နတ်ဆိုးဗုံ(၁၂၂)
"ခွေးသူခိုး နတ်ဘုရားပြစ်ဒဏ်...သင်က ငါတို့ရဲ့ ကောင်းကင်နတ်ဆိုးမြို့တော်ကို ဖျက်စီးဝံ့တယ်ပေါ့..."
"သွားသေလိုက်စမ်း...လဲသေစမ်း...မင်းတို့အားလုံး သေ ဖို့ ထိုက်တန်နေပြီ။ ဒီနတ်ဘုရားပြစ်ဒဏ်က ပိုလို့တောင် သေဖို့ထိုက်တန်နေပြီ..."
"ဟားဟား...နတ်ဘုရားပြစ်ဒဏ်...ကောင်းတယ်။ ငါ့ ဘိုးဘေးက နတ်ဘုရားပြစ်ဒဏ်ကို ကျော်ဖြတ် ကျင့်ကြံပြီး ရှင်သန်ခဲ့တာကွ။ငါက ဒီနတ်ဘုရားပြစ်ဒဏ် ဘယ်လောက် များ စွမ်းအားရှိလဲ ကြည့်ချင်နေပြီ..."
မြေကြီးအောက်မှ ထိုသို့သော ဒေါသတကြီးအသံများ ထွက်ပေါ်လာခဲ့၏။သည့်နောက် မြေကြီးအောက်မှ နတ် ဘုရားပြစ်ဒဏ်မှ မိုးကြိုးသံထက် အားနည်းခြင်း မရှိသည့် တုန်ဟီးသံများ ထွက်ပေါ်လို့လာသည်။
ပြင်းထန်သော တုန်ခါလှိုင်းငါးခုက မြေအောက်ကနေ ထိုးထွက်လာ၏။ကောင်းကင်ဘုံခွန်အားက သည်တုန်ခါ လှိုင်းများကို ဖိနှိပ်ရန် ကြိုးစားသော်လည်း အနှီတုန်ခါလှိုင်း
က လေထဲသို့ ပေတစ်ရာထို ရောက်ရှိလာနိုင်တုန်းပင်။
သည်တုန်ခါလှိုင်းငါးခုနှင့်အတူ ဆံဖြူအဘိုးအိုငါး ယောက်သည် လိုက်ပါ ထွက်ပေါ်လာ၏။သူတို့၏မျက်လုံး ထဲ၌ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တို့နှင့် ပြည့်လျှံလို့ နေသည်။
သူတို့၏ အရိုးပြိုင်းပြိုင်းထနေသည့် အပေါ်ပိုင်း ခန္ဓာကိုယ်များသည် ဗလာကျင်းထား၏။သို့သော် သည် ဗလာကင်းမဲ့နေသည့် ခန္ဓာကိုယ်များက ရှေးဦးအော်ရာကို ပေးစွမ်းလို့နေသည်။
ကောင်းကင်ထက်ရှိ
အနီရောင်တိမ်ထုက ပြင်းပြင်းထန်ထန် လှည့်ပတ်လာကာ နောက်ထပ်သုံး လက်မ ဆင်းသက်လာသည်။
မြို့တော်တစ်ခုလုံးရှိ မြေပြင်က အက်ကွဲလာကာ ဝမ် လင်းခန္ဓာကိုယ်မှ ဒွာရပေါက်များကနေ သွေးများ စက်စက် ကျဆင်းလို့နေ၏။သူ့အသွေးအသား၊အရိုးတို့ထံမှ ပင် အက်ကွဲသံများထွက်ပေါ်လာကာ သူ့အပေါ်သို့ မရေမ တွက်နိုင်သောတောင်များ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရ၏။
ဝမ်လင်း ခြေထောက်က မားမားမတ်မတ် ရပ်တန့်နေဆဲ ဖြစ်သော်လည်း သူ့အောက်ရှိ မြေကြီးကမူ ပြိုကျလာ၏။သူ့ ခြေထောက်က မြေကြီထဲ၌ ဒူးအထိ နစ်မြုပ်သွားခဲ့သည်။
ကောင်းကင်ဘုံခွန်အား၏ ဖိအားသည် သူ့စိတ်ဝိညာဉ် ထံသို့ပင် တိုက်ရိုက် တိုးဝင်လာခဲ့၏။
ဝမ်လင်းက အတင်းခေါင်းမော့ကာ ကြည့်သည်။သူက ကောင်းကင်ထက်သို့ ကြည့်လိုက်၏။သို့သော် စကားတစ် ခွန်းမှ မဆိုချေ။
ဆံဖြူအဘိုးအိုငါးယောက်ကမူ သည်ကောင်းကင်ဘုံ ခွန်အား၏ အောက်၌ မသက်မသက် ဖြစ်သည် မဖြစ်သည့် အပြင် သူတို့က ရူးသွပ်ဖွယ် ရယ်မောနေနိုင်သေးသည်။သူ တို့တစ်ယောက်ချင်းစီက လေထဲသို့ ပျံတက်ကာ ကောင်းကင်ဘုံဖိအားအောက်တွင်ပင် ပျံဝဲနေ၏။
"နေလိုကောင်းလိုက်တာ...။ဒီဖိအားက ငါ့ကို ဆဲဆိုချင် လာလောက်အောင်ကို သက်တောင့်သက်သာ ဖြစ်စေနေတာပါပဲ
"ချီးပဲ...။ဘယ်ဘိုးဘေးကများ ဒီလိုမျိုး ပြောခဲ့လို့လဲဟ။ သူတို့က ကောင်းကင်ဘုံခွန်အားက ခပ်ဆိုးဆိုးမိန်းမပျို လေးလို့ပဲ ပြောခဲ့တာ ရှင်းနေတာကို။မင်းက သူ့ကို မင်း အပေါ်မှာ ရှိမနေစေချင်ရင် မင်းကိုယ်တိုင် သူ့ကို အောက်ဆွဲချပြီး သူမအပေါ်မှာ တက်ဖိလိုက်လေ.."
"မင်းတို့နှစ်ယောက်ပြောနေတာတွေက သောက် အဓိပ္ပာယ်မရှိဘူး။ငါက ဘိုးဘေးတွေထားခဲ့တဲ့ မှတ်တမ်း တွေကို အကြိမ်များစွာ ဖတ်ထားခဲ့ပြီးသား။ မင်းတို့ပြော သလိုမျိုး တစ်ခါမှ မဖတ်ခဲ့ဖူးဘူး..."
