်းသားရဲ၏ ပုံသဏ္ဌာန်ကို တွေ့မြင်ဖို့သည် မဖြစ်နိုင်ချေ။
ဝမ်လင်းသည် နှစ်ဝက်ကျော် ပျောက်ကွယ်သွားပြီးနောက် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် နောက်တစ်ဖန် ပြန်ပေါ်ထွက်လာခဲ့လေပြီ။
သူငှက်မွှေးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ ရောက်နေသည့် နှစ်ဝက် ကျော်အချိန်အတွင်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်စေသည် ကိစ္စရပ်ကြီးနှစ်ခု ဖြစ်ပွားခဲ့ပေ၏။ထိုမိုးလောက်ကြီးမားသည့် ကိစ္စနှစ်ခုထဲကတစ် ခုသည် ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် မြှားဦးလှည့်လာပေ တော့မည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းသည် အလုံးစုံကောင်းကင် အမိန့်တော်ကို အသုံးပြုကာ မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးထဲ သို့ ဝင်ရောက်ရန် ကျင့်ကြံခြင်းမိသားစုအားလုံးကို ဆင့်ခေါ်ခဲ့ လေသည်။
ထိုသတင်းသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ နေရာအနှံ့အပြားသို့ မုန်တိုင်းတစ်ခုအလား ပျံ့နှံသွားသည်။
ကောင်းကင်ဘုံနယ်မြေလေးခု ပျက်စီးပြိုပျက်ပြီး မရေမတွက် နိုင်လောက်အောင် ကြာမြင့်ပြီးသည့်နောက် ကြယ်အဖွဲ့အစည်း ကြီးလေးခုအား ချိတ်ဆက်ထားသော လမ်းကြောင်းများသည် ပိတ်ဆို့သွားခဲ့ပြီး ဖြစ်၏။ထိုအဖွဲ့အစည်းကြီးလေးခုသည် တစ်ခု နှင့်တစ်ခု ထိတွေ့ဆက်ဆံခြင်းလည်း မရှိတော့ပေ။အထူးရတနာ အချို့ကို အသုံးပြုမှသာ တစ်ယောက်စနှစ်ယောက်စသည် အခြားအဖွဲ့အစည်းကြီးထံသို့ ဝင်ရောက်နိုင်ပေသည်။အခုလိုမျိုး အစုလိုက်အပြုံလိုက် ဝင်ရောက်မည့် အဖြစ်မျိုး လုံးဝ မရှိခဲ့ချေ။
အလုံးစုံကြယ်အဖွဲ့အစည်းကြီး၏ ကျင့်ကြံသူများ၏ အမြင်တွင် မဟာမိတ်ကြယ်အဖွဲ့အစည်းသည် စွန့်ပစ်နေရာတစ်ခုသာ ဖြစ်သည်။သို့သော်လည်း မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် ပတ် သတ်၍ အမျိုးမျိုးသော ကောလဟလများ ရှိနေသေးသည်။
ပြောကြသည်က မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် မည်သည့် ကျင့်ကြံခြင်းမိသားစုမှ မရှိဘဲ ထိုအစား ကလန်များသာ ရှိသည် ဟု ဆိုသည်။
နောက်ကောလဟာလတစ်ခုက မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် အဆင့်တစ်ကနေ အဆင့်ကိုး ဟူ၍ ကျင့်ကြံခြင်းနိုင်ငံများ ရှိကြ သည်ဟု ဆိုသည်။ထိုအခြင်းအရာသည် အလုံးစုံကြယ်အဖွဲ့ အစည်းနှင့် တော်တော်လေး ခြားနားပေသည်။
အခြားကောလဟာလ တစ်ခုသည် မဟာမိတ်ကြယ်အဖွဲ့အစည်း ကြီး၏ အစွမ်းထက်ဆုံးသည် မဟာမိတ်ကျင့်ကြံခြင်း အဖွဲ့ အစည်းဟူ၍ပင်။
ထို့အပြင် မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ ကျင့်ကြံသူများ သည် အလွန်သွေးဆာရက်စက်သူများ ဟူ၍ပင်။
အမျိုးမျိုးသော ကောလဟာလများကြောင့် အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံသူများသည် မဟာမိတ်ကြယ်အဖွဲ့ အစည်းနှင့် ပတ်သတ်၍ မတူညီသော အမြင်ပုံရိပ်များ ရှိနေကြ သည်။အချို့ကျင့်ကြံခြင်းမိသားစုများသည် မဟာမိတ်ကျင့်ကြံ ခြင်းအဖွဲ့အစည်းကို စိတ်ဝင်စားကာ တိုက်ပွဲဆာလောင်စိတ်တို့ ပြည့်နေကြသည်။
သို့သော်လည်း အချို့ကျင့်ကြံခြင်းမိသားစုများကမူ စစ်ခင်းရန် သဘောမတူကြဘဲ ချီတုံ့ချတုံ ဖြစ်နေကြဆဲပင်။သို့သော်လည်း မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖိအားကြောင့် မဟာမိတ်ကြယ်အဖွဲ့အစည်းထံသို့ ကျူးကျော်စစ်သည် ကြိုတင် ကောက်ချက်ချ၍ ရပေသည်။
ပို၍ အရေးကြီးသည်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ကို ရှေးဟောင်းကျင့်ကြံခြင်းခေတ်ထဲက တည်ရှိသည့် စွမ်းအား ကောင်းလှသော ကျင့်ကြံခြင်း မိသားစုနှစ်စုက ထောက်ပံ့ပေး ထားခြင်းပင်။
ထိုရှေးဟောင်းမိသားစုနှစ်စုလုံးသည် မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ထက် အားနည်းခြင်း မရှိပေ။
၎င်းမိသားစုနှစ်ခုထဲမှ တစ်ခုသည် တန်လင်းဂြိုဟ်မှ ရှောင် မိသားစု ဖြစ်၏။ရှောင်မိသားစုက ထိုကျူးကျော်စစ်အတွက် ထောက်ပံ့ကာ အခြားမိသားစုများကိုပါ စစ်ပွဲအတွင်းသို့ ဆွဲခေါ် ခဲ့ပေသည်။
ထိုစွမ်းအားကောင်းလွန်းလှသော ရှေးဟောင်းမိသားစုနှစ်ခုနှင့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်တို့၏ ဖိအားအောက်၌ ကျန် ကျင့်ကြံခြင်းမိသားစုများသည် ၎င်းတို့၏ စကားကို နားမထောင် ဘဲ မည်သို့ နေဝံ့ပါမည်နည်း။
