ဗိုလ်ချုပ်မှူးကောင်းကင်၏ စိတ်လှုပ်ရှားလာမှု

 


"ဒါပေမဲ့ ခုချိန်မှာတော့ မင်းက ငါ့လက်တစ်ဖက်ကို ယူဖို့ မဖြစ်နိုင်တော့ဘူး..." ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက သူ့ရှေ့ ရှိ ဝမ်လင်းကို ကြည့်ကာ အသက်ဝဝရှူသွင်း၍ ခေါင်းယမ်း ပြီး ပြောလိုက်သည်။ "မင်းက ဆယ့်ငါးကြိမ် မြည်အောင် တီးနိုင်မယ် ဆိုရင်တော့ ကောင်းကင်နတ်ဆိုးနိုင်ငံကို သက် သော ထားပြီး ငါ့လက်ကို မင်းအတွက် ဖြတ်ပေးမယ်လို့ ကျိန်ဆိုတယ်..."


"မင်းက အဲ့လို မလုပ်နိုင်ရင် ပါးစပ်ပိတ်ထားလိုက် တော့။မင်းက ထပ်ပြီး ဆူညံဆူညံ လုပ်နေမယ်ဆိုရင် ငါ့ကို အပြစ်မတင်တော့နဲ့..." ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။


ဝမ်လင်းက ထိုလူ့ကို အေးတိအေးစက် ကြည့်နေသည်။ သည်လူ၏ ကျင့်ကြံခြင်းက မြင့်မားပေသည်။ဝမ်လင်းက ရွှေရောင်လှံကို ခုခံနိုင်လိုက်သည့်အခါ၌ သူက သည်လူ၏

ကျင့်ကြံမှုအဆင့်သည် အထွတ်အထိပ်မှာ ရှိနေသည်ဟု ပြောလိုက်နိုင်၏။သူက အာဏာတက်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်ရန် ဆံချည် တစ်မျှင်လောက်သာ လိုတော့သည်။ အာဏာတက်ခြင်းအလယ်အဆင့်၏


သည်လူ၏ ကျင့်ကြံမှုအဆင့်က ဒုဗိုလ်ချုပ်မှူးများထက် တစ်ဆင့်သာ မြင့်သော်လည်း သည်အဆင့်က ဝမ်လင်း အတွက်တော့ ကွာဟချက် ကြီးလွန်းနေ၏။


သည်လူနှင့် ပတ်တတ်၍ အရေးကြီးဆုံးက သူကျင့်ကြံ သည့် မန္တာန်ပင်။ထိုမန္တန်က တော်တော်လေး ကြောက်ဖို့ ကောင်း၏။ဝမ်လင်းက သူ့နေလှံကို ခုခံလိုက်သည့်အခါ တွင် သည်လှံ၏ နောက်ရှိ ထူးဆန်းသောအားတစ်ခုကို သတိပြုခဲ့မိသည်။သည်ရွှေရောင်ချပ်ဝတ်နှင့်လူ၏ မန္တာန်က ယန်မီးတောက်နှင့် ဆက်နွှယ်နေ၏။သူက ထိုမန္တာန်ကို အသုံးပြုပါက သာမန်အာဏာတက်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဉ်တိုက်နိုင်ဖို့ လုံလောက် နေ၏။


တကယ်တော့ သည်လူနှင့် တိုက်ခိုက်ရာတွင် နေ့အချိန် နှင့်ညအချိန်ပေါ်မူတည်၍ သူ့ခွန်အားက ကွာခြားမှု ရှိပေ လိမ့်မည်။ခုက နေ့အချိန်ဖြစ်သည့်အတွက် ဝမ်လင်းက ထို လူ့ကို သံသယမရှိ ရှုံးနိမ့်မည်သာ ဖြစ်သည်။ဝမ်လင်းက ထို လူနှင့် ညအချိန်တွင် အားကောင်းသော ယင်စွမ်းအင်ရှိ

သည့်နေရာတွင် တိုက်ခိုက်ပါက သူ့အတွက် ပိုလွယ်ကူပေ လိမ့်မည်။


ဝမလင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရွှေရောင် ချပ်ဝတ်နှင့်လူကြီးကို အာရုံမထားတော့ပေ။သည့်နောက် သူ့အကြည့်က စစ်ဗုံထံသို့ ကျရောက်သွား၏။သူက ရှစ်ကြိမ် မြောက် မြည်သံကို တီးခတ်စေခဲ့ပြီး ဖြစ်၏။ရှစ်ကြိမ် မြောက် မြည်သံ၏ တန်ပြန်အားက သူ့အသက်ဓာတ် ချိပ်တံဆိပ် အလွှာသုံးထောင်ကျော်ကို ချိုးဖျက်လုနီးပါး ဖြစ် ခဲ့၏။


"မိုလီဟိုင် မပါဝင်တာတောင် ငါက ရှစ်ကြိမ်မြောက် တီးခတ်နိုင်ခဲ့ပြီ။ ထိပ်ဆုံးဆယ်ယောက်ကို ဝင်ဖို့ ငါက အများဆုံးမှ တစ်ကြိမ်ပဲ ထပ်တီးဖို့ လိုတယ်။ငါက ဆက် တီးမယ်ဆိုရင် ဒဏ်ရာရနိုင်တယ်။ ဒီတော့ ဒါက မတန် တော့ဘူး..."


*ဒါပေမဲ့ ငါက ဒီနတ်ဆိုးဗုံကို တီးခတ်တဲ့အခါမှာ ဒီမြည် သံက ငါ့စိတ်ကို လှုံ့ဆော်ပေးနေတယ်။ဒါက ငါ မြစ်ဘေးမှာ ကုချင်းသံကို နားထောင်ချိန်မှာ ရတဲ့ ခံစားချက်နဲ့ တူတူပဲ။ ဒီဗုံမြည်သံက ငါ့တာအိုကို အကူအညီများ ပေးနိုင်နေမ copt..."


*ဒီဗုံမြည်သံက ငါ့တာအို လမ်းကြောင်းတော့မဟုတ် ဘူး။ ဒါပေမဲ့ ဗုံရဲ့ တန်ပြန်အားက ကောင်းကင်ကို ဆန့်ကျင် တဲ့ ပုံစံတစ်မျိုးလို ဖြစ်နေတယ်။ငါက ဗုံကို အသံမြည်

အောင် တီးတာက ကောင်းကင်ဘုံရဲ့ နောက်ကို လိုက်ပါတာ ဖြစ်တယ်။ ဒါပေမဲ့ တန်ပြန်အားကတော့ ကောင်းကင်ဘုံကို ဆန့်ကျင်လို့နေတယ်..."


"ဒီ လိုက်ပါခြင်းနဲ့ ဆန့်ကျင်ခြင်းက အံ့ဖွယ်လည်ပတ်နေ မှု(သံသရာ)တစ်ခုကို ဖန်တီးပေးတယ်..."


