အပိုင်း(170)

လမြွေနဂါး၏လျှို့ဝှက်ချက် 
ထိုတုန်ဟီးသံကြောင့် ဝမ်လင်း၏အသွင်သည် ဖြူရောသွားရ သည်။သူက သူ့မူလစိတ်ဝိညာဉ်ထဲမှ နာကျင်မှုကိုပါ ခံစားလိုက်ရ သည်။သူ့ထံ၌ ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ် ရှိနေသေး သော်လည်း ခုချိန်၌ နာကျင်မှုကြောင့် သူ့ဒွာရပေါက်များကနေ ပင် သွေးများ စိမ့်ထွက်ကုန်ကြသည်။

အန္တရာယ်အငွေ့အသက်ကို ခံစားမိသည်နှင့် ဝမ်လင်းသည် သူ့ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ထိုအခါ သားရေချပ်ဝတ်သည် ထွက်ပေါ်လာကာ သူ့မူလစိတ်ဝိညာည်အား ကာကွယ် ပိတ်ဆို့ ပေ၏။၎င်းက သူ့နားနှစ်ဖက် ပတ်လည်၌ အတားအဆီးတစ်ခုကို ရုတ်တရက် ပေါ်လာစေသည်။ဟိန်းသံက အားကောင်းဆဲ ရှိနေ သေးသော်လည်း သူ့မူလစိတ်ဝိညာဉ် အပေါ် ဖိအားသည် ဝမ် လင်းတောင့်ခံနိုင်သော အနေအထားသို့ ရောက်လာခဲ့တော့၏။

သို့သော်လည်း ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်၏ အော် ရာ ထွက်ပေါ်လာခြင်းက လမြွေနဂါးငယ်များ၏ လက်တံများကို စိတ်လှုပ်ရှားစွာ ဟိုဒီယိမ်းခါမှုအား ဖြစ်စေသည်။သူတို့အားလုံး က ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာကြတော့သည်။

ဝမ်လင်း၏ဦးရေပြားသည် ထုံထိုင်းသွားသည်။သူက ဘေးကျပ်နံကျပ် အခြေအနေသို့ ဆိုက်ရောက်နေ၏။သူက ချပ် ဝတ်ကို ပြန်ချွတ်လျှင်လည်း သူ့မူလစိတ်ဝိညာဉ်သည် ထိုအသံ အောက်၌ ပျက်စီးရပေမည်။ ချပ်ဝတ်ကို ဝတ်ဆင်ထားလျှင် လည်း ၎င်းက လမြွေနဂါးငယ်များစွာကို ဆွဲဆောင်နေမည် ဖြစ်၏။

သူက သက်ပြင်းသာ ချနိုင်တော့၏။ ဝမ်လင်း၏အသွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။ သူ့ရှေ့ရှိ မြေကြီးထဲကနေ အေးစက်စက်အော်ရာတစ်ခု ထွက်ပေါ်လာသည်။အက်ကွဲ ကြောင်းတစ်ခု ပေါ်လာကာ ပေတစ်ထောင်ခန့်ရှိသည့် လမြွေနဂါး ငယ်တစ်ကောင်သည် ရုတ်တရက် ဝမ်လင်းထံသို့ တိုးဝင်လာ တော့၏။ဝမ်လင်း၏ အမြင်အရ ၎င်း၏ ပါးစပ်ကြီးသည် သားရေချပ်ဝတ်၏ အော်ရာကို ဝါးမြိုရန်သာ မဟုတ်ဟု သိနေ၏။

နှစ်ပေါင်းတစ်ထောင် ကျင့်ကြံပြီးသည့်နောက် ဝမ်လင်းတွင် သူ့ ကိုယ်သူ သက်တောင့်သက်သာ မနေတက်ပေ။
ထိုအခိုက်အတန့်၌ ဝမ်လင်း၏အသွင်က အလေးအနက် ဖြစ်လာ၏။သူက နောက်သို့ အမြန် ဆုတ်နေသည်။လမြွေနဂါးက သူ့ထံသို့ တရကြမ်း တိုးဝင်လာနေကာ ဝမ်လင်းခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အော်ရာကို အဆက်မပြတ် ဝါးမြိုနေ၏။

ကျင့်ကြံသူများက ထိုအော်ရာကို မခံစားမိနိုင်ကြချေ။ ရှေးဟောင်းအချိန်တွေတည်းက အမွေအနှစ် ရရှိခဲ့ကြသော သားရဲများသည်လည်း ချပ်ဝတ်၏အော်ရာကို ထောက်လှမ်းနိုင် ကြစွမ်း မရှိကြပေ။ လမြွေနဂါးအပြင် အလွန်နည်းပါးသော သက်ရှိပုံစုံများကသာ ရှေးဟောင်းနတ်ဘုရား၏အော်ရာကို ထောက်လှမ်းနိုင်စွမ်း ရှိကြ၏။

ဝမ်လင်း၏မျက်လုံးက အေးစက်လာနေ၏။ ၎င်းသားရဲက ရှေးဟောင်းနတ်ဘုရား၏အော်ရာကို ဝါးမြိုချင်ရုံမဟုတ် သူ့ကိုပါ ဝါးမြိုပစ်ချင်နေဟန်ရသည် မဟုတ်လား။

ဝမ်လင်း၏အသွင်က သုန်မှုန်လာနေ၏။သူက ချက်ခြင်း ဦးတည်ချက်ကို ပြောင်းလဲလိုက်၏။

သူ့နောက်ရှိ မြေပြင်ထဲမှလည်း နောက်ထပ် ပေတစ်ထောင်ခန့်လ မြွေနဂါးငယ်တစ်ကောင် ထွက်ပေါ်လာပြန်၏။ ၎င်းက ဝမ်လင်း ကို ဝါးမြိုရန် ကြိုးစားလာချိန်၌ ၎င်း၏ ပါးစပ်ကြီးကနေ သရေ ယိုကျနေတော့သည်။

ဝမ်လင်းသည် အရပ်မျက်နှာအနှံ့ကနေ အက်ကွဲသံများ ထွက် ပေါ်လာသည်ကို ကြားနေရ၏။ သည့်နောက် အရွယ်အစားမ တူညီသည့် လမြွေနဂါးငယ်ဆယ်ကောင်ကျော်သည် ဝမ်လင်း ထံသို့ ဦးတည်လာနေကြသည်။

ဝမ်လင်းက နောက်သို့ ဆုတ်နေရင်း သူ့ခန္ဓာကိုယ်ထဲမှ မူလ စွမ်းအင်တို့ကို စုစည်းနေ၏။ထို့နောက် ၎င်းအားသည် ရုတ်တရက်ထိုးထွက်လာသည်။ယင်းမူလစွမ်းအင်က ဝဲကတော့ တစ်ခုကို ဖြစ်စေကာ သူ့အား နောက်သို့ အမြန်ပို၍ ဆုတ်စေ နိုင်သည်။

လမြွေနဂါးငယ်များစွာသည် သူ့နောက်သို့ လိုက်လံနေကြ၏။ထို လမြွေနဂါးငယ်များ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားဟန်တို့ ပြည့် နေကြသည်။
လမြွေနဂါးများစွာ၏ လိုက်လံနေခြင်းကို ခံနေရသည့်အတွက် ဝမ်လင်း၏ဦးရေပြားပင် ကျိန်းစပ် ထုံထိုင်းနေမိနေ၏။သူက ညစ်ကျယ်ကျယ်ပြုံးကာ ရုတ်တရပ်ကြီး ရပ်တန့်လိုက်၏။ သူ့ ရှေ့၌ အက်ကြောင်းရာချီ ပေါ်လာခဲ့ကာ လမြွေနဂါးများစွာ တ ဟုန်ထိုး ထိုးထွက်လာကြတော့သည်။ လမြွေနဂါးအုပ်စုကြီးသည် ဝမ်လင်းကို ပိတ်လှောင်ထားသလို ဖြစ်လာတော့၏။

သည်လမြွေနဂါးများက သူ့အား ဝါးမြိုရန် ထိုးထွက်လာသည်နှင့် ဝမ်လင်းထံကနေ ရက်စက်သည့်အကြည့်တစ်ခု ထွက်ပေါ်လာခဲ့ ကာ ကျယ်လောင်သောဟိန်းသံတစ်ခုသည် လမြွေနဂါး ကြီး၏ခန္ဓာကိုယ်ထဲ၌ ဖြတ်သန်း ပဲ့တင်ထပ်သွားသည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့် ဝမ်လင်းနောက်သို့ လိုက်လံနေ သော လမြွေနဂါးငယ်အားလုံးသည် ရပ်တန့်သွားကြသည်။၎င်း တို့က နောက်သို့ ဆုတ်၍ လမ်းကြောင်းတစ်ခုကိုပါ ဖြစ်စေလိုက် သေး၏။

ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွားသည်။ သို့သော် ဤ အခိုက်မှာပင် အက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ကြီးမားသောလမြွေနဂါးတစ်ကောင်သည် လမ်းကြောင်းကနေ ဖြတ်၍ ရောက်လာ၏။၎င်းက အတော့်ကို မြန်ဆန်ကာ ၎င်းထံမှ ပေးစွမ်းနေသော အော်ရာသည် သွေးဘိုးဘေးထက် လျော့နည်း လိမ့်မည် မဟုတ်ပေ။ချက်ခြင်းပင် ဝမ်လင်း၏အသွင်က ကြီးစွာ ပြောင်းလဲသွားရသည်။

အံ့မခန်းအမြန်နှုန်းနှင့် တိုးဝင်လာသည့် ထိုလမြွေနဂါးသည် ဝမ် လင်းအား တိုက်ရိုက် ဝါးမြိုသွားတော့သည်။ထို့နောက် ၎င်းက မြေကြီးအတွင်းသို့ တူးဆွကာ ထွက်ခွာလို့သွားသည်။

၎င်းအကွာအဝေးတစ်ခုသို့ ရောက်သွားသည့်အခါ လမြွေနဂါး ငယ်အားလုံးသည် လိုက်လံသွားကြ၏။

အနှီလမြွေနဂါးက မီးခိုးရောင်ရှိသည်။၎င်းက အလွန်မြန်ဆန် လွန်းသည်။ငါးမိနစ်ခန့်ကြာပြီးနောက် သူတို့သည် ဆန်းကြယ် သောနေရာတစ်ခုသို့ ရောက်ရှိလာကြသည်။

ထိုနေရာ၌ မြေကြီးများ ရှိမနေပေ။ဝဲကတော့ကြီး တစ်ခုသာ ရှိ၏။ ၎င်းဝဲကတော့ တစ်ပတ်လှည့်လည်ပြီးတိုင်း အေးစက်စက် စွမ်းအင်တို့ကို ပတ်ဝန်းကျင်ထံသို့ ထုတ်လွှတ်ပေးနေသည်။
ဝမ်လင်းက ထိုဝဲကတော့ကို တွေ့မြင်တွေ့ရပါက သူက ဤနေရာ မှာ လမြွေနဂါးကြီး၏ ဦးခေါင်းပိုင်း ဖြစ်ကြောင်း သိရှိပေ လိမ့်မည်။ထိုနေရာသည် လမြွေနဂါးကြီး၏ လအမြုတေ တည်ရှိရာ နေရာပင်။

ထိုနေရာသို့ ရောက်ရှိလာပြီးနောက် အနှီလမြွေနဂါးက ရုတ်တရက် ၎င်း၏ ပါးစပ်ကို ဟကာ ထွေးထုတ်လိုက်၏။ ထိုအခါ ဝမ်လင်းသည် ပါးစပ်ထဲကနေ ထွက်လာရသည်။သူ့တွင် ခုခံရန် အချိန်ပင် မရတော့ဘဲ ဝဲကတော့ထဲသို့ ပျောက်ကွယ်သွား ရလေသည်။

လမြွေနဂါးငယ်အုပ်စုကြီးက လှဲလျောင်းနေကာ မလှုပ်မယှက် ရှိနေကြသည်။

ဝဲကတော့အတွင်းသို့ ဝမ်လင်း ရောက်လာသည့်အခါ သူ့မျက်လုံး က တလက်လက် ဖြစ်နေတော့၏။သူက လမြွေနဂါး၏ ဝါးမြို ခြင်းကို ခံလိုက်ရပြီးနောက် ထူးဆန်းသောအားတစ်ခုသည် သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ သူ့မူလစွမ်းအင် လုပ်ဆောင်

မှုအား ရပ်တန့်သွားစေသည်။သူ့မူလစိတ်ဝိညာည်ကို သူ့ ခန္ဓာကိုယ်ကနေ ပိုင်းခွဲထုတ်ပစ်လိုက်သကဲ့သို့ဟု ဆိုရပေမည်။ သူက ကျင့်ကြံသူတစ်ယောက်၏ အဖြစ်ကနေ သေမျိုးတစ် ယောက်ကဲ့သို့ ဖြစ်သွားတော့၏။

ထိုအဖြစ်က ဝမ်လင်း၏စိတ်ကို ကြီးစွာ တုန်ယင်စေသည်။ သို့သော်လည်း သူက ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ် သည် ထိုဆန်းကြယ်သောစွမ်းအားကို ချက်ခြင်း စုပ်ယူနေသည့် အား တစ်ခု ပေးစွမ်းလာသည်ကို သတိပြုမိလိုက်၏။

ထို့အတွက်ကြောင့် သူ့မူလစွမ်းအင်သည် ပြန်လည် အသက်ဝင် လာခဲ့၏။

ဝမ်လင်းသည် ဝဲကတော့ထဲသို့ ပစ်လွှတ်ခြင်း ခံလိုက်ရပြီးနောက် သူသည် သူ့ပတ်လည်ရှိ အရာအားလုံးကို နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်လာရ၏။သူမြင်လိုက်ရသည့်အရာက သူ့ အား လေအေးတစ်ချက် ရှိုက်သွင်းမိစေ၏။

ထိုမီးပြင်းဖိုသည် အတိတ်တုန်းက လောဘကြီး ပိုင်ဆိုင်ခဲ့သည့် တစ်ခုပင်။

အနှီမီးပြင်းဖိုက ဝမ်လင်းကို အသက်ရှုမြန်စေ၏။သူ့ကို တုန်လှုပ် စေသည်က လက်တံများ ထွေးခြုံထားသည့် လူများပင်။
ထိုလူများသည် အဝတ်အစားများ ကင်းမဲ့ကာ အတော်လေး ပိန် ပါးလှသည်။ ထိုလူများထဲ၌ ယောက်ျား၊မိန်းမ၊အသက်ကြီးသူ၊ လူငယ် အစုံပါဝင်နေ၏။

သူတို့အားလုံးက မျက်လုံးမှိတ်ထားလျက် ရှိကာ အသက်ဓာတ် ကင်းလုနီးပါး ဖြစ်၏။လက်တံများက သူတို့၏ အသက်ဓာတ် များကို စုပ်ယူနေသည်မှာ သိသာပေသည်။

ဝမ်လင်းသည် ထိုအထဲမှ တစ်ယောက်ကိုမျှ မသိပေ။သူက ထိုသူ အားလုံးသည် ကျင့်ကြံသူများသာ မဟုတ်ကြဘဲ သူတို့ကြား၌ သေမျိုးများပါ ပါဝင်နေခဲ့၏။

ဝမ်လင်း၏ စိတ်နှလုံးထဲတွင် အေးစိမ့်မှုတစ်ခု ပေါ်လာ၏။

သူ့အကြည့်က သည်ဧရိယာ၏ အတွင်းနက်ပိုင်းထိ ရောက် သွား၏။သည်ဧရိယာက အဆုံးမရှိသည့်အလား။

“လမြွေနဂါး…”

ဝမ်လင်းက တိတ်တဆိတ် စဉ်းစားကြည့်နေ၏။

သူက ထိုလူများသည် လွန်ခဲ့သော မရေမတွက်နိုင်သော နှစ်များ ကတည်းက လမြွေနဂါးကြီး စုဆောင်းခဲ့သူများ ဖြစ်ပြီး ၎င်း တို့သည် လမြွေနဂါး၏ အသက်ဓာတ်ရင်းမြစ်တစ်ခု ဖြစ်လာခဲ့ သည်ဟု ခန့်မှန်းမိ၏။

ဝမ်လင်း၏ စိတ်ထဲ၌ ကြောက်မက်ဖွယ်အကြံဉာဏ်တစ်ခု ပေါ်လာ၏။

“အတိတ်တုန်းက လမြွေနဂါးဟာ ယွမ်ရှဂြိုဟ်အဖြစ် တည်ရှိခဲ့ တယ်။အဲ့ဂြိုဟ်အပေါ်မှာလည်း မြို့ပျက်တွေ တည်ရှိနေခဲ့တယ်။ တစ်ချိန်တုန်းကတော့ ဒီယွမ်ရှဂြိုဟ်ပေါ်မှာ ကျင့်ကြံသူတွေ၊သေ မျိုးတွေ ရှိနေမှာပဲ..။သူတို့အားလုံးဟာ အမှန်တကယ် ဖယ်ရှားခံ ခဲ့ရတာလား..."

