နတ်ဆိုးကိုယ်ရံတော်(၁၂၅)
တစ်သန်းနတ်ဆိုးတောင်ကို
ဖြတ်ကျော်လာပြီး အေးစက်စက်နှာခေါင်းရှုံ့သံထွက်ပေါ်လာ သည့်နောက် သည့် ရင်းမြစ်နေရာသည် ဝမ်လင်းအတွက် ပိုထင်ရှား လာ၏။နေ့ရက်များစွာ ကြာပြီးနောက် အဆုံးမဲ့အပျက်အစီး နယ်မြေတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုနေရာတစ်ခုလုံးက မရေမတွက်နိုင်သော အကျိုးအပဲ့ အပျက်အစီးများနှင့် ဖုံးလွှမ်းနေသည်။မြေပြင်က အက်ကွဲ နေကာ လေအဝှေ့တွင် အနံ့အသက်ဆိုးများ လွင့်ပျံ့လာ၏။
ဝမ်လင်းမျက်လုံးက နီရဲလို့နေ၏။ခုချိန်၌ ဝမ်လင်းစိတ် ထဲတွင် သတ်ဖြတ်ခြင်း တစ်ခုသာ ရှိနေသည်။
သူက အလင်းတန်းအလား အပျက်အစီးနယ်မြေတစ်ခု သို့ တိုက်ရိုက် ပျံသွားသွားသည်။
ထိုအခိုက်အတန့်၌ သူ့အောက်ဘက် မြေပြင်မှ ပေါက်ကွဲ သံများ ဆက်တိုက်ထွက်ပေါ်လာ၏။ထိုအသံနှင့်အတူ အဝါ ရောင်မြေကြီးဖြင့် ပြုလုပ်ထားသည့် ဆူးချွန်တစ်ခုသည် လေထုကိုဖြတ်ကာ ဝမ်းလင်းထံသို့ တိုးဝင်လာခဲ့သည်။
ထိုဆူးချွန်များက မရေမတွက်နိုင်အောင် ဆက်တိုက် လေထဲကို ထွက်ပေါ်လာနေသည်။ထိုအရာများက ဖြတ်သန်းကာ အပ်ချောင်းများကဲ့သို့ တိုးဝင်လာနေခြင်း ပင်။မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် ထိုဆူးချွန် များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။
ဝမ်လင်းနတ်ဘုရားအာရုံက အလွန်အမင်းအာရုံခံနိုင် စွမ်း မြင့်မားနေ၏။သူကနောက်သို့ ဆုတ်ရမည့်အစား သူ့ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစွမ်းအင်ကို ဝဲကတော့တစ်ခု လို ဖြစ်စေလိုက်သည်။သည်ဝဲကတော့၏ စွမ်းအား အောက်၌ ဆူးချွန်များအားလုံးသည် ကွဲကြေပျက်စီးသွားရ သည်။
မြေပြင်ထက်ကနေ အနက်ရောင်ပုံရိပ်တစ်ခုက ခုန်ထွက် လာကာ ဆူးချွန်များထဲက တစ်ခုအပေါ်သို့ ခြေချလာ၏။ သည်လူက အရိုးပေါ်အရည်တင်ကာ တစ်ကိုယ်လုံး နက် မှောင်နေသည်။သူက ဘေးဘက်ထောက်အနေအထားက နေ ဝမ်လင်းကို ခေါင်းမော့ကြည့်၍ နှုတ်ခမ်းသပ်လိုက် သည်။
ဝမ်လင်းက ရှေ့သို့ တစ်လှမ်းတိုးကာ သူ့ညာလက်မဖြင့် ဖိချလိုက်၏။မရဏလက်ချောင်းက ထွက်ပေါ်လာပြီး အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းကာ ထိုပိန်ပါး သောအဘိုးအိုထံသို့ တိုးဝင်သွားသည်။
အဘိုးအိုက ပြုံးဖြဲဖြဲလုပ်လိုက်၏။သည်အပြုံးပင် နက်
မှောင်နေချေသည်။မရဏလက်ချောင်းနှင့် ရင်ဆိုင်ရချိန်၌ သူက ရှောင်ဖယ်ခြင်း မပြုသည့်အပြင် ထိုအစား ရုတ်တရက် ပါးစာလိုက်၏။သည်အခိုက်၌ သူ့နောက် ဘက်တွင် ပုံရိပ်ယောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သည်ပုံရိပ်ယောင်က ပေတစ်ရာလောက် ရှည်ကာ ပိုးအိမ် တစ်ခုနှင့်တူ၍ အနာပြည်တည်ဖုများလည်း ၎င်းပေါ်၌ ရှိလို့ နေသည်။
ထိုအဘိုးအို ပါးစပ်ဟလိုက်သည့်အခါတွင် သူ့နောက်ရှိ ပုံ ရိပ်ယောင်ပိုးအိမ်ကလည်း ၎င်းပါးစပ်ကြီးကို ဟလာ၏။ သူက မရဏလက်ချောင်း၏ အနက်ရောင်အလင်းကို ပါးစပ်ဖြင့် စုပ်ယူကာ ဝါးမြိုပစ်လိုက်သည်။
သူဝါးမြိုလိုက်သည့်အခိုက်၌ သူ့နောက်ရှိ ပုံရိပ်ယောင် ပိုးအိမ်သည်လည်း မရဏလက်ချောင်းကို လိုက်ပါဝါးမြို သည်။ထိုအခါ ၎င်းပိုးအိမ်ပေါ်ရှိ အနာပြည်တည်ဖုများသည် ဖောင်းကြွလာကာ ညစ်စုတ်စုတ်အနံဆိုးနှင့်အရည်များကို ထုတ်လွှတ်လာတော့သည်။
အဘိုးအိုက သူ့အရိုးပေါ်အရေတင်လက်ကို ရှေ့သို့ ဆန့် ထုတ်လိုက်ပြီး ထိုအရည်များကို သူ့လက်ထဲ၌ ပြည်အလုံး တစ်ခုအဖြစ် သိပ်သည်းစေလိုက်သည်။
သူက ဝမ်လင်းကို စူးစိုက်ကြည့်နေရာမှ ပထမဆုံး အကြိမ်အဖြစ် စကားဆိုလာသည်။ "ကောင်လေး...မင်း မန္တာန်က တော်တော်လေး အရသာ ရှိတာပဲ။ဒါ့ကြောင့် ငါ့
ကိုလည်း မင်းအတွက် လက်ဆောင်တစ်ခု ပြန်ပေးခွင့် ပြု..." ထိုသို့ပြောပြီးသည့်နောက် သူက လက်ထဲရှိ ထိုပြည် အလုံးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
ထိုပြည်အလုံးက အလွန်လျင်မြန်ကာ မျက်စိတစ်မှိတ် အတွင်း မြေပေါ်သို့ ကျရောက်သွား၏။၎င်းက ပေါက်ကွဲ ထွက်သွားသည့်အခါ ပြည်များကို ထုတ်လွှတ်ကာ မြေပြင် နှင့် ပေါင်းစပ်သွားစေသည်။
ချက်ခြင်းပင် ပေတစ်သောင်းအတွင်းရှိ မြေပြင်က စတင် တုန်ခါလာသည်။ သိပ်မကြာခင်တွင် မြေကြီးထဲမှ ပြည်ဖု များစွာ ထွက်ပေါ်လာပြီး စက်ဝန်းတစ်ခုလို ဖြစ်ပေါ် သွား၏။ပြည်အလွှာက မြန်ဆန်စွ မြင့်တက်လာပြီးနောက် အားကောင်းသောနံရံတစ်ခုကို ဖန်တီးလိုက်သည်။
အဘိုးအိုက လျှာသပ်ကာ ထိုပြည်ဖုထဲသို့ ဖျပ်ခနဲ ဝင် ရောက်ပျောက်ကွယ်သွား၏။သူက ပျောက်ကွယ်သွားပြီးပြီး ချင်း ပြည်ဖုနံရံသည် အရပ်မျက်နှာအနှံ့ကနေ စတင် ဝိုင်း ပတ်လာသည်။
ပြည်ဖုနံရံက ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွား၏။ ၎င်းက တဖြည်းဖြည်းဖြင့် ဧရာမပြည်ဖုစက်ဝန်းကြီးတစ်ခု လို ဖြစ်တည်လာ၏။
အဘိုးအိုက ထိုပြည်ဖုစက်ဝန်းအပြင်ဘက်၌ ပေါ်လာ၏။ သူက ထိုစက်ဝန်းကို ကြည့်ကာ အသံဆိုးနှင့် ပြောလိုက်၏။ *လေပြင်းသံစဉ်...ဒီနေရာမှာ နင့်အကူအညီ မလိုဘူး။ နင်
ပြန်သွားနိုင်တယ်...။ကျင့်ကြံသူတစ်ယောက်ကများ သူက ဒီနေရကို ဆန္ဒရှိသလို လာလုပ်ဝံ့နေတယ်။သူက ငါ့ ကောင်းကင်ပြည်ဖုနဲ့ မြေကြီးအနာတို့ အောက်မှာ အသက် ရှင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး..."
