၁၂၇
အဆင့်ခုနစ်နိုင်ငံ ထျန်ယွမ်ဂြိုဟ်၏ အပြင်ဘက်။
သွေးကြယ်တစ်ခု
ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက်သည် သုံး ပေခန့်ရှည်လျားသော ဓားတစ်စင်းကို စီးနင်း၍ အာကာ သာဟင်းလင်းပြင်တွင် မြန်ဆန်စွာ ဖြတ်၍ပျံသန်းလျက် ရှိသည်။ အရောင်စုံဝတ်စုံနှင့်အမျိုးသမီးသုံးယောက်က သူမေ နောက်သို့ လိုက်လံနေ၏။
ထိုအမျိုးသမီးသုံးယောက်ထဲမှ တစ်ယောက်သည် နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။ "မိန်းမယုတ်...နင်က ကောင်းကင်ရေကလန်ကို သစ္စာဖောက်ပြီး ဂျူနီယာကလန် ခေါင်းဆောင်ရဲ့ တော်ဝင်ရတနာကို ခိုးယူသွားခဲ့တယ်...။ နင် ထွက်ပြေးနိုင်မယ်လို့ တကယ် ထင်နေလား။ဒီနေရာက ထျန်ယွမ်ဂြိုဟ်ရဲ့ အာဏာစက်အောက်မှာ ရှိနေရင်တောင် ငါ့တို့ ဒြပ်စင်ငါးခုဂြိုဟ်ကလည်း အဆင့်ခုနစ်နိုင်ငံတစ်ခု သာ ဖြစ်တယ်။နင် ဝေးဝေးထွက်မပြေးနိုင်ပါဘူး..."
ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ထားသည်။သူမမျက်နှာသည်လည်း
အံတင်းတင်းကြိတ် အလွန်ဖြူရောကာ
နေ၏။သူမ ဝတ်ဆင်ထားသည့်ခရမ်းရောင် ဇာပုဝါသည် လည်း ကျွတ်ကျသွားခဲ့ပြီ ဖြစ်သည်။
"နင့်ခန္ဓာကိုယ်ထဲမှာ ဂူအဆိပ် မိထားတယ်။ ငါက နင် ဘယ်လောက်ဝေးဝေး ထွက်ပြေးနိုင်မလဲ ကြည့်ချင်သေး
ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက ခါးသီးသည့်ဟန်ပန် ဖြစ်ပေါ်နေသည်။သူမခန္ဓာကိုယ်ထဲရှိဂူအဆိပ်သည် အသက်ဝင်လာခဲ့ပြီး ဖြစ်ကာ သူမက လမ်းတစ်လျှောက်လုံး ဖိနှိပ်ထားခံရ၏။ပုံမှန်အားဖြင့် သူမက လွတ်မြောက်နိုင်နေ ပြီ ဖြစ်သည်။ သို့သော် သူ့ ညီမသည် သူမအား သစ္စာဖောက် ကာ ရန်သူများအား ခေါ်လာခဲ့လိမ့်မည်ဟု မျှော်လင့်မ ထားခဲ့မိချေ။
ခုချိန်၌ သူက လောင်စာဆီမရှိသည့် မီးအိမ်တစ်ခုလို ဖြစ် နေပေသည်။သူမက ခန္ဓာကိုယ်ထဲရှိ ဂူအဆိပ်ကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ဘဲ ပါးစပ်ထဲမှ သွေး အပြည့် အန်ထုတ်လိုက်ရ၏။သူမမျက်နှာက ပိုဖြူ ရောလာ ကာ သူမအောက်ရှိ ဓားပင် အနည်းငယ် ယိမ်းထိုးသွား လေ၏။
သူမက ခါးသက်စွာပြုံး၍ အောက်ရှိ ဓားကို ထိန်းချုပ် ကာ သွေးနီရောင်ဂြိုဟ်တည့်တည့်သို့ တိုးဝင်သွားလေ၏။
သူမနောက်မှ အမျိုးသမီးသုံးယောက်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြပြီး အရှိန်မြှင့်လိုက်ကြ၏။
ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သွေးနီဂြိုဟ်နှင့် နီးကပ်လာကာ လေထုကို ဖြတ်သန်းဝင်ရောက်လာ၏။ သူမက ဂြိုဟ်မျက်နှာပြင်နှင့် နီးကပ်လာချိန်၌ သွေးနီရောင် ခန်းမဆောင်တစ်ခုအား ချက်ခြင်း တွေ့မြင်လိုက်ရသည်။
လူတစ်ယောက်သည် ထိုခန်းမဆောင်ထဲမှ လှမ်းထွက် လာ၏။ထိုလူက အနီရောင်ဆံပင်၊အနီရောင်မျက်ခုံး ပိုင်ဆိုင်ကာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။သူက မတ်တပ်ရပ်နေကာ သူ့ထံမှ မည်သည့်ကောင်းကင်ဘုံစိတ် ဝိညာဉ်စွမ်းအင်မှ ဖြာထွက်မနေသော်လည်း ခန့်ညားဖိနှိပ် နိုင်စွမ်းကို ပေးစွမ်းကာ နေသည်။
သူက ခရမ်းရောင်ဝတ်စုံအမျိုးသမီးနှင့် သူမနောက်သို့ လိုက်ဖမ်းနေသည့် အမျိုးသမီးသုံးယောက်တို့ကို အေးစက် ကြည့်လိုက်သည်။သူက မျက်မှောင်ကြုတ်ကာ စွာ တည်ငြိမ်စွာ ပြောလိုက်၏။ "ထွက်သွားကြ..."
အမျိုးသမီးသုံးယောက်အသွင်က အနည်းငယ် ပြောင်းလဲ သွား၏။သုံးယောက်ထဲမှ တစ်ယောက်က ခပ်သွက်သွက် လှမ်းပြောလိုက်သည်။ "ဒြပ်စင်ငါးခုဂြိုဟ်ရဲ့ ကောင်းကင်ဘုံ ရေကလန်က သစ္စာဖောက်တစ်ယောက်ကို လိုက်ဖမ်းနေ တာပါ။စီနီယာက ကြားမဝင်ဖို့ မျှော်လင့်ပါတယ်..."
လူငယ့်မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ရိပ်ခနဲ ဖြတ်ပြေး သွားသည်။သည့်နောက် သူက သူ့အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ လေပြင်းတစ်ခုကို ဖြစ်စေပြီး သွေးဂြိုဟ်သို့
ဝင်လာနေသည့် အမျိုးသမီးသုံးယောက်အား လွင့်ထွက် သွားစေလိုက်သည်။
"နင့်နာမည် ဘယ်လိုခေါ်လဲ..."
"ဇီရှင်း...။ဂျူနီယာနာမည်က ဇီရှင်းပါ။ အဆင့်ခြောက် ဟင်္သာပြဒါးနိုင်ငံက ကျင့်ကြံသူတစ်ယောက် ဖြစ်ပါ တယ်..." ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သူမရှေ့ရှိလူကို စူးစိုက်ကာ ကြည့်နေ၏။သည်လူသည် အင်္ကျီ လက်အိုးကို တစ်ချက်ခါထုတ်လိုက်ရုံဖြင့် သူမကို လိုက်ဖမ်း နေသော သုံးယောက်အား လွင့်ထွက်သွားစေခဲ့သည့် မဟုတ်လား။သည်လိုကျင့်ကြံသူမျိုးက အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။
ဟင်္သာပြဒါးဂြိုဟ်။
ချူနိုင်ငံ၊ တိမ်ကောင်းကင်ကလန်။
တိမ်ကောင်းကင်ကလန်သည် အရင်တုန်းကနှင့် လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။ချူနိုင်ငံကိုလည်း ခုလက်ရှိဟင်္သာပြဒါးကျိုးဝူထိုင်က အဆင့်လေးနိုင်ငံအဖြစ် တိုးမြှင့် ပေးခဲ့ပြီး ဖြစ်သည်။၎င်းက အဆင့်လေးနိုင်ငံသာ ဖြစ် သော်လည်း ၎င်း၏ လွှမ်းမိုးနိုင်စွမ်းသည် အခြားအဆင့် လေးနိုင်ငံများထက် အကြီးမားဆုံး ဖြစ်နေ၏။
အဆင့်ငါးနိုင်ငံများအားလုံးပင် သူတို့ ချူနိုင်ငံသို့ ရောက်လာသည့်အခါတွင် လေးစားသမှုထားရပေ၏။ အထူးသဖြင့် တိမ်ကောင်းကင်နိုင်ငံနှင့် ရင်ဆိုင်ရချိန်တွင်
ဖြစ်၏။
ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ လွန်ခဲ့သော နှစ်သုံး လေးရာလောက်က ဝမ်လင်းဆိုသည့် ကျင့်ကြံသူကြောင့် ပင်။ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ သူ့လိုမျိုး လူ တစ်ယောက်တည်းကြောင့် လှုပ်ခတ်မှုမျိုး ဘယ်သောအခါ မှ မဖြစ်ပွားခဲ့ပေ။
တိမ်ကောင်းကင်ကလန်က အဆင့်လေးနိုင်ငံ ဖြစ်လာပြီး သည့်နောက် သူတို့သည် တစ်နိုင်ငံလုံး၏ အကူအညီဖြင့် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများအသုံးပြုကာ ရုပ်တု ကြီးတစ်ခုကို တည်ဆောက်ခဲ့ပေသည်။
သည်ရုပ်တုမှာ အနက်ရောင်ဝတ်စုံနှင့်အမျိုးသား တစ် ယောက်ဖြစ်၏။သူ့မျက်လုံးများက စဉ်းစားတွေးတောနေ ဟန်ရသည်။သူက ချောမောလှခြင်းမရှိသော်လည်း သည် ကမ္ဘာနှင့်မသက်ဆိုင်သလို ခံစားချက်ကို ပေးစွမ်းနေသည်။ သူက စဉ်းစားတွေးတောဟန် ပြုနေရင်း ညာလက်ဖြင့် ချပ် တံဆိပ်လက်ဟန်တစ်ခုကို ပုံဖော်ထားသည်။
သည်ရုပ်ထုထံမှ ခန့်ညားထည်ဝါမှုတို့ကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်အား ပျံ့နှံ့စေနေ၏။
ထိုရုပ်ထုတည်ရှိရာနေရာသည် တိမ်ကောင်းကင်ကလန် ပင် ဖြစ်သည်။ထိုနေရာသည် မရေမတွက်နိုင်သော တိမ် ကောင်းကင်ကလန်၏ တပည့်များ အလေးအမြတ်ပြုရာ နေရာလည်း ဖြစ်နေသည်။သည့်အပြင် ချူနိုင်ငံရှိ ကျင့်ကြံ
သူများအားလုံး အလေးထား၊လေးစားသော အရာလည်း ဖြစ်သေးသည်။ယင်းရုပ်တုက ဟင်္သာပြဒါးနိုင်ငံ၏ သမိုင်းဝင်တစ်ခု ဖြစ်ချေ၏။
ခုချိန်၌
လူအိုတစ်ယောက်နှင့်လူငယ်တစ်ယောက် တို့သည် တိမ်ကောင်းကင်ကလန်ရှိရာသို့ လှေကားထစ်များ အတိုင်း လှမ်းတက်လာနေကြသည်။
သူတို့နေရာကနေ
ထိုဧရာမရုပ်တုကြီးကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပေသည်။လူငယ်၏မျက်နှာ က သိလိုစိတ်ဖြည့် ပြည့်နေကာ သူက မေးမြန်းလိုက်၏။ "အဘိုး...ဒါက အဘိုး ပြောပြတဲ့လူရဲ့ ရုပ်တုလား..."
အဘိုးအိုက ရုပ်ထုကို ကြည့်ကာ အတိတ်ကို ပြန် အောက်မေ့သွားသည်။အချိန်အတန်ကြာပြီးနောက် သူက လူငယ်၏ ခေါင်းကို ပွတ်သပ်ကာ ပြောလိုက်သည်။ "လူလေး...တိမ်ကောင်းကင်ကလန်ရဲ့ ခေါင်းဆောင်က ဘာ လို့ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်နိုင်ခဲ့လဲ သိလား။ဘာကြောင့် ချူနိုင်ငံရဲ့ ကလန်အားလုံးက တိမ် ကောင်းကင်ကလန်ဟာ သူတို့ရဲ့ အုပ်ချုပ်သူအဖြစ် သတ်မှတ်ထားခဲ့ကြတာလဲ..."
"အဆင့်ငါးနိုင်ငံက ကျွမ်းကျင်သူတွေတောင် ဒီနေရာကို ရောက်လာရင် လေးစားသမှုထားရတာ ဘာကြောင့်လဲ။ဒါ တွေအားလုံးက ဒီရုပ်တုကြောင့်ပဲ ဖြစ်တယ်...
လူငယ်က မှင်တက်သွားမိသည်။သည့်နောက် သူက
ပြုံး၍ ဆိုလာ၏။ "ဒါက ထူးဆန်းတယ်...။ရုပ်တုတစ်ခုက ဘယ်လိုလုပ် လူတိုင်းကို လေးစားနေအောင် ပြုလုပ်နိုင်ရ တာလဲ..."
အဘိုးအိုက သက်ပြင်းချကာ ပြောပြလိုက်သည်။ ဒီရုပ်တု ရဲ့လူက ဒီနေရာမှ အချိန်တိုလောက်သာ ကျင့်ကြံခဲ့ပေမဲ့ လည်း ဒီနှစ်လေးငါးရာအတွင်းမှာ သူ့လိုမျိုး ဟင်္သာပြဒါး ဂြိုဟ်ကို မုန်တိုင်းထန်စေနိုင်ခဲ့တဲ့လူ မမြင်ခဲ့ရတော့ဘူး။ ပြောကြတာကတော့ သူက နှစ်နှစ်ရာလောက် ကျင့်ကြံပြီး တဲ့နောက် နတ်ဆိုးပင်လယ်မှာ မွှေနှောက်ခဲ့တယ်တဲ့။သူက မိန်းမလှတစ်ယောက်ကို ကယ်တင်ပြီး တိမ်ကောင်းကင် ကလန်တစ်ခုလုံးကိုလည်း တုန်လှုပ်စေခဲ့သေးတယ်။သူက ကျောက်နိုင်ငံတစ်လျှောက်မှာ သတ်ဖြတ်ခဲ့ပြီး သွေးတွေကို မြစ်တွေလို စီးဆင်းစေခဲ့တယ်။ကျောက်နိုင်ငံရဲ့ ထျန် မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရပြီး ကျောက်နိုင်ငံတစ်ခု လုံးက သုသာန်တစ်စပြင် ဖြစ်ခဲ့ရတယ်..."
"ပြောကြတာကတော့ သူက ကောင်းကင်ဘုံနယ်မြေကို သွားရောက်ခဲ့ပြီး အနီရောင်လိပ်ပြာရဲ့ လက်တစ်ဖက်ကို ဖျက်နိုင်ခဲ့တယ်။သူက လျိုမေနဲ့ ချန်းဖန်တို့ကို ရှုံးနိမ့်စေခဲ့ ပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ခေါင်းဆောင် သွန်းကျန် ကို သူ့ဆရာအဖြစ် လက်ခံခဲ့တယ်။သူက ရွှမ်ပျံ့နိုင်ငံကို ဖျက်စီးပြီး ဘီလူးနတ်ဆိုးကလန်ဘိုးဘေးကို သတ်ပစ်ခဲ့ တယ်။အုံနောက်မှာ သူက စွန့်ပစ်ခံမသေမျိုးကလန်နဲ့ တိုက်ပွဲအတွင်းမှာ တော်တော်လေး ဆက်ပြီး ကျော်ကြား
လာခဲ့တယ်။သူက ဟင်္သာပြဒါးအုတ်ဂူထဲမှာ ဟင်္သာပြဒါး ဂြိုဟ်သလင်းကျောက်ကို ရရှိနိုင်ခဲ့သေးတယ်။ သူက လူအ များအပြားကို ချနင်းပြီး ဟင်္သာပြဒါးဂြိုဟ်သလင်းကျောက် ကို အရင်ဆုံးရနိုင်ခဲ့တာ ဖြစ်တယ်..."
"သူက ဟင်္သာပြဒါးနိုင်ငံရဲ့ ခေါင်းစီး ဖြစ်လာနိုင်ခဲ့ တယ်။ဒါပေမဲ့ သူက ဒါကို ငြင်းဆိုပြီး ခုလက်ရှိဟင်္သာ ပြဒါးဖြစ်တဲ့ ကျိုးဝူထိုင်ကို လက်လွှဲပေးခဲ့တယ်..."
လူငယ်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်သည်။ "သူက ဟင်္သာပြဒါးခေါင်းစီးနေရာကို တကယ် ငြင်းဆန်ခဲ့တာ လား..."