ဝမ်လင်းသည် အသက်ဝဝရှုသွင်းမိလိုက်၏။သူ့အသွင်ဟန်ပန်က စိတ်ရှုပ်ထွေးလို့နေသည်။

ဤအခိုက်အတန့်မှာပင် မရေမတွက်နိုင်သော လက်တံများသည် ဟင်းလင်းပြင်ထဲပ ပေါ်လာကာ ဝမ်လင်းထံသို့ အလင်းတန်း အလား ရွှေ့လျားလာကြ၏။ဝမ်လင်း၏မျက်လုံးက တ လက်လက် ဖြစ်သွား၏။သူ့တွင် သည်သားရေချပ်ဝတ်သာ မရှိနေပါက သူလည်း သူ့ရှေ့ရှိ သေမျိုးများကဲ့သို့ ဖြစ်နေလေပြီ။
သူက ၎င်းလက်တံများကို လုံးဝ ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ် ဘဲ သူ့အသက်ဓာတ်ကို စုပ်ယူခြင်း ခံလိုက်ရမည် ဖြစ်သည်။

သို့သော်လည်း ခုချိန်၌ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ် ချင်စိတ်တို့ ပေါ်နေခဲ့၏။သူက လက်တံများကို မထိဘဲ မြန်ဆန် စွာ ရှောင်တိမ်းရင်း မီးပြင်းဖိုကြီးနားသို့ ဦးတည်သွားသည်။

မလိုအပ်ဘဲ ဝမ်လင်းသည် ၎င်းလက်တံများကို ဖျက်စီးရန် ဆန္ဒမ ရှိပေ။သူက လက်တံများကို ဖျက်စီးလိုက်ပါက လမြွေနဂါး၏ ထောက်လှမ်းမိခြင်းကို ခံရနိုင်၏။

ဝမ်လင်းက မြန်ဆန်စွာပင် မီးပြင်းဖိုနားသို့ ရောက်လာ၏။မီး ပြင်းဖိုထံမှ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေ၏။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေသည်။မီးပြင်းဖို အတွင်းရှိ အော်ရာသည် အတော်ပင် အားကောင်းလှ၏။၎င်း အားထွေးခြုံပတ်ထားသည့် လက်တံများသည် အပြင်ပိုင်းတွင် သာ ရှိကာ မီးပြင်းဖိုအတွင်းသို့ ဝင်ရောက်လိုခြင်း မရှိဟု ထင် ရ၏။

သည်အခိုက်အတန့်၌ မရေမတွက်နိုင်သော လက်တံများသည် လေဟာနယ်ထဲ၌ ပို၍ ပေါ်ထွက်လာကာ ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာနေ၏။ ဝမ်လင်းက အချိန်ဖင့်မနေဘဲ မီးပြင်းဖိုထံသို့ မြန်ဆန်စွာ သွားတော့၏။သူက အတွင်းဘက်သို့ ဆက်သွားရုံ ရှိသေး ဝဲကတော့၏ ဝင်ပေါက်ကနေ ပြင်းထန်သော အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သိပ်မကြာခင်တွင် ဆွဲဆောင်မှုရှိလှသည့် အမျိုးသမီးတစ် ယောက်၏ပုံရိပ်က ဝဲကတော့ထဲတွင် ပေါ်ထွက်လာ၏။

သူမ၏မျက်နှာက ဖြူရောနေကာ မျက်လုံးမှိတ်ထားသည့်အနေ ထား ဖြစ်၏။သူမက အသိစိတ် ဆုံးရှုံးနေသည်မှာ သိသာသည်။ သူမ ပေါ်လာသည်နှင့် လက်တံတစ်ဝက်လောက်သည် သူမထံသို့ ဦးတည်သွားတော့၏။၎င်းတို့က သူမအား ဝန်းရံထွေးခြုံကာ သူမ၏ အသက်ဓာတ်ကို ဆက်တိုက် စုပ်ယူတော့သည်။

ဝမ်လင်းက မီးပြင်းဖိုအတွင်းသို့ ဝင်လိုက်သည့်အခိုက်တွင် သူက ထိုအမျိုးသမီး၏ပုံပန်းသွင်ပြင်ကို ကောင်းစွာမြင်လိုက်ရ၏။
လက်တံများ သူမအား ထွေးခြုံလာချိန်၌ သူမ၏ အဝတ်အစား များသည် ပျက်စီးတော့မည့် အရိပ်အယောင် ပြသလာ၏။ သူမ၏ သိုလှောင်အိတ်ပင် လွတ်မြောက်နိုင်ခြင်းမရှိဘဲ ပျက်စီး သွားရသည်။

ယောင်ပင်ယွမ်၏အဝတ်အစားများက တစစီ စုတ်ပြတ်သွားကာ အသားအရေအစိတ်အပိုင်းများ ပေါ်လာတော့၏။ထိုအခိုက်၌ သူမ၏ မျက်တောင်က လှုပ်ခတ်သွားကာ မျက်လုံးပွင့်လာ၏။
မီးပြင်းဖိုအတွင်း၌ ဝမ်လင်း၏ မျက်လုံးသည် တလက်လက် ဖြစ် နေသည်။မီးပြင်းဖိုထဲရှိ ဟင်းလင်းပြင်နေရာလွတ်သည် အကန့်အသတ်နှင့် ဖြစ်နေ၏။ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိမူလစွမ်းအင်ကို စတင်အသက်သွင်းကြည့်သည်။လက်တံ များသည် မီးပြင်းဖို၏ အပြင်ပိုင်းတွင် ထွေးခြုံပတ်ထား၏။ သို့သော် မီးပြင်းဖိုအတွင်းဘက်သို့ ဝင်မလာဝံ့ကြချေ။

ဝမ်လင်းသည် ခုမှ စိတ်သက်သာရာရ၍ သက်ပြင်းချနိုင်၏။ သည်နေရာက အခုလက်ရှိတွင် ယာယီ လုံခြုံသည့်နေရာဟု ဆိုရ မည် မဟုတ်လား။သူက မီးပြင်းဖိုအပြင်ဘက်ရှိ အရာရာတိုင်းကို လစ်လျူရှုကာ စတင် စဉ်းစားနေသည်။ထို့နောက် သူက ထိုင်ချ ကာ မျက်လုံးမှိတ်၍ စတင်ကျင့်ကြံတော့သည်။

သူမျက်လုံးမှိတ်လိုက်သည့် အခိုက်တွင် သူ့အရိပ်ထဲကနေ ထာရှ န်သည် ဖျပ်ခနဲ လှမ်းထွက်လာသည်။ထာရှန်ကလည်း ဝမ်လင်း အနားတွင် လိုက်ပါ ထိုင်ချလိုက်၏။

ဝမ်လင်းသည် ထိုင်နေရင်း သူ့စိတ်နှလုံးထဲ၌ မောပန်းနေမှုကို ခံစားနေရသည်။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေသို့ ဝင် ရောက်ခဲ့ပြီးကတည်းက အမြဲတမ်း သတိအပြည့်နေခဲ့ရသည့် မဟုတ်လား။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက် လာခဲ့ပြီးနောက် ငှက်မွှေးသားရဲ၏ ခန္ဓာကိုယ်ထဲသို့ စေလွှတ်ခြင်း ခံရကာ ထိုနေရာကနေ ထွက်ခွာနိုင်ရန်လည်း တိုက်ပွဲတစ်ခုကို အပြင်းအထန် တိုက်ခိုက်ခဲ့ရသေးသည်။

မူလတုန်းကအတိုင်းဆိုရင် သူက လီယွမ်ကို ရှာကာ သူ့ထံကနေ အတားအဆီးများကို လေ့လာခြင်းနှင့် ရွေးချယ်ခံမသေမျိုး ကလန်ဝင်များကို ချန်လင်းဂြိုဟ်ထဲသို့ ပို့ဆောင်ပြီး အနားယူရန် စီစဉ်ထားခဲ့ခြင်းပင်။ သို့သော်လည်း အခြေအနေအကြောင်းများ က ဝမ်လင်းကို ရက်စက်စွာ တိုက်ခိုက်ပစ်ဖို့ အတင်းအကြပ် ဖန် လာခဲ့ပေသည်။

ယောင်မိသားစုနှင့်အခြားကျင့်ကြံခြင်းမိသားစုများ၏ အတင်း လိုက်လံ သတ်ဖြတ်ခြင်းက ဝမ်လင်းကို ထွက်ပြေးစေခဲ့ရပေ သည်။သူက အန္တရာယ်အလီလီ ကြုံခဲ့၊ဒဏ်ရာလည်း ရခဲ့ရင်း အသည်းအသန် ထွက်ပြေးနိုင်ခဲ့ပေသည်။အခု မီးပြင်းဖိုထဲ ရောက်မှသာ အနည်းငယ် စိတ်သက်သာရာရ အနားယူနိုင်စွမ်း ရှိတော့၏။
“လမြွေနဂါးကြီးရဲ့ တိုက်ခိုက်မှုကြောင့် အပြင်ဘက်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေအတွက်တော့ ကပ်ဘေးကြီးတစ်ခု ကျရောက် သလို ဖြစ်စေမှာပဲ။ ဒီအတွက်ကြောင့် အချိန်တိုအတွင်း ဒီလူတွေ ငါ့နောက် ဆက်လိုက်လာမှာ မဟုတ်တာ ငါ ယုံတယ်။ သူတို့လာခဲ့ မယ်ဆိုရင်တောင့် လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲထိ ဝင်ပြီး ငါ့ကို ရှာ နိုင်မှာ မဟုတ်ဘူး။ ဒီနေရာက အန္တရာယ်များတယ် ဆိုပေမဲ့လည်း ငါ့အတွက်တော့ အတော့်ကို လုံခြုံဘေးကင်းတဲ့နေရာတစ်ခု ဖြစ် နေခဲ့တယ်...

ဝမ်လင်းက သူ့မူလစွမ်းအင်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ရင်း မူလစိတ်ဝိညာဉ်အား ကုစားနေ၏။ သူ့မူလစွမ်းအင်က ခန္ဓာကိုယ် အတွင်း၌ လှည့်လည်နေရင်း သူ့မူလစိတ်ဝိညာဉ်ထံကနေ နာကျင် မှုတို့ ဖြစ်ပေါ်နေ၏။သူက အချိန်တိုအတွင်း သေရေးရှင်ရေး ကိစ္စ များစွာကို ရင်ဆိုင်ခဲ့ရပေသည်။ ရှေးဟောင်းနတ်ဘုရားသားရေ ချပ်ဝတ်ကြောင့်သာ မဟုတ်ပါက သူသည် အကြိမ်များစွာ သေဆုံးခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ရက်စက်သည့် ကျင့်ကြံခြင်းလောက၌ အချိန်မရွေးအသက် ပျောက်သွားနိုင်သည်သာ ဖြစ်သည့်အတွက် ထိုအဖြစ်က ဝမ် လင်း၏ တာအိုနှလုံးသားကို မယိုင်နဲ့စေခဲ့ပေ။သူက မဟာမိတ် ကြယ်အဖွဲ့အစည်းမှာ ရှိခဲ့စဉ်ကတည်းက အခုလို အတွေ့အကြုံ များနှင့် အသားကျနေခဲ့ပြီ မဟုတ်လား။ "ယောင်ပင်ယွမ်ရဲ့ မန္တာန် မူလစိတ်ဝိညာည်ကို အများကြီး ထိခိုက်ပျက်စီးစေတာပဲ။ အင်း…ရှေးဟောင်းနတ်ဘုရားသားရေချပ်ဝတ်ကြောင့်သာ မဟုတ်ရင်တော့..”

ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ သူ့မျက်လုံးအတွင်း၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။

ယောင်ပင်ယွမ်ကြောင့် သူ့ခန္ဓာကိုယ်သည် များစွာ ဒဏ်ရာရခဲ့ ခြင်း မရှိပေ။သူ့မူလစိတ်ဝိညာည်သာ ဒဏ်ရာများစွာ ရရှိခဲ့ ပေ၏။ သားရေချပ်ဝတ်ကြောင့်သာ သူ့မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာမရခဲ့ခြင်းပင်။ ခုချိန်၌ ဝမ်လင်းသည် တည်ငြိမ်စွာဖြင့် ကျင့်ကြံခြင်းတွင် နစ်မြုပ်နေသည်။

မရေမတွက်နိုင်သော လက်တံများကလည်း မီးပြင်းဖို၏အပြင် ဘက်တွင် တရမ်းရမ်း၊တဝှေ့ဝှေ့နှင့် ရှိနေကြသည်။ဝဲကတော့ အနီးအနားရှိ ယောင်ပင်ယွမ်က ထိတ်လန့်ကြောက်ရွှံ့နေခြင်းမရှိဘဲ ထိုအစား တည်ငြိမ်လို့သာ နေသည်။
သူမက လမြွေနဂါးကြီး၏ တိုက်ခိုက်မှုကနေ လွတ်မြောက်လာ နိုင်ပြီးနောက် လမြွေနဂါးငယ်တစ်ကောင်၏ ဝါးမြိုခြင်းကို ခံ လိုက်ရခြင်းပင်။ထိုအခါ ဆန်းကြယ်သောအားတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ ဝင်လာခဲ့ကာ သူမကို သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်သွားစေခဲ့ပေသည်။

သိပ်မကြာခင်တွင် သူမသည် အသိစိတ်ပြန်ရလာခဲ့၏။

သူမ သတိရလာသည့်အခါ သူမသည် ယခုနေရာတွင် ရောက်နေ ကြောင်း သိသွားသည်။ သည်နေရာတွင် လက်တံများက သူမ ပတ်လည်၌ တင်းကြပ်စွာ ပိတ်ဆို့နေသည်။လက်တံများထံမှ အေးစက်စက်အာရုံခံစားမှုတစ်ခုက သူမ၏ ခန္ဓာကိုယ်ထဲသို့ စီး ဝင်ကာ သူမ၏ မူလစွမ်းအင်တို့အား ဖြည်းဖြည်းချင်း ခမ်း ခြောက်စေနေသည်။

ထိုဖြစ်စဉ်က မြန်ဆန်လှခြင်းမရှိပေ။သို့သော် ရပ်တန့်နေခြင်း လည်း မရှိပေ။

ယောင်ပင်ယွမ်၏မျက်လုံးတို့သည် တည်ငြိမ်နေသည်။သူမက တာအိုနောက်သို့သာ အမြဲ လိုက်လံခဲ့သည့်အတွက် တည်ငြိမ် သည့်စိတ်နေစိတ်ထားရှိသူ ဖြစ်သည်။သူမက သူမ၏ မူလ စွမ်းအင် ဆုံးရှုံးနေရသည်ကို သိနေသည်ပင် အထိတ်တလန့် ကြောက်လန့်နေခြင်းက ဘာအကူအညီမှ မဖြစ်မှန်း သိထားသူ ပင်။ တည်ငြိမ်နေမှသာ သူမသည် လွတ်မြောက်ဖို့ လမ်းစတစ်ခု ရှာတွေ့နိုင်မည် မဟုတ်လား။

သို့သော်လည်း သူမက သူ့ပတ်ဝန်းကျင်ကို တွေ့မြင်သွားသည့် အခါ သူမ၏ မျက်နှာသည် ချက်ခြင်း ဖြူရောသွားတော့သည်။ မရေမတွက်နိုင်သော လက်တံများအတွင်း၌ အသက်ဓာတ် သွေ့ခြောက်နေသော လူများက ယောင်ပင်ယွမ်၏တည်ငြိမ်မှုကို ပင် ပျက်စီးလုနီးပါး ဖြစ်သွားစေ၏။

အချိန်အတန်ကြာပြီးမှ သူမသည် သူမကိုယ်သူမ တည်ငြိမ် အောင် ပြန်လုပ်နိုင်၏။သူမသည် သူမပတ်လည်၌ ထွေးခြုံထား သော လက်တံများကို ကြည့်နေ၏။၎င်းလက်တံများက သူမ၏ မူလစွမ်းအင်ကို စုပ်ယူရုံသာမက သူမ၏ အသက်ဓာတ်ကိုပါ စုပ် ယူနေပေသည်။
" မျက်လုံးမှိတ်ထားလိုက်

ယောင်ပင်ယွမ်က တိတ်တဆိတ် စဉ်းစားနေ၏။သူမ မျက်လုံး မှိတ်ထားလိုက်ချိန်၌ သူမ၏ စိတ်နှလုံးသည် ပြန်တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။

"နားပိတ်ထားလိုက် “ထိုအခါသည် သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားသည်။အပြင်ဘက်ရှိ အရာအားလုံး သည်လည်း သူမနှင့် တစ်သီးတစ်သန့်ဖြစ်သွား၏။

“အသက်ရှုခြင်း ပျောက်ကွယ်စေ..” ထိုအခိုက်အတန့်၌ ယောင် ပင်ယွမ်သည် သက်သာရာ ရလာသည်။သူမ၏ အသက်ရှုခြင်း သည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။

"စိတ်ဝိညာဉ်ပါ ချိပ်ပိတ်ပစ်... သူမ၏ မူလစိတ်ဝိညာဉ်သည် လည်း လှုပ်ရှားမှု လုံးဝ ရပ်တန့်သွားတော့သည်။ ထိုအဖြစ်က သူမ၏ မူလစွမ်းအင်က လုပ်ဆောင်ရခြင်းဖြစ်နေသော်လည်း သူမ၏ မူလစိတ်ဝိညာဉ်သည် ၎င်းဘာသာ ထူးဆန်းသော နယ်ပယ်တစ်ခုထဲသို့ ချိပ်ပိတ်သွားခြင်း ဖြစ်သည်။

"ချိပ်ပိတ်ခြင်း တည်ရှိမှု..” သူမ၏ရှင်သန်ခြင်းအားလုံးသည် တည်ရှိမှုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေ၏။ယောင်ပင် ယွမ်၏ သူမ၏ တည်ရှိမှုကို ပြတ်သားစွာ ချိပ်ပိတ်ပစ်ခဲ့ခြင်းပင်။ အသက်ဓာတ်အားလုံးသည် သူမ၏ ခန္ဓာကိုယ်ကနေ ပျောက် ကွယ်သွားကြ၏။သူမသည် ထိုနေရာ၌ အလောင်းတစ်ခုကဲ့သို့ လွင့်မြောနေတော့သည်။

ယောင်ပင်ယွမ်က စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းမန္တာန်၌ ချိပ်ပိတ်ခြင်း တည်ရှိမှုအဆင့်သို့ အစောကတည်းက ရောက်နှင့်နေခဲ့ပြီး ဖြစ်သည်။အနှီမန္တာန်ကို ကျင့်ကြံရာ၌ ပါရမီသည် များစွာ အခရာ မကျပေ။ တာအိုနှလုံးသားအပေါ်၌သာ မှီနေ၏။ထိုမှသာ တစ်စုံတစ်ယောက်သည် ထိုမန္တာန်အတွင်း၌ ဆုံးရှုံးမသွားမှာ ဖြစ်သည်။
သူမကိုယ်သူမ လုံးဝ ချိပ်ပိတ်ပြီးသည့်နောက် သူမ၏ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာတော့၏။ သူမ၏ခန္ဓာကိုယ်အတွင်း ကနေ ပါးလွှာသော ရေခဲအလွှာများ ထွက်ပေါ်လာရင်း မြန်ဆန် စွာ ပျံ့နှံ့ကြသည်။

ထိုရေခဲသလင်းများက သူမအား ဝန်းရံထွေးခြုံထားသည့် လက်တံများကိုပါ ချိပ်ပိတ်ပစ်သည်။သူမ၏ခန္ဓာကိုယ်မှ ထွက် ပေါ်လာသည့် အအေးစွမ်းအင်သည် ပို၍ ပို၍ အားကောင်းလာခဲ့ တော့၏။အဆုံးသပ်၌ သူမ၏ ပတ်လည်တွင် သုံးပေကျော်ရေခဲ လွှာထု တစ်ခု ဖြစ်တည်လာခဲ့သည်။

သူမကိုယ်တိုင်လည်း ထိုရေခဲအတွင်း၌ ချိပ်ပိတ်မိနေသည်။ သူမ၏အသွင်က အလွန်အမင်း တည်ငြိမ်လျက် ရှိနေ၏။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာနေ၏။လမြွေနဂါး၏ ခန္ဓာကိုယ်အတွင်းဘက်၌ နေ့နေ့ညည ဟူ၍ မရှိပေ။လမြွေနဂါး ကြီး၏ ခန္ဓာကိုယ်ကြီးသည် မြောက်ပိုင်းနယ်မြေတစ်ခွင် ဖြည်းဖြည်းချင်း လှည့်လည်သွားနေသည်။

သည်နေ့တွင် လမြွေနဂါးကြီးက ရပ်တန့်သွား၏။သည်နေရာက မြောက်ပိုင်းနယ်မြေ၏ အတွင်းနက်ပိုင်းပင်။ ဤနေရာ၌ ကြယ် များစွာ မရှိသလို အနီးအနားတွင် ကျင့်ကြံခြင်းဂြိုဟ်များလည်း ရှိမနေကြပေ။

လမြွေနဂါးကြီး၏ ခန္ဓာကိုယ် ရပ်တန့်သွားပြီးနောက် ၎င်း၏ခန္ဓာကိုယ်ကြီးသည် တဖြည်းဖြည်း လုံးထွေးကာ ကျင့်ကြံ ခြင်းဂြိုဟ်တစ်ခုအသွင်သို့ ထပ်မံ ဖြစ်ပေါ်လာတော့သည်။

လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်းရှိ ဆန်းကြယ်ကာ ကျဉ်းမြောင်းသော နေရာလွတ်ဟင်းလင်းပြင်တစ်ခု၌ ဝမ်လင်း သည် မျက်လုံးဖွင့်လာ၏။ မူလစိတ်ဝိညာဉ်ဒဏ်ရာရမှုသည် လွယ်လင့်တကူ ကုသ၍ မရနိုင်ချေ။တချိန်လုံး ကျင့်ကြံနေတာ တောင် သူ့ဒဏ်ရာသည် ရှစ်ဆယ်ရာခိုင်းနှုန်းခန့်သာ ပြန် ကောင်းမွန်လာခဲ့ပေသည်။

ဝမ်လင်းက သူ့ပတ်လည်ရှိ မီးပြင်းဖိုကို စူးစိုက်ကြည့်နေသည်။ ထိုမီးပြင်းဖိုထံ၌ အားကောင်းလွန်းသော ရှေးကျသည့်အော်ရာ တစ်ခု ပါဝင်နေသည်။၎င်းက လမြွေနဂါး၏ စုပ်ယူခြင်းကို ခံနေရ သော်လည်း အတော်လေး အားကောင်းလွန်းနေဆဲသာ ဖြစ်၏။
“လမြွေနဂါးတွေက ငါ့ကို မသတ်ဘဲ ဒီနေရာကို ပစ်လွှတ်လိုက် တယ်။ အသက်ဓာတ်စုပ်ယူနိုင်တဲ့ စွမ်းရည်အပြင် ဒီလမြွေနဂါး က ရှေးဟောင်းနတ်ဘုရားရဲ့ အော်ရာကိုပါ စုပ်ယူနေနိုင်တယ်..”