အေးစက်စက်လေပြင်း တိုက်ခတ်သွားခြင်းနှင့်အတူ အ ဘိုးအို၏ ပေတစ်ရာအကွာ၌ မျက်နှပေါ်တွင် တက်တူးများ ရှိနေသော အမျိုးသမီးသည် ပေါ်ထွက်လာခဲ့သည်။သူမက ပြည်ဖုစက်ဝန်း တဖြည်းဖြည်းကျုံ့လာကာ ပေတစ်ရာ လောက်သာ ကျန်တော့သည်ကို အေးစက်စွာ ကြည့်၍ ပြော လိုက်သည်။ "ဒီလူက လွယ်လွယ်သာ သက်လို့ရမယ်ဆိုရင် ဆရာက ငါ့တို့ကို ဒီလို လွှတ်စရာ လိုမှာ မဟုတ်ဘူး..."
"အို...။ငါက ဒီကျင့်ကြံသူလေး ငါ့ကောင်းကင်ပြည်ဖုနဲ့ မြေကြီးအနာကြားကနေ ဘယ်လိုများ လွတ်မြောက်အောင် လုပ်မလဲ ကြည့်ချင်နေမိပြီ..." ပိန်ပါးပါးအဘိုးအိုက ပြုံး လိုက်၏။သို့သော် သူ့အပြုံးက ချက်ခြင်း တောင့်တင်း သွား၏။
ပြည်ဖုစက်ဝန်းက ပေသုံးဆယ်လောက်ထိ ကျုံ့သွားပြီး နောက် ၎င်းက ရပ်တန့်ကာ ဆက်လက်ကျုံ့သွားခြင်း မရှိတော့ပေ။အားကောင်းသော တိုက်ပွဲနှင့်သတ်ဖြတ်ခြင်းစိတ် ဆန္ဒတို့သည် ပြည်ဖုစက်ဝိုင်းထဲကနေ ဖောက်ထွက်လာ သည်။
ပြည်ဖုစက်ဝန်းကို ဖောက်ထွက်လာသော သတ်ဖြတ်
ခြင်းစိတ်ဆန္ဒက ပတ်ဝန်းကျင်ရှိ အပူချိန်ကိုပင် လျော့ကျ သွားစေကာ လေအေးများကို ဖန်တီးလာသည်။
သည်စိတ်ဆန္ဒကြောင့် ပိန်ပါးပါး အဘိုးအိုသည် မျက်လုံး သူငယ်အိမ်ပင် ကျုံ့သွားမိ၏။
သည်အခိုက်အတန့်၌ ပြည်ဖုစက်ဝိုင်းတွင်းမှ ခပ်အုတ် အုတ်အသံတစ်ခု ထွက်ပေါ်လာသည်။သိပ်မကြာခင်တွင် ဓားစွမ်းအင်တန်းတစ်ခုက ထိုပြည်ဖုစက်ဝန်းကို နှစ်ခြမ်း ကွဲသွားစေပြီး ထိုးထွက်လာ၏။
သည်ဓားစွမ်းအင်က မွန်းစတားဆန်လှ၏။၎င်းက ပေါ်ထွက်လာသည်နှင့် ကောင်းကင်ထက်၌ ဓားစွမ်းအင် များကို ပြည့်နှက်သွားစေသည်။
ကောင်းကင်ဘုံဓားဘေးနား၌ နောက်ထပ်ဓားတစ်လက် ပါ ထွက်ပေါ်လာသည်။ထိုဓားက ရတနာဓားတစ်လက်ပင်။ ထိုဓားပေါ်၌ မှုန်ဖျဖျ မကောင်းဆိုးဝါးသိုးထီးစိတ်ဝိညာဉ် တစ်ခု ရှိနေသည်။ထို့အပြင် ထိုဓားနှစ်လက်ဘေး၌ လခြမ်း ကွေးဓားသွားပါ ထွက်ပေါ်လာ၏။လခြမ်းကွေးဓားသွားက ဓားသွားတေးသံကို ထုတ်လွှတ်ကာ အေးစက်စက်အော်ရာ ကို ပေးစွမ်းနေသည်။
သည်ဓားသုံးလက်နောက်၌ ဝမ်လင်းက လိုက်ပါလာ၏။ သူက ပြည်ဖုစက်ဝန်းထဲက တစ်လှမ်းချင်းလှမ်းထွက်လာ နေသည်။သူ့မျက်လုံးက နီရဲတောက်နေကာ မျက်လုံးထဲရှိတိုက်ပွဲနှင့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ထူးဆန်းသော
အလင်းတစ်ခု အဖြစ် ပေါင်းစပ်သွားလေသည်။
ပိန်ပါးပါးအဘိုးအိုက နှလုံးတုန်ယင်သွားသည်။ "ဒီလူ့ အကြည့်က ကြောက်မက်ဖွယ် ကောင်းလိုက်တာ..."
ဝမ်လင်းက ခြေလှမ်းလာစဉ်၌ သူ့ရှေ့ရှိ လက်နက်သုံးခု က အလင်းတန်းသုံးခုအဖြစ် ပြောင်းလဲကာ အဘိုးအိုနှင့် အမျိုးသမီးထံသို့ တိုးဝင်သွားချေသည်။
အမျိုးသမီးအသွင်က သုန်မှုန်သွားကာ သူက နောက်သို့ ချက်ခြင်းဆုတ်၍ ပျောက်ကွယ်သွား၏။လခြမ်းကွေး ဓားသွားသည်လည်း ရုတ်တရက် ဓားသွားတေးသံကို ထုတ်၍ လိုက်ပါပျောက်ကွယ်သွား၏။
တကျွိကျွိအသံနှင့် သတ္တုချင်း ထိခိုက်သံများက သည် ဧရိယာတွင် ထွက်ပေါ်လာတော့၏။
အဘိုးအို၏ မျက်လုံးက အေးစက်လာ၏။သူက သူ့ရှေ့ရှိလက်နက်သုံးကို ကြည့်ပင် မကြည့်ဘဲ ချိပ်တံဆိပ်တစ်ခုကို ဖန်တီးကာ အော်ပြောလိုက်သည်။ "မြေကြီးအနာ..."