အဘိုးအိုငါးယောက်က တစ်ယောက်နှင့်တစ်ယောက် စကားစစ်ထိုးနေကြသည်။
ကောင်းကင်ဘုံခွန်အားက ပိုမို ဒေါမာန်ကြီးလာ၏။အနီ ရောင်တိမ်တိုက်ကလည်း ရှစ်လက်မခန့် ပိုကျဆင်းလာ သည်။
ကမ္ဘာမြေကြီးတစ်ခုလုံး တုန်ဟီးလာကာ အင်ပါယာမြို့ တစ်မြို့လုံးသည် ကွဲကြေလာရ၏။တုန်ခါလှိုင်းများက မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ခြင်းမရှိဘဲ မြေအောက်ထဲသို့သာ တိုက်ရိုက် တိုးဝင်ပျံ့နှံ့လေ၏။ထိုဖိအားက မြို့တစ်ဝက် လောက်ကိုပင် သက်ရောက်စေသည်။
အဘိုးအိုငါးယောက်က
စကားများနေရာကနေ ရုတ်တရက် ရပ်တန့်လိုက်သည်။သူတို့ခန္ဓာကိုယ်များ မမြင် ရသည့်လက်ကြီးတစ်ဖက်ဖြင့် ရိုက်ချခံလိုက်ရကာ မြေကြီး ထဲသို့ ထိုးကျသွားသည်။
ဝမ်လင်းက ကောင်းကင်ဘုံခွန်အား၏ဗဟိုတွင် ရှိနေ၏။ သူ့ခန္ဓာကိုယ်မှ တဖျစ်ဖျစ်အသံများ ထွက်ပေါ်လာကာ သူက မြေကြီးထဲသို့ ပိုနစ်မြုပ်သွားသည်။သည်တစ်ကြိမ်၌ သူ့ ခန္ဓာကိုယ်တစ်ဝက်လောက်က မြေကြီးထဲ၌ နစ်မြုပ်သွား သည်။
အဘိုးအိုငါးယောက် ချက်ခြင်း ပြန်ထလာ၏။ထို့နောက် ကောင်းကင်ထက်သို့ တော့သည်။ လက်ညှိုးထိုးကာ ဆဲဆိုကြ
"ငါက ကောင်းကင်ဘုံရဲ့ ဥပဒေသအပြင်ဘက်မှာ ရှိတဲ့ ရှေးဟောင်းနတ်ဆိုးကနေ ဆင်းသက်လာတာ။မင်းက နတ်
ဘုရားပြစ်ဒဏ်သာသာပဲ ရှိတာပါ။ မင်းက ငါ့ အဆဲ လောက်နဲ့ပဲ ထိုက်တန်တယ်..."
အဘိုးအိုငါးယောက်က ဆဲဆိုရင်း ကောင်းကင်ထက်သို့ နောက်တစ်ဖန် ပျံတက်သွားသည်။သည်တစ်ကြိမ်၌ သူတို့ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက မြင့် တက်လာ၏။ထူထဲသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ က ကောင်းကင်နတ်ဆိုးမြို့တစ်ခုလုံးအား လွှမ်းခြုံလာကာ အဘိုးအိုငါးယောက်က အနီရောင်တိမ်ထု ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းလို့သွားသည်။
ကောင်းကင်ဘုံခွန်အားက တုန်ခါသွားကာ အနီရောင် တိမ်တိုက်က နောက်တစ်ဖန် ကျဆင်းလာ၏။သည်တစ် ကြိမ်၌ ၎င်းက ဆယ်ပေထိ ကျဆင်းလာခြင်း ဖြစ်၏။
သည်အခိုက်၌ ဧရာမလက်ကြီးတစ်ဖက်က ကောင်းကင် နတ်ဆိုးမြို့ပေါ်သို့ ရိုက်ချလိုက်သကဲ့သို့ မြို့တစ်မြို့လုံး ချက် ခြင်း ဖုန်မှုန့်ဖြစ်သွားသည်။
ဝမ်လင်းက သွေးများစွာ အန်ထုတ်လိုက်ရ၏။သူ့ ခန္ဓာကိုယ် ပြိုကျသံများသည် ထွက်ပေါ်လာ၏။ခုချိန်တွင် သူက မြေမြှုပ်ပြီးသား ဖြစ်လို့နေသည်။မြေကြီးပေါ်၌ တွင်းနက်ကြီးတစ်ခု ဖြစ်တည်လို့သွားသည်။
အနီရောင်တိမ်တိုက်ထံသို့ တိုးဝင်ပျံသန်းသွားသည့် အ ဘိုးအိုငါးယောက်သည် နောက်တစ်ဖန် မြေပေါ်သို့ ပြုတ်ကျ လာပြန်၏။ထိုအခါ မြေကြီးပေါ်၌ တွင်းပေါက်ငါးခု ဖြစ်လို့
သွားပြန်၏။
တွင်းနက်ထဲရှိ အဘိုးအိုများထဲက တစ်ယောက်က အလွန်ဒေါသထွက်လာသည်။ သူက အပေါ်သို့ ပြန်တက် လာကာ ဒေါသတကြီး အော်ပြောလိုက်သည်။ "နတ်ဘုရား ပြစ်ဒဏ်...ချီးပဲ...။မင်းက ငါ့ကောင်းကင်နတ်ဆိုးမြို့ကို ဖျက်စီးပစ်တယ်။ဒါ့ကြောင့် ငါက မင်းနဲ့ သေတဲ့အထိတိုက်တိုက်ပစ်မယ်..."
ထိုအချိန်မှာပင် ဝမ်လင်းက အပြင်ဘက်ရှိ အရာရာကို ခံစားနိုင်စွမ်း ကင်းမဲ့သွားပြီ ဖြစ်၏။သူက မြေအောက်ထဲ၌ နစ်မြုပ်နေကာ ခံစားမှုအားလုံး ဆုံးရှုံးသွားခဲ့လေပြီ။ခုချိန်၌ သူ့သွေးကြောများပင် ပျက်စီးသွားကာ သူ့အရိုးများပင် တစ စီဖြစ်တော့မည့် အရိပ်အယောင်တို့ ပြသလာ၏။
ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို သတ်ချင်လျှင် ရှင်သန်ရန် အခွင့်မရှိ။
ဝမ်လင်းမျက်လုံးက ပြူးကျယ်လာ၏။သူ့မျက်လုံးထဲ၌ အ ညံမခံ၊ဖိဆန်သည့် အော်ရာက ပြည့်နှက်နေဆဲသာ။သူ့ ခန္ဓာကိုယ်က အက်ကွဲနေကာ သူ့မူလစိတ်ဝိညာဉ်ပင် ပြိုကျ တော့မလို ဖြစ်နေသည်။သို့သော် သူ့တာအိုနှလုံးသား ကတော့ ဘယ်တော့မှ
"ကောင်းကင်ဘုံကို ဖိဆန်လိုတဲ့ ကျင့်ကြံသူတွေက ကောင်းကင်ဘုံရဲ့ပြစ်ဒဏ်ကို ရှောင်နိုင်ဖို့ အရာရာလုပ်ကြ လိမ့်မယ်..."
ဖျော့တော့သောအသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာ၏။
ဝမ်လင်းစိတ်ထဲ၌
"ကောင်းကင်ဘုံတာအိုက ကောင်းကင်ဘုံပြစ်ဒဏ်ကို ကျင့်ကြံသူတွေ ပုန်းကွယ်နေမှာကို မစိုးရိမ်ဘူး။ ဘာလို့ လဲဆိုတော့ သူတို့က တစ်ကြိမ် ရှောင်ပုန်းလိုက်တာနဲ့ သူတို့ နှလုံးသားထဲမှ ဘယ်တော့မှ ဖိဆန်နိုင်စွမ်း ထပ်ရှိလာမှာ မဟုတ်လို့ပဲ..."
"ကောင်းကင်တာအိုက ၎င်းရဲ့ ပြစ်ဒဏ်ကို ရှောင်မပုန်း ဘဲ ရင်ဆိုင်တဲ့လူကိုသာ အမှန် စိုးရွှံ့တာ ဖြစ်တယ်...။ဒီလို မျိုး ရင်ဆိုင်တဲ့ သက်ရှိမှန်သမျှကို ကောင်းကင်ဘုံက ရှင်းလင်းပစ်ဖို့ လုပ်လာမှာပဲ...။မင်းက ပထမဆုံး ဒီလို ဖီဆန်တဲ့လူ မဟုတ်ဘူး...နောက်ဆုံးတစ်ယောက်လည်း မဟုတ်ဘူး..."
