အပိုင်း(169)
သေခြင်းကိုးခုပျတ်စီးခြင်းအစီအရင်
သည်လို ပြောင်ပြောင်တင်းတင်းလက်စားချေခြင်းက မြန်ဆန်စွာ အရှိန်မြင့်လာ၏။ထိုအဖြစ်က ဝမ်လင်းနောက်သို့ အမဲလိုက်နေ သော ကျင့်ကြံသူများအဖို့ သူတို့၏ စိတ်ကို မိုးကြိုးပစ်ချခံရသ ကဲ့သို့ ခံစားစေသည်။
ဝမ်လင်းက စိတ်ဝိညာည်အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများကို မသတ်ခြင်းသည် သူ့တို့အတွက် ထွက်လမ်း တစ်ခု ချန်ထားပေးခြင်းပင်။
“သူတို့ကသာ ဒီကိစ္စတွင် ဆက်လက် ပါဝင်နေပါက စိတ်ဝိညာည် အသွင်ပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများပါ အသက်ခံ လာရနိုင်တယ် မဟုတ်လား...”
ဒေါသမုန်တိုင်းများက ချက်ခြင်း ပေါက်ကွဲထွက်လာ၏။မိသားစု များ အသတ်ခံရခြင်းက ထိုမိသားစုများ၏ ကျင့်ကြံသူများကို ရူးသွပ်သွားစေသည့်အလားပင်။သူတို့က နောက်သို့မဆုတ်တော့ ပေ။ထိုအစား ဝမ်လင်းကို လက်စားချေရန်သာ အသည်းအသန် အာရုံစိုက်လာတော့၏။
သို့သော်လည်း ကျင့်ကြံခြင်းမိသားစုအတော်များများကတော့ အထူးသဖြင့် အနောက်ပိုင်းနယ်မြေ၏ ကျင့်ကြံခြင်းမိသားစု များသည် တုံ့ဆိုင်း တွေဝေလာကြ၏။မည်သူက စလိုက်မှန်းမသိသော်လည်း သူတို့အားလုံးသည် သူတို့၏ ဆိုရာ ကျင့်ကြံခြင်း ဂြိုဟ်များသို့ ပြန်သွားကြတော့၏။ရုတ်တရက် အနောက်ပိုင်း နယ်မြေကို ပိတ်ဆို့ထားသည့် အတားအဆီးသည် တော်တော် လေး လျော့ပါးသွားတော့သည်။
တကယ်တော့ ယောင်မိသားစုမှ ရမည့်အကျိုးအမြတ်အထက် သူတို့၏ ဂျူနီယာများ သေခြင်းတရားနှင့် ရင်ဆိုင်ရခြင်းသည် ပို ဆိုးသည် မဟုတ်လား။ပို၍ အရေးကြီးသည်က ဝမ် လင်း၏လုပ်ဆောင်မှုများသည် သူတို့၏ စိတ်နှလုံးကိုပါ ကျော စိမ့်စေသည်။
သူတို့က ဝမ်လင်း၏ရူးသွပ်မှုကို ခံစားမိကြသည်။သူတို့သာ ဆက်လက်၍ ပါဝင်နေပါက ဝမ်လင်း ဘာဆက်လုပ်မည်ကို သေချာမသိနိုင်ကြပေ။
အနောက်ပိုင်းနယ်မြေ၏ မိသားစုများအပြင် အခြားနယ်မြေများ မှ မိသားစုများသည်လည်း စတင် တုံ့ဆိုင်းတွေဝေလာကြသည်။ သို့သော် သူတို့ကတော့ အများကြီး ပြန်ထွက်ခွာကြခြင်း မရှိပေ။ တကယ်တော့ သူတို့၏ မိသားစုများက အနောက်ပိုင်းနယ်မြေ
တွင် ရှိမနေခြင်းကြောင့် ဖြစ်သည်။သူတို့အတွက်တော့ သည်ရှုမူ သည် ကျိန်းသေ သေဆုံးရမည် ဖြစ်ကာ မသေချင် သွေးရူးသွေး တမ်း ရုန်းကန်နေခြင်းဟု ထင်မြင်နေခဲ့သည်။
သူက မည်မျှရုန်းကန်နေပါစေ အနောက်ပိုင်းနယ်မြေ အတွင်း၌သာ ရှိနေသေး၏။သူက သည်နေရာကနေ မထွက်ခွာ နိုင်ပါက လက်စားပြန်ချေရန်အတွက် ပြောနေစရာပင် မလိုတော့ 60
သည်လို ဖြစ်နေသေးသော်လည်း ဝမ်လင်းသည် အနောက်ပိုင်း နယ်မြေ၌ သူ့အား ပိတ်ဆို့ထားမှု ဖိအားသည် လျော့နည်းသွား သည်ကို ခံစားမိပေ၏။သို့သော်လည်း သည်အချိန်အတွင်း သူ့ နောက်သို့ လိုက်လာသည့် အမျိုးသမီးသည် သူနှင့် ပို၍ နီးကပ် လာနေသည်ဟုလည်း ခံစားနေရသည်။တစ်ခါတစ်လေ ထို အမျိုးသမီးက သူ့အား ဖမ်းမိလုနီးပါးပင် ဖြစ်သွားစေ၏။
ဝမ်လင်းက မျက်မှောင်ခပ်တင်းတင်းကြုတ်နေ၏။ ရန်သူ၏ နောက်ယောင်ခံလိုက်မှုက ပို၍ နီးကပ်လာနေ၏။ အနောက်ပိုင်း နယ်မြေ၌ သူ လှုပ်ရှားနိုင်သည့် နေရာကလည်း မြန်ဆန်စွာ ကျဉ်းမြောင်းလာနေသည်။သူကသာ သည်နယ်မြေမှ ထွက်ခွာဖို့ နည်းလမ်းတစ်ခု မရှာနိုင်ပါက အလွန့်အလွန် အန္တရာယ်များပေ တော့မည်။
ဝမ်လင်း၏ပုံရိပ်က ကြယ်များကြား၌ ပေါ်လာ၏။သူက မျက်မှောင်ကြုတ်နေသည်။သူ့သတ်ဖြတ်လိုသည့် စိတ်ဆန္ဒသည် လည်း သိပ်သည်း၍ အလွန်အားကောင်းနေ၏။
“ငါ့နောက်ကို လိုက်လာတဲ့ အမျိုးသမီးက အနည်းဆုံး နိဗ္ဗာနကြို မြင်ခြင်းအလယ်အဆင့်လောက် ရှိလိမ့်မယ်။ငါက သူမကို ငါ့ ကိုယ်ပိုင်စွမ်းအားနဲ့ သတ်ပစ်နိုင်မှာ မဟုတ်ဘူးဒါ့ကြောင့် ဒီဟာ က အတော်လေး ပြဿနာတက်နိုင်တယ်..."
ဝမ်လင်းမျက်လုံးသည် လက်ခနဲ ဖြစ်သွားရင်း သူက ပျောက် ကွယ်သွားပြန်၏။
သူ ပျောက်ကွယ်သွားချင်းမှာပင် ယောင်ပင်ယွမ်က လေဟာနယ် ထဲကနေ လှမ်းထွက်လာသည်။သူမ၏ မျက်နှာထက်၌လည်း လူသတ်လိုစိတ်ပြည့်နေသည်။အကွာအဝေးတစ်ခုကို လှမ်းကြည့် လိုက်ပြီးနောက် သူမက အေးစက်စွာ ဆိုလာသည်။ "နင် ထွက်မ ပြေးနိုင်တော့ပါဘူး...
သူမက ခြေတစ်လှမ်းလှမ်းကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်ပြီး ဝမ်လင်းနောက်သို့ ဆက်လိုက်၏။
ဝမ်လင်းသည် ယောင်ပင်ယွမ် နောက်ယောင်မခံနိုင်ရန် လောက နှင့် တစ်သားတည်း ပေါင်းစပ်နေ၏။သူမသာ သူ့နောက်သို့ မျက် ခြေမပြတ်လိုက်နေပါက သူ ထွက်ခွာနိုင်လိမ့်မည် မဟုတ်တော့ 6011
နောက်ဆုံးတွင် ဝမ်လင်းက ယောင်ပင်ယွမ် သူ့နောက်သို့ ခြေရာမ ခံနိုင်အောင် လုပ်လုပ်နိုင်၏။သို့သော်လည်း ထိုသို့လုပ်ဆောင်နိုင် ရန် သုံးရက်တာ ကြာမြင့်ခဲ့သည်။
ထိုသုံးရက်တာအတွင်း ကျင့်ကြံသူများ၏ ပိတ်ဆို့မှုကလည်း ပို၍ နီးကပ် ကျဉ်းမြောင်းလာသည်။ဆိုလိုက်သည်က စက်ဝိုင်း တစ်ခုသည် တဖြည်းဖြည်း ကျုံ့လာသကဲ့သို့ပင်။
ထိုပိတ်ဆို့မှုအတွင်းကနေ ပြင်းထန်သောသတ်ဖြတ်လိုစိတ်တစ်ခု စုစည်းနေ၏။
ယောင်ပင်ယွမ်၏ နောက်ယောင်ခံမှုကနေ ယာယီ တိမ်းရှောင်ပြီး သည့်နောက် ဝမ်လင်းက အသက်ဓာတ်လုံးဝ မရှိသော အပျက်အစီးဂြိုဟ်တစ်လုံးကို ဘေးနားတွင် ပေါ်လာ၏။
ထိုဂြိုဟ်ကို အနီးကပ်ကြည့်ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံး သည် တောက်ပလာ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါ ဒီတစ်ခုကို အသုံးပြုရမယ်..
ဝမ်လင်းသည် သူ့တွင် အလျင်လိုနေသည်ကို ကောင်းကောင်း သိ၏။လောကနှင့်တစ်သားတည်း ပေါင်းစပ်နိုင်ခြင်းအပြင် သူ့ နောက်သို့လိုက်နေသော မိန်းမက သူ့တည်နေရာကို ခန့်မှန်းနိုင်သ ည့် နည်းလမ်းတစ်ခုကိုပါ အသုံးပြုနိုင်စွမ်း ရှိနေသည်။
ထို့အတွက်ကြောင့် သူက လုပ်စရာရှိတာကို မြန်နိုင်သမျှ မြန် အောင် လုပ်ဆောင်ရပေမည်။ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေသည်။ထိုအခါ မရေမတွက်နိုင် သောအတားအဆီးများသည် အပျက်အစီးဂြိုဟ်ထံသို့ ပျံသန်း သွားသည်။
ထိုအတားအဆီးများသည် ၎င်းဂြိုဟ်ပေါ်သို့ ကျရောက်သွား သည့်အခါ ချက်ခြင်း ပျောက်ကွယ်သွားသည်။ဝမ်လင်းက ရပ်တန့်ခြင်း မပြုပေ။သူက ထိုဂြိုဟ်ကို ဆက်လက်လှည့်ပတ်နေ ရင်း အတားအဆီးများစွာကို ချမှတ်သည်။
တစ်နာရီကြာမြင့်ပြီးနောက် သူ့အသွင်က အနည်းငယ် ဖြူရော လာသည်။ခြေလှမ်းတစ်လှမ်းဖြင့်ပင် သူက ထိုဂြိုဟ်ပေါ်သို့ ရောက်ရှိလာသည်။၎င်းက အပျက်အစီးများနှင့် ပြည့်နေကာ မြေပြင်ကလည်း အက်ကွဲနေ၏။ပင်လယ်များသည်လည်း ခြောက်ခမ်းနေသည်။
ဝမ်လင်းက ခြေချလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ စိတ် ဝိညာဉ်အလံကို ထုတ်ယူလိုက်၏။တစ်ချက်လှုပ်ခါလိုက်ရာ ထို စိတ်ဝိညာဉ်အလံသည် အနက်ရောင်မြူထုအဖြစ်သို့ ပြောင်းကာ ဂြိုဟ်အား ဖြန့်ကျက်သွား၏။ထိုမြူထုအတွင်း၌ သွေးဘိုးဘေး သည် မျက်စိမှိတ်လျက် ရှိနေသည်။သူ့ပတ်လည်၌လည်း မရေမ တွက်နိုင်သောချိပ်ပိတ်မှုများ ရှိနေ၏။ထို့အတူ စိတ်ဝိညာဉ်အလံ ထဲရှိ မရေမတွက်နိုင်သော စိတ်ဝိညာည်များသည် သူ့အား ဝန်းရံ ထားသည်။
ဝမ်လင်းက တုံ့ဆိုင်းခြင်းမရှိ သူ့လက်ကို ဆန့်ထုတ်ကာ ပုံရိပ် ယောင်ယင်မူလစိတ်ဝိညာဉ်တစ်ခုကို ယူဆောင်သည်။၎င်းကို ချေမွပြီးသည့်နောက် သူ့ဘယ်လက်ဖြင့် အတားအဆီးတစ်ခုကို ဖန်တီး၏။
ပုံရိပ်ယောင်ယင်မူလစိတ်ဝိညာည်သည် တုန်ယင်လာ၏။ဝမ် လင်းက ၎င်းမူလစိတ်ဝိညာဉ်ကို ပစ်လွှတ်လိုက်ရာ ဂြိုဟ်ထဲ၌ ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းက ခက်ခက်ခဲခဲ အသက်ရှူနေရ၏။လီယွမ်မထွက်ခင်က သူသည် ဝမ်လင်းကို ပျက်သုဉ်းခြင်းအတားအဆီးများ အားလုံး ကို သင်ကြားပေးခဲ့၏။ဝမ်လင်းက အတားအဆီးအမွေအနှစ်ကို မရရှိခဲ့သော်လည်း အချို့ကိုတော့ အသုံးပြုနိုင်သေးသည်။
သေခြင်းကိုးခုပျက်စီးခြင်းအစီအရင်က ၎င်းအတားအဆီးများ ထဲမှ တစ်ခု ဖြစ်၏။၎င်းအစီအရင်ကို လီယွမ် သင်ကြားပေးခဲ့ သည့် တားမြစ်ထားသော မဟာအတားအဆီးသုံးခုထဲမှ တစ်ခုဟု လည်း ခေါ်တွင်နိုင်သည်။
ထိုအစီအရင်က အတားအဆီးနှလုံးသား မလိုအပ်ချေ။၎င်းက မူလစိတ်ဝိညာည်များစွာသာ လိုအပ်၏။လီယွမ်က သည်အစီအ ရင်ကို အသုံးပြုနိုင်စွမ်း ရှိသော်လည်း လိုအပ်ချက်သည် အကန့်အသတ် ရှိနေ၏။ထို့ကြောင့် သူက ၎င်းကို အရင်တုန်းက အမှန်တကယ် တစ်ခါမျှ အသုံးမပြုခဲ့ဖူးပေ။
ဝမ်လင်း၏အသွင်က ဖြူရောနေ၏။သို့သော် သူက ရပ်တန့်ခြင်း မပြုပေ။သူက မူလစိတ်ဝိညာဉ်များကို ဆက်လက်၍ ဆုပ်ကိုင် နေ၏။သူက ပုံရိပ်ယောင်ယင်မူလစိတ်ဝိညာဉ်များစွာ ရှိမနေပေ။ ၎င်းတို့ထဲမှ အများစုကိုလည်း သူက ဝါးမြိုခဲ့ပြီး ဖြစ်သည်။သူက အာဏာတက်ခြင်းအဆင့်မူလစိတ်ဝိညာဉ်များကို အစားထိုး အသုံးပြုရန် ဆုံးဖြတ်လိုက်၏။သူက ၎င်းတို့အပေါ်၌ အတားအဆီးများ ချမှတ်ကာ ဂြိုဟ်ထံသို့ ပစ်သွင်းလိုက်၏။
နာရီအတော်အတန်ကြာမြင့်ပြီးသည့်နောက် ဝမ်လင်း၏မျက်နှာ က ပို၍ပင် ဖြူရောလာ၏။သူက သွေးဘိုးဘေး၏မူလစိတ် ဝိညာဉ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူ့မျက်လုံးထဲ၌ ပြတ်သားသောဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေါ်လာသည်။သူက သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်ကို လှမ်းဆွဲယူကာ သူ့မျက်ခုံး နှစ်ခုကား၌ အတားအဆီးတစ်ခု ချမှတ်လိုက်သည်။သို့ရာတွင် သူက ၎င်းကို ဂြိုဟ်ထံသို့ ပစ်လွှတ်လိုက်ခြင်း မရှိဘဲ အနက် ရောင်မြူထုအတွင်း၌သာ ထားရှိသည်။
အသက်ဝဝရှူသွင်းပြီးနောက် ဝမ်လင်းက ဂြိုဟ်၏အနက်ပိုင်းသို တိုက်ရိုက် တိုးဝင်သွား၏။သူ့အော်ရာအားလုံးကိုလည်း ပြန်ရုတ် သိမ်းလိုက်သည်။သူက သူ့ကိုယ်သူ ဖုံးကွယ်နိုင်ရန် လီယွမ် သင်ပေးခဲ့သော အတားအဆီးကိုပါ အသုံးပြုလိုက်သေး၏။
ထိုပုန်းကွယ်မှုအတားအဆီးက အလွန်ဆန်းကြယ်သည်။လီယွမ် က ၎င်းကို အသုံးပြုသည့်အခါ၌ ဝမ်လင်းသည် သူ့အား ထောက်လှမ်းနိုင်စွမ်း မရှိတော့ပေ။သို့သော်လည်း လူတစ် ယောက်သည် ၎င်းအတားအဆီးပညာရပ်ကို အတားအဆီး နှလုံးသား မရှိဘဲ ပြီးပြည့်စုံအောင် အသုံးမပြုနိုင်ပေ။အခြားလူ များ ထောက်လှမ်းနိုင်သည့် အခွင့်ရေးတစ်ခု ရသွားနိုင်၏။
ထို့အတွက်ကြောင့်လည်း သူ အဝိုင်းခံရချိန်၌ ဝမ်လင်းသည် ထို ပညာရပ်ကို အသုံးမပြုခဲ့ခြင်း ဖြစ်၏။
သူက ဂြိုဟ်အနက်ပိုင်းတွင် ထိုင်ချလိုက်၏။သူ့မျက်လုံး ထဲ၌လည်း သတ်ချင်ဖြတ်ချင်စိတ်တို့ ပြည့်လျှံနေသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ယောင်မိသားစုနဲ့ ဒီကျင့်ကြံခြင်း မိသားစုတွေဟာ ငါ့နောက်ကို လိုက်ဖမ်းပြီးမှတော့ ငါလည်း သူ တို့အားလုံးအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ပေးထားရတာ ပေါ။ဒါဟာပမာဏပဲ ရှိသေးတယ်…”
သူက နှာခေါင်းရှုံ့လိုက်ရင်း မျက်လုံးမှိတ်လိုက်သည်။သူက သူ့ အော်ရာ တစ်စွန်းတစ်စကိုမှ ဖော်ပြခြင်း မပြုတော့ချေ။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။သုံးရက်တာ ကြာမြင့်ပြီးနောက် အနောက်ပိုင်းနယ်မြေ၏ ပိတ်ဆို့မှု ဆက်လက်၍ ကျုံ့လာ၏။သည်နေ့တွင် ကျင့်ကြံသူများ၏ ပထမတစ်သုတ်က ဝမ်လင်းပုန်းအောင်းနေသော ဂြိုဟ်နားသို့ ရောက်ရှိလာကြသည်။
ထိုကျင့်ကြံသူများ၏ ရှေ့၌ အမျိုးသမီးတစ်ယောက် ရှိနေသည်။ သူမက ယောင်ပင်ယွမ်ပင်။သူမက တစ်စုံတစ်ခုကို ကြိုတင် ခန့်မှန်းမိသည့်အလား ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်၏။ သူမ၏ အေးစက်စက်အကြည့်က ဝမ်လင်းပုန်းနေသော ဂြိုဟ် ပေါ်သို့ ကျရောက်သွားသည်။ထို့နောက် သူမ၏မျက်လုံးက လက်ခနဲ ဖြစ်သွားကာ အေးစက်စက်ဆိုသည်။ “ရှုမူက ဒီမှာပဲ..”
ယောင်ပင်ယွမ်နောက်၌ ယောင်မိသားစုဝင် အမျိုးသားတစ် ယောက်နှင့်အမျိုးသမီး တစ်ယောက်လည်း ရှိနေ၏။အမျိုးသား ဖြစ်သူက ပြုံး၍ ဆိုလာ၏။ "ဒီလူက သူ ဆက်ပြီး မပုန်းအောင်း နိုင်တော့တာကို သဘောပေါက်သွားတာ ဖြစ်ရမယ်။ဒါ့ကြောင့် သူက ဒီနေရာမှာ အတားအဆီးအချို့ ချမှတ်ထားတယ်..”
ထိုအမျိုးသားက စကား ပြောရင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဂြိုဟ်ထံသို့ ဦးတည်သွားသည်။ယောင်ပင်ယွမ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့နောက်ကနေ လိုက်သွား၏။ကျင့်ကြံ ခြင်းမိသားစုများ သူတို့နှစ်ယောက်ကနေ ဆက်၍ လိုက်လာ သည်။
သို့ရာတွင် လူတိုင်းက ဂြိုဟ်အပြင်ဘက်၌သာ ရပ်နေကြသည်။ မည်သူကမျှ ဂြိုဟ်ထဲသို့ ခြေချခြင်း မရှိသေးပေ။
လူငယ်က ပြုံး၍ ကျယ်လောင်စွာ ပြောလိုက်၏။ “ရောင်းရင်း ကျင့်ကြံသူတို့ …. ဒီဂြိုဟ်ကို ဖျက်စီးဖို့အတွက် ငါတို့ ယောင် မိသားစုကို ကျေးဇူးပြုပြီး ကူညီပါ။ ဒါဆိုရင် ဒီဂြိုဟ်အတွင်းထဲ မှာ ရှိနေတဲ့ ရှုမူလည်း ဂြိုဟ်နဲ့အတူ ပျက်စီးသွားလိမ့်မယ်..