အဘိုးအိုပတ်လည်ရှိ ပေတစ်သောင်းအတွင်း မြေပြင် သည် စတင်တုန်ခါလာ၏။မြေပြင်က တုန်ခါနေရင်း အလင်းကွင်းများက ပေါ်ထွက်လာကာ လျင်မြန်စွာ စတင် ချဲ့ထွင်လာ၏။သည်အလင်းကွင်းများက မျက်နှာပေါ်တွင် ဖြစ်တက်သည့် အနာများနှင့် ဆင်တူလှ၏။
အဘိုးအိုက အော်ပြောလိုက်သည်။ “ပေါက်ကွဲစမ်း... သည်အခိုက်အတန့်၌ သူ့စွမ်းအင်က မြင့်တက်သွားကာ
မြေပြင်မှ ပေါ်ထွက်လာသည့် အနာများသည် ချက်ခြင်း ပေါက်ကွဲထွက်သွားသည်။
ထို့နောက် ကောင်းကင်ဘုံဓားထဲမှ ရှုလီကော၏ ကျိန်ဆဲ သံထွက်ပေါ်လာ၏။ရှုလီကောက ကောင်းကင်ဘုံဓားကို ထိန်းချုပ်ကာ အဘိုးအိုအား တိုက်ရိုက် တိုက်ခိုက်လိုက်၏။ အဘိုးအိုက စိတ်မရှည်သည့်အသွင် ဖြစ်ပေါ်သွားကာ သူ့ လက်ကို ဆန့်တန်း၍ ကောင်းကင်ဘုံဓားအား ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။
သူ့အမြင်တွင် သည်ဓားက ဖမ်းဆုပ်ရန် ခက်ခဲခြင်းမရှိ
6011
ရှုလီကောက အဘိုးအိုသည် ကောင်းကင်ဘုံဓားကို ဖမ်း ဆုပ်ရန် ဟန်ပြင်လာသည်ကို တွေ့သည့်အခါ ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။သူက ရှောင်လိုက် ခြင်း မပြုသည့်အပြင် အရှိန်ပင်နှေးချလိုက်ကာ အဘိုးအို အား စောင့်ဆိုင်းလိုက်၏။
"ဒါ…ဒါက ဘယ်လိုဓားမျိုးလဲဟ..." အဘိုးအိုက တုန်လှုပ်သွားကာ နောက်သို့ အမြန်ပြတ်ဆုတ်လိုက်၏။ သို့ရာတွင် ကောင်းကင်ဘုံဓားက သူ့အား အလွတ်မ ပေးချေ။မကောင်းဆိုးဝါးသိုးထီးစိတ်ဝိညာဉ်နှင့် လည်း အဘိုးအို၏ နောက်ကျောသို့ တိုက်ခိုက်လာ၏။ ဓားက
မြေကြီးပေါ်မှ အနာများ ပေါက်ကွဲထွက်သွားပြီးနောက် ပေတစ်ရာရှည်လျားသည့် ပြည်ဖုနံရံတစ်ခုက ပေါ်ထွက်
လာကာ လှိုင်းတွန့်များကို လွင့်ပျံ့စေလာသည်။ဝမ်လင်း ကတော့ လေထဲ၌ လွင့်လို့နေ၏။သူက ဓားနှစ်လက်နှင့် ဗျာများနေသော အဘိုးအိုထံသို့ ခြေတစ်လှမ်းတိုးဝင်လာ သည်။
အဘိုးအိုက ဒေါသတကြီး မာန်သွင်းကာ သူ့မန္တာန်ကို အသုံးပြု၍ နောက်ထပ် ပုံရိပ်ယောင်ပိုးအိမ်တစ်ခုကို ဆင့်ခေါ်လိုက်ပြန်၏။ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းက လေဟာနယ်ကို ချိုးဖျက်ကာ အဘိုးအိုအထပ်သို့ ရောက်ရှိလာသည်။သူက ပုံရိပ်ယောင်ပိုးအိမ်ကို စူးစိုက်ကြည့်ကာ သူ့ညာလက်ကို ဆန့်တန်းလိုက်၏။သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းများ ထိုးတက်သွားကာ ထိုပုံရိပ်ယောင်အား တူးဆွသွား၏။
သည့်နောက် ဝမ်လင်းသည် သူ့ညာလက်ကို ပြန်ဆွဲယူ လိုက်သည်။လေထု စုတ်ပြဲသွားသံတစ်ခု ကြားလိုက်ရပြီး အဘိုးအိုနောက်ရှိ ပုံရိပ်ယောင်ပိုးအိမ်သည် ဆုတ်ဖြဲခြင်း ခံ လိုက်ရ၏။ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ပိုးအိမ်ကို သူ့နောက်သို့ ပစ်ထည့်လိုက်၏။
သည့်နောက် သူ့ညာလက်က ကြမ်းကြုတ်စွာ ဆန့်တန်း လာချေ၏။
ပိုးအိမ်က လေထဲကို ဖြတ်သန်းသွားရင်း ပေါက်ကွဲထွက် သွား၏။ထိုအခါ ပြည်ဖုများစွာက လွင့်စင်လာကာ လေဟာနယ်ထဲ၌ ခပ်အုတ်အုတ်ငြီးတွားသံတစ်ခုကို
ကြားလိုက်ရချေသည်။လေပြင်းသံစဉ်၏ ခန္ဓာကိုယ်သည် လည်း ထိုပိုးအိမ်ပေါက်ကွဲသွားသော နေရာ၌ ပြန်ပေါ်လာ ခဲ့၏။သူမမျက်နှာက ဖြူရောနေ၏။သူမ မျက်လုံးများက ပို၍ပင် သုန်မှုန်လာခဲ့သည်။
သူမနောက်သို့ နီးကပ်စွာ လိုက်ပါလာသော လခြမ်းကွေး ဓားသွားက သူမအား ထိုးစိုက်လာ၏။လေပြင်းသံစဉ်သည် သူမညာလက်ကို ဝှေ့ယမ်းကာ လခြမ်းကွေးဓားသွားအား နောက်သို့ တွန်းထုတ်လိုက်သည်။သို့သော် သူမကိုယ်တိုင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။
သူမက လခြမ်းကွေးဓားသွားနှင့် တိုက်ခိုက်နေစဉ် ထို ပိုးအိမ်ပေါက်ကွဲမှုကြောင့် ပြန်ပေါ်ထွက်ရခြင်း ဖြစ်၏။
ပိုးအိမ်က ပျက်စီးသွားသည့်အခါ အဘိုးအိုသည် သွေးအန်ထုတ်လိုက်ရ၏။သူက မယုံကြည်နိုင်ဟန် ဖြစ် နေသည်။သည်အခိုက်မှာပင် ဝမ်လင်း၏ညာဘက်လက်မ က နောက်တစ်ဖန် သက်ဆင်းလာကာ မရဏလက်ချောင်း က နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့တော့သည်။
သည်တစ်ကြမ်၌ အနက်ရောင်အလင်းက အရူးအမူး တိုးဝင်သွား၏။သည်အနက်ရောင်အလင်းက မြန်ဆန်လွန်း လှသဖြင့် အဘိုးအိုနားသို့ ချက်ခြင်းလိုလို နီးကပ်သွား၏။အ ဘိုးအိုက အလွန်အမင်း ကြောက်လန့်သွားကာ သူ့ပါးစပ်ကို ဟကာ ထိုအနက်ရောင်အလင်းအား ဝါးမြိုလိုက်၏။သူက အနက်ရောင်အလင်းကို ဝါးမြိုလိုက်သော်လည်း ၎င်းက
ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် သူ့ပါးစပ်အား ထွင်း ဖောက်သွား၏။
ထိုအခိုက်အတန့်၌ လေပြင်းသံစဉ်သည် သူမလက်ထဲရှိဓားမြှောင့်ကို ပစ်ပေါက်လိုက်၏။ထိုဓားမြှောင်က လခြမ်း ကွေးဓားသွားနှင့် စတင်တိုက်ခိုက်ကြတော့သည်။ထို့နောက် သူမက အေးစက်စက်လေပြေတစ်ခုအဖြစ်သို့ ပြောင်းလဲ၍ သူမနောက်တွင် ရှိနေသော ဝမ်လင်းထံသို့ တိုးဝင်သွား သည်။
ထိုလေပြေက အလွန်မြန်၏။သူမက ဝမ်လင်းနားသို့ ချက်ခြင်းလိုလို ရောက်ရှိသွား၏။
ဝမ်လင်းက ခေါင်းပင် လှည့်မကြည့်ဘဲ သိုလှောင်အိတ် ထဲမှ စိတ်ဝိညာဉ်ကျာပွတ်ကိုသာ ထုတ်ယူလိုက်၏။ထို ကျာပွတ်ကာ နက်မှောင်ကာ စိတ်ဝိညာဉ်ကို တုန်ခါ စေသော အော်ရာကို ပေးစွမ်းနေသည်။
လေပြင်းသံစဉ်နီးကပ်လာသည့်အခါတွင် စိတ်ဝိညာဉ် ကျာပွတ်က ရုတ်တရက် လှုပ်ရှားသွား၏။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေပြင်းသံစဉ်၏ အထိတ်တလန့်ငြီးတွားသံတစ်ခု ထွက်ပေါ်လာ၏။သူမက လေဟာနယ်ထဲကနင် စောင့်တွန်းထုတ်ခံရကာ သူမ မျက်နှာပေါ်၌ အနီရောင်ကျာပွတ်ရာတစ်ခု ထင်ရစ်သွားချေ သည်။ပထမဆုံးအကြမ်အဖြစ် သူမမျက်လုံးထဲ၌ တုန်လှုပ်မှု တို့ ထွက်ပေါ်လာ၏။ခုချိန်တွင် သူမက သတ်ဖြတ်လိုစိတ် မ
ရှိတော့ဘဲ ဖြစ်နိုင်သမျှ ပြန်ဆုတ်ခွာချင်နေသည်။
ဝမ်လင်းက ကောင်းကင်ဘုံတက်ခြင်းသစ်သီးကြောင့် အချိန်အတန်ကြောင့် အသိစိတ် ပျောက်နေပေ၏။ ထို့ကြောင့် သူက အရာအားလုံးကို ပင်ကိုယ်သိစိတ်၊ အလိုလို သိစိတ်ဖြင့်သာ လှုပ်ရှားနေခြင်းပင်။လေပြင်း သံစဉ်က နောက်သို့ အမြန်ဆုတ်သွား၏။လခြမ်းကွေး ဓားသွားနှင့် ယှဉ်နိုင်လောက်အောင် သူမက မြန်ဆန်လွန်း လှ၏။
စဉ်းစားနေခြင်းမပြုဘဲ ဝမ်လင်း၏ လက်ဝါးသည် ပေါ်ထွက်လာပြန်၏။ကြီးမားသည် လက်ဝါးရာကြီးက သူ့ ရှေ့တွင် ပေါ်လာသည်။
ထိုလက်ဝါးရာအတွင်း ဝမ်လင်း၏ သတ်ဖြတ်ခြင်း စွမ်းအင်များက ရွှေ့လျားနေ၏။
လက်ဝါးရာက အံ့မခန်းနှုန်းဖြင့် ရွှေ့လျားသွားကာ လေပြင်းသံစဉ်နောက်သို့ လိုက်ပါသွား၏။သည်လက်ဝါးရာ က လေပြင်းသံစဉ်နောက်ဆုတ်နေစဉ်မှာပင် သူမအား ဖြတ်ကျော်သွား၏။ထိုလက်ဝါးထဲရှိ သတ်ဖြတ်ခြင်းစွမ်းအင် များက သူမခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကာ သူမအား ပေါက်ကွဲသွားစေ၏။
ခုချိန်၌ ဝမ်လင်း၏ ဆံပင်များက လေထဲတွင် တဖျပ်ဖျပ် လွင့်နေသည်။သူက အကွာအဝေးတစ်ခုထံသို့ ဆက်သွား လေသည်။သူ့ရှေ့တွင်တော့ လက်နက်သုံးခု ရှိ
နေ၏။
မြေပြင်တွင်တော့ အသွေးအသားပုံ တစ်ခုရှိနေကာ ထို ခြောက်သွေ့သွားသော အဘိုးအိုထံမှ သေဆုံးခြင်းအော်ရာ ကို ပေးစွမ်းနေလေတော့သည်။
အနက်ရောင်မျှော်စင်အတွင်း၌ တစ္ဆေအလင်းက တ ဖျပ်ဖျပ် လင်းလက်နေသည်။ထိုတစ္ဆေအလင်းထဲ၌ ကြောက် ရွှံ့မှုအငွေ့အသက်ပင် ပါနေ၏။သည်လိုကြောက်ရွှံ့မှုများက သည်မရေမတွက်နိုင်သော နှစ်များအတွင်း လုံးဝ မဖြစ်ခဲ့
"ဒီလက်ဝါးရာ...ဒါက သူပဲ...။ဒီလူက သူနဲ့တစ်ခုခု ပတ် သတ်နေနိုင်လား။ သူက ဒီမှာ ရောက်လာတာကော ဖြစ်နိုင် လား...