ဝမ်လင်းက ချင့်ချိန်စဉ်းစားနေသည်။

သည်လမြွေနဂါးကြီးက လူအချို့ သို့မဟုတ် ရှေးဟောင်းနတ် ဘုရားအော်ရာနှင့် အရာဝတ္ထုတို့ကို တွေ့ရှိသည်နှင့် သည်နေရာ သို့ ပို့လွှတ်ပစ်မည်မှာ သိသာနေသည်။ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်လာသည်။သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီတော့ ဒီနေရာမှာ ရှိနေတဲ့ တခြားအရာတွေဟာလည်း ရှေးဟောင်းနတ်ဘုရားနဲ့ ဆက်နွှယ်နေလိမ့်မယ်လို့ ဆိုလိုတာ ပေါ့...

ဝမ်လင်းက သူ့ ညာလက်ကို ပင့်မြှောက်ကာ မီးပြင်းဖိုနံရံပေါ်သို့ ဖိချလိုက်၏။ သူ့နတ်ဘုရားအာရုံသည် မီးပြင်းဖိုထဲသို့ အလျင်အမြန် တိုးဝင်သွားသည်။

“လောဘကြီးက ဒီမီးပြင်းဖိုကို သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်ခဲ့မှ တော့ ငါလည်း လုပ်နိုင်မှာပဲ...” ဝမ်လင်း၏ နတ်ဘုရားအာရုံက မီး ပြင်းဖိုထဲသို့ ရောက်နေ၏။ချက်ခြင်းပင် သူက သူ့မူလစိတ် ဝိညာဉ် ဆွဲငင်နေသော ပြင်းထန်သည့် စုပ်အားတစ်ခုအား ခံစားမိလိုက်သည်။

ဝမ်လင်းက ထိုစုပ်အားအတွက် ကြိုပြင်ဆင်ထားခဲ့ပေသည်။၎င်း အားက မီးပြင်းဖိုကို ထွေးခြုံထားသည့် လက်တံများထံမှ ထွက် ပေါ်လာသည်မှာ သိသာသည်။သူ့မူလစိတ်ဝိညာဉ်သည် လှိုင်းတံပိုးများကြား မတုန်မလှုပ်ရှိနေသည့် လှေတစ်စင်းကဲ့သို့ ရှိနေသည်။သူက မီးပြင်းဖို၏ အတွင်းဘက်သို့ ပိုပို၍ ဝင်နိုင်ရန် ကြိုးပမ်းနေ၏။

ဝမ်လင်း၏ နတ်ဘုရားအာရုံသည် စုပ်အားကို တောင့်ခံရင်း မီး ပြင်းဖိုအနှံ့သို့ ဖြည်းဖြည်းချင်း ပျံ့နှံ့ကာ သူ့အမှတ်အသားကို ခပ် နှိပ်နေ၏။သို့သော်လည်း သူက ခုချိန်ထိ ၎င်းမီးပြင်းဖိုကို ထိန်းချုပ်နိုင်သည့် ခံစားမှုမျိုး မရသေးပေ။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။သူက လက်မလျော့သေး ချေ။သူ့နတ်ဘုရားအာရုံကို မီးပြင်းဖိုထဲသို့ ထပ်မံ၍ ပျံ့နှံ့ စေသည်။သူ့အမှတ်အသားများကိုလည်း တစ်လက်မချင်း ခပ် နှိပ်ချန်ရစ်နေသည်။
ထိုဖြစ်စဉ်က အတော်လေးကို နှေးလှသည်။ အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်။ဝမ်လင်းက ရပ်တန့်ခြင်း မပြု သေးပေ။သူက ဆက်လက်၍ မီးပြင်းဖိုကို အမှတ်အသားခပ်နှိပ် နေရင်း အချို့သဲလွန်စများ ရှာတွေ့လာသည့်ပုံ ရ၏။

မီးပြင်းဖို၏ အပြင်ဘက်ထောင့်၌ စာလုံးတစ်ခု ရေးထွင်း ထားသည်။ထိုစာလုံးက အင်မတန် ရှုပ်ထွေးသည်။၎င်းက မီး ပြင်းဖိုအပေါ်၌ ထွင်းထားသော်လည်း နက်ရှိုင်းစွာ ရှိနေခြင်းတော့ မဟုတ်ပေ။

နတ်ဘုရားအာရုံဖြင့်ပင် ဝမ်လင်းကဲ့သို့ တစ်ဆင့်ချင်း ရှာဖွေနေ ခြင်း မပြုပါက ၎င်းစာလုံးအား ထောက်လှမ်း သတိပြုမိရန် မ ဖြစ်နိုင်သလောက်ပင်။

အနှီစာလုံးအပေါ်၌ နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခု ရှိနေသည်။ဝမ်လင်းက ၎င်းကို စမ်းစစ်ကြည့်ပြီးနောက် သူ့ မျက်လုံးသည် ချက်ခြင်း အေးစက်လာ၏။

သူက ၎င်းစာလုံးအမှတ်အသားအပေါ်၌ လောဘကြီး၏အော်ရာ ရှိနေသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိသည် မဟုတ်လား။

"လောဘကြီးက မသေသေးဘူးလား…” ဝမ်လင်း၏မျက်လုံးက အေးစက်လာသည်။အချိန်ယူပြီးမှ သူက တဖြည်းဖြည်း ပြန် တည်ငြိမ်လာသည်။

“လောဘကြီးက မသေသေးဘူးပဲ။ သူ့အမှတ်အသားက ဒီနေရာ မှာ ရှိနေဆဲ ဖြစ်တယ်။ဒါ့ကြောင့် ငါက ဒီမီးပြင်းဖိုကို မထိန်းချုပ် နိုင်တာ။ဒါပေမဲ့ သူ့အမှတ်အသား ရှိနေတာတောင် ဘာကြောင့် ငါလည်း ဒီမီးပြင်းဖိုပေါ်မှာ အမှတ်အသား ခပ်နှိပ်နိုင်သေးတာ လဲ *

ဝမ်လင်းက ရုတ်တရက် လောဘကြီး၏ အမှတ်အသားခပ်နှိပ်မှု အကြောင်း တွေးမိသွားသည်။

“ဒီမီးပြင်းဖိုကြီးက သန့်စင်ပြီးတဲ့နောက် ရှေးဟောင်းနတ်ဘုရား တစ်ပါးက လွှင့်ပစ်ခဲ့တာပဲ။ ရှေးဟောင်းနတ်ဘုရားရဲ့ မှတ်ဉာဏ် ထဲမှာ ဒီမီးပြင်းဖိုရဲ့ ပုံပန်းသွင်ပြင်ပဲ ပါပြီး ဒါကို အသုံးပြုရမဲ့ နည်းလမ်း မပါဘူး။ တကယ်တော့ ငါ ရှေးဟောင်းနတ်ဘုရားထူ စီထံက အမွေအနှစ်ရခဲ့တဲ့ မှတ်ဉာဏ်က မပြည့်စုံသေးဘူးပဲ..”
ဝမ်လင်းက လောဘကြီး၏ အမှတ်အသားစာလုံးကို လေ့လာ နေသည်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးက တ လက်လက် ဖြစ်လာသည်။သူက လောဘကြီးနှင့် ရန်ငြိုးရှိသော်လည်း ခုချိန်၌ သူ့အပေါ် မလေးစားမိဘဲ မနေနိုင် ဖြစ်ရ တော့၏။

“ဒီလောဘကြီးက တကယ် ပါရမီ ရှိတာပဲ။သူက ဒီမီးပြင်းဖိုကို စ ရရှိခဲ့တုန်းက ဘယ်လို အသုံးပြု၊ထိန်းချုပ်ရမှန်း မသိတာ ထင်ရှားနေတယ်။ ဒါ့ကြောင့် သူက ဒီအမည်မသိ စာလုံးကို ရရှိတာနဲ့ မီးပြင်းဖိုအပေါ်မှာ ထိန်းချုပ်ပြီး အထဲက အချို့စွမ်းရည် တွေနဲ့ ချိတ်ဆက်ခဲ့တာပဲ.."

"သူက ဒီစာလုံးအပေါ်မှာ တကယ် ကျွမ်းကျင်ပြီး ဒီစာလုံးကို ထိန်းချုပ်ပြီးတော့ မီးပြင်းဖိုရဲ့ စွမ်းရည်အချို့ကို ထုတ်ဖော် အသုံးချနိုင်စွမ်း ရှိလာတာ ဖြစ်ရမယ်..

ဝမ်လင်းက အသက်ဝဝရှူသွင်းမိ၏။ ချက်ခြင်းပင် သူ့နတ်ဘုရား အာရုံကို ထိုစာလုံးအပေါ်၌ စုစည်းလိုက်၏။

လောဘကြီး၏နတ်ဘုရားအာရုံကို ဖယ်ရှားပြီးသည့်နောက် ဝမ် လင်းသည် ၎င်းစာလုံးအပေါ်၌ သူ့နတ်ဘုရားအာရုံ အမှတ်အသားကို ချက်ခြင်း ခပ်နှိပ်ပစ်လိုက်၏။
လောဘကြီးက သည်မီးပြင်းဖိုကို ရရှိရန် သေခြင်းရှင်ခြင်း အခြေအနေထိ ကြုံတွေ့ခဲ့ရလုနီးပါး ဖြစ်ခဲ့ရပေသည်။သူက ၎င်း သည် ရတနာတစ်ခု ဖြစ်ကြောင်း သိသော်လည်း မထိန်းချုပ်နိုင်ခဲ့ ပေ။ထို့အတွက်ကြောင့် ယခု မီးပြင်းဖိုအပေါ်ရှိ စာလုံးကို အသုံးပြုကာ မီးပြင်းဖို၏တချို့စွမ်းရည်များကို ထိန်းချုပ်နိုင် အောင် လုပ်ဆောင်ခဲ့ရ၏။

သို့သော် ခုချိန်၌ ထိုအရာက ဝမ်လင်းအတွက် အကျိုးဖြစ်ထွန်း စေခဲ့လေပြီ။

သူ့နတ်ဘုရားအာရုံကကို ယင်းစာလုံးအပေါ်သို့ ခပ်နှိပ်နေရင်း ထူးဆန်းသည့်ခံစားချက်တစ်ခုသည် ဝမ်လင်း၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။ထိုခံစားချက်က သူနှင့် ရင်းနှီးနေ၏။သူက ၎င်း ခံစားချက်ကို ရှေးဟောင်းနတ်ဘုရား၏သားရေချပ်ဝတ်ကို ရှာ တွေ့ချိန်ကလည်း ရရှိခဲ့ဖူးသည် မဟုတ်လား။

သို့သော်လည်း ထိုခံစားချက်သည် မှုန်ဝါးဝါးသာပင်။သူက ၎င်း ခံစားချက်အား ပြည့်ပြည့်ဝဝမဖမ်းဆုပ်နိုင်ပေ။

ဝမ်လင်းသည် မီးပြင်းဖိုအား ထိန်းချုပ်သည့်နည်းလမ်းသည် မှား ယွမ်းနေကြောင်း သိပေ၏။၎င်း ထိန်းချုပ်မှုက သူ့ကို အခြေခံ ထိန်းချုပ်မှု ရရှိစေမည် ဖြစ်သော်လည်း မီးပြင်းဖို၏ စွမ်းအား အပြည့်အဝကို ထုတ်ဖော် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဝမ်လင်းက အလျင်မလိုပါ။ သူ့မျက်လုံးသည် တ လက်လက် ဖြစ်နေ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါ မဟာမိတ်ကြယ်အဖွဲ့အစည်းကို ပြန်ရောက်ရင်တော့ ငါ့မူလ ခန္ဓာကိုယ်ရဲ့ လက်ထဲမှာ ဒီမီးပြင်းဖိုရဲ့ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မယ်...
ထို့နောက် သူက မီးပြင်းဖိုကို ထိန်းချုပ်စဉ်က ရရှိခဲ့သော မှုန်ဝါးဝါးခံစားချက်အတိုင်း သူ့လက်ဖြင့် ချိပ်တံဆိပ်များ ဖြစ် ပေါ်စေသည်။သူ့နတ်ဘုရားအာရုံ၏ အတွေးတစ်ချက်ဖြင့်ပင် မီး ပြင်းဖိုသည် တုန်ယင်ကာ မြည်သံ ပေးလာ၏။မီးပြင်းဖိုထံကနေ လှိုင်းတစ်ခု ပျံ့နှံ့လာရင်း အဖြူရောင်အခိုးငွေ့တစ်ခု ထွက် ပေါ်လာ၏။အနှီအခိုးငွေ့သည် အင်မတန် သိပ်သည်းကာ ဝမ် လင်းအား ဝန်းရံထားသည်။ဤအခိုက်အတန့်၌ ဝမ်လင်းသည် သူက မီးပြင်းဖို၏ အစိတ်အပိုင်းတစ်ခု ဖြစ်သလို ခံစားမိ၏။ထို ခံစားချက်သည် အလွန်အံ့အားသင့်ဖွယ်ပင်။

အတွေးတစ်ချက်ဖြင့်ပင် ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်၏။ “ပုံစံပြောင်းစမ်း...

သူက ထိုစကားနှစ်ခွန်းကို ပြောလိုက်သည့်အခါ မီးပြင်းဖိုသည် တုန်ခါကာ ပျောက်ကွယ်သွားသည်။၎င်းက ပြန်ပေါ်လာသည့် အခါ၌ လက်တံများ ထွေးခြုံဝန်းရံထားသည့် အပြင်ဘက်သို့ ရောက်နေလေပြီ။

ထူးဆန်းသည်က လက်တံများသည် လှုပ်ရှားလာခြင်း မရှိဘဲ သူ တို့၏ မူလနေရာ၌သာ နေမြဲတိုင်းနေနေ၏။သူတို့အတွက် မီးပြင်း ဖိုသည် မူလအတိုင်းသာ ရှိနေသေးသည့်အလား ထင်မှတ်ရ၏။

ဝမ်လင်းသည် မီးပြင်းဖိုထဲကနေ လှမ်းထွက်လာကာ အဖြူရောင် အခိုးငွေ့က သူ့နောက်တွင် လိုက်ပါလာသည်။သည် အခိုက်အတန့်၌ သူက တိမ်များကြီး စီးနင်းနေသည့် ကောင်းကင်ဘုံသား တစ်ယောက်အလား။ထို့နောက် ဝမ်လင်း၏ အကြည့်က ယောင်ပင်ယွမ်ပေါ်သို့ ကျရောက်လာ၏။

သူက ယောင်ပင်ယွမ်ကို အစောကတည်းက သတိပြုမိခဲ့ပြီး ဖြစ်၏။သို့သော်လည်း မီးပြင်းဖိုအပေါ်၌သာ ခပ်နှိပ်ခြင်းကို အာရုံစိုက်ထားသည့်အတွက် သူက သူမကို အနီးကပ် မကြည့်နိုင် သေးခြင်း ဖြစ်သည်။

ခုချိန်၌ မီးပြင်းဖိုကို ရရှိပြီးသည့်နောက် သူက သူမအပေါ် လေ့လာကြည့်ရပေတော့မည်။

ရေခဲများကို ဖြတ်ကျော်ကြည့်သည့်အခါ ယောင်ပင်ယွမ်၏ ပေါ် တစ်ဝက်မပေါ်တစ်ဝက် ဝတ်လစ်စလစ် ခန္ဓာကိုယ်ထံကနေ လှပ မှုကို ပေးစွမ်းနေတော့သည်။
သို့သော်လည်း ထိုအလှတရားက ဝမ်လင်းအပေါ်တွင် သက်ရောက်ခြင်း မရှိပေ။သူ့မျက်လုံးများက ရေကဲ့သို့ တည်ငြိမ် နေသည်။

“ဒီအမျိုးသမီးရဲ့ ကျင့်ကြံခြင်းနည်းလမ်းက တကယ့်ကို ထူးဆန်း လှတာပဲ။သူ့မူလစွမ်းအင်က သူမထံကနေ ကွဲကွာနေတာတောင် သူမက သူမကိုယ်သူမ ကာကွယ်ထားနိုင်သေးတယ်။သူမ ခန္ဓာကိုယ်ရဲ့ အရာအားလုံးကိုလည်း ချိပ်ပိတ်ပစ်ထားတဲ့အတွက် လမြွေနဂါးက သူမထံကနေ ဘာတစ်ခုမှ မစုပ်ယူနိုင်တော့ဘူး..”

"ဒါပေမဲ့လည်း သူမက လမြွေနဂါးကို လျှော့တွက်ထားတာပဲ။ ဒီ နည်းလမ်းက အလုပ်ဖြစ်ပေမဲ့လည်း သူမကို ခြုံလွှမ်းထားပေးတဲ့ ဒီရေခဲ ပျက်စီးဖို့က အချိန်သိပ်ကြာမှာ မဟုတ်ဘူးလို့ ငါ ထင် တယ်.."

“နင်က ငါ့နောက်ကို အမဲလိုက်ခဲ့ပြီး ငါ့ကို နှစ်ကြိမ်နီးပါး သတ်ပစ် နိုင်မလို ဖြစ်ခဲ့တယ်။ငါသာ လက်စားပြန်မချေရင် ငါဟာ ဝမ် လင်း မဟုတ်တော့ဘူး..

ဝမ်လင်းသည် ပြုံးလိုက်၏။ထို့နောက် သူက ထိုရေခဲလွှာပေါ်သို့ ခပ်ကြမ်းကြမ်း ခုတ်ပိုင်းချလိုက်သည်။

သူ့ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်ပမာဏသည် သူ့လက်ချောင်း များထံကနေ မြင့်တက်ကာ ရေခဲလွှာထဲသို့ ဝင်ရောက်သွား၏။ ကျယ်လောင်သောအက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ ဝမ် လင်း၏လက်ချောင်း တိုက်ခိုက်မှုကို ဗဟိုပြုကာ ရေခဲလွှာသည် တဖြည်းဖြည်း အက်ကွဲလာတော့သည်။

ထိုအက်ကွဲမှုများသည် ဆက်တိုက် ဖြစ်ပေါ်နေတော့၏။

ဝမ်လင်းသည် ရေခဲလွှာထဲရှိ ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေ ရင်း သူ့မျက်လုံးတို့က အေးစက်လာ၏။
ဝမ်လင်းသည် ရပ်တန့်ခြင်း မပြုပေ။သူက ဆက်တိုက်လှုပ်ရှား ကာ ယောင်ပင်ယွမ်ပတ်လည်သို့ မတူညီသည့်နေရာများကို တိုက်ခိုက်နေသည်။ထို့ကြောင့် ယောင်ပင်ယွမ်၏ ပတ်လည်ရှိရေခဲများသည် တလက်မချင်း ကြွေကျကုန်တော့၏။

“ဒီအမျိုးသမီးက ယောင်မိသားစုရဲ့ တတိယမျိုးဆက် အတော် ဆုံးတွေကြားမှ တစ်ယောက်အပါအဝင် ဖြစ်ရမယ်။ယောင် မိသားစုက ငါ့ကို သတ်လို မှတော့ ငါကလည်း သူမကို ကောင်းကင်ဘုံသက်တော်စောင့်အဖြစ် သန့်စင်ပစ်ရမှာပေါ့။ ဒါက ကျရှုံးခဲ့ရင်တောင် ကိစ္စမရှိဘူး...

