အပိုင်း(168)

အမွေးတိုက်နှစ်တိုင်စာကြာချိန်
သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်ကို ကိုင်ထားရင်း ထွက်ပြေးသွားသော အဘိုးအိုနှစ်ယောက်ကို အေးစက်စွာ ကြည့် နေသည်။သူက ကိုယ်တိုင် နောက်ကနေ လိုက်လံခြင်း မဟုတ် ပေ။သို့သော် သူ့နောက်ကနေ အရိပ်တစ်ခု ပေါ်လာ၏။ထာရှန် သည် တဟုန်ထိုး တိုးထွက်ကာ သူ့တို့နောက်သို့ လိုက်ပါသွား သည်။

အထည်ဒြပ်ယန်အဆင့်ရှိသည့် ကောင်းကင်ဘုံသက်တော်စောင့် ထာရှန်အဖို့ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူနှစ်ယောက်ကို သတ်ရန် မခက်ခဲလှချေ။

“စီနီယာ…ကျေးဇူးပြုပြီး သက်ညှာပေးပါ။ဂျူနီယာရဲ့ ကျင့်ကြံမှု အဆင့်က လွယ်လွယ် ရခဲ့တာ မဟုတ်ပါဘူး။ စီနီယာ ခွင့်လွှတ်

သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်သည် ဝမ်လင်း လက်ထဲ၌ အကြောက်အလန့် ဆက်တိုက် တောင်းပန်နေသည်။

ဝမ်လင်းသည် ဘယ်လက်ဖြင့် ထိုလူ၏ မူလစိတ်ဝိညာဉ်ကို ကိုင် ထားရင်း သူ့အသွင်သည် အေးစက်နေသည်။မူလစွမ်းအင်သည် သူ့ဘယ်လက်ထဲကနေ ထွက်ပေါ်နေကာ မူလစိတ် ဝိညာဉ်၏မှတ်ဉာဏ်များကို စတင်ရှာဖွေတော့သည်။

သက်လတ်ပိုင်းလူ၏ မူလစိတ်ဝိညာဉ်သည် မှင်သက်သွားရင်း စတင် ခြောက်သွေ့နေသည်။သူ့မျက်နှာသည် နာကျင်မှုနှင့် ပြည့် နေသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း အချိန်မရွေးပျက်စီးမ လို ဖြစ်နေသည်။

သူက သူ့မူလစိတ်ဝိညာဉ်သည် ဧရာမလက်ကြီးဖြင့် ဆုပ်ချေကာ တစ်စုံတစ်ခုကို ရှာဖွေသကဲ့သို့ ခံစားနေရသည်။ပြင်းထန်သော နာကျင်မှုသည် သူ့ကို ရူးသွပ်စေဖို့အတွက် လုံလောက်နေသည်။

ထိုနာကျင်မှုအောက်၌ သူက နောင်တများစွာ ရနေတော့သည်။ သည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် နောင်တတရားနှင့်အတူ တဖြည်းဖြည်း ပျောက်ကွယ်သွားစေ၏။

တစ်ခါတစ်ရံတွင် နှစ်ထောင်ချီကျင့်ကြံခြင်းသည် အမှားတစ်ခု အတွက် အခုလို အလဟသ ဖြစ်သွားနိုင်ပေသည်။

ဝမ်လင်းသည် သက်လတ်ပိုင်းလူ၏ မှတ်ဉာဏ်များကို ကြည့်ရှု ပြီးနောက် သူ့မျက်လုံးသည် ပို၍ပင် အေးစက်လာခဲ့သည်။မွန်းစ တားဆန်သော သတ်ဖြတ်ချင်စိတ်ကလည်း သူ့ထံကနေ လှိုင် ထွက်နေ၏။

ဝမ်လင်းက ခပ်တိုးတိုး ရေရွတ်သည်။ "ဒီတော့ ဒါက ဒီလိုပေါ့.."

သည်အချိန်မှာပင် အကွာအဝေးတစ်ခုကနေ တစီစီအသံများ ထွက်ပေါ်လာ၏။ ထာရှန်၏ လက်တစ်ဖက်စီ၌ မူလစိတ်ဝိဉာဏ် နှင့်သိုလှောင်အိတ်တစ်ခုစီကို ကိုင်ကာ ပြန်လာခြင်းပင်။

ဝမ်လင်းက ထိုနှစ်ယောက်၏ မူလစိတ်ဝိညာဉ်ကိုလည်း စိတ် ဝိညာဉ်ရှာဖွေခြင်း မန္တာန်အသုံးပြုလိုက်သည်။ ထိုသုံးယောက်၏ မှတ်ဉာဏ်များအရ ဝမ်လင်းသည် သူ ငှက်မွှေးသားရဲခန္ဓာကိုယ် အတွင်း ပိတ်မိနေစဉ်က အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သည်များကို နားလည်သွားတော့သည်။

သူက လူသုံးယောက်၏ မူလစိတ်ဝိညာဉ်သုံးခုကို လေဆင့်ခေါ် ခြင်းမန္တာန်အသုံးပြုခြင်းအတွင် အထောက်အပံ့ဖြစ်စေရန် စိတ် ဝိညာဉ်အလံထဲသို့ ပစ်ထည့်ထားလိုက်၏။

သိုလှောင်အိတ်သုံးခုကိုလည်း စစ်ဆေးကြည့်သည့်အခါ လက်နက်ရတနာအချို့ကို တွေ့လိုက်ရသည်။သူက ၎င်းတို့ကို ထုတ်ယူကာ တစ်ခုပြီးတစ်ခု ချေမွပစ်လိုက်သည်။ထို့နောက် သူ့ သူ့မူလစွမ်းအင် အဆီအနှစ်ကို ၎င်းတို့ပေါ်သို့ ထွေးထုတ်ကာ အရည်အဖြစ်သို့ ပြောင်းလဲစေပြီး ထာရှန်၏ခန္ဓာကိုပေါ်သို့ ပေါင်းစပ်စေသည်။

ကောင်းကင်ဘုံသက်တော်စောင့်၏ ခန္ဓာကိုယ်စွမ်းအားသည် အချို့ရှားပါး ရတနာများထံမှ အဓိက ရပေ၏။သို့ရာတွင် ထိုသို့ သော ကောင်းကင်ရတနာများသည် ရှားပါးလွန်းနေသည်မှာ အချိန်ကြာလှပေပြီ။

ထို့အတွက်ကြောင့် ဝမ်လင်းသည် အမျိုးမျိုးသော ရတနာများ ထံမှ သတ္တုများကို ထုတ်ယူ၍သာ ကောင်းကင်ဘုံ သက်တော်စောင့်ကို ပိုပို၍ သန်မာအောင် လုပ်ပေးနိုင်တော့၏။

အခြားနှစ်ယောက်၏ သိုလှောင်အိတ်ထဲ၌လည်း ကျောက်စိမ်း ပြားနှစ်ခု ရှိနေသည်။သူတို့၏ မှတ်ဉာဏ်များအရ သည် ကျောက်စိမ်းပြားများသည် ယောင်မိသားစုကို အကြောင်းကြား ရာ၌အသုံးပြုနိုင်သည်ကို တွေ့ရသည်။ ယောင်မိသားစုသည် ဝမ် လင်းနှင့် ပတ်သတ်၍ အတော်လေးအားစိုက်ထုတ်ထားဟု ပြော နိုင်ပေ၏။
ကျောက်စိမ်းပြားနှစ်ခုကို ကိုင်ထားရင်း ဝမ်လင်းအသွင်သည် သုန်မှုန်နေတော့၏။သူက အကွာအဝေးတစ်ခုထံသို့ ကြည့်နေ၏။

“ယောင်မိသားစုမိသားစုကြီးလေးခုရဲ့ ခေါင်းဆောင်။သူတို့က ဘာကြောင့် ငါ့ကို အမဲ လိုက်ချင် နေရတာလဲ...

ဝမ်လင်းက တိတ်တဆိတ် စဉ်းစားနေသည်။

သူ့တွင် မိသားစုကြီးလေးခုနှင့် ပတ်သတ်၍ ရန်ငြိုးတော်တော် များများ ရှိနေပေသည်။အထူးသဖြင့် ယောင်မိသားစုနှင့် ဖြစ်၏။ သွေးဘိုးဘေး ကိစ္စသာမက ယောင်မိသားစု၏ လူငယ်သခင်တစ် ယောက်နှင့်လည်း မတော်တဆ ကြုံခဲ့ရသေးသည် မဟုတ်လား သည်။သည့်အပြင် စုဆောင်းခြင်းခန်းမနှင့် ပတ်သတ်သည့် ကိစ္စ လည်း ရှိသေးပြန်သည်။

"ဒါက သွေးဘိုးဘေးကြောင့်တော့ မဖြစ်နိုင်ဘူး။သွေးဘိုးဘေးဆို ရင် ငါ့နာမည် အမှန်ကို သိနေတာပဲ။ သွေးဘိုးဘေးကြောင့်ဆိုရင် ကောင်းကင်အမိန့်မှာ ရှုမူအစား ငါ့နာမည်အရင်း ဝမ်လင်းကို အသုံးပြုမှာပေါ့...

“ဒါပေမဲ့လည်း ငါ့နာမည်အမှန်ကို တစ်ခါမှ အသုံးမပြုတော့ ရှုမူ က ပိုပြီး ရင်းနှီးနေတာများလား။ ဒါ့ကြောင့် ယောင်မိသားစုက ကောင်းကင်အမိန့်မှာ ရှုမူလို့ သုံးဖို့ ဆုံးဖြတ်ခဲ့တာလား..

ဒါ့အပြင် ယောင်မိသားစုရဲ့ လူငယ်သခင်ကလည်း လီယွမ်ကို သတ်ချင်တဲ့အတွက် ငါ့လက်ချက်ကြောင့် သေဆုံးခဲ့ရသေး တယ်။

ဝမ်လင်းသည် စဉ်းစားနေရင်းဖြင့် သူ့စိတ်ထဲတွင် သတ်ဖြတ်ချင် စိတ်ပြည့်နှက်လာသည်။

“ကောင်းကင်အမိန့် " ဝမ်လင်း မျက်လုံးသည် တလက်လက် ဖြစ် နေရင်း သူက ရှေ့သို့ ဆက်ပျံသန်းသွားတော့၏။
"ယောင်မိသားစုက အင်အားကြီးလွန်းတယ်။ဒါ့ကြောင့် အလုံးစုံ ကြယ်အဖွဲ့အစည်းမှာ ဆိုရင် အန္တရာယ်ကင်းတဲ့နေရာ မရှိနိုင်ဘူး။ ဒါ့အပြင် ဒီမိသားစုရှိမှာ သွေးဘိုးဘေးထက်တောင် ပို အားကောင်းတဲ့ လူတွေ ရှိနေမှာပဲ..”

ဝမ်လင်းက မျက်မှောင်ကြုတ်နေရင်း သူ့စိတ်ထဲ၌ သုန်မှုန်နေ တော့သည်။

သူက ပျံသန်းနေရင်း သူ့ခြေထောက်အောက်ကနေ လှိုင်းတွန့်များ ပေါ်လာခဲ့၏။သူ့ခန္ဓာကိုယ်တစ်ဝက်သည် လောကနှင့် တစ်သားတည်း ပေါင်းစပ်သွား၏။သို့သော် သူက လေဟာနယ် ကွေးညွတ်ခြင်း အစွမ်းကိုတော့ အသုံးမပြုပေ။သူက သည် အခြေအနေအတိုင်း ရှေ့သို့ ဆက်သွားနေသည်။

သူက သူရှိနေသည့်နေရာကို ယောင်မိသားစုထံသို့ သတင်းပို့ခံရ ပြီးနောက် သူ့ကို သတ်ရန် ထိုသူများ ရောက်ရန် အချိန်မည်မျှ ကြာမည်ကို တွက်ချက်နေမိသည်။

သိပ်မကြာခင်တွင် ဝမ်လင်းသည် ရပ်တန့်လိုက်၏။သူ့မျက်လုံး သည် တလက်လက် ဖြစ်သွားသည်။သူက သူ့ထံသို့ တန်းတန်းမတ်မတ်ဝင်ရောက်လာသည့် ဓားအလင်းတန်းခုနစ်ခု ကို တွေ့မြင်လိုက်ရသည်။

ထိုအလင်းတန်းခုနစ်ခုသည် သူ့ထံသို့ ဘက်ပေါင်းစုံကနေ ဝင်လာ သည့်ဟန်ပင်။

သူ့ကို အရပ်မျက်နှာအနှံ့ကနေ ပိတ်ဆို့ချင်ပုံရသည်။ဝမ်လင်း၏ မျက်လုံးသည် အေးစက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အခုက အမွှေးတိုင်နှစ်တိုင်စာလောက်ပဲ ကြာမြင့်သေးတယ်။ ကြည့်ရတာ ယောင်မိသားစုဝင်တွေက အလုံးစုံကြယ်အဖွဲ့ အစည်းအနှံ့ ရှိနေတဲ့ ပုံပဲ..

ဝမ်လင်း၏ ခန္ဓာကိုယ်သည် ရွှေ့လျားခြင်း မရှိပေ။သူက အားလုံးကို သိမ်းကြုံးကြည့်လိုက်၏။ သူ့မျက်လုံးက ကျဉ်းမြောင်းကာ သွားသည်။
“မဟုတ်သေးဘူး…။ဒီလူတွေက ယောင်မိသားစုက မဟုတ်ဘူး။ မဟုတ်ရင် ယောင်မိသားစုက ဘာကြောင့် ဒီလောက် လူများနေမ လဲ။ ကြည့်ရတာ ယောင်မိသားစုက သူတို့ရဲ့ မိသားစုဝင်တွေကို အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအနှံ့ စေလွှတ်ထားတဲ့ပုံပဲ။ ပြီးတာနဲ့ ဒီလူတွေက အနီးအနားမှာ ရှိတဲ့ ကျင့်ကြံခြင်းဂြိုဟ်တွေ နဲ့ ချိတ်ဆက်ထားတာ ဖြစ်ရမယ်။ဒါ့ကြောင့် သူတို့က ငါ့ကို အချိန်တိုအတွင်း ရှာနိုင်သွားတာကို...

ထိုသို့ ကောက်ချက်ချပြီးနောက် ဝမ်လင်း၏မျက်လုံးသည် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်လာတော့သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါက မသတ်ဖြတ်ရတာ တော်တော်ကြာနေ ပြီ။ ငါက လူအိုကြီးတွေကို မသတ်နိုင်ဘူး။ ဒါပေမဲ့ သူတို့ရှိက လာတဲ့ လူငယ်တွေကိုတော့ သတ်ပစ်ရမယ်...

ဝမ်လင်းသည် ကြင်နာတက်သည့် လူစားမျိုး မဟုတ်ပေ။ခုချိန် တွင် သူ့ပတ်လည်၌ ကျင့်ကြံသူ(၂၈) ယောက် ဝန်းရံထား၏။ထို သူတို့သည် သူ့အား သတ်ဖြတ်လိုသည်မှာ သိသာနေပေသည်။

ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် ဝေ့ကြည့်လိုက်ရာ သည်လူ (၂၈)ယောက်ကို ကောင်းစွာ တွေ့နေရ၏။ဘယ်ဘက်ခြမ်းရှိ ခုနစ် ယောက်သည် အားအနည်းဆုံး ဖြစ်နေကြသည်။

အလင်းတန်းခုနစ်ခုကြား၌ လေးယောက်သည် ပုံရိပ်ယောင်ယင် အဆင့်ဖြစ်ကာ ကျန်သည့်သုံးယောက်မှာ အာဏာတက်ခြင်း အထွတ်အထိပ်အဆင့်တွင် ရှိနေကြ၏။ဝမ်လင်းပတ်လည်ကနေ လှိုင်းတွန့်များ ပျံ့နှံ့သွား ရင်း သူက ဘယ်ဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်၏။

ချက်ခြင်းပင် ဝမ်လင်း၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်။သူ့ အား မပြတ်တမ်းကြည့်နေကြသော ကျင့်ကြံသူများ၏အသွင် သည် ချက်ခြင်း ပြောင်းလဲသွားကြတော့၏။တစ်ချိန်တည်း တည်းလိုလိုမှာပင် အလင်းတန်းခုနစ်ခု၏ ဘေးနား၌ လှိုင်းတွန့် တစ်ခု ဖြစ်ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာသည်။

သူ ပေါ်ထွက်လာသည်နှင့် သူက သူ့လက်ချောင်းနှစ်ခုကို ဓားတစ် လက်အသွင် ပြောင်းကာ ကြမ်းကြုတ်စွာ ခုတ်ပိုင်းချပြီး ဖြစ် နေ၏။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်သည် ရုတ်တရက် ပေါ်လာ ကာ မမြင်ရသော ဓားသွားအလား ရှေ့သို့ ထိုးထွက်သွားချေ သည်။အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် ချက်ခြင်း ငြီးငြူကာ သေဆုံးသွားရလေ၏။

သွေးများပင် ပန်းထွက်ကုန်၏။ကျန်လေးယောက်၏အသွင် သည် ကြီးစွာ ပြောင်းလဲသွားကာ သူတို့က ချက်ခြင်း ဖြန့်ကျက် လိုက်သည်။သို့သော်လည်း အထည်ဒြပ်ယန်အဆင့်တွင် ရှိနေ သော ဝမ်လင်းအဖို့ ထိုသူတို့သည် နှေးလွန်းနေလေ၏။

သူက ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူတွေထဲမှ တစ်ယောက် ထံသို့ လိုက်လံသွား၏။ထိုကျင့်ကြံသူက သက်လတ်ပိုင်းအရွယ် ရှိသည်။ဝမ်လင်းကို ရင်ဆိုင်ရချိန်၌ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ထိုအခါ သူ့ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် မြှင့်တက်လို့လာ၏။သူက မူလစွမ်းအင်မန္တာန်ကို အသုံးပြုရန် ရည်ရွယ်လိုက်ခြင်းပင်။

ဝမ်လင်းသည် နှာခေါင်းရှုံ့ကာ ရှေ့သို့ လက်ညွှန်လိုက်၏။ သက်လတ်ပိုင်းလူသည် ရုတ်တရပ် ရပ်တန့်သွားသည်။ဝမ်လင်း က ရှေ့ရောက်လာ၏။ဝမ်လင်းသည် ခြေထောက်ဖြင့် ထိုလူ၏ နှ ဖူးထက်ကို နင်းချသွားသည်။

ထိုအရာများအားလုံးသည် မြန်ဆန်စွာ ဖြစ်သွားခြင်းပင်။ဝမ် လင်းသည် လူလေးယောက်ကို သတ်ဖြတ်ပြီး ဖြစ်နေ၏။

သွေးညှီနံ့သည် သည်ဧရိယာတွင် ပြည့်လာ၏။သည် အခိုက်အတန့်၌ အခြားအုပ်စုသုံးခုသည်လည်း ဝမ်လင်းထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာကြသည်။ အော်သံ၊မာန်သွင်းသံ များသည် ကောင်းကင်ထက်၌ ပြည့်နေ၏။ထိုကျင့်ကြံသူများ အသုံးပြုလိုက်သော မန္တာန်များနှင့် အမျိုးမျိုးသော လက်နက် ရတနာများသည် ဝမ်လင်းထံသို့ တိုက်ရိုက် ရောက်ရှိလာကြ သည်။

အားအပြင်းဆုံး တိုက်ခိုက်မှုသည် လူသုံးယောက်ထံမှ ထွက် ပေါ်လာ၏။ထိုသူများသည် အဘိုးအိုများ ဖြစ်ကာ သူတို့၏ ကျင့်ကြံမှုကလည်း ဝမ်လင်းထက် အားနည်းခြင်း မရှိပေ။သူတို့ ထဲက တစ်ယောက်ဆိုလျှင် ဝမ်လင်းထက်ပင် အနည်းငယ်ပိုမြင့် ကာ အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
ဝမ်လင်းက မည်မျှသန်မာပါစေ ကျင့်ကြံသူနှစ်ဆယ်ကျော်၏ တိုက်ခိုက်မှုများသာ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပါက သူက မသေလျှင်ပင် ဒဏ်ရာပြင်းထန်စွာ ရသွားမည်သာ။ သို့သော်လည်း ဝမ်လင်း၏အကြည့်က တည်ငြိမ်လျက်ပင်။သူ့ မျက်လုံးထံမှ အေးစက်စက်အကြည့် ထွက်ပေါ်လာရင်း သူ့ ခန္ဓာကိုယ်ထံကနေလည်း သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ဆက်တိုက် ကြီးထွားလာနေသည်။

သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်း၏။သူက အရင်ထဲက ကြိုတင် မပြင်ဆင်ထားဘဲ နေနေသည် မဟုတ်ပေ။သူက သူ့ခန္ဓာကိုယ် တစ်ဝက်ကို လောကနှင့် ပေါင်းစပ်ထားကာ သည်လို အခြေအနေ၌ သူသည် လေဟာနယ်ကွေးညွတ်ခြင်းအစွမ်းကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်သည် မဟုတ်လား။

ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်း၏ ခန္ဓာကိုယ်သည် ပျောက်ကွယ် သွား၏။ တိုက်ခိုက်မှုများကလည်း ရုတ်တရက် ပစ်မှတ် ဆုံးရှုံး သွားသည်။ဝမ်လင်း၏ ခန္ဓာကိုယ်သည် အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ နောက်တွင် ပြန်ပေါ်လာလေ၏။

ဝမ်လင်းက ပေါ်လာသည်နှင့် ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓား ချက်ကို အသုံးပြုပြီး ဖြစ်သည်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ် သည် တုန်ယင်သွားကာ သူက အလျင်မှီ ပြန်မတုံ့ပြန်လိုက်နိုင် ချေ။ ထိုသူသည် အထည်ဒြပ်ယန်အဆင့်တွင် ရှိသူ ဖြစ်ရာ သူက မူလစွမ်းအင်ကို အသက်ဝင်စေရင်း ခုခံလိုက်၏။ထိုအခိုက်မှာပင် ဝမ်လင်း၏ လက်ချောင်းသည် သူ့ကျောပေါ်သို့ ဖိနှိပ်ကျလာ တော့သည်။

ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲထွက်သွားရသည်။သူ့ မူလစိတ်ဝိညာဉ်သည်လည်း စိတ်ဝိညာဉ်အလုံ၏ ဖမ်းယူခြင်းကို ခံလိုက်ရသည်။တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ နောက်တစ်ဖန် ပြန်ပျောက်ကွယ်သွား လေ၏။

ထိုအရာအားလုံးသည် မြန်ဆန်လွန်းလှသည်။ပတ်ဝန်းကျင်ရှိကျင့်ကြံသူများ တုံ့ပြန်လာသည့် အခါ၌ ဝမ်လင်းသည် ပျောက် ကွယ်နှင့်ပြီး ဖြစ်နေသည်။

ဝမ်လင်းသည် တတိယအဆင့်ကျင့်ကြံခြင်း၏ လမ်းကြောင်းကို တွေ့မြင်ခဲ့ပြီး ဖြစ်သလို လေဟာနယ်ကွေးညွတ်ခြင်းကိုလည်း ကျွမ်းကျင်နေသူပင်။သူက အခုလိုမျိုး လုံးဝ ပျောက်ကွယ်နိုင် ကာ တိုက်ပွဲကို ဆင်နွှဲနိုင်နေသည်။
ထိုအရာက ကောင်းကင်ဘုံအရှင် ချင်းရွှေ ကျင့်ကြံသူရာချီနှင့် တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သော အစွမ်းနှင့် အလားသဏ္ဌာန်တူ ပေ၏။ဝမ်လင်းသည် သူ့ထံကနေ နဂိုတည်းက သည်ပညာရပ်ကို သင်ကြားနိုင်ခဲ့ပြီးသူ မဟုတ်လား။
သည်ဆန်းကျယ်သော သတ်ဖြတ်ခြင်းနည်းလမ်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြီးစွာ တုန်လှုပ်သွား စေသည်။အထည်ဒြပ်ယန်အဆင့်တွင် ရှိနေသော အဘိုးအို၏ သွ င်ပြင်ပင် အလွန်သုန်မှုန်နေသည်။သူက ရန်သူ၏ ကျင့်ကြံမှု အဆင့်သည် သူနှင့် အတူတူသာ ဖြစ်ကြောင်း ခံစားမိပေ၏။

