ကောင်းကင်ဘုံဆန္ဒကို ဖိဆန်ခြင်း(၁၂၀)

 


မေ့ပစ်ခြင်းသည် သူမ၏ဖြစ်တည်မှု မှတ်ဉာဏ်များ အားလုံးကို အားလုံး ဖျောက်ဖျက်ပစ်ခြင်းနှင့် သူ့နှလုံးသား ထဲရှိ သူမ၏ နောက်ဆုံးပုံရိပ်ကိုပါ ဖျောက်ဖျက်ပစ်ခြင်း ဖြစ် နေပေသည်။ ထိုသို့ မေ့ဖျောက်ပစ်ပါက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်းပုတီးစေ့ထဲတွင် ရှိနေသော လီမူဝမ်က တနေ့ မှာ နိုးထလာခဲ့လျှင်တောင် ဝမ်လင်းသည် သူမအပေါ်၌ မည်သည့် စိတ်ခံစားချက်မှ ရှိတော့မည် မဟုတ်ပေ။သူက ပြုံးရုံသာပြုံး၍ သူမကို ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်ပို့ရုံသာ ရှိတော့မည် ဖြစ်သည်။


ပြီးခဲ့တဲ့တာတွေ ပြီးပါစေတော့လို့ သဘောထားရလေမ လား...။အတိတ်ကို အတိတ်မှာသာ ချန်ထားခဲ့ရတော့မ လား...။


သည်အခိုက်အတန့်တွင် လေပြေညင်းတစ်ခုက ဝမ် လင်း၏ ဆံပင်များကို တိုက်ခတ်လို့သွား၏။

နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်၏ မျက်လုံးများက လွန်စွာ တောက်ပနေ၏။သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး စင်မြင်အစွန်းကနေ ဝမ်လင်းထံသို့ ကြည့် နေ၏။သည်အခိုက်တွင် သူက ဝမ်လင်း၏ တုံ့ဆိုင်းနေမှုကို ဖြတ်မြင်နေရပေသည်။သူက ခပ်တိုးတိုး ရေရွတ်မိသည်။ "ဒီကောင်လေးက လက်ကို ဖိချလိုက်မှာလား...အတိတ် တုန်းက ငါကတော့ ဗုံပေါ်ကို လက်ဖိချဖို့ ရွေးချယ်ခဲ့တယ်။ သူကကော ဘာကို ရွေးချယ်မလဲ...အာဏာတက်ခြင်း... အာဏာတက်ခြင်း...။ အာဏာတက်ခြင်းအဆင့် အစစ်အမှန်ကို မရောက်ဖူးတဲ့လူတွေက အာဏာတက်ခြင်း ရဲ့ဆိုလိုရင်းကို ဘယ်သိနိုင်ပါ့မလဲ.."


"အာဏာတက်ခြင်းဆိုတာ အထီးကျန်ဆန်တဲ့လမ်းပဲ။ ဒီ အတွက် ဘာတွယ်ငြိမှု ခံစားချက်မှ မရှိရတော့ဘူး။ လုံလောက်တဲ့ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်နဲ့ နယ်ပယ်ကို ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ထားပြီး အာဏာ တက်ခြင်းအဆင့်ကို တက်လှမ်းခြင်းက လွယ်ကူလွန်း တယ်။ဘာလို့လည်းဆိုတော့ ဒီနည်းလမ်းက ရိုးရှင်းလွန်းလို့ ပဲ။ဒီလိုအဆင့်တက်တဲ့လူတွေက အနာဂတ်ကျင့်ကြံခြင်းမှာ အများကြီး တိုးတက်နိုင်မှာ မဟုတ်တော့ဘူး။ဘာကြောင့် လဲဆိုတော့ သူတို့နှလုံးသားက ရုန်းကန်မှုကို ဘယ်တော့မှ မတွေ့ကြုံခဲ့ရလို့ပဲ..."


