အပိုင်း(172)
နိဗ္ဗာနကြိုမြင်ခြင်း
ဝမ်လင်းသည် ကျင့်ကြံပြီးနောက် ရုတ်တရက် မျက်လုံးဖွင့် လာ၏။သူ့မျက်လုံးသည် တောက်ပနေ၏။သူ့ခန္ဓာကိုယ် ပတ်လည်၌ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အနက်ရောင်မြူ လွှာတစ်ခု ဝန်းရံနေသည်။သူ့ခန္ဓာကိုယ်အတွင်းထဲ၌မူ သူ့မူလ စွမ်းအင်များသည် အဖြူရောင်အခိုးငွေ့အဖြစ်သို့ ပြောင်းလဲကာ အံ့မခန်းအမြန်နှုန်းဖြင့် လှည့်လည်နေ၏။
ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “တာအိုဟာ တာ အိုထဲကို ဝင်ရောက်ခြင်း..
ဉာဏ်အလင်း ရရှိပြီးသည့်နောက် သူသည် အခုလက်ရှိ သူ့ အခြေအနေနှင့် ပတ်သတ်၍ ရှုပ်ထွေးမှု မရှိတော့ချေ။သို့သော် သူက လုံးဝ သတိထားနေဆဲသာ ဖြစ်၏။
သူသည် ကြာမြင့်ခဲသည့်အချိန်ကတည်းက တာအိုကို သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခဲ့ဖူး။သို့သော် ထိုအချိန်က တာအို သည် သေခြင်းရှင်ခြင်းတာအို ဖြစ်၏။အခုချိန်တွင်မူ သူသည် ကံကြမ္မာတာအိုကို အထည်ဒြပ်အဖြစ် သိပ်သည်းစေကာ သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခြင်း ဖြစ်သည်။
တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ဝမ်လင်းသည် မတ်တပ်ထရပ် လာ၏။သူက တောင်၏အပြင်ဘက်၌ ပေါ်လာခဲ့သည်။ထာရှန် သည် သူ့အရိပ်အဖြစ်သို့ ပြန်ပြောင်းလဲ ပျောက်ကွယ်သွား တော့၏။
ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းသည် ပျောက်ကွယ်သွားကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်လိုက်သည်။ သူက ကြယ် များကြား၌ ပြန်ပေါ်လာ၏။သူသည် အချိန်ဆွဲမနေဘဲ မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွားပြန်၏။
“အရင်ဆုံး_ငါလီယွမ်ကို ရှာပြီး အတားအဆီးနှလုံးသားကို ရအောင် လုပ်ရမယ်။ငါ့လမ်းမှာ လာနှောက်ယှက်တဲ့လူရှိတာနဲ့ ငါ ဟာ နတ်ဘုရားပြစ်ဒဏ်ကို အသက်သွင်းပြီး သူတို့ရဲ့စွမ်းအားကို ငှားယမ်းပြီးတော့ နတ်ဘုရားပြစ်ဒဏ်ကို ငါ ကျော်ဖြတ်နိုင် အောင် ကူညီခိုင်းရမယ်.
ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။သူသည် နတ်ဘုရား ပြစ်ဒဏ်နှင့်ပတ်သတ်၍ အတွေ့အကြုံများ ရှိခဲ့ပြီး ဖြစ်သည်။ အခုချိန်၌ သူက ၎င်းကို အတိတ်တုန်းကလောက် ထိတ်လန့်နေမိခြင်း မရှိတော့ချေ။
သည့်နောက် သူသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ တောင်ပိုင်းနယ်မြေရှိရာသို့ ဦးတည်သွားတော့။လီမိသားစုသည် တောင်ပိုင်းနယ်မြေ၏ ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်၌ တည်ရှိပေ၏။
ဝမ်လင်းသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ထားရင်း အလွန်မြန်သောနှုန်းဖြင့် သွားနေ၏။သူက လီယွမ်သူ့ကို ပေး ထားခဲ့သည့် မြေပုံအတိုင်း သွားနေခြင်းပင်။သို့သော်လည်း သူ့ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် လောကနှင့်တစ်သားတည်း အချိန် အကြာကြီး မပေါင်းစပ်နိုင်ပေ။သူပြန်ပေါ်လာသည့်အခါတိုင်း ခဏတဖြုတ် အနားယူရ၏။
မည်သို့ပင်ဖြစ်စေ သူ့အမြန်နှုန်းသည် လောကနှင့်တစ်သားတည်း မပေါင်းစပ်နိုင်သည့် အခြားကျင့်ကြံသူများထက်တော့ မြန်နေ သေးသည်သာ ဖြစ်သည်။ သည်နေ့တွင် သူသည် တောင်ပိုင်း နယ်မြေတွင် ပေါ်လာခဲ့ကာ ရှေ့တည့်တည့်သို့ ပျံသန်းနေ၏။ခဏ အကြာတွင် လောကနှင့်တစ်သားတည်းပေါင်းစပ်ရန် ဟန်ပြင် လိုက်စဉ် သူ့အသွင်မှာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူသည်ဖျပ်ခနဲ ဘေးသို့ ပျံသန်းထွက်လိုက်၏။သူရှိနှင့်ခဲ့သော ဟင်းလင်းပြင်သည် ရုတ်တရက် ပေါက်ကွဲပျက်စီးသွားသည်။ တုန်ခါမှုလှိုင်းတစ်ခုသည် ပျံ့နှံ့သွား၏။ဝမ်လင်း၏ မျက်လုံး သည် အေးစက်လာသည်။သူက အကွာအဝေးတစ်ခုထံသို့ တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူက အကွာအဝေးတစ်ခု၌ အနီရောင်တိမ်တိုက်တစ်ခုအား တွေ့ မြင်လိုက်ရ၏။ချက်ခြင်းပင် ထိုအနီရောင်တိမ်တိုက်သည် ဝမ် လင်းရှေ့၌ သက်လတ်ပိုင်းလူအဖြစ်သို့ ပြောင်းလဲသွားသည်။
“မင်းက ရှုမူလား …” သတ်လတ်ပိုင်းလူ၏ ညာလက်ထဲ၌ ကြေးမုံ တစ်ချပ် ကိုင်ထား၏။သူက ဝမ်လင်းကို အေးစက်စွာ ကြည့် နေသည်။
ဝမ်လင်းသည် ထိုလူ့ကို မြင်သည်နှင့် မည်သူမှန်း သိသွား၏။ သို့သော် သူက ဘာတစ်ခွန်းမှ မဆိုပေ။ထိုအစား နောက်သို့ ဆုတ် လိုက်ရာ လှိုင်းတွန့်တစ်ခုသည် သူ့ခြေထောက်အောက်၌ ပေါ်လာ ပြီး လောကနှင့်တစ်သားတည်း ပေါင်းစပ်ရန် ပြင်သည်။
သို့သော်လည်း သူက ချက်ခြင်း ရပ်တန့်၏။ပတ်ဝန်းကျင် ဟင်းလင်းပြင်သည် ထူးဆန်းသည့်အားတစ်ခုဖြင့် ပိတ်လှောင် ထားခြင်း ခံလိုက်ရကာ သူ့အတွက် ပေါင်းစပ်ရန် မဖြစ်နိုင် တော့သည် မဟုတ်လား။ဝမ်လင်းက သက်လတ်ပိုင်းလူ ပေါ်လာ သည်နှင့် ထိုသို့ဖြစ်လိမ့်မည်ဟု ကြိုခန့်မှန်းထားခဲ့ပြီး ဖြစ်၏။
သူက ထိတ်လန့်နေခြင်းမရှိဘဲ သက်လတ်ပိုင်းလူထံသို့သာ တည်ငြိမ်စွာ ကြည့်နေသည်။
သတ်လတ်ပိုင်းလူ၏အသွင်မှာ အေးစက်နေ၏။သူ့အသံက ပို၍ပင် အေးစက်နေသေး၏။
“ငါက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို မသိပေမဲ့လည်း မင်းရဲ့ တည်နေရာကို တွက်ချက်နိုင်တယ်။ ဒီနေရာဟာ မင်းအတွက် ငါ ပြင်ဆင်ပေးထားတာ..
သူက ဝမ်လင်းကို စကားတစ်ခွန်းမှ ပြောခွင့်မပေးချေ။သူက ထိုသို့ ပြောလိုက်ပြီးသည်နှင့် သူ့လက်ထဲရှိ ကြေးမုံသည် တ လက်လက် တောက်ပလာကာ ပတ်ဝန်းကျင်ဟင်းလင်းပြင်သည် ရုတ်တရက် ပတ်သယ်ခြင်း ခံလိုက်ရ၏။
ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြေးမုံတစ်ခု၏ မျက်နှာပြင် အလား ပြောင်းလဲသွားချေ၏။
"စုစည်းစမ်း.. သက်လတ်ပိုင်းလူက ထိုသို့ အေးစက်စွာ ပြော လိုက်သည့်အခါ ဝမ်လင်းပတ်လည်ရှိ အရာအားလုံးသည် အစိတ်အပိုင်းများအဖြစ်သို့ ပျက်စီးကုန်၏။ထို့နောက် သူ့အင်္ကျီ လက်အိုးကို ဝှေ့ခါလိုက်သည့်အခါ အရာအားလုံးသည် သူ့လက် ထဲရှိ ကြေးမုံထဲသို့ ဝင်ရောက်သွား၏။သူသည် ကြေးမုံကို ကိုင် ကာ အကွာအဝေးတစ်ခုထံသို့ ထွက်သွားသည်။
ထိုအရာများအားလုံးသည် ချက်ခြင်းလိုလို ဖြစ်ပွားသွားခဲ့ခြင်း ပင်။ သူ့အတွက် ဝမ်လင်းကို ဖမ်းရသည်မှာ သာမန်ကိစ္စတစ်ခုကို လုပ်ဆောင်ရသလိုမျိုး ဖြစ်နေ၏။
ဝမ်လင်း ပေါ်လာသည်နှင့် သူ့ပတ်လည်ရှိ ဧရိယာသည် မှုန်ဝါး နေ၏။အရပ်မျက်နှာအနှံ့ကနေ အပူစွမ်းအင်များ ရိုက်ခတ် နေသည်။
ဝမ်လင်း၏မျက်လုံးသည် တည်ငြိမ်နေ၏။သို့သော် အေးစက် သည်။သူက သူ့ခန္ဓာကိုယ်ထဲမှ အဖြူရောင်အခိုးငွေ့များကို အပြင်ဘက်မှ အနက်ရောင်အခိုးငွေ့များနှင့် ထိတွေ့ကာ ရောထွေးယှက်တင် ဖြစ်စေသည်။ထိုအခါ ယင်ယန်ငါးပုံရိပ်သည် ထွက်ပေါ်လာရင်း စတင်လှည့်လည်ချေသည်။
"နိဗ္ဗာနကြိုမြင်ခြင်း..”
ဝမ်လင်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ တက်လှမ်းလိုက်သည့် အခါ၌ ထိုမြူဆိုင်းနေသည့် နေရာအတွင်း ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ်သွားသည်။ဝမ်လင်း၏ ခန္ဓာကိုယ်မှာ လွင့်မြောနေကာ သူ့ဆံပင်များသည် လေမတိုက်ဘဲ လှုပ်ခတ် နေသည်။သူ့ခန္ဓာကိုယ်ကနေ အားကောင်းသောအော်ရာတစ်ခု ဖြစ်ပေါ်လာရင်း ယင်ယန်ငါးများသည် စတင်လှည့်လည်လာ၏။ ဝဲကတော့တစ်ခု ဖြစ်ပေါ်လာကာ ၎င်းသည် ဝမ်လင်းပတ်လည်၌ လှိုင်းထန်စေသည်။
ထိုမုန်တိုင်းအောက်၌ မြူများစွာသည် နောက်သို့ ဆုတ်သွား ရ၏။
ဝမ်လင်း၏မျက်လုံးထဲ၌ နေနှင့်လတို့ ပါဝင်နေ၏။အဖြူအနက် အခိုးငွေ့များ မြန်ဆန်စွာ လှည့်ပတ်နေရင်း ဖြစ်ပေါ်လာသည့် ဝဲကတော့သည့် နဂါးနှစ်ကောင် ထွေလားယှက်တက် မြူးထူးနေ သည့်အလား။မြူဧရိယာအတွင်း၌ မိုးကြိုးဟိန်းမြည်သံများ ပြည့်လာ၏။
ဝမ်လင်းက အပေါ်သို့ ခေါင်းမော့ကာ ကြည့်၏။
ယောင်ယွမ်သည် အေးစက်သည့်အသွင်ဖြင့် ဟင်းလင်းပြင်ထဲ၌ ရွှေ့လျားနေ၏။ချက်ခြင်းပင် သူ့အသွင်သည် အနီရောင် တိမ်တိုက်များစွာ စုစည်းလာသည်ကို တွေ့မြင်သည့်အခါ ပြောင်းလဲသွားသည်။ထိုအနီရောင်တိမ်တိုက်များသည် သူ့ ခြေထောက်အောက်ရှိ တိမ်တိုက်နှင့် အလွန်ခြားနားနေသည်။ အနှီအနီရောင်တိမ်တိုက်အတွင်း၌ ပါဝင်နေသည့် စွမ်းအားသည် သူ့ကိုပင်တုန်လှုပ်စေသည်။
“ဒါ…ဒါက နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်လား.. သူ့မျက်လုံး သူငယ်အိမ်သည် ကျုံ့သွား၏။သူက နိဗ္ဗာနသန့်စင်ခြင်းအဆင့် သို့ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက ရောက်နှင့်ပြီး ဖြစ်သည်။သို့သော် အချို့မသိနိုင်သည့် အကြောင်းရင်းများ ကြောင့် သူသည် နိဗ္ဗာနကြိုမြင်ခြင်းအလယ်အဆင့်ထိ ပြန် လျော့ကျသွားခဲ့သည်။ထိုမျှသာမက သူသည် ကိစ္စရပ်
တော်တော်များများကို မေ့နေဟန် ရသည်။အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီက သွေးဂြိုဟ်ကနေ ထွက်ခွာလာ သည့်အချိန်က မှတ်ဉာဏ်များကို မေ့နေခြင်းပင်။ထိုမှတ်ဉာဏ် များသည် သူ့အတွက် မှုန်ဝါးနေခဲ့၏။
မည်မျှကြိုးစားပါစေ သူသည် ဘာတစ်ခုမှ မမှတ်မိနိုင် ဖြစ် နေသည်။
သူက ဘိုးဘေးအတော်လေး မပျော်မရွှင် ဖြစ်စေမည့် ကိစ္စတစ်ခု ကို လုပ်ဆောင်ခဲ့သည်ကိုသာ ခပ်ရေးရေး မှတ်မိ၏။ သို့သော်လည်း ဘိုးဘေးသည် အဆုံးသပ်၌ သူ့ကို ခွင့်လွှတ်ကာ အပြစ်မပေးခဲ့ပေ။
ထိုအချိန်မှစ၍ သူ့အသိစိတ်သည် မကြာခဏ ဝေဝါးသွားခဲ့ကာ သူ့ကျင့်ကြံခြင်းသည်လည်း ရုတ်လျော့သွားခဲ့ရသည်။ထိုသို့ဖြစ် လျှင်ပင် မထူးဆန်းလှသေးပေ။သို့သော် သူက ထိုသို့ ဝေဝါးသွား
သည့်အခါတိုင်း သူ့ဦးခေါင်းထဲမှ နာကျင်မှုကို ခံစားရသည်။ ထိုအခါ သူသည် အရူးတစ်ယောက်လို ဖြစ်လာကာ သတ်ဖြတ်လို ခြင်းနှင့်သာ ပြည့်နှက်လာခဲ့သည်။သူသာ သူ့ကိုယ်သူ မထိန်းချုပ် ရင် အဆုံးမဲ့ သတ်ဖြတ်မှုများကို လုပ်ပစ်နိုင်ပေသည်။
အစပိုင်း၌ သူသည် ထိုခံစားချက်ကို သူ့ကျင့်ကြံမှုအဆင့်ဖြင့် ဖိနှိပ်ထားနိုင်သေး၏။သို့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ သူ့ကျင့်ကြံမှုအဆင့်မှာ ရုတ်လျော့လာခဲ့ပြီး နာကျင်မှုသည် ပြင်းထန်လာခဲ့သည်။လောကရှိ သက်ရှိအားလုံးကို သတ်ဖြတ် ပစ်လိုသည့် စိတ်ဆန္ဒကို ဖိနှိပ်နိုင်ရန် သူ့အတွက် အတော်လေး ခက်ခဲလာခဲ့သည်။
သူက ထိုအဖြစ်သည် သွေးဂြိုဟ်ပေါ်၌ သူကြုံခဲ့သည့် အဖြစ်အပျက်နှင့် တနည်းတဖုံ ပတ်သတ်နေမည်ကို ခပ်ရေးရေး သိနေ၏။သို့သော်လည်း သူက မည်သို့ဖြစ်ပျက်ခဲ့သည်ကို လုံးဝ ပြန်မမှတ်မိနိုင်ဘဲ ဖြစ်နေခဲ့သည်။
သူက သွေးနတ်ဘုရားကို တစ်ကြိမ် မေးမြန်းခဲ့ပြီး ဖြစ်၏။ သို့သော် သူ့အတွက် အဖြေမရခဲ့ပေ။
အကူအညီမဲ့သော ခံစားချက်ဖြင့် သူက သူ့ကိုယ်သူ မိသားစု အတွင်း၌ ချိပ်ပိတ်ထားခဲ့ကာ သူ့ကျင့်ကြံမှုအဆင့် လျော့ကျလာ ခြင်းကို တားဆီးနိုင်ရန် တံခါးပိတ်ကျင့်ကြံ၍သာ နေခဲ့သည်။သူ သည် သူ့ဆုံးရှုံးသွားသည့် မှတ်ဉာဏ်များကိုလည်း လိုက်လံ ရှာဖွေမိနေ၏။သည့်နောက် သိပ်မကြာသေးသော အချိန်က သူ သည် ဘိုးဘေးထံကနေ ရှုမူဆိုသည့် လူတစ်ယောက်ကို သတ်ရန် အမိန့် လက်ခံရရှိခဲ့၏။
ရှုမူနှင့် ပတ်သတ်သည့် အချက်အလက်များအားလုံးကို သူသည် ဘိုးဘေးထံကနေ သိရှိခဲ့ရသည်။
သည်အခိုက်အတန့်၌ သူသည် နတ်ဘုရားပြစ်ဒဏ် တိမ်တိုက်ကို တွေ့မြင်သွားသည့်အခါ သူ့ဦးခေါင်းထဲမှ တုန်လှုပ်မှုကို ခံစား မိသည်။ထိုတုန်လှုပ်မှုသည် သူ့စိတ်ဝိညာဉ်ထံကနေ လာခြင်း ဖြစ်၏။
ထိုခံစားချက်သည် အားကောင်းလွန်းနေ၏။အဆုံးသပ်၌ ၎င်း ခံစားချက်သည် ပိုပြင်းထန်လာကာ နာကျင်မှု ဖြစ်လာစေသည်။ ထိုခံစားမှုက သူ့ဦးနှောက်ကို အပ်များနှင့် ထိုးစွနေသည့်အလား ဖြစ်စေသည်။ယင်းနာကျင်မှုကြောင့် သူ့မျက်လုံးသည် နီရဲလာ ခဲ့၏။
သူ့ပါးစပ်ထဲကနေ ဒေါသသံတို့ ထွက်ပေါ်လာ၏။ထိုအသံသည် မိုးခြိမ်းသံအလားပင်။ယောင်ယွမ်ထံကနေ မူလစွမ်းအင်တို့သည် အားကောင်းစွာ မြင့်တက်လာတော့၏။
သူ့ဆံပင်များသည် တဖျပ်ဖျပ်လွင့်နေ၏။သူ့မျက်နှာသည် အပြာ ရောင်သို့ ပြောင်းသည်။အစိမ်းရောင်အလင်းတစ်ခုသည် သူ့အား ဖုံးအုပ်လာကာ နောက်ထပ်မျက်နှာတစ်ခုသည် ယင်းအစိမ်း ရောင်အလင်းထဲ၌ ပေါ်ထွက်လာ၏။
ယင်းမျက်နှာသည် ဦးဂြိုနှစ်ခုနှင့် နတ်ဆိုးမျက်နှာ ဖြစ်နေသည်။ ၎င်းက ပေါ်လာသည်နှင့် မြန်ဆန်စွာ စုဝေးနေကြသော နတ် ဘုရားပြစ်ဒဏ်တိမ်တိုက်များကို ကြည့်၏။ထို့နောက် ၎င်း၏ ပါးစပ်ကို ဟကာ မာန်သွင်းသည်။
ထိုမာန်သွင်းသံသည် အသံထွက်ပေါ်ခြင်း မရှိပေ။သို့သော် ယင်း အသံသည် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကို တုန်ယင်သွား စေကာ အတော်များများကို ပျက်စီးသွားစေ၏။သို့သော်လည်း ပျက်စီးသွားသည့်အစိတ်အပိုင်းများသည် ပိုမြန်သောနှုန်းဖြင့် ချက်ခြင်း ပြန်ဖြစ်တည်လာပေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် သည် ပေတစ်သိန်းကျော် ကျယ်ပြောလာ၏။အနီရောင်မိုးကြိုး တန်းတစ်ခုသည် ကောင်းကင်ထက်ကနေ အံ့မခန်းနှုန်းဖြင့် ဆင်းသက်လာလေသည်။ယောင်ယွမ်မျက်နှာပေါ်ရှိ နာကျင်မှု အသွင်သည် ပိုဆိုးလာသည်။ယောင်ယွမ်ပတ်လည်ရှိ နတ်ဆိုး အရိပ်သည် ချက်ခြင်း သူ့ခန္ဓာကိုယ်ထဲကနေ ထိုးထွက်သွားကာ အနီရောင်မိုးကြိုးတန်းထံသို့ တဟုန်ထိုး တိုးဝင်ပြီး ဝါးမြိုရန် ပါး စဟလိုက်၏။ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ဖြစ်ပေါ် ခြင်းနှင့်အတူ နတ်ဆိုးအရိပ်သည် တုန်ယင်သွားကာ ပျက်စီး သွား၏။တစ်ချိန်တည်းမှာပင် မိုးကြိုးမြောက်များစွာသည် အရိပ် ကို ဖြတ်သန်းကာ ယောင်ယွမ်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွား၏။ယောင်ယွမ်မျက်နှာပေါ်ရှိ နာကျင်မှုသည် ပိုဆိုးလာခဲ့ ချေ၏။
ကြေးမုံထဲသို့ ဝင်ရောက်သွားသည့် နတ်ဘုရားပြစ်ဒဏ် အစိတ်အပိုင်းမိုးကြိုးတစ်ခုလည်း ရှိနေသေး၏။
ထိုအခါ ကြေးမုံထံမှ အက်ကွဲသံခပ်ဖျော့ဖျော့ ထွက်ပေါ်လာ သည်။သည့်အောက် အက်ကွဲသံများ ပို၍ ထွက်ပေါ်လာတော့၏။
မြူများနှင့် ပြည့်နှက်နေသော နေရာ၌ ဝမ်လင်းသည် ဓားအိမ်မှ ဆွဲမထုတ်ရသေးသော ဓားတစ်လက်ကဲ့သို့ ရှိနေသည်။အဖြူ အနက်အခိုးငွေ့များက သူ့ရှေ့တွင် လှည့်ပတ်နေရင်းဖြင့် သူသည် အထက်သို့ တိုးဝင်သွား၏။သူ့ခန္ဓာကိုယ် ပတ်လည်ရှိ အဖြူ အနက်အခိုးငွေ့များကနေ မုန်တိုင်းတစ်ခုကို ဖန်တီးသည်။
“ကောင်းကင်ဘုံခုတ်ပိုင်းခြင်း... ဝမ်လင်းထံမှ မာန်သွင်းသံ ထွက် ပေါ်လာသည်။
ဘုန်း..ယောင်ယွမ်လက်ထဲရှိ ကြေးမုံသည် တစစီပျက်စီးသွား သည်။
ထိုအခါ ဝမ်လင်းသည် ကြေးမုံထဲကနေ လှမ်းလျှောက်ထွက်လာ တော့သည်။
ယောင်ယွမ်သည် ကြေးမုံကို ကြည့်ပင် မကြည့်ပေ။သည် အခိုက်အတန့်၌ သူသည် ဘိုးဘေးထံမှ အမိန့်ကိုပင် မေ့သွားခဲ့ ပေ၏။သူက သူ့ဦးခေါင်းကို ကိုင်ကာ နာကျင်စွာ အဆတ်မပြတ် အော်ဟစ်နေ၏။နတ်ဆိုးအရိပ်သည် ပေတစ်ရာကျော် ရှည်လာ သည်။၎င်းက နတ်ဘုရားပြစ်ဒဏ်ထံမှ အကြည့်ကို ပြန်ရုတ်သိမ်း ပြီး ဝမ်လင်းကို အေးစက်စွာ ကြည့်၏။
“ရှေးဟောင်းနတ်ဆိုး…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးသည် နတ်ဆိုးအလင်းကို ထုတ်ဖော်နေ၏။၎င်း၏ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားပြီး ယောင် ယွမ်၏ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် ထု၏ အဝန်းအပြင်သို့ ထွက်သွားလိုနေသည်။
ထိုအခိုက်မှာပင် နတ်ဘုရားပြစ်ဒဏ်တိမ်ထုထံကနေ မိုးကြိုး တန်းလေးခုသည် ဆင်းသက်လာပြန်သည်။နှစ်ခုသည် ဝမ်လင်း ထံသို့ တိုက်ရိုက် ကျဆင်းပြီး ကျန်သည့်နှစ်ခုသည် ရှေးဟောင်း နတ်ဆိုးအပေါ်သို့ ကျရောက်လာသည်။
ဝမ်လင်း၏အသွင်က တည်ငြိမ်နေ၏။သူက သူ့လက်နှစ်ဖက်ကို တည်ငြိမ်စွာ လှုပ်ရှားသည်။အဖြူအနက်အခိုးအငွေ့များသည် သူ့ရှေ့၌ ယင်ယန်ပန်းချီကားကို ဖြစ်ပေါ်စေသည်။
ဦးဆုံးမိုးကြိုးတန်းသည် ရောက်ရှိလာပြီး ယင်ယန်ပုံရိပ်နှင့် ထိပ်တိုက်တွေ့သည်။သူ့ရှေ့ရှိ ယင်ယန်ပုံရိပ်က မိုးကြိုးကို စုပ်ယူ နေစဉ် ဝမ်လင်းသည် နောက်သို့ အသည်းအသန် ဆုတ်သည်။
ဒုတိယမိုးကြိုးတန်းသည်လည်း ယင်ယန်ပုံရိပ်ပေါ်သို့ ကျဆင်း လာပြန်သည်။ဝမ်လင်း၏ မျက်လုံးထဲ၌ ထူးဆန်းသောအလင်း တစ်ခု ပေါ်လာကာ သူ့မူလစိတ်ဝိညာဉ်သည် ရှေးဟောင်းမိုးကြိုး နဂါးအသွင်ဖြင် ထိုးထွက်လာကာ ၎င်းမိုးကြိးကို ဝါးမြိုရန် ကြိုးစားသည်။
နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ဝါးမြိုခြင်း။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် ပြင်းပြင်းထန်ထန် တုန်ယင်ရ သည်။သို့သော်လည်း ရှေးဟောင်းမိုးကြိုးနဂါးသည် လျှပ်စီးနှင့် မိုးကြိုးတို့၌ ရှင်သန်ခဲ့သူ ဖြစ်၏။၎င်းက မာန်သွင်းလိုက်ပြီး ဝမ် လင်း၏ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်ကာ နောက်သို့ အမြန် ဆုတ်သည်။
ဝမ်လင်းသည် ကြောက်ရွှံ့နေသည့်အရိပ်အယောင် ရှိမနေပေ။ နတ်ဘုရားပြစ်ဒဏ်သည် အားကောင်းလှသော်လည်း သူက ထိတ်လန့်နေခြင်း မရှိပေ။
ရှေးဟောင်းနတ်ဆိုးအတွက်မူ သူက နောက်သို့ အသည်းအသန် ဆုတ်နေရင်း နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် အရူးအမူး ချဲ့ ကားလာ၏။၎င်းက နတ်ဘုရားပြစ်ဒဏ်မိုးကြိုးနှစ်ခုလုံးကို ဝါး မြိုပြီးဖြစ်သော်လည်း ၎င်းပုံရိပ်သည် ပို၍ မှုန်ဝါးလာခဲ့သည်။ ၎င်းက တိတ်တဆိတ်အသံပြုရင်း နောက်သို့ ဆက်၍ ဆုတ် နေသည်။၎င်းနတ်ဆိုးသည် နတ်ဘုရားပြစ်ဒဏ်ပင် လိုက်မမှီနိုင် အောင် မြန်ဆန်နေ၏။ကြည့်ရသည်မှာ သူသည် ယောင်ယွမ်ကို ခေါ်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် အဝန်းကနေ ထွက်သွား တော့မည်ဟု ထင်ရ၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။သူက အော်ပြောလိုက်၏။ “ယောင်ယွမ်…မင်းညီမနှစ်ယောက်ဖြစ်တဲ့ ယောင်ပင်ယွမ်နဲ့ယောင်မန်ယွမ်တို့ကို မှတ်မိလား။ အတိတ်တုန်း က သွေးဂြိုဟ်ပေါ်မှာ ရှေးဟောင်းမီးအိမ်ဟာ စိတ်ဝိညာဉ်ကို ဝါး မြိုခဲ့တဲ့ မြင်ကွင်းကို မှတ်မိသေးလား….
