ရွှေရောင်ချပ်ဝတ်နှင့်လူ၏ သေဆုံးမှု(၁၂၁)

 

သည်အရာများအားလုံးက ဗိုလ်ချုပ်မှူးကောင်းကင်နှင့် ရွှေရောင်ချပ်ဝတ်လူကြီးတို့၏ မန္တန်များ ထိတိုက်သွားသည့် အခိုက်တွင် ချက်ခြင်းလိုလို ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ကောင်းကင်ဗိုလ်ချုပ်မှူးက အံ့အားသင့်သွားသည်။သူက ရွှေရောင်ချပ်ဝတ်လူကြီး၏ အနီးတွင် ရှိနေသူ ဖြစ်သဖြင့် ထိုလူကြီး၏ ရုတ်တရက် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိသွားမှုကို ချက်ခြင်း သတိပြုမိလိုက်သည်။ ဒဏ်ရာက တစ် ခုတောင်မဟုတ်ဘဲ နှစ်ခု ဖြစ်လို့နေ၏။


သူ့မန္တာန်ကပါ ကျဆင်းသွားပါက ထိုရွှေရောင်ချပ်ဝတ် နှင်လူသည် ကျိန်းသေပေါက် သေဆုံးသွားမည် ဖြစ်သည်။ သူက ထိုလူ့ကို သတ်ဖြတ်ရန်အတွက် မန္တန်အသုံးပြုခြင်း မဟုတ်ဘဲ တားဆီးရန်အတွက်သာ အသုံးပြုခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူက သူ့တိုက်ခိုက်မှုကို ချက်ခြင်း ပြန်ရုတ်သိမ်း လိုက်သည်။


သို့သော် အပြင်ဘက်မှလူများ၏ အမြင်တွင်တော့ ရွှေရောင်ချပ်ဝတ်နှင့်လူက


ကောင်းကင်ဗိုလ်ချုပ်မှူး၏

တိုက်ချက်တစ်ခုတည်းဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွား သည်ဟုသာ ထင်မြင်သွားကြသည်။


သူ့မန္တာန်တိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းနေရင်း ဗိုလ်ချုပ် မှူးကောင်းကင်၏ မျက်လုံးထဲ၌ တုန်လှုပ်မှုတို့ ပြည့်လို့ နေ၏။သူကနောက်သို့ ခြေလှမ်းများစွာ ဆုတ်၍ ရွှေရောင် ချပ်ဝတ်နှင့်လူထံသို့ ကြည့်လိုက်သည်။


ရွှေရောင်ချပ်ဝတ်နှင့်လူ၏ ခန္ဓာကိုယ်က တုန်ယင်နေကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။သူ့ခန္ဓာကိုယ်ထဲရှိနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကလည်း ကုန်ဆုံးနေကာ သူ့သွေးကြောများပေါ်၌ပင် အက်ကွဲရာများ ဖြစ်ပေါ်လာ၏။ သည်အခိုက်တွင် သူက ကြမ်းကြုတ်သည့်နဂါးတစ်ကောင် မှ အင်းဆက်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားရ၏။


"ဒီ...ဒီ နှာခေါင်းရှုံ့သံက ကြောက်မက်ဖွယ်ကောင်းလှ ချည်လား။ ဒါက နတ်ဆိုးအင်ပါယာထက်တောင် အဆများ စွာ သန်မာလွန်းနေတယ်။မဟုတ်သေးဘူး။ ဒီအသံက ပြော လို့မရအောင်ကို သန်မာနေတာ။သူက ငါ့ကို အသေမသတ် လိုခဲ့ဘူး။ သူသာ ငါ့ကို အသေသတ်ချင်ခဲ့ရင် ငါက ခုချိန် လောက်ဆို သေပြီးနေလောက်ပြီ…"


ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ မျက်နှာသည် ဖြူရော နေကာ သူ့တစ်ကိုယ်လုံးလည်း ချွေးများဖြင့် အေးစက်ရွှဲနစ် နေသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူက ဒဏ်ရာပြင်းထန်စွာ ရသွား