ဝမ်လင်း၏ စိတ်နှလုံးသည် ပြတ်သားလှသည်။ သူ့ရန်သူတစ် ယောက်အပေါ် သူက လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ပေ။သူ့ ရန်သူအမျိုးသမီးက အလွန်အမင်း လှနေလျှင်ပင် သူ့တွင် သနား တတ်သည့် ခံစားမှုမျိုး မရှိချေ။

ထို့အပြင် ယောင်ပင်ယွမ်က လှသည်ဆိုသော်လည်း လျိုမေကို ယှဉ်နိုင်ခြင်းတော့ မရှိသေးပေ။

“ဒါက ကံကြမ္မာပဲ။သင်က ငါ့ကို လိုက်မသတ်ရင် ဒီနေ့လို ဖြစ်လာ မှာ မဟုတ်ဘူး..

ဝမ်လင်းသည် ပါးစပ်ဟကာ သူ့မူလစွမ်းအင်အဆီအနှစ်ကို ယောင်ပင်ယွမ်အား ဝန်းရံထားသည့် ရေခဲလွှာပေါ်သို့ တိုက်ရိုက် ထွေးထုတ်လိုက်၏။ထို့နောက် သူက သူ့ညာလက်ဖြင့် ရေခဲလွှာ အား ညွှန်လိုက်သည်။

အက်ကွဲသံများ ထပ်မံ ထွက်ပေါ်လာကာ သူမပတ်လည်ရှိ ရေခဲ များသည် အက်ကွဲလာပြန်၏။အမှန်တော့ သူမသာ သည်မန္တာန် ကို မူလစွမ်းအင်နှင့် အသုံးပြုထားပါက ဝမ်လင်းသည် ၎င်းရေခဲ လွှာအား အလွယ်တကူ ဖျက်စီးနိုင်မည် မဟုတ်ပါ။ သို့သော်လည်း ခုလက်ရှိ၌ သူမ၏ မူလစွမ်းအင်သည် သူမနှင့် ကင်းကွာနေခြင်းက ဝမ်လင်းအတွက် အခွင့်ရေးပင်။
ယောင်ပင်ယွမ်သည် ဝမ်လင်းသည် သည်နေရာ၌ သူမနှင့်အတူ ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ထို့အပြင် သူမက ဝမ် လင်းသည် သူ့မူလစွမ်းအင်ကို ရှေးဟောင်းနတ်ဘုရားချပ်ဝတ်က ကာကွယ်ထားသည့်အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင် လိမ့်မည်ဟု ပို၍ မျှော်လင့်မိမည် မဟုတ်ပေ။ရေခဲလွှာ ပျက်စီး လာသည်နှင့် ယောင်ပင်ယွမ်၏မျက်လုံးသည် တဖြည်းဖြည်း ပွင့် လာကာ ဝမ်လင်းထံသို့ လှမ်းကြည့်လိုက်သည်။


ပြည့်စုံသောချိပ်ပိတ်မှု

ယောင်ပင်ယွမ် မျက်လုံးဖွင့်လာသည်နှင့် ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက အပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။သူ့ ညာလက်ကို ဖြန့်ကားကာ မူလစွမ်းအင်တို့ကို သူ့လက်ချောင်း ငါးခုအပေါ်သို့ သိပ်သည်းစေသည်။ထိုလက်ချောင်းငါးခုသည် ယောင်ပင်ယွမ် ပတ်လည်ရှိ ရေခဲလွှာပေါ်သို့ ထပ်မံ ကျရောက် သွားတော့သည်။

ထို့နောက် ဝမ်လင်းက မြန်ဆန်စွာ နောက်သို့ ပြန်ဆုတ်၏။ သူ့ ခန္ဓာကိုယ်ပတ်လည်၌ အဖြူရောင်အခိုးငွေ့တို့ ရှိနေ၏။ သည့်နောက် သူက သူ့ညာလက်ကို ပင့်မြှောက်ကာ ခုတ်ပိုင်းချ လိုက်ပြန်သည်။

ထိုခုတ်ပိုင်းချက်သည် ယောင်ပင်ယွမ်ထံသို့ တိုက်ရိုက် မဟုတ်ဘဲ သူမအား ထွေးခြုံထားသည့် လက်တံများဆီသို့သာ ဖြစ်သည်။

မူလစွမ်းအင်တန်းငါးခုက ယောင်ပင်ယွမ်ပတ်လည်ရှိ ရေခဲလွှာ ပေါ်သို့ ကျရောက်သွားသည့်အခိုက်တွင် တစီစီအသံများ ထွက် ပေါ်လာကာ ၎င်းစွမ်းအင်တန်းခုမှာ သူမထံသို့ တိုးဝင်လာ တော့သည်။

“နင့် တာအိုက ဘယ်လို မျိုးလဲ.. ယောင်ပင်ယွမ်က သူမထံသို့ တိုးဝင်လာသည့် စွမ်းအင်တန်းငါးခုကို မရှောင်ပေ။သူမ၏ မျက်နှာက ဖြူရောနေ၏။သို့သော် သူမထံကနေ ပြတ်သားသော အကြည့်တစ်ခု ဖြစ်ပေါ်နေသည်။ထိုအရာ သူမ၏ ခိုင်ကျဉ်သော တာအိုနှလုံးသားကို ပြသနေခြင်း မည်သည်။

ယခုလို သေရေးရှင်ရေးအခိုက်မှာပင် သူမသည် ဝမ်လင်းနှင့် နယ်ပယ်တိုက်ပွဲတစ်ခုကို စတင်တော့၏။သို့သော်လည်း ဝမ် လင်းသည် သူမ မျက်လုံးဖွင့်လာသည်နှင့် ထိုသို့ ပြုလုပ်မည်ကို ကြိုခန့်မှန်းမိ၏။ ဝမ်လင်းနှင့်ယောင်ပင်ယွမ်တို့မှာ တူညီသော လူစားမျိုး ဖြစ်နေသည့်အတွက် အပြန်အလှန်လေးစားမှု အချို့ ရှိနေကြပေသည်။

သူတို့နှစ်ယောက်က သေဆုံးရတော့မည် ဆိုလျှင်ပင် အဆုံးထိတိုက်ခိုက်သွားမည့်သူမျိုး ဖြစ်ကြ၏။

ယောင်ပင်ယွမ်၏ ပါးစပ်ဟလာသည့်အခိုက်တွင် သူမ၏ မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။သူမရှေ့၌လည်း ပုံ ရိပ်ယောင်တစ်ခု ရှိနေ၏။ထိုပုံရိပ်မှာ (၁၄)နှစ်၊(၁၅)နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ဖြစ်လေသည်။
သူမ၏ ပုံရိပ်က အားနည်းဟန် ဖြစ်ပေါ်နေ၏။သူမက ပါးစပ်ဟ ကာ စကား ပြောရန် ပြင်သော်လည်း ဘာတစ်ခွန်းမှ ထွက်ပေါ်မ လာပေ။သူမက စွန့်အ နေသည့် မိန်းကလေးတစ်ယောက် အလား။

ထိုမိန်းကလေးငယ်ပေါ်လာသည်နှင့် ဝမ်းနည်းမှုတာအိုနယ်ပယ် သည် ဝမ်လင်းထံသို့ ပေါင်းစပ်လာ၏။သို့သော်လည်း ဤအခိုက် အတန့်၌ ဝမ်လင်း၏ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်သည် ယောင်ပင်ယွမ် ပတ်လည်ရှိ လက်တံများထံသို့ ရောက်နှင့်သွားခဲ့ ပြီး ဖြစ်သည်။

ဝမ်လင်းက ထိုဓားချက်ကို ကောင်းစွာ ထိန်းချုပ်နိုင်၏။ယင်းဓား ချက်သည် လက်တံများကို ထိခိုက်ရန် မဟုတ်ဘဲ လှုံ့ဆော်ပေးရန် အတွက်သာ ရည်ရွယ်ထားခြင်းပင်။ ထိုဓားချက်က လက်တံများ ကို ထိမှန်သွားသည်နှင့် ၎င်းတို့က ရုတ်တရက် ကျုံ့လာ၏။

လက်တံများ ကျုံ့လာသည်နှင့် ယောင်ပင်ယွမ်သည် သွေးတလုပ် အန်ထုတ်လိုက်ရ၏။ သူမ၏ခန္ဓာကိုယ်ကနေလည်း အသကံများ ထွက်ပေါ်လာကာ သူမ၏ အရိုးများက လက်တံများ၏ ဖိအားကို ဆက်၍ မတောင့်ခံနိုင်သကဲ့သို့ ဖြစ်သည်။

ယောင်ပင်ယွမ်၏မျက်လုံးတို့မှာ မှိန်ဖျော့လာ၏။

သူမ၏ခန္ဓာကိုယ်တွင် မူလစွမ်းအင် ကင်းကွာနေသည့်အတွက် သူမသည် အခုချိန်၌ သေမျိုးတစ်ယောက်ကဲ့သို့ပင်။ လက်တံ များက သူမမား ထွေးချုံ့ညှစ်လာသည့်အခါ ခါးသပ်သပ်သာ ပြုံးမိတော့၏။သူမ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့မှုတို့ ဖြစ် ပေါ်လာရသည်။

သူမခန္ဓာကိုယ်၏နာကျင်မှုက သူမ၏တာအိုနှလုံးသားကို မတည် မငြိမ် ဖြစ်အောင် ပြုလုပ်နိုင်စွမ်း မရှိပါ။သို့သော်လည်း လက်တံ များက စတင်၍ အရူးအမူး စုပ်ယူကုန်ကြသည်။၎င်းတို့က သူမ၏အသက်ဓာတ်နှင့်မူလစွမ်းအင်ကို စုပ်ယူရုံသာမက သူမ၏တာအိုကိုပါ စုပ်ယူကြပေသည်။

ယောင်ပင်ယွမ်ရှေ့ရှိ ပုံရိပ်ယောင်မိန်းကလေးငယ်သည် မှုန်ဝါး လာ၏။သည့်နောက် လုံးဝ ပျောက်ကွယ်သွားချေသည်။
“ညီမလေး..” ယောင်ပင်ယွမ်သည် ထိုပျောက်ကွယ်သွားသော မိန်းကလေးငယ်ကို ကြည့်လိုက်၏။ထို့နောက် သူမသည် မျက်လုံးပြန်မှိတ်လိုက်တော့သည်။သူမ၏ အသက်ဓာတ်နှင့်တာ အိုတို့သည် လက်တံများ၏ အလျင်အမြန် စုပ်ယူခြင်းကို ခံနေရ တော့သည်။

ဝမ်လင်းသည် ရေခဲလွှာကို ဖျက်စီးရန် မဆုံးဖြတ်ခင်ကတည်းက ဖြစ်နိုင်ချေအားလုံးကို ကြိုတွက်ထားခဲ့ပေသည်။

ယောင်ပင်ယွမ်၏ နယ်ပယ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။သို့သော် အလွန်အမင်းဝမ်းနည်းမှုတစ်ခုကတော့ ကျန် ရှိနေပေ၏။ထိုအဖြစ်က ဝမ်လင်းကို တုန်လှုပ်စေသည်။သူက ချက်ခြင်းပင် သူ့ညာလက်ကို ယောင်ပင်ယွမ်ခန္ဓာကိုယ်ထံသို့ ဆန့်ထုတ်လိုက်၏။

ဝမ်လင်း၏ လက်က ရပ်တန့်ခြင်း မရှိဘဲ သူမ၏ ခန္ဓာကိုယ်ပေါ် သို့ ချိပ်တံဆိပ်များစွာကို ဆက်တိုက် ဖြစ်ပေါ်စေနေသည်။ အတားအဆီးများ တစ်ခုပြီးတစ်ခုသည် သူမ၏ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့အပေါ်သို့ ကျရောက်နေကြသည်။

သူက အတားအဆီးများကို ဆက်လက် ချမှတ်နေရင်း သူ့ဘယ် လက်ကို မြှောက်ကာ ကံကြမ္မာကျာပွတ်ကို ဆင့်ခေါ်လိုက်၏။ ၎င်းက ပေါ်လာသည်နှင့် ယောင်ပင်ယွမ်ထံသို့ တိုးဝင်ကာ သူမ၏ မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ပစ်သည်။

ဝမ်လင်းက အခုထိ မလွယ်ကူသေးဟု ခံစားမိနေ၏။ထို့ကြောင့် သူက သိုလှောင်အိတ်ထဲမှ စိတ်ဝိညာဉ်အလံကို ထုတ်ယူ ပြန်သည်။ထိုအလံက ယောင်ပင်ယွမ်ပတ်လည်၌ ၎င်းဘာသာ တင်းတင်းကျပ်ကျပ် ထွေးခြုံသွားသည်။

နောက်ဆုံးတွင် ဝမ်လင်းက ကောင်းကင်ဘုံချိပ်ပိတ်ခြင်း တံဆိပ်တုံးကိုပါ သူ့ ပါးစပ်ထဲကနေ ထွေးထုတ်၏။၎င်း တံဆိပ်တုံးပေါ်လာသည့်အခါ ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ အော်ပြောလိုက်သည်။ “ချိပ် ပိတ်ခြင်း..

ရွှေရောင်စာလုံးထောင်ချီသည် ပေါ်ထွက်လာကာ ယောင်ပင်ယွမ် အပေါ်၌ ရွှေ့လျားရင်း သူမအား လုံးဝ ချိပ်ပိတ်ပစ်သည်။စာလုံး တစ်ခုစီသည် ချိပ်ပိတ်မှုတစ်ခုအား ကိုယ်စားပြုပေသည်။
အခုမှ ဝမ်လင်းသည် စိတ်သက်သာရာ ရတော့သည်။ သူက မီး ပြင်းဖို ရှိရာသို့ ပြန်ဆုတ်လာကာ သူ့ညာလက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်စေသည်။ထို့နောက် သူသည် ယောင်ပင်ယွမ်ထံသို့ လက်ညွှန်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ပုံစံပြောင်းစမ်း..

မီးပြင်းဖိုသည် တုန်ယင်လာ၏။သည့်နောက် ယောင်ပင် ယွမ်၏ခန္ဓာကိုယ်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

သူမ ပြန်ပေါ်လာသည့်အခါတွင် ဝမ်လင်းက သူမအား သူ့ သိုလှောင်အိတ်ထဲတွင် ရတနာတစ်ခုကဲ့သို့ ထည့်သိမ်းထားလိုက် တော့သည်။

“ဒီနေရာက ကောင်းကင်ဘုံသက်တော်စောင့်တစ်ယောက် သန့်စင် ဖို့အတွက် အကောင်းဆုံး နေရာ မဟုတ်ဘူး...”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ဝမ်လင်းက မီးပြင်းဖို၏ အပေါ်သို့ ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။အတွေးတစ် ချက်ဖြင့်ပင် မီးပြင်းဖိုသည် ရှေ့သို့ ဖြည်းဖြည်းချင်း လွင့်မြော သွားတော့သည်။

လမ်းတစ်လျှောက်တွင် မီးပြင်းဖိုပတ်လည်ရှိ အဖြူရောင်အခိုး ငွေ့တို့ကြောင့် လက်တံများသည် ၎င်းအား မနှောက်ယှက်ကြ တော့ပေ။

ဝမ်လင်းသည် အလွန်သတိထားတက်သူ ဖြစ်၏။သူက သူ့ ပတ်လည်သို့ ကြည့်နေသည်။ သူသည် လက်တံများ၏ ထွေးခြုံ ထားခြင်း ခံထားရသော လူများကို တစ်ယောက်ပြီးတစ်ယောက် တွေ့နေရသည်။

သည်ကျဉ်းမြောင်းသောနေရာ၏ အတွင်းဘက်သို့ ပို၍ ဝင်သွား လေလေ လက်တံများက ပိုများလာလေ ဖြစ်နေသည်။

သူက ဆက်လက် ရွှေ့လျားနေရင်း သေမျိုးများနှင့်ကျင့်ကြံ သူများကလွဲ၍ ရှေးဟောင်းနတ်ဘုရားအော်ရာနှင့် ပတ်သတ် သည့် တစ်ခုခုကို ရှာမတွေ့သေးပေ။သူက စိတ်မရှည် မဖြစ်ဘဲ ရှေ့သို့သာ ဖြည်းဖြည်းချင်း ပုံမှန်သွားနေသည်။

လက်တံများသည် တဖြည်းဖြည်း ပေါ်လာ၏။၎င်းတို့က သိပ်သိပ်သည်းသည်း ဖြစ်လာကာ လမ်းကြောင်းကို ပိတ်နေ သလိုပင်။ ထိုအဖြစ်က ဝမ်လင်း၏ စူးစမ်းမှုကို ခက်ခဲစေသည်။ သို့သော်လည်း သူက မီးပြင်းဖို၏ မန္တာန်ကို အသုံးပြုကာ ၎င်းတို့ ကို ကျော်လွှာနိုင်စွမ်း ရှိနေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိပြီးနောက် လက်တံများ၏ ထွေး ခြုံပတ်ထားခြင်း ခံထားရသည့် သေမျိုးများနှင့်ကျင့်ကြံသူများ သည် ပြောင်းလဲလာ၏။ ဆက်လက်၍ ခြေက်သွေ့နေသော ခန္ဓာကိုယ်များ မဟုတ်တော့ဘဲ အချို့တွင် မှိန်ဖျော့ဖျော့ အသက် ဓာတ်အရိပ်အမြွက်များ ရှိလာခဲ့သည်။

သို့သော်လည်း ထိုသူတို့၏အသက်ဓာတ်သည် အားနည်းလွန်းလှ သည်။

ဝမ်လင်းက ရှေ့သို့ ဆက်သွားနေရင်း သူ့အသွင်သည် အနည်းငယ် ပြောင်းလဲသွားသည်။သူ ရှေ့သို့ ဆက်သွားလေ ထို သူများ၏ ခန္ဓာကိုယ်မှ အသက်ဓာတ်သည် ပိုပိုအားကောင်းလာ သည်ကို တွေ့နေရသည်။

ဝမ်လင်းသည် ရုတ်တရက် ရပ်တန့်ကာ အဆုံးမရှိဟန်ရသည့် ကျဉ်းမြောင်းသောဥမင်ကို စူးစိုက်ကြည့်ကာ တွေးနေမိသည်။ “ဒီ လမြွေနဂါးက အရင်ဆုံး အပြင်ဘက်မှာ ရှိတဲ့ လူတွေရဲ့ အသက် ဓာတ်ကို အရင်စုပ်ယူတဲ့ ပုံပဲ။ငါ အတွင်းဘက်ကို ပိုသွားလေလေ ချုပ်နှောင်ခြင်း ခံထားရတဲ့ လူတွေရဲ့ အသက်ဓာတ်က ပိုပြီး အားကောင်းလာလေ ဖြစ်နေတယ်။ငါက ဒီနေရာမှာ မေ့မျောနေ တဲ့ လူတစ်ယောက်ယောက်ကိုများ ရှာတွေ့နိုင်မလား သိချင်မိတယ် "