"အခြားလူများက အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့ ရင်ဆိုင်တဲ့အချိန်မှာ သူတို့က ကောင်းကင်ဘုံရဲ့တာအိုကို လိုက်နာတာ ဒါမှမဟုတ် ရှောင်ကြဉ်တာကို လုပ်ကြတယ်။ ဒါ့ကြောင့် ဒီလိုလူတွေအတွက် နတ်ဘုရားပြစ်ဒဏ်က ရောက်မလာနိုင်တော့ဘူး။ ခုထိ မင်းက ဒီတာအိုကို ရင်ဆိုင်ဖို့ ရွေးချယ်လိုက်တော့ နတ်ဘုရားပြစ်ဒဏ် ဆင်းသက်လာတာ ဖြစ်တယ်..."
"ကောင်းကင်ဘုံတာအိုက ဒီလိုနည်းလမ်းနဲ့ ဖိဆန်တဲ့ ကျင့်ကြံခြင်းမျိုးကို ခွင့်မပြုဘူး။ဟိုးလွန်ခဲ့တဲ့ မရေမတွက်
နိုင်တဲ့ နှစ်ပေါင်းများစွာ စကြဝဠာကြီး စဖြစ်တည်တဲ့အချိန် မှာ ကောင်းကင်တာအိုနဲ့အပြိုင် တည်ရှိခဲ့တဲ့ လူမျိုးတစ်မျိုး ရှိခဲ့တယ်။ဒီမျိုးနွယ်စုဝင်တွေက စွမ်းအားအရမ်းကောင်း လွန်းခဲ့ကြတယ်။အချို့က အံ့အားသင့်ဖွယ်မန္တန်တွေ ပိုင်ဆိုင် ပြီး သူတို့လက်ကို မှောက်လိုက်လှန်လိုက်လိုက်ရုံနဲ့ တာအို ကို ဖျက်စီးပစ်နိုင်တယ်။ဒီမန္တာန်တွေကို အသုံးပြုပြီး သူတို့ က ကောင်းကင်ဘုံကို ဆန့်ကျင်တိုက်ခိုက်ကြတာပဲ။ဒီလူ တွေက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းကြတဲလူ တွေလည်း ဖြစ်တယ်။သူတို့က သတ်ဖြတ်သူတစ်ယောက် အဖြစ်ရှင်သန်ပြီး ကောင်းကင်ဘုံကို သေတဲ့အထိ ဆန့်ကျင် တိုက်ခိုက်ခဲ့ကြတယ်..."
“သူတို့က သူတို့ကိုယ်သူတို့ ရှေးအမိန့် လို့ခေါ်တွင်ခဲ့ကြ
"နတ်ဘုရားပြစ်ဒဏ်ကလည်း သူတို့ရဲ့ခန္ဓာကိုယ်ကို ဖျက်စီးနိုင်စွမ်း မရှိဘူး။ကောင်းကင်ဘုံရဲ့ခွန်အားကတောင် သူတို့ကို အညံခံလာအောင် မလုပ်နိုင်ခဲ့ဘူး။သူတို့က ကောင်းကင်ဘုံကို ဆန့်ကျင်ဖိဆန်ပြီး ကျင့်ကြံခဲ့တဲ့ ပထမ ဆုံး သက်ရှိတွေ ဖြစ်ခဲ့ကြတယ်..."
"မရေမတွက်နိုင်တဲ့နှစ်ကာလများစွာ ကြာပြီးတဲ့နောက် မှာတော့ ဒီရှေးအမိန့်လို့ခေါ်တဲ့လူတွေက နှစ်မျိုးကွဲသွားကြ တယ်။ ပထမတစ်မျိုးက အဆုံးစွန်သောစွမ်းအားနဲ့ သူတို့ ကိုယ်သူတို့ ရှေးဟောင်းနတ်ဘုရားလို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ၊ နောက်တစ်မျိုးကတော့ သတ်ဖြတ်ခြင်း
လမ်းစဉ်ကို လျှောက်လှမ်းပြီး အားကောင်းတဲ့ မန္တာန်တွေ ကို ထိန်းချုပ်နိုင်ပြီး သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဆိုး လို့ ခေါ်တွင်ကြတဲ့ သက်ရှိတွေ ဖြစ်တယ်။ သူတို့က ကောင်းကင်ဘုံကို ဖိဆန်ပြီး ကျင့်ကြံတဲ့ ဒုတိယ သက်ရှိတွေ ဖြစ်လာခဲ့ကြတယ်..."
ခပ်ဖျော့ဖျော့ အသံက ဝမ်လင်း စိတ်ထဲ၌ ပဲ့တင့်ထပ် နေ၏။ဝမ်လင်းခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီး ဖြစ် သော်လည်း သူ့စိတ်ကတော့ လုံးဝ တည်ငြိမ်လို့နေသည်။
"သင်က ရှေးဟောင်းနတ်ဆိုးလား..."
"ငါက ရှေးဟောင်းနတ်ဆိုးပဲ..."
ဝမ်လင်းက စဉ်းစားနေ၏။
"ဒါပေမဲ့ ငါက မပြည့်စုံဘူး။ ငါ နိုးထလာတဲ့အချိန်တုန်း က ငါက နတ်ဆိုးဗုံထဲမှာပဲ ရှိနေခဲ့တာ။ငါက နတ်ဆိုးဗုံဟာ ငါနဲ့ အသားကျတယ်လို့ ခံစားနိုင်ခဲ့တယ်။ မရေမတွက်နိုင် တဲ့ နှစ်တွေကြာတဲ့အထိ ငါဟာ နတ်ဆိုးဗုံနဲ့ အဝေးကြီး -လှုပ်ရှားသွားလာနိုင်ခြင်း မရှိခဲ့ဘူး။ဒါ့ကြောင့် ငါက မန္တာန် တွေကို အသုံးပြုပြီး နဂါးရေကန်ကို ဖန်တီး...လူတွေကို သင်ကြားပေးခဲ့တာ ဖြစ်တယ်..."
"ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ငါ့လိုမျိုး အခြား တည်ရှိမှု ရှစ်ခုဟာ အခြားနိုင်ငံ ရှစ်ခုမှာ ရှိတယ်လို့ ခံစား နိုင်တယ်။သူတို့ကလည်း ငါ့လိုပဲ တူညီတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပြီး နဂါးရေကန်ကို ဖန်တီး...လူတွေကို
သင်ကြားပေးခဲ့ကြတယ်..."
"ဒီနှစ်ပေါင်းများစွာအတွင်း ငါက ငါ့လိုမျိုး တည်ရှိမှုတွေ နဲ့ ဆက်သွယ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့က ဘယ်တော့မှ ပေါင်းစည်းတဲ့ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ခဲ့ကြဘူး။ ငါ့လို မျိုး တည်ရှိမှုတိုင်းက ပိုသန်မာလာအောင် တစ်ယောက်နဲ့ တစ်ယောက် ဝါးမြိုချင်စိတ်ပဲ ရှိခဲ့ကြတယ်...။ဖြစ်နိုင်တာ က ငါတို့အကုန်လုံးအတွက် ပြည့်စုံစေဖို့က တစ်နည်းပဲ ရှိφύ..."