ဝမ်လင်းက နတ်ဆိုးဗုံကို စူးစိုက်ကြည့်နေရင်း သူ့ မျက်လုံးက ထူးဆန်းတောက်ပလာ၏။သည်အခိုက်တွင် သူက တုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ အသက်ဝဝရှူသွင်းက ဗုံထံသို့ ရိုက်ခတ်လိုက်ပြန်သည်။


ဒုန်း...။ကိုးကြိမ်မြောက်ဗုံသံက ထွက်ပေါ်လာတော့၏။


ဗုံထံမှ တန်ပြန်အားက သူ့ခန္ဓာကိုယ်ထဲသို့ ဒီရေအလား တိုးဝင်လာသည်။သည်အရာက ကောင်းကင်ကို ဆန့်ကျင် နေသည့်အားပင်။ ၎င်းက ဝမ်လင်းခန္ဓာကိုယ်ကို ဖြတ်ကျော် လာကာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ အသက်ဓာတ်ချိပ်တံဆိပ် များက တစ်ခုပြီးတစ်ခု ပျက်စီးလာသည်။ အသက်ဓာတ် ချိပ်တံဆိပ်ပေါင်း (၃၆၀၀)ကျော်က ပျောက်ကွယ်သွား၏။ သည်တန်ပြန်အားက များစွာ အားပျော့သွားသော်လည်း တစ်ဝက်ကျော်ကြွင်းကျန်နေသည့်အားက ဝမ်လင်းထံသို့ တိုးဝင်လာနေဆဲသာ ဖြစ်သည်။


ပထမဆုံးအကြိမ်အဖြစ် အသက်ဓာတ်ချိပ်တံဆိပ်များက ပြိုကျသွားတော့၏။


နောက်ဆုံးချိပ်တံဆိပ် ပြိုကျသွားသည့်အခါ တန်ပြန်

အားက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်လာပြီး သူ့ သွေးကြောများတစ်လျှောက် ရွှေ့လျားသွား၏။


သူ့ခန္ဓာကိုယ်က နောက်သို့ အလိုလို ဆုတ်သွားရသည်။ ခြေတစ်လှမ်း...နှစ်လှမ်း...သုံးလှမ်း...ဆယ့်ကိုးလှမ်းထိဆုတ်သွားရပြီးမှ ဝမ်လင်းက သူ့ကိုယ်သူ ပြန်ထိန်းလိုက် နိုင်သည်။


သူ့မျက်နှာကလည်း နီရဲလာကာ ခဏအကြာမှ ပုံမှန် အတိုင်း ပြန်ဖြစ်သွား၏။


ထိုအရာကို ကြည့်၍ သက်လတ်ပိုင်းလူကြီးက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။သူက တွေး လိုက်၏။ "ဒီကောင်လေးက ဆယ့်ငါးကြိမ် ဘယ်လိုမှ တီး ခတ်နိုင်မှာ မဟုတ်ဘူး။ ကိုးကြိမ်မြောက်က အကန့်အသတ်ပဲ ဖြစ်လိမ့်မယ်။အများဆုံးမှ ဆယ်ကြိမ်


ပတ်ဝန်းကျင်တစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေသည်။ ဝမ်လင်း၏ ရလဒ်က နံပါတ်တစ်ဗိုလ်ချုပ် မိုဖန်ကိုပင် ဖိနှိပ် သွားနိုင်ပြီ မဟုတ်လော။လူတိုင်းက သည်နေ့မှစ၍ ဝမ် လင်း ဆိုသည့်နာမည်က ကောင်းကင်နတ်ဆိုးနိုင်ငံတွင် တောက်ပတော့မည်ကို သိလိုက်ကြ၏။


နတ်ဆိုးအင်ပါယာသည် လူအများကို မည်သည့်နေရာက လာသည်ကို အလေးထားခြင်းမရှိဟု ပြော၍ ရ၏။ နတ်ဆိုး ဗိုလ်ချုပ်မှူးကောင်းကင်ပင် ကျင့်ကြံသူတစ်ယောက် ဖြစ်

နေခဲ့သည် မဟုတ်လား။


လူတိုင်း၏ အကြည့်က ဝမ်လင်းထံ၌သာ ရှိနေသည်။


မိုလီဟိုင်က ဝမ်လင်းကို စူးစိုက်ကြည့်နေမိသည်။ဝမ် လင်းက လွန်ခဲ့သော လအနည်းငယ်အတွင်း ကြီးစွာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။


"ကိုးကြိမ်မြောက် မြည်သံ.. ငါမလုပ်နိုင်ဘူး..." မိုလီဟို င်က ခါးသက်စွာသာ သက်ပြင်းချနိုင်တော့၏။


ဝမ်လင်းက ကွင်းပြင်၏ အလယ်တွင် မားမားမတ်မတ် ရပ်နေသည်။ သူ့ထံသို့ ကြည့်နေသော အကြည့်အားလုံးက လုံးဝလစ်လျူရှုထား၏။ခုချိန်တွင် သူ့အသွင်က မတည်မ ငြိမ်နှင့် သုန်မှုန်နေခဲ့သည်။သူက မျက်မှောင်ကြုတ်လာ၏။


အသက်ဓာတ်အားချိပ်တံဆိပ် (၃၇၀၀)ကျောက်ကို ဖြတ် လာပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ သည့် တန်ပြန်အားက အများကြီး မကျန်တော့ချေ။သူက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်ကို လှည့်ပတ်လိုက်ရုံဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အနည်းငယ်


သို့သော် သည်တန်ပြန်အားက ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်လာသည့်အခိုက်တွင် သူက သည်တန်ပြန်အားအတွင်းရှိထူးဆန်းသောအော်ရာကို ချက်ခြင်း ခံစားမိလိုက်၏။၎င်း အော်ရာထဲ၌ အလံမလှဲ၊အညံမခံသည့် စိတ်ဝိညာဉ်တစ်ခုနှ ငု ကောင်းကင်ကိုပင် ဆန့်ကျင်လွှမ်းမိုးနေသည့် ခံစားချက် ပါ ပါဝင်နေခဲ့သည်။

သည်တန်ပြန်အားက ထိုအညံမခံသည့် မောက်မာလွန်း သည့် အော်ရာကနေ ထွက်ပေါ်လာခြင်း ဖြစ်ရပေမည်။ထို အော်ရာက ကောင်းကင်ပြိုကျလျှင်ပင် ယင်းကောင်းကင်ကို ဆုပ်ကိုင် ထိုးဖောက်မည်ဆိုသည့် စိတ်ဝိညာဉ်ပင်။


ဝမ်လင်းက


ခပ်တိုးတိုး


ရေရွတ်လိုက်၏။


"ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်း..."


"ငါ အစက မှားခဲ့တာပဲ။ဒီ ဖိဆန်သည့်အားကို ခုခံဖို့ ငါ့ အသက်ဓာတ်ချိပ်တံဆိပ်ကို အသုံးပြုတာက ငါ့ နှလုံးသား ထဲက ကိုယ်ပိုင် ဖိဆန်တက်တဲ့၊ဆန့်ကျင်တက်တဲ့ သဘာဝ ကို ခုခံနေတာနဲ့ တူတူ ဖြစ်နေတယ်..."