"ခုလက်ရှိဟင်္သာပြဒါးခေါင်းစီး ကျိုးဝူထိုင်က ကြီးမား တဲ့အဖြစ်အပျက်တစ်ခု ဖြစ်ပွားတိုင်း ဒီနေရာကိုလာပြီး ဒီ ရုပ်တုကို တိတ်တိတ်ဆိတ်ဆိတ်လာကြည့်တာ လူလေး ဘာကြောင့်လို့ ထင်လဲ...။ဟင်္သာပြဒါးဂြိုဟ်မှာ အဲ့လူ မ မွေးဖွားခင်တုန်းကတော့ တော်ဝင်နေရာဟာ ဟင်္သာပြဒါး တောင်သာ ဖြစ်ခဲ့တယ်။ ခုဒီဂြိုဟ်ရဲ့တော်ဝင်နေရာက ဒီ တိမ်ကောင်းကင်ကလန်ပဲ..."
လူငယ်က ပါးစပ်ဟောင်းလောင်း ဖြစ်သွားမိသည်။သူက အရင်တုန်းက သည်အကြောင်းမျာကို ဟိုတစ်စသည်တစ်စ ကြားခဲ့ဖူးသော်လည်း ယနေ့လို အသေးစိတ် မကြားခဲ့ရေ ပေ။သူ့နှလုံးက ခုန်ပေါက်နေကာ သူ့မျက်နှာလေးကလည်း စိတ်လှုပ်ရှားဟန်ဖြင့် ပြည့်နေ၏။သူက ပြောလိုက်သည်။
"အဘိုး...ငါ အနာဂတ်မှာ သူ့လို ဖြစ်ချင်တယ်။သူ့နာမည်က ဘယ်သူများလဲ။သူက ခုဘယ်ကို ထွက်သွားခဲ့တာလဲ..."
"သူ့နာမည်က ဝမ်လင်း။ သူ ဘယ်နေရာကို သွားလဲ တော့ ငါလည်း မသိဘူး။ဒါပေမဲ့ သူ ဘယ်နေရာကိုပဲ သွား သွား သူလိုလူမျိုးက သာမန်ဖြစ်နေမှာတော့ မဟုတ်ဘူး..."
အဘိုးအိုက သက်ပြင်းချကာ ခါးသီးစွာ ဆိုလိုက်၏။ "မင်းအဘိုးက တစ်ခါတုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူက ငါ့ကို မေ့သွားမှာ စိုးရိမ်မိတယ်..."
လူငယ်က စိတ်လှုပ်ရှားဟန်ဖြင့် စကားပြောဟန် ပြင် လိုက်စဉ်မှာပင် တောင်ခြေမှ ကျားဟိန်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။သည်ကျားဟိန်းသံက ထည်ဝါလွှမ်းမိုးလှကာ အပင်များအားလုံးကို ယိမ်းခါသွား စေသည်။
တစ်ချိန်တည်းမှာပင် အနက်ရောင်အစင်း ကျားတစ် ကောင်က တောင်ခြေမှ ထိပ်သို့ ခုန်တက်သွားသည်။ထို ကျားပေါ်၌ အမျိုးသမီးတစ်ယောက် ထိုင်နေလျက်ရှိသည်။ သူမက အသက်နှစ်ဆယ်လောက်သာ ရှိသေးကာ အဖြူ ရောင်ဝတ်စုံကို ဆင်မြန်းထားသည်။သူမအင်္ကျီစများက လေနှင့်အတူ လွင့်မြောနေကာ သူမအား မြင့်မြတ်စေသည်။
သည်အမျိုးသမီးက အချောလှဆုံး မဟုတ်သော်လည်း သူမသည် ပန်းရောင်အသားအရည်လေးနှင့် လွန်စွာ ထည့် သည့်ပုံ ပေါ်နေသည်။သူမမျက်လုံးများက သူမ၏ ညဏ်
ရည်ဉာဏ်သွေးကို လှစ်ပြကာ နေသည်။
"အဖြူကောင်လေး...မြန်မြန်…" ထိုအမျိုးသမီးအသံက သာယာစွဲဆောင်နိုင်လွန်းလှ၏။
သူမအောက်ရှိ ကျားကြီးက နောက်ထပ် ဟိန်းသံပြုကာ တိမ်ကောင်းကင်ကလန်သို့ တန်းတန်းမတ်မတ် တိုးဝင် သွားတော့သည်။သူတို့က တောင်ပေါ်ရှိ ရုပ်တုဘေးနား၌ ရပ်တန့်လိုက်ကြ၏။ကျားကြီးက ထိုရုပ်တုကို ကြည့် လိုက်၏။ ၎င်းမျက်လုံးထဲ၌ အထင်သွေးဟန်တို့ ဖြစ်ပေါ် သွားကာ စိတ်ထဲ၌ တွေးလိုက်သည်။ "ဒီကောင်မလေးက ရူးကြောင်လွန်းတယ်။သူက ဒီလူ့ကို ဘာကြောင့်များ ရှာနေ ရတာလဲ။ဟင်္သာပြဒါးဂြိုဟ်မှာ နေတာကမှ အများကြီး ပို ကောင်းဦးမယ်။ဒီအရှင်ကျားက ဒီနေရာမှာ ကျားမတွေ အများကြီး ဝန်းရံနေတာလေ။ ဒါ့ကြောင့် အနာဂတ်မှာ ဒီ ဂြိုဟ်က ထွက်ခွာရင် ငါက သူတို့ကို ခွဲခွာရတော့မှာပေါ့။ ဒါပေမဲ့ ဒီကောင်မလေး တစ်ခါပြောဖူးတာကတော့ ဟ င်္သာပြဒါးဂြိုဟ် ပြင်ပမှာ ကျားမလှလှလေးတွေ အများကြီး ရှိတယ်တဲ့..."
အမျိုးသမီးက ရုပ်တုကို ငေးကြည့်နေရင်း တိုးညင်းစွာ ပြောလိုက်၏။ "ဦးလေး..ယုအာလေးက အမြုတေဖွဲ့တည် ခြင်းအဆင့်ကို ရောက်နေပါပြီ။ဒါမြန်လွန်းတယ်မလား။ယု အာက လုံလဝီရိယရှိရှိ ကြိုးစားနေပါတယ်။အဘိုးထိုင်ယန် နှစ်ခါ ပြောဖူးတာကတော့ ယုအာ စဦးစိတ်ဝိညာဉ်အဆင့် ကို ရောက်တာနဲ့ ဦးလေးထားခဲ့တဲ့ သိုလှောင်အိတ်ကို ပေး
မယ်တဲ့။ဦးလေး...ငါက စဦးစိတ်ဝိညာဉ်အဆင့်ကို ကျိန်းသေရောက်အောင် လုပ်နိုင်မှာပါ..."
တိုးညှင်းသောသက်ပြင်းချသံက လေဟာနယ်ထဲကနေ ထွက်ပေါ်လာ၏။သည့်နောက် အရပ်ရှည်ရှည်အဘိုးအိုတစ် ယောက်သည် တိမ်ကောင်းကင်ကလန်ကနေ လှမ်း လျှောက်လာ၏။သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေသည်။
သူက ရုပ်တုဘေးနားသို့ ရောက်လာ၏။ပထမဆုံး သူက ရုပ်တုကို ဦးညွတ်သည်။သည့်နောက် အမျိုးသမီးနှင့်ကျား တို့ကို ကြည့်လိုက်၏။သူ့မျက်လုံးထဲ၌ ကြင်နာမှုနှင့်ချစ်ခြင်း တရားတို့ ပြည့်နှက်နေသည်။သူက ပြောလိုက်၏။" ယု အာ..နင်က နင့် နှလုံးသားဆန္ဒနောက်ကို လိုက်ပါရမယ်။ နင်က နင့်ကိုနင် စဦးစိတ်ဝိညာဉ်အဆင့်နောက်ကိုပဲ အတင်းရောက်အောင် လိုက်ပါနေရင် နင်က လမ်းကြောင်း မှား သွားနိုင်ပြီး အလိုက်သင့်စီးမျောမှုကို အဟန့်အတား ဖြစ်စေလိမ့်မယ်..."
အမျိုးသမီးက ရုပ်တုကို ကြည့်နေရင်းဖြင့် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။ "ဘိုးဘိုး ထိုင်ယန် အတိတ်တုန်းက ဦးလေးက ကျောက်နိုင်ငံကနေ ထွက်ခွာပြီး နတ်ဆိုး ပင်လယ်ကို သွားခဲ့တယ်။သူက အဲ့တုန်းက စဦးစိတ်ဝိညာဉ် အဆင့်ကို မထိတွေ့နိုင်သေးခဲ့ဘူးမလား...ဒါ့ကြောင့် လူ တစ်ယောက်ရဲ့နှလုံးသားနောက်ကို လိုက်ပါခြင်းက အမြဲ မှန်တဲ့ အကြံဉာဏ်တော့ မဟုတ်လောက်ပါဘူး....
ဤအဘိုးအိုက ထိုင်ယန်ပင် ဖြစ်ချေသည်။ဝမ်လင်းက သူ့ကို လမ်းညွှန်မှုအချို့ ပေးပြီးနောက် သူက စဦးစိတ် ဝိညာဉ်အဆင့်ကို ချိုးဖျက်ကာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ဝင်ရောက်နိုင်ခဲ့ပေသည်။သူက ကျေးဇူးတင်ခြင်း အပြင် ဝမ်လင်းအပေါ် လေးစားမှုက ပိုလေ၏။သူက ဝမ် လင်းထားခဲ့သော သိုလှောင်အိတ်ကို ထိတွေ့ဖွင့်ကြည့်ခဲ့ ခြင်းမရှိပေ။သူက ဖွင့်ကြည့်မဝံ့ပေ။
သူက ဝမ်လင်း မထွက်ခင်က ဝမ်လင်း၏ တည်ငြိမ်သော အကြည့်ကို လုံးဝ မေ့မရနိုင် ဖြစ်ရ၏။
ကျိုးယုက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ထိုင်ယန် ထံသို့ ကြည့်လိုက်၏။သူမက ပြုံး၍ ပြောလိုက်သည်။ "ဘိုးဘိုးထိုင်ယန်...ဒီလာတဲ့လမ်းမှာ ငါ ခုလက်ရှိဟင်္သာ ပြဒါး ဦးလေးကျိုးကို တွေ့ခဲ့တယ်။သူက ငါ့ကို ဟင်္သာပြဒါး တောင်မှာ လာကျင့်ကြံစေချင်နေတယ်။သူပြောတာက ငါ့ ကျင့်ကြံမှု အဲ့နေရာမှာဆိုရင် ပိုမြန်ဆန်လိမ့်မယ်တဲ့။ဒါ့ ကြောင့် ယုအာက ဒီနေ့ ဒီနေရာကိုလာတာ နှုတ်ဆက်မလို့ ان..."
ထိုင်ယန်က
ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကျိုး ယု၏အဆင့်အတန်းသည် အထူးနေရာ၌ ရှိနေသည်ကို နားလည်ထားပေသည်။သူမက ဟင်္သာပြဒါးဂြိုဟ်၏ မင်းသမီးလေးဟုပင် ပြော၍ ရ၏။ဝမ်လင်းနှင့် အရင်တုန်း က တွေ့ဆုံခဲ့ဖူးသည့်လူတိုင်းက သူမအပေါ်၌ အလွန် ယဉ်ကျေးစွာဆက်ဆံကြသည်။ထိုအရာက သူတို့၏ ဝမ်
လင်းအပေါ် ကြောက်ရွှံ့မှု သို့မဟုတ် လေးစားမှုတို့ကြောင့် ဖြစ်ပေသည်။
စွန့်ပစ်ခံမသေမျိုးကလန်ပင် ကျိုးယုအပေါ်၌ အလွန် ယဉ်ကျေးပေ၏။ပုံမှန်အားဖြင့် ထိုကလန်သည် သူတို့၏ ပိုင်နက်ထဲသို့ မည်သည့်ကျင့်ကြံသူကိုမျှ ဝင်ရောက်ခွင့်မပြု ပေ။သို့သော် ကျိုးယုကတော့ ချွင်းချက်ပေးရသည့်လူအ နည်းငယ်ထဲက တစ်ယောက် ဖြစ်နေ၏။
ကျိုးယုသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ မည်သည့် အန္တရာယ်ကိုမှ မတွေ့ရနိုင်ဟုပင် ပြော၍ရ၏။ကျိုးယုထိုင် အပြင် စွန့်ပစ်ခံမသေမျိုးကလန်မှ ယွမ်ချွဲဇီနှင့် အခြား ကျင့်ကြံမှုအဆင့်မြင့်သည့်လူများက သူမကို အသက်ကယ် ရတနာများစွာ ပေးထားခဲ့ပေ၏။သာမန်ကျင့်ကြံသူများက သည်အမြုတေဖွဲ့တည်ခြင်းအဆင့်မိန်းကလေးကို
တိုက်ခိုက်လိုလျှင်ပင် သူတို့က အနိုင်ရနိုင်မည် မဟုတ်ပေ။
သည့်အပြင် ဟင်္သာပြဒါးတောင်၏ စေလွှတ်ထားသော ကျွမ်းကျသူများနှင့် ဘီလူးနတ်ဆိုးကလန်မှ ခေါင်းဆောင် ချီဟူတို့ပင် သူမနောက်သို့ လိုက်ပါကြပေ၏။သူတို့က အချိန်မရွေး သူမကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေ၏။ ထို့ကြောင့် သူမသည် မည်သည့်အန္တရာယ်မှ ရင်ဆိုင်မတွေ့ခဲ့ ရပေ။
သူမကို ကာကွယ်ပေးသည့်လူများတွင် တိမ်ကောင်းကင် ကလန်မှ လူများလည်း ပါဝင်ကြ၏။
အနည်းငယ် စဉ်းစားပြီးနောက် ထိုင်ယန်သည် ခေါင်း ငြိမ့်ကာ ကြင်နာစွာ ပြောလိုက်၏။ "ကောင်းပြီ…သမီးက ဟင်္သာပြဒါးတောင်မှာ ကောင်းကောင်း ကျင့်ကြံချေ။သမီး က စဦးစိတ်ဝိညာဉ်အဆင့်ကို ရောက်တဲ့တစ်နေ့မှာ ငါက ကျေးဇူးရှင်ထားခဲ့တဲ့ အရာတွေ သမီးကို ပေးပါ့မယ်..."
ကျိုးယုက ပြုံးလိုက်၏။သည့်နောက် သူမက ပြန်လှည့် ကာ ရုပ်တုထံသို့ အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့် လိုက်သည်။ထို့နောက်မှာတော့ သူမက ကျား၏ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ "အဖြူကောင်လေး...ငါတို့ ဟ င်္သပြဒါးတောင်ကို သွားကြစို့..."
အဖြူကောင်လေးက ဟိန်းသံပြုကာ လေထဲသို့ ခုန် တက်၍ မိုးကုပ်စက်ဝိုင်းစွန်းသို့ ပျောက်ကွယ်သွားလေ တော့၏။
"ဒီအရှင်ကျားက ဒီနှစ်တွေမှာ ဝမ်လင်းရဲ့ခွန်အားကို ချီး ငှားခဲ့တယ်လို့ ပြောလို့ရတယ်။အရင်တုန်းက ငါ့ကို ဖမ်းချင် တဲ့ ကျင့်ကြံသူတွေက ခု ငါ့ကိုမြင်တာနဲ့ လေးလေးစားစား ဆက်ဆံကြတယ်။ထားလိုက်ပါလေ...ဒီကောင်မလေး ကတော့…သူမက ဟင်္သပြဒါးဂြိုဟ်က ထွက်သွားချင်တယ် ဆိုရင်လည်း ဒီအရှင်ကျားက သူမနဲ့အတူ လိုက်ပေးရမှာ 0..."