"ဒါ့ကြောင့်ပဲ နိုင်ငံကိုးခုကြားက စစ်ပွဲက နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေမှာ မရေမတွက်နိုင်အောင် ကြာတဲ့အချိန် ထိ ဖြစ်ပွားလာခဲ့ကြတာ။ မင်းတို့လို ကျင့်ကြံသူတွေက လည်း ဒီအဆုံးမသတ်နိုင်တဲ့ စစ်ပွဲမှာ ပါဝင်လာခဲ့ကြတယ်။ ဒါ့ကြောင့်ပဲ မင်းတို့ ကျင့်ကြံသူတွေကို နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေမှာ တည်ရှိခွင့် ပြုခဲ့ကြတာ ဖြစ်တယ်..."
ဝမ်လင်းက နတ်ဘုရားအာရုံဖြင့် လှမ်းပြောလိုက်သည်။ "သင်က ခုလို ပေါ်လာပြီး ဒီအကြောင်းတွေ ငါ့ကို ပြော ပြတာ အကြောင်း တစ်ခု ရှိလိမ့်မယ်…"
"ဒါ မှန်တယ်။ငါက မင်းခန္ဓာကိုယ်ကို ပြန်ပြုပြင်ပေးပြီး ဒီနတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်နိုင်ဖို့ ကူညီပေးနိုင် တယ်။ငါက မင်းကို ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ စွမ်းအား ကိုလည်း ပေးဦးမယ်။ဒါပေမဲ့ မင်းက ငါ့အတွက် တစ်ခု ပြန် လုပ်ပေးရမယ်။ မင်းက အခြားနိုင်ငံရှစ်ခုရဲ့ တော်ဝင်
အမွေအနှစ်ရှစ်ခုကို ယူဆောင်လာပေးရမယ်.."
ဝမ်လင်းက စဉ်းစားနေ၏။သိပ်မကြာခင်တွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ငါက နတ်ဆိုးကုန်းမြေ တည်ရှိခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ပထမဆုံး ကောင်းကင်ဘုံ ကို ဖိဆန်တဲ့ ကျင့်ကြံသူတော့ မဖြစ်နိုင်ဘူးမလား..."
ဝမ်လင်း စကားမဆုံးသေးခင်မှာပင် အသံတစ်ခုက ကြား ဖြတ်ဝင်လာ၏။ "မင်းက ပထမဆုံး ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူမဟုတ်ဘူး။ဒါပေမဲ့ မင်းက ပထမဆုံး သေမျိုးကနေ ရှေးဟောင်းနတ်ဘုရားလမ်းကြောင်းကို လျှောက်လှမ်းတဲ့ လူဖြစ်နေတယ်။ငါက မင်းရှိကနေ ရှေးဟောင်းနတ်ဘုရား အော်ရာကို ခံစားနိုင်တယ်။ဒီအော် ရာ အလွန်အမင်း ဖျော့တော့နေပေမဲ့ ဒါက တော်တော်လေး သန့်စင်လှတယ်..."
"ငါ့ဉာဏ်အလင်း ပေးခဲ့တဲ့ နတ်ဆိုးကုန်းမြေကလူတွေ ကြတော့ ငါ့စွမ်းအားကို ခံနိုင်မှာ မဟုတ်ဘူး။သူတို့ ခန္ဓာကိုယ်က ငါ့စွမ်းအားကို ဘယ်လိုမှ တောင့်မခံနိုင်ကြ ဘူး။သူတို့က သန်မာမယ်ဆိုရင်တောင် ဘယ်လိုပဲဖြစ်ဖြစ် ငါက မတူညီတဲ့မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နေတယ်..."
"ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်က သူတို့ထက် နည်းနည်း ပိုကောင်းပေမဲ့လည်း သူတို့မှာလည်း အကန့်အသတ် ရှိနေ တယ်။ အလွန့်အလွန် နည်းပါးတဲ့လူတွေသာ ငါ့စွမ်းအားကို ခံနိုင်လိမ့်မယ်..."
"မင်းက တခြားဘယ်သူထက်မဆို ပိုသင့်တော်တယ်။ ဒါက ငါ မင်းကို ရွေးချယ်လိုက်ရတဲ့ အကြောင်းရင်းပဲ..."
ဝမ်လင်းက အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ငါ့ခန္ဓာကိုယ်ကို ပြန်ပြုပြင် ပေးပါ။ ဒီနတ်ဘုရားပြစ်ဒဏ်ကို ခံနိုင်ဖို့ စွမ်းအားလည်း συτοί..."
အသံက ပဲ့တင့်ထပ်လာပြန်သည်။ "မင်း ဆန္ဒရှိတဲ့ အတိုင်းပဲ..."
ချက်ခြင်းပင် မြေအောက်၌ နစ်နေသည့် ဝမ်လင်း ခန္ဓာကိုယ်က ထူထဲသည့်စွမ်းအင်းတစ်ခုနှင့် လွှမ်းခြုံလာ ခြင်း ခံလိုက်ရသည်။သူ့ခန္ဓာကိုယ်က ရူးသွယ်ဖွယ် အမြန် နှုန်းဖြင့် ပြန်ကောင်းမွန်လာသည်။သူ့သွေးကြောများက ပြန်ချိတ်ဆက်လာကာ အရင်ထက်ပင် ပိုမာကြောလာခဲ့၏။
သူ့အရိုးများသည်လည်း ပြန်လည် ဖွဲ့တည်ကာ ကောင်းမွန်လာ၏။တကယ်တော့ သူ့ခွန်အားက အရင် ထက် အဆများစွာ ထောင်တက်သွားခဲ့ပြီ ဖြစ်သည်။
သူ့အသွေး၊အသားတို့သည်လည်း ချက်ခြင်း ပြန် ကောင်းမွန်လာ၏။သည်အရာများအားလုံးက အလွန် တိုတောင်းသောအချိန်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက သွေးကြောများနှင့် ခန္ဓာကိုယ်တစ်လျှောက်တွင် စီးဆင်း လာတော့သည်။တစ်ပြိုင်နက်တည်းမှာပင် သူ့ခန္ဓာကိုယ်
ပတ်လည်ရှိ ထူထဲသောစွမ်းအားက ရုတ်တရက် ကျုံ့လာ ကာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွား၏။
မြေပြင်ပေါ်တွင်တော့ အဘိုးအိုငါးယောက်က တွင်းနက် ထဲကနေ ခုန်တက်ကာ နောက်တစ်ဖန် ဆဲဆိုရန် ဟန်ပြင် လိုက်၏။သို့ရာတွင် ထိုအခိုက်၌ သူတို့ငါးယောက်လုံးက မှင်သက်သွားကာ တွင်းနက်ထဲရှိ ဝမ်လင်းအား စူးစိုက် ကြည့်မိသွားကြသည်။
အဘိုးအိုများထဲမှ တစ်ယောက်၏ မျက်လုံးက ပြူးကျယ် သွားကာ ခပ်တိုးတိုး ဆိုသည်။ "ဒါ..ဒါက ဘိုးဘေးရဲ့ အော်
"ဘိုးဘေးရဲ့ အော်ရာနဲ့ တူနေတယ်..."