ထိုအတွက်ကြောင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး အတွင်းရှိ ကျင့်ကြံခြင်းမိသားစုများသည် အခိုင်အမာ ပြင်ဆင် လာကြသည်။မိသားစုတိုင်းက မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် လမ်းကြောင်းဖွင့်မည့်နေ့အတွက် ကြိုတင်ပြင်ဆင် နေကြပေသည်။
ထိုတိုက်ပွဲအတွက် အဓိကအင်အားစုသုံးခုသည် ကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့ပေသည်။တစ်စုံတစ်ယောက်က စွန့်စားခန်း တစ်ခု ပြုလုပ်နိုင်ခဲ့လျှင် ထိုသူတို့ သိမ်းပိုက်နိုင်သည့် ဂြိုဟ်သည် ၎င်းတို့အပိုင် ဖြစ်မည်ဟု ကြေငြာကာ ကတိပေးခဲ့ပေသည်။
ထိုတိုက်ပွဲအတွက် အဓိကအင်အားစုသုံးခုသည် ကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့ပေသည်။တစ်စုံတစ်ယောက်က စွန့်စားခန်း တစ်ခု ပြုလုပ်နိုင်ခဲ့လျှင် ထိုသူတို့ သိမ်းပိုက်နိုင်သည့် ဂြိုဟ်သည် ၎င်းတို့အပိုင် ဖြစ်မည်ဟု ကြေငြာကာ ကတိပေးခဲ့ပေသည်။
ထိုကတိသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မိသားစုဝင်များကို ဆွဲဆောင်နေပေ၏။တကယ်တော့ မည်သူက မျှ ကျင့်ကြံခြင်း တစ်လုံးကို မျှဝေရန် ကြိုက်နှစ်သက်လိမ့်မည် မဟုတ်ပေ။လူတစ်ယောက်သည် သူတို့၏ကိုယ်ပိုင်ဂြိုဟ်တစ်လုံး ကို ပိုင်ဆိုလိုပါက မဟာမိတ်ကြယ်အဖွဲ့အစည်းထံမှ လုယူရပေ မည်။
သည့်အပြင် ကျင့်ကြံခြင်းမိသားစုအားလုံးအဆင့်သင့် ဖြစ်နေစေ ရန် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် အမျိုးမျိုးသော ဆေးလုံးများနှင့် အံ့ဖွယ်လက်နက်များကို ထုတ်ပေးခဲ့သည်။သူ တို့က ကောင်းကင်ဘုံဆေးလုံးများကိုပင် ထုတ်ယူပေးခဲ့လေ၏။
“မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နဲ့ မိသားစုကြီးနှစ်ခုဟာ ကောင်းကင်ဦးစီးရာထူးကိုလည်း လျာထားခဲ့တယ်။ဒါဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော် ပေါ်ထွန်းလာတဲ့နောက် ပထမဆုံးအကြိမ် အကြီးကျယ်ဆုံး လျာထားမှု ဖြစ်တယ်။ စုစုပေါင်း (၁၀၈) ယောက်ဟာ ကောင်းကင်ငှက် ရာထူး(၃၆)ခုနဲ့ မြေမိစ္ဆာ ရာထူး(၇၂)ခု တို့ကို ရကြလိမ့်မယ်။ ဒီကောင်းကင်ဦးစီး ရာထူးဟာ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်ရဲ့ တမန်တော် တွေထက် မြင့်မားတဲ့ အဆင့်အတန်းရကြပြီး အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းကြီးရဲ့ ကျင့်ကြံသူအားလုံးရဲ့ လေးစားမှုကိုလည်း ခံကြရလိမ့်မယ်..
"ဒီလူတွေဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ပွဲအတွင်း ခေါင်းဆောင်တစ်ယောက်တောင် ဖြစ်လာနိုင်တယ်...
“တကယ်တော့ ဂုဏ်သတင်းကျော်ကြားမှုကို မကြိုက်တဲ့လူ ဘယ်သူရှိမလဲ။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ဒီ တိုက်ပွဲအတွက် နောက်ထပ်တစ်ခု ရင်းနှီးခဲ့သေးတယ်။ဒီရင်းနှီးမှု ဟာ ကောင်းကင်ဦးစီးနေရာအတွက် လျာထားခံရတဲ့ လူဟာ ကောင်းကင်ဘုံမန္တာန်ကို ကောင်းကင်ဘုံအရှင် ချင်းရွှေကိုယ်တိုင် သင်ကြားတာ ခံရလိမ့်မယ်လို့ ကြေငြာခဲ့ခြင်း ဖြစ်တယ်..
ထိုသတင်းက မုန်တိုင်းတစ်ခုအလား ကျင့်ကြံသူတို့ကြား ပျံ့နှံ့ခဲ့ ပေသည်။
ကောင်းကင်ဘုံအရှင်သခင်တစ်ယောက်သည် အခုထိ သက်ရှိထင်ရှား ရှိနေသေးသလော။အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းတစ်ခုလုံးသည် လှုပ်ခတ်ကုန်ကြ၏။နဂိုက စိတ်မဝင်စား ဟန်ရသည့် ကျင့်ကြံခြင်းမိသားစုများပါ သူတို့၏ စိတ်ကို ပြောင်းလဲလာကြတော့သည်။သူတို့က သူတို့မိသားစု၏ ပါရမီ ရှင်များကို ကောင်းကင်ဦးစီးနေရာရရန်အတွက် ရည်ရွယ်လာကြ တော့၏။
တစ်ချိန်တည်းမှာပင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် မိသားစုကြီးနှစ်ခုတို့သည် ကောင်းကင်ငှက်ရာထူး (၃၆) နေရာကို ရရှိသူများအား တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်သည်ဟု ပြော ကြားခဲ့သေးသည်။မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် မိသားစုကြီးနှစ်ခုတို့သည် ထိုသူတို့၏ တောင်းဆိုမှုကို အကောင်း ဆုံး ဖြည့်ဆည်းပေးမည်ဟု အာမခံခဲ့ပေသည်။
ထိုကောင်းကင်ဦးစီးနေရာများသည် ကောင်းကင်ဘုံနယ်မြေ၏ ကောင်းကင်ဘုံသားအဖြစ် သတ်မှတ်ခြင်းနှင့်ပင် နှိုင်းယှဉ်နိုင် လုနီးပါး ဖြစ်နေသည်။
“ကောင်းကင်ဦးစီးအဖြစ် လျာထားခြင်းခံရတဲ့ (၁၀၈) ယောက် ဟာ သူတို့ရဲ့ မူလကို ကောင်းကင်ဘုံမူလအဖြစ် ပြောင်းလဲနိုင်ဖို့ ကောင်းကင်ဘုံရေကန်အတွင်း ဝင်ရောက်ခွင့် ရမယ်။ပြီးရင် အစစ်အမှန်ကောင်းကင်ဘုံသား တစ်ယောက် ဖြစ်လာမယ်..