သို့ရာတွင် ထိုရန်သူ၏ ထူးဆန်းလှသော မန္တာန်က သူ့ကိုပင် အတော်လေး ထိတ်လန့်စေသည်။

"ဒါက တည်နေရာရွှေ့ပြောင်းခြင်း ဒါမှမဟုတ် မဟာတည်နေရာ ရွှေ့ပြောင်းခြင်း လုံးဝ မဟုတ်ဘူး... အဘိုးအို၏အသွင်သည် သုန်မှုန်နေကာ သူသည် သိုလှောင်အိတ်ထဲမှ ငွေရောင် ခေါင်းလောင်းတစ်ခုကို ထုတ်ယူလိုက်တော့၏။

သူသည် ချက်ခြင်း ထိုခေါင်းလောင်းကို လှုပ်ခါလိုက်သည်။ ခေါင်းလောင်းသံက လှိုင်းများအဖြစ် ပျံ့နှံ့သွား၏။ထိုလှိုင်း တို့သည် သည်နေရာပတ်လည်ရှိ မူလစွမ်းအင်တို့နှင့် ရောက်စွက် သွားသည်။

“နှစ်ဆယ့်နှစ်ယောက် ကျန်နေသေးတယ်..” ဝမ်လင်း၏ခန္ဓာကိုယ် က လှစ်ခနဲ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံ သူ၏ နောက်တွင် ပေါ်လာပြန်သည်။ထိုကျင့်ကြံသူ၏ မျက်လုံး သူငယ်အိမ်ပင် ကျုံ့သွားတော့၏။ဝမ်လင်းက သူ့လက်ကို ပင့် မြှောက်ကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို အသုံးပြု သည်။မည်သည့်ဓားစွမ်းအင်မှ ပေါ်ထွက်မလာပေ။သို့သော် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် နှစ်ခြမ်းကွဲထွက်သွားရ၏။

သူ့မူလစိတ်ဝိညာဉ်သည် ဝမ်လင်းအမြင်ကို ဖမ်းစားနိုင်လောက် သည့် အထိ သန်မာလှခြင်း မရှိပေ။သို့သော် သူက ၎င်းကိုလည်း စိတ်ဝိညာဉ်အလံနှင့် ဖမ်းယူသွားသည်။တစ်ချိန်တည်းမှာပင် ဝမ်

လင်းသည် ခေါင်းလောင်းတီးနေသော အဘိုးအိုကို သုန်မှုန်စွာ ကြည့်လိုက်၏။ထိုရတနာက အနည်းငယ် ထူးဆန်းနေသည်။၎င်း က ပတ်ဝန်းကျင်ရှိ မူလစွမ်းအင်ကိုပါ နှောက်ယှက်နိုင်စွမ်း ရှိနေသည်။၎င်းက ဝမ်လင်းအပေါ် များစွာ သက်ရောက်နိုင်ခြင်း မ ရှိသော်လည်း ဆက်ကာ ဆက်ကာ ဖြစ်နေပါက သူ့အရှိန်ကို နှေး သွားစေနိုင်၏။
အေးစက်စက်နှာခေါင်းရှုံ့လိုက်ခြင်းနှင့်အတူ ထာရှန်က ဝမ်လင်း နောက်မှ လှစ်ခနဲ ထွက်ပေါ်လာချေ၏။ထာရှန်သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို လစ်လျူရှုကာ အဘိုးအို ထံသို့သာ တန်းမတ်စွာ ဦးတည်သွားလေသည်။

ထာရှန်က ပျံသန်းလာရင်း သူ့ညာလက်ဖြင့် လက်သီးဆုပ်ကာ လက်သီးတစ်ချက် ပစ်သွင်းလာ၏။သူ့လက်သီးချက်သည် လေထုကို ဖြတ်၍ အဘိုးအိုထံသို့ တရကြမ်း ဝင်ရောက်သွားလေ သည်။

ထိုနှစ်ယောက်၏ တိုက်ပွဲသည် အလွန်ကြမ်းတမ်းလှကာ ပေါက်ကွဲသံများ နေရာအနှံ့ ဖြစ်ပေါ်ကုန်၏။အဘိုးအိုသည် မန္တာန်မျိုးစုံကို အသုံးပြုရင်း နောက်သို့ ဆက်ဆုတ်နေ၏။သူ့ အသွင်ဟန်ပန်က အလွန်အမင်း သုန်မှုန်နေသည်။

ထာရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သော မည်သည့်မန္တာန်၊ ရတနာကမျှ သူ့အပေါ်တွင် သက်ရောက်ခြင်း မရှိဘဲ ဖြစ် နေသည်။သူက တရစပ်သာ ဆက်၍ တိုက်ခိုက်နေလေ၏။

ထာရှန် ထွက်ပေါ်လာသည်နှင့် ဝမ်လင်းက ခြေလှမ်းထွက်၏။ သည်တစ်ကြိမ်၌ သူက လောကနှင့် တစ်သားတည်း မပေါင်းစပ် တော့ဘဲ သူ့ပါးစပ်ကို ဟကာ ကောင်းကင်ချိပ်ပိတ်ခြင်း တံဆိပ်တုံးကို ပျံသန်းထွက်လာစေသည်။၎င်းက ပေတစ်ရာအထိကျယ်ပြန့်လာပြီးနောက် ကြမ်းတမ်းစွာ ထိုးစိုက်ချလာသည်။

၎င်းတံဆိပ်တုံးအောက်ရှိ ကျင့်ကြံသူနှစ်ယောက်၏ အမူအရာ သည် ပြောင်းလဲသွားကာ သူတို့က ထွက်ပြေးရန် ပြင်၏။ သို့ရာတွင် ဝမ်လင်းက ချက်ခြင်း အော်ပြောလိုက်၏။ "ချိပ်ပိတ် ခြင်း.. ထိုအခါ ထိုကျင့်ကြံသူနှစ်ယောက်၏ လွတ်မြောက်နိုင် မည့် နည်းလမ်းမှန်သမျှသည် ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် တံဆိပ်တုံး သက်ဆင်းလာသည့်အခါ သူ တို့၏ခန္ဓာကိုယ်များသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း ခံ လိုက်ရ၏။သူတို့၏ မူလစိတ်ဝိညာဉ်ပင် ပျက်စီးသွားရသည်။ သို့သော် ပျောက်ကွယ်သွားခြင်းတော့ မရှိပေ။ထို့နောက် ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးက ထိုသူတို့၏ မူလစိတ် ဝိညာဉ်ကို သိမ်းဆည်း ယူဆောင်သွားတော့သည်။

ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ပေါ်ရှိ ထောင်သောင်းချီ သော ရွှေရောင်စာလုံးများကြားတွင် နှစ်ခုသည် ပို၍ တောက်ပ လာခဲ့တော့သည်။
ဝမ်လင်းက အနည်းငယ် အံ့အားသင့်သွား၏။သူက တံဆိပ်တုံး သည် ထိုသို့သော ထူးဆန်းသည့် လုပ်ဆောင်မှု ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။သို့သော် အခုက သည်အရာကို တွေးနေရမည့် အချိန်မဟုတ်ပေ။ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွား ပြန်၏။ထိုအခါ သူ့အပေါ်တိုက်ခိုက်မှုအားလုံးသည် လွဲချော သွားရ ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် စိတ်နှလုံးထဲကနေ အေးစက်စက် ခံစားနေရာ၏။

ထာရှန်နှင့် တိုက်ပွဲဝင်နေသော အဘိုးအိုအပြင် အာဏာတက် ခြင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှိနေ သေး၏။သည်အခိုက်အတန့်၌ သူတို့သည် အမှန်တကယ် ထိတ်လန့်နေပြီ ဖြစ်သည်။ရှုမူ၏ဂုဏ်သတင်းသည် သူတို့၏ စိတ်ထဲ၌ ပြည့်နှက်လာကြသည်။

ရှုမူနှင့်ပတ်သတ်သည့် သတင်းစကားများသည်လည်း သူတို့ စိတ်ထဲ၌ ပဲ့တင်ထပ်လာသည်။ သူတို့က နောက်ဆုတ်ကာ တည်နေရာရွှေ့ပြောင်းကြ၏။သူတို့က အတော်လေး နောင်တ ရ နေမိသည်။သူတို့သည် ရှုမူကို သတ်ရမည်ဟူသော ယောင် မိသားစု၏ အမိန့်ကို နားမထောင်ခဲ့သင့်ပေ။

"မင်းတို့ မလွတ်နိုင်ပါဘူး.. ဝမ်လင်း၏ နတ်ဘုရားအာရုံသည် လေဟာနယ်အနှံ့ ပျံ့နှံ့သွား၏။တစ်ချိန်တည်းမှာပင် သည်ဧရိယာ အတွင်းရှိ မူလစွမ်းအင်သည် စတင်၍ တွန့်လွန်သွားသည်။

ထိုခုနစ်ယောက်သည် တည်နေရာရွှေ့ပြောင်းရာကနေ အတင်းအ ကန် ပြန်လွင့်စင်လာရ၏။ဝမ်လင်း၏ပုံရိပ်သည် အလင်းတန်း အလား ထိုခုနစ်ယောက်ထံသို့ ဖျပ်ခနဲ ရောက်ရှိလာတော့၏။

ဝမ်လင်း လှုပ်ရှားလိုက်တိုင်း သွေးများ ပန်းထွက်ကုန်ကြသည်။ ထိုခုနစ်ယောက်သည် ဝမ်လင်းလက်ချက်ဖြင့် သေဆုံးသွားကြရ ချေပြီ။

ဝမ်လင်းသည် သတ်ဖြတ်ချင်စိတ်နှင့် ပြည့်နေကာ သွေးဆာသော နတ်ဆိုးတစ်ပါးအလား ဖြစ်နေ၏။သူက သိပ်မဝေးသောနေရာရှိကျင့်ကြံသူများကို စူးစိုက်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက် သည်။ "ဆယ့်သုံးယောက် ကျန်သေးတယ်..”
ထိုကျင့်ကြံသူဆယ့်သုံးယောက်၏အသွင်သည် ဖြူရောကာ သုန်မှုန်ကုန်၏။သူတို့အားလုံးသည် ဝမ်လင်းကို ကြည့်နေ၏။သူ တို့အမြင်၌ ဝမ်လင်းသည် ဝံပုလွေတစ်ကောင်အလား။

ရှုမူ၏ ကျော်ကြားမှုသည် သူတို့၏ စိတ်ထဲတွင် ပြန်ပေါ်လာခဲ့ သည်။ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက် သည် အံတင်းတင်းကြိတ်ကာ ချိပ်တံဆိပ်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်သည် လှည့်ပတ် လာရင်း အဖြူရောင်အလင်းတစ်ခုသည် သူ့ရှေ့၌ ပေါ်လာ၏။ထို အဖြူရောင်အလင်းသည် ဓားကြီးတစ်လက်အသွင်သို့ ပြောင်း သွားပြီးနောက် သူက သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ် လိုက်ပြန်သည်။ထိုဓားက လေဟာနယ်ကိုပါ ခွင်းမည့်အလား ကြမ်းတမ်းလာချေသည်။

သူ့ပတ်လည်ရှိ ကျင့်ကြံသူအများကလည်း မာန်သွင်းအော်ဟစ် လိုက်ကြ၏။အထူးသဖြင့် အထည်ဒြပ်ယန်အဆင့်ရှိ ကျင့်ကြံသူ သည် သူ့သိုလှောင်အိတ်ထဲကို ထိလိုက်ရာ မရေမတွက်နိုင်သော အနက်ရောင်အပ်များ ပေါ်ထွက်လာတော့သည်။သူက ဝမ်လင်း ထံသို့ လက်ညွှန်လိုက်ရာ အပ်အားလုံးသည် ဝမ်လင်းရှိရာသို့ တိုးဝင်လာကြတော့၏။

ကျန်ကျင့်ကြံသူများကလည်း သူတို့၏မန္တာန်များကို ချက်ခြင်း အသုံးပြုကာ တဟုန်ထိုး တိုးထွက်လာ၏။

သူတို့က အလွန်မြန်လှရာ ချက်ခြင်းလိုလိုပင် နီးကပ်လာခဲ့သည်။ ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ သဲလွန်စမရှိပျောက်ကွယ်သွားပြန်၏။

သူ ပျောက်ကွယ်သွားသည်နှင့် အထည်ဒြပ်ယန်ကျင့်ကြံသူက ချက်ခြင်း လက်ဖြန့်ကားကာ အော်လိုက်သည်။ “တည်နေရာ ရွှေ့ပြောင်း ဒီဧရိယာရဲ့သဘာဝအားကို စွက်ဖက်လော..

သူက ထိုသို့ အော်ဟစ်လိုက်သည်နှင့် ကျင့်ကြံသူအားလုံးသည် တည်နေရာရွှေ့ပြောင်းသွားကြသည်။တစ်ချိန်တည်းမှာပင် ပြင်းထန်သောလှိုင်းတွန့်တစ်ခုသည် ပေတစ်ရာကျော်အထိ ပျံ့နှံ့ ရင်း သည်ဧရိယာပတ်လည်ရှိ လေဟာနယ်သည် စတင်၍ တွန့်လိန်လာသည်။
“တော်ပေတယ်…ဒါပေမဲ့ မလုံလောက်သေးဘူး.. ဝမ်လင်းက ခြေ တစ်လှမ်း လှမ်းလိုက်သည်။လှိုင်းတွန့်က သူ့အပေါ်တွင် သက်ရောက်ခြင်း မရှိသည့်အလားပင်။သူက ပြန်ပေါ်လာ သည်နှင့် သူ့လက်ချောင်းသည် သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်သည့် ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ပေါ် သို့ ကျရောက်သွားလေသည်။

ထိုကျင့်ကြံသူ၏ခန္ဓာကိုယ်သည် ချက်ခြင်း သွေးများစွာ ပန်း ထွက်ကုန်သည်။သူ့မူလစိတ်ဝိညာဉ်ကမူ ပေတစ်ထောင်အကွာသို့ ရောက်နှင့်သွားခဲ့ပြီး ဖြစ်၏။

မူလစိတ်ဝိညာဉ်က ထွက်ပြေးရင်း လှမ်းအော်၏။ ရောင်းရင်း ကျင့်ကြံသူ “ရှုမူ ခုချိန်ကစပြီး လင်းမင်ဂြိုဟ်ပေါ်က ဘယ် ကျင့်ကြံသူကမှ သင်နဲ့ ယောင်မိသားစုကြား ပြဿနာမှာ မပါဝင် တော့ဘူး။ ကျေးဇူးပြုပြီး ငါ့ကို သွားခွင့်ပြုပါ..

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။သူက နောက်သို့ လိုက်ပါခြင်း မရှိပေ။သည်အခိုက်အတန့်မှာပင် အထည်ဒြပ်ယန်ကျင့်ကြံသူက မာန်သွင်းလိုက်ရာ အနက်ရောင် အပ်များသည် တောက်ပလာ၏။၎င်းတို့သည် ဝမ်လင်းထံသို့ မိုးသီးမိုးပေါက်များကဲ့သို့ ထိုးစိုက်လာကြသည်။

ဝမ်လင်းက နှာခေါင်းရှုံ့ကာ သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ခြောက်သွေ့တာအိုတစ်စုံ သည် ပေါ်ထွက်လာတော့၏။ မကောင်းဆိုးဝါးအော်ရာသည် လေထုထဲ၌ ပြည့်လာကာ မီးခိုးရောင်အလင်းက အနက်ရောင်အပ်များအပေါ်တွင် ပေါ်လာ လေ၏။ချက်ခြင်းပင် ထိုအပ်များသည် ကျောက်အဖြစ်သို့ ပြောင်းလဲသွားရသည်။

တစ်ချိန်တည်းမှာပင် မီးခိုးရောင်အလင်းသည် အထည်ဒြပ်ယန် ကျင့်ကြံသူအပါအဝင် လူသုံးယောက်၏ ခြေထောက်အောက်၌ ပေါ်လာပြန်၏။ဝမ်လင်းသည် ရှေ့သို့ တိုးကာ ထိုသူတို့၏ နှဖူးကို လက်ညွှန်သည်။သူတို့၏ ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက် ကာ သေဆုံးသွားရတော့၏။

“ကိုးယောက် ကျန်သေးတယ်. ဝမ်လင်း၏အသံက အေးစက်မှု နှင့် ပြည့်နေ၏။ကျင့်ကြံသူများက ထိတ်လန့်နေစဉ်မှာပင် ဝမ် လင်းသည် နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
သည်အခိုက်အတန့်၌ ထာရှန်နှင့်တိုက်ခိုက်နေသော အဘိုးအိုက လွဲ၍ ကျန်သည့်ရှစ်ယောက်သည် ချက်ခြင်း လက်လျှော့ဟန် ပြင်၏။ယောင်မိသားစု ကတိပေးထားသော အကျိုးရလဒ်နှင့် ယှဉ်ပါက သူတို့၏အသက်သည် ပို၍ အရေးကြီးသည် မဟုတ် လား။ရှုမူသည် သူတို့ ရင်ဆိုင်နိုင်သည့် လူတစ်ယောက် ဟုတ်မ နေပေ။

သည်ဆန်းကြယ်သောမန္တာန်နှင့်ဆိုပါက သူတို့ဘက်တွင် လူမည် မျှ ရှိပါစေ ရှုမူကို မြင်နိုင်ရလိမ့်မည် မဟုတ်ပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်က အလွန်အကျူး မြင့်မားခြင်း မရှိပါ က ရှုမူကို သတ်နိုင်ရန် အတော်လေး ခက်ခဲပေလိမ့်မည်။

ထိုရှစ်ယောက်သည် တုံ့ဆိုင်းမနေတော့ပေ။သူတို့က နောက်သို့ အမြန်ဆုတ်ကာ မတူညီသော အရပ်ရှစ်မျက်နှာသို့ ထွက်သွားကြ တော့၏။

ဝမ်လင်း၏ သတ်ဖြတ်ချင်စိတ်က လျော့ကျသွားခြင်း မရှိသည့် အပြင် ပို၍ အားကောင်းလာ၏။သူက ရှေ့သို့ ခြေတစ်လှမ်းတိုး ကာ မူလစွမ်းအင်လှိုင်းများကို စွက်ဖက်လိုက်၏။ ထိုအခါ ထိုရှစ် ယောက်သည် မြန်ဆန်စွာ ထွက်ပြေးနိုင်ရန် တည်နေရာ ရွှေ့ပြောင်းခြင်း အသုံးမပြုနိုင်ကြတော့ချေ။အတွေးတစ်ချက် ဖြင့်ပင် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် လူတစ် ယောက်နောက်သို့ လိုက်ပါသွား၏။

ခြောက်သွေ့တာအိုတစ်စုံသည်လည်း နောက်ထပ်တစ်ယောက် ထံသို့ လိုက်ပါသွားသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူ၏။ရှုလီကောသည် ထွက်ပေါ်လာ ခဲ့ကာ ဝမ်လင်းအမိန့်မပေးခင်မှာပင် သူက ထူးဆန်းစွာ မြည်ကြွေး၍ ထွက်ပြေးနေသော ကျင့်ကြံသူများထဲမှ တစ် ယောက်နောက်သို့ လိုက်ပါသွား၏။

ရှုလီကောသည် စိတ်ထဲ၌ ကြောက်ရွှံ့မှုအချို့ ရှိနေသည်သာ။ သူက ရှေးဟောင်းဓားစိတ်ဆန္ဒ၏ အမွေကို ဆက်ခံထားရ သော်လည်း ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တစ်ခါမျှ တိုက်ခိုက်ဖူးခဲ့ခြင်း မရှိသေးပေ။

သည်လက်နက်ရတနာသုံးခုက မတူညီသောလူသုံးယောက် နောက်သို့ လိုက်ပါသွား၏။ဝမ်လင်းသည်လည်း ရှေ့သို့ ခြေတစ် လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။
ချက်ခြင်းလိုလိုပင် ဝမ်လင်းသည် ထွက်ပြေးနေသော ကျင့်ကြံသူ တစ်ယောက်ဘေးတွင် ပေါ်လာ၏။ထိုကျင့်ကြံသူ၏အသွင်သည် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်သွားသည်။သူက စကားဆိုဟန် ပြင် လိုက်စဉ်မှာပင် ဝမ်လင်းသည် သူ့မျက်ခုံးနှစ်ခုကြားသို့ ဖိနှိပ်ပြီး ဖြစ်နေတော့၏။

သူက သူ့လက်ချောင်းကို ပြန်သိမ်းဆည်းရင်း နောက်တစ်ဖန် ပျောက်သွားပြန်၏။ခဏအကြာတွင် ကောင်းကင်ချိပ်ပိတ်ခြင်း တံဆိပ်တုံးနှင့်ခြောက်သွေ့တာအိုတစ်စုံသည် ပြန်ရောက်လာ ကြ၏။ရှုလီကောတစ်ကောင်သာ ပြန်မလာသေးပေ။ရှုလီကော က ကောင်းကင်ဘုံဓားကို ထိန်းချုပ် တိုက်ခိုက်ရင်း ဆဲဆိုနေ၏။

ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူသည် အလွန်သုန်မှုန်နေ၏။ သူက သည်ဓားစိတ်ဝိညာဉ်နှင့် မရင်ဆိုင်လိုပေ။ထွက်ပြေးနေ သည့် သူ့အပေါင်းအပါများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရသည်ကို တွေ့နေရသည့်အခါ သူ့စိတ်ထဲရှိ ကြောက်ရွှံ့ မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့တော့သည်။

ဓားစိတ်ဝိညာဉ်၏ ကျိန်ဆဲနေမှုက သူ့ကို ပို၍ စိတ်ရှုပ်စေသည်။ သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို အသက်သွင်းကာ ရှုလီ ကောကို အဝေးသို့ ကန်ထုတ်ပစ်၏။သူက မတိုက်ခိုက်လိုတော့ ပေ။သူက ပေတစ်ထောင်အကွာသို့ ပျံသန်းသွားရင်း တည်နေရာ ရွှေ့ပြောင်းရန် ပြင်၏။

သို့ရာတွင် ထိုအခိုက်မှာပင် သူ့မျက်လုံးသူငယ်အိမ်က ကျုံ့သွား ကာ ဝမ်လင်း၏ လက်ချောင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ကျ ရောက်ပြီး ဖြစ်နေ၏။ထိုလူ၏ ခန္ဓာကိုယ်သည် ပျက်စီးသွားရင်း သူ့မူလစိတ်ဝိညာဉ်သည်လည်း အဖမ်းခံလိုက်ရသည်။

ဝမ်လင်းက ရှုလီကောကို အေးစက်စွာ ပြောလိုက်၏။ "ငါ အားနည်းတာ မလိုချင်ဘူး...”