ဝမ်လင်းခန္ဓာကိုယ်က တွင်းနက်ထဲကနေ မြောက်တက် လာကာ သူ့ဆံပင်များ လေမတိုက်ပါဘဲ ဝဲလွင့်လို့နေသည်။ သူ့မျက်လုံးက မှိတ်ထားလျက်သာ ရှိနေ၏။သို့သော် သူ့ ခန္ဓာကိုယ်မှ နှိုင်းဆမရသည့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် များက ပျံ့နှံ့နေကြသည်။
ကောင်းကင်ဘုံဖိအားအောက်တွင်ပင် ဝမ်လင်း လွင့်မြောလို့နေ၏။ထို ခန္ဓာကိုယ်က လေထဲ၌ အခိုက်အတန့်၌ ကောင်းကင်ဘုံခွန်အား၏ ဖိအားက သူ့ အပေါ်တွင် လုံးဝ မသက်ရောက်သည့်အလားပင်။ဝမ်လင်း 3 ကောင်းကင်ထက်သို့ မြောက်တက်လာရင်း သူ့ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် နတ်ဆိုးစိတ်ဝိညာဉ်
စွမ်းအင်များက သူ့နောက်တွင် သိပ်သည်းလာကာ ပေတစ် ထောင်ကျော် ရှည်လျားသည့် ဧရာမပုံရိပ်ယောင်ကြီးတစ်ခု ဖြစ်တည်သည်။
သည်ပုံရိပ်ယောင်က ဦးချိုနှစ်ခုရှိကာ နက်မှောင်သော အော်ရာကို ပေးစွမ်းနေ၏။ထိုပုံရိပ်ယောင်က ခရမ်းရင့် ရောင် အရေပြားကို ပိုင်ဆိုင်ထားသည်။ ၎င်းပေါ်ထွက်လာ သည့်အခိုက်တွင် အနီရောင်တိမ်ထုက ကြမ်းကြုတ်သော မြည်ဟိန်းသံများကို ထုတ်လွှတ်လာကာ တုန်ဟီးသံများ ဖြစ်စေသည်။
၎င်း ပုံရိပ်ယောင်က အစစ်အမှန်နတ်ဆိုးတစ်ပါး မွေးဖွား လာသလိုပင်။
ထိုပုံရိပ်ယောင်က ဝမ်လင်းကဲ့သို့ မျက်လုံးမှိတ် ထား လျက်ရှိ၏။
ဝမ်လင်းက လေထဲသို့ ဝဲပျံလာသည့်အခါ အဘိုးအိုငါး ယောက်သည် လုံးဝ မှင်သက်သွားကြသည်။သူတို့က ဝမ် လင်းနောက်ရှိ တစ္ဆေပုံရိပ်ကို ကြည့်ကာ အလွန်လေးစား သည့် ဟန်အမူအရာများ ထွက်ပေါ်နေကြ၏။
"ဒါ တကယ့် ဘိုးဘေးပဲ..."
"ဘိုးဘေးက ပေါ်လာခဲ့ပြီ။ဒီလူက ဘိုးဘေး တစ်ချိန်လုံး ရှာဖွေနေတဲ့ လူများ ဖြစ်နေနိုင်လား..."
အဘိုးအိုငါးယောက်က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဖလှယ်မိသွား၏။ထိုအခိုက်မှာပင် အနီရောင် တိမ်ထုက ရူးသွပ်ဖွယ် သက်ဆင်းလာ၏။၎င်းက တစ် လက်မချင်း ဆင်းသက်လာခြင်း မဟုတ်တော့ဘဲ ဆယ်ပေ ကျော်နှုန်းဖြင့် ကျဆင်းလို့လာသည်။ ဆယ်ပေ...ပေနှစ် ဆယ်...ပေသုံးဆယ်...။မျက်စိတ်တစ်မှိတ်အတွင်း ၎င်းက
အောက်ဘက် ပေတစ်ရာသို့ ကျဆင်းလာခဲ့လေပြီ။
ကျယ်လောင်သော တော်လဲသံများနှင့်အတူ ကောင်းကင် နတ်ဆိုးမြို့တစ်ခုလုံးသာမက မြေပြင်ပင် နစ်ဝင်သွားရ၏။ အထက်စီးမှ ကြည့်ပါက ကောင်းကင်နတ်ဆိုးမြို့သည် ဆက်လက်မတည်ရှိတော့သည်ကို တွေ့မြင်ရမည် ဖြစ်၏။
ကောင်းကင်နတ်ဆိုးမြို့ တည်ရှိခဲ့သောနေရာသည် ယခု အခါ၌ ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ထိုချိုင့်ဝှမ်းကြီးက အောက်ဘက်သို ဆက်ကာဆက်ကာ ပိုနက်လာခဲ့၏။
အနီရောင်တိမ်ထုနှင့်ကောင်းကင်ဘုံခွန်အားတို့၏ သက် ဆင်းမှုက ခုထိ အတောမသပ်နိုင်သေးပေ။အနီရောင်တိမ် ထုက ပေတစ်ရာလောက် သက်ဆင်းလာပြီးသော်လည်း ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက် ကျဆင်းလာ၏။
အနီရောင်တိမ်ထုများ ဆက်လက်ကျဆင်းနေရင်း
ကျယ်လောင်သော မိုးခြိမ်းသံများသည် ကောင်းကင်ထက်၌ မြည်ဟီး ပဲ့တင်ထပ်နေတော့၏။သည်ကြမ်းကြုတ်လှသည့် အသံက ကမ္ဘာလောက၌ ပဲ့တင့်ထပ်၏။
ဝမ်လင်းက လေထဲ၌ လွင့်ဝဲနေ၏။သူက ကောင်းကင်ဘုံ ဖိအား၏ ဗဟိုချက်မတွင် ရှိလို့နေကာ သူ့ခန္ဓာကိုယ်က မ လှုပ်မယှက်အသွင်ကို ဆောင်နေ၏။
ထိုအခိုက်အတန့်၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးပွင့် လာခဲ့၏။သူ့လိုပင် သူ့နောက်ရှိ တစ္ဆေအရိပ်ကြီးသည်လည်း
၎င်း၏ နတ်ဆိုးမျက်လုံးကို လိုက်ပါ ဖွင့်လာ၏။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်အား ထူးဆန်းသောအား တစ်ခုက ထိန်းချုပ်နေသည်ဟု ထင်မှတ်ရ၏။သူက ညာ လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ အနီရောင်တိမ်ထု ထံသို့ ဖိချေလိုက်၏။သူ့နောက်ရှိ ရှေးဟောင်းနတ်ဆိုးပုံရိပ် ကလည်း ညာလက်ကိုမြှောက်ကာ ကောင်းကင်ထက်သို့ ပင့်တင်လိုက်၏။
"တာအို ဖျက်စီးခြင်း..." ရှေးဟောင်းနတ်ဆိုးပုံရိပ်နှင့် ဝမ်လင်းတို့က တစ်ပြိုင်နက်တည်း ပါးစပ်ဟကာ ဆို လာ၏။သို့သော် ထို တာအိုဖျက်စီးခြင်း ဆိုသည့်အသံက ဝမ်လင်းပါးစပ်ထဲကနေ ထွက်ပေါ်လာခြင်း မဟုတ်။ ရှေးဟောင်းနတ်ဆိုးထံမှ ထွက်ပေါ်လာခြင်း ဖြစ်နေ၏။
သည်စကားနှစ်ခွန်းသာ ဆိုလိုက်သော်လည်း မွန်းစတား ဆန်သည့် နတ်ဆိုးစွမ်းအင်များက ဝမ်လင်းနှင့်ရှေးဟောင်း နတ်ဆိုးတို့၏ ရှေ့တည့်တည့်၌ ပေါက်ကွဲထွက်လာ တော့သည်။
တစ်ချိန်တည်းမှာပင် ဝမ်လင်းခန္ဓာကိုယ်က အနီရောင် တိမ်တိုက်ထံသို့ တိုးဝင်သွား၏။သူ့နောက်ရှိရှေးဟောင်း နတ်ဆိုးသည်လည်း သူနှင့်အတူ ကပ်ပါလာခဲ့၏။
အနီရောင်တိမ်တိုက်က ဆက်လက်ဆင်းသက်လာကာ ဝမ်လင်းနှင့် တိမ်တိုက် ကြားရှိ အကွာအဝေးက ပိုကျုံ့လာခဲ့ တော့၏။