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးက သဘောတူသည်။အချိန်မ ဆွဲတော့ဘဲ သူတို့သည် ဂြိုဟ်အား စတင် တိုက်ခိုက်လာကြ၏။
ချက်ခြင်းလိုလိုပင် မူလစွမ်းအင်မန္တာန်များစွာသည် သည်ဂြိုဟ် ပေါ်သို့ ကျရောက်လာကြ၏။ကျယ်လောင်သော မြည်ဟီးသံ များက ကြယ်များကြားတွင် ပျံ့နှံ့နေကာ ဂြိုဟ်၏အစိတ်အပိုင်း များ ပဲ့ကျလာတော့၏။၎င်းဂြိုဟ်က အချိန်မရွေးပြိုကျတော့ မည် ကဲ့သို့ ဖြစ်နေသည်။
ယောင်ပင်ယွမ်က မျက်မှောင်ကြုတ်နေ၏။သူမက ဝမ်လင်း နောက်သို့ အချိန်အတန်ကြာ လိုက်ဖမ်းခဲ့ပြီးသည့်အတွက် ဝမ် လင်းသည် မည်မျှလျင်ကြောင်း သိနေ၏။သူက အခုလိုမျိုး လွယ်လင့်တကူ အဖမ်းခံ၊အဖျက်စီးခံလိမ့်မည် မဟုတ်ပေ။
ကျင့်ကြံသူများစွာ တိုက်ခိုက်နေကြသည့်အခါ ဂြိုဟ်ထံမှ သဲကျောက်အပဲ့အစများစွာသည် စတင်ပျံ့နှံ့လာ၏။ဂြိုဟ်ပေါ် တွင်လည်း ကြီးမားသည့် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာကြ သည်။ယောင်မိသားစုမှ လူငယ်က ကောင်းကင်ဘုံမန္တာန်များကို စတင်အသုံးပြုသည့်အခါ ထိုဂြိုဟ်၏ ပျက်စီးမှုသည် ပိုပြင်းထန် လာသည်။
သိပ်သည်းသောတုန်ခါလှိုင်းများသည် ပျံ့နှံ့လာသည်။ တဖြည်းဖြည်းဖြင့် အကွာအဝေးတစ်ခုကနေ ဓားစွမ်းအင်တန်း များ တိုးဝင်လာနေကာ နောက်ထပ်ကျင့်ကြံသူများပါ ထပ် ရောက်လာသည်။သူတို့က ဖြစ်ပျက်သမျှကို တွေ့မြင်သွားသည့် အခါ မေးမြန်းမနေဘဲ ၎င်းဂြိုဟ်ကို ထပ်မံ၍ တိုက်ခိုက်လာ ကြ၏။
ယောင်ပင်ယွမ်က မျက်မှောင်ခပ်တင်းတင်း ကြုတ်မိနေ၏။သူမ က တစ်ခုခုမှားနေသည်ဟု ခံစားနေရ၏။သိုသော် အကြောင်း အမည် ရှာမရ ဖြစ်နေသည်။
မရေမတွက်နိုင်သောမန္တာန်များသည် ဂြိုဟ်ကို ဆက်လက်၍ ဖျက်စီးနေရင်း ကျောက်စကျောက်နများသည်လည်း ပျံ့လွင့်စင် လာသည်။ထိုအဖြစ်က ပတ်ဝန်းကျင်တစ်ခုလုံးကို ကျောက်စ ကျောက်နများဖြင့် ဝန်းရံလုနီးပါး ဖြစ်လာစေ၏။
နောက်ဆုံးတွင် အလွန်ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ဂြိုဟ်တစ်ခုလုံးသည် လုံးဝ ပြိုကျပျက်စီးသွားတော့၏။
ထိုပျက်စီးမှု၌ ပါဝင်နေသည့်အဖျက်အစီးအားက ဂြိုဟ်အတွင်းရှိအရာအားလုံးကို သေသွားစေဖို့ လုံလောက်နေသည်။
ထိုဂြိုဟ်ပျက်စီးမှုကနေ ကျောက်စကျောက်နများစွာ ပျံ့နှံ့လာ ရင်း ပတ်ဝန်းကျင်၏မူလစွမ်းအင်သည် တွန့်လိန်လာ၏။
သည်အခိုက်မှာပင် အကွာအဝေးတစ်ခုကနေ နောက်ထပ် အလင်းတန်းများ ထပ်မံ ပျံသန်းလာ၏။နောက်ထပ် ကျင့်ကြံသူ အုပ်စုတစ်ခု ထပ်၍ ရောက်လာပြန်လေပြီ။
ယောင်ပင်ယွမ်၏ စိတ်နှလုံးထဲရှိ မသက်မသာဖြစ်မှုက ပို၍ အားကောင်းလာသည်။သူမသည် ရုတ်တရက် လှည့်ကြည့်လိုက် ရာ ပေတစ်သိန်းအတွင်းရှိ ကျောက်အပိုင်းအစများသည် ပျံ့နှံ့ ကာ ကျင့်ကြံသူများကို ဝန်းရံထားသကဲ့သို့ ဖြစ်နေသည်ကို တွေ့ လိုက်ရ၏။
"တစ်ခုခုတော့ မှားနေပြီ..
ဤအခိုက်အတန့်မှာပင် ခရမ်းရောင်အလင်းတန်းသည် အဝေး ဆုံးကျောက်အမှုန့်ပေါ်တွင် ရုတ်တရက် ပေါ်လာ၏။၎င်းက ပေါ်လာသည်နှင့် အခြား ကျောက်အပိုင်းအစများနှင့်ပါ မြန်ဆန် စွာ ချိတ်ဆက်သွားသည်။
ထိုမျှနှင့် အဆုံးမသပ်သေးပေ။ချက်ခြင်းပင် ကျောက်စများက နေ အလင်းများ တလက်လက်၊တဖျပ်ဖျပ် တောက်ပလာ၏။ပေ တစ်သိန်းအတွင်းရှိ ကျောက်စများအားလုံးသည် လျှပ်စီး အလင်းတန်းတစ်ခုအလား ချိတ်ဆက်သွားကြသည်။
အက်ကွဲသံများ ပဲ့တင်ထပ်လာကာ ပေတစ်သိန်းဧရိယာသည် လှောင့်ချိုင့်တစ်ခုကဲ့သို့ ဖြစ်ပေါ်လာသည်။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းသာ။ ကျင့်ကြံသူများက ၎င်းအခြင်းအရာကို သဘောပေါက်သွားချိန်၌ ၎င်းလှောင့်ချိုင့်က ဖြစ်တည်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာလည်း အစိတ်အပိုင်းများထဲမှ တစ်ခုသည် ပုံ ရိပ်ယောင်ကျင့်ကြံသူတစ်ယောက်၏ လှိုင်းကို ပေးစွမ်းလာပြီး နောက် ၎င်းသည် ရုတ်တရက် ပျက်စီးသွားသည်။
၎င်းက ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ၏ ပေါက်ကွဲမှု ပြင်း အားပင်။ထိုဖိသိပ်အားက ပုံရိပ်ယောင်ယင်အဆင့်အောက်ရှိ လူ တိုင်းကို အပြင်းအထန် ဒဏ်ရာ ရသွားစေသည်။
ထိုအပိုင်းအစ၏ ပေါက်ကွဲမှုက အချက်ပြလိုက်သကဲ့သို့ပင်။ အခြားအပိုင်းအစများသည်လည်း တစ်ခုပြီးတစ်ခု ပေါက်ကွဲ ထွက်ကုန်၏။အဆုံးသပ်၌ အပိုင်းအစများအားလုံး၏စွမ်းအား သည် ဧရိယာအတွင်းတွင် ဝရုန်းသုန်းကား ပေါက်ကွဲ ထွက်ကုန်၏။
ဤဧရိယာအတွင်း၌ ဒေါသတကြီးအော်ဟစ် ကြိမ်းဝါးသံများ ပဲ့တင်ထပ်ကုန်သည်။သည်နေရာတွင် ပိတ်မိနေသော ကျင့်ကြံ သူများသည် ပေါက်ကွဲမှုမုန်တိုင်းကို မန္တာန်မျိုးစုံသုံး၍ ခုခံကာ ထွက်ခွာနိုင်ရန် ကြိုးစားကြသည်။
သို့သော်လည်း ပေါက်ကွဲမှုအားများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပုံရကာ အလွန်အမင်း ပြင်းထန်အားကောင်း လာ၏။၎င်းက ပျံ့နှံ့သည်နှင့် ကျင့်ကြံသူတစ်ယောက် သေဆုံး ရကာ ထိုသူတို့၏မူလစိတ်ဝိညာည်ပင် မလွတ်မြောက်နိုင် ဖြစ်ရ သည်။
သို့သော်လည်း ဝမ်လင်းနောက်သို့လိုက်သတ်သည့် လူများထဲ၌ ပုံရိပ်ယောင်ယင်အဆင့်နှင့်အထည်ဒြပ်ယန်အဆင့် ကျင့်ကြံ သူများစွာ ရှိနေ၏။၎င်းတို့က ချက်ခြင်း စုပေါင်းကာ အတူ အုပ်စု ဖွဲ့လိုက်ကြ၏။ သည့်နောက် ပေါက်ကွဲမှုအားကို မယုံကြည်နိုင် လောက်အောင် တန်ပြန် တိုက်စစ်ဆင်ကြသည်။
ယောင်ပင်ယွမ်က ရှေ့က ဦးဆောင်ကာ ၎င်းပေါက်ကွဲမှုအားကို တိုက်ထုတ်၏။ကျင့်ကြံသူများ၏ စုပေါင်းအားကြောင့် ၎င်းအား သည် သူတို့နားကနေ လွင့်လွင့်သွားရသည်။
သည်ဧရိယာအတွင်း၌ တဝုန်းဝုန်း၊တဒိုင်းဒိုင်း မြည်ဟီးသံများ ပြည့်နေသည်။သည်အခိုက်အတန့်၌ အနက်ရောင်မြူလွှာတစ်ခု သည် ဖြည်းဖြည်းချင်း ပျံ့နှံ့လာ၏။သွေးဘိုးဘေး၏မူလစိတ် ဝိညာဉ်သည် ၎င်းမြူအတွင်း၌ တဖြည်းဖြည်း သိပ်သည်းလာ သည်။
သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်ပေါ်လာသည့်အခိုက်တွင် အလွန်အေးစက်စက်အသံ တစ်ခု ထွက်ပေါ်လာသည်။ “ပေါက်ကွဲ စမ်း...
ထိုအသံသည် ပျက်စီးခြင်းမရှိသေးသည့် ကျောက်စထံကနေ ထွက်ပေါ်လာခြင်း ဖြစ်သည်။ထိုအသံ ထွက်ပေါ်လာသည့်အခါ တွင် သွေးဘိုးဘေး၏မူလစိတ်ဝိညာဉ်သည် ပြင်းထန်သောသွေး ရောင်တစ်ချက် ထုတ်လွှတ်ပြီးနောက် ပျက်စီးသွားသည်။ထိုမူလ စိတ်ဝိညာဉ် ပျက်စီးသွားပြီးနောက် လှိုင်းတစ်ခုသည် အရူးအမူး ပျံ့နှံ့လာသည်။
ထိုလှိုင်းနှင့် ထိတွေ့မိသည့် ကျင့်ကြံသူတိုင်းသည် သူတို့၏ ကျင့်ကြံမှုက မည်မျှ ဖြစ်ပါစေ အသတ်ခံလိုက်ရသည်သာ ဖြစ်သည်။
မြောက်ပိုင်းနယ်မြေမှ ပုံရိပ်ယောင်အဆင့်ကျင့်ကြံသူတစ် ယောက်၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာ၏။သူက သွေးဘိုးဘေးမူလစိတ်ဝိညာဉ်နှင့် အနီးကပ်ဆုံးနေရာတွင် ရှိနေခဲ့ သည် မဟုတ်လား။ထို့ကြောင့် ၎င်းမူလစိတ်ဝိညာဉ်သည် ပျက်စီး သွားသည်နှင့် လှိုင်းများသည် သူ့အား ထိမှန်ကြသည်။ထိုအခါ သူ့ခန္ဓာကိုယ်သည် လုံးဝ ပျက်စီးသွားရသည်။သူ့မူလစိတ်ဝိညာဉ် ပင် မလွတ်မြောက်နိုင်ဘဲ ပျောက်ကွယ်သွားရ၏။
တောင်ပိုင်းနယ်မြေမှ နောက်ထပ် ကျင့်ကြံသူတစ်ယောက်သည် လည်း အလျင်စလို ထွက်ပြေးဟန် ပြင်သည်။သို့သော် သူ့ ခန္ဓာကိုယ်သည်လည်း လှိုင်းနှင့် ထိတွေ့သွားရာ ချက်ခြင်း တောင့်တင်းသွား၏။သည့်နောက် သူ့ခန္ဓာကိုယ်သည် သွေးများ ပန်းထွက်ကာ ပေါက်ကွဲသွားသည်။
ချက်ခြင်းလိုလိုပင် ပေတစ်သိန်းအတွင်း၌ မရေမတွက်နိုင်သော သေကြေဒဏ်ရာရသူများ ရှိကုန်ကြသည်။ဝမ်လင်း၏ပုံရိပ်က ပေတစ်သိန်းဧရိယာ၏ ပြင်ဘက်တွင် ပြန်ပေါ်လာခဲ့သည်။သူ့ လက်ကို ဆန့်ထုတ်လိုက်ပြီးနောက် အနက်ရောင်မြူများကို စိတ် ဝိညာဉ်အလံထဲသို့ ပြန်သိမ်းဆည်းလိုက်သည်။ထို့နောက် ၎င်း အလံကို သူ့သိုလှောင်အိတ်ထဲသို့ ပြန်ထည့်ထားလိုက်၏။
သည့်နောက်တွင် သူ့ပုံရိပ်က ဖျပ်ခနဲ ရှေ့သို့ ဦးတည်ထွက် သွား၏။သူက ပျောက်ကွယ်လုနီး ဖြစ်သွားခါနီး၌ ယောင်ပင်ယွမ် က ရုတ်တရက် သူနားသို့ ရောက်လာခဲ့သည်။သူမက လက်နှစ် ချောင်းဖြင့် ကြမ်းကြုတ်စွာ ဝမ်လင်းထံသို ဖိနှိပ် တိုက်ခိုက် လိုက်၏။
သူမ၏ဖီးနစ်မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်းတို့ ပြည့်နှက် နေသည်။သူမက သည်လို တိုက်ခိုက်နိုင်ဖို့အတွက် အချိန် အတန်ကြာကတည်းက ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ကာ ဝမ်လင်း ထွက်ပေါ်လာမည့် အခိုက်အတန့်ကို စောင့်ဆိုင်းနေခဲ့ပေသည်။
သူမက သည်လက်ချောင်းတိုက်ခိုက်မှုသည် ဝမ်လင်း၏အသက် ကို လုံးဝ နှုတ်ယူနိုင်မည်ဟု ယုံကြည်နေ၏။သည်တိုက်ခိုက်မှု ထဲ၌ စိတ်ဝိညာဉ်ပျက်စီးမှုချိပ်ပိတ်ခြင်း မန္တာန်၏ စွမ်းအား ပါဝင် နေပေသည်။၎င်းမန္တာန်က မူလစိတ်ဝိညာဉ်ကို အန္တရာယ်ပေးနိုင်ဖို့ အသားပေးထားခြင်း မဟုတ်လော။
“အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဒီလို မန္တာန်နဲ့ တိုက်ခိုက်မှုမှာ ရှင်သန်ဖို့ ဘာအခွင့်အရေးမှ ရှိမနေဘူး..
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။သူက နောက်ဘက် ပေတစ်ထောင်အထိ လွင့်စင်သွားသည်။သူက သွေးအပြည့်အန် ထုတ်လိုက်ရပြီး သူ့မျက်နှာကလည်း သေလောက်အောင် ဖြူ ရောသွားသည်။သို့သော်လည်း သူက ရပ်တန့်ခြင်း မပြုပေ။ လေဟာနယ်ထဲသို့ ခြေချကာ အဝေးသို့ ဆက်လက် ပျံသန်း သွား၏။
“သူ မသေဘူးလား…” ယောင်ပင်ယွမ်က မှင်သက်သွား၏။သူမ၏ မျက်လုံးက တောက်ပလာသည်။သူမက ရှေ့သို့ တရကြမ်း တိုး ကာ ဝမ်လင်းနောက်သို့ လိုက်လံတော့၏။
သွေးဘိုးဘေး၏ မူလစိတ်ဝိညာဉ် ပျက်စီးသွားမှုက ဝမ်လင်း နောက်သို့ လိုက်လံနေသော ကျင့်ကြံသူများစွာကို သေဆုံးသွား စေခဲ့သည်။မည်သူကမျှ ရှုမူထံ၌ သည်လို ဝှက်ဖဲ ရှိနေလိမ့်မည် ဟု မျှော်လင့်ထားကြခြင်း မရှိခဲ့ပေ။
ပေတစ်သိန်းဧရိယာအတွင်း၌ ယောင်မိသားစုဝင်များစွာလည်း ရှိနေခဲ့သည်သာ ဖြစ်သည်။သူတို့သည်လည်း သည်ပေါက်ကွဲမှု အတွင်း သေဆုံးခြင်းကနေ မလွတ်မြောက်နိုင်ခဲ့ကြပေ။
လှိုင်းတွန့်များ ပျောက်ကွယ်သွားသည့်အခါ ပေတစ်သိန်းဧရိယာ သည် သွေးတို့နှင့် ပြည့်နေတော့သည်။သည်တစ်ကြိမ်၌ လူအ မြောက်အများသည် ရိုးရှင်းစွာ သေဆုံးသွားခဲ့ရချေသည်။ သို့သော်လည်း ထိုလူအုပ်က ဝမ်လင်းနောက်သို့ လိုက်လံနေသော လူများ၏ အစိတ်အပိုင်းငယ်တစ်ခုသာ ရှိသေးသည်။အကွာ အဝေးတစ်ခုမှ ရောက်လာကြသော ကျင့်ကြံသူများအားလုံး သည် ဝမ်လင်းရှိနှင့်ခဲ့သော နေရာသို့ တဖြည်းဖြည်း ထပ်၍ ရောက်ရှိလာကြ၏။ သည်နေရာရှိ သတ်ဖြတ်မှုကြီးက သူတို့၏ စိတ်ကို တုန်ယင်စေခဲ့ပေသည်။သို့သော်လည်း သူတို့၏ ဝမ်လင်း အပေါ် သတ်ဖြတ်လိုမှုကလည်း ပို၍ အားကောင်းလာတော့၏။
“ငါတို့ ဒီရှုမူကို လွတ်မြောက် စေလို့ မရဘူး။ မဟုတ်ရင် သူသာ အခွင့်ရလာခဲ့ရင် ငါတို့အတွက် ကပ်ဘေးတစ်ခု ရောက်လာလိမ့် မယ် "
"ခုချိန်မှာ ဒီအရာဟာ ရှုမူနဲ့ယောင်မိသားစုကြား တိုက်ပွဲတစ်ခု သာ မကတော့ဘူး။ငါတို့ ဒီနတ်ဆိုးကို အမြစ်ဖျက်ရမယ့် တိုက်ပွဲ အသွင် ဖြစ်လာခဲ့ပြီ။ ဒီနတ်ဆိုးရှုမူကို သတ်နိုင်မှ ငါတို့ ငြိမ်း ငြိမ်းချမ်းချမ်း နေရတော့မယ်...
“သူ့နောက် လိုက်ကြ..”
ထို့နောက် သည်ကျင့်ကြံသူများသည် ဝမ်လင်းနောက်သို့ ဆက်၍ လိုက်လံလာကြတော့၏။ဝမ်လင်းနောက်သို့ လိုက်လံနေသော ယောင်မိသားစုဝင်များ၏ မျက်လုံးတို့သည် နီရဲနေခဲ့သည်။
သည်ကြီးမားလှသည့် ပေတစ်သိန်းအစီအရင်ထဲ၌ ကျင့်ကြံသူ မြောက်များစွာ သေဆုံးခဲ့ရပေသည်။ထို့ကြောင့် ရှုမူ၏ နာမည် သည်လည်း အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထဲ၌ တောမီး ကဲ့သို့ ပျံ့နှံ့သွားသည်။အချို့သော မွန်းစတားအိုကြီးများပင် ယောင်မိသားစုနှင့်ရှုမူတို့ကြား အငြင်းပွားမှုအပေါ်၌ အာရုံစိုက်မိလာကြ၏။
မရေမတွက်နိုင်သော ကျင့်ကြံခြင်းမိသားစုများသာမက ယောင် မိသားစု၏ ခွန်အားတို့ကိုပါ ပူးပေါင်းခဲ့သော်လည်း သည်ရှုမူ သည် မသေဆုံးခဲ့သည့်အပြင် လူများစွာကိုပါ သတ်ဖြတ်ခဲ့ကာ နတ်ဆိုးဟူ၍ အမည်နာမကို ရရှိလာခဲ့တော့သည်။
ထို့ကြောင့် ရှုမူ ဆိုသည့် နာမည်က အလုံးစုံကြယ်အဖွဲ့အစည်း ထဲ၌ ကြယ်ပွင့်အသစ်တစ်ခု ဖြစ်လာခဲ့တော့၏။
ရှုမူဟူသည့် နာမည်သည် အရင်ထက်ပင် ပို၍ ကျော်ကြားလာခဲ့ ပေသည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တိမ်စေတီထိပ်၌ ချင်း ရွှေသည် မျက်လုံးမှိတ်ကာ ကျင့်ကြံနေသည်။သူက မျက်လုံးဖွင့် လာကာ အကွာအဝေးတစ်ခုထံသို့ ကြည့်၍ ခပ်တိုးတိုး ရေရွတ် လိုက်သည်။
"ဒီကလေးက ငါ ငယ်ငယ်တုန်းက ပုံစံနဲ့ တူတယ်..သိပ်ကောင်း တယ်.."
ရှုမူ့ကို အမဲလိုက်မှုက ရပ်တန့်မသွားခဲ့ပေ။၎င်းက ပို၍ပင် အသည်းအသန် ဖြစ်လာခဲ့သည်။မရေမတွက်နိုင်သော ကျင့်ကြံ သူများသည် ဝမ်လင်း(ရှုမူ)နောက်သို့ အသည်းအသန် လိုက်နေ ကြ၏။
ဝမ်လင်း၏ပုံရိပ်က ဟင်းလင်းပြင်ထဲ၌ ပြန်ပေါ်လာခဲ့သည်။သူက ပြန်ပေါ်လာသည်နှင့် သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။သူ့ မျက်နှာကလည်း ဖြူရောနေ၏။သူက သုန်မှုန်နေကာ မျက်လုံး ထဲရှိ သတ်ဖြတ်လိုခြင်းတို့ကလည်း ပိုမို ပြင်းထန်နေခဲ့သည်။
“ငါ့မှာသာ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်မရှိရင် ငါ သေ နေလောက်ပြီ.