ဝမ်လင်းမျက်လုံးထဲကနေ


ထုတ်လွှတ်လာ၏။သည့်နောက် ထူးဆန်းသောအားတစ်ခု သူက စစ်ဗုံထံသို့ တိတ်ဆိတ်စွာ ကြည့်သည်။


ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားတော့သည်။ ခြေဆယ့်ကိုးလှမ်း လှမ်းပြီးနောက် သူက စစ်ဗုံရှေ့သို့ ရောက်ရှိလာသည်။ ဝမ် လင်းက သည်ဗုံကို ချက်ခြင်း တီးခတ်ခြင်း မပြုဘဲ သူ့ လက်ဝါးဖြင့် ကြမ်းတမ်းသည့် ဗုံမျက်နှာပြင်ကို ညင်သာစွာ ထိလိုက်သည်။


ဖိဆန်သည့် စိတ်ဆန္ဒအမျှင်တန်းများက ဝမ်လင်း လက်ဝါးကို ဖြတ်၍ ဝင်ရောက်လာ၏။


သူက ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။သည်

အခိုက်တွင် သူက နတ်ဆိုးဗုံနှင့် ပေါင်းစပ်သွားသည်ဟု ထင်မှတ်ရ၏။သူ့အော်ရာကလည်း ပျောက်ကွယ်သွားသည်။ ခပ်ဖြည်းဖြည်းချင်း


ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက မျက်မှောင်ကြုတ်သွား သည်။သည့်နောက် သူက နှာခေါင်းရှုံ့၍ ပြောလိုက်၏။ "ထူး ထူးဆန်းဆန်းတွေ လာလုပ်နေတယ်။ဟက်...။ဒီဗုံကို ထိရုံ နဲ့ ဆယ့်ငါးကြိမ် မြည်နိုင်မယ်ဆိုရင် နေ့တိုင်း ဒီဗုံကို သန့်ရှင်းရေး လုပ်နေတဲ့ အစေခံတွေက အကြိမ်ရာချီပြီး မြည်အောင် လုပ်နေပြီးပြီး...။ရူးလိုက်တဲ့ ကောင်..."


သူတစ်ယောက်တည်းသာ ထိုသို့ တွေးသည် မဟုတ်ချေ။ နတ်ဆိုးဗိုလ်ချုပ်မှူးများပင် မျက်မှောင်ကြုတ်သွားကြ၏။


ဗိုလ်ချုပ်မှူး ရွှမ်က ဝေခွဲမရသည့်ဟန်ဖြင့် ပြောလိုက်၏။ "ဒီကောင်လေး ဘာလုပ်နေတာလဲ..."


ဗိုလ်ချုပ်မှူးများထဲမှ တစ်ယောက်က ရယ်မောကာ ပြော လိုက်သည်။ "ဒီကျင့်ကြံသူက နတ်ဆိုးဗုံနဲ့ ဆယ်သွယ်ဖို့ ကြိုးစားနေတာလား..."


ဗိုလ်ချုပ်မှူးများထဲမှ တစ်ဦးတည်းသော ဗိုလ်ချုပ်မှူး စကြဝဠာက ခပ်တိုးတိုးပြောလိုက်သည်။ “သူက ဗုံနဲ့ ဆက် သွယ်ဖို့ လုပ်နေတာ မဟုတ်ဘူး။ နားလည်အောင် လုပ်နေ တာ။ငါ နတ်ဆိုးဗုံကို တီးခတ်ခဲ့တဲ့ အချိန်တုန်းက ဒီဗုံထဲက အော်ရာကို ခံစားခဲရတယ်။သင်တို့အားလုံးက ဒီခံစားချက် ကို မေ့နေကြာတာလား..."

သူမက ထိုသို့ပြောလိုက်သည့်အခါ ဗိုလ်ချုပ်မှူးများ၏ အသွင်က အလေးအနက်ဖြစ်သွားကြ၏။


နတ်ဆိုးဗိုလ်ချုပ်များကြားတွင်တော့ မိုဖန်က ဝမ်လင်း ကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးက တလက်လက် ဖြစ် နေ၏။ သူက ခပ်တိုးတိုးပြောလိုက်သည်။ "မင်းကလည်း ဒီ အော်ရာကို ခံစားမိလိုက်တာလား..."


ဝမ်လင်းက မျက်လုံးမှိတ်ထားသည့်အခါ ဖိဆန်သည့် အော်ရာက ပိုမို ရှင်းလင်းလာခဲ့သည်။


သည်အော်ရာက သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စုစည်းလာပြီး သူ့မူလစိတ်ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်။ သူက သည်အော်ရာတွင် နစ်မြုပ်လို့နေသည်။


"ငါက ဒီဗုံရဲ့ ဖိဆန်တဲ့အော်ရာကို ခုခံတာ မဟုတ်ဘဲ နစ်မြုပ်နေတာလို့ ယူဆိုလို့ရတယ်။ငါက ဒီအော်ရာကို နား လည်းနိုင်ရင် တန်ပြန်အားကလည်း ငါ့ကို ဒဏ်ရာ ရစေမှာ မဟုတ်တော့ဘူး။ အဲ့အစား ငါ့ခန္ဓာကိုယ်ကိုတောင် သန့်စင် ပေးနိုင်လိမ့်မယ်..."


ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာ၏။သူ့မျက်လုံးက ကြည်လင်လို့နေသည်။သူက လက်မြှောက်၍ နောက်တစ် ကြိမ် ညင်သာစွာ ထိလိုက်ပြန်သည်။


ဒုန်း...။ ဗုံထံမှ ဆယ်ကြိမ်မြောက် မြည်သံသည် ကွင်းပြင်၌ ပဲ့တင်ထပ်လာပြန်သည်။


ဝမ်လင်းန္ဓာကိုယ်က စုံထံမှ ထွက်ပေါ်လာသည့် သန်မန်

အားဖြင့်ချက်ခြင်း တွေ့ဆုံသွားသည်။သည်အခိုက်တွင် ဝမ်လင်းက သူ့အသက်ဓာတ်ချိပ်တံဆိပ်ကို ပြန်ရုတ်သိမ်း လိုက်သည်။ ထိုတန်ပြန်အားကို တိုက်ရိုက် ဝင်ရောက်ခွင့်ပြုလိုက်၏။ သူ့ခန္ဓာကိုယ်ထဲသို့


တန်ပြန်အားက သူ့ခန္ဓာကိုယ်ထဲသို အရူးအမူး ရွှေ့လျား လာသည်။သူ့ဒွာရပေါက်များကနေ ချွေးပုတ်များ စီးကျလာ သည်။ဝမ်လင်းက သူ့ခန္ဓာကိုယ်သည် လန်းဆန်းသန့်စင် သွားသည်ဟု ခံစားမိနေသည်။