*ဒါပေမဲ့ အချို့လူတွေအတွက်တော့ သူတို့နှလုံးသားထဲ မှာ တွယ်ငြိမှုတွေ ရှိနေတယ်။ဒီလိုလူမျိုးတွေ အတွက်က

သူတို့နယ်ပယ်ကို ချိုးဖျက်နိုင်ဖို့က စမ်းသပ်ချက်တစ်ခု ဖြစ် နေတယ်။တစ်ချိန်တည်းမှာပဲ နှိပ်စက်မှုလည်းဖြစ်တယ်


တစ်ဦးတည်းသောအမျိုးသမီး ဗိုလ်မှူး ရှဲ့လျန်၏ မျက်လုံးထဲ၌ လှောင်ပြောင်လိုသည့် အရိပ်အယောင်တို့ ရှိနေသည်။


သူမက အခြားလူများထက် ကျင့်ကြံသူတစ်ယောက် အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိအောင်ကြိုးစားရာ၌ ရင်ဆိုင်ရသည့် ကံကြမ္မာစမ်းသပ်ချက်ကို ပို၍ သိလေသည်။ အကြောင်းကတော့ သူမဆရာသည် ကျင့်ကြံသူတစ် ယောက် ဖြစ်ခဲ့သောကြောင့်ပင်။


"စိတ်ခံစားချက်နဲ့ တွယ်ငြိမှုအားလုံးကို ပတ်သယ်ပစ်ဖို့။ နင်က ဒီလို လုပ်နိုင်ရဲ့လား..."


ကြည့်ရင်း ရှီရှောင်သည်လည်း ဝမ်လင်းကို မျက်မှောင်ကြုတ်ကာ နှာခေါင်းရှုံ့၍ ဆိုသည်။ "ကြည့်ရတာ ပိုထူးဆန်းအောင် တမင် လျှောက်လုပ်နေတာပဲ..."


သူ့ဘေးရှိ ချန်ထောင်ကတော့ မျက်မှောင်ကြုတ်သွား မိသည်။ပထမဆုံးအကြိမ်အဖြစ် သူရှာတွေ့ခဲ့သည့် နတ်ဆိုး ဗိုလ်ချုပ်က တော်တော်လေး စက်ဆုပ်ဖွယ်ကောင်းသည်ဟု တွေးလိုက်၏။


သူက အနည်းငယ် စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြော လိုက်သည်။ "သင်က သူ ဖြတ်ကျော်နေရတဲ့ ရုန်းကန်မှုကို

နားလည်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ လူသားတွေက ကောင်းကင်ဘုံသားတစ်ယောက်ရဲ့ နှလုံးသားကို နားမ လည်နိုင်သလိုမျိုးပေါ့..."


ရှီရှောင်က ချိန်ထောင်ကို လှည့်၍ ကြည့်လိုက်သည်။ သည့်နောက် သူက တိတ်တဆိတ် ကြံဆနေသည်။


မိုဖန်မျက်နှာပေါ်ရှိ မထီမဲ့မြင်ဆန်မှုက ဝမ်လင်းကို ကြည့်နေရင်း ပို၍ အားကောင်းလာခဲ့သည်။ သူက ခပ် တိုးတိုး ပြောလိုက်သည်။ "မင်းက အတိတ်တုန်းက သူ့လို မျိုး မနာလိုစရာ ကောင်းနေပြီ။ စိတ်ဝင်စားစရာပဲ..."


သူ့နောက်ရှိ တာ့လော့ဓားကလန်မှ ကျင့်ကြံသူက မို ဖန်၏စကားကို ကြားလိုက်ရသည်။သူ့နှလုံးသားက တုန်ယင်သွားပြီး ခေါင်းငုံ့သွားကာ ဘာစကားမှမဆိုပေ။


ဒုဗိုလ်ချုပ်မှူးရွှမ်က သက်ပြင်းချ၏။သူက ကျင့်ကြံသူ တစ်ယောက် မဟုတ်သော်လည်း သူ့အဆင့်အတန်းဖြင့် ကျင့်ကြံသူများ အာဏာတက်ခြင်းအဆင့်ကို ရောက်ရှိဖို့ ဖြတ်ကျော်ရသည့်အရာကို အနည်းငယ် သိထားပေသည်။ သူက များစွာ မသိသော်လည်း ဝမ်လင်းလက်က တုံ့ဆိုင်း နေမှုကို တွေ့မြင်လိုက်သည့်အခါ သူသည် တစ်ခုခုကို နားလည်သွားသည့်ပုံပင်။


ထိုအခိုက်၌ သည်ကွင်းပြင်နှင့် အဝေးတွင် ရှိနေသည့်

မြစ်ပြင်ပေါ်တွင် လှေတစ်စင်းသည် ရေပြင်ပေါ်၌ ရွှေ့လျား နေ၏။ဝမ်လင်းနှင့် တစ်ညလုံး အရက်သောက်နေခဲ့သည့် လူငယ်က လှေဦးတွင် ထိုင်နေသည်။သူ့လက်ထဲ၌လည်း အရက်ခွက်တစ်ခွက်ကို ကိုင်ထားသည်။သူက တစ်ငုံ သောက်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်၏။ "ကောင် လေး...မင်းက ဘာကို ရွေးချယ်မှာလဲ..."