ပုံမှန်အားဖြင့် သူ့စိတ်ဓာတ်အင်အားဖြင့် သည်လို ကြောက်လန့်မှုမျိုး လုံးဝ ပေါ်ထွက်လာမည် မဟုတ်ပေ။ သို့ရာတွင် သူတွေးမိသည့်လူက အလွန်တရာကြောက်ဖို့ ကောင်းနေ၏။ထိုလူအကြောင်း နှလုံးသားက တုန်ယင်မိရ၏။ တွေးမိသည်နှင့် သူ့
"ဒီလူရဲ့လက်ဝါးရာက သူတွေးမိတဲ့လူနဲ့ တော်တော် လေး ကွဲပြားသေးတယ် ဆိုပေမဲ့ သူ့မန္တာန်နဲ့ ခုနစ်ဆယ်
ရာခိုင်နှုန်းလောက် တူတူ ဖြစ်နေတယ်။ဒါ...ဒါက တိုက်ဆိုင်မှုများလား...မဟုတ်ရင်ရော..."
"ဝမ်လင်း..." ကောင်းကင်ထက်ကနေ ကျယ်လောင်သော ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။သည် အော်သံက လူတစ်ယောက်ထံမှ ထွက်ပေါ်ခြင်း ဖြစ် သော်လည်း သန်းချီသည့် စိတ်ဝိညာဉ်များထံမှ ထွက် ပေါ်လာသကဲ့သို့ ထင်မှတ်ရ၏။
လှုံ့ဆော်ခြင်းခံထားရသော မူလစိတ်ဝိညာည်သည် ထို အသံကို ကြားလိုက်သည့်အခါ အသိပြန်ဝင်လာသည့် အရိပ်အယောင်ပင် ပြသလာခဲ့သည်။သူ့မျက်လုံးများက နီရဲ နေဆဲ ဖြစ်သော်လည်း သည်အခိုက်၌ ရှားမှရှားသည့် အကြည်ဓာတ်တစ်ခု ဖြစ်ပေါ်သွား၏။
သူက လှည့်၍ ကြည့်လိုက်ရာ မိုးကုပ်စက်ဝန်းထံကနေ အနက်ရောင်တိမ်ထုများ တဟုန်ထိုးလာနေသည်ကို တွေ့ မြင်လိုက်ရသည်။သည်အနက်ရောင်တိမ်ထုများက မရေမ တွက်နိုင်သော စိတ်ဝိညာဉ်အပိုင်းအစများနှင့် ပြုလုပ်ထား ခြင်းပင်။သည်စိတ်ဝိညာဉ်အပိုင်းအစများက အပြည့်ဖြင့် စွမ်းအင် ဖြတ်ကျော်လာသည့်တစ်လျှောက် ကြောက်မက်ဖွယ် တုန်ခါသံများကို ဖြစ်ပေါ်စေခဲ့သည်။
ထို အနက်ရောင်တိမ်ထုများအောက်၌ အနက်ရောင် ဝတ်စုံနှင့်လူက ဝမ်လင်းထံသို့ တစ်လှမ်းချင်း လျှောက် လှမ်းလာသည်။ထိုလူက သာမန်ဟု ထင်ရသော်လည်း သူ
မျက်လုံးထဲ၌ နက်ရှိုင်းသော အမုန်းတရားတို့ ရှိနေ၏။သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ အော်ပြောလိုက်၏။ "ဝမ် လင်း...မင်း ငါ့ကို မှတ်မိရဲ့လား..."
ဝမ်လင်းက မျက်လုံးက ကြည်လင်သောအာရုံတစ်ခု ထွက်ပေါ်လာ၏။သူက ထိုလူ့ကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ "ဟော်ဖောင်..."
"မင်း ငါ့ကို မှတ်မိနေသားပဲ။ ဝမ်လင်း...ငါ မင်းကို ဒီနေ့ ငါကိုယ်တိုင် သတ်ပစ်မယ်..."
ဟော်ဖောင်က ရူးသွပ်ဖွယ် ရယ်မောလိုက်ရာ သူ့အထက် ရှိ စိတ်ဝိညာဉ်အပိုင်းအစ တိမ်ထုများသည် တုန်ခါသွား လေ၏။
"ဝမ်လင်း...ငါ ဟော်ဖောင်က ဒီနေ့လို နေ့မျိုး ရောက်လာလိမ့်မယ်လို့ မင်း လုံးဝ စိတ်ကူးထားမိမှာ မဟုတ်ဘူး...။အတိတ်တုန်းကတော့ မင်းဟာ ငါ့အမြင်မှာ တော့ တော်တော်ကို သန်မာလွန်းတယ်။မင်းကို ဆန့်ကျင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ကို ထင်ခဲ့တာ။ ဒါပေမဲ့ ခုချိန်မှာ တော့ မင်းက ငါ့မျက်စိထဲမှာ ပုရွတ်ဆိတ်တစ်ကောင် သာသာပဲ..." ဟော်ဖော်က ဝမ်လင်းကို စိုက်ကြည့်နေရင်း သူဆယ်နှစ်တာ သိမ်းဆည်းထားခဲ့သည့် အစိုင်အခဲများကို ထုတ်ပြောနေသည်။သူက တိုက်ခိုက်ရန် အလျှင်မလိုပဲ မ ကျေနပ်ချက်များကို ထုတ်ဖော် ပြောဆိုချင်နေ၏။
ဝမ်လင်းအသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ "မှန်
တယ်...ငါ မင်းကို ဒီလို ဖြစ်လာလိမ့်မယ်လို့ လုံးဝ မထင် ထားမိဘူး..."
ဟော်ဖောင်က အော်ပြောလိုက်ပြန်၏။ "မင်းက ငါနဲ့ ဆယ့်သုံးတို့ကို စွန့်ပစ်ခဲ့တုန်းက ငါတို့ဘယ်လောက် ခံစား ခဲ့ရလဲ မင်းသိရဲ့လား။အထူးသဖြင့် ငါပဲ။ ငါ့အရိုးတွေဆို ကျိုးကြေပြီး သွေးကြောတွေတော ပျက်စီးခဲ့ရတယ်..."
"ငါက နက်မှောင်နေတဲ့ ထောင်ထဲမှာ အရှက်ခွဲခံ၊အနှိပ် စက်ခံခဲ့ရတယ်။ အဲ့အချိန်တုန်းက မင်းက ဘယ်ရောက်နေ
"ငါက ငါ့ကို ကယ်ဖို့ မင်းနာမည်ကို အခါခါ ခေါ်နေမိတဲ့ အချိန်မှာ မင်းက ဘယ်ရောက်နေခဲ့လဲ။မင်း အမြင်မှာ ငါနဲ့ ဆယ်သုံးတို့ဟာ ပွန်းသာသာပါပဲ။ ကံမကောင်းစွာနဲ့ ဆယ့် သုံးခုထိ ရူးမိုက်နေသေးတော့ မင်းရဲ့ မျက်နှာအစစ်အမှန်ကို နားမလည်နိုင်၊မသိနိုင် ဖြစ်နေတာ..."