ဝမ်လင်းက အရှိန်မြင့်ကာ ရှေ့သို့ ဆက်သွားသည်။

အသက်ဓာတ်ကျန်နေသေးသည့် လူများ ပို၍ များလာ၏။ သို့သော် ဝမ်လင်းသည် ထိုသူတို့ကို စစ်ဆေးကြည့်ခြင်း မရှိပေ။ သူက ဥမင်လမ်းကြောင်း၏အတွင်းနက်သို့ ဆက်သွားရင်း သူ့ စိတ်ဝိညာည်အတွင်းမှ ခေါ်သံတစ်ခု ကြားရသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။

ထိုအသံသည် သူ့စိတ်ဝိညာဉ်ထဲကနေ ထွက်ပေါ်လာသည်ပုံပင်။ ထိုအသံကြောင့် ဝမ်လင်း၏စိတ်သည် ပြင်းပြင်းထန်ထန် တုန်ယင်မိ၏။
"ဝင်လာခဲ့ ဝင်လာခဲ့"

ထိုခံစားချက်သည် သူ့စိတ်ထဲ၌ မုန်တိုင်းထန်နေသည်။

ယင်းအသံက သူ့စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် ထွင်းဖောက်လာ ကာ ပဲ့တင်ထပ်နေတော့၏။

ယင်းခေါ်သံသည် သည်နေရာရှိ ဝမ်လင်းအပေါ်သို့ သက်ရောက် သည်သာမဟုတ် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ သူ့မူလ ခန္ဓာကိုယ်ပါ ခံစားမိပေသည်။

ဝမ်လင်း၏မူလခန္ဓာကိုယ်သည် မဟာမိတ်ကြယ်အဖွဲ့အစည်း၏ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအတွင်း၌ ရှိနေသည်။သို့သော် ထို အခိုက်အတန့်၌ သူ့မျက်လုံးသည် ရုတ်တရက် ပွင့်လာ၏။သူ့ မျက်လုံးများက နေတစ်စင်းအလား တောက်ပလွန်းနေ တော့သည်။

ဝမ်လင်းသည် ပင့်သက်ရှိုက်မိ၏။

“လာခဲ့ လာခဲ့” ထိုခေါ်သံက ဆက်တိုက် ဖြစ်ပေါ်နေရာ ဝမ် လင်း၏ မူလခန္ဓာကိုယ်သာမက သူ့မူလစိတ်ဝိညာဉ်ပင် တုန်ယင် ရသည်။

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ကာ စဉ်းစားနေ၏။ သို့သော် သူက ရုတ်တရက် မျက်လုံး ပြန်ဖွင့်လိုက်၏။ သူက အဖြေတစ်ခု ရသွားသည့်ပုံပင်။ထို့နောက် သူသည် ခေါ်သံရှိရာသို့ တဟုန်ထိုး ထွက်သွားတော့သည်။

ဤအခိုက်အတန့်၌ လမြွေနဂါးကြီးသည် လွန်ခဲ့သောလအချို့က ဂြိုဟ်တစ်ခုအဖြစ်သို့ ပြောင်းကာ ပြန်လည်အိပ်စက်နေခဲ့ပြီ ဖြစ်သည်။အရာအားလုံးသည် တိတ်ဆိတ်နေခဲ့ချေပြီ။

သို့သော်လည်း သည်နေ့၌ အကွာအဝေးတစ်ခုကနေ တုန်လှုပ် ဖွယ်အော်ရာကို သယ်ဆောင်လာသော အလင်းတန်းတစ်ခုသည် လမြွေနဂါးကြီး အသွင်ပြောင်းထားသည့် ဂြိုဟ်ထံသို့ လှမ်းဝင် လာ၏။ထိုအလင်းတန်းမှာ သက်လတ်ပိုင်းလူကြီးတစ်ယောက် ပင်။သူက လမြွေနဂါးနှင့် တိုက်ခိုက်ခဲ့သော အနက်ရောင်ဝတ်စုံ နှင့်လူလည်း ဖြစ်သည်။
သည်တစ်ကြိမ်၌ သူ့မူလခန္ဓာကိုယ်ကိုယ်တိုင် ရောက်လာခဲ့ခြင်း ပင်။ သူ့နောက်၌ ပေတစ်ထောင်ခန့်မြင့်မားသည့် သိမ်းငှက်နက် ကြီး၏ ပုံရိပ်တစ်ခု ရှိနေသည်။ထိုသိမ်းငှက်၏ မျက်လုံးတို့က အေးစက်လွန်းလှချေသည်။

သူ ထွက်ပေါ်လာသည်နှင့် အကွာအဝေးတစ်ခုမှ မိုးကြိုးသံများ ထွက်ပေါ်လာပြန်၏။သည်တစ်ကြိမ် ရောက်လာသူက အရှင် မီးတောက်ပင်။

အရှင်မီးတောက် ပေါ်လာပြီးသည်နှင့် ဟင်းလင်းပြင်ထဲတွင် ပေ တစ်သိန်းခန့် ကျယ်ပြောသော ရှစ်မြှောင့်အစီအရင်တစ်ခု ပေါ်လာတော့၏။

ထိုရှစ်မြောင့်အစီအရင်ကြီးက အနီရောင်တောက်ပနေကာ ကောင်းကင်ကိုပါ တုန်ခါစေမည့် အော်ရာကို ဖန်တီးနေသည်။ ယင်းအစီအရင်က အတော်လေး တောက်ပနေကာ လူလေး ယောက်သည် ၎င်းအစီအရင်အတွင်းကနေ လှမ်းလျှောက်ထွက် လာကြ၏။
သူတို့လေးယောက်မှာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော လူငယ်လေးများ ဖြစ်ကြသည်။သူတို့၏အသွင်က စိတ်ခံစား ချက် ကင်းမဲ့နေကာ ရုပ်သေးများအလား ဖြစ်နေ၏။ သူတို့ ပေါ်လာသည်နှင့် အရပ်လေးမျက်နှာသို့ ခွဲသွားကာ လမြွေနဂါးက နေ ဖြစ်ပေါ်နေသည့် ဂြိုဟ်အား ဝန်းရံထားတော့သည်။

ထိုလူငယ်လေး လေးယောက်သည် ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက် ကြ၏။သူတို့၏ ဦးခေါင်းထက်ကနေလည်း သွေးအမြုတေ တစ်ခုစီ ထွက်ပေါ်နေသည်။ထိုသွေးအမြုတေလေးခုသည် တစ်ခု နှင့်တစ်ခု ချက်ခြင်း ချိတ်ဆက်ကာ လမြွေနဂါးအား ဝန်းရံထား တော့၏။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုတစ်ယောက်သည် ရှစ်မြှောင့်အစီအ ရင်ကြီးထဲကနေ လှမ်းထွက်လာ၏။သူ့အသွင်က တည်ငြိမ်နေ သော်လည်း သူ့မျက်လုံးကမူ အေးစက်နေသည်။သူ့ခန္ဓာကိုယ်ထံ ကနေ ပြင်းထန်သောသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပေးစွမ်း နေ၏။

အရှင်မီးတောက်က လူငယ်လေးလေးယောက်ကို ကြည့်ကာ ပြုံး လိုက်၏။

“ရောင်းရင်းကျင့်ကြံသူရှောင်က ရှောင်မိသားစုရဲ့ နတ်ဘုရားချိပ် ပိတ်ခြင်းသားတော်လေးယောက်ကိုတောင် တကယ် ခေါ်ဆောင် လာခဲ့တာပဲ။ သူတို့နဲ့ဆိုရင် ငါတို့ရဲ့ အခွင့်အရေးက တိုးတက်လာ မှာပါ။ ရောင်းရင်းကျင့်ကြံသူကုန်းစွန်ကကော အခြား မိတ်ဆွေ တွေကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့သေးလား...

အနက်ရောင်ဝတ်စုံနှင့် ကုန်းစွန်က တည်ငြိမ်စွာပင် ပြော လိုက်၏။ “ရှန်ကုန်းမိသားစုဘိုးဘေးနဲ့ ကျန်းမိသားစုရဲ့ လီယွမ်ဇီ တို့ကို ဖိတ်ခေါ်ထားတယ်.“အရှင်မီးတောက်ဘေးရှိ အနီရောင် ဝတ်စုံနှင့်ရှောင်အဘိုးအိုက ပြုံး၍ ဆိုလာသည်။ "ဒီအဘိုးအို ကတော့ လူအများကြီး မဖိတ်ခေါ်ခဲ့ပါဘူး။ သွေးနတ်ဘုရားနဲ့ ငါးရောင်စုံတာအိုပညာရှင် တို့ကိုပဲ ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ သိပ်မကြာခင် ရောက်လာလိမ့်မယ်လို့ ငါယုံတယ်..”
သွေးနတ်ဘုရား ဟူသည့် စကားကို ကြားလိုက်ရသည့်အခါ အရှင်မီးတောက်သည် စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်၏။ “ငါ ကတော့ တစ်ယောက်ကိုပဲ ဖိတ်ခေါ် ခဲ့တယ်။ သင်တို့အားလုံး ဒီ လူ့ကို အနည်းနဲ့အများ သိနေမှာပါ..

သူက ထိုသို့ ပြောနေစဉ်မှာပင် အဝေးကနေ ငွေရောင် အလင်းတန်းတစ်ခု ရောက်ရှိလာ၏။ထိုအလင်းတန်း၏ အပေါ်၌ သက်လတ်ပိုင်းလူတစ်ယောက် မတ်တပ်ရပ်လျက် ပါလာသည်။ သူ့ပုံပန်းသွင်ပြင်သည် ရှန်ကုန်းဟူနှင့် ဆင်တူပေ၏။

“ရှန်ကုန်း..” သူ ရောက်ရှိလာပြီးနောက် သူက လက်နှစ်ဖက်ယှက် နှုတ်ဆက်လိုက်ပြီးနောက် မည်သည့်စကားမှ ဆက်၍ မဆိုတော့ ပေ။သူက လမြွေနဂါးကိုပင် ကြည့်ရုံမျှသာ ကြည့်လိုက်၏။ သူ့ အသွင်က မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိခြင်းကြောင့် သူ့စိတ် ထဲတွင် မည်သည့်အရာကို တွေးနေသည်အား မည်သူမှ သိနိုင် လိမ့်မည် မဟုတ်ပေ။

ငွေရောင်အလင်းလှိုင်းတစ်ခုက သူ့အား ဝန်းရံထားကာ ထို အခြင်းအရာသည် အတော်လေး တုန်လှုပ်စရာပင်။

ထိုအခိုက်အတန့်၌ ကြယ်များကြားကနေ တဝုန်းဝုန်းအသံ ထွက် ပေါ်လာရင်း ဧရာမသင်္ဘောကြီးတစ်စင်းသည် ထွက်ပေါ်လာ သည်။ မရေမတွက်နိုင်သော အမျိုးသမီးငယ်များက ထိုသင်္ဘော ပေါ်၌ ကခုန်နေကြ၏။

“ငါ ရောင်းရင်းကျင့်ကြံသူတို့ကို စောင့်စေခဲ့ပြီ။ လမ်းမှာ ငါက ကျင့်ကြံခြင်းကိုယ်လုပ်တော်တွေကို တွေ့ကြုံခဲ့ရတဲ့အတွက် ခရီး နည်းနည်း ဖင့်သွားတာပါ..

ထိုစကားကို ပြောလိုက်သော အဘိုးအိုသည် ငါးရောင်စုံဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့အသားအရည်က အတော်လေး ချောမွတ် နေဟန် ရ၏။ သူ ရောက်လာသည်နှင့် မိန်းမဆန်သည့်အော်ရာ တစ်ခုသည် သည်ဧရိယာတွင် ပြည့်လာတော့သည်။

ရှောင်မိသားစုမှ အဘိုးအိုက ရယ်မောကာ ပြောလိုက်၏။ “ငါးရောင်စုံတာအိုပညာရှင်ရဲ့ မျက်လုံးကို ဖမ်းစားနိုင်ပုံထောက် တော့ ဒီကိုယ်လုပ်တော်တွေက တကယ့်ကို သာမန်မဟုတ်တာပဲ ဖြစ်ရမယ်...
"အစ်ကိုရှောင် လိုချင်ရင်တောင့် ငါက ငါတို့ ဒီသားရဲကို ဖမ်းပြီး တဲ့နောက် တစ်ယောက်ပို့ပေးလိုက်ပါ့မယ်..

ငါးရောင်စုံတာအိုပညာရှင်သည် သူ့ပတ်လည်သို့ ကြည့်လိုက်၏။ သူက စိတ်ထဲ၌ ကြိတ်၍ တုန်လှုပ်မိပေသည်။သည်နေရာရှိ လူ တိုင်းက ကျော်ကြားလှသော မွန်းစတားအိုကြီးများ ဖြစ်နေသည် မဟုတ်လား။သူတို့အားလုံး အခုလို စုစည်းနေခြင်းက သည် သားရဲကို ဖမ်းဆီးရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

သူတို့နှစ်ယောက် စကားပြောနေစဉ် ရှန်ကုန်းမိသားစု၏ဘိုးဘေး က စကားဝိုင်းထဲ၌ မပါဝင်ဘဲ သူက လမြွေနဂါးကိုသာ စူးစိုက် ကြည့်နေသည်။အနက်ရောင်ဝတ်စုံနှင့်အဘိုးအိုကမူ ပို၍ပင် တိတ်ဆိတ်နေသည်။

အရှင်မီးတောက်၏မျက်နှာသည် တည်ငြိမ်လျက်ပင်။ငါးရောင်စုံ တာအိုပညာရှင်၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလှ သော်လည်း သူ့အာရုံစိုက်မှုအတွက် မထိုက်တန်သေးပေ။

ထိုအခိုက်အတန့်မှာပင် အကွာအဝေးတစ်ခုကနေ လူတစ် ယောက် ရောက်လာပြန်၏။သူက အဖြူရောင်ဝတ်စုံနှင့်ဖြစ်ကာ လူငယ်တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သို့သော် သူ့ထံကနေ ရှေးဟောင်းအော်ရာတစ်ခုကို ပေးစွမ်းနေ၏။

သူ့အောက်၌ မည်သည့်လက်နက်ရတနာမှ ရှိမနေပေ။သူက ခြေ ဖြင့်သာ လှမ်းလျှောက်လာသည့်ပုံရ၏။ သူက အတော်လေး တည်ငြိမ်လှကာ သူ ရောက်ရှိလာသည်နှင့် လူတိုင်းကို လက်နှစ် ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်၏။ သူက စကားတော့ မဆိုပေ။

“လီယွမ်ဇီ ” အရှင်မီးတောက်၏ မျက်လုံးသည် ကျဉ်းမြောင်း သွားသည်။
အဖြူရောင်ဝတ်စုံနှင့်လူက ခေါင်းသာ ညိတ်ပြ၏။ သူက စကား တစ်ခွန်းမှ မဆိုပေ။

"ပြောကြတာကတော့ ကျန်းမိသားစုရဲ့ လီယွမ်ဇီက ဒေါသကြီး တယ် ဆိုကြတယ်။ တခါတုန်းက သူဟာ ဒေါသပုန်ထပြီး ကျင့်ကြံခြင်းမိသားစု (၁၃)ခုကို လုံးဝ ပျောက်ကွယ်သွားစေခဲ့ တယ်။ဒီအဖြစ်က သူ့ကို ကျော်ကြားစေခဲ့ပြီး သူ့ ဒေါသကိုလည်း လူတိုင်း အမှတ်ရသွားစေခဲ့တယ်...

အရှင်မီးတောက်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အကွာ အဝေးတစ်ခုသို့ ရုတ်တရက် လှမ်းကြည့်လိုက်၏။

အကွာအဝေးတစ်ခုကနေ အနီရောင်အလင်းများစွာသည် ထွက် ပေါ်လာကာ သွေးညှီနံ့သည် အဝေးကနေပင် မြန်ဆန်စွာ ပျံ့နှံ့ လာ၏။ထိုသွေးအလင်းတတန်းသည် လူတိုင်း၏ ရှေ့ ပေတစ် ရာတွင် ပေါ်လာကာ လူတစ်ယောက်အဖြစ်သို့ သိပ်သည်း သွား၏။

ထိုလူသည် အနီရောင်မျက်ခုံးနှင့် အဘိုးအိုတစ်ယောက်ဖြစ်၏။ သူက သွေးနီရောင်ဝတ်စုံကိုလည်း ဆင်မြန်းထားသေးသည်။သူ့ အသွင်က သုန်မှုန်နေ၏။သူက လူတိုင်းကို ကြည့်ပင်မကြည့်ပေ။ ထိုအစား သူက အကွာအဝေးတစ်ခုရှိ လမြွေနဂါးထံသို့သာ လှမ်း ကြည့်နေ၏။

“သွေးနတ်ဘုရား..” သူ ပေါ်လာသည်နှင့် မွန်းစတားအိုကြီး တို့သည် မျက်လုံး ကျဉ်းမြောင်းသွားကြ၏။သူတို့၏ အကြည့်က သူ့ထံသို့ ရောက်လ၏။ လီယွမ်ဇီနှင့် ရှန်ကုန်းမိသားစုဘိုးဘေးတို့ ပင် ခြွင်းချက်မရှိပေ။
သွေးနတ်ဘုရားက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက သည်နေရာရှိ လူတိုင်းကို ခြုံကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်က အရှင်မီးတောက်ထံသို့ ရောက်သွားကာ တည်ငြိမ် စွာ ပြောလာ၏။ “အရှင်မီးတောက်..သင်က ငါ့မြေးရဲ့မူလစိတ် ဝိညာဉ်ကို ယူဆောင်သွားခဲ့တယ်။ မဟာမိတ်ကြယ်အဖွဲ့အစည်း ကို ဝင်ဖို့ လမ်းကြောင်း ဖွင့်ပြီးတာနဲ့ ငါတို့ တိုက်ခိုက်ကြတာပေါ့

အရှင်မီးတောက်၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေး သွားသည်။သူက ပြုံးလိုက်၏။ “သင်နဲ့ အဖော်ပြုပေးရတဲ့ အတွက် ငါ ဂုဏ်ယူရတော့မှာပေါ့...