အဖြူကောင်လေးက လေထဲ၌ ပျံနေရင်း သူ့နှုတ်ခမ်း ထောင့်က သွားရည်များ
ကျလာလေ၏။ သူက ဟသာ်ပြဒါးဂြိုဟ်အပြင်ဘက်ရှိ ကျားမများအကြောင်း တွေး၍ ထိုသို့ သွားရည်ကျနေသည် ဟုတ်လား၊မဟုတ်လားတော့ ဘုရားသာ သိပေလိမ့်မည်။
ကောင်းကင်နတ်ဆိုးမြို့အပြင်ဘက် နဂါးရေကန်ထဲ၌။
နဂါးရေကန်ကို နှစ်စဉ်အလှည့်ကျ စောင့်ကြပ်နေကြ သော နတ်ဆိုးတပ်သားများစွာ ရှိလို့နေ၏။မြို့တောက်၏ ပုန်းအောင်းနေသော ကျွမ်းကျင်သူများစွာသည်လည်း သူ တို့အချိန်ကို သည်နေရာ၌ ကျင့်ကြံရင်း ကုန်ဆုံးနေကြ၏။ မည်မျှကြီးမားသည့် ကိစ္စဖြစ်ပျက်နေပါစေ နဂါးရေကန်သို့ ဦးတည်ခြင်း မရှိသ၍ သူတို့က ထွက်ပေါ်လာလိမ့်မည် မဟုတ်ပေ။
သည်နေရာရှိ အားကောင်းလှသော နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များကြောင့် လွန်ခဲ့သောဆယ်နှစ်က ဖြစ်ပျက်ခဲ့ သည့် နတ်ဘုရားပြစ်ဒဏ်ပင် သည်နေရာကို မည့်သည့် ထိခိုက်မှုမှ မဖြစ်စေနိုင်ခဲ့ပေ။
နဂါးရေကန်ထဲရှိ ရေများက နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်များနှင့် ပြည့်နှက်နေသည်။ရေကန်အောက်ခြေ တွင်လည်း သီးခြားကမ္ဘာတစ်ခု ရှိနေ၏။နတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင် အကာက မြေအောက်လှိုဏ်ဂူသို့ သွား
သည့်လမ်းကြောင်းကို ပိတ်ဆို့ထားပေသည်။
မြေအောက်လှိုဏ်ဂူထဲ၌ ရုပ်တု တစ်ခု ရှိနေ၏။သည် ရုပ်တုက အလွန်နက်မှောင်ကာ ရှေးဟောင်းနတ်ဆိုး တစ်ပါးနှင့် အလွန်ဆင်တူလှသည်။
ခုချိန်၌ ထိုရုပ်တု၏မျက်လုံးထဲမှ နတ်ဆိုးအလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုရုပ်တု၏ အောက်ခြေ၌ ရေကန်တစ်ခု ထပ်ရှိနေသည်။ ထိုရေကန်ထဲရှိ ရေများက စီးကပ်ပျစ်ချွဲနေ၏။ခုလက်ရှိတွင် ဝမ်လင်းက ထိုရေကန်ထဲ၌ ကြာပွင့်သဏ္ဌာန်ထိုင်လျက် ရှိနေ၏။ သူက ချပ်ဝတ်ကို ဝတ်ဆင်ထားလျက် ရှိနေတုန်း ပင်။သူက မျက်လုံးမှိတ်ထားလျက် ရှိနေသည်။
လင်းထျန်ဟူနှင့် ဆင်တူသည့်လူကြီးက ဝမ်လင်းရှေ့၌ ထိုင်နေ၏။သူက ခရမ်းရောင်သလင်းကျောက်ထဲ၌ ဖုံးထား ခံရကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအင်တန်းနှင့် တိုက်စားခံထားရမှုများကို ဖြည်းဖြည်းချင်း ကုစားလို့ နေသည်။
ထိုရုပ်တုထံမှ နတ်ဆိုးအလင်းအမျှင်တန်းများ ထွက်ပေါ် နေပြီး ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျက် ရှိသည်။ နတ်ဆိုးအလင်းများ ဝမ်လင်းခန္ဓာကိုယ်ထဲသို့ ဝင်သွားချိန် တိုင်း သူက တုန်ယင်ရ၏။
သူ့မူလစိတ်ဝိညာဉ်ထဲရှိနတ်ဆိုးစိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဆိုး၏ အကူအညီဖြင့် ဖိနှိပ်နိုင်ခဲ့ပြီဖြစ်သည်။
နတ်ဆိုးစိတ်ဝိညာဉ်က ခုချိန်၌ မေ့မြောနေသည်။ သို့သော် ဝမ်လင်း ပန်းတိုင်က ၎င်းကို ဖိနှိပ်ထားနိုင်ရန် သပ်သပ်မဟုတ်ဘဲ ဝါးမြိုပစ်နိုင်ရန်ပင် ဖြစ်၏။
သူက သည်နတ်ဆိုးစိတ်ဝိညာဉ်ကို ဝါးမြိုကာ သူ့ ကိုယ်ပိုင်ကျင့်ကြံမှုကို တိုးတက်အောင်လုပ်ရာ၌ အကူအညီ ဖြစ်စေမည်။
သို့ရာတွင် သည်နတ်ဆိုးစိတ်ဝိညာဉ်က သူ လွယ်လင့်တကူ ဝါးမြိုနိုင်သည့်အရာ မဟုတ်ပေ။ဝမ်လင်း က လပေါင်းများစွာ သည်ရေကန်ထဲ၌ ထိုင်ကာ နတ်ဆိုး စိတ်ဝိညာဉ်ကို ဖြည်းဖြည်းချင်း ဝါးမြိုပစ်နေ၏။သို့သော် ခု ထိ သူက ၎င်းကို လုံးဝ ဝါးမြိုနိုင်စွမ်း မရှိသေးပေ။
သို့သော်လည်း ဝမ်လင်းက သည်လများစွာ ဆက်တိုက် အတားအဆီးများစွာကို ဖန်တီးနေကာ ၎င်းတို့ကို နတ်ဆိုး စိတ်ဝိညာည်ပေါ်၌ ချမှတ်နေ၏။လအနည်းငယ် ကုန်လွန် ပြီးနောက် မရေမတွက်နိုင်သောအတားအဆီးများက နတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်ပေါ်၌ နေရာချထားပြီး ဖြစ်လာ၏။
သည့်အပြင် ရှေးဟောင်းနတ်ဆိုး၏ အကူအညီဖြင့် ဝမ် လင်းက နတ်ဆိုး၏စိတ်ဝိညာဉ်ပေါ်၌ အမှတ်အသားတစ်ခု ထားရှိနိုင်ခဲ့သေးသည်။သို့သော သည်နတ်ဆိုးက သိသာစွာ အလွန်စွမ်းအားကောင်းလှ၏။ထို့ကြောင့် ၎င်းအပေါ် အမှတ်အသား ခပ်နှိပ်ထားနိုင်မှုက အားနည်းလွန်းနေသေး
သည်။အချိန်ယူ၍ ဝမ်လင်းက ထိုနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ် ပေါ်၌ ၎င်းကို လုံးဝ ထိန်းချုပ်နိုင်သည့်အထိ အမှတ်အသား ကို ဆက်လက် ခပ်နှိပ် နေသည်။
သည်နေ့တွင် ဝမ်လင်းက မျက်လုံးပွင့်လာခဲ့သည်။သူ့ မျက်လုံးထဲ၌ နတ်ဆိုးဆန်သောအလင်းတစ်ချက် ဖျက်ခနဲ တောက်ပသွား၏။
"ငါ့ခုလက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ ဒီနတ်ဆိုးကို ဝါးမြိုနိုင် စွမ်း မရှိသေးဘူး။ငါက ဒီနတ်ဆိုးရဲ့စိတ်ဝိညာဉ်မှာ အမှတ်အသား ဆက်လက်ပြီး ခပ်နှိပ်တာပဲ လုပ်နိုင်မယ်။ ဒီ လို လုပ်ရင် တစ်နေ့မှာ ငါက ဒါကို ထိန်းချုပ်နိုင်စွမ်း ရှိလာ လိမ့်မယ်။အဲ့အချိန်ကြလာရင် ငါက ဒီနတ်ဆိုးကို ဝါးမြိုတာ ထက် အခြားတစ်ဖက်မှာ ဒါကို ငါ့ဒုတိယစိတ်ဝိညာဉ်အဖြစ် သန့်စင်မွန်းမံနိုင်သွားလိမ့်မယ်..." ိုင်သ သန့်စင်မါကို ငါ့စင် နိုင်ပြ
ဒုတိယမြောက်မူလစိတ်ဝိညာဉ်က ကျင့်ကြံသူတွေ သူတို့ အာဏာတက်ခြင်ြးအဆင့်ကို ရောက်မှ အသုံးပြုနိုင်သည့် အထူးမန္တာန်တစ်ခု ဖြစ်သည်။သို့ရာတွင် သည်မန္တာန်က လူ တိုင်း အောင်မြင်အောင် အသုံးပြုနိုင်သည့် မန္တာန်တစ်ခု တော့ မဟုတ်ချေ။ဒုတိယမြောက်မူလစိတ်ဝိညာဉ် ပြုလုပ် နိုင်ရန်အတွက် ပင်မအကြောင်းရင်းသည် သန္ဓေသားကို အသုံးပြုရခြင်း ဖြစ်၏။
သန္ဓေသား၏ခွန်အားသည် ဒုတိယမူလစိတ်ဝိညာဉ်တစ်
ခု ဖန်တီးနိုင်ရန် အောင်မြင်မှုနှုန်းကို အဆုံးအဖြတ် ပေးပေ သည်။ကျင့်ကြံသူတစ်ယောက်က ဒုတိယမူလစိတ်ဝိညာဉ် ကို ဖန်တီးရာ၌ ကျရှုံးပါက ပြင်းထန်သောတန်ပြန်ဒဏ် သက်ရောက်ခြင်းကို ခံရမည် ဖြစ်၏။
သည့်အပြင် ဒုတိယမူလစိတ်ဝိညာဉ်တစ်ခုက ကျင့်ကြံသူ တစ်ယောက်ကို ကြီးကြီးကျယ်ကျယ် ဆုံးရှုံးမှုများကိုပါ ဖြစ် သွားစေနိုင်၏။ထို့အတွက်ကြောင့်လည်း အာဏာတက်ခြင်း ကျင့်ကြံသူအများစုက ဒုတိယမြောက်မူလစိတ်ဝိညာဉ်ကို မ သန့်စင်၊မမွန်းမံခြင်း ဖြစ်၏။ဝမ်လင်းတွေ့ကြုံဖူးသည့် အာဏာတက်ခြင်းကျင့်ကြံသူများတွင် ဒုတိယမြောက်မူလ စိတ်ဝိညာဉ် ပိုင်ဆိုင်သည့်ဟူ၍ မရှိခဲ့ပေ။
ဝမ်လင်းက တွေးနေမိ၏။ "ဒီနတ်ဆိုးစိတ်ဝိညာဉ်က ရှေးဟောင်းနတ်ဆိုးမိစ္ဆာရဲ့ ပြန့်ကျဲနေတဲ့ နတ်ဆိုးမိစ္ဆာစိတ် ဝိညာဉ်တွေထဲက တစ်ခုပဲ။ဒုတိယမြောက်မူလစိတ်ဝိညာဉ် ဖန်တီးဖို့အတွက် ဒီလောက် သင့်တော်တဲ့ဟာ မရှိဘူး။ငါက ဒီနတ်ဆိုးမိစ္ဆာစိတ်ဝိညာဉ်နဲ့ဆိုရင် ဒုတိယမြောက် မူလစိတ် ဝိညာဉ်ကို ဖန်တီးနိုင်လိမ့်မယ်လို တစ်ရာရာခိုင်နှုန်း ယုံကြည်တယ်..."
"ခုချိန်မှာ ငါ့မူလစိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က လုံးဝ ပေါင်းစပ်သွားခဲ့ပြီး ငါ့အာဏာတက်ခြင်းအဆင့်ကျင့်ကြံ ခြင်းကလည်း ခိုင်မာသွားခဲ့ပြီ။ခု ငါ့မှာ ဘာအန္တရာယ်မှ လည်း မရှိတော့ဘူးဆိုတော့ ငါ ခုချက်ခြင်းလုပ်ရမယ့် အချို့ အရာတွေ ရှိနေသေးတယ်။ငါက ဓားသူတော်စင်လင်းထျန်
ဟူ ပြုလုပ်ခဲ့တဲ့ ကျန်နေခဲ့တဲ့ ဓားစွမ်းအင်ကိုလည်း မရ ရအောင် လုပ်ရမယ်။မဟုတ်ရင် ဒီစွမ်းအင်က အလကားဟ သ ဖြစ်သွားလိမ့်မယ်..."
ဝမ်လင်းမျက်လုံးများက လက်ခနဲ ဖြစ်သွား၏။သူက ရေကန်ထဲကနေ မတ်တပ်ထရပ်လာသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်ကြောင့် ဝမ်လင်းသည် နတ်ဆိုးဗိုလ်ချုပ်တစ်ယောက်နှင့်ပင် တူနေသေး၏။သူ့ ဆံပင်ရှည်များက လွင့်မြောနေကာ နတ်ဆိုးဆန်သောခံစား ချက်ကို ပေးစွမ်းနေသည်။
ချပ်ဝတ်ကို ထိကိုင်ကြည့်ပြီးနောက် ဝမ်လင်းမျက်လုံး ထဲ၌ စိတ်လှုပ်ရှားမှုအရိပ်အယောင်တို့ ပေါ်ထွက်လာ၏။ သည်ချပ်ဝတ်သည် အလွန်ပင် စွမ်းအင်ကောင်းလှ၏။ သို့ရာတွင် ထိုစွမ်းအားကို ဝမ်လင်းစုပ်ယူနိုင်ခြင်းမရှိသည် ကတော့ သနားစရာ အဖြစ်ပင်။
ဒီလို ဆိုပေမဲ့လည်း ငါက ဒီချပ်ဝတ်နဲ့အတူ နတ်ဆိုး လက်ချောင်းကို အသုံးပြုရင်တော့ ငါ့တစ္ဆေလောကမြစ် ထက်တောင် စွမ်းအားကောင်းလာမှာကို စိုးရိမ်မိတယ်။ငါ့ ကျင့်ကြံမှုအဆင့်က ဒီချပ်ဝတ် သူ့အရှင်အဖြစ် အသိအမှတ်ပြုဖို့ လုံလောက်အောင် မြင့်မားခြင်း မရှိသေး ဘူး။ ဒါ့ကြောင့် ငါက ဒီချပ်ဝတ်ရဲ့ အချို့စွမ်းရည်တွေကိုပဲ ထုတ်ယူအသုံးပြုလို့ရတယ်။ ဒါပေမဲ့လည်း ငါက နတ်ဆိုး မိစ္ဆာစိတ်ဝိညာဉ်အပိုင်းအစကို သန့်စင်မွန်းမံလိုက်နိုင်တာနဲ့
ဒီချပ်ဝတ်ရဲ့ စွမ်းအားအပြည့်ကို အသုံးပြုနိုင်လိမ့်မယ်..."
ဝမ်လင်းသည် ချပ်ဝတ်ကို ထိတွေ့လိုက်ပြီးနောက် သိုလှောင်အိတ်ထဲကနေ လက်ကောက်တစ်ခုကို ထုတ်ယူ လိုက်သည်။
သည်လက်ကောက် ပေါ်လာသည်နှင့်၎င်းက အနက် ရောင်အလင်းတန်အသွင်ပြောင်း၍ သူ့လက်ကောက်ဝတ်၌ ဝတ်ဆင်လိုက်သည်။
"မင်း ထွက်သွားတော့မလို့လား..." ရှေးဟောင်း နတ်ဆိုး၏အသံက ရုပ်တုထံကနေ ထွက်ပေါ်လာသည်။
ဝမ်လင်းက လှည့်၍ ကြည့်လိုက်၏။သူက လက်နှစ်ဖက် ကိုယှက်ကာ ပြောလိုက်သည်။ "စီနီယာ ရှေးဟောင်း နတ်ဆိုးက ငါ့ကို သုံးကြိမ်တိတိ ကူညီခဲ့ပြီးပြီး။ငါက ဒါက နှလုံးသားထဲကနေ သတိရနေပါ့မယ်။ခုတော့ ငါက အရင် တုန်းက သဘောတူညီမှုတစ်ခုကို ဖြည့်ဆည်းပေးရဦးမယ်။ ဒါပေမဲ့ အဲ့သဘောတူညီမှုကို မလုပ်ပေးင် ငါ လုပ်စရာလေး အချို့ ရှိသေးတယ်။ စီနီယာ ရှေးဟောင်းနတ်ဆိုးက ငါ့ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်..."
ရှေးဟောင်းနတ်ဆိုးက အနည်းငယ်စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဘာကိစ္စတွေလဲ..."
ဝမ်လင်းက အနည်းငယ်စဉ်းစားပြီးနောက် သိုလှောင် အိတ်ထဲမှ ကျောက်ရီသူ့ကို ပေးခဲ့သော စေတီကို ထုတ်ယူ လိုက်သည်။
"ငါက ဓားစိတ်ဝိညာဉ်တစ်ခုကို ရှာချင်လို့ပါ။ဒီစေတီမှာ ဓားစိတ်ဝိညာဉ်ရဲ့နတ်ဘုရားအာရုံရှိတယ်။ စီနီယာ ရှေးဟောင်းနတ်ဆိုးက ဒါကို ရှာပေးဖို့ အကူအညီတောင်း ပါတယ်..."
ရှေးဟောင်းနတ်ဆိုးသည် သူ့နတ်ဘုရားအာရုံကို ဖြန့် ကျက်ကာ ပြောလိုက်သည်။ "ငါ့ ကောင်းကင်နတ်ဆိုးနိုင်ငံ မှာတော့ ဒီဓားစိတ်ဝိညာဉ်ရဲ တည်ရှိမှုကို မတွေ့ရဘူး။ အခြားနေရာတွေမှာတော့ ငါမပြောတက်ဘူး။နတ်ဆိုးစိတ် ဝိညာဉ်ကုန်းမြေတစ်ခုလုံးကို ရှာဖို့က ငါ့အတွက် သိသာစွာ ကြီးမားကျယ်ပြန့်လွန်းတယ်လေ။မင်းက အခြား ရှေးဟောင်းနတ်ဆိုးတွေထဲက တစ်ယောက်ကို ငါ့အတွက် ယူဆောင်လာပေးမယ်ဆိုရင်တော့ ငါက သူ့ကို စုပ်ယူပြီး ကျယ်ပြန့်စွာရှာဖွေခြင်း မန္တာန်ကို အသုံးပြုနိုင်လိမ့်မယ်။ခု ချိန်မှာတော့ ငါ့လက်ရှိခွန်အားနဲ့ ဒီမန္တာန်ကို အသုံးမပြုနိုင် သေးဘူး။မင်းမှာ နတ်ဆိုးမိစ္ဆာမျှော်စင်ရှိရင်လည်း မင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်နိုင်လိမ့်မယ်…"
ဝမ်လင်းက စေတီကို ပြန်သိမ်းဆည်းကာ ခေါင်းညိတ်ပြ လိုက်သည်။ သည့်နောက် သူက ခရမ်းရောင်သလင်းများ ဝန်းရံထားသည့် လူကြီးထံသို့ လက်ညှိုးထိုးကာ ပြောလိုက် သည်။ "ငါ ဒီလူ့ကို အလိုရှိပါတယ်..."
