ကောင်းကင်ဘုံတက်ခြင်းသစ်သီး
ရှေးဟောင်းတိုက်ပွဲနယ်မြေရှိ အနက်ရောင်မျှောင်စင် ထိပ်ဆုံးထပ်မှ စစ်ခမောက်ထံကနေ တစ္ဆေအလင်းနှစ်ခု ထွက်ပေါ်လာခဲ့သည်။
"သူက အာဏာတက်ခြင်းအဆင့်ကို ခုမှရောက်ရုံပဲ ရှိသေးတယ်၊ဒါ့ကြောင့် သူ့မူလစွမ်းအင်က သူ့ခန္ဓာကိုယ်နဲ့ ခု ထိ အပြည့်အစုံပေါင်းစပ်ဦးမှာ မဟုတ်ဘူး။ဒီဖြစ်စဉ် လုံးဝ ပြီးပြည့်စုံဖို့က လေးဆယ့်ကိုးရက်ကြာလိမ့်ဦးမယ်။ဒီ အခွင့်အလမ်းက ငါ ဆယ်နှစ်လောက် စောင့်နေခဲ့တဲ့ အရာ 0..."
ချပ်ဝတ်၏ စစ်ခမောက်ထံမှ တစ္ဆေအလင်းက တဖျပ်ဖျပ် ဖြစ်သွားပြီးနောက် အနက်ရောင်မျှော်စင်အပြင်ဘက်မှ မိုးခြိမ်းသံများ ထွက်ပေါ်လို့လာသည်။သည်အခိုက်မှာပင် ဧရာမအနက်ရောင်ဝဲကတော့တစ်ခုက ကောင်းကင်ထက်၌ ရုတ်တရက် ပေါ်ထွက်လာ၏။
သည်ဝဲကတော့ ကြီးမားလွန်းလှသည်။၎င်းဝဲကတော့ တ ဝီဝီလှည့်ပတ်သွားသည့်အခါ ကမ္ဘာလောကထဲရှိ အရာ
ခပ်သိမ်းကို စုပ်ယူပစ်နိုင်သကဲ့သို့ပင် ထင်မှတ်ရပေသည်။ ကောင်းကင်က အရောင်ပြောင်းလဲကာ ရှေးဟောင်းတိုက်ပွဲ မြေအတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များသည် စတင်တုန်ခါလာကြသည်။
မျှော်စင်မှ ထွက်ပေါ်လာသည့် တစ္ဆေအလင်းက တောက်ပသွားခြင်းနှင့်အတူ မျှော်စင်ထံမှ အားကောင်း သည့် နတ်ဘုရားအာရုံတစ်ခုကပါ ပျံ့နှံကာ သည် ရှေးဟောင်းတိုက်ပွဲမြေတစ်ခုလုံးအား လွှမ်းခြုံလို့သွား၏။ တိုက်ပွဲမြေ၏ အချို့နေရာများရှိ မြေကြီးများပင် နိမ့်ဆင်း သွားကာ မြေကြီးအောက်မှ အရိုးစုအချို့ပင် လေထဲသို့ ပျံ တက်လို့လာသည်။
သည်အရိုးစုငယ်များက ကောင်းကင်ထက်၌ လျင်မြန်စွာ ပေါင်းစပ်ပြီး အနက်ရောင်အရိုးစု လက်တစ်ဖက် ဖြစ် သွား၏။
ထိုအနက်ရောင်အရိုးစုလက်က မျှော်စင်ရှိရာသို့ ဖြည်းဖြည်းချင်း ပျံဝဲလာကာ ဝဲကတော့ အောက်ခြေ၌ ရပ်တန့်သွား၏။
"ငါက စွမ်းအားအများကြီး မစုစည်းနိုင်သေးဘူး၊ ဒါ့ ကြောင့် ငါက ရှိတဲ့စွမ်းအားကို ဖြုန်းတီးပစ်လို့ မရနိုင်ဘူး။ ပြီးတော့ သူ့ ခုလက်ရှိနေရာက ငါမသွားလိုတဲ့ နေရာတွေ ထဲကတစ်ခု ဖြစ်နေပြန်တယ်..."
စစ်တပ်ချပ်ဝတ်မှ ထွက်ပေါ်လာသည့် တစ္ဆေအလင်းက
ထပ်မံ တောက်ပသွားကာ ချပ်ဝတ်မှ လက်မောင်းတစ်ဖက် နေရာသည် ပြုတ်ထွက်သွားသည်။ ၎င်း လက်မောင်းပြတ် က နတ်ဆိုးမီးတောက်ကို ပေးစွမ်းနေ၏။သည့်နောက် ၎င်း လက်မောင်းရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းလာသည်။ မျှောင်စင်ထဲကနေ ပျံသန်းထွက်လာပြီး အရိုးစု
အရိုးစုလက်မောင်းနှင့် ချပ်ဝတ်လက်မောင်းနေရာက ချက်ခြင်းပင် ကွက်တိဝတ်ထားသလို ဖြစ်လို့သွား၏။အရိုးစု လက်မောင်းတစ်ဖက်သည် ထိုချပ်ဝတ်ကို တပ်ဆင်သွားပြီး သည့်အခါ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်ကာ အရင်ထက် ပိုပြည့်စုံလို့သွားသည်။
"သွား...မူလစွမ်းအင်ကို ယူလာခဲ့ချေ.." ထိုလက်မောင်း တစ်ဖက်က တုန်ခါသွားပြီးနောက် ဝဲကတော့ထဲသို့ ဝင် ရောက် ပျောက်ကွယ်သွားတော့၏။
"အာဏာတက်ခြင်းကျင့်ကြံသူတွေကသာ သူတို့ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင် ရှိကြတာ။ ဒီလောက်ဝေးတဲ့ နေရာကနေ သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ သမူဟ ဖြစ်သွားတဲ့ အာဏာတက်ခြင်း ကျင့်ကြံသူတွေရှိက မူလစွမ်းအင်ကို ဆွဲထုတ်ယူဖို့က ငါ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေနိုင် တာက ဆိုးတာပဲ။ဒါ့ကြောင့် ငါ့အတွက် ရွေးချယ်စရာက အဆင့်ချိုးဖျက် တက်ခါစ ကျင့်ကြံသူတွေစီကပဲ မူလ စွမ်းအင်ကို ခိုးယူဖို့တစ်ခုပဲ ရှိတော့တယ်..."