လက်ဝါးတစ်ချက်ဖြင့်ပင် တိမ်တိုက်များ ပြန့်ကျဲကုန်၏။
ရှေးဟောင်းနတ်ဘုရားနှင့် ဝမ်လင်းတို့ထံမှ ထွက် ပေါ်လာသည့် လက်ဝါးရိုက်ချက်က အနီရောင်တိမ်တိုက် ထံသို့ ကျရောက်လာ၏။ပြင်းထန်သော လေကြမ်းတစ်ခု ရုတ်တရက် ပေါ်လာတော့၏။အနီရောင်တိမ်တိုက်က ကောင်းကင်ထက်၌ ဒေါမာန်တကြီး ဟိန်းသံပြုလာ၏။
ဝမ်လင်းခန္ဓာကိုယ်က ရုတ်တရက် ကောင်းကင်ထက်မှ ကျဆင်းသွားကာ မြေပြင်ထိ ကျရောက်သွား၏။သူက မြေပြင်ပေါ်သို့ ကျရောက်သွားသည့်အခါ ကြီးမားသည့်တုန် ခါလှိုင်းများ ထုတ်လွှတ်ကာ မြေကြီးထု ငါးထောင် ကီလိုမီတာက ကွဲကြေကာ ငါးသောင်းကီလိုမီတာအထိ ချဲ့ ကားသွား၏။
မြေကြီးထု ငါးသောင်းကီလိုမီတာအတွင်းရှိ အရာ အားလုံးက ပျက်စီးယိုယွင်းရ၏။
ဝမ်လင်းနောက်ရှိ ရှေးဟောင်းနတ်ဘုရားသည်လည်း မြေပေါ်သို့ ကျရောက်လာခဲ့ရသည်သာ။ ၎င်း၏ ပုံရိပ်ကြီး ပင် အနည်းငယ် မှုန်ဝါးသွားရ၏။
ရှေးဟောင်းနတ်ဆိုးများက ကောင်းကင်ဘုံကို ဖိဆန် ကျင့်ကြံသည့် ဒုတိယသက်ရှိမျိုးနွယ်များ ဖြစ်ကြ၏။သူတို့ က နတ်ဘုရားပြစ်ဒဏ်နှင့် မရေမတွက်နိုင်အောင် ရင်ဆိုင် ဖူးခဲ့ကြသူများဟု ဆို၍ရ၏။ထို့ကြောင့် သူ့ခန္ဓာကိုယ်က ချက်ခြင်း ပြန်ကောင်းမွန်လာခဲ့ပြန်၏။
အနီရောင်တိမ်ထုက ကောင်းကင်ထက်မှ ပျောက်ကွယ် သွား၏။သို့သော် ၎င်းက ပျောက်ကွယ်သွားချင်းချင်း ပေ တစ်ရာရှည်လျားသည့် အနီရောင်အလင်းတန်းတစ်ခုက ကောင်းကင်ထက်မှ ရုတ်တရက် ဆင်းသက်လာ၏။
ထိုအနီရောင်အလင်းက အရင် နတ်ဘုရားပြစ်ဒဏ် အလင်းထက်ပင် အဆများစွာ ပိုအားကောင်းနေ၏။ သို့ရာတွင် ထိုအနီရောင်အလင်း၏ ပစ်မှတ်က ဝမ်လင်း မဟုတ်တော့ဘဲ သူ့နောက်ရှိ ရှေးဟောင်းနတ်ဆိုးပုံရိပ်ကြီး ထံသို့ ဖြစ်နေ၏။
ရှေးဟောင်းနတ်ဆိုးနှင့်ဝမ်လင်းတို့က ပြိုင်တူ ခေါင်း မော့လိုက်ကြ၏။ရှေးဟောင်းနတ်ဆိုး၏မျက်လုံးထဲမှ နတ်ဆိုးအလင်းတစ်ခု ထိုးထွက်လာ၏။
"သွေးရောင်ကောင်းကင်ဘုံအလင်း...။ငါ ဒီအလင်းရဲ့ အရသာကို ခံစားခဲ့တာ အချိန်တွေကြမြင့်လွန်းခဲ့ပြီ..." ရှေးဟောင်းနတ်ဆိုးက ထိုသို့ဆို၏။ အလင်းတန်း အနီရောင် ဆင်းသက်လာသည့်အခိုက်မှာပင် ရှေးဟောင်းနတ်ဆိုးက လေထဲသို့ ခုန်တက်ကာ ယင်း အလင်းကို ဝါးမြိုပစ်၏။
အနီရောင်အလင်းက ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်ထဲ သို့ ဝင်ရောက်သွားကာ ၎င်းက ပေါက်ကွဲစေ၏။သို့သော် ၎င်းရှေးဟောင်းနတ်ဆိုးပုံရိပ်က ချက်ခြင်း ပြန်ဖွဲ့တည်၏။ ရှေးဟောင်းနတ်ဆိုးက ပြိုကျလိုက်၊ တည်ဆောက်လိုက်၊
ပျက်စီးလိုက်၊ တည်ဆောက်လိုက် ဖြစ်နေတော့သည်။ အသက်ရှုစာအချိန်တိုးအတွင်းမှာပင် ရှေးဟောင်းနတ်ဆိုး က အကြိမ်တစ်သောင်း ပျက်စီးသွားပြီး အကြိမ်တစ် သောင်း ပြန်ဖွဲ့စည်း၏။
ရှေးဟောင်းနတ်ဆိုးခန္ဓာကိုယ်က လေထဲ၌ ရှိနေရာက နေ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။ထိုအခါ ကြီးမားသည့် တုန်ခါလှိုင်းလေပွေက ၎င်းကို ဗဟိုပြု၍ စတင်လှည့်ပတ် လာ၏။ထို တုန်ခါလှိုင်းက ပေတစ်ရာကျော်ထိ မြင့်မားကာ လှိုင်းလုံးကြီးများကဲ့သို့ ပျံ့နှံ့သွားသည်။မျက်စိတစ်မှိတ် အတွင်း ၎င်းက ငါးကီလိုမီတာအထိ ပျံ့နှံ့လို့သွား၏။
မြေကြီးထုအနှံ့ တုန်ခါသံများ ဆက်တိုက်ထွက်ပေါ်လာ ကာ ငါးကီလိုမီတာအတွင်းရှိ မြေကြီးများက ဆက်လဲ ကွဲကြေသွားကာ ဆယ်ဆပြင်းသည့် တုန်ခါလှိုင်းတစ်ခုကို ဖြစ်သွားစေ၏။သည်အခိုက်၌ ငါးဆယ်ကီလိုမီတာအတွင်း ရှိ အရာအားလုံးသည် အပျက်အစီးပုံအဖြစ်သာ ကျန်ရှိတော့လေ၏။
အနီရောင်တိမ်တိုက်ကလည်း ကောင်းကင်ထက်မှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ ထိုအခါကျမှ ကောင်းကင် သည် ပုံမှန်အတိုင်း ပြန်ဖြစ်လို့သွားသည်။
ရှေးဟောင်းနတ်ဆိုးက ဗလုံးဗထွေး ရေရွတ်လိုက်၏။ သည့်နောက် ၎င်း၏မျက်လုံးထဲ၌ မောပန်းသွားသည့်ဟန် ကို ထုတ်လွှတ်လာကာ အစိမ်းရောင်အခိုးငွေ့အဖြစ်သို့
ပြောင်းလဲပြီး ပျောက်ကွယ်သွားတော့၏။
"နောက်သုံးလကြာရင် ငါနဲ့ နဂါးကန်မှာ လာတွေ့ပါ..." ရှေးဟောင်းနတ်ဘုရား၏ အသံက ဝမ်လင်းထံသို့သာမက လူတိုင်းထံသို့ ပျံ့နှံ့လို့သွား၏။
ဝမ် ရှေးဟောင်းနတ်ဆိုးပျောက်ကွယ်သွားသည့်အခါ လင်းသည်လည်း ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ် လို့သွားတော့၏။
လေပြေညင်းတစ်ခုက လွင့်ပြယ်လာရင်း အဘိုးအိုငါး ယောက်သည် အပျက်အစီးပုံများအပေါ်သို့ လှမ်းတက် လာ၏။သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။
အဘိုးအိုများထဲမှ တစ်ယောက်က အော်ပြောလိုက်၏။ "ဒါက နတ်ဘုရားပြစ်ဒဏ်ကို ပျောက်ပျက်သွားစေခဲ့ပြီ...။ ယွမ်သွမ်း...ခွေးကောင်လေး...ဒီကိုလာခဲ့စမ်း..."