ရှေးဟောင်းနတ်ဆိုးက အချိန်အတန်ကြာ စဉ်းစားပြီး နောက် ပြောလိုက်၏။ "ငါ သူ့ကို မင်းရှိ ပေးလိုက်နိုင် တယ်။ဒါပေမဲ့ မင်းက နှစ်တစ်ရာအတွင်း ရှေးဟောင်းနတ်
ဆိုတစ်ပါးကို ငါ့အတွက် သိမ်းယူပေးနိုင်ရမယ်..."
ဝမ်လင်းက ခေါင်းညိတ်ပြလိုက်သည်။ "ငါက ရှေးဟောင်းနတ်ဆိုးရဲ့ အမွေအနှစ်ထဲကို ဝင်ရောက်ချင်ပြီး ဒီထူးဆန်းအံ့ဖွယ်နယ်မြေကို နားလည်အောင် လုပ်ချင် တယ်။ဒါကို အသုံးပြုပြီး ငါ့မန္တာန်တွေကို မွန်းမံနိုင်လိမ့် ໑໖..."
"ဒါက မခက်ပါဘူး။ဒါပေမဲ့ ငါက မင်းကို အကြိမ်များစွာ ကူညီခဲ့ပေးပြီးပြီး။အခြားတစ်ဖက်မှာတော့ မင်းက ငါ့ အတွက် ဘာမှ မလုပ်ပေးရသေးဘူး။ ဒီတော့ မင်း ရှေးဟောင်းနတ်ဆိုးတစ်ပါးကို ထုတ်ယူလာပြီးမှ ငါတို့ ဒီ အကြောင်းကို ဆက်ပြောကြတာပေါ့..."
ဝမ်လင်းက ပြုံး၍ ဆို၏။ "ကောင်းပါပြီ...။ဒါပေမဲ့ ဒီလို လုပ်နိုင်ဖို့က ငါ တစ်ယောက်တည်းနဲ့ဆိုရင် တော်တော် လေး ခက်ခဲလိမ့်မယ်.."
"ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ တမန်တော်ပဲ။ မင်းရဲ့ အဆင့်အတန်းက ခုချိန်မှာ နတ်ဆိုးအင်ပါယာထက် ပိုမြင့် သွားပြီ။ ငါ့ ကောင်းကင်နတ်ဆိုးနိုင်ငံက မင်းကို ကူညီပေး ဖို့ မီးနတ်ဆိုးနိုင်ငံနဲ့ တရားဝင်စစ်ပွဲတစ်ခု ဆင်နွှဲလိုက်မယ်။ မင်းက မီးနတ်ဆိုးနိုင်ငံရဲ့ နတ်ဆိုးစမ်းအိုင်ကို ရောက်တာနဲ့ ငါမင်းကို ပေးလိုက်တဲ့ မန္တာန်ကို သတိရပါ..."
ဝမ်လင်းက လက်နှစ်ဖက်ယှက်၍ နှုတ်ဆက်၏။ သည့်နောက် သူ ခရမ်းရောင်သလင်းကျောက်များ ဝန်းရံနေ
သည့်လူကြီးထံသို့ လက်ဆန်တန်းလိုက်သည်။ထို့နောက် တွင် သူက ခြေတစ်လှမ်းလှမ်းကာ နဂါးရေကန်ကနေ ထွက်ခွာသွားတော့၏။
ရှေးဟောင်းနတ်ဆိုးကို ကျောက်ရီကို ရှာဖွေရန်နှင့် အမွေအနှစ်ထဲသို့ ဝင်ရောက်ခွင့် ပြုရန် တောင်းဆိုခဲ့သည့် အကြောင်းရင်းသည် ရှေးဟောင်းနတ်ဆိုးသည် သူ့အတွက် များစွာ လုပ်ပေးခဲ့ပြီး ဖြစ်သောကြောင့်ပင်။သူသာ မည် သည့်ဆန္ဒမှ မရှိသလို ဆက်လက် လုပ်ဆောင်နေပါက ရှေးဟောင်းနတ်ဆိုးသည် အထင်အမြင်လွဲ သံသယ ရှိသွား နိုင်၏။
ရှေးဟောင်းနတ်ဆိုးအား သူ အကူအညီတောင်းသော တောင်းဆိုချက်နှစ်ခုသည်လည်း ရှေးဟောင်းနတ်ဆိုးကို မည်သည့်လှည့်ဖျားမှုမှ မလုပ်ဘဲ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ထိုနည်းဖြင့် ရှေးဟောင်းနတ်ဆိုးသည် အပေါ်၌ စိတ်ပိုရှည်လာနိုင်မည် ဖြစ်၏။ သူ့
ဝမ်လင်းက ကောင်းကင်နတ်ဆိုးမြို့၏ ကီလိုမီတာငါး ထောင်အကွာရှိ လေဟာနယ်ထဲမှ ပြန်ပေါ်လာခဲ့သည်။ သူက သူ့လက်ထဲရှိ သလင်းကျောက်ကို သိုလှောင်အိတ်ထဲ သို့ ထည့်သိမ်းလိုက်၏။
"ဒီလူက ဓားသူတော်စင်လင်းထျန်ဟူနဲ့ ပတ်သတ်မှု အချို့ ရှိရမယ်။သူက အနာဂတ်မှာ အချို့နေရာတွေမှာ အသုံးဝင်ကောင်း ဝင်လာနိုင်တယ်..." ဝမ်လင်းမျက်လုံး
များက စဉ်းစားနေသည့်ဟန် ဖြစ်ပေါ်နေသည်။ သည့်နောက် သူက နောက်တစ်ကြိမ်ခြေလှမ်းကာ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်၏။
ဝမ်လင်းက ဆက်ကာဆက်ကာ တည်နေရာ ရွှေ့ပြောင်း သွား၏။သူ့ဦးတည်ရာသည် ဓားသူတော်စင်လင်းထျန်ဟူ၏ တပည့် ဇီရှုသေဆုံးသွားခဲ့သော နေရာ ဖြစ်၏။သူက ဓား စိတ်ဆန္ဒကို ရရန် လွယ်လွယ်နှင့် လက်လျော့လိမ့်မည် မဟုတ်ပေ။ထို့ကြောင့်သူက ခုလို ရှာဖွေရမည်သာ ဖြစ်၏။ တကယ်တော့ လင်းထျန်ဟူ၏ ဓားစွမ်းအင်သည် အလွန် ပင် အဖိုးတန်လွန်းလှသည် မဟုတ်လော။
မဟာ တည်နေရာရွှေ့ပြောင်းခြင်း မန္တာန်က အားကောင်း သောမန္တာန်တစ်ခု ဖြစ်၏။ထိုမန္တာန်ကို အကြိမ်အနည်းငယ် အသုံးပြုပြီးသည့်နောက် ဝမ်လင်းက မီးနတ်ဆိုးနိုင်ငံထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
ဇီရှုက တောတစ်ခုထဲ၌ သေဆုံးခဲ့ခြင်းဖြစ်ကာ ထိုနေရာ ရှိ အပင်အများစုသည် ခြောက်သွေ့ကာ နေ၏။ထိုနေရာ၌ ပုတ်သိုး ပျက်စီးနေသော အလောင်းများလည်း ရှိလို့ နေသည်။တကယ်တော့ ဇီရှုသေဆုံးသွားခဲ့သည်မှာ လအချို့ ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
သို့ရာတွင် ဇီရှု၏အလောင်းက ထိုနေရာတွင် ခုထိ ရှိလို့ နေသေးသည်။
သူ့အလောင်းဘေး၌ ရွှေရောင်အလင်းတစ်ခု ခပ်ဖျော့
ဖျော့ ထွက်ပေါ်နေကာ တိရိစ္ဆာန်များနှင့် ငှက်များသည် လည်း အလောင်းပတ်ပတ်လည်၌ ရှိနေကြသည်။အစ၌ သည်တိရိစ္ဆာန်များသည် အလောင်းများကို စားသောက်ရန် ရောက်လာကြခြင်း ဖြစ်သော်လည်း ဇီရှု၏အလောင်းနားသို့ နီးကပ်လာချိန်၌ သူတို့က ချက်ခြင်း သေဆုံးသွားခဲ့ရပေ သည်။
ယနေ့တွင် အကွာအဝေးတစ်ခုမှ အပြာရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။၎င်းအလင်းတန်းက အပြာရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီး တစ်ယောက် ဖြစ်သည်။သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက် ရာ မြေပြင်ပေါ်ရှိ ဇီရှု၏အလောင်းကို ရှာတွေ့သွား၏။ ထို့နောက် သူက ကောင်းကင်ထက်မှ ချက်ခြင်းဆင်းသက် လာကာ ဇီရှုအလောင်းနှင့် ပေတစ်ရာ အကွာသို့ ရောက်ရှိလာသည်။
"ဒီနေရာပဲ။ငါမျှော်လင့်ထားသလိုပဲ ဒီလူ့ရဲ့ ခန္ဓာကိုယ် ပေါ်မှာ ရတနာတစ်ခု ရှိကိုရှိရမယ်။မဟုတ်ရင် ဒီလို ဓား စွမ်းအင်မျိုး ထုတ်လွှတ်နေမှာ မဟုတ်ဘူး..."
သက်လတ်ပိုင်းလူကြီး၏ မျက်လုံးများသည် ဇီရှု အလောင်းကို ကြည့်နေရင်း ပျော်ရွှင်မှုနှင့် ပြည့်လို့နေသည်။
ဇီရှုက အလွန်ခေါင်သောနေရာတွင် သေသွားခဲ့ခြင်း ဖြစ်၏။လူတစ်ယောက်က သေချာ မကြည့်ပါက သူ့ အလောင်းကို ရှာတွေ့ရန် ခက်ခဲပေလိမ့်မည်။သက်လတ်
ပိုင်းလူကြီး၏ ကျင့်ကြံမှုနည်းလည်းသည် ငှက်နှင့်သားရဲ များကို ပိုင်ဆိုးသည့်နည်း ဖြစ်၏။သူ့နတ်ဘုရားအာရုံက စွမ်းအားကောင်းလှခြင်း မရှိသော်လည်း သူက ကျင့်ကြံနေ စဉ် သူပိုင်ဆိုးထားသည့် ငှက်သည် ဇီရှုအလောင်းကို ရှာ တွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
သည်လူက မှင်သက်သွားကာ တစ်ခုခု ဖြစ်နေသည်ကို အလောင်းကို သတိပြုမိသွားသည့်အတွက်ကြောင့် အလျင်အမြန် ခုလို လိုက်ရှာခဲ့ခြင်း ဖြစ်၏။
သူက ဇီရှု၏ခန္ဓာကိုယ်ကို ကြည့်ကာ အသက်ဝဝရှူသွင်း လိုက်မိ၏။သည့်နောက် သူက သိုလှာ်အိတ်ထဲမှ အနက် ရောင်ပိုးတောင်မာ များကို ထုတ်ယူလိုက်၏။ ၎င်းပိုးကောင် တို့သည် အလောင်းထံသို့ ချက်ခြင်းပျံသန်းသွားကြသည်။
သို့ရာတွင် သည်ပိုးတောင်မများက အလောင်းနှင့် ပေ တစ်ရာအတွင်းသို့ ရောက်သည်နှင့် သူတို့ခန္ဓာကိုယ်များမှ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာကြ၏။ သည့်နောက် ပိုးတောင်များအားလုံးသည် မျိုးပြုတ်သွားချေ တော့သည်။
သက်လတ်ပိုင်းလူကြီးက တုန်လှုပ်သွားခြင်း မရှိသည့် အပြင် သူ့ပုံစံက ပျော်သည့်ပုံပင် ဖြစ်သွားသေး၏။သူက ဇီရှု အလောင်းကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်၏။ "ဒီ နေရာမှာ ကျိန်းသေ ရတနာတစ်ခု ရှိနေပြီ..." သူက အသက်ဝဝရှူသွင်းကာ သူ့မန္တာန်များကို ဆက်လက်
အသုံးပြုရန် ဟန်ပြင်လိုက်၏။ထိုအခိုက်မှာပင် သူ့နောက် ဘက်မှ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ တော့၏။
ထိုလူက တုန်လှုပ်သွား၏။သူက နောက်သို့ ဆက်ခနဲ လှည့်ကြည့်ကာ သူ့ညာလက်ကို ဝှေ့ယမ်းလိုက်၏။သူ့အင်္ကျီ လက်အိုးထဲမှ အနက်ရောင်တိမ်ထုများ ပျံသန်းထွက်သွား လေသည်။သည်တိမ်တိုက်များသည် အမှန်တော့ ဆန်စေ့ အရွယ် အင်းဆက်ပိုးကောင်များ ဖြစ်ကြလေ၏။ထို့နောက် အနက်ရောင်တိမ်ထုသည် သူ့နောက်ရှိ လူထံသို့ တိုးဝင် သွားချေသည်။
ထိုအခွင့်အရေးကို အသုံးပြုကာ ထိုလူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်၍ တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူက ချက်ခြင်း လေအေးတစ်ချက် ရှိုက်သွင်း လိုက်ရသည်။
သူ့ အနက်ရောင်ချပ်ဝတ်နှင့် လူတစ်ယောက်က နောက်တွင် မားမားရပ်နေကာ ထိုသူ့ကို မွန်းစတားဆန် သော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ဝန်းရံကာ နေ၏။ထိုလူပစ်လွှတ်လိုက်သည့် အင်းဆက်များသည် လည်း သည်လူ့အနား နီးကပ်လာသည်နှင့် ချက်ခြင်း သေဆုံးသွားရတော့သည်။
သက်လတ်ပိုင်းလူကြီးအသွင်က ပြောင်လဲသွားတော့၏။ သူက ခြေလှမ်းအနည်းငယ် နောက်သို့ ဆက်ဆုတ်လိုက်
သည်။သူက လက်နှစ်ဖက်ယှက်ကာ မေးလိုက်၏။ "မိတ်ဆွေက ငါ ငါ့ဂျူနီယာညီလေးခန္ဓာကိုယ်ကို လာယူ တာကို ဘာကြောင့်များ တားဆီးချင်ရတာလဲ..."
"မင်းရဲ့ ဂျူနီယာညီလေးလား..." ချပ်ဝတ်နှင့်လူက ဝမ် လင်းပင် ဖြစ်၏။သူက တည်နေရာရွှေ့ပြောင်းမှုများစွာ ပြုလုပ်ပြီး သည်နေရာသို့ ရောက်လာပြီးနောက် ဝမ်လင်း က ဇီရှုအလောင်းကို ကျေနပ်ပျော်ရွှင်စွာကြည့်နေသည့် သည်သက်လတ်ပိုင်းလူကြီးကို တွေ့မြင်ခဲ့ရ၏။
"ဟုတ်တာပေါ့။ သူက ငါ့ ဂျူနီယာညီလေးပဲ။ငါတို့က ဟီ ယွမ်ကလန်က တပည့်တွေ ဖြစ်ကြတယ်။ ဒီလူ့ကိုတော့ ကျိုးချူလို့ ခေါ်တယ်။ ငါ့နည်မည်ကတော့ ထုံယွမ်ပါ။ ငါတို့ နှစ်ယောက်လုံးက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို အတူ လာခဲ့ကြတာ။လွန်ခဲ့တဲ့ တစ်လက ငါ့ဂျူနီယာညီ ကျိုးနဲ့ ငါက ကွဲသွားခဲ့ကြတာ။ငါကတော့ သူအသတ်ခံခဲ့ရတယ်လို့ မထင်ထားဘူး။ ဂျူနီယာညီလေးရှိမှာသာ ကလန်ရဲ့ ရွှေရောင်
အလင်း ထုတ်လွှတ်ပေးတဲ့ ခြေရာခံအရာဝတ္ထု မ ရှိရင် ငါက ဒီနေ့ သူ့ကို ရှာနိုင်မှာ မဟုတ်ဘူး..."
