အရိုးရှင်းဆုံး နတ်ဘုရားပြစ်ဒဏ်လော(၁၂၁)
နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၏ အပြင်ဘက် ထျန်ယွမ် ဂြိုဟ်၏ အရှေ့ဘက်နတ်ဆိုးစိတ်ဝိညာဉ်ပင်လယ် ဝင်ပေါက်သည် လုံးဝ နက်မှောင်လို့နေ၏။ထိုဧရိယာ၏ အကွာအဝေးတစ်ခုတွင် အလင်းစက်များက ဖျပ်ခနဲ လင်း လက်သွား၏။
သည်အခိုက်တွင် အလင်းတန်းတစ်ခုက ဟင်းလင်းပြင် ထဲကနေ အံ့မခန်းနှုန်းဖြင့် ရောက်ရှိလာ၏။သည်အလင်း၏ အမြန်နှုန်းက ဖော်ပြ၍ပင် မရနိုင်ချေ။
သည်အလင်းဆင်းသက်လာမှုက အကန့်အသတ်ကိုပင် ချိုးဖျက်နေခဲ့ပြီး ဖြစ်၏။
အမြန်နှုန်း
အာကာသထဲကနေ အနီရောင်အလင်းတစ်ခု ဆင်းသက် လာ၏။၎င်းက လေဟာနယ်ထဲကနေ ထွက်ပေါ်လာကာ မည်သည့်နေရာမှ အစပြုခဲ့သည်ကို မည်သူမျှ မသိကြပေ။
ထိုအနီရောင်အလင်းစု ဆင်းသက်လာသည့်အခါတွင် စကြဝဠာထဲရှိ သက်ရှိများအားလုံးကို တုန်ယင်စေအောင် စေသည်။
ထျန်ယွမ်ဂြိုဟ်ပေါ်တွင် ရှေ့ဖြစ်ဟောသူက မျက်လုံးမှိတ် ထားရင်း နောက်နှစ်နှစ်ရာအတွက် အစီအစဉ်တစ်ခုကို ကြိုတင်ပြင်ဆင်နေသည်။သည်အခိုက်တွင် သူက ရုတ်တရက် မျက်လုံးဖွင့်လာကာ ဟင်းလင်းပြင်ထဲသို့ ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။သူ့အသွင်က အနည်းငယ် ပြောင်းလဲသွားကာ သူက လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ခဏတာ တွက်ချက် ကြည့်ပြီးနောက် သူက မျက်မှောင်ကြုတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ "နတ်ဘုရားပြစ်ဒဏ် ဆင်းသက်လာ တာပဲ...ကောင်းကင်ဘုံရဲ့ စွမ်းပကား ကြားခံဝင်ရောက်နေ တဲ့အတွက် ငါက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မ တွက်ချက်နိုင်တော့ဘူး။ ဒါပေမဲ့ ဒီနတ်ဘုရားပြစ်ဒဏ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိ ဆင်းသက်လာတာဖြစ်ပြီး ငါ့ထျန်ယွမ်ဂြိုဟ်နဲ့လည်း တစ်ခုခုပဲ...ထူးဆန်းလိုက် တာ..."
တာ့လော့ဓားကလန်ရှိ ဓားသူတော်စင်လင်းထျန်ဟူက ဧရာမဆေးပြင်းဖိုကြီးဘေး၌ မတ်တပ်ရပ်လျက် ရှိနေသည်။သူ့မျက်လုံးများကလည်း တောက်ပလျက် ရှိနေ၏။
" အခြေခံကံကောင်းမှုဆေးမီးဖိုက ဆေးလုံး အနည်းငယ် ခုထိ လိုအပ်နေတုန်းပဲ..."
သည်အခိုက်၌ သူ့အသွင်က ရုတ်တရက် ပြောင်းလဲ သွား၏။သူက ခြေတစ်လှမ်းလှမ်းလိုက်ရာ လုံးဝ ပျောက်
ကွယ်သွားပြီးနောက် ဂြိုဟ်အထက်ရှိ ဟင်းလင်းပြင်တွင် ပြန်ပေါ်လာခဲ့သည်။သူက အနီရော်အလင်းတန်းကို အံဩ ကြီးစွာ ကြည့်လိုက်မိသည်။
"နတ်ဘုရားပြစ်ဒဏ်..." သူက မျက်မှောင်ကြုတ်လိုက် မိသည်။သူ့မျက်နှာပေါ်၌လည်း မသေချာမရေရာသည့် ဟန်ပန်တို့ ဖြစ်ပေါ်သွား၏။သူက ထိုအလင်းပျောက်ကွယ် သွားသည်ကို သေချာစောင့်ကြည့်လိုက်ပြီးနောက် သူ့ကိုယ် သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"နတ်ဘုရားပြစ်ဒဏ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေရှိဆင်းသက်နေတာပဲ...။မဆိုးပါဘူး။ ကြည့်ရတာ လောဘကြီးက တစ်ခုခုဖြစ်ပွားအောင် လုပ်လိုက်နိုင်တာ များလား...."
တစ်ချိန်တည်းမှာပင် ထျန်ယွမ်ဂြိုဟ်နှင့် ဝေးကွာသည့် နေရာတွင် ရှိနေတွင် ဂြိုဟ်တစ်လုံး ရှိနေသည်။ထိုဂြိုဟ်က အပြင်ဘက်မှ ကြည်လျှင် သွေးရောင်လွှမ်းလို့နေသည်။ သည်ဂြိုဟ်က သွေးဂြိုဟ်ပင် ဖြစ်၏။
ထိုသွေးဂြိုဟ်ပေါ်၌ သွေးခန်းမဆောင်တစ်ခုရှိကာ ဆံပင် အနီရောင်၊မျက်ခုံးမွှေးအနီရောင် လူကြီးတစ်ယောက်က ထိုခန်းမဆောင်ထဲ၌ ထိုင်လျက် ရှိနေသည်။သူက အသက် လေးဆယ် ပတ်လည်သာ ရှိသည်ဟု ထင်ရကာ တိတ်တဆိတ်ကျင့်ကြံလို့နေ၏။ သူက ရုတ်တရက်မျက်လုံးဖွင့်လာသည်။
သူက ခေါင်းမော့လိုက်ခြင်းတော့ မရှိချေ။သို့သော် သူက ကောင်းကင်ဘုံခွန်အား(နတ်ဘုရားပြစ်ဒဏ်)ဖြတ် ကျော်သွားသည့် တုန်ခါလှိုင်းကို တွေ့ကြုံစေနေသည်။ အချိန်အတန်ကြာပြီးနောက် မှိတ်လိုက်၏။ သူက မျက်လုံးပြန်
"နတ်ဘုရားပြစ်ဒဏ်က နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ ပေါ်ကို ဆင်းသက်နေတာပဲ။ငါက နတ်ဆိုးစိတ်ဝိညာဉ် ကုန်းမြေမှာ ဒီကလေးမ ရှင်းရွှယ် ဘာတွေများ လုပ်နေလဲ သိချင်မိတယ်..."
