အပိုင်း(151)
အသက်ရှင်လျက် လွတ်မြောက်ခြင်း
လောဘကြီး၏ ဆံပင်များပင် ထောင်မတ်သွားသည်။ သူက ကောင်းကင်ဘုံစုံတွဲဝမ်ဝေ့နှင့်ဟူကျွမ်တို့၏ အဖမ်းခံ ရစဉ်ကပင် ခုလောက် သေခြင်းတရားနှင့် နီးကပ်သည်ဟု မခံစားမိခဲ့ပေ။
ထိုပုံရိပ်ယောင်လက်ချောင်းက ကောင်းကင်ဘုံတာအိုက နေ ဖြစ်ပေါ်လာသလား ထင်မှတ်ရသည်။၎င်းက ကောင်းကင်ဘုံနှင့် တစ်သားတည်း ဖြစ်နေ၏။
ယင်းလက်ချောင်းက ကျင့်ကြံသူတစ်ယောက် နားလည် နိုင်သော တာအိုလောက် မရိုးရှင်းပေ။
လောဘကြီး၏ ကျင့်ကြံမှုအဆင့်က ပုံရိပ်ယောင်ယင် အဆင့်သာ ဖြစ်သော်လည်း သူ့အဆက်အသွယ်များက သာမန်မဟုတ်ပေ။သူက ဒုတိယအဆင့်ရှိ လူများနှင့် အကျွမ်းတဝင် သိရှိသူ ဖြစ်သည်။ထို့ကြောင့် သူက ဒုတိယ အဆင့်နှင့် ပတ်သတ်၍ လျှို့ဝှက်ချက်တော်တော်များများကို လည်း သိရှိထားပေသည်။
သူက ထိုလက်ချောင်းအတွင်း၌ ကြောက်မက်ဖွယ်တာအို ပါဝင်နေကြောင်း သူက တစ်ချက် ကြည့်ရုံနှင့် ပြောနိုင်စွမ်း ရှိပေ၏။
လက်ချောင်းက ရှေ့သို့ ညွှန်လိုက်ရုံသာ ဖြစ်ပြီး မည်သည့် တုန်ခါမှုလှိုင်းမှ ထွက်ပေါ်သွားခြင်း မရှိပေ။ သေမျိုးတစ် ယောက်က လက်ညှိုးထိုးလိုက်သလောက်သလောက်သာ ရှိ၏။
သို့သော် ထိုအရာကပင် ဝမ်လင်း၏ မျက်လုံးသူငယ်အိမ် ကို ကျုံ့သွားစေသည်။သူက ထိုလက်ညှိုးနှင့် တွေ့ဆုံရ သည်နှင့် သူ့မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားတော့မတက် ခံစားလိုက်ရသည်။
လောဘကြီးက ပို၍ နီးသဖြင့် ထိုအစားချက်က သူ့ အတွက် အဆများစွာ ပိုပြင်းထန်နေသည်။သူက တောင်တန်းနှင့်မြစ်အကာအရံအတွင်း၌ ချက်ခြင်း နောက်သို့ ဆုတ်၏။
ထိုအခိုက်အတန့်တွင် တောင်တန်းနှင့်မြစ်အကာအရံ သည် သည်ဧရိယာကို လွှမ်းခြုံထားခြင်း ဖြစ်သည်။ သို့ရာတွင် မည်သို့ပင်ဖြစ်စေ လက်ချောင်းကတော့ တောင်တန်းနှင့်မြစ်ကို ထွင်းဖောက်ကာ ဖိချလာချေသည်။
အကာအရံကနေ အက်ကွဲသံများ ထွက်ပေါ်လာကာ မရေ မတွက်နိုင်သော အက်ကွဲကြောင်းများလည်း ပေါ်လာသည်။ လောဘကြီးက နောက်သို့ အမြန်ဆုတ်နေရင်း သွေးအန် လိုက်ရ၏။သူ့ဒဏ်ရာများက ဆိုးရွားနေခဲ့ချေပြီ။
ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက ရပ်တန့်သွား ခြင်း မရှိဘဲ လောဘကြီးအပေါ်သို့ ဖိနှိပ်ကျရောက်လာ၏။
ဝမ်လင်းက တောင်တန်းနှင့်မြစ်အကာအရံကို စူးစိုက် ကြည့်နေ၏။ ထိုအကာအရံက အက်ကွဲကြောင်းများ ရှိနေ သော်လည်း ၎င်း၏စွမ်းအားကို ပိုင်ဆိုင်ထားဆဲသာ ဖြစ်သည်။သူ့မျက်လုံးက ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာ၏။ သူက လက်ချောင်းသည် လောဘကြီး ထံသို့ ဦးတည်သွားသည် မြင်သည်နှင့် ဝမ်လင်းက အံ တင်းတင်း ကြိတ်သည်။ထို့နောက် သူက အရိုးကို ကောင်းကင်ဘုံသက်တော်စောင့်နှင့် တည်နေရာရွှေ့ပြောင်းလိုက်၏။ ထားခဲ့ကာ
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက အကာအရံနားသို့ ရောက်ရှိသွား၏။
ခုချိန်၌ လောဘကြီးသည် ဝမ်လင်း သူ့ရတနာကို ခိုးယု ခြင်းနှင့် ပတ်သတ်၍ စိတ်မဝင်စားနိုင်သေးချေ။သူက အ မြန်ဆုံးနည်းနှင့် လွတ်မြောက်နိုင်ရန်သာ လှုပ်ရှားနေရ၏။
ရှေးဟောင်းနတ်ဘုရား လက်ချောင်းက ရုတ်တရက် တန့်သွားကာ ဝမ်လင်းရှိရာဘက်သို့ လှည့်လာ၏။
ဝမ်လင်းဦးရေပြားက တင်းကြပ်သွား၏။ချက်ခြင်းပင် သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များအားလုံးကို သူ့ညာလက်ချောင်းထိပ်၌ စုစည်းကာ အော်ပြောလိုက် သည်။ "ရပ်တန့်ခြင်း..."သူ့ပစ်မှတ်က ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်း မဟုတ်ဘဲ လောဘကြီးထံသို့သာ ဖြစ်သည်။
လောဘကြီးမျက်လုံးက ချင်းချင်းနီရဲနေ၏။သူ့ခန္ဓာကိုယ် က ခဏတာ ရုတ်တရက် ရပ်တန့်သွားသည်။သူက စိတ် ထဲ၌ ကျိန်ဆဲမိလိုက်၏။ သူက ခဏတာသာ တုံ့ဆိုင်းသွား ခြင်း ဖြစ်သော်လည်း ထိုအဖြစ်ကပင် ရှေးဟောင်းနတ် ဘုရားလက်ချောင်းကို စွဲဆောင်သွား၏။
ထိုအခွင့်အရေးကို အသုံးချကာ ဝမ်လင်သည် အကာအရံ ကို ဆွဲကိုင်လိုက်ကာ သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်း လိုက်၏။ထို့နောက် သူက တုံ့ဆိုင်းခြင်းမရှိ နောက်ပြန် ဆုတ်သည်။
သူ့နှလုံးသားက ခုန်ပေါက်နေ၏။ သူ့ရှေ့ရှိ အန္တရာယ် သည် မပြီးဆုံးသေးပေ။သူက ကောင်းကင်ဘုံ သက်တော်စောင့် ရှိရာသို့ အမြန်ဆုံးနှုန်းနှင့် ရွှေ့လျား လာ၏။