ဝမ်လင်း၏အသံထဲ၌ သူ့နတ်ဘုရားအာရုံ ပါဝင်နေ၏။၎င်းအသံ က ယောင်ယွမ်၏နားစည်ထဲသို့ ကျဆင်းလာခဲ့သည်။
ယောင်ယွမ်၏ နာကျင်စွာ အော်ဟစ်မှုသည် ပို၍ ပြင်းထန်လာ သည်။သူက လှုပ်ရှားနေမှုကို အမှန်ပင် ရပ်တန့်သည်။
သူ့မျက်နှာပေါ်ရှိ သွေးကြောများအားလုံးသည် ဖောင်းကြွ နေသည်။သူ့အသွင်က ကြမ်းကြုတ်နေ၏။သူက သူ့ခေါင်းထဲရှိနာကျင်မှုကို ဆုပ်ကိုင်ထားရင်း အော်ဟစ်လာသည်။ "ငါ့ ခန္ဓာကိုယ်ထဲကနေ ထွက်သွားစမ်း..
“မင်း ဘာကောင်လဲ ငါ ဂရုမစိုက်ဘူး။ ငါ့ခန္ဓာကိုယ်ထဲကနေ ထွက်သွား.. ယောင်ယွမ်သည် ဆက်ခနဲ ခေါင်းမော့လာသည်။သူ့ မျက်လုံးက နီရဲနေကာ ရူးသွပ်မှုတို့ ပြည့်နေသည်။သူက သူ့ အထက်ရှိ ရှေးဟောင်းနတ်ဆိုးကို တွေ့မြင်ရသည့်အလား ထင် ရ၏။
ရှေးဟောင်းနတ်ဆိုး၏အသွင်သည် ပို၍ သုန်မှုန်လာသည်။သူက ဝမ်လင်းကို အေးစက်စွာ ကြည့်သည်။နောက်သို့ဆုတ်ရမည့် အစား သူသည် ယောင်ယွမ်ထံကနေ ချဲ့ကားရင်း ဝမ်လင်းထံသို့ တိုးဝင်လာတော့၏။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။သူက ပါးစပ် ဟကာ အဖြူရောင်အခိုးငွေ့တို့ကို ထွေးထုတ်၏။ထိုအဖြူရောင် အခိုးငွေ့ထဲ၌ ပစ္စည်းတစ်ခု ပါဝင်နေ၏။၎င်းမှာ ကောင်းကင်ဘုံ ချိပ်ပိတ်ခြင်း တံဆိပ်တုံးပင်။၎င်းသည် ရုတ်တရက် ဝမ်လင်း ရှေ့၌ ချဲ့ကားလာသည်။သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ် ပေါ်စေသည့်အခါ ချိပ်တံဆိပ်သောင်းချီသည် ရှေးဟောင်း နတ်ဆိုးထံသို့ တဟုန်ထိုး တိုးဝင်သွားသည်။
ထိုအခိုက်အတန့်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်သည် နောက်တစ်ဖန် သိပ်သည်းလာ၏။သည့်နောက် ဆယ်ပေကျော်ရှိသည့် အနီရောင်မိုးကြိုးတန်း ဆယ့်နှစ်ခုကျော်သည် ဖြစ်ပေါ်လာ သည်။သည့်နောက် ၎င်းမိုးကြိုးတန်းတို့သည် ဆင်းသက်လာ ခဲ့၏။
ချိပ်တံဆိပ်သောင်းချီကို ရင်ဆိုင်နေစဉ်မှာပင် နတ်ဘုရား ပြစ်ဒဏ်မိုးကြိုးတန်းသည် ရှေးဟောင်းနတ်ဆိုး၏မျက်လုံးကို တလက်လက် ဖြစ်သွားစေသည်။၎င်းက စကားလုံးအချို့ကို တိတ်တဆိတ် ရွတ်ဆို၏။ထိုအခါ ၎င်း၏ဝေဝါးနေသော ခန္ဓာကိုယ်သည် ပို၍ မှုန်ဝါးလာသည်။
ရွှေရောင်ချိပ်တံဆိပ်များစွာသည် သူတို့၏ ဦးတည်ချက်ကို ဆုံးရှုံးသွားသည့်အလားပင်။ထိုအခါ သူတို့၏ ဦးတည်ရာသည် ဝမ်လင်းထံသို့ ပြောင်းလာ၏။
ကျယ်လောင်သော တုန်ဟီးသံများ ပဲ့တင်ထပ်ခြင်းနှင့်အတူ ရှေးဟောင်းနတ်ဆိုးသည် ညစ်ကျယ်ကျယ်ပြုံးလာ၏။သည်လို သေရေးရှင်ရေးအခိုက်အတန့်၌ ဝမ်လင်းသည် အနည်းငယ်မျှ ထိတ်ပျာသွားခြင်း မရှိပေ။သူ့ ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ချိပ်တံဆိပ်များသည် သူ့ထံသို့ ပိုမြန်ဆန်စွာ ချဉ်းကပ်လာတော့၏။
ကြည့်ရသည်မှာ ဝမ်လင်းသည် သူ့ကိုယ်သူ ချိပ်ပိတ်ပစ်လိုသည့် အလား ထင်ရ၏။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးသည်လည်း မြန်ဆန်စွာ ကျဆင်းလာနေ၏။
ချက်ခြင်းလိုလိုပင် ဝမ်လင်း၏ရှေ့၌ အလင်းတစ်ခု ဖျပ်ခနဲ ပေါ်လာရင်း ပုံရိပ်ယောင်မီးပြင်းဖိုတစ်ခု ပေါ်လာ၏။ထိုမီးပြင်းဖို ပေါ်လာသည်နှင့် အားကောင်းသော ရှေးဟောင်းနတ်ဘုရားအော် ရာ ပျံ့နှံ့လာသည်။ ရှေးဟောင်းနတ်ဆိုးသည် ပင့်သက်ရှိုက်မိသွား၏။၎င်း၏ မျက်လုံးသည် မယုံကြည်နိုင်ဟန်နှင့် ပြူးကျယ် သွားသည်။
“နတ်ဆိုးတစ်ပါးကများ..မင်းဟာ ငါ အာရုံစိုက်ဖို့ မထိုက်တန် သေးဘူး..။ ပုံစံ ပြောင်းလဲချေ...
ဝမ်လင်းသည် ထူးဆန်းစွာ ပြုံး၏။မီးပြင်းဖိုထံမှ ဆန်းကြယ် သောအားတစ်ခု ထွက်ပေါ်လာခဲ့သည်။ချက်ခြင်းပင် ဝမ် လင်း၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားသည်။တုန်လှုပ်နေ သော ရှေးဟောင်းနတ်ဆိုးသည်လည်း ပျောက်ကွယ်သွား လေ၏။
သူတို့နှစ်ယောက်လုံးသည် ချက်ခြင်းပင် ပုံစံအသွင် လုံးဝ ပြောင်းလဲသွားခြင်း ဖြစ်သည်။
ရှေးဟောင်းနတ်ဆိုး ပြန်ပေါ်လာသည့် အခိုက်၌ ရွှေရောင်စာလုံး မြောက်များစွာသည် ၎င်းအား ဝန်းရံထားပြီး နတ်ဘုရားပြစ်ဒဏ် မိုးကြိုးဆယ်ခုကျော်သည် ၎င်းထံသို့ တရကြမ်း တိုးဝင်လာလေ ပြီ။
ကောင်းကင်ပြိုဆင်းလာသည့်အလား ထင်မှတ်ရသည့် တုန်ဟီး သံသည် ကြယ်များကြား၌ ပဲ့တင်ထပ်ကုန်သည်။ ချိပ်တံဆိပ် များ၏ ပိတ်လှောင်ထားခြင်းအောက်၌ ရှေးဟောင်းနတ်ဆိုး သည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်းများ တစ်ခုပြီးတစ်ခု၏ ထိမှန်ခြင်းကို ခံရတော့သည်။ရှေးဟောင်းနတ်ဆိုးသည် ကြမ်းကြုတ်စွာ ဟိန်းသံပြုနေ၏။၎င်း၏ခန္ဓာကိုယ်သည် ပျက်စီး လုနီးပါး ဖြစ်လာခဲ့ရသည်။
အဆုံးသပ်၌ ၎င်းနတ်ဆိုးသည် နတ်ဆိုးချိပ်တံဆိပ်အဖြစ် ပြောင်းကာ လေဟာနယ်ကို ခွင်းကာ ယောင်ယွမ်၏မျက်ခုံးနှစ်ခု ကြားသို့ ထွင်းဖောက်သွားသည်။ယခုအချိန်၌ နတ်ဆိုး ချိပ်တံဆိပ်သည် အလွန်အားနည်းမှုအော်ရာကို ပေးစွမ်းနေ၏။
သည်အခိုက်၌ ယောင်ယွမ်၏အသွင်သည် ပို၍ ကြမ်းကြုတ်လာ သည်။သူက အော်ပြောလိုက်၏။ “ထွက်သွားစမ်း..
သူ့ထံမှ မူလစွမ်းအင်တို့ ပေါက်ကွဲထွက်လာ၏။မူလစွမ်းအင် သည် နတ်ဆိုးချိပ်တံဆိပ် ပြန်ဝင်လာမှုကို တားဆီးနိုင်ရန် အပြင်းအထန် တွန်းထုတ်သည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။သူက နောက်သို့ ဆုတ်သည်။ နတ်ဘုရားပြစ်ဒဏ်သည် အဆုံးမသပ် သေးချေ။ပို၍ အားကောင်းလာ၏။ခုချိန်၌ ရှေးဟောင်း နတ်ဆိုး၏ အကူအညီဖြင့် သူသည် ထွက်ခွာသွားသည်က ပို ကောင်းသည် မဟုတ်လား။
သို့သော်လည်း ချက်ခြင်းပင် ဝမ်လင်း၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။ချက်ခြင်းပင် သွေးအော်ရာ တစ်ခု ပေါ်လာ၏။ထိုအော်ရာသည် နတ်ဘုရားပြစ်ဒဏ်ကိုပင် မ ကြောက်လန့်သည့် ပုံပင်။သိပ်မကြာခင်တွင် သွေးမြူထုတစ်ခု သည် ပေါ်လာခဲ့၏။
“အဆုံးသပ်ဖို့ အချိန်ရောက်ပြီ... ထိုမြူထုထဲကနေ ရှေးဟောင်း အသံတစ်ခု ထွက်ပေါ်လာ၏။တစ်ချိန်တည်းမှာပင် ယောင်ယွမ် နောက်ကနေ သွေ့ခြောက်သော လက်တစ်ဖက်သည် ထွက် ပေါ်လာပြီး နတ်ဆိုးချိပ်တံဆိပ်ကို ဖမ်းဆုပ်သည်။၎င်းက ယောင် ယွမ်၏မူလစွမ်းအင်တို့ကို လစ်လျူရှုကာ သူ့မျက်ခုံးထဲသို့ နတ်ဆိုးချိပ်တံဆိပ်ကို ဖိနှိပ်ပစ်သည်။
“သွေးနတ်ဘုရား …” ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွား ရသည်။
သည်အခိုက်အတန့်၌ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ အရှင်ချင်းရွှေသည် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက အေးစက်စက်နှာခေါင်းရှုံ့ ကာ ပျောက်ကွယ်သွားချေသည်။
နတ်ဘုရားပြစ်ဒဏ်မိုးကြိုများသည် ပျံ့နှံ့လာရင်း ပြင်းထန်သော ဖိအားတစ်ခု ဖြစ်တည်လာသည်။
နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားသည် အစပြုလာခဲ့ချေပြီ။ ကောင်းကင်ဘုံခွန်အားနှင့် အဖျက်အစီးစွမ်းအားတို့သည် ထိုနတ် ဘုရားပြစ်ဒဏ်ထဲ၌ ပါဝင်နေကာ အရင်ထက် အဆများစွာ ပို အားကောင်းလာပေသည်။
တောင်ပိုင်းနယ်မြေရှိ အားကောင်းသော ကျင့်ကြံသူအားလုံး သည် ထို တုန်လှုပ်ဖွယ်အခြေအနေကို ခံစားမိကြ၏။
အနှီတုန်ခါလှိုင်းများသည် အားကောင်းလွန်းလှသည့်အတွက် သူ တို့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ကိုပါ ထိန်းချုပ်လာသည့် အလား။ကျင့်ကြံသူများစွာ၏အသွင်ဟန်ပန်များသည် ပြောင်းလဲသွားရင်း သူတို့က ထိုင်ချကာ သူတို့၏ခန္ဓာကိုယ်ထဲရှိမူလစွမ်းအင်တို့ကို ချိပ်ပိတ်ပစ်ရသည်။
ယောင်ယွမ်၏မျက်ခုံးနှစ်ခုကြား၌ နတ်ဆိုးချိပ်တံဆိပ်သည် တ ဖျပ်ဖျပ် လင်းလက်နေ၏။သူ့မျက်လုံးထဲ၌လည်း ရှုပ်ထွေးမှုတို့ ပြည့်လာ၏။သူ့မျက်နှာပေါ်ရှိ ဖောင်းကြွနေသော သွေးကြော များသည် တဖြည်းဖြည်း ပြန်ကောင်းမွန်လာသည်။
သူ့မျက်လုံးအနက်ပိုင်းထဲ၌ ခပ်ရေးရေး ရုန်းကန်မှုတစ်ခုတော့ ကျန်ရှိနေသေး၏။
ယောင်ယွမ်၏ရှေ့၌ အနီရောင်အလင်းသည် စုစည်းလာရင်း လူ တစ်ယောက် လှမ်းလျှောက် ထွက်လာသည်။
ထိုလူသည် သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့ဆံပင် များက လေမတိုက်ဘဲ လှုပ်ရှားနေ၏။သူ့ထံမှ ရှေးဟောင်းအော် ရာတစ်ခုပေးနေ၏။ထိုအော်ရာထဲ၌ နတ်ဆိုးအော်ရာ အရိပ်အမြွက်လည်း ပါဝင်ပေသည်။သူက ယောင်မိသားစုဘိုး ဘေး သွေးနတ်ဘုရား ဖြစ်လေ၏။
သူ ပေါ်လာသည်နှင့် သူက သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ယောင်ယွမ်အပေါ်ရှိ နတ်ဆိုးချိပ်တံဆိပ်သည် ပိုမို အားကောင်း လာတော့၏။ယောင်ယွမ်မျက်လုံးထဲရှိ ရုန်းကန်မှုမှာလည်း ပျောက်ကွယ်သွားရသည်။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ် ကျုံ့နေမိ၏။သွေးနတ်ဘုရား ပေါ်လာသည်နှင့် သူက နောက်သို့ အမြန်ဆုတ်နေကာ သူ့လက်ထဲ တွင်လည်း သူ့သိုလှောင်အိတ်ကို ကိုင်ဆောင်ထားသည်။နတ် ဘုရားပြစ်ဒဏ်ကသာ သူ့ လောကနှင့်တစ်သားတည်းပေါင်းစပ် ခြင်းကို ကာကွယ်ထားခြင်း မပြုပါက သူသည် ချက်ခြင်း ထွက် ခွာသွားမည် ဖြစ်၏။
သည်အခိုက်အတန့်၌ သူသည် နည်းနည်းမှ နှေးကွေးမနေပေ။သူ့ စွမ်းအားအားလုံးကို အသုံးပြုကာ နောက်သို့ ဆုတ်နေ၏။
သွေးနတ်ဘုရားက နောက်ဆုတ်နေသော ဝမ်လင်းကို ပုရွတ်ဆိတ် တစ်ကောင်ကဲ့သို့ ကြည့်နေ၏။သူက သူ့ ညာလက်ကို ပင့်မြှောက် ကာ ဝမ်လင်းထံသို့ ညွှန်ပြီး ပြောလာသည်။
“ငါ့ကို လမြွေနဂါးရှိကနေ မင်းရရှိခဲ့တဲ့ ပစ္စည်းပေးစမ်း..
သူ့အသံမှာ တည်ငြိမ်၏။သို့သော် ၎င်းအသံသည် သွေးနတ် ဘုရား၏ပါးစပ်ထဲကနေ ထွက်လာသည်နှင့် အံ့မခန်းမိုးကြိုးဟိန်း သံများအသွင်သို့ ပြောင်းသွားသည်။
သွေးနတ်ဘုရား၏အသံသည် ကောင်းကင်ဘုံခွန်အား ဖြစ်နေ သည့်အလား။သူ့အသံသည် ကောင်းကင်ဘုံ၏အသံ၊ မည်သူမျှ မခုခံနိုင်ဟု ထင်ရ၏။
ဟင်းလင်းပြင်သည် ပြောင်းလဲသွားပြီးနောက် နတ်ဘုရား ပြစ်ဒဏ်ပင် နောက်သို့ ဆုတ်သွားရ၏။ထိုအရာများအားလုံး သည် သွေးနတ်ဘုရား၏အသံကြောင့် ဖြစ်လေ၏။သူ့အသံထဲ၌ ဥပဒေသတို့ ပါဝင်နေ၏။သည်ဧရိယာအတွင်း ဥပဒေသများကို သူက ချက်ခြင်း ပြောင်းလဲပစ်ကာ သူ့ကိုယ်ပိုင်စည်းမျဉ်းများကို ဖြစ်စေ၏။
သည်ဧရိယာအတွင်း၌ သွေးနတ်ဘုရားသည် အစစ်အမှန် ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်နေသည့်အလား။
"စကားလုံးတွေမှာ ဥပဒေသ ပါဝင်နေတယ်.." စကားလုံးကို ဥပဒေသအဖြစ်သို့ ပြောင်းနိုင်သည့် ကျင့်ကြံမှုအဆင့်သည် တုန်လှုပ်ဖွယ်ကောင်းလှ၏။ဝမ်လင်းက သွေးနတ်ဘုရား သူ့ စကားလုံးများကို ဥပဒေသအဖြစ်သို့ မည်သို့ ပြောင်းလဲသည်ကို နားမလည်နိုင်သော်လည်း ကြောက်မက်ဖွယ်အားတစ်ခုကို ခံစား မိနိုင်သည်။
သည်ဧရိယာအတွင်းရှိ အရာအားလုံးသည် အနှီစကားလုံးများ ကြောင့် ပျက်စီးသွားရသကဲ့သို့ ရှိသည်။ဝမ်လင်း၏ခန္ဓာကိုယ် သည်လည်း သက်ရောက်ခြင်း ခံရပေသည်။
ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် မီးပြင်းဖိုကြီးသည် ဝမ် လင်း၏ရှေ့၌ ချက်ခြင်း ထွက်ပေါ်လာ၏။မည်သို့ပင်ဖြစ်စေ ဝမ် လင်းသည် သွေးများစွာ အန်ထုတ်လိုက်ရသည်။သူ့မျက်နှာက သေလောက်အောင် ဖြူရောသွားရသည်။
ဒီသွေးနတ်ဘုရားက ဒဏ်ရာရထားမှာပဲ။ ဒီလောက်အချိန်တို လေးနဲ့ ရှေးဟောင်းနတ်ဘုရားရဲ့ ပျက်စီးသွားတဲ့ကြယ်ကြောင့် ရ ခဲ့တဲ့ ဒဏ်ရာဟာ ပြန်မကောင်းလာနိုင်သေးဘူး..”
သွေးအန်ထုတ်လိုက်ရပြီးနောက် ဝမ်လင်းသည် နောက်သို့ ပို၍ မြန်ဆန်စွာ ဆုတ်၏။တစ်ချိန်တည်းမှာ သူက လှမ်းအော် ပြောသည်။
“စီနီယာ တစ်ယောက်အနေနဲ့ ဂျူနီယာ့ကို တိုက်ခိုက်တာ နည်း နည်းများ မလွန်လွန်းဘူးလား..။ဒီအကြောင်းသာ ပျံ့နှံ့သွားရင် ယောင်မိသားစုရဲ့ နာမည်ဟာ ပျက်စီးသွားရလိမ့်မယ်..
သွေးနတ်ဘုရား၏အသွင်သည် အေးစက်နေဆဲပင်။သူက သူ့ ညာလက်ကို မြှောက်ရင်း လက်ညှိုးညွှန်သည်။သူက အေးအေးဆေးဆေး ပြောလိုက်၏။ "မင်းက ငါ့ကောင်းကင်ဘုံ မန္တာန်ကို ရှောင်နိုင်ရင် မင်းကံကောင်းတယ်လို့ သတ်မှတ်နိုင် မယ် "
သူက ထိုသို့ ပြောနေရင်း သူ့လက်ချောင်း၌ အနီရောင်အလင်း တစ်ခု စုစည်းလာသည်။ချက်ခြင်းပင် သွေးပျံလွှားတစ်ကောင် ပေါ်လာကာ ဝမ်လင်းထံသို့ တဟုန်ထိုး တိုးဝင်လာသည်။
ဝမ်လင်း၏မျက်နှာသည် သေလောက်အောင် ဖြူရောနေသည်။ သူက နောက်ဆုတ်နေရင်း ကောင်းကင်ဘုံတောင်ကို ထုတ်ယူ၏။ သူ့တွင် ၎င်းတောင်ရတနာ ဆုံးရှုံးမှုအတွက် ခေါင်းခဲနေရန် အချိန် မရှိပေ။သူက ချက်ခြင်း အော်ဟစ်၏။ “စိတ်ဝိညာဉ်ပေါက်ကွဲ စမ်း..
သူက လောဘကြီးထံကနေ ထိုကောင်းကင်ဘုံတောင်ကို ရရှိခဲ့ ခြင်း ဖြစ်၏။၎င်းတောင်၏ စိတ်ဝိညာဉ်ကို ထုတ်ယူပါက ယင်း ရတနာသည် အတော်လေး အစွမ်းထက်မည် ဖြစ်သည်။ စိတ် ဝိညာဉ်ကို ထုတ်ယူခြင်း မပြုသော်လည်း စိတ်ဝိညာဉ်ကို ပေါက်ကွဲစေခြင်းသည် ပို၍ပင် အစွမ်းထက်ပေလိမ့်ဦးမည်။
သွေးပျံလွှားသည် နီးကပ်လာသည့်အခါ၌ ကောင်းကင်ဘုံတောင် သည် ပေါက်ကွဲသွားကာ ပြင်းထန်သော မုန်တိုင်းကို ဖြစ် စေသည်။ထိုမုန်တိုင်းသည် အားကောင်းလွန်းလှကာ ဝဲကတော့ တစ်ခုအသွင် ဖြစ်လာသည်။အနှီဝဲကတော့ထဲကနေ အဖျက်အစီး အော်ရာများ ပေါက်ကွဲထွက်လာသည်။
ဝမ်လင်းသည် နောက်သို့ အမြန်ဆုတ်နေ၏။သည့်နောက် သူ့ လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေရာ ကောင်းကင်ဘုံချိပ် ပိတ်ခြင်းတံဆိပ်တုံးသည် ရှေ့သို့ ပျံသန်းလာ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာပင် သူ့ရှေ့ရှိ မြင်ကွင်းကြောင့် ဝမ်လင်းသည် မျက်လုံးသူငယ်အိမ်ပင် ကျုံ့မိသွားသည်။
သွေးပျံလွှား ပေါ်ထွက်လာသည်နှင့် တောင်စိတ်ဝိညာဉ်ပျက်စီးမှု ကြောင့် ဖြစ်ပေါ်လာသည့် မုန်တိုင်းနှင့် ထိပ်တိုက်တွေ့ခါနီးချိန် တွင် ထိုပျံလွှားမှာ ၎င်း၏ ပါးစပ်ကို ဟကာ ရှိုက်သွင်း၏။ ရုတ်တရက် ကြောက်မက်ဖွယ်မုန်တိုင်းသည် အံ့မခန်းစုပ်အား၏ စုပ်ယူခြင်း ခံရ၏။အရာအားလုံးသည် သွေးပျံလွှား၏ ရှိုက်သွင်း စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထိုအရာများအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ကောင်းကင်ဘုံတောင်သည် ပျက်စီးပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားရ၏။
သွေးပျံလွှားသည် လွန်စွာ တောက်ပလာကာ ဝမ်လင်းထံသို့ ဦးတည်လာ၏။ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် ရှေ့ သို့ ထိုးထွက်လာ၏။ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်များ ကို ဖြစ်ပေါ်စေရာ ရွှေရောင်စာလုံးထောင်ချီသည် သွေးပျံလွှား ထံသို့ စုဝေးသွားကြသည်။
သို့သော်လည်း သွေးပျံလွှားသည် ၎င်း၏ ပါးစပ်ကို ဟကာ အားလုံးကို ဝါးမြိုပစ်သည်။ခုချိန်၌ ရွှေရောင်စာလုံးများသည် ခု ချိန်၌ သွေးပျံလွှား၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
“ဒါက ဘယ်လို ကောင်းကင်ဘုံမန္တာန်မျိုးလဲ…။ငါ့နတ်ဘုရားအာရုံ ကို ဝါးမြိုနိုင်တာကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီပျံလွှားဟာ ဝါးမြို ပြီးတာနဲ့ ဒါကို ပြန်ပြီး အသုံးပြုနိုင်နေတယ်...”
