အပိုင်း(171)
ချင်လင်းဂြိုဟ်သို့ ပြန်ခြင်း
ဝမ်လင်းပျောက်ကွယ်သွားပြီးနောက် မရေမတွက်နိုင်သော လက်တံများသည် လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို ထွေးခြုံလာကာ ပျက်စီးသွားစေသည်။
လီယွမ်ဇီနှင့်အခြားလူများ၏ အကူအညီဖြင့် လမြွေနဂါးကို တိုက်ခိုက်ပြီးစဉ်တွင် အရှင်မီးတောက်သည် မျက်လုံးမှိတ်ကာ အော်ပြောလိုက်၏။ "ချိပ်ပိတ်စမ်း...
မရေမတွက်နိုင်သော ကောင်းကင်ဘုံနယ်မြေအစိတ်အပိုင်း များသည် တဝုန်းဝုန်းဖြင့် လမြွေနဂါးကြီး၏ ကိုယ်ပေါ်သို့ အရပ် မျက်နှာအနှံ့ကနေ နီးကပ်လာလေသည်။
လမြွေနဂါးကြီးက ဒေါသတကြီး ဟိန်းသံပေးကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးအား ထိုးထွက်လိုက်၏။
၎င်းက ကောင်းကင်ဘုံအစိတ်အပိုင်းများထံသို့ ဝင့်ဆောင်သွား စဉ် လမြွေနဂါးကြီးသည် ရုတ်တရပ် ရပ်တန့်သွားတော့သည်။ အပေါ်သို့ ပင့်ကြည့်လာသည့် ၎င်း၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ဖြစ်ပေါ်နေ၏။
လမြွေနဂါးကြီး လှမ်းကြည့်လိုက်သော နေရာသည် ပျက်စီးသွား ခဲ့ပြီးဖြစ်၏။ သည့်နောက် အေးစက်စက်လေပြင်းများ တိုက်ခိုက် လာပြီး လူတစ်ယောက် လှမ်းထွက်လာသည်။
ထိုလူ၏ပုံပန်းက မသဲမကွဲ ဖြစ်လွန်းနေ၏။ ယောက်ျားတစ် ယောက်ဟုသာ အကြမ်းဖျဉ်းသိနိုင်သည်။သူက အေးဆေး တည်ငြိမ်ကာ လေဟာနယ်ထဲကနေ ဖြည်းဖြည်းချင်း လှမ်း လျှောက်ထွက်လာ၏။
သူထွက်ပေါ်လာသည်နှင့် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော လီ ယွမ်ဇီနှင့်အခြားလူများ၏ အသွင်ဟန်ပန်က ကြီးစွာ ပြောင်းလဲ သွားကြသည်။လီယွမ်ဇီ၏မောက်မာမှုဖြင့်ပင် သူက ထိုလူထွက် ပေါ်လာသည့်အခါ၌ သူ့စိတ်သည် တုန်လှုပ်ရပေသည်။ထို အခိုက်၌ သူ့မျက်လုံးထဲတွင် လေးစားမှုတို့နှင့် ပြည့်နေတော့၏။
သူပဲ..
“အရှင်မီးတောက်က သူ့ကို တကယ် ဖိတ်ခေါ် ခဲ့တာပဲ..
ကျန်သည့်လေးယောက်၏အသွင်သည်လည်း လေးစားသည့် ဟန်ပန်များ ဖြစ်နေကြသည်။
ထိုပုံရိပ်ယောင်လို ဖြစ်နေသည့် ပုဂ္ဂိုလ်ထွက်ပေါ်လာသည့်အခါ၌ အရှင်မီးတောက်၏မျက်လုံးထဲတွင် ကျေနပ်မှုတို့ ပြည့်လာ တော့၏။ထိုပုံရိပ်သည် လမြွေနဂါးထံသို့ ဦးတည် လျှောက်လှမ်း သွား၏။လမြွေနဂါးကြီး၏ခန္ဓာကိုယ်မှာ ထိုလူ၏ အော်ရာကို ကြောက်ရွှံသဖြင့် တုန်ယင်နေတော့သည်။
လမြွေနဂါးက ဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွား၏။
ထိုအချိန်၌ လမြွေနဂါးကြီးနှင့် ကီလိုမီတာသန်းပေါင်းများစွာ ဝေးသည့်နေရာတွင် ဝမ်လင်းသည် ပြန်ထွက်ပေါ်လာ၏။
သူက ထွက်ပေါ်လာသည်နှင့် ချက်ခြင်း နောက်လှည့်ကြည့်ကာ စဉ်းစားနေသည်။
“လမြွေနဂါး ကြီးကြီးမားမား ပြောင်းလဲသွားတာနဲ့ ပတ်သတ်ပြီး အကြောင်းရင်းတစ်ခု ရှိရမယ်။ အချို့လူတွေကများ သူ့ကို လာ တိုက်ခိုက်တာလား။ လမြွေနဂါးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ရှေးဟောင်းနတ်ဘုရားကလေးငယ်က ငါ့ကို သူ့ရဲ့ ဆက်ခံသူတစ် ယောက် ခေါ်လာစေချင်နေတယ်။ ဒါပေမဲ့လည်း ကံမကောင်းစွာ နဲ့ ငါ့မူရင်းခန္ဓာကိုယ်ဟာ မဟာမိတ်ကြယ်အဖွဲ့အစည်းမှာ ရှိမနေ တာပဲ။ မဟုတ်ရင် ဒါက ကြိုးစားကြည့်လို့ရမှာ။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စမှာ ငါ သတိထားပြီး အလျင်စလို မလုပ် တာပဲ ကောင်းတယ်...”
“ငါ လမြွေနဂါးထဲကနေ ထွက်လာတဲ့နောက် ဘယ်သူကမှ ငါ့ကို အချိန်တိုအတွင်း ထောက်လှမ်းနိုင်မှာ မဟုတ်တာ ယုံကြည် တယ် "
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်နေ၏။သူက အလင်းတန်းအသွင်သို့ ပြောင်းကာ ပျံသန်းထွက်သွား တော့သည်။ သည့်နောက် သူက လောကနှင့် တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွားလေသည်။
လမြွေနဂါးကြီး၏ အလွန်ဝေးကွာသော နေရာတွင် ရှိနေသည့် မြောက်ပိုင်းနယ်မြေတစ်နေရာတွင် ချင်လင်းဂြိုဟ် တည်ရှိပေ သည်။ယနေ့တွင် ထိုဂြိုဟ်၏အပြင်ဘက်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာ၏။သည့်နောက် ဝမ်လင်းသည် လှိုင်းကြားကနေ လှမ်း ထွက်လို့လာသည်။သူက သူ့ရှေ့ရှိ ဂြိုဟ်နှင့် ရင်းနှီးနေသည် မဟုတ်လား။
“နောက်ဆုံးတော့ ငါ ပြန်ရောက်လာခဲ့ပြီ.. ဝမ်လင်းက ချန်လင်း ဂြိုဟ်ရှိရာသို့ ဦးတည်သွားတော့၏။သို့သော်လည်း သူက ဂြိုဟ် အနီးအနားသို့ ရောက်လာသည့်အခါတွင် ပြင်းထန်သောအော်ရာ တစ်ချို့သည် သူ့ထံသို့ ရန်လိုဟန် ရောက်ရှိလာသည်။
ဝမ်လင်းက မျက်မှောင်ကြုတ်သွားသည်။သို့သော် သူက ချက် ခြင်း စိတ်သက်သာရာရသွား၏။ ထိုနတ်ဘုရားအာရုံများသည် ဝမ်လင်း မည်သူမှန်း သိသွားပြီးနောက် ချက်ခြင်း ပြန်ပျောက် ကွယ်သွားတော့၏။ ထို့နောက် ပုံရိပ်ဆယ်ခုကျော်သည် ဝမ်လင်း ရှိရာသို့ ဦးတည်ထွက်လာကြတော့သည်။
ဝမ်လင်းက ချန်လင်းဂြိုဟ်ထဲသို့ ခြေချလိုက်သည့်နောက် ရွေးချယ်ခံမသေမျိုးကလန်မှ လူဆယ်ယောက်ကျော်သည် ထွက် ပေါ်လာလေ၏။ကလန်ဘိုးဘေးက ရှေ့သို့ ချက်ခြင်း တိုးလာကာ ဝမ်လင်းကို တလေးတစား နှုတ်ဆက်လိုက်၏။ “ကျေးဇူးရှင်..”
ဝမ်လင်းက ထိုအဘိုးအိုနှင့်အခြားကလန်ဝင်များကို ကြည့်ကာ မေးလိုက်၏။ "မင်းတို့ ဒီဂြိုဟ်ကို လာခဲ့တဲ့ လမ်းခရီးက အဆင်ပြေ ချောမွတ်ခဲ့ရဲ့လား...
အဘိုးအိုက အသက်ဝဝရှူသွင်းကာ ပြန်ဖြေ၏။ “ကျေးဇူးရှင်……လမ်ခရီးက အဆင်ပြေခဲ့ပါတယ်။ဒါပေမဲ့လည်း လမ်းတစ်လျှောက်မှာ ငါတို့ ကြားခဲ့တာကတော့ မဟာမိတ်ကြယ် အဖွဲ့အစည်းရဲ့ ယောင်မိသားစုဟာ ကျေးဇူးရှင်နောက်ကို အမဲ လိုက်နေတယ်ဆို...
ဝမ်လင်းက ခေါင်းရမ်းလိုက်၏။ “ဒီကိစ္စက ပြီးသွားပါပြီ... ထပ်ပြောမနေနဲ့တော့။ မင်းတို့လည်း ဒီမှာ ရှိနေပြီဆိုတော့ အေးဆေးသာ နေတော့။ငါ လအနည်းငယ်လောက် တံခါးပိတ် ကျင့်ကြံဦးမယ်..ဒီအတောအတွင်း ဒီနေရာကို ကောင်းကောင်း ကာကွယ်ထားပါ..
အဘိုးအိုက ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်၏။
ဝမ်လင်းသည် ချက်ခြင်းပင် ဟန်ယွမ်တောင်ထိပ်ထံသို့ တည်နေရာ ရွှေ့ပြောင်း၍ ရောက်သွားတော့သည်။ထိုနေရာက သူ မထွက်သွားခင်ကတည်းက အတိုင်း ရှိနေ၏။လှိုဏ်ဂူတစ်ခု ပင် သည်နေရာတွင် ရှိနေဆဲ ဖြစ်သည်။
လှိုဏ်ဂူထဲသို့ ဝင်လာပြီးသည့်နောက် ဝမ်လင်းသည် အစီအရင် များကို ချက်ခြင်း ဖွင့်လှစ်လိုက်၏။ ဟန်ယွမ်တောင်ထိပ်၏ ပတ်လည်သည် ချက်ခြင်း ချိပ်ပိတ်သွားလေပြီ။ထို့နောက် သူက ထိုင်ချကာ မျက်လုံးမှိတ် စတင် ကျင့်ကြံတော့သည်။
နာရီများစွာ ကြာမြင့်ပြီးသည့်နောက် အပြင်ဘက်တွင် ညအချိန် သို့ ရောက်လာခဲ့ပြီ။မြေပြင်ထက်သို့ ကြယ်အလင်းများက ပတ် ဖြန်းကျဆင်းကာ အရာရာသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
လရောင်က လှိုဏ်ဂူဝင်ပေါက်သို့ ကျရောက်လာသည့်အခါတွင် ဂူမြေပြင်ကနေ အလင်းပြန်ကာ လှပနေတော့၏။ဝမ်လင်းသည် အားပါးတရ အသက်ရှူသွင်းလိုက်၏။ သူက မိုးကြိုး ကောင်းကင်ဘုံနယ်မြေကနေ ထွက်လာခဲ့ကတည်းက အင်မတန် ပင်ပန်းနေခဲ့ရသည် မဟုတ်လား။လမြွေနဂါးကြီး၏ခန္ဓာကိုယ်ထဲ တွင် ရှိနေစဉ်ပင် သူက အနည်းငယ်မျှသာ စိတ် သက်သက်သာသာ နေခဲ့ရပေသည်။
သို့သော်လည်း ခုချိန်၌ သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းဂြိုဟ်ပေါ်၌ ဝမ် လင်းသည် လုံးဝ စိတ်အေးစွာ နေနေနိုင်ပြီ ဖြစ်သည်။ခုချိန်ပ သူက လှိုဏ်ဂူအပြင်ဘက်ရှိ ကောင်းကင်ထက်သို့ မော့ကြည့်ကာ စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သူ့ အကြည့်ကို ပြန်ရုတ်သိမ်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ယောင်မိသားစုရဲ့ အမဲလိုက်တာက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ငါ့မှာ အချိန်သိပ်မရတော့ဘူးပဲ..
သူက စဉ်းစားနေရင်း သိုလှောင်အိတ်ထဲကနေ မီးပြင်းဖိုကြီးတစ် ခုကို ထုတ်ယူလိုက်သည်။၎င်းက ရှေးကျသောအော်ရာကို ပေး စွမ်းနေသည်။ဝမ်လင်းသည် သူ့မူလစွမ်းအင်အဆီအနှစ်ကို ထွေး ထုတ်ကာ မီးပြင်းဖို ပတ်လည်သို့ ဝန်းရံစေ၏။သည့်နောက် ၎င်း ကို စတင် သန့်စင်တော့သည်။
“ငါ ဒီမီးပြင်းဖိုကို အချိန်ပိုကြာကြာ သန့်စင်လေလေ ဒါကို အသုံးပြုနိုင်တဲ့စွမ်းအားတွေ ပိုရလာလေလေပဲ ဖြစ်မယ်။ ဒါပေမဲ့ လည်း ခုချိန်မှာတော့ ငါက ဒါကို ကောင်းကောင်း လေ့လာကြည့် ဖို့ လိုနေတယ်..
ဝမ်လင်းသည် ရှိုက်သွင်းလိုက်၏။ မီးပြင်းဖိုသည် ရုတ်တရက် ကျုံ့သွား၏။တဖြည်းဖြည်းဖြင့် ၎င်းက အလင်းတန်းတစ်ခု အသွင်သို့ ပြောင်းသွားပြီး ဝမ်လင်းက မြိုချပစ်သည်။
ထို့နောက် သူ့အရိပ်ထဲကနေ ထာရှန်သည် လှမ်းထွက်လာ၏။ထာ ရှန်သည် အပြင်းအထန် ဒဏ်ရာ ရထားပေသည်။ထိုင်ချလိုက်ပြီး နောက် ထာရှန်က မျက်လုံးမှိတ်ထားလိုက်၏။ ဝမ်လင်း၏ အမိန့် အော်က၌ သူက သူ့ကိုယ်သူ စတင်၍ ကုသနေတော့သည်။
ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းသည် သိုလှောင်အိတ်ထဲက နေ သူချိပ်ပိတ်ထားသော ယောင်ပင်ယွမ်ကို ထုတ်ယူလိုက် ပြန်၏။
ကံကြမ္မာကျာပွတ်သည် သူမ၏မူလစိတ်ဝိညာဉ်ကို ထွေးခြုံထား ကာ စိတ်ဝိညာဉ်အလံမှာ သူမ၏ခန္ဓာကိုယ်ကို ခြုံလွှမ်း ထားသည်။သူမအား ချိပ်ပိတ်ထားသော ရွှေရောင်စာလုံး
များသည် ရာနှင့်ချီ၍ ရှိနေသည်။ယောင်ပင်ယွမ်ကို ချိပ်ပိတ်ထား ခြင်းကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ် နေ၏။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကိုလည်း ဖြစ်ပေါ်စေလိုက် သည်။သူမပတ်လည်ရှိ ရွှေရောင်စာလုံးများသည် တစ်ခုပြီးတစ် ခု မြင့်တက်လာကာ လှိုဏ်ဂူသည် ရွှေရောင်စွန်းထင်းနေ တော့၏။
ထိုစာလုံးသင်္ကေတများ၏ အောက်ဘက်၌ စိတ်ဝိညာဉ်အလံ ရှိနေ၏။ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ရာ အနက် ရောင်မြူလွှာတစ်ခုသည် ယောင်ပင်ယွမ်၏ခန္ဓဦကိုယ်ကနေ ထွက်ပေါ်လာရင်း သူမ၏ခန္ဓာကိုယ် လှစ်ဟစေ၏။
ခုချိန်၌ သူမ၏ အဝတ်အစားများမှာ စုတ်ပြဲနေသည့်အတွက် အလွန်စွဲဆောင်မှု ရှိနေသည်။သူမက မျက်လုံးမှိတ်ထားလျက် ရှိကာ သူမ၏မျက်နှာသည် ဖြူရောနေပြီး အချိန်မရွေးသေဆုံး သွားနိုင်သည့် အလားပင်။
သို့သော်လည်း သူမ၏ခန္ဓာကိုယ်ထဲ၌ မူလစွမ်းအင်များစွာ ရှိနေ သေး၏။ သို့သော် ၎င်းတို့က သီးသန့်ဖြစ်နေကာ သူမ၏မူလစိတ် ဝိညာဉ်နှင့် ပေါင်းစပ်နေနိုင်ခြင်း မရှိပေ။
ဝမ်လင်းက ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေရင်း စဉ်းစား နေသည်။
"ဒီအမျိုးသမီးကို ကောင်းကင်ဘုံသက်တော်စောင့်အဖြစ် သန့်စင် ဖို့က ရွေးချယ်မှုတစ်ခုပဲ။ ဒါပေမဲ့ ဒီလိုမလုပ်ခင် ငါက သူမရဲ့ စွမ်းအားကို ငှားယမ်းဖို့ လိုအပ်တယ်..
ဝမ်လင်း၏ မျက်လုံးက အေးစက်လာ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူမ၏မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်က အသက်ဝင်လာကာ သူမ၏ခန္ဓာကိုယ်ထဲသို သူ့လက်ချောင်းကနေ တစ်ဆင့် ဝင် ရောက်သွားသည်။ဝမ်လင်း၏ မူလစွမ်းအင်သည် သူမ၏ခန္ဓာကိုယ်ထဲ၌ ဝဲကတော့တစ်ခုအသွင် ဖြစ်နေ၏။ထို ဝဲကတော့သည် ယောင်ပင်ယွမ်၏မူလစွမ်းအင်အချို့ကို ချက် ခြင်း စုပ်ယူကာ ၎င်းကိုယ်၎င်း ကြီးထွားစေသည်။
ဝမ်လင်းသည် ဝဲကတော့ဖြင့် မူလစွမ်းအင်တို့ကို စုပ်ယူနေစဉ် အတွင်း အတော်လေး သတိထားနေ၏။သူက မူလစွမ်းအင်ကို ထိန်းချုပ်မှု ဆုံးရှုံးမလို ဖြစ်သည်နှင့် ရုတ်တရက် ၎င်းဝဲကတော့ ကို ပြန်ထုတ်ယူပစ်သည်။
ယောင်ပင်ယွမ်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ယင်လာသည်။သူမ၏ စုတ်ပြဲနေသောအဝတ်အစား များသည် လွင့်သွားကြ၏။တစ်ချိန်တည်းမှာပင် သူမခန္ဓာကိုယ် ထဲရှိ ဝဲကတော့သည် ထွက်ပေါ်လာကာ သည်ဧရိယာ၌ မူလ စွမ်းအင်များစွာ ပြည့်လျှံနေတော့သည်။
ဝမ်လင်းက ချက်ခြင်းပင် ၎င်းစွမ်းအင်တို့ကို ဝါးမြိုပစ်သည်။ ယောင်ပင်ယွမ်ထံမှ ထွက်ပေါ်လာသည့် မူလစွမ်းအင်သည် အခိုး ငွေ့အငွေ့သို့ ပြောင်းကာ ဝမ်လင်း၏ စုပ်ယူခြင်းကို ခံရ၏။
မူလစွမ်းအင်တို့ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးနောက် ဝမ် လင်း၏မျက်လုံးသည် တောက်ပလာ၏။သူ့အသားအရေပင် အနည်းငယ် နီမြန်းလာသည်။သူ့မူလစိတ်ဝိညာဉ်သည် ယောင် ပင်ယွမ်ထံမှ ဝါးမြိုထားသည့် မူလစွမ်းအင်တို့ကို အလျင်အမြန် စုပ်ယူတော့သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။နေရောင်ပင် လှိုဏ်ဂူ အပြင်ဘက်တွင် ထွက်ပေါ်လာ၏။
လှိုဏ်ဂူအတွင်း၌ ယောင်ပင်ယွမ်သည် မြေပြင်ထက်တွင် ရှိနေ၏။ နေရောင်က သူမ ပေါ်သို့ ပတ်ဖြန်းလာသည့်အခါ ကျက်သရေဖြာသောမြင်ကွင်းကို ဖြစ်စေသည်။သည် အခိုက်အတန့်၌ ယောင်ပင်ယွမ်သည် အံ့မခန်းအလှတရားကို ပေးစွမ်းနေသည်။သို့သော် သူမ၏ အလှတရားထဲ၌ ဝမ်းနည်းမှု အရိပ်အမြွက် ပါရှိနေသည်။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည် တညလုံး အလုပ်လုပ်နေရ၏။ သူက မူလစွမ်းအင်များကို ဝါးမြိုရင်း သူ့ကိုယ်ပိုင်အဖြစ်သို့ ပြောင်းလဲနေခြင်းပင်။
ထိုဖြစ်စဉ်အတွင်း သူ့မူလစိတ်ဝိညာဉ်၏ ဒဏ်ရာသည်လည်း တဖြည်းဖြည်း ကုသပြီး ဖြစ်နေသည်။ နေမြင့်လာသည်နှင့်အမျှ သူ့မူလစိတ်ဝိညာဉ်သည် ပြန်ကောင်းမွန်လာခဲ့ပေပြီ။ ထိုမျှသာ မကသေး ယောင်ပင်ယွမ်၏မူလစွမ်းအင်ကို သန့်စင်ပြီး သည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် ပို၍ပင် သန်မာလာ တော့သည်။
သည့်နောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ချက်ခြင်းပင် သူက သူ့လက်ချောင်းဖြင့် ယောင်ပင်ယွမ်၏မျက်ခုံးနှစ်ခုကြား သို့ ဖိချလိုက်သည်။
မူလစွမ်းအင်သည် ယောင်ပင်ယွမ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ကာ ဝဲကတော့တစ်ခုကို ဖြစ်စေပြန်ပြီး သူမခန္ဓာကိုယ်နှင့် ကင်းကွာနေသည့် မူလစွမ်းအင်တို့ကို ဆက်၍ စုပ်ယူပြန်သည်။
“သူမရဲ့ မူလစွမ်းအင်အားလုံးကို စုပ်ယူပြီးရင် ငါ့ကျင့်ကြံမှု အဆင့်ကလည်း တော်တော်လေး တိုးတက်လာလိမ့်မယ်။အဲ့ နောက် ငါ့နယ်ပယ်ကလည်း ဒုတိယအဆင့်ကို ဝင်ရောက်ပြီး နိဗ္ဗာ နကြိုမြင်ခြင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်..