ရှုလီကော၏ နှလုံးသားသည် အေးစက်သွားကာ သူက သူ့ရင် ဘက်ကို ခပ်သွက်သွက် ပုတ်ကာ ဆင်ခြင်ပေးလာ၏။ “သခင်… စိတ်အေးအေးနေပါ..ငါ.
ရှုလီကော၏ စကားဆုံးအောင် စောင့်မနေဘဲ ဝမ်လင်းသည် ထာ ရှန်နှင့် တိုက်ခိုက်နေသည့် နေရာသို့ တဟုန်ထိုး သွားရောက် လေ၏။

“မင်းက နောက်ဆုံးတစ်ယောက်ပဲ..” သူ့အသံထဲ၌ သတ်ဖြတ်ချင် စိတ်အပြည့်ပါနေသည်။ထာရှန်နှင့် တိုက်ခိုက်နေသောအဘိုး အို၏အသွင်သည် သုန်မှုန်သွားသည်။

သည်အခိုက်အတန့်မှာပင် ဓားအလင်းတန်းတစ်ခုသည် လေဟာနယ်ကို ဆုတ်ဖြဲကာ တဟုန်ထိုး ဝင်ရောက်လာ၏။

ထာရှန်နှင့် တိုက်ခိုက်နေသော အဘိုးအိုသည် အနည်းငယ် စိတ်သက်သာရာရသွားကာ သူက တွေးလိုက်၏။ “ယောင် မိသားစုက နောက်ဆုံးတော့ ဒီကို ရောက်လာပြီပေါ့...

ထိုဓားအလင်းတန်းထဲကနေ လူတစ်ယောက် ထွက်ပေါ်လာ၏။ သူက မြေနက်ဂြိုဟ်မှ သက်လတ်ပိုင်းလူ ကျောက်စိမ်းပြားကို ခွဲ ချေခဲ့စဉ်က ပေါ်ထွက်လာသည်နှင့် လူငယ်နှင့် အတူတူပင်။သူ့ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်ပြည့်နေသလို စိတ်လှုပ်ရှားမှုကို လည်း ဖုံးကွယ်ထားသေး၏။

“ရှုမူ…ငါ ယောင်ချန်တန် မင်းနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားမိဘူး။ ငါက ဒီအတွက် အကျိုးကျေးဇူး အများကြီး ရနိုင်တော့မယ်..

သွေးနက်ဘုရား၏အတွေး(၁)
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက သည် လူများကို သတ်ဖြတ်နေသည့်အခါ၌ သူတို့ကြားတွင် ယောင် မိသားစုဝင် တစ်ယောက်မျှ မပါသည်ကို သတိပြုမိခဲ့သည်။

သည်လိုမျိုး လူများကို မည်မျှသပ်သပ် ယောင်မိသားစုသည် နာကျင်ရလိမ့်မည် မဟုတ်ပေ။

သူက ယောင်မိသားစုကို အမှန်တကယ် နာကျင် ထိခိုက်စေလိုပါ က ယောင်မိသားစုဝင်များကို သတ်ကိုသတ်ရပေမည်။

"ယောင်မိသားစုက ငါ့ကို သတ်ချင်မှတော့ ငါလည်း သူတို့ မိသားစုဝင်တွေကို အရင်ဆုံး မျိုးတုန်းပေးရတာပေါ့.

သူ့ထံသို့ တိုးဝင်လာနေသည့် ယောင်မိသားစုဝင်သည် ယင်ယန် အဆင့်ကို ချိုးဖျက်ပြီး နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တွင် ရှိနေသူ ပင်။

နိဗ္ဗာနကြိုမြင်ခြင်း အစောပိုင်းအဆင့်။ ဝမ်လင်းမျက်လုံးထဲ၌ တိုက်ပွဲဆာလောင်စိတ် ဖြစ်ပေါ်လာ၏။သူက အထည်ဒြပ်ယန် အဆင့်သို့ ရောက်ရှိခဲ့ကတည်းက အစစ်အမှန်နိဗ္ဗာနကြိုမြင်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မတိုက်ခိုက်ရသေးပေ။သူ့ စိတ်ထဲ၌ တိုက်ခိုက်လိုက်သည့် စိတ်ဆန္ဒတို့ ပြည့်လာခဲ့သည်။

ဓားစွမ်းအင် နီးကပ်လာသည်နှင့် ဝမ်လင်းသည် ရှေ့သို့ တဟုန် ထိုး မြန်ဆန်စွာ တိုးလာသည်။သူက အခြားတစ်ယောက် မ ရောက်ခင် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူကို အရင်ဖြေရှင်းရ ပေမည်။သူတို့နှစ်ယောက်သာ ပေါင်းစည်းသွားပါက သူ့အတွက် အကျိုးမရှိ ဖြစ်သွားနိုင်သည် မဟုတ်လော။

အထည်ဒြပ်ယန်အဆင့်အဘိုးအိုသည် နောက်သို့ ချက်ခြင်း ဆုတ်၏။သူက ထာရှန်နှင့်ဆက်၍ မတိုက်ခိုက်လိုတော့ပေ။သူက သူ့တာဝန်ကို လုပ်ဆောင်ပြီး ဖြစ်သည်။သူက ရှုမူကို တက်နိုင် သလောက် အချိန်ဆွဲထားခဲ့ပြီး မဟုတ်လား။ထိုအတွက် သူက ယောင်မိသားစုထံမှ ဆုလဒ်ကို ရနိုင်ပေမည်။

သူက နောက်ဆုတ်သည်နှင့် ထာရှန်သည် အဘိုးအိုနောက်သို့ လိုက်ပါသွား၏။သူ့လက်သီးက အလွန်တောက်ပလာရင်း အဘိုး အိုထံသို့ ဆက်တိုက် တဘုန်းဘုန်း ထိုးနှက်တော့သည်။

အဘိုးအိုက နောက်သို့ ဆုတ်နေရင်း ထိုလက်သီးချက်များကို မန္တာန်များအသုံးပြု၍ ပိတ်ဆို့သည်။
ဝမ်လင်းမျက်လုံးက နီရဲလာကာ သူက ယောင်မိသားစုဝင်၏ ဓား စွမ်းအင်တန်း ရှိရာသို့ တဟုန်ထိုး တိုးဝင်သွားသည်။

ယောင်ချန်တန်က ညစ်ကျယ်ကျယ် ပြုံးလိုက်၏။သူ့မျက်နှာ ပေါ်၌ အထင်သေးသည့် အရိပ်အယောင် ရှိနေသည်။

အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူက ထိုမြင်ကွင်းကို တွေ့မြင် လိုက်သည့်အခါ စိတ်အေးချမ်းသွားရ၏။သို့သော်လည်း သူက ဝမ်လင်း၏ ဆန်းကြယ်သော ရွှေ့လျားမှုနှင့် ပတ်သတ်၍ သတိထားနေဆဲသာ။

“ယောင်မိသားစုဝင် ရောက်လာပြီ ဆိုတော့ ရှုမူမှာ ငါ့ကို တိုက်ခိုက်ဖို့ အချိန်မရှိလောက်တော့ဘူး.. အဘိုးအိုသည် ထာရှ န်၏ တိုက်ခိုက်မှုများကနေ နောက်သို့သာ ဆက်၍ ဆုတ် နေသည်။

သူက ဝမ်လင်းနှင့် ပို၍ ဝေးလေလေ ပို၍ စိတ်သက်သာရာ ရလေ ပင်။သို့သော်လည်း ထိုအခိုက်အတန့်၌ ထာရှန်၏ခန္ဓာကိုယ်သည် အရင်ထက်အဆများစွာ တောက်ပလာ၏။ထိုရွှေရောင် တောက်ပမှုသည် အလွန်အားကောင်းလှသည်။

အဘိုးအိုသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ ဖြစ် သော်လည်း သူက ထာရှန်နှင့် အလွန်နီးကပ်စွာ ရှိနေသည် မဟုတ်လား။သည်အခိုက်အတန့်၌ အဘိုးအို၏မျက်လုံး သူငယ်အိမ်ပင် ကျုံ့သွားကာ သူက ရှင်းရှင်းလင်းလင်း မြင်နိုင် စွမ်း မရှိ ဖြစ်သွားရ၏။

သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ရန် ပြင်လိုက်စဉ် ထာရှ န်၏ကြမ်းတမ်းသော တိုက်ခိုက်မှုက ကျရောက်လာရာ သူက ထာရှန်ကို ရင်ဆိုင်ရန် အာရုံစိုက်လိုက်ရ၏။

ထိုအခိုက်အတန့်မှာပင် ယောင်ချန်တန်ထံသို့ သွားနေသော ဝမ် လင်းသည် ခြေတစ်လှမ်း ရှေ့သို့ လှမ်းလိုက်၏။သူ့ခြေထောက် အောက်၌ လှိုင်းတွန့်များ ပေါ်လာရင်း သူက ပျောက်ကွယ်သွား လေသည်။

သူ ပျောက်ကွယ်သွားသည်ကို အထည်ဒြပ်ယန်ကျင့်ကြံသူအဘိုး အိုက တွေ့မြင်နိုင်ခြင်း မရှိပေ။သူ့စိတ်ကတော့ တုန်လှုပ်သွား၏။

သူက ချက်ခြင်းပင် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို အသက် သွင်းလိုက်ပြီး မူလစွမ်းအင်ဝဲကတော့တစ်ခုကို ဖြစ်စေသည်။
သို့သော်လည်း သူက ခြေတစ်လှမ်နောက်ကျသွားခဲ့သည်သာ။ ဝမ်လင်း၏ပုံရိပ်က သူ့နောက်တွင် ပေါ်လာခဲ့ပြီး ကြမ်းတမ်းစွာ တိုက်ခိုက်လာခဲ့ပြီး ဖြစ်သည်။

ဝမ်လင်း၏ လက်ချောင်း အဘိုးအို ကျောပေါ်သို့ ကျရောက် ချိန်၌ သူ့မူလစွမ်းအင်ဝဲကတော့သည် အပြည့်အဝ မဖြစ်ပေါ် သေးပေ။အဘိုးအို၏မျက်နှာက ဖြူရောသွားကာ သူက သွေး များစွာ အန်ထုတ်လိုက်ရ၏။

သည်အခိုက်အတန့်၌ ထာရှန်၏ခန္ဓာကိုယ်သည် အလွန်တောက်ပ လာရင်း သူ့နှဖူးထက်ရှိ တက်တူးသည် သူ့ညာလက်သီးထဲသို့ ပျော်ဝင်သွားသည်။အဘိုးအိုသည် ထွက်ပြေးဟန် ပြင်နေရင်းပင် ထာရှန်၏လက်သီးသည် သူ့အပေါ်သို့ ကျရောက်လာတော့၏။ လေထုပေါက်ကွဲသံများပင် ထိုလက်သီးချက်ကြောင့် ဖြစ်ပေါ် ကုန်သည်။

အဘိုးအိုသည် အထည်ဒြပ်ယန်အဆင့်အထွတ်အထိပ် ဖြစ်၏။ သူက အခုလို သေရင်းရှင်ရေး အခိုက်မှာပင် မူလစွမ်းအင်ကို ထွေးထုတ်ကာ ဒိုင်းတစ်ခု ဖန်တီးသွားသည်။ထာရှန်၏ လက်သီး ချက်က ဒိုင်းပေါ်သို့ ကျလာသည့်အခါ ၎င်းသည် ကွဲကြေပျက်စီး သွားသည်။အဘိုးအိုသည်လည်း နောက်သို့ လွင့်စင်သွားရ၏။အ ဘိုးအိုသည် သွေးအန်ထုတ်လိုက်ရသည်။

သို့ရာတွင် သူ့ခန္ဓာကိုယ်သည် သွေးအရိပ်အဖြစ်သို့ ပြောင်းလဲ ရင်း သူ့ရှေ့ရှိ သွေးများနှင့် ပေါင်းစည်းသွားသည်။သူ့ပုံရိပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်သွားကာ သူသည် ဝမ်လင်းနှင့်ထာရှ န်တို့၏ တိုက်ခိုက်မှုကနေ လွတ်မြောက်အောင် လုပ်သွား နိုင်သည်။

ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။အဘိုးအိုသည် သွေး လွတ်မြောက်ခြင်းကို အသုံးပြုလိုက်သည့်အခါ သူက သူ့ညာ လက်ကို ပင့်မြှောက်ကာ ဓားအသွင် ခုတ်ပိုင်းချ၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ထိုးထွက်လာရင်း ထို သွေးအရိပ်ကို နှစ်ခြမ်းခွဲပစ်သည်။

အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့် အဘိုးအိုသည် ကြောက်လန့်တကြား အော်ဟစ်လိုက်ရ၏။သူ့မူလစိတ်ဝိညာဉ် သည် သွေးအလင်းကို လွှမ်းခြုံရင်း ခန္ဓာကိုယ်ကို စွန့်ကာ ထွက်ပြေးပြန်သည်။
ထိုအရာများအားလုံးသည် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွား ခြင်းပင်။ ဝမ်လင်းသည် သူ့နောက်သို့ လိုက်လံရန် အချိန်မရှိပေ။ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ချက်ခြင်း သူ့ရှေ့တွင် ပေါ်လာရင်း ဒိုင်းတစ်ခုအသွင် ဖြစ်စေသည်။

ယောင်ချန်တန်၏ ဓားစွမ်းအင်သည် ရုတ်တရက် ဦးတည်ရာ ပြောင်းသွားကာ တံဆိပ်တုံးပေါ်သို့သာ ကျရောက်သွား၏။

တံဆိပ်တုံးက ဓားစွမ်းအင်ကို ပိတ်ဆို့လိုက်ချိန်၌ ကမ္ဘာမြေပင် ကွဲအက်စေနိုင်သည့်အသံသည် သည်ဧရိယာတွင် ပဲ့တင်ထပ် သွားတော့သည်။

ဝမ်လင်း၏အသွင်က ပုံမှန်အတိုင်းပင်။သို့သော် သူ့ခန္ဓာကိုယ်ထဲ ရှိ စွမ်းအင်က ဗြောင်းဆန်သွား၏။ထိုဓားစွမ်းအင်၏ ဖိသိပ်မှု အောက်၌ တံဆိပ်တုံးသည် နောက်ပြန်လွင့်လာကာ ဝမ်လင်း ထံသို့ လာစောင့်၏။သူက ခြေလှမ်းတစ်ရာလောက် နောက်ဆုတ် ပြီးမှသာ အရှိန်သပ်လိုက်နိုင်သည်။

“ယောင်မိသားစုရဲ့ တတိယမျိုးဆက် ယောင်ချန်တန်... အလင်းတန်းပျောက်ကွယ်သွားပြီးနောက် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ဝမ်လင်းကို မောကြွားစွာ ကြည့်နေဟန် ထွက်ပေါ်လာသည်။သူ့ခြေထောက်အောက်၌လည်း ပေသုံးဆယ် ခန့် ရှိသည့် ဓားရှည်တစ်လက် ရှိနေသည်။

ဝမ်လင်းက သည်ဓားမျိုးကို တစ်ကြိမ်မှ မမြင်ခဲ့ဖူးပေ။၎င်းက သိပ်သည်းသော ဓားစွမ်းအင်ကို ထုတ်လွှတ်ကာ လေဟာနယ်ကို ပင် ဆုတ်ဖြဲစေမလားပင်။

"ရှုမူမင်း ငါနဲ့တွေ့တာ ကံဆိုးတာပဲ။မင်းသာ ငါ့ယောင်မိသားစု ရဲ့ အခြားတစ်ယောက်ယောက်နဲ့ တွေ့ရင်တောင် မင်းက ခွင့်လွှတ် ဖို့အတွက် တောင်းပန်တွန်းထိုး နိုင်ဦးမယ်..။ဒါပေမဲ့လည်း ငါ ယောင်ချန်တန်အတွက်တော့ မင်းရဲ့ တောင်းပန်မှုက အသုံးမဝင် ဘူး..” ယောင်ချန်တန်က အလွန်အမင်း မောက်မာကာ သူက စိတ် ထဲကနေ တွေးလိုက်၏။ “ငါက ဒါကို ယောင်ပင်ယွမ် ဒီနေရာကို ရောက်မလာခင် အဆုံးသပ်မှ ရမယ်။ မဟုတ်ရင် ဒီအေးစက်စက် မိန်းမက ငါ့ အကျိုးရလဒ်ကို လုယူသွားလိမ့်မယ်..

ဝမ်လင်း၏အသွင်က တည်ငြိမ်နေသည်။သူ့မျက်လုံးက အေး စက်နေ၏။သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ မာနကြီးသော ကျင့်ကြံသူများကို တွေ့မြင်ခဲ့ဖူးပြီး ဖြစ်သည်။
ဝမ်လင်းက ခေါင်းဆတ်ကာ သူ့လက်နှစ်ဖက်ကို ယှက်၍ စကားပြောဟန် ပြင်သည်။သို့ရာတွင် သူ့ပါးစပ်ကနေ မူလ စွမ်းအင်အဆီအနှစ် ထွက်ပေါ်လာပြီး ပုံရိပ်ယောင်ဓားတစ်လက် အဖြစ်သို့ ပြောင်း၍ ယောင်ချန်တန်ထံသို့ အလွန်မြန်စွာ တိုးဝင် သွားလေသည်။

တစ်ချိန်တည်းမှာပင် ဝမ်လင်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လေဟာနယ်ထဲ၌ ပျောက်ကွယ်သွားသည်။

မူလစွမ်းအင်အဆီအနှစ်မှ ဖြစ်ပေါ်သည် ဓား အလွန်မြန်လှရာ ယောင်ချန်တန်ထံသို့ ချက်ခြင်းလိုလို နီးကပ်လာ၏။ယောင်ချန် တန်၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက အေးစက်စက် နှာခေါင်းရှုံ့သည်။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ ရင်း ရှေ့သို့ ဆန့်ထုတ်၏။

အစိမ်းရောင်အလင်းတန်းတစ်ခုသည် သူ့လက်ထဲကနေ ထွက် ပေါ်ကာ ဓားကို ဝါးမြိုပစ်မည့် ဦးခေါင်းခွံတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။သူက ညာလက်ကို ပင့်လိုက်သည်နှင့် သူ့ နောက်ဘက်မှ လှိုင်းတွန့်တစ်ခု ပေါ်လာကာ ဝမ်လင်းသည် လှမ်း ထွက်လာချေ၏။ဝမ်လင်း၏ လက်နှစ်ချောင်းသည် အောက်သို့ ဖိချ၏။သူက ရလဒ်ကို ကြည့်ပင်မကြည့်ဘဲ နောက်တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။

ယောင်ချန်တန်၏အသွင်က သုန်မှုန်လာ၏။ဝမ်လင်းပေါ်လာ သည်နှင့် သူက ရုတ်တရက် လှည့်ကာ သူ့မျက်လုံးထဲမှ အလင်းတန်းနှစ်ခုကို ပစ်လွှတ်၏။သို့သော်လည်း ထို အလင်းတန်းနှစ်ခုသည် ဝမ်လင်းကို ထိမှန်ခြင်းမရှိဘဲ လေဟာနယ်ကိုသာ ဖြတ်ကျော်သွားသည်။

ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ရုတ်တရက် စတင်လှည့်လည်ကာ ယောင်ချန်တန်ထံသို့ ဖိအား ပြင်းပြင်း ရိုက်ချလာ၏။

တံဆိပ်တုံးထံမှ ရွှေရောင်စာလုံး ရာချီသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ထိုရွှေရောင်စာလုံးများက ယောင်ချန်တန်ကို ချိပ်ပိတ်ပစ်ရန် တရကြမ်း တိုးဝင်လာကြ၏။
ယောင်ချန်တန်သည် သုန်မှုန်စွာ အပေါ်သို့ မော့ကြည့်လိုက်ချိန် မှာပင် ဝမ်လင်းက သူ့ဘေးတွင် နောက်တစ်ဖန်ပေါ်လာပြီး ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို စေလွှတ်လာပြန်သည်။ သူက လျှင်မြန်စွာ လှည့်၍ ရှောင်၏။

ဝမ်လင်းသည် တံဆိပ်တုံး ကျဆင်းလာသည်နှင့်အတူ တစ္ဆေတစ် ကောင်ကဲ့သို့ ဖြစ်နေ၏။သူက ယောင်ချန်တန်ဘေးနားသို့ ပေါ်လာလိုက် တစ်ချက်တိုက်ခိုက်ပြီး ပြန်ပျောက်ကွယ်သွား လိုက် ရှိနေ၏။

ထို့အတွက်ကြောင့် ယောင်ချန်တန်၏အသွင်သည် ပိုပို၍ သုန်မှုန် လာလေ၏။ဝမ်လင်း၏ တိုက်ခိုက်မှုများသည် သူ့အတွက် လုံလောက်အောင် သန်မာခြင်း မရှိသော်လည်း သူက အာရုံစိုက် နေရသည်သာ။ ဝမ်လင်းပေါ်လာတိုင်း သူက ချက်ခြင်း တုန့်ပြန် နေရသည် မဟုတ်လော။

သို့သော်လည်း သူက ဝမ်လင်း၏အရိပ်ကိုပင် မထိနိုင်သေးပေ။ သည်လို ထူးဆန်းသည့် တိုက်ခိုက်ခြင်း နည်းလမ်းက သူ့ကို အတော်လေး စိတ်ရှုပ်စေ၏။ယောင်ချန်တန်သည် အခုလိုပုံစံမျိုး ဖြင့် တစ်ကြိမ်မျှ မတိုက်ခိုက်ဖူးခဲ့ချေ။

ဝမ်လင်းက မူလစွမ်းအင်အဆီအနှစ်နှင့် ထွေးထုတ်တိုက်ခိုက် ပြီးသည်နှင့် သူက သူလက်ကို ပင့်မြှောက်ကာ ထိုတိုက်ခိုက်မှုကို ဖယ်ရှားပြီး ဖြစ်သည်။သူက လက်ဦးမှု ရယူ တိုက်ခိုက်နိုင်ခြင်း မ ရှိ ဖြစ်နေ၏။သူက သတိထား၍သာ နေနေရကာ လက်ဦးမှု ရယူ ပြီး မတိုက်ခိုက်နိုင် ဖြစ်နေသည်။

ထိုအခိုက်မှာပင် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် သူ့ အထက် ပေတစ်ရာအကွာသို့ ရောက်လာ၏။ထိုအဖြစ်က ယောင် ချန်တန်ကို ပို၍ စိတ်မရှိ ကသိကအောက် ဖြစ်စေသည်။

သည်အခိုက်အတန့်၌ တုန်ဟီးသံများက ပို၍ ကျယ်လောင်လာ ကာ မရေမတွက်နိုင်သော ရွှေရောင်စာလုံးများသည် သူ့ထံသို့ ပျံသန်းလာကြ၏။ တစ္ဆေဆန်သောပုံရိပ်တစ်ခုကလည်း သူ့ကို တောက်လျှောက် ပေါ်လိုက်ပျောက်လိုက် တိုက်ခိုက်နေသည်။
ယောင်ချန်တန်၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့် လာ၏။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေသည်။ သူ့အောက်ရှိ ဓားကြီးက အားကောင်းသောဓားစိတ်ဆန္ဒကို ထုတ် လွှတ်လာ၏။ထိုဓားကြီးသည် ပိုသေးငယ်သော ဓားဆယ့်ကိုး လက် အဖြစ်သို့ ပြောင်းလဲကာ ဆန်းကြယ်သောဓားအစီအရင် တစ်ခုအဖြစ် လှည့်လည် ဖြစ်ပေါ်လာသည်။ထို့နောက် ၎င်းဓားအ စီအရင်သည် ထိုးထွက်သွား၏။

ဓားဆယ့်ကိုးလက် ထိုးထွက်သွားသည့်အခါ၌ ပို၍ သိပ်သည်း သောမူလစွမ်းအင်သည် ဓားအစီအရင်ထဲကနေ ပျံ့နှံ့လာကာ မုန်တိုင်းတစ်ခုကို ဖန်တီးသည်။ဓားအစီအရင်သည် ယောင်ချန် တန်၏ ပတ်လည်၌ တဝီဝီ လှည့်ပတ်နေသည်။သည်

ပတ်ဝန်းကျင်အတွင်းရှိ မူလစွမ်းအင်သည် စတင်၍ တွန့်လိန်လာ ကာ ဝမ်လင်းသည် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။ ဝမ်လင်းက သူ့ရှေ့တည့်တည့်ကို အေးစက်စွာ စူးစိုက်ကြည့် နေ၏။