ခုချိန်တွင် မျှော်စင်အပေါ်ဆုံးထပ်ရှိ ချပ်ဝတ်တွင်
လက်မောင်းတစ်ဖက်စာ ပျောက်ရှလို့နေသည်။ထိုချပ်ဝတ် မှ ထွက်ပေါ်လာသည့် တစ္ဆေအလင်းကလည်း ဖြည်းဖြည်း ချင်း ပြန်မှိန်ဖျော့သွားခဲ့ပြီ ဖြစ်၏။
သည်အချိန်အခိုက်အတန့်တွင် ဝမ်လင်းက လှိုဏ်ဂူထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်နေလျက် ရှိသည်။သူက လေပူတစ် ချက် မှုတ်ထုတ်ပြီးနောက် မတ်တပ်ထရပ်လာ၏။သူက ထို နေရာတွင် ထိုင်နေသည်မှာ ဆယ်နှစ်တိတိ ရှိနေခဲ့ပြီဖြစ် သည့်အတွက် သူ့ခန္ဓာကိုယ်မှ တဖျောက်ဖျောက်အသံများ ပင် ထွက်လာခဲ့သည်။
ဝမ်လင်းက သူ့ခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပြီးနောက် သူ့အသွင်က ရုတ်တရက် ပြောင်းလဲလို့သွားသည်။ သူက ကောင်းကင်ဘုံလှိုဏ်ဂူ၏ မျက်နှာကြက်သို့ မော့ကြည့် လိုက်၏။ထိုအခိုက်တွင် အနက်ရောင်ဝဲကတော့တစ်ခုက တိတ်တဆိတ် ပေါ်လာခဲ့သည်။
"ဒါက…" ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက သည်လှိုဏ်ဂူတွင် အချိန်အတန်ကြာ နေထိုင်ခဲ့ပြီး ဖြစ်သော်လည်း သည်ဝဲကတော့အား အရင်ကလုံးဝ မတွေ့ ခဲ့ဖူးချေ။သည်ဝဲကတော့က ချိန်သားကိုက်လွန်းနေ၏။ သူ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရောက်ချင်းမှာပင် ယင်းဝဲကတော့က ပေါ်လာခဲ့သည် မဟုတ်လား။
ဝမ်လင်းတွင် ပင်ကိုယ်ဗီဇကိုက သတိရှိသူ တစ်ယောက် ဖြစ်သည်။ထို့ကြောင့် သူက ဝဲကတော့ပေါ်လာသည်ကို
မြင်သည်နှင့် လှိုဏ်ဂူဝသို့ ချက်ခြင်း တဟုန်ထိုး ပြေးထွက် လိုက်၏။
သူ လှုပ်ရှားလိုက်သည်နှင့် ဝဲကတော့သည် ချက်ခြင်း လည်ပတ်ကာ အရွယ်အစားတိုးလာ၏။ဝမ်လင်းမျက်လုံးက အေးစက်လာကာ သိုလှောင်အိတ်ထဲမှ လှိုဏ်ဂူတုန်ကင်ကို ထုတ်ယူလိုက်သည်။သူက လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေလိုက်၏။သိပ်မကြာခင်တွင် သူ့ခန္ဓာကိုယ်က မှိန် ဖျော့ကာ ပျောက်ကွယ်လုမတက် ဖြစ်သွားသည်။
ထိုအခိုက်မှာပင် ချပ်ဝတ်နှင့်အနက်ရောင်အရိုးစုလက်က ဝဲကတော့ထဲကနေ လှမ်းထွက်လာကာ ဝမ်လင်းထံသို့ ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။
သည်ဝှေ့ယမ်းမှုက ပျောက်ကွယ်တော့မည့် ဝမ်လင်း၏ ပုံ ရိပ်ကို အနည်းငယ် တုန်ခါသွားစေသည်။သို့သော် ဝမ်လင်း က ချက်ခြင်း ပျောက်ကွယ်သွားနိုင်လိုက်၏။
အနက်ရောင်အရိုးစုလက်က ခဏတာ တုံ့ဆိုင်းသွားပြီး နောက် ဝဲကတော့ထဲသို့ ပြန်ဝင်ရောက်သွားသည်။ ထို့နောက် ဝဲကတော့သည်လည်း ပျောက်ကွယ်သွား တော့သည်။
မီးနတ်ဆီးနိုင်ငံ၏ အဆုံးမဲ့ဟန်ရသော လွင်ပြင်အထက် ရှိ ကောင်းကင်၌ လေထုက တွန့်ကြေသွားသည်။ သည့်နောက် ဝမ်လင်းက ထိုတွန့်ကြေသွားသော လေထုထဲ ကနေ လှမ်းထွက်လာ၏။
သူ့အသွင်က သုန်မှုန်နေသည်။
သူက တည်နေရာရွှေ့ပြောင်းရန် တုန်ကင်ကို အသုံးပြု လိုက်စဉ် လက်မောင်းက ရွှေ့ပြောင်းခြင်းကို ကြားဝင် နှောက်ယှက်သွားသဖြင့် ပြောင်းလဲမှုတစ်ခု ဖြစ်သွားခဲ့ သည်။သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်ရာ သည်နေရာသည် သူနှင့် အစိမ်းသပ်သပ် ဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။
ထိုအခိုက်မှာပင် ကောင်းကင်ထက်တွင် အနက်ရောင် အစက်တစ်ခု ပေါ်လာသည်။သည်အနက်ရောင်အစက်က အံ့မခန်းနှုန်းဖြင့်လှည့်ပတ်သွားကာ ဧရာမဝဲကတော့ကြီး တစ်ခုအသွင်သို့ ပြောင်းလဲသွားသည်။
သည်ဝဲကတော့က လုံးဝတိတ်တဆိတ် ပေါ်လာခြင်းပင်။ နတ်ဘုရားအာရုံဖြင့်ပင် ၎င်းကို မထောက်လှမ်းနိုင်ခဲ့ပေ။
ဝမ်လင်းက ထိုဝဲကတော့ကို စူးစိုက်ကြည့်နေရင်း သူ့ အသွင်က ပိုမိုသုန်မှုန်သွားသည်။သည်တစ်ကြိမ်၌ သူက ရှောင်ပြေးရန် မလုပ်တော့ဘဲ ထိုဝဲကတော့ထဲမှ ထွက် ပေါ်လာသည့် လက်တစ်ဖက်၏ စွမ်းအားကို သိမြင်ချင်သွား သည်။
ဝဲကတော့ ပေါ်လာသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် ချပ်ဝတ်အရိုးစုလက်မောင်းတစ်ဖက်က ဝဲကတော့ထဲကနေ ထွက်လာကာ ဝမ်လင်းထံသို့ ဆန့်တန်း ဖမ်းဆုပ်လာ၏။
ထိုလှမ်းဖမ်းဆုပ်မှု၌ မည်သည့် လေတိုက်မှု တိမ်များ
ရွှေ့ပြောင်းသွားမှုမှ ဖြစ်မသွားခဲ့ချေ။မန္တာန်တစ်ခုခု အသုံးပြု လိုက်သည့် တုန်ခါမှုတစ်ခု၊အရိပ်လက္ခာဏာတစ်ခုကိုပင် ပြသခြင်း မရှိပေ။သေမျိုးတစ်ယောက်က သူ့လက်တစ်ဖက် ကို ဝှေ့ယမ်းလိုက်သကဲ့သို့ ထင်မှတ်ရ၏။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ သည့်နောက် သူက ညာလက်ကို မြှောက်ကာ အာဏာတက် ခြင်းအဆင့်သို့ ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် မရဏလက်ချောင်းကို အသုံးပြုလိုက်တော့သည်။ လက်ချောင်းကြောင့် ဖြစ်ပေါ်သည့် အနက်ရောင်အလင်းက အရင်ထက် ဆယ်ဆခန့်ပိုကြီးမားသွားကာ ထိုအလင်းထဲ၌ လှိုင်းတွန့်များပင် ရှိလို့နေသည်။