အတိတ်တစ်ချိန်က ကောင်းကင်ဘုံသားများနှင့် ခုလက်ရှိကျင့်ကြံသူများကြား ကွာခြားချက်သည် မူလစွမ်းအင်တွင် ဖြစ်၏။
ကောင်းကင်ဘုံမန္တာန်သည် မည်မျှစွမ်းအား ပြင်းထန်ပါစေ မူလ စွမ်းအင်သပ်သပ်နှင့် အသုံးပြုသည့်အခါ အကန့်အသတ် ရှိနေ ပေ၏။သို့ရာတွင် ကောင်းကင်ဘုံမူလစွမ်းအင်နှင့် အသုံးပြုသည့် အခါ ၎င်း၏စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်နိုင်ပေမည်။ ကောင်းကင်ဘုံရတနာများသည်လည်း ထိုနည်းနှင်နှင်ပင်။
ထိုသတင်းစကား ထွက်ပေါ်လာသည့်အခါ စစ်ပွဲမီးတောက်က အစပြုလာခဲ့ပြီ ဖြစ်၏။လူတိုင်းသည် လမ်းပွင့်လာမည်ကို စောင့်ဆိုင်းနေကြတော့သည်။
ထိုသတင်းအပြင် နောက်ထပ် တုန်လှုပ်ဖွယ် သတင်းစကားတစ်ခု သည်လည်း အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်း၌ ပျံ့နှံ့လာ သေး၏။
ရှေးဟောင်းကျင့်ကြံခြင်းမိသားစုကြီး နှစ်ခုထက်သာ အနည်းငယ် အားနည်းသည့် ယောင်မိသားစုသည် ကောင်းကင် အမိန့်ကို ထုတ်ပြန်ခဲ့၏။
ထိုအမိန့် ထွက်ပေါ်လာသည့်အခါတွင် သတ်ဖြတ်လိုသူများက စောင့်ဆိုင်းကုန်ကြသည်။ယောင်မိသားစုသည် ကောင်းကင်ဘုံ နယ်မြေ၏ အမွေအနှစ်ကို ဆက်ခံရသည့် မိသားစုလေးစုကြား အားအကောင်းဆုံး ဖြစ်သည်။သူတို့သည် မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်ကိုပင် တန်းတူ ဆက်ဆံ၏။
အတိတ်တစ်ချိန်တုန်းက ကောင်းကင်ဘုံနယ်မြေ ပျက်စီးပြီး မ ရေမတွက်နိုင်သည့် နှစ်များစွာအတွင်း ယောင်မိသားစုသည် ကောင်းကင်အမိန့်ကို သုံးကြိမ်သာ ထုတ်ပြန်ခဲ့သည်။ထိုအမိန့် တစ်ကြိမ် ထုတ်ပြန်တိုင်း သွေးထွက်သံယို ဖြစ်ရသည်သာ။၎င်း တို့ ပစ်မှတ်ထားသည့်သူ မသေမချင်း ယောင်မိသားစု၏ အမိန့် သည် ရပ်တန့်တော့မည် မဟုတ်ချေ။
ခုလက်ရှိတွင် ယောင်မိသားစု၏ လေးကြိမ်မြောက် ကောင်းကင် အမိန့် ထွက်ပေါ်လာခဲ့ပြန်လေပြီ။
သည်တစ်ကြိမ်၌ ထိုအမိန့်သည် နာမည်တစ်ခုနှင့်သာ သက်ဆိုင် နေ၏။ယင်းနာမည်မှာ ရှုမူပင်။
ထိုနာမည်သည် သာမန် မဟုတ် အလွန်ကျော်ကြားလှသော နာမည် ဖြစ်လေ၏။ ကောင်းကင်ဦးစီးနေရာ ထွက်ပေါ်လာ သည်နှင့် ရှုမူသည် ထိုအတွက် ဦးစီးနေရာတစ်ခု ရရှိလိမ့်မည်ဟု လူအများစုသည် တွေးထင်ခဲ့ကြသည် မဟုတ်လား။
ရှုမူ ကယ်တင်ပေးခဲ့သည့် လူများနှင့် ထိုသူတို့၏ မိသားစု များသည် သူ့နာမည်ကို အမြဲ အမှတ်ရ ထောက်ခံကြပေသည်။
ရှုမူသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ နယ်မြေ လေးခုလုံးတွင် ကျော်ကြားသော လူအနည်းစုထဲက တစ်ယောက် ဖြစ်လာခဲ့ပေသည်။
ထိုသို့ ဖြစ်နေသည့် အခိုက်မှာပင် ယောင်မိသားစုသည် ရှုမူကို သတ်ချင်သည့်အတွက် ကောင်းကင်အမိန့်ကို ထုတ်ပြန်လာခဲ့ လေ၏။
ရှုမူက မည်မျှ သန်မာပါစေ သူသည် ယောင်မိသားစု၏ သည်း ကြီးမဲကြီးတိုက်ခိုက်မှုကနေ ရှင်သန်နိုင်လိမ့်မည်ဟု လူအနည်း ငယ်ကသာ ယုံကြကြပေ၏။
ထိုလူအနည်းငယ်တွင် ရှန်ကုန်းဟူနှင့်ကျန်းကုန်းလီတို့ ပါဝင်ပေ သည်။ သူတို့အမြင်၌ ယောင်မိသားစုသည် သူတို့၏ အရှင်သခင် ရှုမူကို စိန်ခေါ်နိုင်သည့် အရည်အချင်း မရှိဟု ထင်ထားကြ၏။
ယောင်မိသားစုသည် မိသားစုဝင်များစွာကို စေလွှတ်ခြင်း၊သူတို့ နှင့် ပတ်သတ်သော မိသားစုများကိုလည်း အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းအနှံ့ ဖြန့်ကျက်ပြီး ရှုမူကို ရှာခိုင်းထားလေ သည်။
ကောင်းကင်ဦးစီးနေရာအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် ယောင်မိသားစု၏ ရှုမူကို ရှာဖွေခြင်းတို့သည် အထွတ်အထိပ်သို့ ရောက်လာခဲ့တော့သည်။
ယောင်မိသားစု၏ ကောင်းကင်အမိန့် ထွက်ပေါ်လာသည့်အခါ ကျင့်ကြံသူအများစုသည် ရှုမူမှာ သိပ်မကြာခင် သေဆုံးရတော့ မည်ဟု ယုံကြည်နေကြပေ၏။
ဝမ်လင်း(ရှုမူ) ကယ်တင်ပေးခဲ့သော လူများပင် တိတ်ဆိတ်ကုန် ကြ၏။သူတို့က ဝမ်လင်းကို မကူညီချင်၍ မဟုတ်ပေ။ သို့သော် သူတို့အားလုံးတွင် ကိုယ်ပိုင် မိသားစုများ ရှိနေကာ ယောင် မိသားစုကို ခုခံနိုင်စွမ်း မရှိကြခြင်းကြောင့် ဖြစ်၏။