ထို့နောက် ဝမ်လင်းသည် လောကနှင့် တစ်သားတည်း ပေါင်းစပ်၍ အလျင်အမြန် ပြန်ထွက်ခွာသွားပြန်၏။
သူ့ရှေ့၌ မည်သည့် ပိတ်ပင်တားဆီးမှုမှ ရှိမနေတော့ပေ။ ထို့ကြောင့် သည်ဧရိယာအတွင်းရှိ မူလစွမ်းအင်တို့က တည်ငြိမ် နေသည်။သို့သော်လည်း ဝမ်လင်းက သူ့နောက်မှ လိုက်လာ သူများထံကနေ လုံးဝ လွတ်မြောက်သေးသည် မဟုတ်ပေ။ဝမ် လင်းသည် ဟိုမိန်းမ ယောင်ပင်ယွမ်က သူ့နောက်သို့ အမဲလိုက် နေသည်ကို သိနေသည်။
ထို့အပြင် ယောင်ပင်ယွမ် မရှိလျှင်ပင် ဝမ်လင်းသည် သူ့ကို လိုက် သတ်နေသော ကျင့်ကြံသူများထံမှ လုံးဝလွတ်မြောက်ရန် ရွေးချယ်လိမ့်မည် မဟုတ်တော့ပေ။ဝမ်လင်းတွင် ရိုးရှင်းသော စည်းမျဉ်းတစ်ခု ရှိ၏။ အခြားသူများက သူ့ကို ရန်မစလျှင် သူက လည်း ထိုသူတို့ကို ရန်မစပေ။သူတို့က သူ့ကို ရန်စပါက သူက ထို သူများကို သတ်ပစ်ပေမည်။
သူ့နောက်သို့ အမဲလိုက်နေသော ကျင့်ကြံသူများသည် သူ့ဒေါသ ကို မီးမြှိုက်စေခဲ့လေပြီ။သူက ထိုသူတို့ကို မည်သို့ လွယ်လွယ် ခွင့်လွှတ်ပါ့မည်နည်း။
“မင်းတို့ ငါ့ကို သတ်ချင်မှတော့ တန်ဖိုးတစ်ခု ကျိန်းသေပေးစပ်ရ မယ်..” ဝမ်လင်း၏မျက်လုံးတို့က အလွန်အမင်း အေးစက်နေ၏။
ဝမ်လင်းနောက်သို့ လိုက်လံနေသော ကျင့်ကြံသူများသည် အနောက်ပိုင်းနှင့်မြောက်ပိုင်းနယ်မြေ နယ်စပ်ကို ဖြတ်ကျော်လာ ကြ၏။သူတို့က အမျိုးမျိုးသော မန္တာန်များကို အသုံးပြုကာ ဝမ် လင်းနောက်သို့ လိုက်နေကြသည်။သူတို့ထံမှ ပေးစွမ်းနေသည့် သတ်ဖြတ်လိုစိတ်ကလည်း မုန်တိုင်းတစ်ခုအလားပင်။
ဝမ်လင်း၏ပုံရိပ်က မြောက်ပိုင်းနယ်မြေတွင် ပြန်ပေါ်လာခဲ့သည်။ သူက ပြန်ပေါ်လာသည်နှင့် နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ တစ်စုံတစ်ခုကို ရှာဖွေနေ၏။
ခဏကြာမြင့်ပြီးနောက် ဝမ်လင်း၏အသွင်သည် ပြောင်းလဲ သွား၏။သည့်နောက် သူက တုံ့ဆိုင်းမနေဘဲ ခြေတစ်လှမ်းလှမ်း ကာ ပျောက်ကွယ်သွားသည်။ဝမ်လင်း ပျောက်ကွယ်သွား သည်နှင့် ယောင်ပင်ယွမ်ကလည်း ပေါ်ထွက်လာခဲ့သည်။
ယောင်ပင်ယွမ်က အေးစက်စက်နှာခေါင်းရှုံ့ကာ ဝမ်လင်း နောက်သို့ ဆက်လိုက်သွားသည်။
သိပ်မကြာခင်မှာပင် ထိုနေရာသို့ အလင်းတန်းများ ပျံသန်း ရောက်လာကြသည်။ထိုသူများက ဝမ်လင်းနောက်သို့ လိုက်လံ နေကြသော ကျင့်ကြံသူများနှင့်ယောင်မိသားစုဝင်များပင်။
လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် ခပ်မြန်မြန် သွားလာခြင်း မပြုပေ။အကြောင်းမူကား သူသည် ထိုကျင့်ကြံသူများကို စောင့်ဆိုင်းနေခြင်းကြောင့် ဖြစ်၏။သူ့နှလုံးသားထဲ၌လည်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်နေသည်။
ဝမ်လင်းက သည်လူများကို ခွင့်မလွှတ်ရန် ဆုံးဖြတ်ထားခဲ့ပြီး ဖြစ်သည်။သူက သူတို့ကို သတိပေးခဲ့ပြီးလည်း ဖြစ်၏။သို့သော် သူတို့က သူ့ကို အခုထိ သတ်ဖို့ ဆုံးဖြတ်ထားခဲ့ကြသည် မဟုတ် လား။သည်လိုဖြစ်လာမှတော့ ထိုသူများသည် တန်ရာတန်ကြေး ပေးဆပ်စေရပေမည်။
မြောက်ပိုင်းနယ်မြေထဲ၌ ဝမ်လင်းသည် အရင်ထက် ပို၍ ပေါ်လာ နေ၏။သူ ပေါ်လာတိုင်းလည်း သူက တစ်စုံတစ်ခုကို ရှာဖွေ နေသည်။
သို့သော်လည်း သူက ချက်ခြင်းပင် သူ့နတ်ဘုရားအာရုံကို ပြန် ပြန် ရုတ်သိမ်း၏။ထိုမှသာ သူ့အတွက် လောကနှင့် တစ်သားတည်း ပြန်ပေါင်းစပ်ဖို့ အချိန်ရပေမည်။သူသာ အနည်းငယ် နှေးသွားသည်နှင့် ထိုအမျိုးသမီးက သူ့အား မှီသွား နိုင်သည် မဟုတ်လား။
ဝမ်လင်း၏အမြန်နှုန်းက အတော်နှေးနေ၏။သူ့နောက်သို့ လိုက်လံလာသော ကျင့်ကြံသူများကလည်း တဖြည်းဖြည်း မြောက်ပိုင်းနယ်မြေသို့ ပျံသန်းလာနေကြသည်။မြောက်ပိုင်း နယ်မြေမှ ကျင့်ကြံသူများကမူ ချီတုံ့ချတုံ စတင် ဖြစ်လာကြ သည်။အချို့က ဝမ်လင်းနောက်သို့ ဆက်မလိုက်ဖို့ပင် ရွေးချယ် လိုက်ကြသည်။
အနောက်ပိုင်းနယ်မြေ၌ ဝမ်လင်းသတ်ဖြတ်ခဲ့သော ဂြိုဟ်များကို တွေ့မြင်ခဲ့ခြင်းက သူတို့ကို တုန်လှုပ်စေခဲ့ပြီး မဟုတ်လား။ သို့သော်လည်း ၎င်းတို့က တုန်လှုပ်ခဲ့ကြသော်လည်း သူတို့အပေါ် သို့ တိုက်ရိုက် သက်ရောက်ခဲ့ကြခြင်း မရှိပေ။သို့သော် အခု အချိန်၌မူ သည်ရှုမူကသာ သည်မြောက်ပိုင်းနယ်မြေ၌ ရူးသွပ် သွားပါက မြောက်ပိုင်းနယ်မြေရှိ သူတို့ကျင့်ကြံခြင်းဂြိုဟ်များ အတွက် ရလဒ်သည် မခန့်မှန်းနိုင် ဖြစ်သွားရနိုင်သည်။
သည်လိုအတွေးကြောင့် မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံခြင်း မိသားစုဝင်များသည် အနောက်၌သာ နေ၍ ဖြည်းဖြည်းချင်း ထွက်ခွာသွားကြ၏။သို့သော်လည်း အချို့လူများကမူ သူတို့၏ မိသားစုများ မြောက်ပိုင်းနယ်မြေတွင် ရှိနေလျှင်ပင် ဝမ်လင်း နောက်သို့ ဆက်လိုက်လာကြသည်သာ။
ဝမ်လင်း၏ပုံရိပ်က မြောက်ပိုင်းနယ်မြေ၏ ဗဟိုပိုင်းတွင် ပေါ်လာ ခဲ့သည်။သူက ပင်မဂြိုဟ်ငါးခုနှင့် အနီးအနားတွင် ပေါ်လာခဲ့ခြင်း ဖြစ်၏။သူက သည်နေရာနှင့် ရင်းနှီးပြီးသား ဖြစ်သည်။ အထူးသဖြင့် နှစ်တစ်ရာနီးပါး သူနေထိုင်ခဲ့သော ရန်ယွမ်ဂြိုဟ်နှင့် ပင်။
သူက သည်နေရာသို့ ပြန်ရောက်လာလျှင်ပင် အတိတ်ကို ပြန်တမ်းတနေရန် အချိန်မရှိပေ။သူ့နတ်ဘုရားအာရုံကို ဖြန့် ကျက်လိုက်၏။သူ့မျက်လုံးက ချက်ခြင်း လက်ခနဲ ဖြစ်သွား သည်။စိတ်လှုပ်ရှားဟန် အရိပ်အယောင် ဖြစ်ပေါ်နေသည်။
"တွေ့ပြီ… ဒါက အခုထိ မြောက်ပိုင်းနယ်မြေမှာ ရှိနေတုန်းပဲကို..
ဝမ်လင်း၏ခန္ဓာကိုယ်က ဖျပ်ခနဲပင် ဂြိုဟ်ငါးခုထံသို့ ဦးတည် ပျံသန်းသွားတော့သည်။
မြောက်ပိုင်းနယ်မြေ၌ ဂြိုဟ်ငါးခုဘေးတွင် အပိုဖြစ်နေသော တစ်စုံတစ်ခု ရှိနေ၏။ထိုအရာက ဧရာမသက်ရှိပုံစံ ဖြစ်နေကာ ၎င်း၏ခန္ဓာကိုယ်ကနေလည်း မရေမတွက်နိုင်သော လက်တံများ ချဲ့ထွက်နေသည်။၎င်းသက်ရှိက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကံကောင်းစွာဖြင့် ၎င်းက မည်သူ့ကိုမျှ ရန်မပြုခြင်းပင်။၎င်းက ဂြိုဟ်ငါးခုဘေးနားသို့ ရောက်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ်က ကျုံ့သွားကာ ဂြိုဟ်တစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ နှစ် အတော်အတန်ကြာမြင့်လာသည့်နောက် ၎င်းသက်ရှိပုံစံသည် အကွာအဝေးတစ်ခုမှ ကြည့်ပါက အစစ်အမှန်ဂြိုဟ်တစ်လုံးနှင့် ခြားနားခြင်း မရှိတော့ပေ။
သို့သော်လည်း မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံသူများသည် ထို အရာက ဂြိုဟ်တစ်ခုမဟုတ်မှန်း၊သွားရောက်ရန်စလို့ မရမှန်း သိနေကြ၏။သူတို့က ၎င်းအနားသို့ မကပ်ဘဲ သွားရောက်စရာ ရှိလျှင် ဝေးဝေးကသာ ပတ်၍ သွားကြသည်။
သိပ်သည်းသော အနက်ရောင်မြူထုတစ်ခုက ၎င်းဂြိုဟ်အား တဖြည်းဖြည်း ဝန်းရံလာခဲ့ပြီး အေးစက်စက်အော်ရာကို ပေးစွမ်း နေ၏။လွန်ခဲ့သောနှစ်များကတည်းက သည်နေရာသည် မြောက် ပိုင်းနယ်မြေ၏ တားမြစ်ဇုံတစ်ခု ဖြစ်လာခဲ့ပေသည်။
၎င်းဂြိုဟ်သည် အတိတ်တုန်းက ဝမ်လင်းကြုံတွေ့ခဲ့ရသော လ မြွေနဂါးသက်ရှိကြီး ဖြစ်လေတော့၏။
သည်နေ့တွင် ဝမ်လင်း၏ပုံရိပ်က လမြွေနဂါးကနေ အသွင် ပြောင်း ဖြစ်ပေါ်နေသည့် ၎င်းဂြိုဟ်အပြင်ဘက်တွင် ပေါ်လာ လေ၏။သူက လမြွေနဂါးကြီးကို သတိထားကာ ကြည့်နေသည်။ သို့သော် သူက ၎င်းအား ဝန်းရံထားသည့် မြူများထဲသို့ တိုးဝင် သွားရန် တုံ့ဆိုင်းမနေခဲ့ပေ။
သူက လမြွေနဂါးပတ်လည်ရှိ မြူထုထဲသို့ ဝင်ရောက်သွားသည့် အခါ၌ ယောင်ပင်ယွမ်သည် ပေါ်လာသည်။သူမက ထိုမြူထုကို စူးစိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
“သူက တစ်လမ်းလုံး လူတိုင်းကို ဒီနေရာအထိ သွေးဆောင်လာခဲ့ တယ်။ဒါ့ကြောင့် သူက ဒီနေရာမှာ တစ်ခုခု ကြံစည်ထားတာ သေချာတယ်..."
ယောင်ပင်ယွမ်၏မျက်လုံးက မြူထုထဲသို့ ထွင်းဖောက်ကာ အတွင်းသို့ ကြည့်နေရင်း တလက်လက် ဖြစ်နေ၏။
သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုကနေ အလင်းတန်း များ ရောက်လာကြသည်။ထိုသူများက ဝမ်လင်းနောက်သို့ လိုက် သတ်နေကြသော သူများပင်။မြောက်ပိုင်းနယ်မြေမှ ကျင့်ကြံ သူများအဖို့တော့ မကောင်းသောခံစားချက်ကို ရနေသည်။သူတို့ က လမြွေနဂါးကြောင့် ဖြစ်ပေါ်နေသည့် ဂြိုဟ်ကို တွေ့မြင်လိုက် သည့်အခါ သူတို့၏အသွင်သည် သုန်မှုန်သွားကြလေ၏။
"ဒါက ကျင့်ကြံခြင်းဂြိုဟ်တစ်ခု မဟုတ်ဘူး။ဒါပေမဲ့ ဆန်းကြယ် တဲ့ သားရဲတစ်ကောင် ဖြစ်နေတယ်။ငါက သားရဲတစ်ကောင်ဟာ အခုလို ဂြိုဟ်တစ်ခုအသွင် ပြောင်းတာကို ကိုယ်တိုင် မြင်ခဲ့ရ
"ဒီဟာက ရန်လိုတဲ့သဘော ရှိမနေပေမဲ့လည်း ကောင်းတဲ့အရာ တော့ မဟုတ်ဘူး။ ဒီရှုမူက ငါတို့ကို ဒီနေရာကို ခေါ်လာတာဟာ ဒီ ဂြိုဟ်ကို အသုံးပြုပြီး ငါတို့ကို သတ်ပစ်ဖို့ ကြံစည်နေတာများ
ယောင်ပင်ယွမ်က အလျင်စလို မပြုမူပေ။သူမက သတိထား၍ လေ့လာနေ၏။
သည်အခိုက်အတန့်၌ ဝမ်လင်းသည် မြူနက်ထုထဲသို့ ထွင်း ဖောက်လာနေရင်း လမြွေနဂါး၏အပေါ်သို့ ရောက်ရှိလာသည်။ မြေပြင်သည် အက်ကွဲနေကာ လက်တံများက ဟိုဒီလှုပ်ရမ်း နေ၏။
ဝမ်လင်းက နှာခေါင်းရှုံ့လိုက်၏။သူက လမြွေနဂါး၏ခန္ဓာကိုယ် ထဲသို့ တဟုန်ထိုး တိုးဝင်သွားသည်။သည့်နောက် သူ အရင်တုန်း က သွားခဲ့သည့် လမ်းကြောင်းအတိုင်း သွားနေသည်။သူက လ မြွေနဂါး၏အရိုး ရှိနေသော နေရာသို့ ဦးတည်သွားနေခြင်းပင်။
“လာ ငါ့ကို တိုက်ကြချေ။မင်းတို့အားလုံးက လမြွေနဂါးကို ဒေါသထွက်စေတာနဲ့ အရာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွား လိမ့်မယ်...
ဝမ်လင်း၏ မျက်လုံးထဲ၌ ညစ်ကျယ်ကျယ်အလင်းတစ်ခု ပေါ်ထွက်နေချေသည်။
လမြွေနဂါးကြီး
ယောင်မိသားစုနှင့်အခြားကျင့်ကြံခြင်းမိသားစုများ သူ့နောက်သို့ စလိုက်သတ်ကတည်းက ဝမ်လင်းထံ၌ လမြွေနဂါး၏စွမ်းအားကို ငှားယမ်းရန်အကြံဉာဏ် ရခဲ့ပေသည်။လမြွေနဂါးက အလွန် သန်မာလွန်းလှ၏။
လမြွေနဂါးသည် ဒေါသထွက်လာပါက ယောင်မိသားစုဖြစ်စေ၊ အခြားကျင့်ကြံခြင်းမိသားစု ဖြစ်စေ ထိုက်တန်ပါတော့မည်လား။
ဝမ်လင်းသည် မြန်ဆန်စွာ လှုပ်ရှားနေသည်။သူက လမြွေနဂါးကို နိုးထစေခြင်းနှင့် ပတ်သတ်၍ ဂရုမစိုက်ဘဲ မနေပေ။သူက အရိုးရှိနေသော နေရာသို့ တန်းတန်းမတ်မတ် သွားနေ၏။
လမြွေနဂါး၏အတွင်းနက်ပိုင်းသို့ ရောက်လာဖို့ ဝမ်လင်းသည် အချိန်သိပ်မယူလိုက်ရပေ။သူက အတိတ်တုန်းက သည်နေရာ တွင် ရှိနေသော လမြွေနဂါး၏အရိုးတစ်ဝက်ကို တွေ့မြင်သွား၏။ ဝမ်လင်းသည် အတိတ်တုန်းက လမြွေနဂါး၏ အရိုးတစ်ခုလုံးကို ယူဆောင်ရန် စီစဉ်ခဲ့သော်လည်း တစ်ဝက်သာ ယူဆောင်နိုင် ခဲ့၏။
သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အတိတ်တုန်းက လောဘကြီးရဲ့ ရတနာမီး ပြင်းဖိုဟာ ဒီလမြွေနဂါးရဲ့ ဝါးမြိုတာ ခံခဲ့ရတယ်...
ထိုမီးပြင်ဖိုကြီးအကြောင်းတွေးမိသည်နှင့် ဝမ်လင်းသည် နှလုံးခုန်မြန်ရသည်။၎င်းအကြောင်းကို စဉ်းစားမိသည့်အခါ သည်ရတနာသည် ရှေးဟောင်းနတ်ဘုရားထူစီ သန့်စင်မွန်းမံထား သော အရာဖြစ်မည်ဟု သူက ရှစ်ဆယ်ရာခိုင်နှုန်းလောက် ယုံကြည်ခဲ့သည်။သို့သော် သူက ၎င်းကို ရရှိနိုင်ခဲ့ခြင်း မရှိဘဲ မ ကျေမနပ် လက်လွှတ်ခဲ့ရပေ၏။
အခြားအချိန်သာ ဖြစ်နေပါက ဝမ်လင်းသည် သည်မီးပြင်းဖို အကြောင်း စဉ်းစားမိလိမ့်မည် မဟုတ်ပေ။တကယ်တော့ လမြွေ နဂါးသည် အတော်လေးကို ကြောက်မက်ဖွယ်ကောင်းလွန်းလှ သည် မဟုတ်လား။၎င်းက နိုးထလာသည်နှင့် ကပ်ဆိုးတစ်ခု ဖြစ် သွားနိုင်၏။
သို့သော်လည်း ခုချိန်၌ လမြွေနဂါး၏ ဒေါသကို မျှခံဖို့အတွက် အပြင်ဘက်တွင် ကျင့်ကြံသူများစွာ ရှိနေသည် မဟုတ်လား။ ထို့ကြောင့်လည်း ဝမ်လင်းက အံတင်းတင်းကြိတ် ရွေးချယ်မှု တစ်ခု ပြုလုပ်ခဲ့ခြင်းပင်။
ဝမ်လင်းသည် လမြွေနဂါး၏ကိုယ်ထဲ၌ အလျင်အမြန် ဆက်၍ သွားနေသည်။သူက သူ့နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက် ထား၏။ဝမ်လင်းသည် လမြွေနဂါး၏ခန္ဓာကိုယ်အတွင်းဘက်၌ အန္တရာယ်မကင်းကြောင်း သိပြီးသား ဖြစ်ကာ သည်နေရာ၌ လ မြေနဂါးငယ်များစွာ ရှိနေသည်။သူက အရိုးကို မယူဆောင်နိုင်ခင် လမြွေနဂါးငယ်နှင့် ထိပ်တိုက်တိုးမိပါက လွတ်မြောက်ရန် အတော်လေး အားစိုက်ထုတ်ရဦးမည် မဟုတ်လား။
သည်အခိုက်အတန့်၌ များစွာသော ကျင့်ကြံသူများက ဂြိုဟ်ကို ဝန်းရံထားကြ၏။ထိုကျင့်ကြံသူများသည် ရှုမူ၏ ရက်စက်မှုကို သတိထားနေကြ၏။
သူတို့သာ အနည်းငယ် သတိလက်လွတ်ဖြစ်သွားသည်နှင့် သေဆုံးရပေလိမ့်မည်။ သူတို့က ဝမ်လင်း ထိုဂြိုဟ်ထဲသို့ ဝင် ရောက်သွားသည်ကို တွေ့မြင်ရသည့်အခါ၌ ပထမဆုံးတွေး မိသည်က သည်နေရာသည် ထူးဆန်းနေသည်ဟူ၍ ဖြစ်၏။
ထို့အပြင် မြောက်ပိုင်းနယ်မြေ၏ ကျင့်ကြံသူများထံကနေ သည် ဂြိုဟ်က အံ့ဖွယ်သားရဲကြီးတစ်ကောင် ဖြစ်နေမှန်းကိုလည်း လူ တိုင်း သိရှိခဲ့ကြပြီ ဖြစ်သည်။
ယောင်မိသားစု၏ သက်လတ်ပိုင်းလူတစ်ယောက်က လမြွေနဂါး ကို အထင်သေးဟန်နှင့်ကြည့်ကာ ပြောဆိုလာ၏။ “ဒါက သားရဲ တစ်ကောင် ဖြစ်နေရင်လည်း ရန်ပြုနိုင်တဲ့ စွမ်းရည်မှ မရှိတာ.. တကယ်လို့ ဒီသားရဲ ရန်ပြုလာရင်တောင် ငါတို့အားလုံး စုပေါင်း တိုက်ခိုက်ပြီး သတ်ပစ်နိုင်တယ်..