အနက်ရောင်အလင်းတန်းက မိုးကြိုးလျှပ်စီးတန်းကဲ့သို့ ထိုးတက်သွားပြီး အရိုးစုလက်မောင်းပေါ်သို့ ကျရောက် သွားသည်။ထိုအခါ လက်မောင်းပေါ်ရှိ ချပ်ဝတ်ထံမှ အံမ ခန်းနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာ၏။ သည်စွမ်းအင်များက ဒုထည်အဖြစ်ပင် သိပ်သည်းသွားကာ မရဏလက်ချောင်းအား ပိတ်ဆို့၏။
သို့ရာတွင် ထိုနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က ဝမ် လင်း၏မရဏလက်ချောင်းကို လျော့တွက်မိသွားသည်။ အနက်ရောင်အလင်းက ရပ်တန့်သွားသော်လည်း သေဆုံး ခြင်းစွမ်းအင်ကတော့ တန့်မသွားခဲ့ချေ။နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်နှင့် သေဆုံးခြင်းစွမ်းအင်တို့ ထိတိုက်မိသွား သည်နှင့် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်က လွင့်ပြယ် သွား
ချေသည်။
ထိုအရာများအားလုံးက ခဏတာအတွင်း ဖြစ်ပျက်သွား ခြင်းပင်။
ဝမ်လင်းက မရဏလက်ချောင်းကို ထုတ်လွှတ်လိုက် သည့်နှင့် သူ့ထံသို့ မမြင်ရသောအားတစ်ခု တိုးဝင်လာသည် ကို သတိပြုမိလိုက်၏။သည်အားက နူးညံဟန်ရသော်လည်း သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့်အခါ ဝမ်လင်း အသွင်က ကြီးစွာ ပြောင်းလဲသွားတော့သည်။
သူက သည်မမြင်ရသောအားက သူ့အာဏာတက်ခြင်း မူလစိတ်ဝိညာဉ်အသစ်ကို လွင့်ထွက်ရန် ပြုလုပ်လာသည် ကို ချက်ခြင်း သတိပြုမိသွားသည်။
သူ့စိတ်ထဲ၌ လုံးဝခုခံနိုင်စွမ်း မရှိဟု ထင်မှတ်သွားကာ သူ့ညာလက်ပင် အောက်သို့ တွယ်လဲကျသွား၏။သူ့မူလစိတ် ဝိညာဉ်က သူ့ခန္ဓာကိုယ်ကနေ ဖြည်းဖြည်းချင်း ကွဲထွက် လာကာ လွတ်ထွက်တော့မတက် ဖြစ်သွားရသည်။
သို့သော် ဝမ်လင်းမျက်လုံးက အေးစက်လာ၏။ထိုမမြင်ရ သောအားကြောင့် သူ့မူလစိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ လွတ်ထွက်ကာ သူ့အသိစိတ်များက လျင်မြန်စွာ ဆုံးရှုံးလာ နေသည်။
ထိုအခိုက်တွင် ဝမ်လင်းက အလွန်အမင်း ကြောက်လန့် သွားခြင်းမရှိသည့်အပြင် ထိုအစား သတ်ဖြတ်ခြင်းစိတ်ဆန္ဒ များ ပြည့်နှက်လာသည်။
သူက ဝမ်လင်း မဟုတ်လော။သူက ကောင်းကင်ဘုံကို ပင် ဆန့်ကျင်ဖိဆန်ခဲ့သူ မဟုတ်လော။သူက ကောင်းကင်ဘုံကိုပင် သတ်ဖြတ်ပစ်ရန် လုပ်ဝံ့သူသာ။ထို့ အတွက် ခုလိုမန္တာန်လောက်က သူ့အား မည်သို့ ကြောက်လန့်စေပါ့မည်နည်း။ဝမ်လင်း၌ နှလုံးသား ပိုင်ဆိုင်ထားကာ ထိုအခိုက်၌ သူ့သတ်ဖြတ်သူ နှလုံးသားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ထိတိုက်မိသည့်အခါ ရလဒ်ကတော့ သူ့ထံမှ ပြင်းထန်သော သတ်ဖြတ်ခြင်းအော်ရာ ထွက်ပေါ်လာခြင်းပင်။ သတ်ဖြတ်သူ
မွန်းစတားဆန်သော သတ်ဖြတ်ခြင်းအော်ရာ သူ့မျက်လုံး ထဲကနေ ထွက်ပေါ်နေ၏။
ထိုသတ်ဖြတ်ခြင်းအော်ရာ၏စွမ်းအား အောက်၌ သူ့ ခန္ဓာကိုယ်မှ တစ်ဝက်တိတိ ထွက်ခွာနေပြီ ဖြစ်သော မူလ စိတ်ဝိညာဉ်က အတင်းပြန်ဆွဲယူခြင်း ခံလိုက်ရချေသည်။ သူ့မူလစိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ လုံးလုံး ပြန်ဝင်လာပြီး သည့်နောက် မ်လင်းက ထိုလက်မောင်းအား အေးစက်စွာ စိုက်ကြည့်လိုက်၏။
"မင်းက ဘယ်သူပဲ ဖြစ်ဖြစ်...ငါ့ကိုတော့ လာမနှောက် သင့်ဘူး..." ဝမ်လင်းက နောက်သို့ ခြေတစ်လှမ်းဆုတ် လိုက်၏။တစ်ချိန်တည်းမှာပင် သူက တည်နေရာရွှေပြောင်း ခြင်း မန္တန်ကို အသုံးပြုလိုက်သည်။ထို့အတွက် ဝမ်လင်းက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြန်သည်။
ဤနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ထူးဆန်းသောလူများ စွာ ရှိနေကြ၏။တကယ်တော့ ဝမ်လင်းက ထိုလက်မောင်း ကို ကြောက်လန့်ခြင်း မရှိပေ။သို့သော် သူက ခုမှ အာဏာ တက်ခြင်းအဆင့်ကို ရောက်ခါစ ဖြစ်သည့်အတွက် သူ့မူလ စိတ်ဝိညာဉ်ကို လုံးဝပေါင်းစပ်နိုင်ရန် ရက်အနည်းငယ် လိုအပ်နေသေးသည်။ထို့ကြောင့် သူက ခုချိန်တွင် မည်သည့် ပြဿနာမှ အတက် မခံနိုင်ခြင်း ဖြစ်သည်။
ဝမ်လင်း ထွက်ခွာသွားသည့်အခိုက်တွင် ရှေးဟောင်း တိုက်ပွဲမြေရှိ အနက်ရောင်မျှော်စင်ထပ်မှ တိုးညှင်းသော အသံတစ်ခု ထွက်ပေါ်သွားခဲ့သည်။
"သူက ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံသူတစ် ယောက် ဖြစ်နေတာ အံ့ဩစရာ မရှိတော့ဘူး။သူက ငါ့ ကောင်းကင်နတ်ဆိုးလေကိုတောင် သူ့သတ်ဖြတ်သူ နှလုံးသားနဲ့ ခုခံနိုင်ခဲ့တယ်။ ဒါပေမဲ့ မင်းက ပိုတော်လေ လေ ငါကလည်း မင်းမူလစွမ်းအင်ကို ပိုစိတ်ဝင်စားလေပဲ။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ရှေးဟောင်းနတ်ဆိုးရဲ့ နည်းလမ်းအတိုင်း ကျင့်ကြံတဲ့လူတွေက မူလစွမ်းအင်ကို မ ဖွဲ့တည်နိုင်ကြဘူး။မူလစွမ်းအင်က မင်းတို့လို ကျင့်ကြံသူ တွေ အာဏာတက်ခြင်းအဆင့်ကို ရောက်တဲ့အခါမှသာ ဖွဲ့ တည်ကြတာ။ ဒီမရေမတွက်နိုင်တဲ့ နှစ်တွေအတွင်းမှာ ဒီ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ အာဏာတက်ခြင်းအဆင့် ကို တက်လှမ်းခဲ့တဲ့ ကျင့်ကြံသူတိုင်းလိုလိုရဲ့ မူလစွမ်းအင် ဟာ ငါ့ရဲ့ ဝါးမြိုခြင်းကို ခံခဲ့ရတာပဲ။ မင်းလည်း ချွင်းချက် မ
ရှိပါဘူး..."