ဝမ်လင်း၏မျက်လုံးသည် ထူးဆန်းသောအလင်းတစ်ခု ပေါ်နေ ရင်း ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေသည်။ဝဲကတော့သည် ၎င်း၏ အကန့်အသတ်သို့ ရောက်သည်နှင့် သူက ၎င်းကို ချက် ခြင်း ပြန်ထုတ်ယူလိုက်ပြန်၏။
အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်းကြီးရှိ ကျင့်ကြံသူတိုင်း ကို တုန်လှုပ်စေသည့် သတင်းမုန်တိုင်းတစ်ခုသည် ပျံ့နှံ့လာခဲ့ သည်။မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ပစ်ခဲ့သော ဧရာမသားရဲကြီးသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည် ဟူ၍ပင်။
အလွန့်အလွန်နည်းပါးသော သူများကသာ ထိုအရာ မည်သို့ ဖြစ် ပျက်ခဲ့သည်ကို သိပေ၏။သို့သော် ရလဒ်ကပင် မဟာမိတ်ကြယ် အဖွဲ့အစည်း၏ ကျင့်ကြံသူများအားလုံးကို တုန်လှုပ်စေခဲ့ပေ သည်။
ချက်ခြင်းပင် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ဂုဏ် သတင်းသည် အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့လေသည်။၎င်း က ရှေးဟောင်းအချိန်များက အမွေအနှစ်ဆက်ခံခဲ့သည့် မိသားစု အနည်းငယ်ကိုပါ လွှမ်းမိုးပြီး အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်း၏ စွမ်းအားသင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
ထိုမုန်တိုင်းနှင့် ဆက်နွှယ်၍ ကောင်းကင်ဦးစီး (၁ဝ၈)နေရာ အတွက် ပြိုင်ပွဲသည်လည်း တရားဝင် စတင်လာခဲ့လေပြီ။
"ကောင်းကင်ဘုံနယ်မြေပျက်စီးသွားပြီးတဲ့နောက်မှာ ကောင်းကင်ဘုံသားတွေဟာလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ် တယ်။ဒါပေမဲ့ ကောင်းကင်ဘုံသားအချို့ကတော့ ရှိနေနိုင်ဦးမှာ ဖြစ်တယ်။ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ ကမ်းလှမ်းတဲ့ ကောင်းကင်ဦးစီးနေရာဟာ ဒီလူတွေကို ကောင်းကင်ဘုံသားလို ဖြစ်စေမှာ ဖြစ်တယ်။ ဒီ(၁၀၈)ယောက်ရဲ့ မိသားစုတွေဟာလည်း ကောင်းကင်ဘုံ ကလန်များလို့ ယူဆနိုင်လိမ့်မယ်..
“မဟာမိတ်ကြယ်အဖွဲ့အစည်းနဲ့ တိုက်ခိုက်မဲ့ စစ်ပွဲအတွင်း ကောင်းကင်ဘုံသားတစ်ယောက်ချင်းစီဟာ ခေါင်းဆောင်တစ် ယောက် ဖြစ်လာမယ်. သူတို့ရဲ့ မိသားစုတွေဟာလည်း ကိုယ်ပိုင် ကျင့်ကြံခြင်းဂြိုဟ်တွေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်တယ်..
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကောင်းကင်ဦးစီးနေရာ ဆိုသည့် သတင်းသည် အချိန်အတန်ကြာကတည်းက ထွက် ပေါ်လာခဲ့ခြင်းပင်။သို့သော် အခုမှ အမှန်တကယ် စတင်လာခြင်း ဖြစ်တော့၏။ထိုသတင်းကြောင့် အလုံးစုံကောင်းကင်ကြယ်အဖွဲ့ အစည်းမှ ကျင့်ကြံသူအားလုံးသည် ရူးသွပ်သွားမတက် ဖြစ်ရ သည်။
ကျင့်ကြံခြင်းမိသားစုများစွာ၏ အဓိကမိသားစုဝင်များသည် ထို ခေါင်းစီးနေရာအတွက် စတင် ပြင်ဆင်ကြပြီ ဖြစ်၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တမန်တော်များသည် ထို ခေါင်းစီအတွက် နောက်ဆုံးပြိုင်ပွဲတွင် ပါဝင်နိုင်ရန်အတွက် နယ်မြေတစ်ခုချင်းစီထံသို့ (၁၀၈) ယောက်ကို ရွေးချယ်နိုင်ရန် စေလွှတ်ခြင်း ခံရသည်။
ထိုနောက်ဆုံးပြိုင်ပွဲသည် အခုမှစ၍ နောက်လေးလအကြာဟု သတ်မှတ်ထားသည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က ကောင်းကင် ဦးစီး(၁၀၈)ယောက်ကို ရွေးချယ်ပြီးသည်နှင့် သူတို့သည် မဟာမိတ်ကြယ်အဖွဲ့အစည်းသို့ ဝင်ရောက်ရန် လမ်းကြောင်းကို ဖွင့်လှစ်ပေမည်။ထိုအခါ မဟာမိတ်ကြယ်အဖွဲ့အစည်းနှင့် တိုက်ပွဲ သည် စတင်လာပေတော့မည်။
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတစ်ခုလုံးသည် ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ ကျင့်ကြံသူအားလုံးသည်လည်း မဟာမိတ်ကြယ်အဖွဲ့အစည်းကြီးသို့ ဝင်ရောက် တိုက်ခိုက် သတ်ဖြတ်ရမည့်နေ့ကို စောင့်ဆိုင်းနေကြသည်။အလုံးစုံ ကောင်းကင်ကြယ်အဖွဲ့အစည်းကြီးတွင် သိပ်သည်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပြည့်နှက်နေ၏။
ဝမ်လင်းသည် ထိုအရာများအားလုံးကို ဘာမှ မသိပေ။သူက လွန်ခဲ့သောဆယ်ရက်ကတည်းက တံခါးပိတ်ကျင့်ကြံနေ၏။ သည်ဆယ်ရက်အတွင်း သူက ယောင်ပင်ယွမ်၏မူလစွမ်းအင်တို့ ကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။
တဖြည်းဖြည်းဖြင့် ထိုမူလစွမ်းအင်တို့က သူ့ကိုယ်ပိုင် ဖြစ်လာပေ လိမ့်မည်။
ဝမ်လင်းအတွက် ယောင်ပင်ယွမ်သည် သူ့ကျင့်ကြံမှုအဆင့်ကို တဖြည်းဖြည်းခြင်း မြှင့်တင်ပေးနေသည့် ဆေးဝါးတစ်ခုကဲ့သို့ ဖြစ်နေတော့သည်။ယောင်ပင်ယွမ်သည် မူလစွမ်းအင်များစွာကို ပိုင်ဆိုင်ထားသူပင်။ ဆယ်ရက်တာ ပြီးသည့်နောက် ဝမ်လင်း သည် (၃၀)ရာခိုင်နှုန်း စုပ်ယူပြီးလေပြီ။
ယောင်ပင်ယွမ်၏မူလစွမ်းအင်(၃၀)ရာခိုင်နှုန်းကို စုပ်ယူပြီး သည့်နောက် ဝမ်လင်း၏ကျင့်ကြံမှုသည် အထည်ဒြပ်ယန်အဆင့် အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီ ဖြစ်၏။သို့သော် သူက နိဗ္ဗာန ကြိုမြင်ခြင်းအဆင့်နှင့် ခြေတစ်လှမ်းကွာနေဆဲသာ
သို့သော်လည်း ထိုခြေတစ်လှမ်းသည် ခြေတစ်လှမ်းဆို သလောက်ပင်။ထိုအဖြစ်သည် သူ့၌ မူလစွမ်းအင် ကင်းမဲ့နေခြင်း ကြောင့် မဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးကို နားလည်မှု လိုအပ် နေခြင်း၊သူ့နယ်ပယ်ထဲ၌ ပြောင်းလဲမှုတစ်ခု လိုနေခြင်ကြောင့် ဖြစ်နေ၏။
“ကံကြမ္မာနယ်ပယ်ဟာ သေခြင်းရှင်ခြင်းနယ်ပယ်ထက် ပိုပြီး ဆန်းကြယ်နေတယ်။ငါက ဒါကို သေချာ မြင်နိုင်စွမ်း မရှိဘူး ကမ္မ_ကမ္မ"
ဝမ်လင်းက စဉ်းစားနေ၏။သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှုတို့ ရှိနေသည်။
“လောကမှာ ဘာတစ်ခုမှ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူး။ ကံကြမ္မာဟာ နေရာတိုင်းမှာ ရှိနေတယ်။ဒါပေမဲ့ ဒါတွေအားလုံး ဟာ ပုံရိပ်ယောင်တစ်ခုလိုသာ ဖြစ်နေတယ်။ငါက အမှန်တရားကို ဖမ်းဆုပ်ချင်လိုက်တာနဲ့ အရာအားလုံးဟာ မြူလွှာတစ်ခု ပိတ်ဖုံး ထားသလို ဖြစ်နေတယ်..
ဝမ်လင်းသည် ယောင်ပင်ယွမ်၏မူလစွမ်းအင်ကို ဆက်လက် သန့်စင်နေရင်း ပင့်သက်ချမိ၏။ထို့နောက် သူ့အကြည့်က ယောင် ပင်ယွမ်ပေါ်သို့ ကျရောက်သွားသည်။
“ကံကြမ္မာ_ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို ရရှိခဲ့ တဲ့ အချိန်တည်းက…ဒါက ကံအကြောင်းရင်း၊ ဒီ့နောက် စစ်ထူနန် နဲ့ ဆုံတွေ့ရတာဟာ ကံအကျိုးဆက်.။ ဒီလိုပဲ ထျန်ဟွယွမ်ရဲ့ ငါ့ မိသားစုအပေါ် လုပ်ဆောင်ခဲ့မှုဟာ ကံအကြောင်းရင်း၊ငါက ထျန် မိသားစုတခုလုံးကို ပြန်သတ်ဖြတ်ပစ်တာက ကံအကျိုးဆက်။ ကံကြမ္မာ အကြောင်းနဲ့အကျိုးက ဆက်စပ်နေတာပဲ။ ဖြစ်နိုင်တာ က ဒီနေ့ အားစိုက်ထုတ်မှုဟာ နောက်နေ့တွေအတွက် ကံကြမ္မာ အကြောင်းရင်း ဖြစ်လာတာများလား...”
ဝမ်လင်းသည် မျက်မှောင်ကြုတ်မိနေ၏။သူ့မျက်လုံးထဲရှိရှုပ်ထွေးမှုသည် ပိုအားကောင်းလာသည်။ကံကြမ္မာနယ်ပယ်တွင် များစွာ ပါဝင်ခြေ၏။ သည်နေ့ထိ ဝမ်လင်းသည် ၎င်းကံကြမ္မာ နယ်ပယ်ကို ပြည့်ပြည့်ဝ၀နားမလည်းဆဲ ဖြစ်သည်။ထိုအဖြစ်က သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည့် သေခြင်းရှင်ခြင်း နယ်ပယ်နှင့် အတော်လေး ကွာခြားနေပေသည်။
“နယ်ပယ်ကို နားလည်ဖို့ အတင်းလုပ်လို့ မရဘူး။ အခွင့်အရေး မ ပေးပဲနဲ့ ဒါကို နားလည်ဖို့ မခန့်မှန်းနိုင်လောက်အောင် ခက်ခဲလွန်း တယ် "
ဝမ်လင်းသည် သက်ပြင်းချကာ ကံကြမ္မာအကြောင်းကို ဆက်၍ မတွေးတော့ပေ။ ကံကြမ္မာသည်လည်း ရိုးစင်းသော်လည်း ၎င်း ကို အမှန်တကယ် ဉာဏ်အလင်းရဖို့သည် အင်မတိအင်မတန် ခက်ခဲလွန်းလှပေသည်။
"ကျင့်ကြံခြင်းတွေဟာ အဆင့်တစ်ခုကို ရောက်သွားရင် ဆက်ပြီး တိုးတက်ဖို့ ဘာကြောင့်အရမ်းခက်ခဲမှန်း ငါ နောက်ဆုံးတော့ နားလည်သွားပြီ။ မူလစွမ်းအင်က ဒီအဆင့်အတွက် လိုအပ်တဲ့ တစ်စုံတစ်ခုပဲ။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာက လူတစ်ယောက် ရဲ့ နားလည်မှုသာ ဖြစ်တယ်...
ဝမ်လင်းသည် ခါးသီးစွာ ပြုံးမိ၏။
“ငါ့ကံကြမ္မာနယ်ပယ်ကို တိုးတက်လာအောင် ဘယ်လို လုပ်သင့် လဲ။ နားလည်းမှုက တကယ့်ကို ခက်ခဲလှတယ်။ငါ ဘယ်လိုပဲ နားလည်အောင် ကြိုးစားကြိုးစား ဒါက ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေပြီး အစစ်အမှန် မဟုတ်သေးဘူး…။ငါ ဒါကို အစစ်အမှန် ဖြစ်လာအောင် ဘယ်လို လုပ်သင့်လဲ..”
ဝမ်လင်းသည် သက်ပြင်းချမိ၏။သူက သူ့ကိုယ်သူ ထို အကြောင်းကို ဆက်၍ မတွေးရန် ပြောနေမိသည်။သို့သော် သူက မစဉ်းစားဘဲ မနေနိုင် ဖြစ်ရ၏။
“အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်း နတ်ဆိုးပေလောရဲ့ အကူအညီနဲ့ ငါဟာ ထူးဆန်းတဲ့အခြေအနေ ထဲ ဝင်ရောက်နိုင်ခဲ့ပြီး ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ရဲ့ ချိုယွင်းချက်ကို ရှာတွေ့နိုင်ခဲ့ဖူး္ရတယ်..."
ဝမ်လင်းသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်နေရင်း သူ့မျက်လုံး သည် ကျဉ်းမြောင်းနေတော့၏။
"ဒီလိုအခြေအနေအောက်မှာ ငါဟာ တာအိုအားလုံးကို ခပ် ရေးရေး ဖြတ်မြင်နိုင်စွမ်း ရှိခဲ့တယ်။ငါက မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေအဖြစ် ခွဲပြီး အဲ့နောက်မှာ တစ်ခုတည်းအဖြစ် ပြန် ပေါင်းစည်းခဲ့တယ်။ ဒါဟာ ရှေ့ဖြစ်ဟောသူ ငါ့ကို သင်ပေးခဲ့တဲ့ မန္တာန်နဲ့တောင် ခပ်ဆင်ဆင်ပဲ..
ဝမ်လင်း၏ မျက်လုံးတို့သည် တောက်ပသထက် တောက်ပလာ သည်။
"ရှေ့ဖြစ်ဟောသူရဲ့ တာအိုဟာ ကောင်းကင်နဲ့မြေကြီးရဲ့တာအို ဖြစ်တယ်။သူ့နတ်ဘုရားအာရုံထဲမှာ မရေမတွက်နိုင်တဲ့ ရှေ့ဖြစ် ဟောသူတွေ ရှိနေတယ်။ ရှေ့ဖြစ်ဟောသူတစ်ယောက်ချင်းစီဟာ လည်း ကောင်းကင်ဘုံမန္တာန်တစ်ခုစီမှာ ကျွမ်းကျင်ကြတယ်။ အတိတ်တုန်းက ငါ့ကျင့်ကြံမှုအဆင့်နဲ့ ငါက ဒါကို မြင်နိုင်ခဲ့ တယ်။ ဒါပေမဲ့ ဒါကို အခု ပြန်တွေးကြည့်တော့ ရှေ့ဖြစ်ဟောသူ တစ်ယောက်ချင်းစီဟာ ကိုယ်ပိုင်ကောင်းကင်ဘုံမန္တာန် ရှိရုံ မဟုတ်ဘဲ သူတို့မှာ ကိုယ်ပိုင်တာအိုတစ်ခုစီလည်း ရှိနေသေး တယ်.."
ဝမ်လင်းအသွင်က ပြောင်းလဲသွား၏။သူက သူ့ကိုယ်ပိုင်အတွေး ကြောင့် သူ့ဟာသူ တုန်လှုပ်မိသွားသည်။သူက အသက်ဝဝရှု သွင်းကာ ရှေ့ဖြစ်ဟောသူ၏ နတ်ဘုရားအာရုံအတွင်း ဖြစ်ပျက်ခဲ့ သော သူ့မှတ်ဉာဏ်များကို ပြန်တွေးယူကြည့်နေသည်။ သူက ပို၍ တွေးလေလေ သူ့စိတ်ကူးမိသည့် အတွေးသည် ပို၍ သေချာ လာလေ ဖြစ်နေ၏။
“ရှေ့ဖြစ်ဟောသူမှာ တာအိုတွေ အများကြီး ပိုင်ဆိုင်ထားတယ်။ သူက ဒီလို တာအိုတွေ အများကြီးကို ဘယ်လိုများ ရရှိနိုင်ခဲ့တာ လဲ.
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေသည်။ဝမ်လင်း က သူ့ပထမဆုံးကောင်းကင်ဘုံသက်တော်စောင့် သန့်စင်ခြင်း မ ခံရခင်လေး ပြောခဲ့ဖူးသည့် စကားကို ပြန်မှတ်မိသွား၏။
"ငါဟာ အရှင်ရှေ့ဖြစ်ဟောသူ စွန်ယွမ်ကို ခေါ်ပြီး သူ့ကို ဝါးမြိုခဲ့ တာကို တွေ့မြင်ခဲ့ရတယ်..။အရှင်က စွန်ယွမ်ကို လုံးဝ ဝါးမြိုပစ် ခဲ့တာ"
ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ ခဏအကြာ သူက ရုတ်တရက် မျက်လုံး ပြန်ဖွင့်လာသည်။သူက ယောင်ပင်ယွမ်ကို စူးစိုက်ကြည့်နေရင်း သူ့အကြည့်ထဲ၌ ပြတ်သားမှုတို့ ပေါ်ထွက် နေ၏။သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ကံကြမ္မာတာအို ဟာ ပုံရိပ်ယောင် ဆန်လွန်းနေသေးတယ်။ ငါတွေ့မြင်ခဲ့ဖူးတဲ့ ကျင့်ကြံခြင်းရဲ့ တတိယအဆင့်အရ ဆိုရင် ကောင်းကင်နဲ့ မြေကြီးရဲ့ တာအိုအားလုံးဟာ သူတို့ရဲ့ အစစ်အမှန်မူလဆီ ပြန်သွားတယ်လို့ ဆိုတယ်။ကံကြမ္မာတာအိုရဲ့ မူလဇစ်မြစ်ဟာ ဘာမှန်း ငါ မသိဘူး။ဒါပေမဲ့လည်း ငါ့နယ်ပယ်ကို အထည်ဒြပ် ဖြစ်စေချင်ရင် ငါက ဝါးမြိုရမယ်..
"အခြားတစ်ယောက်ရဲ့ တာအိုကို ဝါးမြိုပြီး သူတို့ရဲ့ တာအိုကို နားလည်နိုင်ဖို့..။သူတို့ရဲ့ နယ်ပယ်ကို နားလည်ရင်...ငါ့ကံကြမ္မာ နယ်ပယ်ထဲ ပြောင်းလဲထည့်လို့ရမယ်...
ဝမ်လင်း၏မျက်လုံးသ်ည အေးစက်လာတော့၏။သူက သူ့ လက်ချောင်းကို ယောင်ပင်ယွမ်၏မျက်ခုံးနှစ်ခုကြားသို့ ဖိချ လိုက်လေသည်။
သို့သော်လည်း သူ့လက်ချောင်းသည် ယောင်ပင်ယွမ်၏ နဖူးနှင့် မထိခင် ရုတ်တရက် တန့်သွားသည်။သူက ယောင်ပင်ယွမ်၏ ဖြူ ရောရောမျက်နှာကို ကြည့်၍ တိတ်ဆိတ်စွာ စဉ်းစားနေသည်။
“အခြားတစ်ယောက်ရဲ့ နယ်ပယ်ကို ၀ါးမြိုတာ_ဒါက သူတို့ရဲ့ တာအိုကို ထုတ်ယူခြင်း ဖြစ်ပြီး သင့်ရဲ့ ကိုယ်ပိုင်တာအိုအဖြစ် အသုံးပြုတာ။ဒါပေမဲ့လည်း ကောင်းကင်နဲ့မြေကြီးရဲ့ တာအို ဟာ အဆုံးမရှိသလို တာအိုတွေဟာလည်း အကန့်အသတ်မဲ့လှ တယ်။ ငါက ဒီလို စတင်ဝါးမြိုပြီးတာနဲ့ နောက်အနာဂတ်မှာ အဆုံးမရှိလောက်အောင် ဆက်ပြီး ဝါးမြိုရနိုင်တယ်။ ဒါ့အတွက် ကြောင့် ငါဟာ ရှေ့ဖြစ်ဟောသူလို ပြန်လှည့်လို့ မရတဲ့ လမ်းကို လျှောက်လှမ်းရင်း အဆုံးသပ်သွားနိုင်တယ်...”
"ဒါပေမဲ့လည်း ငါ မဝါးမြိုရင် ငါဟာ ကံကြမ္မာကို နားလည်နိုင်မှာ မဟုတ်ဘဲ ပုံရိပ်ယောင်အဆင့်မှာပဲ ရှိနေလိမ့်မယ်..။ငါ ဝါးမြိုသင့် လား..မသင့်ဘူးလား..”