"မင်းက အသက်သုံးကြိမ်ရှူစာအတွင်း ပေါ်မလာရင် ဒီ အဘိုးအိုက မင်းကို နဂါးရေကန်ထဲ လွင့်ပစ်ပြီး နှစ်တစ်ရာ လောက် ချိပ်ပိတ်ပစ်မယ်..."
အရိပ်တစ်ခုက
အပျက်အစီးပုံများထဲကနေ အလျင်အမြန် တက်ရောက်လာ၏။ထိုအရိပ်က အဘိုးအို၏ ဆူငေါက်သံကို ကြားလိုက်သည့်အခါ မခံချိမခံသာပြုံးကာ သူကပျောက်ကွယ်သွား၏။သည့်နောက် အင်ပါယာမြို့၏ ပြိုင်ပွဲကွင်းပြင်ပေါ်၌ ပြန်ပေါ်လာခဲ့သည်။
ထိုလူက ခပ်မြန်မြန် ပြောလိုက်၏။ "မြေးယွမ်သွမ်းက ဘိုးဘိုးငါးယောက်ကို နှုတ်ဆက်ပါတယ်..."
ထိုယွမ်သွမ်းဆိုသည့်လူက ဝမ်လင်းနှင့်အတူ လှေပေါ်၌ တစ်ညလုံးအရက် အတူသောက်ခဲ့သူပင် ဖြစ်နေ၏။
"ခွေးကောင်လေး...ကောင်းကင်နတ်ဆိုးမြို့က ပျက်စီး သွားခဲ့ပြီ။ငါက မင်းကို ဒီမြို့ မူလအတိုင်း ပြန်ဖြစ်ဖို့ အချိန် သုံးလပေးမယ်။မဟုတ်ရင် ငါက မင်းကို နဂါးရေကန်ထဲကို လွင့်ပစ်ခံရပြီး နှစ်တစ်ရာ ချိပ်ပိတ်ခံရမယ်..."
နှစ်နှစ်ရာ...။
နှစ်ငါးရာ။
နှစ်တစ်ထောင်။
နောက်ဆုံးအဘိုးက တိုးညှင်းစွာ နှာခေါင်းရှုံ့၍ ဆို လာ၏။ "သူ့ကို တစ်သက်လုံး ချိပ်ပိတ်ပစ်မယ်..."
လူငယ်၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။သည့်နောက် သူက မခံချိမခံသာပြုံး၍ ခေါင်းညိတ်လိုက်ရသည်။ "ဘိုးဘိုးငါးယောက်...စိတ်အေးအေးထားပါ။ မြေးက ဒီ ရှေးဟောင်းနတ်ဆိုးမြို့ကို သုံးလအတွင်း ပြန်တည်ဆောက် ပေးပါ့မယ်..."
"ဘိုးဘေး ရွေးချယ်လိုက်တဲ့ စောနက လူကို သွားရှာပါ။ ပြီးရင် သူ့ကို သုံးလအတွင်း နဂါးရေကန်ကို ခေါ်လာခဲ့ အဘိုးအိုငါးယောက်က ထိုသို့ပြောဆိုပြီး သည့်နောက် အပျက်အစီးပုံကြီးကို ကြည့်လိုက်၏။
သည့်နောက် သူတို့က ပျောက်ကွယ်သွားတော့၏။
ဝမ်လင်း ပြန်ပေါ်လာသည့်အခါတွင် သူက ပေငါးထောင် ကျော် အကွာသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။ သူက နတ် ဘုရားအာရုံကို ချက်ခြင်း ထုတ်လွှတ်ကာ သူ့သိုလှောင် အိတ်ထဲမှ တုန်ကင်တစ်ခုကို ထုတ်ယူလိုက်၏။
ထိုတုန်ကင်က သူ ထူးဆန်းအံ့ဖွယ်လှိုဏ်ဂူသို့ ဝင်ရောက် ရန် အသုံးပြုရမည့်အရာ ဖြစ်သည်။ ထိုတုန်ကင်နှင့်ဆိုလျှင် သူက ကြိုက်သည့်အချိန် ထိုလှိုဏ်ဂူထဲသို့ ဝင်ရောက်နိုင် မည် ဖြစ်သည်။
ဝမ်လင်းက တုန်ကင်ပေါ်၌ ထူးဆန်းသောသင်္ကေတများ ကို ဖန်တီးလိုက်၏။ထိုအခါ တုန်ကင်က အဖြူရောင် အလင်းတစ်ခု ထုတ်လွှတ်လာပြီး ဝမ်လင်းအား ဝန်းရံသွား သည်။သည့်နောက် သူက ပျောက်ကွယ်လို့သွားတော့၏။
သူက ပြန်ပြောင်းနဂါးနှင့် ချိတ်ဆက်ထားသည့် စင်္ကြံ တစ်ခုပေါ်တွင် ပြန်ပေါ်လာသည်။သူက ပေါ်လာပြီးပြီးချင်း လှိုဏ်ဂူရှိရာသို့ တဟုန်ထိုး သွားတော့၏။
နတ်ဘုရားပြစ်ဒဏ် ပြီးဆုံးသွားပြီးနောက် ဝမ်လင်းသည့် သူ့နယ်ပယ်သည် ပြည့်စုံသွားကာ သူ့ခန္ဓာကိုယ်ထဲရှိကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြည်းဖြည်း ချင်းပေါင်းစပ်နေသည်ကို ချက်ခြင်း သတိပြုမိခဲ့သည်။ထို တွေ့ရှိချက်က သူ့ကို တုန်လှုပ်စေခဲ့၏။
အာဏတက်မှုအဆင့်ရဲ့ သေခြင်းရှင်ခြင်း စမ်းသက်ချက်။
ထို ကြမ္မာစမ်းသပ်ချက်အတွင်း လူတစ်ယောက်က အမှားတစ်ခု ပြုလုပ်မိသည်နှင့် သူ့ကျင့်ကြံမှုက အချည်းနှီး ဖြစ်သွားမည် ဖြစ်ကာ သူ့နယ်ပယ်သည်လည်း ပျက်စီးသွား ပေလိမ့်မည်။သူက သည်အရာသည် အပြင်ဘက်ရှိ သူ့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အပေါ်၌ သက်ရောက်မှု ရှိမရှိကိုတော့ မသိသော်လည်း ထိုအမှားကို စွန့်စားကြည့်ရန် ဆန္ဒမရှိပေ။
အာဏာတက်ခြင်းအဆင့်သို့ တက်ရောက်ရန် ပြင်ပ အ နှောက်အယှက်များကို ဖယ်ရှားနိုင်ရန် အလို့ငှာ အလုံခြုံဆုံး နေရာတွင် ပြီးပြည့်စုံအောင် လုပ်သင့်ပေ၏။ထိုမှသာ ကြီးမားသည့် အောင်မြင်မှု ရနိုင်ပေမည်။
ထိုလှိုဏ်ဂူက သူ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပေသည်။
ဝမ်လင်းက လျင်မြန်စွာ ရွှေ့လျားကာ စင်္ကြံတစ်ခုပြီးတစ် ခုအား ဖြတ်ကျော်လာ၏။နောက်ဆုံးတွင် သူက ဂူအပြင် ဘက်သို့ ရောက်ရှိလာ၏။သူက ထိုဂူထဲသို့ ခြေလှမ်း၍ ဝင် သွားတော့သည်။