ဝမ်လင်းသည် သွေးပျံလွှားကို စူးစိုက်ကြည့်နေ၏။သူ့အသွင် သည် သုန်မှုန်နေသည်။သူက အံတင်းတင်းကြိတ်ကာ သိုလှောင် အိတ်ထဲမှ တတိယမြောက် နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထား ကို ထုတ်ယူ၏။၎င်းသည် ပျံသန်းထွက်လာပြီး လိပ်ပြာအသွင်သို့ ပြောင်းလဲသွားသည်။
ထိုလိပ်ပြာပေါ်လာသည့်အခါ၌ သွေးနတ်ဘုရား၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။သူက အနည်းငယ်ပင် မျက်မှောင်ကြုတ်မိသွား၏။
သွေးပျံလွှားသည် ရွှေရောင်ချိပ်တံဆိပ်များထဲကနေ ထိုးထွက် လာရင်း ဝမ်လင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာ၏။ထိုအခိုက် မှာပင် လိပ်ပြာသည် ၎င်း၏တောင်ပံကို ညင်သာစွာ ခတ်သည်။
သွေးပျံလွှား၏မျက်လုံးသည် နီရဲလာ၏။၎င်း၏ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။၎င်းက ပါးစဟကာ ရှိုက်သွင်း၏။
လိပ်ပြာသည် ၎င်း၏တောင်ပံကို ထပ်မံ၍ ခတ်၏။သည်တစ် ကြိမ်၌ ရောင်စုံအမှုန့်များသည် လိပ်ပြာတောင်ပတ်ခံမှု၏ နောက်တွင် ကပ်ပါသွားသည်။သွေးပျံလွှားသည် မြည်သံပြုကာ လိပ်ပြာထံသို့ ဦးတည်သွား၏။
နတ်ဘုရားသတ်ဖြတ်ခြင်းစစ်ရထားကြောင့် ဖြစ်ပေါ်လာသည့် လိပ်ပြာသည် ၎င်း၏တောင်ပံကို ဆတ်၍ ခတ်နေ၏။သွေး ပျံလွှားသည် အကွာအဝေးတစ်ခုထံသို့ ရွှေ့လျားလိုက်တိုင်း ၎င်း သည် ရပ်တန့်ကာ ဝါးမြိုနေရ၏။ထို့အတွက်ကြောင့် ၎င်း၏အရှိန်သည် အတော်လေး နှေးသွားခဲ့သည်။
သွေးနတ်ဘုရား၏အသွင်သည် အေးစက်လာ၏။သူက သူ့ညာ လက်ကို ပင့်မြှောက်ကာ လက်ညွှန်သည်။ ထိုအခါ သွေးပျံလွှား သည် အရင်ထက်အဆများစွာ ပိုတောက်ပလာသည်။
လိပ်ပြာသည် ရှေ့သို့ ပျံသန်းလာ၏။ သွေးပျံလွှား နီးကပ်လာနေ ရင်း လိပ်ပြာသည် ၎င်းအား စက်ဝိုင်းတစ်ခုလို လှည့်ပတ်ကာ တောင်ပံများကို ခတ်ကာ ရောင်စုံအမှုန့်များအား ထုတ်လွှတ် နေသည်။သွေးပျံလွှားပတ်လည်ရှိ သွေးအလင်းသည် မှိန်ဖျော့ သွားပြီးနောက် ငါးရောင်စုံအလင်း၏ ဝန်းရံထားခြင်းကို ခံရ သည်။၎င်းက ရှေ့တည့်တည့်သို့ ဆက်မသွားနိုင်ဘဲ လိပ်ပြာနှင့် အတူ ရွှေ့လျားနေတော့၏။
ထိုမြင်ကွင်းသည် ထူးဆန်းလှသည်။သို့သော် ဝမ်လင်းသည် လိပ်ပြာမှာလည်း အတော်လေး မှိန်ဖျော့သွားသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။၎င်းအတွက်ပင် သည်လိုမန္တာန် မျိုးကို ရင်ဆိုင်ရသည်မှာ ခက်ခဲလှမှန်း သိသာစေသည်။
သွေးပျံလွှားက လိပ်ပြာနှင့်အတူ ရွှေ့လျားရင်း ဝမ်လင်းထံသို့ ပြန်လာ၏။၎င်းက ဝမ်လင်းကို တိုက်ခိုက်ခြင်းမဟုတ်ပေ။ ထို အစား ဝမ်လင်းဘေးနားသို့ လိပ်ပြာတစ်ကောင်ကဲ့သို့ ပျံသန်းလာ ခြင်းသာ ဖြစ်၏။
ဝမ်လင်းသည နောက်သို့ ချက်ခြင်း ဆုတ်၏။ ကောင်းကင်ဘုံ ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် သူနှင့် နီးကပ်စွာ ပါလာသည်။
သွေးနတ်ဘုရားသည် အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ ခြေ တစ်လှမ်းတိုးသည်။ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းနောက်ရှိဟင်းလင်းပြင်သည် စုတ်ပြဲသွားကာ အဟတစ်ခု ဖြစ်ပေါ်လာ သည်။
ထိုအာထဲမှ လေအေးတစ်ချက် တိုက်ခတ်လာကာ ဝမ်လင်းကို ရပ်တန့်သွားစေ၏။သူက သွေးနတ်ဘုရားကို စူးစိုက်ကြည့်ကာ မေးလိုက်၏။ “စီနီယာက ကိုယ့်ကတိကိုကိုယ် ချိုးဖျက်တော့မလို့ လား ..."
"ငါက ကတိဖျက်တော့ကော ဘာဖြစ်လဲ..” သွေးနတ် ဘုရား၏အသွင်သည် သုန်မှုန်နေသည်။သူက ရှေ့သို့ ခြေတစ် လှမ်းတိုး၏။ ဝမ်လင်းကို ပိတ်ပင်ထားခြင်း အပြင် သူသည် နတ် ဘုရားပြစ်ဒဏ်တိမ်တိုက်ထဲသို့ မူလစွမ်းအင်ကိုပါ ထိုးသွင်းသေး သည်။
ချက်ခြင်းပင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်၏ သိပ်သည်းမှုသည် မြန်ဆန်လာတော့၏။မိုးခြိမ်းသံများသည် တိမ်တိုက်အတွင်း၌ စုဝေးလာသည်။သည့်နောက် မရေမတွက်နိုင်သော မိုးကြိုးတန်း များသည် ချက်ခြင်း စုစည်းလာတော့၏။
မိုးကြိုးတန်းမြောက်များစွာသည် နှစ်ပိုင်းကွဲသွားကာ တစ်ပိုင်း သည် သွေးနတ်ဘုရားထံသို့ ဦးတည်၍ ကျန်သည့်တစ်ဝက်သည် ဝမ်လင်းထံသို့ ရောက်ရှိလာ၏။
ဤအခိုက်အတန့်၌ ပတ်ဝန်းကျင်တစ်ခုလုံးသည် လျှပ်စီးမိုးကြိုး တို့နှင့် ပြည့်လျှံနေတော့၏။မိုးကြိုးလျှပ်စီးထံမှ ထွက်ပေါ်လာ သည့် ဖိအားသည် သည်ဧရိယာကို ပြင်းပြင်းထန်ထန် တုန်ခါ စေသည်။
သွေးနတ်ဘုရားသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတို့ကို ကြည့်ပင် မကြည့်ဘဲ ခြေတစ်လှမ်း လှမ်းလာသည်။သူ ပေါ်လာသည့် အခါ၌ ဝမ်လင်းရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။သူက သူ့ညာ လက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံသို့ ဆန့်တန်းလာ၏။
ထိုဖမ်းဆုပ်မှုသည် ရိုးစင်းလှသည်။ သို့သော်လည်း ဝမ်လင်း သည် ထိုဖမ်းဆုပ်မှုကို တွေ့မြင်သည့်အခါ သူသည် ရှောင်နိုင်ရန် လမ်းမရှိတော့သကဲ့သို့ သူ့စိတ်မှာ တုန်ခါရသည်။
နတ်ဘုရားပြစ်ဒဏ်သည် နီးကပ်လာ၏။သွေးနတ်ဘုရား၏ လက်သည်လည်း ထို့အတူပင်။ထိုသို့ သေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသည် အေးစက်လာခဲ့သည်။ သူက အော်ပြောလိုက်၏။ “သင်…ရှေးဟောင်းနတ်ဆိုးပေလော့ ကို သိလား…"
သွေးနတ်ဘုရား၏ခန္ဓာကိုယ်မှာ ရုတ်တရက် တန့်သွား၏။သူ့ မျက်လုံးထဲကနေ နတ်ဆိုးအလင်းတောက်ပလာသည်။ ထို နတ်ဆိုးအလင်းသည် သူ့မျက်ခုံးနှစ်ခုကြား၌ ပေါ်လာခဲ့ကာ အနက်ရောင်အခိုးငွေ့များ စုစည်းလာသည်။ဂြိုနှစ်ချောင်းနှင့် နတ်ဆိုးပုံရိပ်တစ်ခုသည် ပေါ်လာ၏။
၎င်းပေါ်လာသည်နှင့် ၎င်း၏ဟိန်းသံသည် ဝမ်လင်း၏မူလစိတ် ဝိညာဉ်ထဲ၌ မြည်ဟိန်းလာသည်။
“ ပေလော့ ဘယ်နေရာမှာလဲ...”?
ထိုနတ်ဆိုးပေါ်လာသည်နှင် သွေးနတ်ဘုရား၏ခန္ဓာကိုယ်သည် တုန့်သွားသည်။
ဝမ်လင်းသည် ထိုအခွင့်အရေးကို အသုံးချကာ နောက်သို့ အမြန် ဆုတ်၏။သူ့လက်ဖြင့် ချိပ်တံဆိပ်များစွာကို ဖြစ်ပေါ်စေရင်း မီး ပြင်းဖိုကို သူ့ဘေးဘက် ပေတစ်ထောင်အကွာသို့ ရွှေ့လျားစေ ကာ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးကို ရှောင်သည်။
နတ်ဘုရားပြစ်ဒဏ်မိုးကြိုးများသည် ၎င်း၏ ပစ်မှတ် ပျောက် သွား၏။သို့သော် လွင့်ပြယ်သွားခြင်းတော့ မဟုတ်ပေ။၎င်းက ရုတ်တရက် ဦးတည်ရာကို ပြောင်းလဲလိုက်၏။ပေတစ်ထောင် အကွာသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးအတွက် ချက်ခြင်းလိုလို ရောက်ရှိသွားနိုင်သည့် အနေထား ဖြစ်နေသည်။
၎င်းက မြန်ဆန်လွန်းလှသော်လည်း ဝမ်လင်းအတွက် မန္တာန်တစ် ခုအသုံးပြုရန်အတွက် အချိန်လုံလောက်သွားပေသည်။
“လေဆင့်ခေါ်ခြင်း ” ဤသို့သေရေးရှင်ရေးအခိုက်တွင် ဝမ် လင်း၏မျက်လုံးတို့က တည်ငြိမ်နေ၏။
“နတ်ဘုရားပြစ်ဒဏ်က ပိုပြီး ပြင်းထန်နေတယ်... ဝမ်လင်းသည် အံတင်းတင်းကြိတ်၏။သူ့ ညာလက်ထဲကနေ အနက်ရောင် လေပြင်းတစ်ခု ပေါ်လာ၏။ထိုလေသည် ဝမ်လင်းကို ပတ်ခွေ သွားသည်။နတ်ဘုရားပြစ်ဒဏ် နီးကပ်လာသည့်အခါ၌ ၎င်း လေပြင်းသည် အနက်ရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲ ကာ အေးစက်စက်လေပြင်းများကို မှုတ်ထုတ်တော့၏။
၎င်းလေပြင်းနှင့် ထိတိုက်သွားသည်နှင့် နတ်ဘုရားပြစ်ဒဏ် မိုးကြိုးတန်းတော်တော်များများသည် ပျက်စီးသွား၏။သို့သော် ယင်းလေပြင်းကို ကျော်ဖြတ်လာသည့် မိုးကြိုးများက ဝမ်လင်း ထံသို့ တန်းတန်းမတ်မတ် ဝင်လာဆဲသာ ဖြစ်သည်။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်သည ရုတ်တရက် ထိုးထွက်သွား ကာ ၎င်းမိုးကြိုးကို ဝါးမြိုပစ်၏။နတ်ဘုရားပြစ်ဒဏ်မိုးကြိုးတန်း သုံးခုကို ဝါးမြိုပြီးသည့်နောက် သူ့မူလစိတ်ဝိညာဉ်သည် နောက်သို့ ပြန်ဆုတ်သည်။
မူလစိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည့်အခါ တွင် ကြွင်းကျန်နေသေးသော မိုးကြိုးများ ရောက်ရှိလာတော့၏။ ထိုအခိုက်အတန့်၌ လိပ်ပြာနှင့်သွေးပျံ့လွှားတို့သည် ကြွင်းကျန် သည့်မိုးကြိုးတို့ကို ပိတ်ဆို့ရန် ရှေ့သို့ ထိုးထွက်သွားကြသည်။
ပေါက်ကွဲမှုများ ပျံနှံ့လာပြီးနောက် နောက်ဆုံးတွင် မိုးကြိုးတန်း သုံးခုသာ အတားအဆီးကို ဖြတ်ကျော်ပြီး ဝမ်လင်းအနားသို့ ရောက်ရှိလာတော့၏။
ဝမ်လင်းသည် သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ သူ့ ရှေ့၌ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ပေါ်လာခဲ့သည်။ သူက ၎င်းကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးထဲသို့ တိုက်ရိုက် တိုးဝင်သွား၏။
သူအထဲသို့ ဝင်ရောက်သွားသည်နှင့် မိုးကြိုးတန်းသုံးခုသည် တံဆိပ်တုံးပေါ်သို့ ကျမှန်လာသည်။
ဘုန်းဘုန်းဘုန်း..။
"မိုးကြိုးချိပ်ပိတ်ခြင်း.. ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံး ထံကနေ ခပ်အုပ်အုပ်အသံ တစ်ခု ထွက်ပေါ်လာ၏။တစ်ချိန် တည်းမှာပင် တံဆိပ်တုံးသည် ပြင်းပြင်းထန်ထန် တုန်ယင်ကာ မိုးကြိုးများသည် တံဆိပ်တုံးအနှံ့ ရွှေ့လျားနေ၏။ဝမ် လင်း၏ခန္ဓာကိုယ်သည်လည်း အတင်းထွက်လာခဲ့ရကာ သွေးအန်ထုတ်ရသည်။သည့်နောက် သူက တံဆိပ်တုံးကို ညာ လက်ဖြင့် လှမ်းဆွဲယူပြီး နောက်သို့ အမြန် ဆုတ်တော့၏။
တံဆိပ်တုံး၏အတွင်းရှိ မိုးကြိုးများသည် ၎င်း၏အထွတ်အထိပ် သို့ ရောက်ရှိလာ၏။သို့သော်လည်း ဝမ်လင်းသည် နတ်ဘုရား ပြစ်ဒဏ်တိမ်တိုက်ရှိရာသို့ တိုက်ရိုက် ဆုတ်သွားခြင်း ဖြစ်နေ ပြန်သည်။သူက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေရောင် ချိပ်တံဆိပ်များစွာ တောက်ပလာခဲ့သည်။
ဝမ်လင်းသည် သွေးနတ်ဘုရားလက်ထဲကနေ မလွတ်မြောက်နိုင် မှန်း သိနေ၏။ရှေးဟောင်းနတ်ဘုရား၏ ပျက်စီးသွားသည့်ကြယ် တစ်လုံးကြောင့် ဒဏ်ရာရခဲ့လျှင်ပင် သွေးနတ်ဘုရားသည် သူ ယှဉ်တိုက်နိုင်သည့်လူစားမျိုး မဟုတ်ပေ။သို့သော်လည်း နတ် ဘုရားပြစ်ဒဏ်၏စွမ်းအားကို ငှားယမ်းနိုင်ခဲ့ပါက သူသည် လွတ်မြောက်နိုင်ရန် အခွင့်ရေး ရကောင်းရလာနိုင်သည် မဟုတ် လား။
သွေးနတ်ဘုရားထံကနေ ထွက်လာသည့် နတ်ဆိုးသည် ဝမ်လင်း ကို အေးစက်စွာ စူးစိုက်ကြည့်နေ၏။၎င်းက သွေးနတ်ဘုရား ထံသို့ ပြန်ပေါင်းစပ်ကျုံ့ဝင်သွားပြီးနောက် နတ်ဆိုးအလင်းကို ပေးစွမ်းလာသည်။ခြေတစ်လှမ်း ရှေ့တိုးကာ သူက ဝမ် လင်း၏ဦးခေါင်ထံသို့ လက်ဆန့်တန်း၏။
သူက ဝမ်လင်း၏စိတ်ဝိညာဉ်ကို ထုတ်ယူကာ မှတ်ဉာဏ်များကို ရှာဖွေလိုသည်မှာ သိသာနေသည်။
ဝမ်လင်း၏မျက်လုံးက တောက်ပနေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အော်ပြောလိုက်သည်။ "လေဆင့်ခေါ်ခြင်း...
စွမ်းအားကောင်းလှသည့် လေဆင့်ခေါ်ခြင်းမန္တာန်ကို သူက နောက်တစ်ကြိမ် အသုံးပြုပြန်၏။အနက်ရောင်လေပြင်းသည် သည်တစ်ကြိမ်၌ ပိုအားကော်ငးလာကာ ဝမ်လင်းရှေ့တွင် အနက် ရောင်နဂါးနှစ်ကောင် ဖြစ်လာသည်။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့်သို့ မရောက်ခင်က ဝမ်လင်းသည် အနက်ရောင်နဂါးတစ်ကောင်ကိုသာ ဖန်တီးနိုင်၏။ ကျင့်ကြံမှု အဆင့်တိုးတက်လာပြီးနောက် သူက သူ့စွမ်းအားအားလုံး အသုံးပြုကာ နဂါးနှစ်ကောင်ကို ဆင့်ခေါ်လာနိုင်သည်။ထိုနဂါး နှစ်ကောင်သည် ဝမ်လင်းကို လှည့်ပတ်နေ၏။၎င်းတို့က ပါးစပ် ဟကာ အေးစက်စက်လေပြင်းများအား မှုတ်ထုတ်သည်။
ပတ်ဝန်းကျင်တွင် အက်ကွဲလှိုင်းများ ပျံ့နှံ့လာ၏။တစ်ချိန်တည်း မှာပင် ဝမ်လငး်သည် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ကောင်းကင်ချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် တောက်ပလာသည်။ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးသည် မြန်ဆန်စွာ ဖြစ်တည်လာကာ သွေးနတ်ဘုရားထံသို့ လွှတ်ခနဲ ထိုးထွက်သွားတော့သည်။
ဝမ်လင်းသည် သိုလှောင်အိတ်ထဲမှ ကောင်းကင်ဘုံဓားကို ထုတ်ယူသည်။သူက သည်တစ်ကြိမ်၌ သူ့မူလစွမ်းအင်တို့ သုံးစွဲရ ခြင်းအပေါ် ပူပန်မနေနိုင်ချေ။ထို့ကြောင့် သူက ကောင်းကင်ဘုံ ခုတ်ပိုင်းခြင်းဓားချက်ကို တစ်ချက်ပြီးတစ်ချက် ဆင့်၍ ပိုင်းချ ပစ်သည်။
သွေးနတ်ဘုရား၏အသွင်က အေးဆေးပင်။သူက နီးကပ်လာ နေ၏။သူက ကောင်းကင်ထက်သို့ လက်ညွှန်ရာ ကောင်းကင်ဘုံ ချိပ်ပိတ်ခြင်းတံဆိပ်တုံးကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုးတန်း သည် ပျက်စီးသွားရသည်။
ထို့နောက် သွေးနတ်ဘုရားက ရှေ့သို့ လက်ညွှန်ပြန်သည်။ထိုအခါ ကောင်းကင်ဘုံခုတ်ပိုင်းခြင်း ဓားချက်တစ်ရာကျော် စုပေါင်းမှု အားသည် ပျက်စီးသွားရပြန်သည်။
နောက်ဆုံးတွင် သွေးနတ်ဘုရားသည် ရှေ့သို့ ဆက်၍ လက်ညွှန် ပြန်သည်။ထိုအခါ နဂါးနှစ်ကောင် မှုတ်ထုတ်လိုက်သည့် လေပြင်းများသည် တစစီဖြစ်သွားသည်။နဂါးနှစ်ကောင်သည် လည်း အထိတ်တလန့် ငြီးတွားလိုက်ရ၏။
"ကောင်းကင်ဘုံအင်ပါယာပေဖန်ရဲ့ လေဆင့်ခေါ်ခြင်း မန္တာန်က ဒီလောက်ပဲ အားကောင်းတာလား..” သွေးနတ်ဘုရား၏မျက်လုံး ထဲရှိ နတ်ဆိုးတောက်ပမှုသည် ပိုမို၍ပင် အားကောင်းလာသည်။ သူ့ညာလက်ကို ဝမ်လင်းထံသို့ ဆန့်တန်းလိုက်၏။
ထိုအခိုက်မှာပင်… “ငါ ကောင်းကင်ဘုံအရှင်ချင်းရွှေက သင့်ကို ငါ့ ဆရာရဲ့ နာမည်ကို နောက်တစ်ကြိမ် ဒီလို ပြောဝံ့သေးလား မေး ကြည့်ချင်တယ်..
လောကကို နှစ်ပိုင်း ဖြစ်သွားစေနိုင်သည့် သတ်ဖြတ်ခြင်းစိတ် ဆန္ဒတစ်ခုသည် ရုတ်တရက် ပြည့်နှက်လာခဲ့သည်။
ထိုအသံထွက်ပေါ်လာသည်နှင့် ယင်းအသံထဲကနေ တော်လဲသံ တစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင်အများအပြားကို ပျက်စီး ပြိုပျက်သွားစေသည်။
ဟင်းလင်းပြင်သာ မဟုတ် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်ထုပင် နောက်သို့ မြန်ဆန်စွာ ဆုတ်သွားရ၏။
သွေးနတ်ဘုရား အစောပိုင်းက အသုံးပြုခဲ့သည့် အသံထဲရှိဥပဒေသည် ယခုထွက်ပေါ်လာသည့် အသံထက် အားနည်း နေသည်မှာ သိသာနေပေ၏။သွေးနတ်ဘုရားဖန်တီးထားသည့် သည်ဧရိယာ၏ ဥပဒေသသည် ချက်ခြင်း ပျက်စီးသွားပေပြီ။
အကွာအဝေးတစ်ခုတွင် ရှိနေသော ယောင်ယွမ်ပင် သွေးအန် ထုတ်လိုက်ရ၏။သူ့မျက်လုံးထဲ၌ ကြောက်ရွှံ့မှုတို့ ပြည့်လာကာ နောက်သို့ အမြန် ဆုတ်ရသည်။
ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးသည် အံ့မခန်းသတ်ဖြတ်ခြင်းစိတ် ဆန္ဒနှင့် ပြည့်၏။သည့်အပြင် တောင်ပိုင်းနယ်မြေရှိ ကျင့်ကြံသူ အားလုံးသည် ထိုအားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိကြရသည်။ထိုအဖြစ်က ကျင့်ကြံသူအများစုကို သွေးအန် စေသည်။ယင်းစိတ်ဆန္ဒက သူတို့ကို မသတ်ခဲ့သော်လည်း ဒဏ်ရာရသွားစေခဲ့ပေသည်။
ခုချိန်၌ ယင်းသတ်ဖြတ်ခြင်းဆန္ဒ မုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေ သော သွေးနတ်ဘုရားသည် ပို၍ ရှင်းလင်းစွာ ခံစားနေရသည်။ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့နေမိ၏။
ဝမ်လင်းရှေ့ရှိ ပိုင်းဖြတ်ခြင်းခံခဲ့ရသော အနက်ရောင်နဂါးသည် ဟိန်းသံပြုကာ ပြန်ကောင်းမွန်လာသည်။ကြယ်များကြား၌ အဖြူရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သည် ဖြည်းဖြည်းချင်း လှမ်းလျှောက်လာနေ၏။
ပထမဆုံးအကြိမ်အဖြစ် သွေးနတ်ဘုရား၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။
“ကောင်းကင်ဘုံအရှင်ချင်းရွှေ... သွေးနတ်ဘုရားက သူ့လက်ကို ပြန်ရုတ်သိမ်းကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သည်။ သူက လျှောက်လှမ်းလာနေသည့် လူငယ်ကို ကြည့်နေရင်း သူ့ အသွင်က သုန်မှုန်နေသည်။
ချင်းရွှေက အေးစက်စက်အသွင်နှင့် လှမ်းလာသည်။သူက တည်ငြိမ်စွာ ဆိုလာ၏။ "မင်း စောနက ပြောခဲ့တဲ့ စကားတွေ ငါ့ ရှေ့မှာ ထပ်ပြောဝံ့လား..
သူက ထိုသို့ပြောလိုက်ရင်း ချင်းရွှေမျက်လုံးထဲရှိ အနီရောင် အလင်းသည် သိပ်သည်းထူထဲလာသည်။၎င်းအလင်းထဲ၌ ကြည့် မိသူတိုင်း စိတ်နှလုံးအေးစိမ့်သွားစေမည့် အဖျက်အစီးအော်ရာ တစ်ခု ပါဝင်နေသည်။
သွေးနတ်ဘုရား၏မျက်လုံးထံမှလည်း နတ်ဆိုးအလင်းကို ပေး စွမ်းနေ၏။သူက ပြောလိုက်သည်။ “ကောင်းကင်ဘုံအရှင်ချင်း ရွှေ….ငါတို့နှစ်ယောက်ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ဒါဟာ ငါ စောနက ပြောခဲ့တဲ့ စကားကြောင့်ဆိုရင် ငါ ဒါကို ပြန်ရုတ်သိမ်း တယ်။ဒါ့အပြင် ငါတို့က မဟာမိတ်ကြယ်အဖွဲ့အစည်းရှိ အတူ ပူးပေါင်းသွားရဦးမှာ။ ဒီစကားလုံးအတွက် သင်စိတ်ကျေနပ် အောင် ငါ နည်းလမ်းတစ်ခု ရှာပေးပါ့မယ်..”