ဝမ်လင်းသည် ကိစ္စတစ်ခုအတွက် အခုလို ချီတုံ့ချတုံးဖြစ်ခြင်းမှာ ဖြစ်ခဲလှပေသည်။သူက ယောင်ပင်ယွမ်နှင့် ပတ်သတ်၍ ဘာ ခံစားချက်မှ ရှိနေခြင်းမဟုတ်ဘဲ သူ့ကိုယ်ပိုင်တာအိုကိုသာ ရှာဖွေ နေခြင်း ဖြစ်တော့၏။
သည်အဆင့်က တာအိုကို ရွေးချယ်ရမည် ဖြစ်သည့်အတွက် အင် မတိအင်မတန် အရေးကြီးလွန်းနေသည်။ကျင့်ကြံသူများသည် တာအိုကိုကျင့်ကြံရင်း သူ့တို့တဘဝလုံး ကုန်ဆုံးကြ၏။တစ် ယောက်ချင်းစီ၏ တာအိုသည် မတူကွဲပြားကာ ခံစားချက်၊ အတွေ့အကြုံတို့ပေါ်တွင်သာ တည်မှီနေခဲ့၏။သူတို့၏ တာအို တို့သည် အမြဲပြောင်းလဲနေသည်။လောကရှိအရာအားလုံးသည် တာအို ဖြစ်နိုင်ပေသည်။
“ရှေ့ဖြစ်ဟောသူ တစ်ခါက ပြောခဲ့ဖူးတာတော့ သူ့မှာ ပြန်ဝင်စား နိုင်တဲ့ ကိုယ်ပွား (၃၆၀၀) ရှိတယ်။ ဒီကိုယ်ပွားတစ်ခုစီဟာလည်း ကောင်းကင်ဘုံမန္တာန်တစ်ခုကို ထိန်းချုပ်နိုင်ကြတယ်။ ဆိုလိုတာ က သူဟာ တာအိုပေါင်း (၃၆၀၀) ကို ဝါးမြိုပြီးခဲ့ပြီ။ ဒီလောက် များပြားတဲ့ တာအိုတွေကို ဝါးမြိုပြီးတဲ့နောက် သူက နစ်သောင်းနဲ့ ချီကြာမြင့်ပြီးတာတောင် တတိယအဆင့်ကို မရောက်သေးဘူး …”
“ဒါပေမဲ့လည်း ငါသာ မဝါးမြိုပြန်ရင် ငါဟာ ကံကြမ္မာနယ်ပယ် ကို ဖမ်းဆုပ်နိုင်မှာ မဟုတ်ဘူး။ဒါက မသေချာ၊မရေရာ ဖြစ်နေ မှာ_။ငါ့မှာ ဦးတည်ချက်တစ်ခု မရှိရင် ငါက တာအိုကို ဘယ်လို များ ရှာဖွေမလဲ…"ဝမ်လင်း၏မျက်နှာထက်တွင် မသေချာ၊မ ရေရာမှုတို့နှင့် ပြည့်နေသည်။သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုနှင့် ပြတ်သားမှုတို့သည် တလှည့်စီ ဖြစ်နေသည်။ သူက ယောင်ပင် ယွမ်ထံသို့ လက်ညွှန်ထားဆဲ ဖြစ်၏။သို့သော်လည်း မည်သို့ပင် ဖြစ်စေ သူက သူ့လက်ချောင်းများကို အမှန်တကယ် ဖိချခြင်း မ ပြုနိုင်သေးချေ။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။နေ့မှညသို့ ပြောင်းလဲ သွားကာ သုံးရက်တာ ကုန်ဆုံးသွားခဲ့လေပြီ။ဝမ်လင်းအတွက် တော့ ထိုသုံးရက်သည် နှစ်သုံးရာလောက် ကြာသည်ဟု ခံစားနေ မိသည်။သူ့အသွင်ပင် အိုစာသွားသည့်ပုံ ရ၏။
သည်သုံးရက်အတွင်း သူ့ခန္ဓာကိုယ်သည် လှုပ်ရှားမှု မရှိပေ။ သူ့ စိတ်ထဲတွင် မုန်တိုင်းတစ်ခု ရှိနေ၏။
ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်မိသည်။ "တာအိုတာအိုက ဘာလဲ.. ထိုမေးခွန်းသည် သည်သုံးရက်အတွင်း သူ့ပါးစပ်ကနေ အကြိမ်မြောက်များစွာ ထွက်ဆိုနေမိပေသည်။ သူက သူ့ကိုယ်သူ မေးနေကာ သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုမှာ ပိုပို၍ အားကောင်းလာနေသည်။
"အဆုံးသပ်မှာ…တာအိုက ဘာဖြစ်မလဲ" တာအိုကို ရှာဖွေရင်း သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ အရူးအမူး ဖြစ်နေသည် ကို သတိမမူမိတော့ပေ။ လွန်ခဲ့သော သုံးရက်က မူလစွမ်းအင် သည် ဖြည်းဖြည်းချင်းသာ လုပ်ဆောင်နေသော်လည်း ထိုသုံး ရက်ပြီးသည့်နောက် ၎င်းက ထိန်းချုပ်မှုကနေ လွတ်သည့်အလား မုန်တိုင်းတစ်ခုလို ပြုမူနေခြင်း ဖြစ်သည်။
အဆုံးသပ်၌ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် မူလစွမ်းအင်တို့ မှာ ဝဲကတော့တစ်ခုအဖြစ် ဖြစ်တည်လာသည်။ထိုဝဲကတော့မှာ အဖြူ၊အနက် ဖြစ်နေ၏။
အဖြူအနက်ဝဲကတော့သည် ယင်နှင့်ယန်သဘောကို ဆောင်ကာ လှည့်လည်နေသည်။
ထိုဝဲကတော့မှာ ပို၍ အားကောင်း မြန်ဆန်လာ၏။ဝမ်လင်းသည် ထိုအရာကို လုံးဝ သတိပြုမိခြင်း မရှိဘဲ သူ့တာအိုရှာဖွေခြင်းတွင် သာ နစ်မြုပ်နေ၏။
သူ တာအိုကို ရှာဖွေနေစဉ်မှာပင် သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုးနဂါးထံကနေ ဖြည်းဖြည်းချင်း ပြန်ထွက်လာ သည်။၎င်းက လူသားအသွင်သို့ အမှန်တကယ်ပင် တဖန် ပြန် ပြောင်းလဲသွား၏။၎င်းက ထိုင်ချကာ တစ်ခုခုကို လက်ညွှန်သလို ပြုမူသည်။
၎င်းက ဝမ်လင်း၏ ရှင်သန်ခြင်းကို လက်ညွှန်လိုက်သလို ထင် ရ၏။သူ့ တာအိုရှာဖွေခြင်း ဘဝကိုပင်။
မနက်အစောပိုင်းတွင် နေအလင်းရောင်သည် ချင်လင်းဂြိုဟ် ပေါ်သို့ ကျရောက်လာ၏။ဂြိုဟ်ပေါ်ရှိ သေမျိုးများသည် အိပ်စက်ရာကနေ နိုးထလကာ နေ့စဉ် ရိုးရိုးစင်းစင်း သာမန်ဘဝ ကို ဖြတ်သန်းကြတော့မည်။
ကျင့်ကြံသူများသည်လည်း နေအလင်းရောင်မှ ယင်စိတ်ဝိညာဉ် စွမ်းအင်ကို ကျင့်ကြံနေကြသည်။ ယနေ့တွင် စိတ်ဝိညာဉ်စွမ်းအင် သည် အတော်လေး အသက်ဝင်နေရာ အရင်ထက် ပေါများ နေ၏။ကျင့်ကြံသူအားလုံးနီးပါးသည် ထိုအဖြစ်ကို သတိပြုမိကာ အံ့အားကျေနပ်သင့်ကုန်ကြသည်။သူတို့သည် ကျင့်ကြံရန် နေရာများကို စတင် ရှာဖွေကြ၏။
အချို့လူများသည် အရှေ့မြောက်အရပ်မှ လာသည့် စိတ်ဝိညာဉ် စွမ်းအင်သည် ပိုသိပ်သည်းကြောင်း တဖြည်းဖြည်း တွေ့ရှိလာ၏။ထို့ကြောင့် သူတို့သည် အရှေ့မြောက်အရပ်သို့ ပျံသန်း သွားကြတော့သည်။
ချင်လင်းဂြိုဟ်၏ အရှေ့မြောက်အရပ်သည် ဟန်ယွမ် တောင်ထွတ် ရှိသည့်နေရာ ဖြစ်သည်။ထိုအခိုက်အတန့်၌ ဟန် ယွမ်တောင်မှ ကီလိုမီတာငါးထောင်အကွာတွင် ကျင့်ကြံသူများ စွာ ရောက်လာခဲ့ကြပေပြီ။
အခု အချိန်ခဏ ကျင့်ကြံခြင်းက သူတို့အတွက် ရက်များစွာ ကျင့်ကြံရခြင်းနှင့် နှိုင်းယှဉ်နိုင်နေသည်။
သည်အခိုက်အတန့်၌ ကောင်းကင်နှင့်မြေကြီး၏ပုံရိပ်သည် ဟန် ယွမ်တောင်ထိပ်တွင် ပေါ်လာခဲ့သည်။အဖြူအနက်အခိုးငွေ့ များသည်လည်း အတူပေါင်းစပ်နေကာ ယင်နှင့်ယန်ပုံရိပ်ကို ဖြစ် ပေါ်စေသည်။သည့်နောက် အဖြူအနက်ပုံရိသည် အပြာရောင် ကောင်းကင်အောက်၌ တောက်ပလာချေသည်။၎င်းက ပန်းချီ ကားတချပ်အလား။၎င်းက တွေ့မြင်ရသည့်လူတိုင်း၏ စိတ်နှလုံး ကို တုန်လှုပ်စေပေသည်။
“တာအိုဆိုတာ ဘာလဲ" ဤအခိုက်အတန့်၌ ရှေးဟောင်းအသံ တစ်ခုသည် ချန်လင်းဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ် ထဲတွင် ပဲ့တင်ထပ်လာသည်။
ထိုအသံထဲ၌ ရှေးအော်ရာ ပါဝင်နေသည်။ထိုအသံသည် လူ တိုင်း၏ နားစည်ထဲသို့ ကျရောက်လာသည်အခါ၌ လူတိုင်းသည် မှင်သက်သွားရသည်။
သူတို့၏စိတ်နှလုံးမှာလည်း သူတို့ကိုယ်သူတို့ အလိုအလျောက် မေးမိကုန်ကြ၏။
“တာအိုဆိုတာ ဘာလဲ…”
ဟန်ယွမ်တောင်ထိပ်၌ ဝမ်လင်းပတ်လည်ရှိ လှိုဏ်ဂူသည် ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ထိုဖုန်မှုန့်သည် လေနှင့် အတူ လွင့်ပါး ပျောက်ကွယ်သွားသည်။
ထိုအခါ တောင်ထိပ်တွင် ဝမ်လင်းနှင့် သတိမေ့နေသည့် ယောင် ပင်ယွမ်တို့သာ ရှိတော့သည်။ဝမ်လင်း၏လက်ချောင်းများသည် ယောင်ပင်ယွမ်၏နှဖူးထက်တွင် ရှိနေဆဲ ဖြစ်၏။
သူတို့နှစ်ယောက်၏ အထက်၌ ယင်နှင့်ယန်စက်ဝန်းတစ်ခု ရှိနေကာ ၎င်းသည် ဖြည်းဖြည်းချင်း လှည့်ပတ်နေရင်း ချန်လင်း ဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ထိုစက်ဝန်း၏ သက်ရောက်ခြင်း ခံရသည်။စိတ်ဝိညာဉ်စွမ်းအင်သည် ဖြည်းဖြည်းချင်း ပျံ့နှံ့နေကြ၏။
သည်အခိုက်အတန့်၌ လူတစ်ယောက်သည် ဂြိုဟ်အပြင်ဘက်က နေ ထွက်ကြည့်ပါက ဂြိုဟ်တစ်ခုလုံးသည် အဖြူနှင့်အနက်၏ ဝန်းရုံခြုံလွှမ်းထားသည်ကို တွေ့မြင်ရပေလိမ့်မည်။ထိုအရာက တုန်လှုပ်ဖွယ်မြင်ကွင်း မည်၏။
သွေးဘိုးဘေး၏ကျင့်ကြံမှုအဆင့်သို့ ရောက်နေသော တစ်စုံတစ်ယောက် ဖြတ်ကျော်သွားလျှင်ပင် ထိုသူသည်လည်း တုန်လှုပ်မိမည်သာ ဖြစ်၏။ ထိုအရာသည် ဒုတိယအဆင့်သို့ ရောက်ရှိနေကြသော လူများသာ သိသည့် အိပ်မက်တာအိုဟု ခေါ်သည့် အရာတစ်ခု ဖြစ်နေခဲ့သည် မဟုတ်လား။
ပြောကြသည်က ယင်းအိပ်မက်တာအို၏ အစသည် ဖမ်းဇူဟု ခေါ်တွင်သော သေမျိုးတစ်ယောက်သည် သူ့အိပ်မက်အတွင်း၌ ဉာဏ်အလင်းရခဲ့သော တာအို ဖြစ်သည်ဟု ဆိုသည်။သူက ရှေးဟောင်းကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာခဲ့ကာ တာ အိုနှလုံးသားသောင်းချီကို နောက်ကောက်ချနိုင်ခဲ့သည်ဟု ဆိုသည်။သူက နေနှင့်လကိုပါ ဖြတ်၍ မြင်နိုင်စွမ်း ရှိခဲ့သူဟု လည်း ဆိုကြ၏။
ဝမ်လင်းသည် သူ့တာအို နောက်သို့ လိုက်ဖမ်းနေရင်း စိတ်ရှုပ် ထွေးနေသည်။သူက အိပ်မက်ထဲ၌ နစ်မြုပ်နေသည်။သူ့ရုပ်ပိုင်း ဆိုင်ရာ ခန္ဓာကိုယ်ကနေ စွန့်ခွာကာ မြောလွင့်နေသည့် သဘော မျိုး ဖြစ်နေသည်။ သို့သော်လည်း သူ့မူလစိတ်ဝိညာဉ်သည် မူလ နေရာတွင်ပင် ရှိနေသေးသည်။
“တာအိုဟာ ဘာလဲ” ထိုထူးဆန်းသော အခြေအနေအောက်၌ သူ သည် သူ့ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း လွင့်ပါး ပျောက်ကွယ် လာပြီး ချန်လင်းဂြိုဟ်နှင့် တစ်သားတည်း ပေါင်းစပ်လာသည်ဟု ခံစားမိခဲ့သည်။သူကိုယ်တိုင်ပင် ဂြိုဟ်ဖြစ်နေသည့် သဘောမျိုး ပင်။
တောနက်ကြီးတစ်ခုအတွင်း၌ သုံးပေခန့်ရှိ စပါးကြီးမြွေတစ် ကောင်သည် သားရဲငယ်တစ်ကောင်ကို ပတ်ခွေထားသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးက အနည်းငယ် တင်းကြပ်လိုက်သည်နှင့် ထိုသားရဲငယ်၏ အရိုးများသည် တဖျစ်ဖျစ် မည်လာသည်။ထို စပါးကြီးမြွေသည် သားရဲငယ်ကို ဝါးမြိုရန် ဟန်ပြင်လိုက်စဉ်မှာ ပင် ၎င်း၏ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားသည်။
၎င်းက သူ့ခေါင်းကြီးကို မော့ကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်သည်။၎င်း၏မျက်လုံးထဲရှိ အေးစက်မှုသည်လည်း ပျောက်ကွယ်ကာ စိတ်ရှုပ်ထွေးမှုက အစားထိုးဝင်လာခဲ့သည်။
"ဒါက တာအို မဟုတ်ဘူး.. သက်ပြင်းသံသည် လေနှင့်အတူ လွင့်ပါးသွားရင်း ၎င်း၏မျက်လုံးထဲရှိ အေးစက်မှုသည် တဖန် ပြန်ရောက်ရှိလာပြန်၏။ထို့နောက် ၎င်းစပါးအုံးမြွေကြီးသည် သားရဲငယ်ကို ဝါးမြိုပစ်ပြီးနောက် အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားတော့သည်။
ထိုတောနက်၏ အပြင်ဘက် အစိမ်းရောင်တောင်တန်းများ ကြား၌ အများသူငါ သွားလာသည့် လမ်းတစ်ခု ရှိနေသည်။ထို လမ်းပေါ်ပေါ်၌ ရထားလှည်းများနှင့် အဖွဲ့တစ်ခု သွားလာနေ၏။ ထိုရထားလှည်းများသည် သတ္တုတစ်မျိုးနှင့် ပြုလုပ်ထားပုံရကာ မွေးရနံ့တစ်ခုကို ပေးစွမ်းနေသည်။
ဘီးသံ၊ဝင်ရိုးသံများက တညံညံ ရှိနေ၏။ထိုစဉ် ရှေ့ဆုံးမှ လှည်း တစ်စင်းက ရုတ်တရက် ရပ်တန့်သွားပြီး အသက်ခုနစ်နှစ်၊ရှစ်နှှ စ်လောက် ရှိမည့် ကလေးမလေးတစ်ယောက်သည် လှည်းပေါ်က နေ ခုန်ဆင်းလာသည်။
ထိုမိန်းကလေးက ပိုးသားအင်္ကျီကို ဝတ်ဆင်ထားကာ သူမ၏ မျက်နှာသည် ပန်းရောင်သန်းနေ၏။သူမက လှည်းပေါ်ကနေ ဆင်းပြီး ဘေးတစ်ဖက်ရှိ မြက်ခင်းထဲသို့ အမြန် လျှောက်လှမ်း သွားသည်။
ထို့နောက် သူမက ထိုင်ချကာ လက်ထဲရှိ တစ်စုံတစ်ခုကို မြေပြင် ထက်သို့ ချထားလိုက်၏။ထိုအရာမှာ ခြေထောက်တွင် ပတ်တီး စီးထားသည့် အကောင်ငယ်လေးတစ်ကောင်ပင်။
“အနက်လေး...ပြန်သွားတော့... မိန်းကလေးငယ်လေး၏ မျက်လုံးထဲ၌ အပြစ်ကင်းစင်မှုတို့က အထင်းသား ပေါ်နေကာ သူမသည် အကောင်ငယ်လေး၏ဦးခေါင်းကို လက်ဖြင့် တို့ထိလိုက်၏။ထိုအကောင်ငယ်လေးက မော့ကြည့်လာသည်။၎င်းက အသိဉာဏ်ရှိသည့်အလား မိန်းကလေးငယ်လေးကို အဓိပ္ပာယ်ပါ သောအကြည့်ဖြင့် ပြန်ကြည့်၏။
ထိုအခိုက်မှာပင် ရထားလှည်း၏ လိုက်ကာစသည် လှုပ်ခတ်သွား ပြီး အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ အသွင် ထွက်ပေါ်လာ၏။သူတို့နှစ်ယောက်လုံးမှာ သက်လတ်ပိုင်း အရွယ် ရှိသည်။သူတို့က မိန်းကလေးငယ်လေးကို ချစ်ခင်သော အကြည့်ဖြင့် ကြည့်နေကြ၏။
လေပြင်ညင်း တိုက်ခတ်သွားသဖြင့် လိုက်ကာစသည် တဖျပ်ဖျပ် ဖြစ်သွား၏။ရထားပေါ်ရှိ ထိုနှစ်ယောက်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာ၏။သူတို့သာ ထိုသို့ ဖြစ်သည် မဟုတ်၊အနီးအနားရှိ ကျန်သည့် သေမျိုးများကလည်း ထိုကဲ့သို့ ဖြစ်သွားကြသည်သာ။
မိန်းကလေးငယ်လေး၏ မျက်လုံးထဲ၌ပင် စိတ်ရှုပ်ထွေးမှု ပြည့် သွား၏။အကောင်ငယ်လေးက ရုတ်တရက် ၎င်း၏ ပါးစပ်ထဲက နေ ရန်လိုစွာ နှာမှုတ်ကာ သွားဖြဲပြလာ၏။ ကြည့်ရသည်မှာ ၎င်း၏ ဒဏ်ရာကိုပင် မေ့သွားဟန် ရပြီး မိန်းကလေးငယ်၏ အပေါ်သို့ ပြန်၍ ခုန်တက်လာသည်။၎င်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီးနောက် ဟိန်းသံအရှည်ကြီး ပြု၏။
၎င်း၏မျက်လုံးထဲ၌လည်း ကြောက်ရွှံ့မှုတို့ ရှိနေ၏။ထိုအခိုက်မှာ ပင် မည်သူမျှ သတိမပြုမိနိုင်လောက်သည့် အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့သည်။ထိုအဖြစ်အပျက်မှာ အကောင်ငယ်လေး၏ ပတ်တီးစီးထားသော ခြေထောက်မှ သွေးစီးကြောင်းတစ်ခု စီး ကျလာခြင်းပင်။
“ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုဟာ အဆုံးမဲ့တယ်။ တာအို လမ်းကြောင်းဟာ အကန့်အသတ်မရှိဘူး။ ဒီနေ့ ပြုမူစောင်ရွက်မှု ဟာ ကံကြမ္မာအကြောင်းရင်းကို ဖန်တီးစေလိမ့်မယ်..။အနာဂတ် မှာတော့ သံသရာ တကြော့ပြန်ပြီး ကံကြမ္မာအကျိုး ဖြစ်ထွန်း လိမ့်မယ်..
ရှေးဟောင်းအသံတစ်ခုသည် ကမ္ဘာလောကတွင် ဉာဏ် အလင်း၏အငွေ့အသက်နှင့်အတူ ပဲ့တင်ထပ်လာသည်။
အကောင်ငယ်လေး၏ခန္ဓာကိုယ်မှာ တုန်ယင်နေ၏။သို့သော် ၎င်း က ဟိန်းသံ ပြုနေဆဲပင်။၎င်း၏ မျက်လုံးထဲတွင် ကောင်းကင် ထက်သို့ မော့ကြည့်ရင်း အသိဉာဏ်တို့ ပြည့်နေသည့်ပုံ ရသည်။
စောနက ပေါ်ထွက်လာသည့် အသံမှာ တဖြည်းဖြည်း ပြန်ပျောက် ကွယ်သွား၏။အကောင်ငယ်လေးက စိတ်ရှုပ်ထွေးမှုနှင့် ပြည့် နေ၏။ ၎င်းက ၎င်း၏ဉာဏ်အလင်းကို ပြည့်ပြည့်ဝဝ မနိုးထနိုင်၊ ထိုအသံ၏ အဓိပ္ပာယ်ကို နားမလည်နိုင်သည့်ဟန် ဖြစ်နေ၏။ သို့သော်လည်း ထိုအသံကို ကြားခဲ့ပြီးသည့်နောက် ၎င်း၏အမြင် သည် ရေးတေးတေး ရှိလာကာ တစ်စုံတစ်ရာကို တွေ့မြင်သွား သည့်အလား။
အဘွားအိုတစ်ယောက်သည် ဇိမ်ခံအခန်းတစ်ခုထဲ၌ လှဲလျောင်း နေ၏။သူမ၏မျက်နှာထက်၌ အရေးအကြောင်းများ ပေါ်ထွက် နေလျှင်ပင် သူမ၏ကြင်နာသည့်ဟန်ပန်ကို မဖုံးကွယ်ထားနိုင် ပေ။သူမက သေဆုံးတော့မည် ဖြစ်သော်လည်း သူမ၏မျက်လုံး များမှာ ဝေဝါးမနေပါ။သူမသည် မျက်လုံးမှိတ်သွားရင်း အပြုံး တစ်ခုကို ထုတ်ဖော်၏။ ရုတ်တရက် ကြမ်းကြုတ်ကာ ကြီးမား သည့် သားရဲတစ်ကောင်သည် ကောင်းကင်ထက်ကနေ ရောက်ရှိလာ၏။ထိုသားရဲ ကျရောက်လာသည့်အခါတွင် ၎င်းက အဘွား အိုကို ကြည့်ကာ အဖြူရောင်တိမ်ထုတစ်ခုအား ထွေး ထုတ်သည်။၎င်းအဖြူရောင်အခိုးငွေ့တို့သည် အဘွားအိုအား ဝန်းရံသွားသည်။သည့်နောက် ၎င်းအခိုးငွေ့သည် ပြန်ထွက်ခွာ သွားသည်။
"အနက်ရောင်လေး.." အဘွားအိုက မျက်လုံးဖွင့်လာ၏။
ပုံရိပ်ယောင်က ပျောက်ကွယ်သွား၏။အကောင်ငယ် လေး၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပိုဖြစ်လာသည်။လေပြေ ညင်းက အရာအားလုံးကို တိုက်ခတ်သွားသည်။ရထားလှည်း များပေါ်ရှိ လူများသည် ပြန်၍ သတိဝင်လာကြ၏။သို့သော် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူတို့ လုံးဝ မသိလိုက်ကြပေ။ မိန်းကလေးငယ်လေးပင် သတိမထားမိလိုက်ပေ။သူမက ပြုံး၍ အကောင်ငယ်လေးကို အောက်သို့ ပြန်ချလိုက်၏။ “အနက် ကောင်လေး..သွားတော့..အိမ်ပြန်တော့...