ဝမ်လင်းလက်က နတ်ဆိုးဗုံအထက် တစ်လက်မလောက် သာ လိုတော့၏။သူက နတ်ဆိုးဗုံကို စူးစိုက်ကာ ကြည့် နေသည်။


"ငါ့တာအိုနှလုံးသား ပြည့်စုံဖို့အတွက် ငါဟာ ငါ့ နှလုံးသားထဲက ဝမ်းနည်းမှုအားလုံးကို ဖယ်ရှားပစ်ရမယ်။ ဒါပေမဲ့ ငါက ဒီလိုလုပ်လိုက်ရင် …ဒါက တကယ် ထိုက်တန်ရဲ့လား..."


လီမူဝမ်၏ ပုံရိပ်က သူ့မျက်စိရှေ့တွင် မြင်ယောင်လာ မိသည်။သူမ၏ ပုံရိပ်များက သူ့မျက်လုံးထဲ၌ တဖျပ်ဖျပ် စီး ဝင်နေသည်။


"အာဏာတက်ခြင်းအဆင့်ကို ရောက်ဖို့အတွက် ပေးရ တဲ့ တန်ဖိုးက ငါ့စိတ်နှလုံးသားထဲက ဝမ်းနည်းမှုကို ဖယ်ရှားဖို့၊ ဝမ်အာရဲ့ပုံရိပ်ကို ဖယ်ရှားပစ်ဖို့ ဆိုရင် ငါက တာအိုကို ဆက်လက် ကျင့်ကြံနေတုန်းပဲလား...ဒါက ငါ့ တာအို အစစ်အမှန်လား...။ငါက သူမနဲ့ ပတ်တတ်တဲ့ အရာ အားလုံးကို မေ့ဖျောက်ပစ်ဖို့ ဆိုရင် သူမက ငါ့ရဲ့ ကျင့်ကြံ

ခြင်းမီးပြင်းဖိုသာသာပဲ ဖြစ်လာတော့မှာပေါ့..."( ဝမ်လင်းရယ် ချစ်တတ်လိုက်တာ🥺😭😭


"ငါက သူတော်စင်တစ်ယောက်မဟုတ်တဲ့ ယောက်ျား တစ်ယောက်သာ ဖြစ်ပေမဲ့လည်း အမြဲတမ်း ရှင်းလင်းတဲ့ အသိတရား ရှိခဲ့တဲ့လူ ဖြစ်တယ်။ငါက ကြမ်းကြုတ် ရက်စက်တဲ့ လူဆိုရင် ကောင်းကင်ဘုံကို ဘယ်လို ဖိဆန် ဆန့်ကျင်နိုင်ပါ့မလဲ။ငါက ကောင်းကင်ဘုံရဲ့ ရက်စက်မှု အတိုင်း လိုက်ပါရတဲ့လူ ဖြစ်နေမှာပေါ့..."


"ငါက ငါ့ခံစားချက်တွေကို ဖယ်ရှားပစ်တာက နတ်ဆိုး ဗိုလ်ချုပ်ပြိုင်ပွဲမှာ ထွက်ခွာသွားခဲ့တဲ့ ကျင့်ကြံသူတွေနဲ့ သဘောထားတူတူ ဖြစ်နေလိမ့်မယ်။ဒါက ထွက်ပြေးခြင်း၊ အလွတ်ရုန်းခြင်း တစ်မျိုးပဲ...ဒါက ငါ့တာအို မဟုတ်ဘူး..."


"ငါ့တာအိုက ဖိဆန်ဖို့၊ ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ဖိဆန်ဖို့။ဒါက ငါ့လမ်းကြောင်း ဖြစ်တယ်..."


ဝမ်လင်းမျက်လုံးများက ရှင်းလင်းသွား၏။


"ငါက ငါ့နှလုံးသားထဲက ဝမ်းနည်းမှုကို အဝေးလွှင့်ပစ် နိုင်တယ်။ဒါပေမဲ့ လီမူဝမ်အပေါ် ငါ့တွယ်ငြိတဲ့ ခံစားချက်ကို တော့ ကောင်းကင်ဘုံကတောင် ငါ့ရှိကနေ ယူဆောင်သွား လို့ မရစေရဘူး..."