ယောင်မိသားစု၏ မှတ်တမ်းများထဲ၌ ကြမ်းကြုတ်သောသားရဲ များစွာ အကြောင်းကို ဖော်ပြထား၏။အချို့သည် သည်တစ် ကောင်ထက်ပင် ပို၍ ကြမ်းကြုတ်နေသေးသည်။သိုသော်လည်း အဆုံးသတ်၌ ကောင်းကင်ဘုံသားများ၏ စုပေါင်းတိုက်ခိုက်မှု အောက်တွင် ၎င်းသားရဲက သေဆုံးသွားခဲ့ရသည်ဟု မှတ်တမ်း၌ ဖော်ပြထားခဲ့သည်။
ယခုသားရဲနှင့် ပတ်သတ်၍မူ ယောင်မိသားစုမှတ်တမ်းထဲ၌ ဖော်ပြထားခဲ့ခြင်း မရှိပေ။ ဆိုလိုသည်က ၎င်းသားရဲသည် ခြိမ်းခြောက်နိုင်စွမ်း မရှိဟု ဖြစ်၏။ မဟုတ်ပါက ၎င်းသားရဲ အကြောင်း မိသားစုမှတ်တမ်းထဲ၌ ရှိနေမည် မဟုတ်လား။
"ဒီသားရဲကို သတ်ပစ်ဖို့ မခက်ခဲလောက်ပါဘူး..” ယောင်ယွမ်ဟိုင် က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူက ယောင်မိသားစုမှ တတိယမျိုးဆက်ဝင် ဖြစ်သည်။သူ့ကျင့်ကြံမှုအဆင့်က မြင့်မား လှခြင်း မရှိသော်လည်း အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့် တွင် ရောက်နေ၏။သူက သူ့ကိုသူ ဝင့်ကြွားမှု ရှိနေ၏။သူ့ အမြင်၌ သည်လမြွေနဂါးက မထိုက်တန်ဟု ထင်မြင်နေခဲ့သည်။
ယောင်ပင်ယွမ်က လမြွေနဂါးကြောင့် ဖြစ်ပေါ်နေသော မြူနက် ထုကြီးကိုသာ စူးစိုက်ကြည့်နေသည်။သူမ၏မျက်လုံးက လက်ခ နဲ ဖြစ်သွားကာ မြူနက်ထုထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ သူမ၏ လှုပ်ရှားလိုက်မှုက ဦးဆောင်မှုတစ်ခုကဲ့သိုပင်။ သူမ တိုး ထွက်သွားသည်နှင့် ကျန်သည့်လူများက သူမနောက်သို့ လိုက်ကြ ပေမည်။
ယောင်ယွမ်ဟိုင်သည်လည်း ထိုလူများထဲမှ တစ်ယောက်ပင်။ သူက သူ့အောက်ရှိ ဓားပျံပေါ်တွင် ရပ်ကာ မြူနက်ထုထဲသို့ ပျံသန်းလာ၏။
နောက်ထပ်နောက်ထပ် ကျင့်ကြံသူများသည်လည်း မြူနက်ထုထဲ သို့ တိုးဝင်လာကြ၏။လူအနည်းငယ်မှလွဲ၍ လူတိုင်း၏မျက်လုံး တို့သည် တောက်ပနေကြသည်။သူတို့က မြူနက်ထုအတွင်း၌ နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကြသည်။အန္တရာယ်မရှိမှန်း သိပြီးနောက် ဆက်၍ တိုးဝင်လာကြသည်။သူတို့သည် မြူနက် ထုကို ကျော်ဖြတ်လာပြီးသည့်အခါ သူတို့ရှေ့၌ ပေါ်လာသည်က ဟိုဒီလှုပ်ရမ်းနေသော မရေမတွက်နိုင်သည့ လက်တံများပင်။
သည်မြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေသည်။ သို့သော်လည်း လူတိုင်းသည် လူခွဲကာ ဝမ်လင်း၏ အရိပ်အယောင်ကို ဖြန့်ကျက် ရှာဖွေကြတော့၏။သူတို့ထဲက အချို့သည် ဝမ်လင်းကို ရှာဖွေရန် ဂြိုဟ်အတွင်းနက်ပိုင်းထိတိုးဝင်လာကြသည်။
ယောင်ပင်ယွမ်က မြေပြင်ထက်၌ ခြေချကာ အတွင်းထဲသို့ တိုးဝင်လာ၏။သူမက အောက်ဘက်သို့ ပို၍ ရောက်လာလေလေ သူမသည် ဆိုးဝါးသောခံစားချက်ကို ရလာ၏။သူမပတ်လည်ရှိအရာရာတိုင်းသည် အလွန်ထူးဆန်းနေသည်ဟု ခံစားနေရသည်။
ထိုထူးဆန်းသောခံစားချက်သည် အတွင်းဘက်သို့ ပိုရောက်လာ လေလေ ပို၍ အားကောင်းလာလေလေ ဖြစ်သည်။
“ဒါက ဘယ်လိုသားရဲမျိုးလဲ..
ယောင်ပင်ယွမ် တစ်ယောက်တည်းသာ မြေကြီးနက်အတွင်းပိုင်း သို့ ဝင်လာသည်မဟုတ်။ယောင်ယွမ်ဟိုင်ကလည်း ဝင် ရောက်လာခဲ့သည်သာ ဖြစ်သည်။သူက ဂရုမစိုက်သည့်ဟန်ဖြင့် ရှေ့တည့်တည့်သို့ အတင်း သွားနေခြင်း ဖြစ်၏။သူ့နောက်တွင် လည်း ကျင့်ကြံသူအနည်းငယ် ပါလာသေးသည်။
လမြွေနဂါးကြောင့် ဖြစ်ပေါ်နေသော ဂြိုဟ်ထဲသို့ ကျင့်ကြံသူ အားလုံး ဝင်ရောက်လာကြခြင်း မဟုတ်ပေ။ အပြင်ဘက်၌ ကျန် ရှိနေသေးသော ကျင့်ကြံသူများစွာ ရှိနေ၏။၎င်းတို့က ဂြိုဟ်အား ဝန်းရံထားကြသည်။
ကျင့်ကြံသူများစွာ ဂြိုဟ်ထဲသို့ ဝင်ရောက်သွားခြင်းကြောင့် ဂြိုဟ်ပေါ်တွင် လှိုင်းတစ်ခုပင် ဖြစ်ပေါ်လာခဲ့သည်။ထိုလှိုင်းက အလွန်အားနည်းလွန်းလှ၏။ ထို့ကြောင့် လူတစ်ယောက်က သေချာအာရုံမစိုက်ပါက ၎င်းလှိုင်းကို သတိပြုမိလိမ့်မည် မဟုတ်ပေ။ဂြိုဟ်အတွင်းဘက်သို့ ရောက်သွားကြသော သူများ ပင် ၎င်းလှိုင်းကို ရှင်းရှင်းလင်းလင်း မခံစားမိကြချေ။သူတို့သည် ဖိအားအနည်းငယ် တိုးလာသည်ဟုသာ ခံစားလိုက်ကြရ၏။
သို့သော် ၎င်းလှိုင်းက လမြွေနဂါး၏ ကိုယ်ထဲ၌ ရွှေ့လျားနေသော ဝမ်လင်းအား ရုတ်တရက် ရပ်တန့်သွားစေ၏။ ဝမ်လင်းက ညစ်ကျယ်ကျယ်ပြုံးကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ဒါက နိုးထလာတော့မယ် အရိပ်အယောင်ပဲ။ ဒီလမြွေနဂါးကြီးက အ ကြာကြီး မအိပ်စက်ရသေးဘူး။ ဒါ့ကြောင့် အာရုံခံစားမှု အနည်းငယ် ရှိနေသေးတယ်..။ ငါ့ကို မင်း မြန်မြန်နိုးလာနိုင် အောင် ကူညီခွင့်ပြုတော့..
ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက လ နဂါး၏အရိုးအပေါ်သို့ ရှေးရှုကာ ရွှေ့လျားနေ၏။ထိုနေရာ ကသည် လမြွေနဂါး၏ အာရုံခံအင်္ဂါမှတ် ဖြစ်နေပေသည်။
သူက လှုပ်ရှားနေရင်း သူ့အသွင်သည် ပြောင်းလဲသွားသည်။ သူက အပေါ်သို့ မော့ကြည့်လိုက်၏။ သူ့မျက်လုံးထဲ၌ သတ်ဖြတ် လိုစိတ် ဖြစ်ပေါ်လာသည်။ထို့နောက် ဝမ်လင်းသည် အပေါ်သို့ ပြန်ဆန်တက်သွား၏။
ယောင်ယွမ်ဟိုင်က မောက်မာသည့်ဟန်ပန်ဖြင့် ရှိနေ၏။သူက အောက်သို့ ဆင်းနေရင်း နတ်ဘုရားအာရုံကို ဝရုန်းသုန်းကား ဖြန့် ကျက်ထားသည်။ဤအခိုက်မှာပင် အေးစိမ့်စိမ်းအော်ရာတစ်ခုက ရုတ်တရက် ရောက်လာသည့်အတွက် သူ့အသွင်ဟန်ပန်ကို ပြောင်းလဲသွားစေသည်။သူက ချက်ခြင်း ရပ်တန့်လိုက်၏။ သူ့ နောက်မှ လိုက်လာသော ကျင့်ကြံသူများကလည်း သူ့အား ချက် ခြင်း မှီလာကြသည်။
ထိုကျင့်ကြံသူများ၏ နောက်ဘက်ကနေ အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာ၏။အေးစိမ့်သည့်အော်ရာကလည်း ၎င်း အတွင်းကနေ ထွက်ပေါ်လာသည်။ပေတစ်ထောင်ခန့် ရှည်သော လမြွေနဂါးငယ်တစ်ကောင်က အလင်းတန်းတစ်ခုအလား ထိုး ထွက်လာတော့၏။ ၎င်းခန္ဓာကိုယ်ပတ်လည်ရှိ လက်တံမြောက် များစွာက အတော်လေး တုန်လှုပ်စရာပင်။
ထိုလမြွေနဂါးက မြန်ဆန်လွန်းလှ၏။၎င်းက ထိုးထွက်လာ သည်နှင့် မည်သူမျှ မတုန့်ပြန်နိုင်ခင် ကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုသွားခဲ့လေသည်။ထို့နောက် ၎င်း၏ ခန္ဓာကိုယ်က အခြား တစ်ယောက်ထံသို့ စောင့်ချလာ၏။ထိုကျင့်ကြံသူကလည်း သွေးအန်ထုတ်လိုက်ရကာ သူ့မျက်လုံးထဲ၌ ထိတ်လန့်ကြောက်ရွှံ့ မှုတို့ ပြည့်နှက်သွားသည်။သူက သူ့ခန္ဓာကိုယ်ကို စွန့်ခွာကာ မူလ စိတ်ဝိညာဉ်သပ်သပ်နှင့် ထွက်ပြေးလာ၏။
ထိုအဖြစ်အပျက်က မြန်ဆန်လွန်းလှ၏။ယောင်ယွမ်ဟို င်၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများပင် ထောင်မတ်သွားရသည်။ သူက နောက်သို့ အလျင်အမြန် ဆုတ်ကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။
သို့ရာတွင် သူ့အာရုံသည် သူ့ရှေ့ရှိ လမြွေနဂါးငယ်ထံသို့သာ အပြည့်အဝ ရောက်နေခဲ့သည်။ထိုအချိန်မှာပင် သူ့နောက်ကနေ ဝမ်လင်းသည် ထွက်ပေါ်လာခဲ့သည်။
ဝမ်လင်း၏ လက်ချောင်းဖြင့်တိုက်ခိုက်မှုက ယောင်ယွမ်ဟိုင်၏ ကျောပေါ်သို့ တိုက်ရိုက် ကျဆင်းသွား၏။
ယောင်ယွမ်ဟိုင် သတိပြုမိသည့်အချိန်တွင် လုံးဝ နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။သူက သူ့ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ မူလစိတ် ဝိညာဉ်ဖြင့် ထွက်ပြေးဟန် ပြင်လိုက်၏။သို့သော် ဝမ်လင်းက ထို အတွက် ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ထိုအခိုက်မှာပင် မူလ စွမ်းအင်နှင့် ပြည့်နေသော ဝမ်လင်း၏ ညာလက်က ဆန့်ထွက် လာခဲ့ချေသည်။
ယောင်ယွမ်ဟိုင်က ခုခံရန် ပြင်လိုက်စဉ်မှာပင် ကံကြမ္မာကျာပွတ် ရိုက်ချက်သည် ကျရောက်လာခဲ့ကာ သူက ငြီးတွားရုံသာ တက် နိုင်တော့သည်။ဝမ်လင်းသည် အချိန်တစ်စက်ကလေးမှ ဖြုန်းမ နေပေ။သူက ယောင်ယွမ်ဟိုင် ခန္ဓာကိုယ်ကို ချက်ခြင်း ကန်ထုတ် လိုက်သည်။
ယောင်ယွမ်ဟိုင်၏ခန္ဓာကိုယ်သည် သွေးမြူအဖြစ်သို့ ပေါက်ကွဲ ထွက်သွား၏။ထိုပေါက်ကွဲမှုလှိုင်းက လမြွေနဂါးကို အနောက်သို့ အနည်းငယ် လွင့်သွားစေသည်။ထို့နောက် ဝမ်လင်းသည် ၎င်း အခိုက်အတန့်ကို အသုံးပြုကာ ပြန်ပျောက်ကွယ်သွား တော့သည်။
ယောင်ယွမ်ဟိုင်၏ မူလစိတ်ဝိညာဉ်ကို ဖမ်းဆုပ်ပြီးနောက် ဝမ် လင်းသည် ၎င်းကို သူ့သိုလှောင်အိတ်ထဲရှိ စိတ်ဝိညာည်အလံထဲ သို့ ချက်ခြင်း ထည့်သိမ်းလိုက်သည်။သူက တစ်စက်ကလေးပင် ရပ်တန့်ခြင်း မရှိ နှေးကွေးမနေဘဲ ဖျပ်ခနဲ ပြန်ပျောက်ကွယ်သွား ခဲ့ခြင်းပင်။
ပေတစ်ထောင်ခန့် ရှိသော လမြွေနဂါးသည် ခဏတာ ရှာဖွေ ကြည့်ပြီးနောက် ၎င်း၏ ပါးစပ်ကို ဟကာ ကြွင်းကျန်နေခဲ့သော ဝမ်လင်း၏ အော်ရာအားလုံးကို စုပ်ယူလိုက်၏။ ၎င်းခန္ဓာကိုယ် ပေါ်ရှိ လက်တံများသည်လည်း သူ့ဟာသူ ပြန်ထွေးသွား တော့သည်။၎င်းက ကျေနပ်နေသည့်ဟန်ပင်။
သို့သော်လည်း ခဏအကြာတွင် ထိုလမြွေနဂါးငယ်၏ ပါးစပ် ပြန်ပိတ်သွားပြီး ၎င်း၏ ခန္ဓာကိုယ်က တွန့်သွားကာ မြေကြီးထဲ သို့ ပြန်ပျောက်ကွယ်သွားတော့၏။
အကွာအဝေးတစ်ခုရှိ ဝမ်လင်း၏မျက်လုံးထဲကနေ ထူးဆန်းသောအလင်းတစ်ခု ပေါ်နေ၏။သူက လမြွေနဂါးကြီး၏ အရိုးထိပ်ဖျားထံသို့ ဦးတည်သွားသည်။သူက လမ်းတစ်လျှောက် တွင် အလွန်သတိထားနေသည်။ တစ်စုံတစ်ခုမှားနေသည်ဟု သတိပြုမိတိုင်း သူက ဦးတည်ချက်ပြောင်းကာ သူ့ကိုယ်သူ ဖုံးကွယ်ပစ်သည်။
ဝမ်လင်းက စဉ်းစားနေ၏။ “လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲမှာ အန္တရာယ်ရှိတယ် ဆိုပေမဲ့လည်း ငါ့သိထားသလောက်ဆိုရင် ငါ ဂရုစိုက်နေသရွှေ့ အန္တာရာယ် မဖြစ်လာနိုင်လောက်ဘူး။ အပြင် ဘက်မှာနဲ့ ယှဉ်ရင် ဒီနေရာက အများကြီး ပိုလုံခြုံသေးတယ်..”
"ဒီလိုဆိုမှတော့ ငါက ဘာကြောင့် လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်ပြီး မနေရမှာလဲ..။ဒီလိုနည်းနဲ့ ငါ့ကို သတ်ချင်နေတဲ့ ယောင်မိသားစုဝင်တွေဟာ အရင်ဆုံး ဒီလမြွေနဂါးနဲ့ ရင်ဆိုင် တွေ့ကြရလိမ့်မယ်..”
ဝမ်လင်းသည် အေးစက်စက်ပြုံးကာ ရှေ့သို့ အလျင်အမြန် ဆက် သွားနေသည်။
သည်လမြွေနဂါးကြီးက အလွန်တရာ ကြီးမားလှသည်။၎င်း၏ အတွင်းထဲ၌ တည်နေရာရွှေ့ပြောင်းရန်လည်း မဖြစ်နိုင်ချေ။ ထို့ အပြင် သူက သတိလည်းထားနေရသေး၏။ထို့ကြောင့် ဝမ်လင်း က မြန်ဆန်စွာ သွားနေလျှင်ပင် သူ့အမြန်နှုန်းက နှေးနေသေး သည်သာ ဖြစ်သည်။
သူက သွားလာနေရင်း သူ့အသွင်သည် ရုတ်တရက် ပြောင်းလဲ သွား၏။သူက ဘေးတစ်ဖက်သို့ ချက်ခြင်း ရှောင်တိမ်းလိုက် သည်။ သူက ရှောင်လိုက်သည်နှင့် အပြာရောင်ရေခဲသလင်းတစ် ခုသည် ဝမ်လင်း မူလရှိနှင့်ခဲ့သော နေရာသို့ အလင်းတန်းအလား ဖြတ်သန်းသွားတော့သည်။
၎င်းက ဝမ်လင်း၏ခန္ဓာကိုယ်ကိုပင် ထိလုနီးပါး ဖြစ်သွားခဲ့သည်။ ဝမ်လင်းက ထိုသလင်းထဲမှ အအေးစွမ်းအင်ကို ရှင်းလင်းစွာ ခံစားမိသည်။
“နင် မလွတ်နိုင်တော့ပါဘူး..” သည့်နောက် မြေကြီးထဲမှ ပေတစ် ရာခန့် အဟ တစ်ခု ပေါ်လာကာ ၎င်းအာထဲကနေ အေးစက်စက် အသံနှင့်အတူ ယောင်ပင်ယွမ်သည် လှမ်းထွက်လာလေသည်။
သူမက ဝမ်လင်းကို အေးစက်စက် ကြည့်ကာ ပြောလာ၏။ "နင် က အနောက်ပိုင်းနယ်မြေရဲ့ အပြစ်မရှိတဲ့ ကျင့်ကြံသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ ဒီနေ့မှာ ငါ ယောင်ပင်ယွမ် က နင့် အသက်ကို ယူပြမယ်...
ဝမ်လင်းက နောက်သို့ အမြန်ဆုတ်ကာ သူ့လက်နှစ်ဖက်လုံးတွင် မူလစွမ်းအင်ကို စုစည်းထားလိုက်သည်။သူက သူ့ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် ရိုက်ကာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက် သွားသော အအေးစွမ်းတို့ကို ခြေဖျက်စေသည်။တစ်ချိန်တည်း မှာပင် သူက မူလစွမ်းအင် အဆီအနှစ်ကို ပါးစပ်ကနေ ထွေး ထုတ်လိုက်၏။၎င်းစွမ်းအင်က ဓားတစ်လက်ကဲ့သို့ ယောင်ပင် ယွမ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ယောင်ပင်ယွမ်က သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ ကာ ရှေ့သို့ ညွှန်လိုက်၏။အပြာရောင်အလင်းတန်းတစ်ခုသည် သူမ၏ လက်ချောင်းထိပ်၌ စုဝေးလာသည်။
ထို့နောက် သူမရှေ့ရှိ အရာအားလုံးသည် လျှပ်တစ်ပြတ်အတွင်း ခဲသွားတော့၏။ထိုအေးခဲမှုသည် ဆက်လက်၍ ပျံ့နှံ့သွားသည်။
ဝမ်လင်းထွေးထုတ်လိုက်သော မူလစွမ်းအင်ပါ ခဲသွားရလေ သည်။
ထိုရေခဲ နီးကပ်လာသည်ကို တွေ့သည့်အခါ ဝမ်လင်း၏အသွင် သည် သုန်မှုန်သွား၏။ သူက ချက်ခြင်း နောက်ဆုတ်သည်။သူက သူ့ရှေ့ရှိ မိန်းမသည် သန်မာလှကြေင်း သိနေပေ၏။သူ့တွင် အနိုင်ရရန် အခွင့်ရေး ရှိမနေခဲ့ပေ။
ယောင်ပင်ယွမ်က သူမရှေ့ရှိ ရေခဲကို လက်ဖြင့် ထိလိုက်၏။ သူမ၏ ခန္ဓာကိုယ်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားလေ သည်။
"ရေခဲ လွတ်မြောက်ခြင်း... ဝမ်လင်းသည် အားကောင်းသော အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက်သည်။သူက ပါးစပ်ဟ ကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးကို ထွေးထုတ်ကာ သူ့ ရှေ့၌ ကာဆီးထားစေသည်။
ထိုတံဆိပ်တုံး ပေါ်လာသည်နှင့် ယောင်ပင်ယွမ်သည်လည်း ဝမ် လင်းရှေ့တွင် ပေါ်လာကာ သူမ၏ လက်ချောင်းဖြင့် ဖိနှိပ်လာ သည်။
ယောင်ပင်ယွမ်၏ ထိုလက်ချောင်းတိုက်ခိုက်မှုထဲ၌ သူမ၏ စွမ်းအားအားလုံးကို အသုံးပြုထား၏။သူမက အောက်သို့ ဖိချ လိုက်သည်နှင့် သွေးရောင်စာလုံးတစ်လုံး ပေါ်လာခဲ့ကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး တစ်လျှောက် ပျံ့နှံ့လာ တော့၏။
"စက်ဝန်းဆယ်ခု စိတ်ဝိညာဉ် ပျက်စီးစေခြင်း" ယောင်ပင်ယွမ်က သူမ၏လက်ကို မြှောက်ကာ ချိပ်တံဆိပ်များစွာကို အမြန် ဖြစ် ပေါ်စေ၏။ ချိပ်တံဆိပ်ကိုးခုသည် သွေးရောင်စာလုံးကိုးခု အဖြစ် သို့ ပြောင်းကာ ပေါ်ထွက်လာ၏။၎င်းတို့က တံဆိပ်တုံးပေါ်သို့ တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့သည်။
၎င်းသွေးရောင်စာလုံးများက အတော်လေး ထူးဆန်းနေ၏။၎င်း တို့က တံဆိပ်တုံး၏ တည်ရှိမှုကို လစ်လျူရှုကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာတော့သည်။ဝမ်လင်း၏ အသွင်က သုန်မှုန်သွားကာ သူက အော်ပြောလိုက်၏။ “ချိပ်ပိတ်ခြင်း..