သေမျိုးကမ္ဘာ၏ ရွာတစ်ရွာတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးတစ်ဦးသည် ဇလုံအပဲ့တစ်ခုကို လက်ညှိုးထိုး ရင်း ကလေးငယ်တစ်ယောက်ကို ဆူနေ၏။ကလေးငယ် မတ် တပ်ရပ်နေရင်း ငိုယိုနေ၏။သို့သော် သူက စကားတစ်ခွန်းမှ ပြန်မ ပြောဝံ့ပေ။
သူတို့နှစ်ယောက်ဘေး၌ သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ရှိနေ၏။သူက မြေပြင်တွင် ထိုင်ကာ ဆေးတံကို လက်၌ ကိုင် ထားသည်။ သူက ဆေးတံကို အနည်းငယ် ဖွာရှိုက်ပြီးနောက် တစ်ခုခု ပြောရန် ဟန်ပြင်သည်။သို့သော်လည်း သူက သက်ပြင်း သာ ပြန်ချမိ၏။
ထိုအခိုက်အတန့်၌ လေပြေညင်းသည် တိုက်ခတ်လာသည်။ဆူဆဲ သံများ ရပ်တန့်သွားကာ အမျိုးသမီး၏မျက်လုံးထဲ၌ စိတ်ရှုပ် ထွေးမှုတို့ ပေါ်လာသည်။သူမသာ မက ဆေးတံသောက်နေသော အမျိုးသားဖြစ်သူပင် ရပ်တန့်သွား၏။
ကလေးငယ်က သတိပြုမိဟန် မရဘဲ ငိုယိုနေရင်း ခပ်တိုးတိုး ဆို နေသည်။ “အမေဒီဇလုံပေါ်မှာ အစောကတည်းက အက်ကွဲ ကြောင်းတစ်ခု ရှိပြီးသားပါ..."
“တာအိုဟာ ဒီဇလုံလိုမျိုးပဲ ပြည့်စုံမှုမရှိ၊ အက်ကွဲမှုတွေနဲ့ ပြည့် နေတယ်။ဒါဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်…” ရှေးကျ သည့် သက်ပြင်းသံသည် လောကတွင် ဖြည်းဖြည်းချင်း ထွက် ပေါ်လာသည်။ထို့နောက် လေပြေညင်းအလား ပြန်ထွက်ခွာသွား ပြန်၏။
အမျိုးသမီး၏မျက်လုံးထဲရှိ ရှုပ်ထွေးမှုသည် ပျောက်ကွယ်သွား သည်။သူက ကလေးငယ်ကို ဇလုံကိုကျကွဲစေသည့်အတွက် ဆက်လက် မာန်မဲဆူဆဲနေသည်။သက်လတ်ပိုင်းလူမှာ မြေပြင် ထက်မှ ဆေးတံကိုကောက် တရှိုက်ဖွာချလိုက်တော့၏။
ကလေးငယ်သည် ကောင်းကင်ထက်သို့ မျက်လုံးအပြူးသားနှင့် ကြည့်နေ၏။သူကကောင်းကင်ထက်၌ သူ့ဦးလေးတစ်ယောက် လှမ်းလာသည်ကို တွေ့မြင်နေသည့်အလား။ ကလေးငယ်မှာ သူ့ အမေ၏ ဆူဆဲသံကို ထပ်ကြားလိုက်ရသည့်အခါ သူ့မျက်လုံးကို ပွတ်သပ်ကြည့်လိုက်၏။ထိုအခါ သူသည် မည်သည့်အရာကိုမျှ မတွေ့မြင်ရတော့ပေ။
အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် တောင်ကြောတစ်လျှောက် ကြောက်လန့်တကြား ပြေးနေ၏။သူ့ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ရှိနေသည်။သူက ကြောက်မက် ဖွယ်တစ်ခုခုကို တွေ့မြင်ခဲ့ရသည့်အလား ထင်ရသည်။
သူ့နောက်၌ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် လိုက်လာနေသည်။သူမ၏ မျက်လုံးထဲ၌ မုန်းတီးမှုတို့ ပြည့် နေသည်။သူမက နီးကပ်လာသည်နှင့် လက်ထဲရှိ ဓားကို ပင့် မြှောက်ကာ ရှေ့က လူကို ခုတ်ပိုင်းချလိုက်သည်။ သည့်နောက် သူမသည် ဝမ်းနည်းစွာ ရယ်မောပြန်သည်။
လေပြေညင်းသည် ရောက်လာပြန်သည်။အမျိုးသားဖြစ်သူ၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုတို့ ပျောက်ကွယ်သွားကာ စိတ်ရှုပ် ထွေးမှု အစားဝင်လာသည်။အနက်ရောင်ဝတ်စုံနှင့်အမျိုးသမီး သည်လည်း ထို့အတူသာ ဖြစ်သည်။သူမက လက်ထဲရှိ ဓားကို ပင့်မြှောက်ထားလျက်သား ရှိနေသည်။
“နောက်ထပ် ကံအကြောင်းရင်းနဲ့ကံအကျိုးဆက်…” ရှေးဟောင်း အသံသည် ပဲ့တင်ထပ်သွားပြီး တဖြေးဖြေး ပြန်လွင့်ပြယ်သွားတော့သည်..
လေပြေညင်းတိုက်ခတ်မှု ပျောက်ကွယ်သွားသည့်အခါ အမျိုးသမီးဖြစ်သူသည် ပြန်သတိဝင်လာ၏။သူမ၏ဓားသည် သက်လတ်ပိုင်းလူ၏ဦးခေါင်းကို ဖြတ်တောက်သွားခဲ့လေပြီ။ သူမ၏မျက်လုံးထဲတွင် မျက်ရည်စတို့ ပြည့်နေကာ သူမက မြေပေါ်သို့ ဒူးထောက်ချရင်း ပြောဆိုလိုက်သည်။ “အဖေ၊အမေ၊ သင်တို့ရဲ့ကလေးဟာ သင်တို့အတွက် ပြန်လက်စားချေပြီးသွားပါပြီ
ဝမ်လင်းသည် တာအိုရှာဖွေခြင်းတွင် နစ်မြုပ်ရင်း ခရီးနှင်ကာ သူ့ တာအိုကို သေချာရန် ကြိုးပမ်းနေ၏။တခါတရံ သူက ရှုပ်ထွေး သွားလိုက်၊တခါ သံသယ ဖြစ်သွားလိုက်၊ ပဟေဋိ ဖြစ်သွားလိုက် နှင့် ရှိနေသည်။ကောင်းကင်နှင့်မြေကြီး၏ တာအိုသည် အဆုံးမဲ့ ပေသည်။ထို့ကြောင့် ဖမ်းဆုပ်မိရန်အတွက် အလွန်ခက်ခဲလွန်း လှ၏။
သူက လေနှင့်အတူ ခရီးနှင်နေရင်း အိပ်မက်တစ်ခုကို တွေ့ကြုံခဲ့ သည့်ပုံပင်။ထိုအိပ်မက်ထဲ၌ သူက ချင်လင်းဂြိုဟ် ဖြစ်လာခဲ့ သည်။သူက ထိုဂြိုဟ်ပေါ်ရှိ သက်ရှိအားလုံး၏ လုပ်ဆောင်မှု၊ ခံစားမှုအားလုံးကို တွေ့မြင်နိုင်၊ကြားသိနိုင်နေသည်။
သူသည် ကလေးငယ်တစ်ယောက် မွေးဖွားမှု၊လူအိုတစ်ယောက် သေဆုံးမှု၊ မိဘများ၏ အားထုတ်မှု၊ချစ်သူတစ် ယောက်၏အကြည့်၊ ခွဲခွာခြင်း၊ ကောင်းမှု၊ဆိုးမှု အားလုံးကို တွေ့ မြင်ခဲ့ပေသည်။
"နောက်ဆုံးတော့..ဘယ်အရာဟာ တာအိုလဲ.. ဝမ်လင်းသည် စိတ်ရှုပ်ထွေးနေဆဲပင်။ထိုအရာများကို တွေ့မြင်ပြီးသည့်နောက် လည်း သူက အဖြေကို ရှာမတွေ့နိုင်သေးဆဲ ဖြစ်နေ၏။သူက ဆက်လက်၍ တာအိုနောက်သို့ လိုက်နေရင်း သူ့တာအိုကို သေချာအောင် ရှာဖွေနေရင်း ပို၍ပို၍ စိတ်ရှုပ်ထွေးလာ တော့သည်။
ချင်လင်းဂြိုဟ်ပေါ်ရှိ စိတ်ဝိညာဉ်စွမ်းအင်သည် ပို၍ သိပ်သည်း လာခဲ့၏။သို့သော် ရှုပ်ထွေးမှုအငွေ့အသက်တို့ ပါဝင်နေသည်။ ကျင့်ကြံနေသူတိုင်းသည် ထူးဆန်းသောနယ်ပယ်တစ်ခုထဲသို့ နစ်မြုပ်သွားကာ ချင်လင်းဂြိုဟ်နှင့် ပေါင်းစပ်သွားသည့်အလား ထင်မှတ်ရသည်။ထိုအခိုက်အတန့်၌ သူတို့၏စိတ်သည် ထိန်းချုပ်ခံထားရပြီး အဖြေတစ်ခု၊ရလဒ်တစ်ခုနောက်သို့ အလိုလို လိုက်ရှာနေမိသည်။
ဝမ်လင်း၏ တာအိုနောက်သို့ လိုက်လံနေမှုသည် ဆက်လက်၍ ဖြစ်နေ၏။အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာသည်။သူ့ အတွက် အဆုံးမရှိတော့ဟုပင် ထင်ရသည်။သူက ချင်လင်းဂြိုဟ် အနှံ့ ပေါင်းစပ်နေသည့်အလား။
ရွာလေးတစ်ရွာ၏ နေဝင်ချိန်သကာလ စာသင်ကျောင်းအတွင်း၌ ကလေးအများစုသည် ကျောင်းကနေ အိမ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်သည်။လူငယ်လေးတစ်ယောက်သာ ကျောင်းထဲ၌ တံမြက်စီး လှည်းလျက် ကျန်ရစ်ခဲ့သည်။ထိုအခိုက်၌ လေပြေ တိုက်ခတ်လာ ကာ ထိုလူငယ်လေးသည် မှင်သက်သွားသည်။သူ့မျက်လုံးက တောက်ပသွားပြီး တံမြက်စီးတံကို ချကာ သူ့ဆရာ၏အိမ်ရှိရာ သို့ လှမ်းလျှောက်သွားတော့သည်။
“ဆရာ..တပည့် မေးစရာတစ်ခု ရှိလို့ပါ..
အိမ်တံခါးသည် ပွင့်သွား၏။ ပညာရှိပုံစံ သေမျိုးအဘိုးအိုသည် လှမ်းထွက်လာရင်း နူးညံ့စွာ ပြန်တုန့်ပြန်သည်။ “ဘာများ မေးမ လို့လဲ "
လူငယ်လေးသည် အဘိုးအိုကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။ “ဆရာ… တာအိုဆိုတာ ဘာလဲ သိလား..
“တာအိုလား ” အဘိုးအိုသည် လူငယ်လေးကို ကြည့်ကာ သူ့ အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ ပြန်ဖြေသည်။ “ဒီအဘိုးအိုက လူသားဆန်မှုနဲ့လူတွေအကြောင်းကိုပဲ သင်ပေးတယ်တာအိုကို မသင်ဘူး..
လူငယ်လေးသည် တိတ်တဆိတ်စဉ်းစားရင်း ပြန်ထွက်ခွာသွား သည်။လေပြေညင်းသည်လည်း တရွေ့ရွေ့ပြန်လွင့်ပါးသွား၏။ လူငယ်လေး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ အသိပြန်ဝင်လာ သည်။သူက မည်သည့်အရာကို လုပ်ခဲ့မိမှန်းမသိဘဲ စိတ်ရှုပ်ထွေး ဟန် ဖြစ်နေ၏။
မြို့ငယ်လေးတစ်မြို့တွင် လေးစားကြည်ညိုဖွယ်ကောင်းသည့် အဘိုးအိုရွှယ်သည် ညနက်သည့်အထိ ဆီမီးအိမ်ကို ထွန်း ထားသည်။သူက စာလိပ်တစ်ခုကို ကောက်ယူပြီး ဖတ်ရှုရန် ပြင် လိုက်သည်။
လေပြေညင်းသည် အခန်းထဲသို့ ရိုက်ခတ်လာကာ ဆီမီးအိမ်ကို တဖျပ်ဖျပ် ဖြစ်စေသည်။အဘိုးအိုက ခေါင်းမော့ကြည့်လိုက်၏။
ရှေးဟောင်းအသံတစ်ခုသည် သူ့အခန်းထဲ၌ ပေါ်ထွက်လာခဲ့ သည်။
“သင်ဟာ ဒီမြို့မှာ ပညာရှိတစ်ယောက်ဖြစ်တယ်။ ဒီတော့ သင် တာအိုဆိုတာ ဘာလဲ သိလား."
အဘိုးအို၏မျက်နှာသည် ချက်ခြင်း ဖြူရောသွားသည်။သူ့လက် ထဲရှိ စာလိပ်သည် လွတ်ကျသွား၏။သူ့မျက်လုံးထဲ၌လည်း ကြောက်လန့်မှုပေါ်လာကာ တုန်တုန်ယင်ယင်နှင့် ပြောလာ၏။ “သင် သင်ဟာ လူလား တစ္ဆေလား…”
ရှေးဟောင်းအသံသည် နောက်တစ်ဖန် ထွက်ပေါ်လာပြန်သည်။ “တာအိုဆိုတာ ဘာလဲ..
အဘိုးအိုက အသက်ဝဝရှုသွင်းမိ၏။သူက သူ့ကိုယ်သူ မနည်း တည်ငြိမ်အောင်လုပ်ကာ တုန်တုန်ယင်ယင်နှင့် ဖြေလာသည်။ "ဒီ အဘိုးအိုက တာအိုကို ဘာမှန်း မသိပါဘူး..
ထိုအသံသည် သက်ပြင်းချခြင်းနှင့်အတူ အကွာအဝေးတစ်ခုသို့ ပြန်လည် ပျောက်ကွယ်သွားတော့သည်။အခန်းသည် ပုံမှန် အတိုင်း ပြန်ဖြစ်သွား၏။သို့သော် အဘိုးအိုရွှယ်မှာ စာဖတ်ရန် စိတ်မပါတော့ချေ။
တိုင်းပြည်တစ်ပြည်၏ မြို့တော်တစ်ခုမှ စာသင်ကျောင်းတစ်ခု အတွင်း ကျောင်းသားများစွာသည် လူ့အကြောင်းနှင့်ပတ်သတ် သည့် စာအုပ်များ ကိုင်ကာ ဖတ်ရှုနေကြသည်။သူတို့၏ ရှေ့၌ အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုတစ်ယောက် ထိုင်နေသည်။သူ့ မျက်နှာပေါ်၌ အပြုံးတစ်ခု ဆင်မြန်းထားသည်။
ထိုအခိုက်အတန့်၌ လေပြေညင်းသည် ရိုက်ခတ်လာသည်။ ကျောင်းသားများထဲမှ တစ်ယောက်သည် လက်ထဲရှိ စာအုပ်ကို ချကာ မတ်တပ်ထရပ်ပြီး တည်ငြိမ်စွာ မေးလာသည်။ “ဆရာ… သင် တာအိုကို သိလား..
ထိုကျောင်းသား၏အသံကို ကြားလိုက်ရသည့်အခိုက် ပတ်ဝန်းကျင်တစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။အဘိုး အို၏အသွင်သည် သာယာသည့်ဟန် မရတော့ဘဲ သူက ပြော လိုက်၏။ “ကောင်းကင်နဲ့မြေကြီးက တာအိုပဲ..”
ထိုကျောင်းသားသည် ခေါင်းယမ်းလိုက်၏။သူက ပြန်ထိုင်ချ လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။သည့်နောက် လေပြေညင်းသည် ထိုကျောင်းထဲ ကနေ ပြန်လည် ထွက်ခွာသွားခဲ့သည်။
ထိုလေပြေညင်းက ချင်းလင်းဂြိုဟ်အနှံ့သို့ ရောက်ရှိနေ၏။ယင်း လေပြေ ရောက်ရှိလာတိုင်း ရှေးဟောင်းအသံသည် ဂြိုဟ်ပေါ်ရှိပညာတတ်ဆိုသူတိုင်းကို တာအိုကဘာလဲ ဟု မေးခွန်းအား မေးမြန်းခဲ့ပေသည်။
အဆုံးသပ်၌ သူတို့အားလုံးသည် အဖြေမျိုးစုံ ပေး၏။သို့သော် မည်သူကမျှ ရှင်းလင်းသောအဖြေကို ပေးနိုင်စွမ်း မရှိခဲ့ကြပေ။
စိတ်ရှုပ်ထွေးနေမှု။ ဝမ်လင်းသည် တာအိုကို ရှာဖွေနေရင်း အိပ်မက်ထဲ၌ နစ်မြုပ်နေဆဲ ဖြစ်သည်။သူက တာအို၏ အစစ်အမှန်အဓိပ္ပာယ်ကို ထာဝရ ရှာဖွေတော့မည့် အလားဟု ထင်ရသည်။
သည်နေ့တွင် ဝမ်လင်း၏ မေးခွန်းမေးခြင်း ခံခဲ့ရသည့် ရွှယ်အ ဘိုးအိုသည် သူ့အိမ်ထဲ၌ လူလားခေါက်တုံ လျှောက်နေကာ သူက တည်တည်ငြိမ်ငြိမ် မနေနိုင် ဖြစ်နေသည်။သူက တည်ငြိမ်မလို ဖြစ်တိုင်း ရှေးဟောင်းအသံသည် သူ့စိတ်ထဲသို့ ရောက် ရောက်လာနေ၏။
သူက သက်ပြင်းလေးလံစွာ ချပြီးသည့်နောက် သူ့ထီးကို ကောက်ယူကာ မိုးရွာထဲသို့ လမ်းလျှောက်ရန် ထွက်သွား တော့သည်။သူက မြို့ထဲ၌ ဟိုဒီလျှောက်နေသည်။သူ့မျက်လုံးထဲ တွင်လည်း ရှုပ်ထွေးမှုတို့ ပြည့်နေ၏။
“တာအိုဆိုတာ ဘာလဲ။ငါက ငါ့ကိုယ်ငါ ဗဟုသုတနဲ့ ပြည့်တယ် လို့ တွေးထင်ခဲ့တယ်။ဒါပေမဲ့လည်း ဒီထူးဆန်းတဲ့အသံရဲ့ တာအို ဆိုတာ ဘာလဲ မေးတဲ့ အခါမှာ ငါဟာ ဆွံ့အသွားခဲ့ရတယ်...
စိတ်ရှုပ်ထွေးခြင်းနှင့်အတူ အဘိုးအိုသည် မြို့မြောက်ဘက်သို့ မ သိလိုက်မသိဘာသာ လျှောက်လာမိသည်။ထိုမြို့မြောက်ဘက်ရှိမြစ်ဘေးတွင် အဘိုးအိုတစ်ယောက် ရှီနေ၏။ထိုအဘိုးအိုသည် မိုးကာ ဝတ်ထားကာ သူ့လက်ထဲရှိ ငါးဖမ်းပိုက်ကွန်ကို မြစ်ထဲသို့ ပစ်လွှတ်ချသည်။
အဘိုးအိုရွှယ်က ဦးတည်ချက်မရှိ ထိုအဖြစ်ကို ကြည့်နေမိ၏။ သူက သူ့ကိုယ်သူ ခပ်တိုးတိုး ပြောနေ၏။ “တာအိုဆိုတာ ဘာ လဲ "
ထိုအခိုက်အတန့်၌ မိုးကာနှင့်အဘိုးအိုသည် ပျော်ရွှင်စွာ ထ အော်၏။သူက ငါးများနှင့် ပြည့်နေသော ငါးဖမ်းပိုက်ကွန်ကို ပြန် ဆယ်လိုက်သည်။ပိုက်ကွန်ထဲရှိ ငါးများက အဆက်မပြတ် ရုန်းကန်နေသည်။၎င်းတို့၏မျက်လုံးထဲ၌လည်း မျှော်လင့်ချက်မဲ့ မှုတို့ ရှိနေသေး၏။
ထိုမြင်ကွင်းက အဘိုးအိုရွှယ်ကို မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ် သွားစေ၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်ယင်နေသည်။သူက ငါးဖမ်းပိုက်ကွန်ကို စူးစိုက်ကြည့်နေသည်။
“ဒါ…ဒါက တာအို ဖြစ်နိုင်လား..။ငါသာ ငါးတစ်ကောင် ဖြစ်မယ် ဆိုရင် မြစ်ဟာ ကောင်းကင်နဲ့မြေကြီး သဘာဝပဲ။ ငါးဖမ်း ပိုက်ကွန်နဲ့အဘိုးအိုကတော့ ကံကြမ္မာကို ထိန်းချုပ်တဲ့ ဖန်တီးသူ ဖြစ်လိမ့်မယ်..
အဘိုးအိုရွှယ်၏ စိတ်သည် တုန်ခါသွားသည်။လေပြင်းတစ်ခု သည် လောက၌ ပြည့်လာ၏။
ထိုလေပြင်းထဲ၌ ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ပါဝင် နေသည်။ငါးဖမ်းပိုက်ကွန်နှင့် အဘိုးအိုသည် ကြောက်လန့်သွား သည်။သူက ပိုက်ကွန်ကို ဖြေလျော့ကာ မြေပြင်ထက်၌ အထိတ်တလန့် ထိုင်လိုက်သည်။အဘိုးအိုရွှယ်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိ၏။သူက သူ့ကိုယ်သူ မနည်း ပြန်တည်ငြိမ်အောင် လုပ်နေရသည်။
ထိုလေပြင်းက လူတစ်ယောက်၏အသွင် ဖြစ်တည်လာသည်။ထို သူကတော့ ဝမ်လင်းပင်။
သူက ပိုက်ကွန်ကနေ လွတ်မြောက်ကာ မြစ်ထဲသို့ ပြန်ဆင်းသွား ကြသည့် ငါးများကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ ဉာဏ်အလင်း ပါဝင်နေသည်။သူက သူ့လက်ဖြင့် စိတ်ဝိညာဉ်စွမ်းအင်ကို ဖြစ် စေကာ ရွှယ်အဘိုးအို၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေလိုက် သည်။
“မင်းက ငါ့ကို ဉာဏ်အလင်း ရစေခဲ့တဲ့အတွက် ငါလည်း မင်းကို အခွင့်အရေးတစ်ခု လက်ဆောင်ပြန်ပေးရမှာပေါ့...
ဝမ်လင်း၏ စိတ်သည် အပြင်းအထန် လှိုင်းထန်နေလေပြီ။သူက နားလည်သွားခဲ့ပြီ ဖြစ်၏။
“ကောင်းကင်နဲ့မြေကြီးရဲ့ တာအိုဟာ လူတိုင်းသက်သေပြ၊လူ တိုင်း သေချာအောင် ပြုလုပ်နိုင်တဲ့ အရာ ဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီးဟာ တာအို မဟုတ်ဘူး။တာအိုဟာ ကောင်းကင်နဲ့မြေကြီးရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်လာခဲ့ရတာ။ လူ တိုင်းဟာလည်း ဒီဆန္ဒ ရရှိနိုင်တယ်..
“ဒါက ဘာနဲ့ တူလဲဆိုတော့ မြစ်ထဲမှာ ရှင်သန်နေတဲ့ ငါးတွေလိုပဲ။ ဒီငါးတွေဟာ ကောင်းကင်နဲ့မြေကြီးကို မပုန်ကန်ဘူး။သူတို့ဟာ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး ရှင်သန်နေကြတာ ဖြစ် တယ်။မြစ်ဟာ ကောင်းကင်နဲ့မြေကြီး လောက ဖြစ်တယ်။ ငါး တွေဟာ ဒီလောကထဲမှာ တည်ရှိ ရှင်သန်နေတဲ့ အရာတွေ ဖြစ် တယ်.."