သူတို့သုံးယောက်သာမကဘဲ များစွာသောမွန်းစတာအို ကြီးများက နတ်ဘုရားပြစ်ဒဏ် ဆင်းသက်လာသည်ကို သတိပြုမိခဲ့ကြပေသည်။
မည်သူကမျှ ထိုအနီရောင်အလင်းတန်း ဆင်းသက်လာမှု ကို ရပ်တန့်နိုင်စွမ်း မရှိကြချေ။အရှေ့ဘက်နတ်ဆိုးစိတ် ဝိညာဉ်ပင်လယ်၏ ဂိတ်ဝက ပွင့်နေခြင်း မရှိသော်လည်း ထိုအနီရောင်အလင်းတန်းက ယင်းအထဲသို့ ထွင်းဖောက်လို့ သွား၏။
ကောင်းကင်နတ်ဆိုးနိုင်ငံ အင်ပါယာမြို့၏ ပြိုင်ပွဲ ကွင်းပြင်တွင် ဝမ်လင်းက လေထဲ၌ လွင့်မြောနေသည်။ ဆယ့်ငါးကြိမ်မြောက် ဗုံသံထွက်ပေါ်လာပြီးနောက် သူ့ ခန္ဓာကိုယ်ထဲရှိ နယ်ပယ်သည် အံ့ခခန်းနှုန်းဖြင့် အသွင် သဘာဝ ပြောင်းလဲလာ၏။
အာဏာတက်ခြင်းအဆင့်သို့ ရောက်ရှိရန် လူတစ် ယောက်က လုံလောက်သောကောင်းကင်ဘုံစွမ်းအင်နှင့် တာအိုနှလုံးသား ပြည့်စုံရန် လိုအပ်လေ၏။ သည် အခြေအနေနှစ်ခု အောင်မြင်သွားသည်နှင့် သည်နှစ်ခုက ပေါင်းစပ်ကာ ယင်းပေါင်းစပ်မှုက အာဏာတက်ခြင်း ကျင့်ကြံသူပင် ဖြစ်၏။
ထိုအခြင်းအရာက ဒဏ္ဌာရီလာ "လူတစ်ဦး၏ တာအိုကို ရင်ဆိုင်ခြင်း" ဖြစ်ချေသည်။
ဖြစ်ပေ၏။သည်ထိတိုက် သည်ပေါင်းစပ်မှုက လူတစ်ယောက်၏ တာအိုနှလုံးသား နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်တို့ တွေ့ဆုံမှုလည်း ဖြစ်သည်။ စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်တို့၏ တွေ့ဆုံမှုလည်း ဖြစ်သည်။ လူသားအဖြစ်မှ ကောင်းကင်ဘုံသား အဖြစ်သို့ ဆင့်ကဲပြောင်းလဲခြင်းလည်း တွေ့ဆုံမှုက အောင်မြင်ပါက လူတစ်ယောက်သည် အာဏ တာခြင်းကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီး ကျရှုံးပါက ထို လူသည် သေဆုံးရမည် ဖြစ်သည်။သည်ရလဒ်နှစ်ခုကလွဲ၍ အခြားရလဒ် မရှိပေ။သည်အရာက သေခြင်းရှင်ခြင်းကြမ္မာ စမ်းသပ်ချက် ဖြစ်၏။
တာအိုနောက်သို့ လိုက်ပါဖို့ လူတစ်ယောက်သည် သေ ခြင်းရှင်ခြင်းစမ်းသပ်မှုကို မဖြစ်မနေ ရင်ဆိုင်ရမည်သာ။
မူကွဲလမ်းကြောင်းကို ကျင့်ကြံသူများပင် ထိုကြမ္မာ စမ်းသပ်ချက်ကို မရှောင်လွှဲနိုင်ချေ။
ဝမ်လင်းတာအိုနှလုံးသားက ဗုံသံကို ဆယ့်ငါးကြိမ် မြောက် မြည်စေကာ ထိုဗုံသံထဲ၌ ဝမ်းနည်းမှုကို ထည့်သွင်း ထုတ်လွှတ်စေခဲ့ခြင်းပင်။သူ့တာအိုနှလုံးသားက မြန်ဆန်လှ သောနှုန်းဖြင့် ဆင့်ကဲပြောင်းလဲကာ ပြီးပြည့်စုံရန် ဦးတည် နေ၏။
ကွင်းပြင်ပတ်လည်ရှိ လူတိုင်းက တိတ်တဆိတ် စဉ်းစား နေကြသည်။သည်တစ်နေ့တည်းဖြင့် ဝမ်လင်းက သူတို့ကို မယုံကြည်နိုင်ဖွယ်ကောင်းသည့် အရာများကို တွေ့ကြုံစေခဲ့ သည်။ထို့ကြောင့် သူ့ပုံရိပ်က ခုချိန်၌ သူတို့၏ နှလုံးသား ထဲ၌ ရေးထွင်းသွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်ရှိ မိုးကြိုးများ နှင့် လျှပ်စီးများက ပျောက်ကွယ်သွားပြီး အနီရောင်အလင်း တစ်ခု ပေါ်လာ၏။
အကွာအဝေးတစ်ခုကနေ သည်အနီရောင်က အဆုံးမဲ့ လာပြီး ကောင်းကင်တစ်ခုလုံးအား လွှမ်းခြုံလာသည်ဟု ထင်မှတ်ရသည်။
လှေပေါ်ရှိ လူငယ်၏ အသွင်သည် ရုတ်တရက် ပြောင်းလဲသွား၏။သည့်နောက် သူက ခါးသီးစွာ ရယ်မော ပြောဆိုသည်။ "ငါက ဒီကိစ္စကို မေ့နေတာပဲ။ဒါပေမဲ့ ဒီ ကောင်လေးက ကျင့်ကြံသူတစ်ယောက်သာ ဖြစ်တယ်။ အတိတ်တုန်းက ငါက နဂါးရေကန်မှာ အချိန်အတန်ကြာ ကုန်ဆုံးစေပြီး အကြီးအကဲများစွာကလည်း ငါ့ကို ကူညီပေး
ခဲ့တယ်။ဒါ့ကြောင့်ငါက ကောင်းကင်ဘုံကိုဖိဆန်တဲ့အော်ရာ ကို ဖုံးကွယ်နိုင်ခဲ့ပြီး နတ်ဘုရားပြစ်ဒဏ် ရောက်မလာ အောင် လုပ်နိုင်ခဲ့တယ်..."
"ဒါပေမဲ့ ဒါက ဒီကောင်လေးအတွက် စမ်းသပ်ချက်တစ် ခုပဲ။သူက ဒီနတ်ဘုရားပြစ်ဒဏ်ကို ခံနိုင်ရင် သူ အာဏာ တက်ခြင်းအဆင့်ကို ရောက်သွားပြီးရင် ကောင်းကင်ဘုံက သူ့ကို ဘာမှ သက်ရောက်နိုင်တော့မှာ မဟုတ်ဘူး။ ကြည့်ရ တာ ဒီနတ်ဘုရားပြစ်ဒဏ်ရဲ့ စွမ်းအားက အရမ်း ကြီးကျယ် မနေလောက်ပါဘူး..."