သူ့အထက်ရှိ စိတ်ဝိညာဉ်အပိုင်းအစများပင် ဟော် ဖောင်၏ ခံစားချက်ကို နားလည်သည့်ပုံရကာ မြည်ဟိန်းသံ များ ပြုလာခဲ့၏။
"ကံကောင်းစွာနဲ့ ကောင်းကင်ဘုံက မျက်စိရှိတော့ ငါ့ကို မသေဆုံးစေခဲ့ဘူး။အဲ့အစး ငါက ဘဝအသစ်၊ဆရာအသစ်နဲ့ တွေ့ဆုံခွင့် ရခဲ့တယ်။ငါက ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်း မန္တာန်ကို ဒီနေရာမှာ လုံးဝ ပြီးပြည့်စုံနိုင်စေခဲ့တယ်။ငါက သန်းတစ်ရာ စိတ်ဝိညာဉ်အပိုင်းအစတွေကို သန့်စင်မွန်းမံ
နိုင်ခဲ့ပြီး ဖြစ်တယ်။ ဒီနေ့ မင်းက သံသယမရှိ သေဆုံး စေရ မယ်။ဒါပေမဲ့ ငါကမင်းကို လွယ်လွယ်တော့ သတ်မှာ မဟုတ်ဘူး။မင်း စိတ်ဝိညာဉ်ကို နတ်ဆိုးကိုးခုနိုင်ငံမှာ ရှိတဲ့ အရက်စက်ဆုံးမြေအောက်အကျဉ်းတိုက်မှာ ပစ်ထည့်ထား ဦးမှာ။အဲ့နေရာမှာ သေဆုံးချင်တောင် မသေရဘဲ အရှက်ခွဲ ຂໍຖອຍ..."
"အဲ့နောက်မှာ ငါက မင်းစိတ်ဝိညာဉ်ကို ပြန်ထုတ်ယူပြီး ငါ့စိတ်ဝိညာဉ်အလံထဲမှာ မင်းကို ပိတ်လှောင်ထားဦးမှာ။ ငါက မင်းကို နေ့တိုင်း နှိပ်စက်လို့ ရအောင်ပေါ့..."
ဟော်ဖောင်က ဝမ်လင်းကို စူးစိုက်ကြည့်ရင်း လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ "မင်းက မင်းသေ ပေးခဲ့တဲ့ မန္တာန်နဲ့ တစ်နေ့မှာ ခုလို သေရလိမ့်မယ်လို့ တွေး ခဲ့ဖူးလား။မင်းက စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာ မင်း ကိုယ်ထဲ ဝင်ရောက်ကျူးကျော်တာကို မြည်းစမ်း ကြည့်ဖူး လား..."
"ငါက မင်း စိတ်ဝိညာဉ်ကို ထုတ်ယူပြီးရင် စိတ်ဝိညာဉ် သန့်စင်ခြင်းမျိုးနွယ်စု ဆီသွားပြီး သူတို့ရဲ့ စိတ်ဝိညာဉ်တွေ ကိုပါ ထုတ်ယူဦးမယ်..." ဟော်ဖောင်၏ခန္ဓာကိုယ်က တုန်ယင်နေသည်။သည်တုန်ယင်မှုက သူ့စိတ်လှုပ်ရှားမှု ကြောင့်ပင်။သူက ရူးသွပ်ဖွယ် စတင် ရယ်မောလေ၏။
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီတော့ ဒါက ငါ့အပေါ်
မှာ မင်း ဒီလောက် မုန်းသွားစေခဲ့တာပေါ့လေ..."
"မုန်းတီးတာ...တကယ်တော့ ငါ ဟော်ဖောင်က ဒီဘဝ မှာ သာမန် အတိုင်း ရပ်တည်မှာ မဟုတ်ဘူး။ ငါက စိတ် ဝိညာဉ်သန့်စင်ခြင်းမန္တာန်နဲ့ စိတ်ဝိညာဉ်အပိုင်းအစ သန်း တစ်ရာ အသုံးပြုပြီး ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့ ထိပ် ဆုံးမှာ ရပ်တည်မဲ့လူ။ မင်းက ငါ့ဆရာ ဖြစ်ဖို့ အရည်အချင်း မရှိဘူး။ မင်းက အရင်တုန်းက ငါ့ဆရာ ဖြစ်ခဲ့ပေမဲ့ ခုတော့ သေချာပေါက် သေရလိမ့်မယ်..."
ဟော်ဖောင်ထံကနေ မောက်မာသော ရယ်သံ ထွက် ပေါ်လာ၏။သည်အချိန်၌ သူက မောက်မာရန် အမှန်ပင် အရည်အချင်း ပြည့်မှီပေသည်။စိတ်ဝိညာဉ်သန်းတစ်ရာ၏ စွမ်းအားကသာမည မဟုတ်ဘဲ ကြီးမားလွန်းလှသည် မဟုတ်လား။
အထူးသဖြင့် သည်ရှေးဟောင်းတိုက်ပွဲမြေမှ စိတ်ဝိညာဉ် အပိုင်းအစများပင်။ထိုသူများ မသေဆုံးခင်တုန်းက သူတို့ အားလုံးသည် အားနည်းသော ကျင့်ကြံသူဟူ၍ တစ် ယောက်မျှ မရှိခဲ့ချေ။အချို့ဆိုလျှင် နတ်ဆိုးဗိုလ်ချုပ်အဆင့် စိတ်ဝိညာဉ်အပိုင်းအစများပင် ပါဝင်နေသေးသည်။
*ငါ့ လက်ထဲက ဒီစိတ်ဝိညာဉ်အလံနဲ့ဆိုရင် ငါ့ကို ကယ်တင်ခဲ့တဲ့ ဆရာက လွဲလို့ ဘယ်သူကများ ငါ့ကို တားနို င်ပါ့မလဲ။ဘယ်သူမှ ငါ့ကို တားနိုင်မှာ မဟုတ်ဘူး။ စိတ် ဝိညာဉ်အပိုင်းအစသန်းတစ်ရာက ငါ့ပန်းတိုင်မဟုတ်သေး
ဘူး။ စိတ်ဝိညာဉ်တစ်ကုဋေ၊ဆယ်ကုဋေကသာ ငါ့ပန်းတိုင် ဖြစ်တယ်။ငါက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ပေါ်ထွက် လာမယ့် ဆယ်ခုမြောက် နတ်ဆိုးနိုင်ငံကို လိုချင်တာပဲ။အဲ့ နိုင်ငံသစ်ရဲ့ ပထမဆုံးနတ်ဆိုးအင်ပါယာကတော့ ငါ ဟော် ဖောင်ပဲ ဖြစ်စေရမယ်..."
ဝမ်လင်းက ဟော်ဖောင်ကို တိတ်တဆိတ် ကြည့်နေရင်း ဖြည်းညင်းစွာ ဆိုလာ၏။ "ကြည့်ရတာ မင်း ငါ့ကို သတ်ချင် တာက မုန်းတာကြောင့် တစ်ဝက်ပဲ ပါတယ်။အခြား တစ်ဝက်ကတော့ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို သိတဲ့ လူတိုင်းကို မင်းသတ်ပစ်ချင်နေတာပဲ။ဒါမှသာ မင်းနဲ့ ယှဉ်ပြိုင်နိုင်လာမယ့် တူညီတဲ့မန္တာန်အသုံးပြုတဲ့လူ မရှိတော့မှာ။ ဟုတ်တယ်မလား..."
ဟော်ဖောင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြုံးဖြီးဖြီး နှင့် ရယ်မောလိုက်သည်။ "မင်းက တကယ်ပဲ ငါ့အရင်တုန်း က ဆရာ ဖြစ်ဖို့ ထိုက်တန်ခဲ့တယ်။မှန်တယ်။ မင်းက ငါ့ကို ပွန်းတစ်ကောင်လို ဆက်ဆံခဲ့တယ်၊ ဒါပေမဲ့လည်း မင်းက ငါ့ကို စိတ်ဝိညာဉ်သန့်စင်ခြင်း မန္တာန်သင်ပေးခဲ့တဲ့လူပဲ။ ငါက မင်းကို အရင်တုန်းကတော့ အရမ်းမုန်းခဲ့ပေမဲ့ ခုတော့ အဲ့လောက် မမုန်းတော့ဘူး။ဒါပေမဲ့ အမှောင် အကျဉ်းထောင်ထဲမှာ ငါက ဉာဏ်အလင်းတစ်ခု ရခဲ့တယ်။ ဒီဉာဏ်အလင်းက မင်းက ငါ့ဆရာ ဘာလို့ ဖြစ်ရတာလဲ။ အခြားလူတွေက မင်းကို မကြိုက်တာနဲ့ ငါ့ကို ဘာလို့ တိုက်ခိုက်ခဲ့ရတာလဲ။ မင်းက သန်မာနေလို့ သူတို့က အနိုင်
ယူနိုင်တဲ့ ငါ့ကိုပဲ တိုက်ခိုက်ခဲ့တာလား။ ဒါဆိုရင် ငါက ပို သန်မာလာခဲ့ရင်ရော။ဒါဆို ဘယ်လို ဖြစ်လာနိုင်မလဲ..."