သည်မှာ နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်ကြောင့်ဟု ထင်မှတ်မှားရသည်။သို့သော် ဝမ်လင်းက သူတို့နှင့် အနီးကပ် ရှိနေသူ ဖြစ်သဖြင့် နတ်ဆိုးဗိုလ်ချုပ်မှူး ကောင်းကင်၏ မန္တာန်က ရွှေရောင်ချပ်ဝတ်နှင့်လူကြီးပေါ် သို့ ကျရောက်သွားခြင်း မရှိကြောင်း သိသည်။


ဝမ်လင်း မျက်လုံးက လက်ခနဲ ဖြစ်သွား၏။သူက သူ့စိတ် ထဲရှိ အတွေးပျံ့လွင့်မှုကို ပြန်ဖိနှိပ်လိုက်သည်။ ခုချိန်က ထို ရွှေရောင်ချပ်ဝတ်နှင့်လူကို သတ်ပစ်ရန် အကောင်းဆုံး အခိုက်အတန့် ဖြစ်လို့နေသည် မဟုတ်လား။ဝမ်လင်းက ခု ချိန်တွင် ထိုလူ့ကို သတ်ပစ်ခြင်းမပြုပါက သူက ဝမ်လင်း မ မည်တော့ချေ။


တုံ့ဆိုင်းခြင်းမရှိ ဝမ်လင်းသည် ဗုံပေါ်မှ သူ့ညာလက်ကို မြှောက်၍ အားနည်းနေသော ရွှေရောင်ချပ်ဝတ်နှင့်လူအား ဆွဲယူလိုက်သည်။ ဝမ်လင်းမျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် များ တ ပြည့်နှက်နေ၏။သူက ချက်ခြင်းပင် ထိုလူကြီးကို လက်ဖြင့်ဆွဲကိုင်၍ နတ်ဆိုးဗုံပေါ်သို့ ကိုင်ပေါက်ချလိုက် သည်။


ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ ခန္ဓာကိုယ်က နတ်ဆိုးဗုံ နှင့် ပြင်းထန်စွာ ထိတိုက်မိသွား၏။သူ့ထံမှ သွေးများပန်း ထွက်လာကာ နောက်ထပ် ပါးစပ်အပြည့်သွေးတစ်လုပ်ကို နတ်ဆိုးဗုံပေါ်သို့ အန်ထုတ်လိုက်ရသည်။


ဝမ်လင်းညာလက်ထဲ၌ သူ့နှလုံးသားထဲမှ ဝမ်းနည်းမှုတို့

စီးမျောပါဝင်လျက် ရှိနေတုန်းသာ။


သည်တိုက်ခိုက်မှုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း အဆင့်၌ သူ့ နောက်ဆုံး တိုက်ချက် ဖြစ်သွားနိုင်သည်။ သူက သည်တိုက်ချက်နှင့်အတူ သူ့နှလုံးသားထဲမှ ဝမ်းနည်း မှုအားလုံးကို ဖြတ်တောက်ပစ်မည် ဖြစ်၏။


ရွှေရောင်ချပ်ဝတ်နှင့်လူက နတ်ဆိုးဗုံနှင့်ထိသွားသည့် အခိုက်တွင် ဝမ်လင်းညာလက်မှ ဝမ်းနည်းမှုအားလုံးသည် တရကြမ်း ထိုးထွက်သွားသည်။၎င်းက ရွှေရောင်ချပ်ဝတ် နှင့်လူကြီး၏ ခန္ဓာကိုယ်ကို ထွင်းဖောက်၍ ဗုံထံသို့ တိုးဝင် လို့သွားသည်။


ဒုန်း...။ဗုံသံက ပဲ့တင်ထပ်၏။


ပြင်းထန်သောတန်ပြန်အားက ရွှေရောင်ချပ်ဝတ်နှင့် လူကြီး ခန္ဓာကိုယ်ထဲသို့ ချက်ခြင်း ဝင်ရောက်လာသည်။ သည်ဗုံမြည်သံ ထွက်ပေါ်လာသည်နှင့် ရွှေရောင်ချပ်ဝတ် အကြီးအကဲ၊ဂျီဝူရှု၏ ခန္ဓာကိုယ်က သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားကာ ဗုံပေါ်သို့ ပြန့်ကျဲလို့သွား၏။