ကောင်းကင်နတ်ဆိုးမြို့၏ လူတိုင်းက ကောင်းကင်ထက် ရှိ ပြောင်းလဲမှုကို သတိပြုမိပေသည်။ကွင်းပြင်ထဲရှိလူများ က ထိုပြောင်းလဲမှုကြောင့် မှင်သက်မိနေကြသည်။
ကောင်းကင်ထက်ရှိ အနီရောင်အလင်းက မြန်ဆန်စွာ သိပ်သည်းကာ ကြီးမားသည့် အနီရောင်တိမ်တိုက်များကို ဖြစ်စေ၏။သည်အနီရောင်တိမ်တိုက်များက အင်ပါယာမြို့ အထက်၌ လွင့်မြောနေကြသည်။
ဝမ်လင်းက နတ်ဆိုးဗုံနောက်တွင် မတ်တပ်ရပ်နေရင်း သူက ကောင်းကင်ထက်သို့ ကြည့်ကာ အသက်ပြင်းပြင်း မှုတ်ထုတ်လိုက်၏။
"ကောင်းကင်တာအိုကတောင် ငါ့ တာအိုနှလုံးသားကို မ ရပ်တန့်နိုင်ဘူး။ဒါပေမဲ့ ဒီကောင်းကင်ဘုံက ငါ့တည်ရှိမှုကို အမြစ်ဖျက်ချင်နေတဲ့ပုံပဲ...။ ဒါက နတ်ဘုရားပြစ်ဒဏ်ပဲ။
ငါက နတ်ဘုရားပြစ်ဒဏ်ကို နတ်ဆိုးပင်လယ်ရဲ့ ချီလင်မြို့ မှာ တစ်ခါ မြင်တွေ့ခဲ့ဖူးတယ်။အဲ့အချိန်နဲ့ နှိုင်းယှဉ်ကြည့်ရင် ဒါက အများကြီး ပိုစွမ်းအားကောင်းနေတယ်..."
အနီရောင်တိမ်များက စုဝေးလာ၏။ချက်ခြင်းပင် အနီ ရောင်မိုးကြိုးလျှပ်စီးများပါ စတင်စုဝေးလာသည်။အနီ ရောင်မိုးကြိုးက အော်ရာတစ်ခုကိုမှ ထုတ်လွှတ်ထားခြင်းမ ရှိဘဲ သည်မြင်ကွင်းက အလွန်အမင်းလှပမှုကို ဆောင်သည်။
လှေပေါ်ရှိလူက ထိုမိုးကြိုးလျှပ်စီးတန်းကို ကြည့်၍ စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချကာ ခပ်တိုးတိုး ဆို လိုက်သည်။"နတ်ဘုရားပြဏ်ဒဏ်က လျှပ်စီးတန်းအဖြစ် ပုံစံဖွဲ့ရာမှာ နှစ်မျိုးနှစ်စား ရှိတယ်။ ခုဒီတစ်ခုက ဒဏ္ဌာရီ လာ ဒုတိယလျှပ်စီးတန်းတော့ မဖြစ်နိုင်တော့ဘူး။ပထမ လျှပ်စီးတန်း ဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီ။ဒါက အရိုးစင်းဆုံးပုံစံလည်း ဖြစ်တယ်။ ကြည့်ရာတာ ဒီကောင် လေးရဲ့ ကံက မဆိုးဘူးပဲ..."
ဝမ်လင်းက ကောင်းကင်သို့ ကြည့်နေသည်။သည်အခိုက် တွင် သူက အရာအားလုံးကို လစ်လျူရှူကာ ကောင်းကင် ထက်ရှိ အနီရောင်မိုးကြိုးလျှပ်စီးကိုသာ အာရုံစိုက်ထား၏။
"ငါက လွန်ခဲ့တဲ့ နှစ်ခုနစ်ရာက ကျင့်ကြံခြင်းနဲ့တောင် ဒီ နတ်ဘုရားပြစ်ဒဏ်ရဲ့ အချို့အဝက်ကို ကြုံတွေ့ခဲ့ဖူးပြီ။ ငါက အတားအဆီးအလံကို သန့်စင်ခဲ့ချိန်တုန်းက နတ်ဘုရား
ပြစ်ဒဏ်ကို စွဲဆောင်ခဲ့မိတယ်။ ဒုတိယတစ်ခေါက်က ငါက လီမူဝမ်ရဲ့ ကံကြမ္မာကို ပြောင်းလဲတုန်းကလည်း ကံကောင် ဘုံရဲ့ တမန်တော်ကို ဆင်းသက်လာစေခဲ့ပြီးပြီး။ ဒီတစ်ကြိမ် ငါ့တွယ်ငြိမှု သံယောဇဉ်ကို ဆက်သိမ်းထားပြီး ကောင်းကင်ဘုံရဲ့ ဆန္ဒကို ဖိဆန်တဲ့အခါမျာလည်း ဒီနတ် ဘုရားပြစ်ဒဏ်ကို စွဲဆောင်ခဲ့ပြန်ပြီ..."
ဝမ်လင်း မျက်လုံးက တည်ငြိမ်နေ၏။သူ့မျက်လုံးထဲ၌ စိတ်ဓာတ်ခိုင်မာ ပြတ်သားမှုတို့လည်း ပြည့်လို့နေသည်။
ကောင်းကင်ထပ်ရှိ အနီရောင်မိုးကြိုးလျှပ်စီးက ရုတ်တရက် စတင်လှုပ်ရှားလာကာ ရူးသွယ်ဖွယ် သိပ်သည်းလာ၏။ခုချိန်တွင် ကောင်းကင်က အနီရောင် ပင်လယ်တစ်ခုကဲ့သို့ ထင်မှတ်မှားရသည်။ မျက်စိတစ်မှိတ် အတွင်း အနီရောင်လျှပ်စီးများက လွန်စွာတောက်ပလာ ကာ ကောင်းကင်နှင့်မြေကြီးကို ထွန်းညှိ၏။
သိပ်မကြာခင်တွင် ထိုအနီရောင်မိုးကြိုးလျှပ်စီးထဲမှ ရှေးဦးသားရဲ ဟိန်းသံလို အသံလှိုင်းများ ထွက်ပေါ်လာ သည်။သည့်နောက် မြေကြီးမှ ထွက်ပေါ်လာသည့် တုန်ခါ လှိုင်းများနှင့် ကောင်းကင်ထက်မှ ဟိန်းသံများက ရောနှော ပေါင်းစပ်သွားသည်။သည်အခိုက်၌ အနီရောင်မိုးကြိုးက ဆင်းသက်လာတော့၏။
၎င်းက ကောင်းကင်ထက်မှ ကြယ်ကြွေသလို ဆင်းသက် လာခြင်း ဖြစ်ကာ ဝမ်လင်းပေါ်သို့ ထိုးစိုက်ချလာသည်။
ရုတ်တရက် ရူးသွပ်ဖွယ်သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပေါ်လာခဲ့၏။သည်စိတ်ဆန္ဒက အသတ်အဖြတ် စိတ်ဆန္ဒ ဖြစ်ပေသည်။ ကောင်းကင်ဘုံ၏
ကောင်းကင်ဘုံ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒ။
ကောင်းကင်နတ်ဆိုးမြို့သည် ခုချိန်တွင် နွေအခါ ဖြစ်နေ သော်လည်း ရုတ်တရက် နှင်းများ ကျဆင်းလာ၏။ ကောင်းကင်ထက်မှ ကျဆင်းလာသည့်နှင်းပွင့်တိုင်းတွင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဆောင်ကြဉ်းလို့လာ၏။
သည်ကမ္ဘာတွင် ကောင်းကင်ဘုံ၏ ဒေါမာန်ကို ကိုယ်စား ပြုသည့် တုန်ဟီးသံတစ်ခုသာ ရှိတော့၏။
သည်ကမ္ဘာတွင် နတ်ဘုရားပြစ်ဒဏ် အနီရောင်မိုးကြီး၏ သွေးနီရောင်တစ်ခုသာ ကျန်နေတော့သည်။