ထိုအခိုက်တွင် ဝမ်လင်းက ရုတ်တရက် ကောင်းကင် ထက်သို့ မော့ကြည့်လိုက်၏။


သူ့ခန္ဓာကိုယ်ကနေ အဆုံးစွန်သော အံ့ဩဖွယ်အော်ရာ တစ်ခု ထုတ်လွှတ်လာတော့သည်။သည်အော်ရာက သန်မာ

ခြင်း မရှိသော်လည်း လူတိုင်ကို တုန်လှုပ်စေ၏။ဗိုလ်ချုပ် မှူးကောင်းကင်ကိုပါ တုန်ယင်စေခဲ့ပေသည်။


ထိုအော်ရာက ဝမ်လင်းထံကနေ ထက်ရှသည့်ဓားတစ် လက်အလား ထိုးထွက်လာ၍ ကောင်းကင်ထက်သို့ ထိုး ဖောက်လို့သွားသည်။သည်အော်ရာကြောင့် နေရာရွှေ့သွားကြသည်။ တိမ်များပင်


"ဒါ..ဒါက…" နတ်ဆိုးဗိုလ်ချုပ်မှူးကောင်းကင်၏ စိတ် အင်အားဖြင့်ပင် သူက စိတ်မလှုပ်ရှားမိဘဲ မနေနိုင် ဖြစ်ရ သည်။သူက ဝမ်လင်းကို တုန်လှုပ်စွာ ကြည့်နေမိ၏။


"သူ့ရွေးချယ်မှုက နတ်ဆိုးအင်ပါယာရဲ့ ရွေးချယ်မှုနဲ့ တော်တော်လေး ဆင်တူတာပဲ..."


ဗိုလ်ချုပ်မှူးကောင်းကင်က ဝမ်လင်းကို အဓိပ္ပာယ်ပါ သောအကြည့်ဖြင့် ကြည့်လိုက်၏။


ရွှေရောင်ချပ်ဝတ်နှင့်လူ၏ အသွင်က ပို၍ပင် ဖြူရောလာ သည်။ဝမ်လင်း၏ လက်က ဗုံနားတွင် တုံ့ဆိုင်းသွားသည့် အခါ သူက ကံကောင်းနိုင်သေးသည်ဟု တွေးထင်ခဲ့၏။ သို့သော် ဝမ်လင်းထံမှ ထိုအော်ရာထွက်ပေါ်လာသည့်အခါ သူ့ရှေ့တွင် ကပ်ဘေးတစ်ခု ရောက်လာသကဲ့သို့ ခံစားလိုက် ရတော့သည်။


သူက ဝမ်လင်း နောက်ကျောကို ကြည့်နေရင်း သူ့ မျက်လုံးထဲရှိ သတ်ဖြတ်လိုမှုစိတ်ဆန္ဒက ရူးသွပ်ဖွယ် ကောင်းအောင် တိုးလာခဲ့တော့သည်။

"ငါ သူ ဆယ့်ငါးကြိမ်မြောက်ဗုံသံကို မတီးခတ်နိုင်ခင် သူ့ကို သတ်လိုက်ရင်ရော၊ နတ်ဆိုးအင်ပါယာက ငါ့ကို ဒီ အတွက် အပြစ်တင်မယ်ဆိုရင်တောင် ပြင်းပြင်းထန်ထန် တော့ အပြစ်ပေးမှာ မဟုတ်ဘူး။တကယ်တော့ သူက ကျင့်ကြံသူတစ်ယောက်ပဲ မဟုတ်လား။ ငါကသာ ကောင်းကင်နတ်ဆိုးနိုင်ငံသား ဖြစ်ပြီး နိုင်ငံအတွက်လည်း အကျိုးများအောင် ဆောင်ရွက်ပေးခဲ့တဲ့လူ ဖြစ်တယ်..."