"ဒါပေမဲ့လည်း ဒီကလေးဟာ ငါ့မိသားစုနဲ့ ရန်ငြိုးရှိတယ်။ဒါ့ ကြောင့် အရှင်ချင်းရွှေက ကြားမဝင်ဖို့ ငါ မျှော်လင့်ပါတယ်။ မဟုတ်ရင် ငါတို့ကြား စည်းချက်ညီနေမှုကို ထိခိုက်လိမ့်မယ်..
ချင်းရွှေ၏အသွင်က မထူးမခြားနားပေ။သူက သွေးနတ်ဘုရား ထံသို့ လျှောက်လာရင်း တည်ငြိမ်စွာ ပြောလိုက်၏။ "ငါ့ရဲ့ ဒီဂျူနီ ယာညီလေးဟာ စွမ်းရည် ကင်းမဲ့ပေမဲ့လည်း သူက မင်းတို့ ယောင်မိသားစုကို စော်ကားရန်စခဲ့တယ်..။ဒါပေမဲ့ ဒီလိုဆိုတော့ လည်း ဘာဖြစ်သေးလဲ..”
“ဂျူနီယာညီ" သွေးနတ်ဘုရားက မှင်သက်သွား၏။သူ့အသွင် သည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ချင်းရွှေ၏ ညာမျက်လုံးသည် ဖျပ်ခနဲ ဖြစ်သွားရင်း သူ့ညာလက် ကို အထက်သို့ ညွှန်၏။ဝမ်လင်းအသုံးပြုခဲ့သည့်ထက် အဆများ စွာ ပိုအားကောင်းလှသည့် အနက်ရောင်လေပြင်းတစ်ခုသည် ချက်ခြင်း ပေါ်လာခဲ့သည်။ထိုလေပြင်းက စိတ်ကူးနိုင်သည့်ထက် လွန်၍ သိပ်သည်းနေ၏။မျက်စိတစ်မှိတ်အတွင်းပင် အနက် ရောင်နဂါးခြောက်ကောင်သည် ထိုလေပြင်းထံကနေ ဖြစ်ပေါ်လာ ကြတော့သည်။
နဂါးခြောက်ကောင်လုံး၏ ခန္ဓာကိုယ်သည် ပေတစ်သိန်းထက် ပို ရှည်လျားနေသည်။၎င်းတိုက ပြင်းထန်သောဖိအားတစ်ခုကို ဖန်တီးစေကာ ထိုဖိအားအောက်၌ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် သည် နောက်သို့ လွင့်သွားရသည်။သို့ရာတွင် ၎င်းတိမ်တိုက် များသည် နောက်တစ်ကြိမ် ပြန်စုစည်းလာကာ အားအကောင်း ဆုံးတိုက်ခိုက်မှုကို ထုတ်လွှတ်တော့မည့်အလား တစ်ဖန် သိပ်သည်းလာပြန်သည်။
“သူက လေဆင့်ခေါ်ခြင်းမန္တာန်ကို သင်ယူခဲ့မှတော့ သူဟာ ငါတို့ ကြားက မျိုးဆက်တွေကို ကျော်ဖြတ်ပြီး ငါ့ဆရာရဲ့ ဆက်ခံသူ တစ်ယောက်လို့ ယူဆရမှာ ဖြစ်တယ်။ခုလက်ရှိ သူ့အဆင့်အတန်း နဲ့ဆိုရင် မင်းတို့ယောင်မိသားစု မပြောနဲ့ ယောင်မိသားစုရဲ့ မူလ ဘိုးဘေးတောင် သူ့ဆံပင်တစ်ချောင်းကို ထိခိုက်အောင် မလုပ်ဝံ့ဘူး..
ချင်းရွှေသည် ထိုသို့အေးစက်စွာ ပြောဆိုရင်း သွေးနတ်ဘုရား ထံသို့ လက်ညွှန်၏။ထိုအခါ အနက်ရောင်နဂါးခြောက်ကောင် သည် မာန်ဟိန်းသံများပြုကာ ကြောက်မက်ဖွယ်အေးစက်စက် လေပြင်းများကို မှုတ်ထုတ်လိုက်ကြတော့၏။
သွေးနတ်ဘုရား၏အသွင်သည် ပို၍ပင် သုန်မှုန်သွားသည်။သည် အခိုက်အတန့်၌ အေးစက်စက်လေပြင်းသည် သူ့ထံသို့ ရောက်လာနေသည်။သူ့ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူက အေး စက်မှုကို ခံစားမိရသည်။၎င်းက ဝမ်လင်း၏မန္တာန်နှင့် အတူတူ သာ ဖြစ်သော်လည်း စွမ်းအားကွာခြားမှုကတော့ မိုးနှင့်မြေ လောက်ပင်။
သွေးနတ်ဘုရားသည် အချိန်ဆွဲမနေဘဲ သူ့လက်နှစ်ဖက်ကို ဖြန့် ကား၏။သွေးမြူများစွာ ပေါ်လာသည်။သည့်နောက် သွေး ပျံလွှားတစ်ခုပြီးတစ်ခု ဖွဲ့တည်လာရင်း စုစုပေါင်း (၉၉)ကောင်ထိရှိလာသည်။၎င်းတို့က သွေးမုန်တိုင်းတစ်ခုကို ဖြစ်စေကာ အေးစက်စက်လေပြင်းနှင့် ထိပ်တိုက်တွေ့ဆုံစေသည်။
သွေးနတ်ဘုရားနှင့်ချင်းရွှေတို့ကြားရှိ ဟင်းလင်းပြင်သည် ပျက်စီးသွားသည်။ဟင်းလင်းပြင်ရှိ အက်ကြောင်းသည် ရုတ်တရက် လျှိုမြောက်တစ်ခုအထိပင် ဖြစ်သွားရသည်။
သွေးနတ်ဘုရားက နောက်သို့ အမြန်ဆုတ်ရင်း သူ့ခန္ဓာကိုယ်သည် တုန်ယင်နေသည်။သူက ချင်းရွှေကို စူးစိုက်ကြည့်ကာ ဒေါသတ ကြီး အော်ပြောသည်။
"ချင်းရွှေ….ငါက သင်ဟာ ကောင်းကင်ဘုံအရှင်တစ်ယောက် ဖြစ် တဲ့အတွက် လေးစားသမှု ထားခဲ့တယ်။ဒါပေမဲ့ ငါ့ကို အဲ့လောက် ဖိအား မပေးနဲ့။သင်ဟာ အချိန်အကြာကြီး အိပ်ပျော်နေခဲ့တာ ဖြစ်တဲ့အတွက် စိတ်ရှုပ်ထွေးတာ ဖြစ်နေနိုင်တယ်။ ဒီရှုမူက လေ ဆင့်ခေါ်ခြင်းကို တတ်မြောက်ထားပေမဲ့ သင့် ဂျူနီယာညီ ဘယ်လိုလုပ် ဖြစ်နိုင့်ပါ့မလဲ။ဒါ့အပြင် သူဟာ ယောင်မိသားစုရဲ့ တတိယမျိုးဆက်အများအပြားကိုလည်း သတ်ခဲ့သေးတယ်။ဒါ့ ကြောင့် ငါက ငါကိုယ်တိုင် သူ့ကို သတ်ဖို့လာတာ သဘာဝ ကျပါ တယ်။ချင်းရွှေ... ဒီအဘိုးအိုက သင့်ကို မကြောက်ဘူးနော်..။ငါ့ကို အတင်းဖိအား မပေးနဲ့...”
သွေးနတ်ဘုရားသည် ချင်းရွှေသည် သူ့ဆရာနှင့်ပတ်သတ်၍ အလွန်အမင်း စိတ်မလုံဖြစ်မှု ခံစားနေသည်ကို မသိပေ။ထိုခံစား ချက်သည် အင်မတန်အားကောင်းလှပေရာ ကျေရာကျေ ကြောင်း လုပ်ဖို့ရန် အခွင့်မရှိသလောက်ပင်။
သူ နိုးထလာသည်နှင့် ဝမ်လင်းသည် လေဆင့်ခေါ်ခြင်းမန္တာန်ကို အသုံးပြုခဲ့သည်ကို တွေ့မြင်သွားသည့်အခါ အရှင်မီးတောက်နှင့် ပထမဆုံးတိုက်ပွဲအတွင်းမှာပင် သူ့မှတ်ဉာဏ်များ ပြန်ရလာခဲ့ ပေ၏။ထိုအခါ ဝမ်လင်းအပေါ်အလေးထားလိုသည့် ရှုပ်ထွေး သောခံစားချက်သည် သူ့ထံ၌ ဖြစ်တည်လာခဲ့ပေသည်။
“မင်းက အရည်အချင်း မမှီသေးဘူး…” ချင်းရွှေက ထိုသို့ အေးစက်စက် ပြောလိုက်ရင်း အနက်ရောင်နဂါးခြောက်ကောင် သည် ရုတ်တရက် ဟိန်းသံပြုလာတော့သည်။
သည်တစ်ကြိမ်၌ နဂါးခြောက်ကောင်သည် တစ်ကောင်တည်းသို့ ပေါင်းစပ်သွား၏။ထိုအနက်ရောင်နဂါးကြီးသည် ဟိန်းသံပြု၏။ သို့သော် ၎င်းက မည်သည့်အေးစက်စက်လေကိုမျှ ဆင့်မခေါ်ပေ။ ထိုအစား မိုးစက်မိုးပေါက်များ ပြန့်ကျဲလာတော့၏။ချက်ခြင်းပင် ကီလိုမီတာငါးထောင်အတွင်း၌ မိုးများစွာ ရွာသွန်းလာ၏။
“မိုးဆင့်ခေါ်ခြင်း..
မိုးရေစက်များသည် သလင်းများအလား တောက်ပနေသည်။ ၎င်းမိုးရေစက်တို့သည် သိပ်သည်းသောသတ်ဖြတ်ခြင်းစိတ်ဆန္ဒ ကို သယ်ဆောင်ကာ ပျံ့နှံ့လာသည်။
သို့သော်လည်း ထူးဆန်းသည်က ယင်းမိုးရေစက်တို့သည် ဝမ် လင်းပတ်လည်၌ မိုးရေလိုက်ကာစသဖွယ် ရှိနေခြင်း ဖြစ်၏။ဝမ် လင်းက မိုးရေစက်များကြောင့် အေးစက်မှု မခံစားရသည့်အပြင် သူ့ခန္ဓာကိုယ်ထဲမှ နွေးထွေးမှုပင် ခံစားရ၏။သူထုတ်ယူသုံးစွဲခဲ့ သည့် မူလစွမ်းအင်မြောက်များစွာမှာလည်း ဖြည်းဖြည်းချင်း ပြန် ကောင်းမွန်လာနေ၏။
ဝမ်လင်းသည် ဖြစ်ပျက်သမျှကို မှင်သက်စွာ ကြည့်နေမိ၏။ သူက ချင်းရွှေ၏စကားများကို ကြားလိုက်ရသည့်အခါ တိတ်တဆိတ်စဉ်းစားနေမိ၏။ချင်းရွှေကို စူးစိုက်ကြည့်နေရင်း သူ့စိတ်နှလုံးထဲ၌ ရှင်းပြလို့မစွမ်းသာသည့် ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။
ထိုခံစားချက်သည် သူ့အတွက် အတော်လေးကို ထူးဆန်းလှကာ သူ့ထံ၌ ပေါ်မလာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သူသည် အတိတ်တုန်းက ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိစိတ်ဝိညာဉ်သန့်စင်ခြင်းကလန်မှ အရှင်သွန်းထျန်သည် သူ့အား အခုလိုခံစားမှုမျိုး ဖြစ်စေခဲ့သည်ကို ခပ်ရေးရေး ပြန်မှတ်မိလိုက်၏။ထို့နောက် သူ့ဆရာဆိုလည်းဟုတ်၊သူငယ်ချင်းဆို လည်း ဟုတ်ခဲ့သည့် စစ်ထူနန်ကလည်း ယခုလို ခံစားချက်မျိုး သူ့ကို ဖြစ်စေသည်။ထို့အပြင် သူ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းနေချိန် ရှေ့ဖြစ်ဟောသူနှင့် ပထမဆုံးတွေ့ရ သည့် အချိန်ကလည်း ဤသို့ခံစားချက်မျိုး ရခဲ့ပေသည်။
ကျောက်ရီသည်လည်း သူ့အား ယခုလို ခံစားချက်မျိုး ပေးခဲ့၏။
ဝမ်လင်းတွင် စည်းမျဉ်းတစ်ခုရှိ၏။ထိုစည်းမျဉ်းမှာ အခြား သူများ သူ့အား ရန်မစလျှင် သူကလည်းမစ၊အခြားသူများ သူ့ အပေါ်ကြင်နာမှုပြလျှင် သူကလည်း ထိုအတွက် ပြန်သိတတ် ခြင်း ဖြစ်သည်။
ဝမ်လင်းသည် သွန်းထျန်၏ကြင်နာမှုကို အခုထိ မှတ်မိနေဆဲ ဖြစ်၏။သူ့စိတ်ထဲ၌ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ စိတ် ဝိညာဉ်ကို ခုထိ သယ်ဆောင်ထားဆဲသာ။
ဝမ်လင်းသည် စစ်ထူနန်၏ကြင်နာမှုကိုလည်း မှတ်မိနေသည် သာ။သူက စစ်ထူနန်သာ အခြေအနေဆိုးတစ်ခု ကြုံရပါက သူ သည် သေရမည်ဆိုရင်ပင် သူ့ကိုကယ်တင်ပေးရန် နောက်ဆုတ် မည် မဟုတ်ဟု သူ့ကိုယ်သူ သိနေ၏။
အဘယ်ကြောင့်ဆိုသော် စစ်ထူနန်ကလည်း သူ့အပေါ်ထိုသို့သော ကြင်နာမှု ပြသခဲ့ခြင်းကြောင့် ဖြစ်လေ၏။
ဝမ်လင်းသည် ကျောက်ရီ၏ကြင်နာမှုကိုလည်း မမေ့ပါ။သူက ထို ကြင်နာမှုကို ပြန်ပေးဆပ်နိုင်ရန် များစွာ လုပ်ဆောင်ရပေမည်။
ထို့အပြင် သူသည် စိတ်ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်သို့ တက် ရောက်ခဲ့ချိန်က ရှေ့ဖြစ်ဟောသူကိုလည်း အကြွေးတင်ခဲ့ဖူး။ထို့ အတွက်ကြောင့်လည်း ရှေ့ဖြစ်ဟောသူနှင့် ပတ်သတ်သည့် သဲလွန်စများကို သတိပြုမိပြီးနောက်တွင်ပင် မပြတ်မသား ဖြစ် နေခဲ့ခြင်းပင်။သို့သော် သူက ဖြစ်ပေါ်လာခဲ့သည့် အခြေအနေ များကြောင့် ရှေ့ဖြစ်ဟောသူနှင့် ဆန့်ကျင်ဘက် လျှောက်လှမ်း ကာ ပုန်ကန်ခဲ့ရပေသည်။
သို့သော်လည်း သူ့စိတ်ထဲ၌ ထိုအဖြစ်အပျက်အတွက် စိတ်မ ကောင်းဖြစ်မှုသည် ပျောက်ပျက်မသွားပေ။
ခုချိန်၌ ချင်းရွှေသည် သူ့ရှေ့၌ သွေးနတ်ဘုရားနှင့်နတ်ဘုရား ပြစ်ဒဏ်တို့ကို တားဆီးရန် မားမားရပ်နေ၏။ထိုအရာများ အားလုံးသည် လေဆင့်ခေါ်ခြင်း အမည်ရသည့် မန္တာန်တစ်ခု တည်းကြောင့် ဖြစ်နေခဲ့ပြန်သည်။
သွေးနတ်ဘုရား၏အသွင်က အလွန်သုန်မှုန်နေ၏။သည် အခိုက်အတန့်၌ သူ့ပတ်လည်ရှိ မိုးစက်များသည် သူ့စိတ်ကို တုန်ယင်စေ၏။သူက အပြင်ဘက်တွင်သာ မကြောက်ရွှံ့ဟန် ပြ နေရ၏။အမှန်တော့ လွန်ခဲ့သောလအနည်းငယ်က သူသည် ရှေးဟောင်းနတ်ဘုရား၏ ပျက်စီးသွားသည့်ကြယ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားခဲ့သည့် မဟုတ်လား။
သို့သော်လည်း ထိုဒဏ်ရာကို သူက အတင်းဖိနှိပ်ကာ လျှို့ဝှက် နည်းစနစ်တစ်ခုဖြင့် ပြန်ကောင်းမွန်လာအောင် ပြုလုပ်ထားခဲ့ သည်။သို့သော် ခုချိန်၌ ချင်းရွှေနှင့်ရင်ဆိုင်ရမည်ဆိုပါက ထိုဒဏ် ရသည် သူ့အတွက် အလွန်အန္တရာယ်များလာပေလိမ့်မည်။
ထိုအရာက ဦးဆုံးအကြောင်းပြချက်တစ်ခုသာ ရှိသေး၏။ ကောင်းကင်ဘုံသားများထံကနေ ဆင်းသက်လာသည့် ကျင့်ကြံ ခြင်းမိသားစုတစ်ခု၏ ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူ သည် ကောင်းကင်ဘုံသားများအပေါ် ရှုပ်ထွေးသောခံစားမှု ရှိနေ၏။အထူးသဖြင့် ချင်းရွှေအပေါ်တွင်ပင်။သူက သူ့မိသားစု မှတ်တမ်းများထဲ၌ ချင်းရွှေနှင့်ပတ်သတ်သည့် မှတ်တမ်းများကို ကောင်းကောင်းမှတ်မိနေပေသည်။ မှတ်တမ်းများအရ အတိတ် တစ်ချိန်တုန်းက သူတို့၏ကောင်းကင်ဘုံသားဘိုးဘေးများပင် ချင်းရွှေကို အတော်လေး လေးစားခဲ့ကြသည်ဟု ဖော်ပြထားခဲ့ သည် မဟုတ်လား။
ချင်းရွှေသည် ကျော်ကြားလွန်းခဲ့၏။သွေးနတ်ဘုရားသည် ဒဏ်ရာ မရခဲ့လျှင်ပင် သူသည် အနိုင်ရလိမ့်မည်ဟု ယုံကြည်မှု မ ရှိပေ။ထို့အပြင် လူတစ်ယောက်၏ကျင့်ကြံမှုအဆင့်သည် အခုလို အဆင့်သို့ ရောက်လာသည်နှင့် သူတို့က မတိုက်ရင်မတိုက်၊ တိုက်ခိုက်ရင်လည်း ကြောက်ခမန်းလိလိ ဖြစ်ပေလိမ့်မည်။
သည်အခိုက်အတန့်၌ မိုးစက်များသည် ရုတ်တရက် ရွှေ့လျား လာကာ စူးရှရှ တဝီဝီအသံတစ်ခုကို ဖန်တီး၏။မိုးရေစက်တိုင်း တွင် အံ့မခန်းမူလစွမ်းအင် ပါဝင်နေသည်။ကောင်းကင်ဘုံ နယ်မြေမှ အလန်သန့်စင်သည့် စွမ်းအား အရိပ်အမြွက်ပင် ပါနေ သေး၏။
ထိုမရေမတွက်နိုင်သောမိုးရေစက်များသည် ဓားသွားများ အလား သွေးနတ်ဘုရားထံသို့ တိုးဝင်လာကြ၏။မိုးစက်တိုင်း သည် ကြောက်မက်ဖွယ်အော်ရာ ပါဝင်နေ၏။မိုးရေစက်တစ်စက် က အာဏာတက်ခြင်းကျင့်ကြံသူတစ်ယောက်ကိုပင် ဖျက်စီးပစ် ဖို့ လုံလောက်ပေသည်။
မိုးရေစက်ဆယ်စက်သည် ပုံရိပ်ယောင်ယင်အဆင့်ကျင့်ကြံသူ တစ်ယောက်ကို သတ်ပစ်ဖို့ လုံလောက်၏။အစက်တစ်ရာသည် အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူကို ဖျက်စီးပစ်နိုင်သည်။ အစက်တစ်ထောင်သည် နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက်ကိုပင် နောက်ဆုတ်သွားစေလိမ့်မည်။
မရေမတွက်နိုင်သော မိုးရေစက်များ ရွှေ့လျားလာချိန်၌ ၎င်း တို့သည် ဥပဒေသကို ချိုးဖျက်လာသည့်အလားပင်။သွေးနတ် ဘုရားသည် ၎င်းမိုးရေစက်တို့ကို ရင်ဆိုင်ရချိန်၌ သူ့စိတ်သည် တုန်ယင်ရသည်။
သူ့မျက်လုံးက တလက်လက် ဖြစ်သွားကာ သူက သူ့လက်ကို ဝှေ့ယမ်း၏။ထိုအခါ မိုးနှင့်မြေကို တုန်ဟီးစေလောက်သည့် အသံ တစ်ခု ထွက်ပေါ်လာ၏။
ထိုတုန်ဟီးသံသည် သွေးနတ်ဘုရား၏ခန္ဓာကိုယ်ကနေ ထွက်ပေါ် ပျံ့နှံ့လာ၏။၎င်းအသံက သူ့ခန္ဓာကိုယ်ကနေ ထွက်လာရင်း လေပြင်းတစ်ခုသည် သူ့ပတ်လည်၌ ပေါ်လာသည်။ချက်ခြင်းပင် ၎င်းက မိုးကြိုးမုန်တိုင်းတစ်ခုအသွင်သို့ ပြောင်းသွားသည်။
သူက ဟင်းလင်းပြင်ကို တုန်ခါစေသည့် အသံကို ဖန်တီးလိုက် ခြင်းပင်။ထိုမန္တာန်သည် လေသံက ဖန်တီးထားသည့် မိုးကြိုး မုန်တိုင်းဟု ကျော်ကြားလှပေ၏။ဝမ်လင်းရရှိခဲ့သော ခန်းမ၏ ရှစ်ခုမြောက်အထပ်၌ ထိုလေသံမန္တာန်နှင့် ပတ်သတ်သည့် ဖော် မြူလာ ရှိနေသည်။
သွေးနတ်ဘုရား၏အသွင်သည် သုန်မှုန်သည်။သူက ကောင်းကင် နှင့်မြေကြီးထံသို့ လက်ညွှန်သည်။ပတ်ဝန်းကျင်ရှိလေပြင်းသည် မြန်ဆန်စွာ ပျံ့နှံ့ကုန်သည်။ထိုလေက ချက်ခြင်းပင် မိုးစက်များ နှင့် တွေ့ဆုံခါ မိုးကြိုးတုန်ဟီးသံများသည် သည်ဧရိယာတွင် ပြည့်နှက်ကုန်၏။
ဖိသိပ်မှုလှိုင်းများ ပြန့်ကျဲလာမှုကြောင့် ဟင်းလင်းပြင်တော်တော် များများသည် ပျက်စီးသွားရသည်။
မရေမတွက်နိုင်သောမိုးရေစက်များသည် မိုးကြိုးမုန်တိုင်း ကြောင့် နောက်သို့ ပြန်လွင့်သွားသော်လည်း မြန်ဆန်စွ ပြန် စုစည်းသွား၏။၎င်းတို့က ရေလိုက်ကာစကြီးတစ်ခုအသွင် သွေး နတ်ဘုရားကို လွှမ်းခြုံထားသည်။
လေပြင်းမှ ထွက်ပေါ်လာသည့် မိုးကြိုးသည် မိုးရေစက်များ ကြား၌ မြန်ဆန်စွာ ရွှေ့လျား ပျံ့နှံ့၏။ချက်ခြင်းပင် ပတ်ဝန်းကျင် ဧရိယာသည် မိုးကြိုး၍ရဲတစ်ခုအလား ဖြစ်လာသည်။
“လေသံ ကောင်းကင်ဘုံမန္တာန်... ချင်းရွှေ၏အသါင်သည် အေး စက်နေ၏။သူက တည်ငြိမ်စွာ ဆိုသည်။ “မိုးချိပ်ပိတ်ခြင်း...
သူက ထိုစကားနှစ်ခွန်း ပြောလိုက်သည်နှင့် မိုးရေစက်များသည် အေးစက်မှု ပေးစွမ်းလာ၏။ချက်ခြင်းပင် ရေခဲသလင်းများ စတင်ဖြစ်ပေါ်လာသည်။မိုးရေစက်များသည် ရေခဲအဖြစ်သို့ ချက်ခြင်း ပြောင်းလဲသွားကြသည်။
မိုးကြိုးမုန်တိုင်းသည်လည်း အေးခဲသွားရ၏။ထိုအခိုက်အတန့်၌ လေသည် ရေခဲများ၏ အေးခဲပစ်ခြင်းကို ခံရကာ လေဝဲပုံစံရေခဲ နဂါးတစ်ကောင်အသွင် ဖြစ်ပေါ်သည်။
သွေးနတ်ဘုရားသည် တုံ့ဆိုင်းမနေပေ။သူ့လက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို အမြန် ဖြစ်စေ၏။အရပ်မျက်နှာအနှံ့ကနေ မူလ စွမ်းအင်တို့သည် အမြန်စုစည်းလာကာ သူ့ရှေ့၌ လက်သီးစုပ်ခန့် အလုံးတစ်ခု ဖြစ်လာ၏။သူ့ညာလက်ဖြင့် နောက်ထပ် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ ၎င်းအလုံးငယ်ပေါ်သို့ ဖိချ သည်။
ပြင်းထန်သောလှိုင်းတွန့်တစ်ခု မြန်ဆန်စွာ ပျံ့နှံ့လာ၏။ထိုအလုံး ငယ်သည် ကြိုးကြာအသွင် ဆောင်၏။၎င်းကြိုးကြာသည် ရွှေရောင်ခြေထောက်နှင့် နှင်းလိုဖြူဆွတ်နေသည့် အမွှေး အတောင်များ ရှိနေသည်။ထိုကြိုးကြာသည် ချက်ခြင်းလေထဲသို့ ပျံတက်ကာ သွေးနတ်ဘုရားအနားတွင် လှည့်လည်၏။
သွေးနတ်ဘုရား၏ အဆုံးမဲ့ဟန်ရသည့်မူလစွမ်းအင်တို့သည် စုစည်းလာ၏။မျက်စိတစ်မှိတ်အတွင်း ကြိုးကြာကိုးကောင်ထိဖြစ်ပေါ်လာသည်။
ထိုကြိုးကြာကိုးကောင် ပျံသန်းထွက်သွားသည်နှင့် သွေးနတ် ဘုရားသည် လှမ်းအော်ပြော၏။ “ချင်းရွှေ.. ငါ့ယောင်မိသားစု ဘိုးဘေးရဲ့ မိုးကြိုးမုန်တိုင်းဟာ သင့်လေဆင့်ခေါ်ခြင်းမန္တာန်ကို မယှဉ်နိုင်ဘူး။ဒါပေမဲ့လည်း မရေမတွက်နိုင်တဲ့ နှစ်တွေကြာပြီး တဲ့နောက်မှာ ယောင်မိသားစုဘိုးဘေးမျိုးဆက်တွေဟာ မန္တာန် တစ်ခုကို ဖန်တီးခဲ့တယ်..