စကားတစ်ခွန်းဖြင့်ပင် ရာချီရွှေရောင်စာလုံးများ ပေါ်လာခဲ့ကာ ချိပ်ပိတ်မှုအသွင် ဖြစ်ပေါ်ကုန်သည်။၎င်းတို့အထဲ၌ အားကောင်း လွန်းလှသောအော်ရာနှင့် ချိပ်တံဆိပ်နှစ်ခု ရှိနေ၏။ထိုရွှေရောင် စာလုံးများက စက်ဝန်းဆယ်ခုစိတ်ဝိညာဉ်ပျက်စီးစေခြင်း ချိပ်တံဆိပ်များ၏ စွမ်းအားကို ဆက်တိုက် အားနည်းသွားအောင် လုပ်နေသည်။
သို့သော်လည်း ၎င်းချိပ်တံဆိပ်များက သန်မာလွန်းနေသည်။ ရွှေရောင်စာလုံးများက စက်ဝန်းဆယ်ခုကို လေးခုအထိလျော့ကျစေခဲ့သော်လည်း ကျန်သည့်လေးခုက ဝမ်လင်း၏ ရင် ဘက်ပေါ်သို့ ကျရောက်သွားတော့သည်။
၎င်းတို့က သူ့ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ဝင်လာကာ အလင်းတန်းလေးခုအဖြစ်သို့ ပြောင်းလဲပြီး ဝမ်လင်း၏မူလစိတ် ဝိညာဉ်အထိ တိုးဝင်လာခဲ့သည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲကနေ တစီစီအသံများ ထွက်ပေါ်လာကြ သည်။သူ့မျက်နှာက ဖြူရောသွား။သို့သော် သူ့မျက်ဝန်းထဲ၌ သတ်ဖြတ်လိုမှုက မွန်းစတားဆန်လာခဲ့သည်။သူက ကောင်းကင် ချိပ်ပိတ်ခြင်းတံဆိပ်တုံးနှင့်အတူ နောက်သို့ ဆုတ်သည်။
“မသေသေးဘူးလား…” ယောင်ပင်ယွမ်၏မျက်လုံးက တောက်ပ လာ၏။ သည်ရှုမူသည် အတော်လေးကို ထူးဆန်းနေသည်။သူက သူမ တိုက်ခိုက်မှုကို ပထမအကြိမ် ကံကောင်းမှုကြောင့် လွတ်မြောက်သွားခဲ့သည်ဟု ရှင်းပြနိုင်သေးသည်။ သို့သော်လည်း အခုတစ်ကြိမ်၌မူ သူမသည် သူမ၏စွမ်းအား အပြည့် အသုံးပြုခဲ့ပေသည်။သို့သော်လည်း အထည်ဒြပ်ယန် အဆင့်သာ ရှိသေးသည် ရှုမူကို အခုထိ မသတ်နိုင်သေး ဖြစ် နေသည်။ထိုအဖြစ်က ယောင်ပင်ယွမ်၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။
“သူ့မှာ မူလစိတ်ဝိညာဉ်ကို ကာကွယ်ပေးတဲ့ ကောင်းကင်ဘုံ ရတနာတစ်ခု ရှိနေတာ ဖြစ်ရမယ်... ယောင်ပင်ယွမ်က နှာခေါင်း ရှုံ့ကာ ရှေ့သို့ လှမ်းလာသည်။သူမနောက်ရှိ ရေခဲကလည်း သူမ နှင့်အတူ ဝမ်လင်းထံသို့ လှမ်းတိုးဝင်လာသည်။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် တုန်ရင်နေသည်။သူမက သူ့ နောက်သို့ လိုက်သတ်နေသော ယောင်ပင်ယွမ်ကို စူးစိုက်ကြည့် နေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချသည်။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်က ရုတ်တရက် ပေါ်လာ၏။သို့သော် ၎င်း၏ ပစ်မှတ်က ယောင်ပင်ယွမ်မဟုတ် ပေ။ သူမဘေးရှိ ရွှံ့အလွှာပေါ်သို့ ဖြစ်နေ၏။ပေါက်ကွဲသံနှင့် အတူ ၎င်းရွှံ့လွှာသည် ပျက်စီးသွားသည်။
“လမြွေနဂါးတွေက တိတ်ဆိတ်မှုကို နှစ်သက်ပြီး ဆူညံမှုကို မုန်း တယ်.."
ဝမ်လင်းသည် လမြွေနဂါး၏ အလေ့အထကို သိထားခဲ့ပေသည်။ ထို့ကြောင့် သူက သူ့ဘေးရှိ ရွှံ့အလွှာတို့ကိုပါ ဆက်တိုက် ပေါက်ကွဲ ပျက်စီးအောင် တိုက်ခိုက်နေသည်။
ယောင်ပင်ယွင်၏ မျက်လုံးထဲ၌ လှောင်ပြောင်ဟန်တို့ ဖြစ် ပေါ်လာသည်။ယခုသာ အပြင်မှာ ဖြစ်နေပါက သူမသည် ဝမ် လင်းကို ဖမ်းမိတော့မည် မဟုတ်ပေ။တကယ်တော့ လေဟာနယ် ကွေးညွတ်ခြင်းကို အသုံးပြုသည့် စွမ်းရည်၌ သူမသည် ဝမ်လင်း ကို အတော်လေး အထင်ကြီးမိပေသည်။
သို့သော်လည်း သည်နေရာက တည်နေရာရွှေ့ပြောင်းရန် မဖြစ် နိုင်၊လောကနှင့်တစ်သားတည်း ပေါင်းစည်းရန် မဖြစ်နိုင်ပေ။သူမ ကသာ သည်နေရာတွင် ဝမ်လင်းကို ဖမ်းမိလိုပါက အလွယ် လေးပင်။သူမအောက်တွင် အပြာရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့ကာ ဖျပ်ခနဲ ရွှေ့လျားလာသည်။ ၎င်းက သူမ၏ အမြန် နှုန်းကို တိုးစေကာ ချက်ခြင်း ဝမ်လင်းအား မှီလာ၏။
သို့သော်လည်း သူမက သူမညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည့်အခါ သည်ရှုမူ၏မျက်လုံးများသည် တည်ငြိမ်နေပြီး ကြောက်လန့်နေမှု မရှိသည်ကို သတိပြုမိသွား သည်။ယောင်ပင်ယွမ်က အံ့အားသင့်သွား၏။သို့သော် သူမက တွေးနေရန်အချိန်မရှိကာ တိုက်ရိုက် တိုက်ခိုက်လိုက်တော့၏။
ထိုအခိုက်အတန့်မှာပင် အံ့မခန်းအေးစက်စက်အော်ရာတစ်ခု သည် ဝမ်လင်းတိုက်ခိုက်နေသော ရွှံ့လွှာများကြားကနေ ထွက် ပေါ်လာသည်။ထို့နောက် ပေတစ်ထောင်ခန့် လမြွေနဂါးငယ်သည် ယောင်ပင်ယွမ်နှင့်ဝမ်လင်းတို့ထံ တဟုန်ထိုး တိုးဝင်လာ တော့သည်။
"ဒါက ဘာလဲ.." ယောင်ပင်ယွမ်သည် အခုအချိန်မတိုင်ခင်ထိ လ မြွေနဂါးတစ်ကောင်ကိုမျှ မကြုံတွေ့ခဲ့ရသေးပေ။ လမြွေ နဂါး၏ပုံပန်းသွင်ပြင်သည် ယောင်ပင်ယွမ်၏စိတ်ကို တုန်ယင် သွားစေသည်။
ထိုလမြွေနဂါး၏အော်ရာသည် နိဗ္ဗနာကြိုမြင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက် မည်သည့်နည်းနှင့်မျှ အားနည်းမ နေပေ။
လမြွေနဂါးပေါ်လာသည့် အခိုက်တွင် ဝမ်လင်းက သူ့အော်ရာကို ချက်ခြင်း ရုတ်သိမ်းလိုက်သည်။ထိုအရာက သူ့နောက်ဆုံး ဝှက်ဖဲ ပင်။၎င်းက ပေါ်လာသည်နှင့် ဘာမဆိုဖြစ်သွားနိုင်ကာ သူက ၎င်း အခွင့်ရေးကို အသုံးပြုကာ ထွက်ပြေးနိုင်မည် မဟုတ်လား။
ဝမ်လင်းသည် လမြွေနဂါး၏ အာရုံ သူ့ထံသို့ မရောက်ရန် ပြင်ဆင်ထားခဲ့၏။သို့သော်လည်း လမြွေနဂါး၏ စိတ်ကို ကြိုတင်ခန့်မှန်းနိုင်မှု ရှိလိမ့်မည် မဟုတ်ပေ။မည်သို့ပင် ဖြစ်စေ ထိုလမြေ့နဂါးငယ်က သူ့ထံသို့ လာမလား၊ယောင်ပင်ယွမ်ထံသို့ လာမလား ငါးဆယ်ရာခိုင်နှုန်းစီ ရှိနေကြသည်။
လမြွေနဂါး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တွန့်လိန်သွားကာ ၎င်းခန္ဓာကိုယ်ပေါ်ရှိ လက်တံများသည် ထောင်မတ်လာ၏။၎င်း က အလွန်မြန်ဆန်လှပေသည်။ဝမ်လင်းက ခါးသက်စွာ ခံစား လိုက်ရ၏။၎င်းသည် ယောင်ပင်ယွမ်ကို ကြည့်ပင်မကြည့်ဘဲ သူ့ ထံသို့သာ တိုးဝင်လာခဲ့သည် မဟုတ်လား။
ယောင်ပင်ယွမ်က ချိပ်တံဆိပ်တစ်ခုကို ဖော်ဆောင်ထားခဲ့ပြီး ဖြစ်၏။သို့သော် ထိုအဖြစ်ကို မြင်သည်နှင့် သူမက ရပ်တန့် လိုက်၏။ သည့်နောက် ဝမ်လင်းထံသို့ တိုးဝင်သွားသည့် လမြွေ နဂါး၏နောက်ကနေ သူမသည် လိုက်လံလာတော့သည်။
ဝမ်လင်းက နောက်သို့ ဆက်တိုက် ဆုတ်နေ၏။ ကောင်းကင်ချိပ် ပိတ်ခြင်းတံဆိပ်တုံးသည် တဝီဝီလှည့်လည်နေကာ သူ့နောက်သို့ လိုက်လံနေသော လူနှင့်သားရဲကို ဟန်တားသည့် အားတစ်ခုကို ဖန်တီးပေးနေတော့သည်။
လမြွေနဂါး၏ကိုယ်ပေါ်ရှိ လက်တံများက ထောင်မတ်နေကာ ၎င်းက အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။၎င်းက ဝမ်လင်း နောက်သို့ လိုက်လာရင်း ၎င်း၏ ပါးစပ်ကြီးကို ဟကာ ဆက်တိုက် ဝါးမြိုပစ်နေ၏။၎င်း၏ပုံစံကလည်း အတော်လေး သက်တောင့်သက်သာ ဖြစ်နေပုံ ပေါ်သည်။
ထိုမြင်ကွင်းက ဝမ်လင်းကို မှင်သက်သွားစေ၏။ သည် အခိုက်အတန့်၌ ယောင်ပင်ယွမ်သည် လမြွေနဂါးကို ဖြတ်ကျော် ကာ ဝမ်လင်းထံသို့ လှမ်းလာသည်။သူမက ဝမ်လင်းရှေ့သို့ ရောက်သည်နှင့် သူမ၏ လက်နှစ်ချောင်းထံကနေ အပြာရောင် အလင်းတစ်ခု ထုတ်လွှတ်စေပြီး ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ လက်ညွှန်လိုက်သည်။
ဝမ်လင်း မခုခံခင်မှာပင် လမြွေနဂါးသည် ရုတ်တရက် ဒေါသတ ကြီး အော်ဟစ်လာသည်။၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ လက်တံများက လည်း ဆန့်ထွက်လာကာ ယောင်ပင်ယွမ်ထံသို့ ဦးတည် ရောက်လာတော့သည်။
ယောင်ပင်ယွမ်က ၎င်း ကြိုက်နှစ်သက်သည့် တစ်စုံတစ်ခုကို လုယူလိုက်သည်ဟု ထိုလမြွေနဂါးငယ်က ထင်မြင်သွားသည့် အလား ဖြစ်နေ၏။ ၎င်း၏ လက်တံများအပြင် ၎င်း၏ပင်မ ခန္ဓာကိုယ်ပါ ယောင်ပင်ယွမ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်လာ တော့သည်။
ဝမ်လင်း၏မျက်လုံးများသည် တလက်လက် ဖြစ်နေ၏။သူ့ထံ၌ ပြတ်သားသော အကြည့်တို့ ဖြစ်ပေါ်နေသည်။သူက နောက်သို့ ဆက်၍ မဆုတ်တော့ဘဲ သူ့ ညာလက်ကို ပင့်မြှောက်လိုက်သည်။ ခြောက်သွေ့တာအိုတစ်စုံသည် သူ့နောက်ကျောဘက်တွင် ချက် ခြင်း ပေါ်လာ၏။ ထိုအခါ ၎င်းသားရဲအရိုးသည် တစ္ဆေဆန်သော အလင်းကို ပေးစွမ်းလာကာ မကောင်းဆိုးဝါးအော်ရာသည် သည် ဧရိယာတွင် ပြည့်နှက်လာသည်။
ယောင်ပင်ယွမ်၏အသွင်သည် သုန်မှုန်နေ၏။ သူမရှေ့၌ ဝမ်လင်း ရှိနေ၏။သို့သော် သူမ၏ နောက်တွင်လည်း ရူးသွပ်နေသည့် သားရဲ ရှိနေသည်။သူမက အမှန်တကယ် နားမလည်တော့ပေ။ထို သားရဲသည် အစောပိုင်းလေးကမှ ရှုမူကို တိုက်ခိုက်နေသည်မှာ ရှင်းလင်းနေ၏။သို့သော် သူမက ကူညီရန် ဟန်ပြင်လိုက်ခါမှ သူမကို ၎င်းသားရဲက ဘာကြောင့် လာတိုက်ခိုက်ရသနည်း။
မကောင်းဆိုးဝါးအော်ရာသည် အတော်လေး သိပ်သည်း နေသည်။မီးခိုရောင်အလင်းတန်းတစ်ခုသည် ယောင်ပင်ယွမ်၏ ခြေထောက်အောက်၌ ပေါ်လာခဲ့၏။တစ်ချိန်တည်းမှာပင် လမြွေ နဂါး၏လက်တံများက နီးကပ်လာခဲ့ကာ ၎င်း၏ ခန္ဓာကိုယ်ကြီး ကလည်း သူမထံသို့ တိုက်ရိုက် ကျရောက်လာသည်။
ယောင်ပင်ယွမ်က အံတင်းတင်းကြိတ်ကာ သူမ၏လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ထိုအခါ အပြာ ရောင်အမြုတေတစ်ခုသည် ပေါ်ထွက်လာ၏။ထိုအမြုတေသည် ချက်ခြင်း အေးစက်စက် အော်ရာတစ်ခုအား ပေးစွမ်းလာသည်။ ယောင်ပင်ယွမ်က သူမ၏ ချိပ်တံဆိပ်ကို အထက်သို့ ညွှန် လိုက်၏။အပြာရောင်အမြုတေသည် အဆုံးစွန်သောအေးစက်မှု ကို ပေးစွမ်းနေသည်။
ချက်ခြင်းလိုလိုပင် ရေခဲအလွှာများသည် ယောင်ပင်ယွမ်ကို ဗဟို ပြုကာ အရူးအမူး ပျံ့နှံ့လာသည်။၎င်းက အလျင်အမြန် ပျံ့နှံ့ကာ ခြောက်သွေ့တာအိုတစ်စုံထံမှ မီးခိုးရောင်အလင်းသည် အေးခဲ သွား၏။
လမြွေနဂါး၏လက်တံတစ်ဝက်ကျော်ပင် အေးခဲသွားသည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ အော်ဟစ်သံများသည် အရပ် မျက်နှာအနှံ့ကနေ ထွက်ပေါ်လာသည်။ထိုအသံများနောက်ကနေ လမြွေနဂါးလေးကောင်သည် လိုက်ပါ ပေတစ်ထောင်ရှည်သည့် လာကာ ယောင်ပင်ယွမ်ထံသို့ ဦးတည်လာသည်။
ယောင်ပင်ယွမ်၏အသွင်သည် ချက်ခြင်း ဖြူရောသွား၏။ သူမ၏ မျက်လုံးထဲတွင်လည်း ကြောက်ရွှံ့ထိတ်လန့်မှုတို့ ဖြစ် ပေါ်လာသည်။သူမက အပြာရောင်အမြုတေကို ဖမ်းယူကာ နောက်သို့ တုံ့ဆိုင်းခြင်းမရှိ ဆုတ်လေသည်။
သူမသည် နောက်သို့ ဆုတ်သွားသည့်အခိုက်တွင် ဝမ် လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ဖျပ်ခနဲ ပြေးသွား သည်။သူမသည် အမြဲလိုလို ပြတ်သားရဲတင်းသည့် လူစားမျိုး ဖြစ်သည်။ခုချိန်တွင် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်း သွားကာ မူလစွမ်းအင်အဆီအနှစ်ကို စုဝေးလိုက်သည်။ ထို့နောက် သူက ရှေ့သို့ ထိုးထွက်လိုက်သည်။
ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ ဓားအသွင်းပြောင်း၍ လေဆဆင့်ခေါ်ခြင်းကို အသုံးပြု ရှေ့သို့ လက်ညွှန်လိုက်သည်။
"လေဆင့်ခေါ်ခြင်း...
အနက်ရောင်လေပြင်းသည် မုန်တိုင်းအသွင် ဖြစ်ပေါ်လာခဲ့ကာ ယောင်ပင်ယွမ်ထံသို့ ဦးတည် ဝင်ရောက်သွား၏။တစ်ချိန်တည်း မှာပင် လမြွေနဂါးများသည်လည်း ရောက်ရှိလာကြသည်။ ယောင်ပင်ယွမ်သည် ပိတ်မိနေလေပြီ။
ယောင်ပင်ယွမ်၏အသွင်သည် သေလုအောင် ဖြူရောနေသည်။ သူမသည် စတင်ကျင့်ကြံခဲ့ကတည်းက အခုလို သေရေးရှင်ရေး အခြေအနေမျိုး လုံးဝ မကြုံခဲ့ဖူးပေ။သူမက သူမလက်ထဲရှိအမြုတေကို ကြည့်နေ၏။သူမစိတ်နှလုံးသည် နာကျင်နေရ သည်။သို့သော်လည်း သူမသည် အံတင်းတင်းကြိတ်ကာ ၎င်း အမြုတေကို ချက်ခြင်း ခွဲချေလိုက်တော့၏။
ထိုအခါ ၎င်းအပြာရောင်အမြုတေ၏ အတွင်းဘက်ကနေ ရူးသွပ် ဖွယ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာတော့သည်။ ထိုစွမ်းအား က အလွန်မြန်ဆန်လွန်းသည်။၎င်းက ရေခဲဝဲကတော့တစ်ခု အသွင် ဖြစ်ပေါ်သည်။၎င်းဝဲကတော့ ပျံ့နှံ့လာသည်နှင့် ၎င်း၏အတွင်းရှိ အရာအားလုံးသည် အေးခဲသွားရပေမည်။အနှီ စွမ်းအားက မြေကြီးတစ်လျှောက် အက်ကွဲစေရင်း ဆက်၍ ပျံ့နှံ့ လာသည်။
“ရေခဲလွတ်မြောက်ခြင်း.. ယောင်ပင်ယွမ်က သူမလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။ထို့နောက် သူမက တဟုန်ထိုး ထိုးထွက်လိုက်သည်။ ဝဲကတော့မှ ဖန်တီးပေးထားသော ရေခဲ လွှာထုကို အသုံးပြုကာ ယောင်ပင်ယွမ်သည် ထိုရေခဲများ ရှိနေ သော မည်သည့်နေရာသို့ ချက်ခြင်း သွားလာနိုင်သွားသည်။
ယောင်ပင်ယွမ်၏ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ဝမ်လင်း သည် ချက်ခြင်းလိုလို ယောင်ပင်ယွမ်ရှိနေသော နေရာသို့ လက် ညွှန်လိုက်၏။
"ရပ်တန့်စမ်း..”