ထုံယွမ်အသွင်က ဝမ်းနည်းနေသည့်ဟန် ဖြစ်ပေါ် နေသည်။
သည်ထုံယွမ်၏ တုံ့ပြန်မှုအမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။သူက ဝမ်လင်းကို စကားပြောနေချိန်၌ အလွန်ဝမ်းနည်းနေသည့်အသွင်ဖြင့် ပြောလို့နေခြင်းပင်။
သာမန်လူတစ်ယောက်သာ ဆိုလျှင် ထိုလူ၏ လှည့်ဖျားမှု ကို အနည်းနှင့်အများ ခံရမည်သာ ဖြစ်သည်။
ဝမ်လင်းက ထုံယွမ်ကို အေးစက်စွာ ကြည့်သည်။ သည့်နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ ဆက် အနည်းငယ် လျှောက်လာ၏။ထုံယွမ်၏အသွင်က ပြောင်းလဲသွား၏။သူက ဝမ်လင်းထံသို့ စူးစိုက်ကြည့်နေ ရင်း နောက်သို့ ဆုတ်ကာ စိတ်ထဲ၌ တွေးနေမိသည်။
"ဒီလူ ဝတ်ဆင်ထားတဲ့ ချပ်ဝတ်က တော်တော်လေး ကြောက်ဖို့ ကောင်းတယ်။ ဒါ့အပြင် ငါက သူ့ကျင့်ကြံမှု အဆင့်ကိုလည်း မမြင်နိုင်ဘူး။ဒီလူက ကျင့်ကြံသူတစ် ယောက်လား၊ ဒါမှမဟုတ် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရဲ့
ဒေသခံတစ်ယောက်လား ငါ သေချာမသိဘူး။ဒါပေမဲ့ ဒီလူ က ဘယ်လောက်ပဲ စွမ်းအားကောင်းပါစေ အလောင်းနဲ့ ပေ တစ်ရာအတွင်း ရောက်သွားတာနဲ့ သူက သံသယမရှိသေဆုံးသွားရလိမ့်မယ်။ငါက သူ့ကို ဘာမှ လုပ်စရာမလို ဘူး။သူက ဟို ရတနာက ထုတ်လွှတ်နေတဲ့ ရွှေရောင် အလင်းကြောင့်ပဲ သူ့ဟာသူ သေသွားရလိမ့်မယ်။အဲ့ကျမှ ငါက ငါ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုပြီး ဒီရတနာကို သိမ်းယူရမယ်။အဲ့အခါကျရင် အဲ့လူဝတ်ထားတဲ့ ချပ်ဝတ် တောင် ငါဟာ့ ဖြစ်လာလိမ့်မယ်…"
ထုံယွမ်က စိတ်ထဲ၌ နှာခေါင်းရှုံ့သည်။သို့သော် အပြင် ပိုင်းတွင်တော့ သူက ဒေါသထွက်ဟန် ပြုမူလိုက်၏။ သို့ရာတွင် သူက ဝမ်လင်းကို တားဆီးဝံ့ခြင်း မရှိပေ။
ဝမ်လင်းက ရှေ့သို့ ဆက်လျှောက်လှမ်းလာကာ ဇီရှု အလောင်း၏ ပေတစ်ရာအတွင်းသို့ ဝင်ရောက်လာသည်။ သူက ပေတစ်ရာအတွင်းသို့ ဝင်ရောက်လာသည်နှင့် ဇီရှု ထံမှ ရွှေရောင်အလင်းတစ်ချက် ဖျပ်ခနဲ လင်းလက်လာ သည်။သည်ရွှေရောင်အလင်းက ဝမ်လင်းကို အပ်တစ် သောင်းနှင့် ထိုးစိုက်လာသကဲ့သို့ ဖြစ်စေသည်။
ထုံယွမ်က ပျော်ရွှင်လို့သွား၏။သို့ရာတွင် သူက လေအေး တစ်ချက် ချက်ခြင်း ရှိုက်သွင်းလိုက်ရကာ သူ့မျက်လုံးထဲရှိဂုဏ်ယူနေမှုသည်လည်း ရုတ်တရက် ပျောက်ကွယ်သွား၏။
စစ်ခမောက်အောက်ရှိ
ဝမ်လင်းမျက်လုံးများထံမှ
အေးစက်စက် အကြည့်တစ်ခုကို ထုတ်ဖော်လာ၏။သူက လက်ဝှေ့ယမ်းလိုက်ရာ ရွှေရောင်အလင်းသည် ဘေးသို့ လွင့်စင်သွားသည်။ဝမ်လင်းသည် လင်းထျန်ဟူ၏ ဓား စွမ်းအင်နှင့်ပတ်သတ်၍ တစ်ကြိမ် တွေ့ကြုံခဲ့ဖူးပြီးသား ဖြစ်၏။ခုချိန်တွင် သူက နောက်ထပ် ခြေတစ်လှမ်းကို သက် တောင့်သက်သာ လှမ်းလိုက်ကာ ဇီရှုဘေးနားသို့ ရောက်ရှိသွားတော့သည်။
သူ့ခြေလှမ်းက ပေတစ်ရာအပြင်တွင် ရှိနေသည့် ထုံယွမ် အား တုန်လှုပ် ကြောက်လန့်သွားစေသည်။သူက သူ့ အတွက် အခြေအနေမဟန်သည်ကို သဘောပေါက်သွား ကာ ထွက်ပြေးရန် လှည့်လိုက်၏။သို့သော် ထိုအခိုက်မှာပင် သူ့နားထဲသို့ အေးစက်စက်နှာခေါင်းရှုံ့သံတစ်ခု တိုးဝင်လာ လေသည်။
ထုံယွမ်ခန္ဓာကိုယ်က တုန်ယင်သွားကာ ရပ်တန့်သွား၏။ သူက ထွက်ပြေးရန် ကြိုးစားလိုက်သည်နှင့် သံသယမရှိသေဆုံးရလိမ့်မည်ဟု ခံစားမိလိုက်သည်။သေခြင်းတရားက သူ့နှလုံးသားထဲသို့ ဆင်းသက်လာချေ၏။
"မင်းက မင်းဂျူနီယာညီရဲ့ အလောင်းကို မလိုချင်တော့ ဘူးလား..." ဝမ်လင်းက ထိုသို့လှမ်းပြောလိုက်သော်လည်း နောက်သို့ လှည့်ပင် မကြည့်ချေ။
ထုံယွမ်မျက်နှာက ရှုံ့တွသွား၏။သူက ခပ်သွက်သွက် ပြန်ပြောလိုက်၏။ "စီနီယာက ဒါကို လိုချင်တယ်ဆိုရင်
တော့ ကျေကျေနပ်နပ် ယူသွားပါ။ဂျူနီယာက ဘာမှ အထွန့်တက်စရာ မရှိပါဘူး။ငါ့ဂျူနီယာက ကြမ်းတမ်းတဲ့ ဘဝတစ်ခု ရှိခဲ့တယ်။ခုတော့ စီနီယာလို လူမျိုးက သူ့ကို အသုံးပြုလိုတဲ့အတွက် ဒါက သူ့အတွက် ချီးမြှောက်ခံရတာ ဖြစ်တယ်..."
ခုချိန်၌ ထုံယွမ်သည် အမှန်တကယ် ကြောက်ရွှံ့နေခဲ့ပြီ ဖြစ်၏။
ဝမ်လင်းသည် ဇီရှုအလောင်းသို့ ကြည့်နေ၏။ သည့်နောက် သူ့အကြည့်က ဇီရှု၏နှဖူးထက်သို့ ရောက်ရှိသွားသည်။ရွှေရောင်အလင်းက ထွက်ပေါ်နေခြင်းပင်။ သူ့မျက်ခုံးနှစ်ခုကြားမှ
ဝမ်လင်းက သေချာအာရုံစိုက်ကာ ဇီရှု၏ခေါင်းကို ဖြတ် တောက်လိုက်၏။သည့်နောက် သူက ခေါင်းကို ကိုင်ယူကာ မူလမီးတောက်ကို ပါးစပ်အပြည့် ထွေးထုတ်လိုက်၏။
အရောင်မဲ့သော မီးတောက်က ဇီရှုခေါင်းကို ထွေးခြုံသွား ပြီးနောက် စတင်လောင်ကျွမ်းပြီး ထိုခေါင်းကို သန့်စင်မွန်း မလေ၏။
တစ်ခြားတစ်ဖက်တွင်တော့ ထုံယွမ်က သည်အရာများ အားလုံးကို တွေ့မြင်နေရသည်။သူ့နှလုံးသားက နောက်တစ် ကြိမ် တုန်ယင်သွားရပြန်၏။သူက ခါးသီးစွာ တွေးနေ မိသည်။ သူ…သူက မူလမီးတောက်ရှိတဲ့ ကျင့်ကြံသူတစ် ယောက် ဖြစ်ရမယ်။ဒါပေမဲ့ သူက နတ်ဆိုးလမ်းကြောင်းကို
လျှောက်လှမ်းတဲ့ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ ကျင့်ကြံ သူတစ်ယောက်လည်း ဖြစ်ရမယ်။
ဝမ်လင်းက သန့်စင်မွန်းမံခြင်း ခံနေရသည့် ဇီရှုဦးခေါင်း ကို ကြည့်နေသည်။သူ့မျက်လုံးများက တလက်လက် တောက်ပနေ၏။သူက ပိုများသောမူလမီးတောက်များကို ထွေးထုတ်လိုက်ပြန်သည်။သိပ်မကြာခင်တွင် ဇီရှုခေါင်း သည် ပျောက်ကွယ်သွားကာ ရွှေရောင်အလင်းတစ်ခုသာ ကျန်ရစ်တော့၏။
ဝမ်လင်းက ထိုရွှေရောင်အလင်းကို ဖမ်းယူကာ အသက် ဝဝရှူသွင်းလိုက်သည်။ထို့နောက် သူက ၎င်းကို ပါးစပ်နား သို့ ယူကာ ဝါးမြို့လိုက်၏။
သည့်နောက်တွင်တော့ ဝမ်လင်းသည် ဘယ်ခြေထောက် ဖြင့် ဇီရှုခန္ဓာကိုယ်ကို ထုံယွမ်ရှိရာသို့ ကန်ထုတ်လိုက်၏။ သူက ပြောလိုက်သည်။ "ဒါက မင်းရဲ့ ဂျူနီယာညီလေးရဲ့ ခန္ဓာကိုယ်ပဲ။သူ့ကို ကောင်းကောင်း မြုပ်နှံ့ပေးလိုက်ပါ..."
ထုံယွမ်၏မျက်နှာက အလွန်ဖြူရောသွားသည်။သူက ထို အလောင်းကို လျင်မြန်စွာ ဖမ်းယူကာ ပြောလိုက်၏။ “ဟုတ်...ကျေးဇူးတင်ပါတယ်...စီနီယာ။ကျေးဇူးပါ စီနီ מ..."
သူက ထိုအလောင်းကို သယ်ကာ အလျင်အမြန် ထွက်ခွာ သွားတော့သည်။
သူက ဝမ်လင်းနှင့် ကီလိုမီတာများစွာ ဝေးသောနေရာ
ရောက်မှ စိတ်သက်သာရာရတော့သည်။ သူ့တစ်ကိုယ်လုံး သည်လည်း ချွေးများနှင့် ရွှဲနစ်ကာနေသည်။သူက သူ့လက် ထဲရှိ အလောင်းကို ကြည့်ကာ မုန်းတီးစွာ ခံစားလိုက်ရ၏။ သည့်နောက် ယင်းအလောင်းကို ဘေးသို့ လွှင့်ပစ်လိုက်လေ သည်။ထို့နောက် သူက ညာလက်ကိုဝှေ့ယမ်းလိုက်ရာ အနက်ရောင်တိမ်ထုကြီး တစ်ခု ပေါ်လာချေသည်။သည် အနက်ရောင်တိမ်ထုက အလောင်းကို ဖုံးအုပ်သွားပြီး မျက်စိတစ်မှိတ်အတွင်း အလောင်းတစ်ခုလုံးသည် အရိုးမ ကျန် ဝါးမြိုခြင်း ခံလိုက်ရတော့သည်။
"ဒါတွေအားလုံးက ဒီအလောင်းအမှားကြောင့် ဖြစ်ရ တာ။ငါက အဲ့နေရာမှာ အသက်ဆုံးရှုံးတော့မလို့ပဲ။ အဲ့စီနီ ယာရဲ့ ကျင့်ကြံမှုအဆင့်က မြင့်မားပေမဲ့လည်း သူ့အတွေး ကတော့ နည်းနည်းလိုသေးတယ်။သူက ဒီလူဟာ ငါ့ဂျူနီ ယာညီ ဖြစ်တယ်လို့ တကယ်ထင်နေခဲ့တာပဲ..."
ထုံယွမ်က မြေကြီးပေါ်သို့ သတွေး ပက်ခနဲ ထွေး လိုက်၏။သူက ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးမိကာ ကြောက် ရွှံ့မှုကို ခံစားရသည်။
လင်းထျန်ဟူ၏ဓားစွမ်းအင်ကို ဝါးမြိုပြီးသည့်နောက် ဝမ် လင်းခန္ဓာကိုယ်သည် မြေကြီးထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။သူက မြေအောက်တွင် ကြာပွင့်သဏ္ဌာန် ထိုင်ချကာ တိတ်ဆိတ်စွာ ဆက်လက် မွန်းမံနေ၏။
အချိန်တစ်ခုမပေးပါက လင်းထျန်ဟူ၏ဓားစွမ်းအင်ကို
သူ့ကိုယ်ပိုင်အဖြစ် ပြုလုပ်နိုင်ရန် ခက်ခက်ပေလိမ့်မည်။
မြေကြီးအောက်၌ ဝမ်လင်းက နတ်ဘုရားအာရုံကို ဖြန့် ကျက်ကြည့်လိုက်ရာ သိပ်မဝေးသော နေရာတွင် နောက်ထပ်နတ်ဘုရားအာရုံတစ်ခု ရှိနေသည်ကို တွေ့လိုက် ရ၏။သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။သည့်နောက် သူ့ လက်ကို မြေအောက်ထဲ၌ ဆန့်ထုတ်လိုက်ရာ အကွာ အဝေးတစ်ခုရှိ ဓားစွမ်းအင်သည် ချက်ခြင်း ရုန်းကန်လာ သည်ကို တွေ့လိုက်ရ၏။ထို့နောက် ၎င်းက ဧရာမကြွက်ကြီး တစ်ကောင်အဖြစ်သို့ ပြောင်း၍ ဝမ်လင်းအား ဟိန်း လိုက်၏။
ဝမ်လင်းက အံ့အားသင့်သွား၏။သူက သူ့အာဏာတက် ခြင်းကျင့်ကြံမှုအော်ရာကို ထုတ်လွှတ်လိုက်ရာ ထိုကြွက် သည် နာကျင်စွာအော်ဟစ်လိုက်ရကာ ဝမ်လင်း၏ ဖမ်းဆီး ခြင်းကို ခံလိုက်ရသည်။
ဝမ်လင်းရှေ့၌ ပေါ်လာသည့်အရာက ရိုးရှင်းသော ရှေးဟောင်းဓားတစ်လက်ပင် ဖြစ်၏။ဓားပေါ်၌ ဝမ်လင်း အား စူးရဲစွာ ကြည့်နေသည့် အနက်ရောင်ကြွက်တစ် ကောင် ရှိလို့နေသည်။
"ဇီရှုရဲ့ဓား..." ဝမ်လင်းက ပြုံးလိုက်၏။သူက ဇီရှုကို သတ်ခဲ့သည့်အချိန်၌ သူ့မူလစိတ်ဝိညာဉ်သည် ရူးသွပ်နေ သည့်အနေထားတွင် ရှိနေ၏။ထို့ကြောင့် သူက ဓားကိုဖမ်း ဆုပ်ကာ လွှင့်ပစ်ခဲ့ခြင်းပင်။ခု နောက်မှ ပြန်တွေးမိကာ
သူက အလွန်နောင်တရစွာ ခံစားခဲ့ရ၏။သို့ရာတွင် ယနေ့၌ သူသည် လင်းထျန်ဟူ၏ မူလစိတ်ဝိညာဉ်ကို ရသည့်အပြင် ဇီရှု၏ဓားကိုပါ ရှာတွေ့နိုင်ခဲ့ပေသည်။
"ဓားသူတော်စင် လင်းထျန်ဟူ။တစ်နေ့ ငါ ဝမ်လင်းက ဓားဆယ့်နှစ်လက်လုံး ယူဆောင်နိုင်ရင် သင် ဘယ်လိုများ ເຊຍ..."