ကြိုးကြာကိုးကောင်၏မျက်လုံးသည် ချက်ခြင်း နီရဲလာကာ ပြင်းထန်သောနတ်ဆိုးအော်ရာကို ပေးစွမ်းလာ၏။နတ်ဆိုးအော် ရာသည် မုန်တိုင်းတစ်ခုအလား ပျံ့နှံ့လာရာ ပတ်ဝန်းကျင်ရှိ ရေခဲ များသည် ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။
ထိုနတ်ဆိုးစွမ်းအင်သည် အားကောင်းလွန်းလှ၏။အလယ်ဗဟိုရှိသွေးနတ်ဘုရား၏ဆံပင်များသည် လွင့်ဝဲနေကာ သူ့မျက်ခုံးနှစ်ခု ကြား၌ အနီရောင်ဝဲကတော့တစ်ခု ပေါ်လာသည်။၎င်းက လှည့်လည်နေရင်း ပိုမိုအားကောင်းသည် နတ်ဆိုးစွမ်းအင်များ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာနေတော့၏။
ထိုအခိုက်အတန့်၌ သွေးနတ်ဘုရားသည် ကျင့်ကြံသူတစ် ယောက် မဟုတ်တော့ဘဲ ရှေးဟောင်းနတ်ဆိုးတစ်ပါးက သူ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသလို ဖြစ်နေသည်။
"ကောင်းကင်ဘုံမန္တာန်...ကြိုးကြာခွန်အား . သွေးနတ်ဘုရားထံမှ နတ်ဆိုးအလင်းတောက်ပနေ၏။သူက အော်ပြောလိုက်သည်နှင့် ကြိုးကြာကိုးကောင်သည် သူ့ပတ်လည်တွင် စတင် ကခုန်လာကာ အော်မြည်သံများ ထုတ်ဖော်ကြ၏။
ထိုအသံများသည် စူးရှလှသည်။ကြိုးကြာကိုး ကောင်၏အော်မြည်သံသည် မုန်တိုင်းတစ်ခုလို ဖြစ်ပေါ်သည်။
ဘန်း..ဘန်း..ဘန်း..။ပတ်ဝန်းကျင်ရှိရေခဲသည် စတင်ပျက်စီး လာကာ နောက်သို့ လွင့်စ်သည်။ကီလိုမီတာငါးရာအတွင်းရှိ ရေခဲ အားလုံးသည် ပျက်စီးသွားရသည်။
ခဏအကြာတွင် လောကသည် ကြိုးကြာအော်မြည်သံများနှင့် ပြည့်နှက်လာသည်ဟုပင် ထင်လာရ၏။ထိုအသံသည် အားကောင်းလွန်းလှ၏။
ထိုအခိုက်မှာပင် ကြိုးကြာများထဲမှ တစ်ကောင်သည် ရုတ်တရက် မရေမတွက်နိုင်သော အဖြူရောင်ငှက်မွှေးများကို ပေါက်ကွဲစေ၏။ထို့နောက် ထိုပေါက်ကွဲစေသည့် ကြိုးကြာထံမှ ပိုမိုအားကောင်းသည် အော်မြည်သံ ထွက်ပေါ်လာသည်။
သိပ်မကြာခင်တွင် နောက်ထပ်ကြိုးကြာတစ်ကောင် ပေါက်ကွဲ ပြန်သည်။ချက်ခြင်းလိုလိုပင် ကြိုးကြာကိုးကောင်လုံးသည် ပေါက်ကွဲထွက်ကာ မရေမတွက်နိုင်သော ငှက်မွှေးများသည် ပျံ့နှံ့သည်။ထိုအဖြစ်က အားကောင်းလွန်းသော မန္တာန်တစ်ခု အဖြစ်သို့ ပြောင်းလဲပြီး ကီလိုမီတာထောင်ချီအတွင်းရှိ အရာ အားလုံးအပေါ်သို့ သက်ရောက်၏။
ချင်းရွှေ၏အကြည့်က မထူးမခြားနားပင်။သူက ဖြည်းဖြည်း ချင်း ပြောလိုက်၏။ "ဒီမန္တာန်က မဆိုးဘူးပဲ..
"မဆိုးရုံဘဲလား….။ဒီအဘိုးအိုရဲ့ ယောင်မိသားစုမန္တာန်က ဒါနဲ့တင် မပြီးသေးဘူး။ ကြိုးကြားလေပြင်းအော်မြည်သံ၊ အာစီနယ် စိုက်ပျိုးခြင်း...
သွေးနတ်ဘုရားက ထိုသို့ အော်ဟစ်လိုက်ရင်း သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ထိုအခိုက်အတန့်၌ လောက တစ်ခုလုံးသည် မှောင်မိုက်လာသည့်အလား။
"အာစီနယ်စိုက်ပျိုးခြင်း...
မရေမတွက်နိုင်သော ငှက်မွှေးများသည် နတ်ဆိုးအလင်း ရုတ်တရက် တောက်ပလာကာ မရေမတွက်နိုင်သော လက်နက် ရတနာများအဖြစ်သို့ လုံးဝ ပြောင်းလဲသွားကြသည်။
အာစီနယ်စိုက်ပျိုးခြင်း ရှိ အာစီနယ်သည် လက်နက်များကို ဆိုလို ခြင်းပင်။ ထိုမန္တာန်ပေါ်လာသည်နှင် လောကသည် အရောင်များ ပြောင်းလာ၏။ဟင်းလင်းပြင်သည် ပြိုပျက်လာသည်။
ထိုပြိုပျက်မှုသည် ရူးသွပ်ဖွယ်ပင်။သွေးနတ်ဘုရားသည် ဗဟိုချက်တွင် ရှိနေ၏။
ထိုမန္တာန်သည် ၎င်း၏အထွတ်အထိပ်သို့ ရောက်ကာ ချင်းရွှေနား သို့ ရောက်လာနီး၌ နတ်ဘုရားပြစ်ဒဏ်သည် ၎င်း၏ ဖွဲ့တည်မှု အပြီးသပ်သွားသည်။တိမ်မြောက်များစွာသည် ပျောက်ကွယ် သွား၏။ သည့်နောက် ခုနစ်ရောင်စုံကောင်းကင်မိုးကြိုးသည် ဖြစ်တည်လာတော့သည်။
ထိုခုနစ်ရောင်စုံမိုးကြိုးသည် အောက်သို့ သက်ဆင်းလာသည်။ ၎င်းက မိုးကြိုးတန်းတစ်ခုတည်း မဟုတ်ပေ။
နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် ပျောက်ကွယ်သွားရင်း အနီ၊ လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊ခရမ်း ရောင်ရှိကြသော မိုးကြိုတစ်ခု ချင်းစီသည် ဆင်းသက်လာခြင်း ဖြစ်တော့၏။ထိုမိုးကြိုးတန်း များထဲ၌ အံ့မခန်းဖျက်စီးမှုအားတို့ ပါဝင်နေ၏။
"ကြိုးကြာတွေရဲ့ မြည်ဟီးသံ၊ လက်နက်စိုက်ပျိုးခြင်း။ မင်းမှာ ကိုယ်ပိုင်ကောင်းကင်ဘုံမူလ မပိုင်ဆိုင်ထားဘဲနဲ့ ကောင်းကင်ဘုံ သားတွေရဲ့ မန္တာန်တွေကို မင်းဖန်တီးထားတယ်လို့ ပြောရဲ သေး တယ်လား..
ချင်းရွှေ၏မျက်လုံးထဲ၌ အထင်သေးမှုတို့နှင့် ပြည့်နေသည်။ သူက ကီလိုမီတာမြောက်များစွာကို ဖုံးအုပ်နေသည့် ငှက်မွှေးများ ကို ကြည့်ပင်မကြည့်ပေ။ခြေတစ်လမ်းဖြင့်ပင် သူက ဝမ်လင်းရှေ့ သို့ ရောက်လာပြီး ဆင်းသက်လာသည့်မိုးကြိုးတန်းခုနစ်ခုကို ကြည့်သည်။
သည်အခိုက်၌ ပထမဆုံးမိုးကြိုးတန်းသည် အနီရောင်တောက်ပ သွားရင်း အထက်ကနေ အံ့မခန်းနှုန်းဖြင့် ဆင်းသက်လာသည်။
သို့သော်လည်း ၎င်းအနီရောင်မိုးကြိုးတန်း ဆင်းသက်လာသည့် အခါ၌ ချင်းရွှေ၏မျက်လုံးထံမှ အနီရောင်တောက်ပမှုတစ်ခုကို ထုတ်လွှတ်လာသည်။အနီရောင်အလင်းမြောက်များစွာသည် ပိုက်ကွန်သဖွယ် ထိုးထွက်သွားကြ၏။၎င်းက ချက်ခြင်းပင် အနီ ရောင်မိုးကြိုးကို ဝါးမြိုပစ်၏။
ချင်းရွှေ၏မျက်လုံးထဲရှိ အနီရောင်သည် ပိုမိုတောက်ပလာရင်း သူက ဒုတိယမြောက်မိုးကြိုးဖြစ်သည့် နတ်ဘုရားပြစ်ဒဏ် လိမ္မော်ရောင်မိုးကြိုး ထံသို့ တိုးဝင်သွားသည်။
သူက ၎င်းကိုလည်း ချက်ခြင်း ဝါးမြိုပစ်ပြီးနောက် လိမ္မော်ရောင် မိုးကြိုးသည် လွင့်ပြယ်သွားသည်။ချင်းရွှေ၏ညာမျက်လုံးထဲရှိအနီရောင်အလင်းသည် ပို၍ အားကောင်းလာကာ သူက ကျန် သည့် ခုနစ်ရောင်နတ်ဘုရားပြစ်ဒဏ်မိုးကြိုးများကို ဆက်တိုက် ဝါးမြိုပစ်တော့သည်။ဝမ်လင်းသည် ချင်းရွှေ၏မျက်လုံးထဲမှ အနီရောင်အလင်းသည် နတ်ဘုရားပြစ်ဒဏ်မိုးကြိုးခုနစ်ခုကို ဝါး မြိုပစ်နေခြင်းအား ကြောင်၍ ကြည့်နေမိသည်။
မိုးကြိုးလျှပ်စီးစက်ဝန်းတစ်ခုသည် ချင်းရွှေ၏ခန္ဓာကိုယ်မှ ဖြာထွက်နေခြင်းသည် သူ့ကို ပို၍ပင် အေးစက်ဟန် ဖြစ်နေ စေသည်။သူ့ခန္ဓာကိုယ်ကနေ အန္တရာယ်ရှိသော အော်ရာတစ်ခု ထွက်ပေါ်နေ၏။အထူးသဖြင့် သူ့ညာမျက်လုံးထံမှ ဖြစ်သည်။သူ့ ညာမျက်လုံးသည် အံ့မခန်းအနီရောင်တောက်ပမှုကို ပေးစွမ်း နေသည်။
“နတ်ဘုရားပြစ်ဒဏ်မိုးကြိုးက မဆိုးဘူးပဲ။ ဒါက ငါ့ဂျိနယ်ပယ် ကို အနည်းငယ် ပြန်ကောင်းလာအောင် ကူညီပေးတယ်..” ချင်း ရွှေ့သည် လှည့်၍ ဝမ်လင်းကို ကြည့်၏။သူ့အကြည့်က အေး စက်နေဆဲ ဖြစ်သော်လည်း အရင်ထက် အနည်းငယ်တော့ ကွာခြားနေသည်။
“လေဆင့်ခေါ်ခြင်း၊မိုးဆင့်ခေါ်ခြင်းနဲ့ ဆန်းကြယ်အာစီ နယ်(လက်နက်) တို့ဟာ ငါ့ဆရာရဲ့ ဦးဆုံးမန္တာန်သုံးခု ဖြစ်တယ်။ ခု သေချာ ကြည့်ချေ..” ချင်းရွှေက သူ့ ညာလက်ကို ပင့်မြှောက် ကာ ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေ၏။သူက ရှေ့တည့်တည့်သို့ လက်ညွှန်သည်။သူ့မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့မှု အရိပ်အမြွက် ထွက်ပေါ်နေ၏။
“လေဆင့်ခေါ်ခြင်းမန္တာန်ကို နားလည်ဖို့ ငါက လအနည်းငယ် ကြာမြင့်ခဲ့တယ်။မိုးဆင့်ခေါ်ခြင်း မန္တာန်အတွက် တစ်လတိတိကြာမြင့်ခဲ့တယ်။ဒါပေမဲ့လည်း ဆန်းကြယ်အာစီနယ်ကို အပြည့်အဝ နားလည်ဖို့အတွက်တော့ ငါဟာ ရာစုနှစ်တစ်ခု ကြာမြင့်ခဲ့တယ်..
ချင်းရွှေသည် သက်ပြင်းချကာ သူ့လက်ကို ဝှေ့ယမ်း၏။
သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည့်အခါ၌ သလင်း အလင်းရောင်တစ်ခုသည် တိတ်တဆိတ် ပေါ်လာဟန် ရသည်။ ၎င်းက သွေးနတ်ဘုရားမန္တာန်၏ မရေမတွက်နိုင်သော လက်နက် များကို ချက်ခြင်း တန့်သွားစေသည်။
ဝမ်လင်းသည် စောင့်ကြည့်နေရင်း သူက ထိုသလင်းအလင်း သည် ပိုမိုများပြားသော အလင်းများအဖြစ်သို့ ခွဲထွက်သွားသည် ကို တွေ့မြင်နေ၏။ထိုအလင်းများထဲမှတစ်ခုသည် အဘိုးအိုတစ် ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ထိုအဘိုးအို ပေါ်လာ သည်နှင့် သိပ်သည်းသော သေဆုံခြင်းအော်ရာသည် သူ့
ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာသည်။သည့်အပြင် အားကောင်းလှ သော မူလစွမ်းအင်သည်လည်း သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာ ပြန်သည်။ထိုအဖြစ်က အနှီအဘိုးအိုထံမှ ထူးဆန်းသောခံစားမှု ကို ပေးစွမ်းတော့သည်။
“ရှေးဟောင်းကျင့်ကြံသူ မန်မူ..။ငါက ဒီလူ့ကို ကောင်းကင်ဘုံ နယ်မြေကို မဝင်ရောက်ခင် သတ်ပစ်ခဲ့တယ်..”
ထိုအခိုက်၌ နောက်ထပ်သလင်းတစ်ခုသည် ဖျပ်ခနဲ လင်းလက် ပြီး ပျောက်ကွယ်သွားသည်။လူငယ်တစ်ယောက် ပေါ်လာ၏။ထို လူငယ်သည် ချောမောလှကာ ပြင်းထန်သောသေဆုံးခြင်းအော် ရာကို ပေးစွမ်းနေသည်။သည့်အပြင် သူ့ထံမှ အားကောင်းလှ သော သတ်ဖြတ်ခြင်းအော်ရာတစ်ခုသည်လည်း ထွက်ပေါ်လာ နေသည်။
“ရှေးဟောင်းကျင့်ကြံသူ…ခန်းရန်..။ငါက သူ့ကို ကောင်းကင်ဘုံ နယ်မြေထဲ မဝင်ရောက်ခင် သတ်ပစ်ခဲ့တယ်...
“ရှေးဟောင်းကျင့်ကြံသူ လုဂျိ။ ငါက သူ့ကို ကောင်းကင်ဘုံ နယ်မြေ မဝင်ရောက်ခင် သတ်ပစ်ခဲ့ပြန်တယ်..
ချင်းရွှေက ထိုသို့ ပြောနေရင်း သလင်းအလင်းများအားလုံးသည် ပျောက်ကွယ်သွားကာ မတူညီသည့် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကြ၏။သူတို့တစ်ယောက်ချင်းစီသည် သေဆုံး ခြင်းအော်ရာနှင့် ပြည့်နေ၏။သို့သော် သူတို့အားလုံး၏ အော်ရာ သည် ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေပေသည်။
“ကောင်းကင်အဆင့်ရှစ်..ကောင်းကင်ဘုံသား ချန်ဖန်။ငါက သူ့ ကို ကောင်းကင်ဘုံနယ်မြရဲ့ တိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့ တယ် "
“ကောင်းကင်အဆင့်ရှစ် ကောင်းကင်ဘုံသား ရိုကျဲ။ ငါက ဒီ အမျိုးသမီးကို စွန့်ပစ်နယ်မြေတိုက်ပွဲမှာ သတ်ပစ်ခဲ့တယ်..
“အဆင့်သုံး ကောင်းကင်ဘုရင်ရှန်ထျန်ဟူ။ ငါက ဒီလူ့ကို လေ ကောင်းကင်ဘုံနယ်မြေရဲ့ တိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တယ်..
“အဆင့်ခုနစ်ကောင်းကင်ဘုံဘုရင် ယွမ်မန်။ ငါက ဒီအမျိုးသမီး ကို လွှမ်းမိုးမှုတိုက်ပွဲအတွင်းမှာ သတ်ပစ်ခဲ့တယ်..
ချင်းရွှေ၏မျက်လုံးထဲ၌ အတိတ်ကို ပြန်အောက်မေ့ဟန်တို့ ပြည့် နေသည်။သူက ပြောနေရင်းဖြင့် ပုံရိပ်ယောင်စိတ်ဝိညာဉ်တစ်ခု ပြီးတစ်ခု ပေါ်လာနေ၏။ထိုအဖြစ်က ဝမ်လင်း၏ မျက်လုံးကို ပြူးကျယ်သွားစေရုံသာမက သွေးနတ်ဘုရားကိုပင် တုန်လှုပ် သွားစေသည်။
ထိုကောင်းကင်ဘုံသားများ၏ စိတ်ဝိညာဉ်များသည် သတ်ဖြတ် ခြင်းစိတ်ဆန္ဒ၊မကျေမချမ်းမှုများနှင့် ပြည့်နေ၏။သူတို့အားလုံး သည် သေဆုံးခဲ့ရသော်လည်း လက်စားချေလိုခြင်းတို့ ပြည့်နေခဲ့ သလိုပင်။သူတို့က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင် ရောက်ရန် ငြင်းဆန်ခဲ့ကြပေသည်။သူတို့ပေါ်ထွက်လာသည်နှင့် သည်နေရာသည် ဝိညာဉ်တို့ကိုသန့်စင်သည့်ဘုံတစ်ခုအလား ဖြစ်လာသည်ဟု ထင်ရသည်။
"အဆင့်ကိုး ကောင်းကင်ဘုံဘုရင် …ယောင်ဟိုင်ချင်။ငါက ဒီလူ့ကို ကောင်းကင်ဘုံမန္တာန် ပြန့်ကျဲစီးဆင်းခြင်းကို အသုံးပြုပြီး သတ် ပစ်ခဲ့တယ်..
သွေးနတ်ဘုရားနှင့် အသွင်တူသည့် ကောင်းကင်ဘုံစိတ်ဝိညာည် တစ်ခုပေါ်လာခဲ့သည်။သူ့ခန္ဓာကိုယ်သည် သေဆုံးခြင်းအော်ရာ နှင့် ပြည့်နေ၏။ထိုသူ ပေါ်လာသည်နှင့် သွေးနတ် ဘုရား၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။
“အဆင့်တစ်ကောင်းကင်ဘုံအရှင် လျိုယွမ်။ငါက ဒီလူ့ကို လေမိုး ကြိုးအရှင်နဲ့ ဆန့်ကျင်တဲ့ တိုက်ပွဲမှာ သတ်ပစ်ခဲ့တယ်...
“မိုးကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်သုံးကောင်းကင်ဘုံအရှင် ချောင်ဒီ။ ဒီလူ့ကို ငါဟာ ကောင်းကင်ဘုံနယ်မြေရဲ့ ကျူးကျော်မှု အတွင်း သတ်ပစ်ခဲ့တယ်..”
"အဆင့်ငါးကောင်းကင်ဘုံအရှင် ချန်ဟန်။ ငါက ဒီလူ့ကို ပုန်ကန်မှု အတွက် သတ်ပစ်ခဲ့တယ်..
“လေကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်ခုနစ်ကောင်းကင်ဘုံအရှင် ဟောင်ဟန်။ငါက ဒီလူ့ကို ရှေးဟောင်းလျှောက်လမ်းရဲ့ တိုက်ပွဲ အတွင်းမှာ သတ်ပစ်ခဲ့တယ်...
“မိုးကောင်းကင်ဘုံနယ်မြေရဲ့ အဆင့်ကိုးကောင်းကင်ဘုံအရှင် ချင်းရှောင်ရဲ့ ဦးဆုံးကိုယ်ပွား။ ငါက မိုးကြိုးနဲ့မိုးကောင်းကင်ဘုံ နယ်မြေ စစ်ပွဲအတွင်းမှာ သူမရဲ့ကိုယ်ပွားကို သတ်ပစ်ခဲ့တယ်..
သလင်းအလင်းများ တစ်ခုပြီးတစ်ခု ပျောက်ကွယ်ရင်း ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်လာ၏။သူတို့အားလုံးသည် အစစ်အမှန် အလား ထင်ရကာ အံ့မခန်းသတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ ပါဝင် နေသည်။ချက်ခြင်းပင် ကောင်းကင်ဘုံသားစိတ်ဝိညာဉ်တို့သည် ချင်းရွှေ၏ ပတ်လည်၌ ဝန်းရံသွားသည်။
ဝမ်လင်းသည် ထိုလူများ၏ အဆင့်အတန်းကို သံသယမရှိပေ။ သူက ချင်းရှောင်၏ပုံရိပ်ကို တွေ့မြင်ရသည့်အခါ သူ့စိတ်နှလုံး ထဲ၌ လှိုင်းထန်အောင်လှုပ်ခတ်နေတော့သည်။
“ငါ့ဘဝမှာ လူများစွာကို သတ်ပစ်ခဲ့ဖူးတယ်။ ဒီဆန်းကြယ် လက်နက်မန္တာန်ဟာ ငါသတ်ခဲ့တဲ့လူတွေရဲ့ စိတ်ဝိညာဉ်ကို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကနေ ဆွဲထုတ်ယူပြီး သန့်စင် ပစ်ဖို့ လိုအပ်စေခဲ့တယ်။အဲ့နောက်မှာ ငါက သူတို့ရဲ့စိတ်ဝိညာဉ် ကို သန့်စင်ပြီး ငါ့အစိတ်အပိုင်းတစ်ခု ဖြစ်လာစေခဲ့တယ်။ဒီတော့ မှ ငါဟာ ဆန်းကြယ်လက်နက်မန္တာန်ရဲ့ အဆင့်ငယ်ပြီးပြည့်စုံမှုကို ရောက်ရှိနိုင်ခဲ့တာ ဖြစ်တယ်...
ချင်းရွှေ၏အသံသည် တည်ငြိမ်နေ၏။သို့သော် ထိုတည်ငြိမ်မှု ထဲ၌ မွန်းစတားဆန်သည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင် နေသည်။
ဝမ်လင်းပင် ချင်းရွှေ၏တိုက်ပွဲမှတ်တမ်းကြောင့် တုန်လှုပ်နေရ ပေသည်။
ချင်းရွှေက ထိုသို့ ပြောနေရင်း ကောင်းကင်ဘုံသားစိတ်ဝိညာဉ် တို့သည် ပြင်းထန်သော အော်ရာကို ထုတ်လွှတ်လာ၏။ဤ အခိုက်တွင် သူတို့အားလုံးသည် သွေးနတ်ဘုရားထံသို့ ဦးတည် သွားတော့၏။
သွေးနတ်ဘုရား၏မျက်နှာထက်၌ သွေးရောင်ပင် မရှိတော့ပေ။ သူက သူ့မိသားစုမှတ်တမ်းထဲရှိ ကောင်းကင်ဘုံအင်ပါယာပေ ဖန်၏ ဆန်းကြယ်လက်နက်မန္တာန် ကြောက်မက်ဖွယ်ကောင်းမှုကို ဘယ်တုန်းကမှ စိတ်ကူးမိခြင်း မရှိပေ။
"ဘယ်လိုမျိုး ကောင်းကင်ဘုံအင်ပါယာများလဲ။ သူက နတ်ဆိုး ဘုရင်တစ်ယောက် ဖြစ်နေမှာ ရှင်းနေတာပဲ..