ကောင်းကင်ဘုံသက်တော်စောင့်က ထွက်ပြေးနေရာက နေ လုံးဝ ရပ်တန့်ခြင်း မပြုပေ။သို့ရာတွင် ၎င်းက လမြွေ နဂါးကြီးနှင့် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတို့ကို ရင်ဆိုင်နေရချိန်၌ သူ့အမြန်နှုန်း လုံလောက်ခြင်း မရှိတော့ပေ
လောဘကြီး၏ မျက်နှာက အလွန်ဖြူရောနေ၏။ ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက နီးကပ်လာသည်နှင့် လောဘကြီးက ချက်ခြင်းပင် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ တောက်ပသောသရဖူတစ်ခု ပေါ်လာ၏။ ၎င်း သရဖူက သေမျိုးအင်ပါယာတစ်ယောက်၏ သရဖူနှင့် ဆင် တူကာ ရတနာငါးသွယ် အပေါ်၌ ရေးထွင်းထားသည်။ သရဖူထံကနေ သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေကြီး စွမ်းအင် များက စီးပျံ့လာ၏။
သူက ထိုသရဖူကို သူ့ခေါင်းပေါ်သို့ ချက်ခြင်း ဆောင်း လိုက်သည်။သရဖူထံမှ ရွှေရောင်အလင်းက ထိန်လင်းနေ သည်။၎င်းအလင်းက လောဘကြီးကို ကာရံ လွှမ်းခြုံပေး လာသည်။ထို့နောက် ဧရာမအရိပ်ကြီးတစ်ခုက ခန္ဓာကိုယ်ထက်၌ ရုတ်တရက် ပေါ်လာ၏။ ထိုအရိပ်က ရှင်းရှင်းလင်းလင်း အသွင်သဏ္ဌာန် ရှိမနေဘဲ နဂါးဝတ်ရုံ ကို ဝတ်ဆင်ထား၏။ ခမ်းနားထည်ဝါမှုက ယင်းဧရိယာ တွင် ရုတ်တရက် ပေါ်လာချေသည်။
လောဘကြီးက အော်ပြောလိုက်သည်။ "ကောင်းကင်ဘုံ အင်ပါယာ သရဖူကို အသက်သွင်းနိုင်ဖို့ ဒီအဘိုးအိုက သေ မျိုးအင်ပါယာ (၉၉၉၉)ယောက်ကို သတ်ခဲ့ပြီး သူတို့ရဲ့ စိတ် ဝိညာဉ်ကို ဒီသရဖူထဲကို ထည့်သွင်းခဲ့တယ်။ ငါက ဒီသရဖူ ဟာ ဒီသောက်သားရဲရဲ့ လက်ချောင်းတိုက်ချက်ကို ခုခံနိုင်မ လား တွေ့မြင်ချင်မိတယ်..."
ရှေးဟောင်းနတ်ဘုရားလက်ချောင်း၏ ပုံရိပ်ယောင်က လောဘကြီးပေါ်သို့ ကျရောက်လာချေ၏။ကောင်းကင်ဘုံပင် တုန်ခါသွားစေနိုင်သည့် ပေါက်ကွဲသံ က သည်ဧရိယာတွင် ပဲ့တင်ထပ်သွားသည်။
ရှေးဟောင်းနတ်ဘုရား၏လက်ချောင်းကတော့ ပြောင်းလဲသွားခြင်း မရှိပေ။၎င်းက လောဘကြီးကို ဖိနှိပ် ပြီးနောက် ချက်ခြင်း ပြန်ရုတ်သိမ်းလိုက်၏။
လောဘကြီးအတွက်တော့ သူ့မျက်နှာက ပိုဖြူရောလာ ကာ သူ့ပတ်လည်ရှိ ရွှေရောင်အလင်းကလည်း ပျက်စီးသွား ချေပြီ။အင်ပါယာ(၉၉၉၉)ယောက်၏ စိတ်ဝိညာဉ်ကလည်း ပျောက်ကွယ်သွားကာ သရဖူက သူ့ဦးခေါင်းထက်ကနေ လိမ့်ဆင်းကျသွားသည်။ထူးဆန်းသည်မှာ ထိုသရဖူသည် ရှေးဟောင်းနတ်ဘုရားလက်ချောင်းတိုက်ချက် တစ်ခုကို ခံ လိုက်ရသော်လည်း လုံးဝ အကောင်းတိုင်း ရှိနေခြင်းပင်။
ပြင်းထန်သောအားတစ်ခုက လောဘကြီး၏ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက်လာခဲ့သည်။သူ့ခန္ဓာကိုယ်က တုန်ယင် နေ၏။ထို့နောက် သူက သက်တံရောင်အလင်းကို ပေးစွမ်း သွားပြီးနောက် ကြယ်ပျံတစ်စင်းအလား ပျံသန်းလွင့်ထွက် သွားချေသည်။ သူက ကြယ်များကြားတွင် ပျောက်ကွယ် သွားကာ သေသလား၊ရှင်သလား မသိရတော့ပေ။
ဝမ်လင်းမျက်လုံးများက ထိတ်လန့်မှုနှင့် ပြည့်နေ၏။ သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်း လောဘကြီးပေါ် သို့ ဖိချလိုက်သည့် အခိုက်အတံ့တွင် နောက်သို့ တစ်စက်မှ မလှည့်ဘဲ တစ်ကျိုးတည်း ပြေးတော့၏။
သို့ရာတွင် ထိုအခိုက်အတန့်၌ ရှေးဟောင်းနတ်ဘုရား လက်ချောင်း၏ ပုံရိပ်ယောင်သည် ဝမ်လင်းနောက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
ရှေးဟောင်းနတ်ဘုရား၏ ရင်းနှီးသောအော်ရာက သည် ပတ်ဝန်းကျင်ဧရိယာတွင် လွှမ်းခြုံလာ၏။
လက်ချောင်းတစ်ခုက ဖိနှိပ်ကျလာပြန်၏။
ထိုလက်ချောင်း၏ ဦးတည်ရာက ဝမ်လင်းထံသို့
ဖြစ်သည်။
ထိုလက်ချောင်းက မြန်ဆန်လွန်းလှ၏။ ၎င်းက သူနှင့် အလျင်အမြန် နီးကပ်လာသည်။ ထိုသေရေးရှင်ရေးကြား၌ ဝမ်လင်းမျက်လုံးက အေးစက်လာကာ သူက ကောင်းကင်ဘုံသက်တော်စောင့်အပေါ်သို့ သူ့လက်ကို နေရာချလိုက်သည်။သူက ကောင်းကင်ဘုံသက်တော်စောင့် ထံမှ သတ်ဖြတ်ခြင်းစွမ်းအင်များကို ထုတ်ယူလိုက်၏။
ချက်ခြင်းပင် သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း တစ်သန်းက ပေါ်လာ၏။၎င်းစွမ်းအင်များက ရှေးဟောင်း နတ်ဘုရားလက်ချောင်းကို ပိတ်ဆို့ရန်အတွက် အသက် ဓာတ်ချိပ်တံဆိပ်များအဖြစ်သို့ ပြောင်းလဲသွား၏။
အသက်ဓာတ်ချိပ်တံဆိပ်များအားလုံးသည် စက္ကူကို ဓား ဖြင့် ပိုင်းသလို ပျက်စီးသွားကြ၏။
ဝမ်လင်းအသွင်က ဖြူရောသွားသည်။သို့သော် သူ.မျက်လုံးထဲ၌ အလွန်အမင်းကြောက်လန့်မှုတော့ ရှိမနေပေ..
သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့်အတူ နောက်သို့ ဆုတ်ကာ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ ထိုအခါ ဒုတိယကောင်းကင်ဘုံသက်တော်စောင့်က သူ့ရှေ့ တွင် ဒိုင်းတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။
ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက ဒုတိယ ကောင်းကင်ဘုံသက်တော်စောင့် အပေါ်သို့ ဖိနှိပ်ကျလာ၏။ ဒုတိယကောင်းကင်ဘုံသက်တော်စောင့်က တုန်ယင်သွား ကာ မြန်မြန်ဆန်ဆန် စတင် ပျက်စီးလာသည်။
ဒုတိယကောင်းကင်ဘုံသက်တော်စောင့် တစစီ ဖြစ်သွား သည့်နောက် ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းက ဝမ်လင်းခန္ဓာကိုယ်နှင့် ခုနစ်လက်မလောက်သို့ ရောက်ရှိလာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဆုတ်ပြဲ ပေါက်ကွဲထွက် တော့မလို ခံစားချက်ကို အားကောင်းစွာ ခံစားမိလိုက်ရ သည်။
ဝမ်လင်းက ဒေါသတကြီး အော်ဟစ်၍ သူ့ခေါင်းကို မော့ လိုက်သည်။ လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းတစ်ခုသည် ရုတ်တရက် ထိုးထွက်လာကာ ထိုလက်ချောင်းနှင့် ထိတိုက်သွား၏။
လင်းကျန်ဟူ၏ ဓားစွမ်းအင်သည် ပြင်းထန်အားကောင်း လှသည့်အတွက် လက်ချောင်းကို အနည်းငယ် နှေးကွေး သွားစေသည်။ သို့ရာတွင် လက်ချောင်းက ချက်ခြင်းပင် နောက်တစ်ဖန် ဖိနှိပ်ကျလာ၏။ သည်တစ်ကြိမ်၌ ၎င်းလက်ချောင်းက ဝမ်လင်း ရင်ဘက်ပေါ်သို့ ကျရောက်လာ ခြင်းပင်။
ဝမ်လင်း ရင်ဘက်ထက်ကနေ ပြင်းထန်သော နာကျင်မှု တစ်ခု ထွက်ပေါ်လာ၏။ ထိုနာကျင်မှုက ချက်ခြင်းပင် သူ့ ခန္ဓာကိုယ်အနှံ့သို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်၌ ဝမ် လင်းခန္ဓာကိုယ်က ပျက်စီးလာသည်။
ပျက်စီးသွား၏။ အရင်ဆုံး သူ့အသွေးအသားများ သည့်နောက် သူ့အရိုးက ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွား သည်။ ရှေးဟောင်းနတ်ဘုရားလက်ချောင်းက ဝမ်လင်း ခန္ဓာကိုယ်ကို ဖျက်စီးသွားခဲ့ချေပြီ။သို့သော် ၎င်းက ထို နေရာမှာပင် ရပ်တန့်နေခြင်း မရှိပေ။ ၎င်းက ဝမ်လင်း၏ မူလစိတ်ဝိညာဉ်ပေါ်သို့ ဖိကျလာ၏။ သည်လမြွေနဂါးသည် သူ့ကို အပီအပြင် သတ်ဖျက်ပစ်နေခြင်းပင်။
ထိုအခိုက်အတန့်၌ ဝမ်လင်းသည် သူ့မူလစိတ်ဝိညာဉ်က ပါ မတည်မငြိမ် ဖြစ်လာကာ သူ့ခန္ဓာကိုယ်ကနေ ထွက်ခွာ မည့်ဟန် ပြသလာ၏။ သူက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုလိုက်ပြီးနောက် သူ့မူလစိတ်ဝိညာဉ်သည် ခန္ဓာကိုယ်မှ ထွက်ခွာနိုင်စွမ်း မရှိတော့ဘဲ အတားအဆီးတစ်ခုက ပိတ်ဆို့နေ၏။။
သူက မည်သို့ ကြိုးစားပါစေ ထိုအတားအဆီးကို ချိုးဖျက် နိုင်စွမ်းမရှိ ဖြစ်ခဲ့၏။ထို့အတွက်ကြောင့် ဝမ်လင်းသည် အချို့သောမန္တာန်များကို အသုံးပြုနိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။
သို့ရာတွင် ခုချိန်၌ ရှေးဟောင်းနတ်ဘုရားလက်ချောင်း က နီးကပ်လာသည့်အခါ သူ့ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရ သည့်အခါ ထိုအတားအဆီးအရံအတားသည်လည်း ဖျက်စီး ခံလိုက်ရချေသည်။
ဝမ်လင်းမူလစိတ်ဝိညာဉ်က သိပ်သည်းသော လျှပ်စီးကို ပေးစွမ်းလာကာ ရှေးဟောင်းမိုးကြိုးနဂါးအဖြစ်သို့ ပြောင်းလဲသွား၍ ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ဟိန်းဟောက်လိုက်သည်။
၎င်းက ဟိန်းဟောက်နေရင်း မရေမတွက်နိုင်သော မိုးကြိုးလုံးများက ပေါ်လာကာ ရှေးဟောင်းနတ်ဘုရား၏ လက်ချောင်းကို တိုက်ခိုက်လာသည်။
ရှေးဟောင်းနတ်ဘုရားလက်ချောင်း အရှိန်လျော့သွား သည်ကို အခွင့်ကောင်းယူကာ ဝမ်လင်းသည် သူ့ခန္ဓာကိုယ် သူ့ ပျက်စီးသွားသည့်နောက် ပြုတ်ကျသွားသည့် သူ့သိုလှောင် အိတ်ကို ကောက်ယူလိုက်သည်။ သူ့မူလစိတ်ဝိညာဉ်က မိုးကြိုးနဂါးအဖြစ်သို့ ပြောင်းလဲလိုက်သည့်အခါ ခန္ဓာကိုယ်ထက် အဆပေါင်းများစွာ ပိုမြန်ဆန်သွားပေ သည်။သူက ကောင်းကင်ဘုံသက်တော်စောင့်နှင့်အရိုး တစ်ဝက်ကို သယ်ဆောင်ကာ မြန်ဆန်စွာ ထွက်ပြေး တော့သည်။
သူက ထွက်ပြေးနေရင်း စိတ်ထဲ၌ ခါးသီးစွာ ခံစားနေ ရ၏။သို့ရာတွင် ထိုအခိုက်အတန့်၌ သူ့နလောဘကြီး၏ သရဖူက မြောလွင့်နေသည်ကို တွေ့မြင် လိုက်၏။
သူ့နှလုံးသားက တစ်ချက် ခုန်သွားကာ သူက ထိုသရဖူ ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်ပြီး နောက်မ လှည့်တမ်း ဆက်သွားတော့သည်။