ထိုရွှေရောင်ချပ်ဝတ်နှင့်လူ၏ ခန္ဓာကိုယ်က တစစီဖြစ် သွားကာ သူက ကြောက်မက်ဖွယ်သေခြင်းနှင့် သေဆုံးသွား ရတော့သည်။သည့်စိတ်ဝိညာဉ်ပင် ဗုံသံကြောင့် ပျက်စီး ကြေမွသွားရသည်။ထို့ကြောင့် သည်ကမ္ဘာထဲရှိ သူ့တည်ရှိမှု အားလုံးသည် လုံးဝဥဿုံပျောက်ကွယ်သွားတော့၏။


အမှန်တော့ သူ့ကို သေစေခဲ့သည့်လူက ဝမ်လင်းမဟုတ်

ပေ။သူ့ကို နှာခေါင်းရှုံ့သံဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိစေခဲ့ သည့်သူ ဖြစ်သည်။သူက ထိုနှာခေါင်းရှုံသံကြောင့် ဒဏ်ရာ ပြင်းထန်စွာရသွားသည့်အခါ ဝမ်လင်းက အချိန်ကိုက် လှုပ်ရှားကာ သူ့အသက်ကို ယူဆောင်ခဲ့ခြင်းပင်။


ထိုအချိန်၌ လှေပေါ်မှ လူငယ်ကလည်း မှင်သက်သွားကာ သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "သေသွားတာ လား...ဒါက ဘယ်လိုဖြစ်သွားရတာလဲ..."


သူက ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားကာ သူ့ မျက်လုံးက အေးစက်သွားသည်။သူ့မျက်လုံးထဲ၌ သတ်ဖြတ် ချင်စိတ်တို့ ပြည့်နှက်လာပြီး သူက အကွာအဝေးတစ်ခု ထံသို့ လှမ်းကြည့်လိုက်သည်။သူ့မျက်လုံးက ကောင်းကင် နှင့်ဆိုးမြို့ကို ဖြတ်၍ လေဟာနယ်ထဲသို့ ထွင်းဖောက်မြင်နေ ရ၏။


သို့သော် ထိုသို့ ကြည့်လိုက်ပြီးနောက် သူက သူ့ခေါင်းကို မည်သည့်အရာမှ မဖြစ်ပျက်သကဲ့သို့ ချက်ခြင်း ပြန်ငုံ့လိုက် သည်။


အင်ပါယာမြို့ပြိုင်ပွဲကွင်းပြင်၌ ကောင်းကင်ဗိုလ်ချုပ်မှူး က ဝမ်လင်းနှင့် အနီးဆုံးနေရာတွင် ရှိနေ၏။သူက ဝမ် လင်းကို ကြည့်နေရင်း သူ့ထံမှ ထွက်ပေါ်လာသည့် ဖိဆန် သည့်စိတ်ဆန္ဒကို ခံစားလိုက်ရသည်။သူ့အကြည့်က စီနီယာ တစ်ယောက်က ဂျူနီယာတစ်ယောက်၏ အရည်အချင်းကို လေးစားနေသည့် ကြည့်ဟန်မျိုးပင်။

အခြားနတ်ဆိုးဗိုလ်ချုပ်မှူး ခုနစ်ယောက်သည်လည်း ဝမ် လင်းကို ရှုပ်ထွေးသောခံစားချက်များနှင့် ကြည့်နေကြ သည်။သူတို့အာရုံစိုက်မှုက ဝမ်လင်းကျင့်ကြံခြင်းပေါ်၌ မဟုတ်ဘဲ သူ ဗုံကို ဆယ့်ငါးကြိမ်မြည်အောင် တီးခတ်နိုင်မှု ပေါ်တွင်သာ ဖြစ်၏။


ဆယ့်ငါးကြိမ်။ သည်အရာက လူတိုင်းကို ဖိနှိပ်သွား၏။ ကောင်းကင်နတ်ဆိုးနိုင်ငံတွင် သည်နတ်ဆိုးဗုံကို အကြိမ် အများဆုံးတီးခတ်နိုင်သည့်သူက သည်။ ဝမ်လင်းဖြစ်လာခဲ့ပေ