သို့ရာတွင် သည်ခံစားချက်က အချိန်ကြာမြင့်ခြင်း မရှိပေ။သူ့ခန္ဓာကိုယ်ထဲရှိအားက ရုတ်တရက် ပြင်းထန်လာ ခဲ့၏။ထိုအားက ဝမ်လင်းခန္ဓာကိုယ်ကို မွှေနှောက်နေကာ သူ့မျက်နှာကို ဖြူရောလာစေ၏။


“ခြင်ဆီ သန့်စင်ခြင်း...။ ဒီကောင်လေးက နတ်ဆိုးဗုံကို အသုံးပြုပြီး သူ့ခြင်ဆီကို သန့်စင်နေတာပဲ..." ဗိုလ်ချုပ်မှူး များစွာက တုန်လှုပ်မိသွားသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ မျက်လုံးကလည်း အေး စက်လာကာ သူက တွေးလိုက်၏။ "ခြင်ဆီ သန့်စင်ခြင်း... အဘိုးအိုက နတ်ဆိုးအင်ပါယာနောက်ကို လိုက်နေတာ အချိန်ကြာမြင့်နေပြီ။ နတ်ဆိုးအင်ပါယာက ဒီနတ်ဆိုးဗုံနဲ့ ခြင်ဆီသန့်စင်နိုင်တယ်လို့ ငါ့ကို ပြောခဲ့ဖူးတယ်။ဒါပေမဲ့ ဒီ လိုလုပ်နိုင်ဖို့ လုံလောက်တဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားဖို့ လိုတယ်။မဟုတ်ရင် ကိုယ့်ကိုယ်ကို ဒဏ်ရာ

ပြင်းပြင်းထန်ထန် ပြန်ရနိုင်တယ်..."


ဝမ်လင်းမျက်နှာက သေလောက်အောင် ဖြူရောလာ၏။ သို့သော် သူ့မျက်လုံးကတော့ တောက်ပလို့နေ၏။


"နတ်ဆိုးဗုံရဲ့ဖိဆန်တဲ့အားက အသိစိတ်အချို့ ရှိနေ တယ်။ငါက ဒါနဲ့ လုံးဝ ပေါင်းစပ်နိုင်မယ်ဆိုရင်တောင် ဒါက ကောင်းကင်ဘုံကို ဖိဆန်တယ်လို့ ယူဆလို့ရနိုင်ပေမဲ့ လည်း နတ်ဆိုးဗုံရဲ့လမ်းကြောင်းသာ ဖြစ်လိမ့်မယ်။ ငါ့ ကိုယ်ပိုင် လမ်းကြောင်းတော့ ဖြစ်မှာ မဟုတ်ဘူး..."


"ဘာလို့လဲဆိုတောင့် ငါ့တာအိုက ဒါနဲ့ မတူညီလို့ပဲ။ဒီ ကမ္ဘာမှာ ကျင့်ကြံသူဖြစ်ဖြစ်...တခြား သက်ရှိတစ်ခုခုပဲ ဖြစ်ဖြစ် ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်ပြီး ကျင့်ကြံနေ သ၍ သူတို့မှာ ကိုယ်ပိုင် ဖိဆန်တဲ့ သဘာဝ ရှိပြီးသား ဖြစ် ໑໖..."


"ဖိဆန်ခြင်း ဆိုတဲ့ စကားက တစ်လုံးတည်းဆိုပေမဲ့ လူ တိုင်းက ဒီစကားကို ကိုယ်ပိုင်နားလည်မှု တွေရှိကြတယ်။ ဒီ ကောင်းကင်ဘုံကို ဖိဆန်နိုင်ဖို့အတွက်လည်း အမျိုးမျိုး တာအို တွေရှိကြတယ်..." ဝမ်လင်းမျက်လုံးက တောက်ပ လို့နေသည်။ သူ့အသွင်က ဖြူရောနေသော်လည်း သည် အခိုက်၌ သူက သူ့နယ်ပယ်နှင့် သူ့ခန္ဓာကိုယ်ကို ပေါင်းစပ် လို့နေခဲ့သည်။ သူ့မျက်လုံးထဲရှိ အလင်းက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ဝမ်းနည်းမှုနှင့် အထီးကျန်မှုတို့ အစား ဝင်ရောက်လာတော့၏။

သည့်နောက် သူက ညာလက်ကိုမြှောက်ကာ နတ်ဆိုးဗုံ အား ညင်သာစွာ ထိလိုက်၏။


ဒုန်း...။ဆယ့်တစ်ကြိမ်မြောက် မြည်သံက ဗုံထံကနေ ထွက်ပေါ်လာသည်။


သည်အခိုက်မှာပင် ဝမ်းနည်းဖွယ်အော်ရာက ဗုံထံကနေ ပျံ့လွင့်လာ၏။၎င်းအသံက ကွင်းပြင်တစ်ခုလုံး ပဲ့တင့်ထပ် ကာ ကောင်းကင်နတ်ဆိုးမြို့ထိ ပြန့်နှံ့လို့သွားတော့သည်။


ထိုဗုံသံ၏ ပဲ့တင်ထပ်မှုထဲမှ ဝမ်းနည်းမှုသည် ကုချင်း ဆင်တူ၏။၎င်းအသံက ဂီတသံမှ ဝမ်းနည်းမှုမျိုးနှင့် နှလုံးသားကို လှုပ်ခတ်စေသည်။


သည်ဝမ်းနည်းမှုက သူ့စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ပြီး သူ့စိတ်ဝိညာဉ်က စိတ်ဆန္ဒတစ်ခုဖြစ်ပေါ်သည်။သည်စိတ် ဆန္ဒက ဗုံကို ရိုက်ခတ်ကာ သူ့တာအိုကို ပျံ့လွင့်စေ၏။


* "ဗုံသံထဲမှာ စိတ်ဆန္ဒပါနေတယ်...မဖြစ်နိုင်တာ..။ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ဒီလူက ဒါကို ဘယ်လိုများ အောင်မြင်အောင် လုပ်လိုက်နိုင်တာလဲ။ဒါက လုံးဝ မဖြစ် နိုင်ဘူး..."


ပထမဆုံးအကြိမ်အဖြစ် ရွှေရောင်ချပ်ဝတ်နှင့်လူကြီး အသွင်က လုံးဝ ပြောင်းလဲသွားတော့သည်။သူက နောက်သို့ အလိုလို ဆုတ်မိသွားပြီး ဝမ်လင်းကို ငေးကြည့် နေမိ၏။


ဗိုလ်ချုပ်မှူးကောင်းကင်ပင် ပထမဆုံးအကြိမ်အဖြစ်

မျက်လုံးဖွင့်လာပြီး မတ်တပ်ရပ်ကာ ဝမ်လင်းကို ကြည့် လာ၏။သည်ကွင်းပြင်တစ်ခုလုံးတွင် သူ့အာရုံစိုက်မှုကိုရ သည့် တစ်ဦးတည်းသောသူက ဝမ်လင်းပင် ဖြစ်ချေသည်။


ငါ အာဏာတက်ခြင်းအဆင့်ကို ရောက်ချင်တယ်...