သည်ကမ္ဘာတွင် လူသန်းပေါင်းများစွာ စုပေါင်းထားသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒထက် ပိုပြင်းထန်သည့် ကောင်းကင်ဘုံ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသာ ရှိနေတော့ သလိုပင်။
ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ကို သတ်ပစ်ချင် နေ၏။
ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ရုတ်တရပ် သူ့ပတ်လည်တွင် အသက်ဓာတ်ချိပ်တံဆိပ်ပေါင်း သုံး ထောင်ကျော်က စုဝေးတောက်ပလာ၏။တစ်ပြိုင်နက် တည်းမှာပင် သူ့သိုလှောင်အိတ်ထဲမှ အတားအဆီးအလံပါ
ထွက်ပေါ်လာသည်။တစ်ချက်လှုပ်ခါလိုက်ရုံဖြင့် ခန္ဓာကိုယ်ပတ်လည်၌ အနက်ရောင်အခိုးငွေ့ထုက ဝန်းရံ သွားကာ ထိုအနက်ရောင်အခိုးငွေ့ထုထဲ၌ မရေမတွက်နိုင် သော အတားအဆီးများစွာ ပါရှိလို့နေ၏။
"ကောင်းကင်ဘုံက ဘယ်လောက်ပဲ ဒေါသထွက် နေပါစေ ငါ့တည်ရှိမှိုကု ပယ်ဖျက်နိုင်မှာ မဟုတ်ဘူး..." ဝမ် လင်းက ရယ်မောကာ ကောင်းကင်ထက်ရှိ အနီရောင် မိုးကြိုးလျှပ်စီးထံသို့ လက်ညှိုးထိုးလိုက်၏။
သည့်အခိုက်တွင် ဝမ်လင်း၏ ဟန်ပန်သည် နေလိုလလို ထွန်းလင်းသည်။သူ့ဆံပင်က လေထဲ၌ လွင့်မြောနေသည်။ သူ့မျက်လုံးက အညံမခံ၊ဖိဆန်သည့် အော်ရာကို ပြသသည်။ သူက အနိုင်မခံ၊အရှုံးမပေးသည့် ယောက်ျားဘသား တစ် ယောက်အသွင်ကို ဆောင်နေ၏။
သူ့လက်ညှိုးညွှန်ချက်နှင့်အတူ သူ့ပတ်လည်ရှိ အနက် ရောင်အခိုးငွေ့က သူ ကောင်းကင်ထက်သို့ ထိုးတက်သွား သည်။အခိုးငွေ့ထဲမှ မရေမတွက်နိုင်သည့် အတားအဆီးများ က အနက်ရောင်မုန်တိုင်းတစ်ခုကို ဖြစ်တည်ကာ နတ် ဘုရားပြစ်ဒဏ်ကို ကြိုဆိုလေ၏။
ဆင်းသက်လာသည့် အနီရောင်မိုးကြိုးလျှပ်စီးက အနက် ရောင်မုန်တိုင်းနှင့် ထိပ်တိုက်တွေ့ဆုံ၏။ထိုအခိုက်၌ အံမ ခန်း ပေါက်ကွဲမှုတစ်ခုက ပဲ့တင်ထပ်သွားကာ ကုန်းမြေအနှံ့ ပျံ့နှံ့သွားသည်။ကောင်းကင်နတ်ဆိုးမြို့၏ မရေမတွက်နိုင်
သောလူများ၏ နားစည်များက အူထူသွားကာ ထိုတုန်ခါမှု ကြောင့် လွင့်ထွက်ကုန်ကြ၏။
ကွင်းပြင်ပတ်လည်ရှိ ပြိုင်ပွဲကြည့်ရှူနေသူများသည် လည်း ထိုသို့ ခံစားလိုက်ရပေသည်။နတ်ဆိုးဗိုလ်ချုပ်များက အခြေအနေပိုကောင်းသော်လည်း သူတို့ခန္ဓာကိုယ်ထဲရှိနတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များက ထိန်းချုပ်မှုလွတ်ကင်း သွားကာ အလိုလို လှည့်ပတ်သွား၏။
နတ်ဆိုးဗိုလ်ချုပ်မှူးများသာ ထိုနတ်ဘုရားပြစ်ဒဏ်ကို တည်ငြိမ်စွာ ကြည့်နေနိုင်သည်။
မရေမတွက်နိုင်သော အတားအဆီးများနှင့် ပြုလုပ်ထား သည့် အနက်ရောင်မုန်တိုင်းက အနီရောင်မိုးကြိုးကြောင့် ချက်ခြင်း အက်ကွဲကာ ပျက်စီးသွား၏။
"ကောင်းကင်ဘုံက ငါ့ကို သတ်ချင်ရင် ငါက ကောင်းကင်ဘုံကိုပါ ဖျက်စီးပစ်မယ်..."
ဝမ်လင်း ခန္ဓာကိုယ်က အလွန်အံ့အားသင့်ဖွယ်အော်ရာ ကို ပေးစွမ်းလို့နေ၏။အနီရောင်မိုးကြိုးက အတားအဆီး များကို ဖျက်စီးသွားသည့် အခိုက်၌ သူက လက်ညှိုးပင့်ကာ မရဏလက်ချောင်းကို အသုံးပြုလိုက်ပြန်သည်။
ထိုအရာက မရဏလက်ညှိုးတစ်ချောင်း မဟုတ်ဘဲ လက်ညှိုးတစ်ရာသာ ဖြစ်၏။
ဝမ်လင်းက သူ့ဘယ်လက်ဖြင့် သိုလှောင်အိတ်ကို ပုတ် လိုက်ရာ ကောင်းကင်ဘုံကျောက်စိမ်းများစွာ သွန်ကျလာ၍
သူ့ခြေထောက်အောက်၌ တောင်ငယ်တစ်ခုလို ဖြစ်ပေါ် သွား၏။
ဝမ်လင်းက နတ်ဆိုးဗုံကို သူ့နောက်တွင် ထား၍ ထိုတောင်ငယ်ပေါ်၌ မားမားရပ်နေ၏။သူက ကောင်းကင် ထက်သို့ မော့ကြည့်နေရင်း သူ့ခြေထောက်ကို ဖြတ်၍ မရေ မတွက်နိုင်သော ကောင်းကင်ဘုံစိတ်ဝိညာဉ်များက သူ့ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။
မရဏလက်ချောင်းတစ်ရာကို
တစ်ခုတည်းအဖြစ် ပေါင်းစပ်ကာ ပေသုံးဆယ်ကျော် ရှည်လျားသည့် အနက် ရောင်အလင်းတန်းအဖြစ်သို့ ပြောင်းလဲစေ၏။သည့်နောက် ထိုအလင်းတန်းက အနီရောင်မိုးကြိုးထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လို့သွား၏။
"ငါက ကောင်းကင်ဘုံကို ဖိဆန်ပြီး ဆက်လက် ကျင့်ကြံ ရဲတဲ့လူ။ ငါ့ တွယ်ငြိမှုသံယောဇဉ်ကို ဆက်ထိန်းသိမ်းထား တယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင် တိုက်ခိုက်ဖို့ ဆန္ဒ ရှိလို့ပဲ။နတ်ဘုရားပြစ်ဒဏ်...သင်က ငါ့ခန္ဓာကိုယ်ကို ဖျက် စီးနိုင်ရင်တောင် ငါ့တာအိုနှလုံးသားကို မဖျက်စီးနိုင်စေရ :..."