"ဒါပေမဲ့လည်း ငါးဖမ်းပိုက်ကွန်က မြစ်ထဲက ငါးတွေကို ဖမ်းယူခဲ့ တယ်။ဒီပိုက်ကွန်ဟာ တာအို၊လောကရဲ့ ဥပဒေသ။ သင်ဟာ ဘယ်နေရာမှာပဲ ရှိနေပါစေ တာအိုကနေ လွတ်မြောက်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး..”
"မြစ်ထဲကနေ ထွက်လာတာနဲ့ ငါးတွေဟာ လောကရဲ့ ဥပဒေတွေ ကို ရင်ဆိုင်ရလိမ့်မယ်။ ဒီငါးတွေက နာခံလိုက်တာနဲ သေဆုံးပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်ရောက်ရမယ် ဒါမှမဟုတ် ရင် ငါးတွေက ပုန်ကန်ရလိမ့်မယ်..။ပိုက်ကွန်ကို ချိုးဖျက်နိုင် အောင် ပုန်ကန်ပစ်ရမယ်..
"ကျင့်ကြံသူတွေဟာလည်း ဒီလို ရုန်းကန်နေတဲ့ ငါးတွေနဲ့တူ တယ်။ သူတို့ဟာ ပိုပြီး ဖိဆန်ရုန်းကန်လေလေ တာအိုကို ပိုဖိဆန် ဆန့်ကျင်မိလေပဲ..
“ဒါက တာအိုပဲ။ သေခြင်းရှင်ခြင်း ဒါမှမဟုတ် ကံကြမ္မာ ဘာပဲ ဖြစ်နေပါစေ အားလုံးဟာ တာအိုရဲ့ ဆန္ဒကြောင့် ဖြစ်ပေါ်လာခဲ့ရ တာ။ ငါဟာ ကံကြမ္မာပဲ..”
လေပြင်းသည် ကောင်းကင်ထက်သို့ တဝီဝိတက်ရင်း ဝမ်လင်းကို ပါ သယ်ဆောင်သွားသည်။သူက သဲလွန်စမရှိ ပျောက်ကွယ်သွား တော့၏။
သူက ထိတ်လန့်နေသော မိုးကာဝတ်ထားသည့်အဘိုးအိုနှင့် သူ့ ခန္ဓာကိုယ်ထဲမှ နွေးထွေးမှုကို ခံစားမိနေသည့် အဘိုးအိုရွှယ်တို့ကို ချန်ထားခဲ့ပေသည်။
အဘိုးအိုရွှယ်က ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။ “သူ…သူက လူ လား..တစ္ဆေလား...
လေပြင်းက ပြန့်ကျဲသွားရင်း ချင်လင်းဂြိုဟ်နှင့် ပေါင်းစပ် သွား၏။ထိုအခိုက်အတန့်၌ စိတ်ဝိညာဉ်စွမ်းအင်သည် အံ့မခန်း တိုးမြှင့်လာသည်။မရေမတွက်နိုင်သော စိတ်ဝိညာဉ်သွေးကြော များ ဖြစ်ပေါ်လာရင်း အဆုံးမဲ့ စိတ်ဝိညာဉ်စွမ်းအင်တို့ ထိုးထွက် လာသည်။
မြေကြီးထဲမှ ထွက်ပေါ်လာသည့် စိတ်ဝိညာဉ်စွမ်းအင်တို့သည် သာမန်တောင်တန်းများကို စိတ်ဝိညာဉ်ကျောက်တုံးများဖြစ် စေသည်။ ၎င်းတောင်များသည် စိတ်ဝိညာဉ်တောင်တန်းများ ဖြစ်လာကြ၏။
ထိုအရာများအားလုံးသည် ဝမ်လင်းကြောင့်ပင်။ဝမ်လင်းသည် အိပ်မက်တာအိုထဲ၌ ရှိနေသည့်အချိန်တွင် သူဟာ ချင်လင်းဂြိုဟ် နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပေ၏။ထို့ကြောင့် ထိုဂြိုဟ်က လည်းသူ၊သူကလည်း ချင်လင်းဂြိုဟ် ဟု ဆိုရပေတော့မည်။
ဝမ်လင်းသည် ချင်လင်းဂြိုဟ် ဖြစ်လာသည့်အတွက်ကြောင့် တာ အို၌ ဉာဏ်အလင်းရခဲ့ပေသည်။ထို့အတူ ချင်လင်းဂြိုဟ်သည် လည်း ဉာဏ်အလင်းရရှိခဲ့လေ၏။
“လူတွေမှာ စိတ်ဝိညာဉ် ရှိတယ်။ဒါ့ကြောင့် တာအိုကို နားလည် နိုင်ကြတာ။သားရဲတွေမှာလည်း စိတ်ဝိညာဉ်ရှိတယ်။ဒါ့ကြောင့် ဉာဏ်အလင်း ရနိုင်ကြတာ ဖြစ်တယ်။ဒီလောကမှာ ရှိတဲ့ အရာ ရာတိုင်းဟာ စိတ်ဝိညာဉ် ဒါမှမဟုတ် တာအိုကို နားလည်နိုင်တဲ့ စိတ်ဝိညာဉ် ပိုင်ဆိုင်ထားကြတယ်...”
“ဒီဂြိုဟ်မှာလည်း စိတ်ဝိညာဉ်တစ်ခု ရှိတဲ့အတွက် ဉာဏ်အလင်း ရရှိသွားနိုင်တာ ဖြစ်တယ်...
ဝမ်လင်းသည် ချင်လင်းဂြိုဟ်နှင့် ပေါင်းစပ်သွားပြီး ဉာဏ် အလင်း ရရှိလာခဲ့၏။သည်အခိုက်အတန့်၌ သူသည် ချင်လင်း ဂြိုဟ်၏ စိတ်ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း ခံစားမိပေသည်။ သည်အဖြစ်က ပထမဆုံးအကြိမ်အဖြစ် ကျင့်ကြံသူတစ် ယောက်၏ စိတ်ဝိညာဉ်နှင့် မတူညီသည့် စိတ်ဝိညာဉတစ်ခုကို ရှင်းလင်းစွာ ခံစားမိနိုင်ခြင်း ဖြစ်သည်။
သည်လို စိတ်ဝိညာဉ်မျိုးသည် ပုံရိပ်ယောင်မျှသာ ဖြစ်၏။ သို့သော် ၎င်းက တည်ရှိပေသည်။၎င်းတွင် အတွေးဟူ၍ မရှိပေ။ သို့သော် အလိုအလျောက်တုန့်ပြန်နိုင်သော စွမ်းအား ပိုင်ဆိုင် ထားပေ၏။ ထိုစွမ်းအားသည် ချင်လင်းဂြိုဟ်ပေါ်ရှိ မရေမတွက် နိုင်သော ကျင့်ကြံသူများ၊သေမျိုးများနှင့် သက်ရှိဖြစ်တည်မှုများ ထံမှ ရရှိလာသည့် စွမ်းအားဖြစ်သည်။
“အတိတ်တုန်းက ပြန့်ကျဲနတ်ဆိုးဟာ ဂြိုဟ်တစ်ခုရဲ့ စိတ်ဝိညာဉ် ကို ဆွဲထုတ်ယူခဲ့ဖူးတယ်။အခုငါလည်း ဒီလို လုပ်ချင်ရင် ကောင်းကောင်းလုပ်နိုင်သွားပြီ...
ထိုခွန်အားပြည့်အသံသည် ချင်လင်းဂြိုဟ်အနှံ့တွင် ပဲ့တင် ထပ်၏။
မရေမတွက်နိုင်သော သေမျိုးများသည် ထိုအသံကို ဦးညွတ်ကြ သည်။ကျင့်ကြံသူများ၏ စိတ်ပင် တုန်ယင်ကာ သူတို့လည်း ဒူး ထောက် ဦးညွတ်ကြရသည်။
သေမျိုးများကြား၌ အဘိုးအိုရွှယ်သည် ကောင်းကင်ထက်သို့ စူး စိုက်ကြည့်နေ၏။သူ့စိတ်ဝိညာဉ်မှလာသည့် တုန်ခါမှုသည် သူ့ ခန္ဓာကိုယ်၌ ပြည့်နေသည်။
“သူက တစ္ဆေတစ်ယောက် မဟုတ်ဘူးပဲ.. ဉာဏ်အလင်းအမျိုး အစားတစ်ခုသည် အဘိုးအိုရွှယ်၏ စိတ်နှလုံးထဲ၌ ပေါ်လာခဲ့၏။
ချင်လင်းဂြိုဟ်မှ စိတ်ဝိညာဉ်စွမ်းအင်သည် အရူးအမူး စတင် တိုးတက်လာနေ၏။တံခါးပိတ်ကျင့်ကြံနေကြသော စဦးစိတ် ဝိညာဉ်အဆင့်ကျင့်ကြံသူများသည် ထိုစိတ်ဝိညာဉ်စွမ်းအားကို ခံစားမိသည်နှင့် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ချိုးဖျက် နိုင်ရန် စတင် လုပ်ဆောင်ကြတော့သည်။
ဝမ်လင်း၏ဉာဏ်အလင်းရရှိမှုသည် ချင်လင်းဂြိုဟ်ကို တိုက်ရိုက် ပြောင်းလဲသွားစေခဲ့၏။အချိန်အတန်ကြာ တန့်နေသော စဦးစိတ် ဝိညာဉ်အဆင့် ကျင့်ကြံသူများသည် ဝမ်လင်း၏ဉာဏ်အလင်းက နေ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြ၏။စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ် ခြင်းအဆင့်သို့ ခြေတစ်ဝက်နင်းပြီးသူများသည် ဝမ်လင်း၏ ဉာဏ်အလင်းကြောင့် အဆင့်ချိုးဖျက်ကာ စိတ်ဝိညာဉ်ပုံစံဖြစ် ပေါ်ခြင်းအဆင့်သို့ လုံးဝ ရောက်ရှိသွားကြတော့သည်။
ဝမ်လင်းသည် ချင်လင်းဂြိုဟ်မှ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိခြင်းကနေ ကျင့်ကြံသူတို့အား တားဆီးထား သည့် အကန့်အသတ်ကို ချိုးဖျက်ပစ်ခဲ့၏။ယခုသည်ဂြိုဟ်သည် အပျက်အစီးဂြိုဟ်တစ်ခု မဟုတ်တော့ပေ။သို့သော် ထိုအဖြစ်က အစမှတ်သာ ရှိသေး၏။လုံလောက်အောင် အချိန်ပေးခဲ့ပါက
အခုမှစ၍ နောက်နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ပြီးမှ သည်ဂြိုဟ်ဟာ စိတ်ဝိညာဉ်သွေးကြောများ ဖြစ်ပေါ်ပြီး အစစ်အမှန် စိတ်ဝိညာဉ်ဂြိုဟ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဝမ်လင်း၏ဉာဏ်အလင်းသည် ဂြိုဟ်၏ ကြီးထွားမှုကို အရှိန်မြင့် ပေးခဲ့ခြင်း ဖြစ်တော့၏။
ဟန်ယွမ်တောင်ထိပ်မှာ ဝမ်လင်း၏ဉာဏ်အလင်းအစပြုရာ မူလ နေရာ ဖြစ်၏။ဤအခိုက်အတန့်၌ တောင်ထိပ်ရှိ မြေကြီး များသည် စိတ်ဝိညာည်ကျောက်တုံးများအဖြစ်သို့ ပြောင်းလဲ သွားပြီး အစစ်အမှန် စိတ်ဝိညာဉ်တောင်တစ်လုံး ဖြစ်လာခဲ့ တော့သည်။
သည်နေရာရှိ စိတ်ဝိညာဉ်စွမ်းအင် ပေါများမှုမှာ အံ့မခန်း ဖြစ် နေ၏။
သည်အခိုက်အတန့်၌ ချင်လင်းဂြိုဟ်ပေါ်ရှိ အရပ်မျက်နှာတိုင်းမှ စွမ်းအားသည် ဤနေရာတွင် လာရောက်သိပ်သည်း၏။ထို စွမ်းအားမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သည်။သို့သော် ကျင့်ကြံသူ အားလုံးက ထိုအဖြစ်ကို သတိပြုမိကြ၏။ထိုစွမ်းအားသည် ဟန် ယွမ်တောင်ထိပ်၌ စုစည်းလာရင်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ထိုအခိုက်မှာပင် ဝမ်လင်းသည် တာအိုရှာဖွေ ခြင်း၌ နစ်မြုပ်နေရာကနေ နိုးထလာတော့သည်။
သူ့မျက်လုံးက တောက်ပနေ၏။သူ့အသွင်သည် ကျေနပ်အားရ ဟန် ဖြစ်ပေါ်နေသည်။သူ့မျက်နှာက ဖြူရောနေ၏။သို့သော် တောက်ပမှုအရိပ်အမြွက် ပါဝင်နေသည်။
ဝမ်လင်းထံကနေ သူတို့၏ တာအိုကို သတိပြု ထိန်းချုပ်သွားနိုင် သည့် လူစားမျိုးထံကနေ ရရှိတက်သည့် အော်ရာမျိုးကို ပေးစွမ်း နေ၏။သူ့ခန္ဓာကိုယ်သည် သည်နေရာတွင် ရှိနေသလို သူ့မူလ စိတ်ဝိညာဉ်မှာလည်း သည်နေရာတွင်သာ ရှိနေ၏။သို့သော် ကျင့်ကြံသူတစ်ယောက်က အနားသို့ လာ၍ ကြည့်လျှင်ပင် ထိုသူ သည် ဝမ်လင်း၏တည်ရှိမှုကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ထိုအဖြစ်က ဝမ်လင်း လောကနှင့်တစ်သားတည်း ပေါင်းစပ်ထား သည့် သဘောမျိုး ဖြစ်နေ၏။
အတွေးတစ်ချက်ဖြင့်ပင် အကွာအဝေးဟူသည် မတည်ရှိတော့ သကဲ့သို့ ဖြစ်သည်။သူ့အတွက်းသည် ကံကြမ္မာ ဖြစ်နေ၏။
“ကောင်းကင်နဲ့မြေကြီးမှာ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး။ငါက ငါ့ ကိုယ်ပိုင်ကံကြမ္မာထဲကို အမှုမဲ့အမှတ်မဲ့ ဝင်ရောက်သွားခဲ့တာ။ငါ သာ ဉာဏ်အလင်း မရခဲ့ရင် ပြန်နိုးထမလာနိုင်တော့မှ ကြောက်မိတယ်.."
ဝမ်လင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ စူးစိုက် ကြည့်၏။သူ့အကြည့်သည် အေးစက်နေသည်။
ထိုအကြည့်ထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နေ၏။အဆုံးမဲ့ အေးစက်မှုလည်း ပါဝင်နေသည်။သူ ကောင်းကင်ထက်သို့ ကြည့် နေရင်း ချင်လင်းဂြိုဟ်ထံမှ အနှိုင်းမဲ့စွမ်းအားတစ်ခု ထွက် ပေါ်လာ၏။ထိုစွမ်းအားသည် ကျင့်ကြံသူတိုင်း၊သေမျိုးတိုင်း၊ သက်ရှိတိုင်းထံကနေ ထွက်ပေါ်လာခြင်းပင်။
အနှီစွမ်းအားသည် ဝမ်လင်းထံသို့ အရူးအမူး စုစည်းလာကာ ကောင်းကင်ထက်သို့ ထိုးတက်လေသည်။
သည်အခိုက်အတန့်၌ ချင်လင်းဂြိုဟ်ပေါ်ရှိ အရပ်မျက်နှာတိုင်းမှ စွမ်းအားသည် ဤနေရာတွင် လာရောက်သိပ်သည်း၏။ထို စွမ်းအားမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သည်။သို့သော် ကျင့်ကြံသူ အားလုံးက ထိုအဖြစ်ကို သတိပြုမိကြ၏။ထိုစွမ်းအားသည် ဟန် ယွမ်တောင်ထိပ်၌ စုစည်းလာရင်း ဝမ်လင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ထိုအခိုက်မှာပင် ဝမ်လင်းသည် တာအိုရှာဖွေ ခြင်း၌ နစ်မြုပ်နေရာကနေ နိုးထလာတော့သည်။
သူ့မျက်လုံးက တောက်ပနေ၏။သူ့အသွင်သည် ကျေနပ်အားရ ဟန် ဖြစ်ပေါ်နေသည်။သူ့မျက်နှာက ဖြူရောနေ၏။သို့သော် တောက်ပမှုအရိပ်အမြွက် ပါဝင်နေသည်။
ဝမ်လင်းထံကနေ သူတို့၏ တာအိုကို သတိပြု ထိန်းချုပ်သွားနိုင် သည့် လူစားမျိုးထံကနေ ရရှိတက်သည့် အော်ရာမျိုးကို ပေးစွမ်း နေ၏။သူ့ခန္ဓာကိုယ်သည် သည်နေရာတွင် ရှိနေသလို သူ့မူလ စိတ်ဝိညာဉ်မှာလည်း သည်နေရာတွင်သာ ရှိနေ၏။သို့သော် ကျင့်ကြံသူတစ်ယောက်က အနားသို့ လာ၍ ကြည့်လျှင်ပင် ထိုသူ သည် ဝမ်လင်း၏တည်ရှိမှုကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ထိုအဖြစ်က ဝမ်လင်း လောကနှင့်တစ်သားတည်း ပေါင်းစပ်ထား သည့် သဘောမျိုး ဖြစ်နေ၏။
အတွေးတစ်ချက်ဖြင့်ပင် အကွာအဝေးဟူသည် မတည်ရှိတော့ သကဲ့သို့ ဖြစ်သည်။သူ့အတွက်းသည် ကံကြမ္မာ ဖြစ်နေ၏။
“ကောင်းကင်နဲ့မြေကြီးမှာ ဘာသဲလွန်စမှ မကျန်ခဲ့ဘူး။ငါက ငါ့ ကိုယ်ပိုင်ကံကြမ္မာထဲကို အမှုမဲ့အမှတ်မဲ့ ဝင်ရောက်သွားခဲ့တာ။ငါ သာ ဉာဏ်အလင်း မရခဲ့ရင် ပြန်နိုးထမလာနိုင်တော့မှ ကြောက်မိတယ်.."
ဝမ်လင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်သို့ စူးစိုက် ကြည့်၏။သူ့အကြည့်သည် အေးစက်နေသည်။
ထိုအကြည့်ထဲ၌ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် ပြည့်နေ၏။အဆုံးမဲ့ အေးစက်မှုလည်း ပါဝင်နေသည်။သူ ကောင်းကင်ထက်သို့ ကြည့် နေရင်း ချင်လင်းဂြိုဟ်ထံမှ အနှိုင်းမဲ့စွမ်းအားတစ်ခု ထွက် ပေါ်လာ၏။ထိုစွမ်းအားသည် ကျင့်ကြံသူတိုင်း၊သေမျိုးတိုင်း၊ သက်ရှိတိုင်းထံကနေ ထွက်ပေါ်လာခြင်းပင်။
အနှီစွမ်းအားသည် ဝမ်လင်းထံသို့ အရူးအမူး စုစည်းလာကာ ကောင်းကင်ထက်သို့ ထိုးတက်လေသည်။
သည်အခိုက်အတန့်၌ ချင်လင်းဂြိုဟ်ဟာ မြစ်တစ်ခု ဖြစ်မည် ဆို ပါက ဂြိုဟ်ပေါ်ရှိ သက်ရှိတိုင်းသည် ရုန်းကန်ပုန်ကန်နေသော ငါး ဖြစ်ပေလိမ့်မည်။သူတို့အားလုံးသည် ဝမ်လင်းထံသို့ စုစည်းလာ ကာ ကောင်းကင်နှင့်မြေကြီးကို ပုန်ကန်ရန် ဖြစ်တော့သည်။
ဝမ်လင်း၏အထက်၌ ယင်နှင့်ယန်ပန်းချီကားသည် ဖြည်းဖြည်း ချင်း လှည့်လည်နေသည်။အဖြူအနက်ပုံရိပ်က အားကောင်း သောမူလစွမ်းအင်ကို ပေးစွမ်းနေ၏။၎င်းက ဂြိုဟ်ပေါ်ရှိ သက်ရှိများအားလုံး၏ စိတ်အတွေးအကြံများကို စုပ်ယူကာ ကောင်းကင်ဘုံကို ဖိဆန်သည့်အားတစ်ခုအသွင် ဖြစ်ပေါ် နေသည်။
ထို့နောက် ၎င်းအဖြူအနက် ယင်နှင့်ယန်ပုံရိပ်သည် ကောင်းကင် ထက်သို့ ထိုးတက်သွားလေ၏။
ကောင်းကင်တစ်ခုလုံး၏ အရောင်သည် ပြောင်းလဲသွား၏။ခဏ အကြာတွင် ကောင်းကင်သည် အရင်ဖြစ်မြဲဖြစ်နေဆဲသာ။ သို့သော် ဝမ်လင်း၏အမြင်တွင် ၎င်းသည် အတော်လေး ပို တိတ်ဆိတ်သွားသည်။
ထိုသို့ဖြစ်ပျက်နေစဉ်အတွင်း အလွန်ဝေးသောတစ်နေရာတွင် ရှိနေသည့် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ တိတ်ဆိတ်သည့် ခန်းမဆောင်တစ်ခုအတွင်း၌ ချင်းရွှေသည် ကျင့်ကြံနေ၏။ထို အခိုက်အတန့်၌ သူသည် မျက်လုံးဖွင့်လာခဲ့သည်။
သူ့မျက်လုံးတို့သည် တည်ငြိမ်နေ၏။သူ မျက်လုံးဖွင့်လာသည့် အခါ သူ့အကြည့်သည် ကြယ်များကြား ထွင်းဖောက်သွား သကဲ့သို့ အကွာအဝေးတစ်ခုသို့ ရောက်ရှိသွားသည်။
"ဆရာ..တစ်ခါတုန်းက ဆရာဟာ လူတစ်ယောက်ဟာ သူ့မန္တာန် တွေကို သင်ယူနိုင်မယ်ဆိုရင် ဒီလူ့ကို ပေဖန်ရဲ့ တပည့်တစ် ယောက်အဖြစ် သတ်မှတ်နိုင်တယ်လို့ စနောက်ပြောခဲ့ဖူးတယ်။ ဒီ လူက လေဆင့်ခေါ်ခြင်းမန္တာန်ကို အခွင့်ရေးတစ်ခုကြောင့် သင်ယူနိုင်ခဲ့တယ်..” ချင်းရွှေသည် တိတ်တဆိတ်စဉ်းစား နေသည်။သူ့အကြည့်ထဲ၌ အတိတ်ကို ပြန်တမ်းတမှုတို့ ထွက်ပေါ် နေသည်။
"ဆရာ..တပည့်ဟာ အရည်အချင်းမပြည့်မှီပါဘူး။ ဒါပေမဲ့လည်း မရေမတွက်နိုင်တဲ့နှစ်တွေကြာပြီးတဲ့နောက်မှာ ကောင်းကင်ဘုံ နယ်မြေဟာ ဘာကြောင့် ပြိုပျက်ခဲ့ရလဲ၊ တပည့်ဘာကြောင့် ရူးသွပ်သွားခဲ့ရလဲ ဆိုတဲ့ အကြောင်းရင်းကို တွေ့အောင်ရှာပါ့ မယ်။တပည့်ဟာ သင့်အတွက် လက်စားချေပေးပါ့မယ်..