ပြန် ဝမ်လင်းက တည်နေရာရွှေ့ပြောင်းပြီးနောက် ပေါ်လာခဲ့၏။သည်နေရာက တောင်တန်းနှင့်ရေလုံးဝ မရှိသည့် ခြောက်သွေ့နေရာကြီးတစ်ခု လို ဖြစ်နေသည်။နေရာ အနှံ့တွင် ခြောက်သွေ့နေသည့် သစ်ပင်များသာ ရှိလို့ နေသည်။သို့ရာတွင် သူ့မျက်လုံးက ချက်ခြင်း ကျဉ်းမြောင်း သွားပြန်၏။သူက အကွာအဝေးတစ်ခုရှိ အတားအဆီးအစီ အရင်အချို့ကို တွေ့မြင်လိုက်ရသောကြောင့်ပင်။
"ဒီလက်မောင်းက ဘာကြီးလဲဟ..." ဝမ်လင်းက မျက်မှောင်ကြုတ်ကာ အကွာအဝေးတစ်ခုရှိ အတားအဆီး အချို့ရှိရာသို့ ပျံသန်း သွားလိုက်သည်။
သိပ်မကြာခင်တွင် အတားအဆီးများ ရှိနေသောနေရာသို့ သူ ရောက်လာခဲ့၏။သည်နေရာက အရင်နေရာထက်ပင် ပို၍ ခြောက်ကပ်လို့နေသည်။ ဤနေရာရှိ မြေကြီးများပင် ပက်ကြားအက်နေကာ အလွန် ခြောက်သွေ့လို့နေ၏။
သည်နေရာကို တားဆီးထားသည့် အတားအဆီးများက ရှုပ်ထွေးလှခြင်း မရှိပေ။သို့သော် သည်အတားအဆီးများက အရည်အသွေးတော့ ပြည့်ဝနေ၏။ သည်နေရာတွင် အတားအဆီးပေါင်း တစ်ထောင်ထက်မနည်း ရှိလို့နေကာ တစ်ခုခုနှင့်တစ်ခု ချိတ်ဆက်ထားကြ၏။ ထို့ကြောင့် အတားအဆီးတစ်ခုကို အသက်ဝင်စေလိုက်သည်နှင့် ကျန် သည့်အတားအဆီးများသည်လည်း အသက်ဝင်လာမည်
ဖြစ်သည်။
၎င်းအစီအရင်က
အကြမ်းထည်ဆန်သော်လည်း သက်ရောက်မှုတော့ ရှိနေဆဲသာ။နတ်ဆိုးဗိုလ်ချုပ်တစ် ယောက်ပင် ထိုနေရာသို့ ဝင်ရောက်နိုင်ရန် အခက်အခဲ တွေ့ နိုင်ပေ၏။သူတို့က အချိန်တစ်ခု ယူပြီးမှသာ ထို အတားအဆီးများကို ဖြတ်ကျော်နိုင်ပေလိမ့်မည်။
ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏။သူ့ ကျင့်ကြံမှုအဆင့်နှင့် အတားအဆီးများနှင့်ပတ်သတ်၍ ဗဟုသုတ ရှိမှုတို့ဖြင့် ဆိုပါက သည်အတားအဆီးများက သူ့ အား စိတ်ဝင်စားမှုပင် မပေးနိုင်ချေ။သူက အတားအဆီး များအထဲ၌ ဘာရှိနေသည်ကိုပင် စိတ်မဝင်စားချေ။ ဝမ် လင်းက ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာ အနက်ရောင် ဝဲကတော့ ရုတ်တရက် ထပ်ပေါ်လာရာ သူ့မျက်လုံးက ကျဉ်းမြောင်းလို့သွား၏။
"ဒါက တစ္ဆေတစ်ကောင် ငါ့ကို အမဲလိုက်နေသလိုပဲ..." ဝမ်လင်းက မျက်မှောင်ပိုကြုတ်လာသလို ပို၍လည်း သူ့ မျက်လုံးကလည်း ပိုအေးစက်လာ၏။သည်အနက်ရောင် ဝဲကတော့က သူ့ရှေ့တွင် ပေါ်လာနေတုန်းပင်။ထိုအဖြစ်က သူ့စိတ်ထဲရှိ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထွက်ပေါ်လာ အောင် လှုံ့ဆော်လေ၏။သူက အေးစက်စက် နှာခေါင်းရှုံ့ ကာ မရေတွက်နိုင်သောအတားအဆီးများထဲသို့ ခုန်ဝင် သွားလိုက်၏။
ဝမ်လင်း၏ အတားအဆီးများအပေါ် နားလည်မှုအဆင့် ကြောင့် ယခုအတားအဆီးများက သူ့အတွက် ထူးခြားနေ ခြင်း မရှိပေ။အကြည့်တစ်ချက်ဖြင့်ပင် ယခုအတားအဆီး များနှင့် ပတ်သတ်၍ ဖြေရှင်းသည့်ကောက်ချက်များကို မြင် နိုင်စွမ်းသည်။သည့်နောက် သူ့ခန္ဓာကိုယ်က အတားအဆီး များထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
သည်အတားအဆီးများ၏ လုပ်ဆောင်ချက်က အပြင် ဘက်မှ ကျူးကျော်လာသူများကို ကာကွယ်ရန်အပြင် အထဲ ရှိ အရာများကို ဖုံးကွယ်နိုင်စေရန် ပုံရိပ်ယောင်များကို ဖန်တီးစေခြင်း ဖြစ်၏။သို့ရာတွင် ဝမ်လင်းက မရေမတွက် နိုင်သောအတားအဆီးများကို ချိုးဖျက်ခဲ့ဖူးသူ ဖြစ် သည့်အတွက် ယင်းအတားအဆီးများကို လုံးဝအသက်မဝင် စေဘဲ လွယ်လင့်တကူ ဖြတ်သန်းနိုင်ပေ၏။အတားအဆီး များကို ဖြတ်ကျော်သွားပြီးနောက် သူ့ရှေ့ရှိမြင်ကွင်းက အပြင်ဘက်နှင့် လုံးဝ ခြားနားသွားသည်ကို တွေ့လိုက်ရ၏။
သည်နေရာက လွင်ပြင်တစ်ခုသာ ဖြစ်လို့နေဆဲ။သို့သော် သည်လွင်ပြင်က လူများ ပြုလုပ်ထားကာ မြေကွက်များ အဖြစ် ခွဲခြမ်းလို့ထားသည်။သည့်အပြင် ထူးဆန်းသော မွှေး ရနံ့တစ်ခုကိုလည်း ထုတ်လွှတ်လို့နေ၏။
"အယ်..." ဝမ်လင်းက အံ့အားသင့်သွား၏။သူက ယခုလို နေရာ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်ထားမိခဲ့ခြင်း မရှိပေ။သူ့ ကို အံ့အားအသင့်စေဆုံးကတော့ သည်နေရာမြေကွက် များ၌ အရာတစ်ခုကသာ ပေါက်ရောက်နေခြင်းကြောင့်
ဖြစ်၏။
"ကောင်းကင်ဘုံတက်ခြင်း သစ်သီး..." ဝမ်လင်းအသွင် က အနည်းငယ် ထူးဆန်းလာ၏။
ထိုအခိုက်အတန့်မှာပင် ပတ်ဝန်းကျင်ရှိ အတားအဆီး များက စတင် ပျက်