ယောင်ပင်ယွမ်၏ ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားသည်။ တစ်ချိန်တည်းလိုလိုမှာပင် သူမက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကာ ပျောက်ကွယ်သွားလေ၏။ သို့သော်လည်း ထိုခဏတာ တုံ့ဆိုင်း သွားမှုက အနက်ရောင်လေသည် ရေခဲလွှာကို ထွင်းဖောက်ခွင့် ရ သွားစေ၏။လေဟာနယ်ထဲမှ အွတ်ခနဲ ငြီးတွားသံတစ်ခု ထွက် ပေါ်လာတော့သည်။
ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ်တို့ ပြည့်နှက်နေ၏။ ရေခဲလွှာ သူ့ထံသို့ ပျံ့လာသည့်နှင့် သူသည် ကောင်းကင်ဘုံချိပ် ပိတ်ခြင်းတံဆိပ်တုံးကို ပြန်ရုတ်သိမ်းကာ နောက်သို့ မကြည့် တော့ဘဲ အလျင်အမြန် ထွက်ခွာတော့သည်။
သိပ်မကြာခင်မှာပင် ဝမ်လင်းသည် အန္တရာယ်ကို ဂရုတစိုက် ရှောင်တိမ်းရင်း လမြွေနဂါး၏ အရိုးအပေါ် ထိပ်ပိုင်းသို့ ရောက်ရှိလာတော့၏။ သည်နေရာသည် အရိုးနှင့်လမြွေနဂါးတို့ကြား ချိတ်ဆက်ပေးထားသော အာရုံခံအင်္ဂါနေရာ ဖြစ်လေ၏။
၎င်းအပေါ်သို့ ရောက်လာပြီးသည့်နောက် ဝမ်လင်းသည် ပိုမို၍ သတိထားလာ၏။ နဂိုအားဖြင့် အရိုးနှင့်လမြွေနဂါးတို့ကြား ချိတ်ဆက်နေမှုသည် တင်းကြပ်စွာ ချိပ်ပိတ်မှု ရှိနေ၏။ သို့သော်လည်း အရင်တုန်းက သည်အရိုးတစ်ဝက်ကို သူ ဖယ်ရှား ခဲ့ခြင်းကြောင့် အခု သူ လှုပ်ရှားသွားလာနိုင်သည့် အဟများစွာ ရှိနေလေပြီ။
ဝမ်လင်းက ဖျပ်ခနဲ အာအက်ကြောင်းများထဲသို့ ဝင်ရောက် လိုက်၏။ချက်ခြင်းလိုလို သူက ရုတ်တရက် ရပ်တန့်သွားသည်။
သူ့ရှေ့၌ ပင်ကူအိမ်သဖွယ် သွယ်ယှက်နေသော အနီရောင်အမျှင် တန်းများစွာ ရှိလို့နေ၏။၎င်းအမျှင်တန်းများသည် အဆုံးမရှိဟန် ရကာ သည်ဧရိယာတစ်ခုလုံးအား ဖုံးအုပ်ထားနေသည်။
ဝမ်လင်းက ဂရုတစိုက် သတိထားရင်း ရှေ့သို့ တိုးလိုက်၏။သူက သူ့ရှေ့ရှိ မရေမတွက်နိုင်သော အနီရောင်အမျှင်တန်းများကို စူး စိုက် ကြည့်နေသည်။ထို့နောက် သူ့လက်ကို ပင့်မြှောက်ကာ အနီ ရောင်အမျှင်တန်းတစ်ခုကို ကြမ်းတမ်းစွာ ဆွဲယူလိုက်၏။
လမြွေနဂါးကြီးကြောင့် ဖြစ်ပေါ်နေသော ဂြိုဟ်တစ်ခုလုံးသည် ရုတ်တရက် တုန်လှုပ်သွားသည်။ထိုတုန်ခါမှုကြောင့် ဖုန်မှုန့်များ စွာ လေထဲသို့ လွင့်စင်ကုန်သည်။ အနက်ရောင်မြူထုပင် ရုတ်တရက် ကျုံ့လာ၏။
ဝမ်လင်း၏မျက်လုံးများသည် တလက်လက်ဖြစ်နေသည်။ သူ့က ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။သူက သူ့ညာလက်ကို ပင့်မြှောက် ကာ ကောင်းကင်ခုတ်ပိုင်းခြင်းဓားချက်များစွာကို ဆက်တိုက် အသုံးပြုတော့၏။ အနီရောင်အမျှင်တန်းများသည် ဖြတ် တောက်ခြင်းခံရကာ လမြွေနဂါး၏ခန္ဓာကိုယ်ထံမှ ပြင်းပြင်းထန်ထန် လှုပ်ခါမှုတစ်ခု ထွက်ပေါ်လာတော့သည်။
လမြွေနဂါး၏ တုန်ခါမှုလှိုင်းများသည် ပို၍ ပြင်းထန်လာ သည့်အတွက် ၎င်းကနေ ဖြစ်ပေါ်နေသည့် ဂြိုဟ်အပြင်ပတ်လည် တွင် ရှိနေသော မြူနက်ထုများပင် ပြန်လည် စုပ်ယူခြင်း ခံရ တော့သည်။
သည့်နောက်တွင်တော့ လမြွေနဂါး၏ခန္ဓာကိုယ်ကနေ ရှေးဟောင်းအချိန်များက ထွက်ပေါ်လာသည်ဟုပင် ထင်မှတ်ရ သော အော်ဟိန်းသံတစ်ခု ထွက်ပေါ်လာတော့၏။
ထိုဟိန်းသံက ကျယ်လောင်လွန်းလှခြင်း မရှိသော်လည်း ၎င်း အသံထဲ၌ မူလစိတ်ဝိညာဉ်ထိ ဖိအားပေးသည့် စွမ်းအားတစ်ခု ပါဝင်နေသည်။ဂြိုဟ်အပြင်ဘက်ရှိ ကျင့်ကြံသူများက ၎င်းဖိအား ကို များစွာ မခံစားရသော်လည်း ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများကမူ အပြည့်အဝ ခံစားမိလိုက်ကြ၏။
ထိုအခိုက်အတန့်၌ ထိုသူတို့၏ခန္ဓာကိုယ်သည် တုန်ယင်ကာ စိတ် ဝိညာဉ်ထဲကလည်း ကြောက်ရွှံ့မှုတစ်ခု မွေးဖွားလာတော့သည်။
လူတိုင်းနီးပါး အရင်ဆုံးတွေးမိသည်က ဂြိုဟ်မှ ပြန်ထွက်ခွာရန် ဖြစ်ကာ သူတို့သည် အထက်သို့ ပျံတက်ကုန်ကြတော့သည်။
ဂြိုဟ်မျက်နှာပြင်ပေါ်ရှိ ရှည်လျားသော လက်တံများသည် တင်း ကြပ်သော အတားအဆီးတစ်ခု သဖွယ် ဖြစ်နေ၏။
ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလေလေ လက်တံများထံမှ အနက်ရောင်မြူများ ထွက်ပေါ်လာနေ၏။ မည်သူကမျှ ထွက်ခွာသွားနိုင်ခြင်းမရှိ ဖြစ်နေသည်။
မန္တာန်များအားလုံးနှင့် လက်နက်ရတနာများသည်လည်း ထို လက်တံများအပေါ်၌ သက်ရောက်မှု မရှိ ဖြစ်နေသည်။ ထို ကျင့်ကြံသူများထဲမှ တစ်ယောက်က လက်တံများ၏ ထွေးပိုက် ခြင်းကို ခံလိုက်ရကာ ၎င်း၏ခန္ဓာကိုယ်သည် ချက်ခြင်း ကြေမွ သွားရသည်။သူ့မူလစိတ်ဝိညာဉ်သည်လည်း လက်တံများ၏ စုပ် ယူခြင်းကို ခံလိုက်ရလေသည်။
ထိုမြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို သွေးပျက်စေသည်။
ယောင်ပင်ယွမ်၏ခန္ဓာကိုယ်သည်လည်း လမြွေနဂါး၏ခန္ဓာကိုယ် အတွင်းရှိ ရေခဲလွှာများ ရှိနေသော နေရာကနေ ပေါ်ထွက်လာ သည်။သူမက ပေါ်လာသည်နှင့် ပါးစပ်အပြည့် သွေးအမည်းများ အန်ထုတ်လိုက်ရ၏။သူမ၏ မျက်နှာပင် အစိမ်းရောင်ပြောင်း သွားကာ အနက်ရောင်လိုင်းများက သူမ၏ မျက်နှာပေါ်၌ ရွှေ့ လျားနေသကဲ့သို့ ရှိနေသည်။
“ဒါက ဘယ်လို မန္တာန်မျိုးလဲ...” ယောင်ပင်ယွမ်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ နောက်ထပ် သွေးအန်ထုတ်ရပြန်သည်။ထိုသွေး များက ပို၍ပင် မဲနက်နေသေးသည်။
သူမက ရေခဲလွှာထဲသို့ ဝင်ရောက်လိုက်သည့်အခိုက် ဝမ်လင်း တိုက်ခိုက်လိုက်သော အနက်ရောင်လေပြင်းက သူမ၏ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်၏။သူမက အေးစိမ့်စွာ ခံစား လိုက်ရသည်။သူမ၏ ကျင့်ကြံခြင်းနည်းလမ်းကြောင့် သူမသည် အအေးဓာတ်ကို မခံစားမိသင့်ချေ။သို့သော် ခုချိန်၌ သူမ၏ခန္ဓာကိုယ်ထဲရှိ အေးစိမ့်မှုက အလွန် သိသာနေသည် မဟုတ်လား။
သူမကို ပို၍ တုန်လှုပ်စေသည်က ထိုအနက်ရောင်လေပြင်း သူမ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည့် အများစုကို ဖယ်ရှားပစ်နိုင် သော်လည်း အကြွင်းအကျန်တစ်ခုက ရှိနေဆဲပင်။ ထိုအဖြစ်က သူမ ခန္ဓာကိုယ်ကို အားနည်းစေမည် ဖြစ်သည်။ ထိုထက်ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က သူမ၏ မူလစွမ်းအင်ပင် လွင့်ပြယ်နေသည့် အရိပ်အယောင် ဖြစ်နေခြင်းပင်။
ယောင်ပင်ယွမ်က အသက်ဝဝရှူကာ မြေပြင်ထက်သို့ ထိုးထွက် လိုက်၏။သူမက မြေပြင်ထက်၌ ပေါ်လာသည်နှင့် မရေမတွက် နိုင်သော ဟိုဒီဝှေ့ယမ်းနေသည့် လက်တံများ နှင့် ထွက်ခွာမသွား နိုင်သေးသည့် ကျင့်ကြံသူများကို တွေ့မြင်လိုက်ရတော့သည်။
ယောင်ပင်ယွမ်က ၎င်းလက်တံများကို တွေ့လိုက်သည့်အခါ ထူးဆန်းလှသည်ဟု ခံစားမိသော်လည်း ဘာကြောင့်မှန်း သေချာ မတွေးမိပေ။သို့သော်လည်း သူမက ၎င်းလက်တံများသည် သူမ အား တိုက်ခိုက်ခဲ့သော သားရဲထံမှ လက်တံများနှင့် အတူတူသာ ဖြစ်ကြောင်းကိုတော့ သိပေသည်။
သူမ စိတ်နှလုံးထဲမှ အေးစိမ့်ကြောက်ရွှံ့မှုက ခန္ဓာကိုယ်အနှံ့သို့ ပြန့်နှံ့ကာ သူမ၏ ဦးရေပြားကိုပင် ထုံထိုင်းသွားစေသည်။သူမက ၎င်းလက်တံများကို ကြည့်ကာ အတော်လေး ရုပ်စိုးဟန် ဖြစ်ပေါ် နေတော့၏။သူမ၏ မျက်လုံးထဲ၌လည်း အလွန်အမင်း ကြောက် ရွှံ့မှုနှင့် မယုံကြည်နိုင်ဟန်တို့ ဖြစ်ပေါ်နေသည်။
ပြင်းထန်ဆူညံသော တုန်ခါမှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ် နေသည်။ အဆုံးသပ်၌ မြေပြင်ထုသည် စတင်ပြိုကျလာခဲ့ တော့သည်။ခဏအကြာတွင် ဂြိုဟ်၏အတွင်းဘက်မှ ပို၍ ပြင်းထန်သော ဟိန်းသံ တစ်ခု ထပ်၍ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်၌ ဝမ်လင်းသည် အနီရောင်အမျှင်တန်းများကို ဆက်တိုက် ဖြတ်တောက်နေသည်။အနီရောင်အမျှင်တန်းတစ်ခု ပြတ်တောက်သွားတိုင်း လမြွေနဂါးကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါ၏။
ဝမ်လင်းသည်လည်း တဖြည်းဖြည်း အာအက်ကွဲကြောင်း၏ အတွင်းနက်ပိုင်းသို့ ရောက်လာခဲ့၏။သူက ပို၍ အတွင်းဘက်သို့ ရောက်လေလေ အနီရောင်အမျှင်တန်းများက ပိုမို များပြားလာ လေပင်။ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှုတို့ ရှိနေကာ သူက ကောင်းကင်ခုတ်ပိုင်းခြင်း ဓားချက်ကို သုံး၍ အမျှင်တန်း တစ်ခု ပြီးတစ်ခုကို ပျက်စီးစေနေသည်။
သိပ်မကြာခင်မှာပင် သူက ရုတ်တရက် ရပ်တန့်လိုက်၏။ သူ့ ရှေ့၌ ထူထဲသော အနီရောင်အမျှင်တန်းတစ်ခုသည် အထက်အောက် လူးလားနေသည်။ထိုအနီရောင်အမျှင်တန်း သည် အခြားအမျှင်တန်းအားလုံးထက် ပို၍ ထူထဲနေသည်။ ထို့နောက် ဝမ်လင်းသည် ရှေ့သို့ ထိုးတက်ကာ ၎င်းအမျှင်တန်း အား ကြမ်းကြမ်းတမ်းတမ်း ခုတ်ပိုင်းပစ်လိုက်၏။
ထိုအခါ လမြွေနဂါးကြီး၏ နေရာအနှံ့တွင် ရူးသွပ်သွားစေနိုင် သည့် ဟိန်းသံ တစ်ခု ပဲ့တင်ထပ်လာတော့သည်။
သည့်နောက် လမြွေနဂါးကြီးကြောင့် ဖြစ်နေသည့် ဂြိုဟ်သည် နောက်ဆုံး၌ လုံးဝ ပျက်စီးပြိုပျက်သွားတော့၏။ရှေးဟောင်း အော်ရာတစ်ခုကလည်း တဖြည်းဖြည်း ပျံ့နှံ့လာကာ အပြင်ဘက် ရှိ ကျင့်ကြံသူများကိုလည်း ကြောင်ရီမှင်သက်သွားစေသည်။သူ တို့သည် ဂြိုဟ်၏အလယ်တွင် အာအက်ကြောင်းတစ်ခု ပေါ်လာ သည်ကို တွေ့မြင်လိုက်ရပြီး ၎င်းအက်ကြောင်းက တဖြည်းဖြည်း ကြီးမားသည် ဘဲဥပုံမွန်းစတားတစ်ကောင်အသွင်သို့ ပြောင်းလာ နေ၏။
လမြွေနဂါးကြီး နိုးထလာခဲ့လေပြီ။
လမြွေနဂါးနိုးထလာသည့်အခိုက်၌ ဝမ်လင်းက သူ့အော်ရာကို အ မြန်ရုတ်သိမ်းကာ သူ့ကိုယ်သူ ဖုံးကွယ်လိုက်၏။သူက ကြာပွင့် သဏ္ဌာန်ထိုင်ချ၊သတိအနေထားနှင့် ရှိနေ၏။
"σολέ:..."
ဟိန်းသံတစ်ခုသည် မရေမတွက်နိုင်သော မိုးကြိုးမုန်တိုင်းများ အလား လမြွေနဂါးထံကနေ ထွက်ပေါ်ကာ ပဲ့တင်ထပ် မြည်ဟီး တော့၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးသည် ၎င်းအသံ ထွက်ပေါ်လာသည်နှင့် နောက်သို့ ဆက်တိုက် ဆုတ်ရသည်။
ဤအခိုက်အတန့်၌ သူတို့၏ ကျင့်ကြံမှုအဆင့် မည်မျှ ဖြစ် နေပါစေ သူတို့သည် လမြွေနဂါးနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရွှံ့မှု၊မခုခံနိုင်မှုတို့ကိုသာ ခံစားမိကုန်ကြ၏။
လက်တံအရှည်များကလည်း တဖြည်းဖြည်း ပျံ့လာကာ ဟိုဒီ ဝှေ့ယမ်းလျက် ရှိကုန်သည်။ တစ်ချိန်တည်းမှာပင် လမြွေ နဂါး၏ဦးခေါင်းထက်၌ ကြီးမားသည့် အဟကြီးတစ်ခု ပေါ်ထွက် လာသည်။
“ဒါ…ဒါက ဘာကြီးလဲ”
"ဒီကျင့်ကြံခြင်းဂြိုဟ်က တကယ့်ကို ကြမ်းကြုတ်လွန်းလှတဲ့ သားရဲကြီး ဖြစ်နေတာပဲ။ ငါတို့က ဒီလိုအရာကို ဘယ်လိုလုပ် သတ်နိုင်ပါ့မလဲ..
"ဒီသားရဲကြီးက ကောင်းကင်ဘုံနယ်မြေ မပြိုပျက်ခင် ကတည်းက တည်ရှိနေခဲ့တာ ဖြစ်ရမယ်။ ဒီရှုမူက ငါတို့ကို ဒီ နေရာကို ခေါ်လာတာ ဓားငှားပြီး သတ်ချင်တဲ့ သဘောပေါ့...
“ငါတို့ ဒီသားရဲကြီးကို မခုခံနိုင်ဘူး..မြန်မြန်..နောက်ဆုတ်.. နောက်ဆုတ်ကြ...
နေရာတိုင်းမှ အာမေဋိတ်သံများ ထွက်ပေါ်နေသည်။ ကျင့်ကြံသူ အုပ်စု၏ တစ်ဝက်ကျော်က ချက်ခြင်း နောက်ဆုတ်ပြီး ဖြစ် နေ၏။သူတို့၏အမြင်တွင် ဒုတိယအဆင့်ကျင့်ကြံခြင်း နယ်ပယ်၏ အထွတ်အထိပ်သို့ မရောက်ဘဲ လူတစ်ယောက်သည် ယခုလိုသားရဲကြီးအား ခုခံနိုင်ဖို့ လုံးဝ ဖြစ်နိုင်မည် မဟုတ်ဟု သိနေ၏။
လမြွေနဂါးကြီးက အတော်လေး ဒေါသထွက်နေ၏။ အခုတစ် ခေါက်တွင် ၎င်းခန္ဓာကိုယ်ထဲရှိ နာကျင်မှုက ပြင်းထန်လှခြင်း မရှိဘဲ သူ့အား နိုးထစေရန် လုံလောက်ရုံသာ ရှိသည်။သို့သော်လည်း သူ့ကို အတော်လေး ဒေါသထွက်စေသည်က သူ အိပ်ရေးမဝ သေးခြင်းပင်။
၎င်းအတွက် ဆယ်စုနှစ်မြောက်များစွာက မျက်စိတစ်မှိတ်ကဲ့သို့ ဖြစ်၏။၎င်း၏ စိတ်ထဲ၌ အခုလို နိုးထလာရခြင်းသည် အိပ်ပျော် ရုံရှိသေး ချက်ခြင်း ပြန်ထရသကဲ့သို့ ဖြစ်နေ၏။
ထိုခံစားချက်သည် ၎င်းအား အလွန် မကျေမချမ်း ဖြစ်စေသည်။ ၎င်းက နိုးထလာသည့်အခါ နောက်သို့ ဆုတ်နေကြသော သက်ရှိပုံစံငယ်များ(ကျင့်ကြံသူများ)ကို တွေ့မြင်သည့်အခါ ချက်ခြင်း ဟိန်းဟောက်လိုက်၏။ ထိုဟိန်းသံက အရင်ထက် အဆများစွာ ပို ပြင်းထန်နေသည်။ကြယ်များကြား၌ပင် အက်ကွဲရာများ ပေါ်လာ၏။၎င်းဟိန်းသံက မြောက်ပိုင်းနယ်မြေတစ်ခွင်သို့ မြန်ဆန်စွာ ပျံ့နှံ့ကုန်၏။
အချို့ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ဆိုလျှင် ထိုဟိန်းသံကြောင့် ပေါက်ကွဲထွက်ကုန်၏။သူတို့၏ မူလစိတ်ဝိညာည်ပင် ပျက်စီး သွားရသည်။
လမြွေနဂါးကြီး၏ အမျက်ဒေါသက လွင့်ပြယ်သွားခြင်း မရှိသေး ပေ။၎င်းက ရှေ့သို့ စတင်၍ လှမ်းလိုက်၏။ လမြွေနဂါးအတွက် ရှေ့သို့ လှမ်းလိုက်ရုံမျှ ဖြစ်၏။သို့သော် ကျင့်ကြံသူများအတွက် မူ ဧရာမသားရဲကြီးက သူတို့ထံသို့ တိုးဝင်လာသကဲ့သို့ ဖြစ်နေ တော့သည်။
ကျင့်ကြံသူအားလုံး၏ မျက်လုံးသူငယ်အိမ်မှာ ကျဉ်းမြောင်း သွားကြရ၏။
အရှင်မီးတောက်ထွက်ပေါ်လာမှု
လမြွေနဂါး၏ ရှေ့ရှိ ကျင့်ကြံသူများသည် လေပြင်းတစ်ခု ရိုက်ခတ်လာသည်ဟုသာ ခံစားလိုက်ရသည်။ထို့နောက် ၎င်း တို့၏ ခန္ဓာကိုယ်များသည် တုန်ယင်ကာ အသိစိတ်လွတ်သွားရ သည်။
လမြွေနဂါးကြီး၏ ကြီမားလွန်းလှသည့် ခန္ဓာကိုယ်ဟာ ရှေ့သို့ တန်းမတ်စွာ သွားလာချိန်၌ လေဟာနယ်ပင် စတင် ပျက်စီးလာရ သည်။
ဝမ်လင်းနောက်သို့ လိုက်နေသော ကျင့်ကြံသူအုပ်စုကြီး၏ အများစုသည် အာဏာတက်ခြင်းအထွတ်အထိပ်အဆင့် သို့မဟုတ် ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေကြသူများပင်။ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူများပင် များစွာ မရှိပေ။နိဗ္ဗန ကြိုခြင်းခြင်းအဆင့်သို့ ရောက်နေသောသူများက ပို၍ပင် အရေအတွက်နည်းသေး၏။
ထိုကျင့်ကြံသူများကြား ကံမကောင်းသူများအဖို့ လမြွေနဂါးနှင့် တိုက်ရိုက် ထိကုန်ကြကာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့်မူလစိတ် ဝိညာဉ်တို့သည် ပျက်စီးသွားရတော့သည်။
ချက်ခြင်းပင် ကြောက်လန့်တကြားအော်သံများက သည်နေရာ တွင် ပြည့်နှက်ကုန်တော့၏။ကျင့်ကြံသူများသည် လွတ်မြောက် နိုင်ရန်အတွက် ပို၍ မြန်မြန် ထွက်ခွာနေကြ၏။
“ဒါက ငါတို့ခုခံနိုင်တဲ့အရာ မဟုတ်ဘူး။ ယောင်မိသားစုရဲ့ ဆု လဒ်အတွက်နဲ့ ငါတို့ရဲ့ အသက်တွေကို ဆုံးရှုံးဖို့ မထိုက်တန်ဘူး..
“ထားလိုက်တော့ ဒီရှုမူက ဒီလိုသားရဲကြီးရဲ့ စွမ်းအားကို ငှားနိုင် မှတော့ ဒီလိုလူကို သွားပြီး ရန်မစတာ ပိုကောင်းတယ်။ သူက ငါ့ ကို သတိမပြုမိခင် မြန်မြန် ထွက်သွားမှ...