သည်အခိုက်တွင် စင်မြင့်သုံးခုလုံးတွင် ကြည့်ရှုနေသူ အပေါင်းသည် လုံးဝ ငြိမ်သက် တိတ်ဆိတ်သွားကြ၏။ဗုံသံ က သည်ဧရိယာတွင် ပဲ့တင်ထပ်နေ၏။သည်အသံထဲ၌ ဝမ်းနည်းနာကျင်သော နှလုံးသားတစ်ခု ပါဝင်နေသည်။ သည်အသံက လူတိုင်းအား အတိတ်ကို ပြန်လည် အောက်မေ့စေ၏။


ကွင်းပြင်အတွင်းရှိ နတ်ဆိုးဗိုလ်ချုပ်မှူးများ အပါအဝင် လူတိုင်းသည် ငြိမ်သက်တိတ်ဆိတ်သွားကြလေ၏။


ဝမ်လင်းလက်က ဗုံပေါ်တွင် ရှိလို့နေဆဲ။သည် အခိုက်အတန့်၌ ဗုံမှ ထွက်ပေါ်လာသည့်မြည်သံက သူ့တာ အိုကို ပျံ့လွင့်စေခဲ့ပြီး ဖြစ်လေ၏။


သူ့စိတ်ထဲ၌ လီမူဝမ်နှင့်အတူ ရှိခဲ့သည့် မြင်ကွင်းများ... နှစ်ပေါင်း ခုနစ်ရာကျော် ကျင့်ကြံခြင်း၏ အထီးကျန်ဆန်မှု....

ကောင်းကင်ကံကြမ္မာကလန်၏ စမ်းသပ်မှုတွင် နှစ် ပေါင်းတစ်ရာ ကုန်ဆုံးစေခြင်း...


ကောင်းကင်နတ်ဆိုးမြို့၏ လမ်းမထက်တွင် အထီးကျန် ဆန်ဆန် လမ်းလျှောက်ခဲ့သည့် နေ့ရက်များ...


သည်ခံစားချက်၊ အထီးကျန်ဆန်မှုတို့က သူ လှေပေါ်မှာ ကုချင်းဂီတသံကို ကြားလိုက်ရသည့်အခါတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။


ကုချင်းဂီတက သူ့နားထဲသို့ တိုးဝင်လာသည့်အခါ သည် သံစဉ်က သူ့ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို သန့်စင်စေသည်။သူ့ တာအိုကို မွန်းမံစေခဲ့သည်။


သည်အခိုက်တွင် သူ့စိတ်ထဲ၌ လှေပေါ်ရှိ အမျိုးသမီးတီး ခတ်ခဲ့သော ကုချင်းသံနှင့် ဗုံသံတို့က ပေါင်းစပ်နေသည်။ ဝမ်လင်းနှလုံးသားက သည်အသံနှစ်ခုပေါင်းစပ်မှု၌ တံတား တစ်စင်းအဖြစ် ပေါင်းကူးပေးသည်။သူက ဗုံသံကို မြည်ဟီး အောင် တီးခတ်ကာ လီမူဝမ်ထွက်သွားကတည်းက သူ့ စိတ်နှလုံးထဲရှိ ဖုံးကွယ်ထားခဲ့သည့် ဝမ်းနည်းမှုအဖြစ် ထုတ်လွှတ် ပျံ့လွှင့်စေသည်။


ဗုံသံက ကွင်းပြင်အနှံ့ ပျံ့လွင့်ပဲ့တင်ထပ်နေသည်။အချို့လူ များက သည်အသံကြောင့် မျက်ရည်များပင် ကျဆင်းလာ ကြသည်။သည်ဗုံသံက သူတို့ကို လှုပ်ရှားစေခဲ့ကာ ကိုယ်ပိုင် နှလုံးသား ကမ္ဘာအတွင်း၌ နစ်မြုပ်နေစေ၏။အတိတ်၏ မြင်ကွင်းအမျိုးမျိုးက သူတို့စိတ်ထဲ၌ ပေါ်လာခဲ့ကြသည်။

လူတစ်ဦးတစ်ယောက်တိုင်းသည် ပုံပြင်ဇာတ်လမ်း တစ်ခုစီ ရှိခဲ့ကြသည်သာ။ထိုဇာတ်လမ်းကို သူတို့၏ နှလုံးသားထဲ၌ မြှုပ်နှံ့ထားခဲ့ကြခြင်း ဖြစ်သည်။


နတ်ဆိုးဗိုလ်ချုပ်များကြား၌ မိုလီဟိုင်သည် အတိတ်ကို လွမ်းဆွတ်အောက်မေ့သည့်ပုံ ပေါ်နေသည်။သူတင်မဟုတ် ဘဲ ရှီရောင်ပါ ထိုသို့ ဝမ်းနည်းမှု အငွေ့အသက်ကို လှစ်ဟ နေမိ၏။


ထိုသို့ အောက်မေ့ ဝမ်းနည်းမှု မဖြစ်သူဟူ၍ မိုဖန်သာ ရှိ၏။သည်က သည်အခိုက်တွင် တည်ငြိမ်ကာ ဗုံသံ၏ ဝမ်းနည်းမှုကို စိတ်မဝင်စားသည့်ဟန် ရှိနေ၏။ဗုံသံမှ ထွက် ပေါ်လာသည့် ဝမ်းနည်းမှုက သူ့ကို မသောက်ရောက်ဟု ထင်မှတ်ရ၏။


တဖြည်းဖြည်း လူအများက ဝမ်းနည်းမှု၌ ရစ်မူးနေရာက နေ ပြေပျောက်လာကြ၏။


နတ်ဆိုးဗိုလ်ချုပ်မှူးများနှင့် အချို့လူအနည်းငယ်ကလွဲ၍ သူတို့ သတိပြန်ဝင်လာသည့်အခါ သူတို့သည် ငိုမိနေကြ သည်ကို တွေ့လိုက်ရသည့်အတွက် တော့သည်။ တုန်လှုပ်သွားကြ


ဒုဗိုလ်ချုပ်မှူးရွှမ်က ဝမ်လင်းနှင့် သူ့ဘေးရှိ နတ်ဆိုးဗုံကို ကြည့်၍ သက်ပြင်းယဲ့ယဲ့ချမိသည်။ သူ့မျက်လုံးထဲရှိစိတ်ရှုပ်ထွေးနေမှုသည်လည်း ပျောက်ကွယ်သွားပြီး လေးစားမှုက အစားဝင်လာခဲ့၏။

"နတ်ဆိုးဗုံသံနဲ့အတူ သူ့စိတ်ဆန္ဒကို ပျံ့လွင့်စေတာ... ဖြစ်နိုင်တာက သူဟာ နတ်ဆိုးအင်ပါယာ မရေမတွက်နိုင် တဲ့ နှစ်တွေကြာအောင် စောင့်နေခဲ့ရတဲ့ လူများလား။ ဒီဗုံသံ ကို ကြားလိုက်ရတဲ့နောက် တစ်ဆို့နေတာ ကြာမြင့်နေပြီ ဖြစ်တဲ့ ငါ့ကျင့်ကြံမှုအဆင့်တောင် တိုးတက်လာတဲ့ အရိပ်အမြွက် ပြလာခဲ့တယ်..."


နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်ကလွဲ၍ အခြားဗိုလ်ချုပ် မှူးများအားလုံးက ဝမ်လင်းကို မတူညီသည့် အသွင် ဟန်ပန်များနှင့် ကြည့်လိုက်ကြသည်။သို့ရာတွင် တူညီသည့် အရာတစ်ခုက သူတို့မျက်နှာပေါ်ရှိ တုန်လှုပ်နေမှုပင်။


မည်သူကမျှ ဗုံသံကနေတစ်ဆင့် စိတ်ဆန္ဒကို သယ်ဆောင်ခြင်းသည် မည်သည့်အဓိပ္ပာယ် ဆောင် နေသည်ကို မသိကြချေ။


ထိုအရာက နယ်ပယ်တစ်ခုဖြစ်၏။


ဗိုလ်ချုပ်မှူးကောင်းကင်က ဝမ်လင်းကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေ၏။


"သူ့နာမည်က ဝမ်လင်းလား..."


ဝမ်လင်းက သူ့ညာလက်ကိုမြှောက်၍ နောက်သို့လှည့် ကာ ပတ်ဝန်းကျင်သို့ ကြည့်လိုက်၏။ခုချိန်တွင် လူတိုင်းက သူ့ကို ကြည့်နေကြသည် မဟုတ်လား။


သူ့အကြည့်က ရွှေရောင်ချပ်ဝတ်နှင့်လူကြီးပေါ်သို့ ကျ ရောက်သွားသည်။

ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ မျက်နှာက သုန်မှုန်နေ ခြင်း မရှိတော့ပေ။သို့သော် သူ့မျက်နှာက လုံးဝဖြူရော နေ၏။သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရင်း စကားတစ် ခွန်းမှ မဆိုနိုင် ဖြစ်ရသည်။ယနေ့တွင် သူ့ရှေ့ရှိ ကျင့်ကြံသူ က သူ့အား အကြိမ်များစွာ တုန်လှုပ်စေခဲ့ပေသည်။


အစပိုင်းတွင် ဝမ်လင်းက ဗုံသံငါးခုကို ဆက်တိုက် မြည် စေခဲ့သည်။သူ့ခန္ဓာကိုယ်ကလည်း ထိုဗုံ၏ တန်ပြန်အား ကြောင့် တစ်လက်မမှ မရွှေ့ခဲ့ချေ။ သည့်နောက် သူက မို ဖန်၏ ရလဒ်ကို မှီရန် နောက်ထပ် သုံးကြိမ်မြည်အောင် တီး နိုင်ခဲ့ပြန်သည်။ထို့နောက် သူက ကိုးကြိမ်မြောက်နှင့် ဆယ် ကြိမ်မြောက် ဗုံသံကို တီးခတ်နိုင်ပြန်သည်။ဆယ်ကြိမ် မြောက်မြည်သံတွင် တန်ပြန်အားကြောင့် နောက်ဆုတ်သွားခဲ့ရ၏။ သူက


ရွှေရောင်ချပ်ဝတ်နှင့်လူက ထိုသို့ တီးခတ်နိုင်မှုက ဝမ် လင်း၏ အကန့်အသတ်ဖြစ်သည်ဟု တွေးထင်ခဲ့သည်။ သို့သော် တကယ်က ဝမ်လင်းသည် ခုမှ အစပြုခဲ့ခြင်း ဖြစ် နေလေ၏။


သူက တုန်လှုပ်မိနေဆဲမှာပင် ဆယ့်တစ်ကြိမ်မြောက်ဗုံ သံက ထွက်ပေါ်လာခဲ့၏။


သည့်အပြင် ထိုဆယ့်တစ်ကြိမ်မြောက် မြည်သံသည် ဝမ် လင်း၏ စိတ်ဆန္ဒကိုပါ သယ်ဆောင်လာခဲ့သေးသည်။

သည်အရာက ကျင့်ကြံခြင်းနှင့် လုံးလုံးလျာလျာ မ သက်ဆိုင်တော့ဘဲ နယ်ပယ်ကြောင့်သာ ဖြစ်နေ၏။ နယ်ပယ်၏ မတူညီသည့်အဆင့်တစ်ခုနှင် စိတ်ဝိညာဉ်ကို သန့်စင်စေမှု ဖြစ်နေသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူက ယနေ့အဖြစ်အပျက်ကို သူ့ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပေ။အခုချိန်၌ သူက ဝမ်လင်းနှင့် ဆန့်ကျင်လိုသည့် ဆန္ဒ မရှိတော့ပေ။


"ဆယ့်ငါးကြိမ် မြောက်အသံထွက်လာရင် သင်က ကိုယ့် လက်ကိုယ်ကို ဖြတ်ပစ်ရမယ်..."


ဝမ်လင်းအသံက တည်ငြိမ်နေသော်လည်း လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ ဦးရေပြားက ထုံထိုင်း သွား၏။သူက ရှေ့သို့ တိုး၍ ဝမ်လင်းကို တိုက်ခိုက်လိုနေခဲ့ သည်။


ဝမ်လင်းက ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ တုန့်ပြန်မှုကို စောင့်မနေတော့ချေ။သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်း လိုက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲကို ကြည့်ရှု နေသူများထံသို့ သိမ်းကြုံးကြည့်လိုက်သည်။ထိုအခါ သူ့ အကြည့်ကို လူတိုင်းက ရှောင်ဖယ်ရန် ရွေးချယ်လိုက်ကြ သည်။


ဒုဗိုလ်ချုပ်မှူး ခြောက်ယောက်ပင် ထိုသို့ ပြုလုပ်ခဲ့သည်

သာ။ သို့သော် ဝမ်လင်း၏ အကြည့်ကို မရှောင်ဖယ်သည့် ဒုဗိုလ်ချုပ်မှူးတစ်ယောက် ရှိလေ၏။ထိုလူကတော့ ဒုဗိုလ် ချုပ်မှူးရွှမ်ပင် ဖြစ်သည်။သူက ဝမ်လင်းကို ကြည့်၍ လက် နှစ်ဖက်ယှက်၍ လေးစားမှုကို ဖော်ပြလိုက်သည်။


ဝမ်လင်းက ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အကြည့်ကို ဆက် ရွှေ့လိုက်သည်။သည်တစ်ကြိမ်၌ သူ့အကြည့်က ဗိုလ်ချုပ်မှူး ရှစ်ယောက်ထံသို့ ကျရောက်သွား၏။သူတို့တစ်ယောက် ချင်းစီက ဝမ်လင်း၏ အကြည့်နှင့် တွေ့ဆုံလိုက်ကြသည်။ သူတို့က အကြည့်ချင်းဖလှယ်မိသွားကြသည်။


ဗိုလ်ချုပ်မှူးကောင်းကင်က ဝမ်လင်းအကြည့် သူ့ထံသို့ ရောက်လာသည့်အခါ ပထမဆုံးအကြိမ်အဖြစ် ပါးစပ်ဟ လာပြီး ပြောလိုက်လေ၏။


"ဝမ်လင်း...မင်းနာမည်ကို ငါ သတိရနေမှာပါ..."