စီးလာခဲ့သည်။ အကြောင်းကတော့ အနက်ရောင်လက်မောင်းက သည်အတားအဆီးများကို အားနှင့်အတင်း ဖြတ်ကျော်ကာ အထဲသို့ ဝင်လာ သောကြောင့်ပင်။
ကောင်းကင်ဘုံတက်ခြင်းသစ်သီးသည် ရှားပါးလွန်းလှ သည်တော့ မဟုတ်ချေ။ယင်းသစ်သီးက ပေါများခြင်း မရှိသော်လည်း ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင်ပင် ရရှိနိုင်၏။
ထိုသစ်သီးများ၏ အရွယ်အစားသည် ကလေးလက်သီး စုပ်ခန့်၊အရောင်ကတော့ ခရမ်းရောင်ရှိ၍ ထူးဆန်းသောရနံ့ ကို ပေးစွမ်းလို့နေသည်။လူတစ်ယောက်က ထိုသစ်သီးကို စားသုံးလျှင် စိတ်လှုပ်ရှားပြီး သာယာမှုကို အထွတ်အထိပ် ခံစားရပေလိမ့်မည်။သည့်အတွက်ကြောင့်လည်း ထိုသစ်သီး ကို ကောင်းကင်ဘုံတက်ခြင်းဟု ခေါ်ဆိုရခြင်းပင်။
သေမျိုးတစ်ယောက်က ထိုသစ်သီးကို စားသောက်ခဲ့ပါ က စွဲလန်းသွားနိုင်သည်။သို့သော် ကျင့်ကြံသူများအတွက် တော့ ထိုစွဲလန်းနိုင်မှုက အများကြီး သက်ရောက်မှု မရှိပေ။ သို့ရာတွင် ကျင့်ကြံသူများက ထိုသစ်သီးကို စားသုံးနေစဉ်၌ ယစ်မူးသောခံစားချက်ကို ရရှိကာ ပျော်ရွှင်မှု ရနိုင်၏။
ဝမ်လင်းက လွင်ပြင်ကြီးသို့ ကြည့်နေ၏။သည်လွင်ပြင်
က အနားသပ်မရှိသကဲ့သို့ ထင်ရကာ အာဏာတက်ခြင်း သစ်သီးများနှင့်လည်း ပြည့်နှက်လို့နေ၏။
ဝမ်လင်းက ထိုသစ်သီးများကို စိတ်ဝင်စွားခြင်း မရှိပေ။ သည်အခိုက်၌ ချပ်ဝတ်အရိုးလက်မောင်းက အတားအဆီး များကို ဖြတ်ကျော်ပြီး သည်နေရာသို့ ရောက်ရှိလို့လာ၏။ထို ချပ်ဝတ်အရိုးလက်မောင်းထံမှ ဧရိယာကို လွှမ်းခြုံထား၏။ ထူထဲသောနတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင်
ဝမ်လင်းက ထိုလက်မောင်းကို ကြည့်နေရင်း သူ့မျက်လုံး များက အေးစက်လာ၏။သည့်နောက် သူ့ညာလက်ဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကောင်းကင်ဘုံဓား ပေါ်ထွက်လာ၏။
ရှုလီကောက ဟိန်းသံတစ်ချက် ပေးလိုက်၏။သူက ဝမ်း လင်းအား ပုန်ကန်မှု ကျရှုံးသွားကတည်းက အမြဲတမ်း သတိထားနေခဲ့လေ၏။ဝမ်လင်းက ကောင်းကင်ဘုံဓားကို ထုတ်ယူလိုက်သည်နှင့် သူက ယနေ့တွင် အောင်မြင်မှု တစ်ခုခု ရယူပေးရန် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်နေသည်။
သူက ဝမ်လင်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူ ဖြစ်၍ ဝမ်လင်း၏ စိတ်ဓာတ်ကို ရင်းနှီးနေခဲ့လေပြီ။သူက သူ့ဟာသူ တွေးလိုက်၏။ “ငါက အကျိုးဆောင်မှုအချို့ ရှိတာ နဲ့ ဒီမိစ္ဆာကောင်က အတိတ်တုန်းက ဖြစ်ခဲ့တဲ့ဟာကို ပြန် တွေးတော့မှာ မဟုတ်ဘူး..."
ကောင်းကင်ဘုံဓားထံမှ ဓားတေးသံများ ထွက် ပေါ်လာ၏။ဓားဟူသည့်လက်နက်က အခြားလက်နက်များ ကြား၌ မောကြွားသည့်လက်နက်တစ်မျိုးသာ။
အနက်ရောင်အရိုးလက်က ပေါ်လာပြီးသည်နှင့် ဝမ်လင်း ထံသို့ လှမ်းဝှေ့ယမ်းလာ၏။ထိုအခါ ကောင်းကင်ဘုံနတ်ဆိုး ဝမ်လင်းထံသို့ ညင်သာစွာ ရိုက်ခတ်လာ 623 တော့သည်။
ဝမ်လင်းက အသင့်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ကာ သူ့ နှလုံးသားထဲမှ သတ်ဖြတ်သူနှလုံးသား ပေါ်ထွက်လာ တော့၏။သူက ကောင်းကင်ဘုံဓားကို ဝှေ့ယမ်းပြီး ဓား စွမ်းအင်တစ်ခုကို ထုတ်လွှတ်စေသည်။ဓားစွမ်းအင်က နဂါးဓားအသွင် ဖြစ်တည်၏။
ရှုလီကော၏ ထိန်းချုပ်မှုအောက်၌ ကောင်းကင်ဘုံဓားက အရိုးစုလက်မောင်းထံသို့ သိမ်းခုတ်ချလာသည်။
အရိုးစုလက်မောင်းက ကောင်းကင်ဘုံဓားကို အရေးမ ထားဟု ထင်ရကာ ထိုဓားအား လှမ်းဖမ်းဆွဲယူလိုက်၏။သို့ ရာ၌ လက်မောင်းက ဓားနှင့် ထိဆုံသွားသည့်အခါ တစီစီ အသံများ ထွက်ပေါ်လို့သွားသည်။
ရှုလီကောက ကျယ်လောင်စွာ စတင်ရယ်မောလေ၏။ သူက အရိုးစုလက်မောင်းထံသို့ နောက်တစ်ကြိမ် ပိုင်းဖြတ် ရန် ဟန်ပြင်လိုက်၏။သို့ရာ၌ အရိုးစုလက်၏ လက်ကောက်ဝတ်ထံမှ ထူထဲသော နတ်ဆိုးစိတ်ဝိညာဉ်
စွမ်းအင် ထွက်ပေါ်လာကာ ကောင်းကင်ဘုံဓားထဲသို့ တိုးဝင်သွားလေသည်။
ဓားအား ရှုလီကောက မှင်သက်သွား၏။သူက လွတ်မြောက်ရန် ကြိုးစားလိုက်သော်လည်း ထိုအရိုးစုလက် က ဓားပေါ်၌ တင်းကျပ်စွာ စုပ်ကိုင်ထားပြီး ဖြစ်သွားသည်။ ဝမ်လင်းက သူ့ရှေ့ရှိ ဖြစ်ပျက်နေသည့်အရာအားလုံးကို အေးတိအေးစက် ကြည့်နေသည်။ထူထဲသောနတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်ထွက်ပေါ်လာသည့် အခါတွင် ဝမ်လင်းက သူ့ညာလက်ညှိုးကို မြှောက်၍ တိုးညှင်းစွာ ဆိုလိုက်၏။ "နတ်ဆိုးလက်ချောင်း..."