သို့သော်လည်း ယောင်မိသားစု ရှာဖွေသည့်အခါ ရှုမူသည် ပျောက်ကွယ်သွားခဲ့လေ၏။ မည်သူကမျှ သူ့ကို မတွေ့ကြရ တော့ချေ။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကနေ လုံးဝ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့သည်။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် ထူးဆန်းနယ်မြေကို ဖြတ်၍ ပျံသန်းနေ၏။သူ့ရှေ့တွင် မီးခိုးရောင်မြူထု ရှိနေသည်။သူ့ နောက်တွင်မူ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် တိတ်ဆိတ်စွာ ရှိနေကြ၏။
မြူများကြား၌ လပေါင်းများစွာ ပျံသန်းပြီးနောက် ရွေးချယ်ခံမ သေမျိုးကလန်၏ အဖွဲ့ဝင်များ၏ စိတ်ဓာတ်သည်လည်း ပြောင်းလဲလာကြတော့၏။
အစပိုင်း သူတို့ထံတွင် ရှိနေသော စိတ်ရှုပ်ထွေးမှုက ပျောက်ကွယ် သွားကာ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် အသတ်အဖျက် စိတ်ဆန္ဒ က အစားထိုး ဝင်လာခဲ့တော့၏။
သူတို့သည် ဝမ်လင်းနောက်မှ လိုက်၍ မြူထုထဲ၌ ပျံသန်းနေကြ စဉ် ကြမ်းကြုတ်သောသားရဲများနှင့် ဆုံကာ တိုက်ခိုက်ခဲ့ကြ သေး၏။သူတို့၏ သတ်ဖြတ်ခြင်းအော်ရာသည်လည်း တဖြည်းဖြည်း ပို၍ ထူထဲလာခဲ့လေသည်။
အခုချိန်၌ ရွေးချယ်ခံမသေမျိုးကလန် အဖွဲ့ဝင်များသည် ဝမ် လင်းနောက်မှ လိုက်ပါလာသည့် သတ်ဖြတ်ခြင်း နတ်ဘုရားများ ကဲ့သို့ ဖြစ်နေကြသည်။
သူတို့က သည်မြူထူနေရာကနေ ထိုးထွက်နိုင်လျှင် ရှင်သန်နိုင် မည်။ မဟုတ်ရင် သူတို့သည် သည်နေရာရှိ သားရဲများ၏ ဝါးမြို ခြင်းကို ခံရပေလိမ့်မည်။
သွေးလွှမ်းသော တိုက်ပွဲများကြောင့် ရွေးချယ်ခံမသေမျိုးကလန် သည် အလျင်အမြန် ကြီးထွားလာကြ၏။
ထိုသူများနှင့်အတူ လပေါင်းများစွာ အတူ ရှိနေပြီးနောက် ဝမ် လင်းသည် ရွေးချယ်ခံမသေမျိုးကလန်၏ ဉာဏ်ရည်နှင့်ပါရမီကို ဝန်ခံလာရ၏။သူတို့ထံ၌ ကောင်းမွန်သော ကျင့်ကြံခြင်းအခြေခံ အုတ်မြစ် ရှိနေပေသည်။သူတို့၏ တုပနိုင်စွမ်းကလည်း ထိတ်လန့်စရာ ကောင်းသေးသည်။
မြူထုအတွင်း၌ လအနည်းငယ် နေထိုင်ပြီးသည့်နောက် သူ တို့သည် ဝမ်လင်း၏ တည်ငြိမ်မှုနှင့် သူ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒ တို့ကိုပါ သင်ယူခဲ့ပြီး ဖြစ်လေသည်။
သူတို့က လှုပ်ရှားလိုက်တိုင်း ပြတ်သား ရက်စက်စွာ လုပ်ဆောင် တက်လာသည်။သူတို့က မြူထုအတွင်းရှိ သားရဲများနှင့် တိုက်ပွဲ တွင် တက်တူးမန္တာန်အမျိုးမျိုးကို အသုံးပြုခဲ့ကြ၏။
ဝမ်လင်းကို မျက်လုံးကျဉ်းမြောင်းသွားစေသည်က ထိုသူများ သည် အုပ်စုဖွဲ့တိုက်ခိုက်မှုတွင် အလွန်တော်နေကြခြင်းပင်။သူ တို့၏အုပ်စုလိုက် တိုက်ခိုက်မှုများသည် သူတို့၏ခွန်အားကို များ စွာ တိုးတက်စေသည်။သူတို့က အမျိုးသမီးနှင့် ကလေးများကို စောင့်ရှောက်ကြရခြင်းသာ မဟုတ်ပါက ပို၍ပင် ကြမ်းကြုတ်နေ ပေမည်။
ဝမ်လင်းသည် သူ့မန္တာန်ကို အသုံးပြုကာ ရွေးချယ်ခံမသေမျိုး ကလန်၏ ကလေးငယ်များနှင့် အမျိုးသမီးများကို ခေါ်ဆောင် လာသောကြောင့် သူတို့ ခပ်မြန်မြန် သွားလာနိုင်ကြသည်။
သည်နေ့တွင် သူတို့ရှေ့ရှိ မြူထုသည် လွင့်ပါးသွား၏။ဝမ်လင်း သည် ထိုးထွက်လိုက်သည်။ရွေးချယ်ခံမသေမျိုးကလန်ဝင် များသည်လည်း တစ်ယောက်ပြီးတစ်ယောက် မြူထဲထဲကနေ ထိုးထွက်လာကြသည်။သူတို့ရှေ့၌ ရှိနေသည့်အရာက တောက်ပသော ကြယ်ရောင်စုံကောင်းကင်တစ်ခုပင်။
အလုံးစုံကောင်းကင်အဖွဲ့အစည်း၏ အနောက်ပိုင်းနယ်မြေကြီး။
ဝမ်လင်းက ကြယ်များကို ကြည့်ငေးနေ၏။မိုးကြိုး ကောင်းကင်ဘုံနယ်မြေအတွင်း အဖြစ်အပျက်များ ဖြစ်ပွားပြီးပြီး ချင်း သူသည် ငှက်သားရဲခန္ဓာကိုယ်ထဲသို့ ရွှေ့ပြောင်းခြင်း ခံ လိုက်ရပေသည်။ယခု အပြင်သို့ ပြန်ထွက်လာချင်းချင်း ကြယ် များကို ငေးနေရင်း ဖြစ်ပျက်ခဲ့သမျှက အိပ်မက်တစ်ခုအလား ဖြစ်နေစေသည်။
"အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း..ငါပြန်လာပြီ။ ခုပထမ ဆုံး လုပ်ရမှာက ဒီနေရာဟာ ဘယ်နယ်မြေလဲ ဆိုတာ ရှာဖွေရ မယ်။ပြီးရင် ငါက ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ရှာဖွေရမယ်….