ဝမ်လင်းမျက်လုံးက လင်းလက်နေ၏။သည်အခိုက်၌ သူ့ မျက်လုံးထဲရှိ အလင်းက အနီရောင်မိုးကြိုးကို ထွင်းဖောက် ကာ အနီရောင်တိမ်ထုထဲသို့ တိုက်ရိုက် ဝင်ရောက်လို့သွား သည်။
ဝမ်လင်း၏ တာအိုကို ပြန်ဖြေကြားသည့်အလား ကောင်းကင်ထက်၌ ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင့် ထပ် ပျံ့နှံ့သွား၏။
ကောင်းကင်ဘုံ၏ခွန်အား...
ဖန်တီးထားသည့် မရဏလက်ချောင်းတစ်ရာဖြင့် သေဆုံးခြင်းအလင်းတန်းက ကောင်းကင်ကို ဖြတ်သန်း၍ အနီရောင်မိုးကြိုးနှင့် ထိပ်တိုက်တွေ့ဆုံသည်။
ကောင်းကင်ထက်၌ ကျယ်လောင်သော မည်ဟိန်းသံကြီး ထွက်ပေါ်သွား၏။ကောင်းကင်တစ်ခုလုံး နှစ်ခြမ်းကွဲသွား သလား ထင်မှတ်ရသည်။
ကာ မရဏလက်ချောင်းက အသက်ဓာတ်အားများကို စုပ်ယူ ဖျက်စီးခြင်းအား အဖြစ်သို့ ပြောင်းသည်။မရဏ လက်ချောင်းက အနီရောင်မိုးကြိုးနှင့် ထိဆုံသည့်အခါ ၎င်း က အသက်ဓာတ်အားများကို စုပ်ယူပစ်သည်။သို့သော် ၎င်း က နတ်ဘုရားပြစ်ဒဏ်မိုးကြိုးနှင့် ယှဉ်နိုင်ခြင်း မရှိပေ။
အနီရောင်မိုးကြိုး၏စွမ်းအားအောက်တွင် မရဏ လက်ချောင်းမှ ဖြစ်ပေါ်လာသည့် အနက်ရောင်အလင်းက မြန်ဆန်စွာ ပျောက်ကွယ်သွားခဲ့၏။အနီရောင်မိုးကြိုးက ဆက်လက် ကျဆင်းလာသည်။သို့သော် ၎င်း၏ အရောင် ကတော့ အရင်ထက် အနည်းငယ် ဖျော့သွားလေ၏။
ဝမ်လင်းဆံပင်များက လေထဲ၌ လွင့်ဝဲနေကာ သူက အနီ ရောင်မိုးကြိုးကို အညံမခံသည့် အကြည့်ဖြင့် ကြည့်သည်။ သူက သူ့အကာအကွယ်ပြုထားသည့် အသက်ဓာတ် ချိပ်တံဆိပ်အားလုံးကို ဖယ်ရှားပစ်ရန် ဆုံးဖြတ်လိုက်ကာ ယင်းချိပ်တံဆိပ်များကို သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း (၃၇၀၀)ကျော်အဖြစ်သို့ ပြောင်းလဲစေလိုက်သည်။ထို စွမ်းအင်များက သူ့လက်၌ လာရောက်စုဝေးလေသည်။ ဝမ် လင်းက သူ့လက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်၏။
သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း (၃၇၀၀)ကျော်က မုန်တိုင်းတစ်ခုလို တဟုန်ထိုး ထွက်သွားတော့သည်။ဝမ် လင်းက မုန်တိုင်းအလယ်၌ ရပ်နေကာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။
"သတ်.." ထိုအော်သံတစ်ခွန်းဖြင့်ပင် သူ့လက်ထဲရှိသတ်ဖြတ်ခြင်းစွမ်းအင်များက မြန်ဆန်စွာ သိပ်သည်း သွား၏။ သတ်ဖြတ်ခြင်းစွမ်းအင်အမျှင်တန်း (၃၇၀၀)ကျော် က တစ်ခုတည်းအဖြစ်သို့ ပေါင်းစပ်၍ အနက်ရောင် သတ်ဖြတ်ခြင်းနဂါးတစ်ကောင်သို့ ပြောင်းလဲသွားသည်။
ဝမ်လင်းမျက်လုံးများကလည်း နီရဲလို့နေသည်။သူက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုတင် ရှိသည်မဟုတ်၊ သတ်ဖြတ်သူနှလုံးသားကိုပါ ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သည်အရာကပင် သူ့မျိုးဆက်၌ ပါရမီရှင်တစ်ယောက် ဖြစ်လာဖို့ လုံလောက်ပေသည်။
ဝမ်လင်းက သူလိုချင်သည့်အရာကို ဖြစ်အောင်လုပ်သည့် စိတ်ဓာတ်ရှိသူ ဖြစ်သည်။သင်က ကောင်းကင်ဘုံ၏ တာအို ပင် ဆိုစေဦးတော့ ထိုတာအိုက သူ့ကို သတ်ချင်လာလျှင် သူ သည် မည်သို့ပင်ဖြစ်စေ ပြန်လည် သတ်ဖြတ်ပစ်မည့် သူမျိုး ဖြစ်သည်။
ထိုသတ်ဖြတ်ခြင်းနဂါးက ဝမ်လင်း၏ ကောင်းကင်ဘုံ အား ဖိဆန်သည့် စိတ်ဆန္ဒကို ကိုယ်စားပြုနေ၏။
သတ်ဖြတ်ခြင်းနဂါးက ဟိန်းဟောက်ကာ အနီရောင် မိုးကြိုးအား ဝါးမြိုရန် တိုက်ရိုက် တိုးဝင်သွားသည်။ထို အခိုက်အတန့်၌ ကောင်းကင်ဘုံ၏ နတ်ဘုရားပြစ်ဒဏ်ပင် မှိန်ဖျော့သွားသည်ဟု ထင်မှတ်ရ၏။
သို့သော် နတ်ဘုရားပြစ်ဒဏ်က ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်း ဖြစ်ကာ ၎င်းက ကောင်းကင်ဘုံ၏ သတ်ဖြတ်လိုမှုကို ဆောင်ကြဉ်းထားပေသည်။သတ်ဖြတ် ခြင်းနဂါးက သန်မာလွန်းသော်လည်း လုံလောက်မှုတော့ မ ရှိသေးချေ။
နဂါးက ပျက်စီးသွား၏။သို့သော် ၎င်း၏ ပျက်စီးသွားမှုက အနီရောင်မိုးကြိုးကို ပိုမို ဖျော့တော့သွားစေပြီး အရွယ်အစားပင် ကျုံ့သွားစေခဲ့သည်။
အနီရောင်မိုးကြိုးက နဂါးအား ထွင်းဖောက်လာစဉ်တွင် နဂါးဟိန်းသံက ကောင်းကင်ထက်၌ ပဲ့တင်ထပ်၏။၎င်း မိုးကြိုးက ဝမ်လင်းထံသို့ တိုက်ရိုက် ကျဆင်းလာတော့၏။
အနီရောင်မိုးကြိုး ဆင်းသက်လာသည့်အခိုက်တွင် ဝမ် လင်းညာလက်ညှိုးထိပ်၌ ထူးဆန်းသော အနက်ရောင် အလင်းတစ်ခု ပေါ်လာ၏။
"နတ်ဆိုးလက်ညှိုး..." ဝမ်လင်းမျက်လုံးထဲရှိ အနီရောင် အလင်းက ပျောက်ကွယ်သွားပြီး နတ်ဆိုးတစ်ပါး၏ မျက်လုံးလို တည်ရှိမှုမျိုးက အစားဝင်လာ၏။
သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် များအားလုံးသည် ရူးသွပ်ဖွယ် လှုပ်ရှားလာကာ နတ်ဆိုး စိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွား၏။
ထိုအခိုက်၌ သူ့ခြေထောက်အောက်ရှိ တောင်အသေး တစ်လုံးစာ ကောင်းကင်ဘုံကျောက်စိမ်းပြားများက အနက် ရောင်အဖြစ်သို့ ပြောင်းလဲသွားတော့၏။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ဘုံကျောက်စိမ်းပြား အားလုံးက နက်မှောင်သွားကြ၏။
ထိုကျောက်စိမ်းပြားများထဲရှိ စွမ်းအင်များက နတ်ဆိုး စိတ်ဝိညာဉ်စွမ်းအင် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားပေ၏။
အခု နတ်ဆိုးလက်ချောင်းက အရင်နှင့် လုံးဝ ခြားနား သွားခဲ့ပြီ ဖြစ်၏။ခုချိန်၌ စစ်ထူနန်ကိုယ်တိုင် သည်နေရာသို့ ရောက်လာပြီး နတ်ဆိုးလက်ချောင်းကို အသုံးပြုလျှင်ပင် ဝမ်လင်းထုတ်ဖော်လိုက်သော လက်ညှိုး၏စွမ်းအားထက် ပိုအားကောင်းတော့မည် မဟုတ်ပေ။
ထိုသို့ဖြစ်ရခြင်းမှာ ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထဲရှိ
ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကိုသာမက 2 ခြေထောက်အောက်ရှိ ကောင်းကင်ဘုံကျောက်စိမ်းပြား များ၏စွမ်းအားများကိုပါ နတ်ဆိုးစွမ်းအင်များအဖြစ်သို့ ပြောင်းလဲပစ်လိုက်သောကြောင့်ပင်။
သူ့လက်ချောင်းထိပ်ရှိ အနက်ရောင်အလင်းထဲ၌ နတ်ဆိုး စွမ်းအင်သပ်သပ်သာမက သူ့တာအိုပါ ပါဝင်နေ၏။
သည်အနက်ရောင်အလင်းထဲ၌ သန်မာသည့် တွယ်ငြိမှုပါ ပါဝင်သည်။ဝမ်လင်းက လီမူဝမ်အပေါ်သူ့တွယ်ငြိမှုအား ဆက်လက်ထိန်းသိမ်းထားကာ ကောင်းကင်ဘုံကို ဆန့်ကျင် နေခြင်း မဟုတ်လား။ယင်း အနက်ရောင်အလင်းထဲ၌ သူ လျှောက်လှမ်းခဲ့သည့် မရေမတွက်နိုင်သော အန္တရာယ်များ၊ ကိုယ်ပိုင်ကျင့်ကြံမှုလမ်းကြောင်းတို့မှ ရရှိခဲ့သည့် ပြတ်သား မှု၊အညံမခံမှု သဘာဝတို့ ပါဝင်နေခဲ့၏။
သည်လက်ညှိုးက လူတိုင်း၏နှလုံးကို တုန်လှုပ်စေ၏။
အနက်ရောင်အလင်းက အနီရောင်မိုးကြိုးထံသို့ တဟုန် ထိုး တိုးဝင်သွားတော့၏။အနီရောင်က ကောင်းကင်ဖြစ် လျှင် အနက်ရောင်က မြေကြီးဟု ခေါ်တွင်ရမည်သာ။
အနီရောင်က နတ်ဘုရားပြစ်ဒဏ်ကို ကိုယ်စားပြုလျှင် အနက်ရောင်က ကောင်းကင်ကိုဖိဆန်သည့် စိတ်ဆန္ဒကို ကိုယ်စားပြုပေ၏။
အနီနှင့်အနက်တို့၏ ထိပ်တိုက်တွေ့ဆုံမှုက ကောင်းကင် ပင်တုန်ခါရ၏။သည်အခိုက်အတန့်တွင် ကောင်းကင်
နတ်ဆိုးမြို့တစ်ခုလုံး တုန်ခါသွားရသည်။မြေငလျင်များက ပတ်ဝန်းကျင် တောင်များနှင့် လွင်ပြင်များထံသို့ ပျံ့နှံ့လို့ သွား၏။
မြေပြင်မှ ပေါက်ကွဲသံများထွက်လာတော့၏။
နှိုင်းဆမရသည့် အားတစ်ခုက သည်ပေါက်ကွဲမှုများကို ဖြစ်စေကာ ပြိုင်ပွဲကွင်းပြင်တစ်ခုလုံး ပြိုကျမတက် ဖြစ် သွား၏။ အနီးပတ်ဝန်းကျင်ရှိ စင်မြင့်များပင် ပြိုကျကုန်ကာ လူအချို့ကို လွင့်ထွက်သွားစေ၏။
နတ်ဆိုးဗိုလ်ချုပ်များပင် အလျင်အမြန် နောက်သို့ ဆုတ် လိုက်ရသည်။
ဗိုလ်ချုပ်မှူးများ၏ အသွင်များပင် ပြောင်းလဲသွားကာ ဗိုလ်ချုပ်မှူးကောင်းကင်ကလွဲ၍ ကျန်သည့်လူများသည် နောက်သို့ ဆုတ်သွားကြသည်။ဗိုလ်ချုပ်မှူးကောင်းကင်က အနီးဆုံးနေရာတွင် ရှိနေသူ ဖြစ်သဖြင့် ဖြစ်ပျက်သမျှကို သေချာတွေ့နေရကာ သူက သက်ပြင်းချမိသည်။ သည့်နောက် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်း တစ်ခုကို ထုတ်ယူလိုက်၏။သူက ထိုကျောက်စိမ်းပုလင်းကို အဓိပ္ပာယ်ရှိစွာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းရှေ့သို့ ပစ် ပေးလိုက်သည်။သည့်နောက် သူက ထွက်ခွာသွား၏။
ဝမ်လင်း အထက်ကောင်းကင်၌ အနီနှင့်အနက်တို့က တစ်ခုနှင့်တစ်ခုချေဖျက်နေကြသည်။ အတားအဆီး အလံ၏စွမ်းအား၊ မရဏလက်ချောင်းတစ်ရာ၏ စွမ်းအား၊
သတ်ဖြတ်ခြင်းနဂါး၏စွမ်းအားများက ဝမ်လင်း၏ သတ်ဖြတ်သူနှလုံးသားထဲ၌ ပြည့်နှက်နေ၏။ ဝမ်လင်းက မ ရေမတွက်နိုင်သော ကောင်းကင်ဘုံကျောက်စိမ်းပြားများကို နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲစေ၍ အား အကောင်းဆုံး နတ်ဆိုးလက်ချောင်းကို ဖန်တီးခဲ့ကာ နောက်ဆုံးတွင် ထိုထိုသောမန္တန်များကို ပေါင်းစပ်စေပြီး နောက် သည်အနီရောင်မိုးကြိုးစွမ်းအားကို ပျက်ပြယ် စေလိုက်၏။