သည်တစ်ကြိမ်က သူ့ကိုယ်ပိုင် ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်များ မဟုတ်ပေ။ သို့သော် နတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်များ ဖြစ်၏။အာဏာတက်ခြင်းအဆင့် ကျင့်ကြံမှုကို အသုံးပြု၍ သူက ကောင်းကင်နှင့်မြေကြီးမှ အားများကို အသွင်ပြောင်းလာနိုင်ပေသည်။ထို့ကြောင့် အခု စွမ်းအင်သည် မရဏလက်ချောင်းမှ ထွက်ပေါ်လာသော အော်ရာနှင့် မတူကွဲပြား၏။
သည်အခိုက်အတန့်၌ ဝမ်လင်း၏ ညာလက်ညှိုးက ကြီးမားသည့်ဝဲကတော့ တစ်ခုနှင့် တင်စားနိုင်ကာ နတ်ဆိုး စိတ်ဝိညာဉ်စွမ်းအင်များက သူ့လက်ညှိုးထံသို့ တရောဟော တိုးဝင်လာတော့၏။သိပ်မကြာခင်တွင် အနက်ရောင် အလင်းတန်းတစ်ခုက ဝမ်လင်းလက်ချောင်းထိပ်၌
ပေါ်ထွက်လာ၏။
သည်အနက်ရောင်အလင်းက အလင်းများကို ဝါးမြိုနိုင် စွမ်းရှိသည်ဟု ထင်ရကာ ၎င်းပေါ်လာသည်နှင့် ၎င်း ပတ်လည်တွင် ထူထဲသောနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များ လွှမ်းခြုံထားပြီး ဖြစ်နေတော့သည်။ဆက်ခနဲ လက်ညှိုး တောက်ချက်နှင့်အတူ အနက်ရောင်အလင်းက အရိုးစု လက်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွား၏။
ချက်ခြင်းပင် ယင်းအနက်ရောင်အလင်းက အရိုးစုလက် ပေါ်သို့ ကျရောက်လို့သွားသည်။အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးသည့်နောက် အရိုးစိုလက်က ကွဲကြေလာ ကာ ရှုလီကောက ကောင်းကင်ဘုံဓားအား အဝေးသို့ အလျင်အမြန် လွတ်မြောက်စေလိုက်သည်။
အရိုးစုလက် ကွဲကြေသွားသည့်အခိုက်မှာပင် ၎င်း လက်ကောက်ဝတ်ပေါ်၌ သင်္ကေတတစ်ခု ဖျပ်ခနဲလင်း လက်သွား၏။သည့်နောက် ကွဲကြေနေသော အနက်ရောင် အရိုးက လျင်မြန်စွာ ပျံ့နှံသွားပြီး ပေတစ်သောင်းခန့်ကျယ် ပြောသည့် အနက်ရောင်စက်ဝန်းတစ်ခုကို ဖြစ်ပေါ် စေသည်။
ထိုပေတစ်သောင်းဧရိယာအတွင်း နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်တို့ ပြည့်နှက်ကာ အကျဉ်းထောင်တစ်ခုကို ဖန်တီး၏။
သည့်နောက်
ပိုများပြားသောသင်္ကေတများက
လက်ကောက်ဝတ်ပေါ်၌ ပေါ်လာကာ ခေါင်းလောင်းမြည် သံတစ်ခုကို စတင်ထုတ်လွှတ်လာချေသည်။သည်အသံက လက်ကောက်ဝတ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်၏။သို့သော် ၎င်းက ကောင်းကင်ဘုံမှ ထွက်ပေါ်လာသလားဟု ထင် ရကာ ပေတစ်သောင်းဧရိယာအတွင်း ပဲ့တင်ထပ်နေ လေ၏။
သည်အရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပွားသွား ခြင်းပင်။သည်အသံက ကောင်းကင်ဘုံနတ်ဆိုးလေထက် အဆတစ်ရာခန့် ပိုအားကောင်းလေသည်။ထို့ကြောင့် ဝမ် လင်း ထိန်းသိမ်းထားသည့် သတ်ဖြတ်သူနှလုံးသားက ချက် ခြင်းပင် အားနည်းလာသည့် အရိပ်အယောင်များကို ပြသ လာတော့သည်။
သူက ဝမ်လင်းအသွင်က သုန်မှုန်သွား၏။ခြေတစ်လှမ်းဖြင့်ပင် လေထဲသို့ တက်လှမ်းသွာ၏။သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေကာ လက်ဝါးအသွင်သို့ ပြောင်း၍ လက်ကောက်ဝတ်ပေါ်သို့ ရိုက်ချလိုက်သည်။
ဝမ်လင်းလက်ဝါးက အရိုးစုလက်ကောက်ဝတ်နှင့် ထိသွားသည့်အခါ မွန်းစတားဆန်သော နတ်ဆိုးမီးတောက် တစ်ခုက လက်ကောက်ဝတ်ထံမှ ထိုးထွက်လာသည်။သည် နတ်ဆိုးမီးတောက်က လက်သီးစုပ်အရွယ်အရိပ်တစ်ခုကို ဖြစ်တည်၏။ထိုအရိပ်က ဦးချိုတစ်ချောင်းရှိကာ လုံးလုံး လျာလျာ နက်မှောင်နေ၏။၎င်းအရိပ်က ပေါ်ထွက်လာ ပြီးသည်နှင့် အထင်သေးသည့်အပြုံးကို ထုတ်ဖော်လာ
သည်။သည့်နောက် ထိုအရိပ်က ရုတ်တရက် ပါးစပ်ဟကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝမ်လင်း၏ မူလစိတ်ဝိညာဉ်က တုန်ခါလာသည်။ သို့သော် သူ့မျက်လုံးက ပိုအေးစက်လာသည်။သူ့ညာလက် က ရပ်တန့်သွားခြင်းမရှိသည့်အပြင် လက်ကောက်ဝတ်ပေါ် သို့ ဖိနှိပ်ချလိုက်သည်။
ထိုအခိုက်၌ လက်ကောက်ဝတ်ထံမှ အနက်ရောင်အရိပ် သည် ရူးသွပ်ဖွယ် ရယ်မောလာသည်။သည်တစ်ကြိမ်ရယ် သံက အရင်ထက် အဆများစွာ ပိုသိပ်သည်းနေ၏။
သည်သိပ်သည်းသောအသံလှိုင်းက လေထုအသံပေါက် ကွဲမှုများပင် ဖြစ်စေကာ ဝမ်လင်းနှင့် လက်ကောက်ဝတ်တို့ ကြား၌ ပဲ့တင်ထပ်သွားစေသည်။
အသံပေါက်ကွဲမှုများက ပဓာန မဟုတ်သေးချေ။ အစစ်အမှန်တိုက်ခိုက်မှုက ဝမ်လင်း၏ မူလစိတ်ဝိညာဉ် ထံသို့ ဦးတည်ထားခြင်းသာ။ နတ်ဆိုးဆန်သော ရယ်သံ ကြောင့် ဝမ်လင်းမူလစိတ်ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲကနေ စတင်လွတ်ထွက်လာသည်။
သူ့သတ်ဖြတ်သူနှလုံးသားပင် ပြိုကျမတက် ဖြစ်သွား ရ၏။
လက်ကောက်ဝတ်ပေါ်ရှိ အရိပ်က နက်မှောင်စွာ ညစ်ပြုံး ပြုံးကာ နောက်တစ်ကြိမ် ရူးသွပ်သည့်အလား ရယ်မော ပြန်သည်။