ရှေးဟောင်းနတ်ဘုရားလက်ချောင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။လမြွေနဂါးက အကာအဝေးတစ် ခုရှိ ဝမ်လင်းကို ကြည့်၍ စဉ်းစားနေသည်။ထို့နောက် မီး ပြင်းဖိုကို ထွေးခြုံထားသော ၎င်း၏ လက်တံများကို တစ် ချက်က ကြည့်သည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် ၎င်း က ဝမ်လင်းနောက်သို့ လိုက်ပါလာချေ၏။
ဝမ်လင်းက သူ့နောက်သို့ လမြွေနဂါးလိုက်ပါလာသည် ကို သတိပြုမိသည့်အခါ စိတ်ထဲ၌ ကျိန်ဆဲနေမိ၏။
ဝမ်လင်းသည် သည်ခရီးစဉ်တွင် များစွာ ဆုံးရှုံးခဲ့ရ၏။ ကြယ်ခုနစ်ခုဓားအစီအရင်သည်လည်း ပျက်စီးသွားသလို အတားအဆီးအလံ၊လင်းထျန်ဟူ၏ ဓားစွမ်းအင်တန်းတစ်ခု တို့ကိုပါ ဆုံးရှုံးခဲ့ရသည်။ သူ့ခန္ဓာကိုယ်ပင် ဖျက်စီးခံခဲ့ရကာ သူက သူ့မူလစိတ်ဝိညာဉ်နှင့် ထွက်ပြေးလာရခြင်းသို့ ဆိုက်ရောက်နေသည်။
သို့သော် သူ့အကျိုးအမြတ်ကလည်း ကြီးမားလှ၏။ သူ့ မူလစိတ်ဝိညာဉ်က နောက်ဆုံးတွင် လမြွေနဂါး၏ အရိုး တစ်ဝက်၊ကောင်းကင်ဘုံတောင်၊တောင်နှင့်မြစ် အကာအရံ၊ သရဖူတို့နှင့်အတူ ထွက်ပြေးလာနိုင်ခဲ့သည် မဟုတ်လား။
သူက အဆုံးသပ်တွင်တော့ အောင်မြင်မလား၊ကျရှုံးမ လား မပြောနိုင်သေးပေ။ သူက သက်ပြင်းချရုံသာ တက်နိုင် တော့၏။ ထို့နောက် သူသည် ပို၍ မြန်ဆန်လာခဲ့သည်။ လ မြွေနဂါးကလည်း သူ့ထံသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာ နေ၏။ ၎င်းက တစ်ချက်လှုပ်ရှားလိုက်ချိန်တိုင်း အကွာ အဝေးမြောက်များစွာကို ဖြတ်သန်း ရောက်ရှိပြီး ဖြစ် နေသည်။
ဝမ်လင်းတွင် ခန္ဓာကိုယ်သာ ရှိနေသေးပါက သူသည် အ ဖမ်းခံနေရလောက်ပြီ ဖြစ်သည်။ သို့သော် ခုချိန်၌ သူ့တွင် ခန္ဓာကိုယ် မရှိတော့သည့်အတွက် သူ့မူလစိတ်ဝိညာဉ် သပ်သပ်၏ အမြန်နှုန်းက ယခင်ထက် အဆများစွာ ပိုမြန် လာနိုင်ခဲ့သည်။
သူက တရပ်ကြမ်းပြေးနေရင်း ဝမ်လင်းမူလစိတ်ဝိညာဉ် က ကြယ်သံလိုက်အိမ်မြှောင်ထဲသို့ ဝင်ရောက်လိုက်၏။ သည့်နောက် သူက လမြွေနဂါး၏ အရိုးတစ်ပိုင်းနှင့်အတူ အရူးအမူး လွတ်မြောက်အောင် ပျံသန်းနေတော့သည်။
ဝမ်လင်းတွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းက တေ ထပ်မံ၍ ကံကောင်းထောက်မ လွတ်မြောက်နိုင်ဦးမည် ဟု ယုံကြည်ချက် မရှိပေ။လမြွေနဂါးကသာ သူ့ကို ဖမ်းမိသွားပါက သူက သေချာပေါက် သေဆုံးရပေမည်။
သူ့မူလစိတ်ဝိညာဉ်က
ကြယ်သံလိုက်အိမ်မြှောင်ထဲသို့ဝင်လိုက်သည့်နောက် သူ့အမြန်နှုန်းက အံ့မခန်းအဆင့်သို့ ရောက်ရှိသွားကာ လမြွေနဂါးနှင့် တူညီသောနှုန်းသို့ ရောက်ရှိသွားချေ၏။ သူက လွတ်မြောက်နိုင်စွမ်း မရှိသေး သော်လည်း လမြွေနဂါးနှင့် အကွာအဝေးတစ်ခုကိုတော့ ထိန်းထားနိုင်စွမ်း ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း သည်လိုပျံသန်းမှုမျိုးက ဝမ်လင်း၏ မူလ စိတ်ဝိညာဉ်အပေါ်သို့ ဖိအားပွတ်တိုက်မှုများစေ၏။ သူ့မူလ စိတ်ဝိညာဉ်က နဂိုတည်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ဖြစ်ကာ ခုချိန်၌ သူ့ဒဏ်ရာများက ပို၍ ဆိုးဝါး် လာကာ သူ့မူလစိတ်ဝိညာဉ်သည် မှိန်ဖျော့လာချေသည်။
ဝမ်လင်းက ဖြတ်သန်းလာကာ မြောက်ပိုင်းနယ်မြေကြီးတစ်ခုလုံးကို အစည်း၏ တောင်ပိုင်းနယ်မြေသို့ ရောက်ရှိလာချေ၏။ အလုံးစုံကောင်းကင်ကြယ်အဖွဲ့
အရှိန်ကုန်၊အစွမ်းကုန် အမြန်နှုန်းဖြင့် ပျံသန်းရခြင်းက ဝမ်လင်းမူလစိတ်ဝိညာဉ်ကို အားနည်းသထက် အားနည်း လာစေခဲ့သည်။သူက ဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ သို့ရာတွင် လမြွေနဂါးသည်လည်း အရှိန်လျော့ သွားကာ ၎င်းက တောင်ပိုင်းနယ်မြေ အစပ်သို့ မရောက်ခင် လေးမှာပင် ရပ်တန့်သွားသည်။၎င်းက ခပ်အုပ်အုပ် ငြီးတွား သံပြုလိုက်၏။ သို့သော် ၎င်းက ထိုအစပ်ကို ဖြတ်ကျော်လာ ရဲခြင်း မရှိ ဖြစ်နေသည်။
မိုးကြိုးထောင်..(နောက်တစ်ပိုင်း)
ဝမ်လင်းက မှင်သက်သွားသည်။သည့်နောက် သူက ချက် ခြင်းပင် ကျေနပ်ဘဝင်ခိုက်သွားတော့၏။ အချိန် အတန်ကြာ ဆက်လက် ပျံသန်းပြီးသည့်နောက် သူက လ မြွေနဂါးသည် သူ့နောက်သို့ ဆက်လက် လိုက်ပါလာခြင်း မ ရှိတော့သည်ကို သတိပြုမိလိုက်သည်။ သူတို့နှစ်ယောက် ကြားရှိ အကွာအဝေးသည် ပိုကြီးသထက် ကြီးလာခဲ့ချေ သည်။
ဝမ်လင်းက ခုမှ စိတ်သက်သာရာရကာ သက်ပြင်းချနိုင် တော့၏။ သူ့မျက်လုံးထဲ၌လည်း ထိတ်လန့်မှုအငွေ့အသက် တို့က ရှိလို့နေဆဲသာ။
"ဒီလမြွေနဂါးက တော်တော်လေးကို အားကောင်းလှ တယ်။၎င်းက နည်းနည်း နှေးကွေးသွားတာကြောင့်သာ မဟုတ်ရင် ငါတော့ သေနေလောက်ပြီ။ထူစီရဲ့ မှတ်ဉာဏ်ထဲ က လမြွေနဂါးနဲ့နှိုင်းယှဉ်ရင် ဒီနှစ်ကောင်ရဲ့ ပုံပန်းသဏ္ဌာန် ကလွဲလို့ ဒီလမြွေနဂါးနှစ်ကောင်ကြားမှာ ဘာမှ တူတာ မရှိဘူး။ ဒီလမြွေနဂါးက ဘာကြောင့်များ ဒီလောက်စွမ်းအားကောင်းနေရတာလဲ..."