"ချိပ်ပိတ်ခြင်း..." ဝမ်လင်းထံမှ အော်သံ ထွက်ပေါ်လာသည်။ တစ်ပြိုင်နက်တည်းမှာပင် ပို၍များပြားသော ရွှေရောင်စာလုံး များသည် ဓားအစီအရင်ကြောင့် ဖြစ်ပေါ်နေသည့် ဝဲကတော့ကို ပိုမြန်ဆန်စွာ ဖြတ်သန်းလာလေသည်။

ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ကျယ်လောင်စွာ မြည်ဟီး၍ သက်ဆင်းလာ၏။

ဓားအစီအရင်အတွင်း၌ ယောင်ချန်တန်၏ သွေးကြောများသည် ဖောင်းကြွလာသည်။ရုတ်တရက် သူက ခေါင်းမော့ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ဓားအစီအရင်သည် ပို၍ မြန်ဆန်စွာ လှည့်လည်လာရင်း သူက အထက်သို့ လက်ညွှန်၏။

ဓားအစီအရင်သည် ချက်ခြင်း အထက်သို့ ဆန်တက်ကာ သက် ဆင်းလာသည့် ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးဖြင့် တွေ့ဆုံသည်။

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားကာ တံဆိပ်တုံးသည် တန့်သွား၏။ယောင်ချန်တန်က ချက်ခြင်း ခြေ တစ်လှမ်းလှမ်းကာ တံဆိပ်တုံး၏ အဝန်းအဝိုင်းနေရာကနေ ထွက်ခွာဟန် ပြင်၏။သို့သော်လည်း ထိုအခိုက်အတန့်၌ သူ့ဘေး တွင် ထာရှန်က ပေါ်ထွက်လာပြီး လက်သီးထိုးချက်များကို ဆက်တိုက် စတင်တော့၏။
ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ပြီး ကောင်းကင်ဘုံဓားကို ဆုပ်ကိုင်၏။ရှုလီကောသည် ဓားထဲသို့ ပြန်ရောက်နှင့်နေပြီး ဖြစ်သည်။ဝမ်လင်းက ဓားကို ပင့်မြှောက်ကာ မူလစွမ်းအင် အပြည့်ဖြင့် ခုတ်ပိုင်းချလိုက်၏။တစ်ကြိမ်နှစ်ကြိမ် သုံးကြိမ်… ဆယ်ကြိမ် အကြိမ်နှစ်ဆယ်..။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက် အကြိမ်နှစ်ဆယ်သည် ဝမ် လင်း၏မူလစွမ်းအင်ကို များစွာ ကုန်ဆုံးစေသည်။သို့သော်လည်း ၎င်းဓားချက်တို့သည် ကြီးမားသည့်ဓားစွမ်းအင်တန်းတစ်ခု အဖြစ်သို့ သိပ်သည်းကာ ပျံသန်းထွက်သွားသည်။

ဓားစွမ်းအင်တန်းသည် ဥပဒေသကိုပါ ချိုးဖျက်နိုင်သည်ဟု ထင် ရကာ ယောင်ချန်တန်ထံသို့ တိုးဝင်သွား၏။

ယောင်ချန်တန်၏အသွင်က ကြမ်းတမ်းလာကာ သူက ဓားအစီ အရင်ကို မြန်ဆန်စွာ လှည်ပတ်စေပြီး ထာရှန်နှင့် ရင်ဆိုင် လိုက်၏။ထာရှန်၏မျက်နှာက ချက်ခြင်း ဖြူရောသွားသည်။ သို့သော် သူကား နောက်မဆုတ်ဘဲ နောက်ထပ် လက်သီးချက်ကို ပစ်သွင်းပြန်၏။

ဤအခိုက်မှာပင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်သည် ယောင်ချန်တန်ပတ်လည်ရှိ ဝဲကတော့ပေါ်သို့ ကျရောက်လာ၏။ ၎င်းက ဝဲကတော့ကို ချိုးဖျက်ကာ ယောင်ချန်တန်ထံသို့ ဦးတည် ဝင်ရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်စာလုံးမြောက်များစွာသည် ဓား ချက်ဖွင့်လှစ်သည့် လမ်းကြောင်းကနေ လိုက်ပါတိုးဝင်လာကာ ယောင်ချန်တန်ကို မြန်ဆန်စွာ ချိပ်ပိတ်လာ၏။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းဓားချက်ကို အသုံးပြုပြီးနောက် ဝမ် လင်းက ရပ်တန့်ခြင်း မပြုပေ။သူက ခြေတစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားသည်။ထို့နောက် ကောင်းကင်ချိပ်ပိတ်ခြင်း တံဆိပ်တုံးပေါ်တွင် ပြန်ပေါ်လာကာ ၎င်းအပေါ်၌ ထိုင်ချ လိုက်၏။ထို့နောက် သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး ဘေးဖက်သို့ ဖိနှိပ်ချသည်။

ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ဝမ်လင်း၏မူလ စွမ်းအင်တို့နှင့် ပြည့်လာ၏။၎င်းက ယောင်ချန်တန်ထံသို့ တန်းတန်းမတ်မတ် စောင့်ကျလာ၏။
သည်အခိုက်အတိုက်၌ ဓားချက်၊လက်သီးချက်နှင့် တံဆိပ်တုံး တို့သည် ယောင်ချန်တန်ထံသို့ တစ်ချိန်တည်းမှာ တရကြမ်း တိုးဝင်လာသည်။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ကျ ရောက်လာသည့်အခါ၌ ကြယ်များကြားတွင်ပင် ပေါက်ကွဲသံ များ ဖြစ်ကုန်ကြ၏။ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ပျက်စီး ပြိုကျ သည့်အလား ကျယ်လောင်လွန်းလှ၏။ကီလိုမီတာ သောင်းချီ အကွာကပင် ထို ပေါက်ကွဲသံများကို ကြားရသည်။
ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး၏ အောက်ဘက်မှ ဒေါမာန် တကြီးအော်ဟစ်သံ ထွက်ပေါ်လာသည်။ကြောက်မက်ဖွယ် လွှမ်းမိုးနိုင်သည့်အော်ရာသည် ရုတ်တရက် အရူးအမူး ပျံ့နှံ့လာ သည်။

တံဆိပ်တုံး ကျဆင်းလာသည့်အခိုက်၌ ၎င်းသည် ထိုအားကြောင့် ပြန်ကန်ထွက်သွားရသည်။ မရေမတွက်နိုင်သော ရွှေရောင်စာလုံး များသည်လည်း ထိုအားကြောင့် ဆက်တိုက် နောက်သို့ လွင့်စင် သွားရ၏။

ထာရှန်၏လက်သီးထံမှလည်း တစီစီအသံများ ထွက်ပေါ်လာခဲ့ သည်။သူ့ခန္ဓာကိုယ်တစ်ဝက်ပင် ထိုအင်အားလှိုင်း၏ သက်ရောက်ခြင်း ခံလိုက်ရကာ သူက အဝေးသို့ လွင့်စင်သွားရ သည်။

ဤအခိုက်အတန့်၌ ဂုဏ်ယူဝင့်ကြွားဖွယ် ယောင်ချန်တန်၏သွင် ပြင်သည် ပျောက်ကွယ်သွားခဲ့လေပြီ။သူ့ဆံပင်များက ရှုပ်ပွကာ အဝတ်အစားသည်လည်း ပေါက်ပြဲကုန်၏။သူ့မျက်လုံး ထဲ၌လည်း ဒေါသနှင့် ပြည့်နေသည်။

သူ့ရှေ့တွင် လက်သီးလုံးခန့် ပုတီးစေ့တစ်ခု ရှိနေသည်။၎င်းကို ပုတီးစေ့ဟု ခေါ်ရခြင်းပင် သိပ်မသင့်တော်လှဘဲ ကျင့်ကြံသူတစ် ယောက်၏ အမြုတေနှင့်ပင် ပို၍ တူနေသေးသည်။

ထိုအမြုတေသည် အစောပိုင်းတိုက်ခိုက်မှုအားလုံးကို စုပ်ယူခဲ့ ကာ ယောင်ချန်တန်ကို အခုလို သနားစဖွယ်အခြေအနေသို့ ဆိုက်ရောက်သွားစေခဲ့ခြင်းပင်။သို့သော် သူက ဒဏ်ရာစိုးစဉ်းမှ မရခဲ့ချေ။

“မင်းက ဘိုးဘေးငါ့ကို ပေးခဲ့တဲ့ ကောင်းကင်ဘုံဆေးလုံးကို အတင်း ထုတ်သုံးရစေတဲ့ ဒုတိယမြောက်လူပဲ.. ယောင်ချန်တန် က အံတင်းတင်းကြိတ်ထား၏။ဝမ်လင်းကို သတ်ချင်စိတ်သည် လည်း သူ့ စိတ်နှလုံးထဲကနေကို ထွက်ပေါ်နေသည်။

သူက သူ့ဘဝတစ်လျှောက်လုံးတွင် အခုလိုမျိုး အကျိုးမရှိသည့် အခြေအနေသို့ ရောက်ရှိခဲ့ခြင်း မရှိပေ။ဝမ်လင်း၏ ဆန်းကြယ် လှသော မန္တာန်ကြောင့် ယောင်ချန်တန်သည် အခုလိုအန္တရာယ် အခြေအနေသို့ ကျရောက်ခဲ့ရပေ၏။
ဝမ်လင်း၏အသွင်ကလည်း သုန်မှုန်နေ၏။သူက နောက်သို့ ဆုတ် လိုက်ရင်း သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ယူ လိုက်၏။ထို့နောက် သူက ချက်ခြင်း အလံထဲမှ ပုံရိပ်ယောင်ယင် အဆင့် ကျင့်ကြံသူနှစ်ယောက်၏ မူလစိတ်ဝိညာဉ်နှစ်ခုကို ထုတ်ယူကာ ဝါးမြိုသည်။သူ့ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်တို့ ပြည့်နှက်လာကာ သူက ယောင်ချန်တန်ရှေ့ရှိ အမြုတေကို စူးစိုက်ကြည့်သည်။သူ့မျက်လုံးက အေးစက်နေသည်။

ဝမ်လင်းက အစောပိုင်းတုန်းက အသာစီးရမှုကို ဆက်ထိန်းသိမ်း ထားသည်။သူက ယောင်ချန်တန် လက်ဦးမှု ရယူရန် ခွင့်မပြုနိုင် 601

ဝမ်လင်းက အထည်ဒြပ်ယန်အဆင့်နှင့် နိဗ္ဗာနကြိုမြင်ခြင်းအဆင့် ကြား ကွာခြားမှုကို အခုမှ ရှင်းရှင်းလင်းလင်း နားလည်သွား သည်။ဝမ်လင်းသည် သူ့စုပေါင်းတိုက်ခိုက်မှုသည် မည်သည့် အထည်ဒြပ်ယန်အဆင့်ကျင်ကြံသူကိုမဆို သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ပေ၏။သို့သော် ယောင်ချန်တန်ကိုမူ ဒဏ်ရာပင် မရရှိစေခဲ့ပေ။

အမြုတေက သည်နေရာတွင် အရေးပါခဲ့သော်လည်း ၎င်း အမြုတေမရှိလျှင်ပင် ယောင်ချန်တန်တွင် အခြားမန္တာန်များ မုချ ရှိနေဦးမည်သာ ဖြစ်သည်။

“ကောင်းကင်ဘုံနယ်မြေရဲ့ အမွေအနှစ် ဆက်ခံထားရတဲ့ မိသားစု တစ်စုအဖို့ ကောင်းကင်ဘုံမန္တာန်များစွာ ရှိနေမှာပဲ..

ယောင်ချန်တန်၏ အကြည့်က ကြမ်းကြုတ်နေ၏။သူ့ ညာလက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်ရာ အမြုတေသည် သူ့ အား လှည့်ပတ်လာ၏။တစ်ချိန်တည်းမှာပင် သူ့ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ဟစ်လိုက်၏။ "ကောင်းကင်ဘုံမန္တာန်…လေဟာနယ်ပျက်စီးခြင်း..

ဝမ်လင်းက နောက်ဆုတ်ရန် တုံ့ဆိုင်းမနေပေ။သူက နောက်ဆုတ် နေရင်း သူ ရှိနေခဲ့သည့် ဟင်းလင်းပြင်သည် ပျက်စီးသွားကာ ပြင်းထန်သောဖိသိပ်အားကို ဖြစ်သွားစေ၏။

ထိုမြင်ကွင်းက ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ကိုပင် ကျုံ့သွား စေသည်။

“ကောင်းကင်ဘုံမန္တာန်စိတ်ကူးပျက်စီးခြင်း.. ယောင်ချန် တန်၏အသွင်က ရက်စက်မည့်ဟန် ဖြစ်ပေါ်နေ၏။
ပြင်းထန်သော ပျက်စီးမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာ ကာ ဝမ်လင်းသည် ရပ်တန့်လို့ မရအောင်ပင် နောက်သို့ ဆုတ်နေ ရ၏။ထိုပျက်စီးမှုသည် သူ့နောက်သို့ နီးနီးကပ်ကပ် လိုက်ပါ နေသည်။

ဝမ်လင်း၏အသွင်က သုန်မှုန်နေ၏။သို့သော် သူက တည်ငြိမ် လျက်ပင်။သူ့ခြေထောက်အောက်၌ လှိုင်းတွန့်များ ပေါ်လာကာ သူက သဲလွန်စမရှိ ပျောက်ကွယ်သွားပြန်သည်။ချက်ခြင်းပင် သူက ယောင်ချန်တန်နောက်ဘက် ပေတစ်ရာအကွာတွင် ပြန် ပေါ်လာကာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်ကို စေလွှတ် သည်။

သို့သော်လည်း ထိုဓားချက်က ယောင်ချန်တန်နားသို့ ရောက်သွား သည်နှင့် အမြုတေသည် ရုတ်တရက် ပေါ်လာကာ ၎င်းဓားချက် နှင့် ထိပ်တိုက်တွေ့၏။၎င်းက ဓားချက်ကို ထိသည်နှင့် ဓား ချက်၏စွမ်းအားကို စုပ်ယူပစ်သည်။

“ကောင်းကင်ဘုံမန္တာန်…ဝိညာဉ်ဆယ့်ကိုးခု.." ယောင်ချန်တန်က ဆက်ခနဲ လှည့်လာ၏။သူက ညစ်ပြုံးပြုံးကာ အဖြူရောင်မြူထု ကို ပါးစပ်ထဲကနေ ထွေးထုတ်သည်။ဆိုးဆိုးဝါးဝါးအော်သံများ က ထိုမြူထဲကနေ ပေါက်ကွဲထွက်လာ၏။ထိုမြူထဲ၌ ကလေး ငယ် ဆယ့်ကိုးဦး၏ ခန္ဓာကိုယ် ရှိနေ၏။ထိုကလေးငယ်များသည် တစ်ကိုယ်လုံး မဲနက်နေ၏။၎င်းတို့သည် မြူနှင့်အတူ ဝမ်လင်း ထံသို့ မွန်းစတားများအလား တဟုန်ထိုး တိုးဝင်လာသည်။

ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူက နောက်သို့ ခြေလှမ်းကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်သည်။

ဝိညာဉ်ဆယ့်ကိုးခုက လွဲချော်သွား၏။ထို့နောက် ၎င်းတို့သည် ယောင်ချန်တန်ထံသို့ ပြန်လာကာ သူ့ပတ်လည်၌ လှည့်ပတ်နေ တော့သည်။

ယောင်ချန်တန်က တုံ့ဆိုင်းမနေဘဲ အမြုတေကို ရှေ့သို့ တွန်း ထုတ်ကာ အော်ပြောလိုက်သည်။ "ငါက မင်းရဲ့ မန္တာန်ကို ချိုးဖျက်နိုင်ဖို့အတွက် ဒီအမြုတေကို အဆုံးခံ၊ဘိုးဘေးရဲ့ အပြစ်ပေးတာကို ခံယူဖို့ ဆန္ဒရှိနေပြီ..”
သူက ထိုသို့ ပြောရင်း အမြုတေကို ခွဲချေ၏။အဖျက်အစီးအော် ရာသည် အမြုတေထံမှ မုန်တိုင်းတစ်ခုအလား ပျံ့နှံ့လာသည်။

ထိုအားသည် အလွန်အမင်း ပြင်းထန်လှသည်။၎င်းက ပျံ့နှံ့လာ သည်နှင့် ပေတစ်သိန်းအတွင်းရှိ မူလစွမ်းအင်များသည် တွန့်ကြေစုတ်ပြဲကုန်ကြ၏။လောက၏မူလစွမ်းအင်သည် ညီမျှမှု မရှိတော့ပေ။လောကနှင့် တစ်သားတည်း ပေါင်းစပ်နေသည့် မည်သူမဆို ချက်ခြင်း ပြန်ထွက်ခွာရမည်သာ။

ဝမ်လင်းသည် ပေတစ်ထောင်အကွာတွင် ပြန်ပေါ်လာသည်။သူ့ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပြင်းထန်နေသည်။သူက သူ့ ညာလက်ကိုပင့်ကာ လေဟာနယ်ထဲသို့ လက်ညွှန်၏။ခြောက်သွေ့ တာအိုတစ်စုံသည် ချက်ခြင်း ပေါ်လာသည်။ထိုကြမ်းကြုတ်လှ သည့် သားရဲ၏ အရိုးက တစ္ဆေအလင်းကို ပေးစွမ်းလာ၏။ အားကောင်းသော မကောင်းဆိုးဝါးအော်ရာသည် ကမ္ဘာ လောက၌ ပြည့်နှက်လာသည်။

ယောင်ချန်တန်၏အသွင်က အနည်းငယ် ပြောင်းသွား၏။သူ့ လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ထိုအခါ ကလေးခန္ဓာကိုယ်ဆယ့်ကိုးခုသည် သူ့ပတ်လည်၌ မြန်ဆန်စွာ လှည့်ပတ်၍ ပုံရိပ်ယောင်တစ်ခုကို ဖြစ်ပေါ်စေသည်။ထိုပုံရိပ် ယောင်က ကြီးမားသည့်ကလေးတစ်ယောက်၏ ပုံရိပ်ယောင် ဖြစ်နေသည်။

၎င်းက ပေါ်လာသည်နှင့် မာန်ဖီလာ၏။သို့သော်လည်း သူ့အသံ မ ဆုံးခင်မှာပင် မီးခိုးရောင်အလင်းသည် ၎င်း၏ခန္ဓာကိုယ်ကို ဖုံးအုပ်သွားကာ ချက်ခြင်း ကျောက်တုံးအဖြစ်သို့ ပြောင်းသွားရ သည်။

ဝမ်လင်းသည် ထိုအခွင့်အရေးကို အသုံးချကာ နောက်သို့ ဆုတ်၏။သူက ချက်ခြင်းပင် ညာလက်ကို ပင့်မြှောက်ကာ အော်ဟစ်လိုက်၏။ "လေဆင့်ခေါ်ခြင်း...

အနက်ရောင်လေပြင်းသည် မည်ဟီးလာကာ သူ့ညာလက်တွင် စုဝေးလာ၏။၎င်းသည် ချက်ခြင်းပင် ချဲ့ထွက်ကာ သိပ်သည်း လာ၏။ အနက်ရောင်လေပြင်းသည် ဝမ်လင်းပတ်လည်တွင် ပေါ်လာခဲ့သည်။

သည်အခိုက်အတန့်တွင် ကျောက်ဖြစ်သွားသောခန္ဓာကိုယ်ကို ပျက်စီးသွားစေ၏။ယောက်ချန်တန်ကတော့ မည်သည့်ဒဏ်ရာမှ မရဘဲ လှမ်းထွက်လာသည်။
သူက ဝမ်လင်းပတ်လည်ရှိ အနက်ရောင်လေပြင်းကို စူးစိုက် ကြည့်ကာ နှာခေါင်းရှုံ့သည်။ “ဒီလောက်စွမ်းအားလေးနဲ့..။ဒီနေ့ မင်း သံသယမရှိ သေရမယ်..

သူက ထိုသို့ ပြောပြီးရုံရှိသေး ဝမ်လင်းသည် သူ့လက်ကို ဝှေ့ယမ်း လိုက်ရာ အနက်ရောင်လေပြင်းသည် ထိုးထွက်သွား၏။လေပြင်း သည် ကြယ်များကြား သိမ်းကြုံးတိုက်ခိုက်ကာ အနက်ရောင် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။၎င်းက သူ့ပါးစပ် ကိုဟကာ အေးစက်စက်လေများကို မှုတ်ထုတ်၏။

အစောပိုင်းက ယောင်ချန်တန်သည် ထိုလေပြင်းသည် သူ့ကို မ ချိန်းခြောက်နိုင်ဟု ယူဆထားသည်။သို့သော် သူ့ခန္ဓာကိုယ်သည် ထိုလေအေးကို ခံစားမိသည်နှင့် သူ့မူလစိတ်ဝိညာဉ်ပင် ပျက်စီး လုမတက် ဖြစ်သလို ခံစားလိုက်ရတော့သည်။သူက တုန်လှုပ်စွာ နောက်သို့ ချက်ခြင်း ဆုတ်၏။သို့သော် အနက်ရောင်လေပြင်း သည် သူ့နောက်သို့ နီးကပ်စွာ ကပ်ပါလာသည်။

ထိုအနက်ရောင် အေးစက်စက်လေသည် သူ့အား ဝန်းရံတော့မည် ကို တွေ့မြင်သည့်အခါ သူက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို အမြန်ဖြစ်ပေါ်ကာ အော်ဟစ်လိုက်သည်။ "ကောင်းကင်ဘုံ မန္တာန်..တိမ်တည်ငြိမ်ခြင်း...

ထိုအခါ မိုးခြိမ်းသံများ တဝုန်းဝုန်းထွက်ပေါ်လာကာ တိမ် များသည် ယောင်ချန်တန်အား ဝန်းရံပေးသွား၏။

သို့သော် အနက်ရောင်နဂါးမှုတ်ထုတ်လိုက်သည့် လေပြင်း အောက်၌ ၎င်းတိမ်တို့သည် လွင့်ပါးသွားရသည်။ယောင်ချန် ထန်၏ အထိတ်တလန့်အသွင် ထွက်ပေါ်လာခဲ့သည်။

“ဒါ ဒါက ဘယ်လိုကောင်းကင်ဘုံမန္တာန်မျိုးလဲ.. ယောင်ချန် တန်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူက အံတင်းတင်း ကြိတ်၍ မူလစွမ်းအင်အဆီအနှစ်ကို ထွေးထုတ်လိုက်သည်။ သူက ညာလက်ကို ပင့်မြှောက်ကာ အော်ဟစ်ပြန်၏။ “သွေးစိတ် ဝိညာဉ်..စက်ဝိုင်းခြောက်ခု.."
ထိုမန္တာန်ကိုအသုံးပြုပြီးနောက် ယောင်ချန်တန်၏အသွင်သည် ဖြူရောသွားသည်။ထိုသွေးစိတ်ဝိညာဉ်ကောင်းကင်ဘုံမန္တာန်ကို ဘိုးဘေး သွေးနတ်ဘုရားက ဖန်တီးပေးထားခြင်းပင်။၎င်းမန္တာန် သည် သူတို့ယောင်မိသားစုဘိုးဘေး၏ အကောင်းဆုံးမန္တာန်များ ထဲမှ တစ်ခုအပါအဝင်ဟု ပြောနိုင်ပေ၏။

၎င်းမန္တာန်၏ အထွတ်အထိပ်စွမ်းအားသည် စက်ဝိုင်းဆယ့်ကိုးခု ဖြစ်သည်။သို့သော် ယောင်ချန်တန်၏လက်ရှိ ကျင့်ကြံမှုအဆင့် အရ သူက စက်ဝိုင်းခြောက်ခုကိုသာ ထုတ်ဖော်နိုင်သည်။ထိုမျှနှင့် ပင် သူ့မူလစွမ်းအင်များစွာကို ကုန်ဆုံးစေနေ၏။

သွေးများက မြန်ဆန်စွာ စတင်ရွှေ့လျားကာ ဝဲကတော့တစ်ခု အဖြစ် ဖြစ်တည်လာသည်။၎င်းက ပြင်းထန်သောအားတစ်ခုကို ဖြစ်စေကာ လေပြင်းနှင့် ထိတိုက်သွား၏။ထိုအားနှစ်ခုသည် တစ် ခုနှင့်တစ်ခု မြန်ဆန်စွာ ချေဖျက်နေကြသည်။

ယောင်ချန်တန်သည် ဝမ်လင်းကို စူးစိုက်ကြည့်လိုက်၏။သူက အံ တင်းတင်းကြိတ်ကာ သူ့သိုလှောင်အိတ်ထဲမှ အဆောင်ကို ထုတ်ယူလိုက်၏။

“ဘိုးဘေး ငါ့ကို ပေးထားတဲ့ ဒီအဆောင်နဲ့ဆိုရင် မင်းမှာ မန္တာန် တွေ ဘယ်လောက်ရှိရှိ သေချာပေါက် သေဆုံးစေရမယ်..