ချင်လင်းဂြိုဟ်ပေါ်၌ ဝမ်လင်းသည် သူ့အကြည့်ကို ကောင်းကင် ထက်ကနေ ပြန်ရုတ်သိမ်းလိုက်သည်။ဉာဏ်အလင်းရရှိပြီး သည့်နောက် သူက နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ ခြေတစ်လှမ်း ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။သူက အစစ်အမှန် ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် ခြေတစ်ဝက်သာ လို တော့၏။
နှစ်ပေါင်းတစ်ထောင်လောက်သာ ကျင့်ကြံမှုဖြင့် နိဗ္ဗနာကြိုမြင် ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် လူတိုင်းကို တုန်လှုပ် သွားစေဖို့ လုံလောက်ပေသည်။ဝမ်လင်းသည် သာမာန်ပါရမီသာ ရှိသူတစ်ယောက် ဖြစ်၏။သို့သော် သူ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်း၊ အညံ့မခံတက်သည့် သဘာဝတို့ကြောင့်သာ ယနေ့လိုအဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက အဆင့်ချိုးဖျက်မည့် အခိုက်အတန့်တွင် နတ်ဘုရားပြစ်ဒဏ် ယောင်ကြည့်သည်။ ရောက်ရှိလာမည်ကို မြင်
“နတ်ဘုရားပြစ်ဒဏ်က ထူးဆန်းလှတဲ့ အရာပဲ။ ငါက ဒီကံကြမ္မာ လမ်းကြောင်းကို ဖြတ်သန်းသွားတဲ့အချိန်ကျရင် သတိအပြည့် ထားပြီး လုံးဝ ပေါ့ဆလိုတော့ မရဘူး..”
ဝမ်လင်း၏မျက်လုံးတို့သည် အေးစက်လာ၏။သူက အာဏာ တက်ခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ၌ပင် ကောင်းကင်ဘုံကို ဖိဆန်ခဲ့သည့်အတွက် အခုသူ့ကျင့်ကြံမှုအဆင့် ဆက်၍ တိုးတက် လာမည့်အခါတွင်လည်း နတ်ဘုရားပြစ်ဒဏ်သည် သူ့အား ဖိနှိပ် ရန် လုပ်ဆောင်လာပေလိမ့်မည်။
နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားသည် ပို၍ စွမ်းအားကောင်းကာ အရင်ထက်လည်း ပိုထူးဆန်းလာပေလိမ့်မည်။
ဝမ်လင်းက ခေါင်းငုံ့ကာ မေ့မြောနေသော ယောင်ပင်ယွမ်ကို ကြည့်လိုက်၏။သူ့ ညာလက်သည် တုံ့ဆိုင်းခြင်းမရှိသူမ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချလာသည်။
"နယ်ပယ်တွေကို ဝါးမြိုတာဟာ မှားယွင်းတဲ့လမ်းကြောင်းပဲ။ ဒါပေမဲ့ ငါဉာဏ်အလင်းမရခင်တုန်းက ဒီအကြံဟာ ငါ့စိတ်ထဲမှာ ဖြစ်ပေါ်နေခဲ့တယ်။ ငါသာ ဉာဏ်အလင်းမရခဲ့ရင် ငါက မှားယွင်း တဲ့လမ်းကြောင်းမှာ ကျရောက်သွားပြီး တနေ့မှာ ငါ့တာအိုဟာ ပျက်စီးသွားရလိမ့်မယ်..
သူ့လက်ချောင်းသည် ယောင်ပင်ယွမ်၏နှဖူးပေါ်သို့ ထိမိသွား သည့်အခါတွင် ဝမ်လင်း၏မျက်လုံးထဲမှ ထူးဆန်းသောအလင်း တစ်ခု ပေါ်ထွက်လာ၏။
"မှန်ကန်တဲ့လမ်းကြောင်းကတော့ ဝါးမြိုတာ မဟုတ်ဘဲ နားလည် နိုင်ဖို့အတွက် တခြားလူရဲ့ တာအိုကို ငှားယမ်းတာသာ ဖြစ် တယ်..။ဒါက ကံကြမ္မာတာအိုကို ပြီးပြည့်စုံစေနိုင်တဲ့ မှန်ကန်တဲ့ လမ်းကြောင်းပဲ...
ဝမ်လင်းသည် အသက်ဝဝရှူသွင်းရင်း ဖြည်းဖြည်းချင်း မျက်လုံး မှိတ်လိုက်၏။ သူ့နယ်ပယ်သည် ထွက်ပေါ်လာချေသည်။ အဖြူ အနက်ပန်းချီကားသည် ကောင်းကင်ထက်တွင် ဖြည်းဖြည်းချင်း လှည့်လည်ရင်း ဆင်းသက်လာ၏။၎င်းက တဖြည်းဖြည်းဖြင့် သူ နှင့်ယောင်ပင်ယွမ်တို့၏ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဖိဆန်ခြင်းပုတီးစေ့သည် စတင်လှည့်လည်လာကာ ယင်နှင့်ယန်စွမ်းအားကို တဖြည်းဖြည်း စုပ်ယူနေသည်။
"ညီမလေး…ညီမလေး…” အားနည်းဖျော့တော့သော အသံတစ်ခု သည် လေဟာနယ်ထဲကနေ ပေါ်လာ၏ထိုအသံထဲ၌ အနှိုင်းမဲ့ ဝမ်းနည်းမှုတို့ ပြည့်နေသည်။
ထိုအသံက ခပ်တိုးတိုး ရေရွတ်လာ၏။ “ညီမလေးဒီအမကြီးက နင့်ကို ကယ်တင်ပေးမှာပါ..။နင် ဆက်အားတင်းထား_ငါ့ကို စောင့်နေပါ..
ဝမ်းနည်းမှုသည် အားကောင်းလွန်းလှသည်။
လေဟာနယ်အတွင်း၌ ဝမ်လင်းသည် ထိုအသံကို တိတ်ဆိတ်စွာ နားထောင်နေသည်။သူက ပျော်ရွှင်မှု သို့မဟုတ် ဝမ်းနည်းမှုတို့ကို မခံစားရချေ။
ထိုအသံ ပဲ့တင်ထပ်လာသည်နှင့် တိမ်စိုင်တိမ်ထုတို့သည် ဟင်းလင်းပြင်ထဲ၌ ပေါ်လာ၏။၎င်းတို့က သည်ဧရိယာကို လွှမ်းခြုံထားသည်။ထိုတိမ်ထုထဲ၌ မိန်းကလေးငယ် တစ်ယောက် ရှိနေ၏။သူမ၏ မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်နေသည်။
သူမသည် အသက် (၁၅)၊(၁၆) မျှသာ ရှိပေဦးမည်။သူမက လေ နှင့်အတူ အချိန်မရွေး လွင့်ပါးသွားနိုင်သည့် အားနည်းဟန် ခန္ဓာကိုယ်ပိုင်ဆိုင်ထား၏။ သူမ၏ အသားအရေမှာ ဖြူရော နေကာ အကူအညီမဲ့မှုတို့နှင့် ပြည့်နေသည်။
"အမကြီး အမကြီး " သူမထံကနေ ခပ်တိုးတိုး ခေါ်သံ ထွက် ပေါ်လာသည်။
“အမကြီးက ဒီဘဝအတွင်းမှာ နင့်ကို ကျိန်းသေပေါက် လာကယ် မယ်လို့ ကတိပေးတယ်..။ညီမလေး..မငိုပါနဲ့တော့...နင့်အမကြီး ဒီမှာပါ..
“မစိုးရိမ်ပါနဲ့၊မကြောက်ပါနဲ့...နင်ဟာ အမကြီးအတွက် ပိုဝေးတဲ့ နေရာတစ်ခုမှာ သွားစောင့်ပေးနဲ့ သဘောမျိုးပါ။ငါ့မှာ စွမ်းအား ရှိလာတာနဲ့ ငါနင့်ကို ကျိန်းသေပေါက် ပြန်လာကယ်မယ်..
“မငိုပါနဲ့တော့ ညီမလေး..အမေလည်း ဒီနေရာမှာ မရှိတော့ဘူး… ငါတို့နှစ်ယောက်ပဲ ရှိတော့တာ။ ဘယ်သူကမှ ဒီနေရာမှာ ညီမ လေးကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး။အမကြီးရဲ့ စကားကို နားထောင်ပါ။ ငါ့ကို စောင့်နေပါ...
မိန်းကလေးငယ်က ခေါင်းမော့ကြည့်လာသည်။သူမ၏ မျက်နှာ ထက်၌ မျက်ရည်စများနှင့် ပြည့်နေသည်။သူမက ခပ်တိုးတိုး ပြောလိုက်၏။ “အမကြီး ငါမသွားချင်ဘူးငါကြောက်တယ်.." သူမသည် ငိုနေ၏။သို့သော် အိုမင်းသောလက်တစ်စုံသည် ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာသည်။ထိုလက် တစ်စုံသည် မိန်းကလေးငယ်ကို ဆွဲခေါ်ကာ လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားတော့၏။
“ညီမလေး…ငါ့တစ်ဘ၀လုံး..နင့်ကို ကယ်နိုင်တဲ့စွမ်းအား ကျိန်းသေ ရလာအောင် လုပ်မှာပါ..။ငါ့ကို စောင့်နေပါ။ သန် သန်မာမာနေပါ။ ငါ့ကို စောင့်နေပါ..
အံ့မခန်းဝမ်းနည်းမှုသည် ဟင်းလင်းပြင်ထဲတွင် ပြည့်နေ တော့သည်။
ထိုဝမ်းနည်းမှုထဲ၌ လောကကို ချိုးဖျက်ပစ်မည့် စွမ်းအားတစ်ခု ပါဝင်နေသည်ဟုပင် ထင်မှတ်ရ၏။၎င်းက သည်ဧရိယာ၌ ပြည့် နှက်လာသည့်အခါ ဟင်းလင်းပြင်ကို ပြိုပျက်စေသည်။
ဟင်းလင်းပြိုက် ပြိုပျက်သွားသည့်နောက် မြေကြီးအောက်ဘက် ကနေ အစိမ်းရောင်လမ်းကြောင်းတစ်ခု ထွက်ပေါ်လာ၏။ မြေပြင်ထက်၌ အနီရောင်ဝတ်စုံနှင့် မိန်းကလေးငယ်လေးနှစ် ယောက်သည် စိန်ပြေးတမ်းဆော့ကစားနေရင်း ရယ်မော နေလျက် ရှိသည်။
သူတို့က ညီအမတွေ ဖြစ်သည်မှာ သိသာပေသည်။အငယ်မလေး သည် အမဖြစ်သူ့နောက်သို့ လိုက်နေ၏။သူမ၏မျက်နှာမှာ ကြောက်မက်ဖွယ် ဖြူရောနေသည်။
“ညီမလေး..နင်ငါ့ကို မိတာနဲ့ ငါနင့်ကို ချိုချဉ်လုံး ဝယ်ကျွေး မယ် "
ရှေ့မှ အမဖြစ်သူက နောက်လှည့်၍ သူမ၏ညီမဖြစ်သူကို ကြည့် ကာ ရယ်မောသည်။
“အမကြီး ဖြေးဖြေး..အရှိန်လျော့ဦး... မိန်းကလေးငယ်လေးက အလောတကြီး နောက်ကနေ လိုက်၏။သူမသည် ပြေးနေရင်း ဖြင့် ချောလဲသွားကာ စတင်ငိုကြွေးတော့၏။
အမဖြစ်သူက နောက်သို့ အမြန် ပြန်ပြေးလာကာ ညီမဘေးနား၌ ထိုင်ချရင်း နူးညံ့စွာ ပြောလိုက်၏။ “မငိုနဲ့တော့နော်..ငါတို့ ပြန် တာနဲ့ အမကြီးက ချိုချဉ်လုံးဝယ်ကျွေးမယ်လေ ”
သူပြောလို့ မပြီးသေးခင်မှာပင် ညီမဖြစ်သူသည် သူ့အမ၏ အဝတ်ကို လှမ်းဖမ်းကာ ရယ်မော၍ ပြောလိုက်တော့သည်။ “အမကြီး_ငါ နင့်ကို မိပြီ..
“နင် ငါ့ကို လှည့်စားတာပဲ..” မိန်းကလေးငယ်နှစ်ယောက်သည် ရယ်မောနေကြသည်။
သိပ်မကြာခင်တွင် သူတို့က ကစားရတာ မောလာပုံရကာ မြေပြင်ထက်၌ ထိုင်ချလိုက်ကြ၏။ညီမဖြစ်သူသည် အမဖြစ်သူ အား မော့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်၏။ “အမကြီး ဘိုး ဘေးဘိုးဘိုးက ငါတို့ကို ဘာကြောင့် ဒီနေရာကို ခေါ်လာရတာ လဲ။ ငါတို့အမေကို တွေ့ရဖို့အတွက်လား။ ငါ အမေ့ကို သတိရ လိုက်တာ...
ချက်ခြင်းပင် ကောင်းကင်သည်အရောင်ပြောင်းလာ၏။အနီ ရောင်တိမ်တိုက်များသည် မိန်းကလေးငယ်နှစ်ယောက်၏ အထက်၌ စုဝေးလာကြသည်။ခဏအကြာတွင် အနီရောင် တိမ်တိုက်များကနေ လူတစ်ယောက်အသွင် ဖြစ်တည်လာသည်။
ထိုလူက သက်လတ်ပိုင်းအရွယ် ရှိကာ အတော်လေး ကြည့် ကောင်း၏။သူ့ထံကနေ ကောင်းကင်ဘုံသားတစ်ယောက်၏ အော်ရာကို ပေးစွမ်းနေသည်။
ထိုလူက မိန်းကလေးငယ်နှစ်ယောက်ကို ကြည့်၏။သည့်နောက် မြေပြင်ထက်သို့ ဆင်းလာပြီး နူးညံ့စွာ ပြောလိုက်သည်။ “ပေ ယွမ်မန်ယွမ်..ငါ့နောက် လိုက်ခဲ့ကြ...”
မန်ယွမ်လို့ခေါ်သည့် မိန်းကလေးငယ်က ပျော်ရွှင်စွာ ပြော လိုက်၏။ "ဦးလေးယွမ်…ငါတို့ကို အမေ့ရှိ ခေါ်သွားမလို့လား...”
သက်လတ်ပိုင်းလူ၏အကြည့်ထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ပို ဖြစ်လာ၏။သူက မိန်းကလေးငယ်နှစ်ယောက်ကို ကြည့်ကာ လက်သီးတင်းတင်းစုပ်ထား၏။သူ့မျက်လုံးထဲ၌ ပြတ်သား အကြည့်တစ်ခုနှင့်အတူ သူက ခေါင်းညိတ်ပြသည်။ "ဦးလေးက သမီးတို့အုမေနဲ့ တွေ့ရအောင် ခေါ်သွားပေးပါ့မယ်..
ထိုသို့ပြောပြီးသည့်နောက် သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ မိန်းကလေးငယ်နှစ်ယောက်ကို ခေါ်ဆောင်သွားတော့သည်။သူ့ ခြေထောက်အိမ်ရှိ တိမ်ထုသည် မြန်ဆန်စွာ ရွှေ့လျားရင်း ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။
“ဘိုးဘေး…ကလေးတွေက အပြစ်ကင်းလှပါတယ်..။ငါ ယောင် ယွမ်..အပြစ်ဒဏ် ခံပါ့မယ်။ငါက ဒီကလေးနှစ်ယောက်ကို သွေး ဂြိုဟ်ကနေ ခေါ်သွားရလိမ့်မယ်..”
သက်လတ်ပိုင်းလူကြီးသည် အံတင်းတင်းကြိတ်ထား၏။သူ့ အောက်ရှိ တိမ်ထုသည် ကောင်းကင်ထက်၌ မြန်ဆန်စွာ ပျံသန်း နေသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ ကောင်းကင်သည် ချက်ခြင်း အရောင်ပြောင်းသွားကာ နတ်ဆိုးလက်တစ်ဖက်သည် အနီရောင် တိမ်ထုကို ဖမ်းဆုပ်လာ၏။ဖျပ်ခနဲပင် အနီရောင်တိမ်ထုသည် တစ်လက်မချင်း ပျက်စီးသွားတော့၏။ ဖြူရောနေသော သက်လတ်ပိုင်းအမျိုးသားနှင့် ကြောက်လန့်နေသည့် မိန်းကလေး ငယ်နှစ်ယောက်တို့ ထွက်ပေါ်လာကြတော့သည်။
“ယောင်ယွမ် ..ပြန်လာခဲ့” ရှေးဟောင်းအသံတစ်ခု ထွက် ပေါ်လာ၏။
ယောင်ယွမ်၏မျက်နှာထက်၌ ဒေါသနှင့်ပြည့်လာသည်။သူက အော်ပြောလိုက်၏။ “ဘာကြောင့်လဲ ဘိုးဘေး…။သူတို့က ငါတို့ ယောင်မိသားစုဝင်တွေပဲ မဟုတ်လား..”
“သူတို့က ယောင်မိသားစုဝင်ပဲ။ ဒါပေမဲ့ သူတို့ မလွတ်မြောက်နိုင် ဘူး။ သူတို့ မွေးဖွားလာကတည်းက သူတို့ရဲ့ စိတ်ဝိညာည်ဟာ အံ့ဖွယ်ရတနာအတွက် သတ်မှတ်ထားပြီးသား ဖြစ်တယ်..
သည့်နောက် လေပြင်းတစ်ခုသည် သက်လတ်ပိုင်းအမျိုးသားနှင့် မိန်းကလေးငယ်နှစ်ယောက်တို့ကို ခေါ်ဆောင်သွားတော့၏။
ယောင်မိသားစုဘိုးဘေးခန်းမ၏ အပြင်ဘက်တွင် ယောင် ယွမ်၏ခန္ဓာကိုယ်သည် လေဟာနယ်ထဲကနေ အတင်း ကန်ထုတ် ခြင်း ခံလိုက်ရ၏။သူ့အသွင် ဖြူရောနေ၏။သူက သွေးအန်ထုတ် လိုက်ရသည်။
သူက ဘိုးဘေးခန်းမထဲသို့ ကြောက်ရွှံ့စွာပါသွားရသည့် မိန်းကလေးနှစ်ယောက်ကို စောင့်ကြည့်နေရုံသာ တက်နိုင် တော့၏။ထိုမိန်းကလေးငယ်နှစ်ယောက်သည် ဘိုးဘေးခန်းမ၏ ဝါးမြိုခြင်းကို ခံရမည့်အလားဟု ထင်ရသည်။
ဝမ်လင်းသည် ထိုအဖြစ်အပျက်များအားလုံးကို တွေ့မြင်နေ ရ၏။သူက ထိုအခြေအနေကို စောင့်ကြည့်နေရင်း ယောင်ပင် ယွမ်၏တာအိုကို သေချာသိရန် အားထုတ်နေသည်။သည် အဖြစ်အပျက်များအားလုံးသည် ယောင်ပင်ယွမ်၏တာအို ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကာ သူမတာအို၏ ရင်းမြစ်တစ်ခု လည်း ဖြစ်ပေ၏။
“ဘိုးဘေး မိသားစုရဲ့ လက်နက်ရတနာဟာ အရေးကြီးလား။ပေ ယွမ်နဲ့မန်ယွမ်တို့မှာ အဖေလည်း မရှိဘူး။ သူတို့ရဲ့ အမေဟာ လည်း ရတနာရဲ့ စိတ်ဝိညာဉ်အဖြစ် ပေါင်းစည်းဖို့အတွက် သင်ရဲ့ အသုံးချခံရတဲ့ အရာတွေထဲက တစ်ခု ဖြစ်ခဲ့ပြီးပြီး..”
“သူတို့နှစ်ယောက်ဟာလည်း အံ့ဖွယ်ရတနာရဲ့ စိတ်ဝိညာဉ် အသစ်တွေ ဖြစ်လာရဦးမှာလား..”
ယောင်ယွမ်သည် ခါးသီးစွာ ပြုံးမိ၏။သူသည် ထိုကလေးနှစ် ယောက်အပေါ်၌ တာဝန်များစွာ ရှိပေသည်။သူတို့နှစ်ယောက်၏ မိခင်မှာ သူ့အမကြီး ဖြစ်ခဲ့သည် မဟုတ်လား။
"အစ်ကိုကြီး မှန်ခဲ့တယ်။ ဘိုးဘေးဟာ နတ်ဆိုးတစ်ပါးရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီ။ အတိတ်တုန်းက ယောင်မိသားစု ဟာ ဆက်မတည်ရှိတော့ဘူး..။အစ်ကိုကြီးက ပြတ်သွားစွာ သွေး ဂြိုဟ်ကနေ ထွက်သွားခဲ့တုန်းဟာ ငါဟာ စဉ်းစားမရ ဖြစ်ခဲ့ဖူး တယ်။ဒါပေမဲ့လည်း ခုချိန်မှာတော့ အစ်ကိုကြီး ဘာကြောင့် ထွက်သွားခဲ့ရလဲဆိုတဲ့ အတွေးကို ငါ နားလည်သွားပြီ...
ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင် အရာအားလုံးကို ကြည့် နေ၏။သူ့စိတ်နှလုံးသည် လှုပ်ခတ်နေခြင်း မရှိပေ။
ဘိုးဘေးခန်းမအတွင်း၌ မိန်းကလေးငယ်နှစ်ယောက်သည် အကူအညီမဲ့စွာ အလွန်ကြောက်ရွှံ့နေကြ၏။ညီမဖြစ် သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ သူမအမကြီးကို တင်းကြပ် စွာ ဆုပ်ကိုင်ထားသည်။
“အမကြီး..ငါကြောက်တယ်..အရမ်းကြောက်တယ်...” မိန်းကလေးငယ်၏အသံက တုန်ယင်နေ၏။
သူမ၏ညီမဖြစ်သူကို ဖေးမထားရင်း ယောင်ပင်ယွမ်၏မျက်နှာ သည် သွေးရောင်မရှိတော့ပေ။သူမတို့က သေဖို့စောင့်နေရသည် ဟု ခံစားနေရသည်။
ထိုမိန်းကလေးငယ်၏ ရှေ့၌ အဘိုးအိုတစ်ယောက် ထိုင်နေ၏။ သူက သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့မျက်ခုံးနှစ်ခု သည် နီနေသည်။
"ငါ့ယောင်မိသားစုဝင်တွေ အနေနဲ့ ယောင်မိသားစုရဲ့ မျိုးဆက် တွေ တောက်ပမှုအတွက် အမိန့်အရ နင်တို့နှစ်ယောက်ဟာ ရတနာရဲ့စိတ်ဝိညာဉ် ဖြစ်လာရလိမ့်မယ်..”