ဝမ်လင်းက သူ့လျှာထိပ်ကို အနည်းငယ် ကိုက်လိုက်၏။ နောက်သို့ ဆုတ်ရမည့်အစား သူက ရှေ့သို့ တဟုန်ထိုးတိုး ကာ ထိုလက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များက လက်ကောက်ဝတ်ထံသို့ အရူးအမူး တိုးဝင် သွားသည်။
ဝမ်လင်း၏ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်
လက်ကောက်ဝတ်ထဲသို့ ဝင်သွားသည့်အခိုက်တွင် နတ်ဆိုး ရယ်သံသည် ပျောက်ကွယ်သွားသည်။သို့ရာ၌ အနက်ရောင် အရိပ်လည်း ပျောက်ကွယ်သွားကာ ဝမ်လင်းညာလက်ကို ဖြတ်၍ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လို့သွားပေသည်။၎င်း အရိပ်က နတ်ဆိုးစိတ်ဝိညာဉ်လှိုင်းများအဖြစ် ပြောင်းလဲ ကာ ဝမ်လင်းမူလစိတ်ဝိညာဉ်ထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားချေသည်။
ဝမ်လင်းက ညာလက်ဖြင့် လက်ကောက်ဝတ်ကို ဖမ်း ကိုင်ရင်း ကောင်းကင်ထက်မှ မြန်ဆန်စွာ ကျဆင်းလာ သည်။သည့်နောက် သူက မြေပြင်ပေါ်၌ ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်၏။နတ်ဆိုးစွမ်းအင်များက သူ့သွေးကြောများ ထဲသို့ ရွှေ့လျားသွားကာ ပုံရိပ်ယောင်ပေါက်ကွဲမှုများကို ဖန်တီးပြီး သူ့မူလစိတ်ဝိညာဉ်အား တိုက်ရိုက် တုန်ခါ စေသည်။
ဝမ်လင်းမျက်လုံးထဲကနေ တစ္ဆေဆန်သောအလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သူ့ပတ်လည်ရှိ ကောင်းကင်ဘုံ
တက်ခြင်းသစ်သီးများကို ကြည့်လိုက်သည်။တုံ့ဆိုင်းခြင်းမ ရှိ သူက လက်ဝှေ့ယမ်းလိုက်ရာ ပေတစ်သောင်းအတွင်းရှိကောင်းကင်ဘုံတက်ခြင်းသစ်သီးများအားလုံးသည် အကိုင်းများမှ ကျွတ်၍ ကောင်းကင်ထက်သို့ ဝဲပျံသွားလေ သည်။
သည်သစ်သီးအရေအတွက်က တစ်သောင်းထက် နည်း လိမ့်မည် မဟုတ်ပေ။ကောင်းကင်၏ အစိတ်အပိုင်းငယ် တစ်ခုက ထိုခရမ်းရောင်သစ်သီးများနှင့် ဖုံးလွှမ်းသွားချေ သည်။
ထိုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်များက သူ့မလစိတ်ဝိညာဉ်ကို ခန္ဓာကိုယ်မှ ပျံထွက်ရန် ဆွဲညှို့နေချေသည်။
ဝမ်လင်းက လက်သီးစုပ်လိုက်ရင်း သူ့မျက်နှာက လွန်စွာ သုန်မှုန်နေ၏။ရုတ်တရပ် ကောင်းကင်ထက်ရှိ သစ်သီးများ အားလုံးသည် အရည်ညှစ်ထုတ်ခံလိုက်ရ၏။သည့်နောက် သည်သစ်သီးအရည်များက အတူစုစည်းကာ ထပ်ခါတစ်လဲ လဲ သိပ်သည်းသထက် သိပ်သည်းလာလေသည်။
မျက်စိတစ်မှိတ်အတွင်း
ကောင်းကင်ဘုံတက်ခြင်း သစ်သီးပေါင်း တစ်သောာင်းကျော်၏ သစ်သီးအရည်က အစက်တစ်စက်တည်းအဖြစ်သို့ သိပ်သည်းသွားခဲ့၏။
သွေးနီရောင် အစက်တစ်စက်၊
သည်သွေးနီရောင်အစက်ကို ဝမ်လင်းက တုံ့ဆိုင်းခြင်းမ
ရှိ ချက်ခြင်း ဖမ်းဆုပ်လိုက်၏။သည့်နောက် သူ့ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။
ထိုအရည်စက် သူ့ပါးစပ်ထဲသို့ ဝင်သွားသည့်အခါ၌ ဝမ် လင်းတစ်ကိုယ်လုံးက တုန်ခါသွား၏။ကောင်းကင်ဘုံတက် ခြင်းသစ်သီး၏ ထူးဆန်းသောခံစားချက်က သူ့စိတ်ထဲ၌ မ ရေမတွက်နိုင်လောက်အောင် မြင့်မား ထိုးတက်လာသည်။
သည်အားကောင်းသော စိတ်ဆန္ဒလှုံ့ဆော်မှုအောက်၌ ဝမ်လင်းစိတ်က စိတ်လှုပ်ရှားမှု အထွတ်အထိပ်သို့ ရောက် ရှိသွား၏။သူက သူ့စိတ်လှုပ်ရှားမှုကို ဖိနှပ်ကာ ၎င်း စွမ်းအားကို သူ့ခန္ဓာကိုယ်အတွက် အသုံးပြုလိုက်သည်။ ထိုအခါ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်၏ ဆွဲငင်မှုကြောင့် လွတ်ထွက်တော့မည် သူ့မူလစိတ်ဝိညာဉ်သည် ရုတ်တရက် ရပ်တန့်သွား၏။
ဝမ်လင်းမျက်လုံးများက ရဲရဲနီနေကာ နှဖူးပေါ်ရှိ သွေး ကြေများပင် အလွန်နာကျင်မှုကို ခံစားနေရသည့်အလား ဖောင်းကြွနေသည်။
"ထွက်သွားစမ်း..."
ဝမ်လင်းက မာန်သွင်း၏။သည်အသံက မိုးခြိမ်းသံ အလား သည်ကုန်းမြေကို ဖြတ်ကာ ပဲ့တင်ထပ်သည်။ သည့်နောက် သူ့ခန္ဓာကိုယ်ထဲရှိ အနက်ရောင်အရိပ်သည် ဝမ်လင်းညာလက်မှတစ်ဆင့် အတင်း စောင့်ထုတ်ခံလိုက် ရ၏။
သို့ရာ၌ သည်အနက်ရောင်အရိပ်က အဆုံးစွန် ခေါင်းမာ ပေ၏။၎င်းက တစ်ဝက်တိတိ အတင်း တွန်းထုတ်ခံရသည့် အခါတွင် ကျယ်လောင်စွာ စတင်ရယ်မောကာ ဝမ်လင်း ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်ရန် ရုန်းကန်တော့သည်။
ထူးဆန်းသော ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ ခံစားချက်က သူ့ခန္ဓာကိုယ်ထဲသို့ ပြည့်နှက်နေရင်း သူ့ အသွင်ဟန်ပန်ကလည်း အလွန်ကြမ်းကြုတ်လာခဲ့သည်။ထို ခံစားချက် စွမ်းအားက သူ့ခန္ဓာကိုယ်အား အံ့မခန်းစွမ်းအား ကို ပေးစွမ်းကာ သူက နာကျင်မှုကို တောင့်ခံရင်း ယင်း ခံစားချက်က သူ့အား သိသည်းသောသာယာမှုကိုပါ ပေး စွမ်းနေပြန်သည်။
သာယာမှုနှင့်နာကျင်မှု ခံစားချက်နှစ်ခုလုံးကို ဝမ်လင်းက ဖိနှိပ်လိုက်၏။ ထိုအားကောင်းသော ခံစားချက်နှစ်ခုကို ဖိနှိပ်လိုက်ခြင်းက အံ့မခန်းပေါက်ကွဲမှုအားကို ဖန်တီး သွား၏။
"ထွက်သွားစမ်း..."