ကျင့်ကြံသူများသည် နောက်သို့ ဆုတ်နေရင်း သူတို့၏ စိတ်ထဲ၌ အတွေးမျိုးစုံ ဖြစ်ပေါ်နေကြခြင်းပင်။
လမြွေနဂါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် အနည်းငယ်တုံ့ဆိုင်း သွား၏။၎င်းက ပါးစပ်ဟလာသည်။ထိုအခါ စူးရှရှဟိန်းသံ တစ် ခု ၎င်း၏ ပါးစပ်ထဲကနေ ထွက်ပေါ်လာတော့သည်။
ထိုအသံသည် အတော်လေး အားကောင်းလွန်းလှ၏။ သိပ်ဝေး ဝေးသို့ မရောက်သေးသည့် ကျင့်ကြံသူများသည် ပေါက်ကွဲ ထွက်ကုန်ကြသည်။သူတို့၏ ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့မှာ တစစီ ဖြစ်ကုန်ကြ၏။
လမြွေနဂါးသည် ကြမ်းကြုတ်စွာ ဟိန်း၍ စတင် လှုပ်ရှားလာ ပြန်၏။၎င်း၏ ခန္ဓာကိုယ်ကနေ မရေမတွက်နိုင်သော လက်တံ များသည် ပတ်ပတ်လည်သို့ စတင် ရွှေ့လျားကုန်၏။ ကျင့်ကြံသူ တစ်ယောက်က ၎င်းလက်တံများနှင့် ထိမိသည်နှင့် သူတို့သည် ချက်ခြင်း ဖြူရောကုန်ကြသည်။သူတို့က အကြိမ်များစွာ ထိမိပါ က သူတို့သည် သေဆုံးသွားနိုင်၏။အကြောင်းမူကား သူတို့၏ မူလစိတ်ဝိညာဉ်သည် လွင့်ပါးပျောက်ကွယ်သွားနိုင်ခြင်းကြောင့် ဖြစ်နေသည်။
ထိုမြင်ကွင်းက အဆုံးစွန် တုန်လှုပ်ဖွယ်ပင်။လမြွေနဂါး၏ဘဲဥပုံ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော လက်တံများနှင့် ပြည့်နေ သော ဂြိုဟ်တစ်ခုကဲ့သို့ အလားတူနေတော့၏။ ထို့ကြောင့်လည်း ကျင့်ကြံသူများသည် နောက်သို့ ဆက်တိုက်သာ ဆုတ်၍ တည်နေရာရွှေ့ပြောင်းခြင်း မပြုလုပ်နိုင် ဖြစ်ရ၏။
ဤအရာက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မည်၏။ လ မြွေနဂါးက ထိုကျင့်ကြံသူများကို သတ်ဖြတ်ကာ ၎င်း၏ ဒေါသ ကို ဖြေနေခြင်းလော။
မြောက်ပိုင်းနယ်မြေ၏ ပင်မဂြိုဟ်ငါးခုမှ ကျင့်ကြံသူများသည် လည်း သူတို့၏ ဂြိုဟ်များကနေ ပျံသန်းထွက်ကြည့်လာကြ သည်။သူတို့က မည်သို့ ဖြစ်ပျက်နေသည်ကို တွေ့မြင်လိုက်သည့် အခါ သူတို့၏ ဂြိုဟ်အကာအကွယ်အစီအရင်များကို ချက်ခြင်း ဖွင့်လှစ်လိုက်ကြတော့၏။မည်သူကမျှ မကူညီဝံ့ပေ။
ထိုဟိန်းသံကို ထုတ်ဖော်ပြီးသည့်နောက် လမြွေနဂါးကြီးသည် ရုတ်တရက် ရပ်တန့်သွား၏။၎င်း၏ ခန္ဓာကိုယ်ထဲကနေ အတန်ငယ်တိုးသော ဟိန်းသံများ ထွက်လာ၏။ထိုအသံများနှင့် အတူ အရွယ်အစားမျိုးစုံ ရှိသည့် လမြွေနဂါးငယ်များသည် ၎င်း၏ ပါးစပ်ထဲကနေ တရကြမ်း ထိုးထွက်လာကြတော့သည်။
ထိုလမြွေနဂါးငယ်များ၏ အရွယ်အစားသည် မူလလမြွေနဂါး ကြီးထက် နှိုင်းယှဉ်မရအောင် သေးငယ်ပေသည်။သို့သော်လည်း ကျင့်ကြံသူများအဖို့တော့ ၎င်းတို့သည်ပင် ကြီးမားနေဆဲသာ ဖြစ် နေ၏။
အနှီလမြွေနဂါးငယ်များစွာ ပေါ်လသည့်အခါတွင် သတ်ဖြတ်မှု ကြီးသည် အထွတ်အထိပ်သို့ ရောက်ရှိလာတော့၏။
မရေမတွက်နိုင်သော လမြွေနဂါးငယ်များသည် နေရာအနှံ့သို့ ဖြန့် ကျက်ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား ဝါးမြို
တောသည်။
ယောင်မိသားစုဝင်များအဖို့တော့ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ရှိကျင့်ကြံသူများသာ လွတ်မြောက်နိုင်စွမ်း ရှိ၍ ကျန်သူအားလုံး သေဆုံးသွားခဲ့ရလေပြီ။ ကျင့်ကြံခြင်းမိသားစုများ၏ ကျင့်ကြံ သူ အတော်များများသည်လည်း လမြွေနဂါး၏ ဒေါသကြောင့် သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
ဟင်းလင်းပြင် တစ်ခုလုံးသည် ထူထဲသော သွေးညှီနံ့တို့နှင့် ပြည့် နေတော့၏။
သို့သော်လည်း လမြွေနဂါးကြီး၏ ဒေါသသည် အခုထိ ပျောက် ကွယ်သွားခြင်း မရှိသေးပေ။၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးက လှုပ်ရှားလာရင်း ၎င်း၏ ပါးစပ်ထဲကနေလည်း လူသားအသံနှင့် ဆင်တူသည့် ရှုပ်ထွေးသော စကားသံတစ်ခုပင် ထွက်လာခဲ့၏။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အသိစိတ် ကို လွတ်သွားစေသည်။သူတို့သည် ၎င်းသားရဲကြီးတွင် မန္တာန် များ ပိုင်ဆိုင်ထားလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားမိကြပေ။
လမြွေနဂါးကြီး နိုးထလာသည်နှင့် ၎င်းသည် ကပ်ဘေးဆိုးတစ်ခု ဖြစ်လာပေ၏။
ဤအခိုက်အတန့်၌ လမြွေနဂါးကြီး၏ ကီလိုမီတာ ငါးထောင် အကွာရှိ ဟင်းလင်းပြင်ထက်တွင် ပုံရိပ်သုံးခုသည် မတ်တပ်ရပ် လျက် ရှိနေကြသည်။ထိုပုံရိပ်များက ခပ်ဝါးဝါးသာ ရှိသည်။ သို့သော် ၎င်းတို့ထံမှ အလွန့်အလွန်ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းနေသည်။
ထိုသုံးယောက်ထဲ၌ အရှင်မီးတောက်သည် တစ်ယောက် အပါအဝင် ဖြစ်၏။
အရှင်မီးတောက်က ပြုံး၍ ခပ်ဖြည်းဖြည်း ဆိုလာသည်။ "ဒီ ကောင်လေးက သူတို့ကို ဒီလမြွေနဂါးရှိ ခေါ်ဆောင်လာလိမ့်မယ် လို့ ငါ မထင်ထားမိဘူး။ ဒါပေမဲ့လည်း သူကသာ ဒီလို အရာမျိုး ကို မလုပ်နိုင်ခဲ့ဖူးဆိုရင် ငါ့အာရုံစိုက်မှုကို ဘယ်ရပါ့မလဲ...
“ရောင်းရင်းကျင့်ကြံသူတို့….ငါက နှစ်ပေါင်းများစွာ ဒီအတွက် အစီအစဉ် ချမှတ်ခဲ့ပြီးပြီး…။ဒီလမြွေနဂါးသားရဲက ငါ့အစီအစဉ် ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ငါ သင်တို့နှစ်ယောက်ကို ဒီနေရာ ခေါ်လာ ရတာဟာ ဒီသားရဲရဲ့ခွန်အားကို မြင်တွေ့စေချင်လို့ပဲ ”
“ခု သင်တို့နှစ်ယောက် ဒီသားရဲကို တွေ့မြင်ပြီးပြီးဆိုတော့ ငါ့ အစီအစဉ်ကို ဘယ်လို ထင်မြင်ကြတုန်း..”
အရှင်မီးတောက်၏ ဘေး၌ ရင်ဘက်နေရာ၌ ယင်ယန် အမှတ်အသားဖြင့် ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီး တစ်ယောက် ရှိနေ၏။သူ မျက်မှောင်ကြုတ်ကာ တည်တည်ငြိမ်ငြိမ် ပြောလာသည်။ “အရှင်မီးတောက်..သင့်အစီအစဉ်က တကယ့်ကို ရူးသွပ်ဖွယ်ပဲ..”
“တခြားရှုထောင့်ကနေ ကြည့်ရင်တော့ ဒါက ရူးသွပ်တယ် ဆိုပေ မဲ့လည်း အောင်မြင်လိုက်တာနဲ့ ငါတို့ရဲ့ အောင်မြင်မှုနှုန်းက ဆယ် ရာခိုင်နှုန်းလောက်ထိ တိုးတက်သွားစေလိမ့်မယ်..
နောက်ဆုံးတစ်ယောက် ဖြစ်သည့် အနီရောင်ဝတ်စုံနှင့် အဘိုးအို ကမူ ဘာတစ်ခွန်းမှ ဝင်မပြောပေ။ သူ့ပုံပန်းအသွင်က နူးညံ့ဟန် ရသော်လည်း သူ့မျက်လုံးထဲ၌မူ အေးစက်မှုတို့ လျှံထွက် နေသည်။ထို့ကြောင့် သည်အဘိုးအိုက ကြင်နာတက်သည့်လူတစ် ယောက် မဟုတ်မှန်း သိသာနေသည်။
“ဒါက ရူးသွယ်ဖွယ်ပါပဲ။ ဒါပေမဲ့ အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းက ကျင့်ကြံသူတွေဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ စစ်ပွဲထဲ ဝင်ရောက်မယ်ဆိုရင် သူတို့ လုံလောက်အောင် သန်မာ နေဖို့ လိုအပ်တယ်။ မဟုတ်ရင် သူတို့အတွက် ဘာအခွင့်အရေးမှ ရှိမှာ မဟုတ်ဘူး..”
“အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းမှာ အတော်လေးနည်းပါး တဲ့ ကျင့်ကြံသူတွေကသာ သေခြင်းရှင်ခြင်း အတွေ့အကြုံတွေကို ဖြတ်သန်းခဲ့ကြဖူးတယ်။ ဒါဟာ ကျင့်ကြံမှုအခြေခံကို နောက်ပြန် ဆုတ်စေတယ်။ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာကျတော့ ကျင့်ကြံသူတစ်ယောက်ဟာ အခြားလူတွေကို အမြဲ သတိထား
နေရတာ၊ ကလန်တစ်ခုတည်း ဖြစ်နေရင်တောင်မှာပေါ့။ ကျင့်ကြံ သူတစ်ယောက်က အနည်းငယ် ဂရုမစိုက်မိတာနဲ့ သေဆုံးသွား နိုင်တယ်လေ။ ဒီလို ပတ်ဝန်းကျင်မျိုးက သူတို့တွေကို ကြမ်းကြုတ်စေ၊ညာဏ်နီညာဏ်နက် များစေတဲ့လူတွေ ဖြစ်စေ တယ်..
“ရှုမူကိုပဲ ကြည့်လိုက် ဒါဆို သင်တို့ ငါ ရှင်းပြတာထက် ပိုပြီး ဒီ အချက်ကို နားလည်သွားလိမ့်မယ်..
ခရမ်းရောင်ဝတ်စုံနှင့် သတ်လတ်ပိုင်းလူက စဉ်းစားနေဟန်ရ သည်။ အနီရောင်ဝတ်စုံနှင့်အဘိုးအိုက ပြုံး၍ ဆိုလာ၏။ "ဒီရှုမူ က အတော်လေး တော်တယ်။ သူက ငါ့တန်လင်းဂြိုဟ်က တစ်စုံတစ်ဦးဖြစ်ဖို့အတွက် တကယ် သင့်တော်ပေတယ်..
အရှင်မီးတော်၏မျက်လုံးသည် တောက်ပလာ၏။ သူက ရယ်မောကာ ဆိုလာသည်။ “ငါတို့ ရှာဖွေနေတဲ့ ကောင်းကင်ဦးစီး ရာထူး (၁ဝ၈) ခုဟာ သူ့လို လူတွေအတွက်ပဲ။ ငါတို့က သူတို့ကို ခေါ်ဆောင်သွားမယ်ဆိုရင် အလုံးစုံကြယ်အဖွဲ့အစည်းရဲ့ ကျင့်ကြံ သူတွေအတွက် သွေးချောင်းစီးစေလိမ့်မယ်..
"ဒီရှုထောင့်ကနေ ကြည့်ရင် အဘိုးကြီးသွေးနတ်ဘုရားက ပိုပြီး တော့တောင် ပြတ်သားနေသေးတယ်။ မဟာမိတ်ကြယ်အဖွဲ့ အစည်းနဲ့ တိုက်ပွဲအတွက် သူ့မိသားစုရဲ့ ကျင့်ကြံသူတွေကိုပါ စတေးပုံအရ သူဟာ သူ့မိသားစုကို ချီးမြှင့်ထားတဲ့ ရတနာကိုပါ အဆုံးရှုံးခံနိုင်တဲ့ပုံပဲ..”
ရှောင်လို့ အမည်ရသည့် အနီရောင်ဝတ်စုံနှင် အဘိုးအိုသည် ပြုံး လိုက်၏။
“သွေးနတ်ဘုရားက မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ပွဲမှာ ပိုမိုများပြားတဲ့ အကျိုးအမြတ် ရချင်နေတာပဲ။ ဒါပေမဲ့ ငါက သူ အခုလောက်ထိ ပြတ်သားလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး..။ ဒီ၇တနာဟာ တစ်ကြိမ်ပဲ အသုံးပြုလို့ ရတော့မှာ သူက ဒါကို သူ့ အတွက်သူတောင် ချန်မထားတော့ဘူးပဲ...”
အရှင်မီးတောက်က ခေါင်းယမ်းလိုက်၏။သူ့မျက်လုံးထဲ၌လည်း သနားဟန်ရသည့် အရိပ်အယောင် ဖြစ်ပေါ်သွားသည်။သို့သော် ၎င်းအရိပ်အယောင်ထဲ၌ လေးစားမှု အငွေ့အသက်တို့လည်း ပါဝင်နေ၏။
သက်လတ်ပိုင်းလူကြီးက ရုတ်တရက် အေးစက်စက် ပြော လာ၏။ “ငါတို့ရဲ့ စုံစမ်းထားချက်အရ ဒီရှုမူဟာ မဟာမိတ်ကြယ် အဖွဲ့အစည်းကနေ လာတာ ဖြစ်တယ်။အရှင်မီးတောက် သင်က သူ့ကို အများကြီး ချီးကျူးနေတယ်။ သင်က သူ ငါတို့ကို မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ပြန်ရောက်သွားတာနဲ့ သစ္စာဖောက်သွားမှာ မစိုးရိမ် ဘူးလား..
အရှင်မီးတောက်၏မျက်လုံးက အေးစက်လာ၏။ထို့နောက် သူက သတ်လတ်ပိုင်းလူကို စူးစိုက်ကြည့်ရင်း ပြုံး၍ ဆိုလာ သည်။ "ရောင်းရင်းကုန်းစွန်..ငါလည်း မဟာမိတ်ကြယ်အဖွဲ့ အစည်းကနေ လာခဲ့တာ မလား။ ငါက ဒီကိစ္စအတွက် စုစည်း ဆောင်ရွက်ခဲ့ပေမဲ့လည်း ငါ မဟာမိတ်ကြယ်အဖွဲ့အစည်းရောက် သွားရင် သင်တို့ကို သစ္စာဖောက်မှာကော မစိုးရိမ်ဘူးလား..”
သက်လတ်ပိုင်းလူက အရှင်မီးတောက်ကို အေးစက်စက် ပြန် ကြည့်သည်။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် သည်ကိစ္စကို ဆက်၍ စကား မဆိုတော့ပေ။
အရှင်မီးတောက်က အေးစက်စက်နှာခေါင်းရှုံ့ကာ စိတ်ထဲကနေ တွေးလိုက်၏။ “ငါ ရှုမူရဲ့ အကြောင်းကို သိသလောက် သူဟာ အမဲလိုက်ခံရပြီး ဒီနေရာကို အတင်းထွက်ပြေးလာခဲ့ရတာ..။သူ့ အခြေအနေက ငါ့လိုပဲ။ ဒီတော့ သူဟာ သစ္စာဖောက်ဖို့ အခွင့်အရေး နည်းလွန်းတယ်။ တကယ်လို့ သူသစ္စာဖောက်ခဲ့ရင် လည်း ငါက သူ့ကို သတ်လိုက်ရုံပေါ့...
"ထားလိုက်တော့ အရှင်မီးတောက်က ယုံကြည်မှု ရှိနေမှတော့ ငါ တို့ ဒီကိစ္စကို ထပ်မပြောကြရအောင်။ခုတော့ ငါတို့ ဒီသားရဲကို တိုက်ခိုက်ရမယ့် အချိန်ပဲ။ မဟုတ်လို့ လူအများကြီး ထပ်သေရ မယ်ဆိုရင် ဒါဟာ ငါ့မဟာမိတ်ကြယ်အဖွဲ့အစည်းအတွက် ဆုံးရှုံး မှု ဖြစ်လိမ့်မယ်….။ အခု ငါတို့ ဒီသားရဲကြီးကို ဘယ်လို မောင်းနှင် ကြမလဲ စဉ်းစားကြ...
အနီရောင်ဝတ်စုံနှင့် ရှောင်အဘိုးအိုက ရှေ့တည့်တည့်သို့ ကြည့် နေ၏။သူ့အကြည့်က ကီလိုမီတာ ထောင်ပေါင်းများစွာကို ထွင်း ဖောက်သွားသည့်အလားပင်။
"ဒါက မခက်ပါဘူး။ ငါတို့သုံးယောက်ရယ်..ကျန်တဲ့ မွန်းစတားအို ကြီးတွေရဲ့ အကူအညီနဲ့ဆိုရင် လမ်းကြောင်းပွင့်ဟတာနဲ့ ငါတို့ ဒီ သားရဲကြီးကို မဟာမိတ်ကြယ်အဖွဲ့အစည်းထဲရောက်အောင် မောင်းထုတ်ကြတာပေါ့...
သည့်နောက် သူတို့သုံးယောက်သည် ဖျပ်ခနဲ ပျောက်ကွယ်သွား ကြတော့သည်။
လမြွေနဂါးကြီး၏ ဒေါသပုန်ထနေမှုနှင့်အတူ မရေမတွက်နိုင် သော လက်တံများသည် သည်ဟင်းလင်းပြင်အနှံ့သို့ သိမ်းကြုံး ရိုက်ခတ်ကာ ကျင့်ကြံသူများ၏ အသက်ကို နှုတ်ယူနေသည်။လ မြွေနဂါးကြီးကြောင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်သည်လည်း စတင်၍ တွန့်ကြေလိမ်နေ၏။ထို့ကြောင့် ကျင့်ကြံသူတို့သည် စိတ်နှလုံး တုန်ယင်နေကြရသည်။ တစ်ချိန်တည်းမှာလည်း သူတို့ တည်နေရာရွှေ့ပြောင်းခြင်း မပြုလုပ်နိုင်အောင်လည်း တားဆီး ထားနေသည်။
ထိုကျင့်ကြံသူများက မည်မျှမြန်ဆန်ပါစေ လမြွေနဂါးကြီးနှင့် နှိုင်းယှဉ်ပါက ၎င်းက သူတို့အား မှီနေတုန်းသာ ဖြစ်၏။
အထူးသဖြင့် လမြွေနဂါးငယ်များ၏ ကျင့်ကြံသူတို့အား ဝါးမြို နေမှုသည် သူတို့ကို မျှော်လင့်ချက်ပါ ပျက်သုဉ်းစေသည်။
လမြွေနဂါး၏ဧရာမခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းသာ ရွှေ့ လျားနေ၏။ ဤအခိုက်အတန့်မှာပင် သွေးနီရောင်ရှစ်မြှောင့်ပုံစံ ကွက်သည် လမြွေနဂါး၏ အထက်၌ ပေါ်လာလေသည်။
၎င်းပုံစံကွက်က စွမ်းအားကောင်းလှသော အော်ရာတစ်ခုကို ပေး စွမ်းနေ၏။၎င်းအော်ရာ ပျံ့နှံ့လာသည်နှင့် လှိုင်းများ ချက်ခြင်း ပေါ်လာသည်။တစ်စုံတစ်ယောက်က ၎င်းလှိုင်းများနှင့် ထိတွေ့မိပါက သူတို့သည် မည်သို့မျှ ခုခံနိုင်စွမ်းမရှိဟု ခံစားမိသွားနိုင်၏။
ထိုရှစ်မြှောင့်ပုံစံကွက်ပေါ်၌ လူတစ်ယောက် မတ်တပ်ရပ်လျက် ရှိနေ၏။ထိုလူကတော့ အနီရောင်ဝတ်စုံနှင့် အဘိုးအိုပင်။ခုချိန်၌ သူ့အသွင်ကအလေးအနက် ဖြစ်နေ၏။သူက ပုံစံကွက်အစီအရင် နှင့်အတူ အောက်သို့ ဖိနှိပ်ချစေသည်။လှိုင်းများက မြန်ဆန်စွာ ပျံ့နှံ့ကာ လမြွေနဂါးအား ဝန်းရံ၍ ၎င်းကို ရှစ်မြှောင့်ပုံစံကွက်ထဲ၌ ပိတ်လှောင်စေတော့သည်။
အနီရောင်ဝတ်စုံနှင့်အဘိုးအိုက အော်ပြောလာသည်။ “သင်တို့နှစ် ယောက် မြန်မြန်လုပ်ကြ…။ငါ ဒီသားရဲကို အချိန်အကြာကြီး ရပ်တန့်နေအောင် လုပ်ထားနိုင်မှာ မဟုတ်ဘူး..