သူက သူ့လက်ကို ပင့်မြှောက်လိုက်ရာ အဆောင်သည် ချက်ခြင်း ပျံသန်းထွက်သွား၏။ထိုအဆောင်ပေါ်၌ မင်နီနှင့် ရေးဆွဲထား သော ရှုပ်ထွေးသည့် စာလုံးတစ်လုံး ရှိနေသည်။ယောင်ချန်တန် က သူ့လျှာကို အနည်းငယ်ကိုက်ကာ ၎င်းအဆောင်ပေါ်သို့ သွေး အနည်းငယ် ထွေးထုတ်လိုက်သည်။

ချက်ခြင်းပင် အဆောင်သည် သွေးစွန်းသွားကာ စာလုံးသည် အသက်ဝင်လာသလို ထင်မှတ်ရသည်။အဆောင်ထံကနေ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ထိုထူးဆန်းသော အစိမ်းရောင်မီးတောက်က အဆောင်၏ထောင့်ကို စတင် လောင်ကျွမ်းလာသည်။

“ကောင်းကင်ဘုံအင်ပါယာအဆောင် ဒီလူ့ကို သတ်.. ယောင် ချန်တန်က ဝမ်လင်းထံသို့ လက်ညွှန်၏။သူ့အသံသည် ကြမ်းကြုတ်နေသည်။

အဆောင်သည် တလက်လက် ထိုးထွက်သွား၏။၎င်းက သွေး စိတ်ဝိညာဉ်ဝဲကတော့နှင့် လေပြင်းကို ထွင်းဖောက်ကာ ဝမ်လင်း ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။
ဝမ်လင်း၏ မျက်လုံးက ကျဉ်းမြောင်းသွားသည်။သူက ၎င်း အဆောင်နှင့် အတော်လေး ရင်းနှီးနေသည်။သူ့ထံ၌လည်း ထိုသို့ ပုံစံတူအဆောင်နှစ်ခု ရှိနေခဲ့၏။သည်အခိုက်အတန့်၌ အဆောင် ထံမှ ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေသောအော်ရာတစ်ခု ထွက် ပေါ်လာချေသည်။

ထိုအော်ရာသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်း နေသည်။

“ငါ မခုခံနိုင်ဘူး…” သူက သေရေးရှင်ရေးကို ခံစားမိ၏။ဝမ်လင်း က နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်၏။သို့သော် အဆောင်က ပို၍ပင် မြန်ဆန်လာနေသည်။

သည်လိုအခြေအနေအောက်၌ ဝမ်လင်းသည် သိုလှောင်အိတ်ထဲ မှ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကို ပျံသန်းထွက် စေလိုက်၏။သူက ယောင်ချန်တန်ထံသို့ လက်ညွှန်လိုက်သည်။ ထို့နောက် ဝမ်လင်းသည် အဆောင်တစ်ခုကိုလည်း ထုတ်ယူကာ ယောင်ချန်တန်ကို တုပကာ သူ့လျှာသူကိုက်၍ သွေးအဆီအနှစ် ကို ထိုအဆောင်ပေါ်သို့ ထွေးထုတ်လိုက်သည်။

သွေးအဆီအနှစ်သည် ထိုအဆောင်ကို တောက်ပသွားစေ၏။၎င်း က ယောင်ချန်တန်ပစ်လွှတ်လိုက်သော အဆောင်နှင့် ထိပ်တိုက်တွေ့သည်။ဝမ်လင်း၏ အဆောင်က ချက်ခြင်း ပျက်စီး သွားကာ ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားရ၏။

သို့သော်လည်း ယောင်ချန်တန်၏အဆောင်ကမူ လုံးဝ ပျောက် ကွယ်သွားခြင်း မရှိသေးပေ။လက်သည်းခွံအရွယ်စားလောက် ကျန်နေသေး၏။၎င်းက မခန့်မှန်းနိုင်လောက်သော အမြန်နှုန်းနှင့် ရွှေ့လျားလာကာ ဝမ်လင်း၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက် သွားတော့သည်။

ဝမ်လင်း၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက သူ့မျက်ခုံးနှစ်ခု ကြားမှ ပူလောင်မှုကို ခံစားလိုက်ရသည်။အံ့မခန်း ချိပ်ပိတ်မှု စွမ်းအားက သူ့ခန္ဓာကိုယ်ထဲ၌ အရူးအမူး ပျံ့နှံ့လာ၏။မျက်စိတစ် မှိတ်အတွင်း သူ့မူလစွမ်းအင်နှင့်မူလစိတ်ဝိညာဉ်တို့သည် လုံးဝ ချိပ်ပိတ်ခြင်း ခံလိုက်ရတော့သည်။
"ဒါ… ဒါက ရွေးချယ်ခံမသေမျိုးကလန်ရဲ့ တက်တူးစွမ်းအားပဲ။ ဒါပေမဲ့လည်း ဒီကလန်ရဲ့ တက်တူးက ဘာကြောင့် အခုလောက် စွမ်းအားကောင်းနေရတာလဲ”

ဝမ်လင်းက လေအေးတစ်ချက် ရှိုက်သွင်းမိ၏။သူ့မျက်လုံး ထဲ၌လည်း အထိတ်တလန့် ဖြစ်လာသည်။သူ့ခန္ဓာကိုယ်ထဲရှိ မူလ စွမ်းအင်အားလုံးသည် ရုတ်တရက် ချိပ်ပိတ်ခြင်း ခံလိုက်ရပြီ မဟုတ်လော။သူက အခုဆို သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်နေ ချေပြီ။

သူ့ခန္ဓာကိုယ်ကလည်း ချက်ခြင်း အလွန်အားနည်းသွားသည်။ ထာရှန်ကသာ သူ့လက်နှင့် ပွေ့ထားပေးခြင်း မရှိပါက ဝမ်လင်း သည် ချက်ခြင်း အဆုံးမဲ့ဟင်းလင်းပြင်ထဲသို့ လွင့်စင် ပြုတ်ကျ သွား ပေလိမ့်မည်။

သူ့ဘေးရှိ နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားက လိပ်ပြာအဖြစ် သို့ ပြောင်းလဲသွား၏။၎င်းက တောင်ပံခတ်နေကာ အန္တရာယ်လုံး ၀ မရှိသည့်ပုံ ပေါ်နေ၏။

ယောင်ချန်တန်က ရယ်မောလိုက်၏။မူလစွမ်းအင်မရှိပါက ဝမ် လင်း၏ရတနာများ၊မန္တာန်များသည် အကျိုးသက်ရောက်မှု ရှိတော့မည် မဟုတ်ပေ။လေဆင့်ခေါ်ခြင်း မန္တာန်သည်လည်း ပျောက်ကွယ်သွားရလေပြီ။ယောင်ချန်ထန်က သူ့လက်ချောင်း နှစ်ခုကို ဓားတစ်လက်အသွင်သို့ ပြောင်း၍ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာချေသည်။

“အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်ကများ ငါနဲ့ တိုက်ခိုက်ချင်နေတာလား…။ရှုမူ_မင်း သေရမယ်..

ယောင်ချန်တန်က ရယ်မောနေရင်း သူ့အမြန်နှုန်းကလည်း တုန်လှုပ်ဖွယ်ပင်။သူက ဝမ်လင်းရှိရာသို့ မြန်ဆန်စွာ လာ နေသည်။သူ့လက်ချောင်းထဲ၌လည်း မူလစွမ်းအင်နှင့် ပြည့် နေ၏။၎င်းတို့သာ ဝမ်လင်းပေါ်သို့ ကျရောက်လာပါက ဝမ် လင်း၏ခန္ဓာကိုယ်သာ ပျက်စီးမည် မဟုတ် သူ့မူလစိတ်ဝိညာဉ် သည်လည်း ဖျက်စီးခံလိုက်ရမည်သာ ဖြစ်သည်။

ယောင်ချန်တန် နီးကပ်လာသည်နှင့် လိပ်ပြာက သူ့တောင်ပံကို ညင်သာစွာ ခတ်လိုက်၏။၎င်းက ဝမ်လင်းတွင် မူလစွမ်းအင် မရှိတော့သော်လည်း အခြားရတနာများနှင့် ခြားနားနေသည်မှာ သိသာပေသည်။၎င်းက တစ်ခါ အသက်သွင်းပြီးသည်နှင့် ၎င်း ကိုယ်တိုင် လုပ်ဆောင်နိုင်ပေသည်။
ယောင်ချန်တန်၏ခန္ဓာကိုယ်က တုန့်ဆိုင်းသွား၏။သူက နောက်သို့ လွင့်စင်ထွက်သွားရသည်။သူက ပေတစ်ရာကျော်ပြီးမှ သူ့ကိုယ်သူ ပြန်ရပ်တန့်နိုင်လိုက်သည်။သို့သော် လိပ်ပြာသည် ချက်ခြင်းပင် နောက်ထပ် တောင်ပံခတ်လာပြန်သည်။

ယောင်ချန်တန်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့နှင့် ပြည့် နေတော့သည်။လိပ်ပြာသည် တောင်ပံခတ်လိုက်သည်နှင့် သူက နောက်ထပ်အဆောင်တစ်ခုကို ထပ်ထုတ်ယူသည်။သည်တစ် ကြိမ်၌ သူက ၎င်းကို ပစ်လွှတ်ခြင်း မပြုဘဲ သူ့မျက်ခုံးနှစ်ခုကြား သို့ ဖိချသည်။

အဆောင်ထံကနေ ပြင်းထန်သော တက်တူးစွမ်းအားလှိုင်းက ထွက်ပေါ်လာခဲ့ကာ ယောင်ချန်တန်၏ခန္ဓာကိုယ်နှင့် ပေါင်းစပ် သွားသည်။သိပ်မကြာခင်တွင် ယောင်ချန်တန်၏ ပတ်လည်၌ တက်တူးအမှတ်အသားများစွာ ပေါ်လာသည်။

တစီစီအသံများ ပဲ့တင်ထပ်နေ၏။လိပ်ပြာတောင်ပံခတ်လိုက် တိုင်း တက်တူးအမြောက်အများ ပျက်စီးသွားရသည်။ သို့သော်လည်း သူက ဆက်လက်၍ ရှေ့သို့ တရကြမ်း တိုးလာ ကာ ဝမ်လင်းနားသို့ နောက်တစ်ဖန် နီးကပ်လာပြန်သည်။

"ငါ ရှုမူကို သတ်ပစ်ရမယ်။သူက အခု အထည်ဒြပ်ယန်အဆင့်ပဲ ရှိသေးတာတောင် အတော်လေး စွမ်းအား ကောင်းလွန်းနေပြီ။သူ သာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်သွားရင် ငါက သူ့ ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်တော့ဘူး..

သွေးနက်ဘုရား၏အတွေး (၂) 
ဝမ်လင်းက ထာရှန်၏လက်မောင်းကို မှီကာ ထိုင်နေသည်။ထာရှ န်က ဝမ်လင်းကို တွဲခေါ်ရင်း နောက်သို့ ဆုတ်ကာ ယောင်ချန်တန် နှင့် အကွာအဝေးတစ်ခု ကွာနေရန် ဖန်တီးပေးနေသည်။ သို့သော်လည်း ယောင်ချန်တန်က မြန်ဆန်လွန်းလှ၏။သူက ပို၍ နီးကပ်လာခဲ့သည်သာ။

ဝမ်လင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ပျောက်ကွယ်သွားကာ တည်ငြိမ်မှုရလာ၏။သူက မျက်လုံးမှိတ်ကာ ခပ်တိုးတိုး ရေရွတ် သည်။ "ငါ့နယ်ပယ်ရဲ့ မူလအစဟာ သေခြင်းရှင်ခြင်း ဖြစ်တယ်။ ပြီးတော့ ကံကြမ္မာတာအိုအထိ ဖြစ်လာခဲ့တယ်။ကမ္ဘာလောကထဲ မှာ ရှိတဲ့ အရာတွေဟာ သေခြင်းရှင်ခြင်းကနေ လွတ်မြောက်နိုင် ပေမဲ့ ကံကြမ္မာကနေတော့ လွတ်မြောက်နိုင်စွမ်း မရှိကြဘူး...

ထိုနယ်ပယ်သည် မူလစွမ်းအင်အသုံးပြုစရာ မလိုသော စွမ်းအား ပင်။ကျင့်ကြံသူတစ်ယောက်၏ တာအိုသာ ဖြစ်၏။၎င်းကို ယုံကြည်မှုနှင့်နားလည်မှုဉာဏ်အလင်းဟုလည်း ဆိုနိုင်သည်။

နှစ်ပေါင်းထောင်ချီ ကျင့်ကြံပြီးနောက် ဝမ်လင်းရလာသည့် နားလည်မှုဉာဏ်အလင်းသည် သူ့နယ်ပယ်ပင်။

ယခုလို သေရေးရှင်ရေး အခြေအနေ၌ ဝမ်လင်းသည် အချိန် ကြာမြင့်စွာ အသုံးမပြုတော့သည့် သူ့နယ်ပယ်ကို အသုံးပြုလာခဲ့ လေပြီ။

နယ်ပယ်များ၏တိုက်ပွဲသည် တာအိုတိုက်ပွဲပင်။တာအိုတိုက်ပွဲ သည် အမြဲပြောင်းလဲမှု ရှိ၏။တာအိုတိုက်ပွဲ၌ အနိုင်၊အရှုံးဟူ၍ မ ရှိ အသေနှင့်အရှင်သာ ရှိလေသည်။

ဝမ်လင်းက သူ့လက်နှစ်ဖက်ကို ဖြန့်ကာ တည်ငြိမ်စွာ ဆိုသည်။ "ငါ့ဘယ်လက်က လောကရဲ့ ကံကြမ္မာအကြောင်းရင်း၊ ငါ့ညာ လက်က လောကရဲ့ ကံကြမ္မာ အကျိုး ဖြစ်တယ်။ဒါက ငါ့ ကံကြမ္မာ"

သူက မျက်လုံး ပြန်ဖွင့်လာ၏။သူ့ဘယ်ဘဲ မျက်လုံးထဲ၌ နေ၊ ညာဘက်မျက်လုံးထဲ၌ လ တို့ ဖြစ်ပေါ်၏။သူက ယောင်ချန်တန် ထံသို့ ကြည့်ကာ လက်ညွှတ်လိုက်သည်။

“ကံကြမ္မာအကြောင်းရင်း..ထွက်ပေါ်စမ်း..”
သူ့နယ်ပယ် ပေါ်ထွက်လာသည့်အခါတွင် ကြယ်များသည် ဆက်လက်၍ မတည်ရှိတော့ပေ။အရာအားလုံးသည် ပျောက် ကွယ်သွားသကဲ့သို့။ ယောင်ချန်တန်၏ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။

သူက မရပ်တန့်ဘဲ မနေနိုင် ဖြစ်ရ၏။သည်အခိုက်အတန့်၌ ဝမ် လင်း၏ပုံရိပ်သည် အဆုံးမရှိ ကြီးထွားလာ၏။ဝမ်လင်း၏ လက် ထဲ၌ ကျာပွတ်တစ်ခု ရှိနေသည်။ထိုကျာပွတ်၏ အစွန်းနှစ်စသည် စက်ဝိုင်းတစ်ခုကဲ့သို့ ချိတ်ဆက်နေ၏။

ထိုစက်ဝိုင်းသည် ကံကြမ္မာပင်။ယောင်ချန်တန်က ဝမ် လင်း၏နယ်ပယ်ထဲသို့ ပြုတ်ကျနေသည်ဟူသော အားကောင်း စွာ ခံစားနေရ၏။သူက ဝမ်လင်းကို သတ်နိုင်ခဲ့လျှင်ပင် ဤ နယ်ပယ်ထဲ၌ ပိတ်လှောင်နေရတော့မည့်ကဲ့သို့ ဖြစ်နေ တော့သည်။သူက သည်ကံကြမ္မာစက်ဝန်းထဲတွင် ထာဝရ ပိတ် လှောင်နေမည်ကိုပါ စိုးရွှံ့နေသည်။

တာအိုတိုက်ပွဲသည် တာအိုအချင်းချင်းသာ တိုက်ခိုက်နိုင်၏။ သို့ရာတွင် သူတို့၏တာအိုကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့က ဖြစ် တောင့်ဖြစ်ခဲပင်။အလွန့်အလွန် နည်းပါးသောသူ အချို့သာ လုပ် နိုင်စွမ်း ရှိသည်ဟု ပြော၍ရသည်။

ထိုအရာက ကျင့်ကြံခြင်းနှင့် မဆိုင် နားလည်သဘောပေါက်မှုနှင့် သာ သက်ဆိုင်၏။လောကကို နားလည်းခြင်းလည်း မည်သည်။

ယောင်ချန်တန်က သည်ရှုမူသည် သူ့ကိုယ်ပိုင်တာအိုကို အခုလို မျိုး ထုတ်ဖော်နိုင်လိမ့်မည်ဟု တစ်ခါမျှ မတွေးထင်ခဲ့ဖူးပေ။သူ့ အသွင်က သုန်မှုန်နေ၏။သို့သော သူက နောက်မဆုတ်ပေ။ထို အစား ဝမ်လင်းနှင့် ပေသုံးဆယ်ပင် မဝေးသောနေရာတွင် ထိုင်ချ ကာ မျက်လုံးမှိတ်ထားလိုက်၏။ ရုတ်တရက် သူ့ဦးခေါင်းထက် ကနေ ရွှေရောင်အရိပ်တစ်ခု ပေါ်လာခဲ့သည်။

ထိုရွှေရောင်အရိပ်ထံ၌ ကောင်းကင်ဘုံသားတစ်ယောက်၏ အော် ရာ ရှိနေ၏။၎င်းက ကောင်းကင်ဘုံသား တစ်ယောက်ဖြစ်မည်မှ သိသာပေသည်။
“မင်း သေရမှာပါပဲ…။ငါ မင်းကို ယောင်မိသားစုရဲ့ တာအို ပြသ ပေးရမှာပေါ့ ။ယောင်မိသားစုဟာ ကောင်းကင်ဘုံသားတွေရဲ့ မျိုးဆက်တွေ ဖြစ်တယ်။ကောင်းကင်ဘုံသားတွေဟာ နယ်ပယ် တွေ မပိုင်ဆိုင်ကြပေမဲ့ ငါ့မိသားစုကတော့ သူတို့ရဲ့ တောက်ပခဲ့မှု ကို ငါတို့ရဲ့ နယ်ပယ်အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ငါတို့ ကောင်းကင်ဘုံသားဘိုးဘေးတွေရဲ့ တောက်ပခဲ့မှုဟာ ငါတို့ ယောင်မိသားစုရဲ့ တာအို ဖြစ်တယ်...

ထိုကောင်းကင်ဘုံသား၏ အရိပ်သည် ယောင်ချန် တန်၏အထက်၌ တဖြည်းဖြည်း သိပ်သည်းလာနေ၏။၎င်းက လှမ်းထွက်၍ပင် လာသည်။၎င်းက ဝမ်လင်း၏ နယ်ပယ်စက်ဝန်း ထံသို့ ခြေလှမ်းလာသည်။

“ငါ့ မိသားစုဟာ ငါတို့ဘိုးဘေးတွေရဲ့ တောက်ပမှုကို ယုံကြည် တယ်။အခြားနယ်ပယ်တွေအားလုံးဟာ ငါတို့ဘိုးဘေးတွေရဲ့ တောက်ပမှုအောက်မှာ ဖျက်စီးခံရမယ်..

ယောင်ချန်တန်၏မျက်နှာပေါ်၌ အတိတ်ကို သတိရဟန် ဖြစ် ပေါ်လာသည်။ကောင်းကင်ဘုံသား၏အရိပ်သည်လည်း ပို၍ အကောင်အထည် ပေါ်လာနေ၏။

“ဒါဟာ အတိတ်တုန်းက တောက်ပမှုသာ ဖြစ်တယ်..။အခုက ကော…။အရာအားလုံးဟာ ကံကြမ္မာနဲ့ ဆက်နွှယ်နေတာ ဖြစ် တယ်။ ကောင်းကင်ဘုံသားတွေရဲ့ တောက်ပမှုဟာ ကံကြမ္မာရဲ့ တောက်ပမှုသာ ဖြစ်တယ်..

ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက သူ့ဘယ်လက်ကို အောက်နှိမ့်ကာ ညာလက်ကို အပေါ်သို့ ပင့်တင်လိုက်သည်။

“ကံကြမ္မာအကျိုးဆက်က ကောင်းကင်ဘုံနယ်နယ်မြေတစ်ခုလုံး ကို ပျက်စီးစေခဲ့တယ်...

ဝမ်လင်းက သူ့ညာလက်ကို ဆုပ်ကိုင်ကာ ပြောလာ၏။ “မင်းဟာ တောက်ပခဲ့မှုအတွက် ဂုဏ်ယူနိုင်တယ်.။ဒါပေမဲ့ မင်းတာအိုဟာ လည်း ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး..

ဝမ်လင်းရှေ့ရှိ ကံကြမ္မာစက်ဝန်းသည် စတင်လှည့်လည်လာကာ ဝဲကတော့တစ်ခုအဖြစ် ဖန်တီး၏။ဝဲကတော့၏ အပြင်ဘက်၌ ကံကြမ္မာအကြောင်းရင်း အတွင်းထဲ၌ ကံကြမ္မာအကျိုးဆက် ရှိနေသည်။
"ကောင်းကင်ဘုံသားတွေ ပျောက်ကွယ်ခဲ့ရတာဟာ ဘာကြောင့် လဲ…သူတို့ဟာ ကံကြမ္မာကနေ မလွတ်မြောက်နိုင်လို့ပဲ။သူတို့ရဲ့ မျိုးဆက်ဟာလည်း မလွတ်မြောက်နိုင်ဘူး။မင်းရဲ့ တာအိုဆိုရင် ပိုပြီးတော့တောင် ပျက်စီးလွယ်ဦးမယ်။ဒီတော့ မင်းတို့မှာ ကောင်းကင်ဘုံမန္တာန်တွေ ဘယ်လောက်ပဲ ရှိနေပါစေ မင်းတို့ဟာ ဘယ်လောက်ရယ်ဖို့ကောင်းလဲ..”