ထိုအခိုက်အတန့်မှာပင် မြောက်ပိုင်းနယ်မြေကို ဖြတ်သန်း၍ မိုးကြိုးတန်းများ ထွက်ပေါ်လာသည်။မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်၏ တမန်တော်များ အားလုံးလိုလိုသည် ထွက် ပေါ်လာခဲ့ကြလေပြီ။သူတို့က လမြွေနဂါးကို ဝန်းရံထားကာ လ မြွေနဂါးနှင့် ကီလိုမီတာငါးထောင်အကွာတွင် စက်ဝန်းတစ်ခု သဖွယ် အတားအဆီးပိတ်ဆို့မှုတစ်ခုကို ဖြစ်ပေါ်စေထားသည်။

ထိုတမန်တော် တစ်ယောက်ချင်းစီက လျှို့ဝှက်နည်းလမ်းကို အသုံးပြုကာ တစ်ယောက်နှင့်တစ်ယောက် ချိပ်ဆက်နိုင်သည့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေထားသည်။ သူတို့ကြား၌ သိပ်သည်းသော မိုးကြိုး ပေါ်လာခဲ့ကာ လမြွေနဂါးကြီး၏ ပတ်လည်တွင် မိုးကြိုးအတားအဆီးကို ဖြစ်ပေါ်စေတော့သည်။

တမန်တော်များ၏ ကီလိုမီတာ ငါးထောင်အကွာ၌ အနီ၊အနက် ဝတ်စုံများကို ဝတ်ဆင်ထားသည့် ကျင့်ကြံသူများ ရှိနေသည်။သူ တို့ကလည်း မည်သည့်အရာမှ လွတ်မြောက်မသွားနိုင်ရန် ပို သေချာအောင် ဒုတိယအတားအဆီးတစ်ခုကို ဖြစ်ပေါ်စေ ထားသည်။

ဝမ်လင်းသည် လမြွေနဂါး၏ အပြင်ဘက်ရှိ ဖြစ်ပျက်သမျှကို ဘာမှ မသိပေ။ သူ့စိတ်ဝိညာဉ်ထဲမှ ခေါ်သံက ပို၍ ရှင်းလင်းလာ လေလေ သူ့စိတ်ဝိညာဉ်သည်လည်း တုန်ယင်လာနေ၏။ထို အဖြစ်က သူ့ သွေးများကိုပါ ဆူပွက်စေပေသည်။

မီးပြင်းဖိုအပေါ်၌ ရပ်နေရင်း ဝမ်လင်းသည် အလွန်မြန်ဆန်စွာ ဖြင့် ရှေ့သို့ သွားနေ၏။ သူ့စိတ်ဝိညာဉ်ထဲမှ ခေါ်သံသည် ပို၍ ပို၍ အားကောင်းလာတော့သည်။
"လာခဲ့လာခဲ့ချေ "

ဝမ်လင်းက မြန်သထက် မြန်လာ၏။ ငါးမိနစ်ခန့် ကြာပြီးနောက် ထိုခေါ်သံသည် သူ့ခန္ဓာကိုယ်တစ်လျှောက်တွင် ပဲ့တင် ထပ်နေ တော့၏။ ထိုအခိုက်အတန့်၌ သူက သူ့ရှေ့ကနေ ခေါ်နေသည့် အသံသည် မည်သည့်အရာ ဖြစ်သည်ကို တွေ့မြင်သွားသည်။

ထိုအဖြစ်က ဝမ်လင်း၏ခန္ဓာကို ပြင်းပြင်းထန်ထန် တုန်ယင်စေ ကာ သူ့မျက်လုံးသူငယ်အိမ်ကိုပါ ကျုံ့သွားစေသည်။

သူ့ရှေ့၌ ပေတစ်ရာခန့် လက်တံများ ထွေးခြုံထားသည့် ကလေး ငယ်တစ်ယောက် ရှိလို့နေ၏။


ထိုကလေးငယ်၏ ခန္ဓာကိုယ်သည် ကြီးမားလွန်းလှကာ ဆယ့်နှစ် ပေလောက် မြင့်နေ၏။သူ့ခန္ဓာကိုယ်ကနေလည်း အသက်ဓာတ် များ အလျှံအပယ် ထွက်ပေါ်နေပြီး လမြွေနဂါး၏ စုပ်ယူခြင်းကို ခံနေရသည်။ထိုကလေးငယ်၏နှဖူးထက်၌ ပုံရိပ်ယောင်ကြယ်ရှစ် ခုသည် တဖျပ်ဖျပ် လက်နေ၏။သို့သော် ၎င်းကြယ်များက

အထည်ဒြပ် ဖြစ်မနေကြပေ။ယင်းကြယ်တို့က လှည့်လည်နေရင်း ထူးဆန်းသည့်အားတစ်ခုကို ဖြစ်ပေါ်စေနေ၏။ထိုအားကို လမြွေ နဂါးက စုပ်ယူနေသည်။

ဝမ်လင်းသည် ပင့်သက်ရှိုက်မိသွား၏။ သူ့စိတ်သည် မတုန်လှုပ် စဘူး တုန်လှုပ်သွားမိသည်။

“ရှေးဟောင်းနတ်ဘုရားကလေးငယ်..” ဝမ်လင်းက ၎င်းကလေး ငယ်ကို စူးစိုက်ကြည့်နေရင်း ရှေးဟောင်းနတ်ဘုရားထူစီ၏ မှတ်ဉာဏ်များကို ပြန်စဉ်းစားကြည့်နေ၏။ထိုကလေးငယ်၏ နှ ဖူးပေါ်ရှိ ကြယ်များသည် မည်သည့်အတွက်ကြောင့် ပုံရိပ်ယောင် လို ဖြစ်နေသည်ကို ရှင်းပြချက်နှစ်ခု ရှိနေ၏။

ပထမတစ်ခုသည် ကလေးငယ်၏ အဖေသည် ကြယ်ရှစ်ခု ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်ကာ ၎င်းက ကြယ်ရှစ်ခု ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားကို ကလေးငယ်၏ ခန္ဓာကိုယ်အတွင်း၌ ချန်ထားခဲ့ခြင်းကြောင့် ဖြစ်သည်။
ဒုတိယတစ်ခုမှာ ထိတ်လန့်ကြောက်မက်ဖွယ် ကောင်း၏။ ထိုရှင်း ပြချက်က ဝမ်လင်း၏စိတ်နှလုံးကိုပါ အေးစက်စက် ခံစားမိအောင် ပြုလုပ်နိုင်သည်။ ဒုတိယ ရှင်းပြချက်မှာ သည် ရှေးဟောင်းနတ်ဘုရားကလေးငယ်သည် တကယ့်ကလေးငယ် အဆင့်မဟုတ်ဘဲ အရွယ်ရောက်ပြီးသား ကြယ်ရှစ်ခုရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။ သို့သော်လည်း သူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားခြင်း သို့မဟုတ် အံ့မခန်း ပြောင်းလဲမှု အချို့ကို တွေ့ကြုံခဲ့ရမှသာ ထိုသို့ ဖြစ်နိုင်ပေသည်။

"ဒါကသာ ဒုတိယရှင်းပြချက်အတိုင်း ဖြစ်နေခဲ့ရင် ရှေးဟောင်း နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားက ဘယ်ရောက်သွားနိုင်မလဲ...”

ဝမ်လင်း၏အသွင်က သူ့ပတ်လည်ကို ကြည့်ကာ သုန်မှုန်နေ တော့သည်။သူက လက်တံရာချီကို အာရုံစိုက်မိလိုက်ရင်း တုန်လှုပ်ဖွယ်အတွေးတစ်ခု သူ့စိတ်ထဲ၌ ပေါ်လာခဲ့တော့သည်။

"ဒီလမြွေနဂါးကြီးက ဒီလောက်ကြီးကြီးမားမား ပြောင်းလဲနိုင်ခဲ့ တာဟာ ဒါနဲ့များ တစ်ခုခု ဆက်စပ်နေမလား..။လမြွေနဂါးကြီး က ရှေးဟောင်းနတ်ဘုရားတစ်ပါးပါးကို ဖမ်းမိပြီး အခုချိန်မှာ ၎င်းရဲ့ စွမ်းအားကို ပိုင်ဆိုင်နေတာလား..”

ဝမ်လင်းသည် နောက်သို့ ဖြည်းဖြည်းချင်း ပြန်ဆုတ်သည်။

သို့သော်လည်း ဘာကြောင့်မှန်း မသိ ဝမ်လင်းသည် သူ့စိတ်နှလုံး ထဲကနေ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ထိုဝမ်းနည်းမှုက သူ နှင့် ချိတ်ဆက်နေသည့် သူမူလခန္ဓာကိုယ်ထံကနေ ထွက်ပေါ်လာ ခြင်းပင်။

“ငါ့ကလန်သား... ဝမ်လင်း၏ စိတ်ဝိညာဉ်ထဲ၌ အသံတစ်ခု ရုတ်တရက် မြည်ဟီးလာသည်။ထိုအသံသည် ရှေးဟောင်းနတ် ဘုရားများ၏ ဘာသာစကားပင်။၎င်းအသံထဲတွင် အင်မတန် ရှေးကျသည့် အော်ရာ ပါဝင်နေသည်။
ဝမ်လင်းသည် မရေမတွက်နိုင်သော လက်တံများ ထွေးခြုံထား သည့် ရှေးဟောင်းနတ်ဘုရားကလေးငယ်ကို ကြည့်ကာ သူ့ မျက်လုံးသည် ကျဉ်းမြောင်းသွား၏။

"ငါ့..ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး..။မင်းရှိမှာ ငါ့ကလန်ရဲ့ အော်ရာ ရှိနေတယ်..။ဒါပေမဲ့ ဒါက အားမကောင်းဘူး။ ငါ့ အစစ်အမှန် ကလန်ဝင်ကို လာပြီး ငါ့နောက်ဆုံး အမွေအနှစ်ကို ဆက်ခံခိုင်းပါ..

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ခပ် တိုးတိုး ရေရွတ်လိုက်၏။ “သင်က ရှေးဟောင်းနတ်ဘုရား ကလေးငယ်လား…ဒါမှမဟုတ် အရွယ်ရောက်ပြီး ရှေးဟောင်း နတ်ဘုရားကနေ အဆင့်လျော့ကျသွားတာလား...”


“ငါက…” ရှေးဟောင်းနတ်ဘုရားက ဖြေရန် ပြင်လိုက်စဉ်မှာပင် သူ့ ပတ်လည်ရှိ လက်တံများသည် ရူးသွပ်လာသည့်အလား အရူး အမူး စုပ်ယူခြင်း ပြုတော့သည်။

ထိုလက်တံများ၏ အပေါ်၌ ဖောင်းကြွမှုများပင် ဖြစ်ပေါ်လာ၏။ ထိုသို့ စုပ်ယူမှုက ရှေးဟောင်းနတ်ဘုရားကလေးငယ်အပေါ်တွင် သာ ဖြစ်သည် မဟုတ်ပေ။ အခြား လူများအပေါ်တွင်လည်း ဖြစ် နေသည်သာ။ အချို့လူများ၏ ခန္ဓာကိုယ်များဆိုလျှင် ပေါက်ကွဲ ထွက်သွားခဲ့ပြီ ဖြစ်၏။

ထိုသို့ရုတ်တရက်ပြောင်းလဲမှုက ဝမ်လင်း၏အသွင်ကို သုန်မှုန် သွားစေသည်။သူက ချက်ခြင်းပင် မီးပြင်းဖိုထဲသို့ ဝင်ရောက် လိုက်၏။

ထိုသို့ ကြီးကြီးမားမား ပြောင်းလဲမှုသည် ဝမ်လင်းရှိနေသော နေရာတွင်သာ ကြုံရသည် မဟုတ်ဘဲ ကျဉ်းမြောင်းသည့် နေရာလွတ်လမ်းကြောင်းတစ်ခုလုံးတွင် ဖြစ်ပေါ်နေခြင်းပင်။

လမြွေနဂါးကြီးက ၎င်း နှစ်ပေါင်းများစွာ သိုမှီးထားသည့် အစာ များအားလုံးကို ချက်ခြင်း စုပ်ယူနေသလိုမျိုး ဖြစ်နေတော့သည်။

တစ်ချိန်တည်းမှာပင် သည်နေရာတစ်ခုလုံးသည် အပြင်ဘက် တွင် အံ့မခန်းတစ်ခုခု ဖြစ်ပွားသွားသကဲ့သို့ အပြင်းအထန် တုန်ခါ လာတော့၏။သည့်နောက် လမြွေနဂါးကြီး၏ ကြမ်းကြုတ်သော မာန်ဖီဟိန်းသံများ ပဲ့တင် ထပ်နေတော့သည်။
ဝဲကတော့၏ အပြင်ဘက်ရှိ လမြွေနဂါးငယ်များသည် လေထဲသို့ ပျံတက်ကုန်ကြ၏။ ခုချိန်တွင် လမြွေနဂါးကြီး၏ခန္ဓာကိုယ် အတွင်းဘက် နေရာတိုင်း၌ လမြွေနဂါးငယ်များ၏ ဟိန်းသံများ ပြည့်နေတော့သည်။

လမြွေနဂါးငယ်များစွာသည် လမြွေနဂါးကြီး ရှစ်ကောင်၏ ဦးဆောင်မှုအောက်၌ မြန်ဆန်စွာ ရွှေ့လျားနေကြ၏။

မည်သည့်ကြယ်အဖွဲ့အစည်းတွင်မဆို အလွန့်အလွန်တွေ့မြင်ရခဲ သည့် တိုက်ပွဲတစ်ခုသည် လမြွေနဂါးကြီး၏ အပြင်ဘက်တွင် ဖြစ်ပွားနေတော့သည်။

အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းတွင် အထွတ်အထိပ်တွင် ရပ်တည်နေကြသော ပုဂ္ဂိုလ်ခုနစ်ယောက်နှင့် လမြွေနဂါးကြီး တို့၏ တိုက်ပွဲသည် စတင်ခဲ့လေပြီ။

လမြွေနဂါးကြီး၏ ခန္ဓာကိုယ်သည် နိုးထလာ၏။၎င်းက ကြမ်းကြုတ်စွာ ဟိန်းဟောက်၍ ဟင်းလင်းပြင်ထဲ၌ ၎င်း၏ လက်တံရှည်များကို ဝှေ့ယမ်းနေလေသည်။ပထမဆုံးအကြိမ် အဖြစ် ၎င်း၏မျက်လုံးထဲတွင် သတိထားသည့် အရိပ်အယောင် တို့ ဖြစ်ပေါ်နေသည်။

၎င်း၏ အာရုံခံမနိုင်မှုသည် ကျင့်ကြံသူများနှင့် မတူညီ သော်လည်း လမြွေနဂါးကြီးသည် အားကောင်းသောအန္တရာယ် အငွေ့အသက်ကို ခံစားမိဆဲသာ။၎င်းက အခုလိုမျိုး အန္တရာယ် အငွေ့အသက်ကို မခံစားမိသည်မှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လမြွေနဂါးသည် လွန်ခဲ့သော ရှည်ကြားလွန်းလှသည့် အချိန်က ဒေသတစ်ခုသို့ မဝင်ရောက်ရန် ပြောကြားခဲ့သည့် အသံကို ခပ် ရေးရေး ပြန်မှတ်မိသွားခဲ့ပေသည်။

ထိုအသံ၏စွမ်းအားက သူ့ကိုယ်ပင် ကြောက်ရွှံ့မှု ခံစားစေခဲ့ သည် မဟုတ်လား။

ထိုမှတ်ဉာဏ်က အလွန်ကြာမြင့်ခဲ့ပြီး ဖြစ်သည်။သို့သော်လည်း ထိုအသံ၏အန္တရာယ်အငွေ့အသက်သည် သူ့စိတ်ထဲ၌ ရေးထွင်းမိနေလေပြီ။၎င်းအသံက ခုချိန်ထိ သူ့အပေါ်၌ သက်ရောက်မှု ရှိဆဲ ပင်။

ယခုအခိုက်အတန့်တွင်လည်း လမြွေနဂါးသည် အန္တရာယ်ကို ခံစားမိပြန်သည်။အခု အန္တရာယ်အငွေ့အသက်က အတိတ်တုန်း ကနှင့် ယှဉ်ပါက များစွာ အားနည်းသော်လည်း ၎င်းကို သတိထားစေပေသည်။

လမြွေနဂါးကြီး၏ လက်တံများသည် ဟိုဒီလှုပ်ရမ်းနေရင်း ၎င်း က မာန်ဖီနေ၏။

၎င်းက အန္တရာယ်ကို ခံစားမိသဖြင့် ၎င်း၏ ခွန်အားအပြည့်အဝ ကို အသုံးပြုရတော့မည်ဟု သိနေပေ၏။

၎င်း၏ဟိန်းသံထဲ၌ ရှုပ်ထွေးသော စကားတစ်ခု ရောထွေးနေကာ ၎င်းအသံက မန္တာန်တစ်ခုကို ဖြစ်စေပြီး ပတ်ပတ်လည်ရှိဟင်းလင်းပြင်ကို စတင် ပျက်စီးစေတော့၏။
အနီရောင်ဝတ်စုံနှင့်အဘိုးအိုက လက်ညွှန်ကာ ရှစ်မြှောင့်အစီအ ရင်နှင့် ပေါင်းစပ်လိုက်၏။ အစီအရင်သည် လမြွေနဂါးကြီး၏ အထက်တွင် ရှိနေကာ ၎င်း၏ အပေါ်သို့ မိုးကြိုးမီးတောက်များ မိုးရွာသလို ကျဆင်းလာစေတော့သည်။

တစ်ချိန်တည်းမှာပင် လူငယ်လေးလေးယောက်ထံမှ အနီရောင် မိုးကြိုးသည် လမြွေနဂါးကြီး၏ လှုပ်ရှားမှုကို တင်းတင်းကြပ် ကြပ် တားဆီးထားတော့၏။

အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးက ပေတစ်ထောင် ခန့်ရှိသော သိမ်းငှက်ကြီးအဖြစ်သို့ ပြောင်းလဲသွား၏။သူ့ ကြီးမားလှသည့် ခန္ဓာကိုယ်မှာ အစစ်အမှန် သိမ်းငှက်တစ်ကောင် ကဲ့သို့ ဖြစ်နေရင်း သူက လမြွေနဂါးအား လှည့်ပတ်နေရင်း လက်သည်းများဖြင့် တိုက်ခိုက်တော့သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ တိုက်ခိုက်မှုအောက်၌ အစစ်အမှန် ဂြိုဟ်တစ်ခုပင် လွယ်လင့်တကူ ပျက်စီးသွားရပေလိမ့်မည်။သူ့ ကျင့်ကြံမှုအဆင့်က သန်မာလွန်းလှသည် မဟုတ်လား။

ရှန်ကုန်းမိသားစုဘိုးဘေးကလည်း လမြွေနဂါးနှင့် ခြေတစ်လှမ်း အကွာသို့ ရောက်လာ၏။သူက သူ့လက်နှစ်ဖက်ကို ဖြန့်ကား လိုက်ရာ သူ့ခန္ဓာကိုယ်ကနေ မိုးကြိုးတန်းများ အရူးအမူး ရွှေ့ လျားကုန်ကြ၏။ မိုးကြိုးများကနေ မိုးကြိုးနဂါးများ ထွက် ပေါ်လာခဲ့တော့သည်။ ထိုမိုးကြိုးများက ရှေးဟောင်းမိုးကြိုးနဂါး ထံကနေ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ မိုးကြိုးစိတ်ဝိညာဉ်ထံက နေ ဖြစ်ပေါ်လာခြင်း မည်၏။

မိုးကြိုးနဂါး တစ်သောင်းကျော်သည် မာန်ဖီကုန်၏။၎င်းတို့သည် ရှန်ကုန်းမိသားစုဘိုးဘေးနှင့်အတူ ကြမ်းကြုတ်သော တိုက်ခိုက် မှုဖြင့် လမြွေနဂါးကြီးကို တိုက်ခိုက်လာကြသည်။