ဝမ်လင်းက မြောက်ပိုင်းနယ်မြေရှိရာသို့ ပြန်လည့်ကြည့် ကာ စတင်စဉ်းစားနေသည်။
"ဒီလမြွေနဂါးက ဒီလောက်တောင်သန်မာတာ...ဘာ ကြောင့်များ ဒီနေရာထိ လာဖို့ ကြောက်နေရတာလဲ...။ ဖြစ် နိုင်တာက ဒီနေရာမှ ဒီကောင် ကြောက်ရမယ့် တစ်စုံတစ်ခု ရှိနေလို့လား..."
သူက နားလည်နိုင်ခြင်း မရှိပေ။ထို့နောက် သူ့မူလစိတ် ဝိညာဉ်၏ အခြေအနေကို စစ်ဆေးကြည့်ပြီးနောက် ခါးသီး စွာ ပြုံးလိုက်မိသည်။
"မူလစိတ်ဝိညာဉ်ရဲ့ အတားအဆီးကို ချိုးဖျက်နိုင်လိုက် တာက ကောင်းတဲ့အရာ ဆိုပေမဲ့လည်း ငါက ငါ့ခန္ဓာကိုယ် ကို ဆုံးရှုံးသွားခဲ့ရတယ်။ ငါ့အတွက် အသစ်တစ်ခုပြန်ရဖို့ ဘယ်လောက်ကြာမြင့်မလဲ သေချာ မသိရဘူး။ ငါက ခန္ဓာကိုယ်တစ်ခုကို ပိုင်စိုးမယ်ဆိုရင်တောင် အကန့်အသတ် တွေ အများကြီး ရှိနေလိမ့်မယ်။ ကောင်းမွန်တဲ့ခန္ဓာကိုယ် မဟုတ်ရင် ငါ့အတွက်လည်း ကောင်းလိမ့်မှာ မဟုတ် :..."
အချိန်ခဏတာ စဉ်းစားကြည့်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ ဆက်လက် ပျံသန်းသွားချေသည်။
"အရင်ဆုံး...ငါက ဒီအရိုးကို သန့်စင်နိုင်ဖို့ တံခါးပိတ် ကျင့်ကြံဖို့ လိုတယ်။ ဒါမှသာ ငါက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ရဲ့ပြီးပြည့်စုံသွားတာကို မြင်ရလိမ့်မယ်။ အဲ့ နောက်ကျမှ ငါက ငါ့ခန္ဓာကိုယ်အသစ် ပြန်ဖြစ်ပေါ်ဖို့ လုပ်ဆောင်ရမယ်..."
သည့်နောက် ဝမ်လင်းက သူ့ရှေ့ရှိ အဆုံးမဲ့အာကာသ ဟင်းလင်းပြင်ကြီးထဲသို့ ဆက်လက်ပျံသန်းသွားချေသည်။
လမြွေနဂါးက အကွာအဝေးတစ်ခုကနေ ကြည့်နေကာ ၎င်း၏ ကြီးမားသည့် မျက်လုံးထဲ၌ ချီတုံချတုံဖြစ်မှုတို့ ပေါ် နေ၏။ အချိန်အတန်ကြာမြင့်ပြီးနောက် ၎င်း၏ ကြီးမား သည့်ခန္ဓာကိုယ်ကြီးသည် နောက်သို့ စတင် ဆုတ်သွား တော့၏။ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က ၎င်းကို တောင်ပိုင်းနယ်မြေသို့ မလာရောက်ရန် သတိပေးထား သကဲ့သို့ပင်။
သို့ရာတွင် သည်မှတ်ဉာဏ်က အလွန်ကြာမြင့်နေခဲ့ပြီ ဖြစ်ကာ မှုန်ဝါးဝါးသာ ရှိတော့သည်။သို့သော် ထိုမှုန်ဝါးဝါး အာရုံကပင် ၎င်း၏အတွေးများကို သက်ရောက်မှု ရှိနေဆဲ
သာ။
၎င်းက နောက်သို့ တဖြည်းဖြည်း ပြန်ဆုတ်လာခဲ့သည်။ ၎င်း၏ လက်တံများက လူးလားခေါက်တုံ့ ရှိလို့နေကာ ကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းနေသည်။လမ်း တစ်လျှောက်တွင် ကျင့်ကြံသူများစွာက ထိုလမြွေနဂါးကို သတိပြုမိကြ၏။သို့ရာတွင် သူတို့က တစ်ချက်ကြည့်မိရုံနှင့် ခေါင်းပေါ်ကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်ကုန်ကာ လုံးဝ တုန်လှုပ်သွားရတော့၏။ သူတို့က လှည့်၍ ချက် ခြင်း ပြေးကြတော့၏။
လမြွေနဂါးကြီးက မြောက်ပိုင်းနယ်မြေ၏ အဓိကဂြိုဟ် ငါးခုကြားရှိ တစ်နေရာတွင် ရပ်တန့်လိုက်သည်။၎င်း၏ ခန္ဓာကိုယ်ကြီးက ဖြည်းဖြည်းချင်း အာကာသထဲသို့ ရစ်ခွေ လာသည်။ မရေမတွက်နိုင်သောလက်တံများကလည်း ပြန် ရုတ်သိမ်းသွားကာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်ရှိသွားကြသည်။
လမြွေနဂါး၏ ခန္ဓာကိုယ်ကနေ မြူလွှာတစ်ခုက ပေါက်ကွဲထွက်လာကာ ထိုဧရိယာတစ်ခုလုံးကို လွှမ်းခြုံ သွားသည်။
လမြွေနဂါးက ၎င်း၏ ဒုတိယပုံစံအသွင်သို့ ပြန်ပြောင်း လိုက်ကာ စတင် အိပ်စက်သွားတော့သည်။
သို့ရာတွင် ၎င်း သည်တစ်ကြိမ် ရွေးချယ်လိုက်သော နေရာက မြောက်ပိုင်းနယ်မြေရှိကျင့်ကြံသူတိုင်း၏ စိတ်နှလုံးကို တုန်ယင်သွားစေခဲ့သည်။ ထိုလမြွေနဂါး ကြီး၏ တည်နေရာက ပင်မဂြိုဟ်ငါးခုနှင့် နီးနီးကပ်ကပ် ရှိနေသည် မဟုတ်လား။
မြောက်ပိုင်းနယ်မြေတွင် စိတ်ဝိညာဉ်စွမ်းအင်များ သိပ် အားကောင်းခြင်း မရှိသော်လည်း သေမျိုးများ နေထိုင်နိုင် သည့် ဂြိုဟ်တစ်လုံး ရှိလေ၏။ သည်နေ့တွင် ထိုဂြိုဟ်၏ ကောင်းကင်ထက်ကနေ တစ်စုံတစ်ခု ပြုတ်ကျလာခဲ့သည်။
ထိုအရာက သက်တံရောင်နှင့် ဖုံးလွှမ်းနေကာ ဂြိုဟ်၏ မြောက်ဘက်ပိုင်း လွင်ပြင်ကျယ်ထဲသို့ ဝုန်းကနဲ ပြုတ်ကျ လာခဲ့ခြင်းပင်။