ဝမ်လင်းထံမှ ထွက်ပေါ်လာသည့် အော်ရာက ထွက် ပေါ်လာပြီးပြီးချင်း ပြန်ပျောက်ကွယ်သွား၏။


"အစစ်အမှန်ကျင့်ကြံခြင်းက ကောင်းကင်ဘုံကို ဖိဆန် ခြင်းပဲ။အာဏာတက်ခြင်းအဆင့်တစ်ယောက်က ကောင်းကင်ဘုံကို တက်ရောက်ခြင်း မဟုတ်ဘူး။လူတစ် ယောက်ကိုယ်တိုင် သူ့ကိုယ်သူ မြှင့်တင်ခြင်း ဖြစ်တယ်။ ကောင်းကင်ဘုံက ငါ့ကြားမှာ ဝင်မလာစေရဘူး။ငါ့ နှလုံးသားအတိုင်း ငါလုပ်နိုင်တယ်..."


"ငါက ငါ့နှလုံးသားကို ပေးလိုက်ရင် ဒါက ငါဟာ ကောင်းကင်ဘုံရဲ့ ဆန္ဒအတိုင်းလိုက်ပါခြင်း ဖြစ်ပြီး ဖိဆန် ခြင်း ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆုံးရှုံးသွားစေတာ မလား။ငါ့ နှလုံးသားက ခိုင်ကျဉ်နေမယ်ဆိုရင် ငါက အာဏာတက် ခြင်းအဆင့်ကို ရောက်ဖို့ ငါ့ကို ကောင်းကင်ဘုံကို ဘယ်လောက်တားနိုင်မလဲ ကြည့်ရတာပေါ့..."


ဝမ်လင်းမျက်လုံးများက


တောက်ပလွန်းနေ၏။သူက

အသက်ဝဝရှူသွင်းကာ လီမူဝမ်ထွက်ခွာသွားမှုကြောင့် ဖြစ် ပေါ်သည့် သူ့ဝမ်းနည်းမှုအားလုံးကို လက်ထဲသို့ ပေါင်းစပ် လိုက်သည်။သည်အခိုက်အတန့်၌ ကောင်းကင်ပင် အရောင် ပြောင်းသွားကာ ကောင်းကင်တစ်ခုလုံး မိုးကြိုးလျှပ်စီးများ နှင့် ပြည့်နှက်လာသည်။လျှပ်စီးတန်းများက တိမ်များကြား ကနေ တလက်လက် ထွက်ပေါ်လာကြတော့၏။


အင်ပါယာမြို့၏ ကောင်းကင်ထက်ရှိ ပြောင်းလဲမှုက ကောင်းကင်နတ်ဆိုးမြို့ရှိ လူတိုင်းကို အလန့်တကြား ဖြစ် စေခဲ့သည်။လူတိုင်းက ခေါင်းမော့ကာ အင်ပါယာမြို့သို့ ကြည့်လိုက်ကြ၏။


တိုက်ပွဲကွင်းပြင်ရှိလူတိုင်းကလည်း ဝမ်လင်းထံသို့သာ ကြည့်နေကြသည်။


လှေပေါ်တွင် မတ်တပ်ရပ်နေသည့် လူငယ်ပင် သူ့အရက် ခွက်ကို ချလိုက်သည်။သူက အင်ပါယာမြို့ထံသို့ မျှော်လင့်ချက်ပါသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည်။


သည်အခိုက်အတန့်မှာပင် ကောင်းကင်နတ်ဆိုးမြို့နှင့် ကီလိုမီထောင်သောင်းချီ၍ ဝေးကွာသော ဟော်ဖောင် ကျင့်ကြံနေသည့် ရှေးဟောင်းတိုက်ပွဲနယ်မြေရှိ အနက် ရောင်မျှောင်စင် အပေါ်ဆုံးထပ်၌ တည်ရှိသော အနက် ရောင်ချပ်ဝတ်စုံ၏ စစ်ခမောက်ထဲမှ တစ္ဆေအလင်းတစ်ခု လင်းလက်လို့သွား၏။


ထိုတစ္ဆေအလင်း


လင်းလက်သွားသည့်အခိုက်တွင်

မျှော်စင်ထက်ရှိ ကောင်းကင်ပေါ်၌ ကြောက်မက်ဖွယ် တုန် ခါလှိုင်းများ ဖြစ်ပေါ်လို့သွားသည်။


တစ္ဆေအလင်းက တဖျပ်ဖျပ် လင်းလက်ကာ ထိုမျှော်စင် ထဲ၌ စကားတစ်ခွန်း ပဲ့တင်ထပ်လို့သွား၏။


"ကောင်းကင်ဘုံကို ဖိဆန်တဲ့ ကျင့်ကြံခြင်း...သိပ် ကောင်းတယ်..."