ဝမ်လင်းက ဓားကို ဆွဲကိုင်ကာ သူ့ကိုယ်ပိုင်နတ်ဘုရား အာရုံကို ယင်းဓားပေါ်၌ ခပ်နှိပ်ပြီးနောက် သိုလှောင်အိတ် ထဲသို့ ထည့်ထားလိုက်တော့သည်။
လင်းထျန်ဟူ၏ တပည့် ဓားဆယ့်နှစ်လက်၏ ရတနာဓား များက ရိုးရှင်းလှခြင်း မရှိပေ။ဓားဆယ့်နှစ်လက်၏ ကျင့်ကြံမှုသည် ထိုရတနာဓားများ၏ စွမ်းအားအပြည့် ထုတ်ဖော်အသုံးပြုနိုင်ရန် လုံလောက်ခြင်း မရှိပေ။ သို့ရာတွင် ဝမ်လင်းလက်ထဲတွင် ထိုအရာက ခြားနားသွားခဲ့ ပေပြီ။
ဝမ်လင်းက မြေအောက်၌ တစ်လတိတိ ကုန်ဆုံးပြီး နောက် ဓားစွမ်းအင်ကို သန့်စင်မွန်းမံနိုင်ခဲ့၏။ခုချိန်၌ သူက ဓားစွမ်းအင်ကို ကိုယ်ပိုင်အဖြစ် အသုံးပြုနိုင်ပြီ ဖြစ်သည်။ ထိုအရာက သူ သိမ်းဆည်းထားခဲ့သော မိုယန်၏ ဓား စွမ်းအင်နှင့် မတူညီချေ။မိုယန်၏ ဓားစွမ်းအင်က ပြင်ပသို့ ထုတ်ဖော်လိုက်သည်နှင့် တစ်ကြိမ်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
ဇီရှုဓားစွမ်းအင်ကို သန့်စင်ပြီးသည့်နောက်တွင်တော့ ဝမ် လင်းသည် ၎င်းစွမ်းအင်ကို သူဆန္ဒရှိသလို ထုတ်လွှတ်နိုင် သလို ပြန်သိမ်းဆည်းမှုကိုလည်း ပြုလုပ်နိုင်ပြီ ဖြစ်သည်။ သူက ဤဓားစွမ်းအင်ကို မတူညီသော ဓားစွမ်းအင် ဆယ် မျိုးလောက်ထိ ခွဲထွက်ကာ အသုံးပြုနိုင်ပြီ ဖြစ်၏။တကယ် တော့ သူသာ ထိုစွမ်းအင်ကို တစ်ပေါင်းတစ်စည်းတည်း အသုံးပြုပါက လင်းထျန်ဟူ ဓားစွမ်းအင်တန်း၏ အံ့မခန်း စွမ်းအားကို ယှဉ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ရလဒ်အနေဖြင့် ယခုဓားစွမ်းအင်သည် ပို၍ ဓားစွမ်းအင်နှင့် သင့်တင့်ကောင်းမွန်လှ၏။အရင်က နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီးလောက် ကွာခြား သွားခဲ့ပြီ ဖြစ်သည်။ဓားဆယ့်နှစ်လက်တွင် အများစုသည် လင်းထျန်ဟူ သူတို့အား ပေးခဲ့သော ဓားစွမ်းအင်ကို တစ် ကြိမ်သာ အသုံးပြုနိုင်ကြ၏။သူတို့က ထိုစွမ်းအင်ကို ဆန္ဒရှိသလို ထုတ်လွှတ်လိုက် ပြန်သိမ်းဆည်းလိုက် လုပ်နိုင်စွမ်း မရှိကြပေ။
သို့သော် ဝမ်လင်းကတော့ အာဏာတက်ခြင်းအဆင့် အစောပိုင်းအဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည့်အတွက် ထိုသို့ လုပ်နိုင်ပေ၏။
ထိုသို့ ပြုလုပ်ခြင်းဖြင့် ဓားသူတော်စင်လင်းထျန်ဟူသည် သူ့တပည့်များကို ရှေ့ဖြစ်ဟောသူ၏ တပည့်များထက် ပို၍ ကာကွယ်ပေးနိုင်စွမ်း ရှိမည် ဖြစ်၏။ရှေ့ဖြစ်ဟောသူ သူ့ တပည့်များကို အသက်ကယ်ရတနာများ ပေးထားချိန်၌ လ
င်းထျန်ဟူသည် သူ့တပည့်များကို အားကောင်းသော ဓား စွမ်းအင်တန်းတစ်ခုစီ ပေးထားခဲ့ပေသည်။
သည့်အပြင် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေကို ဝင်ရောက် ရာ၌ လင်းထျန်ဟူသည် သူ့တပည့်များကို ကာကွယ်ပေးရန် အတွက် လောဘကြီးကိုပါ အထဲသို့ လိုက်ပါဝင်ရောက်နိုင် ရန် စီစဉ်ပေးခဲ့၏။သို့သော် ရှေ့ဖြစ်ဟောသူကတော့ ထိုသို့ မပြုလုပ်ခဲ့ချေ။
ထိုသို့ လုပ်ဆောင်သော အရာများက သူတို့၏ အသီးသီး သောတာအိုများနှင့် သက်ဆိုင်ပေ၏။လင်းထျန်ဟူ၏ တာ အိုသည် ကြီးစိုးလွှမ်းမိုးသည့် တာအို ဖြစ်၏။ထိုတာအိုက သူ့ကို သူ့တပည့်များအား အခြားပြင်ပကလူများ လာ ရောက် နှောက်ယှက်ခွင့်မပြုစေရန် အလွန်အမင်း ကာ ကွယ်ပေးထားမှုကို ဖြစ်ပေါ်စေ၏။
မည်သည့် သူစိမ်းတရံကမှ တာ့လော့ဓားကလန်၏ တပည့်များကို အနိုင်ကျင်ခွင့် မပေးလိုခြင်းသာ ဖြစ်၏။ ထို့ကြောင့်လည်း တာ့လော့ဓားကလန်က နာမည်စိုးရှိကြ၏။သို့သော် ထိုကလန်၏ တပည့်များအားလုံးကတော့ လင်းထျန်ဟူအပေါ်အလွန်အမင်း ရိုသေလေးစားကြပေ၏။
ကောင်းကင်ကံကြမ္မာကလန်ကတော့ ထိုကလန်နှင့် ဆန့်ကျင်ဘက်ပင်။ရှေ့ဖြစ်ဟောသူ၏ တာအိုက ကောင်းကင်ဘုံ၏စိတ်ဆန္ဒနောက်ကို လိုက်ပါခြင်း ဖြစ်၏။ သူက ကောင်းကင်ဘုံအတိုင်း အလိုကျ အလိုက်သင့်
ကျင့်ကြံသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။သူ့တပည့် များ၏ သေခြင်းရှင်ခြင်းကို ကောင်းကင်ဘုံကသာ ဆုံးဖြတ် ပေလိမ့်မည်။ကံကြမ္မာကသာ သူတို့၏ ခွန်အားကို ဆုံးဖြတ် စေလိမ့်မည် ဖြစ်၏။
ကောင်းကင်ကလန်က ထိုသို့ လုပ်ဆောင်သည့်အတွက် များစွာသောကျွမ်းကျင်သူများကို ပိုင်ဆိုင်ကြသည်။ ထို့ကြောင့်လည်း အစစ်အမှန်တပည့်ခုနစ်ယောက်အားလုံး သည် စွမ်းအားကောင်းလှခြင်း ဖြစ်သည်။ကလန်အတွင်း၌ မရေမတွက်နိုင်သောလူများသည် သေခြင်းရှင်ခြင်း အခြေအနေများကို ဖြတ်ကျော်ခဲ့ရသည်သာ ဖြစ်၏။
ဝမ်လင်း မြေအောက်တွင် ကျင့်ကြံနေသည့် တစ်လ အတွင်း နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေတွင် အဖြစ်အပျက် ကြီးတစ်ခု ဖြစ်ပွားသွားခဲ့၏။ထိုကိစ္စကြောင့် ပြင်ပကျင့်ကြံ သူတစ်ယောက်စီတိုင်း နီးပါးသည် သူတို့၏ အသီးသီးသော အနေထားများကို ထားခဲ့ကာ မီးနတ်ဆိုးနိုင်ငံနှင့် ကောင်းကင်နတ်ဆိုးနိုင်ငံသို့ ဝရောသုန်းကား ရောက်လာ နေကြပေသည်။
ကောင်းကင်နတ်ဆိုးနိုင်ငံက တပ်သား သန်းသုံးဆယ်ကို စုစည်းစေကာ မီးနတ်ဆိုးနိုင်ငံထံသို့ တရားဝင် စစ်ကြေငြာ ခဲ့ခြင်းပင် ဖြစ်ပေတော့သည်။
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ စစ်ပွဲများက တွေ့ရှိရများ တက်သော်လည်း အငယ်စား တိုက်ပွဲများလောက်သာ
ဖြစ်၏။နိုင်ငံနှစ်ခုကြား စစ်ပွဲကြီးကတော့ အလွန် ဖြစ် တောင့်ဖြစ်ခဲပင်။
ကျင်ကြံသူများ နှစ်ပေါင်းငါးထောင်ကြာလို့ ပေါ်လာတိုင်း လည်း နိုင်ငံကိုးခုကြားတွင် အချို့သော စစ်ပွဲလောက်မျှသာ ဖြစ်ခဲ့ပေသည်။နိုင်ငံနှစ်ခုကြား သေခြင်းရှင်ခြင်းလိုမျိုး စစ်ပွဲမျိုးကတော့ ရှားပါးလွန်းလှပေ၏။
ထိုသို့ ဖြစ်ခဲလှသည့် အကြောင်းမှာ နိုင်ငံကိုးခုကြား မျှ ခြေကို ပျက်ယွင်းသွားပြီး မခန့်မှန်းနိုင်သည့် အပြောင်းအလဲတစ်ခု ဖြစ်သွားစေ နိုင်သောကြောင့်ပင် ဖြစ်သည်။
သို့ရာတွင် ကျင့်ကြံသူများအတွက်တော့ ထိုအရာက ဘုရားပေးသည့် အခွင့်အလမ်းပင်။ဤသို့သော စစ်ပွဲက သူ တို့အတွက် အကျိုးရလဒ်များ ရရှိနိုင်ရန် အမြန်ဆုံး နည်း လမ်း ဖြစ်နေသည် မဟုတ်လော။
ကောင်းကင်နတ်ဆိုးနိုင်ငံ၏ ဗိုလ်ချုပ်မှူးရှစ်ယောက်နှင့် ဒုဗိုလ်ချုပ်မှူးရှစ်ယောက်တို့သည် တပ်ဖြန့်ထားခဲ့ကြပြီ ဖြစ်သည်။ဒုဗိုလ်ချုပ်မှူးအသစ်နှစ်ယောက်သည် မိုလီဟိုင် နှင့် နံပါတ်တစ် နတ်ဆိုးဗိုလ်ချုပ် မိုဖန် တို့ပင် ဖြစ်ကြ လေ၏။
ထိုအရာများအပြင် ကောင်းကင်နတ်ဆိုးနိုင်ငံ၏ နတ်ဆိုး အင်ပါယာကိုယ်တိုင် စစ်တပ်အား ဦးဆောင်မည် ဖြစ်၏။
စစ်တပ်တစ်ခုလုံးကို သုံးပိုင်းခွဲထားပေ၏။ထို စစ်တပ်
သုံးခုသည် မီးနတ်ဆိုးနိုင်ငံသို့ မတူညီသည့် နေရာသုံးခု ကတော့ ချီတက်ကာ စစ်ပွဲကို ဆင်နွှဲ၍ လမ်းတစ်လျှောက် သတ်ဖြတ်မှုများကို ပြုလုပ်ကြပေမည်။ထို့နောက် ယင်း စစ်တပ်သုံးခုသည် မီးနတ်ဆိုးနိုင်ငံ၏ မြို့တော် ပြင်ပ၌ ပြန်လည် စုဝေး တွေ့ဆုံကြပေမည်။
မြေအောက်ထဲမှ ဝမ်လင်းထွက်လာသည့်နေ့သည် ကောင်းကင်နတ်ဆိုးနိုင်ငံ၏ စစ်တပ်က မီးနတ်ဆိုးနိုင်ငံ၏ နယ်စပ်သို့ ဝင်ရောက်လာသည့်နေ့ပင် ဖြစ်နေသည်။
သူက မြေကြီးထဲမှ ထွက်လာသည်နှင့် ဝမ်လင်းသည် လေထုထဲ၌ ထူထဲသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ခံစားမိလိုက်၏။ထိုသတ်ဖြတ်မှု စိတ်ဆန္ဒသည် လူတစ် ယောက်ထံမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ သန်းနှင့်ချီသော လူများထံမှ ဖြစ်ပေါ်လာခြင်းပင်။သည် သတ်ဖြတ်ခြင်းစိတ် ဆန္ဒအောက်၌ ကောင်းကင်ပင် မှိန်ဖျော့သွားသည်ဟု ထင်မှတ်ရ၏။
ကောင်းကင်ထက်ရှိ အဖြူရောင်တိမ်များအစား အနက် ရောင်တိမ်ထုက အစားဝင်လာခဲ့၏။သည့်နောက် မိုးများ စတင်ရွာသွန်းလာလေသည်။
ဝမ်လင်းက ခေါင်းမော့ကာ ကောင်းကင်ထက်သို့ ကြည့်၏။သူက စဉ်းစားနေပြီးနောက် ခပ်တိုးတိုး ရေရွတ် လိုက်လေသည်။ "ရှေးဟောင်းနတ်ဆိုးက သေချာပေါက် ဆုံးဖြတ်ပြီးသွားပြီပဲ။မရေမတွက်နိုင်တဲ့ နှစ်တွေ
စောင့်ဆိုင်းလာတဲ့သူ့ စိတ်ရှည်သည်းခံမှုက အကန့်အသတ် ရောက်လာခဲ့ပြီ။ ဒီလိုဖြစ်လာတော့ ငါက ပိုဂရုစိုက်ရတော့ ως..."
"ဒါပေမဲ့...ဒီစစ်ပွဲက ငါနဲ့ အများကြီး မသက်ဆိုင်ဘူး။ခု ချိန်မှာ အရေးကြီးဆုံးက ငါက ဓားသူတော်စင်လင်းထျန်ဟူ ရဲ့ ကျန်နေသေးတဲ့ တပည့်ဆယ်ယောက်ကို သတ်ပစ်နိုင်ဖို့နဲ့ သူတို့ရဲ့ ဓားစွမ်းအင်တွေကို ရယူနိုင်ဖို့ပဲ ဖြစ်တယ်။အဲ့တာ ပြီးရင် ငါက မရေမတွက်နိုင်သော သတ်ဖြတ်ခြင်းစွမ်းအင် အမျှင်တန်းတွေကိုလည်း သန့်စင်ဖို့ လိုမယ်။ဒီအရာတွေ လုပ်နိုင်ပြီးရင်တော့ ငါက ဒီနတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ မှာတောင် ခြေကုပ်ကောင်းကောင်း ရဖို့ စွမ်းရည် ရှိလာ လိမ့်မယ်..."
"ငါက ဟိုလှိုဏ်ဂူထဲကိုလည်း ဆက်ပြီး ရှာဖွေတူးဖော် ကြည့်ဖို့ လိုသေးတယ်။ဖြစ်နိုင်တာက အဲ့လှိုဏ်ဂူမှာတောင် ရတနာတွေ ပိုများများ ရှိနေနိုင်လောက်တယ်..."
ဝမ်လင်းက မျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ရှေ့ သို့ ခြေတစ်လှမ်းလှမ်းပြီး ပျောက်ကွယ်သွားတော့၏။
ဝမ်လင်းက ပျံသန်းနေရင်း စဉ်းစားလို့နေ၏။
"အရင်တုန်းက မိုဖန်ရဲ့ဘေးမှာ ဓားသူတော်စင်ရဲ့ တပည့် နှစ်ယောက်ရှိတာ ငါ တွေ့ခဲ့တယ်။သူတို့က ငါ့ ပစ်မှတ်ပဲ။ ဒါပေမဲ့ ဒီမိုဖန်က နည်းနည်း ထူးဆန်းနေတယ်...။ဟုန် အကျဉ်းထောင်ထဲမှာ ရှိနေတဲ့
ဆံပင်အနက်ရောင်နဲ့လူက
လည်း သူနဲ့ တော်တော်လေး ဆင်တူနေတယ်။ ငါ စိုးရိမ်မိတာက ဒီအရာတွေ အားလုံးနောက်မှာ ထူးဆန်းတာ တစ်ခုခု ရှိနေမှာကိုပဲ..."
မိုးကုပ်စက်ဝိုင်းစွန်း၌ ဖုန်လိပ်များတက်လာ၏။ရွာသွန်း နေသောမိုးပင် ထိုဖုန်ထုအား ခဏတာ ဖိနှိပ်နိုင်စွမ်း မရှိဖြစ်ရသည်။မရေမတွက်နိုင်သော တပ်သားများသည် မြင်း များဖြင့် ဖုန်များတလိပ်လိပ်ကြား၌ တဟုန်ထိုး ချီတက်လာ ကြသည်။သူတို့အားလုံးက သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကို ထုတ်လွှတ်ထားကြ၏။
မျှော်စင်တစ်ခုသည်လည်း ထိုနတ်ဆိုးတပ်သားများ၏ အထက်၌ စစ်တပ်နှင့်အတူ ရွှေ့လျားလာနေ၏။
ထိုမျှော်စင်ပတ်လည်၌ အားကောင်းသောအကြည့်များ နှင့် နတ်ဆိုးတပ်သားများစွာ ရှိနေကြသည်။
ထိုအခိုက်အတန့်မှာပင် မိုးကုပ်စက်ဝိုင်းစွန်းမျ အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ စစ်တပ်ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လို့လာသည်။အလင်းတန်း အနားသို့ မရောက်ခင်မှာပင် လူတစ်ယောက်သည် မျှော်စင် ထံမှ လှမ်းလျှောက်၍ ထွက်လာ၏။ထိုလူ၏ ဝတ်စား
ဆင်ယင်မှုသည် သာမန်သာ ဖြစ်သော်လည်း သူ့ထံမှ ခန့်ညားထည်ဝါမှုကို ပေးစွမ်းကာနေ၏။
သူက အကွာအဝေးတစ်ခုမှ အလင်းတန်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။ "အကိုဝမ်...အဆင်ပြေရဲ့လား..."