သွေးနတ်ဘုရားသည် နောက်သို့ အမြန်ဆုတ်၏။သူတွေ့ကြုံရ သည့်အဖြစ်က သူ့ဦးရေပြားပင် ထုံထိုင်းသွားရသည်။
သွေးဘိုးဘေးသည် နောက်ဆုတ်နေရင်း အော်ပြော၏။ “တိုက်ခိုက်လော့ ”
မရေမတွက်နိုင်သောငှက်မွှေးများကြောင့် ဖြစ်လာသည့် လက်နက်များသည် ချက်ခြင်းပင် ကောင်းကင်ဘုံစိတ်ဝိညာဉ် များထံသို့ တိုးထွက်ကုန်ကြသည်။သည်အခိုက်အတန့်၌ တုန်ဟီး သံများသည် ကီလိုမီတာများစွာအတွင်းရှိ နေရာတိုင်းကနေ ထွက်ပေါ်နေသည်။
အခုအဆင့်တိုက်ပွဲသည် တောင်ပိုင်းနယ်မြေတစ်ခုလုံးအပေါ်သို့ သက်ရောက်နေ၏။ကြယ်များသည်ပင် တုန်ဟီးသည်။
ယောင်ယွမ်သည် နောက်သို့ ဆက်တိုက် ဆုတ်နေ၏။သူ့ ခန္ဓာကိုယ်တစ်ခုလုံးသည် နတ်ဆိုးအလင်းကို ပေးစွမ်းနေကာ သွေးနတ်ဘုရားနောက်ကွယ်ကနေ ဖိအားကို ခုခံနေရသည်။ သို့သော် သူ့ကျင့်ကြံမှု အဆင့်သည် ကင်းမဲ့နေ၏။ထို့ကြောင့် သူက ဒဏ်ရာဆက်တိုက်ရနေသည်။သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုး ပင် ပျက်စီးလုနီးပါး ဖြစ်ရသည်။
သွေးနတ်ဘုရား၏မန္တာန်သည် ဆက်တိုက် ရုတ်လျော့လာသည်။ ငှက်မွှေးများကနေ ဖြစ်ပေါ်နေသည့် လက်နက်များသည် ခုခံနိုင် စွမ်း မဲ့ကြ၏။ထို့ကြောင့် ၎င်းတို့အားလုံးသည် ပျက်စီးသွား သည်။
သွေးနတ်ဘုရားသည် နောက်သို့ ဆုတ်နေရင်း သူ့ရှေ့တွင် ကောင်းကင်ဘုံသားစိတ်ဝိညာဉ်သည် ပေါက်ကွဲထွက်လာသည်။ ပေါက်ကွဲမှုထံမှ ထွက်ပေါ်လာသည့် ပြင်းထန်သည့်အားသည် သွေးနတ်ဘုရား၏ခန္ဓာကိုယ်ပေါ်သို့ ထိမှန်သည်။
ထိုတစ်ခုတည်းမကပေ။ နောက်ထပ်များစွာသော ကောင်းကင်ဘုံ သားစိတ်ဝိညာဉ်များသည် သွေးနတ်ဘုရားပတ်လည်၌ စုဝေး လာကြ၏။ထိုအခါ သွေးနတ်ဘုရား၏မျက်လုံးထဲ၌ ပထမဆုံး အချိန်အဖြစ် ကြောက်ရွှံ့မှု ဖြစ်ပေါ်လာသည်။
သူက သေဆုံးခြင်းအငွေ့အသက်ကို ခံစားမမိသည်မှာ ကြာမြင့် လှပေပြီ။
သွေးနတ်ဘုရားသည် ကောင်းကင်ဘုံအရှင်များ ဖြစ်ခဲ့ကြသော စိတ်ဝိညာဉ်များကို အမှန်ပင် ကြောက်လန့်မိသည်။
၎င်းတို့သည် တစ်ခုတည်း ဖြစ်နေလျှင်ပင် သွေးနတ်ဘုရားသည် ၎င်းကို လွယ်လင့်တကူ ဖျက်စီးပစ်နိုင်သေး၏။နှစ်ခုဆိုလျှင်ပင် ပြဿနာမရှိသေးပေ။သို့သော်လည်း သူက ခုလက်ရှိ၌ ဒဏ်ရာ ရထားခဲ့သည်။ထို့ကြောင့် သူသည် သနားစရာအခြေအနေသို့ မ စိုက်ရောက်ဘဲ မနေနိုင်ဖြစ်ရ၏။
အခုကအတန၌သူ့မျကလုးထရှ ရှုပထွေးမှုသည ပျောကကွယ သွားခဲ့ကာ ကြည်လင်လာခဲ့၏။
သူ့ ဦးခေါင်းထက်၌ ရှေးဟောင်းနတ်ဆိုးတစ်ပါး၏ အရိပ် ပေါ်လာခဲ့သည်။၎င်းက အရင်ထက် ပို၍ အထည်ဒြပ် ဆန် လာ၏။၎င်းသည် ယောင်ယွမ်၏ခန္ဓာကိုယ်ထဲကနေ အမြန် ပျံသန်းထွက်သွားသည်။
ထိုဖြစ်စဉ်အတွင်း ယောင်ယွမ်၏ခန္ဓာကိုယ်မှ ပို၍ မြန်ဆန်စွာ ပျက်စီးလာကာ သူ့တွင် အရိုးနှင့်အရေပြားမျှသာ ကျန်တော့၏။ သူ့အသွေးအသား၊မူလစွမ်းအင်နှင့် မူလစိတ်ဝိညာဉ်ပင် ထို ရှေးဟောင်းနတ်ဆိုး၏ ဝါးမြိုခြင်းကို ခံလိုက်ရချေပြီ။
ယောင်ယွမ်၏မျက်လုံးက ပို၍ ကြည်လင်လာခဲ့သည်။သူက ခါး သီးစွာ ပြုံးမိ၏။သူသည် နှစ်ပေါင်းများစွာ မရှာတွေ့နိုင်ခဲ့သည့် မှတ်ဉာဏ်များကို ပြန်မှတ်မိလာခဲ့ပေပြီ။
“ယောင်မိသားစုက ထပ်မတည်ရှိတော့ဘူး..” သူ့ခန္ဓာကိုယ်မှာ ကြယ်များကြားသို့ လိမ့်ဆင်းကျသွား၏။သူ ကျဆင်းနေရင်း ရှေးဟောင်းနတ်ဆိုးထံမှ စိတ်ဝိညာဉ်သည် ထိုးထွက်လာ၏။၎င်း က အားကော်ငးသော နတ်ဆိုးအော်ရကာကို သယ်ဆောင်ကာ သွေးနတ်ဘုရား၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုအရာများအားလုံးက လျှပ်တပြတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်၏။သွေးနတ်ဘုရာသည် ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ်ကို စုပ်ယူသည့်အခါ၌ သူ့ခန္ဓာကိုယ်ကနေ ပိုမိုပြင်းထန်သော နတ်ဆိုး အော်ရာကို ပေးစွမ်းနေသည်။သူ့မျက်လုံးသည် တောက်ပ လာ၏။သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ လေဟာနယ်ကို ဆွဲဖြဲ၏။
သည့်နောက် ရှည်လျားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာ ကာ ရှေးဟောင်းမီးအိမ်တစ်ခုသည် ဖြည်းဖြည်းချင်း ထွက် ပေါ်လာသည်။
"ချင်းရွှေ..မင်းက သေချင်မှတော့ ဒီအဘိုးအိုဟာ ကောင်းကင်ဘုံ သားတစ်ယောက်ကို သတ်ပစ်တဲ့အတွက် အပြစ်မတင်တော့နဲ့. သွေးနတ်ဘုရား၏အသွင်ဟန်ပန်သည် မသိမသာ ဖြစ်သွးရင်း သူ့ရှေ့၌ ဆယ့်နှစ်ပေကျော်သည့် ရှေးဟောင်းနတ်ဆိုး
တစ်ပါး၏ဧရာမ ပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာ တော့သည်။၎င်း၏ မျက်လုံးများက နီရဲနေကာ ချင်းရွှေကို ကြည့် ပြီး တိတ်တဆိတ်မြည်သံ ပြုသည်။
ချင်းရွှေ၏အသွင်သည် မထူးမခြားနားပင်။သူက သွေးနတ် ဘုရားကို ကြည့်ပင်မကြည့်ဘဲ သူ့ရှေ့ရှိ နတ်ဆိုးပုံရိပ်ကိုသာ စူး စိုက်ကြည့်နေ၏။သူ့မျက်လုံးက အေးစက်လာသည်။
သူ့ ညာမျက်လုံးကနေ အနီရောင်လင်းလက်လာ၏။ခြေတစ်လှမ်း ဖြင့် ချင်းရွှေသည် ထိုးထွက်လာသည်။သူ့လက်ထဲရှိ အနက် ရောင်မြူသည် ရုတ်တရက် ပေသုံးဆယ်ထိ ချဲ့ကားလာရင်း သွေးနတ်ဘုရားထံသို့ ပျံသန်းသွားသည်။
သွေးနတ်ဘုရား၏မျက်နှာသည် ကြမ်းကြုတ်နေ၏။သူက ရှေးဟောင်းမီးအိမ်ထံသို့ လှုပ်ရှားသည် မဟုတ်ပေ။ရှေးဟောင်းနတ်ဆိုးသည်လည်း မီးအိမ်ထံသို့ လက်ညွှန်လိုက်ပေသည်။ လက်ညွှန်သည်။သူတစ်ယောက်တည်း
မီးအိမ်ထဲ၌ လောင်ကျွမ်းနေသော မီးတောက်တစ်ခု ရှိနေ၏။သိပ် မဝေးသောနေရာရှိ ဝမ်လင်း၏အကြည့်သည် ထိုမီးအိမ်ပေါ်သို့ သာ ကျရောက်နေ၏။သူက မီးအိမ်ထဲ၌ ရုန်းကန်နေသော အမျိုးသမီးပုံရိပ်တစ်ခုကို ရှင်းလင်းစွာ တွေ့မြင်နေ၏။ထို မီးတောက်ထံမှ ဝမ်းနည်းမှုအငွေ့အသက်သည် ပျံ့နှံ့နေသည်ဟု ထင်ရသည်။
သွေးနတ်ဘုရား၏ လက်ညွှန်မှုနှင့်အတူ ရှေးဟောင်းမီးအိမ်ထဲရှိမီးတောက်သည် ပြင်းပြင်းထန်ထန် ကြီးထွားလာသည်။ ထို့နောက် ကြီးမားလှသည့် နတ်ဆိုးအရိပ်တစ်ခုသည် မီးအိမ်ထဲ ကနေ ထိုးထွက်လာ၏။
ယင်းနတ်ဆိုးအရိပ်နှင့် သွေးနတ်ဘုရားပတ်လည်ရှိ ရှေးဟောင်း နတ်ဆိုးတို့သည် ချွတ်ဆွတ်နီးပါးတူသည်။သို့သော်လည်း ၎င်း၏အော်ရာသည် သွေးနတ်ဘုရားပတ်လည်ရှိ နတ်ဆိုးအရိပ် ထက် အဆများစွာ အားကောင်းပေ၏။
“ဒါက သူ့အစစ်အမှန်ခန္ဓာကိုယ်ပဲ..” ဝမ်လင်း၏မျက်လုံးသည် အေးစက်လာ၏။သူက သိရှိသွားပေပြီ။ မီးအိမ်ထဲရှိအရာသည် ရှေးဟောင်းနတ်ဆိုး၏အစစ်အမှန် ခန္ဓာကိုယ် ဖြစ်နေခဲ့သည် မဟုတ်လား။သွေးနတ်ဘုရားနှင်ယောင်ယွမ်တို့၏ ခန္ဓာကိုယ်ထဲရှိအရာများကတော့ ရှေးဟောင်းနတ်ဆိုး ကိုယ်ပွားများသည် ဖြစ် ပေသည်။
သွေးနတ်ဘုရားသည် ကြမ်းကြုတ်စွာ အော်၏။ “နတ်ဘုရားဝါး မြိုခြင်း နတ်ဆိုးမီးတောက်..”
သူက ထိုသို့ အော်လိုက်သည်နှင့် မီးအိမ်ထံမှ မီးတောက်သည် ပျံ့နှံ့လာကာ ရှေးဟောင်းနတ်ဆိုး၏အစစ်အမှန်ခန္ဓာကိုယ်သည် ထိုးထွက်လာတော့သည်။
သည်အခိုက်အတန့်၌ နတ်ဆိုးစွမ်းအင်မြောက်များစွာသည် ပျံ့နှံ့ လာ၏။
ထိုနတ်ဆိုးစွမ်းအင်သည် တောင်ပိုင်းနယ်မြေတစ်ခွင်ရှိ ကျင့်ကြံ သူအားလုံး၏ မူလစွမ်းအင်ကိုပါ မတည်မငြိမ် ဖြစ်လာစေ၏။ ကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ အချို့သားရဲများသည် စိတ်လှုပ်ရှားလာ ကာ ယင်းစွမ်းအင်ကို အရူးအမူး စုပ်ယူကုန်ကြသည်။
ရှေးဟောင်းနတ်ဆိုးထိုးထွက်လာသည်နှင့် ၎င်း၏ခန္ဓာကိုယ် သည် မီးတောက်များ ဖုံးလွှမ်းနေ၏။၎င်း၏ လက်သည်းကြီး သည် ချင်းရွှေထံသို့ ဦးတည်လာသည်။ထိုလက်သည်းချက်သည် ဥပဒေသထက် အားကောင်းသော အော်ရာတစ်ခု ပါဝင်နေ၏။ အနှီလက်သည်း၏ ရှေ့မှောက်၌ ဥပဒေသပင် ပျောက်ကွယ်သွား ရပေလိမ့်မည်။
၎င်း၏ခန္ဓာကိုယ်ပတ်လည်ရှိ မီးတောက်သည် နှစ်ပေါင်းများစွာ လောင်ကျွမ်းနေသော မငြိမ်းသေနိုင်သည့် အလား၊လောကရှိအရာခပ်သိမ်းကို လောင်ကျွမ်းနိုင်သည့်အလား ဖြစ်နေ၏။
ချင်းရွှေသည် အလေးအနက် ဖြစ်လာ၏။သူက ရှေ့သို့ တိုးကာ သူ့လက်ထဲရှိ အနက်ရောင်မြူနှင့် ထိုးသွင်းသည်။တစ်ချိန်တည်း မှာပင် သူ့ ညာမျက်လုံးသည် နီလာ၏။သူက ဂျိနယ်ပယ်ကိုပါ ချက်ခြင်း အသုံးပြုလိုက်ခြင်းပင်။
အနီရောင်အလင်းတန်းတစ်ခုသည် သူ့မျက်လုံးထဲကနေ ထိုး ထွက်လာသည်။ဂျိနယ်ပယ်ပေါ်လာသည်နှင့် သက်ရှိဖြစ်တည်မှု အားလုံးသည် ကြောက်ရွှံ့မှုကို ခံစားရပေမည်။
ဤအခိုက်၌ နတ်ဆိုးစွမ်းအင်သည် ချက်ခြင်း ပျက်စီးသွားကာ ဂျိနယ်ပယ်စွမ်းအားရှေ့၌ လွင့်ပြယ်သွားရသည်။ဂျိနယ်ပယ် ရှေ့၌ နတ်ဆိုးစွမ်းအားသည် ဘာမှ မဟုတ်တော့သကဲ့သို့ ဖြစ် နေ၏။
အနီရောင်တန်းသည် ကြောက်မက်ဖွယ်အော်ရာကို သယ်ဆောင် ကာ ချင်းရွှေ၏ဘဝတစ်လျှောက် သတ်ဖြတ်မှုအားလုံး ပါဝင် နေသည်။၎င်းက ရှေးဟောင်းမီးအိမ်ထံမှ ထွက်လာသည့် ရှေးဟောင်းနတ်ဆိုးထံသို့ အလွန်မြန်ဆန်စွာ ရွှေ့လျားလာ၏။
နတ်ဆိုး၏မျက်လုံးထဲပ တုန်လှုပ်မိဟန် ဖြစ်ပေါ်လာ၏။၎င်းက ဂျိနယ်ပယ်ကို ဖမ်းဆုပ်သည်။ထိုအခိုက်၌ မိုးကြိုးပစ်သလို ကျယ်လောင်သောအသံသည် စတင် မြည်ဟီးလာသည်။
ဂျိနယ်ပယ် ၎င်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ရှေးဟောင်းနတ်ဆိုး၏ လက်သည်းချက်သည် ပျက်စီးသွား သည်။ထိုပျက်စီးမှုက လက်သည်းနှင့် ရပ်နေခြင်း မဟုတ်ဘဲ ရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ်အနှံ့တွင် ပျံ့နှံ့သွားသည်။ချက် ခြင်းပင် ရှေးဟောင်းနတ်ဆိုး၏ခန္ဓာကိုယ်သည် ပျက်စီးသွား သည်။
သို့သော်လည်း ရှေးဟောင်းနတ်ဆိုးသည် ပျက်စီးသွားသည့် အခိုက်၌ မီးအိမ်ထဲရှိ မီးတောက်သည် ပို၍ သည်းထန်စွာ လောင်ကျွမ်းလာကာ ရှေးဟောင်းနတ်ဆိုး၏အရိပ်သည် နောက်တစ်ဖန် ဖွဲ့တည်လာ၏။၎င်းက အရင်ထက် ဖျော့တော့ သွားသော်လည်း ၎င်း၏မျက်ခုံးနှစ်ခုကြား၌ အနီရောင်အလင်း တစ်ခု တဖျပ်ဖျပ် ဖြစ်နေတော့၏။နီးကပ်စွာ ကြည့်ပါက ထို အလင်းသည် ဂျိနယ်ပယ်ပင် ဖြစ်နေသည်ကို တွေ့ရပေမည်။
"ဒီလောကမှာ ရှိတဲ့ မန္တာန်အားလုံးဟာ ငါ့ ရှေးဟောင်းနတ်ဆိုး ကလန်ကနေ အစပြုလာတာ။ဒီမန္တာန်ထဲမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား အငွေ့အသက်တွေ ပါဝင်နေပြီး ငါ့ကလန်က ဒါကို မပိုင်ဆိုင်ခဲ့ဘူး။ဒါပေမဲ့လည်း အခုတော့ ဒီစွမ်းအားကို ငါ ပိုင်ဆိုင်သွားပြီ.. ၎င်းနတ်ဆိုး၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင် အလင်းသည် တလက်လက် ဖြစ်လာကာ ချင်းရွှေထံသို့ အလင်းတန်းတစ်ခု ထိုးထွက်သွားတော့သည်။
သို့သော်လည်း ထိုအလင်းတန်းပေါ်လာသည်နှင့် ချင်း ရွှေ၏အကြည့်တစ်ချက်ဖြင့်ပင် ၎င်းသည် ပျက်စီးသွားရသည်။
ချင်းရွှေ၏အသွင်သည် အေးစက်နေ၏။သူက သူ့လက်ကို ပင့် မြှောက်ကာ တည်ငြိမ်စွာ ဆိုသည်။ “ရှုမူ…သေချာကြည့်...။ဒါက ငါ့ဆရာရဲ့ စတုတ္ထမြောက်မန္တာန် တောင်တန်းများပြိုလဲခြင်း...
ရှေးဟောင်းနတ်ဆိုး၏ မျက်လုံးထဲ၌ နတ်ဆိုးစွမ်းအင်တို့ ပြည့် နေသည်။၎င်းက နောက်ဆုတ်ရင်း သွေးနတ်ဘုရားကို လှမ်းဆွဲ ယူ၏။၎င်းသည် ချက်ခြင်းပင် သွေးနတ်ဘုရား၏ခန္ဓာကိုယ်ထဲ သို့ ဝင်ရောက်လိုက်ရာ သွေးနတ်ဘုရားထံမှ နာကျင်စွာ ညီးတွား သံ ထွက်ပေါ်လာစေသည်။
သွေးနတ်ဘုရား၏မျက်နှာပေါ်ရှိ သွေးကြောများသည် ဖောင်းကြွလာကာ အင်မတန် နာကျင်သည့်အသွင် ဖြစ်ပေါ် နေသည်။
သူ့ဆံပင်သည် လေမတိုက်ပါဘဲနှင့် လှုပ်ရှားနေ၏။သည့်နောက် သူ့ဦးခေါင်းထက်ကနေ ပုံရိပ်ယောင် ဦးချိုနှစ်ချောင်း ပေါ်လာ သည်။တစ်ချိန်တည်းမှာပင် အစိမ်းရောင်အလင်းသည် သူ့ ခန္ဓာကိုယ်အား ဖုံးအုပ်လာ၏။သူက လူသားအသွင်ဟန်ပန် မရှိတော့ဘဲ နတ်ဆိုးတစ်ပါးနှင့် တူလာခဲ့၏။
သူ့ခန္ဓာကိုယ်ကနေ သိပ်သည်းသော နတ်ဆိုးစွမ်းအင်တို့ ထွက် ပေါ်နေသည်။သွေးနတ်ဘုရားက မာန်သွင်း၍ ချင်းရွှေထံသို့ တိုးဝင်လာတော့၏။
ချင်းရွှေ၏အသွင်သည် အလေးအနက် ဖြစ်လာ၏။သူ့ညာ မျက်လုံးသည် အနီရောင်တောက်ပလွန်းနေ၏။သူက တိုက်ခိုက် ရန် ပြင်လိုက်စဉ် သူ့အသွင်သည် ပြောင်းလဲသွားကာ ရုတ်တရက် အပေါ်သို့ မော့ကြည့်လိုက်သည်။
ဝမ်လင်းပင် ခေါင်းမော့ကြည့်မိ၏။သူက အထက်မှ မူလစွမ်းအင် ရင်းမြစ်တစ်ခုကို ခပ်ရေးရေးခံစားမိသည်။ထိုစွမ်းအင်သည် အားကောင်းလှခြင်း မရှိပေ။သို့သော် ဝမ်လင်းသည် ထိုအော်ရာ ထံမှ အတွေးတစ်ချက်ဖြင့်ပင် သူ့မူလစွမ်းအင်ကို လွင့်ပြယ်သွား စေဖို့ လုံလောက်သည်ဟု ခံစားမိ၏။
“ဒါ…ဒါက တတိယအဆင့်ပဲ..” ဝမ်လင်း၏အသွင်သည် အကြီးအကျယ်ပြောင်းလဲသွားသည်။
ရူးသွပ်သွားဟန်ရသည့် သွေးနတ်ဘုရားပင် ထိုအခိုက်၌ ခေါင်း မော့ကြည့်လာ၏။သူ့အသွင်က ပြောင်းလဲသွားသည်။
“တော်လောက်ပြီ..” ကြယ်များကြားကနေ တည်ငြိမ်သောအသံ တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာ၏။ထို့နောက် မရေမတွက် နိုင်သော ကြယ်အလင်းများနှင့် ဖွဲ့စည်းထားသည့် ပုံရိပ်တစ်ခု သည် ချင်းရွှေနှင့်သွေးနတ်ဘုရားတို့ကြား၌ ပေါ်လာသည်။
ထိုပုံရိပ်ပေါ်လာသည်နှင့် သူသည် လက်မြှောက်ကာ သွေးနတ် ဘုရားထံသို့ အသာလက်ဝှေ့ယမ်းလိုက်သည်။သွေးနတ်ဘုရား သည် ချက်ခြင်း သွေးအန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ်ထဲမှ ရှေးဟောင်းနတ်ဆိုးပင် ကန်ထွက်လာရ၏။ရှေးဟောင်း နတ်ဆိုး၏အသွင်သည် တုန်လှုပ်မှုနှင့် ပြည့်နေကာ သူက ထိုပုံရိပ် ကို စူးစိုက်ကြည့်နေမိသည်။
“ရှေးဟောင်းနတ်ဆိုး..မင်းက ယောင်မိသားစုရဲ့ စွမ်းအားကို ငှား ယမ်းပြီး မင်းခန္ဓာကိုယ်ကို ပြန်ဖွဲ့တည်နေတာ ငါ ဘာမှ မပြောလို ဘူး။ဒါပေမဲ့လည်း မင်းက အလုံးစုံကြယ်အဖွဲ့အစည်းမှာ သတ်ဖြတ်မှုတွေ လုပ်လာမယ်..မဟာမိတ်ကြယ်အဖွဲ့အစည်း အပေါ်တိုက်ပွဲအတွက် သက်ရောက်လာခဲ့ရင် မင်းရဲ့ မငြိမ်းသတ် နိုင်တဲ့ မီးတောက်ကို ငါ ငြိမ်းသတ်ပစ်ရလိမ့်မယ်..”
ထိုလူ၏အသံသည် တည်ငြိမ်၏။သို့သော် ၎င်းအသံထဲ၌ လူ တိုင်း၏ နှလုံးကို တုန်လှုပ်စေသည့် အော်ရာ ပါဝင်နေသည်။ထို အခိုက်အတန့်၌ ဝမ်လင်းသည် သူ့ကိုယ်သူ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က သေမျိုးတစ်ယောက်အဖြစ် ပြန်ခံစားနေ မိ၏။
“စွမ်းအားကောင်းလွန်းတယ်...”
"အံ့မခန်းကို စွမ်းအားကောင်းလွန်းတယ်..”
ညင်းဆန်၍မရ။ခုခံ၍ မစွမ်း။ သင်သည် ထိုပုံရိပ်၏ စကားကို ကြားရသည်နှင့် နာခံရပေမည်။
“ကောင်းကင်ဘုံအရှင် ချင်းရွှေ။ ကောင်းကင်ဘုံနယ်မြေက ပြိုပျက်သွားခဲ့ပြီ။ဒါက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်း ပဲ.. ထိုပုံရိပ်သည် လှည့်၍ ချင်းရွှေထံသို့ ကြည့်လာ၏။ထို အကြည့်သည် တာအိုအလား။၎င်းတွင် စွမ်းအား မရှိပေ။ သို့သော် ၎င်းက ချင်းရွှေပတ်လည်၌ တုန်ဟီးမှုများ ဆက်တိုက် ဖြစ်သွားစေသည်။
ချင်းရွှေက ထိုပုံရိပ်ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးသည် အေးစက်နေ၏။အချိန်အတန်ကြာပြီးနောက် သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ဘာစကားမှ မဆိုပေ။
ထိုပုံရိပ်သည် မှုန်ဝါးနေသည့်အတွက် သူ့အသွင်သဏ္ဌာန်ကို ခပ် ရှင်းရှင်းမြင်နိုင်ရန် မဖြစ်နိုင်ပေ။သူက ထိုသို့ ပြောလိုက်ပြီး နောက် သူ့လက်ကို ဆန့်ထုတ်ရာ သလင်းအလင်းတစ်ခုသည် သည်ဧရိယာတွင် ပြည့်နှက်လာတော့၏။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားမိနေရင်း ပတ်ဝန်းကျင်ရှိ ပျက်စီးသွားသည် ဟင်းလင်းပြင်သည် မြန်ဆန် စွာ စုဝေးလာကာ ပုံမှန်အတိုင်း ပြန်ဖွဲ့တည်လာ၏။ထိုမျှသာမက ထိုသလင်းအလင်းသည် တဖြည်းဖြည်း တောင်ပိုင်းနယ်မြေရှိပျက်စီးသွားမှုအားလုံးကို ပြန်ပြောင်း ဖြစ်တည်စေတော့၏။
အချို့ကျင့်ကြံခြင်းဂြိုဟ်ပေါ်များမှ အချို့သားရဲများ စုပ်ယူခဲ့ သော နတ်ဆိုးစွမ်းအင်များပါ တိတ်တဆိတ် လွင့်ပြယ်ကုန်ကြပေ သည်။
"မင်းတို့နှစ်ယောက် ဆက်တိုက်မယ်ဆိုရင် ငါ မင်းတို့နှစ် ယောက်လုံးကို သတ်ပစ်ရလိမ့်မယ်.. ထိုစကားများကို ပြော ကြားပြီးနောက် သလင်းအလင်းသည် လွင့်ပြယ်သွားတော့၏။
သွေးနတ်ဘုရားသည် တိတ်ဆိတ်စွာ စဉ်းစားနေပြီးနောက် ရှေးဟောင်းမီးအိမ်ကို ပြန်ဆွဲယူလိုက်၏။သူက ချင်းရွှေကို ကြည့်ပင်မကြည့်တော့ဘဲ လောကနှင့်တစ်သားတည်း ပေါင်းစပ် ကာ ပျောက်ကွယ်သွားတော့သည်။
ချင်းရွှေနှင့်ဝမ်လင်းတို့သာ ကျန်ခဲ့တော့၏။ဝမ်လင်းသည် တုန်လှုပ်မှုကနေ မရုန်းထွက်နိုင်သေးပေ။ထိုတုန်လှုပ်မှုကို သူ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ချေ။
ဝ၎င်း်လင်းသည် ထိုပုံရိပ်ယောင်အရိပ်သည် တတိယအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်မှန်း သေချာသိနေ၏။
တောင်ပိုင်းနယ်မြေတစ်ခုလုံး ပျက်စီးသွားဖို့ သူ့အတွက် အတွေး တစ်ချက်သာ လိုပေလိမ့်မည်။
ဝမ်လင်းက မျက်လုံးမှိတ်လိုက်၏။အချိန်အတန်ကြာမှ သူ့စိတ် ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်နိုင်ကာ ချင်းရွှေထံသို့ လက်နှစ်ဖက် ယှက်၍ ပြောလာ၏။ “ကျေးဇူးတင်ပါတယ်„ဒီနေ့ စီနီယာ ငါ့ကို ကယ်တင်ပေးတာ တသက်လုံး မမေ့ပါဘူး..”