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောရင်း ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။ထိုကျောက်စိမ်းပြားက သူ့ကို ရှန် ကုန်းဟူ ပေးခဲ့သည့် မြေပုံပင်။ထိုကျောက်စိမ်းပြားကို အနည်းငယ် ကြည့်ရှုပြီးနောက် သူက ၎င်းကို သိုလှောင်အိတ်ထဲ သို့ ပြန်ထည့်လိုက်သည်။
ဝမ်လင်းသည် ရွေးချယ်ခံမသေမျိုးကလန်ဝင်များထံသို့ နောက် လှည့်ကြည့်လိုက်၏။
"ဒီနေရာဟာ မိုးကြိုးကောင်းကင်ဘုံနယ်မြေအောက်မှာ ရှိတဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းပဲ။ မင်းတို့ အခု ဒီနေရာ ကို ရောက်တဲ့အချိန်ကစပြီး လွတ်လပ်သွားကြပြီ..
ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည် ဝမ်လင်းကို ကြည့်ကာ တိတ်ဆိတ်နေကြ၏။ခဏအကြာမှ သူ့ကို စကားပြောလာကြ သည်။ “ကျေးဇူးရှင်…ငါတို့က ဒီနေရာနဲ့ မရင်းနှီးဘူး။သင်က ငါ တို့အတွက် ယာယီနေဖို့ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလောက် ရှာပေး နိုင်မလား။ငါတို့ ဒီကြယ်အဖွဲ့အစည်းနဲ့ ရင်းနှီးသွားတာနဲ့ ငါတို့ ကျိန်းသေထွက်သွားပါ့မယ်..."
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက် သည်။ ချင်လင်းဂြိုဟ်သည် ကြီးမားသည့်အတွက် သည် ရွေးချယ်ခံမသေမျိုးကလန်ဝင်များအတွက် နေရာလောက်နိုင်ပေ သည်။
သည့်နောက် ဝမ်လင်းသည် ခြေတစ်လှမ်းတိုးကာ ရှေ့သို့ တဟုန် ထိုး ထွက်သွားလေ၏။ရွေးချယ်ခံမသေမျိုးကလန်ဝင်များသည် လည်း ဝမ်လင်းနောက်ကနေ လိုက်ပါလာကြသည်။သူတို့က ချင် လင်းဂြိုဟ်သို့ ဦးတည်သွားနေကြခြင်းပင်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် သူ့နတ်ဘုရားအာရုံကို ဖြန့် ကျက်ထားရင်း ကျင့်ကြံခြင်းဂြိုဟ်များကို ရှာဖွေခဲ့သည်။ သို့သော် သည်နေရာတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံးကို ရှာတွေ့ ရန် ခက်ခဲလှသည်။ဆယ်ရက်တာကြာမြင့်ပြီးနောက် ဝမ် လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။သူက အကွာ အဝေးတစ်ခုရှိ အဝါရောင်ဂြိုဟ်တစ်လုံးကို ကြည့်လိုက်သည်။ ထိုနေရာမှ စိတ်ဝိညာဉ်စွမ်းအင် တုန်ခါလှိုင်းသည် အားကောင်း လွန်းခြင်း မရှိသော်လည်း အများကြီးလည်း အားမနည်းပေ။
သူတို့က ပျံသန်းနေရင်း တုန်ခါမှုလှိုင်းများက နေရာအနှံ့သို့ ပျံ့နှံ့ နေသည့်အတွက် အဝါရောင်ဂြိုဟ်မှ ကျင့်ကဲ့သူများသည် ထောက်လှမ်းလာကြသည်။
ဝမ်လင်းက ဂြိုဟ်နှင့် နီးကပ်လာသည့်အခါ အဝါရောင်ဂြိုဟ်မှ အလင်းတန်းသုံးခုသည် ပျံသန်းလာကြ၏။ထိုသုံးယောက်ထဲ၌ တစ်ယောက်သည် လူလတ်ပိုင်းအရွယ် ဖြစ်ကာ ကျန်နှစ်ယောက် သည် အဘိုးအိုနှစ်ယောက်ပင်။
သူတို့သုံးယောက်ထံမှ အားကောင်းသော မူလစွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။သူတို့က ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံ သူများ ဖြစ်ကြောင်း သိသာနေ၏။
သူတို့ သုံးယောက်က ပေါ်ထွက်လာသည့်အခါ သူတို့၏ အသွင် ဟန်ပန်သည် အလေးအနက် ဖြစ်သွားကြ၏။သက်လတ်ပိုင်းလူ က ဝမ်လင်းကို ကြည့်ကာ တည်ငြိမ်စွာ ဆိုသည်။ “ရောင်းရင်း ကျင့်ကြံသူ…သင်က အလျင်လိုနေပါ့လား..သင် ဘာများ လိုအပ် လဲ ငါ သိချင်မိတယ်..."