ကျန်းမိသားစုမှ လီယွမ်ဇီသည် တစ္ဆေဖြူတစ်ကောင်ကဲ့သို့ ဖြစ် နေ၏။သူက သိသာစွာ မြန်ဆန်လွန်းလှသည်။သူ့လက်ထဲ၌ ငွေ ရောင်ဓားတလက်ကို ဆွဲကိုင်ထားသည်။သူ့လက်ထဲရှိ ဓားက ဆန့်ထွက်လာကာ လမြွေနဂါးကြီး အခြားအစိတ်အပိုင်းတစ်ခု အပေါ်သို့ ထွင်းဖောက်လာချေ၏။

ထိုမန္တာန်ကြောင့် လီယွမ်ဇီသည် အလုံးစုံကောင်းကင် ကြယ်အဖွဲ့ အစည်းကြီးကို တုန်လှုပ်စေနိုင်ခဲ့ခြင်း ဖြစ်၏။နှလုံးသား လှုပ်ရှားမှု ကောင်းကင်ဘုံမန္တာန်။ သူ့နှလုံးသားက ဆန္ဒရှိနေသ၍ မည်သည့်အရာကမျှ သူ့အား ပိတ်ပင်နိုင်လိမ့်မည် မဟုတ်ပါ။
ငါးရောင်စုံတာအိုပညာရှင်က အလင်းတန်းငါးခုအဖြစ်သို့ ပြောင်းလဲသွား၏။အလင်းတန်းငါးခုသည် ဝဲကတော့တစ်ခု အလား ဖြစ်တည်ကာ လှည့်လည်လာသည်။ထိုဝဲကတော့သည် လောကတစ်ခုအဖြစ်သို့ ချဲ့ထွက်လာသည်။ထို့နောက် အပျိုစင် (၉၉) ယောက်၏ အရိပ်များ ပေါ်ထွက်လာ၏။သူတို့က ဝဲကတော့အတွင်း၌ ကြာပွင့်သဏ္ဌာန်ထိုင်ချလိုက်ကြသည်။ ထို အပျိုစင်(၉၉)ယောင်ထံမှ တုန်လှုပ်ဖွယ် မိန်းမဆန်သည့်အော်ရာ တစ်ခု ပျံ့နှံ့ကာ ပုန်းကွယ်နေသော မကောင်းဆိုးဝါးစိတ်ဝိညာဉ် တစ်ခုအဖြစ်သို့ သိပ်သည်းသွားရင် လမြွေနဂါးထံသို့ တိုးဝင် သွားသည်။

သွေးနတ်ဘုရား၏မျက်နှာက မထူးခြားနားပင်။သူက သွေးမြူ ထုကြီးအဖြစ်သို့ ပေါက်ကွဲထွက်စေ၏။သွေးရနံ့သည် အင်မတန် အားကောင်းလာကာ လမြွေနဂါးကြီး၏ခန္ဓာကိုယ်အား သွေး မြူသည် လွှမ်းခြုံလာတော့၏။သူက လက်တံများကို ကျော်ဖြတ် ကာ လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်း၌ ဝုန်းဒိုင်းကျဲ ဖျက်စီး မှုကို စတင်တော့သည်။

လမြွေနဂါးကြီး၏ခန္ဓာကိုယ်အတွင်း၌ မရေမတွက်နိုင်သော တုန် ဟီးသံများ ဆက်တိုက ဖြစ်ပေါ်နေသည်။

အရှင်မီးတောက်က သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ် စေ၏။မရေမတွက်နိုင်သော အစိတ်အပိုင်းများသည် သူ့ရှေ့၌ ပေါ်လာ၏။ အစိတ်အပိုင်းတစ်ခုချင်းစီသည် ကောင်းကင်ဘုံ နယ်မြေ၏ အစိတ်အပိုင်းနှင့် ပြုလုပ်ထားခြင်းသာ။ ယင်း အစိတ်အပိုင်းများက သူ့ထိန်းချုပ်မှုကြောင့် လှည့်ပတ်လာရင်း ကြယ်များကြား၌ ပြင်းထန်သောကောင်းကင်ဘုံအားတစ်ခု ပေါ်ထွက်လာတော့၏။

ထိုတိုက်ခိုက်မှုအားလုံးသည် သည်လမြွေနဂါးကြီးကို ဖမ်းဆီးနိုင် ရန်အတွက် ဖြစ်လေ၏။
လမြွေနဂါးကြီး၏ ဟိန်းသံသည် ပို၍ ပြင်းထန်လာ၏။ထို တိုက်ခိုက်မှုများက ၎င်း၏ခန္ဓာကိုယ်ကို အင်မတန် နာကျင်စေ သည့်အတွက် လမြွေနဂါးသည် ရူးသွပ်လုနီးပါး ဖြစ်လာ တော့သည်။သူက ယခုလို နာကျင်မှုမျိုး မခံစားမိသည်မှာ အချိန် ကြာမြင့်လွန်းခဲ့ပြီ မဟုတ်လား။

လမြွေနဂါးက ဒေါသတကြီး ဟိန်းလိုက်ပြီးနောက် ၎င်း၏ ပါးစပ် ထဲကနေ လမြွေနဂါးငယ်များ ပျံသန်းထွက်လာကြတော့၏။ ၎င်း တို့ထဲ၌ ပေတစ်သိန်းခန့် ရှည်သည့် လမြွေနဂါးရှစ်ကောင်နှင့် အတူ ပေတစ်သောင်း၊ပေတစ်ထောင်လောက် ရှိသည့် လမြွေ နဂါးများ ပါဝင်နေသည်။လမြွေနဂါးများ ထွက်ပေါ်လာသည်နှင့် ၎င်းတို့၏ ပါးစပ်ထဲကနေ ရှေးဟောင်းနတ်ဘုရား ဘာသာစကား များ ထွက်ပေါ်လာသည်။

ပင်မလမြွေနဂါးကြီးကသာ ရှေးဟောင်းနတ်ဘုရားအသံကို ထုတ်လွှတ်ခြင်း မဟုတ် ကျန်သည့် လမြွေနဂါးငယ်များသည် လည်း အလားတူ ထုတ်လွှတ်နေကြတော့၏။

လမြွေနဂါးကြီး၏ ဒေါသပုန်ထမှုသည် ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းနှင် အလားတူ၏။ လမြွေနဂါးတိုင်း၏ ရှေ့၌ တောက်ပသောအလင်းတစ်ခု ပေါ်လာသည်။ထိုအလင်းက မြန်ဆန်စွာ သိပ်သည်း၏။သိပ်မကြာခင်တွင် ရှေးဟောင်းနတ် ဘုရားလက်ချောင်းသည် ကြယ်များကြား၌ ပြည့်နှက်လာ တော့သည်။

ကြယ်များကြား၌ မရေမတွက်နိုင်သော လမြွေနဂါးငယ် များသည် မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရား လက်ချောင်းကို ဖြစ်ပေါ်စေသည်။ထိုအရာက လမြွေနဂါးကြီး၏ အံ့မခန်းစွမ်းအားများထဲမှ တစ်ခု ဖြစ်ချေသည်။

ထိုလက်ချောင်း၏စွမ်းအားက လူခြောက်ယောက်၏အသွင်ကို ပြောင်းလဲသွားစေ၏။

လမြွေနဂါးကြီး၏မန္တာန်က ထိုမျှနှင့် အဆုံးမသပ်သေးပေ။ ရှေးဟောင်းနတ်ဘုရား လက်ချောင်းကို ထုတ်ဖော်ပြီး သည့်နောက် ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးမှာ ပြင်းပြင်းထန်ထန် တုန်ခါလာကာ ဆက်တိုက် မာန်ဖီဟိန်းတော့၏။
ထိုအခါ လက်တံမြောက်များစွာသည် ၎င်း၏ ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်လာကြ၏။လက်တံများအပေါ်မှ အမွှေးအမျှင် များသည် ထောင်မတ် ကြီးထွားလာကာ ပေတစ်သိန်းရှည်လျား သည့် လမြွေနဂါးငယ်များ အဖြစ်သို့ ပြောင်းလဲကုန်ကြသည်။

လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့် သွေး နတ်ဘုရားမှလွဲ၍ အပြင်ဘက်ရှိ ကျန်သည့်ခြောက်ယောက်သည် တုန်လှုပ်သွားကြတော့၏။

"ဒါ…ဒါက ဘယ်လိုလမြွေ သားရဲမျိုးလဲ…။ရှေးဟောင်းစာအုပ် တွေထဲမှာ လမြွေသားရဲတစ်ကောင်ဟာ ဒီလိုမန္တာန်မျိုးကို အသုံးပြုနိုင်တယ်လို့ မှတ်ထားတာ လုံးဝ မရှိဘူး...

လမြွေနဂါးကြီးက သည်တုန်လှုပ်ဖွယ်မန္တာန်ကို အသုံးပြုစဉ် ဝမ် လင်းအနီးအနားရှိ ကျင့်ကြံသူများနှင့်သေမျိုးအားလုံးသည် သူ တို့၏ အသက်ဓာတ်ကို အပြီးတိုင် စုပ်ယူခြင်း ခံလိုက်ရကာ ပျက်စီးသွားကြတော့သည်။

ထိုသေမျိုးနှင့်ကျင့်ကြံသူများကို ဝန်းရံထားသည့် လက်တံ များသည် ၎င်းတို့၏အသက်ဓာတ်ကို စုပ်ယူပြီးသည့်အခါ ပျောက်ကွယ်သွားကြ၏။ဤအခိုက်အတန့်၌ လက်တံအမြောက် အများသည် ဝမ်လင်းရှိနေသော နေရာတွင် လျော့ပါးသွား တော့သည်။

ဝမ်လင်းရှေ့ရှိ ရှေးဟောင်းနတ်ဘုရားကလေးငယ်အပေါ်ရှိလက်တံများသည်လည်း စတင်၍ ကြောက်မက်ဖွယ်နှုန်းဖြင့် အသက်ဓာတ်ကို စုပ်ယူလာကြ၏။

လက်တံတစ်ခုချင်းစီပေါ်၌လည်း ဖုဖောင်းသည့် အလုံး များ ပေါ်လာတော့သည်။

တစ်ချိန်တည်းမှာပင် ထိုလက်တံများထံကနေ မရေမတွက်နိုင် သော အမျှင်များ ထွက်ပေါ်လာကြ၏။မျက်စိတစ်မှိတ်အတွင်း မှာပင် ယင်းအမျှင်များသည် ရှေးဟောင်းနတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိကာ စတင် ဝါးမြိုတော့သည်။

"ဒီရှေးဟောင်းနတ်ဘုရားကလေးငယ်က လမြွေနဂါကြီးရဲ့ အသက်ဓာတ်ရင်းမြစ် ဖြစ်လိမ့်မယ်..
ဝမ်လင်း၏မျက်လုံးသ်ည အေးစက်လာ၏။သူက ညာလက်ကို ပင့်ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။သူက တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ဝမ်လင်း၏မူလစိတ်ဝိညာဉ်ထဲ၌ ပဲ့တင့် သံတစ်ခု ပေါ်လာပြန်၏။

ထိုအသံသည် အရင်ထက် အားပျော့သွားခဲ့ပြီ ဖြစ်သည်။

“မတိုက်နဲ့ ငါဟာ လမြွေနဂါးနဲ့ တစ်သားတည်း ဖြစ်သွားခဲ့ပြီ။ မင်း တိုက်ခုက််တာနဲ့ လမြွေနဂါးရဲ့ တိုက်ခိုက်တာ ချက်ခြင်း ခံရ လိမ့်မယ်။ ငါ့ကလန်ဝင်..ဒီနေရာကနေ အမြန်ဆုံးထွက်သွားပြီး ငါ့ အမွေအနှစ်ကို ဆက်ခံနိုင်တဲ့လူကို ခေါ်လာခဲ့ပါ..။ငါ့မှာ အချိန် သိပ်မရှိတော့ဘူး...

ဝမ်လင်းစိတ်ထဲ၌ ပေါ်လာသည့် ထိုရှေးဟောင်းအသံသည် ပို၍ အားနည်းလာနေတော့သည်။

“ဒီနေရာကနေ မင်းစွမ်းအားနဲ့ဆို ထွက်သွားနိုင်မှာ မဟုတ်ဘူး..။ ငါ မင်းထွက်သွားလို့ရအောင် ကူညီပေးမယ်...

လက်တံများစွာ ထွေးခြုံထားသည့် ရှေးဟောင်းနတ်ဘုရား ကလေးငယ်သည် ရုတ်တရက် မျက်လုံးဖွင့်လာ၏။သူ မျက်လုံး ဖွင့်လိုက်သည်နှင့် သူ့နှဖူးထက်မှ ပုံရိပ်ယောင်ကြယ်ရှစ်ခုမှ တစ်ခု သည် ရုတ်တရက် ပျက်စီးသွားသည်။

ထိုပျက်စီးသွားမှုက အံ့မခန်းအားကို ဖြစ်ပေါ်စေကာ ဝမ်လင်းကို ဖြတ်ကျော်သွားရင်း ကျဉ်းမြောင်းသောနေရာလွပ်၏ အဆုံးရှိဝဲကတော့ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

ထိုအားမုန်တိုင်းက ဝဲကတော့ ထံသို့ တရကြမ်းတိုးဝင်လာစဉ်မှာ ပင် ဝဲကတော့ထိပ်၌ အနီရောင်အလင်းများစွာ ပေါ်လာ၏။သွေး နတ်ဘုရား၏ပုံရိပ်သည် မြန်ဆန်စွာ ထွက်ပေါ်လာလေသည်။ သူက လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ဖျက်စီးရင် သည်နေရာထိ ရောက်လာခဲ့ခြင်းပင်။ သူ ပေါ်လာသည်နှင့် ရှေးဟောင်းနတ်ဘုရား၏စွမ်းအားသည် ရုတ်တရက် ရောက်ရှိလာတော့သည်။
သွေးနတ်ဘုရား၏ ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက ငြီးငြူလိုက်ရ သည်။သူ့ခန္ဓာကိုယ်သည်လည်း ရုတ်တရက် ပျက်စီးသွားရ၏။ ထို့နောက် နတ်ဆိုးအားတစ်ခုသည် ရုတ်တရက် ပျံ့နှံ့လာကာ သူ့ အား ရှေးဟောင်းနတ်ဘုရား၏စွမ်းအားကို ပိတ်ဆို့ရန် ကူညီပေး သွားသည်။ရုတ်တရက် ဖြစ်ပေါ်လာသည် နတ်ဆိုးအရိပ်သည် တုန်လှုပ်မှုနှင့် ပြည့်သွားကာ ချက်ခြင်း ပျက်စီးသွား၏။ ၎င်းက သွေးနတ်ဘုရားနှင့်အတူ နောက်သို့ လွင့်စင်သွားကာ ဝဲကတော့ ထဲကနေ လွင့်ထွက်သွားသည်။

သွေးနတ်ဘုရား၏ခန္ဓာကိုယ် ပြန်ဖြစ်ပေါ်လာသည့်အခါ၌ သူ့ မျက်နှာသည် အလွန်ဖြူရောနေလေပြီ။ သူက သွေးမျာစွာ အန် ထုတ်လိုက်ရ၏။ သူ့မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားသည့်အတွက် အလွန်အားနည်းသည့်ပုံ ပေါ်နေ၏။ နတ်ဆိုးသာ သူ့စိတ်ဝိညာဉ်နှင့် ချိတ်ဆက်ထားခြင်း မဟုတ်ပါက သူသည် သေဆုံးသွားနိုင်ပေသည်။

သူ့မျက်လုံးထဲ၌ ပင့်သက်ရှိုက်မှု၊ကြောက်ရွှံ့မှု၊မယုံကြည်နိုင်မှုတို့ နှင့် ပြည့်နေတော့၏။

“ရှေးဟောင်းနတ်ဘုရား ”

သွေးနတ်ဘုရား၏ နောက်၌ နတ်ဆိုးအရိပ်သည် ပေါ်လာခဲ့ကာ ၎င်းက ထိုသို့ စကားဆိုလာသည်။ သူတို့နှစ်ယောက်ယောက်၏ မျက်လုံးထဲ၌ တူညီစွာ ကြောက်ရွှံ့မှုတို့ ပြည့်နေတော့သည်။
သွေးနတ်ဘုရားသည် တုံ့ဆိုင်းနေခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်ကို သွေးမြူခုအဖြစ်သို့ ပြောင်းလဲကာ သူ့နောက်မှာ နတ်ဆိုးအရိပ် နှင့်အတူ သွေးလွတ်မြောက်ခြင်းကို အသုံးပြုလိုက်၏။

အပြင်ဘက်တွင်မူ လမြွေနဂါးထံမှ လက်တံများအားလုံးသည် မ ရေမတွက်နိုင်သော လမြွေနဂါးငယ်များအဖြစ်သို့ ပြောင်းလဲသွား ခဲ့ပြီ ဖြစ်သည်။ထိုအဖြစ်က အနီးအနားရှိ မွန်းစတားအိုကြီးများ ကို ပင့်သက်ရှိုက်မိသွားစေသည်။

အရှင်မီးတောက်၏ မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက သူ့လက်ဖြင့် ချိပ်တံဆိပ်များကို ချက်ခြင်း ဖြစ်ပေါ်စေသည်။ မ ရေမတွက်နိုင်သော အစိတ်အပိုင်းများသည် ချက်ခြင်းလိုလို သည်ဧရိယာကို ဝန်းရံလာတော့၏။တစ်ချိန်တည်းမှာပင် အရှင် မီးတောက်သည် မာန်သွင်းလိုက်ရာ ဆန်းကြယ်သောအားလှိုင်း များ ပျံ့နှံ့လာတော့သည်။

အစိတ်အပိုင်းတစ်ခုချင်းစီသည် စွမ်းအားနှင့် ပြည့်နေသည်။ အစိတ်အပိုင်းများသည် လမြွေနဂါးကို ဝန်းရံကာ မြန်ဆန်စွာ လှည့်ပတ်ရင်း ဝဲကတော့ကြီးတစ်ခုကို ဖြစ်စေသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက သူ့အင်္ကျီလက်အိုးကို လှုပ်ခါကာ ရှစ်မြောင့်အစီအရင်ကြီးကို ပျက်စီးစေ၏။၎င်းအစီအရင်ကြီးက မရေမတွက်နိုင်သော အစီအရင်ငယ်များအဖြစ်သို့ ပြောင်းကာ တစ်ခုချင်းစီသည် လမြွေနဂါးကြီးကို ပိတ်လှောင်သည်။ ထို့နောက် အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် အထက်သို့ ပျံသန်း ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သည့်နောက် သူ့စိတ်ကို အစီအရင်တစ်ခုချင်းစီထံသို့ ခွဲခြမ်းကာ ပို့လွှတ် တော့သည်။

လူငယ်လေး လေးယောက်ကလည်း လမြွေနဂါးကို တင်းကြပ်စွာ ဝန်းရံလှည့်ပတ်နေသည်။ သူတို့က အနီရောင်အမြုတေကို သုံး ကာ လမြွေနဂါး၏လမ်းကြောင်းကို ဆက်တိုက် ချိပ်ပိတ် နေသည်။

လီယွမ်ဇီ၏မျက်လုံးက တလက်လက် ဖြစ်နေ၏။ငွေရောင်ဓား ကို ကိုင်ဆောင်ထားရင်း သူက အတားအဆီးများကို ဖြတ်ကျော် ကာ မရေမတွက်နိုင်သော လမြွေနဂါးငယ်များနှင့် နီးကပ်လာ သည်။ ငွေရောင်အလင်းများ တလက်လက် ဖြစ်ပေါ်သွားတိုင်း သူက တိုက်ခိုက်မှု ထုတ်ဖော်ပြီး ဖြစ်နေသည်။
သို့သော်လည်း မည်သည့်တိုက်ခိုက်မှုကမှ ဒေါမာန်ထနေသည့် လမြွေနဂါးကြီး ဖန်တီးထားသော ရှေးဟောင်းနတ်ဘုရား လက်ချောင်း အပေါ်၌ သက်ရောက်ခြင်း မရှိပေ။မရေမတွက်နိုင် သော ရှေးဟောင်းနတ်ဘုရားလက်ချောင်းများက သိပ်သည်းကာ နေရာတိုင်းသို့ ရောက်ရှိ နေတော့သည်။