"ဒါ့ကြောင့်ပဲ ငါက လွတ်မြောက်လာတာနဲ့ ငါကိုယ်တိုင် သန်မာလာရမယ်လို့ ကျိန်ဆိုခဲ့တာ။ငါက မင်းကို ကျော်နင်း ပြီး မင်းကို သတ်ပစ်မယ်လို့ တွေးခဲ့တာ ဖြစ်တယ်..."
ဝမ်လင်းက ခေါင်းယမ်းကာ ဟော်ဖောင်အား သေချာ ကြည့်၍ ပြောလိုက်သည်။ "ဆယ်နှစ်လောက် အချိန် အတိုင်းအတာနဲ့ ဒီကျင့်ကြံမှုအဆင့် ရောက်အောင် မင်းက ကျင့်ကြံနိုင်စွမ်း ရှိခဲ့တယ်။ ငါမင်းကို ဝန်ခံတယ်... ကောင်းကင်ဘုံရဲ့ ချီးမြှောက်ခြင်း ခံခဲ့ရတဲ့ သမီးပျိုတောင် ဒီ နေရာမှာ မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."
"ပထမတော့ ငါက ပဟေဠိဖြစ်ခဲ့တာ။မင်း ပါရမီက ကောင်းမွန်ပြီး အနီရောင်လိပ်ပြာထက် အချို့နေရာတွေမှာ သာနေတယ်ဆိုရင်တောင် ဆယ်နှစ်လောက်နဲ့ ခုလို အဆင့် ကို ရောက်အောင် ကျင့်ကြံနိုင်ဖို့ မဖြစ်နိုင်ဘူး။မင်းက ဒီ လောက်များပြားတဲ့ စိတ်ဝိညာဉ်အပိုင်းအစတွေကို ထိန်းချုပ်နိုင်တာလည်း မဖြစ်သင့်ဘူး။ဒါပေမဲ့ ခု ငါ အကြောင်းရင်းကို နားလည်သွားပြီ။မင်းက မင်းအသက် ဓာတ်ကို လောင်ကျွမ်းတဲ့နည်းလမ်း အသုံးပြုပြီး ကျင့်ကြံခဲ့ တာ ဖြစ်ရမယ်။ မင်းက ဒီလိုအထွတ်အထိပ်ကို ရောက်ဖို့ အချိန်တိုအတွင်း ကျင့်ကြံခဲ့တာ ဖြစ်တယ်။ ငါ စိုးရိမ်မိတာ က ဒီအောင်မြင်မှုက တစ်နေ့ထက် ပိုမခံတော့မှာကိုပဲ....
"ပါးစပ်ပိတ်ထားစမ်း.... သူ့အသွင်ဟန်ပန်က ကြမ်းကြုတ်သွားကာ ကောင်းကင်ထက်သို့ လက်ညွှန် လိုက်၏။ထိုအခါ အနက်ရောင်တိမ်ခုက နှစ်ပိုင်းကွဲသွား ကာ သန်းချီသောစိတ်ဝိညာဉ်အပိုင်းအစများ အဖြစ်သို့ ပြောင်းလဲသွားတော့၏။ဟော်ဖောင်က ဝမ်လင်းထံသို့ လက်ညှိုးညွှန်လိုက်ပြန်သည်။စိတ်ဝိညာဉ်အပိုင်းအစများ က ဝမ်လင်းထံသို့ တိုးဝင်လာတော့၏။
ဟော်ဖောင်က အရူးတစ်ယောက်လို ရယ်မောလာသည်။ "ငါက မင်းကို စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာက ဘာ နဲ့တူလဲဆိုတာ ပြသပေးမယ်။ဒါကို မင်းအရင်တုန်းက လုံးဝ မြင်ဖူးမှာ မဟုတ်ဘူး..."
ရှုလီကောက ဝမ်လင်းနှင့်ဟော်ဖောင်တို့ ပြောနေသည့် စကားများကို ကောင်းကောင်းကြားနေရ၏။သူက ဟော် ဖောင်ထံသို့ ကြည့်ကာ တွေးလိုက်၏။ "ဒီကလေးကတော့ ကောင်းကင်ဘယ်လောက်မြင့်မှန်း မသိသေးဘူးပဲ။မင်း ဘိုးဘိုး ရှုက ဒီလူ့ကို အကြိမ်များစွာ ပုန်ကန်ဖို့ ကြိုးစားခဲ့ ပေမဲ့ အကြိမ်တိုင်း ကျရှုံးခဲ့ရတာ။ မင်းသာ အောင်မြင်မယ် ဆိုရင်တော့ ငါက ငါ့မျိုးရိုးနာမည်ကိုတောင် ဟော်လို့ ချိန်း ပစ်ပြီး ဟော်လီကောလို့ ပြောင်းပေးလိုက်မယ်..."
"ပုန်ကန်တယ်ဆိုတာ တကယ်ခက်ခဲတဲ့အရာကွ...။ အစီအစဉ်တွေ အများကြီး ချထားဖို့ လိုတယ်။ အထူးသဖြင့် ဒီမိစ္ဆာကောင်ကို ဆန့်ကျင်တဲ့နေရာမှာပဲ။မင်းက ဒါကို လွယ်တယ်များ ထင်နေတာလား..."
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်လိုက်၏။စိတ်ဝိညာဉ်အပိုင်းအစများစွာ က သူ့ထံသို့ တရကြမ်း တိုးဝင်လာနေသည်။သည်အရာက သူမမြင်တာကြာပြီ ဖြစ်သော မြင်ကွင်းတစ်ခုပင်။သည်စိတ် ဝိညာဉ်အပိုင်းအစများက ကြမ်းကြုတ်သည့် အသွင်ရှိကာ သူတို့က ဝမ်လင်းကို ဝါးမြိုနိုင်ခြင်း မရှိမခြင်း နောက်ဆုတ် လိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက သက်ပြင်းချကာ သူ့ညာလက်ကို မြှောက်၍ အရှေ့ရှိ ကောင်းကင်ထက်သို့ ဖိနှိပ်လိုက်သည်။ သည့်နောက် သူ့လက်ဝါးပေါ်၌ သင်္ကေတတစ်ခု ပေါ်လာ ချေ၏။
စိတ်ဝိညာဉ်အပိုင်းအစတစ်သန်းက ထိုသင်္ကေကို မြင် လိုက်သည့်အခါ ရုတ်တရက် ရပ်တန့်သွားကာ မလှုပ်မ ယှက် ဖြစ်သွားကြ၏။သည်မြင်ကွင်းက အလွန်ထူးဆန်း ကာ ဟော်ဖောင်အား မှင်တက်သွားစေ၏။
"စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ဆိုတာ ဒီလို အသုံးပြုရ တာ မဟုတ်ဘူး..." ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ယမ်း လိုက်ရင်း သူ့အသံက တိုးညှင်းစွာ ထွက်ပေါ်လာ၏။စိတ် ဝိညာဉ်တစ်သန်းတို့၏ မျက်လုံးထဲ၌ လေးစားသည့် အကြည့်များ ပေါ်ထွက်လာကြသည်။
စိတ်ဝိညာဉ်အပိုင်းအစများက ဟော်ဖောင်အား သူတို့ သခင်အဖြစ် သတ်မှတ်ထားကြ၏။သို့သော် သူတို့က ထို
သင်္ကေတကို မြင်လိုက်သည့်အခါ သူတို့ ရှေ့တွင် ရပ်နေ သည့်သူကသာ အစစ်အမှန်သခင်ဖြစ်ကြောင်း နားလည် သွားကြ၏။
"ဒါ..ဒါက မဖြစ်နိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူး..." ဟော်ဖောင်က သူ့စိတ်ထဲ၌ သည်စိတ်ဝိညာဉ်အပိုင်းအစ တစ်သန်းနှင့် ချိပ်ဆက်ထားမှုကို ရုတ်တရက် ဆုံးရှုံးသွား တော့သည်။သူက မှင်သက်နေရာကနေ ကြမ်းကြုတ်သည့် အသွင် ဖြစ်ပေါ်လာကာ အော်ပြောလိုက်လေ၏။ "စိတ် ဝိညာဉ်အပိုင်းအစ သန်းတစ်ရာ..သူ့ကို ဝါးမြို့ပစ်စမ်း...