ဒုဗိုလ်ချုပ်မှူးများကလည်း တိတ်ဆိတ် တုန်လှုပ်မိနေကြ သည်။ဒုဗိုလ်ချုပ်မှူးရွှမ်က လေအေးတစ်ချက် ရှိုက်သွင်း လိုက်၏။အချိန်အတန်ကြာ တစ်ဆို့နေခဲ့သော သူ့ကျင့်ကြံမှု အဆင့်သည် ချိုးဖျက်မည့် အရိပ်အယောင် ပြသလာ၏။ သည်လိုဖြစ်ရခြင်းမှာ ဝမ်လင်း၏ ခြင်ဆီသန့်စင်ခြင်းအသံ ကြောင့် ဖြစ်၏။ထိုအသံက သူ့နှလုံးသားကို ပြောင်းလဲမှု တွေ့ကြုံသွားစေခဲ့ပေ၏။


ကျန်သည့် ကြည့်ရှူနေသူများက ဝမ်လင်းကို အထိတ်တလန့် ဆက်ကြည့်ရှူနေခြင်း မရှိကြတော့ချေ။ သို့သော် သူတို့အကြည့်ထဲ၌ လေးစားမှုက အစားဝင်လာခဲ့ ပေ၏။


နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သန်မာမှုအပေါ် လေးစား ခြင်း မည်ပေသည်။

လုံးဝ နတ်ဆိုးဗိုလ်ချုပ်များအားလုံးသည်လည်း တိတ်ဆိတ်နေသည်။မိုလီဟိုင်က ဝမ်လင်းကို ကြည့်ကာ သူက ဒုဗိုလ်ချုပ်မှူးဖြစ်လာတော့မည်ကို သံသယ မရှိတော့ 1109


ဗုံမှ ထွက်ပေါ်လာသည့် ဆယ့်ငါးကြိမ်မြောက် မြည်သံက ကောင်းကင်ထက်၌ ပျံ့နှံပဲ့တင်ထပ်နေသည်။သည်အသံ ထဲ၌ သွေးနံ့များ ပါဝင်သော်လည်း မခန့်မှန်းနိုင်လောသည့် ဝမ်းနည်းပူဆွေးမှုလည်း ပါဝင်လို့နေသည်။သည်ဝမ်းနည်း မှုက ဗုံသံနှင့် ပေါင်းစပ်ကာ အဝေးသို့ ပျံ့လွင့်နေသည်။


သည်အခိုက်အတန့်၌ ကောင်းကင်ထက်တွင် လျှပ်စီး တန်းများက တလက်လက်ဖြစ်လာသလို မိုးခြိမ်းသံများက လည်း ကျယ်လောင်စွာ မြည်ဟီးလာသည်။ သို့သော် ဆယ့် ငါးကြိမ်မြောက်ဗုံသံ ထွက်ပေါ်လာသည့်အခါ အရာအားလုံး က သည်အသံနှင့် ပေါင်းစပ်သွားသည်ဟု ထင်မှတ်မှားရ သည်။ကြမ်းတမ်းလှသည့် မိုးခြိမ်းသံက ဗုံသံ၏ ဝမ်းနည်းမှု ထဲ၌ နစ်မြုပ်ရသည်။ထိုအခါ မိုးခြိမ်းသံထံမှ အံ့မခန်း ဝမ် နည်းမှတို့ ထွက်ပေါ်လာပြီး ဗုံသံနှင့်အတူ ကောင်းကင်အနှံ့ ပျံ့နှံ့သွားပြီး ကောင်းကင်နတ်ဆိုးမြို့တစ်မြို့လုံး အပေါ်သို့ သက်ရောက်စေ၏။


သည်ဆယ့်ငါးကြိမ်မြောက် ဗုံသံက အရင်ဗုံသံ ဆယ့် လေးခုပေါင်းထက်ပင် ပို၍ ပြင်းထန်နေ၏။ သည်ဗုံသံက ဝမ်လင်း၏ တာအို၊သူ့ဝမ်းနည်းမှု၊သူ့ ပြည့်စုံသွားသည့် တာ အိုနှလုံးသား နှင့် စစ်မှန်သော ကောင်းကင်ဘုံကို ဆန့်ကျင်