လောဘကြီး၏ ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံးသည် ပျက်စီးသွားခဲ့ပြီ ဖြစ်ကာ သူ့ခန္ဓာကိုယ်လည်း ပျက်စီးသွားခဲ့ ချေပြီ။ သူ့မူလစိတ်ဝိညာဉ်ပင် ပြင်းပြင်းထန်ထန် ထိခိုက် ထား၏။ သို့သော်သူက မသေဆုံးသေးချေ။
သူက မသေဆုံးသေးရုံသာမက သူ့မျက်လုံးထဲ၌ ကျေနပ် မှုနှင့် ပြည့်နေ၏။
သူက
အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းသို့ ရောက်လာခဲ့ချိန်တွင် သူ့တစ်ကိုယ်လုံး၌ တံဆိပ်ခပ်နှိပ် ခံထားရမှုများနှင့် ပြည့်နှက်နေသည်။ ထိုအမှတ်အသား တစ်ခုချင်းစီတွင်လည်း အံ့မခန်းစွမ်းအားများ ပါဝင်နေကာ သူ့ကို လွယ်ကူစွာ သတ်ပစ်နိုင်စွမ်း ရှိကြသည်။ သို့ရာတွင် ရှေးဟောင်းနတ်ဘုရားလက်ချောင်းက သူနှင့် နီးကပ်လာခဲ့ ချိန်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်သွားခဲ့၏။ ယင်းအရာက သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားအားလုံးက ပါ ပျက်စီးသွားခဲ့ခြင်းပင်။
ရှေ့ဖြစ်ဟောသူ၏ အမှတ်အသားခပ်နှိပ်ထားမှုတစ်ခုသာ ကျန်ရစ်ခဲ့တော့၏။
"ငါ့မှာ အချိန်အလုံအလောက် ရှိနေသ၍ ငါက တစ်နေ့ မှာ ပြန်ကောင်းမွန်လာနိုင်မယ်လို့ ယုံကြည်တယ်....လောဘကြီးက အသက်ဝဝရှူသွင်းလိုက်ကာ မြေကြီးထဲ သို့ နစ်ဝင်ပြီး လွင်ပြင်ကျယ်ထဲကနေ ပျောက်ကွယ်သွားချေ သည်။
ဝမ်လင်းက ခုလက်ရှိတွင် တောင်ပိုင်းနယ်မြေတွင် ပျံသန်းနေသည်။သူက ကျင့်ကြံသူများ ရှိနေသော ဂြိုဟ်များ သို့ သွားရောက်ခြင်း မပြုပေ။သူက စွန့်ပစ်ခံဂြိုဟ်များကို သာ လိုက်ရှာနေခြင်းပင်။
သူ့မူလစိတ်ဝိညာဉ်က သည်တောင်ပိုင်းနယ်မြေရှိ နေရာ တစ်ခုက သူ့ကို သက်တောင့်သက်သာ ခံစားမှုရအောင် ပြုလုပ်ပေးနေသည်ဟု ခပ်ရေးရေး ခံစားမိနေသည်။သူက ထိုနေရာ ရှိရာသို့ အလိုလို ပျံသန်းလာနေမိသည်။သူက တဖြည်းဖြည်း ထိုနေရာနှင့် ပိုပိုနီးကပ်လာခဲ့သည်။
ဝမ်လင်းက သူ့ကို သက်တောင့်သက်သာခံစားစေသည့် နေရာကို တွေ့မြင်လိုက်ရချိန်၌ သူ့မျက်လုံးထဲမှ ထူးဆန်းသောအလင်းတစ်ခု ထွက်ပေါ်လာသည်။
သူ့ရှေ့တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ပြည့်နေသော ကွင်းပြင် တစ်ခု ရှိနေသည်။ ထိုအရွယ်အမျိုးမျိုးသော ဂြိုဟ် သိမ်ဂြိုဟ်မွှာများသည် ထူးဆန်းသောအားတစ်ခုကြောင့် အတူ စုစည်းနေကြသည်။ထိုဂြိုဟ်သိမ်ဂြိုဟ်များက ဧရိယာ တစ်ခုတွင် လှည့်ပတ်နေကာ သဘာဝအရံအတား တစ်ခုလို ဖြစ်ပေါ်နေ၏။
ဝမ်လင်းက သူ့ကို သက်တောင့်သက်သာဖြစ်စေသော နေရာသည် သည်ဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အတွင်းအနက် ပိုင်းမှ ဖြစ်ကြောင်း ခံစားမိလိုက်သည်။သူက အနည်းငယ် စဉ်းစားပြီးနောက် သူကိုယ်တိုင်အထဲသို့ မဝင်ရောက်သေး ရန် ဆုံးဖြတ်လိုက်၏။ သူက ကြယ်သံလိုက်အိမ်မြှောင်ပေါ် ကနေ ဆင်းသက်ာ လမြွေနဂါး၏ အရိုးကို ကိုင်ထားလိုက် သည်။ သည့်နောက် သူက ကောင်းကင်ဘုံသက်တော်စောင့် ကို ထိန်းချုပ်ကာ ထိုဂြိုဟ်သိမ်ဂြိုဟ်မွှားများ၏ အတွင်း ဘက်သို့ ဖြည်းဖြည်းချင်း ဝင်ရောက်စေလိုက်သည်။
အချိန် သည်ဂြိုဟ်သိမ်ဂြိုဟ်မွှား ကွင်းပြင်ကြီးက အလွန်ကြီးမား လှ၏။ ကောင်းကင်ဘုံသက်တော်စောင့်က အတန်ကြာ ပျံသန်းသွားခဲ့ပြီးသော်လည်း အတွင်းပိုင်းသို့ ခု ထိ မဝင်ရောက်သေးပေ။ သို့သော် ၎င်းက ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်၏။
ထိုအရာက စွန့်ပစ်ခံဂြိုဟ်တစ်လုံးပင်။ ထိုဂြိုဟ်က အလွန်ကြီးမားခြင်း မရှိလှပေ။
သို့ရာတွင် ထိုဂြိုဟ်ထံမှ မိုးကြိုးများက ပေါက်ကွဲထွက်လို့ နေ၏။ ထိုဂြိုဟ်ကို ကောင်းကင်ဘုံမိုးကြိုးပိုက်ကွန်တစ်ခု ဖြင့် ဖုံးအုပ်ထားသည်ဟုပင် ဆိုနိုင်သည်။သည်မိုးကြိုးများ က အဆုံးမရှိ ဖြစ်နေကာ ဂြိုဟ်ပေါ်သို့ အဆက်မပြတ် ကျ ဆင်းလျက် ရှိသည်။