ဝမ်လင်းက ခေါင်းခါလိုက်၏။သူက အခြားလူ၏ တာအိုကို ဖြတ် မြင်ပြီးသည့်အလားပင်။

ကံကြမ္မာစက်ဝန်းသည် ရုတ်တရက် ပျံသန်းထွက်လာကာ ကောင်းကင်ဘုံသားအရိပ်ထံသို့ တိုးဝင်သွား၏။၎င်းက အနီးသို့ ရောက်သည့်အခါ ရပ်တန့်သွားသည်။

“ကောင်းကင်ဘုံသားတွေက နယ်ပယ်ကို မကျင့်ကြံဘူး။သူတို့ရဲ့ စွမ်းအားကောင်းလှတဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ကောင်းကင်နဲ့မြေကြီးကို ဖွင့်လှစ်တာဟာ အမှား တစ်ခုသာ ဖြစ်တယ်။မဟုတ်ရင် ကောင်းကင်ဘုံနယ်မြေဟာ ဘာ ကြောင့် ပျက်စီးခဲ့ရမှာလဲ။ဘယ်လောက်ပဲ စွမ်းအားကောင်းလှတဲ့ ကောင်းကင်ဘုံအင်ပါယာ ဖြစ်ပါစေ သူဟာ ကောင်းကင်နဲ့ မြေကြီးနဲ့ တိုက်ခိုက်တဲ့အခါမှာ သေဆုံးသွားခဲ့ရတယ် မလား။ မင်းတို့ရဲ့ ဘိုးဘေးကကော ကောင်းကင်ဘုံအင်ပါယာနဲ့ နှိုင်းယှဉ် နိုင်လို့လား..

“မင်းတို့ မိသားစုရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်ဘုံအင်ပါယာကို မနှိုင်းယှဉ်နိုင်ဘူး။ နယ်ပယ်ကို မကျင့်ကြံရုံသာမက ကောင်းကင် နဲ့မြေကြီးရဲ့ စွမ်းအားကို အတင်းအကြပ် ထုတ်ယူခဲ့တာဟာ မင်း တို့ဘိုးဘေးကို ပျောက်ကွယ်စေခဲ့တာပဲ။ဒါဟာ ကံကြမ္မာ ဖြစ် တယ်။ငါ့အမြင်မှာ မင်းတို့ရဲ့ တောက်ပမှုဟာ ဘာမှ မဟုတ်ခဲ့
ဘူး..
"သူတို့ဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ဖျက်စီးတာ ခံခဲ့ရမှတော့ တောက်ပမှုဟာ ဘယ်နေရာမှာလဲ..။ယောင်ချန်တန်..မင်း ကျင့်ကြံတဲ့ နယ်ပယ်နဲ့တာအိုဟာ ဘာမှ အဖြစ်မရှိဘူး..။မင်းတို့ ရဲ့ ကောင်းကင်ဘုံသားဘိုးဘေးဟာ သေဆုံးခဲ့ရတယ်။ ဒါကို ဘာ ကြောင့်လဲဆိုတာ မရှာဖွေဘဲ မင်းတို့ယောင်မိသားစုဟာ သူတို့ရဲ့ တောက်ပမှုကိုသာ ကျင့်ကြံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ဒီတော့ မင်းရဲ့ တာအိုဟာ ဘာမှမဟုတ်ဘူး။မင်းတို့ ယောင်မိသားစုရဲ့ အခုဘိုး ဘေးရဲ့ တာအိုလည်း ဘာမှ မဟုတ်ဘူး။အဆုံးသပ်မှာ မင်းတို့ ယောင်မိသားစုဟာ ပျောက်ကွယ်သွားရလိမ့်မယ်..."
ယောင်ချန်တန်၏မျက်လုံးထဲ၌ ဒေါသနှင့် ပြည့်နှက်နေသည်။သူ့ စိတ်က ဒဏ်ရာရသွားသည့်အတွက် သွေးများစွာ အန်ထုတ်လိုက် ရ၏။ဝမ်လင်း၏စကားများက သူ့နှလုံးသားကို ဓားအစင်းပေါင်း များစွာ မွှန်းနေသည့်အလား ခံစားနေရ၏။ထိုစကားများကို ကြားလိုက်ရပြီးနောက် သူ့စိတ်ထဲတွင် တုံ့ဆိုင်းမှု အရိပ်အယောင် တစ်ခုပင် ဖြစ်ပေါ်လာရသည်။

ကံကြမ္မာစက်ဝန်း၏အပြင်ဘက်ရှိ ကောင်းကင်ဘုံသားအရိပ် သည် မှုန်ဝါးလာ၏။၎င်းက အချိန်မရွေးပျောက်ကွယ်တော့မည့် အလား ဖြစ်လာသည်။

“မင်းဟာ မင်းတို့ရဲ့ တောက်ပမှုကို ဂုဏ်ယူဝင့်ကြွားခဲ့တယ်။ဒီ တောက်ပမှုကိုပဲ မင်းရဲ့ တာအိုအဖြစ် အသုံးပြုခဲ့တယ်။ မင်းရဲ တောက်ပမှုဟာ မင်းအတွက် ပုံရိပ်ယောင်တစ်ခုသာ ဖြစ်တယ်။ မင်းက မင်းဘိုးဘေးတွေရဲ့ တောက်ပခဲ့မှုကို ဘယ်လိုလုပ် အမှန် တကယ် တွေ့မြင်၊ခံစားဖူးပါ့မလဲ။ ဒီတော့ မင်းဖန်တီးထားတဲ့ တာအိုဟာ ဘာမှ မဟုတ်တော့ဘူး...”

“မင်းရဲ့ ကျင့်ကြံမှုအဆင့်ကတော့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကို ရောက်နေတာ ဟုတ်တယ်။ဒါပေမဲ့ မင်းက မင်းရဲ့ ကိုယ်ပိုင်တာ အိုကို နည်းနည်းလေးတောင် နားမလည်ခဲ့ဘူးပဲ။ငါ့ရဲ့ တာအိုဟာ ငါ့ဘဝတစ်လျှောက် အတွေ့အကြုံတွေကို ဖြတ်ပြီး များစွာ ပြောင်းလဲခဲ့ပြီး ဖြစ်တယ်။ချစ်ခင်ရတဲ့ ဆွေမျိုးတွေ ဆုံးရှုံးခဲ့ရမှု၊ ချစ်သူရဲ့ သေဆုံးခြင်းအတွက် ခါးသီးစွာခံစားခဲ့ရမှု၊ သေဆုံး သွားတဲ့ ငါ့သားရဲ့ မကျေမချမ်းစိတ်ဝိညာဉ်ကို ဖယ်ရှားရမှု…ဒါ တွေ အားလုံးကို ငါဟာ တွေ့ကြုံခဲ့ပြီး ဖြစ်တယ်။ဒါကြောင့်ပဲ ငါ ဟာ သေခြင်းရှင်ခြင်းနယ်ပယ်ကို သိရှိလာပြီး လောကကို နားလည်လာခဲ့တယ်။ငါက ဘာအရာမှ မတည်မြဲ ပျောက်ကွယ်ရ မယ်ဆိုတာ သိနေခဲ့ပေမဲ့လည်း ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တဲ့လမ်းကို ဆက်လျှောက်နေတဲ့လူ ဖြစ်တယ်။ကံကြမ္မာ ရဲ့ ထိန်းချုပ်မှုကို ငြင်းဆိုမယ့်၊ပုန်ကန်မယ့်လူ ဖြစ်တယ်။ဒါ့ ကြောင့်ပဲ ငါ့ရဲ့ သေခြင်းရှင်ခြင်းနယ်ပယ်ဟာ ပြီးပြည့်စုံခဲ့တယ်..

"အဲ့နောက်မှာတော့ ငါ့နယ်ပယ်ဟာ ပြောင်းလဲသွားခဲ့ပြီး ကံကြမ္မာ နယ်ပယ်ကိုပါ နားလည်သွားခဲ့တာ..

"မင်းရဲ့ နယ်ပယ်ကတော့ အတုအယောင်တောက်ပမှု တစ်ခုသာ ဖြစ်တယ်။ဒီတောက်ပမှုဟာ မင်းရဲ့ဘိုးဘေးနဲ့အတူ၊ ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားခြင်းနဲ့အတူ ပျောက်ကွယ် သွားခဲ့တာ အချိန်ကြာမြင့်နေခဲ့ပြီ..။ယောင်ချန်တန် မင်းဟာ အကြီးအကျယ် မှားခဲ့တာပဲ..”
ယောင်ချန်တန်၏ခန္ဓာကိုယ်သည် နောက်တစ်ကြိမ် တုန်ယင် လာ၏။သူက နောက်ထပ် သွေးအန်ရပြန်သည်။သူ့မျက်နှာ ထက်၌ပင် သွေးရောင်မရှိတော့ချေ။သူက သေလူတစ်ယောက် ကဲ့သို့ ဖြစ်နေ၏။သူ့မျက်လုံးထဲ၌လည်း စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။

ကံကြမ္မာစက်ဝန်း၏အပြင်ဘက်ရှိ ကောင်းကင်ဘုံသားအရိပ် သည် ပို၍ မှုန်ဝါးလာခဲ့သည်။

ဝမ်လင်း၏ မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ထွက် ပေါ်လာရင်း သူက အော်ပြောလိုက်ပြန်သည်။ “မင်းရဲ့ယောင် မိသားစုဟာ ငါ့ကို သတ်ချင်တာဟာ ကံကြမ္မာအကြောင်းရင်း ဖြစ်တယ်..မင်းရဲ့တာအိုဟာ ငါ့ရဲ့ ကံကြမ္မာနယ်ပယ်ကြောင့် ချိုးဖျက်ခြင်း ခံရတာကတော့ ကံကြမ္မာအကျိုးဆက် ဖြစ် တယ်..။မင်းရဲ့ တောက်ပမှုနယ်ပယ်ဟာ ငါ့ရဲ့ ကံကြမ္မာနယ်ပယ် ကြောင့် ဘာကြောင့် မပျက်စီးရမှာလဲ...

ယောင်ချန်တန်၏ခန္ဓာကိုယ်က တုန်ယင်နေသည်။သူ့အထက်ရှိကောင်းကင်ဘုံသားအရိပ်သည် လုံးဝ ပျက်စီးသွားလေသည်။ ၎င်းက ပျက်စီးသွားသည်နှင့် အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ကြယ်များသည်လည်း တဖန်ပြန်ထွက် ပေါ်လာခဲ့သည်။ ယောင်ချန်တန်အဖို့တော့ နှစ်ပေါင်းများစွာ ဖြတ်သန်းလိုက်ရသည့်အလားပင်။

ဝမ်လင်း၏ကံကြမ္မာနယ်ပယ်သည်လည်း လွင့်ပြယ်သွား၏။သူ့ မျက်ခုံးနှစ်ခုကြားရှိ အကြွင်းအကျန် အဆောင်သည်လည်း တာ အိုတိုက်ပွဲအတွင်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။သူ့ခန္ဓာကိုယ်ထဲရှိမူလစွမ်းအင်များသည် ပြန်လည် ပြည့်ဝလာခဲ့ကာ သူက ရှေ့သို့ တဟုန်ထိုး တက်လာသည်။

ဤအခိုက်အတန့်၌ သူ့ဘေးရှိ လိပ်ပြာသည် ၎င်း၏တောင်ပံကို ညင်သာစွာ ခတ်လိုက်သည်။ယောင်ချန်တန်၏ ခန္ဓာကိုယ်သည် ပျက်စီးသွားရတော့သည်။ထိုအဖျက်အစီးစွမ်းအားအောက်၌ သူ့ သိုလှောင်အိတ်ပင် ပျက်စီးသွားခဲ့လေသည်။
သူနှင်ပတ်သတ်သည့်အရိပ်ယောင်ဟူသမျှ သည်လောကတွင် မ ရှိတော့ပေ။

ဝမ်လင်း၏မူလစွမ်းအင်များ ပြန်ရလာသည့်အခါ၌ သူ့မျက်နှာ က ဖြူရောကာ သွေးအန်လိုက်ရ၏။တာအို တိုက်ပွဲသည် အလွန် အန္တရာယ်များလှသည်။ထို့ကြောင့် သူက ၎င်းကို နောက်ဆုံး အခြေအနေသို့ မဆိုက်မရောက်မချင်း အသုံးမပြုလိုခဲ့ခြင်း ဖြစ် တော့၏။

လူတစ်ယောက်၏ တာအိုသည် သူ အစောပိုင်းက ပြောခဲ့သလို ကျိုးပဲ့လွယ်၊ပျက်စီးလွယ်ခြင်း မရှိပေ။ယောင်ချန်တန်၏ တာအို နှလုံးသားက ခိုင်မာခြင်း မရှိခြင်းကြောင့်ဟုသာ ပြောနိုင်၏။ ထိုသို့ ဖြစ်ရခြင်းမှာ ယောင်ချန်တန်ထံ၌ လုံလောက်သော ဘဝ အတွေ့အကြုံ မရှိခြင်းကြောင့်ပင်။သူက အစစ်အမှန် မိုးဒဏ်၊ လေဒဏ်ကို စမ်းသပ်မခံရသေးသည့် ပန်းပွင့်ကဲ့သို့ ဖြစ်နေသည် မဟုတ်လား။

ယောင်ချန်တန်နှင့် နှိုင်းယှဉ်ပါက မဟာမိတ်ကြယ်အဖွဲ့အစည်း တွင် သူနှင့်အဆင့်တူ ကျင့်ကြံသူများသည် ပိုမို၍ သန်မာပေ လိမ့်မည်။တကယ်တော့ မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် သင် က သင်ကိုယ်တိုင်ကိုသာ အားကို တည်မှီနိုင်မည် ဖြစ်၏။

မဟာမိတ်ကြယ်အဖွဲ့အစည်းတွင် ဆရာတစ်ယောက်သည်လည်း သင့်ကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။သင်ကသာ အနည်းငယ် ဂရုမစိုက်မိပါက သေဆုံးသွားရပေလိမ့်မည်။ထို နေရာသည် တောရိုင်းဥပဒေကြီးစိုး၏။အားကြီးသူက အားနည်း သူကို အနိုင်ယူစတမ်း နေရာ ဖြစ်နေခဲ့သည်။အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်း၏ အလွန့်အလွန်နည်းပါးသော လူအချို့က သာ မဟာမိတ်ကြယ်အဖွဲ့အစည်း၏ အမှောင်ဘက်ခြမ်းကို စိတ်ကူးကြည့်နိုင်ပေလိမ့်မည်။

အသက်ဝဝရှုသွင်းပြီးနောက် ဝမ်လင်းက သူ့ရတနာများကို ပြန် ရုတ်သိမ်းလိုက်၏။ထာရှန်ကလည်း သူ့အရိပ်ထဲသို့ ပြန်ဝင် ရောက်သွားသည်။ဝမ်လင်း၏မျက်လုံးထဲ၌လည်း သတ်ဖြတ် ချင်စိတ်တို့က ပို၍ပို၍ပင် အားကောင်းလာခဲ့သည်။

“ယောင်မိသားစု…သင်တို့က ငါ့ကို သတ်ချင်မှတော့ တန်ဖိုးတစ်ခု ပြန်ပေးကို ပေးရမယ်...

ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ လောကနှင့် တစ်သားတည်း ပေါင်းစပ်၍ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့၏။
သို့သော်လည်း သူ ပျောက်ကွယ်သွားသည်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ သော အနီးတွင် လှိုင်းတစ်ခု ပေါ်လာခဲ့ကာ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် လှမ်းထွက်လာ၏။သူမက အလွန်လှ သည်။ပြည့်စုံသည်ဟုပင် ပြောနိုင်၏။သူမ၏ အေးစက်စက် အသွင်က လူအများကို နောက်သို့ ဆုတ်မိစေမည် ဖြစ်သလို သူ တို့၏ နှလုံးကိုလည်း အခုန်မြန်စေပေလိမ့်မည်။

သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။သူမကလည်း လောကနှင့် တစ်သားတည်းပေါင်းစပ်ကာ ခြေတစ်လှမ်းလှမ်း ပျောက်ကွယ်သွားရင်း ဝမ်လင်းနောက်သို့ လိုက်လံလေသည်။

အရှေ့ပိုင်းနယ်မြေ၊သွေးနီရောင်ဂြိုဟ်တစ်လုံးပေါ်၌ ယောင် ဟု ရေးထွင်းထားသော ကြီးမားသည့် ဘိုးဘေးဘုရား ကျောင်းဆောင် တစ်ခု ရှိလေ၏။

ထိုကျောင်းထဲ၌ အဘိုးအိုတစ်ယောက်သည် ထိုင်လျက်ရှိနေသည်။သူ့မျက်ခုံးမွှေးက ကွေးညွတ်နေကာ ကြက်သွေးရောင် ရှိနေသည်။

သူ့နောက်တွင် တုန်ကင်များ ရှိသည်။၎င်းတို့တစ်ခုစီက မူလ စွမ်းအင်အမြောက်အများကို ပေးစွမ်းနေသည်။သည် အခိုက်အတန့်၌ ထိုတုန်ကင်များထဲမှ တစ်ခုသည် နှစ်ပိုင်းကွဲ ထွက်သွားသည်။

အဘိုးအိုသည် တဖြည်းဖြည်း မျက်လုံးဖွင့်လာသည်။သူက ကွဲကြေသွားသော တုန်ကင်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ် လိုက်၏။ “နောက်ဆုံးတော့ တစ်ယောက် သေသွားခဲ့ပြီ.. မဟာမိတ်ကြယ်အဖွဲ့အစည်းက ဝမ်လင်း..ငါက မင်း ဘယ်လောက်များများ သတ်နိုင်မလဲ မြင်ချင်မိတယ်။ဒီအဘိုးအို သွေးနတ်ဘုရားကို မင်း စိတ်မပျက်စေနဲ့..

ထိုအဖိုးက သူ့ ညာလက်ကို ပင့်မြှောက်ကာ လက်ညွှန်လိုက်၏။ ထိုအခါ တုန်ကင်ထံမှ အဖြူရောင်အခိုးငွေ့တစ်ခု ထွက်ပေါ်လာ ကာ သူ့အင်္ကျီလက်အိုးထဲသို့ ဝင်ရောက်သွားလေသည်။

"ဆက်ပြီးတော့ သတ်ကြတာပေါ့..
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း၏ ကြယ်များကြားတွင် လှိုင်းတွန့်များသည် တောက်ပစွာ ပေါ်လာ၏။ဝမ်လင်းသည် ၎င်း လှိုင်းတွန့်များထဲကနေ လှမ်းထွက်လာသည်။သူ့မျက်နှာက ဖြူ ရောနေ၏။ယောင်ချန်တန်နှင့် တိုက်ပွဲသည် အလွန်အန္တရာယ်များ ခဲ့၏။အခန့်မသင့်ဘဲ အနည်းငယ် ပေါ့စမိသည်နှင့် သူပင် သေဆုံး သွားနိုင်သည်။

"ယောင်ချန်တန်က နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် တစ် ယောက်ဖြစ်ဖို့ ထိုက်တန်တယ။ငါတို့နှစ်ယောက်ရဲ့ကြားက ကွာခြားချက် တကယ်ကို ကြီးမားတာပဲ။ဒါပေမဲ့ ငါသာ နိဗ္ဗာန ကြိုမြင်ခြင်းအဆင့်မှာ ဆိုရင် သူ့ကို သတ်ပစ်ဖို့ အဲ့လောက် ခက်ခဲတော့မှာ မဟုတ်ဘူး..”

ဝမ်လင်း၏မျက်လုံးတို့က ကြမ်းကြုတ်ဟန် ဖြစ်ပေါ်နေ၏။သူက လောကနှင့် တစ်သားတည်း အချိန်အကြာကြီး ပေါင်းစပ်နေနိုင် ခြင်း မရှိပေ။သူက ပေါ်လာသည်နှင့် မြန်ဆန်စွာ ပျံသန်းသွား တော့သည်။အသက်ရှုချိန် အနည်းငယ်ခန့် ကြာမြင့်ပြီးမှ သူက လောကနှင့် တစ်သားတည်းပြန်ပေါင်းစပ်လိုက်၏။

"ခုချိန်မှာ ငါက ပြန်ကုစားဖို့ နေရာတစ်နေရာ ရှာဖို့ လိုနေပြီ။ငါ ပြန်ကောင်းလာတာနဲ့ ငါက ယောင်မိသားစုကို ပိုပြီး ပြဿနာ ရှိရ မယ် "

ဝမ်လင်း၏ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ထိုနေရာ၌ လှိုင်းတွန့်များ ပေါ်လာကာ အေးစက်စက်အလှပဂေးတစ် ယောက် လှမ်းထွက်လာ၏။သူမက ပေါ်လာသည်နှင့် ဝမ်လင်း ပျောက်ကွယ်သွားသော နေရာကို ကြည့်ကာ မျက်မှောင်ကြုတ် သွား၏။သူမက တိုးညင်းစွာ ဆိုသည်။ “ဟင်းလင်းပြင် ကွေးညွတ်ခြင်းကို တစ်ခါတည်း နှစ်ကြိမ်အသုံးပြုတာပါ။ ဒီရှုမူ က လောကရဲ့မူလစွမ်းအင်အပေါ် ဖမ်းဆုပ်နိုင်မှုမှ အတော်လေး အားကောင်းနေပြီပေါ့..