ဝမ်လင်းက သူအရက်အိုး ရရှိခဲ့သည့် ခန်းမဆောင်သို့ တိုက်ရိုက် တန်းသွား၏။သူက ထိုနေရာသို့ ရောက်ရှိလာပြီး နောက် ကြာပွင့်သဏ္ဌာန်ထိုင်ချကာ အသက်ဝဝရှူသွင်း သည်။သည့်နောက် သူက သိုလှောင်အိတ်ကို ပုတ်လိုက်၏။ သို့သော် သူ့သိုလှောင်အိတ်ထဲ၌ ကောင်းကင်ဘုံ
ကျောက်စိမ်းပြားပြားများက မူလလောက် အများကြီး မရှိတော့ချေ။သူက ထိုကျောက်စိမ်းပြားအများအပြားကို နတ် ဘုရားပြစ်ဒဏ်ကို ရင်ဆိုင်ရာ၌ အသုံးပြုခဲ့ပြီး မဟုတ် လော။
သိုသော် သူ့၌လုံလောက်သော ကျောက်စိမ်းပြားမှ ကျန် နေသေးသည်သာ။ဝမ်လင်းက သိုလှောင်အိတ်ကို လှုပ်ခါ လိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းပြားများက ချက်ခြင်း ပျံသန်းထွက်လာ၏။ ခန်းမဆောင်၏ ကြမ်းပြင်သည် ကောင်းကင်ဘုံကျောက်စိမ်းပြားများနှင့် ပုံသွား၏။
ထို့နောက် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ တစ်စုံတစ်ခု ကို ထပ်ထုတ်ယူလိုက်သည်။
ထိုအရာက လက်သည်းခွံလောက်သာ ရှိသည့် အနီရောင် သလင်းကျောက်တစ်ခု ဖြစ်နေသည်။ထိုသလင်ကျောက် ပေါ်လာသည့်အခါတွင် ပတ်ဝန်းကျင်ရှိ ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များပင် တုံ့ဆိုင်းသွား၏။အချိန်ပင် ခဏတာ ရပ်တန့်သွားရ၏။ထိုသလင်းကျောက်က ကောင်းကင်ဘုံ ခွန်အားလို ခံစားချက်မျိုးအား ပေးစွမ်းနေ၏။
"အာဏာတက်ခြင်း သလင်းကျောက်…။ဒါက စီနီယာ ကျောက်ရီ ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တာ။ ငါက ဒီနေ့ မှာ အာဏာတက်ခြင်းအဆင့်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်ခဲ့ရင် ငါ့ဘဝမှာ စီနီယာကျောက်ရီရဲ့ အကြွေး ကို ဘယ်တော့မှာ မေ့ပစ်မှာ မဟုတ်ပါဘူး..."
ဝမ်လင်းက အသက်ဝဝရှူသွင်းလိုက်၏။သည့်နောက် သူက လက်ထဲရှိ သလင်းကျောက်ကို ဝါးမြိုပစ်လိုက် လေ၏။
ထိုသို့ပြုလုပ်ပြီးသည့်နောက် သူက မျက်လုံးမှိတ်ကာ သူ့ နယ်ပယ်နှင့်ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ ပေါင်းစပ်နေသည့် အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် လုပ်ဆောင်နေသည့် ဖြစ်စဉ်အတွင်း၌ နစ်မြုပ်ထား လိုက်တော့သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလို့နေ၏။ဝမ်လင်း အသွင်က မည်သည့်လှိုင်းတွန့်မှ မရှိသည့်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်။သူ့ပတ်လည်ရှိ ကောင်းကင်ဘုံကျော်က စိမ်းပြားများသည်လည်း စုပ်ယူခြင်းခံလိုက်ရသဖြင့် ဖုန်မှုန် များအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။သူက မရေမတွက်နိုင် သောကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူလို့နေ၏။ သူ့
တစ်စုံတစ်ယောက်က အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိလိုသည့်အခါ အာဏာတက်ခြင်းသလင်းကျောက် ကို သူတို့ မူလစိတ်ဝိညာဉ်ထဲ၌ ဖြစ်တည်အောင် လုပ်ရ သည်။၎င်းက နှလုံးသားနှင့်တူ၏။မူလစိတ်ဝိညာဉ်၏ နှလုံးသားပင်။
ကျောက်ရီ၏ အာဏာတက်ခြင်းသလင်းကျောက်က ဝမ် လင်းအတွက် ဒုတိယမြောက်နှလုံးသားဟု ဆိုရမည်။
ဝမ်လင်းက အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိအောင် ကျင့်ကြံနေစဉ်တွင် ကောင်းကင်နတ်ဆိုးမြို့သည် အလျင်အမြန် ပြန်တည်ဆောက်လို့နေ၏။ ကောင်းကင် နတ်ဆိုးနိုင်ငံ၏ များစွာသော နတ်ဆိုးတပ်သားများက စုရုံး နေကာ ကောင်းကင်နတ်ဆိုးမြို့ကို ပြန်တည်ဆောက်နေ ကြ၏။
ထိုအချိန်မှာပင် ကီလိုမီတာသောင်းချီ၍ ဝေးကွာသော နေရာတွင် ရှိနေသည့် ရှေးဟောင်းတိုက်ပွဲနယ်မြေရှိအနက်ရောင်မျှော်စင်ထက်မှ အနက်ရောင်ချပ်ဝတ်၏ စစ် ခမောက်ထဲကနေ တစ္ဆေအလင်းတန်းနှစ်ခု လင်းလက် လာ၏။
"ရှေးဟောင်းနတ်ဆိုးတောင် ထွက်ပေါ်လာပြီး နတ် ဘုရားပြစ်ဒဏ်ကို ခုခံနိုင်ဖို့ မင်းကို ကူညီပေးခဲ့တာပဲ...။ မင်းကို ဒီလို စုပ်ယူပစ်ရမှာ သနားစရာပဲ...။ဒါပေမဲ့ ငါက ဒီ အခွင့်အရေးကို လွဲချော်သွားရင် နောက်
ထပ် ဘယ်လောက် တောင် ဆက်စောင့်နေရမလဲ မသိတော့ဘူး...။အာဏာ တက်ခြင်းအဆင့်ရဲ့ စွမ်းအားက သိပ်မများပေမဲ့လည်း ငါက ဒီအခွင့်အရေးကို လက်လွှတ်မှာ မဟုတ်ဘူး..."
Comments
Post a Comment