ရှစ်မြှောင့်ပုံစံကွက်၏ အောက်ဘက်ရှိ လမြွေနဂါးကြီ၏ဒေါသ သည် အထွတ်အထိပ်သို့ ရောက်လာ၏။၎င်းက ဟိန်းဟောက်သံ ပြုကာ အထက်သို့ အရူးအမူး ထိုးထွက်သည်။
တစ်ချိန်တည်းမှာပင် အရှင်မီးတောက်သည် လမြွေနဂါးကြီးရှေ့ ရှိ လေဟာနယ်ထဲကနေ ထွက်ပေါ်လာသည်။သူက သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံသူမြောက်များစွာသည် ဆွဲငင်ခေါ်ခြင်းခံလိုက်ရကာ ပျောက်ကွယ်သွားကြတော့သည်။
အခြားတစ်ဖက်တွင်မူ ခရမ်းရောင်ဝတ်စုံနှင့် လူတစ်ယောက် ရုတ်တရက် ပေါ်လာ၏။သူ့ ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရင်း လေဟာနယ်ကို ဖမ်းဆွဲကာ ဝဲကတော့ကြီးတစ်ခုကို ဖြစ်စေလိုက်၏။ထိုဝဲကတော့သည် ဟင်းလင်းပြင်တွင် ရွေ့လျား သွားကာ ၎င်းဝဲကတော့နှင့် ထိမိသည့် ကျင့်ကြံသူမှန်သမျှ ပျောက်ကွယ်သွားကြရသည်။
အရှင်မီးတောက်နှင့်ထိုလူတို့သည် အလွန် မြန်ဆန်ကြ၏။အနီ ရောင်ဝတ်စုံနှင့်အဘိုးအိုက လမြွေနဂါးကို တစ်နေရာတည်းတွင် ပိတ်လှောင်ထားချိန်၌ သူတို့သည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံ သူများကို တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ပစ်နေ၏။
သူတို့က ယောင်မိသားစုဝင်တစ်ယောက်ကို ဆုံသည့်အခါ အရှင် မီးတောက်၏ မျက်လုံးသည် အေးစက်လာရင်း အားပိုထည့်ကာ ကန်ထုတ်ပစ်သည်။ထို့အတွက်ကြောင့် သူတို့သည် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရပြီးမှ လောကနှင့်တစ်သားတည်းပေါင်းစပ် ပျောက်ကွယ်သွားကြရသည်။
လမြွေနဂါးက ဒေါသပုန်ထနေချေပြီ။
ရှစ်မြှောင့်ပုံစံကွက် ချိပ်တံဆိပ်က ၎င်းကို ချိပ်ပိတ်ထားနိုင်ရုံသာ ဖြစ်သော်လည်း ကျန်သည့် လမြွေနဂါးငယ်အားလုံး၏ ပတ်လည်တွင်လည်း ရှစ်မြှောင့်ချိပ်တံဆိပ်များ ပေါ်လာခဲ့ကာ ၎င်းတို့အား ယာယီနှောက်ယှက်ထားနိုင်၏။
လမြွေနဂါးကြီးသည် အလွန် ဒေါသထွက်နေပြီ ဖြစ်၏။၎င်းက ရှစ်မြှောင့်ပုံစံကွက်ချိပ်တံဆိပ်အတွင်း၌ ဝုန်းဒိုင်းကျဲတော့၏။ ထို့ကြောင့် ၎င်းတံဆိပ်သည် ပြင်းပြင်းထန်ထန် တုန်ခါလာ တော့သည်။
လမြွေနဂါးသည် ပိုပို၍ ဒေါသထွက်လာနေ၏။ ၎င်း၏ ဦးခေါင်း ထက်၌လည်း အက်ကွဲကြောင်းနှစ်ခု ပေါ်လာတော့သည်။ထို အက်ကွဲကြောင်းက ၎င်း၏ မျက်လုံးတစ်စုံပင် ဖြစ်၏။
၎င်း၏မျက်လုံးများက ဝေဝါးမှုန်မှိုင်းနေ၏။သို့သော် ၎င်းဝေဝါး မှုအတွင်း ရူးသွပ်မှု အငွေ့အသက်တို့လည်း ရှိနေသည်။၎င်း၏ ပါးစပ်ထဲကနေ ထူးဆန်းသောစကားလုံးများ ထွက်လာခဲ့ကာ လ မြွေနဂါးကြီး၏ ရှေ့၌ မရေမတွက်နိုင်သော မီးပွားများ ပေါ်လာ၏။ထို့နောက် ၎င်းတို့က ကြီးမားကြမ်းတမ်းလှသည့် လက်ချောင်းတစ်ခုအသွင် ဖြစ်ပေါ်သည်။
လမြွေနဂါးကြီး၏ ဒေါမာန်က ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ လက်ချောင်းနှင့် အလားသဏ္ဌာန်တူလာ၏။
အနီရောင်ဝတ်စုံနှင့်အဘိုးအိုက သိပ်တွေးမနေတော့ဘဲ သူ့လက် နှစ်ဖက်ဖြင့် ချိပ်တံဆိပ်ပေါ်သို့ ဖိချလိုက်၏။သူ့အသွင်ကလည်း ပို၍ အလေးအနက်ဖြစ်လာသည်။သူက အော်ပြောလိုက်၏။ "မြန်မြန်လုပ်..."
သူက ထိုသို့ပြောလိုက်ရင်း သူ့အင်္ကျီစတို့သည် နောက်သို့ လွင့်ဝဲ နေ၏။သူ့ခန္ဓာကိုယ်ထဲမှ အံ့မခန်းမူလစွမ်းအင်တို့သည် မုန်တိုင်း အသွင် တရိပ်ရိပ် မြင့်တက်လာသည်။
လမြွေနဂါး ဖန်တီးလိုက်သော လက်ချောင်းသည် အနီရောင် ဝတ်စုံနှင့်အဘိုးအို၏ စိတ်ကိုပါ တုန်ယင်စေပေသည်။
လမြွေနဂါးက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ရာ ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ဖြည်းဖြည်းချင်း ရှစ် မြှောင့်ချိပ်တံဆိပ်ပေါ်သို့ ကျရောက်လာတော့၏။
လက်ချောင်းတိုက်ခိုက်မှုက ရှစ်မြှောင့်ချိပ်တံဆိပ်ပေါ်သို့ ကျ ရောက်သွားချိန်၌ ချိပ်တံဆိပ်သည် မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်ကုန်ကာ နောက်သို့ လွင့်စင်ရ သည်။အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်နှာသည် ဖြူရော သွားကာ သူလည်း အစိတ်အပိုင်းများစွာနှင့်အတူ အရှင် မီးတောက်နှင့်သက်လတ်ပိုင်းလူကြီးထံသို့ နောက်ပြန်ဆုတ်လိုက် ရ၏။
ခုချိန်တွင် အရှင်မီးတောက်တို့နှစ်ယောက်က ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံးကို အဝေးသို့ ပို့ဆောင်ပေးပြီးသွားပြီ ဖြစ်၏။
အရှင်မီးတောက်က လမြွေနဂါး၏လက်ချောင်းကို စူးစိုက်ကြည့် နေသည်။သူ့မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားဟန်တို့ ဖြစ်ပေါ် နေသည်။သူက ပြောလိုက်၏။ "တော်လိုက်တဲ့ လမြွေသားရဲ…။ငါ သာ မင်းကို မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ ပို့ဆောင်ပေးနိုင်မယ် ဆိုရင် ရွှမ်ကျုံးဇီတော့ ကျိန်းသေပေါက် တုန်လှုပ်သွားလိမ့် မယ်.."
လမြွေနဂါး၏ ဟိန်းသံက ဆက်ထွက်ပေါ်လာရင်း သူ့ လက်ချောင်းသည် သူတို့သုံးယောက်ထံသို့ ကျရောက်လာ၏။
၎င်းက အစစ်အမှန်ရှေးဟောင်းနတ်ဘုရားတစ်ပါး ပေါ်လာကာ သူ့လက်ကိုပင့်မြှောက်၍ အောက်သို့ ဖိချလာသည်နှင့်ပင် ဆင်တူ နေတော့သည်။
“ရောင်းရင်းကျင့်ကြံသူတို့ ငါတို့က ဒီသားရဲကြီးရဲ့ အား အကောင်းဆုံး တိုက်ခိုက်မှုကို မခုခံနိုင်ဘူး…။ငါတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်တွေသာ ဒီမှာရှိနေရင်တော့ ငါတို့ကဒါကို ခုခံနိုင်ပြီး ပြန်တိုက်နိုင်ဦးမယ်။ ခု ငါတို့ရဲ့ ပန်းတိုင်ကလည်း ပြီးမြောက် သွားပြီဆိုတော့ ဒီသားရဲ့ရဲ့ ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံရတာကို ဘာကြောင့် လက်လွှတ်တော့မလဲ..
သူက ပြောလိုက်ရင်း ရှေ့သို့ တိုးထွက်သွား၏။သူ့ ခန္ဓာကိုယ်၌လည်း မီးတောက်များ ဖုံးအုပ်နေလေသည်။မွန်းစ တားဆန်လှသော မီးတောက်ကြီးက သူ့အား အပြည့်အဝ ဝန်းရံ ပေးထားတော့၏။
လမြွေနဂါး၏ လက်ချောင်း သည် အရှင်မီးတောက်ထံသို့ ဖိနှိပ် ကျလာ၏။အရှင်မီးတောက်က မာန်သွင်းကာ သူ့လက်နှစ်ဖက် ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သူ့ခန္ဓာကိုယ်ထဲရှိမီးတောက်များသည်လည်း နဂါးတစ်ကောင်အသွင်သို့ သိပ်သည်းသွားသည်။မီးတောက်နဂါးသည် ရှေးဟောင်းနတ် ဘုရား၏လက်ချောင်းထံသို့ ထိုးထွက်သွားချေသည်။
မီးတောက်နဂါးသည် အရှင်မီးတောက်၏ ဖြစ်တည်မှုအားလုံးကို ဆောင်ကျဉ်းနေ၏။ မီးတောက်နဂါးသည် တဟုန်ထိုး ထွက်သွား ချိန်၌ သူ့ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွား၏။သည့်နောက် မီးတောက်နဂါးသည် လက်ချောင်းနှင့် ထိပ်တိုက် တွေ့ဆုံသွား တော့သည်။
ကျယ်လောင်တုန်ဟီးသည့် ပေါက်ကွဲသံသည် မြောက်ပိုင်း နယ်မြေ၏ နေရာတော်တော်များများသို့ ပဲ့တင်ထပ်သွား၏။ မီးတောက်နဂါးသည်လည်း မရေမတွက်နိုင်သော ပျက်စီးသွား ရင်း အဆုံးမဲ့ဟန်ရသည့် မီးတောက်များသည် ၎င်းဘာသာ ရှေးဟောင်းနတ်ဘုရား၏ ပတ်လည်၌ ဝန်းရံ ထွေးခြုံသွားကာ အပြင်းအထန် လောင်ကျွမ်းတော့သည်။
အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်လုံးထဲ၌ အံ့ဖွယ်အလင်း တစ်ခု ပေါ်လာ၏။သူက ရယ်မောလိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခု ဖြစ်ပေါ်စေကာ သူ့ မျက်ခုံးနှစ်ခုကြားသို့ ပြန်ဖိနှိပ်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အနီရောင်ဓားတစ်လက်အသွင်သို့ ပြောင်းသွားကာ မီးတောက် များ ဝန်းရံနေသော လက်ချောင်းထံသို့ ထိုးထွက်သွားလေသည်။
အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးထံမှ ပြတ်သား သောအကြည့်တစ်ခု ထွက်ပေါ်နေ၏။သူက သူ့အတွက် သည် ကိုယ်ပွားမှာ မလိုအပ်ကြောင်း တွေးနေ၏။သို့သော် သူသည် သည်သားရဲကြီး၏ အသန်မာဆုံးတိုက်ခိုက်မှုကို အတွေ့အကြုံယူ ရပေမည်။ထိုအဖြစ်ကနေ သူ့အတွက် မမျှော်လင့်ထားသည့် အကျိုးကျေးဇူးများ ရလာနိုင်သည်။
သူ့လို ကျင့်ကြံမှုအဆင့်သို့ ရောက်လာပြီးနောက် ကျင့်ကြံခြင်း သည် ရှေ့ဆက်တက်ရန် အဆုံးစွန် ခက်ခဲလာပေသည်။သူ့ အမြင်၌ သည်အဖြစ်က သူ့အတွက် အခွင့်အရေးပင် ဖြစ်သွား နိုင်သည်။
သူက တဟုန်ထိုး ထိုးထွက်လိုက်ရင်း သိမ်းငှက်နက်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ထိုသိန်းငှက်က ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သော်လည်း ရှေးဟောင်းအော်ရာကို ပေးစွမ်းနေ၏။၎င်းက ရှေးဟောင်းနတ်ဘုရားလက်ချောင်းထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် အံ့မခန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည်။ဂြိုဟ်များပေါ်ရှိ ကျင့်ကြံသူအားလုံး၏ ခေါင်းထဲတွင် ယင်းအသံသည် ပဲ့တင်ထပ်နေသည်ဟု ခံစားလိုက် ကြရသည်။
မီးတောက်နဂါးသည် ပျက်စီးသွား၏။
အနီရောင်ဓားသည် ပဲ့ကြွေသွားသည်။
သိမ်းငှက်နက်သည် လွင့်ပြယ်သွား၏။
ရှေးဟောင်းနတ်ဘုရားလက်ချောင်းကမူ ပျက်စီးသွားခြင်း မရှိ
သေးပေ။လမြွေနဂါးက ဟိန်းဟောက်ရင်း လက်ချောင်းသည်
ဤဧရိယာကို ချက်ခြင်း သိမ်းကြုံးလွှမ်းခြုံသွားသည်။ နောက်ဆုံးတွင် ၎င်းက အလင်းစက်များအဖြစ်သို့ ပြန်ပြောင်းလဲ ရင်း လမြေနဂါး၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွား၏။
လမြွေနဂါးက ၎င်း၏ ပါးစပ်ကို ဟကာ လမြွေနဂါးငယ်အားလုံး ကို ၎င်း၏ ပါးစပ်ထဲသို့ ပြန်ဝင်လာစေသည်။ဧရာမလမြွေနဂါး ကြီးက ရှေ့သို့ ဖြည်းဖြည်းချင်း ဆက်ရွှေ့၊ လက်တံများကို ဝှေ့ယမ်းရင်း ကြယ်များကြား၌ ပျောက်ကွယ်သွားလေသည်။
ဤအခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်အတွင်း ရှိ လျှို့ဝှက်ခန်းအတွင်း၌ လူသုံးယောက် ထိုင်လျက် ရှိနေကြ၏။ အခန်းအတွင်း၌ ရှေးဟောင်းအစီအရင်တစ်ခု ရှိနေသည်။သူတို့ သုံးယောက်သည် အစီအရင်၏ သော့ချက်နေရာတစ်ခုစီ၌ ထိုင် နေခြင်း ဖြစ်သည်။
သူတို့သုံးယောက်၌ တစ်ယောက်သည် အရှင်မီးတောက် ဖြစ်သည်။ သူက မျက်လုံးဖွင့်လာခဲ့၏။သူ့မျက်လုံးထဲ၌ ချီတုံ့ချ တုံ ဖြစ်နေဟန် ထွက်ပေါ်နေသည်။တစ်ချိန်တည်းမှာလည်း ကျန် သည့်နှစ်ယောက်သည် မျက်လုံးဖွင့်လာကြ၏။ထိုနှစ်ယောက်က အနီရောင်ဝတ်စုံနှင့်အဘိုးအိုရယ်၊ သက်လတ်ပိုင်းလူကြီးရယ် တို့ ပင်။
သက်လတ်ပိုင်းလူက စကား ဆိုလာ၏။ “အတော်လေးကို သန်မာ လွန်းလှပေတယ်...
အနီရောင်ဝတ်စုံနှင့်အဘိုးအိုရှောင်သည် ဖြည်းဖြည်းချင်း ဆို လာ၏။ “ဒီသားရဲက ငါ့မိသားစုမှတ်တမ်းတွေထဲမှာ ဖော်ပြ ထားခဲ့သလို တကယ် ဖြစ်နေတာပဲ။ ငါတို့ ဂရုမစိုက်ဘဲ ဒီသားရဲ ကို သွားရန် မစသင့်ဘူး..
အရှင်မီးတောက်၏ မျက်လုံးထဲတွင် ရူးသွပ်မှုအငွေ့အသက်တို့ ဖြစ်ပေါ်နေ၏။သူက တည်ငြိမ်စွာ ဆိုလာသည်။ “ဒီလိုဆိုမှတော့ ငါတို့ လူတွေ ပိုစုစည်းဖို့ လိုလာပြီး ဒီသားရဲကြီးကို ဖမ်းဖို့ အစီအစဉ် စရတော့မယ်..
အရှေ့ပိုင်းနယ်မြေ ယောင်မိသားစု၏ ဘိုးဘေးခန်းမအတွင်း၌ သွေးနတ်ဘုရား၏ နောက်ရှိ တုန်ကင်အမှတ်အသား ဆယ်ခု ကျော်သည် ကွဲကြေသွား၏။၎င်းတို့ထံကနေ အဖြူရောင်အခိုး ငွေ့များ ထွက်ပေါ်လာကာ သူက အင်္ကျီလက်အိုးကို ဝှေ့ခါပြီး စုစည်းလိုက်သည်။
သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ ခပ်တိုးတိုး ရေရွတ် လိုက်၏။ “သူက မဟာမိတ်ကြယ်အဖွဲ့အစည်းက လူတစ်ယောက် ဖြစ်ဖို့ တကယ် ထိုက်တန်တာပဲ။ငါ့ ယောင်မိသားစု တတိယ မျိုးဆက်တွေနဲ့ ယှဉ်ရင် သူက အလွန်ပြတ်သားပြီး ညာဏ်နီညာ ဏ်နက် ကြွယ်ဝလှပေတယ်..."
အချိန်အတန်ကြာထိ တိတ်တဆိတ်စဉ်းစားနေပြီးနောက် သွေး နတ်ဘုရားသည် သူ့ညာလက်ဖြင့် လေထုထဲသို့ ဖမ်းဆွဲလိုက်၏။ ထိုအခါ အနီရောင်အလင်းတန်းတစ်ခုသည် သွေးရောင် ကျောက်စိမ်းပြားတစ်ခုအဖြစ် ချက်ခြင်း သိပ်သည်းသွားသည်။
"ဒုတိယမျိုးဆက် ယောင်ယွမ်ကို မြောက်ပိုင်းနယ်ဆီ သွားခိုင်းပြီး ရှုမူရဲ့ အသက်ကို နှုတ်ယူခိုင်းလိုက်..
နတ်ဆိုးရှုမူ ဆိုသည့် အမည်သည် အခုအခါ၌ ပို၍ ကျော်ကြား လာခဲ့ပြီ ဖြစ်သည်။ယောင်မိသားစုဝင်များနှင့် မရေမတွက်နိုင် သော ကျင့်ကြံသူများ၏ လိုက်လံသတ်ဖြတ်မှုအောက်၌ သူက သေဆုံးသွားခြင်း မရှိသည့်အပြင် ကြောက်မက်ဖွယ်သားရဲ ကြီး၏ စွမ်းအားကို ငှားယမ်းကာ တန်ပြန်တိုက်ခိုက်ခဲ့သေးသည် မဟုတ်လား။
ထိုအဖြစ်က အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီး တစ်ခု လုံးရှိ ကျင့်ကြံသူအများစုအား တုန်လှုပ်စေခဲ့သည်။ ကျင့်ကြံသူ မိသားစုများသည်လည်း ရှုမူနှင့်ယောင်မိသားစုကြား ကိစ္စတွင် ဆက်၍ ပါဝင်ရန် စိတ်ဆန္ဒမရှိကြတော့ပေ။
ထိုလူသည် ရူးသွပ်လွန်းလှပေ၏။ သူက သန်မာလွန်းလှသည် သာမက နတ်ဆိုးတစ်ပါးကဲ့သိုလည်း သွေးဆာလွန်းလှသည်။ ထို ရှုမူသည် အဆင့်နိမ်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည့်အပြင် ဧရာမသားရဲကြီးကို နိုးထစေကာ ကပ်ဘေးဆိုးတစ်ခုကိုပါ ဖြစ် စေခဲ့သည် မဟုတ်လား။
ဤသို့ ရက်စက်မှုသည် တန်လင်းဂြိုဟ်မှ ကျင့်ကြံသူများနှင့်ပါ နှိုင်းယှဉ်နိုင်နေ၏။
နတ်ဆိုး ဟူသည့် အခေါ်အဝေါ်သည် စိတ်ကူးနိုင်သည်ထက်ပို၍ ကျော်ကြားလာခဲ့ပေပြီ။ တကယ်တော့ ဝမ်လင်းသည် ထိုအရာ များအားလုံးကို မသိရှိပါ။ ခုချိန်၌ သူက လမြွေနဂါး၏ခန္ဓာကိုယ် အတွင်း၌ ဂရုတစိုက် သွားလာနေရသည်။
လမြွေနဂါးငယ်များသည်လည်း သူ့နောက်သို့ လိုက်လံနေကြ၏။
ဝမ်လင်းသည် သုန်မှုန်စွာ ဖြင့် ရှေ့သို့ ဆက်တိုက်သွားနေသည်။ သူက တစ်ခုခုမှားနေသည်ဟု ခံစားမိနေ၏။လမြွေနဂါး၏ ခန္ဓာကိုယ်အတွင်းဘက်သည် အရင်ထက် အတော်လေး ခြားနား နေခဲ့သည်။ လမြွေနဂါးငယ်များသည် သူ့ကို တွေ့မြင်သည့်အခါ အတော်လေး စိတ်လှုပ်ရှားသလို ဖြစ်နေကြ၏။ ယောင်ပင်ယွမ် သူ့ကို တိုက်ခိုက်ခဲ့ချိန်ကပင် လမြွေနဂါးတစ်ကောင်သည် သူ့အား ကူညီခဲ့သေးသည် မဟုတ်လား။
ထိုအဖြစ်က ဝမ်လင်းကို စဉ်းစားခန်း ဝင်စေ၏။
"ဒါက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့် ဖြစ်လိမ့် မယ်..” ဝမ်လင်း၏မျက်လုံးတို့သည် လက်ခနဲ ဖြစ်သွားကာ သူက ထိုချပ်ဝတ်ကို သိုလှောင်အိတ်ထဲသို့ ပြန်ထည့်သိမ်းလိုက်၏။
ထိုသို့ ပြုလုပ်ပြီးသည့်နောက် သူ့ခန္ဓာကိုယ်က ဖျပ်ခနဲပင် ဦးတည်ရာကို အလျင်အမြန် ပြောင်းလိုက်၏။
သူ့နောက်သို့ လိုက်နေကြသော လမြွေနဂါးများသည် ချက်ခြင်း ဒေါသထွက်လာကြသည်။ သူတို့ကြိုက်နှစ်သက်သည့် တစ်ခုခုကို ယူဆောင်သွားသည့်အလားပင်။ သူတို့က အုပ်စုခွဲကာ သည် ဧရိယာတွင် ဆက်တိုက် ရှာဖွေနေတော့၏။
ဝမ်လင်းက အခုမှ စိတ်သက်သာရာ ရတော့၏။ သူက လမြွေ နဂါးကြီး၏ခန္ဓာကိုယ်ထဲသ သတိထားကာ ဆက်၍ သွားလာ နေသည်။သူက လောဘကြီး၏ မီးပြင်းဖို ရှိနေသော နေရာကို ရှာဖွေနေခြင်း ဖြစ်တော့၏။ ထိုမီးပြင်းဖိုက သူ့အား အလွန်စိတ် လှုပ်ရှားစေသည် မဟုတ်လား။
သို့ရာတွင် တုန်ခါလှိုင်းများက လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အနှံ့ တွင် ရုတ်တရက် ပေါ်လာသည်။ထိုလှိုင်းများ ပျံ့နှံ့နေရင်း ၎င်း တို့သည် ဝမ်လင်းအပေါ်သို့ နီးကပ်လာသည်။
ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။ သူက ထိုလှိုင်းများကို ရှောင်တိမ်းနိုင်ရန် နောက်သို့ ဆုတ်၏။သို့သော်လည်း ၎င်းလှိုင်း များသည် သူ့နောက်တွင်လည်း ပေါ်လာသည်။၎င်းတို့က မြန်ဆန် လှကာ ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်းဝင်ရောက်သွား တော့သည်။
ခပ်အုတ်အုတ်အသံတစ်ခုသည် လမြွေနဂါး၏ခန္ဓာကိုယ် အတွင်း၌ ပဲ့တင်ထပ်သွားသည်။၎င်းက မူလစိတ်ဝိညာဉ်ကို အပိုင်းပိုင်းဖြစ်စေမည့် မန္တာတစ်ခုကဲ့သို့ပင်။ ပထမ၌ ၎င်းအသံ က ပေါ့ပေါ့ပါးပါး ရှိလှသော်လည်း တဖြည်းဖြည်း ပိုပို သိပ်သည်းလာသည်။အဆုံးသပ်၌ ၎င်းအသံသည် ဝမ် လင်း၏နားထဲ၌ မိုးကြိုးသံအလား တုန်ဟီးသလို ဖြစ်လာ တော့၏။
Comments
Post a Comment