ထိုအလင်းတန်းက မျှော်စင်အပြင်ဘက်၌ ဝမ်လင်းအဖြစ် သို့ ပြောင်းလဲသွား၏။သူက မျှော်စင်ထဲမှ ထွက်လာသည့်လူ ကို ကြည့်လိုက်သည်။ဝမ်လင်းက ထိုလူ့ကို ကြည့်ကာ အံ့အားသင့်သွားခြင်းမရှိဘဲ ပြောလိုက်၏။ "ဝမ်လင်းက နတ်ဆိုးအင်ပါယာကို နှုတ်ဆက်ပါတယ်..."
ထိုလူသည် ဝမ်လင်းနှင့်အတူ တစ်ညလုံး လှေပေါ်တွင် အရက်အတူ သောက်ခဲ့သော လူငယ်ပင် ဖြစ်သည်။အတိတ် တုန်းက ဝမ်လင်းသည် ထိုလူ့ထံမှ မည်သည့် နတ်ဆိုးစိတ် ဝိညာဉ်စွမ်းအင်ကိုမျှ ဖြတ်မြင်နိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။ သို့သော် သူက သည်လူနှင့်ပတ်သတ်၍ သာမာန်မဟုတ် ကြောင်း ရေးတေးတေးခံစားမိခဲ့ပေသည်။
သူက ထိုလူ့ကို အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ် ယောက်အနေဖြင့် ထပ်မံမြင်တွေ့ရချိန်တွင်တော့ အချို့ အရာများကို မြင်တွေ့နိုင်စွမ်း ရှိလာခဲ့ပြီ ဖြစ်သည်။ထိုလူ၏ ဒန်တျန်ထဲ၌ လက်သီးစုပ်ခန့် နတ်ဆိုးသလင်းကျောက် တစ်လုံး ရှိလို့နေသည်။သည် နတ်ဆိုးသလင်းကျောက်က သာမာန်ဟုထင်ရကာ မည်သည့်နတ်ဆိုးစိတ်ဝိညာဉ် စွမ်းအင်ကိုမျှ မပေးစွမ်းနေသော်လည်း ထိုသလင်းကျောက်
က ဝမ်လင်းက များစွာ အာရုံစိုက်မိစေသည်။
ဝမ်လင်းက ထိုလူ့ကို သေချာကြည့်ရှုနေရင်း သူသည် လည်း ဝမ်လင်းကို ပြန်လည် စမ်းစစ်ကြည့်လို့နေသည်။ သူက ပြုံး၍ ဆိုလာ၏။ "အကိုဝမ်လက အရမ်းယဉ်ကျေး နေစရာ မလိုပါဘူး။သင်က ဘိုးဘေးညွှန်းဆိုထားတဲ့ တမန် တော်ပဲ။သင့်ရဲ့ အဆင့်အတန်းက ငါနဲ့တူတူပါပဲ။ ဒါ့ကြောင့် အကိုဝမ်က ငါ့ကို ဂူယွမ်သွမ်းလို့ နာမည်ပဲ ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ ငါနည်းနည်း မတင်မကျ ဖြစ်မိတာက အကိုဝမ်က ငါ့ကို နတ်ဆိုးအင်ပါယာမှန်း ဘယ်လိုလုပ် သိတာလဲ..."
ဝမ်လင်းက ပြုံး၍ ပြောလိုက်၏။ "အရင်တုန်းကတော့ ငါ သံသယရှိရုံပါပဲ။ဒီနေ့ ငါ အကိုဂူကို ထပ်တွေ့ရတော့ ငါ့ အတွက် သေချာသွားတာပါ..."
ဝမ်လင်းက ထိုသို့ပြောဆိုလိုက်ပြီးနောက် သူ့သိုလှောင် အိတ်ထဲမှ နတ်ဘုရားအာရုံတစ်ခုသည် သူ့အား စကားဆို လာ၏။
"အရှင်...အရှင်ကို ငါ ရှုလီကောက အရမ်းလေးစားပါ တယ်။ဆရာ့မှာ အရမ်းချစ်တဲ့ ချစ်သူနှစ်ယောက်ကို ပေါင်းစည်းပေးဖို့ ခွင့်ပြုနိုင်တဲ့ နှလုံးသား ရှိတယ်မလား။ အရှင် ငါက အလှလေးကို မတွေ့ရတာ ဆယ်နှစ်တောင် ကြာခဲ့ပါပြီ...ငါ..."
ဝမ်လင်းက မျက်မှောင်ကြုတ်သွားရင်း သိုလှောင်အိတ် ကို ပုတ်လိုက်ရာ ရူလီကောသည် ချက်ခြင်း ပျံသန်းထွက်
လာတော့သည်။
သည်တစ်ကြိမ်၌ သူက လိမ်မာပါးနပ်သွားပေပြီ။သူက ဝမ်လင်း ဒေါသထွက်သွားမှာ ဆိုးသည့်အတွက် သူ ကိုယ်တိုင်သာ ထွက်လာ၍ ကောင်းကင်ဘုံဓားကို ယူဆောင်လာခြင်း မပြုပေ။
သူထွက်ပေါ်လာသည်နှင့် သူက သူ့မူလအသွင်ကို ပြောင်းကာ နတ်ဆိုးအင်ပါယာအား လေးစားစွာ စူးစမ်း လေ၏။အချိန်အတန်ကြာ ကြည့်ရှုပြီးသည့်နောက် သူက နတ်ဆိုးအင်ပါယာ၏ဓားကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေသည်။ သူက အကူအညီမဲ့ဟန်ဖြင့် သက်ပြင်းချမိသည်။ "အလှ လေးနဲ့ငါက ဆုံတွေ့ဖို့ ကံမပါတာများလား။ငါတို့က တစ် ယောက်နဲ့ တစ်ယောက် မတွေ့ရတာ ဆယ်နှစ်ရှိခဲ့ပြီ။ဒါက တစ်သက်လုံး ကြာမြင့်သလိုပဲ..."(🤣
ရှုလီကောက ခုလိုမျိုး နူးနူးညံညံ ပြောသည်မှာ ရှားလွန်း လှ၏။သို့သော် ဝမ်လင်းနားထဲ၌ သူ့အသံသည် နားကလော် လှ၏။သူက နတ်ဆိုးအင်ပါယာထံသို့ လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ "အကိုဂူ..သူကက ငါ့ဓားစိတ်ဝိညာဉ်ပါ။ သူက သင့်ရဲ့ ဓားစိတ်ဝိညာဉ်နဲ့ အချို့ နားလည်မှုလွဲနေတာ လေး ရှိလို့နေတယ်...
နတ်ဆိုးအင်ပါယာက ရှုလီကောကို ကြည့်ကာ ပြော လိုက်၏။ "ပြဿနာမရှိပါဘူး။ ငါက ငါ့တူမ လွန်ခဲ့တဲ့ ဆယ် နှစ်လုံးလုံး မုန်းတီးနေတဲ့ ဓားစိတ်ဝိညာဉ်ကို သိပြီးသား
သူက ထိုသို့ပြော်ဆိုရင်း လေဟာနယ်ထဲသို့ လက် ဆန့်တန်းလိုက်ရာ အက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လို့ လာ၏။လေဟာနယ်က ပွင့်ဟသွားကာ နတ်ဆိုးအင်ပါ ယာ၏ဓားသည် ပျံသန်းထွက်လာချေသည်။
"နင်ပဲ…" ထိုဓားပေါ်လာသည့်အခိုက်မှာပင် ၎င်းက တုန်ခါကာ ဓားတေးသံတစ်ခုကို ထုတ်လွှတ်လာသည်။ သည့်နောက် ထိုဓားသည် ရှုလီကောကအား ပိုင်းချလိုက်ရာ ဓားစွမ်းအင်တစ်ခုသည် ပျံသန်းထွက်လာတော့၏။
ရှုလီကောကမျက်လုံးထဲရှိ အကူအညီမဲ့နေမှုက ချက်ခြင်း ပြန်ပျောက်ကွယ်သွားသည်။ကံကောင်းစွာဖြင့် သူက အလှ လေး၏ သခင်က သည်နေရာတွင် ရှိနေသည်ကို သိထား၏။ ထို့ကြောင့်သာ သူက သူ့မျက်လုံးထဲရှိ တွယ်ငြိမှု ရမ္မက်ကို ဖိနှိပ်ထားနိုင်လိုက်သည်။သူက အချစ်နာကျနေ သည့်အသွင်ဖြင့် နတ်ဆိုးအင်ပါယာဓားထံသို့ ပြော လိုက်၏။ "အချစ်လေး..ငါတို့မတွေ့ရတာ ဆယ်နှစ်တောင် ရှိနေပြီ။ငါက နင့်ကို အရမ်းလွမ်းဆွတ်နေခဲ့ရတာ..."(သူအရမ်းချစ်တတ်🤣
သူက ထိုသို့ပြောဆိုရင်း ဓားစွမ်းအင်ကို ရှောင်တိမ်း လိုက်လေ၏။
ရှုလီကောက သူ့စိတ်ဝိညာဉ်သပ်သပ်အဖြစ်သာ ထွက် ပေါ်လာခြင်း ဖြစ်သည့်အတွက် ထိုဓားစွမ်းအင်ကို ရှောင်တိမ်းရန် နည်းနည်းအခက်တွေ့သွားရသည်။
ဝမ်လင်းမျက်လုံးက အေးစက်လို့သွားသည်။ ရှုလီကော က ဓားစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်သော်လည်း သူ့ပိုင်ဆိုင် သည့်အရာ ဖြစ်သည်။သူကသာ ရှုလီကောကို သူကြိုက် သလို ဆက်ဆံမည် ဖြစ်သော်လည်း အခြားလူများကိုတော့ ထိုသို့ လုပ်ခွင့်ပေးမည် မဟုတ်ပေ။ (ရှီလိကော်အပေါ်သူသံယောဇဥ်ရှိ🤭)
သူက နတ်ဆိုးအင်ပါယာဓားက နောက်တစ်ဖန် တိုက်ခိုက်ဟန် ပြင်လိုက်ကာ နတ်ဆိုးအင်ပါယာသည် လည်း သူမကို တားဆီးခြင်း မပြုသည့်အခါ ဝမ်လင်း အသွင်က မကျေမချမ်း ဖြစ်သွား၏။သူက လက်ဝှေ့ယမ်း လိုက်ရာ ထူးဆန်းသောလေပြင်းတစ်ခုက အင်ပါယာဓား တစ်လျှောက် တုန်ယင်သွားစေ၏။ စီးမြောသွားသည်။ထိုအရာက ဓားကို
"ဒီအော်ရာ...နင်ပဲ...။နင်က ငါ့အတွက် အစာသပ်သပ် ပဲ။ကောင်းတယ်...နင်တို့နှစ်ယောက်လုံး ကောင်းတယ်..." အတူရှိနေတာ
အင်ပါယာဓားထက်မှ အမျိုးသမီးငယ်တစ်ယောက်၏ ပုံ ရိပ်တစ်ခု ပေါ်ထွက်လာ၏။သူမက ဝမ်လင်းနှင့်ရှုလီကော တို့ထံ ကြမ်းကြုတ်စွာ ကြည့်၏။ထို့နောက် အင်ပါယာဓား ကို အသက်သွင်းလိုက်သည်။ချက်ခြင်းပင် ပတ်ဝန်းကျင်က ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်ကာ ၎င်းဓားသည် ဝမ်လင်းထံသို့ တိုးဝင်လာ၏။
ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ အေးစက်
စွာ နှာခေါင်းရှုံ့သည်။ခုချိန်၌ သူက အာဏာတက်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။သူက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်ထက် များစွာ သန်မာ လာခဲ့ပြီ မဟုတ်လော။အတိတ်တုန်းက သူသည် အင်ပါယာ ဓားကို အမှန်ပင် ထိတ်လန့်ခဲ့ရ၏။သိုသော် ခုချိန်၌ သူက ဓားတစ်လက်လောက်မျှကို ဘာကြောင့် ကြောက်လန့်နေရ ဦးမည်နည်း။
အေးစက်စက်နှာခေါင်းရှုံ့သံက ဓားစွမ်းအင်အားလုံးကို ပြိုပျက်သွားစေသည်။အင်ပါယာဓာသည့် နောက်တစ်ဖန် တိုက်ခိုက်ရန် ကြံရွယ်လိုက်၏။သို့သော နတ်ဆိုးအင်ပါယာ သည် လက်ဆန့်ထုတ်ကာ ၎င်းဓားကို ဖမ်းယူလိုက်၏။
နတ်ဆိုးအင်ပါယာ ဂူယွမ်သွမ်းသည် ပြုံး၍ ဆိုလာသည်။ "အကိုဝမ်...ငါ့တူမက ကျီစယ်တက်တာပါ။ဒါက ရှက်စရာ ကောင်းတယ်။သူမက ဓားစိတ်ဝိညာဉ် ဖြစ်နေပေမဲ့လည်း သဘာဝအတိုင်းဖြစ်တည်နေတဲ့ စိတ်ဝိညာဉ် မဟုတ်ဘူး။ သူမက ငါ့မိတ်ဆွေကောင်းတစ်ယောက်ရဲ့ သမီးတစ် ယောက်ပါ။အချို့အခြေအနေတွေကြောင့် သူမက ဓားစိတ် ဝိညာဉ် အဖြစ် ပြောင်းလဲခဲ့ရတာ.."
သူက ရှုလီကော ထံသို့ ဖျပ်ခနဲ တစ်ချက် လှမ်းကြည့် လိုက်၏။သို့ရာတွင် ထိုအကြည့်တစ်ချက်ကပင် ရှုလီကော ကို ပျက်စီးတော့မတက် တုန်ယင်သွားစေပေသည်။
ဝမ်လင်း မျက်လုံးသူငယ်အိမ်က ယောင်ယောင်လေး ကျုံ့
သွားသည်။သည်အခိုက်အတန့်၌ နတ်ဆိုးအင်ပါယာကိုယ် ထဲရှိ နတ်ဆိုးသလင်းကျောက်သည် အသက်ဝင်သွားခဲ့ပေ သည်။ထွက်ပေါ်လာသော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် သည်လည်း အာဏာတက်ခြင်းနောက်ဆုံး ကျင့်ကြံသူထက် လုံးဝ အားနည်းလိမ့်မည် မဟုတ်ပေ။
ဝမ်လင်းက ရှုလီကောကို ဖမ်းဆုပ်ကာ သိုလှောင်အိတ် ထဲသို့ ပြန်ထည့်သိမ်းလိုက်သည်။သူ့အသွင်က သုန်မှုန် နေ၏။သည့်နောက် ဝမ်လင်းက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။ "ဒါက အရှက်ရစရာပဲ။အကိုဂူ...ငါက ဒီ နေရာကို နတ်ဆိုးဗိုလ်ချုပ်မို ဘယ်မှာ ရှိလဲဆိုတာ သိချင်လို့ ရောက်လာခဲ့တာပါ..."
နတ်ဆိုးအင်ပါယာက စိတ်ထဲ၌ သက်ပြင်းချမိသည်။ပုံ မှန်အားဖြင့် သူက ဝမ်လင်းနှင့် ဆက်ဆံရေးကို ခုလိုမျိုး ကတော်ကဆ မဖြစ်လိုပေ။သို့သော် သူက ရွှမ်းအာကို အနိုင်ကျင့်သည်ကိုလည်း ခွင့်မပြုနိုင်ချေ။
ဝမ်လင်း ဓားစိတ်ဝိညာဉ်က ကောင်းစွာ ဖုန်းကွယ်ထား နိုင်သော်လည်း ၎င်း၏ မျက်လုံးထဲရှိ ရမ္မက်ကို သူက လွယ်လင့်တကူ မြင်နိုင်ပေသည်။နတ်ဆိုးအင်ပါယာက ကြိတ်၍ သက်ပြင်းချကာ ဆိုလာသည်။ "အကိုဝမ်...မိုဖန် ဒုဗိုလ်ချုပ်မှူး ဖြစ်လာခဲ့ပါပြီ။သူက ဗိုလ်ချုပ်မှူး ကောင်းကင်နဲ့အတူ ရှိနေတယ်။ သူတို့နှစ်ယောက် ဘယ် တောင်ပံ စစ်တပ်ကို အတူ ဦးဆောင်သွားပြီး ခုလောက်ဆို မီးနတ်ဆိုးနိုင်ငံရဲ့ စုန်တောက်မြို့ကို ရောက်သင့်နေပြီ...