ချင်းရွှေက အကွာအဝေးတစ်ခုရှိ ကြယ်များကို ကြည့်နေ၏။သူ့ မျက်လုံးထဲတွင် အတိတ်ကို ပြန်အောက်မေ့မှုတို့ ဖြစ်ပေါ် နေသည်။အချိန်အတန်ကြာပြီးမှ သူက ဝမ်လင်းကို ကြည့်၍ တည်ငြိမ်စွာ ဆိုလာသည်။ “ငါ့ကို ကျေးဇူးမတင်နဲ့။ငါက မင်း လေဆင့်ခေါ်ခြင်းမန္တာန်ကို ဘယ်လို တတ်မြောက်လာခဲ့လဲ ဂရုမ စိုက်ဘူး။ ငါ ချင်းရွှေက ဒီကြယ်အဖွဲ့အစည်းထဲမှာ ဘာ အနှောင်အဖွဲ့မှ မရှိခဲ့ဘူး။ မင်းနဲ့တွေ့ရတာကလည်း ငါ့ဆရာရဲ့ စီစဉ်မှုကြောင့် ဖြစ်လိမ့်မယ်..
"မင်းက အခုထိ မင်းရဲ့ ကောင်းကင်ဘုံမူလကို မဖွဲ့စည်းရသေး ဘူး။ ကောင်းကင်ဘုံရေကန် မရှိဘဲနဲ့ မင်းက ကောင်းကင်ဘုံမူလ ကို ဖွဲ့စည်းနိုင်မှာ မဟုတ်ဘူး။ ခု မိုးကြိုးကောင်းကင်ဘုံကျောင်း တော်က ကောင်းကင်ဦးစီး (၁၀၈) နေရာအတွက် ပြိုင်ပွဲလုပ်နေ တယ်။ကောင်းကင်ဘုံသား (၃၆) ယောက်ဟာ ကောင်းကင်ဘုံ ရေကန်ထဲ ဝင်ရောက်ခွင့် ရှိလိမ့်မယ်။ မင်း ဒီအတွက် သွား တိုက်ခိုက်သင့်တယ်..."
“မင်းအောင်မြင်မယ်ဆိုရင် ငါက မင်းကို မိုးဆင့်ခေါ်ခြင်းနဲ့ ဆန်းကြယ်အာစီနယ်(လက်နက်)ကို သင်ပေးမှာ ဖြစ်တယ်။ မ အောင်မြင်ရင်တော့ မင်းက ဒီကောင်းကင်ဘုံမန္တာန်နှစ်ခုနဲ့ ကံမ စပ်လို့ပဲ။ငါ မင်းကို တစ်ကြိမ် ကယ်တင်ပေးခဲ့ပြီး ဖြစ်တဲ့အတွက် မင်းနဲ့ငါ့ဆရာရဲ့ ကံတရားကို ငါက ဖြည့်ဆည်းပေးပြီး ဖြစ်တယ် လို့ ယူဆလို့ ရပြီ။ အကောင်းဆုံး ကြိုးစားပါ..”
ချင်းရွှေသည် ဝမ်လင်းကို ကြည့်၏။အနည်းငယ် စဉ်းစားပြီး နောက် သူက သူ့ညာလက်ကို လေဟာနယ်ထဲသို့ ဆန့်တန်း၏။ ထိုအခါ ရေခဲသလင်းလို ကြည်လင်နေသည့် အရည်ကြည်တစ် စက်သည် ဝမ်လင်းရှေ့၌ မြောလွင့်လာသည်။
"ဒီထဲမှာ မိုးဆင့်ခေါ်ခြင်းမန္တာန်ကို သုံးကြိမ်အသုံးပြုနိုင်တဲ့ အစွမ်းပါဝင်တယ်။ဒါကို မင်းကိုယ်မင်း ကာကွယ်ဖို့အတွက် အသုံးပြုပါ...
ချင်းရွှေသည် ပြန်လှည့်ကာ လေဟာနယ်ထဲသို့ လျှောက်လှမ်း ရင်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။သူ ပျောက် ကယ်သွားသည့်အခိုက်၌ သူ့မျက်လုံးထဲရှိ အတိတ်ကို အောက်မေ့မှုသည် ပို၍ပင် အားကောင်းလာသည်။သူက ခပ် တိုးတိုး ရေရွတ်မိ၏။
“စောနကလူဟာ ငါ့ဆရာထက်တောင် အားကောင်းသေးတယ်..။ ဒါပေမဲ့ သူက ငါ့ကို ရင်းနှီးတဲ့ ခံစားချက် ပေးနေတယ်။ ငါ သူ့ကို အရင်တုန်းက မြင်ဖူးရမယ်..
ဝမ်လင်းသည် ထွက်ခွာသွားသည် ချင်းရွှေ၏ပုံရိပ်ကို ကြည့် နေ၏။သူက အချိန်အတန်ကြာ စဉ်းစားနေရင်း ချင်းရွှေထွက်ခွာ သွားသည့် အရပ်သို့ လက်နှစ်ဖက်ယှက်၍ လေးစားသမှု ပြု နေသည်။ထို့နောက် သူက ရေခဲသလင်းကို ဆွဲယူပြီး သဲလွန်စမရှိပျောက်ကွယ်သွားတော့သည်။
“စောနက လူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရ မယ်။ သူက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းရဲ့ အနှိုင်းမဲ့ ကျင့်ကြံသူ ဖြစ်လိမ့်မယ်..
ထို့နောက်တွင်တော့ ဝမ်လင်းသည် လီယွမ်၏မိသားစု ရှိရာသို့ ဦးတည်သွားတော့သည်။
"မဟာမိတ်ကြယ်အဖွဲ့အစည်းမှာရော တတိယအဆင့်ကျင့်ကြံသူ တစ်ယောက် ရှိနေလား ငါ မသိဘူး။ ဒိလူက သန်မာလွန်းလှ တယ်။ နိဗ္ဗာနပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်တောင် သူ့ကို ခုခံနိုင်စွမ်း ရှိလိမ့်မှာ မဟုတ်ဘူး..
ဝမ်လင်းသည် ကြယ်များကြား၌ သွားလာနေ၏။သူ့မျက်လုံး သည် တောက်ပနေသည်။
“ဒါပေမဲ့လည်း ငါက ကောင်းကင်ဖိဆန်ခြင်းပုတီးစေ့က တတိယ အဆင့်ရဲ့ ဦးတည်ရာကို တွေ့မြင်ခဲ့ပြီး သွားပြီ.. ဝမ်လင်း၏ မျက်လုံးသည် လေဟာနယ်ကွေးညွတ်ခြင်းကို အစွမ်းကို အသုံးပြုကာ သွားလာနေရင်း တောက်ပနေတော့၏။
တောင်ပိုင်းနယ်မြေ၌ တသီးတသန့်ဖြစ်နေသည့် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ရှိသည်။ထိုဂြိုဟ်သည် ပျက်သုဉ်းခြင်းဂြိုဟ်ဟု အမည်ရ၏။လွန်ခဲ့သော အချိန်များက ၎င်းဂြိုဟ်သည် တောင် ပိုင်းနယ်မြေတွင် ကျော်ကြားခဲ့ရုံမျှမက မဟာမိတ်ကြယ်အဖွဲ့ အစည်းတစ်ခုလုံးတွင်ပင် ထင်ရှားခဲ့ပေသည်။
ရှေးဟောင်းအချိန်များက အမွေအနှစ်ရခဲ့သည့် အတားအဆီး ပညာရပ်များနှင့် မိသားစု ဖြစ်သည့် လီမိသားစု။ ပျက်သုဉ်းခြင်း အတားအဆီး၏ ထည်ဝါမှုနှင့် လီမိသားစုသည် အလွန်စွမ်းအား ရှိခဲ့ကာ အလုံးစုံကြယ်အဖွဲ့အစည်းကို တကြိမ်တခါက တုန်လှုပ်ခဲ့ ပေသည်။သို့သော်လည်း မိသားစု၏မျိုးဆက်များ လျော့ကျလာ မှုနှင့် ပျက်သုဉ်းခြင်းအတားအဆီးသည် အပြင်သို့ ပေါက်ကြား သွားခဲ့သည့်အတွက် လီမိသားစုသည် သူ့စွမ်းအားကနေ ရုတ် လျော့ခဲ့ရပေသည်။
လီမိသားစု၏ အင်အား လျော့ကျလာသည်နှင့်အတူ လူအ များ၏ မှတ်ဉာဏ်ထဲ၌ သူတို့၏ တောက်ပမှုသည်လည်း မှုန်ဝါး လာခဲ့တော့သည်။
ပျက်သုဉ်းခြင်းဂြိုဟ်သည် သီးသန့်ဆန်လှသည်။မည်သည့် ကျင့်ကြံသူကမျှ သည်နေရာသို့ မလာကြပေ။လီမိသားစု ချန် ထားခဲ့သော မရေမတွက်နိုင်သော အတားအဆီးများ မကျန်ရှိတော့သောကြောင့် မဟုတ်ရင် သူတို့သည် ပျက်သုဉ်းခြင်း ကျင့်ကြံခြင်းဂြိုဟ်ကို ဖမ်းဆုပ်မိနိုင်လိမ့်မည် မဟုတ်ပေ။
ပျက်သုဉ်းခြင်းဂြိုဟ်ပေါ်ရှိ လီမိသားစု အိမ်တော်အတွင်း၌ လီ ယွမ်သည် အကွာအဝေးတစ်ခုထံသို့ ငေးကြည့်နေသည်။
“အစ်ကိုရှု…ယောင်မိသားစုက မင်းနောက်ကို လိုက်သတ်နေရာ ငါ မကူညီချင်လို့ မဟုတ်ပါဘူး။ ဒါက ငါ ဘာမှ တတ်နိုင်စွမ်း မရှိလို့ပါ
လီယွမ်၏မျက်နှာသည် ခါးသက်နေ၏။သူက ဝမ်လင်းကို ကူညီ ချင်၏။သို့သော် သူ့ကျင့်ကြံမှုအဆင့်ဖြင့် မကူညီနိုင်ရုံသာမက ဝန်ထုတ်ဝန်ပိုးပင် ဖြစ်လာနိုင်သည်။သူက မိုးကြိုးကောင်းကင်ဘုံ နယ်မြေ၌ ရှုမူကို အတော်လေး ကျေးဇူးတင်မိသည်။
သက်ပြင်းချပြီးနောက် လီယွမ်သည် မတ်တပ်ရပ်ကာ အခန်းထဲ ကနေ လှမ်းထွက်လာ၏။သူက ကောင်းကင်ထက်သို့ ငေးမော ကြည့်ရင်း မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှ သည် သူ့ခေါင်းထဲ၌ အစီအရီ ပေါ်လာခဲ့ပေသည်။
“အစ်ကိုရှု..သင်သာ ရောက်လာရင် ငါက သင့်ကို ပျက်သုဉ်းခြင်း အတားအဆီး နှလုံးသားကို ချက်ခြင်း ပေးလိုက်မှာပါ..” လီယွမ် သည် ခပ်ဖွဖွ ရေရွတ်နေရင်း သူ့မျက်လုံးသည် ရုတ်တရက် ပြူး ကျယ်သွား၏။သူက ကောင်းကင်ထက်သို့ မော့ကြည့်ကာ တုန်လှုပ်မိသွား၏။
လှိုင်းတစ်ခုသည် ကောင်းကင်ထက်၌ ပေါ်လာကာ စတင်ပျံ့လာ သည်။
ဝမ်လင်း၏ပုံရိပ်သည် ထိုလှိုင်းထဲကနေ လှမ်းလျှောက်ထွက်လာ သည်။သူက လေထဲ၌ ရှိနေကာ လီယွမ်ကို ချက်ခြင်း တွေ့မြင် သွားသည်။သူက ပြုံး၍ ရှေ့သို့ ခြေတစ်လှမ်း လှမ်းသည်။
လီမိသားစု၏ဘိုးဘေးခန်းမထဲ၌ အနက်ရောင်ရေကန်တစ်ခု ရှိ၏။ဝမ်လင်းနှင့်လီယွမ်တို့သည် ထိုရေကန်ထဲ၌ ထိုင်နေကြကာ ယင်းရေကန်ထဲရှိ ရေဝဲကတော့ထဲကနေ အေးစက်စက်အော်ရာ တစ်ခု ထွက်ပေါ်နေ၏။
သို့ရာတွင် ထိုရေဝဲကတော့သည် အားနည်းလွန်းလှသည်။၎င်းက သူတို့နှစ်ယောက်ကို လှည့်လည်ရင်း လှိုင်းတွန့်များ ဖန်တီး နေသည်။လီယွမ်သည် မျက်လုံးမှိတ်ထားရင်း သူ့မျက်ခုံးနှစ်ခု ကြားကနေ အနက်ရောင်အလင်းတစ်ခု ထွက်လာနေ၏။ထို အလင်းသည် အနက်ရောင်လိုင်းများ အဖြစ်သို့ ပြောင်းလဲကာ ရေကန်ထဲသို့ ဝင်ရောက်သွားသည်။
ထိုအနက်ရောင်မျဉ်းလိုင်းများ ရေကန်နှင့် ထိမိသည်နှင့် လှိုင်းတွန့်များစွာကို ဖြစ်ပေါ်စေလာသည်။
ဝမ်လင်းသည် လီယွမ်နှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။သူ တို့နှစ်ယောက်သည် သည်နေရာ၌ သုံးရက်တိတိ ကျင့်ကြံနေခဲ့ပြီး ဖြစ်သည်။ဝမ်လင်းသည် သည်နေရာသို့ လွန်ခဲ့သော သုံးရက်က ရောက်လာခဲ့သည်။ထို့နောက် သူနှင့်လီယွမ်တို့သည် ပျက်သုဉ်း ခြင်းအတားအဆီးနှလုံးသားကို အမွေဆက်ခံနိုင်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
အတားအဆီးနှလုံးသားရှိမှသာ ပျက်သုဉ်းခြင်းအတားအဆီး သည် ၎င်း၏အစစ်အမှန်စွမ်းအားကို ပြသနိုင်မည် ဖြစ်၏။ သို့သော်လည်း အတားအဆီးနှလုံးသား အမွေအနှစ်သည် လီ မိသားစု၏ဘိုးဘေးခန်းမ၌သာ ပြုလုပ်နိုင်စွမ်း ရှိသည်။
လီယွမ်ထံမှ အနက်ရောင်လိုင်းများသည် ရေကန်ထဲသို့ ဝင် ရောက်ပြီးနောက် ရေကန်၏အစိတ်အပိုင်း ဖြစ်လာခဲ့သည်။တစ် ချိန်တည်းမှာ အနက်ရေများသည် ဝမ်လင်း၏အနီးအနား၌ စုစည်းလာကာ သူ့မျက်ခုံးနှစ်ခုကြားတွင် တဖြည်းဖြည်း သိပ်သည်းလာသည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးနေရင်း လီယွမ်သည် မောပန်း သည့်ဟန်ပန် ဖြစ်ပေါ်လာသည်။အတားအဆီးနှလုံးသား အမွေအနှစ်သည် သူတို့၏ဘိုးဘေး သေခါနီးအချိန်မှ လွှဲပေး တက်ခြင်း ဖြစ်သည်။
ခုချိန်၌ ဝမ်လင်းကို ပြန်ပေးဆပ်နိုင်ဖို့ သူသည် ချက်ခြင်း သူ့ အတားအဆီးနှလုံးသားကို တစ်ဝက်တိတိ ခွဲထုတ်ပစ်ကာ ဝမ် လင်းထံသို့ ပေးပစ်ခြင်း ဖြစ်သည်။ငါးရက်မြောက်နေ့၌ လီယွမ် သည် အတော်လေး အိုစာသည့်ပုံ ပေါက်လာသည်။သည်ငါးရက် သည်နှစ်ငါးဆယ်လောက် ကုန်ဆုံးသွားသည့်အလား။ သူ့မျက်ခုံး နှစ်ခုကြားရှိ အနက်ရောင်လိုင်းသည်ပင် အတော်လေး မှိန်ဖျော့ သွားကာ ၎င်း၏ တစ်ဝက်ကျော်သည် ရေကန်ထဲသို့ ဝင်ရောက် သွားပြီ ဖြစ်သည့်အတွက် အတော်လေး အားနည်းသွားလေပြီ။
ရေကန်ထဲရှိ ရေဝဲကတော့သည် ပို၍ သိပ်သည်းလာ၏။၎င်းက ဆက်လက်၍ လှည့်ပတ်နေရင်း တဖြည်းဖြည်း မုန်တိုင်းတစ်ခုလို ဖြစ်လာသည်။
လီယွမ်သည် သူ့ပင်ပန်းနေသည့် ခန္ဓာကိုယ်ကို ရေကန်ထဲကနေ ဆွဲယူကာ ထိုင်ချလိုက်၏။သူက ရေထဲရှိ ဝမ်လင်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်သည်။ “အစ်ကိုရှု…ငါက သင့်ရဲ့ ကြင်နာမှု အတွက် ပြန်ပေးဆပ်နိုင်ခဲ့ပြီ...
သူက မျက်လုံးမှိတ်လိုက်၏။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် အားနည်းနေသည်။သူက စတင်ကျင့်ကြံတော့သည်။ ဝမ်လင်းကို သူက အများအပြား ပြန်ပေးဆပ်ခြင်းပင်။ သူ့အတားအဆီး နှလုံးသား၏ အစိတ်အပိုင်းကို ထုတ်ယူခဲ့သည့်အတွက် သူ့ အတားအဆီးစွမ်းရသည် အတော်လေး လျော့ကျသွားခဲ့ပြီ ဖြစ်၏။
ဝမ်လင်းသည် ရေကန်ထဲ၌ ထိုင်နေရင်း ဝဲကတော့သည် ပို၍ပင် သိပ်သည်းလာတော့၏။ခြောက်ရက်မြောက်နေ့၌ မုန်တိုင်းတစ်ခု ဖြစ်လာကာ ရေများကို အထက်သို့ မြင့်တက်ပြီး ဝမ်လင်းကို ဝန်းရံသွားစေသည်။အေးစက်စက်စွမ်းအင်သည် ပျံ့နှံ့နေကာ ရေခဲစများပါ ထွက်ပေါ်လာသည်။ကန်၏ အချို့နေရာများသည် အေးခဲကုန်သည်။
အနက်ရောင်ရေများ လှည့်လည်နေမှုအောက်တွင် အနက်ရောင် လိုင်းများသည် ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်ကာ ရှုပ်ထွေးသောပန်းပွင့်ပုံစံကို ဖတ််ပေါ်စေပြီး တစ်လွှာပြီးတစ်လွှာ ဖြစ်လာသည်။
ဤအခိုက်အတန့်၌ ဝမ်လင်းသည် ထူးဆန်းသောအခြေအနေသို့ ဆိုက်ရောက်နေသည်ဟု ထင်ရ၏။ သူ့စိတ်ထဲ၌ ပေါ်လာသည့် ပျက်သုဉ်းခြင်းအတားအဆီးနှင့် ပတ်သတ်သည့် အရ ာ အားလုံးသည် သူ့အရင်သိထားခဲ့သည့် အတားအဆီးမှတ်ဉာဏ် များနှင့် ပေါင်းစပ်သည်။
အနက်ရောင်လိုင်းများ သူ့အား ခပ်နှိပ်လာနေရင်း အမျိုးမျိုး သော ဆန်းကြယ်သည့်အတားအဆီးများသည် သူ့စိတ်နှလုံးထဲ၌ ပို၍ လေးနက်ထည်ဝါလာတော့သည်။
ကိုးရက်မြောက်နေ့တွင် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့် လာ၏။သူ့ပတ်လည်ရှိ အနက်ရောင်ရေဝဲကတော့သည် ရုတ်တရက် ပျက်စီးသွားသည်။ရေများသည် အေးစက်စက် စွမ်းအင်နှင့်အတူ နေရာအနှံ့သို့ ပြန့်ကျဲကုန်၏။
ဝမ်လင်း၏မျက်လုံးထဲ၌ ဆန်းကြယ်သောအလင်းတစ်ခု ပေါ်လာ ကာ သူ့မျက်လုံးထဲ၌ မရေမတွက်နိုင်သောအတားအဆီးများ တ ဖျပ်ဖျပ် ဖြစ်နေတော့၏။
ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်သည်။ ပြန့်ကျဲသွားသည့် အနက်ရောင်ရေအားလုံးသည် တုန်ခါကုန်ကာ သူ့လက်ဝါးထက်၌ အနက်ရောင်အလုံးတစ်ခု အဖြစ်သို့ သိပ်သည်းသွားသည်။
ထိုအနက်ရောင်အလုံးသည် အနက်ရောင်တောက်ပမှုနှင့် အေးစက်စက်အော်ရာတစ်ခုကို ပေးစွမ်း၏။
ထိုအနက်ရောင်အလုံးကို စူးစိုက်ကြည့်နေရင်းကနေ ဝမ်လင်း သည် မျက်လုံးမှိတ်လိုက်၏။ခဏအကြာတွင် သူက မျက်လုံး ပြန်ဖွင့်ကာ သူ့သိုလှောင်အိတ်ကို ပုတ်သည်။မြေခဲမြောက်များစွာ ပျံသန်းထွက်လာသည်။
ထိုမြေခဲများသည် လီယွမ်၏လမ်းညွှန်မှုအောက်၌ သူ မိုးကြိုး ကောင်းကင်ဘုံနယ်မြေကနေ စုဆောင်းခဲ့ခြင်းပင်။ ဝမ်လင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မြေခဲအားလုံးသည် အနက်ရောင် အလုံးထဲသို့ ဝင်ရောက်သွားသည်။
အနက်ရောင်အလုံးသည် တဖြည်းဖြည်း ပို၍ အထည်ဒြပ် ဖြစ်လာ၏။တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့မူလစွမ်းအင် အဆီအနှစ်ကို ထွေးထုတ်သည်။၎င်းအဆီအနှစ်က အနက်ရောင် အလုံးနှင့် ထိမိသွားသည့်အခါ တောက်ပလာခဲ့သည်။အနက် ရောင်အလုံးသည် တဖြည်းဖြည်း ကျုံ့လာရင်း ဝမ်လင်းရှေ့၌ ပုံသဏ္ဌာန် ပြောင်းလဲလာရင်း ရှစ်မြှောင့်သံလိုက်အိမ်မြှောင်တစ် ခု ဖြစ်လာခဲ့သည်။
“ပျက်သုဉ်းခြင်းအတားအဆီးကို ဆက်ခံတဲ့ မျိုးဆက်တိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်အတားအဆီးနှလုံးသား သံလိုက်အိမ်မြှောင် ပိုင်ဆိုင်ရတယ်။ ဂုဏ်ယူပါတယ်..အစ်ကိုရှု...” လီယွမ်က ပြုံး၍ ဆိုလာ၏။
ဝမ်လင်း လက်ဝါးပေါ်ရှိ သံလိုက်အိမ်မြှောင်သည် သူ့လက်ဝါးထဲ သို့ ဝင်ရောက်သွားသည်။၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ ဖြတ်သန်း ရွှေ့လျားပြီး မျက်ခုံးနှစ်ခုကားတွင် ဖျပ်ခနဲ လင်းလက်ကာ ပျောက်ကွယ်သွားသည်။ဝမ်လင်းသည် လီယွမ်ဘေးနားသို့ လှမ်း လာလိုက်၏။သူက လက်နှစ်ဖက်ယှက်ကာ ပြောလာသည်။ “ကျေးဇူးအများကြီးတင်ပါတယ်..အစ်ကိုလီ..”
လီယွမ်သည် ခပ်ဖျော့ဖျော့ ပြုံး၍ ခေါင်းယမ်းသည်။ "ဒီလို လုပ် ဖို့ မလိုအပ်ပါဘူး အစ်ကိုလီ။ သင်ဟာ ငါ့လီမိသားစုရဲ့ ကျေးဇူးရှင်ပါ။ဒါ့ကြောင့် ဒီလိုလုပ်ပေးရမှာ ငါ့အတွက် သဘာဝ ပါပဲ။ အစ်ကိုရှု…ဘာဆက်လုပ်မယ် စီစဉ် ထားလဲ.”
ဝမ်လင်းသည် စဉ်းစားနေ၏။လွန်ခဲ့သောရက်များက သူ ပျက်သုဉ်းခြင်းဂြိုဟ်သို့ ရောက်လာကာ လီယွမ်နှင့် လာတွေ့ သည့်အချိန်၌ လီယွမ်ထံကနေ အကြောင်းအရာများစွာ ကြားသိခဲ့ရသည်။သူက သူ့နာမည်ကိုပါ လူအများက နတ်ဆိုးဟု ခေါ်သည်ကိုပါ သိလာခဲ့သည်။
လီယွမ်က မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ ကောင်းကင် ဦးစီး (၁၀၈)နေရာအတွက် တိုက်ပွဲသည် နယ်မြေလေးခုလုံးတွင် ပြိုင်ပွဲကွင်းအဖြစ် ကျင်းပမည်ဟု သူ့အား ပြောခဲ့ပေသည်။ထို အကြောင်းကို စဉ်းစားနေရင်း ဝမ်လင်းသည် ခိုင်မာစွာ ဆုံးဖြတ်ချက် ချပြီး ဖြစ်၏။
ထိုကောင်းကင်ဦးစီး နေရာကိုသာ သူသာ ရလျှင် ချင်းရွှေ ပြောပြ ခဲ့သည့် ကြီးကျယ်လှသည့် ကောင်းကင်ဘုံမန္တာန်နှစ်ခုအပြင် တန် လင်းဂြိုဟ်၏ ရှောင်မိသားစုမှ ကတိစကားလည်း ရှိနေသေး၏။
ကောင်းကင်အဆင့် ကောင်းကင်ဦးဆီး နေရာ (၃၆) နေရာကို ရရှိသူများသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်နှင့် ရှေးဟောင်းအချိန်ကတည်းက တည်ရှိခဲ့သော ကျင့်ကြံခြင်း မိသားစုကြီးနှစ်ခု၏ ကတိစကားတို့ကိုပါ ဆုလဒ်ရရှိနိုင်မည် ဖြစ်၏။
ဝမ်လင်း၏ မျက်လုံးက တလက်လက် ဖြစ်နေသည်။သူက မေး လိုက်၏။ "အစ်ကိုလီကော ကောင်းကင်ဦးစီးနေရာအတွက် ပါဝင် တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူးလား..”