ထိုဂြိုဟ်က ဂြိုဟ်သိမ်ဂြိုဟ်မွှားများဖြင့် ပိတ်ဆို့ထား သည့်အတွက်ကြောင့် အပြင်ဘက်မှ လွယ်လင့်တကူ ရှာ တွေ့နိုင်ခြင်း မရှိပေ။
ဝမ်လင်းက သူ့နတ်ဘုရားအာရုံ အမျှင်တန်းတစ်ခုကို ကောင်းကင်ဘုံသက်တော်စောင့်ပေါ်တွင် ချန်ထားခဲ့သည်။ ထို့ကြောင့် သူကလည်း ထိုဂြိုဟ်ကို တွေ့မြင်နေရသည်သာ။ ထိုဂြိုဟ်နှင့် ပိုနီးကပ်လာလေ သက်တောင့်သက်သာ ဖြစ်မှု က ပိုအားကောင်းလာလေ ဖြစ်သည်။ သို့ရာတွင် သူက ထို ခံစားချက်ကို ပေးစွမ်းနေသော နေရာသည် ထိုသေး ငယ်သော ဂြိုဟ်ထံမှ မဟုတ်ဘဲ ထိုဂြိုဟ်၏ အတွင်းနက် ပိုင်းကသာ ဖြစ်ကြောင်း သိနေ၏။ သို့သော် သူ့နတ်ဘုရား အာရုံကို ထူးဆန်းသောအားတစ်ခုက ကာဆီးထားသဖြင့် သူက ထိုဂြိုဟ်ကို သေချာလေ့လာကြည့်၍ မရပေ။
"ဒီနေရာက လှိုဏ်ဂူတစ်ခု ပြုလုပ်ဖို့ အတော်ကောင်းတဲ့ နေရာပဲ..." ဝမ်လင်းမျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက လမြွေနဂါး၏ အရိုးကို ယူဆောင်ကာ ကောင်းကင်ဘုံ သက်တော်စေင့် ရှိရာသို့ ဦးတည်သွား၏။သိပ်မကြာခင်တွင် သူ့ရှေ့၌ ထိုဂြိုဟ်ငယ်က ပေါ်လာခဲ့တော့သည်။
"ငါက ဒီနေရာကို ငါ့မူလစိတ်ဝိညာဉ်ရဲ့ ခံစားချက် ကြောင့် ရှာတွေ့နိုင်ခဲ့တာ။ ငါက ဒီမှာ ရှိနေရင် ငါ့မူလစိတ် ဝိညာဉ်ရဲ့ ဒဏ်ရာတွေကိုလည်း မြန်မြန် ကုစားနိုင်လိမ့် မယ်..."
ကောင်းကင်ဘုံသက်တော်စောင့်ကလည်း ထိုဂြိုဟ်ငယ် ရှိရာသို့ လမ်းရှင်းပေးသွား၏။"ခုတော့ ဒီမှာပဲ နေကြတာပေါ့။ ငါက ပြန်ကောင်းလာ ပြီး ငါ့ခန္ဓာကိုယ် ပြန်ဖြစ်ပေါ်မှ ဒီနေရာရဲ့အနက်ပိုင်းကို စစ်ဆေးကြည့်ရမယ်..."
ဝမ်လင်းက ရှေးဟောင်းမိုးကြိုးနဂါးကို ဝါးမြိုခဲ့ပြီး နောက် သူ့မူလစိတ်ဝိညာဉ်ကတစ်ဆင့် ဖွံ့ဖြိုးသွားကာ သူ့ အပေါ်သို့ မည်သည့်မိုးကြိုးမန္တာန်ကမှ သက်ရောက်မှု မရှိနိုင်ကြောင်း နားလည်ထားခဲ့သည်။ ရှေးဟောင်းမိုးကြိုး နဂါးထက် အဆင့်မမြင့်သည့် မိုးကြိုးတစ်ခု ဖြစ်နေသ၍ မည်သည့်မိုးကြိုးမဆို သူ့ကို အန္တရာယ်မပြုနိုင်ပေ။
အစောပိုင်းတုန်းက သူ့ခန္ဓာကိုယ်သည် ရှေးဟောင်းနတ် ဘုရားလက်ချောင်း၏ ဖျက်စီးခြင်းကို ခံခဲ့ရကာ သူ့မူလ စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲ၌ ကားဆီးထားသော အတားအဆီးကပါ ပျက်စီးသွားခဲ့၏။ သို့ရာတွင် သူ့မူလ စိတ်ဝိညာဉ်သည်လည်း ဒဏ်ရာရသွားခဲ့သည်သာ ဖြစ်သည်။ သည့်နောက် သူက လွတ်မြောက်နိုင်ရန်အတွက် အသည်းအသန် ကြိုးစားခဲ့ရကာ သူ့ဒဏ်ရာက ပိုဆိုးရွား သွားခဲ့ရသည်။
ထိုသို့သော အခြေအနေများအောက်၌ပင် သူ့မူလစိတ် ဝိညာဉ်က သည်လိုနေရာကို ဘာကြောင့် ရှာဖွေနိုင်ခဲ့မှန်း ဝမ်လင်းကိုယ်တိုင်ပင် မသိ ဖြစ်ရ၏။
သို့ရာတွင် အခုအခိုက်အတန့်၌ သူက နားလည်သွားခဲ့ ချေပြီ။ ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင် ဒဏ်ရာရခဲ့ပါက ၎င်းသည် ဒဏ်ရာအမြန်ပြန်ကောင်းနိုင်သည့် ခုလို ပတ်ဝန်းကျင်မျိုးကိုသာ လိုက်ရှာလိမ့်မည် မဟုတ်လော။
သူ့ခန္ဓာကိုယ် ပျက်စီးသွားပြီးနောက် သူ့မူလစိတ်ဝိညာဉ် ကလည်း လွတ်လပ်သွားခဲ့ပြီ ဖြစ်၏။ ခုချိန်၌ သူ့မူလစိတ် ဝိညာဉ်က ရှေးဟောင်းမိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ ပြုမူ နေကာ ထို့အတွက်ကြောင့်လည်း သူက သည်နေရာ၏ စွဲဆောင်ခြင်းကို ခံလိုက်ရခြင်းပင်။
ကံကြမ္မာကို နားလည်လာခဲ့ပြီးသည့်နောက် ဝမ်လင်း နှလုံးသားက တည်ငြိမ်နေခဲ့ပြီ ဖြစ်သည်။သူက မိုးကြိုးများ နှင့် ပြည့်နေသောဂြိုဟ်ငယ်ကို ကြည့်နေချိန်၌ သူ့အိမ်သူ့ ယာလိုမျိုး ရင်းနှီးသည့်ခံစားချက်ကို ရရှိနေသည်။
သူက ရှေ့သို့ ဆက်တိုးလာရင်း သူ့စိတ်ထဲ၌ မိုးကြိုးသံက မိုးကြိုးများက တစ်ခါတစ်ရံ ဝမ်လင်းကို လာရောက် ရိုက်ခတ်ကာ သူ့ကို မြည်ဟီးလို့နေ၏။သိပ်သည်းသော သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်ပေးနေသည်။
ထိုခံစားချက်က သူ့မူလစိတ်ဝိညာဉ်ထံကနေ ထွက် ပေါ်လာခြင်း ဖြစ်၏။