သူက ထိုသို့ ပြောဆိုလိုက်ပြီးနောက် ခဏတာ တုန့်ဆိုင်း ကာ ပြောလိုက်၏။
"ငါက အကိုဝမ်ကို ဘိုးဘေးရဲ့တမန်တော်လို့ ကြေငြာခဲ့ ပြီးပြီး။ဒါ့ကောင့် အကိုဝမ်အတွက် တော်တော်များများကို လုပ်ဆောင်ရာမှာ လွယ်ကူစေမှာပါ။ထပ်ပြောရရင် သင်က ငါ့ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားတာပဲ။ဒါ့ကြောင့် ဒါက ငါကိုယ်တိုင် ရှိနေတာနဲ့ တူတူပဲ။ တစ်ယောက်ယောက်က သင့်ကို မလေးမစား လုပ်လာတာ နဲ့ သင်က ဗိုလ်ချုပ်မှူးကောင်းကင်ကို အမိန့်ပေးပြီး အဲ့လူ တွေကို သတ်ပစ်ခိုင်းလို့ရတယ်..."
ထိုသို့ပြောပြီးနောက် သူက ကျောက်စိမ်းပြားတစ်ခုကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်သည်။
ထိုကျောက်စိမ်းပြားထဲ၌ အလွန်သီးသန့်ဆန်သည့် နတ်ဆိုးအော်ရာတစ်ခု ရှိနေသည်။ထိုကျောက်စိမ်းပြားကို အတုပြုလုပ်ရန် အလွန်အမင်း ခက်ခဲ ပေလိမ့်မည်။
ဝမ်လင်းအသွင်က ပုံမှန်အတိုင်းသာ ရှိနေ၏။သူက ကျောက်စိမ်းပြားကို လက်ခံပြီးနောက် ပြောလိုက်သည်။ "ကျေးဇူးအများကြီး တင်ပါတယ်..."
သူက လက်နှစ်ဖက်ယှက်ကာ နတ်ဆိုးအင်ပါယာကို နှုတ်ဆက်ပြီးနောက် ခြေတစ်လှမ်းလှမ်း၍ ပျောက်ကွယ် သွားတော့သည်။
ဂူဟွမ်သွမ်းက ဝမ်လင်းပျောက်ကွယ်သွားသော နေရာသို့
ကြည့်ကာ ခေါင်းယမ်းလိုက်မိသည်။
"ဝမ်လင်း...ကုချင်းဂီတက ငါ့နားထဲ ဝင်လာတဲ့အခါ ကတည်းက ငါတို့နှစ်ယောက်က တူညီမှု ရှိတယ်ဆိုတာ ငါ သိခဲ့တယ်။ငါက မင်းနဲ့ ဆိုးရွားတဲ့ဆက်ဆံရေး မရှိချင်ဘူး။ ဒါ့ကြောင့် ငါမင်းကို ငါ့ ယုံကြည်မှုကို ပြသတဲ့အနေနဲ့ ကျောက်စိမ်းပြား ပေးခဲ့တာ ဖြစ်တယ်။ မင်း နားလည်လိမ့် မယ်လို့ ငါ မျှော်လင့်ပါတယ်..."
သူတို့က တည်နေရာ ရွှေ့ပြောင်းသွားစဉ်တွင် ရှုလီ ကော၏ အသံက ဝမ်လင်းမူလစိတ်ဝိညာဉ်ထဲသို့ တိုးဝင် လာ၏။
"အရှင်...အလှလေး..."
ဝမ်လင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒါကို ဆက် မပြောတော့နဲ့..."
သူက လက်ထဲရှိ ကျောက်စိမ်းပြားကို ဖျစ်ညှစ်ကာ သူ့ သိုလှောင်အိတ်ထဲသို့ ထည့်ထားလိုက်၏။ ဝမ်လင်း ဉာဏ် ရည်ဖြင့် သူက နတ်ဆိုးအင်ပါယာ၏ ရည်ရွယ်ချက်ကို နား မလည်ဘဲ မည်သို့ ရှိပါ့မည်နည်း။
ကောင်းကင်နတ်ဆိုးနိုင်ငံ၏ ဘယ်တောင်ပံ စစ်တပ် သည် နတ်ဆိုးတပ်သား ဆယ်သန်း ပိုင်ဆိုင်ထား၏။ထို တပ်သားများ ဖြတ်ကျော်သွားသည့် တစ်လျှောက် မြေပြင် သည် တုန်ခါကာ ပေါက်ကွဲမှုများပင် ဖြစ်ရ၏။ကောင်းကင်၊ ထာဝရ၊ကပ်ဘေး စသည့် နတ်ဆိုးဗိုလ်ချုပ်မှူး သုံးယောက်
သည် စစ်တပ်ကို ဦးဆောင်၏။ဟုန်၊အံဖွယ်၊နှင့် ဟွမ် စီ(အဝါ)တို့သည် စစ်တပ်ကို ထောက်ပံ့ပေးရန် ရှိနေကြ သည်။သူတို့သည် နတ်ဆိုးတပ်သား ဆယ်သန်းကို ဦးဆောင်ကာ မီးနတ်ဆိုးနိုင်ငံ၏ စုန်တောက်မြို့သို့ တိုက်ရိုက်ဦးတည် သွားနေကြ၏။
သည်အခိုက်အတန့်၌ ကောင်းကင်၊ထာဝရနှင့်ကပ်ဘေး နတ်ဆိုးဗိုလ်ချုပ်များသည် မတူညီသော နတ်ဆိုးသားရဲများ စီးနင်းကာ စစ်တပ်ထဲ၌ လိုက်ပါလာကြသည်။
သူတို့သုံးယောက် တစ်ယောက်နှင့်တစ်ယောက် စကားပြောဆိုခြင်း မရှိကြပေ။ကောင်းကင်နတ်ဆိုးနိုင်ငံ၏ စစ်တပ်က စုန်တောက်မြို့သို့ နီးကပ်လာချိန်၌ ပြင်းထန် သော သတ်ဖြတ်ခြင်းအော်ရာသည် ပတ်ဝန်းကျင်ဧရိယာသို့ ပျံနှံ့ကာနေ၏။
ထိုကြီးမားလှသည့် စစ်တပ်၏ ညာဘက်ခြမ်းတွင် ဒုဗိုလ် ချုပ်မှူး မိုဖန်သည် ဦးချိုတစ်ချောင်းမြင်းမကို စီးနင်း၍ လိုက်ပါလာသည်။သူ့မျက်လုံးများက လုံးဝ တည်ငြိမ် နေကာ သူ့ဦးချိုတစ်ချောင်းမြင်းမ၏ အမြီး၌ မတ်တပ် ရပ်နေသော လူတစ်ယောက် ရှိလေသည်။ထိုလူက သက်လတ်ပိုင်းအရွယ်ရှိကာ မျက်လုံးမှိတ်ထားလျက် ရှိ၏။ သူ့နောက်ကျောတွင်တော့ ဓားကြီးတစ်လက်ကို လွယ်ထား ကာ သူ့ထံမှ ကောင်းကင်ဘုံဆန်သောလေထုကို ပေးစွမ်း နေ၏။
လူကြီးသည် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့သည်။သူ့ မျက်လုံးထဲမှ လေးနက်သောအလင်းတစ်ခု ထွက် ပေါ်လာ၏။
လူအများ ကောင်းကောင်း သတိမပြုမိလိုက်ခင်မှာပင် ဝမ်လင်းသည် မရေမတွက်နိုင်သော နတ်ဆိုတပ်သားများ ကို ဖြတ်ကျော်ပျံသန်းလာ၏။ထိုအခါ ကောင်းကင်ဗိုလ်ချုပ် မှူးကလွဲ၍ ကျန်သည့် ဗိုလ်ချုပ်မှူးနှစ်ယောက်၏ မျက်လုံး များသည် လက်ခနဲ ဖြစ်သွားကြသည်။
နတ်ဆိုးတပ်သားဆယ်သန်း၏ သတ်ဖြတ်လိုမှု စိတ်ဆန္ဒ က ရုန့်ရင်းကြမ်းကြုတ်စွာ ကောင်းကင်ထက်သို့ ထိုးတက် လာ၏။သို့သော် ဝမ်လင်းက ၎င်းအရာကို လစ်လျူရှုထား လေ၏။သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ့အတွက် အချိန်အခါ မှန်ကို ဖြစ်စေ၏။သူ့အတွက် အခြားလူများ မတုန့်ပြန်လာမိဆောင်ရွက်ရန် အချိန်ရစေပေလိမ့်မည်။ ဝမ်လင်းက ခုလိုမ လုပ်ဆောင်ပဲ သူ့အဆင့်အတန်းကို ကြေငြာကာ နတ်ဆိုး အင်ပါယာကျောက်စိမ်းပြားကို ထုတ်ယူအသုံးပြု၍ သတ်ဖြတ်ရန် ကြိုးစားလျှင် သူ့အတွက် လက်ဦးမှု အခွင့်အရေးကို ဆုံးရှုံးသွားပေလိမ့်မည်။ သူသာ ထိုသို့ လုပ်ဆောင်ပါက တာ့လော့ဓားကလန်မှ တပည့်သည် လင်း ထျန်ဟူ၏ ဓားစွမ်းအင်ကို အသုံးပြုနိုင်မည့် အခွင့်ရေး ရ သွားလိမ့်မည် ဖြစ်သည်။
"ငါက နတ်ဆိုးအင်ပါယာထံကနေ ဒုဗိုလ်ချုပ်မှူးမိုဖန် ကို ဖမ်းပြီးသတ်နိုင်ဖို့ အမိန့်ရထားတယ်...မင်းတို့အားလုံး
လမ်းဖယ်ပေးကြချေ..." ဝမ်လင်းက အော်ပြော၍ နတ်ဆိုး အင်ပါယာကျောက်စိမ်းပြားကို ပင့်မြှောက်ကာ လှုပ်ရှား ဟန် ပြင်လာသည့် ဗိုလ်ချုပ်မှူးနှစ်ယောက်ထံသို့ ပစ် ပေးလိုက်သည်။
ထိုအရာများအားလုံးက ချက်ခြင်းလိုလို ဖြစ်ပျက်သွား ခြင်းပင်။သည့်နောက် တစ္ဆေလောကမြစ် ထွက်ပေါ်လာ ခြင်းနှင့်အတူ ဝမ်လင်းက တည်နေရာ ရွှေ့ပြောင်းလိုက်၏။ သူက ပျောက်ကွယ်မသွားခင်မှာပင် သူ့ညာလက်ညှိုးကို ရှေ့ သို့ ညွှန်လိုက်၏။
"မရဏလက်ချောင်း..."
မရဏလက်ချောင်းက လျှပ်စီးတန်းအလား မိုဖန်ထံသို့ တိုးဝင်သွား၏။မိုဖန်အသွင်က တည်ငြိမ်နေကာ သူက သူ့ ညာလက်ကို မြှောက်လိုက်၏။သူ့နောက်ရှိ သက်လတ်ပိုင်း လူကြီးအသွင်ကတော့ အလေးအနက် ဖြစ်သွားသည်။ သက်လတ်ပိုင်းလူကြီးက သူ့လက်ကို လှုပ်ရှားလိုက်ရာ သူ့ ဓားကြီးက ပျံသန်းထွက်လာ၏။ဓားပေါ်၌ ကြမ်းကြုတ် သော တောဝက်ထီးတစ်ကောင် ပေါ်လာခဲ့၏။
မရဏလက်ချောင်းက မြန်ဆန်လွန်းလှသည်။သို့သော် ၎င်းက မိုဖန်နှင့် နီးကပ်လာချိန်၌ ရုတ်တရက်ပ ပျက်စီး သွားက သဲလွန်စမရှိ ပျောက်ကွယ်သွား၏။ထိုအရာက မို ဖန်ကို တုန်လှုပ်သွားစေသည်။သို့သော် သူ့အသွင်က ချက် ခြင်း ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်မှ နတ်ဆိုးစိတ်
မိုးကုပ်စက်ဝိုင်းစွန်းမှ မိုးခြမ်းသံ ပေါက်ကွဲမှုတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာ၏။ထို့နောက် ကျယ်လောင်သော ဆက်တိုက်ပေါက်ကွဲတုန်ခါမှုများက နတ်ဆိုးတပ်သား ဆယ်သန်း ပါဝင်သည့် စစ်တပ်တစ်ခုလုံးကို ဖိနှိပ်ချင်လာ သလား ထင်မှတ်ရ၏။ထို ကျယ်လောင်သော တုန်ခါမှု အတွင်း၌ လူတစ်ယောက်သည် ရုတ်တရက် ပေါ်လာခဲ့ သည်။
ထိုလူသည် အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားကာ နတ်ဆိုးတစ်ပါး ဆင်းသက်လာသည်နှင့်ပင် ဆင်တူလှ၏။ သူ့ပတ်လည်၌လည်း နတ်ဆိုးစွမ်းအင်တို့ လွှမ်းခြုံကာ နေသည်။
သူ့ပုံပန်းသွင်ပြင်က လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ ပေသည်။
သူကတော့ ဝမ်လင်းပင် ဖြစ်၏။မျက်စိတစ်မှိတ်အတွင်း သူ့မျက်လုံးများက အေးစက်လာခဲ့သည်။သည့်နောက် သူက ခြေတစ်လှမ်းလှမ်းကာ စစ်တပ်ထံသို့ ကြယ်ပျံတစ်စင်း အလား တဟုန်ထိုး တိုးဝင်လာ၏။
သူက စကားတစ်ခွန်းမှ မဆိုပေ။သူက စစ်တပ်ရှိရာသို့ ဦးတည်လာနေရင်း သူ့နတ်ဘုရားအာရုံကိုပါ ဖြန့်ကျက် လိုက်ရာ စစ်တပ်၏ ညာဘက်ခြမ်းရှိ မိုဖန်ပေါ်သို့ သူ့နတ် ဘုရားအာရုံသည် ကျရောက်သွားသည်။
တစ်ချိန်လုံး မျက်လုံးမှိတ်ထားသော သက်လတ်ပိုင်း
သက်လတ်ပိုင်းလူကြီးသည်လည်း တုန်လှုပ်သွားရ၏။
ထိုတုန်လှုပ်မှု အခိုက်အတန့်သည် သေခြင်းတရားကို ဆိုလိုနေပေသည်။
ဝမ်လင်းပုံရိပ်က သက်လတ်ပိုင်းလူကြီး ဘေးနား၌ ရုတ်တရက် ပေါ်လာသည်။သူ့လက်ချောင်းက ထိုလူ့ထံသို့ ညွှန်လာ၏။သူ့ချပ်ဝတ်မှ နတ်ဆိုးစွမ်းအင်များသည် စုစည်း လာကာ နတ်ဆိုးမီးတောက်အသွင် ဖြစ်ပေါ်သွားသည်။
ထိုလက်ချောင်းတိုက်ခိုက်မှုက
ဝမ်လင်း၏
အထွတ်အထိပ် တိုက်ခိုက်မှု ဖြစ်၏။ခုခံရန် မဖြစ်နိုင်ပေ။ သက်လတ်ပိုင်းလူကြီးအသွင်က ကြီးစွာ ပြောင်းလဲသွား သည်။ထို သေခြင်းရှင်ခြင်း အခိုက်အတန့်၌ သူက လင်းထျ န်ဟူပေးခဲ့သော ဓားစွမ်းအင်ကို အသုံးပြုရန် ကြံရွယ် လိုက်၏။သို့သော် ထိုအခိုက်အတန့်မှာပင် တစ္ဆေလောက မြစ်သည် မြေအောက်ထဲကနေ ရုတ်တရက် မြင့်တက်လာ ကာ ကောင်းကင်ထက်သို့ ပျံတက်၍ ပြန်လည်မွေးဖွားခြင်း မြစ် အဖြစ်သို့ ပြောင်းလဲသွား၏။ထိုအခိုက်အတန့်၌ အရာ အားလုံးက ထိုမြစ်ကြောင့် ခဏတာ ရပ်တန့်သွားခဲ့လေ သည်။
ထို တုံ့ဆိုင်းသွားသည့် အချိန်လေးအတွင်း သက်လတ် ပိုင်းလူကြီး မျက်ခုံးနှစ်ခုကြားမှ ရွှေရောင်အလင်းတန်း
သည် တဖျပ်ဖျပ် စတင်တောက်လာကာ ဝမ်လင်း လက်ချောင်း တိုက်ခိုက်မှုသည်လည်း ကျရောက်သွား တော့၏။
လက်ချောင်း ကျရောက်သွားသည်နှင့် ထိုလူက သေဆုံး သွားခဲ့ရပေသည်။
ထိုလူ့၏ ဦးခေါင်းကို ဖြတ်တောက်ပြီးနောက် ဝမ်လင်း ခန္ဓာကိုယ်က ဆက်ခနဲ လှုပ်ရှားသွားသည်။သူက ဓားကြီး ကို ဖမ်းဆုပ်ကာ ထွက်ခွာသွားတော့၏။
သူ့လှုပ်ရှားလုပ်ဆောင်မှုများက အဆင်ပြေချောမွတ်၊ ရှင်းလင်း သေသပ်လှပေ၏။
Comments
Post a Comment