အင်ပါယာ ကွင်းပြင်၌ ဝမ်လင်း၏ ဝမ်းနည်းမှုအားလုံးက သူ့ညာလက်တွင် စုစည်းလာ၏။သည်အခိုက်၌ သူ့ညာ လက်သည် အဆုံးမရှိသော ဝမ်းနည်းမှုကို ဆောင်ကြဉ်းပေ သည်။သူက ရုတ်တရက် ထိုလက်ဖြင့် နတ်ဆိုးဗုံပေါ်သို့ ဖိချ လိုက်သည်။


ထို ဖိချလိုက်သည့်အခိုက်မှာပင် ရွှေရောင်ချပ်ဝတ်နှင့် လူကြီး၏ မျက်လုံးထဲ၌ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ထုတ်လွှတ်သွားသည်။သူ့ခန္ဓာကိုယ်ကလည်း ရုတ်တရက် လှုပ်ရှားသွားကာ သူ့စွမ်းအားများကို ခြေထောက်၌ စုဝေး စေသည်။သူက အံ့မခန်းနှုန်းဖြင့် လှုပ်ရှားကာ ဝမ်လင်း ထံသို့ တဟုန်ထိုး တိုးဝင်လာတော့သည်။


"မင်း သေလိုက်တော့…" ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက ထိုသို့အော်ဟစ်လိုက်ရင်း ဝမ်လင်းနောက်၌ ပေါ်လာ၏။ သည်အခိုက်တွင် သူ့ညာလက်ထဲတွင် တောက်ပမှုတစ်ခုကို ဆုပ်ကိုင်ထား၏။ထိုတောက်ပမှုက နေအလင်းကို စုပ်ကိုင် ထားသည်ဟုပင် ထင်မှတ်စေသည်။

"ငါက မင်းကို ဆယ့်ငါးကြိမ်မြောက်ဗုံသံ မြည်အောင် လုပ်ဖို့ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။ငါက မင်းကို သတ်ပစ် ရင်တောင် အင်ပါယာက ငါ့ကို အပြစ်ပေးမယ်လို့ မထင် ဘူး...( သူတောင်းစားလေးမြန်မြန်သေမှ😒


ထိုလူကြီး၏ လက်က နီးကပ်လာသည့်အခါ မြေပြင်ပင် ချက်ခြင်း လောင်ကျွမ်းလာရသည်။သူနှင့်ပေတစ်ထောင် အတွင်းက မီးလျှံငရဲအလား ထင်မှတ်ရသည်။


နတ်ဆိုးဗိုလ်ချုပ်ကောင်းကင်၏ မျက်လုံးက အေးစက် လာကာ သူက စင်မြင့်ပေါ်မှ ခုန်ဆင်းကာ လှမ်းအော် လိုက်၏။ "ဂျင်ဝူရှု...မင်း ဒါ ဘာလုပ်တာလဲ..."


သည်အခိုက်၌ ဝမ်လင်းက ရွှေရောင်ချပ်ဝတ်နှင့်လူကြီး ထံသို့ လှည့်ကြည့်လိုက်၏။ဝမ်လင်းက ထိုသို့ ဖြစ်လာမည် ကို မျှော်လင့်ထားပြီးသားပင်။ ဝမ်လင်းက သည်လူသည် လွယ်လွယ်အရှုံးကို လက်ခံလိမ့်မည်မဟုတ်သည်ကို သတိပြုမိခဲ့ပြီး ဖြစ်၏။သူက သူ့ပတ်လည်တွင် အသက် ဓာတ်ချပ်တံဆိပ် သုံးထောင်ကျောက်ို ကြိုဝန်းရံထားစေ ကာ သည်ချိတ်တံဆိပ်များနှင့် ဆယ့်ငါးကြိမ်မြောက်ဗုံသံ၏ အကူအညီနှင့်ဆိုလျှင် သူက ထိုလူကြီး၏ တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေပေသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူကြီးက နှာခေါင်းရှုံ့လိုက်သည်။ သူက သူ့လက်ထဲရှိ နေလုံးကို ကိုင်ဆောင်ကာ ဝမ်လင်း ထံသို့ ရိုက်ချလာ၏။သူက အချိန်ကိုက်လှုပ်ရှားလိုက်ခြင်း