နတ်ဆိုးဗိုလ်ချုပ်များပင် ဝမ်လင်း၏ အကြည့်ကို ရှောင်လွှဲကြပေသည်။သို့ရာတွင် ရှီရှောင်က မာန်သွင်းကာ ဝမ်လင်းအကြည့်နှင့် ထိပ်တိုက် တွေ့ဆုံသည်။


သူက တိုက်ပွဲစိတ်ဆန္ဒကို ဖော်ပြနေ၏။သို့သော် ဝမ်လင်း က သူ့ကို လစ်လျူရှူထားကာ သူ့အကြည့်ကို ဆက်လက် ရွှေ့လျားလိုက်သည်။


နောက်ဆုံးတွင် ဝမ်လင်းအကြည့်က မိုဖန် ထံ၌ ရပ်တန့် သွား၏။


သူက ဝမ်လင်းကို ကြည့်နေရင်း သူ့အသွင်က အရေးမ

စိုက်သည့်ဟန်ပန် ရှိလို့နေဆဲပင်။


သူ့အကြည့်ကို ပြန်ရုတ်သိမ်းပြီးနောက် ဝမ်လင်းက မျက်လုံးဖြည်းဖြည်းချင်းမှိတ်ကာ သူ့လက်ကို ဗုံပေါ်သို့ တင် လိုက်သည်။ခုချိန်တွင် သူ့ပန်းတိုင်က ဗုံကို မြည်အောင်လုပ် ရန် မဟုတ်တော့ပေ။


ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းက အာဏာတက်ခြင်း အဆင့်၏ အစပ်ကို ထိတွေ့မိခဲ့ပေပြီ။


“ငါက အာဏာတက်ခြင်းအဆင့်ကို ရောက်ချင်တယ်..." ဝမ်လင်းက မျက်လုံးဖွင့်လာခြင်း မရှိသေးချေ။သူ့ခန္ဓာကိုယ် တစ်ခုလုံးက ပြင်းထန်သောယုံကြည်မှုနှင့် ပြည့်နေ၏။


သူက သူ့ညာလက်ကို နတ်ဆိုးဗုံပေါ်သို့ တင်ထားသည်။


ဒုန်း...ဒုန်း...။သူ့လက်က လှုပ်ရှားခြင်းမရှိသော်လည်း ဗုံ သံက ရုတ်တရက် မြည်လာခဲ့သည်။သည်အသံက မိုးခြိမ်း သံအဖြစ် ပြောင်းလဲ၍ သည်ကမ္ဘာလောကထဲသို့ ဆင်းသက် လာတော့သည်။


ဗုံသံမှ ဒုတိယကြိမ်ထွက်ပေါ်လာသည့် ဝမ်းနည်းမှုက ပထမတစ်ကြိမ်ထက် ပိုအားကောင်းနေခဲ့သည်။


ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်၏။ "နည်းနည်း လိုနေ တုန်းပဲ..." သူက ထိုသို့ပြောလိုက်ရင်း ဗုံသံမှ နောက်ထပ် အသံတစ်ခု ထွက်လာပြန်သည်။


ဗုံသံမှ အသံသုံးခု ထွက်လာခဲ့လေ၏။ဆယ့်နှစ်ကြိမ် မြောက်၊ဆယ့်သုံးကြိမ်မြောက်၊ ဆယ့်လေးကြိမ်မြောက်

အဖြစ်ထွက်ပေါ်လာသည့် ဗုံသံက ကောင်းကင်၌ ပဲ့တင့် ထပ်သည်။


ဗုံသံများက အတူပေါင်းစပ်သွားလေ အရင်ထက် ပို ပြင်းထန်သည့် တန်ပြန်အားကို ဖြစ်ပေါ်စေလေ ဖြစ်သည်။ သည်အားက နတ်ဆိုးဗုံမှ ထွက်ပေါ်လာ၍ ဝမ်လင်းလက်ကို ဖြတ်သန်းကာ သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ဝင် ရောက်လာ၏။


သည်အခိုက်တွင် လူတိုင်းက အသံတစ်ခုကိုသာ ကြားရ တော့၏။ထိုအသံက ဝမ်လင်းခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာ ခြင်း ဖြစ်သည်။


ထိုအသံနှင့်အတူ ဝမ်လင်းခန္ဓာကိုယ်၏ ဒွာရပေါက်များမှ တစ်ဆင့် အနက်ရောင်အရည်များ စီးကျလာတော့သည်။


"ခြင်ဆီ သန့်စင်ခြင်း..." ဗိုလ်ချုပ်မှူးကောင်းကင်၏ မျက်လုံးက လွန်စွာတောက်ပသွားပြီး လေးစားသည့် အရိပ်အယောင်များပါ ဖြစ်ပေါ်လာ၏။


"ဒါကမှ အစစ်အမှန် ခြင်ဆီသန့်စင်ခြင်းပဲ။အစောပိုင်း တုန်းက မင်းဟာ အပေါ်ယံပဲ သန့်စင်နိုင်ခဲ့တယ်..."


အခြားဗိုလ်ချုပ်မှူးများသည်လည်း ဝမ်လင်းကို မနာလို စွာ ကြည့်နေကြသည်။ကောင်းကင်နတ်ဆိုးနိုင်ငံ၌ နတ်ဆိုး ဗုံသည် နဂါးကန်အောက်၌ နံပါတ်တစ်ရတနာဖြစ်နေသည် ကို သူတို့ထက် ပို၍ မည်သူမျှ မသိနိုင်ပေ။


နဂါးကန်က ရှေးဟောင်းနတ်ဆိုး၏ စိတ်ဝိညာဉ်ရှိကာ

သူတို့ကို တာအိုအား သင်ကြားပေးနိုင်၏။


သည်ဗုံကတော့ ရှေးဟောင်းနတ်ဆိုး၏ အရေပြားနှင့် ပြုလုပ်ထားကာ ရှေးဟောင်းနတ်ဆိုး၏ စွမ်းအား ပါဝင် နေသည်။ပြောကြသည်က နတ်ဆိုးအင်ပါယာတိုင်းသည် ထိုရှေးဟောင်းနတ်ဆိုး၏စွမ်းအားကို ထုတ်ယူနိုင်ရန် ဗုံသံ ကို မြည်ဟီးစေသည့် မန္တန်တစ်ခုရှိကာ ထိုအရာက ကောင်းကင်နတ်ဆိုးနိုင်ငံကို ကာကွယ်မှု ပြုရာ၌ အကူအညီ ဖြစ်စေသည် ဟူ၍ပင်။