ထိုအဘိုးအိုက စကားပြောလိုက်ရင်း သူ့ညာလက်ကို ဆန့်ထုတ် လိုက်သည်။ သုံးပေခန့်အက်ကွဲကြောင်းတစ်ခုသည် သူ့ရှေ့၌ ပေါ်လာကာ လေးအေးများ တိုက်ခတ်လာသည်။သည့်နောက် ရှေးဟောင်းမီးအိမ်တစ်ခုသည် ဖြည်းဖြည်းချင်း ၎င်းအက်ကွဲ ကြောင်းထဲကနေ ပျံသန်းထွက်လာသည်။
ထိုမီးတောက်သည် အပြာရောင်မီးတောက်တစ်ခုကို ပေးစွမ်း နေ၏။၎င်းက အပူဓာတ်ကို မပေးဘဲ အံ့မခန်းအအေးဓာတ်ကို သာ ပေးစွမ်းနေခြင်း ဖြစ်သည်။
ထိုဆီမီးအိမ်သည် မိန်းကလေးငယ်နှစ်ယောက်နှင့်အဘိုးအိုကြား တွင် လွင့်မြောကာ နေသည်။မီးနောက်သည် ချက်ခြင်း တောက်ပ လာရင်း မီးစမီးပွားများမှာ မိန်းကလေးငယ်နှစ်ယောက်ထံသို့ တိုးထွက်လာချေသည်။
"ဒါဟာ ယောင်မိသားစုရဲ့ ရတနာဖြစ်တယ်။ ကောင်းကင်ဘုံ နယ်မြေ ဖန်တီးခဲ့ကတည်းက ဒီမီးအိမ်ဟာ လုံးဝ မငြိမ်းသေခဲ့ ဘူး။ဒါဟာ ရှင်သန်ခြင်းရဲ့ သင်္ကေတတစ်ခုလည်း ဖြစ်တယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့နှစ်ငါးရာလောက်ကနေ စပြီး ဒီမီးအိမ်ဟာ ငြိမ်းသေမယ့် အရိပ်အယောင် ပြသလာခဲ့တယ်။ဒီအဘိုးအိုက အချိန်အကြာကြီး တွက်ချက်ကြည့်တော့ ဘာကြောင့် ဒီလိုဖြစ်ရ တဲ့ အကြောင်းရင်းကို တွေ့ရှိခဲ့တယ်..”
“ရတနာစိတ်ဝိညာဉ်ဟာ ပျောက်ကွယ်တော့မလို ဖြစ်လာခဲ့တာပဲ။ ဒီစိတ်ဝိညာဉ် ပျောက်သွားတာနဲ့ မီးတောက်ဟာလည်း လုံးဝ ငြိမ်းသေ သွားလိမ့်မယ်။ ဒါ့ကြောင့် ဒီအဘိုးအိုဟာ ရတနာစိတ် ဝိညာဉ်ကို ထုတ်ယူဖို့အတွက် နှစ်ပေါင်းသုံးရာလောက် အသုံးပြု ခဲ့ပြီး ဒီစိတ်ဝိညာဉ်ကို ယောင်မိသားစုရဲ့ ပါရမီအရှိဆုံးလူတွေဆီ ထည့်သွင်းခဲ့တယ်။ နှစ်ပေါင်းနှစ်ရာလောက် ကြာပြီးတဲ့နောက်မှာ သူမဟာ သင်တို့အမွှာညီမနှစ်ယောက်ကို မွေးဖွားစေခဲ့တာ ဖြစ် တယ်.."
“ဒါဟာ နင်တို့ရဲ့ ကံကြမ္မာပဲ။ နင်တို့ဟာ ဒီကံတရားကနေ မ လွတ်မြောက်နိုင်ဘူး..။နင်တို့ဟာ ရတနာစိတ်ဝိညာဉ်ဖြစ်လာဖို့ မွေးဖွားလာခဲ့ကြရတာ ဖြစ်တယ်..
သူက ထိုသို့ ပြောလိုက်ပြီးသည့်နောက် မီးအိမ်မှ မီးတောက်သည် ချက်ခြင်း ပိုလောင်ကျွမ်းလာသည်။ထိုမီးတောက်သည် မီး တိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုတိမ်မီးတောက်သည် ရွှေ့လျားနေရင်း နတ်ဆိုးတစ်ပါးအသွင် သို့ ပြောင်းလဲသွး၏။၎င်းတွင် ဦးဂြိုနှစ်ခု ရှိကာ ၎င်း၏ခန္ဓာကိုယ် မှာလည်း ကြီးမားလှသည်။ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက် ဖြင့် ပြုလုပ်ထားပေ၏။၎င်းက ချက်ခြင်း ရှေ့သို့ ထိုးထွက်လာ သည်။
“ရှေးဟောင်းနတ်ဆိုး..” ဝမ်လင်းသည် ထိုအရာကို တွေ့မြင်သည့် အခါ သူ့စိတ်သည် တုန်ယင်သွားရ၏။
မီးတောက်ကနေ ဖြစ်ပေါ်လာသည့်နတ်ဆိုးမှာ ရှေးဟောင်း နတ်ဆိုး ဖြစ်နေ၏။၎င်းက ပေါ်လာသည်နှင့် ဘိုးဘေးခန်းမတစ်ခု လုံးသည် မီးတောက်များနှင့် ပြည့်လာတော့သည်။ထိုမီးတောက် နတ်ဆိုးသည် ၎င်း၏ ပါးစပ်ကိုဟကာ မိန်းကလေးငယ်နှစ် ယောက်ထံသို့ ခုန်ဝင်သွားလေ၏။
အမဖြစ်သူ၏ အင်္ကျီစကို ဆွဲကိုင်ထားသည့် မန်ယွမ်သည် အထိတ်တလန့်အော်ပြောလိုက်သည်။ “အမကြီး ..
ထိုအသံထဲရှိ ကြောက်ရွှံ့မှုသည် ဝမ်လင်း၏စိတ်နှလုံးကိုပင် တုန်ယင်သွားစေပေသည်။
အမဖြစ်သူ၏မျက်နှာမှာလည်း ဖြူရောနေ၏။သူမမျက်နှာပေါ်ရှိကြောက်ရွှံ့နေမှုသည် အကန့်အသတ်သို့ ရောက်လာ၏။သူမက အလွန်ကြောက်နေမိပေပြီ။
သူမက နတ်ဆိုးသည် နီးကပ်လာသည့်အခါ အလိုလို နောက်သို့ ဆုတ်မိသွားသည်။
သူမ၏ညီမဖြစ်သူက အခုအခါ၌ ရှေ့သို့ ရောက်သွားခဲ့ပြီ။ နတ်ဆိုးသည် သူမအား ဝါးမြိုပြီးနောက် အလျင်အမြန် ပြန် ဆုတ်ခွာသွားတော့သည်။
"အမကြီး အမကြီး ငါ့ကိုကယ်ပါ..ကယ်..” သူမ၏အထိတ်တလန့်အော်သံမှာ ဘိုးဘေးခန်းမထဲ၌ ပဲ့တင်ထပ် နေတော့၏။နတ်ဆိုးသည် သူမကို ဝါးမြိုပြီးသည့်နောက် ရုတ်တရက် ရပ်တန့်သွားသည်။
အမဖြစ်သူသည် ကြမ်းပြင်ထက်၌ ထိုင်ချကာ မျက်ရည်များ စီး ကျလာသည်။သူမသည် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားကာ မျက်ရည်များကို မဖယ်ရှားပေ။သူမသည် မတ် တပ်ပြန်ထရပ်ရင်း နတ်ဆိုးထံသို့ တဟုန်ထိုး ဝင်ရောက်သွား တော့၏။
"ညီမလေး…ညီမလေး…ငါ့ညီမလေး ငါ့ရှိ ပြန်ပေးပါ။သူ့အစား ငါ့ ကိုပဲ ဝါးမြိုပစ်ပါတော့..."
နတ်ဆိုးခန္ဓာကိုယ်သည် တွန့်သွားပြီးနောက် မီးအိမ်ထဲသို့ ပြန်ဝင် ရောက်သွားတော့သည်။မီးအိမ်ထဲရှိ မီးတောက်သည် ထိန်လင်း စွာ တောက်ပနေ၏။သို့သော်လည်း ထိုမီးတောက်အတွင်း၌ ရုန်းကန်နေရရှာသော မိန်းကလေးငယ်တစ်ယောက်၏ ပုံရိပ်တစ် ခု ရှိလို့နေသည်။
“အမကြီး .အမကြီး ”
အဘိုးအိုသည် ထိုအဖြစ်အပျက်များကို ထူးဆန်းသည့်အကြည့် ဖြင့် ကြည့်နေ၏။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ခါလိုက်ရာ အမ ဖြစ်သူသည် ဘေးသို့ လွင့်သွား၏။သူက မီးတောက်ကို စူးစိုက် ကြည့်နေရင်း တဖြည်းဖြည်း ပြုံးယောင်သန်းလာသည်။
“ငါမထင်ထားမိဘူး ငါမထင်ထားမိဘူး.။ရတနာစိတ်ဝိညာဉ် အတွက် လူတစ်ယောက်ပဲ လိုအပ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူးပဲ။ထားလိုက်ပါတော့လေ ဒီလိုဖြစ်လာမှတော့ နင်ဟာ အသက်ရှင်ခွင့် ရသွားပြီပေါ့..
အမဖြစ်သူသည် စိတ်ဝိညာဉ်ကင်းမဲ့နေသူတစ်ယောက်ကဲ့သို့ ဖြစ် နေ၏။သူမ၏ မျက်လုံးသည် မီးအိမ်ကို ဗလာကင်းသော အကြည့်တို့ဖြင့် စူးစိုက်စွာကြည့်နေမိသည်။
“ညီမလေး..အမကြီး ဒီလို ဖြစ်စေချင်ခဲ့တာ မဟုတ်ပါဘူး။ ငါပဲ ဝါးမြိုခံခဲ့သင့်တာ။ငါ့ညီမလေး အစား ငါပဲ ဖြစ်သင့်ခဲ့တာ...
ယောင်ပင်ယွမ်၏မျက်နှာထက်၌ မျက်ရည်များနှင့် ပြည့် နေသည်။ထိုအခိုက်အတန့်၌ သူမသည် ကြောက်ရွှံ့မှုလုံးဝ မရှိတော့ဘဲ နောင်တတရားသာ ကြီးစိုးနေသည်။
“ငါ နောက်မဆုတ်လိုက်မိသင့်ဘူး။ အမေ ထွက်မသွားခင်တုန်းက သူမဟာ ငါ့ကို ငါ့ညီမလေးအပေါ် စောင့်ရှောက်ဖို့ ပြောခဲ့တယ်။ ဘိုးဘေးဘိုးဘိုး ကျေးဇူးပြုပြီး မန်ယွမ်ကို ပြန်လွှတ်ပေးပြီး ငါ့ကို ရတနာစိတ်ဝိညာဉ် ဖြစ်လာဖို့ ခွင့်ပြုပေးပါ။ကျေးဇူးပြုပြီး ဘိုး ဘေးဘိုးဘိုး ငါတောင်ပန်းပါတယ်။ တောင်းပန်ပါတယ်..
ယောင်ပင်ယွမ်၏မျက်နှာထက်တွင် မျက်ရည်များနှင့် ပြည့် နေသည်။သူမက အဆက်မပြတ် ဒူးထောက်၍ နှဖူးကို ကြမ်းပြင် နှင့် အကြိမ်ကြမ်ထိကာ တောင်းပန်နေ၏။ သူမ၏နှဖူးထက်၌ပင် သွေးများစို့လာတော့၏။သူမ၏အပြုအမူသည် ဝမ်လင်းကိုပါ တိတ်ဆိတ်သွားစေသည်။
ဘိုးဘေးခန်းမထဲမှ ငိုငြီးသံတို့သည့် ယောင်ယွမ်၏နားထဲသို့ ဝင် ရောက်လာ၏။သူက မာန်သွင်းကာ မတ်တပ်ထရပ်နိုင်ရန် ကြိုးပန်း၏။သူက အထဲသို့ အတင်းဝင်နိုင်ရန် ကြိုးစားလိုက်စဉ် မှာပင် ခန်းမှထဲမှ အားတစ်ခုသည် သူ့အား နောက်သို့ ပြန်လွင့်စင် ထွက်သွားစေသည်။
"ယောင်မိသားစုဟာ အဆုံးသပ်တော့မယ်..”
အဘိုးအိုသည် ဒူးထောက်တောင်းပန်နေသော ယောင်ပင်ယွမ်ကို ကြည့်လိုက်၏။ ထိုတောင်းပန်သံသည် သူ့စိတ်ကိုပင် တမျိုးဖြစ် စေ၏။သို့သော် သူက တိတ်ဆိတ်လျက်သာ ရှိသည်။သူ့မျက်လုံး ထဲ၌ ပေါ်ထွက်လာသည့် စိတ်ရှုပ်ထွေးမှုသည်လည်း ချက်ခြင်း ပြန်ပျောက်ကွယ်သွား၏။
အဘိုးအိုသည် သူ့လက်ကို ဆန့်ထုတ်ကာ မီးအိမ်ကို လှမ်းသိမ်း ရင်း တည်ငြိမ်စွာ ဆိုလာသည်။ "ဒါဟာ ယောင်မန်ယွမ်ရဲ့ကံ တရားပဲ။ ငါ ဒါကို ပြောင်းလဲ မပေးနိုင်ဘူး...
သူက ထိုသို့ပြောလိုက်ရင်း မီးအိမ်ကို အက်ကွဲကြောင်းထဲသို့ ပြန် ထည့်သိမ်းလိုက်၏။ထို့နောက် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်း လိုက်ရာ သူ့ရှေ့ရှိ အက်ကွဲကြောင်းသည် ဖြည်းဖြည်းချင်း ပြန် ပိတ်သွားတော့သည်။
"ညီမလေး….
ယောင်ပင်ယွမ်သည် ပျောက်ကွယ်သွားနေသည့် အက်ကြောင်း ကို ကြည့်ကာ သူ့ ညီမလေးကို အသည်းအသန် ငိုကြွေးကာ လှမ်း ခေါ်လိုက်၏။ထိုခေါ်သံက ဝမ်လင်း၏ တာအိုအပေါ်သို့ပါ သက်ရောက်ကာ ပြိုကွဲလုနီးပါး ဖြစ်သွားစေသည်။
“ညီမလေး..နင် တောင့်ခံထားရမယ်..ငါ့ကို စောင်နေပါ..။ငါဟာ နင့်ကို ချိုချဉ်သည်ဆီ ခေါ်မသွားရသေးဘူး။ အမေကိုလည်း ရှာ ဖို့ ခေါ်သွားမပေးရသေးဘူး။ ညီမလေး …ကြံ့ကြံ့ခံပါ ဒီအမကြီး လာကယ်တာကို စောင့်နေပေးပါ..”
ထိုစကားသံနှင့်အတူ ဝမ်လင်းတွေ့မြင်ခဲ့သည့် အရာအားလုံး သည် ပျောက်ကွယ်သွားတော့၏။ဘိုးဘေးခန်းမသည်လည်း ဆက်၍ မရှိ၊မီးအိပ်လည်း ဆက်၍ မရှိတော့ပေ။အရာရာသည် အရင်တုန်းကကဲ့သို့ ပြန်ဖြစ်သွားသည်။
တည်ရှိနေသည့်တစ်ခုတည်းသော အရာမှာ မြေပြင်ထက်၌ ထိုင် နေသည့် ယောင်ပင်ယွမ်သာ ဖြစ်၏။သူမ၏မျက်လုံးထဲ၌ နောင်တနှင့်အေးစက်မှုတို့ ပြည့်နှက်နေလေသည်။
“ငါ့ညီမလေးကို ကယ်တင်ပေးနိုင်တဲ့ ဘယ်သူ့ရှိမှာ မဆို ငါ ယောင်ပင်ယွမ်ဟာ မျိုးဆက်ပေါင်းများစွာ အထိ အစေခံ လုပ် ပေးနိုင်တယ်။ဒီလိုမှ မဟုတ်ရင် ငါ အသိစိတ်ရှိနေသေးသ၍ ငါ့ ညီမလေးကို ကယ်တင်ဖို့ လုံးဝ ဆန္ဒရှိနေမှာ ဖြစ်တယ်..
ထိုအသံဿည် ကောင်းကင်နှင့်မြေကြီးကြား၌ ပဲ့တင်ထပ်နေ၏။ ယောင်ပင်ယွမ်၏ အေးစက်ပြတ်သားမှုသည်လည်း ထွက်ပေါ် နေသည်။သို့သော် မည်သို့ပင် ဖြစ်စေ အကူအညီမဲ့မှုတို့က ရှိနေ ဆဲသာ ဖြစ်သည်။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် တုန်လှုပ်သွားမိ၏။သူက ယောင်ပင်ယွမ်၏တာအိုကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရပေ သည်။
"ငါလုပ်နိုင်တယ်.."
မြေပေါ်တွင် ဒူးထောက်လျက် ရှိနေသော ယောင်ပင်ယွမ်သည် ဦးခေါင်းကို မော့၏။သို့သော်လည်း သူမ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူ့ရှေ့ရှိအရာအားလုံး ပြိုပျက်သွားသည်ကို ကြည့်နေရင်း ဝမ် လင်းသည် သက်ပြင်းချမိ၏။
ထို့နောက် နောက်ထပ်မြင်ကွင်းတစ်ခုသည် ဝမ်လင်းရှေ့၌ ထပ်၍ ပေါ်လာသည်။
ရေခဲပြင်ကြီးအောက်၌ ယောင်ပင်ယွမ်သည် ကြီးပြင်းလာသည်။ သူမသည် ရေခဲပြင်အောက်၌ ထိုင်နေကာ ဦးခေါင်းမတ်မတ်မော့ ထား၏။သူမ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုတို့ ပြည့်နေသည်။
"ညီမလေး..နောက်အနာဂါတ် ငါ့ရှိမှာ ဘာစိတ်ခံစားချက်မှ မရှိတော့ဘဲ နှလုံးသားအေးစက်တဲ့ လူတစ်ယောက် ဖြစ်လာခဲ့ရင် တောင့် နင်နဲ့ပတ်သတ်ပြီး မေ့သွားမှာ မဟုတ်ဘူး။ ကြံ့ကြံခံပြီး ငါ့ ကို စောင့်နေပေးပါ.."
ယောင်ပင်ယွမ်၏မျက်လုံးထဲကနေ မျက်ရည်များစီးကျလာ သည်။သို့သော် သူမက မသုတ်ပစ်ပေ။ထိုအစား မျက်လုံးမှိတ် ကာ ယောင်မိသားစု၏ တားမြစ်ထားသော ကောင်းကင်ဘုံ မန္တာန်၊ စိတ်ဝိညာဉ်ချိပ်ပိတ်ခြင်းပညာရပ်ကို စတင်ကျင့်ကြံ တော့သည်။
ထိုကျင့်ကြံခြင်းနည်းလမ်းသည် စိတ်ခံစားချက်အားလုံးကို ဖြတ် တောက်ခြင်း၊အရာအားလုံးကို ဖြတ်တောက်ပစ်ခြင်းပင်။လူတစ် ယောက်သည် ထိုပညာရပ်၌ ပြည့်စုံသွားသည်နှင့် အလွန်အမင်း အေးစက်သူ တစ်ယောက် ဖြစ်လာပေမည်။ယင်းက ရက်စက် လွန်းလှသည့်တာအို မည်၏။
“ချစ်ခြင်းမေတ္တာနဲ့ ပြည့်နေတဲ့ နှလုံးသားက ရက်စက် ကြမ်းကြုတ်တဲ့ တာအိုကို ကျင့်ကြံတာလား..”
ဝမ်လင်းသည် သက်ပြင်းသာ ချမိသည်။သူက ယောင်ပင် ယွမ်၏စိတ်နှလုံးကို လုံးဝ မြင်တွေ့နေရပေသည်။
“သူမရဲ့တာအိုဟာ သူမညီမလေး ဖြစ်တယ်။သူမရဲ့ နယ်ပယ်ဟာ ယောင်မိသားစုဘိုးဘေးတွေရဲ့ ကျော်ကြားမှုတာအို ဖြစ်မဲ့အစား ရက်စက်မှုတာအို ဖြစ်နေခဲ့တယ်..” ဝမ်လင်း၏ပုံရိပ်သည် ယောင် ပင်ယွမ်နားတွင် ပေါ်လာခဲ့၏။သူက ယောင်ပင်ယွမ်ကို ကြည့်ကာ ခေါင်းယမ်းမိသည်။
"ထားလိုက်ပါတော့လေ… ငါက သူမရဲ့တာအိုကို ချိုးဖျက်နိုင် တယ်..ဒါပေမဲ့လည်း...
ဝမ်လင်းသည် ယောင်ပင်ယွမ်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက ပျောက်ကွယ်သွားတော့သည်။
ဟန်ယွမ်တောင်ထိပ်ပေါ်၌ ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။သူ့ ညာလက်ကို မြှောက်ကာ သက်ပြင်းချမိ၏။ "နင်က ငါ့နောက်ကို လိုက်သတ်ခဲ့တယ်ဆိုပေမဲ့လည်း ငါအဆင့်ချိုးဖျက်အောင် ကူညီ ပေးခဲ့သလို ဖြစ်ခဲ့တယ်။ငါတို့နှစ်ယောက်ကြားက ကံကြမ္မာဟာ ပြီးမြောက်သွားပြီ..
ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းလိုက်ရာ ယောင်ပင် ယွမ်အပေါ်ရှိ ချိပ်တံဆိပ်များအားလုံးသည် လွင့်ပြယ်သွား တော့သည်။ထို့နောက် သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက် သို့ ပျံတက်သွား၏။
လေထဲ၌ ယောင်ပင်ယွမ်သည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာ သည်။သူမ၏ မျက်လုံးထဲ၌ ရှုပ်ထွေးမှုတို့ ပြည့်နေ၏။သူမက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဝမ်လင်းထံသို့ လှမ်းကြည့်၏။ သူမ၏မျက်လုံးထဲ၌ ရှုပ်ထွေးသောခံစားချက်များ တွေ့မြင်နေ ရ၏။အချိန်အတန်ကြာပြီးမှ သူက တိုးညင်းစွာ ပြောလာ၏။ "နင် ပြန်လည်မွေးဖွားခြင်းကို ယုံကြည်လား..။အတိတ်တုန်းက ငါ ယောင်မိသားစုဘိုးဘေးခန်းမထဲမှာ ရှိခဲ့တဲ့အချိန်မှာ ငါ့ကို တစ်စုံတစ်ခု ပြောတာ ကြားခဲ့ရဖူးတယ်.။ သူ ့လုပ်နိုင်တယ်
တဲ့..
"ဒါဟာ နင် ပြောခဲ့တာလား...