သည်အခိုက်အတန့်၌ ဝမ်လင်းမူလစိတ်ဝိညာဉ်က အပြာ ရောင်အလင်းတစ်ခုကို ထုတ်လွှတ်လာရာ ပေါက်ကွဲနေ သောမိုးကြိုးများကို သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ စေသည်။
သို့ရာတွင်
ကောင်းကင်ဘုံသက်တော်စောင့်ကရုတ်တရက် ရပ်တန့်သွား၏။ ၎င်း၏ မျက်လုံးထဲ၌ ဖြစ် တောင့်ဖြစ်ခဲ တုံ့ဆိုင်းသည့် လက္ခဏာတစ်ခု ဖြစ်ပေါ်လာ ကာ ၎င်းက ရှေ့ရှိ မိုးကြိုးကို အလွန်အမင်း ကြောက်လန့် နေသကဲ့သို့ပင်။
ဝမ်လင်းက နောက်လှည့်၍ စတင် စဉ်းစား၏။
မိုးကြိုးကို ကောင်းကင်ဘုံသက်တော်စောင့်က ကြောက်သင့်ပေ။ တကယ်တော့ သူက သူ့မူလစွမ်းအင်ကို ကောင်းကင်ဘုံသက်တော်စောင့် သန့်စင်ရာ၌ အသုံးပြုခဲ့ သည် မဟုတ်လား။ ထို့ကြောင့် ကောင်းကင်ဘုံ သက်တော်စောင့်ထံ၌ မိုးကြိုးစွမ်းအား ပါဝင်နေသည်သာ ဖြစ်သည်။ ၎င်းက မိုးကြိုးအသုံးပြုသော ရန်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော်လည်း ခုလိုမျိုး ချီတုံ့ချတုံ့ဖြစ်မှုကို မပြသခဲ့ဖူးပေ။
"ဒီနေရာမှာ ရှိတဲ့ မိုးကြိုးကများ ကွာခြားနေတာ လား..." ဝမ်လင်းမျက်လုံးများက ကျဉ်းမြောင်းသွားသည်။ သူက သူ့ပတ်လည်ရှိ မိုးကြိုးများကို သေချာကြည့်ရှု လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲ၌ ဉာဏ်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
သည်နေရာရှိ မိုးကြိုးက ကောင်းကင်ဘုံကနေ သဘာဝ အတိုင်း ဖြစ်လာတာ မန္တာန်အချို့ကြောင့် မဟုတ်ပေ။၎င်း၏ အသွင်သဏ္ဌာန်က ဝမ်လင်းမူလစိတ်ဝိညာဉ်နှင့် လွန်စွာ နီးစပ်နေ၏။"ကောင်းကင်ဘုံသက်တော်စောင့် ကြောက်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး..."
မိုးကြိုးကျဆင်းမှုကို ကျင့်ယူခြင်းနှင့်ပင်ကိုယ်မူလဟူ၍ နှစ်ပိုင်းခွဲကာ ပြောနိုင်၏။ ကျင့်ယူခြင်းသည် မန္တာန်များ ကြောင့် ဖြစ်ပေါ်လာသည့် မိုးကြိုး ဖြစ်ကာ ပင်ကိုယ်မူလ ကတော့ မန္တာန်များကြောင့် ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ ကောင်းကင်ဘုံကနေ သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းပင်။
အမိန့်တစ်ချက်ပေးလိုက်ရာ ကောင်းကင်ဘုံ သက်တော်စောင့်သည် နောက်သို့ ပြန်ဆုတ်သွားပြီး သိပ်မ ဝေးသော ဂြိုဟ်သိမ်တစ်ခုပေါ်၌ စတင် ကျင့်ကြံနေ တော့၏။
ဝမ်လင်းက ကြယ်သံလိုက်အိမ်မြှောင်ကို သိမ်းလိုက်ရင်း ရှေ့သို့ ပြန်လှည့်လိုက်ကာ လမြွေနဂါးအရိုးကို သယ်ယူ၍ ဂြိုဟ်အတွင်းဘက်သို့ ဆက်သွားလိုက်သည်။
သူက ပိုနီးကပ်လာလေလေ မိုးကြိုးများကလည်း ပို သိပ်သည်းလာလေ ဖြစ်နေသည်။နောက်ဆုံးတွင် မိုးကြိုးက ကြောက်မက်ဖွယ်အဆင့်တစ်ခုထိ ရောက်ရှိလာ၏။ သည် နေရာတွင် လူတစ်ယောက်သာ ရှိနေပါက ထိုသူက ကောင်းကင်ဘုံသက်တော်စောင့်ကဲ့သို့ ကြောက်လန့်မိပေ လိမ့်မည်။တကယ်တော့ သည်နေရာရှိ မိုးကြိုးက အဆင့် တစ်ခုသို့ ရောက်နေကာ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဖိနှိပ်ထားပြီး မူလစိတ်ဝိညာဉ်ဖြင့်သာ ခုခံနိုင်သည်။
သို့ရာတွင် ဝမ်လင်းအတွက်တော့ အထူးသဖြင့် ခန္ဓာကိုယ်မရှိသော သူ့မူလစိတ်ဝိညာဉ်အတွက်တော့ သည် မိုးကြိုးက သူ့အပေါ်၌ သက်ရောက်နိုင်ခြင်း မရှိပေ။ သူက ပိုနီးကပ်လာသည်နှင့် ပို၍ သက်တောင့်သက်သာ ဖြစ်မှုကို ခံစားနေရသည်။
ဝမ်လင်းတွင် ခန္ဓာကိုယ်သာ ရှိနေသေးပါက သူက ထို မိုးကြိုး၏ ကန့်သတ်ခြင်းကို ခံရနိုင်သည်။သူ့ခန္ဓာကိုယ်က ခုလောက်အဆင့်ထိ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ် ပေ။ သို့သော် ခုလက်ရှိ သူ့အခြေအနေကြောင့် သူက ပို၍ပင် မြန်မြန်ဆန်ဆန် သွားလာနိုင်ပြီး တဖြည်းဖြည်းဖြင့် သည်မိုးကြိုးဂြိုဟ်ထဲသို့ ဝင်ရောက်လာခဲ့ချေသည်။
သည်ဂြိုဟ်၏ မျက်နှာပြင်ကပါ မိုးကြိုးနှင့် ဖုံးအုပ်နေ၏။ ဂြိုဟ်အတွင်းဘက်တစ်ခုလုံးသည်လည်း သိသည်းသော မိုးကြိုးနှင့် ပြည့်နေကာ မိုးကြိုးအကျဉ်းထောင်တစ်ခုဟု ဆို နိုင်သေးသည်။
Comments
Post a Comment