အခြားနှစ်ယောက်ကလည်း ဝမ်လင်းနောက်ရှိ ရွေးချယ်ခံမသေ မျိုးကလန်ဝင်များကို သိမ်းကြုံးကြည့်လိုက်၏။သူတို့က တုန်လှုပ်မိသွားကြသည်။ထိုသူများသည် စိတ်ဝိညာဉ်စွမ်းအင် လှိုင်းများ လုံးဝ ရှိမနေဘဲ ထိုအစား သူတို့ထံ၌ တစ်ကြိမ်တစ်ခါ မျှ မမြင်ဖူးခဲ့သော ဆန်းကြယ်သောအားတစ်ခု ရှိနေကြသည်ကို တွေ့လိုက်ရခြင်းကြောင့်ပင်။
ထို့အပြင် သည်လူများထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ် ဆန္ဒတို့လည်း ထွက်ပေါ်နေသေးသည်။
ပို၍ အရေးကြီးသည်က သည်လူများ၏သွင်ပြင်သည် အေးစက်စက်အော်ရာကိုသာ ဖော်ကျူးနေခြင်း ဖြစ်၏။သူ တို့၏အသွင်က သူတို့နှစ်ယောက်နှင့် မျက်နှာချင်းဆိုင် နေရ ချိန်၌ပင် ပြောင်းလဲသွားခြင်း မရှိပေ။
ထို့အပြင် သည်လူအုပ်ထဲ၌ မိန်းမနှင့်ကလေးငယ်များလည်း ရှိနေကြသေးသည်။ထိုအရာက သည်လူများ၏ နောက်ခံကို ခန့်မှန်းရန် အတော်လေး ခက်ခဲစေ၏။
သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူက စကားစသပ်ကာ ဝမ် လင်းကို ဂရုတစိုက်ကြည့်လိုက်သည်။သူက မိုးကြိုးပစ်ချခံရသ ကဲ့သို့ ခံစားလိုက်ရကာ ဝမ်လင်း၏ ပုံပန်းသွင်ပြင်သည် ယောင် မိသားစု၏ ကောင်းကင်အမိန့်မှ ရှုမူ၏အသွင်ဟန်ပန်နှင့် ဆင်တူ နေသည် မဟုတ်လား။
ဝမ်လင်းအသွင်က တည်တည်ငြိမ်ငြိမ်ပင်။သူက တည်ငြိမ်စွာ ဆို လိုက်၏။ “ငါ လမ်းပျောက်နေလို့ပါ။ ဒါက အလုံးစုံကြယ်အဖွဲ့ အစည်းရဲ့ ဘယ်နေမြေလဲ ငါ သိချင်မိတယ်။ ဒီ ဂြိုဟ်ရဲ့ နာမည် ကရော…”
သက်လတ်ပိုင်းလူကြီးသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ စဉ်းစား၍ ပြောလာ၏။ “ဒါက အနောက်ပိုင်းနယ်မြေ ဖြစ်ပြီး ဒီ ဂြိုဟ်ကတော့ မြေနက်ဂြိုဟ် ဖြစ်တယ်။ သင့်နာမည်ကရော..”
ဝမ်လင်းက သက်လတ်ပိုင်းလူကြီးကို ကြည့်ရုံသာကြည့်၍ သူ့ မေးခွန်းကို မဖြေပေ။သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူ ကာ ၎င်းကို သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်၏။ သူက သည်ဂြိုဟ်သည် မြေနက်ဂြိုဟ်ဖြစ်ကြောင်း သေချာသိသွားပြီး သူ့ခုလက်ရှိနေရာကိုလည်း ဆုံးဖြတ်နိုင်သွားသည်။
သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွား၏။ထို့နောက် သူ့ ညာလက်ဖြင့် သိုလှောင် အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။သူက ၎င်းကျောက်စိမ်းပြားကို အာရုံစိုက်၍ စစ်ကြည့်လိုက်၏။
ယောင်မိသားစုသည် ကောင်းကင်အမိန့်ကို ထုတ်ပြန်သည့်အချိန် က ယောင်မိသားစုဝင်များသည် ရှုမူ၏ အသွင်ဟန်ပန်ကို ကျောက်စိမ်းပြားများပေါ်တွင် ရေးထွင်းကာ မိသားစုများစွာ ထံသို့ ပေးပို့ခဲ့ပေသည်။
တစ်စုံတစ်ယောက်က ကောင်းကင်အမိန့်နှင့် ပတ်သတ်၍ သဲလွန်စ တစ်ခုခုရပါက ထိုသူသည် ဆုများစွာ ချီးမြင့်ခံရမည် ဖြစ်သည်။
သက်လတ်ပိုင်းလူကြီး၏ နှလုံးက ကျောက်စိမ်းပြားကို ကြည့်နေ ရင်း ခုန်ပေါက်သွားသည်။ ထိုကျောက်စိမ်းပြားထဲရှိ လူ၏ပုံပန်း အသွင်နှင့် သူ့ရှေ့ကလူသည် ချွတ်ဆွတ်တူနေသည် မဟုတ် လား။
“ရှုမူ…သူက ရှုမူပဲ ” သက်လတ်ပိုင်းလူသည် စိတ်လှုပ်ရှား နေသည်။သို့သော် သူက ၎င်းစိတ်လှုပ်ရှားမှုကို အရိပ်အမြွက်ပင် မပေါ်ထွက်စေချေ။
သက်လတ်ပိုင်းလူက ပုံမှန်အတိုင်း ပြုံး၍ ဆိုလာ၏။ "ရောင်းရင်း ကျင့်ကြံသူက တလမ်းလုံး အလောတကြီး လာခဲ့ရတာ။ ဒါ့ ကြောင့် ဒီနေရာမှာ ရက်အနည်းငယ် အနားယူပြီးမှ ခရီးထပ် ဆက်ပါလား.."
ဝမ်လင်းက သက်လတ်ပိုင်းလူကို ကြည့်လိုက်၏။အထူးသဖြင့် သူ့လက်ထဲရှိ ကျောက်စိမ်းပြားကိုပင်။ သူက တည်ငြိမ်စွာ ဆို လိုက်သည်။ “မလိုတော့ပါဘူး..”
ထိုသို့ ပြောပြီးနောက် သူက အကွာအဝေးတစ်ခုထံသို့ ဦးတည် ထွက်သွားလေ၏။
သူ့နောက်ကနေ ရွေးချယ်ခံကလန်ဝင်များသည် မလှုပ်မယှက် လိုက်ပါလာကြသည်။အလင်းတန်းမြောက်များစွာသည် အကွာ အဝေးတစ်ခုထံသို့ မြန်ဆန်စွာ ပျံသန်း ပျောက်ကွယ်သွား လေ၏။
အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်သည် ဝမ်လင်းတို့အုပ်စု ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စကားဆိုလာ၏။ “အစ်ကို ချူယောင် ဒီလူတွေရဲ့ နောက်ခံကို မသိရဘူး။ဘာကြောင့် သူတို့ ကို ငါတို့ ဂြိုဟ်ရှိ ဖိတ်ခေါ်ရတာလဲ။ခုချိန်မှာ ငါတို့က တံခါးပိတ် ကျင့်ကြံပြီး ကောင်းကင်ဦးစီးနေရာတစ်ခုကို ယူဖို့အတွက် ပြင်ဆင်နေရမှာလေ..."