ယောင်မိသားစုနှင့် ရင်းနှီးသော တစ်စုံတစ်ယောက်သာ သည် နေရာတွင် ရှိပါက သူတို့သည် သူမကို သိရှိပေလိမ့်မည်။သူမ၏ အမည်က ယောင်ပင်ယွမ်တည်း။အရှေ့ပိုင်းနယ်မြေတစ်ခုလုံး၏ ဖီးနစ်မယ်သုံးယောက်ထဲမှ တစ်ယောက်အပါအဝင်လည်း ဖြစ်သည်။
ရေခဲဖီးနစ်ယောင်ပင်ယွမ်…။သူမကို ယောင်မိသားစု၏ တတိယ မျိုးဆက်များကြား ထိပ်ဆုံးသုံးယောက်တွင် ပါဝင်သူဟု သတ်မှတ်နိုင်၏။သူမ၏အသွင်က အမြဲအေးဆက်နေကာ သူမ မိသားစုဝင်များနှင့် တွေ့သည့်အချိန်မှာပင် မထူးခြားနားစွာ ပြောဆိုတက်သူ ဖြစ်သည်။

သူမ၏ ပါရမီက ယောင်မိသားစုအတွင်း၌ ကြီးကျယ်လှသည်မ ဟုတ်။သို့သော သူမ၏တာအိုအပေါ် စူးနစ်မှုက စိတ်ကူးနိုင်သည် ထက် ပိုနေ၏။သူမ၏ တာအိုနောက်ကို လိုက်လံရန် သူမသည် အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိပြီးသည့်နောက် ကောင်းကင်ဘုံမန္တာန် စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းကို စတင် ကျင့်ကြံခဲ့သည်။

ထိုမန္တာန်က မူလစိတ်ဝိညာဉ်၏အာရုံများကို ချိပ်ပိတ်ထားရ၏။ ဆိုလိုသည်က သင့်မျက်လုံးသည် မမြင်နိုင်၊နားသည် မကြားရ၊ နှာခေါင်းသည် အနံ့မရ ဖြစ်ပေမည်။၎င်းမန္တာန်သည် ယောင် မိသားစု၏ တားမြစ်မဟာမန္တာန်သုံးခုတွင် တစ်ခုအပါအဝင် ဖြစ်သည်ဟု ယူဆနိုင်၏။အလွန့်အလွန်နည်းပါးသော သူများ သည် ၎င်းမန္တာန်ကို ကျင့်ကြံရာ၌ တည်တည်ငြိမ်ငြိမ် ရှိနိုင်ပေ လိမ့်မည်။အကြောင်းမူကာ သင်သည် ထိုမန္တာန်ကို ကျင့်ကြံစဉ် အတွင်း အနည်းငယ် သတိမမူမိသည်နှင့် ချိပ်ပိတ်မှုထဲ၌ ပိတ် လှောင်မိကာ သေဆုံးရမည် ဖြစ်သောကြောင့်တည်း။

ခေတ်များ ကုန်ဆုံးလာသည်နှင့်အမျှ ယောင်မိသားစုဝင် များသည် ထိုမန္တာန်ကို ကျင့်ကြံရာ၌ သေဆုံးခဲ့ကြရ၏။ ထို့ကြောင့် တဖြည်းဖြည်းဖြင့် ၎င်းမန္တာန်ကို ကျင့်ကြံသည့်သူ နည်းပါးလာခဲ့သည်။

ယောင်ပင်ယွမ်ကမူ သည်အခြေအနေကို သိသော်လည်း ယောင် မိသားစု၏ ရေခဲဂြိုဟ်ပေါ်တွင် နှစ်ပေါင်းငါးရာ တံခါးပိတ်ကာ အနှီမန္တာန်ကို ကျင့်ကြံခဲ့ပေသည်။

သူမ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက် သူမသည် ပိုမို၍ပင် အေးစက်လာခဲ့သည်။သူမသွားသည့်နေရာတိုင်း၌ အေး စိမ့်မှု ရှိနေ၏။သူမ၏ဘဝသည် တာအိုအပေါ်သာ ရူးမူးကာ သူမ၏ ပြတ်သားမှုကလည်း အံ့မခန်းပေ။
ယောင်မိသားစု၏ တတိယမျိုးဆက်များကြားတွင် လူနှစ် ယောက်သာ ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို ဖမ်းဆုပ်နိုင်ခဲ့ သည်။ယောင်ပင်ယွမ်က တစ်ယောက်အပါအဝင် ဖြစ်လေ၏။ သူမသည် အခြားတစ်ယောက်ထက်ပင် ပို၍ နက်ရှိုင်းသော နားလည်မှု ရှိနေသေးသည်။

သူမ၏ အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် သူမသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အေးစက်စက်အသွင်နှင့် ဝမ်လင်း နောက်သို့ ဆက်လိုက်လာသည်။

ထိုလိုက်လံမှုက ဆယ်ရက်တာ ကြာမြင့်၏။ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် တစ်ခုခုမှားနေသည်ကို သဘောပေါက်လာ ကာ ပို၍လည်း သတိထားလာသည်။

သည်ဆယ်ရက်အတွင်း ယောင်ပင်ယွမ်က သူ့နောက်သို့ နီးကပ် စွာ လိုက်လာနေ၏။ပုံမှန်အားဖြင့် သူမ၏ စိတ်နေစိတ်ထားအရ သူမသည် သည်မိသားစုကိစ္စတွင် ပါဝင်လိမ့်မည် မဟုတ်ချေ။ သူမက အချိန်ရသရွှေ့ တံခါးပိတ်ကျင့်ကြံကာ ကောင်းကင်နှင့် မြေကြီးအပေါ် နားလည်ရန်သာ ကုန်ဆုံးတက်သည်။

သို့သော်လည်း ယောင်မိသားစု၏ဘိုးဘေး သွေးနတ်ဘုရားက ကောင်းကင်အမိန့်ကို ထုတ်ပြန်သည့်အခါ၌ တစ်စုံတစ်ခုကိုပါ ထည့်ပြောခဲ့ပေသည်။ရှုမူကို ကိုယ်တိုင်သတ်နိုင်သည့် မည်သူမဆို ယောင်မိသားစုက အင်အားအပြည့်သုံး၍ ကိစ္စတစ်ခု ကို ဖြည့်ဆည်းပေးမည် ဟူ၍ ဖြစ်လေသည်။

ထို့ကြောင့်လည်း ယောင်ပင်ယွမ်က သည်ကိစ္စတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့၏။

“အစ်မ…ငါ နင့်ကို ကယ်တင်နိုင်ရမယ်... ယောင်ပင်ယွမ်က အောက်နှုတ်ခမ်းကို ကိုက်ကာ လေဟာနယ်ထဲတွင် ပျောက် ကွယ်၍ ဝမ်လင်းနောက်သို့ ဆက်လိုက်လာပြန်၏။

သည်ဆယ်ရက်တာအတွင်း ရှုမူ၏သတင်းက အလျင်အမြန် ပျံ့နှံ သွားပြီး ဖြစ်သည်။အထူးသဖြင့် မိသားစုတော်တော်များများက သူ့ကို သတ်နိုင်ရန် (၂၈)ယောက်ပါ အဖွဲ့တစ်ခု ဖွဲ့ခဲ့ခြင်းပင်။အဆုံး သပ်၌ ရှုမူကသာ ထိုအုပ်စုထဲမှ (၂၆) ယောက်ကို သတ်ပစ်ခဲ့ပြီး နှစ်ယောက်သာ လွတ်မြောက်ခဲ့သည်ဟူ၍ပင်။

ထိုအခါ မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ရှုမူနှင့် ပတ်သတ်သော သတင်းများကို မေ့နေ့သူအချို့သည် ပြန်အမှတ်ရလာတော့၏။
လူတိုင်းကို ပို၍ တုန်လှုပ်စေသည်က ထို(၂၈)ယောက်ထဲတွင် အထည်ဒြပ်ယန်အဆင့်သုံးယောက်၊ပုံရိပ်ယောင်ယင်အဆင့် ကိုး ယောက်နှင့် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် ဆယ့်

ခြောက်ယောက် ပါဝင်နေခြင်း ဖြစ်၏။ထိုသို့သော အုပ်စုကိုပင် ရှု မူက လွတ်ကူစွာ သတ်ပစ်နိုင်ခဲ့သည်။လွတ်မြောက်လာသည့် နှစ် ယောက်ထဲမှ တစ်ယောက်သည် သူ့နေရာသို့ ပြန်ရောက်သည်နှင့် သူ့မိသားစုနှင့်ဂြိုဟ်သည် ရှုမူနှင့်ယောင်မိသားစုတို့ကြား ကိစ္စ တွင် မပါတော့ဟုပါ ကြေငြာခဲ့ပေ၏။

ရှုမူထံမှ လွတ်လာသည့် အခြားတစ်ယောက်က အထည်ဒြပ်ယန် အဆင့် ဖြစ်၏။သူက ပို၍ပင် အခြေအနေဆိုးကာ သူ့မူလစိတ်ဝိညာည်ပင် ဒဏ်ရာရခဲ့သည်။သူက ပြန်ရောက်လာသည်နှင့် တံခါး ပိတ်ကျင့်ကြံခဲ့ရကာ သည်ကိစ္စတွင် မပါဝင်တော့ဟု ကြေငြာခဲ့ ပြန်၏။

သည်သတင်းများက ရှုမူနှင့်ပတ်သတ်သည့် အကြောင်းများကို လုံးဝ ပြန်အမှတ်ရသွားစေခဲ့သည်။

တစ်ချိန်တည်းလိုလိုမှာပင် ယောင်မိသားစု၏ တတိယမျိုးဆက် ယောင်ချန်တန်သည် ရှုမူသတ်တာ ခံလိုက်ရသည့် သတင်းသည် လည်း ပျံ့နှံ့လာခဲ့၏။ထိုသတင်းသည် အလုံးစုံကြယ်အဖွဲ့အစည်း အနှံ့ မုန်တိုင်းတစ်ခုကဲ့သို့ ဖြစ်စေသည်။

ယောင်မိသားစု၏ ကောင်းကင်အမိန့်အောက်၌ သတ်ဖြတ်ရန် စေလွှတ်ခဲ့သူတို့သည်သာ အသတ်ခံခဲ့ရလေ၏။ထိုအခါ ရှုမူ ဆို သည့် နာမည်ကို ကျင့်ကြံသူများ ပို၍ မှတ်မိလာကြတော့သည်။

ယောင်မိသားစုသည်လည်း မြန်ဆန်စွာ တုံ့ပြန်ခဲ့သည်သာ ဖြစ်သည်။မိသားစုဝင်များနှင့် ချိတ်ဆက်မှုရှိသော အခြား ကျင့်ကြံခြင်းမိသားစုများသည် အနောက်ပိုင်းနယ်မြေသို့ အတူ စုဝေးလာကြတော့၏။

သည်အချိန်မှာပင် ဝမ်လင်းက လောကနှင်တစ်သားတည်း ဆက်လက် ပေါင်းစပ်နေရင်း အတော် သတိထားနေ၏။
သူက သူ့နောက်က လိုက်နေသည့်သူကို မမြင်တွေ့ရသော်လည်း နောက်ယောင်ခံလိုက်ခြင်း ခံနေရသည့် ခံစားမှုက အားကောင်း နေသည်။ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ် ပြီး ပြန်မထွက်ပေါ်ရန် ဆုံးဖြတ်လိုက်၏။သူက ဦးတည်ရာ လမ်းကြောင်းများကိုလည်း ဆက်တိုက် ပြောင်းနေသည်။

ထို့အတွက်ကြောင့် ဝမ်လင်းနှင့်ယောင်ပင်ယွမ်တို့နှစ်ယောက် သည် နားလည်မှုခြင်း ယှဉ်ပြိုင်ရသည့် သဘောမျိုး ဖြစ်လာ ခဲ့၏။ပို၍ နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိသူက လောကနှင့်တစ်သားတည်းပိုကြာကြာ ပေါင်းစပ်နိုင်ပေမည်။

အခြားတစ်ယောက်ကသာ အရင်ပေါ်လာခဲ့ပါက ဝမ်လင်းသည် လက်ဦးမှု ရယူပေလိမ့်မည်။သူက သူတို့ကို သူ့တည်နေရာအား သိရှိရန် ခွင့်ပြုမည် မဟုတ်ပေ။

ဝမ်လင်းသည် အရှင်မီးတောက သူ့ခန္ဓာကိုယ်အား ထိန်းချုပ်ခဲ့ စဉ်က အချိန်အတန်ကြာ လောကနှင့် ပေါင်းစပ်ခြင်း၌ အတွေ့အကြုံ ရှိခဲ့ဖူး၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ယောင်ပင် ယွမ်၏နားလည်မှုက လေးနက်သော်လည်း ဝမ်လင်းနှင့် အတွေ့အကြုံခြင်း မယှဉ်နိုင်ချေ။ဆယ့်ခြောက်ရက်မြောက်နေ့၌ သူမက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ ဟင်းလင်းပြင်ထဲ၌ ပြန်ပေါ်လာခဲ့၏။

သူမက ပေါ်လာသည်နှင့် လောကနှင့်တစ်သားတည်း ပေါင်းစပ် ထားချိန် ဝမ်လင်းအပေါ် ချမှတ်ထားသည့် သူမ၏ နတ်ဘုရား အာရုံကပါ ပျောက်ကွယ်သွားရသည်။

ယောင်ပင်ယွမ်၏အသွင်က တည်တည်ငြိမ်ငြိမ်ပင်။သူမက သိုလှောင်အိတ်ထဲမှ ကြေးမုံငယ်တစ်ခုကို ထုတ်ယူလိုက်၏။သူမ က ဘယ်လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ တစ်စုံတစ်ခုကို ကြိုတင်ခန့်မှန်းသကဲ့သို့ ပြုမူ၏။ခဏအကြာ တွင် သူမက နောက်တစ်ဖန် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားပြန်သည်။
ဝမ်လင်း၏ပုံရိပ်က အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေ နယ်စပ် စွန့်ပစ်ဂြိုဟ်တစ်ခု ဘေး၌ ပေါ်လာ၏။သူက ပြန်ပေါ်လာ သည့်အခါ သူ့မျက်နှာ၌ သွေးရောင်ပင် မရှိတော့ချေ။တကယ် တော့ သူက ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီးဖြစ်သည့်အပြင် အချိန်အတန်ကြာ အားစိုက်ထုတ်၍ ပြေးနေခဲ့ရသည် မဟုတ် လား။ထို့ကြောင့် သူ့ဒဏ်ရာများက ပို၍ ဆိုးလာခဲ့သည်။သည် အခိုက်အတန့်၌ သူ့နောက်သို့လိုက်လာသည့်လူကို လုံးဝ နောက် ချန်ရစ်ခဲ့ပြီးမှ သူက စိတ်သက်သာရာ ရတော့၏။

“ယောင်မိသားစုဟာ သူတို့ရဲ့အစီအစဉ်ကို ကြိုချမှတ်ပြီး ဖြစ် တယ်။ဒါ့ကြောင့် အခုကစပြီး ငါ့အတွက် ခြေလှမ်းတိုင်းဟာ ခက်ခဲတော့မယ်...

ဝမ်လင်းသည် ထိုစွန့်ပစ်ဂြိုဟ် ရှိရာသို့ ပျံသန်းသွားတော့၏။

ထိုဂြိုဟ်တွင် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေပေ။နေရာ တိုင်းက ပျက်စီးနေ၏။

ဝမ်လင်းက ထိုဂြိုဟ်ပေါ်ရှိ ချိုင့်ဝှမ်းတစ်ခုကို ရှာတွေ့သွားသည်။ သူက ထိုင်ချလိုက်ပြီးနောက် သူ့ သိုလှောင်အိတ်ကို ထိလိုက်၏။ ထိုအခါ စိတ်ဝိညာဉ်အလံသည် ပျံသန်းထွက်လာကာ သည် ဧရိယာကို အနက်ရောင်မြူများနှင့် ပြည့်နှက်သွားစေသည်။ အတားအဆီးများစွာကို ချမှတ်ပြီးနောက် သူက မျက်လုံး မှိတ်လိုက်၏။သူ့နောက်တွင် ထာရှန်က သူ့အရိပ်ထဲကနေ လှမ်း ထွက်လာကာ သူ့ဘေး၌ ထိုင်ချသည်။ထာရှန်၏ ညာလက်က ပျက်စီးသွားခဲ့ကာ သူ့ခန္ဓာကိုယ်၌လည်း ဒဏ်ရာများနှင့် ပြည့် နေသည်။

ဝမ်လင်းက သူ့တွင် အချိန်မရှိကြောင်း သိနေ၏။သူက သူ့ ဒဏ်ရာများကို အမြန်ပြန်ကုနိုင်မှ သူ့အထွတ်အထိပ်အခြေအနေ သို့ ပြန်ရောက်ပေမည်။ထိုမှသာ သူက ရှင်သန်နိုင်မည် မဟုတ် လား။

ကျင့်ကြံနေရင်းဖြင့် ဝမ်လင်းသည် သူ့ညာလက်ကို မြှောက်ကာ အနက်ရောင်မြူထုထံသို့ ဆန့်တန်းကာ ပုံရိပ်ယောင်ယင်အဆင့် မူလစိတ်ဝိညာဉ်တစ်ခုကို ချက်ခြင်း ဖမ်းယူသည်။၎င်းစိတ် ဝိညာဉ်က အသနားခံတောင်းဆိုခြင်း မပြုခင်မှာပင် ဝမ်လင်းက ၎င်းကို ဖျက်စီးကာ မူလစွမ်းအင်များကို ဝါးမြိုပစ်လိုက်၏။

ခဏအကြာတွင် ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်လာ၏။သူက နောက်ထပ် မူလစိတ်ဝိညာဉ်တစ်ခုကို ဖမ်းယူ ကာ ဝါးမြိုလိုက်ပြန်သည်။
သူက သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များကို ချိန်ညှိနေရင်း မူလစိတ် ဝိညာဉ်ထံမှ မူလစွမ်းအင်တို့ကို ဆက်လက် စုပ်ယူနေသည်။ ခြောက်နာရီခန့်အကြာ မူလစိတ်ဝိညာဉ်လေးခုကို ဝါးမြိုပြီး သည့်နောက် အားကောင်းသော မူလစွမ်းအင်လှိုင်းတစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ မြင့်တက်လာတော့သည်။သူက မျက်လုံးပြန်ဖွင့်လာ၏။သူ့မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေသည်။ထို့နောက် သူက လက်ဆန့်ထုတ်လိုက်ရာ သိုလှောင်အိတ်များစွာ ပေါ်လာသည်။

ထိုသိုလှောင်အိတ်များက သူသတ်ခဲ့သောလူများ ပိုင်ဆိုင်ခဲ့သည့် အရာများပင်။အများကြီးတွေးမနေဘဲ ဝမ်လင်းသည် ၎င်းတို့ပေါ် ရှိ နတ်ဘုရားအာရုံများကို ပယ်ဖျက်ကာ ရတနာများအားလုံးကို ထုတ်ယူလိုက်၏။သူက ၎င်းတို့ကို ချေမွပြီး အရည်အဖြစ်သို့ ပြောင်းကာ ထာရှန်ကိုယ်ထဲသို့ ပျော်ဝင်စေသည်။

သူက ထာရှန်၏ခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးနိုင်ရန် ထိုရတနာ များအားလုံးကို ဖျက်စီးခဲ့ပေသည်။

နှစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ထာရှန်၏အရိုးများသည် ပြန်ကောင်းမွန်လာခဲ့လေပြီ။သူက အနည်းငယ်အားနည်းနေသေး သော်လည်း အလေးအနက်ထားစရာလိုလောက်အောင် အား မနည်းတော့ပေ။

ဝမ်လင်း၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ဖြတ်ပြေး သွားကာ သူက လေထဲသို့ ပျံတက်လိုက်၏။ထာရှန်ကလည်း သူ နောက်သို့ အမြန်လိုက်လာကာ ဝမ်လင်း၏အရိပ်နှင့် ပေါင်းစပ် လိုက်၏။

ဝမ်လင်းက လေထဲသို့ ပျံတက်လိုက်သည့်အခိုက်တွင် သူ့ညာ လက်ကို ဆန့်ထုတ်လိုက်၏။ထိုအခါ အနက်ရောင်မြူထုသည် ပြန်စုဝေးကာ သူ့လက်ထဲ၌ အလံတစ်ခု ပေါ်လာ၏။ထို့နောက် သူက ၎င်းအလံကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်သိမ်းဆည်းလိုက် သည်။
သည်အခိုက်အတန့်၌ ယောင်ပင်ယွမ်၏စွဲမက်ဖွယ်ပုံရိပ်သည် ဝမ် လင်း ဒဏ်ရာကုနေသော ဂြိုဟ်အပြင်ဘက်၌ ပေါ်လာခဲ့သည်။ သူမ၏ မျက်နှာက အေးစက်နေကာ သူမက ကြေးမုံငယ်ကို ထုတ်၍ ကြည့်သည်။ထိုကြေးမုံထဲ၌ ဝမ်လင်းသည် ကောင်းကင် ထက်သို့ ပျံတက်လာသည်ကို တွေ့မြင်နေရသည်။

သူမ၏အသွင်က အေးစက်နေသည်။သူမက ဘယ်လက်ကို မြှောက်ကာ ကြေးမုံထက်သို့ လက်ချောင်းဖြင့် ဖိချ၏။ကြေးမုံ သည် သူမလက်ချောင်းဖြင့် မထိခင်ကတည်းကပင် တစစီ ဖြစ် သွားတော့သည်။

ဝမ်လင်းသည် သတ်ဖြတ်ချင်စိတ်အပြည့်နှင့် ဂြိုဟ်ထံကနေ ထိုး ထွက်လာ၏။သူ့ပတ်လည်၌လည်း ခရမ်းရောင်မိုးကြိုးလုံးတို့ ဝန်းရံနေသည်။ထိုအရာက သူ့ကို ပို၍ မြန်ဆန်စေသည်။

မျက်စိတစ်မှိတ်အတွင်း သူက ဂြိုဟ်ထံကနေ ထွက်လာကာ ယောင်ပင်ယွမ်ထံသို့ တန်းတန်းမတ်မတ် ဦးတည်လာ တော့သည်။

ယောင်ပင်ယွမ်၏အသွင်က တည်ငြိမ်နေလျက်သာ။သူမက သူ့ ထံသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေသော ဝမ်လင်းကို စူးစိုက် ကြည့်နေသည်။သူမက လက်မြှောက်ကာ ညွှန်သည်။ထိုအခါ သူမ၏လက်ချောင်းထိပ်၌ အပြာရောင်ရေခဲသလင်းများ သိပ်သည်းလာသည်။

ယောင်ပင်ယွမ်က တိုးညင်းစွာ ဆို၏။ "ရေခဲ ဖျက်စီးခြင်း...

လက်ညှိုးတစ်ချက်ဖြင့်ပင် အေးစက်သောအော်ရာတစ်ခုသည် အရူးအမူး ပျံ့လာသည်။ယောင်ပင်ယွမ်၏ လက်ချောင်းထိပ်က နေစ၍ ဟင်းလင်းပြင်ပင် စတင်အေးခဲလာသည်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သို့သော် သူက နောက်မ ဆုတ်ပေ။သူ့ခန္ဓာကိုယ်ထဲရှိ မိုးကြိုးများအားလုံးသည် ပျံ့နှံ့ထွက် လာကာ ချဉ်းကပ်လာသော ရေခဲနှင့် ထိပ်တိုက်တွေ့ဆုံသွား သည်။
ဘုန်း..ဘုန်း..ဘုန်း..သည်ဧရိယာ၌ အက်ကွဲဆူညံသံများ ဆက်တိုက် ပဲ့တင်ထပ်ကုန်သည်။ဝမ်လင်း၏ မိုးကြိုးလုံးများ အားလုံးသည် ပျက်စီးသွား၏။သူ့ထံသို့ ချဉ်းကပ်လာသော ရေခဲ သည်လည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏အရိပ်ထဲကနေ ထာရှန်သည် လှမ်း ထွက်လာသည်။သူက ဒဏ်ရာမရထားသော သူ့ဘယ်လက်သီး ကိုပင့်ကာ ရေခဲထုကို ချက်ခြင်း ထိုးချလာသည်။

တစ်ချိန်တည်းမှာလည်း ဝမ်လင်းက သူ့ညာလက်ကိုမြှောက် လိုက်ရာ လေဆင့်ခေါ်ခြင်းသည် မြန်ဆန်စွာ ပေါ်လာသည်။ အနက်ရောင်လေပြင်းသည် ယောင်ပင်ယွမ်ထံသို့ ဝင်ရောက်သွား သည်။

ဝမ်လင်းသည် သူ့ရန်သူနှင့် ပတ်သတ်လာလျှင် မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ အမြဲရက်စက် ပေသည်။

အနက်ရောင်လေပြင်းက သည်ဧရိယာကို ဖြတ်သန်းသွားသည့် အခါ ရေခဲသည် ချက်ခြင်းလွင့်ပါးသွားရ၏။ထာရှန်၏လက်သီး ချက်သည်လည်း ရေခဲထုပြိုလဲသွားသည်နှင့် ယောင်ပင်ယွမ် ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ယောင်ပင်ယွင်၏အသွင်က ပြောင်းလဲခြင်းမရှိ အေးစက်နေဆဲ သာ။ထာရှန် နီးကပ်လာသည့်အခါ သူမက ပါးစာ၍ တိတ်ဆိတ်စွာ ဆိုသည်။ “သွေး ပျက်စီးခြင်း..