ဟုန်ယွမ်တောင်ထိပ်တွင် ဝမ်လင်းသည် တည်ငြိမ်စွာ ရှိနေ၏။ သူက ယောင်ပင်ယွမ်၏ စိတ်နှလုံးကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သူမ၏ညီမဖြစ်သူသည် သူမ၏ တာအိုနှလုံးသား ဖြစ်သလို သူမ၏ ချိုယွင်းချက်လည်း ဖြစ်သည်။
ဝမ်လင်းက ခေါင်းမော့မကြည့်ဘဲ တည်ငြိမ်စွာ ပြန်ပြောသည်။ "ငါ့အခုလက်ရှိ ခွန်အားနဲ့ နင့်ကို မကူညီနိုင်သေးဘူး…”
လေထဲ၌ ယောင်ပင်ယွမ်သည် အချိန်အတန်ကြာ တိတ်တဆိတ် စဉ်းစားနေ၏။ သည့်နောက် သူက တိုးညင်းစွာ ပြောလာသည်။ “ဖြစ်နိုင်တာက ငါ ကြားခဲ့တဲ့ဟာက မှားယွင်းခဲ့တာပေါ့ "
သူမသည် မျက်လုံးထောင့်မှ မျက်ရည်စကို သုတ်ကာ ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား တော့သည်။
အစကနေ အဆုံးထိ ဝမ်လင်းသည ခေါင်းမော့ကြည့်ပေ။သူက သူ့ကံကြမ္မာတာအိုထဲ၌သာ နစ်မြုပ်နေရင်း မျက်လုံးမှိတ်ထား လျက် ရှိသည်။သူ့ခန္ဓာကိုယ်အတွင်း၌ အနက်နှင့်အဖြူ၊ယင်ယန် ငါးပုံရိပ်တို့သည် ဖြည်းဖြည်းချင်း ပြောင်းလဲနေ၏။၎င်းတို့က သူ့ နောက်တွင် ပေါ်လာကာ သိပ်သည်းလာပြီး သူ့အား လှည့်လည် နေသည်။
တစ်ကြိမ်လှည့်လည်တိုင်း သူပတ်လည်ရှိ အရာအားလုံးကို ဆက်တိုက် စုပ်ယူနေကြ၏။ထို့နောက် ၎င်းစုပ်ယူသည့်အရာ အားလုံးကို မူလစွမ်းအင်သို့ ပြောင်း၍ ဝမ်လင်း၏ခန္ဓာကိုယ်ထဲ သို့ ဝင်ရောက်စီးဆင်းစေသည်။ထိုဝင်ရောက်လာသည့် မူလ စွမ်းအင် အစိတ်အပိုင်းတစ်ချို့ကို ကောင်းကင်ဆန့်ကျင်ခြင်း ပုတီးစေ့က စုပ်ယူနေ၏။
အလားတူပင် ပုတီးစေ့၏မျက်နှာပြင်သည် ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။ယင်နှင့်ယန်ပန်းချီကား ဖြစ်ပေါ်လာကာ ဝမ်လင်း၏မူလ စိတ်ဝိညာဉ်ထဲ၌ ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။
ဝမ်လင်းသည် သူ့ကံကြမ္မာနယ်ပယ်သည် အဆင့်ငယ်ပြီးပြည့်စုံ ခြင်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သိပေ၏။၎င်းက အထည် ဒြပ်ရှိလာသည်။ဆိုလိုသည်က သူသည် သူ့နယ်ပယ်ဖြင့် ဒုတိယ အဆင့်သို့ အမှန်တကယ် ရောက်ရှိလာပြီး နိဗ္ဗာနကြိုမြင်ခြင်း အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။
သူသာ အဆင့်တက်ရန် ဆန္ဒရှိလိုက်သည်နှင့် နတ်ဘုရားပြစ်ဒဏ် ကို ဆင်းသက်လာစေမည် ဖြစ်သည်။ထိုအရာကို ကျော်ဖြတ် ပြီးသည်နှင့် သူသည် နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
“ကျင့်ကြံခြင်းရဲ့ ဒုတိယအဆင့်မှာ နိဗ္ဗာနကြိုမြင်ခြင်း၊နိဗ္ဗန သန့်စင်ခြင်းနဲ့ နိဗ္ဗာနပြိုကွဲခြင်း အဆင့်တို့ ပါဝင်တယ်။ ဒီအဆင့် အားလုံးမှာ နိဗ္ဗာနဆိုတဲ့ စကား ပါဝင်နေတယ်။ ငါ တတိယ အဆင့်ကို မြင်တွေ့ခဲ့ဖူးတာကို အခြေခံကြည့်ရင်တော့ နိဗ္ဗာနကို ပြည့်ပြည့်စုံစုံ နားလည်သွားတာနဲ့ ၎င်းရဲ့ ဥပဒေသတွေကို ကျွမ်းကျင်ပြီး တတိယအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်..
"ကောင်းကင်နဲ့မြေကြီးဟာ အဆုံးမဲ့တယ်။တာအိုဟာ အကန့်အသတ်မရှိဘူး..။တာအိုလမ်းကြောင်းဟာ အဆင့်ကြီး သုံးဆင့်ပဲ ရှိတာ ဖြစ်နိုင်ရဲ့လား...
ဝမ်လင်းသည် မျက်လုံးဖွင့်လာခဲ့၏။သူက တိတ်ဆိတ်စွာ ရှိနေသည်။သူ့ဘယ်မျက်လုံး၌ ယန်၊ညာဘက်တွင်ယင် တို့ပါဝင် နေသည်။
သူမျက်လုံးဖွင့်လာသည်နှင့် ယင်နှင့်ယန်ငါးများသည် မြန်သ ထက်မြန်အောင် စတင် လှည့်ပတ်လာသည်။
အဆုံးသပ်၌ ဟန်ယွမ်တောင်ထိပ်သည် စိတ်ဝိညာဉ်စွမ်းအင်များ ဟု ဗဟိုချက်နေရာပါ ဖြစ်လာခဲ့သည်။ထိုနေရာကို ဗဟိုပြုကာ စိတ်ဝိညာဉ်စွမ်းအင်များသည် ဂြိုဟ်အနှံ့သို့ ပျံ့နှံ့သည်။
ထိုအရာသည် မြင်တွေ့နိုင်ခြင်း မရှိသော်လည်း ချင်လင်းဂြိုဟ် ပေါ်ရှိ ကျင့်ကြံသူတိုင်းသည် ကောင်းစွာ ခံစားမိကြ၏။
ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။ယင်နှင့်ယန်ငါးများ လှည့်ပတ်နေခြင်းသည် တန့်သွားတော့သည်။
“ငါ့မူလစွမ်းအင်ဟာ ပြောင်းလဲသွားပြီ။ဒါပေမဲ့ ငါက အဆင့် ချိုးဖျက်တာကို ချင်လင်းဂြိုဟ်ပေါ်မှာ လုပ်လို့မရဘူး။ မဟုတ် ရင် ဒီဂြိုဟ်ဟာ ပျက်စီးသွားလိမ့်မယ်..”
ဝမ်လင်းသည် မတ်တပ်ရပ်ကာ လေဟာနယ်ထဲသို့ ခြေတစ် လှမ်းလှမ်းလိုက်၏။ သည့်နောက် သူ့အသွင်သည် ရုတ်တရက် ပြောင်းလဲသွားကာ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်သည်။
သူ့အကြည့်က ကီလိုမီတာမြောက်များစွာကို ထွင်းဖောက်သွား ကာ အဘိုးအိုရွှယ်သည် သည်နေရာသို့ လှမ်းလျှောက်လာ နေသည်ကို တွေ့မြင်သွားသည်။
သူက သူ့သေမျိုးခန္ဓာကိုယ်နှင့် ဆက်တိုက် လျှောက်လာခြင်း ပင်။သူ့ပန်းတိုင်မှာ ဟန်ယွမ်တောင်ထိပ်ဖြစ်နေ၏။
ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် စဉ်းစား နေ၏။သူက ပြန်၍ ထိုင်ချကာ မျက်လုံးပြန်မှိတ်ထားလိုက် သည်။
အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။မျက်စိတစ်မှိတ် အတွင်း လဝက် ကုန်လွန်သွားခဲ့ပြီ။ သည်လဝက်အတွင်း ဝမ် လင်းသည် မလှုပ်မယှက် ရှိနေသည်။အဘိုးအိုရွှယ်သည် ပို၍ ခပ် မြန်မြန် လျှောက်လှမ်းလာနေသည်။သူ့သေမျိုးခန္ဓာကိုယ်နှင့် ဆို လျှင် အခုလို လျှောက်လှမ်းလာနိုင်လိမ့်မည် မဟုတ်ပါ။
သို့သော်လည်း သူ မောပန်းလာသည့်အခါတိုင်း ပူနွေးနွေး စွမ်းအင်တစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ၌ စီးဆင်းလာကာ အားအင် ပြန်ပြည့်လာသည်။
သည်လိုနည်းဖြင့် သူသည် ဟန်ယွမ်တောင်သို့ လဝက်နှင့် ရောက်လာသည်။အဘိုးအိုရွှယ်သည် တောင်ထိပ်သို့ မော့ကြည့် လာသည်။အသက်ဝဝရှုသွင်းပြီးနောက် သူသည် ပြတ်သားစွာ ပင် တောင်ပေါ်သို့ လှမ်းတက်လိုက်သည်။
သူက ခြေတစ်လှမ်းချင်း၊တစ်လှမ်းချင်း တက်လာ၏။သူ့ဒူးသည် စုတ်ပြတ်ကာ သွေးများ စီးကျလာ၏။ သို့သော် သူက မရပ်တန့် ပေ။သူ့နှလုံးသားထဲရှိ ယုံကြည်မှုဖြင့် ရှေ့သို့ ဆက်၍ တက်နေ သည်။
အဘိုးအိုရွှယ်သည် ပင်ပန်းနေသော်လည်း လက်မလျှော့ပေ။ထို အခိုက်မှာပင် သူက မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားရလိုက်ရ သည်။သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွား သလိုလည်း ခံစားလိုက်ရ၏။ချက်ခြင်းလိုလိုပင် သူက အဖြူ၊ အနက် ယင်နှင့်ယန်ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရသည်ဟု ခံစား ရသည်။သူက ချက်ခြင်းပင် ဒူးထောက်ချကာ ဦးညွတ်လိုက်၏။
“ကျေးဇူးပြုပြီး ငါ့ကို တာအိုသင်ပေးပါ “
ဝမ်လင်းသည် အဘိုးအိုကို တည်ငြိမ်စွာ ကြည့်သည်။သူက တိတ်ဆိတ်စွာ စဉ်းစားနေ၏။အဘိုးအိုရွှယ်သည် ချင်လင်း ဂြိုဟ်၌ ဂုဏ်ပြုထိုက်သည့် သေမျိုးတစ်ယောက် ဖြစ်သည်။ သူက အခြားသေမျိုးများနှင့် မတူပေ။အကြောင်းရင်းမှာ သူ့တွင် တာအိုနှလုံးသား ပိုင်ဆိုင်ထားခြင်းကြောင့် ဖြစ်၏။၎င်းက ပုံရိပ် ယောင်မျှသာ ဖြစ်သော်လည်း တည်ရှိပေ၏။
ကျန်သည့်သူများသည် တာအိုကို ကျင့်ကြံရာ၌ မသင့်တော်ဟု ဆိုလိုသည် မဟုတ်ပေ။တကယ်တော့ ဖြူစင်သည့်စိတ်နှင့် ကလေးများသည် ပို၍ပင် သင့်တော်ပေသည်။ထိုလူများသည် သူတို့၏ တာအိုကို ပြီးပြည့်စုံသည်နှင့် သူတို့၏ကျင့်ကြံမှုအဆင့် မှာ မြင့်မားခြင်းမရှိလျှင်ပင် တာအိုအပေါ်နားလည်မှုသည် လေးနက်ထည်ဝါပေသည်။ထို့ကြောင့် သူတို့သည် အနာဂတ်တွင် ပို၍ အဝေးသို့ လျှောက်လှမ်းနိုင်မည် ဖြစ်သည်။
သို့သော်လည်း အဘိုးအိုရွှယ်၏ခန္ဓာကိုယ်သည် အိုမင်းခဲ့ပြီ ဖြစ် သည့်အတွက် စိတ်ဝိညာဉ်စွမ်းအင်ကို တောင့်ခံနိုင်ဖို့ မလွယ် တော့ပေ။သူ့အတွက် တာအိုကို ကြည့်ဖို့ ခက်ခဲပေလိမ့်မည်။
ဝမ်လင်းသည် တည်ငြိမ်စွာ ဆို၏။ “မင်း သက်တမ်းက အများ ကြီး မကျန်တော့ဘူး။ တာအိုကို ကျင့်ကြံခြင်းက လွယ်လွယ် ရတာ မဟုတ်ဘူး.."
အဘိုးအိုရွှယ်သည် ဝမ်လင်းကို ကြည့်နေ၏။သူ့မျက်လုံးထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ရှိနေသည်။သူက ပြောလိုက်၏။ “ငါ သုံးနှစ်သားတည်းက စာစသင်ခဲ့တယ်။ငါဟာ အသက် ခြောက်နှစ်များ ကဗျာတွေ သင်ယူခဲ့တယ်။ အသက်ဆယ့်လေး နှစ်မှာ ငါ့နာမည်ဟာ မြို့တော်ကို တုန်လှုပ်စေခဲ့တယ်။ ဒါပေမဲ့ ငါ့ နှလုံးသားထဲမှာ အမြဲမှုန်ဝါးနေခဲ့တယ်။ငါဟာ ငါ့ကိုယ်ငါ ပြောခဲ့ တာ လူတွေအကြောင်းကို နားလည်တယ်ပေါ့။ ဒါပေမဲ့ လောက ရဲ့ဖိနှိပ်ထားတဲ့ ခံစားချက်တစ်ခုတော့ အမြဲ ရှိနေခဲ့တယ်။ငါဟာ အသက်ကြီးရင့်လာပြီ ဖြစ်တဲ့အတွက် ငါ သိထားတဲ့ ပညာတွေ ကိုပဲ နောက်မျိုးဆက်စီ လက်ဆင့်ကမ်းဖို့ ဆုံးဖြတ်ခဲ့တော့တယ်။ ငါ့လက်ကျန်ဘဝကို မှုန်ဝါးမှုနဲ့ဖိနှိပ်မှုအောက်မှာ ကုန်ဆုံးစေတော့ မယ်ပေါ့..
"ဒါပေမဲ့လည်း ငါ့အခန်းထဲကို လေပြေညင်းတစ်ခု ဝင်လာခဲ့တဲ့ အခါမှာတော့ ငါမှုန်ဝါးဝါးဖြစ်နေရတဲ့ ရင်းမြစ်ကို ရှာဖွေဖို့ ပြန် ဖြစ်လာခဲ့တယ်။ တာအိုဆိုတာ ဘာလဲ…။မြစ်ထဲမှ ရခဲ့တဲ့ ဉာဏ် အလင်းဟာ ငါ့ကို ဆုံးဖြတ်ချက်တစ်ခု ချစေခဲ့တော့တာပဲ။ငါက သေရမယ်ဆိုရင်တောင် ဒီနေရာကို လာပြီး တာအိုကို ရှာဖွေမှာ။ ကျေးဇူးပြုပြီး ငါ့ကို တာအို သင်ပေးပါ။ သင့်တပည့်အဖြစ် လက်ခံပေးပါ .."
ဝမ်လင်း၏အကြည့်သည် အဘိုးအိုရွှယ်ထံသို့ ကျရောက်နေ၏။ သူက အဘိုးအို၏ မျက်လုံးမှတစ်ဆင့် သူ့စိတ်ကို ဖြတ်မြင်နေရ သည်။သူက အဘိုးအိုနောက်၌ ပြန်လည်မွေးဖွားခြင်း အရိပ်ကို ခပ်ရေးရေးလည်း တွေ့မြင်နေရသည်။
အချိန်အတန်ကြာမြင့်ပြီးနောက် ဝမ်လင်းသည် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ မေးလိုက်၏။ "မင်း နာမည် ဘယ်လို ခေါ်လဲ..
အဘိုးအိုသည် ပြန်ဖြေ၏။ “ရွှယ်ချင်း...
“ငါ့တစ်ဘဝလုံးမှာ ဘယ်တပည့်မှ မလက်ခံခဲ့ဖူးဘူး။မင်းရဲ့ ဉာဏ်အလင်းဟာ ငါဖန်တီးတဲ့ ကံကြမ္မာအကြောင်း ဖြစ်နေမှ တော့ ငါဟာ မင်းကို တပည့်အဖြစ် လက်ခံလိုက်မယ်။ ဒီတောင် ကို မင်း ကျင့်ကြံဖို့အတွက် လက်ဆောင်ပေးမယ်။ ငါဟာ မင်းကို ဘာမန္တာန်မှ သင်ပေးမှာ မဟုတ်ဘူး။ အဲ့အစား နားလည်မှု ရဖို့ အတွက် အခွင့်ရေးတစ်ခုပဲ လက်ဆောင်ပေးမယ်...
ဝမ်လင်းသည် သူ့လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်လိုက်၏။ ယင်ယန်ငါးများသည် လှည့်လည်လာသည်။၎င်းတို့သည် ဝမ် လင်း၏လက်ချောင်းကနေ တစ်ဆင့် အဘိုးအိုရွှယ်၏ မျက်ခုံးနှစ် ခုကြားသို့ ဝင်ရောက်သွားလေသည်။
ရွယ်ချင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။သူ့မျက်လုံးထဲ၌ ရှုပ်ထွေးမှု ပြည့်လာကာ သူသည် မြေပြင်ထက်သို့ လဲကျသွား သည်။
ဝမ်လင်းသည် ရွှယ်ချင်းကို တစ်ချက်ကြည့်ပြီးနောက်သူ့အင်္ကျီ လက်အိုးကို ဝှေ့ယမ်းလိုက်၏။ အဖြူရောင်မြူများသည် သူ့ ခြေထောက်အောက်တွင် ပေါ်လာပြီးနောက် အကွာအဝေးတစ်ခု သို့ ပျောက်ကွယ်သွားတော့သည်။
တစ်ရက်ကုန်ဆုံးပြီးနောက် ရွှယ်ချင်းသည် မျက်လုံးဖွင့်လာ၏။ သူက အချိန်အတန်ကြာစဉ်းစားနေပြီးနောက် တောင်ထိပ်တွင် ထိုင်ချလိုက်သည်။ထို့နောက် မျက်လုံးမှိတ်ကာ သူ့နားလည်မှု အတွက် စတင်တော့သည်။
ဝမ်လင်းသည် ချင်လင်းဂြိုဟ်ကနေ ချက်ခြင်း ထွက်မသွားသေး ပေ။သူက ရွေးချယ်ခံမသေမျိုးကလန်ဝင်များကို သွားရှာ၏။ သည့်နောက် သူသည် အဝါရောင်အဆောင်တစ်ခုကို သူတို့အား ထုတ်ပေးခဲ့သည်။သူတို့သည် ၎င်းကို ရင်းနှီးနေသည်ဟု ထင် သော်လည်း မည်သည့်အရာမှန်း မသိပေ။
သည့်နောက် ဝမ်လင်းသည် ချင်လင်းဂြိုဟ်ကနေ ထွက်ခွာသွား တော့၏။
ဟင်းလင်းပြင်ကို ဖြတ်သန်းနေရင်း ဝမ်လင်းသည် လောကနှင့် တစ်သားတည်း မပေါင်းစပ်ထားပေ။သူက သူ့နတ်ဘုရားအာရုံ ကို ဖြန့်ကျက်ကာ ကျင့်ကြံရန် အဆင်ပြေမည့် နေရာတစ်ခုကို ရှာ နေသည်။
ရက်များစွာ ကုန်လွန်ပြီးသည့်နောက် ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွား၏။သူက အဝါရောင်ဂြိုဟ်တစ်ခုရှိရာသို့ ဦးတည်သွားသည်။ထိုဂြိုဟ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ မရှိသလောက် နည်းပါးသည့် စွန့်ပစ်ဂြိုဟ်တစ်ခု ဖြစ်နေသည်။ဝမ် လင်းသည် လေထုကို ဖြတ်သန်းကာ ဂြိုဟ်မျက်နှာပြင်ထက်သို့ ဆင်းသက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးသည် ဆိုးဝါးသည့် အနံ့အသက်များနှင့် ပြည့်နေသည်။သေမျိုးတစ်ယောက်သာ သည်နေရာတွင် အသက် ရှုပါက သေဆုံးသွားနိုင်သည်။သို့သော် ၎င်းအနံ့ဆိုးများသည် ဝမ် လင်းအပေါ်တွင် သက်ရောက်ခြင်း မရှိပေ။သူက မြေပြင်ထက် သို့ လက်ညွှန်လိုက်ရာ မြေကြီးထုသည် ဖြည်းဖြည်းချင်း မြင့် တက်လာသည်။ခဏအကြာတွင် တောင်တစ်လုံး ဖြစ် ပေါ်လာ၏။
တောင်၏ဘေးတစ်ချပ်တွင် လှိုဏ်ဂူသစ်တစ်လုံး ရှိနေ၏။ဝမ် လင်းသည် ထိုလှိုဏ်ဂူထဲသို့ ဝင်ရောက်ကာ ထိုင်ချသည်။ထာရှန် သည် သူ့အရိပ်ထဲကနေ ထွက်လာပြီး သူ့အား စောင့်ကြပ်ပေး၏။
ထာရှန်၏ဒဏ်များသည် သက်သာလာခဲ့ပြီ ဖြစ်သည်။သူက ပတ်ဝန်းကျင်တစ်ခုလုံးကို ဂရုတစိုက် စောင့်ကြည့်နေသည်။
ဝမ်လင်းသည် ထိုင်ချလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲမှ မူလ စွမ်းအင်တို့သည် စတင် ရွှေ့လျားလာသည်။ထို့နောက် အဖြူ အနက်၊ယင်ယန်ငါးများသည် သူ့နောက်တွင် ပေါ်လာ၏။၎င်းတို့ က မြန်ဆန်စွာ လှည်ပတ်ရင်း စွန့်ပစ်ဂြိုဟ်ပေါ်မှ စိတ်ဝိညာဉ် စွမ်းအင်များကို သူ့ထံသို့ စုဝေးလာစေသည်။
ဝမ်လင်း၏မူလစွမ်းအင်သည် တဖြည်းဖြည်းဖြင့် ယင်ယန်ငါး များအဖြစ်သို့ ပြောင်းလဲလာ၏။အဆုံးသပ်၌ သူ့မူလစွမ်းအင် သည် အရောင်နှစ်ခု ဖြစ်လာသည်။၎င်းအရောင်နှစ်ခုသည် အဖြူနှင့်အနက်အခိုးငွေ့များ ဖြစ်လာခဲ့လေ၏။
အဖြူရောင်အခိုးငွေ့များသည် သူ့ခန္ဓာကိုယ်အတွင်း၌ ရှိနေကာ အနက်ရောင်အခိုးငွေ့များသည် အပြင်ဘက်တွင် ရှိ၏။သူ တို့သည် ပြီးပြည့်စုံသည့် စက်ဝန်းတစ်ခုအသွင် သူ့ပတ်လည်၌ ဖြစ်ပေါ်နေသည်။
ဝမ်လင်း ကျင့်ကြံနေသည့်အခိုက်တွင် သက်လတ်ပိုင်းလူကြီး တစ်ယောက်သည် အနီရောင်တိမ်တိုက်တစ်ခုကို စီးနင်းလာကာ ဝမ်လင်းရှိရာသို့ လှမ်းလာနေ၏။သူ့လက်ထဲ၌ ကြေးမုံတစ်ချပ် ရှိကာ ၎င်းကြေးမုံထံမှ အနီရောင်လိုင်းတစ်ခုသည် လမ်းညွှန်ပြ နေသည်။
သက်လတ်ပိုင်းလူသည် အတော်လေး ကြည့်ကောင်းလှ၏။သူက တိမ်တိုက်ကို စီးနင်းရင်း မြန်ဆန်စွာ ရွှေ့လျားနေသည်။
ဝမ်လင်းသာ သည်နေရာတွင် ရှိပါက သူက တစ်ချက်ကြည့်ရုံဖြင့် ထိုလူသည် ယောင်ပင်ယွမ်နှင့်ယောင်မန်ယွမ်တို့အား ကယ်တင် ရန် ကြိုးစားခဲ့သည့် ယောင်ယွမ်ဖြစ်မှန်း သိရှိပေလိမ့်မည်။သူ့ ပုံပန်းအသွင်က ခုချိန်၌ ပြောင်းလဲသွားခြင်း မရှိသော်လည်း အသက်ပိုကြီးရင့်လာသည်ဟု ထင်ရ၏။
အကွာခြားဆုံးအချက်သည် သူ့မျက်လုံးပင်။သူ့မျက်လုံးသည် တည်ငြိမ်နေဟန် ရသော်လည်း အတွင်းနက်ပိုင်းတွင် နတ်ဆိုးဆန် သည့် သဘာဝ ရှိနေ၏။
Comments
Post a Comment