“အစ်ကိုချန်ဒီလူကို သိနေတယ်လို့ မထင်ဘူးမိဘူးလား..” သက်လတ်ပိုင်းလူ၏ မျက်လုံးက လက်ခနဲ ဖြစ်သွားရင်း သူက သူ့လက်ထဲရှိ ကျောက်စိမ်းပြားကို ပစ်ပေးလိုက်သည်။
အဘိုးအိုနှစ်ယောက်သည် မှင်သက်သွားကြ၏။ကျောက်စိမ်း ပြားကို သေချာကြည်ပြီးနောက် သူတို့၏အသွင်က ကြီးစွာ ပြောင်းလဲသွားကြသည်။
“ဒါက အမှန်တကယ် သူ ဖြစ်နေတာပဲ...”
“ပြောကြတာက ဒီလူ ပျောက်ကွယ်နေတာ အချိန်အတော်ကြာနေ ပြီ။ သူက မမျှော်လင့်ဘဲ ဒီနေရာမှာ ပြန်ပေါ်လာပါလား..
“ယောင်မိသားစုက ဒီလူနဲ့ ပတ်သတ်လို့ သဲလွန်စပေးနိုင်ရင် ဆု လဒ်ချီးမြှင့်မယ်လို့ ဆိုထားတယ်။ဒါသာ အလုပ်ဖြစ်ရင် ကောင်းကင်ဦးစီးနေရာကို ရဖို့ အတော်လေး ပိုလွယ်သွားလိမ့် မယ်.."
သက်လတ်ပိုင်းလူက နှုတ်ခမ်းသပ်လိုက်၏။သူ့မျက်လုံး ထဲ၌လည်း လောဘနှင့် ပြည့်လာခဲ့သည်။
အဘိုးအိုနှစ်ယောက်ထဲမှ တစ်ယောက်ကတော့ ချီတုံ့ချတုံနှင့် ပြောလာ၏။ "ဒါပေမဲ့လည်း ဒီရှုမူက အညတရ တစ်ယောက် မဟုတ်ဘူးနော်။ငါတို့သာ သူ့နေရာကို ဖော်ထုတ်လိုက်ရင် သူက လက်စားချေဖို့ ရောက်လာလိမ့်မယ်...
“စိတ်ပူစရာမရှိဘူး။ သူက ယောင်မိသားစုရဲ့ သတ်တာ ခံရပြီးမှ တော့ ငါတို့ကို ဘာလုပ်နိုင်ဦးမှာလဲ..” သက်လတ်ပိုင်းလူက နှုတ် ခေါင်းရှုံ့ကာ ကျောက်စိမ်းပြားကို ပြန်ယူလိုက်၏။ ထို့နောက် သူက အံတင်းတင်းကြိတ်ကာ ထိုကျောက်စိမ်းပြားကို ချေမွ လိုက်သည်။ထိုအခါ ၎င်းကျောက်စိမ်းပြားသည် မြူအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုမြူသည် ရွှေ့လျားသွားပြီးနောက် ပုံရိပ်ယောင်တစ်ခုအဖြစ် သိပ်သည်းသွားသည်။ထိုပုံရိပ်သည် လူငယ်တစ်ယောက် ဖြစ် နေ၏။သူ့အသွ်က အလွန်အမင်း မောက်မာမည့်ဟန် ဖြစ်ပေါ် နေသည်။
“မြေနက်ဂြိုဟ်ရဲ့ ချူယောင်ချန်က ယောင်မိသားစုရဲ့ ကောင်းကင်တမန်တော်ကို နှုတ်ဆက်ပါတယ်။ ငါက ရှုမူရဲ့ သဲလွန်စကို ခုလေးတင် ရှာတွေ့ခဲ့ပါတယ်..
ဝမ်လင်းသည် ကြယ်များကြား၌ မြန်ဆန်စွာ သွားနေ၏။သူ့ နောက်တွင်လည်း အလင်းတန်းရာချီ လိုက်ပါလာကာ သူတို့က အကွာအဝေးတစ်ခုထံသို့ ခရီးနှင်နေကြသည်။
ပျံသန်းနေရင်း ဝမ်လင်းသည် စဉ်းစားနေသည်။
"ဒီသက်လတ်ပိုင်းလူက နည်းနည်း ထူးဆန်းနေတယ်။ ဒါပေမဲ့ လည်း ငါက သူနဲ့ လည်း မတွေ့ဖူးသလို ပတ်သတ်ဖူးတာလည်း မ ရှိခဲ့ဖူးဘူး။ငါဘဲ သံသယ များနေတာလား..”
ဝမ်လင်းက ပျံသန်းနေရင်း သူ့မျက်လုံးက အေးစက်သွား၏။ သူက ရပ်တန့်လိုက်သည်။
ရွေးချယ်ခံမသေမျိုးကလန်ဝင်များအားလုံးလည်း ရပ်တန့်ကာ ဝမ်လင်းကို ကြည့်နေကြသည်။
ဝမ်လင်းက သူ့သိုလှောင်အိတ်ထဲမှ မြေပုံကျောက်စိမ်းပြားကို ထုတ်ယူလိုက်၏။အမှတ်အသားတစ်ခု မြေပုံပေါ်တွင် ပြုလုပ်ပြီး နောက် သူက ၎င်းကို ရွေးချယ်ခံကလန်၏ ဘိုးဘေးထံသို့ ပစ် ပေးလိုက်သည်။ဝမ်လင်းက တည်ငြိမ်စွာဖြင့် ပြောလာ၏။ “ငါ ချင်လင်းဂြိုဟ်ရဲ့ တည်နေရာကို အမှတ်အသား လုပ်ပေးထား တယ်။သင်က ဦးဆောင်သွားပါ။ နောက်ကြရင် ငါ လိုက်လာခဲ့ မယ် "
အဘိုးအိုက ကျောက်စိမ်းပြားကို ယူလိုက်၏။သူက ၎င်းကို စစ်ဆေးပြီးသည့်နောက် ဝမ်လင်းကို ကြည့်ကာ လေးစားစွာ ပြောလိုက်သည်။ "ဒီလိုဆိုတော့လည်း ငါတို့ဘဲ အရင်ဆုံး သွား တော့မယ်..။ကျေးဇူးရှင်…ငါတို့ ချင်လင်းဂြိုဟ်ပေါ်မှာ တွေ့ကြ
ဝမ်လင်းက ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွားသည့် ကလန်ဝင်များကို စောင့်ကြည့်နေ၏။သူတို့ ထွက်သွားပြီးနောက် ဝမ်လင်းသည် နောက်ပြန်လှည့်ကာ မြေနက်ဂြိုဟ်ရှိရာသို့ ခြေ တစ်လှမ်းလှမ်းလိုက်တော့သည်။
“ဒီမြေနက်ဂြိုဟ်ပေါ်က သုံးယောက်ဟာ ထူးဆန်းနေတယ်။ ဒါနဲ့ ပတ်သတ်လို့ ပြဿနာတစ်ခုခု ရှိနေလောက်တယ်။ သတိထား တာက ပိုကောင်းပါတယ်လေ..”