ထာရှန်၏ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွား၏။သူ့ ခန္ဓာကိုယ်ကနေ သွေးများစွာ ထွက်လာကာ သွေးမြူအဖြစ်သို့ ပြောင်းလဲကုန်၏။သူက ဆက်လက်၍ လက်သီးဖြင့် မတိုက်ခိုက် နိုင်ခင်မှာပင် နောက်သို့ လွင့်စင်သွားရ၏။သူက အလျင်အမြန် ဝမ်လင်း၏အရိပ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။

ဤအခိုက်မှာပင် ဝမ်လင်းသည်လည်း အရပ်မျက်နှာအနှံ့မှ ထူးဆန်းသောအားတစ်ခု သိပ်သည်းလာသည်ဟု ခံစားရ၏။ထို အားက သူ့ခန္ဓာကိုယ်ထဲရှိသွေးတို့ကို မြန်ဆန်စွာ စီးဆင်းလာ စေသည်။သူ့သွေးများက ဆူပွက်လာကာ ခန္ဓာကိုယ်ထဲကနေ စိမ့် ထွက်လိုသည့်အလား။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖြတ်ပြေးသွား သည်။သူက သူ့ညာလက်ကို ခပ်တင်းတင်းဆုပ်၏။ထိုအခါ အနက်ရောင်လေပြင်းသည် အနက်ရောင်နဂါးအဖြစ်သို့ သိပ်သည်းသွားသည်။ထိုအနက်ရောင်နဂါးက အေးစက်စက်လေ များကို ယောင်ပင်ယွမ်ထံသို့ မှုတ်ထုတ်လာသည်။

ပထမဆုံးအကြိမ်အဖြစ် ယောင်ပင်ယွမ်၏အသွင်က ပြောင်းလဲ သွားသည်။သူမက အနက်ရောင်နဂါးထံမှ ထွက်ပေါ်လာသည့် လေအေးများကို စူးစိုက်ကြည့်နေကာ ချိပ်တံဆိပ်တစ်ခုကို အ မြန်ဖြစ်ပေါ်စေသည်။

ထိုအခိုက်အတန့်၌ ဝမ်လင်းသည် နောက်သို့ ခြေလှမ်းများစွာ ဆုတ်ကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်ပြီ ဖြစ်သည်။သူ့ရန်သူကလည်း လောကနှင့်တစ်သားတည်း ပေါင်းစပ်နိုင်စွမ်း ရှိနေသည်။ထို့ကြောင့် သူအရင်က အသုံးပြုခဲ့ သည့် တိုက်ပွဲနည်းနာသည် သည်အမျိုးသမီးပေါ်၌ သက်ရောက် မှု မရှိတော့ပေ။

ဝမ်လင်းက ပြတ်သားသောအကြည့်ကို ထုတ်ဖော်သည်။သူက သူမကို အနိုင်မယူနိုင်ပေ။ထို့ကြောင့် အမြန် ရှောင်ရှားရန်သာ ဆုံးဖြတ်လိုက်၏။

ဝမ်လင်းက နောက်သို့ ခြေလှမ်းလိုက်ပြီးနောက် သူသည် ပျောက် ကွယ်သွားတော့သည်။ယောင်ပင်ယွမ်က နောက်က လိုက်လို၏။ သို့သော အနက်ရောင်နဂါးမှုတ်ထုတ်လိုက်သည့် လေအေးများက သူမ မျှော်လင့်သည်ထက် ပိုနေ၏။သူမက လောကနှင့် တစ်သားတည်း ပေါင်းစပ်လိုက်သည့်အခါမှာပင် ၎င်းလေအေး များကို ရှောင်နိုင်စွမ်း မရှိပေ။

ယောင်ပင်ယွမ်၏မျက်နှာ၌ အေးစက်မှုတို့ ပြည့်လာ၏။သူမက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေသည်။ထိုအခါ သူမရှေ့၌ အပြာ ရောင်အမြုတေတစ်ခု ပေါ်လာသည်။ထိုအမြုတေသည် အလွန် တောက်ပ၏။၎င်းပေါ်လာသည်နှင့် အေးစက်စက်လေနှင့် တွေ့ဆုံ သွားသည်။အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ပြီးနောက် လေအေးက ပျောက်ကွယ်သွားသည်။အပြာရောင်အမြုတေ သည်လည်း မှိန်ဖျော့သွားရ၏။

ယောင်ပင်ယွမ်၏အသွင်သည် သုန်မှုန်လာသည်။သူမက အပြာ ရောင်အမြုတေကို ဆွဲယူလိုက်၏။ထို့နောက် သူမသည် ဝမ်လင်း ပျောက်ကွယ်သွားသောနေရာသို့ စူးစိုက်ကြည့်ကာ နောက်ကနေ ဆက်၍ လိုက်သွားသည်။
သူမ စတင်ကျင့်ကြံခဲ့ကတည်းက အခုလိုမျိုး ရင်ဆိုင်ရန် ခက်ခဲ သည့်လူမျိုး လုံးဝ မတွေ့ခဲ့ဖူးပေ။သူမ၏ နောက်ယောင်ခံမှုဖြင့် ပင် သူမသည် အခြားလူ၏ လွတ်မြောက်မှုကို မတားဆီးနိုင် ဖြစ် ရသည်။သူမက လောကနှင့် တစ်သားတည်း ပေါင်းစပ်လိုက်စဉ် တုန်ခါမှုလှိုင်းကို ရှာနိုင်ရန်အတွက် သူမ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။

ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်သွားပြီး နောက် မြောက်ပိုင်းနယ်မြေသို့ ဦးတည်ပျံသန်းသွားသည်။သူ့ တွင် အစီအစဉ်ကြီး တစ်ခု ရှိနေ၏။

အနောက်ပိုင်းနှင်မြောက်ပိုင်းနယ်မြေကြားတွင် ကြယ်များ တန်း စီစွာ ရှိနေသည်။သင်က ထိုဧရိယာကို ဖြတ်ကျော်သွားပါက မြောက်ပိုင်းနယ်မြေထဲသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ သို့သော်လည်း မရေမတွက်နိုင်သောကျင့်ကြံသူများက အနောက် ပိုင်းနယ်မြေ၏အစပ်တွင် ရှိနေကြသည်။သည်အခိုက်အတန့်၌ အနောက်ပိုင်းနယ်မြေတွင် ကျင့်ကြံသူများစွာသည် စုဝေးနေ ကြ၏။ယောင်မိသားစုဝင်များအပြင် ယောင်မိသားစုမှ ခေါ် ဆောင်လာသည့်လူများစွာလည်း ရှိနေ၏။

ထိုလူများသည် ဝမ်လင်းကို သံသယမရှိ သတ်ပစ်ရမည်ဟု ဆုံးဖြတ်ထားကြသူများပင်။ထို့ကြောင့် သူတို့က ဝမ်လင်း၏ လက်တုံ့ပြန်မှုကိုလည်း စိုးရိမ်မနေကြချေ။သူတို့အားလုံးက ယောင်မိသားစု၏ ဆုချီးမြှင့်မှုအတွက် လာရောက်ကြသူများ

မရေမတွက်နိုင်သောလူများက သည်ဧရိယာကို ပိတ်ဆို့ထား၏။ အချို့လူများသည် အခြားလူဖြတ်သန်းမသွားလာနိုင်အောင် သည်ဧရိယာ၏ မူလစွမ်းအင်ကို ဆက်တိုက် နှောက်ယှက်နေ ကြ၏။

ဝမ်လင်းသည် ကြယ်များနှင့် ကီလိုမီတာငါးထောင်အကွာတွင် ပေါ်လာ၏။သူက သူ့ရှေ့ရှိ မြင်ကွင်းကို သုန်မှုန်စွာ စူးစိုက်ကြည့် နေသည်။သည်အကွာအဝေးကပင် သူသည် အားကောင်းသော လှိုင်းတစ်ခုကို ခံစားမိနေ၏။သည်ဧရိယာ၏ မူလစွမ်းအင်ကို အခုလိုမျိုး နှောက်ယှက်နေပုံဖြင့် သူက လောကနှင့် တစ်သားတည်း ပေါင်းစပ်လျှင်ပင် အန္တရာယ်ကင်းကင်း ဖြတ်သန်းသွားနိုင်မည်က မသေချာ ဖြစ်နေသည်။
သူက တစ်ဝက်တစ်ပျက်တွင် ပေါ်လာသည်နှင့် ကျင့်ကြံသူ အားလုံး၏ ဝိုင်းတိုက်ခိုက်ခြင်းကို ခံရကာ သေဆုံးရမည်ကို သိနေ၏။

“ယောင်မိသားစု” ဝမ်လင်းက အံတင်းတင်းကြိတ်လိုက်၏။ ထို့နောက် သူက လှည့်၍ ပျောက်ကွယ်သွားပြန်သည်။

သည်အခိုက်အတန့်၌ နတ်ဘုရားအာရုံအနည်းငယ်က မြန်ဆန်စွာ ရောက်ချလာကာ ၎င်းတို့ထဲမှ တစ်ခုက ပတ်ဝန်းကျင်၏မူလ စွမ်းအင်ကို နှောက်ယှက်လိုက်သည်။အကွာအဝေးတစ်ခုကနေ မာန်သွင်းသံများနှင့်အတူ ကျင့်ကြံသူများစွာက တရကြမ်း လာ နေကြ၏။

မူလစွမ်းအင် နှောက်ယှက်ခံလိုက်ရခြင်းကြောင့် ဝမ် လင်း၏ခန္ဓာကိုယ်သည် ပေတစ်ထောင်အကွာတွင် ပေါ်လာ၏။ သူ့အသွင်က ပို၍ သုန်မှုန်နေကာ သူက အလျင်အမြန် ပြေးရ တော့သည်။

"ရှုမူက ဒီမှာပဲ..."

“ရှုမူ ဒီမှာ သတ်ကြ..."

“ရှုမူ သူက ရှုမူပဲ ”

နေရာအနှံ့မှ အော်သံများ ထွက်ပေါ်လာကြသည်။အမျိုးမျိုး သော ကျင့်ကြံသူများက သူ့ထံသို့ တိုးဝင်လာနေကြ၏။ထိုသို့ အဆင်အခြင်မဲ့စွာ လှုပ်ရှားလာသည့် အုပ်ထဲတွင် ယောင်မိသားစု ဝင် တစ်ယောက်မှ မပါဝင်ချေ။

ယောင်မိသားစုဝင်များက နောက်ဘက်တွင် ရှိနေကာ အရာရာကို အေးစက်စက် စောင့်ကြည့်နေကြ၏။

ဝမ်လင်းက နောက်သို့ ဆက်ဆုတ်နေရင်း သူ့ခြေထောက် အောက်၌ လှိုင်းတွန့်များစွာ ပေါ်လာ၏။သူ့အကြည့်က အေးစက် နေကာ နောက်မှ လိုက်လာသော လူအုပ်ထံသို့ ဝှေ့ကြည့်လိုက် သည်။ထိုသူတို့၏ ရုပ်သွင်းများကို သူ့စိတ်ထဲ၌ မှတ်ကျောက် တင်ထားလိုက်တော့သည်။
ကျင့်ကြံသူများ၏ အမျိုးအစားစုံလင်သော မန္တာန်များ၊လက်နက် များသည် နီးကပ်လာနေရင်း ဝမ်လင်းသည် လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားတော့၏။သူ့ ရှေ့၌ မူလစွမ်းအင်နှောက်ယှက်မှုတို့ ရှိနေသော်လည်း ဝမ်လင်း ရှေ့သို့ဆက်တိုးခြင်း၌ ကြုံနိုင်သည့် နှောက်ယှက်မှုလောက် မ များလှပေ။

"ယောင်မိသားစု…ငါက လက်စားမချေနိုင်ရင် ငါ့ကိုယ်ငါ ကောင်းကင်ကိုဖိဆန်တဲ့ ကျင့်ကြံသူလို့ မခေါ်တွင်တော့ဘူး..

ဝမ်လင်းက နှာခေါင်းရှုံ့ကာ ပျောက်ကွယ်သွားတော့၏။

တဟုန်ထိုးတိုးဝင်လာသည့် ကျင့်ကြံသူများသည် ဝမ် လင်း၏နှာခေါင်းရှုံ့သံကို ကြားလိုက်ရသည့်အခါ သူတို့၏စိတ် ထဲ၌ အေးစိမ့်မှုကို ခံစားလိုက်ရသည်။သည်လောက် အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဝမ်လင်းသည် သတ်ဖြတ်သူတစ်ယောက်အဖြစ် စတင်တော့မည်ဟု ဖော်ကျူး နေသည် မဟုတ်လား။

“မင်းတို့အားလုံးက ငါ့ကို ပိတ်လှောင်ချင်နေမှတော့ ငါလာခဲ့ မယ် "

ဝမ်လင်းသည် လောကနှင်တစ်သားတည်း ပေါင်းစပ်နေရင်း နောက်သို့ အမြန်ဆုတ်နေသည်။သည်အခိုက်အတန့်၌ ယောင်ပင် ယွမ်၏ အော်ရာ ဝမ်လင်းပေါ်သို့ ကျရောက်လာသည်။ဝမ် လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်လာသည်။ သူ့အသွင်က အနောက်ပိုင်းနယ်မြေ၌ နောက်တစ်ဖန် ပေါ်လာ ခဲ့၏။သူ့ရှေ့တွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိနေသည်။

ဝမ်လင်းက ထိုဂြိုဟ်၏အမည်ကို မသိပေ။သို့သော် သူက ပေါ်လာသည်နှင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့နတ်ဘုရား အာရုံဖြင့် ၎င်းဂြိုဟ်ကို စစ်ဆေးလိုက်သည်။ထိုဂြိုဟ်ပေါ်၌ အာဏာတက်ခြင်းအထွတ်အထိပ်အဆင့်ထက် ပိုမြင့်သည့် ကျင့်ကြံသူတစ်ယောက်မှ ရှိမနေပေ။

သူက သက်ပြင်းချမိ၏။သည်ဂြိုဟ်၏ စိတ်ဝိညာဉ်စွမ်းအင် အနေအထားအရ သည်ဂြိုဟ်တွင် ပုံရိပ်ယောင်ယင်နှင့်အထက် အဆင့်များ တစ်ယောက်မှ မရှိသည်မှာ မဖြစ်နိုင်ပေ။ထိုအဆင့် အောက်များသည် သူ့ကို အမဲလိုက်ရာ၌ ပါဝင်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
အမှန်တော့ ဝမ်လင်း၏ခန့်မှန်းမှုက အလွန်တည်ကျ၏။အခုလို မျိုး သည်ဂြိုဟ်၏ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ ပျောက်နေခြင်းက အဖြေတစ်ခုသာ ရှိပေမည်။ထိုအဖြေက သည် ဂြိုဟ်မှ ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများသည် သူ့ကို အမဲ လိုက်ရာ၌ ပါဝင်နေသည်ဟူ၍ပင်။

ဝမ်လင်းက တဟုန်ထိုး တိုးဝင်လာနေ၏။သူ့မျက်လုံးထဲရှိသတ်ဖြတ်လိုသည့် စိတ်ဆန္ဒကလည်း အလွန်အမင်း ပြင်းထန် နေသည်။သူက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် သို့မဟုတ် ထို့ထက်ပိုသော အဆင့်၌ တွေ့ကြုံပါက လက်ညှိုးတစ်ချက်ဖြင့် ပင် သက်ပစ်နိုင်သည် မဟုတ်လား။

“မင်းတို့က ငါနဲ့ယောင်မိသားစုကြား ကိစ္စမှာ ပါလာမယ်ဆိုရင် မင်းတို့လည်း ငါ့ရဲ့ လက်တုန့်ပြန်မှုကို ကျိန်းသေပြန်ခံရမယ်။ ငါက ဒီမိသားစုတွေကို အတင်း မောင်းမထုတ်ဘူးဆိုရင် သူတို့ အများစုက ဒီကိစ္စမှာ ပါဝင်လိမ့်မယ်..

“ဒီကိစ္စကို ရင်ဆိုင်ဖို့ တစ်ခုတည်း နည်းလမ်းက သူတို့ကို တုန်လှုပ်အောင် လုပ်ဖို့ပဲ။ဒီလိုလုပ်ဖို့ အကောင်းဆုံးနည်းကတော့ သူတို့ရဲ့ဂြိုဟ်တွေကို သတ်ဖြတ်ပစ်ရမယ်..

ဝမ်လင်းသည် ကြင်နာတက်သူတစ်ယောက် မဟုတ်ပေ။အခု ချိန်၌ သူက ယောင်မိသားစုဝင်များနှင့်ကျင့်ကြံသူများကြောင့် အနောက်ပိုင်းကုန်းမြေတွင် ပိတ်မိနေသည်မဟုတ်လား။သူသာ သနားသက်ညှာနေပါက သေဖို့စောင့်နေသည်နှင့် တူပေလိမ့်မည်။

ထို့အပြင် ဝမ်လင်းကို ပို၍ စိတ်ပူစေသည်က ယောင်မိသားစုနှင့် အခြားမိသားစုများမှ အစစ်အမှန် ကျွမ်းကျင်သူများကိုပင်။နိဗ္ဗာ နကြိုမြင်ခြင်းအဆင့်ကို ခြေချပြီးသူ ကျင့်ကြံသူတစ်ယောက်ကို ဝမ်လင်းက ခုခံနိုင်ရန် ခက်ခဲပေလိမ့်မည်။

တန်လင်းဂြိုဟ် ကျော်ကြားရသည့် အကြောင်းရင်းမှာလည်း လူ တွေ၏စိတ်ထဲ၌ ၎င်းတို့၏ သတ်ဖြတ်မှုကို ကြောက်ရွှံ့နေ သောကြောင့်သာဖြစ်သည်။တန်လင်းဂြိုဟ်၏ မျိုးဆက် များသည် ထွက်ပေါ်လာသည်နှင့် ၎င်းတို့ကို စော်ကားသည် မည် သူ့ကို မဆို ထိုသူတို့၏ ဂြိုဟ်တွေကိုပါ သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်လား။

သွေးဖြင့် ပြန်လည် ပေးဆပ်စေခြင်းကသာ သူတို့အားလုံး အမှတ်ရနေမည့် နည်းလမ်းပင်။
ဝမ်လင်းသည် မူလတုန်းက ထိုသို့ မလုပ်ချင်ခဲ့ပေ။သို့သော် ခု ချိန်၌ သူက ထိုသို့လုပ်ဆောင်ရန် ဖြစ်လာ၏။ထိုသို့ သတ်ဖြတ် ပစ်မှသာ သည်ကိစ္စတွင် ပါဝင်မည့် ကျင့်ကြံခြင်းမိသားစု များသည် နောက်ဆုတ်သွားနိုင်မည် ဖြစ်၏။

ဝမ်လင်းသည် ဂြိုဟ်အနှံ့ လေပွေရိုင်းတစ်ခုကဲ့သို့ ဖြတ်သန်းနေ ရင်း အသက်များကို ယူဆောင်ပစ်နေ၏။အမွှေးတိုင်တစ် တိုင်ဝက်စာခန့် ကြာမြင့်ပြီးနောက် သူက လောကနှင့် တစ်သားတည်း ပြန်ပေါင်းစပ်ကာ ပျောက်ကွယ်သွားပြန်၏။

သူက သည်ဂြိုဟ်ကို သွေးချောင်းစီးစေခဲ့ကာ စိတ်ဝိညာည် အသွင်ပြောင်းခြင်းအထက်ရှိ ကျင့်ကြံသူတစ်ဦးတစ်လေကိုမျှ ချမ်းသာ မပေးခဲ့ချေ။သေမျိုးများကိုမူ သူက တစ်ယောက် တောင် မနာကျင်စေခဲ့ပေ။ဝမ်လင်းသည် စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းအဆင့်အောက်ရှိ လူများသည် သည်ကိစ္စတွင် မ ပါဝင်နိုင်ကြောင်း သိထားပေ၏။ထို့ကြောင့်သူက ၎င်းတို့ကို မ သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

သူ မထွက်ခွာခင် ဝမ်လင်းသည် လက်မြှောက်ကာ မြေပြင်ထက် သို့ ဖိချလိုက်၏။တုန်ဟီးမြည်သံတစ်ခု ဖြစ်ပေါ်သွားပြီးနောက် မြေပြင်ထက်မှ စာလုံးကြီးနှစ်လုံး ပေါ်လာခဲ့သည်။
ရှုမူ...

ဝမ်လင်းသည် ထွက်ခွာသွားပြီးနောက် လှိုင်းတွန့်များ ပေါ်လာ ကာ ယောင်ပင်ယွမ်သည် လှမ်းထွက်လာ၏။သူမက ကျင့်ကြံ ခြင်းဂြိုဟ်ကို တွေ့မြင်သည့်အခါ သူမ၏အသွင်သည် အလွန်အမင်း သုန်မှုန်သွားတော့၏။ထို့နောက် သူမ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့်စိတ်ဆန္ဒ ဖြတ်ပြေးသွားသည်။ထို့နောက် သူမ က ဆက်လက်၍ လိုက်လံ၏။

ဝမ်လင်း၏မျက်လုံးများက နီရဲနေ၏။သူက အနောက်ပိုင်း နယ်မြေ၏ မတူညီသောနေရာများတွင် ပေါ်လာနေသည်။သူ ပေါ်လာတိုင်း သူ့အနီးအနား၌ ဂြိုဟ်တစ်လုံး ရှိနေ၏။ထိုဂြိုဟ် ပေါ်တွင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူများ ရှိနေပါက သူက နောက်ပြန်လှည့်သွားသည်။

သို့သော်လည်း ဂြိုဟ်ပေါ်တွင် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံ သူများ မရှိနေပါက ၎င်းတို့သည် သူ့နောက်သို့ လိုက်လံသည့် ကိစ္စတွင် ပါဝင်နေသည်ဟု ဆိုလိုနေသည်။ထို့ကြောင့် သူက ထို ကဲ့သို့သော ဂြိုဟ်ကို သွေးချောင်းစီးစေခဲ့သည်။

"မင်းတို့အားလုံးက ငါ့ကို တွန်းအားပေးနေတာပဲ။မင်းတို့က ငါ့ နောက်ကို ယောင်မိသားစုရဲ့ ဆုလဒ်ကလွဲလို့ ဘာအကြောင်းမှ မ ရှိဘဲ လိုက်သတ်နေတာက ကံကြမ္မာအကြောင်းရင်း မင်းတို့ရဲ့ ဂြိုဟ်ကို ငါ သတ်ဖြတ်ပစ်တာကတော့ ကံကြမ္မာအကျိုးဆက် ဖြစ်တယ်...

ဝမ်လင်းက အခုလိုမျိုး သတ်ဖြတ်ရသည်ကို မနှစ်သက်ချေ။ သို့သော် သူက အခုအခြေအနေသို့ ရောက်နေရကာ သူ့အတွက် ရွေးစရာ မရှိတော့ပေ။

ရက်သုံးဆယ်ခန့် ကုန်ဆုံးပြီးသည့်နောက် သွေးလွှမ်းသော မုန်တိုင်းတစ်ခုသည် အနောက်ပိုင်းနယ်မြေတွင် ရိုက်ခတ်သွားခဲ့ လေပြီ။ထိုသတင်းက ကျင့်ကြံသူအားလုံးကို ဒေါသထွက်စေ၏။ တစ်ချိန်တည်းမှာလည်း သူတို့အား ကြောက်လန့်စေသည်။

ဒါဇင်နှင့်ချီသော ကျင့်ကြံခြင်းဂြိုဟ်များရှိ စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းနှင့်အထက်အဆင့် ကျင့်ကြံသူများအားလုံးသည် သတ်ဖြတ်ခြင်း ခံခဲ့ရပေသည်။ထိုဂြိုဟ်များပေါ်တွင် ကျန်နေခဲ့ သည့် စာလုံးနှစ်လုံးသည် ရှုမူ ဟူ၍ပင်။

ထိုအရာက ပြောင်ပြောင်တင်းတင်း ကလဲ့စားပြန်ချေခြင်းပင်။ သည်လိုအပြုအမူမျိုးက နတ်ဆိုးလမ်းကြောင်းပေါ်တွင် ရှိနေ၏။ "နတ်ဆိုး" မည်သူက စပြောလိုက်မှန်း မသိသည့် နတ်ဆိုး ဆို သည့် အမည်နာမသည် ဝမ်လင်းအပေါ်သို့ ရောက်လာခဲ့ တော့၏။

“ငါနဲ့ယောင်မိသားစုကြားမှ ပါဝင်မယ်ဆိုရင် ဒီအတွက် တန်ရာတန်ကြေး ပြန်ပေးဆပ်ရမယ်...

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)