လီယွမ်က စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးမှ သူက မချင့် ပြုံးပြုံး၍ ဆိုလာသည်။
“ခုလက်ရှိ ငါ့ကျင့်ကြံမှုအဆင့်နဲ့ ဘာမှ အသုံးဝင်မှာ မဟုတ်သေး ဘူး။ငါက ပုံရိပ်ယောင်ယင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ တံခါးပိတ် ကျင့်ကြံတော့မယ်...
လီယွမ်၏ စကားထဲ၌ ခိုင်မာသောစိတ်ဆုံးဖြတ်မှုတို့ ပါဝင်နေ၏။ သူက အတိတ်တုန်းက သူ့မိသားစု ဆုံးရှုံးခဲ့သည့် တောက်ပမှုကို ပြန်လည် ဖော်ဆောင်ရပေမည်။
ဝမ်လင်းသည် ခေါင်းညိတ်ကာ တည်ငြိမ်စွာ ဆိုသည်။ “အစ်ကို လီရဲ့ ပါရမီနဲ့ဆိုရင် ဒီချိုးဖျက်ဖို့က အချိန်တစ်ခုပဲ လိုမှာပါ...
သူက အနည်းငယ် စဉ်းစားပြီးနောက် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။ထို့နောက် မိုးကြိုးမူလ မန္တာန်ကို ထိုကျောက်စိမ်းပြားထဲ၌ ရေးထွင်းလိုက်၏။
အစ်ကိုလီ. ဒီကျောက်စိမ်းပြားထဲမှာ ကျင့်ကြံခြင်းနည်းလမ်း တစ်ခု ရှိတယ်။သင်သာသ ဒီနည်းလမ်းကို သေချာလေ့လာ ကျင့်ကြံရင် အဆင့်ချိုးဖျက်နိုင်ဖို့ အခွင့်အရေးက ပိုများလာလိမ့် မယ် "
လီယွမ်သည် ကျောက်စိမ်းပြားကို လက်ခံလိုက်၏။ သေချာ အနီးကပ်ကြည့်ရှုပြီးနောက် သူ တုန်လှုပ်သွားသည်။သူ့လီ မိသားစုသည် ရှေးဟောင်းအချိန်ကတည်းက အမွေအနှစ်များ ရရှိခဲ့သော်လည်း အများစုသည် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။သူ တို့တွင် ပိုင်ဆိုင်ခဲ့သည့် တစ်ခုတည်းသောအရာသည် ပျက်သုဉ်း ခြင်းအတားအဆီးသာ ရှိတော့၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ မိုးကြိုးမူလမန္တာန်သည် အဖိုးမထိုက်တန်လွန်းသော်လည်း ရှားပါးနေဆဲသာ ဖြစ်သည်။ သူက ခေါင်းညိတ်၍ ပြောလိုက်၏။ “အစ်ကိုရှု…ငါ ကျေးဇူး စကား မပြောတော့ဘူး။ တနေ့ ငါ အဆင့်ချိုးဖျက်ပြီးရင် အစ်ကို ရှုကို လာရှာပါ့မယ်။ငါတို့နှစ်ယောက်က ကောင်းကင်ဘုံသားတွေ လို ကြယ်များကြားမှာ လျှောက်သွားကြတာပေါ့။ဒါက ပျော်ဖို့ ကောင်းမှာပါ.
ဝမ်လင်းက ပြုံး၍ ဆိုလိုက်၏။ “အစ်ကိုလီ..နှုတ်ဆက်ခဲ့ပါ တယ်.. ထိုသို့ ပြောပြီးနောက် သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်း သည်။သည့်နောက် ဝမ်လင်းသည် ပျောက်ကွယ်သွား တော့သည်။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်သည် ကောင်းကင် ဦးစီး(၁၀၈) နေရာအတွက် ပြဌာန်းထား၏။ နယ်မြေကြီးလေးခု သည် ကြမ်းတမ်းသည့် ပြိုင်ပွဲအတွက် ပြိုင်ပွဲကွင်းတစ်ခု ရှိလာ ပေမည်။
ရှေးခေတ်ကောင်းကင်ဘုံနယ်မြေ ပျက်စီးသွားပြီးနောက် အခု အခါသည် ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်ဦးစီးရာထူးများ ကို ပေးအပ်လာခြင်းပင်။ ကောင်းကင်ဘုံအရှင်ချင်းရွှေက ကောင်းကင်ဘုံမန္တာန်များကိုလည်း သင်ကြားပေးဦးမည်။ထို့ အပြင် ရှေးဟောင်းမိသားစုကြီးနှစ်ခု၏ ကတိစကားနှင့် ရှေးဦး ခေတ်ကတည်းက ရှိခဲ့သည့် ဆန်းကြယ်လှသော မိသားစုကြီး တစ်ခုထံမှ ကောင်းကင်ဘုံရေကန်ကို အသုံးပြုခွင့်လည်း ရပေဦး မည်။
ထိုအရာများအားလုံးက ကောင်းကင်ဦးစီးနေရာအတွက် ပြိုင်ပွဲ ကို အထွတ်အထိပ်သို့ ဆွဲခေါ်စေခဲ့တော့သည်။
ကောင်းကင်ဘုံဦးစီးနေရာ ပြိုင်ပွဲကြောင့် အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းကြီး၏ တိုက်ပွဲစိတ်ဆန္ဒသည် အထွတ်အထိပ် သို့ ရောက်လာခဲ့သည်။
နယ်မြေလေးခုလုံးမှ မရေမတွက်နိုင်သော ကျင့်ကြံခြင်းမိသားစု များသည် တိုက်ပွဲကွင်းထံသို့ သူတို့၏ လူများကို စေလွှတ်ကြ သည်။ထို့နောက် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၏ တမန် တော်တစ်ယောက်သည် ဒိုင်အဖြစ် ဆောင်ရွက်ပေးမှုနှင့်အတူ နယ်မြေတစ်ခုစီကနေ လူ(၁၀၈)ယောက်ကို ရွေးချယ်ကာ နောက်ဆုံးပြိုင်ပွဲသို့ စေလွှတ်ပေမည်။နောက်ဆုံးပြိုင်ပွဲသည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်၌ ကျင်းပမည် ဖြစ်၏။
တောင်ပိုင်းနယ်မြေ ပင်မဂြိုဟ်သုံးခုထဲမှ တစ်ခုဖြစ်သည့် မြေ မီးတောက်ဂြိုဟ်။
ထိုဂြိုဟ်နှင့် ကီလိုမီတာထောင်ချီအကွာရှိ အာကာသ ဟင်းလင်းပြင်၌ အလင်းတစ်ခု တောက်ပနေ၏။
ကီလိုမီတာထောင်ပေါင်းများစွာသည် ကျင့်ကြံသူမြောက်များစွာ နှင့် ပြည့်နှက်နေသည်။ထိုနေရာသည် တောင်ပိုင်းနယ်မြေ၏ ပြိုင်ပွဲကွင်းပြင် ဖြစ်လေ၏။
ကီလိုမီတာများစွာ အကွာတွင် မရေမတွက်နိုင်သော အပြာရောင် ကျောက်တုံးများစွာ ရှိနေ၏။ကျောက်တုံးတစ်တုံးစီပေါ်၌ ထိုင် နေကြသော လူတစ်ယောက် သို့မဟုတ် လူအချို့ ရှိနေကြသည်။ ထိုအပြာရောင်ကျောက်တုံးများသည် သည်ဧရိယာအနှံ့တွင် ရှိနေ ကြ၏။ယင်းအပြာရောင်ကျောက်တုံးများသည် ပြိုင်ပွဲကို ကြည့်ရှုလိုသော တောင်ပိုင်းနယ်မြေရှိ လူများအတွက် ပြင်ဆင် ထားခြင်းပင်။ခုချိန်၌ ကျင့်ကြံသူများစွာသည် ယင်းကျောက်တုံး များအပေါ်၌ ရှိနေကြ၏။
သူတို့၏ကျင့်ကြံမှုသည် အမျိုးမျိုး ရှိ၏။အများစုသည် ပထမ အဆင့်ကျင့်ကြံခြင်း၌သာ ရှိနေကြသေးသည်။သူတို့က သည် နေရာသို့ ကောင်းကင်ဘုံမန္တာန်များကို ကြည့်ရှုကာ အမြင်ကျယ် ရအောင် ရောက်လာကြခြင်း ဖြစ်၏။
ထိုမရေမတွက်နိုင်သော အပြာရောင်ကျောက်တုံးများကြား၌ အနီရောင်ကျောက်တုံးတော်တော်များများလည်း ရှိနေ၏။ထို ကျောက်တုံးတစ်ခုစီပေါ်၌ တိုက်ပွဲစာလောင်စိတ်တို့ ပြည့်နေ သည့် ကျင့်ကြံသူတစ်ယောက်စီ ထိုင်နေကြသည်။ထိုလူ များသည် တောင်ပိုင်းနယ်မြေရှိ ကောင်းကင်ဦးစီးနေရာအတွက် တိုက်ခိုက်ရန် အခွင့်အရေး ရရှိခဲ့ကြသူများလည်း ဖြစ်ကြသည်။
အနီရောင်ကျောက်တုံး သုံးရာကနေ လေးရာလောက်ထိ ရှိနေ၏။ ထိုလူများထဲကနေ (၁၀၈)ယောက်ကိုသာ မိုးကြိုးကောင်းကင်ဘုံ ကျောင်းတော်သို့ သွားရောက်ရန် ရွေးချယ်မည် ဖြစ်သည်။
ဤအခိုက်အတန့်၌ ကီလိုမီတာများစွာ ကျယ်ဝန်းသည် တိုက်ပွဲ ကွင်းပြင်အတွင်း ကျင့်ကြံသူနှစ်ယောက် တိုက်ခိုက်နေကြလျက် ရှိသည်။ထိုဧရိယာ၌ မန္တာန်မျိုးစုံ ပြည့်နေသည်။နှစ်ဖက်လုံးသည် ညီမျှနေသည်။ကျင့်ကြံသူအားလုံးသည် နောက်လာညမ့် တိုက်ပွဲ ကို ပို၍ ကြည့်ရှုနေချင်ကြသည်။
တကယ်တော့ ကျင့်ကြံသူအများစုသည် ခုလက်ရှိ ယှဉ်ပြိုင် တိုက်ခိုက်နေသော တိုက်ပွဲကို တစ်ချက်သာ ကြည့်ကာ သူ တို့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။သည်လို တိုက်ပွဲ မျိုးက သူတို့၏စိတ်ဝင်စားမှုကို မဖမ်းစားနိုင်ပေ။
ကျန်ကုန်းလီသည်လည်း ထိုလူများထဲမှ တစ်ယောက် ဖြစ်၏။
ကျန်မိသားစုသည် မိသားစုကြီးတစ်ခု ဖြစ်သည်။ကျန်ကုန်းလီက ကျန်မိသားစုမှ အတော်ဆုံးဂျူနီယာတစ်ယောက်ပင်။သူ့မိသား က သူ့ကို တောင်ပိုင်းနယ်မြေပြိုင်ပွဲအတွက် ထိပ်ဆုံးဆယ် ယောက်အတွင်း ရရှိမည်ဟု ယုံကြည်ထားကြသည်။
ကျန်ကုန်းလီ၏ ကြမ်းကြုတ်သည့်အကြည့်က သည်ဧရိယာသို့ ဖြန့်ကြည့်လိုက်ရင်း အနီရောင်ကျောက်တုံးတစ်ခုအပေါ်သို့ ကျ ရောက်သွားသည်။ထိုကျောက်တုံးအပေါ်၌ ရှန်ကုန်းဟူ ထိုင် နေသည်။သူက ကျန်ကုန်းလီ၏အကြည့်ကို သတိပြုမိသည့် အလား မျက်လုံးဖွင့်လာသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးပြပြီး သူတို့၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ကြသည်။
ရှန်ကုန်းဟူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် အကွာအဝေးတစ်ခုထံသို့ မှောင်ကုပ်ကုပ်အသွင်နှင့် ငေးနေ၏။ မူလတုန်းက သူသည် ယောင်မိသားစု သူ့အရှင်ကို လိုက် သတ်ဖြတ်သည့် အခါက ကူညီပေးချင်ခဲ့သည်။သို့သော်လည်း ရှ န်ကုန်းမိသားစုဘိုးဘေးကိုယ်တိုင် သူ့အား လာရောက်တားဆီးခဲ့ ပေသည်။
သူက မတတ်သာဘဲ လက်လျှော့ခဲ့ရတော့သည်။သို့သော်လည်း သူက စိတ်ထဲကနေ နှာခေါင်းရှုံ့နေမိ၏။ယောင်မိသားစုသည် သူ့ အရှင်ကို လာရောက်ရန်စခြင်းသည် ကိုယ့်သေတွင်းကိုယ်တူး နေသည် မဟုတ်လား။
သို့သော်လည်း တကယ်ဖြစ်ပျက်သွားသည်က သူ မျှော်လင့် ထားခဲ့သလို မဟုတ်ခဲ့ပေ။သူ့အရှင်က ယောင်မိသားစုကို ပြန် တိုက်ခိုက်ကာ ကျင့်ကြံသူများစွာကို သတ်ဖြတ်၍ နတ်ဆိုးဟူ သည့် အမည်နာမပင် ရလာခဲ့သေးသည်။
ထိုအခါ ရှုမူ ဆိုသည့် နာမည်သည် အလုံးစုံကောင်းကင်ကြယ် အဖွဲ့အစည်း၌ ကျော်ကြားလွန်းလာခဲ့သည်။
ထိုအရာများသည် လူတိုင်းသိသည့်အကြောင်း ဖြစ်နေ သော်လည်း ရှန်ကုန်းဟူ စိတ်ထဲရှိ မျှော်မှန်းချက်နှင့်မူ ခြားနား လွန်းနေခဲ့သည်။သူက အချိန်အတန်ကြာ တိတ်ဆိတ်နေပြီး သူ့ စိတ်ထဲ၌ ခါးသီးစွာ ခံစားမိနေသည်။
ရှန်ကုန်းဟူ၏ ဉာဏ်ရေဖြင့် သူသည် ခန့်မှန်းနိုင်ခဲ့ပြီ မဟုတ် လား။
"ဒီရှုမူက ငါ မျှော်လင့်ထားသလောက် မစွမ်းနေမှာ စိုးမိတယ်။ သူ့ ကျင့်ကြံမှုက ငါ့ထက်တောင် နိမ့်နေမှာ စိုးရိမ်မိသေးတယ်။ သူ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ တိုးတက်လာပါစေ အခု ငါ့ လိုမျိုး အထည်ဒြပ်ယန်အထွတ်အထိပ်အဆင့်မှာပဲ ရှိနေလောက် ဦးမယ်...
ရှန်းကုန်ဟူသည် သူတွေဝေ စဉ်းစားနေရာကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။သူ့စိတ်ထဲ၌ အလွန်ရှုပ်ထွေးနေမိသည်။
ကျန်ကုန်းလီ၏စိတ်နှလုံးသည်လည်း ရှန်ကုန်းလီကဲ့သို့သာ ဖြစ် နေ၏။သူက ရှန်ကုန်းဟူလို တော်သည့်သူ တစ်ယောက် မဟုတ် လား။ထို့ကြောင့် ဝမ်လင်း ယောင်မိသားစု၏ သတ်ဖြတ်ခြင်းကို ခံရချိန်က သူသည် တဖြည်းဖြည်း အမှန်ကို သဘောပေါက်လာခဲ့ သည်။သူ့စိတ်ထဲ၌လည်း ခါးသက်မှုတို့ ပြည့်နေ၏။
“ရှုမူ ့ငါ ကျန်ကုန်းလီက လှည့်စားခံခဲ့ရလိမ့်မယ်လို့ မမျှော်လင့် ထားမိခဲ့ဘူး။အတိတ်တုန်းက အဲ့အချိန်မှာ ငါဟာ သူ့ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်တာဟာ သူ့ကျင့်ကြံမှုအဆင့်က ရိုးရှင်းနေခဲ့ လို့ကို။သူက မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ အထည်ဒြပ်ယန် အဆင့်ကို ရောက်ခဲ့တာက ကံကောင်းမှုတစ်ခု ကြုံခဲ့ရလို့ ဖြစ် မယ်။ငါ တွေးထင်ခဲ့သလိုမျိုး သူ့ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ် ထားတာမျိုး မဟုတ်ခဲ့ဘူးပဲ”
“ခုချိန်မှာ ဒီလူက အထည်ဒြပ်ယန်အဆင့်မှာပဲ ရှိနေမှာ သေချာ တယ်။ငါက သူနဲ့ ပတ်သတ်လို့ လှည့်ဖျားခံခဲ့ရပြီး မှားယွင်းခဲ့တာ ن
ကျန်ကုန်းလီက စိတ်ပျက်စွာ သက်ပြင်းချမိသည်။
နောက်ထပ် အနီရောင်ကျောက်တုံးတစ်ခုအပေါ်၌ ထျန်ယန်ဖန် ထိုင်နေ၏။သူက ကျန်ကုန်းလီ၏အဖြစ်ကို တွေ့မြင်သည့်အခါ နှာခေါင်းရှုံ့၏။သို့သော် ဘာစကားမှတော့ မဆိုပေ။
ကျန်ကုန်းလီ၊ရှန်ကုန်းဟူနှင့်ထျန်ယန်ဖန်တို့သည် တောင်ပိုင်း နယ်မြေ၌ ကျော်ကြားလှသည်။သူတို့ကို တောင်ပိုင်းနယ်မြေ၏ ကပ်ဘေးသုံးဖော်ဟုလည်း သိကြ၏။
အမျိုးမျိုးသော ကျင့်ကြံခြင်းမိသားစုမှ ပြိုင်ပွဲကို ကြည့်ရှုရန်လာ ရောက်သည့်သူများအပြင် တိုက်ပွဲများအတွက် စီမံတာဝန်ယူပေး မည့် လူများလည်း သည်နေရာတွင် ရှိနေကြသည်။သူတို့ထဲမှ သုံး ယောက်သည် မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လာရောက် ကြခြင်း ဖြစ်သည်။
သုံးယောက်ထဲမှ နှစ်ယောက်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင် ထားကာ မျက်လုံးများက အေးစက်နေ၏။နောက်တစ်ယောက် သည် အဘိုးအိုတစ်ယောက် ဖြစ်ကာ ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။သူက သူ့ရှေ့ရှိ အရာအားလုံးကို ဂရုမစိုက် သည့်ဟန်နှင့် မျက်လုံးမှိတ်ထား၏။
မိုးကြိုးကောင်းကင်ဘုံကျောင်းတော်မှ လာရောက်သည့် အစိမ်း ရောင်ဝတ်စုံနှင့်နှစ်ယောက်သည် ထိုခရမ်းရောင်ဝတ်စုံနှင့် အကြီးအကဲကို အတော်လေး လေးစားဟန် ဖြစ်ပေါ်နေ၏။ တောင်ပိုင်းနယ်မြေရှိ အနီးအနားမှ ဘိုးဘေးများပင် သူ့အပေါ်၌ လေးစားမှုအတော်ထားကြသည်။
သူတို့သုံးယောက်အပြင် တောင်ပိုင်းနယ်မြေ၏ ကျင့်ကြံခြင်း မိသားစုများမှ ဘိုးဘေးများလည်း ရောက်ရှိနေကြ၏။ထိုလူများ က အဖြူရောင်ကျောက်တုံးများအပေါ်၌ ထိုင်နေကြ၏။အဖြူ ရောင်ကျောက်တုံးသည် ဆယ်တုံးထက် မကျော်ပေ။သို့သော် ၎င်းကျောက်တုံးများပေါ်၌ ထိုင်နေကြသည့် တစ်ယောက်ချင်း စီသည် ကျော်ကြားလှသူချည်း ဖြစ်နေ၏။
သို့သော်လည်း ရှန်ကုန်းမိသားစုဘိုးဘေးနှင့်လီယွမ်ဇီတို့သည် သည်နေရာ၌ ရှိမနေခဲ့ပါ။
ပြိုင်ပွဲကွင်းအတွင်းရှိ တိုက်ပွဲသည် တဖြည်းဖြည်း အဆုံးသပ်သို့ ရောက်လာနေ၏။
ခဏအကြာတွင် တိုက်ခိုက်နေသူနှစ်ယောက်ထဲမှ တစ် ယောက်၏ ခန္ဓာကိုယ်သည် မန္တာန်တစ်ခု ထိမှန်သွား သည့်အတွက် တုန်ရီနေ၏။သူ့မျက်နှာက ဖြူရောက ပါးစပ် ထောင့်ကနေ သွေးများစီးကျနေသည်။သူက သူ့ပြိုင်ဘက် သူ့ နောက်သို့ လိုက်လာသည်ကို တွေ့သည့်အခါ သက်ပြင်းချကာ ဝန်ခံ၏။ “ငါ အရှုံးပေးတယ်...
ဒဏ်ရာရသွားသောသူနောက်သို့ လိုက်လာသူက ရယ်မော လိုက်၏။သူက ဆက်၍ မတိုက်ခိုက်တော့ဘဲ နောက်သို့ ပြန်လှည့် သွားတော့သည်။
ပြိုင်ပွဲကွင်းအတွင်း၌ အရိပ်တစ်ခုပေါ်လာ၏။ထိုလူက မိုးကြိုး ကောင်းကင်ဘုံကျောင်းတော်၏ အစိမ်းရောင်ဝတ်တမန်တော်ထဲ မှ တစ်ယောက် ဖြစ်၏။သူက ပြိုင်ပွဲကွင်းကို ခြုံငုံကြည့်ပြီး တည်ငြိမ်စွာ ဆိုလာ၏။ “လီရီ ..အနိုင်ရတယ်...
မြေမီးတောက်ဂြိုဟ်၏ အပြင်ဘက်၌ တိုက်ပွဲ ဖြစ်ပွားပြီးပြီးချင်း ဝမ်လင်း၏ ပုံရိပ်သည် ကီလိုမီတာများစွာ အကွာကနေ ပေါ်ထွက်လာ၏။
“လီယွမ် ငါ့ကို ပြောခဲ့တာက တောင်ပိုင်းနယ်မြေရဲ့ ပြိုင်ပွဲက မြေ မီးတောက်ဂြိုဟ်အပြင်နားမှာ ကျင်းပမယ်တဲ့။ ပြိုင်ပွဲဝင်သူတိုင်း က တောင်ပိုင်းနယ်မြေရဲ့ အသိအမှတ်ပြုတုန်ကင်တစ်ခု ရှိရလိမ့် မယ်။လူတစ်ယောက်က တုန်ကင် မရှိရင် ဝင်ရောက်ခွင့်မရှိဘူး။ တကယ်လို့ ဝင်ရောက်လိုက်တာနဲ့ အဲ့လူဟာ ပေတစ်သိန်းဧရိယာ အတွင်းမှာ ချိပ်ပိတ်ခြင်း ခံရလိမ့်မယ်။ နောက်ကျသွားရင်လည်း ဝင်ရောက်လို့ ရမှာ မဟုတ်ဘူး..”
ဝမ်လင်းသည် အေးစက်စွာ နှာခေါင်းရှုံ့၏။သူက ခြေတစ် လှမ်းလှမ်းလိုက်ရာ လှိုင်းတွန့်များ သူ့ခြေထောက်အောက်၌ ပေါ်လာ၏။နောက်တစ်လှမ်း လှမ်းလိုက်ရင်း သူက ပျောက်ကွယ် သွားတော့သည်။
မြေမီးတောက်ဂြိုဟ်၏ ကီလိုမီတာတစ်သိန်းအတွင်း၌ ကီလိုမီတာတစ်သောင်းစီ အကွာတိုင်းတွင် ကျင့်ကြံသူများ ရှိနေသည်။သူတို့က ဂြိုဟ်ကို ဝန်းရံထားပြီး အပြင်လူများ ဝင်မ ရောက်လာနိုင်ရန် တားဆီးထားကြသည်။
သူတို့ထံကနေ စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများ ထွက်ပေါ် နေကာ ချိတ်ဆက်၍ ပိုက်ကွန်သဖွယ် ဖြစ်ပေါ်နေသည်။
မန်လင်းသည် ခုလက်ရှိ၌ ကြယ်များကြား၌ ထိုင်နေ၏။သူ့စိတ် ထဲကနေလည်း ဒေါသထွက်နေသည်။သူက မြေမီးတောက်ဂြိုဟ် မှ မန်မိသားစုမှ တစ်ယောက် ဖြစ်သည်။သူက ပြိုင်ပွဲအတွင်း အသုံးပြုမည့် ကောင်းကင်ဘုံမန္တာန်များကို လေ့လာလို့သည့် အခွင့်ရေးတစ်ခု လိုချင်ခဲ့သော်လည်း သည်နေရာသို့ စေလွှတ် ခြင်း ခံခဲ့ရသည်။ထို့ကြောင့် သူက အတော်လေး ဒေါသထွက်နေ ခြင်း ဖြစ်၏။
သူက သူ့ကံမကောင်းမှုအကြောင်း တွေးမိလေလေ ပိုဒေါသ ထွက်နေမိလေ ဖြစ်နေသည်။သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ် နိုင်ဘဲ ရှိနေသည်။
“ငါသာ ကောင်းကင်ဦးစီးပြိုင်ပွဲမှာ အသုံးပြုတဲ့ မန္တာန်တွေအများ ကြီးကို တွေ့မြင်ရရင် ငါ့ကျင့်ကြံမှုအတွက် အတော်လေး အကျိုး ရှိမှာ ဟူး ခုတော့
မန်လင်းက သက်ပြင်းချနေမိ၏။သူက စိတ်ဝိညာဉ်အသွင် ပြောင်းခြင်းနောက်ဆုံးအဆင့်တစ်ယောက် ဖြစ်ကာ အာဏာ တက်ခြင်းအဆင့်သို့ပင် ခြေချနိုင်စွမ်း မရှိသေးပေ။ထို့နောက် သူ သည် သူ့ရှေ့တည့်တည့်သို့ မော့ကြည့်လိုက်၏။
ရုတ်တရက် သူနှင့် ပေတစ်ထောင်အကွာတွင် လှိုင်းတွန့်တစ်ခု ပေါ်လာခဲ့သည်။ထိုလှိုင်းတွန့်များ ပျံ့နှံ့လာပြီးနောက် လူတစ် ယောက် လှမ်းထွက်လာသည်။
ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ သူ့အနက် ရောင်ဆံပင်များက လေမတိုက်ဘဲ မြောလွင့်နေ၏။မန် လင်း၏အကြည့်သည် ထိုလူ၏ မျက်လုံးနှင့် တွေ့ဆုံသွားသည့် အခါ သူ့စိတ်ထဲ၌ မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံလိုက် သကဲ့သို့ ခံစားမိသွားစေ၏။
ထိုအခိုက်အတန့်၌ သူ့အသိစိတ်သည် လွတ်သွားရသည်။
ဝမ်လင်း၏ပုံရိပ်က ဖျပ်ခနဲ မန်လင်းကို ကျော်လာ၏။
Comments
Post a Comment