လှိုင်းတွန့်များက ဝမ်လင်း ခြေဖဝါးအောက်တွင် ပေါ်လာသည်။ ခြေတစ်လှမ်းပြီးနောက် သူက နောက်ထပ် ခြေတစ်လှမ်း လှမ်း ပြန်၏။ထို့နောက် သူက လောကနှင့် တစ်သားတည်း ဖြစ်သွား တော့သည်။
တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်နောက် သူက လုံးဝ ပျောက်ကွယ်သွားတော့သည်။
မြေနက်ဂြိုဟ်၏ အပြင်ဘက်တွင် သက်လတ်ပိုင်းလူသည် စကားပြောပြီးရုံ ရှိသေး၏။မြူနှင့် ဖွဲ့စည်းထားသည့် လူငယ်၏ မျက်လုံးသည် တောက်ပလာသည်။သူ့မျက်နှာပေါ်၌လည်း စိတ် လှုပ်ရှားဟန် ဖြစ်ပေါ်နေ၏။ သူက ပြောလာသည်။ "သိပ်ကောင်း တယ်..။မင်းတို့သုံးယောက်က သဲလွန်စ ပေးတယ်လို့ ငါ့ မိသားစု ရှိ တင်ပြပေးမယ်။ဒါသာ အမှန်ဆိုရင် မင်းတို့သုံးယောက်ရမယ့် အကျိုးအမြတ်က နည်းပါးမှာ မဟုတ်ဘူး...”
သူက ထိုသို့ ပြောပြီးသည့်နောက် မြူသည်လည်း ပြန်ပျောက် ကွယ်သွားသည်။
သက်လတ်ပိုင်းလူ၏ မျက်လုံးထဲ၌ ပျော်ရွှင်မှုတို့ ပြည့်နေသည်။ သူက သူ့မိတ်ဆွေနှစ်ယောက်ကို လှည့်ကြည့်ပြီးနောက် ရယ်မော လိုက်၏။ “ဒါက ရိုးရိုးလေးပဲ။ငါတို့က သဲလွန်စကို ပြောရုံပဲ။ဒီရှုမူ က သံသယမရှိ သေရလိမ့်မယ်။ငါတို့က ဒီအကျိုးအမြတ်ကို ဘာ ကြောင့် မယူရမှာလဲ..ဟား ဟား”
အဘိုးအိုနှစ်ယောက်သည် တိတ်ဆိတ်စွာ စဉ်းစားနေသည်။သူတို့ က ပြုံးရုံသာ တက်နိုင်တော့သည်။ သည်ကိစ္စက အခုမှတော့ ပြန် ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။သို့ရာတွင် သူတို့ စိတ်ထဲရှိစိတ်ပူပန်နေမှုက လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
"ရှုမူက ဒဏ္ဌာရီမှာ ပြောနေကြသလို စွမ်းအားမရှိဖို့ဘဲ ငါ မျှော်လင့်ရတော့မှာပေါ့။သူ့ကို ယောင်မိသားစုက သတ်နိုင်မှ ဖြစ် မှာ။ မဟုတ်ရင် သူက ငါတို့ကြောင့် သူ့သတင်း ပေါက်သွားတာ သိသွားမှာ ငါ ကြောက်မိတယ်..
အဘိုးအိုက ထိုသို့ ပြောလိုက်ပြီးပြီးချင်း သူ့အသွင်က ကြီးစွာ ပြောင်းလဲသွား၏။သူက သက်လတ်ပိုင်းလူနောက်သို့ ကြည့်ကာ သူ့မျက်နှာသည် ချက်ခြင်း သွေးမရှိသလို ဖြူလျောသွား တော့သည်။
အခြားအဘိုးအိုတစ်ယောက်၏ ခန္ဓာကိုယ်သည်လည်း တုန်ရီ သွားလေ၏။သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန် ဖြစ်နေကာ သူက အလန့်တကြား ဆိုလာသည်။ “ရှုရှုမူ …”
သည်အခိုက်အတန့်၌ သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်ပေါ်ရှိအမွှေးအမျှင်အားလုံးသည် ထောင်မတ်သွားကြသည်။သူက စိတ်ထဲကနေ စိမ့်၍ ကြောက်သွားမိ၏။
သက်လတ်ပိုင်းလူနောက်ကနေ လှိုင်းတွန့်တစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာ၏။သူ့မျက်လုံးထဲ၌ သတ်ဖြတ် ခြင်းစိတ်ဆန္ဒသည် ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။
“မင်းတို့ သုံးယောက်က သိပ်သတ္တိ ရှိနေတယ်ပေါ့.. ဝမ်လင်း ပေါ်လာသည့်အခါ သူက သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက် အသွင် ဖြစ်ပေါ်စေလိုက်သည်။ခြေတစ်လှမ်းဖြင့်ပင် သူက သက်လတ်ပိုင်းလူ၏ ခေါင်းနောက်ဘက်ကို တိုက်ရိုက် ဖိနှိပ်လာ တော့၏။
သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်ထဲမှ တစီစီအသံများ ထွက် ပေါ်လာသည်။သည့်နောက် သူက သွေးများစွာ အန်ထုတ်လိုက် ရ၏။သူ့ ခန္ဓာကိုယ်သည် ပျက်စီးသွားပြီးနောက် သူ့မူလစိတ် ဝိညာဉ်သည် လွတ်မြောက်ရန် ကြိုးစားလာသည်။သို့သော် သူ့ မူလစိတ်ဝိညာဉ်သည်လည်း ဝမ်လင်း၏ ဖမ်းဆီးခြင်းကို ခံလိုက် ရသည်သာ။
ထိုမြင်ကွင်းသည် အဘိုးအိုနှစ်ယောက်၏ ရင်ဘက်ပေါ်သို့ ဧရာမတူဖြင့် ထုနှက်ခံလိုက်ရသလို ဖြစ်စေသည်။ထိုမြင်ကွင်း သည် သူတို့ကို ကြောက်ရွှံ့မှုနှင့် ပြည့်စေသည်။
သူတို့နှစ်ယောက်သည် ချက်ခြင်းပင် အထိတ်တလန့်အော်ဟစ် ကာ နောက်သို့ အမြန် ဆုတ်တော့၏။
Comments
Post a Comment