သူက ထိုသို့ပြောလိုက်သည့်အခါတွင် ကောင်းကင်ထက် ရှိ အနက်ရောင်တိမ်တိုက်ထုများက ရုတ်တရက် သက်ဆင်း လာကာ ရူးသွပ်ဖွယ်ဖိအားကို ဖန်တီးလာ၏။စိတ်ဝိညာဉ် အပိုင်းအစ သန်းတစ်ရာက တရကြမ်း တိုးဝင်လာကြ၏။ သည်အခိုက်အတန့်၌ ကမ္ဘာလောကတွင် သည်စိတ်ဝိညာဉ် အပိုင်းအစများသာ ရှိတော့သည်ဟု ထင်မှတ်မှားရပေ၏။
ဟော်ဖောင်၏ အသွင်က ကြမ်းကြုတ်လွန်းလှ၏။
စိတ်ဝိညာည်သန်းတစ်ရာက တဟုန်ထိုး တိုးဝင်လာနေ စဉ်မှာပင် ဝမ်လင်းမူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲ ကနေ ထွက်ခွာ၍ သည်ဧရိယာအား ရိုက်ခတ်လာသည်။ဝမ် လင်းက သူစိတ်ဝိညာဉ်မန္တာန်ကို သင်ပေးခဲ့စဉ်၌ ချန်ထားခဲ့ သော အားနည်းချက်ကို သည်အချိန်တွင် အသုံးပြုလိုက် ခြင်းပင်။ဝမ်လင်းက သူ့ထံမှ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်
သင်ယူခဲ့သော လူတိုင်း၏ သန့်စင်ထားသော စိတ်ဝိညာဉ် များကို အကြွင်းမဲ့ ထိန်းချုပ်နိုင်ပေသည်။
စိတ်ဝိညာဉ်အပိုင်းအစသန်းတစ်ရာသည် ငေးငိုင်သွား ကြသည်။သူတို့ မျက်လုံးထဲ၌လည်း လေးစားသည့်ဟန်ပန် များ ထွက်ပေါ်လာကာ ဝမ်လင်းအား ဝန်းရံသွား၏။သူတို့ က အနက်ရောင်တိမ်ထုအသွင် ပြန်ဖြစ်တည်ကာ ဟော် ဖော်အား စူးစိုက်ကြည့်နေကြ၏။သည်အခိုက်၌ ဟော် ဖောင်သည် လုံးဝ မှင်သက်သွားချေသည်။သူ့အနီးနား၌ စိတ်ဝိညာဉ်အပိုင်းအစတစ်ခုတစ်လေပင် မရှိတော့ပေ။
သည်ကြီးမားသော အလှည့်အပြောင်းက ဟော်ဖောင် စိတ်ကို ဗလာကျင်းသွားစေသည်။
"မင်းရဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်က တစ်စုံတစ်ယောက် ပိုထိန်းချုပ်လို့ လွယ်ကူအောင် ပြုပြင် ထားတဲ့ မန္တာန်သာ ဖြစ်တယ်။ စစ်မှန်တဲ့ အမွေအနှစ်မရရှိဘဲ လူတစ်ယောက်က ဘယ်လိုများ စိတ်ဝိညာဉ်သန့်စင် ခြင်းမန္တာန်ရဲ့ အရင်းမြစ်ကို လွယ်လွယ် ပြောင်းလဲနိုင်ပါ့မ
ဝမ်လင်းသည် စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်ကို အမွေ ဆက်ခံခဲ့သူ ဖြစ်၏။စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန်သည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ နှလုံးသည်းပွတ် ဖြစ်သည် မဟုတ်လား။သည်စိတ်ဝိညာဉ်သန့်စင်ခြင်းမန္တာန် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ မျိုးဆက်
အဆက်ဆက် သန့်စင်ခဲ့သေ မန္တာန် ဖြစ်သည်။စိတ်ဝိညာဉ် သန့်စင်ခြင်းကလန်၏ တပည့်အဆက်ဆက်သည် နှစ် သောင်းချီ၍ သည်မန္တာန်ကို မည်သို့မည်ပုံ သန့်စင်မွန်းမံရ မည်ကို လေ့လာခဲ့ကြပေသည်။ တစ်စုံတစ်ယောက်က စစ် မှန်သောအမွေအနှစ်မရှိဘဲ သည်မန္တာန်ကို ဆယ်နှစ်တာ အချိန်ကာလလောက်ဖြင့် လုံးဝ ပြန်လည်ပြပြုနိုင်ရန် မည်သို့ ဖြစ်နိုင်ပါ့မည်နည်း။
ဟော်ဖောင်၏ကယ်တင်ရှင်သည်လည်း ထိုအရာကို မ လုပ်နိုင်ချေ။အနက်ရောင်မျှော်စင်အပေါ်ဆုံးထပ်ရှိ ချပ်ဝတ် ထဲမှပုဂ္ဂိုလ်က ထိုသို့ လုပ်ကောင်းလုပ်နိုင်သောလ်ညး သူက သည်လိုကိစ္စလေးအတွက် သူ့အချိန်ကို ဖြုန်တီး လိမ့်မည် မဟုတ်ပေ။
"မဖြစ်နိုင်ဘူး...ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...။ ကယ်တင်ရှင်က ငါ့ကို ဒီမန္တာန်ရဲ့ ချို့ယွင်းချက်ကို ပြန်ပြုပြင် ပေးပြီး ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား… ဘာကြောင့်လဲ..."သူက ဝမ်လင်းပတ်လည်ရှိ စိတ်ဝိညာဉ် အပိုင်းအစများကို ကြည့်ကာ အော်ပြောလိုက်၏။ "စိတ် ဝိညာဉ်အပိုင်းအစတွေ ပြန်လာခဲ့စမ်း..."
သူက အာခေါင်ခြစ်အော်လိုက်သော်လည်း ဝမ်လင်း ပတ်လည်ရှိ စိတ်ဝိညာဉ်အပိုင်းအစများက သူ့ကို ကြည့် ပင်မကြည့်ချေ။သူတို့က ဝမ်လင်းအနားတွင်သာ လေးစား သည့်ဟန်ပန်များဖြင့် လှည့်ပတ်နေကြလေ၏။
"စိတ်ဝိညာဉ်အပိုင်းအစတွေ ပြန်လာခဲ့စမ်း.." ဟော် ဖောင်က အရူးတစ်ယောက်လို အော်ဟစ်နေ၏။သို့သော် စိတ်ဝိညာဉ်အပိုင်းအစများကတော့ လှည့်ပတ်နေကြဆဲသာ။ ဝမ်လင်းကိုသာ
ဟော်ဖောင်နှလုံးသားထဲ၌ လှိုင်းထန်လာခဲ့ကာ သူ့ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ပါးစပ်အပြည့်သွေးတစ်လုပ် အန်ထုတ်လိုက်ရ၏။သူက လွန်ခဲ့သောဆယ်နှစ်အတွင်း နေ့နေ့ညည အသုံးပြု၍ သည်စိတ်ဝိညာဉ်အပိုင်းအစများကို သန့်စင်ခဲ့ရသည်။ခုချိန်၌ သူက စိတ်ဝိညာဉ်အပိုင်းအစသန်း တစ်ရာကို ထိန်းချုပ်နိုင်ကာ ကောင်းကင်ဘုံကိုပင် ထွင်း ဖောက်နိုင်သည့် စွမ်းအားရှိလာပြီဟု ယုံကြည်နေခဲ့မိသည်။ သူက သန်မာပြီး ဝမ်လင်းကို သတ်က သူ့နေရာကိုယ် ဆောင်ရန် ဆုံးဖြတ်ထားခဲ့ပေသည်။
သို့ရာတွင် ခုချိန်၌ သူက ဝမ်လင်း၌ ရင်ဆိုင်ရသည့်အခါ သည်အရာများအားလုံးက ပျောက်ချင်းမလှ ပျောက်ကွယ် သွားရသည်။သူ ဆယ်နှစ်ကျော် ကြိုးစားလုပ်ဆောင်ခဲ့သမျှ က ဝမ်လင်းထံသို့ အခုလို လက်လွှဲပေးခဲ့ရလေပြီ။သူ့ နှလုံးသားထဲရှိ ဒေါသမီးတောက်ကြောင့် သူ့ခန္ဓာကိုယ်မှာ ပြိုလဲမတက် ဖြစ်နေရ၏။
"ဝမ်လင်း...ငါမင်းကို သတ်ပစ်မယ်..." ဟော်ဖောင် မျက်နှာပေါ်ရှိ သွေးကြောများက ဖောင်းကြွလာကာ သူက ရူးသွယ်သွားလေ၏။ခုလက်ရှိတွင် ကောင်းကင်ဘုံတက် ခြင်းသစ်သီး၏သက်ရောက်မှုအောက်၌ ရှိနေချိန် ဝမ်လင်း
ထက်ပင် သူက ပိုမို ရူးသွပ်သွားခဲ့ချေပြီ။
သူ့မျှော်လင့်ချက်များက တစစီပျောက်စီးသွားသည်မ
ဟုတ်လော။
ဝမ်လင်းက စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။သူက ညာ လက်ကို ဝှေ့ယမ်းကာ သက်ပြင်းသဲ့သဲ့ချ၏။ "မင်းက ငါ့ကို ပုန်ကန်ခဲ့တယ်။ မင်း မသေခင် စိတ်ဝိညာဉ်အလံကို အစစ်အမှန်ဘယ်လိုအသုံးပြုရလဲဆိုတာ မြင်တွေ့ ရစေ ໑໖..."