အနီရောင်အလင်းပျောက်ကွယ်သွားသည့်အခိုက်တွင် မြေပြင်က တုန်ခါနေရာမှ ရပ်တန့်သွား၏။အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။သို့သော် ထို အခိုက်အတန့်၌ ကောင်းကင်နတ်ဆိုးမြို့မှ မရေမတွက်နိုင် သောလူများ၏ အကြောက်တရားကြောင့် မြို့တစ်ခုလုံး၏ လေထုသည် မသက်မသာ ဖြစ်လို့နေသည်။
အနီရောင်မိုးကြိုးပျောက်ကွယ်သွားသည့်အခိုက်တွင် ဝမ် လင်းမျက်နှာက အလွန်အမင်း ဖြူရောနေခဲ့ပြီ ဖြစ်သည်။ သူက ဗိုလ်ချုပ်မှူးကောင်းကင် သူ့ကို ပေးခဲ့သော ကျောက်စိမ်းပုလင်းကို ဖမ်းယူလိုက်၏။ထိုပုလင်းထဲ၌ ဆေးလုံးတစ်လုံးသာ ပါရှိ၏။ဝမ်လင်းက ထိုဆေးလုံးကို သောက်သုံးလိုက်ခြင်း မရှိပေ။သူက ကောင်းကင်ထက်သို့ သာ အလေးအနက်အသွင်ဖြင့် ကြည့်လို့နေသည်။
ဝမ်လင်းက ကောင်းကင်ဘုံသည် တစ်စုံတစ်ယောက် အား သတ်ပစ်ချင်ပါက နတ်ဘုရားပြစ်ဒဏ် မိုးကြိုးလျှပ်စီး
တန်းတစ်ခုကိုသာ ကျရောက်စေမည်ကို မယုံကြချေ။
လှေပေါ်ရှိလူငယ်သည်လည်း ကောင်းကင်ထက်သို့ အလေးအနက်ဟန်ပန်ဖြင့် ကြည့်နေ၏။သူ့မျက်နှာပေါ်၌ တုန်လှုပ်မှုတို့ ရှိလို့နေသည်။
အနီရောင်တိမ်တိုက်က ခုထိ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။သို့သော် ၎င်းထံမှ မည့်သည့် ရုန်းကြွတုန့်ပြန်မှု လည်း ရှိမနေဘဲ အရာရာက ငြိမ်သက်လို့နေ၏။သည် တည်ငြိမ်မှုက ကောင်းကင်နှင့်မြေကြီးပေါ်၌ မမြင်ရသော ဖိအားကို ဖန်တီးလို့နေ၏။
"ဒါ…ဒါက…" လူငယ့်အသွင်က ကြီးစွာ ပြောင်းလဲ သွား၏။သူက ဆက်လက်၍ ရပ်နေခြင်း မရှိတော့ဘဲ ခြေ တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွား၏။
သည့်နောက် သူက အင်ပါယာမြို့အထက် ကောင်းကင် တွင် ပြန်ပေါ်လာခဲ့၏။သူက နတ်ဘုရားပြစ်ဒဏ်တိမ်တိုက် နားသို့ နီးကပ်လာသည့်အခါ သူ့ဦးရေပြားက ထုံထိုင်းလို့ သွား၏။
လူငယ်က ခါးသီးစွာ ပြုံးလိုက်၏။သူက ပေါ်ထွက်လာ သည်နှင့် သူ့ညာလက်ကို ဝမ်လင်းထံသို့ ဆန့်တန်း၏။သူက ဝမ်လင်းကို နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်သန်းကာ အင်ပါ ယာမြို့မှ ခေါ်ထုတ်ယူရန် ဟန်ပြင်လိုက်၏။အစ၌ သူက နတ်ဘုရားပြစ်ဒဏ်သည် သူ့ကို တုန်လှုပ်စေမည် မဟုတ်ဟု တွေးထင်ခဲ့၏။သို့သော် ခုချိန်၌ သူက နတ်ဘုရားပြစ်ဒဏ်
နှင့်ပတ်သတ်၍ မကောင်းသောခံစားချက်ကို ရနေသည်။
သူက လက်ဆန့်တန်းရန် ဟန်ပြင်လိုက်ရင်း ရုတ်တရက် ပြန်ရပ်တန့်ကာ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူက ခါးသီးစွာပြုံး၍ တွေးလိုက်မိ၏။ "နတ်ဘုရား ပြစ်ဒဏ်က ဒီကောင်လေးပေါ်မှာ ချုပ်နှောင်ထားခဲ့ပြီ။ ငါက သူ့ကို ခေါ်သွားနိုင်တဲ့ စွမ်းရည် မရှိတော့ဘူး..."
ထို့နောက် လူငယ်က အသက်ဝဝရှူသွင်းကာ သူ့ လက်မောင်းနှစ်ဖက်ကို ဖွင့်ဟလိုက်၏။ သူ့ခန္ဓာကိုယ်က ချက်ခြင်းပင် ကိုယ်ပွားတစ်ခုမှ နှစ်ခု၊နှစ်ခုမှ လေးခု၊လေးခု မှ ရှစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
သည်ပုံစံတူ လူငယ်ရှစ်ယောက်က အင်ပါယာမြို့ ပတ်လည်ရှိ မြို့ရှစ်မြို့ထံသို့ မြန်ဆန်စွာ လှုပ်ရှားသွားကာ ကြီးမားသည့် တည်နေရာရွှေ့ပြောင်းခြင်းမန္တန်တစ်ခုကို ချက်ခြင်းအသက်ဝင်စေကာ မြို့ခံလူထူအားလုံးအား အဝေး သို့ ခေါ်ဆောင်သွားစေလိုက်၏။
ထိုမန္တာန်က အသုံးပြုရန် အလွန်ခက်၏။သူ့အတွက်ပင် တစ်ချို့လျှို့ဝှက်နည်းစနစ်များကို အသုံးပြုလိုက်တာတောင် မှ မန္တာန်ကို အသုံးပြုလိုက်နိုင်ရုံသာ စွမ်းနိုင်ခဲ့၏။
သူက ထိုအရာများကို ပြုလုပ်ပြီးပြီးချင်း ကောင်းကင် သည် ရုတ်တရက် အရောင်ပြောင်းလာ၏။
ကောင်းကင်ထက်ရှိ
အနီရောင်တိမ်တိုက်က
ကောင်းကင်နတ်ဆိုးမြို့အထက်၌ မြန်ဆန်စွာ စုဝေးလို့
လာ၏။သည့်နောက် ထိုအနီရောင်တိမ်တိုက်များထံမှ ခန့် နားထည်ဝါမှုအငွေ့အသက်တစ်ခု ထွက်ပေါ်လာ၏။ သည့်နောက် ယင်းအနီရောင်တိမ်တိုက်များက မြို့တစ်မြို့ လုံးအား လွှမ်းခြုံသွားတော့သည်။
လူငယ်က မြို့အပြင် ကောင်းကင်ထက်တွင် ရှိနေ၏။ သူက သည်ခန့်နားမှုကို သတိပြုမိလိုက်သည့်အခါ သူ့ အသွင်က နောက်တစ်ကြိမ် ပြောင်းလဲလို့သွား၏။
"ဒါ..ဒါက ကောင်းကင်ဘုံရဲ့ခွန်အားပဲ..." တုံ့ဆိုင်းခြင်း မရှိ သူက မြေပေါ်သို့ ပြန်ဆင်းသက်လိုက်၏။ သူက ခါးသီး စွာ ပြုံး၍ ပြောလိုက်သည်။ "ကောင်းကင်ဘုံရဲ့ ခွန်အားက ပေါ်ထွက်လာခဲ့ပြီ....ငါက ဘိုးဘေးတွေပါ ထွက်ပေါ်လာမ လား သိချင်နေမိပြီ..."