ဗိုလ်ချုုပ်မှူးတိုင်းက ထိုအဆင့်သို့ တိုးမြှင့်ပေးခံရချိန်၌ ထိုနတ်ဆိုးဗုံကို တီးခတ်ခွင့် ရကြပေသည်။ ထိုဗီကို တီး ခတ်ရခြင်း ဆုလဒ်က ရိုးတွင်းခြင်ဆီကို သန့်စင်နိုင်ရန် အတွက် ချီးမြှင့်မှုလည်း ဖြစ်သည်။


သို့သော် သူတို့က ခြင်ဆီသန့်စင်နိုင်ခြင်း ရှိမရှိကတော့ သူတို့၏ ကျင့်ကြံမှုပေါ်တွင် မူတည်ပေ၏။


"ဆယ့်လေးကြိမ်မြောက် မြည်သံ..." ရွှေရောင်ချပ်ဝတ် နှင့်လူကြီး၏မျက်မှာက ပိုမို ဖြူရောသွားသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူကြီးကလွဲ၍ ကျန်သည့်လူတိုင်း သည် သည်မြည်သံအရေအတွက်ကိစ္စကို မေ့သွားကြသည့် ပုံပင်။သူတို့အားလုံးက နားထဲသို့ တိုးဝင်လာသည့် အသံ တွင်သာ နစ်မြုပ်နေပြီး နှလုံးသားထဲ၌ တုန်လှုပ်နေကြ သည်။


သည်အသံက ခြင်ဆီသန့်စင်ခြင်း၏ အသံ ဖြစ်နေသည်

မဟုတ်လား။


လူတစ်ယောက်က ခြင်ဆီသန့်စင်ချိန်၌ ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့်အသံသည် ကြားရသူ၏ ခန္ဓာကိုယ်ကို တုန်ခါစေနိုင်သည်။


ဝမ်လင်းက မျက်လုံးပြန်ဖွင့်လာချိန်တွင် သူ့ခန္ဓာကိုယ်ထဲ ရှိ အညစ်အကြေးအားလုံးသည် ဗုံကြောင့် ကင်းစင်သွားခဲ့ရ ပြီ ဖြစ်သည်။သည့်နောက် သူက နတ်ဆိုးဗုံကို ကြည့် လိုက်၏။သူ့မျက်လုံးက ကြည်လင်လို့နေသည်။


"ငါ ဝမ်လင်းက နှစ်ပေါင်း ခုနစ်ရာ ကျင့်ကြံခဲ့ပြီးပြီး။ငါ့ ကျင့်ကြံမှုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံး အထွတ်အထိပ်အဆင့်ကို ရောက်ရှိခဲ့သလို ငါ့ တာအိုကို လည်း ငါ့ခန္ဓာနဲ့ ပေါင်းစပ်ခဲ့ပြီး ဖြစ်တယ်။ နောက်ဆုံးတော့ ငါဟာ အာဏာတက်ခြင်းအဆင့်ကို ဘာကြောင့် မရောက်ရှိသေးတာလဲကိုပါ ခုသိလိုက်ရပြီ။ ငါ့ နယ်ပယ်က ငါ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ခဲ့ပေမဲ့လည်း ငါ့တာအိုက ခုထိ မ ပြည့်စုံခဲ့သေးလို့ပဲ...။နောက်ဆုံးတော့...ငါ့နှလုံးသား အနက်ပိုင်းထဲမှာ...ဝမ်းနည်းမှု၊ဒဏ်ရာ အမာရွတ်တစ်ခု ရှိနေခဲ့လို့ပဲ..."


"လီမူဝမ် သေဆုံးသွားချိန်မှာ ငါ့နယ်ပယ်က အဆင့်သစ် တစ်ခုကို ရောက်ရှိပြီး ငါ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ခဲ့တယ်။ ဒါပေမဲ့ ဝမ်အာကပဲ ငါ့နှလုံးသားထဲမှာ ချိပ်ပိတ်မိနေတဲ့ အတွေးတစ်ခု ဖြစ်လာခဲ့ရတယ်..."

"ဒါ့ကြောင့် ငါဟာ လှေပေါ်က အမျိုးသမီးရဲ့ ကုချင်းဂီတ ကို ကြားလိုက်ရတဲ့ အချိန်မှာ ဝမ်းနည်းမှုကို ခံစားခဲ့ရတာ ဖြစ်တယ်။ငါက ကုချင်းတီးခတ်တဲ့ အမျိုးသမီး သေဆုံး သွားချိန်ထိ ကုချင်းဂီတကို နှစ်ရာချီပြီး နားထောင်ရမယ်ဆို ရင်တော့ သူမ သေသွားပြီးတဲ့ အခါကျမှ ဉာဏ်အလင်း ရ နိုင်လိမ့်မယ်။အဲ့ကျမှ ငါ့နှလုံးသားထဲက ဝမ်းနည်းမှုက လည်း ကုချင်းဂီတသံနဲ့အတူ ပျောက်ကွယ်သွားနိုင်မှာ..."


"ဒါပေမဲ့ ဒီနေ့မှာ ငါက ဒီနတ်ဆိုးဗုံရဲ့ စွမ်းအားကို ငှားယူ ပြီး အချိန်တိုးအတွင်း ဒီအတွေ့အကြုံ ဉာဏ်အလင်းကို ရရှိခဲ့တယ်။ငါက ငါ့ဝမ်းနည်းမှုကို ဗုံသံနဲ့ ပေါင်းစပ်ပြီး အသံ အဖြစ် ထုတ်လွှတ်စေခဲ့တာ ဖြစ်တယ်။ခု ငါ့နှလုံးသားထဲမှာ ဘာဝမ်းနည်းမှုမှ မကျန်တော့ဘူး။ငါ့တာကိုကလည်း ပြည့်စုံသွားလိမ့်မယ်။ငါက အာဏာတက်ခြင်း အဆင့်ကို ရောက်လိမ့်မယ်..."


ဝမ်လင်းက သူ့ညာလက်ကို မြှောက်၍ ဗုံပေါ်သို့ ညင်သာ စွာ ကျရောက်စေလိုက်သည်။ထိုအခိုက်တွင် သူ့အနက်ရှိုင်း ဆုံး နှလုံးသားထဲကနေ ထွက်ပေါ်လာသည့် လီမူဝမ်နှင့် ပတ်သတ်သော အရာအားလုံး၊ သူ့အတွေး၊သူ့ဝမ်းနည်းမှုတို့ ပါ ထွက်ပေါ်လာတော့သည်။ ထိုခံစားချက်က သူ့လက်က နေ တစ်ဆင့် ဗုံထံသို့ စီးဆင်းသွားတော့သည်။


"ဒါပေမဲ့...ငါက ဒီလိုလုပ်လိုက်ရင် သူမကို မေ့ပစ်ဖို့ ရွေးချယ်လိုက်တာပဲ...ငါ တကယ်ကို မေ့ချင်ရဲ့လား..."

ဤအခိုက်အတန့်၌ လေ၏။ဝမ်လင်းလက်များ တုန်ယင်နေသည်...။



Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)