ပင်။ ဝမ်လင်းက သည်တိုက်ခိုက်မှုကို ရှောင်ပါက ဝမ်လင်း က ဆယ့်ငါးကြိမ်မြောက်ဗုံသံကို တီးခတ်နိုင်တော့မည် မဟုတ်ပေ။ဝမ်လင်း မရှောင်လျှင်လည်း သူက ဝမ်လင်းညာ လက် ဗုံကို ထိသွားသည်နှင့် သတ်ပစ်နိုင်မည်ဟု ယုံကြည်မှု ရှိပေ၏။


ရွှေရောင်ချပ်ဝတ်နှင့်လူက ဗိုလ်ချုပ်မှူးကောင်းကင်ကို လစ်လျူရှူထား၏။သူက ညစ်ပြုံးပြုံးလိုက်သည်။ ဗိုလ်ချုပ် မှူးကောင်းကင် နီးကပ်လာသည့်အခါ ရွှေရောင်ချပ်ဝတ်နှင့် လူက သူ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်၏။ သူက ဝမ်လင်း ကို သတ်ဖြတ်ရာ၌ မည်သူ့ကိုမျှ ဟန့်တားခွင့် ပေးမည် မဟုတ်ပေ။


ဗိုလ်ချုပ်မှူးကောင်းကင်က သူ့ညာလက်ဖြင့် ချိပ်တံဆိပ် တစ်ခုကို ဖြစ်စေကာ အနက်ရောင်အလင်းတန်းကို ဖန်တီး၍ ရွှေရောင်ချပ်ဝတ်နှင့်လူ၏ ဘယ်လက်ကို တိုက်ခိုက်လိုက်သည်။


ထိုအခိုက်အတန့်၌ လှေပေါ်ရှိ လူငယ်၏ အသွင်ကလည်း ရုတ်တရက် သုန်မှုန်လို့သွား၏။သူ့မျက်လုံးထဲ၌ ဒေါသ ထွက်ဟန် ဖြစ်ပေါ်လာပြီး အော်ပြောလိုက်သည်။ "ဂျင်ဝူ ရှု...မင်းလုပ်ဝံ့တယ်ပေါ့။ မင်းက သေဖို့ ထိုက်တန်နေပြီ.."


ထိုအခိုက်အတန့်မှာပင် ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ ခန္ဓာကိုယ်က တုန်ခါသွားကာ အသတ်အဖြတ်စိတ်ဆန္ဒကလည်း ပျောက်ကွယ်လို့သွား၏။ သူ့မျက်လုံးထဲရှိ

ပေတစ်ထောင်အတွင်းရှိ မီးတောက်များပင် မှိန်ဖျော့သွား ကာ သူ့ခေါင်းထဲ၌ အသံတစ်ခု ပဲ့တင့်ထပ်လို့သွားလေ သည်။သူ့မျက်နှာက သေလောက်အောင် ဖြူ ရောသွား၏။ သူက ပြောလိုက်မိသည်။ "ဒီ အသံ..."


တစ်ချိန်တည်းမှာပင်


ကောင်းကင်နတ်ဆိုးမြို့နဲ့ ကီလိုမီတာသောင်းချီဝေးသည့် အနက်ရောင်မျှော်စင် အပေါ်ဆုံးထပ်ရှိ အနက်ရောင်ချပ်ဝတ်မှ တစ္ဆေအလင်းက လည်း ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ နတ်ဘုရားအာရုံ မှတစ်ဆင့် အေးစက်စက် နှာခေါင်းရှုံ့သံတစ်ခု ပဲ့တင့်ထပ် သွားသည်။


ရွှေရောင်ချပ်ဝတ်နှင့်လူက "ဒီအသံ" ဆိုသည့် စကားနှစ် ခွန်းသာ ဆိုနိုင်လိုက်ကာ သူ့ခန္ဓာကိုယ်က အေးစက်သွားခဲ့ သည်။


လေဟာနယ်မှ ထွက်ပေါ်လာသည့် အေးစက်သည့် နှာခေါင်းရှုံ့သံက ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။


ရွှေရောင်ချပ်ဝတ်နှင့်လူကြီး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားပြီး သူ့ချပ်ဝတ်ကလည်း တစ်စစီကွဲကြေသွား သည်။သူက ပါးစပ်အပြည့် သွေးတစ်လုပ် အန်ထုတ်လိုက် ရကာ သူ့လက်ထဲရှိ နေလုံးကပါ ငြိမ်းသေသွားတော့၏။



Comments

Popular posts from this blog

အပိုင်း(150)

၁၂၉

အိမ်မှထွက်ခွာခြင်း(၁)