ပျက်စီးသွားသည့် ပြိုင်ပွဲကွင်းပြင်ထက်၌ မတ်တပ်ရပ်နေ ရင်း ဝမ်လင်းက ကောင်းကင်ထက်သို့ ကြည့်နေ၏။သူ့ မျက်လုံးထဲရှိ အညံမခံသည့်သဘာဝက တစ်ချိန်လုံး ပြောင်းလဲသွားခြင်း မရှိပေ။
ကောင်းကင်ဘုံ၏ ဒုတိယအပြစ်ပေးမှုက ဆင်းသက်လာ တော့၏။
သည်တစ်ကြိမ်၌
နတ်ဘုရားပြစ်ဒဏ်က ကောင်းကင်ဘုံ၏ခွန်အားပုံစံဖြင့် ပေါ်ထွက်လာခြင်း ဖြစ်၏။ကောင်းကင်ဘုံခွန်အားသည် ကောင်းကင်ဘုံ၏ စွမ်းပကား မည်ပေသည်။ကောင်းကင်ဘုံခွန်အား လှုပ်ရှား
လာသည့်အခါ အရာအားလုံးက ဖျက်စီးခံရမည်သာ။ ကောင်းကင်ဘုံခွန်အားက ကောင်းကင်၏ အရောင်ကိုပင် ပြောင်းလဲစေသည်။
သင်က ကောင်းကင်ဘုံ၏ခွန်အားအောက်၌ အညံခံ ဝပ်တွားရမည် ဖြစ်၏။
ကောင်းကင်ဘုံခွန်အား ဆင်းသက်လာစဉ် ကောင်းကင် ထက်မှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ထက်ရှိ အနီရောင်တိမ်ထုက တစ်လက်မချင်း ပြိုဆင်းလာ၏။
အနီရောင်တိမ်တိုက်ထု တစ်လက်မချင်း ဆင်းသက်လာ ခြင်းက ကွင်းပြင်အနှံ့ကို ပေါက်ကွဲထွက်စေသည်။ပေါက်ကွဲ မှုကြောင့် တုန်ခါလှိုင်းများက ပျံ့နှံ့သွားခြင်းမရှိဘဲ မြေပြင် သို့ တိုက်ရိုက်ဖိအားကို ဖြစ်စေ၏။
ဝမ်လင်းသည် သူ့ခန္ဓာကိုယ်က ပေါင်သန်းပေါင်းများစွာ သူ့အပေါ်ဖိချလာသကဲ့သို့ လေးလံလာ၏။သူ့ခန္ဓာကိုယ်မှ ကျွတ်ဆက်ဆက်အသံများ ထွက်ပေါ်လာ၏။ထိုအခိုက်၌ ကမ္ဘာလောကကိုယ်တိုင် သူ့အား ဖိချေလာသည်ဟု ထင်မှတ်မှားရ၏။
သိပ်မကြာခင်တွင် ကောင်းကင်ဘုံခွန်အားက နောက်တစ်ဖန် ရွှေ့လျားသွားကာ အနီရောင်တိမ်တိုက်ထု က အောက်သို့ ပိုကျဆင်လာ၏။သည်တစ်ကြိမ်၌ ပြိုင်ပွဲ ကွင်းပြင်မှာ အစိတ်အပိုင်းငယ်များအဖြစ်သို့ ပြိုကျကုန်၏။
ချက်ခြင်းပင် အင်ပါယာနန်းတော်၏ အစိတ်အပိုင်းအချို့ သည်ပင် စတင်ပြိုကျလာ၏။
ဝမ်လင်းထံမှ အညံမခံဖိဆန်သည့်အော်ရာက ပေါက်ကွဲ ထွက်လာ၏။
သူက ခေါင်မော့ကာ အနီရောင်တိမ်တိုက်ကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်၏။ "ငါက အရှုံးပေးမှာ မဟုတ် :..."
အနီရောင်တိမ်တိုက်ထုထံမှ မိုးခြိမ်းသံများ ကျယ်လောင် စွာ ထွက်ပေါ်လာရင်း အောက်သို့ တစ်လက်မချင်း၊ တစ် လက်မချင်း သက်ဆင်းလာ၏။
မြေကြီးထုပင် ထိုဖိအားကို ဆက်တောင့်မခံနိုင်တော့ သကဲ့သို့ အသံမြည်ဟီးလာ၏။အင်ပါယာနန်းတော်ရှိအဆောက်အဦတိုင်းသည ထိုဖိအားအောက်၌ အက်ကွဲကုန် ကြ၏။ကောင်းကင်နတ်ဆိုးနိုင်ငံတွင် နှစ်ပေါင်းများစွာ ခိုင် ခိုင်မာမာ တည်ရှိခဲ့သည့် အင်ပါယာမြို့သည် နတ်ဆိုးဗုံက လွဲ၍ ကျန်သည့်အစိတ်အပိုင်းများအားလုံး အမှုန်အမွှား အဖြစ်သို့ ပြောင်းလဲသွားတော့၏။
ကောင်းကင်ကိုယ်တိုင် ပြိုကျလာသကဲ့သို့ ထင်ရလေ၏။
သည်အရာက ကောင်းကင်ဘုံ၏ခွန်အားပင်။လူတစ် ယောက်က သည်ခွန်အားအောက်တွင် ရှုံးနိမ့်ရမည်သာ။ သင်က လက်လျော့ခြင်းမပြုပါက ထိုကောင်းကင်ဘုံ ခွန်အားအောက်၌ သေသည့်အထိ ခြေမွခံရမည် ဖြစ်၏။
ကောင်းကင်ဘုံက သေစေချင်လျှင် ထိုသူသည် သေဆုံးရ မည်။
အင်ပါယာမြို့က အပျက်အစီးပုံကြီးအဖြစ်သို့ ပြောင်း သွားသည့်အခိုက်၌ မြေအောက်မှ ဒေါသတကြီးအသံများ ထိုးထွက်လာ၏။
Comments
Post a Comment