ဘုန်းဘုန်း..ဘုန်း_မိုးကြိုးတုန်ဟီးသံတို့က ပဲ့တင်ထပ်ကုန်၏။ လမြွေနဂါးကြီး ဖန်တီးထားသော ရှေးဟောင်းနတ်ဘုရား လက်ချောင်းသည် လူငယ်လေးလေးယောက်၏ အတားအဆီး ပေါ်သို့ ကျရောက်လာချေသည်။

သူတို့ထဲမှ တစ်ယောက်၏မျက်နှာသည် ချက်ခြင်း ဖြူရောကာ သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့နှဖူးထက်ရှိ အနီရောင် အမြုတေပေါ်၌လည်း အက်ကွဲကြောင်းများ ပေါ်လာရင်း အနီ ရောင်မြူထုတစ်ခုသည် မြန်ဆန်စွာ ပျံ့နှံ့သွားကြသည်။

တစ်ချိန်တည်းမှာပင် ထိုလူငယ်လေး၏ မျက်နှာချင်းဆိုင်ရှိအခြားတစ်ယောက်၏ မျက်နှာသည်လည်း ဖြူရောသွားပေ သည်။သူ့ခန္ဓာကိုယ်က အားနည်းသွားခဲ့လေပြီ။ သို့သော်လည်း သူ့ဦးခေါင်းထက်၌ အနီရောင်အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာရင်း အနီရောင်အမြုတွေထံသို့ တိုးဝင်သည်။

ထိုအနီရောင်အလင်း လူငယ်လေး၏ ခန္ဓာကိုယ်မှ ထွက်ခွာသွား သည့်အခါ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ပျက်စီးသွားလေ သည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအိုက မရေမတွက်နိုင်သော ရှစ်မြှောင့် အစီအရင်များကို ဖန်တီးနေ၏။သို့သော် ၎င်းတို့အားလုံးသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်း ဖိအား အောက်တွင် ပျက်စီးသွားရသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ ပါးစပ်ထောင့်မှ သွေးများ ယိုစီး ကျလာရ၏။
အရှင်မီးတောက်၏မျက်လုံးသည် ချင်းချင်းနီနေသည်။သူက မာန်သွင်းကာ ကောင်းကင်ဘုံနယ်မြေ၏အစိတ်အပိုင်းများကို ချဲ့ ထွက်စေသည်။

ဖျပ်ခနဲပင် လမြွေနဂါးငယ်များသည် ထိုအစိတ်အပိုင်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်အလား ထင်ရသည်။ အစိတ်အပိုင်း တစ်ခုချင်းစီသည်လည်း မိုးကြိုများနှင့် ချိတ်ဆက်နေကာ လမြွေ နဂါးကို အတွင်းထဲ၌ ပိတ်လှောင်မည့်ပုံ ရသည်။

ဤအခိုက်အတန့်တွင် မြောက်ပိုင်းနယ်မြေတစ်ခုလုံးသည် တုန်ခါ နေကာ ၎င်း၏ ဟင်းလင်းပြင်ပင် ပျက်စီးတော့မလား ဖြစ်လာ သည်။

“ရောင်းရင်းကျင့်ကြံသူတို့.. ဒီသားရဲကို ချိပ်ပိတ်ဖို့ ငါ့ကို ကူညီ ကြပါ.. အရှင်မီးတောက်၏အသံသည် မိုးခြိမ်းသံအလား။ သူ့ လက်နှစ်ဖက်ကို ဆန့်ထုတ်ထားရင်း သူ့မျက်နှာပေါ်ရှိ သွေးကြော များသည် ဖောင်းကြွလာသည်။သူက သူ့စွမ်းအား အားလုံးကို အစွမ်းကုန် အသုံးပြုနေသည့်အလား ထင်မှတ်ရသည်။

မူလသို့ ပြန်ခြင်း အငွေ့အသက်သည် အရှင်မီးတောက်၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။၎င်းက အရိပ်အယောင်မျှ သာ ဖြစ်သော်လည်း လမြွေနဂါးကို ထိတ်လန့်သွားစေပေသည်။

၎င်းက လွန်ခဲ့သော ကြာမြင့်လှသည့် အချိန်များက သူ့အား အလွန်ကြောက်ရွှံ့စေခဲ့သည့်အသံကို ပြန်အမှတ်ရသွားပေသည်။ ထိုအသံထဲ၌လည်း ယခုလို အော်ရာမျိုး ပါဝင်နေခဲ့သည် မဟုတ် ပါလား။သို့သော် ၎င်းအသံ၏အော်ရာက ပို၍ အားကောင်းလွန်း ခဲ့ပေသည်။

လမြွေနဂါးသည် ထိုအော်ရာမျိုးကို အရှင်မီးတောက်ထံကနေ အခု ခံစားမိပြန်၏။

ထိုအခါ ၎င်း၏ခန္ဓာကိုယ်ကနေ ကြမ်းကြုတ်သော ဟိန်းသံများ ထွက်ပေါ်လာ၏။ထို့နောက် ၎င်း၏ခန္ဓာကိုယ်ကြီးသည် အရူး အမူး လှုပ်ရှားလာကာ ပါးစပ်ထဲကနေလည်း ထူးဆန်းသောအသံ တစ်ခု ထွက်ပေါ်လာသည်။လမြွေနဂါးငယ်များ၏ ရှေးဟောင်း နတ်ဘုရားလက်ချောင်းအားလုံးသည် သူ့ပင်မခန္ဓာကိုယ် ရှေ့၌ စတင် စုစည်းလာတော့သည်။

မရေမတွက်နိုင်သော ရှေးဟောင်းနတ်ဘုရားလက်ချောင်း များသည် စုစည်းပေါင်းစပ်သွားကြ၏။
ထိုအခါ လမြွေနဂါးကြီး၏ရှေ့၌ အထည်ဒြပ်ရှိသော ကြမ်းတမ်း လှသည့် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတစ်ခု ပေါ်လာ တော့သည်။

ထိုလက်ချောင်းက ဟိန်းမြည်သံနှင့်အတူ ဖိနှိပ်ကျလာသည်။

လမြွေနဂါးကြီး၏ ရှေ့ရှိ လူငယ်လေးသုံးယေက်သည် ထိုအားကို တောင့်ခံနိုင်စွမ်း မရှိကြတော့ပေ။သူတို့၏ခန္ဓာကိုယ်များသည် ပေါက်ကွဲထွက်ကုန်ကြသည်။သူတို့ဦးခေါင်းထက်ရှိ အနီရောင် အမြုတေများပါ ကွဲကြေသွားရကာ အနီရောင်မြူထုကြီးတစ်ခု အဖြစ် ဖန်တီးသွားသည်။

အတားအဆီး ပျောက်ကွယ်သွားသည်နှင့် လမြွေနဂါးငယ်များ စွာသည် တဟုန်ထိုး ထိုးထွက်လာကြသည်။ ရှန်ကုန်းမိသားစုဘိုး ဘေးသည် ရှေ့သို့ ခြေလှမ်းလာ၏။သူ့ခန္ဓာကိုယ်သည် မိုးကြိုးတို့ နှင့် ပြည့်နေသည်။ မိုးကြိုးနဂါးများစွာသည် လမြွေနဂါးငယ်များ အား တားဆီးရန် ထွက်ပေါ်လာကြ၏။

မြောက်ပိုင်းနယ်မြေကြီးတစ်ခုလုံးသည် တုန်ဟီး တုန်လှုပ်နေ တော့သည်။တိုက်ပွဲဧရိယာအတွင်းရှိ ဟင်းလင်းပြင်ပင် စတင် ပျက်စီးလာသည်။ ကီလိုမီတာ ငါးထောင်အကွာမှ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များ၏ အတားအဆီး အပေါ်သို့ပါ သက်ရောက်မှု ရှိလာသည်။

တစ်ချိန်တည်းမှာပင် ငါးရောင်စုံတာအိုပညာရှင်ကြောင့် ဖြစ် ပေါ်လာသည် တစ္ဆေသည် တဟုန်ထိုး ထွက်ပေါ်လာကာ လမြွေ နဂါးကို တိုက်ခိုက်တော့၏။

အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူက ငါးရောင်စုံတာအို ပညာရှင်၏ နောက်တွင် ကပ်၍ ပါလာ၏။သူက သိမ်းငှက်နက် ကြီးအဖြစ်သို့ ပြောင်းကာ သူ့ပါးစပ်ထဲကနေ ခေါင်းလောင်းတစ် ခုအား ထွေးထုတ်လာ၏။ထိုခေါင်းလောင်းသည် ပုံရိပ်ယောင် ဖြစ်ကာ သိမ်းငှက်ကြီးကို ခြုံလွှမ်းထားသည်။သိမ်းငှက်ကြီး ထိုး ထွက်လာသည်နှင့် ယင်းခေါင်းလောင်းသည် စတင် မြည်ဟီးလာ သည်။
ထိုခေါင်းလောင်းသံထဲ၌ အလွန်ထူးဆန်းသောစွမ်အားတစ်ခု ပါဝင်နေ၏။၎င်းက ပဲ့တင်ထပ်လာသည်နှင့် ပြိုကျနေသော ဟင်းလင်းပြင်သည် ပိုဆိုးလာကာ လမြွေနဂါးကို နောက်သို့ တွန်း ထုတ်တော့သည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုအားလုံးသည် ရှေးဟောင်းနတ် ဘုရားလက်ချောင်း၏ ရှေ့၌ ချက်ခြင်း ပျက်စီးသွားရပေသည်။ ထိုရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် အရင်ဆုံး ရင်ဆိုင် မိသည်က ကျန်းမိသားစုမှ လီယွမ်ဇီပင်။သူ့ငွေရောင်ဓားနှင့် လက်ချောင်းတို့ ထိဆုံသွားသည့်အခိုက်တွင် သူ့ခန္ဓာကိုယ်ကနေ တစီစီအသံများ ထွက်ပေါ်လာရသည်။သူက သွေးအန်ထုတ်ကာ နောက်သို့ လွင့်စင်သွားရ၏။ သို့သော်လည်း ပေတစ်ရာလောက် နောက်သို့ လွင့်စင်ပြီးသည့်နောက် လီယွမ်ဇီ၏မျက်လုံးထဲတွင် ဒေါသနှင့် ပြည့်လာတော့သည်။သူက နောက်သို့ ဆက်မဆုတ် တော့ဘဲ ရှေ့သို့ တဟုန်ထိုး ထိုးတက်သည်။

သူ့ကျင့်ကြံမှုအဆင့်သည် အလွန်မြင့်မားသည့်အတွက် သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်းကြောင့် မသေနိုင်ပေ။ သို့သော် သူ့မူလစိတ်ဝိညာဉ်သည် ထိခိုက်သွားရ၏။

ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ ဆက်တိုးလာ၏။အနီရောင်ဝတ်စုံနှင့်အဘိုးအိုသည် မာန်သွင်းကာ သွေးတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းကာ အစီအ ရင်နှင့် ပေါင်းစပ်လိုက်သည်။ အနီရောင်ရှစ်မြှောင့်အစီအရင် သည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက်တွေ့ဆုံ သွားသည်။

ချက်ခြင်းပင် ငါးရောင်စုံတာအိုပညာရှင်သည်လည်း နီးကပ် လာ၏။၎င်းက ရှေးဟောင်းနတ်ဘုရားနှင့် အနီးသို့ ရောက်သည့် အခါ အနက်ရောင်မြူထုအဖြစ်သို့ ပြောင်းကာ လက်ချောင်း တစ်လျှောက် ပျော်ဝင်ကာ ဝါးမြိုပစ်ရန် တာဆူသည်။

ရှန်ကုန်းမိသားစုဘိုးဘေးကလည်း တုံ့ဆိုင်းမနေပေ။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ မရေမတွက်နိုင်သော မိုးကြိုးနဂါးများသည် ပေတစ်ရာ ထူထဲ သည့် မိုးကြိုးတန်းအဖြစ်သို့ သိပ်သည်းသွားသည်။၎င်းက မျက်စိတစ်မှိတ်အတွင်း ရှေးဟောင်းနတ်ဘုရားလက်ချောင်းနှင့် ထိပ်တိုက် တွေ့သည်။
အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းလူကြီးကြောင့် ဖြစ်ပေါ်နေ သည့် သိမ်းငှက်နက်ကြီးကလည်း မရပ်တန့်ပေ။လူတိုင်း၏ မန္တာန်များသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းနှင့် ထိပ်တိုက်တွေ့ကြသည်။သူက လက်ချောင်းနှင့် တွေ့ဆုံသည်နှင့် သိမ်းငှက်နက်အား ဝန်းရံထားသည့် ဟီးသွားသည်။ ခေါင်းလောင်းသည် မြည်

မဟာမိတ်ကြယ်အဖွဲ့အစည်းကြီး၏ အထွတ်အထိပ်ရှိ လူငါး ယောက် တိုက်ခိုက်မှု စွမ်းအားသည် ဂြိုဟ်တစ်ခုအား လွယ်လင့်တကူ ပျက်စီးသွားနိုင်သည်။၎င်းတိုက်ခိုက်မှုစွမ်းအား သည် မြောက်ပိုင်းနယ်မြေကိုပါ ပျက်စီးအောင် လုပ်နိုင်စွမ်း ရှိနိုင်၏။

ဤအခိုက်အတန့်၌ သူတို့၏မန္တာန်များသည် လေဟာနယ်ကို မုန်တိုင်းတစ်ခုလို ဖျက်စီးပစ်သည်။ထိုမုန်တိုင်းသည် အင်မတန် အားကောင်းလှကာ ကီလိုမီတာငါးထောင်အကွာရှိ မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များ၏ အမူအရာတို့ ပင် ပြောင်းလဲသွားရသည်။အချို့ ပုံရိပ်ယောင်ယင်အဆင့်၌သာ ရှိသေးသော သူများ၏ မျက်နှာသည် ချက်ခြင်း ဖြူရောသွားကာ ပါးစပ်ထောင့်ကနေ သွေးများ ယိုစီးကျလာရသည်။

ထိုမုန်တိုင်းသည် ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းနှင့် တိုက်ရိုက် တွေ့ဆုံတော့သည်။

ဘုန်း..။

မြောက်ပိုင်းနယ်မြေတစ်ခွင်တွင် တော်လဲသံ တစ်ခု မည်ဟီး ပဲ့တင်ထပ်သည်။လီယွမ်ဇီက သွေးများနှင့် စွန်းပေနေကာ သူ့ ခန္ဓာကိုယ်ကနေ သွေးများ ပန်းထွက်နေ၏။သူက နောက်သို့ လွင့် စင်သွားရပြန်သည်။

အနက်ရောင်ဝတ်စုံနှင့်လူ၏ သိမ်းငှက်နက်သည်လည်း ပျက်စီး ကာ လွင့်စင်သွားရသည်။ ရှန်းကုန်မိသားစုဘိုးဘေး၏ ခန္ဓာကိုယ် ကနေ အက်ကွဲသံများ ထွက်ပေါ်လာ၏။သူ့မျက်နှာသည်ပင် ဖြူ ရောသွားကာ သွေးအန်၍ နောက်သို့ အမြန် ဆုတ်ရသည်။

အနီရောင်ဝတ်စုံနှင့်အဘိုးအို၏ ရှစ်မြှောင့်အစီအရင်လည်း ပျက်စီးကာ အားနည်းသွားသည်။သူက နောက်သို့ အတင်း ဆုတ် လိုက်ရသည်။သူ့မျက်နှာပေါ်တွင်လည်း သွေးရောင်ပင် မရှိတော့ ပေ..
သူတို့ငါးယောက်လုံးသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြပြီ ဖြစ်သည်။

ထိုလူငါးယောင်၏ စုပေါင်းတိုက်ခိုက်မှုစွမ်းအားအောက်တွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည်လည်း ပြိုပျက်လာရ ပေသည်။

သည့်နောက် ဟင်းလင်းပြင်သည် ပြိုပျက်လာကာ တုန်ခါမှုလှိုင်း တစ်ခု ပျံ့နှံ့လာသည်။

ထိုတုန်ခါမှုလှိုင်းသည် ကီလိုမီတာ ငါးသောင်းအတွင်းကို ချက် ခြင်း သက်ရောက်သွားသည်။ အချို့ လေလွင့်ဂြိုဟ်များပင် ချက် ခြင်း ပျက်စီးကွဲကြေသွားရ၏။

ကီလိုမီတာ ငါးသောင်းအကွာတွင် ရှိနေသော မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များသည်လည်း သွေးအန်ထုတ်လိုက်ရသည်။သူတို့က အတားအဆီးကို ဆက်၍ ထိန်းသိမ်းနိုင်စွမ်း မရှိကြတော့ပေ။သူတို့အားလုံးလည်း လွင့်စင် သွားရပေသည်။

ပိုဝေးသော နေရာတွင် ရှိနေသော အနီ၊အနက်ဝတ်စုံဖြင့် ကျင့်ကြံ သူများ၏ အတားအဆီးနှစ်ခုအပေါ်တွင်လည်း သက်ရောက် သွားသည်သာ ဖြစ်သည်။သူတို့က ချက်ခြင်း နောက်သို့ ဆုတ် လိုက်ရသည်။

ထိုအခိုက်အတန့်၌ လမြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းဘက် တွင် ဝမ်လင်းရှေ့ရှိ ရှေးဟောင်းနတ်ဘုရားသည် အပြင်းအထန် တုန်ယင်လာကာ လက်တံများကလည်း သူ့အား အရူးအမူး ဝါး မြိုနေကြသည်။ သူ့နှဖူးထက်မှ နောက်ထပ် ကြယ်တစ်လုံးသည် ရုတ်တရက် ပျက်စီးသွားပြန်သည်။

ထိုကြယ်ပျက်စီးသွားသည့်နောက် လက်တံများသည် စွမ်းအင် မြောက်များစွာကို စုပ်ယူ၏။ သို့သော် ရှေးဟောင်းနတ် ဘုရား၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု ပေါ်လာကာ ၎င်းက ရှုပ်ထွေးသော မန္တာန်တစ်ခုကို စတင် ရွတ်ဆိုသည်။ ထိုအခါ ကျန်သည့်စွမ်းအား အစိတ်အပိုင်းများသည် ရိုး

စင်းသော တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုအဖြစ်သို့ ဖြစ်ပေါ်သည်။

"ငါ့ကလန်ဝင်...မြန်မြန်သွားတော့..ပြီးရင် ငါ့ကလန်ဝင် အစစ်အမှန်ကို ဒီနေရာကို ခေါ်လာခဲ့ချေ..."
ဝမ်လင်းသည် တိတ်ဆိတ်စွာ စဉ်းစားနေရင်း အားနည်းသွား သည့် ရှေးဟောင်းနတ်ဘုရားကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်သည်။ထို့နောက် သူက အစီအရင်ထဲသို့ ခြေလှမ်းကာ ပျောက်ကွယ်သွားတော့သည်။

Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)