ဖိဆန်သည့် လမ်းကြောင်း တို့ကို ကိုယ်စားပြုနေပေ၏။


ကောင်းကင်နတ်ဆိုးမြို့တွင်းရှိ လူတိုင်းလူတိုင်းက သည် ဝမ်းနည်းမှုကို ခံစားမိကြသည်။


လှေပေါ်ရှိ ကုချင်းတီးခတ်နေသော အမျိုးသမီးပင် သည် ဝမ်းနည်းမှုကို ခံစားမိကာ သံစဉ်တစ်ပုဒ်ကို ညင်သာစွာ တီးခတ်လိုက်တော့၏။


ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "ငါက ငါ့ တွယ်ငြိမှုကို ဆုပ်ကိုင် ထားနိုင်တုန်းပဲ...."


ကောင်းကင်ဘုံ၏ တာအိုက ကောင်းကင်ဘုံ၏ နည်း လမ်းပင်။ကောင်းကင်ဘုံ၏ တာအိုက အကန့်အသတ်မဲ့ကာ နေရာတိုင်းနေရာတိုင်းသို့ ချဲ့ထွင် တည်ရှိသည်။


နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေက ကောင်းကင်ဘုံသား တစ်ယောက်၏ ကျင့်ကြံခြင်းလှိုဏ်ဂူ ဖြစ်နေဦးတော့ ကောင်းကင်တာအိုက ဆင်းသက်လာနိုင်သည်သာ ဖြစ်၏။ အကြောင်းရင်းမှာ သည်ကမ္ဘာလောကထဲရှိ အရာအားလုံး သည် ကောင်းကင်ဘုံ၏ တာအို ဖြစ်ကာ၊ အရာတစ်ခု တည်ရှိရခြင်းသည် ကောင်းကင်ဘုံ၏တာအိုက ထိုတည်ရှိမှုများကို ခွင့်ပြုပေးထားသောကြောင့်သာ ဖြစ်သည်။


ကောင်းကင်ဘုံ၏တာအို ဆင်းသက်လာခြင်း...။


ကောင်းကင်ဘုံတာအိုက ပုံမှန်ဆို သဏ္ဌာန်မဲ့ကာ မြင့် တွေ့နိုင်စွမ်း မရှိပေ။၎င်းက မြင်နိုင်သည့် ပုံပန်းအသွင်သို့

ပြောင်းလဲဆင်းသက်လာပါက ယင်း ပြောင်းလဲမှုကို နတ် ဘုရားပြစ်ဒဏ်ဟု ခေါ်တွင်၏။


ကောင်းကင်ဘုံနယ်မြေ ပျောက်ကွယ်သွားခြင်းနှင့်အတူ နတ်ဘုရားပြစ်ဒဏ်သည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုပျောက်ကွယ်မှုက အစစ်အမှန် နတ်ဘုရား ပြစ်ဒဏ် မဟုတ်ပေ။ထိုပျောက်ကွယ်သွားခဲ့သည့် နတ် ဘုရားပြစ်ဒဏ်က ကောင်းကင်ဘုံသားတို့ ဖန်တီးထား သည့် ပြစ်ဒဏ်မျှသာ ဖြစ်၏။အစစ်အမှန် နတ်ဘုရား ပြစ်ဒဏ်သည် ကောင်းကင်ဘုံ၏ အပြစ်ပေးမှု ဖြစ်ကာ ယင်းပြစ်ဒဏ်က နယ်မြေတစ်ခု ဖျက်စီးခံလိုက်ခြင်းကြောင့် လိုက်ပါ ပျောက်ကွယ်သွားမည့် အရာမျိုး မဟုတ်ပေ။၎င်း အစစ်အမှန်နတ်ဘုရားပြစ်ဒဏ်က သူပေါ်ထွက်သင့်သည့် အခါ၌ ပေါ်လာဦးမည်သာ ဖြစ်သည်။


ကောင်းကင်ဘုံကို ဖိဆန်သည့် အစစ်အမှန် ကျင့်ကြံသူ တစ်ယောက်၏ ပေါ်ထွက်လာမှုက ထို နတ်ဘုရားပြစ်ဒဏ် ထွက်ပေါ်လာစေမည့် အကြောင်းရင်း ဖြစ်ပေ၏။


Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)