ဝမ်လင်းသိုလှောင်အိတ်ထဲမှ
စိတ်ဝိညာဉ်တစ်ကု ဠေ(သန်းတစ်ထောင်)အလံသည် ထွက်ပေါ်လာချေ၏။ (အ ရင်အခန်းတွေ တုန်းက ဝမ်လင်းရဲ့ စိတ်ဝိညာဉ်အလံကို စိတ်ဝိညာဉ်ဆယ်သန်းအလံဟု မှားယွင်းသုံးစွဲခဲ့ပါသည်... ဘာသာပြန်သူ)
ထိုအခါ ဝမ်လင်း ပတ်လည်ရှိ စိတ်ဝိညာဉ်အပိုင်းအစ သန်းတစ်ရာသည် ရုတ်တရက် တုန်ယင်လာကာ သူတို့က စိတ်ဝိညာဉ်တစ်ခုတည်း အဖြစ်သို့ မြန်ဆန်စွာ ပေါင်းစည်း သွားကြချေ၏။
ထိုတစ်ခုတည်းအဖြစ် ပေါင်းစပ်ထားသည့် စိတ်ဝိညာဉ် သည် ကြည်ရှင်းနေပြီး ဟော်ဖောင်ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ချေသည်။
သည်လက်သီး ကျရောက်လာသည့်အခါ ဟော်ဖောင် ခန္ဓာကိုယ်မှာ တုန်ယင်သွားကာ သူ့စိတ်ဝိညာဉ်သည် တစ်စ
စီ ဆွဲစုတ်ခံလိုက်ရ၏။
ဝမ်လင်းက သက်ပြင်းသဲ့သဲ့ချကာ စိတ်ဝိညာဉ်တစ်ကု ငွေအလံကို လှုပ်ခါလိုက်ရာ စိတ်ဝိညာဉ်အပိုင်းအစ သန်း တစ်ရာသည် အလံရှိရာသို့ ပျံသန်းလာကြတော့သည်။ထို အခိုက်အတန့်၌ ဝမ်လင်းမျက်လုံးထဲ၌ ကြည်လင်မှုရရှိရန် ရုန်းကန်နေသည့်အသွင် ပြန်ထွက်ပေါ်လာပြန်၏။သူက အကွာအဝေးတစ်ခုသို့ ကြည့်လိုက်ရာ အဝေးရှိ အနက် ရောင်မျှော်စင်အား တွေ့မြင်လိုက်ရသည်။
ထိုမျှော်စင်၏ အောက်ခြေ၌ အဘိုးအိုတစ်ယောက် မား မားရပ်လျက် ရှိနေသည်။သူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ ဝမ်လင်းရှိရာသို့ လှမ်းကြည့်နေသည်။
ဝမ်လင်းအကြည့်က အဘိုးအိုထံကနေ မျှော်စင်ရှိရာသို့ ရောက်ရှိသွား၏။သူက ထိုအနက်ရောင်မျှော်စင်ထဲမှ အားကောင်းသော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်နေသည် ကို ခံစားမိ၏။
သည်အရာက အစစ်အမှန်နတ်ဆိုးစွမ်းအင်ပင်။သည် စွမ်းအင်နှင့် ကျင့်ကြံသူများ ဖန်တီးထားသော နတ်ဆိုး စွမ်းအင် နှစ်ခုကြား၌ သိသာသောကွာခြားချက် တစ်ခု ရှိနေသည်။
ခုချိန်၌ ဝမ်လင်းက ရူးသွပ်နေရာမှ သတိပြန်ဝင်လာခဲ့ပြီ ဖြစ်ကာ သူ့မျက်လုံးသူငယ်အိမ်ပင် ကျုံ့သွားချေသည်။သည် မျှော်စင်ထဲရှိ လူက ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်
ယောက် ဖြစ်ပေလိမ့်မည်။ဝမ်လင်းက အသက်ဝဝရှူသွင်း လိုက်၏။သူ့မူလစိတ်ဝိညာဉ်နှင့်သူ့ခန္ဓာကိုယ်တို့က ခုချိန်ထိအပြည့်အဝ မပေါင်းစပ်သေးချေ။ထိုသို့ အပြည့်အဝ ပေါင်းစပ်နိုင်ရန် လဝက်ခန့် ကြာမြင့်ဦးမည် ဖြစ်သည်။ သည့်နောက်တွင်မှ သူ့ကျင့်ကြံမှုအဆင့်က အာဏာတက် ခြင်းအစောပိုင်းအဆင့်၌ အခြေခိုင်ပြီဟု ဆိုနိုင်ပေမည်။
"ကောင်းကင်ဘုံတက်ခြင်း သစ်သီးတွေက တကယ့်ကို ငါ့အပေါ် လွှမ်းမိုးနိုင်သွားတာပဲ။ဒါက ငါကို သူ့တိုက်ခိုက်မှု တွေကို တောင့်ခံနိုင်စေပေမဲ့လည်း ငါ့ကို တစ်ခါမှ မဖြစ်ခဲ့ ဖူးတဲ့ ရူးသွပ်ဖွယ်အခြေအနေကို ဝင်ရောက်စေခဲ့တယ်..."
ဝမ်လင်းက အသက်ဝဝရှူသွင်းကာ သူ့ရှေ့ရှိ အကွာ အဝေးတစ်ခုထံသို့ စူးစိုက်ကြည့်နေ၏။
မျှော်စင်အောက်ရှိ အနက်ရောင်ချပ်ဝတ်နှင့်အဘိုးအို သည့် ရှေ့သို့ တစ်လှမ်းတိုးလာ၏။သည်ခြေတစ်လှမ်းက မြေကြီးထုကို တုန်ခါသွားစေကာ သည်တုန်ခါမှုက ဝမ် လင်းခြေထောက်နားသို့ ပျံ့လွင့်လာချေသည်။ "အာဏာ တက်ခြင်းနောက်ဆုံးအဆင့်...ဒီလူ့ရဲ့ကျင့်ကြံမှုအဆင့်က… မဟုတ်ဘူး...နေပါဦး...ဒီလူရဲ့အစစ်အမှန်ကျင့်ကြံမှုအဆင့် က ဒီလောက် မမြင့်ဘူး။ဒါက သူ့ခန္ဓာကိုယ်ပေါ်က ချပ်ဝတ် ကြောင့်ပဲ ဖြစ်ရမယ်..." သူ့မျက်လုံးထဲရှိ ကြည်လင်မှုသည် နောက်တစ်ဖန် ရုန်းကန်နေရဟန် ဖြစ်လာပြန်၏။ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်က ဝမ်လင်း စိတ်ကို ရူးသွပ်သွားအောင် တိုက်ခိုက်နေခဲ့ကာ
နောက်တစ်ဖန် ရူးသွပ်သူတစ်ယောက်ဖြစ်သွားအောင် ပြုလုပ်ရန် ကြိုးစားလို့နေသည်။
သူက ဝမ်လင်းမျက်လုံးများက အေးစက်လာကာ အေးစက်စက်နှာခေါင်းရှုံ့၍ သည်သစ်သီး၏ အာနိသင်ကို ဖိနှိပ်လိုက်သည်။သည့်နောက် သူ့ညာလက်ကို ကောင်းကင် ထက်သို့ မြှောက်ကာ ညွှန်လိုက်၏။ထိုအခါ ကောင်းကင် ထက်၌ ကျယ်လောင်သောတုန်ခါမှုနှင့်အတူ ကြီးမားသည့် မြစ်တစ်စင်း ပေါ်ထွက်လာသည်။
သိပ်မကြာခင်တွင် သူက ဘယ်လက်ကိုမြှောင်၍ သူ့ မျက်ခုံးနှစ်ခုကြားသို့ လက်ဖြင့် ထောက်လိုက်သည်။ သူ့နှဖူး ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ဘယ်လက်ထဲသို့ ရောက်ရှိလာ၏။သည့်နောက် လင်းထျန် ဟူ၏ ဓားစွမ်းအင်သည် ပေါ်ထွက်လာလေသည်။
အနက်ရေ
ာင်ချပ်ဝတ်နှင့်အဘိုးအို၏ မျက်လုံးက လက်ခ နဲ ဖြစ်သွားကာ ခြေလှမ်းတန့်သွားတော့၏။
***
Comments
Post a Comment