ဝမ်လင်းက ရုတ်တရက် ခေါင်းနှင့်လက်ကို ရုတ်တရက် ပင့်မြှောက်လိုက်၏။သည့်နောက် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲ ထွက်လာသည့်အားကြောင့် အနက်ရောင်အရိပ်သည် သူ့ ခန္ဓာကိုယ်ထဲကနေ လွင့်ထွက်သွားရသည်။
အနက်ရောင်အရိပ်က တွန်းထုတ်ခံလိုက်ရကာ လေထဲ သို့ လွင့်ဝဲသွားချိန်၌ ဝမ်လင်းသည် သွေးဆာနေသည့်
မျက်လုံးဖြင့် ယင်းအရိပ်ထံသို့ တဟုန်ထိုး တိုးဝင်သွား သည်။သူက အနက်ရောင်အရိပ်ကို ဖမ်းဆုပ်လိုက်၏။ သည့်နောက် သူ့ခန္ဓာကိုယ်ထဲမှ ကောင်းကင်ဘုံစိတ်ဝိညာဉ် စွမ်းအင်များ အရူးအမူး မြင့်တက်လာကာ ထိုအနက်ရောင် အရိပ်ထဲသို့ တိုးဝင်သွားချေသည်။
အနက်ရောင်အရိပ်က နာကျင်ထိတ်လန့်ဖွယ် ငြီးတွား လိုက်ရပြီး ပြိုကျပျက်စီးလာသည်။၎င်းက ဝမ်လင်းလက်ထဲ ကနေ ပါးလွှာသောပိုးသားမျှင်အဖြစ် ပြောင်းလဲ၍ လွတ်မြောက်သွားကာ ဝမ်လင်းနှင့် ပေတစ်ရာအကွာ၌ နဂို အသွင် ပြန်ဖြစ်တည်သွား၏။သည့်နောက် ပြန်ဖြစ်တည် သွားသည့် အနက်ရောင်အရိပ်က ဝမ်လင်းအား ကြမ်းကြုတ်စွာ စူးစူးရဲရဲ ကြည့်နေလေသည်။
သို့သော် ဝမ်လင်းက ထိုအကြည့်ကို လုံးဝ လစ်လျူရှူ ထား၏။ထိုအခိုက်အတန့်၌ သစ်သီးများထံမှ ရရှိခဲ့သည် ခံစားချက်က ပေါက်ကွဲထွက်တော့မလို ဖြစ်လာ၏။ သစ်သီး၏ လွှမ်းမိုးမှုအောက်တွင်ပင် ဝမ်လင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ့လက်ညှိုးကို အနက်ရောင်အရိပ် ထံသို့ ချက်ခြင်း ညွှန်လိုက်သည်။
"တစ္ဆေလောက လက်ချောင်း..."
သူက အာဏာတက်ခြင်းကျင့်ကြံမှုအဆင့်ကို အသုံးပြု၍ တစ္ဆေလောကလက်ချောင်းကို ထုတ်ဖော်လိုက်ခြင်းပင်။ ထို တစ္ဆေလောကလက်ချောင်းက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲ
ရှိ နယ်ပယ်ကို အသက်ဝင်စေသည်။သည်လက်ညှိုးတိုက် ချက်ထဲ၌ သူ့သေခြင်းရှင်ခြင်းနယ်ပယ် ပါဝင်ကာ ဝမ် လင်း၏ စိတ်ဆန္ဒအားလုံးကိုပါ ဆောင်ကြဉ်းနေ၏။
ကောင်းကင်ဘုံတက်ခြင်း သစ်သီး၏ အာနိသင် သက်ရောက်မှုအောက်၌ သည်လက်ချောင်းက ၎င်း၏ အထွတ်အထိပ်အနေထားသို့ ရောက်ရှိသွားချေတော့သည်။
သည်လက်ညှိုးတိုက်ချက်က ကမ္ဘာလောကအား အရောင်ပြောင်းသွားစေခဲ့သည်။
သည်တစ္ဆေလောက လက်ချောင်းက အဆင့်နိမ့် ကောင်းကင်ဘုံမန္တာန်နှင့် အလွန်စွာနီးကပ်သည့် အဆင့်အတန်းတွင် ရှိသော မန္တာန်တစ်ခု ဖြစ်၏။ထို့ကြောင့် ကောင်းကင်၏အစိတ်အပိုင်းပင် ပြိုကျကွဲကြေလာသလား ထင်မှတ်မှားရသည်။သည်လက်ညှိုးတစ်ချက်က သေခြင်း ရှင်ခြင်း ဖြစ်၏။
ဦးချိုတစ်ချောင်းနှင့် အနက်ရောင်အရိပ်က မယုံကြည် နိုင်ဟန် အသွင်အပြင် ဖြစ်ပေါ်သွား၏။၎င်းက အော်သံပြု ကာ အဝေးသို့ ထွက်ပြေးလိုသည်။သို့သော် လက်ညှိုးတိုက် ချက်က ရောက်ရှိလာခဲ့လေပြီ။
အနက်ရောင်အရိပ်၏ ခန္ဓာကိုယ်က တုန့်သွားကာ ချက် ခြင်း ပျက်စီးလာ၏။
သည်အဖြစ်အပျက်နှင့် တစ်ပြိုင်နက်တည်းမှာပင် ရှေးဟောင်းတိုက်ပွဲမြေရှိ အနက်ရောင်မျှော်စင်အပေါ်ဆုံး
ထပ်မှ ချပ်ဝတ်ထံကနေ ဒေါသတကြီးအော်သံ တစ်ခု ထွက် ပေါ်လာတော့သည်။သည့်နောက် ပြင်းထန်သော စိတ်ဆန္ဒ တစ်ခုက ထိုးထွက်သွားပြီး လေဟာနယ်ထဲသို့ နစ်မြုပ် သွား၏။
သည်လက်ညှိုးတိုက်ချက်ကို ပြန်သိမ်းဆည်းလိုက်ပြီး နောက် ပေတစ်သောင်းအတွင်း နတ်ဆိုးစိတ်ဝိညာဉ်များ နှင့် ဖန်တီးထားသည့် အတားအဆီးသည်လည်း ပျောက် ကွယ်သွားတော့သည်။
ဝမ်လင်းညာလက်ကတော့ ထိုအရိုးစုလက်ကောက်ဝတ် ကို ချုပ်ကိုင်ထားဆဲပင်။ထိုလက်ကောက်ဝတ်ထံမှ ရူးသွပ် ဖွယ် နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်ပမာဏတစ်ခု ထွက် ပေါ်လာပြီး ဝမ်လင်းလက်မှ ရုန်းထွက်လာ၏။သို့သော် ဝမ် လင်းညာလက်က ပြုတ်တူအလား ခိုင်မြဲနေ၏။သူက ပါးစပ်အပြည့် မူလစွမ်းအင်ကို ထွေးထုတ်ကာ အရိုးစု လက်ကောက်ဝတ်ပေါ်သို့ ကျရောက်စေလိုက်၏။ သည့်နောက် မူလစွမ်းအင်က ပင့်ကူအိမ်သဖွယ် ပြောင်းလဲ၍ လက်ကောက်ဝတ်အား ချိပ်ပိတ်ပစ်လေသည်။
ထို့နောက်မှာတော့ ဝမ်လင်းက လက်ကောက်ဝတ်ကို သူ့သိုလှောင်အိတ်ထဲသို့ ထည့် ထိုအရိုးစု လိုက်၏။ဝမ်လင်းမျက်လုံးများက နီရဲနေဆဲ ဖြစ်ကာ ကောင်းကင်ဘုံတက်ခြင်းသစ်သီး၏ အာနိသင်သက်ရောက် မှုက ကုန်ဆုံးမသွားသေးပေ။ပြင်းထန်သော တိုက်ပွဲစိတ် ဆန္ဒက ဝမ်လင်းခန္ဓာကိုယ်ကနေ မွေးဖွားလာ၏။
သည်တိုက်ပွဲဆန္ဒက အလွန်အမင်း ပြင်းထန်ရကာ
ဖော်ပြ၍ပင် မစွမ်းသာချေ။ဝမ်လင်းက သူ့ညာလက်ကို ဝှေ့ ယ်းလိုက်ရာ ကောင်းကင်ဘုံဓားက ပျံဝဲလာပြီး သူ့လက်ထဲ သို့ ရောက်ရှိလာ၏။ထိုအခိုက်အတန့်၌ ရှုလီကောက စကား ပင် မဆိုဝံ့ချေ။ခုလက်ရှိ ဝမ်လင်းအသွင်က သူ့နှလုံးသား အား တုန်ယင်အောင် ပြုလုပ်နေသည် မဟုတ်လား။
Comments
Post a Comment